← Chapters

မနာလိုသော

Vol. 23 Ch. 384

မနာလိုသော

Vol. 23 Ch. 384

ရှောင်လင်းယွီက သူ့ဖုန်းကိုထုတ်လိုက်ပြီး နောက်ဆုံးသတင်းကိုမြင်တော့ အရမ်းရှော့ခ်ရသွားပြီး သူမပါးစပ်တောင်ပွင့်လျက်သားဖြစ်သွားသည်။

"၅...၅.၂သန်း!"

ရှောင်လင်းယွီက သူမမျက်လုံးတွေကိုတောင် မယုံနိုင်ပေ။ သူမမျက်လုံးတွေ ပင်ပန်းနေလို့ မှားဖတ်မိတာဖြစ်မယ်လို့ တွေးလိုက်သည်။ သူမမျက်လုံးတွေကိုပွတ်လိုက်ပြီး ၅၂ရဲ့နောက်က သုညအတန်းကြီးကိုမြင်လိုက်သည်။

"မြေပဲဆီကျင်၁၁၀၀ကို ၅.၂သန်းနဲ့ ရောင်းထွက်တယ်"

ရှောင်လင်းယွီက အံ့ဩစွာနဲ့

"ကုန်းထျန်းဟောက်၊ ဒါအမှန်မဖြစ်နိုင်ဘူး ဟုတ်တယ်မလား?"

"အမှန်ပဲလေ!"

ကုန်းထျန်းဟောက်က ခေါင်းညိတ်လိုက်သည်။

ရှောင်လင်းယွီက နားမလည်စွာနဲ့

"တစ်ကျင်ကိုယွမ်၁၀၀၀လို့ ရှင်မပြောခဲ့ဘူးလား? ကျင်၁၀၀၀က ၁၀၀၀၀၀၀ပဲလေ။ ၅၀၀၀၀၀၀က ဘယ်ကလာတာလဲ?"

ကုန်းထျန်းဟောက်ကပြုံးလိုက်ပြီး အေးဆေးစွာနဲ့

"ယွီအာ အချိန်တွေပြောင်းသွားမှန်း မင်းမသိဘူးလား? အရင်က ကိုယ်တို့တွေ၁၀၀၀နဲ့ရောင်းတယ်။ ဒါပေမယ့် လက်တွေ့က ကိုယ်တို့မြေပဲဆီက ကောင်းမွန်တဲ့ထွက်ကုန်တစ်ခု‌ဆိုတာကို သက်သေပြခဲ့တယ်။ သဘာဝကျကျပဲ ကိုယ်တို့မှာဈေးနှုန်းကို မြှင့်ပိုင်ခွင့်ရှိတယ်"

ကောင်းမွန်တဲ့ပစ္စည်းတွေက ပိုပြီးဈေးကြီးလာသည်။

"အဲ့ဒီတော့ အခုဈေးနှုန်းက တစ်ကျင်ကို ၄၀၀၀ပေါ့"

"အမ်?!"

ရှောင်လင်းယွီက ၎င်းကို မယုံကြည်နိုင်ပေ။ သူမ အရမ်းကိုရှော့ခ်ရသွားသည်။

သူတို့က ရွာအနီးနားမှာ မြေပဲဆီတစ်ကျင်ကို ယွမ်၅၀နဲ့ရောင်းပေမယ့် တူညီနဲ့တစ်ကျင်ကိုပဲ မြို့တော်မှာ ၄၀၀၀နဲ့ရောင်းသည်။ ကုန်းထျန်းဟောက်က ရှောင်လင်းယွီရဲ့ဝိုင်းစက်ပြီးကြီးမားနဲ့မျက်လုံးတွေ အံ့ဩမှုကြောင့် ပြူးသွားတာကိုမြင်တော့ သာယာကြည်နူးသွားသည်။ သူက ရှောင်လင်းယွီရဲ့ဆံမြိတ်ကို ရှင်းပေးလိုက်ပြီး 

"ယွီအာ အံ့ဩဖို့မလိုပါဘူး။ ဒါအကုန် လူလည်တွေကြီးပဲ"

"ကိုယ်တို့မြေပဲဆီက တစ်နိုင်ငံလုံးမ‌ပြောနဲ့ ကမ္ဘာပေါ်ကဘယ်နေရာမှာမှ ရှာ‌မတွေ့နိုင်ဘူး။ သူ‌တို့တွေက ကိုယ်တို့မိသားစုမူပိုင်ပဲ။ ဒါကြောင့် ဈေးကအဲ့လောက်ကြီး မကြီးလှဘူး။

ဥပမာဆိုရင် ဝူရှီတောင်က နဂါးကိုးကောင်အသိုက်ရှုခင်းက တာ့ဟုန်ဖောင်က တစ်ကျင်ကို ၁၀သန်းကျော်ကျော်တောင် လေလံတင်ခံရဖူးတာပဲ။ ဘာလို့လဲဆိုတော့ မိခင်သစ်ပင်သုံးပင်ပဲကျန်တော့လို့။ သစ်ပင်တစ်ခုတည်းရဲ့တန်ဖိုးက သန်း၁၀၀ကျော်ပဲ"

"ကိုယ်တို့မြေပဲဆီက အဲ့လောက်တော့မရှားပေမယ့် ကမ္ဘာမူပိုင်ပဲ"

သူက ကမ္ဘာပေါ်က ‌ဟင်းချက်ဆီအမျိုးအစားအားလုံးကိုမြည်းပြီးပြီလို့ ပြောလို့မရပေ။ သူအိမ်မှာစားနေတာကို များသောအားဖြင့် အိမ်တော်ထိန်းက စီစဉ်ပေးသည်။ ၎င်းကလည်း အဆင့်မြင့်ပြည်ပသွင်းဟင်းချက်ဆီတစ်ခုဖြစ်သည်။ ၎င်းက မွှေးပျံ့ပြီး အရသာရှိသည်။ ဒါပေမယ့်လည်း ၎င်းတို့က နှိုင်းယှဉ်လို့မရနိုင်တဲ့ မြေပဲဆီတွေဖြစ်သည်။ ဒါကြောင့် ဈေးနှုန်းသတ်မှတ်တာက အရမ်းနည်းနေတယ်လို့ သူတွေးခဲ့သည်။

ကုန်းထျန်းဟောက်ပြောတာကိုကြားပြီး ရှောင်လင်းယွီရဲ့ နှုတ်ခမ်းအစွန်းတွေကွေးတက်သွားကာ 

"ရှင်မှန်တယ်။ ပစ္စည်းကပိုရှားလေလေ ပိုဈေးကြီးလေလေပဲ။ ဒါပေမယ့်လည်း ကျွန်မတို့မြေပဲဆီက အဲ့လောက်ကြာကြာရှားနေမှာမဟုတ်ဘူး။ နောက်ကျရင် ပိုပြီးရှိလာမှာ"

ပြီးတော့ သူမက တောင်တွေမှာ မြေပဲ မူပေါင်းများစွာကို စိုက်ပျိုးထားပြီးဖြစ်သည်။

"ဒါပြဿနာမဟုတ်ပါဘူး!"

ကုန်းထျန်းဟောက်က

"ဟင်းချက်ဆီက နေ့စဉ်ကုန်ပစ္စည်းတစ်ခုပဲ။ ပြီးတော့ မြို့တော်ကမိသားစုတွေက ပုံမှန်ဆို အရမ်းကြီးတယ်။ တစ်နပ်စာအတွက် ဟင်းပွဲ၄ဝ‌ကျော်လောက်ချက်ကြတာ။ သူတို့တွေ ချက်ချင်းပဲမြေပဲကျင်ပေါင်းများစွာကို အကုန်သုံးစွဲလိုက်လိမ့်မယ်။ မင်းပို့လိုက်တဲ့ကျင်၁၀၀ဝက လုံလောက်ရုံလေးတင်!"

တစ်ယောက်ယောက်က ကျင်၁၀၀၀လုံးဝယ်ချင်တယ်ဆိုရင်တောင် လီယွမ်ဟန်က ၎င်းကို ခွင့်မပြုပေ။ သူတို့က ပိုက်ဆံမလိုပေ။ သူတို့က ရှောင်လင်းယွီ မြို့တော်မှာ အဆင့်မြင့်စိုက်ပျိုးရေးထွက်ကုန်ဈေးကွက်တစ်ခုဖွင့်တာကို ကူညီပေးနေကြခြင်းဖြစ်သည်။

ကုန်းမိသားစုက သူမကိုထောက်ပံ့မှုနဲ့ မြို့တော်ကလူတွေတောင် တစ်ခုခုမူမမှန်မှန်း သိခဲ့ကြသည်။ ဘယ်သူမှ သူမကို မထိရဲပေ။ ရှောင်လင်းယွီက အဆင့်မြင့်ဈေးကွက်ဆီသွားဖို့ ဆုံးဖြတ်ချက်ချပြီးကတည်းက သဘာဝကျကျပဲ ကုန်းထျန်းဟောက်က သူမကို ထောက်ပံ့ဖို့ အရာအားလုံးလုပ်တော့သည်။

ရှောင်လင်းယွီက သူမဖုန်းကို ကိုင်ထားလိုက်ပြီး ပြုံးကာ

"ကျန်ရှိနေတဲ့မြေပဲကျင်၂၀၀၀ကို ဆီအဖြစ်ပြောင်းပစ်ဖို့ ကျွန်မရုတ်တရက် ဆန္ဒရှိလာတယ်။ ပြီးရင် ကျွန်မချက်ချင်း မီလီယမ်နာဖြစ်သွားလိမ့်မယ်"

ကုန်းထျန်းဟောက်ကလည်း ပြုံးလိုက်ပြီး 

"မင်းက မီလီယမ်နာတစ်ယောက်ပဲလေ"

"စဉ်းစားကြည့်လိုက်။ မင်းမှာ ငွေသားနဲ့ သန်းအနည်းငယ်ရှိပြီး သန်းတချို့ကို မင်းတောင်တွေမှာ ရင်းနှီးထားတယ်။ စုစုပေါင်းဆိုရင် ဆယ်သန်းကျော်တယ်"

ရှောင်လင်းယွီက ခနလောက်တွေးလိုက်ပြီး 

"ရှင်မှန်တယ်။ ကျွန်မ ဘဏ်ကို ၃.၈သန်း အကြွေးတင်နေတုန်း ဆိုပေမယ့်ပေါ့"

"ဟီးဟီး...."

ရှောင်လင်းယွီက တကယ်ချစ်ဖို့ကောင်းတယ်လို့ ကုန်းထျန်းဟောက် ခံစားမိလိုက်သည်။

"ဒီတော့ မင်း ကျန်တဲ့မြေပဲတွေကို ဆီကြိတ်ပစ်ဦးမှာလား?"

ရှောင်လင်းယွီက ခနလောက်တွေးလိုက်ပြီး ခေါင်းခါလိုက်သည်။

"မကြိတ်တော့ဘူး။ ကျွန်မအဲ့ဒါတွေကို ဒီတိုင်းပဲရောင်းလိုက်တော့မယ်!"

ကုန်းထျန်းဟောက်က ခေါင်းညိတ်လိုက်သည်။

"ဒါဆိုရင် မင်းအဲ့ဒါတွေကို မြို့တော်မှာရောင်းမှာလား?"

"နည်းနည်းပဲပေါ့"

ရှောင်လင်းယွီက မျက်လွှာချလိုက်ပြီး မပြောမီ ခနလောက်တွေးတောကာ

"အထူးကိုယ်စားလှယ်လီရဲ့လတ်တလောအကူအညီအတွက်ကျေးဇူးတင်ဖို့ ကျွန်မ သူ့ကို မြေပဲကျင်၂၀၀ပေးရဦးမယ်"

သူမဒါကိုပြောတော့ မျက်လုံးတွေလင်းလက်သွားပြီး ဉာဏ်နီဉာဏ်နက်များတဲ့အလင်းတစ်ခုက သူမမျက်လုံးထဲမှာ ဖြတ်ပြေးသွားသည်။ ကုန်းထျန်းဟောက်ကဒါကိုကြားတော့ အနည်းငယ် မကျေမနပ်ဖြစ်သွားသည်။ သူက လီယွမ်ဟန်ကို မြေပဲဆီရောင်းဖို့ အမိန့်ပေးခဲ့တဲ့သူလေ။ အဆုံးကျတော့ ရှောင်လင်းယွီ ကျေးဇူးတင်တဲ့သူက သူမဟုတ်ပေ။ ကုန်းထျန်းဟောက်က အနည်းငယ် မပျော်မရွှင်ဖြစ်သွားသည်။

"လီယွမ်ဟန်က ဒီနှစ် အားလပ်ရက်ရမှာမဟုတ်ဘူး"

အဝေးကြီးက လီယွမ်ဟန်၊ "..."

ငါက ရှင်းရှင်းလင်းလင်းကြီး အပြစ်ကင်းပါတယ် ဟုတ်ပြီလား။ မနာလိုနေတဲ့သူတွေက ၎င်းကို ကျိုးကြောင်းမဆင်ခြင်နိုင်ပေ။

ကုန်းထျန်းဟောက်ရဲ့အမူအယာမှာ အနည်းငယ်ပြောင်းလဲမှုကိုမြင်တော့ ရှောင်လင်းယွီက မျက်စိကစားလိုက်သည်။ ပြီးနောက်မှာ သူမကပြုံးပြီး လေးလေးနက်နက်နဲ့

"ဒါပေါ့ ကျွန်မကျေးဇူးအတင်သင့်ဆုံးသူက မစ္စတာကုန်းထျန်းဟောက်‌လေ။ ကျွန်မ‌ရဲ့မြေပဲဆီတွေကို မြို့တော်မှာရောင်းမယ့် မစ္စတာကုန်းထျန်းဟောက်ရဲ့ ဉာဏ်ပညာကြောင့်မဟုတ်ရင် ကျွန်မလည်း မကြာခင်မှာ မီလီယမ်နာဖြစ်လာမှာမဟုတ်ဘူး"

ကုန်းထျန်းဟောက်ရဲ့မပျော်မရွှင်ဖြစ်နေတဲ့မျက်လုံးတွေက လင်းလက်သွားပြီး သူကစိတ်လှုပ်ရှားစွာနဲ့

"ယွီအာ ကိုယ်ကမင်းကို ပျော်ရွှင်စေချင်ရုံတင်။ မင်းကိုယ့်ကို ကျေးဇူးတင်ဖို့မလိုပါဘူး တကယ်ပါ!"

ရှောင်လင်းယွီက ဒါကိုကြားတော့ အနည်းငယ် ဆွံ့အသွားသည်။

သူမကိုယ်သူမ တွေးတောကာ

'လူလိမ်ပဲ၊ ကျွန်မရှင့်ကိုမဟုတ်ဘဲ လီယွမ်ဟန်ကို ကျေးဇူးတင်တော့ ရှင့်ကြည့်ရတာ အရမ်းစိတ်ထိခိုက်ပုံပေါ်နေတယ်'

ဒါပေမယ့်လည်း ရှောင်လင်းယွီက ကုန်းထျန်းဟောက်ရဲ့အမူအယာက ပြောင်းလဲမှုကိုမြင်တော့ သဘောကျစွာနဲ့ နှုတ်ခမ်းကွေးလိုက်သည်။ သူမ စိတ်ကောင်းဝင်နေသည်။

ဝင်ထွက်နေကြတဲ့ အဝေးကရွာသားတွေက ရှောင်လင်းယွီနဲ့ ကုန်းထျန်းဟောက်က နေ့တိုင်းကပ်နေတာကို မြင်နေကြရသည်။ သူတို့က ၎င်းကို ရယ်စရာလို့ထင်နေကြသည်။

ရွာသားတွေက မေမေရှောင်ကိုမြင်တော့ နောက်နောက်ပြောင်ပြောင်နဲ့

"ချိုးယင်း၊ လင်းယွီနဲ့ သခင်လေးကုန်းကြားက ဆက်ဆံရေးက နေ့တိုင်း ပိုပိုပြီးကောင်းလာတာပဲ။ သူတို့တွေလက်ထပ်ဖို့ မင်းဘယ်ရက်ကို စဉ်းစားထားလဲ?"

"ဟုတ်တယ် သူက သမက်ကောင်းတစ်ယောက်ပဲ။ ယွီအာ သူ့ကို ဖမ်းထားလိုက်တာ သေချာအောင်လုပ်ရမယ်"

"ပြောရရင် သခင်လေးကုန်းက ဘာမှအထွန့်တက်စရာမရှိအောင် လင်းယွီကို အရမ်းကောင်းကောင်းမွန်မွန်ဆက်ဆံနေတာ"

၎င်းကိုပြောတဲ့သူက အားကျမှုတွေနဲ့ပြည့်နေကာ

"သခင်လေးကုန်းက ချောမောပြီးချမ်းသာတယ်။ အရေးအကြီးဆုံးက သူက လင်းယွီကို တကယ့်ကိုကောင်းကောင်းမွန်မွန်ဆက်ဆံတယ်"

ရှောင်လင်းယွီက အမည်မသိတဲ့ယောက်ျားတစ်ယောက်နဲ့အိပ်ပြီး ကိုယ်ဝန်ရှိလာတယ်ဆိုတာကို သူတို့သိသွားကြတုန်းက ရွာသားတွေက သူမကိုအကြိမ်ပေါင်းများစွာ ပျက်ရယ်ပြုခဲ့ကြသည်။ သူတို့က သူမကို ပွင့်ပွင့်လင်းလင်းမလှောင်ပြောင်ရဲပေမယ့် မမြင်ကွယ်ရာမှာ သူတို့ဘာပြောမှန်း ဘယ်သူတွေများသိမှာလဲ။

ဒါပေမယ့်လည်း ကုန်းထျန်းဟောက်ရောက်လာတော့ သူက ရှောင်လင်းယွီကို ဘယ်လောက်အလေးအနက်ထားပြီး အာရုံစိုက်တယ်ဆိုတာကို မြင်လိုက်ကြရပြီး ပတ်ဝန်းကျင်ကလူတွေက မနာလိုခဲ့ကြသည်။

ရှောင်လင်းယွီက ဘာလို့အရမ်းကံကောင်းနေရတာလဲ?

သူမက ဖျက်ဆီးခံလိုက်ရပေမယ့် ယောက်ျားကောင်းတွေအားလုံးက သူမကို ကပ်နေကြတုန်းပဲ။ သူတို့တွေအားလုံးက ချောမောပြီးတော့ ချမ်းလည်းချမ်းသာကြသေးတယ်။ ဒါပေါ့ ဒါက လူတွေ အများဆုံးမနာလိုတဲ့ကိစ္စမဟုတ်ပေ။

သူတို့အများဆုံးမနာလိုတာက ရှောင်လင်းယွီရဲ့ဘေးမှာ ယောက်ျားတစ်ယောက်ရှိနေပြီး သူမကို နေ့တိုင်းစောင့်ရှောက်ပေးနေတာဖြစ်သည်။ ပြီးတော့ ဒီလူမှာ ပိုက်ဆံရှိသည်။

ဘယ်လိုမိန်းကလေးမျိုးက ချမ်းသာတဲ့ယောက်ျားကို လက်မထပ်ချင်ဘဲ နေပါ့မလဲ?

ဒါပေမယ့် ဒီချမ်းသာတဲ့ယောက်ျားမှာ ထူးခြားတဲ့အကြိုက်တစ်ခုရှိသည်။ သူက အကောင်တစ်ကောင်ရဲ့ကလေးကိုလည်း သယ်ထားရတဲ့ ဖျက်ဆီးခံထားရတဲ့မိန်းကလေးတစ်ယောက်ကို ကြိုက်နေသည်။

"ချိုးယင် ငါနင့်ကို အကဲဖြတ်တာတော့မဟုတ်ပါဘူး။ လူငယ်လေးနှစ်ယောက်က အရမ်းရှက်နေတာဖြစ်နိုင်တယ်။ ဒီတော့ နင်သူတို့အတွက် စကားပြောပေးရမယ်"

တစ်ယောက်က သူမကို ကြင်နာစွာသတိပေးကာ

"သခင်လေးကုန်းကို တောက်လောင်နေတဲ့အကြည့်တွေနဲ့စိုက်ကြည့်နေတဲ့ ရွာထဲက အိမ်ထောင်မပြုရသေးတဲ့မိန်းကလေးတချို့ရှိတာ နင်မသိဘူးလား?"

"တဟွာက သခင်လေးကုန်းရှေ့မှာ ချော်လဲတာကို ငါခနခနမြင်ဖူးတယ်။ တစ်ခါကတော့ မ‌တော်တဆဖြစ်နိုင်ပေမယ့် ခနခနကြီးက? ပြောရရင် သူက သခင်လေးကုန်းနားရောက်တာနဲ့ လဲကျတာပဲ"

ဒီ တဟွာက ကျန်းချွန်းကျောင်းရဲ့ကွာရှင်းပြီးသား သမီးဖြစ်သည်။

ရွာသားတွေရဲ့စကားကိုကြားပြီး မဲမှောင်နေတဲ့အလင်းတစ်ခု မေမေရှောင်ရဲ့ မျက်လုံးထဲမှာ ဖြတ်ပြေးသွားသည်။

သူမက

"နင်ပြောတာအမှန်ပဲလား?"

"ဒါပေ့ါ အမှန်ပဲလေ။ ငါ့မှာ နင့်ကိုလိမ်စရာအကြောင်းရင်းမရှိဘူးလေ ဟုတ်တယ်မလား?"

ရွာသားတွေက ယုံကြည်မှုရှိရှိပြောလိုက်သည်။

မေမေရှောင်က ခေါင်းညိတ်လိုက်ပြီး 

"ကောင်းပြီ ဒီသတင်းကို ထပ်မဖြန့်နဲ့တော့။ မနက်ဖြန် မြေကိုမြက်ရိတ်တာကိုကူဖို့ ငါ့မိသားစုက လူတစ်ယောက်လိုတယ်။ မနက်ဖြန်လာဖို့ အားလား?"

"ဒါပေါ့..."

***

All Chapters