မြေပဲဆီအတွက် အလုပ်အယက်ကြိုးပမ်းခြင်း
Vol. 23 Ch. 383
လီယွမ်ဟန်ရဲ့တင်ပြချက်ကို ကုန်းထျန်းဟောက်ရပြီးတော့ သူက ၎င်းကိုမျှာ်လင့်ပြီးသားဖြစ်တဲ့အတွက် အမူအယာက အေးဆေးနေသည်။
လီယွမ်ဟန်က သူ့ရဲ့ မကျေနပ်ချက်တွေကို ထုတ်ဖော်ပြကာ
"အစတုန်းက ငါသူတို့ကို မြေပဲဆီဝယ်ဖို့ပြောတော့ သူတို့က ငါ့ကို ငေါ့တော့တော့နဲ့ကြည့်နေကြတာ။ ငါကပဲအသိဉာဏ်မရှိတဲ့လူလိုမျိုးကို ကြည့်နေတာ"
ဒါပေမယ့် သူရူးမိုက်ခဲ့တာပဲလေ။ သူက ဥက္ကဌရဲ့အထူးကိုယ်စားလှယ်ဖြစ်ပေမယ့် မြေပဲဆီကြော်ငြာနေတယ်။
သူ့မှာ ပိုက်ဆံမရှိလို့လား?
မဟုတ်ဘူးလေ!
ဒီတော့ ဘာလို့ သူကမြေပဲဆီကို နယ်တကာလှည့်နေတဲ့ဈေးသည်လိုရောင်းနေရတာလဲ?
လီယွမ်ဟန်ရုတ်တရက် စိတ်လွတ်သွားတာကလွဲရင် တခြားရှင်းပြချက်မရှိပေ။
"သူတို့ငါ့ဆီက မြေပဲဆီဝယ်တော့ ငါ့ကိုလှောင်နေကြမှန်း သိသားပဲ။ ငါ့ကို တိုးတိုးတိတ်တိတ်ရယ်နေကြတာ"
လီယွမ်ဟန်က ဆက်ပြီး
"အခု ကိစ္စတွေ လှည့်သွားပြီ"
"အခုသူတို့ကိုမြေပဲဆီရောင်းပေးဖို့ ငါ့ကိုတောင်းပန်နေကြတယ်။ ငါသူတို့ကို မတောင်းဆိုဘူး ငါ့ဆီကို လိုလိုလားလားနဲ့ လာကြတာ။ အရင်က မြေပဲဆီတစ်ကျင်ယွမ်၁၀၀၀ကဈေးကြီးတယ်ထင်ခဲ့ကြပေမယ့် အခု တစ်ကျင်ကိုယွမ်၃၀၀၀တောင်မြှင့်ပစ်လိုက်ကြပြီ။ ပြီးတော့ တချို့တွေက ဒါကအရမ်းနည်းတယ်လို့ ထင်နေကြတုန်းပဲ!"
လီယွမ်ဟန်က ရပ်တန့်လိုက်ပြီး စူးစမ်းစွာနဲ့။ "ထျန်းဟောက် ငါ့ကိုအမှန်ပြောစမ်းပါ။ ရှောင်လင်းယွီမှာ မြေပဲဆီတွေထပ်မရှိတော့ဘူးလား?"
ကုန်းထျန်းဟောက်ရဲ့ပါးစပ်အစွန်းတွေကွေးတက်သွားပြီး
"လောလောဆယ်တော့မရှိသေးဘူး"
လီယွမ်ဟန်က ဈေးလှည့်ရောင်းသူလုပ်ရတာကို စွဲလမ်းသွားတာဖြစ်နိုင်သည်။ သူကုန်းထျန်းဟောက်ကိုကြားလိုက်တော့ စိတ်ပျက်သွားသည်။
"ဒါဆိုလည်း ကောင်းပြီလေ"
လီယွမ်ဟန်က သက်ပြင်းချလိုက်သည်။
ဒါပေမယ့် ကုန်းထျန်းဟောက်က
"ဒါပေမယ့်လည်း ယွီအာရဲ့မိသားစုက မြေပဲကျင်၄၀၀၀ကျော်ကို ဆွတ်ထားတာ။ မြေပဲဆီအတွက် သူတို့တွေ ကျင်၁၀၀၀ဝန်းကျင်ပဲသုံးရသေးတယ်"
လီယွမ်ဟန်ရဲ့မျက်လုဲးတွေက ချက်ချင်းဝင်းလက်သွားပြီး အနည်းငယ်စိတ်လှုပ်ရှားနေတဲ့လေသံနဲ့
"ထျန်းဟောက် ရှောင်လင်းယွီရဲ့မိသားစုမှာ မြေပဲကျင်၃၀၀၀ကျော် ထပ်ရှိသေးတယ်လို့ ပြောတာလား?"
"ငါတို့ကမြေပဲကျင်၁၀၀၀ကနေ ကျင်၅၀၀ပတ်လည်ရထားတော့ မြေပဲကျင်၃၀၀၀ကနေ မြေပဲဆီ ၁၀၀၀ ၂၀၀၀ ရမှာပေါ့"
လီယွမ်ဟန်က တွက်ချက်လိုက်ပြီး
"အခု မြေပဲဆီတစ်ကျင်ကို ၃၀၀၀နဲ့ရောင်းလို့ရတယ်။ ကျင်၂၀၀၀ဆို ပမာဏအများကြီးပဲ၊၆၀၀၀၀၀နဲ့ရောင်းလို့ရတယ်။ ထျန်းဟောက် အဲ့ဒီမြေပဲတွေကို မြေပဲဆီအဖြစ်ပြောင်ဖို့ ရှောင်လင်းယွီကို ပြောလိုက်။ အိုခေလား?"
"...."
ကုန်းထျန်းဟောက်က အံကြိတ်လိုက်ပြီး
"လီယွမ်ဟန်၊ ငါတို့မိသားစုက ဒီလောက်ပိုက်ဆံနည်းနေလို့လား?"
လီယွမ်ဟန်ရဲ့မျက်နှာမှာ မေးခွန်းတွေပြည့်သွားသည်။
"..."
ဒါက သူဘာကိုဆိုလိုပြန်တာတုန်း?
ကုန်းထျန်းဟောက်က ဆက်ပြီး
"ငါယွီအာကို လက်မထပ်ရသေးပေမယ့်လည်း ငါ့ပိုက်ဆံတွေက နောက်ကျရင် ယွီအာပိုက်ဆံတွေဖြစ်လာမှာ။ ဒါဆိုရင် ယွီအာမှာ ခြောက်သန်းမရှိလို့လား? ယွီအာက ကျန်နေတဲ့မြေပဲတွေနဲ့ သူကြိုက်သလိုလုပ်နိုင်တယ်။ အဲ့ဒါတွေကို ဆီအဖြစ်ထုတ်ချင်တယ်ဆိုလည်း အဆင်ပြေတယ်။ ပုပ်သွားအောင်ပဲထားလိုက်ချင်တယ်ဆိုလည်း အဆင်ပြေတယ်"
"...."
လီယွမ်ဟန်က ချွေးမရှိတဲ့သူ့နဖူးကိုသုတ်လိုက်ပြီး သဘောတူစွာခေါင်းညိတ်လိုက်သည်။
"ဟုတ်ပါပြီ ဟုတ်ပါပြီ။ သခင်လေးကုန်းက အခုအရမ်းမိန်းမချစ်တဲ့သူဖြစ်နေပြီပဲ"
ဒါပေမယ့် ဒါကတော့အရမ်းများလွန်းတယ်။ မြေပဲတွေက အံ့ဩဖို့ကောင်းတဲ့ထွက်ကုန်တွေဖြစ်သည်။ ပုပ်သွားအောင်ထားရင် နှမျောစရာဖြစ်လိမ့်မည်။
ဒါပေါ့ ရှောင်မိသားစုက ဒီမြေပဲတွေကို အလဟဿအဖြစ်ခံမှာမဟုတ်မှန်း လီယွမ်ဟန်သိသည်။ ဒီတော့ ကုန်းထျန်းဟောက်က သူ့နဲ့လာကစားနေတာပဲ။
ကုန်းထျန်းဟောက်က တခစ်ခစ်ရယ်လိုက်သည်။
"အရမ်းမိန်းမချစ်တဲ့သူ၊ မင်း အဲ့ဒါကို ဘယ်ကကြားလာတာလဲ?"
လီယွမ်ဟန်က
"..."
သူက သူ့ရဲ့ဝါသနာအရ ဗိုလ်ကျလွန်းတဲ့ဥက္ကဌတွေနဲ့ရိုမန့်စ် ဝက်ဘ်နိုဗယ်လ်တွေဖတ်နေတယ်ဆိုတာကို ကုန်းထျန်းဟောက်ကို ပြောလို့ရပါ့မလား?
"အဟမ်း..."
လီယွမ်ဟန်က အနည်းငယ်နီမြန်းနေတဲ့မျက်နှာနဲ့
"ငါတို့ အတွင်းရေးမှူးတွေအကြောင်း မင်းသိသားပဲ။ သူတို့က ချစ်စရာကောင်းတဲ့မင်းသားလေးတွေ၊ အထက်စီးဆန်တဲ့ဥက္ကဌတွေနဲ့ အချစ်ဇာတ်လမ်းတွေအကြောင်း ပြောဆိုနေကြတာ။ ငါက ဟိုတစ်စ ဒီတစ်စယူထားတာ"
"..."
ကုန်းထျန်းဟောက်က ရုတ်တရက်
"သူတို့အလုပ်လုပ်နေရမယ့်အချိန်မှာ ဇာတ်လမ်းတွေအကြောင်းဖတ်ပြီး ဆွေနွေးနေရလောက်တဲ့အထိ အချိန်လွတ်နေကြတာသေချာတယ်။ သူတို့ကိုအလုပ်တွေပိုပေးလိုက်"
လီယွမ်ဟန်က အပြစ်စိတ်အနည်းငယ်နဲ့
"အိုခေ!"
သူက အပြစ်တင်မှုတွေကို အတွင်းရေးမှူးတွေအပေါ် လွှဲလိုက်ရတဲ့အတွက် စိတ်တော့မကောင်းပေ။ ဒါပေါ့ ဒါက သူကအချစ်ဇာတ်လမ်းတွေကိုစွဲလမ်းနေတယ်ဆိုတာ တစ်ယောက်ယောက် သိသွားတာထက်စာရင် ပိုကောင်းတယ်လေ။
မြေပဲဆီကျင်၅၀၀လေးက မြို့တော်မှာ မွှေနှောက်သွားလိမ့်မယ်လို့ ရှောင်လင်းယွီ ဘယ်တုန်းကမှ မတွေးမိခဲ့ချေ။ ကုန်းထျန်းဟောက်ဆီကနေ ဒီအခြေအနေအကြောင်း ရှောင်လင်းယွီကြားတော့ အနည်းငယ်အံ့ဩသွားသည်။
ရှောင်လင်းယွီက အနည်းငယ်မသေမချာနဲ့
"ရှင်အမှန်ပြောနေတာလား? အဲ့ဒီတော့အခု အဲ့ဒီလူတွေက အထူးကိုယ်စားလှယ်လီကို တကောက်ကောက်လိုက်နေကြတာပေါ့?"
မေးခွန်းမေးပြီးတော့ သူမက အဖြေနဲ့လာလိုက်သည်။ သူမရဲ့ထွက်ကုန်တွေက အမြဲတမ်းဂယက်ရိုက်စေတာပဲလေ။ မြို့တော်မှာ ချမ်းသာပြီး ဩဇာရှိတဲ့လူတွေမှာ ဘာပြတ်လပ်မှုမှမရှိပေ။ သူတို့ပျော်မွေ့တဲ့အရာတွေက ဈေးအကြီးဆုံးနဲ့ အကောင်းဆုံးဖြစ်သည်။
အစတုန်းက သူတို့က ဂုဏ်ကြောင့် လီယွမ်ဟန်ဆီက ပစ္စည်းတွေကို ဝယ်ခဲ့ကြပေမယ့် အဲ့ဒါတွေကို စားပြီးသွားတော့ လူနည်းနည်းလေးကပဲ မြေပဲဆီတွေရဲ့ဆွဲဆောင်မှုကို ခုခံနိုင်သည်။
ကုန်းထျန်းဟောက်က ခေါင်းညိတ်လိုက်ပြီး
"ယွီအာ မင်းမှာ မြေပဲဆီတွေရှိသေးလား?"
ရှောင်လင်းယွီကဘ
"မြေပဲကျင်၃၀၀၀ကျော်ကျန်သေးတယ်။ အစက သူတို့ကို သရစာအနေနဲ့ရောင်းဖို့ ကျွန်မစဉ်းစားထားတာ"
စမ်းရေကိုသုံးပြီး ကြီးပြင်းလာတဲ့မြေပဲတွေက ကောင်းမွန်ပြည့်စုံသည်။ မကောင်းတဲ့မြေပဲမရှိပေ။ ၎င်းတို့ကို မတူညီတဲ့နည်းလမ်းတွေနဲ့ ပြင်ဆင်ပြုလုပ်နိုင်သည်။
ရှောင်လင်းယွီက ခနလောက်တွေးလိုက်ပြီး
"ကောင်းပြီ ကျွန်မ မြေပဲဆီအနေနဲ့ညှစ်ထုတ်ဖို့ တစ်ဝက်ကိုသုံးမယ်။ နောက်ထပ်မြေပဲဆီကျင်၁၀၀၀ရှိလိမ့်မယ်လို့ ကျွန်မခန့်မှန်းထားတယ်။ ရှင် ဒီဟာနဲ့ပက်သက်ပြီး အထူးကိုယ်စားလှယ်လီကို အကြောင်းကြားသင့်တယ်"
"အိုခေ!"
ကုန်းထျန်းဟောက်က ပြန်ဖြေလိုက်သည်။
လီယွမ်ဟန်က ကုန်းထျန်းဟောက်ဆီကနေ ဖုန်းတစ်ကောလ်ရလိုက်သည်။ နောက်ထပ်မြေပဲဆီကျင်၁၀၀၀ရှိမယ်လို့ သူခန့်မှန်းထားတယ်ဆိုတာကိုကြားလိုက်တော့ အနည်းငယ် စိတ်လှုပ်ရှားသွားသည်။ သူက သူ့အသိုင်းအဝိုင်းထဲကမိတ်ဆွေတွေကို အလောတကြီးမက်ဆေ့ခ်ျပို့လိုက်သည်။
"မြေပဲဆီကျင်၁၀၀၀၊ တစ်ကျင်ကိုယွမ်၄၀၀၀! အရမ်းအကြာကြီးစောင့်နေရင်တော့ ကုန်သွားမှာပဲ!"
ဈေးနှုန်းက ၁၀၀၀ကနေ ၄၀၀၀ကို မြင့်တက်သွားသည်။ ရှောင်လင်းယွီသာ ဒီအကြောင်းသိရင် သူမမျက်နှာကိုသေချာပေါက်သုတ်ပြီး တုန်ခါနေတဲ့နှလုံးနဲ့ ပြောလိုက်သည်။
"ဘယ်လိုတောင်ဉာဏ်နီဉာဏ်နက်များတဲ့စီးပွားရေးသမားပါလိမ့်!"
လီယွမ်ဟန်လိုအဆင့်အတန်းနဲ့လူတစ်ယောက်အတွက် သူ့ရဲ့မိတ်ဆွေအဝန်းအဝိုင်းကလည်း အရေးပါတဲ့လူတွေအားလုံးပါဝင်သည်...
သူ့ရဲ့ ကုမ္ပဏီစကားပြောဂရုကလူတွေက လွဲရင်ပေါ့။
သူ့မက်ဆေ့ခ်ျပို့ပြီး ဆယ်စက္ကန့်တောင်မကြာသေးခင်မှာ ဖုန်းတစ်ကောလ်ဝင်လာာသည်။ လီယွမ်ဟန် ခေါ်ဆိုသူနံပါတ်ကိုကြည့်လိုက်ပြီး မျက်ခုံးပင့်သွားသည်။ ပြီးနောက်မှာ သူကဖုန်းကိုင်လိုက်ပြီး
"ဥက္ကဌကျူး၊ ဘာကိစ္စရှိလို့လဲဗျ?"
ဥက္ကဌကျူးက လိုရင်းကိုပဲတည့်တည့်သွားလိုက်ပြီး
"အထူးကိုယ်စားလှယ်လီ၊ ခင်ဗျားမှာ မြေပဲဆီတွေထပ်ရှိသေးလား?"
ဒီရက်တွေမှာ သူ့မိသားစုက ပြည်ပသွင်းဟင်းချက်ဆီကို ပြန်လဲလှယ်နေသည်။ သူတို့တွေ အရသာကိုဖြည်းဖြည်းချင်း အသားကျလာပေမယ့် တစ်ခုခုကတော့ လုံးဝမမှန်ကန်သေးပေ။ ဟင်းပွဲတွေက မကောင်းလှပေ။ မြေပဲဆီထဲကို တစ်ခုခုများထည့်ထားတာလားလို့တောင် သူသံသယဖြစ်လိုက်သေးသည်။
မဟုတ်ရင် ဘာလို့အဲ့ဒါကို အရမ်းစွဲလမ်းနေရတာလဲ?
ဒါပေမယ့်လည်း ဒီထင်မြင်ချက်က ချက်ချင်းပယ်ချခံလိုက်ရသည်။
လီယွမ်ဟန်နဲ့ သူ့ရဲ့ဂုဏ်သတင်းဆိုတာ စည်းတစ်ခုတည်းပေါ်မှာပင်။ သူက ဒီလိုအရာမျိုးမလုပ်ပေ။ ပြီးတော့ လီယွမ်ဟန်မှာ ပိုက်ဆံနဲ့ အင်အားရှိသည်။
သူကဘာလို့ မြေပဲဆီရောင်းနေရမှာလဲ?
ဒါ့ပြင် သူ့မိသားစုက မြေပဲဆီစားပြီးတော့ ဘာမသက်မသာဖြစ်တာမှမခံစားခဲ့ရပေ။ ဆန့်ကျင်ဘက်ပင် စစ်ဆေးကြည့်ဖို့သူတို့တွေ ဆေးရုံကိုသွားခဲ့ကြတော့ သူတို့ရဲ့ဒဏ်ရာဟောင်းတွေကပျောက်ကင်းသွားကြလို့ ဆရာဝန်တွေအံ့ဩခဲ့ကြသည်။
ဆရာဝန်တွေက သိချင်နေကြသည်။ သူတို့အားဆေးအသစ်တချို့များသုံးထားလားလို့ ဆရာဝန်တွေမေးမြန်းခဲ့ကြသည်။ အသက်က တန်ဖိုးမဖြတ်နိုင်ပေ။ အသက်ရှင်နေတုန်းမှာ ဘယ်လောက်ပဲ ချမ်းသာပြီး အင်အားရှိရှိ အင်အားတွေနဲ့ ချမ်းသာမှုတွေကိုတော့ သေဆုံးပြီးသွားရင် သူတို့တွေယူသွားလို့မရပေ။ သူတို့တွေ ပစ္စုန်ပန်မှာပဲ နေထိုင်ရမည်။
သူတို့ရဲ့လက်ရှိအဆင့်နဲ့ဆို ....
ဒါပေ့ါ သူတို့ဘဝကိုပျော်မွေ့ဖို့ ပိုပြီးကြာကြာနေချင်ကြတယ်လေ။
မြေပဲဆီက သူတို့တွေသန်းပေါင်းများစွာသုံးထားတဲ့ ကျန်းမာရေးထွက်ကုန်တွေထက်တောင် ပိုပြီးအဖိုးတန်နေသည်။ ဒါကြောင့် ဒီလူတွေက လီယွမ်ဟန်ရဲ့လှုပ်ရှားမှုတိုင်းကို ကြည့်နေကြသည်။
လီယွမ်ဟန်က အလောတကြီးမက်ဆေ့ခ်ျပို့လိုက်တာနဲ့ ၎င်းက ဒီလူတွေရဲ့အာရုံကို အလိုလိုဆွဲဆောင်လိုက်သည်။ လီယွမ်ဟန်က ဥက္ကဌကျူးဆီက ဖုန်းလက်ခံရတာကို မအံ့ဩတော့ပေ။
သူက ပြုံးလိုက်ပြီး
"ဟုတ်ကဲ့၊ မြေပဲဆီတွေထပ်လာနေပြီ။ ဒါပေမယ့် သယ်ယူပို့ဆောင်တာအတွက် နည်းနည်းတော့ကြာလိမ့်ဦးမယ်။ ခန့်မှန်းခြေ ကျင်၁၀၀၀လောက်တော့ရှိမယ်"
ဥက္ကဌကျူးရဲ့မျက်လုံးတွေက လင်းလက်သွားပြီး ချက်ချင်းပဲ
"အထူးကိုယ်စားလှယ်လီ၊ ကျွန်တော် နှစ်... မြေပဲဆီကျင်၅၀၀ ဖယ်ထားစေချင်တယ်"
သူက မြေပဲဆီဆယ်ကျင်ကို လေးငါးရက်နဲ့ စားနိုင်သည်။ ဒါကြောင့် မြေပဲဆီကျင်၅၀၀က သူ့အတွက်အရမ်းမများပေ။
လီယွမ်ဟန်က မျက်ခုံးပင့်လိုက်ပြီး ထပ်ပြောကာ
"ကျင်၅၀၀?"
"ဟုတ်တယ်!"
ဥက္ကဌကျူးက အမှန်အတိုင်းပဲပြောလိုက်သည်။ ဒါပေါ့ သူက အားလုံးကိုစားပစ်မယ်လို့တော့ မဆိုလိုဘူးလေ။ သူက ထောက်ခံမှုတချို့တည်ဆောက်ဖို့ မြေပဲဆီကို အသုံးပြုချင်သည်။ စီးပွားရေးအဝန်းအဝိုင်းကလူတိုင်း လီယွမ်ဟန်ရဲ့မြေပဲဆီတန်ဖိုးကို သိကြသည်။ ဒါကြောင့် ၎င်းက အကူအညီတွေတည်ဆောက်ဖို့ အသင့်တော်ဆုံးဖြစ်သည်။
သူက စီးပွားရေးသမားတစ်ယောက်လေ။ ဒါကြောင့် သူ့မှာ အလိုလိုပဲ စီးပွားရေးသမားတစ်ယောက်ရဲ့တွက်ချက်မှုရှိသည်။
"ဟီးဟီး ကျင်၅၀၀? ဥက္ကဌကျူး၊ ခင်ဗျားရဲ့အာသိသက တကယ်ကြီးတာပဲ"
ဖုန်းရဲ့တခြားအစွန်းဘက်မှာ ဥက္ကဌကျူးဘာကြံနေလဲဆိုတာကိုသိသလိုမျိုး လီယွမ်ဟန်ရဲ့မျက်နှာပေါ်မှာ အပြုံးရေးရေးတစ်ခုရှိနေသည်။ ခပ်ရေးရေးထေ့ငေါ့မှုတစ်ခု သူ့ပါးစပ်အစွန်းမှာပေါ်လာသည်။ သူက ဆက်ပြီးတော့
"မြေပဲဆီက စုစုပေါင်းကျင်၁၀၀၀ပဲရှိတာ။ ပြီးတော့ ခင်ဗျားက တစ်ခါတည်းနဲ့ကျင်၅၀၀လိုချင်တယ်? ခင်ဗျားမှာ မိသားစုကြီးတစ်ခုရှိလို့လား ဒါမှမဟုတ် မြေပဲဆီအတွက် တခြားအစီအစဉ်တွေများရှိနေတာလား?"
သူက အရူးမဟုတ်ဘူးလေ။ ကျူးချန်အန်းက ထောက်ခံမှုတွေတည်ဆောက်ဖို့ မြေပဲဆီကို အသုံးပြုချင်နေသည်။
ဒီလိုဆိုရင် လီယွမ်ဟန်က ဘာလို့ကိုယ့်ဟာကိုယ်မလုပ်ဘဲနေတော့မှာလဲ?
သူကဘာလို့ မြေပဲဆီတွေရောင်းနေမှာလဲ?
ဒါပေ့ါ Imperial ဂရုရဲ့ အဆင့်အတန်းနဲ့ဆို သူဒါကိုလုပ်ဖို့မလိုဘူးလေ။
လီယွမ်ဟန်ဆီကနေဖော်ထုတ်ခံလိုက်ရတော့ ကျူးချန်အန်းရဲ့အမူအယာက ချက်ချင်းရှက်ရွံ့သွားသည်။ ဒါပေမယ့်လည်း စီးပွားရေးသမားတစ်ယောက်အနေနဲ့ သူကအရေထူနေဆဲပင်။ သူက မကြာခင်ပဲ ပုံမှန်လိုပြန်ဖြစ်သွားသည်။
သူက
"ဒါဆိုရင် အထူးကိုယ်စားလှယ်လီ၊ ကျွန်တော် မြေပဲဆီဘယ်လောက်လောက်ဝယ်နိုင်သလဲ?"
လီယွမ်ဟန်က ခနလောက်တွေးလိုက်ပြီး
"အများဆုံးကျင်၃၀ပေါ့။ ကျွန်တော် ဈေးပိုပြီးမဆိုပါဘူး။ ကျွန်တော့်မက်ဆေ့ခ်ျထဲမှာပြောထားသလိုပဲ။ တစ်ကျင်ကိုယွမ်၄၀၀၀"
ကျူးချန်အန်း၊ "..."
လီယွမ်ဟန်သာ သူ့ရဲ့ဝယ်ယူမှုကို ကန့်သတ်မထားရင် သူပိုပြီးပေးလောက်မည်။ သူကလည်း ပိုက်ဆံပြတ်နေတာမဟုတ်ဘူးလေ။
ကျူးချန်အန်းက
"အထူးကိုယ်စားလှယ်လီ၊ ကျင်၃၀က အရမ်းနည်းမနေဘူးလား? ရက်နည်းနည်းလေးနဲ့ကုန်သွားမှာ။ ခင်ဗျား ကျင်၁၀၀လုပ်ပေးလို့မရဘူးလား?"
ကျင်၁၀၀က သူ့မိသားစုအတွက် မလုံလောက်ပေ။ သူ ၎င်းတို့ကို လက်ဆောင်အနေနဲသုံးမရပေ။
လီယွမ်ဟန်ရဲ့ပါးစပ်အစွန်းတွေက အပြုံးတစ်ခုအဖြစ် ကွေးတက်သွားသည်။ သူ့လက်နဲ့မျက်မှန်ကို နှာခေ့င်းပေါ်တင်လိုက်ပြီး
"မရဘူး! ဥက္ကဌကျူး၊ ကိတ်က ဒီလောက်ပဲကြီးတာ။ ခင်ဗျား တခြားသူတွေကိုလည်း ထည့်စဉ်းစားရဦးမယ်လေ။ တခြားသူတွေလည်း ကိတ်တစ်ပိုင်းတစ်စကို လိုချင်မှာပေါ့"
မြေပဲဆီအသုတ် အသစ်အတွက် လူတွေဘယ်လောက်များများ စောင့်ဆိုင်းနေကြမှန်း လီယွမ်ဟန်သိသည်။ တချို့တွေက လီယွမ်ဟန်နဲ့ နှစ်ကိုယ်ကြားပါ ရောက်လာကြပြီး သူတို့အတွက် မြေပဲဆီတွေဖယ်ထားပေးဖို့ ပြောခဲ့ကြသည်။ သူတို့တွေ ဘယ်ဈေးမဆိုပေးလိမ့်မည်။ ဒါကြောင့်ပဲ လီယွမ်ဟန်မှာ ဈေးနှုန်းတက်တာနဲ့ပက်သက်ပြီး စောင့်စည်းမှုမရှိပေ။
မြေပဲဆီကမရောင်းရရင်ရော?
ဒါက ပြဿနာမဟုတ်ပေ။
လီယွမ်ဟန်က အရမ်းယုံကြည်ချက်ရှိသည်။
အဆုံးမှာတော့ စတော့ကို ကျင်၃၀ကနေ ၃၅ကျင်အထိမြှင့်လိုက်ပြီး ကျူးချန်အန်း နဲ့ လီယွမ်ဟန်တို့ညှိနှိုင်းခဲ့သည်။ ဒီလိုနဲ့ လီယွမ်ဟန်က ဖုန်းတွေဆက်တိုက်ရခဲ့သည်။
ကျူးချန်အန်းလိုမျိုး တူညီတဲ့ရည်ရွယ်ချက်နဲ့ လူတွေအများကြီးရှိသည်။ လီယွမ်ဟန်က သူတို့အားလုံးကို ငြင်းဆိုခဲ့သည်။ သူက သူတို့ကို လိုအပ်တဲ့ပမာဏကိုပဲရောင်းပြီး သူတို့နဲ့ကျေးဇူးကြွေးထားဖို့ အနည်းငယ်အပိုလောက်ပဲထားသည်။
ဒီလူက တကယ် ဉာဏ်နီဉာဏ်နက်များတာပဲ!
***