← Chapters

ကမ္ဘာကြီးကို သိမ်းသွင်းနိုင်သည့်အစွမ်း

Vol. 24 Ch. 330

ကမ္ဘာကြီးကို သိမ်းသွင်းနိုင်သည့်အစွမ်း

Vol. 24 Ch. 330

ဟွမ်ဟိုင်၏ ရုပ်သွင်က မူလအတိုင်း ပြန်ဖြစ်သွားပြန်သည်။

သို့သော် ထိုအချိန်မှာပင် မိစ္ဆာဝိဥာဥ်က အနားရောက်လာပြန်၏။

" ဒီ မအေ &$$#% သားရဲကောင် %$$% "

ဟွမ်ဟိုင်က ဒေါသတကြီး ဆဲရေးလိုက်သည်။ သို့သော် သူ ယခင်အတိုင်း လွင့်ထွက်သွားပြန်၏။

တဖက်မှ လောထျန်းကမူ မထူးခြားဟန် မျက်နှာထားဖြင့် ရှိနေသည်။

သူ ဟွမ်ဟိုင်နှင့်  ယခင်က မတိုက်ခိုက်ဖူးသည့်တိုင် ဟွမ်ဟိုင်၏ ခန္ဓာကိုယ်က ပုံမှန်မဟုတ်ဘဲ မသေမျိုးတစ်ယောက်နီးပါး ဖြစ်နေသည်ကို သတိထားမိပြီး ဖြစ်ပါသည်။

သို့သော် ..ဟွမ်ဝေ့နှင့် ယှဥ်လျှင်မူ ဟွမ်ဟိုင်၏ မူလအတိုင်း ပြန်ဖြစ်သော နှုန်းက ပိုလျင်မြန်ပြီး ..

သူ့စိတ်ဝိဥာဥ်ကလည်း မသေမျိုးတစ်ယောက်နှင့် ပိုနီးစပ်နေပါ၏။

ဘုန်း ..

ထိုစဥ် ဟွမ်ဟိုင်က အပိုင်းပိုင်း ဖြစ်သွားပြီးနောက် လေထဲတွင်ပင် သူ့ခန္ဓာကိုယ်အား ပြန်စုစည်းလိုက်သည်။

" လောထျန်း ...မင်း စောင့်နေနှင့်ဦးပေါ့ကွာ "

ဟွမ်ဟိုင် ဒေါသတပြီး အော်ဟစ်ကာ နောက်လှည့်ပြီး ထွက်သွားလိုက်တော့သည်။

" ထွက်ပြေးချင်တယ်ပေါ့လေ ၊ ငါက မင်းကို အလွတ်ပေးမယ် ထင်နေတာလား "

လောထျန်းက အေးစက်စက် နှာခေါင်းရှုံ့ကာ လေထဲသို့ ပျံတက်လိုက်သည်။

" မင်းတို့တွေ ဒီမှာပဲ ကျင့်ကြံပြီး နေခဲ့ကြဦး ၊ ငါ ပြန်လာခဲ့မယ် "

ထို့နောက် သူ နျိုထျဲ့ချူတို့ သုံးယောက်အား ပြောလိုက်ပြီး .. ရှောက်လုံနှင့် မိစ္ဆာဝိဥာဥ် တို့ကို ခေါ်၍ ဟွမ်ဟိုင်နောက် ပြေးလိုက်သွား၏။

တစ်ဖက်မှ ဟွမ်ဟိုင်မှာ အနည်းငယ်သာ ပျံသန်းရသေးစဥ်မှာပင် လောထျန်းက သူ့နောက်သို့ ရောက်လာသည်ကို သတိထားမိလိုက်သည်။

" မင်း .. "

သူ ကျောပင်ချမ်းသွား၏။

သို့သော် .. စက္ကန့်ပိုင်းမျှ အကြာမှာပင် သူ့မျက်လုံးထဲ၌ အေးစက်စက် အလင်းတန်းတစ်ခု  ဖျတ်ခနဲ လက်လာသည်။

" ငါ သူ့ကို မတိုက်ခိုက်နိုင်ဘူး ဆိုပေမယ့် ..ဟိုနေရာကို ခေါ်သွားရင်တော့ ရလောက်တယ် "

သူ ထိုသို့တွေးကာ လှောင်ပြုံး ပြုံးလိုက်သည်။

ထို့နောက်တွင်မူ သူ ဦးတည်ရာ ပြောင်းလိုက်ပြီး အခြားတဖက်သို့ ဆက်ပျံသန်းသွား၏။

" ဟင် .. ဒီကောင်က ဘာဖြစ်လို့ ရုတ်တရက်ကြီး ဦးတည်ချက် ပြောင်းသွားရတာလဲ "

လောထျန်း အံ့အားသင့်သွားသည်။

" သခင်လေး လောထျန်း ၊ သူ့နောက်ကို ဆက်မလိုက်ဖို့ ကျုပ် အကြံပေးချင်တယ် "

ရှောက်လုံက သူ့နားနားကပ်ပြီး ပြောလာ၏။

" ဘာဖြစ်လို့လဲဗျ "

လောထျန်းက နားမလည်နိုင်ဟန်ဖြင့် ပြန်မေးလိုက်သည်။

ရှောက်လုံက မျက်နှာတည်ကြီးဖြင့် ပြန်ပြောသည်။

" သူ့ပုံစံကို ကြည့်လိုက်ဦးဗျ .. ကြည့်ရတာ .. သူက ကျုပ်တို့ကို သူ့နောက် လိုက်အောင် တမင်မျှားခေါ်နေတဲ့ပုံပဲ ။ သူသွားတဲ့ဘက်မှာ ချုံခိုတိုက်ခိုက်မယ့် အစီအစဥ် ရှိထားတယ်နဲ့တူတယ် "

လောထျန်းက ပြော၏။

" အဲ့လို ချုံခိုတိုက်ခိုက်မယ့်သူတွေ ရှိတော့ ပိုကောင်းမသွားဘူးလား "

" ဟင် .. "

ရှောက်လုံမှာ သူ့စကား၏ အဓိပ္ပါယ်ကို နားမလည်ဘဲ အံ့အားသင့်သွားသည်။

ချုံခိုတိုက်ခိုက်သူများ ရှိနေလျှင် ပိုမကောင်းဘူးလား ... တဲ့ ..

လောထျန်း ဦးနှောင်ပင် ကောင်းပါသေးရဲ့လား ..

သူ မည်သို့ တွေးနေသည်ကို ရှောက်လုံ နားမလည်နိုင်တော့ပေ ။

အမှန်တွင်ကား .. ထို ဝမ်ဟွန်းကွေ့ယီ ဂိုဏ်းမှာ အလွန်ထူးဆန်းပြီး လျှို့ဝှက်လွန်းသည်ဟု လောထျန်း တွေးနေပါ၏။ သူ ယခင် ကြုံခဲ့ရသည့် ဟွမ်ဝေ့ရော .. ယခု ကြုံနေရသည့် ဟွမ်ဟိုင်ကပါ နောက်ကွယ်တွင်သာနေပြီး လျှို့ဝှက်ကြံစည် နေကြသည်သာ များပါသည်။

သို့ဖြစ်ရာ .. သူတို့ကိုသာ အမှောင်ထဲတွင် ဆက်ပုန်းခိုင်းထားပါက ကိုင်တွယ်ရန် ခက်ခဲသွားပေလိမ့်မည်။

သို့ဖြစ်ရာ .. ယခု သူတို့၏ လှည့်ကွက်ကို အခွင့်ကောင်းယူပြီး  သူတို့နောက်ကွယ်တွင် မည်သို့သော အရာများ ရှိထားသည်ကို ကြည့်ခြင်းက ပိုကောင်းသည် မဟုတ်ပါလား ။

ဟွမ်ဟိုင် ခေါ်သွားသည့် နေရာ၌ သူတို့၏ ခေါင်းဆောင်များ ရှိနေလျှင် ပို၍ပင် ကောင်းပါသေး၏။ သူ့အနေဖြင့် တစ်ယောက်ချင်းစီ အပင်ပန်းခံ လိုက်ရှာနေစရာ မလိုဘဲ အားလုံးကို တစ်ပြိုင်နက်တည်း ရှင်း၍ ရသွားပေမည် ။

လောထျန်းက ထိုသို့တွေးကာ အရှိန်ကို အနည်းငယ် လျှော့လိုက်ပြီး ဟွမ်ဟိုင်အား ရှေ့မှ မသိမသာ ဦးဆောင်သွားစေလိုက်သည်။

သို့သော် .. ဟွမ်ဟိုင်မှာ လမ်းတစ်လျှောက်တွင် အကြိမ်အနည်းငယ် အပိုင်းပိုင်းဖြစ်အောင် အရိုက်ခံခဲ့ရပါသေး၏။

ဤသို့ဖြင့်  .. နောက်ဆုံးတွင်မူ ခပ်လှမ်းလှမ်းမှ တောင်ကြောတစ်ခုပေါ်တွင် မျောလွင့်နေသော အမည်းရောင် နန်းတော်ကြီးတစ်ခုကို ဟွမ်ဟိုင် တွေ့သွားတော့သည်။

" ဟား ဟား .. နောက်ဆုံးတော့ ရောက်လာခဲ့ပြီပေါ့ကွာ ။ လောထျန်း .. မင်း သေရတော့မယ်ကွ "

ဟွမ်ဟိုင်က ကျယ်လောင်စွာ အော်ရယ်ပြီး နန်းတော်ဆီသို့ ပျံသန်းသွားလိုက်သည်။

ထိုစဥ် လောထျန်းနားတွင် ရှိနေသော ရှောက်လုံက ရုတ်တရက် အံ့သြတကြီး ပြောလာ၏။

" ဟင် .. ဒါ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ "

လောထျန်းက ရှောက်လုံအား လှည့်ကြည့်ကာ မေးလိုက်သည်။

" ဘာဖြစ်လို့လဲဗျ "

ရှောက်လုံက တုန်ယင်နေသော အသံဖြင့် ပြန်ပြော၏။

" နဂါးသင်္ချိုင်းမြေမှာ အဲ့လိုနန်းတော်မျိုး အရင်က လုံးဝ မရှိခဲ့ဖူးဘူး ။ အခု ဒါက .. ဘယ်တုန်းက ပေါ်လာတာလဲ ။ ပြီးတော့ .. အဲ့နန်းတော်ထဲမှာ ကျုပ်ကို စိတ်မသက်မသာ ဖြစ်စေတဲ့ အရောင်အဝါတစ်ခု ရှိနေသလိုလဲ ခံစားရတယ် "

လောထျန်း အံ့အားသင့်သွားပြီး နန်းတော်အား ကြည့်လိုက်သည်။ သို့သော် ထူးထူးခြားခြား မည်သည့်အရာကိုမှ သူ မမြင်ရပါချေ။

ထိုအချိန်တွင် ဟွမ်ဟိုင်က နန်းတော်ထဲသို့ပင် ဝင်သွားခဲ့လေပြီ ။

" သခင်လေး လောထျန်း ၊ ကျုပ်တို့တွေ ဒီတိုင်း လက်လျှော့လိုက်တာပဲ ကောင်းမယ် ထင်တယ်နော် ။ အဲ့ထဲမှာ အလစ်တိုက်ခိုက်မယ့်သူတွေ ရှိတယ်ထင်တယ် "

ရှောက်လုံက မျက်နှာမသာမယာဖြင့် ပြောလာသည်။

သို့သော် လောထျန်းက ခေါင်းယမ်းကာ ပြန်ပြော၏။

" မဖြစ်ဘူးဗျ ၊ ဒီနေ့တော့ ကျုပ် အားလုံးကို ရှင်းရှင်းလင်းလင်း သိရအောင် သွားကြည့်မှ ဖြစ်မယ် ။ တကယ်လို့ ခင်ဗျား စိတ်မချရင် အပြင်မှာပဲ စောင့်နေခဲ့ပါလား "

ရှောက်လုံက ခေတ္တမျှ တုန့်ဆိုင်းနေပြီး နောက်မှသာ အံကြိတ်၍ ပြောလိုက်သည်။

" ဘယ်တတ်နိုင်မလဲ .. ဒီလိုတောင် ဖြစ်လာမှတော့ .. အဆိုးဆုံးဆိုလို့ ကျုပ်ရဲ့ စိတ်ဝိဥာဥ်က  ဖျက်ဆီးခံရဖို့ပဲ ရှိတာ ။ အဲ့ကောင်တွေ ဘယ်လိုအကြံစည်မျိုး ကြံထားကြလဲဆိုတာ ကျုပ်လဲ ကြည့်ချင်တယ် "

လောထျန်းက ခေါင်းညိတ်လိုက်ပြီး သူ့ဘေးမှ မိစ္ဆာဝိဥာဥ်အား လှမ်းကြည့်လိုက်သည်။ ထို့နောက် လက်ဖျောက်တစ်ချက်တီးကာ ၎င်းအား ဝိဥာဥ်တစ်ရာ ကားချပ်လိပ်ထဲသို့ ပြန်ထည့်လိုက်ပြီး နန်းတော်ထဲသို့ လမ်းလျှောက်ဝင်သွား၏။

ဝီ ..

နန်းတော်ထဲ ခြေချလိုက်သည်နှင့် သူ့ဘေးမှ လေထုက ပြောင်းလဲသွားသည်ကို လောထျန်း ခံစားလိုက်ရသည်။

နန်းတော်ထဲမှ နေရာမှာလည်း အံ့သြစရာ ကောင်းလောက်အောင်ပင် ကြီးမားပြီး ရာပေါင်းများစွာသော ကျောက်တိုင်ကြီးများက ကြယ်စုံကောင်းကင်ယံ တစ်ခုနှင့် တူသည့် အမိုးကြီးတစ်ခုအား ထောက်ထားသည်ကို တွေ့လိုက်ရ၏။

နန်းတော်ပတ်ပတ်လည် နံရံများပေါ်တွင်မူ မရေမတွက်နိုင်အောင် များပြားသော လျှို့ဝှက်စာများကို ထွင်းထုထားသေးသည်။

" ဒီ မအေ &$$%*  "

ရှောက်လုံက ရုတ်တရက် အသံတုန်တုန်ဖြင့် ဆဲရေးလိုက်သည်။

လောထျန်း အံ့အားသင့်သွားကာ သူ့ကိုကြည့်ပြီး မေး၏။

" ဘာဖြစ်လို့လဲ "

ရှောက်လုံက အံကြိတ်ပြီး ခပ်လှမ်းလှမ်းရှိ နံရံကို ကြည့်ကာ ပြောသည်။

" ဒီကောင်တွေက တကယ်ကြီး .. အဲ့လို လုပ်ထားကြတာပဲ "

လောထျန်းက ရှောက်လုံ၏ အကြည့်အတိုင်း လိုက်ကြည့်လိုက်ရာ ခပ်လှမ်းလှမ်းရှိ နံရံပေါ်တွင် ဧရာမ နဂါးအလောင်းတစ်ခု ရှိနေသည်ကို တွေ့လိုက်ရ၏။

ထိုအလောင်း၏ ကိုယ်တွင်ကား မရေမတွက်နိုင်သော ကြေးနီချောင်းများ ထိုးစိုက်ထားပြီး ထိုကြေးနီချောင်းများ ထိပ်တွင် မှိန်ဖျော့ဖျော့ ဝိဥာဥ်မီးတောက်တစ်ခု လောင်ကျွမ်းနေသည်။

လောထျန်းက ခေါင်းလှည့်ပြီး ဘေးဘီသို့ ဝေ့ဝဲကြည့်လိုက်ရာ နံရံပေါ်တွင် ထိုသို့သော နဂါးအလောင်းများ များစွာပင် ရှိနေပြီး အားလုံးက ဆင်တူနီးပါး ဖြစ်နေကြသည်ကို မြင်လိုက်ရ၏။

" ဟား ဟား .. လောထျန်း ၊ ငါက မင်း တကယ် ဝင်လာရဲမယ်လို့ ထင်တောင် မထင်ထားဘူး "

ထိုစဥ် ခပ်လှမ်းလှမ်းမှ ဟွမ်ဟိုင်၏ အသံ ထွက်ပေါ်လာသည်။

ဟွမ်မှာ အစောက ထွက်ပြေးရန် ကြိုးစားခဲ့စဥ်အချိန်ကလို ကြောက်လန့်တုန်လှုပ်နေဟန် မရှိတော့ဘဲ မောက်မာသည့် မျက်နှာထားဖြင့် ပြန်​ဖြစ်နေလေပြီ ။

" မင်းလဲ တွေ့တိုင်းအတိုင်းပဲ .. ဒီ နဂါးအလောင်းတွေက ငါ့ ယုံကြည်မှုရဲ့ အဓိက သော့ချက်ကြီးတွေပေါ့ကွာ "

ဟွမ်ဟိုင်က ထိုသို့ ပြောကာ လက်နှစ်ဖက်ကို စုလိုက်သည်။

ဝုန်း ..

ချက်ချင်း ဆိုသလိုပင် .. နန်းတော်တစ်ခုလုံး တုန်ခါသွားပြီး ..

ကြေးနီချောင်းများထိပ်မှ မှိန်ဖျော့ဖျော့ ဝိဥာဥ်မီးတောက်များက စူးရှစွာ တောက်လောင်လာ၏။

ထို့နောက် .. နဂါးအလောင်းများကလည်း ခပ်မြန်မြန်ပင် ပျက်စီးယိုယွင်းသွားကာ ပြာမှုန်များအဖြစ် ပြောင်းသွားကြတော့သည်။

ထို နဂါးအလောင်းများမှလည်း မြောက်များစွာသော နဂါး မိစ္တာဝိဥာဥ်များ ထွက်ပေါ်လာကြ၏။

၎င်းမိစ္ဆာဝိဥာဥ်များမှာလည်း ပထမ မိစ္ဆာဝိဥာဥ်ကဲ့သို့ပင် နဂါးအစွမ်းနှင့် မိစ္ဆာအစွမ်းတို့ကို သူတို့ကိုယ်မှ တစ်ပြိုင်နက်တည်း ထုတ်လွှတ်နေသည်မှာ အံ့သြစရာပင် ကောင်းနေသေးတော့သည်။

" လောထျန်း ၊ မင်းက ငါ့လက်ထဲက မိစ္ဆာဝိဥာဥ်ကို ထိန်းချုပ်နိုင်အောင် ဘာတွေ ဘယ်လို လုပ်လိုက်လဲတော့ ငါ မသိဘူး ။ ဒါပေမယ့် ငါတို့ ဝမ်ဟွန်းကွေ့ယီဂိုဏ်းရဲ့ အစွမ်းကို မင်း ဘာမှ မသိသေးဘူးကွ ။ ဒီမှာရှိတဲ့ မိစ္ဆာဝိဥာဥ်တွေကို ကြည့်လိုက်စမ်းပါဦးကွာ ..  ငါတို့မှာ မိစ္ဆာဝိဥာဥ် ၈၈ ကောင်တောင် ရှိတာ "

ဟွမ်ဟိုင်က အေးစက်စက် ပြောလာသည်။

" ဘယ်လို .. ၈၈ ကောင်တောင် .. ဟုတ်လား "

သူ့စကားကို ကြားသောအခါ ရှောက်လုံ အံ့သြတုန်လှုပ်သွား၏။

သူတို့ရှေ့မှ မိစ္ဆာဝိဥာဥ်များ အားလုံးမှာ သာမာန် မသေမျိုးတစ်ယောက်ထက် ပိုသည့် အစွမ်းကို ကိုယ်စီ ပိုင်ဆိုင်ထားကြပါသည်။

ဤအဖွဲ့ကြီးကိုသာ အပြင်သို့ လွှတ်လိုက်ပါက ...  ထျန်းယွမ်ကမ္ဘာတစ်ခုလုံးကိုပင် ဖျက်ဆီးပစ်ရန် လုံလောက်ပါ၏။

ထို ဝမ်ဟွန်းကွေ့ယီဂိုဏ်းက မည်သို့သော အဖွဲ့အစည်းမျိုးပါနည်း ။

ထိုသူများက ဤမျှ အင်အားတောင့်သော အဖွဲ့ကြီးကို အခြားမည်သူမှ မသိစေရဘဲ မည်သို့ ဖွဲ့စည်းလိုက်ကြပါသနည်း။

ဘုန်း ..

ထိုစဥ်မှာပင် သူတို့နားမှ မိစ္ဆာဝိဥာဥ်များ အားလုံးက လောထျန်းအနားသို့ တဖြည်းဖြည်း ချဥ်းကပ်လာကာ သူ့အား လှောင်ပိတ်ထားလိုက်ကြသည်။

" လောထျန်း ၊ အစကတော့ ငါက မိစ္ဆာဝိဥာဥ်တစ်ကောင်တည်းနဲ့တင် မင်းကို ကိုင်တွယ်ဖို့ လုံလောက်ပြီလို့ ထင်နေခဲ့တာ ။ အခုလို ဒီနေရာက အင်အားကိုပါ ထုတ်သုံးရမယ်လို့ ထင်တောင် မထင်ထားခဲ့မိဘူး ။ ငါတို့က ဒီ မိစ္ဆာဝိဥာဥ် ၈၈ ကောင်ကို နှစ်ထောင်ချီကြာအောင် ပြင်ဆင်လာခဲ့ကြတာကွ ၊ ဒီကောင်တွေက သိပ်မကြာသေးခင်ကမှ အပြည့်အဝ နှိုးထလာခဲ့ကြတာ "

" ဒီလို အစွမ်းထက်တဲ့ အားမျိုးနဲ့ဆို ငါတို့ကို ဒီကမ္ဘာမှာရှိတဲ့ ဘယ်သူမှ တားနိုင်တော့မှာ မဟုတ်ဘူး ။ ဒါပေမယ့် သူတို့အတွက် ပထမဆုံး တိုက်ပွဲက မင်းကို တိုက်ခိုက်ဖို့ ဖြစ်သွားတာပေါ့ကွာ ။ မင်း ဂုဏ်တောင် ယူသင့်သေးတယ်နော် ။ အားလုံး .. သူ့ကို သတ်ကြ "

ဟွမ်ဟိုင်က မာထန်စွာ အော်လိုက်သည်။

ဘုန်း ..

မိစ္ဆာဝိဥာဥ်များ စတင်လှုပ်ရှားလာကြ၏။

ထိုစဥ် .. ရှောက်လုံက ကြောက်လန့်တကြား ပြောလာသည်။

" သခင်လေး လောထျန်း ၊ ဒီကောင်တွေကို ကျုပ် ထိန်းနိုင်သလောက် ထိန်းထားပေးမယ် ။ သခင်လေး ထွက်ပြေးတော့ "

လောထျန်း မျက်မှောင်ကြုံ့သွားပြီး ပြန်​မေး၏။

" ထွက်ပြေးရမယ် .. ဘာလို့ ထွက်ပြေးရမှာလဲ "

ရှောက်လုံက စိုးရိမ်တကြီး ပြန်ပြောသည်။

" သခင်လေး ဘာတွေ ပြောနေတာလဲ၊ မိစ္ဆာဝိဥာဥ်တွေ ဒီလောက် များနေတာကို ။ ထွက်မပြေးဘဲနဲ့ .. သခင်လေးက တိုက်ခိုက်ချင်လို့လား "

လောထျန်းက ခေါင်းညိတ်ကာ ပြန်ပြော၏။

" ဒါပေါ့ "

ရှောက်လုံ စိတ်ဆိုးသွားကာ ဒေါသတကြီး ​ပြောလာသည်။

" ဒီလိုအချိန်ကြီးမှာတောင် သခင်လေးက ဟန်ရေးပြချင်နေသေးတယ်ပေါ့လေ ။ အဲ့လောက်တောင် တိုက်ခိုက်ချင်နေလဲ တိုက်ခိုက်လေ ၊ ကျုပ် ကြည့်မယ် "

လောထျန်းက မည်သို့မှ မပြောဘဲ လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်သည်။ သူ့လက်ထဲတွင် ဝိဥာဥ်တစ်ရာ ကားချပ်လိပ် ပေါ်လာ၏။

ထို့နောက်တွင်မူ .. ကားချပ်လိပ်ထဲမှ မရေမတွက်နိုင်သော ချိန်းကြိုးကြီးများ ထွက်လာကာ မိစ္ဆာဝိဥာဥ်များအား ချုပ်နှောင်ပြီး ကားချပ်လိပ်ထဲသို့ ဆွဲသွင်းလိုက်တော့သည်။

ဂလောက် ... ဂျုန်း ...

မိစ္ဆာဝိဥာဥ်များ တစ်ကောင်ပြီးတစ်ကောင် အဆက်မပြတ် ကားချပ်လိပ်ထဲ ရောက်ကုန်ကြ၏။

All Chapters