အခန်း (၁၁၉၁-၁၁၉၅)
Vol. 48 Ch. 1191-1195
အပိုင်း(၁၁၉၁)
အထွဋ်အထိပ်သိုင်းဧကရာဇ်
“ဟုတ်တယ်… သခင်လေးချူ၊ လူတွေပိုပိုပြီး များလာနေပြီ။ ဒီအတိုင်း ဆက်စောင့်နေရင် သိပ်ပြီး မဟန်တော့ဘူး” ပထမလူတစ်ယောက် ပြောပြီးသည်နှင့် အခြားအဖွဲ့များမှ လူများကလည်း ဝင်ပြောလိုက်သည်။ အကုန်လုံးသည် ချူချန်ဖုန်းအား အလျင်အမြန် ဆုံးဖြတ်ခိုင်းချင်နေကြလေပြီ။
ချူချန်ဖုန်းသည်လည်း ထိုကဲ့သို့ အားလုံးမှ လေးစားရသည့် လူတစ်ယောက် ဖြစ်နေရသည်ကို ဂုဏ်ယူနေခဲ့သည်။ ထို့ကြောင့် အားလုံး၏ မေးမြန်းမှုကို ကြားလိုက်ရချိန် သုန်မှုန်နေသော သူ့အမူအရာ တဖြည်းဖြည်း ပြေလျော့သွားခဲ့ပြီး အလေးအနက် အမူအရာဖြင့် ပြောလိုက်သည် “ငါတို့ မလှုပ်ရှားဘဲ နေလို့မရတာတော့ အမှန်ပဲ။ အခု ဒီမှာရှိနေတဲ့လူတွေ အကုန်လုံးသာ စုပေါင်းတိုက်ခိုက်မယ်ဆိုရင် ဒီအရံအတားကို ကျိန်းသေ ဖျက်စီးပစ်နိုင်မှာ”
“ကျွန်မလည်း သဘောတူတယ်။ ဒီနေရာကို စစရောက်တုန်းက ကျွန်မဂျူနီယာမောင်လေးနဲ့ ကျွန်မ အရံအတားကို ဖျက်စီးဖို့ ကြိုးစားကြည့်သေးတယ်။ ဒါပေမယ့် ဘာမှမထူးဘူး။ လူနှစ်ယောက်၊ သုံးယောက်လောက်နဲ့တော့ အရံအတားကို ဖျက်စီးနိုင်မှာမဟုတ်ဘူး။ ဒါကြောင့် အကုန်လုံး ပူးပေါင်းပြီး ဖျက်စီးမှပဲ ရလိမ့်မယ်” အမျိုးသမီးတစ်ဦးက ပြုံး၍ ပြောလိုက်သည်။
“အဲ့လိုဆို ဘာဆို့ စောင့်နေဦးမှာလဲ။ သခင်လေးချူသာ ငါတို့အားလုံးကို အတူတူ ပူးပေါင်းပြီး အရံအတားကို တိုက်ခိုက်ဖို့ အမိန့်ပေးမယ်ဆိုရင် ဒီအရံအတားကို မဖျက်စီးနိုင်ဘူးလို့ ငါမယုံဘူး” မုတ်ဆိတ်မွှေးထူလဗြစ်နှင့် လူကြီးတစ်ဦးက သူ့မှော်ရတနာဖြစ်သော တူတစ်လက်ကို ထုတ်ယူ၍ ချူချန်ဖုန်း အမိန့်ပေးလာမည်ကို စောင့်နေလိုက်သည်။
ထိုအခြင်းအရာကိုမြင်သော် ချူချန်ဖုန်း ပြုံးမိသွားသည်။ အကုန်းလုံးက သူ့ကို ခေါင်းဆောင် မြှောက်ထားသဖြင့် ချူချန်ဖုန်းကလည်း ခေါင်းဆောင်ပုံစံမျိုးဖြင့် ပြောလိုက်သည် “အရံအတားကို ဖျက်စီးဖို့က ပြဿနာမဟုတ်ဘူး။ ဒီလောက်လူအများကြီး ရှိနေတာ အရံအတားကို ဖျက်စီးဖို့က ခဏလေးပဲလိုမှာ။ ဒါပေမယ့် အရံအတားကို မဖျက်စီးခင် ဘယ်လိုခွဲဝေမလဲ ဆိုတာကို ငါအရင် ပြောချင်တယ်”
ချူချန်ဖုန်းမှ ထိုကဲ့သို့ ပြောလိုက်သည်နှင့် အကုန်လုံး မျက်မှောင်ကြုတ်သွားသည်။
အရံအတားကိုမဖျက်စီးရသေးခင်မှာဘဲ ချူချန်ဖုန်းသည် ဝေစုခွဲနေချင်ခဲ့သည်။ ထို့ကြောင့် အကုန်လုံးစိတ်ထဲ တစ်မျိုးတစ်မည် ဖြစ်သွားကြရသည်။
သို့သော် မည်သူမှ မကန့်ကွက်ကြ။ ချူချန်ဖုန်း ရှက်သွားပြီး ပတ်ရမ်းကာမှဖြင့် အကုန်လုံး ငါးပါးမှောက်ကုန်ပေလိမ့်မည်။ ကောင်းကင်တိုက်ပွဲအစည်းအရုံး၏ ပစ်မှတ်ထားခြင်း ခံရသည့် မည်သူမဆို ဆိုးဆိုးရွားရွား အဆုံးသတ်သွားရစမြဲသာ။
“အဲ့လိုဆို… ဒီဝိဥာဉ်သန့်နတ်ရေစင်ကို သခင်လေးချူ ဘယ်လိုဝေစုခွဲဖို့ စဉ်းစားထားလဲ” အစောပိုင်းက စကားပြောလိုက်သည့် အမျိုးသမီးက ချိုသာစွာပြုံး၍ မေးလိုက်သည်။ မျက်တောင်လေးကို ပုတ်ခတ်ပုတ်ခတ်လုပ်၊ အတတ်နိုင်ဆုံး လှပအောင်ပြုံးထားနေခဲ့သည်။
ချူချန်ဖုန်းကို သွားဖြာယောင်းသွေးဆောင်ရန် ကြိုးစား၍ ဘာမှထူးမည်မဟုတ်မှန်း သူမ သိသည်။ သို့သော် သူမရမည့် ဝေစု အရမ်းကြီး ဆိုးဆိုးရွားရွား မဖြစ်သွားရအောင် ထိုကဲ့သို့ လုပ်ပြရပေလိမ့်မည်။
ကံမကောင်းစွာဖြင့် ချူချန်ဖုန်းသည် သူမအား မျက်ကွယ်ပြုထားခဲ့သည်။ အစကတည်းက အစီအစဉ် ဆွဲထားပြီးသား မသိလေရာ၊ ချက်ချင်းပဲ ပြတ်ပြတ်သားသား ပြောလိုက်သည် “ဒီမှာ စုစုပေါင်း အင်အားစုရှစ်ခုရှိတယ်။ ဒါကြောင့် ဒီကန်ကို လေးပိုင်းခွဲဖို့ ငါစဉ်းစားထားတယ်”
“လေးပိုင်းလား” အမျိုးသမီး မျက်မှောင်ကြုတ်သွားခဲ့သည်။ သို့သော် ချက်ချင်းပဲ ပြန်ပြုံးလိုက်ပြီး မေးလိုက်သည် “လေးပိုင်းခွဲမယ်ဆို ဘယ်လို ခွဲဝေယူမှာလဲ”
ချူချန်ဖုန်းက မာနတစ်ခွဲသားဖြင့် အားလုံးကြားအောင်း ပြောလိုက်သည် “ငါတို့ တစ်ပိုင်းပဲ ယူမယ်”
ထိုစကားကို ကြားလိုက်သည့်အခါ အကုန်လုံး သက်ပြင်းချမိသွားလို အံ့လည်း အံ့ဩသွားမိသည်။ ချူချန်ဖုန်းသည် ပုံမှန်ဆိုလျှင် ထိုကဲ့သို့ ရက်ရောသည့် လူတစ်ယောက် မဟုတ်ချေ။ ယခုအခါမှ ဘာကြောင့် ထိုမျှ ရက်ရောနေရသနည်း။ ချူချန်ဖုန်းသည် ကန်၏ တစ်ဝက်လောက်ကို တောင်းမည်ဟု သူတို့ ထင်နေခြင်းဖြစ်သည်။
သူ့ကမ်းလှမ်းချက်ကို မည်သူမှ မငြင်းပယ်ခဲ့ချေ။ ငြင်းပယ်ရလောက်အောင် ဤနေရာရှိ မည်သူမှ တုံးအမနေကြ။ အကုန်လုံး ခေါင်းညိတ်လိုက်ကြသည်။
သူ့ကမ်းလှမ်းချက်ကို အကုန်လုံး သဘောတူကြသည်ကို မြင်သော် ချူချန်ဖုန်း ကျေနပ်သွားခဲ့ပြီး ရွှင်မြူးစွာ ပြုံးမိလိုက်သည်။
“သခင်လေး၊ ကျန်တဲ့သုံးပိုင်းကို ဘယ်လိုခွဲရမှာလဲ။ အရံအတားကို ချိုးဖျက်ပြီးလို့ အကုန်လုံး ပြဿနာ မဖြစ်ရအောင် သခင်လေးကူပြီး ဝေစုခွဲပေးပါလား။ ကျုပ်တို့အားလုံးက အရိပ်ကြယ်ပေါ်မှာ အတူတူ နေနေကြတာ။ ဒီလိုကိစ္စမျိုးမှာ အကုန်လုံး သတ်မှတ်ထားတဲ့ စည်းမျဉ်းအတိုင်းပဲ လုပ်သင့်တယ်” နောက်တစ်ယောက်က ပြောလိုက်သည်။ ထိုလူသည် လူအရေအတွက် အနည်းဆုံးအဖွဲ့၏ ခေါင်းဆောင်ဖြစ်သည်။ ထို့ကြောင့်ပဲ ဝေစုခွဲပေးရန် ချူချန်ဖုန်းကို တောင်းဆိုလိုက်ခြင်းဖြစ်သည်။ မဟုတ်လျှင် ဝေစုကိုသာ ယှဉ်လုရမည်ဆိုပါက သူတို့အဖွဲ့ အသာရလိမ့်မည် မဟုတ်ချေ။
ထိုလူမှ ထိုကဲ့သို့ ပြောလိုက်သည်နှင့် အကုန်လုံးသည် ထိုလူအား စူးစူးရဲရဲ စိုက်ကြည့်လိုက်ကြသည်။
သို့သော်လည်း ချူချန်ဖုန်းက ခေါင်းညိတ်၍ “အဲ့ဒါလည်း မှန်တာပဲ။ ဘယ်သူမှ မကန့်ကွက်ဘူးဆိုရင် ကျန်တဲ့သုံးပိုင်းကို ဒီချူဝေစုခွဲပေးမယ်”
အချို့လူများမှာ တုန့်ဆိုင်းနေကြသော်လည်း ချူချန်ဖုန်း၏ အဆင့်အတန်းကို မေးခွန်းသွားထုတ်ရလောက်သည်အထိ မည်သူမှ မရူးမိုက်ကြချေ။
ချူချုန်ဖုန်းအနေဖြင့် မျက်နှာလိုက်ပြီးတော့ ဝေစုမခွဲပေးရန်သာ အကုန်လုံး ကြိတ်၍ ဆုတောင်းနေကြရတော့လေသည်။ တကယ်တော့ ဤနေရာ၌ ရှိနေသည့် အချို့အင်အားစုများသည် ကောင်းကင်တိုက်ပွဲအစည်းအရုံးနှင့် ဆက်ဆံရေးကောင်း ရှိကြသည် မဟုတ်ပေလော။
အကုန်းလုံး မည်ကဲ့သို့ တွေးနေသည်ကို ဂရုမစိုက်ဘဲ ချူချန်ဖုန်းက ရယ်မော၍ ပြောလိုက်သည် “အဲ့လိုဆိုမှတော့ ငါစပြီး ဝေစုခွဲပြီနော်။ ပထမဆုံးအနေနဲ့ ဝေစုသုံးခုထဲက တစ်ခုကို ဒီကမိတ်ဆွေကိုပေးမယ်၊ သဘောတူလား”
ချူချန်ဖုန်းသည် တစ်ယောက်တည်းရပ်နေသည့် မျက်နှာမာမာထန်ထန်နှင့် လူကြီးကို အရင်ဆုံးဝေစုတစ်ပုံ ပေးလိုက်သည့်အခါ အကုန်လုံးကို အံ့ဩသွားရသည်။
“အန်…” လူပေါင်းများစွာဆီမှ အာမေဋိတ်သံတို့ ထွက်ပေါ်လာခဲ့ကြပြီး ချူချန်ဖုန်းအား အံ့အားသင့်တကြီး ကြည့်လိုက်မိသည်။ ထို့နောက် မျက်နှာမာမာထန်ထန်နှင့် လူကြီးဆီ ပြန်လှည့်ကြည့်လိုက်သည်။
သူတို့အတွက်မူ ကန်၏ လေးပုံတစ်ပုံကို ကောင်းကင်တိုက်ပွဲအစည်းအရုံးအား ပေးရသည့်အတွက် မည်သည့်ပြဿနာမှာ မရှိချေ။ သို့သော် မျက်နှာမာမာထန်ထန် လူကြီးနှင့် ရန်ကိုင်တို့သည် တစ်ယောက်တည်းသာ ရှိနေကြသည့် အမည်မသိ လူများဖြစ်ကြရာ ကန်၏ လေးပုံတစ်ပုံကို ရယူရန် အခွင့်အရေးမရှိပါချေ။
ချူချန်ဖုန်းသည် သူ့ကောင်းကင်တိုက်ပွဲအစည်းအရုံးအတွက် လေးပုံတစ်ပုံသာ ယူသော်လည်း တစ်ယောက်တည်းရှိနေသည့် မျက်နာမာမာထန်ထန်နှင့် လူကြီးကို လေးပုံတစ်ပုံ သွားပေးနေခဲ့သည်။ ထိုအချက်သည်လည်း သတိထားစရာပင်။
သူတို့တစ်ခုခုများ အကြံအစည်လုပ်ထားကြခြင်းလား။
ချူချုန်ဖုန်းသည် ထိုလူအား လေးပုံတစ်ပုံပေးပြီး နောက်မှ သွားပြန်လုယူရန် ကြံစည်နေခြင်းပေလားဟူ၍ လူများစွာ သံသယဝင်သွားခဲ့ကြသည်။ ထိုသို့သာဆိုလျှင် သူတော်စင်ဘုရင် ပထမအဆင့်သာ ရှိသေးသော ရန်ကိုင်ကို ဘာကြောင့် မပေးသနည်း။ သူတော်စင်ဘုရင်တတိယအဆင့်ကို ဘာကြောင့် သွားပေးသနည်း။
ပြဿနာရှာချင်နေသည့် အတွက်ကြောင့်လား။
အကုန်းလုံး အံ့အားသင့်နေသော်လည်း မျက်နှာမာမာထန်ထန်နှင့် လူကြီးက မည်သည့် အံ့ဩဟန်မှမပြဘဲ ခေါင်းညိတ်၍သာ ခပ်ပြတ်ပြတ် ပြန်ပြောလိုက်လေသည် “ရတာပေါ့”
ထိုလူသည် တည်တည်ငြိမ်ငြိမ်၊ ယုံကြည်ချက်ရှိစွာဖြင့် ပြောလိုက်ခြင်း ဖြစ်ပြီး သူ့မျက်နှာထက် ကျေးဇူးတင်သည့်အရိပ်အယောင် စိုးစဉ်းမျှမရှိချေ။
ထို့ကြောင့် အခြားအင်အားစုများ၏ ခေါင်းဆောင်များ မျက်မှောင်ကြုတ်သွားကြသည်။ တစ်ခုခုကို တွေးမိသွားလိုက်သည့်အလား၊ အကုန်လုံး မည်သည့် ကန့်ကွက်စကားမှ မဆိုတော့ဘဲ အလျင်အမြန် သဘောတူလိုက်ကြလေသည်။
လက်ရှိတွင် မျက်နှာမာမာထန်ထန်နှင့် လူကြီးကို ကြည့်နေသည့် အခြားလူများ၏ အကြည့်များထဲ အံ့ဩရီပ်တို့ ရှိမနေတော့ဘဲ ကြောက်လန့်ထိတ်လန့်ရိပ်တို့သာ ရှိနေတော့သည်။
ရန်ကိုင်လည်း မျက်မှောင်ကြုတ်သွားခဲ့ပြီ။ ထိုလူ၏ နောက်ခံဇစ်မြစ်ကို သူခန့်မှန်းမိသွားလေပြီ။ သို့သော် သူ့ခန့်မှန်းချက်နှင့် ပက်သက်၍ သိပ်တော့ မသေချာသေး။ အရိပ်ကြယ်ပေါ်သို့ ရောက်သည်မှာ သိပ်မကြာသေးသည့် အတွက်ကြောင့် ဤနေရာရှိ အင်အားစုများအကြောင်းကို သိပ်မသိသေးချေ။
ထို့နောက် ကျန်တစ်ဝက်ကို အခြားအင်အားစုများဆီ ဝေပေးလိုက်သည်။ ဝေးပေးသည့်ပုံစံမှာ လူအရေအတွက်ဖြင့် ဖြစ်သည်။ လူများသည့် အင်အားစုသည် ပို၍ များများရပေသည်။ လူနည်းသည့်လူများမှာမူ အနည်းဆုံးသာရသည်။ ချူချန်ဖုန်းသည် မည်သူ့ကိုမှ မျက်နှာသာမပေးခဲ့ချေ။
ရှိနေသည့်လူအားလုံးအနက် ဝေစုမရသည့်လူဆို၍ ရန်ကိုင်တစ်ယောက်သာ ရှိသည်။ ရန်ကိုင် မရလိုက်သည့်အတွက်ကြောင့် မည်သူမှ အံ့ဩမနေခဲ့။ သူရသွားမှာရ အံ့ဩရမှာ ဖြစ်သည်။
ဝေစုခွဲပေးပြီးနောက် အကုန်လုံး ရန်ကိုင်အား လှမ်းကြည့်လိုက်သည်။ အချို့လူများ၏ အကြည့်ထဲ လှောင်ပြောင်ရိပ်၊ အထင်သေးရိပ်တို့ ရှိနေချိန် အချို့လူများ၏ အကြည့်များမှာမူ သနားဂရုဏာသက်နေသည့် အကြည့်များဖြစ်သည်။ လက်ရှိကိစ္စနှင့် ပက်သက်၍ လူတိုင်းတွင် အထင်အမြင်ကိုယ်စီ ရှိကြသည်။ သို့သော် မည်သူမှ ထုတ်မပြောခဲ့။
ရန်ကိုင်သည်လည်း ဘာတစ်ခွန်းမှမပြောဘဲ ရပ်မြဲသာ ရပ်နေခဲ့သည်။
ချူချန်ဖုန်းတို့ လုပ်နေသည့်ပုံစံမှာ တကယ်ကို ရယ်စရာကောင်းလှပေသည်။ ရွှေရောင်ရေကန်သည် ဝိဥာဉ်သန့်နတ်ရေစင် ဟုတ်မဟုတ် ဆိုသည်ကိုပင် သေချာ မသိသေးဘဲ ဝေစုခွဲနေခဲ့သည်။ ထိုလူအားလုံးသည် ဝိဥာဉ်သန့်နတ်ရေစင်အကြောင်း ဘာမှမသိကြဘဲ အရံအတားကို မချိုးဖျက်ရသေးခင်မှာပဲ ဝေစုခွဲနေခဲ့သည်။
ထိုဝိဥာဉ်သန့်နတ်ရေစင်အား ဤနေရာမှာ သူတို့ မည်ကဲ့သို့ ယူသွားမလဲ ဆိုသည်ကို ရန်ကိုင် တကယ် မြင်ချင်ပေသည်။
ဝိဥာဉ်သန့်နတ်ရေစင်သည် ရှိနေသည့် ကန်ထဲမှ အပြင်သို့ ရောက်သွားပါက ၎င်း၏ အာနိသင်အားလုံး ပျောက်ကွယ်သွားပေလိမ့်မည်။ ကန်ထဲမှ ထုတ်ယူခြင်း ခံလိုက်ရသော ဝိဥာဉ်သန့်နတ်ရေစင်သည် ဝိဥာဉ်သန့်နတ်ရေစင်မဟုတ်တော့ဘဲ မိုးမြေစွမ်းအင်များမှ ဖြစ်ပေါ်လာသော စိတ်ဝိဥာဉ်ရေသက်သက်သာ ဖြစ်သွားပေလိမ့်မည်။ ထို့ကြောင့် ချူချန်ဖုန်း မည်သို့ပင် ချဲ့ကားပြောဆိုနေပါစေ သူလုံးဝကို ဂရုမစိုက်ခြင်းဖြစ်သည်။ သူ့အား ဝေစု ခွဲမပေးသည့်တိုင် ရန်ကိုင် လုံးဝ ပျာယာခတ်သွားခြင်း မရှိခဲ့။
ကန်ထဲမှ ယူသွား၍ မရမှဖြင့် ဝေစုခွဲနေလို့ရော ဘာအရေးနည်း။ နောက်ဆုံးကျလျှင် ကန်ထဲဆင်ပြီးတော့ဘဲ စုပ်ယူရလိမ့်မည် မဟုတ်ပေလော။ ထို့ကြောင့် သူတို့ လုပ်နေသည့် ဝေစုခွဲမည့် အစီအရင်သည် လုံးဝကို အသုံးမဝင် ဖြစ်သွားပေလိမ့်မည်။ အကုန်လုံးသာ ထိုအချက်ကို နားလည်သွားလျှင် သူလည်း အကျိုးအမြတ် နည်းနည်းပါးပါးလောက် ဝင်ယူနိုင်မည်မှန်း ရန်ကိုင် ယုံကြည်ချက် အပြည့်ရှိသည်။
မည်သို့ ဝေစုခွဲမလဲဆိုသည်ကို ဆွေးနွေးပြီးသည့်နောက် ချူချန်ဖုန်း၏ ဦးဆောင်မှုဖြင့် အကုန်လုံးသည် အရံအတားကို စတင် တိုက်ခိုက်ကြတော့သည်။
အမျိုးမျိုးသော မှော်ရတနာများ သိုင်းပညာရပ်များ ထွက်ပေါ်လာပြီး ရွှေရောင် အရံအတားပေါ်သို့ မိုးသီးမိုးပေါက်များသဖွယ် ကျဆင်းလာခဲ့လေရာ မရေမတွက်နိုင်သော လှိုင်းတွန့်လေးများ အရံအတားပေါ် ဖြစ်ပေါ်လာခဲ့ရသည်။ နှောင့်နှေးကြန့်ကြာမှုကြောင့် အပြစ်တင်မခံရလေအောင် အကုန်လုံးသည် အားစိုက်ပြီး တိုက်ခိုက်နေခဲ့ကြသည်။
အကုန်လုံး စတင်တိုက်ခိုက်လာသည်နှင့် မည်သူ အားကောင်းသလဲ အားနည်းသလဲ ဆိုသည့်အချက်မှာ စတင် ထင်ရှားလာခဲ့သည်။ သူတော်စင်ဘုရင် အထွဋ်အထိပ်အဆင့်တွင် ရှိနေသော ကျင့်ကြံသူအားလုံးသည် ခွန်အား အတူတူလောက်သာ ဖြစ်သော်လည်း ချူချန်ဖုန်းသည် သူတို့အားလုံးထက် ပို၍ အားကောင်းသည်။ သူအသုံးပြုနေသည့် တန်ခိုးရှင်အဆင့် မှော်ရတနာ ဖြစ်သော ကြေးနီရောင်ပုဆိန်ကြောင့်လည်း ပါပေသည်။ သူတော်စင်ဘုရင် တတိယအဆင့်သာ ရှိသေးသည့်အတွက် ထိုမှော်ရတနာ၏ စွမ်းအား အပြည့်အဝကို မထုတ်ဖော်နိုင်သော်ငြား သူ့တိုက်ခိုက်မှု တစ်ချက်ချင်းစီတိုင်းသည် အရံအတားကို တုန်ခါသွားစေခဲ့သည်။
ချူချုန်ဖုန်းတွင် ထိုကဲ့သို့သော စွမ်းရည်ရှိနေသည်မှာ အံ့အားသင့်စရာမဟုတ်၊ သူသည် ကောင်းကင်တိုက်ပွဲအစည်းအရုံး၏ နံပါတ်တစ်ပါရမီရှင် မဟုတ်ပေလော။ ထိုမျှလောက်ပင် မလုပ်ပြနိုင်လောက်လျှင် သူ့ဂုဏ်သတင်းနှင့် ထိုက်တန်တော့မည် မဟုတ်ချေ။
သို့သော် ချူချုန်ဖုန်းနှင့် မတူညီစွာ မျက်နှာမာမာထန်ထန်နှင့် လူကြီးသည် မည်သည့် အဆင့်မြင့် မှော်ရတနာကိုမှ အသုံးမပြုဘဲ ရိုးရှင်းသော အနက်ရောင်လက်အိတ် နှစ်လုံးကိုသာ ဝတ်ဆင်လျက် အရံအတားကို တရစပ် တိုက်ခိုက်နေခဲ့သည်။ သို့သော်လည်း တည်ငြိမ်ပြီး ရိုးရှင်းသည့် သူ့လက်သီးချက်တိုင်းသည် ချူချန်ဖုန်း၏ တိုက်ခိုက်မှုအောက် မနိမ့်ကျချေ။
ထိုအခြင်းအရာကို မြင်လိုက်သော် သူတို့၏ခန့်မှန်းချက် မှန်သွားပြီမှန်း လူအုပ်ကြီး နားလည်လိုက်သည်။ ဝေစု၏ လေးပုံတစ်ပုံကို ထိုလူအား ဘာကြောင့် ချူချန်ဖုန်း ပေးလိုက်သလဲ ဆိုသည်ကိုလည်း နားလည်သွားခဲ့ကြသည်။
ချူချန်ဖုန်းကမူ မျက်နှာမာမာထန်ထန်လူကြီးနှင့် ပြိုင်ချင်သည့်ပုံပင်။ ပိုမိုအားကောင်းသည့် လူသည် အရံအတားကို ပို၍ ထိခိုက်အောင် လုပ်နိုင်သည့်ဖြစ်ကြောင်း ဆုံးဖြတ်ထားသည့်အလား ပိုမိုပြင်းထန်သည့် တိုက်ခိုက်မှုများဖြင့် အရံအတားအား တိုက်ခိုက်လာခဲ့သည်။
သို့သော် မျက်နှာမာမာထန်ထန်နှင့် လူကြီးသည် ချူချန်ဖုန်းကို ဂရုမစိုက်သည့်နှယ်၊ သူ့တိုက်ခိုက်မှုများကို ပြောင်းလဲပစ်ခြင်းမရှိဘဲ ရိုးရိုးနှင့်ပုံသေအတိုင်းသာ တိုက်ခိုက်နေခဲ့သဖြင့် ကောင်းကင်တိုက်ပွဲအစည်းအရုံး၏ နံပါတ်တစ်ရပါမီရှင် စိတ်ထဲတနုံ့နုံ့ ဖြစ်သွားပြီး သွေးအန်လုမတတ် ဖြစ်သွားခဲ့ရလေသည်။ သူ့ဘက်က လိုက်လံ ပြိုင်ဆိုင်နေသော်လည်း တစ်ဖက်လူသည် သူ့အား အရေးပင်မလုပ်ချေ။
အပိုင်း(၁၁၉၂)
အထွဋ်အထိပ်သိုင်းဧကရာဇ်
လူအုပ်ကြီး အရံအတားကို တိုက်ခိုက်နေသည့်အချိန်တွင် ရန်ကိုင်လည်း ရပ်ကြည့်မနေခဲ့ချေ။ အရံအတားကို ချိုးဖျက်ပြီးသွားလျှင် သူလည်း အကျိုးအမြတ် နည်းနည်းပါးပါး ဝင်ယူရန် စဉ်းစားထားသည့် မဟုတ်ပေလော။ အရံအတားကို ချိုးဖျက်နေစဉ် ဝင်မကူခဲ့လျှင် အခြားသူများအတွက် သူ့အား နှင်ထုတ်ရန် အခွင့်အရေး ရသွားပေလိမ့်မည်။ ထို့ကြောင့် အကုန်လုံး၏ အံ့အားသင့်နေသည့် အကြည့်များအောက်တွင် ရန်ကိုင်သည် သူတော်စင်ချီကို ဓါးတစ်ချောင်းအဖြစ် စုစည်းလျက် အရံအတားကို တိုက်ခိုက်နေခဲ့သည်။ နတ်ဆိုးမီးတောက်ကိုမူ ထုတ်မသုံးခဲ့ချေ။
သူထုတ်ပြနေသည့် ခွန်အားသည် အားနည်းခြင်းမရှိသလို အားကောင်းခြင်းလည်း မရှိပေ။ သာမန်သူတော်စင်ဘုရင်ပထမအဆင့် တစ်ယောက် ထုတ်ပြနိုင်သည့် ခွန်အားသာ ဖြစ်သည်။
စစချင်းတွင် အကုန်လုံး အံ့အားသင့်နေကြသော်လည်း နောက်ပိုင်း၌ သူ့အား ဂရုစိုက်မနေကြတော့။ ရန်ကိုင်သည် ဝေစုမရသည်ကို သိသိနှင့် ဘာကြောင့် အကျိုးမရှိသည့် အလုပ်ကို လုပ်နေရသလဲဟု တွေးရင်း အချို့လူများ သက်ပြင်းချနေကြသည်။ အရံအတား ကျိုးပျက်သွားလျှင်ပင် သူဘာမှ ရလိမ့်မည် မဟုတ်ချေ။ သူသာ ရတနာကို လုယူရန် ကြိုးစားမည်ဆိုပါက ဤနေရာတွင် ရှိနေသည့်လူများ သူ့အား ဝိုင်းသတ်ကြပေလိမ့်မည်။
အစောပိုင်းက စကားပြောခဲ့သော မိန်းမလှလေးသည် ရန်ကိုင်ဘေးတွင် ရပ်လျက် သူမ၏ မှော်ရတနာကို ဝှေ့ရမ်းရင်း အရံအတားကို တိုက်ခိုက်နေခဲ့သည်။ သူမ တစ်ချက်ဝှေ့ရမ်းလိုက်တိုင်း မရေမတွက်နိုင်သော မီးတောက်ငှက်ကလေးများ ထွက်ပေါ်လာပြီး အရံအတားဆီသို့ တိုးဝင်သွားကြသည်။ အကျိုးမဲ့အလုပ်အား ရန်ကိုင်လုပ်နေသည်ကို မကြည့်ရက်တော့သည့် အဆုံး မိန်းမလှလေးက ပြောလိုက်လေသည် “မောင်လေး၊ နင်တိုက်နေလို့လည်း ဘာမှအသုံးမဝင်ဘူး။ တိုက်နေမယ့်အစား အခြားတစ်နေရာ တစ်ခုခုဆီ သွားလိုက်ပါလား။ အဲ့လိုဆို မထင်ထားတဲ့ အခွင့်ကောင်းတွေနဲ့တောင် ကြုံချင်ကြုံရနိုင်သေးတယ်။ နင့်ကျင့်ကြံခြင်းအဆင့်လေးနဲ့ ရတနာနယ်မြေကို ရောက်ဖို့ဆိုတာ လွယ်တာမဟုတ်ဘူး၊ အဲ့လို ခက်ခက်ခဲခဲ ရထားတဲ့ အချိန်တွေကို အကျိုးရှိရှိမသုံးဘဲ ဘာလို့ ဒီမှာ လာဖြုန်းပစ်နေရတာလဲ”
ရန်ကိုင် ကံကောင်းပြီး မီးတောက်နယ်မြေသို့ ရောက်လာခြင်း ဖြစ်သည်ဟု မိန်းမလှလေး ထင်နေခြင်းဖြစ်သည်။ ထို့ကြောင့် ရန်ကိုင်အား ရသည့် အခွင့်အရေးကို ဖြုန်းတီးမပစ်ဘဲ အကျိုးရှိရှိ အသုံးချရန် ဩဝါဒချွေနေခြင်းဖြစ်သည်။
အခြားတစ်ယောက်မှာ သူ့အား ဝေစတနာဖြင့် သတိပေးနေသည်ကို မြင်သော် ရန်ကိုင်သည် အမျိုးသမီးအား ကိုယ့်အလုပ်ကိုယ်သာ အာရုံစိုက်ရန် ပြန်မပြောဘဲ အသာအယာပြုံးလျက် ထူတူတူ အတတ အကြည့်မျိုးဖြင့်သာ ပြန်ကြည့်လိုက်သည်။
ထိုအခြင်းအရာကို မြင်သော် မိန်းမလှလေးလည်း ဘာမှ ထပ်မပြောတော့ချေ။ သူ့မစိတ်ထဲ အနည်းငယ်လေး မကျေမနပ်ဖြစ်သွားမိသည်။ စေတနာဖြင့် သတိပေးနေသည်ကို နားမထောင်မှဖြင့် သူမလည်း သတိပေးမနေတော့ချေ။
ထိုစဉ် ကျင့်ကြံသူတစ်ယောက်က စိတ်လှုပ်ရှားစွာဖြင့် အလန့်တကြား ဆိုလိုက်သည် “အရံအတား ပျက်စီးတော့မယ်။ အားလုံး အားစိုက်ထား”
သူ့အော်သံ ပျောက်ကွယ်သွားသည်နှင့် တစ်ပြိုင်နက် ရွှေရောင်အရံအတား တစ်ခုလုံး တုန်ခါလာခဲ့ပြီး ပိုမိုကြီးမားသော လှိုင်းတွန့်များမှာလည်း အရံအတားမျက်နှာပြင်ထက်တွင် ထွက်ပေါ်လာခဲ့လေသည်။
ထိုလူအနေဖြင့် အခြားသူများကို လိုက်သတိပေးနေစရာ မလိုချေ။ အရံအတား၏ ပြောင်းလဲမှုကို အကုန်လုံး သတိပြုမိပေသည်။ အရံအတားသည် အယောက်လေးဆယ် မကသော လက်ရွေးစင် သူတော်စင်ဘုရင်အဆင့် ကျင့်ကြံသူများ၏ အင်တိုက်အားတိုက် တိုက်ခိုက်မှုကို အမွှေးတစ်တိုင်တစ်တိုင်စာမျှကြာအောင် ခုခံနိုင်သဖြင့် အတော်လေးကို မာကျောသည်ဟု ပြော၍ရသည်။ ထို့အပြင် ဤအရံအတား တည်ရှိနေခဲ့သည်မှာ နှစ်ပေါင်းများစွာကြာနေပြီ ဖြစ်သဖြင့် အရံအတား၏ခွန်အား အတော်လေး လျော့သွားနေလောက်သည်။
ထို့ကြောင့်သာမဟုတ်လျှင် ဤနေရာတွင် ရှိနေသည့်လူအားလုံးပေါင်း၍ ထိုအရံအတားကို ဖျက်စီးနိုင်လိမ့်မည် မဟုတ်ချေ။
အရံအတား ပျက်စီးတော့မည်ကိုမြင်သော် အကုန်လုံး၏ မျက်လုံးများ ဝမ်းသာမှုတို့ဖြင့် လင်းလက်သွားကြပြီး ချက်ချင်း တိုက်ခိုက်မှုများကို အရှိန်အဟုန် မြှင့်ကြတော့လေသည်။
လက်ဖက်ရည်ခွက်တစ်ဝက်စာလောက် ကြာပြီးနောက်သည့် အက်ကွဲသံနှင့်အတူ ရွှေရောင်အရံအတား တစ်စစီကွဲကြေပျက်စီး ပျောက်ကွယ်သွားခဲ့သည်။ အရံအတား ပျောက်ကွယ်သွားသည်နှင့် တစ်ပြိုက်နက် ကန်ဆီမှ မမြင်နိုင်သော စွမ်းအင်များ ထွက်ပေါ်လာခဲ့ပြီး အကုန်လုံးက ပွတ်သပ်တိုက်ခတ်သွားခဲ့သည်။ အကုန်လုံး ထိတ်လန့်သွားမိသလို အတိုင်းမသိလည်း ဝမ်းသာမိသွားကြသည်။
ထိုမမြင်နိုင်သော စွမ်းအင်လှိုင်းနှင့် ထိတွေ့လိုက်ရသည့်အခိုက် သူတို့၏ စိတ်စွမ်းအင် မဆိုသလောက်ကလေး ပိုမိုသန်မာလာသည်ကို သတိပြုမိလိုက်သည့် အတွက်ကြောင့် ဖြစ်သည်။
ဝိဥာဉ်သန့်နတ်ရေစင်ဆိုသည့် အတိုင်းပါပဲလား။
ပုံမှန်ဆိုလျှင် အကုန်လုံး ဝရုန်းသုန်းကားဖြင့် ရေကန်ဆီ ပြေးဝင်သွားကြပေမည်။ သို့သော်လည်း အစကတည်းက သဘောတူညီမှု လုပ်ထားသဖြင့် မည်သူမှ ထိုရတနာကို လုယူရန် မကြိုးစားခဲ့ကြချေ။ သူတို့ မည်မျှ လိုချင်နေစေကာမူ လိုချင်စိတ်ကို အောင့်အည်းပြီး ချူချန်ဖုန်းဘက်သို့ လှည့်လိုက်သည်။
အခြင်းအရာကိုမြင်သော် ချူချန်ဖုန်းက ယဲ့ယဲ့လေးပြုံးလျက် “အားလုံးတော်တယ်။ အခု အားလုံး သဘောတူထားတဲ့အတိုင်းပဲ ဝိဥာဉ်သန့်နတ်ရေစင်ကို ခွဲဝေယူမယ်နော်။ သဘောတူထားတဲ့ စည်းမျဉ်းကို ဖောက်ဖျက်ရဲတယ် ဆိုရင်တော့ ငါ့ကို ရက်စက်လို့ဆိုပြီး လာအပြစ်မတင်နဲ့”
ပြောပြီးသည်နှင့် လိုဏ်ဂူတစ်ဝက်ကို အေးစက်စက် အကြည့်ဖြင့် ဝေ့ကြည့်လိုက်သည်။
အကုန်လုံး ခေါင်းညိတ်လိုက်လေသည်။ သဘောတူညီချက်ကို ချိုးဖျောက်လာမည့်လူ တစ်ယောက်လောက်ကို ချူချန်ဖုန်း မြင်ချင်နေမိသည်။ ထိုသို့ဆိုလျှင် ထိုလူကိုသတ်ပြီး ထိုလူ၏ ဝေစုကို ရယူနိုင်မည် မဟုတ်ပေလော။ သို့သော်လည်း အကုန်လုံးသည် သူတို့အင်အားစုများ၏ လက်ရွေးစင်များ ဖြစ်ကြသည့်အတွက် ထိုအချက်ကို နားလည်ထားကြပေသည်။ ထို့ကြောင့် မည်သူမှ သူတို့ စိတ်ထင်တိုင်း မလုပ်ခဲ့ကြပေ။
ချူချန်ဖုန်း၏ မျက်ဝန်းထဲ နောင်တရိပ်အချို့ ဖြတ်ပြေးသွားခဲ့သည်။ သို့သော်လည်း အလျင်အမြန် ပြန်လည်ဖုံးကွယ်လိုက်ပြီး အနားရှိ အမျိုးသား ကျင့်ကြံသူတစ်ယောက်ကို လက်ဝှေ့ရမ်း၍ ပြောလိုက်သည် “စတော့”
ထိုကျင့်ကြံသူက စိတ်လှုပ်ရှားစွာဖြင့် ခေါင်းညိတ်လိုက်ပြီး ကန်ဆီ ပြေးသွားလိုက်၏။ ရောက်သည်နှင့် သူတော်စင်ချီကို ပန်းကွက်တစ်လုံးစာအရွယ် သိပ်သည်းစေလျက် ဝိဥာဉ်သန့်နတ်ရေစင်ကို ခပ်လိုက်သည်။ ထိုအခြင်းအရာကို မြင်သော် ရန်ကိုင်၏ အမူအရာ မဆိုသလောက်ကလေး မဲ့သွားခဲ့သည်။
သို့သော်လည်း ထိုကျင့်ကြံသူ ခပ်ယူလိုက်သည့် ဝိဥာဉ်သန့်နတ်ရေစင် အပြောင်းကြီး ပြောင်းလဲသွားခဲ့လေသည်။ ထိုရေကန်အပြင်သို့ ရောက်သွဦးသည်နှင့် တစ်ပြိုင်နက် မူလက ရွှေရောင်ဖြစ်နေသောရေမှ ရွှေရောင်အငွေ့အသက်များ ထွက်ပေါ်လာပြီး လေထဲသို့ တိုးဝင် ပျောက်ကွယ်သွားခဲ့သည်။ သုံးစက္ကန့်ကြာပြီးနောက် ရွှေရောင်သန်းနေသော ရေသည် ကြည်လင်သော ရေအဖြစ်သို့ ပြောင်းလဲသွားခဲ့လေပြီ။
ထိုအခြင်းအရာကိုမြင်သော် အကုန်လုံး အံ့အားသင့်သွားခဲ့သည်။
“စီနီယာအစ်ကိုချူ၊ တစ်ခုခု မှားနေပြီ” ဝိဥာဉ်သန့်နတ်ရေစင်ကို ခပ်လိုက်သော ကျင့်ကြံသူက အလန့်တကြား အော်ပြောလိုက်သည်။
“ဘာဖြစ်လို့လဲ”
“ကန်ထဲကနေ ခပ်လိုက်တာနဲ့ ဝိဥာဉ်သန့်နတ်ရေစင်ရဲ့ အာနိသင်တွေ ပျောက်ကုန်တယ်” ထိုကျင့်ကြံသူက သူတော်စင်ချီဖြင့် သိပ်သည်းထားသည့် ခွက်ကို ညွှန်ပြလိုက်သည်။
“ဘယ်လို”
ချူချန်ဖုန်း ထိတ်လန့်သွားပြီး အလျင်အမြန်ပဲ သွားကြည့်လိုက်သည်။ ယခင်က ရွှေရောင်သန်းနေခဲ့သော ဝိဥာဉ်သန့်နတ်ရေစင်သည် ယခုအချိန်တွင် လုံးဝကို အကြည်ရောင် ဖြစ်နေခဲ့လေပြီ။ ဤစိတ်ဝိဥာဉ်ရေသည်လည်း ရတနာကောင်းတစ်ခု ဖြစ်သော်ငြား၊ ဝိဥာဉ်သန့်နတ်ရေစင်နှင့်ယှဉ်လျှင် ဘာမှမဟုတ်ချေ။
“ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ” ချူချန်ဖုန်းမျက်နှာ မြူဆိုင်းသွားခဲ့သည်။ ခွက်ထဲမှ ရေတစ်စက်ကို သူတော်စင်ချီဖြင့် လှမ်းယူသောက်ကြည့်လိုက်သည်။ ဟုတ်ပေသည်၊ အကြည်ရောင် ဖြစ်သွားသည့် ရေသည် ဝိဥာဉ်သန့်နတ်ရေစင်မဟုတ်တော့ဘဲ စိတ်ဝိဥာဉ်ရေ သက်သက်သာ ဖြစ်တော့သည်။
လက်ရှိအဖြစ်အပျက်ကို မယုံကြည်နိုင်သေးသဖြင့် ချူချန်ဖုန်းသည် ကန်ထဲမှ သူကိုယ်တိုင် ရေတစ်ခွက်သွားခပ်ကြည့်သည်။ သို့သော်လည်း ပထမလူကဲ့သို့ပင်၊ သူခပ်လိုက်သည့်အခါ ရွှေရောင်သန်းနေသောရေသည် တဖြည်းဖြည်း အကြည်ရောင်သို့ ပြောင်းလဲသွားခဲ့သည်။
“သခင်လေးချူ၊ ဝိဥာဉ်သန့်နတ်ရေစင်ကို ကန်ထဲကနေ ယူသွားလို့ မရတနာများ ဖြစ်နေမလား” တစ်ယောက်ယောက်က ပြောလိုက်သည်။
“ဟုတ်လောက်တယ်။ မဟုတ်ရင်၊ ကန်ထဲမှာရှိနေတုန်းက အကောင်း၊ ငါတို့ ခပ်လိုက်မှ စိတ်ဝိဥာဉ်ရေ ဖြစ်သွားတာမျိုး ဖြစ်မှာ မဟုတ်ဘူး”
“ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ”
“ငါလည်း မသေချာဘူး။ ဝိဥာဉ်သန့်နတ်ရေစင်သည် နတ်ရေစင်သုံးမျိုးထဲက တစ်မျိုးဆိုတာပဲသိတာ။ ဘယ်လိုခပ်ယူရမလဲ ဆိုတဲ့နည်းလမ်းကိုတော့ ငါလည်း မသိဘူး”
“ငါလည်းမသိဘူး”
နတ်ရေစင်သုံးမျိုးလား ရန်ကိုင် မျက်မှောင်ကြုတ်သွားသည်။ ထိုနတ်ရေစင်သုံးမျိုး ဘာလဲဆိုသည်ကို ရန်ကိုင်မသိချေ။ သို့သော် ဝိဥာဉ်သန့်နတ်ရေစင်သည် နတ်ရေစင်သုံးမျိုးထဲ တစ်မျိုးအပါအဝင် ဖြစ်မှန်းကိုမူ သိသွဦးလေပြီ။
ချူချန်ဖုန်းသည်လည်း အလွန်တရာကိုမှ စိတ်ညစ်သွားခဲ့သည်။ ယခင်ကကဲ့သို့ တည်ငြိမ်သည့် အမူအရာမျိုး လုပ်ပြမနိုင်တော့ သုန်သုန်မှုန်မှုန်ဖြင့် လူအုပ်ကြီးဘက်သို့ လှည့်၍ အော်ပြောလိုက်သည် “ယူသွားလို့မရမှတော့ ဒါကို ဘယ်လိုခပ်ရတော့မှာလဲဟ”
လူအုပ်ကြီးတစ်ခုလုံး မှင်သက်နေခဲ့ကြလေသည်။ ချူချန်ဖုန်းသည် ဝေစုခွဲပေးရမည့် တာဝန်ကို ဦးစီးဦးဆောင် လုပ်နေသည့်လူ ဖြစ်သည်။ ယခု ဝိဥာဉ်သန့်နတ်ရေစင်ကို ယူသွား၍ မရမှဖြင့် သူတို့ လုပ်ထားသည့် သဘောတူညီချက်သည် ဟာသသက်သက်သာ ဖြစ်သွားလေပြီ။ ချူချုန်ဖုန်း ရှက်ရှက်နှင့် ဒေါသထွက်နေလေပြီ။ ထို့ကြောင့် အကုန်လုံး ကန်ထဲဝင်သွားရုံမှတစ်ပါး ရွေးချယ်စရာမရှိတော့ ဟူသော စကားကို မည်သူမှ ထုတ်မပြောရဲခဲ့ကြ။
ချူချုန်ဖုန်းသည်လည်း ထိုအချက်ကို နားလည်ပေသည်။ ထုတ်မပြောလိုခြင်းသာ။ မပြောလိုခြင်းမှာ နောက်ထပ်အစီအစဉ်သစ်တစ်ခုကို စဉ်းစားနေသောကြောင့် ဖြစ်သည်။
အခြားသူများ မပြောရဲသော်လည်း မျက်နှာမာမာထန်ထန်နှင့် လူကြီးက မပြောရဲသည် မဟုတ်။ တစ်ချိန်လုံးနီးပါး ရေငုံနှုတ်ပိတ်နေခဲ့သော မျက်နှာမာမာထန်ထန်နှင့် လူကြီးက အရင်ဆုံးစ၍ ပြောလိုက်သည် “လွယ်လွယ်လေး။ ယူသွားမရမှတော့ ကန်ထဲဆင်ပြီး စုပ်ယူလိုက်ရုံပေါ့။ ဘာခက်လို့”
ပြောပြီးသည်နှင့် မည်သူ့ကိုမှ ဂရုမစိုက်ဘဲ ကန်ထဲသို့ ခုန်ဆင်းသွားလေသည်။
ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေး၍မရ၊ သာမန်မျက်စိဖြင့်လည်း ထိုဖောက်၍ မမြင်နိုင်သော ရေကန်သည် သိပ်နက်ဟန်မရ။ အကြောင်းမှာ မျက်နှာမာမာထန်ထန်နှင့် လူကြီးသည် ကန်ထဲဆင်းသွားပြီး တင်ပလင်ခွေ ထိုင်ချလိုက်သည့်တိုင် သူ့ရင်ဘတ် ပေါ်နေသောကြောင့် ဖြစ်သည်။
သူ့လုပ်ရပ်ကြောင့် အကုန်လုံး ကြောင်သွားခဲ့ပြီး ချူချန်ဖုန်းဆီ လှမ်းကြည့်သည်။ ချူချုန်ဖုန်းမှာမူ ပို၍ ဒေါသထွက်နေခဲ့လေသည်။ သို့သော်လည်း သူမျှ ဒေါသ ထွက်နေစေကာမူ ထိုမျက်နှာမာမာထန်ထန်နှင့် လူကြီးကို သွားအပြစ်မတင်ရဲချေ။
ချူချန်ဖုန်း၏မျက်နှာ ဒယ်အိုးဖင်နှယ် မည်းမှောင်နေခဲ့လေပြီ။ ရေကန်အား ဝေစုခွဲစဉ်က ထိုလူကို လေးပုံတစ်ပုံပေးခဲ့သည်။ သို့သော်လည်း လက်ရှိတွင်မူ ထိုလူသည် သူ့အား နည်းနည်းမျှပင် မျက်နှသာမပေးချေ။ သူ့စိတ်ကြိုက်သာ လုပ်သွားခဲ့သဖြင့် ချူချန်ဖုန်း အလွန်ကိုမှ ဒေါသထွက်နေခဲ့ရလေသည်။
ဖန်ထျန်းဇုံသည်ပင်လျှင် သူ့အား ထိုကဲ့သို့ မလုပ်ရဲချေ။
ချူချုန်ဖုန်းသည် ထိုလူအား ဒေါသတကြီး ကြည့်နေခဲ့သည်။ သို့သော်လည်း တစ်ဖက်လူသည် သူ့အား အရေးပင်မလုပ်။ မျက်လုံးပိတ်၍သာ သူ့ဘာသာ ထိုင်နေခဲ့သည်။ တစ်ယောက်ယောက်မှ နတ်ရေစင်အား စတင်စုပ်ယူနေသည်ကို မြင်သော် အကုန်လုံး စတင်စိုးရိမ်ပူပန်မိလာကြသည်။ ထို့ကြောင့် ချူချန်ဖုန်း ပြန်ပြောတော့မည်ကိုပင် မစောင့်နိုင်တော့ကြ။ ချူချန်ဖုန်းသည် ထိုလူကြီး၏ လုပ်ရပ်နှင့် ပက်သက်၍ ဒေါသသာ ထွက်နေခြင်းဖြစ်ပြီး ဘာမှမပြောရဲချေ။
ထို့ကြောင့် အကုန်လုံး အကြည့်ချင်း ဖလှယ်လိုက်ကြပြီး ကန်ထဲသို့ တစ်ယောက်ပြီး တစ်ယောက် ခုန်ဆင်းသွားကြတော့လေသည်။
တစ်ယောက် ဦးဆောင်လိုက်သည်နှင့် အခြားသူများလည်း ထိုလူအတိုင်း လိုက်လုပ်ကြတော့သည်။ ကြောက်နေသည့်လူအားလုံး နောက်တွင် ကျန်ခဲ့ပေလိမ့်မည်။ မူလက အစီအစဉ်တကျ ဖြစ်နေခဲ့သော လူအုပ်ကြီးသည် ရုတ်ချည်း ပရမ်းပတာ ဖြစ်သွားခဲ့သည်။ ကောင်းကင်တိုက်ပွဲအစည်းအရုံးမှ ကျင့်ကြံသူအချို့မှလွဲ၍ ကျန်လူအားလုံး ကန်ထဲသို့ ခုန်ဆင်းသွားခဲ့ကြလေပြီ။
ကန်သည် လူပေါင်းများစွာ ဝင်ဆံ့လောက်သည်အထိ ကျယ်သည်။ ကန်ထဲတွင် ဝိဥာဉ်သန့်နတ်ရေစင်များစွာ ရှိသော်လည်း ထိုနတ်ရေစင် မည်မျှ အာနိသင် ကောင်းသလဲ ဆိုသည်ကိုမှ မည်သူမှမသိကြ။ ထို့ကြောင့် အကုန်လုံးသည် နေရာကောင်းကောင်းကိုရအောင် ရွေးထိုင်ကြတော့လေသည်။
အကောင်းဆုံးနေရာသည် ကန်အလယ်ဖြစ်သည်။
အရင်ဆုံး ခုန်ဆင်းသွားသည့် လူများသည် ကန်အလွယ်ဆီသို့ ချက်ချင်း ပြေးသွားကြလေသည်။
သို့သော်လည်း မျက်နှာမာမာထန်ထန်နှင့် လူကြီးက မျက်လုံးဖွင့်လာပြီး သူ့လက်ကို ဝှေ့ရမ်းလျက် အနားရောက်လာသည့် လူအားလုံးကို လွင့်ထွက်သွားအောင် ထိုးချလိုက်သည်။ အထိုးခံလိုက်ရသည့်အလား သွေးအန်လွင့်ထွက်ကုန်ကြလေသည်။ လေပေါ်မှ မြေပေါ်သို့အကျ၊ မြေပြင်နှင့် မိတ်ဆက်လိုက်ရပြီးနောက် အကုန်လုံး ထိုလူကြီးကို ကြောက်လန့်တကြား ကြည့်လိုက်ကြသည်။
ထိုလူသည် သူတို့ သွားမရှုပ်သင့်သည့်လူမှန်း သိထားကြသည်။ သို့သော် ထိုမျှ အားကောင်းနေလိမ့်မည်ဟု မထင်ထားခဲ့။
ခြောက်ယောက်တစ်ယောက် ဆိုသည့်တိုင် လက်သီးနှစ်ချက်တည်းဖြင့် သူတို့ ခြောက်ယောက်စလုံး လွင့်ထွက်သွားခဲ့ရသည်။ အလစ်အငိုက် တိုက်ခိုက်ခံလိုက်ရသည့် အတွက်ကြောင့် ဖြစ်သည့်တိုင်၊ တစ်ဖက်လူသည်လည်း သူတို့အပေါ် ညှာတာထားသေးသည်။ မဟုတ်လျှင် သူတို့ခြောက်ယောက်စလုံး မသေရုံတစ်မယ် ဖြစ်သွားရပေလိမ့်မည်။
“ငါနဲ့ငါးမီတာပတ်လည်ကို ကပ်လာတဲ့လူတိုင်း အသတ်ခံရမယ်မှတ်” ပြောပြီးသည့်နောက် ပြန်၍ မျက်လုံးပိတ်သွားခဲ့သည်။
အပိုင်း(၁၁၉၃)
အထွဋ်အထိပ်သိုင်းဧကရာဇ်
မျက်နှာမာမာထန်ထန်နှင့် လူကြီးသည် သူပတ်ပတ်လည် ငါးမီတာဝန်းကျင်ကို အပိုင်လိုချင်နေသည်။ သူ့အပြုအမူမှာ အလွန်ကိုမှ မောက်မာလွန်းသည်ဟု ဆိုရမည်။ သို့သော် သူ့လုပ်ရပ်သည် သူ့ကဲ့သို့ လူတစ်ယောက်အတွက် ပုံမှန်သာဖြစ်သည်။ ချူချန်ဖုန်းသည်ပင်လျှင် တစ်ဖက်လူ၏ ခွန်အားကို မြင်ပြီးသည့်နောက် ထိတ်လန့်တုန်လှုပ်သွားခဲ့သည်။
ရန်ကိုင်လည်း အနည်းငယ် တုန်ရီသွားခဲ့သည်။ ကြောက်လန့်သွားသောကြောင့် မဟုတ်၊ ရှင်းပြမရသော စိတ်လှုပ်ရှားမှုကြောင့် ဖြစ်သည်။
အရိပ်ကြယ်၏ လူငယ်ပါရမီရှင်များစွာကို သူမြင်တွေ့ခဲ့သည်။ သို့သော် မည်သူပင် ဖြစ်ပါစေ အကုန်လုံးသည် ထိုမျက်နှာမာမာထန်ထန်နှင့် လူကြီးကဲ့သို့ သူ့ဆီမှ တိုက်ခိုက်လိုစိတ် ထွက်ပေါ်လာအောင် မလုပ်ဆောင်နိုင်ခဲ့ချေ။ ထိုလူနှင့် ယှဉ်ပြိုင်တိုက်ခိုက်မည်ဆိုပါက နိုင်၊မနိုင်ကို ရန်ကိုင် သေချာမသိ။ စမ်းကြည့်မှသာ သိပေလိမ့်မည်။
သို့သော်လည်း လက်ရှိအချိန်သည် ထိုလူနှင့် တိုက်ခိုက်ရမည့်အချိန်မဟုတ်၊ ဝိဥာဉ်သန့်နတ်ရေစင်ကို သန့်စင်ဖို့သည်သာ အဓိကဖြစ်သည်။
သူသည် အရိပ်ကြယ်ပေါ်တွင် နေနေသည်ဖြစ်လေရာ တစ်နေ့နေ့ တစ်ချိန်ချိန်တွင် ထိုလူနှင့် ယှဉ်ပြိုင်ရန် အခွင့်အရေးရလာပေလိမ့်မည်။ ထို့ကြောင့် လောနေစရာမလို။ ဤနေရာသို့ ဝင်ဝင်ချင်း မဆင်မခြင် မလှုပ်ရှားမိခဲ့သည်ကိုလည်း ကျေးဇူးတင်မိသွားသည်။
ဝင်လာလာစဉ်က အကုန်လုံးကို မောင်ထုတ်ပြီး ဤဝိဥာဉ်သန့်နတ်ရေစင်ကို တစ်ဦးတည်း မောင်ပိုင်စီးရန် တွေးတောမိခဲ့သေးသည်။ သို့သော်လည်း ထိုကဲ့သို့ မလုပ်ခဲ့။ လုပ်သာလုပ်ခဲ့လျှင် ထိုမျက်နှာမာမာထန်ထန် လူကြီးနှင့် ရင်ဆိုင်ခြင်းနှင့်ပင် တိုက်ပတ်နေပေလိမ့်မည်။ အခြားသူများကို အာရုံစိုက်နိုင်လိမ့်မည်မဟုတ်။ သူ့အစစ်အမှန်ခွန်အားကိုလည်း ထုတ်ဖော်မိသွားမည် ဖြစ်သလို ချူချန်ဖုန်းတို့က သူ့အမှားကို အခွင့်ကောင်းယူကာ သူ့အား တိုက်ခိုက်လာနိုင်ပေသည်။
ဤလောကကြီးသည် တကယ့်ကို ကျယ်ပြောလှသည်။ ပါရမီရှင်များစွာတို့သည် နေရာပေါင်းစုံတွင် ရှိနေကြသည်။ ထိုမျက်နှာမာမာထန်ထန်နှင့် လူကြီးသည် ရန်ကိုင် မြင်တွေ့ခဲ့ဖူးသည့် အားအကောင်းဆုံးသော သူတော်စင်ဘုရင်အဆင့် ပညာရှင်ဖြစ်သည်။ ဟုန်းလော့ကုန်သွယ်ရေးအဖွဲ့အစည်း၏ ရွှယ့်ယွယ်ပင်လျှင် သူ့လောက် မသန်မာချေ။ ထို့ကြောင့် သူနှင့်အဆင့်တူ ကျင့်ကြံသူများကို အထင်သေး၍ မဖြစ်တော့ကြောင်း ရန်ကိုင် သူ့ကိုယ်သူ သတိပေးလိုက်ရသည်။
ကျောက်တုံးလိုဏ်ဂူထဲတွင်၊ ကောင်းကင်တိုက်ပွဲအစည်းအရုံးမှ လူများမှအပ ကျန်လူ အားလုံးသည် ဝိဥာဉ်သန့်နတ်ရေစင်ကန်ထဲ ကိုယ်စီနေရာရှာ ထိုင်နေကြလေပြီ။ အချို့ဆိုလျှင် ပြုံးစိစိများပင် ဖြစ်နေကြသည်။ ဝိဥာဉ်သန့်နတ်ရေစင်မှ ပေးစွမ်းသော အာနိသင်သည် သူတို့ အတွက် အလွန်ကိုမှ အကျိုးရှိသည့်အလား။
“ဝင်ကြမယ်” ချူချန်ဖုန်းလည်း အချိန်မဖြုန်းတော့ဘဲ ကန်ထဲဝင်ရန် သူ့လူများကို ပြောလိုက်သည်။
ချူချန်ဖုန်း အမိန့်ပေးလာမည်ကို စောင့်နေသော ကောင်းကင်တိုက်ပွဲအစည်းအရုံးမှ တပည့်များသည် သူ့စကားကို ကြားလိုက်သည်နှင့် ချက်ချင်းပဲ ကန်ထဲသို့ ပြေးဆင်းလေသည်။
ချူချန်ဖုန်းမျက်နှာ ဆေးခါးကြီး စားထားရသည့်နှယ် ရှုံ့မဲ့နေခဲ့သည်။ ဒေါသကိုလည်း မနည်းထိန်းနေခဲ့ရသည်။ သို့သော် သူ့တွင် ယခုထက် သတ္တိနှစ်ဆရှိလျှင်ပင် မျက်နှာ မာမာထန်ထန်နှင့် လူကြီးကို သွားရန်စမရဲချေ။ တစ်ဖက်လူ၏ ခွန်အားသည် သူ့ထက် မြင့်သည် ဆိုသောအချက်ကို ထည့်မတွက်လျှင်ပင်၊ ထိုလူနောက်၌ ရှိနေသော အင်အားစုသည် သူတို့ ကောင်းကင်တိုက်ပွဲအစည်းအရုံးပင် ကြောက်ရွံ့ရသည့် အင်အားစုတစ်ခု ဖြစ်သည်။
ဒေါသက ထွက်နေသော်လည်း ဖောက်ထုတ်စရာာနေရာမရှိလေသဖြင့် ချူချန်ဖုန်း အလွန်ကိုမှ မပျော်မရွှင် ဖြစ်နေရသည်။ ဒေါသထွက်ထွက်နှင့် ရန်ကိုင် ထိုင်နေသည့် နေရာဆီ ပြေးသွားလိုက်ပြီး အေးစက်စက် လေသံဖြင့် အော်ပြောလိုက်သည် “ထွက်သွားစမ်း၊ ဒီနေရာ ငါယူမယ်”
ရန်ကိုင်နေရာသည် အကောင်းကြီး မဟုတ်သလို အဆိုးကြီးလည်း မဟုတ်ချေ။ သင့်တင့်ရုံသာဖြစ်သည်။ သူသည် ကန်ထဲသို့ အခြားသူများနှင့်အတူ ဝင်ခဲ့ခြင်းဖြစ်ပြီး ဤနေရာက ပိုကောင်းသည်၊ ထိုနေရာက ပိုကောင်းသည် လုပ်မနေဘဲ ရှာတွေ့နေရာကိုသာ ဝင်ထိုင်ခဲ့ခြင်း ဖြစ်သည်။ သို့သော် ချူချန်ဖုန်းမှ သူ့နေရာကို လာလုလိမ့်မည်ဟု မထင်ထားခဲ့ချေ။
ချူချန်ဖုန်း သူ့ဒေါသကို သူ့အပေါ် လာဖောက်ထုတ်နေမှန်း ရန်ကိုင် နားလည်သည်။ အကြောင်းမှာ ကန်ထဲတွင် သူထိုင်နေသည့် နေရာထက် ပိုကောင်းသည့် နေရာအချို့ ရှိနေသေးသောကြောင့် ဖြစ်သည်။ ချူချန်ဖုန်းသည် သူ့အား ပြဿနာသက်သက် လာရှာနေခြင်း ဖြစ်သည်။
အကြောင်းမှာ ရှိနေသည့်လူအားလုံးထဲတွင် ရန်ကိုင်သည် အားအနည်းဆုံး ဖြစ်သလို တစ်ယောက်တည်းလည်း ဖြစ်သည်။ ထို့ကြောင့် သူ့ကို ပြဿနာလာရှာခြင်းဖြစ်သည်။ ရန်ကိုင်ကို မတိုက်ခိုက်ရသည့် အကြောင်းအရင်းမှာ မျက်နှာ မာမာထန်ထန်နှင့် လူကြီးကို နှောင့်ယှတ်မိမည် စိုးသည့်အတွက်ကြောင့်သာ ဖြစ်သည်။
ရန်ကိုင်မျက်လုံးထဲ အေးစက်စက် အလင်းတစ်ချက် လက်သွားခဲ့သည်။ သို့သော် ခဏမျှ စဉ်းစားလိုက်ပြီးနောက် မတ်တပ်ရပ်ရာ အခြားတစ်နေရာဆီ ပြောင်းသွားလိုက်လေသည်။
ချူချန်ဖုန်းက အေးစက်စက် အမူအရာဖြင့် နှာခေါင်းရှုံ့လိုက်သည်။ သူခြောက်ရုံဖြင့် ထွက်သွားသော ရန်ကိုင်၏ အပြုအမူနှင့် ပက်သက်၍လည်း အတော်လေး ကျေနပ်နေမိသည်။ ရန်ကိုင်အပေါ် သူ့ဒေါသကို ဖောက်ထုတ်လိုက်နိုင်သဖြင့် ခက်ထန်နေသော သူ့အမူအရာမှာ အတော်လေး ပြေလျော့သွားခဲ့ရလေသည်။ တင်ပလင်ခွေထိုင်၍ ဝိဥာဉ်သန့်နတ်ရေစင်၏ အာနိသင်ကို စတင် စုပ်ယူပြီးနောက် မြူမှိုင်းဝေနေသော သူ့အမူအရာ တဖြည်းဖြည်း ရွှင်းပြလာခဲ့သည်။ သူ့မျက်နှာထက်ရှိ မကျေနပ်ချက်တို့သည်လည်း နေလာနှင်းပျောက်သလို ပျောက်ကွယ်ကုန်ကြလေသည်။
“မောင်လေး၊ နင့်ကံက တကယ်ကောင်းတာပဲနော်” ရန်ကိုင်အား ဤနေရာတွင် အချိန်မဖြုန်းဘဲ အခြားတစ်နေရာဆီသို့ ထွက်သွားရန် အကြံပေးခဲ့သော အမျိုးသမီးက ပြောလိုက်သည်။ ရန်ကိုင် ထိုင်လိုက်သည့် နေရာသည် သူမထိုင်နေသည့် နေရာနှင့်အနီးတွင် ဖြစ်နေခဲ့သည်။ ချူချန်ဖုန်းက ရန်ကိုင်အား မောင်းထုတ်လိုက်သည်ကို မြင်သော် သူမက နှစ်သိမ့်ပေးလိုက်လေသည် “နင်ခေါင်းမာမာနဲ့ ကပ်နေလိုက်တာ မှန်သွားတယ်။ နင့်ရှေ့မှာ ရှိနေတဲ့ အကျိုးအမြတ်တွေနဲ့ ယှဉ်လိုက်ရင် အခြားဟာတွေက ဘာမှ အရေးမကြီးတော့ဘူး။ အစ်မ ဒီမှာထိုင်နေတာ ခဏပဲရှိသေးတယ်။ ဒါပေမယ့် ငါ့စိတ်စွမ်းအားက အတော်လေးကို မြင့်တက်လာသလို ခံစားနေရပြီ။ နင်လည်း ဒီကန်ထဲက အာနိသင်တွေကို မြန်မြန် စုပ်ယူသင့်တယ်”
“အင်း” ရန်ကိုင်လည်း ဘာအပိုစကားမှ ပြောမနေတော့ဘဲ ခေါင်းသာ ညိတ်ပြလိုက်ပြီး ဝိဥာဉ်သန့်နတ်ရေစင်၏ အာနိသင်ကို စတင် စုပ်ယူတော့လေသည်။
ဝိဥာဉ်သန့်နတ်ရေစင်တွင် ထိုကဲ့သို့ အံ့ဩဖွယ်ရာ အာနိသင်များ ရှိနေရခြင်းမှာ ထိုအရာသည် ဝန်ခိုးရှင်အဆင့် တစ်ယောက်၏ ဝိဥာဉ်မှ ဖြစ်တည်လာသောကြောင့် ဖြစ်သည်။
ဤဝိဥာဉ်သန့်နတ်ရေစင် ဘာကြောင့် ရွှေရောင်ဖြစ်နေရသလဲ ဆိုသည်ကို ရန်ကိုင် မသိသော်လည်း နည်းနည်းလောက် စုပ်ယူပြီးနောက် ဤရေသည် အမှန်တကယ်ကို ဝိဥာဉ်သန့် နတ်ရေစင်ဖြစ်မှန်း အတည်ပြုလိုက်နိုင်သည်။
ထို့ကြောင့် မည်သည့်အချိန်မှ ထပ်ဖြုန်းမနေတော့ဘဲ ဝိဥာဉ်သန့်နတ်ရေစင်ကို အလျင်အမြန် စုပ်ယူတော့လေသည်။ ဝိဥာဉ်သန့်နတ်ရေစင်ကို စုပ်ယူမည်ဆိုလျှင် မိမိ၏ စိတ်စွမ်းအင်ကို သန့်စင်၊ တိုးတက်လာစေနိုင်ရုံမက ကံကောင်းလျှင် သေဆုံးသွားသော တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူ၏ ဥာဏ်အလင်းအချို့ကိုပါ နားလည်နိုင်ပေလိမ့်မည်။
တန်ခိုးရှင်ဘုရင်အဆင့်တစ်ယောက် နားလည်ထားသော ဥာဏ်အလင်းသည် မည်ကဲ့သို့ နိမ့်ကျမည်နည်း။ သူနားလည်ထားသည့် နတ်ဘုရားစွမ်းရည် နည်းနည်းလောက်ကိုသာ နားလည်နိုင်လျှင်ပင် တစ်ဘဝလုံး ပျော်လို့ရသွားလေပြီ။
ယနေ့အချိန်တွင် ရန်ကိုင်တွေ့ခဲ့ဖူးသည့် တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူဆို၍ ကွေ့ဇူသာရှိသည်။ ကွေ့ဇူ၏ စွမ်းအားကို ရန်ကိုင် ကိုယ်တွေ့ မြင်ခဲ့ဖူးသည်။ အခြား တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူများသည်လည်း သူ့အောက် နိမ့်ကျလိမ့်မည် မဟုတ်ချေ။
ဝိဥာဉ်သန့်နတ်ရေစင်သည် သူ့ကိုယ်ပေါ်ရှိ မွှေးညင်းပေါက်များမှတစ်ဆင့် ခန္ဓာကိုယ်တွင်းသို့ စီးဝင်ပြီး အသိစိတ်ပင်လယ်ဆီသို့ စီးဆင်းသွားခဲ့သည်။ ရန်ကိုင်သည် စိတ်နှစ်ခွန်အလုပ်လုပ်နေခဲ့သည်။ သူ့ကိုယ်ထဲသို့ စီးဆင်းသွားသော ဝိဥာဉ်သန့်နတ်ရေစင်ကို သေသေချာချာ လေ့လာနေချိန်တွင် အခြားသူများ၏ အလစ်အငိုက် တိုက်ခိုက်လာမှုကို ကာကွယ်နိုင်ရန်အတွက် ပတ်ဝန်းကျင်ကိုလည်း သတိထားနေခဲ့သည်။
ရွှေရောင်အမျှင်တန်းလေးများနှင့် သူ့အသိစိတ်ပင်လယ်ထဲရှိ မီးတောက်များ ပေါင်းစပ်သွားသည်ကို ရန်ကိုင် မြင်တွေ့နေရသည်။ ရွှေရောင်အမျှင်တန်းလေးများမှာ သိပ်မများသော်လည်း အရောင်မှာထင်းတောက်နေခဲ့သည်။ ထို့ကြောင့် ထိုရွှေရောင်အမျှင်တန်လေးများသည် မီးပင်လယ်ထဲ ကူးခတ်နေသော ရွှေငါးလေးများနှင့်ပင် တူနေသေးသည်။
ရွှေရောင်အမျှင်တန်းတစ်ဝက်သည် ပင်လယ်ရေနှင့် ပေါင်းစပ်သွားပြီး သူ့အသိစိတ်ပင်လယ် ခွန်အားကို တိုးမြှင့်ပေးရင် စိတ်စွမ်းအင်ကိုလည်း သန့်စင်ပေးနေခဲ့သည်။ ထိုတိုးတက်မှုသည် မှတ်သားလောက်စရာမရှိသော်လည်း အစဉ်မပြတ်သော တိုးတက်မှုများကို မြင်နေရသည်မှာ အမှန်တကယ်ကို အံ့ဩစရာကောင်းလှပေသည်။
အနှစ်ချုပ်အားဖြင့် ကျင့်ကြံခြင်းသည် အဓိကအချက်လေးချက်ပေါ်တွင် အခြေခံသည်။
ခန္ဓာကိုယ်ခွန်အား မြှင့်တင်ခြင်း၊ သူတော်စင်ချီ စုဆောင်းခြင်း၊ စိတ်စွမ်းအင် မြှင့်တင်ခြင်းနှင့် ကောင်းကင်လမ်းစဉ်နှင့် သိုင်းတာအိုအပေါ် ထိုးထွင်းသိမြင်ခြင်းတို့ ဖြစ်သည်။
ထိုလေးချက်အနက် အရိုးရှင်းဆုံးသည် သူတော်စင်ချီ စုဆောင်းခြင်း ဖြစ်သည်။ သူတော်စင်ချီ စုဆောင်းခြင်းကို ဆေးလုံးများ၊ သူတော်စင်သလင်းကျောက်များ စသော အရင်းအမြစ်များသုံး၍ လုပ်ဆောင်နိုင်သည်။ ကျင့်ကြံသူတစ်ယောက် ကျင့်ကြံသည့်အခါ ထိုအရာများကို အမြဲတမ်း အသုံးပြုကြသည်။
အခက်ခဲဆုံးဟု ဆိုရမည့်အချက်သည် ကောင်းကင်လမ်းစဉ်နှင့် သိုင်းတာအိုကို နားလည်သဘောပေါက်ရန် ကြိုးစားခြင်းပင်။
ကျင့်ကြံသူများစွာတို့သည် ကျန်အချက်သုံးချက်တွင် လိုအပ်ချက်များကို ပြည့်မှီအောင် လုပ်နိုင်သော်ငြား ကောင်းကင်လမ်းစဉ်နှင့် သိုင်းတာအိုအပေါ် လုံလောက်အောင် နားလည်ထားခြင်း မရှိသည့်အတွက်ကြောင့် နောက်တစ်ဆင့်သို့ မတက်နိုင် ဖြစ်ရသည်။ ဥပမာပြရသော် အရိပ်ကြယ်ပေါ်ရှိ တန်ခိုးရှင်အထွဋ်အထိပ်အဆင့် ကျင့်ကြံသူများပင်… ထိုကျင့်ကြံသူများသည် ကောင်းကင်လမ်းစဉ်နှင့် သိုင်းတာအို၏ တစ်စိတ်တစ်ပိုင်း ဖြစ်သော ရှီအား အပြည့်အဝ နားလည်နိုင်ခြင်း မရှိသည့်အတွက် တန်ခိုးရှင်ဘုရင် အဆင့်သို့ မချိုးဖျက်နိုင် ဖြစ်ရသည်။
ခန္ဓာကိုယ်ခွန်အားကို ကျင့်ကြံစတွင် အဆင့်မြှင့်တင်ရန် လွယ်ကူသော်ငြား နောက်ပိုင်းသို့ ရောက်လာသည်နှင့် တဖြည်းဖြည်း ပိုပို၍ ခက်ခဲလာရကာ ပြီးပြည့်စုံသည့် အထွဋ်အထိပ်အဆင့် အခြေအနေသို့ ရောက်ရန်မှာ မဖြစ်နိုင်လုနီးပါး ဖြစ်သည်။ ရန်ကိုင်၏ အားကောင်းလှသော ခန္ဓာကိုယ်သည် မရေမတွက်နိုင်သော အခွင့်အလမ်းများကြောင့် ဖြစ်သည်။ သို့တိုင် သူ့ခန္ဓာကိုယ် အထွဋ်အထိပ်အခြေအနေသို့ မရောက်သေးချေ။ ထို့ကြောင့်သာ အားကောင်းသော တိုက်ခိုက်မှုများနှင့် ရင်ဆိုင်ရသည့်အခါ ဒဏ်ရာရခြင်း ဖြစ်သည်။
သို့သော်လည်း ရန်ကိုင်၏ ခန္ဓာကိုယ်သည် အဆင့်တူ ကျင့်ကြံသူများထက်သာမက တန်ခိုးရှင်အဆင့် ကျင့်ကြံသူများထက်ပင် အဆပေါင်းများစွာ ပိုမို အားကောင်းလေသည်။ ထို့အပြင် ရွှေရောင်သွေးစက်ထဲတွင် ပါဝင်သော ကြောက်မက်ဖွယ်ရာ ပြန်လည်ကုသနိုင်စွမ်းကြောင့် သူဒဏ်ရာတစ်ခုခု ရသွားလျှင်ပင် အချိန်တိုအတွင်း အလျင်အမြန် ပြန်ကောင်းနိုင်သည်။
ဝိဥာဉ်အား ကျင့်ကြံခြင်း၊ တစ်နည်းအားဖြင့် စိတ်စွမ်းအင်ကို မြှင့်တင်ခြင်းသည် သူတော်စင်ချီကို စုဆောင်းခြင်းထက် လုံးဝဥဿုံ အဆပေါင်းမရေမတွက်နိုင်အောင် ပိုမို ခက်ခဲပေသည်။ ခန္ဓာကိုယ်ခွန်အားကို မြှင့်တင်ခြင်းထက်ပင် ပိုခက်သည်ဟု ဆိုနိုင်သည်။ ကောင်းကင်လမ်းစဉ်နှင့် သိုင်းတာအိုအား နားလည်သဘောပေါက်ခြင်းလောက်သာ မခက်ခြင်း ဖြစ်သည်။
ကျင့်ကြံသူများသည် အဆင့်တစ်ခုမှ နောက်တစ်ဆင့်သို့ ချိုးဖျက်ဝင်ရောက်ပြီးနောက် တစ်ခဏတာ တံခါးပိတ်ကျင့်စဉ်ဝင်လေ့ရှိသည်။ ထိုသို့လုပ်ရခြင်းမှာ သူတို့၏ ဝိဥာဉ်နှင့် စိတ်စွမ်းအင်ကို မြှင့်တင်ရန်အတွက် ဖြစ်သည်။ ဆေးလုံးများသုံး၍ စိတ်စွမ်းအင်ကို မြှင့်တင်ရန် ကြိုးစားခြင်းသည် သိပ်အကျိုးသက်ရောက်မှုမရှိ။ စိတ်စွမ်းအင်ကို မြှင့်တင်ပေးနိုင်သည့် ကျင့်စဉ်များမှာလည်း အလွန်တရာကိုမှ ရှားပါးအဖိုးတန်လွန်းလှသည်။
ထိုသဘောတရားသည် ထုန်းရွှမ်လောကကြီးနှင့် ကြယ်စီရင်စု နှစ်ခုစလုံးတွင် အတူတူပင် ဖြစ်သည်။
ဝိဥာဉ်ခွန်အားကို တိုးမြှင့်ရန်အတွက် ကျင့်ကြံသူ ရှစ်ဆယ်ရာခိုင်နှုန်း အသုံးပြုသည့် နည်းလမ်းသည် ဝိဥာဉ်ပညာရပ်များကို အသုံးပြုသည့် နည်းလမ်းဖြစ်သည်။ ဝိဥာဉ် ပညာရပ်များကို အဆက်မပြတ် အသုံးပြုခြင်းဖြင့် စိတ်စွမ်းအင်ကို အလျင်အမြန် ကုန်ဆုံးစေနို်သည်။ ထို့နောက် ကုန်ဆုံးသွားသော စိတ်စွမ်းအင်ကို ပြန်လည် ဖြည့်တင်းသည်။ ထိုသို့ အဖန်တလဲလဲ လုပ်ခြင်းဖြင့် သူတို့၏ စိတ်စွမ်းအင်သည် တဖြည်းဖြည်း အားကောင်းလာသည်။
ထိုနည်းလမ်းသည် သောက်သုံးမကျသည့် နည်းလမ်းဖြစ်သော်လည်း လက်တွေ့အကျဆုံးနှင့် အလွယ်ကူဆုံး နည်းလမ်းဖြစ်ပေသည်။
ရန်ကိုင်တွင် ဝိဥာည်ကြာပန်း ရှိနေသည့်အတွက် ထိုကဲ့သို့သော နည်းလမ်းမျိုးကို အသုံးပြုနေစရာ မလိုတော့ချေ။
ထိုရတနာကြောင့် တံခါးပိတ်ကျင့်စဉ်ဝင်ပြီး အချိန်ဖြုန်းစရာ မလိုတော့သလို သူ့စိတ်စွမ်းအင်ဟာဆိုလျှင်လည်း အဆင့်တူ ကျင့်ကြံသူများထက် အဆပေါင်းများစွာ ပိုမို အားကောင်းနေခဲ့ရသည်။ ရန်ကိုင်၏ လက်ရှိဝိဥာည်နှင့် ကောင်းကင်စိတ်အာရုံသည် တန်ခိုးရှင်အဆင့် ကျင့်ကြံသူတစ်ယောက်နှင့်ပင် ယှဉ်နိုင်နေလေပြီ။
အကြောင်းအရင်းကို ပြောပါဆိုလျှင် ဝိဥာဉ်ကြာပန်းကိုသာ လက်ညိုးထိုးရမည်။
အဖိုးအတန်ဆုံး ဝိဥာဉ်ကို အားဖြည့်ပေးနိုင်သည့် ရတနာကို ရန်ကိုင်မှ သူအလွန် အားနည်းနေသည့် အချိန်က ရရှိခဲ့ခြင်းဖြစ်ပြီး ယခု ထိုရတနာ သူနှင့် အတူရှိနေသည်မှာ ဆယ်စုနှစ်နှစ်စု ကျော်လွန်သွားခဲ့လေပြီ။ သူ့ဝိဥာဉ်နှင့် ဝိဥာည်ကြာပန်းသည် လုံးဝကို လိုက်ဖက်ညီနေလေပြီ။ သူ့ဝိဥာဉ် အားကောင်းလာလျှင် ဝိဥာဉ်ကြာပန်းသည်လည်း အားကောင်းလာပေလိမ့်မည်။
သို့သော်လည်း ယခုလက်ရှိတွင် ဝိဥာဉ်သန့်နတ်ရေစင် အနည်းငယ်လေးကို သန့်စင်ရုံဖြင့် ထိုမျှသော အကျိုးအမြတ်ကို ရခဲ့ရသည်။ ရက်အနည်းငယ်လောက် ကျင့်ကြံမှရမည့် စိတ်စွမ်းအားကို တစ်ခဏအတွင်း ရရှိနိုင်ခဲ့သည်။
သို့သော်လည်း ရွှေရောင်အမျှင်တန်းအားလုံး ရန်ကိုင်၏ အသိစိတ်ပင်လယ်နှင့် ပေါင်းစပ်သွားခြင်းမဟုတ်ချေ။ အချို့သည် ရှင်းပြမရသော ဆွဲငင်အားတစ်ခုကြောင့် ခြောက်ရောင်ခြယ် ဝိဥာဉ်ကြာပန်းဆီသို့ ရောက်သွားခဲ့သည်။
ထိုအဖြစ်အပျက်သည် ရန်ကိုင်အတွက် အထူးအဆန်း မဟုတ်တော့ချေ။
ဝိဥာဉ်ကြာပန်းကိုယ်တိုင်က ထိုကဲ့သို့ ဖြစ်သည်။ ရန်ကိုင်မှ စိတ်စွမ်းအင်ကို တိုးတက်စေသည့် ဆေးလုံးတစ်လုံးလုံးကို သောက်လိုက်သည့်အချိန်တိုင်း ဝိဥာဉ်ကြာပန်းသည် အာနိသင်အများစုကို စုပ်ယူပစ်သည်။ ရေတိုအားဖြင့် ကြည့်မဆိုပါက ရန်ကိုင်အတွက် အကျိုးယုတ်သည်ဟု ထင်ရသော်လည်း ဝိဥာဉ်ကြာပန်း ပို၍ အားကောင်းလာလေ၊ သူ့ဝိဥာဉ်လည်း ပို၍ အားကောင်းလာမည် ဖြစ်လေသဖြင့် ရေရှည်အတွက်မူ ကြီးကြီးမားမား အကျိုးအမြတ် ရနိုင်သော ရင်းနှီးမှုတစ်ခုဟု ဆို၍ရသည်။
ဝိဥာဉ်သန့်နတ်ရေစင်သည် လူတစ်ယောက်၏ ဝိဥာဉ်ကို သန့်စင်ပေးနိုင်သလို ဝိဥာဉ်ကြာပန်းအတွက်လည်း အားဆေးတစ်ခွက်ဖြစ်သည်။
သို့သော်လည်း ရန်ကိုင် အံ့အားသင့်သွားရသည့် အချက်သည်ကား ဝိဥာဉ်ကြာပန်းမှ ထိုရွှေရောင်အမျှင်တန်းအနည်းငယ်ကို စုပ်ယူပြီးနောက် သူကိုယ်တိုင် ထပ်မံစုပ်ယူရန် ကြံလာသည့် အချက်ပင်။ ဝိဥာဉ်ကြာပန်းဆီမှ အားကောင်းသော ဆွဲအားတစ်ရပ် ထွက်ပေါ်လာပြီး ဝိဥာဉ်သန့်နတ်ရေစင်ကန်ထဲမှ ရွှေရောင်စွမ်းအင်များကို ရန်ကိုင်ကိုယ်ထဲသို့ ရန်ကိုင် စုပ်ယူနေသည့် အမြန်နှုန်းထက် ဆယ်ဆမက ပိုမိုမြန်ဆန်သော အမြန်နှုန်းဖြင့် စုပ်ယူတော့လေသည်။
အပိုင်း(၁၁၉၄)
အထွဋ်အထိပ်သိုင်းဧကရာဇ်
ဝိဥာဉ်ကြာပန်း၏ ဆွဲယူခြင်းခံနေရသည့် ရွှေရောင်အမျှင်တန်းလေးများသည် ရန်ကိုင်၏ အသိစိတ်ပင်လယ်ထဲသို့ တရဟောဝင်ရောက်လာခဲ့သည်။ သို့သော်လည်း ထိုထဲမှ တစ်ရာခိုင်နှုန်း လောက်ကိုသာ ရန်ကိုင် စုပ်ယူခဲ့ရပြီး ကျန်(၉၉)ရာခိုင်နှုန်းကို ဝိဥာဉ်ကြာပန်းမှ စုပ်ယူသွားခဲ့သည်။ တဖြည်းဖြည်းနှင့် ဝိဥာဉ်ကြာပန်း၏ အရောင်မှာလည်း ပိုပို၍ တောက်ပလာခဲ့သည်။
ရန်ကိုင် ထိတ်လန့်သွားခဲ့ပြီး ဝိဥာဉ်ကြာပန်း၏ စုပ်ယူနှုန်းကို အလျင်အမြန် ထိန်းချုပ်လိုက်လေသည်။ သူတစ်ယောက်တည်းသာ ဖြစ်နေခဲ့လျှင် ဝိဥာဉ်ကြာပန်း၏ စုပ်ယူနှုန်းကို ထိန်းချုပ်မည်မဟုတ်ဘဲ လွှတ်ထားပေးလိုက်ပေမည်။
သို့သော်လည်း လက်ရှိတွင်၊ ဤနေရာ၌ ကျင့်ကြံသူအယောက်သုံးဆယ်မက ရှိနေခဲ့သည်။ ရန်ကိုင်သာ ဝိဥာဉ်ကြာပန်းကို ထိုကဲ့သို့ ဆက်လက်စုပ်ယူခွင့် ပေးထားလိုက်ပါက အာလုံး၏ အာရုံစိုက်စရာဖြစ်လာရပြီး ကျိန်းသေ ဤနေရာမှာ ထုတ်ပယ်ခံရပေလိမ့်မည်။ သူသာ ထိုမျှ အရူးအမူစုပ်ယူနေပါက အခြားသူများအတွက် ကျန်ပါဦးမည်လား။
ရန်ကိုင်မှ အလျင်အမြန် လှုပ်ရှားလိုက်သော်လည်း အနားတွင် ရှိနေသော အမျိုးသမီးကို နှောင့်ယှတ်မိသွားသေးသည်။
မိန်းမငယ်လေးလည်း မျက်လုံးဖွင့်လာပြီး ရန်ကိုင်အား မယုံသင်္ကာအကြည့်ဖြင့် ကြည့်လိုက်သည်။ အစောနလေးတင်က ရန်ကိုင်ဆီမှ ပုံမှန်မဟုတ်သည့် ဆွဲအားတစ်ခု ထွက်ပေါ်လာသည်ကို သူမ သတိပြုမိခဲ့သည်။ ထိုဆွဲအားသည် သူတော်စင်ဘုရင် ပထမအဆင့် လူငယ်လေးဆီမှ လာခဲ့ခြင်း ဖြစ်ပေသည်။ သို့သော်လည်း သေချာ စစ်ဆေးကြည့်လိုက်သည့် အခိုက် မည်သည့်ထူးခြားမှုကိုမှ ရှာမတွေ့ခဲ့ချေ။
ခေါင်းခါလျက် သူမဘာသာသူမ အတွေးလွန်နေခြင်း ဖြစ်သည်ဟူ၍သာ မှတ်ယူလျက် မျက်လုံးပိတ်ပိတ်ကာ ဝိဥာဉ်သန့်နတ်ရေစင်ကို ပြန်လည် စုပ်ယူနေတော့လေသည်။
ရန်ကိုင် စိတ်သက်သာရာ ရသွားခဲ့သည်။ ဝိဥာဉ်ကြာန်းသည် ကန်ထဲရှိ ဝိဥာဉ်သန့် နတ်ရေစင်ကို ထိုမျှ လိုချင်တပ်မက်နေလိမ့်မည်ဟု မထင်ထားခဲ့ချေ။ အစောကြီးကတည်းက သိထားခဲ့လျှင် ပို၍ ချောင်ကျသည့်နေရာကို သွားခဲ့လိုက်ပေသည်။ ထိုသို့ဆိုလျှင် အခြားသူများ သူ့အား သတိပြုမိနိုင်ချေ လျော့နည်းသွားပေလိမ့်မည်။
ထိုကဲ့သို့ လုပ်ရန် ဖြစ်နိုင်သော်လည်း အခြားသူများ သူ့အပေါ် သံသယဝင်မလာစေရန် ရန်ကိုင် သေချာ သတိထားနေခဲ့သည်။ အထူးသဖြင့် သူ့နားတွင် ထိုင်နေသော မိန်းမလှလေးပင်။
ခဏလောက်ကြာပြီးနောက် ဝိဥာဉ်ကြာပန်း၏ စုပ်ယူနှုန်းကို အတိုင်းအတာတစ်ခုအထိသို့ ရောက်သည်အထိ ရန်ကိုင် တဖြည်းဖြည်းချင်း မြှင့်တင်လိုက်သည်။
ချက်ချင်းဆိုသလို ယခင်ထက် ဆယ်ဆပိုများသော ရွှေရောင်စွမ်းအင်များ ရန်ကိုင်၏ အသိစိတ်ပင်လယ်ထဲသို့ တစ်ဟုန်ထိုးဝင်ရောက်လာခဲ့ပြီး အကုန်လုံးကို ဝိဥာဉ်ကြာပန်းမှ စုပ်ယူသွားကာ အနည်းငယ်သည်သာ ရန်ကိုင်အတွက် ကျန်ခဲ့လေသည်။
သူ့အမြန်နှုန်းသည် အခြားသူများ သတိမပြုမိလောက်မည့် အမြန်နှုန်းဖြစ်သည့် အတွက်ကြောင့် ရန်ကိုင်သည် အခြားသူများထက် ပို၍ အကျိုးအမြတ်များနေခဲ့၇သည်။ သို့သော်လည်း ထိုမျှဖြင့် သိပ်မကျေနပ်နိုင်သေးဘဲ အနည်းငယ် စိုးရိမ်မိနေသေးသည်။
ဤနေရာတွင် ဝိဥာဉ်သန့်နတ်ရေစင် အများကြီးရှိပေသည်။ အခြားသူအားလုံးသည် ထိုနတ်ရေစင်များကို သူတို့ စုပ်ယူနိုင်သလောက် သည်းကြီးမည်းကြီး စုပ်ယူနေကြသည်။ ထို့ကြောင့် လက်ရှိအချိန်တွင် ဘာကိုမှထိန်ချန်မထားဘဲ ကန်ထဲရှိ နတ်ရေစင်များကို များနိုင်သမျှ များများစုပ်ယူနိုင်ဖို့ရာသည် အဓိကဖြစ်သည်။
ဝိဥာဉ်သန့်နတ်ရေစင်အား စုပ်ယူရာတွင်သာ အပြည့်အဝ အာရုံစိုက်ထားသော အခြားသူများနှင့်ယှဉ်လျှင် ရန်ကိုင်၏ ဝိဥာဉ်သည် ပို၍ အားကောင်းသည့်အတွက်ကြောင့် စိတ်နှစ်ခွခွဲ၍ အလုပ်လုပ်နိုင်ခဲ့သည်။
ဝိဥာဉ်သန့်နတ်ရေစင်ကို စုပ်ယူနေစဉ်အတောအတွင်း ကန်ထဲရှိ အခြားသူများ၏ အခြေအနေကိုလည်း စောင့်ကြည့်နေသည်။ ထိုလူများ ဝိဥာဉ်သန့်နတ်ရေစင်အား စုပ်ယူရာတွင်သာ အပြည့်အဝ အာရုံနစ်မြောသွားရန် မျှော်လင့်နေမိသည်။ ထိုသို့သာဆိုလျှင် သူစုပ်ယူနေသည့် အရှိန်ကို ထပ်တိုးနိုင်ပေလိမ့်မည်။ သူသာ သတိထားနေသရွေ့ အခြားသူများ သတိပြုမိလိမ့်မည် မဟုတ်ချေ။
ထို့အပြင် မိန်းမလှလေးနှင့် ခပ်ခွာခွာနေရန်လည်း လိုအပ်ပေသည်။ သူမ၏ ခွန်အားသည် အရမ်းကြီး မြင့်မားခြင်းမရှိချေ။ သူတော်စင်ဘုရင် တတိယအဆင့်သာ ရှိသည်။ ထို့သော် ထိုမိန်းကလေးသည် အရမ်းကိုမှ အာရုံခံစားလွယ်ပေသည်။
စဉ်းစားပြီးသည့်နောက် ချောင်ကျသည့် နေရာတစ်ခုဆီသို့ သွားလိုက်သည်။
သူ့အပြုအမူကြောင့် လူအချို့ နိုးလာခဲ့သည်။ ရန်ကိုင်အား မကျေမနပ်ဖြင့် ကြည့်ပြီးနောက် ဘယ်သူမှ ဘာမှထပ်မပြောကြတော့ဘဲ သူ့တိုဘာသာ မျက်လုံးပြန်ပိတ်၍သာ ကန်ထဲရှိ ဝိဥာဉ်သန့် နတ်ရေစင်ကို ပြန်လည် စုပ်ယူနေကြလေသည်။ ရန်ကိုင်၏ အပြစ်တင်ရန်အတွက် သူတို့တွင် အချိန် မရှိချေ။ အကုန်လုံးသည် အချိန်နှင့်လု၍ ဝိဥာဉ်သန့်နတ်ရေစင်ကို စုပ်ယူနေကြရသည်။
အခြားသူများသည် အတော်လေးလှမ်းသည့် ကန်ထောင့်သို့ ရောက်ပြီးနောက် ကျေကျေနပ်နပ်ဖြင့် ခေါင်းညိတ်လိုက်သည်။
တင်ပလင်ခွေထိုင်ချလိုက်ပြီးနောက် ဝိဥာဉ်ကြာပန်းအပေါ် ဖိနှိပ်ထားမှုကို လျော့ချန်ရန် ပြင်လိုက်စဉ်မှာဘဲ သူ့အောက်၌ တစ်ခုခု ရှိနေသည်ကို သတိပြုမိလိုက်သည်။
ကန်ထဲသို့ လက်နှိုက်၍ စမ်းကြည့်လိုက်ရာ နွေးတေးတေး အရာဝတ္ထုတစ်ခုကို စမ်းမိလိုက်လေသည်။ သို့သော်လည်း ထိုပစ္စည်း ဘာမှန်းမသိရသေးခင်မှာဘဲ ထူးဆန်းသော စွမ်းအားတစ်ရပ်သည် သူ့လက်ချောင်းမှတစ်ဆင့် ခန္ဓာကိုယ်ထဲသို့ စီးဝင်လာပြီး ခေါင်းတည့်တည့်ဆီသို့ ရောက်ရှိသွားခဲ့သည်။
ထိုစွမ်းအား ဖြတ်သွားလိုက်တိုင်း သူ့ခန္ဓာကိုယ် တုန်ရီသွားခဲ့ရပြီး အန္တရာယ် အငွေ့အသက်ကို ရလိုက်သည်။ လျစ်လျူမရှုရဲသည်နှင့် သူတော်စင်ချီကို အလျင်အမြန် စုစည်းပြီး ထိုထူးဆန်းသော စွမ်းအင်ကို ခုခံရန် ပြင်ဆင်လိုက်သည်။
သူ့သွေးကြောများထဲ နတ်ဆိုးမီးတောက်များ တောက်လာသည်နှင့် တစ်ပြိုင်နက် ဆိုသလို ထိုအအေးဓါတ် ရပ်တန့်သွားခဲ့သည်။ တစ်ချိန်တည်းတွင် နာနာကျင်ကျင် အော်ဟစ်သံကဲ့သို့ အသံ တစ်သံကို ရန်ကိုင် ကြားလိုက်ရသည်။ နတ်ဆိုးမီးတောက်နှင့် ရင်ဆိုင်ရသည့်အခါ ထိုထူးဆန်းသော စွမ်းအင်သည် ချက်ချင်း ပြန်ဆုတ်သွားခဲ့ပြီး ကန်ထဲသို့ တိုးဝင်ပျောက်ကွယ်သွားခဲ့လေသည်။
ရန်ကိုင် အမူအရာ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့သည်။
ချက်ချင်း မျက်လုံးဖွင့်လိုက်ပြီး အခြားသူများကို လှမ်းကြည့်လိုက်ရာ အကုန်းလုံးသည် ဝိဥာဉ်သန့်နတ်ရေစင်အား စုပ်ယူရာတွင်သာ အာရုံစိုက်နေသည်ကို တွေ့လိုက်ရသည်။ ယခု ဖြစ်ပျက်သွားခဲ့သည်ကို သူမှအပ မည်သူမှ သတိမပြုမိခဲ့ချေ။ ထိုမျှသာမကသေး၊ သူကိုင်ထားသော နွေးတေးတေး ကျောက်တုံးသည် ယခင်ကဲ့သို့ နွေးမနေတော့ဘဲ ရိုးရိုးသာမန် ကျောက်တုံး တစ်တုံးကဲ့သို့ ဖြစ်သွားလေသည်။
ထိုကျောက်တုံးသည် သာမန်ကျောက်တစ်တုံး လုံးဝမဖြစ်နိုင်ချေ။ ထို့ကြောင့် ရန်ကိုင်လည်း ထိုကျောက်တုံးကို သူ့သိုလှောင်လက်စွပ်ထဲသို့ ပစ်ထည့်လိုက်လေသည်။
ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့ပြီး ရွှေရောင်ရေများကို စိုက်ကြည့်ရင်း အစောပိုင်းက ထွက်ပေါ်လာသော အအေးဓါတ်ကို လိုက်ရှာလိုက်သည်။ သို့သော်လည်း ဤကန်ကို ကောင်းကင်စိတ်အာရုံဖြင့် မစူးစမ်းနိုင်သည့်အတွက် ရန်ကိုင် ဘာကိုမှ ရှာမတွေ့နိုင်ခဲ့ပေ။
သို့သော်လည်း ထိုစွမ်းအင်သည် နတ်ဆိုးမီးတောက်ကို ကြောက်သည်ဖြစ်လေရာ ရန်ကိုင် အနေဖြင့် ဘာကိုမှ စိုးရိမ်နေစရာမလိုချေ။ ရန်ကိုင်အား စိတ်ပူစေသည်ကား ဤနေရာတွင် အမှန်အကန် တည်ရှိနေသော ထိုထူးဆန်းသည့်စွမ်းအင်ပင်။
လောလောဆယ်တွင် ထိုကိစ္စနှင့် ပက်သက်၍ ဘာမှမလုပ်နိုင်သေးဖြင့် ရန်ကိုင်လည်း သူ့ဘာသာ ဝိဥာဉ်သန့်နတ်ရေစင်ကို စုပ်ယူရာတွင် ပြန်အာရုံစိုက်နေလိုက်လေသည်။
ကျောက်တုံးလိုဏ်ဂူသည် အတော်လေးကို တိတ်ဆိတ်နေသည်။ အကုန်လုံးသည် ဝိဥာဉ်သန့်နတ်ရေစင်ကို စုပ်ယူရာတွင် အာရုံစိုက်နေကြသည်။ သူတို့၏ကံသည် အတော်လေး ကောင်းသည်ဟုလည်း ပြော၍ရသည်။ အကုန်လုံး ကန်ထဲသို့ ဆင်သွားပြီးသည့် အချိန်မှစ၍ ယခုအချိန်အထိ လူသစ်တစ်ယောက်မှ ရောက်မလာသေးချေ။
သတင်းရထားသည့် လူအကုန်လုံး ရောက်နှင့်နေပြီး ဖြစ်နိုင်လှသည်။ နာရီဝက်လောက် ကြာပြီးနောက် ပြောင်းလဲမှုတစ်ခု စတင်လာသည်။
တန်ခိုးရှင်အဆင့် တစ်ယောက်၏ စိတ်စွမ်းအင်နှင့် တူညီသော စိတ်စွမ်းအင်လှိုင်းတစ်လှိုင်း အကုန်လုံးကို ရိုက်ခတ်သွားသဖြင့် အားလုံး မျက်လုံးဖွင့်လိုက်ရာပြီး ထိုစိတ်စွမ်းအင်လှိုင်း ထွက်ပေါ်လာရာ အရင်းအမြစ်ဆီ လှမ်းကြည့်လိုက်သည်။
အကုန်လုံး၏ အကြည့်သည့် တစ်နေရာတည်းတွင် စုပြုံးသွားခဲ့ကြလေသည်။ သူတို့၏ အကြည့်ထဲ ထိတ်လန့်မှုတို့ ပြည့်နေသလို မနာလိုအားကျမှုတို့လည်း ပြည့်နေခဲ့သည်။
ထိုစိတ်စွမ်းအင်လှိုင်း ထွက်ပေါ်လာရာ အရင်းအမြစ်သည် မျက်နှာမာမာထန်ထန်နှင့် လူကြီး ဖြစ်သည်။ သူ့ခန္ဓာကိုယ်သည် တဆတ်ဆတ် တုန်ရီနေခဲ့ပြီး မျက်နှာအမူအရာသည်လည်း အဆက်မပြတ် ပြောင်းလဲနေခဲ့သည်။ မျက်မှောင်ကြုတ်သွားလိုက်၊ ရွှင်မြူးသွားလိုက်၊ အတွေးနက်သွားလိုက် စသဖြင့် အမျိုးမျိုး ပြောင်းလဲနေလေသည်။
ထို့အပြင် သူ့ခန္ဓာကိုယ်ပတ်လည်၌ ရွှေရောင်အရှိန်အဝါတစ်ရပ် ထွက်ပေါ်လာခဲ့သည်။ သူ့တစ်ကိုယ်လုံးသည် တွင်းနက်ကြီး တစ်ခုအဖြစ်သို့ ရုတ်တရက် ပြောင်းလဲသွားသည့်နှယ် မရေမတွက်နိုင်သော ရွှေရောင်အမျှင်တန်းလေးများသည် သူ့ကိုယ်ထဲသို့ အရူးအမူး စီးဝင်နေလေရာ ကန်တစ်ခုလုံး လှိုင်းထလာခဲ့ရလေသည်။
“သူတစ်ခုခုကို တကယ်ကြီး နားလည်လိုက်နိုင်တာပဲ” မိန်းမငယ်လေးက ထိုမြင်ကွင်းကို ပါးစပ်အဟောင်းသားဖြင့် ငေးကြည့်နေခဲ့သည်။
မိန်းမငယ်လေး ပြောသည်ကို ကြားပြီးနောက် မျက်နှာမာမာထန်ထန်နှင့် လူကြီးသည် သူ့ဝိဥာဉ်ကို ပိုမိုအားကောင်းအောင် လုပ်ဆောင်နေရင်း တစ်ခုခုကို နားလည်သွားလေသဖြင့် တန်ခိုးရှင်အဆင့် ကျင့်ကြံသူတစ်ယောက်နှင့် ညီမျှသော စိတ်စွမ်းအင်ကို ရရှိသွားခြင်းဖြစ်မှန်း အကုန်လုံး သိလိုက်သည်။ ဤနေရာသေသွားခဲ့သော တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူ၏ ဝိဥာဉ်ပညာရပ်များထဲမှ တစ်ခုခုကို သူနားလည်သွဦးခြင်း ဖြစ်ရပေမည်။
ထိုအဖြစ်အပျက်ကြောင့် အကုန်လုံး၏ မျက်လုံးများ မနာလိုမှုကြောင့် နီရဲသွားသည်။
တန်ခိုးရှင်ဘုရင်အဆင့် တစ်ယောက်၏ ဝိဥာဉ်ပညာရပ်နှင့် ယှည်လျှင် သူတို့ ရရှိသည့် အကျိုးအမြတ်သေးသေးလေးများသည် ဘာမှမဟုတ်တော့ချေ။
ရုတ်တရက် အကုန်လုံးသည် ဝိဥာဉ်သန့်နတ်ရေစင်အား စုပ်ယူရမည်ကိုပင် မေ့လျော့သွားခဲ့ပြီး မျက်နှာမာမာထန်ထန်နှင့် လူကြီးကိုသာ ကြောင်ကြည့်နေကြတော့သည်။
ရှိနေသည့်လူအားလုံးအနက် ချူချန်ဖုန်း၏မျက်နှာ အရုပ်အဆိုးဆုံးဖြစ်သည်။ သူ့ဒေါသကို ရန်ကိုင်အပေါ် ဖောက်ထုတ်ခဲ့ပြီး နောက်ဆုံးတွင် ပြန်လည် တည်ငြိမ်အောင် လုပ်နိုင်ခဲ့သည်။ မည်သို့ပင် ဖြစ်ပါစေ သူလည်း အကျိုးအမြတ် ရမည်ဖြစ်သဖြင့် မျက်နှာမာမာထန်ထန်နှင့်လူကြီး လုပ်လိုက်သည့်ကိစ္စအပေါ် သိပ်ဂရုစိုက်မနေတော့ချေ။
သို့သော်လည်း လက်ရှိတွင်၊ သူသည် သူ့ဝိဥာဉ်ကို ယခင်ထက် အနည်းငယ် ပိုအားကောင်းလာအောင်သာ လုပ်နိုင်သေးသော်လည်း အခြားတစ်ယောက်သည် တန်ခိုးရှင်ဘုရင် အဆင့် ကျင့်ကြံသူ၏ ဝိဥာဉ်ပညာရပ်ကို နားလည်သွားခဲ့လေသည်။ ကွာခြားချက်သည်ကား မိုးနှင့်မြေနှယ်။
သေဆုံးသွားသော တန်ခိုးရှင်ဘုရင်အဆင့် ပညာရပ်ကို ရလိုက်သည့်လူမှာ ဘာကြောင့် သူဖြစ်မနေရသနည်း။ သူသည်လည်း မဟာပါရမီရှင်ကြီးတစ်ယောက်ပင်၊ ကောင်းကင်တိုက်ပွဲ အစည်းအရုံး၏ နံပါတ်တစ်ပါရမီရှင်လည်း ဖြစ်ပေသည်။ ကောင်းကင်တိုက်ပွဲအစည်းအရုံး၏ လူငယ်မျိုးဆက်အားလုံး လေးစားရသည့်လူတစ်ယောက်ဆိုလည်း မမှားချေ။ ထိုသို့ဆိုလျှင် ဘာကြောင့်နည်း။
ကန်၏ အကောင်းဆုံးနေရာကို ရမထားသည့် အတွက်ကြောင့်ပလော။
ချူချန်ဖုန်း သွေးအန်မတက် ဒေါသထွက်နေခဲ့သည်။ သို့သော်လည်း သူမည်ကဲ့သို့ပင် ခံစားနေရပါစေ၊ ထိုလူကို မနာလိုဝန်တိုမှုအပြည့်ဖြင့် စိုက်ကြည့်နေရံသာ တတ်နိုင်ခဲ့သည်။ သွားမနှောင့်ယှတ်ရဲချေ။
လက်ရှိအချိန်သည် ထိုလူကို သွားနှောင့်ယှတ်ရန် အကောင်းဆုံးအချိန် ဖြစ်သော်ငြား သွားရန်စလိုက်သဖြင့် မည်ကဲ့သို့သော တုန့်ပြန်မှုနှင့် ရင်ဆိုင်ရမလဲ ဆိုသည်ကို မည်သူ သိမည်နည်း။
ထို့ကြောင့် ချူချန်ဖုန်းအနေဖြင့် ထိုလူကို မုန်းတီးစွာ စိုက်ကြည့်နေရုံသာ လုပ်နိုင်ခဲ့သည်။
အကုန်လုံး ထိတ်လန့်တုန်လှုပ်နေသည့် အချိန်တွင် ရန်ကိုင် ပျော်နေခဲ့သည်။
အခြားသူများ၏ အာရုံစိုက်စရာ ဖြစ်သွားမည်စိုးသည့်အတွက်ကြောင့် ဝိဥာဉ်ကြာပန်း၏ စုပ်ယူအားကို ဖိနှိပ်ထားခဲ့သည်။ သို့သော်လည်း လက်ရှိတွင် အကုန်လုံးသည် မျက်နှာ မာမာထန်ထန်နှင့် လူကြီးကို အာရုံစိုက်နေကြလေပြီ။ ကန်ရေပြင်ဟာဆိုလျှင်လည်း လှိုင်းထန်နေခဲ့လေပြီ။ ထို့ကြောင့် ရန်ကိုင်ဆီမှ ပုံမှန်မဟုတ်သည့် ဆွဲအားတစ်မျိုးမျိုး ထွက်ပေါ်လာလျှင်ပင် မည်သူမှ သတိပြုမိလိမ့်မည် မဟုတ်ချေ။
ရန်ကိုင်လည်း တုန့်ဆိုင်းမနေဘဲ ဝိဥာဉ်ကြာပန်းအား ဖိနှိပ်ထားသည်ကို ချက်ချင်း ဖြေလျော့ပေးလိုက်လေသည်။ ချက်ချင်းဆိုသလို သိပ်သည်းများပြားလှသော ရွှေရောင် အမျှင်တန်းလေးများ ရန်ကိုင်၏ အသိစိတ်ပင်လယ်ထဲသို့ စီးဝင်လာခဲ့သည်။ ထိုများပြားလှသော ရွှေရောင်အမျှင်တန်းများကြောင့် သူ့အသိစိတ်ပင်လယ်သည်ပင် ရွှေရောင်ပြောင်းသွားရသည်။ သို့သော်လည်း ဝင်လာသမျှရွှေရောင်အမျှင်တန်းများအနက် မဆိုသလောက်ကလေးကိုသာ ရန်ကိုင်မှ စုပ်ယူနိုင်ခဲ့ပြီး ကျန်ရွှေရောင်အမျှင်တန်းအားလုံးကို ဝိဥာဉ်ကြာပန်းမှ အကုန်အစင် စုပ်ယူသွားခဲ့လေသည်။
ယခင်က ရွှေရောင်တောက်ပနေခဲ့သော ကန်ရေ၏ အရောင်မှာ တဖြည်းဖြည်း အရောင်မှိန်လာခဲ့သည်။ သို့သော် အကုန်လုံးသည် မျက်နှာမာမာထန်ထန်နှင့် လူကြီးကိုသာ အာရုံစိုက်နေကြသည့်အတွက် ထိုအချက်ကို သတိမပြုမိခဲ့ကြချေ။ ထို့ကြောင့် ရန်ကိုင် လုံးဝကိုအပျော်ကြီး ပျော်နေခဲ့လေသည်။
မျက်နှာမာမာထန်ထန်နှင့် လူကြီး ရရှိလိုက်သည့် အခွင့်အလမ်းအပေါ် အနည်းငယ် အားကျမိသော်လည်း ဝိဥာဉ်ပညာရပ်များသည် စိတ်စွမ်းအင်အားကို အကျိုးရှိရှိ အသုံးချပုံ နည်းလမ်းတစ်ခုသာဖြစ်မှန်း ရန်ကိုင်သိသည်။ အသုံးပြုသူ၏ ကိုယ်ပိုင်စွမ်းအားသည်သာ သိုင်းပညာရပ်တစ်ခု၏ စွမ်းအားကို အဆုံးအဖြတ်ပေးနိုင်ခြင်း ဖြစ်သည်။
တန်ခိုးရှင်ဘုရင်အဆင့်၏ ဝိဥာဉ်ပညာရပ် ဖြစ်တော့ကော ဘာအရေးနည်း။ သူနောက်ပိုင်း သန်မာလာသည့်အချိန်ကျ ထိုကဲ့သို့ အားကောင်းသည့် ဝိဥာဉ်ပညာရပ်များကို ဖန်တီးနိုင်ပေလိမ့်မည်။
သို့သော်လည်း လက်ရှိ သူရရှိနေသော အကျိုးအမြတ်များသည် သူ့အုတ်မြစ်ကို ပိုမို တိုးတက်ကောင်းမွန်လာအောင် လုပ်ဆောင်ပေးနိုင်သည်။ မျက်နှာမာမာထန်ထန်နှင့်လူကြီး ရရှိသွားသည့် ဝိဥာည်ပညာရပ်သည် အမှန်တကယ်ကို ကောင်းသော်လည်း ရန်ကိုင် ရနေသည့် အကျိုးအမြတ်များနှင့် ယှဉ်လိုက်လျှင် နိမ့်ကျနေပေသးသည်။
သူ့က အသားကိုစားနေချိန် အခြားသူများက စွပ်ပြုတ်ကိုသော်ကသည်။ လူတိုင်းတွင် ကိုယ်ပိုင်အခွင့်အရေးများ ရှိကြသည်။ မနာလိုနေ၍ အသုံးမဝင်ချေ။
“ကန်ရေအရောင်က ဘယ်လိုလုပ်ပြီး အရမ်း မှိန်သွားရတာလဲ” တစ်ယောက်ယောက်က ရုတ်တရက် အလန့်တကြား ဆိုလိုက်သည်။ ယခုမှသာ အကုန်လုံး အသိပြန်ဝင်လာခဲ့ကြသည်။
ထိုလူ၏ အော်သံကို ကြားလိုက်သည့်အခိုက် ကန်ရေပြင်ကို ငုံ့ကြည့်လိုက်ရာ သူတို့၏ အမူအရာ ဖြူလျော်သွားခဲ့ရသည်။ သူတို့ ကန်ထဲဝင်လာခဲ့သည်မှာ အမွှေးတိုင်တစ်ချောင်း လောင်ကျွမ်းစာလောက်သာ ရှိသေးသော်လည်း ရွှေရောင်သည် အရမ်းကိုမှ မှိန်နေလေပြီ။ လက်ရှိ ကန်ရေသည် ရွှေရောင်ဖျော့တော့တော့လေးသာ ဖြစ်နေတော့သည်။ ယခင်ကကဲ့သို့ ရွှေရောင် တောက်နေခြင်းမရှိတော့။
လက်ရှိကန်အောက်ခြေကို သူတို့၏ မျက်စိဖြင့်သော်လည်းကောင်း၊ ကောင်းကင်
အပိုင်း(၁၁၉၅)
အထွဋ်အထိပ်သိုင်းဧကရာဇ်
ကန်ထဲရှိ ရွှေရောင်သည် သိသိသာသာကို မိန်ကျသွားခဲ့သည်။ အကုန်လုံးသည် ကန်ထဲရှိ ရွှေရောင်စွမ်းအားကို အလျင်စလို စုပ်ယူရန် ကြိုးစားလိုက်သော်ငြား ဝိဥာဉ်သန့်နတ်ရေစင်၏ စွမ်းအားသည်လည်း လျော့နည်းသွားသည်ကို တွေ့ရှိလိုက်ရသည်။ အကုန်လုံး လန့်သွားခဲ့ကြသလို ဒေါသလည်း ထွက်သွားခဲ့ကြသည်။
“သူပဲ” ချူချန်ဖုန်းက အံကြိတ်၍ မျက်နှာမာမာထန်ထန်နှင့် လူကြီးကို စူးစူးရဲရဲ စိုက်ကြည့်လိုက်သည်။
ရုတ်တရက် စူးရဲသည့် အကြည့်များစွာတို့သည် မျက်နှာမာမာထန်ထန်နှင့် လူကြီးဆီသို့ စုပြုံကျရောက်လာခဲ့သည်။ ရန်ကိုင်သည်လည်း အံကြိတ်လိုက်သည်။ တစ်ချိန်တည်းတွင် ဝိဥာဉ်ကြာပန်း၏ စုပ်ယူအားကိုလည်း လျှော့ချလိုက်လေသည်။
ဝိဥာဉ်သန့်နတ်ရေစင်ကန်ထဲရှိ အာနိသင် (၉၀)ရာခိုင်နှုန်းကို ရန်ကိုင်တစ်ယောက်တည်းမှ စုပ်ယူသွားခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း အခြားသူများသည် ဝိဥာဉ်သန့်နတ်ရေစင်၏ အာနိသင်ကို မျက်နှာမာမထန်ထန်နှင့် လူကြီးက စုပ်ယူသွားသည်ဟု ထင်နေခဲ့ကြသည်။ ရန်ကိုင်သည် ကျန်တစ်ဆယ်ရာခိုင်နှုန်းလောက်ကို ဆက်လက် စုပ်ယူချင်သော်ငြား အခြားသူများသည် ကန်ရေ၏ အာနိသင် လျော့ကျသွားသည်ကို သတိပြုမိနေပြီ ဖြစ်သဖြင့် သူလည်း ဆက်လက် မစုပ်ယူရဲတော့ခြင်း ဖြစ်သည်။ မဟုတ်သာ မဟုတ်ဘဲ တရားခံသည် သူမှန်းသာ သတိပြုမိသွားခဲ့ပါက အားလုံး၏ ပစ်မှတ်ဖြစ်သွားရပေလိမ့်မည်။
မျက်နှာမာမာထန်ထန်နှင့် လူကြီး၏ အားလုံးအတွက် မျက်စိစပါးမွှေးစူးစရာ ဖြစ်နေသော်ငြား သူ့ကိုယ်ပိုင်ခွန်အားသည် အတော့်ကိုမှ မြှင့်လှသည့်အပြင် သူ့နောက်ကွယ်ရှိ အင်အားစုမှာလည်း အလွန်ကိုမှ ကြောက်မက်ဖွယ်ကောင်းလှသည်။ ထို့ကြောင့် အကုန်လုံး ဒေါသထွက်နေလျှင်ပင် သူ့အား ဘာမှလုပ်ရဲကြလိမ့်မည် မဟုတ်ချေ။
ဟုတ်ပေသည်။ ကျင်ကြံသူစူစုပေါင်း၏ သုံးဆယ်ရာခိုင်နှုန်းလောက်သည် ရန်ကိုင်အား သတ်ပစ်ချင်နေကြသော်လည်း မည်သူမှ စမလှုပ်ရှားခဲ့။ ချူချန်ဖုန်းသည်ပင်လျှင် ငြိမ်နေခဲ့သည်။
ခဏအကြာ၌ အကုန်လုံး မျက်ပြန်ပိတ်လိုက်ပြီး ကန်ထဲရှိ လက်ကျန် အာနိသင်များကို စုပ်ယူရာတွင်သာ အာရုံစိုက်နေလိုက်တော့သည်။ ယခုကန်ထဲတွင် အစွမ်းအာနိသင် နည်းနည်းသာ ကျန်တော့သည်။ သူတို့သာ ထိုနည်းနည်းလေးကို စုပ်ယူရန် မကြိုးစားပါက ဘာမှ ရတော့လိမ့်မည် မဟုတ်ချေ။
မျက်နှာမာမာထန်ထန်နှင့် လူကြီးမှာမူ သူ့သည် အားလုံးအတွက် မျက်စိစပါးမွှေးစူးစရာ ဖြစ်သွားခဲ့ရသည်ကို မသိလိုက်ဘဲ သူ့နားလည်သဘောပေါက်ထားသည့် အရာကို လေ့လာရာတွင်သာ အာရုံစိုက်နေခဲ့သည်။ ရန်ကိုင်အတွက် စတေးခံ ဖြစ်သွားရသည်ကိုလည်း မသိလိုက်ပါချေ။ ကန်ထဲရှိ လက်ကျန် စွမ်းအင်အာနိသင်များသည် သူ့ကိုယ်ထဲသို့ အဆက်မပြတ် စီးဝင်နေခဲ့သည်။
တစ်ရက်ကြာပြီးသည့်နောက် ကန်ထဲတွင် တင်ပလင်ခွေ ထိုင်နေကြသည့် ကျင့်ကြံသူ အယောက်သုံးဆယ်လုံး မျက်လုံးပြန်ပွင့်လာခဲ့ကြသည်။ သို့သော်လည်း ပျော်နေရမည့်အစား အတော်များများသည် မကျေမနပ် ဖြစ်နေခဲ့ကြသည်။
ဤကန်ထဲတွင် ဝင်စိမ်လိုက်ရသည့်အတွက် သူတို့၏ ဝိဥာည်သည် နှစ်ပေါင်းများစွာ ကျင့်ကြံခြင်းနှင့် ညီမျှသော တိုးတက်မှုကို ရရှိလိုက်ရသည်။ ထို့အပြင် ဝိဥာည်သန့်နတ်ရေစင်၏ သန့်စင်စွမ်းအားကြောင့် ဝိဥာဉ်ဒဏ်ရာရထားသည့် လူများ၏ ဒဏ်ရာများမှာလည်း ပိန်းကြာရွက်ပေါ် ရေမတင်သကဲ့သို့ ပျောက်ကင်းသက်သာကုန်ရသည်။ ယခု အကုန်လုံးသည် သူတို့၏ စိတ်စွမ်းအင်ကို ယခင်ထက် ပို၍ လွယ်လွယ်ကူကူ အသုံးချလာနိုင်လေပြီ။
ထိုကဲ့သို့ အကျိုးအမြတ်များ ရလိုက်သဖြင့် လူတိုင်း ပျော်ပေသည်။ ခဏလေး စိမ်လိုက်ရုံဖြင့် သူတို့၏ စိတ်စွမ်းအင် ဤမျှ တိုးတက်လာခဲ့ရသည်။ ပို၍ ကြာကြာသာ စိမ်လိုက်မည်ဆိုပါက မည်မျှပင် တိုးတက်လိုက်လေမည်နည်း။
ကန်ရေ၏ စွမ်းအင်အာနိသင်အားလုံးကို မောင်ပိုင်စီးသွားသည့် တစ်ယောက်သောသူ ကြောင့်သာ မဟုတ်လျှင် သူတို့အနေဖြင့် ဤကန်ထဲတွင် အနည်းဆုံး ဆယ်ရက်လောက်ကြာအောင် စိမ်နိုင်နေပေလိမ့်မည်။ ထိုသို့သာ စိမ်လိုက်ရမည်ဆိုပါက သူတို့၏ ဝိဥာဉ် မည်သည့် အတိုင်းအတာထိပင် တိုးတက်သွားလိမ့်မည်နည်း။ ထိုကဲ့သို့ စဉ်းစားမိလိုက်သည့်အခိုက် အကုန်လုံး မျက်နှာမာမာထန်ထန်နှင့် လူကြီးကို စူးရဲစွာ စိုက်ကြည့်မိလိုက်ကြပြန်သည်။
ထိုစဉ် မျက်နှာမာမာထန်ထန်နှင့် လူကြီးလည်း တန်ခိုးရှင်ဘုရင်အဆင့် ပညာရှင်၏ ဝိဥာဉ်ပညာရပ်ကိုး ဆင်ခြင်နားလည်သုံးသပ်ပြီးသွားခဲ့သည်။ ပြီးသွားသည့်နောက် ကျေနပ်စွာဖြင့် မျက်လုံးပြန်ဖွင့်လာလိုက်ရာ အကုန်လုံးသည် သူ့အား စူးရဲစွာ စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသဖြင့် အနည်းငယ် ကြောင်အမ်းအမ်း ဖြစ်သွားခဲ့ရလေသည်။ သူဘာအမှားကိုများ လုပ်လိုက်မိသဖြင့် အကုန်လုံး သူ့အား ထိုကဲ့သို့ စိုက်ကြည့်နေရသနည်း။
သို့သော်လည်း ထိုလူများသည် သူ့အောင်မြင်မှုကို မနာလိုဖြစ်နေခြင်းသာ ဖြစ်လိမ့်မည်ဟု မှတ်ယူလိုက်သည်။ ဝိဥာဉ်သန့်စင်ရေကန်၏ အာနိသင် အလျင်အမြန် လျော့ကျသွားသည့်အတွက် ထိတ်လန့်အံ့အားသင့်သွားရသော်ငြား သူ့ဝိဥာဉ် မည်မျှ တိုးတက်လာသလဲ ဆိုသည်ကို သတိပြုမိလိုက်ချိန် ဘာတွေဖြစ်ပျက်သွားလဲ ဆိုသည်ကို နားလည်းသလိုလို ဖြစ်သွားသည်။ ဝိဥာဉ်သန့်စင်ရေကန်၏ အာနိသင်အများစုသည် သူစုပ်ယူလိုက်သဖြင့် ကုန်သွားခဲ့သည့် အတွက်ကြောင့် အကုန်လုံး သူ့အား ဒေါသထွက်နေခြင်းပေလော။
သူ့ခန့်မှန်းချက်နှင့် ပက်သက်ပြီး သိပ်မသေချော။ သို့သော် ဂရုမစိုက်။ အေးစက်စက် အမူအရာဖြင့် နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး ကန်ထဲမှ ခုန်ထွက်လိုက်သည်။ ခန္ဓာကိုယ်ကို သူတော်စင်ချီဖြင့် ခြောက်သွေ့အောင် လုပ်ပြီးနောက် နောက်သို့ တစ်ချက်ပင် ပြန်လှည့်မကြည့်ဘဲ လိုဏ်ဂူထဲမှ လမ်းလျှောက်ထွက်သွားလေသည်။
ဤနေရာတွင် မည်သည့် အဖိုးတန်ရတနာမျှ မရှိတောလေရာ သူလည်း ဘာကြောင့် ဆက်နေနေရဦးမည်နည်း။ ကျန်လူသုံးဆယ်သည်နည်း အနည်းငယ် အံ့ဩနေခဲ့သည်။ ထိုလူ ထိုမျှမောက်မာလိမ့်မည်ဟု မထင်ထားခဲ့ချေ။
“ဒီတစ်ကြိမ်တော့ လွှတ်ပေးလိုက်ဦးမယ်” ချူချန်ဖုန်းက အံကြိတ်၍ ပြောလိုက်ပြီး ကန်စောင်းကို ရိုက်ချလိုက်လေသည်။ မည်သူမှ ဘာမှမပြောရဲကြ။ ခဏကြာပြီးနောက် အကုန်လုံး ကန်ထဲမှ ထလျက် အဖွဲ့လိုက် အဖွဲ့လိုက်ဖြင့် အသီးသီး ထွက်သွားကြလေသည်။
ကန်ထဲမှ ထွက်လာပြီးနောက် အချို့သည် ကန်ရေကို လောဘတကြီး ပြန်လှည့်ကြည့်သည်။
ပုံမှန်အခြေအနေမျိုး၌သာ ဆိုပါက ထိုကဲ့သို့ စိတ်ဝိဥာဉ်ရေကန်ကြီး တစ်ကန်ကို တွေ့လိုက်ရသဖြင့် အကုန်လုံး ပျော်နေကြပေလိမ့်မည်။ တကယ်တော့ စိတ်ဝိဥာဉ်ရေ ဖြစ်ပေါ်လာရသည် လွယ်ကူသည်မှ မဟုတ်ပေလော။ ထိုထဲရှိ သူတော်စင်ချီသိပ်သည်းမှုသည် အထွဋ်အထိပ်အဆင့် သူတော်စင်သလင်းကျောက်များထဲတွင် ပါဝင်သော သူတော်စင်ချီ သိပ်သည်းမှုထက်ပင် ပိုမြင့်ပေသည်။ ထို့ကြောင့် ကျင့်ကြံခြင်းအတွက် သုံးချင်သည်ဖြစ်စ၊ အားပြန်ဖြည့်ရာ၌ သုံးချင်သည်ဖြစ်စေ၊ တကယ်ကို အသုံးဝင်သည် ရတနာတစ်ခုဖြစ်သည်။
သို့သော်လည်း ဝိဥာဉ်သန့်နတ်ရေစင်၏ အံ့မခန်းအာနိသင်ကို ကိုယ်တွေ့ ခံစားဖူးပြီးနောက် ထိုစိတ်ဝိဥာဉ်ရေသည် သိပ်မထူးခြားတော့သလို ခံစားလိုက်ရသည်။ ထိုရေသည် မည်သည့် သန့်စင်ခြင်းစွမ်းအင်မှ မရှိတော့သည့် အကျန်သက်သက်သာ ဖြစ်ပေသည်။ ထိုသို့ဆိုလျှင် ထိုရေသည် အတော်လေးကို အဖိုးတန်နေပေသေးသည်။
“သခင်လေးချူ၊ ဒီရေကို ကျပ်တို့ ဘယ်လိုဝေစုခွဲမလဲ” မိန်းမလှလေးသည် ချူချန်ဖုန်းကို မေးလိုက်သည် “ကျွန်မတို့ အင်အားစုလေးတွေက သိပ်ပြီး ဓနအင်အား တောင့်တင်းတာ မဟုတ်ဘူး။ ဒါကြောင့် အချို့လူတွေအတွက် ဒီစိတ်ဝိဥာဉ်ရေက အဖိုးမတန်ပေမယ့် ကျွန်မတို့ အတွက်တော့ ရတနာကောင်းတစ်ခု ဖြစ်နေတုန်းပဲ”
“ဟုတ်၊ သခင်လေးချူ ဆုံးဖြတ်တဲ့အတိုင်း ကျုပ်တို့ဝေယူပါမယ်” ကောင်းကင်တိုက်ပွဲ အစည်းအရုံးနှင့် အနည်းငယ် ရင်းနှီးသော အင်အားစုမှ လူတစ်ယောက် ဝ၍င်ပြောလိုက်သည်။
ထိုအခါက ချူချန်ဖုန်းက ဒေါသတကြီးဖြင့် ပြန်ပြောလေသည် “အဲ့လိုဆိုရင် ဒီကန်ရေ တစ်ဝက်ကို ငါယူမယ်”
ယခုတစ်ကြိမ်တွင်မူ အားလုံး၏ ချီးကျူးခြင်းခံရသည့်တိုင် သူ့ဒေါသ မလျော့ပါးသွားနိုင်တော့ချေ။ ဝိဥာဉ်သန့်နတ်ရေစင်၏ အာနိသင်အားလုံးနီးပါးကို မျက်နှာ မာမာထန်ထန်နှင့်လူကြီး တစ်ယောက်တည်းမှ ယူသွားသည့် အကြောင်းကို ပြန်စဉ်းစားမိလိုက်သည်နှင့် သူ့ရင်ထဲ တနုံ့နုံ့ ဖြစ်ရသည်။
ချူချန်ဖုန်း ပြောသည်ကို ကြားလိုက်သည့်အခိုက် အကုန်လုံး၏ မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားခဲ့၇၈သည်။ အချို့ဆိုလျှင် သူတို့ဘာသာ တိုးတိုးတိုးတိုးပင် ရေရွတ်နေလိုက်သေးလေသည် “ပထမအကြိမ်ပြောတုန်းက လေးပုံတစ်ပုံပဲဆို”
“ဘာလဲ၊ မင်းတို့ မကျေနပ်ဘူးလား” ချူချန်ဖုန်းက တိုးတိုးတိုးတိုး ရေရွတ်လိုက်သည့် လူကြီးကို သတ်ဖြတ်လိုစိတ်အပြည့်ဖြင့် စိုက်ကြည့်လိုက်သည်”
“သခင်လေးချူ နားလည်မှုလွဲနေတာပါဗျာ။ ကျုပ်ဂျူနီယာလေးက သခင်လေးချူ ပြောတာကို ဘယ်လိုလုပ်ပြီး ကန့်ကွက်ရမှာလဲ။ သူ့စကားမှားပြောမိတာ နေမှာပါဗျာ” ချက်ချင်းပဲ ကျောင်းတော်သားဝတ်စုံ ဝတ်ဆင်ထားသည့် ကျင့်ကြံသူတစ်ယောက်က ရှေ့ထွက်လာပြီး အလျင်အမြန် ဝင်ရောက် ဖြန်ဖြေလိုက်သည်။ ထို့နောက် စကားပြောလိုက်သည့် လူဘက်သို့ လှည့်၍ “မင်းပါးစပ်ကို ပိတ်ထားရင်တောင် ဘယ်သူမှ မင်းကို ငအလို့ ထင်မှာမဟုတ်ဘူး။ သခင်လေးချူကို မြန်မြန် ပြန်တောင်းပန်လိုက်စမ်း”
ယခုအချိန်၌ ချူချန်ဖုန်းကို လုံးဝ ရန်သွားမစသင့်မှန်း အားလုံးသိနေခဲ့သည်။ လက်ရှိတွင် ချူချန်ဖုန်း အလွန်ဒေါသထွက်နေပေသည်။ သူ့ဒေါသကို ဖွင့်ထုတ်ချင်နေလေရာ စကားတစ်ခွန်း မှားသွားသည်နှင့် တစ်ခါတည်း သူ့သားကောင် ဖြစ်သွားရပေလိမ့်မည်။
ကျောင်းတော်သားသာ ဝင်ရောက်မဖြန်ဖြေပါ ချူချန်ဖုန်း ထိုလူကို သတ်ကောင်း သတ်ပစ်နိုင်သည်။ သို့သော် ကျောင်းတော်သားမှ ဝင်ရောက် ဖြန်ဖြေလိုက်သည့်တိုင် ချူချန်ဖုန်းက လက်ရှိကိစ္စကို တောင်းပန်ရုံသက်သက်ဖြင့် အလွတ်ပေးလိုက်မည်လား၊ မပေးဘူးလား ဆိုသည်ကိုမူ မည်သူမှ မသိပါချေ။
အစောပိုင်းက စကားပြောလိုက်သည့်လူသည် သူဘာပြောမိလိုက်မှန်း ချက်ချင်း နားလည်သွားလိုက်သည်နှင့် ချူချန်ဖုန်းကို အလျင်စလို တောင်းပန်လိုက်လေသည်။
ချူချန်ဖုန်းက အေးစက်စက် အမူအရာဖြင့် နှာခေါင်းရှုံ့၍ “ဒီတစ်ကြိမ်တော့ လွှတ်ပေးလိုက်မယ်။ နောက်တစ်ကြိမ် အဲ့လို မဟုတ်တရုတ်တွေ လာပြောမယ် ဆိုရင်တော့ မင်းအသက်ကို ဖက်နဲ့ထုပ်ထားပေတော့။ ဒီစိတ်ဝိဥာဉ်ရေတစ်ဝက်ကို ငါယူမယ် ဆိုရင်တောင် ဘာဖြစ်လဲ။ အကုန်လုံးကို ယူရင်တောင် မင်းတို့ ငါ့ကို လာဆန့်ကျင်ရဲမှာလား”
“မလုပ်ရဲပါဘူးဗျာ” လူအုပ်ကြီးက ချက်ချင်းပဲ ခေါင်းညိတ်လိုက်သည်။
အဓိကအကျိုးအမြတ် အများစုကို မျက်နှာမာမာထန်ထန်နှင့် လူကြီးမှ ယူသွားလေပြီ။ လက်ရှိ ကန်ရေသည် အဖိုးတန်သည့်တိုင် ချူချန်ဖုန်းနှင့် ရန်ဘက်ဖြစ်ရလောက်သည်အထိ အဖိုးမတန်သေးပါချေ။
“သွားယူလိုက်” ချူချန်ဖုန်းက သူ့ဂိုဏ်းမှ လူတစ်ယောက်ကို အမိန့်ပေးလိုက်သည်။ အကုန်လုံးသည် တိတ်တိတ်လေး ရပ်စောင့်နေခဲ့သည်။ ချူချန်ဖုန်းသည် သူပြောသည့်အတိုင်း ကန်ရေတစ်ဝက်ကိသာ ယူပါစေဟု ဆုတောင်းနေခဲ့ကြသည်။
ချူချန်ဖုန်း၏ အကြည့် ရုတ်တရက် ရန်ကိုင်ဆီသို့ ရောက်လာခဲ့သည်။ အကြည့်ချင်း ဆုံသွားသည့်အခိုက် ချူချန်ဖုန်း ဘာလုပ်ချင်နေလဲ ဆိုသည်ကို ရန်ကိုင် သိသွားခဲ့သည်။
ထိုကောင်သည် သူ့ဒေါသဖွင့်ထုတ်စရာနေရာ ရှာနေခြင်းဖြစ်သည်။ ဤနေရာတွင် ရှိနေသည့် လူအားလုံးသည် သူ့အဖွဲ့သူဖြစ်ကြပြီး သူတို့ နောက်ကွယ်ရှိ အင်အားစုများသည် အားနည်းကြခြင်း မရှိ။ ထို့ကြောင့် သူတို့ကို သတ်ဖြတ်ခြင်းသည် အကြံကောင်းတစ်ခုတော့ မဟုတ်ချေ။ ထို့ကြောင့် ချူချန်ဖုန်းသည် နောက်ခံမရှိသည့် ရန်ကိုင်ဆီသို့ မြှားဦး လှည့်လာခြင်းဖြစ်သည်။
ရန်ကိုင် ရူးကြောင်ကြောင် ပြန်ပြုံးပြလိုက်ပြီး ကျောက်တုံး လိုဏ်ဂူထဲမှ အလျင်အမြန် ထွက်သွားလိုက်လေသည်။
လက်ရှိအချိန်တွင် ချူချန်ဖုန်းကဲ့သို့ လူတစ်ယောက်နှင့် မည်သည့် ပြဿနာမှ မဖြစ်ချင်သေးချေ။ ချူချန်ဖုန်းကို မကြောက်သော်ငြား သူသာ ချူချန်ဖုန်းနှင့် တိုက်ခိုက်ရင်း မတော်တဆ သူ့အား သတ်လိုက်မိမည် ဆိုပါက ကောင်းကင်တိုက်ပွဲအစည်းအရုံးကို သွားရန်စမိပေလိမ့်မည်။ ဤနေရာတွင် လူအများကြီးရှိသည်။ ထိုလူအားလုံးကို မသတ်နိုင်သရွေ့ သူချန်ချန်ဖုန်းကို သတ်လိုက်သည့်သတင်း ပြန့်သွားပေလိမ့်မည်။
လက်ရှိ ရန်ကိုင်သည် ကောင်းကင်တိုက်ပွဲအစည်းအရုံးကဲ့သို့ အင်အားစုကြီး တစ်ခုနှင့် ရန်သူဖြစ်ရန် အဆင်သင့် မဖြစ်သေးချေ။
ထိုစိတ်ဝိဥာဉ်ရေကိုလည်း မလိုအပ်လေရာ ဘာကြောင့် ဆက်နေရဦးမည်နည်း။ ထို့ကြောင့် ရန်ကိုင် အလျင်အမြန်ပဲ ထွက်လာလိုက်သည်။
“အပြေးမြန်သွားတာ ကံကောင်းသွားတယ်” ချူချန်ဖုန်းက ရန်ကိုင် ထွက်သွားသည့်ဘက်ဆီ ခဏကြာအောင် စိုက်ကြည့်နေပြီးနောက် ပြောလိုက်သည်။ ရန်ကိုင်နောက်သို့ မလိုက်ခဲ့ပါချေ။
ကန်ရေသည် အတော်လေးကိုမှ များဟန်ရသော်ငြား အင်အားစုရှစ်ခုမှ ခွဲဝေယူလိုက်သည့်အခါ တစ်ခဏအတွင်း ကုန်သွားခဲ့ရသည်။ ကန်အောက်ခြေတွင် ရှိနေသော နို့နှစ်ရောင်သလင်းကျောက် အနည်းငယ်ပင်လျှင် ခပ်ထုတ်ယူသွားခံခဲ့ရသည်။ လိုဏ်ဂူအား ခဏလောက် ပတ်ရှာကြည့်သည့်တိုင် ဘာမှ မတွေ့တော့သဖြင့် လူအုပ်ကြီးသည် ချူချန်ဖုန်းအား နှုတ်ဆက်ကာ အသီးသီး ထွက်သွားခဲ့ကြလေသည်။
အမွှေးတိုင်တစ်ချောင်းစာလောက် ကြာပြီးသည့်နောက် လူသုံးယောက်ရှိသော အဖွဲ့တစ်ဖွဲ့သည့် ဝိဥာည်သန့်နတ်ရေစင်ရှိသည့် လိုဏ်ဂူနှင့် ဆယ်မိုင်အကွာတွင်ရှိသည့် တောင်တစ်လုံးဆီသို့ ရောက်လာခဲ့သည်။ ထိုသုံးယောက်အဖွဲ့သည် ကျောက်တုံး လိုဏ်ဂူထဲတွင်ရှိသည့် လူအင်အားအနည်းဆုံးနှင့် အားအနည်းဆုံးအဖွဲ့ ဖြစ်သည်။
နှစ်ယောက်သည် သူတော်စင်ဘုရင် တတိယအဆင့်ဖြစ်ပြီး ကျန်တစ်ယောက်သည် သူတော်စင်ဘုရင် ဒုတိယအဆင့်ဖြစ်သည်။
လက်ရှိတွင် သူတော်စင်ဘုရင်ဒုတိယအဆင့်သည် ချူချန်ဖုန်း မောက်မာတကြီး လုပ်ရပ်နှင့် ပက်သက်၍ ကျိန်ဆဲနေခဲ့သည်။ ဝိဥာဉ်သန့်နတ်ရေစင်ကို ဝေစုခွဲ့သည့်အခါ အနည်းဆုံးကိုသာ ရခဲ့သလို စိတ်ဝိဥာဉ်ရေကို ဝေစုခွဲစဉ်ကလည်း အနည်းဆုံးကိုသာ ရခဲ့သည်။ အကြောင်းမှာ သူတို့ အဖွဲ့သည် လူအရေအတွက် အနည်းဆုံး အဖွဲ့ဖြစ်သောကြောင့် ဖြစ်ပေသည်။