← Chapters

အခန်း (၁၁၈၆-၁၁၉၀)

Vol. 48 Ch. 1186-1190

အခန်း (၁၁၈၆-၁၁၉၀)

Vol. 48 Ch. 1186-1190

အပိုင်း(၁၁၈၆)

အထွဋ်အထိပ်သိုင်းဧကရာဇ်

“ရက်စက်ပြီး သွေးအေးတယ်ဆိုတာ ဒါမျိုးကို ပြောတာ” ရန်ကိုင်က မန်ဟုန်လျန်အား အေးစက်စက် အကြည့်ဖြင့် စိုက်ကြည့်ရင်း လှောင်ပြုံးပြုံးလျက် ပြောလိုက်သည်။ မန်ဟုန်လျန်သည် ဂိုဏ်းသား အချင်းချင်းကိုပင် ပြန်သတ်ရဲသည့် သွေးအေးရက်စက်သော လူတစ်ယောက် ဖြစ်လိမ့်မည်ဟု ရန်ကိုင်လည်း မထင်ထားခဲ့ချေ။ မန်ဟုန်လျန်သည် တကယ်ကို သောက်ကျင့်ကောင်းသည့် လူတစ်ယောက် မဟုတ်သည်မှာ သေချာသွားလေပြီ။

ရန်ကိုင် ရှေ့ထွက်လာလိုက်ပြီးနောက် သက်လတ်ပိုင်းလူကြီးအား အသာအယာ ခေါင်းညိတ်ပြလိုက်သည်။

သက်လတ်ပိုင်းလူကြီးမှာမူ ကြောင်တောင်တောင်ကို ဖြစ်လို့။ သေခါနီးအချိန်တွင် တစ်ယောက်ယောက်၏ ကယ်ဆယ်ခြင်း ခံလိုက်ရမည်ဟု မထင်ထားခဲ့။

ထို့အပြင် သူ့အား ကယ်လိုက်သည့်လူသည် ရန်ကိုင် ဖြစ်နေခဲ့သည်။ ရန်ကိုင်ဆိုသည်မှာ သူနှင့်နှစ်ကြိမ်သာ တွေ့ဖူးသေးသည့်လူ ဖြစ်သည်။ ထို့ကြောင့် အဖြစ်အပျက်တစ်ခုလုံးသည် ပို၍ အိမ်မက်ဆန်ဆန် ဖြစ်နေခဲ့သည်။

“ကိုယ့်ဘာသာ အရင်ပြန်ကုသနေနှင့်လိုက်” ရန်ကိုင်က ထိုလူ၏ သနားစဖွယ်ရာ ပုံစံကိုမြင်ပြီး ကုသရေးဆေးလုံးတစ်လုံး ပစ်ပေးလိုက်ကာ ပြောလိုက်သည်။

“ဒါပေမယ့် မင်း…” သက်လတ်ပိုင်းလူကြီးသည် ရန်ကိုင်၏ ဆေးလုံးကို လှမ်းဖမ်းလိုက်သည်။ သို့သော် သောက်ရမည်ကို တုန့်ဆိုင်းနေခဲ့ပေသည်။

ရန်ကိုင်၏ ကျင့်ကြံခြင်းသည် အလွန်ကို နိမ့်ကျနေသည့် အတွက်ကြောင့် သူ့ကိုကယ်ရင်း ရန်ကိုင်ပါ ဒုက္ခရောက်သွားမည်ကို စိုးရိမ်နေခဲ့သည်။ မန်ဟုန်လျန်သည် ရန်စကောင်းသည့် လူတစ်ယောက် မဟုတ်ချေ။

သို့သော် အနက်ရောင်မီးတောက်များကို ပြန်စဉ်းစားမိလိုက်သော် သက်လတ်ပိုင်းလူကြီးက ရုတ်တရက် ခေါင်းညိတ်လိုက်သည် “နားလည်ပြီ”

ပြောပြီးသည်နှင့် နောက်သို့ ဆုတ်လိုက်ပြီး ရန်ကိုင်ပေးသော ကုသရေးဆေးလုံးကို သောက်ကာ ငြိမ်သက်စွာ စတင် တင်ပလင်ခွေထိုင်လေသည်။

ရန်ကိုင်သည် သူတစ်ယောက်တည်းနှင့် အင်ပါယာမြို့တော်မှ လူအများကြီးကို မည်ကဲ့သို့ ရင်ဆိုင်မလဲ ဆိုသည်ကို သက်လတ်ပိုင်းလူကြီး မသိသော်လည်း တစ်ဖက်လူသည် ယခုကဲ့သို့ ရှေ့ထွက်လာရဲမှဖြင့် သူ့တွင် ဝှက်ဖဲတစ်ခုခု ရှိနေသည့် အတွက်ကြောင့်သာ ဖြစ်ရပေမည်။

ရန်ကိုင်သည် အင်အားစုကြီး တစ်ခုခုမ အကြီးအကဲတစ်ယောက်၏ သားဖြစ်မည်ဟုလည်း အလိုလို တွေးမိသွားခဲ့သည်။ ထိုသို့သာဆိုလျှင် ရန်ကိုင်အနေဖြင့် သူ့နာမည်ကို ထုတ်ပြောလိုက်ရုံပင်၊ မန်ဟုန်လျန် သူ့အား ဘာမှ လုပ်ရဲလိမ့်မည် မဟုတ်ချေ။

သက်လတ်ပိုင်းလူကြီး ထင်သည့်အတိုင်းပင် မန်ဟုန်လျန်သည်လည်း ရန်ကိုင်အား အင်အားစုကြီးတစ်ခုခုမှ တပည့်တစ်ယောက်ဟု သံသယဝင်နေခဲ့သည်။ သို့သော်လည်း သူသိထားသည့် အရိပ်ကြယ်ပေါ်ရှိ လူငယ်ပါရမီရှင်များထဲတွင် ရန်ကိုင်နှင့် တူသည့်လူ တစ်ယောက်မှ ရှိမနေခဲ့ချေ။ ထို့အပြင် သူ့ဂိုဏ်းတူ ညီအစ်ကိုမောင်နှမများသည်လည်း ရန်ကိုင်ဆိုသောလူကို သိဟန်မရ။ ထို့ကြောင့် မန်ဟုန်လျန်က အလျင်အမြန်ပဲ အော်ဟစ်၍ မေးလိုက်လေသည် “ငါ့ဂျူနီယာညီလေးက မင်းကို ဘာမှ မလုပ်တာကို မင်းဘာလို့ သူ့ကို အသားလွတ်သတ်လိုက်တာလဲ”

ရန်ကိုင်က လှောင်ပြုံးပြုံး၍ ဖြည်းဖြည်းချင်း ခေါင်းခါရမ်းရင်း ပြန်ပြောလိုက်သည် “မင်းမှာနေပြီနဲ့တူတယ်နော်။ သူ့ကို သတ်လိုက်တာ ငါမှ မဟုတ်တာ။ မင်းပဲ သတ်လိုက်တာလေ… အင်း။ မင်းသူ့ကို မသတ်ရင်တောင် သူသေမှာပဲ ဆိုပေမယ့် မင်းသူ့ကို သတ်လိုက်တယ်ဆိုတဲ့ အမှန်တရားကိုတော့ ပြောင်းလဲလို့မရဘူး”

မန်ဟုန်လျန်မျက်နှာ ပြာရာမှ နီရဲသွားခဲ့ပြီး အံကြိတ်၍ ပြန်အော်ပြောလိုက်သည် “မင်းသာ အယုတ်တမာ နည်းလမ်းနဲ့ သူ့ကို ချောင်းမတိုက်ခဲ့ဘူးဆိုရင် ငါလည်း အဲ့လို လုပ်ခဲ့ရမှာ မဟုတ်ဘူး”

ပြောပြီးသည်နှင့် သူ့အမူအရာ ပြန်လည်တည်ငြိမ်သွားခဲ့ပြီး ခေါင်းညိတ်၍ “မင်းမှန်တယ်။ ငါ့သူ့ကို သတ်လိုက်တာ မှန်တယ်။ ဒါပေမယ့် သူအရှင်လတ်လတ် မီးရှို့ခံနေရတာကို မကြည့်ရက်လို့ သူခံစားနေရတာ သက်သာသွားအောင် သတ်ပေးလိုက်တာ”

အကြံဥာဏ်တစ်ခုကို ကောက်စဉ်းစားမိလိုက်သည်နှင့် မန်ဟုန်လျန်သည် ထိုအကြံဥာဏ်ကို ချက်ချင်းပဲ အသုံးချလိုက်လေသည်။ သူပါ ဒုက္ခရောက်မည်ကို ကြောက်သဖြင့် သတ်လိုက်သည်ဟု မပြောဘဲ သူ့ဂျူနီယာညီလေး ခံစားနေရသည်ကို မကြည့်ရက်သဖြင့် သတ်လိုက်ပါသည်ဟု ပြောကာ အပြစ်ရှောင်သွားခဲ့သည်။ သူ့စကားကို ကြားလိုက်သည့်အခါ အင်ပါယာမြို့တော်ဂိုဏ်းမှ အမျိုးသမီးနှင့် အမျိုးသားများ သက်ပြင်းချလိုက်ကြလေသည်။

ကိုယ့်ဂိုဏ်းမှလူကို ပြန်သတ်ခြင်းသည် မသင့်တော်သည်ဟု ထင်မိသော်လည်း မန်ဟုန်လျန် ပေးသော အကြောင်းပြချက်သည် ယုတ္တိရှိပေသည်။ သူတို့ ဂျူနီယာညီလေးချီ၏ အခြေအနေကို ကိုယ်တိုင် မြင်တွေ့ခဲ့ရလေရာ မန်ဟုန်လျန် မလှုပ်ရှားလျှင်ပင် သူသေရပေမလိမ့်မည်။ သို့သော် တတိတိ ညင်းပန်းနှိပ်စက်ခံရပြီးမှ သေသွားရပေလိမ့်ဖြစ်ရာ မန်ဟုန်လျန်၏ လုပ်ရပ်ကို အပြစ်ဟု မဆိုနိုင်။ သူတို့ ကိစ္စကို ဖြေရှင်းပြီးသွားပြီ ဖြစ်သဖြင့် အကုန်လုံး မန်ဟုန်လျန်နား ဝိုင်းလာလိုက်ကြသည်။

သူ့ဂျူနီယာညီလေးကို သတ်လိုက်သည့် ပြစ်မှုမှ အလွယ်တကူ တိမ်းရှောင်နိုင်သဖြင့် မန်ဟုန်လျန်သည် ရန်ကိုင်အား စိတ်ထဲမှနေ၍ ကြိတ်၍ လှောင်ပြောင်နေခဲ့သည်။ နှစ်ပေါက်တစ်ပေါက်ရိုက်လိုက်ခြင်း ဖြစ်သော်လည်း ယခု ရန်ကိုင်အား အထက်စီးမှနေ၍ ပြန်ပြောနိုင်လေပြီ “ဒီကရောင်းရင်း ဘယ်ဂိုဏ်းကလဲလဲ ဆိုတာကို ပြောပြပေးလို့ရမလား။ ငါတို့ အင်ပါယာမြို့တော်ဂိုဏ်းက အင်အားစုကြီးတစ်ခု မဟုတ်ပေမယ့် ဂိုဏ်းအကြီးအကဲတွေနဲ့ အသိအကျွမ်း မိတ်ဆွေတွေ အများကြီးပဲ။ ရောင်းရင်းက ငါတို့အကြီးအကဲရဲ့ မိတ်ဆွေဂိုဏ်း တစ်ဂိုဏ်းဂိုဏ်းထဲကဆိုရင် ဒီကိစ္စမှာ ဝင်မပက်သက်ဖို့ မျှော်လင့်ပါတယ်”

“စီနီယာအစ်ကိုမန်၊ အဲ့လူဘယ်သူလဲ ကျွန်မသိတယ်” အစောပိုင်းက အော်ပြောခဲ့သော အမျိုးသမီးက မျက်မှောင်လေးကြုတ်လျက် ပြောလိုက်သည်။ ထို့နောက် ရန်ကိုင်အား ထိတ်လန့်မှု အပြည့်ဖြင့် စိုက်ကြည့်ရင်း မန်ဟုန်လျန်နား တိုးကပ်သွားခဲ့သည်။

သူမပြောသည်ကို ကြားပြီးနောက် မန်ဟုန်လျန်လည်း သူမအား အသံတိုးတိုးဖြင့် ချက်ချင်း မေးလိုက်လေသည်။

မိန်းမငယ်လေးသည် ဘာကိုမှ မဖုံးကွယ်ဘဲ သဲမီးတောက်နယ်မြေ မဖွင့်ခင် ရန်ကိုင်နှင့် အပြာရောင်ပျံလွှားဂိုဏ်းမှ ယင်ကျန်းတို့ ပဋိပက္ခအကြောင်းကို ပြန်ပြောပြလိုက်လေသည်။

“အရိပ်လခန်းမလား” မန်ဟုန်လျန် ထိတ်လန့်သွားခဲ့သည်။ လအရိပ်ခန်းမသည် ထိပ်တန်းအဆင့် အင်အားစုကြီးတစ်ခု မဟုတ်သော်ငြား သူတို့ အင်ပါယာမြို့တော်ဂိုဏ်းထက် အဆများစွာ ပိုမိုအားကောင်းသော အင်အားစုတစ်ခု ဖြစ်သည်။ ထိုဂိုဏ်းတွင် တန်ခိုးရှင် တတိယအဆင့် ပညာရှင်များစွာ ရှိပေသည်။

ဂိုဏ်းတစ်ဂိုဏ်းနှင့် တစ်ဂိုဏ်းကြား မိုင်ပေါင်းသိန်းနှင့်ချီ ဝေးကွာသဖြင့် ပုံမှန်အားဖြင့် အဆက်အသွယ် မလုပ်ဖြစ်ကြချေ။ သို့သော်လည်း လအရိပ်ခန်းမ၏ နံပါတစ်ပါရမီရှင်ဖြစ်သော ဝေကုချန်းသည် ရန်ကိုင်ဘက်မှ ကိုယ်တိုင်ကိုယ်ကျ ရပ်တည်ပေးခဲ့ရသည့် အကြောင်းကို ကြားလိုက်သည့်အခါ မန်ဟုန်လျန်သည် ချက်ချင်းပဲ ယခုကိစ္စကို သတိထားကိုင်တွယ်ရန် သေချာ ပြန်စဉ်းစားရတော့သည်။

သူသာ ဝေကုချန်းကို ဒေါသထွက်အောင် လုပ်မိလိုက်မည် ဆိုပါက အင်ပါယာမြို့တော် ဂိုဏ်းဆီ ထွက်ပြေးလျှင်ပင် လွတ်လိမ့်မည် မဟုတ်ချေ။

သို့သော်လည်း လက်ရှိကိစ္စသည် ဤအတိုင်းအတာအထိ ရောက်နေလေပြီ။ ရန်ကိုင်သည် သူ့ဂျူနီယာညီလေးကို သတ်သွားခဲ့သည်။ ထို့အပြင် မီးတောက်သလင်းကျောက် အဆီအနှစ် သူ့တွင် ရှိနေသည်ဆိုသော သတင်းကိုလည်း မပေါက်ကြားချင်ချေ။ ထို့ကြောင့်ပဲ သက်လတ်ပိုင်း လူကြီးနှင့် သူ့ဂျူနီယာညီလေးကို သတ်ပစ်ခဲ့ခြင်း ဖြစ်သည်။

လူသေများသည် မည်သည့် သတင်းကိုမှ ပေါက်ကြားစေနိုင်မည် မဟုတ်ချေ။

“ဒါပေမယ့် အဲ့တုန်းက သူက အရိပ်ခန်းမက မဟုတ်ဘူးလို့ ပြောသွားတယ်” မိန်းမငယ်လေးက ဇဝေဇဝါ အမူရာဖြင့် ပြောလိုက်သည်။

“အရိပ်ခန်းမက မဟုတ်ဘူးလား” မန်ဟုန်လျန်၏ အမူအရာ ပြေလျော့သွားသည်။

“ဟုတ်တယ်၊ ငါက လအရိပ်ခန်းမက မဟုတ်ဘူး” ရန်ကိုင်သည် သေရမည်ကို မကြောက်သည့်အလား ပြတ်ပြတ်သားသား ပြန်ပြောလိုက်သည်။ မန်ဟုန်လျန်နှင့် မိန်းမငယ်လေးတို့ စကားပြောနေသည်ကို တစ်ချက်ကလေးပင် ကြားဖြတ်မပြောခဲ့။ သူတို့ ပြောပြီးသွားသည့် အခါမှသာ ပြောလိုက်လေသည် “ငါနဲ့ ဝေကုချန်းက နည်းနည်းပါးပါး ခင်ကြတာပဲရှိတာ။ ဒါကြောင့် ဒီကိစ္စတွေ ပြီးသွားရင် သူပြဿနာ လာရှာမှာကို စိတ်ပူနေစရာ မလိုဘူး”

မန်ဟုန်လျန် ဘာတွေနေးလဲဆိုသည်ကို ရန်ကိုင် ချက်ချင်း တန်းသိလိုက်သည်။ ရန်ကိုင်သည် အရိပ်လခန်းမမှ မဟုတ်ကြောင်း သိလိုက်ရသည့် အချိန်တွင် မန်ဟုန်လျန်၏ အကြည့် အေးစက်သွားခဲ့သည်။ သို့သော် လှုပ်ရှားလျှင်ကောင်းမလား၊ မကောင်းဘူးလား ဆိုသည်နှင့် ပက်သက်၍ တွေဝေနေသေးသည်။

ဒဏ်ရာများကို ပြန်ကုနေသော သက်လတ်ပိုင်းလူကြီးမှာမူ ရန်ကိုင်၏ ပြောစကားကို ကြားလိုက်ရသည့် အချိန်တွင် သွေးအန်လုမတတ် ဖြစ်သွားခဲ့ရသည်။

ရန်ကိုင်သာ ထိုစကားကို မပြောလိုက်ပါက လက်ရှိ အခြေအနေကို ဖြေရှင်းကောင်း ဖြေရှင်းသွားနိုင်ပေလိမ့်မည်။ ရန်ကိုင်သာ ဘာမှ ထပ်မပြောလိုက်ပါက မန်ဟုန်လျန်၏ စရိုက်အရ ကျိန်းသေ ပြန်ဆုတ်သွားပေလိမ့်မည်။ ထိုသိုသာဆိုလျှင် သူရော၊ ထိုလူငယ်လေးပါ ဤနေရာမှ လုံလုံခြုံခြုံ ထွက်ပြေးနိုင်ပေလိမ့်မည်။ လက်စားပြန်ချေမည့် ကိစ္စကိုမူကား နောက်ကျမှ စဉ်းစားရပေမည်။

သို့သော်လည်း အသက်တစ်ရှိုက်စာအတွင်း၌ပင် ထိုလူငယ်လေးသည် သူ့အကာအကွယ်ကို သူ့ဘာသာ ပြန်ဖျက်စီးပစ်ခဲ့သည်။ သူထိုကဲ့သို့ ပြောလိုက်မှဖြင့် မန်ဟုန်လျန်က သူ့ကို မည်ကဲ့သို့ အလွတ်ပေးတော့မည်နည်း။ အားကောင်းသော နောက်ခံမရှိဘဲ သူတော်စင်ဘုရင်ပထမအဆင့် ကျင့်ကြံလေးဖြင့်သာ ဆိုပါက ရန်ကိုင် ဤနေရာတွင် ကျိန်းသေ သေရပေလိမ့်မည်။

ထိုအခိုက်အတန့်တွင် သက်လတ်ပိုင်းလူကြီး ဒေါသထွက်မိသွားသလို စိုးရိမ်စိတ်လည်း ဖြစ်မိသွားသည်။ ရန်ကိုင်ဘာကြောင့် ထိုမျှ ရူးကြောင်မိုက်မဲမှန်းကို သူတကယ် နားမလည်နိုင် ဖြစ်နေခဲ့သည်။

သို့သော်လည်း တစ်ဖက်လူသည် သူ့အား လာကယ်သည့်လူဖြစ်သည်။ ထို့ကြောင့် သက်လတ်ပိုင်းလူကြီး အနေဖြင့် သက်ပြင်းချပြီး သူ့ဒဏ်ရာများကိုသာ ပြန်ကုနေလိုက်သည်။ မန်ဟုန်လျန်သာ လှုပ်ရှားမည်ဆိုပါက သူလည်း အတတ်နိုင်ဆုံး ပြန်လည် တိုက်ခိုက်ကာ ရန်ကိုင်ကို ဤနေရာမှ လွတ်မြောက်အောင် လုပ်ပေးရပေမည်။ ရန်ကိုင်သည် ဘာမှမဆီမဆိုင် သူ့ကြောင့် အလကားသက်သက် ဒုက္ခရောက်ခဲ့ရသူ မဟုတ်ပေလော။

နောက်ဆုံးတွင် မန်ဟုန်လျန် ဆုံးဖြတ်ချက် ချလိုက်သည်။ ရန်ကိုင်အား အေးစက်စက် အကြည့်ဖြင့် စိုက်ကြည့်၍ ပြောလိုက်သည် “မင်းဘာသာ လအရိပ်ခန်းမနဲ့ ဘယ်လိုပဲ ပက်သက် ပက်သက်၊ ဝေကုချန်းနဲ့ပဲ သိသိ၊ ငါဂရုမစိုက်ဘူး။ ငါဒီနေ့ မင်းကို ကျိန်းသေ သတ်မယ်”

ပြောပြီးသည်နှင့် သူ့လက်ကို ဝှေ့ရမ်း၍ အော်ပြောလိုက်သည် “သူ့အနက်ရောင် မီးတောက်တွေကို သတိထား။ အခြားသူတွေဆီ သတင်းမပို့စေနဲ့ဦး”

မန်ဟုန်လျန်သည် မျက်မြင်သက်သေ အားလုံးကို လက်စဖျောက်ပစ်မည်ဟု စဉ်းစားထားပြီးသွားလေပြီ။ သူသည် တကယ်ကို သတိကြီးသည် လူတစ်ယောက်ဟု ပြောနိုင်သည်။ သူ့ဂျူနီယာညီ၊ ညီမငယ်လေးများကို တိုက်ခိုက်ရန် အမိန့်ပေးလိုက်ပြီးသည်နှင့် သူ့လက်ထဲ ရွှေရောင်အလင်းတန်း ထွက်ပေါ်လာခဲ့သည်။

မန်ဟုန်လျန်သည် နတ်ဆိုးမီးတောက်အား အလွန်ကိုမှ ထိတ်လန့်နေသည့် အတွက်ကြောင့် သူ့ဂျူနီယာညီ၊ ညီမငယ်များကို ရှေ့မှ တိုက်ခိုင်းစေလျက် သူကမူ နောက်ကနေသာ တိုက်ခိုက်ရန် စီစဉ်ထားခဲ့သည်။ တစ်ချိန်တည်းတွင် ရန်ကိုင်အနေဖြင့် ဆက်သွယ်ရေး မှော်ရတနာကို ထုတ်သုံးနိုင်မည့် အခွင့်အရေး မရအောင်လည်း လုပ်ရပေမည်။ ထိုသို့သာ မလုပ်နိုင်လျှင် သူကြိုးစားထားခဲ့ရသမျှအားလုံး ရေစုတ်မျောရပေလိမ့်မည်။

မန်ဟုန်လျန်က အမိန့်ပေးလိုက်သည်နှင့် သူတော်စင်ဘုရင် ဒုတိယအဆင့် လေးယောက်စလုံး သူတို့၏ အကာအကွယ် မှော်ရတနာများကို ထုတ်လျက် ရန်ကိုင်ဆီ တစ်ဟုန်ထိုး ပြေးဝင်သွားကြသည်။

သဲမီးတောက်နယ်မြေသို့ ဝင်လာသူများအနက် အများစုသည် အကာအကွယ် မှော်ရတနာများကို ဝတ်ဆင်လာကြသည်။ ထိုမှော်ရတနာများသည် မီးအဆိပ်ကို ခုခံနိုင်ရန်အတွက် အထူးလုပ်ထားသည့် မှော်ရတနာများ ဖြစ်ရုံသာမက အားကောင်းသော ခုခံနိုင်စွမ်းကိုလည်း ပိုင်ဆိုင်ထားသေးသည်။ အနည်းဆုံး အဆင့်တူကျင့်ကြံသူများနှင့် တိုက်ခိုက်ကြသည့်အခါ ထိုမှော်ရတနာများကို အားကိုး၍ ရရှိမည့် ဒဏ်ရာပမာဏကို အနည်းနှင့်အများ လျော့သွားအောင် လုပ်နိုင်ပေသည်။

အနက်ရောင်မီးတောက်များသည် အလွန်ကိုမှ ကြောက်မက်ဖွယ်ကောင်းလွန်းလှသည်။ လေးယောက်စလုံး ရန်ကိုင်ဆီ ပြေးဝင်သွားသော်လည်း မည်သူမှ ရန်ကိုင်နှင့် နီးနီးကပ်ကပ်သို့ မသွားရဲခဲ့။ မိန်းမငယ်လေးသည် ကြာပွတ်ရှည်တစ်ချောင်းကို ထုတ်ယူ၍ ဝှေ့ရမ်းရင်း ရန်ကိုင်ဆီသို့ မိုးပြာရောင်အလင်းတန်များကို အဆက်မပြတ် ပစ်လွှတ်လိုက်သည်။ မျက်နှာလေးသာ လှသော်ငြား အမူအရာမှာ ခက်ထန်နေသည်။

ကျန်သုံးယောက်သည်လည်း အဝေးပစ် မှော်ရတနာများကို အသုံးပြုခြင်းဖြင့်လည်းကောင်း၊ အဝေးမှသုံး၍ တိုက်ခိုက်ရသော သိုင်းပညာရပ်များကို အသုံးပြုခြင်းဖြင့်လည်းကောင်း ရန်ကိုင်အား ဝိုင်းအုံ တိုက်ခိုက်လိုက်ကြသည်။ လေးယောက်စလုံး တိုက်ခိုက်လိုက်သည်နှင့် တစ်ပြိုင်နက် မန်ဟုန်လျန်၏ လက်ထဲတွင် ရှိနေသော ရွှေရောင်အလင်းတန်း ပျောက်ကွယ်သွားခဲ့သည်။

သူတော်စင်ဘုရင် ဒုတိယအဆင့် လေးယောက်နှင့် သူတော်စင်ဘုရင် တတိယအဆင့် တစ်ယောက်သည် သူတော်စင်ဘုရင်ပထမအဆင့် တစ်ယောက်ကို ဝိုင်း၍ တိုက်ခိုက်နေကြသည်။ နောက်ဆုံးရလဒ် မည်သို့ ဖြစ်မည်လဲဆိုသည်ကို လူတိုင်း ပြောနိုင်ပေသည်။

သူတိုက်ကွက်ကို ပစ်လွှတ်လိုက်ပြီးနောက် မန်ဟုန်လျန်နှုတ်ခမ်း တွန့်ကွေးသွားသည်။

သို့သော်လည်း ချက်ချင်းဆိုသလို သူ့မျက်နှာထက်ရှိအပြုံး တောင့်တင်းသွားခဲ့ရလေသည်။

လေးယောက်ဝိုင်းခံထားရသည့် လူငယ်လေး၏ လက်ထဲတွင် အနက်ရောင်မီးတောက်ဖြင့် ဖန်တီးထားသော ဓါးတစ်ချောင်း ပေါ်လာခဲ့သည်။ ထိုဓါးသည် သူ့ဂျူနီယာညီလေး နှစ်ယောက်၏ တိုက်ခိုက်မှုကို သစ်ဆွေးတုံးများကို ဖြတ်တောက်သည့်နှယ် အလွယ်တကူ ဖြတ်တောက် ဖျက်စီးသွားခဲ့သည်။ ထိုသာမကသေး ထိုနှစ်ယောက်ကိုပါ ဖြတ်တောက်သွားခဲ့သေးလေသည်။

သူတို့ ဝတ်ဆင်ထားသည့် အကာအကွယ် မှော်ရတနာများနှင့် သူတို့ ခန္ဓာကိုယ်ကို ကာကွယ်ရန် အသုံးပြုထားသည့် သူတော်စင်ချီ အကာအရံသည် အနက်ရောင်မီးတောက်ဓါး၏ ရှေ့မှောက်နှယ် စက္ကူတစ်ရွက်နှယ် ဖြစ်နေခဲ့ပြီး မည်သည့် ခုခံမှုမှ မပြုလုပ်နိုင်ခဲ့ချေ။

သူ့ဂျူနီယာညီလေးနှစ်ယောက်၏ ခန္ဓာကိုယ် ထက်ပိုင်းပြတ်သွားခဲ့သည်။

ပြီးပင်မပြီးသေးခင်မှာပဲ လူငယ်လေး၏ လက်ဆီမှ အနက်ရောင်လှံတစ်ချောင်း ပေါ်လာပြန်ပြီး မိန်းမငယ်လေး၏ ကျာပွတ်တိုက်ခိုက်မှုများကို ဖြတ်ကျော်ကာ သူမ၏ ဝမ်းဗိုက်ကို ဖောက်ထွက်သွားခဲ့သည်။ အစမှအဆုံးထိ၊ မိန်းမငယ်လေးသည် ကြောင်တောင်တောင်သာ ဖြစ်နေခဲ့သည်။

တစ်ချိန်တည်းတွင် ရန်ကိုင်ဘေး၌ ခရမ်းရောင်ဒိုင်းတစ်ခု ထွက်ပေါ်လာခဲ့သည်။ မန်ဟုန်လျန် ပစ်လွှတ်လိုက်သော ရွှေရောင်အလင်းတန်းနှင့် ခရမ်းရောင်ဒိုင်းတို့သည်လည်း ထိပ်တိုက်တွေ့သွားခဲ့ကြလေသည်။ သို့သော်လည်း ရွှေရောင်အလင်းတန်းသည် ခရမ်းရောင်ဒိုင်းပေါ်၌ ခြစ်ရာတစ်ခုပင် ထင်အောင် မလုပ်နိုင်ခဲ့ဘဲ မန်ဟုန်လျန် ရှိနေသည့် နေရာဆီသို့ ပြန်ကန်ထွက်သွားခဲ့ရလေသည်။

ထိုအခြင်းအရာကို မြင်သော် ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့သည်။ မန်ဟုန်လျန် အသုံးပြုနေသည့် မှော်ရတနာသည် အတော်လေးကို ထူးခြားလှသည်။ ယခင်ကလည်း ရွှေရောင် အလင်းတန်းဖြင့် တိုက်ခိုက်ခြင်းခံရပြီး သူဖန်တီးခဲ့သည့် မဟာကောင်းကင်ဒိုင်း ပျက်စီးလုနီးပါး ဖြစ်သွားခဲ့ရသည်။ ထို့ကြောင့် ထိုမှော်ရတနာကို အထင်မသေးရဲဘဲ ခရမ်းရောင်ဒိုင်းကို ချက်ချင်း ထုတ်သုံးလိုက်ခြင်း ဖြစ်သည်။

လှမ်းကြည့်လိုက်သည့်အခါ ရွှေရောင်အလင်းတန်းသည် နွားကိုယ်ပေါ်မှ အမွှေး တစ်မွှေးစာလောက်သာ အထူရှိသော အပ်တစ်ချောင်း ဖြစ်နေသည်ကို တွေ့လိုက်ရသည်။

ထိုကဲ့သို့သော မှော်ရတနာမျိုးသည် အတော်လေးကို ရှားပါလှသည်။ အကြောင်းမှာ အပ်ပျံများသည် အခြားမှော်ရတနာများလောက် အားမကောင်းခြင်းကြောင့် ဖြစ်သည်။ အပ်ပျံတစ်ချောင်း၏ သတ်ဖြတ်နိုင်စွမ်းကို မြှင့်တင်နိုင်ရန်အတွက် ပန်းပဲပညာရှင်တစ်ယောက် အနေဖြင့် ထိုမှော်ရတနာကို အဆက်မပြတ် သန့်စင်မြှင့်တင်ရန် လိုအပ်သည်။ ထိုကဲ့သို့ အဆင့်ပေါင်းများစွာ သန့်စင်၊ အဆင့်မြှင့်ခြင်းများကို ပြုလုပ်ရသည့် အတွက်ကြောင့် အပ်ပျံများကို ထုလုပ်ရန် အတော့်ကိုမှ ခက်ခဲလှပေသည်။

အပိုင်း(၁၁၈၇)

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပ်ပျံမှော်ရတနာများသည် ရှားပါသည်။ သို့သော် ထိုအပ်ပျံများသည် အကာအကွယ် မှော်ရတနာများနှင့် သူတော်စင်ချီ အကာအကွယ်များကို ချိုးဖျက်ရာတွင် အကောင်းဆုံး ဖြစ်၏။ ရွှေရောင်အလင်းတန်း ဘာလဲ ဆိုသည်ကို မြင်ပြီးသည့်နောက် ထို‌မှော်ရတနာ ဘာကြောင့် မဟာကောင်းကင်ဒိုင်းကို ချိုးဖျက်လုနီးပါး ဖြစ်ခဲ့သလဲ ဆိုသည်ကို ရန်ကိုင် နားလည်သွားခဲ့သည်။

ရန်ကိုင်သည် အပ်ပျံကြောင့် မှင်သက်နေသည့်အတွက် အင်ပါယာမြို့တော်ဂိုဏ်းမှ တပည့်လေးယောက်အနက် နောက်ဆုံး အသက်ရှင်ကျန်ခဲ့သော တစ်ယောက်အတွက် လှုပ်ရှားရန် အချိန်ရသွားခဲ့သည်။ ရန်ကိုင်အား စုစုပေါင်း လူလေးယောက် ဝိုင်းတိုက်ခိုက်ခဲ့သော်လည်း သုံးယောက်မှာ ချက်ချင်း အသတ်ခံလိုက်ရသည်။ သူ့စီနီယာအစ်ကို၏ အလစ်ချောင်း တိုက်ခိုက်မှုကြောင့်သာ မဟုတ်ပါက သူသည်လည်း အသက်ပျောက်နေလောက်ပေပြီ။

ထိုလူလည်း ရန်ကိုင်အား မည်ကဲ့သို့ ဆက်တိုက်ခိုက်ရဲတော့မည်နည်း။ ချက်ချင်းပဲ မီတာ တစ်ရာအကွာသို့ ပြန်ဆုတ်လိုက်လေသည်။ မီတာတစ်ရာအကွာသို့ ဆုတ်ပြီး၍ စိတ်သက်သာရာ ရရုံတင်ရှိသေး အနက်ရောင်ကြိုးတစ်ချောင်း ပေါက်လာပြီး သူထွက်ပေါက်အားလုံးကို ပိတ်ဆို့သွဦးလေသည်။

မျက်တောင်တစ်ခတ်အတွင်း အနက်ရောင်ကြိုးသည် ထိုလူကို ချုပ်နှောင်သွားခဲ့သည်။ ကြိုးကို အခြားမည်သည့် ပစ္စည်းနှင့်မှ ပြုလုပ်ထားခြင်းမဟုတ်ဘဲ အနက်ရောင်မီးတောက် သက်သက်ဖြင့်သာ ဖွဲ့စည်းထားခြင်း ဖြစ်သည်။ ဂျူနီယာညီလေးချီ၏ ကံကြမ္မာကို ရုတ်တရက် ပြန်စဉ်းစားမိလိုက်သည့်အခိုက် ထိုလူ၏မျက်နှာ သွေးဆုတ်ဖြူလျော်သွားခဲ့ရသည်။

ပါးစပ်ဟ၍ အော်ဟစ်ရန် ပြင်လိုက်သော်လည်း အသံပင် မထွက်နိုင်သေးခင်မှာဘဲ အနက်ရောင်မီးတောက်များသည် သူ့တစ်ကိုယ်လုံးကို လောင်ကျွမ်းသွားခဲ့လေသည်။

မဟာကောင်းကင်အချုပ်အနှောင်သည် လူတစ်ယောက်၏ ဝိဥာဉ်ကိုပါ ချုပ်နှောင်နိုင်ပြီး ထွက်ပြေးနေသော ရန်သူများကို ဖမ်းဆီးရန် အကောင်းဆုံး ပညာရပ် ဖြစ်ပေသည်။ ရန်ကိုင်၏ ထူးခြားသော သူတော်စင်ချီနှင့် ပေါင်းစပ်လိုက်သည့်အခါ မဟာကောင်းအချုပ်အနှောင်၏ စွမ်းအားသည် အဆင့်တစ်ခုသို့ ရောက်ရှိသွားခဲ့ရလေသည်။

မျက်တောင်တစ်ခတ်အတွင်း ရန်ကိုင်အား ဝိုင်းတိုက်ခိုက်ခဲ့သော လူလေးယောက်စလုံး သေသွားခဲ့ကြလေပြီ။ မန်ဟုန်လျန်၏ မျက်ခမ်း တဆတ်ဆတ် လှုပ်ခတ်သွားခဲ့ပြီး ရန်ကိုင်အား ကြောက်လန့်တကြား၊ မယုံကြည်နိုင်စွာ မျက်လုံးအပြူးသားဖြင့် စိုက်ကြည့်နေခဲ့သည်။

ဒဏ်ရာများကို ပြန်လည်ကုသနေသော သက်လတ်ပိုင်းလူကြီးသည် ရန်ကိုင်ဆီသို့ ပြေးလာနေခဲ့သည်။

အင်ပါယာမြို့တော်ဂိုဏ်းမှ တပည့်လေးယောက် ရန်ကိုင်အား ဝိုင်းတိုက်ကတည်းက သက်လတ်ပိုင်းလူကြီးသည် ရန်ကိုင်အား ကယ်လိုကယ်နိုင်ငြား ရည်ရွယ်ချက်ဖြင့် ပြေးလာခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း သူတောင် မရောက်သေးခင်မှာပဲ တိုက်ပွဲ ပြီးသွားလိမ့်မည်ဟု မည်သူ ထင်မည်နည်း။ သူရောက်လာသည့်အချိန်တွင် ရန်ကိုင်အား ဝိုင်းတိုက်ခိုက်နေကြသော လူလေးယောက်စလုံး သေသွားခဲ့လေပြီ။ မန်ဟုန်လျန်၏ အလစ်ချောင်း တိုက်ခိုက်မှုသည်လည်း ရန်ကိုင်အား မည်သည့်ဒဏ်ရာမှ မပေးနိုင်ခဲ့။

သက်လတ်ပိုင်းလူကြီး၏ အမူအရာသည်လည်း မန်ဟုန်လျန်နှင့် မခြားနား။ သူသည် ရန်ကိုင်ကို မကြောက်သော်လည်း ရန်ကိုင် ပြသသွားသည့် စွမ်းအားကိုမြင်ပြီး မအံ့ဩဘဲ မနေနိုင်အောင် ဖြစ်နေခဲ့ရသည်။ ယခုမှပဲ ရန်ကိုင်သည် ဦးနှောက်မရှိသလို လုပ်နေခြင်း မဟုတ်ဘဲ သူ့ခွန်အားအပေါ် ယုံကြည်ချက်ရှီသည့်အတွက်ကြောင့်သာ အရိပ်လခန်းမ၏ နာမည်ကို ယူမသုံးခဲ့ခြင်း ဖြစ်မှန်းကို သက်လတ်ပိုင်းလူကြီး နားလည်သွားခဲ့သည်။

“မင်း… ဖြစ်နိုင်တာက…” မန်ဟုန်လျန်သည် စကားကိုပင် ဆုံးအောင် မပြောနိုင်တော့ဘဲ သူ့မျက်နှာရုတ်တရက် ဖြူစွတ်သွားခဲ့လေသည်။ သို့သော် ထိုစကားအနည်းငယ်ကို ပြောပြီးနောက် မန်ဟုန်လျန်က အလျင်စလို လက်သီးဆုပ်၍ ဦးညွှတ်ကာ ပြောလိုက်သည် “မိတ်ဆွေကို ရန်စမိလို့ ဒီမန် အနူးအညွှတ် တောင်းပန်ပါတယ်။ ဒီနေ့ကိစ္စကို အခြား ဘယ်သူ့ကိုမှ ပြန်ပြောပါဘူးလို့ ဒီမန် ကျိန်ဆိုပါတယ်။ ဒီမန်ရဲ့ အသက်လေးကိုပဲ ချမ်းသာပေးပါနော်”

ပြောပြီးသည်နှင့် ရန်ကိုင် ပြန်ပြောမည်ကိုပင် မစောင့်တော့ဘဲ ချက်ချင်း လှည့်၍ ထွက်ပြေးလာလေသည်။

“ဒီအတိုင်း ထွက်သွားနိုင်မယ်လို့ ထင်နေတာလား” ရန်ကိုင်က လှောင်ပြုံးပြုံးလိုက်ပြီး လက်ဝါးတစ်ချက် ရိုက်လိုက်သည်။ လက်ရှိကိစ္စသည် ဤအခြေအနေထိ ဖြစ်ပျက်ပြီးမှဖြင့် မန်ဟုန်လျန်ကို ဘာကြောင့် အသက်ရှင်လျက် လွှတ်ပေးလိုက်ရမည်နည်း။ သူ့အပေါ် ရိုင်းစိုင်းစွာ ဆက်ဆံခဲ့သည့် အဖြစ်အ ပျက်ကြောင့် ဖြစ်စေ၊ သူ့အား သတ်ဖြတ်ရန် ကြံစည်ခဲ့သည့် အတွက်ကြောင့်ဖြစ်စေ၊ မျက်မြင်သက်သေအားလုံးကို နှုတ်ပိတ်ချင်သည့် အတွက်ကြောင့်ဖြစ်စေ မန်ဟုန်လျန်ကို သတ်ရပေလိမ့်မည်။

မန်ဟုန်လျန်သည် သူ့အား အရင်လာရန်စခဲ့သည့်သူ ဖြစ်လေရာ အပြစ်တင်လျှင် သူ့ကိုယ်သူသာ အပြစ်တင်သင့်ပေသည်။

ကောင်းကင်ထက်မှ လက်ဝါးကြီးတစ်ဖက် ကျဆင်းလာခဲ့သည်။ ထိုလက်ဝါးသည် ကောင်းကင်တစ်ခွင်လုံးကို ဖုံးလွှမ်းနိုင်ဟန်ရကာ တစ်ခဏအတွင်း မန်ဟုန်လျန်ကို လွှမ်းခြုံသွားခဲ့သည်။ ထိုအံ့မခန်းစွမ်းအားကြောင့် မန်ဟုန်လျန် တစ်ခဏအတာ အသိစိတ် လွတ်သွားခဲ့ရသည်။ သို့သော်လည်း သေခြင်းတရား အငွေ့အသက်ကို ရလိုက်သည့်အချိန်၌ သွေးရူးသွေးတန်း အော်ဟစ်ပြီး ရွှေရောင်အလင်းတန်းတစ်ခုကို ပစ်လွှတလိုက်သည်။

မရေမတွက်နိုင်သော အပ်ပျံများ သူ့ဆိမှ ထွက်ပေါ်လာခဲ့သည်။

ထိုအပ်ပျံများသည် ချက်ချင်းဆိုသလို ဓါးရှည်ကြီးတစ်လက်အဖြစ်သို့ စုစည်းသွားပြီး ရန်ကိုင်၏ ကောင်းကင်ဖုံးလက်ဆီ တိုးဝင်သွားလေသည်။

ဘုန်း…

ရွှေရောင်အလင်းတန်းတို့ ပေါက်ကွဲသွားပြီး အားနှစ်ဖက် ကျေပြက်သွားခဲ့လေရာ ရန်ကိုင်၏ ကောင်းကင်ဖုံးလက်လည်း ပျက်စီးသွားခဲ့ရသည်။ ယခုမှပဲ မန်ဟုန်လျန် အသက်ကောင်းကောင်း ရှုနိုင်တော့သည်။ ကောင်းကင်ဖုံးလက်၏ ဖိအားမှ လွတ်သွားသည်နှင့် တစ်ပြိုင်နက် အလျင်အမြန် ထွက်ပြေးလေသည်။

သို့သော် ခြေဆယ်လှမ်းပင် ပြည့်အောင် မလှမ်းရသေးခင်မှာပဲ ပူလည်းပူသလို အေးလည်း အေးစက်သည့် အရှိန်အဝါတစ်ခုကို သူ့ကျောဘက်ဆီမှ ခံစားလိုက်ရသည်။ နောက်သို့ လှည့်၍ ကြည့်လိုက်ရာ ဘယ်အချိန်ကတည်းကမှန်းမသိ သူ့နောက်သို့ ရောက်နေသော ရန်ကိုင်ကို တွေ့လိုက်ရလေသည်။ ထို့အပြင် အနက်ရောင်မီးတောက်များဖြင့် ဖွဲ့စည်းထားသော ဓါးတစ်ချောင်းသည် သူ့ကျောဘက်မှနေ၍ ရင်ဘတ်ကို ဖောက်ထွက်နေခဲ့သည်။

သူ့တစ်ကိုယ်လုံး အေးလည်းအေးသလို ပူလည်း ပူလာခဲ့သည်။ သူ့ဂျူနိယာညီလေးချီ မသေခင် ဘာကြောင့် တုန်လှုပ်ခြောက်ခြားနေခဲ့သလဲ ဆိုသည်ကို နောက်ဆုံးတွင် သူနားလည်သွားခဲ့လေပြီ။

ငုံကြည့်လိုက်ရာ သူ့ရင်ဘတ်မှ ဖောက်ထွက်နေသော ဓါးထိပ်ဖျားလေးကို တွေ့လိုက်ရသည်။ အနက်ရောင်မီးတောက်များသည် ဓါးထိပ်ဖျားမှတစ်ဆင့် သူ့တစ်ကိုယ်လုံးကို ပျံ့နှံ့နေခဲ့လေပြီ။

မန်ဟုန်လျန်တစ်ကိုယ်လုံး လောင်ကျွမ်းကျမသွားခင် ရန်ကိုင်သည် မန်ဟုန်လျန်၏ သိုလှောင်လက်စွပ်ကို ရအောင် ချွတ်ယူထားလိုက်သည်။ သိုလှောင်လက်စွပ်ကို ကောင်းကင် စိတ်အာရုံဖြင့် စစ်ဆေးကြည့်ပြီးနောက် အားရပါးရ အော်ဟစ်ရယ်မောလိုက်လေသည်။

မန်ဟုန်လျန်၏ လက်စွပ်ထဲတွင်လည်း ပစ္စည်းများများစားစား ရှိမနေခဲ့ချေ။ ဆေးလုံးအချို့၊ သူတော်စင်သလင်းကျောက် အနည်းငယ်နှင့် အရွယ်အစား အမျိုးမျိုးရှိသော မီးတောက် သလင်းကျောက် နည်းနည်းပါးပါးသာ ရှိနေခဲ့သည်။

သို့သော်လည်း မန်ဟုန်လျန်၏ လက်စွပ်ထဲတွင် ချစ်ချစ်တောက် ပူလောင်သော မီးတောက်များကို ထုတ်လွှတ်နေသော ထူးခြားသော သလင်းကျောက်တစ်တုံး ရှိနေသေးသည်။

ထိုသလင်းကျောက်သည် မီးတောက်ဝိဥာဉ်သားရဲဆီမှ ရသည့် မီးတောက်သလင်းကျောက် မဟုတ်ဘဲ တန်ခိုးရှင်ဘုရင်အဆင့် မီးတောက်သလင်းကျောက် အဆီအနှစ် ဖြစ်ပေသည်။ မီးတောက်သလင်းကျောက်များသည် တန်ခိုးရှင်အဆင့်သာ ဖြစ်ပြီး အရည်အသွေးပေါ် မူတည်၍ အဆင့်နိမ့်အဆင့်၊ အလယ်အလတ်အဆင့်နှင့် အထွဋ်အထိပ်အဆင့်ဟူ၍ ပြန်ခွဲသည်။

ရန်ကိုင် သွားလယ်ခဲ့သော တောင်အောက်တွင် မီးတောက်သလင်းကျောက်မိုင်းတွင်းကြီး ရှိနေလောက်သည်။

မီးတောက်သလင်းကျောက်မိုင်းတွင်းများသည် မီးတောက်သလင်းကျောက် အဆီအနှစ်ကို ထုတ်ပေးနိုင်ချေ အလွန်ကိုမှ ရာခိုင်နှုန်း နည်းပါးလှသည်။

ထိုမီးတောက်သလင်းကျောက် အဆီအနှစ်၏ အရှိန်အဝါသည် ထိုအရာသည် တန်ခိုးရှင် အဆင့်နိမ့်အဆင့် ဖြစ်လောက်သည်။ သို့သော်လည်း ထိုသို့ဆိုလျှင်ပင် မီးတောက်သလင်းကျောက် အဆီအနှစ်ကဲ့သို့ ရတနာမျိုးကို အရိပ်ကြယ်ပေါ်တွင် မြင်ရခဲပေသည်။ ထို့ကြောင့် မန်ဟုန်လျန် သက်လတ်ပိုင်းလူကြီးဆီမှ လူယူပြီး သူတို့နှစ်ယောက်ကိုပင် နှုတ်ပိတ်ပစ်ရန် ကြိုးစားခဲ့သည်မှာ အထူးအဆန်း မဟုတ်တော့ချေ။

ရန်ကိုင်သည် မီးတောက်သလင်းကျောက် အဆီအနှစ်ကို သူ့သိုလှောင်လက်စွပ်ထဲသို့ ပစ်ထည့်လိုက်ပြီး မြေပုံအပိုင်းအစ တစ်ချပ်ကို ထုတ်ယူလိုက်သည်။

ထိုမြေပုံအပိုင်းအစကြောင့် ရန်ကိုင် ပျော်သွားခြင်း ဖြစ်သည်။ ထိုမြေပုံအပိုင်းအစသည် ရတနာစံအိမ် လေလံပွဲတွင် လေလံတင်ခဲ့သည့် မြေပုံအပိုင်းအစ ဖြစ်ပေသည်။

ထိုစဉ်က ထိုမြေပုံအပိုင်းအစကို ဘယ်ကမှန်းမသိသော သူတော်စင်ဘုရင် ဒုတိယအဆင့် ကျင့်ကြံသူတစ်ယောက်မှ ရသွားခဲ့သည်။ ကံမကောင်းစွာဖြင့် ထိုလူသည် မြောက်မြားစွာသော လူအုပ်ကြီး၏ လိုက်ခြင်း ခံခဲ့ရသည်။ သူလေလံဆွဲထားသည့် မြေပုံအပိုင်းအစကိုမူ လူငယ်လေး တစ်ယောက်မှ ယူသွားခဲ့သည်။ ထိုလူငယ်လေးသည် အခြားလူမဟုတ်ဘဲ မန်ဟုန်လျန် ဖြစ်နေခဲ့လေသည်။

ထို့ကြောင့် မန်ဟုန်လျန်ကို မြင်လိုက်စဉ်က ရင်းနှီးနေသည်ဟု ခံစားနေခဲ့ရခြင်း ဖြစ်သည်။ သို့သော်လည်း မည်သည့်နေရာတွင် မြင်ခဲ့သလဲ ဆိုသည်ကိုမူ မမှတ်မိခဲ့။ ခဏလောက် စဉ်းစားပြီးမှသာ ပြန်မှတ်မိသွားခဲ့သည်။

ထိုစဉ်က မြေပုံအပိုင်းအစကို မန်ဟုန်လျန်မှ ယူသွားခဲ့သည်။ ထိုစဉ်က မြေပုံအပိုင်းအစကို လုယူလျှင် အားလုံး၏ အာရုံစိုက်ခံရမည်ကို စိုးရွံ့သည်ကတစ်ကြောင်း၊ မန်ဟုန်လျန်အနားတွင် တန်ခိုးရှင်အဆင့် ပညာရှင်နှစ်ယောက် ရှိနေသည်က တစ်ကြောင်းတို့ကြောင့် ရန်ကိုင်လည်း မြေပုံအပိုင်းကို လုယူရန် မကြိုးစားခဲ့ချေ။

သို့သော်လည်း မြေပုံအပိုင်းအား ရသွားသည့်လူကို ဤနေရာတွင် ပြန်တွေ့ရလိမ့်မည်ဟု မထင်ထားခဲ့ချေ။

ယန်ယန်တွင် နောက်ထပ်မြေပုံအပိုင်းအစတစ်ခု ရှိနေပေသည်။ ရန်ကိုင်သာ ထိုမြေပုံ အပိုင်းအစနှစ်ကို ဆက်ကြည့်လိုက်မည်ဆိုပါက သဲလွန်စတစ်ခုခု ရကောင်း ရနိုင်ပေလိမ့်မည်။

မန်ဟုန်လျန်၏ သိုလှောင်လက်စွပ်ကို သေချာရှာဖွေနေသော ရန်ကိုင်ကို ကြည့်ရင်း သက်လတ်ပိုင်းလူကြီး အံ့အားသင့်နေခဲ့သည်။ ရန်ကိုင် လုပ်နေသည့် ပုံစံမှာ အမှန်တကယ်ကို အတွေ့အကြုံရှိသည့် ဓါးပြတစ်ယောက်ပုံစံမျိုးပင်။

သို့သော်လည်း ထိုပုံစံကို ထူးဆန်းသည်ဟု သက်လတ်ပိုင်းလူကြီး မထင်။ တကယ်တော့ ကျင့်ကြံသူများသည် အခြားသူများကို သတ်ပြီးသည်နှင့် သေသွားသည့်လူ၏ သိုလှောင်လက်စွပ်ကို စစ်ဆေးကြည့်ကြသည်မှာ သဘာဝပင် မဟုတ်ပေလော။ သိုလှောင်လက်စွပ်ကို စစ်ဆေးပြီးသည့်နောက် ရန်ကိုင်သည် သက်လတ်ပိုင်းလူကြီးဆီ လျှောက်သွားလိုက်သည်။ ရန်ကိုင် လျှောက်လာသည်ကိုမြင်သော် သက်လတ်ပိုင်းလူကြီးက “အစွန်းရောက်လမ်းစဉ်ဂိုဏ်းက ဟွမ်ရှီရန်ပါ။ ငါ့ကို ကယ်ပေးလို့ ဒီကမိတ်ဆွေးလေးကို ကျေးဇူးတင်ပါတယ်။ မိတ်ဆွေလေးသာ မကယ်ရင် ငါဒီနေ့ ကျိန်းသေသေရတော့မှာ။ ဒါကြောင့် ငါကျေးဇူးတင်တာကို လက်ခံပေးပါ”

ပြောပြီးသည်နှင့် ရန်ကိုင်အား ဦးညွှတ်လိုက်လေသည်။

“အစ်ကိုဟွမ်က အရမ်းယဉ်ကျေးနေတာပဲ” ရန်ကိုင်က ပြုံးလျက် လက်ဝှေ့ရမ်းကာ ပြောလိုက်သည်။

ထိုအခါက ဟွမ်ရှီရန်က “ငါလုပ်သင့်တာပဲလေ။ မိတ်ဆွေလေးကြောင့်သာ မဟုတ်ရင် ငါ့ဂျူနီယာညီလေးအတွက် ဘယ်တော့မှ ပြန်လက်စားချေနိုင်တော့မှာ မဟုတ်ဘူး။ မန်ဟုန်လျန် ငါနဲ့ ငါ့ဂျူညီယာညီလေးကို သတ်သွားတယ် ဆိုတာကို အခြားဘယ်သူမှတောင် သိနိုင်မှာ မဟုတ်လောက်ဘူး”

ရန်ကိုင်က ခေါင်းညိတ်၍ “အဲ့မီးတောက်သလင်းကျောက် အဆီအနှစ်ကို ဘယ်လိုလုပ်ပြီး အခြားလူမြင်သွားတောင် ထုတ်ပြရဲတာလဲဗျာ”

ထိုအကြောင်းဆီ စကားစရောက်လာသည့်အခါ ဟွမရှီရန်၏ မျက်နှာ မည်းမှောင်သွားပြီး ခါးသက်စွာ ပြုံးလျက် “ငါတို့ သတိမထားတာ မဟုတ်ဘူး။ ငါနဲ့ ငါ့ဂျူနီယာညီလေးက ကံကောင်းတော့ မီးတောက်သလင်းကျောက်တွေ ရခဲ့တယ်လေ။ မိတ်ဆွေလေး ထွက်သွားပြီး မကြာဘူး၊ မီးတောက်သလင်းကျောက် အဆီအနှစ်ကို ငါတို့ ရလိုက်တာပဲ။ ဒါပေမယ့် မန်ဟုန်လျန်တို့ အဖွဲ့နဲ့ လမ်းမှာသွားတိုးလိမ့်မယ်လို့ မထင်ထားဘူး။ အဲ့ကောင်တွေက တောင်ပေါ်မှာ သူများတွေ မီးတောက်သလင်းကျောက်တွေ တူးနေတာကို မြင်တယ်လေ။ အဲ့ဒါကြောင့် လမ်းကနေစောင့်ပြီး အကုန်လုံးဆီက ပြန်ဓါးပြတိုက်တာ။ ငါတို့ရဲ့ သိုလှောင်လက်စွပ်တွေကို သူ့ဆီပေးဖို့ပြောတယ်။ မီးတောက်သလင်းကျောက် အဆီအနှစ်က ငါ့ဂျူနီယာညီလေးရဲ့ သိုလှောင်လက်စွပ်ထဲမှာ ရှိနေတော့ သူက မပေးဘေးလုပ်ရာ။ သူက မပေးလည်းမပေးရော မန်ဟုန်လျန်က သူ့ကို ချက်ချင်း သတ်ပစ်လိုက်တာပဲ။ အဲ့လိုနဲ့ မီးတောက်သလင်းကျောက် အဆီအနှစ်က သူ့လက်ထဲ ရောက်သွားရတာ။ ငါက သူတို့ အဖွဲ့ကို ယှဉ်မတိုက်နိုင်တော့ မိတ်ဆွေလေး မြင်တဲ့အတိုင်း ထွက်ပြေးလာခဲ့ရတာပဲ”

“ကျုပ်သိပြီ”

အနာဂတ်ဆိုသော အရာသည် မည်သူမှ မခန့်မှန်းနိုင်သော ကာလအပိုင်းအခြားတစ်ခု ဖြစ်သည်။ ဟွမ်ရှီရန်နှင့် သူ့ဂျူနီယာညီလေးတို့သည် ကံကောင်းပြီး မီးတောက်သလင်းကျောက် အဆီအနှစ်ကို ရရှိခဲ့သည်။ သို့သော် ထိုမီးတောက်သလင်းကျောက် အဆီအနှစ်ကပဲ သူ့တို့၏ ကံကြမ္မာဆိုးကို ဖိတ်ခေါ်ခဲ့သည်။

“မိတ်ဆွေလေးရဲ့ နာမည်ကို အခုထိ မမေးရသေးဘူးနော်” ဟွမ်ရှီရန်က လက်သီးဆုပ်၍ မေးလိုက်သည်။ ရန်ကိုင်သည် သူ့အသက်ကိုကယ်၍ သူ့ဂျူနီယာညီလေးအတွက် လက်စားချေပေးခဲ့သည်။ ထို့ကြောင့် ဟွမ်ရှီရန် ရန်ကိုင်ကို ကျေးဇူးတင်သည်မှာ အထူးအဆန်း မဟုတ်။ ထို့အပြင် ရန်ကိုင်သည် သာမန်ကျင့်ကြံသူတစ်ယောက် မဟုတ်လေရာ ဟွမ်ရှီရန် ရန်ကိုင်နှင့် မိတ်ဆွေဖွဲ့ချင်သည်မှာ သဘာဝသာ ဖြစ်လေသည်။

“ရန်ကိုင်”

“စတ်သတ်တော့ ညီလေးရန်ကိုး၊ အင်း၊ ညီလေးရန်…” ဟွမ်ရှီရန် ရုတ်တရက် စကား ရပ်သွားခဲ့သည်။ ထို့နောက် ရယ်ရယ်မောမောဖြင့် “ဟားဟား၊ ထားလိုက်တော့၊ ဒီဟွမ် မယဉ်ကျေးသလို ဖြစ်သွားရင် ညီလေးရန် စိတ်ထဲမထားနဲ့နော်”

မန်ဟုန်လျန်သည် အစောပိုင်းက တစ်ခုခုကို ပြောရန် လုပ်လိုက်သော်လည်း မပြောခဲ့။ ယခု ဟွမ်ရှီရန်သည်လည်း ပြောမည်လုပ်ပြီးမှ တုန့်ဆိုင်းနေပြန်သည်။ သူတို့ နှစ်ယောက်သည် သူ့အပေါ် တစ်ခုခု အထင်လွဲနေလေသလော။ ရန်ကိုင် တကယ်ကို နားမလည်နိုင် ဖြစ်နေခဲ့သည်။

သို့သော်လည် မည်သည့် အထင်လွဲမှုပင် ဖြစ်ပါစေ ရန်ကိုင် စိတ်မဝင်စားချေ။ ထို့ကြောင့် “အစ်ကိုဟွမ် အခုဘာလုပ်မယ် စဉ်းစားထားလဲ”

ဟွမ်ရှီရန်က သေချာ စဉ်းစားလိုက်ပြီးနောက် ပြန်ပြောလိုက်သည် “လုံခြုံတဲ့နေရာတစ်ရာ ရှာပြီး ဒဏ်ရာတွေကို အရင်ပြန်ကုသဖို့ လုပ်ထားတာပဲ။ ဒီပုံစံနဲ့တော့ မီးတောက်နယ်မြေ အတွင်းပိုင်းထဲကို ဆက်သွားလို့မဖြစ်ဘူး။ မဟုတ်ရင် ငါ့ဒဏ်ရာတွေ ပိုဆိုသွားမှာ။ နောက်ဘာလုပ်မယ် ဆိုတာကိုတော့ ပြန်ကောင်းသွားတော့မှပဲ စဉ်းစားပဲ။ ညီလေးရန် ငါ့ကို စိတ်ပူနေစရာမလိုဘူးနော်။ ငါ့ဂိုဏ်းသားတွေကို လှမ်းဆက်သွယ်လိုက်လို့ ရတယ်။ သူတို့လည်း အနားမှာ ရှိချင်ရှိနေမှာ”

“ကောင်းပြီ” ရန်ကိုင်က ခေါင်းညိတ်လိုက်ပြီး လက်သီးဆုပ်၍ ပြန်ပြောလိုက်သည် “အဲ့လိုဆိုရင် ကျုပ်အရင်သွားနှင့်တော့မယ်”

“အင်း၊ နောက်ပိုင်း အခွင့်အရေးရှိရင် ငါတို့ အစွန်းရောက်ဂိုဏ်းဆီ လာလည်နော်။ ဒီဟွမ် ညီလေးရန်ကို ကောင်းကောင်း ဧည့်ခံမယ်”

ရန်ကိုင်သည် ယဲ့ယဲ့လေးပြုံးလျက် မီးတောက်နယ်မြေ အတွင်းပိုင်းရှိရာဘက်ဆီသို့ လျှောက်ထွက်သွားလိုက်လေသည်။

ရန်ကိုင်၏ ကျောပြင်ကိုကြည့်ရင်း ဟွမ်ရှီရန် အလွန်ကိုမှ စိတ်လှုပ်ရှားနေခဲ့သည်။ မန်ဟုန်လျန်ကဲ့သိုပင်၊ သူသည်လည်း ရန်ကိုင်အား ထိုနေရာမှ လာသည်လူဟု ထင်နေခဲ့သည်။ ထိုနေရာမှလွဲ၍ မည်သည့်နေရာမှ မိမိထက် ကျင့်ကြံခြင်းအဆင့် ပိုမြင့်သော ကျင့်ကြံသူ ငါးယောက်ကို အလွယ်တကူ သတ်ပစ်နိုင်သည့် သူတော်စင်ဘုရင်ပထမအဆင့်ကို ပြုစုပျိုးထောင်ပေးနိုင်လိမ့်မည် မဟုတ်ချေ။

အပိုင်း(၁၁၈၈)

အထွဋ်အထိပ်သိုင်းဧကရာဇ်

ထိုကဲ့သို့သော မွန်းစတားဆန်းသည့် ပါရမီရှင်များသည် ထိုနေရာမှသာ လာနိုင်သည်။ ထို့ကြောင့် နောက်ဆုံးအခိုက်အတန့်တွင် မန်ဟုန်လျန် ထိတ်လန့်သွားခဲ့ခြင်း ဖြစ်သည်။

ထိုနေရာမှလူများသည် သာမန်လူများနှင့်မတူ လူထူးလူးဆန်းများ ဖြစ်ကြသည်ဟု ကောလဟာလများ ရှိကြသည်။ သို့သော် ထိုရန်ကိုင်ဆိုသောလူသည် ကောလဟာလအတိုင်း မဟုတ်ဘဲ တကယ်ကို ပြောရဆိုရ လွယ်ကူပေသည်။

ကောလဟာလများသည် ကောလဟာလ သက်သက်များသာ ဖြစ်ကြသည့်ပုံပင်။

မီးတောက်သလင်းကျောက် အဆီအနှစ်ကြောင်းကိုမူကာ ရန်ကိုင် ထုတ်မပြောခဲ့ချေ။ ဟွမ်ရှီရန်လည်း မပေးခဲ့ပေ။

ဟွမ်ရှီရန်အတွက်မူ သူ့ဂျူနီယာညီလေးအတွက် လက်စားပြန်ချေနိုင်ပြီး အသက်ရှင်နိုင်သည်နှင့်ပင် ကံကောင်းနေလေပြီ။ ဘာကြောင့် သွားထပ်တောင်းနေရမည်နည်း။ တကယ်တော့ မီးတောက်သလင်းကျောက် အဆီအနှစ်ကို မန်ဟုန်လျန်ဆီ ဆုံးရှုံးလိုက်ရပြီး ရန်ကိုင်က မန်ဟုန်လျန်ကိုသတ်ကာ ပြန်ယူခဲ့ခြင်း မဟုတ်ပေလော။

ရန်ကိုင် ပျောက်ကွယ်သွားသည့်အခါ ဟွမ်ရှီရန်သည် ပြန့်ကျဲနေသော သိုလှောင်လက်စွပ်များကို အလျင်အမြန် ကောက်ယူလိုက်ပြီး သူတော်စင်သလင်းကျောက်များနှင့် ဆေးလုံးများကို သူ့သိုလှောင်လက်စွပ်ထဲသို့ ထိုးထည့်ကာ ထိုနေရာမှ အလျင်အမြန် ထွက်ခွာသွားခဲ့လေသည်။ လုံခြုံလောက်မည့် နေရာတစ်နေရာရှာပြီး သူ့ဒဏ်ရာများကို ပြန်လည် ကုသရပေမည်။ လမ်းတွင် သူ့ဂိုဏ်းမှ ဂိုဏ်းသားများကို ဆက်သွယ်ပြီး အကူအညီလည်း လှမ်းတောင်ရပေလိမ့်မည်။

ငါးရက်ကြာပြီးနောက်တွင် ရန်ကိုင်သည် မီးတောက်နယ်မြေကို ဖြတ်ကျော်လာပြီး မိုးမြေစွမ်းအင် အလွန်သိပ်သည်းသည့် နေရာဆီသို့ ရောက်လာခဲ့သည်။ ဤနေရာသည် မီးတောက်နယ်မြေကဲ့သို့မပူ။ မီးတောက်နယ်မြေကဲ့သို့လည်း မီးအဆိပ်များ ရှိမနေပေ။ သဘာဝရှုခင်းသည် နွေဦးရှုခင်းနှယ် လှပသစ်လွင်နေခဲ့သည်။ လေထုမှာလည်း လတ်ဆတ်သစ်လွင်နေခဲ့ကာ ဤနေရာတစ်ခုလုံးသည် နိဗ္ဗာန်ဘုံနှင့်ပင် တူနေသေးသည်။

ရတနာနယ်မြေ…

မီးတောက်နယ်ထဲမှ ရတနာနယ်မြေ၏ ပထမအလွှာသို့ ခြေချမိလိုက်သည့် အချိန်၌ ရန်ကိုင် နည်းနည်း ထိတ်လန့်သွားခဲ့ရသည်။

သဲမီးတောက်နယ်မြေသည် အမှန်တကယ်ကို ထူးဆန်းလှသည်။ ပထမမီးတောက်နယ်မြေ နှင့် ပထမရတနာနယ်မြေ နှစ်ခုသည် လုံးဝကို ကွာခြားနေခဲ့သည်။ သဘာဝပတ်ဝန်းကျင်မှုလည်း လုံးဝကို မတူပါချေ။ မီးတောက်နယ်မြေတွင် ရှိခဲ့သည် ပြင်းထန်သော အပူဓါတ်နှင့် မီးအဆိပ်များ ဤနေရာတွင် ရှိမနေခဲ့။

ဟွမ်ရှီရန်ဆီမှ ထွက်လာပြီးနောက် ရန်ကိုင်သည် ငါးရက်ဆက်တိုက် မရပ်မနား ခရီးနှင်ခဲ့သည်။

သွားနေစဉ်အတောအတွင်း ကျင့်ကြံသူများနှင့် ပိုပို၍ တွေ့လာခဲ့ရသည်။ အများစုသည် အဖွဲ့လေးများဖြင့် ဖြစ်ပြီး မီးတောက်ဝိဥာဉ်သားရဲများ သို့မဟုတ် မီးဓါတ်ဆေးပင်များကို ရှာဖွေနေကြခြင်း ဖြစ်သည်။ မီးတောက်သလင်းကျောက်ကဲ့သို့ အဖိုးတန် ရတနာတစ်ခုခုကို ရှာတွေ့မည် ဆိုလျှင်မူကား ထိုလူများ အလွန်ပျော်ကြမည်မှာ မြေကြီးလက်ခတ်မလွဲ၌င်။

ယေဘုယျအားဖြင့် မီးတောက်နယ်မြေထဲသို့ ဝင်လာသည့် ကျင့်ကြံသူအများစုသည် ထိုအလုပ်များကို လုပ်ကြရန်ဖြစ်ပြီး လက်ကျန်လူများသည် ရတနယ်မြေသို့ သွားကာ အဖိုးတန် ဆေးပင်များကို ရှာဖွေကြရသည်။ ရတနာနယ်မြေထဲသို့ ဝင်နိုင်သည့် ကျင့်ကြံသူများသည် ဂိုဏ်းကြီးများမှ လက်ရွေးစင်များ ဖြစ်ကြပေသည်။

ထိုကဲ့သို့ တာဝန်ခွဲဝေပုံသည် အပြင်ပန်းအားဖြင့် မမျှတဟန်ရသော်လည်း ထိုပုံစံသည် ဤလောကကြီး၏ သဘာဝသာဖြစ်သည်။ အရည်အချင်းမြင့်၊ ခွန်အားမြင့်သော လူများသည် ပိုမိုကောင်းမွန်သော အလေးပေးမှုကို ခံရသည်မှာ သဘာဝသာ ဖြစ်လေသည်။

ချမ်းသာသူများသည် ချမ်းသာသည်ထက် ချမ်းသာလာနေကြပြီး ဆင်းရဲသူများမှာ ဆင်းရဲသည်ထက် ဆင်းရဲလာနေရခြင်းသည် ထိုအကြောင်းကြောင့် ဖြစ်သည်။

အရင်အမြစ်ကောင်းများကို ရရှိရန်အတွက် ပထမဦးစွာ မိမိ၏ ခွန်အားကို တိုးတက်အောင် လုပ်ရန် လိုအပ်ပေသည်။

အသွားလမ်းတစ်လျှောက်၌ သူ့အား ပြဿနာလာရှာမည့် မန်ဟုန်လျန်ကဲ့သို့သော လူမျိုးနှင့် ရန်ကိုင် ထပ်မတွေ့ခဲ့၇ချေ။ အခြားသူများ သူ့အားကြည့်သည့်အကြည့် တစ်မျိုးတစ်ဖုံ ထူးဆန်းနေသည်မှလွဲ၍ အကုန်လုံးသည် ပုံမှန်သာဖြစ်သည်။

ရန်ကိုင်သည် ထိုမျှနိမ့်ကျသော ကျင့်ကြံခြင်းဖြင့် တစ်ယောက်တည်း သွားလာနေသည့် အတွက်ကြောင့် သူ့အား အဆင်အခြင်မဲ့သော ကောင်လေးတစ်ယောက်ဟု အများက ထင်သွား၏။ အများစုသည် သူ့အား စိတ်ဝင်တစား၊ အထက်စီးဆန်သည့် အကြည့်ဖြင့် ကြည့်နေကြသည်။ သို့သော် သူ့အား သေလမ်းမရှာဘဲ နောက်ပြန်လှည့်ရန် လာသတိပေးသည့် အမျိုးသမီး တစ်ဦးလည်း ရှိခဲ့သေးသည်။

တကယ်တော့ ထိုလူက သူ့အား စေတနာဖြင့် လာသတိပေးခြင်း ဖြစ်သည့်အတွက် ရန်ကိုင်လည်း စကားနည်းနည်းပါးပါး ပြန်ပြောခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း ရန်ကိုင်က ဆက်သွားမည်လုပ်နေသဖြင့် အမျိုးသမီးလည်း ရန်ကိုင်အား လေကုန်ခံ ပြောမနေတော့။ ခေါင်းတရမ်းရမ်းဖြင့်သာ သက်ပြင်းချလိုက်လေသည်။

ဆယ်ရက်အတွင်း ဖြတ်ကျော်နိုင်သော မီးတောက်နယ်မြေအား ထူးဆန်းသော တောင်ကြားနှင့် စိတ်ရှုပ်ထွေးအစီအရင်ကြောင့် တစ်လလောက်ကြာမှသာ ရန်ကိုင် ဖြတ်ကျော်နိုင်ခဲ့သည်။ ဤနေရာသို့ သူ့ထက်စော၍ ကြိုရောက်နေသော လူများစွာ ရှိနေမည် ဖြစ်သဖြင့် ရန်ကိုင်သည် သူ့ကောင်းကင်စိတ်အာရုံကို မဆင်မခြင် မထုတ်လွှတ်ခဲ့ချေ။

ရတနာနယ်မြေတွင် မည်သည့် မီးတောက်ဝိဥာဉ်သားရဲမှ မရှိသော်လည်း သတိထားရမည့် မွန်းစတားသားရဲများစွာ ရှိကြောင်း ဝေကုချန်း သူ့အား ပြောခဲ့သည်။ ပထဆုံးသော ရက်အနည်းငယ်အတွင်းတွင် မည်သူနှင့်မှ ရန်ကိုင် မတွေ့ခဲ့ချေ။

ဘာမှလည်း မျိုးမျိုးမြတ်မြတ် ရိတ်သိမ်းနိုင်ခြင်းမရှိခဲ့။ နောက်ကျပြီးမှ ရောက်လာသည့် အတွက်ကြောင့် အဖိုးတန်သည့် ရတနာများကို အခြားသူများက ယူသွားခဲ့လေပြီ။ နောက်ရက်ပိုင်း အတောအတွင်း ရတနာနယ်မြေအပေါ် ရန်ကိုင်‌ မျှော်လင့်ချက်ကြီးကြီး သိပ်မထားတော့။ တကယ်တော့ တကယ့် ရတနာနယ်မြေဖြစ်သော လွင့်မျောတိုက်ကြီးဆီသို့ သူရောက်ခဲ့သည် မဟုတ်ပေလော။

လွင့်မျောတိုက်ကြီးသည် အဖိုးတန်ရတနာများစွာနှင့် ပြည့်နှက်နေသော နေရာတစ်ခုဟု ပြောနိုင်သည်။ ကိုယ်ဘယ်ကြည့်ကြည့်၊ ကြည့်လိုက်သည့် နေရာတိုင်းတွင် အဖိုးတန် ဆေးပင်များ ရှိနေသည်။ ထို့အပြင် ဆေးပင်များသည် အဆင့်နိမ့်ဆေးပင်များမဟုတ်၊ များစွာသည် တန်ခိုးရှင် အဆင့်များ ဖြစ်ကြပြီး တန်ခိုးရှင်ဘုရင်အဆင့် ဆေးပင်များပင် ရှိနေသေးသည်။

ရတနာနယ်မြေတွင် ရန်ကိုင်ရခဲ့သော ဆေးပင်အများစုသည် သူတော်စင်ဘုရင် အထွဋ်အထိပ်အဆင့်များ ဖြစ်ကြပြီး အနည်းငယ်သည်သာ တန်ခိုးရှင်အဆင့်များ ဖြစ်ကြသည်။ ထိုပမာဏသည် အခြားသူများအတွက် များလျှင်များနိုင်သော်လည်း ရန်ကိုင်အတွက်မူ ဘာမှ သိပ်မဟုတ်ပါချေ။ အဆိုးဆုံးဆိုလျှင်ပင် သူလိုချင်နေသော ဆေးပင်များ ရှာမတွေ့ရုံလောက်သာ ရှိပေမည်။

ယခုတစ်ခါ သဲမီးတောက်နယ်မြေ ပိတ်သွားပြီးသည့်နောက် ဝူရီ၊ ယုဖုန်းနှင့် အခြားသူများအတွက် ဆေးလုံးအချို့ ဖော်စပ်ပေးရပေမည်။ လက်ရှိတွင် သူတို့၏ ခွန်အားမှ အလွန်ကိုမှ နိမ့်ကျနေလွန်းနေသည်။ တစ်နေ့၊ လမ်းလျှောက်နေရင်း ရန်ကိုင်သည် ရုတ်တရက် လေအနံ့အသက်ကို ရှုကြည့်လိုက်သည်။

သူရင်းနှီးနေသည့် သစ်လွင်လတ်ဆတ်ပြီး ခါးသက်သက်ဖြစ်နေသော လေသင်းရနံ့ကို ရလိုက်သည်။ မြစိမ်းရောင်ပိုးသားမြက်ပင်… ရန်ကိုင်၏ မျက်ဝန်းအစုံ တောက်ပသွားခဲ့သည်။

ယခုတစ်ကြိမ်ခရီးတွင် မြစိမ်းရောင်ပိုးသားမြက်ပင်ကို ရရန်မှာ ရန်ကိုင်၏ ပစ်မှတ်တစ်ခု ဖြစ်သည်။ မြစိမ်းရောင်ပိုးသားမြက်ပင်များကို အရိပ်ကြယ်ပေါ်တွင် မတွေ့နိုင်သည်မဟုတ်၊ တွေ့နိုင်ပေသည်။ သို့သော် မြစိမ်းရောင်ပိုးသာမြက်ပင် ပေါ်လာသည်နှင့် အင်အားစုကြီးများမှ အပြိုင်အဆိုင် လုဝယ်ကြသောကြောင့်ပင် ဖြစ်သည်။

အရိပ်ကြယ်ပေါ်ရှိ အဆင့်အမြင့်ဆုံး ဆေးပညာရှင်များသည် တန်ခိုးရှင်အဆင့်နိမ့် ဆေးပညာရှင်များသာ ဖြစ်ကြသော်လည်း ထိုလူများသည် ဆယ်ကြိမ်ဖော်စပ်၍ နှစ်ကြိမ် လောက်သာ အောင်မြင်လျှင်ပင် တန်ခိုးရှင်အခြေတည် ဆေးလုံးများကို ဖော်စပ်ရန် ကြိုးစားကြသေးသည်။ အောင်မြင်သွားသည့် အကြိမ်အရေအတွက်တိုင်းသည် တန်ခိုးရှင်အဆင့် ကျင့်ကြံသူတစ်ယောက်အား ထုတ်ပေးနိုင်ချေကို ထုတ်ပေးသည်။

ထိုအကြောင်းကြောင့်သာ မြစိမ်းရောင်ပိုးသားမြက်ပင်များကို ဈေးကွက်တွင် ဝယ်မရခြင်း ဖြစ်သည်။ ထိုဆေးပင်သည် လူဝယ်အများဆုံး ဆေးပင်များအနက်တွင် တစ်မျိုးအပါဝင် ဖြစ်နေသည်။ သို့သော်လည်း ဤနေရာတွင် ထိုဆေးပင်များကို လာရှာတွေ့လိမ့်မည်ဟု မထင်ထားခဲ့ချေ။

လေထဲရှိ ခါးသက်သက် ရနံ့သည် မြစိမ်းရောင်ပိုသားမြက်ပင်များကာ ထုတ်ပေးနိုင်သော ရနံ့ဖြစ်သည်။ သိပ်သည်းလှသော ထိုးခါးသက်သက် ရနံ့အရ ဤနေရာတွင် မြစိမ်းရောင်ပိုးသား မြက်ပင်ရိုးတံအချို့ ရှိနေလောက်ပေသည်။ မဟုတ်လျှင် သင်းရနံ့သည် ဤမျှဝေးဝေးအထိသို့ ရောက်လာနိုင်စရာ အကြောင်းမရှိ။

ရန်ကိုင်အနေဖြင့် ကောင်းကင်စိတ်အာရုံကို အသုံးပြုစရာမလိုချေ။ ဆေးသင်းရနံ့ မည်သည့်နေရာမှ လာသလဲဆိုသည်ကို စူးစမ်းကြည့်လိုက်ရုံပင်။ ဆေးသင်းရနံ့ မည်သည့်ဘက်မှ လာသလဲဆိုသည်ကို သိသွားပြီးနောက် ထိုအရပ်ဆီသို့ အလျင်အမြန် ပြေးထွက်သွားလေသည်။

နာရီဝက်လောက် ကြာပြီး နောက်ဆုံးတွင် ရန်ကိုင် ရောက်သွားခဲ့သည်။ သို့သော်လည်း မြစိမ်းရောင်ပိုးသားမြက်ပင် ရှိနေသည့် နေရာဆီသို့ ချက်ချင်း ပြေးမသွားသေးဘဲ သူ့အရှိန်အဝါကို ဖုံးကွယ်၍ ပတ်ဝန်းကျင်ကို စစ်ဆေးကြည့်လိုက်သည်။ အကြောင်းမှာ မြစိမ်းရောင်ရှိနေသည့် နေရာတွင် မွန်းစတားသားရဲ တစ်ကောင်မက ရှိနေတတ်သည်ကို သိထားသောကြောင့် ဖြစ်သည်။

ဤနေရာတွင် မွန်းစတားသားရဲ ရှိမရှီကို အရင် စစ်ဆေးကြည့်ရန် ရန်ကိုင် ဆုံးဖြတ်လိုက်သည်။ ပတ်ဝန်းကျင်ကို စစ်ဆေးကြည့်လိုက်သည့်အခိုက် ရန်ကိုင် ထခုန်လုမတတ် ဝမ်းသာသွားခဲ့သည်။

အကြောင်းမှာ သူ့ရှေ့တွင် ဆယ်ပင်မကသော အရွက်ခုနှစ်ရွက်ပါသည် အစိမ်းရောင်းရိုးတံ ဆယ်တံမက ရှိနေသောကြောင့် ဖြစ်ပေသည်။ အရွက်ခုနှစ်ရွက်ပါသော မြစိမ်းရောင်ပိုးသာ မြက်ပင်သည် အနည်းဆုံး နှစ်ငါးရာသက်တမ်းရှိသော ဆေးပင်တစ်ပင်ဖြစ်သည်။ ထိုဆေးပင်ဖြင့်သာ ဆိုပါက ရန်ကိုင် အနေဖြင့် တန်ခိုးရှင်အခြေတည်ဆေးလုံး ဆယ်လုံးမက ဖော်စပ်နိုင်ပေလိမ့်မည်။

မြစိမ်းရောင်ပိုးသားမြက်ပင်နှင့် မလှမ်းမကမ်းတွင် လိုဏ်ဂူကြီးတစ်လုံး ရှိနေခဲ့ပြီး ထိုလိုဏ်ဂူဆီမှ အောက်သိုးသိုး အနံ့အသက်တို့ ထွက်ပေါ်နေခဲ့သည်။ လိုဏ်ဂူပေါက်ဝတွင်သည် ချွဲပစ်ပစ်အရာများ ရှိနေသေးသည်။ ထိုအခြင်းအရာကို မြင်လိုက်သည်နှင့် မြစိမ်းရောင်ပိုးသာ မြက်ပင်အား စောင့်ကြပ်နေသည့် သတ္တဝါကို ရန်ကိုင် ချက်ချင်း သိလိုက်သည်။

ငွေဦးချိုလျှပ်စီးစပါးအုံပင်…

ငွေဦးချိုလျှပ်စီးစပါးအုံသည် အဆင့်ခုနှစ် သို့မဟုတ် အဆင့်ရှစ် မွန်းစတားသားရဲ တစ်ကောင် ဖြစ်သည်။ ထိုသားရဲ အထွဋ်အထိပ်အဆင့်သို့ ရောက်သည့်အခါ အဆင့်ကိုး မွန်းစတားသားရဲဖြစ်သော ရေနဂါးအဖြစ်သို့ ဆင့်ကဲပြောင်းလဲနိုင်ပေသည်။ ငွေဦးချိုးလျှပ်စီး စပါးအုံများသည် မြစိမ်းရောင်ပိုးသားမြက်ပင်မှ ပေးစွမ်းသော ခါးသက်သက် အနံ့အသက်ကို ကြိုက်နှစ်သက်သည် ဖြစ်ရာ ဤနေရာတွင် ထိုကောင်ရှိနေသည်မှာ အထူးအဆန်းမဟုတ်။

ထိုအကြောင်းကို မိုးရေစင်ကြယ်တွင် ရှိစဉ်က ကျန်းအောင် ရှေးဟောင်း စာအုပ်များကို လှန်လှောဖတ်ရှုရင်းမှ သိခဲ့ခြင်းဖြစ်သည်။ မဟုတ်လျှင် ကြယ်စီရင်စုထဲရှိ ဆေးပင်များ အကြောင်းကို ထိုမျှ သိနေလိမ့်မည် မဟုတ်ချေ။

အဆင့်ခုနှစ်ဖြစ်စေ၊ အဆင့်ရှစ်ဖြစ်စေ၊ ရန်ကိုင် ဂရုမစိုက်ပေ။ သူ့အမြန်နှုန်းနှင့်ဆိုလျှင် ထိုဆေးပင်များကို ခူးပြီးသည်နှင့် မွန်းစတားသားရဲ မတိုက်ခိုက်ရသေးခင်မှာပဲ ချက်ချင်း ပြန်ထွက်သွားနိုင်ပေသည်။

လိုဏ်ဂူဆီသို့ ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်ကြည့်လိုက်သည့်အခါ လိုဏ်ဂူထဲတွင် ငွေဦးချိုလျှပ်စီးစပါးအုံနှစ်ကောင် ရှိနေသည်ကို တွေံလိုက်ရသည်။ နှစ်ကောင်စလံးသည် အဆင့်ရှစ် မွန်းစတားသားရဲများ ဖြစ်ကြသည်။

ရန်ကိုင် အံ့ဩသွားရသည့် အချက်သည် ဤနေရာတွင် သူသာမဟုတ်ဘဲ အခြား ကျင့်ကြံသူ နှစ်ယောက်ပါ ရှိနေသည့်အတွက်ကြောင့် ဖြစ်သည်။

မြွေနှစ်ကောင်၏ ခွန်အားကို သိထားသည့်အတွက် ထိုကျင့်ကြံသူနှစ်ယောက်သည် ရန်ကိုင်ထက် စောရောက်နေခဲ့သော်လည်း အလျင်စလို မလှုပ်ရှားသေးဘဲ မြစိမ်းရောင်ပိုးသာ မြက်ပင်များကို မည်ကဲ့သို့ ခူးယူမလဲ ဆိုသည်ကို ဆွေးနွေးနေခဲ့ကြသည်။

အကောင်းဆုံးနည်းလမ်းသည်ကား တစ်ယောက်မှ လိုဏ်ဂူထဲရှိ စပါးအုံများကို အခြားတစ်နေရာဆီသို့ မြှားခေါ်သွားစဉ် အခြားတစ်ယောက်မှ ဆေးပင်များကို ခူးယူခြင်း ဖြစ်သည်။ သို့သော်လည်း နှစ်ယောက်စလုံးသည် သူတော်စင်ဘုရင်ဒုတိယအဆင့်သာ ရှိသေးကြသဖြင့် ငွေဦးချိုလျှပ်စီးစပါးအုံ နှစ်ကောင်မဆိုထားနှင့် တစ်ကောင်ကိုပင် နိုင်လိမ့်မည် မဟုတ်ချေ။ ထို့ကြောင့် သူတို့ တုန့်ဆိုင်းနေကြခြင်း ဖြစ်သည်။

သို့သော်လည်း သူတို့နှစ်ယောက်‌ ဆွေးနွေးလို့မပြီးသေးခင်မှာပဲ မည်သည့်နေရာမှ လာမှန်း မသိရသော အနက်ရောင်ဝတ်ရုံ ဝတ်ထားသည့် လူတစ်ယောက် မြစိမ်းရောင်ပိုးသားမြက်ပင်များ ရှိရာဆီ လမ်းလျှောက်လာနေသည်ကို တွေ့လိုက်ရသည်။

နှစ်ယောက်စလုံး ကြောင်အမ်းအမ်း ဖြစ်သွားခဲ့ကြသော်လည်း မကြာမီ တစ်ယောက်ယောက်မှ သူတို့ရယူရန် ကြံစည်ထားသည့် အရာကို လုယူရန် ကြိုးစားနေပြီမှန်း သိလိုက်သည်။ အနက်ရောင်ဝတ်ရုံ ဝတ်ထားသည့်လူသည် သူ့ရှေ့တွင် ရှိနေသော အန္တရာယ်ကို မသိသည့်အလား မြစိမ်းရောင်ပိုးသာမြက်ပင်များကို ပျော်ပျော်ရွှင်ရွှင်ဖြင့် ခူးဆွတ်နေခဲ့သည်။

ခဏကြာစောင့်ကြည့်နေပြီးနောက် ပုန်းအောင်နေသော ကျင့်ကြံသူနှစ်ယောက်စလုံး ဆက်ပြီး ပုန်းမနေနိုင်တော့။ ထိုလူမှ မြစိမ်းရောင်ပိုးသားမြက်ပင်များကို ခူးဆွတ်လိုက်နိုင်သည် ဖြစ်စေ၊ မဖြစ်စေ၊ သူရှေ့ထွက်လိုက်ပြီး စပါးအုံနှစ်ကောင်ကို သွားနှိုးလိုက်သည့် အချိန်မှစ၍ သူတို့၏ အောင်မြင်နိုင်သည့် အခွင့်အရေးလေး ပျောက်ကွယ်သွားခဲ့လေပြီ။

ထို့ကြောင့် နှစ်ယောက်စလုံး အလျင်အမြန် ပြေးထွက်သွားကြသည်။

ထိုလူနှစ်ယောက် ထွက်လာသည်ကို သတိပြုမိသော် ရန်ကိုင် မျက်မှောင်ကြုတ်သွားပြီး ချက်ချင်းပဲ အားလုံးထက် ပိုမိုမြန်ဆန်သော အမြန်နှုနး်ဖြင့် မြစိမ်းရောင်ပိုးသားမြက်ပင်ဆီ ပြေးထွက်သွားလိုက်သည်။

ဆယ်ပင်မကသော မြစိမ်းရောင်ပိုးသားမြက်ပင်များကို ခူးဆွတ်လိုက်ပြီးနောက် သိုလှောင်လက်စွပ်ထဲ ချက်ချင်း ပစ်ထည့်လိုက်သည်။

ဆေးပင်များကို သိုလှောင်လက်စွပ်ထဲသို့ ထည့်လိုက်ပြီးသည်နှင့် တစ်ပြိုင်နက် တစ်ခုခု မှားယွင်းနေမှန်းကို သတိပြုမိသွားသော ငွေဦးချိုလျှပ်စီးစပါးအုံးနှစ်ကောင်သည် ရန်ကိုင်ဆီသို့ မိုးပြာရောင်လျှပ်စီးတန်းနှစ်ခု ပစ်လွှတ်လိုက်လေသည်။

တစ်ချိန်တည်းတွင် သုံးမြှောင့်ပုံ တလက်လက် တောက်ပနေသော မျက်လုံးနှစ်လုံးပါသည့် လက်ဆေးဇလုံအရွယ်အစားမျှရှိသော စပါးအုံခေါင်းတစ်လုံး လိုဏ်ဂူထဲမှ ပေါ်လာခဲ့သည်။ ခေါင်းထက်ရှိ ငွေရောင်ဦးချိုနားတွင် လျှပ်စီးတဖျတ်ဖျတ် လက်နေခဲ့လေသည်။

ဝုန်းဆိုသော မြည်သံနှင့်အတူ ငွေဦးချိုလျှပ်စီးစပါးအုံ၏ ခန္ဓာကိုယ်ကြီးသည် မြေပေါ်လျှောတိုက်၍ လိုဏ်ဂူထဲမှ ထွက်ပေါ်လာခဲ့သည်။ ရန်ကိုင်မှ မြစိမ်းရောင်ပိုးသား မြက်ပင်များကို ခူးယူလိုက်သည့် အတွက်ကြောင့် စပါးအုံကြီး ဒေါသထွက်သွားခဲ့လေပြီ။

ရန်ကိုင်သည် လျှပ်စီးတန်းများကိုရှောင်ပြီး ထွက်ပြေးတော့မည် အပြု ဒေါသတကြီး အော်ဟစ်သံတစ်သံကို ကြားလိုက်ရလေသည် “မသေချရင် မြစိမ်းရောင်ပိုးသာမြက်တွေကို ချထားခဲ့လိုက်စမ်း”

ထိုစကားသံ ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် သူတော်စင်ချီတို့‌ ပေါက်ကွဲထွက်လာပြီး ကျားခေါင်းတစ်ခေါင်း ရန်ကိုင်ဆီသို့ တိုးဝင်လာခဲ့သည်။

သူကိုယ်တိုင် ရယူထားသည့် ပစ္စည်းများကို ဘာကြောင့် အလွယ်တကူ ထားခဲ့ရမည်နည်း။ ထိုနှစ်ယောက် အလွန်ကိုမှ စိတ်ပူနေပြီမှန်း ရန်ကိုင် သိလိုက်သည်။ မဟုတ်လျှင် ယခုကဲ့သို့ ရုတ်တရက်ကြီး လှုပ်ရှားလိမ့်မည် မဟုတ်ချေ။ သို့သော်လည်း ရန်ကိုင်သည် ကျားခေါင်းကို အလွယ်လေး တိမ်းရှောင်သွားခဲ့သည်။

ကျားခေါင်းသည် ရှေ့သို့ ဆက်လက်တိုးဝင်သွားရာ ရန်ကိုင်ဆီ လာနေသော ငွေဦးချိုလျှပ်စီးစပါးအုံ၏ ဦးခေါင်းကို သွားမှန်လေသည်။ ကျားခေါင်းသည် ငွေဦးချိုလျှပ်စီး စပါးအုံးကို ဒဏ်ရာရအောင် မလုပ်နိုင်ခဲ့သော်လည်း ဒေါသ ပိုထွက်သွားအောင်မူ လုပ်နိုင်ခဲ့သည်။

အပိုင်း(၁၁၈၉)

အထွဋ်အထိပ်သိုင်းဧကရာဇ်

ခရက်ဆိုသော မြည်သံနှင့်အတူ အနက်ရောင်လျှပ်စီးလုံးတစ်လုံး ငွေဦးချိုစပါးအုံး၏ ဦးချိုထက်တွင်‌ ပေါ်လာခဲ့သည်။ လျှပ်စီးလုံး အဆင်သင့်ဖြစ်သည်နှင့် တစ်ပြိုင်နက် ထိုအနက်ရောင် လျှပ်စီးလုံးကို ကျင့်ကြံသူနှစ်ယောက်ဆီ ပစ်လွှတ်လိုက်လေသည်။

တစ်ယောက်၏ မျက်နှာ သွေးဆုတ်ဖြူလျော်သွားခဲ့ပြီး ချက်ချင်းပဲ ဘေးဘက်သို့ တိမ်းရှောင်လိုက်လေသည်။ အခြားတစ်ယောက်သည် ရန်ကိုင်ကို တိုက်ခိုက်ရန်အတွက်သာ အာရုံစိုက်နေသဖြင့် လျှပ်စီးလုံးကို ရှောင်တိမ်းနိုင်ခဲ့ခြင်း မရှိချေ။

လျှပ်စီးလုံးနှင့် ထိမှန်ခြင်းခံလိုက်ရသည့် ကံမကောင်းအကြောင်းမလှရှာသော ကျင့်ကြံသူ တစ်ကိုယ်လုံး တွန့်လိမ်ကောက်ကွေးသွားခဲ့သည်။ ဆံပင်များဆိုလျှင်လည်း သံမှိုများနှယ် ထောင်တက်သွားခဲ့သည်။ သူတော်စင်ချီကို အဆုံးစွန်ထိ လှည့်ပတ်၍ ထိုလျှပ်စီးစွမ်းအားကို ခုခံရန် ပြင်လိုက်သည်။ သို့သော်လည်း ကြာပွတ်ကဲ့သို့သော အရာတစ်ခုလုံ သူ့အား လာမှန်ခဲ့ရာ စိတ်နှင့်ကိုယ် နှစ်ခြမ်းကွဲသွားမတတ် ဖြစ်သွားခဲ့ရသည်။

လျှပ်စီးဘောလုံးနှင့် ထိမှန်ခြင်း ခံလိုက်ရပြီး မပြီးသေးခင်မှာပဲ ထိုတိုက်ခိုက်မှုက အချိန်ကိုက် ရောက်ရှိလာသဖြင့် မရှောင်းတိမ်နိုင်တော့ဘဲ မီတာပေါင်းများစွာအထိသို့ လွင့်ပျံထွက်သွားခဲ့ရလေသည်။

အရိုးကျိုးသံများ ထွက်ပေါ်လာခဲ့သည်။ သူ့ရင်ဘတ်တစ်ခုလုံး ချိုင့်ဝင်သွားခဲ့ပြီး သွေးအပြည့် အန်ထုတ်လိုက်ရသည်။ ယခုမှပဲ သူ့အား ဘာလာမှန်းလဲ ထိုလူ သိသွားခဲ့သည်။ ငွေဦးချိုလျှပ်စီးစပါးအုံ၏ အမြီးပင်။

မြေကြီးပေါ်သို့ လဲကျသွားပြီးနောက် အတော်လေး အားပြန်စိုက်ပြီးမှသာ ပြန်ထလာနိုင်ခဲ့သည်။ သို့သော် မြေကြီးပေါ်သို့ ထပ်လဲကျသွားရပြန်သည်။ ယခုတစ်ကြိမ်၌မူ ပြန်မထနိုင်တော့ချေ။

အဆင့်ရှစ်မွန်းစတားသားရဲ၏ လျှပ်စီးတိုက်ခိုက်မှုကို ခံခဲ့ရသည့်အပြင် အမြီးနှင့်ပါ ထပ်ရိုက်ခံလိုက်ရသည့်အတွက် ထိုကျင့်ကြံသူအဖို့ ငရဲမင်းဆီ သွားဖို့သာ ရှိတော့ပေသည်။

ထိုအခြင်းအရာကို မြင်လိုက်သော် ကျန်ရှိနေသည့် ကျင့်ကြံသူ၏ အမူအရာ အပြောင်းကြီး ပြောင်းလဲသွားခဲ့ရသည်။ လက်ရှိအခြေအနေသည်လည်း ယခုကဲ့သို့ ပြောင်းလဲသွားလိမ့်မည်ဟု မထင်ထားခဲ့ပေ။ သူ့တို့စဉ်းစားထားသည်ကား ပထမတိုက်ခိုက်မှုဖြင့်ကို ရန်ကိုင်ကို သတ်ပြီးနောက် သူ့သိုလှောင်လက်စွပ်ကို လုယူပေမည်။ ထို့နောက် ငွေဦးချိုလျှပ်စီးစပါးအုံမှ ရန်ကိုင်အား တိုက်ခိုက်နေသည်ကို အခွင့်ကောင်းယူလျက် သူ့အပေါင်းအပါနှင့် ထွက်ပြေးပေမည်။

သို့သော်လည်း လက်ရှိအဖြစ်အပျက်သည် သူတို့ ကြိုးတင်စီစဉ်ထားသည်နှင့် တက်တက်စင်အောင် လွဲမှားနေခဲ့သည်။ ရန်ကိုင်သည် အကောင်းအတိုင်း ရှိနေသေးသော်ငြား သူ့အပေါင်းအပါမှာ သေသွားခဲ့လေပြီ။

ယခုသူ့တွင် ရန်ကိုင်အား တိုက်ခိုက်မည့်အတွေး မရှိတော့။ အကြောင်းမှာ နှစ်ယောက်စလုံး တစ်လှေတည်းစီးနေသည့် လူများ ဖြစ်နေသောကြောင့် ဖြစ်ပေသည်။ နှစ်ယောက်စလုံးသည် ငွေဦးချိုလျှပ်စီးစပါးအုံတစ်ကောင်စီနှင့် ရင်ဆိုင်နေရသည်။ သူတော်စင်ဘုရင် ဒုတိယအဆင့်ဖြင့် အဆင့်ရှစ်မွန်းစတားသားရဲကို ရင်ဆိုင်နေရခြင်း ဖြစ်သည့်အတွက်ကြောင့် သူ့ကိုယ်သူ ကာကွယ်နိုင်ရုံသာ ကာကွယ်နိုင်ခဲ့သည်။ ဆက်ပြီး မတိုက်ခိုက်ရဲတော့သဖြင့် တိုက်ပွဲဆီမှ ပြန်ဆုတ်ရန် ပြတ်ပြတ်သားသား‌ ရွေးချယ်လိုက်သည်။

သို့သော်လည်း မထွက်သွားခင် ရန်ကိုင်အား မုန်းတီးမှုအပြည့်ဖြင့် စူးစူးရဲရဲ စိုက်ကြည့်သွားသည်။

သူတို့သည်သာ ရန်ကိုင်ကို အရင်သွားတိုက်ခိုက်ပြီး သူ့ဆေးပင်များကို လုယူရန် ကြံစည်ခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း သူတို့ဘာသာ သောက်သုံးမကျဘဲ သူ့အပေါင်းအပါ သေသွားရသည်ကို ရန်ကိုင်အား သွားအပြစ်တင်နေခဲ့သည်။ ရန်ကိုင်လည်း ယခုကိစ္စကို ဤအတိုင်းထားလိုက်မည် မဟုတ်ချေ။ ထို့အပြင် သူ့တွင် မြစိမ်းရောင်ပိုးသားမြက်ပင်များ ရှိနေသည့်အကြောင်းကို အခြားသူများ သိမသွားစေရန် မျက်မြင်သတ်သေကိုပါ နှုတ်ပိတ်သတ်ပစ်ရပေမည်။

ငွေဦးချိုလျှပ်စီးစပါးအုံသည် အတော်လေးကို ရင်ဆိုင်ရခက်သည့် မွန်းစတားသားရဲ ဖြစ်သဖြင့် ဤနေရာသည် မျက်မြင်သက်သေကို နှုတ်ပိတ်လို့ကောင်းသည့် နေရာတစ်ခု မဟုတ်သေးချေ။ သူ့နတ်ဆိုးမီးတောက်သည် ငွေဦးချိုလျှပ်စီးစပါးအုံးကို များများစားစား ထိခိုက်အောင် မလုပ်နိုင်ချေ။ ထိုမွန်းစတားသားရဲၑ အကြေးခွံသည် အလွန်ကိုမျာကျောပြီး ဓါတ်စွမ်းအားများကို အထူးခုခံနိုင်သည့်ပုံပင်။

ထိုမွန်းစတားသားရဲဿည် ရေနဂါးဖြစ်လာတော့မည့် အဆင့်ရှစ် အထွဋ်အထိပ်အဆင့် မွန်းစတားသားရဲတစ်ကောင် ဖြစ်သည်။ နောက်ထပ် နှစ်နည်းနည်းလောက်သာ ကြာသွားလျှင် ဤမွန်းစတားသားရဲ ရေနဂါးဖြစ်ပေပြီ။

ထို့အပြင် ဤငွေဦးချိုလျှပ်စီးစပါးအုံးသည် ဆင့်ကဲပြောင်းလဲထားသေးသည့်ပုံပင်၊ ထိုကောင်သည် လျှပ်စီးတန်းများကို ပစ်လွှတ်နေရုံမက အဆိပ်များကိုပင် မှုတ်ထုတ်နေသေး၏။ ထို့ကြောင့် ရန်ကိုင်မှာ အတော့်ကိုမှ ခေါင်းကိုက်နေခ့ရလေသည်။ ထိုကောင်ကိုသတ်ရန်အတွက် အတော့်ကို အားစိုက်ထုတ်ရပေလိမ့်မည်။

ခဏလောက် စဉ်းစားပြီးနောက် ထိုကောင်အား သတ်မည့်အကြံအစည်ကို လက်လျှော့်လိုက်သည်။ မွန်းစတားသားရဲတစ်ကောင်ကို သတ်နိုင်လျှင်ပင် အဆင့်ရှစ် သားရဲ အမြူတေနှင့် အဆင့်နိမ့် ပန်းပဲထုလုပ်ရာတွင် အသုံးပြုသည့် ကုန်ကြမ်းပစ္စည်းအချို့သာ ရပေလိမ့်မည်။ မထိုကတန်ပါချေ။

ထွက်ပြေးသွားသော ပြဿနာ အရင်းအမြစ်ကို ဖယ်ရှားခြင်းသည် ပို၍ အရေးပါသည်။

စဉ်းစားပြီးနောက် ရန်ကိုင်သည် ထိုငွေဦးချိုလျှပ်စီးစပါးအုံနှင့် မတိုက်ခိုက်တော့ဘဲ အသက်ရှင်ကျန်ရစ်သော ကျင့်ကြံသူ ထွက်ပြေးသွားသည့် အရပ်ဆီ ချက်ချင်း ပြေးထွက်သွား၏။ မကြာမီ ငွေဦးချိုလျှပ်စီးစပါးအုံ သူ့နောက်တွင် ပြတ်ကျန်ရစ်ခဲ့လေသည်။

လမ်းတွင် အစောပိုင်းက ထွက်ပြေးသွားသည့် ကျင့်ကြံသူနောက် လိုက်သွားသော ငွေဦးချိုလျှပ်စီးစပါးအုံ ပြန်လာသည်ကို တွေ့လိုက်ရသည်။ ထိုအခြင်းအရာကို မြင်လိုက်သည်နှင့် ထိုကျင့်ကြံသူသည်လည်း သူ့ကဲ့သို့ ထိုရင်ဆိုင်ရ ခက်ခဲသော ပြိုင်ဘက်ဆီမှ ရုန်းထွက်လာနိုင်မှန်း ရန်ကိုင် သိလိုက်သည်။

တောအုပ်ထဲရှိ တစ်နေရာတွင် သူတော်စင်ဘုရင် ဒုတိယအဆင့် ကျင့်ကြံသူတစ်ယောက်သည် သစ်ပင်ကြီးကိုမှီလျက် အမောတကော အသက်ရှုနေခဲ့သည်။ ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်၍လည်း သူ့ပတ်ဝန်းကျင်ကို အဆက်မပြတ် သတိထားနေခဲ့သည်။

ဆယ်ပင်မကသော မြစိမ်းရောင်ပိုးသားမြက်ပင်များသည် သူ့လက်ထဲသို့‌ ရောက်ခါနီးနေမှ အခြားတစ်ယောက်၏ လုယူခြင်း ခံလိုက်ရသည်။ ဆေးပင်များကို မရလိုက်နိုင်သည့်အပြင် သူ့အပေါင်းအဖော်ပင် သေသွားခဲ့ရသေးသည်။

ရန်ကိုင်ကြောင့်သာ မဟုတ်လျှင် သူလည်း အခုလိုမျိုး ဖြစခဲ့ရလိမ့်မည် မဟုတ်ချေ။ ရန်ကိုင်က ဆေးပင်များကို ရုတ်တရက် လာယူသွားသည့် အတွက်ကြောင့်သာ မဟုတ်လျှင် သူတို့လည်း ဘာကြောင့် ထိုမျှ အလျင်စလို လှုပ်ရှားစရာလိုမည်နည်း။

ထိုနေရာတွင် မြစိမ်းရောင်ပိုးသားမြက်ပင် ဆယ်ပင်မက ရှိနေပေသည်။ ထိုဆေးပင်များကိုသာ ဂိုဏ်း၏ အကြီးအကဲများဆီ ပြန်အပ်နိုင်မည် ဆိုပါက ဆုလာဒ်အကြီးကြီး ရမည်မှာ မလွဲမသွေပင်။

မည်သို့ပင် ဖြစ်စေကာမူ မြစိမ်းရောင်ပိုးသားမြက်ပင်များကို ထိုကောင်ဆီမှ မရရအောင် ပြန်ယူရပေလိမ့်မည်။

သိုလှောင်လက်စွပ်ထဲမှ ဆက်သွယ်ရေး မှော်ရတနာကို ထုတ်လိုက်ပြီး ထိုကဲ့သို့ ကောင်းကင်စိတ်အာရုံ ထည့်သွင်းလိုက်သည်။ ဤနေရာတွင် ဖြစ်ပျက်သွားသော အကြောင်းအရာများကို သူ့ဂိုဏ်းသားများဆီ သတင်းပို့ရန် ပြင်နေစဉ်မှာပဲ ပူပြင်းအေးစက်၊ မိစ္ဆာဆန်သော အရှိန်အဝါ သူ့အပေါ်သို့ စီးမိုးကျဆင်းလာခဲ့သည်။

ငေးကြောင်ကြောင်ဖြင့် မော့ကြည့်လိုက်ရာ သူ့ပေါ် စီးကျလာနေသော ဧရာမ အနက်ရောင် လက်ဝါးကြီးကိုသာ မြင်လိုက်ရလေသည်။

အလန့်တကြား ထအော်လျက် အကာအကွယ် မှော်ရတနာကို အလျင်စလို ထုတ်လိုက်သည်။ တစ်ချိန်တည်းတွင် မီတာပေါင်းများစွာသို့ ရအောင်ခုန်လျက် ထိုတိုက်ခိုက်မှု ရှောင်တိမ်းရန် ကြိုးစားလိုက်သည်။

တစ်ယောက်ယောက် သူ့ကို တိုက်ခိုက်နေလေပြီ။

ထိုလူ အံ့အားသင့်နေခဲ့သည်။ ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်လိုက်သော်ငြား မည်သည့်လူသူ အရိပ်အယောင်ကိုမှ မတွေခဲ့ရ။ တစ်ဖက်လူ၏ ကျင့်ကြံခြင်းသည် သူ့ထက် အများကြီး ပိုမြင့်နေခြင်း ဖြစ်လောက်သည်။ သို့သော်လည်း ထိုသို့ဆိုလျှင် ဘာကြောင့် အကြောင်းမရှိဘဲ သူ့အား အလကားသက်သက် လာတိုက်ခိုက်ရသနည်း။

ထို့နောက်ဆိသလို အနက်ရောင်မီးတောက်တစ်ခု သူ့အား လွှမ်းခြုံသွားခဲ့သည်။ သူနှင့် မနီးမဝေးတွင် ပေါ်လာသော ရန်ကိုင်ကို မြင်လိုက်သည်နှင့် အလန့်တကြား အော်ပြောမိလိုက်လေသည် “မ်း…”

သူ့တွင် ငွေဦးချိုလျှပ်စီးစပါးအုံကဲ့သို့ မာကျောသော အရေပြား မရှိချေ။ ထို့ကြောင့် အနက်ရောင်မီးတောက်ဖြင့် လောင်ကျွမ်းခြင်း ခံလိုက်ရသည့်အခါ မည်သည့် ခုခံမှုမှ မပြုလုပ်နိုင်ဘဲ တစ်ခဏအတွင်း ပြာပုံဘဝသို့ ရောက်သွားခဲ့ရလေသည်။

သူ့သိုလှောင်လက်စွပ်နှင့် ဆက်သွယ်ရေး မှော်ရတနာတို့ မြေကြီးပေါ်သို့ ပြုတ်ကျလာခဲ့သည်။

ဆက်သွယ်ရေးမှော်ရတနာကို မြင်ပြီးနောက် ရန်ကိုင် စိတ်သက်သာရာ ရသွားသည်။ သူ့ခန့်မှန်းချက် မှန်ကန်နေခဲ့ပေသည်။ ထိုလူသည် ငွေဦးချိုလျှပ်စီးစပါးအုံဆီမှ လွတ်သွားသည်နှင့် တစ်ပြိုင်နက် သူ့ဂိုဏ်းသားများကို ဆက်သွယ်ရန် ကြိုးစားခဲ့သည်။ ကံကောင်းစွာဖြင့် ရန်ကိုင် အချိန်မှီရောက်လာပြီး သူ့အား သတ်ပစ်လိုက်နိုင်ခဲ့လေသည်။ မဟုတ်လျှင် နောက်ပိုင်း အတော်လေးကို ပြဿနာများရမည့် ကိန်းပင်။

ထိုလူ၏ သိုလှောင်လက်စွပ်ကို ကောက်ယူ စစ်ဆေးကြည့်လိုက်သည်။ ထိုထဲတွင် သူတော်စင်သလင်းကျောက်၊ ဆေးလုံးအချို့သာမက သူတော်စင်ဘုရင် အထွဋ်အထိပ်အဆင့် ဆေးပင် အတော်များများနှင့် ပဲစေ့အရွယ် မီးတောက်သလင်းကျောက်အချို့ ရှိနေခဲ့သည်။

ထိုပစ္စည်းကို သူ့သိုလှောင်လက်စွပ်ထဲ ပြောင်းထည့်လိုက်ပြီးနောက် ဆက်သွယ်ရေး မှော်ရတနာကို ကောက်ယူလိုက်သည်။ ထိုဆက်သွယ်ရေးမှော်ရတနာကိုလည်း သူသိုလှောင် လက်စွပ်ထဲသို့ ပစ်ထည့်ရန် လုပ်နေစဉ်မှာပဲ ဆက်သွယ်ရေးမှော်ရတနာ ရုတ်တရက် မြည်လာခဲ့သည်။

တစ်ယောက်ယောက် သတင်းပို့နေပေသည်။

ရန်ကိုင် ကြောင်သွားခဲ့သည်။ သူနောက်များ နောက်ကျသွားလေသလားဟုပင် ထင်မိသွားသည်။ သူမရောက်ခင် ထိုလူများ သူ့မိတ်ဆွေများကို သတင်းပို့လိုက်ခြင်းပေလော။

မျက်မှောင်ကြုတ်လျက် ပို့လာသည့် သတင်းကို ဖတ်ကြည့်လိုက်ပြီးသည့်နောက် ရန်ကိုင်၏ အမူအရာ ထူးဆန်းသွားခဲ့ရသည်။

တစ်ယောက်ယောက် သတင်းပို့သည်မှာ မှန်ပေသည်။ သို့သော် ယခု ဖြစ်ပျက်သွားသည့် ကိစ္စနှင့် ဘာမှမဆိုင်ချေ။ သတင်းစကားသည်ကား တစ်ခုခုကို တွေ့ထားသည့် အတွက်ကြောင့် သူတို့အားလုံးကို အတူစုဝေးကြရန် ခေါ်နေခြင်း ဖြစ်သည်။

ပုံမှန်ဆိုလျှင် အခြားသူများကိစ္စ၌ ဝင်ပါရသည်ကို ရန်ကိုင် စိတ်မဝင်စားချေ။ သူသည် ယခုလေးတင် အတူတူ စုဝေးကြရန် ခေါ်နေသော လူများ၏ ဂိုဏ်းတူညီအစ်ကိုကို သတ်ထားခြင်း ဖြစ်သည်။ ထို့ကြောင့် သူတို့ဂိုဏ်းကို ရှောင်းရှားသင့်သည်မှာ သဘာဝကျပေသည်။ သို့သော် ပို့လာသည့် သတင်းစကားထဲတွင် ပါသော ‘ဝိဥာဉ်သန့်နတ်ရေစင်’ ဆိုသော စကားလုံးသည် ရန်ကိုင်၏ အာရုံကို ဆွဲဆောင်သွားခဲ့သည်။

မိုးရေစင်ကြယ်တွင် ရှိစဉ်က ဇုန်းအောင်၏ ရှေးဟောင်းစာအုပ်များဆီမှ ဆေးပင်များနှင့် ဆေးအမယ်များ အကြောင်းသာမက၊ အခြားသော အကြောင်းအရာများစွာကိုလည်း သိခဲ့ရသည်။ ဝိဥာဉ်သန့်နတ်ရေစင်သည် ရန်ကိုင် သိခဲ့သည့် အကြောင်းအရာအသစ်များအနက် တစ်ခု ဖြစ်ပေသည်။

ထိုရတနာသည် သဘာဝအတိုင်း ဖြစ်လာခြင်းမဟုတ်ဘဲ တိုက်ဆိုက်မှုများစွာ ကြုံကြိုက်ပြီးမှ ဖြစ်လာခြင်းဖြစ်သည်။

ဝိဥာဉ်သန့်နတ်ရေစင် ဖြစ်ပေါ်လာရန် အချက်သုံးချက်နှင့် ကိုက်ညီရမည်။ ပထမ အချက်အနေဖြင့်၊ ထိုရတနာဖြစ်ပေါ်မည့် နေရာဒေသသည် အလွန်ကိုမှ မိုးမြေစွမ်းအင် သိပ်သည်း ကြွယ်ဝနေရပေမည်၊ မြေကမ္ဘာချီကြောမကြီး သို့မဟုတ် စိတ်ဝိဥာဉ်စမ်းချောင်း ရှိနေသည့် နေရာမျိုး ဖြစ်ရမည်။ ဒုတိယအနေဖြင့်၊ ထိုနေရာသည် တန်ခိုးရှင်ဘုရင်အဆင့်တစ်ယောက် သေခဲ့သော နေရာဖြစ်ရပေမည်။ တတိယအနေဖြင့်၊ သေဆုံးသွားသော တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူ၏ စိတ်စွမ်းအင်သည် ပျောက်ကွယ်သွားခြင်းမျိုး မရှိဘဲ မြေကမ္ဘာချီကြောမကြီး သို့မဟုတ် စိတ်ဝိဥာဉ်စမ်းချောင်းနှင့် အပြည့်အဝ ပေါင်းစပ်သွားရမည်။ ထိုအချက်သုံးချက်နှင့် ကိုက်ညီမှသာလျှင် ဝိဥာဉ်သန့်နတ်ရေစင် ဖြစ်ပေါ်လာနိုင်သည်။

ထိုသုံးချက်အနက် တတိယအချက်ဖြစ်ရန်မှာ အခက်ခဲဆုံးဖြစ်သည်။ အကြောင်းမှာ မည်မှ အားကောင်းသော ကျင့်ကြံသူတစ်ယောက် သေသွားပါစေ၊ သေသွားသည်နှင့် သူတို့၏ စိတ်စွမ်းအင်သည် ခန္ဓာကိုယ်ထဲမှ လွတ်ထွက်ပြီး ပတ်ဝန်းကျင် လေထုထဲသို့ စိမ့်ဝင် ပျောက်ကွယ်သွားသောကြောင့် ဖြစ်သည်။

သို့သော်လည်း ချွင်းချက်အချို့ ရှိပေသည်။

ဥပမာအားဖြင့် ဝိဥာဉ်ကြာပန်းသည် ကျင့်ကြံသူတစ်ယောက်၏ စိတ်စွမ်းအင်ကို မပျောက်ပျက်အောင် ထိန်းသိမ်းထားနိုင်စွမ်း ရှိသည်။ ဝိဥာဉ်ကြာပန်းကို ရန်ကိုင် တွေ့စဉ်က ထိုအရာတစ်ခုလုံးကို သိပ်သည်းလှသော စိတ်စွမ်းအင်များက လွှမ်းခြုံထားခဲ့သည်။

ရန်ကိုင်သာ မတော်တဆ သေသွားခဲ့လျှင် သူ့စိတ်စွမ်းအင် ပျောက်ကွယ်သွားလိမ့်မည် မဟုတ်ဘဲ ဝိဥာဉ်ကြာပန်း၏ ထိန်းသိမ်းထားခြင်း ခံရပေလိမ့်မည်။

ဝိဥာဉ်သန့်နတ်ရေစင် ဖြစ်ပေါ်လာခြင်းတွင် နောက်ထပ်သော ချွင်းချက်တစ်ခု ရှိနေရပေလိမ့်မည်။

လူတစ်ယောက်၏ ဝိဥာဉ်ထဲတွင် သူတို့တစ်ဘဝလုံး ကြုံတွေ့ခဲ့ရသည့် အတွေ့အကြုံများ၊ မှတ်ဥာဏ်များ၊ ရှိနေခဲ့ပြီး မည်သူမှ မဆင်မခြင် မစုပ်ယူရဲကြချေ။ ရန်ကိုင်သည် အခြားသူများ၏ ဝိဥာဉ်များကို သုတ်သင်ခြင်းနတ်ဆိုးမျက်လုံးဖြင့် သန့်စင်ပြီးမှသာလျှင် စုပ်ယူခြင်း ဖြစ်သည်။

သို့သော်လည်း ဝိဥာဉ်သန့်နတ်ရေစင်ကမူ ကွဲပြားသည်။ ထိုအရာသည် စိတ်စွမ်းအင်နှင့် များပြားလှသော မိုးမြေစွမ်းအင်တို့ ရောနှောပေါင်းစပ်ရာမှ ဖြစ်ပေါ်လာသော အရာဖြစ်သည်။ ထိုအရာဖြစ်ပေါ်လာရန် လိုအပ်သော အထူးအခြေအနေများကြောင့် သေဆုံးသွားသော ကျင့်ကြံသူ၏ မှတ်ဥာဏ်နှင့် အတွေ့အကြုံအားလုံး ရှင်းလင်းဖယ်ထုတ်ခြင်း ခံလိုက်ရပြီး သန့်စင်သော စိတ်စွမ်းအင်တစ်မျိုးသာ ကျန်ရစ်ခဲ့ရသည်။

ဝိဥာဉ်သန့်နတ်ရေစင်သည် ကျင့်ကြံသူတစ်ယောက်၏ ဝိဥာဉ်ကို ပို၍ လျင်လျင်မြန်မြန် အားကောင်းလာအောင် လုပ်ဆောင်ပေးနိုင်ရုံမက ကံကောင်းလျှင် သေဆုံးသွားသော တန်ခိုးရှင် ဘုရင်အဆင့် ကျင့်ကြံသူ၏ ကောင်းကင်လမ်းစဉ်နှင့် သိုင်းတာအိုအပေါ် ဥာဏ်အလင်းများကိုပင် ရရှိကောင်းရရှိနိုင်ပေသေးသည်။

သို့သော်လည်း ထိုသို့ ရနိုင်မည့်အခွင့်အရေးသည် ဝိဥာဉ်သန့်နတ်ရေစင် ဖြစ်ပေါ်နိုင်ချေထက်ပင် ပို၍ နည်းပးလှပေသည်။

ဇုန်းအောင်၏ ရှေးဟောင်းစာအုပ်များထဲတွင် ထိုအကြောင်းအရာ အားလုံးကို မှတ်တမ်းတင်ထားခဲ့သည်။ သို့သော် ဝိဥာဉ်သန့်နတ်ရေစင်သည် အလွန်ကိုမှ ရှားပါးလှသည်။ နတ်ဆိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူများသည် ကြယ်စီရင်စု၏ အထွဋ်အထိပ်တွင် ရပ်တည်နေကြသူများဖြစ်ပြီး ရှည်လျားသော သက်တမ်းကို ပိုင်ဆိုင်ထားကြသည်။ ထို့ကြောင့် ထိုထဲမှ တစ်ယောက်သေရန်မှာ အလွန်ကိုမှ ခက်ခဲလှသည်၊ မိုးမြေစွမ်းအင် သိပ်သည်းလွန်းလှသည့် နေရာတွင် သေမည့်ကိစ္စကိုမူ တွေးပင်တွေးနေစရာ မလိုချေ။

ဇုန်းအောင် ကိုယ်တိုင်သည်လည်း ထိုရတနာအကြောင်းကို ကြားသာကြားဖူးပြီး တစ်ခါမှ ကိုယ်တိုင် မမြင်ဖူးခဲ့ချေ။

ထိုလူပြောသည့်အတိုင်းသာ ဤနေရာတွင် ဝိဥာဉ်သန့်နတ်ရေစင်တကယ် ရှိသည်ဆိုပါက အရိပ်ကြယ်ပေါ်တွင် တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူတစ်ယောက် သေသွားခဲ့ခြင်းကို ဆိုလိုလိုက်ခြင်းပင် မဟုတ်လေလော။ ယခင်က ဤနေရာ၌ တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူများ ရှိခဲ့ပါလျက်နှင့် ယခုမူ ဘာကြောင့် မရှိပါရတော့သနည်း။ ထို့အပြင် အရိပ်ကြယ်ပေါ်ရှိ ပန်းပဲပညာရှင်နှင့် ဆေးပညာရှင်များ၏ အဆင့်များသည် ဘာကြောင့် နိမ့်ကျနေရသနည်း။

ရန်ကိုင် စဉ်းစားနေစဉ်မှာပဲ သူ့လက်ထဲရှိ ဆက်သွယ်ရေး မှော်ရတနာထဲ သတင်းစကား များစွာ ရောက်လာခဲ့သည်။ အကုန်လုံးသည် ဝိဥာဉ်သန့်နတ်ရေစင်နှင့် ပက်သက်သည့် သတင်းကို တအံ့တဩ မေးမြန်းနေကြသည်။

ငါသွားကြည့်သင့်လား ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့သည်။ ဝိဥာဉ်သန့်နတ်ရေစင်သာ အမှန်ဖြစ်မည်ဆိုပါက သွားကြည့်လိုက်၍ မမှားချေ။ အခြားတစ်ခုခု ဖြစ်နေလျှင်ပင် အချိန် နည်းနည်းပါးပါး ဆုံးရှုံးသွားရုံမှအပ အခြားဘာမှ ဆုံးရှုံးစရာ မရှိချေ။

စဉ်းစားပြီးသည်နှင့် ရန်ကိုင် တုန့်ဆိုင်းမနေတော့ဘဲ သတင်းရတသည့်ဘက်ဆီ ပြေးထွက်သွားလေသည်။

အပိုင်း(၁၁၉၀)

အထွဋ်အထိပ်သိုင်းဧကရာဇ်

ခဏအကြာ၌ ထိုလူများရှိနေသည့်ဘက်ကို ရန်ကိုင် သိသွားခဲ့သည်။ ဝိဥာဉ်သန့်နတ်ရေစင်သည် သူနှင့် အဝေးကြီးတွင် ရှိမနေသည်မှာ ကံကောင်းသွားခဲ့သည်။ မဟုတ်လျှင် ထိုလူများပို့လိုက်သည့်သတင်းကို သူရလိမ့်မည် မဟုတ်ချေ။

နောက်ဆုံး ရောက်သွားသည့်အခါ ကျောက်စက်ပန်းဆွဲ လိုဏ်ဂူတစ်ဂူကို တွေ့လိုက်ရသည်။ လိုဏ်ဂူအတွင်းပိုင်းသည် အတော်လေးမှောင်ပြီး မြူခိုးများဖြင့် ပြည့်နေခဲ့သည်။ ထို့ကြောင့် အရှေ့ကို ကောင်းကောင်း လှမ်းမမြင်နိုင်ချေ။ ကောင်းကင်စိတ်အာရုံသည်ပင်လျှင် ဤနေရာ၌ လုံးဝကို ဖိနှိပ်ထားခံရသည်။

ဝိဥာဉ်သန့်နတ်ရေစင်သည် လိုဏ်ဂူထဲတွင် ရှိနေခြင်းပေလော။

ရန်ကိုင်ရောက်ပြီးမကြာမီ အခြားတစ်ဘက်ဆီမှ လူသုံးယောက်တစ်ဖွဲ့ ရောက်လာခဲ့သည်။

ထိုသုံးယောက်သည် ရန်ကိုင်ဆီမှ မြစိမ်းရောင်ပိုးသားမြက်ပင်ကို လုယူရန် ကြိုးစားခဲ့သည့် လူနှစ်ယောက်နှင့် တူညီသော ဝတ်စုံကို ဝတ်ဆင်ထားခဲ့သည်။ ထိုလူနှစ်ယောက်အကြောင်းကို သေချာ အာရုံစိုက်ကြည့်နေပြီးသည့်နောက် မကြာမီ ထိုလူများသည် မည်သည့် အင်အားစုဆီမှ လာသလဲဆိုသည်ကို ရန်ကိုင် သိသွားခဲ့သည်။

ထိုလူများသည် ကောင်းကင်တိုက်ပွဲအစည်းအရုံးမှ ဖြစ်ပေသည်။

အကြောင်မှာ ဦးဆောင်လာသည့်လူသည် ချူချန်ဖုန်း ဖြစ်နေသောကြောင့်ပင် ဖြစ်သည်။

ကောင်းကင်တိုက်ပွဲအစည်းအရုံးသည် သဲမီးတောက်နယ်မြေထဲသို့ အခြားဝင်ပေါက်မှ ဝင်လာခဲ့ခြင်းဖြစ်သည်။ မီးတောက်နယ်မြေကို ဖြတ်ကျော်နေစဉ် အတောအတွင်း၌ မည်သည့် ကောင်းကင်တိုက်ပွဲအစည်းအရုံး အဖွဲ့သားနှင့် မကြုံခဲ့ရချေ။ သို့သော် ရတနာနယ်မြေဆီသို့ ရောက်လာပြီးနောက် လာတွေ့ခဲ့လေပြီ။ ရတနာနယ်မြေတွင် အခြားအင်အားစုအသီးသီးမှ ကျင့်ကြံသူများနှင့် တွေ့ဆုံနိုင်ချေ ပိုများပေသည်။ အကြောင်းမှာ အကုန်လုံးသည် ရတနာနယ်မြေဆီသို့ ဦးတည်လာနေကြသောကြောင့်ပင် ဖြစ်သည်။

လက်ရှိတွင် ချူချန်ဖုန်းသည် စိတ်လှုပ်ရှားမှုအပြည့်ဖြင့် သူ့ဂိုဏ်းသူဂိုဏ်းသားများကို ဦးဆောင်လျက် အလျင်အမြန် လာနေခဲ့သည်။

ဝိဥာဉ်သန့်နတ်ရေစင်ကို ကျင့်ကြံသူအားလုံး လိုချင်ကြသည်။ ထိုအရာသည် သူတော်စင်ဘုရင်အဆင့် ကျင့်ကြံသူများအတွက်သာမက၊ တန်ခိုးရှင်နှင့် တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူများအတွက်ပင် အသုံးဝင်သည့်အရာတစ်ခုဖြစ်သည်။ သို့သော် သဲမီးတောက် နယ်မြေထဲသို့ သူတော်စင်ဘုရင်အဆင့် ကျင့်ကြံသူများသာ ဝင်နိုင်ပေသည်။ မဟုတ်လျှင် သူတို့ထဲက မည်သူမှ ထိုကဲ့သို့သော ရတနာမျိုးကို ရရှိခံစားနိုင်ကြလိမ့်မည် မဟုတ်ပေ။

ချူချန်ဖုန်းသည် ဝိဥာဉ်သန့်နတ်ရေစင်အပေါ်သာ အာရုံစိုက်နေသဖြင့် ရန်ကိုင်အား တစ်ချက်လောက်သာ ကြည့်သွားပြီး ဆက်ဂရုမစိုက်တော့ချေ။ သူ့ထွက်သွားပြီးနောက် အခြား နေရာများဆီမှ ကျင့်ကြံသူများ တစ်ယောက်ပြီးတစ်ယောက် ရောက်လာခဲ့သည်။

ထိုအခြင်းအရာကိုမြင်သော် ရန်ကိုင်လည်း ဆက်လက် တုန့်နှေးမနေတော့ဘဲ လိုဏ်ဂူထဲသို့ ချက်ချင်း တိုးဝင်သွားလေသည်။

ရတနာသည် သူ့ရှေ့တွင် ရှိနေခဲ့သည်။ နှေးနေလျှင် ဘာမှရမည်မဟုတ်ဘဲ လက်မြန်သည့် လူများသာ နည်းနည်းပါးပါး ရနိုင်ပေလိမ့်မည်။ ထို့ကြောင့် ရန်ကိုင်အနေဖြင့် နောက်ကျကျန်နေ၍ မဖြစ်ချေ။

နို့နှစ်ရောင်ကဲ့သို့ အရည်စက်လေးများသည် တွဲချောင်းကျနေသော ကျောက်စက်ပန်းဆွဲများ ဆီမှ အောက်ဘက်သို့ တစ်စက်ပြီးတစ်စက် ပြုတ်ကျနေခဲ့သည်။ ဤလိုဏ်ဂူသည် အမှန်တကယ်ကို မိုးမြေစွမ်းအင်သိပ်သည်းသည့် နေရာတစ်ခုဖြစ်သည်။ လိုဏ်ဂူအတွင်းပိုင်းထဲတွင် မိုးမြေစွမ်အင် စမ်းချောင်းကဲ့သို့သော အရာတစ်ခုခု ရှိပင်ရှိနေနိုင်လောက်သည်။

ထိုအခြင်းအရာကို သတိပြုမိလိုက်သော် ရန်ကိုင် ခေါင်းညိတ်လိုက်သည်။ ဤနေရာရှိ မိုးမြေစွမ်းအင်သည် အလွန်တရာကိုမှ သိပ်သည်းလှသဖြင့် ဝိဥာဉ်သန့်နတ်ရေစင်သည် ဤနေရာ၌ ဖြစ်ပေါ်လာနိုင်ခြင်း ဖြစ်သည်။ ဤနေရာသည် အပြင်ပိုင်းသာ ရှိသေးသည်။ အတွင်းပိုင်းသို့သာ ဆက်သွားမည်ဆိုပါက ပိုမိုသိပ်သည်းလှသော မိုးမြေစွမ်းအင်ကို ခံစားနိုင်ပေလိမ့်မည်။

လိုဏ်ဂူထဲလျှောက် ရေစက်ကျသံများ ပဲ့တင်ထပ်ခနေခဲ့သည်။

အမွေးအတိုင်တစ်ချောင်းစာလောက် လမ်းလျှောက်ပြီးနောက် ကျောက်တုံးလိုဏ်ဂူကြီး တစ်လုံး ရှိနေသည့်နေရာသို့ ရန်ကိုင် ရောက်လာခဲ့သည်။ ရောက်သည်နှင့် ရန်ကိုင်လည်း ဘေးပတ်ပတ်လည်ကို လှည့်ပတ်ကြည့်လိုက်လေသည်။

ဤကျောက်တုံးလိုဏ်ဂူထဲတွင် စုဝေးနေသည့်လူ အနည်းဆုံး နှစ်ဆယ်ရှိပေသည်။ ချူချန်ဖုန်းသည်လည်း ထိုလူများထဲ တစ်ယောက်အပါအဝင်ဖြစ်ပြီး လက်ရှိတွင် တစ်ခုသော နေရာဆီ လောဘတကြီး စိုက်ကြည့်နေခဲ့သည်။ သူ့ဘေးနားပတ်လည်တွင် အခြားသော သူတော်စင်ဘုရင်အဆင့် ကျင့်ကြံသူငါးယောက် ရှိနေခဲ့သည်။ ထိုလူများအားလုံးသည်လည်း ကောင်းကင်တိုက်ပွဲအစည်းအရုံးမှ ဖြစ်ကြပေသည်။

ကောင်းကင်တိုက်ပွဲအစည်းအရုံးမှ ခြောက်ယောက်အပြင် အခြားသော အဖွဲ့လေးဖွဲ့ ရှိနေပြီ တစ်ဖွဲ့တွင် အနည်းဆုံး လူသုံးယောက်မှ ငါးယောက်အထိ ရှိနေခဲသည်။ ထို့အပြင် ရန်ကိုင်ကဲသို့ တစ်ယောက်တည်း မတ်တပ်ရပ်နေသည့် မျက်နှာခက်ထန်ထန်နှင့် လူကြီးတစ်ယောက်လည်း ရှိနေသေးသည်။

သို့သော်လည်း ထိုလူကို မြင်လိုက်သည့်အခိုက် ရန်ကိုင်စိတ်ထဲ အန္တရာယ်အငွေ့အသက်ကို ခံစားလိုက်ရသည်။ ထိုကောင် လုံးဝကို အားမနည်းချေ။ သူတော်စင်ဘုရင် အထွဋ်အထိပ်အဆင့်သို့ မုချရောက်နေရပေလိမ့်မည်။

ရန်ကိုင်သည် သူ့ထက် ကျင့်ကြံခြင်းအဆင့် ပိုမြင့်သော ကျင့်ကြံသူများကို သတ်နေကျ ဖြစ်သည်။ သူတော်စင်ဘုရင်အထွဋ်အထိပ်အဆင့် ကျင့်ကြံသူများကိုပင် သတ်ဖူးသည်။ သာမန် သူတော်စင်ဘုရင်အထွဋ်အထိပ်အဆင့် ကျင့်ကြံသူတစ်ယောက်သည် သူ့အား ထိုကဲ့သို့သော ခံစားချက်မျိုးကို မပေးစွမ်းနိုင်ချေ။ သူ့အား ထိုကဲ့သို့ခံစားချက်မျိုး ပေးစွမ်းနိုင်သည့်ပုံအရ ထိုလူ လုံးဝကို အားကောင်းမည်မှာ သံသယရှိစရာ မလိုချေ။

ချူချန်ဖုန်းနှင့် ဖန်ထျန်းဇုံတို့နှင့် ရင်ဆိုင်ရရာ၌ပင် ထိုကဲ့သို့သော ခံစားချက်မျိုး မရခဲ့။ ထိုလူ ဘယ်သူနည်း။

သူသာမဟုတ်၊ ချူချန်ဖုန်းသည် သူ့လောဘတကြီး အကြည့်ကို ပြန်ရုတ်လိုက်ပြီးနောက် ထိုလူကြီးဆီ လှမ်းကြည့်လိုက်သည်။ ထိုလူကို မြင်လိုက်သည့်အခိုက် မျက်နှာအနည်းငယ် ပျက်သွားပြီး မျက်မှောင်လည်း ကြုတ်သွားခဲ့သည်။

ရန်ကိုင် ထပ်မံအံ့အားသင့်သွားရပြန်သည်။

ချူချန်ဖုန်း မည်မျှ မောက်မာသလဲဆိုသည်ကို ရန်ကိုင်သည်။ ထိုကောင်သည် မည်သူ့ကိုမှ မျက်လုံးထဲ ထည့်သူမဟုတ်။ ချူချန်ဖုန်းပင် ထိုကဲ့သို့ အမူအရာမျိုး လုပ်ပြရလေကြောင် ထိုလူကြီး မည်သူများလေနည်း။

ရန်ကိုင် စဉ်းစားနေစဉ်မှာပဲ ချူချူန်ဖုန်းက သူ့အား လှောင်ပြောင်လိုရိပ်အပြည့်ဖြင့် လှမ်းကြည့်လာခဲ့သည်။ သူတော်စင်ဘုရင် ပထမအဆင့်လေးဖြင့် ဤနေရာသို့ တစ်ယောက်တည်း လာရဲခြင်းကို‌ လှောင်ပြောင်လိုနေခြင်း ဖြစ်သည်။ ချူချန်ဖုန်း၏ စရိုက်အရ၊ သူသည် ဤနေရာနှင့် မသက်ဆိုင်သည်ဟု ထင်သော လူအားလုံးကို ဖယ်ထုတ်ပေလိမ့်မည်။ ရန်ကိုင်သည် ထိုလူများထဲ အပါအဝင်ဖြစ်သည်။ တကယ်တော့ ရတနာကောင်းတစ်ခုကို မြင်လိုက်သည်နှင့် လူတိုင်းသည် ထိုရတနာကို သူတို့တစ်ယောက်တည်းသာ အပိုင်လိုချင်ကြသည်။ သို့သော်လည်း ချူချုန်းဖုန်းသည် သူ့အား ပြဿနာလာမရှာသေးပါချေ။

ချူချန်ဖုန်း သူ့အား ပြဿနာလာမရှာသည်ကိုမြင်သော် ရန်ကိုင်က ဝိဥာဉ်သန့်နတ်ရေစင်ဆီ လှမ်းကြည့်လိုက်သည်။ အကုန်လုံးသည် အချင်းမီတာငါးဆယ်လောက်ရှိသော ရေကန်တစ်ကန်ကို စိုက်ကြည့်နေခဲ့ကြသည်။ ရေကန်တွင်းရှိရေများသည် ရွှေရောင်ဖြစ်ပြီး ထိုရေကန်မှ ဖြာထွက်နေသော အရှိန်အဝါသည် လူတစ်ယောက်၏ ဝိဥာဉ်ကို ငြိမ်းအေးသွားစေနိုင်သည်။ ထိုနားတွင်သာ သွားရပ်နေမည်ဆိုပါက မိမိ၏ဝိဥာဉ်သည် အလိုလို အားဖြည့်ပေးခြင်း ခံနေရပေလိမ့်မည်။

ထိုအရာသည် ဝိဥာဉ်သန့်နတ်ရေစင်ပေလော။ ရန်ကိုင် မျက်မှောင်ကြုတ်သွားသည်။

ထိုရေကန်ဆီမှ ဖြာထွက်နေသော အရှိန်အဝါသည် ဝိဥာဉ်သန့်နတ်ရေစင်၏ အရှိန်အဝါ ဖြစ်ပေသည်။ သို့သော် သူစိတ်ရှုပ်သွားရသည့် အချက်သည်ကား ထိုဝိဥာဉ်သန့်နတ်ရေစင်သည် ရွှေရောင်ဖြစ်နေသောကြောင့်ပင်။

ဇုန်းအောင်၏ ရှေးဟောင်းမှတ်တမ်းများအရ ဝိဥာဉ်သန့်နတ်ရေစင်သည် နို့နှစ်ရောင် ဖြစ်သည်။ သက်တမ်းကြာသွား၍ လုံးဝ အရည်အသွေး မြင့်မားနေမည်ဆိုပါက အရောင်သည် ငွေရောင်ဖြစ်သွားပေလိမ့်မည်။

ရွှေရောင်ရှိသော ဝိဥာဉ်သန့်နတ်ရေစင်အကြောင်းကို သူတစ်ခါမှ မကြားဖူးခဲ့ချေ။ ထိုကဲ့သို့လည်း တစ်ခါမှ မဖြစ်ဖူးချေ။ သူ့ရှေ့ရှိ ဝိဥာဉ်သန့်နတ်ရေစင်သည် ငွေရောင် ဝိဥာဉ်သန့်နတ်ရေစင်ထက် ပိုအဆင့်မြင့်သည့် နတ်ရေစင်ပေလော။

ထိုနတ်ရေစင်နှင့်ပက်သက်၍ တစ်ခုခုများ မှားနေလေသလား။ ထိုအကြောင်းကို စဉ်းစားရင်း ရန်ကိုင် ပိုပို၍ မျက်မှောင်ကြုတ်သွားခဲ့သည်။ သဲလွန်စလေအချို့ ရလိုရငြား လိုဏ်ဂူထဲတွင် ရှိနေသော အခြားသူများဆီ လှမ်းကြည့်လိုက်သည်။

သို့သော်လည်းလည်း စိတ်ပျက်မှုနှင့်သာ ကြုံခဲ့ရသည်။ ဤနေရာရှိ ကျင့်ကြံသူများတွင် အမူအရာနှစ်မျိုးသာ ရှိနေခဲ့သည်။ တစ်မျိုးသည် ချူချန်ဖုန်းကဲ့သို့ လောဘတက်နေသည့် အမူအရာ ဖြစ်ပြီး အခြားတစ်မျိုးသည် သူတော်စင်ဘုရင် တစ်ယောက်တည်း ရပ်နေသော သူတော်စင်ဘုရင် အထွဋ်အထိပ်အဆင့် လူကြီးကဲသို့ ထူးမခြားနားဟန်ဖြစ်သည်။

ဝိဥာဉ်သန့်နတ်ရေစင်အကြောင်းကို ထိုလူများ သိပ်မသိခြင်းပေလော။ ထို့ကြောင့် ဝိဥာဉ်သန့်နတ်ရေစင်ကို စမ်းသပ်စစ်ဆေးခြင်းများ မပြုလုပ်ခြင်းပေလော၊ ဝေခွဲမရ။

ထိုကဲ့သို့သော ရတနာမျိုး သူတို့ရှေ့ရောက်နေသည့်အခါ မလိုချင်သည့်လူ ဘယ်သူမှ ရှိလိမ့်မည် မဟုတ်ချေ။ သို့သော်လည် ရေကန်ထဲသို့ မည်သူမှ မဆင်သေးခြင်းသည် ရေကန်ကို ဖုံးအုပ်ထားသည့် ရွှေရောင်အမိုးခုံးလေးကြောင့် ဖြစ်ပေသည်။ ထိုအမိုးခုံလေး၏ စွမ်းအားကို သွားစစ်ဆေးသည့်လူများလည်း ရှိပေသည်။ ထိုအမိုးခုံးကို မချိုးဖျက်နိုင်လျှင် ရေကန်ထဲသို့ မည်သူမှ ဝင်ခွင့်ရလိမ့်မည် မဟုတ်ချေ။

လိုဏ်ဂူထဲတွင် ရေကန်သာမဟုတ်၊ တင်ပလင်ခွေထိုင်နေသည့် အရိုးခြောက်တစ်ခုလည်း ရှိနေသေးသည်။ ထိုအရိုးခြောက်သက်တမ်း မည်မျှ ရှိနေပြီလဲ ဆိုသည်ကို မည်သူမှမသိ၊ သို့သော် နှစ်အတော်ကို ကြာနေရပေလိမ့်မည်။ အကြောင်းမှာ အရိုးခြောက်ကိုယ်ပေါ်တွင် ဝတ်ထားသော အကာအကွယ်မှော်ရတနာသည်ပင်လျှင် ပျက်စီးနေပြီဖြစ်သောကြောင့် ဖြစ်သည်။

သူ့လက်ထဲတွင် သိုလှောင်လက်စွပ်မရှိတော့။ ထိုသိုလှောင်လက်စွပ်ကို ဤနေရာသို့ အရင်ဆုံး ရောက်လာသော တစ်ယောက်ယောက်မှ ဖြုတ်ယူသွားခြင်း ဖြစ်ရမည်။

ထိုလူသည် မသေခင်က တန်ခိုးရှင်ဘုရင်အဆင့် တစ်ယောက် ကျိန်းသေ ဖြစ်ရပေမည်။ တန်ခိုးရှင်ဘုရင်အဆင့် သေသွားပြီး သူတို့၏ စိတ်စွမ်းအင် သိပ်သည်းလှသော စိတ်ဝိဥာည် စမ်းချောင်းနှင့် ပေါင်းစပ်သွားသည့် အခါမှသာ ဝိဥာဉ်သန့်နတ်ရေစင် အမှန်တကယ် ဖြစ်ပေါ်လာနိုင်ပေလိမ့်မည်။

ထိုအကုန်းလုံးသည် အရိုးခြောက်အား နှမြောတသစွာဖြင့် ကြည့်လိုက်သည်။ တန်ခိုးရှင်ဘုရင် အဆင့်တစ်ယောက် ဝတ်ဆင်ထားသည့် အကာအကွယ် မှော်ရတနာသည် လုံးဝကို နိမ့်ကျလိမ့်မည် မဟုတ်ချေ။ သို့သော် အချိန်ကာလ၏ တိုက်စားမှုကြောင့် ထိုအကာအကွယ် မှော်ရတနာသည် ပျက်စီးသွားခဲ့လေပြီ။

သို့သော်လည်း အကာအကွယ်မှော်ရတနာသည် အချိန်သက်တမ်းကြောင့်သာမဟုတ်ဘဲ ဟိုယခင်ကထည်းက ထိခိုက်ထားရသည့်ပုံပင်။ အကာအကွယ်သည် ပြန်ပြင်၍ မရအောင် ပျက်စီး ယိုယွင်းနေခဲ့သည်။

ရန်ကိုင်ရောက်လာပြီး မကြာမီ နောက်ထပ်လူဆယ်ယောက် ထပ်ရောက်လာခဲ့သည်။ လူပိုပို၍ ရောက်လာသည်နှင့် ချူချန်ဖုန်း၏ အမူအရာ ပိုပို၍ သုန်မှနု်လာခဲ့သည်။

သို့သော်လည်း သူလုပ်နိုင်သည့်အရာ ဘာမှမရှိချေ။ ဤနေရာရှိ ကျင့်ကြံသူများထဲ အခြားသော အင်အားစုကြီးများမှ ကျင့်ကြံသူများလည်း ပါဝင်နေသည်။ အရိပ်ကြယ်ပေါ်တွင် ကောင်းကင်တိုက်ပွဲအစည်းအရုံးသည်သာ အင်အားစုကြီးမဟုတ်၊ အခြားသာ အားကောင်းသည့် အင်အားစုကြီးများလည်း ရှိနေပေသေးသည်။ ထို့ကြောင့် သူတစ်ယောက်တည်း လူအုပ်ကြီးကို သွားဒေါသထွက်အောင်လုပ်၍ မဖြစ်ချေ။ လက်ရှိ သူတို့ဘက်တွင် လူနှစ်ယောက်သာ ရှိသည်။ လူရှစ်ယောက်တည်းနှင့် လူအုပ်ကြီးတစ်ခုလုံးကို တိုက်ခိုက်ဖို့ရာ မဖြစ်နိုင်ပါချေ။

“ဂျူနီယာညီလေးဖူနဲ့ ညီလေးလျူတို့ ဘာတို့ မရောက်လာသေးတာလဲ။ သူတို့ ဒီမှာပဲ ရှိနေတဲ့ဟာ၊ ငါတို့ပို့လိုက်တဲ့ သတင်းကို မရစရာအကြောင်းမရှိဘူး” ချူချဖုန်းဘေးနားက ခပ်ပိန်ပိန်နှင့် လူကြီးက ဝင်ပေါက်ကို လှမ်းကြည့်ရင်း ပြောလိုက်သည်။ ထိုနှစ်ယောက်၏ ခွန်အားသည် သိပ်မမြင့်သော်လည်း သူတို့သာ ရောက်လာပါက ကောင်းကင်တိုက်ပွဲ အစည်းအရုံး၏ လူအင်အားကို ပိုမို တောင့်တင်းသွားစေနိုင်ပေသည်။ ရတနာကို ခြွဝေကြမည့်အချိန်က သူတို့ ပို၍ အကျိုးအမြတ်ရနိုင်ပေသည်။ သို့သော်လည်း ယခုမူ ထိုနှစ်ယောက်သည် ရောက်မလာသေးရုံမက ပစာပင်ပြန်မပို့ခဲ့ချေ။

“သူတို့ရောက်မလာရင် ဘယ်တော့မှ ရောက်လာနိုင်တော့မှာ မဟုတ်ဘူး” ချူချုန်ဖုန်းက အေးစက်စက် အမူအရာဖြင့် နှာခေါင်းရှုံ့လိုက်သည်။

ခပ်ပိန်ပိန်နှင့် လူကြီး၏ အမူအရာ ပြောင်းလဲသွားခဲ့သည်။ ထိုနှစ်ယောက် ဘယ်တော့မှ ရောက်မလာနိုင်တော့ဟု ဆိုလိုက်ခြင်းသည် ထိုနှစ်ယောက် မတော်တဆ တစ်ခုခု ဖြစ်သွားသည့် အတွက်ကြောင့်သာ ဖြစ်ရပေမည်။ ဆိုလိုသည်ကား ထိုနှစ်ယောက် သေသွားလေပြီ။

ရတနာနယ်မြေသည် လုံခြုံသည့်နေရာတစ်ခု မဟုတ်ဘဲ အန္တရာယ်များစွာ ရှိနေသော နေရာတစ်ခုဖြစ်သည်။

သို့သော်လည်း ရောက်မလာသေးသည့် သူတို့၏ ဂျူနီယာနှစ်ယောက်အနက် တစ်ယောက်သည် ငွေဦးချိုလျှပ်စီးစပါးအုံ၏ အမြီးကြောင့် သေသွားခဲ့ရပြီး အခြား တစ်ယောက်သည် ရန်ကိုင်လက်၌ သေသွားခဲ့ရသည်ကို ကောင်းကင်တိုက်ပွဲအစည်းအရုံးမှ အဖွဲ့သားများ မည်သို့မှ သိနိုင်လိမ့်မည် မဟုတ်ချေ။

လူပိုပို၍ ရောက်လာနေသည်ကို မြင်သော် ရှိနေသည့် ကျင့်ကြံသူများ ဖင်ဏနာမငြိမ်နိုင်တော့။ သူတို့သာ ဆက်ပြီးဆောင့်နေပါက လူပို၍ ရောက်လာနိုင်ပြီး သူတို့ ရရှိမည့် အကျိုးအမြတ်များလည်း လျော့နည်းသွားနိုင်ပေသည်။

ငါးအယာက်အဖွဲ့တစ်ဖွဲ့မှ ကျောင်းတော်သားပုံစံ ဝတ်ဆင်ထားသည့် ကျင့်ကြံသူ တစ်ယောက် ရုတ်တရက် ချူချန်ဖုန်းဆီ လမ်းလျှောက်သွားလိုက်ပြီး လက်သီးဆုပ်လျက် “သခင်လေးချူ၊ ကျုပ်တို့အခု ဘာလုပ်သင့်လဲ။ စကြတော့မလား”

ချူချန်ဖုန်းသည် ဤနေရာတွင် ရှိနေသူအားလုံးသည် အဆင့်အတန်း ပိုမြင့်သည့် အတွက်ကြောင့် လူအားလုံး ရှိနေသည့်အနက်မှ ချူချန်ဖုန်းကို လာမေးခဲ့ခြင်း ဖြစ်သည်။ ချူချန်ဖုန်းသည် ကောင်းကင်တိုက်ပွဲအစည်းအရုံ လူငယ်မျိုးဆက်၏ နံပါတ်တစ်ပါရမီရှင် ဖြစ်ရုံမက ဤနေရာတွင် ရှိနေသည့်လူအားလုံးအနက် အသန်မာဆုံးလူလည်း ဖြစ်နိုင်သည်။ ထိုသည်မှာ သ့အထင်အမြင်ဖြစ်သည်။ ထို့ကြောင့် ဝိဥာဉ်သန့်နတ်ရေစင်အား မည်ကဲ့သို့ ကိုင်တွယ်မလဲ ဆိုသည်ကို ချူချန်ဖုန်းအား လာမေးခြင်းဖြစ်သည်။

မဆင်မခြင် လှုပ်ရှားခြင်းသည် လူထု၏ မုန်းတီးခြင်းကို ခံရနိုင်သည်။ လက်ရှိအခြေအနေအရ အကုန်လုံးနှင့် သဘောတူညီချက်လုပ်ပြီး အကျိုးအမြတ်ကို ဝေစုခွဲမှ ရပေလိမ့်မည်။

All Chapters