ကုန်းထျန်းဟောက်က ရှောင်လင်းယွီကို စနေတယ်
Vol. 23 Ch. 381
အထူးကိုယ်စားလှယ်လီရဲ့ ဖြတ်လတ်တဲ့ပရိုမိုးရှင်းနဲ့ ကြိုးစားမှုအောက်မှာ မြေပဲဆီကျင်၅၀ဝက တစ်မနက်နဲ့တင် ရောင်းထွက်သွားသည်။ ၎င်းတို့ကို တစ်ကျင်ကို ယွမ်၁၀၀၀နဲ့ ရောင်းခဲ့ခြင်းပင်။
ကာစတာမာတွေက ပိုက်ဆံရှင်းတော့ စိတ်ဒုက္ခရောက်ခဲ့ကြပေမယ့် ခုနက မြေပဲဆီရနံ့ရဲ့အဝေးမှာ မနေနိုင်ကြပေ။ ဒီလူတွေရဲ့လစာက မြင့်ကြသည်ပဲလေ။
သူတို့အိမ်ပြန်ပြီးတော့ မြေပဲဆီကို ဟင်းချက်ဖို့ အသုံးပြုတော့ အနံ့က သူတို့အိမ်တွေကို စိမ့်ဝင်ပျံ့နှံ့သွားသည်။ ပြီးနောက်မှာ သူတို့တွေက ပိုမဝယ်လိုက်ရတဲ့အတွက် နောင်တရခဲ့ကြသည်။
ပေးတာအတွက် ပြန်ရတာပဲလေ။
မြေပဲဆီက ဈေးကြီးနေရတဲ့ အကြောင်းရင်းရှိသည်။ တစ်ကျင်ကိုယွမ်၁၀၀၀က ဈေးကြီးပေမယ့် သူတို့က မွှေးပျံ့ပြီး အရသာရှိသည်။ သူတို့က တစ်လကို ယွမ်၁၀၀၀၀၀ကျော်ကျော်စုမိတဲ့ ထိပ်တန်းအလုပ်သမားတွေဖြစ်သည်။ ဒါကြောင့် သူတို့တွေ မြေပဲဆီကို တတ်နိုင်ကြသည်။
နောက်နေ့မှာ သူတို့တွေ ထပ်ပြီးဝယ်ဖို့ လီယွမ်ဟန်ဆီပြန်သွားကြတော့ မြေပဲဆီတွေအားလုံး ကုန်သွားခဲ့ပြီ။
လီယွမ်ဟန်က မြေပဲဆီတွေအားလုံးကိုရောင်းခဲ့ပြီး တစ်ကျင်ကို ယွမ်၁၀၀၀ထက်များတဲ့ဈေးနဲ့ ရောင်းဖို့ စီစဉ်ထားခဲ့သည်။ အစကတည်းက လီယွမ်ဟန်ရဲ့တားဂတ်က ကုမ္ပဏီကြီးအချို့ရဲ့ ဘော့စ်ကြီးတွေဖြစ်သည်။ သူတို့တွေအားလုံးက ချမ်းသာပြီး ဩဇာကြီးကြသည်။
အစကတော့ သူတို့တွေက လီယွမ်ဟန်ကို မျက်နှာလုပ်ဖို့ မြေပဲဆီတချို့ဝယ်ခဲ့ကြသည်။ သူတို့က နမူနာတောင် မတောင်းခဲ့ပေ။ မြေပဲဆီကဈေးကြီးပေမယ့် ရောင်းတဲ့သူက Imperialဂရုရဲ့ ဒုဥက္ကဌဖြစ်သည်။
သူတို့ဘယ်လိုလုပ် သူ့ကို မျက်နှာမလုပ်ဘဲနေနိုင်မှာလဲ?
နောက်ထပ်အရေးကြီးတဲ့အကြောင်းရင်းတစ်ခုကတော့ ဒီဘော့စ်ကြီးတွေက အတွင်းသတင်းတချို့ လိုချင်ကြသည်။ ဒါက Imperial ဂရုရဲ့ နောက်ထပ်စီးပွားရေးချဲ့ထွင်မှုလို့ လူတော်တော်များများက ခန့်မှန်းခဲ့ကြသည်။
ဘော့စ်ကြီးတွေက အနာဂတ်ပူးပေါင်းဆောင်ရွက်မှုအခွင့်အရေးတွေရရှိဖို့ မျှော်လင့်ရင်း မြေပဲဆီဝယ်ခဲ့ကြသည်။ ဒါပေမယ့်လည်း သူတို့အိမ်မှာ ဟင်းချက်တဲ့သူတွေချက်ပြုတ်ဖို့ မြေပဲဆီကိုဝယ်ခဲ့တော့ ချက်ချင်းစွဲလမ်းသွားခဲ့ကြသည်။ ချက်ချင်းဆိုသလိုပဲ သူတို့က မြေပဲဆီထပ်ဝယ်ဖို့ လီယွမ်ဟန်ဆီခေါ်ဆိုခဲ့ကြသည်။ ဒီဘော့စ်ကြီးတွေက လူလည်တွေလေ။ သူတို့တွေ ချက်ချင်းပဲ မြေပဲဆီရဲ့ဈေးနှုန်းကို ရှာတွေ့သွားကြသည်။ ၎င်းကို သူတို့ရဲ့စီးပွားရေးမိတ်ဖက်တွေအတွက် လက်ဆောင်အဖြစ် အသုံးပြုနိုင်သည်။
မကြာခင်ပဲ လီယွမ်ဟန်ရဲ့မြေပဲဆီက မြို့တော်ရဲ့အထက်တန်းလွှာတွေကြားမှာ နှစ်သက်စရာတစ်ခုဖြစ်လာသည်။ ဩဇာရှိတဲ့လူတွေအများကြီးက လီယွမ်ဟန်ဆီကနေ မြေပဲဆီဝယ်ဖို့ ယှဉ်ပြိုင်ခဲ့ကြသည်။
လီယွမ်ဟန်က ချက်ချင်းပဲ ဈေးကိုမြှင့်လိုက်သည်။ တကယ်တော့ သူက တစ်ဆင့်ကျော်သွားလိုက်ပြီး ဈေးပြိုင်ဖို့အတွက် ကြမ်းခင်းဖွင့်လိုက်သည်။ ဈေးနှုန်းက ထပ်ထပ်ပြီး မြင့်တက်လာသည်။ မြေပဲဆီတစ်ကျင်အတွက် ပြိုင်ပေးတဲ့ဈေးက ၁၀၀၀ကနေ ၁၀၀၀၀အထိသွားခဲ့သည်။ ပြီးတော့ ၎င်းက ဆက်လက်မြင့်တက်ဆဲပင်။ အဆုံးမှာတော့ ၎င်းက တစ်ကျင်ကိုယွမ်၂၀၀၀၀ထိပ်ကို ရောက်ရှိသွားသည်။ နောက်ဆုံးငါးကျင်ကို ဒီသဘာဝမကျတဲ့ဈေးနဲ့ ရောင်းထုတ်ခဲ့သည်။
အလဲအလှယ်အတွင်းမှာ အနိုင်ရတဲ့သူက လီယွမ်ဟန်ကို
"ဒါရိုက်တာလီ ခင်ဗျားနောက်ကျရင်ရော ဒီလိုမြေပဲဆီမျိုး ရောင်းဦးမှာလား?"
ဉာဏ်နီဉာဏ်နက်များတဲ့လီယွမ်ဟန်က မျက်ခုံးတွေပင့်လိုက်ပြီး လက်တွေဖြန့်ကာ ပြုံးပြီးတော့
"ကောင်းပြီ ကျွန်တော်လည်းမသိဘူး။ကျွန်တော်က ကျွန်တော့်ဘော့စ်ကိုယ်စား ဒီမြေပဲဆီတွေကို ရောင်းပေးနေရုံတင်"
ဒါကိုပြောပြီးတော့ သူက ခနလောက်ရပ်လိုက်ပြီး အနည်းငယ်လျှို့ဝှက်တဲ့အပြုံးနဲ့
"ဘယ်သူသိမှာလဲ။ နောင်ကျရင် ရှိရင်လည်းရှိလာဦးမှာပေါ့"
စီးပွားရေးသမားက "..."
သေစမ်း အဲ့ဒီလိုသာဆို ငါဘာလို့ အခုဒါကိုဝယ်ဖို့ ပိုက်ဆံတွေအများကြီးသုံးနေရတာလဲ?
ပစ္စည်းကပိုရှားလေ ပိုဈေးကြီးလေပဲ။ နောက်ပိုင်းမှာ စတော့တွေပိုရှိလာရင် ဈေးကကျသွားဦးမှာ။
ဒါပေမယ့်လည်း ဈေးပြိုင်ပေးတာကို ထည့်တွက်ပြီးသွားပြီဖြစ်ပြီး သူကလည်းပေးပြီးသွားပြီ။ သူက လေလံဈေးကို ပြန်ငြင်းဆိုလို့မရပေ။
သူ့မှာ မြေပဲဆီငါးကျင်ကို သယ်သွားမယ့်လူတွေရှိသည်။ သူ့ကြည့်ရတာ ဖင်ကနေအကန်ခံလိုက်ရပုံပေါ်နေသည်။
လီယွမ်ဟန်က မြေပဲဆီငါးကျင်ရောင်းချတာကနေ အမြတ်ကိုတွက်နေပြီး အရမ်းကျေနပ်နေသည်။
.....
အဆုံးမှာတော့...
ကုန်းထျန်းဟောက်က ရှောင်လင်းယွီကို ဘဏ်ကတ်ပေးလိုက်သည်။
ရှောင်လင်းယွီက မျက်ခုံးပင့်လိုက်ပြီး စိတ်ဝင်စားစွာနဲ့
"ဒါရဲ့ဆိုလိုရင်းက ဘာတုန်း?"
သူတို့က အချိန်အနည်းငယ်အတူတူရှိလာခဲ့ပြီး ရှောင်လင်းယွီက ကုန်းထျန်းဟောက်ရဲ့အကျင့်စရိုက်ကို ပိုပြီးသိလာသည်။ သူက သူမကို အကြောင်းရင်းမရှိဘဲ ဘဏ်ကတ်တစ်ကတ်ပေးမှာမဟုတ်မှန်းသိသည်။
ကုန်းထျန်းဟောက်ကပြုံးပြီး
"ယွီအာ အထင်မလွဲပါနဲ့။ ဒါကမြေပဲဆီရောင်းတာကနေ ရတဲ့ငွေပါ။ သူတို့ကိုယွမ်၆၀၀၀၀၀နဲ့ရောင်းထားတာ"
"အမ်? ၆၀၀၀၀၀?"
ရှောင်လင်းယွီက မှားကြားမိလိုက်တာလို့ တွေးနေသည်။ သူမက အံ့ဩစွာနဲ့
"မြေပဲဆီကျင်၅၀၀အတွက် ယွမ်၆၀၀၀၀၀?"
သူမရဲ့ခန့်မှန်းချက်အရ မြို့တော်မှာ မြေပဲဆီရောင်းချတဲ့ဈေးနှုန်းက တစ်ကျင်ကို ယွမ်၂၀၀သည်။
သူမသတ်မှတ်က ကုန်းထျန်းဟောက်ကို ကျင်၅၀၀ပေးလိုက်သည်။ ဒါကြောင့် ယွမ်၁၀၀၀၀၀ဖြစ်လိမ့်မည်။
ဒါပေမယ့် ကုန်းထျန်းဟောက်က သူမကို ယွမ်၆၆၀၀၀၀ရှိတဲ့ ကတ်တစ်ကတ်ပေးတယ်?
ဟာသလုပ်နေတာလား?
ရှောင်လင်းယွီက ကုန်းထျန်းဟောက်ကို အရမ်းအသံသယများတဲ့အကြည့်နဲ့ စိုက်ကြည့်လိုက်သည်။ သူမက သင်္ကာမကင်းနဲ့
"ကုန်းထျန်းဟောက် ရှင့်တစ်ယောက်တည်းအတွက် မြေပဲဆီကျင်၅၀၀လုံးကို ဝယ်လိုက်တာလား?"
ဒါက သူမတွေးနိုင်တဲ့ တစ်ခုတည်းသောဖြစ်နိုင်ချေဖြစ်သည်။ ဒါသာအမှန်ဆိုရင်တော့ သူ့လုပ်ရပ်က အရမ်းအားလျော့စရာပဲ။
"ကုန်းထျန်းဟောက်၊ ဒါဘာအဓိပ္ပာယ်လဲ? ရှင့်ပိုက်ဆံတွေကို ကျွန်မလိုတယ်ထင်နေတာလား?"
ရှောင်လင်းယွီက တင်းတင်းမာမာနဲ့မေးလိုက်သည်။ သူမစိတ်က ရုတ်တရက် မွန်းကျပ်သွားပြီး အရမ်းဝမ်းနည်းသွားသည်။ သူမက မထိန်းချုပ်နိုင်ဘဲ ကုန်းထျန်းဟောက်ကို အရမ်းပြတ်သားတဲ့လေသံနဲ့မေးလိုက်သည်။
အမှန်အတိုင်းဆိုရင် ဒါကသူမရဲ့ မူလရည်ရွယ်ချက်မဟုတ်ပေ။ ဒါပေမယ့် ကုန်းထျန်းဟောက်က သူမကို တချို့ဝတ္ထုပစ္စည်းတွေလိုမျိုး ဝယ်နိုင်တယ်ဆိုတာကို ဘယ်လိုတွေးနေလဲဆိုတာတွေးမိတဲ့အချိန်တိုင်း ဒေါသထွက်သွားသည်။ ဒါက သူမပြန်လည်မွေးဖွားပြီးကတည်းက သူမစိတ်ခံစားချက်အရမ်းထိခိုက်သွားတဲ့ ဒုတိယတစ်ခေါက်ဖြစ်သည်။
ပထမတစ်ကြိမ်က သူမမိဘတွေ အရိုက်ခံရတဲ့တစ်ခေါက်က ဖြစ်သည်။
ကုန်းထျန်းဟောက်က အရမ်းအလေးအနက်ထားပြီး သူမကို အကူအညီပေးခဲ့သည်။ သူက အဲဒီသိုက်တူးသမားတွေနဲ့မတူဘဲ သူမကို ကွဲကွဲပြားပြားဆံဆံခဲ့တယ်လို့ သူမထင်ခဲ့သည်။ ဒါပေမယ့်လည်း အဆုံးမှာတော့ သူမမှားနေမှန်း သဘောပေါက်သွားခဲ့သည်။ ရှောင်လင်းယွီက စိတ်မချမ်းမသာဖြစ်၊ အနည်းငယ်ခါးခါးသီးသီးဖြစ်သွားပြီး အနည်းငယ်စိတ်အားငယ်သွားသည်။
ဒီခံစားချက်တွေက သူမစိတ်ကိုလှုပ်ခါဖို့ စုဝေးနေခဲ့သည်။ သူမကိုယ်သူမ မထိန်းချုပ်နိုင်တော့ပေ။ သူမရဲ့မျက်လုံးတွေက ကုန်းထျန်းဟောက်ကိုကြည့်နေတုန်း ဝမ်းနည်းမှုနဲ့ စိတ်ပျက်မှုတွေနဲ့ ပြည့်နေခဲ့သည်။
မမျှော်လင့်စွာပဲ ကုန်းထျန်းဟောက်ရဲ့မျက်နှာမှာ တုန်နေအောင်ချစ်တဲ့အပြုံးတစ်ခုပေါ်လာသည်။ သူမက ရှောင်လင်းယွီရဲ့ဆံပင်ကို ညင်ညင်သာသာပုတ်ပေးလိုက်ပြီး သူမဆံမြိတ်တွေကို သေသပ်အောင်လုပ်ပေးလိုက်သည်။
သူက သဘောကျစွာနဲ့
"ဘာလို့လဲ? ကိုယ်ကမင်းကို ရုတ်တရက်ကြီး ယွမ်၆၆၀၀၀၀ပေးလိုက်တော့ ဝမ်းနည်းပြီး စိတ်ပျက်သွားတာလား?"
ရှောင်လင်းယွီက သူမခံစားချက်တွေကိုရုတ်တရက် ထုတ်ဖော်လာတာကိုမြင်တော့ ကုန်းထျန်းဟောက်က တိတ်တဆိတ်ပျော်ရွှင်သွားသည်။ ဒါက သူက သူမနှလုံးသားထဲကို ဖြည်းဖြည်းချင်းဝင်ရောက်နေတာကို ဆိုလိုနေသည်။ ဒါက သူကသူမကို ပိုက်ဆံနဲ့မှုတ်ထုတ်လိုက်တယ်လို့ တွေးလိုက်တဲ့အချိန်မှာ သူမဘာလို့ အရမ်းပြင်းပြင်းထန်ထန်တုံ့ပြန်ရလဲဆိုတာဖြစ်သည်။
အရင်က သူဘာပဲလုပ်လုပ် ရှောင်လင်းယွီက စိတ်မဝင်စားခဲ့ပေ။ အခု သူက သူမဆီက တုံ့ပြန်ချက်တချို့ကို လှုံ့ဆော်လိုက်နိုင်ပြီ။ ဒါက ကောင်းမွန်တဲ့တိုးတက်မှုတစ်ခုပဲ။
ကုန်းထျန်းဟောက်ရဲ့စကားတွေကို ရှောင်လင်းယွီကြားတော့ သူမက ကုန်းထျန်းဟောက်ကို မယုံကြည်နိုင်စွာကြည့်လိုက်သည်။ သူမရဲ့မျက်လုံးတွေက ထိတ်လန့်မှုတွေနဲ့ မသက်မသာဖြစ်မှုတွေနဲ့ ပြည့်နေခဲ့သည်။ ပြီးနောက်မှာ သူမက ကုန်းထျန်းဟောက်ကို ဒေါသကြီးစွာတစ်ချက်ကြည့်လိုက်သည်။ ပြီးတော့ သူမလည်ပင်းကိုမတ်လိုက်ပြီး
"သခင်လေးကုန်း၊ ရှင်နားလည်မှုလွဲနေပြီ။ ရှင်ကကျွန်မကို ယွမ်၆၆၀၀၀၀ပေးလို့ ပျော်တာထက်တောင်ပိုနေသေးတယ်။ ပြီးတော့ ယွမ်၆၆၀၀၀၀က ကျွန်မလို တောသူမတစ်ယောက်အတွက်တော့ အများကြီးပဲလေ။ ကျွန်မဘာလို့ မပျော်ရမှာလဲ?"
'သူကခေါင်းမာနေတုန်းပဲ ဒါပေမယ့် ငါကြိုက်တယ်။'
ကုန်းထျန်းဟောက်က လက်ဆန့်လိုက်ပြီး သူမရဲ့နီရဲနေတဲ့ပါးတွေကို ညှစ်ပစ်လိုက်သည်။ သူက ချက်ချင်းပြုံးလိုက်ပြီး
"ယွီအာ မင်းနှုတ်ခမ်းတွေစူနေတာကို သတိမထားမိဘူးလား? မင်းအဲ့လောက်ပျော်နေရင် ဘာလို့နှုတ်ခမ်းတွေကစူနေရတာတုန်း?"
ရှောင်လင်းယွီက အဲ့ဒါကိုကြားတော့ ရှက်ရွံ့ပြီး စိတ်တိုသွားသည်။ သူမမျက်လုံးတွေကို ပြူးလိုက်ပြီး ကျယ်လောင်စွာအော်ကာ
"ကုန်းထျန်းဟောက်!"
'သူက ငါ့နာမည်အပြည့်အစုံကိုသုံးနေတာပဲ! သူစိတ်တိုနေတာပဲဖြစ်ရမယ်!'
ကုန်းထျန်းဟောက်က ရှောင်လင်းယွီကို နည်းနည်းပိုစချင်ပေမယ့် သူမကကိုယ်ဝန်ရှိနေလို့ အရမ်းခံစားလွယ်လို့မရမှန်း သူသိသည်။ ကုန်းထျန်းဟောက်က လည်ချောင်းရှင်းလိုက်ပြီး ပြုံးကာ
"ကောင်းပြီ ကိုယ်မင်းကို ထပ်မစတော့ဘူး"
ရှောင်လင်းယွီက သူ့ကို တစ်ချက်ကြည့်လိုက်သည်။ သူမ ဘာမှမပြောနိုင်သေးခင် ကုန်းထျန်းဟောက်က ဆက်လက်ပြီး
"ဒီပိုက်ဆံက တကယ်မြေပဲဆီရောင်းတာကနေရတာ။ မင်းရဲ့ဆီအနံ့က အရမ်းအံ့ဩစရာပဲ။ အဲ့ဒါ ပေကျင်းမှာ လုံးဝပေါ်ပြူလာဖြစ်မှာ။ မင်း ယွမ်ဟန်ကိုလည်း ကျေးဇူးတင်ရဦးမယ်။ သူကဆီရတာနဲ့ အဲ့ဒါတွေမှာ တန်ဖိုးကိုမြင်လိုက်တာပဲ။ သူက အစဈေးကို တစ်ကျင်ယွမ်၁၀၀၀နဲ့ထားတာ။ ပြီးတော့ ပါးစပ်စကားတွေနဲ့ မင်း ဆီရဲ့ အရည်အသွေးကြောင့် လူတွေအများကြီး ဆီဝယ်ခဲ့ကြတယ်။ ဝယ်လိုအားတွေအရမ်းများလာတယ်။ ဒါကြောင့် ဈေးကလည်းမြင့်လာတယ်။ အဆုံးမှာတော့ လေလံပွဲတောင်ဖြစ်လိုက်သေးတယ်"
ကုန်းထျန်းဟောက်က အမှန်အားလုံးကို မပြောခဲ့ပေ။ သူက လီယွမ်ဟန်ကို မြေပဲဆီရဲ့အစဈေးကို တစ်ကျင်ယွမ်၁၀၀၀ထားဖို့ အမိန့်ပေးခဲ့တဲ့သူဖြစ်သည်။
ရှောင်လင်းယွီက အံ့ဩသွားသည်။
"အမ်?"
သူမက ကုန်းထျန်းဟောက်ကို မယုံကြည်နိုင်စွာကြည့်လိုက်သည်။ မြေပဲဆီတစ်ကျင်ကိုယွမ်၁၀၀၀ဆိုတာက သူမဘယ်တုန်းကမှ မတွေးခဲ့ဖူးတဲ့ဈေးဖြစ်သည်။
လယ်သမားတွေထုတ်လုပ်တဲ့မြေပဲဆီကို ဒေသဈေးမှာ တစ်ကျင်ကို ၁ဝယွမ်သတ်မှတ်သည်။
စူပါမားကတ်မှာ ဈေးအကြီးဆုံးဆီက ၅လီတာကို ၁၂ဝယွမ်ဖြစ်သည်။
ဒါပေမယ့် ဈေးနှုန်းက မြို့ကြီးတွေမှာတော့ မတူပေ။ Zမြို့မှာဆိုရင် ရှောင်လင်းယွီသိသလောက်ဆို အနည်းဆုံးတော့ မြေပဲဆီ၅လီတာကို ယွမ်၁၆၀နဲ့ရောင်းသည်။
ဒါပေါ့ သူမရဲ့မြေပဲဆီက ထူးခြားတယ်လေ။ ဒေသထဲမှာတော့ သူမက ၎င်းတို့ကို တစ်ကျင်ကိုယွမ်၅၀နဲ့ရောင်းသည်။ ၎င်းက အတော်လေးကို ဈေးကြီးနေပေပြီ။
ဒါပေမယ့် သူမမှာ အတော်လေးများပြားတဲ့ကာစမာဦးရေရှိသေးသည်။ ရှောင်လင်းယွီက သူမရဲ့အဆက်အသွယ် ယန်ရူယွီကနေတစ်ဆင့် Zမြို့မှာ မြေပဲဆီရောင်းမယ့်အကြောင်းတွေးခဲ့သည်။ သူမက ၎င်းတို့ကို နေရှင်နယ်ယူနီယမ်စူပါမားကတ်မှာ စတော့ထားဖို့ တွေးခဲ့သည်။ ဒါပေမယ့်လည်း ၎င်းဖြစ်မလာသေးခင်မှာ သူမရဲ့မြေပဲဆီတွေက ပေကျင်းကို စီးဆင်းသွားသည်။
ကုန်းထျန်းဟောက်က လီယွမ်ဟန်ကို အကုန်ခရက်ဒစ်ပေးလိုက်တော့ ရှောင်လင်းယွီက အလိုလိုပဲ လီယွမ်ဟန်ကို အံ့ဩမိအောင် အထင်ကြီးသွားသည်။ သူမက လီယွမ်ဟန်ကို ပိုပြီးနီးကပ်စေမယ့်အကြောင်းတွေးတောခဲ့သည်။ ဒါဆိုရင် သူမက သူ့ဆီကနေ စီးပွားရေးစကေးတွေ ပိုသင်လို့ရပြီလေ။
ကုန်းထျန်းဟောက်က သူ့ရဲ့မြှုပ်ကွက်လေးကို နောင်တရခဲ့သည်။ ဒါပေမယ့် ဒါက အနာဂတ်အတွက် သတင်းတစ်ခုပဲလေ။ သူက ဆက်ပြီးတော့
"ဆီကို တစ်ကျင်ကို ယွမ်၁၀၀၀နဲ့ရောင်းသင့်တယ်။ ဒါမှ အမြတ်က ယွမ်၅၀၀၀၀၀ဖြစ်မှာ။ ဒါပေမယ့်လည်း ဈေးနှုန်းက အဆုံးမှာ အရမ်းမြင့်သွားပြီး စုစုပေါင်းအမြတ်က ယွမ်၆၆၀၀၀၀ဖြစ်သွားတယ်"
ကုန်းထျန်းဟောက်ရဲ့ရှင်းပြချက်ကိုကြားပြီး ရှောင်လင်းယွီက အတော်လေးစိတ်သက်သာစွာသက်ပြင်းချလိုက်သည်။
ရှောင်လင်းယွီက ခေါင်းညိတ်လိုက်ပြီး
"ကျွန်မသိပြီ"
ရှောင်လင်းယွီရဲ့ သိသာတဲ့ အမူအယာပြောင်းလဲမှုကိုမြင်တော့ ကုန်းထျန်းဟောက်ရဲ့စိတ်ဝင်စားမှုက အောင့်သွားသည်။ သူက ရှောင်လင်းယွီကို စတင် စနောက်လိုက်ကာ
"မင်းက ဘယ်လိုထင်လို့လဲ? ကိုယ်က မင်းကိုရှင်းလင်းဖို့ ပိုက်ဆံသုံးဖို့ ကြိုးစားနေတယ်ထင်တာလား? ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ? မင်းက ကိုယ်သဘောကျတဲ့ အမျိုးသမီးပါလို့ ကိုယ်ပြောပြီးပြီပဲ။ မင်းအတွက် ကိုယ့်ခံစားချက်တွေကလည်း အစစ်အမှန်တွေ။ သဘာဝကျကျပဲ၊ မင်းအတွက် ကိုယ့်ခံစားချက်တွေကို အရောင်ဆိုးဖို့ ပိုက်ဆံမသုံးဘူး"
ရှောင်လင်းယွီက
"..."
ဒါက ရှင်းပြချက်လား ဝန်ခံချက်လား?
အခု သူမကအသိပြန်ဝင်သွားပြီး ဒီနူးညံ့တဲ့ကုန်းထျန်းဟောက်ကို မကိုင်တွယ်နိုင်ပေ။ သူမ မျက်လုံးတွေကို ကစားလိုက်ပြီး
"သွားကြစို့။ ညစာအချိန်ရောက်နေပြီ"
ကုန်းထျန်းဟောက်က ပြုံးလိုက်ပြီး ချစ်ခြင်းတွေပြည့်နေတဲ့မျက်နှာနဲ့
"အိုခေ!"
ပြီးနောက်မှာ သူတို့အိမ်ဆီလမ်းလျှောက်သွားဖို့ သူ ရှောင်လင်းယွီကို ကူညီလိုက်သည်။
ကွယ်ဝင်နေတဲ့နေမင်းကြီးရဲ့ နေဝင်ဆည်းဆာတွေက သူတို့ရဲ့ပုံရိပ်တွေကို ရှည်ထွက်စေနေသည်။ အနောက်ကနေဆိုရင် သူတို့ရဲ့အရိပ်တွေက တစ်ခုနဲ့တစ်ခုထပ်နေသည်။
"ဘာရယ်? ယွီအာ ထပ်ပြောပါဦး။ အမြတ်ကဘယ်လောက်?"
ညစာပြီးတော့ ရှောင်မိသားစုက စုဝေးပြီး စကားပြောခဲ့ကြသည်။ ရှောင်လင်းယွီက မြေပဲဆီရောင်းချမှုအကြောင်းကို သူမမိသားစုကို အလိုလိုပြောပြလိုက်သည်။ ဒါပေမယ့်လည်း မြေပဲဆီကျင်၅၀၀ကို ယွမ်၆၀၀၀၀၀ကျော်နဲ့ ရောင်းလိုက်တယ်ဆိုတဲ့အကြောင်း သူတို့ကြားတော့ သူတို့အားလုံး ရှော့ခ်ရသွားခဲ့ကြသည်။
"ယွမ်၆၆၀၀၀၀!"
ရှောင်လင်းယွီက ပုံမှန်လိုပဲ အေးဆေးတည်ငြိမ်နေသည်။
"ယွမ်၆၆၀၀၀၀! ဘုရားရေ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?"
ရှောင်လင်းယွင်က အံ့အားသင့်စွာ ပြောလိုက်သည်။
"ဟုတ်တယ် ထျန်းဟောက်၊ မင်းက ဆီရောင်းလိုက်တဲ့သူပဲ။ မင်းဘယ်လိုလုပ် ဒါကို စီစဉ်လိုက်တာလဲ?"
မေမေရှောင်က စူးစမ်းစွာမေးလိုက်သည်။
အဲ့ဒီအချိန်မှာ အဘိုးကုန်းက
"ဟင်း၊ သူဘယ်လိုလုပ်လိုက်တာနေမှာမလို့လဲ? လူတွေကို ဈေးမြင့်မြင့်နဲ့ဝယ်ဖို့ သူဖိအားပေးလိုက်တာနေမှာပေါ့!"
ကုန်ထျန်းဟောက်
"..."
အဘိုးကို ဒီည ဘယ်သူမပျော်မရွှင်ဖြစ်အောင် လုပ်လိုက်ပြန်ပြီလဲ?
သူက လီယွမ်ဟန်ကို စိန်ခေါ်မှုတစ်ခုပေးခဲ့သည်။ ဒါကြောင့် အလိုလိုပဲ ....
လီယွမ်ဟန်က ရောင်းချမှုကို ပြီးဆုံးစေဖို့ လှည့်ကွက်တချို့သုံးရမည်။
ဒါပေမယ့်လည်း ထွက်ကုန်ရဲ့အရည်အသွေးက အရမ်းကောင်းလွန်းနေသည်။ ဒါတွေကသာ သာမန်မြေပဲဆီဆိုရင် လီယွမ်ဟန်က ဒါတွေနဲ့ ဘာမှလုပ်နိုင်မှာမဟုတ်ပေ။
သခင်ကြီးကုန်းရဲ့စကားကိုကြားပြီး လူတိုင်းက ကုန်းထျန်းဟောက်ကို ညီတူညာတူ ကြည့်လိုက်ကြသည်။
"အဟမ်း"
ကုန်းထျန်းဟောက်က ရှင်းပြလိုက်သည်။
"အဘိုး၊ ကျွန်တော်က ဘယ်သူ့ကိုမှ ဘာမှဝယ်ဖို့ ဖိအားမပေးခဲ့ဘူး။ အဲ့ဒီလူတွေက မြေပဲဆီကို လိုလိုလားလားနဲ့ကို ဝယ်တာ"
အဘိုးကုန်းက အေးစက်စွာ ထေ့ငေါ့လိုက်ကာ
"လိုလိုလားလားနဲ့? အဲ့ဒီသူဌေးကြီးတွေက လီယွမ်ဟန်ဆီကနေ မြေပဲဆီဝယ်ဖို့ ကိုယ်တိုင်ကိုယ်ကျ လာခဲ့ကြတယ်လို့ ငါကြားတယ်။ သူတို့ရဲ့ အလုပ်သမားတေ ဒါမှမဟုတ် ဘော်ဒီဂတ်တွေကို ဘာလို့မလွှတ်လိုက်တာလဲ? မင်းသူတို့ကို ဖိအားပေးထားတာပဲဖြစ်ရမယ်။ မဟုတ်လို့လား?"
ရှောင်မိသားစုက လူတိုင်း
"..."
အဘိုးကုန်းရဲ့စကားတွေက အများကြီးအဓိပ္ပာယ်ရှိသည်။ ရှောင်မိသားစုက မမေးမြန်းပဲနေတောင် ကုန်းမိသားစုက အထက်တန်းနောက်ခံကနေလာမှန်း သူတို့သိကြသည်။ ဒါပေမယ့်လည်း သူတို့က အထက်စီးဆန်ဆန်မပြုမူကြပေ။
သူတို့က ရှောင်မိသားစုလို သာမန်လယ်သမားတွေနဲ့ မိတ်ဆွေဖြစ်လိုမှတော့ ရှောင်မိသားစုကလည်း အပြန်အလှန် ပြုလုပ်ခဲ့သည်။ သူတို့အထောက်အထားတွေကို အလေးထားမှုနဲ့အတူ ရှောင်မိသားစုကလည်း ဘာပဲဖြစ်ဖြစ် သူတို့ဆီကနေ အကျိုးအမြတ်မလိုချင်တဲ့အတွက် သိစရာမလိုပေ။
ဒါပေမယ့်လည်း အဲ့ဒီဘော့စ်ကြီးတွေမြေပဲဆီဝယ်ယူစေဖို့ ကုန်းထျန်းဟောက်က သူ့အထောက်အထားကို အသုံးပြုခဲ့တယ်ဆိုတာကို သခင်ကြီးကုန်းပြောနေမှန်း သူတို့ကြားလိုက်သည်။ သူတို့ရဲ့အထောက်အထားအကြောင်း ပထမဆုံးအနေနဲ့ စိတ်ဝင်စားသွားခဲ့သည်။ ဒါပေါ့ သူတို့တွေက တိုက်ရိုက်ကြီးမေးဖို့လောက်အထိတော့ မရိုင်းပြသေးဘူးလေ။
ကုန်းထျန်းဟောက်က သူ့အဘိုးရဲ့အပြစ်တင်သံကြောင့် အနည်းငယ်ဆွံ့အသွားခဲ့သည်။
ကုန်းထျန်းဟောက်က
"အဘိုး၊ အဘိုးမြေးက သူခိုးတစ်ယောက်နဲ့တူသလိုမျိုး ပြောနေတာပဲ။ ကျွန်တော်က ဥပဒေလိုက်နာတဲ့နိုင်ငံသားတစ်ယောက်ဆိုတာကို ရှင်းလင်းအောင်လုပ်ပြမယ်"
သခင်ကြီးကုန်း၊ ရှောင်မိသားစုက လူတိုင်း၊ "..."
'ဒီမြေးအဘိုးအတွဲက ဘာလုပ်နေတာလဲ?'
ကုန်းထျန်းဟောက်က ဆက်လက်ပြီး
"လီယွမ်ဟန်က ဒီမြေပဲဆီတွေရောင်းဖို့ လှည့်ကွက်နည်းနည်းသုံးလိုက်တယ်"
ရှောင်မိသားစုက ဒါကိုကြားတော့ သူတို့ခေါင်းထဲမှာ မေးခွန်းကြီးတစ်ခုပေါ်လာသည်။
"သူက မရောင်းခင်မှာ ဘော့စ်ကြီးတွေကို ဆီကိုမြည်းခိုင်းခဲ့တယ်။ ဘော့စ်ကြီးတွေက ဆီကိုအရသာခံပြီးတာနဲ့ ဈေးနှုန်းကတန်မှန်း သိသွားကြတယ်"
ကုန်းထျန်းဟောက်က ချက်ကျလက်ကျနဲ့
"ဒါပေါ့ ကျွန်တော်တို့မြေပဲဆီက တကယ်ကောင်းတော့ ဒါကအလုပ်ဖြစ်တာပေါ့။ သူတို့ကပြောထားတဲ့ဈေးနဲ့ တန်တာပဲလေ"
ကုန်းထျန်းဟောက်နဲ့ ရှောင်မိသားစုက တူညီတဲ့နယ်ပယ်မှာမဟုတ်ပေ။ ရှောင်မိသားစုက တစ်စုံတစ်ယောက်က မြေပဲဆီတစ်ကျင်ဝယ်ဖို့ ယွမ်၁၀၀၀သုံးနေတာကို ဘယ်တော့မှ နားမလည်နိုင်ပေ။
ဒါပေမယ့်လည်း ကုန်းထျန်းဟောက်ရဲ့အသိုင်းအဝိုင်းက လူမျိုးအတွက်တော့ ယွမ်၁၀၀၀က အဲ့လောက်မများပေ။ များသောအားဖြင့် သူတို့က ဟင်းတစ်ပွဲအတွက် ယွမ်၁၀၀၀ထက်တောင် ပိုသုံးကြသည်။ အခု သူတို့က ဆက်ဆံရေးတစ်ခုတည်ဆောက်ဖို့နဲ့ ကောင်းမွန်တဲ့ထွက်ကုန်တစ်ခုဝယ်ဖို့ ယွမ်၁၀၀၀သုံးနေကြသည်။
အဲ့ဒါအပြင် မြေပဲဆီရောင်းနေတဲ့သူက ကုန်းထျန်းဟောက်ရဲ့ညာလက်ရုံး လီယွမ်ဟန်ဖြစ်သည်။
လည်ဝယ်တဲ့သူတွေကတော့ ဘာလုပ်ရမှန်း သိကြသည်။ ဒါ့ပြင် ဒီမြေပဲဆီကနေရတဲ့ အသီးအရွက်တွေကို အရသာခံကြည့်ပြီးတော့ တခြားဟင်းပွဲတွေက ဖယောင်းလိုဖြစ်သွားသည်။
ကုန်းထျန်းဟောက်က အဓိပ္ပာယ်ရှိတယ်လို့ ရှောင်မိသားစု တွေးထင်ခဲ့သည်။ ဒါပေမယ့်လည်း မြေပဲဆီကျင်၅၀၀လုံးက ယွမ်၆၆၀၀၀၀ဆွဲနိုင်တယ်ဆိုတာကို သူတို့နားမလည်ကြသေးပေ။
အဲ့ဒီအချိန်မှာ ရှောင်လင်းယွင်က ရုတ်တရက် လေးလေးနက်နက်နဲ့
"အစ်ကိုကြီး.."
သူမက ကုန်းထျန်းဟောက်ကို အစ်ကိုကြီးလို့ ခေါ်တော့မည်အပြုမှာ ရှောင်လင်းယွီရဲ့ စူးရှတဲ့အကြည့်နဲ့ဆုံတွေ့သွားသည်။ သူမ တုန်ယင်သွားပြီး စကားလုံးတွေကို ပြောင်းလဲလိုက်ကာ
"အစ်ကိုဟောက်၊ ရှင်မြေပဲဆီတွေကို ဘယ်မှာရောင်းလိုက်တာလဲ?"
***