← Chapters

စိတ်ဝိဥာဥ် အရှုပ်အထွေး ကြိုး အား သန့်စင်ခြင်း

Vol. 24 Ch. 336

စိတ်ဝိဥာဥ် အရှုပ်အထွေး ကြိုး အား သန့်စင်ခြင်း

Vol. 24 Ch. 336

ဂလောက် ....

စိတ်ဝိဥာဥ် အရှုပ်အထွေးကြိုး မှာ လောထျန်း လက်ထဲသို့ ရောက်နေသည့်တိုင် ထွက်ပြေးချင်ဟန်ဖြင့် ခါရမ်းနေဆဲ ဖြစ်သည်။

" ကြည့်ရတာ ဒီကြိုးမှာ အသိဉာဏ် ရှိတယ်နဲ့တူတယ် "

လောထျန်းဘေးမှ ရှောက်လုံက ဝင်ပြောလိုက်သည်။

" အသိဉာဏ် ရှိတယ် .. ဒါဆို ကျုပ် ဘာဆက်လုပ်သင့်လဲ "

လောထျန်းက ပြန်မေး၏။

ရှောက်လုံက အသက်ပြင်းပြင်း တစ်ချက်ရှိုက်ပြီးမှ ပြောသည်။

" ဒီလို စိတ်စွမ်းအင် အသိဉာဏ်မျိုး သဘာဝအတိုင်း ဖြစ်ပေါ်လာတဲ့ မှော်လက်နက်က သာမာန် မှော်လက်နက် စိတ်ဝိဥာဥ် နဲ့ ကွာတယ်ဗျ ။ ဒီလို မှော်လက်နက်မျိုးကို သိမ်သွင်းဖို့ အင်မတန် ခက်ခဲတယ် "

" ဘယ်လောက် ခက်လို့လဲဗျ "

လောထျန်းက ထပ်မေး၏။

ရှောက်လုံက ​ပြန်ပြောသည်။

" အရင်ဆုံး ဒီဟာကို ဖိနှိပ်နိုင်မယ့် လုံလောက်တဲ့ အစွမ်း ရှိထားဖို့ လိုတယ် ။ အခု သခင်လေးမှာက အဲ့လိုအစွမ်း ရှိထားပြီးသား "

" ဒုတိယတစ်ခုက ဒီဟာကို နေ့တိုင်း စိတ်စွမ်းအင်တွေ လွှတ်သွင်းပြီး ကိုယ့်ရဲ့ စိတ်စွမ်းအင်နဲ့ အသားကျလာအောင် လုပ်ဖို့ လိုတယ်ဗျ ။ ဒါမှလဲ သခင်လေးကို တွယ်တာလာမှာ "

" နောက်တစ်ခုကတော့ ဒါကို နေ့တိုင်း အရိုအသေပေးပြီး ကိုယ်နဲ့ ရင်းနှီးလာအောင် လုပ်ဖို့လိုတယ် ။ ပြီးတော့ စွန့်စားရတဲ့ ခရီးတွေ ဘာတွေ ထွက်ရင်လဲ တစ်ခါတည်း ခေါ်သွားရမှာ ။ ဒါမှ အဲ့ဒါကို သိမ်းသွင်းနိုင်မှာဗျ "

ရှောက်လုံ၏ စကားဆုံးသည့် အချိန်မှာပင် စိတ်ဝိဥာဥ် အရှုပ်အထွေးကြိုး က အသံပေးပြီး ရုန်းလာပြန်သည်။

လောထျန်းမှာ မျက်မှောင်ကြီး ကြုံ့သွား၏။

" ဒါဆို .. သူ့ကို သိမ်းသွင်းဖို့ဆိုရင် စိတ်စွမ်းအင်တွေ နေ့တိုင်းကျွေးရမှာပေါ့ "

" ဟုတ်တယ်ဗျ "

" ပြီးတော့ သူ့ကိုလဲ အဖေတစ်ယောက်လို ရိုရိုသေသေကို ဆက်ဆံရဦးမှာ .. ဟုတ်လား "

" အမှန်ပဲ "

" အဲ့ဒါအပြင်ကို နောက်ထပ် စွန့်စားခန်း ခရီးမျိုး ခေါ်သွားမှ သိမ်းသွင်းဖို့ အခွင့်အရေး ရမှာပေါ့ .. "

" ဟုတ်တယ် သခင်လေး "

လောထျန်း ခေတ္တမျှ အံ့သြမှင်သက်ကာ စကားမဆိုနိုင် ဖြစ်သွားရသည်။ သူ့ကိုယ်သူ သူတောင်းစားတစ်ယောက် ဖြစ်လာတော့မလိုလည်း ခံစားလိုက်ရ၏။

ထိုစဥ် ရှောက်လုံက သူ့အတွေးကို သိနေသည့်အလား မြန်မြန် ဝင်ပြောသည်။

" ဒီမှော်လက်နက်က ဘယ်လိုပဲ ကြ ည့်ကြည့် ထူးခြားတဲ့ မှော်လက်နက်တစ်ခုပဲဗျ ။ ဒီလို အဆင့်ရှိတဲ့ မှော်လက်နက်မျိုးကို ယဥ်ပါးလာအောင် သိမ်းသွင်းဖို့ ဆိုရင် စိတ်ရှုည်ရှည်နဲ့ ပေးဆပ်ရမှာတွေတော့ ရှိတာပေါ့ဗျာ "

ထိုအချိန်တွင် စိတ်ဝိဥာဥ် အရှုပ်အထွေးကြိုး က ဂုဏ်မောက်နေသည့်အလား ရမ်းခါပြီး အသံပေးလာပြန်သည်။

လောထျန်း မျက်နှာညိုသွားပြီး သူ့လက်ထဲမှ ကြိုး အား မျက်မှောင်ကြုံ့ ကြည့်လိုက်သည်။

" အလုပ်ရှုပ်လွန်းတယ်ဗျာ ၊ ကျုပ် ဒါကို မသိမ်းသွင်းတော့ဘူး "

သူ ပြော၏။

" ဟင် .. ဒါပေမယ့် ဒီဟာက ထူးခြားတဲ့ မှော်လက်နက်တစ်ခုလေ သခင်လေးရဲ့ ။  ဒါကို မသိမ်းသွင်းဘူးဆို ဒီတိုင်း လွှတ်ပေးလိုက်တော့မလို့လား "

ရှောင်လုံက နှမျောတသဟန်ဖြင့် ကြည့်ရင်း ပြန်ပြောလိုက်သည်။

ထိုသို့သော အဆင့်ရှိသည့် မှော်လက်နက်မျိုးကို သူ ယခင်က လုံးဝ မတွေ့ခဲ့ဖူးပါချေ။ ယခု ဒီတိုင်း လွှတ်ပေးလိုက်မည် ဆိုပါက နှမျောစရာပင် ။

သို့သော် လောထျန်းက ခေါင်းယမ်း၍ ပြောလာ၏။

" ဒီကြိုးမှာ ရှိတဲ့ အရောင်အဝါက နည်းနည်း ထူးဆန်းနေတယ်ဗျ ။ ဒီတိုင်းကြီး လွှတ်ပေးလိုက်ရင် ပြဿနာ ရှိလာနိုင်တယ် "

သူ့စကားကို ကြားမှသာ ရှောက်လုံ စိတ်သက်သာရာ ရသွားဟန်ဖြင့် သက်ပြင်းချလိုက်သည်။

အကယ်၍ လောထျန်းက ထိုမှော်လက်နက်အား သိမ်းသွင်းရန် ဆန္ဒမရှိလျှင် ၎င်းကို သိမ်းထားလိုက်ခြင်းက အကြံကောင်းတစ်ခု ဖြစ်ပါသည် ။ သို့ဆိုပါက နောက်မှ စိတ်ကူးပြောင်းပြီး သိမ်းသွင်း၍ ရနိုင်သလို ၊ မသိမ်းသွင်းလိုလျှင်လည်း အခြားသူတစ်ယောက်အား ပေးလိုက်၍ ရသည် မဟုတ်ပါလား ။

စိတ်ဝိဥာဥ် အရှုပ်အထွေးကြိုး ကမူ အနိုင်ရသွားသည့်အလား ပြင်းထန်စွာ ခါရမ်းလာ၏။

သို့သော် လောထျန်းက မျှော်လင့်မထားစွာ စကားဆက်လာသည်။

" ကျုပ် ဒါကို ဖျက်ဆီးပစ်ဖို့ ဆုံးဖြတ်လိုက်ပြီ "

ဝုန်း ..

လေပြင်းတစ်ချက် တိုက်ခတ်သွားပြီး ထိုနေရာတစ်ခုလုံး ရုတ်ချည်း တိတ်ဆိတ်သွား၏။

စိတ်ဝိဥာဥ် အရှုပ်အထွေးကြိုးသည်ပင် အစောက ကဲ့သို့ တုန်ခါမနေတော့ဘဲ ရပ်သွားသည်။

ရှောက်လုံမှာလည်း ခဏတာမျှ အံ့သြမှင်သက်နေ၏။ ထို့နောက်မှသာ သူ ပြောလာသည်။

" သခင်လေးက ဘာလုပ်မလို့လဲ ။ တစ်စစီ ဖြစ်သွားအောင် လုပ်မလို့လား ။ ဒီလို မှော်လက်နက်မျိုးကို တစ်စစီ ဖြစ်သွားအောင် တကယ်ကြီး လုပ်မှာပေါ့ "

မည်မျှ နှမျောစရာ ကောင်းလိုက်ပါသနည်း ...

ရှောက်လုံမှာ လောထျန်း၏ လုပ်ရပါကို နားမလည်နိုင်ပါချေ။

လောထျန်းက အေးစက်စက် ပြန်ပြော၏။

" ဒီကြိုးက စိတ်စွမ်းအင် အသိဉာဏ် ရှိနေတာတောင် ဒီလောက် မောက်မာနေတာလေ ။ အဲ့တော့ ဒါကိုသာ မဖျက်ဆီးထားရင် ဒုက္ခများလာလိမ့်မယ် "

လောထျန်းက ပြောပြောဆိုဆိုပင် လက်ဆန့်ပြီး ကြိုးမှ ဦးခေါင်းခွံတစ်ခုကို ဆွဲဖြုတ်လိုက်သည်။

ရှောက်လုံမှာ ထိုမြင်ကွင်းကို ကြည့်ကာ အံ့သြမှင်သက်နေ၏။

လောထျန်းက တကယ်ပြောနေခြင်း မဟုတ်ဟုသာ သူ ထင်ထားခဲ့သော်လည်း .. ယခု လောထျန်းက ကြိုးအား အမှန်တကယ်ပင် တစ်စစီဖြစ်အောင် လုပ်နေပါသည်။

" သခင်လေး .... "

ရှောက်လုံ စကားစလိုက်ချိန်မှာပင်  ...

ဗြိ . ..

လောထျန်းက ဦးခေါင်းခွံ နောက်တစ်ခုအား ဆွဲဖြုတ်လိုက်ပြန်သည်။

၎င်းကို ကြည့်ကာ ရှောက်လုံ မည်သို့မှ ဆက်မပြောနိုင်တော့ဘဲ ဆွံ့အသွား၏။

စိတ်ဝိဥာဥ် အရှုပ်အထွေးကြိုးမှာလည်း ယခင်ကကဲ့သို့ မောက်မာခြင်း အလျဥ်း မရှိတော့ပေ ။

" ကျေးဇူးပြုပြီး ကျုပ် အသက်ကို ချမ်းသာပေးပါ သခင်လေးရယ် ။ ကျုပ် အညံ့ခံပါတယ် "

ကြိုးထဲမှ အသံတစ်စံ ထွက်လာသည်။

" ဟင် .. ဒီထဲက စိတ်စွမ်းအင် အသိဉာဏ်က တကယ်ကြီး နိုးထနေခဲ့တာပေါ့ "

ထိုအသံကို ကြားသောအခါ လောထျန်း အံ့အားသင့်သွားသည်။

သို့သော် တစ်ချိန်တည်းမှာပင် သူ့မျက်နှာကြီး ညိုသွား၏။

" စကားပြောနေနိုင်ရဲ့သားနဲ့ ခုနက ဘာလုပ်ရပ်မျိုး လုပ်ခဲ့တာလဲ ။ ငါ့ကို လာပြီး လှည့်စားချင်နေတယ်ပေါ့လေ "

ဗြုတ် ... ဗြုတ် ... ဗြုတ် .

လောထျန်းက ပြောပြောဆိုဆိုပင် ဦးခေါင်းခွံ သုံးခုအား ထပ်ဆွဲဖြုတ်လိုက်သည်။

ထိုအချိန်တွင် စိတ်ဝိဥာဥ် အရှုပ်အထွေးကြိုးမှာ အလွန်ကြောက်လန့် တုန်လှုပ်သွားခဲ့ရလေပြီ ။

ယခုမှလည်း လောထျန်းက တမင် ဟန်ဆောင်နေခြင်း မဟုတ်ဘဲ အမှန်တကယ် တစစီဖြစ်အောင် လုပ်ချင်နေသည်ကို သူ နားလည်လိုက်ခြင်း ဖြစ်၏။

" တောင်းပန်ပါတယ် သခင်လေးရယ် ၊ ထပ်ပြီး ဆွဲမဖြုတ်ပါနဲ့တော့ ။ ကျုပ် အရှုံးပေးပါတယ် ၊ အရှုံးပေးပါတယ် "

ဝီ ..

စကားသံနှင့်အတူ စိတ်ဝိဥာဥ် အရှုပ်အထွေးကြိုးထဲမှ အမည်းရောင် အလင်းလုံးတစ်ခု မျှောလွင့်လာသည်။

" သခင်လေး ၊ ဒီဟာက ကျုပ်ရဲ့ နတ်ဆိုးစွမ်းအင် အရင်းအမြစ်ပါ ။ ဒါကိုသာ သန့်စင်လိုက်ရင် သခင်လေးအနေနဲ့ ခုချိန်ကစပြီး ကျုပ်ကို လိုသလိုထိန်းချုပ်လို့ ရသွားပါပြီ "

၎င်းက တုန်လှုပ်နေဟန်ဖြင့် ပြော၏။

သူ စကားပြော နှေးနေခဲ့ပါက လောထျန်းက သူ့အား တစ်စစီ ထပ်လုပ်မည်ကို  စိုးရိမ်နေဟန်ဖြင့် ခပ်သွက်သွက် ပြောလိုက်ခြင်းဖြစ်သည်။

လောထျန်းက အမည်းရောင် အလင်းလုံးကို တစ်ချက်ကြည့်ကာ ပြော၏။

" သန့်စင်ရမယ် ဟုတ်လား ၊ သန့်စင်လိုက်တော့ရော ဘာတွေ ထူးသွားမှာမို့လဲ "

စိတ်ဝိဥာဥ် အရှုပ်အထွေးကြိုးက ခပ်သွက်သွက်ပင် ပြန်ဖြေသည်။

" သခင်လေး ၊ ကျုပ်က မှော်လက်နက်တစ်ခုဗျ ။ ကျုပ်မှာ အမျိုးအစား စုံတဲ့ စိတ်ဝိဥာဥ်တွေကို ထိန်းချုပ်နိုင်တဲ့ သဘာဝအစွမ်း ရှိတယ် ။ ဥပမာ ပြောရရင် အစောနတုန်းက ဟို မိစ္ဆာဝိဥာဥ်တွေကို ကျုပ် ဖိနှိပ်နိုင်ခဲ့သလိုပေါ့ဗျာ "

ထိုစကားကို ကြားသောအခါ အစောက သူ့ မိစ္ဆာဝိဥာဥ်များ ဖိနှိပ်ခံခဲ့ရသည်ကို လောထျန်း ပြန် သတိရသွား၏။ သူ့မျက်လုံးထဲတွင်လည်း ဒေါသအရိပ်အငွေ့များ ဖျတ်ခနဲ လက်လာသည်။

" ချီး .. မင်းသာ ပြောမလာရင် ငါ အဲ့ကိစ္စကို မေ့တော့မလို့ ။ မင်းက ငါ့ရဲ့ မိစ္ဆာဝိဥာဥ်တွေကို ဖိနှိပ်ရဲတယ်ပေါ့လေ "

လောထျန်းက ပြောပြောဆိုဆိုပင် နောက်ထပ် ဦးခေါင်းခွံတစ်ခုအား ဗြုတ်ခနဲ ဆွဲဖြုတ်လိုက်ပြန်သည်။

" သခင်လေးရယ် .. ကျုပ် တောင်းပန်ပါတယ်ဗျာ ။ ကျုပ် အရှုံးပေး အညံ့ခံပါတယ် "

စိတ်ဝိဥာဥ် အရှုပ်အထွေးကြိုးက ငိုသံကြီးဖြင့် ပြောလာတော့သည်။

နှစ်ပေါင်း မရေမတွက်နိုင်အောင် တည်ရှိလာခဲ့သော မှော်လက်နက်တစ်ခုအနေဖြင့် ယခုလို နေ့မျိုးနှင့် ကြုံလာရလိမ့်မည်ဟု သူ စိတ်ပင် မကူးမိခဲ့ဖူးပါချေ။

သူက လိုလိုလားလားပင် အရှုံးပေး အညံ့ခံနေသည့်တိုင် တဖက်လူက သူ့အား ဆွဲဖြဲချင်နေသေးသတဲ့လား ။

" ဟို .. သခင်လေး လောထျန်း ၊ အဲ့ဒီကြိုးကို သန့်စင်လိုက်ပါလား "

ထိုစဥ် ရှောက်လုံက လေံတိုးတိုးဖြင့် မဝံ့မရဲ ဝင်ပြောလာ၏။

" ဘာဖြစ်လို့လဲ "

လောထျန်းက ​ပြန်မေးလိုက်သည်။

" ဒီဟာက သခင်လေးအတွက် အသုံးဝင်လာနိုင်တယ်ဗျ ။ တကယ်လို့ သခင်လေးက တိုက်ခိုက်တဲ့အချိန်မှာ ဒါကို မသုံးချင်ဘူး ဆိုရင်တောင် နောက်ဆုံး ခွေးကို ချည်တဲ့နေရာမှာတော့ သုံးလို့ရတယ်လေ "

ရှောက်လုံက ပြန်ပြောလိုက်သည်။

သူ့စကားကို ကြားသောအခါ လောထျန်း ခေါင်းညိတ်ပြီး စိတ်ဝိဥာဥ် အရှုပ်အထွေးကြိုးအား ကြည့်လိုက်၏။

" ငါ မင်းကို ခွေးချည်တဲ့နေရာမှာ သုံးမယ် ဆိုရင်ရော သဘောတူလား "

" ဘယ်လို .. ကျုပ်က ပထမတန်းအဆင့် မှော်လက်နက်တစ်ခု ဖြစ်တဲ့ စိတ်ဝိဥာဥ် အရှုပ်အထွေးကြိုး ဗျ ။ ဒါကို ခွေးချည်တဲ့နေရာမှာ သုံးမယ် .. ဟုတ်လား "

စိတ်ဝိဥာဥ် အရှုပ်အထွေးကြိုး အလွန်ဒေါသထွက်သွားသည်။

လောထျန်း မျက်နှာညိုသွားပြီး ပြန်ပြော၏။

" သဘောမတူဘူးပေါ့ ၊ ရတယ်လေ ။ အဲ့လိုဆိုတော့လဲ တစ်စစီ ဆက်လုပ်ဖို့ပဲ ရှိတာပေါ့ "

ဗြုတ် ..

လောထျန်းက ထိုသို့ ပြောကာ ဦးခေါင်းခွံ နောက်တစ်ခု ဆွဲဖြုတ်လိုက်ပြန်သည်။

ရှောက်လုံမှာ သူ့ရှေ့မှ အခြေအနေကို ကြည့်ကာ စိတ်အညစ်ကြီး ညစ်နေ၏။

ထိုအချိန်တွင် စိတ်ဝိဥာဥ် အရှုပ်အထွေးကြိုးမှာလည်း မာန် ပြန်ကျသွားခဲ့လေပြီ ။

" သခင်လေး ၊ ကျုပ် တောင်းပန်ပါတယ်ဗျာ ။ ဆက်ပြီး မဖြုတ်ပါနဲ့တော့ ။ ကျုပ် အရှုံးပေးပါတယ် ။ ခွေးချည်ကြိုးအဖြစ် သုံးဖို့လဲ ကျုပ် လက်ခံပါတယ်ဗျာ။ ခွေးတင်မကဘုး ကြောင်တွေကိုပါ ချည်လို့ရပါတယ် "

၎င်းက တောင်းပန်စကား ဆိုလိုက်တော့သည်။

ထိုစကားကို ကြားမှသာ လောထျန်း ရပ်သွားပြီး အမည်းရောင် အလင်းလုံးကို လက်ဖြင့် ကိုင်လိုက်၏။

" ကောင်းပြီလေ ။ အဲ့လိုဆိုရင်တော့ ငါ စိတ်မပါပေမယ့် မင်းကို သန့်စင်ပေးမယ် "

လောထျန်းက ပြောလိုက်သည်။

စိတ်မပါပေမယ့် .. တဲ့လား ..

မည်မျှ နာကျင်စရာ ကောင်းလိုက်သည့် စကားလုံးပါနည်း ။

သူ စိတ်စွမ်းအင် အသိဉာဏ် နိုးထလာသည့် အချိန်မှစကာ .. သူ့ကို ပထမဆုံး ဖန်တီးခဲ့သည့် သခင်မှ လွဲ၍ ကျန်သခင်များ အားလုံးက သူ့အား လေးလေးစား ဆက်ဆံခဲ့ကြသည်ချည်း ဖြစ်ပါသည်။

အချို့သူများ ဆိုလျှင် သူ တစ်ကြိမ်မျှ ကူညီလိုက်ရုံဖြင့် သူ့အား မျိုးဆက်များစွာကြာ အိမ်ဦးခန်းတွင်ထားကာ ကိုးကွယ်ခဲ့ကြပါသေး၏။

သို့သော် .. ယနေ့တွင်မူ ခွေးချည်ကြိုးအဖြစ် အသုံးခံရမည့် အရေးကိုပင် အသည်းအသန် တောင်းပန်နေရပါသည်။

မည်မျှ ရှက်စရာကောင်းလိုက်သည့် အဖြစ်ပါနည်း။

သို့သော် .. သူ့အနေဖြင့် ခေါင်းငုံ့ကာ လက်ခံရုံမှလွဲ၍ အခြားရွေးချယ်စရာလည်း မရှိပေ။

" သခင်လေး ၊ အလင်းလုံးကိုသာ သန့်စင်လိုက်ပါဗျာ ။ ကျုပ် ဘာမှ မခုခံဘဲ ငြိမ်နေပါ့မယ် ။ သန့်စင်တာကလဲ အလွန်ဆုံး သုံးရက်လောက်ပဲ ကြာမှာပါ "

စိတ်ဝိဥာဥ် အရှုပ်အထွေးကြိုးက ရှက်ရွံ့စွာ ပြောလိုက်သည်။

သို့သော် လောထျန်းက သူ့အား မည်သို့မှ ပြန်မပြောဘဲ သူ့လက်ထဲမှ အမည်းရောင် အလင်းလုံးကိုသာ ကိုင်ပြီး ကြည့်နေ၏။

ဝီ ...

ချက်ချင်း ဆိုသလိုပင် စိတ်စွမ်းအင်များ ဝုန်းခနဲ တိုးလာတော့သည်။

ထို့နောက် မျက်စိတစ်မှိတ်ခန့် အချိန်အတွင်းမှာပင် အလင်းလုံးဆီမှ အလင်းတန်း ဖျတ်ခနဲ လက်သွားပြီး လောထျန်းလက်ထဲတွင် ပြန်ငြိမ်ကျသွား၏။

" ကဲ .. သန့်စင်လို့ ပြီးသွားပြီ "

လောထျန်းက ပြောလိုက်သည်။

" ဘယ်လို .. "

ဤတစ်ကြိမ်တွင် စိတ်ဝိဥာဥ် အရှုပ်အထွေးကြိုးမှာ အံ့သြလွန်း၍ ဟန်ချက်ပင် ပျက်သွားရ၏။မျက်စိတစ်မှိတ်ခန့် အချိန်အတွင်းမှာပင် သန့်စင်၍ ပြီးသွားသတဲ့လား ။

သူ့ကို သန့်စင်ရသည်မှာ ဤမျှ လွယ်ကူသတဲ့လား ။

စာစဉ်ပြီး၏

All Chapters