← Chapters

ပျော်စရာည

Vol. 23 Ch. 387

ပျော်စရာည

Vol. 23 Ch. 387

"ကုန်းထျန်းဟောက်၊ ကျွန်မ ရှောင်လင်းယွီက ရှင့်ကောင်မလေးဖြစ်ဖို့ ဆန္ဒရှိတယ်!"

ရှောင်လင်းယွီရဲ့ ရုတ်တရက် သဘောတူလိုက်သည့် စကားတစ်ခွန်းက ကုန်းထျန်းဟောက်ကို အချိန်အ‌တော်ကြာ အံ့ဩစေနေခဲ့သည်။ သူ့ရဲ့အမူအယာက အနည်းငယ်မူးနောက်သွားပြီး မယုံကြည်နိုင်မှုတွေနဲ့ အံ့ဩမှုတွေပြည့်နှက်သွားသည်။ မူးမိုက်သွားပြီးတော့ သူ စိတ်လှုပ်ရှားသွားသည်။ သူ့လက်တွေ ခြေတွေကို ဘယ်မှာထားရမှန်းတောင် မသိတော့ပေ။ သူ့နှလုံးသားထဲက ဝဲဂယက်တွေကိုဖိသိပ်ထားလိုက်ပြီး နောက်တစ်ကြိမ်ပိုပြီး အတည်ပြုခြင်နေသည်။

"ယွီအာ မင်းဘာပြောလိုက်တာလဲ? မင်းထပ်ပြီး ပြောလို့ရမလား?"

ရှောင်လင်းယွီက ကုန်းထျန်းဟောက်ရဲ့မျက်နှာက အမူအယာကို မြင်လိုက်သည်။ သူက သူဘောကျနေတဲ့မိန်းကလေးဆီကနေ အဖြေရတဲ့ ကောင်လေးတစ်ယောက်နဲ့‌တူနေသည်။ သူမရဲ့စိတ်ထဲမှာ လေးပင်စွာ သက်ပြင်းချလိုက်သည်။

'ငါဘာလို့ တုံ့ဆိုင်းနေတာလဲ?'

သူ့ပန်းတိုင်ရဲ့အလေးထားမှုကနေ သူ့ရဲ့ရိုးသားမှုကို သူမခံစားနိုင်သည်။ နိုင်ငံထဲမှာအချမ်းသာ‌ဆုံးယောက်ျားကုန်းထျန်းဟောက်က သူ့ရဲ့အဆင့်အတန်းကို နှိမ့်ပြီး သူမလိုရွာသူလေးတစ်ယောက်အတွက် အရူးလိုလုပ်နေစရာလိုမယ်လို့ သူမ မထင်ပေ။

သူ့ရဲ့အဆင့်နဲ့ဆို သူကလေးကိုသာလိုချင်ရင် သူမဆီကနေ ဒီတိုင်းယူသွားလိုက်လို့ရသည်။ သူမ ၎င်းနဲ့ပက်သက်ပြီး ဘာမှလုပ်နိုင်မှာ မဟုတ်ပေ။ ဒါပေမယ့်လည်း သူက သူမဘေးမှာ သူ့ကိုယ်သူနှိမ့်ချထားဖို့ လိုလားပြီး သူမအတွက် ကိစ္စတွေအများကြီး တိတ်တဆိတ်လုပ်ပေးခဲ့သည်။ ပြီးတော့ သူက တကယ်ပဲဒါတွေကို သူမအတွက်လုပ်နေတာဖြစ်ပြီး ကလေးအတွက်မဟုတ်ပေ။

ရှောင်လင်းယွီကလှည့်လိုက်ပြီး စိတ်လှုပ်ရှားလွန်းလို့ သွေးကြောတွေပါပေါ်နေတဲ့သူ့လက်ကို ကိုင်ထားလိုက်သည်။ သူမက မျက်လုံးထဲမှာ ချစ်ခြင်းမေတ္တာတွေနဲ့

"ကုန်းထျန်းဟောက် ရှင့်ကောင်မလေးဖြစ်ဖို့ ကျွန်မဆန္ဒရှိပါတယ်လို့ ပြောပြီးပြီပဲ! ဒါပေမယ့် ရှင်က ပြန်မဖြေဘူးပေါ့။ ကျွန်မကို ရှင့်ကောင်မလေးအနေနဲ့ လက်မခံဘူးလား?"

"ဒါပေါ့ လက်ခံတာပေါ့!"

ကုန်းထျန်းဟောက်က စိတ်လှုပ်ရှားစွာနဲ့ ရှောင်လင်းယွီရဲ့ ယုယတဲ့လက်တွေကို ကိုင်ထားလိုက်သည်။

"ယွီအာ မင်းဒါကိုပြောပြီး ပြန်နောက်မဆုတ်ရဘူးဆိုတာ သိတယ်မလား?"

သူတို့ရဲ့ဆက်ဆံရေးက တရားဝင်ဖြစ်သွားပြီးရင် သူက၎င်းကို အပြတ်စဲမခံပေ။ သူတို့တွေ တစ်သက်လုံး အတူတူရှိသွားကြမည်!

ရှောင်လင်းယွီက တုံ့ဆိုင်းမှုမရှိဘဲ

"ဟုတ်တယ် ကျွန်မမှာ နောင်တမရှိဘူး"

ကုန်းထျန်းဟောက်က သူ့ကိုယ်သူမထိန်းချုပ်နိုင်တော့ဘဲ ရှောင်လင်းယွီကို သူ့လက်မောင်းဆီ ဆွဲထည့်လိုက်သည်။

ဒါပေမယ့်...

မေမေရှောင်ရဲ့အမူအယာက အဲ့ဒီအချိန်မှာ ပြောင်းလဲသွားသည်။ သူမက ကျယ်လောင်စွာနဲ့

"အဟမ်း နင့်ရဲ့ဗိုက်နဲ့ တိုက်မိနေပြီ!"

ရှောင်လင်းယွီရဲ့ဗိုက်က ခုနစ်လထက် ပိုနေပြီဖြစ်သည်။ ကုန်းထျန်းဟောက်သာ အရမ်းတင်းတင်းကျပ်ကျပ်ဖက်ထားလိုက်ရင် သူမရဲ့ဗိုက်ကိုတိုက်မိနိုင်သည်။ ပြီးတော့ ဒီလူက သူ့ကိုယ်သူထိန်းချုပ်ဖို့ အရမ်းစိတ်လှုပ်ရှားလွန်းနေသည်။

ကုန်းထျန်းဟောက်က ချက်ချင်း အမူအယာပြောင်းသွားသည်။ သူက ရပ်တန့်လိုက်သည်။ သူက ရှောင်လင်းယွီရဲ့ဗိုက်ထဲကကောင်ကို ကြည့်လိုက်သည်။ သူမွေးမလာခင်တည်းက သူ့မိဘတွေရဲ့ဆက်ဆံရေးမှာ အတားအဆီးဖြစ်နေပြီ။ သူမွေးလာပြီးရင် သူက ရှောင်လင်းယွီရဲ့အာရုံစိုက်မှုကို သူ့ဆီကနေယူမသွားတာသေချာအောင် ကုန်းထျန်းဟောက်လုပ်ရမည်။

ကုန်းထျန်းဟောက်က လှုပ်ရှားလိုက်ပြီး ရှောင်လင်းယွီကို နောက်ကနေပဲဖက်လိုက်သည်။ သူက သူမကို တင်းတင်းကျပ်ကျပ်ဖက်လိုက်ပြီး သူ့မျက်လုံးတွေကို ပိတ်ထားလိုက်သည်။ သူက ရှောင်လင်းယွီရဲ့ နွေးထွေးတဲ့ခန္ဓာကိုယ်အပူချိန်နဲ့ သူမခန္ဓာကိုယ်က ဆွဲဆောင်မှုရှိတဲ့အနံ့ကို ပျော်မွေ့နေသည်။

ဘေးက မေမေရှောင်က ဆွံ့အသွားသည်။ သူမမျက်နှာက မီးတောက်နေပြီ။  သူမက လူငယ်နှစ်ယောက် အချင်းချင်းကျပ်ကျပ်သပ်သပ်ဖက်နေကြတာကိုကြည့်လိုက်ပြီး မျက်နှာကို အုပ်ထားလိုက်သည်။ ပြီးနောက်မှာ သူမရဲ့အကြည့်က မတော်တဆနဲ့ တံခါးဆီရောက်သွားခဲ့သည်။

အမ်...

အပြင်ဘက်မှာ လူဦးရေတော်တော်များများကို ရပ်နေကြသည်။ မေမေရှောင်က လူငယ်စုံတွဲကို သတိပေးဖို့ချက်ချင်းပဲ ကျယ်လောင်စွာ ချောင်းဟန့်လိုက်သည်။

သူမက ကျယ်လောင်စွာနဲ့

"ထျန်းဟောက်၊ အခုကစပြီး ငါ့ရဲ့ယွီအာကို မင်းလက်ထဲလွှဲလိုက်ပြီ။ ဒီကလေးက ခနခနအရမ်းခေါင်းမာနိုင်တယ်။ သူ့ကို ဘယ်အချိန်မှာ အလိုလိုက်ရမယ် မလိုက်ရဘူးဆိုတာကိုတော့ မင်းသိသင့်ပါတယ်"

ကုန်းထျန်းဟောက်က

"..."

ရှောင်လင်းယွီ 

"..."

ဘာလို့ ဒီစကားတွေက အရမ်းရင်းနှီးနေရတာလဲ?

အဲ့ဒီအချိန်မှာ ကုန်းထျန်းဟောက်က ရှောင်လင်းယွီကို တွန့်ဆုတ်တွန့်ဆုတ်နဲ့ လွှတ်ပေးလိုက်သည်။ သူက ဘာကိုမှ ရှက်မနေပေ။ ဒါပေမယ့် သူ့လက်မောင်းထဲက လူအကြောင်းကို‌တော့ ဂရုစိုက်ရမည်။

သူတို့က မေမေရှောင်ရှေ့မှာရှိနေပြီး သူမရဲ့ကောင်လေးဆီကနေ အရမ်းလွန်လွန်ကျူးကျူးဖက်ခံနေရတာကို ရှောင်လင်းယွီ ရှက်နေလောက်မည်။

သူမကို လွှတ်ပေးလိုက်‌ပြီးတော့ ကုန်းထျန်းဟောက်က တည်ကြည်လေးနက်စွာနဲ့

"ဟုတ်ကဲ့ပါ ဒေါ်လေး!"

သူကသူ့ရဲ့အကြည့်ကို ခြံအပြင်ဘက်က လူအုပ်ဆီ အနည်းငယ်ရွှေ့လိုက်သည်။ သူတို့ကအခု တကယ့်ဆက်ဆံရေးတစ်ခုမှာ ဖြစ်သွားပေပြီ။ ဒါကြောင့် ကောလဟာလတွေလည်း ရပ်သင့်ပြီ။

အဲ့ဒီအချိန်မှာ မေမေရှောင်က ခြံတံခါးဆီလျှောက်သွားလိုက်ပြီး တံခါးအပြင်ဘက်က လူတွေကို ကြည့်လိုက်သည်။ သူမက လူတိုင်းကို ပြုံးပြလိုက်ပြီး ပီတိတွေက အရပ်မျက်နှာတိုင်းကို ပျံ့နှံ့သွားသည်။

"နင်တို့ဘာလို့ အဲ့ဒီမှာရပ်နေတာလဲ? နင်တို့က လူငယ်လေးတွေကို ရှက်အောင်လုပ်နေတာပဲ!"

တစ်ယောက်က ချက်ချင်းရယ်မောလိုက်ပြီး 

"ချိုးယင် သူတို့က နင့်ရှေ့မှာ ဖက်နေကြတာ။ သူတို့အဲ့ဒါနဲ့ပက်သက်ပြီး စိုးရိမ်နေမယ်မထင်ဘူး"

"ဘာပဲဖြစ်ဖြစ် နင်တို့တွေ အဲ့ဒီမှာ ရပ်မနေသင့်ဘူး"

မေမေရှောင်က ရယ်မောလိုက်သည်။

"သူတို့ကို ဒီတိုင်းပဲကြည့်နေဖို့ စီစဉ်ထားတာလား?"

"ချိုးယင် သူတို့ ဘယ်တော့လက်ထပ်မှာလဲ?"

တစ်ယောက်က ချက်ချင်းမေးလိုက်သည်။

"မင်္ဂလာပွဲသကြားလုံးတွေစားရဖို့နဲ့ မင်္ဂလာဝိုင်တွေသောက်ရဖို့ ငါတို့အကုန်စောင့်နေကြတာ"

"ငါတို့မိသားစု နောက်ကျရင် ဒါကိုဆွေးနွေးလိုက်မယ်"

မေမေရှောင်က ပြောလိုက်သည်။

ပြီးနောက်မှာ သူမက ဘေးကဝိုင်းကြည့်နေတဲ့လူအုပ်ကို ဖယ်ထုတ်ပစ်လိုက်သည်။ မေ‌မေရှောင်က ခြံတံခါးကိုပိတ်လိုက်ပြီး သူတို့နှစ်ယောက်ဆီလျှောက်လာကာ

"နင်တို့ကိုကြည့်ဦး။ နင်တို့လုပ်လိုက်တဲ့ ဂယက်ကိုမြင်လား။ တစ်ရွာလုံးနီးနီးလာကြည့်နေကြတာ။ ဒါပေမယ့် ဒီလူတွေက အရမ်းလွတ်လပ်လွန်းတယ်"

ဒီစကားတွေက ကုန်းထျန်းဟောက်နဲ့ ရှောင်လင်းယွီကို ရှက်သွေးဖြာသွားစေသည်။ ကုန်းထျန်းဟောက်ရဲ့ အတိတ်ကပွေ့ဖက်မှုတွေက မတော်တဆ မဟုတ်ရင် တစ်ဖက်သက်ကြီးသာ ဖြစ်သည်။ သူတို့ဆီမှာ ရင်းနှီးမှုလျော့နည်းခဲ့သည်။ ဒါပေမယ့်လည်း ကိစ္စတွေက ပြောင်းလဲသွားပြီ။ နှလုံးသားနှစ်ခုက စတင်နီးစပ်လာပြီ။

မေမေရှောင်က စိတ်ကောင်းဝင်နေသည်။ ညဘက်မှာ သူမက ဟင်းအနည်းငယ်ပိုပြီး အထူးပြင်ဆင်ထားသည်။ သူမက သခင်ကြီးကုန်းရဲ့အကြိုက် ဝက်သားနှပ်လုပ်ထားသည်။ သခင်ကြီးကုန်းက ပုံမှန်ထက် နှစ်ဖက်ပိုစားခဲ့သည်။ ရှောင်မိသားစုက အမျိုးသားတွေကလည်း ဒီဟင်းကို ကြိုက်ကြသည်။

ရှောင်မိသားစုဝင်တွေပြန်လာပြီးတော့ သူတို့တွေ သတင်းကောင်းကြားလိုက်ကြရသည်။ သူတို့တွေ ပျော်ရွှင်သွားပြီး လူငယ်စုံတွဲကို ဂုဏ်ပြုပေးခဲ့ကြသည်။ အပြင်ဘက်ကလူတွေက ကုန်းထျန်းဟောက်နဲ့ ရှောင်လင်းယွီက စုံတွဲတွေလို့ပြောနေပေမယ့် ရှောင်လင်းယွီက ၎င်းကိုဝန်မခံသေးမှန်း ရှောင်မိသားစုသိသည်။ ဒါကြောင့် သူတို့တွေမျက်စိမှိတ်ထားပြီး ဘာမှမပြောခဲ့ပေ။

ဒါပေမယ့် အခုရှောင်လင်းယွီက ၎င်းကိုတရားဝင်ပြုလုပ်လိုက်ပြီး ကိစ္စတွေပြောင်းလဲသွားသည်။ ရှောင်မိသားစုက အမျိုးသားတွေက စားပွဲပေါ်က ဝက်သားနှပ်ကိုမြင်တော့ စိတ်လှုပ်ရှားသွားသည်။ သူတို့ကလည်း သခင်ကြီးကုန်းလိုပဲ ၎င်းကို နှစ်သက်ကြသည်။

ဒါပေမယ့်လည်း သခင်ကြီးကုန်းက အသားတွေအများကြီးမစားနိုင်တော့ ချန်းချိုးယင်က ၎င်းကိုအရင်ကလို မကြာခန မပြုလုပ်ပေ။ အခုဟင်းပွဲက စားပွဲပေါ်မှာရှိနေတော့ ၎င်းက ချန်းချိုးယင် စိတ်ကောင်းဝင်နေတယ်လို့ ‌ဆိုလိုသည်။

သခင်ကြီးကုန်းက စားပွဲပေါ်က ဝက်သားနှပ်ကိုမြင်လိုက်ပြီး မျက်လုံးတွေလင်းလက်သွားသည်။ သူကအပျော်လွန်သွားပြီး သူ့မျက်နှာပေါ်က အမူအယာကလည်း သူအရမ်းစိတ်လှုပ်ရှားနေတယ်‌ဆိုတာကို ပြနေသည်။ ဒါပေမယ့်လည်း သူကမျက်နှာသေကြီးနဲ့ ကုန်းထျန်းဟောက်ကို ခပ်တင်းတင်းမျက်နှာထားနဲ့ ဆူပူလိုက်သည်။

သူကြည့်ရတာ အရမ်းမကျေမနပ်ဖြစ်နေပုံပေါ်ပြီး 

"ကုန်းထျန်းဟောက် မင်းကအသုံးမဝင်ဘူး။ လင်းယွီသဘောတူခင်အထိ မင်းသူ့ကိုအကြာကြီးလိုက်ခဲ့ရတယ်။ ငါမင်းကိုအထင်သေးတယ်"

ကုန်းထျန်းဟောက်

"...."

အဘိုးက ကျွန်တော့်စစ်ရေးပြပွဲမှာ မိုးရွာချဖို့ဒီမှာရှိနေတာလား?

သူက ရှောင်လင်းယွီနဲ့ သမီးရည်းစားဆက်‌ဆံရေးမှာရှိနေပေမယ့် သူ့အဘိုးက မကျေနပ်သေးပေ။ ကုန်းထျန်းဟောက်က စကားပြောတော့မလို့မှာပဲ ရှောင်လင်းယွီက သူ့အင်္ကျီလက်ကို ဆွဲလိုက်ပြီး ခေါင်းညိတ်ပြလိုက်သည်။

ရှောင်လင်းယွီကပြုံးကာ

"အဘိုး၊ ဆိုရိုးစကားတွေ မကြားဖူးဘူးလား? တစ်ခုခုကိုရဖို့လွယ်လေလေ တန်ဖိုးမထားဖို့လွယ်လေလေပဲတဲ့။ ဆက်ဆံရေးမှာလည်းအတူတူပဲ။ ကျွန်မက ဆွဲဆန့်ထားရမယ်။ ဒါမှ ထျန်းဟောက်က ကျွန်မကို တန်ဖိုးထားမှာ"

ဒါပေါ့ သူမက နောက်နေရုံတင်လေ။

အဘိုးကုန်းရဲ့သဘောထားက ချက်ချင်းပြောင်းလဲသွားပြီး ပြုံးလျက်ဖြင့်

"မြေးချွေးမလေး..."

ရှောင်လင်းယွီ

"..."

ရှောင်မိသားစုဝင်များ

"..."

ကောင်းပြီလေ ဒါကအဆင်ပြေနေတာပဲ။

သူတို့က လက်တောင်မထပ်ရသေးဘူးလေ!

ရှောင်လင်းယွီက ကုန်းထျန်းဟောက်ကို လက်မခံခင် လူတိုင်း ကုန်းထျန်းဟောက်အတွက် ငိုကြွေးခဲ့ကြသည်။ သူတို့က ချက်ချင်း ရှောင်လင်းယွီကိုထုပ်ပိုးပြီး ကုန်းထျန်းဟောက်ဆီပေးပစ်လိုက်ချင်တာထက် ဘာမှပိုမလုပ်ချင်ကြပေ။ ဒါပေမယ့် အခု ရှောင်လင်းယွီက သူတို့ဆက်ဆံရေးကိုအတည်ပြုလိုက်တော့ သူတို့စိတ်တွေ တရွရွဖြစ်သွားသည်။ ပြီးတော့ သူတို့သမီးက လက်ထပ်တော့မှာလေ။

ဘိုးဘိုးရှောင်က ပြုံးလိုက်ပြီး ထောက်ပြလိုက်ကာ

"အစ်ကိုကြီး၊ ယွီအာက ထျန်းဟောက်ရဲ့ကောင်မလေးပဲရှိသေးတာ။ သူ့ကို ချွေးမလောင်းလေးလို့ခေါ်ဖို့က နည်းနည်းစောမနေသေးဘူးလား?"

သခင်ကြီးကုန်းက အတော်လေးကို အရှက်မဲ့နိုင်သည်။

သူက

"ဒါကဘာဖြစ်နေလို့တုန်း? ဘာပဲဖြစ်ဖြစ် ယွီအာက ငါတို့ကုန်းမိသားစုကို အနှေးနဲ့အမြန် လက်ထပ်ရမှာပဲ။ ယွီအာက မကြာခင် ဒါကိုအသားကျသွားအောင် ငါကပြောနေတာ။ မြေးချွေးမလောင်းလေး မင်းလည်းအဲ့လိုမထင်ဘူးလား?"

ရှောင်မိသားစုဝင်များ

"..."

ဒါကဘယ်လိုဆင်ခြေမျိုးလဲ?

ရှောင်လင်းယွီက ပြုံးကာ

"အဘိုး ကိစ္စတွေကိုအရမ်းမြန်မြန်ကြီး မသွားပါနဲ့ဦး။ ဒီသင်ခန်းစာကို သဘာဝကိုပဲ ဆုံးဖြတ်ခိုင်းလိုက်ရအောင်"

"လာကြ သောက်ကြစို့။ ဒါက ဂုဏ်ပြုဖို့အကြောင်းရင်းပဲ"

ဖေဖေရှောင်က အဖိုးတန်ဝိုင်နှစ်ပုလင်းကိုထုတ်လိုက်သည်။

ရှောင်မိသားစုဝင်တွေက အဲ့ဒီညက အရမ်းပျော်နေခဲ့ကြသည်။

ရှောင်လင်းယွီလည်း အဲ့ဒီညက ပျော်ရွှင်နေခဲ့သည်။ ဒါပေမယ့်လည်း အဲ့ဒီညမှာ အပျော်ဆုံးပုဂ္ဂိုလ်က ကုန်းထျန်းဟောက်ကလွဲပြီး တခြားသူမဖြစ်နိုင်ပေ။ ပြီးနောက် သူသောက်လိုက်သည်။

ပြီးတော့ သူက ဝိုင်ဖြူတစ်ခွက်ကိုပဲသောက်ခဲ့သည်!

***

All Chapters