ရှောင်လင်းယွီ ဖိအားပေးခံရတယ်
Vol. 23 Ch. 385
ရုတ်တရက် ထောင်ယွမ်ရွာမှာ အိမ်ထောင်ရေးအလောသုံးဆယ်ဖြစ်မှုတစ်ခု ပေါ်လာသည်။ အခြေခံအားဖြင့်တော့ လူတိုင်းက ရှောင်လင်းယွီနဲ့ ကုန်းထျန်းဟောက်တို့လက်ထပ်ဖို့ အလျင်စလိုဖြစ်နေကြသည်။
အချိန်အကြာကြီး ကုန်းထျန်းဟောက်နဲ့ ရှောင်လင်းယွီက အတူတူကပ်နေခဲ့ကြပေမယ့် သူတို့လက်ထပ်မယ့် ဘာသတင်းမှမရှိပေ။ ဒါက ပွင့်ပွင့်င်းလင်းအချစ်ရဲ့ခေတ်လေ?
ဒါပေမယ့် ဘာလို့ ကျေးလက်လူတွေက ပိုပြီးရှေးရိုးဆန်နေကြတာသေးတုန်း?
ဒီစုံတွဲက မကြာခန ပူးကပ်နေကြသည်။ အချိန်တွေကုန်လွန်လာတာနဲ့ ဘာပဲဖြစ်ဖြစ် အတင်းအဖျင်းတချို့ရှိလာလိမ့်မည်။
ရှောင်လင်းယွီအတွက် ကုန်းထျန်းဟောက်ရဲ့ခံစားချက်တွေက သိသာသည်။ တခြားဖက်မှာလည်း ရှောင်လင်းယွီက သူ့ကို စိတ်မဝင်စားပေ။ အလိုလိုပဲ တချို့သူတွေက ရှောင်လင်းယွီက နည်းနည်းလေးတော့ဟန်များလွန်းတယ်လို့ တီးတိုးပြောခဲ့ကြသည်။ ဒါပေမယ့် ရှောင်မိသားစုဝင်တွေလည်း အတူတူပဲတွေးကြသည်။
ကုန်းထျန်းဟောက်က ရှောင်လင်းယွီကို အရမ်းကောင်းကောင်းမွန်မွန်ဆက်ဆံပေမယ့် ရှောင်လင်းယွီရဲ့သဘောထားက မနွေးထွေးသလို အေးလည်း မအေးစက်ပေ။ သူမသာသူ့ကို သဘောမကျရင် ငြင်းလိုက်သင့်တာပေါ့။ သူမက သူ့ကိုကြိုက်ရင်လည်း သူတို့တွေအတူတူရှိသင့်နေပြီ။ ဒါပေမယ့်လည်း ရှောင်လင်းယွီက သူ့ကို ကြိုးရှည်ရှည်နဲ့လှန်းထားသည်။
ဒါပေမယ့် ရှောင်မိသားစုက တွေးခေါ်တတ်သည်။ ဒါက လူငယ်နှစ်ယောက်ကြားက ကိစ္စတစ်ခုဖြစ်သည်။ သူတို့နှစ်ယောက်ရဲ့ပုံစံက သူတို့လိုလိုလာလားရှိတဲ့အတိုင်း ပေါ်လာလိမ့်မည်။
ကုန်းထျန်းဟောက်မှာ ဘာကန့်ကွက်ချက်မှမရှိပေ။ သူက စိတ်ပျက်အားမလျှော့ပေ။ တစ်ခါတစ်လေမှာ ရှောင်မိသားစုကတောင် တစ်ခုခုက မူမမှန်ဘူးလို့ ကိုယ့်ဟာကိုငြီးတွားမိကြသည်။ ဒါပေမယ့် ဘာမှားနေမှန်း သူတို့မပြောနိုင်ကြပေ။ ဒါပေါ့ ရှောင်လင်းယွီရဲ့ဗိုက်ထဲကကလေးက ကုန်းထျန်းဟောက်ကလေးဖြစ်နေမယ်လို့ သူတို့ဘယ်တုန်းကမှ မမျှော်လင့်ခဲ့ဘူးလေ။ သူတို့သာသိရင်တော့ နောက်ထပ်အခြေအနေတစ်ခုရှိချင်ရှိလိမ့်မည်။
ရွာထဲက အပျိုမိန်းကလေးတွေက၊ ကွာရှင်းထားတဲ့မိန်းကလေးတွေကတောင် သူမရဲ့သမက်လောင်းကို ပစ်မှတ်ထားနေတာတာကို မေမေရှောင်ကြားလိုက်ရတော့ စိတ်နှလုံးတွေဆို့နင့်သွားပြီး ထွက်ပေါက်လိုနေသည်။
"အမေ ပြန်လာပြီလား?"
ရှောင်လင်းယွီက မေမေရှောင်ပေါက်ပြားတစ်ခုနဲ့ပြန်လာတာကိုမြင်တော့ ခြံထဲမှာထိုင်ပြီး စာဖတ်နေခဲ့သည်။ ဒါပေမယ့် မေမေရှောင်ရဲ့အမူအယာမှာ တစ်ခုခုမှားနေတာကို သူမသိသွားသည်။
သူမက အနည်းငယ်မျက်မှောင်ကျုံ့ကာ
"အမေ ဘာဖြစ်လာလို့လဲ?"
မေမေရှောင်က အနားပတ်လည်ကိုကြည့်ကာ
"ယွီအာ ထျန်းဟောက်ဘယ်မှာလဲ?"
ရှောင်လင်းယွီက
"သူ့မှာ လုပ်စရာတစ်ခုရှိတယ် ပြောတယ်။ အမေ သူ့ကိုရှာနေတာလား?"
မေမေရှောင်က သူမရဲ့ပေါက်ပြားကို ချထားလိုက်ပြီး ရှောင်လင်းယွီဘေးမှာ ထိုင်လိုက်သည်။ အနည်းငယ်ပြည့်လာပြီး နီမြန်းနေတဲ့သူမရဲ့သမီးကိုကြည့်ရင်း သူမမျက်လုံးတွေ ဝင်းလက်သွားသည်။
ပြီးနောက်မှာ သူမက
"ယွီအာ၊ အမေ အပြင်မှာ ဘာကြားခဲ့လဲသိလား?"
ရှောင်လင်းယွီက သိချင်စွာနဲ့
"အမေ သမီးကို စိတ်ထင့်အောင်မလုပ်နဲ့လေ။ အမေဘာကြားခဲ့လဲဆိုတာပြော"
ရွာသားတွေရဲ့အတင်းအဖျင်းက ရှောင်လင်းယွီဆီ မရောက်ပေ။ ဘယ်သူမှ သူမကို ဒီအကြောင်းမပြောရဲပေ။ အကြောင်းမှာ ကုန်းထျန်းဟောက်က ရှောင်လင်းယွီဘေးမှာ အမြဲတမ်းရှိနေလို့ဖြစ်သည်။ ကုန်းထျန်းဟောက်က သူ့ရဲ့သတို့သားအရှိန်အဝါကို ရှောင်မိသားစုအနားမှာပဲ ချုပ်တည်းထားသည်။ သူက ရွာသားတွေနားမှာတော့မလုပ်ပေ။ ဒါကြောင့် ရွာသားတွေက ကုန်းထျန်းဟောက်အနားမှာဆို အမြဲကြောက်ရွံ့ကြသည်။ သူတို့ဘာမှ မပြောရဲပေ။ သူတို့ထဲတချို့က တုန်တောင်တုန်လှုပ်နေကြသည်။
ရှောင်လင်းယွီက တစ်ယောက်တည်းရှိခဲသည်။ အလိုလိုကိုပဲ ဒီရွာသားတွေက ရှောင်လင်းယွီရှေ့မှာ အများကြီး မပြောနိုငပေ။
မေမေရှောင်က သူမသမီးကိုစိုက်ကြည့်လိုက်ပြီး
"ရွာရဲ့အပျိုမိန်းကလေးတော်တော်များများက ထျန်းဟောက်ကိုစိုက်ကြည့်နေကြတယ်လို့ ရွာသားတွေပြောတာ ကြားခဲ့တယ်"
ရှောင်လင်းယွီက အူလှိုက်သည်းလှိုက်မရယ်ခင် ခနလောက် အံ့ဩသွားသည်။
သူမပါးစပ်ကိုအုပ်ထားလိုက်ပြီး ရယ်မောကာ
"အမေ ထျန်းဟောက်က ရွှေမှမဟုတ်ဘဲ။ ဘာလို့ မိန်းကလေးတွေက သူ့ကို စိုက်ကြည့်နေရမှာလဲ?"
မေမေရှောင် မရယ်ခဲ့ပေ။ အဲ့ဒီအစား သူမက တည်တည်ကြည်ကြည်နဲ့
"ထျန်းဟောက်ကရွှေမဟုတ်ဘူး။ ဒါပေမယ့် သူ့တစ်ကိုယ်လုံးက တောက်ပနေတဲ့ ရွှေပြားကြီးလိုပဲလေ။"
သူမဒါကိုပြောရင်း သက်ပြင်းချကာ အရမ်းလေးလေးနက်နက်နဲ့
"ယွီအာ နင်အရမ်းကောင်းကောင်းသိသင့်တယ်။ ထျန်းဟောက်က ရှားပါးတဲ့ယောက်ျားကောင်းတစ်ယောက်ပဲ။ သူ့မှာပိုက်ဆံတွေ ဘယ်လောက်ရှိရှိ ဘေးဖယ်ထားဦး။ သူ့ချောမောတဲ့အသွင်ပြင်နဲ့တင် အဲ့ဒီကလေးမလေးတွေကို လှုပ်ရှားစေတယ်။
ဒါ့ပြင် နင့်အပေါ် သူ့ရဲ့မှန်ကန်မှုက အကုန်သိသာနေတာပဲ။ အဲ့ဒါက ကောင်မလေးတွေရဲ့ စိတ်ကိုထိစေတယ်။ ငါမေးမယ် အဲ့လိုယောက်ျားကောင်းတစ်ယောက်ကို ဘယ်မိန်းကလေးကများ လက်မထပ်ချင်ဘဲနေမှာလဲ?"
ဒါကိုကြားပြီး မေမေရှောင်ဘာကိုဆိုလိုမှန်း ရှောင်လင်းယွီ အကြမ်းဖျင်းသိလိုက်သည်။
ဒါပေမယ့် သူမက
"အမေ ဘာပြောဖို့ကြိုးစားနေတာလဲ?"
မေမေရှောင်ရဲ့စူးရှတဲ့မျက်လုံးတွေက ရှောင်လင်းယွီကို စိုက်ကြည့်လိုက်သည်။ ဒီတစ်ကြိမ်မှာ သူမက ပိုပြီးတော့တောင် လေးနက်နေသည်။ သူမက
"ဒီတော့ အမေ နင့်ကိုမေးချင်တာ။ ကုန်းထျန်းဟောက်နဲ့ပက်သက်ပြီး ဘယ်လိုခံစားရလဲ? ဒီနေ့ အမေ့ကို သေချာတဲ့အဖြေတစ်ခုပေးရမယ်"
သူမအမေရဲ့မေးခွန်းကိုကြားပြီး ရှောင်လင်းယွီ အထိတ်တလန့်ဖြစ်သွားသည်။ အထိတ်တလန့်ဖြစ်နေတဲ့အကြည့်တစ်ခု သူမမျက်လုံးထဲမှာ ဖြတ်ပြေးသွားသည်။ ပြီးနောက်မှာ သူမအမေကိုပြုံးပြလိုက်ပြီး
"အမေ ဘာလို့အရမ်းအလေးအနက်ဖြစိနေတာလဲ?"
"ဘာလို့လဲဆိုတော့ ဖြစ်ဖို့လိုလို့လေ!"
သူမအမေက မျက်နှာထားတင်းတင်းနဲ့အော်လိုက်သည်။
"ငါ့ရှေ့မှာ မရိုမသေလုပ်မနေနဲ့။ ငါနင့်ကိုအခု လေးလေးနက်နက်မေးနေတာ"
"အမေကလဲ..."
ရှောင်လင်းယွီက စိတ်မပါမှုတွေပြည့်နေတဲ့လေသံနဲ့ ညည်းတွားလိုက်သည်။
"ငါ့အချိန်တွေကိုဖြုန်းနေတာရပ်တော့!"
မေမေရှောင်က သတိပေးလိုက်သည်။
ရှောင်လင်းယွီက သူမလက်တွေကို ပွတ်လိုက်ပြီး နှုတ်ခမ်းတွေကို စေ့စေ့ကွေးထားကာ ဘာမှထပ်မပြောချင်တော့ပေ။ သူမက တကယ့်ကို ခေါင်းမာသည်။
အမေတစ်ယောက်က သူမရဲ့သမီးကို အရမ်းကောင်းကောင်းသိသည်။ မေမေရှောင်က ရှောင်လင်းယွီကို ဒီလိုမျိုးမြင်တော့ သူမက ဒီခေါင်းစဉ်ကို သိသိသာသာရှောင်ဖယ်ဖို့ကြိုးစားနေမှန်း သိလိုက်သည်။ သူမစိတ်ဆိုးသွားပြီး ထပ်မတ်တပ်ရပ်လိုက်သည်။ သူမက တံမြက်စည်းကိုကောက်ပြီး ရှောင်လင်းယွီကို သင်ခန်းစာတစ်ခုပေးချင်နေသည်။ ဒါပေမယ့် ရှောင်လင်းယွီရဲ့ ကြီးမားနေတဲ့ကိုယ်ဝန်ကိုတွေးလိုက်တော့ သူမရပ်လိုက်သည်။
မေမေရှောင်က အသက်ပြင်းပြင်းရှုလိုက်ပြီး ဒေါသတကြီးနဲ့
"ယွီအာ အမေ တည့်ပဲပြောမယ်။ ထျန်းဟောက်က နင့်အပေါ် စစ်မှန်ပြီး ကောင်းကောင်းမွန်မွန်ဆက်ဆံတယ်။ ဒါက လူတိုင်းမြင်နိုင်တဲ့အရာပဲ။
သူက နင့်အတွက် အများကြီးလုပ်ပေးခဲ့တာ။ တခြားဘယ်မိန်းကလေးမဆို မျက်ရည်ကျနေလောက်ပြီ။ ဒါပေမယ့် နင်က သူ့ကို အရမ်းလျစ်လျူရှုလွန်းတယ်။ နင်က သူ့ကို သူစိမ်းတစ်ယောက်ထက်ပိုပြီးကောင်းကောင်း မဆက်ဆံဘူး"
"အမေ သမီးမဟုတ်ဘူး!"
ရှောင်လင်းယွီက မကျေနပ်စွာ ကန့်ကွက်လိုက်ကာ
"သမီး...သမီး သူ့ကို ကျေးဇူးတင်ပါတယ်"
"ကျေးဇူးတင်တယ်?"
မေမေရှောင်က ထေ့ငေါ့ကာ
"ဘယ်လိုလဲ ငါတော့မမြင်မိပါ့လား? နင်က သူ့ကို ဘယ်လိုကျေးဇူးတင်တာလဲ? သူ့ကို ပိုက်ဆံတွေ အစားအသောက်တွေပေးပြီးတော့လား? သူက အဲ့ဒီအရာတွေလိုချင်တယ်လို့ နင်ထင်နေတာလား?"
"ရှောင်လင်းယွီ၊ ကုန်းထျန်းဟောက် ဘာကိုလိုချင်မှန်း နင်အရမ်းကောင်းကောင်းကြီးသိပါတယ်။ သူက သူ့ခံစားချက်တွေအတွက် တုံ့ပြန်မှုလိုချင်တာ။ ရှောင်လင်းယွီ နင့်နှလုံးသားက ကျောက်တုံးနဲ့လုပ်ထားတာလား? ဟုတ်တယ် နင်အတိတ်မှာ မှားယွင်းတဲ့သူဆီကနေနာကျင်ခဲ့ရတယ်။ နင် သစ္စာဖောက်ခံခဲ့ရတယ်။ ဒါပေမယ့် ယွီအာ အဲ့ဒါအတိတ်မှာလေ။ နင့်ကိုနာကျင်စေခဲ့တဲ့သူကလည်း ဝဍ်ပြန်လည်ပြီးပြီ။ အမေတို့ ရှေ့ဆက်သင့်ပြီလေ ဟုတ်တယ်မလား?"
စကားပြောနေရင်း မေမေရှောင်ရဲ့အသံက စတင်ဆို့နင့်လာကာ သူမမျက်လုံးတွေနီရဲလာသည်။ သူမက သူမသမီးကို ဒီလိုမျိူးကြမ်းတမ်းတဲ့စကားတွေမပြောချင်ပေ။ ဒါပေမယ့်လည်း အပြင်ဘက်က အတင်းအဖျင်းတွေကအနည်းငယ်...မချမ်းမြေ့ဖွယ်ဖြစ်နေသည်။ ဒီလူတွေ အဲ့ဒီကိစ္စတွေကို ပေါ်ပေါ်ထင်ထင်မပြောရဲပေမယ့် သူတို့ဘာတွေတွေးနေမှန်း မေမေရှောင်သိသည်။ သူမက တစ်ရွာလုံးကို သူမသမီးအကြောင်းပြောနေတာကနေ မတားဆီးနိုင်ပေ။ ဒါ့ပြင် သူမသမီးရဲ့ကိုယ်ဝန်ကလည်း ပိုပိုပြီးကြီးလာသည်။ သူမက သူမရဲ့မြေးကို တရားဝင်အဆင့်နဲ့မွေးဖွားလာစေချင်သည်။
မူလက ဘယ်သူပဲဖြစ်ဖြစ် ယွီအာက ကုန်းထျန်းဟောက်ကို လက်ထပ်လိုက်တာနဲ့ ကလေးက တရားဝင်ဖြစ်သွားလိမ့်မည်။ သူမရဲ့သမီးက ဒီလိုမျိုး ယောက်ျားကောင်းတစ်ယောက်ကိုတွေ့ရလို့ ကံကောင်းသည်။
ဒါပေမယ့် သူမသမီးရဲ့သဘောထားက...
သူမက အနည်းငယ်စိတ်ပျက်သွားပြီး သူမသမီးခေါင်းကိုသာပွင့်သွားအောင် ခေါက်လိုက်ချင်မိသည်။ ဒါက အမေတစ်ယောက်က သမီးဖြစ်သူအတွက် ပြင်းပြင်းထန်ထန်စိုးရိမ်နေတာဖြစ်သည်။
"နင့်ခံစားချက်တွေကို ဖုံးကွယ်ထားလို့မရဘူး။ ယွီအာ သူတို့ကိုရင်ဆိုင်ဖို့အချိန်ကျနေပြီ"
"ထျန်းဟောက်က လူကောင်းတစ်ယောက်ပဲ။ အရေးအကြီးဆုံးက သူကနင့်ကို ကောင်းကောင်းမွန်မွန်ဆက်ဆံတယ်! သူ့ကိုယောက်ျားတစ်ယောက်အနေနဲ့ထားဖို့ဆို ဘယ်မိန်းကလေးမဆို ပျော်ရွှင်မှာပဲ။ ဒါပေမယ့် နင့်ကြည့်ရတာ သူ့ကိုလိုချင်ပုံမပေါ်ဘူး။ နင်ဘာတွေ ပိုပြီးလိုချင်သေးတာလဲ? နင်ဘာတွေများ စိုးရိမ်နေတာလဲ?"
မေမေရှောင်က ကုန်းထျန်းဟောက်ရဲ့ ကောင်းမွန်တဲ့အရည်အချင်းတွေကိုပဲ ထပ်ပြောနေသည်။ ရှောင်လင်းယွီရဲ့မျက်နှာက ဆူပူမှုကနေ နီရဲလာသည်။ သူမက ပါးစပ်ကိုအနည်းငယ်ဟလိုက်ပြီး တစ်ခုခုပြောချင်ပေမယ့် ၎င်းကို ပြန်မျိုသိပ်လိုက်သည်။
မေမေရှောင်က ဆက်ပြီး
"ယွီအာ နင်ကုန်းထျန်းဟောက်ကို တကယ်သဘောမကျရင် ဒီနေ့ကစပြီး ကုန်းထျန်းဟောက်ကို ငါတို့ရှောင်မိသားစုထဲ ခြေချခွင့်မပြုဘူး။ ပြီးတော့ သူ့ကိုလည်း သေချာပေါက် နင့်အနားအကပ်မခံဘူး။ ဒီနည်းလမ်းနဲ့ ငါတို့ကိစ္စတွေကိုရှင်းလင်းရမယ်"
"မဟုတ်ရင် နင်တို့နှစ်ယောက်က ဒီကို့ရို့ကားယားဆက်ဆံရေးထဲမှာပဲ ပိတ်မိနေလိမ့်မယ်။ နင်တို့က သူငယ်ချင်းတွေမဟုတ်ဘူး။ ဒါပေမယ့် ချစ်သူရည်းစားလည်းမဟုတ်ပြန်ဘူး။ ဒီရှက်စရာကြောင့် လူတွေ ဘယ်လိုအကြောင်းပြောနေကြတယ်ဆိုတာ နင်သိလား!"
"ဒီတော့ ယွီအာ၊ ငါ့ကိုပြောပြ။ နင့်ရွေးချယ်မှုကဘာလဲ?
နင် ပြတ်စဲတာကိုလိုချင်လား ဒါမှမဟုတ် ဆက်ဆံရေးတစ်ခုလိုချင်လား?"
***