← Chapters

အခန်း (၁၂၃၆-၁၂၄၀)

Vol. 50 Ch. 1236-1240

အခန်း (၁၂၃၆-၁၂၄၀)

Vol. 50 Ch. 1236-1240

အပိုင်း (၁၂၃၆)

နိမ့်ချည်မြည့်ချည် ဖြစ်နေသော တောင်စဉ်တောင်တန်းများကြားဝယ် ရန်ကိုင်သည် အရှိန်အဟုန်မြှင့်ကာ သွားနေခဲ့သည်။ သဲမီးတောက်နယ်မြေ၏ နိယာမဥပဒေသများကြောင့် ပျံသန်း၍မရသော်ငြား တိုက်ယွမ် မရှိတော့သဖြင့် လေမိုးကြိုးတောင်ပံကို ထုတ်ကာ အရှိန်မြှင့် သွားနိုင်လေပြီ။

လေးလွှာတွင် ရန်ကိုင် ဆက်မနေချင်တော့။ ဤအလွှာတွင် အဖိုးတန် ဆေးပင်များ ရှိမည်မှန်း သူသိသော်လည်း ထိုဆေးပင်များကို ရှာတွေ့ရန် အလွန်ကို အချိန်ကြာပေလိမ့်မည်။

ငါးလွှာမြောက် ရှိသေးလား၊ မရှိတော့ဘူးလား ဆိုသည်ကိုသာ ရန်ကိုင် သိချင်နေမိသည်။ ထိုသည်သာ ဤနေရာသို့ သူလာခဲ့ရသည့် ရည်ရွယ်ချက် မဟုတ်ပေလော။

ဤတောင်စဉ်တောင်တန်းများသည် အလွန်ကိုမှ ကြီးမားလှသည်။ မိုးမြေစွမ်းအင်ဟာ ဆိုလျှင်လည်း အလွန်ကိုမှ သိပ်သည်းလှကာ ရန်ကိုင် ရောက်ခဲ့ဖူးသည် မည်သည့် ကျင့်ကြံရေး ကြယ်ထက်မဆို သာလွန်ပြီး လွင့်မျောတိုက်ကြီးနှင့်ပင် ယှဉ်နိုင်လုနီးပါး ရှိသည်။

တိမ်စိုင်တိမ်စိုက်များသည် ပိုးချည်ဘောလုံးများသည် တောင်ထိပ်များကို ဖြတ်ကျော်ကာ လွင့်မျောနေကြသည်။ နဂါးလိုဏ်ဂူတောင်နှင့် ဤနေရာသည် မိုးနှင့်မြေပမာ ကွာခြားလှသည်။

သဲမီးတောက်နယ်မြေသည် တားမြစ်နယ်မြေတစ်ခု ဖြစ်နေသည့် အတွက်ကြောင့်သာ မဟုတ်လျှင် ဂိုဏ်းအားလုး ဤနေရာကို ယှဉ်လုနေကြလောက်ပေပြီ။ မည်သည့် ဂိုဏ်းကများ သုခဘုံကဲ့သို့သော ကောင်းမွန်သော နေရာတွင် ဂိုဏ်းကို မတည်ထောင်ချင်ဘဲ နေမည်နည်း။ ဂိုဏ်အားလုံး၏ ဌာနချုပ်များသည် မြေကမ္ဘာချီကြောမကြီးများပေါ်တွင် တည်ရှိကြသည်။ သို့မှသာ ဂိုဏ်းသားများ ကျင့်ကြံရန် လိုအပ်သော ချီစွမ်းအင်ကို နှစ်ပေါင်းထောင်နှင့်ချီအောင် ထောက်ပံ့ပေးနိုင်ပေလိမ့်မည်။

ဥပမာဆိုရသော် ထုန်းရွှမ်လောကကြီးရှိ ဘုံကိုးခုထွတ်မြတ်နယ်မြေ၏ တောင်ထွတ်ကိုးလုံး အောက်ခေတွင် မြေကမ္ဘာချီကြောမကြီး တစ်ခုရှိနေခဲ့သည်။ ထို့ကြောင့် ဘုံကိုးခုထွတ်မြတ်နယ်မြေ၏ ချီစွမ်းအင် အလွန် သိပ်သည်းနေရခြင်း ဖြစ်သည်။

ကောင်းကင်ဂိုဏ်းတော်သည်လည်း အတူတူပင်။ တောင်ထွတ် တစ်ရာရှစ်လုံး၏ အောက်တွင် မြေကမ္ဘာချီကြောမကြီး တစ်ခု ရှိနေခဲ့သည်။

မည်သည့်ဂိုဏ်း၏ တည်ထောင်သူမဆို သူတို့ဂိုဏ်းကို မိုးမြေစွမ်းအင် ကင်းမဲ့သော နေရာမျိုးတည် တည်ထောင်လိမ့်မည် မဟုတ်ချေ။ ဂိုဏ်းတစ်ခု တည်ထောင်ရန်အတွက် ပထမဆုံး လိုအပ်သော အရာသည် မြေကမ္ဘာချီကြောမကြီး ရှိသည့်နေရာ ဖြစ်သည်။ ချီကြောမကြီး၏ အရည်အသွေး ပိုမြင့်လေ ပိုကောင်းလေပင်။

ရန်ကိုင် လက်ရှိ ဖြတ်သန်းသွားနေသေည့် တောင်စဉ်တောင်တန်းများသည် ဂိုဏ်းတစ်ဂိုဏ်း တည်ထောင်လို့ ကောင်းသည့်နေရာတစ်ခု ဖြစ်ပေသည်။ ဤနေရာတွင် ကျင့်ကြံခွင့်ရသည့် မည်သူမဆို အလျင်အမြန် အားကောင်းလာနိုင်ပေလိမ့်မည်။

ဤတောင်တန်းများ အောက်ခြေတွင် အဆင့်မြင့် မြေကမ္ဘာချီကြောမကြီးတစ်ခု ရှိနေရလိမ့်မည်ဟု ရန်ကိုင် ထင်သည်။

ကံမကောင်းစွာဖြင့် သဲမီးတောက်နယ်မြေသည် နှစ်ရာပေါင်းများစွာကြာပြီးမှ အချိန် အကန့်အသတ်နှင့် ဝင်ခွင့်ရသော နေရာတစ်ခု ဖြစ်နေခဲ့သည်။ ထို့ကြောင့် မည်သူမှ ဤနေရာ၌ ဂိုဏ်းတစ်ဂိုဏ်း လာမတည်ဆောက်နိုင်ချေ။

ထို့ကြောင့် ရန်ကိုင် နောင်တရချင်မိသွားသည်။

လက်ရှိတွင် သူတစ်ယောက်တည်းသာ ရှိနေသေးသော်လည်း ထုန်းရွှမ်လောကကြီးတွင် ကျန်ရစ်နေခဲ့သည့် သူ့မိတ်ဆွေ၊ မိသားစုဝင်များ ရှိနေပေသေးသည်။ တစ်နေ့ ထုန်းရွှမ် လောကကြီးဆီသို့ ပြန်သွားပြီး ထိုလူများအား ကြယ်စီရင်စုထဲသို့ ခေါ်လာမည်ဆိုပါက ဤနေရာသည် သူတို့ အခြေချလို့ကောင်းသည့် နေရာတစ်ခု ဖြစ်လာပေလိမ့်မည်။ သို့သော် ပထမဦးစွာ သူ့တွင် ဤနေရာကို ကာကွယ်ရန် လုံလောက်သော ခွန်အား ရှိထားရန် လိုအပ်ပေသည်။ မဟုတ်လျှင် အမြစ်ပြတ်သုတ်သင်ခံရခြင်း ကံကြမ္မာနှင့် ရင်ဆိုင်ရပေမည်။

ခေါင်းတစ်ချက်ရမ်းလျက် ထိုအတွေးများကို ဘေးဖယ်ထားလိုက်ပြီး လက်ရှိ အရေးကိစ္စပေါ်တွင်သာ အာရုံစိုက်လိုက်သည်။

တောင်တန်းများတွင် သစ်ပင်များစွာ ပေါက်ရောက်နေသော်လည်း မည်သည့် သားရဲ၊ တိရိစ္ဆာန်မှမရှိချေ။ ကြည့်ရသည်မှာ လေးလွှာမြောက်ထဲတွင် ရှိသည့် သက်ရှိဆို၍ ရန်ကိုင်သာ ဖြစ်သည့်ပုံပင်။

သူထင်ထားသကဲ့သို့ပင် ဤနေရာတွင် အဖိုးတန်ဆေးပင်များ ရှိသော်လည်း အလွန်ကိုမှ ရှားပါးလှသည်။ သူသွားနေစဉ် တစ်လျှောက်လုံး မည်သည့် ဆေးပင်ကိုမှ မတွေ့ခဲ့သလို မည်သည့် ဆေးပင်ရနံ့ကိုမှလည်း မရခဲ့ချေ။

တောင်တန်းထဲသို့ ဝင်လာပြီး ဆယ်ရက်ကြာပြီးသည့်နောက် ရှေ့ဆက်သွားနေစဉ် ရန်ကိုင် ရုတ်တရက် ရပ်လိုက်သည်။ ထို့နောက် မျက်မှောင်ကြုတ်လျက် သေသေချာချာ အာရုံစိုက် နားထောင်လိုက်သည်။ ခဏအကြာတွင် သူ့အမူအရာ အပြောင်းကြီး ပြောင်းလဲသွားရလေသည်။

ရှေ့ဘက်ရှိ တစ်နေရာရာဆီမှ ဆူညံကျယ်လောင်သည့် အသံအချို့ကို သူကြားလိုက်ရသည်။

တစ်ယောက်ယောက် ဤနေရာသို့ သူ့ထက်စော၍ ရောက်နေခြင်းပေလော။ မျက်နှာမာမာထန်ထန်နှင့် လူကြီးကို ရန်ကိုင် စဉ်းစားမိလိုက်သည်။ ဤနေရာသို့ ဝင်လာလျှင် ထိုတစ်ယောက်သာ ဖြစ်နိုင်သည်။

အသံဗလံများမှာလည်း တိုက်ခိုက်နေသည့် အသံမျိုးမဟုတ်ဘဲ တစ်စုံတစ်စုံကို ထပ်ခါထပ်ခါ ထရိုက်နေသည့် အသံမျိုးဖြစ်သည်။ ထိုနေရာဆီမှ ထွက်ပေါ်လာသော စွမ်းအင်လှိုင်းများကို ဤနေရာမှပင် ခံစားမိနေခဲ့သည်။

ရန်ကိုင် သိချင်မိသွားသည်။ ဤတောင်စဉ်တောင်တန်းထဲသို့ ဝင်လာခဲ့သည်မှာ ဆယ်ရက် ရှိပြီဖြစ်သော်လည်း ထူးထူးခြားခြား ဘာကိုမှ မတွေ့ရသေး။ အရှေ့ဘက်မှ ထွက်ပေါ်လာနေသော အသံဗလံများသည် ရန်ကိုင်၏ အာရုံကို ဆွဲဆောင်သွားနိုင်ခဲ့သည်။

ထို့နောက် ရန်ကိုင်သည် သူ့အရှိန်အဝါကို ဖုံးကွယ်၍ အသံထွက်ပေါ်ရာ အရပ်ဆီ ဖြည်းဖြည်းချင်း ချဉ်းကပ်သွားလိုက်လေသည်။

ရန်ကိုင်သည် မည်သည့် ကိုယ်ယောင်ဖျောက် ကျင့်စဉ်ကိုမှ လေ့ကျင့်ထားခြင်း မရှိသော်ငြား သူ့ကောင်းကင်စိတ်အာရုံသည် အလွန်ကိုမှ အားကောင်းသည့်အတွက် ကောင်းကင်စိတ်အာရုံဖြင့် သူ့ကိုယ်သူ လွှမ်းခြုံ၍ အခြားသူများ၏ အာရုံခံစက်ကွင်းမှ ပုန်းကွယ်နိုင်ပေသည်။ တစ်ဖက်လူ၏ ကျင့်ကြံခြင်းသည်သာ သူ့ထက် အများကြီး ပိုမမြင့်သရွေ့ သူ့အား ရှာတွေ့နိုင်လိမ့်မည် မဟုတ်ချေ။

တဖြည်းဖြည်း ချဉ်းကပ်သွားသည်နှင့် ထိုလူ၏ ခွန်အား မည်မျှ ကြောက်မက်ဖွယ် ကောင်းသလဲ ဆိုသည်ကို ခံစားမိလာခဲ့သည်။ ဆယ်မီတာလောက် သွားပြီးနောက် ရန်ကိုင် ရပ်တန့်လိုက်ပြီး ရှေ့တည့်တည့်အား ထိတ်လန့်တကြား ကြည့်လိုက်သည်။

သူရှေ့တည့်တည့် မီတာတစ်ထောင် အကွာတွင် ကြယ်ဧကရာဇ်ဂိုဏ်းမှ တပည့် ရှိနေခဲ့သည်။ ထိုလူ မည်သို့သော ပညာရပ်ကို အသုံးပြုထားလဲ ရန်ကိုင် မသိသော်ငြား သူ့ခန္ဓာကိုယ်သည် မြေပြင်နှင့် တစ်မီတာ အထက်တွင် ဝဲနေခဲ့သည်။ မျက်နှာတစ်ခုပြင်လုံးလည်း နီမြန်းနေပြီး တစ်ကိုယ်လုံးလည်း တဆတ်ဆတ် တုန်ရင်နေသည်။ လက်ထဲတွင် ငွေရောင် လှံတစ်ချောင်းကို ကိုင်ထားပြီး လှံထဲသို့ သူတော်စင်ချီများကို အရူးအမူး ပို့လွှတ်ရင်း သူ့ရှေ့ရှိ လေဟာနယ်ကို တဗုန်းဗုန်း ဆောင့်ထိုးနေခဲ့သည်။

သို့သော်လည်း ရန်ကိုင် အံ့အားသင့်သွားရသည်ကား ထိုလူ၏ နည်းလမ်းများမဟုတ်။

ထိုလူ၏ နည်းလမ်းများ အမှန်တကယ် ကြောက်မက်ဖွယ်ကောင်းသည်မှာ မှန်သည်။ သူ့လှံချက်တိုင်းသည် ကြောက်မက်ဖွယ်စွမ်းအားကို သယ်ဆောင်ထားသည်။ ရန်ကိုင်ပင်လျှင် မုန်တိုင်းသဖွယ် ပြင်းထန်လှသော သူ့လှံချက်များကို တိုက်ရိုက် မရင်ဆိုင်ရဲချေ။ မဟုတ်လျှင် အရိုးတစ်ခြား အသားတစ်ခြား ဖြစ်သွားရပေလိမ့်မည်။

သို့သော်လည်း ရန်ကိုင် အံ့အားသင့်နေရသည်ကား သူ့ရှေ့ရှိ မမြင်နိုင်သော အရံအတားကိုပင်။ ထိုအရံအတားသည် ကြယ်ဧကရာဇ်ဂိုဏ်းတပည့်၏ တိုက်ခိုက်မှုအားလုံးကို တားဆီးထားနိုင်ခဲ့သည်။ မျက်နှာမာမာထန်ထန်လူ၏ တိုက်ခိုက်မှုများသည် အရံအတားကို ဘာမှမဖြစ်စေခဲ့။ လှိုင်းတွန့်လေးများ ထသွားရုံလောက်သာ လုပ်နိုင်ခဲ့သည်။

အရံအတားလား မဟုတ်ဘူး။ ဂိုဏ်းကို ကာကွယ်ထားတဲ့ အစီအရင်ပဲ ရန်ကိုင် ရင်ခုန်သွားသည်။

သူသည် တစ်ချိန်က ဘုကိုးခုထွတ်မြတ်နယ်မြေ၏ တော်ဝင်သခင် ဖြစ်ခဲ့သည်။ ဘုံကိုးခုထွတ်မြတ်နယ်မြေ အားကောင်းသော ရန်သူများ၏ ဝန်းရံတိုက်ခိုက်ခြင်း ခံခဲ့ရစဉ်က ဂိုဏ်းအား ကာကွယ်ပေးထားသည့် အစီအရင်ကို သူအသက်သွင်းခဲ့ဖူးသည်။ ထို့ကြောင့် မျက်နှာမာမာထန်ထန်နှင့် လူကြီး၏ တိုက်ခိုက်မှုအားလုံးကို ချေဖျက်နေသည့် အရာသည် ဂိုဏ်းတစ်ခုခုအား ကာကွယ်ပေးထားသည့် အစီအရင်မှန်း ရန်ကိုင် တန်းသိလိုက်ခြင်း ဖြစ်သည်။

ဤကဲ့သိ့ လူသူအရောက်အပေါက်မရှိ၊ သားရဲတိရိစ္ဆာန်ကင်းမဲ့သော နေရာတွင် အလွန်ကိုမှ အားကောင်းလှသည့် ဂိုဏ်းစောင့်အစီအရင်ကြီးတစ်ခု ရှိနေခဲ့သည်။ ကြယ်ဧကရာဇ်ဂိုဏ်းမှ တပည့် မည်သို့ပင် တိုက်ခိုက်စေကာမူ အစီအရင်သည် တုတ်တုတ်မျှပင်မလှုပ်။

ရန်ကိုင် ထိတ်လန့်သွားခဲ့သည်။

သဲမီးတောက်နယ်မြေ တည်ရှိလာခဲ့သည်မှာ နှစ်ပေါင်းသောင်းနှင့်ချီနေခဲ့လေပြီ။ ထိုစဉ်ကတည်းက ယခုအချိန်ထိ မည်သူမှ တတိယအလွှာထဲသို့ ခြေမချဖူး။ စတုတ္ထအလွှာနှင့် ပဉ္စမအလွှာလည်း အတူတူပင်။ ထို့ကြောင့် ထိုဂိုဏ်းစောင့်အစီအရင် ဤနေရာ၌ ရှိနေခဲ့သည်မှာ အနည်းဆုံး နှစ်ပေါင်း သောင်းနှင့်ချီနေပြီဟု ဆိုလိုက်ခြင်းပင် မဟုတ်လေလော။

နှစ်ပေါင်းသောင်းနှင့်ချီ ကြာပြီးသည့်တိုင် ဤမျှ အားကောင်းနေသေးပါက ဟိုးလွန်ခဲ့သော နှစ်ပေါင်းစွာအချိန်က ဤအစီအရင်သည် မည်မျှပင် အားကောင်းလိုက်လေမည်နည်း။

ဤနေရာတွင် ဘာကြောင့်ဂိုဏ်းစောင့်အစီအရင်တစ်ခု ရှိနေရသနည်း။ ရန်ကိုင် ကြယ်ဧကရာဇ်ဂိုဏ်းမှ တပည့်ကို ကြည့်နေရင်း သူ့အား ကျော်ကြည့်လိုက်သည်။ ထိုသို့ ကြည့်လိုက်သည့်နောက် ရန်ကိုင်မျက်လုံး မှေးစဉ်းသွားရလေသည်။

ဝေးကွာသော နေရာတွင် ရှိနေသည့် တောင်တန်းများကြား ပိုမိုသိပ်သည်းသော တိမ်စိုင်တိမ်တိုက်များ ရှိနေခဲ့သည်။ ထိုတောင်တန်းများသည် ဂိုဏ်းစောင့်အစီအရင်၏ အတွင်းတွင် တည်ရှိနေပေသည်။ ရန်ကိုင် သေချာမမြင်ရသော်လည်း ထိုတိမ်စိုက်တိမ်တိုက်များ ကြားတွင် အဆောက်အဦးပုံစံ အနားသတ်လိုင်းများ ရှိနေသည်ကို ဝိုးတဝါးတား လှမ်းမြင်လိုက်ရသည်။

သို့သော်လည်း သေချာကြည့်လိုက်သည့်အခါ အခြားဘာမှ မရှိသည်ကို တွေ့လိုက်ရသည်။ ဖြူစွတ်စွတ် တိမ်စိုက်တိမ်တိုက်များနှင့် ထိုတိမ်တိုက်များကြားမှ ရံဖန်ရံခါ ပေါ်လာလေ့ရှိသော အဆောက်အဦးများ၏ အစွန်အဖျားများသာ ရှိနေခဲ့သည်။

ဒီနေရာမှာ ဂိုဏ်းတစ်ဂိုဏ်း တကယ် ရှိခဲ့တာပဲ

ဤနေရာတွင် ဂိုဏ်းတစ်ဂိုဏ်း တည်ထောင်ဖို့ရာ မဖြစ်နိုင်ဟု တွေးနေစဉ်မှာပဲ ဤနေရာ၌ အခြေချ တည်ဆောက်ထားသော ဂိုဏ်းကြီးတစ်ဂိုဏ်းကို တွေ့လိုက်ရသည်။ မည်သူကများ ဤနေရာတွင် ဂိုဏ်းတစ်ဂိုဏ်းကို တည်ထောင်ခဲ့သနည်း။ မည်သို့သော လူများသည် ဤနေရာတွင် နေခဲ့ကြသနည်း။

သို့သော်လည်း စဉ်းစားလေ စဉ်းစာ‌လေး တစ်ခုခု မှားယွင်နေလေဟု ရန်ကိုင်ပို၍ ခံစားလာရသည်။ ကြယ်ဧကရာဇ်ဂိုဏ်းမှ တပည့်သည် အစီအရင်ကို တဗုန်းဗုန်းမြည်အောင် အဆက်မပြတ် ထုရိုက်နေသော်လည်း ဘာကြောင့် တစ်ယောက်မှ မထွက်လာကြသနည်း။

ထိုအရာသည် ဂိုဏ်းပျက်တစ်ခုသာ ဖြစ်သည့်ပုံပင်။ ထိုအချက်ကို နားလည်လိုက်သည်နှင့် ရန်ကိုင်ရင်ထဲ တင်းကြပ်သွားခဲ့သည်။

ဤနေရာသည်သာ ဂိုဏ်းပျက်တစ်ခုဖြစ်ပါက ထိုရေးတေးတေးလေး မြင်နေရသော အဆောက်အံ့ဦးများထဲတွင် ရတနာများစွာ ရှိနေလောက်ပေလိမ့်မည်။ ဤမျှ အားကောင်းသော ဂိုဏ်းစောင့်အစီအရင်နှင့် ဂိုဏ်းတစ်ဂိုဏ်းအား ဤနေရာတွင် တည်ထောင်နိုင်သူသည် ပေါ့သေးသေး တည်ရှိမှုတစ်ခု မဟုတ်နိုင်လေရာ ဘာကြောင့် ထိုထဲတွင် ရတနာများစွာ မရှိဘဲ နေရမည်နည်း။

“ဘယ်သူလဲ” ရုတ်တရက် ထွက်ပေါ်လာသော အသံကြောင့် ရန်ကိုင် ငေးကြောင်ကြောင် ဖြစ်နေရာမှ အသိပြန်ဝင်လာခဲ့ညသည်။ တစ်ချိန်တည်းတွင် သူ့အသိစိတ်ပင်လယ်အား ဓါးတစ်ချောင်းဖြင့် ထိုးစိုက်ခံလိုက်ရသလို ခံစားလိုက်ရသည်။

ရန်ကိုင် အမူအရာ အေးစက်သွားခဲ့သည်ပြီး ချက်ချင်းပဲ သူ့အသိစိတ်ပင်လယ် အတားအဆီးကို ထိုးဖောက်ရန် ကြိုးစားနေသော တိုက်ခိုက်မှုအား ခုခံလိုက်သည်။ တစ်ချိန်တည်းတွင် သူ့ပုံရိပ် ပျောက်ကွယ်သွားခဲ့ပြီး ယခင် ရပ်နေရာမှာ မီတာများစွာ အကွာတွင် ပြန်ပေါ်လာခဲ့သည်။

“ဟန်” ကြယ်ဧကရာဇ်ဂိုဏ်းမှ တပည့်သည့် အစီအရင်ကို ဆက်လက် တိုက်ခိုက်နေခြင်း မရှိတော့။ မြေကြီးပေါ် ပြန်ဆင်းလျက် ငွေရောင်လှံကိုကိုင်ရင်း ရန်ကိုင်အား အံ့ဩတကြီးဖြင့် လှမ်းကြည့်နေခဲ့သည်။

ရန်ကိုင် ခါးသက်စွာ ရယ်လိုက်သည်။ ဂိုဏ်းပျက်ကို ရှာတွေ့ပြီးနောက် စိတ်လှုပ်ရှာလွန်းသွားပြီး သူ့ကိုယ်သူ တစ်ဖက်သတိပြုမိအောင် လုပ်လိုက်မိပြီမှန်း သိလိုက်သည်။

သူ့ကို ရှာတွေ့သွားပြီ ဖြစ်သဖြင့် ရန်ကိုင်လည်း ပုန်းမနေတော့‌ချေ။ မည်သို့ပင်ဆိုစေ သူသည် တစ်ဖက်လူအား မကောင်းကြံချင်စိတ်ဖြင့် ပုန်းအောင်းနေခြင်း မဟုတ်လေရာ ရှက်နေစရာ မလိုပေ။

“မင်းပဲ” ကြယ်ဧကရာဇ်ဂိုဏ်းမှ တပည့် အလန့်တကြား အော်ပြောလိုက်သည်။ ရန်ကိုင်အား ကျောက်စက်ပန်းဆွဲ လိုဏ်ဂူထဲတွင်တစ်ကြိမ်၊ ဖယောင်းနီသီး သီးသည့်အချိန်တွင် တစ်ကြိမ်၊ နှစ်ကြိမ်တိုင်တိုင် သူမြင်ဖူးပေသည်။ သို့သော်လည်း နှစ်ကြိမ်စလုံးတွင် ရန်ကိုင် သူ့ခွန်အားအား ဖုံးကွယ်ထားသည်ကို သတိမပြုမိခဲ့။ သူ့ကောင်းကင်စိတ်အာရုံ တိုက်ခိုက်မှုကို တစ်ဖက်လူမှ အလွယ်တကူ ကာကွယ်ပြသွားရာ ရန်ကိုင် မည်မျှ အားကောင်းကြောင်း ပြသနေခဲ့သည်။

ထို့ကြောင့် ရန်ကိုင် သူ့ကျင့်ကြံခြင်း အဆင့်ကိုများ ဖုံးကွယ်ထားသလားဟု ကြယ်ဧကရာဇ်ဂိုဏ်းတပည့် ထင်သွားပြီး ရန်ကိုင်အား သေချာ ပြန်စစ်ဆေးကြည့်တော့လေသည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၂၃၇)

သို့သော်လည်း သူမည်မျှပင် စစ်ဆေးစေကာမူ ရန်ကိုင်၏ ကျင့်ကြံခြင်းသည် သူတော်စင်ဘုရင် ပထမအဆင့်တွင်သာ ရှိနေသည်။ ရန်ကိုင်သည် သူတော်စင်ဘုရင် ပထမအဆင့်သာ ရှိသေးသည့်ပုံပင်။

ထိုအချက်ကို နားလည်လိုက်သည်နှင့် ရန်ကိုင်အား ဆက်ပြီး မစူးစမ်းနေတော့ချေ။ သူသည် ကြယ်ဧကရာဇ်ဂိုဏ်းမှလာပြီး ရှားပါး ပါရမီရှင်တစ်ဦး ဖြစ်သည်။ ထို့ကြောင့် ရန်ကိုင် သူ့ကျင့်ကြံခြင်းကို ဖုံးကွယ်ထားလျှင်ပင် သူမကြောက်ပါချေ။ ရန်ကိုင်သည် သူတော်စင်ဘုရင် ပထမအဆင့်သာ ရှိသေးသည်ဟု သူမယုံချင်ချေ။

“ရောင်းရင်း၊ အထင်မလွဲနဲ့နော်” ရန်ကိုင်က မျက်မှောင်ကြုတ်လျက် “ဒီဘက်ကနေ အသံတွေ ကြားနေလို့ ငါတစ်ချက် လာကြည့်တာ”

ရန်ကိုင် ယခုကဲ့သို့ ရှင်းပြနေရခြင်းသည် ထိုလူကို ကြောက်သောကြောင့်မဟုတ်၊ ထိုလူသည် အလွယ်ကတူ သွားပြဿနာရှာလို့ ကောင်းသည့် လူတစ်ယောက် မဟုတ်သည့် အတွက်ကြောင့် ဖြစ်သည်။ ဘာမဟုတ်သည့် နားလည်မှုလွဲမှားသည့် ကိစ္စလေး တစ်ခုကြောင့် ထိုလူနှင့် တိုက်ခိုက်ရမည့် ကိစ္စမျိုး သူမဖြစ်ချင်ချေ။

သို့သော် တစ်ဖက်လူက ခေါင်းသာ ညိတ်လိုက်သဖြင့် ရန်ကိုင် အံ့ဩသွားခဲ့ရသည်။ ဘာမှထပ်မေးမနေတော့ဘဲ မျက်နှာ မာမာထန်ထန်နှင့် လူကြီးက ရုတ်တရက် မေးလိုက်သည် “မင်းနာမည်ဘယ်လိုခေါ်လဲ”

ရန်ကိုင်သည် ခဏလောက် တုန့်ဆိုင်းနေပြီးနောက် သူ့နာမည်ကို ပြောပြလိုက်သည်။

“လန်ချင်း” ကြယ်ဧကရာဇ်ဂိုဏ်း တပည့်ကလည်း သူ့နာမည်ကို ပြောပြသည်။

ရန်ကိုင် မျက်မျောင်ကြုတ်မိသွားသည်။ ထိုလူ အကြောင်းမရှိဘဲ သူ့နာမည်ကို မေးလိမ့်မည် မဟုတ်ဟု ရန်ကိုင်ထင်သည်။ အကြောင်းမှာ ဖန်ထျန်းဖုံ၊ ချူချန်ဖုန်း၊ အခြားသူများနှင့် တွေ့သည်တိုင် ထိုလူများကို တစ်ချက်ကလေးပင် သောက်ဂရုစိုက်သည့်လူ မဟုတ်သည့် အတွက်ကြောင့်ပင် ဖြစ်သည်။ ထိုသို့ဆိုလျှင် ဘာကြောင့် သူ့နာမည်ကို အရေးတယူ လာမေးနေရသနည်း။

ဂိုဏ်းစောင့်အစီအရင်ကြီး နှင့်တကွ အတွင်းတွင် ရှိနေသော အဆောက်အဦးများကို လှမ်းကြည့်လိုက်ပြီးနောက် ရန်ကိုင် ပို၍ မျက်မှောင်ကြုတ်သွားရသည်။

သူစိုးရိမ်နေသလိုပင် လန်ချင်းဆိုသောလူက မေးလာသည် “ငါတို့နှစ်ယောက် အတူ ပူပေါင်းပြီး ဒီဂိုဏ်းစောင့်အစီအရင်ကို ဖျက်စီးကြမလား”

“ဟင့်အင်း၊ ငါစိတ်မဝင်စားဘူး” ရန်ကိုင် ချက်ချင်း ခေါင်းခါလိုက်သည်။

လန်ချင်း ကြောင်အမ်းအမ်း ဖြစ်သွားသည်။ သူတောင်းဆိုသည်ကို နည်းနည်းလေပင် အားတုံ့အားနာ မပြဘဲ ငြင်းရဲသည့်လူတစ်ယောက် ဤလောကကြီးတွင် ရှိလိမ့်မည်ဟု မထင်ထားသည့်ပုံပင်။ ထို့အပြင် ထိုကောင်သည် ဤဂိုဏ်းပျက်ကြီးကို မြင်သည့်တိုင် စိတ်မဝင်စားဘဲ နေနိုင်သည်လား။

သူ့ခေါင်းထဲ အတွေးများစွာ ဖြတ်ပြေးသွားခဲ့ပြီးနောက် လန်ချင်းက ပြန်ပြောလိုက်သည် “ငါတို့နှစ်ယောက် ပေါင်းရင်တောင် ဒီအစီအရင်ကို မဖျက်စီးနိုင်ဘူးလို့ မင်းထင်နေတာလား”

“အင်း။ မျှော်လင့်ချက် မရှိတဲ့ အလုပ်တစ်ခုအတွက် ငါအားမကုန်ချင်ဘူး” ရန်ကိုင်က ခပ်ပြတ်ပြတ်ပဲ ခေါင်းညိတ်လိုက်သည်။ လန်ချင်း အစီအရင်အား တိုက်ခိုက်နေသည် ရန်ကိုင် ချောင်းကြည့်နေခဲ့သဖြင့် အစီအရင် မည်မျှ အားကောင်းကြောင်း သူသိပေသည်။ ထို့အပြင် ဤအလွှာသည် ဂိုဏ်းပျက်ကြီး၏ အပြင်ဘက်ဆုံး အလွှာသာ ရှိသေးသည်။ အပြင်ဘက်ဆုံး အလွှာကိုပင် တုတ်တုတ်မျှလှုပ်အောင် မစွမ်းနိုင်လေရာ သူဝင်ပါလိုက်လျှင်လည်း ဘာမှ ထူးခြားလိမ့်မည် မဟုတ်ဟု ရန်ကိုင် ထင်သည်။

သို့သော်လည်း ရွှေရောင်သွေးစက် ဆယ်စက်၊ အစက်နှစ်ဆယ်လောက်ကို တစ်ထိုင်တည်း အသုံပြုပြီး တိုက်ခိုက်မည်ဆိုလျှင်တော့ အစီအရင်ကို ဖျက်စီးပစ်ကောင်း ဖျက်စီးပစ်နိုင်ပေသည်။

သို့သော်လည်း ပထမအလွှာကို ဖျက်စီးနိုင်လျှင်ပင် ဘာများ ထူးခြားသွားမည်နည်း။

ထိုအပြင်ဘက်ဆုံး အလွှာပြီးနောက် အတွင်းဘက်တွင် အခြားအလွှာများ ထပ်ရှိသေးသည်ကို ရန်ကိုင် သတိပြုမိသည်။ ထိုမျှသာမကသေး အခြားအန္တရာယ်များလည်း ရှိနေသေးသည်။ ထိုအရံအတား အားလုံးကို ကျော်ဖြတ်နိုင်မည်ဟု ရန်ကိုင် ယုံကြည်ချက်မရှိ။ ကျော်ဖြတ်နိုင်မည်ဆိုလျှင်ပင် အချိန်ကုန်ရမည်ကို နှမြောသည်။

နှစ်ပေါင်းသောင်းနှင့်ချီကြာအောင် တည်ရှိနေလာခဲ့သော ဂိုဏ်းစောင့်အစီအရင်သည် သွားရှုပ်လို့ကောင်းသည့် အစီအရင်တစ်ခု မဟုတ်ချေ။

“ငါမဖျက်စီးနိုင်ဘူးလို့ မင်းဘာလို့ ထင်တာလဲ” သို့သော်လည်း ရန်ကိုင် စကားကြောင့် အမြဲလိုလို တည်တည်ငြိမ်ငြိမ်ဖြင့် ရှိနေသောတတ်သည့် လန်ချန်းဆိုသောလူ ရုတ်တရက် စိတ်တိုသွားခဲ့သည်။ သူ့ခန္ဓာကိုယ်ဆီမှ ကြောက်မက်ဖွယ် အရှိန်အဝါတစ်ခု တဖြည်းဖြည်းချင်း ထွက်ပေါ်လာခဲ့လေသည်။

ရန်ကိုင် မျက်လုံး မှေးစဉ်းသွားပြီး အေးစက်စက် အမူအရာဖြင့် ပြန်ပြောလိုက်သည် “ဖျက်စီးနိုင်တယ်ထင်ရင် မင်းဘာသာ ဖျက်စီးနေလိုက်။ ငါကတော့ သွားပြီ”

ပြောပြီးသည်နှင့် ချက်ချင်း လှည့်ထွက်သွားလေသည်။ ခဏအကြာ၌ ရန်ကိုင် ပုံရိပ်သည် သစ်ပင်များကြား တိုးဝင်ပျောက်ကွယ်သွားခဲ့သည်။

လန်ချင်းသည် မှုန်ကုတ်ကုတ် အမူအရာဖြင့် ပျောက်ကွယ်သွားသော ရန်ကိုင်၏ ကျောပြင်ကို စိုက်ကြည့်နေသည်။ ဘာကြောင့်မှန်း မသိသော်လည်း ထိုရန်ကိုင်ဆိုသည့် လူသည် သူ့အား နည်းနည်းလေးမှ ကြောက်ရွံ့စိုးရိမ်ပုံမရ။ ထို့အပြင် ရန်ကိုင်ဆီမှ အန္တရာယ်များသည့် အငွေ့အသက်တို့ကို သူရနေသည်။ ထိုခံစားချက်သည် ခဏလေးသာ ပေါ်လာခြင်း ဖြစ်သော်ငြား လန်ချန်း နိုးနိုးကြားကြား ဖြစ်သွားရန် လုံလောက်ပေသည်။

ထိုကဲ့သို့သော ခံစားချက်မျိုးသည် အားကောင်းသော ရန်သူများနှင့် ရင်ဆိုင်ရသည့် အခါမှသာ ပေါ်လာလေ့ရှိသည်။ ထိုသို့ဆိုလျှင် ရန်ကိုင်သည် သူ့အား ဒဏ်ရာရအောင် လုပ်နိုင်သော စွမ်းရည်ကို ပိုင်ဆိုင်ထားသည်လား။

ခေါင်းရမ်းရမ်းဖြင့်သာ ထိုအကြောင်းကို ဆက်မတွေးတော့ရန် လန်ချန်း စဉ်းစားလိုက်သည်။ ကြယ်ဧကရာဇ်ဂိုဏ်းဆီသို့ ပြန်ရောက်လျှင် ထိုကဲ့သို့ အားကောင်းလှသည့် တပည့်တစ်ယောက်ကို ပြုစုပျိုးထောင်ပေးနိုင်သည့် အင်အားစုတစ်ခု ဒီလောကကြီးတွင် ရှိမရှိ ထိုက မွန်းစတားအိုကြီးများကို ပြန်မေးကြည့်ရမည်ဟုလည်း တွေးထားလိုက်သည်။

ရန်ကိုင် ထွက်လာပြီးနောက် မိုင်နှစ်ဆယ်အကွာလောက် ရောက်သည့်အခါ တဒုန်းဒုန်း ထုရိုက်သံများကို ထပ်ကြားလိုက်ရပြန်သည်။ လန်ချင်းဆိုသည့်လူ အစီအရင်ကို ထပ်တိုက်ခိုက်နေသည့်ပုံပင်။

ထိုကောင်က အကျိုးမဲ့အလုပ်ကို မရရအောင် လုပ်ချင်နေမှဖြင့် ရန်ကိုင်လည်း တားနေလိမ့်မည် မဟုတ်ချေ။ တကယ်တော့ ထိုကောင်ကိစ္စသည် သူနှင့် ဘာမှမဆိုင်ချေ။

အစကမူ တိုက်ယွမ်အား လန်ချန်းဆိုသော လူနှင့်တွေ့လျှင် သတိထားရန် သတိပေးခဲ့သည်။ သို့သော်လည်း မလိုအပ်သော ကိစ္စကို သွားသတိပေးနေမှန်း ယခုမှသာ နားလည်လိုက်သည်။ လန်ချန်းသည်သာ အစီအရင်ကို တိုက်ခိုက်နေသရွေ့ အခြားနေရာများဆီ လျှောက်သွားရန် အချိန် ရှိလိမ့်မည် မဟုတ်ချေ။ တိုက်ယွမ်သည် သူမဘာသာ စိတ်ဝိဥာဉ်ဆေးပင်များ ရှာနေသည်။ ရူးရူးမိုက်မိုက်နှင့် ဤနေရာသို့ လာပြီး လန်ချင်းအား လာနှောင့်ယှတ်လိမ့်မည် မဟုတ်။

ဂိုဏ်းစောင့်အစီအရင်ကြီးကြောင့် ရန်ကိုင်အဖို့ အကြာကြီး ကွေ့ပတ်သွားလိုက်ရသည်။ ဆယ်ရက်ကြာပြီးသည့်တိုင် ထိုဂိုဏ်းစောင့်အစီအရင်၏ တည်ရှိမှုကို ခံစားမိနေသေးသဖြင့် ရန်ကိုင် ထိတ်လန့်သွားခဲ့ရလေသည်။

ထိုအစီအရင် ဖုံးလွှမ်းထားသည့် အကွာအဝေးသည် အနည်းဆုံး မိုင်ပေါင်းထောင်နှင့် ချီသည်။ ဆိုလိုသည်ကား ဤနေရာတစ်ခုလုံးသည် ထိုဂိုဏ်းပျက်ကြီး၏ ပိုက်နက်ဖြစ်သည်။ ဤအခြင်းအရာကို ကြည့်ချင်းအားဖြင့် တစ်ချိန်တစ်ခါက ဤဂိုဏ်း မည်မျှ အားကောင်းခဲ့မည်၊ ဂိုဏ်းသား အရေအတွက် မည်မျှ များပြားခဲ့မည်ကို ခန့်မှန်းကြည့်နိုင်ပေသည်။

သို့သော်လည်း ထိုမျှကြီးမားလှသော ဂိုဏ်းကြီး တစ်ဂိုဏ်းပင်လျှင် ပျက်စီးခဲ့ရသည်။

လမ်းတစ်လျှောက် ရန်ကိုင် ဘာအဖိုးတန်ပစ္စည်းမှ မရခဲ့ချေ။ ဆယ်ရက်ကြာပြီးနောက် ဂိုဏ်းအစောင့်အစီအရင်ကို ဖြတ်ကျော်နိုင်ခဲ့သည်။ တစ်ချိန်တည်းတွင် မိုးကုတ်စက်ဝိုင်းအောက် ဆီမှ ပုဇွန်ဆီရောင်ကို လှမ်းမြင်လိုက်ရသည်။ ထိုအလင်းရောင်များကို မြင်လိုက်ရချိန် ရန်ကိုင် စိတ်အားတက်ကြွသွားပြီး မပြုံးဘဲမနေနိုင်အောင် ဖြစ်သွားခဲ့သည်။

သူ့ခန့်မှန်းချက် မှန်ကန်ပေသည်။ လေးလွှာမြောက်ကို ကျော်လွန်သွားလျှင် နောက်ထပ် ငါးလွှာမြောက် ရှိနေပေသေးသည်။ ထိုငါးလွှာမြောက်သည် နောက်ထပ် မီးတောက်နယ်မြေ တစ်ခု ဖြစ်သည်။

သဲမီးတောက်နယ်မြေ တကယ်ကြီး ဘာလဲ ဆိုတာသည်ကိုပင် ရန်ကိုင် မသိတော့။ ပထမ မီးတောက်နယ်မြေကို ဖြတ်ကျော်လာပြီးနောက် ရတနာနယ်မြေဆီသို့ ရောက်သည်။ ထိုရတနာ နယ်မြေကို ဖြတ်ကျော်လိုက်ပြန်သည့်အခါ ဒုတိယမီးတောက်နယ်မြေသို့ ရောက်သည်။ ထိုသို့ဖြင် ဆက်သွားလိုက်ရာ မီးတောက်နယ်မြေတစ်လှည့်၊ ရတနာနယ်မြေတစ်လှည့်ကို ဖြတ်ကျော်ရသည်။ ထိုသို့သာဆိုလျှင် ခြောက်လွှာမြောက်လည်း ရှိနေပေလိမ့်ဦးမည်။

တွေးနေရင်း ရန်ကိုင် ရယ်မိသွားသည်။ ငါးလွှာမြောက်ကိုပင် မရောက်သေးသော်လည်း ခြောက်လွှာမြောက်ကို တွေးနေခဲ့သည်။ ဖြစ်သာဖြစ်နိုင်လျှင် သူ့ခန့်မှန်းချက် မှန်မမှန် စစ်ကြည့်ချင်သည်။ သို့သော် သူထွက်လာသည့် အချိန်သည် အတော်လေး နောက်ကျနေခဲ့သည်။

သဲမီးတောက်နယ်မြေ အတွင်းပိုင်းသို့သွားလေ လျှောက်သွားနိုင်သည့် အကွာအဝေး ကျဉ်းမြောင်းလာလေပင်။ နှစ်ရက်ကြာပြီးနောက် ရဲရဲနီရဲနေသော အရံအတားတစ်ခုရှေ့သို့ ရန်ကိုင် ရောက်လာခဲ့သည်။

မဝင်ရသေးခင်မှာဘဲ ပြင်းထန်လှသော အပူဓါတ်ကို ခံစားနေရသည်။ ငါးလွှာမြောက်သည် သုံးလွှာမြောက်ထက် အများကြီး ပိုပူပေသည်။

ရန်ကိုင် ပျော်သွားသလို သူ့အမူအရာလည်း လေးနက်သွားခဲ့သည်။ သူ့တော်စင်ချီကို သူ့ကိုယ်ပတ်ပတ်လည်တွင် ကာရံထားလိုက်ပြီး ငါးလွှာမြောက်ထဲသို့ ခြေချလိုက်သည်။

ငါးလွှာမြောက်ထဲသို့ ခြေချလိုက်သည်နှင့် အခြားလောကကြီးတစ်ခုထဲသို့ ရောက်သွားသလို ရန်ကိုင် ခံစားလိုက်ရသည်။ အပူလှိုင်းလုံးများသည် သူ့အပေါ်သို့ ဆင့်ကာဆင့်ကာ ရိုက်ခတ်လာနေသည်။ ဤနေရာသည် အပူဓါတ်သည် အလွန်ကိုမှ သိပ်သည်းလွန်လှရာ အစိုင်အခဲအဖြစ်သို့ပင် ပြောင်းလဲနေခဲ့လေသည်။ အပူလှိုင်းများသည် လေပြင်းမုန်တိုင်းများနှယ် သူ့အား အဆက်မပြတ် ရိုက်ခတ်နေသည်။

သူ့အသား ချစ်ချစ်တောက် ပူလာသည်။ သူ့တစ်ကိုယ်လုံး မီးကင်ခံရသည့်နှယ် ခံစားရလာကာ ခန္ဓာကိုယ်ပတ်လည်တွင် ကာရံထားသည့် သူတော်စင်ချီပင် ဆူပွက်တော့မည့် အရိပ်အယောင်များ ပြလာခဲ့သည်။

ရန်ကိုင် အမူအရာ အပြောင်းကြီး ပြောင်းလဲသွားပြီး ချက်ချင်းပဲ သူ့ပတ်ပတ်လည်ကို နတ်ဆိုးမီးတောက်ဖြင့် ကာရံလိုက်လေသည်။

သို့သော်လည်း နတ်ဆိုးမီးတောက်ပင်လျှင် ထိုမီးအပူဓါတ်ကို အပြည့်အဝ မကာကွယ်နိုင်ချေ။ ပြင်းထန်လှသော အပူဓါတ်များသည် သူ့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်ရန် အဆက်မပြတ် ကြိုးစားနေကြသည်။

သူ့သွေးကြောများထဲရှိ သူတော်စင်ချီများ တရဟော လျော့ကျလာသဖြင့် ရန်ကိုင် ထိတ်လန့်သွားခဲ့ပြီး ချက်ချင်းပဲ သူတော်စင်သလင်းကျောက်နှစ်တုံးကို ထုတ်ကာ အလျင်အမြန် အားပြန်ဖြည့်လိုက်ရသည်။

ထိုနှုန်းအတိုင်းသာ ဆက်သွားနေမည်ဆိုပါက အဆက်မပြတ်သာ အားပြန်ဖြည့်မနေလျှင် သူ့ကိုယ်ထဲရှိ သူတော်စင်ချီများ ခြောက်သွေ့သွားပေလိမ့်မည်။ ထိုသို့သာ ဖြစ်သွားလျှင် ရွှေရောင် သွေးစက်တစ်စက်ကို ဖောက်ခွဲပြီး သူတော်စင်ချီအဖြစ် ပြန်ပြောင်းရပေတော့မည်။

သဲမီးတောက်နယ်မြေသို့ လာသည့်ခရီးတွင် ရွှေရောင်သွေးစက်များစွာကို ရန်ကိုင် အသုံးပြုခဲ့ရသည်။ ရွှေရောင်သွေးစက် မည်မျှ အဖိုးတန်ကြောင်း သိထားသည့်အတွက် တစ်စက် တစ်စက်ကို အလွယ်တကူ မဖြုန်းပစ်ချင်ချေ။

တစ်လှမ်းပြီးတစ်လှမ်း လှမ်းရင်း ရှေ့သို့ ဆက်သွားလိုက်သည်။ အတွင်းပိုင်းသို့သွားလေ သွားလေ သူတော်စင်ချီကို ပိုသုံးလာရလေပင်။ သူတော်စင်သလင်းကျောက်များကိုလည်း တစ်တုံးပြီးတစ်လုံး လဲနေရသည်။ နေ့တစ်ဝက်တွင်း သူတော်စင်သလင်းကျောက် အတုံး တစ်ထောင်ကျော် သူသုံးပြီးသွားလေပြီ။

အားကောင်းသော သူ့ခန္ဓာကိုယ်ကြောင့်သာ တော်ပေတော့သည်။ သူ့နေရာတွင် အခြား တစ်ယောက်ဆိုပါက ရန်ကိုင်လုပ်ပုံမျိုးနှင့် တစ်ခါတည်း ခန္ဓာကိုယ် ပေါက်ကွဲပြီး သေသွားရပေလိမ့်မည်။ အပူလှိုင်းများကို တရစပ်တိုက်ခိုက်မှုကိုလည်း ခံနေရသည်။ သူတော်စင်ချီကိုလည်း တရစပ် စုပ်ယူနေသည်။ အားပျော့သော ခန္ဓာကိုယ်များသည် ဤဒဏ်ကို မည်သို့မှ ခုခံနိုင်လိမ့်မည် မဟုတ်ချေ။

သူအသုံးပြင်ထားခဲ့သော အားပြန်ဖြည့်ဆေးများသည် ယခု အသုံးဝင်လာခဲ့လေပြီ။

သူ့အနက်ရောင်စာအုပ်ထဲတွင် ရှိနေသော မသုံးသည်မှာ ကြာပြီဖြစ်သည့် ဆေးပေါင်းရည်ကိုပင် အသုံးပြုခဲ့သည်။

အလွန်မြန်ဆန်သည့်နှုန်းဖြင့် စွမ်းအင် ကုန်ဆုံးနေသည့် ကိစ္စကို ရန်ကိုင် စိတ်မပူချေ။ ရွှေရောင်သွေးစက် အားလုံး ကုန်သွားလျှင်ပင် နတ်ဘုရားသစ်ပင်ဆီမှ စွမ်းအင် ချေးငှား နိုင်ပေသေးသည်။ နတ်ဘုရားသစ်ပင်သည် ဆင့်ကဲပြောင်းလဲနေသဖြင့် အိမ်စက်နေလေရာ ရန်ကိုင်လည်း တကယ် မလိုအပ်လျှင် နတ်ဘုရားသစ်ပင်ကို သွားမနှောင့်ယှတ်ချင်ချေ။

တစ်ရက်ကြာပြီးသည့်နောက်တွင် ရန်ကိုင် ရပ်လိုက်ရတော့သည်။

ဆက်သွားလေ ပိုပူလာလေဖြစ်ပြီး ယင်နေကြာရေစင်ကို သန့်စင်ရာတွင် သူ့အား ပို၍ အကူအညီ ပေးနိုင်သော်လည်း ယခု သူ့အကန့်အသတ်ကို ရောက်နေလေပြီ။ ဆက်သာသွားမည် ဆိုလျှင် သူ့အတွက်ပင် အသက်အန္တရာယ်ရှိနိုင်ပေသည်။

ယင်နေကြာရေစင်ကို သန့်စင်ရန်အတွက် နေရာရှာဖို့ လုပ်နေစဉ်မှာပဲ တဝုန်းဝုန်း မြည်သံများကို ကြားလိုက်ရသည်။ ထို့နောက် သူ့အောက်ဘက်ရှိ မြေကြီး တုန်ခါလာသည်ကို ခံစားမိလိုက်သည်။

ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့ပြီး ချက်ချင်းပဲ ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်ကာ ပတ်ဝန်းကျင်ကို စစ်ဆေးကြည့်လိုက်သည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၂၃၈)

သူ့ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်လိုက်သည်နှင့် ပတ်ဝန်းကျင်မှ သက်ရောက်နေသော အလွန်အမင်း ပြင်းထန်လှသည့် အပူဓါတ်ကြောင့် ချက်ချင်းကို တွန့်လိမ်သွားခဲ့ရသည်။ ကောင်းကင်စိတ်အာရုံကို ခဏလေးသာ ဖြန့်ကျက်လိုက်ခြင်း ဖြစ်သော်လည်း သူ့စိတ်စွမ်းအင် တစ်ပိုင်းတစ်စ လောင်ကျွမ်းခြင်း ခံလိုက်ရသည်။

ထို့ကြောင့် ရန်ကိုင် မျက်နှာကြီး မှုန်ကုတ်သွားခဲ့သည်။ သို့သော် သူ့ကောင်းကင်စိတ်အာရုံသည် အလွန်အမင်း အားကောင်းလှသည့် ကောင်းကင်စိတ်အာရုံ ဖြစ်သည်။ ဝိဥာဉ်ကြာပန်းကပါ အဆက်မပြတ် အားဖြည့်ပေးနေသဖြင့် ထိုဒဏ်ရာလောက်ကို လျစ်လျူရှုထား၍ ရပေသည်။

ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်ပြီး သူရပ်နေရာမှ မီတာပေါင်းထောင့်နှင့်ချီကာ ဝေးကွာသော နေရာတစ်ခုတွင် တစ်ခုခုကို ရှာတွေ့လိုက်ရသည်။ ထိုအရပ်ဆီသို့ လှမ်းကြည့်လိုက်ရာ ကြောက်မက်ဖွယ်ကောင်းလှသော အပူစွမ်းအင်လှိုင်းတို့ မြေကြီးထဲမှ ပေါက်ကွဲထွက်လာသည်ကို တွေ့လိုက်ရသည်။ ထိုအပူစွမ်းအင်လှိုင်းသည် မီးတောက် နဂါးတစ်ကောင်ပမာ ကောင်းကင်ပေါ်သို့ ပျံတက်လာပြီး အရံအတားကို ထိုးဖောက်ရန် ကြိုးစားခဲ့သည်။ သို့သော်လည်း သဲမီးတောက်နယ်မြေ၏ အရံအတားသည် ထိုအပူလှိုင်းကို အသာအယာလေး ချေဖျက်သွားခဲ့သည်။

အပူလှိုင်းတို့ ပေါက်ကွဲထွက်လာသည့် နေရာဆီမှ အလွန်အမင်း သန့်စင်လှသည် မီးဓါတ်စွမ်းအင်တို့ ထွက်ပေါ်လာခဲ့ပြီး ရန်ကိုင် ရပ်နေသည့်‌ နေရာဆီသို့ ရောက်ရှိလာခဲ့သည်။ ထိုအပူလှိုင်းလုံးကြောင့် ငါးလွှာမြောက်တစ်ခုလုံး မုန်တိုင်းထန်သွားခဲ့ရလေသည်။

ရန်ကိုင် ရင်ထဲ တင်းကြပ်သွားခဲ့ပြီး ထိုပေါက်ကွဲမှု ငြိမ်သက်သွားသည်အထိ ငြိမ်ငြိမ်လေး ရပ်စောင့်နေလိုက်သည်။ ပြီးသွားသည်နှင့် ချက်ချင်းပဲ ထိုစွမ်းအင်လှိုင်းတို့ ပေါက်ကွဲလာရာ အရပ်ဆီ ပြေးသွားလေသည်။

နှစ်နာရီကြာပြီးနောက် တွင်းပေါက်ကျယ်ကြီး တစ်ပေါက်ရှေ့သို့ ရန်ကိုင် ရောက်လာခဲ့သည်။

သူ့ရှေ့တည့်တည့်တွင် အလွန်ကိုမှ ကြီးမားလှသော တွင်းပေါက်ကြီးတစ်ပေါက် ရှိနေခဲ့သည်။ တွင်းပေါက်ထဲတွင် ချော်ရည်များ အလျင်မပြတ် စီးဆင်းနေခဲ့သည်။ ဤနေရာမှ ပေါက်ကွဲထွက်လာသော အပူစွမ်းအင်လှိုင်းများကြောင့် ငါးလွှာမြောက်သည် ယခင်ထက် ပိုပူလာနေခဲ့လေသည်။

ဤတွင်းပေါက်သည် မီးတောင်ပေါက်ဝတစ်ခုနှင့် ဆင်တူသော်လည်း မီးတောင်ပေါက်ဝ မဟုတ်ချေ။ အကြောင်းမှာ တွင်းပေါက်သည် မြေပြန့်ပေါ်တွင် ရှိနေသောကြောင့်ပင် ဖြစ်သည်။

ထို့အပြင် ရေစီးနေသကဲ့သို့ တစ်ခုခု စီးဆင်းနေသည့် အသံများကိုလည်း အောက်ဘက်ဆီမှ ကြားနေရသည်။ ကြည့်ရသည်မှာ ဤတွင်းပေါက်ကြီးတွင် နောက်ထပ် တွင်းပေါက် အခွဲလေးများ ထပ်ရှိသေးသည့်ပုံပင်။

ထိုအခြင်းအရာကို သတိပြုမိလိုက်ပြီးနောက် ရန်ကိုင် အတွေးနက်သွားခဲ့သည်။ ခဏအကြာ၌ နာမည်တစ်ခုကို သူသတိရသွားသည် “မြေအဆုတ်မီးတောက်ကန်လား”

ထိုကဲ့သို့ ပြောလိုက်ပြီးနောက် သူမြင်နေရသည့် အရာကို မယုံကြည်နိုင်သည့်အလား ချက်ချင်း ကြောင်သွားခဲ့သည်။

မြေအဆုတ်မီးတောက်ရေကန်သည် အလွန်ကိုမှ ရှားပါးလှသော မြေအောက် မီးတောက်ကြောကြီး တစ်ခုဖြစ်ကာ ပန်းပဲပညာရှင်များ အလွန်ကိုမှ တွေ့ချင်သည့်အရာတစ်ခု ဖြစ်ပေသည်။ ပန်းပဲပညာရှင်များ ဤနေရာတွင် ပန်းပဲထုမည်ဆိုပါက မြေအာက် မီးတောက်ကြော၏ အလွန်ပြင်းထန်သည့် အပူဓါတ်အားကိုးဖြင့် ကုန်ကြမ်းပစ္စည်းများကို သန့်စင်နိုင်ပေရာ အချိန်လည်းကုန်၊ လူလည်း သက်သာပေသည်။

သို့သော်လည်း မြေအဆုတ်မီးတောက်ကန်ကို ပိုင်ဆိုင်သည့် ဂိုဏ်းဆို၍ အနည်းငယ်လောက်သာ ရှိသည်။ အရိပ်ကြယ်ပေါ်ရှိ ဂိုဏ်းများနှင့် အဆက်အသွယ် မရှိသည့် အတွက်ကြောင့် ထိုဂိုဏ်းများ မည်မျှ ကြွယ်ဝချမ်းသာလဲ ဆိုသည်ကို သူမသိသော်လည်း အရိပ်ကြယ်ပေါ်တွင် မြေအဆုတ်မီးတောက်ကန်ကို ပိုင်ဆိုင်ထားသည့် အင်အားစု အနည်းဆုံး သုံးခုထက် မပိုချေ။

မြေအဆုတ်မီးတောက်ကန်၏ အသိသာဆုံးအချက်မှာ ၎င်းမှ ထုတ်လွှတ်နေသော အသက်ရှုသံကဲ့သို့သော အသံမျိုးပင်ဖြစ်သည်။ အဆုတ်တစ်လုံးသည် လေကို ဆွဲသွင်းလိုက်၊ ထုတ်လိုက် လုပ်နေသည့် အသံမျိုးဖြစ်သည်။ ထို့ကြောင့် ထိုအရာသည် မြေအဆုတ်မီးတောက်ကန်မှန်း ရန်ကိုင် ချက်ချင်း တန်မှတ်မိလိုက်ခြင်း ဖြစ်သည်။

လက်ရှိ မြေအဆုတ်မီးတောက်ကန်မှ ထုတ်လွှတ်နေသည့် အပူဓါတ်အရ ဤကန်သည် လုံးဝကို အဆင့်အမြင့်စားဖြစ်သည်။ ဤနေရာတွင် ပန်းပဲလာထုသည့် မည်သည့် ပန်းပဲပညာရှင် မဆို သူတို့၏ အရည်အချင်းကို အပြည့်အဝ ထုတ်ဖော်နိုင်ပေလိမ့်မည်။

ထိုကန်ကြီးကို ကြည့်နေရင်း ရန်ကိုင်စိတ်ထဲ အတွေးပေါင်းစုံ ဖြတ်ပြေးသွားသည်။

မြေအဆုတ်မီးတောက်ကန်ကို သူနှင့်အတူ ပြန်သယ်သွား၍ မရသော်လည်း ဤနေရာသည် ယင်နေကြာရေစင်ကို သန့်စင်ရန် အကောင်းဆုံးနေရာ ဖြစ်သည်မှာ သံသယရှိစရာ မလိုချေ။ ယင်နေကြာရေစင်အား သန့်စင်နိုင်မည့် နေရာကို ရှာနေရင်း သူရှာနေသည့် နေရာနှင့် လုံးဝ ကွက်တိကျမည့် နေရာတစ်ခုကို လာတွေ့လိမ့်မည်ဟု မထင်ထားခဲ့ချေ။ အစကမူ အပူဓါတ်မြင့်သည့် နေရာတစ်ခုသို့သွားကာ ယင်နေကြာရေစင်ကို သန့်စင်ရန် ကြံနေခြင်း ဖြစ်သည်။ သို့သော်လည်း ယခုမူ ထိုကဲ့သို့ လုပ်စရာ မလိုတော့ချေ။

ဤကန်ထဲသို့ ခုန်ဆင်းသွားရန်မှာ အန္တရာယ်များသော်လည်း အန္တရာယ်နှင့် ဆုလာဒ်သည် ဒွန်တွဲနေတတ်သည်။ ကျင့်ကြံသူတစ်ယောက် ပို၍ တိုးတက်ချင်လျှင် အန္တရာယ်နှင့် မလွဲမသွေ ရင်ဆိုင်ရပေမည်။

ထိုကဲ့သို့ စဉ်းစားပြီးသော် ရန်ကိုင် စိတ်ပိုင်းဖြတ်လိုက်သည်။ သို့သော် မဆင်မခြင်တော့ မလှုပ်ရှားရဲ။ နတ်ဆိုးမီးတောက်ကို အမြင့်ဆုံးအထိ ထုတ်လွှတ်လိုက်ပြီး ခရမ်းရောင်ဒိုင်းကိုပါ တစ်ဆက်တည်း အသက်သွင်းလိုက်သည်။ ထိုမျှနှင့်ပင် မရပ်တန့်သေးဘဲ သူတော်စင်ချီဖြင့် မဟာကောင်းကင်ဒိုင်းများကို ဖန်တီးကာ သူ့ကိုယ်ပတ်လည်တွင် အထပ်ထပ် ကာရံလိုက်သည်။

ထိုကဲ့သို့ ပြင်ဆင်ပြီးသည့်အခါမှပဲ တွင်းပေါက်ထဲသို့ ခုန်ဆင်းသွားလေသည်။

ခုန်ချနေစဉ် အတောအတွင်း ရန်ကိုင်သည် အလေးအနက် အမူအရာဖြင့် သူ့ပတ်လည်ကို ဝေ့ကြည့်လိုက်သည်။ ခြေချလို့ကောင်းမည့် နေရာတစ်ခု ရှာတွေ့လိုက်သည်နှင့် ချက်ချင်းပဲ ထိုငေါထွက်နေသော ကျောက်ဆောင်ပေါ် ခုန်ဆင်းလိုက်လေသည်။ နောက်ထပ် ကျောက်ဆောင် တစ်ခုကို ထပ်ရှာပြီးနောက် ထိုကျောက်ဆောင်ပေါ်သို့ လှမ်းခုန်လိုက်သည်။ ရန်ကိုင်သည် ထိုနည်းလမ်းဖြင့် တွင်းပေါက်ထဲသို့ ခုန်ဆင်းနေခဲ့သည်။

အောက်ဘက်ရှိ ချော်ရည်များသည် ငြိမ်ငြိမ်မနေ။ မကြာမကြာ ထထပေါက်နေခဲ့ပြီး ချော်ရည်ပန်းများသည် ကျောက်နံများကို လာလာစင်နေခဲ့သည်။

ဤနေရာရှိ ချော်ရည်သည် ဝေကုချန်းတို့ ပြုတ်ကျသွားခဲ့သည့် ရှေးဟောင်းအစီအရင်ထဲရှိ ပိုပူသလို ပို၍ အားကောင်းပေသည်။

ချော်ရည်ပန်းများသည် ရန်ကိုင်အား လာရောက်ထိမှန်သည်။ ထိလိုက်သည်နှင့် ချက်ချင်း ဆိုသလို ရန်ကိုင် ကိုယ်ပတ်လည်တွင် ကာရံထားသည့် မဟာကောင်းကင်ဒိုင်းကာများ အငွေ့ပျံ ပျောက်ကွယ်သွားခဲ့ရသည်။ ခရမ်းရောင်ဒိုင်းဖြင့် ဖန်တီးထားသော သဲမုန်းတိုင်းမှာမူ ချော်ရည် အချို့ကို တားဆီလိုက်နိုင်သည်။ သို့သော် အကုန်လုံးကို မတားလိုက်နိုင်ချေ။ လက်ကျန် ချော်ရည်များသည် သဲမုန်တိုင်းကို ဖြတ်ကျော်ကာ နတ်ဆိုးမီးတောက်ကို လာရောက် ထိမှန်သည်။ သို့သော်လည်း နတ်ဆိုးမီးတောက်နှင့် အတွေ့တွင် ရပ်တန့်သွားခဲ့ရသဖြင့် ရန်ကိုင် အတော်လေး စိတ်သက်သာရာ ရသွားခဲ့သည်။

ဆင်းနေရင်း ဆင်းနေရင်း ရန်ကိုင်သည် မဟာကောင်းကင်ဒိုင်းများကို အဆက်မပြတ် ပြန်ဖန်တီးနေလိုက်သည်။

အသက်သုံးဆယ်ရှိုက်စာလောက် ကြာပြီးနောက် ရန်ကိုင်၏အကြည့် တောက်ပသွားခဲ့ပြီး နံရံထဲရှိ အပေါက်တစ်ပေါက်ထဲသို့ ချက်ချင်း ခုန်ဆင်းလိုက်လေသည်။

ထိုလိုဏ်ဂူထဲသို့ ဝင်သွားလိုက်သည်နှင့် သူ့ခံစားနေရသည့် အပူဓါတ် သိသိသာသာ လျော့ကျသွားသလို ခံစားလိုက်ရသည်။ ထိုအခြင်းအရာကြောင့် ဘာကြောင့်များ ထိုကဲ့သို့ ဖြစ်ရသလဲ ရန်ကိုင် သိချင်မိသွားသည်။

လှည့်ပတ်ကြည့်လိုက်ပြီးနောက် ရန်ကိုင် ထိတ်လန့်တုန်လှုပ်သွားခဲ့ရသည်။

အကြောင်းမှာ သူဝင်လာသည့် ဝင်ပေါက်နှင့် အရွယ်အစား အတူတူလောက်ရှိသည့် မရေမတွက်နိုင်သော လိုဏ်ဂူများကို မြင်လိုက်ရသည့် အတွက်ကြောင့် ဖြစ်သည်။ ထိုလိုဏ်ဂူများသည် သဘာဝအတိုင်း ဖြစ်လာခြင်း မဟုတ်ကြောင်းကို လိုဏ်ဂူပေါက်ဝတွင် ရှိနေသော နံပါတ်များကို ပြသလို့နေခဲ့သည်။

ထိုလိုဏ်ဂူများကို တစ်ယောက်ယောက်မှ တူးထားခြင်းဖြစ်သည်။

ခဏလောက် အတွေးနက်နေပြီးနောက် ရန်ကိုင်သည် ချက်ချင်းပဲ သူဝင်လာသည့် လိုဏ်ဂူကို စတင် စူးစမ်းစစ်ဆေးတော့လေသည်။

လိုဏ်ဂူသည် အတော်လေးနက်ကာ မီတာတစ်ရာလောက် ရှည်သည်။ မီတာတစ်ရာလောက် လျှောက်လာပြီးနောက် အခန်းကျယ်ကြီး တစ်ခန်းထဲသို့ ရန်ကိုင် ရောက်လာခဲ့သည်။

အခန်းနံရံများကို ထူးဆန်းသော အလင်းကျောက်များဖြင့် တန်ဆာဆင်ထားသည်။ နှစ်ပေါင်းများစွာ ကြာသွားသည့်တိုင် ထိုကျောက်တုံးများသည် အလင်းရောင်ဖျော့ဖျော့ကို ထုတ်လွှတ်နေဆဲပင်။

ထိုကျောက်တုံးများမှ ထုတ်လွှတ်နေသော အလင်းရောင် အကူအညီဖြင့် ရန်ကိုင်သည် ကျောက်တုံးခန်းကို စတင် စူးစမ်းလေ့လာတော့သည်။ တစ်ချိန်တည်းတွင် ခရမ်းရောင်ဒိုင်းနှင့် နတ်ဆိုးမီးတောက်ကို ပြန်ရုတ်သိမ်းထားလိုက်လေသည်။

အခန်းကြမ်းပြင်သည် ချောမွတ်လှပြီး စိတ်ဝိဥာဉ်အစီအရင်ကြီးတစ်ခုကို ကြမ်းပြင်ပေါ်တွင် ရေးထွင်းထားသည်။ ထိုစိတ်ဝိဥာဉ်အစီအရင်သည် အပြင်ဘက်ရှိ အပူဓါတ်ကို အခန်းအလယ်ဗဟိုဆီသို့ စုပ်ယူပေးနေသည့်ပုံပင်။

အခန်းအလယ်ဗဟိုတွင် နဂါးပုံ၊ ဖီးနစ်ပုံများ ထိုးထွင်းထားသော သုံးချောင်းထောက် မီးဖိုကြီးတစ်လုံး ရှိနေခဲ့သည်။ သို့သော် မီးဖိုင်းဒီဇိုင်းမှာ အတော်လေး ရိုးရှင်းလှသည်။ တစ်ချက်ကြည့်လိုက်ရုံဖြင့် ထိုမီးဖိုသည် အတော်လေး အိုဟောင်းနေမှန်း သိနိုင်သည်။ အလွန်အမင်း ပူပြင်းလှသော အပူဓါတ်ဖြင့် မီးဖုတ်ခြင်းခံထားရသည့် အတွက်ကြောင့်လား မသိလေရာ မီဖိုးတစ်ခုလုံး ရဲရဲနီနေခဲ့သည်။

ခဏလောက် စစ်ဆေးကြည့်လိုက်ပြီးနောက် ထိုမီးဖိုသည် တန်ခိုးရှင်အဆင့်နိမ့် ပန်းပဲမီးဖို တစ်လုံးဖြစ်ကြောင်း သိလိုက်ရသည်။

ယန်ယန်သည် ယခင်က ပန်းပဲမီးဖိုများကိုသုံးကာ ကုန်ကြမ်းပစ္စည်းများကို သန့်စင်သည်။ သို့သော် ကျောက်တုံးရုပ်သေးရုပ် ပေါ်လာသည့် အချိန်မှစ၍ ပန်းပဲမီးဖိုများကို မသုံးတော့ချေ။ အဆင့်အမြင့် မှော်ရတနာများကို သန့်စင်သည့် ရံဖန်ရံခါလောက်မှသာ မှော်ရတနာများကို ပုံသွင်းရန်အတွက် အသုံးပြုတော့သည်။

ထိုပန်းပဲမီးဖိုကို မြင်လိုက်သည်နှင့် တစ်ခုခုကို ရန်ကိုင် နားလည်သွားခဲ့သည်။

ကျောက်တုံးနံရံများတွင် အပေါက်များစွာကို မြင်လိုက်သည့်အခိုက် သူတစ်ခုခုကို စဉ်းစားမိလိုက်သည်။ သို့သော် သိပ်မသေချာသေး။ ယခု ထိုပန်းပဲမီးဖိုကို မြင်လိုက်ပြီးနောက် သူ့ခန့်မှန်းချက် မှန်နေပြီမှန်း ရန်ကိုင် သိလိုက်သည်။

ဤမြေအဆုတ်မီးတောက်ကန်သည် ဂိုဏ်းကြီးတစ်ဂိုဏ်းမှ ပန်းပဲပညာရှင် ပန်းပဲထုသည့် နေရာ ဖြစ်ပေသည်။ ကျောက်နံရံရှိ အခြားအပေါက်များကို ပန်းပဲပညာရှင်များ အသုံးပြုရန် အတွက် ဖောက်ထားပေးခြင်း ဖြစ်သည်။

ဤကြမ်းပြင်ပေါ်ရှိ အစီအရင်ဟာ ဆိုလျှင်လည်း အပြင်ဘက်ရှိ အပူဓါတ်ကို အထဲသို့ စုပ်ယူရန် ခင်းကျင်းထားခြင်း ဖြစ်ရပေမည်။

အံ့ဩစရာပဲ ရန်ကိုင် ဆွံ့အနေသည်။ မြေအဆုတ်မီးတောက်ကန်ထဲတွင် ဤကဲ့သို့ နေရာတစ်ခု တည်ဆောက်ဖို့ ဆိုသည်မှာ သာမန်လူတစ်ယောက် လုပ်နိုင်သည့် အရာမျိုး မဟုတ်ချေ။ ဤနေရာကို တည်ဆောက်ရာတွင် တန်ခိုးရှင်ဘုရင်အဆင့်တစ်ယောက် ကျိန်းသေ ဝင်ကူညီခဲ့ရပေလိမ့်မည်။

ဤနေရာတွင် တန်ခိုးရှင်အဆင့်နိမ့် ပန်းပဲမီးဖို တစ်လုံး ရှိနေသော်လည်း ထိုမီးဖိုသည် အတော်လေး ပျက်စီးနေသဖြင့် ရန်ကိုင် နောင်တရသွားခဲ့သည်။ မီးဖို၏ အစိတ်အပိုင်း များစွာတို့သည် အရည်ပျော်၊ ပဲ့ကျနေခဲ့လေပြီ။

ဤနေရာရှိ အစီအရင် ဆက်အလုပ်လုပ်နေရခြင်းမှာမူ မြေအဆုတ်မီးတောက်ကန်မှ အဆက်မပြတ် စွမ်းအင်များ ထောက်ပံ့နေသည့် အတွက်ကြောင့် ဖြစ်ပေသည်။

ထိုအချက်ကို နားလည်လိုက်သည်နှင့် ရန်ကိုင် လှည့်ပတ်ကြည့်လိုက်သည်။ မကြာမီ သူ့အကြည့်သည် အခန်းထောင့်တွင် ရှိနေသော စားပွဲတစ်လုံးပေါ်သို့ ရောက်သွားခဲ့သည်။ အစီအရင်အကြောင်း ရန်ကိုင် သိပ်များများစားစား မသိသော်လည်း ယန်ယန်နှင့် အတော်ကြာအောင် အတူရှိလာပြီးသည့်နောက် နည်းနည်းပါးပါး တီးမိခေါက်မိ သိလာခဲ့လေပြီ။

ထိုကျောက်တုံးသည် ဤအခန်းထဲရှိ အစီအရင်ကို ထိန်းချုပ်သည့်နေရာ ဖြစ်ရပေမည်။

ကျောက်တုံးစားပွဲဆီသို့ လျှောက်သွားလိုက်ပြီး ထိုထဲသို့ သူတော်စင်ချီ ထည့်သွင်းလိုက်သည့်နှင့် တစ်ပြိုင်နက် တဝုန်းဝုန်း မြည်သံတို့ ထွက်ပေါ်လာခဲ့သည် စိတ်ဝိဥာဉ် အစီအရင်တစ်ခုလုံး မှိန်ကျသွားခဲ့သည်။ မြေအဆုတ်မီးတောက်ကန်တွင်မှ အပူစွမ်းအင်များကို ဆက်လက် မစုပ်ယူတော့ချေ။

ပန်းပဲမီဖို အေးသွားလောက်မည့် အချိန်ထိစောင့်ပြီး မီးဖိုဆီသို့ လျှောက်သွားပြီး သေချာ စစ်ဆေးကြည့်လိုက်သည်။

သို့သော်လည်း တစ်ချက်လောက် စစ်ဆေးကြည့်လိုက်ပြီးနောက် ရန်ကိုင် စိတ်ပျက်သွားခဲ့ရသည်။

အေးသွားပြီးနောက် တစ်ချက်လောက် သွားထိလိုက်ရုံဖြင့် မီးဖို တစ်လုံးလုံး တစ်စစီ ပျက်းစီးသွားခဲ့လေသည်။ ထို့အပြင် မီးဖိုထဲတွင် ရှိနေသော ပစ္စည်းများမှာလည်း အသုံးမဝင်သော အမှိုက်များ ဖြစ်နေခဲ့လေပြီ။

ထိုသော်လည်း ထိုအရာမှာ အံ့ဩစရာမဟုတ်။ နှစ်ပေါင်းများစွာကြာအောင် ထိုမျှ ပြင်းထန်သော အပူဓါတ်နှင့် ထိတွေ့နေရပြီးသည့်နောက် အမှိုက်မဖြစ်သွားမှသာလျှင် ထူးဆန်းနေမှာ ဖြစ်ပေသည်။ တန်ခိုးရှင်အဆင့်နိမ့် ပန်းပဲမီးဖိုပင်လျှင် ဖျက်စီးခံလေရာ အထဲရှိ ပစ္စည်းများမှာလည်း မည်ကဲ့သို့ ဘာမှမဖြစ်ဘဲ နေမည်နည်း။

သို့သော်လည်း ဤနေရာသည် ပထမဆုံးတစ်ခန်းသာ ဖြစ်ပြီး အပြင်ဘက်တွင် အခြား အခန်းအများကြီး ကျန်နေပေသေးသည်။

ရတနာသိုက်ထဲ ဝင်လာပြီးနောက် လက်ဗလာနှင့် ပြန်ထွက်သွားဖို့ရာ မဖြစ်နိုင်။ ထို့ကြောင့် ကျောက်တုံးခန်းများကို တစ်ခန်းချင်းတစ်ခန်းချင်း စစစ်ဆေးတော့လေသည်။

နှစ်ရက်ကြာပြီးနောက် အခန်းသုံးရာအထိ စစ်ဆေးလို့ ပြီးသွားခဲ့သည်။ သို့သော် ပန်းပဲထုရာတွင် သုံးသည့် ပစ္စည်းအချို့နှင့် ကုန်ကြမ်းပစ္စည်းအချို့ ရလိုက်ရုံမှအပ အခြား ဘာအဖိုးတန် ပစ္စည်းမှ ရန်ကိုင် မရခဲ့ချေ။ ပန်းပဲမီးဖိုအားလုံးသည် ပြန်ပြင်၍ မရတော့အောင် ပျက်စီးနေခဲ့လေပြီ။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၂၃၉)

ပန်းပဲထုသည့် ကုန်ကြမ်းများစွာကို ရန်ကိုင် ရရှိထားခဲ့သည်။

ရာနှင့်ချီသော ကျောက်တုံးခန်းများအနက်၊ အားလုံးသည် ရန်ကိုင် ပထမဦးဆုံး ရှာခဲ့သည့် အခန်းကဲ့သို့ ဗလာဖြစ်မနေချေ။ အချို့အခန်းများထဲတွင် အသုံးမပြုရသေးသည့် ယနေ့ထိတိုင် မပျက်မစီးဘဲ ကျန်ရှိနေသေးသော ကုန်ကြမ်းပစ္စည်းများ၊ သတ္တုရိုင်းများ ရှိနေခဲ့သည်။

ထို့အပြင် နည်းနည်းလေး ရှိနေခြင်းမဟုတ်၊ အတော်များများ ရှိနေခြင်းဖြစ်သည်။

အခန်း ရာနှင့်ချီလေရာ၊ အခန်းအားလုံး၏ ဆယ်ပုံတစ်ပုံသာလျှင် ထိုပစ္စည်းများ ရှိနေလျှင်ပင် သွားအထင်သေး၍ မရချေ။

ရန်ကိုင် သိပ်မကျေနပ်ရသည့် အကြောင်းသည်ကား ရလဒ်သည် သူမျှော်လင့်ထားသည်နှင့် မတူခြင်းကြောင့်ဖြစ်သည်။ အနည်းဆုံး ယခုခရီးတွင် မည်သည့် အဖိုးတန်ပစ္စည်းမှ မရသေးချေ။

သို့သော်လည်း ကျောက်တုံးခန်းများထဲ လျှောက်ပတ်ရှာနေပြီးနောက် ထူးဆန်းသည့် အချက်တစ်ချက်ကို ရန်ကိုင် သတိပြုမိလိုက်သည်။ အထဲသို့သွားလေ သွားလေ အပူဓါတ်မှာ ပိုပြင်းလာလေ၊ ပိုသန့်စင်လာလေ ဆိုသည့်အချက်ပင်။

ထိုအချက်နှင့် ပက်သက်၍ ဘာမှစဉ်းစားနေစရာ မလိုချေ။ အတွင်းပိုင်းသို့ သွားလေသွားလေ မြေအဆုတ်မီးတောက်ကန်၏ အောက်ခြေဘက်နှင့် ပိုနီးလာလေ ဖြစ်သဖြင့် ပိုပူလာပြီး အပူဓါတ်မှာ ပိုမို ပြင်းထန်လာခြင်း ဖြစ်သည်။ ယင်နေကြာရေစင်ကို သန့်စင်သည့်အခါ အခန်းတစ်ခန်း ရွေးရပေလိမ့်မည်။

နှစ်ရက်ကြာပြီးနောက် မြေအဆုတ်မီးတောက်ကန်၏ အနက်ဆုံးအပိုင်းဆီသို့ ရန်ကိုင် ရောက်လာခဲ့သည်။ သူစစ်ဆေးစရာ အခန်းဆို၍လည်း နှစ်ခန်းသာ ကျန်တော့ပေသည်။

ထိုအခန်းနှစ်ခန်းသည် ဂိုဏ်း၏ အတော်ဆုံး ပန်းပဲပညာရှင် နှစ်ယောက်အတွက် ပြင်ဆင်ပေးထားခြင်း ဖြစ်ရပေမည်။ ထိုဝင်ပေါက်နှစ်ပေါက်သည် ဆန့်ကျင်ဘက် ဖြစ်မနေဘဲ ဘေးချင်းကပ်လျက် တည်ရှိနေကြသည်။ ထို့အပြင် ဝင်ပေါက်နှစ်ပေါက်မှာလည်း သိပ်မကွာလှ။ သို့သော်လည်း ဝင်ပေါက်များစွာကို ရှာဖွေလာပြီးနောက် အခန်းထဲသို့ဝင်ပြီး သေသေချာချာ မစစ်ဆေးဘဲ အပြင်ပန်းကို ကြည့်၍ ဆုံးဖြတ်လို့ ရမည်မဟုတ်မှန်း ရန်ကိုင်သိသည်။

ပထမအဆုံးအနေဖြင့် ဘယ်ဘက်အခန်းကို အရင်သွားစစ်ဆေးကြည့်လေသည်။ ဘယ်ဘက်အခန်းထဲသို့ ဝင်လိုက်သည်နှင့် လိုဏ်ခေါင်းရှည်ကြီးထဲသို့ ရောက်လာခဲ့သည်။

လိုဏ်ခေါင်းသည် မီတာထောင်နှင့်ချီ ရှည်လျားသည်။ အတော်ကြာအောင် ရန်ကိုင် လျှောက်နေခဲ့သည်။ သို့တိုင် အဆုံးသို့ မရောက်သေးချေ။ ထို့ကြောင့် ရန်ကိုင်စိတ်ထဲ မျှော်လင့်ချက်တို့ ရိပ်တက်လာခဲ့သည်။ ဤလိုဏ်ဂူသည် ဂိုဏ်း၏ အတော်ဆုံး ပန်းပဲပညာရှင် အတွက် ဆောက်လုပ်ပေးထားခြင်း ဖြစ်သည့်အတွက် အခြားလိုဏ်ဂူများနှင့် အနည်းငယ် ကွဲပြားနေခဲ့သည်။ လုပ်စရာလိုတော့သည်ကား လိုဏ်ဂူထဲတွင် ပစ္စည်းကောင်းများ ကျန်မကျန်၊ ကြည့်ရန်သာ ရှိတော့သည်။

မီတာထောင်နှင့်ချီ လျှောက်လာပြီးနောက် ရုတ်တရက် အရှေ့ဘက်ဆီမှ အလင်းရောင် ဖျော့ဖျော့လေးကို ရန်ကိုင် လှမ်းမြင်လိုက်ရသည်။ ထိုမီးအလင်းရောင်သည် အရမ်းကြီး မစူးလှ။ အနေတော်ပင်ဖြစ်သည်။ ထို့အပြင် ထိုအလင်းရောင်တွင် စိမ်ငြိမ်အောင် လုပ်ပေးနိုင်သည့် အစွမ်းပါ ရှိနေခဲ့သည်။ ထိုအလင်းရောင်ကို မြင်လိုက်သည့်အခါ ရန်ကိုင်စိတ် အလိုလို ငြိမ်းအေးသွားခဲ့ရသည်။

အရှိန်ထပ်တင်လိုက်ပြီး သွားလိုက်ရာ မကြာမီ ကျောက်တုံးလိုဏ်ဂူရှေ့သို့ ရောက်လာခဲ့သည်။

ဤကျောက်တုံးခန်းသည် သူအရင်ဝင်ခဲ့သည့် ကျောက်တုံးခန်းများသည် ဆယ်ဆမက ပိုကျယ်ပေသည်။ မြေအောက်အနက်ပိုင်းတွင် ရှိနေသော်လည်း ဤနေရာရှိ လေသည် သန့်ရှင်လတ်ဆတ်နေဆဲပင်။ ညိစို့စို့အနံ့အသက် နည်းနည်းလေးမှပင်မရှိ။ ရှင်းရှင်းပြောရလျှင် အခြား အခန်းများဆက် အဆဆအရာရာ သာလွန်ပေသည်။

အခြားအခန်းများသည် ဤအခန်းများကဲ့သို့ မဟုတ်ဘဲ အခန်းထဲ ဝင်လိုက်သည်နှင့် စိတ်ထဲ အုံ့ဆိုင်းဆိုင်း၊ မှုန့်မှိုင်းမှိုင်း ဖြစ်သွားသလို ခံစားလိုက်ရသည်။

အခန်းပတ်လည်တွင် လက်သီးဆုပ်အရွယ် ဖြူဖျော့ဖျော့ အလင်းရောင်ကို ထုတ်လွှတ်နေသည့် အဖြူရောင်အလင်းလုံး ရှစ်လုံး ရှိနေခဲ့သည်။ ရန်ကိုင် မျက်ခုံးပင့်လိုက်ပြီး ထိုအလင်းရှစ်လုံးကို ကြည့်လိုက်သည်။ ထို့နောက် အခန်းကို စတင် စူးစမ်းစစ်ဆေးလေသည်။

သို့သော်လည်း ကျောက်တုံးခန်းကို စစ်ဆေးပြီးနောက် ရန်ကိုင် သက်ပြင်းချလိုက်သည်။ ကျောက်တုံးခန်း၏ အခြားအခန်းများနှင့်မတူ ထူးခြားခမ်းနားနေသည့်ပုံစံကို မြင်ပြီး အခန်းထဲ၌ အဖိုးတန်ရတနာများ ရှိနေလိမ့်မည်ဟု ထင်နေခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း ဤကျောက်တုံးခန်းသည် အခြားကျောက်တုံးခန်းများကဲ့သို့ လုံးဝ ဗလာနိတ္ထိ ဖြစ်နေလိမ့်မည်ဟု မည်သူ ထင်ထားခဲ့မည်နည်း။ အခန်းထဲတွင် ဘာအဖိုးတန်ပစ္စည်းမှမရှိ၊ ဧရာမ ပန်းပဲမီးဖိုကြီးတစ်လုံးသာ ရှိသည်။

အခန်းထဲတွင် ခင်းကျင်းထားသော စိတ်ဝိဥာဉ်အစီအရင်သည် အလုပ်လုပ်နေဆဲ။ ပြင်ပမှ အပူဓါတ်ကို စုပ်ယူပြီး အခန်းထဲသို့ အပူဓါတ်များ ပို့လွှတ်ပေးနေဆဲ။

ရန်ကိုင်၏ အကြည့် ပန်းပဲမီးဖိုပေါ်သို့ ရောက်ရှိသွားချိန် ချက်ချင်း တောက်ပသွားခဲ့သည်။ အကြောင်းမှာ ပန်ပဲမီးဖို အကောင်းအတိုင်း ရှိနေသေးသည်ကို တွေ့လိုက်ရသောကြောင့်ပင် ဖြစ်လေသည်။

ယခင်အခန်းများထဲတွင်လည်း ပန်းပဲမီးဖိုများကို တွေ့ခဲ့သည်။ သို့သော် ထိုအခန်းများထဲရှိ ပန်းပဲမီးဖို အားလုံးသည် ပျက်စီးနေခဲ့လေပြီ။ သို့သော်လည်း နှစ်ပေါင်းထောင်နှင့်ချီတိုင်အောင် မီးပြင်းပြင်းနှင့် အဖုတ်ခံထားရသဖြင့် ပျက်စီးသွားသည်မှာလည်း အပြစ်မဆိုသာချေ။

ရန်ကိုင် ရင်နာရသည်ကား ထိုပျက်စီးသွားသည့် မီးဖိုများထဲတွင် တန်ခိုးရှင်ဘုရင်အဆင့် မီးဖိုများပင် ပါနေခြင်းပင်။

သို့သော်လည်း အကောင်းအတိုင်း ရှိနေသေးသည့် မီးဖိုတစ်လုံးကို သူတွေ့ခဲ့လေပြီ။ နှစ်ပေါင်းထောင်နှင့်ချီတိုင်အောင် တောက်လျှောက် အပူပေးခံနေရသည်ကို ယနေ့အထိ မည်ကဲ့သို့ အကောင်းအတိုင်း ရှိနေနိုင်သေးသလဲ ဆိုသည်ကို ရန်ကိုင် မသိသော်လည်း ဤပန်းပဲမီးဖို၏ အဆင့်သည် လုံးဝ မနိမ့်ကျချေ။ အနည်းဆုံး တန်ခိုးရှင်ဘုရင်အဆင့် ရှိပေသည်။

တန်ခိုးရှင်ဘုရင်အဆင့် ပန်းပဲမီဖိုမှသာလျှင် ယနေ့ထိတိုင် တောင့်ခံနိုင်ပေလိမ့်မည်။

ရန်ကိုင်လည်း ပျော်ပျော်နှင့် စိတ်ဝိဥာဉ်အစီအရင်အား ထိန်းချုပ်ထားသည့် နေရာကို စတင် ရှာဖွေတော့လေသည်။

အခြားအခန်းများနှင့် မတူညီစွာပင် ဤအခန်းထဲတွင် ကျောက်တုံးစားပွဲလေးလုံး ရှိနေခဲ့သည်။ ထို့ကြောင့် အချိန်အတော်ကြာပြီးမှ စိတ်ဝိဥာဉ်အစီအရင်ကို ရန်ကိုင် ပိတ်လိုက်နိုင်သည်။

ရန်ကိုင်သည် ရေခဲသို့မဟုတ် ယင်ဓါတ်ကျင့်စဉ် တစ်မျိုးမျိုးကို ကျင့်ကြံထားခြင်း မရှိသလို ထိုစွမ်းအင်အမျိုးအစား မှော်ရတနာတစ်မျိုးမျိုးလည်း မရှိသဖြင့် မီးဖိုအပူချိန် ကျသွားသည်အထိ ထိုင်စောင့်နေလိုက်ရသည်။ တစ်ရက်ကြာပြီးသည့်နောက် ပန်းပဲမီးဖို၏ အပူချိန် သိသိသာသာ လျော့ကျသွားခဲ့သည်။ ပူနေသေးသော်လည်း ထိုအပူလောက်ကို ရန်ကိုင် မကြောက်ချေ။

ပန်းပဲမီးဖိုဆီ အမြန်လျှောက်သွားလိုက်ပြီး ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေးကြည့်လိုက်ရာ ပန်းပဲမီးဖိုသည် သူထင်ထားသကဲ့ပင် တန်ခိုးရှင်ဘုရင်အဆင့် မီးဖိုတစ်လုံး ဖြစ်နေသည်ကို တွေ့လိုက်ရသည်။ ထို့အပြင် မီးဖို အရည်အသွေးမှာ အတော့်ကို မြင့်လှရာ အဆင့်ကိုပင်လျှင် သူသေချာမခွဲတတ် ဖြစ်သွားခဲ့ရသည်။ သေချာ မခွဲတတ်သော်လည်း မီးဖို၏ အဆင့်သည် တန်ခိုးရှင်ဘုရင် အလယ်အလတ်အဆင့်အောက် လုံးဝ နိမ့်ကျလိမ့်မည် မဟုတ်ချေ။ ဤမီးဖိုသည် ငါးမီတာအမြင့်ရှိသည့် လက်ကိုင်နှစ်ခုပါ သုံးချောင်းထောက် မီးဖိုတစ်လုံး ဖြစ်သည်။ သို့သော်လည်း သူယခင်တွေ့ခဲ့ဖူးသည့် မီးဖိုများနှင့် မတူသည်ကား မီးဖိုကိုယ်ထည်ပေါ်တွင် နဂါး၊ဖီးနစ်ရုပ်များကို ထိုးထွင်ထားခြင်းမရှိဘဲ ထူးဆန်းသော ငှက်တစ်ကောင်ပုံစံကိုသာ ထိုးထွင်းထားခြင်းဖြစ်သည်။

ရန်ကိုင်သည် ထိုငှက်ရုပ်ကို အတော်ကြာအောင် စိုက်ကြည့်နေခဲ့သော်ငြား ဘာငှက်ရုပ်မှန်း မခွဲခြားနိုင်ခဲ့ချေ။ ထိုငှက်သည် ဖီးနစ်ငှက်တစ်ကောင်နှင့် တူသလို၊ ကြိုးကြာတစ်ကောင်နှင့်လည်း တူပေသည်။ ရှည်လျားသောနှုတ်သီး၊ အားကောင်းသော လက်သည်းများနှင့် ကျော့ရှင်းလှပသော အမြီးရှည်သုံးချောင်း ရှိနေခဲ့သည်။ ထို့အပြင် ငှက်ရုပ်မှာ အလွန်ကိုမှ အသက်ဝင်လှရာ မီဖိုးပေါ်မှ အချိန်ခုန်ထွက် ပျံသန်းတော့မည့်နှယ် ထင်ရသည်။

သေချာစစ်ဆေးကြည့်ပြီးနောက် ဇုန်းအောင်၏ မှတ်တမ်းထဲတွင် ရေးထားခဲ့သည့် မှတ်တမ်းများကို ပြန်စဉ်းစားကြည့်ရင် ထိုငှက်သည် သူဖတ်ခဲ့ဖူးသည့် ငှက်များထဲမှ တစ်ကောင်ကောင်နှင့် တူမတူ တိုက်ကြည့်ရန် လုပ်လိုက်သည်။ သို့သော်လည်း ငှက်မျက်လုံးဆီသို့ သူ့အကြည့် ရောက်ရှိသွားချိန် ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့သည်။

ထိုငှက် သူ့အား စိုက်ကြည့်နေသလို ရန်ကိုင် ခံစားလိုက်ရသည်။

သို့သော်လည်း သေချာ အနီးကပ်ကြည့်လိုက်သည့် အခါပြန်တွင်လည်း ငှက်ရုပ်သည် ဘာမှမထူးခြားနေပြန်။ မည်သည့် အသက်ဓါတ်မှ မရှိသည့် အရုပ်သက်သက် တစ်ခုသာ ဖြစ်နေသဖြင့် ရန်ကိုင် အတော်လေး ခေါင်းရှုပ်သွားခဲ့ရသည်။

သို့သော်လည်း အစောပိုင်းက တစ်ခုခု ခံစားမိလိုက်သဖြင့် သတိပေါ့ပေါ့လျော့လျော့ မနေရဲတော့ချေ။ ထိုပန်းပဲမီးဖိုနှင့် ပက်သက်၍ တစ်ခုခု မထူးခြားနေဘူးဟု မည်သူ ပြောနိုင်မည်နည်း။ စိတ်စွမ်းအင်ကို ထပ်မံထုတ်လွှတ်၍ ပန်းပဲမီးဖို၏ အတွင်းပိုင်ကို သေသေချာချာ စစ်ဆေးကြည့်လိုက်ရာ အထဲတွင် လောင်ကျွမ်းနေသော ပြာအကြွင်းအကျန်များမှ လွဲ၍ အခြား ဘာမှမရှိသည်ကို တွေ့ရှိလိုက်ရသည်။ ထိုအခါမှသာ ရန်ကိုင် သက်ပြင်းချလိုက်နိုင်သည်။

ဤပန်းပဲမီးဖိုသည် အံ့ဩဖွယ်ကောင်းသည့် ရှာဖွေတွေ့ရှိမှုတစ်ခု ဖြစ်သည်။ ဆေးဖော်စပ်ရာတွင် မီးဖိုအကြီးကြီးမလိုချေ။ တေဇောဓါတ်အသိစိတ်ပင်လယ်အား ရလိုက်သည့် အချိန်မှစ၍ ဆေးဖော်စပ်ရာတွင် သူတော်စင်ချီကို အသုံးပြုခဲသွားသည်။ သူတော်စင်ချီသည် နတ်ဆိုးမီးတောက်အသွင်သို့‌ ပြောင်းလဲသွားပြီးသည့် နောက်ပိုင်းတွင် သူတော်စင်ချီဖြင့် လုံးဝ ဆေးမဖော်စပ်တော့ချေ။

သို့သော်လည်း ဤပန်းပဲမီးဖိုကို ယန်ယန် အသုံးပြုရန် ပြန်ယူသွားနိုင်ပေသည်။ သူမတွင် ကျောက်တုံးရုပ်သေးရုပ် ရှိနေပြီဖြစ်သဖြင့် သတ္တုရိုင်းများကို သန့်စင်ရာတွင် ပန်းပဲမီးဖိုကို မလိုအပ်တော့သော်လည်း ပုံသွင်းခြင်း၊ အစီအရင်းများ ထိုထွင်းခြင်း အဆင့်များတွင် ပန်းပဲမီးဖို ကောင်းကောင်း တစ်လုံးကို လိုအပ်ပေသေးသည်။

ယန်ယန် သူ့အား များစွာ အကူအညီပေးခဲ့သည်။ သူ့အတွက် အားကောင်းသော စိတ်ဝိဥာဉ် အစီအရင်များကို ရေးဆွဲပေးခဲ့ရုံမက မှော်ရတနာများကိုပင် သန့်စင်ပေးခဲ့သည်။ ထို့အပြင် ကျောက်တုံးရုပ်သေးရုပ်၊ လေဟာနယ်ဝိဥာဉ်သလင်းကျောက်တွင်း ကဲ့သို့သော လျှို့ဝှက်ချက်များ ကိုလည်း နှစ်ယောက်စလုံး သိထားကြသည်။ အခြားမည်သူ့ကိုမှ ထုတ်မပြောချေ။ ထို့ကြောင့် ဤတန်ခိုးရှင်ဘုရင်အဆင့် မီးဖိုလေးတစ်လုံးကို ရန်ကိုင် ဘာကြောင့် ကပ်စေးနဲနေမည်နည်း။

ဆုံးဖြတ်ချပြီးသည်နှင့် ကောင်းကင်စိတ်အာရုံဖြင့် မီးဖိုကို ရစ်ပတ်ကာ သိုလှောင်လက်စွပ်ထဲ ထည့်ရန် ပြင်လိုက်သည်။

ထိုစဉ် မမျှော်လင့်ထားသည့် အရာတစ်ခု ဖြစ်သွားခဲ့သည်။ အေးကျသွားပြီဖြစ်သော ပန်းပဲမီးဖိုသည် ရုတ်တရက် တစ်ခါလာပြီးမှ ၎င်းဆီမှ အလွန်ပူပြင်းလှသော မီးတောက်မီးလျှံများ ပေါက်ကွဲထွက်လာခဲ့သည်။ ထိုမီးတောက်မီးလျှံများသည် ရန်ကိုင်၏ ကောင်းကင်စိတ်အာရုံကို ချက်ချင်း လောင်ကျွမ်းပစ်လေသည်။

ထိုအဖြစ်အပျက်ကြောင့် ရန်ကိုင် တုန်လှုပ်သွားခဲ့ပြီး သူ့ကောင်းကင်စိတ်အာရုံကို ချက်ချင်း ပြန်ရုတ်သိမ်းလိုက်သည်။ သို့သော်လည်း အချိန်မမှီလိုက်သဖြင့် သူ့ကောင်းကင်စိတ်အာရုံတစ်ဝက် ဗလာနတ္ထိအဖြစ် လောင်ကျွမ်းခြင်း ခံလိုက်ရသည်။

ရန်ကိုင် မျက်နှာ ဖြူလျော်သွားခဲ့ပြီး သူ့ရင်ထဲတွင်လည်း အလွန်ကို အံ့ဩသွားခဲ့ရသည်။

သူ့ကောင်းကင်စိတ်အာရုံသည် တေဇောဓါတ်အသိစိတ်ပင်လယ်မှ စိတ်စွမ်းအင်ဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည့်အတွက် အလွန်ကိုမှ ပူပြင်းလှပေသည်။ မြေအဆုတ်မီးတောက်ကန်ကို မရှာတွေ့ခင်၊ ငါးလွှာမြောက်ထဲတွင်ပင် သူ့ကောင်းကင်စိတ်အာရုံသည် ဤမျှ မြန်မြန် ပျက်စီးသွားခြင်း မရှိခဲ့ချေ။ သို့သော်လည်း ထိုမီးဖိုမှ ထွက်ပေါ်လာ‌သော မီးတောက်များသည် သူ့ကောင်းကင်စိတ်အာရုံကို တစ်ခဏအတွင်း လောင်ကျွမ်းပစ်လိုက်နိုင်သည်။ ထိုမီးဖိုမှ ထွက်ပေါ်လာသော မီးတောက်များသည် ငါးလွှာမြောက်ရှိ အပူဓါတ်ထက် အဆပေါင်းများစွာ ပိုပူသည်ဟု ဆိုလိုက်ခြင်းပေလော။

သို့သော်လည်း ထိုမီးတောက်သည် သိမ်မွေ့ပြီး အလွန်ကိုမှ မြန်ဆန်လှသည်။ ရန်ကိုင်၏ ကောင်းကင်စိတ်အာရုံကို လောင်ကျွမ်းပစ်ပြီးနောက် ချက်ချင်း ပျောက်ကွယ်သွားခဲ့သည်။ အစောပိုင်းက ဖြစ်ပျက်သွားခဲ့သည့် အဖြစ်အပျက်တစ်ခုလုံးသည် အိမ်မက်တစ်ခုနှယ်။

သူထင်ယောင်ထင်မှား ဖြစ်နေခြင်း မဟုတ်မှန်း ရန်ကိုင် သေချာသိသည်။ သူ့ခေါင်း တဆစ်ဆစ် ကိုက်နေလေရာ ဘာကြောင့် ထင်ယောင်ထင်မှား ဖြစ်နေခြင်း ဖြစ်ရမည်နည်း။

ဘာဖြစ်နေမှန်း ရန်ကိုင် အဖြေမထုတ်နိုင်သေးခင်မှာပဲ ပန်းပဲမီးဖိုပေါ်တွင် ရှိနေသော မီးငှက် ရုတ်တရက် အသက်ဝင်လာပြီး မီးဖိုပေါ်မှာ ခုန်ထွက်ကာ လှပသော အနီရောင်မီးငှက် တစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ ထိုမီးငှက်ဆီမှ အံ့အားသင့်ဖွယ်ကောင်းလှသည့် အပူဓါတ်တို့ ဖြာထွက်နေခဲ့သည်။ မီးဖိုပတ်လည်တွင် တစ်ပတ်လောက် ပျံသန်းပြီးနောက် ရန်ကိုင်ဆီသို့ တိုက်ရိုက် ထိုးဆင်းသွားလေသည်။

ထိုမီးငှက်ကိုကြည့်ရင်း ရန်ကိုင် ထိတ်လန့်တကြား ထအော်လိုက်သည် “မှော်ရတနာ စိတ်ဝိဥာဉ်လား”

ထိုမီးတောက်များ ဘာကြောင့် သိမ်မွေ့နေမှန်း ရန်ကိုင် ရုတ်တရက် နားလည်သွားသည်။ အစောပိုင်းက မီးငှက်သူ့အား ကြည့်နေသည့် ခံစားချက်သည် သူ့အထင်သက်သက်သာ မဟုတ်မှန်းလည်း နားလည်သွားခဲ့သည်။ ထိုမီးငှက် သူ့အား တကယ် ကြည့်နေခဲ့ခြင်း ဖြစ်သည်။ ထိုမီးငှက်တွင် ရုပ်ခန္ဓာမရှိသည့် အတွက်ကြောင့် ရန်ကိုင် မသိခဲ့ခြင်း ဖြစ်သည်။

ထိုအရာသည် ပန်းပဲမီးဖိုမှ မွေးဖွားလာခဲ့သည် မှော်ရတနာစိတ်ဝိဥာဉ် ဖြစ်သည်။ ထိုစိတ်ဝိဥာဉ်သည် အစကတည်းကပဲ ပန်းပဲမီးဖိုထဲတွင် ရှိနေခြင်းလား၊ သို့မဟုတ် နှစ်ထောင်ပေါင်း များစွာကြာအောင် အပူပြင်းပြင်းနှင့် အဆက်မပြတ် လောင်ကျွမ်းခြင်း ခံရပြီးမှ ဖြစ်ပေါ်လာခြင်းလား ရန်ကိုင် မသဲကွဲ။

သို့သော်လည်း ထိုအရာသည် တန်ခိုးရှင်ဘုရင်အဆင့် မှော်ရတနာတစ်ခု မှော်ရတနာ စိတ်ဝိဥာဉ်မှန်း သတိရလိုက်သည့်အခါ ရန်ကိုင် ရင်ထိတ်သွားရသည်။

အဆင့်မြင့် မှော်ရတနာများ၊ အဆင့်နိမ့်မှော်ရတနာများ ပိုင်ဆိုင်ထားသည့် လူအမျိုးမျိုးနှင့် ရန်ကိုင် တိုက်ခိုက်ခဲ့ဖူးသည်။ သို့သော်လည်း ထိုမျှ အားကောင်းသော မှော်ရတနာစိတ်ဝိဥာဉ် ရှိသည့် မှော်ရတနာမျိုးကိုမူ တစ်ခါမှ မတွေ့ဖူးချေ။

မှော်ရတနာစိတ်ဝိဥာဉ်များသည် အလွန်ကိုမှ ရှားပါးလှသည်။

ပထမဦးစွာ မှော်ရတနာစိတ်ဝိဥာဉ်များ ဖြစ်ပေါ်လာရန် အလွန်ကိုမှ ခက်ခဲသလို ကံနှင့်လည်း အများကြီး သက်ဆိုင်နေသည်။ ထို့အပြင် သူတို့ ဖြစ်ပေါ်လာရန် အချိန်အကြာကြီး လိုအပ်သည်။ မှော်ရတနာစိတ်ဝိဥာဉ်ရှိသည့် မှော်ရတနာတိုင်းသည် အနည်းဆုံး သက်တမ်း ထောင်နှင့်ချီ ကြာနေပြီဖြစ်သော မှော်ရတနာများ ဖြစ်ကြသည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၂၄၀)

မှော်ရတနာတစ်ခု မှော်ရတနာစိတ်ဝိဥာဉ်ကို ရရှိသွားသည်နှင့် တစ်ပြိုင်နက် ၎င်းထုတ်လွှတ်နိုင်သော စွမ်းအားသည် သိသိသာသာကို တိုးတက်သွားသည်။

ထို့ကြောင့်ပဲ အချို့ ကျင့်ကြံသူများသည် မွန်းစတားသားရဲစိတ်ဝိဥာဉ်များသုံး၍ မှော်ရတနာစိတ်ဝိဥာဉ်များ ဖန်တီးသည့် အံ့ဩဖွယ်ရာ နည်းလမ်းများကို တီထွင်ခဲ့ခြင်း ဖြစ်သည်။ မွန်းစတားသားရဲတစ်ကောင်ကို သတ်ဖြတ်ပြီးနောက် လျှို့ဝှက်ပညာရပ်တစ်ခုကို အသုံးပြုကာ ထိုမွန်းစတားသားရဲ၏ ဝိဥာဉ်ကို ၎င်း၏ ခန္ဓာကိုယ်မှ ဆွဲထုတ်ပြီး မှော်ရတနာထဲတွင် ချိတ်ပိတ်ပေမည်။ ထို့နောက် ကြိုးစားအားထုတ်မည်ဆိုပါက အချိန်ကြာလာလျှင် ထိုမွန်းစတားသားရဲ၏ ဝိဥာဉ်သည် မှော်ရတနာစိတ်ဝိဥာဉ် အဖြစ်သို့ ဖြည်းဖြည်းချင်း ပြောင်းလဲသွားပေလိမ့်မည်။

ထိုနည်းလမ်းသည် အလွန်ကိုမှ ရက်စက်လှကာ စတေးရသည့် ဖြစ်စဉ် အဆင့်ဆင့်မှာလည်း အမှန်တကယ်ကို လူမဆန်လှပေ။ မှော်ရတနာထဲတွင် ချိတ်ပိတ်ခံရသော မွန်းစတားသားရဲ စိတ်ဝိဥာဉ်သည် ထိုဖြစ်စဉ်အတောအတွင်း စိတ်မကူးဝံ့အောင် ခက်ခဲကြမ်းတမ်းလှသော နှိပ်စက်မှုကို ခံစားရသည်။ ထို့ကြောင့် မွန်းစတားသားရဲဝိဥာဉ်သည် နောက်ဆုံးတွင် မှော်ရတနာ စိတ်ဝိဥာဉ်အဖြစ်သို့ အောင်အောင်မြင်မြင် ပြောင်းလဲသွားခဲ့လျှင်ပင် မည်သည့်အခါမှ သာမန် မှော်ရတနာစိတ်ဝိဥာဉ်တစ်ခု ဖြစ်လာလိမ့်မည် မဟုတ်ချေ။ မိစ္ဆာမှော်ရတနာများတွင် ရှိနေသော မိစ္ဆာမှော်ရတနာ စိတ်ဝိဥာဉ်များသာ ဖြစ်လာပေလိမ့်မည်။

သို့သော် ထိုကဲ့သို့သော မှော်ရတနာစိတ်ဝိဥာဉ်များနှင့် သဘာဝအတိုင်း ဖြစ်လာသော မှော်ရတနာစိတ်ဝိဥာဉ်များကြား မိုနှင့်မြေပမာ ကြီးမလားလှသော ကွာခြားချက်ကြီးရှိသည်။ အတင်းအကြပ် လုပ်ယူထားသော မှော်ရတနာစိတ်ဝိဥာဉ်သည် မှော်ရတနာ၏ ခွန်အားကို က်လာစေနိုင်သော်လည်း အရမ်းကြီးတော့ အံ့ဩဖွယ်ရာမကောင်းချေ။

ထိုမျှသာမကသေး။ ထိုနည်းလမ်းသည် အောင်မြင်နိုင်ချေ အတော်လေး နည်းပါးသလို အချိန်လည်းကုန်၊ အရင်းအမြစ်လည်း အများကြီး လိုအပ်သည်။ ထို့ကြောင့် မိစ္ဆာကျင့်စဉ်များကို ကျင့်ကြံသည့် လူများနှင့် အလွန်ကိုမှ သည်းခံနိုင်စွမ်း မြင့်မားလှသည် လူအချို့မှ လွဲ၍ မည်သူမှ ထိုနည်းလမ်းဖြင့် မှော်ရတနာစိတ်ဝိဥာဉ် ဖန်တီးရန် မကြိုးစားကြချေ။ ထို့အပြင် ထိုနည်းလမ်းကို သိသည့်လူမှာလည်း အနည်းအကျဉ်းသာ ရှိပေသည်။

ရန်ကိုင် တွေ့နေရသည့် မှော်ရတနာစိတ်ဝိဥာဉ်သည် သဘာဝအတိုင်း ဖြစ်လာသည့် မှော်ရတနာစိတ်ဝိဥာဉ်တစ်မျိုး ဖြစ်သည်။ ကျင့်ကြံသူ တစ်ယောက်ယောက်မှ ဖန်တီးထားသည့် မိစ္ဆာမှော်ရတနာစိတ်ဝိဥာဉ်တစ်ခု မဟုတ်ချေ။ ထိုမှော်ရတနာစိတ်ဝိဥာဉ်သည် မိစ္ဆာအရှိန်အဝါ ကင်းမဲ့နေသည်။ ထို့ကြောင့် ပန်းပဲမီးဖိုမှ ထိုမှော်ရတနာစိတ်ဝိဥာဉ်ကို မွေးဖွားပေးလိုက်ခြင်း ဖြစ်ရပေလိမ့်မည်။

ပန်းပဲမီးဖိုးသည် တိုက်ခိုက်ရေးလက်နက်တစ်ခု မဟုတ်သော်လည်း ၎င်း၏ အဆင့်မှာ မနိမ့်ကျချေ။ ထိုထူးဆန်းသော မှော်ရတနာစိတ်ဝိဥာဉ်ကြောင့် ရန်ကိုင်မှာ အတော်လေးကိုမှ ဖိအားများနေခဲ့ရသည်။

သူ့ဆီ ထိုးဆင်လာသည်ကိုမြင်သော် ရန်ကိုင် အမြန် ပြန်ဆုတ်လိုက်ရသည်။ ထိုမှော်ရတနာ စိတ်ဝိဥာဉ် ဖြစ်ပေါ်လာသည်မှာ သိပ်မကြာပါသေးစေနှင့်၊ ကိုယ်ပိုင် အသိစိတ်ကိုလည်း မပိုင်ဆိုင်ထားပါစေနှင့်ဟု ကြိတ်၍ ဆုတောင်းနေခဲ့သည်။

နောက်သို့ ပြန်ဆုတ်ပြီးသည်နှင့် ခရမ်းရောင်ဒိုင်းကို အလျင်အမြန် ထုတ်လျက် အသက်သွင်းလိုက်သည်။

သို့သော်လည်း သဲမုန်တိုင်းပေါ်လာသည်နှင့် မှော်ရတနာ စိတ်ဝိဥာဉ်က ၎င်း၏ တောင်ပံကို ခတ်လိုက်သည်။ အားကောင်းလှသော မီးတောက်ဓါးသွားတို့ ရောယှတ်နေသည့် မီးတောက် လေပြင်းများ ထွက်ပေါ်လာပြီး သဲမုန်တိုင်းအရံအတားကို ချက်ချင်း ဖျက်စီးပစ်လေသည်။

မီးတောက်လေပြင်းများကြောင့် မီးတောက်ဓါးသွားများ၏ စွမ်းအားမှ ကြောက်မခန်းလိလိ မြင့်တက်သွားခဲ့သည်။ ထို့ကြောင့် သဲမုန်တိုင်း၏ အရံအတားကို ဖျက်စီးပြီးရုံနှင့်ရပ်တန့်သွားခြင်း မရှိသေးဘဲ ရန်ကိုင်ဆီသို့ပါ ဆက်လက် တိုးဝင်လာခဲ့သည်။ မှော်ရတနာစိတ်ဝိဥာဉ်၏ စွမ်းအားကို မြင်ပြီးနောက် ရန်ကိုင့်ရင်ထဲ တင်းကြပ်သွားခဲ့ရသည်။ နတ်ဆိုးမီးတောက်ဖြင့် ဓါးတစ်ချောင်း ကပျာကယာ ဖန်တီးလိုက်ပြီး သူ့ရှေ့တည့်တည့်အား ပိုင်းချလိုက်သည်။

ရွှင်… ရွှစ်…. အုန်း…. ဒုန်း….

ပေါက်ကွဲသံများ တရစပ် ထွက်ပေါ်လာခဲ့သည်။ ရန်ကိုင်၏ နတ်ဆိုးမီးတောက်သည် မီးတောက်ဓါးသွားများကို တားဆီးလိုက်နိုင်သည်။ သို့သော်လည်း မီးတောက်ဓါးသွား အရေအတွက်မှာ အလွန်ကိုမှ များပြားလှသဖြင့် ရန်ကိုင် ချက်ချင်း အောက်စည်းသို့ ရောက်သွားရသည်။

မီးငှက်ကြီး၏ သာမန် တိုက်ခိုက်မှုတစ်ခုသည် ဤမျှ အားကောင်းလှသော စွမ်းအားကို ပိုင်ဆိုင်ထားသည်။

ထို့ကြောင့် ရန်ကိုင်လည်း တောင်တစ်ရာ ပန်ချီးကားချပ်ကို ထုတ်သုံးရတော့သည်။ ပုံရိပ်ယောင်တောင်များကို ဆင့်ခေါ်ပြီး မီးတောက်ဓါးသွားမုန်တိုင်းကို ထုရိုက်တော့သည်။

မီးငှက်၏ အကြည့်ထဲ အထင်အမြင်သေးသည့် အရိပ်အယောင်တို့ ထွက်ပေါ်လာပြီး တောင်ပံများကို နောက်တစ်ကြိမ် ထပ်ခတ်လိုက်သည်။ ဖျက်စီးလို့ပင် မကုန်သေးနိုင်သော မီးတောက်ဓါးသွားများသည် မီးတောက်မြွေသေးသေးလေးများ အဖြစ်သို့ ပြောင်းလဲသွားပြီး တောင်များကြား လျှိုဝင်ကာ ရန်ကိုင်ဆီသို့ တိုးဝင်သွားလေသည်။

မီးငှက်၏ လူသားပုံစံ အမူအရာကို တွေ့လိုက်သည့်အခါ ရန်ကိုင် တုန်လှုပ်သွားပြီး စိတ်ထဲ ကြိတ်၍ ကျိန်ဆဲလိုက်သည်။

ထိုမီးငှက်သည် အသိစိတ်ရှိနေရုံမက ၎င်း၏ ဥာဏ်ရည်မှာလည်း အတော်လေးကို မြင့်မားနေလေပြီ။ မဟုတ်လျှင် ထိုကဲ့သို့ အမူအရာမျိုး လုပ်ပြလိမ့်မည် မဟုတ်ချေ။

ပိုဆိုးသည်ကား ထိုမှော်ရတနာစိတ်ဝိဥာဉ် ပန်းပဲမီးဖိုမှ ဖြစ်ပေါ်လာခြင်း ဖြစ်သဖြင့် မီးဓါတ်ပညာရပ်များတွင် အလွန်ကျွမ်းကျင်သည်။ ထို့ကြောင့် ထိုမှော်ရတနာစိတ်ဝိဥာဉ်ကို ဤကျောက်တုံးခန်းထဲတွင် ယှဉ်တိုက်ခြင်းသည် အသိဥာဏ်ရှိရာ မရောက်ချေ။

ရန်ကိုင် ချက်ချင်း ပြန်ဆုတ်ရန် ဆုံးဖြတ်လိုက်သည်။

တစ်ချိန်တည်းတွင် မီးတောက်ဘောလုံးများကို မီးငှက်ဆီသို့ ပစ်လွှတ်လိုက်သည်။ ထို့နောက် ချီထိန်းချုပ်ခြင်း ပညာရပ်ကို အသုံးပြုလျက် မီးဘောလုံးများအား မီးတောက် မြွေလေးများအဖြစ်သို့ အသွင်းပြောင်းစေလျက် မီးငှက်အား တန်ပြန်တိုက်ခိုက်လိုက်သည်။

အနက်ရောင်မြွေများနှင့် အနီရောင်မြွေများ ထိပ်တိုက်တွေ့ကာ တစ်ကောင်နှင့်တစ်ကောင် အပြန်အလှန် ကိုက်ဖြတ်ကြတော့သည်။

ရန်ကိုင်လည်း ထိုအခိုက်အတန့်ကို အခွင့်ကောင်းယူကာ ချက်ချင်း ပြန်ဆုတ်သည်။ ဤကျောက်တုံးခန်းလေးထဲတွင် ထိုမီးငှက်ကို ယှဉ်မတိုက်ချင်တော့ချေ။

သို့သော်လည်း မီးငှက်သည် ရန်ကိုင် ဘာကြံနေလဲဆိုသည်ကို နားလည်သည့်ပုံပင်။ ချက်ချင်းပဲ ရန်ကိုင်ဆီ လက်ဆေးဇလုံ အရွယ်အစားလောက်ရှိသည့် မီးဘောလုံးတစ်လုံး ရန်ကိုင်ဆီ ပစ်လွှတ်လိုက်သည်။ ထိုမီးဘောလုံးကို မြင်လိုက်သည်နှင့် ရန်ကိုင် စိတ်ညစ်သွားခဲ့သည်။

ထိုမီးဘောလုံးနှင့်သာ ထိသွားပါက မသေလျှင်ပင် ပြင်းပြင်းထန်ထန် ဒဏ်ရာ ရသွားရပေလိမ့်မည်။ ထို့ကြောင့် ရန်ကိုင်လည်း အလျင်စလို ရှောင်လိုက်ရသည်။

မီးငှက်သည် ရန်ကိုင် ထိုကဲ့သို့ လုပ်မည်ကို ကြိုသိထားသည့်ပုံပင်၊ ၎င်း၏ မျက်နှာထက်ရှိ အထင်သေးရိပ်တို့မှာလည်း ပို၍ သိသာလာခဲ့သည်။ မီးလုံးကို ရန်ကိုင်အား ဖြတ်ကျော်သွားပြီးနောက် ကျောက်တုံးခန်းပေါက်ဝကို သွားမှန်သည်။ သို့သော်လည်း မီးဓါတ် စွမ်းအင်များသည် ပေါက်ကွဲထွက်သွားခြင်း မရှိဘဲ အနီရောင်အလင်းအရံတစ်ခု အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး ကျောက်တုံးခန်းပေါက်ကို ပိတ်ဆို့သွားလေသည်။

ရန်ကိုင် မျက်မှောင်ကြုတ်သွားသည်။

မီးငှက်သည် ဤနေရာတွင်သာ တိုက်ခိုက်ချင်သည့်ပုံပင်။

ပုံမှန်သာဆိုလျှင် ထိုကဲ့သို့သော အရံအတားမျိုးသည် ရန်ကိုင်အား မည်သို့မှ ဟန့်တားနိုင်လိမ့်မည် မဟုတ်ချေ။ ထိုအရံအတားလောက်ကို နည်းနည်းလောက် အားစိုက်ရုံဖြင့် ရန်ကိုင် ဖျက်စီးပစ်နိုင်သည်။ သို့သော်လည်း မီးငှက်သည် သူ့အား တောက်လျှောက် စိုက်ကြည့်နေလေရာ ရန်ကိုင်တွင် ထိုအရံအတားကို ဖျက်စီးချိန် မည်ကဲ့သို့ ရှိမည်နည်း။

သူသာ အရံအတားကို ဖျက်စီးရန် ကြိုးစားမည်ဆိုပါက မီးငှက်၏ တရစပ် တိုက်ခိုက်ခြင်းကို ခံရပေလိမ့်မည်။

“သောက်ငှက်၊ ဒါကို မင်းကိုယ်တိုင် ဖြစ်အောင် လုပ်လိုက်တာပဲ” ရန်ကိုင် ဒေါသပုန် ထသွားခဲ့သည်။ ပြန်ဆုတ်ရန် မစဉ်းစားတော့ဘဲ နတ်ဆိုးမီးတောက်များဖြင့် ဧရာမ မီးဘောလုံးကြီး တစ်လုံး ဖန်တီးလိုက်လေသည်။

ရန်ကိုင် ဒေါသပုန်ထသွားသည်ကို မြင်သော် မီးငှက်မျက်နှာထက်ရှိ လှောင်ပြောင်ရိပ်တို့ ပျောက်ကွယ်သွားပြီး လေးနက်ရိပ်တို့ အစားထိုး ဝင်ရောက်လာခဲ့သည်။ ရန်ကိုင်သည် သူစိတ်ရှိသလို ဖျစ်ညစ်ဖျက်စီးပစ်နိုင်သည့် ပုရွတ်ဆိတ်တစ်ကောင် မဟုတ်ချေ။

သို့သော်လည်း မီးငှက်သည် မှော်ရတနာစိတ်ဝိဥာဉ် တစ်ခုသာ ဖြစ်သည်။ ၎င်းသည် အတိုင်းအတာ တစ်ခုအထိ အသိဥာဏ်ရှိပြီး ဖြစ်သော်လည်း ထိုကဲ့သို့သော အရာများကို အချိန်ကုန် ထိုင်တွေးမနေချေ။ စူးစူးရှရှ အော်ဟစ်လိုက်ပြီး ရန်ကိုင်၏ အသိစိတ်ပင်လယ်ကို စိတ်စွမ်းအင်သုံးကာ တိုက်ခိုက်လိုက်သည်။

ရန်ကိုင်၏ အသိစိတ်ပင်လယ်တစ်ခုလုံး လှိုင်းထန်သွားသည်။ ထိုအခြင်းအရာကိုမြင်သော် ရန်ကိုင် ဒေါသတကြီး ကျိန်ဆဲလေသည်။ လှိုင်းထန်နေသော အသိစိတ်ပင်လယ်ကို အတင်းအကြပ် ဖိနှိပ်လိုက်ပြီး နတ်ဆိုးမီးတောက်များကို ဆက်လက် ထုတ်လွှတ်နေသည်။ ယခုဆိုလျှင် အခန်း တစ်ဝက်လောက်သည် နတ်ဆိုးမီးတောက်များဖြင့် ပြည့်နေခဲ့လေပြီ။

ယခု ကျောက်တုံးခန်းလေး နှစ်ပိုင်းကွဲနေလေပြီ။ တစ်ပိုင်းသည် အနက်ရောင် မီးတောက်များဖြင့် ပြည့်နေပြီး ကျန်တစ်ပိုင်းသည် ချစ်ချစ်တောက် ပူလောင်သော အနီရောင် မီးတောက်များဖြင့် ပြည့်နေခဲ့သည်။ ထိုစွမ်းအင်နှစ်မျိုးသည် တစ်ခုနှင့်တစ်ခု အပြန်အလှန် တိုက်ခိုက်နေကြသည်။

ရန်ကိုင်နှင့် မီးငှက်တို့၏ တိုက်ခိုက်မှုကြောင့် ကျောက်တုံးခန်းတစ်ခန်းလုံး တုန်ခါလာသည်။ ကြမ်းပြင်၊ နံရံများနှင့် မျက်နှာကြပ်များအားလုံး အရောင် တဖျတ်ဖျတ် လက်လာခဲ့သည်။ ရန်ကိုင်တို့၏ တိုက်ခိုက်မှုများကြောင့် အခန်းထဲတွင် ခင်းကျင်းထားသော အကာအကွယ် အစီအရင်များ အသက်ဝင်လာခြင်း ဖြစ်သည်။ ကံကောင်းစွာဖြင့် ထိုအရံအတားများသည် ရန်ကိုင်တို့ တိုက်ခိုက်နေရာမှ ထွက်ပေါ်လာသော စွမ်းအင်လှိုင်းများကို တားဆီးပစ်နိုင်ခဲ့သည်။

ဂိုဏ်းတစ်ခုလုံး၏ အတော်ဆုံး ပန်းပဲပညာရှင်တစ်ယောက် အတွက် လုပ်ပေးထားသော အခန်းသည် ပေါ့သေးသေး မဟုတ်သည်မှာ သေချာလောက်သည်။ မဟုတ်လျှင် ရန်ကိုင်နှင့် မီးငှက်တို့၏ တိုက်ခိုက်မှုကြောင့် အခန်းတစ်ခန်းလုံး ပြိုကျသွားလောက်ပေပြီ။ အနက်ရောင်နှင့် အနီရောင် အလင်းတို့ ဆက်လက် ထိပ်တိုက်တွေ့နေသည်။

ရန်ကိုင်၏ အမူအရာ လေးနက်တည်ကြည်သွားခဲ့သည်။ ရဲရဲတောက်နီမြန်းသော မီးငှက်၏ ပါးစပ်ဆီမှလည်း ဘာမှန်းမသိသော အသံများ အဆက်မပြတ် ထွက်ပေါ်နေသည်။

ရန်ကိုင်နှင့် မီးငှက်တို့သည် ထိုကဲ့သို့ အမွှေးတိုင်တစ်ချောင်းစာအောင် တိုက်ခိုက်နေကြသည်။ အမွှေးတိုင်တစ်ချောင်းစာ ကြာပြီးနောက် သူတို့၏ တိုက်ခိုက်မှု အသီးသီးကို ပြန်ရုတ်သိမ်းလိုက်ကြသည်။ ထိုကဲ့သို့ ထိပ်တိုက် တိုက်ခိုက်နေ၍ ဘာမှ အကျိုးထူးလာမည် မဟုတ်မှန်း နှစ်ဖက်စလုံး သိလိုက်ကြသည့်ပုံပင်။

မှော်ရတနာစိတ်ဝိဥာဉ်တစ်ခုသည် သူနှင့် လက်ရည်တူ ယှဉ်တိုက်နိုင်လိမ့်မည်ဟု ရန်ကိုင် မထင်ထားခဲ့ချေ။ သူ့ခွန်အားအကြောင်းကို ရန်ကိုင် ကောင်းကောင်းသိသည်။ သာမန် တန်ခိုးရှင် အဆင့် ကျင့်ကြံသူတစ်ယောက်နှင့် တွေ့လျှင်ပင် သူ့ပြိုင်ဘက်သာ သတိမထားပါက ထိုကျင့်ကြံသူကို ဒဏ်ရာပြင်းပြင်းထန်ထန်ရအောင် လုပ်နိုင်သည်။ တန်ခိုးရှင်အဆင့် ပညာရှင်အား သတ်နိုင်၊ မသတ်နိုင် ဆိုသည်မှာတော့ ထိုကျင့်ကြံသူ၏ နည်းလမ်များ အပေါ်တွင်သာ မူတည်ပေသည်။

သို့သော်လည်း ထိုမှော်ရတနာစိတ်ဝိဥာဉ်သည် သူ့အောက် မနိမ့်ကျချေ။

ထို့အပြင် ထိုမှော်ရတနာစိတ်ဝိဥာဉ်သည် ပိုင်ရှင်မရှိသည့် မှော်ရတနာစိတ်ဝိဥာဉ် တစ်ခုသာဖြစ်သည်။ ပိုင်ရှင်သာ ရှိလိုက်လျှင်မူကား ရန်ကိုင် လုံးဝ ထွက်ပြေးရပေလိမ့်မည်။

မှော်ရတနာစိတ်ဝိဥာဉ်သည် သီးခြားတည်ရှိနေနိုင်သည့် ဖြစ်တည်မှုမျိုး မဟုတ်ချေ။ ၎င်း၏ တည်ရှိမှုသည် မှော်ရတနာနှင့် ပူးတွဲ တည်ရှိနေသည်။ မှော်ရတနာမှသာလျှင် ၎င်း၏ စွမ်းအား အပြည့်အဝကို ထုတ်ဖော်ပြသနိုင်ပေလိမ့်မည်။

ဤမီးငှက်လေးကိုပင် အသည်းအသန် တိုက်ခိုက်နေရပါက၊ စွမ်းအား အပြည့်အဝ ထုတ်သုံးနိုင်သည့် မီးငှက်နှင့်သာ ရင်ဆိုင်ရမည်ဆိုလျှင်…

ထိုအကြောင်းကို တွေးလိုက်ရုံဖြင့် ရန်ကိုင် ကြက်သီးမွှေးညင်း ထမိသွားသည်။ သူ့အမူအရာမှာလည်း ပို၍ လေးနက်သွားခဲ့လေသည်။ နည်းနည်းလေးမှ တုန့်ဆိုင်းမနေရဲတော့ဘဲ သူ့ရှေ့တည့်တည့်တွင် မဟာကောင်းကင်ဒိုင်းများစွာကို ဖန်တီးလိုက်သည်။ တစ်ချိန်ည်းတွင် ခရမ်းရောင်ဒိုင်းကိုပါ အသက်သွင်းလိုက်လေသည်။

မှော်ရတနာစိတ်ဝိဥာဉ်၏ အမူအရာမှာ အတော်လေး ခက်ထန်နေသည်။ အခန်းအလယ်တွင် တိတ်တဆိတ် တည်ရှိနေသော ပန်းပဲမီးဖိုသည်လည်း ဘာမှန်းမသိသော အသံများကို ထုတ်လွှတ်နေခဲ့သည်။ ရုတ်တရက် ပန်းပဲမီးဖို လေထဲသို့ ပျံတက်လာပြီး အဆက်မပြတ် ဝှေ့ရမ်းရင်း မီးငှက်၏ ကိုယ်ထဲသို့ မီးတောက်မီးလျှံများစွာကို ပစ်လွှတ်လိုက်သည်။

ထိုမီးတောက်မီးလျှံများ မီးငှက်၏ ကိုယ်ထဲသို့ ဝင်သွားသည်နှင့် တစ်ပြိုင်နက် ၎င်း၏ အရှိန်အဝါ သိသိသာသာကို မြင့်တက်လာလေသည်။ တစ်ချိန်တည်းတွင် အရာရာကို ဖိနှိပ်လိုသည့် အရှိန်အဝါတစ်ခု ထွက်ပေါ်လာခဲ့သည်။

ရန်ကိုင်မျက်နှာ ဖြူလျော်သွားပြီး အလန့်တကြား ထအော်လေသည် “ရှီလား”

ထိုမှော်ရတနာစိတ်ဝိဥာဉ်သည် တန်ခိုးရှင်အဆင့် ပညာရှင်များသာ နားလည်နိုင်သော ရှီအား မည်ကဲ့သို့ အသုံးပြုရမလဲ ဆိုသည်ကို သိနေခဲ့သည်။

သဲမီးတောက်နယ်မြေထဲသည် ရှီကို လက်မခံဟု ချင်းတုန် ပြောခဲ့ပေသည်။ ရှီကို ကျွမ်းကျင်ထားသော ကျင့်ကြံသူတစ်ယောက် သဲမီးတောက်နယ်မြေထဲသို့ ဝင်သွားသည်နှင့် ချက်ချင်း လောင်ကျွမ်းခံရပေလိမ့်မည်။ ထို့ကြောင့်ပဲ မည်သည့် တန်ခိုးရှင်အဆင့် ပညာရှင်မှ သဲမီးတောက်နယ်မြေထဲသို့ မဝင်ရဲတော့ခြင်း ဖြစ်သည်။

သို့သော်လည်း မီးငှက် ရှီကို အသုံးပြုလိုက်သည့်အချိန်တွင် ဘာမှ ဖြစ်မသွားခဲ့ချေ။

အလျင်အမြန်ပဲ မီးငှက် အသုံးပြုနေသော စွမ်းအားသည် ရှီနှင့် ဆင်တူသော်လည်း ရှီမဟုတ်သည်ကို ရန်ကိုင် သတိပြုမိလိုက်သည်။ မီးငှက်သည် အနီးအနားဝန်းကျင်ရှီ မီးဓါတ် အရှိန်အဝါ၏ အားကိုးဖြင့် ထိုပညာရပ်ကို အသုံးပြုနေခြင်း ဖြစ်သည်။

မီးဓါတ်မှော်ရတနာတစ်ခု၏ စိတ်ဝိဥာဉ်ဆိုသည့်အတိုင်း မီးဓါတ်ပညာရပ်များကို နိုင်နိုင်နင်းနင်း အသုံးပြုနိုင်ပေသည်။ ဤကဲ့သို့သော ထူးဆန်းသော ဖိအားမျိုးနှင့် ရင်ဆိုင်ရသည်မှာ ဒုတိယအကြိမ် ဖြစ်သည်။ ပထမတစ်ကြိမ်သည် နဂါးလိုဏ်ဂူတောင် အပြင်ဘက်တွင် ရှဲ့ဟုန်ဝမ်၏ သက်တော်စောင့် နှစ်ယောက်နှင့် တိုက်ခိုက်သည့်အခါက ဖြစ်သည်။

သို့သော်လည်း ယခင်က သူရင်ဆိုင်ခဲ့ရသည့်ရှီသည် သူလက်ရှိ ရင်ဆိုင်ရနေသည့် စွမ်းအားနှင့် မယှဉ်နိုင်ချေ။ ယခင်အခါက ရှီ၏ ရစ်ပတ်ခြင်း ခံလိုက်ရပြီး သူ့လှုပ်ရှားမှုများ နှေးကွေးသွားရုံသာရှိသည်။ အရမ်းကြီး ဖိအား မခံစားခဲ့ရ။

သို့သော်လည်း လက်ရှိ မီးငှက်ဆီမှ ထွက်ပေါ်နေသော ဖိအားကြောင့် သူ့အရိုးများပင် တကျွီကျွီ မြည်သံများ ထွက်ပေါ်နေခဲ့သည်။ လက်ချောင်းလေးများကိုပင် မလှုပ်နိုင်တော့ချေ။ မမြင်နိုင်သော ချိန်းကြိုးတစ်ချောင်းသည် ရန်ကိုင်အား လှုပ်မရအောင် ရစ်ပတ်ထားခဲ့သည်။ ထိုမျှသာမဟုတ်၊ သူ့ကောင်းကင်စိတ်အာရုံနှင့် သူတော်စင်ချီပင်လျှင် ချိတ်ပိတ်ခြင်း ခံလိုက်ရသည်။

All Chapters