← Chapters

လီယွမ်ဟန်က မြေပဲဆီတွေရောင်းနေတယ်

Vol. 23 Ch. 380

လီယွမ်ဟန်က မြေပဲဆီတွေရောင်းနေတယ်

Vol. 23 Ch. 380

လီယွမ်ဟန်က တံခါးခေါက်သံကိုကြားလိုက်သည့်အချိန်တွင် မြေပဲဆီကို ယွမ်၁၀၀၀နဲ့ဘယ်လိုရောင်းရမလဲဆိုတာ စိုးရိမ်နေခဲ့သည်။

"ဝင်လာခဲ့!"

လီယွမ်ဟန်ရဲ့အသံက အေးစက်နေသည်။

ဝင်လာတဲ့သူက စီးပွားရေးလုပ်ငန်းဝတ်စုံဝတ်ထားတဲ့ အတွင်းရေးမှူးတုန်းဖြစ်သည်။ သူမက အရပ်ရှည်ပြီး လှပသည်။ တံခါးအပြင်ဘက်မျာ လူတော်တော်များများ ဝိုင်းအုံနေပြီး ရုံးခန်းထဲ ခေါင်းပြူနေကြသည်။

လီယွမ်ဟန်က 

"အတွင်းရေးမှူးတုန်း၊ ဘာဖြစ်လို့လဲ?"

အတွင်းရေးမှူးတုန်းက အနက်ရောင်ဝတ်စုံပြည့်ဖြင့် မျက်မှန်တပ်ထားတဲ့ လီဝမ်သုန့်ကို စူးစမ်းလိုစွာကြည့်လိုက်သည်။ ပြီးနောက်မှာ အတွင်းရေးမှူးတုန်းက ရုံးခန်းကိုထပ်ပြီး လှည့်ကြည့်လိုက်ပြန်သည်။ သူမက မျက်မှောင်ကျုံ့ပြီး အနည်းငယ်နားမလည်နိုင်ဖြစ်သွားသည်။

ရုံးခန်းတစ်ခုလုံးက စည်ပိုင်းတွေနဲ့ပြည့်နေပေမယ့် တစ်ခုမှာမှ လေဘယ်လ်တပ်မထားပေ။ ဒါကြောင့် ၎င်းတို့တွေကဘာတွေမှန်း သူမမသိပေ။

အတွင်းရေးမှူးတုန်းက ဆက်ပြီးလှည့်ပတ်ကြည့်နေသည်။

လီယွမ်ဟန်က လှည့်ပတ်‌ကြည့်နေတဲ့အတွင်းရေးမှူးတုန်းကို ထူးဆန်းတဲ့မျက်နှာထားနဲ့ 

"အတွင်းရေးမှူးတုန်း ဘာကိစ္စရှိလို့လဲလို့?"

အတွင်းရေးမှုးတုန်းကပြုံးပြီးတော့

"အထူးကိုယ်စားလှယ်လီ၊ ကျွန်မတို့အပြင်ဘက်ကနေ အခုလေးတင် အနံ့ရလို့။ အဲ့ဒါတကယ့်ကိုဆွဲဆောင်နေတယ်။ ရှင်တစ်ခုခုဖွက်ထားတယ်လို့ ကျွန်မတို့ထင်နေတာ။ ရှောင်လင်းက ရှင်ဘာဖွက်ထားလဲဆိုတာ ကျွန်မကို သွားကြည့်စေချင်လို့"

အတွင်းရေးမှူးတုန်းက နောက်နည်းနည်းပြန်ဆုတ်လိုက်သည်။ သူမက ဖွက်ထားတဲ့အစားအစာကိုရှာနေပေမယ့် ဘာမှမတွေ့ပေ။

အတွင်းရေးမှုးတုန်းက ဆက်ပြီး 

"အထူးကိုယ်စားလှယ်လီ ရှင်ဘာစားသောက်ဖွယ်ရာတွေဖွက်ထားတာလဲ? ရှင်အညံ့ခံသင့်ပြီ။ မဟုတ်ရင် အစ်မတွေဝင်လာတဲ့အခါကျ ရှင့်ကို ဆုတ်ဖြဲပစ်ကြလိမ့်မယ်"

လီယွမ်ဟန်ကတော့

သူ့ လက်အောက်ငယ်သားတွေဆီကနေ ခြိမ်းခြောက်ခံရတဲ့ပထမဆုံးသူဖြစ်လိမ့်မယ်လို့ သူယုံကြည်နေသည်။

"အဟမ်း..."

လီယွမ်ဟန်က ချောင်းဟန့်လိုက်ပြီး

"အတွင်းရေးမှူးတုန်း ငါဘာမှဖွက်မထားဘူး။ မင်းတို့ညီအစ်မအုပ်စုက ကျားမအုပ်စုလိုမျိုး အမြဲငါ့ကို မျက်စိဒေါက်ထောက်နေတာ။ ငါမင်းတို့ဆီကနေ ဘာများဖွက်ထားနိုင်မှာလဲ?"

အတွင်းရေးမှူးတုန်းက ဒါကိုကြားပြီးတော့ ထူးဆန်းတဲ့အပြုံးတစ်ခုနဲ့

"အထူးကိုယ်စားလှယ်လီ၊ ရှင်က ကျွန်မတို့ကို ကျားမအုပ်စုလို့ထင်တယ်ပေါ့? ရှင့်မှာ ကျွန်မတို့အတွက် ဒီလိုမြင့်မားတဲ့အမြင်ရှိတာလား?"

သူမလက်ကို ခါပြလိုက်ပြီး 

"ညီအစ်မတို့ အထဲဝင်လာကြ။ ကျွန်မတို့ကို ကြမ်းတမ်းတဲ့ ကျားမတွေလို့ တစ်စုံတစ်ယောက်က ပြောနေတယ်။ သူ့ကို ကျွန်မတို့လက်သည်းတွေထုတ်ပြလိုက်ကြမလား?"

"ဒါပေါ့!"

၎င်းကိုပြောပြီးတော့ အဖြူရောင်၊ အပြာရောင်နဲ့ အနက်ရောင် ရုံးဝတ်စုံတွေဝတ်ထားတဲ့ အမျိုးသမီးငါးယောက်ခြောက်ယောက်က အထဲဝင်လာကြသည်။ ပြီးနောက်မှာ သူတို့က လီယွမ်ဟန်ကို ဝန်းရံလိုက်ပြီး ယုတ်မာစွာပြုံးလိုက်သည်။

သူတို့လက်သည်းတွေကို သွေးလိုက်ပြီး 

"အထူးကိုယ်စားလှယ်လီ၊ ရှင်ဝန်ခံချင်သလား? ဒါမှမဟုတ် သင်ခန်းစာတစ်ခုအရင်သင်ချင်သေးလား?"

လီယွမ်ဟန်က ချက်ချင်းကြောက်လန့်သွားပြီး သူ့လက်မောင်းတွေကိုပိုက်ထားကာ

"ဘာမှမဆင်မခြင်မလုပ်ကြနဲ့"

"ရှင်ကျွန်မတို့ကို ရိုးသားနေသရွေ့ ဘာလို့မဆင်မခြင်လုပ်ရမှာလဲ? ပြီးတော့ ရှင်က ကျွန်မတို့ အထက်လူကြီးပဲလေ။ ဟုတ်တယ်မလား အစ်မတို့?"

အတွင်းရေးမှူးတုန်းက ယုတ်မာရက်စက်မယ့်အပြုံးနဲ့

"ဒီတော့ အထူးကိုယ်စားလှယ်လီ၊ ရှင်ကျွန်မတို့ဆီကနေ ဘာဝှက်ထားတာလဲ?"

ဘေးကနေကြည့်နေတဲ့လီဝမ်သုန့်က မျက်နှာပေါ်မှာ ကြောက်ရွံ့မှုအနည်းငယ် ပေါ်လာသည်။ ဒီအတွင်းရေးမှူးတွေက ကြောက်စရာပဲ။ ဒီအမျိုးသမီးတွေရဲ့အာရုံကို မဆွဲဆောင်မိစေဖို့ သူကဘေးကို တိုက်ရိုက်ပဲတွန့်သွားလိုက်သည်။

"လီဝမ်သုန့်!"

လီယွမ်ဟန်က ချက်ချင်းသူ့မျက်နှာကိုကာပြီး အော်လိုက်သည်။

လီဝမ်သုန့်က လက်ဆန့်ပြီး သူ့နားရွက်တွေကိုပွတ်လိုက်သည်။ ပြီးနောက်မှာ သူက ဆီစည်ပိုင်းတစ်ခုရဲ့ရှေ့ကို သာမန်ကာလျှံကာပဲလမ်းလျှောက်သွားလိုက်ပြီး ပုလင်းအဖုံးကို တည့်တည့်မတ်မတ်လှည့်လိုက်သည်။

"အား အနံ့ကအရမ်းကောင်းတာပဲ။ ဒီအနံ့ပဲ"

အနံ့က ချက်ချင်းအခန်းထဲမှာပြည့်သွားသည်။ ဒီအနံ့က သူတို့ရှာနေတဲ့အနံ့ဖြစ်သည်။ အမျိုးသမီးတိုင်းက လီယွမ်ဟန်ကို လွှတ်ပေးလိုက်ပြီး အနံ့ရင်းမြစ်ကိုရှာလိုက်ကြသည်။ သူတို့တွေရင်းမြစ်ကိုရှာတွေ့သွားကြတော့ အမျိုးသမီးတွေအံ့ဩသွားသည်။

အလွှတ်ခံလိုက်ရပြီဖြစ်တဲ့ လီယွမ်ဟန်က ချက်ချင်း စိတ်သက်သာစွာသက်ပြင်းချနိုင်ခဲ့သည်။ ပြီးနောက်မှာ ဒီအမျိုးသမီးတွေရဲ့ကြက်သေသေနေတဲ့အကြည့်တွေကိုမြင်ပြီး ချက်ချင်းပဲ သူ့ရဲ့တည်ကြည်လေးနက်တဲ့ပုံစံဆီ ပြန်သွားလိုက်သည်။ ပြီးနောက်မှာ သူက ဆီစည်ပိုင်းတွေကို ထိုးပြလိုက်ပြီး 

"ဒါမင်းတို့ရှာနေတဲ့ပစ္စည်းပဲ။ လိုချင်ရင် ယူသွားလိုက်!"

သူက အရမ်းညင်သာနေသည်။

အတွင်းရေးမှူးတုန်းက အံ့ဩသွားပြီး နားမလည်နိုင်စွာနဲ့

"အထူးကိုယ်စားလှယ်လီ၊ ဒီပစ္စည်းတွေကဘာတွေလဲ?"

"ဆီ!"

လီယွမ်ဟန်က ပြုံးကာ ပြန်ဖြေလိုက်သည်။

"ဆီတွေ?!"

ဒီအမျိုးသမီးတွေ ချက်ချင်းရှော့ခ်ရသွားသည်။

"ဒါဘယ်လိုဆီမျိုးလဲ?"

ကြည့်ရတာ ဒါကစကင်းကဲလ်ဆီမျိုးနဲ့တူတယ်။

"အဲ့ဒါမြေပဲဆီ!"

အမျိုးသမီးတွေအားလုံး အံ့ဩကုန်သည်။ သူတို့က ဒီအဖြေကို မျှော်လင့်မထားပေ။

"ဒါကမြေပဲဆီ?"

အစားသမား အတွင်းရေးမှူးလင်က နားမလည်တဲ့ပုံနဲ့

"ငါမြေပဲဆီစားဖူးပါတယ်။ ဒီလောက်အနံ့မကောင်းဘူး"

"ငါတို့အားလုံးမြေပဲ‌ဆီစားဖူးတယ်ထင်တာပဲ"

သူမဘေးက အမျိုးသမီးက ချက်ချင်းထပ်ပြီးတော့

"မြေပဲဆီနဲ့ချက်ထားတဲ့ ဟင်းတွေကလည်း အရမ်းအရသာရှိတယ်။ ဘာပဲဖြစ်ဖြစ် ဒီမြေပဲဆီက ငါတို့သိသမျှတံဆိပ်တွေအားလုံးထက် အများကြီးပိုမွှေးတယ်"

"ဟုတ်တယ် ငါ့မိသားစုမှာ မြေပဲဆီထုတ်တဲ့သူတစ်ယောက်ရှိတယ်။ ငါအရင်ကမြေပဲဆီသန့်ကို မြည်းဖူးတယ်။ အဲ့ဒါသေချောပေါက် အနံ့ဒီလောက်မကောင်းဘူး"

"ဒီမြေပဲဆီက ဟင်းခတ်အမွှေးအကြိုင်အဆီတချို့နဲ့ရောထားတာများလား? မဟုတ်ရင် ဘာလို့အနံ့က အရမ်းပြင်းနေရတာလဲ?"

"မဖြစ်နိုင်ဘူး။ မြေပဲဆီကိုသာ ကလိထားရင် ငါတို့အနံ့ရမှာပေါ့။ ဒါပေမယ့် ဒီဆီနံ့က အရမ်းသန့်လွန်းတယ်"

"ငါ့မှာ စူးရှတဲ့နှာခေါင်းရှိတယ်။ ဒါကသန့်စင်တဲ့မြေပဲဆီဆိုတာ ငါအတည်ပြုနိုင်တယ်။ မဟုတ်ရင် ငါအစောတည်းက နှာချေနေလောက်ပြီ"

အတွင်းရေးမှူးတုန်းက မျက်မှောင်ကျုံ့လိုက်ပြီး နားမလည်နိုင်စွာနဲ့ပြောလိုက်သည်။

ပြီးနောက်မှာ သူမက တစ်စုံတစ်ခုကို တွေးမိသွားဟန်တူပြီး တုံ့ပြန်လိုက်သည်။

သူမက ချက်ချင်းပဲ 

"မဟုတ်ဘူး နေဦး။ အထူးကိုယ်စားလှယ်လီ ရှင့်ရုံးခန်းထဲမှာ ဘာလို့မြေပဲဆီတွေအများကြီး ရှိနေတာလဲ?"

တခြားအမျိုးသမီးတွေလည်း တုံ့ပြန်လိုက်သည်။

"ဟုတ်တယ် အထူးကိုယ်စားလှယ်လီ၊ ဒီဆီကို ဆုလာဘ်အနေနဲ့ အလုပ်သမားတွေကို ဖြန့်ဖြူးမလို့လား? စတော်ဘယ်ရီတွေလိုမျိုးလား?"

စတော်ဘယ်ရီတွေလို့သူမပြောလိုက်တော့ သွား‌ရည်တွေတောင်ကျလာသည်။ အကြောင်းမှာ စတော်ဘယ်ရီတွေက တကယ့်ကို အရသာရှိခဲ့လို့ဖြစ်သည်။ သူတို့ရဲ့ဥက္ကဌက တချို့လျှို့ဝှက်တဲ့နေရာတွေကနေစတော်ဘယ်ရီတွေမှာခဲ့ပြီး သူတို့နဲ့အတူ ကုမ္ပဏီကလူတိုင်းကို ဆုချီးမြှင့်ခဲ့သည်။ တခြားသူတွေကလည်း စိတ်လှုပ်ရှားနေကြသည်။

"တကယ်? ငါ မြေပဲဆီပုလင်းအနည်းငယ်ကို အိမ်ယူသွားဖို့တော့ စိတ်မခုပါဘူး"

ပြီးတော့ ဒီမြေပဲဆီက အရမ်းမွှေးတယ်လေ။ သူတို့မချက်ပြုတ်ဘူးဆိုရင်တောင် ဆီကို သူတို့မိသားစုနဲ့ မိတ်ဆွေတွေကို လက်ဆောင်ပေးနိုင်သည်။

အဲ့ဒီအချိန်မှာ လီယွမ်ဟန်က သူတို့ကိုတားဖို့ လက်‌မြှောက်လိုက်သည်။ သူ့အကြည့်တွေကို သူတို့ဆီ လှည့်လိုက်သည်။

"ဒါကအလုပ်သမားတွေအတွက် ပြင်ဆင်ထားတဲ့ဆုမဟုတ်ဘူး"

အတွင်းရေးမှူးတုန်းနဲ့ တခြားအမျိုးသမီးတွေက ချက်ချင်း စိတ်ပျက်တဲ့အမူအယာတွေဖြစ်သွားကြသည်။

"အိုး ငါကဘာမှမဟုတ်တာအတွက် စိတ်လှုပ်ရှားသွားတာပဲ"

"ငါရောပဲ"

အမျိုးသမီးတွေက အလွန်အမင်းကို စိတ်ပျက်သွားကြသည်။

"အထူးကိုယ်စားလှယ်လီ ဒါတွေက အလုပ်သမားတွေအကျိုးအတွက်မဟုတ်ဘူးဆိုရင် ဘာလို့ရှင့်ရုံးခန်းထဲကို ရွှေ့ထားတာလဲ?"

အတွင်းရေးမှူးလီက မေးလိုက်သည်။

"ငါဒါတွေကို ရောင်းမလို့"

လီယွမ်ဟန်က အေးဆေးစွာပဲ ပြန်ဖြေလိုက်သည်။

"ဟမ်?"

အတွင်းရေးမှူးတုန်းနဲ့ တခြားသူတေ အံ့ဩသွားသည်။

"ရှင်ဘာကိုဆိုလိုတာလဲ?"

"အထူးကိုယ်စားလှယ်လီ၊ ရှင် ဒီမြေပဲဆီတွေကို ရောင်းဖို့စီစဉ်ထားတာလား?"

ပြီးနောက်မှာ အမျိုးသမီးတွေက တခစ်ခစ်ရယ်မောလိုက်ကြသည်။

"အထူးကိုယ်စားလှယ်လီ ရှင်နောက်နေတာလား? ရှင်က မြေပဲဆီတွေကို လှည့်ပတ်ရောင်းနေဖို့ လိုလို့လား? ဥက္ကဌကရှင့်ကို လုံလောက်တဲ့လစာ မပေးဘူးလား?"

"ဒါပေမယ့် မဟုတ်သေးဘူး။ ဥက္ကဌကအမြဲတမ်းရက်ရောနေတာ။ သူက ရှင့်ကို နှစ်စဉ်လစာယွမ်သုံးသန်းပေးပြီးတော့ အိမ်တစ်လုံးနဲ့ ဇိမ်ခံကားတစ်စီးတောင် ပေးထားတာ။ ရှင့်ရဲ့စရိတ်တစ်ခုမှ ကုမ္ပဏီစာရင်းထဲမှာမထားဘူး။ ရှင့်မှာ ပိုက်ဆံတွေအများကြီးရှိတာပဲ။ ဘာလို့မြေပဲဆီတွေရောင်းဖို့လိုမှာလဲ?"

"ဟုတ်သားပဲ အထူးကိုယ်စားလှယ်လီ၊ ကျွန်မတို့ ရှင့်ကိုမယုံဘူး"

အဲ့ဒီအချိန်မှာ လီဝမ်သုန့်က ဖျော့တော့စွာနဲ့

"လေဒီတို့ အထူးကိုယ်စားလှယ်လီက အမှန်ကိုပြောနေမှန်း ကျွန်တော်အတည်ပြုပေးနိုင်ပါတယ်"

လီဝမ်သုန့်ရဲ့စကားတွေက အလိုလိုပဲ လေဒီတွေရဲ့အာရုံကို ဆွဲယူလိုက်သည်။

အတွင်းရေးမှူးတုန်းက လီဝမ်သုန့်ကို သင်္ကာမကင်းနဲ့ကြည့်လိုက်ပြီး

"ရှင်ကဘယ်သူလဲ?"

"အဟမ်း.."

လီဝမ်သုန့်က နှစ်ကြိမ်ချောင်းဟန့်လိုက်ပြီး လေးလေးနက်နက်နဲ့

"အမ် ကျွန်တော်က ဥက္ကဌရဲ့ဘော်ဒီဂတ်ပါ။ မင်္ဂလာပါ လေဒီတို့"

"ဥက္ကဌရဲ့ဘော်ဒီဂတ်?"

သူတို့တွေ သင်္ကာမကင်းဖြစ်သွားကြသည်။ သူတို့က လီဝမ်သုန့်ကို မယုံကြည်ကြပေ။

"ဥက္ကဌက ဘော်ဒီဂတ်ကို သူနဲ့အတူ ခေါ်သွားခဲတယ်။ သူခေါ်သွားရင်တောင် ပုံသေ တစ်ယောက်နှစ်ယောက်ပဲရှိတာ။ ဘာလို့ရှင့်ကိုအရင်က ကျွန်မတို့ မမြင်ဖူးရတာလဲ?"

အတွင်းရေးမှူးတုန်းက ပြတ်ပြတ်သားသားနဲ့မေးလိုက်သည်။

"တော်လောက်ပြီ"

လီယွမ်ဟန်က သူမကို တားလိုက်သည်။ သူက လေးနက်စွာနဲ့

"ဥက္ကဌက ငါ့ကို မြေပဲဆီတွေရောင်းဖို့ပြောထားတာ။ တစ်ကျင်ကို ယွမ်၁၀၀၀နဲ့သွားလိမ့်မယ်။ မင်းတို့အားလုံးရဲ့လစာတွေက မနိမ့်မှန်း ငါသိတယ်။ မင်းတို့တွေ ငါ့ဆီကနေ တစ်ကျင် နှစ်ကျင်လောက် ဝယ်သွားရင်ရော?"

"အမ်?"

အမျိုးသမီးတွေက ကြက်သေသွသွားသည်။

လီယွမ်ဟန်က တကယ်အရောင်းသမားတစ်ယောက်ဖြစ်နေတာပဲ။ ပြီးတော့ သူက ရောင်းချမှုတွေကို သူတို့အပေါ် တွန်းပို့နေတယ်!

ဒါပေမယ့် နေပါဦး...

"တစ်ကျင်ကို ယွမ်၁၀၀၀?"

အတွင်းရေးမှူးလင်က တုန်လှုပ်သွားသည်။ သူမက 

"အထူးကိုယ်စားလှယ်လီ၊ ရှင်ကျွန်မကို နောက်နေတာလား? ဘယ်လိုလုပ်မြေပဲဆီက အရမ်းဈေးကြီးနေရတာလဲ? ဈေးက မြေပဲဆီက တစ်စည်ပိုင်းကိုမှ ယွမ်၂၀၀။ ပြီးတော့ စည်ပိုင်းတစ်ခုမှ ငါးလီတာပါတယ်"

အတွင်းရေးမှူးလင်က အစားသမားတစ်ယောက်ပေမယ့် မဆင်မခြင်သုံးတဲ့လူတစ်ယောက်မဟုတ်ပေ။ သူမမှာ အရမ်းပျော်ရွှင်စရာကောင်းသည့် မိသားစုတစ်ခုကို ပိုင်ဆိုင်ထားသူဖြစ်သည်။ သူမမှာ သူမကို တုန်နေအောင်ချစ်တဲ့ခင်ပွန်းတစ်ယောက်ရှိသည်။ သူကလည်း ချက်ပြုတ်တာမှာ အရမ်းတော်သည်။ သူက သူ့ရဲ့အချိန်တွေကို သူမအတွက် နေ့တိုင်းအရသာရှိတဲ့ဟင်းမျိုးစုံချက်ပြုတ်ပေးရင်း ကုန်ဆုံးသည်။

ဒီမြေပဲဆီကရောင်းဖို့ဆိုတာကို သူမကြားလိုက်တော့ စိတ်လှုပ်ရှားသွားသည်။ ဆီအနံ့ကကောင်းသည်။ ဒါကြောင့် ၎င်းတို့က ချက်ပြုတ်ဖို့အတွက် အသင့်တော်ဆုံးဖြစ်လိမ့်မည်။ သူမက သူမခင်ပွန်း ချက်ပြုတ်ဖို့အတွက် အနည်းငယ်ဝယ်သွားချင်သည်။ ဒါပေမယ့်လည်း သူမဈေးနှုန်းကိုကြားလိုက်တော့ ရှော့ခ်ရသွားသည်။ သူမ ၎င်းကို လက်မခံနိုင်ပေ။

လီယွမ်ဟန်က သူ့လက်တွေကိုဖြန့်လိုက်ပြီး အတော်လေးကူကယ်ရာမဲ့စွာနဲ့

"ငါလည်းဒါကို ဒီလိုမတန်တဆဈေးနဲ့မရောင်းချင်ပါဘူး။ ဒါပေမယ့်လည်း ဒါကိုတစ်ကျင်ကို ယွမ်၁၀၀၀နဲ့ရောင်းဖို့ ဥက္ကဌက ငါ့ကိုအမိန့်ပေးထားတယ်။ သူက စာရင်း၅၀၀၀၀၀ကိုမြင်မှ ကျေနပ်မှာ"

"ဒါက..."

ဒါက ဥက္ကဌရဲ့အမိန့်လို့ အမျိုးသမီးတွေကြားလိုကတော့ အံ့ဩပိး သင်္ကာမကင်းဖြစ်သွားကြသည်။

'ဘာတွေဖြစ်နေတာလဲ? ဘာလို့ ဥက္ကဌက အထူးကိုယ်စားလှယ်လီကို ရုတ်တရက် ဆီရောင်းခိုင်းရတာလဲ? ပြီးတော့ ဒါတွေကို ဈေးအမြင့်ကြီးနဲ့လည်း ရောင်းဦးမယ်? ဒါက အထူးကိုယ်စားလှယ်လီ အလုပ်မှာနှေးကွေးတဲ့အတွက် သူ့ဖို့အပြစ်ဒဏ်လား?'

ဒါပေမယ့် ဒါလည်းမဖြစ်နိုင်ပေ။

အထူးကိုယ်စားလှယ်လီ ဘယ်‌လောက်အလုပ်လုပ်မှန်း အတွင်းရေးမှူးတွေအားလုံးသိကြသည်။ သူက မကြာခန အချိန်ပိုတွေလုပ်ပြီး စားဖို့သောက်ဖို့တောင် လွတ်ရလောက်အောင် အလုပ်များတတ်သည်။ ဒါကြောင့် ဥက္ကဌက အထူးကိုယ်စားလှယ်လီကို မြေပဲဆီတွေလှည့်ရောင်းခိုင်းတာက အဓိပ္ပာယ်မရှိပေ။

အဲ့ဒီအချိန်မှာ လီဝမ်သုန့်က လီယွမ်ဟန်ကို ကူညီဖို့ ရပ်တည်လိုက်သည်။

"လေဒီတို့ ကျွန်တော် အထူးကိုယ်စားလှယ်လီအတွက် အာမခံပေးနိုင်ပါတယ်။ ကျွန်တော်က ဒီဆီတွေကို အထူးကိုယ်စားလှယ်လီ‌ဆီပေးဖို့ ဥက္ကဌဆီကနေ အမိန့်ပေးခံခဲ့ရတာပါ"

လေဒီတွေ ဆွံ့အသွားကြသည်။ သူတို့နားထဲမှာ တစ်ခုခုမှားနေတာဖြစ်မယ်လို့ ခံစားလိုက်ရသည်။

မဟုတ်ရင် ဘာလို့ ဥက္ကဌက ရုတ်တရက်ကြီး အထူးကိုယ်စားလှယ်လီကို မြေပဲဆီတွေရောင်းခိုင်းမှာလဲ?

လီယွမ်ဟန်က သူ့ရဲ့ အံ့ဩနေတဲ့လက်အောက်ငယ် သားတွေကိုကြည့်လိုက်ပြီး လက်သီးဆုပ်ထားလိုက်သည်။ ပြီးနောက်မှာ သူကလေးနက်တဲ့မျက်နှာထားနဲ့ 

"အတွင်းရေးမှူးလင်၊ တစ်ကျင်ကိုယွမ်၁၀၀၀ကျတဲ့ ဒီမြေပဲဆီကို မင်းဝယ်ချင်သေးလား? မင်းယောက်ျားက တော်တဲ့စာဖိုမှုးတစ်ယောက်မဟုတ်လား? ‌ဒီမြေပဲဆီနဲ့လုပ်ထားတဲ့ဟင်းတွေက အရသာရှိမယ်ဆိုတာ ငါသေချာတယ်။ မင်း နှစ်ကျင်လောက်ဝယ်သွားရင်ရော?"

အတွင်းရေးမှူးများ "........."

သူက တကယ်သူတို့‌အပေါ်မှာ ဖိအားပေးရောင်းချနေတာပဲ!

သူက သူတို့ကိုအာမခံဝယ်ဖို့တွန်းအားပေးနေတဲ့ အာမခံကုမ္ပဏီတစ်ခုက တစ်ယောက်ယောက်နဲ့တူသည်။

ဘာပဲဖြစ်ဖြစ် အတွင်းရေးမှူးလင်က ဒီမြေပဲဆီရဲ့ရနံ့ကြောင့် ဆွဲဆောင်ခံလိုက်ရသည်။ ဒါပေမယ့်လည်း သူမက ဈေးနှုန်းကိုကြားလိုက်တော့ အနည်းငယ်တုံ့ဆိုင်းသွားသည်။

အတွင်းရေးမှူးလင်က တုံ့ဆိုင်းတုံ့ဆိုင်းနဲ့

"ဆီကို တစ်ကျင်ယွမ်၁၀၀၀က အရမ်းဈေးကြီးလွန်းတယ်။ အထူးကိုယ်စားလှယ်လီ နည်းနည်းလောက်လျှော့ရအောင်။ အမ် တစ်ကျင်ယွမ်၅၀၀ဆိုရင်ရော? ကျွန်မရှင့်ဆီကနေ နှစ်ကျင်ယူမယ်လေ"

လူတိုင်းက

"..."

ငါတို့က ဈေးမှာလား?

ဘာလို့ သူတိူ့တွေ ဈေးဆစ်နေတာလဲ?

တစ်ကျင်ယွမ်၅၀၀က မျှတတယ်လို့ အ‌တွင်းရေးမှူးလင်က ထင်သည်။ ပြီးတော့ ဈေးတွင် အမြင့်ဆုံးဈေးနှုန်းက တစ်ကျင်ကို ၂၀၀ယွမ်လေ။ သူမက လီယွမ်ဟန်ရဲ့မျက်နှာကြောင့် ၅၀၀ပေးဖို့ ကမ်းလှမ်းခဲ့သည်။

ဒါပေမယ့်...

လီယွမ်ဟန်က သူ့ခေါင်းကိုခါလိုက်ပြီး 

"ငါစိတ်မကောင်းပါဘူး အတွင်းရေးမှူးလင်၊ ငါတို့ဘာဈေးဆစ်တာမှ လက်မခံဘူး။ တကယ်တော့ မဟုတ်သေးဘူး။ မင်း ပိုမြင့်တဲ့ဈေးနဲ့ဝယ်နိုင်တယ်။ ဒါပေမယ့် ဈေးအနိမ့်နဲ့တော့ မဟုတ်ဘူးပေါ့။ အနိမ့်ဆုံးဈေးက တစ်ကျင်ကို ယွမ်၁၀၀၀ပဲ"

လူတိုင်း၊ "..."

"အတွင်းရေးမှူးလင်၊ မင်းရဲ့လစဉ် လစာက ယွမ်၁သိန်းထက်ပိုတာပဲ။ မင်းက တစ်ထောင် နှစ်ထောင်လောက်ကို တိုနေတာလား?"

လီယွမ်ဟန်က အတွင်းရေးမှူးလင်ကို မျက်နှာထားတည်တည်နဲ့ သိမ်းသွင်းဖို့ အကောင်းဆုံးကြိုးစားနေသည်။

"တစ်ကျင်ကိုယွမ်၁၀၀၀။ ဒါသေချာပေါက် မင်းရဲ့ပိုက်ဆံနဲ့တန်လိမ့်မယ်! နှစ်ကျင်လောက်ပဲ စမ်းကြည့်လိုက်!"

လူတိုင်း "..."

သူတို့က အထူးကိုယ်စားလှယ်လီရဲ့ ဒီဘက်ခြမ်းကို အရင်က မမြင်ဖူးပေ။

သူက အာမခံအေးဂျင့်တစ်ယောက်မဖြစ်တာတော့ နှမျောစရာပင်။

သူက အရောင်းသမားကောင်းတစ်ယောက်ပဲ။

အသုံးများတဲ့မာကတ်တင်းစကားတွေက အတွင်းရေးမှူးလင်ကို လှုပ်ရှားစေသည်။ လီယွမ်ဟန် မှန်ကန်သည်။ သူမ လစာက မြင့်သည်။ ၁၀၀၀ ဒါမှမဟုတ် ၂၀၀၀လောက်က သူမရဲ့ နေထိုင်မှုစံကို မထိခိုက်ပေ။

"အတွင်းရေးမှူးလင်၊ မင်းဘာလို့ ထွက်ကုန်ကို နောက်ထပ်နည်းနည်းလောက် ထပ်ပြီး အနံ့မခံမကြည့်လိုက်တာလဲ?"

လီယွမ်ဟန်က အကြံပြုလိုက်သည်။

ဒါက အကြံကောင်းတစ်ခုပဲ။ ရောင်းချတဲ့နှုန်းထားက ဘယ်လောက်ပဲကောင်းကောင်း ထွက်ကုန်က ၎င်းအတွက် ၎င်းစကားပြောသင့်သည်။ အတွင်းရေးမှူးလင်က မျက်မှောင်ကျုံ့ကာ ထပ်ပြီးနှာခေါင်းရှုံ့လိုက်သည်။ ပြီးနောက်မှာ သူမသွားတွေကိုကြိတ်လိုက်ပြီး 

"ကောင်းပြီ ကျွန်မ ဆီနှစ်ကျင်ယူမယ်!"

လီယွမ်ဟန်က ခေါင်းညိတ်လိုက်ပြီး 

"အံ့ဩစရာပဲ။ လီဝမ်သုန့်၊ သူ့အတွက် နှစ်ကျင်ထုပ်ပေးလိုက်!"

လီဝမ်သုန့်

"ကျွန်တော်တို့ကဈေးမှာလား? ကျွန်တော်က ဘယ်တုန်းက အရောင်းကိုယ်စားလှယ်ဖြစ်သွားတာလဲ? ကိစ္စမရှိပါဘူးလေ။ ဒါက ကျွန်တော်တို့ရဲ့ ပထမရက်အဖွင့်ဆိုတော့ အထူးကိုယ်စားလှယ်လီကို ကူညီလိုက်ပါ့မယ်"

ပြီးနောက်မှာ သူကလမ်းလျှောက်သွားလိုက်ပြီး

"အထူးကိုယ်စားလှယ်လီ၊ ကျွန်တော်တို့မှာ ချိန်စရာလည်းမရှိဘူး။ ထုပ်ပိုးမယ့်ဘူးတွေလည်းမရှိဘူးလေ။ ကျွန်တော်တို့ ဘယ်လိုလုပ် ဒါကိုလုပ်ရမှာလဲ?"

လီယွမ်ဟန် "..."

လူတိုင်းကလည်း "..."

***

All Chapters