သိဒ္ဓိ ဆေး နှင့် ပတ်သက်သည့် သတင်း
Vol. 25 Ch. 346
" ဒါဆို သူတို့ရဲ့ ဂိုဏ်းချုပ်ကြီးက ဘယ်သူလဲ "
လောထျန်း မေးလိုက်သည်။
ရွှေယွဲ့ချီက ခေါင်းယမ်းကာ ပြန်ဖြေ၏။
" ကျွန်မလဲ မသိဘူးရှင့် ။ အဲ့ဒီ ဝမ်ဟွန်းကွေ့ယီဂိုဏ်းက အရမ်းကို လျှို့ဝှက်တယ် ။ အမှန်တိုင်း ပြောရရင် ရှင်ပြောတဲ့ လက်ထောက်ဂိုဏ်းချုပ်ကြီးက ဘယ်သူလဲ ဆိုတာတောင် ကျွန်မ မသိဘူး "
" ဒါပေမယ့် ကျွန်မတို့ဂိုဏ်းက အကြီးအကဲ ပြောတာကို ကြားဖူးတာတော့ သူတို့ ဂိုဏ်းက သမိုင်းကြောင်း ရှည်တယ်တဲ့ ။ သူတို့ဂိုဏ်း ရှိလာတာ နှစ်ပေါင် ထောင်ချီပြီးတော့ကို ကြာပြီလို့ ပြောတယ် "
လောထျန်းက ထပ်မေးသည်။
" ဒါဆို .. သူတို့နဲ့ စိတ်ဝိဥာဥ်သခင်ကြီးများအဖွဲ့ကရော ဘယ်လို ပတ်သက်တယ်ဆိုတာ သိလား "
" စိတ်ဝိဥာဥ် သခင်ကြီးများအဖွဲ့လား ... မပတ်သက်ဘူးလို့တော့ ထင်တာပဲ "
ရွှေယွဲ့ချီက ခေါင်းယမ်း၍ ပြန်ပြောသည်။
" တကယ်တော့ သူတို့က စိတ်ဝိဥာဥ်သခင်ကြီးများအဖွဲ့နဲ့ တစ်ကြိတ်တည်း တစ်ဉာဏ်ထဲတွေ လို့ ကျုပ် ပြောရင် ယုံလား "
လောထျန်းက မျက်နှာသုန်မှုန်စွာဖြင့် ပြော၏။
" ဘယ်လို .. "
ရွှေယွဲ့ချီ၏ မျက်နှာထား ချက်ချင်း ပြောင်းသွားတော့သည်။
" လောထျန်း ၊ ဒီသတင်းက သေချာရဲ့လား .. "
သူမ မေးလာသည်။
" သိပ်ကို သေချာတယ် "
လောထျန်း ခေါင်းညိတ်ပြလိုက်၏။
" ဒါ .. လုံးဝ မဖြစ်နိုင်ဘူး "
ရွှေယွဲ့ချီက သူ့စကားကို မယုံနိုင်ဟန်ဖြင့် ပြန်ငြင်းလာသည်။
" ဘာဖြစ်လို့လဲ '
လောထျန်း သူမကို ကြည့်ကာ စိတ်ရှုပ်သွား၏။
ရွှေယွဲ့ချီက အဘယ့်ကြောင့် ယုံကြည်မှုအပြည့်ဖြင့် ထိုသို့ ပြောနေရသည်ကို သူ နားမလည်နိုင်ပါ။
ရွှေယွဲ့ချီက မျက်နှာထား တင်းတင်းဖြင့် ပြန်ပြောလာသည်။
" ဘာဖြစ်လို့လဲ ဆိုတော့ စိတ်ဝိဥာဥ် သခင်ကြီးများအဖွဲ့ရဲ့ အဖွဲ့ချုပ်ကြီး ဖြစ်တဲ့ သခင်ကြီးယွမ်က အဲ့လို လုပ်ရပ်မျိုး ဘယ်တော့မှ လုပ်မှာ မဟုတ်လို့ဘဲ "
" အဖွဲ့ချုပ် .. သခင်ကြီးယွမ် ... "
လောထျန်း ထိုနာမည်အား ထပ်ရွတ်လိုက်သည်။
နားမလည်နိုင်ဟန် ဖြစ်နေသည့် လောထျန်းကို ကြည့်ကာ ရွှေယွဲ့ချီက ရှင်းပြ၏။
" သခင်ကြီး ယွမ် က ကမ္ဘာကြီးအပေါ်ကို စေတနာ ထားတဲ့ သူတစ်ယောက်ပဲ ။ သူ ငယ်ငယ်ကဆိုရင် မြို့ထဲက သူတွေရဲ့ အသက်ကို ကယ်ဖို့အတွက် သူ့အသားကို ဖြတ်ပြီး ဆေးဖော်ဖို့တောင် ဝန်မလေးခဲ့ဘူးရှင့် ။ ပြီးတော့ တစ်ခါက ဆိုရင်လဲ မျိုးဆက်သစ် လူငယ်လေးတစ်ယောက်အတွက် သူ့ရဲ့ ကျင့်ကြံခြင်းအဆင့်ကို နိမ့်ပစ်ပြီးတော့ ကမ္ဘာပေါ်က မသေမျိုး ဖြစ်လာနိုင်တဲ့ အခွင့်အရေးကိုပါ လက်လွတ်ဆုံးရှုံးခံခဲ့သေးတယ် "
" ဒါပေမယ့် ဝမ်ဟွန်းကွေ့ယီဂိုဏ်းကကျတော့ မရေမတွက်နိုင်တဲ့ လူတွေအများကြီးကို သတ်ခဲ့တာ ။ သူတို့ သတ်ခဲ့တဲ့သူတွေ ဘယ်လောက် များနေပြီလဲတောင် မပြောနိုင်ဘူး ။ အဲ့လို ဆိုးရွာလွန်းတဲ့ ဂိုဏ်းမျိုးနဲ့ သခင်ကြီး ယွမ်ရဲ့ အဖွဲ့က လုံးဝ နှိုင်းယှဥ်လို့တောင် မရဘူးရှင့် ။အဲ့လို အုပ်စု နှစ်ခုက ပတ်သက်စရာ ဘာအကြောင်းမှ မရှိဘူး "
ရွှေယွဲ့ချီမှာ ပြောနေရင်း စိတ်လှူပ်ရှားလာဟန် တူသည်။
သူမက သခင်ကြီး ယွမ် အပေါ် အလွန်တရာ လေးစားနေသည်မှာ သိသာပါသည်။
လောထျန်းမှာလည်း သူမ စကားကို နားထောင်ပြီး အနည်းငယ် အံ့အားသင့်သွားရ၏။
ရွှေယွဲ့ချီ၏ အပြောအတိုင်း ဆိုပါက .. သခင်ကြီးယွမ် ဆိုသူမှာ လူကောင်းတစ်ယောက် ဖြစ်ဟန်ပင် ။
" ဒါဆို .. သူ့အဖွဲ့ထဲက လက်အောက်ငယ်သားတွေရဲ့ လက်ချက်များ ဖြစ်နေမလား ။ သူ ဒီကိစ္စကို မသိတာရော မဖြစ်နိုင်ဘူးလား "
လောထျန်း မေးလိုက်သည်။
ရွှေယွဲ့ချီက ခေတ္တမျှ အံ့အားသင့်နေပြီးမှ ပြန်ပြော၏။
" ဒါကတော့ ဖြစ်နိုင်ချေ ရှိတယ် '
" အင်း .. ပြောပါဦး "
လောထျန်း သူမကို ကြည့်လိုက်သည်။
ရွှေယွဲ့ချီက တခဏကြာ စဥ်းစားပြီးမှ ပြန်ပြော၏။
" ကျွန်မ သိသလောက်တော့ သခင်ကြီးယွမ်က လွန်ခဲ့တဲ့ နှစ်ငါးရာလောက်တည်းက ကိစ္စတစ်ခုကြောင့် တစ်ယောက်တည်း သွားကျင့်ကြံနေတာ ။ စိတ်ဝိဥာဥ်သခင်ကြီးများအဖွဲ့နဲ့ ပတ်သက်တဲ့ကိစ္စတွေ အားလုံးကို သူ့ရဲ့ ဒုတိယအဖွဲ့ချုပ် ၃ ယောက်ကို လက်လွှဲထားခဲ့တာတဲ့ ။ ကြည့်ရတာ .. သူတို့လက်ချက်များလား .. "
လောထျန်းက ခေတ္တမျှ စဥ်းစားကာ ပြောလိုက်သည်။
" အဲ့ဒါလဲ ဖြစ်နိုင်တာပဲ "
ရွှေယွဲ့ချီက ချက်ချင်း ပြန်ပြော၏။
" ကျွန်မ ဂိုဏ်းကို ပြန်ရောက်တာနဲ့ အကြီးအကဲတွေကို ဒီကိစ္စသတင်းပို့ပြီး စုံစမ်းစစ်ဆေးကြည့်ဖို့ ပြောလိုက်မယ် ။ စိတ်မပူပါနဲ့ရှင့် .. ကျွန်မတို့ ယောင်ချီက ဝမ်ဟွန်းကွေ့ယီဂိုဏ်းကို မုန်းနေကြတာ ။ စိတ်ဝိဥာဥ် သခင်ကြီးများအဖွဲ့ကသာ သူတို့ဂိုဏ်းနဲ့ ပတ်သက်နေတာ အမှန်ဆိုရင် ကျွန်မတို့ သေချာပေါက် ဖော်ထုတ်နိုင်မှာပဲ "
လောထျန်းက ခေါင်းအသာ ညိတ်လိုက်သည်။
ထို့နောက်တွင် ရွှေယွဲ့ချီက ရုတ်တရက် ခေါင်းစဥ်ပြောင်းပြီး ပြောလာ၏။
" ဒါနဲ့ .. သခင်လေး လောထျန်း ၊ ကျွန်မ သခင်လေးကို ပေးထားတဲ့ ဖိတ်စာကို မှတ်မိတယ်မလား ။ အဲ့ဒါ အချိန်ကျလာရင် ယောင်ချီညီလာခံကို သေချာပေါက် လာခဲ့နော် "
သူမအသွင်မှာလည်း အလွန်လေးနက်နေသည်။
" ဟင် .. ဘာဖြစ်လို့လဲ "
လောထျန်းက သူမ၏ မျက်နှာထား အပြောင်းအလဲကို သတိထားမိသွားကာ သိချင်စိတ်ဖြင့် မေး၏။
ရွှေယွဲ့ချီက ခေတ္တမျှ တုန့်ဆိုင်းနေသေးပြီး နောက်ဆုံးမှ ပြောသည်။
" ဒီ ယောင်ချီ ညီလာခံက .. ကောင်းကင်ဘုံ ပျက်စီးခြင်း ၉ ခုနဲ့ ပတ်သက်တဲ့ ကိစ္စကို ရည်ရွယ်ပြီး လုပ်တာရှင့် "
" ကောင်းကင်ဘုံ ပျက်စီးခြင်း ၉ ခုနဲ့ ပတ်သက်တာ ... "
သူမစကားကြောင့် လောထျန်း မျက်မှောင် အနည်းငယ် ကြုံ့သွားရသည်။
ရွှေယွဲ့ချီက သက်ပြင်းချကာ စကားဆက်၏။
" ဟုတ်တယ်ရှင့် ၊ တွက်ချက်မှုတွေ အရဆိုရင် အရင်နောက်ဆုံး ကောင်းကင်ဘုံပျက်စီးခြင်း ၉ ခုက ကျွန်မတို့ ယောင်ချီမှာ ဖြစ်သွားခဲ့တာ "
" ဟင် ... အဲ့လိုလား ။ ဒါဆိုရင် ကောင်းကင်ဘုံ ပျက်စီးခြင်း ၉ ခုနဲ့ ပတ်သက်ပြီး ယောင်ချီရဲ့ သဘောထားကရော ဘယ်လိုရှိလဲ "
လောထျန်း မေးလိုက်သည်။
ရွှေယွဲ့ချီက သက်ပြင်းချကာ ပြန်ဖြေ၏။
" ပထမ ကောင်းကင်ဘုံ ပျက်စီးခြင်း ၃ ခုကို ဖြစ်စေတဲ့ ကမ္ဘာတွေကိုတော့ ဘယ်လိုမှ မယှဥ်နိုင်ဘူးလို့ ယောင်ချီက တွေးထားတယ် ။ ဒါပေမယ့် .. ကျန်တဲ့ ကောင်းကင်ဘုံ ပျက်စီးခြင်း ၆ ခုကိုတော့ အားကုန်သုံးပြီး တိုက်ခိုက်သင့်တယ်လို့ ယူဆထားတယ်ရှင့် "
လောထျန်း အံ့အားသင့်သွားရသည်။ သူသည် ကောင်းကင်ဘုံ ပျက်စီးခြင်း ၉ ခု အပေါ်တွင် အဖွဲ့မျိုးစုံက သဘောထားအမျိုးမျိုး ရှိကြသည်ကို သိထာပြီး ဖြစ်ပါ၏။
သို့သော် အဖွဲ့တစ်ခုတည်းက ကောင်းကင်ဘုံ ပျက်စီးခြင်း ၉ ခုထဲမှ တစ်ခုစီအပေါ် သဘောထား အမျိုးမျိုး ရှိနေမည်ဟုမူ ထင်မထားခဲ့ပေ။
" ဘာဖြစ်လို့လဲ "
လောထျန်း မေးလိုက်သည်။
ရွှေယွဲ့ချီက ကူကယ်ရာ မဲ့ဟန်ဖြင့် ခေါင်းယမ်းကာ ပြန်ပြော၏။
" ကျွန်မ ကောင်းကင်ဘုံ ပျက်စီးခြင်း ၉ ခုကို ကိုယ်တိုင် မကြုံဖူးပေမယ့် ယောင်ချီမှာ ရှိတဲ့ စာအုပ်တွေထဲမှာ အများကြီး ဖတ်ဖူးထားတယ်ရှင့် ။ ထိပ်ဆုံးက ကမ္ဘာသံးခုနဲ့ ယှဥ်ဖို့ဆိုရင် ကျွန်မတို့ ထျန်းယွမ်ကမ္ဘာက အစွမ်းနိမ့်လွန်းနေတယ် ။ ကျွန်မတို့ ဘယ်လိုမှ ခုခံနိုင်ကြမှာ မဟုတ်ဘူး ။ ဒါကို အတင်းခေါင်းမာပြီး ခုခံရင်လဲ သေဖို့ တစ်လမ်းပဲ ရှိတာ ။ ဒီတော့ အဲ့လိုလုပ်မယ့်အစား လောလောဆယ် တိုက်ပွဲမဖြစ်အောင်ပဲ အရင်ရှောင်ပြီး သူတို့ကို စိတ်ကြိုက် လုပ်ခွင့်ပေးလိုက်တာက ပိုကောင်းတာပေါ့ရှင် ။ ဒါ ကိုယ့်အစွမ်းကို ကာကွယ်ဖို့အတွက် လုပ်သင့်တဲ့ အရာပဲ "
လောထျန်း မျက်မှောင်ကြုံ့သွားသည်။
" အဲ့ဒီ အပေါ်ကမ္ဘာသုံးခုက အဲ့လောက်ကို အစွမ်းထက်ကြတာလား "
ရွှေယွဲ့ချီက ခေါင်းယမ်းကာ ပြန်ပြော၏။
" ကျွန်မလဲ မသိဘူးရှင့် ။ ဂိုဏ်းမှာရှိတဲ မှတ်တမ်း စာအုပ်တွေထဲမှာ ရေးထားတာတော့ သူတို့တွေက မယုံနိုင်စရာ ကောင်းလောက်အောင် အစွမ်းထက်တယ်လို့ ပြောတယ် ။ သခင်လေး လောထျန်းက အင်မတန် အစွမ်းထက်တယ်ဆိုတာကို ကျွန်မ သိပေမယ့် .. သခင်လေး အနေနဲ့တောင် သူတို့ကို တားဖို့ ဖြစ်နိုင်မယ် မထင်ဘူး "
" ဥပမာ ပြောရရင် အစောက ထျန်းလုံရဲ့ ခန္ဓာကိုယ်အစွမ်းကိုပဲ ကြည့်ရှင်။ ကျွန်မ ခန့်မှန်းတွက်ချက်ရသလောက် ဆိုရင်တော့ လွေ့နန်က ထျန်းလုံရဲ့ ခန္ဓာကိုယ်ကို အပိုင်သိမ်းပြီး သူ့ကိုယ်ပိုင် စိတ်ဝိဥာဥ်ကို လောင်မြိုက်ပြီးတော့ ထျန်းလုံရဲ့ ကိုယ်နဲ့ တစ်သားတည်းဖြစ်အောင် လုပ်ခဲ့တယ် ဆိုပေမယ့် သူ့အစွမ်းက တကယ့် နဂါးကြီးထျန်းလုံရဲ့ အစွမ်း တစ်ဝက်တောင် ရှိမယ် မထင်ဘူး "
" ဒါပေမယ့် မှတ်တမ်းစာအုပ်တွေထဲမှာ ပြောထားတာတော့ အဲ့ဒီ အပေါ် ကမ္ဘာ ၃ ခုမှာ ထျန်းလုံလို အစွမ်းထက်ကြတဲ့သူတွေ တစ်ရာကျော်လောက်တောင် ရှိနိုင်တယ်တဲ့ ။ ပြီးတော့ ထျန်းလုံထက် အများကြီးပိုပြီး အစွမ်းထက်တဲ့ သူတွေလဲ ရှိကြသေးတယ် ပြောတယ် "
လောထျန်း မျက်မှောင်ကြုံ့သွားတော့သည်။
" အဲ့လောက်တောင်လား .. ဒီလိုဆို ငါ ပိုပြီး ကြိုးစားမှ ဖြစ်တော့မယ် ။ ကောင်းကင်ဘုံ ပျက်စီးခြင်းမလာခင် ငါ့ရဲ့ ကျင့်ကြံခြင်းအဆင့်က အနည်းဆုံး နောက်ထပ် ၂ ဆင့်လောက် တက်ထားမှ ဖြစ်မယ် "
လောထျန်း ထိုသို့ တွေးနေစဥ်တွင် ...
ကမ္ဘာတစ်ခုရှိ ... အိမ်တော်ခန်းမဆောင်ကြီး တစ်ခုအတွင်းတွင် မျက်လုံးများမှိတ်၍ အနားယူနေသော အစွမ်းထက် ကျင့်ကြံသူတစ်ယောက် ရုတ်တရက် မျက်လုံး ပွင့်လာ၏။
" ဟင် .. ဘာဖြစ်လို့ ရုတ်တရက်ကြီး ထိတ်ခနဲ ဖြစ်သွားသလို ခံစားလိုက်ရတာလဲ ။ ငါ အဲ့လို ခံစားချက်မျိုး မခံစားမိတာ နှစ်တွေတောင် တော်တော်ကြာနေပြီလေ ... "
ထိုစဥ် နဂါးသင်္ချိုင်းမြေ အတွင်း၌ ...
ရွှေယွဲ့ချီက ပြောလာသည်။
" ဒါပေမယ့် ကံကောင်းတာက တွက်ချက်ထားတဲ့အတိုင်းဆိုရင် ၊ဒီတစ်ခေါက် ယောင်ချီကို ကျလာမယ့် ကောင်းကင်ဘုံ ပျက်စီးခြင်းတွေထဲမှာ အပေါ်က ကမ္ဘာသုံးခု မပါဘူးရှင့် ။ ပြီးတော့ သူတို့တွေ လာမယ့် အချိန်ကလဲ အကန့်အသတ် ရှိတယ် ။ အဲ့တော့ တခြား အပြင်အဖွဲ့တွေအားလုံးဆီကသာ အကူအညီရမယ်ဆိုရင် ကျွန်မတို့အတွက် နိုင်နိုင်ချေ ရှိတယ် "
" ဒီတော့ .. သခင်လေး လောထျန်းအနေနဲ့လဲ ဖြစ်နိုင်ရင် ပျောင်ပိုင်မြို့က အစွမ်းထက်တဲ့ တိုက်ခိုက်ရေးသမားတွေကို ညီလာခံဆီ ခေါ်လာပေးဖို့ မျှော်လင့်ပါတယ် ။ ဒါပေမယ့် ကျွန်မတို့ဘက်က လက်ချည်းဗလာ အကူအညီတောင်းတာတော့ မဟုတ်ပါဘူးရှင် ။ ကျွန်မတို့ ယောင်ချီရဲ့ သိဒ္ဓိ ဆေးမက်မွန်သီးတွေကို ပေးမှာပါ "
" သိဒ္ဓိဆေး .. ဟုတ်လား "
ထိုစကားကြောင့် လောထျန်း၏ မျက်လုံးများ အရောင်လက်သွား၏။
သူ အစောက ကောင်းကင်ဘုံ သိုင်းကျမ်းကို ဖတ်ကြည့်ခဲ့စဥ်တွင် ကျင့်ကြံခြင်း နောက်တစ်ဆင့်သို့ တက်ရန်အတွက် သိဒ္ဓိ ဆေး ၅ မျိုးကို လိုသည်ဟု တွေ့ခဲ့ရပါသည်။
ယခု မျှော်လင့်မထားဘဲ သိဒ္ဓိ ဆေးတစ်မျိုးက သူ့ရှေ့သို့ ပေါ်လာခဲ့လေပြီ ။
" ကောင်းပါပြီ ၊ စိတ်မပူပါနဲ့ ။ ကျုပ် သေချာပေါက် လာခဲ့ပါမယ် "
သူက ရွှေယွဲ့ချီ၏ လက်ကိုကိုင်ကာ အရောင်လက်နေသော မျက်လုံးများဖြင့် စိတ်လှုပ်ရှားစွာ ဆိုလိုက်သည်။ သူ့အသွင်မှာလည်း အနည်းငယ်ပင် စိတ်မရှည်နိုင် ဖြစ်နေသယောင် ..
" အမ် ... ဒါဆို ကျွန်မ ရှင့်ကို ယောင်ချီမှာ စောင့်နေပါ့မယ် "
ရွှေယွဲ့ချီမှာ ထိုတခဏတွင် ရှက်သွေးများ ဖြာသွားကာ ရင်လည်း တဒိန်းဒိန်း ခုန်လာ၏။
သူမ သူစိမ်းယောက်ျားတစ်ယောက်ဖြင့် ထိုသို့ အသားချင်း မထိခဲ့ဖူးပါချေ။
" အမ် .. သခင်လေး လောထျန်း ၊ အခု ဘာဆက်လုပ်မှာလဲ "
သူမ စကားလမ်း လွှဲလိုက်သည်။
" အိုး .. ကျုပ်က နဂါးအသွင်ပြောင်း ရေအိုင် ကို သွားပြီး ဟို သုံးယောက်ကို သွားပြန်ခေါ်ရဦးမှာ ။ ပြီးရင် နောက်တစ်နေရာကိုလဲ သွားစရာ ရှိသေးတယ်။ မင်းရော ဘာအစီစဥ်ရှိလဲ "
လောထျန်းက ပြန်ပြောလိုက်သည်။
" ကျွန်မလဲ နဂါးသင်္ချိုင်းမြေထဲကို နဂါးသွေးအစစ်များ ရနိုင်မလား ရှာချင်သေးတယ် "
ရွှေယွဲ့ချီက အံကြိတ်ကာ ပြန်ဖြေ၏။