သနားစရာအထူးကိုယ်စားလှယ်လီ
Vol. 23 Ch. 391
ကုန်းထျန်းဟောက် ဖုန်းချလိုက်ပြီးတော့ သူက ရှောင်လင်းယွီကို ဆွံ့အစွာကြည့်နေခဲ့သည်။
ရှောင်လင်းယွီက စိုက်ကြည့်နေမှုကြောင့် အနည်းငယ်ဝေခွဲမရဖြစ်သွားသည်။
သူမက သိချင်စိတ်နဲ့
"ဘာဖြစ်လို့လဲ?"
ကုန်းထျန်းဟောက်က
"မင်းကျန်နေတဲ့မြေပဲတွေကို ရောင်းချင်သေးလားလို့ ယွမ်ဟန်ကမေးတယ်။ သူက တစ်ကျင်ကိုယွမ်၂၀၀သွားနိုင်တယ်လို့ ပြောတယ်"
"အမ်?"
ရှောင်လင်းယွီက အနည်းငယ် ကြက်သေသွေားသည်။
"တစ်ကျင်ကိုယွမ်၂၀၀?"
ဒါတော်တော်များတာပဲ။
ဒါပေမယ့်လည်း သူမချက်ချင်းနားလည်သွားသည်။ အရင်က မြေပဲဆီကို တစ်ကျင်ကိုယွမ်၄၀၀၀နဲ့ရောင်းခဲ့သည်။ ဒါကြောင့် ယှဉ်ကြည့်ရင် မြေပဲတစ်ကျင်ကိုယွမ်၂၀၀က အတော်လေးသက်သာသေးသည်။
"ဟုတ်တယ်"
ကုန်းထျန်းဟောက်က ခေါင်းညိတ်ပြီးဘ
"သူက သီးသန့်ဖယ်ထားတာတွေတောင် စနေပြီ"
"ဟမ်?"
ရှောင်လင်းယွီက သူမမြေပဲတွေအပေါ်မှာ ဘာထိန်းချုပ်မှုမှမရှိဘူးလို့ ချက်ချင်းခံစားမိသွားသည်။
"မင်းဘယ်လိုထင်လဲ?"
ကုန်းထျန်းဟောက်က မေးလိုက်သည်။
ရှောင်လင်းယွီ၊ "..."
ရှောင်လင်းယွီက နောက်ထပ်မြေပဲတစ်သုတ်တောင် မဆွတ်ရသေးပေ။ ဒါပေမယ့် သူတို့အားလုံးက ရောင်းထွက်သွားပြီ။ ရှောင်လင်းယွီက ခနလောက်တွေးလိုက်ပြီး
"မြေပဲအများကြီးမကျန်တော့ဘူး။ မြေပဲတွေယူထားတာက လက်ဆောင်တွေအတွက်ပဲ။ ကျင်၇၀၀ ၈၀၀လောက်ပဲ ကျန်တော့မှာ"
ရှောင်လင်းယွီရဲ့ အရင်အစီအစဉ်က ဒီမြေပဲတွေကို Zမြို့မှာ အရောင်းဈေးကွက်ဖွင့်ဖို့ အသုံးပြုဖို့ဖြစ်သည်။ ဒါပေမယ့် သူတို့က မြို့တော်ကို အရင်ရောက်သွားသည်။ ဒီသက်ရောက်မှုကို မျှော်လင့်ထားခဲ့သလို မျှော်လည်း မမျှော်လင့်ထားခဲ့မိပေ။
ရှောင်လင်းယွီက ခနလောက်တွေးလိုက်ပြီး
"အထူးကိုယ်စားလှယ်လီက ကြိုတင်မှာယူတာတွေယူပြီးမှတော့ ကျန်တဲ့စတော့တွေကို မြို့တော်ကို ကျွန်မတို့ပို့ပေးလိုက်မယ်။ နောက်ထပ်သီးနှံတွေကို နေရှင်နယ်ဈေးကွက်ဖွင့်ဖို့ ကျွန်မတို့အသုံးပြုမယ်"
ဒီမြေပဲတွေက အဖိုးတန်ပြီး ထူးခြားသည်။ ချမ်းသာတဲ့လူတွေက ဈေးနှုန်းအကြောင်း ဂရုမစိုက်ကြပေ။ သူတို့က အရည်အသွေးအကြောင်းကိုပဲ ဂရုစိုက်ကြသည်။ သူတို့က မျက်တောင်တစ်ချက်မခတ်ဘဲ သန်းအနည်းငယ်တောင် သုံးစွဲနိုင်သည်။
သူမရဲ့မြေပဲတွေကို စမ်းရေနဲ့လောင်းထားခြင်းပင်။ သူမက ရေအများကြီးသုံးမထားပေမယ့် မြေပဲတွေက ဆေးဖက်ဝင်ဂုဏ်သတ္တိတွေရှိဖို့အထိ လုံလုံလောက်လောက် ကောင်းမွန်ကြသည်။ စားသုံးပြီးတဲ့နောက်မှာ ၎င်းရဲ့သက်ရောက်မှုကို ခံစားနိုင်သည်။ ဒါက သူမရဲ့မြေပဲတွေက နောက်ပိုင်းမှာ ဘာလို့အရမ်းဈေးကြီးလာရလဲဆိုတဲ့ အကြောင်းရင်းဖြစ်သည်။
ဒီပစ္စည်းတွေရဲ့အရောင်းသမားက ဒီတိုင်းသာမန်လူတစ်ယောက်ဆိုရင် တခြားစီးပွားရေးသမားတွေက မြေပဲတွေရဲ့ရင်းမြစ်ကို သိချင်ကြလိမ့်မည်။
ဒါပေမယ့်လည်း ရောင်းတဲ့သူက Imperial Palace ဂရုရဲ့ လီယွမ်ဟန်ဖြစ်သည်။ လီယွမ်ဟန်က ဥက္ကဌရဲ့ညာလက်ရုံးလေ။
အချိန်တော်တော်များများမှာ သူက ကုန်းထျန်းဟောက်ကို ကိုယ်စားပြုနေသည်။ သူ့မှာ အရမ်းမြင့်တဲ့သြဇာရှိသည်။
တစ်စုံတစ်ယောက်သာ မြေပဲဆီရဲ့ရင်းမြစ်အပေါ်မှာ မျက်စိကျခဲ့ရင် ၎င်းက သူတို့တွေ Imperial Palace ကို ဆန့်ကျင်ရမယ်လို့ ဆိုလိုနေသည်။
ဒါပေမယ့်လည်း နိုင်ငံထဲကဘယ်သူကများ ၎င်းကိုလုပ်ဖို့အထိ တုံးအမှာတဲ့လဲ?
သူတို့တွေ ငါးစာအနေနဲ့ အဆုံးသတ်သွားရနိုင်လောက်သည်။
ကုန်းထျန်းဟောက်နဲ့ ရှောင်လင်းယွီက ၎င်းကိုဆွေးနွေးပြီးတော့ ဟယ်လီကော်ပတာက မကြာခင်မှာ ကျန်ရှိနေတဲ့ မြေပဲ ၇၅၀ကျင်ကို မြို့တော်ကို သယ်သွားခဲ့သည်။
......
နှစ်နာရီအတွင်းမှာပဲ မြေပဲတွေက လီယွမ်ဟန်ရဲ့ရုံးခန်းကို ရောက်လာသည်။
လီယွမ်ဟန်က ရုံးခန်းထဲမှာ ထားထားတဲ့မြေပဲတွေကိုမြင်လိုက်ပြီး လီဝမ်သုန့်ကို မှင်သက်စွာနဲ့
"ဒါမြေပဲတွေလား?"
"ဟုတ်တယ်!"
လီဝမ်သုန့်က ပြန်ဖြေလိုက်သည်။
"ဒါပေမယ့် မြေပဲကြော်တွေနဲ့ မြေပဲပြုတ်တွေကရော?"
လီယွမ်ဟန်က မေးလိုက်သည်။ သူက ၎င်းတို့တွေအတွက်ပါ တစ်ကျင်ကိုယွမ်၃၀ဝ၊ တစ်ကျင်ကိုယွမ်၂၅၀တို့နဲ့ အော်ဒါတွေယူပြီးပြီဖြစ်သည်။
အခုသူ့မှာ ကုန်ပစ္စည်းမရှိတော့ သူ့ဖောက်သည်တွေကို ဘာပြောရတော့မှာလဲ?
လီဝမ်သုန့်က ခေါ်ငးခါလိုက်ပြီး
"မဟုတ်ဘူး၊ ဒါတွေက အားလုံးမြေပဲတွေပဲ။ သူတို့ကို ကုန်လှောင်ရုံကနေတိုက်ရိုက်ရွှေ့လာပြီး မြို့တော်ကိုသယ်လာတာ"
"မဟုတ်ဘူးလား?"
လီယွမ်ဟန်က နားမလည်စွာမေးလိုက်သည်။
"ဒါဆိုရင် အရင်အသုတ်တုန်းက ဘာလို့ မြေပဲကြော်တွေနဲ့ မြေပဲပြုတ်တွေရှိနေတာလဲ?"
လီဝမ်သုန့်ကဒါကိုကြားတော့ လီယွမ်ဟန်ကို ထူးဆန်းတဲ့အမူအယာနဲ့ကြည့်လိုက်ပြီး
"အထူးကိုယ်စားလှယ်လီ၊ အဲ့ဒါတွေက ခင်ဗျားအတွက် မစ်စ်ရှောင်ဆီကလက်ဆောင်လေ။
ရောင်းဖို့အတွက်မှမဟုတ်ဘဲ။ အဲ့ဒီမြေပဲတွေကို မေမေရှောင်ချက်ထားတာ"
လီယွမ်ဟန်၊ "..."
အဲ့ဒါတွေက လက်ဆောင်တွေပဲ။
ဒီတော့ ရှောင်လင်းယွီက အဲ့ဒီမြေပဲကြော်တွေနဲ့ မြေပဲပြုတ်တွေကို ဘယ်တုန်းကမှ ရောင်းဖို့မဆိုလိုခဲ့ဘူးပဲ။
ရှောင်လင်းယွီက သူ့ကို မိတ်ဆွေအနေနဲ့ သဘောထားတဲ့အတွက် အဲ့ဒီပစ္စည်းတွေပို့ခဲ့သည်။ ဒါက သူမဘာလို့ သူ့ရဲ့ဝေစုကို မမေ့ရလဲဆိုတာဖြစ်သည်။
လီယွမ်ဟန်က သူ့စိတ်ထဲမှာ နွေးထွေးတဲ့ဖြစ်ရပ်တစ်ခုကို ခံစားမိလိုက်ပြီး အနည်းငယ်ထိမိသွားသည်။ သူက မိဘမဲ့တစ်ယောက်ပင်။ သူကျောင်းပြီးသွားတော့ ကုန်းထျန်းဟောက်နဲ့တွေ့ခဲ့ပြီး သူနဲ့ သူငယ်ချင်းတွေဖြစ်လာခဲ့သည်။ နောက်ပိုင်းမှာ ကုန်းထျန်းဟောက်ရဲ့ငွေကြေးအထောက်အပံ့နဲ့ သူနိုင်ငံခြားကိုစာသင်သွားခဲ့သည်။
သူတက္ကသိုလ်မှာတုန်းက ကုန်းထျန်းဟောက်ရဲ့ ညာလက်ရုံးဖြစ်ဖို့ သခင်ကြီးကုန်းဆီကနေ လေ့ကျင့်ပေးတာခံခဲ့ရသည်။ ဒါကြောင့် ကုန်းထျန်းဟောက်က သူ့ရဲ့အတန်းဖော်၊ သူငယ်ချင်းနဲ့ ဆွေမျိုးပင်ဖြစ်သည်။
ဒါပေမယ့် ကုန်းထျန်းဟောက်ကလွဲရင် ဘယ်သူ့ဆီကမှ သူ နွေးထွေးမှုကို မခံစားဖူးပေ။ ဒါပေမယ့် အခုကျ ရှောင်မိသားစုက သူ့ကို နွေးထွေးမှုနဲ့ ချစ်ခြင်းမေတ္တာတွေပေးခဲ့သည်။ ဒါပေါ့ ရှောင်မိသားစုက သူ့ကိုကြင်ကြင်နာနာဆက်ဆံရတဲ့အကြောင်းရင်းက သူ့ရဲ့ ကုန်းထျန်းဟောက်ရဲ့ညာလက်ရုံးဆိုတဲ့အထောက်အထားနဲ့ သက်ဆိုင်နေသည်။
နေ့ရက်တိုင်း သူက ကုန်းထျန်းဟောက်ကို ကူညီဖို့ ဝီရိယရှိရှိအလုပ်လုပ်သည်။ တစ်ခါတစ်လေမှာ သူ့အတွက် သူကိုယ်တိုင်ကုမ္ပဏီကို ဖမ်းဆုပ်ပစ်နိုင်မှာကို ကုန်းထျန်းဟောက် စိုးရိမ်မိမလားဆိုတာ လီယွမ်ဟန်သိချင်မိသည်။
ဒါပေါ့ ဒါက တည်ရှိမနေတဲ့ပြဿနာတစ်ခုပဲလေ။
လီယွမ်ဟန်က ကျေးဇူးသိတတ်တဲ့သူဖြစ်သည်။
လီဝမ်သုန့်က မူးမိုက်နေတဲ့လီယွမ်ဟန်ကိုကြည့်လိုက်ပြီး အနည်းငယ် ဆွံ့အသွားသည်။
"အဟမ်း..."
လီဝမ်သုန့်က နှစ်ကြိမ်ချောင်းဟန့်လိုက်ပြီး လီယွမ်ဟန်က ချက်ချင်းနိုးကြားသွားသည်။
သူက လီဝမ်သုန့်ကို သင်္ကာမကင်းနဲ့ကြည့်လိုက်ပြီး
"တခြားဟာရှိသေးလို့လား?"
"အဟမ်း..."
လီဝမ်သုန့်က
"အထူးကိုယ်စားလှယ်လီ မြေပဲကျင်၇၀၀ပဲကျန်တော့တယ်လို့ ဘော့စ်ကပြောတယ်။ သူက ခင်ဗျားကို ဈေးကိုဂရုစိုက်ဖို့ပြောလိုက်တယ်"
လီယွမ်ဟန် "..."
သူသိသားပဲ။
သူကလည်း စီးပွားရေးသမားတစ်ယောက်ပဲလေ။ သူက အကျိုးအမြတ်ပမာဏကို အာရုံစိုက်လိမ့်မည်။ တစ်စုံတစ်ခုက ရှားပါးလေ ပိုတန်ဖိုးကြီးလေဖြစ်သည်။
သူသာ ဒီမြေပဲတွေကို ဈေးကောင်းကောင်းနဲ့ရောင်းဖို့ ကျရှုံးခဲ့ရင် သူ့မျိုးရိုးက လီ မဟုတ်တော့ဘူး။
ဒီလူက အရောင်းသမားဖြစ်ရတာကို စွဲလမ်းနေလေပြီ။
လီယွမ်ဟန်က ခေါင်းညိတ်လိုက်ပြီး
"ငါ့မှာ အဲ့ဒါနဲ့ပက်သက်ပြီး အခက်အခဲမရှိဘူး"
အဲ့ဒီအချိန်မှာ လီဝမ်သုန့်က တစ်ခုခုပြောစရာရှိသလိုမျိုး သူ့ကို ထူးဆန်းတဲ့မျက်နှာထားနဲ့ကြည့်လိုက်သည်။ ဒါပေမယ့် သူက ၎င်းကိုပြောဖို့ အနည်းငယ်ရှက်ရွံ့နေသည်။
"..."
လီယွမ်ဟန်က မပျော်မရွှင်နဲ့
"မင်းပြောချင်တာကိုသာပြောလိုက်"
လီဝမ်သုန့်က
"နောင်ကျရင် သူကအရင်ဖုန်းမချသရွေ့ ခင်ဗျားကိုဖုန်းချခွင့်မပြုဘူးလို့ ဘော့စ်ကပြောတယ်"
လီယွမ်ဟန်၊ "..."
လီဝမ်သုန့်က ၎င်းကိုပြောဖို့ ဘာလို့တုံ့ဆိုင်းနေလဲဆိုတာကို သူနားလည်လိုက်သည်။
ဒါက ထူးဆန်းတဲ့ပြစ်ဒဏ်ပဲ။ ဒါကို ပုံမှန်အားဖြင့် ချစ်သူတွေကြားမှာပဲပြောကြတာလေ...
လီဝမ်သုန့်က အရမ်းစူးစမ်းပြီး အတင်းပြောတတ်သည်။
"အထူးကိုယ်စားလှယ်လီ။ ဘော့စ်ကဘာကို ဆိုလိုတာလဲ?"
အဲ့ဒီအချိန်မှာ သူကအနည်းငယ်ရှုပ်နေပုံပေါ်ပြီး
"ဘော့စ်က အခုမစ္စရှောင်ကို နေ့တိုင်းကပ်နေတာ။ ခင်ဗျားဘယ်လောက်ပဲကြိုးစားကြိုးစား သူတို့ကို ခွဲပစ်လို့မရဘူး။ ဒီလိုဆိုရင် ဘာလို့ သူ့မှာ ခင်ဗျားအတွက် ဒီလိုတောင်းဆိုချက်မျိုးရှိနေရတာလဲ? ခင်ဗျားနဲ့ ဘော့စ်ကြားမှာ လျှို့ဝှက်ကိစ္စရှိနေကြတာလား? ဒါပေမယ့် ဒါကမမှန်ဘူးနော်။
ဘော့စ်က မိန်းကလေးတွေကို သဘောကျတာမဟုတ်ဘူးလား? ဒါဆို ဒါကဘာလဲ?"
လီယွမ်ဟန်က မျက်လုံးကစားလိုက်ပြီး စိတ်ရှုပ်နေတဲ့လေသံနဲ့
"လီဝမ်သုန့်၊ မင်းဘာအဓိပ္ပာယ်မရှိတာတွေ ပြောနေတာလဲ? မင်းက မင်းဘော့စ်ရဲ့ လိင်စိတ်ကိုင်းညွှတ်မှုကို သံသယဝင်နေတာလား? မင်းငါ့ကို ဘော့စ်ကို အခုဖုန်းခေါ်ပြီးတော့ မင်းက သူ့ရဲ့လိင်ကို အတည်ပြုချင်နေတယ်လို့ ပြောစေချင်လား?"
ဒါကိုကြားတော့ လီဝမ်သုန့်ရဲ့အမူအယာက ပြောင်းလဲသွားသည်။ သူက ချက်ချင်းခေါင်းခါလိုက်ပြီး
"မဟုတ်ဘူး မဟုတ်ဘူး။ လီယွမ်ဟန် ငါ့ကို အဲ့လိုမလုပ်ပါနဲ့"
"ဘာလို့မလုပ်ရမှာတုန်း?"
လီယွမ်ဟန်က တခစ်ခစ်ရယ်မောလိုက်သည်။
"မင်းက ဘော့စ်ရဲ့လိင်စိတ်ကိုင်းညွှတ်မှုကို သံသယဝင်နေတဲ့သူ မဟုတ်ဘူးလား? ဘာလို့အခုအရမ်းကြောက်နေရတာလဲ? မင်းက ဒီနားလည်မှုလွဲတာကို ဖန်တီးထားတာလေ။ ဒီတော့ မင်းကို ဖြေရှင်းဖို့ ငါကူညီပေးချင်လို့"
လီဝမ်သုန့်၊ "..."
သူက သိချင်စိတ်နဲ့မေးလိုက်တာလေ။
ဒါကဘာလို့ ဒီလိုအရေးကြီးတဲ့ပမာဏအထိ တိုးသွားရတာလဲ?
သူ့ရဲ့လိင်စိတ်ကိုင်းညွှတ်မှုအကြောင်းနဲ့ပက်သက်ပြီး ဘော့စ်ကိုမေးဖို့ သူ့မှာသတ္တိမရှိပေ။
နေဦး ဒါကမမှန်သေးပေ။
ဘော့စ်က အမျိုးသမီးတွေကို ကြိုက်သည်။ သူ့မှာ သူ့ကိုနက်နက်ရှိုင်းရှိုင်းချစ်တဲ့အမျိုးသမီးတစ်ယောက်ရှိပြီး ၎င်းကအမှန်တရားပဲဖြစ်သည်။
လီယွမ်ဟန်က တကယ်ပဲ ကုန်းထျန်းဟောက်ကို တိုင်ကြားလိုက်မှာကို လီဝမ်သုန့်ကြောက်သည်။ ဒါကြောင့် ချက်ချင်းပဲ သူ့အတွက် ကူညီပေးစေဖို့ ကြိုးစားလိုက်သည်။
"အထူးကိုယ်စားလှယ်လီ ငါဘာပြောလိုက်မှန်း မသိလိုက်ဘူး။ ခင်ဗျားကိုတောင်းပန်ပါတယ်။ ဒါကို ဘော့စ်ကြီးဆီမပြောလိုက်ပါနဲ့"
လီဝမ်သုန့်ရဲ့တောင်းပန်ချက်ကို လီယွမ်ဟန်ကြားတော့ စိတ်ထဲမှာ အနည်းငယ်ဘဝင်ခိုက်သွားသည်။
'ရဲဘော် မင်းငါနဲ့ယှဉ်နိုင်ဖို့ နှစ်တွေအများကြီးလိုပါသေးတယ်ကွာ'
ဒါပေမယ့် အပြင်ပန်းမှာတော့ သူက
"မင်းငါ့ကို အဲ့ဒါမလုပ်စေချင်ရင် အဲ့ဒါက မင်းရဲ့ အနာဂတ်လုပ်ဆောင်ချက်တွေအပေါ်မှာ မူတည်လိမ့်မယ်"
လီဝမ်သုန့်၊ "..."
နောက်ကျရင် ငါ့ကိုထိန်းချုပ်ဖို့ သူက ဒီဟာကိုသုံးတော့မှာများလား?
ဖြစ်နိုင်ချေများတယ်...
သူ့မျက်လုံးနဲ့အနက်ထဲကနေ စူးရှတဲဲ့အလင်းတစ်ခုထွက်လာသည်...
လီဝမ်သုန့်က အရမ်းတရိုတသေခေါင်းညိမ့်လိုက်ပြီး
"အခုကစပြီး ကျွန်တော် ခင်ဗျားအမိန့်တွေကိုနားထောင်မယ်။ ကျွန်တော့်ကို အရှေ့သွားစေချင်ရင် အရှေ့ကိုသွားမယ်။ ခင်ဗျားတစ်ခုပြောရင် ကျွန်တော်သေချာပေါက် တခြားဟာမပြောတော့ဘူး။ ခင်ဗျားက ကျွန်တော့်ကို.."
လီယွမ်ဟန်ကမျက်မှောင်ကျုံ့လိုက်သည်။ ပြီးတော့ သူကအော်လိုက်ကာ
"တော်တော့!"
လီဝမ်သုန့်ရဲ့အမူအယာက ရှုပ်သွားပြီး သူကထပ်ပြီးတော့
"အထူးကိုယ်စားလှယ်လီ၊ ကျွန်တော်က ကျွန်တော့်ရဲ့သစ္စာရှိမှုကို ခင်ဗျားကို ဖော်ပြနေတာ
ဘာလို့ရပ်ခိုင်းရတာလဲ?"
လီယွမ်ဟန်က မပျော်မရွှင်နဲ့
"မင်းကမင်းရဲ့ သစ္စာရှိမှုကိုဖော်ပြနေတာလား? အချစ်ကိုဖော်ပြနေတာလား?"
လီယွမ်ဟန်က တခိုက်ခိုက်တုန်သွားသည်။ လီဝမ်သုန့်သာ မိန်းကလေးဆိုရင် သူထိရှသွားလောက်ပြီ။ ဒါပေမယ့်သူက ယောက်ျားကြီးလေ။ အဲ့ဒီသစ္စာရှိမှုရဲ့ အမူအယာတွေအားလုံးက လီယွမ်ဟန်ကို အဆုံးမရှိတဲ့ရင်ဖိုစရာတွေပေးနေသည်။
လီယွမ်ဟန်က သူ့လက်ကိုမြှောက်လိုက်ပြီး
"ကောင်းပြီ၊ မင်း ဒီလောက် ကြီးကြီးကျယ်ကျယ်တွေ ပြောနေဖို့ မလိုအပ်ဘူး။ မှတ်ထား မင်းငါကိုမပျော်မရွှင်ဖြစ်အောင်လုပ်ရင် ငါဒီအကြောင်းကို သေချာပေါက် ဘော့စ်ကိုပြောလိုက်မယ်"
လီဝမ်သုန့်ကချက်ချင်း ပျော်ပျော်ရွှင်ရွှင်ပြန်ဖြေကာ
"အိုလေ ပြဿနာမရှိဘူး"
ပြီးနောက်မှာ လီယွမ်ဟန်က
"ညီအစ်ကိုလီ..."
လီဝမ်သုန့်၊ "..."
သူကငါ့ကိုခြိမ်းခြောက်နေတာလေ။ ဒါပေမယ့် ရုတ်တရက်ကြီး ငါတို့ကညီအစ်ကိုတွေတဲ့လား?
ဒီဟာမှာ လှည့်ကွက်ရှိရမယ်။
"ညီအစ်ကိုလီ၊ ကုန်းထျန်းဟောက်က ရှောင်လင်းယွီနဲ့အတူတူရှိနေကတည်းက ငါညလယ်ခေါင်ကြီးမှာ ဖုန်းကြောင့်နိုးလာရတယ်။ ပြီးတော့ တချို့တစ်ယောက်ယောက်ဆီကနေ ကို့ယ်ဟာကိုယ်ပြန်သုံးဖို့ ဖိအားပေးခံရတယ်။ သူက ရှောင်လင်းယွီနဲ့ အဲ့ဒီနေ့ကဖြစ်ခဲ့တာတွေကို ကြွားဝါနေပြီးတော့ အစရှိတာတွေပဲ..."
လီယွမ်ဟန်က စိတ်ပင်ပန်းစွာပြောလိုက်သည်။
လီဝမ်သုန့်က ကြောက်ကြောက်လန့်လန့်နဲ့နားထောင်နေသည်။
"ငါက လူလွတ်အမျိုးသားတစ်ယောက်လေ။ ဒါပေမယ့် အဲ့ဒီဇာတ်လမ်းတွေကို နေ့နေ့ညညနားထောင်ဖို့ ဖိအားပေးခံနေရတယ်။ ငါတောင့်ခံနိုင်မယ်လို့ မင်းထင်လား? ငါက သူ့အချိန်တွေကို တစ်နေ့တစ်နေ့ အိပ်လိုက်၊ စားလိုက်၊ ချစ်လိုက်နဲ့ကုန်ဆုံးနေတဲ့ ကုန်းထျန်းဟောက်မှမဟုတ်ဘဲ
ငါ့မှာ အနားယူဖို့အချိန်တောင်ရှားနေတာ။ ငါညဘက်မှာမအိပ်ရဘူး။ ပြီးတော့ နေ့ဘက်မှာလည်းအလုပ်လုပ်ရတယ်။
ငါတစ်နေ့နေ့မှာ အစာအိမ်ကင်ဆာရရင် အကုန် ကုန်းထျန်းဟောက်အမှားဘဲ"
လီယွမ်ဟန်က ကွန်ပလိန်းတက်လိုက်သည်။
"ဒီတော့ ငါ့မှာ သူ့ကိုဖုန်းချပစ်ပိုင်ခွင့်ရှိတယ်လို့မင်းထင်လား?"
လီဝမ်သုန့်က သနားစွာ ခေါင်းညိတ်လိုက်သည်။
"အင်း ထင်တယ်"
ဒါကတကယ့်ပြဿနာကြီးလေ။
ကုန်းထျန်းဟောက်အတွက် ပျော်ရွှင်ဖို့က တစ်ခုတည်းပေမယ့် သူ့သူငယ်ချင်းကို ဒီလိုမျိုး မနှိပ်စက်သင့်ဘူးလေ။
လီယွမ်ဟန်က အရမ်းအလုပ်လုပ်တဲ့ အထူးကိုယ်စားလှယ်တစ်ယောက်လို့ လီဝမ်သုန့် တကယ်ခံစားရသည်။ သူက အလုပ်ကြိုးစားရပေမယ့် ဘော့စ်ရဲ့နားထောင်သူတစ်ယောက်အဖြစ်တာဝန်ကိုလည်း သည်းခံပေးရသေးသည်။ သူကတကယ် သနားဖို့ကောင်းသည်။
လီဝမ်သုန့်က လီယွမ်ဟန်ကို ကူညီသင့် မကူညီသင့်ဆိုတာကို တုံ့ဆိုင်းနေသည်။ သူကလီယွမ်ဟန်ရဲ့ မည်းနေတဲ့မျက်အိတ်ကြီးတွေကိုကြည့်လိုက်သည်။
ဒီလူက အချိန်အကြာကြီးကောင်းကောင်းမအိပ်ခဲ့ရတာ သိသာသည်။
"အဟမ်း..."
လီဝမ်သုန့်က
"အထူးကိုယ်စားလှယ်လီ၊ ကျွန်တော် ခင်ဗျားအတွက် အရမ်းစိတ်မကောင်းပါဘူး"
လီယွမ်ဟန်က ညှိုးငယ်စွာနဲ့
"မင်းငါ့အတွက်စိတ်မကောင်းဖြစ်ပေးဖို့ မလိုပါဘူး။ မင်းငါ့အတွက် နည်းတစ်ခုလောက်စဉ်းစားပေးဖို့ပဲ ကူညီစေချင်တာ။ ဒါမှ ကုန်းထျန်းဟောက်က ညလယ်ခေါင်မှာ ငါ့နားတွေကိုဝါးစားပစ်မှာကို ရပ်မှာ"
"ပြောရရင်တော့ ကျွန်တော့်မှာ အကြံတစ်ခုရှိတယ်"
လီဝမ်သုန့်က ပြောလိုက်သည်။
"ဟမ်?"
လီယွမ်ဟန်က ချက်ချင်းစူးစမ်းစွာနဲ့
"ဘာအကြံလဲ? ငါ့ကိုပြောပြ!"
"ခင်ဗျား ဘော့စ်ကြီးရဲ့ကောင်မလေးကို ခေါ်ပြီးပြီလား? ခင်ဗျားသာသူ့ကို အမှန်တရားပြောပြလိုက်ရင် ဘော့စ်ကြီးက ခင်ဗျားကိုထပ်ပြီး ညလယ်ခေါင်မှာ နှောင့်ယှက်မှာမဟုတ်တော့ဘူး"
၎င်းကိုကြားပြီး လီယွမ်ဟန်က ချက်ချင်းသူ့ခေါင်းကိုပုတ်လိုက်ကာ
"အိုး ဟုတ်သားပဲ၊ ငါဘာလို့ဒါကို အရင်ကမတွေးမိပါလိမ့်?"
ပြီးနောက်မှာ လီဝမ်သုန့်ကမျက်လုံးကစားလိုက်ပြီး အထင်အမြင်သေးစွာနဲ့
"အထူးကိုယ်စားလှယ်လီ ခင်ဗျားကတော်တာပဲကို။ ဘာလို့အဲ့ဒါကို မတွေးမိရတာလဲ?"
လီယွမ်ဟန်၊ "..."
သူ့စိတ်တွေ ဖရိုဖရဲဖြစ်နေရလောက်တဲ့အထိ လတ်တလောမှာ သူအလုပ်များနေတာလေ။
ကုန်းထျန်းဟောက်က သစ်သီးတွေဆေးကြောနေတုန်း ရှောင်လင်းယွီက ဖုန်းတစ်ကောလ်ရခဲ့သည်။ ဖုန်းခေါ်ဆိုသူရဲ့တိုင်ကြားချက်ကိုကြားပြီး သူမမျက်လုံးလှည့်မိလိုက်သည်။ ဒါပေမယ့်လည်း သူမမျက်နှာပေါ်မှာ အပြုံးတစ်ခုရှိနေပြန်သည်။
ကလေးဆန်လိုက်တာ!
ရှောင်လင်းယွီက ဘေစင်မှာသစ်သီးတွေဆေးနေတဲ့သူကို ကြည့်လိုက်သည်။ သူမက သူ့ကောင်မလေးဖြစ်ဖို့ သဘောတူလိုက်ပြီးတဲ့နောက် အိပ်မပျော်နိုင်လောက်တဲ့အထိ သူစိတ်လှုပ်ရှားနေခဲ့သည်။ သူက ဒီပျော်ရွှင်မှုကို သူများတွေနဲ့တောင် မျှဝေရဦးမည်။
ဒါပေမယ့်လည်း သနားစရာအထူးကိုယ်စားလှယ်လီက ဒီချိုမြိန်တဲ့စကားတွေကို ညတိုင်းနားထောင်ဖို့ ဖိအားပေးခံနေရသည်။
'သူက နေ့ဘက်မှာအလုပ်လုပ်ပြီး ညဘက်မှာ ကုန်းထျန်းဟောက်ဆီက နှိပ်စက်ခံရတယ်။ ဒီလိုသာဆက်သွားနေရင် သူလဲကျသွားလိမ့်မယ်။ ငါသူ့ကိုကူညီဖို့လိုတယ်။ ဒီလူက အရမ်းသနားဖို့ကောင်းတယ်'
"ဘာဖြစ်လို့လဲ ယွီအာ? မင်းဘာလို့ပြုံးနေတာလဲ?"
ကုန်းထျန်းဟောက်က သစ်သီးတွေကိုဆေးကြောပြီးတော့ သစ်သီးပန်းကန်တစ်ချပ်နဲ့ လျှောက်လာခဲ့သည်။
ရှောင်လင်းယွီက ပြုံးပြီး
"တချို့တစ်စုံတစ်ယောက်က ညလယ်ခေါင်ကြီးမှာ အထူးကိုယ်စားလှယ်လီကို နှိပ်စက်နေပြီး သူ့ရဲ့အဖိုးတန်အိပ်စက်မှုတွေကို ဆုံးရှုံးစေတယ်လို့ ကျွန်မကြားတယ်"
"..."
ကုန်းထျန်းဟောက်က အနည်းငယ် မျက်မှောင်ကျုံ့လိုက်ပြီး သူ့မျက်ခုံးတွေကိုချလိုက်ကာ သာယာကြည်နူးစွာနဲ့
"ဒီတော့ လီယွမ်ဟန်က မင်းဆီကို လာတိုင်တယ်ပေါ့?"
***