အခန်း (၁၁၁၁-၁၁၁၅)
Vol. 45 Ch. 1111-1115
အပိုင်း(၁၁၁၁)
သို့သော်လည်း ယခုမူ မတူတော့ချေပြီ။ ရန်ကိုင်က တန်ခိုးရှင်အဆင့် သတ္တုများကို ဝယ်သွားခဲ့ခြင်းသည် ချန်းတုန်၏ ယခင် ခန့်မှန်းချက်များ မှန်ကန်ကြောင်း ပြသနေခဲ့သည်။ ထို့ကြောင့် ကဲလင်အနေဖြင့် ရန်ကိုင်၏ ဆရာနှင့် ကိုယ်တိုင် သွားစကားပြောနိုင်မလား သိချင်သဖြင့် ဤအကြောင်းကို ကဲလင်ဆီ ချက်ချင်း လာပြောခြင်း ဖြစ်သည်။ တကယ်တော့ ပန်းပဲပညာရှင် အချင်းချင်း တွေ့ဆုံလျှင် နှစ်ဦးနှစ်ဖက်ကြား ဆက်ဆံရေးတစ်ခု တည်ဆောက်နိုင်ချေ ပိုမြင့်ပေသည်။
ချန်းတုန်သည် ကဲလင်နှင့် စကားပြောရန် နန်းတော်ဆီ ချက်ချင်း ပြေးသွားသည်။ ထိုအကြောင်းကို သိလိုက်ရပြီးနောက် ကဲလင် စိတ်လှုပ်ရှားသွား၏။ ရန်က်ိုင် နောက်တစ်ကြိမ် လာသည့် အခါ ကဲလင်ကိုယ်တိုင် ရန်ကိုင်အား သူ့နောက်ကွယ်ရှိ ပန်းပဲ ပညာရှင်အကြောင်း မေးမြန်းကြည့်လျှင် ကောင်းမလား ဆွေးနွေးကြသည်။ ကဲလင်သည် ထိုပန်းပဲပညာရှင်ကို လအရိပ် ခန်းမထဲသို့ ဖိတ်ခေါ်ချင်ရုံ သက်သက်တင် မဟုတ်ဘဲ သူနှင့် အဆင့်တူ ပန်းပဲပညာရှင် တစ်ယောက်နှင့် စကားစမြည် ပြောဆိုလိုခြင်း ဖြစ်သည်။
နဂါးလိုဏ်ဂူတောင်သို့ ရန်ကိုင် ရောက်လာသည့်အခါ ယန်ယန်ကို လိုဏ်ဂူထဲတွင် မတွေ့သဖြင့် အံ့အားသင့်သွားရ၏။ အထဲသို့ ပြေးဝင်စစ်ဆေးကြည့်လိုက်သည့်အခါ မြင်လိုက်ရသည့် မြင်ကွင်းကြောင့် ရန်ကိုင်မျက်နှာ မည်းမှောင်သွားပြီး သတ်ဖြတ်ချင်စိတ်တို့ ငယ်ထိပ် ဆောင့်တက်သွားခဲ့ရသည်။
ယန်ယန်သည် ရိုးသားအပြစ်ကင်းစင်သည့် မိန်းကလေး ဖြစ်သည်။ သူမလို လူတစ်ယောက်သည် အကြောင်းမရှိဘဲ ပျောက်ကွယ်သွားဖို့ရာ မဖြစ်နိုင်ချေ။ သူ့အဖိုးတန်း ပစ္စည်းများကို ထွက်ပြေးရန်မှာ ပို၍ပင် မဖြစ်နိုင်ချေ။
သို့သော်လည်း လိုဏ်ဂူထဲတွင် တိုက်ပွဲဖြစ်သွားသည့် သဲလွန်စ အချို့ကို တွေ့လိုက်ရသည်။ ထို့ကြောင့် ယန်ယန် အန္တရာယ်တစ်ခုခုနှင့် ရင်ဆိုင်နေရခြင်း ဖြစ်ရပေမည်။
ရန်ကိုင် ချက်ချင်းကို ဒေါသပုန်ထသွားခဲ့လေသည်။
ယန်ယန်ဆီ သူပေးလိုက်သော မြီးနီကိုယ်ခရမ်း ကင်းမြီးကောက်၏ ခန္ဓာကိုယ်အစိတ်အပိုင်းများနှင့် ယန်ယန်အား တန်ခိုးရှင်အဆင့် မှော်ရတနာကို ထုလုပ်ခိုင်းရန်အတွက် သူဝယ်လာခဲ့သော တန်ခိုးရှင်အဆင့် သတ္တုများကို အသာထား၊ ယန်ယန်ကိုယ်တိုင်ကပင် တန်ခိုးရှင်အဆင့် မှော်ရတနာ ထုတ်ပေးနိုင်သည့် စက်ကြီးတစ်ခုဖြစ်သည်။ ယန်ယန်သည် သူ့ကိုယ်ပိုင် ပန်းပဲပညာရှင်တစ်ယောက် ဖြစ်လေရာ ယန်ယန်အား မတော်တဆ တစ်ခုခု အဖြစ်မခံနိုင်ပါချေ။
မည်သူ လက်ချက်နည်း။ ဟိုင်ခဲ မိသားစု၏ လက်ချက်လော။
ဂူထဲတွင် တိုက်ပွဲပြင်းပြင်းထန်ထန် ဖြစ်သွားသည့် အရိပ်အယောင် မတွေ့ရ။ ယန်ယန်သည် တစ်ဖက်လူ၏ အလွယ်တကူ ဖမ်းယူခြင်း ခံလိုက်ရသည့်ပုံပင်။ ယန်ယန်သည် တန်ခိုးရှင်အဆင့် ပန်းပဲပညာရှင်တစ်ယောက် ဖြစ်သော်လည်း ယခင်လအတွင်း သူစောင့်ကြည့်ခဲ့သလောက် ယန်ယန်၏ တိုက်ပွဲစွမ်းအားသည် မြင့်သလောက် မြင့်မားခြင်းမရှိချေ။
ဟိုင်ခဲမိသားစုသာ တရားခံဆိုပါက ဝူရီ၏ မျက်နှာကိုပင် ထောက်မည်မဟုတ်ဘဲ ဟိုင်မိသားစုထဲ ဝင်ရောက်ကာ ယန်ယန်ကို မရရအောင် သွားပြန်ခေါ်လာရပေလိမ့်မည်။
ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်လိုက်ပြီး အခြေအနေကို သိလိုက်ရပြီးနောက် ရန်ကိုင် ဒေါသပြယ်သွားခဲ့သည်။
ယန်ယန်၏ အခြေအနေသည် သူထင်ထားသလောက် မဆိုးချေ။ လောလောဆယ်တွင် ယန်ယန် လုံခြုံနေသည်။ သို့သော် သူမကို တစ်ယောက်ယေဦက် လိုက်ဖမ်းနေ၏။ လက်ရှိတွင် လိုဏ်ဂူမှ ဆယ်မိုင်ကျော် ကွာဝေသော တောင်းတန်း တစ်လျှောက်နှင့် မြစ်များကြား ထွက်ပြေးနေခဲ့သည်။
ယန်ယန်၏ တည်နေရာကို သိလိုက်ရပြီးနောက် သူတော်စင်ချီကို ကြိုတင်စုစည်းလျက် သူမဆီသို့ ချက်ချင်း ပြေးထွက်သွားလိုက်လေသည်။
ခဏအကြာတွင် ယန်ယန်၏ အော်သံကို ကြားလိုက်ရသဖြင့် ရန်ကိုင် မျက်နှာပျက်သွားရသည်။
“ယန်ယန်” ရန်ကိုင်က လှမ်းအော်ခေါ်ရင်း အလျင်အမြန် ပြေးသွားလေသည်။
ရန်ကိုင်၏ အသံကို ကြားလိုက်သည့်အခါ ယန်ယန် တစ်ချက် တန့်သွားခဲ့ရသည်။ အနည်းငယ် အံ့အားသင့်သွားသည့် အမူအရာလေးဖြင့် ရန်ကိုင်အသံကြားရာ အရပ်ဆီသို့ သူမ၏ အနက်ရောင်ဝတ်ရုံကြီးကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လျက် အလျင်အမြန် ပြေးလာလေတော့သည်။
အံ့အားသင့်ဖွယ် ကောင်းလှသော အပူဓါတ်ကို ထုတ်လွှတ်နေသော မီးနီရောင်စက်ကွင်းတစ်ခုသည် သူမ၏ ခန္ဓာကိုယ်ကို ဝိုင်းရံထားခဲ့သည်။
ထိုအရာသည် အလွန်ကိုမှ အဆင့်မြင့်သည့် အကာအကွယ် မှော်ရတနာ တစ်ခု ဖြစ်ပေသည်။ ထိုအကာအကွယ် ရှိသနေရွ့ သူကိုယ်တိုင် အားကုန်သုံး၍ ယန်ယန်အား သွားတိုက်မည် ဆိုလျှင်ယန် သူမ ဘာမှဖြစ်လိမ့်မည် မဟုတ်ချေ။
ယန်ယန်၏ အခြေအနေသည် သိပ်မဆိုးလှ။ ကြောက်လန့်တကြား၊ ပျာတီးပျာယာဖြင့် ထွက်ပြေးနေသည်မှ တစ်ပါး သူမကိုယ်ပေါ်၌ ခြစ်ရာတစ်ခုပင် မရှိချေ။ ထို့ကြောင့် ရန်ကိုင် စိတ်အေးသွားရသည်။
“ရန်ကိုင် ငါ့ကို ကယ်ပါဦး… ဒီမှာ ငါ့ကို လိုက်ပြီး အနိုင်ကျင့်နေကြတယ်” ယန်ယန်က ငိုမဲ့မဲ့မျက်နှာဖြင့် အော်ပြောရင်း ရန်ကိုင်နောက်၌ ပြေးဝင်ပုန်းလိုက်လေသည်။
“မကြောက်နဲ့” ရန်ကိုင်က ယန်ယန်အား နှစ်သိမ့်ပေးလိုက်ပြီး သူမနောက်သို့ အေးစက်စက် အမူအရာဖြင့် အရှေ့တည့်တည့်သို့ ပြန်စိုက်ကြည့်လိုက်သည်။
မကြာမီ လူများစွာ ရောက်လာခဲ့သည်။ ရောက်သည်နှင့် ထိုထဲမှ တစ်ယောက်က ဒေါသတကြီး အော်ပြောလေသည် “မိန်းမပျက်မ၊ ငါ့ကို ဒဏ်ရာရအောင် လုပ်ရဲတယ်ပေါ့။ နင်သေပြီသာမှတ်”
ထိုလူ စကားပြောလို့ မပြီးသေးခင်မှာဘဲ ဓါးရှည်ကြီးတစ်စင်း ပျံသန်းလာခဲ့ပြီး လေထုကို နှစ်ပိုင်းပိုင်းကာ အနီးတစ်ဝိုက်ရှိ မြေပြင်ကို အက်ကြောင်းထပ်သွားစေခဲ့သည်။ ဖြတ်သွားရာ လမ်းတစ်လျှောက်ရှိ သစ်ပင်အားလုံးသည်လည်း တစ်စစီ ဖြစ်ကုန်ကြရလေသည်။
ဓါးလှိုင်းတွင် ပါဝင်သော အေးစက်စက် သတ်ဖြတ်လိုစိတ် အရ ထိုဓါးသည် ခြိမ်းခြောက်လိုရုံသက်သက် မဟုတ်ဘဲ တကယ် လူသတ်ကွက်ဖြစ်ကြောင်း ပြသနေခဲ့သည်။
ရန်ကိုင်က အေးစက်စက် နှာခေါင်းရှုံ့လိုက်ပြီး ယန်ယန်ကို ဆွဲကာ ထိုဓါးလှိုင်းကို ရှောင်လိုက်သည်။ ချက်ချင်းဆိုသလို လူငါးယောက်ပေါ်လာပြီး ရန်ကိုင်နှင့် ယန်ယန်တို့အား ပြေးပေါက် မရှိအောင် ဝိုင်းထားလိုက်ကြသည်။ ယန်ယန်သည် တုန်တုန်ရင်ရင်ဖြင့် ရန်ကိုင်၏ အဝတ်အစားကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားသည်။ သူမ ကြည့်ရသည်မှာ အလွန်ကိုမှ ထိတ်လန့်နေသည့်ပုံပင်။
ယန်ယန်သည် ပန်းပဲထုရာတွင် တော်သည်ဆိုသော်လည်း သူမသည် အသက်သုံးဆယ်ပင်မပြည့်သေ မိန်းမငယ်လေး တစ်ယောက်သာ ဖြစ်သည်။ သူမ တစ်ဘဝလုံး ပန်းပဲသာ ထုလာခဲ့ခြင်းဖြစ်ပြီး ဤကဲ့သို့ သေရေးရှင်ရေး အခြေအနေမျိုးနှင့် တစ်ခါမှ မရင်ဆိုင်ခဲ့ရဖူးချေ။ ထို့ကြောင့် ဤသို့သော အခြေအနေမျိုးနှင့် ကြုံလိုက်ရသည့်အခါ ယန်ယန် အလွန်ကိုမှ ကြောက်လန့်နေခြင်း ဖြစ်သည်။
သူမဘေးတွင် ရန်ကိုင် ရှိနေသောလည်း သူမတို့အား ဝိုင်းထားသည့် လူများ၏ ကြမ်းကြုတ်ခက်ထန်ရက်စက်သော မျက်နှာများကိုကြည့်ရင်း ယန်ယန် လန့်နေမိသည်။ ရန်ကိုင်မှ ဤအခြေအနေကို ဖြေရှင်းနိုင်မလား၊ မဖြေရှင်းနိုင်ဘူး ဆိုသည်မှာလည်း မသေချာသေး။ တကယ်တော့ ရန်ကိုင်သည် သူတော်စင် တတိယအဆင့်သာ ရှိသေးသည် မဟုတ်ပေလော။
ဒေါနှင့်မောနှင့် ပြေးလာခဲ့သော်လည်း ထိုလူများ၏ အခြေအနေများကို မြင်ပြီးနောက် ရန်ကိုင် ကြောင်သွားခဲ့ရသည်။
အကြောင်းမှာ လိုက်အဖမ်းခံနေရသည့်လူသည် ဘာဆိုဘာမှ မဖြစ်ဘဲ လိုက်ဖမ်းနေသည့် လူငါးယောက်မှာမူ အတော်လေးကိုမှ အခြေအနေ ဆိုးနေခဲ့ကြသည်။ အထူးသဖြင့် သူ့နှင့််ရွယ်တူမျှ ရှိမည်ထင်ရသော လူငယ်လေးပင်။ ထိုလူငယ်လေး တစ်ကိုယ်လုံး ဖြတ်ရှရာတို့ဖြင့် ပြည့်နေပြီး သူ့မျက်နှာဟာလည်း သွေးသံတရဲရဲ ဖြစ်နေခဲ့သည်။
ကျန်လေးယောက်သည်လည်း ဒဏ်ရာများစွာ ရထားကြ၏။ အဆိုးဆုံးသည်ကား ဝမ်းဗိုက်နေရာတွင် မီးလောင်ဒဏ်ရာ ရထားသောလူပင်။ နာကျင်မှုကို တောင့်ခံနေရသောကြောင့်လား မသိရာ၊ ထိုလူ၏ နဖူးပြင် တစ်ခုလုံး ချွေးအေးတို့ဖြင့် ပြည့်နေခဲ့လေသည်။
“ဘာတွေ ဖြစ်နေတာလဲ” ရန်ကိုင် နားမလည်နိုင် ဖြစ်သွားပြီး ယန်ယန်ဆီ လှည့်ကြည့်လိုက်သည်။
ယန်ယန်မှာမူ ယခုထိတိုင် အကြောက်မပယ်သေး။ ရန်ကိုင်က မေးလာသည့်အတွက်ကြောင့် ကတုန်ကရင်ဖြင့် ရှင်းပြလိုက်လေသည် “ငါမသိဘူး… ငါ့ဘာသာ လိုဏ်ဂူထဲမှာ နားနေတုန်း အဲ့လူတွေ ဝင်လာတာ။ အဲ့လူက သူ့ကို အဖော်ပြုပေးတဲ့။ ငါက ငြင်းလိုက်လည်း ငြင်းလိုက်ရော ငါ့ကို အတင်းဆွဲခေါ်သွားဖို့ လုပ်တော့တာပဲ။ ဒါနဲ့ ငါလည်း နေမင်းရောင်စဉ်ကို ထုတ်။ ပြီးတာနဲ့ ရေခဲအရိုးစူနဲ့ သူတို့ကို ပစ်ပေါက်လိုက်တယ်။ သူဒဏ်ရာရသွားရော အဲ့လေးယောက်က ဒေါသတကြီး အော်ဟစ်ပြီး ငါ့ကို တိုက်ခိုက်ကြကော။ ဒီတော့ ငါလည်း နဂါးမွှေးကျာပွတ်၊ မီးတောက်တစ်ထောင်ခုံးအုပ်၊ ရောင်စုံမြက်လက်စွပ်၊ ရွှေတိမ်တိုက်ကြိုးမြင်တွေနဲံ သူတို့ကို ပစ်ပေါက်ပြီး ထွက်ပြေးတော့တာ။ သူတို့ငါ့ကို တောက်လျှောက် လိုက်ဖမ်းနေတော့ ငါလည်း ဆက်ပြီး ထွက်ပြေး၊ ထွက်ပြေးရင်… နင်ရောက်လာခဲ့တာပဲ”
ယန်ယန် ပြောသည်ကို ကြားပြီးနောက် သူတို့အား ဝိုင်းထားသည့် ကျင့်ကြံသူငါးယောက် ရှက်လည်းရှက်၊ ဒေါသလည်း ထွက်သွားကြသည်။
ရန်ကိုင် မျက်မှောင်ကြုတ်ပြီး စဉ်းစားကြည့်လိုက်သည်။
‘ယန်ယန်သည် သူ့ဘာသာ နားနေမည်။ ထိုအချိန်တွင် လူငါးယောက်က လိုဏ်ဂူထဲသို့ ရုတ်တရက်ကြီး ဝင်လာမည်။ တစ်ဖက်မှ လုပ်ချင်သည့်အရာကို ယန်ယန်မှ မလုပ်ပေးသည့် အခါ နှစ်ဖက် တိုက်ခိုက်ကြမည်။ ယန်ယန်လည်း ကြောက်ကြောက်လန့်လန့်ဖြင့် ဘာဆိုဘာမှ စဉ်းစားမနေဘဲ သူမတွင် ရှိနေသော မှော်ရတနာများဖြင့် ပစ်ပေါက်မည်။ ငါးယောက်စလုံး ဘာဆိုဘာမှ မလုပ်နိုင်ဘဲ ယန်ယန်မှ ပစ်ပေါက်လိုက်သည့် မှော်ရတနာများကြောင့် အဖေခေါ်၊ အမေတသည့် ဘဝမျိုး ရောက်သွားရမည်…’
စဉ်းစားနေရင်း ရန်ကိုင် အော်ရယ်လုနီးပါး ဖြစ်သွားခဲ့သည်။
တန်ခိုးရှင်အဆင့် ပန်းပဲပညာရှင် ဆိုသည့်အတိုင်းပင်။ ယန်ယန်တွင် ထိုကဲ့သို့ ပစ္စည်းကောင်းများ ရှိနေလိမ့်မည်ဟု ရန်ကိုင် မထင်ခဲ့ချေ။ ယန်ယန်သည် တိုက်ခိုက်ရည် မရှိဘဲ အတော်လေးကိုမှ ကြောက်တတ်သည့် မိန်းကလေး တစ်ယောက် ဖြစ်သော်လည်း သူမသည် အလွယ်တကူ အနိုင်ကျင့်၍ရသည့် မိန်းကလေးတစ်ယောက် မဟုတ်ချေ။ သူမပိုင်ဆိုင်ထားသည့် အမျိုးမျိုးသော မှော်ရတနာများကြောင့် သူမသာ ထိုလူ ငါးယေဦက်ကို သတ်ချင်သည်ဆိုပါက ထိုငါးယောက်စလုံး သေနှင့်နေလောက်ပေပြီ။
ဘာမှစိုးရိမ်စရာ မရှိသော်လည်း ရန်ကိုင်ကမူ အတော်လေး ဒေါသထွက်နေခဲ့ရသည်။
ယန်ယန်တွင် မကုန်ဆုံးနိုင်လောက်အောင် များပြားသော မှော်ရတနာများ ရှိသည်မှာ သေချာသည်။ သို့တိုင် ထိုငါးယောက်သည် ယန်ယန်နောက်သို့ ဆက်လိုက်နေသေးသည်။ သာမန် ပြဿနာ သေးသေးလေး တစ်ခုသာဆိုလျှင် ထိုငါးယောက် လက်လျှော့လိုက်လောက်ချေပြီ။ သူမနောက်သို့ အနာခံပြီး ဆက်လိုက်နေလိမ့်မည် မဟုတ်ချေ။ ယခုကဲ့သို့ ဆက်လိုက်နေခြင်းသည် သူမ၏ အလှကို တပ်မက်သည့် အတွက်ကြောင့် ဟုတ်လျှင်ဟုတ်၊ မဟုတ်လျှင် သူမ၏ မှော်ရတနာများကို တပ်မက်သည့် အတွက်ကြောင့် ဖြစ်ရပေမည်။
ဒုတိယအချက်သည် ပို၍ ဖြစ်နိုင်ချေရှိသည်။
ထိုသို့ တွေးမိလိုက်သော် ရန်ကိုင်၏ အမူအရာ ပို၍ အေးစက်သွားခဲ့ရသည်။
ရန်ကိုင်သည် သူတော်စင်တတိယအဆင့်လေးသာ ရှိသေးမှန်း သိလိုက်ရသည့်အခါ မျက်နှာသွေးသံတရဲရဲ ဖြစ်နေသော လူငယ်လေးက ကြောက်လန့်မနေတော့ဘဲ ချက်ချင်း မာနတကြီးဖြင့် အော်ပြောလိုက်လေသည် “ကောင်လေး၊ မင်းဘယ်သူဖြစ်ဖြစ် ငါသောက်ဂရုမစိုက်ဘူး။ မင်းနဲ့ အဲ့မိန်းမကြားမှာ ဘာပြဿနာပဲရှိရှိ မသေချင်ရင် မြန်မြန် ပြန်လှည့်ထွက်သွားလိုက်တော့။ မဟုတ်ရင် ဒီအဖေမင်းကို သတ်တော့မှ ငါ့ကို လာအပြစ်မတင်နဲ့”
ရန်ကိုင်က သွားပေါ်အောင် ပြုံးဖြဲလိုက်ပြီး “ငါ့မြေကိုလည်း ကျူးကျော်လာသေးတယ်။ လုပ်ချင်တိုင်းလည်း လာလုပ်တယ်။ ငါ့မိတ်ဆွေကိုလည်း တိုက်ခိုက်သေးတယ်။ အဲ့ဒါကိုတောင် ငါ့ကိစ္စ မဟုတ်ဘူးလို့ လာပြောနေတယ်၊ ဟုတ်လား”
“မင်းမြေလား” ထိုလူငယ်လေးက ရုတ်တရက် တစ်ခုခုကို သိသွားသည့် အမူအရာဖြင့် “မင်းက ဟိုင်ခဲမိသားစုလား။ အဲ့ဒါဆို ပိုလွယ်သွားပြီ”
ရုတ်တရက် ထိုလူငယ်လေးက သူ့ကိုယ်သူ လက်ညိုး ထိုးလိုက်ပြီး ဆရာကြီးပုံစံဖြင့် ပြောလိုက်သည် “ငါ့နာမည်က ရှုထျန်ကျဲပဲ”
သူ့ကိုယ်သူ မိတ်ဆက်လိုက်ပြီးနောက် ရန်ကိုင် ထိတ်လန့်၊ ကြောက်ရွံ့၊ ရွံကျိုးသွားမည့် ပုံစံကို စောင့်ကြည့်နေလိုက်သည်။
သို့သော်လည်း ရန်ကိုင်ကမူ နေမြဲအတိုင်းကြီးသာ။ သူ့နာမည်ကိုကြား၍ မျက်နှာ အမူအရာတစ်ချက်ပင် ပြောင်းမသွားခဲ့။
ရှုထျန်းကျဲ ကြောင်သွားပြီး သူ့ကိုယ်သူ ဟုတ်လှပြီ အထင်ဖြင့် “ဟျောင့်၊ ငါဘယ်သူလဲ မင်းမသိဘူးလား”
“မင်းဘယ်သူလဲ ငါသိရမှာလား” ရန်ကိုင်က အေးစက်စက် အမူအရာဖြင့် နှာခေါင်းရှုံ့လိုက်ပြီး “မင်းက ဘာကောင်မို့လို့လဲ”
ရှုထျန်းကျဲ သူ့လက်အောက်ငယ်သား လေးယောက်ကို ကြောင်တောင်တောင်ဖြင့် လှည့်ကြည့်မိလိုက်သည်။ ထို့နောက် အကုန်လုံး ဝါးလုံးကွဲ ထရယ်ကြလေသည်။ “ဟိုင်းခဲမိသားစုက ကောင်တွေက တကယ်ကို နိမ့်ကျလာကြတာပါလား။ ငါ့လို ရှုထျန်းကျဲဆိုတဲ့ လူကိုတောင် မသိတဲ့လူ ရှိဦးလိမ့်မယ်လို့ မထင်ထားဘူး”
“သခင်လေး၊ ဒီကောင်က အဲ့လောက်ကြီး အားကောင်းတာ မဟုတ်ဘူး။ သူ့လို အရေးမပါတဲ့ လူတစ်ယောက်က သခင်လေးရဲ့ နာမည်ကို မကြားဖူးတာ ဖြစ်နိုင်တာပဲမလား” လူတစ်ယောက်က ပြောလိုက်သည်။
ထိုစကားကို ကြားလိုက်မှပဲ ရှုထျန်းကျဲ၏ အရုပ်ဆိုး မဲ့ရွဲ့နေသည့်မျက်နှာ အနည်းငယ် ပြန်လည် ဝင်းပလာခဲ့သည်။ ဟိုင်ခဲမိသားစုမှ ဘာမဟုတ်သည့် အဆင့်နိမ့် မိသားစုဝင် တစ်ယောက်ကို သူဘာကြောင့် ဂရုစိုက်နေရမည်နည်း။ ထိုကောင်နှင့် အနက်ရောင်ဝတ်ရုံ ဝတ်ထားသည့် မိန်းမသည်သာ သူ့ကိုမြင်လျှင် ကြောက်နေသင့်သည်လူများ ဖြစ်ကြသည်။
ထိုမိန်းမပျက်မ၏ မြောက်မြားလှစွာသော မှော်ရတနာ များကြောင့် သူတို့အဖွဲ့ ဒုက္ခကောင်းကောင်း ရောက်ခဲ့ရသည်။ အစပိုင်း၌ သူမတွင် ထိုကဲ့သို့ မှော်ရတနာများ ရှိလိမ့်မည်ဟု မထင်ထားခဲ့။ ယခု သိသွားခဲ့ပြီ ဖြစ်လေရာ လက်မလျှော့နိုင်တော့။ ထိုမှော်ရတနာများသည် အလွန်ကိုမှ ဆွဲဆောင်မှု ရှိလွန်းလှသည်။
ထို့အပြင် ထိုမိန်းမ ကိုယ်တိုင်သည်လည်း မည်ကဲ့သို့ တိုက်ခိုက်ရမည်ကို သိသည့်ပုံမပေါ်။ မှော်ရတနာများကို ပစ်ပေါက်ပြီး ထွက်ပြေးဖို့သာသိသည်။ ထို့သိို့ဖြစ်နေမှဖြင့် သူတို့သာ ထိုမိန်းမကို ဖမ်းလိုက်နိုင်ပါက သူမ၏ ခန္ဓာကိုယ်နှင့် ကြွယ်ဝချမ်းသာမှုအားလုံးသည် သူတို့အပိုင် ဖြစ်လာ ပေလိမ့်မည်။
သူမ၏ အဝတ်အစားများအောက် မည်ကဲ့သို့သော ရမက်သွေးကြဖွယ် ခန္ဓာကိုယ်များ ရှိနေလိမ့်မည်လဲဟု တွေးတောရင်း ရှုထျန်းကျဲ နှာခေါင်းမီးတောက် ကာမသွေး ငယ်ထိပ်ဆောင့်တက်လာခဲ့သည်။
ဤနေရာကို ဖြတ်သွားရင်း မိုးမြေစွမ်းအင် သိပ်သည်းနေသည်ကို သတိပြုမိသဖြင့် သွားရောက် စစ်ဆေးကြည့်ရာမှ ဤကဲ့သို့သော အကျိုးအမြတ်ကို ရလိုက်လိမ့်မည်ဟု တစ်ခါမှ ထင်မထားခဲ့ချေ။
ရှုထျန်းကျဲသည် သူမအား တဏှာဘူးကောင်၏ အကြည့်ဖြင့် စိုက်ကြည့်နေသည်ကိုမြင်သော် ယန်ယန်သည် ရန်ကိုင်၏ အဝတ်အစားကို ပိုတင်းတင်း ဆုပ်ကိုင်လိုက်ပြီး သူ့နောက်တွင်ပုန်းလျက် တိုးတိုးလေး ပြောလိုက်သည် “ရန်ကိုင်၊ သူတို့မှာ သူတော်စင်ဘုရင်အဆင့် လေးယောက်တောင်၊ ငါတို့ ထွက်ပြေးကြရင် မကောင်းဘူးလား”
“သူတော်စင်ဘုရင်တွေက ဘာမို့လို့လဲ။ ငါ့လက်ထဲမှာ သေသွားတဲ့ သူတော်စင်ဘုရင် တစ်ယောက်ထက် မကတော့ဘူး” ရန်ကိုင်က ယန်ယန်၏ပခုံးကိုပုတ်၍ နှစ်သိမ့်ပေးလိုက်သည်။
“မင်းက သူတော်စင်ဘုရင်အဆင့်ကို သတ်ဖူးတယ်၊ ဟုတ်လား” ရှုထျန်းကျဲသည် အရယ်ရဆုံး ပြက်လုံးကို ကြားလိုက်ရသည့်အလား အကျယ်ကြီး အော်ဟစ်ရယ်မောလျက် “မင်းက တကယ်ကို လေထွားတဲ့ ကောင်ပါလားကွ။ ဟိုင်ခဲ မိသားစုကောင်တွေ အကုန်လုံး ဦးနှောက်မရှိကြတာလား။ ရှုဝေ၊ သူတော်စင်ဘုရင်အဆင့်ဆိုတာ ဘာမှန်း ဒီကောင်သိသွားအောင် သွားသင်ပြပေးလိုက်စမ်းကွာ”
“ဟုတ်ကဲ့ပါ၊ သခင်လေး” ရှုဝေဆိုသော ကျင့်ကြံသူကား စပ်ဖြဲဖြဲရယ်လျက် ရန်ကိုင်ဆီ တစ်လှမ်းချင်း တစ်လှမ်းချင်း လျှောက်သွားလိုက်သည်။ သွားနေရင်း လက်ဆစ်ကိုချိုး၍ ပြောလိုက်သည် “ငါ့ကို သခင်လေးကို လာရန်စရဲမှတော့ မင်းတော့ နာပြီသာမှတ်ပေတော့ ကောင်လေးရေ”
“ငါ့ကို ရန်စတာက အဲ့ကောင်။ ဒါပေမယ့် မင်လည်း မထူးဘူး။ မင်းသေသွားတာနဲ့ ငရဲမှာ နောင်တရနေလို့ရပြီ” ရန်ကိုင်က ပြန်ပြောလိုက်သည်။ ပြောပြီးသည်နှင့် ပိန်းပိန်းပိတ် မည်းမှောင်သော အနက်ရောင်မီးတောက်တစ်ခု ရုတ်တရက် ထွက်ပေါ်လာပြီး ရှုဝေဟုခေါ်သောလူဆီ တိုးဝင်သွားလေသည်။
အထွဋ်အထိပ်သိုင်းဧကရာဇ်
အတွဲ(၅)- ကြယ်တာရာကောင်းကင်
အပိုင်း(၁၁၁၂)
အလုံးစုံကို လောင်ကျွမ်းပစ်နိုင်ဟန် ထင်ရသော အနက်ရောင် နတ်ဆိုးမီးတောက်သည် ရှုဝေဟု ခေါ်သော သူတော်စင် ဘုရင်အဆင့် ကျင့်ကြံသူဆီ တစ်ဟုန်ထိုး တိုးဝင်သွားလေသည်။
ရှုဝေသည် နတ်ဆိုးမီးတောက်ကို စိုက်ကြည့်နေလိုက်ပြီး ရုတ်တရက် ဝါးလုံးကွဲ ထရယ်လေသည် “မီးဓါတ် ကျင့်ကြံသူလား။ မင်းအဖေမကြောက်ဆုံးက မီးဓါတ်ပဲကွ”
ပြောပြီးသည်နှင့် မြူခိုးလွှာပါးပါးလေးတစ်လွှာ သူ့ခန္ဓာကိုယ် ပတ်ပတ်လည်တွင် စတင် ထွက်ပေါ်လာလေ၏။ မြိူခိုးလွှာများသည် ရေလှိုင်းတွန့်လေးများနှင့် သူ့ခန္ဓာကိုယ် အနှံ့သို့ ပျံ့နှံ့သွားခဲ့သည်။ ထိုလှိုင်းတွန့်လေးများသည် တစ်လွှာပေါ် တစ်လွှာထပ်ပြီး နောက်ဆုံးတွင် သိပ်သည်း၊ ကျစ်လစ်သော အလွှာတစ်လွှာကို ဖြစ်ပေါ်လာစေခဲ့သည်။
ထိုအလွှာအားကိုးနှင့် ရှုဝေသည် နတ်ဆိုးမီးတောက်ဆီ အကြောက်အလန့်ကင်းကင်းဖြင့် ပြေးဝင်သွားလေသည်။ နတ်ဆိုးမီးတောက်ကို ရှင်းထုတ်ပြီး ထိုရန်ကိုင်ဆိုသော ကောင်လေးကို ပါးစပ်သရမ်းလျှင် မည်သို့သော အကျိုးဆက်အား ရင်ဆိုင်ရမည်လဲ ဆိုသည်ကို သိသွားအောင် သင်ခန်းစာ ပေးချင်နေမိသည်။
ရှုဝေမှ သူ့ခွန်အားကို ထုတ်ဖော်လိုက်သည်နှင့် တစ်ပြိုင်နက် ရေဓါတ်ကျင့်ကြံသူတစ်ယောက်ကို ရင်ဆိုင် နေရပြီမှန်း ရန်ကိုင် သိလိုက်သည်။ ရှုဝေ၏ ယုံကြည်ချက် မည်သည့်နေရာမှ လာသလဲ ဆိုသည်ကိုလည်း ရန်ကိုင် နားလည်သွားခဲ့သည်။
သဘာဝတရားအရ ရေနှင့်မီးသည် ဆန့်ကျင်ဘက် စွမ်းအင်များ ဖြစ်ကြသည်။ သူ့ရေဓါတ်သည် ရန်ကိုင်၏ ယန်ဓါတ်ကို အမှန်တကယ် ဒုက္ခပေးနိုင်ပေသည်။ သူတို့၏ ကွာခြားလှသော ကျင့်ကြံခြင်းကြောင့် ရန်ကိုင်အား အနိုင်ယူနိုင်မည်ဟု ထင်နေခြင်းဖြစ်သည်။
ရှုထျန်ကျဲနှင့် ကျန်လူအားလုံးသည် ရှုဝေအကြောင်း နားလည်ထားသည့်အတွက် ဝင်ပါခြင်းမပြုဘဲ လက်ပိုက်၍သာ စောင့်ကြည့်နေခဲ့ကြသည်။ ရန်ကိုင်ကိုလည်း အထင်အမြင် တသေးဖြင့် ကြည့်နေကြသေးသည်။
သူတို့အမြင်၌ ရန်ကိုင် ကျိန်းသေ သေပေလိမ့်မည်။ ရန်ကိုင် အနေဖြင့် ရှုဝေ၏ ရေစက်ကွင်းထဲမှ မည်သို့မှ ပြေးလွတ်နိုင်လိမ့်မည် မဟုတ်။ ယခုတိုက်ပွဲတွင် ထိုကောင်စုတ်လေး အလောင်းကျန်လျှင်ပင် ကံကောင်းနေပြီ။
ရှုဝေလည်း ရန်ကိုင်အား ကြိတ်၍ လှောင်ရယ်နေသည်။ သို့သော်လည်း ရန်ကိုင်လည်း အတူတူပင်။ နှစ်ယောက်စလုံး၏ မျက်လုံးများသည် ယုံကြည်ချက် အသီးသီးတို့ဖြင့် ပြည့်နေကာ တစ်ယောက်ကိုတစ်ယောက် သေလူတစ်ယောက်နှယ် စိုက်ကြည့်နေကြသည်။
ရေလှိုင်းတွန့်များ ရှေ့တိုးလာစဉ် အလွန်ကိုမှ ပူပြင်းသော နတ်ဆိုးမီးတောက်သည် ရုတ်ချည်း အေးစက်သွားခဲ့သည်။ ပျံံနှံ့လာသော ရေလှိုင်းတွန့်များသည် ချက်ချင်း အေးခဲသွားပြီး လေထဲတွင် တန့်သွားခဲ့ရသည်။
ရှုဝေမျက်နှာထက်ရှိ လှောင်ပြုံး လုံးဝဥဿုံ ပျောက်ကွယ်သွားပြီး ထိုထူးဆန်းသော မြင်ကွင်းကို ပါးစပ် အဟောင်းသားဖြင့် စိုက်ကြည့်နေလေသည်။ သူ့ရေဓါတ် စွမ်းအင်သည် ထိုနတ်ဆိုးမီးတောက်အား ဘာကြောင့် မငြိမ်းသတ်နိုင်သလဲ ဆိုသည်ကို ရှုဝေ နားမလည်နိုင်အောင် ဖြစ်နေခဲ့သည်။ ထိုမီးတောက်သည် မည်းနက်၍ အလွန်တရာကိုမှ ချောက်ချားဖွယ်ကောင်းသော်လည်း ၎င်းသည် သူတော်စင်တတိယအဆင့် တစ်ယောက်မှ ထုတ်ဖော်လိုက်သည့် မီးတောက် တစ်ခုသာ ဖြစ်သည်။
သူ့ရေဓါတ်ကို ဘာကြောင့် ရှေ့ဆက်မတိုးအောင် လုပ်ဆောင်နိုင်ရသနည်း။
ထိုကဲ့သို့ အသိစိတ်လွတ်၊ ပါးစပ်အဟောင်းသား ဖြစ်နေသော ရှုဝေသည် တစ်ခုခု ကျိုးကြေသွားသည့် အသံကြောင့် ပြန်အသိဝင်လာခဲ့ရပြီး မြင်လိုက်ရသည့် မြင်ကွင်းကြောင့် လိပ်ပြာလွင့်လုမတ် ထိတ်လန့်သွားရသည်။ အေးခဲသွားသော ရေများသည် ရုတ်တရက် မီးတောက်များ အဖြစ်သို့ ပေါက်ကွဲသွားပြီး အနက်ရောင်မီးတောက်များ၏ ဝါးမြိုခြင်း ခံလိုက်ရလေသည်။
အနက်ရောင်မီးတောက်သည် ပူတစ်လှည့်၊ အေးတစ်လှည့် ဖြစ်နေခဲ့သည်။ အတူတကွ မတည်ရှိသင့်သော ယင်နှင့်ယန် စွမ်းအင်နှစ်မျိုးသည် အတူတကွ တည်ရှိနေကြသည်။ ထို့အချက်ကြောင့် ရှုဝေ ခေါင်းတစ်ခုလုံး ချာချာလည်သွားရ၏။ မတူညီသော စွမ်းအင်နှစ်မျိုးသည် မည်ကဲ့သို့ အတူတကွ တည်ရှိနိုင်ရသနည်း။
ရှုဝေ ဖန်တီးထားသော သူတော်စင်ချီ အရံအတားသည် ဘာဆိုဘာမှ မလုပ်နိုင်ခဲ့။ တကယ်တော့ စွမ်းအင်အကုန်သုံး၍ ခုခံမည်ဆိုလျှင်ပင် မီးထဲဆီထည့်သည်နှင့်ပင် တူနေပေဦးမည်။ မတောင့်ခံနိုင်ခဲ့လေရာ ရှုဝေလည်း သနားစဖွယ် စူးစူရှရှသာ အော်ဟစ်လိုက်နိုင်ပြီးနောက် နတ်ဆိုးမီးတောက်များ၏ ဝါးမြိုခြင်း ခံလိုက်ရလေသည်။
ရှုဝေသည် ပျာယာခတ်ခတ်ဖြင့် နတ်ဆိုးမီးတောက်များကို ဟန့်တားရန် သိုင်းပညာရပ်များကို တစ်ခုပြီးတစ်ခု ထုတ်သုံး၏။ သို့သော် အချည်းနှီးသည်သာ။ သူမည်မျှပင် တိုက်ခိုက်နေစေကာမူ နတ်ဆိုးမီးတောက်များသည် အားနည်းသွားခြင်း မရှိသည့်အပြင် ပို၍ပင် အားကောင်းလာနေသည်။
ရှုဝေမှာ အော်ဟစ်ရန် ကြိုးစားလိုက်သော်ငြား မည်သည့် အသံမှ ထွက်မလာနိုင်ခဲ့ဘဲ မီးတောက်များထဲတွင်သာ ပျောက်ကွယ်သွားခဲ့လေသည်။
အသက်ဆယ်ရှိုက်စာကြာပြီးနောက် ရှုဝေ ကောင်းကင် ပေါ်မှ ပြုတ်ကျလာခဲ့သည်။ သူ့တစ်ကိုယ်လုံး ချစ်ချစ်တောက် ပူလောင်မဲချိတ်နေခဲ့သည်။
အကုန်လုံး မျက်လုံးပြူးနေခဲ့သည်။ ရန်ကိုင် ထိုမျှ ကြောက်မက်ဖွယ်ကောင်းလိမ့်မည်ဟု ရှုထျန်ကျဲတို့ မထင်ထားခဲ့။ သူတော်စင် တတိယအဆင့်သာ ရှိသေးသော်ငြား သူတော်စင်ဘုရင်အဆင့်ကို တစ်ချက်တည်းဖြင့် သတ်သွား၏။
ရှုဝေပင် ဘာမှ ပြန်မလုပ်နိုင်ရလောက်အောင် ထိုအနက်ရောင် မီးတောက်များသည် ဘာများနည်း။
ယခုမှပဲ ရန်ကိုင် သူတော်စင်ဘုရင်အဆင့်များကို သတ်ခဲ့ဖူးခြင်း ဆိုသည်မှာ သက်သက်မဲ့ လေးလုံးထွားနေခြင်း မဟုတ်ကြောင်းကို နားလည်သွားခဲ့သည်။ ထိုစွမ်းအားဖြင့် သူတော်စင်ဘုရင်အဆင့်ကို မသတ်နိုင်စရာ အကြောင်း မရှိချေ။
ထိုအချက်ကို နားလည်လိုက်သည်နှင့် ကျန်သူတော်စင် ဘုရင်အဆင့်နှစ်ယောက် ရန်ကိုင်ကို အလန့်ကြီး လန့်သွားခဲ့လေသည်။ သူတို့၏ ကျင့်ကြံခြင်းသည် ရှုဝေနှင့် အတူတူပင်။ ထို့အပြင် ရှုဝေကဲ့သို့ ရေဓါတ်ကို ကျင့်ကြံထားခြင်း မရှိသည့်အတွက် သူတို့သာ ရန်ကိုင်နှင့် ရင်ဆိုင်ရမည်ဆိုပါက မုချ သေရပေလိမ့်မည်။
သေရေးရှင်ရေး အခြေအနေနှင့် ရင်ဆိုင်ရသော် နှစ်ယောက်စလုံး ခြေမကိုင်မိလက်မကိုင်မိ ဖြစ်ကုန်ကြသည်။ အကြောအချဉ်များ တောင့်တင်းကုန်ကာ လှုပ်မရတော့။ ရန်ကိုင်ကိုသာ ကြောင့်ကြည့်နေမိကြတော့သည်။ မကြာမီ ရန်ကိုင်ဆီမှ သူတို့အဖွဲ့ထဲရှိ အားအကောင်းဆုံး လူအပေါ် လှမ်းကြည့်လိုက်သည်။
ထိုခေါင်းပြောင်ပြောင်နှင့် သက်လတ်ပိုင်းလူကြီးသည် သူတို့အဖွဲ့ထဲတွင် အားအကောင်းဆုံးဖြစ်သည်။ သို့သော် သူသည် သူတော်စင်ဘုရင် ဒုတိယအဆင့်လေးသာ ဖြစ်ပြီး ရှုဝေနှင့် အခြားသူများထက် နည်းနည်းလေသာ ပိုသန်မာ၏။ နတ်ဆိုးမီးတောက်၏ ကြောက်မက်ဖွယ်ရာစွမ်အားကို မြင်တွေ့လိုက်ရပြီးနောက် ချက်ချင်း ထွက်ပြေးသင့်ကြောင်းကို သူနားလည်လိုက်သည်။
အကြောင်းမှာ သူပင်လျှင် ထိုနတ်ဆိုးမီးတောက်ကို ခုခံနိုင်လိမ့်မည်ဟု ယုံကြည်ချက် မရှိသောကြောင့်ပင် ဖြစ်သည်။
“မင်းတို့ ဘာကြောင်ရပ်ကြည့်နေတာလဲ။ သူရှုဝေကို သတ်လိုက်ပြီကွ။ အဲ့ကောင်ကို သွားသတ်ကြလေ။ ငါအဲ့ကောင်ကို အစိတ်စိတ်အမွှာမွှာဖြစ်အောင် လုပ်ချင်နေပြီကွ။ အဲ့ကောင် ခွေးတစ်ကောင်လိုသေတာ ငါမြင်ချင်တယ်ကွာ” ကျင့်ကြံခြင်းအဆင့် အနိမ့်ဆုံး ဖြစ်သော ရှုထျန်ကျဲက ရုတ်တရက် ရှေ့ထွက်၍ အော်ဟစ်လိုက်သည်။
ရှုထျန်ကျဲသည် ရှုမိသားစု၏ သခင်လေးဆိုသော်ငြား သူ့ကျင့်ကြံခြင်းသည် အတော်လေး နိိမ့်ကျလှသည်။ မိသားစုကြီး၏ သခင်လေးတစ်ယောက် ဖြစ်သည့်တိုင် ထိုအသက်အရွယ်နှင့် သူတော်စင်တတိယအဆင့်သာ ရောက်သေးသည်ကိုကြည့်လျှင် မိသားစုအာဏာနှင့် မြောက်ကြွမြောက်ကြွ လုပ်နိုင်သည်မှာလွဲ၍ အခြား မည်သည့်နေရာတွင်မှ သုံးစားမရသည့် လူဖြစ်မှန်း သိနိုင်သည်။
သိုင်းတာအိုတွင် အရည်အချင်းမရှိသည့် အတွက်ကြောင့် ကျင့်ကြံလိုစိတ် မရှိတော့သော မိသားစုနောက်ခံအားကိုဖြင့် ထင်ရာစိုင်းတော့သည်။ သို့သော်လည်း ရှုမိသားစု၏ နောက်ခံကြောင့် မည်သူမှ သူ့အား ပြန်မလုပ်ရဲခဲ့။ ထို့အပြင် သူတော်စင်ဘုရင်အဆင့် နောက်လိုက် လေးယောက်ကိုပင် ရရှိထားသေးသည်။
သို့သော်လည်း ရုတ်တရက်ဆိုသလို သူ့နောက်လိုက် တစ်ယောက်သည် ဘယ်ကမှန်းမသိသော လူတစ်ယောက်၏ သတ်ဖြတ်ခြင်း ခံလိုက်ရသည်။ မည်သူမှ သူ့အား အာမခံဖူးသော ဘဝတွင် တစ်ယောက်ယောက်သည် သူ့ကို စိန်ခေါ်လာခဲ့သည်။ ရှုထျန်းကျဲသည် ရန်ကိုင် အလွန် ကြောက်မက်ဖွယ်ကောင်းသည် ဆိုသော အချက်ကို မမြင်နိုင်ခဲ့ဘဲ ရန်ကိုင်ကြောင့် သူမျက်နှာ ပျက်သွားခဲ့ရသည် ဆိုသော အချက်ကိုသာ မြင်ခဲ့သည်။
ထို့ကြောင့် သူ့နောက်လိုက်ငယ်သားများကို ရန်ကိုင်အား ချက်ချင်းတိုက်ခိုက်ရန် ပြောလေသည်။
ရှုထျန်းကျဲ၏ အမိန့်ကြောင့် သူ့နောက်လိုက်လေးယောက် အခက်ကြုံသွားရသည်။ သူတို့စိတ်ထဲ ထွက်ပြေးချင်သော်ငြား ဘာသောက်အရည်အချင်းမှ မရှိသည့် အသံကျယ်ကျယ်ဖြင့် ဟောင်ဖွာဟောင်ဖွာ လုပ်နေသည်။ တစ်ဖက်လူ မည်မျှ ကြောက်မက်ဖွယ်ကောင်းသည်ကို ထိုသောက်ရူး မမြင်သည်လား။
ခေါင်းပြောင်လူကြီးက ကျန်နှစ်ယောက်ကို ရုတ်တရက် လှမ်းအော်ပြောလိုက်သည် “သခင်လေး တစ်ခုခု ဖြစ်သွားရင် ဘာဖြစ်မလဲ မင်းတို့ သိတယ်နော်”
ထိုစကားကို ကြားလိုက်သည့်အခါ လူနှစ်ယောက်စလုံး တုန်လှုပ်ချောက်ခြားသွားပြီး အကာအကွယ် မှော်ရတနာ အသီးသီးကို ထုတ်ဖော်၍ စကားတစ်ခွန်းပင် မပြောတော့ဘဲ ရန်ကိုင်ဆီ ချက်ချင်း ပြေးဝင်သွားလေသည်။
တစ်ယောက်က လက်မြှောက်၍ ငွေရောင်အလင်းတစ်ခုကို ထုတ်ဖော်သည်။ သတ်ဖြတ်လိုစိတ်တို့ဖြင့် ပြည့်နှက်နေသော ငွေရောင်အလင်းသည် ရန်ကိုင်ဆီ အလျင်အမြန် တိုးဝင်သွားခဲ့သည်။
အခြားတစ်ယောက်က ရန်ကိုင်နောက်တွင် တိတ်တိတ်လေး ပေါ်လာသည်။ သူ့ခေါင်းထက် ဧရာမ ပုံရိပ်ယောင် ကျားတစ်ကောင် ပေါ်လာပြီး ရန်ကိုင်၏ လည်ပင်းကို ကိုက်ချလိုက်သည်။ တစ်ချိန်တည်းတွင် ထိုလူသည် ယန်ယန်၏လက်ကို လှမ်းဆွဲလိုက်သည်။
ထိုအမျိုးသမီးကိုသာ ဖမ်းမိသရွေ့ သူမအား ဓါးစာခံ အဖြစ် အသုံးပြုနိုင်ပေလိမ့်မည်။
ထိုအမျိုးသမီးသည် မြောက်မြားလှစွာသော မှော်ရတနာများကို ပိုင်ဆိုင်ထားသော်လည်း မည်ကဲ့သို့ တိုက်ခိုက်ရမည်ကို မသိလေရာ သူမအား ဖမ်းမိရန် သိပ်ခက်ခဲလိမ့်မည် မဟုတ်ပေ။
လူနှစ်ယောက် တိုက်ခိုက်သွားသည်မှာ အတော်လေးကို အတိုင်အဖောက် ညီလှသည်။ ဤကဲ့သို့ နှစ်ယောက်အတူ ပူးပေါင်းတိုက်ခိုက်သည်မှာ တစ်ကြိမ် မကတော့သည့်ပုံပင်။
ရန်ကိုင်ကမူ သူ့နေရာတွင်သာ မလှုပ်မယှတ် ရပ်နေခဲ့၏။ သို့သော်လည်း ငွေရောင်အလင်း သူ့အား မထိခင်မှာဘဲ နတ်ဆိုးမီးတောက် ရုတ်တရက် ပေါ်လာပြီး သူ့တစ်ကိုယ်လုံးကို လွှမ်းခြုံထားသည်။ မသိလျှင် ရန်ကိုင်သည် အနက်ရောင် မီးတောက်လူသားနှင့်ပင် တူနေသေးသည်။ ထိုအနက်ရောင် မီးတောက်သည် သူ့ကိုသာမက၊ ယန်ယန်ကိုပါ လွှမ်းခြုံသွား၏။
ငွေရောင်အလင်းသည် နတ်ဆိုးမီးတောက် အရံအတားကို သွားရောက် ရိုက်ခတ်မိလိုက်သည့်အခိုက် အစအနမကျန် ပျောက်ကွယ်သွားရသည်။ ထိုအခြင်းအရာကို မြင်သည်နှင့် ရန်ကိုင်ဆီသို့ ပြေးဝင်လာနေသော ကျင့်ကြံသူ ကြောင်သွားပြီး ရန်ကိုင်၏ စွမ်းအားကို အထင်သေးမိနေသေးမှန်း သိလိုက်ကာ ချက်ချင်း ပြန်လှည့်ပြေးလေသည်။
‘ပြေးချင်တာလား” ရန်ကိုင်က ထိုလူ၏ ရင်ဘတ် တည့်တည့်ကို ထိုးချလိုက်သည်။
ရန်ကိုင်၏ လက်သီးချက်သည် သူတော်စင်ဘုရင် အဆင့်နိမ့် မှော်ရတနာကို စက္ကူတစ်ရွက်နှယ် ဖောက်ထွက်သွားပြီး ထိုလူ၏ ရင်အုံဆီကို ဆက်လက် တိုးဝင်သွားခဲ့သည်။
အထိုးခံလိုက်ရသည့်လူသည် အနက်ရောင်မီးတောက်တို့ တလူလူ လောင်ကျွမ်းခံရလျက် လေးကိုင်းမှ လွှတ်လိုက်သော မြှားတစ်စင်းနှယ် လွင့်ထွက်သွားခဲ့ရလေသည်။
ပထမဆုံး တိုက်ခိုက်သူကို ရန်ကိုင်၏ လက်သီးချက် ထိမှန်သွားသည့် တစ်ချိန်တည်းတွင် သူ့နောက်ဘက်မှ စူးစူးဝါးဝါး အော်ဟစ်သံတစ်သံ ထွက်ပေါ်လာခဲ့သည်။
ယန်ယန်ကို ဓါးစာခံအဖြစ် ဖမ်းချင်နေသော လူကြီးသည် ရုတ်တရက် ပေါ်လာသော နတ်ဆိုးမီးတောက်များ၏ လောင်ကျွမ်းခြင်း ခံလိုက်ရသည်။ လက်ကို အလျင်အမြန် ပြန်ရုတ်လိုက်သော်ငြား သူ့လက် မီးလောင်ခံလိုက်ရသေး၏။ လက်တွင် ကပ်ပါလာသော မီးကို ငြိမ်းသတ်ရန် ကြိုးစားလိုက်သော်ငြား မငြိမ်းသတ်နိုင်ခဲ့ဘဲ မီးတောက်သည် သူ့လက်မောင်းတစ်လျှောက် ကြောက်မက်ဖွယ်ရာ နှုန်းဖြင့် တွယ်တက်လာခဲ့သည်။ ထိုအခြင်းအရာကိုမြင်သော် ထိုလူလည်း ဓါးကိုထုတ်ကာ မီးလောင်နေသောသူ့လက်ကို ဖြတ်ပစ်လိုက်လေသည်။
တစ်ကိုယ်လုံး လောင်ကျွမ်းခံရမည့်အစား လက်ကိုသာ ဖြတ်ပစ်ပေမည်။ သူ့အပေါင်းအပါ နှစ်ယောက်စလုံး သေသည် အထိ လောင်ကျွမ်းခြင်း ခံလိုက်ရသည်ကို မြင်ပြီးသွားပြီ ဖြစ်လေရာ ထိုနှစ်ယောက် လျှောက်သည့်လမ်းအတိုင်း သူမလျှောက်နိုင်ပါချေ။
လက်ကိုဖြတ်ပစ်ပြီးနောက် ချက်ချင်း ထွက်ပြေးလိုက်ရန် ကြိုးစားလိုက်သော်ငြား သူထွက်မပြေးနိုင်သေးခင်မှာဘဲ အနက်ရောင်မီးဘောလုံးတစ်လုံး ရုတ်တရက်ဆိုသလို သူ့ရှေ့၌ ထွက်ပေါ်လာခဲ့လေသည်။
အနက်ရောင်မီးတောက်များသည် သူ့မျက်နှာမှတစ်ဆင့် ကျန်လက်မောင်းတစ်ဖက်ဆီသို့ ပျံ့နှံ့သွားခဲ့သည်။ ထိုနတ်ဆိုး မီးတောက်ကို ငြိမ်သတ်ရန် ကြိုးစားလိုက်သော်လည်း မည်သို့ ကြိုးစားကြိုးစား၊ မငြိမ်သတ်နိုင်ခဲ့ချေ။ နောက်ဆုံး သူ့တစ်ကိုယ်လုံး မီးတောက်များ၏ ဝါးမြိုခြင်း ခံလိုက်ရပြီး ထိုလူလည်း ပထမနှစ်ယောက် လျှောက်သည့်လမ်းအတိုင်း လျှောက်သွားခဲ့ရလေသည်။
ထိုနှစ်ကောင်ကို အပြတ်ရှင်းပြီးနောက် သတ်လတ်ပိုင်း လူကြီး ရှိနေသည့်နေရာဆီ လှမ်းကြည့်လိုက်ရာ သက်လတ်ပိုင်းလူကြီးသည် ရှုထျန်းကျဲနှင့်အတူ ထွက်ပြေး သွားသည်ကို တွေ့လိုက်ရသည်။ သူ့ပခုံးပေါ်ရှိ ရှုထျန်ကျဲသည် ရန်ကိုင်ကို မရရအောင် သတ်မည်ဟု အော်ဟစ်နေဆဲပင်။
ရန်ကိုင်က ထိုနှစ်ယောက်နောက် လိုက်တော့မည်အပြု တစ်ခုခုမှ သူ့အား ဆွဲထားသည်ကို ခံစားမိလိုက်၏။ ထိုအခါ မှပဲ ယန်ယန်သည် သူ့အဝတ်အစားများကို ဆွဲထားမှန်း သိလိုက်ရသည်။ ယခုဆွဲထားသည့်အားအရ ယန်ယန်သည် အားအကုန်သုံး၍ သူ့အား ဆွဲထားသည့်ပုံပင်။
လှည့်ကြည့်လိုက်ရာ အလွန်အမင်း ဖြူဖတ်ဖြူလျော် ဖြစ်နေသော ယန်ယန်ကို တွေ့လိုက်ရသည်။ သူမတစ်ကိုယ်လုံး ဆောင်းတွင်းရောက်သည့် ငုံးငှက်လေး တစ်ကောင်နှယ် တဆတ်ဆတ် တုန်ရီနေခဲ့သည်။
“ယန်ယန်” တိုက်ပွဲအတွင်း ယန်ယန် တစ်ခုခု ဖြစ်သွားသည် ထင်ကာ ရန်ကိုင် ထိတ်လန့်သွားခဲ့လေသည်။ နောက်ဆုံး လက်ကျန် နှစ်ယောက်ကို ဂရုမစိုက်နိုင်တော့သဖြင့် ထိုနှစ်ယောက်ဆီ စိတ်စွမ်းအင်သာ ပို့လွှတ်လိုက်သည်။
ရှုထျန်းကျဲ၏ ခါးနေရာမှ အပြာင်ရောင်အလင်းတစ်ချက် လက်သွားပြီး ရန်ကိုင်၏ ကောင်းကင်စိတ်အာရုံ တိုက်ခိုက်မှုကို တားဆီးလိုက်သည်။ သို့တိုင် ရှုထျန်းကျဲ သတိလစ်သွားပြီး ခေါင်းပြောင်လူကြီး သွေးအန်လိုက်ရသည်။ သူ့ခေါင်း တစ်ခုလုံးကို အပ်အစင်ပေါင်းများစွာက ထိုစိုက်နေပြီး သူ့အသိစိတ်ပင်လယ်သည်လည်း အချိန်မရွေး ပျက်စီး တော့မည့်နှယ် ခံစားလိုက်ရသည်။
“ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ” ခေါင်းပြောင်လူကြီး ကြောက်လန့်တကြား ထအော်လေသည်။
ရန်ကိုင်၏ သူတော်စင်ချီသာ ကြောက်မက်ဖွယ်ကောင်းရုံ မဟုတ်သေးဘဲ သူ၏ စိတ်စွမ်းအင်သည်လည်း အလွန်အမင်း ကြောက်ဖွယ်ကောင်းသည်ကို နောက်ဆုံးတွင် ခေါင်းပြောင် လူကြီး သိလိုက်ရလေပြီ။ သူသည် ရန်ကိုင်ထက် ကျင့်ကြံခြင်း နှစ်ဆင့် ပိုမြင့်သည့်တိုင် ရန်ကိုင်ကြောင့် အသက်ပျောက် လုနီးပါး ဖြစ်သွားခဲ့ရသည်။ ရှုထျန်းကျဲ၏ အကာအကွယ် ဝိဥာဉ်မှော်ရတနာကြောင့်သာ မဟုတ်လျှင် သူရော၊ ရှုထျန်းကျဲပါ ပွဲချင်းပြီး သေသွားလောက်ပေသည်။
နည်းနည်းလေးမှ နှောင့်နှေးမနေရဲတော့လေရာ ခေါင်းပြောင်လူကြီးသည် ရှုထျန်းကျဲကို ပုခုံးပေါ်တင်လျက် ခြေကုန်သုတ်ပြေးတော့လေသည်။
အထွဋ်အထိပ်သိုင်းဧကရာဇ်
အတွဲ(၅)- ကြယ်တာရာကောင်းကင်
အပိုင်း(၁၁၁၃)
“ယန်ယန်…” ရန်ကိုင်သည် ယန်ယန်ကို ကိုင်ထားရင်း သူမကို ကောင်းကင်စိတ်အာရုံဖြင့် စိုရိမ်တကြီး စစ်ဆေးကြည့်လိုက်၏။ ထိုသို့ စစ်ဆေးပြီးနောက် ယန်ယန်၏ အခြေအနေသည် သူထင်ထားသကဲ့သို့ မပြင်းထန်ကြောင်း သိလိုက်ရမှသာ စိတ်သက်သာရာ ရသွားခဲ့သည်။ ယန်ယန်သည် မည်သည့် ဒဏ်ရာမှ ရရှိမထားခဲ့ချေ။ အကြောက်လွန်ပြီး စိတ်ကယောင်၊ ခြောက်ချားဖြစ်သွားခဲ့ခြင်းသာ ဖြစ်သည်။
ရန်ကိုင်မှ သူမ၏ ကျောကို အသာအယာ ပွတ်သပ်ပေးနေစဉ် ယန်ယန် ခက်ခက်ခဲခဲဖြင့် သူ့အား ခေါင်းမော့ကြည့်လိုက်သည်။ ထို့နောက် ရန်ကိုင်၏ လက်ထဲမှ ရုတ်တရက် ရုန်းထွက်ကာ ဘေးသို့ စောင်း၍ ချက်ချင်း အန်ချလိုက်လေသည်။ သူမ၏ မျက်နှာလေးဟာဆိုလျှင်လည်း စွတ်စွတ်ကို ဖြူနေခဲ့သည်။
ရန်ကိုင်က ယန်ယန်ကို အထူးအဆန်း အမူအရာဖြင့် ကြည့်လိုက်သည်။
အချိန်အကြာကြီး နေပြီးနောက်မှသာ ယန်ယန်က ပြောလာခဲံသည် “ရန်ကိုင်၊ ငါခေါင်းမူးတယ်…”
ပြောပြီးသည်နှင့် မြေကြီးပေါ်သို့ လဲကျသွားလေသည်။
တကယ်ကြီးလား ရန်ကိုင် ရယ်ရခက်၊ ငိုရခက် ဖြစ်နေခဲ့၏။ ချက်ချင်းပဲ သူမအား ကောက်ထူပေးရန် ကြိုးစားလိုက်သည့်အခါ ယန်ယန် သတိလစ်နေပြီ ဖြစ်ကြောင်းကို တွေ့လိုက်ရသည်။ သူမ၏ မျက်နှာသည် သွေးမရှိတော့သည့်နှယ် ဖြူဖွေးစွတ်နေပြီး တစ်ကိုယ်လုံးဟာလည်း ထူးထူးခြားခြားကို အေးစက်နေသည်။
သက်ပြင်းတစ်ချက်ချလျက် ခေါင်းတရမ်းရမ်းဖြင့် ယန်ယန်အား သေသေချာချာ မချီကာ လိုဏ်ဂူထဲသို့ ခေါ်သွားလေသည်။
လိုဏ်ဂူကမူ ဘာမှဖြစ်မသွားခဲ့ချေ။ တိုက်ပွဲဖြစ်ချိန်သည် အလွန်ကိုမှ တိုးတောင်းလွန်းလှသည် မဟုတ်ပေလော။ ရန်ကိုင် ခင်းကျင်းထားသည့် ခုနှစ်ရောင်ခြယ်စိတ်ဝိဥာဉ် အလံများလည်း ပါမသွားခဲ့ချေ။ ကျောက်တုံးခန်းထဲသို့ ပြန်ရောက်သည့်အခါ ယန်ယန်အား ကုတင်ပေါ်တွင် ချပေးလိုက်ပြီး စောင့်ဖြင့် ခြုံထားပေးလိုက်သည်။ ထို့နောက် သွေးမရှိတော့သည့်နှယ် ဖြူလျော်နေသော သူမ၏ မျက်နှာလေးကို ဂရုဏာသက်သည့် အမူအရာဖြင့် ကြည့်နေလိုက်သည်။
ရှုထျန်းကျဲကို လတ်စသတ်ချင်ခဲ့သော်ငြား ယန်ယန်၏ လက်ရှိအခြေအနေကြောင့် သူမဘေးတွင် နေခဲ့ရသည်။
အရိပ်ကြယ်သို့ ရောက်သည်မှာ မကြာသေးသည့် အတွက်ကြောင့် အခြားလူများနှင့် ပြဿနာမဖြစ်မိအောင် နေသည်။ သို့သော် ယခုတွင် ပြဿနာသည် သူ့ရှေ့သို့ အလိုလို ရောက်ရှိလာခဲ့သည်။ မျက်မြက်သက်သေ မကျန်စေရန် အကုန်လုံးကို နှုတ်ပိတ်ချင်လိုက်သော်လည်း ယန်ယန်၏ အခြေအနေကြောင့် လက်လွှတ်ခဲ့ရသည်။ သို့သော် ရှုထျန်းကျဲမှ အကူအညီများ သွားခေါ်လာပြီး ပြန်လာမည်ဆိုလျှင်ပင် ရန်ကိုင် မကြောက်ပါချေ။
ဝူရီပြောပုံအရ အရိပ်ကြယ်ပေါ်တွင် တန်ခိုးရှင်ဘုရင်အဆင့် ပညာရှင်များ မရှိချေ။ ဟိုင်ခဲမိသားစု၏ အားအကောင်းဆုံး ပညာရှင်ပင်လျှင် သူတော်စင်ဘုရင် တတိယအဆင့်သာ ရှိသေးသည်။ ရှုထျန်းကျဲသည် အားကောင်းသည့် မိသားစုမှ ဟုတ်ဟန်မဟတူ။ ထို့ကြောင့် သူ့အနေဖြင့် အားကောင်းသော ပညာရှင်တစ်ယောက်အား ခေါ်လာနိုင်ချေမှ သိပ်မြင့်လှ။
ယန်ယန်သည် ရက်အတော်ကြာအောင် အိပ်နေခဲ့သည်။ ရံဖန်ရံခါ အိမ်မက်ဆိုးများမက်ပြီး ကယောင်ကတန်း ကြောက်လန့်တုန်လှုပ်နေသည့် အသံလေးဖြင့် ထထ အော်နေတတ်သည်။ ထိုသို့ ဖြစ်သည့်အခါတိုင်း ရန်ကိုင်မှ သူမ စိတ်ငြိမ်သွားစေရန် အချိန်ယူကြိုးစားပေးခဲ့ရသည်။
သုံးရက်ကြာပြီးနောက် ယန်ယန် နိုးလာခဲ့သည်။
ရန်ကိုင်သည် ကုတင်ပေါ်တွင်ထိုင်၍ သူမအား ကြည့်လိုကသည်။ ရန်ကိုင်အား ခဏကြာမျှ စိုက်ကြည့်ပြီးနောက် သူ့အကြည့်ကို ရှက်ရှက်ဖြင့် ရှောင်ဖယ်လိုက်သည်။ သူမ၏ ပါးလေးနှစ်ဖက်သည် ရဲရဲတောက် နီမြန်းနေခဲ့လေပြီ။
“တစ်ခုခု အရင်စားလိုက်” ရန်ကိုင်က သူမဆီ အထုပ်လေး တစ်ထုပ် ပေးလိုက်သည်။
အသီးနံ့ ရလိုက်သည်ကတစ်ကြောင်း၊ ဗိုက်ဆာနေသည်က တစ်ကြောင်း ချက်ချင်း ထထိုင်လိုက်၍ အထုပ်ကို ဖြေလိုက်၏။ ရွှေရောင်အသီးများကို မြင်လိုက်သည့်အခါ ပြုံး၍ တစ်လုံးယူကာ စစားလေသည်။ ဖြူလျော်နေသော သူမ၏ မျက်နှာလေးသည် တဖြည်းဖြည်း သွေးရောင် ပြန်လွှမ်းလာခဲ့သည်။
ယန်ယန် အခြေအနေ ပြန်ကောင်းလာသည်ကို မြင်သည့်အခါ ရန်ကိုင်က သိချင်စိတ်ဖြင့် မေးလိုက်လေသည် “နင်လူသေတစ်ယောက်ကို တစ်ခါမှ မမြင်ဖူးဘူးလား”
ယန်ယန် သတိလစ်သွားရခြင်းမှာ ဒဏ်ရာရသွားခြင်းကြောင့် မဟုတ်ဘဲ အကြောက်လွန်သွားသောကြောင့် ဖြစ်ပေသည်။
လူများစွာ သေသွားသည့် မြင်ကွင်းကြောင့် အကြောက် လွန်သွားခဲ့ခြင်း ဖြစ်သည်။ ယန်ယန် ကြောက်သည်ကို ရန်ကိုင် သိသည်။ သို့သော် လူစိမ်းသုံးယောက် သေသည်ကို မြင်ရုံဖြင့် သတိလစ်ရလောက်သည်အထိ ကြောက်တတ်လိမ့်မည်ဟု မထင်ထားခဲ့။ ထို့ပြင် သုံးရက်ကြာအောင် သတိလစ်သွားခြင်း ဖြစ်သည်။ သူမသာ သွေးသံတရဲရဲ တကယ့် တိုက်ပွဲကြီးကို မြင်သွားပါက နေရာမှာတင် လန့်သေသွားနိုင်လေမလား။
သို့သော်လည်း ပထမဆုံးအကြိမ်အဖြစ် တစ်ယောက်ယောက် သေသည်ကို မြင်ဖူးသူတိုင်း ထိုကဲ့သို့ ဖြစ်တတ်သည်ကို ရန်ကိုင် သိသည်။ သူပထမဆုံး လူစသတ်စဉ်က ယန်ယန်လောက် အခြေအနေ မဆိုးခဲ့သော်လည်း သူ့စိတ်ထဲ အတော့်ကိုမှ ခံရခက်ခဲ့ရသ်။ ကံကောင်းစွာဖြင့် သူသည် အခြားသူများထက် ပို၍ စိတ်ဓါတ်ကြံခိုက်သည့် အတွက်ကြောင့် အတော်လေး အခြေအနေကောင်းခဲ့သည်။
ရန်ကိုင်စကားကို ကြားသော် အားပါးတရ စားနေသော် ယန်ယန် စားနေသောအသီးကို ချလိုက်ပြီး ချက်ချင်းပဲ ပါးစပ်ကို လက်ဖြင့် အုပ်လိုက်သည်။
“အခုထိ အကြောက်မပြယ်သေးတာလား” ရန်ကိုင် ထိတ်လန့်သွားသည်။ သုံးရက်တိုင်တိုင် သတိလစ်နေသည့်တိုင် ယခုထိ အကြောက်မပြယ်သေးချေ။ စိတ်ထဲတွင်လည်း ဤမျှ ကြောက်တတ်သည့်တိုင် ဤလောကကြီးထဲ လက်ရှိ အသက် အရွယ်အထိ မည်ကဲ့သို့များ အသက်ရှင်ခဲ့ပါလိမ့်ဟု တွေးမိလိုက်သည်။ ထိုမျှ ကြောက်တတ်ပုံမျိုးဖြင့် ဤမျှ အသက်ရှည်ရှည် နေရာသည်မှာ တကယ်ကို အဆန်းအပြားပင်။
ယန်ယန်က သူမလက်ကို ဝှေ့ရမ်းပြရင်း စိတ်ငြိမ်သွားအောင် အသက်ပြင်းပြင်း ရှူသွင်းရှူထုတ်လုပ်နေခဲ့သည်။
“လူသေတာကို မမြင်ဖူးတာမျိုး မဟုတ်ဘူး။ အဲ့လိုမျိုး ရက်ရက်စက်စက်ကြီး သေတာမျိုးကို မမြင်ဖူးတာ…” ယန်ယန်က ရန်ကိုင်အား ကြောက်စိတ်မပြယ်သေးသည့် အမူအရာဖြင့် ကြည့်လိုက်သည်။ ထိုလူများ စူးစူးဝါးဝါး အော်ဟစ်ရင်း အရှင်လတ်လတ် မီးရှို့အသတ်ခံလိုက်ရသည့် မြင်ကွင်းကို ယခုထိတိုင် ကွင်းကွင်းရှင်းရှင်း မြင်ယောင်မိနေဆဲ။ သူမ နှာခေါင်းထဲ လှိုက်တက်လာသည့် အသားညှော်နံ့ကို မည်သို့မှ မခံနိုင်ပါချေ။
အသားကျွမ်းနံ့သည့် ထိုမျှ အော့အန်ချင်စရာ ကောင်းလိမ့်မည်ဟု မထင်ထားခဲ့ချေ။
“ကောင်းပြီ။ နောက်တစ်ကြိမ် ငါလူသတ်ရင် နင် မျက်စိ မှိတ်ထားလိုက်” ရန်ကိုင် သက်ပြင်းချလိုက်သည်။
“နောက်တစ်ကြိမ် ရှိသေးတာလား” ယန်ယန် လန့်သွား၏။
“ရှိလောက်မှာပေါ့” ရန်ကိုင်က ခေါင်းညိတ်၍ “အခု အဲ့အကြောင်း မပြောနဲ့စာ။ စားစရာရှိတာကိုသာ အရင်စားလိုက်”
“အင်း” ယန်ယန် ခေါင်းညိတ်လိုက်ပြီး စားလက်စအသီးကို ကောက်ယူ၍ ဆက်စားလေသည်။ ခဏအကြာ၌ သိချင်စိတ်ကြောင့် မနေနိုင်ဘဲ မေးလိုက်မိသည် “ဒါကို နင်ဘယ်ကနေ ရလာတာလဲ။ ဒါက စိတ်စွမ်းအင်ကိုပါ ပြန်ပြည့်စေတယ်ဟ”
“လက်ဆောင်လေ” ရန်ကိုင် ရှင်းပြမနေခဲ့။ ထိုအသီးများသည် အတော့်ကိုမှ အဖိုးတန်သော်လည်း အရမ်းကြီး အဖိုးတန်သည်မဟုတ်။ မဟုတ်လျှင် ချန်းတုန်သည် သူ့အား ထိုမျှ ရက်ရက်ရောရော ပေးခဲ့လိမ့်မည် မဟုတ်ချေ။
“ဒါနဲ့၊ သတ္တုတွေကို နင်ဝယ်လာခဲ့သေးလား” ယန်ယန်က ထပ်မေးလိုက်သည်။
“ဝယ်လာပြီးသွားပြီ။ ဒါပေမယ့် အရင် နားနေလိုက်ဦး။ လုံးဝ ပြန်ကောင်းသွားတော့မှပဲ လုပ်” ယန်ယန်အား လက်ရှိပုံစံဖြင့် တန်ခိုးရှင်အဆင့် မှော်ရတနာကို သွားမလုပ်နိုင်းရဲချေ။ ဆေးဖော်စပ်ခြင်းနှင့် ပန်းပဲထုလုပ်ခြင်းတွင် အလွန်ကိုမှ တည်ငြိမ်သော စိတ်အခြေအနေကို ပိုင်ဆိုင်ထားရန် လိုအပ်၏။ မဟုတ်လျှင် အစားထိုးမရနိုင်သော ဆုံးရှုံးမှုများကို ကြုံတွေ့နိုင်ပေသည်။
“အင်း”
ယန်ယန်လည်း ရန်ကိုင် ပြောသည့်အတိုင်း ရက်အတော် ကြာအောင် အနားယူလိုက်သည်။ ပြန်ကောင်းလာသည့် အခါမှသာ ပန်းပဲပြန်စထုလေသည်။
ယန်ယန်သည် အတော်လေးကို ရိုးရှင်းသည့် မိန်းမ တစ်ယောက် ဖြစ်သည်။ သတ္တိမှာ ပဲစေ့လောက်သာ ရှိသော်ငြား ပြောဆိုဆက်ဆံရ စိတ်ညစ်စရာကောင်းသည့် မိန်းမတစ်ယောက် မဟုတ်ချေ။ အကြောင်းမှာ ယန်ယန်သည် အတိတ်ကိစ္စများကို အလျင်အမြန် မေ့သွားတတ်ပြီး အချိုသိပ်ရန် လွယ်သောကြောင့် ဖြစ်သည်။
သူ့ကျောက်တုံးခန်းနှင့် ခုနှစ်ရောင်ခြယ် စိတ်ဝိဥာဉ် စုစည်းခြင်း အလံများကို ယန်ယန် လက်ထဲတွင် ထားထားရသည့် အတွက်ကြောင့် ရန်ကိုင်လည်း နေရာသစ်တစ်ခု ရှာရန် ဆုံးဖြတ်လိုက်သည်။ နေရာသစ်တစ်ခု ရှာတွေ့ပြီးနောက် တင်ပလင်ခွေထိုင်ကာ တဖြည်းဖြည်း မြူထိုင်းလာသော တောင်ကိုကြည့်ရင်း ကျေကျေနပ်နပ်ဖြင့် ခေါင်းညိတ်လိုက်သည်။
ဤတောင်တွင် စိတ်ဝိဥာဉ်စုစည်းခြင်း အစီအရင်ကို ခင်းကျင်းထားခဲ့သည်မှာ လပေါင်းများစွာ ကြာမြင့်ခဲ့လေပြီ။ အပင်များလည်း စပေါက်လာသလို အသီးများလည်း စသီးလာနေခဲ့လေပြီ။ တောင်အား လွှမ်းခြုံထားသော မြူခိုးလွှာသည်လည်း ပို၍ ထူထပ်သိပ်သည်းလာနေခဲ့သည်။
လိုဏ်ဂူမှ ထွက်လာခဲ့သော်လည်း ကောင်းကင်စိတ်အာရုံကို အချိန်ပြည့် ဖြန့်ျက်ထားခဲ့သည်။ ယန်ယန် မတော်တဆ ဖြစ်မည်ကို စိုးရိမ်သလို ရှုထျန်းကျဲသည် လူသစ်များခေါ်လာပြီး ပြဿနာ လာရှာသဖြင့် ယန်ယန် ပန်းပဲထုနေသည်ကို အနှောင့် အယှတ် ဖြစ်သွားမည်ကို စိုးရိမ်သည့် အတွက်ကြောင့် ဖြစ်သည်။
ယန်ယန်သည် လက်ရှိတွင် သူတောင်းဆိုထားသည့် တန်ခိုးရှင်အဆင့် မှော်ရတနာကို ထုလုပ်နေခြင်း ဖြစ်သည်။ ထို့ကြောင့် မည်သည့် မတော်တဆမှ အဖြစ်မခံနိုင်ပါချေ။
အချိန်သည် တဖြည်းဖြည်းချင်း ကုန်ဆုံးနေခဲ့ပြီး အကုန်လုံးသည် ပုံမှန်အတိုင်းသာ ဆက်သွားနေခဲ့သည်။
တစ်နေ့သ၌၊ တင်ပလင်ခွေထိုင်နေစဉ် ရန်ကိုင်၏နားထဲ အသံတစ်သံကို ကြားလိုက်ရသည် “ငါပြန်ကောင်းသွားပြီ”
ထိုအသံကို ကြားလိုက်သည့်အခါ ရန်ကိုင် ပျော်သွားပြီး နတ်ဘုရားသစ်ပင် နိုးလာပြီမှန်း ချက်ချင်း သိလိုက်သည်။
မိုးရေစင်ကြယ်ပေါ်တွင် ရှိစဉ်က ရွှယ့်ယွယ်ဆီမှ ယင်နေကြောရေစင်၏ အအေးဓါတ်များကို ဖယ်ရှားရန် သူ့စွမ်းအားကိုသာမက နတ်ဘုရားသစ်ပင်၏ စွမ်းအားကိုပါ အသုံးပြုခဲ့ရသည်။ ထိုအဖြစ်အပျက်ပြီးနောက် နတ်ဘုရား သစ်ပင် အိပ်စက်သွားခဲ့သည်။ ယခု နှစ်ပေါင်းများစွာကြာပြီး နောက်ဆုံးတွင် နတ်ဘုရားသစ်ပင် နိုးလာခဲ့လေသည်။
“မင်းဘယ်လိုနေလဲ” ရန်ကိုင်က ချက်ချင်း မေးလိုက်သည်။
“ငါအဆင်ပြေတယ်။ ဒါပေမယ့် မင်းကြည့်ရတာ ဘာမှ သိပ်မပြောင်းသွားတဲ့ပုံပဲ။ ငါအိပ်ပျော်သွားတာ သိပ်မကြာတာလား” နတ်ဘုရားသစ်ပင် ဇဝေဇဝါ ဖြစ်သွားခဲ့၏။ သူ့စွမ်းအားကို ရန်ကိုင် ငှားသုံးခဲ့စဉ်က သူသည် သူတော်စင် ဒုတိယအဆင့် ဖြစ်သည်။ သို့သော်လည်း ယနေ့တွင် သူသည် သူတော်စင်တတိယအဆင့်သာ ရှိနေသေး၏။ နှစ်ပေါင်းများစွာ အတွင်း ထိုမျှလောက်သာ တိုးတက်ခြင်းသည် ရန်ကိုင် မဟုတ်ပါချေ။
“နှစ်နဲ့ချီကြာနေပြီ။ ဘယ်လောက်ကြာပြီလဲ ဆိုတာကိုတော့ ငါလည်း သေချာမသိဘူး”
“အဲ့လိုဆို မင်း…”
“မတော်တဆ တစ်ခုဖြစ်သွားလို့” ရန်ကိုင်က ရယ်သွမ်းသွေး၍ ခန္ဓာသန့်စင်ခြင်းကန်နှင့် ပက်သက်သည့် ဖြစ်ကြောင်းကုန်စဉ်ကို မလိမ်မညာဘဲ အမှန်အတိုင်း အကျဉ်းချုံး ရှင်းပြလိုက်သည်။ နတ်ဘုရားသစ်ပင်သည် အသိိစိတ်ရှိသည့် သစ်ပင်တစ်ပင်သာ ဖြစ်သော်လည်း ရန်ကိုင်အတွက်မူ လူတစ်ယောက်နှင့် မခြားသည့် အဖော်တစ်ယောက် ဖြစ်သည်။
နတ်ဘုရားသစ်ပင်အား နေရာကောင်းတစ်ခုတွေ့လျှင် အပြင်သို့ ထုတ်ပေးမည်ဟု ပေးထားသည့် ကတိကိုလည်း ရန်ကိုင် သတိရလိုက်သည်။
သို့သော်လည်း ယခင်နှစ်များအတွင်း ရန်ကိုင်သည် နေစရာ အတည်တကျ မရှိဘဲ တောက်လျှောက် ပြေးလွှားနေခဲ့ရခြင်း ဖြစ်သည်။ နေရာပေါင်းများစွာကို ရောက်ခဲ့သော်လည်း သင့်လျော်သော နေရာတစ်ခုကို ရှာမတွေ့နိုင်ခဲ့။ နတ်ဘုရား သစ်ပင်ကလည်း ထိုအကြောင်းကို တစ်ခါမှ မပြောသည့်အတွက် ရန်ကိုင်လည်း မေ့တေ့တေ့ပင် ဖြစ်ချင်နေလေပြီ။ ထို့ကြောင့် သူ့ကိုယ်သူပင် ရှက်ချင်မိသွားသည်။
“အို။ မင်းပြောချင်တာက မင်းကျင့်ကြံခြင်းအဆင့်က ပြောင်းလဲမသွားပေမယ့် မင်းရဲ့ ရွှေရောင်သွေးစက်က တစ်မျိုး ပြောင်းလဲသွားတယ်ပေါ့” ရွှေရောင်သွေးစက်အကြောင်း ကြားလိုက်သည့်အခါ နတ်ဘုရားသစ်ပင် စိတ်ဝင်စားသွား၏။
“မင်းစမ်းကြည့်မလား”
“အင်း”
ရန်ကိုင်သည် ရွှေရောင်သွေးစက်ကို ချက်ချင်း ညစ်ထုတ်ပေးလိုက်ပြီး နတ်ဆိုးစာအုပ်ထဲသို့ ထည့်ပေးလိုက်၏။ နတ်ဘုရားသစ်ပင်လည်း ထိုသွေးစက်ကို ချက်ချင်း စုပ်ယူလိုက်လေသည်။
ခဏအကြာ၌ ရန်ကိုင် ကြောင်သွားခဲ့ရသည်။
နတ်ဘုရားသစ်ပင်မှ ရွှေရောင်သွေးတစ်စက်ကို စုပ်ယူပြီးနောက် ဘာဖြစ်သွားလဲ ဆိုသည်ကို သူမသိသော်ငြား နတ်ဘုရားသစ်ပင်နှင့် သူ့ကြားရှိ နီးကပ်သော ဆက်ဆံရေးသည် ယခင်ကထက် ပို၍ ခိုင်မြဲလာသည်ကို တွေ့ရှိလိုက်ရသည်။
နတ်ဘုရားသစ်ပင် စိတ်လှုပ်ရှားပျော်ရွှင်နေသည်ကို ရန်ကိုင် အသေအချာ ခံစားမိနေသည်။ ပျော်ရွှင်လွန်းသဖြင့် သစ်ရွက်များကိုပင် လှုပ်ခါနေခဲ့လေသည်။
အချိန်အတော်ကြာသွားပြီးသည့် နောက်မှသာ နတ်ဘုရား သစ်ပင်က သက်ပြင်းအရှည်ကြီးချ၍ မှတ်ချက်ပေးလိုက်သည် “ရွှေရောင်သွေးစက်ထဲမှာ ပါတဲ့ အသက်စွမ်းအင်ကြီးက တကယ်ကို မယုံနိုင်စရာကြီး။ မင်းမှာ အရင်ရှိခဲ့တဲ့ ယန်အရည်စက်တွေလို မဟုတ်ဘူး။ ဒီရွှေရောင်သွေးစက် ဘယ်စွမ်းအင်ကိုမဆို ပိုင်ဆိုင်ထားတဲ့ သက်ရှိတွေကို အဆင့် မြှင့်တင်ဖို့ အသုံးချလို့ရတယ်။ ဘယ်လောကရတနာမဆို ဒီရွှေရောင်သွေးစက်ကို စုပ်ယူလိုက်တာနဲ့ အကြီးအကျယ် တိုးတက်သွားလိမ့်မယ်”
ယခင်က ရန်ကိုင်သည် သူ၏ ယန်အရည်စက်ကို ယန်ဓါတ် စွမ်းအင် အမျိုးအစား ဆေးပင်၊ သီးပင်တို့အပေါ်တွင်သာ အသုံးပြုခဲ့သည်။ သို့သော်လည်း ရွှေရောင်သွေးစက်သည် ကွဲပြား၏။ ရွှေရောင်သွေးစက်သည် အသက်စွမ်းအင် သီးသန့်သာ ဖြစ်သည့်အတွက် မည်သည့် တားမြစ်ချက်မှ မရှိပါချေ။
နတ်ဘုရားသစ်ပင်ပေါ်တွင် အသီးလေးများ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။ နတ်ဘုရားသစ်ပင်တွင် သီးသော အသီးများကို ယခင်က ရန်ကိုင် စားခဲ့ဖူးသည်။ ထိုအသီးများထဲ အလွန်ကိုမှ များပြားလှသော ယန်ဓါတ်စွမ်းအင်တို့ ပါဝင်ပေ၏။
ထိုအသီးလေးများ တစ်ခါအသီးရန်အတွက် အချိန်အကြာကြီး လိုအပ်သည်။ ထိုမျှ အချိန်အကြာကြီး ယူသည့်တိုင် စပျစ်သီးအရွယ်အစားလောက်သာ ကြီးသည်။ သို့သော်လည်း ရန်ကိုင်ပေးသော ရွှေရောင်သွေးစက်ကို စုပ်ယူလိုက်ပြီးနောက် ထိုအသီးများသည် မြင်သာသည့် အမြန်နှုန်းဖြင့် စတင် ကြီးထွားလာနေခဲ့ကြလေပြီ။ ကြီးရင်း၊ ကြီးရင်းဖြင့် နောက်ဆုံး သစ်ကြားသီး အရွယ်လောက် ရောက်သည့်အခါ ရပ်တန့်သွားခဲ့သည်။
“စိတ်ဝင်စားစရာပဲ” ရန်ကိုင်က ရယ်မောလိုက်သည် “ကြည့်ရတာ နောက်ပိုင်းက ဆေးပင်တွေကို အမြန်ရင့်အောင် လုပ်နိုင်တဲ့ နည်းလမ်းကို ရသွားပြီနဲ့တူတယ်”
ရန်ကိုင်သည် ရွှေရောင်သွေးစက်ကို တောက်လျှောက် လေ့လာခဲ့သည်။ ယခင်အကြိမ်က ရွှေရောင်သွေးစက်ကို သုံး၍ ကြယ်တာရာကောင်းကင်ကို စူးစမ်းခဲ့သည်။ ယခုထိတိုင် ထိုရွှေရောင်သွေးစက်သည် ကြယ်စီရင်စုထဲ သွားနေဆဲပင်။ သူကြိုက်သည့်အချိန်တိုင်း ထိုရွှေရောင်သွေးစက်ဆီ အသိစိတ် ပို့လွှတ်ကာ ၎င်းရောက်နေသော နေရာကို စစ်ဆေးနိုင်သည်။ ယခုတွင်လည်း ရွှေရောင်သွေးစက်၏ သစ်ပင်များကို အမြန် ရင့်မှည့်အောင် ကူညီပေးနိုင်သည့် နောက်ထပ် အသုံးဝင်ပုံ တစ်မျိုးကို ထပ်မံ တွေ့ရှိသွားခဲ့ရပြန်သည်။
“မင်းကို ကူညီပေးနိုင်မှတော့ ထပ်ယူဦးမလား” ရန်ကိုင်က တုန့်ဆိုင်းခြင်းမရှိ ပြောလိုက်သည်။ ပြောပြီးသည်နှင့် ချက်ချင်းပဲ နတ်ဆိုးစာအုပ်ထဲသို့ ရွှေရောင်သွေးစက်အချို့ ထပ်မံ၍ ထည့်ပေးလိုက်သည်။
နတ်ဘုရားသစ်ပင်အနေဖြင့် ရန်ကိုင်ကို တားချိန်ပင် မရလိုက်ချေ။ နတ်ဘုရားသစ်ပင်သည် လောကရတနာတစ်ခုသာ ဖြစ်သော်လည်း ရွှေရောင်သွေးစက်တစ်စက်ကို ထုတ်လုပ်ဖို့ရာ မလွယ်ကူမှန်းသိသည်။ သို့သော်လည်း ရန်ကိုင်က ပေးလာမှဖြင့် မူမနေဘဲ ချက်ချင်း အကျိုးရှိအောင် စုပ်ယူပစ်လိုက်လေသည်။
အထွဋ်အထိပ်သိုင်းဧကရာဇ်
အတွဲ(၅)- ကြယ်တာရာကောင်းကင်
အပိုင်း(၁၁၁၄)
အကယ်၍ ရန်ကိုင်သာ ထိုင်ပြီးတော့ပဲ ကျင့်ကြံနေမည် ဆိုပါက ထိုယန်အရည်စက်လေးစက်ကို ရရှိရန်အတွက် တစ်နှစ်လောက် အချိန်ယူရပေလိမ့်မည်။ ဆိုလိုသည်ကား ထိုရွှေရောင်သွေးစက် လေးစက်သည် ရန်ကိုင်၏ တစ်နှစ်စာ အားထုတ်မှုနှင့် ညီမျှပေသည်။
သို့သော် နတ်ဘုရားသစ်ပင်သည် ထိုသွေးစက်လေးစက်ကို တစ်ထိုင်တည်း စုပ်ယူသွားခဲ့သည်။
ဘယ်လို အခြေအနေရှိလဲ မေးတော့မည်အပြု နတ်ဘုရား သစ်ပင်က ရုတ်တရက် ပြောလာခဲ့သည် “ငါထပ်အိပ်ရတော့မယ့်ပုံပဲ”
“မင်းဘာပြောချင်တာလဲ” ရန်ကိုင် ကြောင်သွားသည်။ ရွှေရောင်သွေးစက်ထဲတွင် ပါဝင်သော အသက်စွမ်းအင်ကို ခုခံဖို့ရာသည် နတ်ဘုရားသစ်ပင်အတွက်ပင် အတော်လေးကိုမှ ခဲယဉ်းနေသလားဟုလည်း တွေးမိသွားသည်။
“ငါက ဘာပြဿနာမှ မရှိဘူး။ နောက်တစ်ကြိမ် နိုးလာရင် အဆင့်တစ်ခုခု ချိုးဖျက်ကောင်း ချိုးဖျက်ပြီးနေလိမ့်မယ်။ ငါ့ကို စိတ်ပူနေမယ့်အစား ဟိုအနက်ရောင် ကျောက်တုံး နှစ်တုံးကို စစ်ဆေးကြည့်သင့်တယ်။ အဲ့ကျောက်တုံးနှစ်တုံး ခုနောက်ပိုင်း တစ်ခုခု ထူးခြားနေတယ်” ပြောပြီးသည့်နောက် အိပ်စက်သွားခဲ့လေသည်။ ရန်ကိုင် မည်မျှပင် ခေါ်နေစေကာမူ ပြန်မထူးတော့ချေ။
နတ်ဘုရားသစ်ပင် ထပ်ကြီးလာနိုင်သေးတာလား ရန်ကိုင်က အံ့ဩနေသည့် အမူအရာဖြင့် သူကိုယ့်သူ ပြန်မေးလိုက်သည်။ သို့သော်လည်း နတ်ဘုရားသစ်ပင်က သူ့ကို ထိုကဲ့သို့ ပြောခဲ့မှဖြင့် အမှားမဖြစ်လောက်ချေ။ နတ်ဘုရား သစ်ပင် ပြန်နိုးလာသည့်အခါကျ မည်ကဲ့သို့ ပြောင်းလဲနေမည်လဲ ဆိုသည်ကို ရန်ကိုင်အတော်လေး သိချင်နေမိသည်။
နတ်ဘုရားသစ်ပင် ပြောတော့မှပဲ အနက်ရောင် ကျောက်တုံးနှစ်တုံးအား နတ်ဆိုးစာအုပ်ထဲတွင် ဂရုမစိုက်ဘဲ ပစ်ထားခဲ့သည်မှာ အချိန်အတော်ကြာနေပြီမှန်း ရန်ကိုင် သိတိရလိုက်သည်။ ရေလကြယ်မှ ထွက်လာပြီးသည့် နောက်ပိုင်း ထိုအနက်ရောင်ကျောက်တုံး နှစ်တုံးအကြောင်းကို သူမေ့လျော့နေခဲ့သည်။
ရန်ကိုင်သည် နတ်ဆိုးစာအုပ်ထဲသို့ သူ့အသိစိတ်ကို ချက်ချင်း ပို့လိုက်သည်။ သို့သော် မြင်လိုက်ရသည့် အရာကြောင့် ရန်ကိုင် ကြောင်သွားခဲ့ရလေသည်။
တောင်တစ်လုံးနှယ် များပြားလှသော သတ္တုအားလုံး မရှိတော့ချေပြီ။ ထိုသတ္တုများနေရာတွင် အကြွင်းအကျန်း အညစ်အကြေး အချို့သာ ကျန်ရစ်တော့သည်။ သို့သော်လည်း သူကြောင်သွားရသည်ကား ထိုအကြွင်းအကျန်များကြားမှ အသက်စွမ်းအင် ယဲ့ယဲ့လေးကို ခံစားမိလိုက်သောကြောင့်ပင် ဖြစ်သည်။
မည်သည့်အရာများ ဖြစ်ပျက်နေလေသနည်း။
အညစ်အကြေးများကို ဖယ်ရှားကြည့်လိုက်သည့်အခါ ယခင်နှင့် သိပ်မတူတော့သော အနက်ရောင်ကျောက်တုံး နှစ်တုံးကို တွေ့လိုက်ရသည်။ ကျောက်တုံးနှစ်တုံးစလုံးသည် အားကောင်းသော အသက်စွမ်းအင် အရှိန်အဝါကို ထုတ်လွှတ်နေကြပြီး တစ်တုံးသည် နှလုံးခုန်သံကိုပင် ထုတ်လွှတ်နေခဲ့သည်။
ထိုကျောက်တုံးသည် အသက်ရှိနေသည်လား။ သူမြင်လိုက်ရသည့်အရာကို ယုံကြည်ရန် ခက်ခဲနေခဲ့သည်။ ချက်ချင်းပဲ ကျောက်တုံးနှစ်တုံးကို အညစ်အကြေးပုံထဲမှ ကောက်ယူလိုက်ပြီး သူ့ရှေ့တွင် ထားလိုက်သည်။
သေချာအနီးကပ် ကြည့်ကြည့်လိုက်ပြီးသည့်နောက် ရန်ကိုင် ထိတ်လန့်အံ့အားသင့်သွားရသည်။
နှလုံးခုန်သံ ထုတ်လွှတ်နေသော ကျောက်တုံးထဲတွင် သက်ရှိတစ်ကောင် ရှိနေသည့်အလား ထိုကျောက်တုံးသည် လှုပ်ခါနေခဲ့သည်။ ကျောက်တုံး မျက်နှာပြင်ပေါ်ရှိ မျဉ်းကြောင်းများသည်လည်း လူသွေးကြောများကဲ့သို့ ပြတ်သားထင်ရှားလှသည်။
ထိုကျောက်တုံးသည် မီးနေသည်မိန်းမတစ်ယောက်၏ ဝမ်းဗိုက်နှင့်ပင် တူနေသေးသည်။ မမွေးသေးသော ကလေးသည် ဗိုက်တွင်းမှ ဝမ်းဗိုက်ကို ကန်နေသည့်ပုံမျိုးပင်။
ကျန်ကျောက်တုံးတစ်တုံးကမူ ပထမကျောက်တုံးကဲ့သို့ တူညီသော အသက်စွမ်းအင်ကို ထုတ်လွှတ်နေသော်ငြား နှလုံးခုန်သံကို ထုတ်လွှတ်ပေးနေခြင်းတော့ မရှိပါချေ။
ရန်ကိုင်သည် ဘာလုပ်ရဘာကိုင်ရမှန်း မသိဘဲ ထိုမြင်ကွင်းကိုသာ ကြောင်ကြည့်နေမိသည်။
ထိုကျောက်တုံးနှစ်တုံးကို ရထားခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာနေပြီဖြစ်သော်ငြား ယင်းကျောက်တုံး နှစ်တုံးအကြောင်း ဘာဆိုဘာမှ မသိပါချေ။
ရုတ်တရက် လွင့်မျောတိုက်ကြီးတွင် ရှိစဉ်က ကွေ့ချဲ သူ့အား ပြောခဲ့သည်ကို ပြန်သတိရလိုက်သည်။
အဲ့ဒါတွေဥို သေချာဂရုမစိုက်။ တစ်နေ့ကျရင် မင်းကို အံ့အားသင့်စရာအကြီးကြီး ပေးလိမ့်မည် ဟူ၍ပင်။
ကွေ့ဇူသည် နှစ်ပေါင်းနှစ်ထောင်ကျော်အောင် ရှင်သန်ခဲ့သော တန်ခိုးရှင်ဘုရင်အဆင့် ပညာရှင်တစ်ယောက် ဖြစ်ပေသည်။ ထို့ကြောင့် အတော်လေးကိုမှ ဗဟုသုတ ကြွယ်ဝကာ ထိုအနက်ရောင် ကျောက်တုံးနှစ်တုံး အကြောင်းကိုပင် သိထားပုံရသည်။ သို့သော် ထိုစဉ်က သူတို့ကြားရှိ ဆက်ဆံရေးသည် အရမ်းကြီး ကောင်းမွန်ခြင်း မရှိသည့်အတွက် ထိုကျောက်တုံးနှစ်တုံး အကြောင်းကို ကွေ့ဇူအား မမေးခဲ့ချေ။ ကွေ့ဇူလည်း သူ့အား မပြောပြခဲ့ပေ။ ထို့ကြောင့် ယခုထိတိုင် ထိုကျောက်တုံးနှစ်တုံးနှင့် ပက်သက်၍ ရန်ကိုင် ပဟေဠိဖြစ်နေဆဲပင်။
ထိုအနက်ရောင်ကျောက်တုံး နှစ်တုံးကို ထုန်းရွှမ် လောကကြီးတွင် တွေ့ခဲ့ခြင်း ဖြစ်သည်။ သို့သော် ကွေ့ဇူမှ ထိုကျောက်တုံးနှစ်တုံးကို သိနေသဖြင့် ထိုကျောက်တုံး နှစ်တုံးသည် ကြယ်တာရာကောင်းကင်ထဲမှ အကြောင်း အမျိုးမျိုးကြောင့် ထုန်းရွှမ်လောကကြီးသို့ ရောက်လာခဲ့သည့် ပစ္စည်းများ ဖြစ်ရပေမည်။ ယခု ကွေ့ဇူ ပြောခဲ့သည့် အံ့အားသင့်စရာ အကြီးကြီးကို မြင်ရတော့မည့် အချိန်ပင်။
ရန်ကိုင်သည် တင်ပလင်ခွေ ထိုင်ချလိုက်ပြီး ကျင့်စည်ကို လှည့်ပတ်လိုက်သည်။ တစ်ချိန်တည်းတွင် ယန်ယန်နှင့် အနက်ရောင် ကျောက်တုံးနှစ်တုံး၏ လှုပ်ရှားမှုများကိုပါ စောင့်ကြည့်နေခဲ့သည်။
ဤသို့ဖြင့် ဆယ်ရက် ကုန်သွားခဲ့သည်။
အနက်ရောင်ကျောက်တုံး နှစ်တုံးသည် လွန်ခဲ့သော ဆယ်ရက်ကနှင့်ယှဉ်လျှင် ဘာမှ ပြောင်းလဲမလာသည့်အတွက် ရန်ကိုင်လည်း စိတ်မရှည်ဖြစ်လာခဲ့ရသည်။ သူ့ရှေ့ရှိ အနက်ရောင်ကျောက်တုံးနှစ်တုံးသည် မည်သည့် အရာ ဖြစ်မည်လဲ ဆိုသည်ကို အတော် သိချင်နေမိသည်။ အထူးသဖြင့် ထိုကျောက်တုံးထဲတွင် သက်ရှိတစ်မျိုးမျိုးများ ရှိနေမည်လား ဆိုသောအချက်ကိုပင်။
ခဏလောက် စဉ်းစားပြီးနောက် ရွှေရောင်သွေးစက် တစ်စက်ကို နှလုံးခုန်သံ ထုတ်လွှတ်နေသော ကျောက်တုံးပေါ် ချပေးလိုက်သည်။
ရွှေရောင်သွေးစက်ထဲတွင် အလွန်ကိုမှ အားကောင်းသော အသက်စွမ်းအင်တို့ ပါဝင်နေသည်။ သွေးစက်လေးစက်ကို သောက်သုံးပြီးနောက် နတ်ဘုရားသစ်ပင်သည့် ဆင့်ကဲ ပြောင်းလဲရန်အတွက် အိပ်စက်သွားခဲ့ရလေရာ ရွှေရောင် သွေးစက်အနေဖြင့် ထိုအနက်ရောင်ကျောက်တုံကို မကူညီနိုင်စရာ အကြောင်းမရှိပါချေ။
ရွှေရောင်သွေးစက် ကျောက်တုံးမျက်နှာပြင်ပေါ် ကျသွားသည်နှင့် တစ်ပြိုင်နက် ယင်းဆီမှ ထုတ်လွှတ်နေသော နှလုံးခုန်သံသည် ပို၍ ကျယ်လောင်လာခဲ့သည်။ ရွှေရောင် သွေးစက်ကို စုပ်ယူပြီးသွားချိန်တွင်မူ ကျောက်တုံး တစ်တုံးလုံး ရွှေရောင်တောက်လာခဲ့သည်။
ကျောက်တုံးသည်လည်း စတင် ပြောင်းလဲလာခဲ့သည်။ တစ်ခုခုသည် ဥခွံအတွင်းမှ ရုန်းထွက်ရန် ကြိုးစားနေသည့် အလား မျက်နှာပြင်ပေါ်ရှိ မျဉ်းကြောင်းလေးများ စတင် လှုပ်ရှားလာခဲ့သည်။
ရန်ကိုင်သည် ထိုကျောက်တုံးကို မျက်တောင် မခတ်တမ်း စိုက်ကြည့်နေခဲ့သည်။
ခရက်…
အက်ကွဲသံကို ကြားလိုက်ရသည့်အခိုက် ရန်ကိုင် အလိုလို စိတ်ပူမိသွားသည်။
ကျောက်တုံးမျက်နှာပြင်ထက် အက်ရာလေးများ စတင် ထွက်ပေါ်လာခဲ့သည်။ ထိုအက်ရာများသည် တစ်စတစ်စဖြင့် ကြီးလာနေခဲ့ပြီး နောက်ဆုံး၌ ကျောက်တုံးတစ်တုံးလုံး အက်ရာများဖြင့် ပြည့်သွားခဲ့သည်။ နောက်ဆုံး ကျောက်တုံး တစ်တုံးလုံး ပေါက်ကွဲထွက်သွားလေသည်။
ထိုမြင်ကွင်းကို စောင့်ကြည့်နေသော ရန်ကိုင် လုံးဝကို မှင်သက်နေရလေပြီ။
အနည်းအကျဉ်းတော့ ခန့်မှန်းထားခဲ့သော်လည်း တကယ် မြင်တွေ့လိုက်ရချိန်တွင်မူ လုံးဝကို မှင်သက်ခဲ့ရသည်။
အနက်ရောင်ကျောက်တုံးထဲတွင် သက်ရှိတစ်ကောင် ရှိနေပေသည်။ ထိုအနက်ရောင်ကျောက်တုံးတစ်တုံးသည် သတ္တုအဆီအနှစ်များကို ဝါးမြိုပြီး ကြီးထွားသသည့် ဥတစ်လုံး ဖြစ်ပေသည်။ ရန်ကိုင်သည် နှစ်ပေါင်းများစွာကြာအောင် ထိုကျောက်တုံးကို သတ္တုများ ကျွေးခဲ့သည်။ နောက်ဆုံးတွင် သူ့အားစိုက်ထုတ်မှုအားလုံး အသီးသီးလာခဲ့ရလေပြီ။
လက်ရှိတွင် မီးခိုရောင်အရာတစ်ခုသည် ရန်ကိုင်ရှေ့တွင် ထိုင်နေခဲ့သည်။ ထိုအရာသည် မီးခိုရောင်ကျောက်ရုပ်တစ်ခုနှင့် တူ၏။ ၎င်းတွင် ခြေ၊လက်၊ ခေါင်းနှင့် ထင်ရှားသော မျက်နှာ အသွင်အပြင်တို့ ရှိသည်။
ထိုအရာသည် ကျောက်တုံးလူသားတစ်ကောင် ဖြစ်သည်။ လက်ဝါးအရွယ်အစားလောက်သာရှိသော ကျောက်တုံးလူသာ တစ်ကောင်ပင်။
ရန်ကိုင်မှ ထိုကျောက်တုံးလူသားကို စိုက်ကြည့်နေစဉ် ၎င်းက ဖြည်းဖြည်းချင်း ထလိုက်သည်။ သို့သော်လည်း သူ့အတွက် ထဖို့ရာ အတော်လေး ခက်ခဲနေသည့်ပုံပင်။ ထရန် ကြိုးစားလိုက်သည်နှင့် ခြေမခိုင်ဘဲ နောက်သို့ လဲကျလုနီးပါး ဖြစ်သွားရသည်။
ရန်ကိုင်လည်း အလျင်အမြန် လက်ဖြင့် လှမ်းကူပေးလိုက်၏။
ထိုကျောက်တုံးလူသား၏ လက်မှာ ထူးထူးခြားခြားကို ရှည်လျားလွန်းလှကာ မတ်တပ်ရပ်နေသည့်တိုင် သူ့လက်သည် ကြမ်းပြင်နှင့် ထိနေခဲ့သည်။ ခါးနှင့်ကျောပြင်သည် အနည်းငယ် ကုန်းပြီး ခြေထောက်သည် အနည်းငယ် ခွင်နေသည်။ ခန္ဓာကိုယ်သည် ကျောက်တုံးများဖြင့် ဖွဲ့စည်းထားသည်။ သူ့တွင် ထင်ရှားသော မျက်နှာအသွင်အပြင် ရှိသော်ငြား ခံစားချက်မဲ့နေသည့် မျက်နှာနှင့် တူနေသည်။ လှုပ်ရှားမှုများမှ အလွန်ကိုမှ ကပိုကရို နိုင်လှလေရာ ခေါင်းထိထားသော သက်ရှိတစ်ကောင်လားဟုပင် ထင်မှတ်ရသည်။
ရန်ကိုင်သည် ထိုကျောက်တုံးလူသားအား သေသေချာချာ စိုက်ကြည့်နေခဲ့သည်။
ခေါင်းကိုလှည့်ကြည့်လိုက်သည့်နောက် ရန်ကိုင်ကို မြင်လိုက်သည့်အခါ ကြောင်ကြည့်နေခဲ့သည်။ ရန်ကိုင်၏ ရွှေရောင်သွေးစက်ကို စုပ်ယူထားသည့်အတွက် ရန်ကိုင်ကို အတော်လေး စပ်စုချင်သည့်ပုံပင်။ နတ်ဘုရားသစ်ပင်ကဲ့သို့ သူနှင့် ကျောက်တုံးလူသားကြား ဖြတ်တောက်မရသော နှောင်ကြိုးတစ်မျှင် ရှိနေသည်ကို ရန်ကိုင် ခံစားမိလိုက်သည်။
ခစလောက် စောင့်ကြည့်နေပြီးနောက် ကျောက်တုံး လူသားသည် ရန်ကိုင်ကို ဂရုမစိုက်တော့ဘဲ သူ၏ လက်ရှည်ရှည် နှစ်ဖက်ကို ဆန့်ထုတ်ကာ အနက်ရောင် ကျောက်ခွံ အပိုင်းအစများကို ကောက်ယူ၍ ပါးစပ်ထဲ ထိုးထည့်ပြီး တကျွတ်ကျွတ်မြည်အောင် ဝါးစားတော့သည်။
ကျောက်ခွံများအား အားပါးတရ စားနေသော ကျောက်တုံးလူသား၏ အပြုအမူကိုကြည့်ရင်း ရန်ကိုင် ထပ်မံ အံ့အားသင့်သွားရပြန်သည်။
ထိုအရာဘာကြီးနည်း။
မစမ်းသပ်ကြည့်ရသေးသော်ငြား ထိုအနက်ရောင် ကျောက်ခွံများသည် အလွန်တရာကိုမှ မာကျောမှန်း ရန်ကိုင် သိပေသည်။ တကယ်တော့ ထိုအနက်ရောင်ကျောက်တုံးသည် ရှားပါးသတ္တုများစွာ၏ သတ္တုအဆီအနှစ်များကို နှစ်ပေါင်း များစွာကြာအောင် စုပ်ယူထားခဲ့သည့် ကျောက်တုံး မဟုတ်ပေလော။ အတိအကျ မသေချာလျှင်ပင် အနက်ရောင် ကျောက်ခွံများသည် အနည်းဆုံး တန်ခိုးရှင်အဆင့် အကာအကွယ် မှော်ရတနာတမျှ မာကျောပေသည်။ ထို့ထက် ပို၍ မာလျှင်ပင် မာနိုင်ပေသည်။
သို့သော်လည်း ထိုအနက်ရောင်ကျောက်ခွံများသည် ကျောက်တုံးလူသား၏ ပါးစပ်ထဲ တိုဖူးစများနှယ် ဝါးစားခြင်း ခံနေရသည်။
အနက်ရောင်ကျောက်ခွံများကို စပြီးနောက် ကျောက်တုံး လူသားသည် အနည်းငယ် ပင်ပန်းသွားသည့်ပုံပင်။ ကယိမ်းကယိုင်ဖြင့် ရန်ကိုင်ဆီ လျှောက်လာပြီး ရန်ကိုင်၏ ပေါင်ပေါ် တက်ရန် ကြိုးစားလိုက်လေသည်။
ရန်ကိုင်လည်း ကျောက်တုံးလူသား၏ ခွန်အားကို စမ်းသပ်ချင်သည့် အတွက်ကြောင့် သူ့နဖူးကို တောက်လိုက်၏။
ဘုတ်ခနဲဆိုသည့် အသံဖြင့် ကျောက်တုံးလူသား ချက်ချင်း မြေပေါ်သို့ ပြုတ်ကျသွားလေသည်။
ရန်ကိုင် မျက်နှာ မည်းမှောင်သွားပြီး ဤအကောင်သည် သူနှစ်ပေါင်းများစွာကြာအောင် ပြုစုပျိုးထောင်လာခဲ့ရသည့် အရာလော ဟုတ်လေရဲ့လားဟု တွေးမိသွားသည်။ ထိုကောင်သည် အတော်လေးကို မာသော်လည်း အရမ်းကြီး သန်မာခြင်းမရှိချေ။
မကြာမီ ကျောက်တုံးလူသားလေး ပြန်မတ်တပ်ရပ်လာပြီး ခေါင်းခါ၍ ကယိမ်းကယိုင်ဖြင့် ရန်ကိုင်ပေါ်သို့ ထပ်တက်ရန် ကြိုးစားလေသည်။
ရန်ကိုင် ရယ်ရခက်၊ ငိုရခက် ဖြစ်သွားခဲ့သည်။ သို့သော် ဤတစ်ကြိမ်၌ ထိုကျောက်တုံးလူသားကို ထပ်၍ နဖူး မတောက်တော့ချေ။ သူ့ပေါင်ပေါ်သို့သာ တက်ခွင့် ပေးထားလိုက်၏။ ရန်ကိုင် ပေါင်ပေါ်သို့ တက်ပြီးသည်နှင့် ပက်သက်လှဲချလိုက်ပြီး မျက်လုံးပိတ်အာ အိပ်ပျော်သွား၏။
ထိုကျောက်တုံးလူသားကို ကြည့်ရင်း ရန်ကိုင်လည်း ခေါင်းတရမ်းရမ်းဖြင့် သက်ပြင်းချလိုက်သည်။ ယခု အဖြစ်အပျက် တစ်ခုလုံးသည် သူထင်ထားသည်နှင့် တက်တက်စင်အောင်ကို လွဲမှားနေခဲ့သည်။ အစပိုင်းတွင် ထင်နေခဲ့သည်ကား ထိုအနက်ရောင်ကျောက်တုံးသည် တစ်နေ့တွင် အဖိုးတန်သတ္တုတစ်မျိုး ဖြစ်လာလိမ့်မည် ဟူ၍ပင်။ သို့သော်လည်း ထိုထဲမှ ကျောက်တုံးလူသား တစ်ကောင် ထွက်လာလိမ့်မည်ဟု မည်သူ ထင်မြင်နည်း။
ရှင်းရှင်းပြောရလျှင် သူနည်းနည်း စိတ်ပျက်မိသွားသည်။
ကျောက်တုံးလူသားကို ခဏကြာ စိတ်ကြည့်နေပြီးနောက် ရန်ကိုင်၏ အမူအရာ ရုတ်တရက် တောင့်တင်းသွားပြီး အနီရောင် အလင်းတောက်ပနေသည့် ကျောက်တုံးလူသား၏ ရင်ဘတ်နေရာကို စိုက်ကြည့်လိုက်သည်။
ချက်ချင်းဆိုသလို နတ်ဆိုးစာအုပ်ထဲသို့ ကောင်းကင် စိတ်အာရုံပို့လွှတ်၍ တစ်ခုခုကို စရှာတော့သည်။ ခဏအကြာ၌ အသိစိတ်ကို ပြန်ရုတ်သိမ်းကာ မျက်မှောင်ကြုတ်လိုက်သည်။
အနက်ရောင်ကျောက်တုံး နှစ်တုံး ဘာကြောင့် မတူညီ ဖြစ်နေသည်လဲ ဆိုသည်ကို ရန်ကိုင် နားလည်သွားခဲ့လေပြီ။ အကြောင်းသည်ကား သွေးအဆီအနှစ်ကျောက်တုံး ကြောင့်ပင် ဖြစ်လေသည်။
သွေးအဆီအနှစ် ကျောက်တုံးသည် လောလောဆယ်၌ ကျောက်တုံးလူသား၏ ရင်ဘတ်ထဲ ရောက်နေခဲ့သည်။
ရန်ကိုင်သည် သွေးအဆီအနှစ် ကျောက်တုံး တစ်တုံးကိုသာ ပိုင်ဆိုင်ထားသည်။ ယခု ထိုကျောက်တုံးသည် ကျောက်တုံးလူသား၏ ရင်ဘတ်ထဲ ရောက်နေခဲ့သည်။ သွေးအဆီအနှစ်ကျောက်တုံးကို မရရှိထားသည့် အခြားသော အနက်ရောင်ကျောက်တုံးသည် သွေးခုန်နှုန်း မထုတ်လွှတ်နိုင်ခဲ့ပေ။
ကျန်ရှိနေသော အနက်ရောင်ကျောက်တုံးထဲတွင် ကျောက်တုံးလူသားတစ်ကောင် ရှိနေဦးမည်ဟု ရန်ကိုင် ယုံကြည်သည်။ သို့သော် သူ့တွင် သွေးအဆီအနှစ်ကျောက်တုံး မရှိတော့သည့်အတွက် ထိုကောင်ကို အသက်မသွင်းနိုင်ချေ။
သွေးအဆီအနှစ်ကျောက်တုံးနှင့် အနက်ရောင်ကျောက်တုံး ကြားတွင် ဆက်သွယ်ချက်များ ရှိနေသည်လား။ ရန်ကိုင် ပိုပို၍ စိတ်လှုပ်ရှာလာခဲ့သည်။ ခဏကြာအောင် စဉ်းစားနေသည့်တိုင် ဘာကိုမှ စဉ်းစားမရခဲ့။
ထိုအတောအတွင်း ယန်ယန်သည် တန်ခိုးရှင်အဆင့် မှော်ရတနာကို ထုလုပ်ရာတွင် အရေးကြီးသည့် အခိုက်အတန့်သို့ ရောက်ရှိနေခဲ့လေပြီ။ အကြောင်းမှာ သူမ ပန်းပဲထုနေသည့် အခန်းဆီမှ ထွက်ပေါ်နေသော စွမ်းအင်လှိုင်းများသည် ယခင်ကထက် ပို၍ အားကောင်း လာနေသောကြောင့်ပင် ဖြစ်သည်။ ထို့ကြောင့် ရန်ကိုင်လည်း သူမ၏ အခန်းကို သေချာ စောင့်ကြည့်နေလိုက်သည်။
အနက်ရောင် ကျောက်တုံးလူသား ပေါ်လာသည့်အချိန်မှ စ၍ ထိုကောင့်ကြောင်းကို ရန်ကိုင် သေချာ လေ့လာသည်။
ရက်အနည်းငယ်ကြာပြီးသည့်တိုင် အနက်ရောင် ကျောက်တုံး လူသားသည် နည်းနည်းလေးမှ မကြီးထွားခဲ့ချေ။ သို့သော်လည်း ထိုကောင်သည် ယန်ယန် ပန်းပဲထုနေသည့် အခန်းကို အတော်လေး စိတ်ဝင်စားပေသည်။ ရန်ကိုင်သူ့ကို အကြည့်လွှဲလိုက်သည့် အချိန်တိုင်း ယန်ယန် ပန်းပဲထုနေသည့် အခန်းဆီသို့ ပြေးသွားသည်။ ထို့ကြောင့် ရန်ကိုင်လည်း ထိုကောင့်ကို ယန်ယန် ပန်းပဲထုနေသည့် အခန်းဆီသို့ မကပ်ရန် အမိန့်ပေးလိုက်ရသည်။
ခဏလောက် လေ့လာကြည့်လိုက်ပြီးနောက် ပြဿနာ တစ်ခုကို ရန်ကိုင် ရှာတွေ့သွားခဲ့သည်။ ကျောက်တုံး လူသားသည် အသိစိတ်ရှိသည့် သက်ရှိတစ်မျိုး ဖြစ်သော်လည်း သူ့တွင် အသိဥာဏ်များများစားစား မရှိသည့်ပုံပင်။ သူ့ပုံစံသည် နတ်ဘုရားသစ်ပင်နှင့် မတူချေ။ ကျောက်တုံးလူသားသည် သူ့အသိစိတ်ဥာဏ်ထက်၊ ရန်ကိုင်၏ အမိန့်နှင့် သူ့မသိစိတ်၏ စေခိုင်းမှုအတိုင်းသာ လုပ်နေခြင်းဖြစ်သည်။ ကိုယ်ပိုင် အသိဥာဏ်ကြောင့် လုပ်နေခြင်းမဟုတ်ချေ။
အထွဋ်အထိပ်သိုင်းဧကရာဇ်
အတွဲ(၅)- ကြယ်တာရာကောင်းကင်
အပိုင်း(၁၁၁၅)
သူ၏ ရွှေရောင်သွေးတစ်စက်ကို စားသုံးထားသည့် အတွက်ကြောင့်လား မသိ ကျောက်တုံးလူသားလေးသည် ရန်ကိုင် ပေးသည့် အမိန့်မှန်သမျှကို မလွန်ဆန်ခဲ့ချေ။
သို့သော် ကျောက်တုံးလူသားနှင့် ဆက်သွယ်ပြောဆိုရန် ကြိုးစားသည့်အခါတိုင်း အချည်းနှီး ဖြစ်ရသည်။ ကျောက်တုံး လူသားကို နတ်ဘုရားသစ်ပင်ကဲ့သို့ ကိုယ်ပိုင်အသိစိတ် ရှိစေ ချင်သော်လည်း ကျောက်တုံးလူသားသည် ကိုယ်ပိုင် အသိစိတ် ပိုင်ဆိုင်ထားသည့် သက်ရှိတစ်ကောင်နှင့် မတူဘဲ ရုပ်သေးရုပ် တစ်ခုနှင့်ပင် ပိုတူနေခဲ့သည်။
ရက်အနည်းငယ်ကြာပြီးနောက် ကျောက်တုံးလူသား၏ ထူးခြားစွမ်းရည်တစ်မျိုးကို ရန်ကိုင် ရှာတွေ့သွားခဲ့သည်။ တွင်းတူးစွမ်းရည်ပင်…
ကျောက်တုံး၊ ကျောက်ဆောင်များအား ကျောက်တုံးလူသား တွင်းတူးသွားသည့် အရှိန်သည် အလွန်ကိုမှ မြန်ဆန်လှသည်။ ကျောက်တုံးလူသား၏ ထိုစွမ်းရည်ကို မတော်တဆ တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ ရန်ကိုင်၏ လိုဏ်ဂူနားသို့ မကပ်ရဟူသော အမိန့်ကြောင့် ကျောက်တုံးလူသားသည် လိုဏ်ဂူနားသို့ မကပ်တော့ဘဲ သူ့ဘာသာ တွင်းတူပြီး မြေအောက်ထဲ လျှောက်ပတ်သွားလေသည်။
ရန်ကိုင်လည်း ကျောက်တုံးလူသားကို နေရာအမျိုးမျိုးအား တူးခိုင်းခဲ့သည်။ သို့သော် မည်မျှမာသော သတ္တုရှိသည့်နေရာ ဖြစ်ပါစေ ကျောက်တုံးလူသားက အလွယ်လေး တူးနိုင်၏။
သူ့တွင်းတူးစွမ်းရည်မှာ အလွန်ကိုမှ အံ့အားသင့်ဖွယ် ကောင်းလှသည်။ သို့သော်လည်း ပြားချပ်ချပ် ဖြစ်နေသော သူ့ကျောက်တုံးခေါင်းဖြင့် ထိုမျှ မြန်ဆန်အောင် မည်ကဲ့သို့ တွင်းတူးသည်လဲ ဆိုသည်ကို ရန်ကိုင် မစဉ်းစားတတ်အောင် ဖြစ်နေခဲ့လေသည်။
အစပိုင်းတွင် တောင်အနက်ပိုင်း၌ ရှားပါးသတ္တု တစ်မျိုးမျိုး ရှိမည်ဟု ရန်ကိုင် ထင်ခဲ့သည်။ သို့သော် သေချာ စစ်ဆေး ကြည့်ပြီးနောက် သူ့ခန့်မှန်းချက် မှားယွင်းနေမှန်း သိလိုက်ရသည်။
နဂါးလိုဏ်ဂူတောင်ကြားတွင် မည်သည့် ရှားပါးဆေပင်၊ သတ္တုမှ ရှိမနေခဲ့ချေ။ မိုးမြေစွမ်းအင် စုစည်းခြင်း အစီအရင်ကို မခင်းကျင်းစဉ်က နဂါးလိုဏ်ဂူတောင်ကြားသည် လွင်တီးခေါင်ပြင် နေရာတစ်ခုသက်သက်သာ ဖြစ်သည်။ ယခုအချိန်ထိပင်လျှင် ဤနေရာသည် ယခင်ကထက်ပို၍ မိုးမြေစွမ်းအင် ကြွယ်ဝလာသည့် အချက်သာ ရှိသေးသည်။
ကျောက်တုံးလူသား၏ တွင်းတူးမှုကြောင့် နဂါးလိုဏ်ဂူ တောင်ကြား မပြိုကျသွားသရွေ့ ရန်ကိုင်လည်း ထိုကောင်ကို လုပ်ချင်တိုင်း လုပ်ခွင့် ပေးထားခဲ့သည်။ သွေးအဆီအနှစ် ကျောက်တုံးကို မတော်တဆ ရထားခဲ့သည့် အတွက်ကြောင့် ကျောက်တုံးလူသား တစ်ကောင်ကို မွေးထုတ်ပေးနိုင်ခဲ့သည်။ ကျန်ရှိနေသော အနက်ရောင်ကျောက်တုံးကိုပါ ကျောက်တုံး လူသားတစ်ကောင် ဖြစ်လာစေချင်သည် ဆိုပါက သူ့တွင် နောက်ထပ် သွေးအဆီအနှစ်ကျောက်တုံး တစ်တုံး ထပ်ရှိနေရန် လိုအပ်ပေသည်။
သို့သော်လည်း သွေးအဆီအနှစ်ကျောက်တုံးသည် အလွန်ကိုမှ ရှားပါးလှသည်။ ကြယ်စီရင်စုထဲသို့ ရောက်သည်မှာ ကြာပြီဖြစ်သော်လည်း သွေးအဆီအနှစ်ကျောက်တုံးနှင့် ပက်သက်သည့် သတင်း မကြားခဲ့ဖူးသလို သူကိုယ်တိုင်လည်း မမြင်ခဲ့ရသေးချေ။ ကြည့်ရသည်မှာ သွေးအဆီအနှစ် ကျောက်တုံးသည် ကြယ်စီရင်စုထဲပင်လျှင် အလွန်တရာကိုမှ ရှားပါးသည့်ပုံပင်။
တစ်နေ့၊ တင်ပလင်ခွေထိုင်နေစဉ် လိုဏ်ဂူအတွင်းမှ ထိတ်လန့်ဖွယ်ရာ စွမ်းအင်လှိုင်းတို့ ဖြာထွက်လာသည်ကို ရုတ်တရက် ခံစားမိလိုက်သည်။ မကြာမီ ထိုစွမ်းအင်လှိုင်းတို့ ပြန်လည် ငြိမ်သက်သွားခဲ့ပြီး ယန်ယန်၏ ဂုဏ်ယူနေသည့် ရယ်သံကြီး ထွက်ပေါ်လာခဲ့သည်။
သူအောင်မြင်သွားတာလား ရန်ကိုင်လည်း ပျော်ပျော်ဖြင့် ချက်ချင်းထကာ လိုဏ်ဂူဆီ ပြေးသွားလေသည်။
ရန်ကိုင်၏ ကျောက်တုံးခန်းထဲ၊ လူကြီးတစ်ရပ်စာ မြင့်သော ပန်းပဲဖိုကြီးသည် ချစ်ချစ်တောက် ပူလောင်သော အပူဓါတ်ကို ထုတ်လွှတ်နေပြီး ယန်ယန်သည် ၎င်းအနားတွင် ချွေးရွှဲရွှဲဖြင့် ရပ်နေခဲ့သည်။ ယခုတစ်ကြိမ် မှော်ရတနာအတွက် ယန်ယန် အတော်လေး အားစိုက်ခဲ့ရသည့်ပုံပင်။ သူမ၏ ဆံပင်သည် ချွေးများဖြင့် စိုရွှဲနေကာ ဖရိုဖရဲဖြစ်နေခဲ့သဖြင့် အရူး တစ်ယောက်နှင့်ပင် တူနေလေတော့သည်။ ဘယ်အချိန်ကမှန်း မသိ သူမဝတ်နေကျ အနက်ရောင်ဝတ်ရုံကြီးကို ချွတ်ထားခဲ့ပြီး ပါးလွှာသော စကတ်ကို ဝတ်ဆင်ထားခဲ့သည်။
ချွေးစိုနေသော အဝတ်အစားများသည် အသားနှင့် ပူးကပ်နေသည့်အတွက် ရန်ကိုင် လိုဏ်ဂူထဲသို့ ဝင်လာလာချင်း သူ့အကြည့် ဆိုက်မိသွားသည်ကား မှော်ရတနာမဟုတ်၊ ယန်ယန်၏ အလွန်တရာကိုမှ ဆွဲဆောင်မှုရှိလှသော ခန္ဓာကိုယ်ပင်။
တင်ပါးလေးသည် ဝိုင်းစက်နေပြီး လက်နှစ်ဖက်မှ ပင့်တင်ထားသည့်အလား အပေါ်သို့ ပင့်တက်နေခဲ့လေရာ သူမ၏ ဒဏ္ဏာရီလာ ခါးကောက်ကြောင်းကို ထင်ထင်ရှားရှား လှစ်ဟာ ပေါ်လွင်နေစေခဲ့သည်။ ချပ်ချပ်ရပ်ရပ် ဖြစ်နေသော ဝမ်းဗိုက်ကိုပါ မြင်နေရသည့်အပြင် သူမဝတ်ထားသည့် အတွင်းခံများ၏ ပုံစံနှင့် အရောင်ကိုပါ မြင်နေခဲ့ရလေသည်။
ယောကျာ်းကြီး တစ်ယောက်၏ လက်တစ်ဝါးစာ လောက်သာ ရှိသော ပန်းရောင်အတွင်းခံသည် သူမ၏ အလျှို့ဝှက်ဆုံးသော နေရာများကို ဖုံးကွယ်ပေးထားသော သူ့စိတ်တွင်းရှိ စိတ်ဆန္ဒရိုင်းများကိုလည်း လှုံ့ဆော်နေခဲ့သည်။ အပေါ်ပိုင်းတွင်မူကား မို့မောက်နေစော တောင်နှစ်လုံးကို ဆီးကာဖုံးကွယ်ထားသည့် အဝတ်စနီနီ ရှိနေခဲ့သည်။
ရန်ကိုင် နေရာတွင် တောင့်တောင့်ကြီး ဖြစ်သွားပြီး အပြင်တွင်ပဲ စောင့်နေသင့်သလားဟု တွေးမိသွားသည်။
ဆုံးဖြတ်ချက် မချရသေးခင်မှာဘဲ ယန်ယန်သည် သူမ၏ ပုံစံကိုပင် သတိမပြုမိဘဲ သူ့ဆီသို့ ပြေးဝင်လာလေသည်။ လက်ထဲတွင် ဒိုင်းကာကဲ့သို့ မှော်ရတနာတစ်ခုကို ကိုင်ထားလျက် အော်ပြောလိုက်သည် “ကြည့်၊ကြည့်၊ နင်မြင်လား၊ တန်ခိုးရှင် အဆင့် မှော်ရတနာပဲ။ ငါနင့်ကို မလိမ်မှန်း နင်သိပြီးလား။ ငါက တန်ခိုးရှင်အဆင့် ပန်းပဲပညာရှင်တစ်ယောက်ပဲ”
ရန်ကိုင်လည်း ထိုဒိုင်းကာကို လှမ်းယူလိုက်ရာ ဒိုင်းကာသည် သူထင်ထားသည်ထက် အများကြီး ပိုပေါ့်နေသည်ကို တွေ့လိုက်ရ၏။ လုံးဝကို အလေးချိန် မရှိသည့်ပုံပင်။ မြီးနီ ကိုယ်ခရမ်း ကင်းမြီးကောက်၏ ကျောခွံကိုသုံး၍ လုပ်ထားသည့် အတွက် ဒိုင်းမျက်နှာပြင်သည် ခရမ်းရောင်ယဲ့ယဲ့ တောက်နေ၏။ ဒိုင်းမျက်နှာပြင်သည် ပြောင်တလင်း ဖြစ်မနေဘဲ စူးချွန်များဖြင့် ပြည့်နေခဲ့သည်။
ဒိုင်းကာထဲတွင် စွမ်းအင်နှစ်မျိုး ရှိနေသည်ကို ရန်ကိုင် သတိပြုမိလိုက်သည်။
ရန်ကိုင်မှ သူမ၏ အားထုတ်မှုအား သေချာ လေ့လာ နေသည်ကိုမြင်သော် ယန်ယန်က အားတက်သရောဖြင့် ချက်ချင်း ရှင်းပြလိုက်သည် “မြီးနီကိုယ်ခရမ်း ကင်းမြီးကောက်ရဲ့ အမြူတွေကို အထဲထည့်ထားလိုက်တာ။ ဒိုင်းကာကိုတော့ အဲ့မွန်းစတားရဲ့ ကျောခွံနဲ့ လုပ်ထားတယ်။ အမြူတေ ထည့်လိုက်တာမို့ ဒီဒိုင်းက အဲ့မွန်းစတား အသက်ရှင်တုန်းက အသုံးပြုနိုင်တဲ့ စွမ်းရည်အချို့ကို အသုံးချနိုင်လိမ်မယ်။ ဒါပေမယ့် အဲ့ဒါကိုတော့ နင်ကိုယ်တိုင် စမ်းသပ်ကြည့်ရလိမ့််မယ်။ ဘာလို့လဲဆိုတော့ ငါကိုယ်တိုင်အောင် အဲ့ကောင် အသက်ရှင်တုန်းက ဘယ်လို စွမ်းရည်တွေ ပိုင်ဆိုင်ခဲ့လဲ ဆိုတာကို မသိလို့ဘဲ”
“သဲမုန်တိုင်း ဖြစ်နိုင်လောက်တယ်” ကွေ့ချဲတို့နောက် လိုက်သွားစဉ်က မြီးနီကိုယ်ခရမ်း ကင်းမြီးကောက် ပုန်းနေသည့် နေရာကို ပြန်စဉ်းစားမိလိုက်ပြီး ရန်ကိုင်က သူ့ဘာသာ ရေရွတ်လိုက်သည်။ ထိုစဉ်က မြီးနီကိုယ်ခရမ်း ကင်းမြီးကောက်သည် ဆယ်မိုင်ကျော် ကျယ်ဝန်းသည့် ပြင်းထန်သော သဲမုန်တိုင်းထဲတွင် ပုန်းအောင်းနေခဲ့ခြင်း ဖြစ်သည်။
“သဲမုန်တိုင်းကို ဖန်တီးနိုင်တာလား” ယန်ယန်က ခေါင်းညိတ်လိုက်ပြီး “ကောင်းတယ်၊ မဆိုဘူး။ ဒီဒိုင်းကို ရဖို့အတွက် ငါအရမ်း အားစိုက်ထားတာ။ နင်သေချာ အသုံးပြုရမယ်နော်။ ဒါက ကာကွယ်နေရာမှာတင် မဟုတ်ဘူး။ ဒိုင်းပေါ်က ဆူးတွေကို တိုက်ခိုက်တဲ့ နေရာမှာလည်း သုံးလို့ရတယ်။ ဒီဒိုင်းနဲ့ဆို နင့်ထက် ကျင့်ကြံခြင်းအဆင့် ပိုမြင့်တဲ့ ရန်သူတွေကိုတောင် တိုက်ခိုက်နိုင်လိမ့်မယ်။ မဟုတ်ဘူး၊ မဟုတ်ဘူး။ လုံးဝကို တိုက်ခိုက်နိုင်မှာ။ နင့်မှာ ဒီဒိုင်းရှိနေသရွေ့ ဘယ်တန်ခိုးရှင်ဘုရင်အဆင့် ပညာရှင်ကမှ နင့်ကို ထိခိုက်အောင် လုပ်နိုင်မှာ မဟုတ်ဘူး။ နင့်ဘာသာ တုံးအအနဲ့ ဒီအတိုင်းကြီး ရပ်မနေပေးရင်ပေါ့”
ယန်ယန်သည် လွန်ခဲ့သော ရက်အနည်းငယ်ခန့်က ရန်ကိုင်မှ သူတော်စင်ဘုရင် သုံးယောက်ကို သူ့ကိုယ်ပိုင်ခွန်အားဖြင့် သတ်ခဲ့သည် ဆိုသောအချက်ကို မေ့လျော့ကာ အာမခံတွေ ပေးနေခဲ့သည်။ သူမ၏ လက်ကလေးဖြင့် ရင်ဘတ်ကို ပုတ်လိုက်သည့်အခိုက်၊ မိုယံထိတိုင် ထိုးထွက်လု ဖြစ်နေသော တောင်မို့မို့နှစ်လုံး လှုပ်ခါသွားလိုက်သည်။
မည်မျှ ပျော့အိစက်နေလိုက်မည်နည်း…
တွေးရင်းဖြင့်ပင် သားရေကျမိကာ ရန်ကိုင်လည်း ထိုမြင်ကွင်းကို မျက်မှောင်မခတ်တမ်း စိုက်ကြည့်နေလိုက်မိ၏။
“နင်ငါ့ကို မြန်မြန်ပြီးအောင် လုပ်နေဖို့ ပြောလို့သာပေါ့။ မဟုတ်ရင် ဒီထက် ပိုကောင်းအောင်တောင် လုပ်ပေးလို့ ရသေးတယ်။ ဒါပေမယ့် အခုတော့ ဒီလောက်နဲ့ဆို လုံလောက် နေပါပြီလေ။ နောက်ပိုင်း သတ္တုတွေ ထပ်ရှာတွေ့မှာ ငါထပ်ပြီး အဆင့်မြှင့်တင်ပေးမယ်… ဟေး၊ ငါနင့်ကို စကားပြောနေတယ်လေ။ နင်ဘာလို့ နားမထောင်နေတာလဲ။ နင်ဘာကိုကြည့်နေတာလဲ” ရန်ကိုင်၏ ငေးကြောင်ကြောင် ဖြစ်နေသည့် အမူအရာကိုမြင်သော် ယန်ယန်က ရန်ကိုင်ကို ပြန်မေးသည်။ ရန်ကိုင်၏ အကြည့်အတိုင်း လိုက်ကြည့် လိုက်ပြီးနောက် ယန်ယန် ချက်ချင်း နားလည်သွားခဲ့သည်။
သူမ မျက်နှာတစ်ပြင်လုံး မီးကင်ခံနေရသည့်အလား ချက်ချင်းဆိုသလို နီရဲတက်လာခဲ့သည်။ အသက်သုံးရှိုက်စာ ကြာပြီးနောက် လိုဏ်ဂူထဲ မိုးလောက်ညံ့သည့် နားစူးမတတ် အော်သံတစ်သံ ပဲ့တင်ထပ်သွားခဲ့သည်။ ယန်ယန်သည် သူမ၏ ရင်ဘတ်လေးကို လက်ဖြင့်အုပ်ရင်း ထိုင်ချလိုက်ပြီး ရန်ကိုင်ကို စူးစူးရဲရဲ စိုက်ကြည့်လျက် အော်ဟစ်ကျိန်ဆဲလေသည် “အရှက်မရှိတဲ့ သူတောင်းစားကောင်။ နှာဗူးကောင်။ ငါနင့်အတွက် ဒီလောက် အလုပ်ကြိုးစားပေးထာတာတောင် နင်ကတော့… နင်ကတော့…”
သူမအတွက် တကယ်ကို မတရားပါချေ။ ရန်ကိုင်ကမူ စပ်ဖြဲဖြဲသာ ပြုံးလိုက်ပြီး ဘာမှ ပြန်ပြောမနေခဲ့။ သူမစိတ်ကြိုက် ဆူပူစေလိုက်ပြီးနောက် ရန်ကိုင်က ကြားဖြတ်ပြောလိုက်သည် “အဲ့ဘက်မှာ ရေကန်တစ်ကန်ရှိတယ်။ သွားရေချိုးလိုက်”
“ငါသိတယ်” ယန်ယန်က နှုတ်ခမ်းလေးကိုကိုက်လျက် ရင်ဘတ်ကို လက်ဖြင့်အုပ်ရင်း အော်ပြောလိုက်သည် “ထွက်သွား”
“ကောင်းပြီ၊ ကောင်းပြီ၊ ကောင်းပြီ။ ငါထွက်သွားပေးမယ်” ရန်ကိုင်က ခေါင်းညိတ်လိုက်ပြီး ထွက်သွားတော့မည်အပြု တရွရွ မြည်သံနှင့်အတူ ယန်ယန်၏ ခြေထောက်အောက် အပေါ်လေး တစ်ပေါက် ပေါ်လာခဲ့သည်။ ထို့နောက် အညိုရောင် ခေါင်းတစ်ခေါင်း မြေကြီးထဲမှ ပြူထွက်လာပြီး လေးထောင့် မျက်လုံးအစုံဖြင့် ယန်ယန်ကို စိုက်ကြည့်လိုက်သည်။
“အား” ပထမတစ်ကြိမ်ထက် ပိုကျယ်သော အသံဖြင့် ထအော်လိုက်ပြီး ပြူထွက်လာသော ကျောက်တုံးလူသား၏ ခေါင်းကို အားဖြင့် ရိုက်ချလိုက်လေသည်။ ယန်ယန်၏ လက်ဝါးစားကြောင့် ကျောက်တုံးခေါင်း မြေကြီးထဲသို့ ပြန်ဝင်သွားပြီး ယန်ယန်လည်း ကြောက်လန့်နေသော ယုန်ပေါက်လေး တစ်ကောင်ပမာ ရန်ကိုင် လက်မောင်းထဲသို့ ခုန်ဝင်ပြေးလေသည်။
နွေးလိုက်လေခြင်း… အလွန်ကိုမှ ပျော့ပျောင်းလှသော တောင်အိအိကြီး နှစ်လုံးမှ သူ့ရင်ဘတ်ကို ဖိကပ်နေသည့်အပြင် မှိန်းဆေးမိသဖွယ် မိန်းမောဖွယ်ကောင်းလှသည့် ရနံ့ကလည်း နှာခေါင်းဝကို လာရောက်ကျီစယ်နေပြန်… သူ့ကိုယ်သူ နတ်ပြည်သို့ပင် ရောက်နေသလားဟု မှတ်သွားခဲ့ရသည်။
ရန်ကိုင် ဆွံ့အနေရသည်ကား ယန်ယန်သည် သူ့အား လက်ဖြင့်ပင် ဖက်ထားခြင်းမဟုတ်။ သူမ၏ ခြေထောက် နှစ်ချောင်းသည် သူ့ခါးကိုပါ ရစ်ပတ်ထားခဲ့လေသည်။
ယန်ယန် ကြောက်တတ်မှန်း သူသိပေသည်။ သို့သော် ဤမျှ ကြောက်ရလေသလား။ ယန်ယန်၏ သတ္တိကို အထင်သေးမိ နေသးမှန်း ရန်ကိုင် သိလိုက်လေသည်။
ယန်ယန်ကို ကြည့်ရသည်မှာ အလွန်တရာကိုမှ ကြောက်လန့်နေသည့်ပုံပင်။ သူမတစ်ကိုယ်လုံး တဆတ်ဆတ် တုန်ရီနေခဲ့သည်။ ရန်ကိုင်ကို ဖက်တွယ်ထားရင်း မျက်လုံးလေး ကလည်ကလည်ဖြင့် ဟိုပတ်ကြည့်၊ ဒီပတ်ကြည့် လျှောက်ပတ် ကြည့်နေလိုက်သေးသည်။
လိုဏ်ဂူထဲတွင် ဘာမှ ရှိမနေတော့မှန်း သိလိုက်ရသည့်တိုင် အကြောက်မပြယ်နိုင်သေးဘဲ ရန်ကိုင်အား စိုးရိမ်တကြီးဖြင့် မေးလိုက်သေးသည် “အဲ့ဒါဘာကြီးလဲ။ အဲ့ဒါကြီးက ငါ့ကို စိုက်ကြည့်နေတယ်လို့ ဘာလို့ ခံစားရတာလဲ”
ရန်ကိုင် မည်ကဲ့သို့ ရှင်းပြရမှန်း မသိတော့။ ပုံမှန်ဆိုလျှင် အလွန်ကိုမှ နာနာခံခံ ရှိလှသည့် ကျောက်တုံးလူသားလေသည် မြေကြီးထဲမှ ရုတ်တရက် ခေါင်းပြူထွက်လာသည်။ ယန်ယန် လိပ်ပြာလွင့်မတတ် ကြောက်သွားသည်မှာလည်း အံ့ဩစရာ မဟုတ်။
“အဲ့ဒါ ထွက်သွားပြီလား” ယန်ယန်က ထပ်မေးသည်။
“ထွက်သွားပြီ”
“သေချာလား” ရန်ကိုင် ပြောသည်ကို မယုံသေးဘဲ သူမ၏ ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်၍ စစ်ဆေးကြည့်လိုက်သည်။ အစောပိုင်းက တွေ့လိုက်သည့်အကောင် လိုဏ်ဂူထဲတွင် မရှိတော့မှန်း သိလိုက်ရသည့်အခါမှ သက်ပြင်း ချလိုက်နိုင်သည်။
ပြန်လှည့်ကြည့်လိုက်ရာ ရန်ကိုင်ကိုယ်ပေါ် သူမ ဖက်တွယ်ထားသ်ညကို တွေ့လိုက်ရသည်။ ခန္ဓာကိုယ်နှစ်ခု မှာလည်း အလွန်တရာကိုမှ တင်းတင်းကြပ်ကြပ် ပူးကပ်နေသဖြင့် သူမ ဝမ်းဗိုက်အောက်ပိုင်းကို ဖိနေသည့် အံ့အားသင့်ဖွယ် အပူဓါတ်ကိုပင် ခံစားနေမိသည်။
ယန်ယန် ခေါင်းမီးခိုးထွက်မတတ် ရှက်သွားခဲ့သည်။
သူမဘဝတွင် ယောကျာ်းတစ်ယောက်နှင့် ဘယ်သောအခါမှ ဤမျှ နီးနီးကပ်ကပ် မနေဖူးခဲ့ချေ။ ဘာကြောင့်မှန်း မသိသော်ငြား သူမနှင့် ရန်ကိုင်၏ လက်ရှိပုံစံကြောင့် သူမသွေးများ ဆူပွက်လာရပြီး နှလုံးခုန်သံဟာလည်း ဗုံတစ်လုံးနှယ် မြည်ဟည်း၊ ကျယ်လောင်လာခဲ့သည်။ မွန်းကြပ်သလို ခံစားလာရ၏။
အနားတွင်ရှိနေသော တွင်းထဲသို့သာ ချက်ချင်း ပြေးပုန်းလိုက်ချင်မိတော့သည်။
ရန်ကိုင်မျက်နှာထက်ရှိ စပ်ဖြဲဖြဲအပြုံးကြောင့် ယန်ယန် ပို၍ ရှက်သွားခဲ့ရလေသည်။
“နင်… နင်ငါ့ကို ချပေးလေ” ယန်ယန်က ခေါင်းကို ရင်ဘတ်နှင့် ထိလုမတတ် ငုံ့လျက် တိုးတိုးလေး ပြောလိုက်သည်။
“ငါမှ နင့်ကို ကိုင်မထားတာ” ရန်ကိုင်က သူ့လက်နှစ်ဖက်ကို ဆုန့်ထုတ်ပြလိုက်သည်။
သူမသည် ရန်ကိုင်အား လက်ဖြင့် ဖက်ထားရုံမက ခြေထောက်ဖြင့်ပါ ကုပ်တွယ်ထားသည်ကို သလိုက်ရသည့်အခိုက် ယန်ယန်ပို၍ ရှက်သွားရပြန်သည်။
ရန်ကိုင်ကိုယ်ပေါ် ဖက်တွယ်ထားသော လက်နှင် ခြေထောက်ကို ချက်ချင်း ပြန်ဖြည်လိုက်ရာ မြေကြီးပေါ် ဖင်ထိုင်လျက် ပြုတ်ကျသွားသဖြင့် တိုးတိုးလေး အော်မိလိုက်၏။
“နင်အဆင်ပြေလား” ထိုမြင်ကွင်းကိုကြည့်ရင်း ရန်ကိုင် ဆွံံ့အနေခဲ့သည်။ ရန်ကိုင်က အလိုလို လက်ဆန့်ပေးမိလိုက်၏။
“ငါအဆင်ပြေတယ်” ယန်ယန်က ဘောလုံးလေးတစ်လုံးနှယ် သူမတစ်ကိုယ်လုံးကို ကွေးချလိုက်ပြီး လက်မောင်းကြား ခေါင်းလျှိုလျက် တိုးတိုးလေး ပြောလိုက်သည် “နင်အရင် ထွက်သွားပေးလို့ရမလား။ ငါဖုန်ခါချင်လို့”
“အင်း” ရန်ကိုင်က ပြုံး၍ ခေါင်းညိတ်ကာ လိုဏ်ဂူထဲမှ ထွက်သွားလိုက်လေသည်။ လိုဏ်ဂူအပြင်သို့ ရောက်သည့်အခါ အရက်မူးနေသည့်နှယ် ယိုင်တိုင်တိုင် ဖြစ်နေသည့် ကျောက်တုံး လူသားကို တွေ့လိုက်ရသည်။ ဒယီးဒယိုင်ဖြင့် လျှောက်ရင်း ရန်ကိုင်၏ ခြေထောက်ကို တိုက်မိပြီး လဲကျသွားသည်။
မြေကြီးပေါ်မှ ပြန်ထလာသည့်အခါ ရန်ကိုင်အား ရိုးသား အပြစ်ကင်းစင်သည့် ပုံစံဖြင့် ကြည့်လိုက်သည်။
“မင်းတော်တယ်” ထိုကောင်လေးသည် အတော်လေးကို ထက်မြက်လှသည်ဟု ရန်ကိုင် တွေးမိသွားသည်။
ဒီကောင် ဒီလို အစီအစဉ်မျိုး စဉ်းစားတတ်မယ်လို့ ငါမထင်းထားဘူး။ မင်းကို ဘာမှမသိတဲ့ကောင်လို့ ငါဘာလို့ စဉ်းစားမိလိုက်လဲ မသိဘူး