အခန်း (၁၂၈၁-၁၂၈၅)
Vol. 52 Ch. 1281-1285
အပိုင်း (၁၂၈၁)
သူတို့ဆီ ပျံသန်းလာပြီး ဘာမပြော ညာမပြောဖြင့် လမ်းကို ပိတ်ထားသော လူထွားကြီးကို ကြည့်ရင်း ရန်ကိုင်၏ အမူအရာ ထူးထူးဆန်းဆန်း ဖြစ်သွားရသည်။
ထိုလူထွားကြီးသည် ယင်စုတျယ် ခေါ်လာသည့် ဟိုကျန်းဆိုသူ ဖြစ်ပေသည်။ သို့သော် ယင်စုတျယ်နှင့် အခြား တစ်ယောက်သည် နောက်မှ ဖြည်းဖြည်းချင်း လိုက်လာနေချိန် ထိုလူထွားကြီးသည် တစ်ယောက်တည်း ဘာကြောင့် ရှေ့သို့ ပြေးထွက်လာမှန်းကို ရန်ကိုင် နားမလည်နိုင် ဖြစ်နေခဲ့သည်။
ဟိုကျန်း ရန်ကိုင်အား အထက်အောက် အစုံအဆန် စစ်ဆေးကြည့်လိုက်သည်။ ရန်ကိုင်ဆီမှ ထွက်ပေါ်နေသော အရှိန်အဝါသည် သူတော်စင်ဘုရင် ဒုတိယအဆင့် တစ်ယောက်၏ အရှိန်အဝါလောက်သာ ရှိသေးမှန်း အတည်ပြုပြီးနောက် သူ့နှုတ်ခမ်းအစုံ ကွေးတက်သွားပြီး ရန်ကိုင်အား အထင်တသေးဖြင့် ကြည့်လိုက်သည်။ သို့သော် ယန်ယန်ကို ကြည့်လိုက်မိချိန် သူ့အကြည့်ထဲ အံ့အားသင့်ရိပ်တို့ ဖြတ်ပြေးသွားခဲ့သည်။
အနက်ရောင်ဝတ်ရုံ ဝတ်ထားသည် ထိုအမျိုးသမီးသည် အတော့်ကို ချောလှလိမ့်မည်ဟု သူမထင်ထားခဲ့ချေ။ ထို့အပြင် နှစ်ယောက်စလုံးသည် သူ၏ လမ်းပိတ်ခြင်း ခံလိုက်ရသည့်တိုင် နည်းနည်းလေးမှ စိုးရိမ်ထိတ်လန့်သွားသည့် ပုံစံမျိုး လုပ်မပြ။ တည်တည်ငြိမ်ငြိမ်ဖြင့်သာ ရှိနေကြသည်။
ထိုမျှသာမကသေး ယန်ယန်၏ ကျင့်ကြံခြင်းအဆင့်ကိုပါ မမြင်နိုင်သည့် အတွက်ကြောင့် ဟိုကျန်း ပို၍ စိတ်ရှုပ်သွားရသည်။ ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေးကြည့်လိုက်သည့် အခါတွင် သူ့ကောင်းကင်စိတ်အာရုံသည် ယန်ယန်အား ဖမ်းဆုပ်ကိုင်တွယ်၍ မရသည့် လေဟာနယ်ကို ဖြတ်သန်းသွားသလို ဖြတ်သွားခဲ့သည်။
ထို့ကြောင့် ဟိုကျန်း၏ အမူအရာ လေးနက်သွားခဲ့ပြီး ယန်ယန်အား ရန်ကိုင်ထက် ပို၍ အန္တရာယ်များ လူတစ်ယောက် အဖြစ် သတ်မှတ်လိုက်လေသည်။ ယခုတစ်ကြိမ် ဟိုကျန်း၏ ပစ်မှတ်သည် ရန်ကိုင် ဖြစ်သည်။ ယန်ယန် မဟုတ်။ ထို့ကြောင့် ယန်ယန်ကို တစ်ချက် စစ်ဆေးပြီးနောက် ရန်ကိုင်ဆီသို့ ပြန်အကြည့်ပြောင်းလိုက်သည်။
“နှုတ်ဆက်ပါတယ် ရောင်းရင်း” ရန်ကိုင်က ရှေ့သို့ တစ်လှမ်းတိုး၍ လက်သီးဆုပ်လျက် “ရောင်းရင်း ကျုပ်နဲ့ ကျုပ်ဂျူနီယာညီမရဲ့ လမ်းကို ဘာလို့ ပိတ်ထားတာလဲ ဆိုတာ သိလို့ရမလား”
“အကြောင်းပြချက်လား၊ ဟဲဟဲ…” လူထွားကြီးက လှောင်ရယ်ရယ်လိုက်ပြီး “မင်းမျိုးရိုးနာမည်က ရန်လား”
“ဟုတ်ပါတယ်”
“မင်းတို့ အခုလေးတင်ပဲ ဖန်သွေးရောင်ဂိုဏ်းကနေ ထွက်လာတာလား”
“ဟုတ်ပါတယ်”
“ကောင်းတယ်။ ဒီဟိုလည်း မင်းကို ရှာနေတာကွာ၊ ကောင်စုတ်လေးရဲ့” ဟိုကျန်း၏ မျက်နှာ အေးစက်သွားခဲ့ပြီး လေသံမာမာဖြင့် အော်ဟစ်လိုက်လေသည် “ငါတို့ဂိုဏ်းရဲ့ အဖိုးတန် ပုံရိပ်တစ်ထောင်ဖန်တောင်ကို ကြံတာနဲ့တောင် မကျေနပ်သေးဘဲ တောင်ကို ကာကွယ်ပေးသွားတဲ့ အရံအတားကိုပါ ထိခိုက်အောင် လုပ်သွားရဲတယ်။ အခု မင်းဘယ်ထွက်သွားပြေးမလဲ ငါမြင်ချင်သေးတယ်”
ဟိုကျန်း ပြောသည်ကို ကြားပြီးနောက် သူတို့ သူခိုးလုပ်ရပ် လူမိသွားပြီဟု ထင်ကာ ရန်ကိုင် ရင်ထိတ်သွားခဲ့သည်။ သို့သော် တစ်ခုခု မဟုတ်သည်ကို ရန်ကိုင် ချက်ချင်း သတိပြုမိလိုက်သည်။ သူတို့လက်ချက်မှန်းသာ ဖန်သွေးရောင်ဂိုဏ်း သိသွားခဲ့လျှင် သူ့အား လိုက်ဖမ်းရန်အတွက် သူတော်စင်ဘုရင် သုံးယောက်ကိုပဲ စေလွှတ်လိုက်လိမ့်မည် မဟုတ်ချေ။ အနည်းဆုံး တန်ခိုးရှင်အဆင့် ပညာရှင် အနည်းငယ်ကို စေလွှတ်လိုက်ပေလိမ့်မည်။
သို့သော် သူတို့လက်ချက်မှန်း မသိဘူး ဆိုပါလျှင်လည်း ထိုကောင်သည် တရားခံမှာ သူဖြစ်သည်ဟု ဘာကြောင့် တပ်အပ် စွပ်စွဲနေရသနည်း။
ရန်ကိုင် မသိသည်ကား ထိုလူထွားကြီးသည် ယင်စုတျယ် ပြောသည်ကို အမှန်အဖြစ် ယူဆခဲ့ပြီး သူ့အား တရားခံအဖြစ် စွပ်စွဲနေခြင်းကိုပင်။
ရန်ကိုင်သည် တုန်လှုပ်ချောက်ခြားသွားခြင်း အရှင်းမရှိဘဲ တည်တည်ငြိမ်ငြိမ်ဖြင့် ရယ်မောလျက် ပြန်ပြောလိုက်လေသည် “ရောင်းရင်းနောက်နေတာလားဗျာ။ ကျုပ်ခင်ဗျားတို့ ဂိုဏ်းဆီ လာခဲ့တာ ခင်ဗျားတို့ဂိုဏ်းက မိန်းကလေးတိုက်ယွမ် ဖိတ်ခေါ်လို့ပဲ။ ကျုပ်ဘာသာ လာခဲ့တာ မဟုတ်ဘူး။ အဲ့ဒါကို ဘယ်လိုလုပ်ပြီး ပုံရိပ်တစ်ထောင်ဖန်တောင်ရဲ့ အရံအတား ပျက်စီးသွားတာ ကျုပ်လက်ချက်ပါဆိုပြီး လာစွပ်စွဲနေရတာလဲ”
“တိုက်ယွမ်လား” ဟိုကျန်း ကြောင်သွားခဲ့ပြီး အံ့အားသင့်နေသည့် လေသံဖြင့် ပြန်မေးလိုက်သည် “တိုက်ယွမ်ကို မင်းသိတာလား။ တိုက်ယွမ် မင်းကို တကယ်ကြီး ဧည့်သည်အဖြစ် ဖိတ်ခေါ်ခဲ့တာလား”
လုံးဝကို မယုံကြည်နိုင်စရာကောင်းသည့် အရာကို ကြားလိုက်သည့်အလား မှင်သက်နေသည့် အမူအရာဖြင့် ရန်ကိုင်ကို ပြန်မေးလိုက်လေသည်။
“ဟုတ်တယ်လေ။ ကျုပ်ဘာလို့ ခင်ဗျားကို လိမ်ရမှာလဲ။ ခင်ဗျား မယုံဘူးဆိုရင် အစ်မတိုက်ယွမ်ကို လူကိုယ်တိုင် သွားမေးကြည့်လို့ရတယ်။ သူပြောပြလိမ့်မယ်”
“တိုက်ယွမ်ကို မေးဖို့လား…” ဟိုကျန်း၏ မျက်နှာထက် ကြောက်လန့်ရိပ်တို့ ထွက်ပေါ်လာခဲ့ပြီး အလျင်အမြန်ပဲ သူ့လက်ကို ဝှေ့ရမ်း၍ နိုင်ထက်စီးနင်း ပြောလိုက်လေသည် “ကောင်လေး၊ မဟုတ်တုတ်ကတွေ လာပြောမနေနဲ့။ မင်းအခု ဘာပဲပြောပြော ထွက်ပြေးလို့ ရမှာ မဟုတ်ဘူး။ မင်းကို ဖမ်းဖို့ ငါ့ကို လွှတ်လိုက်တာ ဆိုတော့ ငါမင်းကို ကျိန်းသေ ဖမ်းရလိမ့်မယ်။ ကျန်တဲ့ မင်းအပြစ်ရှိတယ်၊ မရှိဘူးက ငါ့ကိစ္စမဟုတ်ဘူး။ ငါ့တာဝန်က မင်းကို ဂိုဏ်းဆီ ပြန်ဖမ်းခေါ်သွားဖို့ပဲ”
ထိုစကားကို ကြားလိုက်သည့်အခါ ရန်ကိုင်က သွားပေါ်အောင် ပြုံးဖြီးလိုက်ပြီး “ဒီတော့ ဘာပဲဖြစ်ဖြစ် ရောင်းရင်းက ငါ့ကို သွားခွင့် မပေးဘူးပေါ့”
“ဟွန့်” ဟိုကျန်းက အေးစက်စက် နှာခေါင်းရှုံ့လျက် “သေချာတာပေါ့”
ပြောပြီးသည်နှင့် တစ်ပြိုင်နက် သူ့လက်သီးထိပ်တွင် သူတော်စင်ချီကို စုစည်းလိုက်သည်။ တစ်ချိန်တည်းတွင် သိမ်းငှက် တစ်ကောင်နှယ် ကောင်းကင်ပေါ်သို့ ခုန်တက်သွားလိုက်ပြီး တစ်ဟုန်ထိုး ပြန်ခုန်ဆင်းလာလျက် ရန်ကိုင်အား သူ့လက်ဝါးဖြင့် ရိုက်ချလိုက်လေသည်။
ထိုလက်ဝါး နီးကပ်လာသည်နှင့် တစ်ပြိုင်နက် ကောင်းကင် တစ်ခုလုံး ပြိုကျလာသည့်နှယ် ရန်ကိုင် ဘေးပတ်လည် မီတာ တစ်ရာ ဝန်းကျင်တစ်ခုလုံး အေးခဲသွားခဲ့သည်။ လေထုတစ်ခုလုံး အလွန်ကိုမှ ဖိအားများလာခဲ့ရာ အသက်ရှူဖို့၊ မတ်တပ်ရပ်ဖို့ရာပင် ခက်ခဲလာခဲ့ရသည်။ ရန်ကိုင် နောက်တွင် ရပ်နေသော ယန်ယန် ဆိုလျှင် တစ်ကိုယ်လုံး တုန်တုန်ရင်ရင် ဖြစ်လာခဲ့လေသည်။
သို့သော်လည်း ချက်ချင်း ဆိုသလို ယန်ယန်၏ ခန္ဓာကိုယ်မှ အလင်းရောင်များ ဖြာထွက်လာပြီး ထိုဖိနှိပ်မှုမှ သူမအား လွတ်မြောက်အောင် ကူညီပေးလိုက်လေသည်။ ဖိအားအောက်မှ လွတ်သွားသည်နှင့် တစ်ပြိုင်နက် ယန်ယန်သည် နောက်ဘက် မီတာ တစ်ထောင်အကွာသို့ အလျင်အမြန် ပြန်ဆုတ်လိုက်သည်။
ထိုအခြင်းအရာကို မြင်သော် ဟိုကျန်း အံ့အားသင့်သွားခဲ့၏။ ယန်ယန် သူထုတ်လွှတ်လိုက်သည့် ဖိအားအောက်မှ အလွယ်တကူ ရုန်းထွက်သွားလိမ့်မည်ဟု မထင်ထားခဲ့ချေ။ ယန်ယန်၏ ခန္ဓာကိုယ်မှ ဖြာထွက်လာသော အလင်းရောင်သည် ဘာမှန်း သူမသိသော်လည်း ထိုအလင်းရောင်သည် အားကောင်းသော မှော်ရတနာတစ်ခုမှ ထွက်ပေါ်လာခြင်း ဖြစ်ရပေမည်။
ထိုမှော်ရတနာ၏ စွမ်းအားသည် အတော့်ကိုမှ ကောင်းသော်ငြား ဟိုကျန်း ဂရုမစိုက်။ ခဏလောက် တုန့်ဆိုင်း နေပြီးနောက် သူ့လက်ဝါးထဲ အားထပ်ထည့်၍ ရန်ကိုင်ဆီသို့ ဆက်လက် ဖိချလိုက်ရင်း အော်ပြောလိုက်သည် “ဒူးထောက်စမ်း”
ယင်စုတျယ် အထင်ကြီးသွားစေရန် ရန်ကိုင်အား လက်ဝါး တစ်ချက်တည်းဖြင့် ဒူးထောက်သွားအောင် လုပ်ပြချင်မိသည်။
ယင်စုတျယ် အထင်ကြီးအောင် လုပ်ပြနိုင်မည့် ဤကဲ့သို့သော ရှားရှားပါးပါး အခွင့်အရေးကို ဟိုကျန်း မည်ကဲ့သို့ လက်လွှတ်ခံနိုင်မည်နည်း။
ဟိုကျန်း၏ လက်ဝါး ရန်ကိုင်နှင့် ဆယ်မီာတာ အကွာသို့ ရောက်လာသည့်အခါ ရန်ကိုင်၏ မျက်နှာထက် လှောင်ပြုံး ယဲ့ယဲ့လေး တစ်ပွင့် ထွက်ပေါ်လာပြီး ယုတ္တိမတန်သော ထိုလူအား ထူးမခြားနားဟန်ဖြင့် ပြန်စိုက်ကြည့်လိုက်သည်။
ဟိုကျန်း လှုပ်ရှားလိုက်ကတည်းက ထိုကောင်သည် သူ့ခန္ဓာကိုယ် ခွန်အားနှင့် အားကောင်းသော သူတော်စင်ချီကို အသုံးပြု၍ တိုက်ပွဲကို ပြတ်ပြတ်သားသား အဆုံးသတ်ချင်နေမှန်း ရန်ကိုင် သိလိုက်သည်။ သူ့နေရာတွင်သာ အခြား သူတော်စင်ဘုရင် ဒုတိယအဆင့် တစ်ယောက်သာ ဆိုပါက ထိတ်လန့်တုန်လှုပ်ကာ ဘာလုပ်ရ ဘာကိုင်ရမှန်းမသိ ဖြစ်နေပေလိမ့်မည်။ ကံမကောင်းစွာဖြင့် ဟိုကျန်း တိုက်ခိုက်လိုက်သည့် လူသည် သာမန် သူတော်စင်ဘုရင် ဒုတိယအဆင့် တစ်ယောက် မဟုတ်ဘဲ ရန်ကိုင် ဖြစ်နေခဲ့သည်။ သူ့ကဲ့သို့ သောက်ရူးမျိုးကို ရန်ကိုင် မျက်လုံးထဲပင် မထည့်ချေ။
ဟိုကျန်း ထုတ်သုံးလိုက်သည် ပညာရပ်မှ ဖြာထွက်လာသော ဖိအား သက်သက်နှင့်ပင် သာမန် ကျင့်ကြံသူ တစ်ယောက်ကို ပြားပြားဝပ်သွားအောင် လုပ်နိုင်သော်လည်း ရန်ကိုင် အတွက်မူ လေညင်းတစ်ခုနှယ် မည်သည့် အကျိုးသက်ရောက်မှုမှ မရှိချေ။ သူ့လက်ကို ဝှေ့ရမ်းလိုက်ရာ ဟိုကျန်း ထုတ်လွှတ်နေသော ဖိအားသည် နေလာနှင်းပျောက်သည့်နှယ် အလွယ်တကူ ပျောက်ကွယ်သွားခဲ့ရလေသည်။
တစ်မုဟုတ်ချည်း တောင်တမျှ လေးလံသော ဖိအား ရုတ်ချည်း ပျောက်ကွယ်သွားခဲ့သည်။
တစ်ချိန်တည်းတွင် ရန်ကိုင်၏ ပုံရိပ်သည် ဟိုကျန်းရှေ့မှ တဖြည်းဖြည်း ဝေဝါး၍ ပျောက်ကွယ်သွားခဲ့လေသည်။
ထိုအခြင်းအရာကို မြင်လိုက်သည့် အခိုက် ဟိုကျန်း၏ အမူအရာ အပြောင်းကြီး ပြောင်းလဲသွားခဲ့သည်။ ဘာမှမဟုတ်သော သူတော်စင်ဘုရင် ဒုတိယအဆင့် တစ်ယောက်သည် သူ့ဖိအား စက်ကွင်းမှ အလွတ်တကူ လွတ်မြောက်သွားနိုင်လိမ့်မည်ဟု လုံးဝ မထင်ထားခဲ့ချေ။
သူပို၍ အံ့ဩသွားသည်ကား သူ့ရန်သူသည် ဖိအားစက်ကွင်းမှ ရုန်းထွက်ပြီးသည်နှင့် သူ့မြင်ကွင်းမှပါ ပျောက်ကွယ်သွားခြင်းပင်။ ရန်ကိုင် အရိပ်အယောင် တစ်စွန်းတစ်စကိုပင် သူရှာမတွေ့တော့။
ရန်ကိုင် ရှာလို့ မတွေ့တော့သည်နှင့် ဟိုကျန်း ကြောက်လန့် တုန်လှုပ်လာတော့သည်။ ယခုတစ်ကြိမ် သံမဏိပြားကို သွားကန်မိပြီမှန်း နားလည်လိုက်သည်။ ရန်ကိုင်ကို ရှာနေစဉ် သူ့ခေါင်းထက်မှ ဖိအားပြင်းထန်းပြီး ကြောက်မက်ဖွယ် ကောင်းလှသော အရှိန်အဝါတစ်ရပ် ရုတ်တရက် ထွက်ပေါ်လာသည်ကို ခံစားမိလိုက်သည်။
“မကောင်းတော့ဘူး” ဟိုကျန်း အလန့်တကြား ထအော်ပြီး မော့ကြည့်လိုက်ရာ သူ့အား နဂါးတစ်ကောင် ဘုံကိုးဆင့်မှ သေးနုပ်သည့် ပုရွတ်ဆိတ်တစ်ကောင်အား ငုံကြည့်နေသည့် အကြည့်မျိုးဖြင့် သူ့အား စိုက်ကြည့်နေသည်ကို ရန်ကိုင်ကို တွေ့လိုက်ရသည်။ ရန်ကိုင်နှင့် အကြည့်ချင်း ဆုံသွားသည့်အခိုက် ဟိုကျန်း အလိုလို တုန်ရီသွားခဲ့ရသည်။
ထိုစဉ် ရန်ကိုင်သာ ရိုးရှင်းသည် လက်ဝါးတစ်ချက်ကို ရိုက်ထုတ်လိုက်သည်။ သို့သော် ထိုလက်ဝါးချက်သည် ဟိုကျန်း၏ အမြင်တွင် ရှောင်တိမ်းမရနိုင်တော့သည်အထိ တဖြည်းဖြည်း ကြီးမားလာခဲ့လေသည်။
ဟိုကျန်းလည်း သူ့ခွန်အားကို နည်းနည်းလေးမှ ထိန်ချန် မထားရဲတော့ဘဲ စွမ်းအားကုန်စုစည်း၍ လက်နှစ်ဖက်ကို မြောက်ကာ ထိုလက်ဝါးချက်ကို ခုခံလိုက်သည်။ တစ်ချိန်တည်းတွင် သူ့ခန္ဓာကိုယ်မှ အနီရောင် အလင်းတို့ ပေါက်ကွဲထွက်လာခဲ့ပြီး သူ့ကိုယ်ထက် သတ္တုရောင် လက်နေသည့် ချပ်ဝတ်တန်ဆာတစ်ခု ထွက်ပေါ်လာခဲ့သည်။
ထိုမျှသာမကား ရန်ကိုင် ရိုက်ချလိုက်သည့် လက်ဝါးချက်ကို တားဆီးရန်အတွက် မွှတ်နေအောင် လည်နေသော အနက်ရောင် အလင်းလုံးလေး တစ်လုံးကိုလည်း ပစ်လွှတ်လိုက်သေးသည်။
ဟိုကျန်းသည် ဖန်သွေးရောင်ဂိုဏ်း၏ လက်ရွေးစင် တစ်ယောက် ဖြစ်သည့်အတွက်ကြောင့် အငိုက်မိသွားသည့်တိုင် ချက်ချင်းပဲ တန်ပြန်ခုခံနိုင်ခဲ့သည်။
သို့ရာတွင် ဟိုကျန်းရင်ထဲ သက်သာသွားလို နည်းနည်းမှ မခံစားရ။ သူ့ရင်ထဲ အန္တရာယ် အငွေ့အသက် ရနေသေးသည်။
ဟိုကျန်း၏ အံ့အားသင့်နေသည့် အကြည့်အောက်တွင် မွှတ်နေအောင် လည်နေသော အလုံးလေးသည် ရန်ကိုင်၏ ဧရာမ လက်ဝါးကြီးကို သွားမှန်လေသည်။ သို့သော် ချက်ချင်းပဲ အနက်ရောင် အလင်းလုံးအရောင် မှိန်သွားခဲ့ပြီ မူလပုံစံသို့ ပြန်ပြောင်းသွားခဲ့လေသည်။
ထိုအရာသည် အခြား မဟုတ်ဘဲ အားကောင်းသော လွန်းဆံနှင့် ဆင်တူသော မှော်ရတနာတစ်ခု ဖြစ်နေခဲ့သည်။ သို့သော် ရန်ကိုင်၏ ကောင်းကင်ဖုံး လက်ဝါးချက်ကြောင့် ထိုလွန်းဆံတစ်ခုလုံး လွင့်ထွက်သွားကာ စုတ်ပြတ်သွားလေသည်။
ချက်ချင်းဆိုသလို ထိုကောင်းကင်ဖုံးလက်သည် ဟိုကျန်းပေါ်သို့ အဆီးအတားမရှိ ဆက်လက် ကျဆင်းလာခဲ့ရာ ဟိုကျန်း၏ လက်မောင်း ခွေဝင်သွားခဲ့ရပြီး သူ့ကိုယ်ပေါ်ရှိ ချပ်ဝတ်တန်ဆာပေါ်မှလည်း အက်သံများ ထွက်ပေါ်လာခဲ့သည်။ အသက်တစ်ရှိုက်စာ ကြာပြီးနောက် ချပ်ဝတ်တန်ဆာ တစ်ခုလုံး ကြွေမွသွားခဲ့လေသည်။
ဟိုကျန်း အံ့ကြိတ်လိုက်ပြီး မာန်သွင်းအော်ဟစ်ရင်း ရှိရှိသမျှ သူတော်စင်ချီ အားလုံးကို လက်ထဲသို့ ပို့လွှတ်ကာ ဆက်လက်၍ နီးကပ်လာနေသေးသော လက်ဝါးဆီသို့ လက်သီးချက်ပေါင်း များစွာ ပစ်လွှတ်လိုက်သည်။
ထိုအခြင်းအရာကို မြင်သော် ရန်ကိုင် နှာခေါင်းသာ ရှုံ့လိုက်ပြီး သူတော်စင်ချီကို ထပ်မံ မြှင့်တင်လိုက်ရာ ကောင်းကင်ဖုံးလက်ဝါး ပို၍ အားကောင်းလာခဲ့ပြီး ဟိုကျန်း ပစ်လွှတ်လိုက်သည့် လက်သီးချက်အားလုံးသည် ရန်ကိုင်၏ လက်ဝါးချက် အောက်တွင် မြူမှုန်ပမာ အစအနမကျန် ပျောက်ကွယ်သွားခဲ့ရလေသည်။
ဟိုကျန်း၏ အမူအရာ သွေးဆုတ် ဖြူလျော်သွားခဲ့သည်။ အသက်သုံးရှိုက်စာလောက်သာ တိုက်ခိုက်ရသေးသော်လည်း ဂျူနီယာညီမယင် လိုက်ရှာနေသည့်လူသည် သူယှဉ်နိုင်သည့် လူတစ်ယောက် မဟုတ်မှန်း နားလည်လိုက်လေပြီ။
သို့သော် သူဘာမှ ထပ်မလုပ်နိုင်သေးခင်မှာပဲ ရန်ကိုင်၏ ကောင်းကင်ဖုံးလက်ဝါးသည် သူ့ပေါ်တည့်တည့်သို့ ကျဆင်းလာခဲ့လေသည်။
မိုးချိန်းသံတမျှ ကျယ်လောင်သည့် အသံနှင့်အတူ ဟိုကျန်း၏ ခန္ဓာကိုယ် မြေကြီးထဲသို့ နစ်ဝင်သွားခဲ့သည်။ သို့သော် ကောင်းကင်ဖုံးလက်ဝါး၏ စွမ်းအားသည် ထိုမျှနှင့်ပင် ကုန်ဆုံးသွားခြင်း မရှိဘဲ ဟိုကျန်းအား မြေကြီး အနက်ပိုင်းထဲသို့ ရောက်သည်အထိ ဆက်လက် ဖိချသွားလေသည်။
ကမ္ဘာပျက်သည့်နှယ် မြေပြင်တစ်ခုလုံး တုန်ခါသွားခဲ့ပြီး မီတာတစ်ထောင်မျှ ကြီးမားသော လက်ဝါးရာကြီး တစ်ခု ဟိုကျန်း ရှိနေခဲ့သည့် နေရာတွင် ထွက်ပေါ်လာခဲ့သည်။ ဟိုကျန်းသည် သူ့လက်နှစ်ဖက်ကို မြှောက်လျက် အနေအထားဖြင့် လက်ဝါးရာကြီး၏ အလယ်တွင် ဒူးထောက်ကျနေခဲ့သည်။
ဟိုကျန်း၏ လက်မောင်း နှစ်ဖက်စလုံး သွေးချင်းနီနေလေပြီ။ အင်္ကျီများဆိုလျှင်လည်း စုတ်ပြတ်သတ်နေခဲ့လေပြီ။ လက်နှစ်ဖက် စလုံးဟာလည်း အတွင်းသို့ ခွေဝင်နေခဲ့ကာ တစ်ကိုယ်လုံး သွေးသံ တရဲရဲ ဖြစ်နေခဲ့သည်။
သို့တိုင် ဟိုကျန်းသည် လက်မလျှော့ချင်သေးဘဲ ခေါင်းမာမာဖြင့် ကောင်းကင်ပေါ်မှ ဖြည်းဖြည်းချင်း ဆင်းလာနေသော ရန်ကိုင်အား ကြောက်ရွံ့မှု၊ အမုန်းတရားတို့ ရောပြွမ်းနေသည့် အကြည်ဖြင့် စိုက်ကြည့်နေသေးသည်။
အခြားတစ်ဖက်တွင်မူ ရန်ကိုင်၏ အကြည့်ထဲ အံ့အားသင့်ရိပ်တို့ ဖြတ်ပြေးသွားခဲ့သည်။ ကောင်းကင်ဖုံးလက်ကို ဟိုကျန်းဆိုသည့်လူ တောင့်ခံ့နိုင်လိမ့်မည်ဟု မထင်ထားခဲ့ချေ။ ထိုကောင်၏ ထွားကြိုင်းသော ခန္ဓာကိုယ်သည် အလှသက်သက် မဟုတ်သည်မှာ သိသာလှသည်။
ဟိုကျန်း၏ အမုန်းတရားတို့ဖြင့် ပြည့်နေသော အကြည့်ကို မြင်ပြီးနောက် ရန်ကိုင် မျက်ခုံးပင့်လိုက်သည်။ ထို့နောက် ဟိုကျန်းရှေ့ လျှောက်သွားလိုက်ပြီး သူ့ပခုံးပေါ် နင်းချလိုက်သည်။
ဟိုကျန်း မျက်နှာ သွေးဆုတ်ဖြူလျော်သွားလေသည်။ ရန်ကိုင် ဘာလုပ်မည်မှန်း သိသော်လည်း ပြင်းပြင်းထန်ထန် ဒဏ်ရာ ရထားသဖြင့် မည်သို့မှ မခုခံနိုင်ခဲ့ချေ။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၂၈၂)
ဟိုကျန်း၏ မသက်မသာ အကြည့်အောက်မှာပဲ ရန်ကိုင်၏ ခြေထောက် ဟိုကျန်း ပုခုံးပေါ် ရောက်သွားခဲ့သည်။ မည်သည့် ခုခံနိုင်စွမ်းမှ မရှိတော့သဖြင့် ဟိုကျန်းလည်း ရန်ကိုင် ပြုသမျှ နုသမျှ ခံရသည့် အဖြစ်သို့ ရောက်သွားခဲ့လေသည်။ သူ့ကိုယ်လုံး မြေကြီးထဲသို့ နစ်ဝင်သွားခဲ့သည်။ မျက်နှာ တစ်ပြင်လုံးလည်း ဖုန်မှုန့်၊ သဲမှုန်းများဖြင့် မိတ်ဆက်သွားရသည်။
သို့သော် သူမည်မျှရုန်းရုန်း၊ မရုန်းထွက်နိုင်ခဲ့။ ရန်ကိုင်၏ ခြေထောက်အောက်မှ ဖိအားသည် တောင်တစ်လုံးနှယ် လေးလံလွန်းလှသည်။ ပုံမှန် ဆိုလျှင် ရုန်းထွက်နိုင်သော်လည်း ယခု ပြင်ပြင်းထန်ထန် ဒဏ်ရာ ရထားသည့် အတွက်ကြောင့် မည်သို့မှ မခုခံနိုင် ဖြစ်နေခဲ့သည်။
အေးအေးဆေးဆေးဖြင့် လျှောက်လာနေကြသော ယင်စုတျယ်နှင့် လော့မင်တို့နှစ်ယောက်၊ သူတို့ရှေ့ရှိ မယုံနိုင်စရာ မြင်ကွင်းကို မြင်လိုက်ရချိန် နှစ်ယောက်စလုံး သူတို့ မျက်လုံးပင် သူတို့ ပြန်မယုံချင် ဖြစ်သွားခဲ့သည်။
နှစ်ယောက်စလုံးသည် စကားတပြောပြောဖြင့် ဖြည်းဖြည်းချင်း လိုက်လာနေခဲ့သော်လည်း ရန်ကိုင်နှင့် ဟိုကျန်းတို့ နှစ်ယောက်၏ တိုက်ပွဲ အလုံးစုံကို မြင်ခဲ့ပေသည်။
သို့သော်ငြား ဤတိုက်ပွဲသည် တိုက်ပွဲဟုပင် ခေါ်၍ ရပါသေးသလော။
ဟိုကျန်းသည် စတိုင်ကျကျဖြင့် ပြေးဝင်သွားခဲ့ပြီး ရန်ကိုင်ကို ဒူးထောက်ရန် အာဏာသံဖြင့် အမိန့်ပေး စေခိုင်းခဲ့သည်။ ဟိုကျန်း၏ အော်သံကို ကြားလိုက်ရချိန် ရန်ကိုင် ဒူးထောက်ရပြီဟု နှစ်ယောက်စလုံး ထင်ခဲ့သည်။ သို့သော် သူတို့ မြင်လိုက်ရသည်ကား ဖုန်မှုန့်၊ သဲမှုန်းများဖြင့် ညစ်ပတ်နေသော၊ မြေပြင့် မိတ်ဆက် နှစ်ပါးသွားနေသည့် ဟိုကျန်းကိုသာ ဖြစ်လေသည်။
ဟိုကျန်း၏ ခွန်အားသည် ဖန်သွေးရောင်ဂိုဏ်း၏ လက်ရွေးစင် တပည့်များအနက် ထိပ်ဆုံးဆယ်ယောက်အတွင်း ဝင်ပေသည်။ သို့တိုင် ထိုကဲ့သို့သော တပည့်တစ်ယောက်သည် ရန်ကိုင်၏ လက်ဝါး တစ်ချက်ကိုပင် မခုခံနိုင်ခဲ့ဘဲ နည်းနည်းမျှပင် ပြန်မတိုက်နိုင်သည်အထိ ပိုးစိုးပက်စက် ဖိနှိပ်ခံခဲ့ရသည်။ ထိုသို့ ဖြစ်လေရာ ယင်စုတျယ်နှင့် လော့မင်တို့ မထိတ်လန့်ဘဲ ဘယ်နေမည်နည်း။
ဖန်သွေးရောင်ဂိုဏ်းရှိ မည်သည့် သူတော်စင်ဘုရင်မှ ဤကဲ့သို့ မလုပ်နိုင်ချေ။
ထိုသို့ဆိုလျှင် ရန်ကိုင်သည် ဖန်သွေးရောင်ဂိုဏ်းထဲရှိ လူငယ် လက်ရွေးစင်အားလုံးထက် အဆမတန် ပိုမို အားကောင်းသည်ဟု ဆိုလိုက်ခြင်းပင် မဟုတ်လေလော။ ထိုအခြင်းအရာကို မြင်လိုက်သည့်အခိုက် လော့မင် မျက်လုံး ပြူးသွားပြီး မျက်နှာမှာလည်း သွေးမရှိတော့သည့်နှယ် ဖြူလျော်သွားခဲ့သည်။
သူ့ခွန်အားကို လော့မင် ကောင်းကောင်း သွားခဲ့သည်။ ပြေးထွက်သွားသည့်သူသည် ဟိုကျန်း မဟုတ်ဘဲ သူသာ ဖြစ်နေခဲ့လျှင် ဟူ၍ စဉ်းစားမိလိုက်ရုံဖြင့် သူ့ကျောရိုးတစ်လျှောက် စိမ့်တက်သွားခဲ့ရသည်။
ရှုံးနိမ့်ခြင်းသည် ကိစ္စမရှိ။ မည်သူမှကများ ရှုံးပွဲမရှိ ပွဲတိုင်းကျော် ဖြစ်နိုင်မည်နည်း။ သို့သော်လည်း သူတို့ ပိုးပန်းနေသည့် မိန်းကလေး တစ်ယောက်ရှေ့တွင် ရုပ်ပျက်ဆင်းပျက် ရှုံးရသည်လောက် ရှက်ဖွယ်ကောင်းသည့်အရာ မရှိချေ။
ပိုဆိုးသည်ကား ဟိုကျန်းသည် ရန်ကိုင်အား မည်ကဲ့သို့ ဆုံးမ သင်ခန်းစာပေးမည်ဟု အရှက်မရှိ ကြွားဝါနေခြင်း ဖြစ်သည်။ လက်ရှိ အနေအထားအရ ဟိုကျန်း ယင်စုတျယ်အား မည်သို့မှ ဆက်လက် ပိုးပန်းနိုင်တော့မည် မဟုတ်ချေ။ ထိုအချက်ကို နားလည်လိုက်သည့် အခိုက် ဟိုကျန်း၏ ကံမကောင်းမှုအပေါ် လော့မင်ကြိတ်၍ ကျေနပ်သွားခဲ့လေသည်။
ယင်စုတျယ်သည်လည်း ရန်ကိုင် ဤမျှ အားကောင်းမှန်း ယခုမှ သိခြင်း ဖြစ်သည်။ ယခင်က ရန်ကိုင်နှင့် တွေ့ဖူးသော်ငြား ရန်ကိုင်နှင့် အဆက်အဆံ မရှိသလို ရန်ကိုင် တိုက်ခိုက်သည်ကို လည်း တစ်ခါမှ မမြင်ဖူးသည့်အတွက် ရန်ကိုင် မည်မျှ အားကောင်းမှန်း မသိခဲ့။ ရန်ကိုင်အား သာမန် သူတော်စင် ဒုတိယ အဆင့် ကျင့်ကြံသူ တစ်ယောက်သာ ထင်ခဲ့သည်။
လက်ရှိ ရန်ကိုင် ပြသသွားသည့် ခွန်အားအရ ဖန်ထျန်းဇုံနှင့် ချူချန်ဖုန်းတို့ပင် သူ့ပြိုင်ဘက် မဖြစ်လောက်ချေ။ ထို့အပြင် သူသည် တိုက်ယွမ်နှင့် နီးကပ်သော ဆက်ဆံရေး ရှိနေသေးသည်။
ထိုအကြောင်းကို စဉ်းစားမိလိုက်သည့် အခါ ယင်စုတျယ် စိတ်ပျက်အားငယ်သွားခြင်း မရှိဘဲ သူမ မျက်ဝန်းထဲ ထူးခြားသော အလင်းတစ်ချက်သာ ဖြတ်ပြေးသွားခဲ့သေလည်။ ထို့နောက် ရန်ကိုင်ကို စိုက်ကြည့်၍ အနားတွင် ရပ်နေသော လော့မင်ကို ပြောလိုက်သည် “စီနီယာအစ်ကိုလော့၊ ဟိုးနောက်မှာ ရပ်နေတဲ့ အနက်ရောင်ဝတ်ရုံ ဝတ်ထားတဲ့ မိန်ကလေးကို မြင်တယ်မလား”
“အင်း။ ဂျူနီယာညီမ ဘာလုပ်ချင်လို့လဲ” လော့မင်က ယန်ယန်အား လှမ်းကြည့်လိုက်သည်။
“သူ့ကို တိတ်တိတ်လေး သွားဖမ်းပေးလို့ ရမလား” ယင်စုတျယ်က ပြုံးလျက် မေးလိုက်သည်။
လော့မင် အမူအရာ ပြောင်းလဲသွားခဲ့လေသည်။ ခေါင်းကိုမော့ ရင်ကိုကော့ပြီး အားကိုးရထိုက်သည့် ယောကျာ်းတစ်ယောက်နှယ် သဘောတူပစ်လိုက်ချင်သော်ငြား သူ့ရှေ့ရှိ မြင်ကွင်းသည် သူ့အား တုန့်ဆိုင်းအောင် လုပ်နေခဲ့သည်။ ထို့နောက် တုန့်ဆိုင်းတုန့်ဆိုင်း ဖြင့် ပြန်ပြောလိုက်လေသည် “ဂျူနီယာညီမ၊ အဲ့ကောင် ဘယ်လောက် အားကောင်းလည်း နင်လည်း မြင်တာပဲ။ စီနီယာအစ်ကိုဟိုတောင် သူ့ပြိုင်ဘက် မဟုတ်တာ သူကြည့်နေတာကို ဟိုမိန်းကလေးကို ငါဘယ်လို သွားဖမ်းရမှာလဲ။ ပြီးတော့ သူ့ကြည့်ရတာ ရန်စလို့ကောင်းတဲ့ပုံ မပေါ်ဘူး။ ဟိုအမျိုးသမီးကို တိုက်ခိုက်လိုက်လို့ မတော်တဆ သူဒေါသ ထွက်သွားအောင် လုပ်မိရင် ရတာထက် ဆုံးရှုံးတာ ပိုများနေမယ်နော်”
“စီနီယာအစ်ကို စိတ်ချထားလိုက်တာ။ ဂျူနီယာညီမက အခုလို ပြောလာမှတော့ ဂျူနီယာညီမမှာ ကိုယ်ပိုင် အစီအစဉ် ရှိလို့ပဲပေါ့” ယင်စုတျယ်က ပြုံးလျက် “ဂျူနီယာညီမက သူ့ကို အချိန်ဆွဲထားတုန်း စီနီယာအစ်ကို အဲ့မိန်းမကို တိတ်တိတ်လေး သွားဖမ်းပေး”
ထိုစကားကို ကြားလိုက်သည့်အတိုင် လော့မင် သဘောမတူသေးချေ။
ထိုအခြင်းအရာကို မြင်သော် ယင်စုတျယ် မျက်နှာ ပျက်သွား၏။ သို့သော် ရုတ်တရက် တစ်ခုခုကို စဉ်းစားမိလိုက်ပြီး ပြောလိုက်လေသည် “စီနီယာအစ်ကို ဘာကို စိုးရိမ်နေလဲ ဂျူနီယာညီမ သိတယ်။ ဒါပေမယ့် စီနီယာအစ်ကိုသာ အဲ့မိန်းကလေးကို ဒဏ်ရာရအောင် မလုပ်ရင် အဲ့လူလည်း စီနီယာအစ်ကိုကို လာပြဿနာရှာမှာ မဟုတ်ဘူး။ ပြီးတော့ စီနီယာအစ်ကိုက သူ့ပြိုင်ဘက် မဟုတ်ဘူး ဆိုရင်တောင် အလင်းလွတ်အရိပ်ကို သုံးပြီး အချိန်မရွေး ထွက်ပြေးလို့ ရတယ်လေ။ စီနီယာအစ်ကို ကျွန်မကို ကူညီပေးနိုင်မယ် မလားဟင်”
ယင်စုတျယ်၏ စကားကို ကြားပြီးနောက် လော့မင် အတွေးနက်သွားခဲ့သည်။ ခဏလောက် စဉ်းစားလိုက်ပြီးနောက် ခေါင်းညိတ် သဘောတူလိုက်လေသည် “ကောင်းပြီလေ။ ဂျူနီယာညီမက အကူအညီ တောင်းလာမှတော့ စီနီယာ အစ်ကိုလည်း ကူညီပေးရတော့။ အဲ့မိန်းကလေးကို ငါ့တာဝန်သာ ထားလိုက်။ ဒါပေမယ့် ဂျူနီယာညီမယင်လည်း ဂရုစိုက်ဦးနော်။ အဲ့မျိုရိုးနာမည်ရန်နဲ့ ကောင်က ပေါ့သေးသေး မဟုတ်ဘူး။ သွားလျှော့တွက်ရင် ဒုက္ခရောက်သွားနိုင်တယ်”
လော့မင်သည် သူ၏ အလင်းလွတ်အရိပ် ပညာရပ်အပေါ် ယုံကြည်ချက်အပြည့် ရှိသည့်ပုံပင်။ ရန်ကိုင် ဟိုကျန်းအား စုတ်ပြတ်သတ်သွားအောင် တီးလွှတ်လိုက်သည်ကို မြင်သည့်တိုင် ယင်စုတျယ်၏ တောင်းဆိုချက်ကို သဘောတူလိုက်သေးသည်။
ယင်စုတျယ်က စွဲမက်ဖွယ်ကောင်းစွာ ရယ်မောလျက် ခေါင်းညိတ်၍ “ဂျူနီယာညီမသာ သူ့ကို ထိပ်တိုက်ရင်ဆိုင်မယ် ဆိုရင် ဆယ်ကွက်အတွင်း ရှုံးမှာ အသေအချာပဲ။ ဒါပေမယ့် ဂျူနီယာညီမက ခေါင်းမရှိတဲ့လူမှ မဟုတ်တာ။ ဘာလို့ သူ့ကို အဲ့လို သွားတိုက်ခိုက်ရမှာလဲ”
ယင်စုတျယ်ကို စကားကို ကြားသော လော့မင် သူမအား လှည့်ကြည့်လိုက်ရာ ယင်စုတျယ်၏ ခန္ဓာကိုယ်ဆီမှ မှိန်ဖျဖျ အလင်းရောင်တို့ ဖြာထွက်နေသည်ကို တွေ့လိုက်ရသည်။ ထိုအလင်းရောင်ဆီမှ မည်သည့် အရှိန်အဝါမှ ထွက်ပေါ်မနေခဲ့။
သို့သော် ထိုအလင်းရောင်ကို လော့မင် မြင်လိုက်သည်နှင့် တစ်ပြိုင်နက် သူ့ဂျူနီယာညီမလေး၏ ခန္ဓာကိုယ် အလွန်ကိုမှ စွဲမက်ဖွယ်ကောင်းလာသလို ခံစားလိုက်ရသည်။ တစ်သက်လုံး ထိုခန္ဓာကိုယ်ဆီမှ အကြည့်မခွာချင်တော့သလို ဖြစ်လာသည်။ သူမကိုသာ ရမည်ဆိုလျှင် သေရမည်ဆိုလျှင် သေလိုက်မည်ဆိုသည့် အတွေးမျိုး သူ့စိတ်ထဲ ဖြစ်ပေါ်လာခဲ့သည်။
လော့မင် တစ်ခတာ ငေးငိုင်နေပြီးနောက် ချက်ချင်းပဲ သူ့လျှာကိုကိုက်၍ ထိုညို့ငင်မှုအောက်မှ ရုန်းထွက်လိုက်သည်။ ရုန်းထွက်ပြီးသည်နှင့် ယင်စုတျယ်၏ ခန္ဓာကိုယ်ဆီမှ ချက်ချင်း အကြည့်လွှဲဖယ်လိုက်လေသည်။ ယခု သူနဖူးပြင် တစ်ခုလုံး ချွေးအေးတို့ဖြင့် စိုရွှဲနေခဲ့ပြီ။
ယင်စုတျယ်ကို နောက်တစ်ကြိမ် ထပ်မကြည့်ရဲတော့။ သူ့ဂျူနီယာညီမ၏ ညို့ဓါတ်ကျင့်စဉ်သည် သူထင်ထားသည်ထက် ပို၍ တိုးတက်လာမှန်း နားလည်လိုက်သည်။ ယခုဆို သူမသာ သူ့အား ပစ်မှတ်ထားလာပါ သူမ၏ ညို့ငင်မှုကို ခုခံနိုင်မည်ဟု ယုံကြည်ချက် မရှိတော့ချေ။ ထို့ကြောင့် ရန်ကိုင်ကိုလည်း ယင်စုတျယ် ညို့နိုင်လိမ့်မည်ဟု လော့မင် ယုံကြည်သွားသည်။
ထိုစဉ် ဟိုကျန်း၏ ပုခုံးကို တက်နင်းထားသော ရန်ကိုင်သည် ယင်စုတျယ်နှင့် လော့မင်တို့ဘက် လှည့်လိုက်သည်။ ထိုနှစ်ယောက် ရောက်နေသည်ကို ယခုမှ သတိပြုမိလိုက်သည့်အလား အပြုံးကြီး ပြုံးလျက် လှမ်းအော်ပြောလိုက်သည် “အစ်မယင်ပါလား၊ ဒီမှာ လာတွေ့မယ်လို့ တကယ် မထင်ထားပါဘူး။ ကျုပ်တို့ ကြမ္မာ ရေစက်လည်း ဆုံတတ်လိုက်တာနော်”
“ကံကြမ္မာရေစက်၊ ခစ်ခစ်…” ယင်စုတျယ်က သူမ၏ ပါးစပ်လေးကို အုပ်ရယ်လျက် ပြုံးကာ ရစ်မူးဖွယ်ကောင်းသော အကြည့်ဖြင့် ရန်ကိုင်အား စိုက်ကြည့်၍ ပြောလိုက်သည် “ကျွန်မတို့ တကယ်ကို ရေစက်စုံလွန်းတာ။ ဒါပေမယ့် ဒီတစ်ကြိမ်တော့ တိုက်ဆိုင်တာ မဟုတ်တော့ဘူး။ ရှင့်ကို ရှာဖို့အတွက်ကို ဂိုဏ်းရဲ့ ဟင်းလင်းပြင် အစီအရင်သုံးပြီး ဒီအထိကို လိုက်လာခဲ့တာ”
“ကျုပ်ကို လာရှာတာလား” ရန်ကိုင် မျက်ခုံးပင့်သွားခဲ့ပြီး အံ့အားသင့်သွားဟန်ဖြင့် “ဘာအတွက်လဲ။ အစ်မယင် ကျုပ်ဆီက တစ်ခုခု လိုလို့လား”
ယင်စုတျယ် မျက်နှာထက်ရှိ အပြုံး ပျောက်ကွယ်သွားခဲ့ပြီး ဝမ်းနည်းသွားသည့် အမူအရာဖြင့် “ဘာမှတော့ မဟုတ်ပါဘူး။ မောင်လေးရန် ဟိုနေ့က သဘောတူထားတာကို မေ့သွားတာလား။ အချိန်ရရင် ငါဆီလာမယ်လို့ သဘောတူထားတယ်လေ၊ အဲ့ဒါကို ဘာလို့ နှုတ်ဆက်စကားတောင် မပြောဘဲ ချက်ချင်း ထွက်သွားတာလဲ… ဘာလဲ၊ အစ်မတိုက်ယွမ် ဧည့်ဝတ် မကျေပွန်လို့လား။ အဲ့လိုဆို စိတ်မပူနဲ့။ ဒီကအစ်မ ပြန်ကောင်းကောင်း ဧည့်ခံပေးမယ်။ စီနီယာအစ်မ တိုက်ယွမ်က အခြားသူတွေနဲ့ စကားပြောရတာ မကြိုက်တော့ အဲ့လိုတွေ ဖြစ်တတ်တယ်။ မောင်ငယ်လေး အဲ့ကိစ္စကို စိတ်ထဲမထားဘဲ မေ့ပစ်ပေးမယ်လို့ ဒီအစ်မ မျှော်လင့်ပါတယ်နော်”
ပြောပြီးသည်နှင့် ရန်ကိုင်အား သေသပ်ကျော့ရှင်းစွာ ဦးညွှတ်လိုက်လေသည်။ ခါးကိုကိုင်းလိုက်စဉ် သူမ မပေါ့်တပေါ် မို့မောက်မောက် ရင်အစုံကိုပါ မြင်သာသွားအောင် တစ်ခါတည်း လှစ်ဟာပြလျက် မျက်ဝန်းအစုံဖြင့် ရန်ကိုင်အား ရီဝေရွှန်းလဲ့စွာ စိုက်ကြည့်လိုက်သည်။
ရန်ကိုင်ကမူ ပျာပျာသလဲ ခတ်သွားဟန်ဖြင့် သူ့လက်ကို အလျင်အမြန် ဝှေ့ရမ်း၍ “ဘယ်ကသာ။ စီနီယာအစ်မတိုက်ယွမ်က ကျုပ်ကို ကောင်းကောင်း ဆက်ဆံပါတယ်ဗျ။ ကျုပ်ကသာ အရေးကြီး လုပ်စရာရှိလို့ အလောတကြီး ပြန်ထွက်လာလိုက်ရတာ”
အပေါ်ယံတွင်သာ တည်ငြိမ်ချင်ယောင် ဆောင်နေသော်ငြား ရင်ထဲတွင် သက်ပြင်းအထပ်ထပ် ချမိနေသည်။ ကြည့်ရသလောက် ယင်စုတျယ်သည် ပုံရိပ်တစ်ထောင်ဖန်တောင် အောက်ဘက်ရှိ အရံအတား ပျက်စီးသွားရခြင်း၏ လက်သည် တရားခံမှာ သူဖြစ်ကြောင်း မသိသေးသည့်ပုံပင်။ ဆိုလိုသည်ကား သူတို့မှန်း ဖန်သွေးရောင်ဂိုဏ်း မသိသေးချေ။ ထို့ကြောင့် ရန်ကိုင် ဘာကိုမှ စိုးရိမ်နေစရာ မလိုတော့။
“အဲ့လိုကိုး” ယင်စုတျယ် ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူမ၏ နှင်သားနှယ် ဖွေးဥနေသော ကျောက်စိမ်းသားပမာ ချောမွတ်လှသည့် လက်ကလေးဖြင့် ပိတုန်းရောင်ပမာ မည်းနက်ရွှန်းစိုနေသော ဆံသားလေးကို ကျော့ရှင်းလှပသည့် ဟန်ပန်ဖြင့် နားသယ်နောက်သို့ တင့်တယ်စွာ သပ်တင်လျက် ပန်းပေါင်းတစ်ရာ ဖူးဖွင့်လာသနှယ် မြင်သူတကာ မိန်းမောသွားရမည့် အပြုံးကို ဆင်မြန်းလျက် “မောင်လေးရန်၊ ငါတို့ စကားထပ်မပြောခင် နင်နင်းထားတဲ့ ငါ့စီနီယာအစ်ကို အရူးကောင်ကို လွှတ်ပေးလို့ ရမလားဟင်။ စီနီယာအစ်ကိုနဲ့ နင့်ကြား တစ်ခုခု နားလည်မှု လွှဲနေတယ် ထင်တယ်။ ဒါပေမယ့် သူ့ကို ထိုက်သင့်သလောက် အပြစ် ပေးပြီးသွားပြီဆိုတော့ လွှတ်ပေးလို့ အဆင်ပြေမယ်မလားဟင်”
“သူက အစ်မယင်ရဲ့ စီနီယာအစ်ကိုလား” ရန်ကိုင်လည်း ထိုအကြောင်းကို ယခုမှ သိသွားဟန် ဆောင်လိုက်ပြီး တောင်းတောင်းပန်ပန်ဖြင့် “ဒီတော့ သူက ဖန်သွေးရောင်ဂိုဏ်းရဲ့ တပည့်တစ်ယောက်ပေါ့။ ကျုပ်ရှေ့ကို ဗြုန်းစားကြီး ရောက်လာပြီး ဘူးမသိဘားမသိ ပြဿနာ လာရှာနေတဲ့ ဒီသောက်ရူး မျက်ကန်းကောင်က ဘယ်ကောင်လဲ မှတ်နေတာ၊ လတ်စသတ်တော့ အစ်မယင်ရဲ့ စီနီယာအစ်ကို ဖြစ်နေတာကိုး။ အစ်မယင်ရဲ့ စီနီယာအစ်ကိုဆိုတော့ ကျုပ် ပြန်လွှတ်ပေးလိုက်ပါမယ်လေ”
ပြောပြီးသည်နှင့် ဟိုကျန်းကို ယင်စုတျယ်ဆီ ရောက်အောင် အားပြင်းပြင်းနှင့် ဆောင့်ကန်ချလိုက်သည်။
ခရက် ဆိုသော မြည်သံနှင့်အတူ ရှက်လွန်းသဖြင့် မျက်နှာ တစ်ပြင်လုံး ဆေးနီသုတ်ထားသည့်နှယ် နီမြန်းနေသော ဟိုကျန်း၏ မျက်နှာ သွေးဆုတ်ဖြူလျော်သွားခဲ့ပြီး ယင်စုတျယ်ဆီသို့ တန်းတန်းမတ်မတ် ပျံသန်းသွားလေသည်။
ရန်ကိုင် ထိုမျှ ရက်ရက်စက်စက် လုပ်လိုက်မည်ဟု မထင်ထားသဖြင့် ယင်စုတျယ်၏ မျက်နှာ လှလှလေး အနည်းငယ် မဲ့သွားခဲ့သည်။ ထိုကန်ချက်သည် ပေါ့ပေါ့လေးဟုသာ ထင်ရသော်ငြား ကြားလိုက်သည့် အသံအရ အနည်းဆုံး ဟိုကျန်း၏ အရိုးတစ်ဝက်လောက် ကျိုးသွားခဲ့ပေလိမ့်မည်။ ထိုကဲ့သို့သော ဒဏ်ရာမျိုးသည် မပေါ့သလို အရမ်းကြီးလည်း မပြင်းချေ။ သို့သော် အနည်းဆုံး လေး၊ငါးလလောက် အိပ်ထဲရာ အနားယူပြီးမှသာ ပြန်ကောင်းလာနိုင်ပေလိမ့်မည်။
ယင်စုတျယ် စိတ်တိုသွားခဲ့သည်။ ရန်ကိုင်သည် သူမကိုပင် မျက်နှာမပေးရလေလားဟု တွေးရင်း ဒေါသထွက်လာရသည်။ ချက်ချင်းပဲ သူမလက်ကို ဝှေ့ရမ်း၍ ရှေ့တည့်တည့်တွင် ပန်းရောင် တိမ်တိုက်တစ်ခုကို ဖန်တီးလိုက်လေသည်။
ဟိုကျန်း၏ ခန္ဓာကိုယ် ထိုပန်းရောင်တိမ်တိုက်နှင့် သွားမှန်သည့်အခါ ဝါဂွမ်းလုံးထဲ ရောက်သွားသည့်နှယ် အထဲသို့ နစ်ဝင်သွားခဲ့သည်။ ရန်ကိုင် ကန်ထုတ်လိုက်သည့် အားလည်း ပျက်ပြယ်သွားခဲ့ရသည်။
ယင်စုတျယ်က သူမလက်ကို ဟိုကျန်း ပခုံးပေါ်တွင် တင်လျက် သူမဘေးနားသို့ ဆွဲခေါ်လိုက်သည်။ ဟိုကျန်းသည် ယင်စုတျယ်ဘေးတွင် တည်တည်ငြိမ်ငြိမ်ဖြင့် ရပ်နေနိုင်သော်ငြား သူ့မျက်နှာ တစ်ပြင်လုံး စက္ကူဖြူတစ်ရွက်နှယ် ဖြူလျော်နေသည်။ ပိုးပန်းနေသည့် မိန်းကလေး အထင်ကြီးအောင် လုပ်ပြချင်သော်ငြား ကံကြမ္မာက ရက်စက်လှသည်။ ပိုးစိုးပက်စက် အရှက်ကွဲခဲ့သည့် အတွက်ကြောင့် ရှက်လွန်းသဖြင့် တွင်းတစ်တွင်း တူပြီးတော့သာ ပုန်းအောင်း နေလိုက်ချင်မိတော့သည်။
သူစိတ်ထဲ မသက်မသာ ဖြစ်နေရသည်ကား ယင်စုတျယ်သည် သူ့အား တစ်ချက်ပင် လှည့်မကြည့်ချင်းပင်။ သူ့အား မရှိသလိုသာ သဘောထားခဲ့သည်။ ထို့ကြောင့် ဟိုကျန်းလည်း တိတ်တိတ်လေး ရပ်နေရုံသာ တတ်နိုင်ခဲ့လေသည်။
တစ်ဖက်တွင်မူ သူ့စွမ်းအားကို ယင်စုတျယ်မှ ပျက်ပြယ် စေလိုက်သည်ကို မြင်ပြီးနောက် ရန်ကိုင် အနည်းငယ် အံ့အားသင့်သွားရသည်။ ဟိုကျန်း ကိုယ်ထဲသို့ သူတော်စင်ချီ အတော်များများ ထည့်သွင်းခဲ့သော်ငြား ယင်စုတျယ်သည် ထိုစွမ်းအားကို အလွယ်တကူ ပျက်ပြယ်သွားစေခဲ့သည်။
ထိုမိန်းမသည်လည်း ထင်သလောက် ရိုးရှင်းပုံမရချေ။ ဖန်သွေးရောင်ဂိုဏ်း လူငယ်မျိုးဆက်၏ ခေါင်းဆောင် ဖြစ်သဖြင့် သူမတွင် ထိုကဲ့သို့ အရည်အချင်း မရှိသည်မှာ သဘာဝသာ ဖြစ်သည်။ ရုပ်ကလေးလှရုံဖြင့် မည်သူကများ သူမကို ဂိုဏ်းတစ်ဂိုဏ်း၏ လူငယ်မျိုးဆက်အဖြစ် ခန့်အပ်မည်နည်း။ သူမတွင် အရည်အချင်း ရှိသည့် အတွက်ကြောင့်သာ ထိုကဲ့သို့ ရာထူးကို ပေးထားခြင်း ဖြစ်သည်။
“အစ်မယင် ဘာမှ ထပ်ပြောစရာ မရှိတော့ဘူးဆိုရင် ဒီရန် သွားတော့မယ်နော်” ထိုမိန်းမနှင့် ဆက်လက် အချိန်မကုန်တော့ရန် ရန်ကိုင် ဆုံးဖြတ်လိုက်သည်။ တကယ်တော့ ယင်စုတျယ်သည် ဖန်သွေးရောင်ဂိုဏ်း၏ ထိပ်တန်းတပည့်တစ်ယောက် ဖြစ်သည်။ ထို့ကြောင့် သူ့အနေဖြင့် သူမအား သတ်လိုက်၍ မဖြစ်။ သူမနှင့်သာ ဆက်လက် အချိန်ကုန်ခံနေ၍ တိုက်ပွဲ ဖြစ်လာမည် ဆိုပါက နစ်နာမည့်လူသည် သူသာ ဖြစ်ပေလိမ့်မည်။ ထို့ကြောင့် ချက်ချင်း ထွက်ခွာရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၂၈၃)
ရန်ကိုင် ပြောသည်ကို ကြားပြီးနောက် ယင်စုတျယ် တခစ်ခစ် ရယ်သွမ်းသွေးလိုက်ပြီး “မောင်ငယ်လေး ဘာတွေ ဒီလောက် အလျင်လိုနေရတာလဲ။ ဒီကအစ်မက ဒီအထိတောင်လာပြီး မောင်ငယ်လေးကို ဖိတ်ခေါ်ရတာကို။ ပြီးတော့ မောင်ငယ်လေးနဲ့ စီနီယာအစ်မတိုက်ယွမ်တို့ ဘယ်လို ပက်သက်နေလဲ ဆိုတာကို ဒီအစ်မ သိချင်မိသေးတယ်။ ဖြစ်နိုင်ရင် မောင်ငယ်လေး အစ်မနဲ့ အတူ ပြန်လိုက်နိုင်မလား မသိဘူး။ စီနီယာအစ်မတိုက်ယွမ်က အခြားသူတွေနဲ့ စကားပြောရတာ မကြိုက်ဘူး ဆိုတာကို မောင်ငယ်လေး သိတယ်မလား။ သူ့ဂျူနီယာညီမ ဖြစ်တဲ့ အစ်မတောင် သူနဲ့ သိပ်စကားမပြောဖြစ်ဘူး။ ဒါပေမယ့် သူ့လို လူတစ်ယောက်က မောင်ငယ်လေးကို ဧည့်သည်အဖြစ် ဖိတ်ခေါ်ခဲ့တယ် ဆိုတော့ တော်တော်လေး ထူးဆန်းနေလို့။ ဒီကိစ္စကို အစ်မတင် မဟုတ်ဘူး၊ အစ်မဆရာပါ စိတ်ဝင်စားနေတာ။ အခု အစ်မဆရာက အမိန့်ပေးလိုက်လို့ မောင်ငယ်လေးကို ဂိုဏ်းဆီ လိုက်ခဲ့ဖို့ လာဖိတ်ခေါ်တာ”
“ဆရာအမိန့်လား” ရန်ကိုင်က ယင်စုတျယ်အား ပြုံး၍ ကြည့်လိုက်ပြီး ခဏလောက် စဉ်းစားပြီးနောက် ပြန်ပြောလိုက်၏ “ဒါပေမယ့် အဲ့လိုတောင် လိုက်လို့မရသေးဘူး အစ်မယင်ရယ်။ စီနီယာကုန်းကိုလည်း တကယ် အားနာပါတယ်။ ဒါပေမယ့် ကျုပ်မှာ တကယ်ကို အချိန်နှေးလို့မဖြစ်တဲ့ ကိစ္စတစ်ခု ရှိနေလို့ပါ။ ကျုပ်နောက်ပိုင်း ဖန်သွေးရောင်ဂိုဏ်းဆီလာမှ စီနီယာကုန်းဆီ လာခဲ့မယ်လေ။ အဲ့လိုဆို အဆင်ပြေမလား”
“နောက်ပိုင်း… နောက်ပိုင်းဆိုတာ ဘယ်အချိန်လဲမှ မသိတာ။ စောင့်နေရမယ့်အစား ဂျူနီယာမောင်လေး ဒီနေ့ပဲ ပြန်လိုက်ခဲ့ရင် ပိုကောင်းမယ်လို့ အစ်မ ထင်တာပဲ” ယင်စုတျယ်သည် နည်းနည်းမျှ အလျှော့မပေးခဲ့။ သူမ၏ စကားလုံးထဲ တွန်းအားပေးသည့် အရိပ်အယောင်တို့ စတင် ထွက်ပေါ်လာခဲ့သည်။
ရန်ကိုင်၏မျက်လုံး မှေးစဉ်းသွားခဲ့သည်။ ယနေ့ ဤကိစ္စကို အလွယ်တကူ ဖြေရှင်း၍ရမည့်ပုံ မပေါ်ချေ။ သို့သော်လည်း သေချာ စဉ်းစားကြည့်ပြီးနောက် သူအရမ်း တုံးအနေမှန်း ရန်ကိုင် နားလည်လိုက်သည်။ ယင်စုတျယ်အနေဖြင့် သူ့ကို ဖမ်းရန်အတွက် ဤနေရာအထိ လိုက်လာခဲ့မှဖြင့် မည်သည့် အကြောင်းကြောင့် အလွယ်တကူ လက်လျှော့သွားလိမ့်မည်နည်း။
သက်ပြင်းယဲ့ယဲ့လေး ချလျက် ရန်ကိုင်က အလေးအနက် အမူအရာဖြင့် ပြန်မေးလိုက်သည် “ပြန်မလိုက်ဘူး ဆိုရင်ကော”
“မောင်ငယ်လေး ငြင်းချင်တာလား” ယင်စုတျယ်က တခစ်ခစ် ရယ်သွမ်းသွေးလိုက်ပြီး ရန်ကိုင်အား စိတ်ဝင်တစား ကြည့်လျက် သစ်ခွရနံ့လေးကို ရှူထုတ်လိုက်ရင်း ပြန်ပြောလိုက်သည် “အဲ့လို မဖြစ်နိုင်ဘူးလို့ အစ်မထင်တာပဲ”
သူမစကားဆုံးသွားသည်နှင့် မီတာတစ်ထောင် အကွာတွင် ရှိနေသော ယန်ယန်ဆီမှ ရုတ်တရက် အော်ဟစ်သံတစ်သံ ကြားလိုက်ရသည်။
ရန်ကိုင်၏ အကြည့် အေးစက်သွားခဲ့ပြီး ချက်ချင်းပဲ ယန်ယန် ရှိနေသည့် နေရာဆီသို့ လှမ်းကြည့်လိုက်သည်။
ဘာတွေဖြစ်ပျက်သွားမှန်း မသိသော်လည်း အဖြူရောင် အလင်းတို့ လွှမ်းခြုံထားသည့် အမျိုးသား ကျင့်ကြံသူ တစ်ယောက်သည် သူမသိအောင် ယန်ယန်အား ဖမ်းရန် ကြိုးစားနေသည်ကို တွေ့လိုက်ရသည်။ သို့သော် ယန်ယန်၏ အကာအကွယ် မှော်ရတနာကြောင့် ပထမအကြိမ် ကြိုးစားမှုသည် မအောင်မြင်ခဲ့ပေ။
လက်ရှိတွင် ထိုအမျိုးသား ကျင့်ကြံသူသည် မျက်မှောင်ကြုတ်လျက် ယန်ယန်၏ ခန္ဓာကိုယ်မှ ဖြာထွက်နေသော အနီရောင် အလင်းတန်းကို တိုက်ခိုက်နေခဲ့သည်။
ထိုလူကို မြင်လိုက်သည်နှင့် ထိုလူသည် ယင်စုတျယ်နှင့်အတူ ရောက်လာသည့်လူမှန်း ချက်ချင်းသိလိုက်သည်။
ယင်စုတျယ်ဘက်သို့ ပြန်လှည့်လိုက်ကြည့်ရာ သူမနှင့်အတူ ရောက်လာသည့်လူ မရှိတော့သည်ကို တွေ့လိုက်ရသည်။
ရန်ကိုင် ထိတ်လန့်သွားခဲ့သည်။
ထိုလူ ယင်စုတျယ်ဘေးမှ ထွက်သွားသည်ကို သူပြင် သတိမပြုမိလိုက်ချေ။ ယန်ယန်သာ အားကောင်းသော မှော်ရတနာများ ပိုင်ဆိုင်ထားခြင်း မရှိပါက ကျိန်းသေ အဖမ်းခံရပေလိမ့်မည်။ ယန်ယန်သာ ဖမ်းခံရလျှင် ရန်ကိုင်လည်း ယင်စုတျယ်နှင့်အတူ ဖန်သွေးရောင်ဂိုဏ်းသို့ ပြန်လိုက်ရပေလိမ့်မည်။
တစ်ဖက်လူ၏ ထောင်ချောက်ထဲ ကျသွားခဲ့မှန်း နားလည်လိုက်သည့်နောက် ရန်ကိုင် ဒေါသထွက်သွားခဲ့လေသည်။ ယန်ယန်၏ အခြေအနေကို ဂရုမစိုက်တော့ဘဲ ယင်စုတျယ်အား အေးစက်စက် အကြည့်ဖြင့် စိုက်ကြည့်လိုက်သည်။
ယန်ယန်တွင် မှော်ရတနာများစွာ ရှိပေသည်။ မှော်ရတနာ ဘယ်လောက်များများ သူမပိုင်ဆိုင်ထားသလဲ ဆိုသည်ကို မသိသော်ငြား မည်သည့် သူတော်စင်ဘုရင် တတိယအဆင့် သူမအား ထိပင်ထိနိုင်လိမ့်မည် မဟုတ်ဟု ရန်ကိုင် ယုံကြည်သည်။
သာမန် တန်ခိုးရှင်အဆင့် ရောက်လာလျှင်ပင် ယန်ယန်အား ဖမ်းနိုင်လိမ့်မည် မဟုတ်ချေ။
လော့မင် တိုက်ခိုက်လိုက်သည်နှင့် တစ်ပြိုင်နက် ယင်စုတျယ်လည်း လှုပ်ရှားလိုက်သည်။ ပျားသကာနှယ် ချိုသာစွာ တခစ်ခစ် ရယ်မောရင်း အစောပိုင်းက ဆင့်ခေါ်ခဲ့သော ပန်းရောင် တိမ်တိုက်ကို ဆင့်ခေါ်လိုက်သည်။ ယခုတစ်ကြိမ်တွင် ထိုပန်းရောင် တိမ်တိုက်သည် ပန်းရောင်မြူခိုး အရံအတားတစ်ခု အဖြစ်သို့ ပြောင်းလဲသွားပြီး ရန်ကိုင်အား လွှမ်းခြုံသွားလေသည်။
ချက်ချင်းဆိုသလို ယင်စုတျယ်သည် ထိုပန်းရောင်မြူခိုး အရံအတားထဲသို့ သင်းပျံ့မွှေးကြိုင်သော ထွက်လေးများကို ရှူထုတ်လိုက်သည်။ ပန်းရောင်မြူခိုး အရံအတားသည် အသက်ဝင်လာနှယ့် ရုတ်တရက် လှုပ်ရှားလာခဲ့သည်။ ကြည်လင် ချိုသာလှသော ရယ်သံ၊ တေးသီကျူးသံတို့သည်လည်း ထိုထဲမှ ထွက်ပေါ်လာခဲ့လေသည်။
ထိုအသံများ ထွက်ပေါ်လာသည်နှင့် ဖြူဖတ်ဖြူလျော် ဖြစ်နေသော ဟိုကျန်း မျက်နှာတစ်ပြင်လုံး နီမြန်းလာခဲ့သည်။ သူ့သွေးများ ဆူပွက်လာခဲ့ပြီး မီးတောက်မတတ် အကြည့်ဖြင့် ယင်စုတျယ်အား မမှိတ်မသုံ စိုက်ကြည့်လိုက်ညသည်။
ဟိုကျန်း၏ မီးတောက်မတတ် အကြည်ကို ခံစားမိလိုက်သည့် အလား ယင်စုတျယ်သည် နောက်သို့လှည့်၍ ဟိုကျန်းခေါင်းကို ပုတ်လိုက်သည်။ ထိုအခါမှပဲ ဟိုကျန်း အသိပြန်ဝင်လာခဲ့သည်။
“ကိုယ့်ကိုယ်ထိန်းဦး၊ အရှက်ကိုမရှိဘူး” ယင်စုတျယ်က အထင်တမြင် တသေးဖြင့် ဆူပူအော်ငေါက်လိုက်သဖြင့် ဟိုကျန်း မျက်နှာ ပို၍ နီးမြန်းသွားခဲ့ရသည်။
တစ်နေ့တည်းတွင် နှစ်ကြိမ်တိုင်တိုင် အရှက်ရခဲ့ရလေပြီ။ နောက်အခါ ဘယ်မျက်နှာနှင့် ယင်စုတျယ်ကို သွားရင်ဆိုင် ရတော့မည်နည်း။ ယင်စုတျယ်၏ ပညာရပ်သည် ဟိုကျန်းကို ပစ်မှတ်ထားနေခြင်း မဟုတ်သဖြင့် ဟိုကျန်း အလွယ်တကူ ခုခံနိုင်သင့်သော်လည်း ပြင်းပြင်းထန်ထန် ဒဏ်ရာရထားသဖြင့် သူတော်စင်ချီ ကောင်းကောင်း မစီးဆင်းနိုင်တော့ရာ သူ့စိတ် အခြေအနေလည်း မတည်မငြိမ် ဖြစ်လာရသည်။ ထို့ကြောင့် သူ့စိတ်ကို သူမထိန်းနိုင်ခဲ့ခြင်း ဖြစ်သည်။
ယင်စုတျယ်၏ အော်ငေါက်ခြင်း ခံလိုက်ရပြီးနောက် ဟိုကျန်း အလွန်ကိုမှ စိတ်အားငယ်သွားခဲ့ရသည်။ ယခု သူ့စိတ်ထဲ ဖန်သွေးရောင်ဂိုဏ်းဆီ မြန်မြန် ရက်ရှည် တံခါးပိတ်ကျင့်စဉ်သာ ဝင်ချင်တော့သည်။
“စီနီယာအစ်ကိုရဲ့ အကူအညီကို လိုတဲ့နေရာ ရှိဦးမယ်။ ဒါကြောင့် အားပြန်ဖြည့်ထားနှင့်ဦး” ဟိုကျန်း ရှက်သွားသည်ကို မြင်သော် ယင်စုတျယ်က အလျင်စလို စကား နည်းနည်းပါးပါး ပြောလိုက်သည်။
ထိုစကားကို ကြားလိုက်သည့်အခါ ဟိုကျန်း၏ မျက်ဝန်းများ တစ်ဖန် ပြန်လည် တောက်ပလာခဲ့ပြီး ရှက်နေသည့် အမူအရာကို ချက်ချင်း ထိန်းချုပ်ထားလိုက်သည်။ ခေါင်းညိတ်၍ တင်ပလင်ခွေ ထိုင်ချလိုက်ပြီး သိုလှောင်လက်စွပ်ထဲ ကုသရေး ဆေးလုံးများ ထုတ်သောက်လိုက်သည်။ ထို့နောက် အဆင့်မြင့် သူတော်စင် သလင်းကျောက် နှစ်တုံးကို ကိုင်လျက် ကျင့်စဉ်ကို လှည့်ပတ်ကာ ဒဏ်ရာများကို ပြန်လည် ကုသတော့သည်။
ထိုအခြင်းအရာကို မြင်မှပဲ ယင်စုတျယ် ကျေနပ်သွားသည်။ ထို့နောက် သူမရှေ့ရှိ ပန်းရောင်မြူခိုး အရံအတားကို ထိန်းချုပ်၍ ညို့ဓါတ်ကျင့်စဉ်၏ စွမ်းအားကို မြှင့်တင်တော့လေသည်။
ရန်ကိုင်သည် ပန်းရောင်မြူခိုး အရံအတားထဲတွင် ရပ်လျက် သူ့ပတ်ဝန်းကျင်ကို စစ်ဆေးနေခဲ့သည်။ လက်ရှိ သူရှိနေသည့် ပတ်ဝန်းကျင်သည် အပြောင်းကြီး ပြောင်းလဲသွားခဲ့လေပြီ။ ယခင်က လွင်တီးခေါင်ပြင်သာ ရှိခဲ့သော နေရာတွင် ခမ်းနား ကြီးကျယ်သော နန်းတော်ကြီး တစ်ခုက အစားထိုး နေရာယူထားသည်။
သူ့ရှေ့တွင်မူ ဝိုင်ရနံ့တို့ သင်းထုံနေသော နတ်ရေစင်ပမာ ကြည်လင်ရှင်းသန့်သော ရေတို့ဖြင့် ပြည့်နေသော ရေကန်ကြီး တစ်ကန် ရှိနေခဲ့သည်။
ရေကန်ဘေးတွင် မပေါ်တပေါ် အဝတ်အစားများကို ဝတ်လျက် ပျော်ရွှင်မြူးထူးစွာဖြင့် ကခုန်နေကြသော မိန်းကလေး များစွာ ရှိနေခဲ့သည်။ မိန်းကလေး တစ်ယောက်ချင်းစီတိုင်းသည် ပြစ်ချက်ပြောရက်စရာ မရှိသည့် မဟာအလှရှင်လေးများ ဖြစ်ကြပြီး တစ်ယောက်ချင်းစီသည် တစ်မူထူးခြားသော အလှတရားကို ပိုင်ဆိုင်ထားကြသည်။ အချို့သည် ရန်ကိုင်အား ပေါ်ပေါ်တင်တင် စိုက်ကြည့်နေချိန် အချို့သည် ရှက်ချောင်းချောင်းကြည့်နေကြ၏။
ထိုမိန်းကလေးများထဲမှ အချို့သည် အေးစက်စက် အရှိန်အဝါကို ပိုင်ဆိုင်ထားကြဖြင့် ရေခဲနတ်သမီးလေးများနှယ် အေးစက်စက် ဖြစ်နေကြသည်။
အခြားသူများသည် မြင်သူပုရိသ ယောကျာ်းသားတိုင်း နှာခေါင်းသွေး လျှံရလောက်သည့် နူးညံ့ပျော့အိလှသော မို့မောက်နေသည့် စနေနှစ်ခိုင်ကို လှုပ်ခါရင်း နို့နှစ်ရောင်ကဲ့သို့ ဖြူဖွေးချောမွတ်လှသော ပေါင်တံလေးများကို လှစ်ဟာပြရင်း စွဲမက်ဖွယ်ကောင်းစွာ ကခုန်နေကြသည်။
အချို့မှာမူ ရေခဲနှလုံးသားကို ပိုင်ဆိုင်ထားသည့် လူပင် သနားစိတ် ဝင်သွားရလောက်သည်အထိ သနားစဖွယ်ကောင်းသော ဖြူစင်၊ရိုးသား၊ သနားစဖွယ် အမူအရာလေးများဖြင့် ရှိနေကြသည်။
လွန်စွာ လိုက်ဖက်ညီလှသော အကနှင့် ညိမ့်ညောင်းလှသော တေးသံကြောင့် ဤနေရာသို့ ရောက်လာသည့်လူတိုင်း မည်သူမှ ပြန်ထွက်သွားချင်ကြလိမ့်မည် မဟုတ်ချေ။ ဤနေရာတွင်သာ တစ်သက်လုံး နေသွားချင်ပေလိမ့်မည်။
သို့သော်လည်း ရန်ကိုင်ကမူ သူ့ဘေးပတ်လည်ရှိ အရာ အားလုံးကို ထူးမခြားနားဟန်ဖြင့်သာ စိုက်ကြည့်နေခဲ့သည်။ ကခုန်နေကြသော မိန်းကလေးများကို သူနည်းနည်းလေးမှ စိတ်မဝင်စားချေ။
လူသည် တစ်ခါသေဖိုး ပျဉ်းဖိုးနားလည်ရသည်။ သို့သော် ယင်စုတျယ်ကတော့ မမှတ်။ ပုံရိပ်တစ်ထောင်တောင်တွင် သူမ၏ ညို့ဓါတ်ကျင့်စဉ်ကို ရန်ကိုင်အပေါ် သွားသုံးခဲ့သဖြင့် မည်ကဲ့သို့ ဒုက္ခရောက်ခဲ့သည်ကို မှတ်မထားဘဲ ရန်ကိုင်အပေါ် ညို့ဓါတ် ကျင့်စဉ် နောက်တစ်ကြိမ် ထပ်လာသုံးပြန်သည်။ သူမခေါင်းထဲ ဘာတွေများ စဉ်းစားနေလေသနည်း။
သို့သော် ဤပညာရပ်သည် အမှန်တကယ်ကို အထင်းကြီးဖွယ် ကောင်းပေသည်။ ရန်ကိုင်နေရာတွင်သာ သာမန် သူတော်စင်ဘုရင် အဆင့် ကျင့်ကြံသူတစ်ယောက်သာ ဆိုပါက ဤပုံရိပ်ယောင် ကမ္ဘာထဲ ကျိန်းသေ နစ်မြောသွားပေလိမ့်မည်။ သို့သော် ရန်ကိုင်၏ ဝိဥာဉ်နှင့် ကောင်းကင်စိတ်အာရုံသာ သာမန် သူတော်စင်ဘုရင် ကျင့်ကြံသူတစ်ယောက်ထက် အဆများစွာ ပိုအားကောင်းသည်။
ထို့အပြင် ညို့ဓါတ်ကျင့်စဉ်များနှင့် သူကြုံတွေ့ခဲ့သည်မှာ ပထမဆုံးအကြိမ် မဟုတ်တော့။ ညို့ဓါတ်ကျင့်စဉ်များ ပက်သက်လျှင် ရန်ကိုင်သည် အတော့်ကို အတွေ့အကြုံရှိသည့် လူတစ်ယောက်ဟုပင် ဆိုနိုင်ပေသည်။ ချို့ယွင်းချက်တို့ဖြင့် ပြည့်နေသော ထိုပုံရိပ်ယောင်ကမ္ဘာထဲ သူမည်ကဲ့သို့ နစ်မြော သွားနိုင်မည်နည်း။
ခဏကြာသည့်တိုင် ရန်ကိုင်အပေါ် မလွှမ်းမိုးနိုင်သေးသည်ကို သတိပြုမိသော် ယင်စုတျယ် နည်းစနစ် ပြောင်းတော့လေသည်။ ပန်းရောင်မြူခိုးအရံအတား ပြောင်းလဲသွားခဲ့ပြီး သီဆိုကခုန်နေသည့် မိန်းကလေးများ အားလုံး ဝမ်းနည်းကြွေကွဲ နေသည့် မိန်းကလေးများအဖြစ်သို့ ပြောင်းလဲသွားကြသည်။ လေထုထဲ ပျံ့လွင့်နေသော တီးလုံးသည်လည်း ကြွေကွဲဖွယ်ရာ တေးသွားတစ်ပုဒ် ဖြစ်လာခဲ့သည်။
နောက်ခံတီးလုံး ပြောင်းလဲသွားခြင်းနှင့် အတူ ထိုမိန်းကလေး အားလုံးသည် သူတို့ချစ်ရသူ၏ စွန့်ပစ်ခြင်းခံရသာ စုန်းမလေးများ အဖြစ်သို့ ပြောင်းလဲသွားခဲ့လေသည်။
ယခင်က သပ်သပ်ရပ်ရပ်၊ အစီအစဉ်တကျဖြင့် ရှိနေသော အဝတ်အစားများသည် ပိုမိုပါးလျလာနှင့် သူမတို့၏ အသားနှင့် ကပ်ကုန်ကြလေသည်။ ယခုဆိုလျှင် သူမတို့၏ အမို့အမောက်၊ ကောက်ကြောင်းများနှင့် ပေါင်တံနှစ်ဖက်ကြားရှိ လျှို့ဝှက်သော မြက်ခင်းပြင်လေးကိုပင် ရေးတေးတေးလေး မြင်နိုင်နေလေပြီ။
ယခုတစ်ကြိမ်သည် ယခင်တစ်ကြိမ်နှင့် ယှဉ်လျှင် အလွန်ကိုမှ စွဲဆောင်အား ကောင်းလွန်းနေခဲ့သည်။
ရန်ကိုင် မျက်မှောင်ကြုတ်မိသွားသော်လည်း ချက်ချင်းပဲ အပြုံးကြီး ပြုံးလိုက်သည်။ အစကမူ အားသုံး၍ ယင်စုတျယ်၏ ပညာရပ်ကို ဖျက်စီးပစ်ရန် စဉ်းစားခဲ့သော်လည်း ခဏလောက် စဉ်းစားကြည့်ပြီးနောက် ယင်စုတျယ်၏ ပြဿနေသော ရှိုးပွဲကို ရပ်စောင့်ကြည့်နေရန်သာ ဆုံးဖြတ်လိုက်သည်။
လက်ဖက်ရည် ခွက်တစ်ဝက်စာလောက် ကြာပြီးသည့်နောက် ပန်းရောင် မြူခိုးအရံအတား ထပ်မံ ပြောင်းလဲသွားခဲ့သည်။
မြူခိုးထုတစ်ဖန် ပြောင်းလဲသွားသည့်အခါ ကြွေကွဲ မိန်းမငယ်လေးများအားလုံး အဝတ်ဗလာနှင့် ဖြစ်ကုန်ကြသည်။ အစောပိုင်းကကဲ့သို့ ကြေကွဲဝမ်းနည်းနေခြင်း မရှိကြတော့ဘဲ တစ်ယောက်ကိုတစ်ယောက် ပွတ်သပ်နမ်းရှိုက်နေကြလေပြီ။ တစ်ယောက်၏ လက်များသည် အခြားတစ်ယောက်၏ ထွတ်မြတ် ဠာနီဘုံးများသို့ ရောက်ရှိနေသလို အခြားတစ်ယောက်၏ လက်ဟာလည်း တစ်ပါးသူ၏ လျှို့ဝှက်တားမြစ်နယ်မြေသို့ ရောက်ရှိနေခဲ့ကြသည်။ မြင်သူပုရိသ ယောကျာ်းသားတို့ သွေးများ ဗလောင်ဆူကာ နှာခေါင်းသွေးလျှံ သတိလစ်သွားနိုင်သည့် မြင်ကွင်းမျိုးပင် ဖြစ်လေသည်။
ရန်ကိုင်လည်း ထိုမြင်ကွင်းကို မြင်လိုကသ်ည့်အခါ မျက်လုံးပြူးသွားရလေသည်။
ယခုကဲ့သို့ မြင်ကွင်းမျိုးကို ရန်ကိုင် ပထမဆုံးအကြိမ် ကြုံဖူးခြင်းဖြစ်သည်။ ထိုအရာများသည် ပုံရိပ်ယောင်များ ဖြစ်မှန်း သိသော်လည်း တကယ့် အစစ်များကို ကြည့်နေရသလိုပင်။ အနည်းဆုံး ယင်စုတျယ်၏ ပညာရပ်သည် ရန်ကိုင်အပေါ် အနည်းငယ် လွှမ်းမိုးလာနိုင်ခဲ့လေပြီ။ အစောပိုင်းက တုတ်တုတ်ပင် မလှုပ်သော၊ ရန်ကိုင် စတင်သွေးများ ဆူပွက်လာခဲ့ရလေပြီ။
“မဆိုးဘူး။ တကယ် မဆိုးဘူး” ရန်ကိုင် အတော်လေးကို ကျေနပ်သွားသည့် အလား ခေါင်းတညိတ်ညိတ်ဖြင့် ချီးကျူးလိုက်သည်။
ရန်ကိုင်သည် ယင်စုတျယ် ဖန်တီးထားသည့် ပုံရိပ်ယောင် လောကကြီးကို ချက်ချင်း မဖျက်စီးပစ်သေးဘဲ ဇိမ်ပြေနပြေဖြင့် ရပ်ကြည့်နေခဲ့သည်။ တကယ်တော့ ဤကဲ့သို့ မြင်ကွင်းများသည် မြင်တွေ့ဖို့ရာ အလွန်ကိုမှ ခဲယဉ်းလှသည် မဟုတ်ပေလော။
သူမ မည်သို့ပင် ကြိုးစားစေကာမူ ရန်ကိုင် မည်သို့မှ မဖြစ်သဖြင့် ယင်စုတျယ် ရှက်ရှက်ဖြင့် ဒေါသထွက်လာခဲ့သည်။ ချက်ချင်းဆိုသလို အချင်းချင်း ပွေ့ဖက်နမ်းရှိုက်နေကြသော မိန်းကလေးများအားလုံးသည် အမုန်းတရားများဖြင့် ပြည့်နေသည့် မိန်းမဆိုးလေးများအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ အကုန်လုံးသည် အဆိပ်ပြင်းသည့် မြေဟောက်များအဖြစ်သို့ ပြောင်းလဲသွားသည့်နှယ်၊ ရန်ကိုင်အား ရေခဲတမျှ အေးစက်သည့် အကြည့်ဖြင့် စားတော့ဝါးတော့မတတ် စိုက်ကြည့်လာကြသည်။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၂၈၄)
ယင်စုတျယ်မှ အမိန့်ပေးလိုက်သည့်အခါ ထိုမိန်းကလေး အားလုံးသည် ဆယ်ကမ္ဘာကျော်သည့်တိုင် ကြေမည်မဟုတ်သော အမုန်းတရားအပြည့်ဖြင့် ရန်ကိုင်ဆီသို့ ပြေးဝင်သွားကြသည်။ တစ်ချိန်တည်းတွင် ပန်းရောင်မြူခိုး အရံအတားသည်လည်း တဖြည်းဖြည်း ဖောင်းကားတက်လာပြီး ရန်ကိုင်အား ဖုံးအုပ် လွှမ်းခြုံသွားခဲ့လေသည်။
ပန်းရောင်လောကကြီးထဲတွင်၊ ထိုမိန်းကလေးများသည် လိပ်ပြာလေးများနှယ် ဟိုသွားလိုက်၊ ဒီဘက်သွားလိုက် လုပ်ရင်း ရန်ကိုင် စိတ်ရှုပ်အောင် လုပ်နေကြသည်။ ယခင်က အလွန်ကိုမှ သာယာညိမ့်ညောင်းခဲ့သော တေးသွားလေးသည်လည်း အမုန်းတရား၊ သတ်ဖြတ်လိုစိတ်တို့ဖြင့် ပြည့်နှက်လာခဲ့သည်။ ယခု ယင်စုတျယ်သည် ဤနည်းလမ်းကိုသုံး၍ ရန်ကိုင်၏ စိတ်ကို အထူး ပစ်မှတ်ထား တိုက်ခိုက်လာနေခဲ့လေပြီ။
တေးသွားသံနှင့် မိန်းမလှလေးများက ရန်ကိုင်၏ စိတ်ကို အနှောင့်အယှတ် ပေးနေချိန် ပန်းရောင်မြူခိုးများသည် ရန်ကိုင်၏ ကိုယ်ထဲသို့ တိတ်တဆိတ် ဝင်ရောက်ပြီး သူ့သူတော်စင်ချီ လှည်ပတ်မရအောင် လုပ်ရန် ကြိုးစားကြသည်။
ရန်ကိုင်အား အနုနည်းဖြင့် ကိုင်တွယ်၍ မရမှန်း သိလိုက်သည်နှင့် ယင်စုတျယ်သည် ချက်ချင်းပဲ အကြမ်းနည်းကို အသုံးပြုလာခဲ့လေသည်။
သူမစိတ်ထဲ ရန်ကိုင်ကို အနိုင်ယူနိုင်ရန် မမျှော်လင့်ထား။ သူမ၏ ရည်ရွယ်ချက်သည် စီနီယာအစ်ကိုလော့ ယန်ယန်ကို ဖမ်းနိုင်ရန်အတွက် ရန်ကိုင်ကို အချိန်ဆွဲထားရန်သာ ဖြစ်သည်။
ယခု ပန်းရောင်မြူခိုးထဲတွင် ရှိနေသော ရန်ကိုင်၏ ခန္ဓာကိုယ် တစ်ကိုယ်လုံး အနက်ရောင်မီးတောက်တို့ဖြင့် ဖုံးလွှမ်းနေခဲ့လေပြီ။ သူ့ကိုယ်ထဲသို့ ဝင်ရောက်ရန် သူ့အနီးသို့ ကပ်လာသော ပန်းရောင် မြူခိုးမှန်သမျှ အနက်ရောင်မီးတောက်နှင့် ထိသည်နှင့် တစ်ပြိုင်နက် ဗလာနတ္ထိအဖြစ် လောင်ကျွမ်းခြင်း ခံလိုက်ရသည်။
သို့သော်လည်း ပန်းရောင်မြူခိုးသည် မကုန်ဆုံးနိုင်သည့် အလား ရန်ကိုင် မည်မျှပင် လောင်ကျွမ်းပစ်နေပါစေ ပြန်ပြန်၍ ဖြစ်ပေါ်လာနေခဲ့သည်။
အစောပိုင်းက သီဆိုကခုန်နေခဲ့သော မိန်းကလေးများသည် ရန်ကိုင်အား အလစ်ချောင်းတိုက်လိုက်၊ ပန်းရောင်မြူခိုးထဲသို့ ပြန်ဝင်သွားလိုက် လုပ်နေကြသည်။ ရန်ကိုင်၏ မျက်ကွယ် နေရာမှ ပေါ်လာပြီး ပန်းရောင်ဖဲကြိုးများဖြင့် ဖမ်းချုပ်ကြသည်။
ထိုပန်းရောင်ဖဲကြိုးများသည် တကယ်ကို ထူးဆန်းလှသည်။ နတ်ဆိုးမီးတောက်သည် အရာအားလုံးနီးပါးကို လောင်ကျွမ်း ပစ်နိုင်သော်လည်း ထိုပန်းရောင်ဖဲကြိုးများကို မလောင်းကျွမ်းနိုင်ခဲ့ချေ။
ထို့ကြောင့် ပန်းပဲဖဲကြိုးများအား ရန်ကိုင် အတော်လေး စိတ်ဝင်စားမိသွားသည်။ သေချာ စစ်ဆေးကြည့်လိုက်သည့် အခါမှ ထိုပန်းရောင် ဖဲကြိုးများသည် မြူခိုးမှ ဖန်တီးထားသော ပုံရိပ်ယောင်များ မဟုတ်ဘဲ တန်ခိုးရှင်အဆင့် မှော်ရတနာများ ဖြစ်နေသည်ကို တွေ့လိုက်ရသည်။ မှော်ရတနာ၏ အရောင်နှင့် ပုံစံသည် ယင်စုတျယ် အသုံးပြုထားသည့် ပညာရပ်နှင့် လုံးဝကို ကွက်တိကျနေသဖြင့် ထိုအရာများ အတုလား၊ အစစ်လား ဆိုသည်ကို ရန်ကိုင် ချက်ချင်း မပြောနိုင်ခြင်း ဖြစ်သည်။
ထို့အပြင် ပန်းရောင်ဖဲကြိုးများသည် ရန်ကိုင်၏ သူတော်စင်ချီ လည်ပတ်မှုကို နှေးကွေးအောင် လုပ်နိုင်လေရာ သူ့ကိုယ်အား ကာကွယ်ထားသည့် နတ်ဆိုးမီးတောက်များ တဖြည်းဖြည်း အားနည်းလာခဲ့ရလေသည်။
သိမ်မွေ့နူးညံ့သော ရယ်သံလေးတို့ အရပ်မျက်နှာ မျိုးစုံမှ ထွက်ပေါ်လာခဲ့သည်။ ချက်ချင်းဆိုသလို ရန်ကိုင်အား ချုပ်ထားသော ပန်းရောင်ဖဲကြိုးများသည် ရန်ကိုင်အား သေသည် အထိ ချုပ်သတ်ချင်နေသည့်အလား တင်းကြပ်လာခဲ့လေသည်။
ရန်ကိုင်ကမူ အေးစက်စက် နှာခေါင်းရှုံ့လျက် သူ့လက်အား ချုပ်နှောင်ထားသော ဖဲကြိုးတစ်ကြိုးကို ဆောင့်ဆွဲလိုက်ရာ ဖဲကြိုး နှင့်အတူ မိန်းမလှလေးတစ်ယောက် တန်းလန်းပါလာခဲ့လေသည်။ ထို့နောက် တစ်ဖက်လူအား သူ့နားရောက်ချိန်ပင် မပေးဘဲ လက်သီးထိပ်တွင် နတ်ဆိုးမီးတောက်များကို စုစည်းလျက် ထိုးချလိုက်သည်။
သနားစဖွယ် အော်ဟစ်သံနှင့်အတူ မိန်းမငယ်လေး၏ ခန္ဓာကိုယ်တစ်ခုလုံး သွေးစိမ်းရှင်ရှင် ဖြာထွက်လျက် တစစီ ပေါက်ကွဲထွက်သွားခဲ့သည်။ ထိုသွေးများသည် ပျောက်ကွယ် သွားခြင်း မရှိဘဲ ပန်းရောင်မြူခိုးများနှင့် ပေါင်းစပ်သွားခဲ့သည်။ ထိုသို့ ပေါင်းစပ်သွားပြီးနောက် မြူခိုးများ၏ အရောင်မှာ ပို၍ ရင့်လာခဲ့လေသည်။
ထိုနည်းလမ်း အလုပ်ဖြစ်သည်ကို မြင်သော် ရန်ကိုင်လည်း အချိန်ဆိုင်းမနေတော့ဘဲ သူ့ခန္ဓာကိုယ်အား ချုပ်ထားသော ဖဲကြိုးများကို တစ်ကြိုးပြီးတစ်ကြိုး ဆောင့်ဆွဲကာ ပုံရိပ်ယောင် များကို တစ်ခုပြီးတစ်ခု ဖျက်စီးပစ်လေသည်။ ထို့အတွက်ကြောင့် ပန်းရောင် မြူခိုးတစ်ခုလုံး ခြောက်ခြားဖွယ်ရာ အော်သံတို့ဖြင့် ပြည့်သွားခဲ့လေသည်။
ထိုပုံရိပ်ယောင်များအားလုံး ပျောက်ကွယ်သွားသည့်အခိုက် ယင်စုတျယ်၏ နှာခေါင်းရှုံ့သံကို ရန်ကိုင် ကြားလိုက်ရသည်။
ထိုပုံရိပ်များကို ဖျက်စီးလိုက်သည့် အတွက်ကြောင့် ယင်စုတျယ် ဒဏ်ရာရသွားသည့်ပုံပင်။
ရန်ကိုင် ထင်သလိုပင် ယင်စုတျယ် အမှန်တကယ် ဒဏ်ရာ နည်းနည်း ရသွားခဲ့သည်။ ရန်ကိုင်မှ သူမ၏ ကျင့်စဉ်ကို အားသုံး၍ ဖျက်စီးလိုက်သည့် အတွက်ကြောင့် တန်ပြန် အကျိုးသက်ရောက်မှု ခံစားလိုက်ရခြင်း ဖြစ်သည်။ ရန်ကိုင်သည် မိန်းကလေးများကိုပင် ရက်ရက်စက်စက် ပြုမူလိမ့်မည်ဟု ယင်စုတျယ် မထင်ထားခဲ့ချေ။
အခြား ယောကျာ်းသားများသာ ဆိုပါက ထိုမိန်းကလေးများသည် ပုံရိပ်ယောင်များမှန်း သိနေသည့်တိုင် ရန်ကိုင်ကဲ့သို့ ရက်ရက်စက်စက် လုပ်ရက်လိမ့်မည် မဟုတ်ချေ။ ရန်ကိုင်သာ ထိုကဲ့သို့ မရက်စက်လျှင် ယင်စုတျယ် အနေဖြင့် သူမကျင့်စဉ်၏ ဒုတိယအဆင့်ကို ထုတ်ဖော်နိုင်ပေလိမ့်မည်။ ဒုတိယအဆင့်သည် ရန်သူအား ချုပ်နှောင်နိုင်ရုံမက သတ်လည်း သတ်ဖြတ်နိုင်ပေသည်။ ဒုတိယအဆင့်ကိုသာ ဖော်ထုတ်နိုင်မည် ဆိုပါက ရန်ကိုင်အား အနည်းဆုံး လက်ဖက်ရည် တစ်ခွက်စာမျှ အချိန်ဆွဲထားနိုင်လိမ့်မည်ဟု ယင်စုတျယ် ထင်သည်။
သို့သော်လည်း ရန်ကိုင်မှ သူမ ဖန်တီးထားသည့် ပုံရိပ်ယောင် မိန်းကလေးများကို ဖျက်စီးလိုက်သည့် အတွက်ကြောင့် ဒုတိယ အဆင့်ကို မဖော်ထုတ်နိုင်တော့ရုံမက သူမပင် ကျင့်စဉ်၏ တန်ပြန် ရိုက်ခတ်ခြင်း ခံလိုက်ရလေသည်။
သူမ ရသွားသည့် ဒဏ်ရာသည် သိပ်မပြင်သော်လည်း သူမ တစ်ဘဝလုံး မည်သူမှ သူမအား ဒဏ်ရာရအောင် မတိုက်ခိုက်ဖူးချေ။ ထို့ကြောင့် ယင်စုတျယ် ဒေါသထွက်သွားပြီး ရက်စက်တော့မည့် အမူအရာဖြင့် လှမ်းအော်ခေါ်လိုက်သည် “စီနီယာအစ်ကိုဟို”
“အင်း” ယင်စုတျယ်ဘေးနားတွင် အားပြန်ဖြည့်နေသော ဟိုကျန်း ယင်စုတျယ်၏ ခေါ်သံကို ကြားလိုက်သည်နှင့် ချက်ချင်း ထရပ်လိုက်ပြီး ပန်းရောင်မြူခိုးထဲသို့ ပြေးဝင်သွားလေသည်။
တစ်ချိန်တည်းတွင် ယင်စုတျယ်၏ ကောင်းကင်စိတ်အာရုံပါ လှုပ်ရှားသွားခဲ့သည်။ ပန်းရောင်မြူခိုးထဲသို့ သိမ်မွေ့ကျက်သရေ ရှိလှသော ပုံရိပ်လေးများစွာ ထပ်မံ ထွက်ပေါ်လာခဲ့ပြန်လေသည်။ ပထမအကြိမ်နှင့် မတူသည်ကား၊ ယခုအကြိမ်၍ တစ်ယောက် ချင်းစီသည် မတူကွဲပြားလေသာ လက်နက်တစ်ခုစီကို အသီးသီး ကိုင်ဆွဲထားကြသည်။ အချို့ဆိုလျှင် ချပ်ဝတ်တန်ဆာများကိုပင် ဝတ်ဆင်ထားကြပေသည်။
ထိုအခြင်းအရာကို မြင်လိုက်သည့်အခိုက် ရန်ကိုင် ကြောင်သွားခဲ့ရသည်။
သူ့အပေါ်တွင် ညို့ဓါတ်ကျင့်စဉ်ကို နှစ်ကြိမ်တိုင်တိုင် အသုံးပြုရဲသော ယင်စုတျယ်အပေါ် အထင်သေးမိသော်လည်း သူမသည် အမှားတစ်ခုကို အထပ်ထပ် အခါခါ လုပ်ရလောက်သည် အထိ မရူးမိုက်မှန်း ရန်ကိုင် သိသည်။ ယခုလေးပင် ထိုကဲ့သို့သော ပုံရိပ်များကို သူအလွယ်တကူ ဖျက်စီးပစ်ခဲ့သည်။ ထိုသို့ဆိုလျှင် ဘာကြောင့် ထိုပုံရိပ်များကို သူမ ထပ်ပြန်ဖန်တီးရပြန်သနည်း။
သို့သော်လည်း ယခုပုံရိပ်များသည် ကွဲပြားခြားနားသည့် လက်နက် အမျိုးမျိုးအား ကိုင်ဆွဲထားကြသည်ကို ရန်ကိုင် သေချာ သတိပြုမိလိုက်သည်။
ရန်ကိုင် ဇဝေဇဝါ ဖြစ်နေစဉ်မှာပဲ မိန်းကလေးများအနက် တစ်ယောက်က သူမ၏ ယပ်တောင်ဘေးကို ရန်ကိုင်ဘက်သို့ ဝှေ့ရမ်းလိုက်သည်။ ယပ်တောင် မျက်နှာပြင်ပေါ်တွင် ငှက်ရုပ်၊ သားရဲရုပ်တို့ ရေးဆွဲထားသည်မှအပ ထိုယပ်တောင်လေးသည် သာမန် ယပ်တောင်တစ်ချပ်နှင့် ဘာမှမခြားချေ။
သို့သော်လည်း အမျိုးသမီး၏ ယပ်တောင်ကို ဝှေ့ရမ်းလိုက်သည့်အခါ သားရဲအော်သံများ ရုတ်တရက် ထွက်ပေါ်လာပြီး အရွယ်အစား မတူညီသော သားရဲများစွာ ယပ်တောင်ထဲမှ အပြင်သို့ ခုန်ထွက်လာခဲ့လေသည်။
ထိုမွန်းစတားသားရဲများသည် ယပ်တောင်ပေါ်၌ ရေးဆွဲထားသော မွန်းစတားသားရဲများနှင့် အတူတူပင် ဖြစ်သည်။ မွန်းစတားသားရဲများ ထွက်လာပြီးနောက် ယပ်တောင်တစ်ခုလုံး ဗလာဖြစ်သွားသည်။
မွန်းစတားသားရဲ စုစုပေါင်း အကောင်သုံးဆယ်ကျော် ရှိသည်။ အချို့သည် တိုက်ကြီးတစ်လုံးစာမျှ ကြီးမားကြပြီး အချို့သည် သာမန် မြွေတစ်ကောင်နှယ် သေးငယ်ကြသည်။ အပြင်သို့ ရောက်သည်နှင့် ထိုမွန်းစတားသားရဲအားလုံး ရန်ကိုင်ဆီသို့ တစ်ဟုန်ထိုး ပြေးဝင်သွားကြလေသည်။
“ပုံရိပ်ယောင်လား” ရဣ်ကိုင် မျက်မှောင်ကြုတ်သွားခဲ့သလို အံ့လည်း အံ့ဩမိသွားသည်။ ချက်ချင်းပဲ နတ်ဆိုးမီတောက်ဓါးကို ဖန်တီး၍ ဓါးချက်များစွာ ခုတ်ချလိုက်သည်။
ရန်ကိုင်၏ ဓါးချက်များကြောင့် မွန်းစတားသားရဲ တစ်ဝက်လောက် နှစ်ပိုင်းပြတ်သွားခဲ့သည်။ အချို့မှာမူ ပို၍ လျင်လျင်မြန်မြန် ရှောင်ရှားနိုင်သဖြင့် ရန်ကိုင်၏ ဓါးချက်များကို ရှောင်တိမ်းပြီး သူ့အပေါ် ခုန်အုပ်လာကြသည်။ နှစ်ပိုင်း ပြတ်ထွက်သွားသော သားရဲများမှာလည်း အနက်ရောင်ချီ တိမ်တိုက်အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး အသစ်တစ်ဖန် ပြန်လည် ဖြစ်ပေါ်လာလေသည်။
သို့သော် သေချာ အနီးကပ် စစ်ဆေးကြည့်မည် ဆိုပါက ထိုမွန်းစတားသားရဲများ၏ အရောင်သည် ယခင်တစ်ကြိမ်နှင့် ယှဉ်လျှင် အတော်လေး မှိန်ကျသွားသည်ကို မြင်နိုင်ပေသည်။
မျက်တောင်တစ်ခတ်အတွင်း ရန်ကိုင်အား မွန်းစတား သားရဲများ ဝိုင်းရံသွားခဲ့ကြသည်။ ထိုသားရဲများအနက် ချီလင်နှင့် ဆင်တူပြီး တိုက်လေးတစ်လုံးစာ အရွယ်ရှိသော မွန်းစတား သားရဲက ၎င်း၏ လက်သည်းများကို မြှောက်လျက် ရန်ကိုင်ကို ရိုက်ချလိုက်သည်။
ထိုလက်သည်းများ သူ့အပေါ် မရောက်ခင်မှာပင် မွန်းကြပ်ဖွယ်ရာ ဖိအားတစ်ရပ် ရန်ကိုင်အပေါ်သို့ သက်ဆင်းလာသည်။ ရန်ကိုင် မရှောင်ခဲ့ချေ။ သူ့ခန့်မှန်းချက် မှန်မမှန် စစ်ဆေးရန်အတွက် ထိုလက်သည်းချက်ကို သူ့လက်သီးဖြင့် တန်ပြန် တိုက်ခိုက်လိုက်သည်။
နတ်ဆိုးမီးတောက်တို့ လွှမ်းခြုံထားသော လက်သီးနှင့် ဧရာမ လက်သည်းကြီးတို့ ထိပ်တိုက်တွေ့သွားသည့်အခိုက်၊ မွန်းစတား သားရဲ လွင့်ထွက်သွားခဲ့ပြီး ရန်ကိုင်မှာမူ ခြေလှမ်းအနည်းငယ် နောက်ဆုတ်လိုက်ရသည်။ အခြား မွန်းစာတားသားရဲများသည် ထိုအခိုက်အတန့်ကို အခွင့်ကောင်းယူကာ ရန်ကိုင် အပေါ်သို့ ခုန်အုပ်လာကြလေသည်။
အပြင်မှ စောင့်ကြည့်နေသည့် ယင်စုတျယ်၊ ထိုအခြင်းအရာကို မြင်လိုက်သော် ဝံ့ကြွားစွာ ပြုံးလိုက်လေသည်။
ပန်းရောင်မြူခိုးထဲဝယ်၊ ရန်ကိုင်အပေါ်သို့ ခုန်အုပ်လာသော မွန်းစတားသားရဲအားလုံး အနက်ရောင်မီးတောက်များ၏ ထိမှန်ခြင်း ခံရပြီး လွင့်ထွက်ကုန်ကြလေသည်။
“ပုံရိပ်ယောင်တွေ မဟုတ်ဘူးပဲ။ ဖန်သွေးရောင်ဂိုဏ်းရဲ့ ထိပ်တန်းတပည့် ဆိုတဲ့အတိုင်း ပေါ့သေးသေးတော့ မဟုတ်ဘူးပဲ” ရန်ကိုင် ချီးကျူးလိုက်သည်။
ယခုမှပဲ ထိုမွန်းစတားသားရဲများသည် ပုံရိပ်ယောင်များ မဟုတ်မှန်း ရန်ကိုင် အတည်ပြုလိုက်နိုင်သည်။ ယပ်တောင်သည် မှော်ရတနာတစ်ခု ဖြစ်ပြီး မွန်းစတားသားရဲများသည် ထိုယပ်တောင်၏ စွမ်းအား တစ်စိတ်တစ်စိတ်ပိုင်း ဖြစ်သည်။ ယပ်တောင်သာမဟုတ်၊ မိန်းကလေးများ ကိုင်စွဲထားသည့် လက်နက်အားလုံး မှော်ရတနာအစစ်များ ဖြစ်ကြသည့်ပုံပင်။
မှော်ရတနာများသည် ပုံရိပ်ယောင်များ မဟုတ်ကြ။ ယင်စုတျယ်၏ ကျင့်စဉ်စွမ်းအားဖြင့် ဖန်တီးထားသော ထိုမိန်းကလေးများသည်သာ ပုံရိပ်ယောင်များ ဖြစ်ကြသည်။
“မောင်ငယ်လေး၊ ဘာလို့ အားကုန်ခံနေတာလဲ။ အစ်မနဲ့ အေးအေးဆေးဆေး ပြန်လိုက်ခဲ့ရင် ပိုမကောင်းဘူး” ရန်ကိုင်သည် သူမ ထင်ထားသည်ထက် ပို၍ ရင်ဆိုင်ရခက်မှန်း သိလိုက်ရသည့် အခါ ယင်စုတျယ်က အေးစက်စက် လေသံဖြင့် အပြင်ဘက်မှနေ၍ လှမ်းအော်ပြောလိုက်သည်။
“ခင်ဗျားနောက် လိုက်စေချင်ရင် ခင်ဗျားရဲ့ အရည်အချင်းကို အရင် သက်သေပြဖို့လိုတယ်” ရန်ကိုင်က လှောင်ပြောင်လိုက်၏။ သူ့အသံ ဆုံးသွားသည်နှင့် တစ်ပြိုင်နက် သူ့ပုံရိပ်လည်း ရုတ်ချည်း ပျောက်ကွယ်သွားခဲ့သည်။
ရန်ကိုင်၏ ပုံရိပ် ပျောက်ကွယ်သွားသည်နှင့် တစ်ပြိုင်နက် သူရပ်နေသည့် နေရာအား အလင်းတစ်ချက် ဖြတ်သွားခဲ့သည်။ ထိုအလင်းတန်းသည် အလွန်အမင်း မြန်ဆန်သော်လည်း ၎င်း၏ အစစ်အမှန် အသွင်အပြင်ကို ရန်ကိုင် သေချာမြင်လိုက်သေးသည်။ အလင်းတန်းသည် ပုံရိပ်ယောင် မိန်းကလေးများအနက် တစ်ယောက်မှ ပစ်လိုက်သည် ဓါးမြောင်တစ်ချောင်းပင် ဖြစ်သည်။
ရန်ကိုင် ဒေါသထွက်သွားခဲ့ပြီး သူ့လက်ကို နတ်ဆိုး မီးတောက်ဖြင့် လွှမ်းခြုံလျက် ထိုဓါးမြောင်ကို လှမ်းဖမ်းလိုက်သည်။ ထို့နောက် ဓါးမြောင်တစ်ချောင်းလုံးကို နတ်ဆိုးမီးတောက်ဖြင့် စတင် အရည်ဖျော်တော့လေသည်။
သူတော်စင်ဘုရင် အထွဋ်အထိပ်အဆင့် ဖြစ်သော ဓါးမြောင်သည် နေရောင်နှင့် ထိတွေ့လိုက်ရသည့် နှင့်ပွင့်နှယ် စတင် အရည်ပျော်ကျလာခဲ့လေသည်။ တစ်ခဏအတွင်း ဓါးမြောင် တစ်ချောင်းလုံး သတ္တရည်အဖြစ်သို့ ပြောင်းလဲသွားပြီး ရန်ကိုင်၏ လက်ချောင်းများကြားမှ အောက်သို့ လျှောကျသွားလေသည်။
ထိုမှော်ရတနာများ အစစ်ဖြစ်မှန်း သိလိုက်ရပြီ ဖြစ်သဖြင့် နောက်ဘာဆက်လုပ်ရမလဲ ရန်ကိုင် သိသွားခဲ့လေပြီ။ ယင်စုတျယ် သူ့အား အဆက်မပြတ် ဒုက္ခပေး နှောင့်ယှတ်နေသည်ကို ရန်ကိုင် ဆက်လက် သည်းမခံနိုင်တော့ချေ။ သူ့အား လာရန်စလျှင် မည်သို့သော ကံကြမ္မာနှင့် ရင်ဆိုင်ရမည်ကို ထိုကောင်မလေး သိသွားအောင် ကောင်းကောင်း သင်ပြပေးရတော့ပေမည်။
သူတော်စင်ဘုရင် အထွဋ်အထိပ်အဆင့် လက်နက်များ အလွယ်တကူ အရည်ပျော်ကျသွားသည်ကို မြင်သော် လက်ကျန် မိန်းကလေးများအားလုံး ထိတ်လန့်သွားခဲ့ကြသည်။ ထိုမိန်းကလေးများ၏ စိတ်သည် ယင်စုတျယ်၏ စိတ်နှင့် ဆက်သွယ်ထားသည့် ပုံပင်။ ယင်စုတျယ် ထိတ်လန့်သွားသည့် အတွက်ကြောင့် ထိုမိန်းကလေးများလည်း ထိတ်လန့်သွားခြင်း ဖြစ်ရပေမည်။
ရန်ကိုင်သည် ထိုအခိုက်အတန့်ကို အခွင့်ကောင်းယူကာ မိန်းကလေးအားလုံးကို ပြေးဝင် တိုက်ခိုက်လေသည်။
ချက်ချင်းဆိုသလို ပန်းရောင်မြူခိုးထဲ အလန့်တကြား အော်ဟစ်သံတို့ ထွက်ပေါ်လာခဲ့သည်။ မိန်းကလေးများသည် လူစုခွဲလျက် မှော်ရတနာအားကိုးဖြင့် ရန်ကိုင်အား ဘက်ပေါင်းစုံမှ ဝိုင်းရံ တိုက်ခိုက်ကြလေသည်။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၂၈၅)
ယင်စုတျယ်၏ ပညာရပ်သည် အလွန်ကိုမှ အားကောင်းလှပြီး ထူးခြားလှသည်။ ထိုပညာရပ်နှင့် ဆိုပါက အဆင့်တူ ကျင့်ကြံသူ များကို မရင်ဆိုင်ဘဲနှင့်ပင် အလွယ်တကူ အနိုင်ယူနိုင်ပေသည်။
ကံမကောင်းစွာဖြင့် သူမ ရင်ဆိုင်နေရသည့်လူသည် ရန်ကိုင် ဖြစ်နေခဲ့သည်။
ရန်ကိုင်၏ ဝိဥာဉ်သည် သာမန် ကျင့်ကြံသူတစ်ယောက် ရှိသင့်သည့် ဝိဥာဉ်ထက် အဆများစွာ ပိုမို အားကောင်းသည်။ ဒုတိယအချက် အနေဖြင့် ရန်ကိုင်သည် ယင်ယန်ပေါင်းစည်းခြင်း ကျင့်စဉ်ကို ကျင့်ကြံထားခြင်းသည်။ ထို့ကြောင့် ညို့ဓါတ် ကျင့်စဉ်များသည် သူ့အပေါ် သိပ်လွှမ်းမိုးမျုမရှိ။
စူးစူးရှရှ အော်ဟစ်သံများနှင့် ယင်စုတျယ် ဖန်တီးထားသည့် မိန်းကလေးများ တစ်ယောက်ပြီး တစ်ယောက် ပျောက်ကွယ် ကုန်ကြသည်။
ရန်ကိုင်သည် ထိုမိန်းကလေးများကို ပစ်မှတ်ထား တိုက်ခိုက်နေခြင်း မဟုတ်။ ထိုမိန်းကလေးများ ယင်စုတျယ်၏ ကျင့်စဉ်မှ ဖန်တီးထားသည့် ပုံရိပ်ယောင်များ ဖြစ်သည့်အတွက် ထိုမိန်းကလေးများကို သတ်လိုက်လျှင် သူ့အတွက် ဘာအကျိုးမှ မရှိချေ။ ရန်ကိုင်၏ ပစ်မှတ်သည် ထိုမိန်းကလေးများ ကိုင်ထားသည့် မှော်ရတနာများ ဖြစ်ကြပေသည်။
စုစုပေါင်း သူတော်စင်ဘုရင် အထွဋ်အထိပ်အဆင့် မှော်ရတနာ အခုနှစ်ဆယ်ကျော် ရှိသည်။ ယင်စုတျယ် အနေဖြင့် ထိုမှော်ရတနာ အခုနှစ်ဆယ်ကို တစ်ပြိုင်တည်း အသုံးပြုနိုင်သည်မှာ အတော့်ကိုမှ အံ့အားသင့်စရာ ကောင်းပေသည်။ ထိုမှော်ရတနာ အခုနှစ်ဆယ်ကို အသုံးပြုနိုင်ရန်အတွက် ယင်စုတျယ် အနေဖြင့် ထိုမှော်ရတနာများကို အရင်ဆုံး သန့်စင်ရပေလိမ့်မည်။
မှော်ရတနာ အခုနှစ်ဆယ်ကို စုဆောင်းဖို့ရာနှင့် သန့်စင်ဖို့သည် လုံးဝ မလွယ်ကူပါချေ။ ထို့ကြောင့် ထိုမှော်ရတနာ အခုနှစ်ဆယ်လုံးသာ ဖျက်စီးခံလိုက်ရပါက ယင်စုတျယ် မည်မျှ စိတ်ဓါတ်ကျသွဦးမည်နည်း။
သူမ၏ မှော်ရတနာ ခြောက်ခု ဖျက်စီးခံလိုက်ရသည်ကို မြင်ပြီးနောက် ယင်စုတျယ် ဒေါသပုန်ထသွားလေသည်။ ထို့ကြောင့် အံကြိတ်၍ ချက်ချင်းပဲ လှမ်းအော်ပြောလိုက်သည် “ငါ့မှော်ရတနာတွေကို နင်ထပ်ဖျက်စီးရဲရင် နင်သေပြီသာမှတ်”
ယင်စုတျယ်၏ ကြိတ်မနိုင်ခဲမရ အော်ဟစ်သံကို ကြားသော် ရန်ကိုင် ထိုမှော်ရတနာများကို ပို၍ပင် ဖျက်စီးပစ်ချင်သွားသည်။ မိန်းကလေးများကို တစ်ယောက်ပြီး တစ်ယောက်ကို လိုက်လံ ဖျက်စီးနေခဲ့လေရာ မကြာမီ ဝိုင်ရေကန်နားတွင် ရပ်နေသော မိန်းကလေးဆီသို့ ရန်ကိုင် ရောက်လာခဲ့သည်။ ထိုမိန်းကလေးသည် ကြာပွတ်တစ်ချောင်းကို ကိုင်ထားပြီး ထိုကြာပွတ်သည် လက်ရှိ ရှိနေသည့် မှော်ရတနာ အခုနှစ်ဆယ်ကျော်အနက် စွမ်းအားပိုင်းရော၊ တန်ဖိုးပိုင်းတွင် တတိယအဆင့် ရှိပေသည်။
သူသာ ထိုမှော်ရတနာကို ဖျက်စီးလိုက်လျှင် ယင်စုတျယ် ပို၍ ဒေါသထွက်သွားပေလိမ့်မည်။
ရန်ကိုင် ချက်ချင်းပဲ ထိုမိန်းကလေးဆီ ပြေးဝင်သွားသည်။ ပေါ်လိုက်ပျောက်လိုက် ပေါ်လိုက်ပျောက်လိုက်ဖြင့် ရုတ်တရက် မိန်းကလေး၏ ရှေ့တွင် ပေါ်လာခဲ့သည်။ ရန်ကိုင်ကို ရုတ်တရက် မြင်လိုက်ရသည့် အတွက်ကြောင့် မိန်းကလေး ထိတ်လန့်သွားပြီး ကြာပွတ်နှင့် ကမန်းကတန်း ကောက်ရိုက်လေသည်။
ရန်ကိုင်ကမူ နှာခေါင်းသာရှုံ့လျက် နတ်ဆိုးမီးတောက်ဖြင့် အမျိုးသမီး၏ ကြာပွတ်ရိုက်ချက်ကို တန်ပြန် ချေဖျက်လိုက်သည်။
ထို့ကြောင့် ကျန်တစ်လက်ဖက်သည် ဘာမှမရှိသော လေဟာနယ်ကို ကုပ်ဆွဲဟန် လုပ်လိုက်သည်။
ကောင်းကင်တစ်ခွင်တစ်ပြင်ကို ဖုံးလွှမ်းနေသော ကြာပွတ်ရိပ်များ အားလုံး ရန်ကိုင်လက်ဖြင့် ဆုပ်ကိုင်ခြင်း ခံလိုက်ရသည့်အလား တစ်မုဟုတ်ချည်း တန့်သွားကြကုန်သည်။ ရန်ကိုင်မှ နတ်ဆိုးမီးတောက်ဖြင့် အဆက်မပြတ် မီးမြိုက် နေသဖြင့် ကြာပွတ်ရှည်၏ အရောင်မှာ တဖြည်းဖြည်း မှေးမှိန်လာခဲ့သည်။ ဤနှုန်းအတိုင်း ဆက်သွားနေမည် ဆိုပါက ဤကျာပွတ်သည်လည်း ယခင် မှော်ရတနာများလမ်းအတိုင်း လိုက်သွားရပေလိမ့်မည်။
ထိုစဉ် ရန်ကိုင်နားထဲ တစ်ယောက်ယောက်မှ သူ့နားကပ်ပြီး တီးတိုးပြောလိုက်သည့် အသံတစ်သံ ကြားလိုက်ရသည်။ ထိုအသံသည် အလွန်ကိုမှ ဆွဲဆောင်အားကောင်းလှကာ ရန်ကိုင်၏ အသိစိတ်ပင်လယ်တစ်ခုထဲသို့ အလျင်အမြန်း စိမ့်ဝင်သွား၏။
ရန်ကိုင်၏ သူတော်စင်ချီ စီးဆင်းမှု ဂယောက်ဂယက် ဖြစ်ကုန်ပြီး သူထုတ်လွှတ်ထားသည့် နတ်ဆိုးမီးတောက်လည်း တစ်ခဏအတွင်း အားပျော့သွားခဲ့လေသည်။
ထိုစဉ် ဝိုင်ကန်ထဲမှ လူထွားကြီးတစ်ယောက် ရုတ်တရက် ခုန်ထွက်လာခဲ့သည်။ ထိုလူထွားကြီးသည် အလွန်ကိုမှ ထွားကြိုင်း၍ ကြွက်သားများမှာလည်း သံမဏိဖြင့် ထုဆစ်ထားသည့်နှယ်၊ မာကျောလှသည်။ ထိုလူ၏ သားရဲ တစ်ကောင်နှင့် ဆင်တူသော မျက်ဝန်းအစုံသည် ရန်ကိုင်အား မုန်းမုန်းတီးတီး စိုက်ကြည့်နေခဲ့သည်။ သူ့လက်ထဲတွင် ကြက်သွေးရောင်သန်းနေသော ဓါးကျိုးတစ်ချောင်းကို ကိုင်ဆောင်ထားခဲ့သည်။
ထိုလူထွားကြီးသည် အခြားမဟုတ်၊ ရန်ကိုင်အား မရှုမလှ ရှုံးနိမ့်ခဲ့သည့် ဟိုကျန်းသာ ဖြစ်လေသည်။
ဟိုကျန်းသည် ရန်ကိုင် မသိအောင် ပန်းရောင်မြူခိုးထုထဲသို့ ဝင်လာပြီး ဝိုင်ကန်ထဲတွင် ပုန်းအောင်းနေခဲ့သည်။ ယင်စုတျယ်မှ ဟိုကျန်း၏ တည်ရှိမှုကို ကူညီ၍ ဖုံးကွယ်ပေးထားသဖြင့် ဟိုကျန်း ခိုးဝင်လာသည်ကို ရန်ကိုင်ပင် သတိမပြုမိခဲ့ချေ။
ရန်ကိုင် ကြာပွတ်ရှည်ကို အာရုံစိုက်နေစဉ် ဟိုကျန်းသည် ထိုအခိုက်အတန့်ကို အမိအရ ဖမ်းဆုပ်၍ ရန်ကိုင်အား အလစ်ချောင်း တိုက်ခိုက်ခဲ့သည်။
ဟိုကျန်းမှ ဓါးကျိုးအား ရက်စက်စွာ ခုတ်ပိုင်းချလိုက်သည့် အခါ ၎င်းဆီမှ ကြက်သွေးရောင်ဓါးလှိုင်း တစ်လှိုင်း ထွက်ပေါ်လာပြီး ရန်ကိုင်၏ ခါးတည်းတည်းဆီသို့ တိုးဝင်သွား၏။ ဟိုကျန်းသည် ရန်ကိုင်အား သတ်ဖြတ်လိုစိတ် အပြည့်ဖြင့် စိုက်ကြည့်နေရင်း အေးစက်စွာ ပြုံးလိုက်သည်။
ရန်ကိုင်နှင့် တစ်ကြိမ်တိုက်ခိုက်ဖူးသဖြင့် ထိုလူငယ်လေးသည် အလွန်ကိုမှ အားကောင်းမှန်း သူသိသည်။ သို့သော် ရန်ကိုင် အလွန် အားကောင်းမှန်း သိနေသည့်တိုင် ပြေးထွက်လာရဲခြင်းသည် သူ့တွင် ဝှက်ဖဲတစ်ခုခု ရှိနေသည့် အတွက်ကြောင့်သာ ဖြစ်ရမည်။
ထိုဝှက်ဖဲသည် အခြားမဟုတ်၊ သူကိုင်ထားသည့် တန်ခိုးရှင် အထွဋ်အထိပ်အဆင့် မှော်ရတနာဖြစ်သော ဓါးကျိုး ဖြစ်ပေသည်။ ထိုဓါးကျိုးကို သေခြင်းရှင်ခြင်း အတွေ့အကြုံ ရှာထွက်ရင်း တွေ့ခဲ့ခြင်း ဖြစ်သည်။
သို့သော်လည်း သူ့လက်ရှိ ကျင့်ကြံခြင်းဖြင့် ထိုဓါးကျိုးကို ထပ်တလဲလဲ အသုံးမပြုရဲချေ။ မဟုတ်လျှင် ဓါးကျိုးထဲမှ မိစ္ဆာ အရှိန်အဝါ၏ ဝါးမြိုခြင်းခံရပြီး လူစိတ် ပျောက်သွားနိုင်သည့် အတွက်ကြောင့် ဖြစ်သည်။
သို့သော်လည်း ယနေ့တွင် သူပိုးပန်းနေသည့် မိန်းကလေး ရှေ့၍ နောင်အခါ မျက်နှာ ပြန်မပြရဲတော့လောက်သည် အထိ အရှက်ခွဲခံခဲ့ရသည်။ လက်ရှိ ဟိုကျန်း၏ စိတ်ထဲတွင် သူအရှက်ခွဲခံခဲ့ရသည်ကို ပြန်အဖတ်ဆယ်ချင်စိတ်သာ ရှိနေသည်။ ထို့ကြောင့် ရန်ကိုင်ကို သတ်ရန်အတွက် ဤတန်ခိုးရှင် အထွဋ်အထိပ်အဆင့် မှော်ရတနာကို ချက်ချင်း ထုတ်သုံးခဲ့သည်။
သူထွက်လာသည့် အချိန်နှင့် ရန်ကိုင် ကြာပွတ်ကို အာရုံ စိုက်နေသည့် အချိန်သည် လုံးဝ ကွက်တိကိုက် ဖြစ်သည်။ ရန်ကိုင်သည် ကြာပွတ်ကို ဖျက်စီးပစ်နိုင်ရန်အတွက် အပြည့်အဝ အာရုံစိုက်နေသဖြင့် သူအားကောင်းသည် ဆိုလျှင် ထိုအလစ်ချောင်း တိုက်ခိုက်မှုကို အလွယ်တကူ မခုခံနိုင်ချေ။
ထိုဓါးလှိုင်းဖြင့် ထိုမှန်းခြင်း ခံလိုက်ရသည်နှင့် ရန်ကိုင် ကျိန်းသေ သေရပေလိမ့်မည်။
ဟိုကျန်း လက်ထဲရှိဓါး တစ်ခုခု ထူးခြားနေသည်ကို ရန်ကိုင်လည်း သတိပြုမိသည်။ ထို့ကြောင့် ဓါးလှိုင်း တိုးဝင်လာသည်ကို မြင်သည့်အခါ ရှောင်ရန် ပြင်လိုက်သည်။ သို့သော် သူရှောင်တော့မည်အပြု သူ့ရှေ့တွင် ရပ်နေသော မိန်ကလေးက ကြာပွတ်ကို ထိန်းချုပ်အား သူ့အား လှုပ်မရအောင် ချုပ်လိုက်သည်။
ရန်ကိုင် ထွက်မပြေးနိုင်သေးခင်မှာပဲ အမျိုးသမီးသည် ကြာပွတ် စွမ်းအားကို အပြည့်အဝ ထုတ်ဖော်လိုက်ရာ ကြာပွတ်ဆီမှ အလင်းရောင် တဖျက်ဖျက် လက်လာခဲ့လေသည်။
ရန်ကိုင် တစ်ကိုယ်လုံး လျှပ်ပန်းလျှပ်နွယ်တို့၏ ဝိုင်းရံခြင်း ခံလိုက်ရလေသည်။ ရှောင်ချင်နေသော်လည်း ရှောင်မရသဖြင့် ရန်ကိုင် ဒေါသထွက်သွားခဲ့ပြီး နတ်ဆိုးမီးတောက်များကို အစွမ်းကုန် ထုတ်လွှတ်၍ ကြာပွတ်ကို တစ်ခါတည်း ပြချပစ်လိုက်၏။
တစ်မုဟုတ်ချည်း ဆိုသလို ကြာပွတ်တစ်ချောင်းလုံး ပြာကျသွားခဲ့သည်။ သို့သော်လည်း ထိုတဒင်္ဂတာ တုန့်နှေးမှုကြောင့် ဓါးလှိုင်းကို ရှောင်ရန် မဖြစ်နိုင်တော့ချေ။ ဓါးလှိုင်းသည် သူ့ရှေ့သို့ ရောက်နေခဲ့လေပြီ။
ဓါးလှိုင်း သူ့အပေါ် ရောက်ခါနီးဆဲဆဲမှာပဲ ရန်ကိုင်သည် သူ၏ ခရမ်းရောင်ဒိုင်းကို ထုတ်၍ ဒိုင်းထဲသို့ သူတော်စင်ချီ ထည့်သွင်းလိုက်သည်။ ဒိုင်းတစ်ဒိုင်းလုံး ခရမ်းရောင် တောက်လာပြီး ဒိုင်းမျက်နှာပြင်ပေါ်ရှိ အင်းကွက်အမှတ်အသားများ စတင် အသက်ဝင်လာလေသည်။ ထိုအင်းကွက်လေးများသည် လျင်မြန်စွာ လှည့်ပတ်လာခဲ့ပြီး ဒိုင်းထဲမှ ပျံသန်းထွက်သွားပြီး ဧရာမပုံရိပ်ယောင် ဒိုင်းကာကြီး တစ်ခုအဖြစ်သို့ ပြောင်းလဲသွားကာ ဓါးလှိုင်းလာရာ လမ်းကြောင်းကို ပိတ်ဆို့လိုက်သည်။
ဘုန်း…
ဓါးလှိုင်းနှင့် ဒိုင်းကာတို့ ထိပ်တိုက်တွေ့သွားသည့် အခိုက်၊ နားကွဲမတတ် ပေါက်ကွဲသံနှင့်အတူ ဒိုင်းကာ ပေါက်ကွဲသွားသည်။ ဓါးလှိုင်းသည်လည်း ပျက်ပြယ်သွားခဲ့ရသည်။
ထိုအခြင်းအရာကို မြင်သော် ဟိုကျန်း မှင်သက်သွားသည်။ ရန်ကိုင်တွင် သူ၏ အသေသတ် တိုက်ကွက်ကိုပင် တားဆီးနိုင်သည့် ဝှက်ဖဲတစ်ခု ရှိနေလိမ့်မည်ဟု မထင်ထားခဲ့ချေ။
သူရန်ကိုင်ကို အထင်သေးမိသွားလေပြီ။
ခရမ်းရောင်ဒိုင်းကို စတင် ပြုလုပ်ခဲ့စဉ်က ၎င်းသည် တန်ခိုးရှင် အဆင့်နိမ့် မှော်ရတနာတစ်ခုသာ ဖြစ်ခဲ့သည်။ သို့သော် ယန်ယန်မှ တစ်ဖန်ပြန်လည် ပြုပြင်ပေးပြီးသည့်နောက် တန်ခိုးရှင် အလယ်အလတ် အဆင့်သို့ ရောက်ခဲ့သည်။ သို့တိုင် ထိုတန်ခိုးရှင် အလယ်အလတ်အဆင့် မှော်ရတနာသည် သဲမီးတောက်နယ်မြေ၌ မှော်ရတနာစိတ်ဝိဥာဉ်ဖြင့် တိုက်ခိုက်ရင် ဆိုးဆိုးရွားရွား ထိခိုက် ပျက်စီးသွားခဲ့ရသည်။
ထို့ကြောင့် ယန်ယန်မှ ထိုမှော်ရတနာကို ဒုတိယအကြိမ် ပြန်လည် ပြုပြင်ပေးရတော့သည်။ ထိုကဲ့သို့ ပြုပြီးပေးပြီးနောက် ခရမ်းရောင်ဒိုင်းသည် တန်ခိုးရှင်အထွဋ်အထိပ်အဆင့်သို့ ရောက်ရှိသွားခဲ့သည်။
တန်ခိုးရှင် အထွဋ်အထိပ်အဆင့် မှော်ရတနာတစ်ခု ဖြစ်သည်နှင့်အညီ ဓါးကျိုး၏ တိုက်ခိုက်မှုကို ခရမ်းရောင်ဒိုင်း တားဆီးနိုင်ခြင်းမှဦာ အထူးအဆန်း မဟုတ်ချေ။ ထို့ကြောင့်သာ မဟုတ်လျှင် ရန်ကိုင်လည်း ခရမ်းရောင်ဒိုင်းအပေါ် ယုံကြည်ချက် အပြည့် ထားရဲမည်မဟုတ်။
ဓါးကျိုး၏ တိုက်ခိုက်မှုကို တားဆီးပြီးနောက် ခရမ်းရောင်ဒိုင်းကို ပြန်သိမ်း၍ ဟိုကျန်းအား လှောင်ပြုံးပြုံးလျက် လှမ်းကြည့်လိုက်သည်။ ဓါးကျိုး၏ တိုက်ခိုက်မှုထဲတွင် သူ့အား သတ်ဖြတ်ချင်စိတ်အပြည့် ပါဝင်နေသည်ကို ရန်ကိုင် သေချာ သတိပြုမိခဲ့သည်။
ထိုကောင် သူ့ကို သတ်ချင်နေပေသည်။
သူ့အား ဖန်သွေးရောင်ဂိုဏ်းဆီ ပြန်ခေါ်သွားချင်ရုံ သက်သက် ဆိုလျှင် ရန်ကိုင်လည်း လက်မလွန်အောင် ထိန်းထားနိုင်သည်။ သို့သော် ယခုမူ…
သူ့အား သတ်ရန် ကြိုးစားသည့်လူတိုင်းကို ရန်ကိုင် အလွတ် ပေးမည် မဟုတ်ချေ။ လှောင်ပြုံးပြုံးရင်း လက်ဝှေ့ရမ်း၍ စာလိပ်ကဲ့သို့ အရာတစ်ခုကို ထုတ်လိုက်သည်။ စာလိပ် ပေါ်လာသည်နှင့် တစ်ပြိုင်နက် ၎င်းထဲမှ ပုံရိပ်ယောင်တောင်များ တစ်လုံးပြီး တစ်လုံး ထွက်ပေါ်လာခဲ့သည်။ ထိုတောင်များသည် ကောင်းကင်တစ်ခွင်ကို ဖုံးလွှမ်းမတတ် ကြီးမားလာခဲ့ပြီး ကြောက်မက်ဖွယ်ရာ အဟုန်ဖြင့် ဟိုကျန်းပေါ်သို့ ပြုတ်ကျလာလေသည်။
ဧရာမတောင်ကြီးများ သူ့အပေါ် ပြုတ်ကျလာနေသည်ကို မြင်သော် ဟိုကျန်း အမူအရာ အပြောင်းလဲကြီး ပြောင်းလဲသွား၏။ နည်းနည်းမှ နှောင့်နှေးမနေရဲဘဲ ချက်ချက်း ဓါးကျိုးကို အသက်သွင်း၍ သူ့ဆီ တည့်တည့် ပြုတ်ကျလာနေသော တောင်များကို ခုတ်ချလိုက်လေသည်။
သွေးနီရောင်ဓါးလှိုင်းသည် ကောင်းကင်ပေါ်သို့ ပျံတက်သွားပြီး ဧရာမတောင်ကြီးကို နှစ်ပိုင်း ပိုင်းချလိုက်သည်။ ထို့အတွက်ကြောင့် ဟိုကျန်းလည်း တောင်ပိပြီး သေရမည့် ဘဝမှ လွတ်သွားခဲ့ရသည်။ သို့သော် ပြတ်ထွက်သွားသော တောင် အစိတ်အပိုင်းများသည် နေရာအနှံ့ လွင့်စင်ကုန်သည့် အတွက် မြေကြီးပေါ်တွင် ကျင်းပေါက်၊ တွင်းပေါက်များ ဖြစ်ပေါ်လာရသည်။
သို့သော်လည်း ရန်ကိုင်သည် တောင်တစ်လုံးတည်းဖြင့် ဟိုကျန်းပေါ်သို့ ဖိချခြင်းမဟုတ်၊ တောင်များစွာဖြင့် ဖိချနေခြင်း ဖြစ်သည်။ ထို့အပြင် တောင်များသည် တစ်လုံးထက်တစ်လုံး ပိုပို၍ ကြီးလာနေလေရာ ထိုတောင်အားလုံးကို ဟိုကျန်း မည်ကဲ့သို့ ခုခံနိုင်ပါမည်နည်း။
အသက်သုံးရှိုက်စာလောက်သာ ရှိသေးသော်လည်း ထိုတောင်များကို ခုခံရန်အတွက် သူ့ခွန်အားအကုန် သုံးလိုက်ရ၏။ ပြန်ခံတိုက်ဖို့ရာ အားမရှိတော့သဖြင့် ထိုတောင်များ သူ့အပေါ်သို့ ပြိုဆင်းလာသည်ကို မျှော်လင့်ချက်မဲ့မဲ့ဖြင့်သာ ထိုင်ကြည့်နေရတော့သည်။
သူသေရတော့မည်မှန်း ဟိုကျန်း သိလိုက်သည်။ နောင်မှ နောင်တရကြသည် ဆိုသလို ယခုမှပဲ ယင်စုတျယ်နောက်သို့ လိုက်လာမိသည်ကို နောင်တ ရနေလေတော့သည်။
ထိုစဉ် ပန်းရောင်မြူခိုးများဖြင့် ဖန်တီးထားသည့် လောကကြီး နှင့်တကွ ခမ်းနားကြီးကျယ်သော နန်းတော်ကြီးတို့ ရုတ်တရက် တွန့်လိမ် ပျောက်ကွယ်သွားကြပြီး ယင်စုတျယ်သည် ဟိုကျန်းရှေ့၌ တစ္ဆေတစ်ကောင်ကဲ့သို့ ပေါ်လာခဲ့သည်။ ပြိုကျလာနေသည့် တောင်များကို အလေးအနက် အမူအရာဖြင့် စိုက်ကြည့်ရင်း အဖြူရောင် အလုံးလေးတစ်လုံးကို ထုတ်လိုက်လေသည်။
ထိုအဖြူရောင် အလုံးလေးမှ ဖြာထွက်လာနေသော အလင်းရောင်နှင့် ထိသွားသည်နှင့် တစ်ပြိုင်နက် သူ့စိတ်ထဲ ကြီးစိုးနေသော သတ်ဖြတ်ချင်စိတ်တို့ ရုတ်တရက် လျော့ပါးသွားပြီး သူ့စိတ်သည် ကန်ရေပြင်နှယ် တည်ငြိမ်လာသလို ခံစားလိုက်ရ၏။ ဟိုကျန်းအား သတ်ဖို့ရာကိုပင် တွေဝေမိလာသည်။
သို့သော်လည်း ချက်ချင်းပဲ ထိုတွေဝေစိတ်တို့ကို ရှင်းထုတ်လိုက်ပြီး ယင်စုတျယ်အား အေးစက်စက် အမူအရာဖြင့် လှမ်းကြည့်လိုက်သည်။
သူ့စိတ် အားနည်းသွားရခြင်းမှာ ယင်စုတျယ် လက်ထဲရှိ ထိုအလင်းလုံးလေးနှင့် ပက်သက်နေမှန်း ရန်ကိုင်သိသည်။
ယင်စုတျယ်ကမူ တစ်ခုခုကို ရှာနေသည့်အလား သူ့လက်ထဲရှိ အလုံးလေးကို စိုက်ကြည့်နေသည်။ ခဏအကြာ၌ ပျော်ရွှင်စွာ ပြုံးလျက် ရန်ကိုင်အား ညင်သွာစွာဖြင့် လှမ်းပြောလိုက်သည် “နင်ဒါကို တကယ် လုပ်ချင်တာလား။ နင်နောင်တ မရမှာ သေချာလား”
ယင်စုတျယ်သည် ပုံရိပ်ယောင်တောင်များ သူမအပေါ်သို့ ပြုတ်ကျလာမည်ကို မကြောက်မရွံ့ စိုးရိမ်ခြင်း မရှိဘဲ ဟိုကျန်း ရှေ့တွင် မားမားမတ်မတ်ရပ်၍ ထိုစကားလုံးများကို ပြောလိုက်သည်။