အခန်း (၁၂၉၆-၁၃၀၀)
Vol. 52 Ch. 1296-1300
အပိုင်း (၁၂၉၆)
ဒဏ်ရာရနေသော အလောင်းကောင် စစ်သားသည် ရန်ကိုင်နှင့် တွေ့ခဲ့သည့်အကြောင်း သူမှတ်မိသမျှ မချွင်းမချန် အသေးစိတ် ပြန်ပြောပြလိုက်သည်။
သူရှင်းပြသည်ကို နားထောင်ပြီးနောက် အမျိုးသမီး အလောင်းကောင်၏ ခန္ဓာကိုယ် တုန်ရီသွားပြီး ပြန်မေးလိုက်လေ၏ “နင်ပြောချင်တာက သူနင့်လက်မောင်းကို အနက်ရောင်ဓါးသွားနဲ့ ဆင်တူတဲ့ ဟာမျိုးနဲ့ ဖြတ်လိုက်တာလား။ ပြီးတော့ အဲ့ဒါက နင့်လက်မောင်းကို အလွယ်လေး ဖြတ်သွားတယ်ပေါ့၊ ဟုတ်လား”
“ဟုတ်တယ်။ အဲ့ဒါကြောင့်ပဲ ငါ့လက်မောင်း တစ်စိတ် တစ်ပိုင်း ပျောက်သွားရတာ” အလောင်းကောင်စစ်သားက ထပ်တလဲလဲ ခေါင်းညိတ်လိုက်သည်။ သူ၏ အစိမ်းရောင် မျက်ဝန်းများဖြင့် အမျိုးသမီး အလောင်းကောင်အား မျှော်လင့်တကြီး ကြည့်၍ မေးလိုက်သည် “အဲ့ဒါဘာလဲ နင်သိလား”
အမျိုးသမီး အလောင်းကောင်လည်း တစ်ချက်လောက် စဉ်းစားကြည့်လိုက်ပြီး ခဏတာ တုန့်ဆိုင်းနေပြီးသည့်နောက် ပြန်ဖြေလိုက်လေသည် “နင်ပြောသလိုပဲ အဲ့လူ လေဟာနယ် စွမ်းအားကို သုံးသွားတာ ဖြစ်ရမယ်”
“ဘယ်လို” ကျန်အလောင်းကောင်စစ်သား သုံးကောင်စလုံး ထိတ်လန့်သွားကုန်ကြလေသည် “လေဟာနယ်စွမ်းအား၊ နင်တကယ်ကြီး ပြောနေတာလား”
အမျိုးသမီး အလောင်းကောင်က အေးစက်စက် အမူအရာဖြင့် နှာခေါင်းရှုံ့၍ “ငါဘယ်ကလာလဲ ဆိုတာကို နင်တို့ မေ့နေတာလား”
အလောင်းကောင်နျန်ဆိုသူ ကြောင်သွားသည်။ သို့သော် ချက်ချင်းပဲ တစ်ခုခုကို ပြန်မှတ်မိလိုက်ပြီး ခေါင်းညိတ်လိုက်သည် “ငါသိပြီ”
အမျိုးသမီး အလောင်းကောင်က အသာအယာ ခေါင်းညိတ်၍ ဆက်ပြောလေသည် “ကောင်းကင်တိုက်ပွဲအစည်းအရုံးရဲ့ အကြီးအကဲတွေထဲမှာ လေဟာနယ်စွမ်းအားကို ကျင့်ကြံထားတဲ့ အကြီးအကဲ တစ်ယောက် ရှိတယ်။ တစ်ခါတုန်းက အကြီးအကဲ မိုရှန်း သူ့စွမ်းရည် ထုတ်ပြတာကို ကံကောင်းပြီး ငါမြင်ခွင့် ရခဲ့တယ်လေ။ ဒါကြောင့် လေဟာနယ်စွမ်းအား အကြောင်းကို နင်တို့ထက် ငါပိုသိတယ်။ ဒါပေမယ့်…”
“ဒါပေမယ့် ဘာလဲ”
“ရောင်းရင်းနျန် ပြောသလိုဆို အခုရောက်လာတဲ့လူက လေဟာနယ်စွမ်းအားကို အတော်လေး ကျွမ်းကျင်ထားလိမ့်မယ်။ အကြီးအကဲမိုတောင် လေဟာနယ်စွမ်းအားကို သုံးပြီး ရန်သူ ခန္ဓာကိုယ်ကို ပိုင်းဖြတ်နိုင်တဲ့ ဓါးသွား မဖန်တီးနိုင်ဘူး။ ဒါဆိုရင် သူလို သူတော်စင်ဘုရင် ဒုတိယအဆင့် တစ်ယောက်က ဘယ်လိုလုပ်ပြီး အဲ့လိုလုပ်နေနိုင်တာလဲ”
“ဟင်း… ငါလည်း အကြီးအကဲမိုရှန်းအကြောင်း ကြားဖူးတယ်။ ဒါပေမယ့် အဲ့ဒါတွေ အကုန်လုံးက အတိတ်တွေ ဖြစ်သွားပြီ။ သူအသက်ရှင်နေသေးလား မရှင်တော့ဘူးလား ငါမသိဘူး။ အဲ့ကောင်လေးရဲ့ ဓါးသွားသာ လေဟာနယ် စွမ်းအားကနေ ဖန်တီးထားတာဆိုရင် ဘယ်လိုတွေဖြစ်ဖြစ် အခြေအနေက အတော်တော်လေးတော့ အန္တရာယ်များပြီ”
“အဲ့အကြောင်းတွေ ပြန်တွေးနေလို့ကော ဘာထူးမှာလဲ။ ငါတို့ အခုဘာတွေ ဖြစ်နေပြီလဲ ဆိုတာကို နင်မေ့နေတာလား။ အစ်မလန်၊ နင်နဲ့ အကြီးအကဲမို တစ်နည်းနည်းနဲ့ ပက်သက်နေမှန်း ငါသိတယ်။ ဒါပေမယ့် နင့်အခုပုံစံနဲ့ သူ့ရှေ့ သွားကြည့်ပါလား။ သူဘာလုပ်မယ် နင်ထင်လဲ”
ထိုစကားကို ကြားလိုက်သည့်အခိုက် အစ်မလန် ဆိုသူ အလောင်းကောင် အမျိုးသမီး၏ အစိမ်းရောင် မျက်လုံးများ တဖြတ်ဖြတ် လက်သွားခဲ့ပြီး သူမစိတ် မတည်မငြိမ် ဖြစ်လာခဲ့၏။
“ဟုတ်တယ်။ ရောင်းရင်းနျန်၊ မင်းပြန်လာတုန်းက သဲလွန်စတွေ အကုန် ဖျောက်ခဲ့တယ်မလား” ပထမဆုံး စကား စပြောလိုက်သည့် အလောင်းကောင်စစ်သားက မေးလိုက်သည်။
“ဖျောက်ခဲ့တာပေါ့။ ဒါပေမယ့် အဲ့ကောင် ဒီနေရာကို ရှာတွေ့မယ် ဆိုရင်တောင် ဒီနေရာကို ကာကွယ်ထားတဲ့ အရံအတားကို ဖျက်စီးနိုင်မှာ မဟုတ်ဘူး။ ဒီပတ်လည်က အရံအတားကို ရှေးဟောင်းယန်ဂိုဏ်းက ဖန်တီးခဲ့တာ။ ငါတို့သာ ဝင်ထွက်လို့ရတဲ့ လမ်းကို မသိရင် ဘယ်လိုမှ အထဲကို ဝင်လာနိုင်မှာ မဟုတ်ဘူး။ သူက သူတော်စင်ဘုရင် ဒုတိယ အဆင့်လေးပဲ ရှိသေးတာ၊ ဘာလုပ်နိုင်မှာ မို့လို့လဲ”
“ဟုတ်လောက်တယ်” ပထမဆုံး စကားစပြောခဲ့သည့် အလောင်းကောင်စစ်သားက ခေါင်းညိတ်ထောက်ခံလိုက်သည်။ တစ်ချက် သက်ပြင်းချလိုက်ပြီးနောက် တစ်ခုခုကို သတိရသွားပြီး အာလုံးကို ပြောလိုက်လေသည် “ရှေးဟောင်းယန်ဂိုဏ်းကို ကျေးဇူးပဲ တင်သင့်လား၊ မုန်းပဲမုန်းသင့်လား၊ ငါတကယ်ကို မစဉ်းစားတတ်တော့ဘူး။ သူတို့ကြောင့်သာ မဟုတ်ရင် ငါသေခဲ့မှာ မဟုတ်ဘူး။ ဒါပေမယ့် သူတို့ကြောင့်သာ မဟုတ်ရင်လည်း ငါသေသွားခဲ့တာ ကြာနေလောက်ပြီ။ အခုအချိန်ထိ အသက် ရှင်နေနိုင်ဦးမှာ မဟုတ်ဘူး…ဟဲဟဲ”
ထိုစကားကို ကြားလိုက်သည့်အခါ ကျန်အလောင်းကောင် စစ်သား သုံးကောင်စလုံး တိတ်တိတ်သာ နေခဲ့သည်။
အချိန်အတော်ကြာအောင် တိတ်ဆိတ်နေပြီးနောက် အမျိုးသမီး အလောင်းကောင်က ပြောလိုက်သည် “ကဲကဲ၊ အဲ့အကြောင်း ထပ်မပြောနဲ့တော့။ အလုပ် ပြန်လုပ်ကြမယ်။ အခု ဒီနေရာကို ငါတို့ စောင့်ရမယ့်အလှည့်ကို မစောင့်ဘဲ နေနေလို့ စီနီယာတွေ သိသွားပြီး အပြစ်ပေးရင် အကုန် ဒုက္ခရောက်မယ်”
“ဟုတ်ပြီ။ ငါအစ်မလန်နဲ့ တစ်ချက် သွားစစ်ဆေးလိုက်မယ်။ ရောင်းရင်းနျန်၊ မင်းကတော့ ဒီက ယင်ချီကို သုံးပြီး မင်းလက်ကို ပြန်ဆက်ထားနှင့်လိုက်၊ အကောင်းအတိုင်း ပြန်မဆက်ရင်တောင် လုံးဝ ပြတ်နေတာထက်တော့ သာသေးတယ်” ပြောပြီးသည်နှင့် ထိုအလောင်းကောင်စစ်သား မတ်တပ်ရပ်လိုက်ပြီး အမျိုးသမီး အလောင်းကောင် စစ်သားနှင့်အတူ ထွက်သွားလေသည်။
တစ်ချိန်တည်းတွင်၊ နောက်ထပ် လိုဏ်ဂူကြီး တစ်ခုထဲသို့ ရန်ကိုင်နှင့် ယန်ယန်တို့ ခိုးဝင်နေခဲ့ကြသည်။ နှစ်ယောက်သားသည် ပြန့်ကျဲနေသော သစ်သားသေတ္တာမျိုးစုံနှင့် ဗလာဖြစ်နေသော သစ်သားစင်များကို စိုက်ကြည့်နေကြသည်။ ရန်ကိုင် မျက်နှာမှာ ဆေးခါးကြီး စားထားရသည့်နှယ် ရှုံ့မဲ့နေခဲ့သည်။
သူနှင့် ယန်ယန်သည် ဆေးနံ့ ရသဖြင့် ဆေးနံ့ရသည့် လမ်းအကြောင်းအတိုင်း ဤနေရာသို့ လာခဲ့သည်။ အထဲတွင် အလောင်းကောင်စစ်သား ရှိမရှိ စစ်ဆေးကြည့်ပြီးနောက် မရှိမှန်း သေချာသည့်နောက်တွင် အထဲသို့ ဝင်လာခဲ့သည်။
သို့သော်လည်း ဤကဲ့သို့ မြင်ကွင်းမျိုးက သူတို့အား ဆီးကြို နေလိမ့်မည်ဟု ရန်ကိုင် မည်ကဲ့သို့ ထင်ပါမည်နည်း။
ဤနေရာသည် ရှေးဟောင်းယန်ဂိုဏ်းမှ သူတို့၏ ဆေးပင်များကို သိုလှောင်ထားသည့် နေရာဖြစ်သည်။ ဤနေရာ၌ သစ်သားစဉ် များစွာ ရှိနေခဲ့ပြီး စဉ်တစ်စဉ်တွင် အလွှာသုံးလွှာ ရှိသည်။ တစ်လွှာလျှင် အနည်းဆုံး သေတ္တာငါးလုံး၊ ခြောက်လုံး လောက် တင်ထားလို့ ရပေသည်။ သို့သော်လည်း ယခုမူ ထိုသစ်သား သေတ္တာအားလုံး ဟိုတစ်စ ဒီတစ်စ ပြန်ကျဲနေခဲ့သည်။
သစ်သားသေတ္တာအားလုံး ပွင့်နေပြီး အထဲတွင် ဘာဆိုဘာမှ ရှိမနေတော့ချေ။
သူ့အဖို့ အနေရာကို ခက်ခက်ခဲခဲဖြင့် လာခဲ့ရသော်လည်း ရွှေအိုးတွေ့ပြီ အထင်ဖြင့် ပျော်တော့မည့် အခါမှ တူးလိုက်မိသည့် အိုးသည် ရွှေအိုးမဟုတ်ဘဲ ကျောက်အိုး ဖြစ်နေသည်မှန်း သိလိုက်ရသည့် ရန်ကိုင်၏ အဖြစ်ကို ခံစားကြည့်နို်ငပေသည်။
ဤနေရာတွင် ရှိနေသော ဆေးပင်များအားလုံးကို အလောင်းကောင်များမှ စားသွားခြင်း ဖြစ်မည်မှာ သံသယ ရှိနေစရာ မလိုချေ။
ထိုဆေးပင်များကို မဖော်စပ်ဘဲ အစိမ်းလိုက် စားခြင်းသည် ဆေးအာနိသင်များစွာကို ဆုံးရှုံးစေနိုင်သော်လည်း အလောင်းကောင်များသည် ဆေးမှ မဖော်တတ်လေရာ ထိုကဲ့သို့ စားရုံသာ ရှိတော့ပေသည်။
သို့သော်လည်း သေချာ ရှာကြည့်လိုက်သည့်အခါ မီးဓါတ်၊ ယန်ဓါတ် ဆေးပင် အကြွင်းအကျန် အချို့ကို တွေ့ရှိလိုက်သည်။ ထိုဆေးပင်များသည် အလောင်းကောင်စစ်သားများအတွက် အဆိပ်နှင့် တူပေသည်။ ထို့ကြောင့် ထိုဆေးပင်များကို မစားဘဲ ချန်ထားခဲ့ခြင်း ဖြစ်သည်။
ကံမကောင်းစွာဖြင့် သေတ္တာအဖုံးများ ပွင့်နေသည့် အတွက် အချိန်အလွန် ကြာညောင်းသွားသည့် နောက်၌ ထိုဆေးပင်များ ညိုးလျော် ခြောက်သွေ့ ကုန်ကြလေပြီ။ ထိုအခြင်းအရာကို မြင်သော် ရန်ကိုင်မှာ ဒေါသထွက်လွန်းပြီး အပြေသို့ ပြေးထွက်ပြီး အလောင်းကောင်စစ်သား အားလုံးကို တစ်စစီဖြစ်အောင် နုတ်နုတ်စင်းပစ်ချင်စိတ်တို့ ဖြစ်ပေါ်လာခဲ့ရသည်။
အချိန်အတော်ကြာအောင် ရှာခဲ့သော်လည်း မည်သည့် အဖိုးတန် ရတနာမှ မတွေ့သည့်နောက် ယန်ယန်နှင့် ရန်ကိုင်တို့ သက်ပြင်းချလိုက်သည်။
ရှေးဟောင်းယန်ဂိုဏ်းကဲ့သို့ ဂိုဏ်းကြီးတစ်ဂိုဏ်း စုဆောင်းထားသည့် ဆေးပင်များ အလဟဿ ဖြစ်သွားသည်ကို မြင်သည့်လူတိုင်း စိတ်ဓါတ်ကျမိမည်မှာ မလွဲဧကန်ပင်။
ကံကောင်းစွာဖြင့် ရတနာများသည် ဤနေရာတစ်ခုတည်း၌ ရှိနေနိုင်ခြင်း မဟုတ်။ အတွင်းပိုင်းရှိ အခြား နေရာများတွင်ပါ ရှိနေနိုင်ပေသည်။ ထို့ကြောင့် ရန်ကိုင်နှင့် ယန်ယန်တို့ ဆက်လက် ရှာဖွေနေကြလေသည်။
သူတို့ ထွက်သွားပြီး မကြာမီ အမျိုးသမီး အလောင်းကောင်နှင့် သူမ၏ အဖော်တို့ နှစ်ယောက် တိုးတိုးတိတ်တိတ် ရောက်လာခဲ့၏။ နှစ်ယောက်စလုံး လေကို ရှူရှိုက်ကြည့်လိုက်ပြီးနောက် အကြည့်ချင်း ဖလှယ်လိုက်ကြသည်။
“လူနံ့ရတယ်” အမျိုးသား အလောင်းကောင်က ရေရွတ်လိုက်၏။
အမျိုးသမီး အလောင်းကောင်ကလည်း ခေါင်းညိတ်လိုက်သည် “ဟုတ်တယ်။ အနံ့က နှစ်ခုတောင်။ ကြည့်ရတာ အစ်ကိုနျန်ပြောတဲ့ လူနှစ်ယောက် အထဲ ဝင်လာတာနဲ့ တူတယ်”
“အိုး၊ မဖြစ်တော့ဘူး။ သူတို့ သတ္တုနဲ့ မှော်ရတနာတွေ ထားထားတဲ့ နေရာဆီ သွားတာလားမသိဘူး။ အဲ့နေရာမှ အနာဂတ် အစီအစဉ်တွေ အတွက် အရေးကြီးတဲ့ ပစ္စည်းတစ်ခု စီနီယာတွေ သိမ်းထားတယ်” အမျိုးသား အလောင်းစစ်သားက ရန်ကိုင်နှင့် ယန်ယန်တို့ ပျောက်ကွယ်သွားသည့်ဘက်ဆီ ကြည့်ရင်း အထိတ်တလန့်ဖြင့် ပြောလိုက်သည်။
အမျိုးသမီး အလောင်းကောင်၏ မျက်ဝန်းများ တဖျက်ဖျက် လက်သွားခဲ့ပြီး ချက်ချင်းပဲ ပြန်ပြောလိုက်သည် “အဲ့ဒါဆို သူတို့နောက် မြန်မြန် လိုက်ကြမယ်။ ဒီကိစ္စကို စီနီယာတွေကို မသိအောင် ငါတို့ဘာသာ ဖြေရှင်းလိုက်နိုင်ရင် အကော်ငးဆုံးပဲ။ မဟုတ်လို့ ငါတို့ကို အပြင်လူတွေ ဝင်လာတာတောင် မသိရကောင်းလာ ဆိုပြီး အပြစ်ပေးနေဦးမယ်”
ထိုစကားကို ကြားလိုက်သည့်အခိုက် အမျိုးသား အလောင်းကောင် တုန်ရီသွားခဲ့သည်။ သို့သော် ချက်ချင်းပဲ ခေါင်းညိတ်၍ ပြန်ပြောလိုက်သည် “ကောင်းပြီ”
အလောင်းကောင် စစ်သားနှစ်ကောင်သည် သူတို့၏ အရှိန်အဝါကို ဖုံးကွယ်၍ ရန်ကိုင်တို့နောက် တိုးတိုးတိတ်တိတ် လိုက်သွားခဲ့လေသည်။
ရန်ကိုင်နှင့် ယန်ယန်သည် နောက်ထပ် သစ်သားစဉ် တစ်ခုရှေ့သို့ ရောက်နှင့်နေပြန်လေပြီ။ ယခုတစ်ကြိမ် စဉ်ပေါ်တွင် မူကား အမျိုးမျိုးသော စာအုပ်များ ရှိနေခဲ့သည်။ ဤနေရာသည် ရှေးဟောင်းယန်ဂိုဏ်း၏ ကျင့်စဉ်များ၊ သိုင်းပညာရပ်များကို သိမ်းဆည်းထားနေသည့် နေရာ ဖြစ်ပေသည်။
လက်ရှိ သူတို့တွင် စစ်ဆေးနေရန် အချိန် မရှိသဖြင့် ရန်ကိုင်သည် အကုန်လုံးကို တစ်ချက်မှ စစ်ဆေးမနေဘဲ သိမ်းကျုံး ယူသွားလေသည်။
သို့သော်လည်း စာအုပ် မျက်နှာဖုံးပေါ်ရှိ ဖတ်မိလိုက်သော အချို့ စကားလုံးများအရ အချို့ စာအုပ်များသည် အလောင်း သန့်စင်ခြင်းနှင့် ပက်သက်နေမည်မှန်း ရန်ကိုင် သိလိုက်သည်။ ဤနေရာတွင် ဘာကြောင့် အလောင်းစစ်သား များစွာ ရှိနေရလဲ ဆိုသည့် အချက်ကိုလည်း နားလည်သွားခဲ့သည်။ ရှေးဟောင်း ယန်ဂိုဏ်းသည် ကောင်းကင်တိုက်ပွဲ အစည်းအရုံး သို့မဟုတ် မိုးကြိုးမုန်တိုင်းဂိုဏ်းအောက် မနိမ့်ကျသော ဂိုဏ်းတစ်ဂိုဏ်း ဖြစ်သည့်အတွက်ကြောင့် သူတို့တွင် ဤကဲ့သို့သော စာအုပ်များ ရှိနေသည်မှာ မထူးဆန်းချေ။ အချို့ ရှေးဟောင်း တပည့်များသည် အစကတည်းက ဤကဲ့သို့သော ကျင့်စဉ်များကို ကျင့်ကြံ ထားခဲ့လောက်သည်။ ထို့ကြောင့် နှစ်နှစ်ထောင် ကြာပြီးနောက် ဤနေရာတွင် အလောင်းစစ်သား များစွာ ပေါ်လာခဲ့ခြင်း ဖြစ်ရမည်။
ဘာမှမကျန်မှန်း သေချာအောင် စစ်လိုက်ပြီးနောက် လိုဏ်ဂူ အတွင်းပိုင်းသို့ ဆက်ထွက်သွားလေသည်။
ခဏအကြာတွင် နောက်ထပ် လိုဏ်ဂူတစ်သို့ ရန်ကိုင်တို့ ထပ်ရောက်လာခဲ့သည်။ ယခုတစ်ကြိမ် သူတို့အား ဆီးကြို နေသည်ကား အရောင် တလက်လက် ထနေသော မှော်ရတနာများပင်။ သူကိုယ်တိုင် အတော်လေးကို ကြွယ်ဝ ချမ်းသာနေသည့်တိုင် ထိုမှော်ရတနာများကို မြင်လိုက်သည့် အခိုက် ရန်ကိုင် စိတ်မလှုပ်ရှားဘဲ မနေနိုင်အောင် ဖြစ်သွားခဲ့သည်။
ထိုနေရာတွင် ပုံသဏ္ဍာန်၊ အရွယ်အစား အမျိုးမျိုး ရှိသော မှော်ရတနာများစွာ ရှိနေခဲ့သည်။ လိုဏ်ဂူ၏ ကြမ်းပြင်ပေါ်တွင် စိတ်ဝိဥာဉ် အစီအရင်ကြီးတစ်ခု ရှိနေခဲ့သည်။ အစီအရင်သည် မှော်ရတနာများကို အကောင်းအတိုင်း ရှိနေအောင် ထိန်းသိမ်း ပေးထားသည့် အစီအရင် ဖြစ်သည့်ပုံပင်။
အစီအရင်၏ စွမ်းရည်မှာ အတော်လေး ကောင်းသည်ဟု ပြော၍ ရသည်။ နှစ်နှစ်ထောင် ကြာသွားသည့်တိုင် မှော်ရတနာ အများစုသည် အရောင် တလက်လက် တောက်ပနေတုန်းပင်။ ဆိုလိုသည်ကား ထိုမှော်ရတနာများသည် အကောင်းအတိုင်း ရှိနေသေးသည်။ အများစုမှာတော့ အကောင်းအတိုင်း ရှိမနေတော့ပေ။ သို့သော် နည်းနည်းလောက် ပြန်ပြင်လိုက်လျှင် ကောင်းကောင်း ပြန်သုံး၍ ရပေသည်။
မှော်ရတနာ အများစုမှာ သူတော်စင်ဘုရင် အဆင့်များ ဖြစ်ကြပြီး နှစ်ဆယ် ရာခိုင်နှုန်းသည် တန်ခိုးရှင်အဆင့်များ ဖြစ်ကြသည်။
ထိုမှော်ရတနာ အရေအတွက်ကို မြင်ပြီးနောက် ရန်ကိုင် အမှန်တကယ်ကို အံ့ဩမိသွားသည်။
ယန်ယန်နှင့် အကြည့်ချင်း ဖလှယ်လိုက်ပြီးနောက် နှစ်ယောက်စလုံး သိမ်းဆည်းရေးလုပ်ငန်း စတော့လေသည်။
အမွှေးတိုင်တစ်ချောင်းစာ အတိုင်း ရှိသမျှ မှော်ရတနာ အားလုံး အပြောင် သိမ်းခံလိုက်ရသည်။
“ဟိုမှာ နောက်ထပ် လိုဏ်ဂူတစ်လုံး ရှိနေသေးတယ်” ရန်ကိုင် အကြည့်သည့် အခြား လမ်းပေါက်တစ်ပေါက်ဆီ ရောက်သွားသည်။ အံ့လည်း အံ့ဩသွားမိသည်။
သူနှင့် ယန်ယန်သည် ရှေးဟောင်းယန်ဂိုဏ်း၏ ဆေးပင် သိုလှောင်ရေးနေရာ၊ ကျင့်စဉ်များထားသည့် သိုင်းခန်းမဆောင်၊ မှော်ရတနာများ သိမ်းဆည်းထားသည် ရတနာဂိုဒေါင်တို့ဆီသို့ ရောက်ပြီးသွားခဲ့လေပြီ။ ထို့ကြောင့် လက်ကျန် လိုဏ်ဂူထဲတွင် မည်သို့သော ပစ္စည်းများ ရှိနေမလဲ ဆိုသည်မှာမူ စိတ်ဝင်စားစရာ ဖြစ်နေပေသည်။ သို့သော် ထိုလိုဏ်ဂူထဲတွင် ရှိနေသည့် ပစ္စည်း၏ တန်ဖိုးမှာ နိမ့်ကျမှည်မဟုတ်မှာ သေချာသလောက် ရှိသည်။
နည်းနည်းလေးမှ တုန့်ဆိုင်းမနေဘဲ ရန်ကိုင်နှင့် ယန်ယန်တို့ အထဲ ဆက်ဝင်သွားခဲ့သည်။
ရန်ကိုင်တို့ ထွက်သွားပြီး မကြာမီ သူတို့နောက်သို့ လိုက်လာနေသော အလောင်းကောင်းနှစ်ကောင် တိတ်တဆိတ် ပေါ်လာခဲ့ပြီး ရန်ကိုင်တို့ ထွက်သွားသည့် ဘက်ဆီ မှုန်ကုတ်ကုတ် အမူအရာဖြင့် လှမ်းကြည့်လိုက်ကြသည်။
“ငါတို့ ဘာလုပ်ကြမလဲ။ သူတိူ့ အဲ့နေရာကို ဝင်သွားကြပြီ။ စီနီယာတွေတောင် အဲ့ထဲ ဝင်နိုင်တာ မဟုတ်ဘူး” အမျိုးသား အလောင်းကောင်စစ်သားက ပြောလိုက်သည်။
“ငါတို့ ဘာလုပ်နိုင်မှာလဲ” အမျိုးသမီး အလောင်းကောင်က သက်ပြင်းချ၍ “စီနီယာတွေတောင် မဝင်နိုင်တာ ငါတို့က ဘယ်လိုလုပ်ပြီး ဝင်နိုင်မှာပဲ။ ဒီမှာ စောင့်နေဖို့ပဲ ရှိတော့တယ်။ အဲ့ထဲက ရှေးဟောင်းယန်ဂိုဏ်းရဲ့ အဖိုးအတန်ဆုံး ရတနာ နေမီးလျှံ အမြူတေက ငါတို့ကို ဖိနှိပ်နိုင်တယ်လေ။ မဟုတ်ရင် စီနီယာတွေလည်း အဲ့ထဲ မဝင်နိုင်ဘဲ နေမှာ မဟုတ်ဘူး”
“အင်း၊ အဲ့နေမီးလျှံအမြူတေကို နေကြယ်တစ်လုံးရဲ့ အမြူတေကနေ သန့်စင်ထားတာဆို၊ ဘယ်လို ပညာရှင်ကများ ဘယ်လောက်တောင် အားကောင်းနေလို့ အဲ့လို အရာမျိုးကို သန့်စင်နိုင်တာလဲ မသိဘူး။ ပြီးတော့ အဲ့ဒါက ဘယ်လိုလုပ်ပြီး ရှေးဟောင်းယန်ဂိုဏ်း လက်ထဲ ရောက်နေတာလဲ”
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၂၉၇)
“အဲ့ဒါ ငါတို့နဲ့မဆိုင်ဘူး။ သူတို့ အဲ့ထဲ ဝင်သွားပေမယ့် သူတို့ရဲ့ ကျင့်ကြံခြင်းလေးနဲ့ နေမီးလျှံအမြူတေကို ဘယ်လိုမှ အပြင်ကို ယူလာနိုင်မှာ မဟုတ်ဘူး။ စိုးရိမ်မနေနဲ့” အမျိုးသမီး အလောင်းကောင်က ပြောလိုက်သည်။
“ဟုတ်တယ်” အမျိုးသား အလောင်းကောင်က ရယ်မော၍ “နေမီးလျှံအမြူတေဆိုတာ ကိုင်တွယ်ရ လွယ်တာ မဟုတ်ဘူး။ ငါတို့တောင် ဘာမှမလုပ်ရဘဲ သူတို့ဘာသာ သူတို့တောင် ပြန်ပြီး သေသွားနိုင်တယ်။ ဒီမှာပဲ ထိုင်စောင့်ကြည့်ကြတာပေါ့”
ထိုကဲ့သို့ တွေးပြီးသော် အလောင်းကောင်စစ်သား နှစ်ယောက် စလုံး စိတ်သက်သာရာ ရသွားသည်။ သူတို့၏ အရှိန်အဝါကို နောက်တစ်ဖန် ပြန်လည် ဖုံးကွယ်ထားပြီးနောက် ဘာဆက်ဖြစ်မလဲ ဆိုသည်ကို တိတ်တဆိတ် စောင့်ကြည့် နေလိုက်ကြတော့သည်။
ထိုစဉ် အတောအတွင်း၊ ရန်ကိုင်သည် သူ့ရှေ့ရှိ မြင်ကွင်းကို မြင်ပြီးနောက် ထရယ်တော့လေသည်။
ဤနေရာသည် သူတော်စင် သလင်းကျောက်နှင့် အမျိုးမျိုးသော သတ္တုများ သိမ်းဆည်းထားသော ဂိုဒေါင်တစ်ခု ဖြစ်နေခဲ့သည်။
အဆင့်မြင့် သူတော်စင် သလင်ကျောက်များသည် တောင်နှယ် ပုံထပ်နေကာ အပုံပေါင်းများစွာ ရှိနေခဲ့သည်။ တစ်ပုံတွင် သူတော်စင်သလင်းကျောက် အနည်းဆုံး သုံးလေးသန်းလောက် ရှိပေသည်။
တစ်နည်းဆိုရသော် ဤနေရာ၌ သူတော်စင်သလင်းကျောက် သန်းပေါင်းများစွာ ရှိပေသည်။
ဤခရီးတွင် သူတို့ ကြုံနေရသည့် ငွေရေးကြေးရေး အကြပ်အတည်းကို ဖြေရှင်းနိုင်ပါစေဟု ရန်ကိုင် ကြိတ်ကာ ဆုတောင်းနေခြင်း ဖြစ်သည်။ ယခုမူ သူဆုတောင်း ပြည့်ခဲ့လေပြီ။
နှစ်ယောက်သား အကြည့်ချင်း ဖလှယ်လိုက်ကြသည်။
သူတော်စင် သလင်းကျောက်များကို ချက်ချင်း ပြေးမကောက်ကြသေးဘဲ အနီးအနားတွင် ရှိနေသော ကျောက်စိမ်း တိုင်လုံးတစ်လုံးဆီ လှမ်းကြည့်လိုက်သည်။ ထိုကျောက်စိမ်း တိုင်လုံးသည် နှင်းကဲ့သို့ ဖြူဖွေးစွတ်နေပြီး လိုဏ်ဂူတစ်ခုလုံးကို အတော့်ကိုမှ အေးစက်နေစေသော အအေးဓါတ်ကို ထုတ်လွှတ် ထားသည်။
တိုင်လုံးပေါ်တွင် သိုလှောင်လက်စွပ် လေးကွင်းနှင့် အရံအတား ပါးပါးဖြင့် ကာကွယ်ထားသော ထူးဆန်းသော သတ္တုတစ်မျိုး ရှိနေခဲ့သည်။
ကျောက်စိမ်းတိုင်အား သေချာ သွားစစ်ဆေးကြည့်ပြီးနောက် ယန်ယန်က အလေးအနက် အမူအရာဖြင့် တိုးတိုးလေး ရေရွတ်လိုက်သည် “ဒါ… ဒါက နှစ်တစ်သောင်း ရေခဲကျောက်စိမ်းပဲ”
“နှစ်တစ်သောင်း ရေခဲကျောက်စိမ်း” ရန်ကိုင် မျက်လုံးပြူး မျက်ဆံပြူး ဖြစ်သွားပြီး စိုးရိမ်တကြီး ပြန်မေး၏ “နင်သေချာလို့လား”
“လုံးဝကို သေချာတယ်။ ဒါ နှစ်တစ်သောင်း ရေခဲ ကျောက်စိမ်းပဲ။ ငါလုံးဝ မမှားဘူး” ယန်ယန် လုံးဝ သေချာသည့် အမူအရာဖြင့် ပြောနေသည်ကို မြင်သော် ရန်ကိုင်လည်း ယုံသွားခဲ့သည်။ သို့သော် ထိုအခိုက်အတန့်တွင် ရန်ကိုင် အတော်လေး အံ့အားသင့်သွားခဲ့ရသည်။
ရေခဲကျောက်စိမ်းသည် ရှားပါးသော ရတနာတစ်မျိုး ဖြစ်သည်။ နှစ်တစ်သောင်း ရေခဲကျောက်စိမ်းဆိုလျှင် ပို၍ပင် ရှားပါးသည်။ နှစ်တစ်သောင်း ရေခဲကျောက်စိမ်းဖြင့် ပြုလုပ်ထားသော မှော်ရတနာသည် ရေခဲစွမ်းအင် ကျင့်ကြံသူများ အတွက် အခြား မည်သည့် မှော်ရတနာထက်မဆို ပို၍ လိုက်ဖက်ပေသည်။
သို့သော်လည်း နှစ်တစ်သောင်းရေခဲကျောက်စိမ်းအား အခြားနေရာတွင်လည်း အသုံးပြု၍ ရသေးသည်။ ရေခဲစွမ်းအင် မှော်ရတနာ တစ်မျိုးထဲကိုသာ နှစ်တစ်သောင်း ရေခဲကျောက်စိမ်း အနည်းအကျဉ်း ထည့်သွင်း ပြုလုပ်ထားမည် ဆိုပါက ထိုမှော်ရတနာ၏ စွမ်းအင်ကို သုံးဆယ်ရာခိုင်နှုန်းလောက် ပိုတိုးလာစေနိုင်သလို မှော်ရတနာသည် ပြိုင်ဘက်၏ ဝိဥာဉ်နှင့် ခန္ဓာကိုယ်ကို အေးခဲပစ်နိုင်သော အရှိန်အဝါကိုပါ ထုတ်လွှတ် လာနိုင်ပေလိမ့်မည်။
နှစ်တစ်သောင်း ရေခဲကျောက်စိမ်းသည် ကျောက်စိမ်းကြီး သုံးမျိုးအနက် တစ်မျိုးဟု သိရပြီး လက်သီးဆုပ် အရွယ်လေးပင် မိုးထိမတတ်ဈေးဖြင့် ရောင်းချကြသည်။
သူတို့ရှေ့တွင် ရှိနေသော အရွယ်အစားလောက် ဆိုပါက မည်မျှ ကုန်ကြမည်လဲ ဆိုသည်ကို ရန်ကိုင် မတွေးတတ်တော့ပေ။ သို့သော်လည်း သူထိတ်လန့်နေရသည်ကား ထိုကဲ့သို့သော အလွန် အဖိုးတန်သည့် နှစ်တစ်သောင်းကျောက်စိမ်းကို သိုလှောင်လက်စွပ် လေးကွင်းနှင့် ထူးဆန်းသော သတ္တု၏ အောက်ခံအဖြစ်သာ သုံးထားသောကြောင့် ဖြစ်ပေသည်။
သိုလှောင်လက်စွပ်များသည် ဘာမှ ထူးထူးဆန်းဆန်း မဟုတ်၊ သို့သော် အလယ်တွင် ရှိနေသည့် ဖရဲသီးအရွယ် သတ္တုမှာမူ အဖိုးတန် ရတနာတစ်ခု ဖြစ်ရပေလိမ့်မည်။ မဟုတ်လျှင် အကာအရံ တစ်ခုဖြင့် ကာကွယ်ထားလိမ့်မည် မဟုတ်ချေ။
ရန်ကိုင် ယန်ယန်အား လှမ်းကြည့်ကြည့်လိုက်ရာ ယန်ယန်၏ အမူအရာ လေးနက်တည်ကြည်နေသည်ကို တွေ့လိုက်ရသည်။ ယန်ယန်လည်း ထိုသတ္တု ဘာသတ္တုလဲ ဆိုသည်ကို မသိသည့်ပုံပင်။
“သိုလှောင်လက်စွပ်တွေကို အရင် တစ်ချက် ကြည့်ကြည့်ရအောင်” အချိန်အတော်ကြာအောင် စောင့်ကြည့် နေလိုက်သော်လည်း ယန်ယန်မှ တစ်ခွန်းမှ မပြောသေးသဖြင့် ရန်ကိုင်က စပြောလိုက်သည်။
သိုလှောင်လက်စွပ်များကို ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေးကြည့်ပြီးနောက် ရန်ကိုင် ခေါင်းတညိတ်ညိတ် ဖြစ်သွားသည်။
သိုလှောင်လက်စွပ်များထဲတွင် သူတော်စင်သလင်းကျောက် တစ်ဝက်နှင့် ရှားပါးသတ္တု တစ်ဝက် ရှိနေခဲ့သည်။ အထဲတွင် ရှိနေသော သတ္တုများသည် အပြင်ဘက်တွင် ရှိနေသည့် သတ္တု များထက် ပို၍ ရှားပါးအဖိုးတန်မည်မျှ ပြောစရာပင် မလိုချေ။
ရန်ကိုင်သည် သိုလှောင်လက်စွပ်များကို ယန်ယန်ဆီ ပစ်ပေးလိုက်သည်။ သိုလှောင်လက်စွပ်များကို တစ်ချက် စစ်ဆေးကြည့်လိုက်ပြီးနောက် ပျော်ရွှင်စွာ ခေါင်းညိတ်လိုက်ပြီး “ဒါတွေနဲ့ဆို ငါသန့်စင်ဖို့ စီစဉ်နေတဲ့ ရတနာကို သန့်စင်လို့ရပြီ”
“ဘာရတနာလဲ” ရန်ကိုင်က စိတ်ဝင်တစား အမူအရာဖြင့် ပြန်မေးသည်။ ယန်ယန် မည်သည့် မှော်ရတနာကို သန့်စင်ချင်နေမှန်း သူမသိချေ။
“လျှို့ဝှက်ချက်၊ အဲ့အချိန်ကျ ငါနင့်ဆီကနေ အကူအညီ လိုကောင်းလိုလာလိမ့်မယ်” ယန်ယန်က ပြုံးလိုက်ပြီး သိုလှောင် လက်စွပ်များကို ပြန်ပေးလိုက်သည်။
ရန်ကိုင်လည်း သူမအား တစ်ချက်သာ ကြည့်လိုက်ပြီး ဘာမှ ထပ်မေးမနေခဲ့ချေ။ လက်စွပ်များကို ပြန်သိမ်းလိုက်ပြီးနောက် ကျောက်စိမ်းတိုင်ပေါ်ရှိ အရံအတားဆီ ပြန်အာရုံစိုက်၍ မေးလိုက်သည် “နင်ဒါကို ဖွင့်လို့ရလား”
“ရတယ်” ယန်ယန်က အသာအယာ ခေါင်းညိတ်လိုက်ပြီး “ဒါပေမယ့် နင်ဒါကို ဖွင့်ချင်တာ သေချာလား။ ဘာမှန်း မသိပေမယ့် အဲ့လိုလုပ်ရင် အန္တရာယ်များလိမ့်မယ်လို့ ငါခံစားနေရတယ်”
“နင်ခံစားမိတယ်လား” ရန်ကိုင် အံ့အားသင့်သွားသည်။ သူဘာသာ ထင်ယောင်ထင်မှား ဖြစ်နေခြင်း ဖြစ်သည်ဟုသာ ထင်နေခဲ့သော်ငြား ယန်ယန်သည်လည်း သူကဲ့သို့ ခံစား နေရလိမ့်မည်ဟု မထင်ထားခဲ့ချေ။ ချက်ချင်းဆိုသလို ရန်ကိုင်၏ အမူအရာ လေးနက်တည်ကြည်သွားခဲ့သည်။ သူ့ရှေ့တွင် ရှိနေရုံဖြင့် သူ့အား စိတ်မသက်မသာ ဖြစ်စေသော အရာသည် လုံးဝ အန္တရာယ် ရှိမည်မှာ ပြောနေစရာ မလိုချေ။ သို့ရာတွင် ထိုအရာသည် အလွန် အန္တရာယ် များသော်လည်း အလွန် အဖိုးအတန်မည်မှာလည်း လုံးဝ သံသယ ရှိစရာ မလိုချေ။
ယန်ယန်သည် ဘာတစ်ခွန်းမှ မပြောဘဲ သူမတို့ ရှေ့ရှိ ဖရဲသီးအရွယ် သတ္တုကိုသာ စိုက်ကြည့်နေသည်။ ခဏအကြာတွင် ခေါင်းညိတ်၍ “ဖွင့်ကြည့်ကြတာပေါ့။ အန္တရာယ် ရှိမယ် ဆိုရင်တောင် ငါတို့က ကိုယ့်ကိုယ်ကို မကာကွယ်နိုင်တဲ့ လူတွေမှ မဟုတ်တာ။ မဟုတ်လို့ ဒီအထိ ရောက်လာပြီးမှ ဒီအတိုင်းပဲ ထားပစ်ခဲ့လိုက်ရမယ် ဆိုရင် နှမြောစရာ ဖြစ်ကုန်မှာ”
ပြောပြီးသည်နှင့် သူမ၏ လက်သုံးတော် ပစ္စည်းများကို ထုတ်၍ လုပ်ငန်း စတော့လေသည်။
ထိုအခြင်းအရာကို မြင်သည့်အခါ ရန်ကိုင် နိုးနိုးကြားကြား ဖြစ်သွားသည်။ အချိန်မရွေး လှုပ်ရှားနိုင်ရန် သူတော်စင်ချီကို ချက်ချင်း လှည့်ပတ်ထားလိုက်သည်။
ခဏလောက် စဉ်းစားပြီးနောက် ကျောက်တုံးရုပ်သေးရုပ်ကိုပါ ထုတ်လိုက်သည်။ ကျောက်တုံး ရုပ်သေးရုပ်သည် အပြင်သို့ ရောက်သည်နှင့် ရန်ကိုင် အမိန့်ပေးသည့်အတိုင်း သူတော်စင် သလင်းကျောက်များနှင့် ရှားပါးသတ္တုများကို စုတင် စုပ်ယူတော့သည်။
ကျောက်တုံးရုပ်သေးရုပ်၏ ခန္ဓာကိုယ်သည် အလွန်ကိုမှ ဆန်းကြယ်သည်။ ကျောက်တုံးရုပ်သေးရုပ်သည် အကောင် သေးသော်လည်း ၎င်း၏ ဝမ်းဗိုက်သည် အဆန်မတန် ကျယ်သည်။ မျက်တောင်တစ်ခတ်အတွင်း သူတော်စင်သလင်းကျောက် များစွာကို စုပ်ယူပြီးသွားခဲ့လေပြီ။
ယန်ယန်အား ထိုအကြောင်းနှင့် ပက်သက်၍ ရန်ကိုင် မေးခဲ့ဖူးသည်။ ယန်ယန် ပြန်ပြောသည်ကား ကျောက်တုံး ရုပ်သေးရုပ်များသည် သတ္တုများကို ဝါးမြိုနိုင်သည့် မွေးရာပါ စွမ်းရည်ကို ပိုင်ဆိုင်ထားကြပြီး သတ္တုများကို ဝါးမြိုရင် ဆင့်ကဲ ပြောင်းလဲနိုင်ကြသည်။ ၎င်းတို့ ဝါးမြိုလိုက်သည့် သတ္တု အများစုကို ပြန်ထွေးထုတ်ပြီး တစ်စိတ်တစ်ပိုင်းကို သူတို့ကိုယ်သူတို့ အဆင့်မြှင့်တင်ရန်အတွက် အသုံးပြုကြသည်။
ထို့အပြင် ကျောက်တုံးရုပ်သေးရုပ်များသည် သူတို့ ဝါးမြိုလိုက်သည့် သတ္တုများ၏ အချို့သော ဂုဏ်သတ္တိများကို အသုံးပြုနိုင်ကြပေသည်။
ကျောက်တုံးရုပ်သေးရုပ်သေး ပထမဆုံး ဝါးမြိုခဲ့သည့် သတ်တုသည် လေဟာနယ်ဝိဥာဉ် သလင်းကျောက်များ ဖြစ်သည့် အတွက်ကြောင့် ကျောက်တုံးရုပ်သေးရုပ်၏ ဝမ်းဗိုက် အတွင်းပိုင်းသည် ရှိရင်းစွဲထက် အဆများစွာ ပိုကျယ်သွားရသည်။ မဟုတ်လျှင် ကျောက်တုံးရုပ်သေးရုပ်တစ်ကောင် သတ္တုများကို ဝါးမြိုနိုင်သည် ဆိုလျှင်ပင် ရှောင်ရှောင် လုပ်နေသကဲ့သို့ လုပ်နိုင်လိမ့်မည် မဟုတ်ချေ။
ကျောက်တုံးရုပ်သေးရုပ်က သူတော်စင်သလင်းကျောက်နှင့် သတ္တုများကို သိမ်းဆည်းနေသဖြင့် ရန်ကိုင်သည် ဖရဲသီးအရွယ် သတ္တုပေါ်တွင်သာ ပြန်အာရုံ စိုက်ထားလိုက်သည်။
ထူးဆန်းသော သတ္တုအား ကာရံထားသည့် အရံအတားသည် အတော်လေးကိုမှ ထူးဆန်းပေသည်။ ယန်ယန်ပင်လျှင် ထိုအရံအတားကို ဖျက်စီးရန် အတော်လေး အချိန်ယူနေခဲ့ရသည်။ မမျှော်လင့်ထားသည့် အရာ တစ်ခုခု ဖြစ်လာမည်ကို စိုးရိမ်သည့် အတွက်ကြောင့် ရန်ကိုင်သည် သူ့ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်၍ သေချာ စောင့်ကြည့်နေခဲ့သည်။
တစ်ချက်လောက် စစ်ဆေးကြည့်ပြီးသည့်နောက် ရန်ကိုင် အတော်လေး အံ့အားသင့်သွားခဲ့ရသည်။
လိုဏ်ဂူ အပြင်ဘက်တွင် အလောင်းချီ အရှိန်အဝါ နှစ်ခု ပုန်းအောင်းနေသည်ကို သူအာရုံ ခံမိလိုက်သည်။ ထိုအရှိန်အဝါ နှစ်ခုသည် အတတ်နိုင်ဆုံး သူတို့ကိုယ် သတိမပြုမိအောင် ပုန်းအောင်းနေကြသော်ငြား ရန်ကိုင်၏ အားကောင်းသော ကောင်းကင်စိတ်အာရုံအောက်မှ ပြေးမလွတ်ခဲ့ချေ။
ရန်ကိုင် စိတ်သက်သာရာ ရသွားသည်ကား ထိုအလောင်းကောင် နှစ်ကောင်သည် သူတော်စင်ဘုရင် တတိယ အဆင့်သာ ရှိသေးသည် ဆိုသော အချက်ပင်။ ထို့အပြင် သူတို့အား လာရောက် တိုက်ခိုက်မည့် အရိပ်အယောင်မပြ။ နေရာတွင် ရပ်၍သာ သူတို့အား တိတ်တိတ်လေး စောင့်ကြည့်နေကြသည်။
ထိုအလောင်းကောင် နှစ်ကောင်သာ သူတို့အား လာရောက် မတိုက်ခိုက်လျှင် ရန်ကိုင်ကလည်း ဘာမှ သွားလုပ်လိမ့်မည် မဟုတ်ချေ။ ထို့ကြောင့် ထိုနှစ်ကောင်အား သတိမပြုမိချင်ယောင် ဆောင်လျက် သူတို့၏ လှုပ်ရှားမှုများကို စောင့်ကြည့်နေရင်း ယန်ယန်အား ဆက်လက် ကာကွယ်ပေးထားခဲ့သည်။
သူတို့သာ ဤထဲတွင် ရှိနေသမျှ အဖိုးတန် ရတနာ အားလုံးကို သိမ်းကျုံးသယ်ဆောင်သွားနိုင်မည် ဆိုပါက ဤခရီး တန်သွားပြီဟု ပြော၍ရသည်။ ထိုအခါ ယန်ယန်ကိုခေါ်၍ လေဟာနယ်ကို ဆုတ်ဖြဲပြီး ထွက်ပြေးရုံပင်။ အလောင်းစစ်သားများစွာ သူတို့အား သတိထားမိသွားမည် ဆိုလျှင်ပင် ဂရုစိုက်နေစရာ မလိုချေ။
အရိပ်ကြယ်ပေါ်သို့ မရောက်ခင်က အခြားလူတစ်ယောက်ကို ခေါ်၍ ဟင်းလင်းပြင်ထဲ လျှောက်မသွားရဲချေ။ ဟင်းလင်းပြင်သည် အလွန်ကိုမှ မတည်ငြိမ်သလို အန္တရာယ်များစွာနှင့် ပြည့်နေသည့် နေရာတစ်ခုလည်း ဖြစ်သည်။ ဟင်းလင်းပြင်ကို ဖြတ်သန်း သွားနေစဉ် အတောအတွင်း အန္တရာယ် တစ်ခုခုနှင့် ကြုံရပါက သူ့ဘာသာ ရင်ဆိုင်ကျော်လွှားနိုင်သည်။ သို့သော် သူနှင့်အတူ အခြား လူတစ်ယောက်ပါ အတူ ရှိနေမည်ဆိုလျှင် ထိုလူကိုပါ လုံခြုံအောင် ကာကွယ်ပေးနိုင်လိမ့်မည်ဟု အာမ မခံနိုင်ချေ။
သို့ရာတွင် ယခုမူ ဟင်းလင်းပြင်အပေါ် သူ့နားမှုသည် သိသိသာသာ တိုးတက် မြင့်မားလာခဲ့လေပြီ။ ထို့အတွက်ကြောင့် အခြားလူတစ်ယောက်ကို ခေါ်၍ မိုင်တစ်ထောင်လောက် အကွာသို့ ဟင်းလင်းပြင်ကို ကျော်ဖြတ် သွားလာရန်မှာ ကိစ္စ မရှိတော့ပေ။
သူ့တွင် ထိုကဲ့သို့သော ယုံကြည်ချက် ရှိနေသဖြင့် ရန်ကိုင် ဘာကိုမှ မကြောက်တော့ချေ။
ယန်ယန်မှ ကြိုးစားနေသည့်တိုင် ထူးဆန်းသော သတ္တုအား ကာရံထားသည့် အရံအတားမှာ တောက်ပမြဲ တောက်ပနေဆဲပင်။ သို့သော် သေချာ အနီးကပ်ကြည့်မည် ဆိုပါက အရံအတား၏ မျက်နှာပြင်ပေါ်တွင် လှိုင်းတွန့်လေးများ ထွက်ပေါ်လာသည်ကို သတိပြုမိနိုင်ပေသည်။ တစ်ချိန်တည်းတွင် အကာအရံဿည် ကျုံ့လိုက်၊ ကျယ်လိုက် ဖြစ်လာခဲ့သည်။
အစီအရင်အား ဖြိုခွဲရန် ကြိုးစားနေသည့် ယန်ယန်၏ အမူအရာမှာလည်း အခြား အစီအရင်များကို ဖြိုခွဲစဉ်ကနှင့် မတူဘဲ ထူးထူးခြားခြားကို လေးနက်တည်ကြည်နေဲ့သည်။ အားစိုက်ရသည့် အတွက်ကြောင့်လား မသိရာ၊ သူမ၏ ပါးလေးများဆိုလျှင် နီပင် နီမြန်းနေခဲ့လေသည်။
အချိန်ကြာလာသည်နှင့် အရံအတား ပို၍ တွန့်လိမ်လာခဲ့၏။ မကြာမီ အရံအတား ဖျက်စီးတော့ပေမည်။
ရုတ်တရက် ယန်ယန်က အလေးအနက် အမူအရာဖြင့် ရေရွတ်လိုက်သည် “သတိထား”
ယန်ယန်မှ ထိုကဲ့သို့ ပြောလိုက်သည်နှင့် တစ်ပြိုင်နက် အကာအရံ ပျက်စီးသွားခဲ့ပြီး လွန်စွာကိုမှ ထိတ်လန့်ဖွယ်ရာ ကောင်းလှသော အပူစွမ်းအင်တို့ ထူးဆန်းသော သတ္တုဆီမှ ပေါက်ကွဲထွက်လာခဲ့သည်။
လိုဏ်ဂူတစ်ခုလုံး၏ အပူချိန် ရုတ်ချည်း မြင့်တက်သွားပြီး သိပ်သည်းလွန်းလှသော မီးစွမ်းအင်တို့သည် မီးနဂါးအသွင်သို့ ပြောင်းလျက် အပြင်သို့ ခုန်ထွက်လာခဲ့သည်။
ယန်ယန်၏ မျက်နှာလေး ဖြူလျော်သွားခဲ့သည်။ အကာအရံကို ဖျက်စီးလိုက်ခြင်းသည် အန္တရာယ်နှင့် ကြုံတွေ့ရမည်မှန်း မျှော်လင့် ထားခဲ့သော်လည်း အကာအရံကို ဖျက်စီးပြီးပြီးချင်း ကြုံရမည်ဟု မထင်ထားခဲ့ချေ။ မီးနဂါးသည် သူမဆီသို့ပင် မရောက်သေးသော်ငြား သူမတစ်ကိုယ်လုံး အရည်ပျော်တော့မလို ယန်ယန် ခံစားနေခဲ့ရသည်။
ယန်ယန် ကိုယ်ပေါ်ရှိ များစွာသော အကာအကွယ် မှော်ရတနာများ အလိုလို အသက်ဝင်လာခဲ့ရာ သူမရှေ့တည့်တည့်၌ အကာအရံပေါင်းများစွာ ထွက်ပေါ်လာခဲ့လေသည်။
ထိုမှော်ရတနာများသည် တန်ခိုးရှင်အဆင့်နိမ့် မှော်ရတနာများသာ ဖြစ်သော်လည်း သူမအတွက် အထူးသီးသန့် ဖန်တီးထားသော မှော်ရတနာများ ဖြစ်သဖြင့် မှော်ရတနာများမှ ထုတ်ဖော်ထားသည့် စွမ်းအားမှာ တန်ခိုးရှင် အထွဋ်အထိပ်အဆင့် မှော်ရတနာများမှ ထုတ်လွှတ်သည့် စွမ်းအားအောက် မနိမ့်ကျပေ။
သို့သော်လည်း မီးနဂါးနှင့် ထိသွားသည်နှင့် တစ်ပြိုင်နက် ယန်ယန်ရှေ့တွင် ရှိနေသော အကာအရံအားလုံး အက်ကွဲကာ အငွေ့ပျံကုန်လေသည်။ သူမ ဝတ်ထားသည် နားကြပ်နှစ်ဖက်၊ လက်ကောက်ဝတ်ရှိ လက်ကောက်လေးတို့ ကြေမွ ပျက်စီးသွားကုန်သည်။ သူမဝတ်ထားသည် ချပ်ဝတ်တန်ဆာ သည်လည်း အရောင်မှိန်သွားခဲ့လေပြီ။
အလွှာသုံးလွှာ အကာအရံသည် ချဉ်းကပ်လာနေသော မီးလှိုင်းကို လုံးဝ မခုခံနိုင်ခဲ့ချေ။ သူမ၏ ဂုဏ်ယူရသော မှော်ရတနာ အချို့ပင်လျှင် မီးလှိုင်းအား ခုခံရင်း ပျက်စီးသွားကုန်ကြရသည်။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၂၉၈)
အကာအကွယ် မှော်ရတနာသုံးခု ပျက်စီးသွားသည်နှင့် တစ်ပြိုင်နက် ယန်ယန် အလန့်တကြား ထအော်လေသည်။
ထိုစဉ် ရန်ကိုင်က ယန်ယန်အား သူ့နောက်သို့ ဆွဲခေါ်လိုက်ပြီး သူမရှေ့တွင် ကာရပ်လိုက်သည်။ ထို့နောက် တိုးဝင်လာနေသော မီးနဂါးဆီ အနက်ရောင်မီးဘောလုံးနှစ်လုံး ပစ်လွှတ်လိုက်သည်။
ရန်ကိုင်သည် နတ်ဆိုးမီးတောက်၏ စွမ်းအားကို အအေးစွမ်းအင် အဖြစ်သို့ ပြောင်းလဲထားပြီးလေပြီ။ သို့သော် သူ့မီးဘောလုံးများသည်လည်း မီးနဂါးနှင့် တွေ့သည်နှင့် ချက်ချင်း ပျောက်ကွယ်သွားခဲ့ရသည်။
ထိုအခြင်းအရာကိုမြင်သော် ရန်ကိုင် အမူအရာ ပြောင်းလဲသွားသည်။ အလျင်စလို နောက်ပြန်ဆုတ်လိုက်ပြီး မှော်ရတနာ စိတ်ဝိဥာဉ်ကို ခေါ်ထုတ်လိုက်သည်။ စူးရှသည့် မီးငှက် အော်ကြွေးသံ သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်လာပြီး တစ်ချိန်တည်း မီးငှက် လေထဲတွင် ထွက်ပေါ်လာခဲ့သည်။ တောင်ပံနှစ်ဖက်အား ခမ်းနားတင့်တယ်စွာ ဖြန့်ကားလျက် တိုးဝင်လာနေသော မီးနဂါးဆီ မီးတောက်အလင်းတန်း မှုတ်ထုတ်လိုက်သည်။ သို့သော်လည်း ထိုတိုက်ခိုက်မှုသည်ပင်လျှင် မီးနဂါးအား တစ်ချက်ကလေးပင် တုန့်နှေးသွားအောင် မလုပ်ဆောင်နိုင်ခဲ့ချေ။
မီးနဂါးသည် ရပ်တန့်မရသော စစ်ကြောင်းတစ်ခုနှယ် ရန်ကိုင် ပြုလုပ်ထားသမျှ အကာအရံတိုင်းကို ချိုးဖျက်၍ အတားအဆီးမရှိ ရှေ့သို့ ဆက်လက် ချီတက်လာနေခဲ့သည်။
မီးငှက်၏ မျက်လုံးထဲ ထိတ်လန့်ကြောက်ရွံ့သည့် အရိပ်အယောင်တို့ ဖြတ်ပြေးသွားခဲ့သည်။ သို့သော်လည်း ထိုကြောက်ရွံ့မှုတို့ နေရာတွင် အောက်ကျမခံလိုသည့် အရိပ်အယောင်တို့က ချက်ချင်း အစားထိုး နေရာယူလာခဲ့သည်။ တစ်ချိန်တည်းတွင် မီးငှက်သည် သူ့ခန္ဓာကိုယ် တစ်ခုအားလုံး အလင်းတန်းတစ်ခုအသွင်သို့ ပြောင်းစေလျက် တိုးဝင်လာနေသော မီးနဂါးအား ခေါင်းချင်းဆိုင် ပြေးဝင်တိုက်လေသည်။
မီးငှက်နှင့် မီးနဂါး ထိပ်တိုက်တွေ့သွားချိန် လှိုင်ဂူတစ်ခုလုံး မျက်စိကျိန်းမတတ် လင်းထိန်သွားခဲ့သည်။
သို့သော် မီးငှက်၏ ထိုကဲ့သို့သော တိုက်ခိုက်မှုသည်ပင် မီးနဂါးအား တစ်ချက်ကလေးသာ တုန့်နှေးသွားအောင် လုပ်နိုင်၏။ မီးငှက်မှာမူ စူးစူးရှရှ အော်ဟစ်လျက် မီးနဂါးဆီမှ အလျင်အမြန် ပြန်ဆုတ်လာပြီး ရန်ကိုင်ကိုယ်ထဲသို့ ပြန်လည် တိုးဝင် ပျောက်ကွယ်သွားခဲ့သည်။
ရန်ကိုင် အမူအရာ အပြောင်းကြီး ပြောင်းလဲသွားခဲ့လေပြီ။
ရန်ကိုင်သည် တန်ခိုးရှင်ဘုရင်အဆင့် ပန်းပဲမီးဖိုကို သန့်စင်ထားသည့် အတွက်ကြောင့် မီးငှက်၏ အခြေအနေ မည်သို့ ရှိသလဲ ဆိုသည်ကို ပြောနိုင်သည်။ ဤတန်ခိုးရှင်ဘုရင်အဆင့် ပန်းပဲမီးဖိုသည် မြေအဆုတ်မီးတောက်ကန်ထဲတွင် နှစ်ပေါင်း သောင်းနှင့်ချီအောင် အပူပေးခံလာခဲ့ရးခြင်း ဖြစ်သည်။ သို့တိုင် မီးနဂါး၏ အပူစွမ်းအင်ကြောင့် မီးငှက် ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားခဲ့ရသည်။ ရန်ကိုင် မထိတ်လန့်ဘဲ ဘယ်နေမည်နည်း။
မီးငှက်သည် အလွန်သန့်စင်လှသေား မီးစွမ်းအင်ဖြင့် ဖွဲ့တည်လာသော မှော်ရတနာစိတ်ဝိဥာဉ်ဟု ပြောနိုင်သည်။ ထိုသိုဆိုလျှင် မီးနဂါးအား ဖြစ်ပေါ်စေသော မီးစွမ်းအားသည် မည်မျှ အားကောင်းနေ၍များ မီးငှက်ကိုပင် ကြောက်ရွံ့သွားစေနိုင်ရသနည်း။
မီးငှက် ဒဏ်ရာရသွားခဲ့သော်ငြား မီးနဂါး၏ စွမ်းအားမှာလည်း အတော်လေး လျော့ကျသွားသည့်ပုံပင်။ မီးနဂါး၏ အရောင်အဝါ အတော်လေး မှိန်ကျသွားခဲ့သလို အရွယ်အစားလည်း အတော်လေး သေးသွားသည်။ သို့တိုင် ၎င်း၏ ခေါင်းကို လှုပ်ခါလျက် ရန်ကိုင်ဆီသို့ ဆက်လက် တိုးဝင်လာနေသေးသည်။
မီးနဂါးကို ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်လျှင် ဘာမှ အကျိုးထူးမည် မဟုတ်မှန်း သိလိုက်သည့်အခါ ရန်ကိုင်သည် ဟင်းလင်းပြင်စွမ်းအားကို သုံးရန်သာ ဆုံးဖြတ်လိုက်တော့သည်။ အံကြိတ်၍ အသက်ပြင်းပြင်းရှူသွင်းလျက် သူ့ရှေ့တည့်တည့်ရှိ လေဟာနယ်ကို ဆုတ်ဖြဲလိုက်သည်။
ချက်ချင်းဆိုသလို အရာအားလုံးကို ဝါးမြိုးပစ်နိုင်ဟန် ထင်ရသည့် အဆုံးမဲ့ တွင်းနက်ကြီးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။ ရန်ကိုင်မှ ဟင်းလင်းပြင်ကို ဆက်လက် ဆုတ်ဖြဲနေလေရာ ထိုတွင်းနက်ကြီးမှာလည်း တဖြည်းဖြည်း ကျယ်ပြန့်လာနေခဲ့၏။
ဟင်းလင်းပြင် အက်ကွဲကြောင်း ဖြစ်ပေါ်လာသည့်အခါ မီးနဂါး ထိုထဲသို့ တွင်းသွားလေသည်။
ဟင်းလင်းပြင် အက်ကွဲကြောင်းသည် အချိန်မရွေး ပြိုကျတော့မည်နှယ် မတည်မငြိမ် ဖြစ်လာခဲ့ရာ လေဟာနယ်လည်း စတင်တွန့်လိမ်လာခဲ့ရလေသည်။ ရန်ကိုင်လည်း အံကြိတ်၍ တတ်စွမ်းသမျှ စွမ်းအားကိုသုံးလျက် ဟင်းလင်းပြင် အက်ကွဲကြောင်း ချက်ချင်း ပျက်စီးမသွားအောင် တတ်နိုင်သမျှ ထိန်းချုပ်လိုက်သည်။
အသက်သုံးရှိုက်စာ ကြာပြီးသည့်နောက် မီးနဂါး လုံးဝ ပျောက်ကွယ်သွားခဲ့လေသည်။ တစ်ချိန်တည်းတွင်း ရန်ကိုင် ဖန်တီးထားသည့် ဟင်းလင်းပြင် အက်ကွဲကြောင်းသည်လည်း မှန်တစ်ချက်ပမာ ကွဲကြေပျက်စီးသွားခဲ့သည်။
မီးနဂါး ပျောက်ကွယ်သွားတော့မှပဲ ရန်ကိုင် စိတ်သက်သာရာ ရနိုင်တော့သည်။ ပင်ပန်းလွန်းသဖြင့် မောကြီးပန်းကြီး အသက် ရှူလိုက်သည်။ သူ့နားတွင် ရှိနေသော ယန်ယန်မှာမူ ကြောက်ရွံ့မှုကြောင့် တုန်ရီနေခဲ့လေသည်။
သို့သော်လည်း မီးနဂါး ပျောက်ကွယ်သွားပြီးနောက် ယန်ယန် တစ်ခုခုကို စဉ်းစားမိသွားကာ ချက်ချင်း ထူးဆန်းသော သတ္တုအား လှမ်းကြည့်လိုက်သည်။ သူမ၏ မျက်ခမ်းလေးများ တဆတ်ဆတ် တုန်ရီသွားပြီး မျက်အိမ်များလည်း မတည်မငြိမ် ဖြစ်လာကာ လုံးဝကို အံ့အားသင့်နေသည့် အမူအရာဖြင့် ပါးစပ်လေးကို အုပ်လျက် ရေရွတ်လိုက်သည် “နေမီးလျှံအမြူတေလား”
ထိုစကားကို ကြားလိုက်သည့်အခိုက် မယုံနိုင်စရာတစ်ခုကို ကြားလိုက်ရသည့်အလား ရန်ကိုင်၏ မျက်ဝန်းများ တဖျက်ဖျက် လင်းလက်တောက်ပလာခဲ့လေသည်။
ထူးဆန်းဖို့ကောင်းသည့် အချက်သည်ကား မီးနဂါး ဟင်းလင်းပြင်ထဲ တိုးဝင် ပျောက်ကွယ်သွားပြီးနောက် နေမီးလျှံ အမြူတေဟု ခေါ်သောအရာသည် ရိုးရိုးသာမန် ကျောက်တုံး တစ်တုံးနှယ် ပြန်ဖြစ်သွားခဲ့လေသည်။ အနားတွင် လာချထားလျှင် လမ်းဘေးရှိ ကျောက်တုံးတစ်တုံးဟု ထင်မိမည်မှာ အမှန်ပင်။
သို့သော်လည်း သူတို့တွင် ထိုအကြောင်း တွေးနေရန် အချိန် မရှိ။ ရန်ကိုင်နှင့် ယန်ယန်သည် ဤနေရာထဲသို့ လူမသိအောင် ခိုးဝင်လာခြင်း ဖြစ်သည်။ အလောင်းကောင်နှစ်ကောင် သူတို့ နောက်သို့ တိတ်တိတ်လေး လိုက်လာသော်လည်း သူတို့အား တားမည့် အရိပ်အယောင် မပြချေ။
သို့သော်လည်း အစောပိုင်းက အဖြစ်အပျက်သည် အိပ်စက်နေသော အလောင်းကောင်များအား နှိုးလိုက်မိသလို ဖြစ်သွားသည်မှာ သေချာသလောက် ရှိသည်။
ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်စစ်ဆေးကြည့်ပြီးနောက် ရန်ကိုင်၏ အမူအရာ ရှုံ့မဲ့သွားခဲ့ရသည်။ သူ့အထင် မှန်ပေသည်။ အိပ်စက်နေသော အလောင်းကောင် အများစု နိုးလာနေကြပြီ ယခု သူတို့ ရှိနေသည့် နေရာဆီသို့ အလျင်အမြန် လာနေကြသည်။
တစ်ချိန်တည်းတွင် ဟိုးမြေအောက်အတွင်းမှ မပီမပြင် အော်ဟစ်သံတစ်သံ ထွက်ပေါ်လာခဲ့သည်။ ထိုအော်သံထဲ အားကောင်း သိပ်သည်းလှသော အားကောင်းသိပ်သည်းလှသော မကောင်းဆိုးရွား အရှိန်အဝါတို့ ပါဝင်နေသည်။ အသံကို ကြားလိုက်ရုံဖြင့် ရန်ကိုင်၏ ဝိဥာဉ် တုန်ခါသွားပြီး သူ့မျက်လုံးများ နီရဲသွားကာ သွေးခုန်နှုန်းလည်း မြန်ဆန်လာခဲ့ရသည်။
ထိုအော်သံကို ကြားလိုက်သည့်အချိန် ရန်ကိုင်ဆီသို့ လာနေသည့် အလောင်းကောင်စစ်သားများသည် အမိန့်တစ်ခုကို ရလိုက်သည့်အခါ အသီးသီး ပြန်လည် အော်ဟစ်လိုက်ကြသည်။ ထို့နောက် ချက်ချင်းဆိုသလို ရန်ကိုင်ရှိနေသည့် နေရာဆီသို့ ပိုမို မြန်ဆန်သည့် အမြန်နှုန်းဖြင့် ပြေးလာတော့လေသည်။
ထိုကောင်များ အော်သံများသည် ကြားလိုက်သည့် လူတိုင်းအား ကြက်သီးမွှေးညင်း ထသွားစေနိုင်သည်။ ပုန်းနေသော အလောင်းစစ်သား နှစ်ကောင်းလည်း ဆက်ပုန်းမနေတော့ဘဲ ပုန်းအောင်းနေရာမှ ထွက်လာလျက် လိုဏ်ဂူဝင်ပေါက်ဝတွင် ရပ်ရင်း ရန်ကိုင်နှင့် ယန်ယန်တို့အား မာန်စွယ်ဖီပြနေလေသည်။
ထိုအခြင်းအရာကိုမြင်သော် ယန်ယန် မျက်နှာပျက်သွား၏။
သို့သော်လည်း ထိုအလောင်းကောင်စစ်သား နှစ်ကောင်သည် ရန်ကိုင်နှင့် ယန်ယန်ဆီသို့ ချက်ချင်း ပြေးဝင်လာမည့်ပုံမပေါ်။ သူတို့ နှစ်ယောက်အား စိုက်ကြည့်နေရင်း နေမီးလျှံအမြူတေအား မကြာမကြာ လှမ်းလှမ်းစစ်ဆေးကြည့်နေသည်။ ထိုသို့ စစ်ဆေးလိုက်တိုင်း သူတို့ မျက်ဝန်းထဲ ကြောက်ရွံ့ရိပ်တို့ လက်သွားခဲ့သည်။
အလောင်းကောင်စစ်သားများ ပေါ်လာသည်နှင့် ယခင်က မှေးမှိန်နေခဲ့သော နေမီးလျှံအမြူတေသည် ရုတ်တရက် ကြောက်မက်ဖွယ်ရာ အပူစွမ်းအင်တို့ကို ထုတ်လွှတ်လာခဲ့သည်။ သို့သော်လည်း အပူစွမ်းအင်ကို ထုတ်ဖော်ထားရုံ သက်သက် ဖြစ်သည့် အတွက်ကြောင့် အလောင်းကောင်စစ်သားများ အနီးမကပ်လာလျှင် ဘာမှလုပ်လိမ့်မည် မဟုတ်ချေ။
ထိုအခြင်းအရာကိုမြင်သော် ရန်ကိုင် ပျော်သွားခဲ့ပြီး သူတော်စင်ချီကို ထုတ်ဖော်၍ နေမီးလျှံအမြူတေအား သိုလှောင် လက်စွပ်ထဲ ထည့်ရန် လုပ်လိုက်သည်။ သို့သော်လည်း ယန်ယန်က အလျင်စလို ဝင်တားလိုက်လေသည် “မလုပ်နဲ့”
ရန်ကိုင် ကြောင်သွားခဲ့သည်။ သို့သော် ယန်ယန် ဘာကြောင့် သူ့အား တားမှန်းကို ရန်ကိုင် ချက်ချင်း နားလည်သွားခဲ့သည်။ နေမီးလျှံအမြူတေနှင့် ထိလိုက်မိသည်နှင့် တစ်ပြိုင်နက် သူ့ကောင်းကင်စိတ်အာရုံရော၊ သူတော်စင်ချီပါ ဗလာနတ္ထိအဖြစ် လောင်းကျွမ်းပစ်ခံလိုက်ရသည်။ ထို့ကြောင့် ရန်ကိုင် ဒယီးဒယိုင် ဖြစ်သွားပြီး နေမီးလျှံအမြူတေ ဆိုသော အရာအား ကြောက်ရွံ့မှု အပြည့်ဖြင့် စိုက်ကြည့်လိုက်လေသည်။
ထိုနေမီးလျှံအမြူတေကို သိုလှောင်လက်စွပ်ထဲသို့ ထည့်မရပေ။
ထိုအခြင်းအရာကို မြင်သော် အဝင်ဝတွင် ရှိနေသော အမျိုးသမီး အလောင်းကောင်စစ်သားက အစွယ်တကားကားဖြင့် ပြုံးလျက် “အလောင်းလိုဏ်ဂူထဲခ ခိုးဝင်ပြီး နေမီးလျှံအမြူတေကို ခိုးဖို့ကြံတဲ့ ကောင်တွေ။ စီနီယာတွေ ရောက်လာတဲ့အခါကျ နင်တို့ အားလုံး သေပြီသာမှတ်”
အမျိုးသား အလောင်းကောင်ကလည်း “အစ်မကလည်း နည်းနည်း ချိုချိုသာသာလေး ပြောပါဦး။ အဲ့နှစ်ယောက်လည်း မကြာခင် ကျုပ်တို့ အဖော်ဖြစ်လာတော့မှာပဲဟာကို”
အမျိုးသမီး အလောင်းကောင်က အေးစက်စက် အူမအရာဖြင့် နှာခေါင်းရှုံ့လျက် “ငါဘာလို့ ယဉ်ကျေးနေရာမှာပဲ။ အလောင်းကောင် စစ်သားအဖြစ် ပြောင်းပြီး အသိဥာဏ်ရဖို့ အနည်းဆုံး နှစ်တစ်ရာလောက် လိုတယ်။ အဲ့ဒါတောင် သူတို့ အောင်မြင်မှ။ မအောင်မြင်ဘူးဆိုရင် ငါတို့အစာ ဖြစ်လာမှာ”
အမျိုးသား အလောင်းကောင်က ခဏလောက် စဉ်းစားလိုက်ပြီး ခေါင်းညိတ်လျက် “ဟုတ်တယ်နော်။ ကျုပ်တို့ သူတို့ကို ဘာလို့ ယဉ်ကျေးနေရမှာလဲ”
ထိုနှစ်ယောက် သူတို့အား လှောင်ပြောင်နေသည်ကို ရန်ကိုင်နှင့် ယန်ယန် ဘာမှ ပြန်မပြောခဲ့ချေ။ ထိုနှစ်ယောက်သည် ဝင်ပေါက်ရဲတွင်သာ ထိုင်ဟောင်နေရဲပြီး အထဲသို့ မဝင်ရဲသဖြင့် ရန်ကိုင်လည်း ထိုနှစ်ယောက်နှင့် ပက်သက်ပြီး အလုပ်ရှုပ် ခံမနေခဲ့။ ထို့အပြင် အစောပိုင်းက မီးနဂါးနှင့် အဖြစ်အပျက်ကြောင့် ဗိုလ်ချုပ် အဆင့် အလောင်းကောင်များ သူတို့ဆီ လာနေကြလေပြီ။ ထို့ကြောင့် လက်ရှိ အချိန်တွင် အရေးအကြီးဆုံးသည်ကား နေမီးလျှံအမြူတေကို ဤနေရာမှ သယ်ထုတ်သွားနိုင်မည့် နည်းလမ်းကို ရှာရန်ပင် ဖြစ်လေသည်။
ရန်ကိုင် ယန်ယန်ဆီ လှမ်းကြည့်လိုက်သည်။ သို့သော် ယန်ယန်လည်း အကြံအိုက်နေသည်ကို မြင်သော် ရန်ကိုင် မျက်နှာပျက်သွားသည်။
ယန်ယန်တွင် နေမီးလျှံအမြူတေကို ယူသွားနိုင်သည့် နည်းလမ်းတစ်ခု ရှိပေသည်။ သို့သော်လည်း ထိုနည်းလမ်းကို အသုံးပြုရန်အတွက် အချိန်လိုအပ်သည်။ သိုလှောင်လက်စွပ်ကို သုံးဖို့လည်း မဖြစ်နိုင်တော့သဖြင့် နောက်ထပ်နည်းလမ်းတစ်ခု ရှာရတော့သည်။ သို့သော် နောက်ထပ် နည်းလမ်းတစ်ခုကို စဉ်းစားနေစဉ်မှာပဲ အစောပိုင်းက ထွက်ပေါ်လာခဲ့သော် အော်သံ ထပ်မံ ထွက်ပေါ်လာခဲ့ပြီး ကြောက်မက်ဖွယ်ရာ အရှိန်အဝါ တစ်ရပ် လိုဏ်ဂူတစ်ခုလုံးကို ဖုံးလွှမ်းလာခဲ့လေသည်။
“တန်ခိုးရှင် တတိယအဆင့်” ထိုဖိအားကို ခံစားမိလိုက်သည်နှင့် ရန်ကိုင် အမူအရာ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့သည်။
လက်ရှိ အခြေအနေသည် သူတို့ ထင်ထားသည်နှင့် အတော်လေး လွဲချော်နေခဲ့သည်။ သူနှင့် ယန်ယန် ထင်ခဲ့သည်ကား ဤနေရာတွင် အများဆုံးရှိမှ အားနည်းသည့် တန်ခိုးရှင်ဒုတိယ အဆင့်နှင့် တူညီသော အလောင်းကောင် ဗိုလ်ချုပ်လောက်သာ ရှိလိမ့်မည်ပေါ့။
သို့သော်လည်း အလောင်းကောင်ဘုရင် ဖြစ်လာဖို့ရာ ခြေတစ်လှမ်းလောက်သာ ဝေးကွာတော့သာ အလောင်းကောင် ဗိုလ်ချုပ်တစ်ကော်င ဤလိုက်ဂူထဲတွင် ရှိနေခဲ့လေရာ ရန်ကိုင် မထိတ်လန့်ဘဲ ဘယ်နေမည်နည်း။
ခဏလောက် စဉ်းစားကြည့်လိုက်သော် အလောင်းလိုဏ်ဂူ၏ အကျိုးသက်ရောက်မှုကြောင့် ထိုကဲ့သို့သော အလောင်းကောင် ဗိုလ်ချုပ် ထွက်ပေါ်လာခြင်းဖြစ်မှန်း ရန်ကိုင် နားလည်လိုက်၏။
သူ့ရှိရှိသမျှ ဝှက်ဖဲအကုန်အစင်ကို ထုတ်သုံးမည် ဆိုလျှင်ပင် ထိုကဲ့သို့သော အားကောင်းသည့် ရန်သူတစ်ယောက်ကို မရင်ဆိုင်နိုင်ချေ။ ယန်ယန်အား ကာကွယ်ပေးဖို့မူကား ပြောနေစရာပင် မလိုတော့ချေ။
ချက်ချင်း ထွက်ပြေးမှ ဖြစ်တော့မှာလား ရန်ကိုင် နေမီးလျှံ အမြူတေအား နှမြောတသ အကြည့်ဖြင့် လှမ်းကြည့်လိုက်သည်။
ထိုအရာသည် သူမြင်ဖူးသည့် အဖိုးအတန်ဆုံး ရတနာများ အနက် တစ်ခု ဖြစ်ပေသည်။ ထိုအရာသည် သူ့အတွက် အခက် ကိုးခက် ကျောက်စိမ်းသစ်ပင်ထက်ပင် ပိုအဖိုးတန်သေးသည်။ နေမီးလျှံအမြူတေ၏ တန်ဖိုးသည် ခုနှစ်ရောင်ခြယ်ကြာပန်း အောက် တစ်ဆင့်သာ နိမ့်ကျသည်။
သူသာ ထိုနေမီးလျှံအမြူတေကို ယူထုတ်သွားနိုင်မည် ဆိုပါက ထိုထဲတွင် ရှိနေသည့် အပူစွမ်းအင်ကို အသုံးပြု၍ လက်ကျန် ယင်နေကြာရေစင်များကို သန့်စင်နိုင်ပေလိမ့်မည်။
ယင်နေကြာရေစင်ကို သန့်စင်ခြင်းသည် သူ့ခန္ဓာကိုယ်နှင့် ကျင့်ကြံခြင်းကိုသာမက၊ နတ်ဆိုးမီးတောက်ကိုပါ တိုးတက်စေ၏။
သို့သော်လည်း လောလောဆယ်တွင် သူ့မျှော်လင့်ချက်များကို ယန်ယန်ပေါ်တွင်သာ စုပုံထားရတော့သည်။ ယန်ယန်ပင်လျှင် နည်းလမ်းတစ်ခုကို မစဉ်းစားနိုင်ပါက ယာယီ ပြန်ဆုတ်ရုံသာ ရှိတော့သည်။
အလောင်းကောင်ဗိုလ်ချုပ် လွန်စွာကိုမှ အားကောင်းလျှင်ပင် နေမီးလျှံအမြူတေကို ယူနိုင်လိမ့်မည်ဟု ရန်ကိုင် မယုံ၊ မဟုတ်လျှင် နေမီးလျှံအမြူတေသည် ဤနေရာတွင် နှစ်ပေါင်း များစွာကြာအောင် ဘာကြောင့် ရှိနေနိုင်မည်နည်း။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၂၉၉)
ယန်ယန်မှ နေမီးလျှံအမြူတေအား သယ်ထုတ်သွားနိုင်မည့် နည်းလမ်းကို စဉ်းစားနေစဉ် အော်သံ၏ ပိုင်ရှင်ဖြစ်သူသည် သူတို့ အနီးသို့ တဖြည်းဖြည်း ချဉ်းကပ်လာနေခဲ့လေပြီ။ ယခုဆိုလျှင် အလျင်စလို လျှောက်လာနေသော ခြေသံများကိုပင် ရန်ကိုင် ကြားနေခဲ့ရပြီ။
သူတို့သာ ယခုနေ မထွက်သွားလျှင် နောက်ပိုင်း ထွက်သွားရန် အခက်ခက်ခဲသွားမည်မှန်း ရန်ကိုင် သိလိုက်သည်။ သာမန် အလောင်းကောင် စစ်သားများသည် နေမီးလျှံအမြူတေနားသို့ မကပ်ရဲသော်လည်း နှစ်ပေါင်း နှစ်ထောင်ကျော်အောင် ကျင့်ကြံထားသည့် အလောင်းကောင်ဗိုလ်ချုပ် မကပ်ရဲဘူးဟု အတပ် မပြောနိုင်ချေ။ သူတို့သာ ဤနေရာတွင် ဆက်ရှိနေဦးမည် ဆိုပါက ကိုယ်ဒုက္ခ ကိုယ်ရှာသလိုသာ ဖြစ်နေပေလိမ့်မည်။
သို့သော်လည်း ရန်ကိုင် ဘာမှ မပြောရသေးခင်မှာပဲ ယန်ယန်သည် တစ်ခုခုကို စဉ်းစားမိလိုက်သည့်အလား သူမ၏ မျက်ဝန်းများ တဖျက်ဖျက် လင်းလက်သွားသည်။ ထို့နောက် အလျင်စလို လှမ်းအော်ခေါ်လိုက်လေသည် “ရှောင်ရှောင်ရေ”
ယန်ယန်၏ အော်ခေါ်သံ ကြားသည်နှင့် သူတော်စင် သလင်းကျောက်များကို ဝါးမြိုနေသော ကျောက်တုံးရုပ်သေးရုပ် ချက်ချင်း ပြေးလာခဲ့သည်။ လက်ရှိတွင် လိုဏ်ဂူထဲတွင် ရှိနေသော သူတော်စင်သလင်းကျောက်၏ တစ်ဝက်လောက်ကို ကျောက်တုံး ရုပ်သေးရုပ် ဝါးမြိုပြီးသွားလေပြီ။
ကျောက်တုံး ရုပ်သေးရုပ် ရောက်လာသည်နှင့် ယန်ယန်က နေမီးလျှံအမြူတေကို လက်ညိုး ထိုးပြလိုက်ပြီး မေးလိုက်သည် “နင်ဒါကို မြိုနိုင်လား”
အမြဲတနမ်း ထူးမခြားနားဟန်ဖြင့် ရှိနေသော ကျောက်တုံး ရုပ်သေးရုပ် တွေဝေသွားခဲ့သည်။ ကြောက်ရွံ့ရိပ် အချို့ပင် ၎င်း၏ မျက်ဝန်းထဲ ဖြတ်ပြေးသွားခဲ့သည်။
ကျောက်တုံးရုပ်သေးရုပ်သည် သတ္တုအမျိုးမျိုးနှင့် ထိုသတ္တုများ၏ အဆီအနှစ်ကို စုပ်ယူနို်သည့် မွေးရာပါစွမ်းရည်ကို ပိုင်ဆိုင်ထားသည်။ လေဟာနယ်ဝိဥာဉ် သလင်းကျောက်များကိုပင် အလွယ်တကူ ဝါးမြိုနိုင်ခဲ့သော ကျောက်တုံးရုပ်သေးရုပ်သည် နေမီးလျှံအမြူတေကို မြင်သော် တုန့်ဆိုင်းနေခဲ့သည်။
နေမီးလျှံအမြူတေသည် ကျောက်တုံးရုပ်သေးရုပ် အတွက်ပင် အလွန်ကိုမှ အန္တရာယ်များသည့်ပုံပင်။
ထိုအခြင်းအရာကိုမြင်သော် ယန်ယန် ကူကယ်မဲ့သွားခဲ့သည်။ သို့သော် ကျောက်တုံးရုပ်သေးရုပ်ကို သွားတွန်းအားမပေးခဲ့ချေ။ သူမအတွက် နေမီးလျှံအမြူတေသည် အဖိုးမဖြတ်နိုင်သည့် ရတနာ တစ်ပါးဖြစ်သော်ငြား ကျောက်တုံးရုပ်သေးရုပ်သည် အစားထိုး မရနိုင်သည့် တည်ရှိမှုတစ်ခုဖြစ်သည်။ ကျောက်တုံးရုပ်သေးရုပ်နှင့် အတူလက်တွဲ လုပ်ဆောင်ပါ များလာသဖြင့် ကျောက်တုံး ရုပ်သေးရုပ်အပေါ် တွယ်တာစိတ် ဖြစ်မိနေလေပြီ။ ထို့ကြောင့် ကျောက်တုံးရုပ်သေးရုပ်အား ပစ္စည်းတစ်ခုသက်သက် အဖြစ် မည်သို့မှ သဘောမထားနိုင်ချေ။
သို့သော်လည်း ကျောက်တုံးရုပ်သေးရုပ်သည် ခဏတာ တုန့်ဆိုင်းနေပြီးနောက် ရုတ်တရက် တစ်ချက် အော်ဟစ်လိုက်ရာ သူ့တစ်ကိုယ်လုံး တောက်ပလာခဲ့ပြီး တလက်လက် အရောင် လက်နေသည့် အမှတ်သင်္ကာတများ ၎င်း၏ တိုက်ပွဲ ချပ်ဝတ်တန်ဆာပေါ်တွင် ပေါ်လာခဲ့လေသည်။ ထိုမြင်ကွင်းကို ကြည့်ရင်း ရန်ကိုင်နှင့် ယန်ယန်တို့ မှင်သက်နေခဲ့သည်။
ထိုဆန်းကြယ်သော အမှတ်သင်္ကေတများသည် ခဏသာ ပေါ်လာပြီးနောက် ကျောက်တုံးရုပ်သေးရုပ်၏ ခန္ဓာကိုယ်ထဲသို့ ပြန်လည်တိုးဝင် ပျောက်ကွယ်သွားခဲ့သည်။ တစ်ချိန်တည်းတွင် ကျောက်တုံးရုပ်သေးရုပ် ကိုယ်ပေါ်ရှိ တိုက်ပွဲ ချပ်ဝတ်တန်ဆာ သည်လည်း တလက်လက် တောက်ပလာခဲ့သည်။
ကျောက်တုံးရုပ်သေးရုပ်တွင် ထိုကဲ့သို့ စွမ်းရည် ရှိလိမ့်မည်ဟု ရန်ကိုင်နှင့် ယန်ယန်တို့ နှစ်ယောက်စလုံး မထင်ထားခဲ့ကြ။
ထို့နောက် ခရက် ခရက် မြည်သံများ ထွက်ပေါ်လာပြီး ရန်ကိုင်နှင့် ယန်ယန်၏ မှင်သက်နေသည့် အကြည့်အောက်တွင် ကျောက်တုံးရုပ်သေးရုပ် ခန္ဓာကိုယ်သေးသေးလေးသည် ဆယ်မီတာကျော် အမြင့်ထိ ကြီးထွားလာခဲ့သည်။
ထို့နောက် ကျောက်တုံးရုပ်သေးရုပ်သည် နေမီးလျှံအမြူတေ ဆီသို့ လျှောက်သွားလိုက်ပြီး ထိုသတ္တုအား အလေးအနက် အမူအရာဖြင့် လှမ်းယူလိုက်သည်။
ကြောက်မက်ဖွယ်ရာ မီးအလင်းတန်းတို့ နေမီးလျှံအမြူတေ အတွင်းမှ ထွက်ပေါ်လာပြီး မီးမြွေလေးများ အသွင်သို့ ပြောင်း၍ ကျောက်တုံးရုပ်သေးရုပ်၏ လက်အား တိုက်ခိုက်ကြသည်။ ကျောက်တုံးရုပ်က ထူးဆန်းစွာ ပြုံးဖြီးလိုက်ပြီး သူ့လက်ကြီးဖြင့် ထိုမြွေလေးများကို ဖျစ်ညစ်ပစ်လိုက်သည်။
သို့တိုင် ကျောက်တုံးရုပ်သေးရုပ်၏လက် အနည်းငယ် အရည်ပျော်သွားသည်ကို ရန်ကိုင် သတိပြုမိလိုက်သည်။
မီးမြွေများ မရှိတော့သည့်အခါ ကျောက်တုံးရုပ်သေးရုပ်သည် နေမီးလျှံအမြူတေကို ဖမ်းယူလိုက်ပြီး ပါးစပ်ကိုကျယ်ကျယ် ဟ၍ မြိုချလိုက်သည်။ ချက်ချင်းဆိုသလို ကျောက်တုံးရုပ်သေးရုပ်၏ လည်ချောင်းဆီမှ အက်ရှရှအသံကြီး ထွက်ပေါ်လာခဲ့သည်။ နေမီးလျှံအမြူတေမှ ထွက်ပေါ်နေသည့် အပူဓါတ်ကြောင့် အလွန်ကိုမှ နာကျင်နေသည့်ပုံပင်။ ထို့နောက် သူ့ခန္ဓာကိုယ်ပေါ်ရှိ အမှတ်သင်္ကေတများ တောက်ပလာခဲ့ပြီး တစ်ခုပြီးတစ်ခု စတင် ပေါက်ကွဲကာ ထူးဆန်းသော စွမ်းအင်များအဖြစ်သို့ ပြောင်း၍ ကျောက်တုံးရုပ်သေးရုပ်၏ ခန္ဓာကိုယ်ထဲ စိမ့်ဝင်သွားခဲ့သည်။
နောက်ဆုံး နေမီးတောက်အမြူတေကို ဖိနှိပ်ပြီးသည့်အခါ ကျောက်တုံးရုပ်သေးရုပ် မူလအရွယ်အစားအတိုင်း ပြန်ပြောင်းသွားခဲ့သည်။
ရန်ကိုင်လည်း တုန့်ဆိုင်းမနေဘဲ ကျောက်တုံးရုပ်သေးရုပ်ကို အနက်ရောင်စာအုပ်ထဲသို့ ပစ်ထည့်လိုက်လေသည်။
နေမီးလျှံအမြူတေ မည်မျှ ပူကြောင်း သိထားသဖြင့် ထိုအရာကို အနက်ရောင်စာအုပ်ထဲသို့ လက်လွတ်စပယ် ပစ်မထည့်ရဲခဲ့ချေ။ သို့သော် ထိုအရာကို ကျောက်တုံး ရုပ်သေးရုပ်က မြိုချထားသဖြင့် အနက်ရောင်စာအုပ်ထဲသို့ ပစ်ထည့်သွားရဲလေပြီ။
ဝင်ပေါက်ဝတွင် ရပ်နေသော အလောင်းကောင် နှစ်ကောင်လည်း ဖြစ်ပျက်သွားခဲ့သည်များကို အသေးစိတ် မြင်တွေ့လိုက်ရသည်။
ရန်ကိုင်တို့မှ နေမီးလျှံအမြူတေအား ယူသွားသည်ကို မြင်သော် ထိုအလောင်းကောင်စစ်သား နှစ်ယောက်လည်း ဆက်၍ ရပ်မနေတော့ဘဲ မာန်ဖီလျက် ရန်ကိုင်တို့ဆီ တစ်ဟုန်ထိုး ပြေးဝင်လာကြလေသည်။
အမျိုးသမီး၏ အလောင်းကောင်၏ လက်သည်းများသည် အနက်ရောင် တလက်လက် ထလာခဲ့သည်။ သူမ၏ ဆံပင်များသည် ရုတ်တရက် ရှည်ထွက်လာခဲ့ပြီး မြွေများနှယ် ရန်ကိုင်ဆီသို့ တိုးဝင်သွားသည်။ အမျိုးသား အလောင်းကောင်ကမူ အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်ပြီး ရန်ကိုင်တို့ဆီသို့ အလောင်းချီများ မှုတ်ထုတ်လိုက်သည်။
ရန်ကိုင်ကမူ အေးစက်စက် အမူအရာဖြင့် နှာခေါင်းရှုံ့လိုက်ပြီး ရွှေရောင်ပိုးမျှင် တစ်ချောင်းကို အမျိုးသမီး အလောင်းကောင်ဆီ စေလွှတ်လိုက်သည်။ တစ်ချိန်တည်းတွင် လေဟာနယ်ဓါးသွားကို အမျိုးသား အလောင်းကောင်ဆီ ပစ်လွှတ်လိုက်လေသည်။
“လေဟာနယ်ဓါးသွား” ရန်ကိုင်၏ နည်းလမ်းအချို့ အကြောင်းကို သူ့အပေါင်းအဖော်ဆီမှ အမျိုးသားအလောင်းကောင် ကြိုသိထားခဲ့သည်။ ထို့ကြောင့် အရှိန်အဝါ အာရုံခံမရသည့် အနက်ရောင် ဓါးသွားကို မြင်လိုက်သည်နှင့် အမျိုးသား အလောင်းကောင် ကြောက်လန့်သွားပြီး ကမန်းကတန်း ကောက်ရှောင်လိုက်လေသည်။ အမျိုးသမီး အလောင်းကောင်မှာမူ ရွှေရောင်ပိုးမျှင်၏ ထိုးဖောက်ခြင်း ခံလိုက်ရပြီး လှုပ်မရ ဖြစ်သွားခဲ့ရသည်။
အတွေးတစ်ချက်နှင့်အတူ ရန်ကိုင်သည် ရွှေရောင်ပိုးမျှင်ကို ရွှေရောင်ပိုက်ကွန်အဖြစ် ပြောင်းလဲ၍ အမျိုးသမီး အလောင်းကောင်ကို အလျင်အမြန် ရစ်ပတ်ချုပ်နှောင်လိုက်သည်။
“မဖြစ်နိုင်ဘူး” အမျိုးသမီဂ အလောင်းကောင်သည် မယုံနိုင်စရာ တစ်ခုခုကို ကြုံတွေ့လိုက်ရသည့်အလား အလန့်တကြား ထအော်လိုက်သည်။ ရွှေရောင်အလင်းတန်းတို့ ပျောက်ကွယ်သွားသည့် အချိန်တွင် အမျိုးသမီး အလောင်းကောင်၏ ခန္ဓာကိုယ်သည် တစ်စစီဖြစ်အောင် အပိုင်းပိုင်းအစအစ ပိုင်းဖြတ်ခြင်း ခံလိုက်ရလေပြီ။
အမျိုးသမီး အလောင်းကောင် တစ်မုဟုတ်ချည်း အသတ်ခံလိုက်ရသည်ကို မြင်သော် အမျိုးသားအလောင်းကောင် သွေးပျက်သွားသည်။ ရန်ကိုင်အား ထိပ်တိုက် မရင်ဆိုင်ရဲ တော့သည့် အတွက်ကြောင့် ချက်ချင်းပဲ ဝင်ပေါက်ဆီသို့ ပြန်ထွက်ပြေးလေသည်။
ထိုစဉ် အရပ်ရှည်ရှည်နှင့် တင့်တယ်ခမ်းနားသော အနီရောင် ဝတ်ရုံကို ဝတ်ဆင်ထားသည့် ပုံရိပ်တစ်ခု ဝင်ပေါက်ရှေ့တွင် ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။ ထိုလူသည် နည်းနည်း ပိန်သော်ငြား အသက်ရှင်နေသည့် လူတစ်ယောက်နှင့် အတော့်ကိုမှ ဆင်တူပေသည်။ သာမန်မျက်နှာ၊ သာမန် လူတစ်ယောက်၏ အဖြူအနက် မျက်လုံး၊ အကုန်အတူတူပင်။ သိပ်သည်းလှသော အလောင်းချီကြောင့်သာ မဟုတ်လျှင် ထိုလူအား သာမန် လူတစ်ယောက်အဖြစ် အထင်မှားစရာ ရှိသည်။
သူပေါ်လာသည်နှင့် တစ်ပြိုင်နက် သူ့အကြည့်သည့် နှစ်တစ်သောင်း ရေခဲကျောက်စိမ်းကို သိမ်းယူရန် ပြင်နေသော ရန်ကိုင်ဆီ ရောက်ရှိသွားခဲ့သည်။ ထွက်ပြေးလာနေသော သူ့လက်အောက်ငယ်သားကို မြင်သော် ထိုလူသည် သူ့လက်ကို ဝှေ့ရမ်းလိုက်လေသည်။ တစ်ချိန်တည်းတွင် ရန်ကိုင်ဆီမှ အမြီးကုတ်ကာ အသက်နှင့်ကိုယ် အိုးစား မကွဲဘဲ ထွက်ပြေးလာနိုင်သော အလောင်းကောင်စစ်သား၏ ခန္ဓာကိုယ် အကြောင်းမလှစွာဖြင့် ပေါက်ကွဲထွက်သွားခဲ့ရလေသည်။
ထိုအခြင်းအရာကို မြင်သော် ရန်ကိုင် မျက်လုံး မှေးစဉ်းသွားပြီး အော်ပြောလိုက်သည် “အလောင်းဗိုလ်ချုပ်”
ထိုလူသည် ရန်ကိုင် အစောပိုင်းက အာရုံခံမိသည့် အလောင်း ဗိုလ်ချုပ်ပင် ဖြစ်လေသည်။ သို့သော်လည်း ပေါ်လာလာခြင်း သူ့လက်အောက်ငယ်သားကို တန်းသတ်ပစ်လိုက်လေရာ သူမည်မျှ ဒေါသထွက်နေကြောင်း သိနိုင်သည်။
နေမီးလျှံအမြူတေကို အာရုံခံလို့မရတော့။ နှစ်တစ်သောင်း ရေခဲကျောက်စိမ်းအား ရန်ကိုင်မှ သိမ်းယူနေသည်ကို မြင်လိုက်ရာ ဘာတွေ ဖြစ်ပျက်သွားခဲ့လဲ ဆိုသည်ကို အလောင်းကောင် ဗိုလ်ချုပ် မသိဘဲ နေမည်လား။
ချက်ချင်း သူ့ပါးစပ်မှ အော်သံ သဲ့သဲ့လေး ထွက်ပေါ်လာသည်။
ထိုအော်သံကို ကြားလိုက်သည့်အခိုက် သူ့ခန္ဓာကိုယ် နှစ်ခြမ်း ခွဲခံနေရသည့်နှယ် ခံစားလိုက်ရပြီး ရန်ကိုင် တစ်ကိုယ်လုံး အလိုလို တုန်ရီမိသွားသည်။ တစ်ချိန်တည်းတွင် သူ့အသိစိတ်ပင်လယ် သည်လည်း စတင် လှိုင်းထန်လာခဲ့လေသည်။
ယန်ယန်ဆိုလျှင် သူ့ထက်ပင် ပိုအခြေအနေ ဆိုးသေးသည်။ သူမ ပတ်လည်တွင် အလင်းစက်ကွင်းတစ်ခု ပေါ်လာသော်လည်း ထိုအလင်းစက်ကွင်း ချက်ချင်း ပျက်စီးသွားခဲ့ရသည်။ ထို့နောက် သူမ၏ မျက်နှာလေး သွေးဆုတ်ဖြူလျော်သွားပြီး သွေးတစ်ပွက် အန်ချလိုက်ရလေသည်။
“မင်းခိုးထားတာ ပြန်ပေးစမ်း” အလောင်းကောင်ဗိုလ်ချုပ် သည် နှာခေါင်းရှုံ့လျက် ရန်ကိုင်ဆီသို့ တစ်လှမ်းချင်း လျှောက်လာလိုက်သည်။
နှောင့်နှေးမနေရဲတော့သည်နှင့် ရန်ကိုင်သည် အလောင်းကောင် ဗိုလ်ချုပ်သည်ဆီသို့ လေဟာနယ်ဓါးသွားများစွာ ပစ်လွှတ်လိုက်သည်။ ထို့နောက် အလောင်းကောင်းဗိုလ်ချုပ် အံ့အားသင့်နေသည်ကို အခွင့်ကောင်းယူ၍ ယန်ယန်ကို ခေါ်ကာ လေဟာနယ်ဆုတ်ဖြဲပြီး ဟင်းလင်းပြင်ထဲသို့ ခုန်ဝင်သွားလိုက်၏။
ယခုမှပဲ တစ်ခုခု မှားယွင်းနေမှန်း အလောင်းကောင်ဗိုလ်ချုပ် သတိပြုမိလိုက်သည်။ သိသိချင်း ဒေါသတကြီး ဟိန်းဟောက်၍ ဟင်းလင်းပြင် အက်ကွဲကြောင်းဆီသို့ လက်ဝါးချက်တစ်ချက် ရိုက်ချလိုက်သည်။
သို့သော်လည်း သူနောက်ကျသွားခဲ့လေပြီ။ လက်ဝါးချက် အက်ကွဲကြောင်းဆီသို့ ရောက်သည့်အချိန်တွင် ရန်ကိုင်နှင့် ယန်ယန်သည် ဟင်းလင်းပြင်ထဲသို့ တိုးဝင် ပျောက်သွားခဲ့ပြီ ဖြစ်သည်။ သူ့တိုက်ခိုက်မှုသည် ဟင်းလင်းပြင် အက်ကွဲကြောင်းကို မတည်မငြိမ် ဖြစ်သွားစေခဲ့သော်လည်း ရန်ကိုင်တို့ ထွက်ပြေး သွားသည်ကို မတားဆီး နိုင်ခဲ့ချေ။
လေဟာနယ်စွမ်းအား အလောင်းကောင်ဗိုလ်ချုပ် ကြောင်နေသည်။ သို့သော် မကြာမီ သွေးရူးသွေးတန်းဖြင့် ဒေါသတကြီး ဟိန်းဟောက် အော်ဟစ်လိုက်လေသည်။
တစ်ဖက်လူ လေဟာနယ်စွမ်းအားကို ကျင့်ကြံထားသည့် အတွက်ကြောင့်သာ မဟုတ်လျှင် သူတို့ကြား ကျင့်ကြံခြင်း ထိုမျှ ကွာခြားနေလျက်နှင့် ရန်ကိုင်တို့ ဘာကြောင့် သူ့လက်မှ လါတ်မြောက်သွားနိုင်မည်နည်း။ အသက်သုံးရှိုက်စာလောက်သာ အချိန်ရမည်ဆိုပါက ထိုကျူးကျော်လာသူ နှစ်ယောက်ကို အသားစဖြစ်အောင် ကြိတ်ချေပစ်နိုင်မည်ဟု ယုံကြည်ချက် အပြည့် ရှိပေသည်။
မကြာမီး အခြားလူများ ဝင်ပေါက်တွင် ပေါ်လာခဲ့သည်။ အကုန်လုံး တစ်ဝက်အပြောင် ရှင်းခံထားရသော လိုဏ်ဂူအား သုန်သုန်မှုန်မှုန်ဖြင့် ကြည့်လိုက်ကြသည်။ အကုန်လုံးသည် ပထမဆုံး ပေါ်လာသည့် အလောင်းကောင်ဗိုလ်ချုပ်အောက် မနိမ့်ကျသော အရှိန်အဝါကို ထုတ်လွှတ်နေကြပြီး စုစုပေါင်း လေးယောက် ရှိပေသည်။
တန်ခိုးရှင် ဒုတိယအဆင့်နှင့် တူညီသော အခြား အလောင်းကောင်များလည်း မကြာခင် ရောက်လာခဲ့ကြသည်။
“နေမီးလျှံအမြူတေကော” မိုးပြာရောင်ဝတ်ရုံကို ဝတ်ထားသည့် အလောင်းကောင်ဗိုလ်ချုပ် တစ်ယောက်က နေမီးလျှံအမြူတေအား အာရုံခံမရသော် ပထမဆုံး ရောက်လာသည့် အလောင်းကောင် ဗိုလ်ချုပ်အား လှမ်းမေးလိုက်သည်။
“ဟိုကောင်တွေလက်ထဲ ပါသွားပြီ” အနီရောင်ဝတ်ရုံ ဝတ်ထားသည့် အလောင်းကောင်ဗိုလ်ချုပ်က ဒေါသတကြီး ပြန်ဖြေလိုက်သည်။
“ဘာ။ နေမီးလျှံအမြူတေ ယူသွားခံရတယ်၊ ဟုတ်လား” အခြား အလောင်းဗိုလ်ချုပ်နှစ်ယောက်လည်း မယုံကြည်နိုင်စွာဖြင့် “အဲ့လူက တန်ခိုးရှင် အထွဋ်အထိပ်အဆင့် ဖြစ်နေလို့လား။ ဒါပေမယ့် ငါအာရုံခံမိသလောက်ဆို အဲ့ကောင်က သူတော်စင်ဘုရင် ဒုတိယအဆင့်ပဲ ရှိပါသေးတယ်၊ မဟုတ်ဘူးလား”
“ဟုတ်တယ်။ သူတော်စင်ဘုရင် ဒုတိယအဆင့်ပဲ။ ဒါပေမယ့် နေမီးလျှံအမြူတေကို သူဘယ်လို ယူသွားလဲ ငါမသိဘူး” အနီရောင် ဝတ်ရုံဝတ်ထားသည့် အလောင်းကောင်က ပြန်ဖြေလိုက်သည်။
“သူတော်စင်ဘုရင် ဒုတိယအဆင့်လေး တစ်ယောက်ကိုတောင် မတားနိုင်ဘူးဆိုတော့၊ ဂျူနီယာညီလေးလုံ၊ မင်းအိပ်တာများသွားပြီး လက်ရည်တွေ ကျကုန်တာလား” မိုးပြာရောင်ဝတ်ရုံ ဝတ်ထားသည့် အလောင်းကောင်ဗိုလ်ချုပ်က လှောင်ပြောင်ပြောဆိုလိုက်သည်။
အနီရောင်ဝတ်ရုံ ဝတ်ထားသည့် အလောင်းကောင်ဗိုလ်ချုပ်က ထိုအလောင်းကောင်အား ထူးမခြားနားဟန်ဖြင့် စိုက်ကြည့်၍ ပြန်ပြောလိုက်သည် “ဟိုကောင်က လေဟာနယ်စွမ်းအားကို ကျင့်ကြံထားတာကွ။ ပြီးတော့ အဲ့စွမ်းအားကို ကျွမ်းကျွမ်းကျင်ကျင် သုံးနိုင်နေပြီ။ ငါရောက်လာတာနဲ့ လေဟာနယ်ကို ဆုတ်ဖြဲပြီး ထွက်ပြေးသွားတာ။ ငါ့နေရာမှာ မင်းဆိုရင်တောင် သူ့ကို ဖမ်းနိုင်မှာ မို့လို့လား၊ စီနီယာအစ်ကိုမို”
“လေဟာနယ်စွမ်းအားလား”
“လေဟာနယ်ကို ဆုတ်ဖြဲတာလား”
“မဖြစ်နိုင်ဘူး”
ကျန်အလောင်းကောင် ဗိုလ်ချုပ်သုံးယောက်စလုံး အထိတ်တလန့် ဆိုလိုက်ကြသည်။
“ဒီနားက ဟင်းလင်းပြင် တွန့်လိမ်သွားတာ လုံးဝ မပျောက်သေးဘူး။ ငါပြောတာ မယုံရင် မင်းတို့ဘာသာ မင်းတို့ ကြည့်ကြည့်လိုက်” အနီရောင်ဝတ်ရုံဝတ် အလောင်းကောင် ဗိုလ်ချုပ်သည် ဆက်မရှင်းပြချင်တော့သည့်အလား လိုရင်း တိုရှင်းသာ ပြောချလိုက်သည်။
ထိုစကားကိုကြားသော် ကျန်အလောင်းကောင်ဗိုလ်ချုပ် သုံးယောက်သည် သူတို့ ကောင်းကင်စိတ်အာရုံ အသီးသီးကို ဖြန့်ကျက်၍ စစ်ဆေးကြည့်လိုက်ကြသည်။ ခဏကြာသော သုံးယောက်စလုံး၏ မျက်နှာ မဲ့သွားကြလေသည်။ ဟုတ်ပေသည်။ ဤနေရာတွင် ဟင်းလင်းပြင် စွမ်းအင်လှိုင်းမှား မငြိမ်မသက် ဖြစ်နေသည်ကို သူတို့ အာရုံခံမိလိုက်သည်။ အနီရောင်ဝတ်ရုံဝတ် အလောင်းကောင် ဗိုလ်ချုပ် လိမ်နေခြင်း မဟုတ်ချေ။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၃၀၀)
လိုဏ်ဂူသည် တစ်ခဏကြာအောင် တိတ်ဆိတ်သွားခဲ့သည်။ အလောင်းဗိုလ်ချုပ် လေးယောက် ဘာလုပ်ရ ဘာကိုင်ရမှန်းမသိ ဖြစ်နေကြလေပြီ။ ရန်ကိုင်အား လိုက်ဖမ်းခြင်းမျိုးတော့ မလုပ်ခဲ့ပေ။ တကယ်တော့ ထိုသူခိုးသည် လေဟာနယ်စွမ်းအားကို ကျွမ်းကျင်သည် မဟုတ်ပေလော။ သူတို့ ပိုအားကောင်းနေလျှင်ပင် ထိုသူခိုးကဲ့သို့ တည်နေရာ ခုန်ကျော်သွားနိုင်သည့် စွမ်းရည် မရှိလျှင် ထိုသူခိုးအား မည်သို့မှ လိုက်ဖမ်းနိုင်လိမ့်မည် မဟုတ်ချေ။
“နေမီးလျှံအမြူတေက ငါတို့ အလောင်းကောင်ဘုရင်တွေ ဖြစ်လာဖို့ အဓိက သော့ချက်ပဲ။ အခုအဲ့ဒါ မရှိတော့ဘူး။ ငါတို့ ဘာလုပ်ကြမလဲ” အဖြူရောင်ဝတ်ရုံ ဝတ်ထားသည့် အလောင်းကောင် ဗိုလ်ချုပ်က မျက်မှောင်ကြုတ်၍ စိတ်ညစ်ညစ်ဖြင့် မေးလိုက်သည်။
“ဟုတ်တယ်။ နေမီးလျှံအမြူတေ မရှိဘဲနဲ့ အလောင်းကောင် ဘုရင်အဆင့်ကို ဘယ်လို ရောက်အောင် လုပ်ရတော့မှာလဲ” အနက်ရောငဝတ်ရုံ ဝတ်ထားသည့် အလောင်းကောင်ဗိုလ်ချုပ်က ဝင်ပြောလိုက်ပြန်သည်။
“အမှန်ပဲ။ သူတည်နေရာ ခုန်ကျော်သွားနိုင်တယ် ဆိုရင်တောင် ငါတို့ သူ့ကို လွှတ်ပေးလိုက်လို့ မဖြစ်ဘူး။ ငါအခုပဲ သူ့ကို သွားဖမ်းမယ်” မိုးပြာရောင်ဝတ်ရုံ ဝတ်ထားသည့် အလောင်းကောင်ဗိုလ်ချုပ်က အံကြိတ်၍ ခြေဆောင့်ပြီး ရန်ကိုင်အား လိုက်ဖမ်းရန် လှည့်ထွက်လိုက်လေသည်။
“စီနီယာအစ်ကိုမို၊ ကြယ်ဧကရာဇ်တောင် အကြောင်းကို မေ့နေတာလား။ နှစ်နှစ်ထောင် ကြာသွားပြီ ဆိုပေမယ့် ကျုပ်တို့သာ အခုအချိန် ဒီနေရာကနေ ထွက်သွားမယ် ဆိုရင် သူတို့ ပြန်အာရံဒစိုက်လာလိမ့်မယ်။ ပြီးတော့ ဟိုသူခိုးကို အခုမှ လိုက်ဖမ်းလို့ မိမှာ သေချာလို့လား” အဖြူရောင်ဝတ်ရုံဝတ် အလောင်းဗိုလ်ချုပ်က ခပ်မြန်မြန် ဝင်တားလိုက်သည်။
ကြယ်ဧကရာဇ်တောင်အကြောင်း ကြားလိုက်သည့်အခါ အလောင်းဗိုလ်ချုပ်သုံးယောက် မျက်လုံး မှေးစဉ်းသွားကြသည်။ သူတို့ မျက်လုံးထဲ ကြောက်ရွံ့မှုနှင့် အမုန်းတရားကို ရောပြွမ်း ဖြတ်သန်းသွားခဲ့သည်။ မိုးပြာရောင်ဝတ်ရုံ ဝတ်ထားသည့် အလောင်းကောင် ဗိုလ်ချုပ်၏ ခြေလှမ်းတို့လည်း ရပ်သွားခဲ့သည်။
အဖြူရောင်ဝတ်ရုံဝတ် အလောင်းကောင် ဗိုလ်ချုပ်က ရုတ်တရက် ရယ်သွမ်းသွေး၍ ပြောလိုက်သည် “နေမီးလျှံအမြူတေ မရှိတော့တာလည်း အဆိုးကြီးတော့ မဟုတ်ပါဘူး”
“ဘာလို့လဲ” မိုးပြာရောင်ဝတ်ရုံဝတ် အလောင်းဗိုလ်ချုပ်က အံ့ဩတကြီးဖြင့် ပြန်မေးသည်။
“ငါတို့ ရှေးဟောင်းယန်ဂိုဏ်ဂ နေမီးလျှံအမြူတေကို ဘာလို့ ဒီမှာ ထားထားလဲဆိုတာ စီနီယာအစ်ကိုတို့ သိလား” အဖြူရောင် ဝတ်ရုံဝတ် အလောင်းကောင်ဗိုလ်ချုပ်က မေးလိုက်သည်။
“ဂျူနီယာညီလေးခန် သိလို့လား”
အဖြူရောင်ဝတ်ရုံဝတ် အလောင်းကောင်ဗိုလ်ချုပ်က ချက်ချင်း ပြန်မဖြေဘဲ နှစ်တစ်သောင်းရေခဲကျောက်စိမ်းတိုင် ရှိခဲ့ရာ နေရာဆီ လှမ်းကြည့်၍ “အရင်တုန်းက သိပ်တော့ မသေချာခဲ့ပေမယ့် အခုတော့ ရှစ်ဆယ်ရာခိုင်နှုန်းလောက် သေချာသွားပြီ။ စီနီယာအစ်ကိုတို့ အဲ့မှာ ဘာခံစားမိလဲ တစ်ချက်လောက် သေချာ ကြည့်ကြည့်ပါလား”
ထိုစကားကို ကြားသော် အလောင်းကောင်ဗိုလ်ချုပ် သုံးယောက် အကြည့်ချင်း ဖလှယ်လိုက်ပြီး ကောင်းကင် စိတ်အာရုံကို ဖြန့်ကျက်၍ သေချာ စတင် စူးစမ်းတော့လေသည်။
ခဏအကြာတွင် အလောင်းဗိုလ်ချုပ် သုံးယောက်စလုံး ထိတ်လန့်သွားခဲ့သည်။ မိုးပြာရောင်ဝတ်ရုံဝတ် အလောင်းကောင် ဗိုလ်ချုပ်ဆိုလျှင် အလန့်တကြားပင် ထပြောလိုက်လေသည် “သိပ်သည်းလိုက်တဲ့ ယင်ချီ။ ဒါတောင် ချိတ်ပိတ်ခံထားရလို့ နည်းနည်းလေး ပြန်ပေါ်လာရုံပဲ ရှိသေးတယ်။ အဲ့ဒါတောင် ဒီက ယင်ချီက အလောင်းကောင်ဂူတစ်ခုလုံးမှာ ရှိတဲ့ ယင်ချီထက် အများကြီး ပိုသိပ်သည်းတယ်”
ကျန်သုံးယောက်လည်း ဘာမှမပြောသော်ငြား အကုန်လုံး အံ့အားသင့်နေကြမှန်း သိသာသည်။ သိပ်သည်းလှသော ယင်ချီသည် သူတို့အတွက် အလွန်ကိုမှ အရေးပါပေသည်။
အလောင်းကောင်ဗိုလ်ချုပ် သုံးယောက်စလုံး အဖြူရောင် ဝတ်ရုံဝတ် အလောင်းဗိုလ်ချုပ်ဆီ ချက်ချင်း လှည့်ကြည့်လိုက်ပြီး မိုးပြာရောင်ဝတ်ရုံဝတ် အလောင်းဗိုလ်ချုပ်က မေးလိုက်သည် “ဂျူနီယာညီလေးခန်၊ အခုရှိနေတဲ့ လူတွေထဲမှ တစ်ယောက်ပဲ ဆရာရဲ့ တိုက်ရိုက်မျိုးဆက် ဖြစ်တာဆိုတော့ မင်းတစ်ခုခုများ သိထားတာလား။ သိထားရင် ငါတို့ကိုလည်း ပြောပြလေကွာ”
“ဟုတ်တယ်၊ ဂျူနီယာညီလေးခန်၊ ငါတို့က မင်းထက် အသက် ပိုကြီးတယ်ဆိုပေမယ့် ဂိုဏ်းအကြောင်းကို မင်းလောက်မှ မသိတာ။ ဂိုဏ်းဖျက်စီးခံရတုန်းက ငါတို့အားလုံး သူတော်စင်ဘုရင်အဆင့် ကျင့်ကြံသူတွေပဲ ရှိသေးတာ။ မင်းငါတို့ကို ဒီနေရာဆီ ခေါ်လာခဲ့တာကြောင့်သာ မဟုတ်ရင် ငါတို့ ပျောက်ကွယ်သွားတာ ကြာနှင့်နေပြီ”
ဒေါသထွက်နေသော အနီရောင်ဝတ်ရုံဝတ် အလောင်းကောင် ဗိုလ်ချုပ်ပင်လျှင် စကားကို ချိုချိုသာသာဖြင့် ပြောနေခဲ့သည်။
အဖြူရောင်ဝတ်ရုံဝတ် အလောင်းကောင်ဗိုလ်ချုပ်က ရယ်သွမ်းသွေးလျက် “အဲ့ဒါက အတိတ်တုန်းက ကိစ္စတွေ ဖြစ်သွားပြီပဲဟာ။ စီနီယာတို့ ဘာလို့ လာအစဖော်နေသေးတာလဲ။ အဲ့တုန်းက စီနီယာအစ်ကိုတို့ အားလုံးကို ခေါ်လာရတယ် ဆိုတာကလည်း ဂိုဏ်းချုပ်က ဂိုဏ်းရဲ့ အမွေအနှစ် မပျောက်ပျက် သွားအောင် အဲ့လိုလုပ်ဖို့ အမိန့်ပေးထားလို့ပဲ”
ထိုစကားကို ကြားလိုက်သည့်အခါ အလောင်းကောင်ဗိုလ်ချုပ် လေးယောက်စလုံး၏ အမူအရာ ညိုးကျသွားခဲ့ရသည်။
ရှေးဟောင်းယန်ဂိုဏ်း၏ အမွေအနှစ်ကို ဆက်လက် ထိန်းနိုင်ခဲ့သော်လည်း သူတို့ လေးယောက်သည် ဤဘဝသို့ ရောက်ရှိသွားခဲ့လေပြီ။ ထို့ကြောင့် သူတို့ ဂိုဏ်းချုပ်၏ မျှော်လင့်ချက်ကို ဖြည့်ဆည်းပေးနိုင်ခဲ့လား၊ မပေးနိုင်ခဲ့ဘူးလား ဆိုသည်မှာတော့ မေးခွန်းထုတ်စရာ ဖြစ်နေခဲ့သည်။
တစ်ခဏကြာ တိတ်ဆိတ်နေပြီးနောက် အဖြူရောင်ဝတ်ရုံဝတ် အလောင်းကောင်ဗိုလ်ချုပ်က အမူအရာ ပြန်ထိန်း၍ ဆက်ပြော၏ “အဲ့တုန်းက ကျုပ်ခွန်အားက သိပ်မမြင့်သေးတော့ အဖေက ဂိုဏ်းချုပ် ဆိုပေမယ့် ဂိုဏ်းရဲ့ လျှို့ဝှက်ချက် များများစားစား မသိခဲ့ရဘူး။ ဒါပေမယ့် ကျုပ်အဖေနဲ့အမေ တစ်ခါ ပြောနေတာကို ကြားလိုက်တာကတော့ ဒီနေရာအောက်မှ မြေအောက်တွင်းချောင်း တစ်ခုကို ချိတ်ပိတ်ထားတယ်တဲ့”
“မြေအောက်တွင်းချောင်းလား” ထိုစကားကို ကြားလိုက်သည့် အခိုက် အလောင်းဗိုလ်ချုပ် သုံးယောက်စလုံး အလန့်တကြား ဖြစ်ကုန်ကြသည်။
“ဟုတ်တယ်” အဖြူရောင်ဝတ်ရုံဝတ် အလောင်းကောင် ဗိုလ်ချုပ်က အလေးအနက် အမူအရာဖြင့် ခေါင်းညိတ်လိုက်ပြီး “အရင်းတုန်းက ဆိုရင်တော့ မြေအောက်တွင်းချောင်းဆိုတာ ဘာလဲ ကျုပ်တို့ မသိလောက်ဘူး။ ဒါပေမယ့် အခုတော့ စီနီယာ အစ်ကိုတို့ အဲ့ဒါဘာလဲ သိနှင့်နေပြီလို့ ကျုပ်ထင်တယ်”
“ဟုတ်တယ်” မိုးပြာရောင်ဝတ်ရုံဝတ် အလောင်းဗိုလ်ချုပ်က လေးနက်တည်ကြည်သည့် အမူအရာဖြင့် “မြေအောက်တွင်းချောင်း တွေက မြေအောက်လောကကို ဝင်လို့ရတဲ့ ဝင်ပေါက်တွေလို့ ပြောကြတယ်။ ပြီးတော့ အဲ့နေရာက ငါတို့လို သက်ရှိတွေအတွက် ထွတ်မြတ်နေရာတွေပဲ”
“ဒီနေရာမှာ အလောင်းကောင်ဂူ ရှိနေတာ အံ့ဩစရာ မဟုတ်တော့ပါဘူးလေ။ လတ်စသတ်တော့ ဒီနေရာမှ မြေအောက် တွင်းချောင်းတစ်ခု ရှိနေတာကိုး” အနက်ရောင် ဝတ်ရုံဝတ် အလောင်းကောင်ဗိုလ်ချုပ်က တွေးတွေးဆဆဖြင့် ပြောလိုက်၏။
“ဒီမြေအောက်တွင်းချောင်းကို ချိတ်ပိတ်ထားဖို့အတွက် အရင့် အရင် ဂိုဏ်းချုပ်တစ်ယောက် နေမီးလျှံအမြူတေကို ယူလာပြီး အဲ့ဒါရဲ့ အပူစွမ်းအင်းနဲ့ ဒီနေရာကို ဖိနှိပ်ထားလိုက်တယ်။ ဒါပေမယ့် နေမီးလျှံအပူချိန်ကို ဒီနေရာမှ လုံလုံခြုံခြုံ ထားထားနိုင်ဖို့ နောက်မျိုးဆက်တွေက နှစ်တစ်သောင်းရေခဲကျောက်စိမ်းကို သန့်စင်ခဲ့တယ်။ ရှင်းရှင်းပြောရရင် အဲ့ဒါက ဂိုဏ်းရဲ့ အကြီးမားဆုံး လျှို့ဝှက်ချက်ကြီး တစ်ခုလို့တောင် ပြောလို့ရတယ်။ ဂိုဏ်းထဲမှာ ဒီအကြောင်းကို သိထားတဲ့လူ လက်ချိုးရေလို့ ရတယယ်” အဖြူရောင်ဝတ် အလောင်းကောင်ဗိုလ်ချုပ်က ပြုံးကာ ဆက်၍ ပြောလိုက်သည် “အဲ့စကားကို ကြားကြားတုန်းကတော့ သိပ်နားမလည်ခဲ့ဘူး။ ပြီးတော့ နေမီးလျှံအမြူတေက ဒီမှာ ရှိနေတာဆိုတော့ ဒီကို လာလို့ မရခဲ့ဘူးလေ။ ဒါကြောင့် စီနီယာတွေကို မပြောဘဲ ထားခဲ့တာ။ စီနီယာအစ်ကိုတို့ ကျုပ်ကို အပြစ်မတင်ဖို့ မျှော်လင့်ပါတယ်”
“ဟားဟားဟား” မိုးပြာရောင်ဝတ်ရုံဝတ် အလောင်းကောင် ဗိုလ်ချုပ်က အားပါးတရ ရယ်မောလိုက်ပြီး အဖြူရောင်ဝတ်ရုံဝတ် အလောင်းဗိုလ်ချုပ်၏ ပခုံးကို ရင်းနှီးစွာပုတ်လျက် “ဘယ်လိုလုပ်ပြီး ဂျူနီယာညီလေးကို အပြစ်တင်မှာလဲကွ။ ငါတို့ လေးယောက်က မိသားစုတွေ ဖြစ်နေပြီလေ။ ပြီးတော့ မင်းငါတို့ကို ဒီအကြောင်း ပြောခဲ့မယ်ဆိုရင်တောင် ငါတို့ ဘာမှ လုပ်နိုင်မှာ မဟုတ်ဘူး။ အင်း၊ ဒီနေရာမှာ မြေအောက်တွင်းချောင်းတစ်ခု တကယ်ရှိနေတဲ့ပုံပဲ”
“ဟုတ်တယ်။ စိမ့်ထွက်နေတဲ့ ယင်ချီတောင် ဒီလောက် သိပ်သည်းနေရင် အဲ့ဒါသာ လုံးဝ ပွင့်လာလို့ကတော့ ထွက်လာမယ့် ယင်ချီတွေ ဘယ်လောက်တောင် သိပ်သည်းလိုက်မလဲ မသိဘူး။ အဲ့လိုသာဆိုရင် ငါတို့ အလောင်းကောင်ဘုရင် အဆင့်ကို မတက်နိုင်ဖို့ မဖြစ်နိုင်တော့တာ မဟုတ်ဘူး။ ရှင်းရှင်းပြောရရင် ဒီနည်းလမ်းက ငါတို့ အရင်သုံးဖို့ လုပ်ထားတဲ့ နည်းလမ်းထက်တောင် အများကြီး ပိုအန္တရာယ် ကင်းသေးတယ်”
“ဟုတ်တယ်။ ငါတို့ထဲက ဘယ်သူမှ အလောင်းသန့်စင်ခြင်း ပညာရပ်ရဲ့ နောက်ဆုံးအပိုင်းကို ကျင့်ချင်ခဲ့တာ မဟုတ်ဘူး။ ဒါပေမယ့် နေမီးလျှံအမြူတေလို အန္တရာယ်များတဲ့ ပစ္စည်းတစ်ခုပေါ် မှီခိုဖို့က အတော်လေး အန္တရာယ်များတယ်။ အစကတော့ မင်းတို့ကို ကျင့်ကြံခြင်း ဆက်မတက်တော့ဖို့ ပြောမလို့ပဲ။ ဒါပေမယ့် အခု အဲ့လိုလုပ်စရာမ လိုတော့ဘူး။ ဟိုနေမီးလျှံအမြူတေကို ခိုးသွားတဲ့ ကောင်လေးကိုတောင် ငါတို့ ကျေးဇူးတင်သင့်သလို ဖြစ်နေပြီ”
တစ်ချိန်လုံးလိုလို စကားမပြောဘဲ တိတ်ဆိတ်နေခဲ့သော အနီရောင်ဝတ်ရုံဝတ် အလောင်းကောင်ဗိုလ်ချုပ်က ရုတ်တရက် ဝင်ပြောလိုက်သည် “ဂိုဏ်းက ဘာလို့ အလောင်းသန့်စင်ခြင်း ပညာရပ်ကို ကျင့်ကြံနေတာလဲ။ အကြီးအကဲလျိုကကော ဘာလို့ အရမ်း အားကောင်းတဲ့ အလောင်းရုပ်သေးရုပ်တွေ အများကြီး ပိုင်ဆိုင်ထားတာလဲလို့ ငါအမြဲ စဉ်းစားနေတာ။ လတ်စသတ်တော့ ဒီနေရာကြောင့် ဖြစ်နေတာကိုး”
မိုးပြာရောင်ဝတ်ရုံဝတ် အလောင်းကောင်ဗိုလ်ချုပ်က သူ့လက်ကို ဝှေ့ရမ်း၍ “ကဲ၊ ဒီမှာ မြေအောက်တွင်းချောင်း ရှိနေတာ ဆိုတော့ အခု ငါတို့ရဲ့ ပထမဦးစားပေးက ဒီနေရာကို ချိတ်ပိတ်ထားတဲ့ စည်းကို ဖျက်ဖို့ပဲ။ နေမီးလျှံအမြူတေ မရှိတော့ဘူး ဆိုတော့ ငါတို့ခွန်အားနဲ့ ဒီစည်းကို ဖျက်စီးဖို့ သိပ်မခက်ဘူးလို့ ထင်တာပဲ။ ဒါပေမယ့် လုပ်ငန်းမစခင် အခြားလူတွေ လာမနှောင့်ယှတ်အောင် လုပ်ထားရဦးမယ်။ မဟုတ်ရင် ငါတို့ဂိုဏ်း ရှင်သန်နေသေးတဲ့အကြောင်း ကြယ်ဧကရာဇ်ဂိုဏ်းဆီ ပေါက်ကြားသွားနိုင်တယ်”
“လွယ်လွယ်လေး၊ ဘာခက်တာမို့လို့။ ဟိုကောင်တွေကို ရှင်းလင်းရေး သွားလုပ်ခိုင်းလိုက်လေ။ ငါတို့သာ အရမ်းကြီး အလွန်အကျွံ မလှုပ်ရှားရင် အပြင်ဘက်က ပညာရှင်တွေ ငါတို့ အကြောင်းကို သိမှာ မဟုတ်ဘူး” ပြောပြီးသည့်နောက် အနီရောင်ဝတ်ရုံဝတ် အလောင်းကောင် ဗိုလ်ချုပ်က မည်သည့် အချိန်ကတည်းကမှန်းမသိ ရောက်နေသော အလောင်းကောင် စစ်သားများနှင့် ဗိုလ်ချုပ်များဆီ လှမ်းကြည့်လိုက်သည်။
အနီရောင်ဝတ်ရုံဝတ် အလောင်းကောင်ဗိုလ်ချုပ်က အမိန့်ပေးလိုက်သည်နှင့် တစ်ပြိုင်နက် သူ့လက်အောက်ရှိ အဆင့်မြင့် အလောင်းကောင် ဗိုလ်ချုပ်များသည် ချက်ချင်း စတင် အမိန့်ထုတ်တော့သည်။ ထို့နောက် အလောင်းဗိုလ်ချုပ်များနှင့် အလောင်းကောင် စစ်သားများသည် အသီးသီး အဖွဲ့ခွဲလျက် သင်္ချိုင်းတောင်ကြား၏ နေရာအရပ်ရပ်ဆီသို့ စတင်၍ ထွက်ခွာ ကြတော့လေသည်။
အလောင်းကောင်ဗိုလ်ချုပ်လေးယောက် စကားပြောနေစဉ် သူတို့ နေနေသည့် အရပ်မှ မိုင်တစ်ထောင်အကွာ၍ လေဟာနယ် အက်ကွဲကြောင်းတစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။ ခဏ အကြာတွင် ထိုမတည်မငြိမ် ဖြစ်နေသော အက်ကြောင်းထဲမှ လူရိပ် တစ်ယောက် ထွက်ပေါ်လာခဲ့သည်။ မကြာမီ နောက်တစ်ယောက် ထွက်ပေါ်လာခဲ့၏။ ထိုတစ်ယောက် ပေါ်လာပြီးသည်နှင့် တစ်ပြိုင်နက် အက်ကွဲကြောင်းလည်း ပျောက်ကွယ်သွားခဲ့သည်။
ပိတ်သွားသော ဟင်းလင်းပြင် အက်ကွဲကြောင်းဆီသို့ ရန်ကိုင် အကြောက် မပြေသေးသည့် အမူအရာဖြင့် လှည့်ကြည့်လိုက်သည်။
ယန်ယန်နှင့်အတူ မိုင်တစ်ထောင် အကွာသို့ တည်နေရာ ခုန်ကူးလျက် ထွက်ပြေးလာနိုင်ခဲ့သော်လည်း အလောင်းကောင် ဗိုလ်ချုပ်၏ တိုက်ခိုက်မှုသည် ဟင်းလင်းပြင် အက်ကွဲကြောင်းကို လာရောက် ထိမှန်ခဲ့သည်။ ထို့ကြောင့် အက်ကွဲကြောင်း မတည်မငြိမ် ဖြစ်သွားခဲ့ပြီး ရန်ကိုင်နှင့် ယန်ယန်တို့ ဟင်းလင်းပြင်ထဲ နစ်မြုပ်ပျောက်ကွယ်သွားမတတ် ဖြစ်သွားခဲ့ရ၏။ ရန်ကိုင်မှ ဟင်းလင်းပြင်စွမ်းအားကို အဆင့်မြင့်မြင့် နားလည် ထားသည့် အတွက်ကြောင့်သာ မဟုတ်လျှင် ရန်ကိုင် လွတ်မြောက် နိုင်ခဲ့လျှင်ပင် ယန်ယန်ကတော့ ကျိန်းသေ သေရပေလိမ့်မည်။
ယန်ယန်ကတော့ အန္တရာယ်ကို သတိမပြုမိသော်လည်း ရန်ကိုင်မှာမူ လန့်ဖြန့်သွားခဲ့ရသဖြင့် သူ့ကျောပြင်တစ်ခုလုံး ချွေးစေးများဖြင့် စိုရွှဲနေခဲ့သည်။ နောက်တစ်ကြိမ် သူနှင့်အတူ အခြားတစ်ယောက်ကို ခေါ်၍ တည်နေရာ ခုန်ကူးမည် ဆိုပါက ရန်သူ၏ တိုက်ခိုက်မှု လက်လှမ်းမမှီသည့် နေရာမှ လုပ်ရမည်ဟု ကြိတ်ဆုံးဖြတ်လိုက်သည်။
သူ့စိတ်ထင်ပဲလား၊ တကယ်ပဲလား ဆိုသည်ကိုမူ မသိရာ၊ အလောင်းလိုဏ်ဂူမှ မထွက်ခွာခင် နှစ်တစ်သောင်း ရေခဲကျောက်စိမ်း ရှိနေသည့် နေရာမှ ပုံမှန်မဟုတ်သည့် အရှိန်အဝါ တစ်ခုကို ရန်ကိုင် အာရုံခံမိလိုက်သည်။
ခေါင်းတရမ်းရမ်းဖြင့် ထိုအကြောင်းအရာများကို ရန်ကိုင် ခေါင်းထဲမှ ထုတ်လိုက်သည်။ အထွဋ်အထိပ် တန်ခိုးရှင်အဆင့်နှင့် ညီမျှသော အလောင်းကောင်လက်မှ လွတ်လာသည်နှင့်ပင် ကံကောင်းနေလေပြီ။ ထို့ပြင် ဤခရီးတွင်လည်း သူတို့ အတော့်ကို မြတ်သွားခဲ့သေးသည်။
သို့ရာတွင် လောလောဆယ်၌ ထိုပစ္စည်းများကို ထုတ်စစ်ဆေးရန် သူ့တွင် အချိန် မရှိသေး။ ထို့ကြောင့် ကျောက်တုံး ရုပ်သေးရုပ်၏ အခြေအနေကိုသာ အရင် တစ်ချက် စစ်ဆေး ကြည့်ထားရန် ဆုံးဖြတ်လိုက်သည်။ နောက်ထပ် အချိန် အနည်းငယ်လောက်အထိ ကျောက်တုံးရုပ်သေးရုပ် အဆင် ပြေနေဦးမည်မှန်း သိလိုက်ရသည့် အခါမှသာ ယန်ယန်အား သူတော်စင်ချီဖြင့် ရစ်ပတ်၍ သင်္ချိုင်းတောင်ကြား အပြင်ဘက်သို့ စတင် ထွက်ခွာခဲ့လေသည်။
ယန်ယန်သည် လိုဏ်ဂူထဲတွင် ဖြစ်ခဲ့သည့် အဖြစ်အပျက်ကြောင့် ယခုထက်ထိ အကြောက်မပြေသေးသည့် ပုံပင်။ လမ်းတစ်လျှောက်လုံး စကားတစ်ခွန်းမှ မပြောဘဲ တုန်တုန်ရီရီဖြင့်သာ ရန်ကိုင်အား တင်းတင်းကြပ်ကြပ် ဖက်တွယ်ထားခဲ့သည်။
သို့သော်လည်း ယန်ယန်သည် အစကတည်းက အလွန်ကို ကြောက်တတ်သည့် လူတစ်ယောက် ဖြစ်သည့် အတွက်ကြောင့် ထိုအရာမှာ အထူးအဆန်း မဟုတ်ချေ။
လမ်းတစ်လျှောက် မည်သည့် အန္တရာယ်နှင့်မှ မတွေ့ခဲ့ရ။ အလုပ်အကိုင်မရှိ အားယားနေသည့် ယင်ဝိဥာဉ် အချို့နှင့်သာ တွေ့ခဲ့ရသည်။ သို့သော်လည်း ရန်ကိုင်သည် ထွက်ပြေးရန်သာ စိတ်ပိုင်းဖြတ်ထားသောကြောင့် မြန်နှုန်းမြှင့် သွားလာနေခဲ့ရာ မည်သည့် ယင်ဝိဥာဉ်မှ သူ့နောက် လိုက်မလာနိုင်ခဲ့ချေ။