← Chapters

သိုင်းပညာအပေါ်ယုံကြည်မှု ပျက်ပြားခဲ့ရသူ ပါရမီရှင်တစ်ဦး

Vol. 25 Ch. 350

သိုင်းပညာအပေါ်ယုံကြည်မှု ပျက်ပြားခဲ့ရသူ ပါရမီရှင်တစ်ဦး

Vol. 25 Ch. 350

ဟုန်မိသားစုမှ လူကြီး၏ ရွှေယွဲ့ချီကို ကြည့်နေသော အကြည့်မှာလည်း အလွန်ပင် အထက်စီး ဆန်လှပါသည်။

အနီးနားတဝိုက်မှ လူများစွာမှာ ထိုလူကြီးက လွန်သည်ဟု ထင်ကြသော်လည်း .. မည်သူကမှ စကားဖြင့် ထုတ်မပြောရဲကြပါချေ ။

ဟုန်မိသားစုနှင့် မည်သူကမှ ရန်ငြိုးမဖွဲ့လိုရာ .. သူတို့ မပြောရဲသည်မှာ မဆန်းပါ ။

ထိုအချိန်တွင် ရွှေယွဲ့ချီမှာကား မျက်နှာတစ်ပြင်လုံး သွေးဆုတ်ဖြူရော်နေတော့၏။

သူမတို့ ယောင်ချီဂိုဏ်းသည်ပင် ဟုန်မိသားစုအား ကြောက်လန့်ရသည့်အထဲ ပါဝင်သော်လည်း .. ယခင်ကဆိုလျှင် တဖက်လူက ဤမျှ ရဲရဲတင်းတင်း မလုပ်ရဲခဲ့ပေ ။

သို့သော် .. လက်ရှိတွင်ကား .. သူမ၏ အစောင့်အကြပ်က သတိမေ့နေဆဲ ဖြစ်ရာ .  သူမ ထိုလူကြီးနှင့် လုံးဝ မယှဥ်နိုင်ပါ ။ ယခုချိန်တွင် သူမအတွက် တစ်ခုတည်းသော ရွေးချယ်စရာမှာ တဖက်လူအား သူမ၏ အသိစိတ်ပင်လယ်အတွင်းသို့ ဝင်ရှောက်ရှာဖွေခွင့် ပြုလိုက်ရန်သာ ရှိပါတော့သည် ။

သို့သော် .. ထိုအချိန်မှာပင် ..

" ဟုန်မိသားစုက အဘိုးကြီး ၊ ခင်ဗျားကို ရပ်တန်းက ရပ်လိုက်ဖို့ ကျုပ် အကြံပေးချင်တယ် "

အသံတစ်သံ ရုတ်တရက် ပေါ်လာ၏။

အားလုံး လန့်သွားပြီး အသံလာရာဘက် လှည့်ကြည့်လိုက်ကြသည်။

အစောက ပြောခဲ့သူမှာ .. ချူကျန့် ပင် ။

" ကျန့်ဟွမ်တောင်က ချူကျန့် ပါလား .. သူက တကယ်ကြီး အဲ့လို ပြောရဲတယ်ပေါ့ "

" ကျန့်ဟွမ်တောင်ကလဲ မြင့်မြတ်နယ်မြေ တစ်ခုပဲလေ ။ မြင့်မြတ်နယ်မြေ တစ်ခုကို သူတို့  မြင့်မြတ်နယ်မြေချင်းကပဲ ရင်ဆိုင်ရဲတာကွ "

အားလုံး တီးတိုးပြောလိုက်ကြသည်။

တဖက်ရှိ ဟုန်မိသားစုမှ လူကြီးက မျက်မှောင်ကြုံ့သွားကာ ပြောလာ၏။

" ကျန့်ဟွမ်တောင်က ချူကျန့်ပါလား ၊ မင်းတို့ ကျန့်ဟွမ်တောင်ကို ငါတို့ ဟုန်မိသားစုနဲ့ စစ်ဖြစ်စေချင်လို့လား "

ချူကျန့်က လှောင်ပြုံးဖြင့် ပြန်ပြောသည်။

" ကိုယ့်ကိုကိုယ် သိပ်အထင်ကြီး မနေစမ်းပါနဲ့ဗျာ ။ ကျုပ်က ကျန့်ဟွမ်တောင်ကို ကိုယ်စားမပြုနိုင်သလို ခင်ဗျားကလဲ ဟုန်မိသားစု တစ်ခုလုံးကို ကိုယ်စားမပြုနိုင်ပါဘူး ။ ကျုပ်က ဒီတိုင်း ခင်ဗျားကို ကြည့်မရလို့ "

ဟုန်မိသားစုမှ လူကြီး၏ မျက်လုံးထဲတွင် အေးစက်စက် အလင်းတန်းတစ်ခု ဖျတ်ခနဲ လက်သွားပြီး ခေါင်းအသာ လှည့်လိုက်သည်။

ဝုန်း ..

သူ့ကိုယ်မှ ကောင်းကင်ဘုံ တံခါးဝအဆင့် အရောင်အဝါတစ်ခုလည်း တိုးထွက်လာကာ ချူကျန့်ဆီသို့ တိုးဝင်သွား၏။

သို့သော် ထိုအချိန်မှာပင် ချူကျန့်ရှေ့၌ ရုတ်တရက် ဓားတစ်လက် ပေါ်လာပြီး တဖက်လူ၏ အရောင်အဝါကို တားဆီးလိုက်သည်။

" ဟုန်ဝေ့ ၊ မင်းက လူကြီးတစ်ယောက် လုပ်နေပြီးတော့ အရင်ကလိုပဲ သုံးစားမရ ဖြစ်နေတုန်းပါလားကွ ။ မင်းက လူငယ်တွေကို ဘယ်လိုတိုက်ခိုက်ရမလဲ ဆိုတာပဲ သိတာလား "

ဓားကိုင်ထားသူက ပြောလာသည်။

ထိုစကားကို ကြားသောအခါ ဟုန်ဝေ့ မျက်မှောင်ကြုံ့သွားပြီး ဓားကိုင်ထားသူအား စူစူးရဲရဲ စိုက်ကြည့်လိုက်၏။

" စွေ့ကြွယ် ပါလား ၊ ဒီတစ်ခေါက် ကျန့်ဟွမ်တောင်က အဖွဲ့ကို ဦးဆောင်လာတာ မင်းပေါ့ "

ထိုနာမည်ကို ကြားသည်နှင့် အနီးနားတွင် ရှိနေသော လူအုပ်ကြီးထံမှ တအံ့တသြ ရေရွတ်သံများ ထွက်ပေါ်လာပြန်သည်။

" စွေ့ကြွယ် .. အဲ့ဒါ ကျန့် ဟွမ်တောင်ရဲ့ ပါရမီရှင် မဟုတ်လား ။ သူရော ဒီကို ရောက်နေတာလား "

" အဲ့လူက လွန်ခဲ့တဲ့ နှစ်ရာပေါင်းများစွာ အကြာတုန်းက ကျန့်ဟွမ်တောင်ရဲ့ လူငယ်မျိုးဆက်ထဲမှာ အကောင်းဆုံး သိုင်းသမား တစ်ယောက်ပေါ့ကွာ ။ ဒါပေမယ့် သူ့သတင်းကို ဘာမှ မကြားရတာ နှစ်ပေါင်း တစ်ရာလောက်တောင် ရှိသွားတော့ ငါက သူ့ကို သေပြီပဲ ထင်နေတာ ။ အခုတော့ သူက မသေသေးတဲ့အပြင် ကောင်းကင်ဘုံ တံခါးဝအဆင့်ကိုတောင် ရောက်နေပြီ "

လူများ အံ့အားသင့်သွားကြသည်။

စွေ့ကြွယ်က တည်တည်ငြိမ်ငြိမ်ဟန်ဖြင့်ပင် ပြန်ပြော၏။

" အဖွဲ့ကို ဦးဆောင်လာတဲ့သူက ငါ မဟုတ်ဘူးကွ ။ နတ်ဘုရားသားတော် ချူကျန့်က ဦးဆောင်လာတာ ။ ငါက ဒီတိုင်း သူ့ရဲ့ အစောင့်အကြပ်ပဲ "

အားလုံး အံ့သြတုန်လှုပ်သွားကြပြန်သည်။

စွေ့ကြွယ်ကဲ့သို့သော ပါရမီရှင် တစ်ဦးက ချူကျန့်၏ အစောင့်အကြပ်တစ်ယောက် တဲ့လား ။

ကျန့်ဟွမ်တောင်က စွေ့ကြွယ်ကဲ့သို့ ပါရမီရှင်တစ်ယောက်ကိုပင် အစောင့်အကြပ်အဖြစ် စေလွှတ်ခဲ့သည်ဖြစ်ရာ .. ချူကျန့်အား အလွန်အလေးထားသည်မှာ သိသာပါ၏။

ဟုန်ဝေ့မှာလည်း အများနည်းတူပင် အံ့သြမှင်သက်သွားပြီး အချိန်အတန်ငယ် ကြာမှသာ ပြန်ပြောလာသည်။

" မင်းလို လူတစ်ယောက်ကတောင် အစောင့်အကြပ်ပဲတဲ့လား ။ ကြည့်ရတာ .. အဲ့တုန်းက မဟာအလင်းတန်းဂိုဏ်းကလူနဲ့ တိုက်ပွဲမှာ အဲ့လူက မင်းရဲ့ နှလုံးသားကို နင်းခြေပစ်လိုက်နိုင်တယ်နဲ့တူတယ် "

စွေ့ကြွယ်တစ်ယောက် ခေတ္တမျှ မျက်နှာသေသွားပြီး အေးစက်စက် ပြော၏။

" အဲ့ကိစ္စက မင်းနဲ့ ဘာမှ မဆိုင်ဘူး "

ဟုန်ဝေ့က လှောင်ပြုံးဖြင့် ပြန်ပြောလာသည်။

" ငါကလဲ မင်းကိစ္စမှာ ဝင်မပါချင်ပါဘူးကွာ ။ ငါ တစ်ခုတော့ မေးချင်တယ် ၊ မင်းက အခု ယောင်ချီက ဒီမိန်းကလေးကိုရော ကာကွယ်ချင်တာလား "

စွေ့ကြွယ် မျက်မှောင်ကြုံ့သွားပြီး ပြော၏။

" ဟုန်ဝေ့ ၊ မင်းက လူသိများတဲ့သူ တစ်ယောက်ပါကွာ ။ အခုလို အငယ်တွေကို ဘာကိစ္စ အရှက်ရအောင် လုပ်ချင်နေရတာလဲ "

ဟုန်ဝေ့က အေးစက်စက် နှာခေါင်းရှုံ့သည်။

" ပုံမှန် ဆိုရင်တော့ ငါ အဲ့လို မလုပ်ပါဘူး ။ ဒါပေမယ့် ဒီမိန်းကလေးက ထျန်းလုံနဲ့ တွေ့ခဲ့တယ်ဆိုတာ မင်းလဲ ကြားတာပဲ ။ သူက ထျန်းလုံ သေသွားပြီလို့ ပြောပေမယ့် ငါ သူ့စကားကို မယုံဘူး ။ သူက ထျန်းလုံနဲ့ ပေါင်းပြီး ဒီ ထျန်းယွမ်ကမ္ဘာကြီးကို သစ္စာဖောက်ဖို့ ကြိုးစားနေတာဆိုရင် ဘယ်လိုလုပ်မလဲ ။ ဒီတော့ ထျန်းယွမ်ကမ္ဘာကြီး ဘေးကင်းဖို့အတွက် ငါ သူ့ကို စစ်ဆေးမှကို ဖြစ်မယ် "

ထိုစကားကို ကြားသောအခါ ဘေးနားတွင် ရှိနေကြသော လူများက သူ့အား ဒေါသငွေ့ ပါနေသည့် အကြည့်ဖြင့် ကြည့်လိုက်ကြသည်။

ထျန်းယွမ်ကမ္ဘာကြီးကို သစ္စာဖောက်ဖို့တဲ့လား ..

သူက ထိုစကားမျိုးကို မည်သို့ ပြောရဲနေပါသနည်း ။

လွန်ခဲ့သော နှစ်များအတွင်းတွင် ဟုန် မိသားစုက ကောင်းကင်ဘုုံ ပျက်စီးခြင်း ၉ ခုထဲမှ ကမ္ဘာတစ်ခုနှင့် တိတ်တဆိတ် မဟာမိတ် ဖွဲ့ထားခဲ့သည်ကို အားလုံး သိထားကြပြီး ဖြစ်ပါသည်။

အကယ်၍ ထျန်းကူဟုန် မိသားစုကသာ အင်အား အလွန်မကြီးနေခဲ့ပါက သူတို့မိသားစုကို တစ်ယောက်ယောက် သွားတိုက်ခိုက်သည်မှာ ကြာနေလောက်လေပြီ ။

ယခု သူက ထိုအကြောင်းပြချက်ဖြင့် ရွှေယွဲ့ချီကို စော်ကားနေသတဲ့လား ။

အမှန်တွင် သူက ထျန်းလုံ၏ ရတနာအား အရယူလို၍သာ ထိုသို့ လုပ်နေခြင်းဖြစ်ကြောင်း သူတို့ မသိဘဲ မနေပါချေ။

စွေ့ကြွယ်က အေးစက်စက် နှာခေါင်းရှုံ့လိုက်သည်။

" ဟုန်ဝေ့ ၊ ငါက မင်းရဲ့ အရှက်မဲ့မှုကို လျှော့တွက်ထားမိခဲ့တာပဲ "

ဟုန်ဝေ့ကမူ သူ့စကားကို ဂရုမစိုက်ဟန်ဖြင့် ထပ်ပြော၏။

" စွေ့ကြွယ် ၊ အဓိပ္ပါယ်မရှိတာတွေ ပြောမနေနဲ့ ။ ဒီနေ့မှာ ဒီမိန်းကလေးရဲ့ အသိစိတ်ပင်လယ်ကို ငါ စစ်ဆေးမှကို ဖြစ်မယ် ။မင်း ငါ့ကို တားရဲရင်တော့ မင်းတို့ ကျန့်ဟွမ်တောင်နဲ့ ငါတို့ ထျန်းကူဟုန် မိသားစုနဲ့ စစ်ဖြစ်ကြရုံပေါ့ကွာ ။ အဲ့တော့ မင်းဘက်က ဝင်ပါမလား ၊ မလာဘူးလား ဆိုတာကို ဆုံးဖြတ်ဖို့ မင်းအပေါ်မှာပဲ မူတည်တယ် "

ဝုန်း ..

ဟုန်ဝေ့က စကားဆုံးသည်နှင့် ရှေ့သို့ ခြေတစ်လှမ်းတိုးပြီး စွေ့ကြွယ်အား မျက်နှာထားတင်းတင်း စိုက်ကြည့်လိုက်သည်။

စွေ့ကြွယ် မျက်မှောင်ကြုံ့သွား၏။

အကယ်၍သာ ဝင်တိုက်ခိုက်ပါက သူ ဟုန်ဝေ့အား အနိုင်ရမည်မှာ သေချာပါသည်။

သို့သော် ဟုန်ဝေ့ပြောခဲ့သလိုပင်  ... ဤကိစ္စက သူတို့ ကျန့်ဟွမ်တောင်နှင့် ထျန်းကူဟုန် မိသားစုကြား၌ စစ်ပွဲအဖြစ်သို့ ဦးတည်သွားနိုင်ပါသည်။

ဖြစ်လာမည့် အကျိုးဆက်များကို သူ ခံနိုင်မည် မဟုတ်ပါ ။

စွေ့ကြွယ်မှာ ထိုသို့ တွေးနေရင်း မသိစိတ်မှ နောက်သို့ ခြေလှမ်းတစ်ဝက်ခန့် ဆုတ်လိုက်မိသည်။

ဟုန်ဝေ့ကမူ ထို အသေးစိတ်အချက်လေးကိုပင် သတိထားမိသွားကာ ချက်ချင်း ပြုံးလိုက်၏။

" စွေ့ကြွယ် ၊ ငါတို့ဟုန်မိသားစုက ကျန့်ဟွမ်တောင်ကို အမြဲလေးစားလာခဲ့တာကွ ။ ဒီနေရာမှာ ဘာမဟုတ်တဲ့ ကိစ္စလေးအတွက်နဲ့ မိတ်ဆွေမပျက်ချင်ဘူး ။ ပြီးတော့ ဒီမိန်းကလေးရဲ့ အသိစိတ်ပင်လယ် တစ်ခုတည်းကိုပဲ ရှာမယ်လို့ ငါ ကတိပေးပါတယ် ။ ရလဒ်က ဘယ်လိုပဲ ဖြစ်ဖြစ် ငါ သူ့အသက်ကို အန္တရာယ်မပြုဘူး ၊ ဘယ်လိုလဲ .. "

ဟုန်ဝေ့ ပြောလိုက်သည်။

သူက ထိုစကားဖြင့် စွေ့ကြွယ်အား ထွက်ပေါက် ပေးလိုက်ခြင်းပင် ။

စွေ့ကြွယ် သက်ပြင်းချပြီး ဘေးမှ ချူကျန့်အား လှည့်ကြည့်လိုက်သည်။

" နတ်ဘုရားသားတော်လေး ၊ သူပြောသလိုပဲ လုပ်လိုက်ပါ "

" ဘယ်လို .. "

ချူကျန့် အံ့သြမှင်သက်သွားကာ သူ့ဘေးမှ စွေ့ကြွယ်အား မယုံနိုင်စွာ လှည့်ကြည့်လိုက်သည်။

စွေ့ကြွယ်က မျက်နှာထား တည်တည်ဖြင့် အလေးအနက် ပြောလာ၏။

" ဟုန်ဝေ့ ပြောသွားခဲ့သလို ကျုပ်တို့ ကျန့်ဟွမ်တောင်နဲ့ ဟုန်မိသားစုကြားမှာ တိုက်ပွဲဖြစ်သွားလို့ မရဘူး ။ ပြီးတော့ သူက မိန်းကလေးရဲ့ အသက်ကို အန္တရာယ်မပြုဘူးလို့လဲ ပြောသွားသေးတယ်လေ "

ချူကျန့်တစ်ယောက် မျက်နှာကြီး မဲ့သွားသည်။

" သခင်ကြီး စွေ့ကြွယ် ၊ ဘာတွေ ဖြစ်နေတာလဲဗျ ။ ဟုန်မိသားစုက ဘယ်လောက်အစွမ်းထက်နေလို့လဲ ။ တကယ်လို့ သူက တိုက်ခိုက်ချင်တယ် ဆိုရင်တောင် စစ်ပွဲဖြစ်သွားတော့ရော ဘာအရေးလဲဗျာ ။ ကျုပ်တို့က သူ့ကို အခုထိ ကြောက်နေသေးတာလား "

စွေ့ကြွယ်က ခေါင်းယမ်းပြီး ပြန်ပြော၏။

" နတ်ဘုရားသားတော်လေး ၊ အခုဖြစ်နေတဲ့ ကိစ္စလေးထက် နောက်ကွယ်က ကိစ္စက ပိုအရေးကြီးတယ်ဗျ "

ချူကျန့်တစ်ယောက် နဖူးကြောကြီးများပင် ထောင်သွားတော့သည်။ သူ့အစောင့်အကြပ် သခင်ကြီး စွေ့ကြွယ် ငယ်စဥ်က ကြီးမားသော အရှုံးကြီးတစ်ခုနှင့် ကြုံခဲ့ရကာ သိုင်းပညာရပ် အပေါ်တွင် ယုံကြည်မှု ပျက်ပြားသွားခဲ့ရကြောင်းကို သူ သိထားပြီး ဖြစ်ပါသည်။

သို့သော် .. ယခုလောက် လူကြောက်ကြီး ဖြစ်နေမည်ဟုမူ သူ ထင်မထားခဲ့ပါချေ ။

" ဟမ့် .. သခင်ကြီး မတိုက်ခိုက်ချင်ဘူးဆိုရင်လဲ ကျုပ်ပဲ တိုက်ခိုက်မယ် "

ချူကျန့်က အေးစက်စက် နှာခေါင်းရှုံ့ကာ ဓားကို ဆွဲထုတ်ပြီး ဟုန်ဝေ့ဆီသို့ ရွယ်လိုက်သည်။

" အဘိုးကြီး ၊ ကျုပ် ခင်ဗျားနဲ့ တိုက်ခိုက်မယ် "

ထိုမြင်ကွင်းကို ကြည့်နေသူများအားလုံး အံ့သြတုန်လှုပ်သွားတော့၏။

ချူကျန့်က ကောင်းကင်ဘုံ တံခါးဝအဆင့်မှ လူတစ်ယောက်ကို စိန်ခေါ်ရဲသည်အထိ အမှန်တကယ် အစွမ်းထက်နေသတဲ့လား .. ။

အကယ်၍ ယခုတိုက်ပွဲက နောင် နှစ်တစ်ထောင်အကြာ ၊ သို့မဟုတ် နောင် နှစ် လေး၊ ငါးရာ အကြာတွင် ဖြစ်သည်ဆိုပါလျှင် ချူကျန့် အနိုင်ရလိမ့်မည်ဟုသာ သူတို့ ထင်ကြမည် မလွဲပေ ။

ချူကျန့်က အစွမ်းထက်လွန်းသည် မဟုတ်ပါလား ။

သို့သော် .. လက်ရှိတွင်ကား .. သူ့ကျင့်ကြံခြင်းအဆင့်က ဟုန်ဝေ့၏ ကျင့်ကြံခြင်းအဆင့်ထက် များစွာ ပိုအစွမ်းနိမ့်နေပါသည်။

ထိုအခြေအနေတွင် တိုက်ခိုက်ရန် စိန်ခေါ်ခြင်းမှာ မိမိကိုယ်ကို သေကြောင်းကြံသည်နှင့် ဘာခြားတော့မည်နည်း။

အားလုံး အံ့သြမှင်သက်နေကြစဥ်မှာပင် ..

စွေ့ကြွယ် လှုပ်ရှားသွားပြီး ချူကျန့်အား ချုပ်နှောင်ထားလိုက်တော့၏။

" သခင်ကြီး စွေ့ကြွယ် ၊ ခင်ဗျား ဘာတွေ လုပ်နေတာလဲ "

ချူကျန့် အံ့သြမှင်သက်သွားကာ စွေ့ကြွယ်အား တအံ့တသြ လှည့်ကြည့်လိုက်သည်။

စွေ့ကြွယ်က တည်တည်ငြိမ်ငြိမ် ပြန်ပြော၏။

" သခင်လေး ၊ သခင်လေး သေမှာကိုတော့ ကျုပ် ဒီတိုင်း  မကြည့်နိုင်ဘူးဗျာ "

" ခင်ဗျား .. ခင်ဗျား ကျုပ်ကို လွှတ်စမ်း "

ချူကျန့် ဒေါသတကြီး အော်လိုက်သည်။

သို့သော် .. သူတို့၏ လက်ရှိကျင့်ကြံခြင်းအဆင့်များက အလွန်ကွာဟနေသည်ဖြစ်ရာ သူ စွေ့ကြွယ်၏ အချုပ်အနှောင်မှ လုံးဝ မလွှတ်မြောက်နိုင်ပါချေ။

တဖက်မှ ဟုန်ဝေ့ကမူ ထိုမြင်ကွင်းကို ကြည့်ကာ ကျေနပ်နေဟန်ဖြင့် ခေါင်းညိတ်၏။

" ညီလေး စွေ့ကြွယ်က ဘယ်အချိန်မှာ ဘာလုပ်ရမယ်ဆိုတာကို သေချာ သိတဲ့သူ တစ်ယောက်ပဲ ။ ကျန့်ဟွမ်တောင်နဲ့ ကျုပ်တဲ့ ထျန်းကူဟုန် မိသားစုရဲ့ ခင်မင်ရင်းနှီးမှုက ဒီထက်အများကြီးပိုပြီး သက်တမ်းရှည်ကြာဦးမှာပါ "

ထိုသို့ ပြောပြီးနောက်တွင်မူ သူ ရွှေယွဲ့ချီဆီသို့ လျှောက်သွားလိုက်သည်။

သို့သော် ထိုအချိန်မှာပင် ..

ဝီ ..

နဂါးသင်္ချိုင်းမြေ အဝင်ဝ၌ အလင်းတန်းတစ်ခု ရုတ်တရက် လင်းလက်လာပြန်၏။

စာစဉ်ပြီး၏

(ဆောရီးပဲ ချိဖတို့ ကောင်းခန်းမှ ဖျက်ချလိုက်ပြီ)

All Chapters