အခန်း (၁၁၆၁-၁၁၆၅)
Vol. 47 Ch. 1161-1165
အပိုင်း(၁၁၆၁)
အထွဋ်အထိပ်သိုင်းဧကရာဇ်
နဂါးရိုက်ကျာပွတ်ကို အမှန်ကတယ် လိုချင်သည့် အတွက်ကြောင့် စောစော လေလံဝင်မဆွဲချင်ခဲ့။ သူမတွင် တန်ခိုးရှင်အဆင့် မှော်ရတနာ တစ်ခုမှမရှိ။ သဲမီးတောက် နယ်မြေ မကြာမီ ပွင့်တော့မည် ဖြစ်လေရာ သူမလည်း ထိုထဲသို့ သွားရပေမည်။ သို့သော် မည်သို့သော အန္တရာယ်များကို ရင်ဆိုင်ရမလဲ မသိလေဖြင့် ထိုကဲ့သို့ မှော်ရတနာတစ်ခုလောက် ရထားခြင်းသည် သူမ၏ လုံခြုံရေးကို သိသိသာသာ မြှင့်တင်ပေးနိုင်ပေသည်။
သို့သော်လည်း ထိုခွေးကောင် ချူချန်ဖုန်းသည် သူတို့ အရှုပ်ထုပ်ထဲ သူမကို ဆွဲသွင်းခဲ့လေရာ ယင်စုတျယ် အလွန်ကိုမှ စိတ်ညစ်သွားရသည်။ သူမအနေဖြင့် အစောကြီး လေလံဝင်မဆွဲချင်လျှင်ပင် ဆွဲရတော့ပေမည်။
မြက်သွေးရောင်ဂိုဏ်းသည် ကောင်းကင်တိုက်ပွဲ အစည်းအရုံးလောက် အားမကောင်းသော်လည်း ၎င်းတွင် တန်ခိုးရှင်အလယ်အလတ်အဆင့် မှော်ရတနာတစ်ခုကို ဝယ်ယူနိုင်သည့် ငွေကြေး ရှိပေသည်။ ချူချန်ဖုန်း အနေဖြင့် ထိုကဲ့သို့ ဟိတ်ဟန်ထုတ်ပြီး သူမနှင့် သူမဂိုဏ်း၏ ဂုဏ်သတင်းကို ပျက်စီးအောင် လုပ်စရာ မလိုပါချေ။
ယင်စုတျယ် လေလံဝင်ဆွဲလိုက်သည်နှင့် သူမ ဘာတွေးနေလဲ အကုန်လုံး သိလိုက်သည်။ ယင်စုတျယ်သည် ချူချန်ဖုန်း၏ အချစ်ကို လက်မခံချေ။ ချက်ချင်းဆိုသလို လူများစွာတို့သည် ကောင်းကင်တိုက်ပွဲ အစည်းအရုံးရှိသည့် အခန်းဆီ အဓိပ္ပါယ်ပါပါ ကြည့်လိုက်ကြသည်။
သို့သော်လည်း ချူချန်ဖုန်းသည် ထိုကိစ္စကြောင့် ရှက်ရွံ့သွားခြင်း မရှိဘဲ “ဂျူနီယာညီမလေးယင်က ကိုယ်တိုင် ဝယ်ချင်နေမှတော့ ဒီချူ နောက်ဆုတ်ရမှာပေါ့။ ဘာပဲဖြစ်ဖြစ် ဂျူနီယာညီမလေးယင် ဒီမှော်ရတနာကို ရနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်။ အကုန်လုံးလည်း ကျုပ်မျက်နှာကို ထောက်ပေးကြဖို့ တောင်းဆိုပါတယ်။ ဂျူနီယာ ညီမလေးယင်က လေလံဝင်ဆွဲခဲတာမို့လို့ သူ့ကို ကျုပ်စိတ်မပျက်စေချင်ဘူး”
သူ့လေသံထဲ ခြိမ်းခြောက်သံတို့ ပါဝင်နေခဲ့ရာ လူအတော်များများ မကြည်မသာ ဖြစ်သွားခဲ့ရသည်။ သို့သော် သူတို့မည်မျှ မကျေမနပ် ဖြစ်စေကာမူ မည်သူမှ ဘာမှမပြောရဲချေ။ တကယ်တော့ အရိပ်ကြယ်ပေါ်တွင် ကောင်းကင်တိုက်ပွဲအစည်းအရုံးနှင့် ယှဉ်နိုင်သော အင်အားစုဆို၍ မိုးကြိုးမုန်တိုင်းဂိုဏ်းနှင့် ကြယ်ဧကရာဇ် ဂိုဏ်းတို့သာ ရှိသည် မဟုတ်ပေလော။
ချူချန်ဖုန်းမှ ထိုကဲ့သို့ ပြောလိုက်သည်နှင့် လေလံပွဲ တစ်ခုလုံး တိတ်သွားခဲ့သည်။ လေလံဈေးသည်လည်း ထပ်၍ မတက်တော့ချေ။ ချူချန်ဖုန်းနှင့် အမြဲလိုလို ဆန့်ကျင်ဘက် လုပ်နေသော ဖန်ထျန်းဇုံပင်လျှင် စကား တစ်ခွန်းမှ ဝင်မပြောတော့ပေ။
အရိပ်လခန်းမထဲတွင်၊ မိန်းမငယ်လေးက နဂါရိုက် ကျာပွတ်ကို လိုချင်သည့် အမူအရာဖြင့် လှမ်းကြည့်နေ၏။ ချင်းတုန်က မိန်းမငယ်လေးအား ကြည့်၍ မေးလိုက်သည် “ရွှမ်းအာ၊ သမီး ဒီမှော်ရတနာကို လိုချင်လို့လား”
ရွှမ်းအာဆိုသော မိန်းမငယ်လေးက မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ် လုပ်ပြီးနောက် ခေါင်းခါ၍ ပြန်ပြော၏ “ရွှမ်းအာ မလိုချင်ဘူး”
“သမီး တကယ် မလိုချင်တာလား” ချင်းတုန်က နောက်တစ်ကြိမ် ထပ်မေးလိုက်သည် “လိုချင်တယ်ဆိုရင် လေလံဝင်ဆွဲလို့ ရတယ်နော်”
မိန်းမငယ်လေးက ယဲ့ယဲ့လေးပြုံးလျက် “သာမန် တန်ခိုးရှင်အလယ်အလတ်အဆင့် မှော်ရတနာဆိုရင်တော့ သမီး လိုချင်မိမှာ အမှန်ပဲ။ ဒါပေမယ့် အဲ့ထိပ်ဖျားက အဆိပ်ဆူးက အရမ်း ရက်စက်တယ်။ အဲ့လို မှော်ရတနာမျိုး ရွှမ်းအာ မလိုချင်ဘူး”
အနားတွင် ရှိနေသာ လူငယ်လေးက သွားပေါ်အောင် ပြုံးဖြီးလျက် ဂုဏ်ယူဝံ့ကြွားစွာဖြင့် ပြောလိုက်သည် “ဂျူနီယာညီမရွှမ်းအာ အရမ်း ကြင်နာတတ်တယ်။ ဒဏ်ရာရနေတဲ့ တိရိစ္ဆာန်လေးတွေ တွေ့ရင်တောင်မှ အိမ်ပြန်ခေါ်သွားပြီး ကုသပေးတာ။ ကျာပွတ်ထိပ်မှာ တပ်ထားတဲ့ အဆိပ်ဆူးကို ဂျူနီယာညီမလေး မကြိုက်တာ အသေအချာပဲ။ ဂျူနီယာညီမလေးရဲ့ အဲ့အချက်ကိုပဲ ကျွန်တော် အရမ်းနှစ်သက်တာ”
လူငယ်လေးက လူအများရှေ့တွင် ထိုကဲ့သို့သော စကားမျိုးအား ပြောလိုက်သဖြင့် မိန်းမငယ်လေး ရှက်သွား ခဲ့ရသည်။
ချင်းတုန်က အသာအယာ သက်ပြင်းချလျက် မိန်မးငယ်လေးအား စိတ်မကောင်းစွာဖြင့် ကြည့်လိုက်၏။
သူ့တပည့်အကြောင်း သူမသိဘဲ ဘယ်နေမည်နည်း။ ထိုကောင်မလေး အကြောင်းပြချက် ပေးနေခြင်းသာ။ ကျာပွတ်ထိပ်တွင် အဆိပ်စူးရှိတော့ကော ဘာအရေးနည်း။ မသုံးဘဲနေလိုက်လျှင် ပြီးပြီ မဟုတ်လော။ သူ့တပည့် ထိုကဲ့သို့ ပြောရခြင်းမှာ ကျာပွတ်အား လေလံဆွဲလိုက်မည် ဆိုပါက မြက်သွေးရောင်ဂိုဏ်းနှင့် ကောင်းကင်တိုက်ပွဲ အစည်းအရုံကို ရန်စသလို ဖြစ်သွားမည် စိုးသည့် အတွက်ကြောင့်သာ ဖြစ်ပေသည်။
ယင်စုတျယ် လေလံစဆွဲစဉ် ချူချန်ဖုန်းကလည်း အားလုံးကို သတိပေး ခြိမ်းခြောက်ခဲ့သည် မဟုတ်လော။
ထိုဂျူနီယာနှစ်ယောက် လုပ်နေသည့် မဟုတ်တုတ်က ကစားပွဲကို သူစိတ်မဝင်စားချေ။ ထိုကျာပွတ်ကို သူ့အတွက် လေလံဝင်ဆွဲမည် ဆိုလျှင်ပင် မြက်သွေးရောင်ဂိုဏ်းနှင့် ကောင်းကင်တိုက်ပွဲ အစည်းအရုံကို ရန်စသလို ဖြစ်သွားလိမ့်မည် မဟုတ်ချေ။ သို့သော်... သူသာ ထိုကဲ့သို့ လုပ်လိုက်ပါက နောက်ဆုံးပစ္စည်းအတွက် ပိုက်ဆံကော လောက်ပါဦးမလား။
နောက်ဆုံးပစ္စည်း မည်မျှ အရေးကြီးကြောင်း သိထားသည့် အတွက်ကြောင့်သာ ယခုအချိန်ထိတိုင် အရိပ်လခန်းမသည် မည်သည့် ပစ္စည်းကိုမှ လေလံ ဝင်မဆွဲသေးခြင်း ဖြစ်သည်။ သူ့တွင် ရှိနေသော သူတော်စင်သလင်းကျောက် အားလုံးကို နောက်ဆုံး ပစ္စည်းအတွက် စုထားခြင်း ဖြစ်သည်။
သူ့တပည့် ပြောလိုက်သည့် စကားကြောင့် ချင်းတုန် ရင်ထဲ နွေးထွေးမိသွားသလို စိတ်မကောင်းလည်း ဖြစ်မိသွားသည်။ သူသည် အရိပ်လခန်းမ၏ အကြီးအကဲ တစ်ယောက် ဖြစ်သည်။ သူ့တပည့်အတွက် မှော်ရတနာလေး တစ်ခု ဝယ်ပေးရန်ကိုပင် ဘာကြောင့် တုန့်ဆိုင်းနေရသနည်း။
ချင်းတုန် ဝေခွဲရခက်နေစဉ်မှာပဲ လူငယ်လေးက ရုတ်တရက် အော်ပြောလိုက်သည် “(၃၅)သိန်း”
လေလံဈေး တစ်ဖန်ပြန်လည် မြင့်တက်သွားချိန် တိတ်ဆိတ်သွားသော လူအုပ်ကြီး ပြန်ဆူညံ့လာခဲ့သည်။
“တန်ခိုးရှင်အလယ်အလတ်အဆင့်ကို သူတော်စင် သလင်းကျောက် (၃၂)သိန်းလေးနဲ့ ဝယ်လို့မရပါဘူးလို့ ငါမင်းကို ပြောသွားပဲ။ ကြည့်၊ တစ်ယောက်ယောက် ဈေးခေါ်လိုက်ပြီ”
“ဘယ်သူ ခေါ်ရဲတာလဲမသိဘူး။ ချူချန်ဖုန်း ပစ်မှတ်ထားမှာကို မကြောက်တာလား”
“ဈေးခေါ်လိုက်တဲ့လူ အပိုင်း(က)ထဲကဟ။ သူလည်း အင်အားစုကြီးတစ်ခုကပဲ ဖြစ်လိမ့်မယ်။ ဒါကြောင့် ချူချန်ဖုန်းကို ကြောက်မနေတာ”
“အရိပ်လခန်းမရဲ့ အထူးခန်းကနေ လာတာကွ။ ခုဏတုန်းက အဲ့အခန်းထဲကနေ အကြီးအကဲချင်းတုန်ရဲ့ အသံထွက်လာတာ ငါမှတ်မိသေးတယ်။ အခု ဈေးခေါ်လိုက်တဲ့လူက လအရိပ်ခန်းမရဲ့ ပါရမီရှင် ဝေကုချန်း ဖြစ်လိမ့်မယ်။ သူ့ခွန်အားက ဖန်ထျန်းဇုံနဲ့ ချူချန်ဖုန်းတို့အောက် မလျော့ဘူးဟ”
“သူပဲ။ တုန်းရွှမ်အာကို ဝယ်ပေးချင်လို့ဖြစ်မယ်။ အဲ့နှစ်ယောက်က အတူကြီးပြင်းလာကြတာတဲ့။ ပြီးတော့ တစ်ယောက်နဲ့တစ်ယောက် ကြိုက်နေကြတာတဲ့။ အခုတော့ ကောလဟာလတွေ မှန်နေပြီနဲ့တူတယ်”
အရိပ်လခန်းမ၏ အထူးခန်းထဲတွင် ရှိနေသော တုန်ရွှမ်းအာသည် ဝေကုချန်းအား အံ့အားသင့်တကြီး ကြည့်လိုက်သည်။
ဝေကုချန်းက ယုံကြည်ချက်အပြည့်ဖြင့် ရယ်မောလျက် “လိုချင်ရင် ပြိုင်သာပြိုင်လိုက်။ အခြားသူတွေရဲ့ အမြင်ကို လိုက်ဂရုစိုက်နေစရာ မလိုဘူး”
ပြောပြီးသည်နှင့် အကြီးအကဲချင်းတုန် ဘက်သို့လှည့်၍ မေးလိုက်သည် “အကြီးအကဲချင်း၊ အဲ့သူတော်စင်သလင်းကျောက်တွေကို ကျုပ်တာဝန် ယူလို့ရလား”
ချင်းတုန်က ယဲ့ယဲ့လေးပြုံးလျက် “လုပ်သာလုပ်”
သူ့စိတ်ထဲ အတော်လေး သက်သောင့်သက်သာ ဖြစ်သွားရလေပြီ။ ထုန်းရွှမ်အားသည် သူ့တပည့်ဖြစ်သည်။ ဝေကုချန်းသည် သူ့တပည့် မဟုတ်သော်လည်း ချင်းတုန်သည် သူ့အား နှစ်ပေါင်းများစွာကြာအောင် လေ့ကျင့် သင်ကြားပေးခဲ့သည်။ ထို့ကြောင့် သူတို့ကြားရှိ ဆက်ဆံရေးသည် ဆရာတပည့် ဆက်ဆံရေးဟု ပြောလျှင်ပင် ရနေလေပြီ။ ဝေကုချန်းနှင့် တုန်ရွှမ်းအာတို့ နှစ်ယောက်စလုံးသည် အလွန်ကို ပါရမီမြင့်ကြသည်။ သူတို့ကိုသာ အရိပ်ကြယ်တွင်မမွေးဘဲ ပြင်ပလောကကြီးတွင် မွေးဖွားခဲ့မည်ဆိုပါက ပို၍ ကြီးကျယ်သော အနာဂတ်ကို ပိုင်ဆိုင်နိုင်ကြလိမ့်မည်ဟု အကြီးအကဲချင်းတုန် တွေးမိသည်။
ချင်းတုန် အားရကျေနပ်ရဆုံး အပိုင်းမှာ ဝေကုချန်းသည် ထုန်းရွှမ်အားက သူ့ညီမငယ်လေးကဲ့သို့ အမြဲတမ်းလိုက်ဂရုစိုက်၊ ကာကွယ်ပေး၊ အလိုလိုက်ပေးခြင်း ဖြစ်သည်။ ထိုနှစ်ယောက်သည် လအရိပ်ခန်းမ လူငယ် မျိုးဆက်၏ အတော်ဆုံး တပည့်များ ဖြစ်ကြပြီး သူတို့ နှစ်ယောက်ကို လအရိပ်ခန်းမ၏ အနာဂတ်အဖြစ် ချင်းတုန် မှတ်ယူထားပေသည်။
ယခု ဝေကုချန်းသည် တုန်ရွှမ်းအာကိုယ်စား လေလံ ဝင်ဆွဲပေးမှဖြင့် သူကလည်း ထောက်ခံပေးရပေမည်။
“လေးသန်း” မြက်သွေးရောင်ဂိုဏ်းမှ ယင်စုတျယ်၏ အသံ ထပ်မံထွက်ပေါ်လာခဲ့သည်။
ယင်စုတျယ်၏ အသံမှာ ခပ်ပြတ်ပြတ် ဖြစ်သော်ငြား သူမ အံကြိတ်နေရသည်။ ဝေကုချန်သာ ဈေးမခေါ်ခဲ့လျှင် ထိုကြာပွတ်ကို (၃၂)သိန်းဖြင့် ဝယ်ယူနိုင်နေလေပြီ။ သို့သော် ဝေကုချန်းက ရုတ်တရက် ရုတ်တရက် ဈေးထခေါ်လိုက်သဖြင့် သူမလည်း ဈေးထပ်ပေးရတော့၏။
ယန်ဖေးသည် လေလံစင်မြင့်ထက်တွင် ကျောက်ရုပ်ကြီး တစ်ရုပ်ပမာ မလှုပ်မယှတ်ဖြင့် ရှိနေသည်။ သို့သော်လည်း ရုတ်တရက် သူ့နှုတ်ခမ်းအစုံ ကွေးတက်သွားပြီး ချက်ချင်း ပြန်လည် ပျောက်ကွယ် သွားခဲ့သည်။
တန်ခိုးရှင်အလယ်အလတ်အဆင့် မှော်ရတနာကိုများ သူတော်စင်သလင်းကျောက် သုံးလေးသန်းနဲ့ ဝယ်ချင်တယ်တဲ့၊ ရယ်ချင်လိုက်တာ။ မင်းတို့ဆီက အနည်းဆုံး ဆယ်သန်းလောက် ဆွဲမထုတ်နိုင်ရင် ငါယန်ဖေး မဟုတ်တော့ဘူးကွ ဝေကုချန်း ဈေးမမြှင့်လျှင်ပင် တစ်ယောက်ယောက် ဈေးမြှင့် ပေလိမ့်မည်။ ထို့ကြောင့် မျက်နှာမည်းယန်ဖေးသည် နဂါးရိုက်ကျာပွတ်အား ဈေးနည်းနည်းဖြင့် ရောင်းလိုက်ရမည်ကို လုံးဝ စိတ်မပူခြင်း ဖြစ်သည်။
“(၄၂)သန်း” ဝေကုချန်က ထပ်ဈေးတင်သည်။
“(၄၅)သန်း” ယင်စုတျယ်ကလည်း ထပ်ဈေးခေါ်သည်။ သူမလေသံသည် ပျော့ပျောင်း ချိုသာစဖွယ် ကောင်းနေသော်ငြား လေသံမှာမူ အနည်းငယ် ခက်ထန်ဟန်ပေါက်နေခဲ့သည်။
ဝေကုချန်းက ဈေးထပ်မြှင့်တော့မည်အပြု ချင်းတုန်က ခေါင်းခါ၍ ပြောလိုက်သည် “မတင်တော့နဲ့”
ဝေကုချန်းက ချင်းတုန်အား ခေါင်းရှုပ်ရှုပ်ဖြင့် ကြည့်လိုက်ပြီး “ဘာလို့လဲ အကြီးအကဲ။ ဒီနဂါးရိုက် ကြာပွတ်က သူတော်စင်သလင်းကျောက် သန်းဂဏန်း လောက်လေးနဲ့ ဝယ်လို့ရတဲ့ မှော်ရတနာမျိုး မဟုတ်ဘူးလေ”
“မင်းပြောတာမှန်တယ်။ ဒါပေမယ့် အဲ့မှော်ရတနာကို ဈေးကြီးကြီးပေးပြီးမှ ရလိုက်မယ်ဆိုရင် နောက်ဆုံးပစ္စည်းကို လေလံဆွဲဖို့ အခွင့်အရေး ရှိတော့မှာ မဟုတ်ဘူး။ ပြီးတော့... အဲ့ယန်ဖေးကို ပေါ့သေးသေး မှတ်နေတာလား။ ငါတို့ မရှိရင်တောင် သူက မြက်သွေးရောင် ဂိုဏ်းကို မရရအောင် ဂုဏ်သွေးစုပ်ဦးမှာ”
“နောက်ထပ်လေလံတင်ဖို့ ပစ္စည်းထပ်ရှိသေးတာလား” ဝေကုချန်း ကြောင်သွားခဲ့လေသည်။ တုန်ရွှမ်းအာလည်း နားမလည်သဖြင့် သူမဆရာကို မေးလိုက်လေသည် “ဒါက လေလံပွဲရဲ့ နောက်ဆုံးပစ္စည်းကို စီနီယာယန်ဖေး ပြောသွားတာ မဟုတ်ဘူးလား”
“နောက်ဆုံးပစ္စည်းကို နှစ်ခုထားလို့ မရဘူးလား” ချင်းတုန်က အဓိပ္ပါယ်ပါပါပြုံး၍ ဝေကုချန်းဘက်သို့ လှည့်ကာ “ရွှမ်းအာက မင်းဘာလုပ်ပေးချင်လဲ ဆိုတာကို နားလည်ပြီးနေပြီ။ ထပ်မလိုတော့ဘူး။ အဲ့လောက်နဲ့တင် လုံလောက်ပြီ”
“ကျွန်တော်နားလည့်ပါပြီ” ဝေကုချန်း ဈေးထပ်မပေးတော့သည့်အခါ ပွဲကြီးပွဲကောင်းကို စောင့်နေကြသူအားလုံး စိတ်ပျက်သွားခဲ့ကြရသည်။
မျက်နှာမည်းယန်ဖေးသည် လအရိပ်ခန်းမဆီသို့ လှမ်းကြည့်၍ ပြုံးဖြဲလျက် တိုးတိုးလေး ရေရွတ်လိုက် “ဥာဏ်ကတော့များသား”
ချင်းတုန်သည် သူ့ကဲ့သို့ ကိုင်တွယ်ရ လွယ်ကူသည့် လူတစ်ယောက် မဟုတ်မှန်း ယန်ဖေး သိသည်။ တစ်ယောက်သည် အထူးရတနာအကြောင်း သတင်း လွှင့်ပြီး ပိုက်ဆံရှာရန် ပြင်နေစဉ် ချင်းတုန်သည် ဟင်းလင်ပြင် အစီအရင် အသုံးပြုခအား ဆထက်ထမ်းပိုး တိုးမြှင့်၍ ပိုက်ဆံရှာခဲ့သည်။ နှစ်ယောက်စလုံး၏ အင်အားစုကြီးများစွာကို မကျေမနပ် ဖြစ်စေခဲ့သော်ငြား မည်သို့မှ ပြန်အထွန့်တက်မရအောင် လုပ်နိုင်ခဲ့သည်။
စကားပြောသံများ ည့နေခဲ့သည်။ သို့သော် မည်သည့် အထူးခန်းကမှ ဈေးထပ်ပေးရန် မလုပ်သည်ကို မြင်သော် ယန်ဖေး စိတ်ညစ်သွားပြီး ရတနာစံအိမ်မှ လူကို ဈေးတင်ခိုင်းရန် အချက်ပြတော့မည်အပြု ရုတ်တရက် တစ်ယောက်ယောက်က ဈေးတင်လိုက်လေသည် “အပြစ်ပြုမိသလို ဖြစ်သွားရင် တောင်းပန်ပါတယ်။ (၄၆)သိန်း”
ထိုအသံသည် အပိုင်း(ခ) အထူးခန်းဆီမှ လာခြင်း ဖြစ်သည်။ ထိုလူ ဘယ်သူ့ကို တောင်းပန်နေမှန်း မည်သူမှ မသိ။ ချူချန်ဖုန်းကိုလော၊ ယင်စုတျယ်ကိုလော။
သူလေလံဝင်ပေးလိုက်သည်နှင့် ကောင်းကင်တိုက်ပွဲ အစည်းအရုံး၏ အထူးခန်းဘက်မှ ချူချန်ဖုန်း၏ နှာခေါင်းရှုံ့သံ ထွက်ပေါ်လာခဲ့သည်။
ဝေကုချန်း၏ လုပ်ရပ်နှင့် ပက်သက်၍ ချူချန်ဖုန်း မကျေမနပ် ဖြစ်မိသော်လည်း မည်သည့် ကန့်ကွက်စကားမှ မဆိုခဲ့ချေ။ တကယ်တော့ လအရိပ်ခန်းမသည်လည်း အားမနည်းသော အင်အားစုတစ်ခု မဟုတ်ပေလော။ ထို့အပြင် ဝေကုချန်းသည် တုန်ရွှမ်းအာအတွက် ဈေးခေါ်ပေးနေခြင်း ဖြစ်လေရာ သင့်တင့်မျှတသော ပြိုင်ပွဲတစ်ခု ဖြစ်လေသည်။ သို့သော်လည်း အပိုင်း(ခ)မှ တစ်ယောက်သည် ထိုပြိုင်ပွဲထဲ ဝင်လာခြင်းသည် သူ့ဂုဏ်က္ခာကို မေးခွန်းထုတ်လိုက်ခြင်း မည်ပေရာ ချူချန်ဖုန်း ဒေါသထွက်သွားခဲ့လေသည်။
ဂျူနီယာညီမလေးယင်သည် နဂါရိုက်ကျာပွတ်ကို လိုချင်သည်ဟု အားလုံးသိအောင် သူပြောခဲ့သည်။ အခြားသူများကိုလည်း သူမခံစားချက်ကို လေးစားပေရန် ယဉ်ယဉ်ကျေးကျေး တောင်းဆိုခဲ့သည်။ သို့သော် ကျားအသည်းကို စားထားသည့် လူများသည် ပြဿနာ လာရှာချင်နေကြသည်။
ချူချန်ဖုန်းက စကားနည်းနည်းပြောပြီး သူ့အာဏာကို ပြရန် ပြင်နေစဉ်မှာပဲ ယင်စုတျယ်၏ ဒေါသတကြီး ဈေးခေါ်သံ ထွက်ပေါ်လာခဲ့သည် “ငါးသန်း”
ကြည့်ရသည်မှာ ယင်စုတျယ်သည် ဤမှော်ရတနာကို မရရအောင် ယူတော့မည့်ပုံပင်။ အရှေ့ပိုင်း၌ ပေါ်လာသမျှ မှော်ရတနာများကို သူမ မယူခဲ့။ ယခုတစ်ခုကိုမူ ရအောင် ယူတော့ပေမည်။
(၅)သန်း ပေါ်လာသည်နှင့် အပိုင်း(ခ)မှ မည်သည့် အသံမှ ထွက်မလာတော့ချေ။ ထိုလူတွင် သူတော်စင် သလင်းကျောက် ကုန်သွား၍လော၊ ချူချန်ဖုန်း၏ ခြိမ်းခြောက်မှုကြောင့် ကြောက်လန့်သွားလာ ဆိုသည်ကိုမူ မပြောတတ်။ ချူချန်ဖုန်းကြောင့် ကြောက်လန့်သွားသည်မှာ ပို၍ ဖြစ်နိုင်သည်။
လေလံခန်းမသည် တစ်ဖန်ပြန်လည် တိတ်ဆိတ်သွားခဲ့သည်။ မည်သူမှ ဈေးထပ်တင်ရန် မကြိုးစားတော့။
အပိုင်း(ဂ-၁၃)တွင် ရှိနေသော ရန်ကိုင် မျက်မှောင်ကြီး ကြုတ်နေခြ့သည်။ ခဏလောက် စဉ်းစားနေလိုက်ပြီးနောက် ရုတ်တရက် ထအော်ပြောလိုက်သည် “(၆)သန်း”
အပိုင်း(၁၁၆၂)
အထွဋ်အထိပ်သိုင်းဧကရာဇ်
ကြောက်မခန်းလိလိဈေးနှုန်း
နဂါးရိုက်ကျာပွတ်လေလံပွဲသည် အတော်လေးကိုမှ ဈေးငြိမ်နေခဲ့သည်။ လူတော်တော်များများ ဈေးခေါ် ကြသော်လည်း အလွန်အကျွံ ဈေးခေါ်ခြင်းမျိုး မလုပ်ကြဘဲ နည်းနည်းပါးပါးလောက်သာ ဈေးခေါ်ကြသည်။
သို့သော်လည်း ရန်ကိုင်သည် (၆)သန်းတိတိကို ဈေးခေါ်လိုက်ပေသည်။ ယင်စုတျယ် ခေါ်ထားသော ဈေးထက် တစ်သန်းတိတိကို ပိုများပေသည်။
လေလံပွဲတစ်ခုလုံး အသံဗလံပေါင်းစုံဖြင့် ညံတက်သွားခဲ့သည်။
အစောပိုင်းက ပစ္စည်းကို လေလံတင်ပေးခဲ့သော အမျိုးသမီးသည် ယန်ဖေးအား မေးခွန်းထုတ်လိုသည့် အကြည့်ဖြင့် လှမ်းကြည့်လိုက်သည်။ အစောပိုင်းက ဈေးခေါ်လိုက်သူသည် မျက်နှာမည်းယန်ဖေးက ခိုင်းထားသည့် လူဖြစ်သည်ဟု သူမထင်နေခဲ့ခြင်းပင်။ သို့သော် မဆင်မခြင် ဈေးခေါ်လိုက်မည် ဆိုပါက အခြားလူများ သတိပြုမိသွားနိုင်ပေသည်။
သို့သော်လည်း ယန်ဖေးကမူ ခေါင်းခါပြနေခဲ့သည်။ ထို့ကြောင့် အမျိုးသမီးလည်း အတော့်ကိုမှ အံ့ဩသွားရ၏။
ရန်ကိုင်က မိုးထိမတတ်ဈေးကို အော်ခေါ်လိုက်ချိန် အနားတွင် ရှိနေသော ဝူရီနှင့် ယန်ယန်တို့ နှစ်ယောက်စလုံး သူမတို့၏ ပါးစပ်လေးကို အလန့်တကြားပိတ်လျက် ရန်ကိုင်အား အံ့အားသင့်တကြီး ကြည့်လိုက်ကြသည်။
(၆)သန်း၊ ထိုဈေးဖြင့်သာ ကြာပွတ်ကို ရလိုက်လျှင် သူတို့ ဘာပြန်ရမည်နည်း။ ယန်ယန် ချောင်မှာ သွားထိုင်ငိုနေရပေလိမ့်မည်။ သို့သော်လည်း ရန်ကိုင်ကမူ ယုံကြည်ချက်အပြည့်ပင်။
နဂါးရိုက်ကျာပွတ်၏ တန်ကြေးသည် ( ၆)သန်းထက် ပိုမြင့်လိမ့်မည်ဟု သူအပြည့်အဝ ယုံကြည်နေခ့သည်။
လေလံပွဲတင် ရောင်းချသွားသည့် ပစ္စည်းများကို ဈေးနှုန်းကို မြင်ပြီးနောက် မည်သည့် ပစ္စည်းလောက်ကို မည်သည့် ဈေးနှုန်းဖြင့် ရောင်းချနိုင်မလဲ ဆိုသည်အား ရန်ကိုင်အတော်လေး နားလည်နေခဲ့ပြီ။ အစကမူ သူထင်ထားသည်မှာ ထိုကဲ့သို့မဟုတ်။ တန်ခိုးရှင်အဆင့်နိမ့် မှော်ရတနာကို နှစ်သိန်း၊ သုံးသိန်းလောက်ဖြင့်သာ ရောင်းချနိုင်ပြီး တန်ခိုးရှင်အလယ်အလတ်အဆင့် မှော်ရတနာကိုမူ တစ်သန်းလောက်ဖြင့် ရောင်းနိုင်မည်ဟု ထင်ခဲ့သည်။ သို့သော်လည်း ယန်ယန် လုပ်ခဲ့သည့် တန်ခိုးရှင်အဆင့်နိမ့် ဓါးမြှောင်နှစ်ချောင်းကို (၂၁)သိန်းဖြင့် အမှန်ကတယ် ရောင်းချလိုက်နိုင်ခဲ့သည်။
နဂါးရိုက်ကျာပွတ်သည် တန်ခိုးရှင်အလယ်အလတ် အဆင့် မှော်ရတနာဖြစ်သည်။ ထိုကဲ့သို့သော မှော်ရတနာမျိုးကို သူတော်စင်သလင်းကျောက် အနည်းငယ်ဖြင့် ဘာကြောင့် ရောင်းချနိုင်မည်နည်း။ အနည်းဆုံး (၁၀)သန်းလောက်မှ အဆင်ပြေပေမည်။
ချူချန်ဖုန်းကြောင့်သာ မဟုတ်လျှင် နဂါးရိုက် ကြာပွတ်ကို ဈေးပြိုင်ပေးမည့်သူ မရေမတွက်နိုင်အောင် ရှိနေပေလိမ့်မည်ဖြစ်ပြီး နဂါးရိုက်ကျာပွတ်၏ တန်ကြေး မှာလည်း မိုးထိမတတ် မြင့်မားနေပေလိမ့်မည်။ သို့သော် ထိုခွေးသူတောင်းစား ချူချန်ဖုန်းကြောင့် အနည်းငယ်သော လူများသည်သာ နဂါးရိုက်ကြာပွတ်ကို ဈေးပေးရဲတော့၏။
ထိုချူချန်ဖုန်းဆိုသောကောင်ကို ရန်ကိုင် ကြည့်မရချေ။ ထို့အပြင် ယင်စုတျယ်နှင့်လည်းမသိ။ ထို့အတွက်ကြောင့် နဂါးရိုက်ကြာပွတ်ကို ထိုမျှ ဈေးနည်းနည်းလေးဖြင့် လုံးဝ ရောင်းမည်မဟုတ်ပေ။ သူတို့က ဈေးနည်းနည်းဖြင့် ဝယ်ချင်လျှင် သူကိုယ်တိုင် ဈေးမြှင့်ပေမည်။ ဈေးမြှင့်၍ မဝယ်တော့ဘူး ဆိုလျှင်လည်း နဂါးရိုက်ကြာပွတ်ကို သူ့ဘာသာ ပြန်ဝယ်လိုက်ရုံပင်။
“ဟွန့်။ ဒီမိတ်ဆွေက ရှိုးထုတ်ချင်နေတာလား။ အဲ့လို လုပ်ဖို့ မင်းမှာ တကယ်ကော သူတော်စင်သလင်းကျောက် ခြောက်သန်းရှိလို့လား” ချူချန်ဖုန်း၏ အေးစက်စက် အသံ ထွက်ပေါ်လာခဲ့သည်။
“သူ့မှာရှိရှိ မရှိရှိ မင်းသောက်ကြောင်း ပါလို့လား။ သူမထုတ်နိုင်ရင် ရတနာစံအိမ်နဲ့သူနဲ့ ရှင်းလိမ့်မယ်။ မင်းဈေးပေးချင်တယ်ဆိုပေးလိုက်။ သောက်ပိုတွေ လျှောက်ပြောမနေနဲ့” ဖန်ထျန်းဇုံက ပြောလိုက်သည်။
“အစ်ကိုဖန်၊ ဒါမင်းကိစ္စမဟုတ်ပါဘူး။ မင်းပါးစပ် အဲ့လောက်တောင် အားယားနေတာလား” ချူချန်ဖုန်း၏ လေသံ အေးစက်သွားခဲ့သည်။ ပုံမှန်ဆိုလျှင် သူနှင့် ဖန်ထျန်းဇုံသည် အပြန်အလှန် လှောင်ပြောင်ပြောဆိုရုံသာ။ သို့သော် ယုခုတစ်ကြိမ် ဖန်ထျန်းဇုံ ပြောလိုက်သော စကားသည် သူ့မျက်နှာကို ဖြတ်ရိုက်လိုက်သလို ခံစားလိုက်ရသည်။
“အချို့ကောင်တွေ သောက်ကြွားသောက်ကြွား လုပ်နေတာကို ငါတကယ် မကြည့်နိုင်လို့ပါကွာ”
“ဂျူနီယာနှစ်ယောက်၊ မင်းတို့ စကားပြောမယ်ဆိုရင် သေချာစဉ်စားပြီးမှပြောနော်။ နောက်တစ်ကြိမ် အခုလို ဖြစ်ဦးမယ်ဆိုရင်တော့ ရတနာစံအိမ်ကနေ မင်းတို့ကို နှင်ထုတ်ရလိမ့်မယ်။ ငါတို့ရတနာစံအိမ်က ကျင်းပတဲ့ ဘယ်လေလံပွဲကိုမဆို မင်းတို့ကို တက်ခွင့်ပေးတော့မှာ မဟုတ်ဘူး” ယန်ဖေးက အေးစက်စက် လေသံဖြင့် နှာခေါင်းရှုံ့လိုက်သည်။
လူအိုကြီးယန်က ပြောလာသည့်အခါ နှစ်ယောက်စလုံး ငြိမ်ကုတ်သွားကြသည်။ ချူချန်ဖုန်းနှင့် ဖန်ထျန်းဇုံတို့ နှစ်ယောက်စလုံး သူတို့၏ အမှားကို ဝန်ခံပြီး ချက်ချင်း တောင်းပန်လိုက်လေသည်။
ယန်ဖေးက အသာအယာ ခေါင်းညိတ်လိုက်ပြီး “အခန်း(ဂ-၁၃)မှာရှိနေတဲ့ ဧည့်သည်က ခြောက်သန်း ပေးမယ်တဲ့။ ထပ်ပေးချင်တဲ့လူ ရှိသေးလား”
“(၆၅)သိန်း” ချူချန်ဖုန်းက ချက်ချင်း ဈေးခေါ်သည်။
ရန်ကိုင် မပြောရသေးခင်မှာပဲ ဖန်ထျန်းဇုံ၏အသံ ထွက်ပေါ်လာခဲ့သည် “(၇)သန်း”
ချူချန်ဖုန်း ဈေးခေါ်မည်ကို မစောင့်တော့ဘဲ ရန်ကိုင်က ချက်ချင်း ဈေးခေါ်လိုက်သည် “(၈)သန်း”
“ဟားဟားဟား။ မင်တို့ကောင်တွေ နာမည်ယူနေတာ ငါမကြည့်နိုင်တော့ဘူးကွာ။ ငါလည်းပါရတာပေါ့။ (၈၅)သိန်း” ချင်းတုန်က ရယ်ရယ်မောမောဖြင့် အော်ပြောလိုက်သည်။
ရန်ကိုင် ကြောင်သွားခဲ့သည်။ သို့သော်လည်း ချင်းတုန် ဘာကြံနေလဲ ဆိုသည်ကို ချက်ချင်း နားလည်သွားသည်။ ချင်းတုန်သည် ရန်ကိုင်ဆီမှ လူအများ၏ အာရုံကို သူ့ဆီသို့ ဆွဲယူလိုက်ခြင်းဖြစ်သည်။ ရန်ကိုင်လည်း ယဲ့ယဲ့လေး ပြုံးလျက် လက်ဖက်ရည်ကို ငှဲ့သောက်လိုက်ရင်း ယန်ယန်နှင့် ဝူရီတို့ကို ပြောလိုက်သည် “ပြီးတော့မယ်။ ပိုက်ဆံသွားယူဖို့ ပြင်ထားပေတော့”
လအရိပ်ခန်းမ ကိုယ်စားပြုသော အထူးခန်းထဲတွင် ရှိနေသည့် ဝေကုချန်းနှင့် တုန်ရွှမ်းအာတို့ နှစ်ယောက်စလုံး ချင်းတုန်၏ လုပ်ရပ်ကို နားမလည်နိုင် ဖြစ်နေခဲ့ကြသည်။ သူတို့၏ အကြီးအကဲ ဘာကြောင့် ရုတ်တရက်ကြီး လေလံ ဝင်ဆွဲချင်နေမှန်းကို သူတို့ နားမလည်နိုင် ဖြစ်နေခဲ့သည်။ သို့သော် ဘာမှမေးမနေနဲ့။ ချင်းတုန်တွင် သူ့အကြောင်းနှင့် သူ ရှိနေပေလိမ့်မည်။
နဂါးရိုက်ကျာပွတ် လေလံပွဲမှာ မြိုင်ဆိုင်လာခဲ့သည်။ အစပိုင်းတွင် ဈေးအေးနေသော်လည်း ရန်ကိုင်မှ အစပြု၍ ဈေးနှုန်းရုတ်တရက် မြင့်တက်သွားခဲ့ရသည်။ ချင်းတုန်မှ (၈၅)သိန်းပေးလိုက်ချိန် ယင်စုတျယ်က ချက်ချင်းပဲ (၉)သန်း ဈေးခေါ်လိုက်လေသည်။ နောက်ဆုံး နဂါးရိုက် ကျာပွတ်ကို (၉)သန်းဖြင့် ရောင်းချလိုက်နိုင်သည်။
နဂါးရိုက်ကျာပွတ်၏ ဈေးနှုန်းသည် (၁၀)သန်းအထိသို့ မရောက်သွားခဲ့သော်ငြား ထိုဈေးနှုန်းသည် လူများစွာကို အံ့ဩဘနန်း ဖြစ်စေခဲ့လေသည်။
(၉)သန်းဆိုသော ပမာဏကို အရိပ်ကြယ်ပေါ်ရှိ အင်အားစု ဘယ်လောက်လောက်ကများ ထုတ်ပေးနိုင်မှာ မို့လို့ပါလဲ။
အခန်း(ဂ-၁၃)တွင် ရှိနေသော ယန်ယန်နှင့် ဝူရီတို့ နှစ်ယောက်စလုံး အလွန်တရာကိုမှ စိတ်လှုပ်ရှား ပျော်ရွှင် နေခဲ့ကြသည်။ ရန်ကိုင်ကိုလည်း လေးစားအားကျစွာဖြင့် ကြည့်နေကြလေသည်။
ရန်ကိုင်ကြောင့်သာ မဟုတ်လျှင် နဂါးရိုက်ကျာပွတ်ကို ငါးသန်းဖြင့်သာ ရောင်းချနိုင်ပေလိမ့်မည်။ သို့သော် ရန်ကိုင် ကြောင့် နဂါးရိုက်ကျာပွတ်၏ ဈေးနှုန်းသည် နှစ်ဆနီးပါး ခုန်တက်သွားခဲ့ရသည်။
တန်ခိုးရှငအခြေတည်ဆေးလုံး၊ ဓါးမြောင်နှစ်လက်နှင့် ဤမှော်ရတနာ ရောင်းကြေးစုစုပေါင်းကို တွက်ချက်လိုက်မည် ဆိုပါက သူတို့ ယခုတစ်ကြိမ် အကြီးအကျယ် မြတ်သွားသည်ဟု ဆိုနိုင်ပေသည်။
သူတော်စင်သလင်းကျောက် (၁၀)သန်းကို ထိုမျှ လွယ်လွယ် ရှာနိုင်လိမ့်မည်ဟု နှစ်ယောက်စလုံး တစ်ခါမှ မထင်ထားခဲ့ချေ။
“(၁၀)သန်းက အရမ်းများတယ် ထင်နေတာလား” ရန်ကိုင်က ရယ်သွမ်းသွေး၍ ပြောလိုက်သည်။
“(၁၀)သန်းက မများလို့လား” ဝူရီကြောင်သွားသည် “နင်ဘယ်လောက်တောင် လိုချင်နေတာလဲ”
“စောင့်ကြည့်နေ။ အဲ့ထက်ပိုကြောက်ဖို့ကောင်းတာ ပေါ်လာလိမ့်မယ်” ရန်ကိုင်က လက်ဖက်ရည်တစ်ငုံ မော့သောက်လိုက်ပြီး စင်မြင့်ပေါ်သို့ စိတ်လှုပ်ရှားစွာဖြင့် လှမ်းကြည့်လိုက်သည်။ နောက်ဆုံးပစ္စည်းကို နဂါးရိုက် ကျာပွတ်ထက် အဆများစွာပိုသော ဈေးဖြင့် ရောင်းချ နိုင်လိမ့်မည်ဟု သူအာရုံရနေသည်။ မည်သည့် ဈေးဖြင့် ရောင်းနိုင်လိမ့်မလဲ ဆိုသည်ကို မသိသော်ငြား ရတနာ စံအိမ်သည် ထိုပစ္စည်းကို နဂါးရိုက်ကျာပွတ်ပြီးမှ လေလံတင်ရန် စီစဉ်ထားသည့်အတွက် ထိုပစ္စည်း၏ တန်ကြေးသည် နဂါးရိုက်ကျာပွတ်ထက် ပိုမြင့်ပေလိမ့်မည်။
စင်ပေါ်တွင် ရှိနေသော ယန်ဖေးက အသာအယာ ချောင်းဟန့်လျက် အားလုံးကြားအောင် ပြောလိုက်သည် “ဒီနေ့ လေလံပွဲရဲ့ နောက်ဆုံးပစ္စည်း လာပါတော့မယ်...”
သူထိုကဲ့သို့ ပြောလိုက်သည်နှင့် အစောပိုင်းက လေလံပစ်ခဲ့သော အမျိုးသမီးသည် ကျောက်စိမ်းလင်ဗန်း တစ်ချပ်ကိုသယ်လျင် စင်ပေါ်သို့ ဖြည်းဖြည်းချင်း လျှောက်လာခဲ့လေသည်။ လင်ဗန်းကို ကိုင်ထားသည့် သူမ၏လက် အနည်းငယ် တုန်ရင်နေသည်ကို အကုန်လုံး မြင်ခဲ့သည်။
ထို့ကြောင့် အထူးခန်းများထဲတွင် ရှိနေသော ပညာရှင်များ သိချင်စိတ်ဖြစ်မိသွားကြလေသည်။ အမျိုးသမီးသည် ရနတာစံအိမ်၏ လေလံပစ်သူ ဖြစ်လေရာ ရတနာအကြောင်း တော်တော်လေး သိထားလောက်သည်။ အဖိုးရတနာများစွာကိုလည်း ကိုင်ခဲ့၊ မြင်ခဲ့ဖူးလောက်သည်။ ထိုကဲ့သို့ လူတစ်ယောက်ကို အလွန်တရာကိုမှ စိတ်လှုပ်ရှား၊ ရင်ခုန်အောင် လုပ်နိုင်သည့် ပစ္စည်းသည် မည်သို့သော ပစ္စည်းမျိုး ဖြစ်လိမ့်မည်နည်း။
“ကိုယ့်ဘာသာ ကြည့်လိုက်ကြပါတော့နော်” ယန်ဖေးက အနီရောင်ပိတ်စကို မတင်လိုက်ရာ အားလုံးရှေ့ ပုလင်းတစ်ပုလင်း ပေါ်လာခဲ့သည်။
ပုလင်းအသားသည် ကြည်လင်နေသဖြင့် အထဲကိုပါ ထွင်းဖောက်မြင်နေရသည်။ ပုလင်းကို မည်သည့်အရာဖြင့် လုပ်ထားသလဲ ဆိုသည်ကို မသိရသော်ငြား ပုလင်းမှာ အတော့်ကိုမှ အဖိုးတန်လောက်သည်။ သို့သော်လည်း အကုန်လုံး၏ အကြည့်သည် ပုလင်းထဲရှိ ပစ္စည်း အပေါ်တွင်သာ ရောက်ရှိနေခဲ့သည်။
ဆေးလုံးသည် ဝိုင်းစက်ချောမွတ်နေသည့်အဖြင့် ဆေးလုံး၏ မျက်နှာပြင်ထက်၌ လူသွေးကြောများကဲ့သို့ မျဉ်းကြောင်းလေးများ ရှိနေခဲ့သည်။
“ဆေးသွေးကြောတွေ”
“ဆေးသွေးကြောပါတဲ့ တန်ခိုးရှင်အခြေတည် ဆေးလုံးပဲ ဖြစ်ပါတယ်”
အဘက်ဘက်ဆီမှ မရေမတွက်နိုင်သော အလန့်တကြား အော်ဟစ်သံများ ထွက်ပေါ်လာခဲ့သည်။ အထူးအခန်းများဆီမှဆိုလျှင် ထိုင်ခုံကျိုးသံ၊ ပန်းကန်ကွဲသံ များပင် ထွက်ပေါ်လာခဲ့လေသည်။
လက်ရှိအချိန်တွင် အရိပ်ကြယ်ပေါ်ရှိ အင်အားစု အသီးသီး၏ ကိုယ်စားပြုများ တည်တည်ငြိမ်ငြိမ် မရှိနိုင်ကြတော့ချေ။ သူတို့ရှေ့ တောင်တစ်လုံး ပြိုကျလျှင်ပင် မျက်တောင်တစ်ချက် မခတ်တတ်သော ဟိတ်ဟန်ကြီးမားသည့် လူကြီးများသည် တောသား မြို့ရောက်သည့်ပမာ ဖြစ်နေကြလေပြီ။
လေလံပွဲတစ်ခုလည်း ဝရုန်းသုန်းကား ဖြစ်ကုန်သည်။
တန်ခိုးရှင်အခြေတည်ဆေးလုံးကို လေလံပွဲ၏ အလယ်လောက်တွင် ရောင်းချခဲ့သည်။ ထိုစဉ်က ထိုဆေးလံးကို ပင်လယ်ကျောင်းတော်၏ ကျောင်းသခင် ကျန်းဟွိုက်အန်းမှ သူတော်စင်သလင်းကျောက် (၁၁)သိန်းဖြင့် ဝယ်ယူသွားခဲ့သည်။ ယခု နောက်ထပ် တန်ခိုးရှငအခြေတည်ဆေးလုံးတစ်လုံး ထပ်မံ ထွက်ပေါ် လာခဲ့ပြန်သည်။
သို့သော်လည်း ယခုပေါ်လာသည့် တန်ခိုးရှင် အခြေတည် ဆေးလုံးသည် ဆေးသွေးကြောများပါရှိသည့် ဆေးလုံးဖြစ်သည်။
တန်ခိုးရှင်အခြေတည်ဆေးလုံးသည် သူတော်စင်ဘုရင် အထွဋ်အထိပ်အဆင့် ဆေးလုံးတစ်လုံး ဖြစ်သည်။ သူတော်စင်ဘုရင် အထွဋ်အထိပ်အဆင့်သာ ဖြစ်သော်ငြား တန်ခိုးရှင်အဆင့်နိမ့် ဆေးလုံးကဲ့သို့ သန်စင်ရ ခက်ခဲလှ၏။ ထိုဆေးလုံးကို သန့်စင်ရန်အတွက် တန်ခိုးရှင်အဆင့် ဆေးပညာရှင် ဖြစ်နေရန် လိုအပ်ပေသည်။ သို့သော် တန်ခိုးရှင်အဆင့် ဆေးပညာရှင် တစ်ယောက်သည် ဆေးသွေးကြောပါသော တန်ခိုးရှင်အခြေတည်ဆေးလုံးကို ဖော်စပ်နိုင်လိမ့်မည် မဟုတ်ချေ။
သို့တိုင် ထိုကဲ့သို့သော ဆေးလုံးမျိုး လက်ရှိ လေလံပွဲတွင် ပေါ်လာခဲ့ပေသည်။
ဝှစ်... ဝှစ်... ဝှစ်...
ရုတ်တရက် လူတစ်အုပ် ထွက်ပေါ်လာပြီး လူအုပ်ကြီးကို ခက်ထန်စွာ စိုက်ကြည့်လိုက်သည်။ ထိုလူ အားလုံးသည် ရတနာစံအိမ်၏ တန်ခိုးရှင်အဆင့် ပညာရှင်များ ဖြစ်ကြပေသည်။ အကုန်လုံးသည် ဆေးလုံးကို ရေပတ်မဝင်အောင် ဝိုင်းထားလိုက်ကြသည်။ သူတို့၏ အမူအရာအရ ရှေ့သို့တိုးလာသည့် လူအားလုံးကို တိုက်ခိုက်မည်ဟု ပြောနေသယောင်ယောင်။
ထိုအခြင်းအရာကို မြင်လိုက်သည့် အခါမှပဲ အထူးအခန်းများထဲတွင် ရှိနေသော ကိုယ်စားပြုအားလုံး ပြန်လည်တည်ငြိမ်သွားကြပြီး ကိုယ့်ထိုင်ခံ ကိုယ်ပြန် ထိုင်လိုက်ကြသည်။ သို့သော်လည်း သူတို့၏ အကြည့်မှာမူ ဆေးပုလင်းဆီမှ တစ်ချက်ကလေးပင် ခွာသွားခြင်း မရှိချေ။
သူတော်စင်သလင်းကျောက် များများစုထားရန် ယန်ဖေး ဘာကြောင့် သူတို့အား ပြောခဲ့သလဲ ဆိုသည်ကို အကုန်လုံး နားလည်သွားခဲ့လေပြီ။
လတ်စသတ်တော့ လေလံပွဲ၏ နောက်ဆုံးပစ္စည်းသည် နဂါးရိုက်ကျာပွတ်မဟုတ်ဘဲ ဆေးသွေးကြောများပါသည့် တန်ခိုးရှင်အခြေတည်ဆေးလုံး ဖြစ်နေသည်ကို။ ထိုဆေးလုံးသည် သူတို့အိမ်ရောင်းပြီး ဝယ်ရသည်အထိ ထိုက်တန်ပေသည်။
ယန်ဖေးသည် အကုန်လုံး တိတ်တဆိတ် စောင့်ကြည့်နေ၏။ အကုန်လုံး ငြိမ်သွားပြီဆိုမှ စ၍ ပြောလိုက်သည် “မင်းတို့ သေချာမြင်ပြီးသွားပြီနော်၊ ဟုတ်တယ်မလား။ ဒါကြောင့် အချိန်ဆက်မဖြုန်းဘဲ လေလံပွဲကို စကြတာပေါ့။ ဒီဆေးလုံးရဲ့ ကြမ်းခင်းဈေးက သူတော်စင်သလင်းကျောက် (၅)သန်းပဲ။ တစ်ကြိမ် ဈေးခေါ်တိုင်းဈေးခေါ်တိုင်း ငါးသိန်းအောက် လျော့လို့ မရဘူး”
ယန်ဖေးမှ ပြောပြီးရုံတင်ရှိသေး အဘက်ဘက်ဆီမှ မရေမတွက်နိုင်သော ဈေးခေါ်သံများ ထွက်ပေါ်လာခဲ့၏။
ထို့အပြင် အကုန်လုံးသည် စိတ်အားထက်သန်စွာဖြင့် ဈေးခေါ်နေကြခြင်းဖြစ်သည်။ ယခုလေလံပွဲတွင် အင်အားစုအသီးသီး၏ ကိုယ်စာလှယ်များ ကိုယ်တိုင်ကိုယ်ကျ ပါဝင်ဆင်နွှဲနေကြလေပြီ။
လေလံဈေးခေါ်သံများ တစ်ချိန်တည်းတွင် အုံခဲကာ ထွက်ပေါ်လာသဖြင့် လေလံစံအိမ်တစ်ခုလုံး ညံထွက်သွားရသည်။ သို့သော်လည်း ယန်ဖေးသည် ထိုအခြင်းအရာကို ဂရုမစိုက်ဘဲ ဈေးအများဆုံးပေသည့် လူကိုသာ လှမ်းကြည့်လိုက်သည်။
(၆)သန်း၊ (၈)သန်း၊ (၁၀)သန်း၊ (၁၅)သန်း၊ သန်းနှစ်ဆယ်...
အသက်ဆယ်ရှိုက်စာအတွင်း၌ပင် ဤတန်ခိုးရှင် အခြေတည် ဆေးလုံး၏ တန်ကြေးသည် သူတော်စင် သလင်းကျောက် သန်းသုံးဆယ်သို့ ရောက်သွားခဲ့သည်။ ထိုမျှနှင့်ပင် ဈေးနှုန်းမှာ ရပ်တန့်မသွားသေ။ ပြိုင်ပွဲမှ ပို၍ ပြင်းထန်လာနေခဲ့သည်။ ဈေးတစ်ကြိမ်ခေါ်တိုင်း သန်းနှင့်ချီသည်။
ယန်ဖေးသည် ဘာမှမပြောဘဲ မတ်တပ်ရပ်၍သာ ဈေးအမြင့်ဆုံးခေါ်သည့် လူများကို လိုက်ကြည့်နေသည်။
(၃၅)သန်း၊ သန်းလေးဆယ်... ဈေးနှုန်းသည် ရပ်တန့် မရသော အရှိန်အဟုန်ဖြင့် တောက်လျှောက် မြင့်တက်နေရာ မကြာမီ သန်းငါးဆယ်၊ သန်းခြောက်ဆယ် အထိသို့ ရောက်ရှိသွားခဲ့လေသည်။
အပိုင်း(၁၁၆၃)
အထွဋ်အထိပ်သိုင်းဧကရာဇ်
ရတနာစံအိမ်သည် နှစ်နှစ်တစ်ကြိမ်၊ သုံးနှစ်တစ်ကြိမ် လေလံပွဲကို ကျင်းပပြီး လေလံပွဲအနည်းငယ်သာ ယနေ့ လေလံပွဲကဲ့သို့ ပြိုင်ဆိုင်မှုပြင်းထန်သည်။
ထိုမြင်ကွင်းကိုကြည့်ရင်း အဓိကအလွှာတွင် ထိုင်နေကြသော ကျင့်ကြံသူများစွာတို့ ပါးစပ် အဟောင်းသား ဖြစ်သွဦးခဲ့ကြသည်။ အထူးခန်းထဲမှ ထွက်ပေါ်လာသော ဈေးနှုန်းများကြောင့် သူတို့နား သူတို့ မယုံနိုင်အောင် ဖြစ်နေခဲ့ကြသည်။
သူတို့သည် လေလံပွဲများစွာတွင် ပါဝင်ခဲ့ဖူးသော်ငြား အင်အားစုကြီး ဤမျှ ချမ်းသာမှန်းကို တစ်ခါမှ မသိခဲ့ချေ။
သန်းခြောက်ဆယ် ဖြစ်သွားပြီးသည့်နောက် အထူးခန်း များစွာဆီမှ သက်ပြင်းချသံများ ထွက်ပေါ်လာခဲ့သည်။ ဆေးလုံး၏ တန်ဖိုး သန်းခြောက်ဆယ်သို့ ရောက်သွားပြီးနောက် အရိပ်ကြယ်ပေါ်ရှိ အင်အားစုများစွာ လေလံဆွဲနေရာမှ နှုတ်ထွက်သွားကြသည်။
မြက်သွေးရောင်ဂိုဏ်း၏ အထူးခန်းထဲတွင် ရှိနေသော ယင်စုတျယ် အလွန်ကိုမှ ထိတ်လန့်နေခဲ့သည်။ ဆေးလုံး၏ ဆေးနှုန်း သန်းငါးဆယ် ကျော်သွားသည့်အချိန်တွင် မြက်သွေးရောင်ဂိုဏ်း လေလံဆက်မဆွဲတော့ချေ။ သက်လတ်ပိုင်း အမျိုးသမီးက သက်ပြင်းအမောကြီး ချလျက် ခါးသက်သက် ပြုံးရင်း ပြောလိုက်သည် “ဒီအတိုင်းပဲ ကြည့်ကြတာပေါ့”
“ဒုတိယဒေါ်လေး... သူတို့ ရူးနေကြတာလား။ ဆေးသွေးကြောပါလို့ အဖိုးတန်တယ် ဆိုရင်တောင် တန်ခိုးရှင်အခြေတည် ဆေးလုံးပဲဟာ။ ဘာလို့ အကုန်လုံး ဒီလောက် ဈေးကြီးပေးနေကြတာလဲ” ယင်စုတျယ်က သက်လတ်ပိုင်းလူကြီးဘက် လှည့်မေးလိုက်သည်။
ယင်စုတျယ်သာမဟုတ်၊ အထူးခန်းများထဲတွင် ထိုင်နေကြသော လူငယ်အများစုသည်လည်း ထိုအဖြေကို သိချင်နေကြသည်။ သူတို့၏ အကြီးအကဲများသည် ဆေးသွေးကြောပါသော တန်ခိုးရှင်အခြေတည် ဆေးလုံး အတွက်နှင့် ဘာကြောင့် ထိုမျှ ပိုက်ဆံသုံးနေကြသလဲ ဆိုသည်ကို သူတို့အားလုံး နားမလည်နိုင် ဖြစ်နေခဲ့သည်။
တန်ခိုးရှင်အခြေတည်ဆေးလုံးသည် သူတော်စင်ဘုရင် တတိယအဆင့်မှ တန်ခိုးရှင်အဆင့်သို့ အောင်အောင်မြင်မြင် ချိုးဖျက်နိုင်စွမ်းကို တိုးမြှင့်ပေးသည်။ ထိုဆေးလုံးသည် နိဗားနားတန်ခိုးရှင်ဆေးလုံး မဟုတ်။ နိဗားနားတန်ခိုးရှင်ဆေးလုံးသာ ဆိုလျှင် ထိုမျှ ဈေးကြီး ပေးဝယ်ရသည်ကို နားလည်နိုင်သည်။ သို့သော်လည်း ထိုဆေးလုံးသည် ဆေးသွေးကြောပါသော တန်ခိုးရှင် အခြေတည် ဆေးလုံးသာ မဟုတ်ပေလော။
ဖန်ထျန်းဇုံ၊ ချူချန်ဖုန်း၊ ဝေကုချန်းနှင့် တုန်ရွှမ်းအာတို့ အားလုံး သူတို့၏ အကြီးအကဲများကို နားမလည်နိုင်စွာ ကြည့်လိုက်ကြသည်။
အရိပ်လခန်းမ၏ အထူးခန်းထဲတွင်၊ ချင်းတုန်သည် (၆၅)သန်း ဈေးခေါ်လိုက်ပြီးနောက် အလေးအနက် အမူအရာဖြင့် ပြောလိုက်သည် “အကုန်လုံးက တန်ခိုးရှင် အခြေတည် ဆေးလုံးကို လိုချင်နေတယ်လို့ ထင်နေရင် မင်းတို့ မှားသွားပြီ၊ ငါ့ကောင်တို့ရေ။ ဒီဆေးသွေးကြော ပါတဲ့ တန်ခိုးရှင်အခြေတည် ဆေးလုံးက သူတော်စင်ဘုရင် တတိယအဆင့်တစ်ယောက်ကို တန်ခိုးရှင်အဆင့်ဆီ လုံးဝ အောင်အောင်မြင်မြင် ချိုးဖျက်စေနိုင်တယ်။ ဒါပေမယ့် အဲ့လောက်နဲ့တင် အခုဈေးရဖို့ မတန်သေးဘူး။ အများဆုံးမှ နှစ်သန်း၊ သုံးသန်းလောက်ပဲ တန်မှာ။ ဒီဆေးလုံးရဲ့ တကယ့် တန်ဖိုးက ရှီကိုပြီးပြည့်စုံအောင် သိပ်သည်း ပေးနိုင်တာပဲ။ ကျင့်ကြံသူတစ်ယောက်သာ ဒီဆေးလုံးကို သောက်လိုက်မယ်ဆိုရင် သူတိုရဲ့ရှီကို အပြည့်အဝ သိပ်သည်းနိုင်လိမ့်မယ်။ အဲ့လိုသာ ဖြစ်သွားခဲ့ရင် အရိပ်ကြယ်ရဲ့ အကန့်အသတ်ကို ချိုးဖျက်ပြီး တန်ခိုးရှင်ဘုရင် အဆင့်ကို ချိုးဖျက်ကောင်း ချိုးဖျက် နိုင်လိမ့်မယ်”
ထိုစကားကို ကြားလိုက်သည့်အခါ ဝေကုချန်းနှင့် တုန်ရွှမ်းအာတို့ နှစ်ယောက်စလုံး တုန်ရီသွားခဲ့ကြသည်။ ဝေကုချန်းက ချက်ချင်းပဲ ပြန်မေးလေသည် “သူတို့တွေက တန်ခိုးရှင်အဆင့် တစ်ယောက်ကို လိုချင်လို့ ဈေးပေးနေတာ မဟုတ်ဘဲ တန်ခိုးရှင်ဘုရင်အဆင့်ကို ချိုးဖျက်ချင်လို့ပေါ့”
“ဟုတ်တယ်” ချင်းတုန်က ခေါင်းညိတ်လိုက်ပြီး “ဒီဆေးလုံးရဲ့ တကယ့် တန်ဖိုးကို မင်းတို့ မသိတာ မင်းတို့ အပြစ်မဟုတ်ပါဘူးလေ။ ဒါပေမယ့် ငါတို့တွေ၊ ငါတို့ရဲ့ စီနီယာတွေက တန်ခိုးရှင်ဘုရင်အဆင့်ကို ချိုးဖျက်နိုင်မယ့် နည်းလမ်းကို နှစ်ပေါင်းများစွာ လေ့လာနေခဲ့တာ။ အဲ့ထဲကတစ်နည်းက ဆေးသွေးကြောပါတဲ့ တန်ခိုးရှင် အခြေတည်ဆေးလုံးကို သောက်တာပဲ။ အဲ့နည်းက အလုပ်ဖြစ်လား မဖြစ်ဘူးလား ဆိုတာတော့ မသေချာဘူး။ ဒါပေမယ့် မျှော်လင့်ချက် ရေးတေးတေးလေး ဆိုရင်တောင် ရအောင် ဖမ်းဆုပ်ရမှာပဲ”
အရိပ်ကြယ်ပေါ်တွင် တန်ခိုးရှင်ဘုရင်အဆင့် ပညာရှင် မရှိချေ။ သို့သော်လည်း သူတို့ထဲမှတစ်ယောက် အရိပ်ကြယ်ပေါ်တွင် ပေါ်လာပြီ ဆိုသည်နှင့် အရိပ်ကြယ် တစ်ခုလုံး ထိုလူ၏ လက်အောက်သို့ ကျရောက်သွားရ ပေလိမ့်မည်။ ထိုကဲ့သို့သော ဖြစ်နိုင်ချေတစ်ခုအတွက် သူတော်စင်သလင်းကျောက် သန်းပေါင်းများစွာ စတေး လိုက်ရလျှင်ကော ဘာအရေးနည်း။ အရိပ်ကြယ် တစ်ခုလုံး၏ အရှင်သခင် ဖြစ်လာနိုင်လျှင် ထိုသူတော်စင် သလင်းကျောက် အားလုံးကို ပြန်ရပေလိမ့်မည်။
“တပည့် နားလည်ပါပြီ” ဝေကုချန်းက ခေါင်းညိတ်လိုက်သည်။
ချင်းတုန်က ဝေကုချန်းကိုကြည့်၍ ပြုံးကာ “တန်ခိုးရှင်အခြေတည်ဆေးလုံးကို သူတော်စင်ဘုရင် တတိယအဆင့်တွေပဲ အသုံးပြုလို့ရတယ်။ အခုငါတို့က ဒီဆေးလုံးကို လူငယ်မျိုးဆက်တွေအတွက် လေလံ ဆွဲပေးနေတာ။ အရိပ်လခန်းမထဲမှာ အဲ့ဆေးလုံးကို သောက်ဖို့က မင်းနဲ့ရွှမ်းအာက အသင့်တော်ဆုံးပဲ။ ဒါပေမယ့် မင်းအရည်အချင်းက ရွှမ်းအာထက် ပိုမြင့်တော့ ဆေးလုံးကိုသာ ရလိုက်မယ်ဆိုရင် အဲ့ဆေးလုံးက မင်းအပိုင်ပဲ”
သို့သော်လည်း ဝေကုချန်းက ပြုံးဖြဲဖြဲဖြင့် “အဲ့ဒါကို ကျွန်တော်ဂရုမစိုက်ဘူး။ ရွှမ်းအာပဲသောက်သောက်၊ ကျွန်တော်ပဲ သောက်သောက် အရေးပါတာမှမဟုတ်တာ”
ဝေကုချန်းသည် လုံးဝကို တည်ငြိမ်သည့် အမူအရာဖြင့် ပြောသွားခဲ့သည်။ ထို့နောက် ရွှမ်းအာနှင့် အကြည့်ချင်း ဖလှယ်လိုက်ပြီး နှစ်ယောက်စလုံး ပြုံးလိုက်ကြသည်။
ချင်းတုန် ကျေကျေနပ်နပ်ဖြင့် ခေါင်းညိတ်လိုက်သည်။ ထိုတပည့်နှစ်ယောက်နှင့် ပက်သက်၍ သူအလွန်ကိုမှ ကျေနပ်ပီတိ ဖြစ်မိရသည်။ ထိုတန်ခိုးရှင်အခြေတည် ဆေးလုံးကို သူတို့ ရသွားခဲ့လျှင်ပင် ထိုနှစ်ယောက်သည် ကျွန်တော်မသောက်ဘူး၊ သူတို့ကိုတိုက်၊ ကျွန်မ မသောက်ဘူး၊ သူ့ကိုတိုက်ဆိုပြီး လုပ်နေကြဦးမည်မှာ မြေကြီးလတ်ခတ်မလွဲပင်။
ပြောသာပြောရတာ... ရကောရနိုင်ပါ့မလား ချင်းတုန် သိပ်ယုံကြည်ချက်မရှိ။
နောက်ဆုံး ဈေးပြိုင်ပေးနေသည့် အင်အားစုကြီး ငါးခုသာ ရှိတော့ပေသည်။ ကြယ်ဧကရာဇ်ဂိုဏ်း၊ ကောင်းကင်တိုက်ပွဲ အဖွဲ့အစည်း၊ မိုးကြိုးမုန်တိုင်းဂိုဏ်း၊ ပင်လယ်ကျောင်းတော်နှင့် အရိပ်လခန်းမတို့ပင်။ ကျန်အင်အားစုအားလုံး ပြိုင်ပွဲမှ နှုတ်ထက်သွားကြပြီ။
ချင်းတုန်သာ ထိုလူများစွာဆီမှ အမြတ်မထုတ်ခဲ့ပါ ယခုအချိန် သူတို့လည်း ပြိုင်ပွဲမှ ထွက်သွားရလောက်ပေပြီ။ သို့သော်လည်း ထိုအပိုရထားသည့် သူတော်စင် သလင်းကျောက်များနှင့်ပင်လျှင် သူတို့ မည်သည့် အချိန်ထိ ဆက်သွားနိုင်မလဲ ဆိုသည်ကို သေချာမသိသေးချေ။ တန်ခိုးရှင်အခြေတည်ဆေးလုံး၏ တန်ကြေးသည် (၆၈)သန်း ဖြစ်နေလေပြီ။ ချင်းတုန်တွင် သန်းရှစ်ဆယ်သာ ရှိသည်။ ထို့ထက်ပိုသွားမည်ဆိုပါက သူလည်း တတ်နိုင်တော့မည် မဟုတ်ပေ။
ချင်းတုန် မျက်မှောင်ကြုတ်နေလေပြီ။ အနားတွင် ရပ်နေသော လော့ချင်ဆီ လှမ်းကြည့်လိုက်သည့်အခိုက် ထိုသကောင့်သားအား တစ်ချက်ပြီးတစ်ချက် လှိမ့်ကာ ရိုက်ပစ်ချင်စိတ်တို့ ပေါက်လာရသည်။
အကြီးအကဲချင်းတုန်၏ စူးရှခက်ထန်သည့် အကြည့်ကြောင့် လော့ချင် လည်ပင်းလေး ကျုံဝင်သွားရ၏။ အကြီးအကဲချင် ဒေါသထွက်အောင် သူဘာများ လုပ်လိုက်မိလို့နည်း။ သို့သော်လည်း အကြီးအကဲချင်သည် ယနေ့တွင် သူ့အား အတော့်ကိုမှ အမြင်မကြည် ဖြစ်နေသည်။
“သန်းခုနှစ်ဆယ်” ကောင်းကင်တိုက်ပွဲအစည်းအရုံး၏ အထူးအဆန်းဆီမှ အသံထွက်လာခဲ့သည်။ ထိုအသံသည် ချူချန်ဖုန်း၏ အသံမဟုတ်၊ အကြီးအကဲတစ်ဦး၏ အသံ ဖြစ်သည်။ ယခုလိုလေလံပွဲမျိုးတွင် ချူချန်ဖုန်းကဲ့သို့သော ဂျူနီယာလေးများ ပါဝင်ဖို့ရာ မသင့်တော်တော့ချေ။
“ခုနှစ်ဆယ့်ငါးသန်း” ချက်ချင်းဆိုသလို အထူးခန်း (က-၁)မှ အသံတစ်သံ လိုက်ထွက်လာခဲ့သည်။
အထူးခန်း (ဂ-၁၃)တွင် ရှိနေသော ရန်ကိုင် လုံးဝကို မျက်လုံးအပြူးသား ဖြစ်နေသည်။ ထိုတန်ခိုးရှင်အခြေတည် ဆေးလုံးကို ဈေးကြီးကြီးဖြင့် ရောင်းရလိမ့်မည်ဟု မျှော်လင့်ထားသည့်တိုင် တကယ်တမ်း ကြုံလိုက်ရချိန် မထိတ်လန့်ဘဲ မနေနိုင်အောင် ဖြစ်သွားခဲ့ရသည်။
ယခုတစ်ကြိမ် လေလံပွဲဆီသို့ သူယူလာသည့် ဆေးလုံး၏ တန်ကြေးကို မှားယွင်းတွက်ချက်မိလိုက်ပြီမှန်း ရန်ကိုင် နားလည်လိုက်သည်။ သို့သော်လည်း ဤကိစ္စသည် သူမှားယွင်းတွက်ချက်မိခြင်းမဟုတ်၊ သူတို့ ထိုမျှ အင်တိုက်အားတိုက် ပြိုင်ဆိုင်နေရခြင်း၏ နောက်ကွယ်တွင် ဇာတ်လမ်းတစ်ပုဒ်ကို ရှိကိုရှိနေရပေလိမ့်မည်။
အရိပ်ကြယ်ပေါ်မှ ကျင့်ကြံသူများသည် ဆေးသွေးကြောပါသော တန်ခိုးရှင်အခြေတည် ဆေးလုံးသည် သူတို့အား တန်ခိုးရှင်ဘုရင်အဆင့်သို့ ချိုးဖျက်နိုင်အောင် ကူညီပေးလိမ့်မည်ဟု ယူဆထားသည်ကို ရန်ကိုင် မည်ကဲ့သို့ သိမည်နည်း။
ဆေးသွေးကြောပါသော တန်ခိုးရှင်အခြေတည် ဆေးလုံး နှစ်လုံး မဖော်စပ်ခဲ့မိခဲ့သည့်အတွက်လည်း ကြိတ်၍ ဝမ်းသာနေမိသည်။ ထိုစဉ်က ဤလေလံပွဲသို့ မလာစဉ် ဆေးသွေးကြောပါသော တန်ခိုးရှင်အခြေတည် ဆေးလုံးတစ်လုံး ဖော်စပ်ရန် ဆုံးဖြတ်ခဲ့သည်။
သူ့မူရင်း ရည်ရွယ်ချက်သည် နဂါးလိုဏ်ဂူတောင်တွင် ခင်းကျင်းထားသော အစီအရင်ကို တိုးမြှင့်ရန်အတွက် လိုအပ်သော ကုန်ကြမ်းပစ္စည်းများကို ဝယ်ရန် ပိုက်ဆံ နည်းနည်းရှာချင်ရုံပင်။ သို့သော်လည်း ယခုမူ သူထင်ထားသည်ထက်ပင် အဆပေါင်းများစွာ ပိုမို များပြားသော ပိုက်ဆံများကို ရလိုက်လေပြီ။
“ရန်ကိုင်၊ အဲ့ဆေးလုံးကို နင်ယူလာတာလို့တော့ ငါ့ကို လာမပြောနဲ့နော်...” ဝူရီက ရန်ကိုင်နားကပ်၍ တိုတိုးလေး ပြောလိုက်သည်။
“ဟားဟားဟား...” ရန်ကိုင်အားပါးတရ အော်ရယ် တော့လေသည်။
ဝူရီနှင့် ယန်ယန်တို့ နှစ်ယောက်စလုံး သူမတို့၏ ပါးစပ်လေးများကို အလန့်တကြား အုပ်မိလိုက်ကြသည်။ သူမတို့ရင်ထဲ အလွန်ကိုမှ ထိတ်လန့်နေမိလေပြီ။ ယန်ယန် သွန်းလုပ်ခဲ့သည် တန်ခိုးရှင်အလယ်အလတ်အဆင့် မှော်ရတနာ၏ တန်ဖိုးသည် ယခုဆေးလုံး၏ တန်ဖိုးနှင့် ယှဉ်လိုက်လျှင် ဘာမှမပြောပလောက်ချေ။
ဆေးလုံးသည် တန်ဖိုးသည် ငြိမ်သက်သွားခြင်း မရှိဘဲ ဆက်လက် မြှင့်တက်နေခဲ့သဖြင့် ယန်ဖေး ပြုံးပြုံးပျော်ပျော် ဖြစ်နေခဲ့ရသည်။
နောက်ဆုံးလက်ကျန် ဂိုဏ်းကြီးငါးဂိုဏ်းသည် တစ်ဂိုဏ်းနှင့်တစ်ဂိုဏ်း အောက်ကျမခံ အပြန်အလှန် ဈေးပြိုင်ပေးနေကြသည်။ သိုသော်လည်း မကြာမီ ဈေးနှုန်းသည် သန်းရှစ်ဆယ်သို့ ရောက်သွားခဲ့လေသည်။ ထိုအခါ လအရိပ်ခန်းမနှင့် ပင်လယ်ကျောင်းတော်တို့ ပြိုင်ပွဲမှ နှုတ်ထွက်လိုက်ရလေသည်။ သူတို့ ဂိုဏ်းနှစ်ဂိုဏ်း၏ အထူးခန်း အသီးသီးဆီမှ သက်ပြင်းချသံ အသီးသီး ထွက်ပေါ်လာခဲ့သည်။
ထိုဈေးနှုန်းသည် သူတို့ တတ်နိုင်သည့် ပမာဏကို ကျော်လွန်သွားခဲ့လေပြီ။
ထိုဂိုဏ်းနှစ်ဂိုဏ်း ထွက်သွားပြီးနောက် အရိပ်ကြယ်၏ ထိပ်တန်းဂိုဏ်းကြီး သုံးဂိုဏ်းသာ ကျန်ရစ်တော့သည်။ ကြယ်ဧကရာဖ်ဂိုဏ်း၊ ကောင်းကင်တိုက်ပွဲအစည်းအရုံးနှင့် မိုးကြိုးမုန်တိုင်းဂိုဏ်းတို့ပင်။
သို့သော်လည်း ဂိုဏ်းသုံးဂိုဏ်းသည် ယခင်ကကဲ့သို့ ဈေးကို အလွယ်တကူ မြှင့်မပေးကြတော့ချေ။ သေချာ စဉ်းစားပြီးတော့မှသာ နည်းနည်းနည်းနည်း မြှင့်ကြသည်။
သို့သော်လည်း ကြယ်ဧကရာဇ်ဂိုဏ်းမှာမူ ဈေးနှုန်းအား ပြတ်ပြတ်သားသားကို မြှင့်တင်ပစ်နေသည်။
ကြယ်ဧကရာဇ်ဂိုဏ်း ရှိနေသည့် အခန်းကို ရန်ကိုင် အသေအချာ သတိပြုမိသည်။ ထိုအခန်းသည် တန်ခိုးရှင် အဆင့် ဆေးလုံးများနှင့် မှော်ရတနာအချို့မှအပ အခြား မည်သည့်ပစ္စည်းကိုမှ မဝယ်ခဲ့ချေ။ ဝူရီအား မေးကြည့် လိုက်သည့်အခါ ထိုအခန်းသည် ကြယ်ဧကရာဇ်ဂိုဏ်း၏ အခန်းဖြစ်ကြောင်း သိလိုက်ရသည်။
ဝူရီပြောပုံအရ ကြယ်ဧကရာဇ်ဂိုဏ်းသည် အရိပ်ကြယ်ပေါ်တွင် အားအကောင်းဆုံး ဂိုဏ်းတစ်ဂိုဏ်း ဖြစ်ပေသည်။ ကြယ်ဧကရာဇ်ဂိုဏ်းမှ လူများသည် အပြင်သို့ ထွက်ခဲသည်။ ထို့အပြင် ဂိုဏ်းသား အရေအတွက်မှာလည်း အတော့်ကို နည်းလှသည်။ ထိုဂိုဏ်းသားများသည် သူတို့၏ အချိန်အများစုကို ကြယ်ဧကရာဇ်တောင်ပေါ်တွင် ကျင့်ကြံရင်းဖြင့်သာ အချိန်ဖြုန်းကြသည်။
ကြယ်ဧကရာဇ်ဂိုဏ်း တည်ထောင်သူသည် ကြယ်ဧကရာဇ်ဆီမှ အမွေအနှစ်အချို့ ရခဲ့ဟန်ရပြီး သူ့ကိုယ်သူ ကြယ်ဧကရာဇ်၏ တပည့်တစ်ယောက် ဖြစ်သည်ဟု အတိအလင်း ကြေညာခဲ့သည်။
ကြယ်ဧကရာဇ်ဂိုဏ်းသည် အရိပ်ကြယ်ပေါ်ရှိ ဂိုဏ်းများကြား ပဋိပက္ခများကို ဝင်ပါလေ့မရှိကြဘဲ သူတို့ဘာသာ အေးအေးဆေးဆေးသာ နေကြသည်။
သို့သော် မည်သူမှ သူတို့ကို အထင်မသေးရဲချေ။ ကောလဟာလများအရ ကြယ်ဧကရာဇ်ဂိုဏ်းတွင် တန်ခိုးရှင် တတိယအဆင့် ပညာရှင်များစွာ ရှိသည်ဟုဆိုကြသည်။
အမွှေးတိုင်တစ်ချောင်းစာအတွင်း တန်ခိုးရှင် အခြေတည် ဆေးလုံး၏ တန်ဖိုးသည် သန်းကိုးဆယ်သို့ ရောက်သွားခဲ့သည်။ ထိုဈေးကို မိုးကြိုးမုန်တိုင်းဂိုဏ်းမှ ပေးလိုက်ခြင်းဖြစ်သည်။
“သန်းတစ်ရာ” အခန်း(က-၁)မှ အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။ ဈေးကို ဆယ်သန်းတိတိပင် တစ်ကြိမ်တည်း မြှင့်တင်ပစ်လိုက်လေသည်။
မိုးကြိုးမုန်တိုင်းဂိုဏ်း အခန်းထဲတွင် ရှိနေသော လူကြီး ခါးသက်သက်ပြုံးလျက် သက်ပြင်းချလိုက်သည်။ သူဆက်၍ လေလံဆွဲမည်ဆိုလျှင်ပင် ထိုဆေးလုံးကို ကြယ်ဧကရာဇ် ဂိုဏ်းလက်ထဲမှ ရအောင် ယူနိုင်လိမ့်မည် မဟုတ်မှန်း သိနေ၏။ ထို့ကြောင့် ပွင့်ပွင့်းလင်းလင်းသာ ပြောလိုက်သည် “မိုးကြိုးမုန်တိုင်းဂိုဏ်း၊ ဒီလေလံပွဲကနေ ထွက်ပြီ”
သူထိုကဲ့သို့ ပြောပြီးနောက် ကောင်းကင်တိုက်ပွဲ အစည်းအရုံးသည်လည်း ထိုကဲ့သို့ ပြောလာခဲ့လေသည်။
မသေချာသည့် ဖြစ်နိုင်ချေတစ်ခုအပေါ် သူတော်စင် သလင်းကျောက် သန်းတစ်ရာကျော် သုံးရမည်မှာ သူတို့ တတ်နိုင်သည့် အရာမျိုးမဟုတ်ချေ။ နောက်နှစ် အနည်းငယ်တွင် ဘာဖြစ်လိမ့်မလဲ ဆိုသည်ကို မည်သူ ပြောနိုင်မည်နည်း။ နောက်နှစ်အနည်းငယ်အတွင်း တန်ခိုးရှင်ဘုရင်အဆင့်သို့ ချိုးဖျက်နိုင်သော ပိုမို၍ ကောင်းမွန်သော နည်းလမ်းတစ်ခု ပေါ်လာလျှင်လည်း ပေါ်လာနိုင်သေးသည် မဟုတ်ပေလော။
ကြယ်ဧကရာဇ်ဂိုဏ်းလောက် မည်သည့်ဂိုဏ်းမှ မချမ်းသာမှန်းကို ယန်ဖေးသိသညိ။ ထိုကြောင့် သုံးကြိမ် အမြန်ရေတွက်ပြီပေးလိုက်ရာ နောက်ဆုံးတွင် ဆေးလုံးကို ကြယ်ဧကရာဇ်ဂိုဏ်းမှ ရသွားခဲ့လေသည်။
အခြားအထူးအခန်းများသည် ကြယ်ဧကရာဇ်ဂိုဏ်းကို လေလံပွဲ၏ နောက်ဆုံးပစ္စည်းအား ရယူနိုင်လိုက်သည့် အတွက် ဂုဏ်းပြုစကား ဆိုကြသည်။ ထိုဆေးလုံးကို ရောင်းချပြီးသည့်နောက် ယန်ဖေးသည် လေလံပွဲ ပြီးဆုံးကြောင်း ကြေညာလိုက်လေသည်။
အဓိကအလွှာတွင် ရှိနေသော ကျင့်ကြံသူများ တစ်ယောက်ပြီး တစ်ယောက် ထွက်သွားခဲ့ကြသလို အထူးခန်းများထဲတွင် ရှိနေသော ကျင့်ကြံသူများမှာလည်း တစ်ယောက်ပြီးတစ်ယောက် ထွက်သွားခဲ့ကြသည်။
သို့သော် ရန်ကိုင် ထွက်မသွားသေးချေ။ ချင်းတုန်နှင့် စကားအနည်းငယ် ပြောချင်နေသေးသည့် အတွက်ကြောင့် ချက်ချင်း ထွက်မသွားသေးချေ။
အပိုင်း(၁၁၆၄)
အထွဋ်အထိပ်သိုင်းဧကရာဇ်
အရိပ်လခန်းမ၏ အထူးခန်းထဲတွင် ချင်းတုန် အချိန် အကြာကြီး မလှုပ်မယှတ် ထိုင်နေခဲ့သည်။ မျက်မှောင် ကြီးကိုလည်း ကြုတ်လို့။ အပိုသန်းသုံးဆယ်ကို ရထားသည့်တိုင် ထိုတန်ခိုးရှင်အခြေတည် ဆေးလုံးကို မရနိုင်မည်မှန်း ကြိုသိခဲ့လျှင် နဂါးရိုက်ကျာပွတ်ကိုသာ မရရအောင် ယူခဲ့ပေသည်။
ယခု ဖွတ်မရ ဓါးမဆုံး အဖြစ် ရောက်နေလေပြီ။
အမွှေးတိုင်တစ်ချောင်းစာ ကြာပြီးနောက် သူ့နားတွင် ရပ်နေသော အရိပ်လခန်းမ တပည့်များဆီသို့ လှည့်၍ ပြောလိုက်သည် “မင်တို့ အရင်ပြန်နှင့်ကြတော့။ သဲမီးတောက်နယ်မြေက မကြာခင် ပွင့်တော့မှာ။ ဂိုဏ်းကို ပြန်ပြီး ကြိုးကြိုးစားစား လေ့ကျင့်နေကြတော့”
တပည့်အားလုံး ခေါင်းညိတ်၍ အခန်းထဲမှ ထွက်သွားရာ ဝေကုန်ချန်းနှင့် တုန်ရွှမ်းအာတို့သည်သာ ကျန်ခဲ့လေသည်။ ချင်းတုန်က မတ်တပ်ရပ်၍ ပြောလိုက်သည် “ငါမင်းတို့ကို တစ်ယောက်ယောက်နဲ့ မိတ်ဆက်ပေးစရာ ရှိတယ်။ ငါ့နောက်လိုက်ခဲ့”
“ဟုတ်ကဲ့ပါ” ဝေကုချန်းနှင့် တုန်ရွှမ်းအာတို့သည် ချင်းတုန်နောက်မှာ လိုက်သွားခဲ့ကြသည်။
ဝူရီသည် သူတော်စင်သလင်းကျောက် အနည်းငယ်ကို ထုတ်၍ လအရိပ်ခန်းမ တပည့်နှစ်ယောက်ကို ပေးလိုက်၏။ ထိုနှစ်ယောက်မှ ကျေးဇူးတင်စကား ပြောပြီးသော် သူမတို့ နှစ်ယောက်ကို ပြန်လွှတ်လိုက်လေသည်။ ရန်ကိုင်တို့အဖွဲ့ ချင်းတုန် ရောက်လာမည်ကို စောင့်နေကြသည်။
မကြာမီ တံခါးခေါက်သံကို ကြားလိုက်ရသည်။ ဝူရီ ချက်ချင်း တံခါးထဖွင့်လိုက်ရာ လူငယ်လေး တစ်ယောက်နှင့် မိန်းမငယ်လေးတစ်ယောက် အဖော်ပြု လိုက်ပါလာသော ချင်းတုန်ကို တွေ့လိုက်ရသည်။
“တူလေးရန်၊ မင်းကို စောင့်နေမိစေလိုက်ပြီ” ချင်းတုန်က လက်သီးဆုပ်၍ ပြောလိုက်သည်။
“မဟုတ်ရပါဘူးဗျာ။ ကျုပ်လည်း အလျင်လိုနေတာမှ မဟုတ်တာ စီနီယာရယ်” ရန်ကိုင်က မတ်တပ်ရပ်ပြီး နှုတ်ဆက်လိုက်၏။
ရန်ကိုင်မှ သူ့အား ခေါ်ဝေါ်ပုံ ပြောင်းလဲသွားသည်ကို မြင်သော် ချင်းတုန်၏ မျက်ဝန်းများ တောက်ပသွားခဲ့သည်။ ရန်ကိုင်သည် သူ့အား အမြဲတမ်း အကြီးအကဲချင်းဟုသာ ခေါ်ဆိုခဲ့သည်။ သို့သော်လည်း ယခုမူ စီနီယာဟု ခေါ်နေလေပြီ။
ချင်းတုန်လည်း ဘာအပိုစကားမှ ထပ်ပြောမနေဘဲ ထိုင်ခုံပေါ် ထိုင်လိုက်သည်။
ချင်းတုန်နောက်မှ လိုက်လာသော ဝေကုချန်းနှင့် တုန်ရွှမ်းအာတို့၏ အမူအရာ ထူးဆန်းနေခဲ့သည်။ ချင်းတုန်သည် သူတို့အား တစ်ယောက်ယောက်နှင့် မိတ်ဆက်ပေးမည်ဟု ပြောခဲ့သည်။ ချင်းတုန် သူတို့နှင့် မိတ်ဆက်ပေးမည့်သူကား တစ်နေရာရာမှ စီနီယာ တစ်ယောက်ဟု ထင်နေမိခဲ့သည်။ သို့သော်လည်း သူတို့ ရှေ့ရှိ လူသည် သူတို့နှင့် အသက်တူလောက်သာ ရှိသေးသော ဂျူနီယာတစ်ယောက်သာ မဟုတ်ပေလော။ ထို့အပြင် ထိုဂျူနီယာ၏ ကျင့်ကြံခြင်းသည် သူတော်စင်ဘုရင် ပထမအဆင့်သာ ရှိသေးသည်။
ဘာကြောင့်များ သူတို့၏ အကြီးအကဲသည် ထိုလူငယ်လေးကို လေးလေးစားစား ဆက်ဆံနေရသနည်း။ ထိုလူငယ်လေးသည် ဂိုဏ်းကြီးတစ်ဂိုဏ်းဂိုဏ်းမှ လူတစ်ယောက် လုံဂဝမဟုတ်ချေ။ ထို့သို့ဆိုလျှင် သူဘယ်သူများလေနည်း။
“ဒီနှစ်ယောက်က...” ရန်ကိုင်က ဝေကုချန်းနှင့် တုန်ရွှမ်းအာတို့ကို ကြည့်ကာ မေးလိုက်သည်။ ထိုနှစ်ယောက် မည်သူဖြစ်မလဲ ဆိုသည်ကို ခန့်မှန်းထားပြီး ဖြစ်သော်ငြား မသိချင်ယောင် ဆောင်နေလိုက်ပေသည်။
ချင်းတုန် ထိုနှစ်ယောကို ဘာကြောင့် ခေါ်လာရသနည်း။ နည်းနည်းလောက် စဉ်းစား ကြည့်လိုက်သည့်အခါ ချင်းတုန်၏ ရည်ရွယ်ချက်ကို ရန်ကိုင် နားလည်သွားခဲ့သည်။
ရန်ကိုင် ပြောတော့မှပဲ ချင်းတုန်လည်း သတိရလိုက်ပြီး ရယ်ရယ်မောမောဖြင့် ပြောလိုက်လေသည် “ဟားဟား၊ ငါမိတ်ဆက်ပေးဖို့ မေ့နေတာ တူလေးရန်ရေ”
ချင်းတုန်က ဝေကုချန်းဆီ ညွှန်ပြ၍ ပြောလိုက်သည် “ဒါက ငါတို့ အရိပ်လခန်းမရဲ့ လွန်ခဲ့တဲ့ နှစ်ရာပေါင်း များစွာအတွင်း အရည်အချင်း အရှိဆုံး တပည့်ဖြစ်တဲ့ ဝေကုချန်းပေါ့” ထို့နောက် မိန်းမငယ်လေးဆီ ညွှန်ပြကာ “ဒါကတော့ ရွှမ်းအား၊ ငါ့တပည့်လေးပဲ။ မင်းတို့ နှစ်ယောက်၊ သူက ရန်ကိုင်ပဲ။ မြန်မြန် နှုတ်ဆက်လိုက်ဦး”
ချင်းတုန် ပြောသည်ကို နားထောင်ရင်း ဝေကုချန်းနှင့် တုန်ရွှမ်းအာတို့ ထိတ်လန့်တုန်လှုပ်နေကြသည်။ လူငယ် မျိုးဆက် အဖွဲ့ဝင်များဖြစ်သည်နှင့်အညီ စီနီယာများကို သူတို့ဘက်မှ အရင်ဆုံး စနှုတ်ဆက်ရသည်ကို သိသည်။ သို့သော် လူငယ်မျိုးဆက် အချင်းချင်း တွေ့သည့်အခါ သူတို့ထက် အဆင့်အတန်း၊ ကျင့်ကြံခြင်း ပိုမြင့်သည့် လူများကိုသာ နှုတ်ဆက်ကြသည်။ ထိုရန်ကိုင်ဆိုသော လူငယ်လေးသည် သူတို့ထက် ကျင့်ကြံခြင်း ပိုနိမ့်သည်။ သူစိမ်းတစ်ယောက်လည်း ဖြစ်သည်။ သို့တိုင် အကြီးအကဲ ချင်းတုန်သည် ဘာကြောင့် သူတို့အား ထိုလူငယ်လေးကို ယဉ်ယဉ်ကျေးကျေး နှုတ်ဆက်ခိုင်းနေရသနည်း။
ထိုကဲ့သို့ အတွေးများနေသဖြင့် ချက်ချင်း နှုတ်မဆက် နိုင်သေးဘဲ တုန့်ဆိုင်းနေမိကြလေသည်။
ထိုအခြင်းအရာကို မြင်လိုက်သော် ထိုနှစ်ယောက် ဘာတွေးနေလဲ ဆိုသည်ကို ချင်းတုန် မသိဘဲ နေမည်လား။ သူ့တပည့် နှစ်ယောက်သည် စိတ်ထားကောင်းသော်ငြား သူတို့တွင် ဂိုဏ်းကြီးများ၏ ထိပ်တန်းတပည့်များ ရှိလေ့ ရှိသော မာနာဆိုသောအရာ ရှိနေပေသေးသည်။ ဖန်ထျန်းဇုံ၊ ချူချန်ဖုန်းတို့ သူတို့ရှေ့တွင် ရပ်နေလျှင်ပင် သူတို့အား ယဉ်ယဉ်ကျေးကျေး နှုတ်ဆက်လာအောင် လုပ်နိုင်သည့် အရည်အချင်း မရှိချေ။
ချင်းတုန် စိုးရိမ်သွားသည်။ ထိုနှစ်ယောက်၏ အပြုအမူ ကြောင့် ရန်ကိုင် မကျေမနပ် ဖြစ်သွားမည်ကို စိုးရိမ်မိသွား၏။ ရန်ကိုင်သာ မကျေမနပ် ဖြစ်သွားလျှင် သူကြိုးစားထားရသမျှအားလုံး ရေစုတ်မျောပေလိမ့်မည်။ မလာခင်ကတည်းက ကြိုပြီး ပြောမထားမိခဲ့သည်ကို ကြိတ်၍ နောင်တရနေခဲ့သည်။ ယခုမှ ရှက်စရာတွေ ဖြစ်ကုန်ပေပြီ။
သို့သော်လည်း ရန်ကိုင်ကမူ ထိုကဲ့သို့သော အရာများကို စိတ်ထဲမထား။ ရယ်ရယ်မောမောဖြင့်သာ နှုတ်ဆက်လိုက်၏ “ဒီတော့ အစ်ကိုဝေ့ပေါ့။ အစ်ကိုဝေအကြောင်း ကျုပ်အများကြီး ကြားဖူးထားပါတယ်”
ရန်ကိုင်သည် ဝေကုချန်းဆိုသော နာမည်ကို ယနေ့မှသာ စကြားဖူးခြင်း ဖြစ်သည်။ ထို့ကြောင့် သူ့စကားမှာ အမှန်မဟုတ်၊ သို့သော် ချင်းတုန်အား နည်းနည်းပါးပါး မျက်သာပေးဖို့ရာ ထိုကဲ့သို့ပြောရန် ဝန်လေးနေမည်မဟုတ်ချေ။
ဝေကုချန်းက အသာအယာ ခေါင်းညိတ်လိုက်ပြီး လက်သီးဆုပ်ကာ ခေါင်းညိတ်ပြလိုက်သည်။ သို့သော် စကားတော့ပြန်မပြော။
ထို့နောက် တုန်ရွှမ်းအာဘက်သို့ လှည့်၍ “အစ်မတုန်ကို နှုတ်ဆက်ပါတယ်”
တုန်ရွှမ်းအာက ခေါင်းပြန်ညိတ်ပြသည်။ သို့သော် ဝေကုချန်းကဲ့သို့ပင် စကားပြန်မပြောခဲ့ချေ။
ချင်းတုန်က ရယ်မောလျက် ဝင်ပြောလိုက်လေသည် “ဒီချင်းက အိုနေပြီ။ မင်းတို့တွေက ရွယ်တူတွေဆိုတော့ နောက်ပိုင်း အချင်းချင်း ရင်းနှီးအောင်လုပ်သင့်တယ်”
ရန်ကိုင်ကမူ ချင်းတုန် ပြောသည်ကို မသိသလိုသာ နေသည်။ ဝေကုချန်းနှင့် တုန်ရွှမ်းအာသည်လည်း ထိုနည်း အတိုင်းပင်။ သူတို့ အကြီးအကဲသည် ထိုလူငယ်လေးကို နှစ်သက်သော်ငြား သူတို့သည် အစစ်အမှန် ပညာရှင်နှင့် လက်ရွေးစင်များကိုသာ လေးစားသည်။ ထိုလူငယ်လေးသည် အဆင့်အတန်းမြင့်မာသူ တစ်ယောက် ဆိုလျှင်ပင် သူတို့ နှိမ့်ချအောင် လုပ်နိုင်သည့် အရည်အချင်း မရှိချေ။
သူအကိုင်အတွယ်မတက်၍ ဒုက္ခရောက်ပြီမှန်း ချင်းတုန် သိလိုက်သည်။ ဝေကုချန်းနှင့် တုန်ရွှမ်းအာကို လူငယ်အချင်းချင်း ဖြစ်သည့်အတွက်ကြောင့် ဆက်ဆံရ အဆင်ပြေမည်ဟု ထင်ကာ ရန်ကိုင်နှင့် မိတ်ဆက်ပေးရန် ခေါ်လာခဲ့ခြင်း ဖြစ်သည်။ သူတို့သာ ရန်ကိုင်နှင့် မိတ်ဆွေ ဖြစ်ထားနိုင်လျှင် နောက်ပိုင်းကျ အကျိုးအမြတ်များစွာ ရရှိနိုင်ပေလိမ့်မည်။ သို့သော်လည်း ချင်းတုန်သည် သူ့တပည့် နှစ်ယောက်၏ မာနကို အထင်သေးခဲ့မိသည်။
ထိုနှစ်ယောက်ကို ဆက်ခေါ်ထား၍လည်း ဘာအကျိုးမှ ထူးလာမည်မဟုတ်မှန်း သိသော် ချင်းတုန်က ဝေကုချန်းနှင့် တုန်ရွှမ်းအာတို့ကို အပြင် ထွက်နေခိုင်းလိုက်လေသည်။
ဝေကုချန်းနှင့် တုန်ရွှမ်းအားတို့လည်း ယဉ်ယဉ်ကျေးကျေး ဦးညွှတ်လိုက်ပြီး အပြင်သို့ ထွက်သွားလိုက်သည်။ ရန်ကိုင်ကိုမူ သောက်ဖတ်ပင် မလုပ်ချေ။
သူတို့ ထွက်သွားပြီးနောက် ချင်းတုန်က ခါးသက်စွာ ပြုံးလျက် “တူလေးရန်ကို ရှက်စရာတွေ ပြမိကုန်ပါပြီကွာ။ နောက်မှ ဒီကောင်တွေကို ကောင်းကောင်း သင်ခန်းစား ပေးရမယ်”
ရန်ကိုင်က ခေါင်းခါ၍ “ဒီနေ့ အရိပ်ကြယ်ပေါ်က လူငယ် ပါရမီရှင်တွေ အများကြီးကို ကျုပ်မြင်ခဲ့ပြီးပါပြီ။ သူတို့နှစ်ယောက် ဟိုလူတွေနဲ့ယှဉ်ရင် အတော်လေး ကောင်းတယ်လို့တောင် ပြောလို့ရတယ်”
ချူချန်ဖုန်းသည် မောက်မာပြီး မာနကြီးသည့် လူစားမျိုး ဖြစ်ကာ ရန်ကိုင်အမုန်ဆုံးလည်း ဖြစ်သည်။ ဖန်ထျန်းဇံ ကိုလည်း အကြိုက်တွေ့လှသည်မဟုတ်။ ချူချန်ဖုန်းနှင့် အားပြိုင်စဉ်က ပတ်ဝန်းကျင်ကို ဂရုမစိုက်ဘဲ သူတို့ လုပ်ချင်သည့် အရာကိုသာ လုပ်ခဲ့သည်။ ထိုနေရာတွင် ရန်ကိုင် ဖြစ်နေ၍သာ ကံကောင်းသွားခဲ့သည်။ အခြား အဆင့်နိမ့် ကျင့်ကြံသူတစ်ယောသာ ဆိုပါက အားလုံးရှေ့ အရှက်ကွဲရပေလိမ့်မည်။ ယင်စုတျယ်မူကား၊ ထိုမိန်းကလေးသည် ငယ်ရွယ်သည့်တိုင် ဥာဏ်များပြီး ကောက်ကျစ်သည်။
ဝေကုန်ချန်းနှင့် တုန်ရွှမ်းအာတို့သည် ထိုကဲ့သို့သော အမူအကျင့်မျိုး မပိုင်ဆိုင်ထားကြချေ။ သူတို့ နှစ်ယောက် စလုံးသည် အတော်လေး တည့်တိုးဆန်သည်ဟု ပြော၍ ရသည်။ မဟုတ်လျှင် ချင်းတုန်အား ထိုကဲ့သို့ အရှက်ရအောင် လုပ်ခဲ့လိမ့်မည် မဟုတ်ချေ။
သို့သော်လည်း ရန်ကိုင်က လက်ရှိ အခြေအနေကို အဆင်ပြေ ချောမွေ့သွားအောင်သာ လုပ်နေခြင်း ဖြစ်၏။ ချင်းတုန် မည်သို့ပင် ပြောနေစေကာမူ ထိုနှစ်ယောက်နှင့် မိတ်ဆွေလုပ်ချင်စိတ် မရှိချေ။ သူ့တို့တွင် မာနရှိသလို ရန်ကိုင်တွင်လည်း မာနရှိပေသည်။
မည်သူမှ ပြီးပြည့်စုံမနေချေ။
ရန်ကိုင်၏ စကားကို ကြားလိုက်သည့်အခါမှပဲ ချင်းတုန် ပြုံးနိုင်တော့သည်။
ဟိုနည်းနည်း၊ သည်နည်းနည်း ပြောပြီးနောက် ရန်ကိုင်က သူသိချင်နေသည့် အကြောင်းအရာကို မေးလိုက်၏ “လေလံပွဲမစခင်တုန်းက ကျုပ်နဲ့ ပြောစရာ တစ်ခုခု ရှိလို့ဆို၊ အကြီးအကဲ ဘာများ သိချင်တာလဲ”
ထိုစကားကို ကြားလိုက်သည့်အခါ ချင်းတုန်၏ အမူအရာ လေးနက်သွားခဲ့ပြီး ပြန်မေးလိုက်လေသည် “သဲမီးတောက်နယ်မြေအကြောင်း တူလေးရန် ကြားဖူးလား”
ရန်ကိုင် ချင်းတုန်ကို အံ့အားသင့်တကြီး ကြည့်လိုက်၏။ သူလည်း ချင်းတုန်နှင့် ထိုအကြောင်းကို ဆွေးနွေးနေလိုခြင်း ဖြစ်သည်။ သို့သော် ဆွေးနွေးလိုသည့် ခေါင်းစဉ်ချင်း တူသွားလိမ့်မည်ဟု မထင်ထားခဲ့ချေ။ အသာအယာ ခေါင်းညိတ်လျက် ရန်ကိုင်က ပြန်ပြောလိုက်၏ “နည်းနည်းပါးပါးတော့ ကြားဖူးတယ်”
“ကြားဖူးမှတော့ ပိုလွယ်သွားပြီ” ချင်းတုန်က လက်ဖက်ရည်တစ်ငုံ စုပ်သောက်လျက် ဆက်ပြောလိုက်၏ “တူလေးရန် သဲးမီးတောက်နယ်မြေကို စူးစမ်းချင်လား”
“စီနီယာ ဘာပြောချင်နေတာလဲ” ထိုထူးဆန်းသည့် နယ်မြေကို ရန်ကိုင် မသွားချင်ဘဲ နေမည်လား။ သွားချင်သည်ပေါ့။ သို့သော်လည်း သူ့အတွေးများကို မျက်နှာထက် မပေါ်လွင်စေခဲ့ချေ။
“တူလေးရန် နားမလည်မှုမလွဲနဲ့နော်” ချင်းတုန်က ပြုံး၍ “အစကတော့ တူလေးရန်ကို အဲ့လိုနေရာဆီ မသွားခိုင်းချင်ပါဘူး။ သဲမီးတောက်နယ်မြေက အရမ်းကို အန္တရာယ်များတာ။ တစ်ကြိမ်ဖါင့်တိုင်း ဝင်သွားတဲ့လူရဲ့ ခြောက်ဆယ်ရာခိုင်နှုန်းလောက်ပဲ ပြန်လာနိုင်ကြတာ။ ဒါပေမယ့် တူလေးရန်က သူတော်စင်ဘုရင်ပထမအဆင့်နဲ့ သူတော်စင်ဘုရင် တတိယအဆင့်ကို သတ်ဖူးတယ်ဆို အဲ့ဒါ အမှန်ပဲလား”
“ဟုတ်တယ်”
လော့ချင်းဆီမှ ထိုအကြောင်းကို ကြားသိထားခြင်း ဖြစ်သည်။ သို့သော် ရန်ကိုင်ကိုယ်တိုင်က ဝန်ခံလာချိန် အံ့အားမသင့်ဘဲ မနေနိုင်အောင် ဖြစ်နေသေးသည်။ ထိုတစ်ချက်နှင့်ပင် ရန်ကိုင်၏ တိုက်ပွဲစွမ်းရည်သည် သူ့ကျင့်ကြံခြင်းထက် ပိုမြင့်မှန်း ချင်းတုန် သိလိုက်သည်။ မဟုတ်လျှင် သူ့ထက် အဆင့်သေးနှစ်ဆင့် ပိုမြင့်သည့် ကျင့်ကြံသူတစ်ယောက်ကို သတ်နိုင်မည် မဟုတ်ချေ။
“အဲ့လိုဆိုရင် တူလေးရန် သွားလို့၇တယ်။ တူလေးရန် စိတ်ဝင်စားလားတော့ မသိဘူး။ တူလေးရန် သွားချင်တယ် ဆိုရင် ငါစီစဉ်ပေးလို့ရတယ်”
ရန်ကိုင် မျက်မှောင်ကြုတ်လျက် ပြန်မေးလိုက်သည် “အဲ့နေရာကိုဝင်ဖို့ ကန့်သတ်ချက်တေါ ရှိသေးတာလား”
သဲမီးတောက်နယ်မြေ ဖွင့်သည်နှင့် ဤအတိုင်း ဝင်သွားလိုက်ရုံပင်ဟု ထင်နေခြင်းဖြစ်သည်။ ထို့ကြောင့် ချင်းတုန်အား သဲမီးတောက်နယ်မြေ ဖွင့်မည့် အချိန်နှင့် တည်နေရာကို မေးလိုခြင်းဖြစ်သည်။
“ရှိတာပေါ့” ချင်းတုန်က ရန်ကိုင်အား အံ့ဩတကြီး အမူအရာဖြင့် ကြည့်လျက် “အဲ့ထဲကို လူတိုင်း ဝင်နိုင်တယ်လို့ တူလေးရန် ထင်နေတာလား”
“ကျုပ်သိတာကတော့ အချိန်တစ်ခုခုရောက်မှပဲ အဲ့ထဲကို ဝင်လို့ရတယ်ဆိုတာပဲ”
ချင်းတုန်က ပြုံးဖြီးလိုက်ပြီး “ကြည့်ရတာ သဲမီးတောက် နယ်မြေအကြောင်း တူလေးရန် သိပ်မသိသေးဘူးနဲ့ တူတယ်”
“ကျုပ်ကို ရှင်းပြပေးပါဦး စီနီယာ” ရန်ကိုင်က ချက်ချင်း မေးလိုက်သည်။
“သဲမီးတောက်နယ်မြေက အချို့အချိန်တွေမှပဲ ပွင့်တာ။ ဒါပေမယ့် အဲ့လိုဆိုရင်တောင် လူတိုင်း ဝင်နိုင်တာတော့ မဟုတ်ဘူး။ တန်ခိုးရှင်အဆင့်ကို ရောက်နေတဲ့လူတွေ ဝင်လို့မရဘူး။ ဝင်တာနဲ့ တန်းသေမှာ” ချင်းတုန်က အလေးအနက် ပြောလိုက်သည်။
“ဘာလို့လဲ” ရန်ကိုင် အံ့အားသင့်သွားသည်။
“ရှီကြောင့်ပဲ။ ရှီက တန်ခိုးရှင်အဆင့်တွေ ပိုင်ဆိုင်တဲ့ အထူးစွမ်းအားတစ်မျိုးပဲ။ ဒါပေမယ့် သဲမီးတောက် နယ်မြေက ရှီကိုလက်မခံဘူး။ တန်ခိုးရှင်အဆင့် တစ်ယောက်သာ အဲ့ထဲ ဝင်သွားလိုက်တာနဲ့ သူတို့ရှီကို ထုတ်သုံးသုံး၊ မသုံးသုံး။ ချက်ချင်း ပြာချပစ်ခံရမှာ”
ရန်ကိုင် မျက်နှာ ဖြူလျော်သွားခဲ့ပြီး အနည်းငယ်လည်း ပျော်မိသွားသည်။ ရှီကို အောင်အောင်မြင်မြင် မလေ့လာ နိုင်ခဲ့သည်မှာ ကံကောင်းသွားခဲ့ပေသည်။ မဟုတ်သာ မဟုတ်လျှင်တော့ ဤအခွင့်အရေးကြီးကို လက်လွှတ် ရပေလိမ့်မည်။
ဝူရီနှင့် ယန်ယန်တို့လည်း ကြောင်နေကြသည်။
“အဲ့အချက်ကို အရိပ်ကြယ်က စီနီယာတွေ အများကြီး သေဆုံးသွားပြီးမှ သိခဲ့ရတာ” ချင်းတုန်က အသာအယာ သက်ပြင်းချလျက် “ပြီးတော့ ခွန်အား နိမ့်ကျတဲ့ လူတွေလည်း မဝင်နိုင်ဘူး။ သဲမီးတောက်နယ်မြေ ဖွင့်တဲ့ အချိန်က အဲ့ကျအပူချိန် သိသိသာသာကို လျော့ကျသွားတယ် ဆိုပေမယ့် အဲ့လျော့ကျသွားတဲ့ အပူက သူတော်စင်တစ်ယောက် တောင်ခံနိုင်တဲ့ အပူမျိုး မဟုတ်ဘူး။ ဒါကြောင့် သဲမီးတောက်နယ်မြေထဲ ဝင်နိုင်တဲ့ လူတွေအကုန်လုံးက သူတော်စင်ဘုရင်အဆင့်တွေ ချည်းပဲ။ တူလေးရန်က သူတော်စင်ဘုရင် ပထမအဆင့်သာ ရှိသေးတာ။ တူလေးရန် အဆင့်ကျော် တိုက်ခိုက်နိုင်တယ် ဆိုတဲ့အချက်ကိုသာ မသိထားရင် ငါလည်း တူလေးရန်ကို သဲမီးတောက်နယ်မြေအကြောင်း ပြောမှာ မဟုတ်ဘူး။ ဒါပေမယ့် တူလေးရန်မှာ အရည်အချင်း အလုံအလောက် ရှိနေမှတော့ သွား၊မသွားကိုတော့ တူလေးရန်ကိုယ်တိုင်ပဲ ဆုံးဖြတ်တော့ပေါ့”
“ကျုပ်သွားမှာ။ ဒီလိုအခွင့်အရေးကို လက်လွှတ်လိုက်ရင် နှမြောစရာကြီး ဖြစ်သွားမှာ၊ ဘာလို့ မသွားရမှာလဲ” ရန်ကိုင်က ပြုံးဖြီးလိုက်သည်။ သဲမီးတောက် နယ်မြေသည် ယင်နေကြာရေစင်ကို သန့်စင်နိုင်မည့် နေရာကောင်းတစ်ခု ဖြစ်ပေသည်။
ချင်းတုန်က ရန်ကိုင်ကို ကြည့်၍ ပြောလိုက်သည် “တူလေးရန် သာမန်ဘဝမျိုးမှာ နေချင်မှာ မဟုတ်မှန်း ငါသိသားပဲ။ တူလေးရန်က သွားဖို့ ဆုံးဖြတ်ထားမှတော့ အရိပ်လခန်းမရဲ့ နေရာတွေထဲက တစ်နေရာကို တူလေးရန်အတွက် ချန်ထားပေးလိုက်မယ်။ ငါတို့ အရိပ်လခန်းမမှာ နေရာတွေ အများကြီးပဲလေ”
အပိုင်း(၁၁၆၅)
အထွဋ်အထိပ်သိုင်းဧကရာဇ်
“နေရာလား” ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့ပြီး ချင်းတုန်ကို စိုက်ကြည့်လျက် ပြန်မေးလိုက်သည် “သဲမီးတောက်နယ်မြေထဲ လူဘယ်လောက်ပဲ ဝင်လို့ရတယ် ဆိုပြီး အကန့်အသတ် ရှိတာလား”
“ဟုတ်တယ်။ ငါလည်း တူလေးရန်ကို အဲ့အကြောင်း ပြောဖို့လုပ်နေတာ” ချင်းတုန်က ခေါင်းညိတ်လိုက်သည် “သဲမီးတောက်နယ်မြေ ပွင့်တုန်းက အဲ့ထဲဝင်နိုင်တဲ့ လူအရေအတွက် အကန့်အသတ် မရှိဘူး။ ဒါပေမယ့် အရိပ်ကြယ်ပေါ်မှာက အရင်းအမြစ်တွေက အရမ်း ရှားပါးတာလေ။ အထူးသဖြင့် အဆင့်မြင့် ပစ္စည်းတွေပေါ့။ တားမြစ်နယ်မြေကြီး သုံးခုထဲက တစ်ခုဖြစ်လို့ သဲမီးတောက်နယ်မြေမှာ အရင်းအမြစ်တွေအများကြီး ရှိတာ အမှန်ပဲ။ ဒါပေမယ့် ဘယ်လောက်ပဲများများ၊ လူတွေ အများကြီး ဝင်သွားတော့ အကုန်ကုန်တာပဲ။ ရလိုက်တဲ့ လူတွေကလည်း နည်းနည်းလေးပဲ ရတယ်။ နောက်တစ်ကြိမ် ဝင်သွားတဲ့ လူတွေကျလည်း ကျရော ဘာမှကိုမရတော့ဘူး”
“အရမ်းယူလွန်းတော့ အထဲမှာ ဘာမှကို မကျန်တော့တာ ” ရန်ကိုင် ခေါင်းညိတ်လိုက်၏။
“တူလေးရန်ပြောတာ အမှန်ပဲ။ ဒါကြောင့် အရိပ်ကြယ်ပေါ်က အင်အားစုတွေက ဆုံးဖြတ်ချက်တစ်ခု ချလိုက်တယ်။ သဲမီးတောက်နယ်မြေထဲ ဝင်နိုင်တဲ့ လူအရေအတွက်ကို ကန့်သတ်ဖို့ပေါ့။ ထိပ်ဆုံးဂိုဏ်းကြီး သုံးဂိုဏ်းဖြစ်တဲ့ ကြယ်ဧကရာဇ်ဂိုဏ်း၊ ကောင်းကင်တိုက်ပွဲ အစည်းအရုံးနဲ့ မိုးကြိုးမုန်တိုင်းဂိုဏ်းတို့က တစ်ဂိုဏ်းကို နေရာခြောက်ဆယ်စီ ရတယ်။ ပထမအဆင့် အင်အားစုတွေ ဖြစ်တဲ့ ငါတို့ အရိပ်လခန်းမတို့လို့ အင်အားစုတွေကျတော့ တစ်ဂိုဏ်းကို နေရာငါးဆယ်။ အဲ့လိုနဲ့ အားနည်းတဲ့ အင်အားစုတွေက နေရာနည်းနည်းပဲ ရတော့တယ်။ မိသားစုလေးတွေနဲ့ ဂိုဏ်းလေးတွေဆိုရင် နေရာ သုံးခု၊ လေးခုလောက်ပဲ ရကြတော့တယ်။ အဲ့လိုလုပ်လိုက်လို့ သူတော်စင်ဘုရင်အဆင့် ကျင့်ကြံသူတွေ ဆုံးရှုံးမှုကို လျော့ချလိုက်နိုင်သလို သဲမီးတောက်နယ်မြေကိုလည်း အတိုင်းအတာတစ်ခုအတိုင်း ကောင်းမွန်နေအောင် ထိန်းသိမ်းသွားနိုင်သွားတယ်။ နှစ်ပေါင်းများစွာကြာအောင် ဒီအတိုင်း လုပ်လာတဲ့နောက်ပိုင်း အကုန်လုံးလည်း ဒီပုံစံနဲ့ အသားကျကုန်ကြပြီ”
ရန်ကိုင် အသာအယာ ခေါင်းညိတ်လိုက်သည်။
ချင်းတုန်က ထပ်ပြောလိုက်သည် “အဲ့လိုဆိုရင်တောင် သဲမီးတောက်နယ်မြေတစ်ကြိမ် ဖွင့်တိုင်း အဲ့ထဲဝင်တဲ့လူက အနည်းဆုံး တစ်သောင်းအောက်မလျော့ဘူး။ ဒါပေမယ့် သဲမီးတောက်နယ်မြေက အရမ်းကြီးတော့ လူတစ်သောင်း ဝင်သွားမယ်ဆိုရင်တောင် ဘာမှမဖြစ်ဘူး”
ချင်းတုန်၏ ရှင်းပြချက်ကို နားထောင်ပြီးနောက် ချင်းတုန် အစောပိုင်းက ပြောလိုက်သည့် စကား၏ အဓိပ္ပါယ်ကို ချက်ချင်း နားလည်လိုက်လေသည်။
သူသာ အထဲဝင်ချင်ပါက အရိပ်လခန်းမဆီမှ နေရာ တစ်ခုရအောင် လုပ်ရပေမည်။ သို့သော်လည်း အရိပ်လ ခန်းမသည် လူအယောက်ငါးဆယ် ပို့နိုင်မှဖြင့် နေရာ တစ်ခုသည် သူတို့အတွက် ဘာမှမဟုတ်ပါချေ။
“ပြီးတော့၊ သဲမီးတောက်နယ်မြေကို နေရာတိုင်းကနေ ဝင်လို့ရတာမဟုတ်ဘူး။ အချို့နေရာတွေကနေပဲ ဝင်လို့ ရတာ။ သဲမီးတောက်နယ်မြေက တော်တော်လေးကို ထူးဆန်းတယ်။ ပြီးတော့ ဒီကပညာရှင် တော်တော် များများက သဲမီးတောက်နယ်မြေကို ရှေးဟောင်း ဆရာကြီး တစ်ပါးက ခင်းကျင်းသွားတဲ့ အစီအရင်တစ်ခုလို့တောင် သံသယဝင်နေကြတာ။ ဒါပေမယ့် အဲ့အစီအရင်ကို ငါတို့ ဘယ်လိုမှ မချိုးဖျက်နိုင်ကြဘူး။ သဲမီးတောက်နယ်မြေက မီးဓါတ်အားပျော့သွားတော့မှပဲ အဲ့နေရာရဲ့ အစွန်အဖျားမှာ ဝင်ပေါက်အချို့ ပေါ်လာလိမ့်မယ်။ ဝင်ချင်တဲ့လူတိုင်း အဲ့ဝင်ပေါက်ကို ဖြတ်ပြီးသွားရတယ်”
ထိုအကြောင်းအရာကို ကြားလိုက်သည့်အခါ သဲမီးတောက်နယ်မြေနှင့် ပက်သက်၍ သူသိထားသည့် အကြောင်းအရာမှာ အလွန်ကိုမှ ရိုးရှင်းနေမှန်း ရန်ကိုင် နားလည်လိုက်သည်။
သဲမီးတောက်နယ်မြေထဲဝင်ရန်အတွက် နေရာတစ်ခု ရထားရန် လိုအပ်ပေသည်။ ထို့အပြင် သဲမီးတောက်နယ်မြေမှ ဖွင့်ထားပေးသော ဝင်ပေါက်များမှ သာ ဝင်နိုင်သည်။ ကိုယ်ဝင်ချင်သည့်နေရာမှ ဝင်၍ မရ။
ထိုအချက်ကို နားလည်လိုက်သည်နှင့် ရန်ကိုင်က အလျင်အမြန်ပဲ ပြောလိုက်သည် “စီနီယာရေ၊ ဒီဂျူနီယာက သဲမီးတောက်နယ်မြေထဲ တကယ်ဝင်ချင်နေတာ။ ကြည့်ရတာ စီနီယာကို ဒုက္ခပေးရတော့မယ်နဲ့တူတယ်”
ချင်းတုန်က ရယ်မောလိုက်ပြီး “တူလေးရန်က အရမ်း ယဉ်ကျေးနေတာပဲ။ ဒီလူအိုကြီးသာ တူလေးရန်ကို အပြင်လူ တစ်ယောက်လို့ တွေးထားရင် အခုလိုတောင် ပြောနေတော့မှာ မဟုတ်ဘူး။ တူလေးရန် ဝင်ချင်တယ်ဆို ဒီလူအိုကြီးတာဝန်ထားလိုက်။ တူလေးရန် ကျေနပ်အောင် ငါလုပ်ပေးမယ်”
ရန်ကိုင် သူ့ဆီမှ အကူအညီ မတောင်းမည်ကို ချင်းတုန် အမှန်ကတယ် စိတ်ပူနေမိသည်။ ရန်ကိုင်နှင့် မိတ်ဆွေ ဖြစ်လိုကြောင်းကို သူ့ဘက်မှ ပြသပြီးသွားခဲ့လေပြီ။ သို့သော် ရန်ကိုင်သည် သူ့ကဲ့သို့ လူအိုကြီးတစ်ယောက်နှင့် ပေါင်းသင်း ဆက်ဆံရမည်အား မနှစ်မြို့၊ မကြိုက်မည်ကို အတော်လေး စိုးရိမ်နေမိသည်။
ယခု ရန်ကိုင်က တည့်တိုး မေးလာခဲ့ပြီ ဖြစ်လေရာ ချင်းတုန် မပျော်ဘဲ နေမည်လား။
ချင်းတုန်က ပြန်ပြောလိုက်သည် “တူလေးရန် သေချာ ပြင်ဆင်သွားဖို့လိုတယ်နော်”
“ဘာတွေ ပြင်ဆင်ဖို့လိုတာလဲ” ရန်ကိုင်က ပြန်မေး၏။
“အပူဒဏ်ကို ခုခံနိုင်တဲ့ မှော်ရတနာတွေကိုတော့ မဖြစ်မနေ ပြင်ဆင်သွားရမယ်။ တူလေးရန်မှာ သင့်တော်တဲ့ မှော်ရတနာတွေ မရှိဘူးဆိုရင်တော့ မွန်းစတားသားရဲတွေ ဆီကနေ ရထားတဲ့ အအေးဓါတ်ပစ္စည်းအချို့ကို ထောက်ပံ့ ပေးလို့ရတယ်။ အဲ့လိုပစ္စည်းတွေနဲ့ လုပ်ထားတဲ့ မှော်ရတနာတွေက သဲမီးတောက်နယ်မြေရဲ့ အပူဒဏ်ကို ခုခံဖို့ အသင့်တော်ဆုံးပဲ”
ရန်ကိုင်က ငြင်းတော့မည်အပြု ရုတ်တရက် တစ်ခုခုကို သတိရလိုက်ပြီး မေးလိုက်လေသည် “အစ်ကိုဝေနဲ့ ညီမတုန်လည်း သဲမီးတောက်နယ်မြေထဲ ဝင်မှာမလား”
ချင်းတုန်က ခေါင်းညိတ်လိုက်သည် “သူတို့လည်း ဝင်မှာ။ အဲ့နေရာက အန္တရာယ်များတယ် ဆိုပေမယ့် သူတို့ နှစ်ယောက်က အရိပ်လခန်းမရဲ့ အတော်ဆုံး တပည့် နှစ်ယောက်လေ။ အတွေ့မကြုံရှိဘဲနဲ့ ဘယ်လိုလုပ်ပြီး ရင့်ကျက်လာနိုင်မှာလဲ”
“အဲ့နှစ်ယောက်အတွက် မှော်ရတနာတွေက...”
ချင်းတုန်က ကိုးယိုးကားယား ပြုံးလျက် “အချို့ကိုတော့ ဝယ်ပြီးသွားပြီ။ ဒါပေမယ့် အများစုက သူတော်စင်ဘုရင် အထွဋ်အထိပ်အဆင့်တွေချည်းပဲ ဆိုတော့ ဘယ်လောက် အထိ အသုံးဝင်မလဲဆိုတာတော့ မသေချာဘူး။ ပြီးတော့ အရိပ်လခန်းမမှာ တန်ခိုးရှင်အဆင့် ပန်းပဲပညာရှင် ရှိတယ် ဆိုပေမယ့် အဲ့ဆရာကြီးက အသက်တော်တော် ကြီးနေပြီ ဆိုတော့ အရင်လို သိပ်ပြီး ပန်းပဲမထုနိုင်တော့ဘူး”
ရန်ကိုင် မျက်ခုံးပင့်လျက် ပြန်ပြောလိုက်သည် “စီနီယာ အဆင်ပြေမယ်ဆိုရင် အဲ့ရေခဲဓါတ်ပစ္စည်းတွေ ကျုပ်ဆီ ပေးခဲ့လေ။ သူတို့နှစ်ယောက်အတွက် တန်ခိုးရှင်အဆင့် မှော်ရတနာတစ်ခုစီ ကျုပ်ပြင်ထားပေးလိုက်မယ်”
ရန်ကိုင်နောက်တွင် တန်ခိုးရှင်အဆင့် ပန်းပဲပညာရှင် ရှိနေသည်ဟု ချင်းတုန် ယုံကြည်နေလေရာ ရန်ကိုင် အနေဖြင့် ဆက်လက်၍ ဖုံးကွယ်နေစရာ မလိုတော့ချေ။ ထို့အပြင် ချင်းတုန်သည် သူ့တွင် ရေခဲဓါတ်ပစ္စည်း များစွာ ရှိသည်ဟု ပြောသွားခဲ့သည်။ သူပြောချင်နေသည်ကား ထိုပစ္စည်းများကိုသုံး၍ သူ့အတွက် တန်ခိုးရှင်အဆင့် မှော်ရတနာ တစ်ခု၊ နှစ်ခုလောက် လုပ်ပေးပါဟူ၍ပင်။ သို့သော်လည်း ထိုကဲ့သို့ တည့်တိုး ပြော၍မဖြစ်သဖြင့် သွယ်ဝိုက်၍ ပြောလိုက်ခြင်း ဖြစ်ပေသည်။
ချင်းတုန်သည် ရန်ကိုင်အား အတော်လေး ကူညီ ပေးထားခဲ့သည်။ သဲမီးတောက်နယ်မြေထဲသို့ ဝင်နိုင်သည့် နေရာတစ်ခုကိုပင် သူ့အား ပေးခဲ့သေးသည်။ ထို့ကြောင့် ရန်ကိုင်ဘက်ကလည်း နည်းနည်းလောက် ပြန်၍ သိတတ်သင့်ပေသည်။
သူ့အား လေးစားသူတိုင်း သူက ဆယ်ဆ ပြန်လေးစား၏။
ရန်ကိုင်က ထိုကဲ့သို့ ပြောလာသော် ချင်းတုန် ပျော်သွားခဲ့ပြီး ထပ်ခါတလဲလဲ ခေါင်းညိတ်လိုက်သည် “ရတယ်လေ။ တူလေးရန်က ပြင်ပေးထားမယ်ဆိုတော့ ဒီလူအိုကြီး လုံးဝ စိတ်သက်သာရာ ရသွားပြီ။ ဟားဟားဟား၊ အဲ့လိုဆိုရင် ဒီကိစ္စနဲ့ ပက်သက်ပြီး တူလေးရန်ကို ဒုက္ခပေးရတော့မှာပေါ့”
သူပြောချင်သည့် အဓိပ္ပါယ်ကို ရန်ကိုင် နားမလည်လျှင် ဘာဆက်လုပ်ရမလဲဟု ချင်းတုန် စဉ်းစားနေခြင်း ဖြစ်သည်။ ထိုသို့ ဖြစ်လာလျှင် မျက်နှာ အပျက်ခံပြီးတော့သာ ပွင့်ပွင့်လင်းလင်း တောင်းဆိုရပေလိမ့်မည်။ သို့သော်လည်း ရန်ကိုင်ကလည်း အပွေးမြင် အကောင်းသိသည့် လူဖြစ်နေသည်မှာ ကံကောင်းသွားပေသည်။
သဘောတူညီချက် ရသွားပြီ ဖြစ်သဖြင့် ချင်းတုန်သည် သိုလှောင်လက်စွပ် တစ်ကွင်းကိုထုတ်ကာ ရန်ကိုင်ဆီသို့ ပေးလိုက်လေသည်။
ထိုပစ္စည်းများကို ပြင်ဆင်ပြီးထားသည်မှာ ကြာနေပြီ။ ချင်းတုန်သည် ဝေကုချန်းနှင့် တုန်ရွှမ်းအာတို့ကို ရန်ကိုင်နှင့် မိတ်ဆက်ပေးရန် ခေါ်လာပြီး ရန်ကိုင်အား ထိုပစ္စည်းများကို သုံး၍ မှော်ရတနာ လုပ်ပေးရန် အကူအညီတောင်းနိုင်မည့် နည်းလမ်းတစ်ခု ရှာရန် စဉ်းစားခဲ့သည်။
သို့သော်လည်း သူ့တပည့်နှစ်ယောက်သည် မိုးထိလောက် မာနာကြီးလေရာ ချင်းတုန်၏ ကြိုးစားမှု အလဟဿ ဖြစ်သွားခဲ့ရသည်။
ရန်ကိုင်လည်း သိုလှောင်လက်စွပ်ကို ယူလိုက်ပြီး အထဲရှိ ပစ္စည်းများကို အကြမ်းဖျင် စစ်ဆေးကြည့်လိုက်ရာ အထဲတွင် အအေးဓါတ်ထုတ်လွှတ်နေသော ပစ္စည်းများစွာ ရှိသည်ကို တွေ့လိုက်ရသည်။ ထိုပစ္စည်းများ၏ အရှိန်အဝါ အရ ထိုအရာများသည် အဆင့်ကိုး မွန်းစတားသားရဲများမှ လာသည့်ပုံပင်။ အမြူတေများပင် ရှိနေသေးသည်။
အရိပ်ကြယ်ပေါ်တွင် ဆေးဖော်စပ်ရန်နှင့် ပန်းပဲထုရန် ကုန်ကြမ်းပစ္စည်းများ ရှားပါးမနေချေ။ ရှားပါးနေသည်ကား အဆင့်မြင့် ပန်းပဲပညာရှင်များနှင့် ဆေးပညာရှင်များပင်။
ထိုပစ္စည်းများနှင့်ဆိုပါက မှော်ရတနာ လေးခု၊ ငါးခု လောက်ကို လုပ်နိုင်ပေလိမ့်မည်။
“တူလေးရန် အခုလို ကူညီပေးလို့ ကျေးဇူးပဲကွာ”
“စီနီယာလည်း ကျုပ်ကို ကူညီပေးထားတာ နည်းတာမှ မဟုတ်တာ။ စီနီယာ နောင်လိုအပ်တာရှိရင် ကျုပ်ကို လာပြောလို့ရတယ်နော်”
ချင်းတုန်က ထပ်တလဲလဲ ခေါင်းညိတ်လိုက်သည်။ ရန်ကိုင်က လောကဝတ်အရ ပြောနေခြင်း ဖြစ်မှန်း သိသော်ငြား ကြားရသည်မှာ နားဝင်ချိုလှသည်။
“ဟုတ်သားပဲ။ သဲမီးတောက်နယ်မြေ ဖွင့်မယ် အချိန် အတိအကျကို ပြောပြလို့ရမလား” ရန်ကိုင်က အဓိက ခေါင်းစဉ်ဆီ သွားလိုက်သည်။
ချင်းတုန်က ခဏလောက် စဉ်းစားပြီးနောက် “အဲ့ဒါက ပြောဖို့လက်ခက်တယ်။ နောက်တစ်လလောက်လည်း ဖြစ်ရင် ဖြစ်မယ်။ လနဲ့ချီပြီး ကြာပြီးတော့မှလည်း ဖြစ်ရင် ဖြစ်နိုင်တယ်။ အပူအားနည်းသွားတဲ့အချိန်ပေါ် မူတည်တယ်။ ဒါပေမယ့် အင်အားစုကြီးတွေက သဲမီးတောက် နယ်မြေကို နေ့ညမပြတ် စောင့်ကြည့်နေတာ ဆိုတော့ အဲ့ကအပူချိန် လျော့ကျသွားတာနဲ့ ငါတို့လည်း ချက်ချင်း သတင်းရမှာပဲ။ အခု အားနေတဲ့ အချိန်အတွင်း လိုအပ်တာတွေ ကြိုပြင်ဆင်ထားလိုက်ပေါ့။ ဒီလူအိုကြီး တစ်ခုခုကြားရင် တူလေးရန်ကို လှမ်းအကြောင်း ကြားလိုက်မယ်”
ပြောပြီးသည်နှင့် ချင်းတုန်သည် ရန်ကိုင်ဆီ ဆက်သွယ်ရေး မှော်ရတနာတစ်ခု ပေးလိုက်လေသည်။
ရန်ကိုင်လည်း ထိုပစ္စည်းကို သူ့သိုလှောင်လက်စွပ်ထဲသို့ ထည့်သိမ်းထားလိုက်သည်။
ထိုစဉ် တံခါးခေါက်သံကြားသဖြင့် ဝူရီက သွားဖွင်လိုက်ရာ အလေးအနက် အမူအရာဖြင့် အထဲသို့ ဝင်လာသော လော့ချင်ကို တွေ့လိုက်ရသည်။
ချင်းတုန်က ရယ်မောလျက် “တူလေးရန်ရဲ့ သူတော်စင် သလင်းကျောက်တွေကို ဟိုခွေးအိုကြီးယန်ဖေး လော့ချင်နဲ့ ထည့်ပေးလိုက်တာ ဖြစ်ရမယ်”
ရန်ကိုင် စိတ်ဓါတ်တက်ကြွသွားပြီး ဝူရီနှင့် ယန်ယန်တို့၏ မျက်ဝန်းများ တောက်ပသွားခဲ့ကြသည်။
လေလံပွဲတွင် သူတို့ရောင်းခဲ့သည့် ပစ္စည်းများအတွက် သူတော်စင်သလင်းကျောက်များ ရောက်လာခဲ့လေပြီ။ ရန်ကိုင် ဤနေရာတွင် စောင့်နေရသည့် အကြောင်းပြချက် နှစ်ချက်ရှိသည်။ တစ်ချက်မှာ ချင်းတုန်နှင့် စကားပြောရန် ဖြစ်ပြီး ဒုတိယတစ်ချက်သည် သူတော်စင်သလင်းကျောက် များကို လက်ခံယူရန် ဖြစ်သည်။
သူရတော့မည့် သူတော်စင်သလင်းကျောက် သန်းတစ်ရာကျော်အကြောင်း စဉ်းစားမိလိုက်သည်နှင့် ရန်ကိုင် အပျော်လုံးဆို့သွားခဲ့သည်။
လော့ချင်က လေးလေးစားစားဖြင့် သိုလှောင်လက်စွပ်ကို စားပွဲပေါ်တွင် ချလိုက်ပြီးနောက် ပြောလိုက်သည် “ဆရာယန်ပြောတာက သခင်လေးရန် ရမယ့် သူတော်စင်သလင်းကျောက်က (၁၀၆)သန်း၊ ငါးသိန်း၊ လေးသောင်းငါးထောင်တဲ့။ ဒါပေမယ့် ကွက်တိ ဖြစ်သွားအောင်လို့ (၁၀၇)သန်း ထားပေးလိုက်တယ်တဲ့။ ကျေးဇူးပြုပြီး စစ်ဆေးကြည့်ပါဦး သခင်လေးရန်...”
“(၁၀၇)သန်းလား” ရန်ကိုင် မျက်မှောင် ကြုတ်သွားသည်။
ရန်ကိုင် အမူအရာကို မြင်သော် ချင်းတုန်က အပြုံးဖြင့် ရှင်းပြလိုက်သည် “ရတနာစံအိမ်က ရောင်းရတဲ့ ပစ္စည်းတိုင်းရဲ့ ဆယ်ရာခိုင်နှုန်းကို လေလံတင်ပေးခအဖြစ် ယူတယ်လေ။ သန်းတစ်ရာဆိုရင် ဆယ်သန်းပေါ့”
“လောဘကြီးလိုက်တာ” ဝူရီနှင့် ယန်ယန်တို့ နှစ်ယောက်စလုံး ပြိုင်တူ အော်လိုက်ကြသည်။ သူတော်စင် သလင်းကျောက် ဆယ်သန်း ဆုံးရှုံးလိုက်ရသည့် အတွက်ကြောင့် သူမတို့၏ နှလုံးသားလေးများ နာကျင်နေရလေပြီ။
ချင်းတုန်က ထပ်ပေါင်းပြောလိုက်သည် “ဒါပေမယ့် ဒီတစ်ကြိမ်တော့ ယန်ဖေး ငါးရာခိုင်နှုန်းပဲ ယူထားတယ်နဲ့ တူတယ်။ တူလေးရန်နဲ့ နောက်ပိုင်း ဆက်ပြီး အလုပ် လုပ်ချင်သေးလို့ ဒီလိုမျိုး ဈေးကို လျော့ပြီး ယူလိုက်တာဖြစ်မယ်”
ရန်ကိုင်က ပြုံး၍ ခေါင်းခါလျက် “နောက်ပိုင်း အဲ့လို ပစ္စည်းကောင်းတွေ ရှိတော့မှာမဟုတ်ဘူး။ လေလံတင်ခဲ့တဲ့ တန်ခိုးရှင်အခြေတည် ဆေးလုံး နှစ်လုံးစလုံးက ကျုပ်ဆရာ မတော်တဆရာ ရခဲ့တဲ့ဟာတွေ။ ထပ်မရှိတော့ဘူး။ ပြီးတော့ စီနီယာချင်း၊ ဆေးသွေးကြောပါတဲ့ တန်ခိုးရှင်အခြေတည် ဆေးလုံးကို အင်အားစုကြီးတွေ ဘာလို့ ဒီလောက် လိုချင်နေကြတာလဲ”
ရန်ကိုင်၏ နားမလည်သည့် အမူအရာကို ချင်းတုန် ရယ်သွမ်းသွေးလိုက်ပြီး “ကုချန်းနှင့် ရွှမ်းအားတိုလည်း ငါ့ကို အဲ့မေးခွန်းမျိုး မေးသေးတယ်”
ချင်းတုန်၏ ရှင်းပြချက်ကို ကြာပြီးသော် ထိုလူများ ရူးသွားခြင်းမဟုတ်ဘဲ တန်ခိုးရှင်ဘုရင်အဆင့်သို့ ရောက်ချင်စိတ် ပြင်းပြခြင်းသာ ဖြစ်ကြောင်းကို ရန်ကိုင် သိသွားခဲ့လေသည်။ ထို့ကြောင့် သူတော်စင်သခင်းကျောက် ဘယ်လောက်ကုန်ကုန် မကုန်ကုန်ကို ဂရုမစိုက်တော့ဘဲ ဆေးလုံးအား ရရှိရေးကိုသာ ဦးစားပေးခဲ့ခြင်း ဖြစ်သည်။
ထိုအချက်ကို သိပြီးနောက် ရန်ကိုင် စိတ်သက်သာရာ ရသွားခဲ့သည်။
ဆေးသွေးကြောပါသည့် တန်ခိုးရှင်အခြေတည် ဆေးလုံးကို ကြိုက်သည့်အချိန် ဖော်စပ်၍ရနေပြီ။ သို့သော် သူ့တွင် တန်ခိုးရှင်အခြေတည်ဆေးလုံးများ သန့်စင်ရန် ဆေးအမယ်မရှိချေ။
သူ့သိုလှောင်လက်စွပ်ထဲတွင် မရေမတွက်နိုင်သော အဖိုးတန် ရတနာများ၊ တန်ခိုးရှင်အဆင့် ဆေးပင်များ၊ တန်ခိုးရှင်ဘုရင်အဆင့် ဆေးပင် နှစ်ရာသုံးရာလောက်ပင် ရှိနေခဲ့သည်။ သို့သော်လည်း တန်ခိုးရှင်အခြေတည် ဆေးလုံး၏ ပင်မဆေးအမယ်ဖြစ်သော မြစိမ်းရောင်ပိုးသား မြက်ပင်မှာမူ နှစ်ပင်သာ ရှိပေသည်။ ယခု ထိုဆေးပင် နှစ်ပင်စလုံး ကုန်သွားခဲ့လေပြီ။ နောက်ထပ် တန်ခိုးရှင် အခြေတည်ဆေးလုံးများကို မဖော်စပ်နိုင်တော့ချေ။ ထို့ကြောင့် ရတနာစံအိမ်နှင့် နောက်တစ်ကြိမ် အလုပ် တွဲလုပ်နိုင်မည့် အခွင့်အရေး မရှိတော့ချေ။
ထို့အပြင် လောလောဆယ်၌ သူ့တွင် သူတော်စင် သလင်းကျောက် သန်းတစ်ရာကျော် ရှိနေလေပြီ။ ထိုမျှ များပြားသော သူတော်စသင်သလင်းကျောက်များ ရှိနေလေရာ ဘာကြောင့် လေလံထပ်တင်နေဦးမည်နည်း။ သူတော်စင်သလင်းကျောက် သန်းတစ်ရာ ဆိုသည်မှာ အရိပ်လခန်းမပင် ချက်ချင်း မထုတ်ပေးနိုင်သော ပမာဏ ဖြစ်ပေသည်။