← Chapters

စက်ဆုပ်တယ်

Vol. 23 Ch. 388

စက်ဆုပ်တယ်

Vol. 23 Ch. 388

ကုန်းထျန်းဟောက်က လုံးဝမူးနေသည်။

ပြီးတော့သူက ဝိုင်ဖြူခွက်လေးတစ်ခွက်ပဲ သောက်ခဲ့တာပင်။

မူးလာပြီးတဲ့နောက် သူက ရေဘဝဲတစ်ကောင်လို ရှောင်လင်းယွီကို တင်းတင်းကျပ်ကျပ် ထွေးပတ်ထားသည်။

၎င်းက ရှောင်လင်းယွီကို ဆွံ့အသွားစေသည်။ နိုင်ငံထဲကအချမ်းသာဆုံးလူမှာ အရက်ဒဏ်ခံနိုင်စွမ်း ဒီလောက်နိမ့်တယ်တဲ့လား။

သူမက အရင်ဘဝကတည်းက စီးပွားရေးလက်ရွေးစင်ဖြစ်ခဲ့သည်။ လူဝင်ဆံ့အောင်ပတ်ဝန်းကျင်နဲ့ဆက်ဆံတာက စီးပွားရေးလောကမှာ အဖြစ်များမှန်း သူမသိသည်။ ဒါကြောင့် အရက်သောက်တာကို ရှောင်ရှားလို့မရပေ။

သူမသိသမျှထဲမှာ ကုန်းထျန်းဟောက်က သူ့အရက်ကို ဘယ်လိုကိုင်တွယ်ရမလဲဆိုတာမသိတဲ့ ပထမဆုံးဘော့စ်ကြီးဖြစ်သည်။

ကုန်းထျန်းဟောက်က ရှောင်လင်းယွီကို အပူကပ်နေတာကို လူတိုင်းမြင်တော့ ရှော့ခ်ရကုန်သည်။ ရှောင်လင်းယွီက ကိုယ်ဝန်ရှိနေတုန်းလေ။ သူ့ရဲ့မူးနေတဲ့အခြေအနေမှာ သူမကို မတော်တဆထိခိုက်မိနိုင်သည်။ သူတို့တွေက သူ့ကို မြန်မြန်ဆန်ဆန်ပဲ သူမဆီက ခွာထုတ်လိုက်ကြသည်။ ပြီးနောက်မှာ ရယ်စရာဖြစ်ရပ်တစ်ခုကို သူတို့တွေ့သွားကြသည်။

သခင်ကြီးကုန်းက ဘေးမှာထိုင်ပြီး သူ့မျက်နှာကိုဖုံးထားသည်။ သူ့မြေးက သူ့ကို လုံးဝအရှက်ရစေသည်။

နောက်နေ့မှာကုန်းထျန်းဟောက်နိုးလာတော့ မူးနောက်နေသည်။ သူ့ခေါင်းက အနည်းငယ်ဝေဝါးနေပြီး ဘာတွေဖြစ်ခဲ့မှန်း သူမသိပေ။ သူက အိပ်ယာပေါ်မှာထိုင်လိုက်ပြီး သူ့နားထင်ကိုပွတ်လိုက်သည်။ ချက်ချင်းပဲ သူ့ခေါင်းနောက်မှုရဲ့အကြောင်းရင်းကို ပြန်အမှတ်ရသွားသည်။

သူက မနေ့က‌မူးနေခဲ့တာပဲ!

မနေ့ညက သူအရမ်းပျော်နေခဲ့သည်။ သူ့ယောက္ခထီးကြီးက သူ့ရဲ့အဖိုးတန်ဝိုင်ဖြူကို ထုတ်နေတာကိုမြင်တော့ သူစိတ်လှုပ်ရှားသွားသည်။ သူက ဝိုင်ဖြူတစ်ခွက်လောင်းလိုက်ပြီး တစ်ကျိုက်တည်းမော့လိုက်သည်။ ဒါပြီးတဲ့နောက်မှာ သူ့မှာ မှတ်ဉာဏ်တစ်ပိုင်းတစ်စပဲရှိတော့သည်။

သူက လူတွေနဲ့ စီးပွားရေးအကြောင်းပြောရင် အမြဲတမ်းဝိုင်နီပဲသောက်သည်။ သူဘယ်တုန်းကမှ ဝိုင်ဖြူကို မထိ‌ဖူးပေ။ ၎င်းက သူ့ရဲ့ပျော့ကွက်ဖြစ်သည်။ သူကတစ်ခါတစ်ရံတော့ ဝိုင်ဖြူသောက်ပြီး ၎င်းကလည်း သူ့ရဲ့ညီအစ်ကိုကောင်းတွေနဲ့မှ ဖြစ်သည်။

ကံကောင်းစွာပဲ သူက ဆိုးဆိုးရွားရွားမမူးပေ။

သူသောက်ပြီးရင်လည်း သူက အိပ်ပျော်သွားလေသည်။ ‌ဒါပေမယ့် မနေ့က ပထမဆုံးအနေနဲ့ မူးသွားပြီးတော့ အရမ်းတွယ်ကပ်နေခဲ့သည်။ ကုန်းထျန်းဟောက် ရှက်သွေးဖြာသွားသည်။

ဒါအရမ်းရှက်ဖို့ကောင်းတာပဲ!

သူရှောင်လင်းယွီကို ဘယ်လိုမျက်နှာချင်းဆိုင်ရတော့မလဲ?

သူ့ရဲ့ဆိုးရွားတဲ့တုံ့ပြန်မှုကို ရှောင်မိသားစုက မြင်သွားပြီ!

သူ သူတို့ကို ဘယ်လိုမျက်နှာချင်းဆိုင်ရတော့မလဲ?

သူဘယ်လောက်ပဲအရှက်မရှိရှိ ကုန်းထျန်းဟောက် ထတော့ထရမည်။ သူဧည့်ခန်းထဲကိုရောက်တော့ သခင်ကြီးကုန်းက စိမ်ပြေနပြေ လက်ဖက်ရည်သောက်နေသည်။

သခင်ကြီးကုန်းက သပ်သပ်ရပ်ရပ်ဝတ်ထားတဲ့ သူ့မြေးကိုမြင်တော့ သူ့လက်ဖက်ရည်ခွက်ကို ချက်ချင်းချလိုက်ပြီး ကြောက်စရာကောင်းပြီး အထင်အမြင်သေးတဲ့အမူအယာကြီးဖြစ်သွားသည်။

"ကောင်းပြီ၊ တစ်ယောက်ယောက်ကတော့ သေချာပေါက် သူ့ကိုသူ အရူးလုပ်လိုက်တာပဲ!"

လမ်းလျှောက်လာရုံရှိသေးတဲ့ ကုန်းထျန်းဟောက် 'စတောင်နေပြီပဲ။'

"သူဝိုင်ဖြူမသောက်နိုင်မှန်း အသေအချာသိရဲ့သားနဲ့ သောက်နေတုန်းပဲ"

သခင်ကြီးကုန်းက သူ့ခေါင်းကိုခါပြီး 

"သူအိပ်ပျော်သွားရုံဆိုရင် တော်သေးပေမယ့် သွားပြီးတော့ အရူးဇာတ်ခင်းလိုက်ရသေးတယ်"

ရှက်ရွံ့နေတဲ့ ကုန်းထျန်းဟောက် "...."

"ဒါမယုံနိုင်လောက်အောင် ရှက်ဖို့ကောင်းတယ်"

သခင်ကြီးကုန်းက စက်ဆုပ်စွာပြောလိုက်သည်။

"သူက သူ့မိန်းမကို ရေဘဝဲတစ်ကောင်လိုကပ်နေပြီး သူနဲ့အတူတူ အိပ်ယာထဲသွားဖို့တောင် ပြောလိုက်သေးတယ်"

ကုန်းထျန်းဟောက် "..."

အဲ့ဒါ...အဲ့ဒါငါလား?

"မင်းက တကယ်အသုံးမကျဘူး"

သခင်ကြီးကုန်းက အထင်အမြင်သေးစွာနဲ့

"မင်းကသူ့ကို ရသွားရုံရှိသေးတာကို မင်းကသူနဲ့တောင် အိပ်ချင်နေပြီ"

"မင်းမိန်းမက ကိုယ်ဝန်ရှိနေမှန်း မသိဘူးလား? ဘာလို့ အကုန်ဗရုတ်သုတ်ခတွေလုပ်နေရတာလဲ? မင်းခမည်းခမက်တွေအနားမှာ ဘယ်လိုမျက်နှာပြမလဲ?"

ကုန်းထျန်းဟောက်က "..."

"ပြောရရင် ကုန်းထျန်းဟောက်၊ မင်းမနေ့ညက တစ်ခုခုကိုများ မှတ်မိသေးလား?"

သခင်ကြီးကုန်းက အရင်ဆုံး စကားလုံးပြင်းပြင်းများဖြင့်သာ ထိုးခွင်းနေခဲ့လေသည်။ သူက ဒီမေးခွန်းကို အစကတည်းက မေးခဲ့သင့်ပေမယ့် သူမြေးကိုအရင်ဆုံး ဗိုလ်ကျချင်နေသည်။

ကုန်းထျန်းဟောက်က သက်ပြင်းချလိုက်သည်။

သူ့မျက်နှာကိုပွတ်လိုက်ပြီး အသက်ပြင်းပြင်းရှုလိုက်သည်။

"မမှတ်မိဘူး"

သူမှတ်မိရင်တောင် သူ့အဘိုးကို မပြောပြပေ။

သခင်ကြီးကုန်းက ကုန်းထျန်းဟောက်ကို သင်္ကာမကင်းနဲ့ကြည့်လိုက်သည်။

"မင်းတကယ် မမှတ်မိဘူးလား?"

သူ့မြေးကို သူနားလည်သလောက်တော့ ၎င်းကဖြစ်ဟန်မတူပေ။ ဒါပေမယ့်လည်း သူဒါနဲ့ပက်သက်ပြီး အရမ်းကြီးတော့မသေချာပေ။ ဒီကလေးက ပထမဆုံးအကြိမ် ဝိုင်ဖြူသောက်တော့ မူးသွားပြီး ချက်ချင်း အိပ်ပျော်သွားသည်။ ဒါက ဒီကလေးက ဝိုင်ဖြူကို မကိုင်တွယ်နိုင်ဘူးဆိုတာ သူတို့သဘောပေါက်ခဲ့ချိန်ဖြစ်သည်။ ၎င်းက သူရဲ့တစ်ခုတည်းသော အားနည်းချက်ဖြစ်သည်။

အဲ့ဒီကစပြီး သူ့ကလေးက ဝိုင်ဖြူတွေသောက်နေတာကို သူထပ်မမြင်ရတော့ပေ။ သူက ဝိုင်နီပဲသောက်သည်။

ဒါက သခင်ကြီးကုန်း သူ့မြေး ဝိုင်ဖြူသောက်တာကိုမြင်ရတဲ့ ဒုတိယအကြိမ်ဖြစ်သည်။ ဒါပေမယ့် ဒီတစ်ကြိမ်တော့ သူက ဒီတိုင်းပဲ အိပ်ပျော်မသွားပေ။

သူက ကုန်းမိသားစုကို အရှက်ရစေသည်။ ဒါပေမယ့်လည်း သူ့မြေးက ဘာမှမမှတ်မိဘူးလို့ပြောတော့ သခင်ကြီးကုန်း သင်္ကာမကင်းဖြစ်သွားသည်။

သူ့အဘိုးဆီကနေ သင်ခန်းစာပို့ချခံရပြီးတော့ ကုန်းထျန်းဟောက်က ကုန်းမိသားစုကနေထွက်ပြီး ရှောင်မိသားစုဆီ ထပ်သွားခဲ့သည်။ ၎င်းက အတော်လေးကိုစောနေပြီး ခြောက်နာရီဝန်းကျင်ပဲရှိဦးမည်။ ဒါပေမယ့်လည်း ကျေးလက်က လူတွေက စောစောအလုပ်လုပ်ကြသည်။ ဒါမှ နေပူကို မတွေ့တော့မှာလေ။

ကုန်းထျန်းဟောက် ရှောင်မိသားစုထဲဝင်လာတာနဲ့ ရှောင်မိသားစုဝင်တွေကလည်း အလုပ်အတွက် အပြေးအလွှားဖြစ်နေကြသည်။

ဘွားဘွားရှောင်၊ ဘိုးဘိုးရှောင်နဲ့ တခြားသူတွေက ကုန်းထျန်းဟောက်ကိုမြင်တော့ မျက်နှာပေါ်မှာ ကောက်ကျစ်တဲ့အပြုံးတွေပေါ်လာပြီး

"ထျန်းဟောက် မင်းက ဒီမှာကိုး"

"အဘိုး အဘွား!"

ကုန်းထျန်းဟောက်က ရှောင်မိသားစုဝင်တွေကိုမြင်တော့ မနေ့က အခြေအနေကိုတွေးမိသွားပြီး ချက်ချင်းပဲ အနည်းငယ်ရှက်သွားတော့သည်။

"မင်းခေါင်းမူးနေသေးလား?"

ဘွားဘွားရှောင်က ပြုံးကာမေးလိုက်သည်။

"မင်ခေါင်းနောက်နေသေးရင် မင်းအဒေါ်ကို အရက်နာကျစွပ်ပြုတ်တစ်ခွက်လုပ်ပေးဖို့ ငါပြောလိုက်မယ်"

ကုန်းထျန်းဟောက်က ခေါင်းခါလိုက်သည်။

"ရပါတယ် အဲ့လောက်ကြီးမနာတော့ပါဘူး"

"ကောင်းပြီလေ အဆင်ပြေတာပေါ့"

ဘွားဘွားရှောင်က ခေါင်းညိတ်ကာ

"ယွီအာက မနိုးသေးဘူး။ မင်းဒေါ်လေးက မနက်စာနည်းနည်းပြင်ထားတယ်။ မင်းအရင်ဆုံး မနက်စာစားလို့ရတယ်"

"ဟုတ်ကဲ့!"

ကုန်းထျန်းဟောက်က ခေါင်းညိတ်ပြီး ပြန်ဖြေလိုက်သည်။

ဘွားဘွားရှောင်နဲ့ ဘိုးဘိုးရှောင်ထွက်သွားပြီးတော့ ဖေဖေရှောင်က ထပ်ဝင်လာသည်။ သူက ကုန်းထျန်းဟောက်ကို ခြံထဲမှာမြင်တော့ မနေ့က သူ့သမီးကို ဘယ်လိုအပူကပ်နေလဲဆိုတာကို တွေးမိလိုက်သည်။ ၎င်းက ရှောင်မိသားစုကို အနည်းငယ် သာယာကြည်နူးစေပြီး အားကိုးရာလည်း မဲ့သွားစေသည်။

‌ဖေဖေရှောင်ကပြုံးပြီး  

"ထျန်းဟောက်က ဒီမှာကိုး!"

ကုန်းထျန်းဟောက်က ပြုံးပြီးတော့

"ဦးလေး!"

သူ့မှာ ခေါင်းမူးတာ ဒါမှမဟုတ် အဲ့လိုမျိုးတစ်ခုခုရှိနေလားဆိုတာ မေးခဲ့သည်။

ကုန်းထျန်းဟောက်က သူ့ခေါင်းကိုခါလိုက်ပြီး 

"မနာတော့ပါဘူး"

ဖေဖေရှောင်က 

"ကောင်းတာပေါ့။ ယွီအာကမနိုးသေးဘူး။ မင်းအရင်ဆုံး မနက်စာစားသင့်တယ်"

၎င်းကိုပြောပြီးတော့ ရှောင်မိသားစုလည်း ထွက်သွားခဲ့သည်။

ကုန်းထျန်းဟောက်က မီးဖိုချောင်ထဲသွားလိုက်ပြီး မေမေရှောင် အလုပ်များနေသေးတာကို မြင်လိုက်သည်။

"ဒေါ်လေး"

ကုန်းထျန်းဟောက်က ခေါ်လိုက်သည်။

"ထျန်းဟောက်၊ ရောက်လာပြီလား"

မေမေရှောင်ကပြုံးပြီးတော့

"မင်းခေါင်းက နာနေတုန်းပဲလား? အရက်နာကျစွပ်ပြုတ်လေးဘာလေးများ သောက်ချင်လား?"

မနေ့ညက လူတိုင်း ပျော်ရွှင်နေခဲ့ကြသည်။ ဒီပျော်ရွှင်မှုက သူတို့ကို အများကြီးသောက်စေသည်။ မေမေရှောင်က သူတို့မှာ အရက်နာကျတာတွေဖြစ်မှာ စိုးရိမ်နေသည်။ ဒါကြောင့် မနက်မှာ စွပ်ပြုတ်နည်းနည်းလုပ်ထားခဲ့သည်။

လယ်သမားတွေအတွက် အရက်နာကျပြီးရင်သောက်တဲ့စွပ်ပြုတ်က အတော်လေးရိုးရှင်းသည်။၎င်းက အခြောက်ခံထားတဲ့လိ‌‌မ္မော်ခွံရယ်၊ ကျိုထားတဲ့ရေနွေးရယ်နဲ့ ဆားတို့ပဲဖြစ်သည်။ အခြောက်ခံထားတဲ့လိမ္မော်ခွံကို အပိုင်းအစတွေဖြစ်အောင်ညှပ်လိုက်ပြီး ခွက်ထဲလောင်းကာ ဆားအနည်းငယ်ထည့်လိုက်သည်။ ပြီးနောက် ရေနွေးထဲလောင်းထည့်လိုက်ပြီး နှံ့အောင်မွှေလိုက်သည်။

ပျားရည်နဲ့ ရေနွေးကို ဆတူရောရတဲ့ နောက်တစ်မျိုးလည်းရှိသေးသည်။ မေမေရှောင်က ပျားရည်နွေးတချို့နဲ့ ချက်ပြုတ်နေသည်။ သူမက မနက်စောစောမှာ ရေနွေးတစ်အိုးတည်လိုက်ပြီး ဖြည်းဖြည်းချင်းအအေးခံလိုက်သည်။ ခေါင်းကိုက်နေတဲ့ဘယ်သူမဆို လာပြီး တစ်ခွက်သောက်နိုင်သည်။

ကုန်းထျန်းဟောက်က ခေါင်းညိတ်လိုက်ပြီး

"အိုခေ!"

သူ့ခေါင်းက နည်းနည်းတော့နာနေတုန်းဖြစ်သည်။

မေမေရှောင်က ပျားရည်တစ်ခွက် မြန်မြန်ဆန်ဆန်လုပ်လိုက်ပြီး ကုန်းထျန်းဟောက်ကိုပေးလိုက်သည်။

သူမက 

"လာ  တစ်ခွက်သောက်လှည့်၊ သောက်ပြီးသွားရင် မနက်စာစားလိုက်။ ယွီအာကမနေ့ညက နည်းနည်းနောက်ကျမှအိပ်တာ။ ဒီနေ့တော့ နည်းနည်းနောက်ကျမှထလိမ့်မယ်လို့ ငါထင်တယ်"

ကုန်းထျန်းဟောက်က ခွက်ကိုယူလိုက်ပြီး ပျားရည်ကို သောက်လိုက်သည်။ သူချက်ချင်းပဲ နည်းနည်းပို သက်သောင့်သက်သာဖြစ်ပြီး လန်းဆန်းသွားတာကို ခံစားလိုက်ရသည်။

"ဒါက ကောင်းသားပဲ!"

ကုန်းထျန်းဟောက်က ပြောလိုက်သည်။

မေမေရှောင်က မျက်နှာပေါ်မှာ အပြုံးတစ်ခုနဲ့ သူမရဲ့သမက်လောင်းကို ကြည့်လိုက်သည်။ သူမ သူ့ကိုပိုကြည့်လေလေ ပိုသဘောကျလေလေဖြစ်သည်။ ဒီသမက်က ချောမောပြီး ချမ်းသာသည်။ အရေးအကြီးဆုံးက သူက သူမရဲ့သမီးအပေါ် တကယ်ကောင်းသည်။ သူက စေ့စေ့စပ်စပ်ရှိပြီး စဉ်းစားတွေးခေါ်တတ်သည်။

ဒီသမက်ကောင်းလေးမှာ အပြစ်အနာအဆာရှာဖို့ခက်သည်။ သူက ရွာထဲက ကလေးမလေးတွေရဲ့ နှလုံးသားကို လှုပ်ရှားအောင်လုပ်နိုင်တာ မဆန်းတော့ပေ။

ပျားရည်ကိုသောက်ပြီးတော့ ကုန်းထျန်းဟောက်က မနက်စာစားဖို့ ဧည့်ခန်းကိုသွားလိုက်သည်။

မိသားစုထဲမှာ လူတွေပိုရှိနေတဲ့အတွက် မေမေရှောင်က နေ့တိုင်း မနက်စာတွေအများကြီးလုပ်ထားသည်။ ဘန်းကိတ်ပေါင်းတွေ၊ ပဲနို့၊ ဂျုံချောင်းကြော်၊ ဆန်ပြုတ်၊ အသားတုံး၊ ခေါက်ဆွဲနဲ့ စတာတွေဖြစ်သည်။

ဒါပေမယ့်လည်း ကုန်းထျန်းဟောက်က ဆန်ပြုတ်ကို အကြိုက်ဆုံးဖြစ်သည်။ ဆန်ကို မွှေးပြီး အိလာသည်အထိ ပြုတ်ထားသည်။ ၎င်းက သူ့ပါးစပ်ထဲကိုဝင်လိုက်တော့ ချက်ချင်းအရည်ပျော်သွားသည်။ စွပ်ပြုတ်က မွှေးလည်းမွှေးပြီး အရသာရှိသည်။

ကုန်းထျန်းဟောက်က ဆန်ပြန်ကြီးနှစ်ခွက်ကို တစ်ကြိမ်တည်းနဲ့ သောက်ပစ်လိုက်သည်။ သူက သူ့နာရီကိုကြည့်လိုက်သည်။ ခြောက်နာရီခွဲတာတောင် ရှောင်လင်းယွီက မနိုးသေးပေ။

များသောအားဖြင့် ရှောင်လင်းယွီက ခြောက်နာရီဆိုနိုးသည်။ သူမနိုးလာပြီး မျက်နှာသစ်ပြီးတာနဲ့ မိနစ် သုံးဆယ် လေးဆယ်လောက် လမ်းလျှောက်ပြီး မနက်စာအတွက်ပြန်လာခဲ့သည်။ ဒါပေမယ့်လည်း သူမက မနေ့ညက နောက်ကျမှ အိပ်ခဲ့သည်ပဲ။

မနက်စာစားပြီးတော့ ကုန်းထျန်းဟောက်က ခြံဝင်းထဲသွားပြီး စာဖတ်ဖို့ ထိုင်လိုက်သည်။

သူက အင်္ဂလိပ်စာအုပ်တစ်ခုကို ဖတ်နေသည်။

ရှောင်မိသားစုက ကုန်းထျန်းဟောက်ကို ပိုပြီးတော့တောင် သဘောကျနေသည်။ သူတို့က ဒီလိုရည်မှန်းချက်ကြီးတဲ့လူငယ်မျိုးကို အရင်ကမမြင်ဖူးပေ။

'အရမ်းကောင်းမွန်တဲ့လူငယ်လေးပဲ!'

သူတို့ရဲ့သမီးက သူ့ကိုရရှိလို့ ကံကောင်းသည်။

ရှောင်လင်းယွီ ထလာတာကိုမကြားခင်အထိ ကုန်းထျန်းဟောက်က ခနလောက်စာဖတ်နေခဲ့သည်။ ပြီးနောက်မှာ သူက ရှောင်လင်းယွီတွက် အကုန်ပြင်ဆင်ပေးလိုက်သည်။

သူ့ရဲ့လုပ်ရှားမှုတွေက ကျွမ်းကျင်ပြီး သပ်ရပ်သည်!

အကုန်လုံးက နေရာကျနေသည်!

***

All Chapters