အခန်း (၁၂၆၆-၁၂၇၀)
Vol. 51 Ch. 1266-1270
အပိုင်း (၁၂၆၆)
ယောကျာ်းတစ်ယောက်၏ ကိုယ်ပေါ်တွင် စွဲထင်ကျန်ရစ်နေသော မိန်းမတစ်ယောက်၏ ကိုယ်သင်းရနံ့ကို အနံ့ခံ့နိုင်သည့် လူများစွာအကြောင်း ကြားခဲ့ဖူးသော်လည်း အခြားလူ တစ်ယောက်၏ ကိုယ်ပေါ်တွင် ရှိနေသော ဆေးအနံ့ကို အာရုံခံ့နိုင်လူအကြောင်း ရန်ကိုင် တစ်ခါမှ မကြားဖူးခဲ့ချေ။ ပို၍ အံ့အားသင့်စရာ ကောင်းသည်ကား တိုက်ယွမ်၏ ခန့်မှန်းချက်သည် လုံးဝကို ကွက်တိဖြစ်နေခြင်းပင်။ လွန်ခဲ့သော တစ်နှစ်ခန့်က သူသည် တန်ခိုးရှင်အခြေတည် ဆေးလုံးများနှင့် သွေးစံပယ် ဆေးလုံးများကို ဖော်စပ်ခဲ့ပေသည်။ ထိုဆေးလုံးများရှေ့တွင် ဖော်စပ်ခဲ့သည့် အခြားဆေးလုံးများလည်း ရှိပေသေးသည်။ သို့သော် အလွန်ကြာသွားသည့် အတွက် အနံ့များ ပျောက်ကွယ်သွားသည့် အတွက်ကြောင့်လား မသိပေရာ ထိုဆေးလုံးများ၏ အနံ့ကို တိုက်ယွမ် အနံ့မခံနိုင်ခဲ့ချေ။ ရန်ကိုင်ကလည်း လျှာရှည်ပြီး ထုတ်ပြောမနေပေ။
တိုက်ယွမ်၏ ထိုစွမ်းရည်ကြောင့် ရန်ကိုင် အတော်လေး အံ့အားသင့်နေမိနေသည်။
“ဒါပေမယ့် အဲ့လောက်လေးနဲ့တော့ ဂျူနီယာမောင်လေးက တန်ခိုးရှင်အဆင့် ဆေးပညာရှင် ဖြစ်တယ်လို့ ဘယ်ပြောနိုင်ပါ့မလဲ။ ဒီမှာရှိနေတဲ့ အဆင့်မြင့် ဆေးပညာရှင် တစ်ယောက်နား သွားလိုက်လို့ သူ့ဆီကနေ ဆေးအနံ့တွေ စွဲပါလာတာလည်း ဖြစ်နိုင်တာပဲလေ၊ မဟုတ်ဘူးလား။ ဒါပေမယ့်…” တိုက်ယွမ်က ဆန်းကြယ်စွာ ပြုံးလိုက်ပြီး “ဒါပေမယ့် ငါဒီကို ရောက်လာကတည်းက အဲ့လို ဆေးပညာရှင် တစ်ယောက်တောင်မှ ရှာမတွေ့သေးဘူး။ ပြီးတော့ သဲမီးတောက်နယ်မြေထဲမှာတုန်းက လအရိပ်ခန်းမက တပည့်တွေဆီကို ကုသရေးဆေးလုံးတွေ ဂျူနီယာမောင်လေးရန် ပေးနေတာကိုလည်း ငါတွေ့လိုက်သေးတယ်။ အဲ့ကတည်းက ဂျူနီယာမောင်းလေးရန် ဆေးပညာရှင်တစ်ယောက် ဖြစ်နိုင်တယ်လို့ သံသယဝင်သွားတာ။ ဆေးလုံးတွေကလည်း အရည်အသွေး အမြင့်စားတွေချည်းပဲ ဆိုတော့ အဲ့ဆေးလုံးတွေကို ဖော်စပ်ခဲ့တဲ့လူက အဆင့်မြင့်တဲ့ ဆေးပညာရှင်တစ်ယောက် ဖြစ်လိမ့်မယ်လို့ ငါခန့်မှန်းလိုက်တာ”
ရန်ကိုင် မငြင်းခဲ့ချေ။
တိုက်ယွမ်တွင် ဆေးအနံ့ကို အာရုံခံနိုင်သည့် တစ်မူထူးခြားသော စွမ်းရည် ရှိနေမှဖြင့် သူငြင်းနေလျှင်လည်း ထူးတော့မည် မဟုတ်။ သို့သော် တစ်ချိန်တည်းတွင် ရန်ကိုင် စိတ်သက်သာရာ ရမိသွားသည်။ ထိုကဲ့သို့သော စွမ်းရည်ကို တိုက်ယွမ် တစ်ယောက်တည်းကသာ ထူးထူးခြားခြား ပိုင်ဆိုင်ထားခြင်း ဖြစ်သည်။ အခြားသူများအနေဖြင့် ထိုကဲ့သို့သော နည်းလမ်းကို အသုံးပြု၍ ရန်ကိုင် တန်ခိုးရှင်အဆင့် ဆေးပညာရှင်တစ်ယောက် ဖြစ်ကြောင်း ခန့်မှန်းနိုင်မည် မဟုတ်ချေ။
တိုက်ယွမ်သည်လည်း ယုံကြည်ရလောက်သည့်ပုံပင်။ ထို့ကြောင့် တိုက်ယွမ် သူ့အား သစ္စာဖောက်မည်ကို ရန်ကိုင် မစိုးရိမ်။
ထိုအချက်အားလုံးကို စဉ်းစားပြီးသော် ရန်ကိုင် စိတ်ငြိမ်သွားခဲ့ပြီး ယဲ့ယဲ့လေး ပြုံးလျက် “အစ်မတိုက်ယွမ်က ငါဆေးပညာရှင် ဟုတ်မဟုတ် လာမေးနေတယ်ဆိုတော့ ဆေးပညာနဲ့ ပက်သက်ပြီး ငါ့ဆီက အကူအညီ တစ်ခုခု လိုချင်နေတာလား”
သို့သော် တိုက်ယွမ်က ခေါင်းခါ၍ “ဆေးပညာအကြောင်း မဟုတ်ဘူး။ ဒါပေမယ့် ဆေးပညာနဲ့တော့ ဆိုင်တယ်။ မဟုတ်ရင် ငါဒီကို လာခဲ့မှာ မဟုတ်ဘူး”
ရန်ကိုင် ဖွဖွလေး ပြုံးလိုက်ပြီး “အစ်မတိုက်ယွမ် ငါ့ဆီက ဘာအကူအညီ တောင်းချင်နေလဲ ငါမသိပေမယ့် အရိပ်ကြယ်ပေါ်မှာ နင့်ကို ကူညီပေးနိုင်တဲ့ အခြားလူတွေ ရှိသေးတယ်မလား။ မဖုံးမကွယ်ဘဲ ပြောရရင် အစ်မတိုက်ယွမ် ထင်သလိုပဲ ငါတန်ခိုးရှင်အဆင့် ဆေးပညာရှင် တစ်ယောက် ဖြစ်နေပြီ။ ဒါပေမယ့် တန်ခိုးရှင်အဆင့်နိမ့် ဆေးပညာရှင်ပဲ ရှိသေးတယ်။ ငါသိသလောက်ဆို မြက်သွေးရောင်ဂိုဏ်းမှ အစ်မတိုက်ယွမ်ရဲ့ အဆင့်အတန်းက မနိမ့်ပါဘူး၊ ဟုတ်တယ်မလား။ မြက်သွေးရောင်ဂိုဏ်းမှာ တန်ခိုးရှင်အဆင့် ဆေးပညာရှင် မရှိလို့လား။ မရှိဘူးဆိုရင်တောင် ဆေးလုံးတောင်ကြား ဆေးပညာရှင်တွေဆီ အကူအညီ တောင်းလို့ ရတယ်လေ။ သူတို့ဆို ငါ့ထက်တောင် ပိုတော်ကြဦးမှာ”
ဆေးလုံးတောင်ကြားတွင် တန်ခိုးရှင်အဆင့် ဆေးပညာရှင် ငါးယောက် ရှိမှန်း ရန်ကိုင် သိထားသည်။ ထိုငါးယောက်စလုံးသည် လူရိုသေရှင်ရိုသေ ပုဂ္ဂိုလ်ကြီးများ ဖြစ်ကြသည်။ ထို့အပြင် မြက်သွေးရောင်ဂိုဏ်းသည် အရိပ်ကြယ်ပေါ်ရှိ အားအကောင်းဆုံး ဂိုဏ်းများအနက် တစ်ဂိုဏ်း အပါအဝင် ဖြစ်သောကြောင့် သူတို့တွင် တန်ခိုးရှင်အဆင့် ဆေးပညာရှင် တစ်ယောက်ပင် မရှိသည်မှာ မဖြစ်နိုင်ချေ။
ထိုသို့ဆိုလျှင် တိုက်ယွမ်သည် အချိန်ကုန်ခံ၊ အလုပ်ရှုပ်ခံပြီး နဂါးလိုဏ်ဂူတောင်သို့ ဘာကြောင့် လာရသနည်း။
“ဖြစ်သာဖြစ်နိုင်မယ်ဆိုရင် ဂျူနီယာမောင်လေးရန်ဆီက အားနာနာနဲ့ ဘာလို့ အကူအညီ တောင်းတော့မှာလဲ” တိုက်ယွမ်က ခါးသက်စွာပြုံးလျက် “ဂျူနီယာမောင်လေးရန် ပြောသလိုပဲ ငါတို့ ဂိုဏ်းထဲမှ ဆေးဆရာရှောင်လို့ခေါ်တဲ့ တန်ခိုးရှင်အဆင့် ဆေးပညာရှင်တစ်ယောက် ရှိတယ်။ ဒါပေမယ့် အချို့ ကိစ္စလေးတွေကြောင့် သူ့ဆီက အကူအညီတောင်းဖို့ အဆင်ပြေမနေဘူး”
“ဆေးဆရာရှောင်…” ရန်ကိုင် မျက်ခုံးပင့်သွားခဲ့ပြီး သဲမီးတောက်နယ်မြေထဲတွင် တွေ့ခဲ့သော ဆေးလုံးတောင်ကြားမှ တပည့် ရှောင်ဖူးချန်းဆိုသူကို ပြန်သတိရလိုက်သည်။ ရှောင်ဖူးချန်းနှင့် ဆေးဆရာရှောင်တို့တွင် တူညီသော မျိုးရိုးနာမည်များ ရှိနေကြပေသည်။
“ဆေးလုံးတောင်ကြားက ဆေးပညာရှင်တွေ ကျန်ပြန်တော့လည်း…” တိုက်ယွမ် မျက်မှောင်ကြုတ်သွားခဲ့ပြီး “ဆေးယောက်က ဆေးဆရာရှောင်လို့ပဲ အချို့ကိစ္စတွေကြောင့် သူတို့ဆီက အကူအညီတောင်းဖို့ အဆင်မပြေဘူး။ နောက်ဆုံးတစ်ယောက် အဆင်ပြေတယ် ဆိုပေမယ့် သူတောင်းတဲ့ဈေးက အရမ်းများလွန်းတယ်။ ငါမတတ်နိုင်ဘူး”
ရန်ကိုင် ကြောင်သွားခဲ့သည်။
တိုက်ယွမ်၏ ခွန်အားသည် မဆိုးလှ။ ပါရမီလည်း ကောင်းလှသည်။ အရည်အချင်းလည်း ရှိသည်။ ထို့ကြောင့် မြက်သွေးရောင်ဂိုဏ်းတွင် သူမ အတော်လေး အဆင့်အတန်း မြင်ရမည်ဟု ရန်ကိုင် ထင်ခဲ့သည်။ သို့သော် တိုက်ယွမ် ပြောသွားပုံမရ ထို့ထက် ပိုပြီး ရှုပ်ထွေးနေသည့် အကြောင်းအရာများ ရှိနေသေးသည့်ပုံပင်။
တိုက်ယွမ်သည် သူထင်ထားခဲ့သလို မြက်သွေးရောင်ဂိုဏ်းတွင် သိပ်ပြီး ဩဇာ မညောင်းသည့်ပုံပင်။
ထိုအခါမှသာ သဲမီးတောက်နယ်မြေထဲတွင် ဖယောင်းနီးသီး သီးလာမည့်ကို အချိန်အား ထိုင်စောင့်နေစဉ်က အဖြစ်အပျက်ကို ရန်ကိုင် ပြန်စဉ်းစားမိလိုက်သည်။ ထိုစဉ်က မြက်သွေးရောင်ဂိုဏ်းမှ တပည့်များသည် တိုက်ယွမ်ကို မြင်သော်လည်း မည်သူ တစ်ဦးတစ်ယောက်ကမှ သူ့အား လာမနှုတ်ဆက်ခဲ့ကြ။ အစမှအဆုံးထိ တိုက်ယွမ်သည် သူ့ဘာသာ တစ်ကိုယ်တည်း လှုပ်ရှားခဲ့သည်။ မြက်သွေးရောင်ဂိုဏ်းမှ တပည့်များသည် တိုက်ယွမ်နား တစ်ယောက်ပင် ရောက်မလားခဲ့သော်လည်း ယင်စုတျယ်နားတွင် အကုန်လုံး စုပြုံနေခဲ့ကြသည်။ ထိုအချက်ကို ပြန်စဉ်းစားမိလိုက်မှပဲ တစ်ခုခု လွဲမှားနေမှန်း သူသိလိုက်သည်။
“ဒါကြောင့် ဂျူနီယာမောင်လေးရန်ကိုပဲ လာအကူအညီ တောင်းရတော့တာ” တိုက်ယွမ်က ရန်ကိုင်အား အသနားခံသည့် အကြည့်လေးဖြင့် ကြည့်လိုက်သည်။
ရန်ကိုင် အကြပ်ရိုက်ရလေပြီ။ သို့သော် ခဏလောက် စဉ်းစားပြီးနောက် တိုက်ယွမ်အား မေးလိုက်သည် “ငါဘယ်လို ကူညီပေးရမလဲ ဆိုတာ အစ်မတိုက်ယွမ် အရင် ပြောပြပေးလို့ ရမလား”
တိုက်ယွမ်က သူမ၏ နှုတ်ခမ်းလေးကိုကိုက်လျက် ရှက်ရှက်ဖြင့် ပြန်ပြောလိုက်သည် “ဂျူနီယာမောင်လေးရန် သဘောမတူသေးခင် ပြောဖို့က သိပ်အဆင်မပြေဘူး”
ရန်ကိုင် မျက်နှာ မဲ့သွားခဲ့သည်။ ထိုအမျိုးသမီးသည် သူ့ဆီလာပြီး အကူအညီ တောင်းသည့်တိုင် ဘာအကူအညီ တောင်းမလဲ ဆိုသည်ကို မပြောခဲ့ချေ။ သူမက မပြောလေရာ ရန်ကိုင်ကကော ဘာကြောင့် ရူးရူးမိုက်မိုက်နှင့် သဘောတူလိုက်ရမည်နည်း။
ထို့ကြောင့် ငြင်းလိုက်တော့မည် အပြု “ဒါပေမယ့် ဂျူနီယာမောင်လေးရန် လုပ်နိုင်တယ် ဆိုတာတော့ ငါအာမခံတယ်။ အရမ်းကြီး မခက်ဘူး။ အချိန်လည်း မကုန်ဘူး။ အကုန်လုံး ချောချောမွေ့မွေ့နဲ့ ပြီးသွားမယ်ဆို သုံးရက်နဲ့တင် လုံလောက်တယ်။ ပြီးတော့ ဂျူနီယာမောင်လေးရန်ကိုလည်း ငါအလကား မခိုင်းဘူး”
တိုက်ယွမ် သူ့အား ဘာပြန်ပေးမလဲ ဆိုသည်ကို ရန်ကိုင် စိတ်မဝင်စား။ သူမတွင် ဆေးလုံးတောင်ကြားမှ ဆေးပညာရှင်ကို ငှားဖို့ရာ ရတနာ အလုံအလောက် မရှိဟု ပြောခဲ့သည်။ ထိုသို့ ဖြစ်လေရာ သူမ သူ့အား မည်သည့် အဖိုးတန်ရတနာကောင်းကောင်းများ ပြန်ပေးနိုင်မည်နည်း။ သို့သော်လည်း သုံးရက်လောက်သာ အချိန်ယူရမည့် ကိစ္စဖြစ်သလို အရမ်းကြီးလည်း မခက်ဟု တိုက်ယွမ်က ပြောသဖြင့် စဉ်းစားကြည့်ရဦးမည်။
“ဒါပေမယ့်…” တိုက်ယွမ်က တုန့်ဆိုင်းတုန့်ဆိုင်းဖြင့် တိုးတိုးလေး ထပ်ပြောလာတယ် “ဂျူနီယာမောင်လေးရန် သဘောတူတယ်ဆိုရင် ငါနဲ့ မြက်သွေးရောင်ဂိုဏ်းဆီ လိုက်ခဲ့ဖို့ လိုလိမ့်မယ်”
ရန်ကိုင် မျက်ခုံးပင့်သွားပြီး နှုတ်ခမ်းလေးကို ကိုက်လျက် ရုတ်ချည်း တိတ်သွားသော တိုက်ယွမ်အား ကြည့်လိုက်သည်။
ခဏလောက် စဉ်းစားပြီးနောက် ရန်ကိုင်က ပြုံးလျက် “ငါခဏလောက် စဉ်းစားကြည့်လိုက်ဦးမယ်။ အစ်မတိုက်ယွမ် ခဏလောက် လျှောက်ပတ်ကြည့်နေလိုက်ပါလား။ နဂါးလိုဏ်ဂူတောင်က ရှုခင်းတွေက မဆိုဘူး။ အစ်မ တောင်းဆိုတာကို သုံးရက်အတွက် ငါပြန်ပြောပေးမယ်”
တိုက်ယွမ်၏ မျက်ဝန်းလေးများ ညိုးကျသွားသည်။ ရန်ကိုင်သည် ရိုင်းရာကျမည် စိုးသည့် အတွက်ကြောင့် သူမ၏ တောင်းဆိုချက်ကို တိုက်ရိုက်ကြီး မငြင်းလိုက်မှန်း တိုက်ယွမ် သိသည်။ သူ့လေသံ ပြောင်းသွားသည်ကို သူမ သတိမပြုမိဘဲ ဘယ်နေမည်နည်း။
သုံးရက်အတွင်း ပြန်ပြောမည်ဟု ပြောလိုက်ခြင်းသည် ငါလက်မခံဘူးဟု ပြောလိုက်ခြင်းနှင့် ဘာမှ သိပ်မကွာချေ။
သက်ပြင်း အသာအယာချရင်း အားတင်း၍ ပြုံးလျက် “အဲ့လိုဆို ဂျူနီယာမောင်လေးရန် ဆီကနေ သတင်းကောင်းကို ဒီတိုက်ယွမ် စောင့်နေပါ့မယ်”
ပြောပြီးသည်နှင့် ရန်ကိုင်လည်း နှုတ်ဆက်စကားပြောပြီး ထွက်သွားလိုက်လေသည်။
ရန်ကိုင် ထွက်သွားပြီးနောက် တိုက်ယွမ် ဒုတိယထပ်သို့ စိုးရိမ်တကြီး ပြန်တက်သွားသည်။ ယခုကိစ္စတွင် သူမဘက်မှ အတော်လေးလွန်မှန်း တိုက်ယွမ်သည်။ သူမက အကူအညီ တောင်းသည့်လူ ဖြစ်သဖြင့် မည်သို့သော အကူအညီ တောင်းချင်သလဲ ဆိုသည်ကို သေချာ ပြောပြသင့်ပေသည်။ သို့သော် အချို့ကိစ္စများသည် အလွယ်တကူ ထုတ်ပြော၍ ရသည့် ကိစ္စ မဟုတ်သဖြင့် တိုက်ယွမ်လည်း အတော်လေး အကြပ်ရိုက်နေမိသည်။
ရန်ကိုင် ဒုက္ခမရောက်ရလေအောင် တိတ်တိတ်လေး ထွက်သွားလျှင် ကောင်းမလားဟုပင် တွေးမိသည်။ ပေကပ်ဆက်နေ၍ ရန်ကိုင်က ငြင်းလိုက်ကာမှ နှစ်ယောက်သားကြား ဆက်ဆံရေး ကိုးယိုးကားယား ဖြစ်သွားနိုင်ပေသည်။ ထွက်သွားဖို့ လုပ်နေသော်လည်း စိတ်က မသွားနိုင် ဖြစ်နေသဖြင့် သုံးရက် စောင့်နေရန် ဆုံးဖြတ်လိုက်သည်။
ထိုသုံးရက်အတွင်း ရန်ကိုင် စိတ်ပြောင်းသွားသည်မှာလည်း ဖြစ်နိုင်သည်။
ရန်ကိုင်သည် မျက်မှောင်ကြီးကြုတ်လျက် မူလ နေခဲ့သည့် အိမ်ဆီသို့ ပြန်လမ်းလျှောက်လာခဲ့သည်။ တိုက်ယွမ်အား တိုက်ရိုက် မငြင်းလိုက်ခြင်းမှာ သူမ ရှက်သွားမည် စိုးသည့် အတွက်ကြောင့်ပင် ဖြစ်သည်။ အခြား တစ်ယောက်သာ ဆိုလျှင် ယဉ်ကျေးနေမည် မဟုတ်ဘဲ တိုက်ရိုက် ငြင်းလိုက်မည်သာ။
အိမ်ထဲသို့ ဝင်လာသော် ဝူရီနှင့် ယန်ယန် မထွက်သွားသေးသည်ကို အံ့အားသင့်ဖွယ် တွေ့လိုက်ရသည်။ နှစ်ယောက်စလုံးသည် သူပြန်လာမည်ကို စောင့်နေသည့်အလား ဝင်ပေါက်မှ ရပ်၍ ပြုံးကာ သူ့အား လှမ်းကြည့်နေသည်။
သူဝင်လာသည်နှင့် တိုက်ယွမ် ဘာကြောင့် ရောက်လာသလဲ သူ့အား တန်းမေလိမ့်မည်ဟု ထင်ထားသော်လည်း နှစ်ယောက်စလုံး သူ့အား ဘာမှမမေးသည်ကို တွေ့လိုက်ရသည်။
ရန်ကိုင် အိမ်ထဲသို့ ဝင်လာပြီးနောက် ယန်ယန်နှင့် ဝူရီတို့ သူ့နောက်မှ လိုက်လာကြသည်။ ပြီးသည်နှင့် ယန်ယန်သည် ရန်ကိုင်အား ပေးထားခဲ့သည် တိုကင်ပြားကဲ့သို့ ပစ္စည်းတစ်ခုကို ထုတ်လိုက်ပြီး ထိုထဲသို့ သူတော်စင်ချီ ထည့်သွင်းလိုက်သည်။ တိုကင်ပြားဆီမှ အလင်းတန်း တစ်ခု ထွက်ပေါ်လာပြီး ချက်ချင်းဆိုသလို အိမ်တစ်ခုလုံးကို မမြင်နိုင်သော အရံအတားတစ်ခုက ဖုံးအုပ်သွားခဲ့သည်။ ထိုအရံအတားကြောင့် အိမ်ထဲတွင် သူတို့ ဘာလုပ်နေလဲ၊ ဘာပြောနေလဲ ဆိုသည်ကို အပြင်ဘက်မှ လူများ ကြားနိုင်တော့မည် မဟုတ်သလို ကောင်းကင်စိတ်အာရုံဖြင့်လည်း အိမ်အတွင်းကို စစ်ဆေးနိုင်တော့မည် မဟုတ်ချေ။
“နင်ဘာလုပ်နေတာလဲ” ရန်ကိုင် အံ့ဩတကြီး ပြန်မေးလိုက်သည်။
ယန်ယန်က သွားပေါ်အောင်ပြုံးလျက် အနားရှိ ထိုင်ခုံ တစ်ခုံဆီ လျှောက်သွားလိုက်သည်။ ထို့နောက် ဝူရီနှင့် အကြည့်တစ်ချက် ဖလှယ်လိုက်ပြီး မေးလိုက်သည် “နင်သူတောင်းဆိုတာကို သဘောတူမှာလား”
ရန်ကိုင် ထိတ်လန့်သွားခဲ့လေပြီ။ သို့သော် ယန်ယန်ကို တစ်လှည့်၊ ဝူရီကိုတစ်လှည့် ကြည့်လိုက်ပြီး နှစ်ယောက်စလုံး တလက်လက် တောက်ပနေသော မျက်ဝန်းအစုံကို မြင်ပြီးနောက် သူချက်ချင်း နားလည်သွားလိုက်လေသည် “နင်တို့ ချောင်းနားထောင်နေတာလား”
ဝူရီ မျက်နှာ နီမြန်းသွားခဲ့သော်လည်း ပြန်မငြင်းခဲ့ပေ။
ယန်ယန်ကမူ ပွင့်ပွင့်လင်းလင်းသာ ပြန်ပြောသည် “ချောင်းနားထောင်တာ။ ဘယ်က ချောင်းနားထောင်တာ ဖြစ်ရမှာလဲ။ ငါ့အသစ်တွေ့ရှိထားတဲ့ အစီအရင် ဘယ်လောက်ကောင်းလဲ စမ်းသပ်ရင်းနဲ့ မတော်တဆ ကြားမိသွားတာ”
“နင်အစီအရင်အသစ်က ဘာလုပ်နိုင်တာလဲ” ရန်ကိုက် အံ့အားသင့်နေသည့် အမူအရာဖြင့် ပြန်မေးသည်။
တိုက်ယွမ်နှင့် စကားပြောနေစဉ် တစ်ယောက်ယောက် ချောင်းနားထောင်နေသည်ကို သူသတိမပြုမိခဲ့ချေ။ သို့သော်လည်း သူတို့ နှစ်ယောက် ပြောသည်နေကို ယန်ယန်တို့ အကုန်လုံး ကြားခဲ့သည့်ပုံပင်။ ယန်ယန် ခင်းကျင်းသည့် စိတ်ဝိဥာဉ် အစီအရင်များသည် တကယ်ကို ဆန်းကြယ်လွန်းပေသည်။
“ငါရှင်းပြရင်တောင် နင်းနားလည်မှာ မဟုတ်ဘူး။ ကိုယ်ဘာသာပဲ ကြည့်လိုက်တော့” ပြောပြီးနောက် ရန်ကိုင်ဆီသို့ သူကိုင်ထားသည့် ချပ်ပြားလေးကို လှမ်းပစ်ပေးလိုက်လေသည်။ ထိုချပ်ပြားလေးကို ဘာနှင့် လုပ်ထားမှန်း မသိ။ သို့သော် ထိုချပ်ပြားကို ကောင်းကင် စိတ်အာရုံဖြင့် စစ်ဆေးကြည့်လိုက်သည့်အခိုက် တိုက်ယွမ်၏ သက်ပြင်းချသံကို ကြားလိုက်ရသဖြင့် အလန့်တကြား ထအော်မိလေသည်။
သို့သော ထိုသက်ပြင်းချသံ တစ်ခုကိုသာ ကြားရသည်။ ထို့ကြောင့် ချပ်ပြားသည် တိုက်ယွမ် နေနေသည့် အိမ်ထဲတွင် ရှိနေသော အသံများကို ထောက်လှမ်းနိုင်သည့် အစီအရင် တစ်ခုခုနှင့် ချိတ်ဆက်ထားခြင်း ဖြစ်ရပေမည်
ထိုအစီအရင်ကို မည်သည့် အချိန်ကတည်းက ယန်ယန် ခင်းကျင်းလိုက်မှန်း မသိ။ သို့သော် ခင်းကျင်းထားသည့်မှာ အတော်လေး ကြာလောက်ပေလိမ့်မည်။ ဧည့်သည့်များ ရောက်မလာသည့် အတွက်ကြောင့် အစီအရင်၏ စွမ်းအားကို မစမ်းသပ်ရသေးခြင်းသာ ဖြစ်လောက်သည်။
ရုတ်တရက် ရန်ကိုင်၏ အမူအရာ ပြောင်းလဲသွားပြီး ယန်ယန်အား စိုက်ကြည့်ကာ မေးလိုက်သည် “ငါ့လိုဏ်ဂူစံအိမ်ထဲမှာကော ဒီလိုအစီအရင်မျိုး ခင်းကျင်းထားသေးလား”
“ဟင့်အင်း” ယန်ယန်က သူမခေါင်းကို ဂျောက်ဂျက်တစ်ခုနှယ် တဝှီဝှီမြည်အောင် ခါလျက် ငြင်းလိုက်သည် “ငါဘာလို့ နင်နေရာမှာ အဲ့လိုအစီအရင်မျိုး သွားခင်းကျင်းထားရမှာလဲ”
“ကောင်းတယ်” ရန်ကိုင် ကျေကျေနပ်နပ်ဖြင့် ခေါင်းညိတ်လိုက်သည်။ ထို့နောက် မျက်မှောင်ကြုတ်လျက် “အဲ့လိုဟာမျိုးတွေ ထပ်မလုပ်နဲ့တော့။ အခြားသူတွေ သိသွားရင် သိက္ခာကျနိုင်တယ်”
ယန်ယန်နှင့် ဝူရီတို့ နှစ်ယောက် လျှာလေးတစ်လစ် တစ်လစ် ထုတ်လျက် ပြုံးလိုက်ကြသည်။
ထိုအခြင်းအရာကိုမြင်သော် ရန်ကိုင် သူ့နဖူးကို ပွတ်လိုက်ပြီး ဆက်ပြောလေသည် “ဒါပေမယ့် နင်တို့ ကြားပြီးမှတော့ သူတောင်းဆိုတာကို ငါဘာလို့ ချက်ချင်း သဘောမတူလိုက်လဲ နင်တို့သိမှာပေါ့။ ဒါပေမယ့် နင်တို့ ကြည့်ရတာ တစ်ခုခု ပြောချင်နေတဲ့ပုံပဲ”
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၂၆၇)
ရန်ကိုင်စိတ်ထဲ သံသယတို့ဖြင့် ပြည့်နှက်နေခဲ့သည်။ ဝူရီပြောပုံအရဆိုလျှင် တိုက်ယွမ်သည် ဤနေရာသို့ အကြိမ်ပေါင်းများစွာ လာခဲ့သော်လည်း သူတို့ အချင်းချင်း စကားများများစားစား မပြောဖြစ်ခဲ့ကြချေ။ သို့သော်လည်း သူနှင့် တိုက်ယွမ်တို့ စကားလေး နည်းနည်းပါးပါးလောက် ပြောပြီးရုံတင်ရှိသေး၊ ယန်ယန်သည် တိုက်ယွမ်ကိစ္စကို အလွန် စိတ်ဝင်စားသွားပြီး သူ့အား သဘောတူခိုင်းချင်နေသည်။
ယန်ယန် သူ့အား ဖန်သွေးရောင်ဂိုဏ်းဆီ သွားခိုင်းချင်နေမှန်း ရန်ကိုင် သိသည်။ သို့သော် သူ့ရှေ့ရှိ အမျိုးသမီးနှစ်ယောက်သည် တိုက်ယွမ်နှင့် သူစိမ်းများ ဖြစ်ကြသဖြင့် တိုက်ယွမ် ကိုယ်စား သူ့အား ဖြောင့်ဖြပေးနေခြင်းမှာ မဖြစ်တန်တရာ။ (မြက်သွေးရောင်ဂိုဏ်း မဟုတ်ဘူးနော်၊ ဖန်သွေးရောင်ဂိုဏ်းပါ။ ကျွန်တော် Glassနဲ့ Grassကို မှားဖတ်မိလိုက်လို့။ အခုကစပြီး ဖန်သွေးရောင်ဂိုဏ်း ဖြစ်သွားပြီနော်”
ထိုစကားကို ကြားသော် ယန်ယန်က ချက်ချင်းပဲ ပြန်ပြောလိုက်ရင် “ဖြစ်နိုင်ရင် ငါနင့်ကို သဘောတူစေချင်တယ်”
ရန်ကိုင် ယန်ယန်အား မျက်လုံးမှေးစဉ်း၍ အသေအချာ စိုက်ကြည့်လျက် ပြန်မေးလိုက်လေသည် “နင်သူ့ကို သနားနေတာတော့ မဖြစ်နိုင်ဘူး။ အခြား အကြောင်းအရင်း တစ်ခုခု ရှိလို့ပဲ ဖြစ်ရမယ်။ နင်ဘာတွေ ကြံစည်နေတာလဲ”
ယန်ယန်က ဆန်းကြယ်စွာပြုံးလျက် “ငါတစ်ခုခု ကြံစဉ်နေတာ အမှန်ပဲ။ ဒါပေမယ့် သူတောင်းဆိုတာရဲ့ အားသာချက်၊ အားနည်းချက်တွေကို ပြောကြည့်ရအောင်။ သူက ဒီကိစ္စကို လုပ်ဖို့ သုံးရက်ပဲ ကြာမယ်လို့ ပြောတာလို့ အချိန်က သိပ်မကြာဘူး။ ပြီးတော့ နင်လုပ်နိုင်တယ်လို့လည်း ပြောထားတော့ နင့်အကန့်အသတ် အတွင်းပဲ ရှိတယ်။ ဆိုးတာဆိုလို့ ဖန်သွေးရောင်ဂိုဏ်းဆီ သွားရမှာပဲ ရှိတယ်”
ရန်ကိုင် ကြားဖြတ်မပြောဘဲ တိတ်တိတ်လေး နားထောင်နေသည်။
ရန်ကိုင် သိပ်စိတ်မဝင်စားသည်ကို မြင်သော် ယန်ယန် စိတ်ဓါတ်ကျသွားခြင်း မရှိဘဲ ဆက်ပြောလိုက်သည် “နင့်ကို အလကား မခိုင်းဘူးလို့တော့ ပြောတာပဲ။ ဒါပေမယ့် နင်စိတ်ဝင်စားလောက်မယ့် ပစ္စည်းကို သူပေးနိုင်မယ်လို့တော့ ငါမထင်ဘူး”
“ဟုတ်တယ်။ သူ့ကို ကူညီပေးလိုက်လို့ ငါ့အတွက် ဘာအကျိုးမှ မရှိဘူး။ ပြီးတော့ အခြားတစ်ယောက်ရဲ့ ဂိုဏ်းဆီ မဖိတ်ခေါ်ဘဲ သွားဖို့ဆိုတာ သိပ်သင့်တော်တာ မဟုတ်ဘူး။ တိုက်ယွမ်ရဲ့ အဆင့်အတန်းက ယင်စုတျယ်လို ဆိုရင်တော့ ကိစ္စမရှိဘူး။ ဒါပေမယ့် သူ့ကြည့်ရတာ ဂိုဏ်းထဲမှာ သိပ်ပြီး အခြေအနေ မကောင်းတဲ့ပုံပဲ” ရန်ကိုင် မျက်မှောင်ကြုတ်သွားသည်။
ယန်ယန်က ပြုံးလျက် “ငါလည်း သူ့အကြောင်း စိတ်ဝင်စားတာနဲ့ နည်းနည်းပါးပါး တူးဆွကြည့်လိုက်တယ်။ ငါဘာတွေ့လာတယ် ထင်လဲ”
“ဘာတွေ့လာတာလဲ” ရန်ကိုင် ယန်ယန်အား လှည့်ကြည့်လိုက်သည်။
ယခုတစ်ကြိမ်ဝင် ဝူရီက ဝင်ပြောလေသည် “နင်ထင်သလိုပဲ တိုက်ယွမ်က ဂိုဏ်းထဲမှာ သိပ်ပြီး ကျော်ကြားတာ မဟုတ်ဘူး။ ဒါပေမယ့် အဲ့လို မကျော်ကြားရတာကလည်း လွန်ခဲ့တဲ့ ဆယ်နှစ်တုန်းက အဖြစ်အပျက် တစ်ခုကြောင့်ပဲ။ လွန်ခဲ့တဲ့ ဆယ်နှစ်လောက်တုန်းက ဖန်သွေးရောင်ဂိုဏ်းမှ ဘယ်သူ အကျော်ကြားဆုံးလို့ နင်ထင်လဲ”
“တိုက်ယွမ်လား”
“ဟုတ်တယ်။ အဲ့တုန်းက တိုက်ယွမ်က ယင်စုတျယ်ထက် အများကြီး ပိုကျော်ကြားတယ်။ ဒါပေမယ့် ဘာကြောင့်မှန်းတော့ မသိဘူး။ တိုက်ယွမ်က မြက်သွေးရောင်ဂိုဏ်းရဲ့ ခေါင်းဆောင် နေရာကနေ ရုတ်တရက် ပျောက်ကွယ်သွားပြီး သူ့နေရာကို ယင်စုတျယ်က အစားထိုး ဝင်ရောက်လာတယ်။ အဲ့အချိန်ကစပြီး ယင်စုတျယ်က ဖန်သွေးရောင်ဂိုဏ်း လူငယ်မျိုးဆက်ရဲ့ ကိုယ်စားပြု ဖြစ်လာခဲ့တာပဲ။ အဲ့တုန်းက ဘာတွေဖြစ်ပျက်ခဲ့မှန်း မသိပေမယ့် ဂိုဏ်းရဲ့ အကြီးအကဲတွေက တိုက်ယွမ်ကို ချစ်လည်းချစ်း၊ မုန်းလည်းမုန်း ဖြစ်နေကြတယ်။ တိုက်ယွမ်ကို ပေးထားတဲ့ ကျင့်ကြံခြင်း အရင်းအမြစ်တွေနဲ့ နေစရာက ယင်စုတျယ်အောက် မနိမ့်ကျဘူး။ ဒါပေမယ့် သူ့ကို ကူညီသင်ကြားပေးမယ့်လူ တစ်ယောက်မှ မရှိဘူး။ သူတစ်ယောက်တည်းပဲ ကျင့်ကြံနေရတယ်”
“ထူးတော့ ထူးဆန်းသား” ရန်ကိုင်လည်း နားမလည်နိုင် ဖြစ်နေခဲ့သည်။ ယင်စုတျယ်နှင့် မတိုက်ခိုက်ဖူးသော်ငြား တိုက်ယွမ် တိုက်ခိုက်သည်ကို မြင်ဖူးသဖြင့် တိုက်ယွမ်သည် သူတော်စင် ဘုရင်များကြား လက်ရွေးစင်တစ်ယောက် ဖြစ်သည်ကို သူသိသည်။ ကောင်းကင်တိုက်ပွဲ အစည်းအရုံးမှ လူနှင့် တိုက်ခိုက်စဉ်က ဖိနှိပ်ခံခဲ့ရသော်လည်း ထိုစဉ်က ထိုလူသည် သူမ၏ အားနည်းချက်ကို စွကာ လှောင်ပြောင်နေသောကြောင့် ဖြစ်သည်။ တိုက်ယွမ်သည် တည်တည်ငြိမ်ငြိမ်ဖြင့် တိုက်ခိုက်မည်ဆိုပါက ထိုလူ၏ ဖိနှိပ်ခြင်း ခံရလိမ့်မည် မဟုတ်ချေ။
သိုသော် သူမနှင့် ဝေကုချန်း၊ ချူချန်ဖုန်း၊ ဖန်ထျန်းဇုန်နှင့် အရိပ်ကြယ်၏ အခြား လူငယ် ပါရမီရှင်များကြားတွင် ကွာခြားချက်ကြီးတစ်ခု ရှိနေပေသေးသည်။
“ငါသူ့ကို ကူညီပေးလိုက်ရင် ဘာရမှာမို့လို့လဲ။ ဘာမှ ဆုံးရှုံးစရာတော့ မရှိတဲ့ပုံပဲ။ ဒါပေမယ့် ရစရာရှိတဲ့ပုံလည်း မပေါ်ဘူး” ရန်ကိုင်က ယန်ယန်အား ထူးထူးဆန်းဆန်း ကြည့်လိုက်သည်။
ဝူရီက ပြုံးဖြီးဖြီးဖြင့် “ဘာမှ ဆုံးရှုံးစရာ မရှိတာနဲ့တင် လုံလောက်နေပြီလေ။ ဘာရနိုင်မလဲ ဆိုတာကတော့… သူ့အပေါ် အကြွေးတစ်ခု တင်သွားတာပေါ့။ အခုလောလောဆယ် သူသိပ် အဆင်မပြေသေးပေမယ့် အနာဂတ်ဆိုတာ အတိအကျ ပြောနိုင်တာ မဟုတ်ဘူးလေ။ သူတစ်နေ့ ကျော်ကြားရင်လည်း ကျော်ကြားလာနိုင်တာပဲ၊ မဟုတ်ဘူးလား။ အဲ့အခါကျ သူ့လို မိန်းမ တစ်ယောက်နဲ့ ဆက်ဆံရေးတစ်ခု တည်ဆောက်ထားနိုင်တာ နဂါးလိုဏ်ဂူတောင်ရဲ့ တိုက်တက်မှုကို အကူအညီ ဖြစ်စေနိုင်တယ်လေ။ ပြီးတော့ အစ်မ ယန်ယန်ဆီမှာလည်း သူ့ကိုယ်ပိုင် အစီအစဉ် တစ်ခုခု ရှိနေတဲ့ပုံပဲ”
ရန်ကိုင် ယန်ယန်ဘက် လှည့်ကြည့်မိလိုက်သည်။
ယန်ယန်က ခေါင်းညိတ်၍ ပြန်မေးလိုက်လေသည် “ဖန်သွေးရောင်ဂိုဏ်းက ပုံရိပ်တစ်ထောင်ဖန်သွေးတောင် အကြောင်း နင်ကြားဖူးလား”
ရန်ကိုင် ခေါင်းခါလိုက်သည်။ အရိပ်ကြယ်ပေါ်ရှိ အင်အားစုများအကြောင်း သူသိပ်မသိ။ သို့သော် ယန်ယန်က ထိုအကြောင်း စကားစလာသဖြင့် သူမ အစီအစဉ်သည် ထိုအရာနှင့် တစ်ခုခု ပက်သက်နေရပေလိမ့်မည်။
“ပုံရိပ်တစ်ထောင်ဖန်သွေးတောင်ဆိုတာ ပုံရိပ်တစ်ထောင်ဖန်ကနေ သဘောဝအတိုင်း ဖြစ်လာတဲ့ ရတနာတစ်ခုပဲ။ အဲ့ဒါက ဖန်သွေးရောင်ဂိုဏ်းရဲ့ အတွင်းပိုင်းမှာ ရှိနေတာ။ ဖန်သွေးရောင်ဂိုဏ်းကို အဲ့နေရာမှာ တည်ထားတယ်ဆိုတာကလည်း ပုံရိပ်တစ်ထောင်ဖန် ကြောင့်ပဲ။ ပုံရိပ်တစ်ထောင်ဖန်က မှော်ရတနာတွေ လုပ်တဲ့ နေရာမှာ အရမ်းအသုံးဝင်တဲ့ ပစ္စည်းတစ်ခုပဲ။ အဲ့ဖန်မှာ အလိုလို ပြန်ကောင်းနိုင်တဲ့ စွမ်းရည်ပါတယ်။ ငါအခု အဲ့ဖန်တွေ အများကြီး လိုနေတယ်” ယန်ယန်က အလေးအနက် အမူအရာဖြင့် ပြောလိုက်သည်။
ရန်ကိုင် သည်းလှိုက်အူလှိုက် ရယ်မောလိုက်ပြီး “အဲ့လိုဆိုရင်တော့ ငါနင့်ကို ဘာမှ ကူညီပေးနိုင်မှာ မဟုတ်ဘူး။ ဖန်သွေးရောင်ဂိုဏ်းကို ဖန်သွေးတောင်ကြောင့် အဲ့မှာ တည်ဆောက်ထားတယ် ဆိုမှတော့ ဂိုဏ်းအကြီးအကဲတွေက သူတို့ရဲ့ အဖိုးတန် ရတနာကို ငါ့ကို ဘယ်လိုလုပ်ပြီး အလကား ပေးမှာလဲ”
“သူတို့ကတော့ ဘယ်ပေးပါ့မလဲ။ ငါတို့ကလည်း မတတ်နိုင်ဘူးလေ” ယန်ယန်က နှာခေါင်းရှုံ့လျက် “နင်မသိလို့။ ပုံရိပ်တစ်ထောင်ဖန်က အရိပ်ကြယ်ပေါ်မှာ အရမ်း ကျော်ကြားတာ။ ဖန်သွေးရောင်ဂိုဏ်းက အဲ့တောင်ကို အစီအရင် အမြူတေအဖြစ် အသုံးပြုပြီး အခြားသူတွေရဲ့ ဝိဥာဉ်ကို ချုပ်နှောင်နတ်တဲ့ ရောင်စဉ်ဖန်အလင်းတန်းကို ထုတ်လွှတ်နိုင်တယ်။ အခက်အခဲတွေ အများကြီး ကြုံခဲ့ရပေမယ့် ဖန်သွေးရောင် အခုထိ မပျက်မစီးပဲ ရှိနေနိုင်သေး အဲ့ဖန်တောင်ကြောင့်လို့တောင် ပြောလို့ရတယ်။ ပြီးတောင် အဲ့တောင်ကနေ ဖန်တုံးလေး တစ်တုံး ဖြတ်ထုတ်ဖို့ဆိုတာ အရမ်းအရမ်းခက်တယ်။ ဖန်သွေးရောင်ဂိုဏ်းတောင် တစ်နှစ်မှ ဖန်တုံးလေး နည်းနည်းပဲ ဖြတ်ထုတ်လို့ရတယ်။ အဲ့လို ဖြတ်ထုတ်လို့ရတဲ့ ဖန်အများစုကို သူတို့အတွက် သုံးပြီး ကျန်နည်းနည်းကိုတော့ ကြောက်မခန်းလိလိ ဈေးနှုန်းနဲ့ ပြန်ရောင်းတာပေါ့။ အဲ့ဒါတောင် အဲ့ဖန်ကို လိုချင်နေတဲ့ အင်အားစုတွေက အများကြီးပဲ။ အခု ငါတို့လုံးဝ မွဲနေတာဆိုတော့ အဲ့ဖန်ကို ဝယ်ဖို့က လုံးဝ မဖြစ်နိုင်ဘူး”
“ငါတို့ မွဲပြန်ပြီလား” ရန်ကိုင် မှင်သက်သွားခဲ့သည်။ မကြာသေးခင်ကပင် ယန်ယန်နှင့် ဝူရီ မှော်ရတနာအချို့ကို သွားလေလံတင်သည် မဟုတ်လား။ သူတို့ သူတော်စင် သလင်းကျောက် မည်မျှ ရလာခဲ့သလဲ ရန်ကိုင် မသိသော်ငြား နည်းမည်တော့ မထင်။ ထိုသို့ဆိုလျှင် သူ့တို့ ဘာကြောင့် ထပ်မွဲသွားရပြန်လေသတုန်း။
ယန်ယန်က ရှက်ကိုးရှက်ကန်း အမူအရာဖြင့် ပြန်ပြောလိုက်လေသည် “အစီအရင် ခင်းကျင်းဖို့ လိုအပ်တဲ့ ပစ္စည်းပမာဏက အရမ်း များလွန်းတယ်။ နင်က ငါတို့ကို မှော်ရတနာတွေ သွားမရောင်းခိုင်းတော့ အခု ငါတို့မှာ ငွေရပေါက် မရှိတော့ဘူးလေ”
“ငါတို့မှာ ငွေမရှိဘူး ဆိုရင်တောင် မှော်ရတနာတွေ ထပ်ရောင်းလို့ မဖြစ်ဘူး” ရန်ကိုင်က အလေးအနက်ထားကာ ပြောလိုက်ပြီး သက်ပြင်းရှည်ကြီးချလျက် “အနည်းဆုံး ငါတို့ လုံလုံလောက်လောက် မသန်မာသေးခင်အထိ မှော်ရတနာကို ထပ်ရောင်းလို့ မဖြစ်ဘူး”
“ငါသိတယ်” ယန်ယန်ကလည်း စိတ်ကောက်နေသည့် ကလေးပုံစံဖြင့် ပြန်ပြောသည်။ သူမတွင် လေလံတင်ရောင်းရန်အတွက် ပြုလုပ်ထားသည့် မှော်ရတနာ အခုတစ်ရာ့ရှစ်ဆယ် ရှိပေသည်။ သို့သော် ရန်ကိုင်က ထပ်မရောင်းခိုင်းတော့သဖြင့် ယန်ယန်လည်း ထိုမှော်ရတနာများကို သိမ်းထားရုံသာ တတ်နိုင်ခဲ့သည်။
“အဲ့ပုံရိပ်တစ်ထောင်ဖန်အကြောင်း နည်းနည်းလောက် ထပ်ပြောပြပါလား” ရန်ကိုင်က ယန်ယန်အား ပြုံးလျက်ကြည့်၍ မေးလိုက်သည် “နင်ဘာလုပ်ချင်နေတာလဲ။ ဂိုဏ်းအကြီးအကဲတွေ ရှိနေတာကို အဲ့ဖန်ကို နင်ဘယ်လိုယူမှာလဲ”
ယန်ယန်က အဓိပ္ပါယ်ပါပြုံးလိုက်ပြီး လက်ခုပ်လေး တီးလိုက်လေသည် “ရှောင်ရှောင်”
ယန်ယန် ခေါ်လိုက်သည်နှင့် တစ်ပြိုင်နက် မြေကြီးထဲမှ မီးခိုရောင်ပုံရိပ်တစ်ခု ခုန်ထွက်လာပြီး သူတို့သုံးယောက်ရှေ့တွင် မလှုပ်မယှတ် ရပ်နေလိုက်သည်။ လက်ကြီးနှစ်ဖက်ကို မြေကြီးပေါ်သို့ တွဲလောင်းချလျက် ယန်ယန်အား ဘာမှနားမလည်သည့် အမူအရာဖြင့် ကြည့်နေလိုက်သည်။
ရန်ကိုင်၏ ကျောက်တုံးရုပ်သေးရုပ်ပင် ဖြစ်လေသည်။
ကျောက်တုံး ရုပ်သေးရုပ်ကို မြင်လိုက်သည်နှင့် ယန်ယန် ဘာကြံနေလဲ ဆိုသည်ကို ရန်ကိုင် ချက်ချင်း နားလည်သွားသည်။
“ရှောင်ရှာင်က ငါခင်းကျင်းထားတဲ့ အစီအရင်တွေ အကုန်လုံးကို ကျော်ဖြတ်နိုင်တာ ဖန်သွေးရောင်ဂိုဏ်းရဲ့ တားမြစ်နေရာတွေကိုလည်း အလွယ်တကူ ကျော်ဖြတ်နိုင်မှာ အသေအချာပဲ။ အဲ့ဂိုဏ်းမှာ ရှိတဲ့ အစီအရင်တွေက ငါခင်းကျင်းထားတဲ့ အစီအရင်တွေထက် ပိုကောင်းမယ်လို့ ငါမထင်ဘူး။ နင်သာ ရှောင်ရှောင်ကို ခေါ်သွားမယ်ဆိုရင် ပုံရိပ်တစ်ထောင်ဖန် နည်းနည်းပါးပါးလောက် တူးထုတ်လာဖို့က အသာလေးပဲ”
ယန်ယန်၏ အစီအစဉ်ကို ကြားလိုက်ချိန် ရန်ကိုင်၏ ကျောပြင်တစ်ခုလုံး ချွေးအေးတို့ဖြင့် စိုရွှဲသွားခဲ့သည်။
ဖန်သွေးရောင်ဂိုဏ်းတော့ ကံဆိုးမိုးမှောင်ကျလေပြီ။ ဖန်သွေးရောင်ဂိုဏ်းသည် သူတို့ ခင်းကျင်းထားသည့် မြောက်မြားလှစွာသော အစီအရင်၊ အရံအတားများကြောင့် ဖန်သွေးတောင်ကို လုံလုံခြုံခြုံ ထားနိုင်ပြီဟု ထင်နေပေလိမ့်မည်။ သို့သော် ဤလောကတွင် ကျောက်တုံးရုပ်သေးရုပ် ကဲ့သို့ ထူးဆန်းလှသော သက်ရှိတစ်မျိုး ရှိနေလိမ့်မည်ဟု သူတို့ မည်ကဲ့သို့ ထင်ပါမည်နည်း။
သူခိုးခိုးခံရမည်ကို မကြောက်သည့်လူပင် သူတို့ အဖိုးတန်စည်းစိမ်များ အကြောင်း သူခိုးများ တွေးနေမည်ကို ကြောက်သင့်ပေသည် ဆိုသော ဆိုရိုးစကားလည်း ရှိသည် မဟုတ်ပေလော။ ပုံရိပ်တစ်ထောင်ဖန်သွေးတောင်ကို ယန်ယန် မျက်စိကျနေလေပြီ။
ကျောက်တုံးရုပ်သေးရုပ်တွင် တွင်းထွက်သတ္တုရိုင်များကို ဝါးမြိုနိုင်သည့် မွေးရာပါ စွမ်းရည် ရှိသည်။ ပုံရိပ်တစ်ထောင်ဖန်သည် ပန်းပဲထုရာတွင် အသုံးဝင်သဖြင့် ကျောက်တုံး ရုပ်သေးရုပ်လည်း ပုံရိပ်တစ်ထောင်ဖန်ကို ဝါးမြိုနိုင်လောက်ပေသည်။ ကျောက်တုံး ရုပ်သေးရုပ်သည် သဲလွန်စမကျန်ဘဲ ဝင်ထွက်သွားလာနိုင်သည်။ ကျောက်တုံးရုပ်သေးရုပ်ဆီမှ မည်သည့် အသက်ဓါတ်ကိုမှ အာရုံမခံနိုင်။ ထို့ကြောင့် တန်ခိုးရှင် တတိယအဆင့်ပင်လျှင် ကျောက်တုံးရုပ်သေးရုပ်ကို သတိပြုမိလိမ့်မည် မဟုတ်ချေ။
ရန်ကိုင် အနေဖြင့် ကျောက်တုံးရုပ်သေးရုပ်နှင့်အတူ ဖန်သွေးရောင် ဂိုဏ်းအကြီးအကဲများ သူတို့၏ ဖန်သွေးတောင် တူးထုတ်ခံထားရသည်ကို သတိမပြုမိဘဲ ဖန်သွေးတောင်ဂိုဏ်းမှ ထွက်လာနိုင်လောက်ပေသည်။
“ငါပုံရိပ်တစ်ထောင်ဖန်ကို လိုချင်နေတာကြာပြီ။ အခွင့်အရေး မရလို့။ အခု နင့်ရှေ့ကို အခွင့်အရေးတစ်ခု ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာပြီ ဆိုမှတော့ လုံးဝ လက်လွတ်ခံလို့ မဖြစ်ဘူး” ယန်ယန်က ရန်ကိုင်အား တောက်ပစွာ စိုက်ကြည့်ရင်း ပြောလိုက်သည်။
“နင်ပုံရိပ်တစ်ထောင်ဖန်နဲ့ ဘာလုပ်ချင်နေတာလဲ” ရန်ကိုင်က မျက်မှောင်ကြုတ်၍ ပြန်မေးလိုက်သည်။ ယခုကိစ္စသည် အခြားဂိုဏ်းဆီသို့ သွားပြီး ရတနာသွားခိုးခြင်း ဖြစ်သည်။ မိသာမိသွားခဲ့လျှင် တကယ်ကို သောက်ပြဿနာ အကြီးကြီး တက်မည့် ကိစ္စပင်။ ထို့ကြောင့် ပုံရိပ်တစ်ထောင်ဖန်ကို ယန်ယန် အရေးတကြီး မလိုအပ်လျှင် သူမစွန့်စားချင်ချေ။
“အထူးရတနာတစ်ခုကို သန့်စင်ချင်လို့” ယန်ယန်က ပြုံး၍ ပြန်ပြောလိုက်သည်။ သို့သော် အသေးစိတ်တော့ ပြောမသွားခဲ့ချေ “အခုလောလောဆယ် ပြောဖို့တော့ အဆင်မပြေသေးဘူး။ ဒီဇိုင်းတောင် ဆွဲလို့ ပြီးသေးတာ မဟုတ်သေးဘူး။ အဓိကကတော့ ပန်းပဲထုတာနဲ့ အစီအရင် ဗဟုသုတတွေ မလုံလောက်သေးတာပဲ။ ဒါပေမယ့် အဲ့ပစ္စည်းသာ ပြီးသွားခဲ့မယ်ဆိုရင် နင့်အတွက်လည်း အသုံးဝင်လိမ့်မယ်။ အဲ့အချိန်ကျ နင်ရွေးချယ်ခဲ့တဲ့ ဆုံးဖြတ်ချက် မှန်သွားပါလား ဆိုပြီးတော့တောင် ပျော်ချင်ပျော်နေမှာ”
“ပြောလို့ အဆင်မပြေတာလား” ရန်ကိုင် ခါးသက်စွာ ပြုံးလိုက်သည်။ သူ့နားရှိ အမျိုးသမီး အားလုံးသည် သူ့အား မည်သည့် လျှို့ဝှက်ချက်မှ မပြောချင်သည့် ရောဂါ ကူးစက်နေသည့်ပုံပင်။
“နင်ဖန်သွေးရောင်ဂိုဏ်းဆီ သွားကိုသွားရမယ်”
“ငါထပ်စဉ်းစားကြည့်လိုက်မယ်” ရန်ကိုင်လည်း ယန်ယန် ပြောသလို လုပ်ချင်မိသော်ငြား ယုခုကိစ္စသည် ပေါ့သေးသေးကိစ္စတစ်ခု မဟုတ်သဖြင့် သေချာစဉ်းစားရန် လိုအပ်ပေသည်။
“လုပ်ပါနော်၊ နော်၊ နော်လို့” ယန်ယန်က သူမသိုလှောင်လက်စွပ်ထဲမှ တစ်ခုခုကို ထုတ်၍ ရန်ကိုင်ရှေ့တွင် လှုပ်ပြလိုက်သည် “သွားရင်းနဲ့ ဒါလည်း ရှာလို့ရတယ်လေ။ ကံကောင်းရင် အခု ငါတို့ ငွေကြေးအခက်အခဲကို ဖြေရှင်းနိုင်လိမ့်မယ်”
ယန်ယန် ကိုင်ထားသည့် အရာကို မြင်ပြီးနောက် ရန်ကိုင် သဘောတူချင်မိသွားသည်။
“အစ်ကိုရန်၊ နင်သဘောတူသင့်တယ်။ နင်အခု တံခါးပိတ်ကျင့်စဉ် ဝင်နေတာ တော်တော်လေး ကြာပြီးဆိုတော့ အပြင်ထွက်ပြီး လှုပ်လှုပ်ရှားရှားလေးလုပ်ဖို့ သင့်နေပြီ။ ဒီခရီးကနေ မမျှော်လင့်ထားတဲ့ အကျိုးအမြတ်တွေလည်း ရရင် ရနိုင်တာပဲ။ ဘယ်သူ ပြောနိုင်မှာလဲ” ဝူရီကလည်း ဝင်ပြောလိုက်သည်။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၂၆၈)
နဂါးလိုဏ်ဂူတောင်၊ တိုက်ယွမ် နေနေသော အိမ်လေးအတွင်း၌၊ တိုက်ယွမ်သည် ဒုတိယအထပ်၏ ပြတင်းပေါက်ဘေးဘောင်ပေါ်တွင် လက်တင်၍ မေးထောက်ရင်း အပြင်ဘက်ရှိ ရှုခင်းများကို ကြည်နေခဲ့သည်။
နဂါးလိုဏ်ဂူတောင်တွင် နေသည့်လူ များများစားစား မရှိသဖြင့် ဤနေရာလေးသည် အတော်လေးကိုမှ တိတ်ဆိတ်ငြိမ်းချမ်းပေသည်။ အားလုံး၏ ကျင့်ကြံခြင်းသည် သိပ်မမြင့်သော်ငြား အကုန်လုံးသည် ကြိုးစား ကျင့်ကြံကြသည်။ အလေမလိုက်ကြ။ သူတို့ အချိန်အများစုကို ကျင့်ကြံရင်းဖြင့်သာ ကုန်ဆုံးနေကြသည်။ နဂါးလိုဏ်ဂူတောင်၏ ကိစ္စများကို ကူညီဖြေရှင်း ပေးရသူများနှင့် အစောင့်အကြပ်များသာ ဟိုသွားဒီသွား လုပ်နေကြသည်။
ယနေ့သည် ရန်ကိုင် သူမအား အကြောင်းပြန်မည်ဟု ပြောထားသည့် သုံးရက်မြောက်နေ့ ဖြစ်ပေသည်။ ထို့ကြောင့် တိုက်ယွမ် အတော်လေးကိုမှ စိုးရိမ်နေမိသည်။ စိတ်မငြိမ်တော့သည့် အတွက်ကြောင့် ကောင်းကောင်း မကျင့်ကြံနိုင်တော့သဖြင့် ပြတင်းပေါက်ဘေးတွင် လာထိုင်ရင်း ရန်ကိုင်လာမည့် အချိန်ကို စောင့်နေလိုက်သည်။
သူမ မျှော်လင့်ထားသလို ဖြစ်လာနိုင်ချေ အလွန် နည်းပါးသော်လည်း လက်မလျှော့ချင်သေး။
နေထွက်လာလေပြီ။ နွေးထွေးသော နေရောင်သည် နဂါးလိုဏ်ဂူတောင်ပေါ် ဖြာကျနေရာ တောင်တစ်ခုလုံးသည် နေရောင်တလက်လက်ဖြင့် အလွန်ကိုမှ လှပေသည်။ ဤနေရာသည် တံခါးပိတ်ကျင့်ကြံဖို့ရာအတွက် အလွန်ကိုမှ ကောင်းမွန်သည့် နေရာတစ်ခု ဖြစ်ကာ တိုက်ယွမ် လက်ရှိ နေထိုင်နေသည့် ပုံရိပ်တစ်ထောင်တောင်ထွတ်အောက်ပင် အများကြီး နိမ့်ကျခြင်း မရှိချေ။
ထိုလူအနည်းငယ်လေးသည် ဘာမှဖြစ်ထွန်းခြင်း မရှိသော ဤတောင်ဂတုံးအား နေချင်စဖွယ်ဖြစ်အောင် မည်ကဲ့သို့ ပြောင်းလိုက်သလဲ ဆိုသည်အား တိုက်ယွယ် တကယ်ကို နားမလည်နိုင်ချေ။ ယခင်က ဤနေရာသည် မည်သူမှ စိတ်မဝင်စားသည့် နေရာတစ်ခု ဖြစ်သော်လည်း ယခုမှ လူတိုင်း လာနေချင်သည့် မိုးမြေစွမ်းအင် သိပ်သည်းကြွယ်ဝသည့် ကျင့်ကြံသူများအတွက် သုခဘုံတစ်ခု ဖြစ်လာခဲ့လေပြီ။
သို့သော် ဤနေရာရှိ ကျင့်ကြံသူများသည် အပြင်လူများကို လက်မခံသလို အင်အား ချဲ့ထွင်ရန်လည်း မကြိုးစားကြချေ။ သူတို့ဘာသာ အေးအေးဆေးဆေးသာ ကျင့်ကြံနေသည်။
ထိုကဲ့သို့ လုပ်သည်မှာလည်း ကောင်းပေသည်။ တကယ်တော့ ဤနေရာသည် လအရိပ်ခန်းမ၏ ထိန်းချုပ်မှုအောက်တွင် ရှိနေသည့် နေရာများအနက် တစ်ခု ဖြစ်နေသည် မဟုတ်ပေလော။ သူတို့သာ ဤနေရာတွင် အင်အားစုတစ်ခု တည်ထောင်မည် ဆိုပါက လအရိပ်ခန်းမ မည်ကဲ့သို့ ထိုင်ကြည့်နေမည်နည်း။
ထိုအချက်အားလုံးကို စဉ်းစားပြီးသော် တိုက်ယွမ် အသာအယာ ရယ်မောလိုက်သည်။ ရန်ကိုင်သည် အကင်းပါးသည့် လူတစ်ယောက် ဖြစ်လေရာ ထိုကဲ့သို့ ကိုယ်သေလမ်း ကိုယ်ရှာသည့် လုပ်ရပ်မျိုး လုပ်လိမ့်မည် မဟုတ်ချေ။
သူမဘာသာ ရောက်တတ်ရာရာ လျှောက်တွေးနေပြီးနောက် မြင့်တက်လာနေသော နေမင်းကို လှမ်းကြည့်လိုက်သည်။ ထို့နောက် အောက်သို့ ပြန်ငုံ့ကြည့်သည်။ သို့တိုင် သူမ စောင့်နေသော လူအရိပ်အယောင်ကို မမြင်ရသေးချေ။
တိုက်ယွမ် သက်ပြင်းချလိုက်သည်။ ဆက်စောင့်နေလျှင်လည်း အချိန်ဖြုန်းရာသာ ရောက်မည်ဖြစ်ကြောင်း နားလည်လိုက်သည်။ သို့သော် ရန်ကိုင်အား မုန်းတီးခြင်း မရှိသလို မကျေနပ်ခြင်းလည်း မရှိချေ။ ရင်ထဲ ခါးသက်သက်သာ ခံစားနေမိသည်။ ကူကယ်ရာလည်း မဲ့နေမိသည်။ ထို့ကြောင့် စိတ်ပျက်ပျက်ဖြင့် ထွက်သွားတော့မည်အပြု၊ သူမ၏ အမူအရာ ရုတ်တရက် ပြောင်းလဲသွားပြီး ပြတင်းပေါက်ဆီ ပြန်လှည့်ကြည့်လိုက်လေသည်။
ထိုအခိုက် တိုက်ယွမ်၏ မျက်ဝန်းများ တောက်ပသွားပြီး ထိတ်လန့်မှု၊ ပျော်ရွှင်မှုတို့ သူမ၏ မျက်ဝန်းနက်ထဲ လှိုက်တက်လာခဲ့သည်။ သူမ၏ အကြည့်သည် တရွေ့ရွေ့ နီးကပ်လာနေသော လူရိပ်ကိုသာ မမှိတ်မသုံ စိုက်ကြည့်နေသည်။
“အစ်မတိုက်ယွမ်၊ မင်္ဂလာနံနက်ခင်းပါ” ရန်ကိုင်က ပြုံး၍ လက်ဝှေ့ရမ်းလျက် လှမ်းနှုတ်ဆက်လိုက်သည်။
ရန်ကိုင် စကားကို ကြားကြားချင်း တိုက်ယွမ် ကြောင်သွားခဲ့သည်။ သို့သော်လည်း ချက်ချင်းပဲ ပြုံး၍ ပြန်နှုတ်ဆက်လိုက်ပါသည် “မင်္ဂလာနံနက်ခင်းပါ မောင်လေးရန်၊ ခဏလေးစောင့်နော်၊ ငါအခုပဲ ဆင်းလာခဲ့မယ်”
ပြောပြီးသည်နှင့် ဒုတိယထပ်မှ ချက်ချင်းပဲ အောက်သို့ ပြေးဆင်းသွားလေသည်။ တည်ငြိမ်ချင်ယောင် ဆောင်သော်လည်း စိတ်အလွန်ကိုမှ လှုပ်ရှားနေမိသလို စိုးလည်း စိုးရိမ်းနေမိသည်။
ရန်ကိုင် သူမ၏ တောင်းဆိုချက်ကို သဘောတူမည်လား၊ သဘောမတူဘူးလား ဆိုသည်ကို တိုက်ယွမ် မသိ။ သို့သော် သဘောမတူဘူးဆိုလျှင် သူမဆီသို့ အစောကြီးလာစရာ အကြောင်းမရှိ။ သို့သော်လည်း ဟိုတစ်နေ့မှ ရန်ကိုင်၏ အပြုအမူအရာ သူမ၏ တောင်းဆိုချက်ကို ငြင်းမည် ဆိုလျှင်ပင် တိုက်ယွမ် အံ့ဩနေလိမ့်မည် မဟုတ်ချေ။
သိုသော်လည်း သူဘောတူခဲ့လျှင် ဘာကြောင့် သဘောတူလိုက်ရသနည်း။ လွန်ခဲ့သော သုံးရက်ခန့်က ရန်ကိုင်၏ သဘောထားသည် သူမ၏ တောင်းဆိုချက်ကို သဘောမတူဘူးဟု ပြောနေသည် ဖြစ်လေရာ မည်သည့် အရာကများ သူ့သဘောထားကို ပြောင်သွားစေခဲ့သနည်း။ ရန်ကိုင် သဘောထားပြောင်းသွားအောင် သူမ တစ်ခုခု လုပ်ခဲ့သည်ဟု တိုက်ယွမ် မထင်။
ထိုအဖြေရှာမရသည့် အတွေးများဖြင့် ယောင်လည်လည် ဖြစ်နေရင်း မကြာမီ အောက်ထပ်သို့ တိုက်ယွမ် ရောက်လာခဲ့သည်။ ရန်ကိုင်နှင့် အကြည့်ချင်း ဆုံလိုက်သည့်အခိုက် တိုက်ယွမ် ပြောစရာစကား မဲ့သွားခဲ့ရသည်။
“အစ်မတိုက်ယွမ်၊ သယ်စရာတွေ ဘာတွေ ရှိသေးလား။ မရှိရင် အခုပဲ သွားကြတာပေါ့” ရန်ကိုင်က ပြုံး၍ ပြောလိုက်သည်။
“အာ” တိုက်ယွမ်မှာ အလွန်ကိုမှ အံ့ဩသွားသဖြင့် ဘာပြန်ပြောလို့ ပြောရမှန်းမသိ မှင်သက်စွာဖြင့် ရပ်နေမိလိုက်သည်။
ရန်ကိုင်က ရယ်သွမ်းသွေး၍ ဆက်ပြောလိုက်သည် “ဘာဖြစ်လို့လဲ။ အစ်မတိုက်ယွမ်ပဲ ငါ့ကို ဖန်သွေးရောင်ဂိုဏ်းဆီ အတူလိုက်စေချင်တာ မဟုတ်ဘူးလား။ ဘာလဲ၊ နဂါးလိုဏ်ဂူတောင်ရဲ့ ရှုခင်းတွေက အရမ်းလှနေလို့ မခွဲခွာနိုင် ဖြစ်နေတာလား။ အဲ့လိုဆိုရင် နောက်နည်းနည်းလောက်ကြာမှ သွားကြမလား။ ရှုခင်းတွေ ဆက်ကြည့်ချင်သေးရင် ကြည့်လေ”
“မ… မဟုတ်ဘူး” တိုက်ယွမ်က သူမလက်ကို ကမန်းကတန်း ဝှေ့ရမ်းလျက် အံ့အားသင့်တကြီး ပြန်ပြောလိုက်သည် “ဒီနေရာက ရှုခင်းတွေက အရမ်းလှတယ် ဆိုပေမယ့်…”
“ငါဘာလို့ အစ်မတိုက်ယွမ်နဲ့ လိုက်ဖို့ သဘောတူလိုက်လဲ ဆိုတာကို သိချင်နေတာမလား” ရန်ကိုင်က တိုက်ယွမ် ဝေခွဲမရ ဖြစ်နေသည့် မေးခွန်းကို တန်းပြောလိုက်သည်။
ရန်ကိုင် စကားကြောင့် တိုက်ယွမ် ရှက်သွားခဲ့သည်။ သူမကပင် ရန်ကိုင်အား ဖန်သွေးရောင်ဂိုဏ်းသို့ လိုက်ရန် သွားဖိတ်ခေါ်ခဲ့သည်။ ရန်ကိုင်က လိုက်ပါမည်ဟု သဘောတူလိုက်သည့် အခါတွင် သူ့အား သွားသံသယဝင်နေပြန်သည်။
“ရှင်းပါတယ်” ရန်ကိုင်က ထိုမေးခွန်းအတွက် အကြောင်းပြချက် ကြိုရှာပြီးသွားလေပြီ “သဲမီးတောက်နယ်မြေက ပြန်ရောက်ကတည်းက တောက်လျှောက် တံခါးပိတ်ကျင့်နေတာ။ အခု အပြင်ထွက်ပြီး နည်းနည်းလေး အကြောအချဉ် လျှော့မလားလို့။ ငါ့ကျင့်ကြံခြင်းမှာလည်း အဆင့်တစ်ဆို့နေတာဆိုတော့ ဆက်ပြီး တံခါးပိတ်ကျင့်ကြံနေလည်း တိုးတက်လာတော့မှာ မဟုတ်ဘူး။ ငါဘယ်ကလာလဲ ဆိုတာကို အစ်မတိုက်ယွမ် သိတယ်မလား။ ဒီကဂိုဏ်းတွေ အကြောင်း ငါသိပ်သိတာ မဟုတ်ဘူး။ အခု အခွင့်အရေးရတုန်းလေး အစ်မတိုက်ယွမ်ကို ကူညီရင်းနဲ့ ဖန်သွေးတောင်ဂိုဏ်းကို တစ်ချက်လောက် လိုက်ကြည့်မလားလို့”
ထိုစကားကို ကြားလိုက်သည့်အခါ တိုက်ယွမ်ရှိ သံသယအားလုံး ကင်းရှင်းသွားခဲ့သည်။ နွေးထွေးစွာ ပြန်ပြုံးလျက် “ငါနားလည်ပြီ။ ဖန်သွေးရောင်ဂိုဏ်းက အားမနည်းဘူး ဆိုပေမယ့် ကောင်းကင်တိုက်ပွဲ အစည်းအရုံးတို့၊ မိုးကြိုးမုန်တိုင်းဂိုဏ်းတို့နဲ့ ယှဉ်လို့ မရသေးဘူး။ တစ်နေ့ ကောင်းကင်တိုက်ပွဲအစည်းအရုံး၊ မိုးကြိုးမုန်တိုင်းဂိုဏ်းတို့ဆီ ဂျူနီယာမောင်လေးရန် ရောက်သွားခဲ့လျှင် ငါတို့ ဖန်သွေးရောင်ဂိုဏ်းမှာ လိုအပ်ချက်တွေ ရှိနေသေးတယ်ဆိုတာ နားလည်လာလိမ့်မယ်။ ဒါပေမယ့် တံခါးပိတ်ကျင့်စဉ်ဝင်ပြီးတာနဲ့ အဆင့်တစ်ဆို့တဲ့ အခြေအနေနဲ့ ကြုံနေရတယ် ဆိုတာက ဂျူနီယာမောင်လေးရန် ဘယ်လောက်တော်ကြောင်း ပြနေတာပဲ”
တိုက်ယွမ် အမှန်အတိုင်း ပြောနေခြင်း ဖြစ်သည်။ ရန်ကိုင်နှင့် သဲမီးတောက်နယ်မြေထဲတွင် အတူသွားလာခဲ့စဉ် သူသည် သူတော်စင်ဘုရင် ပထမအဆင့်သာ ရှိသေးသည်။ သူမနှင့်ခွဲပြီး နောက်ပိုင်း ဘာတွေ ဖြစ်ပျက်ခဲ့သလဲ ဆိုသည်ကို တိုက်ယွမ် မသိသော်ငြား ရန်ကိုင် နောက်တစ်ဆင့်သို့ ချိုးဖျက်နိုင်ခဲ့သည့်ပုံပင်။ သိုသော်လည်း ယခုမူ နောက်တစ်ဆင့်သို့ ချိုးဖျက်သွားနိုင်ရုံမက သူတော်စင်ဘုရင် ဒုတိယအဆင့် အထွဋ်အထိပ်သို့ပင် ရောက်နေခဲ့ပြီ။
ရန်ကိုင် သဲမီးတောက်နယ်မြေထဲတွင် အတော်လေး ကံကောင်းခဲ့ပုံပင်။ မဟုတ်လျှင် သူ့ကျင့်ကြံခြင်း ဘာကြောင့် ထိုမျှ မြန်မြန် တိုးတက်လာရမည်နည်း။ တိုက်ယွမ် စိတ်ထဲ ကြိတ်တွေးနေလိုက်သည်။
သို့သော်လည်း ကျင့်ကြံရာတွင် အဆင့်တစ်ဆို့ခြင်း အခြေအနေနှင့် ကြုံတွေရပြီ ဆိုသည်နှင့် ဆက်လက် မကျင့်ကြံတော့ဘဲ လမ်းလျှောက်ထွက်ခြင်း၊ အတွေ့ရှာထွက်ခြင်းတို့ လုပ်လျှင် ပိုကောင်းသည်။
ထိုအချက်ကို နားလည်လိုက်သော် တိုက်ယွမ် ပြုံး၍ ပြန်ပြောလိုက်လေသည် “ဘာမှ သယ်စရာမရှိတော့ဘူး။ အခု ချက်ချင်း ထွက်လို့ရတယ်။ ဖန်သွေးရောင်ဂိုဏ်းက ဒီနေရာနဲ့ တော်တော်လေး ဝေးတာဆိုတော့ ဟင်းလင်းပြင်အစီအရင်ကို သုံးမယ်ဆိုရင်တောင် အနည်းဆုံး တစ်လလောက် ကြာလိမ့်မယ်”
“ဘာမှမဖြစ်ဘူး။ ငါလည်း အပြင်ထွက်ကြည့်ချင်နေတာပဲကို။ အိုဒါနဲ့ ပြောဖို့မေ့နေ့လို့။ အစ်မတိုက်ယွမ်နဲ့ သွားမှာ ငါတစ်ယောက်တည်း မဟုတ်ဘူး။ ယန်ယန်လည်း လိုက်ဦးမှာ။ အဆင်ပြေတယ်မလား” ရန်ကိုင်က ရုတ်တရက် မေးလိုက်သည်။
“ညီမယန်ယန်လား။ ဘာလို့ အဆင်မပြေရမှာလဲ။ အဆင်ပြေတာပေါ့” တိုက်ယွမ် ချက်ချင်း သဘောတူလိုက်လေသည်။ ထို့နောက် လှည့်ကြည့်လိုက်ရာ အနက်ရောင်ဝတ်ရုံကို ခြုံထားသည့် ယန်ယန်ကို တွေ့လိုက်ရလေသည်။
ရန်ကိုင်က အရင် စရှင်းပြလိုက်သည် “ငါ့ဂျူနီယာညီမက အစီအရင်တွေကို အရမ်း စိတ်ဝင်စားတာဆိုတော့ အစ်မတိုက်ယွမ်ဂိုဏ်းက အစီအရင်ကို လိုက်ကြည့်ပြီး လေ့လာချင်လို့တဲ့။ အစ်မတိုက်ယွမ် နားမလည်လို့၊ မိန်းမတွေ… အဟမ်း။ သူက အတင်းလိုက်မယ် ပြောနေတော့ ငါလည်း အတူလိုက်ခိုင်းလိုက်တာ”
အစမူက မိန်းမများသည် အရမ်းကို ဂျီကျလွန်းသည်ဟု ပြောမလို့ပင်။ သို့သော်လည်း ပါးစပ်ဟလိုက်သည်နှင့် သူ မဟာအမှားကြီးတစ်ခုကို လုပ်လိုက်မိပြီမှန်း နားလည်လိုက်သဖြင့် ချက်ချင်းပဲ ပြောမည့်စကားများကို ချက်ချင်း ပြန်မျိုချလိုက်လေသည်။ တိုက်ယွမ်လည်း ရန်ကိုင်အား အကြည့်စူးစူးဖြင့် တစ်ချက် ကြည့်လိုက်သည်။
တိုက်ယွမ်လည်း မိန်းမတစ်ယောက် ဖြစ်သည်ကို ရန်ကိုင် မေ့နေခဲ့သည်။
ယန်ယန်သည် သူ့ဂျူနီယာညီမလေး ဖြစ်သည်ဟု အားလုံးကို ရန်ကိုင် ပြောထားသည်။
တိုက်ယွမ်က သဘောတူလိုက်သဖြင့် ရန်ကိုင်လည်း ယန်ယန်ကို လှမ်းခေါ်လိုက်သည်။ ပြီးနောက် သုံးယောက်စလုံး ကြယ်လွန်းပျံအသီးသီးကိုထုတ်၍ နဂါးလိုဏ်ဂူတောင်မှ ထွက်ခွာသွားကြလေသည်။
ရန်ကိုင်နှင့် ယန်ယန်တို့ ထွက်သွားဖြင့် နဂါးလိုဏ်ဂူတောင်ကို ထိန်းချုပ်ရန် ဝူရီ တစ်ယောက်သာ ကျန်တော့ပေသည်။ သို့သော်လည်း ယန်ယန် ခင်းကျင်းထားသည့် အစီအရင်များကြောင့် အလွန် အားကောင်းသော ရန်သူ တစ်ယောက်သာ ရောက်မလာသရွေ့ ဝူရီအနေဖြင့် နဂါးလိုဏ်ဂူတောင်ကို ကောင်းကောင်း ကာကွယ်ထားနိုင်ပေလိမ့်မည်။ သို့သော်လည်း သူတို့တွင် ရန်သူကြီးများ မရှိသဖြင့် နဂါးလိုဏ်ဂူတောင်အား တစ်ယောက်ယောက် လိုက်တိုက်မည်ကို စိုးရိမ်စရာ မလိုချေ။
မကြာမီ သူတို့သုံးယောက် ကောင်းကင်ကံကြမ္မာမြို့တော်ဆီသို့ ရောက်လာခဲ့သည်။
တိုက်ယွမ် ဤနေရာသို့ လာစဉ်က မည်သည့် ဟင်းလင်းပြင်အစီအရင်ကိုမှ မသုံးဘဲ တိုက်ရိုက် ပျံသန်းလာခဲ့ခြင်း ဖြစ်သည်။ သူမ ဤနေရာသို့ လာသည်ကို မည်သူမှ မသိဟု တိုက်ယွမ် ပြောခဲ့ခြင်းသည် လိမ်ပြောခဲ့ခြင်း မဟုတ်။ သူမ ဤနေရာသို့ ရောက်နေသည်ကို ဝေကုချန်း၊ တုန်ရွှမ်းအာတို့ပင် မသိချေ။
ဖန်သွေးရောင်ဂိုဏ်းမှ ပျံသန်းပြီးတော့သာ လာခဲ့ရသည့် အတွက်ကြောင့် အလွန် ကြာနေခဲ့ခြင်း ဖြစ်သည်။
ကံကောင်းစွာဖြင့် အရိပ်လခန်းမနှင့် မြက်သွေးရောင်းဂိုဏ်းသည် ဆက်ဆံရေးကောင်းသည့် ဂိုဏ်းများ ဖြစ်နေသည့်အပြင် တိုက်ယွမ်သည် တုန်ရွှမ်းအာတို့နှင်လည်း မိတ်ဆွေ ဖြစ်နေသည်။ ထို့ကြောင့် ကောင်းကင်ကံကြမ္မာမြို့တော်ရှိ ဟင်းလင်းပြင်အစီအရင်ကို အသုံးပြုနိုင်ခဲ့သည်။ လိုအပ်သော သူတော်စင်သလင်းကျောက်ကို ပေးချေပြီးနောက် ကောင်းကင်ကံကြမ္မာမြို့တော်မှ သူတို့ သုံးယောက် ထွက်လာခဲ့လေသည်။
ဟင်းလင်းပြင်အစီအရင် များစွာကို တောက်လျှောက် အသုံးပြုလာပြီးနောက် လက်ကျန်းခရီးကိုသာ ကြယ်လွန်းပျံဖြင့်သာ ဆက်သွားခဲ့ကြသသည်။
သွားသည့်နှုန်းမှာ အတော်လေး မြန်သော်ငြား လမ်းခရီးသည် အနည်းငယ် ခြောက်ကပ်ကပ် ဖြစ်နေသည်။
တိုက်ယွမ်သည် စကားများများစားစား ပြောတတ်သူမဟုတ်။ ရန်ကိုင်ဆီမှ အကူအညီ တောင်းချင်သည့် အတွက်ကြောင့်သာ မဟုတ်ပါက သဲမီးတောက်နယ်မြေထဲတွင် ရန်ကိုင်နှင့် မိတ်ဆွေဖွဲ့ရန် ကြိုးစားခဲ့လိမ့်မည် မဟုတ်ချေ။ ယန်ယန်ကမူ အလွန်ကို ကြောက်တတ်သည်။ လူအများရှေ့တွင် သိပ်မစကားမပြောတတ်သလို အခြားသူများကိုလည်း သိပ်စကားမပြောချေ။ လမ်းခရီးတစ်လျှောက်လုံး နှစ်ယောက်စလုံး ရန်ကိုင်အား စကားတစ်ခွန်း နှစ်ခွန်းလောက်သာ လာပြောကြသဖြင့် ဤခရီးသည် အတော့်ကိုမှ ခြောက်ကပ်နေပေသည်။
ထို့ကြောင့် ရန်ကိုင်လည်း ဆိတ်ဆိတ်နေလျက် ရွှေရောင်သွေးမျှင်အား လေ့လာရာတွင်သာ အာရုံစိုက်ထားလိုက်သည်။ ရန်ကိုင်သည် အချိန် တစ်စက္ကန့်လေးကိုပင် အလဟသ မဖြစ်စေဘဲ အကျိုးရှိရှိ အသုံးချခဲ့သည်။
ရွှေရောင်သွေးမျှင်များကို ပိုသန့်စင်လေ သွေးနတ်ဆိုးကျောင်းတော်၏ နတ်ဆိုးသွေးမျှင် ပညာရပ်ကို ပိုစိတ်ဝင်စားလာလေပင်။ ထိုပညာရပ်သည် သူ့အတွက်များ သီးသန့် ဖန်တီးထားသလားဟုပင် ထင်မှတ်ရသည်။ သို့သော် ပထမပိုင်းပဲ ရထားသည်မှာ ဆိုးပေသည်။
သို့ရာတွင် သွေးနတ်ဆိုးကျောင်းတော်မှ တပည့် တုန့်နင်နဲ့ ဆက်ဆံရေးတစ်ခု တည်ဆောက်ထားနိုင်သဖြင့် နောင်အနာဂတ်တွင် ဒုတိယပိုင်းကို ရနိုင်မည့် အခွင့်အရေးတစ်ခု ရလာနိုင်ပေသည်။ ထိုသို့ ရနိုင်ရန်အတွက် သူအားကောင်းနေရန် လိုအပ်ပေသည်။
ဤသို့ဖြင့် တစ်လဆိုသော အချိန်သည် အလျင်အမြန် ကုန်ဆုံးသွားခဲ့သည်။ ထိုတစ်လအတွင်း သူတို့ မည်သည့် အခက်အခဲနှင့်မှ မကြုံခဲ့ရချေ။
ယနေ့၊ ရန်ကိုင်သည် ကြယ်လွန်းပျံပေါ်တွင်ထိုင်လျက် ရွှေရောင်သွေးမျှင်များကို သန့်စင်နေစဉ် ရှေ့ဆုံးမှ ဦးဆောင်သွားနေသော တိုက်ယွမ်သည် သူမ၏ ကြယ်လွန်းပျံကို အရှိန် လျှော့ကာရပ်လိုက်သည်။
တိုက်ယွမ် ရပ်သွားသည်ကိုမြင်သော် ရန်ကိုင်လည်း ရပ်လိုက်သည်။ ယန်ယန်လည်း ထိုနည်းတူပင်။ ရပ်နေရာမှ အရှေ့ဘက်ဆီသို့ လှမ်းကြည့်လိုက်သည့်အခါ ဝေဝါးဝါး တောင်တောင်းဆက်ကြီး တစ်ခုကို လှမ်းမြင်လိုက်ရသည်။ ဖန်သွေးတောင် ထိုတောင်များအနက် တစ်တောင် ဖြစ်မည်ဟု တွေးလိုက်သည့်အခါ ရန်ကိုင်ရင်ထဲ မျှော်လင့်ချက်တို့ လှိုက်တက်လာခဲ့သည်။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၂၆၉)
“ရောက်တော့မယ်။ နောက်ထပ် မိုင်တစ်ထောင်လောက်ဆို ဖန်သွေးရောင်ဂိုဏ်း ဝင်ပေါက်ဆီ ရောက်ပြီ” တိုက်ယွမ်က နောက်လှည့် သတိပေးလိုက်ပြီး ချက်ချင်းပဲ ရှေ့သို့ ပျံသန်းသွားလေသည်။ သို့သော် တည့်တည့် မသွားဘဲ ဟိုမှ သည်သို့ ကွေပတ်သွားနေခဲ့သည်။ အစီအရင်များကို ရှောင်ရှားနေသည့်ပုံပင်။
ထိုအဖြစ်အပျက်ကြောင့် ရန်ကိုင် အံ့အားသင့်မနေခဲ့။ ဖန်သွေးရောင်ဂိုဏ်းသည် ဂိုဏ်းကြီး တစ်ဂိုဏ်းဖြစ်သည်။ ထို့ကြောင့် ဂိုဏ်းပတ်ပတ်လည်တွင် အစီအရင်များ ခင်းကျင်းထားသည်မှာ အထူးအဆန်း မဟုတ်ချေ။ ငွေကြေးအင်အား ပေါကြွယ်ဝသော ဂိုဏ်းများသာ ဂိုဏ်းစောင့် အစီအရင်ကြီးများ ခင်းကျင်းနိုင်ကြသည်။ သို့သော်လည်း ယန်ယန်ဆီ လှည့်ကြည့်လိုက်သည့်အခါ ယန်ယန်သည် ထိုအစီအရင်များအား အထင်အမြင်တသေးဖြင့် ကြည့်နေသည်ကို တွေ့လိုက်ရသည်။
သို့သော်လည်း ထိုအစီအရင်များသည် ယန်ယန်အတွက် အထင်သေးစရာ ဖြစ်သော်ငြား ရန်ကိုင်အတွက်တော့ မဟုတ်ချေ။ ရန်ကိုင်သာ ထိုအစီအရင်များထဲ ရောက်သွားပါက ခွန်အားသုံး၍ ချိုးဖျက်ပြီးမှာသာ ပြန်ထွက်လာနိုင်ပေလိမ့်မည်။
မိုင်တစ်ထောင်သည် သူတို့အတွက် သိပ်မဝေးလှ။ အမွှေးတိုင်တစ်ချောင်းစာအတွင်း စီတန်းနေသော တောင်စဉ်တေင်တန်းများဆီသို့ ရန်ကိုင်တို့သုံးယောက် ရောက်လာခဲ့သည်။
ရောက်သည်နှင့် တိုက်ယွမ်သည် ဧည့်ဝန်ကျေပွန်သည့် အိမ်ရှင်တစ်ယောက်နှယ် ရန်ကိုင်နှင့် ဘေးချင်းယှဉ်ပျံသန်းလျက် စိတ်အားတက်ကြွစွာဖြင့် ရှင်းပြလေတော့သည် “ဒီသလင်းတောင်တန်းက ငါတို့ ဖန်သွေးရောင်ဂိုဏ်းအပိုင်းပဲ။ ဒီတောင်တန်းက အနည်းဆုံး မိုင်ပေါင်းသိန်းနဲ့ချီ ရှည်လျားတယ်။ ပြီးတော့ တောင်ထွတ်ကြီးတွေ၊ တောင်ထွတ်လေးတွေလည်း အများကြီးပဲ။ အဲ့တောင်ထွတ်တွေကို ဂိုဏ်းအကြီးအကဲတွေ၊ တပည့်တွေဆီ သူတို့ရဲ့ ခွန်အား အဆင့်အတန်းအရ ပြန်ခွဲပေးတယ်။ အချို့ တောင်ထွတ်တွေကိုတော့ အခြား ရည်ရွယ်ချက် အတွက် သုံးတာပေါ့။ ဒီသလင်းတောင်းတန်းရဲ့ တောင်နှလုံးသားက ငါတို့ ဖန်သွေးရောင် ဂိုဏ်းသားတွေ စုဝေးပြီး အတွေ့အကြုံတွေ ဖလှယ်တဲ့နေရာပဲ။ ဂိုဏ်းတာဝန်တွေကိုလည်း အဲ့မှာပဲ ချေပေးတာ။ အဲ့ဒါကြောင့်မို့လို တောင်တွေထဲမှ အဲ့တောင်က အစည်ကား အသက်ဝင်ဆုံးပဲ”
ထိုအကြောင်းအရာများကို ရှင်းပြနေစဉ် တိုက်ယွမ်၏ မျက်နှာထက် တောင့်တနေသည့် အရိပ်အယေဦင်တို့ ထွက်ပေါ်လာခဲ့သည်။
ရန်ကိုင်၏ မျက်နှာအမူအရာသည် နည်းနည်းလေးမှ ပြောင်းလဲသွားခြင်း မရှိခဲ့ချေ။ သို့သော် စိတ်ထဲတွင်မူ တိုက်ယွမ်သည် အုပ်ထဲမှ အဖယ်ထုတ်ခံထားသည့် ဝံပုလွေ တစ်ကောင်လို ဖြစ်လိမ့်မည်ဟု တွေးလိုက်သည်။ ရန်ကိုင် သူမအတွက်ပင် စိတ်မကောင်း ဖြစ်မိသွားသည်။ သို့သော် ဥာဏ်ရှိရှိနှင့် ဘာတစ်ခွန်းမှ ပြန်မပြောခဲ့ချေ။
တိုက်ယွမ်က သူမ၏ အမူအရာကို ပြန်ထိန်းလိုက်ပြီး ပြုံး၍ “ငါက ပုံရိပ်တစ်ထောင် တောင်ထွတ်မှာ နေနေတာ။ အဲ့တောင်က နည်းနည်း ချောင်ကျတယ်ဆိုပေမယ့် တိတ်ဆိတ်ပြီး ငြိမ်းချမ်းတယ်။ အရမ်းကြီး မကျယ်ပေမယ့် ငါတစ်ယောက်စာ အတွက်တော့ လိုတာထက်တောင် ပိုကျယ်သေးတယ်။ ပြီးတော့ မိုးမြေစွမ်းအင်လည်းက အရမ်းသိပ်သည်းတယ်။ ငါနေတဲ့တောင်ကို အဆင့်မြင့် တောင်တစ်လုံးလို့တောင် ပြောလို့ရတယ်”
ရန်ကိုင် ခေါင်းညိတ်လိုက်သည်။ တိုက်ယွမ်နောက်မှ လိုက်သွားနေရင်း ဘေးပတ်ပတ်လည် တစ်ခွင်ကို ဝေ့ကြည့်လိုက်သည်။ သူတို့ ဖြတ်သွားသည့် တောင်များစွာတို့တွင် လှုပ်ရှားသွာလာ နေကြသော ကျင့်ကြံသူများ၊ အမျိုးမျိုးသော သိုင်းပညာရပ်များကို ကျင့်ကြံနေသော တပည့်များ ရှိနေကြသည်။ အချို့သည် အချင်ချင်း စကားပြောနေကြပြီး အျခို့သည် လက်ရည် ဖလှယ်နေကြသည်။ ခမ်းနားကြီးကျယ်လှသော အဆောက်အဦးများမှာလည်း တောင်ထွတ်ပေါ်တွင် ဂုဏ်ယူဝံ့ထည်စွာဖြင့် တည်ရှိနေကြသည်။
အရိပ်ကြယ်၏ ဂိုဏ်းကြီးတစ်ဂိုဏ်း ဆိုသည့်အတိုင်းပင်။ နဂါးလိုဏ်ဂူတောင်သည် ဤနေရာနှင့် မယှဉ်နိုင်သေးချေ။ လက်ရှိ နဂါးလိုဏ်ဂူတောင်သည် မဆိုးလှသော်လည်း ဤခမ်းနားကြီးကျယ်သော တောင်စဉ်ကြီးနှင့် ယှဉ်လိုက်လျှင် အတော်လေး လိုနေပေသေးသည်။
ဖန်သွေးရောင်ဂိုဏ်းပင် ဤမျှ ခမ်းနားနေလျှင် အခြားပိုအားကောင်းသည့် ဂိုဏ်းများ ဆိုလျှင်မူကား…
အရိပ်လခန်းမ၏ ဠာနချုပ်ကို ရန်ကိုင် မမြင်ဖူးသေးချေ။ သို့သော် အရိပ်လခန်းမ၏ ဠာနချုပ်သည် ဤနေရာအောက် မနိမ့်ကျဟု သူထင်သည်။
“နင်တို့ ဖန်သွေးရောင်ဂိုဏ်းမှာ နာမည်ကျော် ပုံရိပ်တစ်ထောင်ဖန်တောင် ရှိတယ်ဆို၊ အဲ့တောင် ဘယ်နားမှာလဲ” ရန်ကိုင်က ဟိုကြည့်သည်ကြည့် လုပ်နေရင်း မေးလိုက်သည်။ ပုံရိပ်တစ်ထောင်ဖန်တောင်မှ ဖန်ကို ယူဖို့ ရောက်လာခြင်း ဖြစ်လေရာ တောင်၏ တည်နေရာကို အရင် မေးထားရပေလိမ့်မည်။ သွားနေရင်း ပုံရိပ်တစ်ထောင်ဖန်တောင်ကို သူ့ဘာသာ ရှာကြည့်လိုက်သေးသည်။ သို့သော် ရှာမတွေ့သဖြင့် နောက်ဆုံးတွင် တိုက်ယွမ်ကို မေးလိုက်ခြင်း ဖြစ်သည်။
“ဂျူနီယာမောင်လေးရန်က ငါတို့ ပုံရိပ်တစ်ထောင်ဖန်တောင်အကြောင်း သိထားတာလား” တိုက်ယွမ် အံ့အားသင့်သွားခဲ့သည်။
“အစ်မတိုက်ယွမ် ငါ့ကို အထင်သေးနေတာပဲ။ ဒီရန်က အရိပ်ကြယ်အကြောင်း သိပ်မသိပေမယ့် လုံးဝကြီး မသိတာမှ မဟုတ်တာ။ ဖန်သွေးရောင်ဂိုဏ်းရဲ့ ပုံရိပ်တစ်ထောင် ဖန်တောင်ဆိုတာ အရိပ်ကြယ်ပေါ်မှာ ဒီလောက် နာမည်ကျော်တာ ငါမသိဘဲ နေမလား။ တောင်တစ်ခုလုံးက ပုံရိပ်တစ်ထောင်ဖန်နဲ့ လုပ်ထားတယ်ဆို အဲ့ဒါအမှန်ပဲလား”
ရန်ကိုင် ပုံရိပ်တစ်ထောင်ဖန်တောင်အကြောင်း မေးလာသည်ကို ကြားသော် တိုက်ယွမ်၏ မျက်လုံးထဲ ရှုပ်ထွေးသည့် အကြည့်တို့ ဖြတ်ပြေးသွားခဲ့သည်။ သို့သော် သူမ၏ အမူအရာကို အလျင်အမြန် ပြန်ပြင်လိုက်ပြီး ခဏလောက် စဉ်းစားလိုက်ပြီးနောက် အသာအယာ ခေါင်းညိတ်၍ ပြောလိုက်သည် “ဟုတ်တယ်။ ငါတို့ ပုံရိပ်တစ်ထောင်ဖန်တောင်က ပုံရိပ်တစ်ထောင်ဖန်တုံးကြီး တစ်တုံးလို့ ပြောလို့ရတယ်။ အဲ့ဖန်က အဖိုးလည်း အရမ်းတန်တယ်။ အတုံး အကြီးကြီးဆိုတော့ ပြောနေစရာတောင် မလိုတော့ဘူး။ ဒါပေမယ့် ငါတို့မှာ အဲ့လို ရတနာကြီး ရှိနေတာတောင် ရတနာနဲ့ စွမ်းအားကို နည်းနည်းလောက်ပဲ သုံးနိုင်နေတာ ခက်နေတာ။ ပြီးတော့ ပုံရိပ်တစ်ထောင်ဖန်တွေလည်း အများကြီး မထုတ်နိုင်ဘူး။ အထူး နည်းလမ်း တစ်ခုသုံးပြီး ထုတ်မှပဲ နှစ်အများကြီးကြာမှ နည်းနည်း ထုတ်လို့ရတယ်”
ထိုအကြောင်းကို ယန်ယန် သူ့အား ပြောပြပြီးသွားပြီ ဖြစ်သဖြင့် ရန်ကိုင် အံ့ဩမနေခဲ့ချေ။
“ပုံရိပ်တစ်ထောင်ဖန်တွေကို ထုတ်လုပ်ဖို့ အထူးနည်းလမ်း လိုအပ်တာလား” ရန်ကိုင်က မရည်ရွယ်ဘဲ မေးလိုက်သည့် ပုံစံဖြင့် မေးလိုက်သည်။
ရန်ကိုင် မေးခွန်းကိုကြားသော် တိုက်ယွမ် ဖြေရခက်သွားခဲ့သည်။
ထိုအခြင်းအရာကို မြင်သော် ရန်ကိုင်က သူ့လက်ကို ဝှေ့ရမ်း၍ “ကြည့်ရတာ မမေးသင့်တဲ့ မေးခွန်းကို မေးလိုက်မိတဲ့ပုံပဲ။ ဖြေလို့ အဆင်မပြေဘူးဆို ငါမေးဘူးလို့ပဲ သဘောထားလိုက်နော် အစ်မတိုက်ယွမ်”
တိုက်ယွမ်က အားတုံ့အားနာဖြင့် “ဂျူနီယာမောင်လေးရန်ကို မရှင်းပြချင်တာတော့ မဟုတ်ဘူး။ ဒါပေမယ့် အဲ့နည်းလမ်းက ဂိုဏ်းရဲ့ အဓိကလျှို့ဝှက်ချက်တွေထဲက တစ်ခု ဖြစ်နေတယ်။ အပြင်လူတွေကို ပြောပြခွင့်မရှိဘူး။ တစ်ယောက်ယောက်သာ အဲ့အကြောင်းကို ပေါက်ကြားအောင် လုပ်ခဲ့ရင် အပြစ်ကြီးကြီး ပေးခံရမှာ။ ဒါပေမယ့် ဂျူနီယာမောင်လေးရန် နားလည်ပေးပါနော်”
“ကိစ္စမရှိဘူး။ လူတိုင်းမှာ လျှို့ဝှက်ချက်ကိုယ်စီ ရှိကြတာပဲလေ”
ခဏလောက် စဉ်းစားပြီးနောက် တိုက်ယွမ်က ကမ်းလှမ်းလိုက်သည် “ပုံရိပ်တစ်ထောင်ဖန်တောင်က အနားမှာ မရှိပေမယ့် အခြားလမ်းကနေ ပတ်သွားမယ် ဆိုရင်တော့ အဲ့တောင်ကို အဝေးကနေ လှမ်းကြည့်လို့ရတယ်။ ဂျူနီယာမောင်လေးရန် သွားကြည့်ချင်လား”
ရန်ကိုင်၏ မေးခွန်းကို မဖြေနိုင်သေးသည့် အတွက်ကြောင့် တိုက်ယွမ် အားနာနေသည့် ပုံပင်။ ထို့ကြောင့် တောင်းပန်သည့် အနေဖြင့် ဤနည်းလမ်းကို သုံးခဲ့ခြင်း ဖြစ်သည်။ သို့သော် ရန်ကိုင်က တုန့်ဆိုင်းနေဟန်ဆာင်လျက် ပြန်ပြောလိုက်သည် “အဆင်ပြေပါ့မလား။ ပုံရိပ်တစ်ထောင်ဖန်တောင်က အစ်မတို့ဂိုဏ်းရဲ့ အဖိုးရတနာလေ။ အခုလိုလုပ်တာ အစ်မအတွက် ပြဿနာ ဖြစ်နိုင်တယ်ဆိုရင် လိုက်ပြနေစရာမလိုဘူး။ ငါက စပ်စုချင်ရုံသက်သက်ပဲ…ဟဲဟဲ”
ရန်ကိုင်က ခြောက်ကပ်ကပ် ရယ်မောလိုက်စဉ် အနားတွင် ရှိနေသော ယန်ယန်က သူ့ခါးကို လိမ်ဆွဲလိုက်လေသည်။
ယန်ယန်၏ အပြုအမူသည် တိုက်ယွမ် မျက်လုံးအောက်မှ ပြေးမလွတ်ခဲ့ချေ။ ထို့ကြောင့် မျက်ဝန်းလှလှလေးများဖြင့် ယန်ယန်အား တစ်ချက် လှမ်းကြည့်လိုက်ပြီးနောက် ပြုံး၍ ပြန်ပြောလိုက်သည် “ဘာမှမဖြစ်ဘူး။ ကြည့်ရုံလေးပဲ သွားကြည့်တာဟာကို။ ပြီးတော့ ငါ့ရဲ့ ဂိုဏ်းတူဦးလေးက အဲ့နေရာကို စောင့်ကြပ်နေတာ။ ဒီလောက်လေးနဲ့ ငါ့ကို အပြစ်တင်မှာ မဟုတ်ဘူး”
ပြောပြီးသည်နှင့် တိုက်ယွမ် ချက်ချင်း လမ်းကြောင်း ပြောင်းလိုက်လေသည်။
ရန်ကိုင် ချက်ချင်း ယန်ယန်အား စူးရဲစွာ စိုက်ကြည့်လိုက်သည်။ ထို့နောက် တိုက်ယွမ် နောက်သို့ အမြန် ပြေးလိုက်သွားလေသည်။ ယန်ယန်၏ နှုတ်ခမ်းအစုံ အဓိပ္ပါယ်ပါပါ ကွေးတက်သွားပြီး သူမ၏ မျက်နှာထက် ဘဝင်ခိုက်နေသည့် အမူအရာ ထွက်ပေါ်လာခဲ့သည်။
သူတို့သုံးယောက် ခဏလေး ပျံသန်းပြီးရုံတင်ရှိသေး၊ မိုပြာရောင်အလင်းတန်း ထွက်ပေါ်လာပြီး သူတို့လမ်းကို ပိတ်ဆို့သွားခဲ့သည်။
မကြာမီ ထိုအလင်းတန်းများ ရန်ကိုင်တို့ ရှေ့သို့ ရောက်လာခဲ့သည်။ သုံးယောက်သည် အမျိုးသားဖြစ်ပြီး ကျန်နှစ်ယောက်သည် အမျိုးသမီး ဖြစ်သည်။ အကုန်လုံးသည် အဆင့်နိမ့် ကျင့်ကြံသူများဖြစ်ကြပေသည်။ နှစ်ယောက်သည် သူတော်စင်ဖြစ်ပြီး သုံးယောက်သည် မသေမျိုး အဆင့်များဖ ြစ်ကြသည်။
ထိုကျင့်ကြံခြင်းအဆင့်ဖြင့် ထုန်းရွှမ်လောကကြီးတွင် ထင်ရာစိုင်းနိုင်သော်ငြား အရိပ်ကြယ်ပေါ်တွင် ဘာဆိုဘာမှမဟုတ်ချေ။
တိုက်ယွမ်ကို မြင်လိုက်သည့်အခါ ငါးယောက်စလုံး အံ့အားသင့်သွားခဲ့သည်။ ထို့နောက် ချက်ချင်းပဲ လက်သီးဆုပ်၍ နှုတ်ဆက်လိုက်လေသည် “ဂိုဏ်းတူဒေါ်လေးတိုက်ယွမ်ကို ဂျူနီယာတို့ နှုတ်ဆက်ပါတယ်”
ဂိုဏ်းတူဒေါ်လေး… ထိုလူများ၏ အသုံးအနှုန်းကို ကြားလိုက်သည့်အခါ ရန်ကိုင် မျက်ခုံးပင့်သွားခဲ့သည်။ သို့သော်လည်း ခဏလောက် စဉ်းစားပြီးနောက် ရန်ကိုင် နားလည်သွားခဲ့သည်။
တိုက်ယွမ်သည် ဖန်သွေးရောင်ဂိုဏ်းမှ တန်ခိုးရှင်အဆင့် ကျင့်ကြံသူများနှင့် ယှဉ်လျှင် လူငယ်မျိုးဆက်တစ်ယောက် ဖြစ်သည်။ သို့သော် ထိုငါးယောက်အတွက်မူ သူသည် ဂိုဏ်းတူဒေါ်လေး တစ်ယောက် ဖြစ်ပေသည်။
နှုတ်ဆက်စကား ဆိုပြီးနောက် အရင်ဆုံး စစကားပြောလိုက်သည့် လူငယ်လေးက ရန်ကိုင်နှင့် ယန်ယန်ကို ကြည့်လိုက်သည်။ ရန်ကိုင်သည် ထူးမခြားနားဟန်ဖြင့်သာ ရှိနေသော်ငြား လူငယ်လေးမှာမူ ရန်ကိုင်ကို မြင်ပြီးနောက် အံ့အားသင့်သွားခဲ့သည်။
“နင်တို့ငါးယောက်က ဒီနေရာကို စောင့်ကြပ်ဖို့ တာဝန်ကျနေတဲ့ လူတွေလား” တိုက်ယွမ်က ခေါင်းပြန်ညိတ်ပြ၍ မေးလိုက်သည်။
“ဒီပတ်ပတ်လည် မိုင်ငါးဆယ်ကို စောင့်ကြပ်ဖို့ တာဝန်ကျို ကျုပ်တို့ ငါးယောက် ယူထားတာပါ၊ ဂိုဏ်းတူဒေါ်လေး” ဦးဆောင်လာသည့် လူငယ်လေးက ပြန်မေးလိုက်သည်။ ခဏလောက် တုန့်ဆိုင်းနေပြီးနောက် ထိုလူငယ်လေးက သတိကြီးကြီးထားလျက် မေးလိုက်သည် “ဒီနှစ်ယောက် ဘယ်သူလဲဆိုတာ ဂိုဏ်းတူဒေါ်လေးကို ကျုပ်မေးလို့ ရမလား…”
“သူတို့ နှစ်ယောက်က ငါ့ဧည့်သည်တွေပဲ။ နင်တို့ စိတ်ပူနေစရာ မလိုဘူး။ အကြီးအကဲတွေ မေးရင် အဲ့လိုသာဖြေလိုက်”
“ဟုတ်ကဲ့ပါ” ဦးဆောင်လာသည့် လူငယ်လေးလည်း ဘာမေးခွန်းမှ ထပ်မမေးတော့ဘဲ ချက်ချင်း လှည့်ထွက်သွားလေသည်။
တိုက်ယွမ်သည် ဘာစကားတစ်ခွန်းမှ မပြောဘဲ ရန်ကိုင်နှင့် ယန်ယန်တို့ကို ရှေ့မှ ဦးဆောင်၍ ခေါ်သွားသည်။ တိုက်ယွမ်၊ ရန်ကိုင်နှင့် ယန်ယန်တို့ ပျောက်ကွယ်သွားပြီးနောက် အစောပိုင်းက ပေါ်လာသည့် လူငယ်ငါးယောက်၏ မျက်နှာထက် အံ့အားသင့်ရိပ်၊ မရေရာသည့် အရိပ်အယောင်တို့ ထွက်ပေါ်လာခဲ့သည်။
“အဲ့တာ ပုံရိပ်တစ်ထောင်တောင်ထွတ်မှာ နေတဲ့ ဂိုဏ်းတူဒေါ်လေးမလား” အဝါဖျော့ဖျော့ ဝတ်ရုံကို ဝတ်ထားသည့် အသက်နှစ်ဆယ်လောက် ရှိမည်ထင်ရသော အမျိုးသမီးက မေးလိုက်သည်။
“ဟုတ်တယ်။ သူပဲ”
“ငါကြားတာကတော့ သူက အရမ်းလှတဲ့ အမျိုးသမီးတစ်ယောက်ဆို၊ ဘယ်လိုလုပ်ပြီး…”
“ဟန့်” လူငယ်လေးက ထိုအမျိုးသမီးကို စူးရဲစွာ တစ်ချက် စိုက်ကြည့်လိုက်ပြီး ဘေးပတ်ပတ်လည်ကို စိုးရိမ်တကြီး လှည့်ပတ်ကြည့်လိုက်လေသည်။ ထို့နောက် အမျိုးသမီးကို ဆူပူကြိမ်းမောင်လေသည် “ဒီလို စကားမျိုးကို ပြောရဲတာ နင်သေချင်နေတာလား”
ချက်ချင်း တစ်ခုခုကို ပြန်သတိရလိုက်သည်နှင့် အမျိုးသမီး၏ မျက်နှာ သွေးဆုတ် ဖြူလျော်သွားခဲ့လေသည်။
ဦးဆောင်လာသည့် လူငယ်လေးက သက်ပြင်းချလျက် “မင်းတို့က ဂိုဏ်းထဲကို ဝင်လာတာ သိပ်မကြာသေးဘူး ဆိုတော့ ဘာမှ သေချာမသိသေးဘူး။ အချို့ ကြားထားတဲ့ ကောလဟာလတွေကို အမှန်ထင်ရင် ထင်နေလိမ့်မယ်။ ဒါပေမယ့် မင်းတို့ မှတ်ထားဖို့က မင်းတို့ ကြားသမျှ အရာတိုင်းက အမှန်မဟုတ်ဘူး ဆိုတာပဲ။ ပြီးတော့ မင်းတို့ ပြောချင်သလို ပြောခွင့် မရှိတဲ့ အချို့အကြောင်းအရာတွေလည်း ရှိသေးတယ်။ မင်းတို့သာ စကားကို လက်လွတ်စပယ် ပြောမယ်ဆိုရင် ဂိုဏ်းထဲမှ ဘယ်တော့မှ နောက်တစ်ကြိမ် ဦးပြန်မော့နိုင်မှာ မဟုတ်ဘူး၊ နားလည်လား”
“နားလည်ပါတယ်” လေးယောက်စလုံး ခေါင်းညိတ်လိုက်သည်။
“ဒါပေမယ့် ဂိုဏ်တူဒေါ်လေး တိုက်ယွမ် ဧည့်သည်တွေကို ဖိတ်ခေါ်လာတဲ့ ကိစ္စက တော်တော်လေးတော့ ထူးဆန်းသာ” လူငယ်လေးသာ သူ့ဘာသာ ရေရွတ်လိုက်ရင်း ခေါင်းခါလိုက်လေသည်။
ပုံရိပ်တစ်ထောင်တောင်တွင် နေနေသော လူများသည် ဂိုဏ်းမှ ထွက်ခဲသလို အခြားသူများနှင့်လည်း သိပ်အဆက်အဆံ မရှိချေ။ တိုက်ယွမ်သည် ဂိုဏ်းတွင်းရှိ အခြား မည်သည့် မိန်းကလေး တပည့်နှင့်မှ မရင်းနှီးဟုပင် ကောလဟာလများရှိသည်။ ယောကျာ်းလေး တပည့်များနှင့် ဆိုလျှင်မူကား ပြောစရာပင်မလို။
သို့သော်လည်း ယနေ့တွင် ယောကျာ်းလေး မိတ်ဆွေတစ်ယောက်ကို ဂိုဏ်းထဲသို့ ခေါ်လာခဲ့သည်။ ထိုကိစ္စမှာ တကယ်ကို သံသယဝင်စရာ ကောင်းပေသည်။
သို့သော်လည်း လူငယ်လေးသည် ထိုအကြောင်းကို စိတ်ထဲတွင်သာ တွေးနေခဲ့ပြီး အပြင်သို့ ထုတ်မပြောခဲ့ချေ။ ဤကိစ္စသည် သူဝင်ရှုပ်သင့်သည့် ကိစ္စမဟုတ်။ အကြီးအကဲများ မေးလာလျှင် အမှန်အတိုင်း ပြောရုံသာရှိသည်။
ထိုကဲ့သို့ စဉ်းစားပြီးနောက် အားလုံးကို ဆက်၍ ကင်းလှည့်ရန် အချက်ပြလိုက်ပြီး စတင် ကင်းလှည့်ကြတော့လေသည်။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၂၇၀)
ပုံရိပ်တစ်ထောင်ဖန်တောင် ဆိုသည်မှာ မီတာနှစ်ရာ အမြင့်ရှိသော အပင် တစ်ပင်မှပင် ပေါက်ရောက်ခြင်းမရှိသည့် မီးခိုးရောင်သန်းနေသော တောင်တစ်လုံး ဖြစ်သည်။ တောင်ပတ်လည်တွင် အခြား ပိုမို မြင့်မားသော တောင်များ ရှိနေကြသည်။ တောင်ကြားထဲ၌ တစ်တောင်တည်း ကွက်ကာ တည်ရှိနေခြင်း ဖြစ်သဖြင့် ထင်သာမြင်သာ ရှိလှပေသည်။
ရန်ကိုင်လည်း စိတ်ဝင်စားသဖြင့် ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေးကြည့်လိုက်ရာ ထိတ်လန့်တုန်လှုပ်သွားခဲ့ရလေသည်။ ထိုတောင်သည် သူ့ရှေ့တွင် ရှိနေသော်လည်း အခြား အရပ်တွင် ရှိနေသည့်နှယ်၊ ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေးကြည့်သော်လည်း စစ်ဆေး၍မရ။ စစ်ဆေး၍ မရသည့်အပြင် ကောင်းကင်စိတ်အာရုံဖြင့်ပင် အာရုံမခံနိုင်ချေ။ မျက်လုံးဖြင့်သာ မြင်နိုင်သည်။
ထိုမျှသာမကသေး တောင်ဆီ သူ့ဝိဥာဉ်ကို ခန္ဓာကိုယ်မှ ဆွဲထုတ်ပြီး ဝါးမြိုချင်နေသည့် ထူးဆန်းသော အားတစ်ရပ်လည်း ဖြာထွက်နေသေးသည်။ ထို့ကြောင့် ရန်ကိုင်လည်း ကောင်းကင်စိတ်အာရုံဖြင့် တစ်ချက် စမ်းကြည့်လိုက်ပြီးနောက် သူ့ကောင်းကင်စိတ်အာရုံကို ချက်ချင်း ပြန်ရုတ်သိမ်းလိုက်လေသည်။
လက်ရှိတွင် ရန်ကိုင်တို့ သုံးယောက်သည် ဆယ်မိုင်အကွာလောက်တွင် ရပ်လျက် နာမည်ကျော် ပုံရိပ်တစ်ထောင်ဖန်တောင်ကို လှမ်းကြည့်နေကြသည်။
“ဒါနာမည်ကျော် ပုံရိပ်တစ်ထောင်ဖန်တောင်လား” ရန်ကိုင် ဇဝေဇဝါ အမူအရာဖြင့် မေးလိုက်သည်။
“ဟုတ်တယ်။ ဒီလို ဖြစ်နေလိမ့်မယ်လို့ မောင်လေးရန် ထင်မထားဘူးမလား။ ပုံရိပ်တစ်ထောင်မှန်တောင်က အရိပ်ကြယ်ပေါ်မှာ တကယ် ကျော်ကြားတာမှန်တယ်။ ဒါပေမယ့် တောင်ပုံစံက အမြဲလိုလို ဒီအတိုင်းပဲ။ ဒါကြောင့် အပြင်ဘက်က လူတစ်ယောက်ယောက် ဒီတောင်ကို မြင်ပြီးတိုင်း အမြဲတမ်း စိတ်ပျက်သွားကြရတယ်” တိုက်ယွမ်က ပြုံး၍ ရှင်းပြလိုက်သည်။
“’အမြဲလိုလို’ ဒီအတိုင်းပဲ ဟုတ်လား” ရန်ကိုင် မျက်လုံး မှေးစဉ်းသွားသည်။
“ပုံရိပ်တစ်ထောင်မှန်တောင် အရမ်းကို ဆန်းကြယ်တယ်။ အခုမြင်နေရတာက ပုံရိပ်တစ်ထောင်မှန်တောင်ရဲ့ ပုံစံတွေထဲက တစ်ခုပဲ” နဂါးလိုဏ်ဂူတောင်မှ ထွက်လာကတည်းက ရံဖန်ရံခါသာ စကားပြောလေ့ရှိသော ယန်ယန်က ရုတ်တရက် ပြောလိုက်သည်။
တိုက်ယွမ်က ယန်ယန်အား အံ့အားသင့်နေသည့် အကြည့်ဖြင့် ကြည့်လိုက်ပြီး ခေါင်းညိတ်၍ “ကြည့်ရတာ ညီမယန်ယန်က ဒီတောင်အကြောင်းကို တော်တော်လေး သိထားတဲ့ပုံပဲ။ ဟုတ်တယ်။ အခုမြင်နေရတာက ပုံရိပ်တစ်ထောင် မှန်တောင်ရဲ့ ပုံစံတွေထဲက တစ်ခုပဲ။ ထောင်နဲ့ချီနဲ့ အလင်းတန်းတွေ တောက်လျှောက် ထုတ်လွှတ်နေတဲ့ ပုံစံလည်း ရှိသေးတယ်။ အဲ့အချိန်မျိုးဆို ဒီတောင်က အရမ်းလှတာ။ တစ်ခါတစ်လေဆို တောင်ရဲ့ အရွယ်အစားက ပြောင်းနေတတ်သေးတယ်။ တကယ်ကို ထူးဆန်းတယ်”
“အဲ့လိုတွေလည်း ရှိတာလား” ရန်ကိုင် ထိုတောင်ကို စိတ်ဝင်စားသွားသည်။
ယန်ယန်၏ နှုတ်ခမ်းအစုံ ကွေးတက်သွားခဲ့သည်။ ဆက်ရှင်းပြမနေတော့ဘဲ အမှတ်မထင် မေးလိုက်သည့် ပုံစံဖြင့် “ဒီမှာ ခင်းကျင်းထားတဲ့ အစီအရင်ကလည်း တကယ့်ကို အံ့ဩစရာပဲ။ ဒီအစီအရင်မှာ ဖိနှိပ်နိုင်တဲ့ စွမ်းအား ရှိတာလား”
ယန်ယန် မေးခွန်းကိုကြားသော် တိုက်ယွမ်က ခေါင်းညိတ်၍ “အင်း။ ရှိတယ်။ ဒီမှာ ရှိနေတဲ့ အစီအရင်ရဲ့ တာဝန်တွေထဲက တစ်ခုက ပုံရိပ်တစ်ထောင်ဖန်တောင်ကို ဖိနှိပ်ထားဖို့ပဲ။ ပုံရိပ်တစ်ထောင်ဖန်တောင်က ငါတို့ဂိုဏ်းရဲ့ အဖိုးအတန်ဆုံး ရတနာဆိုပေမယ့် ငါတို့ ထိန်းချုပ်နိုင်တဲ့ ရတနာတစ်ခု မဟုတ်ဘူး။ ဒါပေမယ့် အစီအရင်ကို သုံးပြီး ဖိနှိပ်ထားရတာ။ မဟုတ်လို့ တော်ကြာ ပုံစံတစ်ခုခု ပြောင်းရင်း ပျောက်သွားခဲ့ရင် ငါးပါမှောက်မှာ”
ရှင်းပြပြီးသော် တိုက်ယွမ်က ပြုံး၍ ပြောလိုက်လေသည် “ငါတို့ဒီမှာ ထပ်နေလို့ မရတော့ဘူး။ ငါတို့ ရောက်နေတာ အတော်လေး ကြာနေပြီဆိုတော့ ဒီနေရာကို စောင့်ကြပ်နေတဲ့ ဂိုဏ်းက စီနီယာတွေ ငါတို့ကို သတိပြုမိကုန်ပြီ။ ဆက်ပြီးတော့သာ နေနေရင် လပြီး မေးခွန်းထုတ်ကြလိမ့်မယ်။ သူတို့ ရောက်မလာခင် သွားတာကောင်းလိမ့်မယ်”
ဤနေရာတွင် ရပ်လိုက်ကတည်းက အဘက်ဘက်ဆီမှ သူ့အား စူးစမ်းလာသော တန်ခိုးရှင်အဆင့် ကောင်းကင်စိတ်အာရုံများကို ရန်ကိုင် ခံစားမိပေသည်။ သို့သော်လည်း ထိုကောင်းကင်စိတ်အာရုံများသည် သူတို့အား စောင့်ကြည့်ရုံသာ စောင့်ကြည့်နေပြီး တိုက်ခိုက်ခြင်းမျိုး မပြုလုပ်ခဲ့ချေ။
တိုက်ယွမ်သည် သူတို့ လာခဲ့သည့်လမ်းနှင့် မတူကွဲပြားသည့် အခြားလမ်းကြောင်းအတိုင်း ပျံသန်းသွားသည်။ ရန်ကိုင်နှင့် ယန်ယန်တို့လည်း သူ့နောက်မှ လိုက်သွားလေသည်။ ရန်ကိုင်က ယန်ယန်ကို လှမ်းကြည့်လိုက်ရာ ယန်ယန်လည်း သူ့အား ကြည့်နေသည်ကို တွေ့လိုက်ရသည်။ နှစ်ယောက်သား အကြည့်ချင်း ဖလှယ်လိုက်ပြီးနောက် ယန်ယန်က အသာ ခေါင်းညိတ်ပြသည်။
ဤတောင်ရှိ အစီအရင်သည် ကျောက်တုံးရုပ်သေးရုပ်ကို ဘာမှ မလုပ်နိုင်သည့်ပုံပင်။ ထို့ကြောင့် တိုက်ယွမ်နှင့်အတူ ပုံရိပ်တစ်ထောင်တောင်ဆီ လိုက်သွားပြီး ကျောက်တုံး ရုပ်သေးရုပ်အား လွှတ်ပေးနိုင်မည့် အချိန်ကို စောင့်ရုံသာရှိတော့သည်။
ပုံရိပ်တစ်ထောင်ဖန်နှင့် ယန်ယန် ဘာကို ဖန်တီးချင်နေလဲ၊ ပုံရိပ်တစ်ထောင်ဖန် မည်မျှ အဖိုးတန်လဲ ဆိုသည်ကို ရန်ကိုင် မသိသော်လည်း ဖန်သွေးရောင်ဂိုဏ်းမှ ပုံရိပ်တစ်ထောင်ဖန် တောင်အား သေချာဂရုထားလျက် စောင့်ရှောက်နေသည်ကို မြင်ပြီးနောက် ပုံရိပ်တစ်ထောင်ဖန် အလွန် အဖိုးတန်ကြောင်း ရန်ကိုင် နားလည်သွားခဲ့သည်။
လမ်းတွင် ဖန်သွေးရောင်ဂိုဏ်းမှ တပည့်ပေါင်းများစွာနှင့် သူတို့ တွေ့ခဲ့ပေသည်။ သို့သော် တွေ့ပါများလာသည့်နောက် ထူးဆန်းသည့် အချက်တစ်ချက်ကို ရန်ကိုင် သတိပြုမိလိုက်သည်။ တိုက်ယွမ်အား မြင်လိုက်သည့် ဖန်သွေးရောင်ဂိုဏ်းတပည့်တိုင်း အမူအရာ အမျိုးမျိုး လုပ်ပြနေခြင်းပင်။
အချို့သည် ကြောက်လန့်သွားကြပြီး အချိုသည် ခြောက်ခြားသွားကြကာ အချို့မှာမူ ဂရုဏာသက်သွားကြသည်။
ထို့အပြင် ဖန်သွေးရောင်ဂိုဏ်း၏ တပည့်တိုင်း တိုက်ယွမ်ကို သိကြပေသည်။
ထိုအချက်သည် အတော်လေး ထူးဆန်းသည်။ ပုံမှန်ဆိုလျှင် တိုက်ယွမ်သည် သူမဘာသာ တစ်ယောက်တည်း နေတတ်သည့် မိန်းမကလေးတစ်ဦး မဟုတ်ပေလော။ သို့သော်လည်း ရန်ကိုင် မြင်သလောက် တိုက်ယွမ်သည် ဖန်သွေးရောင်ဂိုဏ်းတွင် အလွန် ကျော်ကြားသည့် လူတစ်ယောက် ဖြစ်သည့်ပုံပင်။ ထို့ကြောင့် ဖန်သွေးရောင်ဂိုဏ်းထဲရှိ တိုက်ယွမ်၏ အဆင့်အတန်းသည် သူထင်ထားသည်ထက် ပိုရှုပ်ထွေးမည်မှန်း ရန်ကိုင် နားလည်လိုက်သည်။
တိုက်ယွမ်နောက်လိုက်ရင်း နာရီဝက်လောက် ပျံသန်းလာပြီးနောက် လူသူကင်းမဲ့သော တောင်တစ်လုံးဆီသို့ ရောက်လာခဲ့သည်။
ထိုမီတာသုံးရာမြင့်သော တောင်ကိုမြင်လိုက်သည့်နောက် တိုက်ယွမ် သက်ပြင်း အမောကြီး ချလိုက်သည်။ ခက်ခဲသော ခရီးရှည်ကြီးကို ဖြတ်ကျော်ပြီးနောက် အိမ်သို့ ပြန်ရောက်လာခဲ့လေပြီ။ ထို့နောက် တောင်အား ညွှန်ပြ၍ ရန်ကိုင်နှင့် ယန်ယန်အား အားတက်သရော စတင် မိတ်ဆက်ပေးလေသည် “အဲ့တောင်က ငါနေတဲ့ ပုံရိပ်တစ်ထောင် တောင်ပဲ။ တောင်ပတ်ဝန်းကျင်က နည်းနည်း ကြမ်းတမ်းတာဆိုတော့ အဆင်မပြေရင် နည်းနည်းလောက် သည်းခံပေးကြနော်”
“အစ်မတိုက်ယွမ်က အရမ်း နှိမ့်ချတာပဲ” ရန်ကိုင်က ရယ်ရယ်မောမောနှင့် သူမနောက်မှ လိုက်သွားလေသည်။
တောင်သို့မရောက်ခင် တောင်အား ကောင်းကင်စိတ်အာရုံဖြင့် အရင် စစ်ဆေးကြည့်လိုက်သည်။ တောင်ပေါ်တွင် လူသူ တစ်ဦးတစ်ယောက်မှ မရှိချေ။ တိုက်ယွမ်၏ ဝေယျာဝစ္စများကို ကူညီပေးမည့် အစေခံ တစ်ယောက်ပင် မရှိချေ။ ဤတောင်ပေါ်တွင် သူမ တစ်ယောက်တည်း နေသည့်ပုံပင်။
မကြာမီ သူတို့သုံးယောက် တောင်ဘေးတွင် ရှိနေသော ပျဉ်ခင်းလမ်းပေါ်သို့ ရောက်လာကြသည်။ ပျဉ်းခင်းလမ်းသည် အတော့်ကိုမှ ကျဉ်းလှကာ လူတစ်ယောက်စာသာ ကျယ်ပေသည်။ ထို့အပြင် ခင်းထားသည့် ပျဉ်များမှာလည်း ယိုင်နဲ့နဲ့ ဖြစ်နေကာ အချိန်မရွေး ပြိုကျတော့မည့်နှယ်။
ရန်ကိုင်နှင့် ယန်ယန်သည် ထိုအရာများကို ဂရုစိုက်မနေဘဲ သဘာဝရှုခင်းအလှကိုသာ အပြည့်အဝ ခံစားနေကြသည်။
ပုံရိပ်တစ်ထောင်တောင်သည် အနည်းငယ် ချောင်ဘက်ကျသော်လည်း ဤနေရာရှိ ရှုခင်းသည် ရင်သက်ရှုမောဖွယ်ကောင်းလှအောင် လှပေပေသည်။ စိမ်းလန်းစိုပြည်သော သစ်ပင်ပန်းမန်များနှင့် သင့်တင့်သော အပူချိန်ကြောင့် လန်းဆန်းသစ်လွင်ဖွယ်ကောင်းသော နွေဦးသို့ ရောက်နေသလားဟုပင် ထင်မှတ်ရသည်။ မိုးမြေစွမ်းအင်မှာလည်း အလွန်ကိုမှ သိပ်သည်းလှရာ နဂါးလိုဏ်ဂူတောင်ထက်ပင် ပိုသိပ်သည်းနေသေးသည်။
ဤကဲ့သို့သော တောင်မျိုးပင် ဖန်သွေးရောင်ဂိုဏ်း၌ အဆင့်မြင့် တောင်တစ်လုံးဟုသာ သတ်မှတ်ခံရလေရာ အကောင်းဆုံး တောင်များသည် မည်ကဲ့သို့သော တောင်များ ဖြစ်နေမည်နည်း။
သဲမီးတောက်နယ်မြေ၏ လေးလွှာမြောက်တွင် ရှိနေသော ဂိုဏ်းပျက်ကြီးကို ရန်ကိုင် ရုတ်တရက် ပြန်စဉ်းစားမိလိုက်သည်။ ထိုနေရာရှိ မိုးမြေစွမ်းအင်သည် ဤနေရာထက်ပင် ပို၍ သိပ်သည်းပေသည်။
ပျဉ်ခင်းလမ်းသည် သိပ်မရှည်လှ။ ဟိုနည်းနည်း၊ ဒီနည်းနည်း ကွေ့ပြီးသည့်နောက် လမ်းဆုံးသို့ ရောက်လာပြီး ကျောက်တုံးနံရံတစ်ခုရှေ့သို့ ရောက်လာခဲ့လေသည်။ ကျောက်နံရံများသည် ရေပေါ်စားထားသည့်နှယ် တောက်ပြောင်ချောမွတ်နေခဲ့သည်။
ကျောက်နံရံရှေ့သို့ ရောက်သော် တိုက်ယွမ် ရုတ်တရက် ရပ်လိုက်လေသည်။
ရန်ကိုင် ပတ်ပတ်လည်အား သင်္ကာမကင်း အမူအရာဖြင့် လှည့်ပတ်ကြည့်သည်။
ယန်ယန်ကမူ တစ်ခုခုကို မြင်လိုက်သည့်အလား တိုးတိုးလေး ပြောလိုက်သည် “ဒီနေရာမှာ အစီအရင် တစ်ခုရှိနေတယ်။ အဲ့အစီအရင်ကို အသက်သွင်းလိုက်တာနဲ့ ဒီကျောက်နံရံကို ဖြတ်ဝင်သွားနိုင်ပြီ။ ပြင်ဆင်ထားတာက မဆိုးဘူး။ ဒီအစီအရင်ကို ခင်းကျင်းထားတဲ့လူက တကယ့် ပညာရှင်တစ်ယောက် ဖြစ်ရမယ်”
ယန်ယန်သည် တိုးတိုးလေး ပြောနေခြင်း မဟုတ်သဖြင့် သူမပြောသည်ကို ကြားပြီးသည့်နောက် တိုက်ယွမ်က နောက်သို့လှည့်၍ “ညီမယန်ယန်က အစီအရင် ပညာရှင် တစ်ယောက်နဲ့တူတယ်။ ညီမယန်ယန် ဒီအစီအရင်ကို လေ့လာချင်တယ်ဆို လေ့လာကြည့်လေ။ ဒီပုံရိပ်တစ်ထောင်တောင်ကို ဧည့်သည်တွေ လာလေ့မရှိတော့ ညီမယန်ယန်ကို နှောင့်ယှတ်မယ့်လူ ဘယ်သူမှ ရှိမှာမဟုတ်ဘူး”
ခရီးတစ်လျှောက်လုံးတွင် ယန်ယန်သည် နှစ်ကြိမ်သာ အရင်ဆုံး စကားစပြောသည်။ နှစ်ကြိမ်စလုံးသည် အစီအရင်နှင့် ပက်သက်နေသည်။ ထို့ကြောင့် ယန်ယန်သည် အစီအရင်များကို စိတ်ဝင်စားသည့် လူတစ်ယောက်မှန်း တိုက်ယွမ် သိလိုက်သည်။ ထို့ကြောင့် ယန်ယန်အား ဤနေရာရှိ အစီအရင်များကို လွတ်လွတ်လပ်လပ် လေ့လာခွင့် ပေးလိုက်ခြင်း ဖြစ်သည်။
ယန်ယန်ကမူ ဘာမှပြန်မပြော။ သို့သော်လည်း တိုက်ယွမ်ကလည်း ထိုအတွက်ဖြင့် စိတ်အနှောင့်အယှတ် ဖြစ်မခံခဲ့။ ကျောက်စိမ်းတံဆိပ်ပြား တစ်ပြားကို ထုတ်လိုက်ပြီး ထိုထဲသို့ သူတော်စင်ချီ ထည့်သွင်း၍ ရှေ့သို့ ပစ်လိုက်လေသည်။
ကျောက်စိမ်းတံဆိပ်ပြားသည် အစိမ်းရောင် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ကျောက်နံရံထဲ တိုးဝင်ပျောက်ကွယ်သွားခဲ့သည်။ ချက်ချင်းဆိုသလို ထူးဆန်းသော အသံဗလံများနှင့်အတူ ကျောက်တုံးစင်မြင့်တစ်ခု ရှည်ထွက်လာခဲ့သည်။ ထိုစင်မြင့်နောက်၌ လိုဏ်ခေါင်းတစ်ခု ရှိသည်။ လိုဏ်ခေါင်း တစ်ခုလုံးကို တလက်လက် တောက်ပနေသော အလင်းကျောက်တုံးများဖြင့် တန်ဆာဆင်ထားလေသည်။
“ဂျူနီယာင်မောင်လေးရန်၊ ညီမလေးယန်ယန်၊ လိုက်လာခဲ့လေ” တိုက်ယွမ်က လေပေါ် ပျံသန်းသွားလိုက်ပြီး ကျောက်တုံးစင်မြင့်ပေါ် ဆင်းလိုက်သည်။
ထိုအခြင်းအရာကို မြင်သည်နှင့် ရန်ကိုင်လည်း ကျောက်တုံးစင်မြင့်ပေါ် လိုက်ခုန်ဆင်းလိုက်ပြီး လိုဏ်ခေါင်းထဲသို့ လှမ်းကြည့်လိုက်သည်။ ယန်ယန်ကိုများ သူ့စံအိမ်တွင် ဤကဲ့သို့ အစီအရင်တစ်ခုလောက် ခင်းကျင်းခိုင်းလျှင် ကောင်းမလား တွေးမိလိုက်သည်။ သို့သော်လည်း ထိုကဲ့သို့လုပ်လျှင် အရမ်း ပိုလွန်းရာကျနေမည် ဖြစ်သဖြင့် ခေါင်းသာ ခါလိုက်လေသည်။
တိုက်ယွမ်က ရန်ကိုင်နှင့် ယန်ယန်တို့အား တောင်အလယ်ဆီ ဦးဆောင် ခေါ်သွားတော့မည့်အပြု၊ ရုတ်တရက် ရပ်သွားခဲ့ပြီး အဝေးဆီသို့ လှမ်းကြည့်လိုက်သည်။ ချက်ချင်းဆိုသလို သူမ၏ အမူအရာ အေးစက်သုန်မှုန်သွားခဲ့လေသည်။
တိုက်ယွမ် အမူအရာ ပြောင်းသွားသည်ကို သတိပြုမိလိုက်သည့်အခါ ရန်ကိုင်လည်း တိုက်ယွမ် ကြည့်နေသည့် အရမ်းဆီ လှမ်းကြည့်လိုက်ရာ မိုးပြာရောင်အလင်းတန်းတစ်ခု သူတို့ ရှိနေသည့် အရပ်ဆီ အလျင်အမြန် ပျံသန်းလာနေသည်ကို တွေ့လိုက်ရသည်။
ရန်ကိုင်လည်း ကောင်းကင်စိတ်အာရုံဖြင့် ရောက်လာသည့်လူကို စစ်ဆေးကြည့်လိုက်သည်။ ထိုသို့ စစ်ဆေးကြည့်လိုက်ပြီးနောက် သူ့အမူအရာ ထူးဆန်းသွားရလေသည်။
“ဂျူနီယာမောင်လေးရန်၊ ညီမလေးရန်၊ ဒီမှာ ခဏလောက် စောင့်နေပေးနော်။ အခု ငါ့ကို တစ်ယောက်ယောက် လာရှာနေတဲ့ပုံပဲ” တိုက်ယွမ်က အားတုံ့အားနာ ပြုံးလိုက်သည်။
ခဏအကြာတွင် အပြာရောင်အလင်းတန်း ကျောက်တုံးစင်မြင့်ရှေ့ ရောက်လာခဲ့ပြီး ကြယ်လွန်းပျံပေါ်တွင် ရှိနေသောလူက ဆည်းလည်းသံလေးကဲ့သို့ ချိုမြသော ရယ်သံလေးဖြင့် ရယ်မောလိုက်သည်။ ယခုလက်ရှိ ရောက်လာသောလူသည်၊ အခြားလူမဟုတ်၊ ယင်စုတျယ်ပင် ဖြစ်လေသည်။
ယင်စုတျယ်အား ယခင်က တွေ့ခဲ့ဖူးသဖြင့် ရန်ကိုင်လည်း ချက်ချင်း မှတ်မိလိုက်သည်။ ယင်စုတျယ်နှင့် တိုက်ယွမ်တို့ ဆက်ဆံရေး အဆက်မပြေသည်ကိုလည်း သူသိထားသည်။ သို့သော် ဤနေရာတွင် ဘာကြောင့် ရုတ်တရက်ကြီး ပေါ်လာရသလဲ ဆိုသည်ကို သူနားမလည်နိုင် ဖြစ်နေခဲ့သည်။
ထို့အပြင် သူမ ရောက်လာသည့် အချိန်သည် အရမ်း တိုက်ဆိုင်လွန်းနေသည်။ တိုက်ယွမ်သည် ပုံရိပ်တစ်ထောင်တောင်သို့ ပြန်ရောက်ရုံသာ ရှိသေးသော်ငြား ယင်စုတျယ် ချက်ချင်း ရောက်ချလာခဲ့လေသည်။
ယင်စုတျယ်၏ မျက်ဝန်းအစုံသည် အလွန်ကိုမှ စွဲမက်ဖွယ်ကောင်းလှသည်။ ရန်ကိုင်နှင့် ယန်ယန်အား တစ်ချက် ဝေ့ကြည့်လိုက်ပြီးနောက် တိုက်ယွမ်ဘက်သို့ လှည့်၍ “စီနီယာအစ်မ၊ နင်ပြန်လာပြီလား”
တိုက်ယွမ်ကမူ ခပ်ပြတ်ပြတ်သာ ပြန်ပြောသည် “နင်ဘာလာလုပ်တာလဲ”
“ကျွန်မ ဒီကို လာလို့ မရဘူးလား” ယင်စုတျယ်က သူမ၏ ပါးစပ်လေးကို အုပ်၍ အသာအယာပြုံးလျက် “ပုံရိပ်တစ်ထောင်တောင်က စီနီယာအစ်မ ပိုင်နက်ဆိုပေမယ့် ဂိုဏ်းရဲ့ ပိုင်နက်ဆိုလည်း ဟုတ်တယ်လေ။ ပြီးတော့ ကျွန်မက ဂိုဏ်းရဲ့ လက်ရှိလူငယ်မျိုးဆက်ရဲ့ ခေါင်းဆောင်တစ်ယောက်၊ အချို့တားမြစ်နေရာတွေက လွဲပြီး ကျွန်မ ကြိုက်တဲ့နေရာ သွားလို့ရတယ်။ အစ်မ ပြန်လာတယ်ကြားလို့ ချက်ချင်း ပြေးလာနှုတ်ဆက်တာကို အစ်မက ကျွန်မကို ခါးခါးသီးသီး မောင်းထုတ်နေတယ်ပေါ့”
ပြောပြီးနောက် သနားစဖွယ် အမူအရာလေး လုပ်ပြလေသည်။ သူမ၏ အမူအရာလေးကို မြင်လိုက်သူတိုင်း သူမ အမှားလုပ်ထားလျှင်ပင် မည်သို့မှ အပြစ်တင်ရက်မည် မဟုတ်ချေ။