← Chapters

အခန်း (၁၂၁၆-၁၂၂၀)

Vol. 49 Ch. 1216-1220

အခန်း (၁၂၁၆-၁၂၂၀)

Vol. 49 Ch. 1216-1220

အပိုင်း (၁၂၁၆)

“စီနီယာအစ်ကို၊ နင်ဂျူနီယာမောင်လေးရန်ဆီ သတင်း လှမ်းပို့လိုက်သေးတယ်မလား။ သူဘာပြန်ပြောလဲ” တုန်ရွှမ်းအာက ဝေကုချန်းကို ကြည့်၍ မေးလိုက်သည်။

“ဘာမှပြန်မပြောဘူး…” ဝေကုချန်းက ခါးသက်သက် ပြုံးလိုက်သည်။

“ဂျူနီယာမောင်လေးရန်….” တုန်းရွှမ်အာက စိုးရိမ်သွားသည့် လေသံဖြင့် ပြောလိုက်သည်။

“သူတစ်ခုခု ဖြစ်သွားမယ်လို့ ထင်နေတာလား” ဝေကုချန်းက ရယ်သွမ်းသွေးလိုက်ပြီး ခေါင်းခါလျက် “အဲ့လိုမဖြစ်လောက်ဘူး။ သူ့ခွန်အား၊ သူ့စွမ်းရည်နဲ့ဆို ငါတို့လိုသာ ကံမဆိုးရင် ဘာမှဖြစ်မှာ မဟုတ်ဘူး”

“ဒါဆို ကျွန်မတို့ သတင်းပို့ထားတာကို ဘာလို့ ဘာမှ ပြန်မပြောတာလဲ” တုန်ရွှမ်းအာ ဝမ်းနည်းသွားခဲ့သည်။ ရန်ကိုင် တစ်ခုခု ဖြစ်သွားသည့်အတွက်ကြောင့် သူတို့ ပို့လိုက်သည့် သတင်းကို အကြောင်းမပြန်ခြင်း ဖြစ်သည်ဟု တုန်ရွှမ်းအာ ထင်နေခဲ့သည်။

ဝေကုချန်းသည်လည်း မည်ကဲ့သို့ ပြန်ဖြေရမလဲမသိ။ ခဏတာ တုန့်ဆိုင်းနေပြီးနောက် သက်ပြင်းချလျက် ပြောလိုက်သည် “သူ့ဆက်သွယ်ရေးမှော်ရတနာကို မစစ်တာလည်း ဖြစ်နိုင်တာပဲ။ ဒီကို မလာခင်တုန်းက သူ့ကြည့်ရတာ တစ်ယောက်တည်း လှုပ်ရှားချင်သလိုပဲ။ ငါသူ့ဆီ သတင်းပို့လိုက်ပေမယ့် သူသာ ဆက်သွယ်ရေးမှော်ရတနာကို မစစ်ဆေးကြည့်ရင် ငါတို့ ဒီမှာပိတ်မိနေတာကို သိမှာမဟုတ်ဘူး။ ဒါပေမယ့် ဆိုးတာက… သူကလွဲပြီး အခြားဘယ်သူမှ ငါတို့ကို မကယ်နိုင်တာပဲ။ သူ့အရည်အချင်းနဲ့ဆို တတိယအလွှာကို ကျိန်းသေ ရောက်နေလိမ့်မယ်။ ငါတို့ကံ ဒီမှာအဆုံးမသတ်သေးဖို့ပဲ ဆုတောင်းရတော့မယ်”

“စီနီယာအစ်ကို၊ ချော်ရည်တွေ နောက်တစ်ကြိမ် ထပွက်တော့မယ်” ယောကျာ်းလေး တပည့်နှစ်ယောက်ထဲမှ တစ်ယောက်က ရုတ်တရက် ပြောလိုက်သည်။

ထိုစကားကို ကြားလိုက်သည့်အခါ ကျန်လေးယောက်၏ အမူအရာ ဖြူလျော်သွားပြီး ချော်ရည်ကန်ကို ငုံ့ကြည့်လိုက်သည့်အခါ ယခုလေးတင် တည်ငြိမ်စပြုနေသော ချော်ရည်ကန်သည် ရုတ်တရက် ထဆူပွက်လာသည်ကို တွေ့လိုက်ရသည်။ ပူပေါင်းများလည်း အဆက်မပြတ် ထွက်ပေါ်လာနေပြီး တောက်လျှောက် ပေါက်ကွဲထွက်လာနေခဲ့သည်။

ဝေကုချန်းက နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီးနောက် အနီရောင်အလင်းတန်းတစ်ခုကို ပစ်လွှတ်ကာ ပူပေါင်းများ ပေါက်ကွဲရာမှ ထွက်ပေါ်လာပြီး သူတို့ဆီသို့ တိုးဝင်လာနေသော မီးအဆိပ်များနှင့် တိုက်စားတတ်သော အပူစွမ်းအင်များကို တားဆီးလိုက်လေသည်။

သို့သော်လည်း ထိုကဲ့သို့ လုပ်လိုက်ပြီးနောက် ဝေကုချန်း၏ ခန္ဓာကိုယ် တုန်ရီသွားခဲ့သည်။ သာမန်အခြေအနေတွင်ဆိုပါက ယခုကဲ့သို့ ဖြစ်လိမ့်မည် မဟုတ်သော်လည်း ယခုလက်ရှိ သူ့ခန္ဓာကိုယ်သည် လမ်းဆုံးရောက်နေသည့် မြှားတစ်စင်းနှင့် မခြားချေ။ အနည်းငယ်လေးသော လှုပ်ရှားမှုပင်လျှင် သူ့အပေါ် အတော့်ကိုမှ ဝန်ပိလှသည်။

“ဒီမှာပဲ” အစောပိုင်းက ချော်ရည်ထွပွက်တော့မည့်အကြောင်း သတိပေးလိုက်သော အမျိုးသားတပည့်ကပဲ ထပ်မံ အော်ဟစ်လိုက်သည်။ တစ်ချိန်တည်းတွင် ချော်ရည်ကန်ထဲမှ ချော်ရည်ရေပန်းများ ပန်းထွက်လာပြီး သူတို့ဆီသို့ အဘက်ဘက်မှ တိုးဝင်လာခဲ့လေသည်။

ဤကဲ့သို့ ဖြစ်သည်မှာ တစ်ကြိမ်မကတော့ချေ။ ယခင်လအတွင်း အကြိမ်ပေါင်းများစွာ ဖြစ်ခဲ့သည်။ ထိုကဲ့သို့ဖြစ်တိုင်း ငါးယောက်အတူပူးပေါင်း၍ ကာကွယ်ခဲ့ရသည်။ သို့သော်လည်း ယခုတစ်ကြိမ်သည် ယခင်အကြိမ်နှင့် သိပ်မတူချေ။

“ဘာလို့ ဒီလောက်များနေတာလဲ” ပန်းထွက်လာသော ချော်ရည်တန်းများသည် ယခင်နှင့်မတူ ပိုမိုများပြားနေသည်ကို တွေ့လိုက်ရသည့်အခါ အရပ်ရှည်ရှည်နှင့် အမျိုးသမီး သွေးဆုတ်ဖြူလျော်သွားခဲ့လေသည်။

ယခုတစ်ကြိမ် ပန်းထွက်လာသည့် ချော်ရည်ရေပန်းများသည် ယခင်အကြိမ်နှင့် စာလျှင် အလွန်ကိုမှ များပြားနေခဲ့သည်။ ယခုအချိန်အထိ အသက်ရှင်နေစေရန် ထိုချော်ရည်ရေပန်းများကို အဆက်မပြတ် ခုခံခဲ့ရသည်။ ထိုကဲ့သို့ ခုခံခဲ့ရသည့်အတွက်ကြောင့် ဝေကုချန်း ဒဏ်ရာများစွာ ရခဲ့သည်။ အခြားလူများမှာလည်း မီးစာကုန်ရေခမ်း ဖြစ်နေကြလေပြီ။ ထိုသို့ ဖြစ်နေလေရာ ယခုတစ်ကြိမ် တိုက်ခိုက်မှုကို မည်ကဲ့သို့ ကာကွယ်နိုင်တော့မည်နည်း။

ဒါငါတို့ရဲ့ အဆုံးသတ်လား ပန်းထွက်လာနေသော ချော်ရည်တန်းကြီးကို ကြည့်ရင်း ယောကျာ်းလေး တပည့်နှစ်ယောက်နှင့် အရပ်ရှည်ရှည် အမျိုးသမီးတို့ အချည်းနှီးမဲ့ ခုခံရန် မကြိုးစားတော့ဘဲ လက်လျှော့လိုက်ရန်သာ ဆုံးဖြတ်လိုက်တော့လေသည်။

“ထိတ်လန့်မနေနဲ့” ဝေကုချန်းက အားလုံးကို အော်ဟစ်သတိပေးလိုက်ပြီး တုန်ရွှမ်းအာနှင့်အတူ လက်ကျန်စွမ်းအင် အားလုံးကို လိပ်ခွံထဲသို့ ထည့်သွင်းကာ ၎င်း၏ အကာအကွယ်ကို အသက်သွင်းလိုက်လေသည်။

မီးဖုတ်ထားခံရသဖြင့် ကြက်သွေးရောင်သန်းနေသော လိပ်ခွံဆီမှ အပြာရောင်အလင်း အကာအရံတစ်ခု ထွက်ပေါ်လာခဲ့သည်။ ထိုအလင်းအကာအရံထဲတွင် ရေဓါတ်စွမ်းအင်တို့ ကိန်းအောင်းပါဝင်နေခဲ့သည်။

ရှဲ… ရှဲ… ရှဲ…

ချော်ရည်များ အလင်းအကာအရံကို လာရောက်ထိမှန်ကြသည်။ ပထမလှိုင်းလုံးနှင့်ပင် အကာအရံ ပျက်စီးခါနီး ဖြစ်သွားခဲ့သည်။ ဒုတိယအကြိမ် ထပ်မံ တိုးဝင်လာသည့် ချော်ရည်များနှင့် ရင်ဆိုင်ရသည့်အခါ အလင်းအကာအရံလည်း ဆက်လက် မခုခံနိုင်တော့ဘဲ ပျက်စီသွားခဲ့လေသည်။

ဝေကုချန်းတစ်ကိုယ်လုံး သွေးမရှိတော့သည့်နှယ် အေးစက်သွားခဲ့သည်။ ယခုတစ်ကြိမ် သူတို့ တကယ် သေပြီမှန်း သိလိုက်လေပြီ။ သူဂျူနီယာသုံးယောက်သာ လက်မလျှော့သေးဘဲ ဝင်ရောက်ကူညီပေးမည်ဆိုလျှင် နောက်ထပ် နည်းနည်းလောက် ထပ်မံ ခုခံနိုင်လောက်ပေသည်။ သို့သော် သူနှင့်တုန်ရွှမ်းအာ နှစ်ယောက်တည်းဖြင့် လိပ်ခွံကို အသက်သွင်းခဲ့ရခြင်း ဖြစ်သည့် အတွက်ကြောင့် အကာအရံ၏ စွမ်းအားမှာ ချော်ရည်များစွာ၏ တိုက်ခိုက်မှုကို ခုခံနိုင်သည်အထိ အားမကောင်းခဲ့ချေ။

ထားလိုက်ပါတော့လေ… ထူးဆန်းသော ရှေးဟောင်းစိတ်ဝိဥာဉ်အစီအရင်ထဲ သေရသည်မှာ ရှက်စရာတစ်ခုမဟုတ်….

ဝေကုချန်းက တုန်ရွှမ်းအာကို လှမ်းကြည့်လိုက်သည့်အခါ တုန်ရွှမ်းအာလည်း သူ့အား ကြည့်နေသည်ကို တွေ့လိုက်ရသည်။ နှစ်ယောက်သာ အကြည့်ချင်း ဆုံသွားသည်။ နှစ်ယောက်စလုံး ရုတ်တရက် ပြုံးလိုက်သည်။ ဘာစကားမှ ထပ်ပြောနေစရာမလိုတော့…

ရွှစ်… ရွှစ်… ရွှစ်…

ထူးဆန်းသော အသံများ ရုတ်တရက် ထွက်ပေါ်လာပြီး အဝေးတစ်နေရာဆီမှ အားကောင်းသော စွမ်းအင်လှိုင်းများ သူတို့ ရှိနေသည့်နေရာဆီ ပစ်ဝင်လာခဲ့သည်။ ချက်ချင်း ဆိုသလို လိပ်ခွံပတ်လည်တွင် အနက်ရောင်မီးတောက်များဖြင့် ဖွဲ့စည်းထားသော ဒိုင်းများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာပြီး ဝေကုချန်းတို့ ငါးယောက်ကို ဖုံးအုပ်သွားခဲ့သည်။

ချော်ရည်တန်းများသည် ဝေကုချန်းတို့အဖွဲ့အား လာရောက်ရိုက်ခတ်ကြသော်လည်း အနက်ရောင်ဒိုင်းကာများ၏ တားဆီးခြင်း ခံလိုက်ရသည်။ ဒိုင်းကာများ တစ်ခုပြီးတစ်ခု ပေါက်ကွဲ ပျက်စီးသွားခဲ့သော်လည်း ပျက်စီးသွားသော ဒိုင်းကာများနေရာတွင် အသစ်အသစ်သော ဒိုင်းကာများ တစ်ခုပြီးတစ်ခု အစားထိုး ဝင်ရောက်လာခဲ့သည်။

ထို့နောက် အသံထွက်ပေါ်လာရာ အရပ်ဆီမှ အနက်ရောင်ဓါးတစ်ချောင်း ထွက်ပေါ်လာပြီး လေဟာနယ်ကို ထိုးခွင်း၍ ချော်ရည်တန်းများကို ထက်ပိုင်းဖြတ်သွားလေသည်။

သေမင်းခံတွင်းမှ ကပ်သီလေး လွတ်မြောက်သွားခဲ့ရသဖြင့် ဝေကုချန်းတို့ ငါးယောက်စလုံး အံ့အားသင့်သွားခဲ့ပြီး အနက်ရောင်ဓါး ထွက်ပေါ်လာရာ အရပ်ဆီ လှမ်းကြည့်လိုက်လေသည်။

“ညီလေးရန်…” သူတို့အား အချိန်မှီ လာရောက်ကယ်ဆယ်သူမှာ ရန်ကိုင် ဖြစ်နေမှန်း သိလိုက်ရသည့်အခါ ဝေကုချန်း ဝါးလုံးကွဲ အော်ဟစ်ရယ်မောတော့လေသည်။ လက်ရှိတွင် ရန်ကိုင်သည် ရှေးဟောင်း နတ်ဆိုးနတ်ဘုရားတစ်ပါးနှယ် အနက်ရောင်ဓါးတစ်ချောင်းကို ကိုင်ဆွဲလျက် ချော်ရည်ကန်စပ်တွင် ရပ်လျက် ချော်ရည်တန်းများကို အဆက်မပြတ် ခုတ်ပိုင်းနေခဲ့သည်။

“ဖမ်းလိုက်” ဝေကုချန်းတို့အတွက် ဖိအားသက်သာအောင် လုပ်ပေးနေရင်း ရန်ကိုင်က ခရမ်းရောင်ဒိုင်းတစ်ခုကို သူတို့ဆီ လှမ်းပစ်ပေးလိုက်သည်။

ထိုဒိုင်းကာ သူ့မှော်ရတနာဖြစ်သည်။ ထို့ကြောင့် သူသာ ထိုမှော်ရတနာကို အပြည့်အဝ အသုံးချနိုင်ပေသည်။ သို့သော်လည်း မှော်ရတနာကိုယ်တိုင်သည် အဆင့်ကိုးသားရဲတစ်ကောင်၏ အမာကျောဆုံးအပိုင်းဖြစ်သော ကျောခွံမှ လုပ်ထားခြင်းဖြစ်သည့်အတွက် အလွန်ကိုမှ မာကျောပေသည်။ ဝေကုချန်းတို့ အနေဖြင့် ထိုရတနာကိုအသုံးပြု၍ ချော်ရည်တန်းများကို ယာယီခုခံထားနိုင်ပေသည်။

ခရမ်းရောင်ဒိုင်းကာ ခရမ်းရောင်အလင်းတန်းတစ်ခု အသွင်သို့ ပြောင်းလျက် ဝေကုချန်းတို့ အဖွဲ့ဆီသို့ ပျံသန်းသွားလေသည်။

ဒိုင်းကာကို လှမ်းဖမ်းလိုက်ပြီးနောက် ဒိုင်အားက ချော်ရည်တန်းများ အသိပ်သည်းဆုံး ဘက်ဆီသို့ မျက်နှာမူစေလိုက်ပြီး ရန်ကိုင်အား လှမ်းအော်ပြောလိုက်လေသည် “ဂျူနီယာညီလေးရန်ရေ၊ ဒီတစ်ကြိမ် မင်းကျေးဇူးက ကျေးဇူးတင်ပါတယ်ဆိုတဲ့ စကားနဲ့တင် မလုံလောက်တော့ဘူး။ ဒီဒုက္ခကြီးပြီးသွားတော့မှပဲ ငါမင်းကို အခြားနည်းနဲ့ ကျေးဇူးတင်တော့မယ်”

“ရော့၊ ဒါလည်း ယူထားလိုက်ဦး” ရန်ကိုင်က ခေါင်းညိတ်လိုက်ပြီး ကျောက်စိမ်းပုလင်း တစ်ပုလင်း လှမ်းပစ်ပေးလိုက်ပြန်သည်။

ယခုတစ်ကြိမ်တွင်တော့ တုန်ရွှမ်းအာက ဖမ်းလိုက်သည်။ ကျောက်စိမ်းပုလင်းအဖုံးအား ဖွင့်ကြည့်လိုက်ပြီးနောက် ပျော်ရွှင်စွာ ထအော်လေသည် “နှင်းရေခဲဆေးလုံးတွေပါလား”

လိပ်ခွံပေါ်တွင် ရှိနေသော သူမ၏ ဂျူနီယာသုံးယောက်လည်း ပျော်သွားပြီး ခပ်မြန်မြန် ပြောလေသည် “စီနီယာအစ်မတုန်၊ ကျွန်တော်တို့ကိုလည်း မြန်မြန်လေး ပေးပါဦး”

သူတို့တွင် မည်သည့် ဆေးလုံးမှ မရှိတော့ချေ။ ထို့ကြောင့် နှင်းရေခဲဆေးလုံးများ ရောက်လာခြင်းသည် ဆောင်းတွင်းတွင် မီးသွေးကို မြင်လိုက်ရသည်နှင့် အတူတူပင်။ ထိုနှင်းရေခဲ ဆေးလုံးသည် သူတို့ ခံစားနေရသည့် ဖိအားကို လျှော့ချပေးနိုင်ပေသည်။

တုန်ရွှမ်းအာက ခေါင်းညိတ်လိုက်ပြီး နှင်းရေခဲဆေးလုံး သုံးလုံးကိုထုတ်ကာ သူမ၏ ဂျူနီယာသုံးယောက်အား တစ်ယောက်တစ်လုံးဆီ ဝေပေးလိုက်သည်။ ထို့နောက် ဝေကုချန်း၏ ပါးစပ်ထဲသို့ တစ်လုံးထည့်ပေးလိုက်ပြီး နောက်ဆုံးကျမှသာ သူမ သောက်သည်။

နှင်းရေခဲဆေးလုံးများ သူတို့ကိုယ်ထဲ ရောက်သွားသည်နှင့် ခန္ဓာကိုယ်တစ်လျှောက် အေးစိမ့်စိမ့်လေး ဖြစ်သွားခဲ့ပြီး ခံစားနေရသည့် အပူဓါတ်နှင့် မီးအဆိပ်များအားလုံး ပျောက်ကွယ်ကုန်ကြလေသည်။ အကုန်လုံးလည်း ယခင်ကနှင့်စာလျှင် ပို၍ စိတ်အား တက်ကြွလာကြသည်။ မျှော်လင့်ချက် အလင်းရောင်ကို မြင်လိုက်ရပြီ ဖြစ်သဖြင့် လက်လျှော့ရန် ပြင်ဆင်နေကြသော လအရိပ်ခန်းမ တပည့်သုံးယောက်သည် လက်လျှော့မည့် အကြံအစည်ကို ခေါင်းထဲမှထုတ်လိုက်ပြီး တတ်စွမ်းသမျှ စွမ်းအားဖြင့် ချော်ရည်တန်းများကို တိုက်ခိုက်လေသည်။

ရန်ကိုင်သည် ချော်ရည်ကန်စပ်တွင် ရပ်လျက် မဟာကောင်းကင်ဓါတ်းဖြင့် ချော်ရည်တန်းများကို တိုက်ခိုက်နေရင်း ဝေကုချန်းတို့အတွက် မဟာကောင်းကင်ဒိုင်းများကိုလည်း အဆက်မပြတ် ဖန်တီးပေးနေခဲ့သည်။

သူ့နောက်မှ လိုက်လာသော အရုပ်ဆိုးဆိုးမိန်းမလည်း ချော်ရည်ကန်စပ်သို့ ရောက်လာပြီး အမောတကော အသက်ရှူတော့လေသည်။

ထိုအမျိုးသမီး အသုံးပြုသည့် နည်းလမ်းသည် အတော်လေး ထူးဆန်းလှသည်။ အမျိုးသမီး အသုံးပြုသည့် နည်းလမ်းသည် အသက်မရှူဘဲ အရှိန်ကို မြှင့်တင်ခြင်း ဖြစ်သည်။ ခရီးလမ်းဆုံးကို ရောက်သည့်အခါမှသာ တဝကြီး အသက်ရှူတော့လေသည်။

အခြေအနေသည် သေရေးရှင်ရေးတမျှ အရေးကြီးနေသည်ကို မြင်လိုက်ရသည့်အခါ အမျိုးသမီးသည် ပိတ်စနှင့်တူသော မှော်ရတနာတစ်ခုကို ပစ်လွှတ်လိုက်သည်။ ထိုမှော်ရတနာသည် ပန်းရောင်တိမ်တိုက်တစ်ခုအသွင်သို့ ပြောင်းလဲသွားပြီး ဝေကုချန်းတို့အဖွဲ့ဆီ ပျံသန်းသွားကာ သူတို့အား ကာကွယ်ပေးထားလိုက်သည်။ ပန်းရောင်တိမ်တိုက်နှင့် ထိတွေ့သွားသည့် ချော်ရည်တန်းများ အလျင်အမြန် ပြန့်ကြဲကုန်ကြလေသည်။

“အန်၊ ဒါက…” ထိုမှော်ရတနာကို တုန်ရွှမ်းအား မှတ်မိသွားခဲ့ပြီး ကန်စပ်ဆီ လှမ်းကြည့်လိုက်လေသည်။ အရုပ်ဆိုးဆိုး အမျိုးသမီးကို မြင်လိုက်သည့်အခါ တုန်ရွှမ်းအာ အတော်လေး အံ့အားသင့်သွားခဲ့လေသည် “အစ်မတိုက်ယွမ်နဲ့ စီနီယာအစ်ကိုရန်တို့ ဘယ်လိုလုပ်ပြီး အတူတူ ရောက်လာရတာလဲ”

သူမ သိသလောက်ဆို တိုက်ယွမ်သည် အမြဲတမ်း တစ်ကိုယ်တည်း သွားတတ်သူ ဖြစ်သည်။ အကြောင်းမှာ သူမရုပ်ရည်ကြောင့် မည်သူကမှ သူမနှင့်အတူ မသွားချင်သောကြောင့် ဖြစ်သည်။ ရန်ကိုင်သည်လည်း တစ်ကိုယ်တည်း လှုပ်ရှားရသည်ကို ကြိုက်နှစ်သက်သူ ဖြစ်သည်။ ထို့ကြောင့် သူတို့နှစ်ယောက် အတူတူ ရောက်လာသည့် ကိစ္စမှာ အတော်လေး ထူးဆန်းနေသည်။

“လမ်းမှာ သွားတွေ့တာ နေမှာပေါ့” ဝေကုချန်းက ရယ်ရယ်မောမောဖြင့် ပြောလိုက်သည် “ဘာအကြောင်းကြောင့်ပဲ ဖြစ်ဖြစ် အရေးမကြီးဘူး။ နှစ်ယောက်စလုံး ရောက်လာတာ ပိုတောင် ကောင်းသေးတယ်။ ညီလေးရန် နည်းလမ်းတစ်ခုခုရှာပြီး ငါတို့ကို ဒီကနေ ထုတ်ပေးလိမ့်မယ်”

“အင်း၊ အစ်မတိုက်ယွမ်ရဲ့ နှင်းပိုးမျှင်ကလည်း ဒီချော်ရည်တွေကို ခုခံနိုင်လောက်တယ်” တုန်ရွှမ်းအာလည်း အတော်လေး စိတ်အားတက်ကြွနေသည်။ သူတို့၏ စီနီယာနှစ်ယောက် ပြောနေသည်ကို ကြားပြီးနောက် လအရိပ်ခန်းမ၏ တပည့်သုံးယောက်လည်း ပျော်သွားသည်။

ချော်ရည်တန်းများမှာ ထင်သလောက် ကြောက်စရာမကောင်းချေ။ သူတို့ ကူကယ်ရာမဲ့ရသည်ကား လိပ်ခွံအား လှုပ်မရအောင် ဆွဲထားသည့် ချော်ရည်ကန်၏ ထူးဆန်းသော ဆွဲအားပင်။ ထိုထူးဆန်းသော ဆွဲအားကြောင့် မည်သို့မှ လှုပ်မရဘဲ လိပ်ခွံပေါ်တွင် ရပ်၍သာ ချော်ရည်တန်းများကို ခုခံရသည်။ ခုခံရပါများလာသည့်အခါ စွမ်းအား ကုန်လာသည်။ ထိုနည်းဖြင့် သူတို့ လက်မှိုင်ချကြရခြင်း ဖြစ်သည်။ သို့သော်လည်း ရန်ကိုင်နှင့် တိုက်ယွမ်ဆိုသော အမျိုးသမီးတို့ ရောက်လာပြီဖြစ်သဖြင့် ဤချော်ရည်ကန်ထဲမှ မထွက်နိုင်မည်ကို စိုးရိမ်စရာ မလိုတော့ချေ။ ယခုလောလောဆယ် ချော်ရည်တန်းများကို ကာကွယ်ရုံသာ အာရုံစိုက်ထားရန် လိုအပ်တော့သည်။

ချော်ရည်ကန် တစ်ဖန်ပြန်လည် တည်ငြိမ်သွားသည့်အခါ အကုန်လုံး သက်ပြင်းတစ်ရှိုက် ရှိုက်ထုတ်လိုက်သည်။ သေမင်းခံတွင်းမှ ကပ်သီးသီးလေး လွတ်မြောက်သည့် ခံစားချက်သည် အမြဲတမ်း ခံစားနိုင်သည့် ခံစားချက်မျိုး မဟုတ်ချေ။

ဝေကုချန်းနှင့် အခြားသူများသည် လိပ်ခွံပေါ်တွင် ထိုင်ချလိုက်ပြီး ခေတ္တာခဏ အနားယူလိုက်သည်။ အနားယူပြီးနောက် ဝေကုချန်းက မတ်တပ်ရပ်၍ ရန်ကိုင်အား လှမ်း၍ အော်ပြောလိုက်သည် “ညီလေးရန်၊ ချော်ရည်ကန်ထဲကို အလျင်စလို ဝင်မလာနဲ့နော်။ ငါ့တန်ခိုးရှင်အဆင့် မှော်ရတနာတောင် ဒီချော်ရည်ကန်ရဲ့ အပူဓါတ်ကို မခုခံနိုင်ဘူး။ ခဏလေးနဲ့ အရည်ပျော်သွားတယ်”

“ဒါဆို အစ်ကိုဝေတို့ကို ဘယ်လိုထုတ်ပေးရမှာလဲ” ရန်ကိုင်သည် ဝေကုချန်းတို့အဖွဲ့ အနားယူနေစဉ်အတွင်း ချော်ရည်ကန်ကို စစ်ဆေးခဲ့သည်။ ထို့ကြောင့် ချော်ရည်ကန် မည်မျှ ပူကြောင်းကို သူသိပေသည်။ သူ့ခွန်အားနှင့် ချော်ရည်ကန်ထဲသို့ အလွယ်တကူ မဝင်ရဲချေ။ ဝေကုချန်းတို့အဖွဲ့အား ချော်ရည်ကန်ထဲမှ မည်ကဲ့သို့ ထုတ်ပေးရမည်လဲဟု စဉ်းစားနေစဉ်မှာပဲ ဝေကုချန်းက သူ့အား လှမ်းအော်ပြောလိုက်ခြင်း ဖြစ်သည်။

“ဂျူနီယာညီမ တိုက်ယွမ်ကိုသာ အကူအညီတောင်းလိုက်” ဝေကုချန်းက ရန်ကိုင်ဘေးတွင် ရပ်နေသော အမျိုးသမီးကို လှမ်းပြုံးပြလိုက်သည်။

ဒီတော့ သူ့နာမည်က တိုက်ယွမ်ပေါ့ ယခုမှပဲ ထိုအမျိုးသမီးကို နာမည်ကို သူသိတော့သည်။

ထိုစကားကို ကြားလိုက်သည့်အခါ တိုက်ယွမ်က သူမ၏ နှုတ်ခမ်းလေးကိုကိုက်လျက် ဝေကုချန်းကို ပြောလိုက်လေသည် “ငါ့နှင်းပိုးမျှင် ဒီချော်ရည်ကို ခုခံနိုင်မလား၊ မခုခံနိုင်ဘူးလား ငါလည်း သေချာမသိဘူး။ မခုခံနိုင်ဘူးဆိုရင်တော့ နောက်တစ်နည်း စဉ်းစားရလိမ့်မယ်”

“ငါသိတယ်။ နင့်နှင်းပိုးမျှင် ပျက်စီးသွားရင် ငါပြန်လျော်ပေးမယ် ဂျူနီယာညီမ တိုက်ယွမ်” ဝေကုချန်းက ခေါင်းညိတ်လိုက်သည်။

“ဘယ်သူက ရှင့်ဆီက အလျော်လိုချင်လို့လဲ။ ရှင့်ဆီက အလျော်လိုချင်လို့ လုပ်နေတာ မဟုတ်ဘူး။ ညီမရွှမ်းအာကို ကယ်ချင်လို့ လုပ်နေတာ” တိုက်ယွမ်က နှာခေါင်းရှုံ့လိုက်သည်။ သူမ၏ စကားကြောင့် ဝေကုချန်း ရှက်ပြုံးပြုံးသွားခဲ့ရသည်။

ပြောသာပြောလိုက်ခြင်း ဖြစ်သော်လည်း ရန်ကိုင် ယခင်တစ်ခါက မြင်ဖူးခဲ့သည် အဖြူရောင်ပိုးမျှင်ကို ထုတ်လိုက်သေးသည်။

ရန်ကိုင် တိုက်ယွမ်ကို စမြင်ခဲ့စဉ်က သူမသည် ထိုပိုးမျှင်ကို အသုံးပြု၍ ကောင်းကင်တိုက်ပွဲအစည်းအရုံးမှ တပည့်ကို တိုက်ခိုက်နေခြင်း ဖြစ်သည်။ ထိုစဉ်က ထိုမှော်ရတနာ ဘာမှန်း ရန်ကိုင်မသိခဲ့။ ယခုမူ ထိုအရာသည် နှင်းပိုးမျှင်ဖြစ်မှန်း သူသိသွားခဲ့လေပြီ။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၂၁၇)

နှင်းပိုးကောင်များသည် အလွန်ကိုမှ ရှားပါးကြပြီး အလွန်အမင်း အေးစက်သည့် ပတ်ဝန်းကျင်များတွင်သာ ရှင်သန်ကြသည်။ နှင်းပိုးကောင်သားလောင်းလေးများသည် နှင်းပိုးမျှင်ကို မထုတ်လုပ်နိုင်ကြချေ။ နှစ်ပေါင်းနှစ်ရာ၊ သုံးရာလောက်ရှိသည့် သက်ကြီးကောင်အဆင့်သို့ ရောက်မှသာ ပိုးမျှင်များကို စထုတ်လုပ်ကြသည်။ ထို့အပြင် ဆယ်နှစ်နေမှတစ်ကြိမ် နည်းနည်းလေးသာ ထုတ်ပေးခြင်း ဖြစ်သည်။ ထို့ကြောင့် ထိုနှင်းပိုးမျှင်များမှ မှော်ရတနာတစ်ခု ပြုလုပ်ရန်အတွက် နှစ်ရာပေါင်းများစွာ လိုအပ်ပေသည်။

တိုက်ယွမ်ဆိုသော အမျိုးသမီးတွင် နှင်းပိုးမျှင်လုပ်ထားသော မှော်ရတနာနတစ်ခု ရှိနေသည်မှာ တကယ်ကို အံ့အားသင့်စရာကောင်းပေသည်။ ဝေကုချန်း၊ တုန်ရွှမ်းအာတို့နှင့် အသိအကျွမ်းဖြစ်နေသည့်အပြင် ထိုကဲ့သို့ မှော်ရတနာတစ်ခုအား ပိုင်ဆိုင်ထားသည် ဆိုသောအချက်သည် သူမ၏ အဆင့်အတန်း မနိမ့်ကြောင်း မီးမောင်းထိုးပြနေသည်။

တိုက်ယွမ် မည်သည့်နေရာမှ လာသလဲဆိုသည်ကို ရန်ကိုင် စဉ်းစားနေစဉ်မှာပဲ သူမ ချော်ရည်ကန်စပ်သို့ ရောက်လာခဲ့သည်။ ကန်အခြေအနေကို ကောင်းကင်စိတ်အာရုံဖြင့် စစ်ကြည့်ပြီးနောက် တိုက်ယွမ် မျက်မှောင်ကြုတ်သွားသည်။ ခဏအကြာ၌ အလေးအနက် အမူအရာဖြင့် နှင်းပိုးမျှင်ကို ထုတ်လိုက်သည်။

ထို့နောက် အလွန်တရာကိုမှ သေးငယ်လှသော နှင်းပိုးမျှင်လေးသည် သူမ၏ လက်ချောင်းထိပ်မှ နေ၍ မီတာရာဂဏန်းအကွာသို့ တိုးထွက်သွားခဲ့သည်။

သို့သော်လည်း ဝေကုချန်းတို့ ရှိနေသည့် နေရာသည် ကန်စပ်နှင့် အနည်းဆုံး ရာဂဏန်း ကွာဝေးသည်။ တိုက်ယွမ် ပစ်လိုက်သည် ပိုးမျှင်သည် ကန်တစ်ဝက်လောက်သာ ရောက်ပြီး ချော်ရည်ကန်ထဲ ပြုတ်ကျသွားသည်။ ကန်ထဲ ပြုတ်ကျသွားပြီးနောက် ပိုးမျှင်အတွင်းမှ အအေးဓါတ်နှင့် ကန်ထဲရှိ အပူဓါတ်တို့ အပြင်းအထန် တိုက်ပွဲ ဖြစ်ကြတော့လေသည်။ ရေငွေ့များအဆက်မပြတ် ထွက်ပေါ်လာပြီး ကန်တစ်ခုလုံး ရေခိုးရေငွေ့များဖြင့် ဖုံးလွှမ်းကုန်လေသည်။

တိုက်ယွမ်၏ အမူအရာ လေးနက်သည်ထက် လေးနက်လာနေခဲ့သည်။ နှင်းပိုးမျှင်ထဲသို့ သူတော်စင်ချီကို အဆက်မပြတ် ပို့လွှတ်နေရင်း တစ်ချိန်တည်းတွင် နှင်းပိုးမျှင်ကို ဝေကုချန်းတို့ဆီ ရောက်အောင် အတတ်နိုင်ဆုံးကြိုးစားနေသည်။

အကုန်လုံးသည် တိုက်ယွမ်၏ လှုပ်ရှားမှုများကို စိုးရိမ်တကြီး စောင့်ကြည့်နေကြသည်။ လိပ်ခွံပေါ်ရှိ ငါးယောက်မှာမူ ရင်တထိတ်ထိတ်နှင့်ပင်။

တိုက်ယွမ်၏ နှင်းပိုးမျှင်သည် အလွန်ကို အအေးဓါတ်အားကောင်းသည့် မှော်ရတနာတစ်ခု ဖြစ်သော်ငြား ချော်ရည်ကန်၏ အပူဓါတ်ကို ခုခံနိုင်မလား၊ မခုခံနိုင်ဘူးလား ဆိုသည်ကိုမူ မည်သူမှ မပြောနိုင်ကြချေ။ ဝေကုချန်းတို့ အဖွဲ့ ယူလာသော မှော်ရတနာများသည် ချော်ရည်ကန်ကြောင့် ပျက်စီးသွားခဲ့ရသည်။ ထိုမှော်ရတနာများထဲတွင် တန်ခိုးရှင်အဆင့် မှော်ရတနာများလည်း ပါပေသည်။

နှင်းပိုးမျှကဲ့သို့ အလွန်အေးသည့် မှော်ရတနာတစ်ခုပင်လျှင် ချော်ရည်ကန်ကို မဖြတ်ကျော်နိုင်ပါက သူတို့အဖွဲ့ သေခြင်းကို ထိုင်စောင့်နေရုံသာ ရှိတော့သည်။

ရေခိုးရေငွေ့တို့ အဆက်မပြတ် ထွက်ပေါ်လာနေခဲ့သည်။ တိုက်ယွမ်သည် နှုတ်ခမ်းကို တင်းတင်းကိုက်၊ လက်ကလေးကို ကျစ်ကျစ်ဆုပ်ကိုင်ကာ ချော်ရည်ကန်ထဲရှိ အပူဓါတ်ကို အပြင်းအထန် တွန်းလှန်တိုက်ခိုက်နေခဲ့သည်။ လက်ရှိ အသုံးပြုနေသည့် နည်းလမ်းမှ အခြားတစ်မျိုးသို့ ပြောင်းလိုက်သည့် အတွက်ကြောင့်ပေလားမသိ၊ နှင်ပိုးမျှင်၏ အအေးဓါတ်သည် ရုတ်တရက် ပိုအားကောင်းလာပြီး ကန်ထဲရှိ အပူဓါတ်ကို ဖိနှိပ်သွားနိုင်ခဲ့သည်။

ခရက်ဆိုသော အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။

ချော်ရည်ကန်ထဲတွင် အေးခဲနေသော လမ်းကြောင်းတစ်ကြောင်း ထွက်ပေါ်လာခဲ့သည်။ ထိုလမ်းကြောင်းသည် သိပ်မကျယ်၊ လက်တစ်လုံးစာအကျယ်သာ ရှိပြီး ဝေကုချန်းတို့အဖွဲ့ အလွန်ကိုမှ မြန်ဆန်လှသော အမြန်နှုန်းဖြင့် ဦးတည်သွားနေခဲ့သည်။

အကုန်လုံး ပျော်ရွှင်သွားခဲ့ကြလေသည်။ ချော်ရည်ကန်ထဲရှိ အေးခဲနေသော လမ်းကြောင်းသည် တိုက်ယွမ်၏ နှင်းပိုးမျှင်ကြောင့် ဖြစ်ပေါ်လာမှန်း အကုန်လုံး သိကြပေသည်။ ထို့ကြောင့် ချော်ရည်ကန်၏ အပူဓါတ်ကို တိုက်ယွမ် ဖိနှိပ်လိုက်နိုင်ပြီမှန်း အကုန်လုံး သိလိုက်ကြသည်။

မျက်တောင်တစ်ခတ်အတွင်း အေးခဲနေသော လမ်းကြောင်းသည် မီတာသုံးဆယ်အကွာသို့ ရောက်သွားခဲ့သည်။ သို့သော် မီတာသုံးဆယ်အကွာသို့ ရောက်သွားပြီးနောက် ၎င်း၏ အမြန်နှုန်းမှာ တဖြည်းဖြည်း လျော့ကျသွားခဲ့သည်။

တိုက်ယွမ်အား အဆက်မပြတ် စောင့်ကြည့်နေသော ရန်ကိုင်သည် လက်ရှိအချိန်၌ တိုက်ယွမ်၏ မျက်နှာ နီမြန်းနေသည်ကို သတိထားမိလိုက်သည်။ သူမ၏ အကန့်အသတ်သို့ ရောက်ရှိနေသည့် လက္ခဏာပင်။

ရန်ကိုင် ထင်သည့်အတိုင်းပင်၊ အေးခဲနေသော လမ်းကြောင်းသည် ဖြည်းဖြည်းချင်း ဆက်သွားနေခဲ့ပြီး နောက်ဆုံး လိပ်ခွံနှင့် ကန်စပ်အကွာအဝေး၏ သုံးပုံနှစ်ပုံအကွာတွင် ရပ်တန့်သွားခဲ့သည်။ အေးခဲနေသော လမ်းကြောင်းသည် ရှေ့ဆက်မတိုးနိုင်တော့ရုံမက အရည်ပျော်မည့် အရိပ်အယောင်များပင် ပြသလာခဲ့သည်။

ထိုအခြင်းအရာကို မြင်လိုက်သည်နှင့် လိပ်ခွံပေါ်ရှိ ငါးယောက်စလုံး မျက်နှာပျက်သွားကြသည်။ ဝေကုချန်းနှင့် တုန်ရွှမ်းအာတို့သည် သူတို့ကိုယ်သူတို့ ချက်ချင်း ပြန်ထိန်းလိုက်နိုင်သော်လည်း ကျန်အခြား တပည့်သုံးယောက်မှာမူ ယခင်ကကဲ့သို့ တည်ငြိမ်မနေနိုင်ကြတော့ချေ။

သူတို့ အသက်ရှင်တော့မည်ဟု ထင်နေကြခြင်း ဖြစ်သည်။ တိုက်ယွမ်၏ နှင်းပိုးမျှင်နှင့် ဆိုပါက ဤချော်ရည်ကန်ထဲမှ ထွက်သွားနိုင်တော့မည်ဟု ထင်နေကြသည်။ သို့သော် တိုက်ယွမ်၏ စွမ်းရည်သည် လုံလောက်ခြင်း ရှိမနေခဲ့ရာ သူတို့အားလုံး စိတ်ပျက်သွားခဲ့ကြရသည်။

တိုက်ယွမ်နှင့် တုန်ရွှမ်းအာတို့သည် မီတာတစ်ရာအကွာမှနေ၍ တစ်ယောက်ကို တစ်ယောက် စိုက်ကြည့်နေကြသည်။ တုန်ရွှမ်းအာ အတော်လေး စိုးရိမ်နေခဲ့သည်။ သူမကိုယ်သူ စိုးရိမ်နေခြင်းမဟုတ်၊ တိုက်ယွမ် စိတ်ကူးပေါက်သလို မဆင်မခြင် လျှောက်လုပ်ပြီး သူ့ကိုယ်သူ ဒဏ်ရာရအောင် လုပ်မိမည်ကို စိုးရိမ်နေခြင်းဖြစ်သည်။

သူမထင်သည့်အတိုင်းပဲ၊ တိုက်ယွမ်က အံတင်းတင်းကြိတ်ကာ စိတ်ပိုင်းဖြတ်လိုက်သည်။ သူမ၏ မျက်ဝန်းထဲ ပြတ်သားသည့် အရိပ်အယောင်တို့ ဖြတ်ပြေးသွားခဲ့သည်။ လျှာထိပ်ကိုကိုင်လျက် နှင်းပိုးမျှင်ပေါ်သို့ သွေးတစ်ပွက် အန်ချလိုက်ရာ နှင်းကဲ့သို့ ဖြူဖွေးနေသော နှင်းပိုးမျှင် သွေးနီရောင် သန်းသွားလေသည်။ နှင်းပိုးမျှမှ ထွက်ပေါ်နေသော အအေးဓါတ်အရှိန်အဝါသည် ယခင်ကထက် ပို၍ အားကောင်းလာပြီး ရပ်တန့်နေသော နှင်းပိုးမျှင်မှာလည်း ပြန်လည် ရှည်ထွက်လာခဲ့သည်။

ရန်ကိုင် မျက်မှောင်ကြုတ်ခဲ့သည်။ တိုက်ယွမ်ကို သေချာအာရုံစိုက်ထားသည့်အတွက် တိုက်ယွမ်မှ သူမ၏ သွေးအဆီအနှစ်ကို အန်ထုတ်လိုက်သည်နှင့် တစ်ပြိုင်တည်းတွင် သူလည်း လှုပ်ရှားလိုက်သည်။

တိုက်ယွမ်မှ သွေးအဆီအနှစ်ကို အသုံးပြုလိုက်သည့် အတွက်ကြောင့် နှင်းပိုးမျှင် ဆက်ရှည်ထွက်အောင် လုပ်နိုင်ခဲ့သည်။ သို့သော် ထိုနှင်းပိုးမျှင်သည် ဝေကုချန်းတို့ဆီ မရောက်လောချေ။ ရောက်သွားလျှင်ပင် သူမ၏ လက်ရှိ အခြေအနေအရ နှင်းပိုးမျှင်ကိုသုံး၍ ဝေကုချန်းတို့အား မည်သို့မှ ကယ်တင်နိုင်လိမ့်မည် မဟုတ်ချေ။

နှင်းပိုးမျှင်သည် အလွန်ကိုမှ အေးစက်ပြီး ထက်ရှသည့် အရာတစ်ခုဖြစ်သဖြင့် ဝေကုချန်းတို့အဖွဲ့ ကိုယ်တွယ်နိုင်သည့် အရာမျိုးမဟုတ်ချေ။

ထို့ကြောင့် သူကိုယ်တိုင် သွားရပေတော့မည်။ ကံကောင်းစွာဖြင့် နှင်းပိုးမျှင်သည် အတော်လေး ခရီးရောက်နေခဲ့ပေပြီ။

အေးခဲနေသောလမ်းကြောင်း ဝေကုချန်းတို့ဆီ ဆက်သွားနေသည့် တစ်ချိန်တည်းတွင် ရန်ကိုင်သည် ထိုအေးခဲနေသောလမ်းကြောင်းပေါ် ဖြတ်လျှောက်၍ ချော်ရည်ကန်အလယ်ဆီ သွားလိုက်သည်။

ထိုအခြင်းအရာကို မြင်လိုက်သည်နှင့် ဝေကုချန်း၏ အကြည့် လှုပ်ခတ်သွားခဲ့သည်။ ရန်ကိုင် ဘာလုပ်ချင်နေလဲ ဆိုသည်ကို သူမသိဘဲ ဘယ်နေမည်နည်း။ ထို့ကြောင့် ဘာအပိုစကားမှ ပြောမနေဘဲ အလျင်အမြန် သတိလှမ်းပေးလိုက်လေသည် “ညီလေးရန်၊ အဲ့နှင်းပိုးမျှင်ကို အထင်မသေးနဲ့နော်။ ညီမလေးတိုက်ယွမ်က မင်းကို ပစ်မှတ်ထားနေတာ မဟုတ်ဘူးဆိုရင်တောင် နှင်းပိုးမျှင်ကိုယ်တိုင်က အအေးရမ်းပြီး ထက်ရှတဲ့ ပစ္စည်းတစ်ခုပဲ”

“ငါသိတယ်” ရန်ကိုင်က ရေခဲလမ်းကြောင်းပေါ် သွားနေရင်း ပြန်ပြောလိုက်သည်။ လက်ရှိတွင် သူသည် ဝေကုချန်းတို့အဖွဲ့နျင့် ဆယ်ငါးမီတာသာ ကွာတော့သည်။ ရေခဲလမ်းကြောင်းသည် ရှေ့သို့ ဆက်သွားနေသော်လည်း ၎င်း၏ အရှိန်မှာ စတင် လျော့ကျလာနေခဲ့လေပြီ။

ရန်ကိုင်သည် တိုက်ယွမ်၏ သူမ၏ သွေးအဆီအနှစ် ထပ်သုံးမည်ကို မစောင့်တော့ဘဲ လက်တစ်ခုလုံးကို နတ်ဆိုးမီးတောက်ဖြင့် ဖုံးအုပ်လျက် ရေခဲလမ်းကြောင်းအဆုံးကို ဖမ်းကိုင်လိုက်လေသည်။

ခရက်ဆိုသော မြည်သံနှင့်အတူ ရေခဲလမ်းကြောင်း အက်ကွဲသွားခဲသည်။ ရန်ကိုင် သူ့လက်ကို ပြန်မြှောက်လိုက်ရာ အနီရောင်နှင်းပိုးမျှင်လေးတစ်ချောင်း ပါလာခဲ့သည်။

အကုန်လုံး ကြောင်သွားခဲ့သည်။ တိုက်ယွမ်ကိုယ်တိုင်ပင်လျှင် ရန်ကိုင်၏ လက်ရဲဇက်ရဲ အပြုအမူနှင့် ပက်သက်ပြီး ထိတ်လန့်အံ့အားသင့်နေခဲ့သည်။

သာမန်ကျင့်ကြံသူတစ်ယောက် အဖို့၊ နှင်းပိုးမျှင်ကို သွားကိုင်ဖို့ရာ မဆိုထားနှင့် ၎င်းနား တိုးသွားလျှင်ပင် နှင်းပိုးမျှင်မှ ထုတ်လွှတ်သည့် အအေးဓါတ်ကြောင့် တစ်ကိုယ်လုံး တောင့်တင်း သွားနိုင်ပေသည်။ သို့သော်လည်း ရန်ကိုင်သည် ထိုနှင်းပိုးမျှင်ကို မည်သည့် မှော်ရတနာမှာ အသုံးမပြုဘဲ လက်ဗလာဖြင့် ဆုပ်ကိုင်ထားနိုင်သည်။ ထို့အပြင် သူ့လက်တစ်ခုလုံး အေးခဲသွားဖို့ နေနေသာသာ၊ ဒဏ်ရာကြီးကြီးမားမားပင် မရသွားခဲ့ချေ။ နည်းနည်းရှသွားပြီး ရွှေရောင်သွေးလေးတစ်စက် ထွက်လာရုံသာ ဖြစ်သွားခဲ့သည်။

သို့သော်လည်း တိုက်ယွမ်သည်လည်း သာမန် ကျင့်ကြံသူတစ်ယောက် မဟုတ်ချေ။ ရန်ကိုင်၏ စွမ်းရည်ကြောင့် အံ့အားသင့်သွားပြီးနောက် သူမကိုယ်သူ ပြန်ထိန်းလိုက်ကာ ရန်ကိုင်နှင့် ပူးပေါင်း၍ နှင်းပိုးမျှင်ကို စတင် ဆန့်ထုတ်တော့လေသည်။

အစောပိုင်းတွင် နျင်းပိုးမျှင်သည် ချော်ရည်ကန်ထဲ ရောက်နေသည့် အတွက်ကြောင့် ရှေ့သို့ ဆက်တိုးဖို့ရာ အတော်လေး အားစိုက်ခဲ့ရသည်။ ယခုမူ နှင်းပိုးမျှင်ကို ရန်ကိုင်မှ ကိုင်ထားခြင်း ဖြစ်သဖြင့် ပို၍ လွယ်လွယ်ကူကူ ထိန်းချုပ်နိုင်လေပြီ။

နှင်းပိုးမျှင်သည် ချက်ချင်းပဲ စတင် ရှည်ထွက်လာခဲ့သည်။ ရန်ကိုင်သည် နှင်းပိုးမျှင်ကို လက်တစ်ဖက်တွင် ကိုင်လျက် မဟာကောင်းကင်ဒိုင်းတစ်ခုကို သူ့ရှေ့တွင် ဖန်တီးလိုက်ပြီး ရေခဲလမ်းကြောင်း ပေါ်မှတစ်ဆင့် ထိုပေါ်သို့ ခုန်တက်လိုက်သည်။ ထို့နောက် ဒိုင်းကာများကို တစ်ခုပြီးတစ်ခု ဖန်တီး၍ ရှေ့သို့ ခုန်သွားနေခဲ့သည်။

သူဖန်တီးလိုက်သည်နှင့် ဒိုင်းကာများသည် ချော်ရည်နှင့် ထိသည်နှင့် တစ်ပြိုင်နက် ပေါက်ကွဲထွက်ကုန်ကြသည်။ ထို့ကြောင့် ရန်ကိုင်အဖို့ တစ်ချက်ကလေးမှ မှားသွားရုံဖြင့် ချော်ရည်ထဲ ကျသွားနိုင်ပြီး အသက်ပျောက်သွားနိုင်ပေသည်။ လိပ်ခွံမှ လအရိပ်ခန်းမ တပည့်ငါးယောက်သည် ရန်ကိုင် ခြေချော်ပြီး ချော်ရည်ကန်ထဲ ပြုတ်မကျသွားစေနှင့်ဟု ဆုတောင်းရင်း ရန်ကိုင်အား ရင်တမမနှင့် ကြည့်နေကြသည်။

လိပ်ခွံသည် သူနှင့် ဆယ်ငါးမီးတာလောက်သာ ဝေးတော့သဖြင့် နောက်ထပ် ခြေလှမ်း ဆယ်လှမ်းကျော် လှမ်းလိုက်ရုံဖြင့် လိပ်ခွံပေါ်သို့ ရောက်ပေပြီ။ လိပ်ခွံပေါ်ရှိ ငါးယောက်သည်လည်း ရန်ကိုင် ခုန်တက်ဖို့ အဆင်သင့်ဖြစ်နေစေရန် သူ့အတွက် နေရာကြိုဖယ်ပေးထားကြသည်။

လိပ်ခွံပေါ်သို့ ရောက်ပြီးနောက် ရန်ကိုင်က ဝေကုချန်းအား ခေါင်းညိတ်ပြလိုက်ပြီး နှင်းပိုးမျှင်ကို လိပ်ခွံတွင် ချည်လိုက်သည်။ ခိုင်မခိုင် သေချာစစ်ဆေးပြီးနောက် ဝေကုချန်းဘက်သို့ လှည့်၍ ပြောလိုက်သည် “တစ်ကြိမ်ကို နှစ်ယောက် ပြန်ခေါ်သွားလို့ရမယ်။ ဘယ်သူအရင်လိုက်မလဲ”

ဝေကုချန်းက တုန့်ဆိုင်းမနေဘဲ အရပ်ရှည်ရှည် အမျိုးသမီးနှင့် ခပ်ငယ်ငယ် တပည့်ကို လက်ညိုးထိုးပြလိုက်သည် “သူတို့ကို အရင်ခေါ်သွားလိုက်”

တုန်ရွှမ်းအာကလည်း ခေါင်းညိတ်လိုက်သည်။

ရန်ကိုင်လည်း ခေါင်းညိတ်လိုက်ပြီး ထိုနှစ်ယောက်ကို တွဲကိုင်လျက် ကန်စပ်တွင် ရှိနေသော တိုက်ယွမ်ဆီ လှမ်းကြည့်လိုက်သည်။ ထိုအခြင်းအရာကို မြင်လိုက်သော် တိုက်ယွမ်၏ အမူအရာ လေးနက်သွားပြီး နှင်းပိုးမျှင်ထဲသို့ သူတော်စင်ချီ ထည့်သွင်းလိုက်ရာ ပိုးမျှင် တစ်ချောင်းလုံး ဆွဲဆန့်လိုက်သည်နှယ့် တောင့်တင်းသွားခဲ့လေသည်။ ရန်ကိုင်လည်း လိပ်ခွံပေါ်မှ ကြိုးမျှင်ပေါ်သို့ ခုန်တက်လိုက်ပြီး ကန်စပ်သို့ ပြန်ပြေးလေသည်။

မဟာကောင်းကင်ဒိုင်းများကို ဖန်တီးပြီး ခုန်သွားရခြင်းသည် ခရီးတိုအတွက်သာ ကောင်းသည်။ ချော်ရည်ကန်၏ အပူချိန်သည် အလွန်မြင့်မားလှသည့်အတွက် သူဖန်တီးလိုက်သည် ဒိုင်းကာများသည် ပေါ်လာပြီးပြီးချင်း ပေါက်ကွဲသွားကြသည်။ အနည်းငယ်လေး ခြေချော်သွားလျှင်၊ ဒိုင်းကာဖန်တီးချိန်နှင့် လှမ်းခုန်လိုက်သည့်အချိန် လွဲမှားသွားခဲ့လျှင် ချော်ရည်ကန်ထဲသို့ ပြုတ်ကျပြီး တစ်ခါတည်း ကိစ္စချောသွားနိုင်သည်။ ထို့ကြောင့် ကန်းစပ်သို့ ပြန်သွားရတော့မည့် အချိန်တွင် ထိုဒိုင်းကာဖန်တီးပြီး သွားမည့်အစား ဒဏ်ရာအရခံပြီး ပိုးမျှင်သာ ဖြတ်ပြေးသည့် နည်းလမ်းကိုသာ အသုံးပြုတော့သည်။

ရန်ကိုင်၏ လက်မောင်းကြားထဲ ရောက်နေသော ယောကျာ်းလေး တပည့်သည့် အောက်ဘက်ရှိ ချော်ရည်ကန်ကြီးကို သွေးဆုတ်ဖြူလျော်နေသည့် မျက်နှာထားဖြင့် မျက်လုံးပြူးကြည့်နေခဲ့သည်။

အမျိုးသမီးတပည့်မှာမူ ဆန့်ကျင်ဘက်။ ရန်ကိုင်၏ လက်မောင်းကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားပြီး သူ့ရင်ဘတ်ကို သူမ၏ တောင်နှစ်လုံးကြား ထည့်သိမ်းထားခဲ့သည်။ ထိုချော်ရည်ကန်ထဲ အရောက်ခံမည့်အစား အသေသာ အသေခံလိုက်မည်ဟူသော ပုံစံမျိုးဖြင့် မျက်လုံးကိုလည်း တင်းတင်းကြပ်ကြပ် ပိတ်ထားခဲ့လေသည်။

အန္တရာယ်နှင့် ရင်ဆိုင်ရသည့်အခါ မိန်းမသား ယောကျာ်းသားတို့၏ တုန့်ပြန်ပုံမှာ အမှန်တကယ်ကို ကွာခြားပေသည်။

မကြာမီ ကန်စပ်သို့ ရန်ကိုင် ပြန်ရောက်လာခဲ့ပြီး ထိုနှစ်ယောက်ကို ချပေးလိုက်လေသည်။ ယခုမှပဲ နှစ်ယောက်စလုံး တမောကြီး အသက်ရှူကြတော့လေသည်။ အမျိုးသမီးတပည့် ဆိုလျှင်လည်း လက်နှစ်ဖက်ကို ဖားဖိုကြီးနှယ် နိမ့်ချည်မြင့်ချည် ဖြစ်နေသည့် မို့မို့တင်းတင်း ရင်နှစ်လုံးပေါ်တင်၍ အားပါးတရ အသက်ရှူနေလေသည်။ မျက်နှာလေးဆိုလျှင်လည်း သေခြင်းတရာမှ လွတ်မြောက်လာနိုင်သည့် အတွက်ကြောင့် ဖူးသစ်စ ပန်းပွင့်လေးနှယ် ရွှင်ပြုံးနေခဲ့သည်။

ရန်ကိုင် ပြန်ရောက်လာပြီးနောက် တိုက်ယွမ်သည် လိပ်ခွံကို သူမဆီသို့ ဆွဲယူရန် ကြိုးစားလိုက်သည်။ သို့သော်လည်း မည်သို့မှ ဆွဲယူ၍ မရခဲ့ချေ။ နှင်းပိုးမျှင်ထဲသို့ သူတော်စင်ချီ မည်မျှပင် ထည့်သွင်းထည့်သွင်း လိပ်ခွံကို လှုပ်အောင် မလုပ်နိုင်ခဲ့ချေ။

ထို့ကြောင့် စိတ်ပျက်ပျက်ဖြင့် ရန်ကိုင်ဘက်သို့သာ လှည့်ရတော့သည်။ ထို့နောက် အနည်းငယ် အားတုံ့အားနာ အကြည့်ဖြင့် သွေးစွန်းနေသည့် ရန်ကိုင်၏ ခြေထောက်အား လှမ်းကြည့်လိုက်သည်။ လက်ရှိ လူများအနက် သူမသည် နှင်းပိုးမျှင်ကို ထိန်းချုပ်နေရသည်။ ဝေကုချန်းနှင့် အခြားသူများသည် ခရီးဆုံး ရောက်နေသည့် မြှားများနှယ် ဖြစ်နေကြသဖြင့် သူတို့ဘာသာ နှင်းပိုးမျှင်ကို ဖြတ်လျှောက်ပြီး မလာနိုင်ကြပေ။ ထို့ကြောင့် သူတို့ကို ကယ်နိုင်သည့် တစ်ယောက်သောသူဆို၍ ရန်ကိုင်သာ ရှိတော့သည်။

သို့သော် ရန်ကိုင်လည်း ဒဏ်ရာရထားသည့်အတွက်ကြောင့် ခြေထောက်အရှခံပြီး လိပ်ခွံဆီသို့ နောက်တစ်ကြိမ် ထပ်သွားနိုင်မလား ဆိုသည်ကို သူမ မသိချေ။

တိုက်ယွမ်သည် ရန်ကိုင်ကို အထင်သေးထားခဲ့သည်။ နှင်းပိုးမျှင်သည် အတော့်ကိုမှ ထက်သော်လည်း ရန်ကိုင်အား ဒဏ်ရရအောင် လုပ်နိုင်ခဲ့သော်ငြား သူ့အား ပြင်းပြင်းထန်ထန် ဒဏ်ရာရအောင် လုပ်ဖို့ရာ အဝေးကြီး လိုပေသေးသည်။

သူ့လက်ဝါးပေါ်ရှိ ရှရာဖြစ်ပါစေ၊ ခြေထောက်ပေါ်ရှိ ရှရာဖြစ်ပါစေ၊ ဒဏ်ရာနှစ်ခုစလုံး ပြန်ကောင်းသွားလေပြီ။ ရွှေရောင်သွေးစက်၏ ပြန်လည်ကောင်းမွန်နိုင်သော စွမ်းအားသည် သူ့ကိုယ်ထဲသို့ ဝင်ရောက်လာသော နှင်းပိုးမျှင် အေးအေးဓါတ်ကို ထုတ်ပယ်ပြီးသွားလေပြီ။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၂၁၈)

တိုက်ယွမ် စိတ်သက်သာရာ ရသွားသည်ကား သူမဘက်မှ အကူအညီ မတောင်းရးသေခင်မှာဘဲ ရန်ကိုင်က သူ့ဘာသာ လိပ်ခွံဆီသို့ ပြေးထွက်သွားခြင်း ဖြစ်သည်။ ရန်ကိုင်နှင့် ဝေကုချန်းတို့ နှစ်ယောက် အတော်လေး ခင်ရမည်ဟုလည်း တွေးလိုက်သည်။ မဟုတ်လျှင် သူ့ဘက်မှ ယခုကဲ့သို့ အနစ်နာခံ၍ ကူညီပေးလိမ့်မည် မဟုတ်ချေ။

မကြာမီ လိပ်ခွံပေါ်သို့ ကျန်သုံးယောက်လည်း ကန်စပ်ပေါ်သို့ ပြန်ရောက်လာခဲ့သည်။

သို့သော်လည်း ထူးထူးဆန်းဆန်းပင်၊ အကုန်လုံး ကန်စပ်ပေါ်သို့ ပြန်ရောက်လာပြီးနောက် ပူပေါင်းများ ပလုံစီထနေပြီ ပွက်ပွက်ဆူနေသော ချော်ရည်ကန်သည် ရုတ်တရက် မြေကြီးထဲသို့ ကျုံ့ဝင်သွားခဲ့လေသည်။ အသက်ဆယ်ရှိုက်စာကြာပြီးနောက် ဝေကုချန်းတို့ အဖွဲ့အား တစ်လကျော် ကြာအောင် ပိတ်လှောင်ထားခဲ့သော ချော်ရည်ကန် ပျောက်ကွယ်သွားခဲ့သည်။

ကျန်ရစ်ခဲ့သည်ကား အက်ကြောင်းထနေသော မြေပြင်နှင့် မီးဖုတ်ထားခံရသော လိပ်ခွံတို့သာ ဖြစ်သည်။ ချော်ရည် ရှိနေခဲ့ဖူးသည့် နေရာတွင် နေရာတိုင်းလိုလိုတွ၍် တွေ့နိုင်သော နီကြင့်ကြင့် အရောင် မြေပြင်ရှိနေခဲ့သည်။ သူတို့ အစောပိုင်း ခံစားတွေ့ကြုံခဲ့ရသည့် အရာအားလုံးသည့် ပုံရိပ်ယောင်တစ်ခုနှယ်။

ထိုရှေးဟောင်းစိတ်ဝိဥာဉ်အစီအရင်၏ ထူးဆန်းပုံကြောင့် ရန်ကိုင်လည်း အံ့ဩသွားခဲ့သည်။ ဝေကုချန်းနှင့် သူတို့အဖွဲ့ ထိုထောင်ချောက်ထဲ ဘာကြောင့် ကျသွားခဲ့မှန်းကိုလည်း နားလည်သွားခဲ့သည်။ သူသာဆိုလျှင်လည်း သူတို့ကဲ့သို့ ချော်ရည်ကန်ထဲ ပြုတ်ကျသွားပေလိမ့်မည်။

သို့သော်လည်း သူတို့ကဲ့သို့ အကြာကြီး ပိတ်မိနေလိမ့်မည် မဟုတ်ချေ။ သူတော်စင်ချီ သိပ်သည်းမှုနှင့် သန့်စင်မှုပိုင်းတွင် ဤနေရာတွင့် သူနှင့်ယှဉ်နိုင်သူ တစ်ယောက်မှ မရှိချေ။ သူ့အနေဖြင့် ကောင်းကင်ဒိုင်းကာများကို အဆက်မပြတ် ဖန်တီးထဲ ထိုထဲမှ ထွက်လာနိုင်ပေသည်။

ဝေကုချန်းတို့တွင် ရှိနေသော သူတော်စင်ချီ ထိုမျှ များပြားလှသော မဟာကောင်းကင်ဒိုင်းများကို ဖန်တီးနိုင်လိမ့်မည် မဟုတ်ချေ။

ချော်ရည်ကန်ပျောက်ကွယ်သွားပြီးနောက် လိပ်ခွံအား လှုပ်မရအောင် ဆွဲထားသည့် အားလည်း မရှိတော့သဖြင့် တုန်ရွှမ်အာလည်း လိပ်ခွ့အား အလွယ်တကူ ပြန်ဆွဲယူနိုင်ခဲ့သည်။

လိပ်ခွံကို ရန်ကိုင် အတော်လေး စိတ်ဝင်စားနေမိသည်။ ချော်ရည်ကန် မည်မျှ ပူကြောင်း ရန်ကိုင်သိသည်။ ထို့ကြောင့် ပုံမှန်သာထင်ရသော်လည်း ချော်ရည်ကန်ပေါ် တစ်လကျော်ကြာအောင် မျောနေနိုင်ခဲ့သော် ထိုလိပ်ခွံလေးကို သူအတော်လေး စိတ်ဝင်စားနေမိခြင်း ဖြစ်သည်။

ဝေကုချန်းနှင့် အခြားသူများ အနားယူအားပြန်ဖြည့်နေစဉ် ရန်ကိုင်သည် လိပ်ခွံကို စစ်ဆေးကြည့်ရှူနေခဲ့သည်။

လိပ်ခွံပေါ်တွင် ခြစ်ရာများဖြင့် ပြည့်နေသည်။ ဤလိပ်သည် အနည်းဆုံး နှစ်ပေါင်း ထောင်နှင့်ချီ အသက်ရှင်ခဲ့သော မွန်းစတားသားရဲ တစ်ကောင် ဖြစ်လောက်မည်။

“ဒါက အဆင့်တစ်ဆယ် မွန်းစတားသားရဲ ရေနက်လိပ်ရဲ့ လိပ်ခွံပဲ” ရန်ကိုင်က လိပ်ခွံကို လေ့လာနေစဉ် သူ့နားမှ ချိုသာသော အသံလေးတစ်သံ ထွက်ပေါ်လာခဲ့သည်။ လှည့်ကြည့်စရာ မလိုအောင်ပင် ပြောလိုက်သည့်လူသည် တိုက်ယွမ်ဖြစ်မှန်း ရန်ကိုင် သိပေသည်။

“နင်ဒီအကြောင်းကို သိတာလား” ရန်ကိုင် တိုက်ပွဲအား အံ့အားသင့်စွာ ကြည့်လိုက်သည်။

“အင်း။ ရှေးဟောင်းမှတ်တမ်းတွေထဲမှ ဖတ်ဖူးတာ” တိုက်ယွမ်က ထိုင်ချလိုက်ပြီး လိပ်ခွံပေါ်ရှိ အမှတ်အသားများကို လက်ဖြင့် ပွတ်လျက်ရပ် ဝမ်းနည်းရိပ် သန်းနေသည့် လေသံလေးဖြင့် “ဒီသားရဲ ဘာလို့ အသတ်ခံလိုက်ရမှန်း မသိပေမယ့် လိပ်ခွံက နည်းနည်း ပြုပြင်ထားတယ်။ မဟုတ်ရင် ညီလေးရွှမ်းအာ သူ့ခွန်အားနဲ့ ဒါကို အသက်သွင်းနိုင်မှာ မဟုတ်ဘူး။ ဒီလိုနေရာမျိုးမှာ အဆင့်တစ်ဆယ် မွန်းစတားဿားရဲတစ်ကောင် ပေါ်လာလိမ့်မယ်လို့ ငါတကယ်ကို မထင်ထားဘူး။ ကြည့်ရတာ နောက်ပိုင်း ပိုသတိထားရတော့မယ်နဲ့တူတယ်”

အဆင့်တစ်ဆယ် မွန်းစတားသားရဲသည် တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူနှင့် အဆင့်တူပေသည်။ အရိပ်ကြယ်ပေါ်တွင် အဆင့်တစ်ဆယ် မဆိုထားနှင့် အဆင့်ကိုး မွန်းစတားသားရဲများပင် ရှားပါးလှသည်။ အဆင့်တယ်ဆင့် မွန်းစတားသားရဲတစ်ကောင်သာ အရိပ်ကြယ်ပေါ်တွင် ပေါ်လာပါက အရိပ်ကြယ်ပေါ်ရှိ လူသားမျိုးစုတစ်ခုလုံးအတွက် ကပ်ဘေး တစ်ခုဖြစ်လာပေလိမ့်မည်။

“ဒီမှာ အဆင့်တစ်ဆယ် သားရဲတွေ မရှိလောက်ဘူး။ ရှိရင်တောင် အရင်ကပဲ ရှိခဲ့တာနေမှာ။ အခု မရှိတော့ဘူး” ရန်ကိုင်က ပြောလိုက်သည်။

“နင်ဘယ်လိုလုပ်ပြီး ဒီလောက် သေချာနေရတာလဲ” တိုက်ယွမ်က ရန်ကိုင်အား ထူးထူးဆန်းဆန်း စိုက်ကြည့်လိုက်သည်။

“ဒီအတိုင်း ခန့်မှန်းကြည့်လိုက်တာလေ” ရန်ကိုင်က ရှင်းမပြဘဲ ရယ်သွမ်းသွေးကာ ပြောလိုက်သည်။

ဤသဲမီးတောက်နယ်မြေကို ဝိဥာဉ်သန့်နတ်ရေစင်ကို သူတွေ့ခဲ့သည်။ ဝိဥာဉ်သန့်နတ်ရေစင်သည် တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူတစ်ယောက် သေမှသာ ဖြစ်ပေါ်လာနိုင်သည့် အရာမျိုးဖြစ်သည်။ တန်ခိုးရှင်ဘုရင်အဆင့်ပင် ဤနေရာတွင် သေခဲ့ရာ အဆင့်တစ်ဆယ် မွန်းစတားသားရဲတစ်ကောင် ဤနေရာတွင် သေခဲ့သည်မှာ အထူးအဆန်း မဟုတ်ပါချေ။

အဖြစ်အပျက်များစွာကို ကြုံတွေ့ပြီးနောက် သဲမီးတောက်နယ်မြေသည် မြင်သလောက် မရိုးရှင်းမှန်း ရန်ကိုင် သိလိုက်သည်။ အရိုးရှင်းဆုံး ပြောရလျှင် ဤနေရာသည် သာမန် တားမြစ်နေရာတစ်ခု မဟုတ်ချေ။ သဲမီးတောက်နယ်မြေသည် လျှို့ဝှက်ချက်များစွာကို ဖုံးကွယ်ထားသည်။ ယခုတစ်ကြိမ်တွင် တတိယနယ်မြေရှိ အပူဓါတ်အားနည်းသွားသဖြင့် လက်ရွေးစင်များစွာ တတိယအလွှာထဲသို့ ဝင်လာနိုင်ခဲ့သည်။ သို့သော် မည်သည့် အရာကများ တတိယအလွှာ၏ အပူဓါတ်ကို အားနည်းသွားစေသလဲ ဆိုသည်ကိုမူ မည်သူမှ မသိကြချေ။

ရန်ကိုင် ထပ်မပြောချင်သည်ကို မြင်သော် တိုက်ယွမ်လည်း ထပ်မမတော့ဘဲ ပြုံး၍သာ ပြောလိုက်လေသည် “ငါ့ကိုယ်ငါ မိတ်ဆက်ပေးရဦးမယ်။ ငါ့နာမည်က တိုက်ယွမ်၊ မြက်သွေးရောင်ဂိုဏ်းက တပည့်တစ်ယောက်ပဲ”

“မြက်သွေးရောင်ဂိုဏ်းလား” ရန်ကိုင် အံ့အားသင့်သွားခဲ့ပြီး “ယင်စုတျယ်နဲ့ ခင်ဗျား ဘယ်လိုပက်သက်လဲ”

ရန်ကိုင် ယင်စုတျယ်အကြောင်း စကားစလိုက်သည်ကို ကြားသည်နှင့် အမျိုးသမီး၏ မျက်ဝန်းထဲ မနှစ်မြို့ရိပ်တို့ ဖြတ်ပြေးသွားခဲ့သည်။ သို့သော်လည်း သူမ၏ အကြည့်သည် ချက်ချင်း ပုံမှန်ပြန်ဖြစ်သွားခဲ့ပြီး အသာအယာ ပြန်ပြောလိုက်လေသည် “သူက ငါ့ဂျူနီယာညီမပဲ”

သူမ၏ လေသံသည် အနည်းငယ် အားလျော့သွားခဲ့သည်။ အကြောင်းမှာ မြက်စိမ်းရောင်ဂိုဏ်းဆိုသော နာမည်ကို ကြားလိုက်သည့် အချိန်တွင် ရန်ကိုင်သည် အခြား ဘာကိုမှ မမေးဘဲ ယင်စုတျယ်ကို အရင်မေးလိုက်သောကြောင့် ဖြစ်သည်။

ဤကိစ္စနှင့် ပက်သက်၍ ရန်ကိုင်ကို သွားအပြစ်တင်၍လည်း မဖြစ်ချေ။ မြက်စိမ်းရောင်ဂိုဏ်းသည် ယင်စုတျယ်လာသော ဂိုဏ်းဟူ၍သာ သူသိထားသည်။ အခြားဘာမှ မသိထား။ အရိပ်ကြယ်ပေါ်သို့ သူရောက်သည်မှာလည်း အရမ်းကြီး မကြာသေးသဖြင့် ဤနေရာအကြောင်း ကောင်းကောင်း မသိဖြစ်နေရာ မြက်စိမ်းဂိုဏ်းအကြောင်းကို သူမည်ကဲ့သို့ သိမည်နည်း။

“အဲ့မိန်းမက ခင်ဗျားရဲ့ ဂျူနီယာညီမလား” ရန်ကိုင်က တိုက်ယွမ်ကို သေချာ တစ်ချက် ပြန်စစ်ဆေးကြည့်လိုက်ပြီးနောက် သူ့မျက်နှာအမူအရာ ထူးဆန်းသွားခဲ့သည်။

ယင်စုတျယ်နှင့် ပက်သက်လျှင်မူကား၊ သူမအား အကောင်းမမြင်သလို အဆိုးလည်း မမြင်ချေ။ သူ့အမြင်တွင် ယင်စုတျယ်သည် မွေးရာပါ ဆွဲဆောင်မှုရှိပြီး ဖန်ထျန်းဇုန်၊ ချူချန်ဖုန်း၊ ဝေကုချန်းတို့နှင့် အဆင့်တူတစ်ယောက် ဖြစ်သည်။

ယင်စုတျယ် မည်မျှ အားကောင်းသလဲ ဆိုသည်ကို ရန်ကိုင်မသိ။ သို့သော် သေချာသည့် တစ်ချက်မှာ သူမ၏အလှကြောင့် ယင်စုတျယ်၏ ဂုဏ်သတင်းသည် ပုံမှန်ထက်ပို၍ ကျော်စောနေခြင်း ဖြစ်သည်။

ယခု တိုက်ယွမ်ဆီမှ ယင်စုတျယ်သည် သူမ၏ ဂျူနီယာညီမ ဖြစ်ကြောင်း ကြားလိုက်ရသည့် အခါ ရန်ကိုင် အံ့အားသင့်သွဦးခဲ့ရသည်။

တိုက်ယွမ်သည် စိတ်ရင်းကောင်းပြီး နှိမ့်နှိမ့်ချချ နေတတ်သည်။ ယင်စုတျယ်မှာမူ လူအာများ အာရုံစိုက်သည်ကို လိုချင်သည်။ ထို့အပြင် သူတို့နှစ်ယောက်၏ ရုပ်ရည်မှာ မိုးနှင့်မြေပမာ ကွာခြားလှသည်။ ထိုကဲ့သို့သော လူနှစ်ယောက် ဂျူနီယာနှင့် စီနီယာ ညီအစ်မ နှစ်ယောက် ဖြစ်နေသည်မှာ ထူးတော့ ထူးဆန်းပေသည်။

သို့သော်လည်း ရန်ကိုင်သည် ခဏလောက်သာ အံ့အားသ့်သွားခြင်း ဖြစ်ပြီး ချက်ချင်းပဲ အသာအယာပြုံး၍ “ခင်ဗျား ဒီလောက် အားကောင်းတာလည်း အံ့ဩစရာ မဟုတ်တော့ပါဘူးလေ။ ခင်ဗျားက မြက်သွေးရောင်ဂိုဏ်းက ဖြစ်နေတာကိုး”

“နင်လည်း တော်တော်လေး တော်ပါတယ်” တိုက်ယွမ်သည် ရန်ကိုင်အား သေသေချာချာ စူးစိုက်ကြည့်လိုက်သည်။ ထိုသူတော်စင်ဘုရင် ပထမအဆင့်သာ ရှိသေးသော လူငယ်လေး၏ စွမ်းဆောင်ရည်ကြောင့် သူမမှာ အဆက်မပြတ် အံ့အားသင့်နေခဲ့ရသည်။

“ဘာဖြစ်လို့လဲ။ ဂျူနီယာညီမတိုက်ယွမ်က မြက်သွေးရောင်ဂိုဏ်းက ဆိုတာကို ညီလေးရန် မသိတာလား” ဝေကုချန်က တုန်ရွှမ်းအာနှင့် လက်ချင်းတွဲလျက် ရောက်လာသည်။ ရန်ကိုင် ပေးသည့် ဆေးလုံးများကြောင့် သူတို့ အတော်လေး ပြန်ကောင်းလာခဲ့ရသည်။

“မသိဘူး။ လမ်းမှာ မတော်တဆတွေ့ပြီး မင်းသတင်းပို့ထားတာကို မြင်လို့ ချက်ချင်း ပြေးလာလိုက်တာ” ရန်ကိုင်က မတ်တပ်ရပ်ကာ ဝေကုချန်းကို ပြုံးပြလိုက်သည်။

“အခုလို လာကယ်ပေးတဲ့အတွက် ဒီဝေ ဂျူနီယာညီလေးရန်နဲ့ ညီမလေးတိုက်ယွမ်ကို တကယ်ကို ကျေးဇူးတင်ပါတယ်” ဝေကုချန်းနှင့် တုန်ရွှမ်းအာတို့ နှစ်ယောက်စလုံး စိတ်ရင်းနှင့် ဦးညွှတ်လိုက်ကြသည်။

ရန်ကိုင်က ထိုနှစ်ယောက်ကို ပင့်ထူပေးလိုက်သည်။ သူဘာမှ မပြောရသေးခင်မှာပဲ ဝေကုချန်းက တိုက်ရိုက်ပြောလိုက်လေသည် “ညီလေးရန်နဲ့ ညီမလေးတိုက်ယွမ်တို့ အချိန်မှီ ရောက်လာခဲ့တာ ကံကောင်းသွာတယ်။ မင်းတို့သာ နည်းနည်းလေး နောက်ကျနေရင် ငါတို့ အားလုံး ဘဝပြောင်းနေလောက်ပြီ။ ဘာပဲဖြစ်ဖြစ်၊ မင်းတို့ကို တကယ် ကျေးဇူးတင်တယ်။ နောက်ပိုင်း အကူအညီလိုရင် ပြောသာပြောလိုက်။ ဘယ်လို အခက်အခဲတွေပဲ ရင်ဆိုင်ရပါစေ ဒီဝေ ကျိန်းသေ ကူညီပေးမယ်”

ဝေကုချန်းသည် ရန်ကိုင်နှင့် အမှန်တကယ် မိတ်ဆွေဖွဲ့ချင်သည့်ပုံပင်။ ယခင်က ရန်ကိုင်နှင့် မိတ်ဆွေ့ဖွဲ့ချင်ရခြင်း၏ အဓိကအကြောင်းအရင်းမှာ ချင်းတုန်က ညွှန်ကြားထားခြင်းကြောင့် တစ်ကြောင်း၊ သူ့နောက်ကွယ်ရှိ ဆရာကြောင့် တစ်ကြောင်းတို့ကြောင့် ဖြစ်သည်။

သို့သော်လည်း ရန်ကိုင်မှ သူတို့၏အသက်ကို ကယ်တင်ပေးခဲ့ပြီးနောက် ဝေကုချန်း ရန်ကိုင်အား အရမ်းကိုမှ ကျေးဇူးတင်သွားခဲ့သည်။ သူ့အသက်အား ကယ်ပေးရုံဖြင့် ဝေကုချန်း သူ့ကိုယ်သူ ထိုမျှ နှိမ့်ချနေလိမ့်မည် မဟုတ်ချေ။ သို့သော် ရန်ကိုင်သည် သူ့အသက်ကိုသာမက၊ တုန်ရွှမ်းအာ၏ အသက်ကိုပါ ကယ်တင်ပေးခဲ့သည်။ တုန်ရွှမ်းအာသည် ဝေကုချန်း သူ့အသက်ထက် မက ချစ်မြတ်နိုးရသူတစ်ယောက် ဖြစ်သည်။

ထို့ကြောင့် ရန်ကိုင်အား အလွန်ကျေးဇူးတင်သွားခြင်း ဖြစ်သည်။

ထို့နောက် ဝေကုချန်းက တိုက်ယွမ်ဘက်သို့လှည့်၍ ပြောလိုက်သည် “ဂျူနီယာညီမ တိုက်ယွမ်ကတော့… ဟဲဟဲ၊ နောက်မှပဲ ရွှမ်းအာနဲ့ မြက်စိမ်းရောင်ဂိုဏ်းဆီလာပြီး ညီမကို ကျေးဖျူးတင်တော့မယ်။ အဲ့အချိန်ကျ ဂျူနီယာညီမတိုက်ယွမ် ငါ့ကို မတွေ့ဘဲ မနေနဲ့နော်”

တိုက်ယွမ်က နှာတစ်ချက်သာ ရှုံ့လိုက်ပြီး ဘာမှပြန်မပြောခဲ့ချေ။ ရွှမ်းအာလက်ကို ဆွဲပြီးတော့ စကားပြောရန် အခြားတစ်နေရာဆီသို့ ထွက်သွားလေသည်။

ဝေကုချန်း ခါးသက်သက်ပြုံးလျက် ခေါင်းခါလိုက်သည်။ ထို့နောက် အားပြန်ဖြည့်နေသည့် သူ့ဂျူနီယာညီမငယ်၊ ညီလေးများကို လှမ်းကြည့်လိုက်သည်။ ထိုလူများ အနားယူနေတုန်းသာ ရှိနေသးသည်ကို တွေ့လိုက်ရသည့်အခါ သူတို့အား သွားမနှောင့်ယှတ်တော့ဘဲ ရန်ကိုင်နှင့်သာ စကားဖောင်ဖွဲ့‌ ပြောနေလိုက်လေသည်။

ဝေကုချန်း ပြောသည်ကို နားထောင်ပြီး အရိပ်လခန်းမ အဖွဲ့သားများ မည်ကဲ့သို့ ဒုက္ခရောက်ခဲ့ရသည်ကို ရန်ကိုင် သိသွားခဲ့သည်။

ရှင်းရှင်းပြောရလျှင် သူတို့ ကံမကောင်းဟုသာ ဆိုရပေလိမ့်မည်။

သဲမီးတောက်နယ်မြေထဲသို့ လအရိပ်ခန်းမမှ လူအယောက်ခုနှစ်ဆယ်ကျော် ဝင်ခဲ့သည့် အနက် အယောက်ငါးဆယ်လောက်သည် ပထမအလွှာတွင် ကျန်ရစ်ခဲ့သည်။ လက်ကျန်နှစ်ဆယ်သည် ဒုတိယအလွှာသို့ဝင်ကာ အဖိုးတန်ဆေးပင်များ၊ ရတနာများ ရှာဖွေကြသည်။ ဆက်သွယ်စရာရှိလျှင်လည်း ဆက်သွယ်ရေးမှော်ရတနာများဖြင့် အချင်းချင်း အပြန်အလှန် ဆက်သွယ်ကြသည်။

တတိယအလွှာဖွင့်နေသည့် သတင်း ကြားလိုက်ရသည့်အခါ ဝေကုချန်းသည် အားအကောင်းဆုံး လက်ရွေးစင်တပည့် ခုနှစ်ယောက်ကို စုစည်းလျက် ဝင်ခဲ့လေသည်။ သို့သော် တတိယအလွှာသို့ ဝင်ပြီဂပြီးချင် မကြာခင်မှာပဲ သူတို့ ခုနှစ်ယောက်သည် မီးတောက်သားရဲအုပ်၏ တိုက်ခိုက်ခြင်း ခံခဲ့ရသည်။ ထိုတိုက်ပွဲတွင် သူတို့ထဲမှ နှစ်ယောက်သေသွားခဲ့သည်။ ထို့နောက် ဝေကုချန်းသည် အုပ်စုနောက်မှနေ၍ ကျန်အဖွဲ့သားများကို ကာကွယ်ပေးရန် ထွက်ပြေးကြသည်။

သူတို့ အဖော်နှစ်ယောက် သေသွားသည့်အတွက်ကြောင့် ဝမ်းနည်းနေလို့ မပြီးသေးခင်မှာပဲ ရှေးဟောင်းစိတ်ဝိဥာဉ်အစီအရင်တစ်ခုထဲ ခြေချမိလိုက်သွားပြန်သည်။

သူတို့ ထိုနေရာတွင် ပိတ်မိနေသည်မှာ တစ်လကျော်ကြာပြီဖြစ်ပြီး ယခုမှသာ လွတ်မြောက်ခဲ့ခြင်း ဖြစ်သည်။ သူတို့နှင့်ယှဉ်လျှင် ရန်ကိုင်ကံမှာ အရမ်းကို ကောင်းသည်ဟုသာ ပြောရပေမည်။

များပြားလှသော မီးတောက်သလင်းကျောက်များ၊ မီးတောက်သလင်းကျောက် အဆီအနှစ်၊ ရှေးဟောင်းမြေပုံအပိုင်းအစ၊ ဝိဥာဉ်သန့်နတ်ရေစင်၊ အခက်ကိုးခက်ကျောက်စိမ်းသစ်ပင်၊ နဂါးအရိုးနှင့် နဂါးပုတီးစေ့ဟု ထင်မှတ်ရသော ပစ္စည်းနှစ်ခု၊ သူတော်စင်သလင်းကျောက်တွင်း၊ အမျိုးမျိုးသော စိတ်ဝိဥာဉ်ဆေးပင်းများ၊ အသီးများ၊ ထူးဆန်းသော အေးခဲလေဟာနယ်…

ရန်ကိုင်ရရှိခဲ့သည့် အကျိုးအမြတ်များမှာ မယုံကြည်နိုင်ဖွယ် ကောင်းလောက်အောင် များပြားလွန်းလှသည်။

သူ့အကြောင်းကိုသာ ပြန်ပြောလိုက်လျှင် ဝေကုချန်း ရင်းထုမနာ ဖြစ်ရလိမ့်မည်မှန်း ရန်ကိုင် သိသည်။

ရှင်းရှင်းဆိုရသော် ဝေကုချန်းတို့အဖွဲ့ တတိယအလွှာသို့ ဝင်လာပြီးနောက် မီးတောက် သလင်းကျောက်အချို့မှလွဲ၍ အခြားမည်သည့် အဖိုးတန်းပစ္စည်းကိုမှ မရခဲ့ချေ။ ထို့အပြင် သူတို့ အဖွဲ့သား နှစ်ယောက်ပင် သေသွားခဲ့ရသေးသည်။

ကံကောင်းစွာဖြင့် သူတို့ အရမ်းကြီးကြီးမားမားကြီး ဆုံးရှုံးသွားခြင်းမရှိခဲ့။ သူတို့ ငါးယောက်သာ ဤနေရာတွင် သေသွားခဲ့ပါမှ တကယ် ပြဿနာ ဖြစ်ပေလိမ့်မည်။ လအရိပ်ခန်းမသည် လက်ရွေးစင်တပည့်များစွာကို ဆုံးရှုံးလိုက်ပါက သူတို့၏ အင်အား ကြီးကြီးမားမားကို အထိနာသွားပေလိမ့်မည်။ ရေတိုအတွက် ပြဿနာသိပ်မရှိသော်လည်း ရေရှည်မှာ စကားပြောပေလိမ့်မည်။ လအရိပ်ခန်းမ၏ လက်ရှိသူတော်စင်ဘုရင်များ အားကောင်းလာသည့်အခါ ဂိုဏ်းများကြားရှိ ကွာခြားချက် သိသာလာပေလိမ့်မည်။

ထိုကဲ့သို့ ဆုံးရှုံးမှုကို မည်သည့်ဂိုဏ်းမှ မခံနိုင်ပါချေ။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၂၁၉)

“ညီလေးရန်၊ မင်းဒီလိပ်ခွံကို စိတ်ဝင်စားတာလား” ဝေကုချန်းက ပြောနေရင်း ရုတ်တရက် ကောက်မေးလိုက်သည် “စိတ်ဝင်စားရင် ယူလိုက်လေ။ လိပ်ခွံက သာမန် မဟုတ်ဘူးဆိုပေမယ့် အက်ရာတွေများနေတော့ အသုံးတောင် ဝင်ပါဦးမလား မသေချာတော့ဘူး”

ရန်ကိုင် နောက်ကွယ်တွင် အဆင့်မြင့် ပန်းပဲပညာရှင်တစ်ယောက် ရှိမှန်း ဝေကုချန်း သိသည်။ အဆင့်တစ်ဆယ် မွန်းစတားသားရဲတစ်ကောင်၏ အစိတ်အပိုင်းသည် ထိုပညာရှင်ကို မြင်လိုက်ပါက အတော်လေး ကျေနပ်သွားလောက်ပေလိမ့်မည်။

ထိုလိပ်ခွံကို လအရိပ်ခန်းမဆီသို့ ပြန်ယူသွားလျှင်ပင် လိပ်ခွံကို ပြန်ပြင်ဖို့ရာ သင့်လျော်သော ပန်းပဲပညာရှင်မရှိချေ။ အကြီးအကဲကဲလင်သည် သက်တမ်း ကုန်ခါနီး အချိန်သို့ ရောက်နေသဖြင့် မည်သည့် မှော်ရတနာကိုမှ မသန့်စင်တော့ချေ။ လွန်ခဲ့သည့် နှစ်များအတွင်း အကြီးအကဲချင်သည် အကြီးအကဲကဲလင်၏ သက်တန့်အား ဆွဲဆန့်ပေးနိုင်မည့် နည်းလမ်းမျိုးစုံကို ရှာဖွေခဲ့သော်လည်း ရှာမတွေ့ခဲ့ချေ။

ထို့အပြင် အကြီးအကဲ ကဲလင်၏ စွမ်းရည်သည် လိပ်ခွံကို အသုံးပြုနိုင်လောက်သည် အထိ မမြင့်သေးချေ။ ထို့ကြောင့် ထိုလိပ်ခွံကို ရန်ကိုင်ဆီပေးရန် တုန့်ဆိုင်းမနေခြင်း ဖြစ်သည်။ သူ့လက်ထဲတွင် ဘာမှသိပ်အသုံးဝင်တော့မည် မဟုတ်သော လိပ်ခွံသည် ရန်ကိုင်လက်ထဲသို့ ရောက်သွားပါက အတော်လေး အသုံးဝင်လာနိုင်ပေသည်။

ရန်ကိုင်လည်း ခဏလောက် အင်တင်တင် လုပ်နေပြီးနောက် လက်ခံထားလိုက်သည်။

သူတို့နှစ်ယောက် စကားပြောနေစဉ် တုန်ရွှမ်းအာနှင့် တိုက်ယွမ်တို့သည်လည်း ခပ်လှမ်းလှမ်း တစ်နေရာတွင် တီးတိုးပြောဆိုနေကြသည်။

လက်ရှိတွင် တိုက်ယွမ်သည် ကျောက်စိမ်းပုလင်းတစ်ပုလင်းကို လက်တစ်ဖက်တွင် ကိုင်ထားလျက် ကျန်လက်တစ်ဖက်ပေါ်တွင် ဆေးလုံးတစ်လုံးကို တင်ထားသည်။ ဆေးလုံးသည် ဝိုင်းစက်နေပြီး စိမ်းဖျော့ရောင် တောက်နေသည်။ ၎င်းမှ ထွက်ပေါ်နေသော ဆေးသင်းရနံ့သည် ရှူရှိုက်မိသူတိုင်း၏ စိတ်ကို တည်ငြိမ်အေးချမ်း သွားစေနိုင်ပေသည်။

တိုက်ယွမ်သည် ဆေးလုံးသည် လေးစားအားကျမှု၊ စိတ်လှုပ်ရှားမှုအပြည့်ဖြင့် အသေအချာ စိုက်ကြည့်နေသည်။

တုန်ရွှမ်းအာသည် စကားတစ်ခွန်းမှ မပြောခဲ့။ တိုက်ယွမ် ထိုကဲ့သို့ ဖြစ်နေပါက တိတ်တိတ်နေခြင်းသည် အကောင်းဆုံးဖြစ်သည်။

ထိုဆေးလုံးသည် ရှားပါးသည့်ဆေးလုံး မဟုတ်ဘဲ သာမန် သူတော်စင်ချီအားဖြည့်ဆေး တစ်လုံးသာ ဖြစ်သည်။ သို့သော်လည်း ဆေးလုံး၏ အဆင့်မှာ မနိမ့်ကျ။ ထိုဆေးလုံးသည် ရန်ကိုင် တုန်ရွှမ်းအာကို ပေးခဲ့သည် သူတော်စင်ဘုရင် အထွဋ်အထိပ်အဆင့် ဆေးလုံးတစ်လုံး ဖြစ်ပေသည်။

တုန်ရွှမ်းအာသည် ထိုဆေးလုံးအား တိုက်ယွမ်ကို ပြရန်အတွက် တမင်တကာ သိမ်းထားခဲ့ခြင်း ဖြစ်သည်။

အချိန်အတော် ကြာသွားပြီးသည့်နောက် တိုက်ယွမ်က ဆေးလုံးကို ဆေးပုလင်းထဲ ပြန်ထည့်သိမ်းလိုက်ပြီး တုန်ရွှမ်းအာဆီ ပြန်ပေးလိုက်သည်။

“ဘယ်လိုလဲ” တုန်ရွှမ်းအာက မေးလိုက်သည်။

“အဆင့်အတန်း အမြင့်စားပဲ။ ဆေးလုံးကို ဖော်စပ်ထားတဲ့ နည်းလမ်းက ငါလုပ်နိုင်တဲ့ နည်းလမ်းထက် အများကြီး ပိုသာတယ်။ အရည်အသွေးပိုင်းမှာ ဆိုရင်လည်း ပြောစရာကို မလိုဘူး။ ငါအထင်အရဆို ဒီဆေးလုံးက ဆေးသွေးကြောပါတဲ့ ဆေးလုံးဖြစ်ဖို့ သိပ်မလိုတော့ဘူး။ ဆေးလုံး မျက်နှာပြင်ပေါ်မှာ ဆေးသွေးကြော အရိပ်အယောင် ရေးတေးတေးလေးတွေ မြင်နေရတယ်။ ဒါပေမယ့် တကယ့် ဖြစ်မသွားခဲ့တာ ဆိုးတာပဲ” တိုက်ယွမ်က နောင်တရရဖြင့် ပြောလိုက်ပြီး အံ့အားသ်င့်သွားသည့် လေသံဖြင့် “အဲ့တစ်လုံးတည် မဟုတ်ဘူး။ ပုလင်းထဲမှာ ရှိနေတဲ့ ဆေးလုံးတိုင်းက အဲ့လို ကောင်းနေတာ။ အဲ့ဆေးလုံးကို ဖော်စပ်ထားတဲ့ ဆေးပညာရှင်က တကယ်ကို အဆင့်မြင့်တဲ့ ဆေးပညာရှင်တစ်ယောက်ပဲ ဖြစ်ရမယ်”

“အဲ့လောက်တောင် အံ့ဩစရာကောင်းတာလား” တုန်ရွှမ်းအာ ထိတ်လန့်တုန်လှုပ် သွားခဲ့သည်။ သူမပါးစပ်လေးကို အလန့်တကြားအုပ်၍ “ဆေးသွေးကြောဖြစ်ခါနီး သူတော်စင်ဘုရင် အဆင့် ဆေးလုံးတွေ အများကြီးကို ဖော်စပ်နိုင်တယ်ဆိုတော့ အဲ့ဆေးပညာရှင်က တန်ခိုးရှင်အဆင့် ဆေးပညာရှင်များ ဖြစ်နေမလား မသိဘူး”

“တန်ခိုးရှင်အဆင့် ဆိုတာတော့ လုံးဝသေချာတယ်” တိုက်ယွမ်က ရန်ကိုင်အား မျှော်လင့်ချက် အပြည့်ဖြင့် လှမ်းကြည့်လိုက်သည်။ သူမ အကြည့်ထဲရှိ မျှော်လင့်ချက်တို့သည် တစ်စထက်တစ်စ ပိုပို၍ အားကောင်းလာနေခဲ့သည်။

တိုက်ယွမ်၏ အကြည့်ကို သတိပြုမိလိုက်သည့်အခါ တိုက်ယွမ် ဘာတွေးနေလဲ ဆိုသည်ကို တုန်ရွှမ်းအာ မသိဘဲ ဘယ်နေမည်နည်း။ ထို့ကြောင့် အလျင်အမြန်ပဲ ပြောလိုက်လေသည် “အစ်မတိုက်ယွမ်၊ စိတ်မပူနဲ့။ မကြာခင်မှာပဲ အဖြေကို အစ်မ ရှာတွေ့လိမ့်မယ်”

တိုက်ယွမ်က လက်ကလေးကိုမြှောက်လျက် ဆံပင်ကို နားသယ်နောက် ပင့်တင်လိုက်ပြီး အသာအယာ ပြောလိုက်သည် “ငါသိတယ်။ ငါလည်း အလျင်မလိုပါဘူး။ ဘာပဲဖြစ်ဖြစ် နှစ်ပေါင်းများစွာ ရှိနေပြီပဲဟာကို။ ဒါနဲ့ ညီမရွှမ်း၊ အဲ့ရန်ကိုင် ဘယ်ကလာတာလဲ”

ရုတ်တရက် တိုက်ယွမ်သည် ထူးထူးဆန်းဆန်း ရန်ကိုင်အကြောင်း ထမေးလာခဲ့သည်။

တုန်ရွှမ်းအာလည်း ဘာကိုမှ ဖုံးကွယ်မထားဘဲ ရန်ကိုင်အကြောင်း သူမ သိထားသလောက် ပြောပြလိုက်လေသည်။

ရန်ကိုင် အရိပ်ကြယ်၏ ဒေသခံတစ်ယောက် မဟုတ်ဘဲ ပြင်ပလောကကြီးမှ လာသည့် လူတစ်ယောက် ဖြစ်ကြောင်း ကြားလိုက်ရသည့်အခါ တိုက်ယွမ်၏ မျက်ဝန်းအစုံ တောက်ပသည်ထက် ပို၍ တောက်ပသွားခဲ့သည်။ ခန္ဓာကိုယ်လေးမှာလည်း စိတ်လှုပ်ရှားလွန်းသဖြင့် တဆတ်ဆတ် တုန်ရင်နေခဲ့သည်။ သူမ၏ မျက်ဝန်းထဲရှိ မျှော်လင့်ချက် အရိပ်အယောင်တို့မှာလည်း ဖုံးဖိမရအောင် ထွက်ပေါ်နေခဲ့လေပြီ။

အပြင်လောကကြီးမှ အခြားသူများပင် အရိပ်ကြယ်သို့ ရောက်လာနိုင်လေရာ သူမလည်း အရိပ်ကြယ်မှထွက်၍ ပြင်ပလောကကြီးသို့ သွားနိုင်သည်ဟု ဆိုလိုက်ခြင်းပင် မဟုတ်လေလော။

ဝူရီကဲ့သို့ပင် တိုက်ယွမ်သည်လည်း အရိပ်ကြယ်မှထွက်၍ ပြင်လောကကြီးဆီ ခြေဆန့်ချင်သည်။ သို့သော်လည်း သူတို့နှစ်ယောက်၏ ရည်ရွယ်ချက်မှာ မတူညီချေ။ ဝူရီသည် ပြင်ပလောကကြီး၏ အံ့ဩဖွယ်ရာများကို မြင်တွေ့လိုသည့် အတွက်ကြောင့် သွားလိုခြင်း ဖြစ်ပြီး တိုက်ယွမ်မှာမူ သူ့အကြောင်းနှင့်သူ ရှိပေသည်။

ဆေးပုလင်းထဲရှိ ဆေးလုံးများကို မည်သည့် ဆေးပညာရှင် ဖော်စပ်ခဲ့သလဲဟု ရန်ကိုင်အား ချက်ချင်း ပြေးမေးလိုက်ချင်မသိသော်လည်း ထိုစိတ်ကို တိုက်ယွမ် မရရအောင် ပြန်ထိန်းချုပ်ထားလိုက်လေသည်။

ရန်ကိုင်နှင့်သူမ မရင်းနှီးချေ။ ရှင်းရှင်းပြောရလျှင် သူတို့နှစ်ယောက်သည် တွေ့ရုံသာ တွေ့ဖူးခြင်း ဖြစ်သည်။ ထို့ကြောင့် ထိုကဲ့သို့ မေးခွန်းမျိုး သွားမေးလိုက်ပါက တစ်ဖက်လူ သူမအား စိတ်ပျက်သွားနိုင်ပေသည်။ ထို့ကြောင့် တိုက်ယွမ် အလျင်လို၍ မဖြစ်ချေ။

သို့သော်လည်း ရန်ကိုင်နှင့် ဆက်ဆံရေးကောင်းတစ်ခု မည်သို့ တည်ဆောက်ရမလဲ ဆိုသည်ကို စဉ်းစားပြီး ဖြစ်ပေသည်။ အချိန်ရောက်လာသည့်အခါ ထိုမေးခွန်းကို မေးပေမည်။

အချိန်သည် တဖြည်းဖြည်းနှင့် ကုန်ဆုံးနေခဲ့သည်။ တိုက်ယွမ်နှင့် တုန်ရွှမ်းအာတို့သည် တစ်ဦးနှင့်တစ်ဦး မတွေ့ရသည်မှာ ကြာပြီဖြစ်သဖြင့် စကားဖောင်ဖွဲ့ ပြောကောင်းနေသည်။ ရန်ကိုင်နှင့် ဝေကုချန်းသည်လည်း စကားဝိုင်းကောင်းနေသည်။ ဝေကုချန်းဆီမှ အရိပ်ကြယ်နှင့် ပက်သက်သော စိတ်ဝင်စားစရာ အကြောင်းအရာများစွာကို ရန်ကိုင် သိခဲ့ရသည်။

ရန်ကိုင် သူတို့အဖွဲ့နှင့် အကြာကြီးနေရန် မစဉ်းစားထားချေ။ သို့သော်လည်း သေခြင်းတရားမှ လောလောလတ်လတ် လွတ်မြောက်ပြီးစ ဖြစ်သဖြင့် ချက်ချင်းကြီး ထွက်သွားလိုက်ခြင်းသည် အနည်းငယ် စိမ်းကားရာရောက်သည်။ ထို့ကြောင့် သူတို့အားလုံး အားပြန်ပြည့်လာမည့် အချိန်ကို စောင့်နေခြင်း ဖြစ်သည်။

သူတို့ ပြန်ကောင်းလာပြီ ဆိုပါက ရန်ကိုင်လည်း သူတို့ကို နှုတ်ဆက်ပြီး ယင်နေကြာရေစင် သန့်စင်ရန်အတွက် သင့်လျော်သည့် နေရာတစ်ခုရှာရန် တတိယအလွှာ အတွင်းပိုင်းသို့ ဆက်သွားရပေမည်။

တစ်ရက်ကြာပြီးနောက် အရိပ်လခန်းမ၏ တပည်သုံးယောက်စလုံး အားပြန်ဖြည့်သွားခဲ့သည်။ အနားယူ အားပြန်ဖြည့်ပြီးနောက် ရန်ကိုင်နှင့် တိုက်ယွမ်တို့အား ကျေးဇူးတင်စကား ပြောလေသည်။ ယခုတစ်ကြိမ် သူတို့ သုံးယောက်စလုံး ရန်ကိုင်အား အထင်မသေးရဲတော့ချေ။

သဲမီးတောက်နယ်မြေ ဖွင့်စဉ်က ဝေကုချန်း၏ အဖွဲ့ထဲတွင် သူတို့သုံးယောက် ပါခဲ့သည်။ ထိုစဉ်က ဝေကုချန်းသည် ရန်ကိုင်အား အတူတူ သွားမလားဟု မေးခဲ့သည်။ ဝေကုချန်း၏ ကမ်းလှမ်းချက်နှင့် ပက်သက်၍ သူတို့သုံးယောက် သိပ်သဘောမတူချင်ခဲ့။ ရန်ကိုင်၏ ခွန်အားသည် နိမ့်ကျသည့် အတွက်ကြောင့် သူတို့နှင့် အတူလိုက်လျှင် သူတို့အဖွဲ့အတွက် ဝန်ထုပ်ဝန်ပိုးသာ ဖြစ်ပေလိမ့်မည်။ ထို့အပြင် အဖိုးတန်ရတနာတစ်ခုခု တွေ့သည့်အခါ သူတို့ ရရှိထားသည်မှု အနည်းငယ်ကိုလည်း ရန်ကိုင်အား ခွဲဝေပေးရပေလိမ့်မည်။

သူတို့အတွက် ဝန်ထုပ်ဝန်ပိုးသာ ဖြစ်လိမ့်မည်ဟု ထင်ထားခဲ့သော လူငယ်လေးသည် တတိယအလွှာတွင် သူတို့အသက်ကို လာကယ်ခဲ့သည့်လူ ဖြစ်နေလိမ့်မည်ဟု မည်သူမှ မထင်ထားခဲ့ကြပေ။

ထိုစဉ်က သူတို့၏ လုပ်ရပ်ကို ပြန်စဉ်းစားမိသော် အတော်လေး ရှက်ရွံ့သွားခဲ့ကြသည်။ တွင်းတစ်တွင်းသာ ရှိလျှင် ထိုတွင်းထဲသာ ဝင်ပုန်းနေလိက်ချင်မိသည်။

“မင်းတို့သုံးယောက် ဒုတိယအလွှာဆီ ပြန်သွားသင့်တယ်။ အခု အစပိုင်းပဲ ရောက်သေးတာ ဆိုတော့ ဒုတိယအလွှာဆီ လှည့်ပြန်ဖို့ဆိုရင် မင်းတို့ခွန်အားနဲ့ ဘာမှ မဖြစ်လောက်ဘူး။ စွန့်စားပြီး တတိယအလွှာမှာ ဆက်နေဖို့ မလုပ်တော့နဲ့။ ဒီနေရာက မင်းတို့ ဆက်နေသင့်တဲ့ နေရာ မဟုတ်ဘူး” ဝေကုချန်းက ထိုတပည့်သုံးယောက် ရန်ကိုင်နှင့် တိုက်ယွမ်အား ကျေးဇူးတင်စကား ပြောပြီးသည့် အချိန်ထိ စောင့်ပြီးနောက် ပြောလိုက်သည်။

ဝေကုချန်း၏ စကားကို ကြားကြားချင်း အရိပ်လခန်းမ၏ တပည့်များ ကြောင်သွားသည်။ သို့သော် သူဘာပြောချင်နေလဲ ဆိုသည်ကို ချက်ချင်းပဲ နားလည်သွားခဲ့သည်။

ချော်ရည်ကန်ထဲသို့ ပြုတ်ကျသွားစဉ်က အရိပ်လခန်းမ၏ အဓိကတပည့်များ ဆိုသည့် ဂုဏ်သိက္ခာကိုမှ မငှဲ့ကြီး အကြောက်ကြီး ကြောက်ပြခဲ့ကြသည်။ ယခု ဝေကုချန်းက အမိန့်ပေးလာသည့်အခါ မနာခံဘဲ မနေရဲချေ။ ချက်ချင်း ခေါင်းညိတ်လိုက်ပြီး ဝေကုချန်းနှင့် တုန်ရွှမ်းအာတို့အား ဂရုစိုက်ရန် ပြောလိုက်လေသည်။

ဝေကုချန်းကလည်း ခေါင်းညိတ်လိုက်သည်။ ထိုသုံးယောက်အပေါ် အနည်းငယ် စိတ်ပျက်သွားမိသော်ငြား မည်သို့ပင် ဖြစ်ပါစေ သူတို့သည် တစ်ဂိုဏ်းသားများ ဖြစ်နေသေးသည်။ ထိုသုံးယောက်၏ အပြုအမူနှင့် ပက်သက်၍ အပြစ်မတင်သည့်အပြင် သူနှင့် တုန်ရွှမ်းအာတို့ မလိုအပ်တော့လောက်ဟု ထင်ရသော ဆေးလုံးများကိုပင် ပေးပစ်လိုက်သေးသည်။

ထိုသုံးယောက် ဝေကုချန်းတို့အား မျက်ရည်ဝဲတဲတဲဖြင့် နှုတ်ဆက်ပြီးနောက် ဒုတိယအလွှာသို့ ပြန်တော့မည်အပြု၊ သဲမီးတောက်နယ်မြေ၏ ကောင်းကင်တစ်ခုလုံး ရုတ်တရက် လင်းထိန်လာခဲ့သည်။

ထိုအဖြစ်အပျက်ကြောင့် အကုန်လုံး ကောင်းကင်ပေါ်သို့ မော့ကြည့်လိုက်သော်ငြား မည်သည့် ထူးခြားမှုကိုမှ မမြင်တွေ့ခဲ့ရ။ ထို့ကြောင့် အကုန်လုံး နားမလည်နိုင် ဖြစ်နေစဉ်မှာပဲ အရပ်ရှည်ရှည်နှင့် အမျိုးသမီးတပည့်က တစ်ဖက်သော အရပ်မျက်နှာဆီ လက်ညိုးထိုးလိုက်ပြီး အလန့်တကြား‌ အော်ပြောလိုက်လေသည် “နေ… နေ…”

သူမ ညွှန်ပြသည့် အရပ်ဆီသို့ လှည့်ကြည့်လိုက်သည့်နောက် မြင်လိုက်ရသည့် မြင်ကွင်းကြောင့် အကုန်လုံး ထိတ်လန့်သွားခဲ့ရသည်။

ထိုအရပ်ဆီမှ ရဲရဲနီနေသော နေတစ်စင်း မိုးကုတ်စက်ဝိုင်းဆီမှ ဖြည်းဖြည်းချင်း မြင့်တက်လာနေခဲ့သည်။ နေမင်းဆီမှ ဖြာထွက်နေရောင် ရောင်နီတို့ကြောင့် အနီး ပတ်ပတ်လည် ကောင်းကင်ယံသည် သွေးရောင်ရဲတောက်နေခဲ့သည်။ ထိုအနီရောင်နေမင်းကြောင့်ပဲ သဲမီးတောက်နယ်မြေတစ်ခုလုံး လင်းထိန်သွားခြင်း ဖြစ်သည်။

သို့သော်လည်း ထိုအရာကို နေအစစ်ဟု မည်သူမှ မထင်ကြချေ။

သဲမီးတောက်နယ်မြေထဲသို့ သူတို့ ဝင်လာသည်မှာ လနှင့်ချီနေလေပြီ။ ဤထူးဆန်းသော လေဟာနယ်ထဲတွင် နေမရှိ၊ လမရှိ၊ ကြယ်မရှိသလို ကောင်းကင်လည်း မရှိချေ။ ခေါင်းကို မော့ကြည့်လျှင် နီကြင့်ကြင့် ဟင်းလင်းပြင်ကြီးကို မြင်ရပြီး အောက်သို့ ငုံကြည့်မည်ဆိုပါက နီကြင့်ကြင့် မြေကြီးကိုသာ မြင်ရပေလိမ့်မည်။

ထိုသို့ဆိုလျှင် ထိုနေမင်းသည် မည်ကဲ့သို့ ရုတ်တရက် ပေါ်လာရသနည်း။

ရန်ကိုင် ပထမဆုံး တွေးလိုက်မိသည့် အတွေးသည်ကား ကျင့်ကြံသူနှစ်ယောက် အချင်းချင်း တိုက်ခိုက်ရင်း တစ်ယောက်ယောက်မှ အလွန်ကိုမှ အားကောင်းလှသော မှော်ရတနာတစ်ခုကို အသုံးပြုလိုက်သည့် အတွက်ကြောင့် ဖြစ်ပေါ်လာခြင်းပင်။

သို့သော်လည်း သေသေချာချာ စဉ်းစားကြည့်လိုက်သည့်နောက် ထိုကဲ့သို့ မဖြစ်နိုင်မှန်း သိလိုက်ရသည်။ ထိုအနီရောင်နေမင်းသည် သူတို့ ရှိနေသည့်နေရာနှင့် အနည်းဆုံး မိုင်ပေါင်း ရာဂဏန်း အနည်းငယ်ခန့် ကွာသည်။ ထိုမျှ အကွာအဝေးအထိ ရောက်နိုင်ဖို့ဆိုသည်မှာ တန်ခိုးရှင်ဘုရင်အဆင့် မှော်ရတနာသာ လုပ်နိုင်သည်။

သို့သော်လည်း မည်သည့် အင်အားစုကများ သူတို့၏ တပည့်တစ်ယောက်ကို သဲမီးတောက်နယ်မြေထဲသို့ တန်ခိုးရှင်ဘုရင်အဆင့် မှော်ရတနာ ထည့်ပေးလိုက်မည်နည်း။

ဤနေရာတွင် အန္တရာယ်ပေါင်း မရေမတွက်နိုင်အောင် ရှိသည်။ မည်သူမှ သူတို့ အသက်ကို အာမမခံနိုင်ကြချေ။ ဝေကုချန်းပင်လျှင် သေခါနီးဖြစ်ခဲ့ရပြီး ရန်ကိုင်နှင့် တိုက်ယွမ်သာ မကယ်လျှင် ကျိန်းသေ သေရပေလိမ့်မည်။ ထို့ကြောင့် ဂိုဏ်းထဲရှိ အကြီးအကဲများသာ ခေါင်းကောင်းနေသရွေ့ သူတို့၏ တပည့်များအား တန်ခိုးရှင်ဘုရင်အဆင့် မှော်ရတတစ်ခု ထည့်ပေးလိုက်လိမ့်မည် မဟုတ်ချေ။

တန်ခိုးရှင်ဘုရင်အဆင့် မှော်ရတနာတိုင်းသည် အရိပ်ကြယ်ပေါ်ရှိ အင်အားစုကြီးများမှ ဂိုဏ်း၏ အဖိုးတန်ရတနာတစ်ခုအဖြစ် ထိန်းသိမ်းထားကြသော ရတနာများဖြစ်သည်။

ထို့အပြင် တန်ခိုးရှင်ဘုရင်အဆင့် မှော်ရတနာကို သယ်လာသည့်လူ ရှိသည့်တိုင် ထိုလူအနေဖြင့် တန်ခိုးရှင်ဘုရင်အဆင့် မှော်ရတနာကို အသက်သွင်းနိုင်လိမ့်မည် မဟုတ်ချေ။ တန်ခိုးရှင်ဘုရင်အဆင့် မှော်ရတနာကို အတင်းအကြပ် အသက်သွင်းလျှင် ကြီးကြီးမားမား တန်ပြန်ထိခိုက်သွားနိုင်ပေသည်။

ဒါဆို အဲ့ဒါ ဘာကြီးလဲ ရန်ကိုင် ထိုနေမင်းကို မျက်မှောင်ကြုတ်ကာ စိုက်ကြည့်နေသည်။ သဲမီးတောက်နယ်မြေထဲတွင် မယုံကြည်နိုင်စရာကောင်းသည့် အရာများစွာကို မြင်ဖူးပေသည်။ သို့သော်လည်း သူ့ရှေ့ရှိအရာ မည်သည့်အရာ ဖြစ်သလဲ ဆိုသည်ကို ချက်ချင်း မခွဲခြားနိုင် ဖြစ်နေခဲ့သည်။

သူ့စိတ်ထဲ သူ့စိတ်ထဲ ထိုအရာကို ရင်းနှီးနေသလို ခံစားရသည်… ထိုအရာကို တစ်နေရာရာတွင် မြင်ဖူးနေသလိုလို။ သို့သော်လည်း မည်သည့်နေရာတွင် မြင်ဖူးနေမှန်းမသိ ဖြစ်နေခဲ့သည်။

“ဒီနေရာမှာ ဘယ်လိုလုပ်ပြီး နေတစစင်း ရှိနေတာပဲ။ သဲမီးတောက်နယ်မြေရဲ့ အရံအတား ပျက်စီးသွားတာလား” လအရိပ်ခန်းမမှ ယောကျာ်းလေးတပည့်က အလန့်တကြား ထပြောသည်။

သူ့ခန့်မှန်းချက် ယုတ္တိရှိပေသည်။ သဲမီးတောက်နယ်မြေ ပတ်လည်ရှိ အရံအတား ပြိုကျပျက်စီးသွားမှသာ အပြင်ဘက်ရှိ မြင်ကွင်းကို မြင်နိုင်ပေလိမ့်မည်။ အရံအတား ပျက်စီးသွားချိန်နှင့် အပြင်ဘက်ရှိ နေထွက်ချိန် တူညီနေပါက ယခုကဲ့သို့ ဘာကြောင့် မြင်နေရသလဲ ဆိုသည်ကို ရှင်းပြပြီးသား ဖြစ်သွဦးလေပြီ။

သို့သော်လည်း ဝေကုချန်းက ခေါင်းခါ၍ “အဲ့ဒါ နေမဟုတ်ဘူး”

“အဲ့ဒါဆို အဲ့ဒါ ဘာကြီးလဲ။ ဒါနဲ့ဆင်တူကို စီနီယာအစ်ကို အရင်တုန်းက မြင်ဖူးလို့လား” တုန်ရွှမ်းအာက ဝေကုချန်းနား တိုးကပ်သွားလိုက်ပြီး မေးလိုက်သည်။

“ဟင့်အင်း။ တစ်ခါမှ မမြင်ဖူးဘူး” ဝေကုချန်းက ပြောလိုက်ပြီးနောက် ရန်ကိုင်ဘက်သို့ လှည့်လိုက်သည်။ သို့သော်လည်း ရန်ကိုင် သူ့ဘာသာ အတွေးနက်နေသည်ကို မြင်သော် သွားမနှောင့်ယှတ်တော့ချေ။

နောက်ဆုံး ဝေကုချန်း၏ အကြည့်သည် တိုက်ယွမ်ဆီသို့ ရောက်သွားခဲ့သည်။ တိုက်ယွမ်သည် သူ့ထက် ပို၍ ဗဟုသုတပိုကြွယ်ဝသည်ဟု မထင်သော်လည်း သူမသိသည့် အကြောင်းအရာ တစ်ခုခုကို သူမ သိထားလောက်ပေသည်။

သို့သော် တိုက်ယွမ်သည်လည်း ရန်ကိုင်ကဲ့သို့ အတွေးနက်နေသည်ကို ထူးဆန်းစွာ မြင်တွေ့လိုက်ရလေသည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၂၂၀)

အနီရောင်နေမင်း ထွက်ပေါ်လာခြင်းသည် တတိယအလွှာတွင် ရှိနေသော ကျင့်ကြံသူ အားလုံးကို ထိတ်လန့်သွားစေခဲ့သည်။

တစ်ခုသောတောင်ပေါ်တွင် ချူချန်ဖုန်းသည် ကောင်းကင်တိုက်ပွဲ အစည်းအရုံးမှ ကျင့်ကြံသူ ခြောက်ယောက်နှင့်အတူ ထွက်ပေါ်လာသော အနီရောင်နေမင်းအား လှမ်းကြည့်နေကြသည်။ ချူချန်ဖုန်း၏ မျက်နှာမှာ သံပုရာသီးကိုက်ထားရသလို ရှုံ့မဲ့နေသည်။ သဲမီးတောက်နယ်မြေသို့ ဝင်လာသည့် ခရီးတွင် ထူးထူးခြားခြား ကောင်းမွန်လှသော မည်သည့် အကျိုးအမြတ်မှ သူမရခဲ့။ ဝိဥာဉ်သန့်နတ်ရေစင်ဆိုလျှင် ပိုမှန်ပေမည်။ ဝိဥာဉ်သန့်နတ်ရေစင်အကြောင်း ပြန်စဉ်းစားမိလိုက်သည့် အချိန်တိုင်း သူ့ရင်ထဲ တဆစ်ဆစ် နာကျင်ရသည်။ ရုတ်တရက်ကြီး ထွက်ပေါ်လာသော နေမင်းသည် သူ့အာရုံကို ဖမ်းစားသွားနိုင်ခဲ့သည်။

တစ်ခဏတာ တုန့်ဆိုင်းနေပြီးနောက် သူ့လူများကို ပြောလိုက်လေသည် “သွားကြည့်ကြမယ်”

ပြောပြီးသည်နှင့် သူ့အဖွဲ့ကို ဦးဆောင်၍ နေမင်း ထွက်ပေါ်လာရာ အရပ်ဆီ ပြေးထွက်သွားလေသည်။

တစ်နေရာသော မြေပြန့်တစ်နေရာတွင် ကျင့်ကြံသူလေးယောက်သည် အမျိုးမျိုးသော သိုင်းပညာရပ်၊ မှော်ရတနာများကို အသုံးပြု၍ လျှပ်စီးသွားများကို ပစ်လွှတ်ရင်း သူတို့အား ဝိုင်းရံထားသော မီးတောက်သားရဲများကို တိုက်ခိုက်နေကြသည်။

နေမင်း ထွက်ပေါ်လာသည့် အချိန်သည် ထိုမီးတောက်ဝိဥာဉ်သားရဲအုပ်ကို သူတို့ ရှင်းပစ်ပြီးသွားသည့် အချိန်နှင့် ကွက်တိဖြစ်နေခဲ့သည်။ သားရဲအုပ်ကို ရှင်းပစ်ပြီးနောက် တစ်ယောက်က မြေပြင်ပေါ်တွင် ကျန်ကျန်ခဲ့သော မီးတောက်သလင်းကျောက်များကို သွားကောက်သည်။ ပြီးနောက် ရိုးရှင်းစွာ ဝတ်ဆင်ထားသော လူငယ်လေးတစ်ယောက် ဘေးတွင် အစီအရီ ရပ်နေကြသည့် သူ့အဖော်များဆီ ပြန်လာလေသည်။

“စီနီယာအစ်ကိုဖုန်း၊ ဘာဖြစ်လို့လဲ” တစ်ယောက်ယောက်က မေးလိုက်သည်။

ရိုးရိုးရှင်းရှင်း ဝတ်ထားသည့် လူငယ်လေးက ခေါင်းခါ၍ “သွားစစ်မှ သိလိမ့်မယ်။ ဒါပေမယ့် ဒီလို အဖြစ်အပျက်မျိုး ဖြစ်စေတယ်ဆိုတော့ အရမ်း အဖိုးတန်တဲ့ရတနာတစ်ခုခု ပေါ်လာတာ ဖြစ်နိုင်လောက်တယ်”

ပြောပြီးသည်နှင့် အနီရောင်နေမင်းဆီ လမ်းလျှောက်သွားလိုက်လေသည်။ သူ့အရှိန်သည် ပုံမှန်လမ်းလျှောက်သည့် လူတစ်ယောက်၏ အမြန်နှုန်းပင်။ သို့သော်လည်း သူ့ခြေထောက်အောက်၌ မိုးကြိုးတစ်စင်း ရုတ်တရက် ပေါ်လာပြီးသည့်နောက် လူငယ်လေး၏ အရှိန်သည် တစ်ဟုန်ထိုး မြင့်တက်သွားခဲ့ပြီး မျက်တောင်တစ်ခတ်အတွင်း မီတာတစ်ရာ အကွာဆီသို့ ရောက်သွဦးလေသည်။

ကျောက်တုံးကြီးတစ်တုံးပေါ်တွင် အေးစက်စက် အမူအရာနှင့် လူတစ်ယောက် တင်ပလင်ခွေ ထိုင်နေသည်။ နေမင်းပေါ်လာသည်ကို မြင်ပြီးနောက် ထိုလူ ခဏတာ တုန့်ဆိုင်း တွေဝေနေပြီး ထိုင်ရာမှထကာ နေမင်းရှိရာ အရပ်ဆီ ထွက်သွားလေသည်။

သဲမီးတောက်နယ်မြေ တတိယအလွှာ၏ အတွင်းဘက်တွင် အသုံးသုံးဆယ်လောက် ရှိမည်ထင်ရသော လူတစ်ယောက် ရှိနေခဲ့သည်။ ထိုလူသည် အပူဓါတ်ကို ကြိုးစားတောင့်ခံရင်း အတွင်းပိုင်းသို့ ဆက်လက် ခရီးနှင်နေခဲ့သည်။ သို့သော် အနီရောင်နေ ထွက်ပေါ်လာသည့်အခါ ထိုလူ နောက်ပြန် လှည့်ကြည့်မိလိုက်သည်။ နေမင်းကို မြင်သည်နှင့် ထိတ်လန့်သွားခဲ့ပြီး ပျော်ရွှင်စွာ ထအော်လေသည် “ဒီလိုဟာမျိုးတောင် ရင့်မှည့်နေပြီလားဟ၊ ဟားဟားဟား”

ပြောပြီးသည်နှင့် နေမင်း ထွက်ပေါ်လာရာအရပ်ဆီ ချက်ချင်း ပြန်လှည့်လေသည်။

ထိုကဲ့သို့သော အခြေအနေများစွာတို့သည် သဲမီးတောက်နယ်မြေ တတိယအလွှာ၏ နေရာအနှံ့အပြားတွင် ဖြစ်ပျက်နေသည်။ တတိယအလွှာသို့ ဝင်လာသော လက်ရွေးစင် တပည့်အားလုံးသည် နေမင်း ထွက်ပေါ်လာရာ အရပ်ဆီ အပြေးအလွှား သွားနေကြသည်။ အကုန်လုံးသည် နေမင်းထွက်ပေါ်လာခြင်းမှာ အလွန်ကိုမှ အဖိုးတန်သော ရတနာတစ်ပါး ထွက်ပေါ်လာခြင်းကြောင့် ကောင်းကင်မှ သရုပ်သကန် ပြသခြင်းဖြစ်သည်ဟု ထင်နေကြသည်။

သို့သော်လည်း နေမင်းပေါ်လာရာ အရပ်ဆီသို့ မရောက်နိုင်သေးခင်မှာပဲ အနီရောင် သန်းနေသော ကြောက်မက်ဖွယ် လေပြင်းတစ်ချက် ဝှေ့ရမ်းတိုက်ခတ်သွားခဲ့သည်။ လေပြင်းနှင့်အတူ အလွန်ကိုမှ ကြောက်မက်ဖွယ်ကောင်းလာသော အပူဓါတ်တို့ ပါလာသောကြောင့် နေမင်းဆီ ပြေးသွားနေသော ကျင့်ကြံသူအားလုံး သွေးဆုတ်ဖြူလျော်သွားခဲ့ကြပြီး သူတို့ကိုယ်သူတို့ ကာကွယ်ရန် သူတော်စင်ချီကို အလျင်အမြန် ထုတ်ဖော်လိုက်ရသည်။

သို့သော်လည်း အံ့အားသင့်စရာကောင်းသည်ကား လေပြင်း၏ တိုက်ခတ်ခြင်း ခံလိုက်ရသည့်တိုင် သူတိုအားလုံး မည်သည့် ဒဏ်ရာမှ မရခဲ့ခြင်းပင်။ ဒဏ်ရာမရသည့်အပြင် ထူးဆန်းသော သင်းရနံ့တစ်ခုသည် သဲမီးတောက်နယ်မြေ၏ တတိယအလွှာတစ်ခုလုံးအနှံ့ ပျံ့လွင့်လာခဲ့လေသည်။

ထိုသင်းရနံ့မှာ ရင့်မှည့်လာသော အသီးတစ်လုံး၏ ရနံ့မျိုးပင်။ သို့သော်လည်း သူတို့ ပုံမှန်ရနေကျ အသီးများ၏ ရနံ့ထက် အဆပေါင်းများစွာ ပိုအားပြင်းပေသည်။ အသီးအနံ့ကို ရှူရှိုက်မိလိုက်ရုံနှင့်ပင် ကျင့်ကြံသူတော်တော်များများ အကြောင်းအရာအချို့ကို ဥာဏ်အလင်း ပွင့်သွားသလို ခံစားလိုက်ရသည်။

သို့သော် မည်သူမှ တင်ပလင်ခွေထိုင် ကျင့်ကြံမနေကြ။ အနံ့ပင်မျှင် ဤမျှ အကျိုးပြုနိုင်လျှင် သူတို့သာ ထိုဘာမှန်းမသိသေးသော ရတနာကိုသာ ရလိုက်မည်ဆိုပါက မည်သို့သော ထိတ်လန့်ဖွယ်ရာ အကျိုးအမြတ်ကိုများ ရလိမ့်မည်နည်း။

သင်းရနံ့ ထွက်ပေါ်လာပြီးသည့်နောက် အကုန်လုံးသည် ဆုံးဖြတ်ချက် အခိုင်အမာ ချလျက် နေမင်းထွက်ပေါ်လာရာ အရပ်ဆီ ပြေးထွက်သွားကြလေသည်။

ရန်ကိုင်တို့ အဖွဲ့သည်လည်း ထိုသင်းရနံ့ကို ရလိုက်သည်။ ထိုအနံ့ကို ရလိုက်သည်နှင့် ရန်ကိုင်တစ်ကိုယ်လုံး တုန်တက်သွားပြီး အော်ပြောမိလိုက်သည် “စိတ်ဝိဥာဉ်အသီးတစ်လုံး ရင့်မှည့်လာတာပဲ”

ယခုမှပဲ ဘာတွေဖြစ်ပျက်နေလဲ သူနားလည်သွားခဲ့သည်။ နေမင်းထွက်ပေါ်လာခြင်းသည် မှော်ရတနာကြောင့် မဟုတ်သလို ရှားပါးသော ရတနာတစ်မျိုးမျိုး ထွက်ပေါ်လာခြင်းကြောင့်လည်း မဟုတ်ဘဲ စိတ်ဝိဥာဉ်အသီးတစ်မျိုး ရင့်မှည့်သွားသောကြောင့် ဖြစ်ပေါ်လာခြင်း ဖြစ်ပေသည်။

လေထဲရှိ အသီးရနံ့သည် အကောင်းဆုံး သက်သေဖြစ်သည်။

သူတို့စိတ်ထဲ မျိုးတုန်းပျောက်ကွယ်သွားပြီဟု ယူဆထားကြသော အသီးတစ်မျိုး၏ နာမည် ပေါ်လာခဲ့ပြီး ရန်ကိုင်နှင့် တိုက်ယွမ်တို့ နှစ်ယောက်စလုံး ပြိုင်တူ အော်ပြောလိုက်ကြသည် “ဖယောင်းနီသီး”

ရန်ကိုင် တိုက်ယွမ်အား အံ့အားသင့်စွာ ကြည့်လိုက်သည်။ မြက်သွေးရောင်ဂိုဏ်းမှ တပည့်သည် ထိုဖယောင်းနီအသီးကို သိနေလိမ့်မည်ဟု သူမထင်ထားခဲ့ချေ။ သူသိလောက်ဆိုလျှင် ဖယောင်းနီအသီး မျိုးတုန်းပျောက်ကွယ်သွားသည်မှာ နှစ်ပေါင်းထောင်နှင့်ချီ ကြာနေလေပြီ။ အပြင်လောကကြီးတွင်ပင် ပေါ်မလာခဲ့သည်နှင့် ရာစုနှစ်နှင့် ချီနေလေပြီ။ ဝိဥာဉ်ကြာပန်းနှင့် အခက်ကိုးခက် ကျောက်စိမ်းသစ်ပင်တို့လည်း အတူတူပင်။ ထိုအရာများသည် ရှေးဟောင်း မှတ်တမ်းများထဲတွင်သာ ရှိခဲ့ပြီး လက်ရှိ မည်သူမှ မမြင်ဖူးကြသော ရှားပါး အဖိုးတန် ရတနာများ ဖြစ်ကြသည်။

သို့သော်လည်း တိုက်ယွမ်သည် ထိုကဲ့သို့ မျိုးတုန်ပျောက်ကွယ်သွားပြီ ဖြစ်သော အသီးတစ်မျိုး၏ နာမည်ကို သိနေသဖြင့် ရန်ကိုင် အတော်လေး အံ့အားသင့်သွားခဲ့သည်။

“ဖယောင်းနီအသီး၊ အဲ့ဒါ ဘာအသီးလဲ” တုန်ရွှမ်းအာက တိုက်ယွမ်ကို ချက်ချင်း မေးလိုက်သည်။

“တန်ခိုးရှင်ဘုရင် အထွဋ်အထိပ်အဆင့် အသီးပဲ” တိုက်ယွမ်က လက်သီးလေးကို တင်းတင်းဆုပ်လျက် ပြောလိုက်သည်။

ဖယောင်းနီသီးအကြောင်း သိထားသည့် ရန်ကိုင်မှလွဲ၍ အကုန်လုံး ထိတ်လန့်သွားခဲ့သည်။

အရိပ်ကြယ်ပေါ်တွင် တန်ခိုးရှင်ဘုရင်အဆင့်သို့ ရောက်နေသည့် ဆေးပင်အချို့ ရှိပေသည်။ သို့သော်လည်း ထိုဆေးပင်များမှာ အလွန်ကိုမှ ရှားပါးလှသည်။ တစ်ပင်ပေါ်လာဖို့အရေးပင် နှစ်နှင့်ချီအောင် စောင့်ရသည်။ ထို့အပြင် ပေါ်လာသည် ထိုတန်ခိုးရှင်အဆင့် ဆေးပင်အားလုံး၏ ကိုးဆယ်ရာခိုင်နှုန်းသည် အဆင့်နိမ့်များသာ ဖြစ်ကြပြီး အလယ်အလတ်အဆင့်များမှာ မကြားဖူးသလောက်ပင်။

သို့သော်လည်း တတိယအလွှာထဲတွင် သူတို့တစ်ခါမှ မကြုံဖူးခဲ့သော တန်ခိုးရှင်ဘုရင် အထွဋ်အထိပ်အဆင့် အသီးတစ်လုံး ပေါ်လာခဲ့သည်။

“အဲ့အသီးကို ဘယ်လိုသုံးလို့ရလဲ” တုန်ရွှမ်းအာသည် သူမကိုယ်သူမ အတတ်နိုင်ဆုံး ထိန်းချုပ်ထားသော်လည်း စိတ်အလွန် လှုပ်ရှားလွန်းနေသဖြင့် အသံတုန်နေသည်ကို မထိန်းချုပ်နိုင် ဖြစ်နေခဲ့သည်။ တန်ခိုးရှင်ဘုရင် အထွဋ်အထိပ်အဆင့် ဆိုသော စကားလုံးများသည် သူမှရင် တူကြီးဖြင့် မောင်းစည်အား ထုလိုက်သည့်နှယ် တဒုန်းဒုန်း ရိုက်ခတ်သွားခဲ့သည်။

“အများကြီး သုံးလို့ရတယ်။ အဲ့အသီး ရင့်မှည့်လာလို့ အသီးရဲ့ အနံ့ကို ရှူရှိုက်နိုင်ရန် နိယာမ၊ ဥပဒေသတွေအချို့ကို နားလည်နိုင်လိမ့်မယ်တဲ့။ ဒါပေမယ့် အဲ့ဒါက အဓိက မဟုတ်သေးဘူး။ အဓိကက အဲ့အသီးကို စားလိုက်ရင် တန်ခိုးရှင်ဘုရင်အဆင့်ကို ချိုးဖျက်နိုင်ချေ ရှိတယ်တဲ့”

“ဘယ်လို၊ ဘယ်လို” အမြဲလိုလို တည်ငြိမ်နေတတ်သော ဝေကုချန်းသည်ပင်လျှင် ထိုစကားကို ကြားလိုက်သည့်အချိန်၌ မတည်ငြိမ်နိုင်တော့ချေ။

အရိပ်ကြယ်ပေါ်တွင် တန်ခိုးရှင်ဘုရင်အဆင့် ပညာရှင် တစ်ခါမှ ပေါ်မလာဖူးချေ။ ယခုအချိန်၌သာ အင်အားစုတစ်ခုခုသာ ဖယောင်းနီအသီးကို ရသွားပြီး တန်ခိုရှင်ဘုရင်အဆင့် ပညာရှင်တစ်ယောက်ကို မွေးထုတ်ပေးနိုင်ခဲ့လျှင် အရိပ်ကြယ်တစ်ခုလုံး၏ မျှခြေ ကျိုးပျက်သွားမည်ဟု ဆိုလိုက်ခြင်းပင် မဟုတ်လေလော။

သူ့ဂိုဏ်း၏ အဓိကတပည့်တစ်ယောက် ဖြစ်သည်နှင့်အညီ ထိုအချက်ကို ဝေကုချန်း နားမလည်ဘဲ ဘယ်နေမည်နည်း။

အခြားတစ်ခုသာ ဆိုလျှင် ထိုရတနာကို လက်လွှတ်လိုက်ပေဦးမည်။ ချော်ရည်ကန်ထဲမှ လွတ်မြောက်လာပြီးနောက် ဝေကုချန်း၏ အစီအရင်သည် သူ့ဂျူနီယာ သုံးယောက်ကို ဒုတိယ အလွှာသို့ ပြန်စေလျက် သူနှင့် တုန်ရွှမ်းအာနှင့် တတိယအလွှာတွင် အခြား အခွင့်အလမ်းများ ရှိမရှိ လျှောက်ရှာကြည့်ပေမည်။ သို့သော်လည်း ဖယောင်းနီအသီးတွင် တိုက်ယွမ်ပြောသကဲ့သို့ အာနိသင်ရှိမည် ဆိုပါက သူ့အသက်သေလျှင် သေရပါစေ ထိုအသီးကို ရအောင် ယူရပေမည်။

ထို့အပြင် သူရကို ရရပေမည်။

ထိုအသီးသာ အခြားအင်အားစုများ၏ လက်ထဲသို့ ရောက်သွားပါက၊ အထူးသဖြင့် ရန်သူ တစ်ယောက်၏ လက်ထဲသို့ ရောက်သွားမည်ဆိုပါက အရိပ်လခန်းမအတွက် ကပ်ဘေး ဖြစ်သွားပေလိမ့်မည်။ ထို့ကြောင့် ဝေကုချန်း အနေဖြင့် ထိုကဲ့သို့ ဖြစ်သွားမည်ကို ထိုင်ကြည့်နေ၍ မဖြစ်ချေ။

“စီနီယာအစ်ကို…” တုန်ရွှမ်းအာက သူမ၏ နှုတ်ခမ်းလေးကိုကိုက်လျက် ဝေကုချန်းအား စိုးရိမ်မှုအပြည့်ဖြင့် စိုက်ကြည့်နေသည်။

ဝေကုချန်းသည်လည်း အတော်လေး ခေါင်းရှုပ်နေသည်။ သို့သော်လည်း မည်သို့ပင် ဖြစ်ပါစေ ထိုအသီးကို ရအောင်ယူရမည်ဖြစ်သည်။ ထို့ကြောင့် သူ့ဂျူနီယာ သုံးယောက်ဘက်သို့ လှည့်၍ ပြောလိုက်သည် “မင်းတိုသုံးယောက် ဒုတိယအလွှာဆီ ပြန်ကြတော့။ ဒီကိစ္စက မင်းတို့ ဝင်ပါလို့ရတဲ့ ကိစ္စမဟုတ်ဘူး”

“စီနီယာအစ်ကိုဝေကကော” အရပ်ရှည်ရှည်နှင့် အမျိုးသမီးက မေးလိုက်သည်။

“ငါတုန်ရွှမ်းအာနဲ့ တစ်ချက် သွားကြည့်ဦးမည်” ဝေကုချန်းက တုန်ရွှမ်းအာကို လှမ်းကြည့်လိုက်ရာ တုန်ရွှမ်းအာက ရယ်သွမ်းသွေးလျက် ပြန်ပြောလိုက်သည် “ဒီလို ရှားရှားပါးပါး အဖြစ်အပျက်ကို ငါတို့ လက်လွတ်လိုက်လို့ ဘယ်ဖြစ်ပါ့မလဲ။ ပြီးတော့ အဲ့အသီး လုံးဝ မှည့်ဖို့ ရက်နည်းနည်းလောက် လိုသေးတယ်။ အဲ့အချိန်အတွင်း အဲ့အသီးရဲ့ အနံ့ကိုသုံးပြီး ငါတို့ ကျင့်ကြံခြင်းကို တိုးတက်အောင် လုပ်လို့ရသေးတယ်”

ဝေကုချန်းသည် တုန်ရွှမ်းအာ ထိုကဲ့သို့ ပြောမည်ကို ကြိုသိထားသည့်အလား ခေါင်းညိတ်လိုက်ပြီး ရန်ကိုင်ဘက်သို့ လှည့်၍ မေးလိုက်လေသည် “ညီလေးရန်ကော”

“ငါလည်း သွားကြည့်မယ်” ရန်ကိုင်က ပြန်ပြောလိုက်သည်။

“ကောင်းတယ်။ အဲ့လိုဆို သွားကြတာပေါ့” ဝေကုချန်း တုန့်ဆိုင်းမနေတော့ချေ။ တစ်ရက်လောက် အနားယူပြီးနောက် အတော်လေး အားပြန်ပြည့်နေခဲ့လေပြီ။ လမ်းတွင် ဆက်လက် အားဖြည့်သွားမည် ဆိုပါက ဖယောင်းနီသီးဆီသို့ ရောက်သည့်အချိန်တွင် အပြည့်အဝ ပြန်ကောင်းနေလောက်ပေပြီ။ ထိုအခါကျ အခြားသူများနှင့် တိုက်ခိုက်ရမည်ကို ကြောက်ရွံ့စရာ လိုတော့လိမ့်မည် မဟုတ်ချေ။

ဤသို့ဖြင့် ဝေကုချန်းတို့အဖွဲ့ ဖယောင်းနီသီးဆီ ဦတည်သွားကြလေသည်။

လမ်းတွင် ရန်ကိုင်အား တွေးတွေးဆဆဖြင့် ကြည့်လျက် အပြည့်ဖြင့် ပြောလိုက်သည် “မိန်းကလေးတိုက်ယွမ်က ဆေးပင်တွေအကြောင်း သိတားလား”

သူမသာ ဆေးပညာနှင့် ဆေးပင်အကြောင်းကို မလေ့လာခဲ့ဘူးဆိုပါက ထိုဖယောင်းနီသီးကို ထိုမျှမြန်မြန် မှတ်မိစရာ အကြောင်းမရှိချေ။ ထို့အပြင် သူမြင်သလောက် တိုက်ယွမ်သည် ရှားပါး အဖိုးတန်ဆေးပင်များအား လေ့လာဖူးသည်မှာ သေချာပေသည်။

ရန်ကိုင် မေးခွန်းကို ကြားပြီးနောက် ဝေကုချန်းက ရယ်မောလိုက်ပြီး “ညီလေးရန် မသလို့။ ညီမလေးတိုက်ယွမ်က အားကောင်းတာတင် မဟုတ်ဘူး။ သူတော်စင်ဘုရင်အဆင့် ဆေးပညာရှင် တစ်ယောက်ဆိုလည်း ဟုတ်သေးတယ်”

“အို” ရန်ကိုင် တကယ်ကို အံ့အားသင့်သွားခဲ့သည်။ သူကျပန်းတွေ့ခဲ့သော တိုက်ယွမ်သည် ဆေးပညာရှင်တစ်ယောက်လည်း ဖြစ်နေလိမ့်မည်ဟု မထင်ထားခဲ့ချေ။ သို့သော်လည်း သူသည် တန်ခိုးရှင်အဆင့် ဆေးပညာရှင် တစ်ယောက်ဖြစ်ပြီး တစ်ဖက်လူသည် တန်ခိုးရှင်ဘုရင်အဆင့် ဆေးပညာရှင်အဆင့်သာ ရှိသေးသဖြင့် သူတို့ကြားရှိ ကွာခြားချက်မှာ အတော်လေး ကြီးမားသည်ဟု ပြော၍ရပေသည်။

တိုက်ယွမ်က သူမကိုသူမ နှိမ့်ချ၍ ပြန်ပြောလိုက်သည် “သူတော်စင်ဘုရင်အဆင့် ဆေးပညာရှင်ပဲ ဖြစ်သေးတာ၊ ဘာမှအထင်ကြီးစရာ မရှိပါဘူး။ ရှင်းရှင်းပြောရရင် ကျွန်မက ဆေးပညာမှာ သိပ်ပါရမီပါတာ မဟုတ်ဘူး။ မောင်လေးရန်၊ အပြင်မှာ တန်ခိုးရှင်အဆင့် ဆေးပညာရှင်တွေ၊ တန်ခိုးရှင်ဘုရင်အဆင့် ဆေးပညာရှင်တွေ အများကြီး ရှိတယ်မလား”

ရန်ကိုင် ရယ်သွမ်းသွေးလိုက်သည်။ တိုက်ယွမ် သူ့အကြောင်းကို တုန်ရွှမ်းအားအား အသေးစိတ် မေးပြီးလောက်ပြီမှန်း ရန်ကိုင် သိလိုက်သည်။ သို့သော်လည်း ထိုကိစ္စလေးများကို ဂရုစိုက်မနေဘဲ ဖြည်းဖြည်းချင်း ခေါင်းခါ၍ “တန်ခိုးရှင်အဆင့် ဆေးပညာရှင်တွေ အများကြီး ရှိတာတော့ ဟုတ်တယ်။ ဒါပေမယ့် တန်ခိုးရှင်ဘုရင်အဆင့် ဆေးပညာရှင်တွေကတော့ အဲ့လောက် အများကြီး မရှိဘူး… တော်တော်လေး ရှားတယ်လို့ ပြောလို့ရတယ်။ ကျုပ်တောင် တန်ခိုးရှင်ဘုရင် အဆင့် ဆေးပညာရှင်တစ်ယောက်ကို တစ်ခါမှ မတွေ့ဖူးဘူး”

“ဒီတော့ တန်ခိုးရှင်ဘုရင်အဆင့် ဆေးပညာရှင်တွေက အပြင်မှာတောင် ရှားတယ်ပေါ့” တိုက်ယွမ် အံ့အားသင့်သွားသည်။

“ဟုတ်တယ်။ တန်ခိုးရှင်ဘုရင်အဆင့်တွေ အပြင်မှာတောင် အတော်လေး ရှားတယ်”

ထိုစကားကို ကြားလိုက်အခါ တိုက်ယွမ် သူမပါးစပ်လေးကို ဟလိုက်သည်။ သို့သော် မည်သည့် စကားလုံးမှ ထွက်မလာခဲ့။ သူမပုံစံ တစ်ခုခု မေးလိုက်ချင်သော်လည်း ရုတ်တရက် တုန့်ဆိုင်းသွားသည့် ပုံစံမျိုးဖြစ်နေသဖြင့် ရန်ကိုင် မျက်မှောင်ကြုတ်သွားသည်။ သို့သော်လည်း တစ်ဖက်လူက မမေးမှဖြင့် သူကလည်း သွားမေးနေလိမ့်မည် မဟုတ်ချေ။ သူများကိစ္စ ဝင်ပါသည်မှာ ကောင်းမွန်သည့် အပြုအမူတစ်ခု မဟုတ်ချေ။

နေမင်းဆီသို့ နီးကပ်လာသည်နှင့်အမျှ အသီးရနံ့မှာလည်း ပိုပြင်းလာခဲ့သည်။ ထို့အပြင် နေမင်းသည် အတော်လေး မြင့်တက်နေခဲ့လေပြီ။ ယခုဆိုလျှင် မိုးကုတ်စက်ဝိုင်းဖျားစီမှ မီတာ ရာပေါင်းများစွာ အမြင့်သို့ ရောက်နေလေပြီ။

“အရှိန်တင်ကြမယ်။ ဖယောင်းနီအသီး မှည့်လာပြီဆိုရင် နေသုံးစင်းပေါ်လာလေ့ ရှိတယ်။ နေသုံးစင်ပေါ်လာပြီးတာနဲ့ အသီးလည်း မှည့်ပြီပဲ။ အဲ့နေသုံးစင်ပေါ်လာတဲ့ အချိန်က အရမ်း အဖိုးတန်တယ်။ ငါတို့အဲ့ကို စောစောရောက်နိုင်လေ ပိုအကျိုးရှိလေပဲ” တိုက်ယွမ်က အဆောတလျင် တိုက်တွန်းလိုက်သည်။

All Chapters