← Chapters

မြေပဲဆီရဲ့သက်ရောက်မှု

Vol. 23 Ch. 382

မြေပဲဆီရဲ့သက်ရောက်မှု

Vol. 23 Ch. 382

ကုန်းမိသားစုက ထောင်ယွမ်ရွာမှာ ရှိနေတာကြာပြီဖြစ်သည်။ ဒါပေမယ့် သူတို့က ပြန်လည်အားဖြည့်ဖို့ မြို့ကြီးတစ်ခုကနေလာမှန်းသာ ရွာသားတွေသိကြသည်။ ဘယ်မြို့လဲ‌ဆိုတာတော့ ရှောင်လင်းယွီကလွဲရင် ဘယ်သူမှမသိပေ။

ရှောင်မိသားစုက စိတ်ဝင်စားပေမယ့်လည်း ဘယ်တုန်းကမှ မမေးခဲ့ပေ။ ပြီးတော့ သူတို့ပြောချင်ရင် ပြောပြလိမ့်မယ်လေ။ ဒါပေမယ့်လည်း အခုသူတို့က မြေပဲဆီ၅၀၀ကျင်ကို ယွမ်၆၆၀၀၀၀နဲ့ရောင်းနိုင်ခဲ့သည်။ ၎င်းက ရှောင်လင်းယွင်ကို အရမ်းစူးစမ်းစေချင်နေသည်။

ကုန်းထျန်းဟောက်က ဘာကိုမှ ဖုံးကွယ်မထားပေ။

သူကအရမ်း အေးအေးဆေးဆေးနဲ့

"ဒီမြေပဲဆီတွေကို မြို့တော်မှာရောင်းခဲ့တာ"

"အမ် မြို့တော်ကိုး!"

ရှောင်မိသားစုက မြို့တော်ဆိုတာကိုကြားတော့ တကယ့်ကို နည်းနည်းလေးတော့အံ့ဩသွားသည်။

"ဟုတ်တယ် မြို့တော်လေ"

ကုန်းထျန်းဟောက်က ခေါင်းညိတ်ပြီး

"ကျွန်တော်က မြို့တော်က စီးပွားရေးသမားတစ်ယောက်လေ"

စီးပွားရေးသမား?

ဒါက ကုန်းထျန်းဟောက်ရဲ့အထောက်အထားကို ရှောင်မိသားစု ပထမဆုံးအကြိမ်ကြားဖူးခြင်းဖြစ်သည်။ ဒါပေမယ့်လည်း မြို့တော်ကမိသားစုတစ်ခုက ပြန်လည်အားဖြည့်ဖို့ ဒီဝေးလံတဲ့တောင်ရွာလေးကို လာတယ်ဆိုတဲ့အချက်က အတော်လေးမယုံနိုင်ဖွယ်ဖြစ်သည်။ ပြီးတော့ ထောင်ယွမ်ရွာကနေ ပေကျင်းကို အနည်းဆုံး ၂၀၀၀ကီလိုမီတာဝေးသည်။

ဒါ့ပြင် ထောင်ယွမ်ရွာက နာမည်မကြီးပေ။ သူတို့က ပြီးခဲ့တဲ့နှစ်အနည်းငယ်ကအထိ လျှပ်စစ်မီးမရခဲ့ပေ။

ဒါဆိုရင် ကုန်းထျန်းဟောက်နဲ့ သူ့အဘိုးက ဒီနေရာကို ဘယ်လိုရှာတွေ့သွားတာလဲ?

"ကျွန်တော်က စီးပွားရေးလောကမှာ အနည်းငယ်လွှမ်းမိုးမှုရှိတယ်"

ကုန်းထျန်းဟောက်က နှိမ့်ချစွာပြောလိုက်သည်။

"ကျွန်တော့်မိတ်ဆွေတွေက ကျွန်တော့်မျက်နှာထောက်ပြီး မြေပဲဆီဝယ်ခဲ့ကြတာ"

ကုန်းထျန်းဟောက်ရဲ့နောက်ခံကိုသိတဲ့ရှောင်လင်းယွီက နှုတ်ခမ်းတရွရွဖြစ်သွားသည်။

နိုင်ငံထဲမှာအချမ်းသာဆုံးလူက လွှမ်းမိုးမှုသေးသေးလေးပဲရှိတယ်ဆိုရင် ဘယ်သူ့မှာ လွှမ်းမိုးမှုအကြီးကြီးရှိမှာလဲ?

မြို့တော်ကဘော့စ်ကြီးတွေက သူ့ကို အလိုလို မျက်နှာသာပေးရမှာပဲလေ။

ရှောင်မိသားစုက မြို့တော်နဲ့ ရင်းနှီးကျွမ်းဝင်သလို အကျွမ်းတဝင်လည်းမရှိပြန်ပေ။ တရုတ်ရဲ့မြို့တော်ဖြစ်တဲ့အတွက်တော့ တရင်းတနှီးရှိသည်။ တရင်းတနှီးမရှိရတာကတော့ ၎င်းကိုကြားရုံကြားဖူးပြီး မရောက်ဖူးသောကြောင့်ဖြစ်သည်။

ဒါပေမယ့်လည်း အဲ့ဒီနေရာရဲ့ ကြွယ်ဝချမ်းသာမှုတွေကိုတော့ သူတို့ စိတ်ကူးယဉ်ကြည့်နိုင်သည်။ အဲ့ဒီနေရာမှာ ချမ်းသာတဲ့သူတွေအများကြီးရှိသည်။ ဒါကြောင့် မြို့တော်မှာ မြေပဲ‌ဆီကို တစ်ကျင်ကိုယွမ်၁၀၀၀နဲ့ရောင်းနိုင်လိုက်တယ်ဆိုတာက အဓိပ္ပာယ်ရှိသည်။

ကုန်းထျန်းဟောက်က အလွယ်တကူပဲရှင်းပြလိုက်ပြီး ရှောင်မိသားစုက ၎င်းကို အရမ်းအေးအေးဆေးဆေးနဲ့ လက်ခံလိုက်သည်။

ရှောင်လင်းယွီက 

"..."

ရှင်တို့တွေက ဒီလိုပဲလက်ခံလိုက်တယ်လား?

ဘာမေးခွန်းမှမရှိတော့ဘူးပေါ့?

သူမ အနည်းငယ် ဆွံ့အသွားသည်။ ဘာပဲဖြစ်ဖြစ် သူမလည်း ရှင်းမပြချင်ပေ။

မြေပဲနဲ့ ပဲပိစပ်တွေက ကုန်သွားပြီဖြစ်သည်။ မြေခြောက်မူက ရုတ်တရက် လွတ်သွားသည်။ ပုံမှန်လယ်မြေအတွက်ဆိုရက် တူညီတဲ့စိုက်ပျိုးမှုတစ်ခုကို သူတို့ထပ်မလုပ်ပေ။ ဥပမာဆိုရင် သူတို့တွေ အရင်ရာသီတုန်းက မြေပဲစိုက်ခဲ့ရင် နောက်ထပ်ရာသီမှာ မြေပဲထပ်မစိုက်ပေ။ သူတို့စိုက်လို့ရှိရင် မြေပဲသီးနှံတွေက သေးငယ်သွားမည်ဖြစ်ပြီး အပင်တွေကလည်း အလွယ်တကူပဲနာမကျန်းဖြစ်လိမ့်မည်။

စမ်းရေနဲ့ဆိုတော့ ရှောင်လင်းယွီမှာ ဒီပြဿနာမရှိပေ။ ဒါပေမယ့်လည်း သူမက သံသယရှိမှုတွေကို ရှောင်ကြဉ်ဖို့  စမ်းရေကို မသုံးချင်ပေ။ အဲ့ဒီအစား သူမက စိုက်ပျိုးမှုအတွက် အိုးနှစ်လုံးကို လဲလှယ်လိုက်သည်။ မြေပဲတွေအတွက်အသုံးပြုတဲ့အိုးက အခု ‌ပဲပိစပ်တွေနဲ့ နောက်ထပ် အမျိုးမျိုးသောအရာတွေအတွက် အသုံးပြုနေသည်။

ရှောင်မိသားစုမှာ အခုလူတွေအများကြီး ပိုရှိလာပေမယ့် သူတို့မှာ လုပ်စရာတွေပိုများနေသည်။ သူတို့မှာ လုပ်ကိုင်ရမယ့် တောင်ခြောက်လုံးရှိသည်။ အလိုလိုပဲ ရှောင်လင်းယွီက ‌မြေခြောက်မူမှာအလုပ်လုပ်ဖို့ လူတွေထပ်ခန့်ခဲ့သည်။ အဲ့ဒါအပြင် ရှောင်လင်းယွီက သစ်သီးပင်တွေကြားထဲမှာ မြေပဲနဲ့ ပဲပိစပ်တွေကြီးပြင်းဖို့ တောင်အိုးအပိုနှစ်လုံးကိုလည်း ပြင်ဆင်ခဲ့သည်။

တောင်အသေးမှာ မြေ၁၀၀၀မူရှိပြီး အကြီးဆုံးမှာ မြေ၃၀၀၀မူရှိသည်။

ရှောင်လင်းယွီက မြေပဲနဲ့ ပဲပိစပ်တွေစိုက်ပျိုးဖို့ အလယ်အလတ်ဆိုဒ်တောင်တွေကို ရွေးခဲ့သည်။ ‌၎င်းတို့က တစ်ခုစီကို မြေမူ၁၀၀၀ရှိသည်။ ရှောင်လင်းယွီက ပျားရည်စုတ်ပန်းနဲ့ ဂျင်ဆင်းလိုမျိုး ဆေးဖက်ဝင်အပင်တွေစိုက်ဖို့ အသေးဆုံးတောင်ကို ရွေးချယ်ခဲ့သည်။

ဒီတောင်အသေးလေးကို ဆေးဖက်ဝင်ပင်တွေစိုက်ဖို့သုံးမှတော့ ရှောင်လင်းယွီက ၎င်းကို တခြားတောင်တွေလိုမျိုး ပမာဏအကျယ်ကြီး မပြုပြင်ခဲ့ပေ။

သူမက အသီးအရွက်စိုက်ခင်းအသေးတစ်ခုထားဖို့ တောင်ခြေက သေးငယ်တဲ့ဧရိယာလေးကိုပဲ ပြုပြင်ခဲ့သည်။ ပြီးတော့ ဆေးဖက်ဝင်ပင်တွေက အရိုင်းဆန်စွာကြီးပြင်းရမည်။ ဒါက ရွာသားတွေကို ဆေးဖက်ဝင်ပင်တွေခူးဆွတ်ဖို့ တောင်တွေဆီဝင်ဖို့ တားမြစ်တယ်လို့လည်း ဆိုလိုသည်။

ရှောင်လင်းယွီက ကျန်ရှိနေတဲ့တောင်ကုန်းတွေပေါ်မှာ အမျိုးမျိုးသောအသုံးများတဲ့သီးနှံတွေစိုက်ခဲ့သည်။ ဥပမာ ပဲနီ၊ အာလူးချိုတွေ၊ ဂေါ်မုတ်နီတွေနဲ့ စတာတွေဖြစ်သည်။

ရှောင်လင်းယွီက ဘာလို့မြေပဲတွေနဲ့ ပဲတွေကို အရေအတွက်အများကြီးစိုက်ရလဲဆိုတာမှာ အကြောင်းရင်းရှိသည်။ မြေပဲတွေအတွက်ဆို ရှောင်လင်းယွီက ဆီရော မြေပဲတွေရောင်းဖို့ပါ စိုက်ပျိုးသည်။ ဒါပေါ့ ဒါက ကုန်းထျန်းဟောက်က မြေပဲဆီတွေကို တစ်ကျင်ကိုယွမ်၁၀၀၀နဲ့ရောင်းလိုက်လို့တော့ မဟုတ်ဘူးလေ။ ရှောင်လင်းယွီက ၎င်ဆီက ကြီးမားတဲ့အလားအလာဈေးကွက်ကို မြင်လို့ဖြစ်သည်။

သူမရဲ့သီးနှံတွေက အဆင့်မြင့်သည်။ သူတို့ပိုဈေးကြီးလေလေ သူတို့ကို ချမ်းသာတဲ့လူတွေပိုကြိုက်လေလေဖြစ်သည်။ ပြီးတော့ သူမရဲ့ထွက်ကုန်တွေမှာလည်း သူမ ယုံကြည်မှုရှိသည်။ ပဲပိစပ်တွေအတွက်ကတော့ ရှောင်လင်းယွီက ရှောင်မိသားစုရဲ့စီးပွားရေးကို ချဲ့ဖို့ ၎င်းတို့ကို အသုံးပြုချင်လို့ဖြစ်သည်။

ပဲပိစပ်တွေကို တို့ဟူး၊ တို့ဟူးခြောက်နဲ့ အစရှိတာတွေ ပြုလုပ်နိုင်သည်။

သူမမိသားစုက နောက်ကျရင် အကျိုးအမြတ်ရလိမ့်မည်။

လူတော်တော်များများကို ရှောင်လင်းယွီက အလုပ်ခန့်ထားသည်။ သူတို့က တစ်တောင်ပြီးတစ်တောင်သွားကြသည်။ သူတို့တွေ အရမ်းအလုပ်များနေကြသည်။ ရွာသားတွေက ဒါကိုကြိုက်ကြသည်။ အကြောင်းမှာ ရရှိနိုင်မယ့်ပိုက်ဆံရှိတယ်လို့ ၎င်းကဆိုလိုသောကြောင့်ဖြစ်သည်။

ရှောင်လင်းယွီ ဘဏ်ကနေရထားတဲ့ချေးငွေက ရေလိုပဲ မျောသွားသည်။ နေ့ရက်တွေက အေးအေးချမ်းချမ်းကုန်ဆုံးနေသည်။

......

လီယွမ်ဟန်ကတော့ လတ်တလောမှာ အနည်းငယ်ဒုက္ခရောက်နေသည်။

ဘာလို့လဲ?

ဘာလို့လဲဆိုတော့ လူတွေအများကြီးက မြေပဲဆီလာမေးကြလို့ဖြစ်သည်။ ၎င်းကလုံးဝ ဖြစ်ရပ်အလှည့်အပြောင်းပဲဖြစ်သည်။ အစတုန်းက သူမြေပဲဆီတွေလှည့်ရောင်းတော့ လုပ်ငန်းထဲက လူတော်တော်များများက သူ့ကို တိတ်တဆိတ်လှောင်ရယ်ခဲ့ကြသည်။

သူက Imperial ဂရုရဲ့ အထူးကိုယ်စားလှယ်လေ။ဒါပေမယ့် သူက မြေပဲဆီကို ကိုယ်တိုင်ကိုယ်ကျ မာကတ်တင်းဆင်းနေတယ်။

ဒါက ကြည့်မကောင်းရှုမကောင်းပဲ!

ဒါပေမယ့်အခုကျ.... 

အဲ့ဒီတည်းကဆိုရင် သိပ်တောင်မကြာသေးပေမယ့် လူတွေက သူ့ကို အဆင်မပြတ်ဆက်သွယ်နေကြပြီး သူ့ဆီကနေ မြေပဲဆီတွေ ပိုဝယ်ချင်နေကြသည်။

ဘာလို့လဲဆိုတော့ သူတို့က သူ့ဆီကနေဝယ်ထားတဲ့မြေပဲဆီကို စားပြီးသွားသောကြောင့်ဖြစ်သည်။ သာမန်မိသားစုတစ်ခုအတွက် ယွမ်၁၀၀၀နဲ့ဝယ်လာရတဲ့မြေပဲဆီကို စီစီစစ်စစ်သုံးကြလိမ့်မည်။ သူတို့တွေ၎င်းကို လချီခံအောင် လုပ်နိုင်သည်။

ဒါပေမယ့် လီယွမ်ဟန်ရဲ့ဖောက်သည်က ဘယ်သူတွေမိုလို့လဲ?

သူတို့က ချမ်းသာတဲ့ အထက်တန်းလွှာတွေလေ။

သူတို့က ဧကရာဇ်တွေလိုမျိုး စားသောက်နေတာ။ ဒါကြောင့် သူတို့ လီယွမ်ဟန်ဆီကနေရထားတဲ့ မြေပဲဆီက ရက်ပိုင်းအတွင်းပဲ ကုန်သွားသည်။ သူတို့ရဲ့စားတော်ကဲတွေက ပြည်ပကတင်သွင်းထားတဲ့အမျိူးအစားတစ်ခုဖြစ်ပြီး အတော်လေးလည်းကုန်ကျတဲ့ ဟင်းချက်ဆီကို ပြန်လဲလှယ်ခဲ့သည်။

ဒါပေမယ့်လည်း ဒီလူတွေက ချက်ချင်းပဲ ကွဲပြားစွာအရသာခံမိလိုက်သည်။ ဆီသစ်နဲ့ချက်ထားတဲ့ဟင်းတွေက ဖုန်လိုပဲအရသာထွက်နေသည်။ အစကတော့ သူတို့စားတော်ကဲတွေကညံ့နေတယ်လို့ ထင်ခဲ့ကြသည်။ ဒါကြောင့် စိတ်လွတ်လက်လွတ်အလုပ်ဖြုတ်ပစ်ခဲ့သည်။

ဒါပေမယ့်လည်း စားတော်ကဲအသစ်တစ်ယောက်နဲ့တောင် ပြဿနာက ဆက်ရှိနေသည်။

သူတို့တွေကဘာမှားနေတာလဲ?

နေမကောင်းကြဘူးလား?

မဟုတ်ရင် ဘာလို့ ဟင်းတွေမစားနိုင်ကြတာလဲ?

‌နာမကျန်းမှုကို သင်္ကာမကင်းဖြစ်တာနဲ့ လူတော်တော်များများက ဗီအိုင်ပီကုသမှုတွေယူဖို့ ဆေးရုံဆီအပြေးသွားခဲ့ကြသည်။ သူတို့ကအရမ်းကောင်းမွန်တဲ့ကျန်းမာရေးရှိကြောင်း ဆရာဝန်တွေကပြောခဲ့သည်။ ဒါကြောင့် အစာစားချင်စိတ်လျော့နည်းတာက ရုပ်ပိုင်းဆိုင်ရာကြောင့်မဟုတ်ဘဲ စိတ်ပိုင်းဆိုင်ရာကြောင့်ဖြစ်သည်။

စိတ်ပိုင်းဆိုင်ရာ?

သူ‌တို့တွေ စိတ်ရောဂါကုဆရာဝန်တွေဆီသွားခဲ့ပေမယ့် သူတို့တွေက ဘာနဲ့မှချွတ်ယွင်းချက်မရှိကြပေ။ သူတို့က ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ ကောင်းမွန်ကြသည်။

ဒါဆိုရင် ဘာက စားချင်စိတ် လျော့နည်းစေတာလဲ?

အဲ့ဒီအချိန်မှာ စားတော်ကဲက သူ့ကို ဂရုတစိုက် သတိပေးကာ

"ဆရာ မဒမ်၊ အဲ့ဒါဟင်းချက်ဆီကြောင့်လို့ ကျွန်တော်ထင်မိတယ်"

"ဟင်းချက်ဆီ? ဘာဟင်းချက်ဆီလဲ? ငါတို့တွေ ပြည်ပက အဆင့်မြင့်ဟင်းချက်ဆီကို သုံးနေတာမဟုတ်ဘူးလား?"

မဒမ်ကျူးက နားမလည်စွာမေးလိုက်သည်။

စားတော်ကဲက ရှင်းပြကာ

"ဆရာ မဒမ်  ဒါအမှန်ပါပဲ။ ဒါပေမယ့် ဆရာ ဆီဆယ်ကျင်ကိုယူလာပြီးတဲ့နောက် ကျွန်တော်တို့ အဲ့ဒါကို အသုံးပြုနေခဲ့တာ။ နှစ်ရက်လောက်သုံးခဲ့တယ်။ အခု အဲ့ဒီမြေပဲဆီကကုန်သွားပြီး ကျွန်တော်တို့ ပုံမှန်ဆီနဲ့ ပြန်လဲလိုက်တာ"

၎င်းကိုပြောရင်း စားတော်ကဲက သူ့မျက်လုံးတွေကိုပိတ်လိုက်ပြီး ဆက်မပြောခင် ခနပြန်သတိရနေသည်။

"အဲ့ဒီမြေပဲဆီ သွန်ကျလာတော့ အနံ့က လျှံထွက်လာတယ်။ အဲ့ဒါက ကျွန်တော် လုပ်ခဲ့သမျှထဲမှာ အမွှေးဆုံးမြေပဲဆီပဲ။ အဲ့ဒါအပြင် အဲ့ဒီမြေပဲဆီနဲ့ချက်တဲ့ဟင်းတွေက ပြောင်တောက်နေပြီး စေးကပ်မနေဘူး။ အရသာကချိုတယ်"

မစ္စတာနဲ့ မဒမ်ကျူး၊ "..."

မင်းက ဟင်းချက်ဆီအကြောင်းပြောနေတာလား? အချစ်အကြောင်း ပြောနေတာလား?

ဒါပေမယ့် ပြီးခဲ့တဲ့နှစ်ရက်က စားစရာတွေက တကယ်ချိုမြိန်နေတာကို သူတို့ပြန်မှတ်မိသွားသည်။

"အဲ့ဒီတော့ မစ္စတာ မဒမ်ကျူး၊ ဆရာတို့စားချင်စိတ်ပျောက်သွားတဲ့အကြီးမားဆုံးအကြောင်းရင်းက ဆီကြောင့်လို့ ကျွန်တော်ထင်တယ်"

စားတော်ကဲက သုံးသပ်လိုက်သည်။

မစ္စတာနဲ့ မဒမ်ကျူးက ရုတ်တရက် တိတ်ဆိတ်သွားသည်။

စားတော်ကဲကထပ်ပြီး

"ဆရာ အဲ့ဒီမြေပဲဆီကို ဘယ်ကရလာတာလဲ? ကျွန်တော်အခုပဲ နည်းနည်းသွားဝယ်လိုက်မယ်"

"Imperial ဂရု"

မစ္စတာကျူးက ရုတ်တရက် ပြောလိုက်သည်။

"အဲ့ဒါကဘယ်မှာလဲ?"

စားတော်ကဲက နားမလည်ဖြစ်သွားသည်။

မစ္စတာကျူးက အသက်ပြင်းပြင်းရှုလိုက်ပြီး 

"မင်းသွားစရာမလိုဘူး။ မင်းသွားလည်း ဆီဝယ်လို့ရမှာမဟုတ်ဘူး"

"အမ်?"

စားတော်ကဲက ချက်ချင်း ရှုပ်ထွေးသားသည်။

မစ္စတာကျူးထပ်ပြီး ပြောလိုက်ကာ 

"ငါက မြေပဲဆီကို Imperial ဂရု လီယွမ်ဟန်ဆီက ဝယ်လာတာ"

သူကရပ်လိုက်သည်။ သူက တစ်ခုခုကိုတွေးလိုက်ပြီး

"အိုး ဟုတ်သားပဲ။ ရှောင်ကျန့်၊ မင်းက ပြည်ပသွင်းဟင်းချက်ဆီနဲ့ ဟင်းချက်နေကျ  ဟုတ်တယ်မလား?"

"ဟုတ်ပါတယ် ဆရာ"

စားတော်ကဲက ပြန်ဖြေလိုက်သည်။

"သူတို့တွေက ဘယ်လောက်လောက်ကျလဲ?"

မစ္စတာကျူးက မေးလိုက်သည်။

"အိုး တစ်ကျင်ကို ၃၀၀M"

စားတော်ကဲက အမှန်အတိုင်း ပြောလိုက်သည်။

"၃၀၀M။ ယွမ်နဲ့တွက်ရင် တစ်ကျင်ကို ယွမ်၂၄၀၀ပဲ"

မစ္စတာကျူးက ၎င်းကိုသိသွားတော့ ရင်ထဲဆို့နင့်သွားသည်။ အစောတုန်းက လီယွမ်ဟန်က မြေပဲဆီကိုကြေငြာတော့ ဈေးနှုန်းနဲ့ပက်သက်ပြီး လူတွေအများကြီး ကွန်ပလိန်းတက်ခဲ့ကြသည်။ အခု သူက အများကြီးပိုဈေးကြီးတဲ့ဟင်းချက်ဆီကိုသုံးနေမှန်း သဘောပေါက်သွားခဲ့သည်။ ပြီးတော့ ဒီပိုပြီးဈေးကြီးတဲ့ဟင်းချက်ဆီနဲ့ချက်ထားတဲ့ အစားအသောက်တွေက သူတို့ဟာသူတို့ မစားနိုင်လောက်တဲ့အရာဖြစ်နေသည်။

အဲ့ဒီအချိန်မှာ မဒမ်ကျူးက ပြုံးကာ

"ဒါဆိုရင် ရှင်အထူးကိုယ်စားလှယ်လီဆီကဝယ်ထားတဲ့ မြေပဲဆီက ဘယ်လောက်လဲ?"

"တစ်ကျင်ကိုယွမ်၁၀၀၀"

မစ္စတာကျူးက ပြုံးရင်း ပြောလိုက်သည်။

"အဲ့ဒါလုံးဝဈေးမှမကြီးဘဲ"

မဒမ်ကျူးက မကျေမနပ်ပြောလိုက်သည်။

"ရှင်ဘာလို့ ထပ်မဝယ်ထားလိုက်တာလဲ? ရှင်က ဆယ်ကျင်ပဲ ဝယ်ထားလို့ ရက်နည်းနည်းလောက်နေတော့ ကုန်သွားပြီလေ"

သူ့မိန်းမ ဒေါသထွက်နေတာကိုမြင်တော့ မစ္စတာကျူးက အားကိုးရာမဲ့သွားသည်။

"မိန်းမရယ် အဲ့ဒါကိုယ့်အမှားမဟုတ်ဘူးလေ၊ လီယွမ်ဟန်က မြေပဲဆီနည်းနည်းလောက်ဝယ်ဖို့ ရုတ်တရက် ကိုယ်တို့ကို ခေါ်ခဲ့တာ။ ကိုယ်တို့အများစုက သူ့ကိုမျက်နှာလုပ်ဖို့ ဆယ်ကျင်ပဲဝယ်လိုက်တာ"

"ဆရာ အဲ့ဒါကိုဝယ်လာတုန်းက မြေပဲဆီအနံ့ကို မရဘူးလား?"

စားတော်ကဲက သိချင်စွာနဲ့မေးလိုက်သည်။

"ဒီမြေပဲဆီမျိုးက ဘယ်ဟင်းချက်ဆီထက်မဆို ပိုကောင်းတယ်"

ဒီအချက်နဲ့တင် သူပိုပြီးဝယ်ထားလိုက်သင့်ပြီ။

ဒါ‌ပေါ့ သူက မစ္စတာကျူးကို လေးစားသမှုနဲ့  အသံထွက်တော့မပြောခဲ့ဘူးလေ။ သူ့စားတော်ကဲ ဘာကို ပြောချင်နေမှန်း မစ္စတာကျူးကသိသည်။ သူ့မျက်နှာက မဲမှောင်သွားပြီး အနည်းငယ်ရှက်ရွံ့စွာနဲ့

"ငါကဘယ်လိုလုပ်သိမှာလဲ? ငါအရင်က ဟင်းချက်ဆီမှ မဝယ်ဖူးဘဲ။ ငါတို့တွေ အနံ့ရပေမယ့် ငါတို့ပုံမှန်ဟင်းချက်ဆီက ပိုကောင်းတယ်လို့ ထင်လိုက်တာကိုး"

စားတော်ကဲ

"..."

မဒမ်ကျူး

"..."

အဲ့ဒီတော့ ဒါက တကယ်သူ့အမှား မဟုတ်ဘူးပေါ့။

ဒီတစ်ခေါက်မှာ မဒမ်ကျူးက

"အထူးကိုယ်စားလှယ်လီ မြေပဲဆီတွေရောင်းနေလား? ရှင်ပိုပြီး ထပ်ဝယ်ထားဖို့လိုတယ်"

မစ္စတာကျူးက ခေါင်းခါလိုက်သည်။

"သူ့မှာ ရောင်းဖို့ ကျင်၅၀၀ပဲရှိတာလို့ ကြားတယ်။ သူနောက်ဆုံးငါးကျင်ကို ရောင်းတော့ လေလံပွဲတောင်ရှိလိုက်သေးတယ်။ အဆုံးမှာ Hall International Trading ကုမ္ပဏီရဲ့ ဒါရိုက်တာကျန်းက အဲ့ဒါကို ယွမ်၂၀၀၀၀နဲ့ဝယ်လိုက်တယ်"

"အမ် ၂၀၀၀၀"

ဈေးနှုန်းကိုကြားတော့ မဒမ်ကျူးတောင် အံ့ဩသွားသည်။

"ဟုတ်တယ်"

မစ္စတာကျူးက ခေါင်းညိတ်ကာ

"လီယွမ်ဟန်မှာ စတော့တွေပိုရှိသေးလားဆိုတာ ငါသိချင်မိတယ်"

အဲ့ဒီအချိန်မှာ မဒမ်ကျူးက ရုတ်တရက် 

"ဒါပေမယ့် အထူးကိုယ်စားလှယ်လီက မြေပဲ‌ဆီတွေကို ဘယ်နေရာကရတာလဲ? ဘာလို့ သူတို့တွေကို စရောင်းနေတာလဲ? ဘာလို့သူ့မှာ အကန့်အသန်စတော့တွေရှိနေတာလဲ?"

မစ္စတာကျူးက

"..."

သူလည်း သိချင်နေသည်။ အဲ့ဒီအချိန်မှာ မစ္စတာကျူးက မတ်တပ်ရပ်လိုက်ပြီး သူ့ဝတ်စုံကို ကောက်ယူကာ လမ်းလျှောက်ထွက်သွားခဲ့သည်။

"ရှင်ဘယ်သွားမလို့လဲ?"

မဒမ်ကျူးက မေးလိုက်သည်။

"လီယွမ်ဟန်ကိုရှာပြီး မြေပဲ‌ဆီများကျန်သေးလားဆိုတာမေးဖို့ Imperial ဂရုကိုသွားမလို့"

မစ္စတာကျူးက ပြန်ဖြေပြီး လျှောက်ထွက်သွားသည်။

မဒမ်ကျူး

"..."

"ဆရာက မြေပဲဆီဝယ်ဖို့ ကိုယ်တိုင်ကိုယ်ကျသွားတယ်ဆိုတာ မယုံနိုင်စရာပဲ"

စားတော်ကဲက ငြီးတွားလိုက်သည်။

မစ္စတာကျူးက Imperial ဂရုဆီမောင်းသွားပြီး အရှေ့စားပွဲမှာ သူ့နာမည်ကို တင်လိုက်သည်။ ခွင့်ပြုချက်ရပြီးတော့ သူက လီယွမ်ဟန်ရဲ့ရုံးခန်းကို တိုက်ရိုက်ပဲသွားလိုက်သည်။ ဒါပေမယ့်လည်း မစ္စတာကျူးအဲ့ဒီကိုရောက်တော့ လီယွမ်ဟန်ရဲ့ပတ်ပတ်လည်မှာ အရေးပါတဲ့စီးပွားရေးသမားတွေအများကြီး ရှိနေကြပြီဖြစ်သည်။

"ဘာတွေဖြစ်နေတာလဲ?"

မစ္စတာကျူးက ရှုပ်ထွေးစွာ ကြည့်လိုက်သည်။

"အိုင်ယား ဥက္ကဌကျူးလည်း ဒီမှာလား?"

အေးချမ်းတည်ငြိမ်သည့်ပုံစံရှိသော သတ်လတ်ပိုင်းအမျိုးသားက မစ္စတာကျူးကို နှုတ်ဆက်လိုက်သည်။

"ဥက္ကဌ ဖန်း!"

မစ္စတာကျူးက ယဉ်ကျေးစွာ နှုတ်ဆက်လိုက်ပေမယ့် သူ့မျက်လုံးက လူအုပ်ကို ကြည့်နေသည်။

ဥက္ကဌဖန်းက ပြုံးကာ

"မစ္စတာကျူး၊ ခင်ဗျားလည်းဒီမှာ မြေပဲဆီဝယ်ဖို့ ရှိနေတာလား?"

မစ္စတာကျူး၊ "..."

ဒီတော့ ဒီလူတွေအားလုံးက ဒီမှာ မြေပဲဆီဝယ်ဖို့ ရှိနေကြတာလား?

***

All Chapters