အခန်း (၁၂၉၁-၁၂၉၅)
Vol. 52 Ch. 1291-1295
အပိုင်း (၁၂၉၁)
ထိုအခြင်းအရာကို မြင်လိုက်သည်နှင့် ဤနေရာမှ သူထွက်သွားနိုင်တော့မည် မဟုတ်မှန်း ရန်ကိုင် သိလိုက်သည်။ ထို့ကြောင့် အပြုံးမပျက်ဖြင့် ယန်ယန် ပြီးသည့်အချိန်ထိ ချန်ရှီတောင်းနှင့် စကားပြော၍ စောင့်နေရုံသာ တတ်နိုင်တော့၏။
ချန်ရှီတောင်းသည် ရန်ကိုင်နှင့် စကားပြောရင် သူမနှင့်အတူ ပါလာသည့် အဖော်များကို ရန်ကိုင်အား မိတ်ဆေက်ပေသည်။
သူမမှလွဲ၍ အဖွဲ့ထဲရှိ အခြား တစ်ဦးတည်းသော အမျိုးသမီးသည် သူမနှင့်အတူ သဲမီးတောက်နယ်မြေထဲသို့ လိုက်ပါခဲ့သော လုယင်ဖြစ်သည်။
မျက်လုံးတောက်တောက်နှင့် ကျင့်ကြံခြင်းအဆင့် ပိုနိမ့်သော အမျိုးသားသည် ချန်ဖန်းလေ့ဖြစ်ပြီး ချန်ရှီတောင်း၏ မောင်လေး ဖြစ်ပေသည်။ သူမ ပြောသည်ကို ကြားပြီးမှပဲ ထိုနှစ်ယောက် ဘာကြောင့် ရုပ်ချင်းဆင်နေရသလဲ ဆိုသည်ကို ရန်ကိုင် နားလည်သွားခဲ့သည်။
နောက်ဆုံး သူတော်စင်ဘုရင် တတိယအဆင့် ကျင့်ကြံသူကို ဝမ်ယုဟန်ဟု ခေါ်သည်။
သို့သော်လည်း ရန်ကိုင် အံ့အားသင့်သွားရသည်ကား ဝမ်ယုဟန်နှင့် ချန်ဖန်းလေ့တို့သည် ကြည်လင်ကောင်းကင်ဂိုဏ်းမှ မဟုတ်ကြခြင်းပင်။ ထိုနှစ်ယောက်သည် အစွန်းရောက်ဂိုဏ်းမှ ဖြစ်ကြသည်။
သို့သော်လည်း အချင်းချင်း ခင်းမင်ရင်းနှီးကြသော၊ ဆွေမျိုး တော်စပ်ကြသော ကျင့်ကြံသူများသည် အင်အားစုတစ်ခုတည်းမှ မဟုတ်လျှင်ပင် အတူတူ သွားလာလေ့ ရှိကြရာ အရမ်းကြီး အံ့ဩနေစရာ မလိုချေ။
သို့သော်လည်း ‘အစွန်းရောက်ဂိုဏ်း’ ဆိုသော ဂိုဏ်းကို သူကြားဖူးနေသလို ခံစားရသည်။ မည်သည့်နေရာ၌ ကြားဖူးနေမှန်း မမှတ်မိတော့ပေ။
သူမ လူများကို မိတ်ဆက်ပေးပြီးနေက် ချန်ရှီတောင်းက ပြုံး၍ မေးလိုက်သည် “မောင်လေးရန်၊ နင်တို့ ဘာလို့ ဒီသင်္ချိုင်းတောင်ကြားဆီ ရောက်နေတာလဲ”
သူမ၏ ချိုသာလှပြီး ရင်ထဲရှိ ပူပန်သောက အားလုံးကို ကင်းစင်ပပျောက်သွားလောက်အောင် ကြည်နူးဖွယ်ကောင်းလှ၏။ စွဲမက်သိမ်မွေ့ဖွယ် ကောင်းလှသော သူမ၏ အလှနှင့်ပါ ပေါင်းစပ်လိုက်သည့်အခါ လက်ရှိ ချန်ရှီတောင်းသည် ညို့ဓါတ် ကျင့်စဉ်ကို အသုံးပြုထားသည့် ယင်စုတျယ်ထက်ပင် ပို၍ ဆွဲဆောင်အား ကောင်းနေခဲ့သည်။ ဝမ်ယုဟန်ဆိုသော လူသည် ချန်ရှီတောင်းအား မျက်စိကျနေမှန်း ရန်ကိုင် ချက်ချင်း သတိပြုမိလိုက်သည်။
သို့သော် ‘သင်္ချိုင်းတောင်ကြား’ ဆိုသော စကားကို ကြားလိုက်သည့်အခိုက်၊ သူ့အမူအရာ မဆိုသလောက်ကလေး ပြောင်းလဲသွားခဲ့ပြီး တု့န်ဆိုင်းတုန့်ဆိုင်းဖြင့် ပြန်မေးလိုက်သည် “ဒီနေရာက သင်္ချိုင်းတောင်ကြားလား”
ရန်ကိုင် အမူအရာကြောင့် ချန်ရှီတောင်း အံ့အားသင့်သွားပြီး သူမ၏ ပါးစပ်လေးကိုအုပ်၍ အားပါးတရ ရယ်မောတော့လေသည်။ ထို့နောက် ပြုံး၍ အံ့ဩတကြီးဖြင့် ပြန်မေးလိုက်လေသည် “မောင်လေးရန်၊ ဘာမှမသိဘဲ ဒီနေရာထဲ မတော်တဆ ဝင်လာမိတာတော့ မဟုတ်ဘူးမလား”
ရန်ကိုင် ပေးသည့် အကြောင်းပြချက်ကို ချန်ရှီတောင်း မယုံချေ။ တကယ်တော့ ဤနေရာသည် သင်္ချိုင်းတောင်ကြား၏ အစွန်ဘက်နှင့် ရက်ပေါင်းများစွာခရီး ကွာဝေးပေသည်။ ထို့ကြောင့် အတွင်းထဲ လျှောက်ပတ်သွားမည် ဆိုလျှင် ဤမျှ နက်နက်သို့ ရောက်လာလိမ့်မည် မဟုတ်ချေ။ သို့သော်လည်း ရန်ကိုင်ပုံစံသည် ဟန်ဆောင်နေသည့်ပုံမပေါ်။ ထို့ကြောင့် ရန်ကိုင် လိမ်ပြောနေလား၊ အမှန်ပဲ ပြောနေသလား ချန်ရှီတောင်း ဝေခွဲရ ခက်နေခဲ့သည်။
“ဟားဟား” ရန်ကိုင် နှုတ်ခမ်းအစုံ မဲ့သွားခဲ့ပြီး “ကျုပ်လိမ်နေတာ မဟုတ်ဘူး။ တကယ်မသိတာ”
ခဏလောက် စဉ်းစားပြီးနောက် ရန်ကိုင်က ပြန်မေးသည် “ဒီနေရာက ရှေးဟောင်းယန်ဂိုဏ်း ဖျက်စီးခံလိုက်ရတုန်းက ကျန်ရစ်ခဲ့တဲ့ သင်္ချိုင်းတောင်ကြားလား”
“ဟုတ်တယ်” ချန်ရှီတောင်းက ခေါင်းညိတ်လိုက်ပြီး နှုတ်ခမ်းလေးကွေးလျက် ပြုံးကာ “ကြည့်ရတာ မောင်လေးရန် ဒီလောက်တော့ သိထားသေးတာပဲ”
“ဒီနေရာအကြောင်း ကြောလဟာလတွေ ကြားဖူးတယ်လေ”
သင်္ချိုင်းတောင်ကြားအကြောင်း ကြားခဲ့ဖူးရခြင်းမှာ တိုက်ယွမ် ပြောပြထားသည့် အတွက်ကြောင့် ဖြစ်သည်။ ထိုစဉ်က ဖယောင်းနီသီး မှည့်မည့်အချိန်ကို စောင့်ရင်း ကြယ်ဧကရာဇ်ဂိုဏ်းမှ တပည့်အကြောင်း စကားစမိရာမှ ရှေးဟောင်းယန်ဂိုဏ်း ပျက်စီးသွားသည့် အကြောင်းအရာဆီသို့ ရောက်သွားခဲ့ခြင်း ဖြစ်သည်။
ဤနေရာသို့ ရတနာလာရောက် ရှာဖွေသည့် လူများစွာ ရှိနေသည်ဟုလည်း တိုက်ယွမ် ပြောခဲ့သေးသည်။ သို့သော် ဤနေရာတွင် အကောင်းအတိုင်း ရှိနေသေးသော် အစီအရင်များနှင့် သိပ်သည်းလွန်းလှသော ယင်ချီများ ရှိနေခဲ့သည်။ ထို့ကြောင့် ဤထဲသို့ ဝင်လာသည့် လူများစွာတို့ သေဆုံးခဲ့ကြပြီး လျှို့ဝှက် လိုဏ်ဂူဆိုသော အရာကို ဘယ်သောအခါကမှ ရှာမတွေ့ခဲ့ချေ။ ထို့အတွက်ကြောင့် ဤနေရာသို့ ကံစမ်းရန် လာသည့်လူ နည်းသည်ထက် နည်းလာခဲ့သည်။
ရှေးဟောင်းယန် ကြယ်ဧကရာဇ်ဂိုဏ်းကြောင့် ပျက်စီးသွားခြင်း ဟုတ်မဟုတ် ဆိုသည်ကိုမူ မည်သူမှ မသိကြချေ။
ဤနေရာသည် သင်္ချိုင်းတောင်ကြား ဖြစ်မည်ဆိုပါက သူသေချာ သတိထားရန် လိုလေပြီ။ ယခင်က ဤနေရာသို့ လာခဲ့သည့် လူများတွင် သူတော်စင်ဘုရင်များပင် မဟုတ်ဘဲ တန်ခိုးရှင်အဆင့်များပင် ပါကြသည်။ သို့သော် ထိုတန်ခိုးရှင်အဆင့် ပညာရှင်များပင် သေသွားခဲ့ကြရလေရာ ရန်ကိုင် အနေဖြင့် သူ့ခွန်အားအပေါ် ယုံကြည်ချက် ရှိလျှင်ပင် သတိမထားဘဲ နေ၍ မရချေ။
ယန်ယန် ရထားသည့် မြေပုံအပိုင်းအစ နှစ်ခုသည် ရှေးဟောင်းယန်ဂိုဏ်း ပိုင်ဆိုင်ခဲ့သည့် လျှို့ဝှက်လိုဏ်ဂူဆီသို့ ဦးတည်နေလေသလော။ ထိုကဲ့သို့ စဉ်းစားမိလိုက်သည်နှင့် ရန်ကိုင် ရင်ခုန်သံမြန်သွားပြီး စိတ်မလှုပ်ရှားဘဲ မနေနိုင်အောင် ဖြစ်သွား၏။
သူထင်သည့်အတိုင်းသာ ဖြစ်မည်ဆိုပါက နဂါးလိုဏ်ဂူတောင်၏ လက်ရှိ ငွေရေးကြေးရေ အကြပ်အတည်းကို ကျိန်းသေ ဖြေရှင်းနိုင်လေပြီ။ တကယ်တော့ ဂိုဏ်းကြီးတစ်ဂိုဏ်း၏ ရတနာဂိုဒေါင်သည် ရတနာများစွာတို့ဖြင့် ပြည့်နေမှာ ပြောနေစရာပင် မလိုချေ။
ရန်ကိုင်သည် အတော့်ကိုမှ စိတ်လှုပ်ရှားနေသော်လည်း မျက်နှာ အမူအရာကို တည်ထားလေသည်။
ရန်ကိုင် တစ်ခုခုကို စဉ်းစားနေမှန်း သတိပြုမိသဖြင့် ချန်ရှီတောင်း သူ့အား မနှောင့်ယှတ်ခဲ့ချေ။ အချိန် အတော် ကြာသွားပြီးမှသာ ရန်ကိုင်သည် အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလျက် လက်သီးဆုပ်၍ “အစ်မချန်ကို ကျေးဇူးအများကြီး တင်ပါတယ်။ အစ်မချန်ကြောင့်သာ မဟုတ်ရင် ဒီနေရာ ဘာနေရာမှန်း ကျုပ်အခုထိ သိဦးမှာ မဟုတ်ဘူး”
ချန်ရှီတောင်းက ရယ်သွမ်းသွေးလိုက်ပြီး “မောင်လေးက အရမ်းကို လက်လွတ်စပယ် နိုင်တာပဲ။ ဒီနေရာအကြောင်း နည်းနည်းလေးမှတောင် မစုံစမ်းဘဲ အထဲကို ဝင်လာရဲတာ တကယ် ရဲတင်းတာပဲ။ မောင်လေး ကံကောင်းနေလို့သာပေါ့၊ ဒီနေရာက တန်ခိုးရှင်အဆင့် ပညာရှင်တွေအတွက်တောင် အန္တရာယ်များတဲ့ နေရာတစ်ခုပဲ”
ချန်ရှီတောင်းက ရှားရှားပါးပါး ရထားသည့် ကိုယ့်အသက်ကို တန်ဖိုးမထားတတ်သည့် ရန်ကိုင်အား အပြစ်တင်နေသည့် ပုံစံဖြင့် ပြောလိုက်သည်။
ရန်ကိုင်လည်း ခြောက်ကပ်ကပ်သာ ရယ်လိုက်သည်။
တစ်ခုခုကို သတိရသွားသည့်လား ချန်ရှီတောင်းက ရုတ်တရက် အလေးအနက် အမူအရာဖြင့် ပြောလိုက်သည် “မောင်လေးရန်၊ နင်ဒီနေရာက တကယ် အထင်မသေးနဲ့နော်။ အရှေ့ပိုင်းမှာ နင်ကြုံခဲ့တာတွေက ဘာမှဒီလောက် ဟုတ်တာ မဟုတ်ဘူး။ ဒီနေရာက ရှေးဟောင်းယန်ဂိုဏ်းရဲ့ အပြင်ပိုင်းပဲ ရှိသေးတယ်။ အဲ့ဂိုဏ်း ပျက်စီးသွားတာ ကြာပြီဆိုတော့ အစီအရင်တွေက အရင်လို အားမကောင်းတော့ပေမယ့် အတွင်းထဲကို ဆက်ဝင်သွားတာနဲ့ အစီအရင်တွေ၊ အရံအတားတွေက ပိုပြီး အားကောင်းလာမှာ။ ခုဏတုန်းက ငါတို့ လေးယောက် ပိတ်မိနေတဲ့ အကာအရံလို အကာအရံသက်သက် ဟုတ်တော့မှာ မဟုတ်ဘူး။ တိုက်ခိုက်ရေး အစီအရင်တွေပါ ပါလာမှာ”
“ညီမချန်” ဝမ်ယုဟန်က ရုတ်တရက် ကြားဖြတ်ပြောလိုက်၏ “ဒီမိတ်ဆွေက ဒီကို မတော်တဆ ဝင်လာမိတာလေ။ ဘယ်လိုလုပ်ပြီး အထဲ ဆက်သွားမှာလဲ။ အဲ့အကြောင်းတွေ သူ့ကို ပြောနေလို့လည်း အပိုပဲ ဖြစ်နေမှာ”
ချန်ရှီတောင်း မျက်မှောင်ကြုတ်သွားခဲ့သည်။ ဝမ်ယုဟန်ကို ပြန်ပင် လှည့်မကြည့်ဘဲ ရန်ကိုင်ကိုသာ ဆက်၍ စိုက်ကြည့်နေ၏။
ရန်ကိုင်က ပြုံး၍ ပြန်ပြောသည် “ဒီနေရာက သင်္ချိုင်းတောင်ကြားမှန်း သိသွားတော့မှ ကျုပ်ဘာလို့ အထဲ ဆက်သွားပြီး သွားရတော့မှာလဲ။ အစ်မချန်တို့မှာ လုပ်စရာ အရေးကြီးကိစ္စ တစ်ခုခု ရှိတယ်မလား။ ကျပ်အစ်မချန်တို့ မနှောင့်ယှတ်တော့ပါဘူး၊ ဒီကနေပဲ နှုတ်ဆက်တယ်နော်”
“ရောင်းရင်းရန်လည်း ဂရုစိုက်ဦးနော်” ရန်ကိုင်အား မြန်မြန် ထွက်သွားခိုင်းစေချင်နေသည့် အလား ဝေကုချန်၏ ခေါ်ဝေါ်ပုံ ချက်ချင်း ပြောင်းလဲသွားသည်။
ရန်ကိုင် ဝေကုဟန်အား တစ်ချက် လှမ်းကြည့်လိုက်သည်။ သူ့နှုတ်ခမ်းအစုံ မသိမသာလေး ကွေးတက်သွားခဲ့သည်။ ထို့နောက် ယန်ယန်ကို လှမ်းခေါ်၍ မြူခိုးထဲသို့ တိုးတင် ပျောက်ကွယ်သွား၏။
ထွက်ခွာသွားသော ရန်ကိုင်ကို ကြည့်ရင်း ချန်ရှီတောင်း တစ်ခုခု ပြောဖို့ လုပ်လိုက်သော်လည်း နောက်ဆုံး ပြောမည့် စကားများကို ပြန်မျိုချလိုက်လေသည်။ ရန်ကိုင် လုံးဝ ပျောက်ကွယ်သွားသည့်အခါ သက်ပြင်းတစ်ချက် ချလိုက်သည်။
“ရောင်းရင်းရန်က တကယ် ကံကောင်းတာပဲ” ဝမ်ကုဟန်က လှောင်ပြောင်ဟန်ဖြင့် “ဒီနေရာ ဘာနေရာမှန်း မသိတာတောင် ကံကိုယုံပြီး ဝင်လာရဲတယ်။ ညီမချန်နဲ့ တွေ့လိုသာပေါ့၊ မဟုတ်ရင် သူဘယ်လိုသေလို့ သေသွားမှန်းတောင် သိမှာမဟုတ်ဘူး”
“စီနီယာအစ်ကိုချန်ကို ကြည့်ရင်က သူ့ကို အရမ်း အမြင်မကြည်တဲ့ပုံပဲနော်” ချန်ဖေးလေ့က သူ့အထင်အမြင်ကို ရိုးရိုးသားသားကို ပြောလိုက်သည်။
ဝမ်ယုဟန်က ရယ်မောလိုက်ပြီး “အမြင်ကြည်တာ၊ မကြည်တာနဲ့ ဘာမှမဆိုင်ဘူး။ ငါ့ကိုယ်ကကို ကံချည်းအားကိုးပြီး အသက်ရှင်နေတဲ့ကို ကြည့်မရတာ။ စီနီယာအစ်ကို ပြောဖူးပါတယ်၊ ကံဆိုတာ အမြဲတမ်း ကောင်းမနေနိုင်ဘူးလို့လေ။ နောက်တစ်ကြိမ် ဒါမျိုးထပ်လုပ်ကြည့်ပါလား၊ သေတောင်သေသွားဦးမယ်”
ပြောပြီးသည်နှင့် ချန်ရှီတောင်းအား လှမ်းကြည့်လိုက်သည်။ သို့သော် ချန်ရှီတောင်းက သူ့ကိုပင် လှည့်မကြည့်၊ စုပုပ်ပုပ် မျက်နှာထားဖြင့်သာ ရပ်နေသည်ကို တွေ့လိုက်ရသဖြင့် ဝမ်ကုဟန်လည်း အတော်လေး ကူကယ်ရာ မဲ့သွားခဲ့သည်။
ချန်ရှီတောင်း အတော်လေး စိတ်ပျက်နေပေသည်။ ရန်ကိုင်ကဲ့သို့ ကံကြမ္မာသားတော်လို လူတစ်ယောက်နှင့် ကြုံဆုံဖို့ရာ အတော့်ကိုမှ ခက်ခဲလှပေသည်။ ထို့ကြောင့် ရန်ကိုင်ကို သူမတို့နှင့် အတူသွားရန် ဖိတ်ခေါ်ချင်ခဲ့သော်လည်း ဝမ်ကုဟန်က သူမ၏ အခွင့်အရေးကို ဖျက်စီးပစ်ခဲ့သည်။ ယခုခရီးသည် သူမတို့ အတွက် အရမ်းကြီး အန္တရာယ်မများသော်ငြား မတော်တဆ တစ်ခုခုတော့ ဖြစ်နိုင်ပေသေးသည်။ ရန်ကိုင်သာ သူမတို့နှင့်အတူ လိုက်လာမည်ဆိုပါက သူ့ကံပေါ်အားကိုးပြီး အန္တရာယ်များကို တတ်နိုင်သမျှ လျော့ချနိုင်ပေလိမ့်မည်။
သို့သော်လည်း ယခုမူ သူမတွင် ထိုကဲ့သို့သော အခွင့်အရေး မရှိတော့ချေပြီ။
“အာ၊ အခုမှပဲမှတ်မိတယ်” အစောပိုင်းက တစ်ချိန်လုံး စကားမပြောခဲ့သော ယုယင်က ရုတ်တရက် လှမ်းပြောလိုက်၏ “စီနီယာအစ်ချန်၊ သူဘယ်ကလာလဲ မေးဖို့ မေ့သွားတယ်နော်”
ယုယင် ပြောသည်ကို ကြားသည့်အခါ ချန်ရှီတောင်း၏ ရင်အစုံ ဖားဖိုကြီးနယ် နိမ့်ချည်မြင့်ချည် ဖြစ်လာခဲ့ရသည်။
ယခင်တစ်ကြိမ်က ရန်ကိုင်နှင့် မိတ်ဆွေ့ဖွဲ့လို့ ရလိုရငြား သူမည်သည့် နေရာကလာသလဲ ဆိုသည်ကို မေးချင်ခဲ့သော်ငြား သူတော်စင်သလင်းကျောက်များကို တူးပြီးသည့်အချိန် ရန်ကိုင်အား လိုက်ရှာသည့်အခါ သူမရှိတော့သည်ကို တွေ့လိုက်ရသည်။ ချန်ချီအား မေးခဲ့သော်လည်း ချန်ရှီက ဘာမှ မပြောခဲ့သဖြင့် ချန်ရှီတောင်း အတော်လေး စိတ်ညစ်ခဲ့ရသည်။
ယခု ရှားရှားပါးပါး ရန်ကိုင်နှင့် ထပ်တွေ့ပြန်သည်။ သို့သော် ဝမ်ကုဟန်မှ ဝင်ရှုပ်လိုက်သည့် အတွက်ကြောင့် ထိုအကြောင်းကို မေးရန် မေ့သွားခဲ့သည်။ ဝမ်ကုဟန်သာ ဝင်မရှုပ်လျှင် ထိုအကြောင်းကို မေးရန် သူမ ကျိန်းသေ မေ့လိမ့်မည် မဟုတ်ပေ။
ရန်ကိုင်နေသည့် နေရာကိုသိလျှင် အနည်းဆုံး သူမ ရန်ကိုင်နှင့် တွေ့ချင်သည့် အချိန်တိုင်း သူ့ဆီ သွားလည်လို့ ရပေသည်။
အခြားသူများနှင့် အတူတွဲလုပ်မည့်အစား ကံကောင်းသော ရန်ကိုင်နှင့်သာ အလုပ်တွဲလုပ်ချင်မိသည်။
ဝမ်ကုချန်း ဝင်ရှုပ်လိုက်သည့် အတွက်ကြောင့် ထိုအခွင့်အရေး ပျက်စီးသွားရသည့် အတွက် ချန်ရှီတောင်း အလွန်ကိုမှ စိတ်ညစ်သွားပြီး ဝမ်ကုချန်းအား စူးစူးရဲရဲ စိုက်ကြည့်လိုက်သည်။ သို့သော်လည်း ဝမ်ကုချန်း၏ ဂုဏ်ပင်ယူနေသော အမူအရာကို မြင်ပြီးနောက် ချန်ရှီတောင်း သူ့အား ကြည့်ချင်စိတ်ပင် မရှိတော့ဘဲ သူမလက်ကို ဝှေ့ရမ်း၍ “သွားကြမယ်။ မိုးကြိုးကန်ကို မြန်မြန် ရှာဖို့ လိုတယ်။ ဒါမှ ဖန်းလေ့ အဆင့်ချိုးဖျက်နိုင်မှာ”
ပြောပြီးသည်နှင့် ဦးဆောင် ထွက်သွားလေသည်။ ချန်ရှီတောင်း ဘာကြောင့် ထိုမျှ စိတ်မကျေမနပ် ဖြစ်နေမှန်း ယုယင် သိပေသည်။ ထို့ကြောင့် ဝမ်ကုဟန်အား မကျေမနပ်ဖြင့် တစ်ချက်ကြည့်လိုက်ပြီးနောက် သူမ၏ စီနီယာအစ်မနောက် အလျင်အမြန် ပြေးလိုက်သွားလေသည်။
ချန်ဖန်းလေ့သည် ထိုအချက်ကို နည်းနည်းလေးမျှပင် သတိမပြုမိ။ သူမအစ်နောက်သို့သာ ပျော်ပျော်ရွှင်ရွှင်ဖြင့် လိုက်သွားခဲ့သည်။ ဝမ်ကုဟန်ကမူ နောက်ဆုံးတွင် ရပ်ရင်း ရန်ကိုင် ထွက်သွားသည့် အရပ်ဆီ စူးရဲစွာ လှမ်းကြည့်လိုက်သည်။
အစွန်းရောက်ဂိုဏ်းသည် အားမနည်းသော်လည်း ကြည်လင်ကောင်းကင်ဂိုဏ်းနှင့် ယှဉ်လျှင် အနည်းငယ် အားနည်းသည်ဟု ဆိုနိုင်ပေသည်။ ထို့ကြောင့် သူ့ဂျူနီယာညီလေး၏ အစ်မကို စိတ်ဝင်စားခဲ့ခြင်း ဖြစ်သည်။ ချန်ရှီတောင်းသည် စွဲမက်ဖွယ်ကောင်းလှသော ရုပ်ဆင်း ရူပကာကို ပိုင်ဆိုင်ထားရုံမက သူမ၏ အရည်ရွှန်းလဲ့သော မျက်ဝန်းအစုံသည် ကြည်မိလိုက်သူတိုင်း အကြည့်မခွာနိုင်လောက်အောင် ညို့ငင်ဖွယ် ကောင်းလှပေသည်။ ချန်ဖန်းလေ့ သူ့မိသားစုဆီ ပြန်သွားတိုင်း ဝမ်ယုဟန် ချန်ဖန်းလေ့နှင့်အတူ လိုက်ရအောင် ကြိုးစားသည်။ သို့မှာသာ ချန်ရှီတောင်းနှင့် တွေ့နိုင်မည် မဟုတ်ပေလော။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၂၉၂)
သူသာ ချန်ရှီတောင်း၏ နှလုံးသားကို ရအောင် သိမ်းပိုက်နိုင်ပါက မိန်းမလှလေး တစ်ယောက်ကို ပိုင်ဆိုင်နိုင်မည့်အပြင် သူမ အကူအညီဖြင့် ကြည်လင်ကောင်းကင်ဂိုဏ်းထဲသို့ပင် ဝင်နိုင်လောက်ပေသည်။
သို့သော်လည်း သူမနှင့် အကြိမ်များစွာ ဆုံတွေ့ပြီးနောက်၊ သူ့သဘောထားကို ထင်သာမြင်သာအောင် ထုတ်ပြခဲ့သော်လည်း ချန်ရှီတောင်းသည် သူ့အား နှစ်သက်သည့် အရိပ်အယောင် နည်းနည်းလေးမှ မပြခဲ့ချေ။ တဖြည်းဖြည်းနှင့် ဝမ်ကုဟန်လည်း ချန်ရှီတောင်းအား ပိုးပန်ရသည့်အပေါ် စိတ်ကုန်လာပြီး သူမနှင့် ပက်သက်ရန် လက်လျော့လိုက်တော့သည်။
သို့သော် ဂျူနီယာညီလေးချန်နှင့် နောက်ဆုံးအကြိမ် စကားပြောခဲ့စဉ်က သူ့ဆီမှ ထိတ်လန့်ဖွယ်ရာ သတင်းတစ်ခုကို သူကြားသိခဲ့ရသည်။
ချန်ရှီတောင်းတွင် သူတော်စင်သလင်းကျောက် သန်းနှင့်ချီ ရှိနေပြီး သူမသည် တန်ခိုးရှင် အထွဋ်အထိပ်အဆင့် ရတနာများစွာအား ပိုင်ဆိုင်ထားသည် ဆိုသော သတင်းပင်။
ချန်ဖန်းလေ့ ပြောပုံအရ ချန်ရှီတောင်း သဲမီးတောက်နယ်မြေထဲ ဝင်သွားစဉ်က ကံကောင်းပြီး သူတော်စင်သလင်းကျောက် တွင်းတစ်တွင်းကို ရှာတွေ့ခဲ့သည်။ ထို့ကြောင့် သူတော်စင်သလင်းကျောက်များစွာ ရိတ်သိမ်းနိုင်ခဲ့သည်။ ဂိုဏ်းဆီ ပြန်လာသည့် အချိန်၌ ထိုသလင်းကျောက်များကို ပြန်အပ်ခဲ့ရာ အကြီးအကဲများ လွန်စွာကိုမှ ကျေနပ်အားရ ဖြစ်သွားကြပြီး သူမအား သူတော်စင်သလင်းကျောက်များ သာမက၊ မှော်ရတနာများနှင့် ဆေးလုံးများလည်း ပြန်လည် ချီးမြှင့်ခဲ့ပေသည်။
သူမ ပိုင်ဆိုင်ထားသည့် တန်ခိုးရှင် အထွဋ်အထိပ်အဆင့် မှော်ရတနာများသည် အကြီးအကဲများမှ ချီးမြှင့်ထားသည့် ဆုလာဒ်များ ဖြစ်ပေသည်။
ချန်ဖန်းလေ့သည် လောကကြီးအကြောင်းကို နားမလည်၊ အလွန်ကိုမှ ရိုးသားသည်။ ဝမ်ကုဟန်နှင့်လည်း အတော်လေးကို ခင်မင်ရင်းနှီးသဖြင့် ထိုအကြောင်းကို ဖုံးကွယ်မထားချေ။ သို့သော်လည်း ဝမ်ကုဟန်ကမူ သူ့ကဲ့သို့မဟုတ်၊ ချန်ရှီတောင်း၏ အဆင့်အတန်း နောက်တစ်ဖန် မြင့်တက်လာမှန်း သိလိုက်ရပြီးနောက် သူမအား ပြန်ပိုးပန်းရန် ဆုံးဖြတ်ခဲ့သည်။
ယခုတစ်ကြိမ် ခရီး၏ ရည်ရွယ်ချက်မှာ ချန်ဖေးလဲ့ အဆင့်ချိုးဖျက်ရန်အတွက် မိုးကြိုးရေကန် ရှာရန်ပင် ဖြစ်သည်။ ချန်ဖေးလဲ့ ထိုအကြောင်းကို ပြောစဉ်က သူ့အစ်ကိုပါ ခေါ်လာရန် ဝမ်ကုဟန်က တိုက်တွန်းခဲ့သည်။ အကုန်လုံးသည် ချောချောမွေ့မွေ့ ဖြစ်ခဲ့သည်။ ချန်ဖေးလဲ့ အဆင့်ချိုးဖျက်အကြောင်းကို ကြားသော် အစ်မကြီး ဖြစ်သည်နှင့်အညီ ချန်ရှီးတောင်က ကူညီပေးမည်ဟု ပြောခဲ့သည်။ သူမနှင့်အတူ ကြည်လင်ကောင်းကင်ဂိုဏ်းမှ လုယင်ကိုပါ တစ်ခါတည်း ခေါ်လာခဲ့သည်။
အစပိုင်းတွင် အဆင်ပြေနေသော်လည်း ရုတ်တရက် သူတို့အဖွဲ့ အကာအရံတစ်ခုထဲသို့ ကျရောက်သွားခဲ့သည်။ ထိုအကာအရံသည် အတွင်းဘက်မှ တိုက်ခိုက်လာသည့် မည်သည့် တိုက်ခိုက်မှုကိုမဆို တန်ပြန်နိုင်စွမ်း ရှိသဖြင့် ထိုထဲတွင် နှစ်ရက်ကြာတိုင်တိုင် သူတို့ ပိတ်မိနေခဲ့ရသည်။
ကံဆိုးမသွားရာ မိုးလိုက်လို့ရွာ ဆိုသလို ချန်ရှီတောင်း အထင်ကြီးရန် မည်သို့မည်ပုံ လုပ်လျှင် ကောင်းမလဲ စဉ်းစားနေစဉ်မှာပဲ ရန်ကိုင်ဆိုသော ကောင်စုတ်လေး ရောက်လာခဲ့သည်။ ချန်ရှီတောင်းသည် ထိုရန်ကိုင်ဆိုသော ကောင်စုတ်လေးကို အထူး အလေးပေး ဆက်ဆံနေသဖြင့် ဝမ်ကုဟန်လည်း မနေနိုင်တော့ဘဲ ထိုကောင်ကို ဤနေရာမှ မြန်မြန် ထွက်သွားအောင် ပစ်မှတ်ထားရတော့သည်။
ထို့အတွက်ကြောင့် ရန်ကိုင်ကို နှင်ထုတ်နိုင်ခဲ့သော်လည်း ချန်ရှီတောင်းကို ဒေါသ ထွက်အောင် လုပ်မိလိုက်သည်။ ဝမ်ယုဟန် အတော်လေးကိုမှ စိတ်ညစ်နေခဲ့ရလေပြီ။ ထို့နောက် ကူကယ်ရာမဲ့စွာဖြင့် ခေါင်းရမ်းလျက် ချန်ရှီတောင်း အထင်ကြီးအောင် မည်သို့လုပ်လျှင် ကောင်းမလဲ စဉ်းစား အကြံဥာဏ် ထုတ်ရင်း သူမတို့နောက်သို့ လိုက်သွားလေသည်။
ခဏလောက် စဉ်းစားနေပြီးနောက် အလုပ်ဖြစ်လောက်မည့် အကြံတစ်ခုကို သူစဉ်းစားမိလို်ကသည်။ အကြံလိုက်ရသည်နှင့် အပြုံးကြီးပြုံးလျက် သူ့အကြံ အကောင်အထည် ဖော်နိုင်မည့် အခွင့်အရေးကို စတင် ရှာဖွေတော့လေသည်။
တစ်ဖက်တွင်မူ၊ ရန်ကိုင်နှင့် ယန်ယန်သည် သူတို့ လာခဲ့သည့် လမ်းကြောင်းအတိုင်း ပြန်ဆုတ်လာခဲ့ပြီး မိုင်ဒါဇင်ကျော်လောက် အကွာသို့ ရောက်မှ ရပ်လိုက်ကြသည်။
“ဒီနေရာက သင်္ချိုင်းတောင်ကြားလား” ရန်ကိုင် ပြောသည်ကို ကြားပြီးနောက် ယန်ယန် ထိတ်လန့်မသွားရုံပင်မက ပျော်ပင် ပျော်သွားသေးသည်။
“နင်ဘာလုပ်ချင်လို့လဲ” ယန်ယန်၏ အမူအရာကို ကြည့်ရင်း သူ့စိတ်ထဲ မကောင်းသည့် ခံစားချက်တို့ ရလိုက်သဖြင့် ရန်ကိုင် မျက်မှောင်ကြီးကြုတ်လျက် ပြန်မေးလိုက်လေသည်။
“ဘာမှမဟုတ်ပါဘူး။ ဒီနေရာက ဂိုဏ်းကြီးတစ်ဂိုဏ်း တည်ရှိခဲ့ဖူးတဲ့ နေရာဆိုတော့ ဒီနေရာမှာ အားကောင်းတဲ့ အစီအရင်တွေ၊ အရံအတားတွေ ရှိနေမှာပဲလို့ ငါစဉ်းစားနေတာ” ယန်ယန်၏ မျက်ဝန်းထဲ ဖုံးဖိမရနိုင်သော စိတ်လှုပ်ရှားမှုတို့ အထင်းသား ထွက်ပေါ်နေခဲ့လေသည်။
ရန်ကိုင်က နဖူးတပွတ်ပွတ်ဖြင့် ပြန်ပြောလေသည် “ရောက်ပြီ ဆိုမှတော့ ဒီအတိုင်းတော့ ထွက်သွားလို့ မဖြစ်ဘူး။ ဒါပေမယ့် မြေပုံ အပိုင်းအစ နှစ်ခုက ဘယ်နေရာကို ညွှန်ပြထားတာလဲ။ အတွင်းပိုင်းကို မညွှန်ပြထားရင် မလိုအပ်ဘဲ မစွန့်စားတာ ပိုကောင်းလိမ့်မယ်”
“ဟဲဟဲ၊ အဲ့လိုဆိုရင်တော့ နင်စိတ်ပျက်သွားရတော့မှာပဲ ရန်ကိုင်ရေ၊ မြေပုံပေါ်က အမှတ်အသားက အတွင်းပိုင်းကို လုံးဝ ညွှန်ပြနေတာ။ ဒါပေမယ့် နင်စိတ်ချထားလိုက်။ ဒီလောကကြီးမှာ ငါမဖျက်စီးနိုင်တဲ့ အစီအရင်၊ အကာအရံဆိုတာ မရှိဘူး။ အဲ့လူတွေ အသက်ရှင်နေသေးပြီး အစီအရင်ကို ထိန်းချုပ်ထားတယ် ဆိုရင်တော့ ငါသိပ်ပြီး အာမမခံရဲဘူး။ ဒါပေမယ့် ဘယ်သူကမှ ထိန်းချုပ်မထားတဲ့ အစီအရင်တစ်ခုကို ငါမဖျက်စီးနိုင်စရာ အကြောင်း လုံးဝ မရှိဘူး” ယန်ယန်က မိုးထိမတတ် ယုံကြည်ချက် ဖြင့် ပြောလိုက်သည်။
ယန်ယန် စကားကို ကြားပြီးနောက် ရန်ကိုင်လည်း အနည်းငယ် စိတ်အားတက်သွားခဲ့သည်။ ထို့ကြောင့် ခေါင်းညိတ်၍ “ကောင်းပြီလေ။ နင်ဒီလောက် ယုံကြည်ချက် ရှိနေမှတော့ အထဲ ဆက်သွားကြတာပေါ့။ မြေပုံပေါ်က အမှတ်အသားက ဘယ်လို နေရာမျိုးလဲဆိုတာ ငါလည်း သိချင်နေတာ။ သူများတွေ ပြောသလို ရှေးဟောင်းယန်ဂိုဏ်းရဲ့ လျှို့ဝှက်လိုဏ်ဂူသာ ဆိုရင်တော့ ငါတို့ ထောပြီပဲ။ အဲ့လိုဆို နင်ဘာသာ ကြိုက်သလောက် ပန်းပဲထုချင်ထု၊ အစီအရင်ခင်းချင်ခင်း လုပ်ချင်တာလုပ်လို့ရပြီ”
ယန်ယန်၏ မျက်ဝန်းများ တဖျက်ဖျက် လက်သွားပြီး ချက်ချင်းပဲ ရန်ကိုင်အား မြန်မြန်သွားရန် တိုက်တွန်းတော့သည်။
ရန်ကိုင်နှင့် ယန်ယန်သည် ချန်ရှီတောင်းတို့ အဖွဲ့နှင့် သွားမတိုးမိစေရန် အလို့ငှာ၊ လမ်းအရှည်ကြီး ကွေ့ပတ် သွားခဲ့သည်။
ချန်ရှီတောင်း ပြောသည်မှာ တစ်ချက် မှန်ပေသည်။ ဤနေရာ ပတ်လည်ရှိ အစီအရင်များသည် သိပ်အားကောင်းခြင်း မရှိကြ။ အားအကောင်းဆုံး အစီအရင်ဆို၍ သူတို့ လေးယောက်အား ပိတ်လှောင်ထားခဲ့သည့် အကာအရံသာ ရှိသည်။ သို့သော်လည်း ထိုအစီအရင် အားလုံးကို ယန်ယန်မှ အသက်ဆယ်ရှိုက်စာ၊ သို့မဟုတ် အမွှေးတိုင်တစ်ချောင်းစာ အတွင်း အလွယ်တကူ ဖျက်စီးပြသွားခဲ့သည်။
ရန်ကိုင်နှင့် ယန်ယန်သည် အဆီးအတားမရှိ ဆက်လက် ခရီးဆက်နေခဲ့ကြသည်။
ငါးရက်ကြာပြီးနောက်၊ ရှေးဟောင်းယန်ဂိုဏ်း၏ အတွင်းပိုင်းသို့ သူတို့ ရောက်လာခဲ့ကြသည်။ အတွင်းပိုင်းဟု ဆိုရခြင်းမှာ ဤနေရာတွင် ပျက်စီးနေသော နံရံများ၊ အဆောက်အဦး အပျက်များကို နေရာအနှံ့ တွေ့နေရသောကြောင့် ဖြစ်သည်။ ဆိုလိုချင်သည်ကား ဤနေရာတွင် တစ်ချိန်တစ်ခါက လူနေအဆောက်အဦးများစွာ ရှိခဲ့ရပေလိမ့်မည်။ သို့သော် ယခုမူ ထိုအဆောက်အဦးအားလုံး ပျက်စီးနေကြကုန်လေပြီ။
အစီအရင်နှင့် အကာအရံများသည်လည်း သူတို့ ယခင် တွေ့ခဲ့ဖူးသည်ထက် အများကြီး ပိုအားကောင်းလာကြသည်။ ထို့ကြောင့် ထိုအစီအရင်များကို ဖျက်စီးပစ်ရန်အတွက် ယန်ယန်လည်း အချိန်ပိုယူလာကြရသည်။
ထိုအဆောက်အဦးများစွာကို တွေ့စဉ်က အဖိုးတန်ပစ္စည်း တစ်ခုနှစ်ခုလောက်များ ရှာတွေ့လေမလား မျှော်လင့်ချက်ဖြင့် ရန်ကိုင် လိုက်ရှာကြည့်ခဲ့သေးသည်။ သို့သော် မကြာမီ သူ့မျှော်လင့်ချက်ကို လက်လွှတ်လိုက်လေသည်။
သင်္ချိုင်းတောင်ကြား တည်ရှိနေခဲ့သည်မှာ နှစ်ပေါင်း (၂၀၀၀)ကျော် ရှိနေခဲ့လေပြီ။ ထိုအချိန်အတောအတွင်း မရေမတွက်နိုင်သော ကျင့်ကြံသူများ ဤနေရာသို့ လာရောက်ပြီး ရတနာ ရှာဖွေကြသည်။ ထို့ကြောင့် အဖိုးတန် ရတနာများ ရှိနေလျှင်ပင် ထိုရတနာအားလုံး အခြားသူများ လက်ထဲသို့ ရောက်နှင့်ပြီးသွားလောက်ပေပြီ။
ယနေ့တွင်၊ ယန်ယန်သည် သူမရှေ့ရှိ ဟင်းလင်းပြင်ပေါက်ကြီး ကို ခဏကြာအောင် စိုက်ကြည့်နေပြီးနောက် ထူးဆန်းသော မှော်ရတနာ နှစ်ခုကိုထုတ်၍ ထိုထဲသို့ ပစ်ထည့်လိုက်သည်။
ထိုကဲ့သို့ မြင်ကွင်းမျိုး တစ်ကြိမ်မက မြင်တွေ့ဖူးပြီ ဖြစ်သဖြင့် ရန်ကိုင်လည်း အံ့အားသင့်မနေတော့ချေ။ သူမနောက်တွင် ရပ်၍ သူတော်စင်ချီကို အဆင်သင့်ပြင်ထားရင် အချိန်မရွေး သူမအား ကာကွယ်ပေးနိုင်ရန်သာ ပြင်ဆင်ထားသည်။
ယန်ယန်က မျက်လုံးလေးပိတ်လိုက်သည်။ ခဏအကြာ၌ သူမ မျက်နှာထက် အပြုံးတစ်ပွင့် ထွက်ပေါ်လာပြီး ရန်ကိုင်ဘက်သို့ လှည့်၍ ပြောလိုက်သည် “ဒီမှာ အစီအရင်ကြီးတစ်ခု ရှိတယ်။ ငါအဲ့ဒါကို ဖျက်ဖို့ နည်းနည်းတော့ အချိန်ယူရလိမ့်မယ်”
“ပတ်သွားလို့ မရဘူးလား”
“မရဘူး” ယန်ယန်က ချက်ချင်းပဲ ခေါင်းခါလိုက်သည် “အန်း၊ ရတယ်။ ဒါပေမယ့် ဒီလို အစီအရင်မျိုးကို ရှာတွေ့ဖိုမလွယ်ဘူး။ ဒါကြောင့် ငါလေ့လာကြည့်ချင်သေးတယ်။ ငါနင့်ကို ပြောဖူးပါတယ်၊ ပန်းပဲထုတာတွေ၊ အစီအရင်ခင်းကျင်းတာတွေကို ငါတောက်လျှောက် လုပ်နေမယ်ဆိုရင် ငါ့မှတ်ဥာဏ်ထဲမှာ ချိတ်ပိတ်ထားတဲ့ အပိုင်းတွေကို ပိုပိုပြီး ဖွင့်လာနိုင်မယ်လို့လေ။ အခုဒါက ရှားရှားပါးပါး အခွင့်အရေးတစ်ခုပဲ။ ဒီလို အစီအရင်တွေကို ချေဖျက်ဖျက်စီးရတာက ပန်းပဲထုတာတို့၊ အစီအရင်းခင်းကျင်းတာတို့လို့ပဲ ငါ့အတွက် အရမ်း အကျိုးရှိတယ်။ ဒီနည်းလည်းက ငွေမကုန်တဲ့ န ည်းလမ်းလို့တောင် ပြောလို့ရတယ်”
ရန်ကိုင် ကူကယ်ရာမဲ့စွာဖြင့် ခေါင်းခါလိုက်ပြီး “အန္တရာယ်ရှိလား”
“မရှိပါဘူး။ ဘာလို့ ရှိရမှာလဲ” ယန်ယန်က သူမခေါင်းကို ဂျောက်ဂျက်တစ်ခုနှယ် အဆက်မပြတ် ခါရမ်းလိုက်သည်။
“ကောင်းပြီလေ… ဒါနဲ့ အဲ့ဒါကို ဖျက်စီးဖို့ ဘယ်လောက် ကြာမှာတုန်း” ရန်ကိုင်က ပြန်မေးလိုက်သည်။
“နှစ်ရက်သုံးရက်လောက်ပဲ။ အဲ့အချိန်အတွင်း နင်ဘာသာ လုပ်ချင်တာလုပ်နှင့်” ယန်ယန်က လျှာလေးတစ်လစ်တစ်လစ် ထုတ်လျက် ပြောလိုက်ပြီးနောက် ရန်ကိုင်အား ဂရုမစိုက်တော့ဘဲ သူမရှေ့ရှိ အစီအရင်အား လေ့လာရာတွင်သာ အာရုံစိုက်ထား လိုက်တော့သည်။
ယန်ယန် အစီအရင်နှင့် အလုပ်ရှုပ်နေပြီမှန်း သိလိုက်သော် ရန်ကိုင်လည်း သူမအား သွားမနှောင့်ယှတ်တော့ချေ။ ဘာလုပ်လျှင် ကောင်းမလဲ စဉ်းစားပြီးနောက် တန်ခိုးရှင်ဘုရင်အဆင့် ပန်းပဲမီးဖိုကို ထုတ်လိုက်သည်။
မီးဖိုအပြင် ရောက်သည်နှင့် မီးဖိုရှေ့တွင် ထိုင်ချလိုက်ပြီး အထဲသို့ ကောင်းကင်စိတ်အာရုံ ပို့လွှတ်လိုက်သည်။ စူးရှရှ အော်ဟစ်သံတစ်သံနှင့်အတူ မီးငှက် ထွက်ပေါ်လာပြီး ရန်ကိုင် ခေါင်းထက်တွင် ပတ်ဝဲနေလေသည်။ ထို့နောက် မီးတောက်များကို မှုတ်ထုတ်၍ ရန်ကိုင်အား နဂါးအရိုးနှင့် နဂါးပုတီးစေ့အား ကူညီ သန့်စင်ပေးလေတော့သည်။
ယန်ယန် အလုပ်ရှုပ်နေစဉ် ရန်ကိုင်လည်း အလကား အချိန်ကုန်ခံမနေခဲ့ချေ။ အားနေသည့် အချိန်တွင် နဂါးအရိုးနှင့် နဂါးပုတီးစေ့အား သန့်စင်ရန် ကြိုးစားနေသလို ရွှေရောင်သွေးမျှင် ပညာရပ်ကိုလည်း ပိုမို အဆင့်မြင့်လာအောင် ကြိုးစားနေခဲ့သည်။
ထိုအလုပ်ကိစ္စ နှစ်ခုစလုံးသည် လွန်စွာကိုမှ အချိန်ယူ အားစိုက်ရသည့် အလုပ်နှစ်ခုဖြစ်သည်။ ထို့ကြောင့် ရန်ကိုင်သည် အချိန်ရလျှင် ရသလို ထိုအလုပ်နှစ်ကို လုပ်တတ်သည်။
အချိန်သည် တဖြည်းဖြည်းချင်း ကုန်ဆုံးနေခဲ့သည်။ အချိန် တစ်ခုသို့ရောက်သော်၊ ရွှေရောင်သွေးမျှင် ပညာရပ်ကို ကျင့်ကြံနေစဉ် အသံဗလံများ ကြားလိုက်ရသဖြင့် ရုတ်တရက် မျက်လုံးဖွင့်ကြည့်လိုက်ရာ ပြိုးပြိုးပျက်ပျက် လင်းလက်နေသော အလင်းတန်းများနှင့် မိုးမြေစွမ်းအင်များ ဂယောက်ဂယက် ဖြစ်နေသည်ကို တွေ့ရှိလိုက်ရသည်။ ယန်ယန်ကမူ တပြုံးပြုံးဖြင့် သူမ၏ ပစ္စည်းများကို တစ်ခုချင်း ပြန်သိမ်းနေလေသည်။
ခဏအကြာတွင် ထိုအလင်းရောင်များ ပျောက်ကွယ်သွားခဲ့၏။ အစောပိုင်းက ဤနေရာတွင် ရှိနေခဲ့သော အစီအရင်လည်း မရှိတော့။ ရန်ကိုင်သည် ချက်ချင်းပဲ ပန်းပဲမီးဖိုကို ပြန်သိမ်းလိုက်ပြီး ယန်ယန်ဘက်သို့ လှည့်၍ မေးလိုက်သည် “ပြီးပြီလား”
“ပြီးပြီ။ ဆက်သွားကြမယ်။ ငါဒီနေရာကို ပိုပိုပြီးတော့တောင် ကြိုက်လာပြီ။ ငါအရင်တစ်ခါတည်းက နင့်နဲ့အတူ သဲမီးတောက် နယ်မြေထဲ လိုက်ခဲ့သင့်တာ။ အဲ့မှာ အစီအရင်တွေ အများကြီးပဲဆို”
“နင်လိုက်လာလည်း စိတ်ပျက်ရုံပဲရှိမှာ။ အစီအရင်တွေ ရှိတယ် ဆိုပေမယ့် အများကြီးရှိတာ မဟုတ်ဘူး… ဒါပေမယ့် လုံးဝ အကောင်းအတိုင်း ရှိနေသေးတဲ့ ဂိုဏ်းပျက်စီးတစ်ခုကို ငါတွေ့ခဲ့တယ်။ အဲ့နေရာကို နင်လုံးဝ သွားချင်မှာ အသေအချာပဲ”
ယန်ယန် သက်ပြင်းချလိုက်ပြီး “ဒါပေမယ့် ငါအဲ့လို အခွင့်အရေး မရလိုက်ဘူး။ သဲမီးတောက်နယ်မြေ နောက်တစ်ကြိမ် ပြန်ဖွင့်ဖို့ ဘယ်လောက်ကြာမလဲ ဆိုတာကိုလည်း ဘယ်သူမှ မသိကြဘူး”
နှစ်ယောက်စလုံး စကား တပြောပြောနှင့် လမ်းလျှောက် နေကြသည်။
အတွင်းပိုင်းသို့ ရောက်လာလေ အစီအရင်များ ပိုပို၍ အားကောင်းလာလေပင်။ ယန်ယန်၏ အံ့မခန်း စွမ်းရည်များကို မြင်ပြီး ရန်ကိုင်လည်း အတော့်ကိုမှ ထိတ်လန့်အံ့ဩနေရသည်။
ထိုအစီအရင်များသည် ဂိုဏ်းကြီးတစ်ဂိုဏ်းမှ ဂိုဏ်းကို ကာကွယ်ရန်အတွက် ခင်းကျင်းထားသည့် အစီအရင်များ ဖြစ်သော်ငြား ယန်ယန်၏ အလွယ်တကူ ဖျက်စီးခြင်း ခံခဲ့ရသည်။ အစီအရင်အား ခင်းကျင်းခဲ့သည့် လူများသာ ဤအကြောင်းကို သိလျှင် မည်ကဲ့သို့ နေလိမ့်မည်နည်း… ရန်ကိုင် တွေးမိလိုက်သည်။
ထို့အပြင် အစီအရင်တစ်ခုကို ဖျက်စီးပြီးတိုင်း ယန်ယန် အပြုံးကြီး ပြုံးနေသည်ကို ရန်ကိုင် သတိပြုမိသည်။ အစီအရင်များကို ဖျက်စီးရခြင်းသည် သူမအတွက် အလွန်ကိုမှ အကျိုးများသည့်ပုံပင်။
ထိုတစ်ချက်နှင့်ပင် ဤခရီး တန်နေလေပြီ။ ယန်ယန်သာ ဤအစီအရင်များကို ဖျက်စီးရင်း သူမ၏ မှတ်ဥာဏ်များကို ချိတ်ဖြေနိုင်မည် ဆိုပါက နဂါးလိုဏ်ဂူတောင် အတွက်လည်း အလွန်ကိုမှ ငွေကုန်ကြေးကျ သက်သာသွားပေလိမ့်မည်။
ရန်ကိုင်အတွက်မူ၊ သူဘာမှမရခဲ့သော်ငြား ဘာမှလည်း မဆုံးရှုံးခဲ့ရပေ။ နောက်ပိုင်း သူတို့တွင် ကုန်ကြမ်းပစ္စည်းများ ဝယ်ရန် သူတော်စင်သလင်းကျောက်များ မရှိသည့်အခါ ယန်ယန်အား ဤကဲ့သို့သော နေရာမျိုးကို ခေါ်သွားပြီး အစီအရင်များ ဖျက်စီးခိုင်းလျှင် ကောင်းမလားဟု ရန်ကိုင် စဉ်းစားမိလိုက်သည်။ ထိုနည်းလမ်းသည် ငွေချွေတာရေး နည်းလမ်းတစ်ခု ဖြစ်ပေသည်။
အရိပ်ကြယ်သည် အလွန်ကိုမှ ကြီးမားလှသဖြင့် ဤကြယ်ပေါ်၌ သင်္ချိုင်းတောင်ကြားကဲ့သို့ နေရာများစွာ ရှိလောက်ပေသည်။
ဖျMartial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၂၉၃)
သင်္ချိုင်းတောင်ကြားထဲ၌ ယန်ယန်သည် သူမ လက်ထဲရှိ မြေပုံ အပိုင်းအစနှစ်ခုကို မျက်မှောင်ကြုတ်လျက် စိုက်ကြည့်နေသည်။ မြေပုံပေါ်ရှိ အမှတ်အသားသည် ဤနေရာတွင် လမ်းဆုံးနေခဲ့ပြီ။ သို့သော် နောက်ဘာဆက်လုပ်ရမလဲ ဘာမှ မပြောထားချေ။
ထိုတစ်ပိုင်းတစ်စ ဖြစ်နေသည့် မြေပုံ အပိုင်းအစ နှစ်ခုနှင့် ဤနေရာသို့ လာနိုင်ခဲ့ခြင်းသည် ယန်ယန်၏ သုံးသပ်စွမ်းရည် ကောင်းမွန်ခြင်းကြောင့် ဖြစ်သည်။ ဤနေရာသို့ ရောက်သော်ငြား နောက်ဆုံး သူတို့ရှာနေသည့် ပန်းတိုင် မည်သည့် နေရာတွင် ရှိနေသလဲ ဆိုသည်ကိုမူ မသိတော့ပေ။ သူတို့ ပန်းတိုင်သည် ဤအနီးအနားဝန်းကျင် မိုင်တစ်ထောင် ပတ်လည်အတွင်း၌သာ ရှိမည်မှန်း သိသည်။
မိုင်တစ်ထောင်သည် မကျယ်သလို ကျဉ်းလည်း မကျဉ်းချေ။ သို့သော် ဦးတည်ချက် ပန်းတိုင်ကို ရေရေရာရာ မသိဘဲ စမ်းတဝါးဝါးနှင့် ရှာရမည်မှာ အလွန်ကိုမှ အချိန်ကုန်ပေသည်။
အတွင်းပိုင်းသို့ ရောက်လာသည့်တိုင် ဤနေရာရှိ အစီအရင်များသည် ယန်ယန်အား ချွေးပင်မထွက်စေသော်လည်း ယင်ချီကမူ အလွန်ကိုမှ သိပ်သည်းလာခဲ့သည်။ ထိုယင်ချီကို ခုခံရန်အတွက် သူတော်စင်ချီကို အဆက်မပြတ် အသုံးပြုနေရ၏။ ရန်ကိုင်တွင် သူတော်စင်ချီ များစွာ ရှိနေသည်မှာ ကံကောင်းသွားသည်။ ယန်ယန် အားကုန်သွားသည့်အခါ သူ့သူတော်စင်ချီဖြင့် သူမအား ကာကွယ်ပေးထားနိုင်ပေသည်။ မဟုတ်လျှင် သူတို့နှစ်ယောက် အစောကြီးကတည်းက ပြန်ဆုတ်ပြီးနှင့်ပေပြီ။
“ငါတို့ ဘာလုပ်ကြမလဲ” ယန်ယန်က ရန်ကိုင်ဘက်သို့ လှည့်၍ မေးလိုက်သည်။ ဤနေရာထိရောက်အောင် လာပြီးမှဖြင့် ဒီအတိုင်း လက်မလျှောက်လိုက်ချင်ချေ။ သူမတို့သာ ကြိုးစားရှာမည်ဆိုပါက မြေပုံပေါ်ရှိ အမှတ်အသား ရှိနေသည့် နေရာကို ရှာတွေ့ကောင်း ရှာတွေ့နိုင်လောက်ပေသည်။ သို့သော် ရန်ကိုင် အမြင်ကိုလည်း မေးရပေဦးမည်။
ရန်ကိုင် မျက်မှောင်ကြုတ်၍ စဉ်းစားကြည့်လိုက်သည်။ ဤနေရာသို့ လာသည့် လမ်းတစ်လျှောက်တွင် မည်သည့် အန္တရာယ် နှင့်မှ ရင်ဆိုင်မတွေ့ခဲ့ရသော်လည်း လွန်ခဲ့သော ရက်ပိုင်းခန့်က သူတို့အား လာရောက်တိုက်ခိုက်ကြသော ယင်ဝိဥာဉ်များသည် သူတော်စင်ဘုရင်အဆင့် ကျင့်ကြံသူများနှယ် အားကောင်းကြ၏။ အချို့ဆိုလျှင် ဤနေရာရှိ ယင်ချီကို နှစ်ပေါင်းများစွာကြာအောင် စုပ်ယူထားခဲ့ရသဖြင့် နည်းနည်းပင် အသိဥာဏ် ရှိနေကြလေပြီ။
သူတို့ အန္တရာယ် ရှိနေပြီမှန်း သိလိုက်သည်နှင့် ချက်ချင်း ပြန်ဆုတ်သွားကြသည်။ အားပြန်ဖြည့်ပြီးနောက် ရန်ကိုင်တို့အား ပြန်လာတိုက်ခိုက်ကြသည်။ ရန်ကိုင်သည် ထိုယင်ဝိဥာဉ်များထက် အဆများစွာ ပိုမိုအားကောင်းနေသဖြင့် လာတိုက်ခိုက်ကြသော ယင်ဝိဥာဉ် အများစုကို ဖျက်စီးပစ်နိုင်သည်မှာ ကံကောင်းသွား၏။ မဟုတ်လျှင် တော်တော်လေး ဒုက္ခများရပေလိမ့်ဦးမည်။
ဤသင်္ချိုင်းတောင်ကြားတွင် သူတို့ မြင်နိုင်သည်ထက် ပို၍ ကြောက်စရာကောင်းသော အန္တရာယ်တို့ ရှိနေမှန်း ရန်ကိုင် နားလည်လာခဲ့သည်။ မဟုတ်လျှင် ဤနေရာ၌ တန်ခိုးရှင်အဆင့် ကျင့်ကြံသူများပင် သေခဲ့ရလိမ့်မည် မဟုတ်ချေ။
ခဏလောက် စဉ်းစားနေပြီးနောက် ရန်ကိုင်က မေးလိုက်သည် “နင့်ကို အခုပြန်ခိုင်းရင် နင်ပြန်ချင်မှာလား”
ယန်ယန် ခေါင်းခါလိုက်သည်။
ရန်ကိုင်က ပြုံးလိုက်ပြီး ခေါင်းညိတ်၍ “ငါလည်း အတူတူပဲ။ အဲ့လိဆိုမှတော့ ဆက်ပြီးတော့ပဲ ရှာကြတာပေါ့။ အဆိုးဆုံး ဒီမိုင် တစ်ထောင်ပတ်လည်လုံးကို တူးထုတ်ပစ်ရရုံပဲရှိမှာ”
ထိုစကားကို ကြားသည်နှင့် ယန်ယန် စိတ်အားတက်ကြွသွားပြီး ချက်ချင်းပဲ ပတ်ပတ်လည်ကို စတင် ရှာဖွေတော့လေသည်။
တစ်ရက်ကြာပြီးနောက် ရန်ကိုင် ရုတ်တရက် ရပ်လိုက်ပြီး သူ့ဘေးပတ်လည်ကို အံ့အားသင့်တကြီး ကြည့်လိုက်သည်။ ယန်ယန်သည် ရန်ကိုင် တစ်ခုခု ရှာတွေ့သွားပြီမှန်း သိလိုက်သဖြင့် တိတ်တိတ်လေး ရပ်စောင့်နေလိုက်သည်။ ခဏအကြာမှ ရန်ကိုင်က ထူးဆန်းသည့် အမူအရာဖြင့် မေးလိုက်၏ “ယန်ယန်၊ ဒီနားက အနံ့က ထူးဆန်းနေတယ် မထင်ဘူးလား”
“ထင်တယ်။ ငါပုပ်သိုးသိုးအနံ့တွေ ရနေတယ်” ယန်ယန်က ပြန်ပြောလိုက်သည်။
“နင်လည်း ရနေတာဆိုတော့ ငါ့အထင်သက်သက် မဟုတ်ဘူးပဲ” ရန်ကိုင်က အဓိပ္ပါယ်ပါပါ ပြုံးလိုက်သည်။ ထို့နောက် နတ်ဆိုးမီးတောက်ကို ရုတ်တရက် ထုတ်ဖော်လိုက်၏။ သူ့လက်ထဲ နတ်ဆိုးမီးတောက်များ ထွက်ပေါ်လာပြီး မီးတောက်မှ ဖြာထွက်နေသည့် ပြင်းထန်လှသည့် အပူဓါတ်ကြောင့် ပတ်ဝန်းကျင် အပူချိန် ရုတ်ချည်း မြင့်တက်လာခဲ့ရသည်။
ထို့နောက် ရန်ကိုင်သည် သူ့လက်ထဲရှိ မီးဘောလုံးကို အနာရှိ သစ်ပင်ခြောက်တစ်ပင်ဆီ လှမ်းပစ်လိုက်လေသည်။
မီးတောလုံးသည် သိပ်မမြန်လှ။ သို့သော် မီးဘောလုံး သစ်ပင်ကို ထိခါနီးဆဲဆဲမှာပဲ၊ သေနေပြီ ထင်ရသော သစ်ပင်ဆီမှ သားရဲတစ်ကောင် အော်သကဲ့သို့ အော်ဟစ်သံတစ်သုံ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။ ထိုအော်သံနှင့်အတူ သိပ်သည်းလှသော ရက်စက်ကြမ်းကြုတ်သည့် မကောင်းဆိုးရွား အရှိန်အဝါတို့ ပေါက်ကွဲထွက်လာခဲ့လေသည်။
ဘုန်း… ဆိုသော အသံနှင့်အတူ သစ်ပင်တစ်ပင်လုံး တစ်စစီ ပေါက်ကွဲထွက်လာခဲ့သည်။ တစ်စစီ ဖြစ်နေသော သစ်ပင်အတွင်း၌ ပုံမှန်မဟုတ်သည့် ပုံရိပ်တစ်ခု ထူးထူးဆန်းဆန်း ရှိနေခဲ့သည်။
ဝါကြင့်ကြင့် အရှိန်အဝါ ရစ်သိုင်းနေသော လက်တစ်ဖက် ရုတ်တရက် ဆန့်ထွက်လာပြီး မီးလုံးကို ဖမ်းကိုင်လိုက်သည်။
တရှဲရှဲ မြည်သံနှင့်အတူ ဆီပူအိုးပေါ် ဆားကျသွားသလို အဝါရောင် အရှိန်အဝါတို့ လျင်မြန်စွာ ပျောက်ကွယ်သွားသည်။ ထိုနည်းတူစွာ နတ်ဆိုးမီးတောက်သည်လည်း တဖြည်းဖြည်း အားနည်းသွားခဲ့ရသည်။
ခဏအကြာတွင် အဝါရောင်အရှိန်အဝါသည် နတ်ဆိုး မီးတောက်နှင့်အတူ ပျောက်ကွယ်သွားခဲ့ပြီး အရပ်ရှည်ရှည် ပုံရိပ် တစ်ခုသည်သာ ရန်ကိုင်တို့ရှေ့တွင် ရပ်ကျန်ခဲ့သည်။
ထိုလူ၏ ပုံပန်းသွင်ပြင်ကို မြင်ပြီးနောက် ရန်ကိုင် ထိတ်လန့်သွားခဲ့သည်။ ယန်ယန်ကမူ အလန့်တကြား ထအော်၏ “အလောင်းစစ်သား”
“အလောင်းစစ်သားလား” ရန်ကိုင် စိတ်ဝင်စားသွားသည်။ အလောင်းစစ်သားအကြောင်း သူတစ်ခါမှ မကြားဖူးချေ။ ထိုလူသည် အသက်ရှင်နေသည့် လူတစ်ယောက် မဟုတ်ချေ။ မျက်နှာတစ်ခုလုံး ပုံပျက်ပန်းပျက် ဖြစ်နေပြီး အရေပြားမှာလည်း အရိုးပင် မြင်ရသည်အထိ ကြောက်သွေ့နေသည်။ အစိမ်းရောင် တလက်လက် ထနေသော မျက်လုံးစိမ်းနှစ်လုံးမှာလည်း ခြောက်ခြားဖွယ် ကောင်းလှသည်။ ထိုလူပုံစံသည် မြင်သူတိုင်း တုန်ရီသွားစေနိုင်လောက်အောင် ကြောက်မက်ဖွယ် ကောင်းနေ၏။
အရေးအကြီးဆုံး အချက်သည်ကား ထိုလူဆီမှ မည်သည့် အသက်ဓါတ်ကိုမှ မခံစားရဘဲ သေခြင်းချီနှင့် အလောင်းချီကိုသာ ခံစားရခြင်း ဖြစ်သည်။ သူတော်စင်ဘုရင် တတိယအဆင့်နှင့် ညီမျှသော အရှိန်အဝါကို ထုတ်လွှတ်နေသည့် အတွက်ကြောင့်သာ မဟုတ်လျှင် ထိုလူကို အလောင်းတစ်လောင်းဟုသာ ရန်ကိုင် ထင်မိပေလိမ့်မည်။
သို့သော်လည်း ထိုလူသည် သူ့နတ်ဆိုးမီးတောက်ကို ဒဏ်ရာ နည်းနည်းပင် မရဘဲ ချေဖျက်ပြသွားခဲ့သည်။ ရန်ကိုင်နှင့် ယန်ယန်တို့ ရနေသည့် ပုပ်သိုးသိုး အောက်နံ့သည် ထိုလူဆီမှ ထွက်ပေါ်နေခြင်း ဖြစ်သည်။
“အဲ့ဒါဘာလဲ” ရန်ကိုင်က အံ့အားသင့်နေသည့် အမူအရာဖြင့် မေးလိုက်သည်။
“နင်သူ့ကို သက်ရှိတစ်မျိုးလို့ မှတ်ယူလို့ရတယ်”
“သက်ရှိတစ်မျိုး ဟုတ်လား” ရန်ကိုင် မျက်ခုံးပင့်သွားသည်။ ထပ်မေးချင်သော်လည်း သူတို့ရှေ့တွင် ရပ်နေသော အလောင်းကောင် စစ်သားသည် ရုတ်တရက် ပြုံးလာခဲ့သည်။ ပြုံးလိုက်ခြင်း ဖြစ်သော်လည်း ပုံပျက်ပန်းပျက် ဖြစ်နေသော သူ့မျက်နှာကြောင့် သူ့အပြုံးသည် အလွန် အရုပ်ဆိုးသွားရသည်။
ထို့နောက် အက်ရှရှအသံဖြင့် “ဟင်းဟင်းဟင်း၊ အရသာ ရှိလိုက်မယ့် အစားအစာလေးတွေ။ ဟိုအသားနုနုလေးနဲ့ မိန်းကလေးဆို ပိုပြီးတော့တောင် အရသာရှိဦးမယ်၊ ရွှတ်”
ထိုစကားကို ကြားလိုက်သည့်အခါ ယန်ယန် တစ်ကိုယ်လုံး တုန်ရီသွားပြီး ရန်ကိုင်နောက် အမြန် ပြေးပုန်းလိုက်လေသည်။
ရန်ကိုင် မျက်နှာထက်ရှိ အံ့အားသင့်နေသည့် အမူအရာလည်း ပျောက်ကွယ်သွားခဲ့သည်။ အလောင်းကောင်စစ်သားသည် သက်ရှိ တစ်မျိုးဖြစ်သဖြင့် အသိဥာဏ် ရှိနေသည်မှာ မထူးဆန်းချေ။ ဤကဲ့သို့ သက်ရှိမျိုးကို ပထမဆုံးအကြိမ် ကြုံတွေ့ဖူးခြင်း ဖြစ်သော်လည်း ဤနေရာရှိ ယင်ဝိဥာဉ်များအကြောင်း စဉ်းစား မိလိုက်သည့်အခါ အလောင်းကောင်စစ်သာ ပေါ်လာသည့်အပေါ် သိပ်အထူးအဆန်း ဖြစ်မနေတော့ချေ။
ရန်ကိုင်ကလည်း ပြုံး၍ ပြန်မေးလိုက်သည် “မင်းက ငါ့အဖော်ကို စားချင်နေတား”
“အဲ့တော့ဘာဖြစ်လဲ” အလောင်ကောင်စစ်သားက ရန်ကိုင်အား အေးစက်စက် အကြည့်ဖြင့် စိုက်ကြည့်လိုက်ပြီး “စိတ်မပူနဲ့။ ငါမင်းကိုပါစားမှာ။ ရှင်းရှင်းပြောရရင် မင်းတို့ နှစ်ယောက်စလုံးကို စားမှာ”
“ငါ့ကိုလည်း စားမှာလည်း” ရယ်စရာတစ်ခုကို ကြားလိုက်ရသည့်နှယ်၊ ရန်ကိုင် အမူအရာ အေးစက်သွားပြီး နှာခေါင်းရှုံ့၍ “မင်းသွား အဲ့လောက် ခိုင်ပါ့မလား”
သူ့အသံ ဆုံးသွားသည်နှင့် တစ်ပြိုင်နက် ရန်ကိုင်သည် သူ့လက်ကို ဝှေ့ရမ်း၍ အလောင်းကောင်စစ်သားဆီ အနက်ရောင် ဓါးလှိုင်းတစ်လှိုင်း ပစ်လွှတ်လိုက်လေသည်။
အလောင်းကောင်စစ်သားသည် ကြောက်ရွံ့ခြင်း အရှင်းမရှိဘဲ အက်ရှရှ အသံကြီးဖြင့် ရယ်မောရင်း သူ့လက်နှစ်ဖက်ကို ရင်ဘတ် ရှေ့တွင် ဆီးကာထားလိုက်သည်။ အစောပိုင်းက ပေါ်လာခဲ့သော အဝါရောင် အရှိန်အဝါ နောက်တစ်ဖန် ပြန်ပေါ်လာပြီး ဓါးလှိုင်းကို ထိပ်တိုက် ခုခံလိုက်လေသည်။
ရန်ကိုင်၏ အမူအရာ အေးစက်သွားသည်။ သို့သော် ထပ်မံ မလှုပ်ရှားသေးဘဲ အခြေအနေကိုသာ တစ်ချက် စောင့်ကြည့်သည်။
သူ့ဓါးလှိုင်း ပြိုင်ဘက် လက်မောင်းကို သွားထိခဲ့သော်လည်း အလောင်းကောင်စစ်သား ဘာမှဖြစ်မသွားခဲ့။ အဝါရောင် အရှိန်အဝါ အနည်းငယ် မှိန်ဖျော့သွားပြီး နည်းနည်း နောက်ဆုတ်လိုက်ရရုံသာ ဖြစ်သွားခဲ့သည်။ ထို့အပြင် သတ္တချင်း သွားရိုက်မိသလို အသံမျိုးကိုလည်း သူကြားလိုက်ရသေးသည်။
“အလောင်းကောင်စစ်သားတွေရဲ့ ခန္ဓာကိုယ်က အရမ်း အားကောင်းလွန်းတယ်။ ရှင်းရှင်းပြောရရင် သူတို့ ခန္ဓာကိုယ်က အဆင့်တူ အကာအကွယ် မှော်ရတနာတွေနဲ့ သိပ်မကွာဘူး” ယန်ယန်က နောက်ကနေ သတိပေးလိုက်သည်။
“ငါသိပြီ” ရန်ကိုင် ခေါင်းညိတ်လိုက်သည်။
“ကောင်မလေး၊ နင်ငါ့တို့အကြောင်း တော်တော် သိထားတာပဲ။ စိတ်မပူနဲ့။ ဒီကောင့်ကို ငါအရင်စားမှာ။ ပြီးတော့မှ နင့်ကို ဇိမ်ပြေနပြေစားမယ်” ပြောပြီးနောက် အလောင်းကောင် စစ်သားသည် သူ့လက်ကို သိမ်းငှက်လက်သည်းဟန် ပြင်လျက် ရန်ကိုင်ဆီသို့ တစ်ဟုန်ထိုးပြေးဝင် ကုတ်ချလာလေသည်။
ရန်ကိုင်က သူ့ဆီ တိုးဝင်လာနေသော လက်ဆီ တန်ပြန် လက်သီး ကျွေးလိုက်သည်။
“သောက်ရူးပါလား” ရန်ကိုင် သူနှင့် လက်သီးချင်း ရင်ဆိုင် ထိုးချင်နေသည်ကို မြင်သော် အလောင်းကောင်စစ်သားသည် ရန်ကိုင်၏ လက်သီးကို သူ့လက်ဖြင့် ဖမ်းဆုပ်ကာ ဖျက်ညစ် ဖျက်စီးပစ်ရန် လုပ်လိုက်သည်။
သို့သော်လည်း လက်ချင်း ထိသွားသည့် အချိန်မှ သူ့အထင် မှားယွင်းနေမှန်း သိလိုက်သည်။ အနည်းဆုံး သူ့ခွန်အား ခုနှစ်ဆယ် ရာခိုင်နှုန်းလောက်ကို သုံးထားသော်လည်း ရန်ကိုင်၏ အရေပြားကို သူ့လက်သည်းဖြင့် မထိုးဖောက်နိုင် ဖြစ်နေရလေသည်။
မထိုးဖောက်နိုင်သည့် အပြင်ကိုမှ တစ်ဖက်လူ၏ လက်သီးမှ ပေါက်ကွဲထွက်လာသော ပြင်းအားကြောင့် သူကိုယ်တိုင်ပင် ကြိုးပြတ်သွားသော စွန်တစ်စင်းနှယ် လွင့်ပျံထွက်သွားခဲ့သည်။
ရန်ကိုင်လည်း နောက်သို့ အနည်းငယ် ဆုတ်သွားခဲ့ရရသည်။ သူရင်ထဲ ထိတ်လန့်မိနေသည်။ သူ့လက်ဝါးတစ်ခုလုံး အေးစက် နေသဖြင့် ငုံ့ကြည့်လိုက်ရာ သိပ်သည်းလှသော အနက်ရောင်ချီအား ထုတ်လွှတ်နေသော လက်ငါးချောင်းရာကြီးကို သူ့လက်ခုံပေါ်တွင် တွေ့လိုက်ရသည်။ ထိုအနက်ရောင်ချီသည် အသက်ရှိနေသည့် အလား သူ့အသားထဲသို့ ထိုးဖောက်ဝင်ရန် ကြိုးစားနေလေသည်။
“အဲ့အလောင်းချီတွေကို သတိထား။ အဲ့ဒါတွေသာ နင့်ခန္ဓာကိုယ်ထဲ ရောက်သွားရင် အရမ်း ပြန်ထုတ်ရ ခက်လိမ့်မယ်” ယန်ယန်က အချိန်မှီ သတိပေးလိုက်သည်။
ရန်ကိုင် မျက်နှာ အေးစက်သွားပြီး နတ်ဆိုးမီးတောက်အား အပူမီးတောက်အဖြစ် ပြောင်းလဲပစ်လိုက်လေသည်။
အနက်ရောင်ချီများသည် ၎င်းတို့၏ အိမ်မက်ဆိုးကို တွေ့လိုက်ရသည့်အလား တရှဲရှဲ မြည်သံများနှင့်အတူ ရန်ကိုင်၏ လက်မှတစ်ဆင့် လေထဲသို့ လွင့်စင်ပျောက်ကွယ်သွားကုန်ကြ၏။
ထိုအခြင်းအရာကို မြင်လိုက်မှပဲ ယန်ယန် တည်ငြိမ်သွားသည်။ အလောင်းကောင်စစ်သည်များကို ရင်ဆိုင်ရ ခက်ခြင်းမှာ သူတို့၏ အားကောင်းသော ခန္ဓာကိုယ်နှင့် ထူးဆန်းသော အလောင်းချီများကြောင့် ဖြစ်သည်။ သို့သော် ရန်ကိုင်သည် အလောင်းကောင်စစ်သည်အား ခန္ဓာကိုယ် ခွန်အားပိုင်းတွင် အသာရထားသလို အလောင်းချီကိုလည်း ကြောက်နေစရာ မလိုတော့သဖြင့် ယန်ယန်လည်း စိတ်ပူစရာ မလိုတော့ပေ။
ရန်ကိုင်မှ သူ့အလောင်းချီကို အလွယ်တကူ ဖယ်ရှားလိုက်သည်ကို မြင်သော် အလောင်းကောင် စစ်သား တုန့်ဆိုင်းသွားခဲ့သည်။
အစကမူ သူတော်စင်ဘုရင် ဒုတိယအဆင့်သာ ရှိသေးသော ရန်ကိုင်နှင့် ယန်ယန်တို့ကို အလွယ်တကူ အနိုင်ယူနိုင်လိမ့်မည်ဟု ထင်ခဲ့သည်။ သို့သော် တကယ်တမ်း တိုက်ခိုက်ကြည့်ပြီးသည့် အခါမှပဲ သူထင်သလို မဟုတ်ကြောင်း သိလိုက်ရသည်။
သူယခုကဲ့သို့ လုပ်ဖူးသည်မှာ တစ်ကြိမ်နှစ်ကြိမ် မကတော့ပေ။ သို့သော် ယခုတစ်ကြိမ် သူရင်ဆိုင်ရသည့် သူတော်စင်ဘုရင် ဒုတိယအဆင့် ကျင့်ကြံသူသည် သူယခင် ရင်ဆိုင်ခဲ့ဖူးသူများနှင့် လုံးဝ ကွာခြားနေခဲ့ကာ အလွန်ကိုမှ ရင်ဆိုင်ရခက်လှပေသည်။
ထို့ကြောင့် ထိုကောင်ကို ဆက်တိုက်ရမလား၊ မတိုက်ရမလား စတင် တွေဝေစပြုလာသည်။
သူတုန့်ဆိုင်းနေသော်လည်း ရန်ကိုင်ကမူ သူ့ကို အလွတ်ပေးမည့် ပုံမပေါ်။ အလောင်းကောင်စစ်သား တုန်ဆိုင်း နေသည်ကို မြင်သော် ရန်ကိုင်က သူ့လက်ကောက်ဝတ်ကို လှုပ်ခါ၍ ရွှေရောင်ပိုးမျှင်တစ်မျှင်ကို ပစ်လွှတ်လိုက်သည်။ အလောင်းကောင် စစ်သားသည် ရွှေရောင်ပိုးမျှင်ကို သူ့နား မရောက်ခင် အချိန်အထိ သတိမပြုမိချေ။ သတိပြုမိလိုက်သည့် အချိန်တွင် သူ့အနားသို့ ရောက်နေပြီ ဖြစ်သဖြင့် ကမန်းကတန်း အလောင်းချီကို ထွေးထုတ်ကာ ထိုရွှေရောင်ပိုးမျှင် တားဆီးရန် ကြိုးစားလိုက်သည်။
M,Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၂၉၄)
ချက်ချင်းဆိုသလို အလောင်းချီသည် ရွှေရောင်ပိုးမျှင်ကို လွှမ်းခြုံသွားခဲ့သည်။ သို့သော်လည်း တိုက်စွမ်းနိုင်စွမ်း ပြင်းထန်သည့် သူ့အလောင်းချီသည် ထိုရွှေရောင်ပိုးမျှင်အား ဘာမှမလုပ်နိုင်သည်ကို အလောင်းစစ်သား အံ့အားသင့်ဖွယ် တွေ့ရှိလိုက်ရသည်။ ထိုရွှေရောင်ပိုးမျှင်သည် စိတ်စွမ်းအင် သာမက အလွန်ကိုမှ အားကောင်းလှသော အသက်စွမ်းအားများလည်း ပါဝင်နေသည့်ပုံပင်။ ရွှေရောင်ပိုးမျှင် တစ်ချက် လှုပ်ခါသွားပြီး အလောင်းချီများကို ဖယ်ထုတ်ပစ်လိုက်သည်။ ထို့နောက် အလောင်းစစ်သား၏ မာကျောလှသော ခန္ဓာကိုယ်ကို တိုဖူးတုံး တစ်တုံးနှယ် အလွယ်တကူ ထိုးဖောက်သွားခဲ့လေသည်။
ရွှေရောင်ပိုးမျှင်သည် အလောင်းစစ်သားအား မြွေတစ်ကောင်နှယ် ရစ်ပတ်သွားပြီး သူ့အား တင်းတင်းကြပ်ကြပ် ချုပ်နှောင်လိုက်သည်။
အလောင်းစစ်သား ထိတ်လန့်လာခဲ့ရလေပြီ။ သူထိတ်လန့် တုန်လှုပ်နေစဉ်မှာပဲ ရန်ကိုင်က အနက်ရောင်ဓါးသွားနှင့် ဆင်တူသော တိုက်ခိုက်မှုတစ်ခုအား သူ့ဆီ ပစ်လွှတ်လိုက်သည်။ ထိုဓါးသွားဆီမှ မည်သည့် စွမ်းအင် အရိပ်အယောင်ကိုမှ မခံစားမိ။ သို့သော် အနက်ရောင် ဓါးသွားကို မြင်လိုက်သည်နှင့် အလွန်ကို အားကောင်းလှသော အန္တရာယ်အငွေ့အသက်ကို ရလိုက်ပြီး အလောင်းစစ်သား၏ မျက်လုံးများ ပြူးကျယ်သွားခဲ့လေသည်။
ပြာသလဲလဲဖြင့် ခန္ဓာကိုယ်ကို တွန့်လိမ့်ပြီး သေကွင်းသွေကွက် နေရာများကို မထိအောင် မကန်းကတန်း ကောက်ရှောင်လိုက်ရာ အနက်ရောင် ဓါးသွားသည် သူ့လက်မောင်းတစ်ဖက်ကို ထိမှန် သွားခဲ့လေသည်။
ထို့နောက် အလွန်ကိုမှ ထူးဆန်းသော ဖြစ်ရပ်တစ်ခု ဖြစ်ပေါ်လာခဲ့သည်။ ပြတ်ထွက်သွားသော သူ့လက်မောင်းနေရာ၌ အသားစလေးတစ်ပိုင်း ပျောက်ကွယ်နေသည်ကို အလောင်း စစ်သား သတိထားမိလိုက်သည်။ ထို့ကြောင့် ပြတ်ထွက်သွားသော သူ့လက်နှင့် လက်မောင်းရင်နေရာကို ပြန်ဆက်ကြည့်လျှင် ကွက်တိ ပြန်မကျတော့ချေ။
ရန်ကိုင် သုံးလိုက်သည်ကား သူ၏ ဝှက်ဖဲဖြစ်သော လေဟာနယ် ဓါးသွားပင် ဖြစ်လေသည်။
အလောင်းစစ်သား၏ ခန္ဓာကိုယ်သည် ထူးထူးခြားခြားကို အားကောင်းလှသော်လည်း ရန်ကိုင်၏ လေဟာနယ်ဓါးသွားသည် ပို၍ အားကောင်းသည်။ ပြတ်ထွက်သွားသော အသား အပိုင်းအစသည် ဟင်းလင်းပြင်ထဲသို့ ထာဝရ ရောက်သွားလေပြီ။
အလောင်းစစ်သား၏ ပြတ်ထွက်သွားသော လက်မောင်းရင်း နေရာမှ မည်သည့်သွေးမှ စီးကျမလာခဲ့ဘဲ အစိမ်းရောင် အရည်များသာ စီးကျနေကြောင်း ရန်ကိုင် တွေ့လိုက်ရသည်။
ထိုသို့ဆိုလျှင်ပင် အလောင်းစစ်သည်သည် ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားသည့်အလား အဆက်မပြတ် အော်ညည်းနေခဲ့သည်။
ရန်ကိုင်မှ အလောင်းကောင်စစ်သားကို အဆုံးသတ်တော့မည် အပြု ရုတ်တရက်ဆိုသလို သူအလွန် ခြောက်ခြားသွားခဲ့ရသည်။ ချက်ချင်းပဲ သူ့လက်ကို အလျင်အမြန် ဝှေ့ရမ်း၍ ရွှေရောင်ပိုးမျှင်ကို သူ့ဆီ ပြန်ဆွဲခေါ်လိုက်လေသည်။
ရွှေရောင်ပိုးမျှင် မရှိတော့သဖြင့် အလောင်းစစ်သားလည်း လွတ်လပ်သွားလေပြီ။ အလောင်းချီထဲမှနေလျက် ရန်ကိုင်အား စူးရဲစွာ စိုက်ကြည့်လိုက်ပြီး ပြတ်ထွက်သွားသော လက်မောင်းရင်း ကောက်ယူ၍ အဝါရောင်အလင်းတန်း အသွင်သို့ ပြောင်းကာ အံ့အားသင့်ဖွယ် အမြန်နှုန်းဖြင့် ထွက်ပြေးသွားလေသည်။
ရန်ကိုင်သည် မှင်သေသေ အမူအရာဖြင့် ရွှေရောင်ပိုးမျှင်ကို ငုံ့ကြည့်လိုက်ရာ ရွှေရောင်ပိုးမျှင် တစ်ချောင်းလုံး အနက်ရောင် ချီများဖြင့် စွန်းထင်းနေသည်ကို တွေ့လိုက်ရသည်။
ရွှေရောင်ပိုးမျှင်အား ခဏလောက်သာ ကျင့်ကြံထားသေးသည့် အတွက်ကြောင့် ကျွန်းကျင်စွာ အသုံးမပြုနိုင်သေးသည့် အတွက် ယခုကဲ့သို့ ဖြစ်သွားရခြင်း ဖြစ်သည်။ ထို့ကြောင့်သာ မဟုတ်ပါက ရွှေရောင်ပိုးမျှင်၏ ရစ်ပတ်ချုပ်နှောင်ထားခြင်း ခံရသည့် အလောင်းကောင် စစ်သား မည်ကဲ့သို့ လွတ်မြောက်နိုင်မည်နည်း။ တစ်ခါတည်းပင် သေသွားပေလိမ့်ဦးမည်။
ရန်ကိုင်သည် သူတော်စင်ချီဖြင့် ရွှေရောင်ပိုးမျှင်ပေါ်ရှိ အလောင်းချီများကို ဖယ်ရှားပစ်လိုက်ပြီးနောက် ပိုးမျှင်ကို သူ့ကိုယ်ထဲတွင် ပြန်သိမ်းထားလိုက်သည်။ ထို့နောက် ယန်ယန်အား ပခုံးမှကိုင်၍ ထွက်ပြေးသွားသော အလောင်းကောင် စစ်သားနောက်သို့ ပြေးလိုက်သွားလေသည်။
ရန်ကိုင်နှင့် အလောင်းကောင်စစ်သားတို့ တိုက်ခိုက်ခဲ့သည့် အချိန်သည် အလွန်ကိုမှ တိုတောင်းလှသဖြင့် ဘာတွေ ဖြစ်ပျက်သွားသလဲ ဆိုသလို ယန်ယန် နာမးလည်နိုင် ဖြစ်နေခဲ့သည်။ သူမ အလွန်အားကောင်းသည်ဟု ယူဆခဲ့သော ရန်သူ ကြောက်လန့်တကြား ထွက်ပြေးသည်ကိုသည် ကြောင်ကြည့်နေမိသည်။ ရန်ကိုင်မှ သူမကို ဆွဲခေါ်ပြီး အလောင်းကောင်စစ်သား နောက်သို့ ပြေးလိုက်သွားသည့် အခါမှသာ ယန်ယန် အသိပြန်ဝင်လာခဲ့ပြီး အလောင်းကောင် စစ်သား အကြောင်းကို ရန်ကိုင်အား စတင် ရှင်းပြတော့သည်။
ယန်ယန်၏ ရှင်းပြချက်ကို ကြားပြီးနောက် အလောင်းကောင် စစ်သားများသည် ယင်ဝိဥာဉ်များကဲ့သို့ ယင်ချီ သိပ်သည်းသည့် နေရာများတွင် ဖြစ်ပေါ်လာနိုင်ကြောင်း ရန်ကိုင် သိလိုက်ရသည်။ ကျင့်ကြံသူတစ်ယောက်၊ သို့မဟုတ် သက်ရှိ တစ်ကောင်ကောင် ဤနေရာတွင် သေသွားခဲ့လျှင် ကံကောင်းလျှင် ကောင်းသလို သူတို့၏ ဝိဥာဉ်နှင့် အသွေးအသားတို့သည် ပျောက်ကွယ်သွားခြင်း မရှိဘဲ ထူးဆန်းသော တည်ရှိမှုတစ်ခု အဖြစ်သို့ ပြောင်းလဲသွားသည်။ ထိုကဲ့သို့သော တည်ရှိမှုမျိုးကို အလောင်းကောင် စစ်သားဟု ခေါ်ကြပေသည်။
သို့သော် အချို့ အလောင်းကောင် စစ်သားများသည် ထိုနည်းအတိုင်း ဖြစ်လာခြင်း မဟုတ်ကြချေ။ ယင်ဝိဥာဉ်များမှ အတိုင်းအတာအထိ အသိဥာဏ်ရှိသွားပြီး သက်ရှိတစ်ကောင်၏ ခန္ဓာကိုယ်ကို အပိုင်စီးသွားသည်။ ထိုနည်းဖြင့်လည်း အလောင်းကောင် စစ်သားများ ဖြစ်ပေါ်လာနိုင်ပေသည်။
အလောင်းကောင် စစ်သားများကို ကျင့်စဉ်များဖြင့်လည်း ဖန်တီးနိုင်ကြသည်။ ထိုကဲ့သို့သော မိစ္ဆာကျင့်စဉ်များကို ပိုင်ဆိုင် ထားသည့် ဂိုဏ်းများ အရိပ်ကြယ်ပေါ်တွင် အများကြီး ရှိသည်။
သို့သော်လည်း ယေဘုအားဖြင့် ဆိုရသော် အလောင်းကောင် စစ်သား တစ်ယောက် ဖြစ်လာရန်မှာ ယင်ဝိဥာဉ်တစ်ကောင် ဖြစ်လာရန်ထက် အများကြီး ပိုခက်ခဲပေသည်။ လိုအပ်ချက်များသာ ကိုက်ညီလျှင် ခန္ဓာမရှိတော့သည့် မည်သည့် ဝိဥာဉ်မဆို ယင်ဝိဥာဉ် အဖြစ်သို့ ပြောင်းလဲနိုင်သည်။ သို့သော်လည်း အလောင်းကောင် စစ်သား ဖြစ်ဖို့ရာ ဝိဥာဉ်သာမက ခန္ဓာကိုယ်လည်း မပျက်စီးရန် လိုအပ်သည်။ ထို့ကြောင့် အလောင်းကောင် စစ်သားများ ဖြစ်ပေါ်လာရန် ခက်ခဲခြင်း ဖြစ်သည်။
အလောင်းကောင် စစ်သားများကို အကြမ်းဖျင်းအားဖြင့် (၃)မျိုး ခွဲခြားနိုင်သည်။ နှစ်တစ်ရာအလောင်းစစ်သား၊ နှစ်တစ်ထောင် အလောင်းဗိုလ်ချုပ်နှင့် နှစ်တစ်သောင်း အလောင်း ဘုရင်တို့ ဖြစ်ကြပေသည်။
ပြောစရာမလိုအောင်ပင် နှစ်တစ်ရာအလောင်းစစ်သားမှာ အလွန်ကိုမှ ကျင့်ကြံရ ခက်ခဲကြသည်။ အကြောင်းမျာ သူတို့သည် မသေမျိုးများ ဖြစ်ကြပြီး မိုးမြေချီစွမ်းအင်ကို အလွယ်တကူ မစုပ်ယူနိုင်သောကြောင့် ဖြစ်သည်။ ထို့ကြောင့် သူတို့၏ ကျင့်ကြံနှုန်းသည် သာမန် သက်ရှိများထက် အဆပေါင်းများစွာ ပိုမို နှေးကွေးပေသည်။ နှစ်တစ်ရာ ကျင့်ကြံထားသည် အလောင်းကောင် စစ်သားတစ်ကောင်၏ ကျင့်ကြံခြင်းသည် သာမန် သူတော်စင်ဘုရင်အဆင့် ကျင့်ကြံသူတစ်ယောက်အောက် မနိမ့်ကျချေ။
သို့သော်လည်း အလောင်းကောင်စစ်သားများ၏ ခွန်အားသည် အဆင့်တူ ကျင့်ကြံသူများထက် အများကြီး ပိုသာပေသည်။ ရန်ကိုင် ကြုံတွေ့ခဲ့သည် အလောင်းကောင် စစ်သားသည် သူတော်စင်ဘုရင် အထွဋ်အထိပ်အဆင့်တွင် ရှိနေသော အလောင်းကောင်စစ်သား တစ်ကောင်ဖြစ်ရာ ထိုအဆင့်သို့ရောက်ရန် အနည်းဆုံး နှစ်ခုနှစ်ရာ၊ ရှစ်ရာလောက် ကျင့်ကြံထားခဲ့ရပေလိမ့်မည်။
အလောင်းစစ်သားတစ်ကောင်သည် နှစ်တစ်ထောင် အလောင်းဗိုလ်ချုပ် အဖြစ်သို့ ပြောင်းလဲသွားပါက တန်ခိုးရှင် အဆင့်နှင့် တူညီသော ပညာရှင်တစ်ယောက် ဖြစ်လာပေလိမ့်မည်။ ဒဏ္ဏာရီလာ နှစ်တစ်သောင်း အလောင်းကောင်ဘုရင်များမှာမူ တန်ခိုးရှင်ဘုရင်အဆင့်နှင့် တန်းညှိနိုင်သော တည်ရှိမှုများ ဖြစ်ကြသည်။ နှစ်တစ်သောင်းအလောင်းဘုရင်သည် သာမန် တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူတစ်ယောက်ထက် အများကြီး ပိုအားကောင်းသည်ဟုပင် ပြောနိုင်သည်။ အကြောင်းမှာ နှစ်တစ်သောင်း အလောင်းဘုရင်တစ်ကောင်၏ ခန္ဓာကိုယ်မှာ ဖျက်စီး၍ မရနိုင်လောက်အောင် မာကျောသောကြောင့် ဖြစ်သည်။
ယန်ယန် ရှင်းပြသည်ကို ကြားပြီးနောက် ရန်ကိုင် ထိတ်လန့်သွဦးခဲ့၇သည်။
ထိုကဲ့သို့သော ထူးဆန်းသော သက်ရှိုများကို သူ့ဘဝတွင် မြင်ဖူးဖို့ပင် မဆိုထားနှင့် ကြားပင်မကြားဖူးခဲ့ချေ။ ယခုကဲ့သို့ ထူးဆန်းသော သက်ရှိမျိုး ဤလောကကြီးတွင် ရှိလိမ့်မည်ဟုလည်း တစ်ခါမှ မတွေးထင်ဖူးခဲ့ပေ။
သို့သော်လည်း ရန်ကိုင်သည်လည်း သာမန်လူတစ်ယောက် မဟုတ်။ ထူးဆန်းသော သက်ရှိများစွာကို မြင်ခဲ့ဖူးသူ ဖြစ်သည်။ ထို့ကြောင့် နည်းနည်းလေး ထိတ်လန့်သွားခဲ့ပြီးနောက် ခဏ အကြာတွင် တဖြည်းဖြည်း စိတ်ပြန်ငြိမ်သွားခဲ့သည်။
အလောင်းကောင်စစ်သား မည်သည့် နည်းလမ်းများကို သုံးသွားသလဲ မသိရာ၊ ထိုကောင်သည် သူတို့ရှေ့ မိုင်ငါးဆယ် ပတ်လည်နားတွင် ရုတ်တရက် ပျောက်ကွယ်သွားခဲ့သည်။
ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေးကြည့်လိုက်သည့် အခါတွင်လည်း အနည်းငယ်မျှသော အလောင်းချီအချို့မှ လွဲ၍ မည်သည့် သဲလွန်စကိုမှ အာရုံခံမရခဲ့ချေ။
အလောင်းချီနောက်လိုက်ရင်း ပြိုကျပျက်စီးနေသော အဆောက်အဦးများရှေ့သို့ ရန်ကိုင်နှင့် ယန်ယန်တို့ ရောက်လာခဲ့သည်။ တစ်ချိန်က ဤနေရာသည် ဂိုဏ်းကြီး တစ်ဂိုဏ်း၏ အတွင်းပိုင်းနေရတစ်နေရာ ဖြစ်ခဲ့ရပေမည်။ မဟုတ်လျှင် ဤနေရာ၌ အဆောက်အဦးများစွာ ရှိနေလိမ့်မည် မဟုတ်ချေ။
“စိတ်ဝိဥာဉ်အစီအရင်တွေလည်း ရှိတယ်” ယန်ယန်က လေးထောင့် မြေကွက်လပ်ဖြစ်ဟန်တူသော နေရာတစ်နေရာအား တောက်ပသော မျက်ဝန်းအစုံဖြင့် သေချာ စိုက်ကြည့်နေသည်။ မကြာမီ သူမ မျက်နှာထက် အပြုံးယဲ့ယဲ့လေးတစ်ပွင့် ဖြစ်ပေါ်လာပြီး “ဒါပေမယ့် ရိုးရိုး ပုံရိပ်ယောင် အစီအရင်လေး တစ်ခုခုသာသာ ဖြစ်နေတာပဲဆိုးတယ်။ ဖျက်စီးဖို့ ဘာမှ မခက်ဘူး”
ရန်ကိုင်က အသာအယာ ခေါင်းညိတ်လိုက်ပြီး ခေါင်းမော့ ပြလိုက်သည်။
ယန်ယန်လည်း သူမ၏ လက်စွဲတော် ပစ္စည်းများကို ထုတ်၍ အစီအရင်ကို စတင် ဖြိုဖျက်လေသည်။
အမွှေးတိုင်တစ်ချောင်းစာလောက် ကြာပြီးနောက် ယန်ယန် ရှေ့ရှိလဟာပြင် စတင် တွန့်လိမ့်လာပြီး မြေကွက်လပ်တစ်ခု အဖြစ်မှ အပျက်အစီးပုံကြီး တစ်ခုအဖြစ်သို့ လုံးဝ ပြောင်းလဲ သွားခဲ့လေသည်။
ယန်ယန် သူမလက်များကို အောက်သို့ ပြန်မချရသေးခင်မှာပဲ ထူးဆန်းသော စွမ်းအင်များသည် သူမနှင့် ရန်ကိုင်တို့ဆီသို့ အဘက်ဘက်မှ တိုးဝင်လာခဲ့လေသည်။
“အတွင်းပိတ်အစီအရင်လား” ယန်ယန်က အလန့်တကြား အော်ပြောလိုက်သည်။ ရန်ကိုင်လည်း တုန့်နှေးမနေဘဲ ယန်ယန်ကို သူ့နောက်သို့ ချက်ချင်း ဆွဲခေါ်လိုက်ပြီး ခရမ်းရောင်ဒိုင်းကို ထုတ်၍ ထိုထဲသို့ သူတော်စင်ချီ ထည့်သွင်းကာ သူ့ပတ်လည်တွင် သဲမုန်တိုင်း တစ်ခုကို ဖန်တီးလိုက်လေသည်။
သူတို့ဆီ တိုးဝင်လာသော တိုက်ခိုက်မှုများသည် သဲမုန်တိုင်း၏ တားဆီးခြင်း ခံလိုက်ရသည်။ ထိုတိုက်ခိုက်မှုများမှာ အပြည့်အဝ ပျောက်ကွယ်သွားခြင်း မရှိသော်လည်း ၎င်းတို့၏ စွမ်းအားမှာ သိသိသာသာကို လျော့ကျသွားခဲ့သည်။
ဆက်လက် တိုးဝင်လာနေသော တိုက်ခိုက်မှုများကို ရန်ကိုင်က နတ်ဆိုးမီးတောက်များ ပစ်လွှတ်၍ တားလိုက်သည်။
ထိုအခြင်းအရာကို မြင်လိုက်မှပဲ ယန်ယန် တည်ငြိမ်သွားပြီး ပတ်ဝန်းကျင်ကို အလျင်စလို စစ်ဆေးတော့လေသည်။ အနေရာတွင် အတွင်းပိတ် အစီအရင်တစ်ခု ရှိနေလိမ့်မည်ဟု ယန်ယန် မထင်ထားခဲ့ချေ။
တကယ်တော့ အတွင်းပိတ် အစီအရင်များကို ခင်းကျင်းဖို့ရာ အလွန်ကိုမှ အားကုန်လှသလို ကုန်ကြမ်းပစ္စည်းများစွာလည်း လိုအပ်ပေသည်။ ဂိုဏ်းကြီးများပင် ဤကဲ့သို့သော အစီအရင်မျိုးကို အလွယ်တကူ မခင်းကျင်းနိုင်ကြချေ။
သို့သော်လည်း ဤနေရာတွင် အတွင်းပိတ် အစီအရင်တစ်ခု ရှိနေခဲ့သဖြင့် ယန်ယန် အတော့်ကိုမှ အံ့အားသင့်သွားခဲ့ရသည်။
ဒုတိယအစီအရင်မှလာသော တိုက်ခိုက်မှုများသည် ရန်ကိုင်တို့ ဆီသို့ မရပ်မနား တိုးဝင်လာနေခဲ့သည်။ အစီအရင်၏ စွမ်းအားမှာ အလွန်ကိုမှ ပြင်းထန်ခြင်း မရှိသော်လည်း အတော်လေးကိုမှ အားကောင်းလှသဖြင့် မရပ်မနား တိုက်ခိုက်နေခြင်း ဖြစ်သဖြင့် ရန်ကိုင်အတွက် အတော်လေးကို ခုခံရ ခက်နေခဲ့သည်။
ခဏအကြာတွင် ယန်ယန်က မြေပြင်ပေါ်ရှိ ကြေးရောင် ဂိတ်လေးတစ်ခုကို ညွှန်ပြ၍ လှမ်းပြောလိုက်သည် “အဲ့ဒါကိုတိုက်”
ထိုစကားကို ကြားလိုက်သည်နှင့် ရန်ကိုင်လည်း ယန်ယန် ညွှန်ပြသောနေရာဆီ လေဟာနယ်ဓါးသွားတစ်ခု ပစ်လိုက်၏။
လေဟာနယ်ဓါးသွားဖြင့် ထိမှန်ခြင်း ခံလိုက်ရသည်နှင့် ကြေးရောင်ဂိတ် နှစ်ပိုင်းပြတ်ထွက်သွားခဲ့သည်။ တဝှီဝှီ မြည်သံ နှင့်အတူ ရန်ကိုင်တို့ဆီ တိုးဝင်လာနေသော တိုက်ခိုက်မှုများ ရပ်တန့်သွားခဲ့သည်။
မည်သည့် တိုက်ခိုက်မှုမှ ထပ်မလာတော့သည်အထိ သေချာအောင် စောင့်ကြည့်ပြီးတော့မှပဲ ခရမ်းရောင်ဒိုင်းကို ရန်ကိုင် ပြန်ရုတ်သိမ်းလိုက်လေသည်။
အစောပိုင်းက ထွက်ပြေးသွားသော အလောင်းကောင် စစ်သား ဤအနီးအနားရှိ တစ်နေရာရာတွင် ပုန်းအောင်းနေခြင်း ဖြစ်မည်ဟု ရန်ကိုင် ထင်ခဲ့သည်။ သို့သော် အစီအရင်ကို ဖျက်စီးပြီးနောက် ရှာကြည့်လိုက်သော်လည်း ရှာမတွေ့သဖြင့် ရန်ကိုင် မျက်မှောင် ကြုတ်သွားခဲ့ရလေသည်။
“ယုတ္တိတော့ မရှိဘူးနော်။ ငါတောင် ဒီအစီအရင်ကို ဒီလောက် ခက်ခက်ခဲခဲ ဖျက်စီးနေရတာ အလောင်းကောင် စစ်သားက ဒီထဲကို ဝင်ဝင်ပြီးပြီးချင်း ဘယ်လိုလုပ်ပြီး ပျောက်သွားရတာလဲ။ သူ ဒီအစီအရင်ကို ထိန်းချုပ်ထားတဲ့လူ ဖြစ်နေမလား” ယန်ယန်က မျက်မှောင်ကြုတ်လျက် ခန့်မှန်းကြည့်လိုက်သည်။
ရန်ကိုင်လည်း စဉ်းစားမရသည့် အမူအရာဖြင့် ခန့်မှန်း ပြောဆိုလိုက်သည် “ဒီအစီအရင်ကို ဖြတ်သွားနိုင်တဲ့လမ်းကို သူသိထားတာလား”
“မဖြစ်နိုင်ဘူး” ယန်ယန် ပြတ်ပြတ်သားသား ခေါင်းခါလိုက်၏ “သူမသေခင်ကသာ အစီအရင်ပညာရှင် တစ်ယောက် မဟုတ်ခဲ့ရင် သူဒီထက် ပိုသန်မာရင်တောင် ဘာမှထူးမျာ မဟုတ်ဘူး။ သူမသေခင်က ဒီဂိုဏ်းရဲ့ တပည့်တစ်ယောက် ဖြစ်ခဲ့ရင်တော့ ဒီအစီအရင်ကို ထိန်းချုပ်ကောင်း ထိန်းချုပ်နိုင်မှာပေါ့။ ဒါပေမယ့် သူက အခုမှ နှစ်တစ်ရာလောက်ပဲ ကျင့်ကြံရသေးတာ။ ရှေးဟောင်း ယန်ဂိုဏ်း ပျက်စီးသွားတာ နှစ်နှစ်ထောင်ကျော်နေပြီ။ ဒါကြောင့် သူရှေးဟောင်းယန်ဂိုဏ်းရဲ့ တပည့်တစ်ယောက် မဟုတ်နိုင်ဘူး”
“သူဒီမှာ ရှိနေတာတော့ သေချာတယ်” ရန်ကိုင်က ပြုံးလိုက်ပြီး “ပြီးတော့ ဒီနေရာက ဒီလောက် ဖုံးဖုံးကွယ်ကွယ်နဲ့ ရှိနေတာ၊ ငါတို့ ရှာနေတဲ့ နေရာကော မဖြစ်နိုင်ဘူးလား”
“နင်ပြောချင်တာက၊ ငါတို့သာ သူပုန်းနေတဲ့ နေရာကို ရှာနိုင်မယ်ဆိုရင် ငါတို့ ရှာနေတဲ့ နေရာကို ရှာတွေ့ပြီပေါ့၊ ဟုတ်လား” ယန်ယန်က သူတို့လာရင်း ရည်ရွယ်ချက်ကို ရုတ်တရက် မှတ်မိသွားပြီး စိတ်လှုပ်ရှားစွာ မေးလိုက်သည်။
“ဟုတ်လောက်တယ်” ရန်ကိုင်က ပြန်ပြောလိုက်သည်။
နှစ်ယောက်သား အကြည့်ချင်း ဖလှယ်လိုက်ပြီး ချက်ချင်းပဲ ပတ်ဝန်းကျင်ကို စတင် စူးစမ်းရှာဖွေတော့လေသည်။
နာရီဝက်ကြာပြီးနောက် အပျက်စီးနယ်မြေ တစ်ခုရှေ့သို့ သူတို့ ရောက်လာခဲ့သည်။ ရှပ်ကြည့်လိုက်လျှင် ထိုနေရာသည် ဘာမှ မထူးခြားဟန် ရသော်လည်း သေချာ စိုက်ကြည့်လိုက်မည် ဆိုပါက ထိုနေရာသည် အခြားနေရာများနှင့် မတူဘဲ တစ်ခုခု ထူးခြားနေမှန်း သတိပြုမိနိုင်ပေသည်။ ထိုနေရာရှိ လေဟာနယ်သည် အနည်းငယ် တွန့်လိမ်နေပေသည်။
ဤနေရာတွင် နောက်ထပ် အရံအတား တစ်ခု ရှိနေခဲ့သည်။ သို့သော် ထိုအရံအတားတွင် ပုန်းကွယ်နိုင်စွမ်းသာ ရှိပြီး မည်သည့် တိုက်ခိုက်နိုင်စွမ်းမှ မရှိချေ။ ကံကောင်းစွာဖြင့် ယန်ယန်သည် အစီအရင် ပညာတွင် အလွန်ကိုမှ ထူးချွန်နေခဲ့သည်။ မဟုတ်လျှင် ဤအစီအရင်ကို ရှာတွေ့နိုင်လိမ့်မည် မဟုတ်ချေ။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၂၉၅)
အစီအရင် ပို၍ ဖုံးဖုံးကွယ်ကွယ်ဖြင့် ရှိနေလေ သူ့အထင် မှန်သည်ဟု ရန်ကိုင် ပိုယုံကြည်လေပင်။
ထိုအကာအရံကို ခဏတာမျှ စိုက်ကြည့်နေပြီးသည့်နောက် ရန်ကိုင်၏ အမူအရာ ရုတ်တရက် ပြောင်းလဲသွားပြီး တန်ခိုးရှင် ဘုရင်အဆင့် ပန်းပဲမီးဖိုကိုထုတ်၍ အထဲရှိ မှော်ရတနာ စိတ်ဝိဥာဉ်ကို ပြောလိုက်သည် “တစ်ချက် သွားကြည့်ကြည့်စမ်း”
မီးငှက်လည်း မီးဖိုထဲမှထွက်၍ အရံအတားထဲသို့ တုန့်ဆိုင်းခြင်းမရှိ ပြေးဝင်သွားလေသည်။
မှော်ရတနာစိတ်ဝိဥာဉ် အရံအထားကို ထိလိုက်စဉ် ပတ်ပတ်လည် လေဟာနယ် တစ်ချက် လှုပ်ခါသွားပြီး မီးငှက် လုံးဝ ပျောက်ကွယ်သွားခဲ့လေသည်။
ထိုအခြင်းအရာကိုမြင်သော် ရန်ကိုင် မျက်မှောင် ကြုတ်သွားသည်။ သို့သော် မှော်ရတနာစိတ်ဝိဥာဉ်နှင့် ဆက်သွယ် နိုင်သေးမှန်း သတိပြုမိသော် စိတ်သက်သာရာ ရသွားခဲ့သည်။
ရန်ကိုင်သည် အကာအရံရှေ့တွင် ရပ်၍ မှော်ရတနာ စိတ်ဝိဥာဉ် တင်ပြလာသမျှ အကြောင်းအရာ အားလုံးကို သေချာ နားစိုက်ထောင်နေခဲ့သည်။ ခဏအကြာတွင် ရန်ကိုင်က ယန်ယန်အား ပြောလိုက်လေသည် “ငါတို့ မှန်သွားပြီ။ ဒီနေရာက ကောင်းကင်လိုဏ်ဂူပဲ။ အထဲမှာ မိုးမြေစွမ်းအင် အရမ်း သိပ်သည်းတယ်။ ဒါငါတို့ ရှာနေတဲ့နေရာ အသေအချာပဲ”
“တကယ်လား” ယန်ယန် ပျော်သွားသည်။
“ဒါပေမယ့်… မိုးမြေစွမ်းအင်တင် မဟုတ်ဘူး အလောင်းချီပါ အရမ်း သိပ်သည်းတာ။ ကြည့်ရတာ အထဲမှာ အလောင်းစစ်သား တစ်ကောင်မက နေတယ်နဲ့တူတယ်” ရန်ကိုင်က အလေးအနက် အမူအရာဖြင့် ပြောလိုက်သည်။
ထိုစကားကို ကြားသည့်အခါ ယန်ယန် မှင်သက်သွားပြီး တုန့်ဆိုင်းတွေဝေသွားလေသည်။ အလောင်းစစ်သား တစ်ကောင်တည်း ဆိုပါက ရန်ကိုင်၏ ခွန်အားအရ ဘာကိုမှ ကြောက်နေစရာ လိုလိမ့်မည် မဟုတ်ချေ။ သို့သော် လက်ရှိ အခြေအနေအရ၊ အထဲသို့ မဝင်ခင် နှစ်ခါပြန် သေချာ ပြန်စဉ်းစားရန် လိုအပ်လာလေပြီ။
နောက်ဆုံးတွင် ယန်ယန်က ပြောလာခဲ့သည် “ဒီနေရာက ရှေးဟောင်းယန်ဂိုဏ်းရဲ့ ပိုင်နက်ဆိုတော့ အဲ့အလောင်းကောင် စစ်သားတွေက ရှေးဟောင်းယန်ဂိုဏ်း ပျက်စီးပြီးတဲ့ နောက်ပိုင်း ပေါ်လာတာ ဖြစ်ရမယ်။ အလောင်းကောင်စစ်သား တော်တော် များများက ရှေးဟောင်းယန်ဂိုဏ်းရဲ့ တပည့်တွေတောင် ဖြစ်နေနိုင်တယ်။ ဘာလို့မှန်း မသိပေမယ့် သူတို့ သေသွားပြီးတဲ့ နောက်ပိုင်း အလောင်းကောင်စစ်သားတွေ ဖြစ်သွားတာ ဖြစ်ရမယ်။ အခြားတစ်နည်းနဲ့ ပြောရရင် ဒီမှာ ရှိနေတဲ့ အားအကောင်းဆုံး အလောင်းကောင်က တန်ခိုးရှင်ဒုတိယအဆင့်နဲ့ အဆင့်တူတဲ့ နှစ်နှစ်ထောင်အလောင်းဗိုလ်ချုပ်ပဲ”
“တန်ခိုးရှင်ဒုတိယအဆင့်လား” ရန်ကိုင်က စဉ်းစဉ်း စားစားဖြင့် ရေရွတ်လိုက်သည်။
ခဏလောက် စဉ်းစားပြီးနောက် ရန်ကိုင် ဆုံးဖြတ်ချက် ချလိုက်သည် “အဲ့ဒါဆို ဝင်ကြတာပေါ့”
အလောင်းချီ သိပ်သည်းရုံ သက်သက်နှင့် ဆိုလျှင်တော့ ချက်ချင်း လှည့်ပြန်လိုက်မည်သာ။ နှစ်နှစ်ထောင် အလောင်း ဗိုလ်ချုပ်ကို သူမကြောက်သော်လည်း ထိုကဲ့သို့သော ရန်သူမျိုးနှင့် မတိုက်ခိုက်ရလျှင် အကောင်းဆုံး ဖြစ်သည်။ သို့သော်လည်း ဤနေရာတွင် အလောင်းချီ သိပ်သည်းနေရုံမက မိုးမြေစွမ်းအင်ပါ သိပ်သည်းနေသည်။ ဆိုလိုသည်ကား အကာအရံ အတွင်းပိုင်းထဲ၌ အဖိုးတန်ရတနာ တစ်မျိုးမျိုး ရှိနေရပေလိမ့်မည်။
ဤနေရာထိ ရောက်အောင် ခက်ခက်ခဲခဲ လာခဲ့ပြီးမှဖြင့် နောက်ဆုံးသို့ရောက်မှ လက်ဗလာဖြင့် လှည့်မပြန်နိုင်ချေ။
အနည်းဆုံး တစ်ချက်လောက်တော့ ကြိုးစားကြည့်သွားရပေမည်။ ပြောပြီးသည်နှင့် ရန်ကိုင်သည် သူတော်စင်ချီကို ထုတ်လွှတ်နှင့် ယန်ယန်နှင့် သူ့ကိုယ်သူ ဖုံးကွယ်လျက် အကာအရံထဲသို့ တိုးဝင်သွားလေသည်။
အကာအရံထဲသို့ ဝင်လိုက်သည်နှင့် လောကကြီးတစ်ခုလုံး ချာချာလည်သွားပြီး သူတို့ရှေ့ရှိ မြင်ကွင်း အဖုံဖုံတို့သည်လည်း အပြောင်းလဲကြီး ပြောင်းလဲကုန်သည်။ အရာအာလုံး ပြန်လည် တည်ငြိမ်သွားချိန် လေတိုးသံတို့ ညံဟည်းနေသော လိုဏ်ဂူ တစ်ခုအတွင်းသို့ ရောက်နေသည်ကို တွေ့ရှိလိုက်ရသည်။
လိုဏ်ဂူ နံရံတစ်လျှောက်တွင် ခြောက်ခြားဖွယ်ရာ အလင်းရောင်ကို ထုတ်လွှတ်နေသည် အစိမ်းရောင် ညလင်း ကျောက်တုံးများ ရှိနေခဲ့သည်။
သို့သော်လည်း ဤနေရာရှိ မိုးမြေစွမ်းအင်သည် အလွန်ကိုမှ သိပ်သည်းလှသည်။ ဆေးရနံ့ သင်းသင်းလေးကိုပင် ရန်ကိုင် ရနေမိသည်။ နေရာမှန်ကို သူတို့ ရောက်လာမိပြီမှန်း သိလိုက်သည်နှင့် ရန်ကိုင် နှလုံးခုန်သံ မြန်သွားခဲ့သည်။ မြေပုံ အပိုင်းအစ နှစ်ခုပေါ်ရှိ အမှတ်အသားသည် ရှေးဟောင်းယန်ဂိုဏ်း ၏ လျှို့ဝှက်လိုဏ်ဂူဆီသို့ အမှန်တကယ် ရည်ညွှန်းနေခဲ့သည်။
လိုဏ်ဂူသည် နည်းနည်း မှောင်တောင်တောင် ဖြစ်နေသော်ငြား ရန်ကိုင်၏ ကျင့်ကြံခြင်းအဆင့်ဖြင့် သူ့ရှေ့ရှိ အရာအားလုံးကို ကောင်းကောင်း မြင်နိုင်ပေသည်။ အထဲသို့ ရောက်သည်နှင့် တစ်ပြိုင်နက်ဆိုသလို ပတ်ဝန်းကျင်ကို ထောက်လှမ်း စစ်ဆေးရန် ကောင်းကင်စိတ်အာရုံကိုပါ ထုတ်လွှတ်လိုက်သည်။ မကြာမီ လိုဏ်ဂူအား ချဲ့ထွင်ထားသည့် အရိပ်အယောင်များ တွေ့ရသည်။
လိုဏ်ဂူ အတွင်းပိုင်းထဲတွင် အရပ်မျက်နှာ မျိုးစုံဆီသို့ သွယ်တန်းနေသော လိုဏ်ခေါင်းများစွာ ရှိနေခဲ့သည်။ သို့သော် ထိုလိုဏ်ခေါင်း တစ်ခုချင်းစီ မည်သည့်ဘက်သို့ ဦးတည်နေသလဲ ဆိုသည်ကိုမူ သူမသိချေ။ တွေ့ကရာ လိုဏ်ခေါင်းတစ်ခုထဲသို့ မိုင်သုံးဆယ်လောက်အထိ ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေး ဖြန့်ကျက်ကြည့်လိုက်သည့်နောက် ရန်ကိုင်၏ အမူအရာ အပြောင်းလဲကြီး ပြောင်းလဲသွားပြီး ကြောက်ရွံ့မှုကြောင့် သူ့မျက်နှာ တစ်ပြင်လုံး သွေးဆုတ် ဖြူလျော်သွားခဲ့သည်။
“နင်ဘာတွေ့လို့လဲ” ယန်ယန်က မေးလိုက်သည်။
“ရှူး” ရန်ကိုင်က ချက်ချင်း သူ့နှုတ်ခမ်းနား လက်ညိုး တေ့ပြလိုက်ပြီး ကောင်းကင်စိတ်အာရုံကို တိုးတိုးတိတ်တိတ် ပြန်ရုတ်သိမ်းလိုက်ရင်း ရန်ကိုင်အား တိုးတိုးလေး ပြောလိုက်သည် “အထဲမှ အလောင်းစစ်သားတွေ အများကြီးပဲ”
ယန်ယန်၏ မျက်နှာလေး သွေးဆုတ်ဖြူလျော်သွားသည်။
ရန်ကိုင်က ခပ်မြန်မြန်ပဲ ထပ်ပြောလိုက်သည် “ဒါပေမယ့် အကုန်လုံး အိပ်ပျော်နေကြတယ်။ ငါတို့သာ သတိထား လှုပ်ရှားရင် သူတို့ နိုးလာမှာ မဟုတ်ဘူး”
“ဘယ်လောက်များလဲ” ယန်ယန်က ဖြူဖတ်ဖြူလျော် မျက်နှာဖြင့် စိုးရိမ်တကြီး ပြန်မေးလိုက်သည်။
“ငါလည်း မသိဘူး။ ငါလိုဏ်ခေါင်း တစ်ခုကိုပဲ စစ်ဆေးရသေးတယ်။ အဲ့ထဲမျာ အနည်းဆုံး (၇)ကောင်၊ (၈)ကောင် လောက်တော့ ရှိတယ်။ ဒါပေမယ့် လိုဏ်ခေါင်းတွေက ရာနဲ့ချီတာ ဆိုတော့ လိုဏ်ခေါင်းတိုင်းမှာသာ အဲ့လိုတွေ ရှိနေရင်…”
“အဲ့လိုဆို ဒီနေရာက အလောင်းကောင်ဂူ ဖြစ်လောက်တယ်” ယန်ယန်က ရုတ်တရက် ပြန်ပြောလိုက်သည်။
“အလောင်းကောင်ဂူ” ရန်ကိုင် မျက်မှောင်ကြုတ်သွားသည်။
“ဟုတ်တယ်။ အလောင်းစစ်သားတွေကို အလွယ်တကူ မွေးဖွားပေးနိုင်တဲ့ နေရာတွေ ရှိတယ်တဲ့။ အဲ့နေရာတွေမှာသာ အလောင်းကောင်စစ်သားတွေ အိပ်စက်လိုက်မယ်ဆိုရင် သူတို့ရဲ့ ဝိဥာဉ်နဲ့ ခန္ဓာကိုယ်ကို အလွယ်တကူ ပေါင်းစပ်နိုင်ပြီး အသိဥာဏ် ရှိလာနိုင်တယ်တဲ့။ ဒီနေရာက အလောင်းကောင်ဂူ ဖြစ်နေမယ် ဆိုရင် အရမ်းကို အန္တရာယ်များသွားပြီ”
“ဒီနေရာ အလောင်းကောင်ဂူ ဟုတ်မဟုတ်တော့ ငါမသိပေမယ့် အဲ့ထဲမှာ ရှိနေတဲ့ အလောင်ချီတွေ အရမ်း သိပ်သည်းတာတော့ ငါသိတယ်။ ပြီးတော့ အရမ်း အေးလည်း အေးတယ်။ ငါမြင်သလောက်ဆို အဲ့မှာ အိပ်နေတဲ့ အလောင်းကောင်စစ်သားတွေက အဲ့က ယင်ချီတွေကို စုပ်ယူနေကြတာ”
“အဲ့ဒါဆို အလောင်းကောင်ဂူဆိုတာ လုံးဝ ကျိန်းသေသွားပြီ” ယန်ယန် ထိတ်လန့်တုန်သွားခဲ့ပြီး ချက်ချင်းပဲ ရေရွတ်လိုက်သည် “ဒီလောက် အလောင်းကောင်စစ်သားတွေ အများကြီး ရှိနေပုံ ထောက်ရင် ရှေးဟောင်းယန်ဂိုဏ်းက တပည့်တွေအပြင် ဒီမှာ သေသွားတဲ့ အခြားကျင့်ကြံသူတွေပါ အလောင်းကောင် စစ်သားတွေ ဖြစ်သွားတာ ဖြစ်ရမယ်။ ငါတို့ တကယ်ကို မလာသင့်တဲ့ နေရာဆီ လာလိုက်မိပြီ”
“ရောက်နေပြီပဲဟာ။ ဘာတွေ ဒီလောက် စိတ်ပူနေတာလဲ” ရန်ကိုင်က အဓိပ္ပါပါပါ ပြုံးလိုက်သည်။ အတွေးတစ်ချက်နှင့်အတူ မီးတောက်လေးတစ်ခု သူ့ကိုယ်ထဲသို့ တိုးဝင် ပျောက်ကွယ်သွား၏။ ကင်းထောက် သွားစစ်ဆေးသော မှော်ရတနာစိတ်ဝိဥာဉ် ပြန်ရောက်လာခြင်း ဖြစ်သည်။
ထိုအခြင်းအရာကို မြင်သော် ယန်ယန် အံကြိတ်လိုက်ပြီး သူမ၏ လည်ဆွဲကို နောက်တစ်ကြိမ် အသက်သွင်းလိုက်သည်။ ယခုတစ်ကြိမ်တွင် လည်ဆွဲမှ ထွက်ပေါ်လာသော အကာအရံသည် သူမကိုသာမက ရန်ကိုင်ကိုပါ လွှမ်းခြုံသွားခဲ့သည်။
ချက်ချင်းဆိုသလို နှစ်ယောက်စလုံး၏ အရှိန်အဝါများ ပျောက်ကွယ်သွားကြသည်။ဓ
နှစ်ယောက်သား အကြည့်တစ်ချက် ဖလှယ်လိုက်ပြီး ခေါင်းညိတ်၍ အလျင်အမြန် ရှေ့ဆက်တိုးသွားကြလေသည်။
လိုဏ်ဂူ အတွင်းပိုင်းထဲတွင် ရှိနေသော အလောင်းကောင် စစ်သားများသည် အိပ်စက်နေကြသဖြင့် စိုးရိမ်နေစရာ မလိုချေ။ ရန်ကိုင် စိုးရိမ်နေရသည်ကား သူ့လက်မှ ထွက်ပြေးသွားသော အလောင်းကောင် စစ်သားပင်။ ဤနေရာအား စိတ်ရှိလက်ရှိ မရှာဖွေရဲသဖြင့် ထိုအလောင်းကောင်စစ်သား မည်သည့်နေရာ၌ ပုန်းအောင်းနေသလဲ ဆိုသည်ကိုလည်း မသိနိုင်ခဲ့ချေ။
လိုဏ်ခေါင်းများကို ဖြတ်လျှောက်သွားစဉ် သိပ်သည်းလှသော အလောင်းချီနှင့် ဘာမှန်းမသိသော အသံများကို ကြားခဲ့ကြရသည်။ သို့သော် ထိုအသံများသည် ကပျက်ကယက် မဟုတ်သည် စည်းချက်ညီညီဖြင့် ရှိနေခဲ့သည်။
လိုဏ်ခေါင်းများကို ဖြတ်သွားတိုင်း ယန်ယန် ရန်ကိုင်နား အလိိုလု တိုးကပ်လာခဲ့သည်။
ယန်ယန်၏ မှော်ရတနာကောင်းမှုကြောင့် ရန်ကိုင်တို့ ကံကောင်းစွာဖြင့် လုံလုံခြုံခြုံ ရှေ့ဆက်နိုင်ခဲ့သည်။
နှစ်ယောက်သား ခရီးဆက်နေစဉ်၊ လိုဏ်ခေါင်း၏ အတွင်းပိုင်းတွင် ပိန်ခြောက်ခြောက် အလောင်းကောင်စစ်သား သုံးကောင်သည် တင်ပလင်ခွေထိုင်လျက် အလောင်းချီများကို စုပ်ယူနေခဲ့ကြသည်။
ထိုအလောင်းကောင်စစ်သား သုံးကောင်သည် သူတော်စင် ဘုရင် အထွဋ်အထိပ်အဆင့်နှင့် တူညီသော အရှိန်အဝါကို ထုတ်ဖော်နေခဲ့ကြသည်။
ဝှစ်ဆိုသော မြည်သံနှင့်အတူ နောက်ထပ် အလောင်းကောင် စစ်သားတစ်ကောင် လိုဏ်ဂူထဲသို့ ရုတ်တရက် ဝင်လာခဲ့သည်။ အသစ်ရောက်လာသည့် အလောင်းကောင်စစ်သား၏ လက်တစ်ဖက်သည် တံတောင်းရင်းမှနေ၍ ပြတ်နေခဲ့လေသည်။
သူဝင်လာသည်ကို မြင်လိုက်သည်နှင့် တင်ပလင်ခွေ ထိုင်နေသည့် သုံးယောက်စလုံး မျက်လုံး ဖွင့်ကြည့်လိုက်သည်။ သူ့ပုံစံကို မြင်လိုက်သည်နှင့် သုံးယောက်စလုံး အံ့ဩသွားကြ၏။
“ရောင်းရင်းနျန်၊ မင်းဘာဖြစ်လာတာလဲ” ထိုင်နေသည့် အလောင်းကောင် သုံးယောက်ထဲမှ တစ်ယောက်က မေးလိုက်၏ “ဘာနဲ့တွေ့ခဲ့လို့ မင်းအခုလို ဖြစ်လာရတာလဲ”
လက်ပြတ်နေသော လောင်းကောင် စစ်သား၏ မျက်ဝန်းထဲ ဒေါသအရိပ်အယောင်တို့ တလက်လက် ဖြတ်ပြေးသွားခဲ့ပြီး အံကြိတ်၍ ပြန်ပြောလိုက်လေသည် “တစ်ယောက်ယောက် တွေ့ပြီး သတိမထားမိလိုက်တုန်း လက်ဖြတ်ခံလိုက်ရတာ”
“ဘယ်လိုတောင်လားဟ” အစောပိုင်းက ပြောလိုက်သော အလောင်းကောင် စစ်သားက အံ့အားသင့်တကြီး ပြန်ပြောသည် “ဒီလောက် နှစ်တွေအများကြီး ကြာသွားပြီးမှ တန်ခိုးရှင်အဆင့် ကျင့်ကြံသူတစ်ယောက် ဒီသင်္ချိုင်းတောင်ကြားထဲ ဝင်လာတာလား။ မင်းတန်ခိုးရှင်အဆင့် ပညာရှင်နဲ့ သွားတိုးလာတာလား”
“တန်ခိုးရှင်အဆင့် မဟုတ်ဘူး။ သူတော်စင်ဘုရင် ဒုတိယ အဆင့်ပဲ ရှိသေးတယ်” လက်ပြတ်နေသော အလောင်းကောင် စစ်သားက ရှက်နေသည့်ဟန်ဖြင့် “ငါသတိမထားမိလိုက်လို့ အခုလို လက်ဖြတ်ခံလိုက်ရတာ”
“ရောင်းရင်းနျန်၊ ငါ့ကို မနောက်စမ်းပါနဲ့ကွာ။ ငါတို့ လူသား ဖြစ်နေသေးလို့ ဒီလို ဒဏ်ရာရတာ ငါမပြောဘူး။ ဒါပေမယ့် အခု ငါတို့က အလောင်းကောင် စစ်သားတွေ ဖြစ်နေပြီလေကွာ။ လက်ပြတ်သွားတာကို ဘာတွေ ဒီလောက် အရေးတကြီး လုပ်နေတာလဲ။ အလောင်းချီသုံးပြီး ပြန်ဆက်လိုက်ရင် ပြီးနေပြီပဲဟာကို”
“ရောင်းရင်းနျန်ရဲ့ ဒဏ်ရာက အဲ့လောက် မရိုးရှင်းဘူး” ဆံပင်ရှည်ရှည်နှင့် အလောင်းကောင်တစ်ကောင်က ရုတ်တရက် ပြောလိုက်သည်။ ပြောလိုက်သည့် အလောင်းကောင်သည် အမျိုးသမီး အလောင်းကောင်တစ်ဦး ဖြစ်နေခဲ့လေသည်။
“ဘာလို့လဲ” ပထမဆုံး စစကားပြောလိုက်သည့် အလောင်းကောင်ကမ နားမလည်နိုင်စွာဖြင့် ပြန်မေးသည်။
“သူ့လက်ကိုကြည့်ကြည့်လိုက်၊ အသားစတစ်ပိုင်း ပြတ်နေတာကို ရှင်တို့သတိထားမိလား” အမျိုးသမီး အလောင်းကောင်က အလောင်းကောင်နျန်၏ လက်ကို ညွှန်ပြရင်း ပြန်ပြောလိုက်သည်။
ထိုစကားကို ကြားလိုက်သည့်အခါမှပဲ အခြား အလောင်းကောင် နှစ်ကောင်လည်း အလောင်းကောင်နျန်၏ လက်ကို သေချာ ကြည့်မိလိုက်သည်။ ထိုအခါမှသာ အလောင်းကောင်နျန် ပြန်သယ်လာသော လက်တွင် အသား အစိတ်အပိုင်းအချို့ ပျောက်နေမှန်း သတိပြုမိလိုက်သည်။ မသိလျှင် သူ့လက်သည် နှစ်ခါ ဖြတ်ထားခံရသည့်နှယ်။
“သူတော်စင်ဘုရင် ဒုတိယအဆင့်က အဲ့လောက်တောင် အားကောင်းနိုင်လို့လား။ ရောင်းရင်းနျန်၊ ရှင်ပြိုင်ဘက်ကို ရှင်လျှော့တွက်ခဲ့တာလား” အမျိုးသမီး အလောင်းကောင်က အပြစ်တင်လိုဟန်ဖြင့် မေးလိုက်သည်။
“ငါလျှော့တွက်တာ မဟုတ်ဘူး။ သူသုံးသွားတဲ့ စွမ်းအားကကို ထူးဆန်းလွန်းနေတာ။ အဲ့လို ပညာရပ်မျိုး ငါတစ်ခါမှ မမြင်ဖူးဘူး” အလောင်းကောင် ဖြစ်နေသည့်တိုင် အနက်ရောင် ဓါးသွားကဲ့သို့ တိုက်ခိုက်မှုအကြောင်း ပြန်စဉ်းစားမိသည်နှင့် တုန်ရီမိသွားပြန်၏။ သူသာ အချိန်မှီ မရှောင်လိုက်လျှင် သေဆုံးခြင်း အရသာကို နောက်တစ်ကြိမ် ထပ်မြည်းစမ်း ရပြန်ပေလိမ့်မည်။
ပထမတစ်ကြိမ် သေသွားပြီးနောက် သူ့ကို အလောင်းကောင် စစ်သားများက အလောင်းလိုဏ်ဂူထဲသို့ ပြန်ခေါ်လာခဲ့သည်။ ဤနေရာ၌ နှစ်တစ်ရာတိုင်တိုင် ကျင့်ကြံပြီးနောက် အသိဥာဏ် ရလာခဲ့သည်။ ထို့နောက် နောက်ထပ် ရာစုနှစ်များစွာ ထပ်မံ ကျင့်ကြံ၍ လက်ရှိခွန်အားကို ရရှိအောင် လုပ်ခဲ့သည်။ သူသာ နောက်တစ်ကြိမ် ထပ်သေရလျှင် ဤလောကကြီးမှ အပြီးတိုင် ပျောက်ကွယ်သွားရပေလိမ့်မည်။
“ဘယ်လို စွမ်းအားမျိုးလဲ” အခြား အလောင်းကောင် သုံးကောင်စလုံး အံ့အားသင့်သွားပြီး ခပ်မြန်မြန်ပဲ ပြန်မေးကြသည်။