← Chapters

အိပ်ယာနံဘေးကချိန်ကိုက်ဗုံး

Vol. 13 Ch. 173

အိပ်ယာနံဘေးကချိန်ကိုက်ဗုံး

Vol. 13 Ch. 173

အခန်း (၁၇၃) အိပ်ယာနံဘေးကချိန်ကိုက်ဗုံး

ထိုဆိုင်လေးက သာမန်ပစ္စည်းအရောင်းဆိုင်လေးတစ်ဆိုင် ဖြစ်သည်။

ကျန်းလန် ဆိုင်ထဲလျှောက်ကြည့်ပြီး ဘာဝယ်ရမှန်း မသိဖြစ်သွားရသည်။

ရှောင်ယွိက လက်ဝတ်ရတနာများကို ဝတ်ဆင်လေ့ရှိသူ မဟုတ်ပေ။ ထို့ပြင် အခြား လက်ဆောင်ပေးရန် သင့်တော်သည့် ပစ္စည်းမျိုးကိုလည်း ကျန်းလန် မတွေ့ရှိမိပေ။

အမှန်တော့ သူနှင့် ရှောင်ယွိ၏ ဆက်ဆံရေးက ဂိုဏ်းတူအစ်မနှင့် ဂိုဏ်းတူမောင်လေး ဆက်ဆံရေးထက် မပိုသေးပေ။

သို့ဖြစ်ရာ ပေးလိုက်သည့်လက်ဆောင်က အလွန်အကျွံအဓိပ္ပါယ်ရှိမသွားစေရန်လည်း လိုအပ်သည်။

"မဟေဠိဖြေတဲ့ကစားစရာလေးတွေ သူ့အတွက် ဝယ်သွားရင်ကောင်းမလားပဲ…"

ကျန်းလန် တွေးလိုက်သည်။

ရှေင်ယွိက အလွန်ငယ်ရွယ်သေးသည်။

သူမပုံစံက ကလေးမလေးတစ်ယောက်နှင့် မတူသည့်တိုင် သူမ၏ စိတ်နေစိတ်ထားများက ကလေးတစ်ယောက်ကဲ့သို့ပင် ဖြစ်သည်။

ထိုသို့တွေးပြီးသည်နှင့် ကျန်းလန် ဆိုင်ထဲမှ ထွက်လာခဲ့ပြီး အရှေ့တံတားဆီသို့ ဦးတည်ခဲ့လေတော့သည်။

နတ်လူသားမျိုးနွယ်များနှင့် အရင်ဆုံးစာရင်းသွားရှင်းပြီးမှ လက်ဆောင်ဝယ်သည်က ပိုကောင်းပေလိမ့်မည်။

ကျန်းလန် အရှေ့တံတားသို့ ရောက်ရှိလာလေသည်။

ထို့နောက် ကျန်းလန် တံတားထက်မှ လမ်းဖြတ်လျှောက်ရင်း အောက်သို့ ငုံ့ကြည့်လိုက်သည်။ တံတားအောက်တွင် အသူရာတမျှနက်ရှိုင်းသည့် ချောက်နက်ကြီးတစ်ခု ရှိလေသည်။

"ဒီနားပတ်ဝန်းကျင်မှာ ဟိုကောင်တွေနေတာပဲ ဖြစ်ရမယ်…"

ကျန်းလန် တွေးလိုက်သည်။

ထို့နောက် ကျန်းလန် ချောက်နက်ကြီးအတွင်းသို့ ခုန်ဆင်းလိုက်ပြီး ချောက်နက်ကြီးနံရံတွင် ရှိနေသည့် ကျောက်ဂူများတွင် နတ်လူသားမျိုးနွယ်များကို လိုက်လံရှာဖွေလေသည်။

သူက လူသားအင်မော်တယ် နောက်ဆုံးအဆင့်ဖြစ်လေရာ ချေက်နက်ကြီးအတွင်းဆင်းသွား၍လည်း ပြဿနာ မရှိပေ။

သို့သော် ကျန်းလန်က သတိပေါ့ဆခြင်း အလျဉ်းမရှိပေ။

သူက မိုးကောင်းကင်စမ်းသပ်ခံရခြင်းကို ရင်ဆိုင်ပြီးနောက်ပိုင်း လူသားအင်မော်တယ် နောက်ဆုံးအဆင့်သို့ တန်းရောက်သွားခဲ့သည်။

ဤသို့ ရုတ်တရက် အဆင့်ခုန်တက်သွားခြင်းက နတ်လူသားမျိုးနွယ်များနှင့် ရင်ဆိုင်ရာတွင် ကြောက်စရာမလိုတော့ဟု ခံစားရစေသည်။

သတိသာမထားလျှင် ထိုခံစားချက်က ရန်သူကို လျှော့တွက်မိသွားစေနိုင်သည်။

ဤသည်က အလွန်အန္တရယ်များလေ၏။

ကျင့်ကြံခြင်းအဆင့် မြင့်မားလာသည်နှင့်အမျှ လူတစ်ယောက်က ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလာစေရန် လွယ်ကူသည်။

ထိုသို့ ကိုယ့်ကိုယ်ကိုယ်အထင်ရောက်သွားခြင်းက အလိုလိုနေရင်း အခြားသူများနှင့် ရန်သူများကို လျှော့တွက်စပြုလာမည် ဖြစ်သည်။

ထို့နောက် လမ်းလျှောက်လျှင်ပင် မြောက်ကြွမြောက်ကြွ ဖြစ်လာပေလိမ့်မည်။

နောက်ဆုံးတော့ ရန်သူလက်ချက်ဖြင့် အသက်ပျောက်ကာ ဘဝကို အဆုံးသတ်ရပေလိမ့်မည်။

ထို့ကြောင့် ကျန်းလန် မည်သည့်အခါမှ သတိလက်လွတ် မနေခြင်း ဖြစ်သည်။

သူက ကျင့်ကြံခြင်းအဆင့် ဖုံးကွယ်ထားသလို အခြားသူများသည်လည်း ဖုံးကွယ်ထားနိုင်လေသည်။

လူပေါင်းများစွာနှင့် ရင်ဆိုင်ကြုံတွေ့ခဲ့ပြီးနောက် လူတိုင်းတွင် အနည်းနှင့်အများဆိုသလို ဝှက်ဖဲကိုယ်စီရှိကြသည်ကို ကျန်းလန် နားလည်ခဲ့ရသည်။

သို့သော် ထိုလူများသည် ကျန်းလန်နှင့် ရင်ဆိုင်ရသည့်အခါ ဝှက်ဖဲကိုပင် ထုတ်သုံးရန် အခွင့်အရေးမရှိဘဲ အသက်ပျောက်သွားကြရသည်။

ကျန်းလန် အရှေ့တံတားအောက်ဘက်သို့ အတန်ကြာဆင်းသက်ရှာဖွေပြီးနောက် ကျောက်ဂူတစ်ခုကို တွေ့လိုက်ရသည်။

ထိုကျောက်ဂူထဲတွင် မည်သူမှ မရှိသည့်တိုင် နတ်လူသားမျိုးနွယ်များနေထိုင်ခဲ့သည့် အရိပ်အယောင်များ ကျန်ရစ်နေသည်ကို ကျန်းလန် သတိပြုလိုက်မိသည်။

ကျန်းလန် ကျောက်ဂူအတွင်းသို့ ဝင်သွားလိုက်သည်။ အထဲတွင် စားပွဲတစ်လုံး ရှိနေ၏။

"ဒီနေရာပဲ ဖြစ်ရမယ်… ဒါပေမဲ့ ဘာလို့ တစ်ယောက်မှ မရှိရတာလဲ…"

ကျန်းလန် တွေးလိုက်သည်။

သူက ကျောက်ဂူအတွင်း လှည့်ပတ်ကြည့်ရှုနေရင်း…

"ဒါမှမဟုတ် နေရာပြောင်းသွားကြတာလား…"

သူလျှိုများ သေဆုံးသွားကြသည့်အတွက် နတ်လူသားမျိုးနွယ်များ နေရာပြောင်းပြေးသွားကြခြင်းများလား။

ထိုအချက်က မဖြစ်နိုင်ဟု ကျန်းလန် ယူဆလိုက်သည်။

နောက်ဆုံးတော့ ကျောက်ဂူအနီးအပါးတွင် စောင့်နေရန် ကျန်းလန် ဆုံးဖြတ်လိုက်သည်။

"ငါ ဒီနေရာမှာ (၆)လလောက်တော့ စောင့်နေလိုက်မယ်… ၊ သူတို့ (၆)လအတွင်း ပြန်မလာဘူးဆိုရင်တော့ ငါ သွားတော့မယ်…"

သို့တည်းမဟုတ်…

တစ်ဖက်လူက တန်ခိုးစွမ်းအားမြင့်မားလွန်းနေလျှင်လည်း ကျန်းလန်က ထွက်ခွာသွားမည် ဖြစ်လေသည်။

………………

အချိန် (၄)လခန့် ကြာပြီးနောက်…

ချင်းချန်မြို့လေးသို့ မြောက်ချင်းဟယ်နှင့် သူ့လူများရောက်ရှိလာကြလေသည်။

သူတို့ဦးတည်ရာက အရှေ့တံတားဆီသို့ ဖြစ်၏။

မြောက်ချင်းဟယ်က မျက်မှောင်တစ်ချက်ကြုတ်လိုက်ရင်း…

"ကျုပ်တို့ မျိုးနွယ်စုက အကြီးအကဲတွေရဲ့ ခန့်မှန်းချက်အရဆိုရင် အရှေ့တံတားအောက်မှာ ကျန်းလန်နဲ့ ပတ်သက်တာ တစ်ခုခု တွေ့နိုင်မယ်လို့ ပြောထားတယ်…"

နတ်လူသားမျိုးနွယ်တစ်ယောက်က…

"သူတို့က ကျွန်တို့နေရာကို ဘယ်လိုလုပ်သိသွားရတာလဲ… ၊ ကြည့်ရတာ တုန်းကော်ယန်များ ကျွန်မတို့ကို ရောင်းစားခဲ့ပြီလား မသိဘူး…"

မြောက်ရှင်းက စိုးရိမ်ပူပန်သည့်ဟန်ဖြင့်…

"တုန်းကော်ယန်က ချက်ချင်း အသတ်ခံလိုက်ရတာ… ၊ ပြီးတော့ သူ အကူအညီလှမ်းတောင်းထားတဲ့ သူလျှိုတွေရောပဲ အသတ်ခံလိုက်ရတာ… ၊ သူတို့အားလုံးက ကျင့်ကြံခြင်းအဆင့် အားမနည်းကြပါဘူး…"

အခြားသူတစ်ယောက်က…

"ဒါဖြင့် ကျန်းလန်က အရမ်းစွမ်းအားကြီးမားနေတာ ဖြစ်နိုင်သလား…"

မြောက်ချင်းဟယ်က…

"ကျုပ်တို့မျိုးနွယ်ကလူတွေ ထင်ထင်ပေါ်ပေါ်မနေကြပေမယ့် သူတို့က ကျန်းလန်အကြောင်း အသေးစိတ် စုံစမ်းထားကြတာပဲ… ၊ ကြည့်ရတာ… ကျန်းလန်ကို ကာကွယ်ပေးနေတဲ့ လူတစ်ယောက် ရှိနေတာ ဖြစ်ရမယ်… ၊ အဲဒီလူက အခု အရှေ့တံတားမှာ ရောက်နေတာ ဖြစ်ရမယ်…"

မြောက်ချင်းဟယ်က ခဏနားပြီးမှ စကားဆက်ပြောသည်။

"တစ်ဖက်လူရဲ့ တန်ခိုးစွမ်းအားက ထူးဆန်းတယ်… ၊ ဒါပေမဲ့ သူက အင်မော်တယ်မဟုတ်ဘူးဆိုရင်တော့ ကျုပ်တို့ကို သတ်ဖို့ မဖြစ်နိုင်ဘူး…"

သူ့တွင် အစွမ်းထက် မှော်ဝင်ပစ္စည်းတစ်ခု ရှိလေသည်။

ထိုမှော်ဝင်ပစ္စည်းက အင်မော်တယ်အဆင့်အောက်ရှိသည့် ကျင့်ကြံသူများ၏ တိုက်ခိုက်မှုအားလုံးကို တားဆီးနိုင်စွမ်း ရှိသည်။

ထိုမှော်ဝင်ပစ္စည်းကို သူ၏ မျိုးနွယ်စုက သူ့ကို ပေးအပ်ထားခြင်း ဖြစ်၏။

အင်မော်တယ်တစ်ပါးသည်ပင် ထိုမှော်ဝင်ပစ္စည်းကို ချိုးဖျက်ပစ်ရန် အတော်လေး အချိန်ယူရမည် ဖြစ်သည်။

မြောက်ချင်းဟယ်က…

"ကျန်းလန်က ကောင်းကင်လှေကားကို တက်နိုင်တယ်ဆိုကတည်းက ဒီကိစ္စက ကျုပ်တို့မျိုးနွယ်တွေအားလုံးရဲ့ စိတ်ထဲမှာ စူးဆူးနေသလိုပဲ ခံစားကြရတယ်… ၊ အဲဒီစူးကို ဖယ်ရှားပစ်ဖို့အတွက် ကျန်းလန်ကို သတ်ပစ်တာကလွဲပြီး အခြားနည်းလမ်း မရှိဘူး…"

နတ်လူသားမျိုးနွယ်တစ်ယောက်က ခေါင်းညိတ်လိုက်ရင်း…

"ဒီတစ်ခါတော့ ကျန်းလန်ကို တစ်ချက်တည်းနဲ့ အပြတ်ချေမှုန်းပစ်နိုင်ဖို့ မျှော်လင့်ရတာပဲ…"

ထိုသူ၏စကားကို အခြားသူများအားလုံးက ခေါင်းညိတ်ထောက်ခံလိုက်ကြသည်။

သို့သော် သူတို့စိတ်ထဲတွင်တော့ အကောင်းမြင်စိတ်များ မထားနိုင်ကြပေ။

အကြေင်းမှာ ရန်သူက သာမန်လူတစ်ယောက်မဟုတ်သလို ခွန်လွန်တောင်ကလည်း သူတို့ကို လွယ်လွယ်နှင့် အောင်မြင်ခွင့်ပေးမည် မဟုတ်ပေ။

ထို့ကြောင့် ဤတာဝန်ကို ယူခဲ့ပြီးကတည်းက သူတို့အားလုံးက အသက်ပေးရန် ပြင်ဆင်ခဲ့ကြပြီးပြီ ဖြစ်သည်။

သူတို့အောင်မြင်ခဲ့လျှင် အနာဂတ်တစ်ခုလုံးတောက်ပနေမည် ဖြစ်သော်လည်း ကျရှုံးခဲ့လျှင်တော့ ပေးဆပ်ရမည့်အရာက သူတို့အသက်ဖြစ်လေသည်။

ဤသည်က အင်မော်တယ်လမ်းစဉ်ကို လျှောက်လှမ်းသူတိုင်း ကြုံတွေ့ရမည့်ကိစ္စ ဖြစ်သည်။

အရှေ့တံတားသို့ ရောက်သည်နှင့် မြောက်ချင်းဟယ် မျက်မှောင်တစ်ချက်ကြုတ်လိုက်သည်။

သူက အာရုံခံစားမှုစွမ်းအား မြင့်မားသူ ဖြစ်သည်။

ထို့နောက် သူက မြောက်ရှင်းကို လှည့်ကြည့်လိုက်ပြီး…

"မြောက်ရှင်း… မင်း အရင်ဆုံး ဒီနေရာက ထွက်သွားတော့… ၊ ကျုပ်တို့ (၃)ရက်အတွက်း မင်းကို မဆက်သွယ်ဘူး ၊ ပြန်ထွက်မလာဘူးဆိုရင် ကျုပ်တို့သေပြီလို့ ယူဆပြီး မင်း လွတ်အောင်ပြေးပေတော့… ၊ ပြီးတော့ ကျန်းလန်ကို သတ်ဖို့အတွက် လူသားအင်မော်တယ်တွေ ထပ်ပြီး မစေလွှတ်ဘဲ တန်ခိုးစွမ်းအားအမြင့်မားဆုံးလူတွေကိုသာစေလွှတ်ဖို့ မျိုးနွယ်စုအကြီးအကဲတွေကို မင်း သတင်းပို့ပါ… ၊ အခု ကျုပ်စိတ်ထဲမှာ မကောင်းတဲ့ အငွေ့အသက်တွေ ခံစားနေရတယ်…"

"မင်းတွေးတာ မှန်ပါတယ်… ၊ ဒါပေမဲ့ အခုချိန်မှာ ဘယ်သူမှ မလွတ်နိုင်တော့ဘူး… နောက်ကျသွားပြီ…"

သူတို့၏ အနောက်ဘက်မှ အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာသည်။

ထို့နောက် တန်ခိုးစွမ်းအားတစ်ခုက မြောက်ချင်းဟယ်နှင့် အခြားသူများကို ရစ်ပတ်သွားပြီး အသူရာချောက်နက်ထဲသို့ ဆွဲချသွားလေသည်။

မြောက်ချင်းဟယ်တို့အုပ်စုမှာ ခုခံကာကွယ်ရန်ပင် အချိန်မရလိုက်ပေ။

မြောက်ချင်းဟယ်က သူ၏ မှော်ဝင်ပစ္စည်းကို အသက်သွင်းလိုက်ပြီး ချက်ချင်းပင် ဖောက်ထွက်ရန် ကြိုးစားလိုက်သည်။

"ရန်သူက လူသားအင်တော်တယ်တစ်ပါးပဲ… ၊ ပြီးတော့ သာမန်လူတစ်ယောက် မဟုတ်ဘူး… ၊ ကျုပ် မင်းတို့အတွက် လွတ်လမ်းရှာပေးမယ်… ၊ အမြန်ဆုံး လွတ်အောင်ပြေးကြ…"

မြောက်ချင်းဟယ် သူ့လူများကို အော်ပြောလိုက်သည်။

"ဘုန်း…"

အခြားလူ (၄)ယောက် လွတ်မြောက်အောင် လမ်းဖွင့်ပေးရန်အတွက် မြောက်ချင်းဟယ်က သူ၏ တန်ခိုးစွမ်းအားများကို ပေါက်ကွဲထွက်စေလိုက်သည်။

သူက မှော်ဝင်ပစ္စည်းမှ တန်ခိုးစွမ်းအားနှင့် သူ၏ အင်မော်တယ်စွမ်းအားကို ပေါင်းစပ်အသုံးပြုလိုက်ခြင်း ဖြစ်သည်။

ထိုသို့ စွမ်းအား (၂)ခု ပေါင်းစပ်လိုက်ခြင်းဖြင့် သူတို့ကို ဆွဲခေါ်နေသည့် တန်ခိုးစွမ်းအားကို ဖောက်ထွက်ရန် ပြဿနာ မရှိပေ။

"ဘုန်း…"

စွမ်းအားပေါက်ကွဲမှုကြီးတစ်ခု ဖြစ်ပေါ်လာပြီး သူတို့ကို အောက်သို့ ဆွဲခေါ်နေသည့် အရှိန်က သိသိသာသာ နှေးကွေးသွားသည်။

ထို့ပြင် သူတို့ကို ရစ်ပတ်ထားသည့် တန်ခိုးစွမ်းအားတွင် အက်ကြောင်းတစ်ခု စတင်ဖြစ်ပေါ်လာသည်ကို တွေ့လိုက်ရသည်။

ထိုအက်ကြောင်းက ထိုးဖောက်ထွက်ရန် အခွင့်အရေးတစ်ခု ဖြစ်သည်။

မြောက်ချင်းဟယ်က တန်ခိုးစွမ်းအားများ ပိုမိုအသုံးပြုလိုက်ပြီး ထိုးဖောက်ထွက်ရန် အပြင်းအထန် ကြိုးစားနေသည်။

ကျန်လူများကလည်း တုန့်ဆိုင်မနေဘဲ တန်ခိုးစွမ်းအား အက်ကွဲကြောင်းနေရာသို့ ဝိုင်းဝန်းထိုးနှက်တိုက်ခိုက်ကြသည်။

"ဘန်း…"

အားလုံး၏ ထက်သန်သည့် အားထုတ်မှုဖြင့် သူတို့ကို ထိန်းချုပ်ထားသည့် တန်ခိုးစွမ်းအားမှာ ပေါက်ကွဲပျက်စီးသွားလေသည်။

လွတ်မြောက်သွားသည်နှင့် အားလုံးက ဝမ်းသာအားရဖြင့် ထွက်ပြေးလွတ်မြောက်ရန် ဟန်ပြင်လိုက်ကြသည်။

"ပြေးကြတော့…"

မြောက်ချင်းဟယ် ကျယ်လောင်စွာ အော်ဟစ်လိုက်၏။

ထို့နောက် မြောက်ချင်းဟယ်က သူ့လူများကို ကာကွယ်ပေးရန် အရှေ့ဆီသို့ လျှောက်သွားလိုက်သည်။

သို့သော် ထွက်ပြေးရန် ဟန်ပြင်နေကြသည့် မြောက်ရှင်းနှင့် အခြားသူများမှာ ပြင်းထန်သည့် လက်သီးချက်တစ်ချက်ဖြင့် ရင်ဆိုင်လိုက်ရပြီး ချက်ချင်းပင် အသက်ပျောက်ကုန်ကြလေတော့သည်။

"ဘုန်း…"

သွေးမှုံများ နေရာအနှံ့ ပြန့်ကျဲသွားပြီး မြောက်ချင်းဟယ်၏ ခန္ဓာကိုယ်ပေါ်သို့ ကျဆင်းလာသည်။

လူများ၏ ခန္ဓာကိုယ်များက မီးရှူးမီးပန်းများသဖွယ် ပေါက်ကွဲထွက်ကုန်သည်။

မြောက်ချင်းဟယ် အံ့သြတုန်လှုပ်သွားသည့်တိုင် ချက်ချင်းပင် ထွက်ပြေးလွတ်မြောက်ရန် ကြိုးစားလိုက်သည်။

ယခု သူ့အဖွဲ့မှ လူများအားလုံး သေကြေကုန်ကြပြီး သူတစ်ယောက်တည်း ကျန်ရစ်တော့လေရာ အခြား စိတ်ပူစရာ မရှိတော့ပေ။

သူ့အနေဖြင့် လွတ်အောင်ပြေးရမည် ဖြစ်သည်။

"ကျုပ် မင်းကို အာရုံခံလို့ရတယ်… ၊ မင်းက လူသားအင်မော်တယ်တစ်ပါးပဲ… ၊ ဒါပေမဲ့ မင်း ကျုပ်ကို တားဆီးနိုင်မယ် မထင်နဲ့…"

သူ့အသံ ပျောက်ကွယ်သွားသည်နှင့် အေးစက်သည့်အသံတစ်သံ ထွက်ပေါ်လာသည်။

"မှော်ဝင်ပစ္စည်းတွေက အသုံးတော့ဝင်သားပဲ…"

စကားသံဆုံးသွားသည်နှင့် ကြိုးတစ်ချောင်း ထွက်ပေါ်လာသည်။

ထိုကြိုးက အင်မော်တယ်နှောင်ကြိုးပင် ဖြစ်သည်။

အင်မော်တယ်နှောင်ကြိုးက မြောက်ချင်းဟယ်၏ မှော်ဝင်ပစ္စည်းကို ဖြတ်သန်းသွားပြီး မြောက်ချင်းဟယ်ကို ချည်နှောင်ထားလိုက်သည်။

မြောက်ချင်းဟယ် ထိတ်လန့်တုန်လှုပ်သွားပြီး…

"အင်မော်တယ်နှောင်ကြိုး… မင်းမှာဘာလို့ ဒီလိုပစ္စည်းမျိုး ရှိနေရတာလဲ…"

ရန်သူအသုံးပြုလိုက်သည့် မှော်ဝင်ပစ္စည်းနှင့် လက်ရှိ သူကျရောက်နေသည့် အခြေအနေကိုကြည့်ကာ မြောက်ချင်းဟယ် ကြောက်ရွံ့တုန်လှုပ်သွားမိသည်။

သူ မလွတ်မြောက်နိုင်တော့ပေ။

စက္ကန့်ပိုင်းအတွင်းမှာပင် သူ ကျောက်ဂူတစ်ခုအတွင်း ဆွဲသွင်းခံလိုက်ရသည်။

"ဘန်း…"

ကျောက်ဂူအတွင်းသို့ ရောက်သည်နှင့် မြောက်ချင်းဟယ် မြေပြင်ထက်သို့ ပြုတ်ကျသွားသည်။

သို့သော် ချက်ချင်းပင် မတ်တတ်ထရပ်လိုက်သည်။

ထိုစဉ်မှာပင် ကျောက်ဂူဝင်ပေါက်နံဘေးရှိ အမှောင်ရိပ်ထဲတွင် မတ်တတ်ရပ်နေသူတစ်ယောက်ကို တွေ့လိုက်ရသည်။

ထိုပုံရိပ်က ထူးဆန်းပြီး မသိလျှင် အမှောင်ထုထဲမှ ထွက်ပေါ်လာသည့် ပုံရိပ်တစ်ခုနှင့် ဆင်တူသည်။

"မင်းက ဘယ်သူလဲ…"

မြောက်ချင်းဟယ် မေးမြန်းလိုက်သည်။

သူ၏ တန်ခိုးစွမ်းအားဖြင့်ပင် ထိုသူ၏ ပုံပန်းသဏ္ဍန်နှင့် ကျင့်ကြံခြင်းအဆင့်ကို တွေ့မြင်ရခြင်း မရှိပေ။

"မင်းတို့ ရှာနေတဲ့သူလေ…"

ကျန်းလန် အမှောင်ရိပ်ထဲမှ ထွက်လာပြီး သူ့မျက်နှာကို ထုတ်ဖော်ပြသလိုက်သည်။

ထို့နောက် သူက မြောက်ချင်းဟယ်ကို ကြည့်လိုက်ရင်း…

"အံ့သြသွားလား…"

ပန်းချီကားထဲတွင် ကြိမ်ဖန်များစွာ မြင်ဖူးနေသည့် မျက်နှာကိုတွေ့မြင်လိုက်ရသည့်အခါ မြောက်ချင်းဟယ် နောက်သို့ အနည်းငယ်ဆုတ်မိသွားသည်။

မဖြစ်နိုင်…။ မည်သည့်နည်းနှင့်မှ မဖြစ်နိုင်…။

ကျန်းလန်က ထိုမျှတန်ခိုးစွမ်းအားမြင့်မားနေသည်မှာ မည်သည့်နည်းနှင့်မှ မဖြစ်နိုင်ပေ။

ထိုသူက အတုအယောင်များလား။

မြောက်ချင်းဟယ်က…

"မင်းက ကျန်းလန်လား…"

ကျန်းလန်က သူ့မေးခွန်းကို မဖြေဘဲ စကားထပ်ပြောလိုက်သည်။

"ကျုပ် မင်းကို မေးခွန်းနည်းနည်းလောက် မေးချင်တယ်…"

ကျန်းလန်၏ စကားသံအဆုံးသတ်သွားသည်နှင့် ကျောက်ဂူအတွင်းတွင် အစီအရင်များ ထွက်ပေါ်လာသည်။

ဤကျောက်ဂူက ယခင်က မြောက်ချင်းဟယ်တို့အုပ်စု စခန်းချခဲ့သည့် ကျောက်ဂူဖြစ်လေသည်။ ကျန်းလန်က မြောက်ချင်းဟယ်တို့ ပြန်လာမည်ကို စောင့်စိုင်းရင်း အစီအရင်များ ပြုလုပ်ထားခြင်း ဖြစ်သည်။

အကယ်၍ အန္တရယ်တစ်စုံတစ်ခု ကြုံတွေ့ရလျှင် အစီအရင်များက ကျန်းလန်ကို ချက်ချင်းလွတ်မြောက်အောင် ကူညီပေးနိုင်မည် ဖြစ်သည်။

သို့သော် သူ့ရှေ့မှလူ၏အသက်ကိုတော့ အရင်ဆုံးနှုတ်ယူသွားရမည် ဖြစ်သည်။

မြောက်ချင်းဟယ်က မယုံကြည်နိုင်စွာဖြင့်…

"မင်း… မင်း တကယ်ပဲ ကောင်းကင်ဘုံဧကရာဇ်ကျမ်းစာကို ကျင့်ကြံခဲ့တာလား…"

သူတို့အားလုံး စိုးရိမ်ခဲ့သည့်အဖြစ်အပျက် အမှန်တကယ် ဖြစ်ပျက်လာခဲ့လေပြီလား။ ဧကရာဇ်ကျမ်းစာကို ကျင့်ကြံခဲ့သည့်အတွက် ကျန်းလန်က ထိုမျှ အစွမ်းထက်နေခြင်းလား။

ကျန်းလန်က ခပ်တိုးတိုးလေသံဖြင့်…

"ဒီလောက်ကိစ္စလေးနဲ့ မင်းတို့က ကျုပ်ကို သတ်ပစ်ချင်နေကြတာလား…"

ခဏနားပြီးမှ ကျန်းလန်က…

"စိတ်တောင်မကောင်းဘူး… ၊ ကောင်းကင်ဘုံဧကရာဇ်ကျမ်းစာဆိုတာ ဘာမှန်းတောင် ကျုပ် မသိဘူး… ၊ ဒါပေမဲ့ အဲဒီကျမ်းစာကို ကျင့်ကြံရင် လူတစ်ယောက်ရဲ့ စိတ်ခံစားချက်တွေ ပျောက်ဆုံးသွားမယ်ဆိုတာတော့ ကျုပ် သိထားတယ်… ၊ ဒီလိုကျင့်စဉ်မျိုးကို ကျုပ် အလကားပေးရင်တောင် မကျင့်ကြံဘူးဗျ… ၊ မင်းတို့ နတ်လူသားမျိုးနွယ်တွေက ကျုပ်ဘက် ထင်မြင်ယူဆချက်ကို လုံးဝမမေးဘဲ ဒီကိစ္စအတွက် ကျုပ်ကို သတ်ပစ်ချင်နေကြတာလား…"

မြောက်ချင်းဟယ်က အသံတိုးတိုးဖြင့်…

"ကိုယ်အိပ်တဲ့ အိပ်ယာနံဘေးမှာ ချိန်ကိုက်ဗုံးတစ်လုံးရှိနေတာကို ကျုပ်တို့ ဘယ်လိုလုပ် ခွင့်ပြုထားနိုင်မှာလဲ…"

All Chapters