← Chapters

အစွမ်းအထက်ဆုံးသော ခန္ဓာကိုယ်အစွမ်း

Vol. 25 Ch. 341

အစွမ်းအထက်ဆုံးသော ခန္ဓာကိုယ်အစွမ်း

Vol. 25 Ch. 341

လွေ့နန်က ရွှေယွဲ့ချီအား  စိုက်ကြည့်ကာ တဟားဟား အော်ရယ်လိုက်သည်။

သို့သော် လက်ရှိတွင် သူသည် ထျန်းလုံ၏ ခန္ဓာကိုယ်ထဲ ရောက်နေသဖြင့် သူ့ရယ်သံကြီးက မိုးထစ်ချုန်းသံပမာ ကျယ်လောင်ပြီး ကြောက်စရာ ကောင်းနေပါ၏။

" ကောင်းတယ်ကွာ ၊ သိပ်ကောင်းတယ် ။ နှစ်တွေအများကြီး ကြာပြီးမှပဲ ယင် ၉ သွယ် ခန္ဓာကိုယ်နဲ့ ထပ်တွေ့ရတော့တယ် "

လွေ့နန်က ရယ်နေရင်း ပြောသည်။

သို့သော်  .. သူ့ရယ်သံက တစ်စုံတစ်ခု ပုံမှန်မဟုတ်သည်ကို ရွှေယွဲ့ချီ အာရုံခံမိသွားကာ ​အသံတုန်တုန်ဖြင့် ပြောလာ၏။

" သခင်ကြီး ထျန်းလုံ ... "

သို့သော် .. သူမ  စကားစလိုက်စဥ်မှာပင် ရှေ့မှ ထျန်းလုံ၏ ဧရာမ ခန္ဓာကိုယ်ကြီးကို မော့ကြည့်မိသွားပြီး ကျန်စကားများကို ဆက်မပြောရဲတော့ဘဲ ရပ်သွားသည်။

ထိုစဥ်မှာပင် လွေ့နန်က လှောင်ပြုံးဖြင့် ပြောလာ၏။

" စိတ်မပူပါနဲ့ မိန်းကလေးရဲ့ ၊ ငါ မင်းကို မသတ်ပါဘူး "

ထိုစကားကြောင့် အဘွားဘိုမှာ အနည်းငယ် စိတ်သက်သာရာ ရသွားဟန် တူသည်။

သို့သော် .. ထပ်ပြောလာသော စကားကြောင့် ရွှေယွဲ့ချီ တစ်ကိုယ်လုံး အေးစက်သွားတော့၏။

" ယင် ၉ သွယ် ခန္ဓာကိုယ်ရဲ့ အသွေး ၊ အသားက ဒီကမ္ဘာမှာ အရှားပါးဆုံး အရာထဲမှာ ပါတယ်ကွ ။ ငါ ယင် ၉ သွယ် ခန္ဓာကိုယ် ရှိတဲ့ တစ်ယောက်ကို နောက်ဆုံး ဖမ်းခဲ့တုန်းကဆိုရင် .. သူ့ဆီက နေ့တိုင်း အသားလေးနည်းနည်းပဲ လှီးထုတ် ၊ သွေးလေး နည်းနည်းပဲ ယူပြီး နှစ်တစ်ထောင်ကျော် ကြာအောင် သေချာ မွေးထားခဲ့တာ ။ ဒါပေမယ့် ငါ အဲ့လောက် ဂရုစိုက်ပြီး ဆက်ဆံတာတောင် သူက မခံနိုင်ဘဲ သေသွားခဲ့တာတော့ နှမျောစရာပဲ "

" အခု သေချာ စဥ်းစားကြည့်မှ .. သူ သေသွားခဲ့တာ နှစ်တစ်ထောင်လောက်တောင် ရှိသွားခဲ့ပြီ ထင်တယ် ။ သူ သေသွားပြီးတဲ့နောက်ပိုင်း ယင် ၉ သွယ် ခန္ဓာကိုယ်ရဲ့ အသွေး ၊ အသား ကို မရခဲ့တော့ ငါ့မှာ အချိန်တွေအကြာကြီး ဒုက္ခ ခံခဲ့ရသေးတယ်ကွ ။ဒါပေမယ့် ဒီနေ့တော့ မင်းနဲ့ လွေ့လိုက်ရပြီပေါ့ကွာ ။ ကြည့်ရတာ နတ်ဘုရားတွေက ငါ့ကို ကူညီပေးလိုက်တာနဲ့တူတယ် .. "

" စိတ်မပူပါနဲ့ ၊ ဒီ တစ်ခေါက် ငါ နူးနူးညံ့ညံ့လေးပဲ လုပ်မှာပါ ။ မင်းဆီကနေ တစ်နေ့ကို တစ်ကြိမ်ပဲ အသွေး ၊ အသားတွေ ယူမှာ ။ မင်း မသေခင် နောက်ထပ် နှစ်ပေါင်း ၂ ထောင်လောက် ထပ်နေရဦးမှာကွ "

လွေ့နန်က လေသံအေးအေးဖြင့်သာ ပြောလိုက်ခြင်း ဖြစ်သော်လည်း ရွှေယွဲ့ချီမှာ သူမ၏ ကျောရိုးတစ်ခုလုံး အေးခဲသွားသကဲ့သို့ပင် ခံစားလိုက်ရသည်။

နှစ်ပေါင်း နှစ်ထောင်အထိ သူမ၏ အသွေးအသား ကို ထုတ်ယူမည်တဲ့လား ။

မည်မျှ နာကျင်ဖွယ် ကောင်းလိုက်မည့် ကိစ္စကြီးပါနည်း ။

ထိုအချိန်တွင် ရွှေယွဲ့ချီမှာ ဖြစ်နိုင်ချေများကို တွေးမိပြီး တစ်ကိုယ်လုံး တုန်ယင်ကာ သေမတတ်ပင် ကြောက်ရွံ့သွားတော့၏။

နဂါးမျိုးနွယ်စုမှ နဂါးများက လမ်းမှန်ကိုသာ လိုက်ပြီး စိတ်ဓာတ်ဖြောင့်မတ်သည်ဟုသာ သူမ ကြားဖူးခဲ့ပါသည်။

ယခု ထျန်းလုံက အဘယ့်ကြောင့် ထိုသို့သော စကားမျိုး ပြောရပါသနည်း။

တဖက်မှ အဘွားအိုမှာမူ အသိပညာ ကြွယ်ဝပြီး အတွေ့အကြုံလည်း များသဖြင့် ပြန်တည်ငြိမ်သွား၏။

" လွန်ခဲ့တဲ့ နှစ်တစ်ထောင်က ... ရှင်က ထျန်းလုံ မဟုတ်ဘူး ။ ရှင် ဘယ်သူလဲ "

သူမက ခက်ထန်စွာ မေးလိုက်သည်။

လွေ့နန်က အဘွားအိုအား ခေါင်းလှည့်ကြည့်ပြီး ပြန်ပြော၏။

" ဘယ်သူလဲ ဟုတ်လား ၊ မင်းကများ ငါ ဘယ်သူဆိုတာ မေးခွန်းထုတ်ရဲနေသေးတယ်ပေါ့လေ "

လွေ့နန်က ပြောပြောဆိုဆိုပင် နဂါးလက်သည်းချွန်တစ်ချောင်းကို ထုတ်ပြီး အဘွားအိုဆီသို့ ယမ်းလိုက်သည်။

" သေစမ်းကွာ "

အဘွားအိုမှာလည်း ထိုအချိန်တွင် အလွန်ဒေါသထွက်နေပြီ ဖြစ်သဖြင့် အစွမ်းကုန်သုံး၍ ပြန်တိုက်ခိုက်လိုက်၏။

သို့သော် ..

ဘုန်း ..

လွေ့နန်၏ လက်သည်းချွန်က သူမကိုယ်နှင့် ထိမိသွားကာ သူမ နောက်သို့ လွင့်ထွက်သွားတော့သည်။ ထို့နောက် သူမ၏ ခန္ဓာကိုယ်က  တောင်ပေါင်းများစွာနှင့် တိုက်မိသွားပြီး နောက်ဆုံးမှသာ မြေကြီးပေါ် ကျသွား၏။ သူမ အသက် ရှင်သေးသည်လား ၊ သေသွားပြီလား ဆိုသည်ကိုမူ မပြောနိုင်ပါချေ။

ရွှေယွဲ့ချီမှာ ထိုမြင်ကွင်းကို ကြည့်ကာ ပို၍ ကြောက်လန့်တုန်လှုပ်သွားရသည်။

သူမ၏ အစောင့်အကြပ် အဘွားအိုမှာ ကောင်းကင်ဘုံ တံခါးဝအဆင့်သို့ ရောက်ထားပြီးသူ တစ်ယောက် ဖြစ်ပါသည်။

သို့သော် .. သူမ အကောင်းဆုံး ကြိုးစားခဲ့သည့်တိုင် ထျန်းလုံ၏ လက်ချောင်းနှင့် မယှဥ်နိုင်ခဲ့ပါ။

ထို့အပြင် လွေ့နန် တိုက်ခိုက်လိုက်စဥ်က မည်သို့သော စိတ်စွမ်းအင်ကိုမှ မသုံးခဲ့သလို ၊ မသေမျိုးအစွမ်ကိုလည်း မသုံးဘဲ ခန္ဓာကိုယ်အစွမ်းချည်း သက်သက်ဖြင့်သာ တိုက်ခိုက်ခဲ့သည်ကို ရွှေယွဲ့ချီ သတိထားမိလိုက်၏။

ဤထျန်းလုံ နဂါးကြီးက မည်မျှ အစွမ်းထက်နေပါသနည်း ။

ကြောက်ရွံ့နေသည့် ရွှေယွဲ့ချီကို ကြည့်ကာ လွေ့နန်၏ မျက်လုံးထဲတွင် ကျေနပ်နေသော အရိပ်အယောင်အချို့ ဖျတ်ခနဲ လက်သွားသည်။

သို့သော် .. ထိုစဥ် သူ ရုတ်တရက် အကြည့်လွှဲလိုက်ရာ သူတို့နှင့် ခပ်ဝေးဝေး၌ လူအချို့က ရပ်ကြည့်နေသည်ကို တွေသွားပြီး ဒေါသထွက်သွားပြန်၏။

" ဟင် .. မင်းတို့က မပြေးကြသေးဘူးပေါ့လေ ။ ကြည့်ရတာ အားလုံး သေချင်နေကြတယ်နဲ့တူတယ် "

လွေ့နန်က ဒေါသတကြီး အော်ပြီး နဂါးလက်သည်းချွန်ဖြင့် ယမ်းလိုက်ပြန်သည်။

ဝုန်း ..

ကြောက်စရာကောင်းသော အားတစ်ခု ချက်ချင်း ထွက်ပေါ်လာကာ လူများ ရှိနေသည့်ဘက် ကောင်းကင်ယံသို့ တမဟုတ်ချင်း ရွေ့လျားသွားသည်။

အု ... ဝှစ် ..

ကောင်းကင်ဘုံ တံခါးဝအဆင့် အစွမ်းထက် ကျင့်ကြံသူများစွာပင် ထိုအားကြောင့် အပိုင်းပိုင်းအစစ ဖြစ်ကုန်ကြပြီး နေုရာတွင်ပင် သေဆုံးသွားကုန်၏။

" ပြေးကြဟေ့ .. ပြေးကြ "

" ခန္ဓာကိုယ်အစွမ်းချည်း သက်သက်နဲ့တောင် မိုင်ပေါင်း ၄၀ ၊ ၅၀ ကျော်လောက်က ကောင်းကင်ဘုံတံခါးဝအဆင့် ကျင့်ကြံသူတွေကို သတ်ပစ်နိုင်တာ .. ဒါ သေချာပေါက် ထျန်းလုံပဲ "

" ထျန်းလုံက အဲ့လို သွေးဆာပြီး လူသတ်ချင်စိတ် ကြီးတဲ့သူလား .. "

" နတ်ဘုရားမလေး ရွှေယွဲ့ချီကတော့ သေချာပေါက်ကို သေရမှာပဲ ၊ သနားပါတယ် .. ငါတို့ ကျုံ့ကျိုးက အလှဆုံး မိန်းမပျိုလေး "

" ချီး ..  ဒီလိုအချိန်မျိုးမှာတောင် မင်းက အဲ့အကြောင်း တွေးနိုင်သေးတယ်ပေါ့လေ "

ထိုတခဏတွင် အားလုံး ကြောက်လန့်တကြား ပြေးသွားကြပြီး အလျှိုလျှို ပျောက်ကွယ်သွားကြသည်။

လွေ့နန်မှာ ထိုမြင်ကွင်းကို ကြည့်ကာ အလွန်ကျေနပ် အားရနေ၏။

ဤအစွမ်းက သယ်ဆောင်ပေးလာသည့် ခံစားချက်မှာ ပြောပြ၍ မရနိုင်အောင်ပင် ကျေနပ်စရာ ကောင်းလှပါသည်။

ထိုစဥ် ရွှေယွဲ့ချီမှာမူ မျက်နှာတပြင်လုံး ဖြူဖျော့နေပြီး အလွန်လည်း ကူကယ်ရာ မဲ့ဟန် ပေါက်နေသည်။

" ငါ့ကို ဘယ်သူမှလဲ လာမကယ်ကြဘူး "

သူမ မထိန်းနိုင်တော့ဘဲ ငိုလိုက်တော့၏။

ထိုမျှ ကြောက်စရာကောင်းသည့် ရန်သူနှင့် ရင်ဆိုင်ရပါက သူမတို့ ယောင်ချီ၏ ဂိုဏ်းချုပ်ကြီးသည်ပင် ယာယီ ပုန်းအောင်းနေရမည် ဖြစ်သည်ကို သူမ နားလည်ပါသည်။ ယခု နဂါးသင်္ချိုင်းမြေထဲတွင် ဆိုလျှင်ကား ပြောဖွယ်ရာပင် မရှိတော့ပါ။

" ဟား ဟား .. အဲ့လို မျက်နှာမျိုးကို သဘောကျတယ်ကွာ "

လွေ့နန်မှာမူ ရွှေယွဲ့ချီ၏ ကူကယ်ရာမဲ့နေသည့် မျက်နှာကို ကြည့်ကာ အလွန်စိတ်လှုပ်ရှားနေ၏။

" ငါ စိတ်မထိန်းနိုင်တော့ဘူးကွာ ၊ မင်းရဲ့ ခေါင်းကို ဆွဲဖြဲပလိုက်တော့မယ် "

လွေ့နန်က ထိုသို့ ပြောပြီး နဂါးလက်သည်းချွန်တစ်ခုကို မြှောက်လိုက်သည်။

ရွှေယွဲ့ချီ၏ မျက်လုံးများမှာ ဝမ်းနည်းမှုနှင့် ကူကယ်ရာမဲ့သည့် ခံစားချက်တို့ဖြင့် ပြည့်နေ၏။ .. သူမ ရှောင်ပင် မရှောင်နိုင်ပါချေ။

သို့သော် .. ထိုအချိန်မှာပင် ..

" အမှိုက်ကောင် ၊ ငါ မင်းကို သတ်ဖို့ လာခဲ့တာ "

အသံတစ်သံ ရုတ်တရက် ပေါ်လာသည်။

" ဟင် .. "

ရွှေယွဲ့ချီဆီသို့ လှမ်းနေသော လွေ့နန်၏ လက်က ရုတ်တရက် ရပ်သွားပြီး အသံလာရာဘက် ချက်ချင်း ခေါင်းလှည့်ကြည့်လိုက်သည်။

ရွှေယွဲ့ချီမှာလည်း အံ့သြမှင်သက်နေ၏။

ယခုလို အချိန်မျိုးတွင် သူမကို ကယ်တင်ပေးမည့်သူ ရှိနေသတဲ့လား ..

သူမ ခေါင်းလှည့်ပြီး ကြည့်လိုက်ရာ .. မနီးမဝေး လေထဲတွင် ရပ်နေပြီး လွေ့နန်အား အေးစက်စက် ကြည့်နေသည့် လောထျန်းကို မြင်လိုက်ရသည်။

" လောထျန်း .. ရှင် .. "

ထိုမြင်ကွင်းကို မြင်လိုက်ရသည့် ရွှေယွဲ့ချီတစ်ယောက် တစ်ကိုယ်လုံးပင် တုန်ယင်သွားတော့သည်။

သူမ၏ မျက်လုံးကိုပင် သူမ မယုံနိုင် ဖြစ်နေပါ၏။

ယခုလို ဆိုးရွားလှသည့် အခြေအနေမျိုးတွင် လောထျန်းက သူမကို ကယ်တင်ပေးရန် လာခဲ့သတဲ့လား ။

အမှန်တွင်မူ .. နဂါးသွေးအစစ် နှင့် ပတ်သက်ပြီး လောထျန်းနှင့် သူမ ကြားတွင် မပြေလည်မှုများဖြစ်သွားခဲ့ရကာ သူမ ရင်ထဲတွင်လည်း လောထျန်းအား မုန်းတီးနေခဲ့ပါသည်။

သို့သော် .. ယခုမြင်ကွင်းကို မြင်ပြီးနောက်တွင်ကား .. သူမရင်ထဲ ရှိထားခဲ့သည့် လောထျန်းအပေါ် အမြင်မကြည်မှုများ အားလုံး ပျာက်ကွယ်သွားခဲ့လေပြီ ။

ထိုမကျေနပ်မှုတို့အစား ဝမ်းသာမှုနှင့် ကျေနပ်မှုတို့သာ အားထိုး နေရာ ယူသွားခဲ့၏။

အမှန်တွင်မူ .. လောထျန်းသည် သူမကိုပင် သတိမထားမိပါချေ။

သူက လွေ့နန်ကို သတ်ရန်အတွက်သာ လာခဲ့ခြင်း ဖြစ်ပါသည်။

" ကောင်လေး .. မင်းကိုး ၊ မင်းက လာရဲသေးတယ်ပေါ့လေ "

လွေ့နန်က လောထျန်းအား စူးစူးရဲရဲ စိုက်ကြည့်ကာ ဒေါသတကြီး အော်လိုက်သည်။

လောထျန်း မျက်မှောင်ကြုံ့သွားပြီး ပြန်ပြော၏။

" ဘာလဲ လာရဲသေးတယ်ပေါ့ ဆိုတဲ့စကားက ။ မင်းရဲ့ ကိုယ်တစ်ခုက ငါ့လက်ချက်နဲ့ သေသွားခဲ့ပြီးသားလေ ။ ဒါကိုများ ငါ့ကို အဲ့လိုစကားမျိုး ပြောရဲနေတယ်ပေါ့ "

သူ့စကားကြောင့် လွေ့နန် သီးပင်သီးသွားရသည်။ ထို့နောက် သူ ဒေါသတကြီး ​ပြန်အော်၏။

" အဲ့တုန်းကနဲ မတူဘူးကွ ။ အဲ့တုန်းက ငါက ဘာမှ မပြင်ဆင်ထားခဲ့လို့ ဖြစ်သွားရတာ ။ အခု ငါက အဲ့ထက် အဆပေါင်း မရေမတွက်နိုင်အောင်ကို ပိုအစွမ်းထက်နေပြီ ။ ငါ့ရဲ့ ခန္ဓာကိုယ်အစွမ်းချည်း သက်သက်နဲ့တောင် မင်းကို သတ်နိုင်နေပြီကွ .. သဘောပေါက်လား "

နဂါးကြီး ထျန်းလုံ၏ ခန္ဓာကိုယ်ကို ရပြီးနောက် လွေ့နန်၏ ယုံကြည်မှုများ တိုးလာသည်မှာ သံသယဖြစ်စရာ မလိုပေ ။

" ခန္ဓာကိုယ်အစွမ်းနဲ့ ငါ့ကိုသတ်မယ် .. ဟုတ်လား "

ထိုစကားကို ကြားသောအခါ လောထျန်း မျက်မှောင်ပိုကြုံ့သွားသည်။

ထိုကောင်က အလွန်မောက်မာလွန်းနေသည်ကို အထင်းသားပင် သူ မြင်နေရပါ၏။

" မင်းပြောမှပဲ .. ထျန်းလုံရဲ့ ကိုယ်က ဘယ်လောက်အစွမ်းထက်တယ်ဆိုတာကို ငါ လဲ ကြည့်ချင်သေးတယ် ။ ပြီးမှပဲ မင်းကို ငါ့ရဲ့ ခန္ဓာကိုယ်အစွမ်းချည်း သက်သက်နဲ့ ပြန်သတ်ပေးမယ် "

လောထျန်းက မောက်မောက်မာမာပင် ပြန်ပြောလိုက်သည်။

သူ့စကားကို ကြားသောအခါ လွေ့နန် ခေတ္တမျှ အံ့သြမှင်သက်သွားသေးပါသည်။ ထို့နောက်မှသာ အသံကျယ်ကြီးဖြင့် ဝါးလုံးကွဲ ရယ်လိုက်၏။

" ရယ်ရလွန်းလို့ သေတော့မှာပဲကွာ ။ လောထျန်း ၊ မင်း စိတ်မှ နှံ့သေးရဲ့လား ။ မင်းရဲ့ ခန္ဓာကိုယ်အစွမ်းသက်သက်နဲ့ ထျန်းလုံရဲ့ ခန္ဓာကိုယ်ကို သတ်မယ် .. ဟုတ်လား "

လွေ့နန်က လှောင်ပြုံးဖြင့် ပြောသည်။

" ဘာဖြစ်လို့လဲ ၊ ဘာပြဿနာ ရှိလို့လဲ '

လောထျန်းက အေးစက်စက် ပြန်ပြော၏။

လွေ့နန်က အထင်မြင်သေးဟန် အပြည့်ဖြင့် နှုတ်ခမ်းမဲ့လိုက်သည်။ ထို့နောက် သူ့ လက်ခလယ်ကို ထောင်ပြကာ ပြော၏။

" ငါ မင်းကို ဒီ လက်ချောင်းတစ်ချောင်းတည်းနဲ့တောင် သတ်နိုင်တယ် "

သို့သော် ..

ဘုန်း ..

ထိုစဥ်မှာပင် တဖက်မှ လောထျန်းက သူ့ရှေ့တည့်တည့်သို့ ရုတ်တရက် တည်နေရာရွှေ့ပြောင်းလာပြီး သူ့လက်ခလယ်အား ခြေထောက်ဖြင့် ကန်လိုက်သည်။

​ဖျောက် ..

လွေ့နန်၏ လက်ခလယ်မှာ ချက်ချင်းပင် နောက်ပြန်ကွေးသွား၏။

" ဟင် .. အား ..... မြေနိုး မြေနိုး ကိုမြေကိုနိုး"

လွေ့နန်ဆီမှ စူးစူးဝါးဝါး အော်သံကြီး ထွက်လာပြီး သူ နောက်သို့ မြန်မြန် ဆုတ်လိုက်ရတော့သည်။

All Chapters