မြေပဲဆီ
Vol. 23 Ch. 378
"ဒီမှာ အနံ့အရမ်းမွှေးတယ်"
"ဟုတ်တယ် အနံ့က မြေပဲဆီနံ့လိုပဲ"
"ဒီနားမှာ မြေပဲဆီဆိုင်ရှိမှန်း ငါသိပေမယ့် ဒီနေရာကနေ အနည်းဆုံးမီတာ၃၀၀လောက်ဝေးဝယ်။ အနံ့ကအဲ့လောက်အဝေးကြီး ရောက်နိုင်လို့လား? ငါတို့အရင်က တစ်ခါမှ မြေပဲဆီထုတ်တဲ့အနံ့ကို မရူဖူးဘူး။ ဒီတော့ ဒီနေ့ဘာတွေပြောင်းလဲနေတာလဲ?"
တစ်ယောက်က နားမလည်စွာမေးလိုက်သည်။
"မင်းပြောတာမှန်တယ်"
သူ့ဘေးက လူက ခေါင်းညိတ်လိုက်သည်။
"ဆိုင်က နေ့တိုင်း မြေပဲဆီတွေထုတ်တယ်။ ဒါပေမယ့် အရင်က ငါတို့တွေအနံ့မရခဲ့ဖူးပါဘူး။ ဒီနေ့ဘာတွေပြောင်းသွားလို့လဲ?"
ရှင်းအန်းမြို့နဲ့ ရှင်းယင်မြို့ကို ဆက်သွယ်ထားတဲ့ လမ်းဘေးနေရာမှာ ဆန်ကြိတ်စက်နဲ့ ဆီထုတ်စက်ရှိသည်။ လူတွေက ဆီစက်ဆိုင်နားမှာ စုဝေးလာကြသည်။ ပြီးတော့ ၎င်းက မြေပဲသီးနှံရာသီလေ။ ရွာသားတွေအများကြီးက သူတို့ရဲ့မြေပဲတွေကို မြေပဲဆီဖြစ်အောင်ကြိတ်ချေဖို့ လာရောက်ခဲ့ကြသည်။
မြေပဲဆီက အရမ်းဈေးကြီးသည်။ ၎င်းက တစ်ကျင်ကို ၁၀ယွမ်ထက်ပိုကျသည်။ ရွာသားတွေတော်တော်များများက သူတို့ထုတ်လုပ်ထားတဲ့ဆီကို မသုံးကြဘဲ ပိုက်ဆံအတွက် ရောင်းပစ်ကြသည်။ ဒါပေါ့ ပိုပြီးချမ်းသာတဲ့မိသားစုတွေက မြေပဲဆီတွေကို သူတို့ကိုယ်တိုင်နဲ့ မိတ်ဆွေတွေကိုပေးဖို့ အသုံးပြုကြသည်။
မြေပဲဆီတွေက အကျိုးကျေးဇူးတွေအများကြီးပေးသည်။ အထူးသဖြင့် မွေးဖွားပြီးစ မိခင်တွေအတွက်ဖြစ်သည်။ အဲ့ဒီနေ့က မြေပဲဆီထုတ်လုပ်မှုကို စောင့်နေကြတဲ့ အတန်းရှည်ကြီးတစ်ခုရှိခဲ့သည်။
ရှောင်ကျန်းယန်က ဆီထုတ်လုပ်မှုအတွက် မြေပဲကျင်၁၀၀၀ကျော်ကို ခူးဆွတ်ဖို့ လူတွေခန့်ခဲ့သည်။ ပြီးတော့ သူတို့အိမ်မှာ ဆီထုတ်စက်လည်းမရှိဘူးလေ။ စတုတ္ထဦးလေးရှောင်က ဆီထုတ်တဲ့သူဌေးတစ်ယောက်ကိုသိသည်။ ဒါကြောင့် သူ့ကို အကြောင်းကြားပြီးသွားပြီဖြစ်သည်။ သူတို့တွေ တန်းစီဖို့မလိုပေ။
မြေပဲဆီထုတ်သူဌေးက မြေပဲတွေကိုမြင်တော့ မျက်လုံးတွေလင်းလက်သွားသည်။
"ဒါက ငါမြင်ဖူးသမျှထဲမှာ အဝဆုံးမြေပဲတွေပဲ။ ဒါကမင်းတို့ပဲတွေရဲ့ အရည်အသွေးဆိုရင် ဆီကတော့အရမ်းကောင်းမှာပဲ"
ဘော့စ်ကျန်းက ပြုံးရင်း မေးလိုက်သည်။
"သူဌေး နောင်ကျရင် မင်းတို့မြေပဲဆီအနည်းငယ်ကို ငါ့ကိုရောင်းပေးလို့ရမလား? ငါ ကျင်အနည်းငယ်လောက်ဝယ်ချင်တယ်"
သူ့မိသားစုရဲ့ချွေးမက မွေးဖွားပြီးကာစဖြစ်သည်။ သူမက မိသာားစုကို မြေးဝတုတ်လေးတစ်ယောက် မွေးပေးခဲ့သည်။ သူက သူ့ရဲ့ချွေးမအတွက် မြေပဲဆီအနည်းငယ်ဝယ်ချင်နေသည်။
"..."
ရှောင်ကျန်းယန်က ပြုံးကာ
"ဘော့စ်ကျန်း၊ ကျွန်တော်တို့မြေပဲတွေကို ရောင်းဖို့စီစဉ်ထားပါတယ်။ ဒါပေမယ့် ဈေးချိုမှာတော့မဟုတ်ဘူး"
ဘော့ကျန်းက အနည်းငယ်မျက်မှောင်ကျုံ့လိုက်သည်။
"ဒါဆိုရင် မင်းအဲ့ဒါကို ဘယ်လောက်နဲ့ရောင်းချင်လို့လဲ?"
သူ့စိတ်ထဲမှာ မြေပဲတွေရဲ့အရည်အသွေးက ကောင်းမှန်းသိသည်။ ဒါကြောင့် ပိုမြင့်တဲ့ဈေးဆိုတာကို သူအံ့ဩမနေတော့ပေ။ မြေပဲဆီရဲ့ဈေးကွက်ဈေးက တစ်ကျင်ကို၁၀ယွမ်ဖြစ်သည်။ ဒါကြောင့် ရှောင်ကျန်းယန်ရဲ့မြေပဲဆီကို တစ်ကျင်ကိုယွမ်၂၀နဲ့ရောင်းလိမ့်မယ်လို့ ဘော့စ်ကျန်းက ယူဆသည်။
ဒါပေမယ့်လည်း မြေပဲဆီတွေစီးကျလာတော့ ဘော့စ်ကျန်းကအံ့ဩသွားသည်။ သူက ဒီနေရာမှာ ဆယ်စုနှစ်တစ်ခုကျော်ကြာ အလုပ်လုပ်ခဲ့တာလေ။ ဒီလို သန့်စင်တဲ့မြေပဲဆီမျိုးကို သူအရင်ကမမြင်ဖူးပေ။ ၎င်းက သူ့ကို ကျင်အနည်းငယ်ဝယ်ယူဖို့ ပိုပြီးတော့တောင် စိတ်ပိုင်းဖြတ်စေသည်။
'ဒီမြေပဲဆီက တချို့ဆီကြော်တွေအတွက် ပြည့်စုံမှာပဲ'
ဒါပေမယ့်လည်း သူဈေးမေးလိုက်တော့ အံ့ဩသွားခဲ့သည်။ သူတို့က တစ်ကျင်ကို ယွမ်၅၀နဲ့ရောင်းချသည်။
ဒါက မိုးထိုးနေတဲ့ဈေးပဲ!
အနားကလူတွေ မျက်လုံးပြူးသွားကြပြီး ရှောင်ကျန်းယန်ကို မယုံကြည်နိုင်စွာကြည့်လိုက်ကြသည်။
"အိုးမိုင်ဂေါ့ဒ် ဘယ်လိုလုပ်အရမ်းဈေးကြီးနေရတာလဲ? တစ်ကျင်ကိုယွမ်၅၀? သူစိတ်လွတ်သွားတာလား? သူငါတို့ကို ဓားပြတိုက်ဖို့ စဉ်းစားနေတာလား?"
"ဟုတ်ပါ့ အရမ်းဈေးကြီးတာပဲ။ ဈေးကဈေးက တစ်ကျင်ကို၁၀ယွမ်။ သူတို့မြေပဲဆီမှာ အရည်အသွေးကောင်းကောင်းရှိရင်တောင် အပို တစ်ယွမ် နှစ်ယွမ်လောက်နဲ့ပဲ ရောင်းသင့်တာလေ။ ဘယ်လိုလုပ်ဈေးကို အမြင့်ကြီးတင်ပစ်ရတာလဲ?"
အနားပတ်လည်ကလူတွေက ရှောင်ကျန်းယန်ရဲ့ဆီက ဘယ်လောက်ဈေးကြီးတယ်ဆိုတာကို ဆွေးနွေးနေကြသည်။ အစောတုန်းက လူတွေက အနံ့ကြောင့် မြေပဲဆီဝယ်ဖို့ လှုံ့ဆော်ခံခဲ့ရသည်။ ဒါပေမယ့်လည်း သူတို့တွေ ဈေးကိုကြားလိုက်တော့ မပျော်မရွှင်ဖြစ်သွားကြသည်။
"တစ်ကျင်ကိုယွမ်၅၀။ ဒါဓားပြတိုက်နေတာပဲ"
"ဟုတ်တယ် အစက အနံ့အရမ်းကောင်းလို့ ငါဝယ်ဖို့စီစဉ်ထားပေမယ့် ငါတို့တွေ ဒါကိုမတတ်နိုင်ဘူး"
"အတူတူပဲ တစ်ကျင်ကိုယွမ်၅၀က အရမ်းဈေးကြီးလွန်းတယ်"
ဆီရဲ့ဈေးနှုန်းက အရမ်းမြင့်ကြောင်း လူတိုင်းပြောဆိုနေကြသည်။ တချို့လူတွေက ရှောင်ကျန်းယန်ကို အရမ်းလောဘကြီးလို့ ကြိမ်းမောင်းကြသည်။ သူတို့က သူ့ကို ခေါင်းစဉ်မျိုးစုံတပ်ကြသည်။
ရှောင်ကျန်းယန်က သူ့ဘေးနားကလူတွေရဲ့ အထင်အမြင်တွေကို လုံးဝလျစ်လျူရှုထားသည်။
သူက ပြုံးပြီးတော့
"အားလုံးပဲ ကျွန်တော်အရမ်းစိတ်မကောင်းပါဘူး။ ကျွန်တော့်မိသားစုရဲ့ ထွက်ကုန်တွေက အမြဲတမ်းဈေးမြင့်နေတာ။ ကျွန်တော်တို့မှာ ကိစ္စတချို့ရှိသေးလို့ အရင်ပြန်လိုက်ပါဦးမယ်"
ရှောင်ကျန်းယန်က ဘော့စ်ကျန်းနဲ့ ကျသင့်ငွေစာရင်းရှင်းပြီးနောက် ထွက်ခွာသွားမည်အပြုမှာ ဘော့စ်ကျန်းက ဒီထူးခြားပြီး မွှေးပျံ့တဲ့ မြေပဲဆီရနံ့ကြောင့် တကယ်ဆွဲဆောင်ခံလိုက်ရသည်။ သူက အံကြိတ်ထားပြီး စိတ်ကိုတင်းထားလိုက်သည်။ သူက မြေပဲဆီ နှစ်ကျင်ဝယ်ဖို့ ယွမ်၁၀၀ပေးခဲ့သည်။
ဘော့စ်ကျန်းက သူ့ရဲ့စတုတ္ထညီလေးနဲ့ မိတ်ဆွေတွေမလို့ ရှောင်ကျန်းယန်က သူ့ကို ဆီကျင်တစ်ဝက် အလကားလက်ဆောင်ပေးခဲ့သည်။
ရှောင်ကျန်းယန်နဲ့သူ့အဖွဲ့ ထွက်သွားတာကို လူတွေမြင်တော့ တစ်ယောက်က မှတ်မိသွားပြီး မေးလိုက်ကာ
"ဘော့စ်ကျန်း အဲ့ဒီလူတွေက ထောင်ယွမ်ရွာကလား?"
ဘော့စ်ကျန်းက ခေါင်းညိတ်လိုက်ပြီး
"ဟုတ်တယ် သူတို့ကထောင်ယွမ်ရွာကလေ။ ဘာလို့လဲ?"
"ကျွန်တော် အခုမှတ်မိပြီ"
ထိုလူက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
"ထောင်ယွမ်ရွာက တက္ကသိုလ်ကျောင်းသားတွေအများကြီး မွေးထုတ်ထားတာ။ သူတို့ထဲကတစ်ယောက်က ပြီးခဲ့တဲ့နှစ်ဝက်ကမှ လယ်ထဲကိုပြန်လာတာ"
"ပြီးခဲ့တဲ့အချိန်အနည်းငယ်တုန်းက သူစိုက်ထားတဲ့စတော်ဘယ်ရီတွေက အရမ်းကောင်းကောင်းရောင်းခဲ့ရတာ။ အစတုန်းက သူတို့က တစ်ကျင်ကို ၄၅ယွမ်၊ ၆၀ယွမ်နဲ့ရောင်းခဲ့တာ။ နောက်ကျတော့ တစ်ကျင်ကို ယွမ်၂၃၀နဲ့ရောင်းတယ်"
"ဒါပေမယ့် ဘာများ အဆက်အဆက်ရှိလို့တုန်း?"
သူ့နောက်ကတစ်ယောက်က စူးစမ်းစွာမေးလိုက်သည်။
"အဲ့ဒီစတော်ဘယ်ရီရောင်းတဲ့သူက ခုနလူအုပ်စုနဲ့ ဘာဆိုင်လို့လဲ?"
"ငါမမှားဘူးဆိုရင် အဲ့ဒီလူက စတော်ဘယ်ရီရောင်းတဲ့လူရဲ့ အဖေပဲဖြစ်ရမယ်"
ထိုလူက ပြန်ဖြေလိုက်သည်။
"အမ်?"
လူတွေ ပဟေဠိဖြစ်ကုန်သည်။
သူက ဆက်ပြီးတော့
"သူ့မိသားစုရဲ့ထွက်ကုန်တွေက အမြဲတမ်းဈေးကြီးနေတာလို့ အဲ့ဒီလူပြောခဲ့တယ်လေ။ အဲ့လိုပဲ စတော်ဘယ်ရီရောင်းတဲ့သူမှာလဲ အရမ်းဈေးကြီးတဲ့အသီးအနှံတွေရောင်းတဲ့ အသီးအရွက်ဆိုင်တစ်ဆိုင်ရှိတယ်။ ငါတို့က မြို့မှာ ဂေါ်ဖီထုပ်ကို တစ်ကျင်ကို၂၀ဆင့်နဲ့ဝယ်တယ်။ ဒါပေမယ့် သူ့မိသားစုက ဂေါ်ဖီထုပ်တစ်ကျင်ကို ဘယ်လောက်နဲ့ရောင်းမှန်း မင်းသိလား?"
"ဘယ်လောက်လဲ?"
၎င်းက လူတော်တော်များများရဲ့စိတ်ဝင်စားမှုကို သိသိသာသာနှိုးဆွလိုက်သည်။
"နှစ်ယွမ်"
သူကပြောကာ
"ပြီးတော့ ဂေါ်ဖီထုပ်က သူတို့ပေးတဲ့ထဲမှာ ဈေးအသက်သာဆုံး ထွက်ကုန်ပဲ!"
"ဘာရယ်?"
ဒါက တကယ့်ကို အံ့ဩစရာပဲ။
"ဒီတော့ သူတို့မြေပဲဆီကို တစ်ကျင်ယွမ်၅၀နဲ့ရောင်းတယ်လို့ သူပြောတုန်းက ဆီကဈေးနှုန်းနဲ့တန်တယ်ဆိုတာ သူယုံကြည်လို့ပဲ"
ပြီးတော့ အဲ့ဒီလူကပဲဆက်ပြီး
"မဟုတ်ဘူး ငါအခု မြေပဲဆီဝယ်မှဖြစ်တော့မယ်။ အခုမဝယ်ထားရင် ငါနောက်ကျရင် တစ်ကျင်ကိုယွမ်၅၀နဲ့ ရနိုင်ဖို့တောင် မသေချာတော့ဘူး"
ဒီလိုနဲ့ အဲ့ဒီလူက ရှောင်ကျန်းယန်ရဲ့ဦးတည်ရာဆီပြေးသွားလိုက်သည်။
လူတွေက စိတ်ဝင်စားနေကြပေမယ့် ဆီဝယ်ဖို့ ယွမ်၅၀ထုတ်ဖို့ခေါင်းမခံရဲပေ။ ဒါက သာမန်မြေပဲဆီပဲလေ။ ဒါပေမယ့် ဒီမြေပဲဆီက ဘယ်လောက်ထူးခြားမယ်မှန်းတော့ သူတို့မသိကြပေ။
ရှောင်ကျန်းယန်ဆီကနေ ဆီဝယ်ဖို့ပြေးသွားခဲ့ကြတဲ့ ဘော့စ်ကျန်းနဲ့ ရှန်းသာ့လီက ပထမဆုံး သိသွားကြတဲ့သူတွေဖြစ်သည်။ သူတို့ရှောင်ကျန်းယန်ဆီကနေဝယ်လာတဲ့မြေပဲဆီကို အသီးအနှံတွေ ချက်ပြုတ်ဖို့ အသုံးပြုတော့ အနံ့က ရူးလောက်စရာပင်။ ၎င်းက သူတို့ရဲ့အိမ်နီးချင်းတွေကို လေထဲကနေ နှာခေါင်းရှုံ့စေသည်။
သူတို့အိမ်နီးချင်းတွေက အနံ့နောက်ကိုလိုက်ဖို့ ခေါင်းတွေပြူလာကြသည်။ အနံ့က လုံးဝဆွဲဆောင်နေသည်။ တစ်ယောက်က အနံ့နောက်ကိုလိုက်လာပြီး ရှန်းသာ့လီ ရဲ့နေရာဆီ ရောက်လာသည်။ သူက ချက်ချင်းပဲ နားမလည်တဲ့ပုံနဲ့
"သာ့လီ၊ မင်းတို့အိမ် ဘာတွေချက်နေတာလဲ?ဘာလို့အနံ့က အရမ်းမွှေးနေရတာလဲ?"
ရှန်းသာ့လီက ဂေါ်ဖီတစ်ဖက်ကို သူ့တူနဲ့ယူလိုက်ပြီး ပါးစပ်ထဲထည့်လိုက်သည်။ သူက အဲ့ဒီလူရဲ့စကားတွေကိုကြားတော့ စားပွဲပေါ်က ဟင်းသုံးပွဲကို ကြည့်လိုက်သည်။ တစ်ခုက ဂေါ်ဖီကြော်၊ တစ်ခုက ခရမ်းသီးနှပ်ဖြစ်ပြီး တခြားတစ်ခုက အစိမ်းရောင်ငရုတ်ပွနဲ့ အမဲသားဖြစ်သည်။
သူက သင်္ကာမကင်းနဲ့
"ထူးထူးခြားခြားလည်း မပါပါဘူး"
လာကြည့်တဲ့လူက သူ့စားပွဲပေါ်က ဟင်းသုံးခွက်ကိုကြည့်လိုက်ပြီး အနည်းငယ်မျက်မှောင်ကျုံ့ကာ သင်္ကာမကင်းနဲ့မေးလိုက်သည်။
"ရှန်းသာ့လီ၊ မင်းငါလာတာကိုမြင်ပြီး အရသာရှိတဲ့ဟင်းကို ဖွက်ထားတာလား?"
ရှန်းသာ့လီ ရဲ့မိန်းမကပြုံးပြီးတော့
"ပြောတာလည်းနားထောင်ဦး။ ကျွန်မတို့က သဘောထားသေးတဲ့သူတွေမလို့လား? ပြီးတော့ ကျွန်မယောက်ျားက အမှန်ပြောနေတာ။ ကျွန်မတို့ ဒီဟင်းသုံးပွဲပဲလုပ်ထားတာ"
"ဟမ်? ဒါပေမယ့် ငါကမင်းတို့အိမ်ကို အနံ့ကနေ လိုက်လာတာ"
ထိုလူက ပြောကာ
"ဘယ်လိုလုပ် ဒီအိမ်ချက်ဟင်းတွေက အရမ်းမွှေးနေရမှာလဲ?"
ရှန်းသာ့လီက အစတော့ အံ့ဩသွားသည်။ ခနကြာပြီးတော့ သူကအသိပြန်ဝင်လာပြီး သူ့ခေါင်းနောက်ကို ရိုက်မိလိုက်သည်။
"အိုး ငါဘာလို့လဲဆိုတာ သိပြီ! ငါ့မိန်းမက အထူးမြေပဲဆီတစ်မျိုးနဲ့ ဟင်းတွေချက်ထားတာ"
"မြေပဲဆီ?"
အဲ့ဒီလူရဲ့မျက်နှာက မယုံကြည်နိုင်မှုတွေနဲ့ ပြည့်သွားခဲ့သည်။
"ဘယ်လိုမြေပဲဆီမျိုးက ချက်ပြုတ်တဲ့အနံ့ကို အရမ်းကောင်းအောင် လုပ်နိုင်မှာလဲ?"
"သို့သို့၊ သွားပြီး တူတစ်စုံယူလာချေ။ မင်းဦးလေးလီကို ဒီဟင်းတွေမြည်းခိုင်းလိုက်ဦး"
ရှန်းသာ့လီက သူ့အငယ်ဆုံးသားကို ညွှန်ကြားလိုက်သည်။
သို့သို့က တူတစ်စုံကို ယူလာပြီးတော့ ရှန်းသာ့လီကပြုံးကာ
"စားကြည့်"
လီစန်းက တူနဲ့ အမဲသားတစ်တုံးကိုယူပြီး စားကြည့်လိုက်တော့ မျက်လုံးတွေပြူးသွားသည်။
သူက မယုံသင်္ကာနဲ့
"ဒါ...ဒါက..."
ရှန်းသာ့လီ က ဂုဏ်ယူစွာပြောလိုက်ပြီး
"အခု မင်းဘာလို့မှန်း သိပြီမလား?"
***