← Chapters

အခန်း (၁၂၀၆-၁၂၁၀)

Vol. 49 Ch. 1206-1210

အခန်း (၁၂၀၆-၁၂၁၀)

Vol. 49 Ch. 1206-1210

အပိုင်း (၁၂၀၆)

အကောင်းနှင့်အဆိုးသည် အမြဲဒွန်တွဲနေသလို အန္တရာယ်နှင့် အခွင့်အလမ်းတိုသည်လည်း အမြဲဒွန်တွဲနေတတ်သည်။ ယခု ထိုဆိုရိုးစကား၏ အမှန်တရာကို ရန်ကိုင် သေသေချာချာကြီးကို နားလည်သွားခဲ့လေပြီ။

သဲမီးတောက်နယ်မြေထဲတွင် လေဟာနယ်တာအိုကို နားလည်ဆင်ခြင်နိုင်မည့် ဤကဲ့သို့သော ထူးဆန်းသည့် နေရာတစ်နေရာ ရှိနေလိမ့်မည်ဟု သူမထင်ထားခဲ့ချေ။

လေဟာနယ်တာအိုကို လေ့လာနိုင်မည့် ရှားရှားပါးပါး နေရာတစ်ခု တွေ့လိုက်ရသဖြင့် အနေရာမှ ချက်ချင်း ထွက်သွားရန် မစဉ်းစားသေးဘဲ လေဟာနယ်တာအိုအပေါ် သူ၏ နားလည်မှုကို ပိုမို မြင့်မားလာအောင် အရင်လေ့ကျင့်ရန် ရန်ကိုင် ဆုံးဖြတ်လိုက်သည်။

လေဟာနယ်တာအိုကို နားလည်ရန် အလွန်တရာကိုမှ ခက်ခဲလှပြီး လူအနည်းငယ်သာ လေဟာနယ်တာအိုကို နားလည်နိုင်ခဲ့သည်။ လေဟာနယ်တာအိုကို မည်ကဲ့သို့ ကျင့်ကြံရမလဲ ဆိုသော သေချာရေရသည့် နည်းလမ်းတစ်ခုမရှိသလို မည်သူမှလည်း သူတို့၏ နာလည်မှုများကို အခြားလူများအား လက်ဆင့်ကမ်း မပေးနိုင်ခဲ့ချေ။

ရန်ကိုင် လေဟာနယ်တာအိုကို စလေ့ကျင့်စဉ်က လေဟာနယ်ကို ဆုတ်ဖြဲပြီး ကသောင်းကနင်း ဖြစ်နေသော ဟင်းလင်းပြင်ထဲသွားကာ လေ့ကျင့်ခဲ့ရသည်။ သို့သော်လည်း ထိုနည်းလမ်းသည် လေဟာနယ်တာကို စတင် နားလည်စလူများအတွက်သာ အသုံးဝင်သည်။ နောက်ပိုင်း ရောက်လာပြီး လေဟာနယ်တာအိုကို အတော်လေး နားလည်သွားသည့်အခါ ရန်ကိုင်သည် ဟင်းလင်းပြင်ထဲတွင် မြေကြီးပေါ် လမ်းလျှောက်သလို သွားနိုင်လာသဖြင့် ဟင်းလင်းပြင်ထဲသွားကာ လေ့ကျင့်ခြင်းသည် သူ့အတွက် အသုံးမဝင်တော့ချေ။

ထို့နောက် လေဟာနယ်ဝိဥာဉ်သလင်းကျောက်များကို သန့်စင်ခြင်းဖြင့် လေဟာနယ်တာအို အပေါ် နားလည်မှုကို တိုးမြှင့်နိုင်သည်ဟူသော နည်းလမ်းကို သိခဲ့ရသည်။ ရန်ကိုင်လည်း ထိုပိုက်ဆံမီးရှို့သည့် နည်းလမ်းဖြင့် ကျင့်ကြံလိုက်သေးသည်။

ထိုသို့ လေ့ကျင့်ရန်အတွက်လည်း ကျောက်တုံးရုပ်သေးရုပ်သည် အလွန်တရာကိုမှ ကြီးမားလှသော သူတော်စင်ဝိဥာဉ်သလင်းကျောက်တွင်းကြီးအား ရှာတွေ့သွားခဲ့သည်မှာ ကံကောင်းသွားခဲ့သည်။ ထို့ကြောင့် ထိုနည်းလမ်းဖြင့် ရန်ကိုင် လေ့ကျင့်နိုင်ခဲ့ခြင်း ဖြစ်သည်။ သို့သော် သူသာ ထိုနည်းလမ်းအတိုင်း လေ့ကျင့်နေမည်ဆိုပါက တစ်နေ့တွင် ထိုနေရာရှိ လေဟာနယ်ဝိဥာဉ်သလင်းကျောက်များ ကုန်သွားပေလိမ့်မည်။ ထိုအခါ နောက်ထပ် လေဟာနယ်ဝိဥာဉ်သလင်းကျောက်တွင်း တစ်တွင်းကို မည်သည့်နေရာတွင် သူသွားရှာရမည်နည်း။

အနာဂတ်အတွက် ကြိုတင် အစီအစဉ်မချထားလျှင် ပြဿနာများနိုင်ပေသည်။ လေဟာနယ်ဝိဥာဉ်သလင်းကျောက်တွင် လူတိုင်းအတွက် အသုံးဝင်သည်။ အကြောင်းမှာ ကျင့်ကြံသူတိုင်းအတွက် မရှိမဖြစ်လိုအပ်သော သိုလှောင်လက်စွပ်များကို ပြုလုပ်ရာတွင် မရှိမဖြစ်လိုအပ်သော အဓိကပါဝင်ကုန်ကြမ်းပစ္စည်းမှာ လေဟာနယ်ဝိဥာဉ် သလင်းကျောက် ဖြစ်နေသောကြောင့်ပင် ဖြစ်သည်။

ယခု ကြုံတောင့်ကြုံခဲ လေဟာနယ်တာအိုကို ကျင့်ကြံနိုင်မည့် နေရာတစ်ခု ရှာတွေ့ခဲ့လေရာ ရန်ကိုင်အနေဖြင့် ဤနေရာကို ဘာအကြောင့် ဒီအတိုင်း ထားခဲ့ရမည်နည်း။ ဤအတိုင်းသာ ထားခဲ့လိုက်ပါက ခွင့်သာခိုက်မှ မလိုက်ချင်သည် ငမိုက်သား ဖြစ်သွားရပေလိမ့်မည်။

ထို့အပြင် ဤနေရာ၌ ကျင့်ကြံခြင်းသည် လေဟာနယ်ဝိဥာဉ်သလင်းကျောက်များကို သန့်စင်ခြင်းထက် ပိုပြီး အကျိုးရှိပေသည်။

ထိုသို့ စဉ်းစားပြီးသည်နှင့် ဤနေရာတွင် ခဏလောက် ကျင့်ကြံရန် ရန်ကိုင် ဆုံးဖြတ်လိုက်သည်။ သဲမီးတောက်နယ်မြေပိတ်ရန် လေးလလောက် ကြာသေးသည် ဖြစ်ရာ ထိုအချိန်အတိုင်းအတာသည် ယင်နေကြာရေစင်ကို သန့်စင်နိုင်မည့် သင့်လျော်သော နေရတစ်ခုကိုရှာရန် လုံလောက်ပေသည်။ ထို့ကြောင့် လောနေစရာမလို။

ထိုထူးဆန်းသော လေဟာနယ်ထဲတွင် ထိုင်ဖို့ရာ ရန်ကိုင်အဖို့ အတော်လေး အချိန်ယူလိုက်ရသည်။ ရန်ကိုင်သည် လေဟာနယ်တာအိုတွင် ကျွမ်းကျင်သော်ငြား သူ့လုပ်ရှားမှုများသည် လိပ်တစ်ကောင်ကဲ့သို့ နှေးကွေနေသေးသည်။ အခြား တစ်ယောက်သာ မြင်သွားလျှင် ဒီကောင် ဘာရူးကြောင်ကြောင်တွေများ လုပ်နေသနည်းဟု ထင်သွားမြင်မှာ ဧကန်အမှန်ပင်။ ထိုအပြင် ဤထူးဆန်းသော လေဟာနယ်ကို ကောင်းကင်စိတ်အာရုံဖြင့် အာရုံခံ၍မရသည့်အတွက် လူကိုယ်တိုင် ဤနေရာသို့ ဝင်လာမှသာ ထူးဆန်းသော လေဟာနယ်၏ တည်ရှိမှုကို သတိပြုမိနိုင်ပေလိမ့်မည်။

ထိုင်ချလိုက်ပြီးနောက် နှလုံးခုန်သံကို ငြိမ်အောင် လုပ်လိုက်သည်။ ထို့နောက် သူ့လက်ကို အသာအယာ ဝှေ့ရမ်းလိုက်လေသည်။

သို့သော် ထိုကဲ့သို့ လက်ဝှေ့ရမ်းဖို့ရာ ရန်ကိုင် အတော်လေး အားစိုက်လိုက်ရသည်။ လက်ဝှေ့ရမ်းလိုက်ပြီးသည့်နောက် ဆံချည်မျှင်တမျှ ပါးလျသော အနက်ရောင် အက်ကွဲကြောင်းလေး တစ်ခု သူ့ရှေ့တွင် ရုတ်တရက် ထွက်ပေါ်လာခဲ့ပြီး ချက်ချင်းဆိုသလို သဲလွန်စမကျန် ပြန်လည် ပျောက်ကွယ်သွားခဲ့သည်။ ထိုအခြင်းအရာကို မြင်သော်၊ ရန်ကိုင် စိတ်ပျက်မသွားခဲ့၊ ပျော်ပင် ပျော်သွားခဲ့သေးသည်။

ဤနေရာတွင် လေဟာနယ်တာအိုကို ကျင့်ကြံရန် ဆုံးဖြတ်ထားမှဖြင့် လေဟာနယ်ဓါးသွားကိုလည်း လေ့ကျင့်ရပေမည်။

နဂါးလိုဏ်ဂူတောင်ကြားတွင် ရှိစဉ်က လေဟာနယ်စွမ်းအင်ကိုသုံး၍ တိုက်ခိုက်နိုင်သည့် နည်းလမ်းတစ်ခု တွေ့ရှိခဲ့သည်။ လေဟာနယ်ဓါးသွားဆိုသော နည်းပင်။ သို့သော်လည်း ထိုနည်းလမ်းကို သူမည်မျှပင် ဆက်လေ့ကျင့်နေစေကာမူ၊ လေဟာနယ်ဓါးသွားဖြင့် တစ်ဖက်ရန်သူကို ထိခိုက်အောင် လုပ်နိုင်သော အဆင့်ထိသို့ ရောက်အောင် မလုပ်နိုင်ခဲ့ချေ။

ထို့ကြောင့် သူ့ကိုယ်ပိုင် နတ်ဘုရားစွမ်းရည်တစ်ခုကို ဖန်တီးချင်နေသော်လည်း သင့်လျော်သော် ပတ်ဝန်းကျင်နှင့် အခြေအနေ အရပ်ရပ်တို့ မရှိ ဖြစ်နေခဲ့သဖြင့် အကြပ်ရိုက်နေခဲ့ရသည်။

သို့သော်လည်း ဤနေရာသည် လေဟာနယ်ဓါးသွားကို လေ့ကျင့်ရန် အကောင်းဆုံး နေရာတစ်ခု ဖြစ်ပေသည်။

တစ်ကြိမ် ကြိုးစားပြီးသည့်နောက် သူ့ခန့်မှန်းချက် မှန်ကန်မှန်း ရန်ကိုင် ချက်ချင်း အတည်ပြုလိုက်နိုင်သည်။ ဤနေရာရှိ လေဟာနယ်ကိုဆုတ်ဖြဲရန် အလွန်တရာကိုမှ ခက်ခဲလှသည်။ ထို့ကြောင့် လေဟာနယ်ဓါးသွားကိုသာ ဤနေရာတွင် ကျင့်ကြံမည်ဆိုပါက လေဟာနယ်တာအိုကို ပို၍ နက်နက်နဲနဲ နားလည်လာနိုင်ရုံမက လေဟာနယ်စွမ်းအားကိုလည်း ပို၍ ကျွမ်းကျင်လာနိုင်ပေလိမ့်မည်။ တစ်ချိန်တည်းတွင် သူတီထွင်ထားသည့် တိုက်ကွက် အသစ်ကိုလည်း ပို၍မြန်မြန် ပြီးပြည့်စုံအောင် လုပ်နိုင်ပေလိမ့်မည်။

လှုပ်ရှားနေသောစိတ်ကို ငြိမ်သက်အောင် လုပ်ပြီးနောက် သူ့ရှေ့ရှိ ဟင်းလင်းပြင်ကို ထပ်တလဲလဲ စုတ်ဖြဲတော့လေသည်။ ရန်ကိုင် လက်ချောင်းထိပ်ဆီမှ ဆံချည်မျှင်တမျှ ပါးလျသော လေဟာနယ်အက်ကွဲကြောင်းများ ထပ်တလဲလဲ ထွက်ပေါ်လာပြီး ချက်ချင်းဆိုသလိုပင် သဲလွန်စမကျန် ပြန်လည် ပျောက်ကွယ်သွားခဲ့သည်။

ရန်ကိုင် တစ်နေ့လုံး ထိုကဲ့သို့ ထိုင်လေ့ကျင့်နေခဲ့ပြီး စိတ်စွမ်းအင်လည်း ကုန်လုမတတ် ဖြစ်သွားခဲ့ရသည်။ သို့သော် မည်သည့် တိုးတက်မှုမှ မရှိခဲ့။

သို့သော်လည်း စိတ်ညစ်သွားခြင်းမရှိခဲ့။ မည်သည့်တိုးတက်မှုမှ မရှိလျှင်ပင် လေဟာနယ်စွမ်းအင်ကို အသုံးချရသည်မှာ ယခင်ကထက်ပို၍ ချောမွတ်လာခဲ့သည်။

စိတ်စွမ်းအင် ကုန်ဆုံးလုနီးပါး ဖြစ်နေပြီဖြစ်သဖြင့် ဆက်လက် မလေ့ကျင့်နိုင်တော့ဘဲ ဆေးလုံးများထုတ်သောက်၍ စိတ်စွမ်းအင်ကို ပြန်ဖြည့်ရတော့သည်။

ဝိဥာဉ်ကြာပန်းသည် ဆင့်ကဲပြောင်းလဲနေဆဲ ဖြစ်သော်လည်း သူ့စိတ်ဝိဥာဉ်ကို အဆက်မပြတ် အားဖြည့်နေပေးဆဲပင်။ ထို့အပြင် ၎င်း၏ အားဖြည့်ပေးနှုန်းမှာ ယခင်ကထက်ပင် ပို၍ အားကောင်းလာခဲ့သည်။

နှစ်နှာရီအတွင်းမှာပဲ ခြောက်ကပ်လုနီးပါး ဖြစ်နေသော ရန်ကိုင်၏ အသိစိတ်ပင်လယ် အကောင်းအတိုင်း ပြန်ဖြစ်သွားခဲ့သည်။

ရန်ကိုင် မျက်လုံး ပြန်ပွင့်လာခဲ့သည်။ လေဟာနယ်ဓါးသွားကို နောက်တစ်ကြိမ် လေ့ကျင့်တော့မည်အပြု၊ မိုးကုတ်စက်ဝိုင်းဆီမှ အနီရောင်အလင်းတန်းတစ်ခု သူ့ဆီ ပျံသန်းလာနေသည်ကို ရုတ်တရက် လှမ်းမြင်လိုက်သည်။ ထိုအနီရောင်အလင်းတန်းသည် လျှပ်စီးတန်းတစ်ခုနှယ် ရန်ကိုင်ဆီသို့ ပြေးဝင်လာနေခြင်း ဖြစ်သည်။

“မီးစုန်းလား” ရန်ကိုင် အလန့်တကြား ဆိုလိုက်သည်။

အပြင်လွှာတွင် ရှိစဉ်က မီးစုန်းနှင့်တစ်ကြိမ် တွေ့ဖူးသည်။ ထို့ကြောင့် ယခု ထိုအရာကို မြင်လိုက်သည်နှင့် မီးစုန်းမှန်း တန်းသိလိုက်ခြင်း ဖြစ်သည်။ ပထမတစ်ကြိမ် တွေ့ခဲ့သော မီးစုန်း၏ အမြန်နှုန်းသည် သူ့ကောင်းကင်စိတ်အာရုံ ထောက်လှမ်းနိုင်သည့် အတိုင်းအတာကိုပင် ကျော်လွန်နေသဖြင့် ရန်ကိုင် လက်လျှော့ခဲ့ရသည်။

ဤမီးစုန်းသည် ယခင်အကြိမ်က တွေ့ခဲ့သော မီးစုန်းနှင့် တစ်ထပ်တည်းပင်။ အမြန်နှုန်းမှာလည်း သူ့ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်နိုင်သည်ထက်ပင် ပိုမို မြန်ဆန်သည်။ သူမီးစုန်းကို မြင်ပြီးရုံတင်ရှိသေး မီးစုန်းသည် လျှိုမြောင်ကို ဖြတ်ကျော်၍ သူ့ရှေ့တည့်တည့်သို့ ရောက်လာနေခဲ့လေပြီ။

မီးစုန်း၏ အမြန်နှုန်းကို လိုက်မှီနိုင်မည် မဟုတ်မှန်း သိသဖြင့် ထိုမီးစုန်ကို ရှောင်ရန် တွေးလိုက်သည်။ သို့သော်လည်း ရှောင်တော့မည်အပြု၊ သူရောက်နေသည့် နေရာကို သတိရလိုက်သည်။ သူရောက်နေသည့် နေရာသည် လွတ်လွတ်လပ်လပ် လှုပ်ရှားမရသော ထူးဆန်းသည့် လေဟာနယ်ထဲတွင် ဖြစ်သည်။

ရန်ကိုင်၏ အကြည့်တို့ တောက်ပသွားခဲ့ပြီး အလျင်အမြန် ချဉ်းကပ်လာနေသော မီးစုန်းအပေါ် အပြည့်အဝ အာရုံစိုက်ထားလိုက်သည်။

ရန်ကိုင် ထင်ထားသည့်အတိုင်းပင် ထူးဆန်းသော လေဟာနယ်ထဲသို့ မီးစုန်း ဝင်သွားလိုက်သည်နှင့် တစ်ပြိုင်နက် ၎င်း၏ အရှိန် ရုတ်တရက် အဆပေါင်းများစွာ လျော့ကျသွားခဲ့သည်။

ရန်ကိုင် ပျော်သွားခဲ့လေသည်။ ယခုလေးတင် ဤထူးဆန်းသော လေဟာနယ်သည် မီးစုန်း၏ အမြန်နှုန်းကို လျော့ချပစ်နိုင်မလား၊ မပစ်နိုင်ဘူးလား ဆိုသည်ကို ခန့်မှန်းနေခြင်း ဖြစ်သည်။ ဤထူးဆန်းသော လေဟာနယ်ကို မီးတောက်ဝိဥာဉ်များအပေါ် သက်ရောက်မှု မရှိသဖြင့် မီးစုန်းများအပေါ်တွင်လည်း သက်ရောက်မှုမရှိသည်မှာ ဖြစ်နိုင်သည်။ သို့သော်လည်း ဤထူးဆန်းသော လေဟာနယ်သည် မီးစုန်း၏ အမြန်နှုန်းကို အမှန်တကယ် လျော့ချပစ်နိုင်သည်။

ယခု မီးစုန်း ဘာနှင့်တူသလဲ ဆိုသည်ကို ရန်ကိုင် သေသေချာချာ မြင်နိုင်လေပြီ။

မီးစုန်းသည် အလွန်ကိုမှ သေးငယ်လှသော မီးသွေးတုံးလေး လောင်ကျွမ်းနေသည့်ပုံစံနှင့် တူသည်။ ထိုအရာလေးသည် အလွန်ကို သေးသော်ငြား ၎င်း၏ ခန္ဓာကိုယ်ထဲတွင် အံမခန်းဖွယ် စွမ်းအင်များ ကိန်းအောင်းနေခဲ့သည်။

ထူးဆန်းသော လေဟာနယ်ထဲသို့ ရောက်သွားပြီးနောက် မီးစုန်း၏ အမြန်နှုန်းသည် သာမန်လူတစ်ယောက် လမ်းလျှောက်နေသည့် အမြန်နှုန်းအထိသို့ လျော့ျကသွားခဲ့သည်။

ရန်ကိုင်အနေဖြင့် သူထိုင်နေသည့် နေရာတွင်သာ ဆက်ထိုင်နေမည်ဆိုပါက မီးစုန်းကို လက်လွှတ်လိုက်ရပေလိမ့်မည်။ မီးစုန်း ဖြတ်သွားမည့် လမ်းကြောင်းသည် သူထိုင်နေသည့် နေရာနှင့် မီတာဝက် ကွားနေခဲ့သည်။

ဤမျှ ရှားပါးလှသော အခွင့်အရေးကို ရန်ကိုင် မည်ကဲ့သို့ လက်လွှတ်ခံနိုင်မည်နည်း။ အလျင်စလို လေဟာနယ်စွမ်းအင်ကို ထုတ်သုံးကာ မီးစုန်းဖြတ်သွားမည့် လမ်းကြောင်းဆီ ခက်ခက်ခဲခဲ စလျှောက်သွားလိုက်လေသည်။

လမ်းလျှောက်ဖို့ရာ အလွန်ကို ခက်ခဲလှသဖြင့် ရန်ကိုင်အဖို့ သေခါနီး လူအိုကြီးတစ်ယောက် လမ်းလျှောက်နေသကဲ့သို့ လျှောက်နေရသလို ခံစားလိုက်ရသည်။ နည်းနည်းလေး ရွေ့ဖို့ရာပင် အလွန်ကိုများပြားလှသော စွမ်းအင်ကို အသုံးပြုနေခဲ့ရသည်။ စိတ်စွမ်းအင်နှင့် သူတော်စင်ချီကို အသုံးပြု၍ ရွေ့လျားနေသည့်တိုင် အလွန်ကိုမှ အားစိုက်ရလွန်းသဖြင့် သူ့ခန္ဓာကိုယ်သည် တဆတ်ဆတ် တုန်ရီနေခဲ့လေသည်။

မီးစုန်မှာမူကား ရိုးရိုးအမြန်နှုန်းဖြင့်သာ ရွေ့လျားနေခဲ့သည်။

မကြာမီ မီးစုန်း ရန်ကိုင်ဘေးမှ ဖြတ်သွားခဲ့လေသည်။

ရန်ကိုင်သည် မာန်သွင်းအော်ဟစ်၍ လက်ကို ခက်ခက်ခဲခဲ မြှောက်ရင်း မီးစုန်းကို လှမ်းဖမ်းလိုက်သည်။ သို့သော်လည်း မီးစုန်းကို မှီဖို့ရာ နည်းနည်းလေး လိုနေသဖြင့် မီးစုန်း သူ့ဘေးမှဖြတ်သွားသည်ကိုသာ ထိုင်ကြည့်နေခဲ့ရသည်။

ရန်ကိုင် အတော်လေး ဒေါသထွက်သွားခဲ့ရသည်။ ထိုမီးစုန်းသာ အသိစိတ်ရှိနေမည်ဆိုပါက သူ့အား လှောင်နေလိမ့်မည်ဟု ရန်ကိုင် ခံစားနေရသည်။

ဤသို့ဖြင့် ရှားပါးသော ရတနာတစ်ခု သူ့ဘေးမှ ဖြတ်သွားသည်ကို ဝမ်းပန်းတနည်းဖြင့်သာ ထိုင်ကြည့်နေခဲ့ရသည်။

သူထပ်မံ ကျရှုံးခဲ့ပြန်သည်။ ယခု သူ့အား ဖြတ်ကျော်သွားပြီ ဖြစ်သဖြင့် ထိုအရာကို ဖမ်းရန် မဖြစ်နိုင်တော့ပေ။ မကြာမီ မီးစုန်းသည် ထူးဆန်းသော လေဟာနယ်ကို ဖြတ်ကျော်နိုင်ခဲ့ပြီး ယခင် အမြန်နှုန်း ပြန်ရသွားကာ သူ့မျက်စိအောက်မှ ပျောက်ကွယ်သွားခဲ့လေသည်။

သူ့လက်သာ နည်းနည်းလေး ပိုရှည်နေခဲ့လျှင် သန္ဓေပြောင်း အသိစိတ်ပင်လယ်ကို ထုတ်လုပ်ပေးနိုင်သည့် ထိုရှားပါးသော ရတနာကို ရနိုင်လိမ့်မည် ဖြစ်သော်ငြား အမှန်တရားမှာ ခါးသီးလှသည်။

ရန်ကိုင် အတော်လေး နောင်တရနေခဲ့သည်။ သို့သော်လည်း ပြီးသည့်ကိစ္စမှာ ပြီးသွားပြီ ဖြစ်သဖြင့် မီးစုန်အကြောင်းကို ခေါင်းထဲမှ ဖယ်ထုတ်လိုက်ပြီး လေဟာနယ်ဓါးသွားအား လေ့ကျင့်သည့် ကိစ္စပေါ်တွင်သာ အာရုံစိုက်ထားလိုက်လေသည်။

မီးစုန်းမကို မဖမ်းနိုင်ခဲ့လျှင်ပင် လက်ရှိအချိန်၌ အရေးအကြီးဆုံးသည် လေဟာနယ်တာအိုကို နားလည်နိုင်ရန်ပင် ဖြစ်သည်။

လေဟာနယ်ဓါးသွားကို နောက်တစ်ကြိမ် ပစ်လွှတ်ကြည့်လိုက်သည့်အခါ ၎င်းမှာ ယခင်ထက် ပိုမိုအားကောင်းလာကြောင်း အံ့အားသင့်ဖွယ် တွေ့ရှိလိုက်ရသည်။ သူဖန်တီးလိုက်သည် လေဟာနယ်အက်ကွဲကြောင်းသည် ဆံချည်မျှင်တမျှ ပါးလျပြီး ဖန်တီးပြီးပြီးခြင်း ပျောက်ကွယ်သွားခဲ့သော်လည်း ၎င်း၏ စွမ်းအားသည် ယမန်နေ့ကထက် အများကြီး ပိုအားကောင်းလာခဲ့သည်။

ရန်ကိုင် စိတ်လှုပ်ရှားသွားခဲ့ပြီး မီးစုန်းအကြောင်းကို မေ့လျော့သွားခဲ့ကာ လေဟာနယ်ဓါးသွားအား လေ့ကျင့်ခြင်းတွင်သာ အာရုံစိုက်လိုက်တော့လေသည်။

သုံးရက်ကြာပြီးသည့်နောက် လက်သည်းခွံအကျယ်ရှိ၍ အရှည် မီတာဝက်ရှိသော လေဟာနယ်ဓါးသွားကို ရန်ကိုင် ဖန်တီးနိုင်ခဲ့သည်။

ထူးဆန်းသော လေဟာနယ်သည် လေဟာနယ်တာအိုကို ကျင့်ကြံဖို့ရာအတွက် အကောင်းဆုံး နေရာတစ်နေရာ ဖြစ်ပေသည်။ ဤနေရာတွင် သုံးရက်သာ လေ့ကျင့်ခဲ့သော်ငြား လေဟာနယ်တာအိုကို သူပို၍ နက်နက်နဲနဲ နားလည်လာနိုင်ခဲ့သည်။ တစ်ဆက်တည်းတွင် ပိုမို အားကောင်းသော လေဟာနယ်ဓါးသွားကိုလည်း ဖန်တီးလာနိုင်ခဲ့သည်။

လေဟာနယ်ဓါးသွား၏ အမြန်နှုန်း၊ ထူးဆန်းသော လေဟာနယ်ထဲတွင် တည်ရှိနေနိုင်ချိန်နှင့် သွားနိုင်သော အကွာအဝေးတို့မှာ ယခင်ကနှင့်စာလျှင် အကြီးအကျယ် တိုးတက်လာခဲ့ပေသည်။

ဤအတိုင်းသာ ဆက်လက် တိုးတက်နေမည်ဆိုပါက သူ့နောက်တစ်လလောက်ကြာလျှင် တိုက်ပွဲအတွင်း အသုံးပြုနိုင်သော လေဟာနယ်ဓါးသွားကို သူဖန်တီးနိုင်ပေလိမ့်မည်။ ရှီကို ကျွမ်းကျင်သော တန်ခိုးရှင်အဆင့် ပညာရှင်တစ်ယောက်နှင့် ရင်ဆိုင်ရလျှင်ပင် ယခင်ကကဲ့သို့ ကူကယ်ရာ မဲ့ရတော့လိမ့်မည် မဟုတ်ချေ။

ရှီသည် တန်ခိုးရှင်အဆင့်များသာ ပိုင်ဆိုင်နိုင်သော ထူးခြားသည့် စွမ်းအားတစ်မျိုး ဖြစ်သော်ငြား ရန်ကိုင်၏ လေဟာနယ်ဓါးသွားသည် သူမှအပ အခြားမည်သူမှ မသုံးနိုင်သည့် ခုခံဖို့ရာ မဖြစ်နိုင်လှသော လူသတ်တိုက်ကွက်တစ်ခုပင် ဖြစ်လေသည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၂၀၇)

သဲမီးတောက်နယ်မြေထဲသို့ ဝင်လာရသော ရှားရှားပါးပါး အချိန်လေးကို ဤနေရာတွင် လာဖြုန်းနေရခြင်းမှာ ဤကဲ့သို့သော နေရာမျိုးသည် အလွန်ကိုမှ ရှားပါးနေသည်က တစ်ကြောင်း၊ သူ့စိတ်ထဲ မသက်မသာ ဖြစ်နေသည်က တစ်ကြောင်းတို့ကြောင့် ဖြစ်သည်။

သူ့လက်ရှိခွန်အားဖြင့် သူတော်စင်ဘုရင်အဆင့် ပညာရှင်များနှင့် ရင်ဆိုင်ရလျှင် ဘာပြဿနာမှ မရှိသော်လည်း တန်ခိုးရှင်အဆင့် ပညာရှင်များဆိုလျှင်မူ မတူတော့ချေ။ ကျောက်တုံးလိုဏ်ဂူထဲတွင် တွေ့ခဲ့သော မျက်နှာ မာမာထန်ထန်နှင့် လူငယ်လေးကိုပင် နိုင်မနိုင် မသေချာသေးချေ။

ဤအရိပ်ကြယ်နှင့် ကြယ်စီရင်စုထဲတွင် သူသည် အဖော်မဲ့ တစ်ကောင်ကြွက် ဖြစ်သည်။ သူ့တွင် မှီခိုစရာမည်သူမှ မရှိချေ။

ချင်းတုန် သူ့အား အထူးတလည် အရေးပေး ဆက်ဆံနေရခြင်းမှာ သူ့နောက်ကွယ်ရှိ အတုအယောင် ပန်းပဲပညာရှင်နှင့် ဆက်ဆံရေးတည်ဆောက်ချင်သောကြောင့် ဖြစ်သည်။ သို့သော်လည်း သူထင်နေသော ပညာရှင် အမှန်တကယ် မရှိမှန်း သိသွားခဲ့သည့်အချိန်တွင် သူ့အပေါ် ချင်းတုန်၏ သဘောထား ရုတ်ချည်း ပြောင်းလဲသွားမလား မည်သူမှ မပြောနိုင်။

ထို့ကြောင့် ဖြစ်နိုင်လျှင် အတတ်နိုင်ဆုံး မြန်မြန် အားကောင်းလာနေချင်မိသည်။ ထိုကဲ့သို့ အားကောင်းလာသည့် အခါမှပဲ အခြားသူများနှင့် ရင်ဆိုင်ရသည်အခါ ကြဉ်းထဲကြပ်ထဲ ရောက်တော့မည် မဟုတ်‌ျေ။

ဤကြယ်စီရင်စုကြီးထဲတွင် သူသည် အဖော်မဲ့ တစ်ကောင်ကြွက် ဆိုသည့်တိုင် သူ့တွင် ပူပန်စရာ များစွာ ရှိပေသည်။

ယနေ့တွင်၊ လျှိုမြောင်၏ အဆုံးတစ်ဖက်စီမှ အနီရောင်အလင်းတစ်ချက် လက်သွားသည်။ ရန်ကိုင်လည်း ဘာများလဲဟု မော့ကြည့်လိုက်သည့်အခိုက် မြင်လိုက်ရသည့် အရာကြောင့် ကြောင်သွားခဲ့လေသည်။

နောက်ထပ် မီးစုန်းတစ်ခုပင်။

လွန်ခဲ့သော သုံးရက်ခန့်က မြင်ခဲ့သော မီးစုန်းကဲ့သို့ပင်၊ ယခုလက်ရှိ မီးစုန်းသည်လည်း လျှိုမြောင်ထဲသို့ ပျံသန်းလာနေခဲ့သည်။ မီးစုန်းကို ရန်ကိုင် မြင်လိုက်သည့်အခိုက် ထိုအရာသည် ထူးဆန်းသော လေဟာနယ်ထဲသို့ ဝင်သွားခဲ့လေပြီ။

ထူးဆန်းသော လေဟာနယ်ထဲသို့‌ ရောက်သွားသည်နှင့် တစ်ပြိုင်နက် မီးစုန်း၏ အမြန်နှုန်း သိသိသာသာကို ထိုးကျသွားခဲ့သည်။ ယခင်တစ်ကြိမ် အဖြစ်အပျက်ကြောင့် အတွေ့အကြုံ ရပြီးသွားပြီ ဖြစ်လေရာ ရန်ကိုင်လည်း ချက်ချင်း လှုပ်ရှားလိုက်လေသည်။ မီးစုန်း ဖြတ်သန်းသွားမည့် လမ်းကြောင်းကို ခန့်မှန်းရင်း အားကုန်သုံး ရွေ့လျားလိုက်သည်။

ယခုတစ်ကြိမ်တွင်လည်း သူကံမကောင်းခဲ့ချေ။ မီးစုန်း ဖြတ်သွားမည့် နေရာသည် သူနှင့် သုံးမီတာအကွာတွင် ဖြစ်သည်။ မီးစုန်းကို ဖမ်းချင်သည်ဆိုပါက မီးစုန်း သူ့နားမရောက်ခင် ထိုသုံးမီးတာ အကွာဆီသို့ ရောက်အောင် သွားရပေမည်။

ဤထူးဆန်းသော ဟင်းလင်းပြင်နှင့် အသားကျနေပြီဖြစ်ပြီး လေဟာနယ်စွမ်းအားကို ပို၍ ကျွမ်းကျွမ်းကျင်ကျင် အသုံးချလာနိုင်ပြီ ဖြစ်သော်လည်း ဤနေရာတွင် အလျင်အမြန် လှုပ်ရှားဖို့ရာ အလွန်ကိုမှ ခက်ခဲပေသည်။

သုံးမီတာအကွာနားသို့ ရောက်လုနီးနီးမှာပဲ မီးစုန်းသည် သူ့အား နောက်တစ်ကြိမ် ဖြတ်ကျော်သွားခဲ့လေသည်။ ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့ပြီး သုံးကြိမ်တိုင်တိုင် ဖမ်းမမိခဲ့သည့် မီးစုန်းကို စိုက်ကြည့်လိုက်သည်။

ဝေကုချန် ပြောစကားအရ မီးစုန်းများသည် အမှန်တကယ်ကို အဖိုးတန်ကြသလို အလွန်ကိုမှလည်း ရှားပါးကြသည်။ သဲမီးတောက်နယ်မြေသို့ ဝင်လာကြသော အချို့လူများသည် မီးစုန်းကို တစ်ခါမှပင် မမြင်ဖူးကြချေ။

ထိုစကားသည် အစပိုင်းတွင် မှန်သည်။ သဲမီးတောက်နယ်မြေ၏ ပထမအလွှာကို ဖြတ်ကျော်စဉ်က မီးစုန်း တစ်ကောင်နှင့် တွေ့ခဲ့သည်။ သာမန်ထက် ပိုမိုအားကောင်းသည့် သူ့ကောင်းကင်စိတ်အာရုံကြောင့်သာ ထိုမီးစုန်းကို သတိပြုမိခဲ့ခြင်း ဖြစ်သည်။ မဟုတ်လျှင် သူ့နားမှ မီးစုန်းဖြတ်သွားလို့ ဖြတ်သွားမှန်းပင် မသိလိုက်ချေ။

သို့သော်လည်း ဝေကုချန်၏ ပြောစကားသည် ပထမအလွှာအတွက်သာ မှန်သည့်ပုံပင်။

ရန်ကိုင် ယနေ့ ရှိနေသော တတိယအလွှာထဲတွင် မီးစုန်းများစွာ ရှိနေသည့်ပုံပင်။ တစ်ပတ်အတွင်း သူ့နားမှ ဖြတ်သွားသော မီးစုန်းနှစ်ခုတိတိကို မြင်ခဲ့ရသည်။

ထို့အပြင် ထိုမီးစုန်းနှစ်ခုစလုံး ဖြတ်သွားသည့် လမ်းကြောင်းမှာလည်း အတူတူပင်။ နောက်ထပ် သုံးရက်ကြာလျှင်ကော မီးစုန်းနောက်တစ်ခုကို ထပ်မြင်ရမည်လော။

သို့သော်လည်း မီးစုန်းများသည် ဤနေရာသို့ တကူတက လာနေရအောင် ဤနေရာတွင် ဘာများရှိနေလေသနည်း။ လျှိုမြောင်ထဲတွင် မီးစုန်းများအား ဆွဲဆောင်နေသည့် တစ်ခုခု ရှိနေခြင်းလား။

ရန်ကိုင်စိတ်ထဲ မေးခွန်းပေါင်းစုံ ဖြတ်ပြေးသွားခဲ့သည်။ မျက်နှာ အမူအရာမှာလည်း မျိုးစုံပြောင်းနေခဲ့သည်။ ထိုအကြောင်း တွေးနေရသဖြင့် လေဟာနယ်တာအိုကိုပင် မကျင့်ကြံနိုင် ဖြစ်နေခဲ့သည်။

မကြာမီ ရန်ကိုင် ခေါင်းခါလိုက်သည်။ အစောပိုင်းက သူမြင်လိုက်သော မီးစုန်း နှစ်ကောင်သည် တစ်ကောင်တည်း ဖြစ်ဖြစ်မဖြစ်ဖြစ်၊ လျှိုမြောင်ထဲတွင် မီးစုန်းများကို မလာလာအောင် ဆွဲဆောင်နေသော တစ်ခုခုရှိရှိမရှိရှိ စောင့်ကြည့်လိုက်လျှင် သိရပေလိမ့်မည်။

ရန်ကိုင် လေဟာနယ်ဓါးသွားကို ပြန်ကျင့်ကြံနေလိုက်သည်။ သို့သော် ယခုတစ်ကြိမ်တွင် လျှိုမြောင်၏ အပေါက်ဝဘက်ကိုပါ အာရုံစိုက်ထားခဲ့သည်။

အချိန်သည် တဖြည်းဖြည်း ကုန်ဆုံးနေခဲ့သည်။ သုံးရက်ကြာပြီးသည့် အချိန်တွင် မီးစုန်း ပေါ်လာမည်ဟု မျှော်လင့်ထားသဖြင့် ရန်ကိုင်သည် လေဟာနယ်ဓါးသွားကို ဖန်တီးနေရင်း လျှိုမြောင်အပေါက်ကို သေချာအာရုံ စိုက်ထားလိုက်သည်။

သို့သော်လည်း နေ့တစ်ဝက်ကြာအောင် စောင့်ကြည့်နေသည့်တိုင် မည်သည့် မီးစုန်းမှ ပေါ်မလာခဲ့ချေ။

ထိုကြောင့် ရန်ကိုင် အတော်လေး စိတ်ပျက်သွားခဲ့ရသည်။

သို့သော်လည်း ယခု နောက်ထပ်မီးစုန်းတစ်ကောင် ပေါ်မလာသဖြင့် သူပထမ မြင်လိုက်သော မီးစုန်းနှစ်ကောင်သည် တစ်ကောင်တည်း မဟုတ်တော့မှန်း သေချာသွားလေပြီ။ တစ်ကောင်တည်းသာ ဆိုလျှင် ပုံမှန်ပေါ်လာရပေလိမ့်မည်။ ပေါ်ချင်တိုင်း ပေါ်လာနေသဖြင့် တစ်ကောင်တည်း မဟုတ်ဟု ရန်ကိုင် ကောက်ချက်ချလိုက်ခြင်း ဖြစ်သည်။

လေးရက်မြောက်နေ့တွင် တစ်ခုခု ခံစားမိလိုက်သဖြင့် လျှိုမြောင်ဝင်ပေါက်ဆီ လှမ်းကြည့်လိုက်သည်။ လှည့်ကြည့်လိုက်သည့် အချိန်မှာပဲ မြင်လိုက်ရသည့် အရာကြောင့် ရန်ကိုင် စိတ်အားတက်ကြွသွားခဲ့ရလေသည်။

သူ့ခန့်မှန်းချက် မှန်နေလေပြီ။ ဤလျှိုမြောင်ထဲတွင် မီးစုန်းများအား ဆွဲဆောင်နေသည့် တစ်ခုခု ရှိနေခဲ့သည်။ အကြောင်းမှာ ယနေ့တွင်လည်း မီးစုန်း ထပ်ပေါ်လာသောကြောင့် ဖြစ်ပေသည်။ သို့သော်လည်း အံ့အားသင့်စရာသည်ကား ယနေ့တွင် မီးစုန်း တစ်ကောင်တည်း လာခြင်းမဟုတ်ဘဲ နှစ်ကောင်လာခြင်း ဖြစ်သည်။ နှစ်ကောင်စလုံးသည် ဘေးချင်ယှဉ်လျက် လာနေခဲ့ပြီး တစ်ချိန်တည်း ထူးဆန်းသော လေဟာနယ်ထဲသို့ ဝင်လာခဲ့သည်။

ရန်ကိုင်လည်း ချက်ချင်းပဲ လှုပ်ရှားလိုက်လေသည်။ ယခင်နှစ်ကြိမ် မအောင်မြင်ထားသဖြင့် အတော်လေး အတွေ့အကြုံ ရှိနေပြီဟု ပြော၍ရသည်။ ယခုတစ်ကြိမ် မြေကြီးလက်ခတ် အောင်မြင်မည်မှန်း သေချာပေသည်။

သို့သော်လည်း ပေါ်လာသည့် နှစ်ကောင်သည် တစ်ကောင်နှင့် တစ်ကောင် သုံးမီတာ ခြားနေသဖြင့် နှစ်ကောင်စလုံးကို တစ်ကောင်တည်း ဖမ်းဖို့ရာ မဖြစ်နိုင်ချေ။ တစ်ခဏတာ တုန့်ဆိုင်းနေပြီးနောက် အနီးဆုံး မီးစုန်းဆီ ရွေ့သွားလိုက်ပြီး ကျောက်စိမ်းပုလင်း တစ်ပုလင်းကို ထုတ်ယူလိုက်သည်။

ဝေကုချန်းသည် မီးစုန်း၏ အသုံးဝင်ပုံများနှင့် အန္တရာယ်များအကြောင်းကို သူ့အား ရှင်းပြခဲ့သည်။ သို့သော် မီးစုန်းအား မည်ကဲ့သို့ စုဆောင်းရမလဲ ဆိုသည်ကိုမူ ပြောမသွားခဲ့ချေ။ သူကိုယ်တိုင်လည်း မသိသည်မှာ ဖြစ်လောက်သည်။

ထို့ကြောင့် ရန်ကိုင်လည်း စမ်းမိစမ်းရာဖြင့် ကျောက်စိမ်းပုလင်းဖြင့်သာ အရင်စမ်းရန် ဆုံးဖြတ်လိုက်သည်။ အလုပ်ဖြစ်မဖြစ်ကိုမူ သူမသိချေ။ မဖြစ်လျှင် နောက်တစ်နည်းလမ်း စဉ်းစားရပေမည်။

ထူးဆန်းသော လေဟာနယ်ထဲ အနေကြာလာသဖြင့် ရန်ကိုင်သည် ထိုလေဟာနယ်နှင့် အတော်လေး အသားကျနေခဲ့လေပြီ။ ယခုဆိုလျှင် ယခင်ကထက် ပို၍ မြန်မြန် လှုပ်ရှားနိုင်လေပြီ။ မီးစုန် မရောက်ခင် ရန်ကိုင်က မီးစုန်းရှေ့ အရောက်သွားလိုက်သည်။

မီးစုန်းအား တည့်တည့်စိုက်ကြည့်၍ သူတော်စင်ချီကို စုစည်းလျက် သူ့လက်ဝါးကို မီးစုန်းဆီ တွန်းလွှတ်လိုက်လေသည်။

ယခင်ကလည်းက ထူးဆန်းသော လေဟာနယ်ကြောင့် နှေးကွေးနေသော မီးစုန်းသည် ရန်ကိုင်၏ လက်ဝါးချက်ကို ရင်ဆိုင်လိုက်ရသည့်အခါ ပို၍ နှေးကွေးသွားခဲ့ရသည်။ ရန်ကိုင်လည်း ချက်ချင်းပဲ အသင့်ပြင်ထားသော ကျောက်စိမ်းပုလင်းကို ဖွင့်ကာ ရှေ့တိုးလာနေသော မီးစုန်းရှေ့ ချလိုက်သည်။

မီးစုန်းလည်း ကျောက်စိမ်းပုလင်းထဲ အလွယ်တကူ ဝင်သွားခဲ့လေသည်။ ဖြစ်စဉ် တစ်ခုလုံးသည် အလွန်တရာကိုမှ ချောမွေ့လှသည်။ သို့သော်လည်း ချက်ချင်းဆိုသလို ကျောက်စိမ်းပုလင်းတစ်ပုလင်းကို ပြာဖြစ်သွားခဲ့သည်။

သို့သော်လည်း ရန်ကိုင် အံ့အားသင့်မနေခဲ့။ ကြံရာမရတော့သည့်အဆုံး သူ့လက်ဖြင့် မီးစုန်းကို လှမ်းဖမ်းလိုက်လေသည်။ မီးစုန်းက မခုခံနိုင်သေးခင်မှာပဲ နတ်ဆိုးမီးတောက်ကို ထုတ်လွှတ်၍ မီးစုန်းအား နတ်ဆိုးမီးတောက် အလွှာပေါင်းများစွာဖြင့် ဖမ်းချုပ်လိုက်သည်။

ချစ်ချစ်တောက် ပူပြင်းလှသော အပူချိန် နတ်ဆိုးမီးတောက်အား တိုက်ခိုက်နေသည်ကို ရန်ကိုင် ခံစားမိပေသည်။ မီးစွမ်းအင် နှစ်မျိုစလုံးသည် စွမ်းအား တူညီနေခဲ့သည်။ မီစုန်းသည် ခေါင်းမာမာဖြင့် ရန်ကိုင် ဖန်တီးထားသော နတ်ဆိုးမီးတောက် အကာအရံကို အဆက်မပြတ် တိုက်ခိုက်နေခဲ့သည်။

သို့သော်လည်း ရန်ကိုင်သည် မီးစုန်းအား မည်ကဲ့သို့အ ခွင့်အရေး ပေးနိုင်မည်နည်း။ နတ်ဆိုးမီးတောက် နည်းနည်းလေးဖြင့် မရသေးသည်ကိုမြင်သော် ချက်ချင်းပဲ သူတော်စင်ချီကို အရှိန်ကုန်တင် လှည့်ပတ်ကာ နတ်ဆိုးမီးတောက်ကို အားဖြည့်ပေးလိုက်သည်။

ခဏအကြာ၌ နတ်ဆိုးမီးတောက်ထဲတွင် ချုပ်နှောင်ထားခံရသော မီးစုန်း ငြိမ်ကျသွားခဲ့လေသည်။ လက်သီးဆုပ်အရွယ် အနက်ရောင် မီးတောက်ဘောလုံးလေးကို ကြည့်ရင်း ရန်ကိုင် ပြုံးဖြီးဖြီး ဖြစ်သွားခဲ့သည်။

နှစ်ကြိမ်တိုင်တိုင် ကျရှုံးပြီးနောက် သုံးကြိမ်မြောက်တွင် မီးစုန်းတစ်ကောင်ကို ဖမ်းနိုင်ခဲ့လေပြီ။

ယခင်နှစ်ကြောင် လွတ်သွားသည့် အတွက်ကြောင့် န၇်ကိုင် စိတ်ပျက်မသွားခဲ့။ ဤနေရာသည် မီးစုန်းများ ဖြတ်သွားသည့် နေရာတစ်ခု ဖြစ်နေမှဖြင့် ဤနေရာတွင် ထိုင်စောင့်၍ ဖမ်းရုံပင်။

နတ်ဆိုးမီးတောက်ဖြင့် ဖန်တီးထားသော လက်သီးဆုပ်အရွယ် မီးလုံးလေးကို သိုလှောင်လက်စွပ်ထဲ ထည့်မရသဖြင့် နတ်ဆိုးစာအုပ်ထဲသို့သာ ထည့်သိမ်းထားလိုက်သည်။ မီးစုန်းတစ်ကောင်ကို ဖမ်းလိုက်နိုင်သဖြင့် စိတ်ထဲ အတော်လေး နေလို့ထိုင်လို့ ကောင်းနေသည်။ ထို့ကြောင့် လေဟာနယ်ဓါးသွားကို လေ့လာရာတွင် ယခင်ထက် ပို၍ ခရီးရောက်ခဲ့ရသည်။ လေဟာနယ်စွမ်းအားကို အသုံးပြုရာတွင်လည်း ကျွမ်းကျင်လာပြီး ထူးဆန်းသော လေဟာနယ် သူ့အပေါ် သက်ရောက်နေသော ဖိအားမှာလည်း အတော်လေး လျော့နည်းသွားခဲ့သည်။

တစ်လကြာပြီးနောက် ယခင်နည်းလမ်းဖြင့် နောက်ထပ်မီးစုန်းတစ်ကောင်ကို ရန်ကိုင် ထပ်ဖမ်းနိုင်ခဲ့သည်။ ဤနေရာတွင် သူကျင့်ကြံနေသည်မှာ လဝက်ရှိနေချေပြီ။ ထိုလဝက် အတွင်းတွင်လည်း မီးစုန်း စုစုပေါင်း ကိုးကောင်ကို ဖမ်းနိုင်ခဲ့သည်။

ထိုပမာဏသည် သမိုင်းကြောင်းတစ်လျှောက်တွင် ကျင့်ကြံသူများ ဖမ်းမိခဲ့သည် မီးစုန်းအရေအတွက် ဖြစ်လောက်သည်။ သို့သော်လည်း ရန်ကိုင် အနည်းငယ် နောင်တရမိနေသည်။

လေဟာနယ်စွမ်းအားကို သူပို၍ အသုံးချတတ်လာသည်နှင့်အမျှ ဤထူးဆန်းသော လေဟာနယ်သည် သူ့အတွက် အသုံးဝင်မှု လျော့နည်းလာခဲ့ရသည်။ သူသာ လေဟာနယ်ဓါးသွားကို ဆက်လက် ထုတ်ဖော်နေမည်ဆိုပါက အနှေးနှင့်အမြန် ဆိုသလို ဤထူးဆန်းသော လေဟာနယ် ပျက်စီးသွားလောက်သည်။

ထူးဆန်းသော လေဟာနယ်မရှိဘဲနှင့် မီးစုန်းများကို မည်ကဲ့သို့ ဖမ်းနိုင်မည် မဟုတ်ချေ။ မီးစုန်းများကို ဖမ်းဖူးသည် ဆိုသည့်တိုင် ထိုကဲ့သို့ ဖမ်းနိုင်ခြင်းသည် ထူးဆန်းသော လေဟာနယ်၏ အကူအညီကြောင့် ဖြစ်သည်။

သူ့အနေဖြင့် ဤနေရာတွင် နောက်ထပ် ဆယ်ရက်လောက်သာ ထပ်ကျင့်နိုင်တော့မည်။ ထို့ထက်ပိုကျင့်ကြံနေ၍လည်း ဘာမှ အကျိုးထူးတော့မည်မဟုတ်။ ထို့ကြောင့် နောက်ဆုံးအချိန်ထိ ဤနေရာကို အကျိုးရှိရှိ အသုံးချသွားရန် ပြင်လိုက်သည်။

ဆုံးဖြတ်ပြီးသည်နှင့် ဖမ်းမိထားသော မီးစုန်းကို အနက်ရောင်စာအုပ်ထဲ ပစ်ထည့်လိုက်ပြီး လေဟာနယ်စွမ်းအားကို ကျင့်ကြံရာတွင် ပြန်အာရုံစိုက်လိုက်သည်။

ရက်အတော်ကြာပြီးသည့်တိုင် မည်သည့် မီးစုန်းမှ ပေါ်မလာသေး။ သို့သော် ယနေ့တွင် နောက်ထပ် မီးစုန်းတစ်ကောင်၏ အရှိန်အဝါကို ရန်ကိုင် အာရုံခံမိလိုက်သည်။

ရန်ကိုင်လည်း လုပ်ရိုးလုပ်စဉ်အတိုင်း ထိုမီးစုန်းကို ဖမ်းလိုက်လေသည်။ မကြာမီ အနက်ရောင်မီးတောက် ဘောလုံးလေးတစ်လုံး သူ့လက်ထဲတွင်‌ ပေါ်လာခဲ့သည်။

သို့သော်လည်း အနက်ရောင်မီးတောက် ဘောလုံးကို အနက်ရောင်စာအုပ်ထဲ ပစ်မထည့်ရသေးခင်မှာပဲ လေခွင်းသံ၊ အဝတ်စရိုက်ခတ်သံများ၊ အံ့အားသင့်တကြီး အော်ဟစ်သံများကို ကြားလိုက်ရသည်။ ရန်ကိုင် မျက်မှောင်ကြုတ်လိုက်ပြီး အနက်ရောင် ဘောလုံးကို အနက်ရောင်စာအုပ်ထဲ ချက်ချင်း ပစ်ထည့်လိုက်ကာ ရောက်လာသော ကျင့်ကြံသူများကို လှမ်းကြည့်လိုက်သည်။

ကြည့်လိုက်သည်နှင့် တစ်ပြိုင်နက် ရန်ကိုင်မျက်နှာ မှုတ်ကုတ်သွားခဲ့သည်။ ရောက်လာသည့် ကျင့်ကြံသူများသည် အခြားမဟုတ်၊ ကောင်းကင်တိုက်ပွဲအစည်းအရုံးမှ ကျင့်ကြံသူများ ဖြစ်ပေသည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၂၀၈)

ကောင်းကင်တိုက်ပွဲအစည်းအရုံးမှ ကျင့်ကြံသူများနှင့် အခြား ကျင့်ကြံသူများကို ခွဲခြားရ အလွန် လွယ်ကူပေသည်။ ကောင်းကင်တိုက်ပွဲ အစည်းအရုံးမှ တပည့် တစ်ယောက်ချင်းစီတိုင်းသည် တော်ဝင်ဆန်ပြီး မောက်မာမာနကြီးသော အသွင်အပြင်ကို ပေးစွမ်းသည့် ရွှေရောင်ဝတ်ရုံများကို ဝတ်ဆင်ထားကြသည်။

ထို့အပြင် ထိုဂိုဏ်းမှ ကျင့်ကြံသူများသည် သွေးနားထင်ရောက်နေသည့် ကျင့်ကြံသူများ ဖြစ်ကြသည်။ မိုးကြိုးမုန်တိုင်းဂိုဏ်းမှလွဲ၍ ဘယ်သူ့ကိုမှ လူမထင်သည့် ကျင့်ကြံသူများ ဖြစ်သည်။

ကောင်းကင်တိုက်ပွဲ အစည်းအရုံးသည် ဂိုဏ်းအားလုံးထဲတွင် တုဖက်ကင်းပြီး အခြားသူများ သူတို့ကို မြင်လိုက်သည်နှင့် ကောင်းကင်တိုက်ပွဲ အစည်းအရုံးမှ တပည့်များဟု မသိသွားမည်ကိုပင် စိုးရိမ်နေကြသည်။ သူတို့ရင်ဘတ်နေရာတွင် ထိုးထွင်းထားသော “တိုက်ပွဲ”ဆိုသည့် စကားလုံးသည် အလွန်ကိုမှ သိသာထင်ရှားလှရာ အဝေးမှပင် လှမ်းမြင်နိုင်ပေသည်။

ချူချန်ဖုန်းကြောင့် ရန်ကိုင်သည် ကောင်းကင်တိုက်ပွဲ အစည်းအရုံးကို ကြည့်မရချေ။ ရောက်လာသည့်လူများသည် ကောင်းကင်တိုက်ပွဲ အစည်းအရုံးမှ လူများဖြစ်နေမှန်း သိပြီးနောက် ယနေ့ ငြိမ်ချမ်းတော့မည် မဟုတ်မှန်း ရန်ကိုင် နားလည်လိုက်သည်။ သူယခုလေးတင် မီးစုန်း တစ်ကောင်အား ဖမ်းဆီးလိုက်သည်ကို ထိုလူများ ကျိန်းသေ မြင်သွားပေလိမ့်မည်။

သူတို့ ဘယ်လောက်အထိ မြင်သွားသလဲ ဆိုသည်ကိုသာ သူ မသိခြင်း ဖြစ်သည်။

မကြာမီ ကောင်းကင်တိုက်ပွဲအစည်းအရုံးမှ တပည့်လေးယောက် ရန်ကိုင်ရှေ့သို့‌ေ ရာက်လာခဲ့သည်။

ကောင်းကင်တိုက်ပွဲအစည်းအရုံးသည် အမှန်တကယ်ကို အမွေအနှစ် ပေါကြွယ်ဝသည့် အင်အားစုတစ်ခု ဖြစ်ပေသည်။ ယခု ရောက်လာသည့် လူလေးယောက်စလုံးသည် သူတော်စင်ဘုရင် တတိယအဆင့် ကျင့်ကြံသူများ ဖြစ်ကြသည်။ သူတို့ကိုယ်မှ သူတော်စင်ချီ အရှိန်အဝါမှာလည်း သာမန်သူတော်စင်ဘုရင် တတိယအဆင့် ကျင့်ကြံသူများ ပိုင်ဆိုင်ထားသည့် သူတော်စင်ချီထက် ပို၍ သိပ်သည်းသန့်စင်ပေသည်။ ထို့အပြင် တစ်ယောက်ချင်းစီတိုင်းမှ ပြာနုနု အရောင်အဝါများ ဖြာထွက်နေသည်။ ထိုအရောင်အဝါများသည် ဤနေရာရှိ အပူဓါတ်နှင့် မီးအဆိပ်ကို ခုခံရန်အတွက် သူတို့ ဝတ်ဆင်ထားသည့် အဆင့်မြင့် ရေခဲဓါတ် မှော်ရတနာများမှ ထွက်ပေါ်နေခြင်း ဖြစ်သည်။

အဖွဲ့ခေါင်းဆောင် ဖြစ်ဟန်တူသော သက်လတ်ပိုင်းလူကြီးက ရန်ကိုင်အား ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေးကြည့်လိုက်သည်။ ရန်ကိုင်၏ ကျင့်ကြံခြင်းကို မြင်ပြီးနောက် အံ့အားသင့်သွားခဲ့သလို မျက်ခုံးလည်း ပင့်သွားခဲ့သည်။

ရန်ကိုင်ကဲ့သို့ သူတော်စင်ဘုရင် ပထမအဆင့်သာ ရှိသေးသော ကျင့်ကြံသူတစ်ယောက်သည် ဤကဲ့သို့ အပူဓါတ်အလွန်ပြင်းထန်သော ပတ်ဝန်းကျင်မျိုးတွင် မည်ကဲ့သို့ ရှင်သန်နိုင်လဲ ဆိုသည်ကို သူနားမလည်နိုင် ဖြစ်နေခဲ့သည်။ ထို့အပြင် ရန်ကိုင်သည် မည်သည့် အကာအကွယ် မှော်ရတနာကိုမှ အသုံးပြုမထားချေ။ ကိုယ်ခန္ဓာသက်သက်ဖြင့် ဤနေရာရှိ အပူဓါတ်ကို တောင့်ခံနေခြင်း ဖြစ်သည်။ ထိုအချက်ကို နားလည်လိုက်သည်နှင့် သက်လတ်ပိုင်းလူကြီး၏ အမူအရာ အနည်းငယ် လေးနက်တည်ကြည်သွားခဲ့သည်။

မည်သည့် မှော်ရတနာကိုမှ မသုံးဘဲ သူတော်စင်ချီ သက်သက်ဖြင့် ဤနေရာရှိ အပူဓါတ်နှင့် မီးအဆိပ်ကို ခုခံနိုင်သူတိုင်းသည် သာမန်လူများ မဟုတ်ကြချေ။

“အခုလေးတင် မီးစုန်းကို ဖမ်းလိုက်တာ သူလား” သက်လတ်ပိုင်းလူကြီးဘေးတွင် ရှိနေသာ ကျင့်ကြံသူတစ်ယောက်က ရန်ကိုင်အား အံ့အားသင့်တကြီး စိုက်ကြည့်ရင်း မေးလိုက်သည်။

ရန်ကိုင် မီးစုန်းကို ဖမ်းလိုက်စဉ်က သူတို့သည် အတော်ဝေးဝေးတွင် ရှိနေသည့် အတွက်ကြောင့် သေချာမမြင်လိုက်ရသည့်အတွက် အတည်ပြုနေခြင်း ဖြစ်သည်။

“မဖြစ်နိုင်လောက်ဘူး။ မီးစုန်းကို ဖမ်းဖို့ အဲ့လောက်မလွယ်ဘူး။ တတိယအလွှာမှာ မီးစုန်းတွေ အများကြီးရှိတယ် ဆိုပေမယ့် ဖန်ထျန်းဇုံတောင် မဖမ်းနိုင်ခဲ့တာဟာကို သူက ဘယ်လိုလုပ်ပြီး ဖမ်းနိုင်မှာလဲ” မျောက်မျက်နှာနှင့် ကျင့်ကြံသူက ဖြည်းဖြည်းချင်း ခေါင်းခါရင်း ပြောလိုက်သည်။

“မေးကြည့်ရင် သိမှာပဲ မဟုတ်ဘူးလား” ခပ်ပိန်ပိန်နှင့်လူက အဓိပ္ပါယ်ပါပါ ပြုံးလိုက်ပြီး ရန်ကိုင်ဘက်သို့လှည့်၍ မေးလိုက်သည် “ကောင်လေး၊ မင်းအခု ကောက်လိုက်သိမ်းတာ ဘာလဲ၊ ငါ့ကို ထုတ်ပြစမ်း”

“ကျုပ်ဘာသာ ဘာသိမ်းသိမ်း ခင်ဗျားနဲ့ ဘာဆိုင်လို့လဲ” ရန်ကိုင်က ထိုလေးယောက်ကို တည်တည်ငြိမ်ငြိမ် အကြောက်အလန့်ကင်းကင်းဖြင့် ပြန်ကြည့်လိုက်သည်။

“ဟားဟားဟား…” ခပ်ပိန်ပိန်နှင့်လူက ရယ်မောရင်း ခေါင်းတညိတ်ညိတ်ဖြင့် “ဟုတ်တယ်နော်။ ငါတို့နဲ့မှ ဘာမှမဆိုင်တာ။ ဒါပေမယ့်၊ ကောင်လေး၊ ငါတို့ ဘယ်သူလဲဆိုတာ မင်းသိလား။ မင်းမသိဘဲနဲ့တော့ မနေလောက်ဘူး။ သိရက်နဲ့တောင် အခုလိုစကားမျိုး ပြောရဲတယ်ဆိုတော့၊ စိတ်ဝင်စားဖို့တော့ကောင်းသား”

ပြောပြီးသည်နှင့် သူ့အမူအရာ ရုတ်ချည်း အေးစက်သွားခဲ့ပြီး “ကောင်လေး၊ အသက်ရှင်ချင်တယ်ဆို မင်းအခုကောက်သိမ်းတာကို ထုတ်လိုက်။ ငါစိတ်ကျေနပ်ရင် မင်းအသက်ကို ချမ်းသာပေးမယ်။ မဟုတ်ဘူးဆိုရင်တော့… ဟဲဟဲဟဲ…”

ရန်ကိုင်အား တောက်လျှောက် စောင့်ကြည့်နေသော သက်လတ်ပိုင်းလူကြီး၏ မျက်ခုံးကြောတို့ တွန့်ကွေးသည်ထက် တွန့်ကွေးလာနေခဲ့သည်။ သို့သော် နောက်ဆုံးတွင် သူ့မျက်ခုံးကြောတို့ ပြေလျော့သွားခဲ့လေသည်။ ရန်ကိုင်သည် ပုံမှန်နှင့်မတူ ထူးထူးခြားခြား တည်ငြိမ်လွန်းနေသော်လည်း နောက်ဆုံးတွင် သူသည် တစ်ယောက်တည်းသာ ဖြစ်သည်။ သူတို့လေးယောက်ဖြင့် ထိုလူငယ်လေးတစ်ယောက်ကို မကိုင်တွယ်နိုင်ဟု သက်လတ်ပိုင်းလူကြီး မယုံပါချေ။

ဤလောကကြီးတွင် မဖြစ်စလောက် အရည်အချင်လေးကိုသာ ပိုင်ဆိုင်လျက် သူတို့ကိုယ်သူတို့ မဟာပါရမီရှင်ကြီးများ တွေးထင်သူများ များစွာရှိကြသည်။ ထိုကဲ့သို့သော ကျင့်ကြံသူများစွာကိုလည်း သက်လတ်ပိုင်းလူကြီး ကြုံတွေ့ခဲ့ဖူးသည်။ ယခင်အခါက သူကိုယ်တိုင်လည်း ထိုကဲ့သို့သော လူတစ်ယောက် ဖြစ်ခဲ့ဖူးသည်။ သို့သော်လည်း ချူချန်ဖုန်း၏ အဆက်မပြတ် အကြိမ်ပေါင်းများစွာ ဖိနှိပ်ခြင်း ခံခဲ့ရပြီးနောက် တစ်တောင်အထက်တွင် ပိုမြင့်သော နောက်တစ်တောင် ရှိသေးမှန်းကို သက်လတ်ပိုင်းလူကြီး နားလည်သွားခဲ့ရသည်။

ရန်ကိုင်သည်လည်း ထိုကဲ့သို့သော လူတစ်ယောက် ဖြစ်လိမ့်မည်ဟု သက်လတ်ပိုင်းလူကြီး ထင်နေခဲ့သည်။ ထိုကဲ့သို့သော လူများသည် ဆိုးဆိုးရွားရွား ခံစားပြီးမှသာ သူတို့အခြေအနေကို နားလည်ကြသည်။

သူသည် ချူချန်ဖုန်းနှင့် တစ်ဂိုဏ်းတည်း ဖြစ်နေသည်မှာ ကံကောင်းသွားခဲ့သည်။ မဟုတ်လျှင် မောက်မာသော သူ့စရိုက်ကြောင့် အသက်ဆုံးရှုံးပြီးနေလောက်ပေပြီ။ ဤလောကကြီး၏ အမှန်တရားကို နားလည်သွားပြီးနောက် သက်လတ်ပိုင်းလူကြီးသည် ယခင်ထက် ပို၍ နှိမ့်နှိမ့်ချချ နေထိုင်လာခဲ့သည်။

“မင်းကို ဘာပေးစေချင်နေတာလဲ။ ပြီးတော့ မင်းက ဘာကောင်မို့လို့လဲ” ရန်ကိုင်က ခပ်ပိန်ပိန်နှင့် လူကြီးကို အေးစက်စက် အကြည့်ဖြင့် ပြန်စိုက်ကြည့်လိုက်သည်။

“မင်းက ဇောင်းကြွလှချည်လား။ ကောင်းကောင်းမွန်မွန် ပြောနေတုန်းမရရင် ငါလက်ပါတော့မှာနော်” ရန်ကိုင် ထိုမျှ မောက်မာလိမ့်မည်ဟု ခပ်ပိန်ပိန်နှင့်လူ မထင်ထားခဲ့ချေ။

ထိုစကားလုံးများသည် သူခြိမ်းခြောက်ခဲ့သည့် အကြိမ်တိုင်း အောင်မြင်ခဲ့သည်ချည်းသာ။ မည်သူကများ သူ့အား အာခံရဲခဲ့သနည်း။ အခြားကျင့်ကြံသူတစ်ယောက်၏ မိန်းမကို ပစ်မှတ်ထားလျှင်ပင် တစ်ဖက်လူသည် သူ့လက်ထဲသို့ ထိုမိန်းမကို နာနာခံခံနှင့် ထည့်ပေးရစမြဲ။ ထိုမိန်းမအား ရက်နည်းနည်းလောက် ဆော့ကစားပြီး စွန့်ပစ်မည်မှန်း သိသိနှင့်ပင် သူ့လက်ထဲသို့ ထည့်ပေးခဲ့သည်။ မည်သူမှ သူ့တောင်းဆိုချက်ကို မငြင်းပယ်ရဲခဲ့။

ဘာကြောင့် ထိုသို့ ဖြစ်ရသနည်း။ အရာအားလုံးသည် ကောင်းကင်တိုက်ပွဲ အစည်းအရုံး၏ ဂိုဏ်းသားတစ်ယောက် ဖြစ်နေသောကြောင့်ပင် ဖြစ်သည်။

ထို့အပြင် ဤအပိုင်းသည် သဲမီးတောက်နယ်မြေ၏ ခြောက်ကပ်ပြီး ချောင်ကျသော နေရာတစ်ခုဖြစ်သည်။ တစ်နည်းဆိုရသော် အလောင်းမြုပ်လို့ကောင်းသည့် နေရာတစ်ခု ဖြစ်ပေသည်။ ထိုအခိုက်အတန့်၌ ခပ်ပိန်ပိန်လူ၏ မျက်ဝန်းထဲ အေးစက်စက် အလင်းရောင် ဖြတ်ပြေးသွားခဲ့ပြီး သတ်ဖြတ်လိုစိတ်တို့ သူ့ခန္ဓာကိုယ်မှ ဖြာထွက်လာခဲ့သည်။

“နေဦး” ခပ်ပိန်ပိန်လူ မလှုပ်ရှားရသေးခင်မှာပဲ နောက်ဘက်တွင် ရပ်နေသော သက်လတ်ပိုင်းလူကြီးက ရုတ်တရက် အော်ပြောလိုက်သည်။

ကျန်နှစ်ယောက်သည်လည်း သက်လတ်ပိုင်းလူကြီးအား လှည့်ကြည့်လိုက်ကြသည်။ သက်လတ်ပိုင်းလူကြီးက ရန်ကိုင်အား စိုက်ကြည့်ရင်း ရှေ့သို့တိုးကာ ပြောလိုက်သည် “ရောင်းရင်း၊ ကျုပ်ဂျူနီယာညီလေးက နည်းနည်း စိတ်ဆတ်လို့ပါ။ ကျေးဇူးပြုပြီး စိတ်မဆိုးပါနဲ့”

ရန်ကိုင် အမူအရာ ပြောင်းလဲမသွားခဲ့။ သို့သော် သူ့မျက်ဝန်းနက်ထဲ အလင်းတစ်ချက် ဖြတ်ပြေးသွားခဲ့သည်။

“စီနီယာအစ်ကို…” သူ့စီနီယာအစ်ကို ရန်ကိုင်အား တောင်းပန်နေသည်ကို မြင်သော် သက်လတ်ပိုင်းလူကြီးက အလန့်တကြား ပြန်ပြောလိုက်လေသည် “အရမ်ကြီး သတိကြီးလွန်း မနေဘူးလား။ ဘာလို့သူနဲ့ အပိုတွေ လျှောက်ပြောနေတာလဲ”

သက်လတ်ပိုင်းလူကြီးက အသာအယာပြုံးလျက် ပြန်ပြောလိုက်သည် “သတိဆိုတာ ပိုတယ်မရှိဘူးကွ။ အရာရာကို သေသေချာချာ နှိုင်းနှိုင်းချင့်ချိန် ဆုံးဖြတ်မှပဲ အချိန်လောကဓံကို တောင့်ခံနိုင်လိမ့်မယ်လို့ ဆရာ သင်မထားပေးခဲ့ဘူးလား။ ဒီက မိတ်ဆွေက သာမန်လူ မဟုတ်ဘူး။ သူဘယ်သူလဲ ငါမသိပေမယ့် ဒီမှာ လုံလုံခြုံခြုံ ရပ်နေနိုင်တာကိုကြည့်ရင် သာမန်လူတစ်ယောက် မဟုတ်တာတော့ သေချာတယ်။ ပြီးတော့ ဒီကိစ္စကို ငြိမ်းငြိမ်းချမ်းချမ်းနှင့် ဖြေရှင်းလိုက်ရင် အကောင်းဆုံး မဟုတ်ဘူးလား”

ထိုစကားကို ကြားသော် ခပ်ပိန်ပိန်နှင့် လူလည်း ဘာမှမပြောတော့ချေ။ မှုတ်ကုတ်ကုတ်ဖြင့်သာ ငြိမ်နေလိုက်တော့သည်။

သက်လတ်ပိုင်းလူကြီးက ရန်ကိုင်ဘက်သို့လှည့်၍ ပြုံးကာ ဆက်ပြောလိုက်သည် “ရောင်းရင်းရေ၊ ငါတို့လည်း ပြဿနာ မရှာချင်ဘူးကွာ။ ဒီလိုနေရာမျိုးမှာ လူတိုင်းက သတိထားပြီး လှုပ်ရှားနေကြရတာဆိုတော့ ငါ့မျက်နှာကိုထောက်ပြီး မင်းသိုလှောင်လက်စွပ်ကို တစ်ချက်လောက် စစ်ခွင့် ပေးပါလား”

“ကျုပ်သိုလှောင်လက်စွပ်ကို စစ်ချင်တာလား” ရန်ကိုင်က ရုတ်တရက် ပြုံးလိုက်သည်။

“ဟသက်လတ်ပိုင်းလူကြီး ခေါင်းညိတ်လိုက်သည် “ငါတို့တွေက မင်းဆီက အခြားဘာမှ မလိုချင်ဘူး။ မင်းခုဏတုန်းက သိမ်းလိုက်တဲ့ဟာက မီးစုန်းဟုတ်မဟုတ်ဘဲ သိချင်တာ။ မီးစုန်း မဟုတ်ဘူးဆိုရင် မင်သိုလှောင်လက်စွပ်ကို ကျိန်းသေပြန်ပေးမှာ။ အဲ့လိုဆို ဘယ်လိုလဲ”

“ကောင်းပြီလေ” ရန်ကိုင်ကလည်း အံ့အားသင့်ဖွယ် ချက်ချင်း သဘောတူလိုက်သည်။ ရန်ကိုင်၏ အပြုအမူကြောင့် သက်လတ်ပိုင်းလူကြီး မျက်မှောင်ကြုတ်သွားခဲ့ရသည်။ သူများ သတိကြီးသွားလေသလားဟု သက်လတ်ပိုင်းလူကြီး တွေးထင်မိသွားသည်။ မဟုတ်လျှင် တစ်ဖက်လူသည် သူတို့၏ တောင်းဆိုချက်ကို ဘာကြောင့် အလွယ်တကူ သဘောတူလိုက်သနည်း။

သူ့စိတ်ထဲ သင်္ကာမကင်း ဖြစ်နေစဉ်မှာပဲ ရန်ကိုင်က သူ့သိုလှောင်လက်စွပ်ကိုချွတ်၍ အောက်သို့ အသာအယာ ချလိုက်သည်။

“ဒီဘက်ကိုပစ်လိုက်” ရန်ကိုင် သူတို့ပြောသည့်အတိုင်း လုပ်သည်ကိုမြင်သော် ခပ်ပိန်ပိန်နှင့်လူက ချက်ချင်း အသံကျယ်ကျယ်နှင့် လှမ်းအော်ပြောလိုက်သည်။

“ကျုပ်သိုလှောင်လက်စွပ်ထဲမှာ ဘာပစ္စည်းကောင်းမှ မရှိဘူး” ရန်ကိုင်က ထိုလူအား ပြုံးကာပြောလိုက်ပြီးနောက် အနည်းငယ် စိတ်အားငယ်နေသည့် လေသံဖြင့် “မီးတောက် သလင်းကျောက် အဆီအနှစ်တစ်တုံးရယ်…”

ရုတ်တရက် ဖရဲသီးအရွယ် သွေးနီရောင်သလင်းကျောက် တစ်တုံး ရန်ကိုင် လက်ထဲတွင် ပေါ်လာခဲ့သည်။ ထိုကျောက်တုံးသည် အလွန်တရာကိုမှ သန့်စင်လှပြီး အားကောင်းသော မီးဓါတ်အရှိန်အဝါတို့သည် ၎င်းဆီမှ ဖြာထွက်နေခဲ့သည်။

“မီးတောက်သလင်းကျောက် အဆီအနှစ်” လေးယောက်သလုံး သံပြိုင် အော်လိုက်ကြသည်။ တောက်လျှောက် ပြုံးနေခဲ့သော သက်လတ်ပိုင်းလူကြီး၏ အမူအရာသည်ပင် ပြောင်းလဲသွားခဲ့သည်။ သူ့အကြည့်ထဲ လောဘရိပ်တို့ တဖျက်ဖျက် လက်လာခဲ့သည်။

မီးတောက်သလင်းကျောက် အဆီအနှစ်သည် တန်ခိုးရှင်ဘုရင်အဆင့် ပစ္စည်းတစ်ခု ဖြစ်သည်။ ရန်ကိုင်လက်ထဲရှိ အရာသည် တန်ခိုးရှင်ဘုရင်အဆင့်သာ ဖြစ်သော်လည်း ၎င်းသည် အလွန်ကိုမှ အဖိုးတန်သည့် ရတနာတစ်ခု ဖြစ်နေသေးသည်။ ထိုဖရဲသီးအရွယ် မီးတောက် သလင်းကျောက် အဆီအနှစ်သည် သူတို့လေးယောက် တစ်ခါမှ မကြားဖူးသော အရာတစ်ခု ဖြစ်သည်။

ထိုကဲ့သို့သော ပစ္စည်းတစ်ခုကိုသာ အပြင်သို့ယူသွားပါက အနည်းငယ် သန်းနှစ်ဆယ်၊ သုံးဆယ်မျှသော ငွေထုပ်ကို အသာအယာ ပိုက်နိုင်ပေလိမ့်မည်။ ထို့အပြင် ထိုအလွန်အဖိုးတန်သော ရတနာကို သူတော်စင်ဘုရင် ပထမအဆင့်မှ ပိုင်ဆိုင်ထားခြင်း ဖြစ်သည်။

သူတို့သာ ထိုရတနာကို ရလိုက်ပြီး သွားပြန်ရောင်းလျှင် သူတို့တစ်ဘဝလုံးစာ ပူပန်စရာ မလိုလောက်သည့် ချမ်းသာကြွယ်ဝမှုကို ရပေလိမ့်မည်။ လေးယောက်စလုံး၏ အသက်ရှူသံများ လေးလံလာပြီး မျက်လုံးများ လောဘရောင် တလက်လက် ထလာသည်။ ခုနှစ်ရက် ခုနှစ်လီ မစားရ မသောက်ရသေးသော ရန်ကိုင်အား အချိန်မရွေး ခုန်အုပ်တော့မည့် မြေခွေးများနှယ်။ ရန်ကိုင်၏ ပိုင်ဆိုင်မှုများကို စိတ်မဝင်စားပါဘူးဟု ပြောနေသော သက်လတ်ပိုင်းလူကြီးသည်ပင် ပြောစကား အတိုင်း မတည်နိုင်တော့။

သို့သော်လည်း သူတို့လေးယောက် မလှုပ်ရှားသေးခင်မှာပဲ ရန်ကိုင်က ထိုမီးတောက် သလင်းကျောက် အဆီအနှစ်ကို သိုလှောင်လက်စွပ်ထဲ ချက်ချင်း ပြန်ထည့်သိမ်းလိုက်သဖြင့် လေးယောက်စလုံး ရန်ကိုင်အား စူးစူးရဲရဲ စိုက်ကြည့်လိုက်ကြလေသည်။

“အင်း၊ ဒီမီးတောက်သလင်းကျောက် အဆီအနှစ်က ဘာမှကောင်းတာ မဟုတ်ဘူး” ရန်ကိုင်က သက်ပြင်းအသာအယာ ချလိုက်သည်။ ကောင်းကင်တိုက်ပွဲ အစည်းအရုံးမှ တပည့်လေးယောက်၏ မီးတောက်မတတ် အကြည့်များကို သတိမထားမိသည့်အလား နောက်ထပ် ပန်းကန်ပြားအရွယ် အနက်နီရောင်သလင်းကျောက် တစ်တုံးကို ထုတ်လိုက်သည်။

ဤသလင်းကျောက်သည်လည်း မီးတောက်သလင်းကျောက် အဆီအနှစ်ကဲ့သို့ ပြင်းထန်သော အပူဓါတ်ကို ထုတ်လွှတ်နေသော်လည်း ထိုပစ္စည်းနှစ်မျိုးသည် မတူညီကြချေ။

ပထမတစ်ခုသည် သတ္တုဖြစ်ပြီး ယခုတစ်ခုသည် မီးတောက်သလင်းကျောက်တုံးနှင့် ပိုတူသည်။

“မဖြစ်နိုင်ဘူး” ခပ်ပိန်ပိန်နှင့်လူက ရန်ကိုင်ကိုင်ထားသော မီးတောက်သလင်းကျောက်ကို ကြည့်ရင်း ခေါင်းတရမ်းရမ်းဖြင့် “ဒီလောက်ကြီးတဲ့ မီးတောက်သလင်းကျောက် လုံးဝမရှိနိုင်ဘူး။ ဘယ်မီးတောက်ဝိဥာဉ်သားရဲကမှ ဒီလိုအရာမျိုး မဟုတ်ပေးနိုင်ဘူး”

သူထိုကဲ့သို့ မယုံကြည်သည်မှာလည်း မယုံကြည်စရာပင်။ သူတို့ လာလမ်းတစ်လျှောက်၌ မီးတောက်ဝိဥာဉ်သားရဲများစွာကို သတ်ခဲ့သည်။ သို့သော် သူတို့ ရခဲ့သည့် အကြီးဆုံး မီးတောက် သလင်းကျောက်ဆို၍ ခိုဥအရွယ်လောက်သာရှိကာ ရန်ကိုင်လက်ရှိ ကိုင်ထားသည့် မီးတောက် သလင်းကျောက်နှင့် ယှဉ်လိုက်လျှင် မိုးနှင့်မြေပမာ ကွာခြားလှသည်။

ထို့အပြင် ထိုအရာသည်သာ မီးတောက်ဝိဥာဉ်သားရဲ ဖြစ်မည်ဆိုပါက မည်သည့်အဆင့် သားရဲကများ ထိုကဲ့သို့သော မီးတောက်သလင်းကျောက်ကို ဖြစ်ပေါ်စေသနည်း။

ရန်ကိုင်ခွန်အားဖြင့် ထိုကဲ့သို့သော မီးတောက်ဝိဥာဉ်သားရဲကို သတ်ဖို့ရာ လုံးဝ မဖြစ်နိုင်ချေ။ ရန်ကိုင်သူတို့ကို လိမ်နေခြင်း ဖြစ်သည်ဟုသာ ခပ်ပိန်ပိန်နှင့်လူ ထင်နေခဲ့သည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၂၀၉)

ရန်ကိုင်မှ မီးတောက်သလင်းကျောက် အဆီအနှစ်ကို ထုတ်ပြီးပြီးချင်မှာပဲ နောက်ထပ် အဖိုးတန်ရတနာတစ်မျိုး ဖြစ်သော ပန်းကန်ပြားအရွယ် မီးတောက်သလင်းကျောက်တစ်တုံးအား ထုတ်လိုက်သည်ကို မြင်သော် ကောင်းကင်တိုက်ပွဲမှ လူလေးယောက်စလုံး မတည်ငြိမ်နိုင်တော့။ ရန်ကိုင် ယခုထုတ်လိုက်သော ပစ္စည်းသည် အတုဖြစ်ဖြစ်၊ အစစ်ဖြစ်ဖြစ်၊ မီးတောက် သလင်းကျောက် အဆီအနှစ်ကတော့ အစစ်ဆိုသည်မှာ ကျိန်းသေပေသည်။ ချက်ချင်းဆိုသလို သူတို့ လေးယောက်စလုံး၏ ရင်ထဲ ဖိနှိပ်မရနိုင်တော အလိုလောဘတို့ လှိုက်တက်လာသည်။ ရန်ကိုင်ကိုလည်း သေလူအဖြစ် သတ်မှတ်လိုက်ကြလေသည်။

ထိုကောင်လေးသည် အလွန်တရာကိုမှ အဖိုးတန်လှသော ရတနာနှစ်မျိုးကို အလွယ်လေး ထုတ်ပြခဲ့သည်။ သူ့သိုလှောင်လက်စွပ်ထဲတွင် ထိုကဲ့သို့ အဖိုးတန်သော ရတနာများ မရှိတော့ဘူးဟု မည်သူ ပြောနိုင်မည်နည်း။

သူတို့ ရှာနေသည့် မီးစုန်းသည်လည်း ထိုသိုလှောင်လက်စွပ်ထဲတွင် ရှိနေကောင်းပင် ရှိနေနိုင်သေးသည်။

ထိုကောင့်ကို သတ်ရပေမည်။ ထိုကောင်ကိုသတ်ပြီး သူ့သိုလှောင်လက်စွပ်ကို သေချာ စစ်ဆေးကြည့်ရပေမည်။ ထိုကောင်လေး၏ သိုလှောင်လက်စွပ်ကိုသာ လုယူနိုင်မည်ဆိုပါက သူတို့ တစ်ဘဝလုံး အေးအေးဆေးဆေး နေလို့ရသွားပေပြီ။

“မင်းမှာ အခြားဘာတွေ ရှိသေးလဲ” သက်လတ်ပိုင်းလူကြီးက အလိုလောဘကြီးစွာဖြင့် မေးလိုက်သည်။ ရန်ကိုင်၏ ရတနာများကို ချက်ချင်း ပြေလုလိုက်ချင်သော်လည်း သူ့ကိုယ်သူ အတတ်နိုင်ဆုံး တည်ငြိမ်အောင် ကြိုးစားနေသေးသည်။ သို့သော်လည်း တုန်တုန်ရင်ရင် ဖြစ်နေသော လေသံသည် သူမည်မျှ စိတ်လှုပ်ရှားနေကြောင်းကို ပြသနေခဲ့သည်။

“အခြား ဘာမှတော့ မရှိတော့ပါဘူး။ မြစိမ်းရောင်ပိုးသာမြက်ပင်ရိုးတံ ဆယ်ခုကျော်ရယ်၊ ရှေးဟောင်းသံနက်တစ်တုံးရယ်၊ သွေးနီသစ်သီး သုံးလုံးရယ်…” ရန်ကိုင်သည် သူ့သိုလှောင် လက်စွပ်ထဲမှ အဖိုးတန်ရတနာများကို တစ်ခုပြီးတစ်ခု ထုတ်ပြနေခဲ့သည်။ သူတစ်ခု ထုတ်ပြလိုက်နိုင်း ကောင်းကင်တိုက်ပွဲအစည်းအရုံးမှ တပည့်လေးယောက်၏ အကြည့်များမှာ ပို၍ ပူပြင်းလောင်မြိုက်လာခဲ့ကြသည်။

ထိုအဖိုးတန်ဆေးပင်၊ အသီးများနှင့် သတ္တုများသည် သူအရင်ဆုံး ထုတ်ပြခဲ့သည့် ပစ္စည်းနှစ်မျိုးလောက် အဖိုးမတန်သော်လည်း အလွန်ကိုမှ အဖိုးတန်သေးသည်ဟု ပြော၍ ရသည်။ အထူးသဖြင့် မြစိမ်းရောင်ပိုးသားမြက်ပင်ရိုးတံ ဆယ်ခုကျော်ပင်။ ထိုမြစိမ်းရောင်ပိုးသာမြက်ပင် ရိုးတံများသည် ဂိုဏ်းတိုင်းမှ အသည်းအသန် လိုချင်နေသော ပစ္စည်းများ ဖြစ်ကြသည်။ သူတို့သာ ထိုအရာများကို ဂိုဏ်းဆီသို့ ပြန်ယူသွားပါက ဂိုဏ်းအတွက် ကြီးကြီးမားမား အကျိုးဆောင်ပေးနိုင်မည် ဖြစ်ပြီး အကြီးအကဲများဆီမှ တောင်းဆိုးချက်များစွာ တောင်ဆိုနိုင်ပေလိမ့်မည်။

“အင်း၊ ဟုတ်သားပဲ၊ ပြဖို့မေ့နေတာ။ ကျုပ်မှာ မီးစုန်းကိုးခုပါ ရှိသေးတယ်။ ဒါပေမယ့် ထုတ်ပြလို့ အဆင်မပြေသေးတော့ အခုလောလောဆယ် ခင်ဗျားတို့ကို ထုတ်မပြနိုင်သေးတာ ခွင့်လွှတ်နော်” ရန်ကိုင်က ရယ်သွမ်းသွေးလျက် သူ့ရတနာအားလုံးကို ထုတ်ပြလိုက်သည်။

ဝိဥာဉ်ကြာပန်းမှ စုပ်ယူသွားသည် အရောင်အဆင်းမဲ့ ကုဗတုံးလေးမှလွဲ၍ သူရသမျှ ရတနာအားလုံးကို ထုတ်ပြလိုက်သည်။

“မီးစုန်း ကိုးကောင်တောင်” မျောက်မျက်နှာနှင့်လူ အလန့်တကြား ဖြစ်သွားသည်။

“ဟုတ်တယ်လေ။ ကျုပ်လိမ်နေတယ်လို့ ထင်လို့လား။ ခင်ဗျားတို့ပဲ အခုလေးတင် မြင်လိုက်သေးတယ် မဟုတ်ဘူးလား” ရန်ကိုင်က ပြုံးဖြီးလိုက်သည်။

ကောင်းကင်တိုက်ပွဲ အစည်းအရုံးမှ လူလေးယောက်၏ အမူအရာ ထူးဆန်းသွားသည်။

လေးယောက်စလုံး ရှက်သွားခဲ့သည်။ သူတို့ လေးယောက်ပေါင်း၍ သဲမီးတောက်နယ်မြေ အနှံ့ စူးစမ်းကာ အဖိုးတန် ရတနာများကို ရှာဖွေခဲ့သည်။ ရတနာများစွာကို ရှာဖွေနိုင်ခဲ့သည့်တိုင် သူတို့ရထားသော ရတနာများနှင့် ရန်ကိုင် ရထားသည်ကို ယှဉ်လိုက်လျှင် မိုးနှင့်မြေကဲ့သို့ ကွာခြားလွန်းလှပေသည်။ သူတို့ လေးယောက်ပေါင်း စုဆောင်းမှုသည် ရန်ကိုင် ရှာဖွေခဲ့သည်၏ တစ်ရာခိုင်နှုန်းပင် မရှိချေ။

ထို့ကြောင့် သူတို့ မျက်နှာပူသွားကြခြင်းဖြစ်သည်။ သို့သော် ရန်ကိုင်အား ကြည့်နေသည့် သူတို့၏ အကြည့်များမှာလည်း အချိန်မရွေး မီးထတောက်တော့မည့်နှယ်။

“မင်းလိမ်နေတာ” ပိန်ပိန်နှင့်လူက အေးစက်စက် လေသံဖြင့် အောသည် “ကောင်စုတ်လေး၊ ငါတို့ကို လိမ်ရဲလောက်အောင် မင်းသတ္တိက မသေးပါလား။ ကောင်းကောင်း ပြောနေတုန်း မင်းသိုလှောင်လက်စွပ်ကိုပေးပြီး ငါတို့ကို အေးအေးဆေးဆေး စစ်ခွင့်ပေးလိုက်ရင်၊ မဟုတ်ရင်တော့ ဒီကနေ အသက်ရှင်လျက် ထွက်သွားရမယ့် မထင်နဲ့”

ပြောပြီးသည်နှင့် မျောက်မျက်နှာနှင့် ကျင့်ကြံသူကို ကြည့်လိုက်သည်။ နှစ်ယောက်စလုံး အချင်းချင်း ခေါင်းညိတ်ပြလိုက်ကြပြီး ချက်ချင်းပဲ ရန်ကိုင်ဆီ ပြေးဝင်သွားလေသည်။

ရန်ကိုင်၏ အဖိုးတန် ရတနာများစွာကို မြင်ပြီးသည့်နောက် မည်သည့် အပိုစကားမှ ပြောမနေတော့ဘဲ ပြောချင်ရာ အကြောင်းပြချက်တစ်ခုပြော၍ ရန်ကိုင်အား ဓါးပြတိုက်ရန် ကြိုးစားကြတော့သည်။ နှစ်ယောက်စလုံးသည် သွေးနားထင်ရောက် မျက်လုံးခေါင်းပေါ် တက်ပေါက်နေသည့် လူများ ဖြစ်ကြ၍ အခြားသူများအား အနိုင်ကျင့်ခြင်းကို နှစ်သက်ကြသော်လည်း ကောင်းကင်တိုက်ပွဲအစည်းအရုံးမှ လက်ရွေးစင်များ ဖြစ်နေကြသေးသည်။ ထို့ကြောင့် ရန်ကိုင်သည် သူတော်စင်ဘုရင် ပထမအဆင့်များ ဖြစ်နေသည့်တိုင် နည်းနည်းလေးမှ သတိပေါ့လျော့ခြင်း မရှိခဲ့ချေ။

သူတို့အဖွဲ့သည် သဲမီးတောက်နယ်မြေသည် လူသတ်ဓါးပြတိုက် လုပ်နေခဲ့သည်မှာ သုံးလကျော်နေခဲ့လေပြီ။ ထို့ကြောင့် လူအချို့ကို သူတို့၏ အပြင်ပန်းကိုကြည့်ရုံဖြင့် ဆုံးဖြတ်၍ မရမှန်း နားလည်နေခဲ့လေပြီ။ ခြင်္သေ့တစ်ကောင်ပင်လျှင် ယုန်တစ်ကောင်ကို သတ်သည့်အခါ အားကုန်သုံး၍ သတ်ဖြတ်သည်။ ထို့အပြင် ရန်ကိုင်၏ ပြုမူပုံမှာ နည်းနည်း ထူးဆန်းနေသည်။ ထို့မျှမကသေး၊ သူတို့ လေးယောက်နှင့် ရင်ဆိုင်နေရသည့်တိုင် ထိုကောင်လေးသည် လုံးဝ တုန်လှုပ်ထိတ်လန့်နေခြင်း မရှိ။

ရန်ကိုင်တွင် ဝှက်ဖဲ တစ်ခုခု ရှိလိမ့်မည်ဟု သူတို့ ခံစားနေရသည်။ ထို့ကြောင့် ရန်ကိုင်အား စတိုက်ပြီဆိုသည်နှင့် အားကုန်သုံး၍ တိုက်ခိုက်လိုက်ကြသည်။ ရန်ကိုင်မှန် တန်ပြန်လာမည့် တိုက်ခိုက်မှုများလည်း သတိထားစောင့်ကြည့်နေသည်။

သက်လတ်ပိုင်းလူကြီးနှင့် အခြားတစ်ယောက်သည် ရှေ့တက်မသွားဘဲ နောက်မှနေ၍သာ ရပ်ကြည့်နေခဲ့သည်။ ရန်ကိုင်ပုံစံသည် နည်းနည်း ထူးဆန်းနေသည်။ သူ့လုပ်ပုံမှာ သူတို့အား မျှားခေါ်နေသည်နှင့်ပင် တူသည်။ သို့သော်လည်း အဖိုးတန်ရတနာများစွာကို မြင်ပြီးနောက် ထိုအချက်များကို ဂရုမစိုက်နိုင်တော့ချေ။

ထိုကဲ့သို့ အဖိုးတန်ရတနာများကို မြင်လိုက်သည့်လူတိုင်း ထိုရတနာများကို ရရန်အတွက် စွန့်စားကြမည်သာ။ ထိုရတနာများသည် သူတို့အသက်ကို စွန့်စားရလောက်သည်အထိ အဖိုး တန်နေသည်လေ။

ထို့အပြင် ထိုလူလေးသည် မည်မျှ ပုံမှန်မဟုတ်နေစေဦးတော့၊ ချူချန်ဖုန်းကို မှီမည်လား။

ချူချန်ဖုန်း ဤနေရာသို့ ရောက်နေလျှင်ပင် သူတို့လေးယောက်စလုံးအား တစ်ပြိုင်တည်း တိုက်ခိုက်ရန်မှာ မဖြစ်နိုင်ချေ။ ရန်ကိုင်အား လှုပ်ရှားမှုများကို စောင့်ကြည့်နေသလို ရန်ကိုင်မှ ကြောက်မက်ဖွယ်ရာ ဝှက်ဖဲတစ်ခုခု ထုတ်သုံးလာလျှင်လည်း ပြေးထွက်သွားသော သူတို့၏ အပေါင်းအပါနှစ်ယောက်ကို အချိန်မှီ ကူညီနိုင်ရန် အဆင်သင့် အသင်ပြင်ထားကြသည်။

ပိန်ပိန်လူနှင့် မျောက်မျက်နှာလူသည် အတော်လေး မြန်လှကာ မျက်တောင် တစ်ခတ်အတွင်း ရန်ကိုင်နှင့် ဆယ်မီတာအကွာ အတွင်းသို့ ရောက်လာခဲ့သည်။ ရန်ကိုင်သည် ယခုမှ သူတို့ ပြေးထွက်လာသည်ကို သတိပြုမလိုက်သည့် ပုံစံဖြင့် အပြင်သို ထုတ်ထားသော ရတနာများကို ကမန်းကတန်း ပြန်ကောက်သိမ်းလိုက်လေသည်။ တစ်ချိန်တည်းတွင် အလွန်ကိုမှ ကြောက်လန့်နေသည့် ပုံစံမျိုးလည်း လုပ်ပြလိုက်သည်။

သို့သော် ရန်ကိုင်နှင့် အနီးကပ်ဆီသို့ ရောက်လာသည့်အခါ ရန်ကိုင် မျက်နှာထက် အပြုံးယဲ့ယဲ့လေးတစ်ပွင့် ထွက်ပေါ်လာသည်ကို ကျင့်ကြံသူနှစ်ယောက် မြင်လိုက်သည်။

ထိုအပြုံးကို မြင်လိုက်သည်နှင့် တစ်ခုခု မှားနေပြီမှန်း ချက်ချင်း သိလိုက်သည်။ ရန်ကိုင်၏ အပြုံးသည် မဲ့ပြုံးမဟုတ်ဘဲ၊ လှောင်ပြုံး ဖြစ်နေသောကြောင့်ပင်။ ထို့အပြင် သူတို့အား အထင်သေး၊ လှောင်ပြောင်လိုသည့် မျက်လုံးများဖြင့် စိုက်ကြည့်နေသေးသည်။ ထိုအရာများကို မြင်ပြီးမှဖြင့် တစ်ဖက်လူ၏ ထောင်ချောက်ထဲ ဝင်လာမီပြီမှန်း ထိုနှစ်ယောက် မသိဘဲ ဘယ်နေတော့မည်နည်း။

ချက်ချင်းဆိုသလို ရန်ကိုင်ဆီ ပြေးဝင်လာနေသော ကျင့်ကြံသူနှစ်ယောက်၊ နံရံကြီးတစ်ခုကို ဝင်ဆောင့်မိလိုက်သည့်အခါ ရုတ်တရက် ကောက်ညည်းလိုက်ပြီးရပ်တန့်သွားခဲ့ကြသည်။ သူတော်စင်ဘုရင် တတိယအဆင့်ပင် ဖြစ်လင့်ကစား၊ ထူးဆန်းသော လေဟာနယ်ထဲသို့ ရောက်သွားသည်နှင့် တစ်ပြိုင်နက် အလွန်တရာကိုမှ လေးလံလှသော တောင်တစ်လုံး သူတို့ အပေါ်သို့ ဖိကျလာသလို ခံစားလိုက်ရသည်။ အသက်ပင် ကောင်းကောင်း မရှူနိုင်တော့။ အရိုးများသည်လည်း တကျွီကျွီ မည်နေလေပြီ။ အချို့ဆို အက်ပင်အက်နေခဲ့လေပြီ။

ဤထူးဆန်းသော လေဟာနယ်သည် ရန်ကိုင်ကိုပင် အတော် ဒုက္ခရောက်အောင် လုပ်နိုင်ခဲ့သော နေရာတစ်ခုဖြစ်သည်။ ဤနေရာသို့ ရန်ကိုင် မသိဘဲ ဝင်လာလိုက်စဉ်က ပြန်ထွက်ရန် အတော်ကြိုးစားခဲ့ရသည်။ ရန်ကိုင်၏ ခန္ဓာကိုယ်သည် သာမန် ကျင့်ကြံသူ တစ်ယောက်၏ ခန္ဓာကိုယ်ထက် အဆပေါင်းများစွာ ပိုမို သန်မာသည်ဆိုသော အချက်ကို မေ့ထား၍ မရချေ။ ရန်ကိုင်ပင်လျှင် ထိုကဲ့သို့ ဒုက္ခရောက်လေရာ ထိုနှစ်ယောက် ဘာမှမဖြစ်ဘဲ ဘယ်နေမည်နည်း။

ရန်ကိုင်သည် အနေရာတွင် လေဟာနယ်ဓါးသွားကို တစ်လကျော်အောင် ကျင့်ကြံခဲ့သည့် အတွက်ကြောင့် ထူးဆန်းသော လေဟာနယ်၏ စွမ်းအားမှ ယခင်ကလောက် မပြင်းထန်တော့ သော်ငြား ထိုနှစ်ယောက်ကို အလွယ်တကူ ပိတ်လှောင်နိုင်သည်အထိ အားကောင်းနေသေးသည်။ ထိုထူးဆန်းသော လေဟာနယ်၏ အကူအညီဖြင့် ထိုနှစ်ယောက်ကို ရန်ကိုင် အလွယ်လေး သတ်ပစ်နိုင်သည်။

ထို့ကြောင့် ထိုနှစ်ယောက် ဤနေရာသို့ ဝင်လာလိုက်သည်နှင့် သူတို့၏ ကံကြမ္မာကို သတ်မှတ်ပြီးသွားခဲ့လေပြီ။

နှစ်ယောက်စလုံး၏မျက်နှာ သွေးဆုတ်ဖြူလျော်သွားပြီး အလွန်ကိုမှ ထိတ်လန့် ကြောက်ရွံ့သွားခဲ့ကြသည်။ သူတော်စီကို သွေးရူးတန်းရူး လှည့်ပတ်၍ သူတို့အပေါ် ကျရောက်နေသော ဖိအားကို တွန်းလှန်ကာ အနေရာမှ ရုန်းထွက်ရန် အသည်းအသန် ကြိုးစားလိုက်သော်လည်း အချည်းနှီးသာ ဖြစ်ခဲ့ရသည်။ ရုတ်တရက် နောက်ဘက်တွင် ရပ်ကျန်ရစ်ခဲ့သော သက်လတ်ပိုင်းလူကြီးဆီမှ ထိတ်လန့်တကြား‌ အော်ဟစ်သံတစ်သံ ထွက်ပေါ်လာခဲ့သည်။

နှစ်ယောက်စလုံး ခက်ခက်ခဲခဲဖြင့် ခေါင်းမော့ကြည့်လိုက်ရာ အညှာအတာ ကင်းမဲ့စွာဖြင့် သူတို့ဆီ တိုးဝင်လာနေသော လက်ဝါးနှစ်ဖက်ကို မြင်လိုက်ရသည်။

ထူးဆန်းသော လေဟာနယ်သည် သူတို့အား ပိတ်လှောင်နိုင်သော်လည်း ရန်ကိုင်သည် ဤနေရာနှင့် အတော်လေး အသားကျနေပြီဖြစ်သဖြင့် လွတ်လွတ်လပ်လပ် လှုပ်ရှားနိုင်နေလေပြီ။

ထိုသူတော်စင်ဘုရင် တတိယအဆင့် လေးယောက်စလုံးကို တစ်ယောက်ချင်း ယှဉ်တိုက်ရမည် ဆိုလျှင် ရန်ကိုင် လုံးဝ မကြောက်ပါချေ။ နှစ်ယောက်ဆိုလျှင်လည်း ပြဿနာ မရှိသေး။ သို့သော် လေးယောက်တစ်ယောက် ယှဉ်တိုက်ရ၍ သူတို့ထဲမှ တစ်ယောက်ယောက်သာ လွတ်သွားခဲ့မည် ဆိုပါက သူ့ဆီ ဒုက္ခပေါင်းစုံ ရောက်လာနိုင်ပေသည်။

ထို့ကြောင့် သူ၏ အဖိုးတန်ရတနာများကို ထုတ်ပြ၍ ထိုလူများကို အရင်စတိုက်လာအောင် သွေးဆွယ်ခဲ့ခြင်းဖြစ်သည်။

သူ့အကြံ အမှန်တကယ်ကို အလုပ်ဖြစ်သွားခဲ့သည်။ ငှက်များသည် အစာကြောင့် သေကြသလို လူများသည် လောဘကြောင့် သေကြသည်။ ထိုလေးယောက်မှာ ဥပမာပင်။ ရတနာများကို မြင်လျှင် မတပ်မက်သည့်လူ မည်သူမှ မရှိချေ။

ဘုန်း… ဘုန်း…

ရန်ကိုင်၏ လက်ဝါးချက်ကြောင့် ပိန်ပိန်လူနှင့် မျောက်မျက်နှာလူ နှစ်ယောက်၏ ဦးခေါင်းများ ဖရဲသီးများနှယ် ပေါက်ကွဲထွဥ◌်သွားခဲ့သည်။ အရိုးပင် မကျန်ခဲ့ချေ။

နှစ်ယောက်စလုံး ဘာမှပင် မလုပ်လိုက်ရဘဲ သေသွားခဲ့ရခြင်း ဖြစ်သည်။ သွေးမြူများကြား ရပ်နေရင်း ရန်ကိုင်သည် ကျန်နှစ်ယောက်အား သတ်ဖြတ်လိုစိတ်အပြည့်ဖြင့် ကြည့်လိုက်သည်။ ရန်ကိုင် သူ့အစွယ်များကို ထုတ်ပြလာခဲ့လေပြီ။

ယခုလေးတင် အရှေ့တိုးလာနေခဲ့သော ခပ်ဝဝနှင့်လူသည် သူ့အပေါင်းအပါနှစ်ယောက် သေသွားသည်ကို မြင်လိုက်သည်နှင့် ချက်ချင်း ရပ်လိုက်ပြီး ရန်ကိုင်အား မယုံကြည်နိုင်မှု အပြည့်ဖြင့် ထိတ်လန့်ကြောက်ရွံ့စွာ ကြည့်လိုက်သည်။

ရန်ကိုင် တိုက်ခိုက်လိုက်စဉ်က သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်လာခဲ့သော အရှိန်အဝါသည် သူတော်စင်ဘုရင် ပထမအဆင့်တစ်ယောက်၏ အရှိန်အဝါ ဖြစ်ပေသည်။ သာမန်ကျင့်ကြံသူများ၏ အရှိန်အဝါထက် ပို၍ သိပ်သည်းသည်ဆိုသော်ငြား အလွန်အမင်း သိပ်သည်းနေခြင်း မဟုတ်။ ထို့အပြင် သူအသုံးပြုသွားသည့် လက်ဝါးချက်နှစ်ချက်သည် ရိုးရိုး သာမန် လက်ဝါးချက် နှစ်ချက်သာ ဖြစ်သည်။ သို့တိုင် သူ့အဖော်နှစ်ယောက်သည် ဘာကြောင့် နည်းနည်းလေးမျှပင် မခုခံနိုင်ခဲ့ဘဲ သေသွားရသလဲ ဆိုသည်ကို ထိုလူ နားမလည်နိုင် ဖြစ်နေခဲ့သည်။

တကယ်ကို ယုတ္တိမရှိချေ။

“သူ့နားက လေဟာနယ်မဟုတ်တာ။ အရံအတား တစ်ခုခု ဟုတ်ရင်ဟုတ် မဟုတ်ရင် ထောင်ချောက်ပဲ” သက်လတ်ပိုင်းလူကြီး၏ အမူအရာ သုန်မှုန်သွားခဲ့သည်။ အခြားသူများအား ကြက်ပေါက်များနှယ် သတ်ဖြတ်သူများသည် သူတို့သာဖြစ်သည်။ သို့သော်လည်း ယခုမူ ကြက်ပေါက်တစ်ကောင်သည် သူ့အဖော်နှစ်ယောက်ကို သတ်လိုက်ပေပြီ။

“ကျုပ်သိုလှောင်လက်စွပ်ကို ဘယ်သူ စစ်ကြည့်ချင်သေးလဲဟင်” ရန်ကိုင်က နှုတ်ခမ်းတွန့်ကွေးလျက် ထိုနှစ်ယောက်ဆီ လမ်းလျှေက်သွားရင်း မေးလိုက်သည်။

ဝဝတုတုတ်တုတ်သည် ချက်ချင်း အလိုလို နောက်ဆုတ်မိလိုက်သည်။ သက်လတ်ပိုင်းလူကြီးမှာမူ မျက်ခုံးနှစ်ခု ထိစပ်လုမတတ် မျက်မှောင်ကြုတ်သွားသည်။ ရန်ကိုင် အစောပိုင်းက ရပ်နေသည့်နေရာတွင် ထောင်ချောက် တစ်ခုခု ဆင်ထားသည့် အတွက်ကြောင့်သာ သူ့အဖော်နှစ်ယောက်ကို အလွယ်တကူ သတ်နိုင်ခဲ့ခြင်းဖြစ်သည်။ ထိုသို့ဆိုလျှင် ထိုကောင် ဘာကြောင့် သူ့ဆင်ထင်ထားသည့် ထောင်ချောက်တွင်းမှ ထွက်လာရသနည်း။

သူ့ကိုယ်သူ ယုံကြည်ချက်ရှိနေခြင်းလော။

သက်လတ်ပိုင်းလူကြီးသည် သတိကြီးသည့်လူတစ်ယောက် ဖြစ်သည်။ လက်ရှိ ပြဿနာသည် သူကိုယ်တွယ်နိုင်သည့် ပြဿနာ မဟုတ်မှန်း သိလိုက်ပြီးသည်နှင့် ချက်ချင်းပဲ အော်ဟစ်ရင်း လှည့်ပြေးလေတော့သည် “ပြေး”

သက်လတ်ပိုင်းလူကြီးသည် လျှိုမြောင်ထွက်ပေါက်ဆီသို့ တစ်ချက်ပင် နောက်ပြန်မကြည့်ဘဲ လှည့်ပြေးလေသည်။

ရန်ကိုင် မည်သည့်အရာပေါ်တွင် မှီခိုနေပါစေ သူဂရုမစိုက်တော့။ ဤနေရာမှသာ ထွက်ပြေးချင်တော့သည်။ ထွက်ပြေးလွတ်မြောက်သွားသည်နှင့် ထိုကောင်းလေးနှင့် သူ့တွင် ရှိနေသော ရတနာများအကြောင်းကို သူ့အဖော်များအား သွားပြန်ပြောရပေမည်။

သက်လတ်ပိုင်းလူကြီး လုပ်သည်မှာ မှန်ပေသည်။

ဝဝတုတ်တုတ် ကျင့်ကြံသူမှာမူ ထိုကဲ့သို့မဟုတ်။ သက်လတ်ပိုင်းလူကြီးက သူ့အား ပြေရန် ပြောခဲ့သော်လည်း သူ့ခွန်အားအပေါ် ယုံကြည်ချက်ရှိသဖြင့် ထွက်မပြေးခဲ့။ ရန်ကိုင်၏ ရတနာများကို အလွန်လိုချင်နေသည့် အချက်လည်း ပါသည်။ ထို့ကြောင့် ရန်ကိုင် သူ့ဆီ လမ်းလျှောက်လာသည်ကိုမြင်သော် ကြောက်လန့်သွားခြင်းမရှိဘဲ ပျော်ပင် ပျော်သွားခဲ့သည်။ ဝဝတုတ်တုတ် ကျင့်ကြံသူဆီမှ အစိမ်ရောင်အလင်းတန်းများ ပေါက်ကွဲထွက်လာပြီး သူ့ခန္ဓာကိုယ်ကို တင်းတင်းကြပ်ကြပ် ဝန်းရံသွားလိုက်သည်။ ချက်ချင်းဆိုသလို အဆီတစ်ထပ်၊ အသားတစ်ထပ် ဖြစ်နေသော သူ့ခန္ဓာကိုယ်သည် လေလျှော့ ခံလိုက်ရသည့် ပူပေါင်းတစ်လုံးနှယ် ပိန်ကျသွားခဲ့လေသည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၂၁၀)

ခန္ဓာကိုယ်အရွယ်အစား ပြောင်းလဲသွားသည်နှင့် ဝတုတ်တုတလူ၏ အရှိန်အဝါမှာလည်း တစ်ဟုန်ထိုး မြင့်တက်လာခဲ့သည်။ ဖြာထွက်လာသော သူတော်စင်ချီများသည် ရုတ်ချည်းဆိုသလို အစိုင်အခဲအဖြစ်သို့ ပေါင်းလဲသွားခဲ့သည်။ ထို့နောက် သူ့လက်ကို ဝှေ့ရမ်း၍ ဖြစ်ပေါ်လာသော အစိမ်းရောင်အလင်းတန်းများကို ရန်ကိုင်ဆီ ပစ်လွှတ်လိုက်လေသည်။

သွားနေရင်း ထိုအစိမ်းရောင်အလင်းတန်းများသည် နွယ်တံများအဖြစ် ပြောင်းလဲသွားပြီး လေထုကို ထိုးခွင်းရင်း ရန်ကိုင်ဆီသို့ တစ်ဟုန်ထိုး တိုးဝင်သွားလေသည်။ နွယ်တံများတွင် ဆူးများဖြင့် ပြည့်နေသည်။ တစ်ယောက်ယောက်သာ ထိုနွယ်များ၏ ရစ်ပတ်ခြင်း ခံလိုက်ရပါက ထိုဆူးတံများသည် အသားထဲသို့ ဖောက်ဝင်ပြီး ထိုကျင့်ကြံသူများ၏ အသက်ဓါတ်နှင့် သူတော်စင်ချီကို စုပ်ယူပေလိမ့်မည်။ အဆင့်တူ ကျင့်ကြံသူများပင်လျှင် ထိုနွယ်တံများအား အလွယ်တကူ မဖျက်စီးနိုင်ကြချေ။

ထိုနွယ်တံတိုက်ကွက်ဖြင့် ကျင့်ကြံသူမည်မျှအား သူသတ်ဖြတ်ခဲ့သလဲ ဆိုသည်ကို ဝတုတ်တုတ်နှင့်လူ မှတ်ပင်မမှတ်မိတော့။ ကောင်းကင်တိုက်ပွဲအစည်းအရုံးတွင် သူသည် ချူချန်ဖုန်းနှင့် သက်လတ်ပိုင်းလူကြီးကဲ့သို့ ထင်ရှားကျော်ကြားခြင်း မရှိသော်လည်း အထင်သေး၍ မရသည့် လူတစ်ယောက် ဖြစ်နေဆဲ။

ထို့အပြင် ထိုနွယ်များသည် အလွန် မြန်လှသည်။ အသက်သုံးရှိုက်စာ အချိန်သာရလျှင် ဤလျှိုမြောင်တစ်ခုလုံးကို နွယ်တံများဖြင့် ဖုံးသွားအောင် လုပ်ပစ်နိုင်ပေသည်။ ထိုအခါကျ သူတော်စင်ဘုရင် ပထမအဆင့် ကျင့်ကြံသူ မည်သို့သော ပညာရပ်များကို ပိုင်ဆိုင်ထားပါစေ ဤနေရာမှ ထွက်ပြေးနိုင်တော့လိမ့်မည် မဟုတ်ချေ။

ဝတုတ်တုတ်နှင့်လူ၏ မျက်ဝန်းများ ယုံကြည်ချက်တို့ဖြင့် တလက်လက် လင်းလက် တောက်ပနေခဲ့သည်။

သို့သော် ရန်ကိုင်လက်ထဲမှ မီးတောက်နဂါးတစ်ကောင်နှင့် ဆင်တူသော အနက်ရောင် မီးတောက်တစ်ခု ထွက်ပေါ်လာသည်ကိုမြင်သော် သူ့တစ်ကိုယ်လုံး ရေခဲရေဖြင့် လောင်းချခံလိုက်ရသလို ခံစားလိုက်ရသည်။

“မီးဓါတ်ကျင့်ကြံသူလား” ဝတုတ်တုတ်နှင့်လူ ထိတ်လန့်သွားခဲ့သည်။

သူသည် သစ်သားဓါတ်ကို ကျင့်ကြံသည်။ မီးဓါတ်သည် သစ်သားဓါတ်ကျင့်ကြံသူများ အတွက် အိမ်မက်ဆိုးဖြစ်သည်။ ထို့ကြောင့် ရန်ကိုင်၏ အနက်ရောင်မီးတောက်များကို မြင်သည်နှင့် မျက်နှာပျက်သွားခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း ထွေးပြီးတံတွေး ပြန်မျိုချုလို့ မရတော့။ သူ့ပြိုင်ဘက်သည် သူတော်စင်ဘုရင် ပထမအဆင့်သာ ရှိသေးသည့် ကျင့်ကြံသူတစ်ယောက်လည်း ဖြစ်နေသည်။ ထို့ကြောင့် ရန်ကိုင်သည် မီးဓါတ်ကျင့်ကြံသူတစ်ယောက် ဖြစ်လင့်ကစား၊ ဝတုတ်တုတ်နှင့် လူသည် သူ့အား ကြောက်ရွံ့ခြင်းမရှိဘဲ သူတော်စင်ချီကို ထပ်မံ မြှင့်တင်လိုက်လေသည်။

အနက်ရောင်မီးတောက်များနှင့် နွယ်တံများ ထိပ်တိုက်တွေ့သွားသည့်အခိုက် ဝတုတ်တုတ်နှင့်လူ ထိတ်လန့်တုန်လှုပ်သွားခဲ့သည်။ အနက်ရောင်မီးတောက်နှင့် ထိသွားသည်နှင့် တစ်ပြိုက်နက် သူ့နွယ်တံများ ပြာဖြစ်သွားခဲ့သည်။ သူတော်စင်ချီကို သူမည်မျှ မြှင့်တင်မြှင့်တင် အနက်ရောင်မီးတောက်များကို လုံးဝ မခုခံနိုင်ခဲ့ချေ။ မျက်တောင်တစ်ခတ်အတွင်းမှာပင် အနက်ရောင်မီးတောက်များသည် သူ့တိုက်ကွက်ကို ဖျက်စီးပြီး သူ့ဆီသို့ တိုးဝင်လာနေလေပြီ။

“မဖြစ်နိုင်ဘူး” ဝတုတ်တုတ်နှင့်လူ သွေးရူးသွေးတန်းဖြင့် အော်ဟစ်လိုက်သည်။ မီးဓါတ်သည် သူ့နွယ်ပင်များကို ဖိနှိပ်နိုင်သော်လည်း ထိုကဲ့သို့ အလွန်အကျွံ ဖိနှိပ်နိုင်ခြင်း မရှိချေ။ ယခုမူ သူ့နွယ်များသည် နည်းနည်းလေးပင် မခုခံနိုင်ဘဲ ချက်ချင်း ပြာဖြစ်သွားခဲ့သည်။ လျှိုမြောင် တစ်ခုလုံးသည်လည်း ပူလိုက်အေးလိုက် ဖြစ်လာခဲ့လေပြီ။

နွယ်ပင်များကို ဖျက်စီးပြီးသည်နှင့် ရန်ကိုင်သည် ကောင်းကင်တိုက်ပွဲအစည်းအရုံးမှ ကျင့်ကြံသူဆီ တစ်ဟုန်ထိုး ပြေးဝင်သွားလိုက်သည်။ နတ်ဆိုးမီးတောက်ဖြင့် ဖန်တီးထားသော ကောင်းကင်အပြစ်ပေးလှံတံကို ဝတုတ်တုတ်လူဆီ ပစ်လွှတ်လိုက်ပြီးနောက် ကောင်းကင်ဖုံးလက်ကိုပါ ထပ်မံအသုံးပြလိုက်သည်။

ရန်ကိုင်အနေဖြင့် ဤတိုက်ပွဲကို မြန်မြန် အပြတ်ဖြတ်ရပေမည်။ သက်လတ်ပိုင်းလူကြီးသည် သူထင်ထားသည်ထက် ပိုပြီး သတိကြီးနေခဲ့သည်။ သူ့အပေါင်းအပါ နှစ်ယောက် ဘာမှပြန် ပြန်မလုပ်နိုင်ဘဲ ရန်ကိုင်၏ သတ်ဖြတ်ခြင်း ခံလိုက်ရသည်ကို မြင်သော် လက်စားချေရန်ပင် မစဉ်းစားဘဲ ချက်ချင်း လှည့်ပြေးတော့သည်။

သက်လတ်ပိုင်းလူကြီးသည် ရန်ကိုင်၏ ရတနာများအပေါ် လိုချင်စိတ်ကို ဖိနှိပ်၍ ထွက်ပြေးရန်သာ ရွေးချယ်ခဲ့သည်။

ရန်ကိုင်သာ ဝတုတ်တုတ်လူနှင့် အချိန်ကုန်နေမည်ဆိုပါက သက်လတ်ပိုင်းလူကြီး လွတ်သွားပေလိမ့်မည်။ ယခုအချိန်ပင်လျှင် သက်လတ်ပိုင်းလူကြီးသည် ရန်ကိုင်ဆီမှ မီတာတစ်ရာ အကွာဆီသို့ ရောက်နေခဲ့ပေပြီ။ သူသာ လွတ်သွားပါက သောက်ဒုက္ခများပေရော့မည်။

ထို့ကြောင့် ရန်ကိုင်သည် သူ့ခွန်အားကို ထိန်ချန်မထားတော့ဘဲ အားကုန်သုံးကာ တိုက်ခိုက်လိုက်သည်။

ဝတုတ်တုတ်နှင့် လူမှာလည်း မခေလှ။ ရန်ကိုင်၏ ကောင်းကင်အပြစ်ပေး လှံတံကို မြင်သော် ချက်ချင်းပဲ ဒိုင်းကာလေး တစ်ခုကို ထုတ်ယူလိုက်သည်။ ဒိုင်းကို အသက်သွင်းလိုက်သည်နှင့် တစ်ပြိုင်နက် ဒိုင်းသည် ဖြည်းဖြည်းချင်း စတင် လည်ပတ်လာပြီး ဒိုင်းမျက်နှာပြင်ပေါ်ရှိ အက္ခရာအမှတ်အသားများနှင့် စွမ်းအင်းစီးကြောင်းများ စတင် လင်းလက်လာခဲ့သည်။ ထို့နောက် ဒိုင်းကာပေါ်၌ ကူးခတ်သွားလာနေသော စွမ်းအင်လိပ် တစ်ကောင် ပေါ်လာခဲ့သည်။ ဒိုင်းကာကို အသက်သွင်းပြီးသည်နှင့် အလျင်အမြန် နောက်ပြန်ဆုတ်ရန် ကြိုးစားလိုက်သည်။

သို့သော်လည်း ကောင်းကင်တစ်ခုလုံးအား ဖုံးလွှမ်းသွားတော့ဟန် ထင်မှတ်ရသော ဧရာမလက်ကြီးဆီမှ မည်သို့မှ ပြေးမလွတ်နိုင် ဖြစ်နေခဲ့သည်။

ဘုန်း…

ကောင်းကင်အပြစ်ပေးလှံတံနှင့် ဒိုင်း ထိပ်တိုက်တွေ့သွားခဲ့သည်။ ကြောက်မခန်းလိလိ အားကောင်းလှသော စွမ်းအင်လှိုင်းတို့ ပေါက်ကွဲထွက်လာခဲ့ပြီး ဒိုင်းကာလေးလည်း အက်သွားခဲ့သည်။ သို့သော် ပျက်စီးမသွားခဲ့။ အနက်ရောင်မီးတောက်၏ လောင်ကျွမ်းခြင်း ခံလိုက်ရသော်လည်း ဒိုင်းမျက်နှာပြင်ပေါ်ရှိ စွမ်းအင်လိပ်သည် အဖြူရောင်စွမ်းအင်မြူများကို ပစ်လွှတ်ကာ နတ်ဆိုးမီးတောက် အကြွင်းအကျန်များကို ငြိမ်းသတ်လိုက်သည်။

ထိုကဲ့သို့ လုပ်ပြီးနောက် စွမ်းအင်လိပ်လေးသည် ယခင်ကဲ့သို့ မလှုပ်ရှားနိုင်တော့ဘဲ ငြိမ်သက်သွားခဲ့လေပြီ။

ထိုမှော်ရတနာ ပျက်စီးသွားခဲ့လေပြီ။ အဆင့်မြင့် ပန်းပဲပညာရှင်တစ်ယောက်ကို ရှာပြီး ပြန်မပြင်ခိုင်းပါက နောက်တစ်ကြိမ် ပြန်သုံးလို့ ရတော့မည် မဟုတ်ချေ။

ဒိုင်းကာလေးသည် ကောင်းကင်အပြစ်ပေးလှံတံကို ကာကွယ်လိုက်နိုင်သော်လည်း ကောင်းကင်ဖုံးလက်ကို မကာကွယ်နိုင်တော့ချေ။ ထို့ကြောင့် ဝတုတ်တုတ်လူသည် မာန်သွင်း အော်ဟစ်လိုက်ပြီး လက်ကွက်အချို့ကို ဖန်တီးလျက် သူ့လက်နှစ်ဖက်စလုံးကို ကောင်းကင်ပေါ်သို့ ပင့်တင်လိုက်သည်။

အစိမ်းရောင်အရံအတားလေးတစ်ခု သူ့အား လွှမ်းခြုံသွားခဲ့သည်။

ဘုန်းဆိုသော မြည်သံနှင့်အတူ မြေပြင်တစ်ခုလုံး တုန်ခါသွားပြီး ဖုန်အလိမ်းလိမ်း ထသွားခဲ့သည်။ ကောင်းကင်ဖုံးလက် ပျက်စီးသွားခဲ့ရသည်။ ထိုနည်းတူစွာ အစိမ်းရောင် အရံအတားလည်း ပျက်စီးသွားခဲ့ရသည်။ ဝတုတ်တုတ်လူ ဒဏ်ရာရသွားခဲ့သော်လည်း ဒဏ်ရာ ပြင်းပြင်းထန်ထန် ရသွားခဲ့ခြင်းမရှိ။ သို့သော် သူ့မျက်နှာမှာမူ ဖြူလျော်နေခဲ့လေပြီ။

ဤတစ်ခဏသော အချိန်တိုအတွင်း ရန်ကိုင်နှင့် သူ့ကြားရှိ ကွာခြားချက်ကို ကောင်းကင်တိုက်ပွဲအစည်းအရုံးမှ ကျင့်ကြံသူ နားလည်သွားခဲ့သည်။

သူတော်စင်ဘုရင် ပထမအဆင့် တစ်ယောက် ဖြစ်လျက်နှင့် ဘာကြောင့် ထိုမျှ အားကောင်းရသနည်း။ သူတော်စင်ဘုရင် တတိယအဆင့် တစ်ယောက်ပင် ထိုမျှ မကြမ်းချေ။ ရန်ကိုင်ဆီမှ ထွက်ပေါ်နေသော သူတော်စင်ချီများကြောင့်သာ မဟုတ်လျှင် တန်ခိုးရှင်အဆင့် ကျင့်ကြံသူတစ်ယောက်နှင့် တိုက်ခိုက်နေရသည်ဟုပင် ထင်မိပေလိမ့်မည်။

သူတို့ လေးယောက်ကို မြင်သည်နှင့် ထိုကောင် နည်းနည်းလေးမှ မကြောက်သည်မှာလည်း အထူးအဆန်း မဟုတ်တော့ချေ။ ထိုမျှ အားကောင်းနေလေရာ ချူချန်ဖုန်းနှင့်ပင် သွားပြိုင်၍ ရနေပပြီ။

ဝတုတ်တုတ်လူသည် သူ၏ အကောင်းဆုံး မှော်ရတနာများကို အသုံးပြု၍ အားကုန်သုံး တိုက်ခိုက်ခဲ့သော်လည်း သူ့ပြိုင်ဘက်သည် သိုင်းပညာရပ်အချို့ကိုသာ အသုံးပြုသွားခဲ့သည်။

ရန်ကိုင်တွင် မှော်ရတနာနှစ်ခုသာ ရှိသည်။ တစ်ခုသည် ခရမ်းရောင်ဒိုင်းကာ ဖြစ်ပြီး ကျန်တစ်ခုသည် တောင်တစ်ရာ ပန်းချီကားချပ် ဖြစ်သည်။

ခရမ်းရောင်ဒိုင်းကာသည် အကာအကွယ် မှော်ရတနာဖြစ်ပြီး တိုက်ခိုက်ရာတွင် အသုံးမပြုနိုင်ချေ။ တောင်တစ်ရာ ပန်းချီကားချပ်မှာ အဆင့်မြင့် မှော်ရတနာတစ်ခု ဖြစ်သော်ငြား ၎င်းအား ဤကျဉ်းမြောင်းသော လျှိုမြောင်ထဲတွင် အသုံးပြုရန် အဆင်မပြေပေ။ ထို့ကြောင့် ရန်ကိုင်သည် သိုင်းပညာရပ်များကို သုံး၍သာ တိုက်ခိုက်နေခြင်း ဖြစ်သည်။ မဟုတ်လျှင် ထိုဖက်တီးကို သတ်ရန်အတွက် သူ့မှော်ရတနာကို ထုတ်သုံးလိုက်ပြီးနေလေပြီ။

ဖက်တီးမှာမူ ထိုအကြောင်းကို မသိထား။ ထို့ကြောင့် ရန်ကိုင်အား ပို၍ ကြောက်မိသွားသည်။ ကောင်းကင်ဖုံးလက်ကို ကာကွယ်ပြီးနောက် ဓါးပျံတစ်ချောင်းကို ထုတ်ယူလိုက်သည်။ ဓါးပျံထဲသို့ စွမ်းအင်ထည့်သွင်း၍ ရန်ကိုင်ဆီ ပစ်လွှတ်လိုက်ပြီးနောက် ချက်ချင်း နောက်လှည့် ပြေးတော့လေသည်။

ဓါးပျံသည် သူ့အတွက် အချိန်နည်းနည်းလောက် ဆွဲပေးနိုင်လိမ့်မည်ဟု မျှော်လင့်နေခြင်း ဖြစ်သည်။ နောက်ထပ် အချိန်နည်းနည်းလောက်သာ ရလျှင် ဤလျှိုမြောင်ထဲမှ ထွက်ပြေး နိုင်ပေလိမ့်မည်။ သို့သော်လည်း သူနောက်လှည့်လိုက်သည်နှင့် တစ်ပြိုင်နက် သေခြင်းတရား အငွေ့အသက် သူ့အပေါ် သက်ဆင်းလာလိမ့်မည်ဟု ဖက်တီး မည်ကဲ့သို့ ထင်ထားခဲ့မည်နည်း။

နောက်သို့ အလန့်တကြား လှည့်ကြည့်လိုက်ရာ ရန်ကိုင်သည် သူ့ဓါးပျံကို အသာအယာ ရှောင်တိမ်း၍ နတ်ဆိုးမီးတောက်ဓါးဖြင့် သူ့အား ပိုင်းချလာသည်ကို မြင်လိုက်ရလေသည်။

ဖက်တီး သွေးပျက်မတတ် လန့်သွားခဲ့သည်။ သို့သော် မခုခံနိုင်သေးခင်မှာပဲ များစွာသော ဓါးလှိုင်းတို့ သူ့အပေါ် ကျရောက်လာခဲ့သည်။ နာနာကျင်ကျင် အော်ဟစ်ရင်း နောက်သို့ လွင့်ပျံ ထွက်သွားခဲ့လေသည်။ နတ်ဆိုးမီးတောက်များသည်လည်း သူ့ခန္ဓာကိုယ်အား လောင်ကျွမ်းနေသည်။ မီးတောက်များအား ငြိမ်းသတ်ရန် ကြိုးစားလိုက်သော်လည်း သူမည်သို့ပင် ကြိုးစားစေကာမူ၊ မီးတောက်များသည် ငြိမ်းသွားခြင်း မရှိခဲ့။ မကြာမီ သူအဖော်နှစ်ယောက် နောက်သို့ လိုက်သွားရလေသည်။

လျှိုမြောင်သည် ဆယ်မီတာသာ ကျယ်သည့်အတွက် တစ်ဖက်နှင့် တစ်ဖက် တိုက်ခိုက်မှုကို ရှောင်တိမ်းရန် ခက်လှသည်။ ထို့ကြောင့်သော မဟုတ်လျှင် နည်းနည်း ပိုကြာကြာ ခုခံနိုင်မည် ဖြ်စပြီး ဤမျှ မြန်မြန် သေသွားခဲ့ရလိမ့်မည် မဟုတ်ချေ။

သေသွားသည့်တိုက် ဘာမဟုတ်သော သူတော်စင်ဘုရင် ပထမအဆင့်လေးသည် ဘာကြောင့် ထိုမျှ ကြောက်မက်ဖွယ် ကောင်းနေရသလဲ ဆိုသည်ကို နားမလည်သွားခဲ့ချေ။

ဝတုတ်တုတ်လူကို သတ်ပြီးသည်နှင့် လျှိုမြောင်ပေါက်ဝဆီသို့ ရန်ကိုင် လှမ်းကြည့်လိုက်သည်။ သက်လတ်ပိုင်းလူကြီးသည် အတော့်ကို ခြေသွက်လှသည်။ ခဏလေးသာ ရှိသေးသော်လည်း မီတာနှစ်ထောင်အကွာသို့ ရောက်နေခဲ့ပေပြီ။

ဝတုတ်တုတ်လူ၏ သွေးပျက်မတတ် အော်သံကို ကြားလိုက်သည့် အတွက်ကြောင့်လား မသိရာ၊ သူ့ခန္ဓာကိုယ်သည် အနည်းငယ် တုန်ရင်နေခဲ့သည်။ သို့သော်လည်း သူ့ခြေလှမ်းတို့ ရပ်တန့်သွားခြင်း မရှိဘဲ ဆက်ကာ ပြေးနေခဲ့သည်။

အစောပိုင်းက သတိထားနေခဲ့ခြင်းသည် မှန်ကန်ကြောင်း သက်လတ်ပိုင်းလူကြီး နားလည်သွားခဲ့သည်။ ဝတုတ်တုတ်လူ၏ အော်သံကို ကြားလိုက်သည့်အခိုက် သူ့အပေါင်းအပါ သေသွားပြီမှန်း သက်လတ်ပိုင်းလူကြီး နားလည်လိုက်သည်။ ရန်ကိုင် မည်သည့် နည်းလမ်းကို သုံး၍ ဝတုတ်တုတ်လူအား သတ်လိုက်သည်ဖြစ်ပါစေ၊ အသက်ငါးရှိုက်စာအတွင် ဝတုတ်တုတ်လူအား သတ်နိုင်သော အချက်ကပင် ထိုသူတော်စင်ဘုရင် ပထမအဆင့်သည် သူရင်ဆိုင်နိုင်သော ကျင့်ကြံသူတစ်ယောက် မဟုတ်မှန်း သက်လတ်ပိုင်းလူကြီး သိလိုက်သည်။

ထို့ကြောင့် နောက်သို့ တစ်ချက်ပင် လှည့်မကြည်ဘဲ လျှိုမြောင်ထဲမှ လွတ်အောင် မြန်နိုင်သမျှ မြန်မြန် ပြေးနေခြင်း ဖြစ်သည်။ တစ်ချိန်တည်းတွင် တုန်တုန်ရီရီဖြင့် သိုလှောင် လက်စွပ်ကို ကိုင်၍ ဆက်သွယ်ရေးမှော်ရတနာကို ထုတ်ယူလိုက်သည်။ ဤနေရာတွင် ဖြစ်ပျက်ခဲ့သည့် အကြောင်းစုံကို သူ့အပေါင်းအပါများဆီ လှမ်းအကြောင်းကြားရပေမည်။ အထူးသဖြင့် ချူချန်ဖုန်းဆီကိုပင်။

သူ့အမြင်အရ ချူချန်ဖုန်းကဲ့သို့သော လူတစ်ယောက်သည်သာ ထိုလူငယ်လေးနှင့် ယှဉ်ပြိုင်နိုင်ပေလိမ့်မည်။

ဆက်သွယ်ရေးမှော်ရတနာကို သူထုတ်လိုက်သည့်အခိုက် သူ့နောက်ဘက်မှ လျှပ်စီးသံ၊ မိုးကြိုးသံများကို ကြားလိုက်ရသည်။ တစ်ချိန်တည်းတွင် တန်ခိုးရှင်အဆင့် တစ်ယောက်အောက် မလျော့သော ကောင်းကင်စိတ်အာရုံသည် သူ့အပေါ်သို့ ကျရောက်လာခဲ့သည်။

သက်လတ်ပိုင်းလူကြီးလည်း နည်းနည်းလေးမှ တုန့်ဆိုင်းမနေရဲတော့ဘဲ သူ့ကောင်းကင် စိတ်အာရုံကို ဆက်သွယ်ရေး မှော်ရတနာထဲသို့ ချက်ချင်း ထည့်သွင်းလိုက်သည်။ သို့သော်လည်း မည်သည့် သတင်းစကားမှ လှမ်းမပို့ရသေးခင်မှာဘဲ သူ့လက် ရုတ်တရက် ကိုက်ခဲလာသလို ခံစားလိုက်ရသည်။

ပုရွက်ဆိတ်တစ်ကောင်မှ သူ့လက်ကို ကိုက်လိုက်သလို ခံဏားလိုက်ရခြင်း ဖြစ်သည်။

သို့သော်လည်း ငုံကြည့်လိုက်သည့်အခိုက် သူ့လက် ပြတ်နေသည်ကို သက်လတ်ပိုင်းလူကြီး တွေ့ရှိလိုက်ရသည်။ သူနှင့် မနီးမဝေးတွင်ကား အရာအားလုံးကို ဝါးမြိုပစ်နိုင်ဟန် ထင်ရသော အက်ကွဲကြောင်းတစ်ခု ရှိနေခဲ့သည်။ သက်လတ်ပိုင်းလူကြီး သွေပျက်ကြောက်ရွံ့သွားခဲ့သည်။

“ဟင်းလင်းပြင် အက်ကွဲကြောင်းလား” သက်လတ်ပိုင်းလူကြီးသည် အတော်လေး ဗဟုသုတ နှံ့စမ်းသူဖြစ်သဖြင့် ထိုအရာသည် ဟင်းလင်းပြင်အက်ကွဲကြောင်းမှန်း သိလိုက်သည်။ သို့သော် သူထိုကဲ့သို့ အသိစိတ်လွတ်သွားသည့် အချိန်မှာပဲ ဟင်းလင်းပြင်အက်ကွဲကြောင်း ပျောက်ကွယ် သွားခဲ့လေသည်။

ပြတ်ထွက်သွားသည့် သူ့လက်ဆီမှ ထွက်ပေါ်လာသော စူးရှသည့် နာကျင်မှုကြောင့် ချွေးသီးတို့ သူ့နဖူးဆီမှ တတောက်တောက် စီးကျလာခဲ့ပြီး တစ်ခဏအတွင်း သူ့အင်္ကျီတစ်ခုလုံး စိုရွှဲသွားခဲ့ရသည်။

ရွှစ်…

အတော်လေးကိုမှ တိုးညင်းလှသော အသံလေးတစ်သံနှင့်အတူ အကောင်းအတိုင်း ရှိနေသော သူ့ကျန်လက်တစ်ဖက်လည်း ကိုက်လာခဲ့သည်။

ယခုလေးတင် ဖြစ်သွားသည့် အဖြစ်အပျက်ကြောင့် သက်လတ်ပိုင်းလူကြီး၏ မျက်နှာ သွေးဆုတ်ဖြူလျော်သွားခဲ့ပြီး ထိတ်ထိတ်လန့်လန့်ဖြင့် ငုံ့ကြည့်လိုက်သည့်အခိုက် သူ့ကျန် လက်တစ်ဖက်လည်း ပြတ်ထွက်နေသည်ကို တွေ့လိုက်ရလေသည်။

ပုံရိပ်တစ်ခုသည် လျှပ်စီးတန်းတစ်စင်းပမာ သူ့အား ဖြတ်ကျော်သွားပြီး သူ့လမ်းအား ပိတ်ရပ်လိုက်သည်။ သက်လတ်ပိုင်းလူကြီး၏ ခြေလှမ်းတို့ ရပ်တန့်သွားခဲ့ပြီး ရန်ကိုင်အား တုန်လှုပ်ခြောက်ခြားမှုအပြည့်ဖြင့် ကြည့်လိုက်သည်။

ပြတ်ထွက်သွားသော သူ့လက်နှစ်ဖက်ဆီမှ နာကျင်မှုကို အာရုံမစိုက်နိုင်။ သူ့အကြည့်သည် ရန်ကိုင်နောက်ဘက်ရှိ လေမိုးကြိုးတို့ဖြင့် ဖွဲ့စည်းထားသော တောင်ပံနှစ်ဖက်ဆီသို့သာ ရောက်နေခဲ့သည်။ တစ်ချိန်တည်းတွင်လည်း အရှိန်ကုန်ပြေးနေသည့်တိုင် ရန်ကိုင်ဘက်မှ ဘာကြောင့် ပြေးမလွတ်ခဲ့သည်ကိုလည်း နားလည်သွားခဲ့သည်။

သူ့ပြိုင်ဘက်တွင် ထိုကဲ့သို့ ထူးဆန်းလှသော မှော်ရတနာတစ်ခု ရှိနေခဲ့သည်။ သူထိုမျှ မြန်နေသည်မှာလည်း အထူးအဆန်း မဟုတ်တော့။ ရန်ကိုင် မည်သည့်နည်းလမ်းကိုသုံး၍ သူ့လက်နှစ်ဖက်အား ဖြတ်သွားသည်ကိုလည်း သက်လတ်ပိုင်းလူကြီး မသိ။ သူ့လက်နှစ်ဖက် ပြတ်သွားစဉ် မည်သည့် သူတော်စင်ချီကိုမှ မခံစားမိ။ နာလာသောကြောင့် ငုံကြည့်လိုက်သည့် အခါမှသာ သူ့လက်ပြတ်နေမှန်း သိလိုက်ရသည်။

All Chapters