အခန်း (၁၂၄၆-၁၂၅၀)
Vol. 50 Ch. 1246-1250
အပိုင်း (၁၂၄၆)
မဟာကောင်းကင်ဆွဲအား ပညာရပ်သည် ကောင်းကင်နတ်ဘုရား ပညာရပ်ကိုးခုထဲမှ တစ်ခု ဖြစ်ပေသည်။ ကောင်းကင်နတ်ဘုရား ပညာရပ်များသည် ထုန်းရွှမ်လောကကြီးမှ အရင်းတည်လာခြင်း ဖြစ်သော်လည်း အလွန်ကိုမှ အားကောင်းလှသည်။ ထို့ကြောင့် မဟာကောင်းကင်ဆွဲအား ပညာရပ်ကို မှော်ရတနာစိတ်ဝိဥာဉ်အပေါ် သုံးလိုက်၍ သူပြန်ဒဏ်ရာ ရသွားမည်ကို ရန်ကိုင် မကြောက်ခြင်း ဖြစ်သည်။
အကုန်လုံးသည် အဆင်ပြေပြေ ချောချောမွေ့မွေ့နှင့် ပြီးဆုံးသွားခဲ့သည်။ မှော်ရတနာစိတ်ဝိဥာဉ်၏ ဝိဥာဉ်အပိုင်းအစကို ရလိုက်ပြီး သူ့အသိစိတ်ပင်လယ်ထဲတွင် သိမ်းထားလိုက်လေသည်။
ဤနည်းဖြင့် မှော်ရတနာစိတ်ဝိဥာဉ်၏ သေခြင်းရှင်းခြင်းကို သူထိန်းချုပ်နိုင်သွားလေပြီ။ ထိုကောင်သာ သူ့အား တစ်ခုခု အကောက်ကြံမည်ဆိုပါက ထိုဝိဥာဉ်အမှတ်အသားကို ဖျက်စီးပစ်လိုက်ရုံပင်
ဝိဥာဉ်အမှတ်အသားကို ဆုံးရှံးသွားပြီးနောက် မှော်ရတနာစိတ်ဝိဥာဉ်၏ မျက်နှာ ရှုံ့သွားခဲ့သည်။ တောင်ပံနှစ်ဖက်ကို တဖျက်ဖျက်ခတ်ပြီး ရန်ကိုင်အားကြည့်ကာ စူးစူးဝါးဝါး အဆက်မပြတ် အော်ဟစ်သည်။ မှော်ရတနာစိတ်ဝိဥာဉ် စိတ်ညစ်နေပြီမှန်း သူသိသည်။ သို့သော် ဂရုမစိုက်ချေ။ ထို့နောက် ပန်ပဲမီးဖိုအား ဖုံးလွှမ်းထားသည့် ရေခဲများကို ဖယ်ရှားလိုက်လေသည်။ မှော်ရတနာစိတ်ဝိဥာဉ်ကို အညံ့ခံအောင် လုပ်ပြီးသွားပြီ ဖြစ်လေရာ ပန်းပဲမီးဖိုကို ဆက်ခဲထားစရာ မလိုတော့ချေ။ ပန်းပဲမီးဖိုအား ခဲထားခြင်းသည် မှော်ရတနာစိတ်ဝိဥာဉ်ကို မည်သည့်ဒဏ်ရာမှ မရစေသော်လည်း သူ့အား အတော်လေးကိုမှ ထိခိုက်စေပေသည်။
ပန်းပဲမီးဖိုပေါ်မှ ရေခဲလွှာများ ကွာကျသွားသည်ကိုမြင်သော် မှော်ရတနာစိတ်ဝိဥာဉ်၏ ဒေါသ အတော်လေး ပြေလျော့သွားခဲ့သည်။ သို့သော်လည်း ကလေးဆိုးလေး တစ်ယောက်ကဲ့သို့ စိတ်ကောက်နေဆဲ။
ရန်ကိုင်က တစ်ခုခုကို စဉ်းစားမိသွားပြီး သူ့လက်ချောင်းကို ဆန့်ထုတ်၍ ရွှေရောင်သွေးစက် တစ်စက်ကို ထုတ်ပြလိုက်ကာ မေးလိုက်သည် “မင်းဒါလိုချင်လား”
နတ်ဘုရားသစ်ပင်သည် ရွှေရောင်သွေးစက် နှစ်စက်ကို သောက်ပြီး ချက်ချင်း ဆင့်ကဲပြောင်းလဲခြင်း ဖြစ်စဉ်တွင်းသို့ ဝင်ရောက်သွားခဲ့သည်။ ရွှေရောင်သွေးစက် နတ်ဘုရားသစ်ပင်အား အကျိုးပြုသည်ကို ရန်ကိုင် နားလည်နိုင်သည်။ တကယ်တော့ ရွှေရောင်သွေးစက်ထဲတွင် သိပ်သည်းလှသော အသက်စွမ်းအင်များ ပါဝင်နေသည် မဟုတ်ပေလော။
သို့သော်လည်း ထိုရွှေရောင်သွေးစက်အား မှော်ရတနာစိတ်ဝိဥာဉ် စိတ်ဝင်စားမလား၊ စိတ်မဝင်စားဘူးလား ဆိုသည်ကိုမူ ရန်ကိုင် မသိချေ။ ထိုကောင်သာ စိတ်ဝင်စားမည်ဆိုပါက သူနှင့်ထိုကောင်ကြားမှ ဆက်ဆံရေး ပို၍ တိုးတက်လာနိုင်ပေသည်။
သို့သော်လည်း မှော်ရတနာစိတ်ဝိဥာဉ် စိတ်မဝင်စားလောက်ဘူးဟု ထင်သော်လည်းငြာ ရွှေရောင်သွေးစက်ကို မှော်ရတနာစိတ်ဝိဥာဉ် အမှန်တကယ် စိတ်ဝင်စားသွားခဲ့ပေသည်။ ရွှေရောင် သွေးစက်ကို မြင်လိုက်သည်နှင့် မှော်ရတနာစိတ်ဝိဥာဉ်၏ မျက်ဝန်းအစုံ တောက်ပသွားခဲ့ပြီး ချက်ချင်းပဲ အလင်းတန်းတစ်ခု အသွင်သို့ပြောင်းကာ ရန်ကိုင်ဆီ ပြေးဝင်လာလေသည်။
ရန်ကိုင် ချက်ချင်းပဲ သူတော်စင်ချီကို လှည့်ပတ်ကာ ခုခံရန် ပြင်လိုက်သည်။ သို့သော် မှော်ရတနာစိတ်ဝိဥာဉ်ဆီမှ မည်သည့် ရန်လိုစိတ်ကိုမှ မခံစားမိသော် ချက်ချင်းပဲ သူ့စိတ်ကို ဖြေလျော့လိုက်သည်။
အနီရောင်အလင်းတန်းသည် ရန်ကိုင်အား ဖြတ်ကျော်သွားပြီး သူ့လက်ချောင်းထိပ်ပေါ်မှ ရွှေရောင်သွေးစက်ကိုပါ ယူသွားခဲ့သည်။ ခဏအကြာတွင် အနီးအနား တစ်နေရာ၌ မီးငှက် ပြန်ပေါ်လာခဲ့သည်။ ယခင်က မှေးမှိန်ကာ ပျောက်ကွယ်တော့မလိုပင် ဖြစ်နေသော မီးငှက်၏ ခန္ဓာကိုယ်သည် အလွန်ကိုမှ မြန်ဆန်သော အမြန်နှုန်းဖြင့် တဖြည်းဖြည်း ပြန်လည် ကောင်းမွန်လာနေခဲ့သည်။
ရန်ကိုင် ကြောင်သွားခဲ့သည်။
ရွှေရောင်သွေးစက်ကို ထုတ်ပြလိုက်ရခြင်းမှာ သူ့အဖိုးတန်ရတနာများအနက် ရွှေရောင် သွေးစက်သည်သာ အခြားသူများဆီ ဝေငှပေးနိုင်သောကြောင့် ဖြစ်ပေသည်။ စမ်းသပ်ခြင်းသာ ဖြစ်ပြီး တကယ်ကြီး အလုပ်ဖြစ်သွားမည်ဟု မထင်ထားခဲ့ချေ။ ထို့အပြင် ရွှေရောင်သွေးစက်သည် မီးငှက်အား ကြီးကြီးမားမား ကူညီပေးနိုင်လိမ့်မည်ဟုလည်း မထင်ထားခဲ့ချေ။
သေချာစဉ်းစားကြည့်လိုက်သည့်အခါ ရန်ကိုင် နားလည်သွားခဲ့သည်။ မှော်ရတနာစိတ်ဝိဥာဉ်သည် ရုပ်ခန္ဓာကိုယ်ကို မပိုင်ဆိုင်ထားသော်လည်း ၎င်း၏ လက်ခံသူသည် ပန်းပဲမီးဖိုဖြစ်သည်။ အသိဥာဏ်ရအောင် လုပ်နိုင်ခဲ့သဖြင့် ထိုမှော်ရတနာစိတ်ဝိဥာဉ်သာ သာမန်မှော်ရတနာစိတ်ဝိဥာဉ် တစ်ခု မဖြစ်နိုင်ချေ။ ထိုအရာနှင့် ပန်းပဲမီးဖိုကြားမှ ဆက်ဆံရေးကို ဖြတ်တောက်နိုင်ပြီး၊ သင့်လျော်သော ခန္ဓာကိုယ်တစ်ခု ရှာနိုင်မည်ဆိုပါက မှော်ရတနာစိတ်ဝိဥာဉ် အနေဖြင့် အစစ်အမှန် သက်ရှိတစ်ကောင် ဖြစ်လာနိုင်ပေသည်။
ရုပ်ခန္ဓာကိုယ်တစ်ခုကို ရရှိနိုင်စွမ်းရှိသည့် အတွက်ကြောင့် ရွှေရောင်သွေးစက် သူ့အတွက် အသုံးဝင်သည်မှာ မထူးဆန်းချေ။
သို့သော်လည်း ရွှေရောင်သွေးစက်ကို စုပ်ယူပြီးသည့်နောက် မှော်ရတနာစိတ်ဝိဥာဉ် ဘာမှ ထူးထူးခြားခြား ပြောင်းလဲသွားခြင်းမရှိခဲ့ချေ။ အခြေအုတ်မြစ်နှင့် စွမ်းအင် အဆီအနှစ်များ ပြန်လည် ပြည့်တင်းလာရုံသာရှိသည်။ ရွှေရောင်သွေးစက်ကို စုပ်ယူပြီးနောက် ရန်ကိုင်ဆီသို့ ဖားဖားယားယား အမူအရာဖြင့် ခေါင်းလေးစောင်းပြီး ကြည့်လာသည်။ နောက်ထပ် ရွှေရောင် သွေးစက် တစ်စက် ထပ်လိုချင်နေသည့်ပုံပင်။
ရန်ကိုင် မရယ်ဘဲ မနေနိုင်အောင် ဖြစ်သွားခဲ့သည်။ ထိုမီးငှက် အတော်လေးကိုမှလည်း အသိဥာဏ် မြင့်မားရမည်မှန်း သိလိုက်သည်။ စဉ်းစားကြည့်လိုက်လျှင်လည်း ထူးတော့ မထူးဆန်းပါချေ။ မှော်ရတနာစိတ်ဝိဥာဉ် အသက်ရှင်လာခဲ့သည်မှာ နှစ်ပေါင်းများစွာ ရှိနေခဲ့လေပြီ။ မှော်ရတနာစိတ်ဝိဥာဉ်သာ ဥာဏ်ရည်မမြင့်မားလျှင် ရန်ကိုင်အနေဖြင့် ထိုကောင်အား ခက်ခက်ခဲခဲ အနိုင်ယူခဲ့ရလိမ့်မည် မဟုတ်ချေ။
“ငါ့မှာ ရွှေရောင်သွေးစက် ထပ်မရှိတော့ဘူး။ ဒါပေမယ့် ဒါတော့ ရှိသေးတယ်” ပြောပြီးနောက် ပဲစေ့အရွယ် မီးသလင်းကျောက်တစ်တုံးကို ထုတ်ကာ မှော်ရတနာစိတ်ဝိဥာဉ်ဆီ ပစ်ပေးလိုက်လေသည်။
ရွှေရောင်သွေးစက်သည် သူ့အတွက် အလွန် အဖိုးတန်လွန်းသည်။ ဘယ်လောက်စားစား ဗိုက်ဝမည့်ပုံမပေါ်သော ထိုမီးငှက်သည် သူ့ရွှေရောင်သွေးစက်အားလုံးကို ပေးလိုက်၍ မဖြစ်ချေ။ ထို့ကြောင့် မီးတောက်သလင်းကျောက်များဖြင့် ချွေးသိပ်ပေးရပေလိမ့်မယ်။ တကယ်တော့ သူ့တွင် မီးတောက်သလင်းကျောက် အများကြီး ရှိသည်မဟုတ်ပေလော။ မီးငှက်ကို ချွေးသိပ်ရန် နည်းနည်းပါးပါးလောက် ပေးလိုက်ရ၍ သူ့အတွက် ဘာမှ မဖြစ်မသွားချေ။
မီးတောက်သလင်းကျောက်ကို မြင်လိုက်သည်နှင့် မှော်ရတနာစိတ်ဝိဥာဉ် ချက်ချင်းပဲ မီးတောက်အသွင်သို့ပြောင်းကာ မီးတောက်သလင်းကျောက် တစ်ခုလုံးကို ရစ်ပတ်လိုက်သည်။ မှော်ရတနာစိတ်ဝိဥာဉ် မီးငှက်အဖြစ်သို့ ပြန်လည် ပြောင်းလဲသွားသည့်အခါတွင်မူ သလင်းကျောက်မှာ မရှိတော့ချေပြီ။
သို့သော်လည်း မီးငှက်၏ အမူအရာအရ ထိုမျှ မကျေနပ်သေးသည့်ပုံပင်။ စားကောင်းသောက်ဖွယ်များကို စားသောက်ပြီးသောလူအား သာမန် မုန့်သရေစားများ သွားကျွေးလျှင် မကျေနပ်တတ်ကြသည်မှာ သဘာဝသာဖြစ်သည်။
“ဒီနေ့တော့ ဒီလောက်နဲ့ပဲ ကျေနပ်ပေတော့။ အခု ငါဒီကနေ ပြန်ထွက်ရမယ်။ မင်းရဲ့ မီးဖိုထဲ မြန်မြန် ပြန်ဝင်ပေတော့” မှော်ရတနာစိတ်ဝိဥာဉ်ကို အများကြီး ပေးကမ်းလိုက်၍ မဖြစ်ချေ။ ထိုကောင်သည် သူ့အပေါ် အပြည့်အဝ မနာခံသေးချေ။ သူ့ဝိဥာဉ် အမှတ်အသားကြောင့်သာ ရန်ကိုင်အပေါ် နာခံနေခြင်းဖြစ်သည်။ မှော်ရတနာစိတ်ဝိဥာဉ်သည် နတ်ဘုရားသစ်ပင်နှင့် မတူ။ နတ်ဘုရားသစ်ပင်သည် ရန်ကိုင်အတွက် အစစ်အမှန် မိတ်ဆွေကောင်းတစ်ယောက် ဖြစ်သည်။
ရန်ကိုင်က ပြန်သွားခိုင်းသော်လည်း မှော်ရတနာစိတ်ဝိဥာဉ်က ပြန်မသွားသေးဘဲ တစ်ချက်အော်ဟစ်ကြွေးလိုက်ပြီး အခန်းထဲရှိ ကျောက်တုံးစားပွဲ လေးခုပေါ်တွင် ပတ်ဝဲကာ ပျံသန်းနေလေသည်။
ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့သည်။ သို့သော်လည်း မီးငှက်၏ ဆိုလိုရင်းကို ချက်ချင်း နားလည်လိုက်ကာ တုန့်ဆိုင်းတုန့်ဆိုင်းဖြင့် ပြန်မေးလိုက်လေသည် “ဒီအစီအရင်ကို ငါ့ကို အသက်သွင်းခိုင်းတာလား”
မီးငှက်သည် နောက်တစ်ကြိမ် ထပ်ဝဲလိုက်ပြီး ရန်ကိုင်ရှေ့သို့ ခုန်ဆင်းလာလေသည်။ ရန်ကိုင် မှန်ကြောင်း ပြောနေသည့်ပုံပင်။
“ကောင်းပြီလေ” ရန်ကိုင်လည်း ကျောက်တုံးစားပွဲခုံများကိုထဲသို့ သူတော်စင်ချီ ပို့လွှတ်၍ အစီအရင်ကို အသက်သွင်းလိုက်လေသည်။ မြောက်မြားလှစွာသော မီးစွမ်းအင်တို့သည် မြေအဆုတ်မီးတောက်ကန်တွင်းမှ ပန်းပဲမီးဖိုထဲသို့ စီးဝင်လာကြလေသည်။
မှော်ရတနာစိတ်ဝိဥာဉ်သည် ၎င်း၏ တောင်ပံများကို တဖျတ်ဖျတ်ခတ်ကာ မြေကြီးထဲသို့ ထိုးဆင်းသွားလေသည်။ ဘာလုပ်မလဲ ဆိုသည်ကိုမူ ပြောမသွားခဲ့ချေ။
မှော်ရတနာစိတ်ဝိဥာဉ် ထွက်ပြေးသွားမည်ကို ရန်ကိုင် စိတ်မပူ။ ၎င်း၏ ဝိဥာဉ် အမှတ်အသားသည် သူ့လက်ထဲတွင် ရှိနေသလို ပန်းပဲမီးဖိုသည်လည်း ဤနေရာတွင် ရှိနေသည်။
ခဏအကြာတွင် ရန်ကိုင်၏ အမူအရာ အပြောင်းကြီး ပြောင်းလဲသွားခဲ့သည်။ မှော်ရတနာစိတ်ဝိဥာဉ် ဘာလုပ်လိုက်သည့် အတွက်ကြောင့်လဲမသိ၊ မြေအဆုတ်မီးတောက်ကန် အတွင်းမှ ပန်းပဲမီးဖိုတွင်းသို့ စီးဝင်နေသော မီးစွမ်းအင်သည် ရုတ်တရက် အဆပေါင်းများစွာ ပိုမို ပြင်းထန်လာခဲ့သည်။ ပြင်းထန်လှသော မီးစွမ်းအင်ကြောင့် အခန်းတွင်းရှိ အစီအရင်များပင် အက်ကွဲမည့် အရိပ်အယောင်များ ပြလာသည်။
များပြားလှစွာသော မီးစွမ်းအင်များ တိုးဝင်လာနေသည့် အတွက်ကြောင့် ပန်းပဲမီးဖိုသည် အချိန်မရွေး ပေါက်ကွဲထွက်တော့မည့်နှယ် အဆက်မပြတ် တုန်ခါလာခဲ့သည်။ တစ်ချိန်တည်းတွင် ပန်းပဲမီးဖို မျက်နှာပြင်ထက် ရှေးဟောင်း အမှတ်အက္ခရာများနှင့် စွမ်းအင်ချိန်းကြိုးများ ထွက်ပေါ်လာခဲ့သည်။ ရန်ကိုင် ထိုအရာများကို သေချာ စိုက်ကြည့်နေသည်။
ထိုစွမ်းအင်ချိန်းကြိုးများကို သူတစ်ခါ မြင်ဖူးပေသည်။ လွန်ခဲ့သော တစ်လခန့်က မီးငှက် သူ့အား လိုက်လံတိုက်ခိုက်စဉ် ထိုစွမ်းအင်ချိန်းကြိုးများ မီးငှက်ကိုယ်ပေါ်တွင် ပေါ်လာခဲ့သည်။ ထိုစဉ်က ထိုမီးတောက်ချိန်းကြိုးများကြောင့် ရန်ကိုင် လွတ်မြောက်နိုင်ခဲ့ခြင်း ဖြစ်သည်။
ယခု တစ်ကြိမ် ထိုချိန်းကြိုးများကို ထပ်မံ မြင်တွေ့လိုက်ရပြီးနောက် ဘာဖြစ်ပျက်နေလဲ ရန်ကိုင် နားလည်သွားခဲ့သည်။ ထိုချိန်းကြိုးများသည် ပန်းပဲမီးဖိုအား ဤနေရာမှ မထွက်သွားနိုင်အောင် ချုပ်နှောင်ထားခြင်း ဖြစ်သည်။
ဒီဆိုလိုရင် မီးငှက်က ဟိုးလွန်ခဲ့တဲ့ နှစ်သန်းပေါင်းများစွာကတည်းက မွေးလာခဲ့တာပေါ့ ပန်းပဲမီးဖိုပိုင်ရှင်သည် ပန်းပဲမီးဖိုအား ဤနေရာမှ ထွက်မသွားနိုင်အောင် ချုပ်နှောင်ထားခဲ့ခြင်း ဖြစ်ရပေမည်။ မဟုတ်လျှင် မီးငှက်၏ စွမ်းရည်ဖြင့် ဤမြေအဆုတ်မီးတောက်ကန်ထဲမှ ကျိန်းသေ ထွက်သွားနိုင်ပေလိမ့်မည်။ ဤနေရာတွင် ထာဝရ ပိတ်မိနေလိမ့်မည် မဟုတ်ချေ။
ခဏလောက် စဉ်းစားပြီးနောက် ရန်ကိုင် ခါးသက်စွာ ရယ်မောလိုက်သည်။ သူသာ မှော်ရတနာစိတ်ဝိဥာဉ်ကို ဤနေရာမှ ခေါ်ထုတ်သွားလိုလျှင် ထိုချိန်းကြိုးများကို အရင် ဖျက်စီးပစ်ရမည့်ပုံပင်။ မီးငှက်တွင် ထိုချိန်းကြိုးများကို ဖျက်စီးနိုင်သည့်စွမ်းရည် ရှိသည့်ပုံမပေါ်။ မဟုတ်လျှင် အစောကြီးကတည်းက ချိန်းကြိုးများကို ဖျက်စီးပြီး ဤနေရာမှ ထွက်သွားပြီးလောက်ပေပြီ။
ရန်ကိုင် သက်ပြင်းချလိုက်သည်။ မှော်ရတနာစိတ်ဝိဥာဉ်ဆီမှ မည်သည့် အကူအညီမှ မရသေးသော်လည်း သူ့ဘက်မှ ရွှေရောင်သွေးစက်တစ်စက်၊ မီးတောက်သလင်းကျောက် တစ်တုံးနှင့် အခြားအကူအညီများ ပေးကမ်းနေခဲ့ရလေပြီ။
အနီရောင်အလင်းတစ်ချက်နှင့်အတူ မီးငှက် အခန်းထဲတွင် ပြန်ပေါ်လာခဲ့သည်။ ထို့နောက် ပန်းပဲမီးဖိုအား ချုပ်နှောင်ထားသော ချိန်းကြိုးများကို ကြည့်ရင်း စူးစူးရှရှ အော်ဟစ်ပြသည်။ မီးငှက် ဘာပြောချင်နေလဲ ရန်ကိုင် သိသည်။ ထို့ကြောင့် ချက်ချင်းပဲ ရေခဲမီးတောက်များဖြင့် ချိန်းကြိုးများကို တိုက်ခိုက်လေသည်။
ထိုချိန်းကြိုးများသည် အတော်လေးကိုမှ ခိုင်ခံသော်လည်း အဆုံးတွင်မူ ထိုအရာများသည် အစီအရင်သက်သက် တစ်ခုသာဖြစ်သည်။ နေ့တစ်ဝက်ကြာပြီးနောက် ရန်ကိုင်၏ အဆက်မပြတ် တိုက်ခိုက်မှုအောက်၌ ချိန်းကြိုးများ ပျက်စီးသွားခဲ့ရလေသည်။
ထိုအခြင်းအရာကိုမြင်သော် ရန်ကိုင်ဘေးတွင် ရပ်နေသော မှော်ရတနာစိတ်ဝိဥာဉ် ပျော်ရွှင်စွာ ဟစ်ကြွေးလိုက်ပြီး ပန်းပဲမီးဖိုထဲသို့ ထိုးဝင်သွားလေသည်။
မှော်ရတနာစိတ်ဝိဥာဉ်နှင့် ပန်းပဲမီးဖို ပေါင်းစပ်သွားသည့်အခိုက် ထွက်ပေါ်လာသော သိပ်သည်းလွန်းလှသည့် မီးအရှိန်အဝါကြောင့် ရန်ကိုင်မျက်နှာ ဖြူလျော်သွားခဲ့သည်။
ယခုမှသာ သူနှင့်တိုက်ခိုက်စဉ်က မီးငှက် သူ့စွမ်းအားအပြည့်ကို ထုတ်မသုံးနိုင်မှန်း ရန်ကိုင် သိလိုက်သည်။ မီးငှက်သာ သူ့စွမ်းအား အပြည့်အဝကို ထုတ်သုံးနိုင်မည်ဆိုပါက တိုက်ပွဲ၏ ရလဒ်သည် တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားပေလိမ့်မည်။
ထိုချိန်းကြိုးများ ရှိနေခဲ့သည်မှာ သူ့အတွက် ကံကောင်းသွားခဲ့ပေသည်။ မဟုတ်လျှင် မှော်ရတနာစိတ်ဝိဥာဉ်ကို အညံ့ခံအောင် မလုပ်နိုင်သည့်အပြင် သူပါ သေသွားရပေလိမ့်မည်။
သူအံ့အားသင့်နေစဉ်မှာပဲ ပန်းပဲမီးဖိုသည် မြေပြင်ပေါ်မှ ဖြည်းဖြည်းချင်း ကြွတက်လာပြီး အဆက်မပြတ် လှည်ပတ်ရင်း ကျုံ့သွားခဲ့သည်။ မကြာမီ ပန်းပဲမီးဖိုသည် ရန်ကိုင် လက်တစ်ဝါး အရွယ်အစားလောက်သာ ရှိတော့သည်။ ပန်းပဲမီးဖိုသည် ရန်ကိုင်လက်ထဲသို့ သူ့အလိုလို ပျံသန်းသွားလေသည်။ ထို့နောက် ပန်းပဲမီးဖိုဆီမှ အနီရင့်ရောင် ပုံရိပ်တစ်ခု ပျံသန်းထွက်လာခဲ့သည်။
ရန်ကိုင် သက်ပြင်းဖွဖွလေး တစ်ချက် ချလိုက်ပြီး ပန်းပဲမီးဖိုကို သိုလှောင်လက်စွပ်ထဲသို့ ထည့်သိမ်းလိုက်လေသည်။ ပန်းပဲမီးဖိုအား အနက်ရောင်စာအုပ်ထဲသို့ မထည့်ရခြင်းမှာ အနက်ရောင်စာအုပ်ထဲတွင် အဖိုးတန်ပစ္စည်းများစွာ ရှိနေသောကြောင့် ဖြစ်သည်။
မှော်ရတနာစိတ်ဝိဥာဉ်သည် လိမ်လိမ်မာမာနေမည့်ပုံစံမပေါ်။ ရန်ကိုင်သာ ပန်းပဲမီးဖိုကို အနက်ရောင်စာအုပ်ထဲသို့ ထည့်ထားလိုက်မည်ဆိုပါက သူ့အဖိုးတန်ရတနာအားလုံး မှော်ရတနာစိတ်ဝိဥာဉ် စားလို့ ကုန်သွားပေလိမ့်မည်။
ပန်းပဲမီးဖိုကို ရပြီးနောက် အခန်းနံရံတွင်ရှိနေသော အလင်းလုံးရှစ်လုံးကို ဖြုတ်ကာ သိုလှောင်လက်စွပ်ထဲ ပစ်ထည့်လိုက်ပြီး ကျောက်တုံးခန်းထဲမှ ထွက်လာခဲ့လိုက်လေသည်။
ဤနေရာတွင် ဆက်နေစရာ အကြောင်းမရှိတော့။ မြေအဆုတ်မီးတောက်ကန်ထဲရှိ ကျောက်တုံးအခန်း အားလုံးကို ရန်ကိုင် ရှင်းလင်းပြီးသွားခဲ့လေပြီ။ မည်သည့် အဖိုးတန်ရတနာမှ မရှိတော့သော ဤနေရာတွင် ဆက်နေလျှင် အချိန်ဖြုန်းရာသာ ရောက်ပေလိမ့်မည်။
မကြာမီ လိုဏ်ဂူပေါက်ဝသို့ ရောက်လာခဲ့သည်။ အပေါ်သို့ မော့ကြည့်လိုက်သာ တွင်းပေါက်ဝကို မြင်ရုံလေးသာ မြင်နိုင်လေသည်။
ဤနေသည် မြေမျက်နှာပြင်အောက် မီတာထောင်ပေါင်းများစွာ အကွာတွင် ရှိနေသည့်အပြင် မြေအဆုတ်မီးတောက်ကန်ထဲရှိ ချော်ရည်များသည် မကြာမကြာ ထပေါက်နေသည်။ ထို့ကြောင့် အပေါ်ကို ပြန်တက်ဖို့ရာ အတော်လေးတော့ ခက်ခဲပေဦးမည်။
ခဏလောက် စဉ်းစားပြီးနောက် ရန်ကိုင်၏ အကြည့် တောက်ပသွားခဲ့ပြီး သိုလှောင်လက်စွပ်ထဲမှ ပန်းပဲမီးဖိုကို ထုတ်လိုက်သည်။
မှော်ရတနာစိတ်ဝိဥာဉ် ပျံသန်းနိုင်သည်ကို သူမေ့နေသည်။ ကျောက်တုံးခန်းထဲတွင်သာ ပျံသန်းခြင်းဖြစ်သော်လည်း ထိုကဲ့သို့ ပျံသန်းနိုင်ခြင်းသည် ဤနေရာ၏ နိယာမများသည် ၎င်းအပေါ် သက်ရောက်ခြင်းမရှိဟု ဆိုလိုနေသည်။
မေးကြည့်လိုက်သည့်အခါ မှော်ရတနာစိတ်ဝိဥာဉ် အမှန်တကယ် ပျံသန်းနိုင်သေည်ကို သိလိုက်ရလေသည်။ ထို့ကြောင့် ချက်ချင်းပဲ မှော်ရတနာစိတ်ဝိဥာဉ်အား သူ့ကို ဤနေရာမှ ခေါ်ထုတ်သွားခိုင်းလိုက်လေသည်။
ခဏအကြာတွင် ငါးလွှာမြောက်၏ တစ်ခုနေသော နေရာဆီမှ အနီရောင်အလင်းတို့ ပေါက်ကွဲထွက်လာခဲ့ပြီး ရန်ကိုင်နှင့် မှော်ရတနာစိတ်ဝိဥာဉ်တို့ ထွက်ပေါ်လာခဲ့သည်။
မြေအဆုတ်မီးတောက်ကန်ထဲမှ ထွက်လာလိုက်နိုင်သည်နှင့် မှော်ရတနာစိတ်ဝိဥာဉ်သည် ဘဝသစ်တစ်ခုကို ရလိုက်သည့်အလား စူးစူးရှရှ ဟစ်ကြွေးလျက် ကောင်းကင်ပေါ်သို့ ပျံတက်သွားလေသည်။
သို့သော်လည်း အမြင့်တစ်နေရာသို့ ရောက်ပြီးနောက် မှော်ရတနာစိတ်ဝိဥာဉ် ရပ်တန်သွားခဲ့သည်။ ဆက်မပျံသန်းနိုင်တော့ဘဲ မြေပြင်ပေါ်သို့ ပြန်ပြုတ်ကျလာကာ မြေကြီးပေါ် ခေါင်းစိုက်သွားလေသည်။
ထိုအခြင်းအရာကို မြင်လိုက်သည်နှင့် မှော်ရတနာစိတ်ဝိဥာဉ်သည် ဤနေရာ၏ မိုးမြေနိယာမများဆီမှ အပြည့်အဝ ကင်းလွတ်ခြင်းမရှိသေးမှန်း နားလည်လိုက်သည်။ သူတို့လောက်သာ သက်ရောက်မှု မခံရခြင်းဖြစ်သည်။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၂၄၇)
မှော်ရတနာစိတ်ဝိဥာဉ်ကို သိုလှောင်လက်စွပ်ထဲသို့ ပြန်ထည့်ချင်သော်လည်း မှော်ရတနာစိတ်ဝိဥာဉ်သည် ၎င်း၏ လွတ်လပ်မှုကို ပြန်လည် ရရှိပြီးနောက် ထပ်မံ ချုပ်လှောင်ထားမခံချင်တော့ချေ။ ထို့ကြောင့် သိုလှောင်လက်စွပ်ထဲသို့ ပြန်မဝင်ဘဲ ငှက်ငယ်လေး တစ်ကောင်အဖြစ်သို့ အသွင်ပြောင်းလျက် ရန်ကိုင် ပခုံးတွင် နားနေသည်။ ၎င်း၏ နှုတ်သီးဖြင့် ရန်ကိုင်၏ ဆံပင်ကို ဖီးပေးနေလိုက်သေးသည်။ ရန်ကိုင် သူ့အား သိုလှောင်လက်စွပ်ထဲသို့ ပြန်မပို့အောင် အသည်းအသန် ဖားယားနေသည့်ပုံပင်။
ရန်ကိုင်လည်း အချိန်ထပ်မဖြုန်းချင်တော့သည့် အတွက်ကြောင့် ထိုအတိုင်းသာ ထားလိုက်လေသည်။ ပန်းပဲမီးဖိုကိုလည်း သိုလှောင်လက်စွပ်ထဲသို့ ပြန်ထည့်၍ မရချေ၊ မဟုတ်လျှင် မှော်ရတနာစိတ်ဝိဥာဉ်လည်း သိုလှောင်လက်စွပ်ထဲသို့ ပြန်ဝင်ရပေလိမ့်မည်။ ထို့ကြောင့် ပန်းပဲမီးဖိုကို သိုလှောင်လက်စွပ်ထဲ သိမ်းမထားဘဲ အပြင်တွင် ထုတ်ထားရုံသာ တတ်နိုင်ခဲ့သည်။ ပန်းပဲမီးဖိုသည် သေးသေးလေး ဖြစ်နေပြီ မဟုတ်လော။ ကိစ္စမရှိတော့ချေ။
ငါးလွှာမြောက်သည် လွန်ခဲ့သော တစ်လကနှင့် အတူတူဖြစ်နေဆဲပင်။ အပူလှိုင်းလုံးများ အဆက်မပြတ် တိုက်ခတ်နေပြီး အားကောင်းလွန်းလှသော မီးတောက် အဆိပ်များသည် နေရာအနှံ့ ပြန့်ကျဲတည်ရှိနေသည်။ မြင်မြင်သမျှ အရာအားလုံးသည် အနီရင့်ရောင်ချည်းများသာ။
သို့သော်လည်း ယခု ဤနေရာရှိ အပူဓါတ်ကို ခုခံရာတွင် ပို၍ လွယ်ကူလာသည်ဟု ရန်ကိုင် ခံစားမိသည်။
သူ့ခွန်အား တိုးတက်လာသလို သူ့ကျင့်ကြံခြင်းလည်း အဆင့်သေးတစ်ဆင့် တိုးတက်လာခဲ့သည်။ သို့သော် ဤနေရာရှိ အပူဓါတ်ကို ခုခံနိုင်ရသည့် အဓိကအကြောင်းပြချက်မှာ နတ်ဆိုးမီးတောက်များ၏ အအေးစွမ်းအားကို ထိန်းချုပ်လားနိုင်သောကြောင့် ဖြစ်ပေသည်။
လွန်ခဲ့သော တစ်လခန့်က ရန်ကိုင်သည် နတ်ဆိုးမီးတောက်၏ စွမ်းအားကို လိုသလို မထိန်းချုပ်နိုင်ခဲ့ချေ။ ထို့ကြောင့် ငါးလွှာမြောက်၏ အပူဓါတ်ကို ခုခံရာတွင် အတော်လေး ဒုက္ခရောက်ခဲ့ရသည်။ သို့သော်လည်း ယခုမူ မတူတော့ချေ။ နတ်ဆိုးမီးတောက်အား အပူလိုလျှင် အပူမီးတောက်၊ အအေးလိုလျှင် အအေးမီးတောက် အဖြစ်သို့ ပြောင်းလဲနိုင်လေပြီ။ ထို့ကြောင့် မီးတောက်အဆိပ်များ၊ မီးတောက်လှိုင်းလုံးများကို ကြောက်နေစရာ မလိုတော့ချေ။
ရန်ကိုင် မြေအဆုတ်မီးတောက်ကန်ထဲမှ ထွက်လာပြီးပြီးချင်း ခဏ ရပ်စဉ်းစားနေလိုက်သည်။ ဘာတွေ ဖြစ်ပျက်နေသလဲ နားလည်သွားပြီးနောက် ဝမ်းသာ ပျော်ရွှင်သွားခဲ့လေသည်။
ထို့အပြင် မလိုအပ်သည်များကို သူစိတ်ပူနေခြင်းဖြစ်မှန်း နားလည်လိုက်သည်။ ယင်နေကြာရေစင်ကို သန့်စင်ပြီးနောက် သဲမီးတောက်နယ်မြေ ပိတ်မသွားခဲ့ချေ။ သူ့တွက်ချက်မိသလောက် ရက်အနည်းငယ်အတွင်းတော့ ပိတ်ပေလိမ့်မည်။
ရက်အတော်များများ ကျန်သေးသည့် အတွက်ကြောင့် လေးလွှာမြောက်သို့ ပြန်သွားပြီး အချိန်မဖြုန်းလိုချေ။ ထို့အစား ခြောက်လွှာမြောက် ရှိမရှိကိုသာ သွားစူးစမ်းချင်မိသည်။ ရှိလျှင် ခြောက်လွှာမြောက် မည်ကဲ့သို့ ဖြစ်မလဲ ဆိုသည်ကို သူအမှန်တကယ် သိချင်မိသည်။
နတ်ဆိုးမီးတောက်၏ စွမ်းအား တိုးတက်လာသည့် အတွက်ကြောင့်သာ မဟုတ်လျှင် ခြောက်လွှာမြောက် ရှိမရှိကို သွားစူးစမ်းနိုင်လိမ့်မည် မဟုတ်ချေ။ လွန်ခဲ့သော တစ်လခန့်ကဆိုလျှင် ခြောက်လွှာမြောက်အား စူးစမ်းဖို့ရာ မဆိုထားနှင့်၊ ငါးလွှာမြောက်ထဲသို့ ဝင်လာပြီးပြီးချင်းမှာပင် အတော်လေး ဒုက္ခရောက်ခဲ့ရသည်။ ထိုပုံစံဖြင့် ရှေ့ဆက်သွားဖို့ရာ မဖြစ်နိုင်ချေ။ ယခုမူ သူ့စွမ်းအားအပေါ် ယုံကြည်ချက်အပြည့် ရှိနေပေပြီ။
လွန်ခဲ့သော နှစ်သန်းပေါင်းများစွာခန့် အချိန်အထိ သဲမီးတောက်နယ်မြေ၏ တတိယအလွှာကို မည်သူမှ မစူးစမ်းဖူးချေ။ သဲမီးတောက်နယ်မြေ၏ အလွှာတစ်ခုချင်းစီးတိုင်းသည် အံ့ဩဖွယ်ရာများ၊ အဖိုးတန်ရတနာများ၊ အခွင့်အလမ်းများဖြင့် ပြည့်နေသည်။
ဖယောင်းနီသီးသည် တတိယအလွှာတွင် ပေါ်လာခဲ့သည်။ ဂိုဏ်းပျက်ကြီးကို လေးလွှာမြောက်တွင် မြင်တွေ့ခဲ့ရသည်။ ကံမကြောင်းစွာဖြင့် ထိုဂိုဏ်းပျက်ကို ရန်ကိုင် မစူးစမ်းနိုင်ခဲ့ချေ။ ငါးလွှာမြောက်တွင် မြေအဆုတ်မီးတောက်ကန်နှင့် မှော်ရတနာစိတ်ဝိဥာဉ် ဖြစ်တည်ပြီးသော တန်ခိုးရှင်ဘုရင်အဆင့် မှော်ရတနာတစ်ခုကို တွေ့ခဲ့သည်။ ခြောက်လွှာမြောက်သာ ရှိသည်ဆိုလျှင် မည်သို့သော အဖိုးတန်ရတနာများသည် သူ့အား စောင့်ကြိုနေလိမ့်မည်နည်း။
စိတ်ပိုင်းဖြတ်ပြီးသော် ရန်ကိုင် ဆက်လက် တုန့်ဆိုင်းတွေဝေမနေတော့ချေ။ သဲမီးတောက်နယ်မြေသည် မကြာတွင် ပိတ်တော့မည် အဖြစ်ရာ အချိန်သည် အလွန်ကိုမှ အဖိုးတန်နေသည်။ ထို့ကြောင့် ချက်ချင်းပဲ ယွမ်သံလိုက်အိမ်မြောင်ကို ထုတ်၍ ဦးတည်ရာကို သတ်မှတ်လိုက်ပြီးနောက် ချက်ချင်း စထွက်ခွာလေသည်။
အအေးမီးတောက်များ၏ ကာကွယ်ပေးထားမှုကြောင့် ငါးလွှာမြောက်တွင် သွားလာရသည်မှာ ရန်ကိုင်အဖို့ အတော်လေး လွယ်ကူနေခဲ့သည်။ သူတော်စင်ချီလည်း အရမ်းကြီး မကုန်တော့ချေ။
မမြင်နိုင်သော အရံအတားများ၊ အန္တရာယ်များသည့် အစီအရင်များထဲသို့ မကျရောက်သွားစေရန်အတွက် သုတ်သင်ခြင်းနတ်ဆိုးမျက်လုံးကို အဆက်မပြတ် အသုံးပြုခဲ့သည်။
ခရီးလမ်းတစ်လျှောက်လုံး မည်သည့် အန္တရာယ်နှင့်မှ ရန်ကိုင် မတွေ့ခဲ့ရ။ မှော်ရတနာစိတ်ဝိဥာဉ်သည်ပင်လျှင် အတော်လေး နာခံရိုကျိုးနေသည်။ ရံဖန်ရံခါသာ ထပျံလေ့ရှိပြီး ပျံသန်းပြီးသည်နှင့် ရန်ကိုင်ပခုံးပေါ် အလျင်အမြန် ပြန်လာနားသည်။
ဤနေရာသည် အတော်လေးကို အန္တရာယ်များမှန်း မှော်ရတနာစိတ်ဝိဥာဉ် သိထားသည့်ပုံပင်။
ငါးလွှာမြောက်ထဲတွင် သုံးရက်တိုင်တိုင် ရန်ကိုင် လမ်းလျှောက်နေခဲ့သည်။ ယွမ်သံလိုက်အိမ်မြောင်ကြောင့်သာ မဟုတ်ပါက သူလမ်းပျောက်ပြီးလောက်ပေပြီ။
တစ်နေ့၊ ရန်ကိုင် လမ်းလျှောက်နေစဉ်၊ သူ့ပခုံးပေါ်တွင် နားနေသော မှော်ရတနာစိတ်ဝိဥာဉ်သည် ရှေ့တည့်တည့်ကို စိုက်ကြည့်ရင်း ရုတ်တရက် စူးစူးဝါးဝါး ထအော်ဟစ်လေသည်။
ထိုအဖြစ်အပျက်ကြောင့် ရန်ကိုင် ရန်ကိုင် အံ့အားသင့်သွားခဲ့ပြီး အလျင်အမြန်ပဲ ရပ်လိုက်ကာ သုတ်သင်ခြင်းနတ်ဆိုးမျက်လုံးကို အသက်သွင်းလိုက်သည်။ သို့သော်လည်း ဘာမှ ရှာမတွေ့လိုက်သည့် အတွက်ကြောင့် ရန်ကိုင် မျက်စိပျက်မျက်နှာပျက် ဖြစ်သွားရသည်။
သဲမီးတောက်နယ်မြေထဲတွင် သုတ်သင်ခြင်းနတ်ဆိုးမျက်လုံးပင် ရှာမတွေ့နိုင်သည့် အလွန်ကိုမှ အသေးစိတ် စီစဉ်ထားသော အစီအရင်များ ရှိသည်ကို သူသိသည်။ ယခု ထိုကဲ့သို့ အစီအရင်တစ်ခုရှေ့သို့ သူရောက်နေသည့်ပုံပင်။
သို့သော်လည်း ထိုအစီအရင်ကို မှော်ရတနာစိတ်ဝိဥာဉ်က ရှာတွေ့ခဲ့သည်။ ထို့ကြောင့် ရန်ကိုင် အတော်လေး အံ့အားသင့်နေမိသည်။
မှော်ရတနာစိတ်ဝိဥာဉ်သည် ပန်းပဲမီးဖိုမှ မွေးဖွားလာခြင်း ဖြစ်သည့်အတွက် အရံအတား၊ စိတ်ဝိဥာဉ်အစီအရင်များအကြောင်း သိပ်မသလောက်ချေ။ ထိုသို့ဆိုလျှင် တစ်ခုခု မူမမှန်သည်ကို မှော်ရတနာစိတ်ဝိဥာဉ် မည်ကဲ့သို့ ရှာတွေ့ခဲ့သနည်း။ ရန်ကိုင် မှော်ရတနာစိတ်ဝိဥာဉ်ဘက်သို့ လှည့်ကြည့်လိုက်သည်။ သို့သော်လည်း မှော်ရတနာစိတ်ဝိဥာဉ်သည် သူ့အား အန္တရာယ်ရှိသည် ဟူ၍သာ ထပ်တလဲလဲ သတိပေးနေခဲ့သည်။
ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့သည်။ သို့သော် ခဏလောက် စဉ်းစားပြီးနောက် ရန်ကိုင် အမူအရာ အပြောင်းကြီး ပြောင်းလဲသွားခဲ့ပြီး “ငါတို့ အစီအရင်ထဲ ရောက်နေတယ်လို့ မင်းပြောချင်တာလား”
မှော်ရတနာစိတ်ဝိဥာဉ် ဘာမှထပ်မပြောတော့။ ဆိတ်ဆိတ်နေခြင်းသည် ဝန်ခံခြင်း မည်ပေသည်။
“ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ” ရန်ကိုင် အတော်လေးကို ထိတ်လန့်နေမိသည်။ လာရာလမ်းတစ်လျှောက်လုံး သူအတော်လေးကို သတိထားခဲ့သည်။ အန္တရာယ်များသည်ဟု ထင်ရသော မည်သည့် နေရာထဲကိုမှ သူမဝင်ခဲ့။ အလွန်ကိုမှ လုံခြုံလောက်မည့် လမ်းကြောင်းများကိုသာ ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း မှော်ရတနာစိတ်ဝိဥာဉ် ပြောပုံအရ၊ အစီအရင်တစ်ခုထဲသို့ သူမတော်တဆ ခြေချမိလိုက်သည့်ပုံပင်။
လှည့်ပတ်ကြည့်လိုက်သော်လည်း ဘာထူးခြားမှုကိုမှ မရှာမတွေ့ခဲ့။ ဤနေရာသည် အခြားနေရာများနှင့် အတူတူပင်။ မည်သည့် အန္တရာယ် အငွေ့အသက်ကိုမှလည်း မခံစားမိ။
ဤအစီအရင်သည် ပုံရိပ်ယောင်အစီအရင် တစ်ခုဖြစ်လောက်သည်။ မှော်ရတနာစိတ်ဝိဥာဉ်သည် အကြောင်းမဲ့သက်သက် ရေးကြီးခွင့်ကျယ်လုပ်မည့်သူမျိုး မဟုတ်ချေ။ ထို့ကြောင့် သူတို့ ရောက်နေသော အစီအရင်သည် ပုံရိပ်ယောင်အစီအရင် သို့မဟုတ် စိတ်ထွေပြားခြင်း အစီအရင်တစ်ခု ဖြစ်လိမ့်မည်ဟုသာ ရန်ကိုင် ကောက်ချက်ချလိုက်သည်။
ထို့အပြင် သုတ်သင်ခြင်းနတ်ဆိုးမျက်လုံးပင်လျှင် အစီအရင်၏ အားနည်းချက်ကို မမြင်တွေ့နိုင်ရာ သူတို့ ဤနေရာမှ မည်ကဲ့သို့ ရုန်းထွက်ရမည်နည်း။
ထိုသို့သာဆိုလျှင် သဲမီးတောက်နယ်မြေ ပိတ်သည့်အချိန်ထိ စောင့်ပြီး ဤနေရာရှိ လောကနိယာမများ သူ့အား အပြင်ခေါ်ထုတ်သွားမည့် အချိန်ကို ထိုင်စောင့်နေရုံသာ ရှိသည်။ ကံကောင်းစွာဖြင့် သဲမီးတောက်နယ်မြေသည်လည်း ရက်အနည်းငယ်အတွင်း ပိတ်တော့ပေမည်။ ထို့ကြောင့် ရန်ကိုင် အရမ်းကြီး ပျာယာခတ်၊ စိတ်ပူမနေတော့ချေ။
သဲမီးတောက်နယ်မြေ ပိတ်မည့်အချိန်ကို ထိုင်စောင့်ရန်အတွက် တင်ပလင်ခွေ ထိုင်တော့မည်အပြု၊ သူ့ပခုံးပေါ်တွင် နားနေသော မှော်ရတနာစိတ်ဝိဥာဉ်သည် စူးစူးရှရှ အော်ဟစ်လျက် အလင်းတန်းတစ်ခု အသွင်သို့ပြောင်းကာ တစ်ခုသောဘက်ဆီ ပြေးထွက်သွားလေသည်။
ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့သည်။ သို့သော် မှော်ရတနာစိတ်ဝိဥာဉ်ကို ပြန်လာရန် မပြောခဲ့။ မှော်ရတနာစိတ်ဝိဥာဉ် တစ်ခုခု ရှာတွေ့သည့် အတွက်ကြောင့်သာ ယခုကဲ့သို့ ပြေးထွက်သွားခြင်း ဖြစ်ရပေမည်။
ထို့ကြောင့် စောင့်ကြည့်ရန်သာ ဆုံးဖြတ်လိုက်သည်။
ခဏအကြာတွင် မီးစွမ်းအင်တို့ ပေါက်ကွဲထွက်လာခဲ့ပြီး လောကကြီးတစ်ခုလုံး စတင် တွန့်လိမ်စပြုလာသည်။ ထိုကဲ့သို့ ဖြစ်သွားပြီးနောက် သုတ်သင်ခြင်းနတ်ဆိုးမျက်လုံးဖြင့် အစီအရင်၏ အားနည်းချက်အချို့ကို ရန်ကိုင် မြင်နိုင်သွားသည်။
မှော်ရတနာစိတ်ဝိဥာဉ်သည် အကြောင်းမဲ့သက်သက် ရေးကြီးခွင်ကျယ် လုပ်နေခြင်း မဟုတ်ချေ။ သူတို့ ပုံရိပ်ယောင်အစီအရင်တစ်ခုထဲသို့ အမှန်တကယ် ရောက်နေခဲ့သည်။ ဘာကြောင့် ထိုကဲ့သို့ ဖြစ်ရသလဲဆိုသည်ကိုမူ ရန်ကိုင်လည်း မသိချေ။
မီးစွမ်းအင်များ ပိုမို ပြင်းထန်လာသည်နှင့်အမျှ အစီအရင်လည်းလည်း ပို၍ မငြိမ်မသက် ဖြစ်လာခဲ့သည်။ ဘေးပတ်ဝန်းကျင်တစ်ခုလုံး အက်ကွဲကြောင်းတို့ဖြင့် ပြည့်လာခဲ့ပြီး အက်ကွဲသွားသော မှန်တစ်ချပ်နှယ် ဖြစ်လာခဲ့သည်။
မကြာမီ အက်သံအကျယ်ကြီးနှင့်အတူ ရန်ကိုင် ဘေးပတ်ပတ်လည်တစ်ခု ရုတ်တရက် ပြိုကျသွားခဲ့သည်။ တစ်ချိန်တည်းတွင် ရန်ကိုင် ရပ်နေသော နေရာပတ်လည်ရှိ ကြမ်းတမ်း၊ ပြင်းထန်သော ပတ်ဝန်းကျင်သည်လည်း ပျောက်ကွယ်သွားခဲ့ပြီး စိမ်းလန်းစိုပြေ၍ မိုးမြေစွမ်းအင်တို့ သိပ်သည်းနေသော ပတ်ဝန်းကျင်တစ်ခုက အစားထိုး ဝင်ရောက်လာခဲ့သည်။
ရန်ကိုင် လုံးဝ အံ့ဩသွားခဲ့သည်။ ဤအရာသည် နောက်ထပ် ပုံရိပ်ယောင်အစီအရင်တစ်ခု ဖြစ်လိမ့်မလားဟု တွေးထင်မိသွားသည်။
သို့သော်လည်း ပြန်လှည့်ကြည့်လိုက်သည့်အခါ မျက်မှောင်မကြုတ်ဘဲ မနေနိုင်အောင် ဖြစ်သွားရလေသည်။
သူ့နောက်ဘက် ဆယ်မိုင်အကွာတွင် အနီရောင်အလင်းအကာအရံကြီးတစ်ခု ရှိနေခဲ့သည်။ ထိုအလင်းအကာအရံ၏ နောက်ဘက်တွင် ချစ်ချစ်တောက် ပူလောင်သော မီးတောက်လေပြင်းတို့ဖြင့် ပြည့်နေသည့် နေရာကြီးတစ်ခု ရှိနေသည်။ ထိုနေရာသည် သဲမီးတောက်နယ်မြေ၏ ငါးလွှာမြောက် ဖြစ်ပေသည်။
ရုတ်တရက် ရန်ကိုင် တစ်ခုခုကို စဉ်းစားမိသွားသည်။
ငါးလွှာမြောက်မှ ထွက်လာပြီး ခြောက်လွှာမြောက်သို့ ရောက်လာခြင်းပေလော။
သူရပ်နေသည့်နေရာသည် သူရှိမရှိ စူးစမ်းချင်နေသည့် ခြောက်လွှာမြောက် ဖြစ်ပေသည်။ ရန်ကိုင် ထိုကဲ့သို့ ပြောနိုင်ခြင်းမှာ ဤနေရာရှိ မိုးမြေစွမ်းအင်သည် လေးလွှာမြောက်ရှိ မိုးမြေစွမ်းအင်ထက် သိသိသာသာ ပိုသိပ်သည်းသန့်စင်နေသောကြောင့် ဖြစ်ပေသည်။
ခြောက်လွှာမြောက်ထဲသို့ မည့်သည့် အချိန်ကတည်းက သူခြေချမိလိုက်မှန်း ရန်ကိုင် မသိ။ သို့သော် ခြောက်လွှာမြောက်ထဲသို့ သူခြေချမိလိုက်သည့် အချိန်သည် အစီအရင်ထဲ ခြေချမိလိုက်သည့် အချိန်နှင့် အတူတူဖြစ်မှန်းတော့ သိသည်။ မှော်ရတနာစိတ်ဝိဥာဉ်ကြောင့်သာ မဟုတ်လျှင် ငါးလွှာမြောက်ထဲတွင်သာ ရှိနေသေးသည်ဟု သူထင်မိနေဦးမည်သာ။
ခြောက်လွှာမြောက် ပေါ်လာပြီဖြစ်သဖြင့် ပုံရိပ်အယောင်အစီအရင် ပျက်စီးသွားပြီဟု ဆိုလိုပေသည်။
ရန်ကိုင် လှည့်ကြည့်လိုက်သည့်အခါ အနီရောင်အလင်းတန်းတစ်ခု သူ့ဆီ ပျံလာနေသည်ကို တွေ့လိုက်ရသည်။ ခဏအကြာတွင် မှော်ရတနာစိတ်တိဥာဉ် ပြန်ပေါ်လာခဲ့သည်။ ၎င်း၏ ပါးစပ်တွင် လက်သီးဆုပ်အရွယ် ခြောက်ထောင့်ပုံ သလင်းကျောက်လေးတစ်ခုကိုပါ ကိုက်ချီလာသည်ကို တွေ့လိုက်ရသည်။
ထိုခြောက်ထောင့်ပုံ သလင်းကျောက်သည် အတော်လေးကို ထူးဆန်းလှသည်။ ၎င်း၏ အရောင်ကို ပြောပါဆိုလျှင် အကြည်ရောင်ဟု ပြော၍ရသလို ခရမ်းနီရောင်ဟု ပြော၍လည်း ရပေသည်။ ထိုသလင်းကျောက်ကို သေချာ စူးစမ်းကြည့်တော့မည်အပြု၊ သလင်းကျောက်ဆီမှ အနက်ရောင်ချီတို့ ရုတ်တရက် ပေါက်ကွဲထွက်လာခဲ့ပြီး မိစ္ဆာစိတ်ဝိဥာဉ်များ အဖြစ်သို့ ပြောင်းလဲသွားခဲ့လေသည်။
ရန်ကိုင်လည်း သူ့လက်ကို ကမန်းကတန်း ဝှေ့ရမ်း၍ မီးဘေားလုံးများ ဖန်တီးကာ ထိုမိစ္ဆာစိတ်ဝိဥာဉ်များကို တားဆီးလိုက်သည်။
သို့သော်လည်း ထိုဟိတ်ဟန်ကြီးမားလှသော မိစ္ဆာစိတ်ဝိဥာဉ်များသည် မီးဘောလုံံးနှင့် တွေ့လိုက်သည့်အခိုက် ချက်ချင်း ပျောက်ကွယ်သွားရသည်။ မိစ္ဆာစိတ်ဝိဥာဉ်များ ပျောက်ကွယ်သွားပြီးနောက် ဒေါသတကြီး အော်ဟစ်သံများကို ရန်ကိုင် ကြားလိုက်ရသည်။
ရန်ကိုင် တစ်ကိုယ်လုံး တောင့်တောင့်ကြီး ဖြစ်သွားပြီး ရှေ့တည့်တည့်သို့ ကြည့်လိုက်ရာ ခြောက်ထောင့်ပုံ သလင်းကျောက်ကိုကိုက်ရင်း တောင်ပံများကို တဖျတ်ဖျတ်ခတ်ကာ ရန်ကိုင်အား ကြည့်လျက် အဆက်မပြတ် အော်ဟစ်နေသည့် မီးငှက်ကို တွေ့လိုက်ရသည်။
ရန်ကိုင်၏ ရုတ်တရက် တိုက်ခိုက်မှုကြောင့် မီးငှက် ကြောင်သွားသည့်ပုံပင်။
သို့သော်လည်း မီးငှက်၏ အော်ဟစ်သံများကို ရန်ကိုင် အရေးမစိုက်နိုင်သေး။ အစောပိုင်းက ကိစ္စကိုသာ ပြန်စဉ်းစားနေမိသည်။
ယခုမှပဲ အစောပိုင်းက မိစ္ဆာစိတ်ဝိဥာဉ်များ အစစ်အမှန် မဟုတ်သည်ကို သိလိုက်သည်။ ခုဏက ပေါ်လာသည့် မိစ္ဆာစိတ်ဝိဥာဉ်များသည် ပုံရိပ်ယောင်များ ဖြစ်ကြပေသည်။ ထို့ကြောင့်ပဲ သုတ်သင်ခြင်းနတ်ဆိုးမျက်လုံးသည် သူတို့၏ အစစ်အမှန်ပုံပန်းသွင်ပြင်ကို ရှာမတွေ့ခဲ့ခြင်း ဖြစ်သည်။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၂၄၈)
ရန်ကိုင်၏ ဝိဥာဉ်သည် အလွန်ကိုမှ အားကောင်းသည်။ သို့တိုင် ထိုသလင်းကျောက်သည် သူ့အား ပုံရိပ်ယောင်ထဲသို့ ရောက်အောင် လုပ်နိုင်သည်။ ထိုအခြင်းအရာကို ကြည့်လျှင် သလင်းကျောက် မည်မျှ အားကောင်းသလဲ မြင်တွေ့နိုင်ပေသည်။ ထိုအရာသည် ပျက်စီးသွားသည့် အစီအရင်၏ အူတိုင် ဖြစ်လောက်သည်။
မှော်ရတနာစိတ်ဝိဥာဉ်မှ အူတိုင်ကို ဖယ်ထုတ်လိုက်သည့် အတွက်ကြောင့် အစီအရင် ပျက်စီးသွားခြင်း ဖြစ်လောက်သည်။
တွေးလေ၊ တွေးလေ သလင်းကျောက်ကို သူပိုစိတ်ဝင်စားလာလေ ဖြစ်နေခဲ့သည်။ သေချာ စိတ်ငြိမ်အောင် လုပ်ပြီးနောက် သလင်းကျောက်ကို နောက်တစ်ကြိမ် ထပ်စစ်ဆေးကြည့်သည်။
သို့သော်လည်း ယခုတစ်ကြိမ်တွင် သလင်းကျောက်ဆီမှ မည်သည့် အနက်ရောင်ချီမှ ဖြာမထွက်လာတော့ချေ။ ထို့အစား သူ့အသိစိတ်ပင်လယ် မတည်မငြိမ် ဖြစ်လာပြီး ခေါင်းမူးလာသလို ရန်ကိုင် ခံစားလိုက်ရသည်။ သူ့တစ်ကိုယ်လုံး ပေါ့ရွှတ်သွားပြီး ကောင်းကင်နှင့် မြေပြင် ဇောက်ထိုးမိုးမျှော် ဖြစ်သွားသလို တဒင်္ဂတာ ခံစားမိလိုက်သ်ည။
ရန်ကိုင်လည်း ထိတ်ထိတ်လန့်လန့်နှင့် အလျင်အမြန် မျက်လုံး ပိတ်ချလိုက်ပြီး သူ့စိတ်ကိုငြိမ်အောင် ကြိုးစားလိုက်သည်။
သလင်းကျောက်ကို သူထပ်မစူးစမ်းရဲတော့ချေ။ မှော်ရတနာစိတ်ဝိဥာဉ်ကို သူ့ဆီ သယ်လာရန် ပြောလိုက်ပြီး သလင်းကျောက်ကို သိုလှောင်လက်စွပ်ထဲ ပစ်ထည့်လိုက်သည်။ နောက်မှ သေချာလေ့လာရပေမည်။
ရန်ကိုင် ပုံမှန်ပြန်ဖြစ်သွားသည်ကို မြင်သော် မှော်ရတနာစိတ်ဝိဥာဉ် ထပ်မအော်တော့။ ရန်ကိုင် ပခုံးပေါ်ဆီသို့သာ ပြန်ဆင်းနားလိုက်လေသည်။
ခြောက်လွှာမြောက်သို့ ရောက်နေသည်မှာ အတော်လေး ကြာနေပြီ ဖြစ်သော်လည်း အစီအရင် ရောက်နေသဖြင့် ခြောက်လွှာမြောက်သို့ ရောက်နေမှန်းမသိခဲ့။ ယခုမှသာ ခြောက်လွှာမြောက်ကို သေချာ စစ်ဆေးကြည့်ခွင့်ရတော့သည်။
စစ်ဆေးကြည့်ပြီးသည့်နောက် ရန်ကိုင် ကြောင်သွားခဲ့သည်
အကြောင်းမှာ ခြောက်လွှာမြောက်သည် အလွန်ကိုမှ ကျဉ်းသည့်အတွက်ကြောင့်ပင် ဖြစ်လေသည်။ ခြောက်လွှာမြောက်၏ အစနှင့်အဆုံးကို သူလှမ်းမြင်နေရသည်။ အကျယ်အရ ပြောပါဆိုလျှင် အနည်းဆုံး မိုင်းအနည်းငယ်လောက်သာ ကျယ်ပေသည်။
သို့သော် ခြောက်လွှာမြောက်၏ မိုးမြေစွမ်းအင်သည် အလွန်ကိုမှ သိပ်သည်းပေသည်။ ရန်ကိုင် ရပ်နေရာမှ မိုင်အနည်းငယ်ခန့် အကွာတွင် ဝါးတောလေးတစ်ခု ရှိနေခဲ့သည်။ ဝါးပင်လေးများသည် သေးသွယ်ပြေပြစ်လျပြီး လေနှင့်အတူ ယိမ်းယွဲ့နေခဲ့သည်။
ခြောက်လွှာ တစ်ခုလုံးကို ငါးလွှာက ဝန်းရံထားသည်။ သို့သော်လည်း ငါးလွှာမြောက်ထဲရှိ အပူဓါတ်များသည် ခြောက်လွှာမြောက်ထဲသို့ စိုးစဉ်းမျှပင် မဝင်နိုင်ခဲ့ချေ။ တစ်နည်းဆိုရသော် ခြောက်လွှာမြောက်သည် သဲကန္တာရထဲရှိ အိုအေစစ်တစ်ခုနှင့်ပင် တူနေသည်။
ဝါးတော၏ အလယ်ဗဟိုတွင် အိမ်လေးတစ်လုံး ရှိနေခဲ့သည်။ နှစ်ပေါင်းများစွာ ကြာပြီးသည့်တိုင် ထိုအိမ်လေးသည် ပျက်စီးပျောက်ကွယ်သွားခြင်း မရှိသေးချေ။ ထိုအိမ်လေးကို ရန်ကိုင် အသေအချာ စိုက်ကြည့်နေမိသည်။
လေးလွှာမြောက်တွင် ဂိုဏ်းပျက်တစ်ခုကို ရှာတွေ့ခဲ့ပြီး သဲမီးတောက်နယ်မြေထဲတွင် ယခင်က လူများ နေထိုင်ခဲ့သည် ဆိုသောအချက်ကို သိခဲ့ရသော်လည်း ဤနေရာတွင် အိမ်လေး တစ်လုံးကို လာတွေ့လိုက်သည့် အတွက်ကြောင့် ရန်ကိုင် အံ့အားမသင့်ဘဲ မနေနိုင်ခဲ့ချေ။
ဤနေရာရှိ မိုးမြေစွမ်းအင်သည် လေးလွှာမြောက်ထက် အများကြီး ပိုသိပ်သည်းသည်။ ထို့ကြောင့် ဤနေရာရှိအိမ်သည် သာမန်လူတစ်ယောက်၏အိမ် မဟုတ်တန်ရာ။ သူတွေ့ခဲ့သော ဂိုဏ်းပျက်ကြီးမှ အဆင့်မြင့် ပုဂ္ဂိုလ်တစ်ယောက်ယောက်၏ အိမ်သာ ဖြစ်တန်ရာသည်။
ထို့အပြင် အိမ်ပိုင်ရှင်သည် အမျိုးသမီး ဖြစ်လောက်သည်။ အကြောင်းမှာ အိမ်ပတ်ဝန်းကျင်ကြောင့် ဖြစ်သည်။ အိမ်ပတ်ဝန်းကျင်သည် အလွန်ကိုမှ သေသပ်သပ်ရပ် လှပသည်။ ယောကျာ်းသားများ နေထိုင်သည့် အိမ်များတွင် ထိုကဲ့သို့ ပတ်ဝန်းကျင်မျိုး မရှိချေ။
အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်ပြီး သုတ်သင်ခြင်းနတ်ဆိုးမျက်လုံးကို အသက်သွင်းထားရင်း အိမ်လေးဆီ ဖြည်းဖြည်းချင်း လျှောက်သွားလိုက်သည်။
ဤနေရာသို့ ရောက်ပြီးမှဖြင့် လက်ဗလာဖြင့် မပြန်နိုင်ချေ။ ထိုအိမ်လေးထဲတွင် အဖိုးတန်ပစ္စည်းရှိမရှိ သွားစစ်ဆေးကြည့်ရပေမည်။ ထို့အပြင် ဝါးတောလေးကိုလည်း စစ်ဆေးကြည့်ချင်သေးသည်။ ဤနေရာတွင် ပေါက်ရောက်သော မည်သည့်ဝါးမဆို သာမန်ဝါး မဟုတ်နိုင်ချေ။
အစကမူ ဝါးတောနားတွင် အစီအရင်များ ရှိနေလေမလားဟု စိုးရိမ်နေခဲ့မိသည်။ သို့သော် အတော်ဝေးဝေးသို့ လျှောက်လာပြီးနောက် မည်သည့် အန္တရာယ်မှ မရှိသည်ကို တွေ့လိုက်ရသည်။ ထို့ကြောင့် အတော်လေးလည်း အံ့အားသင့်မိသွားသည်။
မည်သို့ပင် ဖြစ်နေစေကာမူ ရန်ကိုင် နည်းနည်းလေးမှ သတိမပေါ့လိုက်ရဲချေ။ ဝါးတောရှေ့သို့ ရောက်သည့်အခါ၊ နတ်ဆိုးမီးတောက်ဓါးကို ဖန်တီး၍ သူ့ရှေ့တည့်တည့်ရှိ မီတာများစွာ မြင့်မားသော ဝါးပင်ကို ခုတ်ချလိုက်သည်။
ဝါးပင်တစ်ပင်ချင်းစီတိုင်းသည် မြစိမ်းရောင်တောက်နေပြီး အားကောင်းသော အသက်စွမ်းအင်ကို ထုတ်လွှတ်နေသည်။ ထိုဝါးများကို ပန်းပဲထုရာတွင် သုံးလျှင် အတော့်ကို အသုံးဝင်ပေလိမ့်မည်။ ဤနေရာတွင် ဝါးပင်အများကြီး ရှိနေသဖြင့် နည်းနည်းပါးပါး ခုတ်ယူသွားပြီး ယန်ယန်အား မှော်ရတနာ ပြန်လုပ်ခိုင်းရပေမည်။
သို့သော်လည်း ခုတ်လိုက်ပြီးသည့်နောက် ရန်ကိုင် ထိတ်လန့်သွားခဲ့သည်။ သူ့ဘက်က ခုတ်လိုက်သော်လည်း ဝါးပင်သည် ဘာမှဖြစ်မသွားခဲ့။ ယုတ်စွဆုံး သူ့ဓါးထိမှန်သွားသည့် နေရာတွင် ခြစ်ရာလေးပင် ထင်မသွားခဲ့ချေ။
ထိုဝါးပင်များ၏ မာကျောကို အထင်သေးလိုက်မိပြီမှန်း သိလိုက်သည်။ အတော်လေးကို ထိတ်လန့်အံ့ဩမိသွားသော်ငြား ပျော်လည်း ပျော်သွားမိခဲ့သည်။ ဝါးပင်များသည် အလွန်ကို မာကျောသည့်အတွက်ကြောင့် မှော်ရတနာ ပြုလုပ်ရာတွင် အလွန်ကိုမှ အသုံးဝင်ပေလိမ့်မည်။
ထိုကဲ့သို့ တွေးလိုက်မိသည်နှင့် ဝါးပင်များကို အားရပါးရ ခုတ်တော့လေသည်။
နာရီဝက်ကြာပြီးသည့်အခါ၊ ရန်ကိုင်သည် သံပုရာသီး ကိုက်ထားရသည့်ရုပ်ဖြင့် သူ့ရှေ့တည့်တည့်ရှိ ဝါးပင်ကို မမှိတ်မသုံ စိုက်ကြည့်နေခဲ့သည်။
ရှိရှိသမျှ နည်းလမ်းအကုန်အစင်သုံး၍ နာရီဝက်ကြာအောင် ဝါးပင်များကို ခုတ်နေခဲ့သော်လည်း တစ်ပင် ပင်လျှင် ရအောင် မခုတ်နိုင်ခဲ့ချေ။ သူ့ဝှက်ဖဲဖြစ်သော လေဟာနယ် ဓါးသွားများကို အသုံးပြုခဲ့သည့်တိုင် ဝါးပင်ပေါ်တွင် အလွန်ကိုမှ သေးငယ်လှသော ခြစ်ရာလေး တစ်ခုသာ ထင်အောင် လုပ်နိုင်ခဲ့သည်။
ဤနှုန်းဖြင့်သာဆိုပါက ဝါးပင်တစ်ပင်ကိုခုတ်ရန် အနည်းဆုံး ဆယ်ရက်လောက် အချိန်ယူရပေလိမ့်မည်။ သို့သော်လည်း ထိုမျှသော အချိန်ကို သူဘယ်က ရမည်နည်း။ ထို့ကြောင့် လက်လျှော့လိုက်ရုံသာ တတ်နိုင်ခဲ့လေသည်။ ဝါးပင်ကို မခုတ်နိုင်သဖြင့် ဂရုစိုက်မနေတော့ဘဲ အိမ်လေးဆီသို့သာ လျှောက်သွားလိုက်တော့သည်။
ဝါးပင်များနှင့်စာလျှင် အိမ်လေးကို ရန်ကိုင် ပို၍ စိတ်ဝင်စားပေသည်။
မကြာမီ အိမ်လေးရှေ့သို့ ရန်ကိုင် ရောက်လာခဲ့သည်။ သို့သော် အိမ်ထဲသို့ ချက်ချင်း ပြေးမဝင်သွားသေးဘဲ ဝင်ပေါက်တွင် ရပ်၍သာ နှစ်ပေါင်းများစွာကြာ တည်ရှိနေပြီဖြစ်သော အဆောက်အဦးကြီးကို စိုက်ကြည့်နေလိုက်သည်။
အိမ်လေးသည် လက်ရှိ အိမ်ပုံစံများနှင့် အတော်လေး ကွာခြားသည်။ အိမ်ကို မည်သည့် ပစ္စည်းဖြင့် ဆောက်လုပ်ထားသလဲ ဆိုသည်ကို မသိသော်ငြား အိမ်သည် လုံးဝ အကောင်းအတိုင်း ရှိနေဆဲပင်။ အိမ်ရှေ့တံခါးဆိုလျှင် ဖုန်ပင်မရှိချေ။
အိမ်သည် သုံးထပ်အိမ်လေးတစ်လုံး ဖြစ်ပြီး တစ်ထပ်ချင်းစီသည် ငါးမီတာခန့် မြင့်ကာ အမိုးသည် အမိုးခုံးပုံစံမျိုး ဖြစ်သည်။
အထဲသို့ သွားစစ်ဆေးချင်သော်လည်း ရန်ကိုင် တုန့်ဆိုင်းနေမိသည်။ ထို့ကြောင့် နောက်ဆုံး မှော်ရတနာစိတ်ဝိဥာဉ်ကို ကြည့်လိုက်လေသည်။ မှော်ရတနာစိတ်ဝိဥာဉ်သည်လည်း အိမ်လေးကို သေသေချာချာ စိုက်ကြည့်နေသည်။ သူလည်း ဤအိမ်ကို အတော်လေး စိတ်ဝင်စားနေသည့်ပုံပင်။ သို့သော် ရန်ကိုင်၏ အကြည့် သူ့အပေါ် ရောက်လာသည်ကို သတိပြုမိလိုက်သည့်နောက် သူ့စိတ်ထဲ မကောင်းသည့် အငွေ့အသက်တို့ ရလိုက်သည်။ ထို့ကြောင့် ချက်ချင်းပဲ ပန်းပဲမီးဖို့ထဲသို့ ပြန်ဝင်ပြေးလေသည်။
သောက်သုံးမကျတဲ့ငှက်စုတ် ရန်ကိုင် ကြိတ်၍ ကျိန်ဆဲလိုက်သည်။ မှော်ရတနာစိတ်ဝိဥာဉ်ကို အိမ်ထဲ အရင် ဝင်စစ်ဆေးခိုင်းလိုခြင်း ဖြစ်သည်။ သို့သော်လည်း ထိုကောင် ထိုမျှ ပါးလိမ့်မည်ဟု မည်သူ ထင်မည်နည်း။ သူ့အကြည့်ကို သတိပြုမိလိုက်သည်နှင့် သူဘာကြံနေလဲ ဆိုသည်ကို ချက်ချင်း နားလည်သွားကာ ပန်းပဲမီးဖိုထဲ ပြေးပုန်းတော့လေသည်။
ထိုကောင်က မသွားချင်သဖြင့် ရန်ကိုင်လည်း သွားတွန်းအားပေးမနေခဲ့ချေ။ တကယ်တော့ ထိုငှက်ကြောင့်သာ ပုံရိပ်ယောင်အစီအရင်ထဲမှ လွတ်မြောက်နိုင်ခဲ့ခြင်း မဟုတ်ပေလော။
ဖြည်းဖြည်းချင်း ခေါင်းခါရမ်းလျက် အိမ်ရှေ့တံခါးကို ဖြည်းဖြည်းချင်း ဆွဲဖွင့်လိုက်သည်။
ကျွီ………
အိမ်ထဲသို့ မဝင်ခင် သူတော်စင်ချီကို ကြိုတင် စုစည်းထားလိုက်သည်။
သို့သော် တံခါးလုံးဝ ပွင့်သွားသည့်တိုင် အိမ်ထဲမှ မည်သည့် အန္တရာယ် အငွေ့အသက်ကိုမှ မခံစားရ။ သူ့စိတ်တစ်ခုလုံး ငြိမ်းသွားသလိုသာ ခံစားလိုက်ရသည်။ အကြောင်းအရင်းကို စစ်ဆေးကြည့်လိုက်သော် အမွှေးတိုင်အိုးလေးတစ်အိုးမှ ထွက်ပေါ်နေသည့် သင်းရနံ့ကြောင့် ဖြစ်မှန်း သိလိုက်ရသည်။
ရန်ကိုင်လည်း မျက်မှောင်ကြုတ်ရင်း ထိုအမွှေးတိုင်အိုးကို သွားစစ်ဆေးကြည့်လေသည်။
အမွှေးတိုင်အိုးသည် အရွယ်အစား ကျုံးထားသည့် ပန်းပဲမီးဖိုနှင့် ဆင်တူသည်။ ထို့အပြင် ၎င်း၏ အဆင့်မှာလည်း မနိမ့်ကျ၊ တန်ခိုးရှင်ဘုရင်အဆင့်နိမ့် အရှိန်အဝါကို ထုတ်လွှတ်နေသည်။ သို့သော် အမွှေးတိုင်အိုးသည် အမွှေးတိုင်ထွန်းရန် သက်သက်သာ လုပ်ထားခြင်းဖြစ်ပြီး မည်သည့် တိုက်ခိုက်ရေးစွမ်းအင်မှ မရှိချေ။
အမွှေးတိုင်အိုးကဲ့သို့ သာမန် တန်ဆာပလောလေးတစ်ခုင်လျှင် တန်ခိုးရှင်ဘုရင် အဆင့်နိမ့် မှော်ရတနာ ဖြစ်နေသည်။
ရန်ကိုင် အံ့အားသင့်သွားရသည်ကား အမွှေးတိုင်အိုးမဟုတ်ဘဲ အိုးအတွင်းတွင် ရှိနေသာ လက်မအရွယ် အမွှေးနံ့သာလေးပင်။ ထိုခရမ်းရောင် စန္ဒကူးသားသည် အလွန်ကိုမှ ထူးခြားလှသည်။ ၎င်းဆီမှ ထွက်ပေါ်နေသော အနံ့သည် ကျင့်ကြံသူတစ်ယောက်၏ ကျင့်ကြံခြင်းအတွက် အလွန်ကိုမှ အကူအညီ ဖြစ်စေပေသည်။ ထိုအနံ့ကို ရှူရှိုက်သည့်လူတိုင်း ဈာန်ဝင်စားသည့် အခြေအနေတွင်းသို့ အလျင်အမြန် ရောက်သွားနိုင်ပေသည်။
“နှစ်တစ်သောင်းအမွှေးနံ့သာ” ခဏလောက် စဉ်းစားကြည့်ပြီးနောက် ရန်ကိုင် စိတ်လှုပ်ရှားစွာဖြင့် ထအော်လိုက်သည်။
မြင်မြင်ချင်း မမှတ်မိသော်လည်း ခဏလောက် စဉ်းစားကြည့်ပြီးနောက် ထိုအရာဘာလဲ ရန်ကိုင် သိသွားခဲ့လေပြီ။ သူအရာသာ သူထင်သည့်အတိုင်း နှစ်တစ်သောင်းအမွှေးနံ့သာ ဖြစ်မည် ဆိုပါက အလွန်ကိုမှ အဖိုးတန်သော ရတနာတစ်ခု ဖြစ်သွားပေလိမ့်မည်။
နှစ်တစ်သောင်းအမွှေးနံ့သာသည် နာမည်အတိုင်း နှစ်ပေါင်းတစ်သောင်းတိတိ အလောင်ကျွမ်းခံနိုင်သည်။ ထိုလက်မအရွယ်သည် အမွှေးနံ့သာလေးသည် နှစ်ပေါင်းတစ်သောင်း တိတိ အလောင်ကျွမ်းခံလာခဲ့ခြင်း ဖြစ်သည်။
နှစ်တစ်သောင်းအမွှေးနံ့သာသည် သဘာဝအတိုင်း ဖြစ်လာခြင်းမဟုတ်ဘဲ လူများ ထုတ်လုပ်သည့် အရာတစ်ခု ဖြစ်သည်။ ထိုအရာကို ပြုလုပ်ဖို့ရာ လိုအပ်သော ကုန်ကြမ်းများမှာလည်း အံ့အားသင့်စရာ ကောင်းလှ၏။ အမျိုးအစား မတူညီသော အဆင့်တစ်ဆယ် မွန်းစတားသားရဲ ဆယ့်နှစ်ကောင်၏ အစိတ်အပိုင်းများကို အဓိကအမယ်အဖြစ် လိုအပ်သည်။ ထိုပစ္စည်းများအနက် အရှားပါးဆုံးသည် ခုနှစ်ရောင်ခြယ်သမင်ကြီး၏ နှလုံးဖြစ်သည်။
ခုနှစ်ရောင်ခြယ်သမင်းကြီးသည် မျိုးတုန်းပျောက်ကွယ်သွားပြီဖြစ်သော မွန်းစတားသားရဲ တစ်ကောင် ဖြစ်သည်။ ထိုသားရဲသည် ကလေးဘဝတွင် အဆင့်ရှစ်ဖြစ်ပြီး အရွယ်ရောက်အဆင့်တွင် အဆင့်တစ်ဆယ်ဖြစ်သည်။ ထိုကောင်များသည် ရှားပါးရုံသာမက အလွန်ကိုမှ အားကောင်းလှသည့် မွန်းစတားသားရဲ မျိုးစိတ်များလည်း ဖြစ်ကြသေးသည်။ ထိုသားရဲများ ထုတ်လွှတ်သည့် ခုနှစ်ရောင်ခြယ် ရောင်စဉ်သည် မည်သည့်အတားအဆီးကိုမဆို ထိုးဖောက်နိုင်စွမ်းရှိသည်။ ထို့ကြောင့် တန်ခိုးရှင်ဘုရင်အဆင့်များပင်လျှင် ထိုသားရဲများနှင့် တွေ့မည်ဆိုပါက လက်လျှော့ရုံသာ တတ်နိုင်သည်။
အရွယ်ရောက် ခုနှစ်ရောင်ခြယ်သမင်းကြီး တစ်ကောင်ကို သတ်ဖို့ရာအတွက် အနည်းဆုံး တန်ခိုးရှင်ဘုရင် ဒုတိယအဆင့် ကျင့်ကြံသူငါးယောက် လိုအပ်ပေသည်။
ခုနှစ်ရောင်ခြယ်သမင်ကြီး၏ နှလုံးကို ထုတ်ယူပြီးနောက် ဆယ်ရက်အတွင်း အသုံးပြုရသည်။ မဟုတ်လျှင် ၎င်း၏ အနံ့ လုံးဝ ပျောက်ကွယ်သွားပေလိမ့်မည်။
ထိုအကြောင်းကြောင့် နှစ်တစ်သောင်းအမွှေးနံ့သာ အလွန်ရှားပါးနေရခြင်း ဖြစ်သည်။ ထိုအရာသည် ကျင့်ကြံသူတစ်ယောက်အား ဈာန်ဝင်စားသည့် အခြေအနေထဲသို့ ရောက်အောင် ကူညီပေးနံ့သလို ၎င်း၏ အနံ့ကို ရှူရှိုက်ခြင်းဖြင့် ဥာဏ်အလင်းပွင့်နိုင်သည့် ရာခိုင်နှုန်းကို တိုးမြှင့်နိုင်ပေသည်။ ထိုမျှသာမကသေး၊ ကျင့်ကြံသူတစ်ယောက်၏ စိတ်ကို ကြည်လည် ငြိမ်းချမ်းအောင် လုပ်ဆောင်ပေးနိုင်ပြီး အတွင်းနတ်ဆိုးများကိုလည်း ရှင်းထုတ်ပေးနိုင်သည်။
ကျင့်ကြံသူတစ်ယောက် အဆင့်ကြီးတစ်ဆင့်သို့ ချိုးဖျက်သည့်အခါ ကောင်းကင်လမ်းစဉ်၊ သိုင်းတာအိုအပေါ် အတိုင်းအတာတစ်ခုထိ ထိုးထွင်းသိမြင်ထားရန် လိုအပ်သလို ကိုယ်တွင်း နတ်ဆိုးများကိုလည်း ရင်ဆိုင်ရန် လိုအပ်သည်။ ထိုကိုယ်တွင်းနတ်ဆိုးများသည် သူတို့ စိတ်ထဲတွင် ကိန်းအောင်းနေသော နာကျင်မှုများနှင့် နောင်တတရားတို့ ဖြစ်ကြသည်။ ပုံမှန်အားဖြင့် ထိုကိုယ်တွင်းနတ်ဆိုးများကို ဖိနှိပ်ထားနိုင်လေ့ ရှိကြသော်လည်း အဆင့်သစ်တစ်ခုသို့ ချိုးဖျက်သည့်အခါ ပြန်လည်ထွက်ပေါ်လာပြီး ကျင့်ကြံသူများ၏ စိတ်ကို တိုက်ခိုက်ကြကာ ယိုင်နဲ့အောင် လုပ်ကြသည်။
ကိုယ်တွင်းနတ်ဆိုးကြောင့် ချီသွေဖယ်ပြီး ဒုက္ခတိဖြစ်သွားသူများ၊ နတ်ဆိုး ဖြစ်သွားသူများ အများကြီး ရှိပေသည်။
သူ့ကျင့်ကြံခြင်းတစ်လျှောက် ကိုယ်တွင်းနတ်ဆိုးများနှင့် ရန်ကိုင် ကြုံတွေ့ခဲ့ဖူးခြင်း မရှိချေ။ အကြောင်းမှာ သူ့တွင် ထိုကဲ့သို့ နာကျင်မှုများ၊ နောင်တများ ရှိမနေသည့် အတွက်ကြောင့် ဖြစ်သည်။ သူ့ချစ်ရသူများနှင့် ခွဲခွာခဲ့ရသည့် အတွက်ကြောင့် ဝမ်းနည်းမိသည်သာ ရှိသည်။ သို့သော်လည်း တစ်နေ့တွင် သူချစ်ရသူများနှင့် ပြန်လည် ပေါင်းစည်းနိုင်လိမ့်မည်ဟု အပြည့်အဝ ယုံကြည်ပေသည်။ ထို့ကြောင့် ထိုအရာများသည် သူ့အဆင့်ချိုးဖျက်ရာတွင် အနှောင့်အယှတ် မဖြစ်စေနိုင်ခဲ့ချေ။
သို့သော်လည်း တစ်နေ့တွင် သူလည်း ကိုယ်တွင်းနတ်ဆိုး မကြုံတွေ့နိုင်ဘူးဟု မည်သူမှ တထစ်ချ မပြောနိုင်ချေ။ သူ့အဆင့်ကြီးတစ်ဆင့်သို့ ချိုးဖျက်နေတုန်း ကိုယ်တွင်းနတ်ဆိုးသာ ပေါ်လာမည်ဆိုပါက အကျိုးဆက်ကား မတွေးရဲစရာပင်။
ယခု ဤနှစ်တစ်သောင်းအမွှေးနံ့သာဖြင့် ဆိုပါက ထိုကိစ္စကို အလွယ်တကူ ဖြေရှင်း၍ ရပေပြီ။
နှစ်တစ်သောင်းအမွှေးနံ့သာကို ရန်ကိုင် သိနေရခြင်းမှာ ထိုအရာသည် ဆေးပညာနှင့် ဆက်စပ်သော ပစ္စည်းတစ်ခု ဖြစ်နေသောကြောင့် ဖြစ်ပေသည်။
နှစ်တစ်သောင်းအမွှေးနံ့သာကို တွေ့လိုက်သည့် အတွက်ကြောင့် ရန်ကိုင် အတော့်ကို ပျော်နေသည်။ ချက်ချင်းပဲ ထိုလက်မအရွယ် အပိုင်းအစလေးကို သိုလှောင်လက်စွပ်ထဲသို့ ထည့်သိမ်းလိုက်လေသည်။ နောက်ထပ် အဖိုးတန်ပစ္စည်းများ ထပ်ရှာမတွေ့လျှင်ပင် ကိစ္စမရှိတော့။ ယခုခရီးသည် နှစ်တစ်သောင်းအမွှေးနံ့သာ တစ်ခုတည်းနှင့်ပင် တန်နေလေပြီ။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၂၄၉)
ခေါင်းမော့ကြည့်လိုက်သည့်အခါ အမွှေးနံ့သာအိုးနောက်တွင် ပန်းချီကားတစ်ချပ် ရှိနေသည်ကို တွေ့လိုက်ရသည်။ ထိုပန်ချီကားချပ်တွင် အမျိုးသမီးတစ်ဦး၏ ကျောပြင်ကို ရေးဆွဲထားသည်။ အမျိုးသမီးသည် အဖြူရောင်အဝတ်ရုံရှည်ကို ဝတ်ဆင်ထားပြီး တင့်တယ်ကျော့ရှင်းလှသည်။
ထိုအမျိုးသမီး၏ ကြည့်မိလိုက်သည့်အခိုက် သူ့စိတ်ထဲ ကြည်ညိုလေးစားစိတ်တို့ တဖွားဖွား ထွက်ပေါ်လာခဲ့ပြီး ချက်ချင်းပဲ ထိုင်ဦးညွှတ်ချင်မိသွားခဲ့သည်။ တစ်ခုခု မှားယွင်းနေမှန်း သတိပြုမိသည်နှင့် ကျင့်စဉ်ကို အလျင်အမြန် လှည့်ပတ်၍ ထိုခံစားချက်ကို ဖိနှိပ်လိုက်လေသည်။
သေချာ အနီးကပ်ကြည့်လိုက်သည့်အခါ ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့သည်။ ထိုကျောပြင်ကို တစ်နေရာရာတွင် သူမြင်ဖူးနေသလို ခံစားရသည်။ သို့သော် မည်သည့်နေရာတွင် မြင်ဖူးနေမှန်း မစဉ်းစားမိ ဖြစ်နေခဲ့သည်။
ထို့အပြင် သူ့စိတ်ထဲရှိ ကြည်ညိုလေးစားစိတ်တို့ ပျောက်ကွယ်သွားပြီးနောက် ပန်းချီကားချပ်ကို ပြန်ကြည့်လိုက်သည့်အခါ ပန်းချီကားချပ်သည် သာမန် ပန်းချီကားချပ်နှင့် ဘာမှ မကွာတော့သည်ကို တွေ့လိုက်ရသည်။
ခေါင်းယဲ့ယဲ့လေး ခါလိုက်ရင်း ပန်းချီကားချပ်ကို ကောင်းကင်စိတ်အာရုံဖြင့်ပါ သေချာ ထပ်စစ်ဆေးကြည့်သည်။ ဘာမှ မထူးခြားမှန်း သိလိုက်ပြီးသည့်နောက် ကောင်းကင်စိတ်အာရုံကို ပြန်ရုတ်သိမ်းလိုက်လေသည်။
ပန်းချီကားချပ်ထဲရှိ အမျိုးသမီးသည် ဤနေရာ၏ ပိုင်ရှင် ဟုတ်လျှင်ဟုတ်၊ မဟုတ်လျှင် ဤနေရာနှင့် တစ်နည်းနည်းဖြင့် ဆက်စပ်နေသူတစ်ဦး ဖြစ်ရပေလိမ့်မည်။ မဟုတ်လျှင် သူမ၏ ကျောပြင်ကို ဆွဲသားထားသည့် ပန်းချီကားချပ် ဤနေရာတွင် ရှိနေလိမ့်မည် မဟုတ်ချေ။
ထိုပန်းချီကားချပ်ကိုတော့ ယူသွားရန် ရန်ကိုင် မကြိုးစားခဲ့။ နှစ်တစ်ထောင် အမွှေးနံ့သာကို ရပြီးသည်ကတစ်ကြောင်း၊ ပန်းချီကားချပ်သည် ဘာမှမထူးခြားသည်က တစ်ကြောင်းတို့ကြောင့် ဖြစ်ပေသည်။ ထို့ကြောင့် အလေးခံပြီး သူစိမ်းတစ်ယောက်၏ ကျောပြင်အား ဆွဲသားထားသည့် ပန်းချီကားချပ်ကို သယ်မသွားနိုင်ပေသည်။
ဒုတိယတစ်ကြိမ် ထပ်စူးစမ်းကြည့်လိုက်ပြီး ဘာအဖိုးတန်း ပစ္စည်းမှ မရှိတော့မှန်း သေချာသွားသည့်နောက် ဒုတိယထပ်ဆီသို့ ထပ်တက်သွားလေသည်။ မကြာမီ ဒုတိယထပ်ဆီသို့ ရန်ကိုင် ရောက်လာခဲ့သည်။
သို့သော် ဒုတိယထပ်သို့ ရောက်ရောက်ချင်း မြင်လိုက်ရသည့် မြင်ကွင်းကြောင့် ရန်ကိုင် ကြောင်သွားခဲ့သည်။ ဒုတိယထပ်သည် အခြားနေရာ မဟုတ်ဘဲ အမျိုးသမီးတစ်ဦး၏ အခန်း ဖြစ်နေခဲ့သည်။ အခန်းထဲတွင် ဘာပစ္စည်းများများစားစားမှ မရှိသော်လည်း ပရိဘောဂ၊ အသုံးအဆောင် ပစ္စည်းများအရ ဤနေရာသည် အမျိုးသမီးတစ်ဦးနေသည့် နေရာဖြစ်ကြောင်း ရန်ကိုင် ပြောနိုင်သည်။
ဤအထပ်တွင် ကုတင်တစ်လုံး၊ စားပွဲတစ်လုံး၊ ထိုင်ခုံတစ်လုံးနှင့် ကျင့်ကြံရေးဖျာ တစ်ချပ်တို့သာ ရှိနေခဲ့သည်။ အခြားဘာမှရှိမနေခဲ့ချေ။
အခန်း ပတ်ပတ်လည်ကို လှည့်ပတ်ကြည့်ပြီး နောက်ဆုံးတွင် ရန်ကိုင်၏ အကြည့်သည် ကျင့်ကြံရေးဖျာပေါ်သို့ ရောက်သွားခဲ့သည်။ ဤအိမ်ပိုင်ရှင်သည် ဤအထပ်တွင်နေပြီး ထိုဖျာပေါ်တွင် ထိုင်ကျင့်ကြံခဲ့ဟန်တူသည်။ ထို့ကြောင့် ထိုဖျာသည်လည်း သာမန်ဖျာတစ်ချပ် မဟုတ်တန်ရာ။
ထိုကဲ့သို့ စဉ်းစားမိလိုက်သည်နှင့် ထိုကျင့်ကြံရေးဖျာကို ရန်ကိုင် သွားယူလေသည်။
သို့သော်လည်း သူ့လက်နှင့်ဖျာ ထိမိလိုက်သည်နှင့် ဖျာတစ်ချပ်လုံး ဖုန်ဖြစ်သွားခဲ့သည်။
ထိုဖျာသည် ထူးခြားသည့် ဖျာတစ်ချပ်မဟုတ်ဘဲ သာမန်ဖျာတစ်ချပ်သာ ဖြစ်နေခဲ့သည်။ ထိုအခြင်းအရာကို မြင်လိုက်သော် ရန်ကိုင် ကြောင်အမ်းအမ်း ဖြစ်သွားပြီး ရုတ်တရက် ထရယ်လေသည်။ ပစ္စည်းကောင်းများစွာကို ရပြီးသည့်နောက် သူအတော်လေး လောဘ ကြီးလာသည့်ပုံပင်။ တစ်ပါးသူ ထိုင်ခဲ့သည့် ဖျာကိုပင် အလွတ်မပေးတော့ချေ။
ဒုတိယကို နည်းနည်းပါးပါး ထပ်ရှားလိုက်ပြီး ဘာအဖိုးတန် ပစ္စည်းမှ မတွေ့သည့်နောက် တတိယထပ်သို့ တက်လာခဲ့လိုက်လေသည်။
သဲမီးတောက်နယ်မြေတွင် အကျိုးအမြတ်၊ အဖိုးတန်ရတနာများစွာကို သူရခဲ့ပြီးလေပြီ။ အစောပိုင်းက ဖျာကိစ္စပြီးနောက် ရန်ကိုင်၏စိတ် အတော်လေး တည်ငြိမ်သွားခဲ့သည်။ တတိယထပ်တွင် မည်သည့် ရတနာမှမရှိလျှင်ပင် သူဂရုစိုက်တော့မည် မဟုတ်ချေ။
ထိုကဲ့သို့ စဉ်းစားပြီးနောက် တတိယထပ်သို့ အလျင်အမြန် တက်သွားလေသည်။ သို့သော်လည်း တတိယတွင် ပစ္စည်းတစ်ခုခု ရှိနေခဲ့ပေသည်။ လှမ်းကြည့်လိုက်သည့်အခါ လေထဲတွင် ဝဲနေသည့် တိုကင်ပြားတစ်ပြား ဖြစ်ကြောင်း သိလိုက်ရသည်။
ထိုတိုကင်ပြားကို မြင်လိုက်သည့်အခိုက် ရန်ကိုင် တစ်ကိုယ်လုံး တောင့်တင်းသွားခဲ့ပြီး ချက်ချင်းပဲ အနက်ရောင်စာအုပ်ထဲ လှန်လှောရှာတော့လေသည်။
ခဏအကြာတွင် ရန်ကိုင်လက်ထဲ တိုကင်ပြားတစ်ပြား ပေါ်လာခဲ့သည်။ ထိုတိုင်ကင်ပြားသည် တတိယထပ်တွင် ဝဲနေသည့် တိုကင်ပြားနှင့် တစ်ပုံစံတည်းနီးပါးပင်။ တိုကင်ပြားနှစ်ပြားစလုံးကို မည်သည့် ပစ္စည်းမှ ထုလုပ်ထားမှန်း မသိရသော်လည်း တိုကင်ပြား နှစ်ပြားစလုံးသည် ထူးထူးခြားခြား တန်ဆာဆင်ထားခြင်းမျိုး မရှိဘဲ “ဧကရာဇ်” ဆိုသော စကားလုံးကိုသာ တိုကင်မျက်နှာပြင်ပေါ်တွင် ထိုးထွင်းထားလေသည်။
သူ့လက်ထဲမှ တိုကင်ပြားသည် မြင်လိုက်သူတိုင်အား နှလုံးမြန်သွားစေနိုင်သော ခံစားချကက်ို ပေးစွမ်းနေခဲ့သည်။
“ကြယ်ဧကရာဇ်တံဆိပ်ပြား” ရန်ကိုင် မျက်နှာ လေးနက်သွားခဲ့သည်။
ကြယ်ဧကရာဇ်တံဆိပ်ပြားများကို ကြယ်တာရာကောင်းကင်ဧကရာဇ်မှ ဖန်တီးခဲ့သည်ဟု ပြောကြသည်။ ကြယ်တံဆိပ်ပြားစုစုပေါင်း ဆယ်ပြားရှိသည်ဟု ကွေ့ဇူ သူ့အား တစ်ခါ ပြောဖူးသည်။ သို့သော်လည်း ထိုကြယ်တာရာကောင်းကင် တံဆိပ်ပြားများ မည်သည့်နေရာတွင် ရှိနေသလဲ ဆိုသည်ကို မည်သူမှ မသိကြချေ။ ကြယ်တံဆိပ်ပြား တစ်ခုချင်းစီတိုင်းထဲတွင် ကြယ်တာရာကောင်းကင်ဧကရာဇ်ဩ တိုက်ကွက်တစ်ခုစီကို ချိတ်ပိတ်ထားလေသည်။ ထိုတိုက်ကွက် တစ်ကွက်ချင်းစီတိုင်းသည် တန်ခိုးရှင်ဘုရင်အဆင့် တစ်ယောက်ကို အလွယ်တကူ သတ်ပစ်နိုင်သည်အထိ စွမ်းအားကြီးပေသည်။
ရန်ကိုင် လက်ရှိကိုင်ထားသည့် ကြယ်တာရာကောင်းကင်တံဆိပ်ပြားကို ကွေ့ဇူမှ အသက်ကြယ်ကျေးဇူးအဖြစ် သူ့အား ပေးခဲ့ခြင်း ဖြစ်သည်။ ထိုစဉ်က သူအန္တရာယ်တစ်ခုခုနှင့် ကြုံလျှင် တံဆိပ်ပြားထဲ သူတော်စင်ချီ ထည့်သွင်းပြီး အထဲတွင် ချိတ်ပိတ်ထားသည့် ကြယ်တာရာကောင်းကင်ဧကရာဇ်၏ တိုက်ကွက်ကို အသက်သွင်းနိုင်သည်ဟု ကွေ့ဇူ သူ့အား ပြောခဲ့သည်။
သို့သော် ကြယ်ဧကရာဇ်တံဆိပ်ပြားကို သုံး၍ ရန်သူကို သတ်နိုင်သည်ဆိုလျှင် ရန်ကိုင်၏ လက်ရှိ ကျင့်ကြံခြင်းအရ သူလည်း တန်ပြန်ဘေးထွက်ဆိုးကျိုးမှ လွတ်မြောက်လိမ့်မည် မဟုတ်ချေ။ ရန်ကိုင်ကိုသတ်ရင်း သူပါတစ်ခါတည်း သေသွားနိုင်ပေသည်။ တကယ်တော့ ကြယ်တာရာကောင်းကင် ဧကရာဇ်၏ တိုက်ကွက်သည် အလွန်ကိုမှ စွမ်းအားကြီးလွန်းသည် မဟုတ်ပေလော။
ထို့ကြောင့် ကြယ်တာရာကောင်းကင် တံဆိပ်ပြားကို ရသည့်အချိန်မှစ၍ တစ်ကြိမ်ခါ ထုတ်မသုံးခဲ့ဘဲ အနက်ရာင်စာအုပ်ထဲတွင်သာ ထည့်သိမ်းထားခဲ့သည်။ လုံးဝကို ရင်မဆိုင်နိုင်သည့် ရန်သူများနှင့် မတွေ့ခဲ့သည့် အတွက်ကြောင့်လည်း ပါပေသည်။
သဲမီးတောက်နယ်မြေ၏ ခြောက်လွှာမြောက်တွင် ကြယ်ဧကရာဇ်တံဆိပ်ပြားတစ်ပြားကို လာတွေ့လိမ့်မည်ဟု မထင်ထားခဲ့ချေ။
သို့သော်လည်း ထိုလေထဲ ဝဲနေသော ကြယ်ဧကရာဇ်တံဆိပ်ပြားနှင့် ပက်သက်ပြီး တစ်ခုခု ထူးခြားနေသည်ကို ရန်ကိုင် သတိပြုမိလိုက်သည်။ ထိုကြယ်ဧကရာဇ်တံဆိပ်ပြားသည် သူ့လက်ထဲရှိ ကြယ်ဧကရာဇ်တံဆိပ်ပြားနှင့် တူညီသော အရှိန်အဝါကို ထုတ်လွှတ်နေသော်ငြား ထိုအရာဆီမှ မည်သည့် အန္တရာယ် အငွေ့အသက်ကိုမှ မခံစားရချေ။
ထိုကြယ်ဧကရာဇ်တံဆိပ်ပြားသည် သုံးပြီးသား တံဆိပ်ပြားတစ်ခု ဖြစ်ရပေမည်။ သို့သော်လည်း အထဲတွင် ချိတ်ပိတ်ထားသော တိုက်ကွက်ကို အသုံးပြုလိုက်ပြီးသည့်တိုင် ပျက်စီးသွားခြင်းမရှိသည့် ကြယ်ဧကရာဇ်တံဆိပ်ပြား၏ မာကျောမှုကို ရန်ကိုင် အတော်လေး အံ့အားသင့်နေမိသည်။
သုံးပြီးသာ တံဆိပ်ပြားပင် ဖြစ်စေကာမူ၊ ကြယ်ဧကရာဇ်တံဆိပ်ပြားတစ်ခု ဖြစ်သည့်အတွက်ကြောင့် ဤအတိုင်း လက်မလွှတ်လိုက်ချင်ချေ။ ထို့ကြောင့် ရှေ့တက်ပြီး တံဆိပ်ပြားကို သွားယူလိုက်သည်။ ထိုသို့ လှမ်းယူလိုက်သည့်အခိုက်၊ ထိုကြယ်ဧကရာဇ် တံဆိပ်ပြားဆီမှ မှိန်ဖျဖျအလင်းလှိုင်းတစ်လှိုင်း ထွက်ပေါ်လာခဲ့သည်။
ထိုအလင်းလှိုင်းထဲတွင် ပါဝင်သော သတ်ဖြတ်လိုစိတ်ကို သတိပြုမိလိုက်သည်နှင့် ရန်ကိုင် အမူအရာ ပြောင်းလဲသွားခဲ့ပြီး သူတော်စင်ချီကို ကမန်းကတန်း လှည်ပတ်ကာ ချက်ချင်းပဲ နောက်ပြန်ဆုတ်လိုက်သည်။ သို့သော်လည်း အလင်းလှိုင်းသည် သူ့ထက် ပိုမြန်နေခဲ့ရာ အလျင်အမြန်ပဲ သူ့ဆီသို့ ရောက်ရှိလာခဲ့သည်။
ရန်ကိုင်မျက်နှာ သွေးဆုတ်ဖြူလျော်သွားခဲ့သည်။ ထိုကြယ်ဧကရာဇ်တံဆိပ်ပြားသည် သုံးပြီးသား တံဆိပ်ပြားတစ်ခု ဖြစ်နေသည့်တိုင် လူတိုင်း ထိချင်တိုင်း ထိ၍ရသည့် ပစ္စည်းတစ်ခု မဟုတ်သည့်ပုံပင်။
သူတော့ကံဆိုးပြီးဟု ထင်နေသည့်အချိန်မှပဲ သူ့လက်ထဲရှိ ကြယ်ဧကရာဇ်တံဆိပ်ပြားမှ အလှိုင်းတစ်လှိုင်း ထွက်ပေါ်လာခဲ့ပြီး သူ့ဆီသို့ တိုးဝင်လာနေသော အလှိုင်းကို ချေဖျက်သွားသည်။
လေထဲတွင် ဝဲနေသော ကြယ်ဧကရာဇ်တံဆိပ်ပြားသည်လည်း ထောက်တိုင် ပျောက်သွားသည့်အလား လေထဲမှ ကြမ်းပြင်ပေါ်သို့ ပြုတ်ကျလာခဲ့လေသည်။
ရန်ကိုင်မှာမူ ယခုထိ အကြောက်မပြေသေး။ သူ့လက်ထဲရှိ ကြယ်ဧကရာဇ်တံဆိပ်ပြားကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားမိသည်။
ယခုကဲ့သို့ ဖြစ်လာလိမ့်မည်ဟု သူမထင်ထားခဲ့ချေ။ သူ့ကြယ်ဧကရာဇ်တံဆိပ်ပြားကိုသာ မကိုင်ထားခဲ့လျှင် ယခုအချိန်လောက်ဆို ပြင်းပြင်းထန်ထန် ဒဏ်ရာရနေလောက်ပေပြီ။ ထိုအလင်းလှိုင်းလေးထဲတွင် ပါဝင်သော စွမ်းအားသည် လက်ရှိသူ ကိုင်တွယ်နိုင်သည့် စွမ်းအားမျိုး မဟုတ်ချေ။
စိတ်ကို ပြန်ငြိမ်အောင် လုပ်ပြီးသည့်အခါမှ ဖြည်းဖြည်းချင်း လမ်းလျှောက်သွားလိုက်သည်။
ထိုစဉ် လောကကြီးတစ်ခုလုံး ရုတ်တရက် တုန်ခါလာခဲ့သည်။ ပတ်ဝန်းကျင် လေဟာနယ် တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားသည်ကို ရန်ကိုင် ခံစားမိလိုက်သည်။ အဘက်ဘက်ဆီမှ သူ့တည်ရှိမှု ငြင်းဆန်နေဟန်ရသော အားအင်တစ်မျိုး ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
တစ်ချိန်တည်းတွင် ကျောက်စိမ်းသဖွယ် ချောမွတ်သွယ်လျလှပသော ပုံရိပ်ယောင် လက်တစ်ချောင်း ကောင်းကင်ထက်တွင် ရုတ်တရက် ပေါ်လာပြီး ရန်ကိုင်အား ဖမ်းဆုပ်လေသည်။
ထိုကျောက်စိမ်းဖြူရောင် လက်သည် အမျိုးသမီးတစ်ဦး၏ လက်ဖြစ်သည်။ သို့သော် လက်သည်ကား အံ့အားသင့်ဖွယ် ကြီးမားလွန်းလှသည်။ အလွှာတစ်ခုလုံးကို ဖုံးအုပ်လုမတတ် ဖြစ်နေပြီး အိမ်လေးကို ဖြတ်ကျော်ကာ ရန်ကိုင်ဆီသို့ တည့်တည့်မတ်မတ် ရောက်လာသည်။
သဲမီးတောက်နယ်မြေ ပိတ်တော့မည်မှန်း သိလိုက်သော် ရန်ကိုင်၏ အမူအရာ အပြောင်းကြီး ပြောင်းလဲသွားခဲ့လေသည်။ ထို့ကြောင့် ပတ်ဝန်းကျင် လေဟာနယ်သည် သူ့အား လက်မခံလိုတော့ခြင်း ဖြစ်သည်။
သူတစ်ယောက်တည်းသာမဟုတ်၊ အခြားသူများလည်း ဤကဲ့သို့ ဖြစ်နေလိမ့်မည်ဟု ရန်ကိုင် တွေးမိလိုက်သည်။ ရန်ကိုင် တွေးသည်မှာ မမှားချေ။ အခြားသူများလည်း သူ့ကဲ့သို့ ဖြစ်နေပေသည်။ ပထမအလွှာမှစ၍ လေးလွှာမြောက်အထိ၊ ပုံရိပ်ယောင်လက်များ ဟင်းလင်းပြင်ထဲမှ ရုတ်တရက် ထွက်ပေါ်လာပြီး လမ်းလျှောက်၊ အနားယူ၊ တိုက်ခိုက်နေကြသော ကျင့်ကြံသူများကို ဖမ်းဆုပ်ကာ ပျောက်ကွယ်သွားလေသည်။
ထို့နောက် သဲမီးတောက်နယ်မြေ၏ အပြင်ဘက်တွင် ပုံရိပ်များစွာ ထွက်ပေါ်လာခဲ့သည်။
တတိယအလွှာတွင်၊ ရန်ကိုင်သည် သူတော်စင်ချီကို လှည့်ပတ်၍ ထိုကျောက်စိမ်းဖြူရောင် လက်ဆီ လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်သည်။
သို့သော်လည်း သူ၏ မဟာကောင်းကင်ဖုံးလက်သည် ထိုကျောက်စိမ်းဖြူရောင်လက်အား တစ်စက္ကန့်လေးပင် မတောင့်ခံနိုင်ထားနိုင်ဘဲ ချက်ချင်းဆိုသလို ပျက်စီးသွားခဲ့ရသည်။ ကောင်းကင်ဖုံးလက် မတားနိုင်သည်ကိုမြင်သော် လေဟာနယ်ဓါးသွားများကို ပစ်လွှတ်လိုက်သည်။
လေဟာနယ်ဓါးသွားများကို ပစ်လွှတ်လိုက်ပြီးနောက် ကြမ်းပြင်ပေါ် ပြုတ်ကျနေသော ကြယ်ဧကရာဇ်တံဆိပ်ပြားကို အမြန် ကုန်းလောက်လိုက်သည်။ ပြီးသည့်နောက် ယခင်ကကဲ့သို့ မခုခံနေတော့ဘဲ ငြိမ်ငြိမ်လေး ရပ်နေပေးလိုက်သည်။
သို့သော်လည်း ကျောက်စိမ်းဖြူရောင်လက်မှ ရန်ကိုင်အား ဖမ်းကိုင်ပြီး သူ့အား အပြင်ဘက်သို့ ပြန်ပို့တော့မည်အပြု၊ ရန်ကိုင်လက်ထဲရှိ ကြယ်ဧကရာဇ်တံဆိပ်ပြားနှစ်ခု အရောင်တောက်လာပြီး သူ့ပတ်ပတ်၍ အပြာရောင်အရံအတားတစ်ခုကို ဖန်တီးလိုက်လေသည်။
ကျောက်စိမ်းလက် ပျောက်ကွယ်သွားပြီး ရန်ကိုင်သည် တတိယထပ်တွင် နားမလည်နိုင်စွာဖြင့် ကျန်ရစ်ခဲ့သည်။ တွန့်လိမ်နေသော လေဟာနယ်သည်လည်း ပုံမှန်အတိုင်း ပြန်ဖြစ်သွားခဲ့ပြီး သူ့အား ဤနေရာမှ ငြင်းပယ်နေသော စွမ်းအားတို့သည်လည်း ရုတ်တရက် ပျောက်ကွယ်သွားခဲ့သည်။
ခဏအကြာမှသာ ရန်ကိုင် အသိပြန်ဝင်လာခဲ့သည်။ အသိပြန်ဝင်လာသည့်အခိုက် ရန်ကိုင် ပြုံးမိသွားခဲ့သည်။
အစောပိုင်းက လက်ပေါ်လာသည့် ကိစ္စသည် သဲမီးတောက်နယ်မြေ ပိတ်တော့မည့် အတွက်ကြောင့်ဖြစ်မှန်း ရန်ကိုင်သိသည်။ ကျောက်စိမ်းလက်သည် အခြားသူများကဲ့သို့ သူ့ကိုလည်း အပြင်ပြန်ပို့ရန် လုပ်သော်ငြား ကြယ်ဧကရာဇ်တ့ဆိပ်ပြားနှစ်ပြားက ဝင်ရောက်တားဆီးခဲ့သည်။
သူပျော်သွားရသည့် အကြောင်းအရင်းသည်ကား သူ့တွင် အချိန်အများကြီး ရှိလာပြီ ဖြစ်သည့် အတွက်ကြောင့် ဖြစ်ပေသည်။ သို့သော်လည်း စိုးရိမ်စရာတစ်ချက် ရှိနေသည်။ ဤနေရာမှ ပြန်ထွက်သည့်အခါ မည်သို့သော အန္တရာယ်မျိုးနှင့် ရင်ဆိုင်ရမလဲ ဆိုသည်ပင်။
တကယ်တော့ သ◌ြမီးတောက်နယ်မြေ ဖွင့်သည့်အခါ မီးတောက်နယ်မြေထဲရှိ အန္တရာယ်များသည် အဆပေါင်းများစွာ လျော့ကျသွားခဲ့သည်။ ယခု သဲမီးတောက်နယ်မြေ ပြန်ပိတ်သွားပြီ ဖြစ်သဖြင့် မီးတောက်နယ်မြေသည်လည်း အလွန်ကိုမှ အန္တရာယ် ပြန်များလာပေတော့မည်။ ရန်ကိုင်သာ အပြင်သို့ ထွက်သွားချင်သည်ဆိုပါက ခြောက်လွှာမြောက်ကို ဖြတ်သွားမှ ရပေလိမ့်မည်။
သို့သော်လည်း ယခုလောလောဆယ်၌ ထိုအကြောင်းများကို ထိုင်စဉ်းစားနေ၍ ဘာအကျိုးမှမရှိ။ လက်ရှိ အခိုက်အတန့်ကို မည်ကဲ့သို့ အကျိုးရှိရှိ အသုံးချရမလဲ ဆိုသည်ကို စဉ်းစားခြင်းသည်သာ သူ၏ ပထမဦးစားပေး ဖြစ်သည်။
ကြယ်ဧကရာဇ်တံဆိပ်ပြားနှစ်ပြားကို ရန်ကိုင် ပြန်မသိမ်းရဲချေ။ သိမ်းလိုက်သည်နှင့် ဘာဖြစ်မလဲဆိုသည်ကို သူမပြောတတ်။ ထို့ကြောင့် တံဆိပ်ပြားနှစ်ပြားကို လက်အိတ်ထဲ ထည့်ထားလိုက်သည်။
artial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၂၅၀)
သဲမီးတောက်နယ်မြေ၏၊ ပထမမီးတောက်အလွှာ…
ရန်ကိုင်သည် သူ့ရင်ဘတ်မှ ဖြာထွက်နေသော အပြာရောင်အလင်းစက်ကွင်း၏ အကူအညီဖြင့် အေးအေးဆေးဆေး လမ်းလျှောက်နေသည်။ ထိုအလင်းစက်ကွင်းသည် သူ့ပတ်လည်ရှိ အန္တရာယ်အားလုံးမှ သူ့အား ကာကွယ်ပေးထားသည်။ အလွန်ပြင်းထန်သော အပူဓါတ်နှင့် မီးအဆိပ်ပင်လျှင် ထိုအလင်းစက်ကွင်းကို မထိုးဖောက်နိုင်ချေ။ ထို့ကြောင့် ရန်ကိုင်အတွက် အတော်လေးကို သာသာယာယာ ဖြစ်နေခဲ့သည်။ သဲမီးတောက်နယ်မြေထဲတွင် လမ်းလျှောက်နေသော်လည်း သူတော်စင်ချီကိုပင် အသုံးပြုစရာ မလိုချေ။
သဲမီးတောက်နယ်မြေ ပိတ်သွားသည်မှာ နှစ်ဝက်ရှိသွားခဲ့လေပြီ။ ထိုနှစ်ဝက် အတောအတွင်း သူ့အချိန်အများစုကို ခြောက်လွှာမြောက်တွင် ဖြုန်းတီးခဲ့သည်။
ရတနာရှာနေသည့် အတွက်ကြောင့် အချိန်ကြာနေခြင်းမဟုတ်။ ထိုအိမ်လေးထဲတွင် ရှိရှိသမျှသော ရတနာများကို သူယူပြီးသွားခဲ့လေပြီ။
အချိန်ကြာနေရခြင်းသည်ကား ဝါးပင်များကို ခုတ်နေသည့် အတွက်ကြောင့် ဖြစ်သည်။
ရန်ကိုင်သည် မူလက ဝါးပင်နည်းနည်းလောက် ခုတ်ပြီး ထွက်သွားရန် စီစဉ်ထားသည်။ သို့သော်လည်း ဝါးပင်များသည် သူထင်ထားသည်ထက်ပင် ပိုမာနေလိမ့်မည်ဟု မည်သူ ထင်မည်နည်း။ လေဟာနယ်ဓါးသွားကို အသုံးပြုသည့်တိုင် လက်မတစ်ချောင်းစာ အထူရှိသော ဝါးကိုခုတ်ရန် ရက်နှစ်ဆယ်တိတိ အချိန်ယူခဲ့ရသည်။
သို့သော်လည်း လေဟာနယ်ဓါးသွားကို ရက်နှစ်ဆယ်ဆက်တိုက် အသုံးပြုးခြင်းသည် သူ့အတွက် အကျိုးမယုတ်သည့်အပြင် အကျိုးပင် ရှိသွားသေးသည်။ လေဟာနယ်ဓါးသွားကို ထပ်တလဲလဲ အသုံးပြုခဲ့သည့် အတွက်ကြောင့် လေဟာနယ်ဓါးသွားကို ပို၍ ကျွမ်းကျင်လာခဲ့လေသည်။
လေဟာနယ်ဓါသွားကို အသုံးပြုရင်းပြုရင်း ပိုပို၍ တိုးတက်လာသည်ကို သတိပြုမိသော် ရန်ကိုင်လည်း အချိန်ကုန်သည်ကို ဂရုမစိုက်တော့ဘဲ ဝါးများကို ထိုင်ခုတ်တော့လေသည်။
နောက်ထပ်ခြောက်လအတွင်းတွင် ရန်ကိုင်သည် ဝါးတောအုပ်ကို လေ့ကျင့်ရင်းကွင်း တစ်ခုအဖြစ် အသုံးချခဲ့သည်။ ထိုခြောက်လအတောအတွင်း ဝါးပင်နှစ်ဆယ်သာ ခုတ်နိုင်ခဲ့လေသည်။ သူနောက်ကျလွန်းနေလျှင် ဝူရီနှင့် ယန်ယန်တို့ စိတ်ပူမည် စိုးသည့် အတွက်ကြောင့်သာ မဟုတ်လျှင် ထိုဝါးတောတွင် ဝါးဆက်ခုတ်နေပေသည်။
ဤသို့ဖြင့် လွန်ခဲ့သော တစ်လခန့်က ခြောက်လွှာမြောက်မှ ရန်ကိုင် ထွက်လာခဲ့သည်။
ထိုအချိန်အတောအတွင်း ရန်ကိုင်သည် ကြယ်ဧကရာဇ်တံဆိပ်ပြားနှစ်ပြားကို ကိုယ်နှင့်မကွာ ဆောင်ထားသည်။ သိုလှောင်လက်စွပ်ထဲသို့ လုံးဝ ပြန်မထည့်။ သဲမီးတောက်နယ်မြေ ပိတ်သွားပြီးနောက် အထဲတွင် ရှိနေသော အန္တရာယ်များသည် ကြောက်မခန်းလိလိ များပြားလာခဲ့သည်။ ဒုတိယအလွှာနှင့် လေးလွှာမြောက်သည် သိပ်ပြီး ပြောင်းလဲသွားခြင်း မရှိသော်လည်း သုံးလွှာမြောက်နှင့် ငါးလွှာမြောက်ရှိ အပူစွမ်းအင်တို့မှာ ယခင်ထက် ဆယ်ဆမက ပိုမို အားကောင်းလာခဲ့လေသည်။
ထိုအပူစွမ်းအင်ကို သူ့အအေးမီးတောက်ပင် ခုခံနိုင်လိမ့်မည် မဟုတ်ချေ။ ကံကောင်းစွာဖြင့် သူ့တွင် ကြယ်ဧကရာဇ်တံဆိပ်ပြားမှ ဖန်တီးပေးထားသည့် အလင်းစက်ကွင်း ရှိနေခဲ့သည်။
ကြယ်ဧကရာဇ်တံဆိပ်ပြားသည် မီးတောက်နယ်မြေ၏ ပတ်ဝန်းကျင်ကို ဘာကြောင့် ကန့်သတ်နိုင်မှန်း ရန်ကိုင်နားမလည်။ သို့သော် ဤနေရာသည် ကြယ်တာရာကောင်းကင် ဧကရာဇ်ဖြင့် တစ်နည်းနည်းနှင့် ပက်သက်နေရလိမ့်မည်ဟု ယုံကြည်နေသည်။ မဟုတ်လျှင် သုံးပြီးသား ကြယ်ဧကရာဇ်တံဆိပ်ပြားသည် ခြောက်လွှာမြောက်ရှိ အိမ်လေးထဲတွင် ပေါ်လာလိမ့်မည် မဟုတ်ချေ။
ယခုနေသာ သဲမီးတောက်နယ်မြေထဲသို့ တစ်ယောက်ယောက် ဝင်ရန် ကြိုးစားပါက ထိုလူ ကျိန်းသေ သေရပေလိမ့်မည်။ ထို့ကြောင့် အရိပ်ကြယ်ပေါ်ရှိလူများည် သဲမီးတောက်နယ်မြေ၏ အပူဓါတ် သိသိသာသာ လျော့နည်းသွားသည့် အချိန်မှသာ ဝင်ကြခြင်းမှာ အထူးအဆန်း မဟုတ်တော့ချေ။
အနီရင့်ရောင် အလင်းအကာအရံကို မြင်လိုက်သည့်အခါတွင် ရန်ကိုင်သည် ထိတ်လန့်ကြောက်ရွံ့သွားခြင်း မရှိဘဲ သေမှာကို ကြောက်ရွံ့ခြင်း မရှိသည့် လူတစ်ယောက်နှယ် ပျော်ပင် ပျော်သွားခဲ့သည်။
သို့သော်လည်း စွမ်းအင်အရံအတားဆီသို့ မရောက်သေးခင်မှာပဲ အရံအတားသည် တစ်ခုခုကို အာရုံခံမိလိုက်သည့အလား အလိုလို အက်ကွဲသွားပြီး ရန်ကိုင် သွားနိုင်ရန်အတွက် လမ်းကြောင်းတစ်ခု ဖန်တီးပေးလိုက်လေသည်။
ရန်ကိုင် ဖြတ်သွားပြီးနောက် ထိုအက်ကွဲကြောင်းသည် သူ့အလိုလို ပြန်ပိတ်သွားခဲ့သည်။
ထိုအရံအတားကို ဖြတ်ကျော်လိုက်သည်နှင့် မတူကွဲပြားသော မြင်ကွင်းတစ်ခုသည် ရန်ကိုင်အား ဆီးကြိုနေခဲ့သည်။ သူ့ခြေထောက်အောက်ရှိ မြေပြင်သည် ပက်ကြားအက်နေပြီး ပတ်ဝန်းကျင်သည် အနည်းငယ် ပူနေသေးသော်လည်း ရှူခင်းအဖုံဖုံသည် မီးတောက်နယ်မြေနှင့် လုံးဝ ကွဲပြားနေခဲ့သည်။
နောက်ဆုံး သူထွက်လာနိုင်ခဲ့လေပြီ။ သဲမီးတောက်နယ်မြေသည် အလွန်ကိုမှ ကျယ်ပြောပေသည်။ မိုးကြိုးမီးတောက်တောင်ပံများကို အသုံးပြုခဲ့သည့်တိုင် အတွင်ပိုင်းဆုံးမှ အပြင်ဘက်ဆုံးသို့ ရောက်ရန် တစ်လတိတိ ကြာခဲ့သည်။
သဲမီးတောက်နယ်မြေ၏ အတွင်းဘက်မှ အပြင်ဘက်ဆုံးထိ အနည်းဆုံး မီတာ သိန်းနှင့်ချီ ကွာဝေးပေသည်။ ထိုအကြောင်းကို အခြား မည်သူမှ မသိရခြင်းမှာ သူမှလွဲ၍ အခြားမည်သူမှ သဲမီးတောက်နယ်မြေ၏ အတွင်းဘက်ဆုံးသို့ မရောက်ဖူးသောကြောင့် ဖြစ်ပေသည်။
အပြင်သို့ရောက်သည်နှင့် ကြယ်ဧကရာဇ်တံဆိပ်ပြား နှစ်ပြားကို အနက်ရောင်စာအုပ်ထဲသို့ ပြန်ထည့်ထားလိုက်လေသည်။
သို့သော်လည်း မကြာမီ ရန်ကိုင် မျက်မှောင်ကြုတ်သွားရလေသည်။ အပြင်သို့ ရောက်လာပြီး ဖြစ်သော်လည်း မည်သည့်နေရာသို့ ရောက်နေမှန်း သူမသိချေ။ သူ့တွင် ရှိနေသော ယွမ်သံလိုက်အိမ်မြောင်သည် သဲမီးတောက်နယ်မြေ အတွက်သာ အလုပ်လုပ်သည်။ ထိုယွမ်သံလိုက်အိမ်မြောင်သည် သဲမီးတောက်နယ်မြေ၏ အတွင်းပိုင်းသို့ အဆက်မပြတ် ညွှန်ပြနေသည်။ ထို့ကြောင့် ညွှန်ပြရာနှင့် ဆန့်ကျင်ဘက်သို့ ထွက်လာလိုက်မည် ဆိုပါက သဲမီးတောက်နယ်မြေထဲမှ ထွက်လာနိုင်ပေလိမ့်မည်။
အခြေအနေလေး အကြမ်းဖျင်းသိရအောင် ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်ပြီး ပတ်ဝန်းကျင်ကို စစ်ဆေးတော့မည်အပြု ရန်ကိုင် မျက်ခုံးကြောတို့ တွန့်ကွေးခဲ့ပြီး တစ်ခုသော ဘက်ဆီသို့ လှမ်းကြည့်လိုက်လေသည်။
ရန်ကိုင် ရပ်နေရာမှ မလှမ်းမကမ်း အရပ်ဆီမှ လူတစ်ယောက်သည် သူ့ဆီသို့ ပျံသန်းလာနေခဲ့သည်။ နှစ်ယောက်သား အကြည့်ချင်း ဆုံးသွားသည့်အခိုက် လူစိမ်း ထိတ်လန့်သွာခးဲ့လေသည်။
သဲမီးတောက်နယ်မြေ ပိတ်သွားသည်မှာ ခြောက်လရှိနှင့်နေခဲ့ပြီ။ ဂိုဏ်းကြီး၊ ဂိုဏ်းငယ်မှ လူအားလုံး အသီးသီး ပြန်ထွက်သွားကုန်ကြလေပြီ။ ထို့ကြောင့် သဲမီးတောက်နယ်မြေနားတွင် လူတစ်ယောက် တွေ့လိုက်ရသဖြင့် ထိုလူ အံ့ဩသွားခဲ့ခြင်း ဖြစ်သည်။
သို့သော်လည်း ချက်ချင်းဆိုသလို ထိုလူသည် သူ့အား သိနေသည့်အလား လက်ဝှေ့ရမ်းပြလာခဲ့သည်။
ရန်ကိုင်လည်း အလွန်ကို အံ့အားသင့်နေခဲ့သည်။ ထိုလူကို သူသိပေသည်။
ထိုလူနာမည်ကို သူမသိသော်လည်း ထိူလူကို တစ်ကြိမ် မြင်ဖူးပေသည်။ သဲမီးတောက်နယ်မြေ စဖွင့်စဉ်၊ ရန်ကိုင် အထဲသို့ ဝင်သွားစဉ် သူနှင့်ရှေ့ဆင့်နောက်ဆင့် လိုက်ဝက်လာသည့် လူနှစ်ယောက်ရှိသည်။ ယခု သူ့ဆီ ပျံသန်းလာနေသည့်လူသည် သူ့အား အတူတူသွားမလားဟု ဖိတ်ခေါ်ခဲ့သည့်လူ ဖြစ်သည်။
ထိုစဉ်က သဲမီးတောက်နယ်မြေ၏ ဝင်ပေါက်သည် လူများကို ကြုံရာနေရာဆီသို့ ပို့ပေးသည်။ ရန်ကိုင် ရောက်သွားသည့် နေရာဆီသို့ အခြားလူနှစ်ယောက်လည်း ရောက်လာခဲ့သည်။ တစ်ယောက်သည် အရိပ်လခန်းမ၏ တပည့်တစ်ယောက်ဖြစ်ပြီး အခြား တစ်ယောက်သည် ထိုလူ ဖြစ်ပေသည်။
သို့သော်လည်း ရန်ကိုင်က ထိုလူ၏ ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့သည်။
ရန်ကိုင် မြင်သော် ထိုလူပျော်သွားခဲ့သည်။ ချက်ချင်းပဲ လမ်းကြောင်းပြောင်းပြီး ရန်ကိုင် ရှိနေသည့်နေရာဆီ ပြေးသွားတော့မည့်အပြု၊ သူ့အမူအရာ အပြောင်းကြီး ပြောင်းလဲသွားခဲ့ပြီး ရုတ်တရက် ရပ်တန့်လိုက်လေသည်။
သူရပ်တန့်လိုက်သည်နှင့် တစ်ပြိုင်နက် ဆိုသလို ကျင့်ကြံသူ တစ်ယောက် ပေါ်လာပြီး သူ့လမ်းတွင် ပိတ်ရပ်လိုက်သည်။ ချက်ချင်းပဲ နောက်ထပ် ကျင့်ကြံသူတစ်ယောက် ထပ်ပေါ်လာပြီး ထိုလူရှေ့တွင် ပိတ်ရပ်လိုက်သည်။
ထိုလူ မျက်နှာပျက်သွားပြီး ရန်ကိုင်ဆီ အလိုလို လှမ်းကြည့်လိုက်သည်။ တစ်ခုခု ပြောချင်နေသော်လည်း ပြောမထွက်သည့်ပုံပင်။
ထိုလူအား အောင်အောင်မြင်မြင် ပိတ်ဆို့လိုက်နိုင်သည်ကို မြင်သော် အသစ် ရောက်လာသည့် လူနှစ်ယောက် စိတ်သက်သာရာ ရသွားခဲ့သည်။ ကောင်းကင်စိတ်အာရုံ သုံး၍ ရန်ကိုင်အား တိတ်တဆိတ် စစ်ဆေးကြည့်ပြီးသွားလေပြီ။ ရန်ကိုင်သည် သူတော်စင်ဘုရင် ဒုတိယအဆင့်သာ ရှိသေးသည့်အတွက် သူ့အား အဖက်မလုပ်ခြင်း ဖြစ်သည်။
အရပ်ရှည်ရှည်နှင့် ကျင့်ကြံသူက ရယ်သွမ်းသွေးလျက် သူတားထားလိုက်သည့်လူကို ကြည့်ကာ ပြောလိုက်သည် “ဂျူနီယာညီလေးတုန့် ဘာလို့ ဒီဘက်ပြေးလာနေလဲ မှတ်တယ်။ လတ်စသတ်တော့ အကူရှိနေတာကိုး။ ဒါပေမယ့် မင်းအကူက သူတော်စင်ဘုရင် ဒုတိယ အဆင့်ပဲ ရှိသေးတာ၊ ငါတို့ကိုကူပြီး တားပေးနိုင်မယ်ထင်လား”
ခရမ်းရောင်ဝတ်ရုံ ဝတ်ထားသည့် ကျင့်ကြံသူကလည်း ခေါင်းညိတ်၍ ဝင်ပြောလိုက်သည် “ဂျူနီယာညီလေးတုန့်က အမြင့်ရောက်သွားတော့ ကောင်းကောင်း မစဉ်းစားတတ်တော့ဘူးနဲ့ တူတယ်။ မဟုတ်ရင် ဘာလို့ ဒီလိုနေရာဆီ ပြေးလာမှာလဲ။ စီနီယာအစ်ကိုရယ်၊ သူနဲ့ အပိုစကားတွေ ပြောမနေနဲ့တော့”
လမ်းပိတ်ထားခံရသည့် တုန့်နင်က သုန်သုန်မှုန်မှုန်ဖြင့် ပြန်မေးလိုက်သည် “ရဲ့ယန်ရုန်၊ အန်းဇီ၊ သွေးပေါင်းစပ်ဆေးလုံးလေး တစ်လုံးအတွက်နဲ့ မိတ်ဆွေ သံယောဇဉ်ကိုမှ မထောက်၊ မင်းတို့ လုပ်ရက်တယ်ကွာ”
ရဲ့ယန်ရုန်ဆိုသော အရပ်ရှည်ရှည်နှင့် ကျင့်ကြံသူက လှောင်ပြုံးပြုံးလျက် “မိတ်ဆွေ သံယောဇဉ်၊ နတ်ဆိုးသွေးကျောင်းတော်မှ၊ မိတ်ဆွေသံယောဇဉ် ရှိလို့လား။ ဒီက စီနီယာအစ်ကိုကလည်း မင်းဆီက ဘာမိတ်ဆွေသံယောဇဉ်ကိုမှ မမျှော်လင့်ဘူး။ ဂျူနီယာညီလေးတုန့်၊ မင်းအခြေအနေကို မင်းနားလည်သင့်တယ်နော်။ သွေးပေါင်းစပ်ဆေးလုံးကို ပေးလိုက်၊ အဲ့ဒါဆို ငါတို့အချင်းချင်း ခင်မင်ခဲ့တာကို ထောက်ထားပြီး မင်းကို ခက်ခဲအောင် မလုပ်တော့ဘူး”
“အို၊ တကယ်ကြီးလား” တုန့်နင်က လှောင်ရယ်ရယ်လိုက်ပြီး “ငါသူသေကိုယ်သေ ပြန်တိုက်မှာကို မင်းတို့ ကြောက်နေတာမလား။ နှစ်ယောက်ရှိတယ်ဆိုပြီး ငါ့ကို အလွယ်တကူ အနိုင်ယူနိုင်မယ် မထင်နဲ့။ ငါသေရမယ်ဆိုရင်တောင် မင်းတို့ထဲက တစ်ယောက်ကို အပါ ခေါ်သွားနိုင်သေးတယ်”
ထိုစကားကို ကြားလိုက်သည့်အခါ ရဲ့ယန်ရုန်နှင့် အန်းဇီတို့ နှစ်ယောက်စလုံး မျက်နှာပျက်သွားခဲ့သည်။ တုန့်လည်း တုန့်ဆိုင်းသွားမိကြသည်။ တုန့်နင် သူ့တို့အား လျှာအရိုးမရှိတိုင်း ခြိမ်းခြောက်နေခြင်း မဟုတ်မှန်းကို နှစ်ယောက်စလုံး သိကြပေသည်။
အန်းဇီ မျက်မှောင်ကြုတ်သွားခဲ့ပြီး သတ်ဖြတ်လိုစိတ်ကို တတ်နိုင်သမျှ ချုပ်တည်း၍ ပြေပြေလည်လည်ဖြင့် ပြောနိုင်ရန် ပြင်လာသည် “ဂျူနီယာညီလေးတုန့်၊ သဲမီးတောက်နယ်မြေ ထဲကနေ အကျိုးအမြတ်အများကြီး မင်းရခဲ့တယ်လေ၊ ဟုတ်တယ်မလား။ အဲ့ဒါကြောင့်ပဲ အကြီးအကဲက မင်းကို ဆုချခဲ့တာလေ။ ဒါပေမယ့် ငါသိသလောက် မင်းရတဲ့ဆုက အဲ့တစ်ခုတည်း မဟုတ်ပါဘူး။ မင်းကို သိုင်းကျမ်းဆောင်ကနေ သိုင်းပညာရပ် ရွေးချင်းပေးထားသလို မှော်ရတနာတစ်ခုလည်း ပေးထားသေးတယ်၊ ဟုတ်တယ်မလား။ အဲ့ဒါကို ဘာလို့ သွေးပေါင်းစည်းဆေး တစ်လုံးတည်းကို လိုက်တွယ်ကပ်နေတာလဲ။ ငါတို့ မင်းရဲ့ အခြား ရတနာတွေကို မလိုချင်ဘူး။ သွေးပေါင်းစည်းဆေး တစ်လုံးတည်းကိုပဲ လိုချင်တာ။ အလကား မပေးနိုင်ဘူးဆိုရင်လည်း သူတော်စင်သလင်းကျောက် သုံးသောင်းနဲ့ ဝယ်မယ်ကွာ”
သူသာ ထွက်ပေါက်ပေးလိုက်လျှင် တုန့်နန် လက်လျှော့သွားလိမ့်မည်ဟု ထင်ခဲ့သည်။ သို့သော်လည်း သူ့ဘက်က အလျှော့ပေးနေသည့်တိုင် တုန့်နန် ဆက်ခေါင်းမာနေဦးမည်ဟု မည်ကဲ့သို့ ထင်ခဲ့ပါမည်နည်း။ သူ့ဘက်က ပြောပြီးသည့်နောက် ကြားချင်နေသည့် စကားကို မကြားရင် တုန့်နင်က ထေငေါ့စကားကိုသာ ကြားလိုက်ရလေသည် “သုံးသောင်းဟုတ်လား။ စီနီယာအစ်ကိုအန်းက နတ်ဆိုးသွေးကျောင်းတော်က တပည့်တစ်ယောက် ဖြစ်ပြီးတော့ သွေးပေါင်းစပ်စည်းဆေးလုံးရဲ့ တန်ဖိုးကို မသိတာလား။ သူတော်စင်သလင်းကျောက် သုံးသောင်းလေးနဲ့ သွေးပေါင်းစည်းဆေးလုံးကို ဝယ်ချင်နေတာ ကျုပ်ကို အရူးမှတ်နေတာလား။ စဉ်းစားမစဉ်းလိုက်နဲ့”
အန်းဇီမျက်နှာ ချက်ချင်း အေးစက်သွားခဲ့သည်။ တစ်ခုခု ပြောတော့မည်အပြု တုန့်နန်က ဆက်ပြောလိုက်ပြန်သည် “စီနီယာအစ်ကိုအန်း၊ စီနီယာအစ်ကိုရဲ့ ဘယ်လိုလူမျိုးလဲ ဆိုတာကို ကျုပ်သတိမပေးလို့ဆိုပြီး ကျုပ်ကို လာအပြစ်မတင်နဲ့ဦးနော်။ သွေးပေါင်းစည်းဆေးလုံး တစ်လုံးပဲ ရှိတယ်ဆိုတာ လူတိုင်းသိတယ်။ ဒီသွေးပေါင်းစည်းဆေးလုံးကို စီနီယာအစ်ကိုတို့လက်ထဲ ထည့်ပေးလိုက်မယ်ဆိုရင်တောင် ဘယ်သူယူမလဲဆိုတာကို ဘယ်လို ဆုံးဖြတ်မှာလဲ။ စီနီယာအစ်ကိုရဲ့ ရဲ့ ယုံတမ်းစကားကို ယုံနေတယ်ဆိုရင်တော့ စီနီယာအစ်ကိုအန်းရဲ့ အနာဂတ်က မတွေးရဲစရာပဲ”
ထိုစကား ထွက်လာသည်နှင့် တစ်ပြိုင်နက် အန်းဇီ၏ အမူအရာ အရုပ်ဆိုးသွားခဲ့သည်။ သူလည်း ထိုအကြောင်းကို တွေးထားပြီးသားပင်။ သို့သော်လည်း ကျားပေါ် ခွစီးလျက်သား ဖြစ်နေသဖြင့် ရဲ့ယန်ရုန်နှင့်အတူ ပူးပေါင်းပြီး သွေးပေါင်းစည်းဆေးလုံးကို လူရုံသာ ရှိတော့သည်။
သွေးပေါင်းစည်းဆေးလုံးကို ရပြီး မည်ကဲ့သို့ ဝေစုခွဲမလဲ ဆိုသည့်ကိစ္စကိုမူ နောက်မှသာ စဉ်းစားရပေလိမ့်မည်။
အန်းဇီ၏ အမူအရာ ပြောင်းလဲသွားသည်ကိုမြင်သော် ရဲ့ယန်ရုန်က အလျင်အမြန်ပဲ ဝင်ပြောလိုက်သည် “ဂျူနီယာညီလေးအန်း၊ သူ့စကားကို မယုံနဲ့။ သူငါ့ကိုတို့ကို သက်သက် သွေးခွဲနေတာ။ ငါတို့ပြောထားတဲ့အတိုင်း၊ သွေးပေါင်းစည်းဆေးလုံးကို ရတဲ့သူ အပိုင်ပဲ။ စီနီယာအစ်ကို ကံကောင်းပြီး ရသွားခဲ့မယ်ဆိုရင် ငါမင်းကို ကောင်းကောင်း ပြန်အလျော်ပေးမယ်”
ထိုစကားကို ကြားလိုက်သည့်အခါမှပဲ အန်းဇီ၏ အမူအရာ ပြေလျော့သွားခဲ့ပြီး အားတင်းပြုံးလျက် “ဂျူနီယာညီလေး ကံကောင်းသွားတယ် ဆိုရင်လည်း စီနီယာအစ်ကိုလိုပဲ လုပ်မှာပဲ”
နှစ်ယောက်စလုံးသည် အခြား ရည်ရွယ်ချက်များ ရှိနေပေသည်။ သို့သော်လည်း လောလောဆယ်တွင် နှစ်ယောက်စလုံး ပူးပေါင်းထားကြသည်။
သူ့အကြံအစည် အလုပ်မဖြစ်သည်ကိုမြင်သော် တုန့်နန် အံကြိတ်လိုက်ပြီး သိုလှောင်လက်စွပ်ထဲမှ အံ့အားသင့်ဖွယ် သွေးချီတို့ ပါဝင်နေသော ကြက်သွေးရောင်ဆေးလုံး တစ်လုံးကို ထုတ်လိုက်လေသည်။
“သွေးပေါင်းစပ်ဆေးလုံး” ထိုဆေးလုံးကို မြင်လိုက်သည်နှင့် ရဲ့ယန်ရုန်နှင့် အန်းဇီတို့၏ မျက်လုံးများ လောဘရိပ်တို့ဖြင့် တလက်လက် တောက်ပလာခဲ့လေသည်။