← Chapters

မွေးနေ့လက်ဆောင်အဖြစ်မြေပဲများ

Vol. 23 Ch. 392

မွေးနေ့လက်ဆောင်အဖြစ်မြေပဲများ

Vol. 23 Ch. 392

လီယွန်ဟန်က ရှောင်လင်းယွီကို တိုင်ကြားပြီးတော့ ညဘက်တွေမှာ ထပ်ပြီးနှ်ိပ်စက်မခံရတော့ပေ။

ဒါပေမယ့် သူ့မှာ လုပ်စရာအလုပ်တွေပိုများလာသည်။

ကုန်းထျန်းဟောက်က ထောင်ယွမ်ရွာမှာဆိုပေမယ့်လည်း သူကများသောအားဖြင့် အဝေးကအလုပ်လုပ်သည်။ သူက သူ့ရဲ့လက်အောက်ငယ်သားတွေနဲ့ ဗီဒီယိုအစည်းအဝေးကျင်းပြီး အဝေးကနေပဲ အမိန့်တွေလည်းပေးသည်။

ကုမ္ပဏီမှာ လီယွမ်ဟန်ဆီကအမိန့်တိုင်းက ကုန်းထျန်းဟောက်ဆီကလာသည်။ အရင်က ကုန်းထျန်းဟောက်က ကိစ္စကြီးတွေကို ကိုင်တွယ်ဖို့ပဲ လီယွမ်ဟန်ကို စေလွှတ်သည်။ ဒါပေမယ့်အခုကျ သူက သေးသေးကြီးကြီး ကိစ္စအားလုံးကို လွှဲပေးထားသည်။

'ဟင်း ငါ့ကိုဖုန်းချပြီး ငါ့အကြောင်း ငါ့မိန်းမကိုတိုင်ဖို့ မင်းကို ဘယ်သူကပြောလို့လဲ။ ငါသူ့အကြံဉာဏ်ကိုနားထောင်ပြီး ခေါ်ဆိုတာရပ်လိုက်မယ်... မင်းကိုညဘက်မှာနှိပ်စက်တာကိုလေ'

'ဒါပေမယ့် ဒါနဲ့ပဲ မင်းကငါ့ဆီကနေ လုံခြုံသွားပြီတဲ့လား?'

လီယွမ်ဟန်က သူ့စားပွဲပေါ်က တစ်ပေမြင့်တဲ့စာရွက်စာတမ်းကြီးကိုကြည့်လိုက်ပြီး ဆွံ့အသွားသည်။ သူက အတွင်းရေးမှူးသုန့်ကို မေးကာ

"သဘောတူဖို့လိုအပ်တဲ့စာရွက်စာတမ်းတွေအများကြီးရှိနေတာလား?"

အတွင်းရေးမှူးသုန့်က များစွာသောစာရွက်စာတမ်းတွေကိုမြင်လိုက်ပြီးဘ

"ပုံမှန်ဆိုရင်တော့ အများကြီးမရှိပါဘူး။ ဒါပေမယ့်လည်း ပရောဂျက်စာရွက်စာတမ်း၊ တစ်ကိုယ်ရည်တက်ရောက်မှု၊ ငွေထိန်းနဲ့ တခြားဌာနတွေရဲ့ ခွင့်ပြုချက်အကြောင်းကို ရှင့်ဆီကိုအစီရင်ခံဖို့ အမိန့်ပေးလိုက်တယ်မဟုတ်ဘူးလား။ ဒီလိုနဲ့ စာရွက်စာတမ်းအထပ်လိုက်ကြီး ရောက်ချလာတာပဲ"

လီယွမ်ဟန်၊ "..."

'ကုန်းထျန်းဟောက် ဘာတွေလုပ်လိုက်တာလဲ?ဒါက နှိပ်စက်တာပဲ...မဟုတ်ဘူး လက်စားချေတာ!'

အတွင်းရေးမှူးသုန့်က နားမလည်စွာနဲ့

"အထူးကိုယ်စားလှယ်လီ ရှင်ကဘာလို့ ဒီပစ္စည်းတွေကိုကြည့်ပြီး ခွင့်ပြုရမှာလဲ? ဒါက သိသိသာသာကို ကိစ္စသေးသေးလေးတွေပဲဥစ္စာ။ ဥပမာဆိုရင် တက်ရောက်သူစစ်ဆေးတာမျိုး။ ထွက်ခွာသွားတဲ့အလုပ်သမားတစ်ယောက်က ရှင့်ခွင့်ပြုချက် မလိုအပ်ဘူးလေ"

ပုံမှန်ဆိုရင် ဝန်ထမ်းရေးရာဌာနကပဲ ၎င်းကို ခွင့်ပြုဖို့လိုသည်။ ဒါပေမယ့်အခုကျ ၎င်းက အထူးကိုယ်စားလှယ်လီဆီရောက်လာသည်။ ဘာပဲဖြစ်ဖြစ် ဒါက သူမဘော့စ်ဆီက အမိန့်ဖြစ်သည်။ ဒါကြောင့် သူမလိုက်နာသည်။

လီယွမ်ဟန်က ကုန်းထျန်းဟောက်‌ဆီကနေ ပလေးခံလိုက်ရပြီမှန်း နားလည်လိုက်သည်။ လီယွမ်ဟန်က သူ့နဖူးကို အနည်းငယ်စိတ်‌ဆိုးမာန်ဆိုးဖြင့်ပွတ်လိုက်ပြီး 

"နောက်ကျရင် ဒီ‌ကိစ္စလေးတွေကို ငါ့ဆီအစီရင်မခံနဲ့။ ဒါတွေက ငါ့ကို သေလောက်အောင်ပင်ပန်းစေတယ်"

အတွင်းရေးမှူးသုန့်၊ "ဟုတ်ကဲ့!"

အတွင်းရေးမှူးသုန့်ထွက်သွားပြီးတဲ့နောက် လီယွမ်ဟန်က သူ့ကံကြမ္မာကို ကြိတ်မှိတ်လက်ခံပြီး ဒီစာရွက်စာတမ်းတွေကို ဖတ်ရှုရမှာကလွဲရင် ရွေးစရာမရှိခဲ့ပေ။ စာရွက်စာတမ်းကြီးဖြစ်ဖြစ် စာရွက်စာတမ်းလေးဖြစ်ဖြစ် သူက ၎င်းတို့ကို လေးလေးနက်နက်ဖတ်ရှုသည်။

သူ စာရွက်စာတမ်းတွေဖတ်နေတာ တစ်ဝက်ရောက်တော့ လီယွမ်ဟန်ရဲ့ဖုန်းမြည်လာသည်။ သူဖုန်းမြည်လာတာကိုကြားတာနဲ့ ဒေါသလှိုင်းတစ်ခုကို သူ့စိတ်ထဲမှာ ခံစားမိလိုက်သည်။ ပြထားတဲ့နံပါတ်ကိုမကြည့်ဘဲ သူကအတော်လေးမသာမယာလေသံနဲ့

"ဟယ်လို ဘယ်သူပါလဲ?"

"အထူးကိုယ်စားလှယ်လီ ကျွန်တော်က ဖန်းသာ့ဝေပါ"

တခြားဘက်ကသူက သူ့ကို အရမ်းဂရုတစိုက် မိတ်ဆက်လိုက်သည်။

"အိုး ဒါဆို ဥက္ကဌဖန်းကိုး"

လီယွမ်ဟန်က မေးကာ

"ဥက္ကဌဖန်း ဘာကိစ္စများရှိလို့လဲ?"

ဥက္ကဌဖန်းက ဂရုတစိုက်နဲ့

"အထူးကိုယ်စားလှယ်လီ ခင်ဗျားအခု မြေပဲတွေရောင်းနေတယ်လို့ ကျွန်တော်ကြားတယ်?"

လီယွမ်ဟန်က နားမလည်နိုင်စွာခေါင်းညိတ်လိုက်ပြီး 

"ဟုတ်တယ် ကျွန်တော်ရောင်းနေတာ"

ဥက္ကဌဖန်းက ဒါကိုကြားတော့ ချက်ချင်း စိတ်သက်သာစွာသက်ပြင်းချလိုက်သည်။

"ကောင်းလိုက်တာ!"

ဒါပေမယ့်လည်း လီယွမ်ဟန်က

"ဒါပေမယ့် ဥက္ကဌဖန်း၊ မြေပဲတွေကအများကြီးမရှိတော့ဘူး။ ကျွန်တော်ကသူတို့ကို Imperial Palace အတွင်းပဲရောင်းတာ"

သူ့ကုမ္ပဏီမှာ လူ၁၀၀၀၀ကျော်ရှိပြီး နှစ်စဉ်လစာတစ်သန်းကျော်နဲ့ အလုပ်အမှုဆောင်၁၀၀၀ကျော်ရှိသည်။ မြေပဲဆီတွေရဲ့ဥက္ကဌကြောင့် ဒီမြေပဲကျင်၇၀၀ကို အတွင်းပိုင်းမှာပဲ အစာချေခဲ့သည်။ ဒါကြောင့် လီယွမ်ဟန်က အပြင်လူတွေကို မြေပဲမရောင်းပေ။ ဒါပေမယ့်လည်း ဒါက တခြားသူတွေသတင်းမရဘူးလို့ ဆိုလိုတာမဟုတ်ပေ။

ဥက္ကဌဖန်းက

"ကျွန်တော်သိပါတယ်။ ဒါပေမယ့် အထူးကိုယ်စားလှယ်လီ? ကျွန်တော့်ကို မြေပဲတချို့ရောင်းပေးလို့ရမလား?"

လီယွမ်ဟန်က မျက်ခုံးတွေပင့်လိုက်ပြီး၊ "ဘာလို့လဲ?"

ဥက္ကဌဖန်းက

"သုံးရက်နေရင် ကျွန်တော့်ယောက္ခမကြီးမွေးနေ့။ ကျွန်တော်ကသူ့ကို ဘာမွေးနေ့လက်ဆောင်ပေးရမလဲ စဉ်းစားနေတာ။ မနေ့က ခင်ဗျားအလုပ်သမားတွေ မြေပဲအကြောင်းပြောနေတာကို ကြားခဲ့တယ်။ မြေပဲတွေက အရမ်းအရသာရှိတယ်လို့ပြောကြတယ်။ ပြီးတော့ ကျွန်တော့်ယောက္ခမကြီးကလည်း မြေပဲတွေစားရတာအရမ်းကြိုက်တာကို မှတ်မိသွားလိုက်တာ"

လီယွမ်ဟန်က မျက်ခုံးပင့်လိုက်ကာ

"ဒီတော့ မြေပဲတွေကို ခင်ဗျားယောက္ခမကြီးကိုပေးဖို့စီစဉ်နေတာလား?"

ဥက္ကဌဖန်းက ခေါင်းဆန့်လိုက်ပြီး ရှက်ရှက်နဲ့ခေါင်းညိတ်လိုက်သည်။

"ဟုတ်တယ် ကျွန်တော် အဲ့လိုတွေးထားတယ်။"

လီယွမ်ဟန်ကပြုံးကာ

"ဒါပေမယ့် မြေပဲတွေက မွေးနေ့လက်ဆောင်အနေနဲ့ အရမ်းဈေးပေါလွန်းတယ်လို့ ခင်ဗျားမထင်ဘူးလား?"

သူတို့အဆင့်အတန်းကလူတွေအတွက် ကျောက်စိမ်းတုံး ဒါမှမဟုတ် ရှေးဟောင်းပစ္စည်းလိုမျိုး လက်ဆောင်တွေပေးကြသည်။ ဒါမှသာ သူတို့တွေကို အထင်မသေးကြမှာဖြစ်သည်။

ဥက္ကဌဖန်းက လေးလေးနက်နက်နဲ့

"ရည်ရွယ်ချက်က တန်ဖိုးထက် ပိုအရေးကြီးတယ်။ ဒါ့ပြင် ကျွန်တော့်ယောက္ခမကြီးက မြေပဲတွေကိုကြိုက်မှန်း ကျွန်တော်သိတယ်လေ။ ဒါပေမယ့်လည်း ဒီနှစ်ပိုင်းတွေမှာ သူ့သွားတွေက မကောင်းတော့ဘူး။ သူက နူးညံ့နေတဲ့မြေပဲပြုတ်တွေကိုပဲ စားနိုင်တော့တယ်။

ဒါပေမယ့်လည်း ပြုတ်ပြီးတဲ့ မြေပဲတွေက အရသာပျောက်သွားတယ်။ ဒီတော့ ကျွန်တော့်ယောက္ခမကြီးက အဲ့ဒါ့တွေကို အဲ့လောက်ကြီးမကြိုက်တော့ဘူး။ ဘာပဲဖြစ်ဖြစ် ခင်ဗျားမြေပဲတွေက ချက်ပြုတ်ပြီးရင် အံ့ဩဖို့ကောင်းအောင်အရသာရှိမယ်လို့ ကျွန်တော်ထင်တယ်။

ကျွန်တော့်ယောက္ခမကြီးက မြေပဲတွေက အရမ်းဈေးပေါတယ်ထင်ရင် နောက်ထပ်ဈေးကြီးတဲ့လက်ဆောင်တစ်စုံကို ချက်ချင်းပြင်ဆင်ပေးလိုက်မယ်"

ဒီတော့သူ့မှာ လက်ဆောင်နှစ်စုံရှိသည်။

"ဒါပေမယ့် ကျွန်တော့်ယောက္ခမကြီးက မြေပဲတွေကိုကြိုက်လိမ့်မယ်လို့ ကျွန်တော်ယုံကြည်ချက်ရှိတယ်"

ဥက္ကဌဖန်းက ယုံကြည်မှုနဲ့ပြောလိုက်သည်။

လီယွမ်ဟန်က သူ့စကားတွေကြောင့် ကြည်နူးသွားသည်။

"ဒီလိုယုံကြည်ချက်တွေ ခင်ဗျားဘယ်ကရလာတာတုန်း?"

လီယွမ်ဟန်က ဒီမေးခွန်းကိုမေးပြီးတော့ လက်တွေ့ကို ပြန်သတိဝင်လာပြီး 

"ခင်ဗျား အဲ့ဒီမြေပဲတွေကို စားပြီးပြီလား?"

မဟုတ်ရင် မြေပဲတွေက သူ့ယောက္ခမကြီးကို ကျေနပ်စေလိမ့်မယ်ဆိုတာကို သူဘယ်လိုလုပ်အရမ်းယုံကြည်ချက်မြင့်နေရတာလဲ?

ဥက္ကဌဖန်းက အတော်လေးရှက်ရှက်ရွံ့ရွံ့နဲ့

"ဟုတ်တယ်။ ဒီမြေပဲတွေက မြေပဲဆီထုတ်ဖို့ ကုန်ကြမ်းပစ္စည်းတွေမှန်း ခင်ဗျားအလုပ်သမားတွေဆီက ကျွန်တော်ကြားတယ်။ ကျွန်တော့်အဆက်အသွယ်တချို့ကနေတစ်ဆင့် မြည်းစမ်းဖို့ မြေပဲတချို့ရလာတယ်လေ။

အစိမ်းစားတာတောင် အရသာက လတ်ဆတ် ကြွပ်ရွပြီး ချိုမြိန်တယ်။ သူတို့က ထူးထူးခြားခြားကို အရသာရှိတယ်"

လီယွမ်ဟန်က ဒါကိုကြားပြီးတော့ ခေါင်းညိတ်လိုက်ပြီး

"ကောင်းပြီ၊ မြေပဲတွေကို လက်ဆောင်အနေနဲ့အသုံးပြုဖို့ ခင်ဗျားမှာအရမ်းယုံကြည်ချက်ရှိနေမှတော့ ကျွန်တော် ခင်‌ဗျားကို စိတ်ပျက်အောင် မလုပ်တော့ဘူး။ ကောင်းပြီ၊ ခင်ဗျား မြေပဲဘယ်လောက်လောက် လိုချင်လဲ?"

၎င်းကိုကြားပြီး ဥက္ကဌဖန်းက ထခုန်မိမတတ်ပျော်သွားသည်။ သူက သူ့စိတ်လှုပ်ရှားမှုကို ချုပ်တည်းထားလိုက်ပြီး 

"အထူးကိုယ်စားလှယ်လီ ကျွန်တော့်ကို ကျင်၁၀၀ပေးလို့ရမလား?"

"ကျင်၁၀၀?"

လီယွမ်ဟန်က ၎င်းကို ချက်ချင်းငြင်းဆိုလိုက်သည်။

"မရဘူး ကျွန်တော် ခင်ဗျားကို အများဆုံး၁၀ကျင်ပဲပေးနိုင်မယ်"

သူ့လက်ထဲမှာလည်း တကယ့်ကို ကျင်၁၀၀မရှိပေ။

အရင်က ရှောင်လင်းယွီ သူ့ကိုပို့ထားတဲ့မြေပဲတချို့က အမျိုးသမီးဓားပြအနည်းငယ်ဆီကနေ လုယူခံလိုက်ရသည်။ သူ့မှာ သူကိုယ်တိုင်အတွက်ဝှက်ထားတဲ့ ကျင်၁၀၀ပဲရှိသည်။ သူက ၎င်းတို့ကို သရေစာလိုမျိုး နေ့စဉ်စားသုံးသည်။ သူ့ရဲ့ကန့်သတ်ထားတဲ့စတော့ထဲကနေ ၁၀ကျင်‌ဝေငှပေးချင်တယ်ဆိုတဲ့အချက်ကတင် လုံလောက်အောင်ကောင်းမွန်နေပြီ။

ဥက္ကဌဖန်းက ၁၀ကျင်နဲ့တော့ အနည်းငယ် မကျေမနပ်ဖြစ်သွားပေမယ်လည်း သူ့မှာ ၎င်းကို အသံထွက်ပြောဖို့သတ္တိမရှိပေ။ သူက ခေါင်းညိတ်ပြီးတော့

"အိုခေလေ၊ ဒါဆိုလည်း ၁၀ကျင်ပေါ့။ ဒါဆို အထူးကိုယ်စားလှယ်လီ၊ ကျွန်တော် ခနနေရင် ခင်ဗျားဆီပိုက်ဆံလွှဲလိုက်မယ်"

အထူးကိုယ်စားလှယ်လီက ခေါင်းညိတ်လိုက်ပေမယ့် 

"ဥက္ကဌဖန်း၊ ဒီမြေပဲတွေကို အစက ကျွန်တော့်ကုမ္ပဏီရဲ့ ဝန်ထမ်းတွေကိုရောင်းဖို့ပဲ ရည်ရွယ်ထားတာ။ ဒီတော့ ဈေးနှုန်းကတော့ ကျွန်တော့်အဝန်ထမ်းတွေအတွက် သီးသန့်ဈေးပဲ"

ဥက္ကဌဖန်းက မြေပဲတွေအပေါ်မှာ လက်ဝယ်ရှိချင်နေမှတော့ ဈေးနှုန်းအကြောင်းကိုလည်း သိပြီးသွားလောက်ပြီ။

လီယွမ်ဟန်က စီးပွားရေးသမားတစ်ယောက်ဖြစ်သည်။ မြေပဲတွေကို ကုမ္ပဏီအလုပ်သမားတွေအတွက် အထူးဈေးနှုန်းတစ်ခုနဲ့ ရောင်းချပေမယ့် အပြင်လူတွေအတွက်ကတော့ နောက်တစ်မျိုးဖြစ်သည်။

ဒါ့ပြင် ဝယ်သူကလည်း မြေပဲတွေကို ဈေးချိုချိုနဲ့မဝယ်ချင်ပေ။

ဟုတ်တယ် သင်ဖတ်လိုက်တာမှန်၏။ သူဌေးကြီးတစ်ယောက်က ပစ္စည်းတစ်ခုကို အရမ်းဈေးချိုချိုနဲ့ဝယ်ရင် ‌ပျက်ရယ်ပြုခံရလိမ့်မည်။ အထူးသဖြင့် အဆင့်အတန်းတစ်ခုနဲ့ သူဌေးကြီးတွေမှာ မျက်နှာတစ်ခုလိုသည်။

"အဟွတ် အဟွတ်..."

လီယွမ်ဟန်က နည်းလမ်းတကျနဲ့ 

"ဟုတ်တယ်။ ဒီမြေပဲတွေရဲ့မူရင်းဈေးက တစ်ကျင်ကိုယွမ်၂၀၀ပဲ။ ဒါပေမယ့် သူတို့ကို ဥက္ကဌဖန်းရဲ့ ယောက္ခမကြီးဆီ မွေးနေ့လက်ဆောင်အနေနဲ့ ရည်ရွယ်ထားမှတော့  ပိုပြီးတန်ဖိုးရှိသင့်တယ်လေ ဟုတ်တယ်မလား?"

တစ်နည်းအားဖြင့်တော့ မြေပဲတွေကို အရမ်းဈေးချိုချိုနဲ့မရောင်းနိုင်ပေ။ ဈေးပိုကြီးလေ ပိုကောင်းလေပဲဖြစ်သည်။

ဥက္ကဌဖန်းရဲ့ နှုတ်ခမ်းအစွန်းတွေတရွရွဖြစ်သွားပြီး သဘောတူစွာခေါင်းညိတ်လိုက်သည်။

"အထူးကိုယ်စားလှယ်လီပြောတာက အဓိပ္ပာယ်ရှိတာပဲ။ အထူးကိုယ်စားလှယ်လီ ဘယ်ဈေးနှုန်းကိုများ တွေးမိထားလဲ?"

ဥက္ကဌဖန်းကလည်း ဘယ်ဈေးကမ်းလှမ်းရမလဲဆိုတာကို အဖြေရှာနေသည်။

ဒါပေမယ့်လည်း လီယွမ်ဟန်က မေးခွန်းကိုပြန်တွန်းထုတ်လိုက်ပြီး ပြုံးကာ

"ဒါက ဥက္ကဌဖန်း၊ သားသမီးဝတ် ဘယ်လောက်ပြချင်လဲဆိုတဲ့အပေါ်မှာ မူတည်ပါတယ်"

ဥက္ကဌဖန်းကဒါကိုကြားတော့ ချက်ချင်းစိတ်ထဲမှာ ဆဲရေးမိလိုက်သည်။

'မြေခွေးအိုကြီး!'

ဒါပေမယ့် မကြာခင်မှာပဲ သူဈေးနှုန်းတစ်ခုပေးဖို့ကြိုးစားလိုက်ပြီး

"တစ်ကျင်ကိုယွမ်၁၀၀၀ဆိုရင်ရော။ ဘယ်လိုလဲ?"

၎င်းက မူရင်ဈေးနှုန်းထက် ငါးဆပိုမြင့်သည်။

လီယွမ်ဟန်က ဘာမှခိုင်ခိုင်လုံလုံမပြောပေ။ သူက ပြုံးပြီးဘ

"ဒါကငါးဆတောင်မြင့်ပြီးနေပြီပဲ။ ခင်ဗျားရဲ့ယောက္ခမကြီးက သူ့အတွက်ယွမ်၁၀၀၀၀တည်းနဲ့ လက်ဆောင်တစ်ခုဝယ်လာပေးမှန်းသာသိသွားရင် အရမ်းပျော်နေမယ်ဆိုတာ‌ သေချာတယ်"

ဥက္ကဌဖန်းက ဒါကိုကြားတော့ သူ့နှလုံးသားက ရုတ်တရက် ပြင်းထန်စွာခုန်သွားပြီး သူ့ဟာသူတွေးလိုက်သည်။

'လီယွမ်ဟန်က ဈေးနှုန်းကို မကျေနပ်သေးဘူး။'

အမှန်ပင်။

လီယွမ်ဟန်က ထေ့ငေါ့နေခြင်းဖြစ်သည်။

သာမန်မိသားစုတစ်ခုအတွက် မြေပဲတစ်သောင်းဖိုးက လက်ဆောင်ကြီးတစ်ခုဖြစ်နေပြီဆိုပေမယ့် ဥက္ကဌဖန်းက ဘယ်သူမိုလို့လဲ? သူက ဘီလီပေါင်းများစွာကြွယ်ဝမှုနဲ့ သူဌေးကြီးတစ်ယောက်လေ။

ဘီလီ‌ယံပေါင်းများစွာပိုင်ဆိုင်မှုနဲ့သူဌေးကြီးတစ်ယောက်က သူ့ယောက္ခမကြီးကို တစ်သောင်းပဲရှိတဲ့မွေးနေ့လက်ဆောင်ပေးတယ်တဲ့။

ဒါကဟာသကြီးတစ်ခုပဲမဟုတ်လား။

သူ့ရဲ့ယောက္ခမကြီးက ဒီမြေပဲတွေကို သဘောကျလိမ့်မယ်ဆိုတာ သူအရမ်းသေချာနေသည်။ ဒါကြောင့် သူတို့ကိုဝယ်ဖို့ ပိုက်ဆံအများကြီးသုံးဖို့လိုလိုလားလားရှိသည်။ ဒါပေ့ါ ဒါက သူ့ရဲ့ဂုဏ်သတင်းကိုလည်း မြင့်တက်စေလိမ့်မယ်လေ။ လီယွမ်ဟန်ရဲ့လေသံက အတူတူပဲဖြစ်နေသည်။

"တစ်ကျင်ကို၁၀၀၀၀"

လီယွမ်ဟန်၊ "တစ်ကျင်ကို တစ်သောင်းလား။ မဆိုးပါဘူး မဆိုးပါဘူး"

ဥက္ကဌဖန်း၊ "..."

သူမကျေနပ်သေးဘူးပဲ။

အဆုံးမှာတော့ ဒီမြေပဲ၁၀ကျင်ရဲ့ အရောင်းအဝယ်ဈေးနှုန်းက ၅၀၀၀၀၀ကိုရောက်သွားသည်။

ဥက္ကဌဖန်းကချမ်းသာပေမယ့် ဒီလိုမျိုးအရင်က တစ်ခါမှ ပေါ့ပေ့ါဆဆမသုံးဖူးပေ။ သူက မြေပဲ၁၀ကျင်ကိုဝယ်ဖို့ ၅၀၀၀၀၀သုံးခဲ့သည်။ သူငိုချင်နေပေမယ့် ဘာမျက်ရည်မှ ထွက်မလာပေ။ သူက အတော်အသင့်ကိုပဲ ပြန်သွားချင်ခဲ့သည်။

ဒါပေမယ့်လည်း အသားပေါပြီး ချစ်စရာကောင်းတဲ့မြေပဲတွေကို သူမြင်လိုက်တော့ သူ့စိတ်ကိုပြောင်းလိုက်သည်။ သူက ပိုက်ဆံတွေအများကြီးနဲ့အရူးလို့ တချို့တွေထင်နိုင်ပေမယ့် ၎င်းကတန်တယ်လို့ သူယုံကြည်နေသည်။

.......

သုံးရက်ကြာပြီးတော့ ဒီနေ့က ဖန်းယွီဖေးယောက္ခမကြီးရဲ့ အသက်၈၀ပြည့်မွေးနေ့ဖြစ်သည်။

ဖန်းယွီဖေးရဲ့ယောက္ခမကြီး ကွမ်းကျန်းသုန့်က မြို့တော်မှာ လူသိများတဲ့သူတစ်ယောက်ဖြစ်သည်။ သူသည်လည်း စီးပွားရေးသမားတစ်ယောက်ဖြစ်ပြီး ကျန်းသုန့်ဂရုကို တည်ထောင်‌ခဲ့တဲ့ ကိုယ်ထူကိုယ်ထစီးပွားရေးသမားတစ်ယောက်ဖြစ်သည်။ ပြီးနောက်မှာ သူက မြို့တော်မှာခိုင်မြဲတဲ့စီးပွားရေးတစ်ခုကို တည်ထောင်ခဲ့သည်။

သူ့မှာ သားသုံးယောက်နဲ့ သမီးနှစ်ယောက်ရှိသည်။ အငယ်ဆုံးသမီးက ဖန်းယွီဖေးရဲ့မိန်းမဖြစ်သည်။

ကွမ်းကျန်းသုန့်က သူ့ရဲ့အနားယူရမယ့်အသက်အရွယ်နီးကပ်လာပြီဖြစ်သည်။ ဒါကြောင့် သူ့သားတွေနဲ့ သမီးတွေက ကုမ္ပဏီထဲကအာဏာအတွက် စတင်တိုက်ခိုက်လာကြသည်။

သူတို့အားလုံးက သူတို့အဖေကို မျက်နှာလိုမျက်နှာရလုပ်ဖို့နဲ့  ဂရုရဲ့ရှယ်ယာတွေကိုကြိုတင်လွှဲပြောင်းပေးဖို့၊ ကုမ္ပဏီရဲ့ဥက္ကဌနေရာကိုဖမ်းဆုပ်ဖို့အတွက် ဒီအခွင့်အရေးကို  လိုချင်‌နေကြသည်။ ဒါကြောင့် ဒီမွေးနေ့ပွဲကို လူတိုင်းက အတွေးတွေနှစ်ထားကြသည်။

"ယောက်ဖ၊ ဒီနေ့ အဖေ့ရဲ့မွေးနေ့မှာ ဒီမြေပဲတွေကို လက်ဆောင်ပေးမှာလို့တော့ ငါ့ကိုမပြောဘူးမလား?"

စားသောက်ပွဲခန်းမထဲမှာ သတ်လတ်ပိုင်းလူတစ်ယောက်က ဖန်းယွီဖေး သယ်လာတဲ့လက်ဆောင်ကို အထင်အမြင်သေးတဲ့အမူအယာနဲ့ကြည့်လိုက်သည်။

ဖန်းယွီဖေးက ခေါင်းညိတ်လိုက်ပြီး 

"ဟုတ်တယ်၊ ကျွန်တော်ဒီနေ့အဖေ့ကိုပေးမယ့်လက်ဆောင်က မြေပဲတွေတင်ပဲ"

ပြီးနောက်မှာ သူက ကွမ်းကျန်းသုန့်ကိုကြည့်ပြီး ပြုံးကာ

"အဖေ အဖေမြေပဲတွေစားရတာကြိုက်မှန်း ကျွန်တော်သိတယ်။ ဒါကြောင့် အဖေစားကြည့်ဖို့အတွက်နဲ့ ဒီမြေပဲတွေဝယ်ဖို့ တန်ဖိုးမြင့်မြင့်သုံးခဲ့တာ"

"မြေပဲတွေက ဘယ်လောက်ဈေးကြီးနိုင်မှာမလို့လဲ?"

ဖန်းယွီဖေးရဲ့ယောက်ဖက အထင်အမြင်သေးစွာ မထိမဲ့မြင့်နဲ့ ပြောလိုက်ပြီး 

"မြေပဲတွေဘယ်လောက်ဈေးပေါမှန်း လူတိုင်းသိတယ်။ ယောက်ဖ ဒါတွေကို မောလ်မှာ တစ်ကျင်ကို ၃၊ ၄ ယွမ်နဲ့ဝယ်လို့ရတယ်။ ဒီမှာ ၁၀ကျင်ဝန်းကျင်ပဲရှိမယ်လို့ ထင်တယ်။ ယောက်ဖက လက်ဆောင်တစ်ခုအပေါ်မှာ ယွမ် သုံးလေးဆယ်လောက်သုံးခဲ့ပြီး ဈေးကြီးတယ်ပြောနေတယ်။ ယောက်ဖ ဘယ်လောက်တောင်အရှက်မဲ့နေတာတုန်း?"

ဖန်းယွီဖေးက သူ့ကို လုံးဝလျစ်လျူရှုထားလိုက်သည်။ အဲ့ဒီအစား သူ မြေပဲတစ်ခုကို အခွံခွာပြီး ကွမ်းကျန်းသုန့်ကိုပေးကာ

"အဖေ ဒါကိုမြည်းကြည့်ပါဦး။ ကျွန်တော် ဒီမြေပဲကို အရင်ကစားဖူးတယ်။ အရမ်းအရသာရှိတယ်"

သူ့ယောက်ဖက ချက်ချင်းပဲ သူ့ခြေကိုဆောင့်လိုက်ပြီးဘ

"ဖန်းယွီဖေး မင်းကအဖေ့ကို တမင်သက်သက် မွေးနေ့ကောင်းကောင်းမရစေချင်တာမလား? အဖေ သွားမကောင်းမှန်း မင်းသိသားပဲ။ ဒါကို အဖေ့ကို မြေပဲက စားခိုင်း‌သေးတယ်? မင်းဘာတွေ စဉ်းစားနေတာလဲ?"

အဲ့ဒီအခါကျမှ ဖန်းယွီဖေးက သူ့ကို သဒ္ဓါတရားနဲ့ကြည့်လိုက်ပြီး

"ယောက်ဖ၊ ကျွန်တော်က အဖေ့ကို မြေပဲနည်းနည်းပေးနေတာလေ။ ဘာများမှားနေလို့လဲ?

အဖေသွားမကောင်းမှန်းသိတယ်။ ဒါပေမယ့် သူဒီမြေပဲတွေကိုစားနိုင်မယ်ဆိုတာ ကျွန်တော် ယောက်ဖကို အာမခံတယ်"

အဲ့ဒီအချိန်မှာ ကွမ်းကျန်းသုန့်ကလည်း အတော်လေး သွေးဆောင်ခံလိုက်ရပြီး 

"ယွီဖေး၊ ငါဒီမြေပဲတွေကို စားလို့ရလား?"

ဒီလိုနဲ့ သူက ဖန်းယွီဖေးရဲ့လက်ဖဝါးထဲက မြေပဲတစ်ခုကိုယူလိုက်ပြီး ၎င်းကိုစိုက်ကြည့်လိုက်သည်။

"ရတယ် အဖေ စားလို့ရတယ်"

ဖန်းယွီဖေးက ခေါင်းညိတ်လိုက်သည်။

ပြီးနောက်မှာ ကွမ်းကျန်းသုန့်က မြေပဲကိုသူ့ပါးစပ်ထဲထည့်ပြီး တစ်ကိုက်ကိုက်လိုက်သည်။

သူ့မျက်လုံးတွေ ဝင်းလက်သွားပြီး ချက်ချင်းပဲ

"ကောင်းသားပဲ မဆိုးပါဘူး။ ဒီမြေပဲတွေက တကယ့်ကိုမဆိုးဘူး။ အိမ်တော်ထိန်း ဒီမြေပဲတွေကို ချက်ချင်းယူသွားလိုက်ပြီး ငါ့ကိုနည်းနည်းအခွံခွာပေး"

"ဟုတ်ကဲ့ပါ!"

အိမ်တော်ထိန်းက အရမ်းတလေးတစားပြန်ဖြေလိုက်ပြီး ဖန်းယွီဖေးရဲ့လက်ထဲက မြေပဲတွေကို ယူလိုက်သည်။

ဖန်းယွီဖေးရဲ့ယောက်ဖက ဒါကို နားမလည်နိုင်စွာကြည့်လိုက်သည်။

'သေစမ်း ဒီမြေပဲတွေက တကယ် အဖေ့မျက်လုံးကို ဖမ်းစားလိုက်တာပဲ'

ကွမ်းကျန်းသုန့်က တစ်ခုစားပြီးတော့ ဖန်းယွီဖေးရဲ့လက်ထဲမှ နောက်ထပ်တစ်ခုကို ယူလိုက်ပြီး 

သူ့ပါးစပ်ထဲထည့်လိုက်သည်။ ပျော်ရွှင်မှုကြောင့် သူ့မျက်လုံးတွေကွေးတက်လာတဲ့အထိ ၎င်းကိုစားလိုက်သည်။

လူတိုင်း "..."

အဖေက အိမ်တော်ထိန်းကို မြေပဲတွေကို သိမ်းထားဖို့တောင်ပြောလိုက်သေးသည်။

သူက လက်ဆောင်တွေကို အရမ်းကြိုက်တာဖြစ်ရမယ်။

ဖန်းယွီဖေးရဲ့ယောက်ဖက ဒါကို လက်မခံချင်ဖြစ်နေသည်။ သူက ထေ့ငေါ့လိုက်ပြီး 

"ယောက်ဖ၊ ဒီမြေတွေဝယ်ဖို့အပေါ်မှာ အများကြီးသုံးခဲ့တယ်လို့ မင်းပြောခဲ့တယ်မလား? တစ်ထောင်သုံးလိုက်တာလား?"

ဖန်းယွီဖေးကပြုံးလိုက်ပြီး

"တစ်ထောင်မဟုတ်ဘူး"

"အိုး ဒါဆို ရာဂဏန်းလောက်လား?"

ထိုလူက ပြစ်တင်ရှုတ်ချလိုက်သည်။

"ငါးသိန်းလေ!"

"ငါးသိန်း?"

ယောက်ဖဖြစ်သူ ရှော့ခ်ရသွားလေသည်...

***

All Chapters