← Chapters

အခန်း (၁၂၆၁-၁၂၆၅)

Vol. 51 Ch. 1261-1265

အခန်း (၁၂၆၁-၁၂၆၅)

Vol. 51 Ch. 1261-1265

အပိုင်း (၁၂၆၁)

သို့သော် ရန်ကိုင်၏‌ ရွှေရောင်သွေးစက်ကို စုပ်ယူထားသည့် အတွက်ကြောင့်လားမသိ၊ သွေးဓါးမြက်ပင်သည် ရန်ကိုင်အား လုံးဝ မတိုက်ခိုက်ချေ။ ရန်ကိုင် ထိုသွေးဓါးမြက်ပင်များကို ဖြတ်သွားလျှင်ပင် ရန်ကိုင်အား ဘာမှမလုပ်။

သို့သော်လည်း ရန်ကိုင်မှအပ၊ ၎င်းအနီးသို့ ရောက်လာသည့် သက်ရှိမှန်သမျှကို တိုက်ခိုက်ပေသည်။ အရောင်တလက်လက် ထနေသော ဓါးသွားနှယ်ထက်ရှသည့် အရွက်များမှာ မြင်သူတိုင်းကို ကျောချမ်းသွားစေနိုင်ပေသည်။

ထိုမမျှော်လင့်ထားသည့် အဖြစ်အပျက်ကြောင့် ယန်ယန်လည်း ထိုအပင်များနား အစီအရင်တစ်ခု ခင်းကျင်းရတော့သည်။ သွေးဓါးမြက်ပင် ရှိနေသည့် နေရာကို တားမြစ်နေရာ တစ်ခုအဖြစ် သတ်မှတ်ထားလိုက်ပြီး နဂါးလိုဏ်ဂူတောင်၏ ထောင်ချောက်ကြီး တစ်ခု အဖြစ်သို့ ပြောင်းလဲအသုံးပြုလိုက်လေသည်။

ထိုသွေးဓါးမြက်ပင်များနှင့်သာ ဆိုလျှင် တန်ခိုးရှင်အဆင့်တစ်ယောက်ပင် ဤနေရာသို့ ကျူးကျော်လာပါက မသေလျှင်ပင် ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားပေလိမ့်မည်။

ရန်ကိုင် ပြန်လာပြီး သုံးရက်အကြာတွင် အရိပ်လခန်းမ၏ အကြီးအကဲချင်းတုန်သည် ဝေကုချန်းနှင့် တုန်ရွှမ်းအာတို့ကိုခေါ်ကာ ရန်ကိုင်ဆီ လာရောက် လည်ပတ်လေသည်။

ဝေကုချန်းဆီမှ သဲမီးတောက်နယ်မြေထဲတွင် ရန်ကိုင်သည် သူနှင့် တုန်ရွှမ်းအာတို့၏ အသက်ကို ကယ်ခဲ့ကြောင်း အကြီးအကဲချင်းတုန် ပြန်ကြားသိခဲ့ရသည်။ ထို့ကြောင့် မည်သည့် ရည်ရွယ်ချက်ကြောင့် ရန်ကိုင်ဆီ ချဉ်းကပ်နေခြင်း ဖြစ်ပါစေ ယခုတစ်ကြိမ်တွင် ရန်ကိုင်ကို ချင်းတုန် အမှန်တကယ် ကျေးဇူးတင်မိလေသည်။

ဝေကုချန်းနှင့် တုန်ရွှမ်းအာတို့သည် အရိပ်လခန်းမ၏ အနာဂတ်ထောက်တိုင် ဖြစ်လာမည့် သူများ ဖြစ်ကြသည်။ သူတို့သာ တစ်ခုခု ဖြစ်သွားလျှင် အရိပ်လခန်းမ ကြီးကြီးမားမားကို နစ်နာရပေလိမ့်မည်။

ရန်ကိုင် ဘာကြောင့် ဤမျှ နောက်ကျမှ ပြန်လာရလဲ ဆိုသည်ကို မည်သူမှ မမေးခဲ့။ အခွင့်အလမ်း တစ်ခုခုနှင့် ကြုံကြိုက်နေသည့်အတွက် အပြန် နောက်ကျနေခြင်း ဖြစ်သည်ဟုသာ အကုန်လုံး ထင်နေကြသည်။ ချင်းတုန်သည်လည်း ရန်ကိုင်အပေါ် ယခင်ထက်ပို၍ ရင်းရင်းနှီးနှီး ဆက်ဆံလာလေသည်။

ထို့အပြင် နဂါးလိုဏ်ဂူတောင်သည် အရိပ်လခန်းမ၏ ဖောက်သည်အကြီးစားတစ်ဦး ဖြစ်သည်။ ယန်ယန်နှင့် အခြားသူများသည် အရိပ်လခန်းမမှ ပစ္စည်းများစွာ ဝယ်ယူနေသည့် အတွက်ကြောင့် အရိပ်လခန်းမ အမြတ်များစွာ ရခဲ့သည်။ ထိုသို့ဖြင့် အကြီးအကဲချင်းတုန်သည် အမျိုးမျိုးသော အကြောင်းပြချက်များကြောင့် နဂါးလိုဏ်ဂူတောင်အား မဟာမိတ်တစ်ခုသဖွယ်၊ ပါတနာတစ်ဦးသဖွယ် သဘောထားနေလေပြီ။

ချင်းတုန်နှင့် စကားပြောရင်းမှ သဲမီးတောက်နယ်မြေသို့ ဝင်သွားခဲ့သည့် အင်အားစုများ မည်မျှ နစ်နာခဲ့ရသည်၊ အမြတ်ထွက်ခဲ့ရသည်ကို ရန်ကိုင် သိလိုက်ရသည်။

သဲမီးတောက်နယ်မြေထဲသို့ တပည့်ပေါင်း တစ်သောင်းကျော် ဝင်သွားသည့်အနက် ခုနှစ်ရာခိုင်းနှုန်းကျော်လောက်သာ ပြန်ထွက်လာနိုင်ခဲ့သည်။ အင်အားစုအသီးသီးသည် လွှတ်လိုက်သည့် တပည့် စုစုပေါင်း၏ သုံးဆယ်၊လေးဆယ် ရာခိုင်နှုန်းလောက်ကို ဆုံးရှုံးလိုက်ရပေသည်။

ထိုဆုံးရှုံးမှုကြောင့် ဂိုဏ်းအား ထိခိုက်စေသော်လည်း သူတို့ ပြန်သယ်လာသည့် ရတနာများသည် ဂိုဏ်း၏ ဆုံးရှုံးမှုကို ဖာထေးပေးနိုင်ခဲ့သည်။ သဲမီးတောက်နယ်မြေထဲတွင် လူတိုင်း အဖိုးတန်ရတနာများ ရခဲ့သည်။ အထူးသဖြင့် ဖယောင်းနီသီးအပိုင်းကို ရသွားသည့် တပည့်များ၏ ဂိုဏ်းများပင်။ အကုန်လုံးသည် သူတို့ ဂိုဏ်းအသီးသီးမှ အဖိုးတန်ဆုများစွာ ပြန်လည်ရရှိခဲ့လေသည်။

ဖယောင်းနီသီး၏ ထွက်ပေါ်လာမှုသည် အရိပ်ကြယ်အား မုန်တိုင်းထန်သွားစေခဲ့သည်။ ဆေးလုံးတောင်ကြားမှ အကြီးအကဲများသည် ဖယောင်းနီသီးအကြောင်း ဆွေးနွေးရန် အသီး အပိုင်းများကို ရသွားသည့် ဂိုဏ်းများဆီ သွားရောက် လည်ပတ်ကြလေသည်။ ဖယောင်းနီသီး အပိုင်းလေးအတွက် သူတော်စင်သလင်းကျောက် များစွာအပြင် ဆေးလုံးအလကား ဖော်စပ်ပေးမည်ဟုပင် ကမ်းလှမ်းခဲ့ကြသည်။

သို့သော် မည်သည့်ဂိုဏ်းမှ ထိုအဖိုးတန်ရတနာကို အခြားတစ်ယောက်ဆီသို့ မပေးချင်ချေ။ ဆေးလုံးတောင်ကြားပင်လျှင် ချွင်းချက်မဟုတ်။ ထို့ကြောင့် နှစ်ဝက်လောက် ကြိုးစားခဲ့သည့်တိုင် ဆေးလုံးတောင်ကြားသည် စိတ်ဓါတ်ကျကျဖြင့်သာ နောက်ဆုတ်သွားခဲ့ရလေသည်။

ယခုအကြိမ်သည် အရိပ်ကြယ်ပေါ်ရှိ အင်အားစုကြီးများ ဆေးလုံးတောင်ကြားအား မျက်နှာသာနည်းနည်းမှ မပေးသည့် ပထမဆုံးအကြိမ် ဖြစ်ပေသည်။ ထိုအဖြစ်အပျက်ကြောင့်ပင် အရိပ်ကြယ်တစ်ခုလုံး အတော်လေး ဂယက်ထသွားသေးသည်။

ဖယောင်းနီသီး ဖန်တီးလိုက်သည့် ဂယက်သည် အတော့်ကိုမှ ကြီးမားသည်။ အရိပ်လခန်းမတွင်၊ ဖယောင်းနီသီးကို ခိုးယူပြီး ဆေးလုံးတောင်ကြားဆီ အပ်ကာ ဆုလာဒ် ထုတ်ယူချင်သည့် တပည့်များစွာ ရှိခဲ့သည်။ ထိုတပည့်အားလုံး အဖမ်းခံလိုက်ရပြီး တစ်ခါတည်း တန်းအသတ်ခံရလေသည်။ ငှက်များသည် အစာကြောင့် သေကြသလို လူသားများသည် ဂုဏ်အရှိန်အဝါ၊ စည်းစိမ်ချမ်းသာကြောင့် သေကြရသည် ဆိုသည်မှာ မှန်လှပေသည်။

အခြားဂိုဏ်းများတွင်လည်း ထိုကဲ့သို့ အဖြစ်အပျက်များ ဖြစ်ပျက်ခဲ့သည်။ သို့သော် နှစ်ဝက်လောက်ကြာပြီးနောက် ထိုဂယက် တဖြည်းဖြည်း ပြန်လည် ငြိမ်သက်သွားခဲ့သည်။ ဖယောင်းနီသီးနှင့် ပက်သက်၍ ထိုအင်အားစုများကြီး မည်ကဲ့သို့ လုပ်မလဲ ဆိုသည်ကိုမူ မည်သူမှ မသိကြချေ။

ထိုအကြောင်းပြီးနောက် သူတော်စင်ဘုရင်အဆင့်နှင့် ပက်သက်သည့် အကြောင်း၊ သူတော်စင်ဘုရင်အဆင့် မည်ကဲ့သို့ ကျင့်ကြံရမည်လဲ ဆိုသည့် အကြောင်းကို ရန်ကိုင် ချင်တုန်းအား မေးကြည့်လိုက်သည်။ ချင်းတုန်သည် ဘာကိုမှ ဖုံးကွယ်မထားဘဲ သူသိသွားသည့် အကြောင်းအရာများကို မချွင်းမချန် ပြန်ရှင်းပြ၊ ပြောပြလေသည်။ ရန်ကိုင်၊ ဝေကုချန်းနှင့် အခြားသူများသည် ချင်းတုန် ပြောပြသည်ကို သေချာ အာရုံစိုက် နားထောင်ကြလေသည်။

နေ့တစ်ဝက်ကြာပြီးနောက် ချင်းတုန်တို့ ပြန်ထွက်သွားသည်။

မထွက်သွားခင်၊ ဂိုဏ်းသို့ ပြန်ရောက်သည်နှင့် သူတို့ တံခါးပိတ်ကျင့်စဉ် ဝင်တော့မည် ဖြစ်ကြောင် ဝေကုချန်းနှင့် တုန်ရွှမ်းအာက ရန်ကိုင်အား ပြောခဲ့သည်။ သဲမီးတောက်နယ်မြေထဲသို့ ခရီးတွင် နှစ်ယောက်စလုံး အတော်လေး တိုးတက်ခဲ့သည်။ ထို့ကြောင့် ယခုအချိန်သည် နောက်တစ်ဆင့်သို့ ချိုးဖျက်ရန်အတွက် အကောင်းဆုံး အချိန်ဖြစ်ပေသည်။

သူ့အကြောင်း သတင်းမကြားရသည့်အတွက် စိတ်ပူနေသည့် အတွက်ကြောင့်သာ မဟုတ်လျှင် သူတို့ အစောကြီးကတည်းက တံခါးပိတ်ကျင့်စဉ် ဝင်နေပြီမှန်း ရန်ကိုင် သိသည်။

သို့သော်လည်း ရန်ကိုင် ထိုအကြောင်းကို စိတ်ထဲတွင်သာ တွေးနေခဲ့ပြီး အပြင်သို့ ထုတ်မပြောခဲ့ချေ။

တုန့်ရွှမ်းအာသည် အရိပ်လခန်းမသို့ မပြန်ခင် နားလည်ရခက်သည့် အပြုံးဖြင့် ရန်ကိုင်နားသို့ ကပ်လာပြီး တိုးတိုးလေး ပြောသွားသည် “စီနီယာအစ်ကိုရန်၊ လွန်ခဲ့တဲ့ ခြောက်လတုန်းက စီနီယာအစ်မတိုက်ယွမ်က အစ်ကို့အခြေအနေကို တောက်လျှောက် မေးနေတယ်၊ သိလား။ အစ်ကို ပြန်ရောက်ပြီလားတဲ့။ ဒါပေမယ့် အစ်ကိုရန်က ပြန်ရောက်မလာတော့ ကျွန်မလည်း အတိအကျ ပြန်မပြောတတ်ဘူး ဖြစ်သွားတယ်။ အခု အစ်ကိုရန် ပြန်ရောက်လာပြီ ဆိုတော့ စီနီယာအစ်ကမတိုက်ယွမ် စိတ်အေးသွားမှာ အသေအချာပဲ”

“တိုက်ယွမ်…” ရန်ကိုင် အေးခဲသွားခဲ့ပြီး အလွန်ရုပ်ဆိုးသည့် မျက်နှာတစ်ခု သူ့စိတ်ထဲ ပေါ်လာခဲ့သည်။ သူ့အမူအရာသည်လည်း တစ်မျိုးကြီး ဖြစ်သွားခဲ့လေသည်။

သူမ ဘာကြောင့် သူ့ကို စိတ်ပူနေရသနည်း။ သူတို့ အတူကုန်ဆုံးခဲ့သည့် အချိန်သည် တိုတောင်းသော်လည်း တိုက်ယွမ်အနေဖြင့် သူ့အား အကြောင်းမရှိဘဲ ဂရုစိုက်နေလိမ့်မည် မဟုတ်မှန်း ရန်ကိုင်သိသည်။ ထို့အပြင် သူတို့ လမ်းခွဲစဉ်က တိုက်ယွမ် သူ့ကို တစ်ခုခု ပြောချင်နေပုံ ရသည်။ သို့သော်လည်း မပြောခဲ့ချေ။

သဲမီးတောက်နယ်မြေ ပိတ်သွားလျှင် သူ့အား ကိုယ်တိုင်ကိုယ်ကျ ကျေးဇူးလာတင်မည်ဟု ပြောသွားခဲ့သည်။ ကြည့်ရသည်မှာ ဝတ်ကျေတမ်းကျေ ပြောသွားသည့်ပုံမရချေ။

ရန်ကိုင် ထိုအကြောင်းကို စဉ်းစားနေစဉ် ဝေကုချန်း ရယ်နေခဲ့သည်။ သူနှင့် တိုက်ယွမ်၏ ဆက်ဆံရေးကို အထင်လွဲနေသည့်ပုံပင်။ သို့သော်လည်း ရန်ကိုင်သည် ရှင်းပြဖို့ရာ အရမ်း ပျင်းလွန်းနေသဖြင့် အချိန်ကုန်ခံပြီး ရှင်းပြမနေတော့ချေ။

တိုက်ယွမ်နှင့် သူသည် ရိုးရိုးသားသားသာ ဖြစ်သည်။ တိုက်ယွမ်သည် အလွန်လှပသည့် မိန်းမလှလေးတစ်ယောက် ဖြစ်လျှင်ပင် ဘာကြောင့် သူအလွယ်တကူ ရင်ခုန်ရမည်နည်း။

အလွန်ကိုမှ လှပလှသည့် အလှနတ်သမီးပေါင်းများစွာကို သူမြင်ခဲ့ဖူးပြီးလေပြီ။ ကြယ်စီရင်စုထဲသို့ ဝင်လာကတည်းက နှစ်ယောက်သော သူသည်သာ သူ့စိတ်ကို အစဉ်မပြတ် ကြီးစိုးနေခြင်းဖြစ်သည်။ ထို့ကြောင့် အခြား မည်သည့် မိန်းမအတွက်မှ နေရာမပေးနိုင်သေးပေ။

တုန်ရွှမ်းအာက ရုတ်တရက် သူမ၏ နှုတ်ခမ်းလေးကိုက်၍ တိုးတိုးလေး ပြောလိုက်သည် “တကယ်တော့ အစ်မတိုက်ယွမ်က ထင်သလိုမဟုတ်ဘူး”

နားလည်ရခက်သော စကားကို ပြောပြီးသည်နှင့် ချက်ချင်းပဲ ဝေကုချန်းနောက်သို့ ပြေးလိုက်သွားလေသည်။

ရန်ကိုင်သည် ငုတ်တုတ်မေ့ကျန်ခဲ့သည်။ တုန်ရွှမ်းအာ ဘာကို ပြောချင်လို့ ပြောချင်နေမှန်း သူမသိ။ စဉ်းစားမရတော့သည့်နောက် ထိုကိစ္စကို ခေါင်းထဲမှ ထုတ်လိုက်ပြီး လိုဏ်ဂူဆီသို့ ပြန်သွားလိုက်လေသည်။ နောက်လအတွင်း ဆေးလုံးများကိုသာ ရန်ကိုင် တောက်လျှောက် ဖော်စပ်နေခဲ့သည်။ ဖော်စပ်ပြီးသည့်နောက် ယန်ယန်နှင့် ဝူရီကိုခေါ်ကာ သူတံခါးပိတ်ကျင့်စဉ် ဝင်တော့မည် ဖြစ်ကြောင်း၊ အရမ်းအရေးကြီးသည့် ကိစ္စမဟုတ်လျှင် သူ့အား လာမနှောင့်ယှတ် ပြောလိုက်သည်။ နဂါးလိုဏ်ဂူနှင့် ပက်သက်သည့် ကိစ္စမှန်သမျှကို သူတို့ကိုသာ ဆုံးဖြတ်ထားစေသည်။

သူဖော်စပ်ထားသည့် ဆေးလုံးများကိုလည်း ယန်ယန်နှင့် ဝူရီတို့ လက်ထဲသာ ထည့်ပေး၍ ဝေပေးစေလိုက်သည်။ သူဖော်စပ်ထားသည့် ဆေးလုံးများစွာရှိပေသည်။ အတော်များများသည် ကျင့်ကြံရာတွင် အထောက်အကူ ဖြစ်စေရန်အတွက် ဖော်စပ်ထားသည့် ဆေးလုံးများ ဖြစ်သည်။ ထိုဆေးလုံးများနှင့် ဆိုပါက နဂါးလိုဏ်ဂူတောင်တွင် ရှိနေသော လူတိုင်း၏ခွန်အား ပို၍ မြန်မြန် တိုးတက်လာနိုင်ပေလိမ့်မည်။

ယန်ယန်နှင့် ဝူရီတို့လည်း ခေါင်းညိတ်လိုက်ပြီး ထွက်ခွာသွားကြလေသည်။

သူတို့ ထွက်သွားပြီးသည်နှင့် ရန်ကိုင် ချက်ချင်း တံခါးပိတ်ကျင့်စဉ် ဝင်တော့သည်။

သူ့တွင် သဲမီးတောက်နယ်မြေမှ မီးစုန်းများသည် တေဇောဓါတ်အသိစိတ်ပင်လယ်၏ စွမ်းအားကို မြှင့်တင်ပေးနိုင်၊ မပေးနိုင် စမ်းသပ်ခြင်း၊ နဂါးအရိုးနှင့် နဂါးပုတီးစေ့ကို သူ့ကိုယ်ပိုင် မှော်ရတနာအဖြစ် သန့်စင်ခြင်း၊ နတ်ဆိုးသွေးမျှင် ပညာရပ်ကို လေ့လာခြင်း၊ သူတော်စင်ဘုရင် ဒုတိယအဆင့် ကျင့်ကြံခြင်းကို တည်ငြိမ်သွားအောင် လုပ်ဆောင်ခြင်း၊ စသည်ကဲ့သို့သော လုပ်စရာများစွာ ရှိနေပေသည်။ ထိုကိစ္စတစ်ခုချင်းစီတိုင်းကို လုပ်ရန်အတွက် အချိန် အလွန် လိုအပ်ပေသည်။ ထိုအရာများသည် ညတွင်းချင်း ပြီးအောင်လုပ်၍ရသည့် အရာများမဟုတ်။

သို့သော်လည်း နဂါးအရိုးနှင့် နဂါးပုတီးစေ့ကို သန့်စင်ရန်အတွက် ပထမဦးစွာ အနေဖြင့် ပန်းပဲမီးဖိုကို အပြည့်အဝ သန့်စင်ရန် လိုအပ်ပေသည်။

ယန်ယန်‌ ပြောသည့်အတိုင်း အသားမခုတ်ခင် ဓါးကို အရင်သွေးသင့်ပေသည်။ ထို့ကြောင့် ရန်ကိုင်လည်း တန်ခိုးရှင်ဘုရင်အဆင့် ပန်းပဲမီးဖိုကို အရင်ဆုံးသန့်စင်ပြီးမှ နဂါးရိုးနှင့် နဂါးပုတီးစေ့အား သန့်စင်ခြင်းကို လုပ်ဆောင်သင့်ပေသည်။ ထို့အပြင် ပန်းပဲမီးဖိုတွင် မှော်ရတနာ စိတ်ဝိဥာဉ်ရှိနေသဖြင့် ထိုအရာကို တိုက်ခိုက်ရေး လက်နက်တစ်ခုအဖြစ်လည်း အသုံးချနိုင်ပေသည်။

လုပ်ရမည့် ကိစ္စများကို သေသေချာချာ ခွဲခြားလိုက်ပြီးနောက် ရန်ကိုင် အလုပ် စလုပ်တော့သည်။

ပထမဆုံးလုပ်သည့် အရာသည် ပန်းပဲမီးဖိုကို သန့်စင်ခြင်းပင် ဖြစ်သည်။

မြေအဆုတ်မီးတောက်ကန်တွင် မှော်ရတနာစိတ်ဝိဥာဉ်ကို အညံ့ခံအောင် လုပ်နိုင်ခဲ့သော်ငြား၊ ထိုကဲ့သို့ လုပ်လိုက်နိုင်ရုံဖြင့် ပန်းပဲမီးဖိုကို သန့်စင်ပြီးသွားသည်ဟု မဆိုလိုချေ။ မှော်ရတနာစိတ်ဝိဥာဉ်ကို အညံ့ခံအောင် လုပ်ခြင်းနှင့် ပန်းပဲမီးဖိုကို သန့်စင်ခြင်းသည် မတူကွဲပြားသော အလုပ်နှစ်ခုဖြစ်သည်။ သို့သော်လည်း မှော်ရတနာစိတ်ဝိဥာဉ်ကို အညံ့ခံအောင် လုပ်ထားနိုင်သဖြင့် ပန်းပဲမီးဖိုကို သန့်စင်ရာတွင် ပိုမိုလွယ်ကူပေလိမ့်မည်။

ကျောက်တုံးခန်းထဲ ရောက်သည်နှင့် တင်ပလင်ခွေ ထိုင်ချလိုက်ပြီး ပန်းပဲမီးဖိုကို သူ့ရှေ့တွင် ချလိုက်သည်။ ထို့နောက် မျက်လုံးပိတ်၍ ပန်းပဲမီးဖိုအား နတ်ဆိုးမီးတောက်များဖြင့် လွှမ်းခြုံစေလျက် စတင် သန့်စင်တော့လေသည်။

အချိန်သည် တဖြည်းဖြည်းချင်း ကုန်ဆုံးနေခဲ့သည်။ မိမိစိတ်ထဲ ခဏလေးသာ ကျင့်ကြံလိုက်သည်ဟု ထင်ရသော်လည်း အမှန်တကယ် ကုန်ဆုံးသွားသည့် အချိန်သည် စိတ်ထဲ ထင်နေသည့် အချိန်နှင့် အပြတ်အသတ် ကွာခြားနေတတ်သည်။ ဤသည်မှာ ကျင့်ကြံခြင်း၏ ဓမ္မာတာဖြစ်သည်။ ကျင့်ကြံနေလျှင် အချိန်မေ့လူမေ့ ဖြစ်တတ်သည်။ ရန်ကိုင်လည်း ထိုနည်းတူပင်။ သူ့ဘာသာ ကျင့်ကြံခြင်းတွင် နစ်မြောသွားခဲ့ရာ မျက်တောင်တစ်ခတ်အတွင်း ခြောက်လ ကုန်သွားခဲ့လေသည်။

ထိုခြောက်လအတွင်း ကျောက်တုံးခန်းအတွင်းမှ အပြင်သို့ ခြေတစ်လှမ်းပင် မချခဲ့ချေ။

တန်ခိုးရှင်အဆင့်သို့ အောင်အောင်မြင်မြင် ချိုးဖျက်သွားနိုင်ခဲ့သော ချန်ချီနှင့် ဟောင်အန်းတို့ သူတို့ ကျင့်ကြံနေရာမှ ပြန်ထွက်လာသည့် အချိန်တွင်ပင် ရန်ကိုင်ကို မတွေ့ရချေ။ နှစ်ယောက်စလုံး တန်ခိုးရှင် အခြေတည်ဆေးလုံး၊ နှစ်တစ်သောင်း အမွှေးနံ့သာနှင့် အခက်ကိုးခက် ကျောက်စိမ်းသစ်ပင်၏ အကူအညီဖြင့် တန်ခိုးရှင်အဆင့်သို့ အခက်အခဲမရှိ ချိုးဖျက်နိုင်ခဲ့သည်။ ထို့ကြောင့် တံခါးပိတ်ကျင့်စဉ်ဝင်ပြီး လဝက်အတွင်းတွင်ပင် နောက်တစ်ဆင့်သို့ ရောက်ရှိသွားခဲ့သည်။

သူတို့ တန်ခိုးရှင်အဆင့်သို့ ချိုးဖျက်သွားသည့် သတင်းကိုကြားသော် ချင်းတုန်သည် ရန်ကိုင် မျက်နှာကို ထောက်ထား၍ သူတို့ သိသင့်သည်များကို ရှင်းပြပေးခဲ့လေသည်။ ပုံမှန် ဆိုလျှင် ဤကဲ့သို့ အခွင့်အရေးမျိုး သူတို့ ရလိမ့်မည် မဟုတ်ချေ။ နှစ်ယောက်စလုံး အလွန် ပျော်သွားခဲ့ပြီး မကြာခင်မှာပဲ သူတို့ အခန်းအသီးသီးဆီ ပြန်သွားကာ ရှီ၏ ဆန်းကြယ်မှုများကို စတင် လေ့လာဆင်ခြင်တော့သည်။

ထိုနှစ်ဝက်အတွင်းတွသ် နဂါးလိုဏ်ဂူတောင်တစ်ခုလုံးကို ဝူရီမှ စီမံကွပ်ကဲနေသဖြင့် အကုန်လုံးသည် သူ့အစီအစဉ်အတိုင်း ရှိနေခဲ့သည်။ ယန်ယန်သည် အစီအရင်များကို ခင်းကျင်းရာတွင် အာရုံစိုက်နေစဉ် ဝူရီသည် တောင်တစ်ခုလုံးကို ကြီးကြပ်ကွပ်ကဲနေသည်။ ဟိုင်ခဲမိသားစုမှ ကျင့်ကြံသူများလည်း ကျင့်စဉ်ဝင်နေကြပေသည်။

ယန်ယန်သာ သူ့မအသိစိတ်ပင်လယ်တွင်းရှိ မှတ်ဥာဏ်များကို နိုးထလာအောင် လုပ်ရန် အတွက် ပန်းပဲထုခြင်း၊ အစီအရင်ခင်းကျင်းခြင်း စသည့် အလုပ်များကို တောက်လျှောက် လုပ်နေရသည့် အတွက်ကြောင့်သာ မဟုတ်လျှင် နဂါးလိုဏ်ဂူတောင်၏ လက်ရှိအခြေအနေအရ အကုန်လုံး အေးအေးဆေးဆေး ထိုင်ကျင့်ကြံနေနိုင်ပေသည်။

ခြောက်လအတောအတွင်း ရန်ကိုင်၏ ကျင့်ကြံခြင်း လုံးဝ ခိုင်မာကျစ်လစ်သွားခဲ့သည်။ ယခင်နေကြာရေစင် နှစ်စက်ကို သန့်စင်ပြီးနောက် ရန်ကိုင်၏ ကျင့်ကြံခြင်းသည် သူတော်စင်ဘုရင် ဒုတိယအဆင့်၏ အထွဋ်အထိပ်အဆင့်ထိသို့ ရောက်ရှိသွားခဲ့သည်။ သေသေချာချာသာ ပြင်ဆင်ပြီးလျှင် သူတော်စင်ဘုရင် တတိယအဆင့်သို့ပင် ချိုးဖျက်ရန် ကြိုးစားကြည့်နိုင်သည်။

ပန်းပဲမီးဖိုကိုလည်း သန့်စင်ပြီးသွားလေပြီ။ ပန်းပဲမီးဖိုကို သန့်စင်ပြီးနောက် မှော်ရတနာစိတ်ဝိဥာဉ်သည် ရန်ကိုင်၏ ကိုယ်ထဲ စိတ်ကြိုက် ဝင်ထွက်သွားလာနိုင်ခဲ့လေပြီ။ ယခင်ကကဲ့သို့ သူ့ပခုံးပေါ် နားနေစရာ မလိုတော့ချေ။

ထိုမီးငှက်လေးနှင့် ကျောက်တုံးရုပ်သေးရုပ် မွေးရာပါ ရန်သူများလား မပြောတတ်။ တွေ့လျှင် အမြဲတမ်းရန်စောင်ကာ ထသတ်နေကြသည်။

ထိုအကြောင်းကြောင့်ပင် ကျောက်တုံးရုပ်သေးရုပ်၏ တိုက်ပွဲစွမ်းရည်ကို အထင်မသေးသင့်မှန်း ပထမဆုံးအကြိမ်အဖြစ် ရန်ကိုင် နားလည်သွားခဲ့သည်။ ၎င်းကိုယ်ပေါ်ရှိ သဘာအတိုင်း ဖြစ်ပေါ်နေသာ အကာအကွယ်သည် မှော်ရတနာစိတ်ဝိဥာဉ်၏ မီးတောက်ကို ကြောက်ရွံ့ခြင်းမရှိချေ။ ထိုအကာအကွယ်ကြောင့် သွားလာရခက်လိမ့်မည်ဟု ထင်ရသော်ငြား တကယ်လှုပ်ရှားသည့်အခါ ကျောက်တုံးရုပ်သေးရုပ်၏ အမြန်နှုန်းသည် အတော့်ကိုမှ အံ့အားသင့်စရာ ကောင်းလှပေသည်။ မှော်ရတနာစိတ်ဝိဥာဉ် ပျံသန်နိုင်သည့် အတွက်ကြောင့်သာ မဟုတ်လျှင် ကျောက်တုံးရုပ်သေးရုပ် တိုက်ခိုက်ရ ခက်နေလိမ့်မည် မဟုတ်ချေ။ သို့သော် မည်သို့ပင်တိုက်ပါစေ နှစ်ယောက်စလုံး တစ်ယောက်မှမနိုင်ကြ။ တိုက်ပွဲရလဒ်သည် အမြဲတမ်း သရေအဖြစ်ဖြင့်သာ အဆုံးသတ်သွားသည်။ မီးငှက်သည် ပျံနိုင်သော်ငြား ကျောက်တုံး ရုပ်သေးရုပ်သေးလည်း မြေလျှိုးနိုင်သည် မဟုတ်ပေလော။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၂၆၂)

လွန်ခဲ့သည့် တစ်နှစ်အတွင်း မှော်ရတနာစိတ်ဝိဥာဉ်နှင့် ကျောက်တုံးရုပ်သေးရုပ်တို့ အကြိမ်ပေါင်းများစွာ တိုက်ခိုက်ခဲ့သည်။ တိုက်ခိုက်တိုင်းလည်း အမြဲတမ်း သရေဖြင့် အဆုံးသတ်သွားသည်။ ထို့ကြောင့် ရန်ကိုင်လည်း ထိုနှစ်ယောက်ကြားမှ တိုက်ပွဲကို ဝင်ပါရန် ပျင်းလွန်းလာသည်။ နောက်ဆုံး တိုက်ခိုက်ပါများလာရင်း ရင်းနှီးသွားကြလားမသိ၊ တစ်ခါတစ်ရံ နှစ်ယောက်သား တပူးပူးတတွဲတွဲဖြင့် တွေ့ရတတ်လေသည်။

သူတော်စင်ဘုရင် ဒုတိယအဆင့် ကျင့်ကြံခြင်းကို တည်ငြိမ်အောင် လုပ်ခြင်းနှင့် ပန်းပဲမီးဖိုအား သန့်စင်ခြင်းတို့အပြင် နဂါးအရိုးနှင့် နဂါးပုတီးစေ့တို့ကိုလည်း သန့်စင်ခဲ့လေသည်။ ဦးစွာ နဂါးအရိုးနှင့် နဂါးပုတီးစေ့ကို ပန်းပဲမီးဖိုထဲ ထည့်လိုက်သည်။ ထို့နောက် ပန်းပဲမီးဖိုကို သူ့ကိုယ်ထဲသို့ ထည့်လိုက်သည်။ ထိုနည်းလမ်းဖြင့် နဂါးအရိုးနှင့် နဂါးပုတီးစေ့တို့ကို သန့်စင်ခြင်း မပြုသည့်တိုင် မှော်ရတနာစိတ်ဝိဥာဉ်သည် ရန်ကိုင်၏ သူတော်စင်ချီနှင့် ၎င်း၏ မီးစွမ်းအင်ကို သုံးကာ နဂါးအရိုးနှင့် နဂါးပုတီးစေ့တို့ကို အဆက်မပြတ် အလိုလို သန့်စင်နေပေသည်။

သို့သော်လည်း ထိုပစ္စည်းနှစ်ခုသည် အစစ်အမှန်နဂါးတစ်ကောင်၏ ပစ္စည်းများ ဆိုသည့်အတိုင်းပင်၊ လနှင့်ချီကြာအောင် ရန်ကိုင် သန့်စင်နေခဲ့သော်လည်း တိုးတက်မှု သိပ်မရှိ။ ထိုပစ္စည်းနှစ်ခုကို အပြည့်အဝ သန့်စင်ချင်လျှင် အနည်းဆုံး လေးငါးနှစ်လောက် လိုမည့်ပုံပင်။ ပန်းပဲမီးဖိုကို အပြင်ထုတ်ပြီး သူကိုယ်တိုင် သန့်စင်လျှင်တော့ ပိုမြန်လောက်ပေလိမ့်မည်။

သို့သော် ထိုနှစ်ပစ္စည်းနှစ်ခုကို သန့်စင်ရန် အလျင်မလိုသေးသည့် အတွက်ကြောင့် နတ်ဆိုးသွေးမျှင် ပညာရပ်ကို အရင်လေ့လာလိုက်လေသည်။

အစကမူ ထိုပစ္စည်းကို တုန့်နင် သူ့အား သစ္စာမဖောက်စေရန် အကြောင်းပြချက် သက်သက်ကြောင့်သာ လိုချင်ခဲ့ခြင်း ဖြစ်သည်။ အခြား မည်သည့် ရည်ရွယ်ချက်မှမရှိ။ သို့သော် လွန်ခဲ့သောလအတွင်း နဂါးလိုဏ်ဂူတောင်ဆီ ပြန်လာပြီးနောက် နတ်ဆိုးသွေးမျှင် ပညာရပ်ကို လေ့လာကြည့်လိုက်ရာ ထိုပညာရပ်သည် သူနှင့် လုံးဝ လိုက်ဖက်ညီနေသည်ကို တွေ့လိုက်ရသည်။

ထို့ကြောင့် ရန်ကိုင် အတော့်ကိုမှ ထိတ်လန့်တုန်လှုပ်သွားခဲ့ရသည်။

သွေးနတ်ဆိုးကျောင်းတော်သည် အလွန်ကိုမှ ရက်စက်၊ မိစ္ဆာဆန်သော အင်အားစုတစ်ခု ဖြစ်သဖြင့် အရိပ်ကြယ်ပေါ်ရှိ အင်အားစုများစွာနှင့် မတည့်ချေ။ ထို့အပြင် ငါးနှစ်တိုင်း၊ ငါးနှစ်တိုင်းလည်း ဂိုဏ်းတွင်း စစ်ပွဲလေးတစ်ပွဲစီ ဖြစ်လေ့ရှိပြီး ဆယ်နှစ်တိုင်းတွင် စစ်ပွဲကြီး တစ်ပွဲ ဖြစ်လေ့ရှိသည်။ ထိုကဲ့သို့ ဖြစ်နေသည့်တိုင် ဂိုဏ်းမပျက်စီးသေးသည့် အကြောင်းအရင်းကား ဤနတ်ဆိုးသွေးမျှင် ပညာရပ်ကြောင့်ပင် ဖြစ်လေသည်။

သွေးနတ်ဆိုးကျောင်းတော်၏ အကြီးအကဲများနှင့် ကာကွယ်သူများ အားလုံးသည် ဤဆန်းကြယ်သော ကျင့်စဉ်ကို ကျင့်ကြံထားကြသည့်အတွက် ရန်သူများနှင့် တိုက်ခိုက်ရာတွင် အံ့မခန်းဖွယ်ရာ စွမ်းအားများကို ထုတ်ဖော်နိုင်လေသည်။ ထို့ကြောင့် အများစုသည် သွေးနတ်ဆိုးကျောင်းတော်အား သွားပြဿနာရှာလေ့မရှိဘဲ… ‘သူတို့သာ ငါ့တို့ကို လာရန်မစရင် ငါတို့ကလည်း သွားရန်မစဘူး’ ဟူသည့် ပုံစံဖြင့်သာ နေကြသည်။ ထို့ကြောင့် သွေးနတ်ဆိုးကျောင်းတော် နှစ်ပေါင်းများစွာကြာအောင် တည်တံ့နေခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း ဤပညာရပ်ကို လေ့ကျင့်ချင်သည် ဆိုပါက ကိုယ်ပိုင် သွေးအဆီအနှစ်ကို အုတ်မြစ်အဖြစ် အသုံးပြုရပေမည်။

ကျင့်ကြံသူတစ်ယောက်၏ သွေးအဆီအနှစ်သည် အလွန်ကိုမှ အဖိုးတန်ပြီး ရန်သူနှင့် တိုက်ခိုက်ရင်း အသုံပြုလိုက်မည် ဆိုပါက အခြေခံအုတ်မြစ်ကို ထိခိုက်နိုင်ပေသည်။ သွေးအဆီအနှစ်တစ်စက်ကို အသုံးပြုပြီးသွားလျှင် လပေါင်းများစွာကြာအောင် ပြန်လည် အားဖြည့်ရန် လိုအပ်ပေသည်။ သို့သော်လည်း သွေးနတ်ဆိုးကျောင်းတောသည် သူတို့ကိုယ်သူတို့ အရမ်းကြီး မထိခိုက်စေဘဲ သွေးအဆီအနှစ်အား တိုက်ပွဲအတွင်းတွင် အသုံးပြုနိုင်သည့် နည်းလမ်းတစ်ခုကို တီထွင်နိုင်ခဲ့သည်။

ထိုပညာရပ်ကိုသာ အောင်အောင်မြင်မြင် ကျင့်ကြံပြီးသွားလျှင် တိုက်ပွဲစွမ်းရည်သည် သိသိသာသာကို တိုးတက်လာပေလိမ့်မည်။ အကြောင်းမှာ နတ်ဆိုးသွေးမျှင်သည် ကျင့်ကြံသူ တစ်ယောက်၏ အားအကောင်းဆုံး သွေးအဆီအနှစ်မှ ဖန်တီးထားသောကြောင့် ဖြစ်သည်။ ထို့အပြင် သုံးရသည်မှာလည်း အရမ်းကိုမှ လွယ်ကူအဆင်ပြေပေသည်။ ထိုအရာသည် လူတစ်ယောက်၏ အသက်စွမ်းအင်နှင့် ချိတ်ဆက်ထားသည့် အတွက်ကြောင့် မှော်ရတနာ တစ်ခုနှင့် တူသလို တူလည်းမတူချေ။

ရန်ကိုင်အတွက်လည်း သွေးအဆီအနှစ်သည် အဖိုးတန်သည်။ ထို့ကြောင့် အလွယ်တကူ အသုံးမပြုရဲ။ သို့သော် ရွှေရောင်သွေးစက်ကိုမူ သူအသုံးပြုနိုင်သည်။ ထို့အပြင် ရွှေရောင် သွေးစက်ထဲတွင် အလွန်ကိုမှ များပြားလှသော သွေးစွမ်းအင်များ ကိန်းအောင်းနေလေရာ နတ်ဆိုးသွေးမျှင် ပညာရပ်ကို ကျင့်ကြံရန်အတွက် လုံးဝ သင့်လျော်နေလေသည်။

ထိုအချက်ကို နားလည်လိုက်သည့်အခါ ရန်ကိုင် ပျော်လွန်းသဖြင့် ထပင်ခုန်ချင်မိသွားသည်။ ထိုပညာရပ်မှ ပြောသားထားပုံအရ သွေးအဆီအနှစ်များများကို ပိုသုံးလေ ဖန်တီးလိုက်သည့် နတ်ဆိုးသွေးမျှင် ပို၍ အားကောင်းလေပင်။

မသိလျှင် ထိုပညာရပ်သည် ရန်ကိုင်အတွက်များ ဖန်တီးထားလေသလားဟုပင် ထင်မှတ်ရသည်။ ထိုသို့ဖြစ်နေလေရာ ထိုပညာရပ်ကို ဘာကြောင့် သူမကျင့်ဘဲ နေရမည်နည်း။

လက်ရှိတွင် ရန်ကိုင်သည် ရန်သူများကို တိုက်ခိုက်ရာတွင် ကောင်းကင်နတ်ဘုရား ပညာရပ်များနှင့် သူတော်စင်ချီ ထိန်းချုပ်ခြင်းကိုသာ အားကိုးနေရသည်။ ထို့ကြောင့် သူ့တိုက်ပွဲ စွမ်းရည်သည် အားကောင်းသင့်သလောက် အားကောင်းမနေခဲ့ချေ။ နတ်ဆိုးသွေးမျှင် ပညာရပ်ကိုသာ ကျင့်ကြံနိုင်မည်ဆိုပါက သူ့တိုက်ပွဲစွမ်းရည်ကို သိသိသာသာ တိုးမြှင့်နိုင်ပေလိမ့်မည်။

သူသာ ထိုပညာရပ်ကို အောင်အောင်မြင်မြင် လေ့ကျင့်လိုက်နိုင်လျှင် သူ့ခွန်အား တိုးတက်လာနိုင်ရုံမက သူဖန်တီးလိုက်သည့် နတ်ဆိုးသွေးမျှင်သည်လည်း သွေးနတ်ဆိုး ကျောင်းတော်မှ တပည့်တစ်ယောက် ဖန်တီးလိုက်သည့် နတ်ဆိုးသွေးမျှင် အများကြီး ပိုအားကောင်းပေလိမ့်မည်။ အကြောင်းမှာ သူ့နတ်ဆိုးသွေးမျှင် ပညာရပ်၏ အုတ်မြစ် ဖြစ်သော ရွှေရောင်သွေးစက်သည် သွေးနတ်ဆိုးကျောင်းတော်မှ တပည့်များ၏ သွေးအဆီအနှစ်ထက် အများကြီး ပိုကောင်းသောကြောင့် ဖြစ်သည်။

ရန်ကိုင်သည် ထိုခြောက်လအတောအတွင်း သူ့အချိန်အများစုကို နတ်ဆိုးသွေးမျှင် ပညာရပ်အား ကျင့်ကြံခြင်းဖြင့်သာ ကုန်ဆုံးနေခဲ့သည်။ ယခုဆိုလျှင် အသေးစားပြီးမြောက်ခြင်း အဆင့်သို့ပင် ရောက်ခါနီးနေလေပြီ။

ကျောက်တုံးခန်းထဲတွင်၊ ရန်ကိုင်သည် သူ့လက်ချောင်းထိပ်၌ ရွှေရောင်အမျှင်လေး တစ်မျှင်ကို ဖန်တီးလိုက်လေသည်။ ထိုအရောင်တလက်လက် ထနေသော ရွှေရောင်ပိုးမျှင်သည် မီတာပေါင်းများစွာအထိ ဆန့်ထွက်နိုင်ပေသည်။ ရန်ကိုင် ကောင်းကင်စိတ်အာရုံ၏ ထိန်းချုပ်မှု အောက်တွင် ထိုရွှေရောင်အမျှင်တန်းလေးသည် ရှေ့နောက်သွားလာနေခဲ့သည်။ ရန်ကိုင်မှ ကျာပွတ်တစ်ချောင်းအား လေထဲအဆက်မပြတ် ဝှေ့ရမ်းနေသည့်နှယ် တရွှီရွှီမြည်သံများ အဆက်မပြတ် ထွက်ပေါ်နေခဲ့သည်။

ဤသည်မှာ နတ်ဆိုးသွေးမျှင် တစ်ချောင်းသာ ရှိသေးသည်။ အများကြီးသာ ရှိလိုက်လျှင်မူကား သူ့ရန်သူများ မည်မျှ ခေါင်းကိုက်ရလေမည်နည်း။

ဤပညာရပ်အား ဖန်တီးခဲ့သည့်လူသည် တကယ့်ကို ပါရမီရှင်တစ်ယောက် ဖြစ်ရမည်ဟု ရန်ကိုင် တွေးလိုက်သည်။ အခြားလူများ မစဉ်းစားတတ်သည့် သွေးအဆီအနှစ်ကို မှော်ရတနာ တစ်ပိုင်းအဖြစ် ဖန်တီး၍ တိုက်ခိုက်နိုင်သည့် ပညာရပ်ကိုပင် တီထွင်နိုင်ခဲ့သည်။ သို့သော် ဤလောကကြီးတွင် သွေးအဆီအနှစ်ကို အသုံးပြုခြင်းမရှိဘဲ သွေးအဆီအနှစ်ထက် ပိုအားကောင်းသော ရွှေရောင်သွေးစက်ဖြင့် ဘေးထွက်ဆိုးကျိုးမရှိ နတ်ဆိုးသွေးမျှင်ကို ဖန်တီးနိုင်သည့် ရန်ကိုင်ကဲ့သို့သော လူတစ်ယောက် ရှိနေလိမ့်မည်ဟု သူမည်ကဲ့သို့ ထင်ခဲ့ပါမည်နည်း။ အချိန်သာ လုံလောက်အောင် ပေးမည်ဆိုပါက ထိုနတ်ဆိုးသွေးမျှင်အား အဆင့်တစ်ခုသို့ ရောက်အောင်ပင် ရန်ကိုင် မြှင့်တင်နိုင်ပေလိမ့်မည်။

သို့သော်လည်း ထိုအရာကို နတ်ဆိုးသွေးမျှင်ဟု ခေါ်၍မရတော့။ ရွှေရောင်သွေးမျှင်ဟုသာ ခေါ်ရပေတော့မည်။ ရန်ကိုင် ပြုံးလိုက်ပြီး ရွှေရောင်သွေးမျှင်ကို သူ့ကိုယ်ထဲ ပြန်ရုတ်သိမ်းလျက် ဆက်ပြီး ကျင့်ကြံနေလေသည်။

ထိုအတောအတွင်း ရန်ကိုင်သည် လေဟာနယ်ဝိဥာဉ်သလင်းကျောက်များကို အသုံးပြု၍ လေဟာနယ်စွမ်းအားကိုလည်း ကျင့်ကြံခဲ့သေးသည်။

နောက်ထပ်သုံးလ ကြာပြီးသည့်တိုင် ရန်ကိုင် ကျင့်ကြံခြင်းမှ ထွက်လာမည့် အရိပ်အယောင် မပြသေး။ ကံကောင်းစွာဖြင့် နဂါးလိုဏ်ဂူတောင်သည် လောလောဆယ်တွင် သူ့အကူအညီကို မလိုအပ်နေသေးချေ။ ထို့ကြောင့် သူတံခါးပိတ်ကျင့်စဉ်ဝင်နေ၍ ဘာမှ မဖြစ်သေး။

ယနေ့တွင် ရွှေရောင်သွေးမျှင်ကို ကျင့်ကြံနေရင်း ရန်ကိုင်၏ အမူအရာ ရုတ်တရက် ပြောင်းလဲသွားခဲ့ပြီး အလန့်တကြား မျက်လုံးဖွင့်လိုက်သည်။ ထို့နောက် ချက်ချင်း မျက်လုံး ပြန်ပိတ်လိုက်ပြီး သူ့ကောင်းကင်စိတ်အာရုံကို အနက်ရောင်စာအုပ်ထဲသို့ ပို့လိုက်လေသည်။

သူ့ရှေ့ရှိမြင်ကွင်းကို မြင်ပြီးနောက် သူပြောမည့်စကားများကို ပြန်မျိုချလိုက်ရပြီး သိပ်သည်းလွန်းလှသော ယန်ဓါတ်စွမ်းအင်များ ထုတ်လွှတ်နေသည့် သစ်ပင်ကြီးကိုသာ မှင်သက်စွာ စိုက်ကြည့်နေမိလိုက်သည်။

ထိုသစ်ပင်ကြီးသည် လွန်ခဲ့သော နှစ်ပေါင်းများစွာခန့်က အနက်ရောင်စာအုပ်ထဲထည့်၍ ယူလာခဲ့သည့် နတ်ဘုရားသစ်ပင် ဖြစ်ပေသည်။

နတ်ဘုရားသစ်ပင်သည် ယခင်ပုံစံနှင့် မတူတော့ချေ။ ရန်ကိုင် မှတ်မိသလောက်ဆို နတ်ဘုရားသစ်ပင်သည် ဆင့်ကဲပြောင်းလဲခြင်း မဖြစ်စဉ်က မိုးထိလုမတတ် မြင့်မားလှသည့် သစ်ပင်ကြီးတစ်ပင် ဖြစ်ပေသည်။

သို့သော်လည်း ဆင့်ကဲပြောင်းလဲခြင်း ဖြစ်စဉ်ပြီးနောက်တွင် နတ်ဘုရားသစ်ပင်သည် ယခင်ထက် အဆပေါင်းများစွာ ပိုမိုသေးငယ်သွားခဲ့သည်။ ယခုဆို မီတာနှစ်ဆယ်လောက်သာ မြင့်တော့သည်။ အကိုင်းအခက်၊ အရွက်များအားလုံးသည် ရွှေရောင်တလက်လက် ထနေကာ အလွန်ကိုမှ မျက်စိဖမ်းစားနိုင်လွန်းလှသည်။ သစ်ရွက်များကြားတွင် ကြက်မောက်သီးအရွယ် အသီးများလည်း သီးနေခဲ့သည်။ ထိုအသီးများသာ ရင့်မှည့်လာပါက ရန်ကိုင်အား ကျိန်းသေ အကူအညီ ဖြစ်စေပေလိမ့်မည်။ သို့သော်လည်း ထိုအသီးများ၏ ပုံစံအရ ယခုမှ စသီးသည့်ပုံပင်။

သို့သော်လည်း ရန်ကိုင် အအံ့ဩရဆုံး အရာသည်ကား ထိုပြောင်းလဲမှုများမဟုတ်၊ သစ်ပင်ပင်စည်အလယ်တွင် ရှိနေသော မျက်နှာပင်။

သစ်ပင်ပင်စည်ဗဟိုတွင် မျက်လုံး၊ နား၊ ပါးစပ်နှင့် နှာခေါင်းတို့ ပါရှိသည့် ထူးဆန်းသော မျက်နှာတစ်ခု ရှိနေခဲ့သည်။ ထို့အပြင် ထိုမျက်နှာသည် အတော်လေးကိုမှ ကြီးမားကာ ပါးရေတွန့်နေသည့် လူအိုကြီးတစ်ယောက်၏ မျက်နှာနှင့်ပင် တူပေသေးသည်။

ပင်စည်၏ ဘေးနှစ်ဖက်တွင် ခရင်းခွနှင့်ဆင်တူသော သစ်ကိုင်းလက်မောင်းများ ရှိနေခဲ့သည်။ နတ်ဘုရားသစ်ပင်၏ လက်မောင်းနှစ်ဖက်ပင်။

နတ်ဘုရားသစ်ပင်၏ အမြစ်များသည်လည်း ဧရာမနွယ်တံကြီးများ အဖြစ်သို့ ပြောင်းလဲကာ ၎င်း၏ ခန္ဓာကိုယ်ကို ထောက်ကန်ပေးထားလေသည်။ ရန်ကိုင် ရောက်လာသည့် အချိန်တွင် နတ်ဘုရားသစ်ပင်သည် သူ၏ ခန္ဓာကိုယ်အသစ်နှင့် အသားကျအောင် လုပ်နေသည့် အချိန်ဖြစ်သည်။

ရန်ကိုင် ရောက်လာမှန်း သတိပြုမိလိုက်သည့်နောက် ချက်ချင်း မတ်တပ်ရပ်၍ ရန်ကိုင်ဘက်သို့လှည့်ကာ ပြုံးလိုက်သည်။

“မင်း…” ရန်ကိုင်မှာ အံ့ဩလွန်းသဖြင့် ဘာပြောလို့ပြောရမှန်းမသိပင် ဖြစ်နေခဲ့သည်။

“စိုးရိမ်နေစရာ မလိုဘူး…” နတ်ဘုရားသစ်ပင် စကားပြောတတ်နေသည့် အချက်ကြောင့် ရန်ကိုင် ပို၍ အံ့အားသင့်သွားရသည်။ သို့သော်လည်း ထိုအသံသည် အတော်လေးကိုကျယ်ပြီး အက်ရှရှဖြစ်နေသည်။ ပထမဆုံးအကြိမ် စကားပြောခြင်း ဖြစ်သည့်အတွက် သိပ်အသား မကျသေးသည့်ပုံပင်။

အတိတ်တွင် နတ်ဘုရားသစ်ပင်သည် ရန်ကိုင်နှင့် စကားပြောလိုသည့်အခါ ကောင်းကင်စိတ်အာရုံဖြင့်သာ ဆက်သွယ်ပြောဆိုလေ့ရှိသည်။ ယခုမှသာ နတ်ဘုရားသစ်ပင်၏ အသံကို ရန်ကိုင် ပထမဆုံးအကြိမ်အဖြစ် ကြားဖူးခြင်း ဖြစ်သည်။ ထို့ကြောင့် ကြားကြားချင်း မှင်သက်နေမိခဲ့သည်။

အတော်ကြာ ရပ်နေပြီးနောက် နတ်ဘုရားသစ်ပင်က ဆက်ပြောလိုက်သည် “ငါဘာလို့ ဒီလိုဖြစ်လာလဲ နားမလည်ပေမယ့် ကောင်းတယ်ဆိုတာတော့ ငါသိတယ်။ မင်းရဲ့သွေးကြောင့် အခုလိုမျိုး ဖြစ်လာတာလို့တောင် ပြောလို့ရတယ်”

ထိုစကားကို ကြားလိုက်မှပဲ ရန်ကိုင် စိတ်သက်သာရာ ရသွားခဲ့သည်။ သို့သော် အပြည့်အဝ စိတ်မချနိုင်သေးသည့်အတွက် ဆက်မေးလိုက်သေးသည် “ဘာဆိုးရွားတာမှတော့ မဖြစ်ဘူးမလား”

“မဖြစ်ဘူး။ အံ့ဩဖို့တောင် ကောင်းသေးတယ်” နတ်ဘုရားသစ်ပင်၏ အသံသည် တဖြည်းဖြည်း ကြည်လင်လာခဲ့သည်။ စကားနည်းနည်း ပြောပြီးနောက် ပို၍ ပြတ်သားချောမွေ့စွာ ပြောလာနိုင်ခဲ့သည်။ ထို့နောက် လမ်းထပ်လျှောက်ကြည့်လိုက်ရင်း ပြောလိုက်သည် “တစ်ခုခု သိပ်မဆင်မပြေတာ ဆိုရင်တော့ ဒီနေရာလို့ပဲ ပြောရမယ်။ ဒီနေရာက ငါနေဖို့ သိပ်ပြီး အဆင်မပြေတော့သလိုပဲ။ ဒီနေရာကြီးက ဟာလာဟင်းလင်းကြီးဆိုတော့ ငါ့ကို တိုးတက်အောင် ဘာမှ အကူအညီ မပေးနိုင်ဘူး”

ကြားကြားချင်း ရန်ကိုင် ကြောင်သွားခဲ့သည်။ သို့သော်လည်း ဘာဖြစ်နေမှန်းကို ချက်ချင်း နားလည်သွားခဲ့သည်။ နတ်ဘုရားသစ်ပင် ဆင့်ကဲပြောင်းလဲခြင်း မဖြစ်စဉ်က သူသည် အသိစိတ် ရှိနေသည့် လောကရတနာတစ်ခုသာ ဖြစ်သည်။ ထို့ကြောင့် အနက်ရောင်စာအုပ်ထဲတွင် နေ၍ ဘာမှမဖြစ်။ သို့သော်လည်း ယခုမူ သက်ရှိတစ်မျိုးအဖြစ်သို့ ပြောင်းလဲလာခဲ့လေပြီ ဖြစ်သဖြင့် အနက်ရောင်စာအုပ်သည် သူ့အတွက် နေထိုင်ရန် မသင့်တော်တော့ချေ။ ခဏတာ အဆင်ပြေနိုင်သော်လည်း ရေရှည်အတွက်မူ အဆင်ပြေလိမ့်မည် မဟုတ်။ ရေရှည် အနေများလျှင် သူကိုယ်တိုင်ကိုပင် ထိခိုက်လာနိုင်သည်။ အကြောင်းအရင်းမရှိ ခြောက်သွေ့လာခြင်းမျိုးလည်း ဖြစ်နိုင်သည်။ ထိုသို့သာ ဖြစ်ခဲ့လျှင် ရန်ကိုင်၏ အမှား ဖြစ်သွားပေလိမ့်မည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၂၆၃)

ထိုအချက်ကို စဉ်းစားမိလိုက်သော် ရန်ကိုင် နတ်ဘုရားသစ်ပင်ကို အားနာသွားသည် “အဲ့အတွက် ငါတကယ်ကို တောင်းပန်ပါတယ်ကွာ။ မင်းအတွက် နေစရာရှာပေးမယ်လို့ ပြောပြီး ဒီလောက် ကြာသွားတာတောင် နေရာတစ်ခု မရှာပေးနိုင်သေးလို့။ ငါ့အလုပ်တွေနဲ့ငါ တိုင်ပတ်နေတာ မင်းကိစ္စကိုတောင် ဂရုမစိုက်မိဘူး ဖြစ်သွားတယ်”

ရန်ကိုင် ထိုကဲ့သို့ ပြောသော် နတ်ဘုရားသစ်ပင်၏ သူ၏ သစ်ကိုင်းလက်တံများကို ဖြည်းဖြည်းချင်း ဝှေ့ရမ်း၍ ပြောလိုက်သည် “ငါသိတယ်။ အဲ့ကိစ္စကို စိတ်ပူနေစရာ မလိုဘူး”

“အင်း” ရန်ကိုင်က ခေါင်းယဲ့ယဲ့လေး ညိတ်လိုက်သည်။ ထို့နောက် ရုတ်တရက် ကောက်ပြုံးလျက် “ဒါပေမယ့် အခုတော့ အဆင်ပြေသွားပြီ။ မင်းအခြေချလို့ရမယ့် နေရာတစ်ခု ငါတွေ့ထားတယ်။ အခုငါမင်းကို ထုတ်ပေးလို့ရတယ်။ နောက်ပိုင်း ငါဒီကနေ ထွက်သွားမှပဲ မင်းဒီထဲ ပြန်လာနေရလိမ့်မယ်။ အဲ့လိုဆို အဆင်ပြေတယ်မလား”

ရပ်နေသည့် နတ်ဘုရားသစ်ပင် ရန်ကိုင် ပြောသည်ကိုကြားသော ချက်ချင်းပဲ သူ့ဘက် လှည့်လာပြီး မျှော်လင့်ချက်အပြည့်ဖြင့် မေးလိုက်သည် “အခု ထွက်လို့ရတာလား”

နေရောင်နှင့် မထိတွေ့ရသည်မှာ အတော်လေး ကြာနေပြီ ဖြစ်သည့်အတွက်ကြောင့် ပြင်ပလောကကြီးကို အတော်လေး လွမ်းနေသည့်ပုံပင်။

“အင်းရတယ်” ရန်ကိုင် ခေါင်းညိတ်လိုက်သည်။

“အဲ့ဒါဆို အခုထွက်သွားမယ်။ မင်းဒီနေရာက ထွက်သွားတော့မှပဲ ငါမင်းနဲ့ ပြန်လိုက်မယ်”

သေချာဆွေးနွေးပြီးနောက် အနက်ရောင်စာအုပ်ထဲမှ သူ့အသိစိတ်ကို ပြန်ရုတ်သိမ်းလိုက်သည်။ ထို့နောက် ကျောက်တုံးလိုဏ်ဂူထဲမှ ထွက်၍ တိတ်ဆိတ်ငြိမ်းချမ်းသည့် နေရာတစ်ခုကို ရှာလိုက်လေသည်။ လက်ရှိတွင် ဟိုင်ခဲမိသားစုဝင် တပည့်များ ကိုယ်စီ ကျင့်စဉ်ဝင်နေကြသည်။ ချန်ချီနှင့် ဟောင်အန်းတို့လည်း အရိပ်အယောင်ပင် မတွေ့ရ။

ရန်ကိုင် လိုဏ်ဂူထဲမှ ထွက်လာသည်ကို မြင်သော် အတော်များများ အံ့အားသင့်သွားပြီး ရန်ကိုင်အား အလျင်အမြန် နှုတ်ဆက်လိုက်ကြသည်။

ဟိုင်ခဲမိသားစုမှ ထွက်လာခဲ့သော်လည်း ဤနေရာ၏ ပိုင်ရှင်အစစ် မည်သူမှန်း သူတို့ အကုန်လုံး သိထားကြသည်။

“ယန်ယန် ဘယ်မှာလဲ” လိုက်ပတ်ရှာကြည့်သော်လည်း ယန်ယန်ကို မတွေ့ရသဖြင့် မေးလိုက်လေသည်။ ကောင်းကင်စိတ်အာရုံကို အသုံးပြုသည့်တိုင် ယန်ယန်ရော၊ ဝူရီကိုပါ ရှာမတွေ့ခဲ့ချေ။

“မိန်းကလေးယန်ယန်က သခင်မလေးနဲ့ ပင်လယ်နက် မြို့တော်ကို ထွက်သွားပါတယ်” လူအုပ်ထဲမှ တစ်ယောက်က အလျင်အမြန်ပဲ ပြန်ဖြေလိုက်သည်။

“ပင်လယ်နက်မြို့လား။ သူတို့ ဘာလို့ အဲ့ကိုသွားတာလ။ အဲ့မြို့ကို ဘယ်သူ ထိန်းချုပ်ထားတာလဲ” ရန်ကိုင် အံ့အားသင့်သွားသည်။

“ပင်လယ်နက်မြို့တော်ကို ကောင်းကင်ပြာဂိုဏ်းရဲ့ ထိန်းချုပ်ထားတာပါ။ သခင်မလေးတို့ နှစ်ယောက် ရတနာစံအိမ်ရဲ့ လေလံပွဲမှာ ဝင်ပါဖို့ဆိုပြီး ထွက်သွားတာ”

“နောက်ထပ် လေလံပွဲလား” ရန်ကိုင် ဇဝေဇဝါ ဖြစ်သွားပြီး မျက်ခုံး ပင့်လိုက်မိသည်။ ထိုကျင့်ကြံသူက အလျင်အမြန်ပဲ ထပ်ရှင်းပြလိုက်လေသည်။ ထိုလူ ရှင်းပြသည်ကို ကြားပြီးမှပဲ ဘာတွေ ဖြစ်ပျက်နေလဲ ဆိုသည်ကို ရန်ကိုင် နားလည်သွားခဲ့သည်။ ယခင်အကြိမ် လေလံပွဲတွင် ပစ္စည်းကောင်းများစွာကို ရန်ကိုင် သွားရောင်းခဲ့သည်။ ထို့ကြောင့် လေလံစံအိမ်၏ ဦးစီးမှူး ယန်ပေသည် ရန်ကိုင်အား သေချာမှတ်ထားခဲ့သည်။ နောက်တစ်ကြိမ် လေလံပွဲစတော် ချင်းတုန်မှတစ်ဆင့် ရန်ကိုင်ကို လှမ်းဖိတ်လေသည်။

နဂါးလိုဏ်ဂူတောင်တွင် သူတော်စင်သလင်းကျောက်များ လိုနေသည်နှင့် အံကိုက် ဖြစ်သွားသည်။ ထို့ကြောင့် ယန်ယန်သည် သူမ မကြာသေးခင်က လုပ်ထားသော မှော်ရတနာ များစွာကို ယူကာ လေလံပွဲသို့ ထွက်သွားလေသည်။

ထိုအချက်ကို နားလည်လိုက်သည့်အခါ ရန်ကိုင် မျက်မှောင်ကြုတ်သွားသည်။ ယန်ယန် သူတော်စင်သလင်းကျောက် သုံးသည့်နှုန်းသည် အလွန်ကိုမှ မြန်လွန်းပေသည်။ လွန်ခဲ့သော တစ်နှစ်ခန့်လောက်က သူတော်စင်သလင်းကျောက် သန်းနှင့်ချီ သူပြန်ယူလာခဲ့သည်။ သို့သော် ယခု ထိုသူတော်စင်သလင်းကျောက်အားလုံး ကုန်သွားသည့်ပုံပင်။ သို့ရာတွင် ယန်ယန် အရင်းအမြစ်များ ဖြုန်းတီးပစ်နေသည့်အပေါ် ရန်ကိုင် စိတ်မကွက်ချေ။ သူမသည် နဂါးလိုဏ်ဂူတောင်၏ အကာအကွယ်ကို တိုးမြှင့်ရန်အတွက်သာ လုပ်နေသည် မဟုတ်ပေလော။

ရန်ကိုင် စိတ်ညစ်နေရသည်ကား လေလံပွဲသို့ မှော်ရတနာများ ယူသွားပြီး သူတော်စင်သလင်းကျောက် ရှာသည့်နည်းလမ်းသည် ရေရှည် ငွေရှာလို့ကောင်းသည့် နည်းလမ်း မဟုတ်သည်ဟူသော အချက်ကို သိလိုက်သည့် အတွက်ကြောင့်ပင်။

ယန်ယန်အနေဖြင့်‌ လေလံပွဲသို့ မှော်ရတနာများ ယူသွားပြီး သူတော်စင်သလင်းကျောက် သွားရှာနိုင်သည်။ သို့သော် ထိုကဲ့သို့ တစ်ကြိမ်၊ နှစ်ကြိမ်လောက်သာ လုပ်လျှင်ကောင်းသည်။ ပို၍လုပ်ဖို့ရာ မသင့်တော်ချေ။ ထိုနည်းတူစွာ ရန်ကိုင် အနေဖြင့်လည်း ဆေးလုံးအချို့ကို လေလံပွဲဆီ ယူသွားပြီး လေလံတင်နိုင်သည်။ သို့သော် ထိုကဲ့သို့ ထပ်တလဲလဲ လုပ်၍ မကောင်းချေ။ ထပ်ခါထပ်ခါ လုပ်မည်ဆိုပါက ကောင်းကျိုးမရှိသည့်အပြင် ဒုက္ခပင် ရောက်နိုင်သည်။ သူတို့တွင် အားကောင်းသော နောက်ခံမရှိချေ။ နဂါးလိုဏ်ဂူတောင်နှင့် အရိပ်လခန်းမသည် ရင်းနှီးသည်ဟု ဆိုသော်လည်း ချင်းတုန်ကြောင့်သာ ရင်းနှီးနေခြင်း ဖြစ်သည်။ အရိပ်လခန်းမထဲရှိ အခြားအင်အားစုများနှင့် မရင်းနှီးချေ။

အဆင့်မြင့် မှော်ရတနာများနှင့် ဆေးလုံးများစွာသာ ဤနေရာမှ ထွက်ပေါ်လာပါက မလိုလားအပ်သော အာရုံစိုက်မှုများ ကြုံရနိုင်ပေသည်။

အခြားသူများ မဆိုထားနှင့်၊ ရှဲ့ဟုန်ဝမ်၏အဖေ နဂါးလိုဏ်ဂူတောင်အား မျက်လုံး ဒေါက်ထောက်ကြည့်နေသည်မှာ သေချာပေသည်။ ရှဲ့ဟုန်ဝမ်သည် သဲမီးတောက်နယ်မြေထဲတွင် သေသွားခဲ့သည်။ သူ့သားကို မည်သူသတ်သွားလဲ သူမသိသော်ငြား ရန်ကိုင်အား ကျိန်းသေ စုံစမ်းစစ်ဆေးမည်မှာ မြေကြီးလက်ခတ်မလွဲပင်။ သူ့သားသည် ရန်ကိုင်ကို သတ်ရန်အတွက် သဲမီးတောက်နယ်မြေထဲသို့ ဝင်သွားခြင်း မဟုတ်ပေလော။ အကြောင်းပြချက် ရသွားသည်နှင့် နဂါးလိုဏ်ဂူတောင်သို့ ကျိန်းသေ ရောက်လာပေလိမ့်မည်။

“သူတို့ ဘယ်တုန်းက ထွက်သွားတာလဲ” ရန်ကိုင် ထပ်မေးလိုက်သည်။

“လွန်ခဲ့တဲ့ သုံးရက်လောက်တုန်းပဲ။ အခုအချိန်လောက်ဆို သူတို့ ပြန်လာနေလောက်ပြီ။ ကျုပ်တို့ သွားရှာကြည့်ဖို့လိုလား။ လိုတယ်ဆိုရင် အခုချက်ချင်း သွားလိုက်မယ်လေ”

“မလိုဘူး” ရန်ကိုင်က လက်ဝှေ့ရမ်းလိုက်ပြီး “မင်းတို့အလုပ်ပဲ မင်းတို့ သွားလုပ်နှင့်”

“ဟုတ်ကဲ့ပါ” အနားတွင် စုဝေနေသော လူအုပ်ကြီး တဖြည်းဖြည်း လူစုခွဲသွားလေသည်။ ထိုစဉ်က ရန်ကိုင်က ရုတ်တရက် ပြောလိုက်သည် “အာ၊ ငါပြောဖို့မေ့နေလို့။ သူတို့ ပြန်လာရင် နောက်တစ်ကြိမ် လေလံပွဲကျရင် မှော်ရတနာတွေ သွားမရောင်းတော့ဖို့ ငါပြောတယ်လို့ ပြောလိုက်ဦး”

အမိန့်ပေးပြီးနောက် ကောင်းကင်ပေါ်သို့ ပျံတက်သွားလိုက်ပြီး နဂါးလိုဏ်ဂူတောင်ကို လိုက်ပတ်ကြည့်လေသည်။ ယန်ယန် သူ့အား‌ ပေးထားသော တိုကင်ပြားသည် သူ့လိုဏ်ဂူထဲရှိ အစီအရင်နှင့် အရံအတားများကို ထိန်းချုပ်နိုင်သည့်အပြင် နဂါးလိုဏ်ဂူတောင် ပတ်လည်တွင် ခင်းကျင်းထားသော အစီအရင်းနှင့် အရံအတားများကိုလည်း ထိန်းချုပ်နိုင်ပေသည်။ ထိုတိုကင်ပြား အကူအညီဖြင့် ရန်ကိုင်သည် နဂါးလိုဏ်ဂူတောင်ထဲတွင် စိတ်ကြိုက် လွတ်လွတ်လပ်လပ် သွားလာနိုင်ပေသည်။

ယန်ယန် ခင်းကျင်းထားသည့် အမျိုးမျိုးသော အစီအရင်များကို ရန်ကိုင် တွေ့ခဲ့သည်။ သူပြန်ယူလာခဲ့သော ပုံရိပ်ယောင်ကျောက်တုံးအား အသုံးပြုထားသည့် အစီအရင်ကိုပင် တွေ့ခဲ့သေးသည်။ တိုကင်ပြား၏ အကူအညီကြောင့်သာ မဟုတ်လျှင် ထိုပုံရိပ်ယောင် အစီအရင်ထဲသို့ ရောက်သွားပေလိမ့်ဦးမည်။

သွေးဓါးမြက်ပင်များ ရှိနေသည့် နေရာကိုလည်း စိတ်ရှုပ်ထွေး အစီအရင်တစ်ခုဖြင့် ဖုံးအုပ်ထားလေသည်။ သို့သော်လည်း တစ်ယောက်ယောက်သာ ထိုအစီအရင်ထဲသို့ ကျူးကျော် ဝင်ရောက်လာပါက သွေးဓါးမြက်ပင်များ၏ ရက်စက်ကြမ်းတမ်းသည့် တိုက်ခိုက်မှုကို ရင်ဆိုင်ရပေလိမ့်မည်။

ဘာမှ ထူးခြားမနေသည့် နေရာတစ်ခုကိုလည်း ရန်ကိုင် တွေ့ခဲ့သေးသည်။ သို့သော် ထိုနေရာတွင် မီးတောက်သလင်းကျောက်တုံးကြီးအား အစီအရင် အမြူတေအဖြစ် ခင်းကျင်းထားသည်ကို တွေ့လိုက်ရသည်။

မည်သို့သော အစီအရင်မျိုးအား ယန်ယန် ခင်းကျင်းထားမှန်း သူမသိသော်လည်း ထိုနေရာသည် ခြေချော်ရောက်သွားသင့်သည့် နေရာတစ်ခုမဟုတ်မှန်းတော့ သိပေသည်။

ထို့အပြင် အခြား ခင်းကျင်းထားသော အစီအရင်များနှင့် အရံအတားများစွာလည်း ရှိနေပေသေးသည်။ ထို့ကြောင့် နဂါးလိုဏ်ဂူတောင်၏ ပိုင်ရှင်ဖြစ်သော ရန်ကိုင်ပင်လျှင် ယန်ယန် ခင်းကျင်းထားသည့် အထပ်ထပ်သော အစီအရင်၊ အရံအတားများကြောင့် ထိတ်လန့်တုန်လှုပ် သွားခဲ့ရသည်။

ယန်ယန်သည် ဤနေရာအား အကာအကွယ် အထပ်ထပ် ဖုံးလွှမ်းထားသော ထိုးဖောက်၍ မရနိုင်သည့် ခံတပ်ကြီးတစ်ခုအဖြစ်သို့ ပြောင်းလဲပစ်လိုက်သည်။ သို့သော်လည်း ယန်ယန်သည် သူမမှတ်ဥာဏ်ထဲတွင် ရှိနေသော မှတ်ဥာဏ်များ နိုးထလာရန်အတွက် ထိုအစီအရင်များကို ခင်းကျင်းနေမှန်း ရန်ကိုင် သိသည်။ ထို့ကြောင့် အစီအရင် အလွန်အကျွံ ခင်းကျင်းထားခြင်းသည် အနည်းငယ် ပိုလွန်းနေသည့်အတွက် ရန်ကိုင် စိတ်ထဲမထားချေ။

ယန်ယန်သာ သူမ၏ မှတ်ဥာဏ်များကို နိုးထအောင် လုပ်နိုင်မည်ဆိုပါက နောက်ပိုင်း သူမ ခင်းကျင်းမည့် အစီအရင်များသည် ပို၍ အားကောင်းလာပေလိမ့်မည်။

ရန်ကိုင်သည် နဂါးလိုဏ်ဂူတောင်တစ်ဝိုက်ကို လိုက်ပတ်ကြည့်နေပြီးနောက် မည်သည့် အစီအရင်မှ မရှိသည့် နေရာလပ်တစ်ခုတွင် ဆင်းလိုက်သည်။ ဆင်းပြီးနောက် အနက်ရောင် စာအုပ်ထဲသို့ ကောင်းကင်စိတ်အာရုံ ပို့လွှတ်လိုက်သည်။

များပြားလှစွာသော စိတ်စွမ်းအင်များသည် ရန်ကိုင်၏ အသိစိတ်ပင်လယ်ထဲမှ ဒီရေလှိုင်းလုံးသဖွယ် ထွက်ပေါ်လာခဲ့သည်။ တစ်ချိန်တည်းတွင် ရွှေရောင်အလင်းတစ်ချက် လက်သွားခဲ့ပြီး မီတာနှစ်ဆယ်မြင့်သော နတ်ဘုရားသစ်ပင် ရုတ်တရက် ပေါ်လာခဲ့သည်။

ရန်ကိုင်ရင်ထဲ အတော်လေး ထိတ်လန့်မိသွားသည်။ နတ်ဘုရားသစ်ပင်ကို အပြင်သို့‌ ခေါ်ထုတ်ရန် လိုအပ်သော စိတ်စွမ်းအင်ကို အထင်သေးမိနေသေးမှန်း နားလည်လိုက်သည်။

နတ်ဘုရားသစ်ပင်ကို အနက်ရောင်စာအုပ်ထဲသို့ ပထမဆုံးအကြိမ် ထည့်စဉ်က သူ့အသိစိတ်ပင်လယ်တစ်ခုလုံး ခမ်းခြောက်သွားခဲ့ရသည်။ ဝိဥာဉ်ကြာပန်း ရှိနေသည့် အတွက်ကြောင့်သာ ကံကောင်းသွားသည်။ မဟုတ်လျှင် သူ့ဝိဥာဉ် ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားပေလိမ့်မည်။ ဝိဥာဉ်ကြာပန်း ရှိနေသည့်တိုင် ပြန်လည်ကောင်းမွန်ရန်အတွက် အတော်လေး အချိန်ယူလိုက်ရပေသည်။

ယခု သူ့ခွန်အားသည် ထိုစဉ်က သူ့ခွန်အားထက် အဆပေါင်းများစွာ ပိုမို သာလွန်နေလေပြီ။ ထို့ကြောင့် နတ်ဘုရားသစ်ပင်ကို အနက်ရောင်စာအုပ်ထဲမှ ခေါ်ထုတ်ရန် အလွယ်လေး ဖြစ်လိမ့်မည်ဟု ထင်ခဲ့သည်။ သို့သော်လည်း သူမျှော်လင့်ထားသလို မဖြစ်ဘဲ နတ်ဘုရားသစ်ပင်ကို အပြင်သို့ ခေါ်ထုတ်ရန်အတွက် သူ့အသိစိတ်ပင်လယ်တွင်းရှိ စိတ်စွမ်းအင် တစ်ဝက်တိတိကို အသုံးပြုလိုက်ရသည်။ ထို့ကြောင့် ရန်ကိုင်ပင် အနည်းငယ် ကြောက်သွားမိသည်။

သို့သော် စဉ်းစားကြည့်လိုက်ပြန်သည့် အခါတွင်လည်း ထိုကဲ့သို့ ဖြစ်ရသည်မှာ ယုတ္တိရှိသည်ဟု တွေးလိုက်မိသည်။ သူ့ခွန်အားသည် ကြီးကြီးမားမား တိုးတက်လာခဲ့သည်။ သို့သော် နတ်ဘုရားသစ်ပင်သည်လည်း တိုးတက်လာခြင်း မရှိသည်မှ မဟုတ်ပေလော။ သူတိုးတက်သလို နတ်ဘုရားသစ်ပင်လည်း တိုးတက်နေသည်။ သူ့တိုးတက်နှုန်းသည် နတ်ဘုရားသစ်ပင်ထက် ပိုမြန်နေခြင်းသာ ရှိသည်။ ထို့ကြောင့် နတ်ဘုရားသစ်ပင်ကို အပြင်သို့ ခေါ်ထုတ်ရန် လိုအပ်သော စိတ်စွမ်းအင်သည် ယခင်ထက် ပိုများနေရခြင်း ဖြစ်သည်။

နတ်ဘုရားသစ်ပင်၊ အပြင်သို့ရောက်သည့်အခါ ၎င်း၏ ပါးရေတွန့်နေသော မျက်နှာထက် ဝမ်းသာသည့် အမူအရာ ထွက်ပေါ်လာခဲ့သည်။ ၎င်း၏ မျက်လုံးနှစ်လုံးဖြင့် ပတ်ဝန်းကျင်အသစ်ကို လှည့်ပတ်ကြည့်လေသည်။ သိပ်သည်းလှသော မိုးမြေစွမ်းအင်ကို ခံစားမိလိုက်ပြီးနောက် ၎င်း၏ ပါးရေတွန့်နေသည့် မျက်နှာထက် သက်သောင့်သက်သာရှိသည့် အမူအရာတစ်ခု ထွက်ပေါ်လာပြီး ပျော်ရွှင်စွာ သက်ပြင်းချလိုက်သည် “အံ့ဩဖို့ကောင်းလိုက်တာ။ ဒီနေရာ ဒီလောက် အံ့ဩဖို့ ကောင်းမယ်လို့ မထင်ထားဘူး”

နတ်ဘုရားသစ်ပင်သည် နှစ်ပေါင်းများစွာကြာပြီးမှ မိုးမြေစွမ်းအင်နှင့် တစ်ဖန်ပြန်လည် ထိတွေ့ရခြင်း ဖြစ်သည့်အတွက် ထိုမျှ ပျော်နေသည်မှာ မထူးဆန်းချေ။ ထို့အပြင် ၎င်းယခင်က နေခဲ့သော ဆန်းကြယ်လောကငယ်လေးနှင့် ယှဉ်လျှင် ဤနေရာသည် အဆပေါင်းများစွာ ပို၍ မိုးမြေစွမ်းအင် ကြွယ်ဝသည် မဟုတ်ပေလော။

“မင်းကြိုက်တယ် ကြားရလို့ ငါဝမ်းသာတယ်” ရန်ကိုင်က ရယ်သွမ်းသွေးလိုက်ပြီး “မင်းအတွက်တော့ နေရာတစ်ခု သေချာ မစီစဉ်ပေးရသေးဘူး။ ဒါကြောင့် အခုတော့ ကိုယ့်ဘာသာ လမ်းလျှောက်နှင့်ဦး။ မင်းကြိုက်တဲ့နေရာ သွားလို့ရတယ်။ ဒါပေမယ့် ငါကြိုပြောထားဦးမယ်။ ဒီနေရာမှာ အစီအရင်တွေ အများကြီးရှိတယ်နော်။ အဲ့အစီအရင်တွေထဲသို့ ရောက်မသွားစေနဲ့။ မဟုတ်ရင် မင်းဒုက္ခရောက်လိမ့်မယ်။ ဒါကြောင့် သွားရင် သတိထားသွား”

“ကောင်းပြီ။ စိတ်မပူနဲ့။ မင်းပြောတဲ့ အစီအရင်တွေကို ငါခံစားမိတယ်။ အဲ့နေရာတွေဆီ ငါသွားမှာမဟုတ်ဘူး” နတ်ဘုရားသစ်ပင်က ပြောလိုက်သည်။ ထို့နောက် ၎င်း၏ လက်တံကဲ့သို့ အမြစ်များကို မြေကြီးထဲသို့ ထိုးစိုက်၍ မြေကြိးထဲ အမြစ်တွယ်လိုက်လေသည်။ နောက်တစ်ကြိမ် သက်သောင့်သက်သာ ရှိနေသည့်ပုံစံဖြင့် သက်ပြင်းထပ်မံ ချလိုက်သည်။

ခဏအကြာတွင် ရန်ကိုင် တစ်ခုခုကို စဉ်းစားမိသွားပြီး “ဟုတ်သားပဲ။ ငါမေးဖို့ မေးနေတာ။ ငါ့ရွှေရောင်သွေးစက်နှစ်စက်ကို သောက်လိုက်တုန်းက မင်းဆင့်ကဲပြောင်းလဲသွားတယ်နော်။ နောက်ထပ် သွေးစက်တွေ ထပ်သောက်မယ်ဆိုရင်ရော ဘာဖြစ်မှာလဲ”

နတ်ဘုရားသစ်ပင် မျက်လုံးပြူးသွားပြီး တောင့်တနေသည့် အမူအရာဖြင့် အလျင်အမြန် ပြန်မေးလိုက်လေသည် “မင်းရဲ့ ရွှေရောင်သွေးက အရမ်းအဖိုးတန်တယ်။ ငါ့ကို မြန်မြန် တိုးတက်အောင် ကူညီပေးနိုင်ခဲ့တယ် ဆိုပေမယ့် ဆင့်ကဲပြောင်းလဲသွားအောင် လုပ်ပေးရုံပဲ လုပ်ပေးလိုက်နိုင်တယ်။ နောက်ထပ် ထပ်ရှိမယ်ဆိုရင်တော့ ငါ့ခွန်အားကို ပိုးပြီး တိုးတက်အောင် လုပ်ပေးနိုင်မှာပေါ့။ ဒါပေမယ့် ငါအလျင်မလိုသေးပါဘူး။ ဒါပေမယ့် မင်းမှာ ပေါသောနေရင်တော့ ငါ့ကို နည်းနည်းလောက်ပေးပေါ့”

ရန်ကိုင်က ပြုံးလိုက်ပြီး “အများကြီး မရှိပေမယ့် မင်းကို တစ်စက်လောက် ပေးဖို့တော့ ပြဿနာမရှိဘူး”

ပြောပြီးနောက် ရွှေရောင်သွေးတစ်စက်ကို ထုတ်၍ နတ်ဘုရားသစ်ပင်ကို ပေးလိုက်လေသည်။ နတ်ဘုရားသစ်ပင်သည်လည်း ထိုသွေးစက်ကို ချက်ချင်း မြိုချလိုက်သည်။ ထို့နောက် အရသာရှိသည့် အစားအစာတစ်ခုကို စားနေသည့်နှယ် မျက်လုံးမှိတ်ရင်း ထိုင်ဝါးနေလေသည်။

ခဏအကြာတွင် မျက်လုံးပြန်ပွင့်လာပြီး “ကောင်းပြီ။ ဒီပတ်ဝန်းကျင်နဲ့ အရင် အသားကျအောင် လုပ်လိုက်ဦးမယ်။ မင်ငါ့ကို ထိုင်စောင့်နေစရာ မလိုဘူး”

“အင်း” ရန်ကိုင် ခေါင်းညိတ်လိုက်ပြီး နတ်ဘုရားသစ်ပင်အား နည်းနည်းပါးပါး မှာကြားလိုက်ပြီးနောက် ထွက်သွားလေသည်။

ပြီးသည်နှင့် ဟိုင်ခဲမိသားစုမှ ကျင့်ကြံသူများကို ခေါ်၍ နတ်ဘုရားသစ်ပင်အား ဂရုစိုက်ရန် မှာကြားလိုက်သည်။ ယန်ယန်နှင့် ဝူရီကိုလည်း ထိုအကြောင်းပြောရန် သတိပေးလိုက်သေးသည်။ သို့မှသာ နတ်ဘုရားသစ်ပင်အတွက် စီစဉ်စရာရှိသည်များကို စီစဉ်တတ်ပေလိမ့်မည်။

လုပ်စရာရှိသည်များကို လုပ်ပြီးနောက် တံခါးပိတ်ကျင့်စဉ် ပြန်ဝင်တော့သည်။

ကံကောင်းခြင်းလား၊ တိုက်ဆိုက်ခြင်းလား မသိလေရာ၊ နတ်ဘုရားသစ်ပင် အိပ်စက်ရာမှ နိုးလာပြီး တစ်လလောက်သာ ကြာသေးသည့် အချိန်တွင်၊ အင်းဆက်ကျောက်တုံး ရှိနေသည့် အခန်းဆီမှ အသံတစ်သံကို ရန်ကိုင် ကြားလိုက်ရသည်။ နောက်ဆုံးတွင် အင်းဆက်ကျောက်တုံး ပျောက်ကွယ်သွားပြီ ဖြစ်သည့်အတွက် ဝိဥာဉ်ဝါးမြိုအင်းဆက်များ နိုးလာခဲ့လေပြီ။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၂၆၄)

လိုဏ်ဂူစံအိမ်ထဲရှိ ကျောက်တုံးခန်းတစ်ခန်းထဲတွင် ရန်ကိုင် တင်ပလင်ခွေ ထိုင်နေခဲ့သည်။ သူ့မျက်လုံးနှစ်လုံးမှာ ပွင့်နေသော်လည်း ဗလာဖြစ်နေခဲ့ပြီး အရှိန်အဝါမှာလည်း ရုတ်ရင်းဆန်ခတ် ဖြစ်နေလေသည်။

ကျောက်တုံးရုပ်သေးရုပ်သည် ရန်ကိုင်နှင့် ခပ်လှမ်းလှမ်းတွင် နေလျက် မြေကြီးထဲမှ ခေါင်းလေး ပြူထွက်ရင်း နားမလည်နိုင်သည့် အမူအရာဖြင့် ကြည့်နေခဲ့သည်။ ရန်ကိုင် ဘာကြောင့် ထိုကဲ့သို့ ဖြစ်နေသလဲ ဆိုသည်ကို နားမလည်နိုင် ဖြစ်နေသည့်ပုံပင်။ မှော်ရတနာ စိတ်ဝိဥာဉ်မှာမူ ရန်ကိုင်၏ကိုယ်ထဲ ပြန်ဝင်သွားခဲ့လေပြီ။

ရန်ကိုင်၏ ဟာလာဟင်းလင်း ဖြစ်နေသော မျက်လုံးနှစ်လုံးကို မြင်ပြီးနောက် ကျောက်တုံးရုပ်သေးရုပ် ကြောက်လန့်သွားခဲ့ပြီး ချက်ချင်းပဲ မြေအောက်သို့ ပြန်လည်ငုံ့လျှိုးကာ ထွက်ပြေးသွားလေသည်။

ယခုနေ တစ်ယောက်ယောက်မှာ ရန်ကိုင်ရှေ့တွင်ရပ်၍ သူ့မျက်လုံးထဲအား စိုက်ကြည့်လိုက်မည် ဆိုပါက တဖျတ်ဖျတ် လင်းလက်နေသော ခုနှစ်ရောင်ခြယ် အလင်းရောင်ကို မြင်တွေ့နိုင်ပေလိမ့်မည်။ သေချာ အနီးကပ်စိုက်ကြည့်မည်ဆိုလျှင် ထိုခုနှစ်ရောင်ခြယ် အလင်းရောင်များသည် ကြာပန်းအသွင် ဖြစ်တည်နေသည်ကို သိနိုင်ပေလိမ့်မည်။

ရန်ကိုင်သည် အချိန်အတော်ကြာသွားသည့်တိုင် ထိုပုံစံအတိုင်းသာ ရှိနေခဲ့သည်။ သူ့မျက်ဝန်းနက်များထဲရှိ ခုနှစ်ရောင်ခြယ် အလင်းတို့မှာ ပို၍ တောက်ပလာနေခဲ့သည်။

ရန်ကိုင်၏ ခေါင်းပေါ်တွင် ခုနှစ်ရောင်ခြယ် အလင်းကို ထုတ်လွှတ်နေသော လှပသည့် ပုံရိပ်ယောင်ကြာပန်းတစ်ပွင့် တဖြည်းဖြည်း ဖြစ်ပေါ်လာခဲ့သည်။ ထိုကြာပန်းသည် ဖြည်းဖြည်းချင်း လှည့်ပတ်နေရင်း အားကောင်းသော စိတ်စွမ်းအင်များကို ထုတ်လွှတ်နေသည်။

ထိုကဲ့သို့ ဖြည်းဖြည်းချင်း လှည့်ပတ်နေရင်းမှ ကြာပန်း၏ ပွင့်ချပ်များသည် ရှက်ရွံ့နေသည့် အပျိုစင်မိန်းကလေးတစ်ဦးမှ သူ၏ အဝတ်အစားများကို ဖြည်းဖြည်းချင်း ချွတ်နေသည့်နှယ် ပွင့်အာလာနေခဲ့သည်။

ပွင့်ချပ်များ ပွင့်နေသည့် ဖြစ်စဉ်မှာ အလွန်ကိုမှ နှေးကွေးသော်လည်း ရန်ကိုင်၏ အသိစိတ်သည် သူ့အသိစိတ်ပင်လယ်ဆီတွင်သာ လုံးလုံး ရောက်ရှိနေသဖြင့် ထိုအဖြစ်အပျက်ကို သတိမပြုမိချေ။ သူ့အသိစိတ်သည် ဝိဥာဉ်ကြာပန်းပွင့်ရာမှ ဖြစ်ပေါ်လာသော နက်နဲသည့် ဆန်းကြယ်မှုများကို လေ့လာရာတွင်သာ အာရုံစိုက်နေခဲ့သည်။

အချိန်မည်မျှ ကုန်သွားသလဲ ရန်ကိုင် မသိသော်ငြား ပုံရိပ်ယောင်ကြာပန်း လုံးဝ ပွင့်ပြီးသည့်အချိန်တွင် ၎င်း၏ အရွယ်အစားသည် အခန်းတစ်ဝက်လောက် ရှိနေခဲ့လေပြီ။ လုံးဝ ပွင့်သွားပြီးသည်နှင့် တစ်ပြိုင်နက် ကြာပန်းတစ်ပွင့်လုံး အလင်းစက်လေးများအဖြစ်သို့ ပေါက်ကွဲထွက်သွားခဲ့သည်။ ပြီးသည့်နှင် မမြင်နိုင်သော အားတစ်ရပ် ထွက်ပေါ်လာပြီး ထိုအလင်းလေးများ အားလုံးကို ရန်ကိုင် ကိုယ်ထဲသို့ ဆွဲယူသွားလေသည်။

ရန်ကိုင် ခန္ဒာကိုယ် တုန်ခါသွားခဲ့သည်။ သူ့မျက်လုံးများသည်လည်း ယခင်အတိုင်း ပြန်ဖြစ်လာခဲ့လေပြီ။ သို့သော်လည်း ယခင်ကကဲ့သို့သာ ဆက်လက်၍ တင်ပလင်ခွေထိုင်နေဆဲ။

ဝိဥာဉ်ဝါးမြို အင်းဆက်များသည် လွန်ခဲ့သော လဝက်ခန့်လောက်က ဆင့်ကဲပြောင်းလဲခြင်း ပြီးဆုံးသွားခဲ့သည်။ ဆင့်ကဲပြောင်းလဲပြီးသည့် ဝိဥာဉ်ဝါးမြို အင်းဆက်များ၏ စွမ်အားကို စမ်းသပ် စစ်ဆေးကြည့်ပြီးနောက် ရန်ကိုင် အတော်လေး ကျေနပ်သွားမိသည်။

သို့သော်လည်း ဝိဥာဉ်ဝါးမြိုအင်းဆက်များ ဆင့်ကဲပြောင်းလဲပြီး မကြာခင်မှာပဲ ဝိဥာဉ်ကြာပန်းသည်လည်း ပြောင်းလဲခြင်းဖြစ်စဉ် ပြီးဆုံးသွားခဲ့ပြီး ခုနှစ်ရောင်ခြယ် ဝိဥာဉ် ကြာပန်းအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

သို့ရာတွင် ဝိဥာဉ်ကြာပန်း ဆင့်ကဲပြောင်းလဲပြီးသွားသည်နှင့် ၎င်းဆီမှ လျှို့ဝှက် ဆန်းကြယ်သော ဝိဥာဉ်ပညာရပ်တစ်ခုကိုပါ သူနိုင်လိမ့်မည်ဟု ရန်ကိုင် မထင်ထားခဲ့ချေ။

ဝိဥာဉ်ကြာပန်းသည် ကျင့်ကြံသူတစ်ယောက်၏ ဝိဥာဉ်ကို ပို၍ အားကောင်းလာအောင် လုပ်ပေးနိုင်ပြီး အဖိုးမဖြတ်နိုင်သည့် ရတနာတစ်ခု ဖြစ်သော်ငြား ရန်ကိုင် သိသလောက် ထိုအရာသည် ကျင့်ကြံသူများအား မည်သည့် ဝိဥာဉ်ပညာရပ်ကိုမှ နားမလည်အောင် မကူညီပေးချေ။ သို့သော်လည်း အသစ်ရာရှိထားသည့် ပညာရပ်ကို အလျင်အမြန် လေ့လာလိုက်သဖြင့် ထိုအကြောင်းကို ထိုင်မစဉ်းစားနေမိလိုက်ချေ။

ယခု ဝိဥာဉ်ကြာပန်း ဆင့်ကဲပြောင်းလဲခြင်း ပြီးဆုံးသွားပြီး သူသည်လည်း ထိုဝိဥာဉ် ပညာရပ်ကို အပြည့်အဝ နားလည်သွားခဲ့လေပြီ။ ယခုမှပဲ ထိုအကြောင်းကို ပြန်စဉ်းစားမိပြီး ဇဝေဇဝါ ဖြစ်သွားခဲ့ရသည်။

ဝိဥာဉ်ပညာရပ်အသစ် ရလိုက်ခြင်းမှာ ဝိဥာဉ်ကြာပန်းကြောင့် မဟုတ်ပါက ဝိဥာဉ်သန့် နတ်ရေစင်ကန်မှ သူရရှိခဲ့သည့် အရောင်မဲ့ကုဗတုံးလေးကြောင့် ဖြစ်ရပေမည်။ ဝိဥာဉ်ကြာပန်းမှ ထိုအရောင်မဲ့ကုဗတုံးလေးကို ဝါးမြိုပြီးနောက် ချက်ချင်း ဆင့်ကဲပြောင်းလဲခဲ့လေသည်။ အရောင်မဲ့ကုဗတုံး ပျောက်ကွယ်သွားသည်နှင့် တစ်ပြိုင်နက် ဝိဥာဉ်ကြာပန်းသည်လည်း ခုနှစ်ရောင်ခြယ်ဝိဥာဉ်အဖြစ်သို့ ရောက်သွားခဲံသည်။

ထို့ကြောင့် သူနားလည်လိုက်သော ဝိဥာဉ်ပညာရပ်သည် အရောင်မဲ့ကုဗတုံးနှင့် တစ်နည်းနည်းဖြင့် ပက်သက်နေရလိမ့်မည်ဟု ထင်သွားခဲ့ခြင်း ဖြစ်သည်။ ရန်ကိုင်အား ထိုကဲ့သို့ ဆန်းကြယ်သော နတ်ဘုရားစွမ်းရည်အသစ်တစ်မျိုးကို ရရှိအောင် လုပ်ဆောင်ပေးခဲ့သည့် အခြား နက်နဲဆန်းကြယ်သော စွမ်းအင်တစ်မျိုးလည်း ရှိနေသည်မှာ ဖြစ်နိုင်ပေသည်။

ထိုပညာရပ်၏ စွမ်းအားကို မစပ်းသပ်ကြည့်ရသေးသော်လည်း ထိုအရာသည် အသစ်သတ် တိုက်ကွက်ဟု ခေါ်ရလောက်သည်အထိ အားကောင်းသည့် ကျင့်စဉ်မှန်း သူသိပေသည်။

မကြာသေးခင် အတောအတွင်း အဖြစ်အပျက်များစွာ ဖြစ်ပျက်သွားခဲ့သည်။ နတ်ဘုရားသစ်ပင် နိုးလာခဲ့သလို ဝိဥာဉ်ဝါးမြိုအင်းဆက်များ ဆင့်ကဲပြောင်းလဲခြင်း ပြီးသွားခဲ့သည်။ ယခုလည်း ဝိဥာဉ်ကြာပန်း ဆင့်ကဲခြင်း ပြီးသွားပြန်လေပြီ။

ဝိဥာဉ်ဝါးမြိုအင်းဆက်များ နိုးလာပြီးနောက် ထိုကောင်များကို မည်သည့်နေရာတွင် ထားရမလဲ ကိစ္စနှင့် စိတ်ပူနေခဲ့ခြင်း ဖြစ်သည်။ ယခု ဝိဥာဉ်ကြာပန်း ဆင့်ကဲပြောင်းလဲခြင်း ပြီးဆုံးသွားပြီ ဖြစ်မှဖြင့် ထိုကိစ္စကို စိတ်ပူနေစရာ မလိုတော့ချေ။

ထိုကိစ္စကို စဉ်းစားပြီးသော် ဝိဥာဉ်ဝါးမြိုအင်းဆက်များကို ခေါ်ထုတ်လိုက်လေသည်။ ရုတ်တရက် ရန်ကိုင်ရှေံတွင် မီးခိုရောင်မြုခိုးတစ်ခု ထွက်ပေါ်လာခဲ့သည်။

ထိုမြူခိုးသည် သတိပြုမိရန် ခက်ခဲသော်လည်း အနီးကပ်ကြည့်ကြည့်မည် ဆိုပါက မြင်နိုင်ရန် အလွန်ကိုမှ သေးငယ်လွန်းလှသည့် အင်းဆက်လေးများကို မြင်တွေ့နိုင်ပေသည်။

ယခင်က ဝိဥာဉ်ဝါးမြိုအင်းဆက်များကို သာမန် မျက်လုံးဖြင့် မြင်တွေ့နိုင်သည်။ သို့သော်လည်း ဆင့်ကဲခြင်းဖြစ်စဉ် ပြီးဆုံးသွားပြီးနောက် ထိုကောင်များ ဤကဲ့သို့ တစ်နေရာတည်း၌ စုစည်းလိုက်ရင် မီးခိုရောင်မြူခိုးထုကြီး ဖြစ်သွားသည်။ ဝိဥာဉ်ဝါးမြို အင်းဆက်များ၏ စွမ်းအားမှာ သိသိသာသာ တိုးတက်လာခဲ့ကာ ၎င်းတို့၏ ကျူးကျော်ခြင်း ခံရလျှင် တန်ခိုးရှင်အဆင့် ပညာရှင်များပင်လျှင် အတော်လေး ဒုက္ခရောက်ရပေလိမ့်မည်။

ဝိဥာဉ်ဝါးမြို အင်းဆက်များကို အပြင်သို့ ထုတ်ပြီးသည်နှင့် သူ့ကောင်းကင်စိတ်အာရုံဖြင့် ထိုကောင်များကို လွှမ်းခြုံလျက် အသိစိတ်ပင်လယ်ထဲသို့ ပို့လိုက်လေသည်။

သူ့အသိစိတ်ပင်လယ်ထဲသို့ ရောက်သည်နှင့် ဝိဥာဉ်ဝါးမြိုအင်းဆက်များသည် ဝိဥာဉ်ကြာပန်းမှ အသွင်ပြောင်းထားသည့် ခုနှစ်ရောင်ခြယ်ကျွန်းဆီသို့ ချက်ချင်း တန်းသွားလေသည်။ အချိန်အတော်ကြာအောင် တံခါးပိတ်ကျင့်စဉ်ဝင်ပြီးနောက် လုပ်စရာ ရှိသည်များကို ရန်ကိုင် လုပ်လို့ ပြီးသွားခဲ့သည်။

ပန်းပဲမီးဖိုကို သန့်စင်ပြီးသွားခဲ့သလို နဂါးအရိုးနှင့် နဂါးပုတီးစေ့ကိုလည်း စတင် သန့်စင်နေလေပြီ။ သူ့တေဇောဓါတ်အသိစိတ်ပင်လယ်ကို တိုးတက်အောင် လုပ်ပေးနိုင်သော မီးစုန်းများကိုလည်း သန့်စင်နိုင်ခဲ့သလို နတ်ဆိုးသွေးမျှင် ပညာရပ်ကိုလည်း ကျင့်ကြံ အောင်မြင်ခဲ့သည်။

နဂါးအရိုးနှင့် နဂါးပုတီးစေ့အား သန့်စင်ခြင်းသည် အချိန်တိုအတွင်း ပြီးမြောက်နိုင်သည့် ကိစ္စတစ်ခုမဟုတ်သည့် အတွက်ကြောင့် စောင့်ရန် လိုအပ်ပေသည်။ ရွှေရောင်သွေးမျှင် ပညာရပ်ကား နတ်ဆိုးသွေးမျှင်ကို ကျင့်ကြံရင်းမှ ရရှိလာခဲ့သည့် ပညာရပ်ဖြစ်ပြီး ထိုပညာရပ်ကို နားလည် တတ်ကျွမ်းသွားသော်လည်း ကျင့်ကြံနေတုန်းသာ ရှိသေးသည်။

ထိုပညာရပ်ကိုသုံး၍ မည်သည့် ရန်သူနှင့်မှ မတိုက်ခိုက်ဖူးသေးသော်လည်း ရွှေရောင်သွေးစက်ဖြင့် ဖန်တီးထားသော မှော်ရတနာတစ်ပိုင်းများသည် ပို၍ သုံးရ အဆင်ပြေ လွယ်ကူသဖြင့် အလွန်ကိုမှ အားကောင်းသော ပညာရပ်တစ်ခုမှန်း ရန်ကိုင် သိသည်။

မီးစုန်း ရှစ်ခုရှိသည့်အနက် ခြောက်ခုကို သန့်စင်ခဲ့သည်။ သူထင်ထားသကဲ့သို့ပင် မီးစုန်းများသည် ကျင့်ကြံသူများအား သန္ဓေပြောင်း အသိစိတ်ပင်လယ် ရရှိအောင် ကူညီပေးနိုင်ပြီး တေဇောဓါတ်အသိစိတ်ပင်လယ်များကို ပို၍ အားကောင်းလာအောင် လုပ်ဆောင်ပေးနိုင်ပေသည်။

သို့သော်လည်း ငါးခုမြောက် မီးစုန်းများကို သန့်စင်ပြီးနောက် သူ့အသိစိတ်ပင်လယ်အား သိပ်ပြီး တိုးတက်လာအောင် မလုပ်ဆောင်ပေးနိုင်တော့ကြောင်း တွေ့ရှိလိုက်ရသည်။ ထို့ကြောင့် နောင်အခါ လိုရမယ်ရ အသုံးပြုနိုင်ရန်အတွက် နှစ်ခုကို ချန်ထားခဲ့လိုက်သည်။

တစ်နှစ်ကြာ တံခါးပိတ်ကျင့်စဉ် ဝင်လိုက်ပြီးနောက် ရန်ကိုင်၏ ကျင့်ကြံခြင်းသည် ဘာမှ ပြောင်းလဲသွားခြင်း မရှိခဲ့ချေ။ သို့သော်လည်း သူ့တိုက်ပွဲစွမ်းရည်မှာမူကား သိသိသာသာ တိုးတက်လာခဲ့သည်။ ယခု သူအသစ်ရရှိထားသည့် ရွှေရောင်သွေးမျှင် ပညာရပ်နှင့် ဝိဥာဉ် ပညာရပ်၏ စွမ်းအားကို စစ်ဆေးကြည့်ရန်သာ ကျန်တော့သည်။

ယခု အပြင်ထွက်ရန် အချိန်ကျလေပြီ။ ပြင်ပလောကကြီးနှင့် အဆက်အသွယ်ဖြတ်၍ အမြဲတမ်း ကျင့်ကြံနေ၍ မဖြစ်ချေ။ ထိုကဲ့သို့ ကျင့်ကြံခြင်းဖြင့် သိုင်းအဆင့်ကို အလျင်အမြန် တိုးတက်လာအောင် လုပ်နိုင်သော်ငြား တိုက်ပွဲစွမ်းရည်သည် ကျင့်ကြံခြင်းနှင့် လိုက်မမှီတတ်သည်မျိုး ဖြစ်တတ်သည်။ ရန်ကိုင်၏ ကျင့်ကြံရေးလမ်းကြောင်းသည် တိုက်ခိုက်ခြင်းဖြင့် ပြည့်နှက်နေသည်။ ထို့ကြောင့် ထိုရိုးရှင်းသော အမှန်တရားကို ရန်ကိုင် ကောင်းကောင်း နားလည်ထားပေသည်။

သို့သော် သူအပြင်ထွက်မှ ဖြစ်မည့် နောက်ထပ် ကိစ္စတစ်ခု ရှိသေးသည်။ လွန်ခဲ့သော တစ်လခန့်က နဂါးလိုဏ်ဂူတောင်သို့ ဧည့်သည်တော်ကြီးတစ်ယောက် ရောက်လာပြီး ယခု သူ့အား အပြင်တွင် စောင့်နေပေသည်။ သူထွက်မတွေ့ရသေးသည့်မှာ ဝိဥာဉ်ကြာပန်း ဆင့်ကဲပြောင်းလဲခြင်းဖြစ်စဉ် ပြီးဆုံးတော့မည်က ဖြစ်သလို ထိုအတောအတွင်း သူရရှိခဲ့သည့် ဝိဥာဉ်ပညာရပ်ကို နားလည်နိုင်အောင် ကြိုးစားနေသည့် အတွက်ကြောင့်လည်း ဖြစ်ပေသည်။

ဧည့်သည်အကြောင်း တွေးလိုက်မိသည်နှင့် ရန်ကိုင် မျက်မှောင်ကြုတ်သွားသည်။ ထိုမိန်းကလေး ဘာကြောင့် သူ့သား သီးသန့်လာရှာလဲ ဆိုသည်ကို ရန်ကိုင် နားမလည်နိုင် ဖြစ်နေခဲ့သည်။ သူတို့ နှစ်ယောက်သည် ဒီလောက်ကြီး ခင်မင်ရင်းနှီးကြသည် မဟုတ်။ ထိုသို့ဆိုလျှင် ဘာကြောင့် သူ့အရေးအား ထိုမျှ ဂရုစိုက်နေရသနည်း။

ထိုသို့ဆိုလျှင်ပင် သူသွားထွက်တွေ့ရပေလိမ့်မည်။ ခဏအကြာတွင် ရန်ကိုင် အပြင်သို့ ရောက်လာခဲ့သည်။ ရောက်သည်နှင့် ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်၍ ယန်ယန်နှင့် ဝူရီတို့အား ရှာလိုက်ပြီး သူတို့နှစ်ယောက်ကို တစ်ခုခု ပြောလိုက်ပြီးနောက် အိမ်လေးများထဲမှ တစ်လုံးဆီ ပျံသန်းသွားလိုက်လေသည်။

ခဏအကြာတွင်၊ ရန်ကိုင် အိမ်ထဲတွင် ရေနွေးကြမ်း ထိုင်သောက်နေစဉ် အိမ်ရှေ့သို့ မိန်းမလှလေးနှစ်ယောက် ရောက်လာခဲ့သည်။ ယန်ယန်သည် ပုံမှန်အတိုင်း အနက်ရောင် ဝတ်ရုံကိုသာ ဝတ်ဆင်ထားပြီး ဝူရီမှာမူ အစိမ်းရောင်ဝတ်စုံလေးနှင့် လှနေသည်။

မိန်းမလှလေး နှစ်ယောက်သည် ကံကောင်းခြင်း တစ်ခုခုနှင့် ကြုံတွေ့ခဲ့ရသည့်အလား ပြုံးဖြီးနေခဲ့သည်။ ရန်ကိုင်ကို မြင်လိုက်သည်နှင့် ချက်ချင်း အိမ်ထဲသို့ ဝင်သွားလိုက်လေသည်။

“နောက်ဆုံးတော့ နင်ထွက်လာပြီးပေါ့” ယန်ယန် ရန်ကိုင်ကို ဝေ့ကြည့်လိုက်သည်။ သို့သော်ငြား ရန်ကိုင်၏ ကျင့်ကြံခြင်းအဆင့် နည်းနည်းလေးမျှ ပြောင်းလဲခြင်း မရှိသည်ကို တွေ့လိုက်သည့်အခိုက် မျက်မှောင်ကြုတ်သွားခဲ့သည်။

“အင်း။ ဘာတွေဖြစ်လို့ နင်တို့နှစ်ယောက် ဒီလောက်တောင် ပျော်နေရတာလဲ” ရန်ကိုင်က ရေနွေးကြမ်းသောက်ရင်း ပြန်မေးလိုက်သည်။

ဝူရီက ပြုံး၍ ရှင်းပြလိုက်လေသည် “ငါတို့ နဂါးလိုဏ်ဂူတောင်က ပိုပိုပြီး ကျော်ကြားလာနေလို့လေ။ လေလွင့်ကျင့်ကြံသူတွေဆို ငါတို့ဆီ လာပူပေါင်းလို့ရမလားဆိုပြီး ခဏခဏ လာမေးနေကြတယ်။ အရင်တုန်းကတော့ ဘယ်သူမှ ဒီဘက်ဆို‌ ယောင်လို့တောင် ခြေဦးလှည့်ချင်ကြတာ မဟုတ်ဘူး။ အခုတော့ လူတွေ တစ်ယောက်ပြီး တစ်ယောက်ကို ရောက်လာလို့။ ပြီးတော့ ငါတို့ဆီ လာပူပေါင်းလို့ရမလား ဆိုပြီး လာလာမေးနေကြတာ နေ့တိုင်းပဲ။ တစ်နေ့ကဆို လူအယောက် သုံးဆယ်တောင် ရောက်လာသေးတယ်။ အဲ့သုံးဆယ်ထဲမှာ တန်ခိုးရှင်အဆင့် တစ်ယေဦက်တောင် ပါသေးတယ်။ အခု ငါနဲ့ အစ်မယန်ယန်က ဒီမှာ ဂိုဏ်းတစ်ဂိုဏ်း ထောင်ရင် ကောင်းမလား စဉ်းစားနေတာ”

“ဂိုဏ်းထောင်ဖို့” ရန်ကိုင်က လက်မခံနိုင်သည့် အမူအရာဖြင့် “နင်တို့ တကယ်ကို ရိုးရိုးလေး တွေးနေတာပဲ။ ငါတို့မှာ အားကောင်းတဲ့ ပညာရှင် တစ်ယောက်တောင် မရှိဘဲနဲ့ ဘယ်လိုလုပ်ပြီး ဂိုဏ်းထောင်မှာလဲ။ ပြီးတော့ ငါတို့ အခုလို လုံလုံခြုံခြုံနဲ့ နေနိုင်တယ်ဆိုတာ ချင်းတုန်ကြောင့်ပဲ။ တစ်နေ့ ချင်းတုန်သာ မရှိတော့ကြည့်ပါလား၊ ငါတို့ အားကောင်းလာနေတာကို အရိပ်လခန်းမက ဒီအတိုင်း ထိုင်ကြည့်နေမယ်ထင်လား”

ရန်ကိုင် စကားကို ကြားလိုက်သည့်အခိုက် ဝူရီ မျက်နှာထက်ရှိ အပြုံး ပျောက်ကွယ်သွားပြီး လက်မခံနိုင်သေးသည့် ဟန်ဖြင့် ပြန်ပြောလိုက်လေသ်ည “အဲ့လိုတော့ မဖြစ်လောက်ဘူးမလား။ အကြီးအကဲချင်းတုန်းရဲ့ အဆင့်အတန်းက အရမ်းမြင့်တာလေ။ သူ့ထက်မြင့်တာဆိုလို့ ဂိုဏ်းခေါင်းဆောင်ပဲ ရှိတော့တဲ့ဟာ”

“ဒီလောကကြီးမှာ မဖြစ်နိုင်ဘူးဆိုတာ မရှိဘူး။ ဘယ်အရာမှ အမြဲတမ်း တသမတ်တည်း တည်ရှိမနေဘူး။ ချင်းတုန်သာ မရှိတော့ရင် ငါတို့ အခုလို ကောင်းကောင်းမွန်မွန် နေရတော့မှာ မဟုတ်ဘူး။ ပြီးတော့ ချင်းတုန်က ငါတို့အပေါ် ကောင်းတယ်ဆိုပေမယ့် ငါသူ့အပေါ် အမြဲတမ်း အားကိုးမနေချင်ဘူး။ မဟုတ်ရင် ငါတို့မှာ ဘာအရည်းအချင်းမှမရှိ ဖြစ်သွားလိမ့်မယ်။ တန်ခိုးရှင်တတိယအဆင့် တစ်ယောက် မရှိသေးသရွေ့ ဂိုဏ်းတစ်ဂိုဏ်းထောင်ဖို့ လုံးဝ မစဉ်းစားလိုက်နဲ့”

ဝူရီ မျက်မှောင်ကြုတ်လျက် ခဏလောက် စဉ်းစားနေလိုက်ပြီးနောက် ခေါင်းညိတ် “နင်ပြောတာ ဟုတ်တယ်။ ငါရေတိုပဲ ကြည့်လိုက်မိတယ်”

ရန်ကိုင်သည်လည်း ထုန်းရွှမ်လောကကြီးမှ သူ့မိသားစုများနှင့် မိတ်ဆွေများအတွက် နေရာစရာတစ်ခု ဖန်တီးချင်သည့် အတွက်ကြောင့် ဂိုဏ်းတစ်ဂိုဏ်း ထောင်ချင်မိသည်။ သို့သော် အချိန်တိုအတွင်း ထိုကဲ့သို့ လုပ်ရန် မစဉ်းစားထားသေးချေ။ ထိုအကြံဥာဏ်ကို ဝူရီမှ စဉ်းစားမိခြင်း ဖြစ်လောက်သည်။ ယန်ယန်သည် ပန်းပဲထုခြင်းနှင့် အစီအရင်း ခင်းကျင်းခြင်းတို့မှ အပ အခြားဘာကိုမှ သိပ်စိတ်မဝင်စားသည့်လူ ဖြစ်သည်။ ဝူရီသည် ယခင်က ဟိုင်ခဲမိသားစု၏ အုပ်ချုပ်ရေးတွင် များစွာ ကူညီပေးခဲ့ဖူးသဖြင့် ထိုကဲ့သို့ ရည်မှန်းချက်မျိုး ရှိလာခြင်း ဖြစ်သည်။

သို့သော်လည်း မိသားစုငယ်လေး တစ်ခုတွင်းတွင်သာ ကြီးပြင်းခဲ့သည့် အတွက် သူမ၏ အတွေးများသည် အလွန်ကိုမှ ရိုးရှင်းနေသေးသည်။ ချင်းတုန်၏ အကူအညီ ရနေသရွေ့ နဂါးလိုဏ်ဂူတောင် အေးအေးဆေးဆေး တည်ရှိနေနိုင်မည်ဟု သူမ ထင်နေသည်။

“ငါ့ကို လာတွေ့တဲ့လူတွေကို နင်းငြင်းလွှတ်လိုက်တာလား” ရန်ကိုင်က အနည်းငယ် စိုးရိမ်နေသည့် လေသံဖြင့် မေးလိုက်သည်။

“ငြင်းလိုက်တာပေါ့။ နင်တံခါးပိတ်ကျင်စဉ် ဝင်နေတာဟာကြီးကို” ဝူရီက ခေါင်းညိတ်လိုက်သည်။

“အဲ့ဒါကောင်းတယ်” ရန်ကိုင်က ရုတ်တရက် ခေါင်းမော့၍ မေးလိုက်သည် “အဲ့မြက်သွေးရောင်ဂိုဏ်းက တိုက်ယွမ် သူဘာလို့ ငါ့ကို တွေ့ချင်လဲဆိုတာ ပြောသွားသေးလား”

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၂၆၅)

ရန်ကိုင် မေးခွန်းကို ကြားပြီးနောက် ဝူရီက အဓိပ္ပါယ်ပါပါ ပြုံးလျက် “ငါမသိဘူး။ သူက ဒီကိုရောက်ကတည်းက စကား သိပ်ပြောတာ မဟုတ်ဘူး။ အခြားသူတွေနဲ့ စကားပြောရတနာတာကို မကြိုက်တဲ့ပုံပဲ။ ငါသူ့ဆီ တစ်ကြိမ်မက သွားလည်သေးတယ်။ ဒါပေမယ့် နင့်အကြောင်း မေးတာကလွဲပြီး အခြားဘာမှ သိပ်မပြောဘူး၊ ဟဲဟဲ”

ဝေကုချန်းကဲ့သို့ပင် ဝူရီသည်လည်း သူ့အား အထင်လွဲနေသည့်ပုံပင်။

သို့သော် ရှင်းပြဖို့ရာ ပျင်းလွန်းလှသဖြင့် “ထားလိုက်တော့၊ ငါကိုယ်တိုင်ပဲ သွားတွေ့လိုက်တော့မယ်။ အရေးကြီးတဲ့ ကိစ္စတစ်ခုခု ရှိတာကြောင့်သာ မဟုတ်ရင် သူအခုလို အလျင်စလို မလာလောက်ဘူး”

ပြောပြီးသည်နှင့် အိမ်လေးထဲမှ ထွက်သွားလေသည်။

ကြိုတင်ပြင်ဆင် ထားနိုင်စေရန် ဝူရီနှင့် ယန်ယန်ဆီမှ အကြောင်းအရာအချို့ သိချင်ခဲ့မိသည်။ သို့သော်လည်း တစ်လလုံးလုံး ကြာသွားသည့်တိုင် တိုက်ယွမ်သည် သူလာရင်း အကြောင်းအရာကို တစ်စက်ကလေးပင် မပြောဘဲ နေလိမ့်မည်ဟု မထင်ထားခဲ့ချေ။

ရန်ကိုင် ခေါင်းကိုက်နေမိလေပြီ။ တိုက်ယွမ်သည် အကြောင်းပြချက်မရှိဘဲ သူ့ဆီ လာလည်လိမ့်မည် မဟုတ်မှန်း ရန်ကိုင် သိသည်။ ယခုလို လာခဲ့သည့် အတွက်ကြောင့် သူ့အား မေးစရာ သို့မဟုတ် သူ့ဆီမှ အကူအညီ တောင်းချင်သည့်အရာ တစ်ခုခု ရှိနေပေလိမ့်မည်။ အခြား သူစိမ်းတစ်ယောက်သာ ဆိုပါက ငြင်းလိုက်မည် ဖြစ်သော်လည်း ထိုအမျိုးသမီးသည် ဝေကုချန်း၊ တုန်ရွှမ်းအာတို့နှင့် အလွန်ရင်းနှီးသည့် မိတ်ဆွေများ ဖြစ်နေကြသည်။ သဲမီးတောက်နယ်မြေ ထဲတွင်လည်း သူမနှင့်အတူ ရင်ဘောင်တန်း တိုက်ခိုက်ခဲ့ဘူးသည်။ ထို့ကြောင့် သူမအား ငြင်းလိုက်ခြင်းသည် အတော်လေးကို သူစိမ်းဆန်ရာ ကျနေပေသည်။

သူမ ဘာကြောင့်လာသလဲ ဆိုသည်ကို အရင်မေးပြီးမှ မီးစဉ် ကြည့်ကရပေလိမ့်မည်။

ခဏအကြာ၌ သူယခင်နေခဲ့သည့် အိမ်လေးဆီမှ မီတာတစ်ထောင် အကွာတွင် ရှိနေသော အိမ်လေးတစ်လုံးဆီသို့ ရန်ကိုင် ရောက်လာခဲ့သည်။ မရောက်ခင်ကတည်းက ကောင်းကင် စိတ်အာရုံဖြင့် ကြိုတင် စစ်ဆေးကြည့်ထားသဖြင့် အထဲတွင် တိုက်ယွမ် ရှိနေမှန်း ရန်ကိုင် သိသည်။ လက်ရှိတွင် တိုက်ယွမ်၏ အရှိန်အဝါသည် ရှေးဟောင်းရေကန် တစ်ကန်နှယ် တည်ငြိမ် အေးချမ်းနေသည်။

ရန်ကိုင်က လှမ်းအော်ခေါ်လိုက်လေသည် “အစ်မတိုက်ယွမ်၊ ငါရောက်နေပြီ”

တိုက်ယွမ်၏ အရှိန်အဝါ လှုပ်ခတ်သွားခဲ့ပြီး အိမ်ထဲမှ တိုက်ယွမ်၏ အံ့အားသင့်နေသည့် အသံ ထွက်ပေါ်လာခဲ့လေသည် “ဂျူနီယာမောင်လေးရန်လား၊ ဝင်လာခဲ့လေ။ ငါအခု ကျင့်ကြံလက်စကြီး ဖြစ်နေလို့ ငါပြီးတာနဲ့ ချက်ချင်း ဆင်းလာခဲ့မယ်”

ရန်ကိုင် ခေါင်းညိတ်လိုက်ပြီး အထဲသို့ ဝင်သွားလိုက်လေသည်။

ဤအိမ်လေးသည် နှစ်ထပ်အိမ်ဖြစ်သည်။ အိမ်ထဲသို့ ဝင်လာပြီးနောက် ထိုင်ခုံတစ်လုံးကို ယူကာ ထိုင်စောင့်နေလိုက်သည်။ လက်တွေ့ကျကျပြောလျှင် ဤနေရာသည် ရန်ကိုင်၏ နေရာ ဖြစ်ကာ တိုက်ယွမ်သည် ဧည့်သည်တစ်ဦး ဖြစ်သည်။ ထို့ကြောင့် ရန်ကိုင် အနေဖြင့် အရမ်းကြီး ယဉ်ယဉ်ကျေးကျေး ပြုမူနေစရာ မလိုချေ။

ခဏလောက် စောင့်နေပြီးနောက် လှေကားဆီမှ ခြေသံတို့ ထွက်ပေါ်လာပြီး အပြာရောင်ဝတ်စုံ ဝတ်ဆင်ထားသည့် တိုက်ယွမ် အပေါ်မှ ဆင်းလာလေသည်။

သူမ၏ ဝတ်စုံသည် သူမ၏ ပြီးပြည့်စုံသော ပြစ်ချက်မရှိသည့် ခန္ဓာကိုယ်ကို အထင်အရှား ဖော်ပြထားခဲ့သည်။ အထူးသဖြင့် မို့မောက်သော ရင်အစုံ၊ သွယ်လျသော ခါးနှင့် စွံ့ကားနေသော တင်းပါးများကိုပင်။ သူမပုံစံကို မြင်လိုက်သော် ရန်ကိုင် မျက်ဝန်းထဲ ဂရုဏာရိပ်တို့ ဖြတ်ပြေးသွားသည်။ ထိုအမျိုးသမီး၏ မျက်နှာကြောင့်သာ မဟုတ်ပါက သူမသည် အလွန်ကိုမှ ကျော်ကြားသည် မိန်းမလှလေးတစ်ဦး ဖြစ်လာမည်မှာ မလွဲမသွေပင်။ သို့သော်လည်း ကံကြမ္မာကား ရက်စက်လွန်းလှပေသည်။

ရန်ကိုင်သည် သူ့အကြည့်ကို ချက်ချင်း ပြန်ပြင်လိုက်သော်လည်း တိုက်ယွမ် သတိပြုမိလိုက်သေးသည်။ ရန်ကိုင် ဘာတွေးနေသလဲ ဆိုသည်ကို သူမ မသိဘဲ နေမည်လား။ သူမ ရင်ထဲတွင်လည်း နာကျင်နေမိသည်။ သို့သော် မျက်နှာက ပြုံးနေဆဲပင်။ ရန်ကိုင်အား စောင့်နေခိုင်းစေမိသည့်အတွက် တောင်းပန်စကား ဆိုလိုက်ပြီးနောက် သူ့ရှေ့ရှိ ထိုင်ခုံတွင် ဝင်ထိုင်လိုက်လေသည်။ ထို့နောက် သူမ၏ လက်သွယ်သွယ်လေးကို ဝှေရမ်းလျက် မိုးမြေစွမ်းအင်တို့ ပြည့်ဝနေသော အသီးတစ်ပန်းကန်ကို ထုတ်ယူလိုက်ပြီး စားပွဲခုံပေါ်တွင် ချလိုက်သည်။

“ဒါငါ မြက်သွေးရောင်းဂိုဏ်းရဲ့ ခရမ်းမြူခိုးတောင်ကနေ ခူးလာတဲ့ ခရမ်းမြူခိုးအသီးပဲ။ ဒီအသီးက ငါတို့ မြက်သွေးရောင်ဂိုဏ်း တစ်ဂိုဏ်းတည်းမှာပဲ သီးတာ။ အရိပ်ကြယ်ပေါ်က အခြား ဘယ်နေရာမှာမှ မသီးဘူး။ ဒီအသီးက သဲမီးတောက်နယ်မြေထဲက အသီးတွေကိုတော့ မယှဉ်နိုင်ဘူး ဆိုပေမယ့် သူတော်စင်ချီကို သန့်စင်ပေးနိုင်လို့ ကျင့်ကြံသူတွေအတွက် တော်တော်လေး အကူအညီ ဖြစ်တယ်လို့ ပြောလို့ရတယ်။ ဂျူနီယာမောင်လေး၊ မြည်းကြည့်ပါဦးလား” တိုက်ယွမ်က ချိုသာစွာပြုံးလျက် ဧည့်ဝတ်ပြုလိုက်သည်။

ရန်ကိုင်ကလည်း ပြုံးလျက် “အစ်မတိုက်ယွမ်က ဖော်ရွေနေမှတော့ ငါလည်း ဘယ်အားနာနေလို့ ဖြစ်ပါ့မလဲ”

ထိုအမျိုးသမီးသည် သူ့ဆီမှ တစ်ခုခု အကူအညီတောင်းချင်နေမှန်း သိသော်လည်း အသီးတစ်လုံးကို ကောက်ယူလိုက်သေးပြီး လေ့လာကြည့်လိုက်သည်။

ခရမ်းမြူခိုးအသီးကို ယခုမှသာ ပထမဆုံးအကြိမ်အဖြစ် မြင်ဖူးခြင်းဖြစ်သည်။ ချောမွတ် တောက်ပြောင်နေသည့် အသီးမျက်နှာပြင်၊ သင်းကြိုင်သော အနံ့အရ ဤအသီးသည် မြက်သွေးရောင်ဂိုဏ်းရှိ သာမန်တပည့်များ စားနိုင်သည့်အသီး မဟုတ်ကြောင်း ရန်ကိုင် သိလိုက်သည်။ တိုက်ယွမ်က သူ့အတွက် သီးသန့် ယူလာပေးခြင်း ဖြစ်သဖြင့် ရန်ကိုင်လည်း မြည်းစမ်းကြည့်ရပေလိမ့်မည်။

အသီးကို ပါးစပ်ထဲ ပစ်ထည့်လိုက်ပြီး အရသာခံ ဝါးကြည့်လိုက်သည်။ ပါးစပ်ထဲ ပျံ့နှံ့လာသည့် အရသာကြောင့် ရန်ကိုင် မျက်ခုံးပင့်မိလိုက်သည်။

အသီးသည် အလွန်ကိုမှ အရသာရှိလှသည်။ အရသာ ချိုချိုလေးမှာ စိတ်ထဲအထိကို စိမ့်ဝင်နိုင်သဖြင့် စားလိုက်သူတိုင်းအား အလွန်ကိုမှ သက်သောင့်သက်သာ ဖြစ်စေပေသည်။

ခရမ်းမြူခိုးအသီး သူ့ဝမ်းဗိုက်ထဲသို့ ရောက်သွားသည်နှင့် အပူလှိုင်းများ သူ့ဝမ်းဗိုက်မှ ထွက်ပေါ်လာပြီး ခန္ဓာကိုယ်တစ်လျှောက် ပျံ့နှံ့သွားသည်ကို ခံစားမိလိုက်သည်။ ခရမ်းမြူခိုးအသီး၏ သန့်စင်ခြင်းစွမ်းရည်သည် သူ့အပေါ် သိပ်အကျိုးသက်ရောက်မှု မရှိသော်ငြား မဆိုးလှဟု ပြောနိုင်ပေသည်။

ရန်ကိုင်သည် မည်သည့် စကားတစ်ခွန်းမှ မပြောသေးဘဲ နောက်တစ်လုံး ကောက်ယူကာ ထပ်စားလိုက်ပြန်သည်။ သုံးလုံးမြောက်ကို စားပြီးတော့မှပဲ ချီးကျူးစကား ဆိုလိုက်သည်။

ထိုအခြင်းအရာကိုမြင်သော် တိုက်ယွမ် အလွန် ကျေနပ်မိသွားလေသည်။

ထို့နောက် သဲမီးတောက်နယ်မြေမှ ထွက်လာပြီးနောက် ဘာတွေ ဖြစ်ပျက်ခဲ့သလဲ ဆိုသည့် အကြောင်းများကို မေးမြန်းကြည့်လေသည်။

သို့သော်လည်း ရန်ကိုင် စိတ်ထဲ နေမထိထိုင်မထိ ဖြစ်ရသည်ကား တိုက်ယွမ်သည် သူမ လာရင်အကြောင်းကို တစ်စက်ကလေးမှ ထုတ်မပြောသေးသည့် အတွက်ကြောင့်ပင်။ ရန်ကိုင် မည်သည့်အကြောင်း ခေါင်းစဉ်စလိုက်ပါစေ တိုက်ယွမ်တွင် သူနှင့်ပြန်ပြောစရာ တစ်ခုခု အမြဲ ရှိနေသည်။ မသိလျှင် သူတို့ နှစ်ယောက်သည် နှစ်ပေါင်းများစွာကြာအောင် မတွေ့ရသည့် မိတ်ဆွေနှစ်ယောက်နှင့်ပင် တူနေသေးသည်။ အချိန်နှင့်အမျှ အိမ်လေးဆီမှ တိုက်ယွမ်၏ ဆည်းလည်းသံလေးနှယ် ချိုသာသော ရယ်သံလေးများ ပျံ့လွင့်လာနေခဲ့သည်။

နှစ်နာရီလောက် ကြာပြီးသည့်နောက် ရန်ကိုင် ဆက်လက် မအောင့်အည်းနိုင်တော့ဘဲ ချောင်းဟန့်၍ မေးလိုက်လေသည် “အစ်မတိုက်ယွမ် ဒီကိုလာတာ ကိစ္စတစ်ခုခု ရှိလို့လား။ ရှိရင် အားနာနေစရာမလိုဘူး။ ပြောသာပြောလိုက်၊ ငါတတ်နိုင်ရင် ကူညီပေးမယ်”

လုံးဝ ကူညီပေးပါမည်ဟု ရန်ကိုင် ကတိမပေးရဲချေ။ ကိစ္စသေးသေးလေး တစ်ခု၊ အရမ်း အချိန်ကုန်စရာ မလိုသည့် ကိစ္စတစ်ခုဆိုလျှင် ကူညီပေးနိုင်ပေသည်။ သို့သော် သူ့အတွက်ပင် အန္တရာယ်ရှိနိုင်သည့် ကိစ္စတစ်ခု ဆိုလျှင်မူကား ငြင်းရန် ပြင်ထားပြီးလေပြီ။

အရိပ်ကြယ်ပေါ်တွင် နောက်ထပ် ရန်သူ ထပ်မဖွဲ့ချင်တော့ချေ။ တိမ်မီးတောက်ဂိုဏ်းမှ လူရီနှင့်ပင် သူ့ကို ခေါင်းကိုက်အောင်လုပ်ရန် လုံလောက်နေလေပြီ။

သဲမီးတောက်နယ်မြေ တတိယအလွှာတွင် ရှိစဉ်က လူမြင်ကွင်းတွင်ပင် သူ့အား ချောင်းမြောင်းလုပ်ကြံရလောက်အောင် လူရီ သူ့အား ဘာကြောင့် ထိုမျှ အညိုးထားနေမှန်း ရန်ကိုင် နားမလည်နိုင် ဖြစ်နေခဲ့သည်။ လေဟာနယ်ဓါးသွားဖြင့် လူရီ၏ လက်တစ်ဖက်ကို ဖြတ်လိုက်နိုင်ခဲ့သော်လည်း ထိုကောင်ကို မသတ်လျှင် ဘယ်တော့မှ စိတ်အေးအေး နေနိုင်မည် မဟုတ်ချေ။

ရန်ကိုင် မေးခွန်းကို ကြားသည့်အခါ တိုက်ယွမ် တိတ်ဆိတ်သွားခဲ့သည်။ ဘာမှ ချက်ချင်း ပြန်မပြောသေးဘဲ သူမ၏ နှုတ်ခမ်းလေးကိုသာ ကိုက်ထားခဲ့သည်။ ပြောစရာ ရှိနေသော်ငြား ပြောမထွက်သည့်ပုံပင်။

ရန်ကိုင်သည် သူမအား တွန်းအားမပေးဘဲ စိတ်ရှည်ရှည်ဖြင့်သာ ထိုင်စောင့်နေလိုက်သည်။ သူ့စိတ်ထဲတွင်လည်း ကြိုသတိထားထားလိုက်သည်။ တိုက်ယွမ် ထိုမျှ တုန့်ဆိုင်းနေပုံထောက်လျှင် သူမတောင်းမည့် အကူအညီသည် ရိုးရိုးအကူအညီ ဖြစ်ပုံမရ။

ရန်ကိုင်စိတ်ထဲ ငြင်းလိုက်လျှင် ကောင်းမလားဟုပင် တွေးနေလေပြီ။

နောက်ဆုံးတွင် တိုက်ယွမ်က ခေါင်းမော့၍ ရန်ကိုင် မျက်လုံးတည့်တည့်ကို စိုက်ကြည့်လျက် ထိတ်လန့်ဖွယ်ရာ မေးခွန်းတစ်ခုကို မေးလိုက်သည် “ဂျူနီယာမောင်လေးရန်၊ နင်တန်ခိုးရှင်အဆင့် ဆေးပညာရှင် တစ်ယောက်လား”

ရန်ကိုင် မျက်ဝန်း မှေးစဉ်းသွားခဲ့ပြီး သူ့မျက်ဝန်းနက်ထဲ အလင်းတစ်ချက် ဖြတ်ပြေးသွားသည်။ ထို့နောက် အသက်မပါသည့် ရယ်သံဖြင့် ရယ်မောလျက် “အစ်မတိုက်ယွမ် ဘာလို့ အဲ့လိုမေးတာလဲ”

သူတန်ခိုးရှင်အဆင့် ဆေးပညာရှင်တစ်ယောက် ဖြစ်သည်ကို အရိပ်ကြယ်ပေါ်ရှိ မည်သူမှ မသိကြချေ။ ယန်ယန်နှင့် ဝူရီပင်လျှင် မသိချေ။ ထိုနှစ်ယောက်ကို ရန်ကိုင် တစ်ကြိမ် ပြောခဲ့ဖူးသည်။ သို့သော် ထိုနှစ်ယောက်က ရန်ကိုင် သူတို့အား နောက်နေသည်ဟုသာ ထင်ခဲ့သည်။

ထိုသို့ဆိုလျှင် တိုက်ယွမ် မည်ကဲ့သို့ သိသွားရသနည်း။

ဤနေရာတွင် တန်ခိုးရှင်အဆင့် ပန်းပဲပညာရှင်တစ်ယောက် ရှိနေသည် ဆိုသော အချက်နှင့်ပင် အများအာရုံစိုက်စရာ ဖြစ်နေလေပြီ။ ယန်ယန် ခင်းကျင်းထားသော အားကောင်းလှသည့် အစီအရင်များနှင့် ချင်းတုန်၏ ကာကွယ်ပေးမှုကြောင့်သာ မဟုတ်ပါက နဂါးလိုဏ်ဂူတောင်ကြား မည်ကဲ့သို့ ငြိမ်းငြိမ်းချမ်းချမ်း နေနိုင်မည်နည်း။ ဤနေရာတွင် တန်ခိုးရှင်အဆင့် ဆေးပညာရှင်တစ်ဦးပါ ရှိနေသည့်အကြောင်း သတင်း ပေါက်ကြားသွားပါက အရိပ်ကြယ်တစ်ခုလုံး အုတ်အော်သောင်းနင်း ဖြစ်သွားပေလိမ့်မည်။

“ဂျူနီယာမောင်လေးရန်၊ ငြင်းမနေပါနဲ့။ ငါအခုလို ပြောရဲမှတော့ ငါ့မှာ ယုံကြည်ချက် အပြည့် ရှိလို့ပေါ့” တိုက်ယွမ်က ယဲ့ယဲ့လေးပြုံးလိုက်သည်။ နဖူးရှေ့ကျနေသော ဆံပင်ကို နားသယ်နောက် သပ်တင်းလိုက်ပြီး ရန်ကိုင်အား ယုံကြည်ချက်အပြည့်ဖြင့် စိုက်ကြည့်၍ ပြောလိုက်သည် “ဂျူနီယာမောင်လေး စိုးရိမ်နေစရာ မလိုဘူး။ ဒီအကြောင်းကို ငါကလွဲပြီး အခြား ဘယ်သူမှ သိမထားဘူး။ ငါသိထားလို့ စိတ်မချဘူးဆိုရင်လည်း ငါ့ကို နှုတ်ပိတ်လိုက်လို့ ရတယ်။ ငါဒီကိုလာတယ်ဆိုတာ ဒီကလူတွေကလွဲပြီး အခြားဘယ်သူမှ မသိထားဘူး။ မြက်သွေးရောင်ဂိုဏ်းကနေ ထွက်လာတုန်းကလည်း ဘယ်သူမှမသိအောင် ခိုးထွက်လာခဲ့တာ။ ငါသေသွားခဲ့ရင်တောင် ငါဒီမှာသေသွားတယ် ဆိုတာကို ဘယ်သူမှ သိမှာ မဟုတ်ဘူး”

သူမ မည်ကဲ့သို့ နှုတ်ပိတ်သတ်နိုင်မည်နည်း။ သူနှင့် တိုက်ယွမ်ကြားတွင် ရန်ငြိုးရန်စ ရှိသည့် အတွက်ကြောင့်ဆိုလျှင်မူ ထားတော့။ သို‌သော် မည်သည့် ရန်ငြိုးမှ မရှိလေဘဲ။ သူတန်ခိုးရှင်အဆင့် ဆေးပညာရှင်တစ်ယောက် ဖြစ်သည်ဆိုသည်ကို သိသွားသည့် အတွက်ကြောင့် သက်သက်ဖြင့် နှုတ်ပိတ်သတ်လိုက်ရမည်လား။ ထိုကဲ့သို့ ရန်ကိုင် မလုပ်နိုင်ချေ။

ထို့အပြင် တိုက်ယွမ်သည် သူမအား သတ်လျှင် သတ်နိုင်ပါသည်ဟုလည်း ပြောသေးသည်။ သူမ အခြားလူကို လုံးဝ ပြန်ပြောမည် မဟုတ်ကြောင်း လုံးဝ အာမခံချက် ပေးနေသည်။

သို့သော်လည်း ရန်ကိုင်က ထူးမခြားနားဟန်ဖြင့် ခဏလောက် စဉ်းစားလိုက်ပြီးနောက် မျက်မှောင်ကြုတ်လျက် မေးလိုက်လေသည် “အစ်မတိုက်ယွမ် ဘယ်လို သိသွားတာလဲ”

“တကယ်ကြီးလား” တိုက်ယွမ်၏ အကြည့် တည်ငြိမ်နေဟန်ရသည်။ သို့သော် မျက်ဝန်းနက်များထဲ အံ့အားသင့်ရိပ်တို့ ဖြတ်ပြေးသွားခဲ့သေးလေသည်။

ရန်ကိုင် ကြောင်အမ်းအမ်း ဖြစ်သွားခဲ့သ်ည။ ထို့နောက် ရုတ်တရက် ခါးသက်စွာပြုံးလျက် လက်သီးဆုပ်ကာ ပြောလိုက်သည် “အစ်မတိုက်ယွမ်က တကယ် ဥာဏ်များတာပါလား။ ဒီရန် အရှုံးပေးလိုက်ပါပြီ”

ယခုမှပဲ တိုက်ယွမ် ရုပ်တည်ကြီးဖြင့် ပြောနေမှန်း သူသိလိုက်သည်။ တိုက်ယွမ်၏ စကားလုံးများသည် ထောင်ချောက်ဖြစ်သည်။ တိုက်ယွမ်၏ ယုံကြည်ချက်ရှိသည့် အမူအရာကြောင့် ရန်ကိုင်လည်း သူတန်ခိုးရှင်အဆင့် ဆေးပညာရှင် ဖြစ်နေသည့် အကြောင်း တိုက်ယွမ် သိသွားပြီဟု ထင်ခဲ့မိသည်။ တိုက်ယွမ်သည် သေချာ မသိသေးသဖြင့် အတည်ပြုရန် ရုပ်တည်ကြီးဖြင့် ထိုကဲ့သို့ မေးခဲ့ခြင်းဖြစ်မည်မှန်း ရန်ကိုင်မည်ကဲ့သို့ သိပါမည်နည်း။ သူ့ဘက်ကသာ ခေါင်းမာမာဖြင့် ဘူးခံငြင်းနေမည် ဆိုပါက တိုက်ယွမ် သူ့အား သံသယဝင်လိမ့်မည် မဟုတ်ချေ။

တိုက်ယွမ်က ရှက်ကိုးရှက်ကန်းပြုံးလျက် မတ်တပ်ရပ်လိုက်ပြီး ရန်ကိုင်အား ဦးညွှတ်ကာ တောင်းပန်လိုက်လေသည် “တောင်းပန်ပါတယ်နော် ဂျူနီယာမောင်လေးရန်၊ ငါလည်း ငါ့ခန့်မှန်းချက် မှန်မမသိအောင်လုပ်ဖို့ ဒီနည်းလမ်းပဲ ရှိတာကိုး။ နင်မကျေနပ်ရင် ငါ့ကို စိတ်ကြိုက် ကျိန်ဆဲလို့ရတယ်နော်”

“မလိုပါဘူး” ရန်ကိုင် ခေါင်းခါလိုက်သည်။ သူ သူမအား ဒေါသထွက်သွားမည်ကို တိုက်ယွမ် စိုးရိမ်နေမှန်း ရန်ကိုင် သိသည်။ သို့သော် သူ့ဘာသာ တစ်ဖက်သူ၏ ထောင်ချောက်ထဲ ခုန်ဆင်းသွားခြင်း ဖြစ်လေရာ ဘာကြောင့် သူမအပေါ် အပြစ်တင်ရမည်နည်း။

“အခုလို သဘောထားကြီးပေးတဲ့အတွက် ဂျူနီယာမောင်လေးရန်ကို ကျေးဇူးအများကြီး တင်ပါတယ်နော်” တိုက်ယွမ်က ကျေးဇူးတင်းစကား ဆိုလိုက်ပြီးနောက် ပြန်ထိုင်လိုက်သည်။

“ငါတန်ခိုးရှင်အဆင့် ဆေးပညာရှင်တစ်ယောက် ဆိုတာကို ဘယ်လိုလုပ်ပြီး သံသယ ဝင်သွားတာလဲ” ရန်ကိုင်က မေးလိုက်သည်။

“နင်ဆေးပညာရှင် တစ်ယောက်ဆိုတာပဲ သိတာ။ ဘယ်အဆင့်လဲ ဆိုတာကို သိတာ မဟုတ်ဘူး” တိုက်ယွမ်က အသာအယာ ခေါင်းခါလျက် ပြုံးကာ ပြောလိုက်သည်။

“အဲ့ဒါ သိတာနဲ့တင် တော်တော်လေး ထူးဆန်းနေပြီ” ရန်ကိုင်က တိုက်ယွမ်အား ကြည့်၍ ပြောလိုက်သည်။

“ရှင်းပါတယ်။ အကြောင်းအချို့ကြောင့် ငါက ဆေးနံ့တွေနဲ့ ပက်သက်လာရင် အရမ်း အာရုံခံနိုင်စွမ်းမြင့်တယ်။ ဂျူနီယာမောင်လေးရန် ဆီကနေ ဆေးရနံ့တွေ အမြဲတမ်း ရနေလို့ ဆေးပညာရှင်တစ်ယောက်မှန်း သိလိုက်တာ။ အခုတောင် မောင်လေးရန်ဆီကနေ ဆေးအနံ့ သင်းသင်းလေး ရနေတုန်းပဲ။ ငါထင်တာသာ မမှားရင် မောင်းလေရန် တန်ခိုးရှင်အခြေတည် ဆေးလုံးနဲ့ သွေးစံပယ်ဆေးလုံးကို ဖော်စပ်ခဲ့တာပဲ ဖြစ်ရမယ်။ ပြီးတော့ အဲ့လို ဖော်စပ်ထားတာ နှစ်ဝက်လောက်ပဲ ရှိဦးမယ်။ ဟုတ်တယ်မလား”

ယခုတစ်ကြိမ်တော့ ရန်ကိုင် လုံးဝကို ထိတ်လန့်အံ့အားသင့်သွားရချေပြီ။

All Chapters