ပုန်းနေ!
Vol. 23 Ch. 389
ကုန်းထျန်းဟောက်ရဲ့ကောင်မလေးဖြစ်ဖို့ ရှောင်လင်းယွီ သဘောတူလိုက်ကတည်းက သူတက်ကြွနေသည်။ သူက အရင်ကထက်တောင် ပိုကပ်နေသေးသည်။
ဒီတစ်ကြိမ်တော့ သူက ရှောင်လင်းယွီရဲ့ ပါး ဒါမှမဟုတ် နှုတ်ခမ်းတွေကို တစ်ကြိမ်ပြီးတစ်ကြိမ်တိတ်တဆိတ်နမ်းနေသည်။ အရင်က သူ သူမကိုနမ်းရင် နဖူး ဒါမှမဟုတ် ပါးတွေကိုပဲ နမ်းနိုင်သည်။ သူမရဲ့နူးညံ့တဲ့အနီရောင်နှုတ်ခမ်းတွေကို သူမြင်တိုင်း မျက်လုံးတွေမှောင်မိုက်သွားပြီး ပြစ်မှုတစ်ခု ကျူးလွန်ချင်လာသည်။ သူမကိုနမ်းဖို့စိတ်ဆန္ဒကို ချုပ်ထိန်းဖို့ သူ့ကိုယ်သူဘယ်လောက်ထိန်းချုပ်ထားရမှန်း ဘုရားပဲသိလိမ့်မည်။
လီယွမ်ဟန်က ဖုန်းကိုကိုင်ထားလိုက်ပြီး အနည်းငယ်ဆွံ့အသွားသည်။ ဖုန်းလက်ခံသူဆီကနေလာတဲ့ ကြွားဝါတဲ့အသံကိုကြွားတော့ သူ့မျက်လုံးတွေလည်သွားသည်။
တစ်စုံတစ်ယောက်က တစ်စုံတစ်ယောက်ကို ဒိတ်နေကတည်းက သူတို့ရဲ့အချစ်ဇာတ်လမ်းကိုနေ့တိုင်းနားထောင်ဖို့ သူဖိအားပေးခံခဲ့ရသည်။
ဒီနေ့တော့ သူတို့က ဖက်ခဲ့ ဒါမှမဟုတ် နမ်းခဲ့ကြပြီလေ။
သူတို့ဘယ်မှာ နမ်းခဲ့ကြတာလဲ?
ဘယ်တုန်းကလဲနဲ့ အစရှိတာတွေပေါ့...
လူလွတ်တစ်ယောက်အနေနဲ့ သူတကယ်ပဲဖုန်းချပစ်ချင်သည်။
တစ်ခါတစ်လေ သူလည်းချစ်ရမယ့်မိန်းကလေးတစ်ယောက်ရှာသင့်တယ်လို့တောင် တွေးမိသည်။ ဒါပေမယ့် ဒုတိယအတွေးအနေနဲ့ကတော့ သူ့တစ်ကိုယ်လုံး ရင်ဖိုနေရလိမ့်မည်။
သူ့ဘော့စ်က အေးစက်ပြီး စကားနည်းတဲ့သူဖြစ်ခဲ့သည်။ ဒါပေမယ့်အခုကျ သူက လေအိုးဖြစ်နေသည်။ သူက ရှင်းရှင်းလင်းလင်းကြီးကို တက်တက်ကြွကြွဖြစ်လာသည်။ သူက လုံးဝကွဲပြားတဲ့သူတစ်ယောက်ဖြစ်သွားသည်။
လီယွမ်ဟန်က အနည်းငယ်ဆွံ့အသွားသည်။ သူအဲ့လောက် မပြောင်းလဲချင်ပေ။ အချစ်က လူတစ်ယောက်ကို ပြောင်းလဲစေနိုင်သည်။ သူ့အတွက်ကတော့ မချစ်တာပဲ ပိုကောင်းမည်။
"ယွမ်ဟန် မင်းငါ့ကိုနားထောင်နေလား?"
ကုန်းထျန်းဟောက်က လီယွမ်ဟန်ရဲ့ စိတ်လွတ်သွားမှုကို သတိပြုမိသွားပုံပေါ်သည်။
"အဟမ်း..ငါနားထောင်နေတယ်"
လီယွမ်ဟန်က ရုတ်တရက် ပြောလိုက်သည်။
"ထျန်းဟောက် နေဦး၊ မင်းအခုလေးတင်ဘာပြောလိုက်တာလဲ?"
ကုန်းထျန်းဟောက်
"..."
သူပြောတော့နားထောင်နေတယ်ဆို။ ပြီးနောက်မှာ ကုန်းထျန်းဟောက်က ဖုန်းချလိုက်သည်။
လီယွမ်ဟန်က ချသွားတဲ့ဖုန်းကိုကြည့်လိုက်ပြီး နှုတ်ခမ်းကွေးလိုက်သည်။ သူ့ဘော့စ်က သူ့ကို ခွေးစာကျွေးဖို့ ခေါ်လိုက်တာလေ။ သူမလုပ်ချင်ပေမယ့်လည်း သူ့ဘော့စ်ရဲ့ဖုန်းကိုတော့ ဖြေရမည်။
လီယွမ်ဟန်က ဖုန်းကိုစားပွဲပေါ်လိုက်ပြီးတဲ့နောက် ၎င်းကထပ်ပြီးမြည်လာသည်။ သူက ခေါ်ဆိုသူနံပါတ်ကိုကြည့်လိုက်ပြီး အနည်းငယ်မျက်မှောင်ကျုံ့လိုက်သည်။
"ဟယ်လို ဥက္ကဌကျူး၊ ဘာကိစ္စများရှိလို့လဲ?"
"အိုး မြေပဲဆီကိုပြောချင်တာလား။ ကျန်သေးလားတော့ ကျွန်တော်မသိဘူး။ မေးကြည့်ရဦးမယ်"
လီယွမ်ဟန် ဒါကိုပြောလိုက်တော့ အံဆွဲထဲက မြေပဲထုပ်အသေးကိုယူလိုက်ပြီး စားလိုက်သည်။ ဒီမြေပဲတွေကို ထောင်ယွမ်ရွာက ရှောင်လင်းယွီက သူ့ကို ပို့လိုက်တာပင်။
သူက အဲ့ဒီနေ့က ကုန်းထျန်းဟောက်ဆီကဖုန်းကို မှတ်မိနေတုန်းပဲဖြစ်သည်။ သူ့ရဲ့စကားတွေထဲက မနာလိုမှုကို ကြားနိုင်သည်။
ရှောင်လင်းယွီက လီယွမ်ဟန်ကို မြေပဲတွေပို့ပေးလိုက်လို့ ကုန်းထျန်းဟောက် မကျေမနပ်ဖြစ်နေတာ သိသာသည်။
သူ့ကိုပို့လိုက်တဲ့မြေပဲတွေက အစိမ်းရော ချက်ပြုတ်ပြီးသားရော ပါလေသည်။ ချက်ပြီးသားထဲမှာတော့ မြေပဲကြော်ရော မြေပဲပြုတ်ရောပင်။။ မြေပဲပြုတ်တွေက ဆား၊ အရသာမှုန့်၊ ငရုတ်သီးနဲ့ စတာတွေနဲ့ လိုက်ဖက်သည်။
ဒါပေမယ့်လည်း လီယွမ်ဟန်ရဲ့ နှစ်သက်တဲ့သရေစာက မြေပဲစိမ်းတွေပဲဖြစ်သည်။ မြေပဲတွေက ချိုပြီး ကြွပ်ရွပြီး လန်းဆန်းစေသည်။
အစကတော့ သူတို့ဘော့စ်က ကောင်းမွန်တဲ့တစ်စုံတစ်ခုကို သူတို့ဆီကနေ ဝှက်ထားမှန်း အတွင်းရေးမှူးတွေ မသိခဲ့ကြပေ။ ဒါပေမယ့်လည်း လီယွမ်ဟန် တစ်ခေါက်အပြင်ထွက်သွားတုန်းက ဖိုင်တချို့ပေးဖို့ အတွင်းရေးမှူးသုန့်ရောက်လာခဲ့သည်။ သူမက များသောအားဖြင့်သန့်ရှင်းနေတတ်တဲ့ခုံပေါ်က မြေပဲတချို့ကိုမြင်လိုက်သည်။ သိချင်စိတ်နဲ့ သူမက တစ်ခုယူပြီး စားကြည့်လိုက်သည်။
အရသာက အံ့သြဖို့ကောင်းလှကာ အရမ်းအရသာရှိလွန်းသည်။ သူမ ဒီလိုအရသာရှိတဲ့မြေပဲမျိုးကို အရင်က မစားဖူးပေ။ ပြီးနောက်မှာ သူမက စားပွဲပေါ်က ကျန်နေတဲ့မြေပဲတွေကို သူမအိတ်ကပ်ထဲထည့်လိုက်ပြီး သူမစားပွဲဆီ တိတ်တဆိတ်ပြန်သွားလိုက်သည်။ သူမက မြေပဲတွေကို စတင်ပြီးတကြွပ်ကြွပ်ဝါးလိုက်သည်။
၎င်းက ချက်ချင်းပဲ အစားသမားအတွင်းရေးမှူးလင်ရဲ့အာရုံကို ဆွဲဆောင်လိုက်သည်။ အစားအစာကောင်းရဲ့အရိပ်အယောင်ကိုမြင်တိုင်း သူမက နိုးကြားသွားသည်။
အတွင်းရေးမှူးသုန့်က သူ့စားပွဲမှာ ခေါင်းငုံ့နေတာကိုမြင်တော့ သူမချက်ချင်းလမ်းလျှောက်သွားပြီး စူးစမ်းစွာမေးလိုက်သည်။
"အစ်မသုန့် ဘာတွေစားနေတာလဲ?"
မြေပဲတွေကို တိတ်တဆိတ်စားနေတဲ့အတွင်းရေးမှူးသုန့်က အသံကြားတော့ ချက်ချင်းအံ့ဩသွားသည်။
သူမ ဗိုက်ကိုပုတ်လိုက်ပြီး
"ရှောင်လင် နင်လမ်းလျှောက်လာတုန်းက ဘာလို့အသံမကြားရတာတုန်း? နင်ကငါ့ကို သေအောင် ခြောက်နေတာပဲ"
သူမက အထူးကိုယ်စားလှယ်လီရဲ့ရုံးခန်းထဲကနေယူလာတဲ့ မြေပဲတွေအရသာခံတာကိုပဲ အာရုံစိုက်နေပြီး ပတ်ဝန်းကျင်ကို မေ့သွားခဲ့သည်။
"..."
အတွင်းရေးမှူးလင်က နားမလည်နိုင်ဖြစ်သွားသည်။
သူမက
"အစ်မသုန့်၊ ကျွန်မ ပုံမှန်အတိုင်းပဲ လျှောက်လာတာလေ"
အဲ့ဒီအချိန်မှာ သူမခေါင်းကို ရှေ့တိုးကြည့်လိုက်ပြီး စူးစမ်းလိုတဲ့အပြုံးနဲ့
"အစ်မသုန့်၊ အစ်မစားနေတာကို အခုလေးတင်မြင်လိုက်တယ်နော်။ အစ်မဘာတွေစားနေတာလဲ?"
အတွင်းရေးမှူးသုန့်က ခေါင်းခါလိုက်ပြီး
"မဟုတ်ပါဘူး။ ငါဘာမှ စားမနေဘူး"
သူမမှာ မြေပဲနည်းနည်းပဲကျန်တော့သည်။ သူမ မျှဝေစရာအကြောင်းမရှိပေ။
ဒါပေမယ့်လည်း အတွင်းရေးမှူးသုန့်က ပါးစပ်ဟလိုက်တာနဲ့ မြေပဲအနံ့က လေနဲ့ပါလာသည်။
"အနံ့က အရမ်းမွှေးတာတာပဲ!"
အတွင်းရေးမှူးလင်မှာ စူးရှတဲ့ အနံ့ခံအာရုံရှိသည်။ "အစ်မသုန့်၊ အစ်မက အရသာရှိတာတစ်ခုခုစားနေတာပဲ"
အတွင်းရေးမှူးလင်က သေချာစွာပြောလိုက်သည်။ ပြီးနောက်မှာ သူမခေါင်းကို ထပ်ကပ်ကြည့်လိုက်ပြီး အစ်မသုန့်နောက်မှာ မြေပဲခွံတချို့တွေ့လိုက်သည်။ သူမက နားမလည်နိုင်စွာ မျက်မှောင်ကျုံ့လိုက်သည်။
"အစ်မသုန့် အခုမြေပဲတွေစားနေတာလား? ဟုတ်တယ် မြေပဲတွေပဲဖြစ်ရမယ်။ ဒါပေမယ့် မြေပဲတွေကဘာလို့ အနံ့ပြင်းနေရတာလဲ?"
အတွင်းရေးမှူးသုန့်က မျက်မှောင်ကျုံ့လိုက်သည်။
သူမမျက်လုံးတွေကိုလှည့်လိုက်ပြီး
"ရှောင်လင် "
ပြီးနောက်မှာ သူမလက်ထဲကမြေပဲတွေကို ခွဲကာ အတွင်းရေးမှူးလင်ကို ပေးလိုက်သည်။
သူမက ညင်သာစွာနဲ့
"ငါဒါကို အခုလေးတင် အထူးကိုယ်စားလှယ်လီရဲ့ရုံးခန်းထဲကနေ ယူလာတာ။ ငါနင့်ကိုနည်းနည်းပေးမယ်။ နင်စားပြီးရင်တော့ ဆူဆူညံညံမလုပ်နဲ့"
သူမမြေပဲတွေကို အခွံခွာပြီးတော့ ပါးစပ်ထဲထည့်ပြီး တစ်ကိုက်ကိုက်လိုက်သည်။ သူမမျက်လုံးတွ ရုတ်တရက်ပြူးသွားသည်။
ပြီးနောက်မှာ သူမကအံ့ပြီးတော့ ကျယ်လောင်စွာနဲ့
"ဝိုး ဒါအရမ်းအရသာရှိတာပဲ"
အတွင်းရေးမှူးသုန့်က
"..."
သူ့ကို ဆူဆူညံညံမလုပ်ဖို့ ငါမပြောလိုက်ဘူးလား?
ဘာလို့ သူက အကျယ်ကြီးအော်နေရတာလဲ?
အတွင်းရေးမှူးလင်ရဲ့အံ့အားသင့်သွားမှုက ရုံးထဲက တခြားလူတွေရဲ့အာရုံကို အလိုလိုပဲဆွဲဆောင်လိုက်သည်။ အတွင်းရေးမှူးလင်က အစားသမားမှန်း လူတိုင်းသိကြသည်။ သူမက အစားအသောက်နဲ့ပက်သက်ပြီး အရမ်းအနုစိတ်သည်။ သူမကိုအံ့ဩစေနိုင်လောက်တဲ့တစ်စုံတစ်ခုဆိုရင်တော့ အရမ်းကိုပဲအရသာရှိရမည်။
ချက်ချင်းပဲ ရုံးထဲက တခြားလူတွေက သူတို့နားမှာ ဝိုင်းအုံလာသည်။
"အစ်မသုန့် ရှောင်လင်၊ ဘာအရသာရှိတဲ့မုန့်တွေစားနေကြတာလဲ? ဘာလို့ပုန်းပြီး ကျွန်မတို့်မသိအောင်စားနေရတာတုန်း?"
"ဟုတ်တယ် ဟုတ်တယ်။ ရှောင်လင်၊ နင့်ကိုအရမ်းအံ့ဩသွားစေတဲ့အထိ အစ်မသုန့်က ဘာတွေစားဖို့ပေးလိုက်တာလဲ?"
"အစ်မသုန့် ဘာလို့ကျွန်မတို့ကိုကော မမြည်းခိုင်းတာလဲ?"
အတွင်းရေးမှူးသုန့်က ဆွံ့အသွားသည်။ သူမက ကျန်နေတဲ့မြေပဲတွေကို လက်ထဲမှာ ကျစ်ကျစ်ပါအောင်ဆုပ်ထားသည်။ မြေပဲနည်းနည်းပဲရှိတော့ပြီး သူမက ဒါတွေကို သူတို့တွေနဲ့ မမျှဝေချင်ပေ။
"အစ်မသုန့်က ကျွန်မကို မြေပဲကျွေးတာ။ အရမ်းအရသာရှိတယ်!"
အတွင်းရေးမှူးလင်က မြေပဲကို တကြွပ်ကြွပ်ဝါးလိုက်သည်။ သူမကြည့်ရတာ အရမ်းပျော်နေသည်။
သူမက
"ဒါကမြေပဲစိမ်းပဲဖြစ်ရမယ်။ ဒါပေမယ့် အရမ်းအရသာရှိတယ်"
"မြေပဲ?"
တခြားသူတွေက နားမလည်နိုင်ဖြစ်သွားသည်။
သူတို့က သိချင်စိတ်နဲ့
"အတွင်းရေးမှူးလင်၊ နင်မြေပဲတွေလို့ပြောလိုက်တာလား?"
အတွင်းရေးမှူးလင်က ခေါင်းညိတ်လိုက်ပြီး
"ဟုတ်တယ် ကျွန်မမြေပဲတွေစားနေတာ။ ဒီမြေပဲတွေက အရမ်းမွှေးတယ်"
သူမခေါင်းကိုလှည့်လိုက်ပြီး အတွင်းရေးမှူးသုန့်ကို မျက်မှောင်ကျုံ့ပြီးမေးလိုက်သည်။
"အစ်မသုန့် အစ်မမှာထပ်ရှိသေးလား?"
အတွင်းရေးမှူးသုန့်က ကျန်နေတဲ့ မြေပဲသုံးလေးခုကို ကျစ်ကျစ်ပါအောင်ဆုပ်ထားသည်။ သူမ မျက်လုံးတွေကို ဟိုလှည့်ဒီလှည့်လုပ်ပြီး ဆိုးရွားတဲ့ပုံစံနဲ့
"မရှိတော့ဘူး။ ငါက အထူးကိုယ်စားလှယ်လီဆီက မြေပဲနည်းနည်းပဲယူလာတာ။ ငါအကုန်စားပစ်လိုက်ပြီ"
အထူးကိုယ်စားလှယ်လီလို့ ပြောလိုက်တော့ အတွင်းရေးမှုးသုန့်ရဲ့မျက်လုံးတွေ ချက်ချင်းလင်းလက်သွားသည်။ သူမမျက်လုံးတွေက လှစ်ခနဲလှုပ်သွားပြီး
"ဟုတ်တယ် သူကမူရင်းပဲ။ အထူးကိုယ်စားလှယ်လီမှာ မြေပဲတွေထပ်ရှိဦးမယ်ဆိုတာ ငါသေချာတယ်။ သူပြန်ရောက်လာရင် ပိုတောင်းဖို့ သွားမေးရအောင်"
အတွင်းရေးမှူးလင်ရဲ့မျက်လုံးတွေလည်း လင်းလက်သွားသည်။
သူမက ခေါင်းညိတ်ပြီး
"အမှန်ပဲ၊ ပြီးရင် သူ့ကိုသွားမေးရအောင်"
တခြားသူတွေက စိတ်ရှုပ်ထွေးသွားသည်။
"မဟုတ်သေးပါဘူး။ ဒီမြေပဲက အဲ့လောက်အရသာရှိလို့လား?"
အတွင်းရေးမှူးလင်က သေချာစွာနဲ့
"ဒါပေါ့ အထူးကိုယ်စားလှယ်ဆီကနေ ကျွန်မတို့ရပြီးရင် ကိုယ်တိုင်မြည်းကြည့်လိုက်ပါ့လား?"
အရေအတွက်က တောင့်နေသည်။
ဒါက အထူးကိုယ်စားလှယ်လီ မြေပဲတွေကို စွန့်လွှတ်စေနိုင်မယ့် တစ်ခုတည်းသောနည်းလမ်းဖြစ်သည်။ တခြားသူတွေက သင်္ကာမကင်းဖြစ်နေတုန်းပင်။
မြေပဲတွေက ဘယ်လောက်အရသာရှိနိုင်မှာမလို့လဲ?
အတွင်းရေးမှူးသုန့်နဲ့ လင်က နတ်သုဒ္ခစားလိုက်ရသလိုဖြစ်နေသည်။
"ဟေး အထူးကိုယ်စားလှယ်လီပြန်လာပြီ ။ အထဲဝင်ပြီး မေးကြည့်ကြစို့"
အတွင်းရေးမှူးလင်မှာ စူးရှတဲ့မျက်လုံးတွေရှိသည်။ လီယွမ်ဟန်ရုံးထဲဝင်လာတာကိုမြငတော့ သူမက ချက်ချင်းသူ့နောက်ကို လိုက်လိုက်သည်။
လီယွမ်ဟန် ရုံးခန်းထဲ ဝင်သွားတဲ့အချိန်မှာ စားပွဲပေါ်က မြေပဲနည်းနည်းမရှိတော့တာကို သူသတိပြုမိလိုက်သည်။ သူ့မှာ ဆိုးရွားတဲ့ခံစားချက်တစ်ခုရှိနေသည်။
ဒါတွေကို အတွင်းရေးမှူးထဲကတစ်ယောက် ယူသွားတာပဲဖြစ်ရမယ်။
'သူတို့တွေ ပြီးကျရင် မြေပဲတွေထပ်ရှာဖို့ လာကြလိမ့်မယ်။ အဲ့ဒီအမျိုးသမီးဓားပြတွေရဲ့ သဘာဝအရ ငါ့ရတနာတွေကို လက်နက်ချဖို့ ဖိအားပေးကြလိမ့်မယ်'
မြေပဲတွေကိုဘယ်လိုဝှက်ရမလဲဆိုတာ လီယွမ်ဟန် တိတ်တဆိတ်စဉ်းစားနေတုန်းမှာပဲ သူ့တံခါးမှာ တရစပ်ခေါက်သံများ ထွက်ပေါ်လာတော့သည်...
***