← Chapters

အမျိုးသမီးဓားပြများ!

Vol. 23 Ch. 390

အမျိုးသမီးဓားပြများ!

Vol. 23 Ch. 390

ရှောင်လင်းယွီက လီယွမ်ဟန်ထံ ပို့လိုက်တဲ့မြေပဲတွေကို အမျိုးသမီးဓားပြအနည်းငယ်က လုယူသွားကြသည်။ ကျန်ခဲ့တဲ့တစ်ခုတည်းသောအရာက သူ ခက်ခက်ခဲခဲကြီးဝှက်ထားခဲ့ရတဲ့ မြေပဲပြုတ်နှစ်ကျင်ဖြစ်သည်။

အမျိုးသမီးဓားပြတွေက လုယူလာတဲ့မြေပဲတွေကိုခွဲလိုက်ပြီးတော့ စတင်ပြီးမေးမြန်းကာ

"အထူးကိုယ်စားလှယ်လီ၊ အဲ့ဒီမြေပဲတွေကို ဘယ်ကရလာတာလဲ? နောက်တစ်ခါကျရင် ကျွန်မတို့ဘယ်က ဝယ်လို့ရမလဲပြောဦး"

အမျိုးသမီးဓားပြတွေက သူ့ရုံးထဲမှာ ‌သမာရိုးကျမြေပဲစားနေကြတာကိုမြင်‌တော့ လီယွမ်ဟန်က မျက်လုံးလှည့်လိုက်သည်။

သူက

"ဒီမြေပဲတွေကထူးခြားတယ်။ မင်းတို့ဝယ်ချင်တောင် ဝယ်လို့မရဘူး"

အဲ့ဒီအချိန်မှာ အတွင်းရေးမှူးလင်က တစ်စုံတစ်ခုကို တွေးမိသွားပြီး 

"အထူးကိုယ်စားလှယ်လီ၊ ဒီမြေပဲတွေက မြေပဲဆီတွေနဲ့ နေရာအတူတူပဲလား?"

သူတို့သာတစ်နေရာတည်းကလာတာဆိုရင် ထူးခြားတဲ့အရသာက အဓိပ္ပာယ်ရှိသည်။

အထူးကိုယ်စားလှယ်လီက မျက်လုံးကျုံ့လိုက်ပြီး ပြုံးကာ

"ကောင်းပြီ၊ ရှောင်လင်ကတော့ လည်ဝယ်တဲ့သူဖြစ်နေတုန်းပဲ!"

အဲ့ဒီအချိန်မှာ အတွင်းရေးမှူးသုန့်က တကယ်စိတ်ဝင်စားသွားပြီး 

"ဒါဆိုရင် အထူးကိုယ်စားလှယ်လီ၊ ဒီမြေပဲနဲ့ မြေပဲဆီတွေက ဘယ်ကလာတာလဲ?"

မြေပဲဆီအကြောင်းပြောရင်း သူမ ပိုမဝယ်ခဲ့မိတာ နောင်တရသွားသည်။ ဈေးနှုန်းက တခြားဘော့စ်ကြီးတွေကြောင့် မြင့်တက်သွားသည်။

အစတုန်းက မြေပဲဆီတစ်ကျင်က ယွမ်၁၀၀၀သာကျပေမယ့် နောက်ပိုင်းမှာ ၎င်းက တစ်ကျင်ကို ယွမ်ထောင်ပေါင်းများစွာ ဖြစ်လာသည်။ အထူးကိုယ်စားလှယ်လီက သူ့ဆိုင်ကိုစဖွင့်ကတည်းက သူတို့ဝယ်ခဲ့ရင် ဈေးနှုန်းကွာဟချက်မှာ သူတို့တွေအများကြီး အမြတ်ထုတ်လိုက်နိုင်သည်။

ဈေးနှုန်းကွာဟချက်က အတော့်ကိုများသည်။ ၎င်းက သူတို့ရဲ့ လစဉ်လစာထက်တောင် ပိုနေသေးသည်။

အတွင်းရေးမှူလင်ကပဲ တစ်ဦးတည်းသောရှေ့ရေးကြိုတွေးတတ်သူဖြစ်သည်။ လီယွမ်ဟန်က သူတို့ကို တစ်ကျင်ကိုယွမ်၁၀၀ဝနဲ့ ရောင်းတုန်းက သူမက ကျင်အနည်းငယ်ဝယ်ထားလိုက်သည်။ ဒီတော့ နောက်ပိုင်းကျ သူမနေ့တိုင်းအစားအသောက်တွေ ပျော်ပျော်ရွှင်ရွှင်စားနေတာကို လူတိုင်း မြင်တွေ့ကြရသည်။

သူမရဲ့ယောက်ျားက သူမကို နေ့တိုင်း နေ့လည်စာ‌ပို့ပေးသည်။ သူက အထူးမြေပဲဆီကို အသုံးပြုသည်။ သူမရဲ့နေ့လည်စာဘူးကို ဖွင့်လိုက်တဲ့အချိန်တိုင်း ရနံ့က ရုံးခန်းထဲမှာ ပြည့်လို့နေသည်။

တခြားအမျိုးသမီးဓားပြတွေက နောက်ဆုံးမှာ လှုပ်ရှားလိုက်ကြသည်။ အတွင်းရေးမှူးလင်ရဲ့ယောက်ျားက နည်းနည်းပိုလုပ်ပေးရသည်။ ဒါမှ သူမရဲ့အစားအစာတွေအခိုးခံလိုက်ရတဲ့အခါ သူ့မိန်းမ ဗိုက်မဆာမှာဖြစ်သည်။

ကောင်းပြီလေ ဒါကတော့ ချဲ့ပြောတာပေါ့။

သူတို့က ဓားပြအဖွဲ့တစ်ခုတည်းကဆိုမှတော့ တခြားဓားပြတွေက သူမအစားအစာကိုခိုးပြီးရင် သူတို့ရဲ့အကောင်းဆုံးသရေစာတွေနဲ့ အတွင်းရေးမှူးလင်ကို လျော်ကြေးပေးကြသည်။ ဒါပေမယ့်လည်း မြေပဲဆီကိုအရသာခံပြီတော့ ဘယ်အရာကမှ သူမရဲ့စားချင်စိတ်ကို ထပ်မဆွဲနိုင်တော့ပေ။

မြေပဲဆီဒုတိယအသုတ်ရောက်လာတော့ အထူးကိုယ်စားလှယ်လီက သူတို့ကို တစ်ကျင်ကိုယွမ်၄၀၀၀နဲ့ရောင်းခဲ့သည်။ အတွင်းရေးမှူးတွေတော်တော်များများက အံကြိတ်ပြီး တစ်ယောက်ကို နှစ်ကျင်စီဝယ်ခဲ့ကြသည်။ သူတို့အရမ်းနောင်တရနေကြသည်။ တစ်ချိန်က သူတို့တွေမြေပဲဆီကို အနိမ့်ဆုံးဈေးနဲ့ဝယ်ခဲ့နိုင်တုန်းက ၎င်းကို အရေးတယူမလုပ်ခဲ့ကြပေ။ မြေပဲဆီနှစ်ကျင်ဝယ်ဖို့ ယွမ်၈၀၀၀သုံးပြီးတော့ ၎င်းကို စီစီစစ်စစ်ပဲသုံးခဲ့ကြသည်။

ဘယ်လိုမြေပဲမျိုးက ဒီလိုအံ့ဩဖို့ကောင်းတဲ့မြေပဲဆီမျိုးထုတ်ပေးလဲ‌ဆိုတာ သူတို့သိချင်နေခဲ့ကြသည်။

တစ်ချိန်တည်းမှာပဲ တစ်စုံတစ်ခုကို ဆီထဲရောထားမလားဆိုတာလည်း သိချင်ခဲ့ကြသည်။

ဒါပေါ့ သူတို့ဒီမေးခွန်းနဲ့ပက်သက်ပြီးတော့တော့ အထူးကိုယ်စားလှယ်လီကို မမေးရဲဘူးလေ။

ဒါပေမယ့်လည်း လီယွမ်ဟန်ရဲ့ရုံးခန်းထဲက မြေပဲအစိမ်းတွေကိုတွေ့ပြီးကြတော့ ဆီက ရောစပ်မထားဘူးဆိုတာကို သူတို့သေချာသွားကြသည်။

မြေပဲစိမ်းတွေကလည်း အရသာကောင်းတယ်လေ!

အတွင်းရေးမှူးသုန့်ရဲ့ စပ်စုတဲ့မေးခွန်းကိုကြားပြီး လီယွမ်ဟန်က သူ့ရဲ့စူးရှတဲ့မျက်လုံးတွေနဲ့ သူမကို ခနလောက် စိုက်ကြည့်လိုက်သည်။ ပြီးနောက်မှာ သူက ခပ်ရေးရေးပြုံးပြီး 

"ဘာလို့လဲ? ငါ့စီးပွားရေးကို ခိုးဖို့ မင်းတို့တွေ ရင်းမြစ်နေရာဆီသွားချင်လို့လား?"

အတွင်းရေးမှူးသုန့်က တိတ်ဆိတ်သွားသည်။

သူမမျက်လုံးကစားလိုက်ပြီး

"မသွားရဲပါဘူး"

ဒီစီးပွားရေးက အတော်လေး အမြတ်များတဲ့ စီးပွားရေးလေ။ သေချာတဲ့အဆင့်တစ်ခုမရှိရင် တခြားသူတွေဆီကနေ ချက်ချင်းပစ်မှတ်ထားခံရလိမ့်မည်။

အတွင်းရေးမှူးသုန့်က ဆက်ပြီး 

"ကျွန်မက သိချင်ရုံတင်၊ စီးပွားရေးအတွက်ကတော့ ရှင့်ဟာရှင် လုပ်လိုက်တာပဲ ပိုသင့်တော်ပါတယ်"

ဒီစီးပွားရေးကိုလုပ်နေတာ လီယွမ်ဟန်မဟုတ်မှန်း အတွင်းရေးမှူးအားလုံးသိကြသည်။ တကယ့်ကြိုးကိုင်သူက ကုန်းထျန်းဟောက်ဖြစ်သည်။ စီးပွားရေးလောကမှာ လီယွမ်ဟန်က ကုန်းထျန်းဟောက်ကို ကိုယ်စားပြုမှန်း လူတိုင်းသိကြသည်။

လီယွမ်ဟန်က ခေါင်းညိတ်လိုက်သည်။

"မင်းနေရာကိုမင်းသိတာ ကောင်းတာပေါ့"

အတွင်းရေးမှူးသုန့်က

"..."

ဒါပေါ့ သိတယ်လေ!

"ဒါဆိုရင် အထူးကိုယ်စားလှယ်လီ ဒီမြေပဲတွေ ဘယ်က လာလဲဆိုတာရော ပြောပြနိုင်လား?"

အတွင်းရေးမှူးသုန့်က တကယ်သိချင်နေသည်။

အထူးကိုယ်စားလှယ်လီက သူ့ခေါင်းကိုခါလိုက်ပြီး 

"အဲ့ဒါနဲ့ပက်သက်ပြီးတော့ကတော့၊ ငါ လျှို့ဝှက်ချက်အနေနဲ့ ထားရလိမ့်မယ်"

"အိုး!"

တခြားသူတွေက ချက်ချင်း စိတ်ပျက်ပုံပေါ်သွားကြသည်။

"မင်းတို့မြေပဲတွေ ဆက်စားချင်သေးရင် အော်ဒါတင်ဖို့ ငါ့ဆီလာလို့ရတယ်! မြေပဲတွေက တစ်ကျင်ကို ယွမ်၂၀၀။ မြေပဲကြော်က တစ်ကျင်ကိုယွမ်၃၀ဝနဲ့။ မြေပဲပြုတ်က တစ်ကျင်ကို ယွမ်၂၅၀"

လူတိုင်း၊ "..."

သူတို့တွေ ဈေးနှုန်းကိုကြားတော့ ချက်ချင်းရပ်တန့်သွားကြသည်။

အရမ်းဈေးကြီးတာပဲ!

လီယွမ်ဟန်က သူတို့အမူအယာတွေကိုမြင်လိုက်ပြီး ပြုံးလျက်နဲ့

"ဒါဈေးကြီးတယ်လို့ မင်းတို့ထပ်ပြီး ထင်နေပြန်ပြီလား?"

လူတိုင်း၊ "..."

ဒါအမှန်ပဲလေ။

"ကျစ် ကျစ်..."

လီယွမ်ဟန်က အပြုံးတစ်ခုနဲ့

"မင်းတို့မိန်းကလေးတွေ ပိုပြီးဈေးကြီးတဲ့ ပြည်ပသွင်းသစ်အယ်သီးတွေမှာနေတာတောင် ငါမြင်တယ်။ ဒါဆိုရင် ဒီမြေပဲတွေပေါ်မှာရော ဘာလို့မသုံးချင်ရတာတုန်း?"

ဒီအကြောင်းပြောရင်း သူက ခနလောက်ရပ်လိုက်ပြီး အတော်လေးလျှို့ဝှက်တဲ့ဟန်ပန်နဲ့

"ငါပြောပြမယ်။ မြေပဲစတော့တွေက သိပ်မကျန်တော့ဘူး။ ဘော့စ်ကသိပ်ပြီး မရောင်းချင်တော့ဘူး။ သူတို့မိတ်ဆွေတွေအတွက် တချို့ကို လက်ဆောင်အနေနဲ့ ထားချင်နေကြတာ"

ဥပမာဆိုရင် ရှောင်လင်းယွီက သူ့ကို ကျင်၂၀၀ပို့ခဲ့သည်။

"ကျင် ၁၀၀၀ ၂၀၀၀ ပဲကျန်တော့တာလား?"

အတွင်းရေးမှူးသုန့်နဲ့ တခြားသူတွေက အံ့ဩသွားသည်။

"ဒါပေမယ့် ဘာလို့ဘော့စ်က သူတို့တွေအားလုံးကို ‌ဆီထုတ်ဖို့မသုံးပစ်တာလဲ? သူတို့တွေ မြေပဲဆီတစ်ကျင်ကို တစ်သောင်းနဲ့ရောင်းလို့ရတာပဲ"

အထူးကိုယ်စားလှယ်လီက မျက်လုံးကစားလိုက်ပြီး 

"ဆီကအရသာရှိတယ်။ ဒါပေမယ့် အဲ့ဒါကို ဟင်းချက်တာမှာပဲ အသုံးပြုလို့ရတယ်။ ဒါပေမယ့် မြေပဲအစိမ်းတွေကတော့ မတူဘူး။ သရေစာတွေလည်းလုပ်ပစ်လို့ရတယ်။ ကောင်းပြီလေ ပေါက်တတ်ကရတွေ ဖြတ်ရအောင်။ မင်းတို့တွေအော်ဒါတင်ချင်ရင် မြန်မြန်လုပ်။ ငါ့ကိုအရေအတွက်ပေးထား"

အတွင်းရေးမှူးသုန့်က တံတွေးမျိုချလိုက်ပြီး 

"အထူးကိုယ်စားလှယ်လီ ဒါအရမ်းဈေးကြီးလွန်းတယ်။ ရှင် ဈေးလျှော့လို့မရဘူးလား?"

"မင်းတို့ မြေပဲဆီတုန်းက ဖြစ်ရပ်ကို မေ့သွားတာလား?"

အထူးကိုယ်စားလှယ်လီက အတော်လေး မှင်တက်စွာနဲ့

"ငါပြောပြမယ်။ ဒီမြေပဲတွေက ပိုပိုပြီးပဲ ဈေးကြီးလာမှာ။ မင်းတို့ဆက်ပြီးတုံ့ဆိုင်းနေရင် နောက်မှ နောင်တရလိမ့်မယ်"

ဒီအ‌ကြောင်းပြောရင်း သူက အတွင်းရေးမှူးသုန့်ကိုကြည့်ပြီးတော့ ပြုံးကာ

"အတွင်းရေးမှူးသုန့်၊ ငါမြေပဲဆီရောင်တုန်းက မင်းလည်းတစ်ကျင်ကိုယွမ်၁၀၀၀က အရမ်းဈေးကြီးတယ်လို့တွေးခဲ့ပြီး အဲ့ဒါကိုမဝယ်ချင်ခဲ့မှန်း ငါမှတ်မိတယ်။ ဒါပေမယ့် နောက်ကျတော့ 

မင်းက နှစ်ကျင်ဝယ်တာမှာ ယွမ်၈၀၀၀သုံးခဲ့တယ်။ အတွင်းရေးမှူးသုန့်၊ မင်းကချမ်းသာတာဖြစ်ရမယ်"

ရယ်မောနေခဲ့တဲ့ အတွင်းရေးမှူးသုန့်၊ "..."

လူတိုင်း၊ "..."

သူတို့လည်း အတွင်းရေးမှူးသုန့်နဲ့ အတွေးအတူတူပဲရှိကြသည်။

"ကောင်းပြီလေ မင်းတို့တွေအလုပ်ပြန်လုပ်လို့ရပြီ"

အထူးကိုယ်စားလှယ်လီက လက်မြှောက်ပြလိုက်ပြီး သူတို့ကို စတင်ဖို့ တိုက်တွန်းလိုက်တယ်။

ပြီးနောက်မှာ သူက

"ဥက္ကဌက အမိန့်တစ်ခုပေးထားတယ်။ မင်းတို့တွေရဲ့ အလုပ်တာဝန်ကို မြှင့်ရမယ်"

အမျိုးသမီးဓားပြအနည်းငယ်က ချက်ချင်း စိတ်သောကရောက်စွာ ညည်းတွားလိုက်ကြသည်။

"အမ်? ဥက္ကဌကအရမ်းအနိုင်ကျင့်တာပဲ"

ဒါက သူတို့ရဲ့အနီးကပ်ဘော့စ်ဆီက အပြစ်တင်ခံထားရလို့ဆိုတာ သူတို့လေးတွေ သိမှသိကြရဲ့လား...

***

All Chapters