← Chapters

ဘိုးဘိုးရှောင်ရဲ့အကြံပေးမှု

Vol. 23 Ch. 377

ဘိုးဘိုးရှောင်ရဲ့အကြံပေးမှု

Vol. 23 Ch. 377

ရှောင်လင်းယွီရဲ့ပရိုမိုးရှင်းကြောင့် သူမရဲ့တတိယဦးလေးက ဘေးဆိုင်က ပဲထွက်ကုန်ဆိုင်ကိုပိုင်မှန်း ကာစတာမာတိုင်းသိသွားကြသည်။

ပဲနို့တစ်ခွက်က ၁ယွမ်ဖြစ်ပြီး တို့ဟူးပူတင်းတစ်ပွဲကလည်း ၁ယွမ်ဖြစ်ကာ ၎င်းက ၅၀%လျှော့ဈေးချထားမှဖြစ်သည်။ တို့ဟူးကတော့ ၎င်းတို့ကို အသီးအရွက်ဆိုင်မှာရောင်းသည်။ သူတို့က အရမ်းလည်းဈေးကြီးပြီး တစ်ကျင်ကို ၄ယွမ်ဖြစ်သည်။ ဒါပေမယ့်လည်း အသီးအရွက်တွေရဲ့ဈေးကနဂိုတည်းက ဈေးကြီးနေမှတော့ ၎င်းကကိစ္စကြီးမဟုတ်တော့ပေ။

ထုံးစံအတိုင်းပဲ တို့ဟူးထွက်ကုန်တွေကလည်း အရမ်းလွန်လွန်ကဲကဲမွှေးနေကြသည်။ ကာစတာမာတွေအများကြီးက ကိုယ့်ကိုကိုယ်မထိန်းချုပ်နိုင်ကြဘဲ တစ်ခွက် ဒါမှမဟုတ် တစ်ပန်းကန်လောက်တော့မြည်းကြည့်ဖို့ ဝယ်ခဲ့ကြသည်။

"ဝိုး ဒီပဲနို့က အံ့ဩစရာပဲ!"

မြည်းကြည့်ပြီးတော့ လူတော်တော်များများ အံ့အားသင့်စွာပြောလိုက်ကြသည်။

"ဒီလိုအရသာရှိတဲ့ပဲနို့မျိုး ငါအရင်က မစားဖူးဘူး"

ခုနစ်ဆယ်လောက်ရှိတဲ့အဘိုးကြီးက ပြောလိုက်သည်။

"အတူတူပဲ"

သူ့ဘေးက တခြားသူတွေကလည်း အတူတူပဲပြောလိုက်ကြသည်။

"အရမ်းဈေးကြီးနေရတာ အံ့ဩစရာမရှိတော့ဘူး"

သုံးရက်ကြာပြီးတော့ ဈေနှုန်းကပို‌တောင်မြင့်လိမ့်ဦးမည်။ ဒီဦးလေးတွေနဲ့ အန်တီကြီးတွေက သူတို့သားသမီးတွေ ဒါမှမဟုတ် မြေး‌တွေအတွက် တစ်ခွက် နှစ်ခွက်လောက်တော့ဝယ်လိမ့်ဦးမယ်လို့ ရှောင်လင်းယွီက ယုံကြည်နေသည်။ ပြီးတော့ အသီးအရွက်ဆိုင်ရဲ့ကာစတာမာတွေက အတော်လေးချမ်းသာကြသည်။ သူတို့တွေက ပဲနို့ တစ်ခွက် နှစ်ခွက်အပေါ်မှာ ပိုက်ဆံသုံးရတာကို စိတ်မရှိကြပေ။

ဘိုးဘိုးရှောင်၊ ဘွားဘွားရှောင်၊ တတိယဦးလေးနဲ့ တတိယဒေါ်လေးက စီးပွားရေးက ကောင်းမွန်နေတာကိုမြင်ကြတော့ သူတို့ရဲ့စိုးရိမ်ပြီး စိတ်ပူနေတဲ့စိတ်တွေက ဖြည်းဖြည်းချင်းပျောက်ကွယ်သွားသည်။

ဘွားဘွားရှောင်က ပြုံးကာ

"ဒါအဖွင့်ကောင်းပဲ။ စီးပွားရေးက ပထမဆုံးနေ့ကတည်းက အရမ်းကောင်းနေပြီ။ ‌နောင်ကျရင် သေချာပေါက် ပိုတောင်ကောင်းလာဦးမှာ"

ဘိုးဘိုးရှောင်က ခေါင်းညိတ်ပြီး

"ငါတို့တွေ အရည်အသွေးကို ထိန်းထားနိုင်သရွေ့ စီးပွားရေးကအဆင်ပြေမှာပဲ။ ကောင်းမွန်တဲ့အရည်အသွေးနဲ့ထွက်ကုန်တွေအတွက် ပိုက်ဆံသုံးမယ့် လူတွေက အမြဲရှိနေမှာ"

ပဲနို့နဲ့ တို့ဟူးပူတင်းက ရှစ်နာရီမတိုင်ခင်မှာပဲ ရောင်းထွက်သွားသည်။ ၎င်းတို့ကို မြည်းမကြည့်လိုက်ရသေးတဲ့ ကာစတာမာတွေအများကြီးရှိသေးသည်။ တတိယဦးလေးရှောင်နဲ့ တတိယဒေါ်လေးရှောင်က မတတ်သာဘဲ သူတို့ကို မနက်ဖြန်မှပြန်လာဖို့ ပြောလိုက်သည်။

"တစ်ရာ နှစ်ရာ..."

စတိုးကိုပိတ်လိုက်ပြီးတော့ လူတိုင်းက ငွေစာရင်းကိုစစ်ဆေးဖို့ ဆိုင်ထဲမှာ စုရုံးလိုက်ကြသည်။ ပဲပိစပ်တစ်ကျင်က ပဲနို့ရှစ်ကျင်ထုတ်လုပ်ပြီး ပဲနို့တစ်ခွက်က သုံးလျန်ဖြစ်သည်။ တစ်နည်းပြောရရင် ပဲပိစပ်တစ်ကျင်က ပဲနို့ ခွက်နှစ်ဆယ်ကျော်ကျော် ထုတ်နိုင်သည်။ တစ်ခွက်ကို နှစ်ယွမ်ဆိုရင် သူတို့တွေ ယွမ်၁၀၀ကျော်ကျော်ရနိုင်သည်။

ပဲပိစပ်တစ်ကျင်က တို့ဟူးပန်းကန်နှစ်ဆယ်ဝန်းကျင် ထုတ်ပေးသည်။ နှစ်ကျင်က ပန်းကန်၅၀ဝန်းကျင်ပဲ လုပ်နိုင်သည်။ အလားတူစွာပဲ သူတို့တွေ ယွမ်၁၀၀ပတ်လည် ရောင်းရသည်။ ကျန်ရှိနေတဲ့ပဲပိစပ်ခြောက်ကျင်က တို့ဟူး၃၈ကျင် ပြုလုပ်သည်။ ၎င်းတို့ကိုလည်း ယွမ်၁၀၀ပတ်လည်ဖြင့် ရောင်းထွက်သည်။

ပဲပိစပ်ဆယ်ကျင်အတွက် သူတို့‌တွေ ယွမ်သုံးလေးရာရရှိသည်။ ပါဝင်ပစ္စည်းဈေးတွေကို နှုတ်လိုက်ပြီးတော့ သူတို့မှာ အမြတ်သီးသန့်၂၀၀ဝန်းကျင်ကျန်သည်။ ပြီးတော့ဒါက လျှော့ဈေးလုပ်ထားတဲ့ဈေးနဲ့ဖြစ်သည်။ သူတို့တွေ ပုံမှန်ဈေးကို ပြန်ထားလိုက်တာနဲ့ တစ်နေ့ကို အသားတင်အမြတ် ယွမ် ၃၀၀ကနေ ၄၀၀ရနိုင်သည်။ တစ်လအတွင်းဆိုရင် ယွမ်၁၀၀၀၀နားကပ်နိုင်သည်။

တတိယဦးလေးနဲ့ တတိယဒေါ်လေးရှောင်က အရမ်းစိတ်လှုပ်ရှားနေကြသည်။

"ကောင်းပြီ တတိယချွေးမလေး၊ နင်အနာဂတ်မှာ ပိုပြီးကြိုးစားရတော့မယ်" 

ဘိုးဘိုးရှောင်က ပြုံးကာပြောလိုက်သည်။

"ဒီတို့ဟူးစီးပွားရေးကခက်ခဲတယ်။ ဒါပေမယ့် မင်းတို့ကြိုးစားရင် ဒီမှာအနာဂတ်ရှိတယ်"

တစ်လကိုယွမ်၁၀၀၀၀က အလုပ်ကြမ်းတွေထက် အများကြီး ပိုကောင်းနေပြီဖြစ်သည်။ သူတို့တွေ စက်ရုံမှာသာ အလုပ်လုပ်ရရင် တစ်လကို ယွမ်၂၀၀၀ပတ်လည်ပဲ စုနိုင်လိမ့်မည်။ သူတို့နှစ်ယောက်လုံးလုပ်ရင် တစ်လကို ယွမ်၅၀၀၀အောက်ပဲ စုမိလိမ့်မည်။ နေထိုင်ရေးကုန်ကျစရိတ်တွေကိုနှုတ်ပြီးရင် သူတို့မှာ ပိုက်ဆံအနည်းငယ်တော့ကျန်လိမ့်မည်။ ဒါပေမယ့်လည်း သူတို့တွေ ပဲထွက်ကုန်တွေရောင်းပြီးတော့ တစ်လကို ယွမ်၁၀၀၀၀ကျော်ကျော်စုဆောင်းနိုင်သည်။

သူတို့တွေ ကျေနပ်သင့်သည်။

တတိယဦးလေးရှောင်က ခေါင်းညိတ်ပြီး 

"အဖေ ကျွန်တော်တို့သိပါတယ်"

အဲ့ဒီအချိန်မှာ ဘိုးဘိုးရှောင်က သူတို့ကို လေးလေးနက်နက်သတိပေးကာ

"ဟဲ့ တတိယကောင် တတိယချွေးမလေး၊ မင်းတို့ကို ဒီစီးပွားရေးကို ယွီအာကပေးထားတာ။ နောင်ကျရင် မင်းတို့တွေ ဒါကိုမမေ့ကြဖို့ ငါမျှော်လင့်တယ်"

"အဖေ စိတ်မပူပါနဲ့ "

တတိယဦးလေးရှောင်က ခေါင်းညိတ်ပြီး ပြောလိုက်သည်။

"ငါတို့ကမိသားစုတွေပဲ ယွီအာက မင်းတို့ကို ဒီစီးပွားရေးကို လွှဲထားတာ။ မင်းတို့ရဲ့အကြီးဆုံးအစ်ကိုကြီးနဲ့ စတုတ္ထညီလေးက မင်းတို့ဒုတိယအစ်ကိုရဲ့မိသားစုအတွက် အလုပ်လုပ်နေရတုန်းပဲ"

ဘိုးဘိုးရှောင်က လေးလေးနက်နက်နဲ့ပြောလိုက်သည်။

"သူတို့အတွက်လည်း ယွီအာမှာ အစီအစဉ်တွေရှိပါတယ်။ နောင်ကျရင် သူတို့အတွက် တခြားအလုပ်တွေကို သူခွဲဝေပေးလိမ့်မယ်"

"မင်းတို့မိသားစုကို တို့ဟူးစီးပွားရေးကို အရင်ဆုံးပေးထားတာမလို့ ယွီအာရဲ့ကြင်နာမှုကို မင်းတို့တွေသေချာပေါက်အမှတ်ရရမယ် ။ နားလည်ရဲ့လား?"

တတိယဦးလေးရှောင်က အရမ်းလေးလေးနက်နက်နဲ့

"အဖေ မစိုးရိမ်ပါနဲ့ ကျွန်တော်တို့ယွီအာရဲ့ကြင်နာမှုကို သေချာပေါက် အမှတ်ရမှာပါ။ ကျွန်တော်တို့တွေ အဲ့လောက် ကျေးဇူးမကန်းပါဘူး"

ဘိုးဘိုးရှောင်က ကျေနပ်စွာခေါင်းညိတ်လိုက်ပြီး

"ကောင်းပြီ"

ဘိုးဘိုးရှောင်က ‌နောင်ကျရင် ပြဿနာတွေကိုတားဆီးဖို့ ရှောင်လဲ့ယန်ကို အကြံ‌ဉာဏ်တွေပေးခဲ့သည်။

ယွီအာရဲ့လုပ်ငန်းစဉ်အရ သူမရဲ့စီးပွားရေးက နောင်ကျရင် ကျယ်ပြန့်လာလိမ့်မည်။ ပြီးနောက်မှာ သူတို့မှာ ပိုက်ဆံတွေပိုရှိလာလိမ့်မည်။ ဒီလိုနဲ့ ၎င်းက ရည်မှန်းချက်ဖြစ်လာလိမ့်မည်။ ပိုက်ဆံနဲ့ အာဏာအတွက် ညီအစ်ကိုတွေ တိုက်ခိုက်ကြတဲ့ဥပမာတွေ အများကြီးရှိသည်။ သူတို့က အချင်းချင်းဆန့်ကျင်လာကြပြီး မကျေအေးနိုင်တဲ့ရန်သူတွေ ဖြစ်လာကြလိမ့်မည်။

ဘိုးဘိုးရှောင်က ဒီလိုကိစ္စမျိုးဖြစ်လာမှာကို သေချာပေါက် မလိုချင်ပေ။ သွေးရင်းညီအစ်ကိုတွေကြားထဲမှာတောင် စာရင်းတွေက ရှင်းလင်းရမည်။ ၎င်းက ဘိုးဘိုးရှောင်က ညီအစ်ကိုလေးယောက်ကိုပေးတဲ့ သင်ကြားမှုဖြစ်သည်။

ညီအစ်ကိုလေးယောက်မှာ သူတို့ ကိုယ်ပိုင်မိသားစုတွေရှိကြသည်။ တစ်ယောက်က အစွမ်းအစရှိရင် တခြားသူတွေကို ကူညီသင့်သည်။ ဒါပေမယ့် အရေးကြီးတဲ့တစ်ခုရှိသေးသည်။ အကူအညီကို ရေကုန်ရေခမ်းလုပ်တဲ့သူတွေကိုသာပေးပြီး အပျင်းထူတဲ့သူတွေကို မပေးပေ။ ညီအစ်ကိုတွေက ပိုချမ်းသာတဲ့သူကို ချမ်းသာလို့ဆိုတာနဲ့ပဲ မတွယ်ကပ်နိုင်ပေ။ ကောင်းမွန်တဲ့အိမ်တစ်လုံးက လူတိုင်းကို ကြီးပွားတိုးတက်စေသည်။

ဘိုးဘိုးရှောင်နဲ့ ဘွားဘွားရှောင်က ရှောင်မိသားစုက ပိုပိုပြီးကောင်းမွန်လာဖို့ မျှော်လင့်နေသည်။ သူတို့နေ့ရက်တွေပိုပြီးလွယ်ကူလာတာနဲ့ ရှောင်ညီအစ်ကိုလေးယောက်လည်း သူတို့ရဲ့စည်းလုံးမှုကို မပြောင်းမလဲရှိနေကြဖို့ အဘိုးကြီးတို့စုံတွဲက မျှော်လင့်နေသည်။

တတိယဦးလေးရှောင်ရဲ့ ပဲထွက်ကုန်ဆိုင်စီးပွားရေးက ပိုပိုပြီးတော့ ကောင်းမွန်လာသည်။ ကုန်လှောင်ရုံထဲကပဲပိစပ်တွေကို ထုတ်ဖို့ဆုတောင်းမိလောက်အောင်ပဲ ၎င်းက အရမ်းကောင်းမွန်နေသည်။ ပထမဆုံးနေ့က ပဲပိစပ်ဆယ်ကျင်သုံးတာကလွဲရင် အဲ့ဒါပြီးတော့ နေ့တိုင်း ဆယ့်ငါးကျင်အသုံးပြုမှုကို ထိန်းထားနိုင်သည်။

တစ်နည်းပြောရရင် သူတို့မှာ ရောင်းချဖို့ ကန့်သတ်ထားတဲ့ကုန်ပေးသွင်းမှုရှိသည်။ စတော့တွေရောင်းကုန်သွားတာနဲ့ ၎င်းက ရောင်းကုန်ပြီပဲဖြစ်သည်။

ပရိုမိုးရှင်းနဲ့အတူ လူတွေအများကြီးစုပြုံလာကြသည်။ သုံးရက်ပြီးတော့ ဈေးတွေပုံမှန်ပြန်ဖြစ်သွားလည်းပဲ ဖောက်သည်အသွားအလာက ကျမသွားပေ။ သူတို့တေနာမည်ရလာတာနဲ့ ကာစတာမာ‌အရေအတွက်က တကယ်တမ်းတိုးတောင်လာသည်။

အဒေါ်ကြီးတွေနဲ့ ဦးလေးကြီးတွေက အသီးအရွက်ဆိုင်ကိုဖွင့်ဖို့စောင့်နေကြတုန်း ပဲနို့ ဒါမှမဟုတ် တို့ဟူးပူတင်းတချို့ဝယ်ဖို့ ရပ်တန့်ခဲ့ကြသည်။ ရှောင်လင်းယွီက သူမရဲ့ဦးလေးကို တစ်ကျင်ကိုသုံးယွမ်နဲ့ ကျင်၂၂၀၀ရောင်းသည်။ ပဲပိစပ်တွေက ဈေးမှာ တစ်ကျင်ကို၁.၅ယွမ်သွားသည်။

ဒါပေမယ့် ရှောင်လင်းယွီရဲ့ပဲပိစပ်တွေက ကွာခြားသည်။ ၎င်းက သူမရဲ့အသီးအနှံတွေနဲ့ ဆင်တူသည်။ သူတို့ရဲ့အသီးအနှံတွေက ‌ဈေးထက်အဆပေါင်းများစွာ ပိုဈေးကြီးနေမှတော့ သဘာဝကျကျပဲ ပဲပိစပ်တွေကိုလည်း ဈေးထက် အဆပေါင်းများစွာ ဈေးကြီးစွာရောင်းချသည်။

ဒါပေမယ့်လည်း သူမမိသားစုအတွက်  စီးပွားရေးလုပ်ဖို့မလို့ ရှောင်လင်းယွီက ရောင်းချဈေးကို နှစ်ဆပဲလုပ်သည်။

ရှောင်မိသားစုမှာ ကန့်ကွက်စရာမရှိပေ။ ပြီးတော့ တတိယဦးလေးနဲ့ တတိယဒေါ်လေးရှောင်မှာလည်း ကန့်ကွက်စရာမရှိပေ။ ရှောင်လင်းယွီက သူတို့ကို အကောင်းဆုံးဈေးပေးထားမှန်း သူတို့သိကြသည်။

အသီးအနှံတွေရဲ့ဈေးနှုန်းမြင့်တက်မှုအရ ပဲပိစပ်တွေကို အနည်းဆုံး တစ်ကျင်ခြောက်ယွမ်နဲ့ရောင်းချသင့်သည်။ တတိယဦးလေးနဲ့ တတိယဒေါ်လေးရှောင်က စိတ်ထဲမှာ အရမ်းရှင်းလင်းကြသည်။ ဒီကြင်နာမှုကို သူတို့တွေ အမှတ်ရနေကြသည်။

ပဲပိစပ်တွေကိုညှိနှိုင်းပြီးတော့ ရှောင်လင်းယွီက သူမရဲ့အာရုံကို မြေပဲ‌တွေဆီ လှည့်လိုက်သည်။ မြေပဲကျင်၄၀၀၀ကျော်ကျော်ကို ဆွတ်ခူးပြီးပြီဖြစ်သည်။ ရှောင်လင်းယွီက ဆီထုတ်လုပ်မှုအတွက် ကျင်၁၀၀၀အသုံးပြုဖို့ စီစဉ်ထားသည်။ သူမ ကျန်တာတွေကို ရောင်းချမည်။ မြေပဲတွေကို ဈေးမှာ တစ်ကျင်၂ယွမ်နဲ့ရောင်းချသည်။ ရှောင်လင်းယွီက သူမရဲ့ဟာတွေကို တစ်ကျင်ကို ၆ယွမ်ကနေ ၈ယွမ်ရောင်းချဖို့ စဉ်းစားထားသည်။ အတိုပြောရရင် သူမမိသားစုရဲ့ပစ္စည်းတွေကို ဈေးချိုချိုနဲ့မရောင်းပေ။

ရှောင်ကျန်းယန်က ရှောင်လင်းယွီရဲ့အစီအစဉ်ကိုကြားပြီးတော့ ခေါင်းညိတ်ကာ

"ကောင်းပြီ သမီး စီစဉ်မှုတွေလုပ်လို့ရတာပဲ"

မြေပဲကျင်၃၀၀၀နဲ့ လတ်‌တလောရိတ်သိမ်းထားတဲ့စပါးတွေကို ခြောက်သွေ့တဲ့နေရာမှာ သိုလှောင်ထားဖို့လိုအပ်သည်။ သူမမိသားစုက လယ်သုံးမူစိုက်ပျိုးခဲ့သည်။ တစ်မူက အနည်းဆုံးစပါးကျင်၁၅၀၀ထုတ်သည်။ ဒါကြောင့် သုံးမူဆိုရင် သူတို့မှာ လယ်ကျင်၄၀၀၀ကျော်ရှိသည်။ မြေပဲကျင်၃၀၀၀နဲ့ စပါးကျင်၄၀၀၀က သိုလှောင်ရုံနှစ်ခု လိုအပ်သည်။ သိုလှောင်ရုံနှစ်ခုက ရွာသားတွေသစ်သားပျဉ်တွေနဲ့ အလုံပိတ်ထားတဲ့ အလုံပိတ်သေတ္တာကြီးနှစ်ခုကို ရည်ညွှန်းခြင်းဖြစ်သည်။ သူတို့တွေ ၎င်းကိုပြုလုပ်ဖို့ လက်တစ်ချောင်းမှ လှုပ်မှာမဟုတ်ပေ။

ဖေဖေရှောင်က ကြီးမားတဲ့သိုလှောင်ရုံတစ်ခုဆောက်လုပ်ဖို့ လက်သမားတစ်ယောက်ရှာဖို့ စီစဉ်ထားသည်...

***

All Chapters