တစ်ကျင်ကို ယွမ်၁၀၀၀?
Vol. 23 Ch. 379
"မြေပဲဆီတွေက အရမ်းအရသာရှိမှန်း ငါမသိခဲ့ဘူး!"
ရှောင်ကျင်းယန်က သူ့မျက်လုံးကိုပိတ်ပြီး နှာခေါင်းရှုံ့လိုက်သည်။
"မြေပဲဆီက ပုံမှန်ဆို အရမ်းမွှေးတယ်။ ဒါကြောင့် သူတို့ကို ဈေးမှာ ဈေးအမြင့်နဲ့ရောင်းကြတာပဲ။ ဒါပေမယ့်လည်း ငါတို့မြေပဲဆီတွေက အနံ့အကောင်းဆုံးလို့ ငါထင်နေတုန်းပဲ"
"ဟုတ်တယ်"
တခြားသူတွေက သဘောတူလိုက်ကြသည်။
ဒါပေမယ့်လည်း ဘွားဘွားရှောင်က
"ယွီအာ ဈေးကနည်းနည်းများ များမနေဘူးလား?"
ဈေးမှာ တစ်ကျင်ကို ၁၀ယွမ်ပေမယ့် သူတို့က တစ်ကျင်ကို ယွမ်၅ဝနဲ့ရောင်းနေကြသည်။ ၎င်းက လေးဆပိုပြီး ဈေးကြီးသည်။
"အဲ့လောက်လည်းဈေးမကြီးဘူး ညီမရဲ့"
အဘိုးကုန်းက အဲ့ဒီနေ့က ရှောင်မိသားစုရဲ့ဧည့်သည်ဖြစ်သည်။ သူက ချက်ချင်းပဲ ဘွားဘွားရှောင်ကို ထောက်ပြကာ
"မင်းတို့ပေးတာအတွက် ပြန်ရတာပဲ။ ငါတို့မိသားစုရဲ့မြေပဲဆီက ပိုတောင်တန်သေးတယ်"
မြို့တော်မှာ သူတို့တွေ မြေပဲဆီကို တစ်ကျင်ယွမ်၅၀မပြောနဲ့ တစ်ကျင်ကို ယွမ်၅၀၀နဲ့တောင်ရောင်းသင့်သည်။ မြို့တော်မှာ ချမ်းသာတဲ့သူတွေအများကြီးရှိသည်။ သူတို့က နှစ်သက်မှုကို အရာအားလုံးထက်ပိုပြီးတန်ဖိုးထားသည်။ သူတို့က ဈေးနှုန်းကို ဂရုမစိုက်ကြပေ။ ပြီးတော့ တစ်စုံတစ်ခုကပိုပြီးဈေးရှိလေ သူတို့တွေ ၎င်းအပေါ်ပိုပြီးဆွဲမိလေဖြစ်သည်။
သခင်ကြီးကုန်းက ဆက်လက်ပြီး
"ငါတို့နေရာမှာဆိုရင် ဒီမြေပဲဆီတွေကို အနည်းဆုံးတစ်ကျင်ကို ယွမ်၅၀၀နဲ့ ရောင်းလို့ရတယ်။ ဒီလိုသေးငယ်တဲ့မြို့လေးမှာ မင်းတို့တွေရောင်းတာတော့ နှမျောစရာပဲ"
သူဒါကိုပြောရင်း သခင်ကြီးကုန်းက အနည်းငယ်နောင်တရသွားသည်။ ရုတ်တရက် သူက တစ်စုံတစ်ခုကိုတွေးမိသွားသည်။ သူက ရှောင်လင်းယွီကို စိုက်ကြည့်လိုက်ပြီး ပြုံးကာ
"ယွီအာ၊ မင်းအတွက် မြေပဲဆီတွေကို ဘာလို့ငါ့ကို ရောင်းခွင့်မပေးတာလဲ?"
ရှောင်လင်းယွီက
"..."
သခင်ကြီးကုန်းမှာ အထက်တန်းဂုဏ်သတင်းရှိသူဖြစ်ပြီး သူက မြေပဲဆီရောင်းတဲ့သူတစ်ယောက် ဖြစ်ချင်နေတယ်ပေါ့?
ရှောင်လင်းယွီက ကြောက်မက်ဖွယ်လှိုင်းတစ်ခုကို ချက်ချင်းခံစားလိုက်ရသည်။ ရှောင်လင်းယွီ ငြင်းဆိုတော့မလို့မှာပဲ ....
သခင်ကြီးကုန်းက
"ငါရှောင်မိသားစုဆီကနေ အကြာကြီးအလကားစားလာတာ။ငါတစ်ခုခုတော့လုပ်ရမယ် မဟုတ်ရင် အရမ်းမသိုးမသန့်ဖြစ်နေမှာ"
ရှောင်ကျန်းယန်က ချက်ချင်းပဲ
"သခင်ကြီး ဘာလို့အဲ့လိုပြောတာလဲ? ကျွန်တော်တို့က သခင်ကြီးကို အမြဲတမ်းကြိုဆိုပါတယ်!"
သခင်ကြီးကုန်းက သူ့လက်ကို ခါပြလိုက်ပြီး
"ငါတို့ဘာအတွက်မှမပေးရသေးဘူး။ ဒါကြောင့် မင်းတို့ဆီကနေ အလကားစားနေတာပဲ"
သူဒါကိုပြောရင်း သူ့မျက်လုံးတွေက ကုန်းထျန်းဟောက်ဆီ လှည့်သွားလိုက်သည်။ ကပ်ပါးကောင်အကြီးဆုံးရှိတယ်ဆိုရင်တော့ ၎င်းက ကုန်းထျန်းဟောက်ပဲ။
ကုန်းထျန်းဟောက် "..."
တကယ့်ကို သူက ရှောင်မိသားစုကိုပေးဖို့ ဘာမှတွေးမထားပေ။ ပြီးတော့သူက နေ့ရက်တိုင်းကို ရှောင်မိသားစုနဲ့ပဲ ကုန်ဆုံးနေသည်။
သခင်ကြီးကုန်းက ဆက်လက်ပြီး
"အဲ့ဒီတော့ မင်းတို့မိသားစုအတွက်လုပ်ပေးဖို့ ငါတို့ကို ဒီအခွင့်အရေးပေးလိုက်"
ရှောင်မိသားစုက သူတို့ကို ဘယ်လိုလုပ်ငြင်းဆိုနိုင်မှာလဲ?
ရှောင်မိသားစု ဘာမှမပြောနိုင်သေးခင်မှာပဲ သခင်ကြီးကုန်းက ဆုံးဖြတ်ချက်တစ်ခုချလိုက်ပြီး
"ဒါဆိုရင် ဒီလိုပဲ ဆုံးဖြတ်လိုက်ကြတာပေါ့။ ထျန်းဟောက်၊ ငါဒီကိစ္စကို မင်းနဲ့လွှဲလိုက်မယ်"
"..."
ကုန်းထျန်းဟောက်က ခေါင်းညိတ်ပြီး ပြန်ဖြေကာ
"ကောင်းပါပြီ အဘိုး!"
သူက ဆီရောင်းဖို့ ဘာမှများများစားစားလုပ်ဖို့တောင် မလိုအပ်ပေ။ သူလုပ်ဖို့လိုတာအားလုံးက သူ့လက်အောင်ငယ်သားတွေဆီ လွှဲထားလိုက်ဖို့ဖြစ်သည်။
ဒါပေမယ့်လည်း မြို့တော်ကလူတွေ သူတို့တွေမြေပဲဆီရောင်းနေတာကိုသိတာနဲ့ ဘယ်လိုခံစားသွားကြမယ်မှန်း ကုန်းထျန်းဟောက် စိတ်ကူးမယဉ်နိုင်ပေ။
ရှောင်လင်းယွီကလည်း သခင်ကြီးကုန်းကသူ့ဆုံးဖြတ်ချက်ကို အရမ်းမြန်မြန်ဆန်ဆန်ချလိုက်တာကို အရမ်းအံ့ဩနေသည်။ ဒါပေမယ့်လည်း ကုန်းထျန်းဟောက်က မြေပဲဆီရောင်းနေတာကိုတောပ သူမစိတ်ကူးမယဉ်နိုင်ပေ...
ရှောင်လင်းယွီက ကုန်းထျန်းဟောက်ကို သင်္ကာမကင်းနဲ့ တစ်ချက်ခိုးကြည့်လိုက်သည်။
ကုန်းထျန်းဟောက်က ရှောင်လင်းယွီရဲ့စနောက်နေတဲ့အပြုံးကို မိသွားသည်။ သူက မျက်ခုံးပင့်လိုက်ပြီး ပါးစပ်အစွန်းတွေက အနည်းငယ်ကွေးတက်သွားသည်။ ပြီးနောက် သူ့ခေါင်းကိုငုံ့လိုက်ပြီး ရှောင်လင်းယွီကို တီးတိုးပြောလိုက်သည်။
"ယွီအာ မင်းက ကိုယ့်ကိုအရောင်းသမားတစ်ယောက်အနေနဲ့မြင်ချင်တာလား? စိတ်မပူပါနဲ့၊ မင်းနောက်ကျရင် မြင်ဖို့ အခွင့်အရေးရလာလိမ့်မယ်"
ကုန်းထျန်းဟောက်ရဲ့မျက်လုံးထဲမှာ ဝင်းလက်မှုတစ်ခု ဖြတ်ပြေးသွားသည်။ သူက ၎င်းကို ဖြစ်မြောက်အောင် လုပ်နိုင်သည်။
ရှောင်လင်းယွီက ဒါကိုကြားတော့ အနည်းငယ်နားမလည်နိုင်ဖြစ်သွားသည်။ ဒါပေမယ့်လည်း ဒါနဲ့ပက်သက်ပြီး ရှောင်လင်းယွီက အများကြီးမတွေးခဲ့ပေ။
နှစ်ပေါင်းများစွာကြာပြီးသွားတော့ ရှောင်လင်းယွီက ကုန်းထျန်းဟောက်ဆိုလိုတာကို နားလည်ခဲ့သည်။
အလှည့်ကျကစားတာ... ဒါပေါ့ အနာဂတ်အတွက် ဇာတ်လမ်းတွေရှိတယ်လေ။
"အိုး ဟုတ်သား။ ကျန်းယန်၊ မင်း ဆန်က တကယ်မွှေးတယ်ကွ"
သခင်ကြီးကုန်းက တစ်စုံတစ်ခုကို တွေးမိသွားဟန်တူပြီး
"ငါဆန်နည်းနည်းလည်း ဝယ်ချင်တယ်"
"သခင်ကြီး ဝယ်ဖို့မလိုပါဘူး။ အိမ်ကို နည်းနည်းယူသွားလို့ရပါတယ်"
ရှောင်ကျန်းယန်က ပြုံးပြီးပြောလိုက်သည်။
"မလုပ်ပါဘူး"
သခင်ကြီးကုန်းက သူ့ခေါင်းကို ပြင်းပြင်းထန်ထန်ခါလိုက်ပြီး
"ငါတို့က မင်းမိသားစုဆီကနေ ဂုန်းဆင်းနေတာပဲ။ ဘယ်လိုလုပ် မင်းတို့ဆီကနေ ပစ္စည်းတွေထပ်ယူနိုင်မှာလဲ? ငါ့ကိုပြော မင်းဆန်တွေကို ဘယ်လောက်နဲ့ရောင်းလဲ?"
ရှောင်မိသားစုက မြေသုံးမူကနေ စပါးစေ့ လေးငါးကျင်လောက် စုဆောင်းထားသည်။ အခု ရှောင်မိသားစုမှာ လူတွေအများကြီးရှိနေပြီး တစ်ခါတစ်လေမှာ သူတို့တွေ လူတွေကိုအလုပ်လုပ်ဖို့ ခန့်ကြသည်။ သူတို့က အဲ့ဒီလူတွေကိုလည်း ကျွေးဖို့လိုတယ်လေ။ ဒါကြောင့် ရှောင်ကျန်းယန်က စပါးစေ့တွေကို ရောင်းဖို့စီစဉ်မထားပေ။
"သခင်ကြီး ကျွန်တော် ဈေးစဉ်းစားလို့မရဘူး။ ကျွန်တော်တို့ကမိသားစုတွေပဲ။ ရောင်းဖို့တွေ ဝယ်ဖို့တွေ မလိုပါဘူး"
'မိသားစု' ဆိုတဲ့စကားလုံးကို သူကြားလိုက်တော့ သခင်ကြီးကုန်းက ပြုံးလိုက်သည်။
သူက
"မိသားစုအတွင်းမှာတောင် စာရင်းတွေကိုတော့ ရှင်းရှင်းလင်းလင်းထားရမယ်ကွ"
ကုန်းထျန်းဟောက်က သူ့မျက်နှာကို တကယ်အုပ်ထားချင်သည်။ သူ့ရဲ့အဘိုးက မြို့တော်က အကောင်းဆုံးဂုဏ်ပုဒ်ကို ပျော်မွေ့နေသည်။ ဒါပေမယ့်လည်း သူထောင်ယွမ်ရွာကိုလာပြီးတော့ သူက ရှောင်မိသားစုနဲ့ စပါးစေ့တွေရဲ့ဝယ်ယူမှုကို ညှိနှိုင်းနိုင်တယ်ဆိုတာကို လက်ခံသွားသည်။ ပြောရရင် စပါးစေ့တွေက တခြားသီးနှံတွေလိုမျိုး ထူးထူးခြားခြားမွှေးတာကို ကုန်းထျန်းဟောက်သိသည်။
"..."
ရှောင်ကျန်းယန်က ပြုံးကာ
"ဒါဆိုလည်း ကောင်းပါပြီ။ ကျွန်တော်တို့တွေ ဆန်ကို တစ်ကျင်၁.၆ယွမ်နဲ့ရောင်းတယ်။ ဒါက ဈေးကွက်ဈေးနှုန်းပဲ"
"မဟုတ်သေးဘူး အရမ်းချိုလွန်းတယ်"
သခင်ကြီးကုန်းက မစဉ်းစားဘဲ ငြင်းဆိုလိုက်သည်။
"တခြားသူတွေကတော့ မသိလောက်ပေမယ့် ငါကသိတယ်! မင်းရဲ့သီးနှံတွေက အံ့ဩဖို့ကောင်းတယ်။ ဈေးကွက်ဈေးနှုန်းနဲ့ ဝယ်လို့မရနိုင်ဘူး"
ရှောင်မိသားစု၊ ရှောင်ကျန်းနဲ့ ရှောင်ဝမ်၊ "..."
ရှောင်မိသားစုကပစ္စည်းတွေကို အရမ်းမြင့်တဲ့ဈေးနဲ့ပြင်းပြင်းပြပြ ဝယ်ချင်နေတဲ့အတွက် သခင်ကြီးကုန်းမှာ ပိုက်ဆံတွေအများကြီးရှိရမည်။
အရင်ဥပမာက စတော်ဘယ်ရီတွေဖြစ်သည်။ သခင်ကြီးကုန်းက သူ့မြေးကို အများဆုံးရိုက်စားလုပ်ဖို့ သေချာပေါက်စီစဉ်နိုင်တဲ့လူလို့ ရှောင်ကျန်းနဲ့ ရှောင်ဝမ်က ယုံကြည်ကြသည်။ ဒါပေါ့ သခင်ကြီးကုန်းမှာ သူ့ကိုယ်ပိုင်အစီအစဉ်ရှိသည်။ သူက မိသားစုနှစ်ခုကြားကဆက်ဆံရေးကို တိုးတက်အောင်ကြိုးစားနေသည်။
အဘိုးကုန်းက ရှောင်လင်းယွီကို တိုက်ရိုက်ပင်
"ရှောင်ယွီ၊ မင်းဆန်တွေဘယ်လောက်တန်တယ်လို့ထင်လဲ? တစ်ကျင်ကို ၁ယွမ်ပဲတန်တယ်လို့တော့ မပြောနဲ့။ ငါမင်းကိုမယုံဘူး"
ရှောင်လင်းယွီက ရှောင်မိသားစုကရောင်းတဲ့သီးနှံတွေအားလုံးကို ဈေးသတ်မှတ်တဲ့သူမှန်း သခင်ကြီးကုန်းက သိထားသည်။ ရှောင်လင်းယွီရဲ့မျက်လုံးတွေက လင်းလက်သွားပြီး
"ကောင်းပြီလေ။ ဒါဆိုလည်း တစ်ကျင်ကို၅ယွမ်"
သခင်ကြီးကုန်းက ဒီကိစ္စလေးနဲ့ပက်သက်ပြီး အရမ်းလေးနက်နေသည်။ သူက ၎င်းကို ပျော်စရာကောင်းသည်ဟု တွေးထားပုံပင်။
အဘိုးကြီးက ထောင်ယွမ်ရွာကိုလာပြီးတော့ ပိုငယ်ရွယ်ပုံပေါ်လာသည်။ သူပ အသက်၈၀ရှိနေပြီဖြစ်သည်။ ဒါပေမယ့် သူထောင်ယွမ်ရွာကိုလာပြီးတော့ ပိုပြီးကလေးနဲ့တူလာသည်။ အခုကျ သခင်ကြီးကုန်းက သူမဗိုက်ထဲကကလေးကြောင့်မဟုတ်ဘဲ သူမကိုတကယ်သဘောကျတာကို ရှောင်လင်းယွီသိသွားခဲ့သည်။
သခင်ကြီးကုန်းက ဈေးနှုန်းကို ကန့်ကွက်မှုမရှိပေ။ သူ့အတွက်ဆိုရင်တောင် ဈေးကအရမ်းနိမ့်နေလွန်းသေးသည်။ ဒါပေမယ့်လည်း ကျေးလက်ဘက်မှာတော့ ဆန်တစ်ကျင်၅ယွမ်ဈေးက မကြားဖူးတဲ့ဈေးဖြစ်သည်။
သခင်ကြီးကုန်းက ရှောင်မိသားစုဆီကနေ မြေပဲဆီဝယ်ခဲ့သည်။ ဒါပေမယ့်လည်း တကယ့်ဆီရောင်းဝယ်တာကို ကိုင်တွယ်တဲ့သူက ကုန်းထျန်းဟောက်ဖြစ်သည်။ ဒါပေါ့ သူက ကိုယ်တိုင်ကိုယ်ကျတော့ ဆီမရောင်းဘူးလေ။
မြေပဲကျင်၁၅၀၀က မြေပဲဆီကျင်၆၀၀ကျော် ထုတ်ပေးသည်။ အချိုးက အရမ်းမြင့်လွန်းနေသည်။ ပျမ်းမျှဆိုရင် မြေပဲတစ်ကျင်က ဆီ၂လျန်ပဲထုတ်နိုင်သည်။ ဒါပေမယ့်လည်း ရှောင်မိသားစုရဲ့မြေပဲတွေက မြေပဲတစ်ကျင်ကို ဆီ၄လျန်ထုတ်ပေးသည်။
ရှောင်လင်းယွီက သူမအတွက် မြေပဲဆီကျင်၁၀၀သိမ်းထားခဲ့သည်။ သူမက ၎င်းကို သူမမိတ်ဆွေတွေကို လက်ဆောင်ပေးဖို့ စီစဉ်ထားသည်။ ကုကျီယဲ့ရဲ့အဖွဲ့၊ အန်ကယ်ချန်း၊ အဘွားစုန့်နဲ့ တခြားသူတွေ၊ ရှောင်လင်းယွီက သူမကို ကူညီခဲ့တဲ့သူတွေကို မမေ့လျော့ပေ။
ဒါပေါ့ ကုကျီယဲ့က သူ့ဟိုတယ်အတွက် မြေပဲဆီမှာချင်ရင် ၎င်းကိုတော့ သက်သက်ဆီဆွေးနွေးရလိမ့်မည်။ စီးပွားရေးက စီးပွားရေးပဲလေ။
ဒီလူတွေက ရှောင်လင်းယွီရဲမြေပဲဆီကို လက်ခံရတော့ စတင်ပြီးသွားရယ်ယိုလာသည်။ သူတို့တွေ ဆီကို တိုက်ရိုက်ပဲသောက်ပစ်လိုက်ချင်ကြသည်။ ဒါပေမယ့် သူတို့တွေ စဉ်းစားတတ်သေးသည်။ ဒါကဆီလေ ရေမှမဟုတ်ဘဲ။
ပြီးနောက်မှာ ကုန်းထျန်းဟောက်က သူ့လူတွေကို ကျန်သေးတဲ့မြေပဲဆီကျင်၅၀၀ကို ဟယ်လီကော်ပတာတစ်စင်းသုံးပြီး အဝေးကို ပို့စေခဲ့သည်။
ရှောင်လင်းယွီက
"..."
ဒါနည်းနည်းများ များမနေဘူးလား?
........
နှစ်နာရီကြာပြီးတော့ Imperial ဂရုတွင်....
သူ့ရုံးခန်းက မြေပဲဆီတွေနဲ့ပြည့်နေတာကိုမြင်တော့ လီယွမ်ဟန်က မျက်မှောင်ကျုံ့လိုက်သည်။
သူက လီဝမ်သုန့်ကိုကြည့်လိုက်ပြီး ရှော့ခ်ရပြီး အံ့ဩနေတဲ့အမူအယာနဲ့
"ကုန်းထျန်းဟောက်က ငါ့ကို ဒီဆီတွေအားလုံးရောင်းစေချင်တယ်လို့ မင်းပြောနေတာလား?"
လီဝမ်သုန့်က မျက်မှောင်ကျုံ့ပြီး အနည်းငယ်စာနာနေပုံပေါ်စွာ လီယွမ်ဟန်ကို ကြည့်လိုက်သည်။ သူက ခေါင်းညိတ်ပြီး
"ဟုတ်တယ် ဒါရိုက်တာလီ၊ ဘော့စ်ကတော့ အဲ့လိုပြောလိုက်တာပဲ။"
လီယွမ်ဟန်က သက်ပြင်းချလိုက်သည်။
"ဒီဆီတွေက စစ်ဆေးမှုတွေကိုလည်း မဖြတ်ကျော်ရသေးဘူး။ ထုပ်ပိုးမှုလည်းမရှိဘူး။ ထုတ်လုပ်သူလေဘယ်လ်၊ ကျန်းမာရေးလိုင်စင်နဲ့ တခြားအခြေခံပစ္စည်းတွေအကုန်မရှိဘူး။ ပြီးတော့ သူက ငါ့ကို ဒါတွေအားလုံးကိုရောင်းစေချင်တယ်?"
ဒါပေမယ့် အကြီးမားဆုံးပြဿနာက...လီယွမ်ဟန်က Imperial ဂရုရဲ့ အထူးကိုယ်စားလှယ်လေ။ သူက မြေပဲဆီတွေရောင်းဖို့ လမ်းပေါ် ဘယ်လိုထွက်ရမှာလဲ?
လူတွေသာသိသွားရင် ခေါင်းတွေငုံ့ပြီး ရယ်ကြတော့မှာပေါ့။
လီဝမ်သုန့်က သူ့စာနာမှုကို ပြသလိုက်သည်။ ဒါပေမယ့် ကိစ္စကိုတော့ ဖြေရှင်းရဦးမည်။
လီဝမ်သုန့်က
"ဒါရိုက်တာလီ ဒါကသာမန်ဆီမဟုတ်ဘူး။ ဒါကထောင်ယွမ်ရွာကလူထုတ်ထားတဲ့ မြေပဲဆီပဲ"
လီဝမ်သုန့်က အဲ့ဒီလူကိုပြောတာကို လီယွမ်ဟန်ကြားလိုက်တော့ သူ့မျက်နှာကို ချက်ချင်းသုတ်လိုက်ပြီး အထင်အမြင်သေးစွာနဲ့
"အဲ့ဒီလူမှန်း ငါသိသားပဲ။ အဲ့ဒီလူပါလာတိုင်း ကုန်းထျန်းဟောက်က တုံးအသွားတာပဲ။ အခု သူက လူတွေကို မြေပဲဆီဝယ်ဖို့ သွားမေးနေတာလိုမျိုး တုံးအတဲ့အရာတစ်ခုကို ငါ့ကိုလုပ်ခိုင်းတယ်"
"..."
လီဝမ်သုန့်က သူ့ကို သနားသွားပြီး နှစ်သိမ့်ပေးလိုက်သည်။
"ဒါရိုက်တာလီ စိတ်မပျက်ပါနဲ့ဦး။ ဒါက သာမန်မြေပဲဆီမှမဟုတ်ဘဲ။ ဒါကိုကြော်ငြာဖို့ အိမ်တိုင်ရာရောက် သွားနေစရာမလိုပါဘူး။ ဖုန်း နည်းနည်းခေါ်လိုက်လို့ ရတာပဲ"
လီယွမ်ဟန်ရဲ့မျက်လုံးတွေက လင်းလက်သွားပြီး
"ဟုတ်တယ်။ ငါဒါကို ကုမ္ပဏီအလုပ်သမားတွေဆီ ဖြန့်ဖြူးလိုက်လို့ရတာပဲ။ သေစမ်း သူတို့တွေကို ငါ့ဆီကနေ ဝယ်ဖို့ပြောလို့ရတာပဲ။ ဒါတွေ ချက်ချင်းပျောက်သွားမှာ!"
ဒါ့ပြင် တချို့အလုပ်သမားတွေက လီယွမ်ဟန်ကို ကျေနပ်စေဖို့ ကျင်၅၀၀လုံးတောင် ဝယ်ကြလိမ့်မည်။
လီဝမ်သုန့်က လီယွမ်ဟန်ကို ထူးဆန်းတဲ့အမူအယာနဲ့ကြည့်လိုက်ပြီး
"ဒါရိုက်တာလီ ဒီမြေပဲဆီတွေကို အနည်းဆုံး တစ်ကျင်ကိုယွမ်၁၀၀၀နဲ့ရောင်းရမယ်လို့ ဘော့စ်ကပြောတယ်။ ဒါကြောင့် ဒါတွေကနေ ဝင်ငွေယွမ်၅၀၀၀၀၀ရဖို့ သူမျှော်လင့်နေတယ်။ တစ်ဆင့်တောင် မလျော့နည်းရဘူး"
ကုန်းထျန်းဟောက်က ငါ့ကိုသတ်ဖို့ ကြိုးစားနေတာပဲ!
တစ်ကျင်ကို ယွမ်၁၀၀၀?
သူဘာလို့ ဘဏ်သွားပြီးပဲ မခိုးလိုက်တာလဲ?
မဟုတ်ဘူး ဒါ ဘဏ်ကိုပဲ ဓားပြသွားတိုက်ခိုင်းလိုက်ပါတော့လား!
ဘယ်လိုမြေပဲဆီမျိုးကို တစ်ကျင်ယွမ်၁၀၀၀နဲ့ရောင်းရမှာလဲ?
ဒါတွေကို ရွှေပန်းပွင့်တွေရဲ့ ဝတ်ရည်ကိုများ စုပ်ထားလို့လား?
ဈေးက ဈေးအကြီးဆုံးမြေပဲဆီတောင် ငါးလီတာစည်ပိုင်းကို ယွမ်၂၀၀ပဲသွားသည်။ တစ်နည်းပြောရရင် ၎င်းက တစ်ကျင်ကို ယွမ်၂၀ဖြစ်သည်။ ဒါပေမယ့် အခု ကုန်းထျန်းဟောက်က သူ့ကို မြေပဲဆီကို တစ်ကျင်ကိုယွမ်၁၀၀၀နဲ့ ရောင်းစေချင်နေသည်။
လီယွမ်ဟန်က တကယ့်ကို မျက်လုံးတွေသာ လှည့်လိုက်ချင်တော့သည်။ သူ ကုန်းထျန်းဟောက် ဘာစဉ်းစားနေမှန်း တွေးလို့မရချေ။
အဲ့ဒီအချိန်မှာ လီယွမ်ဟန်က လမ်းလျှောက်လာပြီး ပုလင်းအဖုံးကို လှည့်ဖွင့်လိုက်သည်။
ချက်ချင်းပဲ တစ်ခန်းလုံးက ရနံ့တွေနဲ့ ပြည့်သွားသည်။ လီယွမ်ဟန်ရဲ့မျက်လုံးတွေက စက်ဝိုင်းကြီးလိုမျိုး ချက်ချင်းပြူးသွားသည်။ သူအရမ်း မယုံနိုင်ဖြစ်သွားသည်။
သူက လီဝမ်သုန့်ဆီ နားမလည်နိုင်တဲ့အမူအယာနဲ့ လှည့်ကြည့်လိုက်ပြီး မေးကာ
"ဒါ...ဒါက မြေပဲဆီလား?"
လီဝမ်သုန့်က ချက်ချင်းပဲ မျက်နှာသေနဲ့ ခေါင်းညိတ်လိုက်သည်။
"ဒါပေါ့ အဲ့ဒါမြေပဲဆီလေ"
"ဒါပေမယ့် မြေပဲဆီက ပုံမှန်ဆို ဒီလောက်မွှေးလို့လား?"
လီယွမ်ဟန်က မသေချာမရေရာစွာမေးလိုက်သည်။
လီဝမ်သုန့်က မျက်လုံးကစားလိုက်ပြီး
"ဒါပေါ့ သာမန်မြေပဲဆီက ဒီလောက် မမွှေးဘူး။ ဒါပေမယ့်လည်း ဒီမြေပဲဆီအမျိုးအစားက အဲ့ဒီလူထုတ်ထားတာ။ အဲ့ဒီလူကအမြဲတမ်း အံ့ဩဖို့အကောင်းဆုံးသီးနှံတွေ ထုတ်လုပ်ခဲ့တာ"
သူပို့ပေးလိုက်တဲ့ အသီးအနှံတွေကို ကျွန်တော်တို့ မြည်းပြီးပြီ။ အဲ့ဒီထွက်ကုန်တွေကို မြို့တော်မှာရောင်းရင် အရမ်းဈေးမြင့်မြင့်သွားလိမ့်မယ်"
သူဒါကိုပြောလိုက်တာနဲ့ လီဝမ်သုန့်က သူ့နှာခေါင်းကို ဖွင့်ထားတဲ့ပုလင်းအဖုံးဆီရွှေ့လိုက်ပြီး နှာခေါင်းရှုံ့ကြည့်လိုက်ကာ ပြန်လှည့်လိုက်သည်။
"ဒါရိုက်တာလီ ဒီမြေပဲဆီရဲ့အရည်အသွေးအရ ဒီထွက်ကုန်ကို မြို့တော်က ချမ်းသာတဲ့အသိုင်းအဝိုင်းကို ကျွန်တော်တို့ရောင်းနိုင်လောက်တယ်။ သူတို့က တစ်ကျင်ကို ယွမ်၁၀၀၀က ဈေးကြီးတယ်ထင်မှာမဟုတ်ဘူး"
လီယွမ်ဟန်က အတွေးထဲမှာ နစ်မျောနေသည်။
လီယွမ်ဟန်ရုံးခန်းရဲ့အပြင်မှာတော့ လှုပ်လှုပ်ရွရွဖြစ်နေကြသည်။
"ရုတ်တရက်ကြီး ဘယလို့အရမ်း မွှေးလာတာလဲ?"
"ဟုတ်တယ်၊ ငါလည်း အနံ့တစ်ခုရတယ်။ ဒါက ငါတို့ရေမွှေးထက်တောင် အများကြီး ပိုကောင်းသေးတယ်"
"ငါလည်းအဲ့လိုပဲထင်တယ်"
"မေးစရာက ဒီအနံ့က ဘယ်ကလာတာလဲ?"
ပြီးနောက်မှာ စူးရှတဲ့နှာခေါင်းနဲ့တစ်ယောက်က အနံ့နောက်ကို လိုက်ခဲ့ပြီး အနံ့ရဲ့ဇစ်မြစ်ကို ရှာတွေ့သွားသည်။ ပြီးနောက်မှာ သူမက အံ့ဩစွာနဲ့
"ဒီအနံ့က အထူးကိုယ်စားလှယ်လီရဲ့ရုံးခန်းကလာတာပဲ"
"ဟမ်? အထူးကိုယ်စားလှယ်လီက အထဲမှာ အရသာရှိတာတစ်ခုခု စားနေတလား?"
"ဒါပေမယ့် သူအစားအသောက်တစ်ခုခု သူနဲ့အတူတူယူသွားတာ ငါတို့မမြင်ပါဘူး"
"အိုး ဟုတ်သားပဲ၊ အနက်ရောင်နဲ့လူတချို့ ရုံးခန်းထဲ အခုလေးတင် စည်ပိုင်းတချို့သယ်သွားတာ ငါမြင်လိုက်တယ်။ ဘာတွေပါလဲတော့ ငါမသိဘူး"
"အနံကအရမ်းကောင်းတယ်။ ငါ့ကိုယ်ငါတောင် မထိန်းနိုင်တော့ဘူး။ ငါတံခါးခေါက်ပြီး အထူးကိုယ်စားလှယ်လီက ငါတို့ဆီကနေ ဘယ်လိုစားကောင်းသောက်ဖွယ်မျိုးဖွက်ထားတာလဲဆိုတာ ကြည့်ဦးမယ်"
အတွင်းရေးမှူးထဲကတစ်ယောက်က ပြောလိုက်သည်...
***