← Chapters

ရလဒ်

Vol. 23 Ch. 386

ရလဒ်

Vol. 23 Ch. 386

သူမအမေရဲ့ပြတ်သားတဲ့မေးခွန်းကိုကြားပြီးတော့ ရှောင်လင်းယွီရဲ့အမူအယာက ရုတ်တရက် ပြောင်းလဲသွားသည်။ သူမရဲ့လှပတဲ့မျက်လုံးတွေက မယုံကြည်နိုင်မှုတွေနဲ့ပြည့်သွားသည်။

ရှောင်လင်းယွီက သူမပါးစပ်ကိုဖွင့်လိုက်ပေမယ့် သူမလည်ချောင်းထဲမှာ ကျောက်ခဲအကြီးကြီးတစ်ခုရှိနေသလိုမျိုးဖြစ်နေသည်။ သူမဘယ်လောက်ပဲကြိုးစားကြိုးစား၎င်းကို လှုပ်လို့မရပေ။

မေမေရှောင်က သူမသမီးရဲ့ ပုံမှန်မဟုတ်တဲ့ လုပ်ရပ်နဲ့ အမူအယာကိုကြည့်လိုက်သည်။ သူမက တိတ်ဆိတ်လို့ပဲနေသည်။ သူမဒီနေ့တော့ သူမသမီးကို ဖိအားပေးရမည်။ သူမရဲ့နှလုံးသားကိုမဖွင့်ရင် ဘယ်သူမှဝင်မလာနိုင်ပေ။

သူက အဲ့ဒီကောင်လေးကို တစ်သက်လုံးစောင့်ရအောင်လုပ်မလို့လား?

လူသားဆိုတဲ့သတ္တဝါတွေက ဆင်ခြင်တုံတရားရှိပြီး သံယောဇဉ်တွယ်တတ်သည်။ အထူးသဖြင့် တစ်ဖတ်သက်ဖြစ်နေတဲ့အခါမှာ ဆင်ဆံရေးတစ်ခုက ဘယ်လောက်ကြာမယ်မှန်း ဘယ်သူကအာမခံနိုင်မှာလဲ?

မေမေရှောင်က သူမရဲ့သမီးကို ကောင်းကောင်းသိသည်။ ရှောင်လင်းယွီသာ ကုန်းထျန်းဟောက်ကို သဘောမကျရင် သူ့ကိုကန်ထုတ်ပြီး သူ့ဆီကအကူအညီတွေကို ငြင်းဆိုပြီးလောက်ပြီ။ ဒါကသူမရဲ့ အကျင့်စရိုက်ပဲဖြစ်သည်။ ဒါပေမယ့်လည်း သူမသမီးရဲ့စိတ်ထဲမှာ သူ့ရဲ့ခံစားချက်တွေကိုအမှန်တကယ်ပြသဖို့ တားဆီးနေတဲ့တစ်စုံတစ်ခုရှိတယ်လို့ မေမေရှောင် ခံစားနေရသည်။

သူမ ချန်းယန်ကို မမေ့နိုင်သေးလို့လား? ပြောရရင် သူတို့က ဆယ်နှစ်လောက်ချစ်ခဲ့ကြတာလေ။

‌ချန်းရန်က သူမကိုသစ္စာဖောက်ပြီး နာကျင်စေခဲ့ပေမယ့် ခံစားချက်တွေပါလာရင်တော့ ပြောဖို့ခက်သည်။

မေမေရှောင်က အဲ့ဒီနေ့ကတော့ ရှောင်လင်းယွီကို ‌ဖိအားပေးရမည်။ ဒါမှ ဆက်ဆံရေးက ရှင်းလင်းသွားမည်။ မေမေရှောင်က သူမကို ချက်ချင်းမျက်နှာထားတင်းတင်းနဲ့

"ရှောင်လင်းယွီ၊ နင်အဲ့ဒီကလေး ချန်းရန်ကို မမေ့နိုင်သေးဘူးလို့‌တော့ ငါ့ကို‌မပြောနဲ့"

"မဟုတ်ဘူး!"

ရှောင်လင်းယွီက မစဉ်းစားဘဲ ငြင်းဆိုလိုက်သည်။ အဲ့ဒီစက်ဆုပ်ဖွယ်ကောင်းတဲ့သူက သူမကို နှစ်ဘဝစလုံးမှာ ထိခိုက်နစ်နာစေခဲ့တာ။

ဘာလို့သူမက သူ့အတွက် ဂရုစိုက်နေရဦးမှာလဲ?

"ဒါဆိုရင် ဘာလို့လဲ?"

မေမေရှောင်က ထပ်ပြီး ပြတ်ပြတ်သားသားမေးလိုက်သည်။

ရှောင်လင်းယွီက ချက်ချင်း အသံတိတ်သွားသည်။ သူမရဲ့အမူအယာက အနည်းငယ် အသက်မပါပေ။ သူမပါးစပ်ကိုဖွင့်လိုက်ပြီး သူမ ဒါကိုပြောသင့်မပြောသင့် တုံ့ဆိုင်းနေသည်။ မေမေရှောင်က သူမသမီး လျှို့ဝှက်ချက်တစ်ခုကိုဖုံးထားမှန်း ၁၀၀%သေချာသည်။ ဒါပေမယ့် သူမဘာမှန်း ရှာမတွေ့ချေ။ သူမရဲ့သမီးက ကျောက်စိမ်းဆွဲသီးရဲ့လျှို့ဝှက်ချက်ကြီးကိုတောင် သူမရဲ့မိဘတွေကို ပြသပြီးပြီလေ။

ဒါဆိုရင် တခြားဘာလျှို့ဝှကချက်တွေ သူမဖုံးထားသေးတာလဲ?

"ရှောင်လင်းယွီ!"

မေမေရှောင်က စူးရှစွာအော်လိုက်သည်။

သူမရဲ့လေသံက ဘာချေပမှုကိုမှ ခွင့်မပြုတဲ့ လေသံမျိုးဖြစ်သည်။

ရှောင်လင်းယွီရဲ့မျက်နှာထားက ချက်ချင်းပြောင်းလဲသွားပြီး သူမမျက်နှာက ‌ဖြူဖျော့သွားသည်။

'သူမဗိုက်ထဲက ကလေးက ကုန်းထျန်းဟောက်ရဲ့ကလေး'

ဒီလျှို့ဝှက်ချက်ကို ဘယ်လိုပြောပြရမယ်မှန်း သူမမသိချေ။ ရုတ်တရက် သူမမျက်နှာကို ကာလိုက်ပြီး ငိုချလိုက်သည်။ သူမငိုနေရင်း မေမေရှောင်ကို တောင်းပန်ကာ

"အမေ သမီးကိုဖိအားမပေးပါနဲ့။ ဟုတ်ပြီလား?"

မေမေရှောင်က ဒါကိုမြင်တော့ သူမစိတ်က ချက်ချင်းနူးညံ့သွားသည်။ အရမ်းကိုခက်ခဲတဲ့လျှို့ဝှက်ချက်တစ်ခုရှိနေမှန်း သူမ နားလည်လိုက်သည်။

'အိုး ကောင်းပြီလေ ကလေးတွေဆိုတာ မိဘတွေရဲ့ ကြွေးမြီးတွေပဲ ဥစ္စာ'

မေမေရှောင်က သူမကိုထပ်ပြီး ဖိအားမပေးတော့ပေ။ သူမသာပြောချင်ရင် အခုပြောလိုက်မှာပေါ့။ သူမ မပြောချင်မှတော့ ၎င်းက အရမ်းခက်ခဲတဲ့လျှိူ့ဝှက်ချက်ဖြစ်ရမည်။

နှစ်ဖက်စလုံးက သူတို့ရဲ့ဆက်ဆံရေးကို စိတ်မခုမှတော့ ဝင်ရောက်စွက်ဖက်ရအောင်လည်း သူမက ဘယ်သူမိုလို့လဲ?

မေမေရှောင်က ရှောင်လင်းယွီကို နှစ်သိမ့်တော့မလို့မှာပဲ လူတစ်ယောက်က လျင်လျင်မြန်မြန်ပြေးလာသည်။ သူက အပြင်ကနေခိုးနားထောင်နေပြီး ရှောင်လင်းယွီရဲ့နှလုံးသားထဲက အမှန်တရားကို ကြားချင်နေသည်။ ဒါက သူမရဲ့ လျှို့ဝှက်ချက်ကို ဖော်ထုတ်သွားမိလိမ့်မယ်လို့ သူမမျှော်လင့်ခဲ့ပေ။

ကုန်းထျန်းဟောက်က ရှောင်လင်းယွီရဲ့ နာကျင်မှုအပြည့်နဲ့မျက်နှာထားကိုကြည့်လိုက်ပြီး သူ့ရဲ့များသောအားဖြင့် တည်ငြိမ်နေတဲ့အမူအယာက ရုတ်တရက် စတင်ပျာယာခတ်သွားသည်။ ကုန်းထျန်းဟောက်က ရှောင်လင်းယွီအတွက် နာကျင်မှုကို တောင့်ခံပေးချင်သည်။

ကလေးကသူ့ကလေးမှန်း ရှောင်လင်းယွီရော ကုန်းထျန်းဟောက်တို့ နှစ်ယောက်စလုံးသိကြသည်။ သူတို့က ဒီတိုင်း ဘယ်တုန်းကမှ အမှန်တရားကို ထုတ်မပြကြရုံသာဖြစ်သည်။ ကုန်းထျန်းဟောက်က အမှန်ကို ထုတ်မပြရဲပေ။

အကြောင်းမှာ သူအမှန်ကို ပြသလိုက်တာနဲ့ သူရှောင်လင်းယွီအတွက် လုပ်ပေးခဲ့တဲ့ကောင်းတဲ့အရာတွေက သူမဗိုက်ထဲကကလေးကို လိုချင်လို့လို့ လူတိုင်းထင်သွားကြလိမ့်မည်။ သူ့ရဲ့မူလအစီအစဉ်က လက်ထပ်ဖို့နဲ့ ရှောင်လင်းယွီကို အရင်ချစ်မိသွားစေဖို့ဖြစ်သည်။ သူတို့လက်ထပ်ပြီးရင် ကျန်တာတွေက အလိုလိုရောက်လာလိမ့်မည်။ ကိစ္စတွေက အစီအစဉ်အတိုင်းပဲဖြစ်နေသည်။ သူမက သူ့ကို ဖြည်းဖြည်းချင်းယုံကြည်နေသည်။ အချိန်တွေပိုကြာလာတာနဲ့ သူတို့တွေအတူတူရှိသွားကြလိမ့်မယ်လို့ သူယုံကြည်နေသည်။

ရှောင်လင်းယွီရဲ့သဘောထားက တခြားသူတွေအဖို့ ကြမ်းတမ်းပြီး လျစ်လျူရှုပုံပေါ်နေပေမယ့် သူမက သူ့ကို နူးညံ့ညင်သာလာမှန်းတော့ ကုန်းထျန်းဟောက်သိသည်။ သူမက သူ့ရဲ့အကူညီနဲ့ ကြင်နာမှုတွေကို မငြင်းဆိုတော့ပေ။ သူမက သူ့ကို စကားပြောပြီး သူနဲ့ကိစ္စတွေ ဆွေးနွေးသည်။ သူမက သူ့ရဲ့အထင်အမြင်တွေကိုလည်း လေးစားသည်။ သူတို့က တကယ့်စုံတွဲတွေလိုပဲဖြစ်သည်။

ဒါပေမယ့်လည်း ကုန်းထျန်းဟောက်တစ်ယောက်ပဲ ဒီပြောင်းလဲမှုကို မြင်နိုင်သည်။ တခြားသူတွေက ရှောင်လင်းယွီက သူ့ကို ဘယ်လိုကြမ်းတမ်းပြီး လျစ်လျူရှုတယ်ဆိုတာကိုပဲ အာရုံထားကြပြီး သူတို့ဆက်ဆံရေးရဲ့ ကောင်းမွန်တဲ့ပြောင်းလဲမှုတွေကို လွတ်သွားကြသည်။

ဒါပေမယ့်လည်း သူတို့ရဲ့မကြာခနရင်းနှီးစွာဆက်သွယ်မှုက ရှောင်လင်းယွီကို ရွာက ပျက်ရယ်ပြုမိစေမယ်လို့ သူထင်မထားခဲ့ပေ။

ကုန်းထျန်းဟောက်ရဲ့စူးရှတဲ့မျက်လုံးတွေက အပြစ်ရှိစွာနဲ့ မေမေရှောင်ကို ကြည့်ကာ

"ဒေါ်လေး၊ ယွီအာကို ဖိအားမပေးပါနဲ့။ အဲ့ဒါအကုန် ကျွန်တော့်အမှားပါ"

မေမေရှောင်က ခနလောက်အံ့ဩသွားပြီး 

"ထျန်းဟောက် မင်းဘာတွေပြောနေတာလဲ? ဘယ်လိုလုပ်မင်းအမှားဖြစ်ရမှာလဲ?"

ကုန်းထျန်းဟောက်က သူ့မျက်လုံးတွေကိုပိတ်လိုက်ပြီး ဆုံးဖြတ်ချက်ခိုင်မာစွာနဲ့

"ဘာလို့လဲဆိုတော့..."

"မပြောနဲ့!"

ကုန်းထျန်းဟောက် ဘာပြောမလဲ‌ဆိုတာကို ရှောင်လင်းယွီသိနေပုံပေါ်သည်။ သူဘာမှမပြောနိုင်သေးခင် သူမက မျက်လုံးထဲမှာ အသနားခံနေတဲ့အကြည့်နဲ့ သူ့ရဲ့အင်္ကျီစကိုတင်းတင်းကျပ်ကျပ်ဆွဲထားလိုက်သည်။ သူမက ကုန်းထျန်းဟောက်ကို ခေါင်းခါပြလိုက်ပြီး 

"မလုပ်နဲ့....မပြောနဲ့!"

ကုန်းထျန်းဟောက်ရဲ့သူငယ်အိမ်တွေ တင်းကျပ်သွားသည်။

သူက အသက်ပြင်းပြင်းတစ်ချက်ရှုလိုက်ပြီး မေမေရှောင်ကို 

"ဘာလို့လဲဆိုတော့ ကျွန်တော်က လုံလုံလောက်လောက်မကောင်းမွန်သေးလို့ပါ။ ကျွန်တော်က ယွီအာကို လုံခြုံတယ်လို့ ခံစားရအောင် မလုပ်နိုင်သေးဘူး"

မေမေရှောင်က ရှောင်လင်းယွီကို သင်္ကာမကင်းနဲ့ကြည့်လိုက်ပြီး ကုန်းထျန်းဟောက်ကို စိုက်ကြည့်လိုက်သည်။ သူမသမီးနဲ့ပက်သက်တဲ့ဒီလျှို့ဝှက်ချက်ကို ကုန်းထျန်းဟောက်က သိပြီး သူမ မသိဘူးဆိုတာကို အခုသေချာသွားခဲ့သည်။ သူမက တစ်ခေါက်တော့တင်းတင်းကျပ်ကျပ်ကြိုးစားခဲ့ပေမယ့် သူမသမီးကို ငိုအောင်လုပ်လိမ့်မယ်လို့တော့ ထင်မထားပေ။

မေမေရှောင်က ပေါ့ပေါ့ပါးပါးသက်ပြင်းချလိုက်ပြီး

"ထျန်းဟောက် မင်းကလူကောင်းလေးပဲ။ ငါ့ယွီအာအတွက် မင်းအကုန်လုပ်ပေးခဲ့တာကို ငါတို့မြင်ခဲ့တယ်။ မင်းကအရမ်းကောင်းမွန်တယ်။ မင်းက ယွီအာအတွက် လုံလောက်ထာထက်တောင် ပိုလုပ်ပေးခဲ့တာ။ မိဘတွေအနေနဲ့ ငါတို့တွေမင်းကို ကျေးဇူးတင်ဖို့လိုတယ်လို့ ငါထင်တယ်"

"ဒေါ်လေး အဲ့ဒီလိုမပြောပါနဲ့"

မေမေရှောင်ပြောတာကိုကြားတော့ ကုန်းထျန်းဟောက်က အထိတ်တလန့်ဖြစ်သွားပြီး 

"ကျွန်တော်က ဆန္ဒရှိတာကိုပဲ လုပ်ခဲ့တာပါ။ ယွီအာကိုထပ်ပြီး ဖိအားမပေးပါနဲ့တော့ နော်? ကျေးဇူးပြုပြီး သူ့ကို ဖိအားတွေထပ်မပေးပါနဲ့တော့"

သူ့စကား‌လုံးတွေက ခံစားချက်တွေနဲ့အတူ လျှံကျလာသည်။

ဒါကိုကြားတော့ မေမေရှောင်က အသက်ပြင်းပြင်းတစ်ချက်ရှုလိုက်ပြီး ဘာလုပ်ရမှန်း မသိတော့ချေ။ သူတို့သမီးက ဒီလိုရိုးသားတဲ့ယောက်ျားကိုရှာတွေ့လို့ ရှောင်မိသားစုအရမ်းကံကောင်းသည်။

"ထားလိုက်တော့။ အချစ်ရေးကိစ္စမှာ ငါတို့အပြင်လူတွေ ဝင်စွက်ဖက်တာက ခက်ခဲတာပဲ။ ငါတို့တွေ အချိန်ကိုပဲ အားလုံးဆုံးဖြတ်ခိုင်းသွားမယ်။ ဒါပေမယ့်..."

မေမေရှောင်က အပြစ်ရှိစွာနဲ့

"ထျန်းဟောက်၊ မင်းမှားသွားပြီလို့ ငါတို့အကုန်ခံစားရတယ်။ တစ်နေ့ကျရင် မင်းတကယ်စိတ်ပျက်အားလျော့ပြီး ဒါမှမဟုတ် တစ်ခြားတစ်ယောက်နဲ့ ချစ်ကြိုက်သွားလိမ့်မယ်။ ငါတို့မင်းကို အပြစ်မတင်ပါဘူး။ ငါတို့သမီးက တကယ့်ကို လုံလုံလောက်လောက်ကံမကောင်းတာ"

ရှောင်လင်းယွီသာ ဒီပုံစံအတိုင်းဆက်သွားရင် အနှေးနဲ့အမြန်ပဲ ကုန်းထျန်းဟောက်က ပင်ပန်းလာတယ်လို့ခံစားရပြီး လက်လျှော့သွားလိမ့်မည်။ ဒါသာတကယ်ဖြစ်လာရင် ဘယ်သူမှသူ့ကို အပြစ်မတင်နိုင်ပေ။

ကုန်းထျန်းဟောက်က သူ့ခေါင်းကိုခါလိုက်ပြီး 

"အန်တီ ယွီအာကျွန်တော့်ကို အပြည့်အဝလက်မခံသေးမှန်းသိပါတယ်။ ဒါပေမယ့် ကျွန်တော် စောင့်ဖို့ဆန္ဒရှိပါတယ်။ ကျွန်တော် ယွီအာကို အချိန်ပေးဖို့လိုလားပါတယ်"

ပြီးနောက်မှာ သူ့အမူအယာက ပြောင်းလဲသွားပြီး သူ့အသံက တိုက်ပွဲသွားမယ့် သူရဲကောင်းတစ်ယောက်လိုဖြစ်နေသည်။ သူက ခိုင်ခိုင်မာမာနဲ့

"ကုန်းထျန်းဟောက်ရွေးချယ်ထားတဲ့ တစ်ဦးတည်းသောအမျိုးသမီးက ရှောင်လင်းယွီပါ။ တစ်နေ့ကျရင် သူကျွန်တော့်ကို လက်ထပ်ဖို့ သဘောတူလာလိမ့်မယ်လို့ ကျွန်တော်ယုံတယ်"

တချို့အကြောင်းတွေကြောင့် မေမေရှောင်က ဒါကိုကြားတော့ မျက်လုံးတွေနီရဲသွားပြီး သူမမျက်လုံးထောင့်တွေကနေ မျက်ရည်တွေစတင် စီးကျလာသည်။ သူမမျက်ရည်တွေကို ပြန်ထိန်းထားလိုက်ပြီး ခေါင်းညိတ်လိုက်သည်။

"ကောင်းပြီ ထျန်းဟောက်၊ ဒေါ်လေးကလည်း မင်းကို သမက်လောင်းအနေနဲ့ ရွေးချယ်ပြီးသားပါ

ကံကောင်းပါစေ! အဲ့ဒီမကောင်းတဲ့ရည်ရွယ်ချက်နဲ့တခြားကောင်တွေကို မောင်းထုတ်ဖို့ အန်တီကမင်းကို ကူညီပါ့မယ်"

ရှောင်လင်းယွီ

"..."

ကုန်းထျန်းဟောက် 

"ကျေးဇူးပါ အန်တီ!"

ကုန်းထျန်းဟောက်က စိတ်ပါလက်ပါ ကျေးဇူးတင်လိုက်သည်။

"ဒေါ်လေးရဲ့ထောက်ခံမှုနဲ့ ကျွန်တော်ပိုပြီး ယုံကြည်ချက်ရှိသွားပြီ"

ရှောင်လင်းယွီ၊ "..."

ငါဒီမှာရှိတယ်‌ဆိုတာ သူတို့မေ့နေကြတာလား?

မဟုတ်ဘူး ဒါကဒီနေ့အဆုံးသတ်ရမယ်။ ငါဒီကိစ္စကို ဆက်ဆွဲနေရင် အပြင်ဘက်က ကောလဟာလတွေက ပိုဆိုးလာလိမ့်မည်။

မေမေရှောင်က သူတို့နှစ်ယောက်ပြောဖို့ အချိန်ရအောင် ထွက်ခွာသွားတော့မည်ဖြစ်သည်။

"အမေ!"

ရှောင်လင်းယွီက သူမကို တားလိုက်သည်။

"ဟမ်?"

မေမေရှောင်က ပြန်ဖြေလိုက်သည်။

ရှောင်လင်းယွီက သူမဘေးက ကြင်ကြင်နာနာမျက်လုံးတွေကိုကြည့်လိုက်ပြီး သူမနှုတ်ခမ်းကိုကိုက်လိုက်သည်။ ပြီးနောက်မှာ သူမကလွှတ်ပေးလိုက်ပြီး ကုန်းထျန်းဟောက်ကို ကြည့်ကာ

"ကုန်းထျန်းဟောက် ကျွန်မ ရှင့်ကောင်မလေးဖြစ်ဖို့ ဆန္ဒရှိတယ်"

***

All Chapters