← Chapters

အခန်း (၁၃၀၆-၁၃၁၀)

Vol. 53 Ch. 1306-1310

အခန်း (၁၃၀၆-၁၃၁၀)

Vol. 53 Ch. 1306-1310

အပိုင်း (၁၃၀၆)

အစကမူ မီးငှက်၏ အခြေအနေကို ဖြေရှင်းရန် အတော်လေး ပြဿနာများလိမ့်မည်ဟု ထင်ခဲ့သော်လည်း တကယ်တမ်း ထင်သလို မဟုတ်မှန်း သိလိုက်ရသည်။ မှော်ရတနာ စိတ်ဝိဥာဉ်ကို စစ်ဆေးကြည့်ပြီးနောက် မီးငှက်သည် ပန်းပဲမီးဖိုထဲတွင် အိပ်စက်နေကြောင်း သိလိုက်ရသည်။

၎င်း၏ အရှိန်အဝါမျာ အနည်းငယ် အားနည်းနေသော်ငြား အရမ်းကြီး ပြင်းထန်းခြင်းတော့ မရှိပေ။ လက်ရှိတွင် မီးငှက်၏ ခန္ဓာကိုယ် ပတ်လည်၌ နေမီးလျှံအမြူတေမှ မီးလျှံများ လည်ပတ်တည်ရှိနေခဲ့သည်။ မီးငှက်သည် ထိုမီးတောက်များကို သန့်စင်ရန် ကြိုးစားနေသည့်ပုံပင်။

နေမီးလျှံအမြူတေ၏ မီးတောက်သည် မြွေးသေးသေးလေး တစ်ကောင်နှယ်၀

မီးငှက်၏ ခန္ဓာကိုယ်ပေါ်တွင် သွားနေခဲ့သည်။ ၎င်းသည် မီးငှက်၏ ခန္ဓာကိုယ်မှ ရုန်းထွက်ရန် ကြိုးစားနေသော်ငြား မည်သို့မှ မလွတ်မြောက်နိုင် ဖြစ်နေခဲ့သည်။

မီးငှက်သည် ကံဆိုးမှုအား ကံကောင်းမှု အသွင်သို့ ပြောင်းလဲပစ်လိုက်နိုင်သည့်ပုံပင်။

ထို့အတွက်ကြောင့် ရန်ကိုင်လည်း ပျော်သွားခဲ့သည်။ မီးငှက် ထိုကဲ့သို့ ဖြစ်ရခြင်းမှာ နေမီးလျှံအမြူတေကို သူလိုချင်သည့် အတွက်ကြောင့် ဖြစ်သည်။ ထို့ကြောင့် မီးငှက် ဒဏ်ရာရသွားသည့် ကိစ္စနှင့် ပက်သက်၍ ရန်ကိုင် အတော်လေး စိတ်ဓါတ်ကျနေမိ၏။ သို့သော် ယခု မီးငှက်သည် အကောင်းအတိုင်း ရှိနေသေးသလို ကျောက်တုံးရုပ်သေးရုပ်၏ ဒဏ်ရာမှာလည်း သိပ်မပြင်းကြောင်း သိလိုက်ရပြီ ဖြစ်သဖြင့် ရန်ကိုင် စိတ်သက်သာရာ ရနိုင်လေပြီ။

မီးငှက်သည် လောလောဆယ်တွင် အိပ်စက်နေသေးသဖြင့် ရန်ကိုင်အနေဖြင့် ပန်းပဲမီးဖိုအား နဂါးအရိုးနှင့် နဂါးပုတီးစေ့ကို သန့်စင်ရန် အသုံးမပြုနိုင်သေးချေ။ ထို့ကြောင့် ထိုင်ချလျက် အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်ပြီးနောက် ခရီးမှ ရလာသော အကျိုးအမြတ်များကို စစ်ဆေးလိုက်သည်။

သိုလှောင်လက်စွပ် လေးကွင်းအပြင်၊ ကျောက်တုံး ရုပ်သေးရုပ်၏ ဝမ်းဗိုက်ထဲတွင် ရှိနေသော သူတော်စင် သလင်းကျောက်များနှင့် သတ္တုရိုင်းများစွာ ရခဲ့သည်။ ထိုမျှသာ မကသေး ကျင့်စဉ်၊ သိုင်းပညာရပ် အချို့နှင့်အတူ မှော်ရတနာ အချို့ပါ ရလာခဲ့သေးသည်။

သို့သော်လည်း မှော်ရတနာအားလုံးမှာ ပြန်သုံးနိုင်ဖို့ရာ ပြန်လည် ပြင်ဆင်ရန် လိုအပ်သေးသဖြင့် ယန်ယန် ဆီသို့သာ ပေးထားလိုက်သည်။ ထို့အပြင် သူ့တိုက်ပွဲ စွမ်းအားကို မြှင့်တင်ရန် ထိုမှော်ရတနာများကို ရန်ကိုင် မလိုအပ်ချေ။

ကျင့်စဉ်နှင့် သိုင်းပညာရပ်များကို ရန်ကိုင် နည်းနည်း စိတ်ဝင်စားပေသည်။

တကယ်တော့ လွန်ခဲ့သော နှစ်နှစ်ထောင်ခန့်က ရှေးဟောင်း ယန်ဂိုဏ်းသည် ကောင်းကင်တိုက်ပွဲအစည်းအရုံးနှင့် မိုးကြိုး မုန်တိုင်းဂိုဏ်းအောက် မနိမ့်ကျသော အင်အားစုတစ်ခု ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့ ပိုင်ဆိုင်ထားခဲ့သော ကျင့်စဉ်နှင့် သိုင်းပညာရပ် များသည် အတော်လေး အဆင့်မြင့်ရပေမည်။

တစ်ချက်လောက် စစ်ဆေးကြည့်ပြီးလောက် ရန်ကိုင် အတော်လေး ထိတ်လန့်သွားခဲ့ရသည်။

သူမျှော်မှန်းထားသကဲ့သို့ပင် ထိုကျင့်စဉ်နှင့် သိုင်းပညာရပ် အားလုံးသည် အတော်လေး အဆင့်မြင့်လှသည်။ ပြင်ပ လောကကြီးတွင်သာ ပေါ်လာပါက မရေမတွက်နိုင်သော ကျင့်ကြံသူများ၏ အာရုံကို ဆွဲဆောင်နိုင်ပေလိမ့်မည်။ ထိုကျင့်စဉ်နှင့် သိုင်းပညာရပ် တော်တော်များများသည် ရှေးဟောင်းယန်ဂိုဏ်း၏ အဓိကတပည့်များသာ ကျင့်ကြံနိုင်သော သိုင်းပညာရပ်များ ဖြစ်သည့်အတွက် အလွန်ကိုမှ အဆင့်မြင့်ကြပေသည်။ တန်ခိုးရှင်အဆင့် ပညာရှင်များပင် ထိုအရာများကို ရလျှင် ပျော်သွားနိုင်သည်။

ရန်ကိုင်၏ လက်ရှိ စွမ်းရည်အရ ထိုအရာများကို အချိန်ကုန်ခံပြီး ကျင့်ကြံနေစရာ မလိုချေ။ သို့သော် အချိန်ရလျှင် ထိုအရာများထဲမှ တစ်ခုနှစ်ခုလောက်ကို ကျင့်ကြံထားလိုက်လျှင် သူ့တိုက်ပွဲစွမ်းရည်ကို တိုးတက်လာစေနိုင်သလို အသက်ကယ် ဝှက်ဖဲ အရေအတွက်ကိုလည်း တိုးလာစေနိုင်ပေသည်။

အနည်းဆုံး ထိုထဲမှ ကျင့်စဉ် တော်တော်များများကို ရန်ကိုင် စိတ်ဝင်စားပေသည်။

သို့သော်လည်း သူ့အနေဖြင့် ရွှေရောင်းပိုးမျှင်ကို ကျင့်ကြံရမည့်၊ နဂါးအရိုးနှင့် နဂါးပုတီးစေ့ကို သန့်စင်ရမည့်၊ လေဟာနယ်ဓါးသွားကို ကျင့်ကြံရမည့်၊ တိုက်ယွမ်ပေးထားသည့် ပုံရိပ်ယောင်ဖန်လုံးအား သန့်စင်ရမည့် တာဝန်များ ရှိနေသေးသည်ကို သတိရလိုက်သည့်အခါ ထိုကျင့်စဉ်များအား ကျင့်ကြံလိုသည့် ဆန္ဒကို ခဏတာ ဘေးဖယ်ထားလိုက်သည်။

ထိုကျင့်စဉ်နှင့် ပညာရပ်များကို မကျင့်ကြံနိုင်သေးသော်ငြား အားနေတုန်း နည်းနည်းလောက် ဖတ်ကြည့်ထားခြင်းဖြင့် ဗဟုသုတ ပို၍ ကြွယ်ဝလာနိုင်ပေသည်။ ထိုအရာများမှလည်း သူ့ကျင့်ကြံခြင်းအတွက် နည်းနည်းပါးပါး မှီငြမ်းနိုင်ပေသည်။ အထူးသဖြင့် ထိုပညာရပ်များထဲတွင် ရန်ကိုင် အလွန်ကိုမှ စိတ်ဝင်စားသည့် ခန္ဓာသန့်စင်ခြင်း ကျင့်စဉ်တစ်ခု ရှိနေခဲ့သည်။

ခန္ဓာသန့်စင်ခြင်းအကြောင်း ရှင်းပြထားသည့် ကျင့်စဉ် တစ်ခုကို ယခုမှ ပထမဆုံးအကြိမ် တွေ့ဖူးခြင်း ဖြစ်သည်။

ရန်ကိုင်၏ ခန္ဓာကိုယ် သာမန် ကျင့်ကြံများထက်ပို၍ အားကောင်းနေရခြင်းမှာ ရွှေရောင်အရိုးခြောက်ကြောင့် ဖြစ်၏။ ရွှေရောင်အရိုးခြောက်ကြောင့် နတ်ဆိုးချီ မြောက်မြားစွာကို စုဆောင်းထားနိုင်သည့် အပြင် နတ်ဆိုးမျိုးနွယ်စုဝင်များ၏ အားကောင်းသော ခန္ဓာကိုယ်စွမ်းရည် အချို့ကိုလည်း ရရှိခဲ့သည်။ ထို့အပြင် လွန်ခဲ့သော နှစ်များအတွင် သူ့ခန္ဓာကိုယ် ခွန်အားကို တိုးတက်အောင် လုပ်နိုင်သည့် အခွင့်အလမ်းများနှင့်လည်း ကြုံတွေ့ခဲ့ရသေးသည်။

သို့သော်လည်း သေချာ စဉ်းစားကြည့်လိုက်သည့်အခါ ရွှေရောင်အရိုးခြောက်ကို စရစဉ်က သူကျင့်ကြံခဲ့သည့် ခန္ဓာသန့်စင်ခြင်း မှတ်တမ်းသည်လည်း ခန္ဓာသန့်စင်ခြင်း ပညာရပ် တစ်ခုဖြစ်မည်မှန်း ရန်ကိုင် သိလိုက်သည်။ သို့သော်လည်း ထိုကျင့်စဉ်ကို မဟာနတ်ဆိုးနတ်ဘုရားမှ ဖန်တီးခဲ့ခြင်း ဖြစ်၍ ရှေးဟောင်းယန်ဂိုဏ်းမှ ကျင့်စဉ်နှင့် မနှိုင်းယှဉ်နိုင်သည်မှာ သဘာဝသာ ဖြစ်သည်။

နိမ့်ကျသည်ဟု ဆိုသည့်တိုင် မဟာနတ်ဆိုးနတ်ဘုရား၏ အရည်အချင်း နိမ့်ကျခြင်းမဟုတ်၊ မဟာနတ်ဆိုးနတ်ဘုရားသည် သူတော်စင်ဘုရင်အဆင့်သို့သာ ရောက်နိုင်ခဲ့ပြီး ထုန်းရွှမ် လောကကြီးမှ မထွက်နိုင်ခဲ့သည့် အတွက်ကြောင့်သာ ဖြစ်သည်။ သူ့အတွေ့အကြုံ၊ ဗဟုသုတသည် ထိုမျှနှင့်သာ ကန့်သတ်နေရာ တန်ခိုးရှင်အဆင့်ပေါင်း မြောက်မြားစွာ ရှိနေခဲ့သည့် နှစ်သန်းပေါင်း များစွာ တည်ရှိလာသော ဂိုဏ်းကြီးတစ်ဂိုဏ်းမှ ဖန်တီးထားသည့် ပညာရပ်တစ်ခုနှင့် မယှဉ်နိုင်သည်မှာ သဘာဝသာ ဖြစ်သည်။

ရှေးဟောင်းယန်ဂိုဏ်း၏ ခန္ဓာသန့်စင်ခြင်း ပညာရပ် မည်သည့် အဆင့်ရှိလဲ ရန်ကိုင်မသိ။ တစ်ချက်လောက် ဖတ်ကြည့်ပြီးနောက် အတော်လေး အဆင့်မြင့်မည်မှန်းတော့ သိလိုက်သည်။ ရှင်းရှင်း ပြောရလျှင် ထိုအရာသည် အဖိုးမဖြတ်နိုင်သည့် ရတနာတစ်ပါးပင် ဖြစ်လေသည်။ ဆေးပညာရှင် တစ်ယောက် ဖြစ်သည့်အလျောက် သူသာ ထိုကျင့်စဉ်ကို ကျင့်ကြံမည်ဆိုပါက ခန္ဓာသန့်စင်ခြင်း ဆေးလုံးများကို ဖော်စပ်ပြီး နည်းနည်းကြိုးစားကျင့်ကြံပြီး များများ အကျိုးအမြတ်ရအောင် လုပ်နိုင်ပေသည်။

ထိုကဲ့သို့ ဆုံးဖြတ်ပြီးသည်နှင့် ရန်ကိုင်သည် တင်ပလင်ခွေ ထိုင်လိုက်ပြီး ရွှေရောင်ပိုးမျှင်ကို စတင် သန့်စင်တော့သည်။ ထိုသို့ သန့်စင်နေရင်း ခန္ဓာသန့်စင်ခြင်း ကျင့်စဉ်၏ ဆန်းကြယ်မှုများကို ရံဖန်ရံခါ လေ့လာကြည့်သည်။

မျက်တောင်တစ်ခတ်အတွင်း ရှစ်ရက် ကုန်ဆုံးသွားခဲ့ပြီ။

ထိုအတောအတွင်း ရန်ကိုင်တို့ ရှိနေသည့် တောင်တန်းသည် အလွန်ကိုမှ တိတ်ဆိတ်ငြိမ်သက်နေခဲ့သည်။ တိတ်ဆိတ်လည်း တိတ်ဆိတ်ချင်စရာပင်။ ဤနေရာသည် သင်္ချိုင်တောင်ကြားနှင့် နီးသဖြင့် မည်သူမှ မလာလေရာ မည်ကဲ့သို့ စည်ကားမည်နည်း။ လွန်ခဲ့သော နှစ်တစ်ထောင်ခန့်ကသာ ဆိုပါက သင်္ချိုင်းတောင်ကြား ထဲသို့ ရတနာရှာထွက်သူ များစွာရှိသဖြင့် ဤနေရာသည် အတော်လေး စည်ကားခဲ့ပေလိမ့်မည်။

သို့သော်လည်း ယခုမှ အားလုံး ကွားခြားသွားခဲ့လေပြီ။ သင်္ချိုင်းတောင်ကြားထဲသို့ ရံဖန်ရံခါ လာသည့်လူများ ရှိသော်ငြား ယခင်ကနှင့် စာလျှင် အလွန်ကိုမှ လျော့ကျသွားခဲ့သည်။ အထူးသဖြင့် ချန်ရှီတောင်းကဲ့သို့ လုပ်စရာ တစ်ခုခုရှိသဖြင့် လာကြသူများ၊ နာမည်ကျော်ချင်၊ လူအထင်ကြီးခံချင်သည့် လူငယ်တက်သစ်စ ကြယ်ပွင့်ပေါက်စများ တို့သည်သာ ဤနေရာသို့ ကံစမ်းရန် လာရောက်ကြပေလိမ့်မည်။ သို့သော်လည်း သင်္ချိုင်းတောင်ကြားထဲသို့ ဝင်သွားသည့်လူတိုင်း အသက်ရှင်လျက် ပြန်ထွက်လာနိုင်သည်မှာ အတော်လေး နည်းကြသည်။

ယနေ့တွင်၊ ရန်ကိုင် တင်ပလင်ခွေထိုင် ကျင့်ကြံနေစဉ် တစ်ခုခုကို အာရုံခံမိလိုက်သဖြင့် ရုတ်တရက် မော့ကြည့်လိုက်ရာ အလင်းတန်းတစ်ခု သူ့ဆီ ပျံသန်းလာနေသည်ကို တွေ့လိုက်ရ၏။ ထိုအလင်းတန်းသည် ကြယ်လွန်းပျံကို စီး၍ လာနေသည့် ချန်ရှီတောင်းသာ ဖြစ်လေသည်။

သူတော်စင်ချီ လှည့်ပတ်နှုန်း နှေးချလိုက်ပြီး ရန်ကိုင်သည် ချန်ရှီတောင်း ရောက်လာမည့် အချိန်ကို စောင့်နေလိုက်သည်။

တစ်ခဏအကြာတွင် ချန်ရှီတောင်း သူ့ရှေ့သို့ ရောက်လာခဲ့ပြီး ရန်ကိုင်အား အပြုံးဖြင့် ကြည့်လိုက်သည်။

ရက်နည်းနည်းလောက် အနားယူပြီးသည့်နောက် ချန်ရှီတောင်း လုံးဝ ပြန်ကောင်းသွားခဲ့လေပြီ။ သူမ၏ အသားအရေသည် မက်မွန်ရောင် တလက်လက် တောက်နေ၏။ မျက်ဝန်းများမှလည်း တစ်မူထူးခြားသော ညို့ဓါတ်တို့ ဖြာထွက်နေသည်။ သူမ ရောက်လာသည်နှင့် သူမဆီမှ မွှေးပျံ သင်းကြိုင်သည့် ရနံ့လေးတစ်ခုကို ရန်ကိုင် ရလိုက်သည်။

“အစ်မချန်” ရန်ကိုင်က ခေါင်းလေးညိတ်၍ ဆီးကြို နှုတ်ဆက်လိုက်သည် “ကြည့်ရတာ အစ်မချန် လုံးဝ ပြန်ကောင်းသွားပြီနဲ့ တူတယ်”

ချန်ရှီတောင်းက ပြုံးလိုက်ပြီး “အခုလို စိုးရိမ်ပေးတဲ့အတွက် ကျေးဇူးပါပဲ မောင်လေးရန်။ ငါက ဒဏ်ရရခဲ့တာမှ မဟုတ်တာ။ အားနည်းနည်း ကုန်သွားရုံပဲ။ ဒါကြောင့် ခဏလောက် နားလိုက်တာနဲ့ ပြန်ကောင်းလာတာ”

“အင်း၊ အခုလာတာ အစ်မချန် တစ်ခုခု ပြောချင်လို့လား။ ဒါမှမဟုတ် ထွက်သွားတော့ဖို့ လာပြောတာလား”

“မသွားသေးဘူး” ချန်ရှီတောင်းက ခေါင်းခါလိုက်ပြီး “ဖန်းလေ့ ဒဏ်ရာက သိပ်မပြင်းပေမယ့် ပေါ့ပေါ့လေးတော့လည်း မဟုတ်ဘူး။ သူ့တို့ ဒဏ်ရာတွေ သက်သာလာဖို့ နောက်ထပ် ရက်နည်းနည်းလောက် အချိန်လိုဦးမယ်”

“အို၊ အဲ့ဒါလည်း ကောင်းတာပဲ။ ကျုပ်လည်း လုပ်စရာလေး တစ်ခု မပြီးပြတ်သေးလို့ နောက်ထပ် ရက်နည်းနည်းလောက် ထပ်လိုနေတာနဲ့ အတော်ပဲ ဖြစ်သွားတယ်”

“အခု ငါလာတယ်ဆိုတာက ငါတို့ကို နှစ်ကြိမ်တိုင်တိုင် မောင်လေးရန်ကို အထူးတလည် ကျေးဇူးတင်ချင်လို့ပဲ။ ပထမ တစ်ကြိမ်က ပြဿနာ မရှိပေမယ့် ဒုတိယ အကြိမ်မှာသာ မောင်လေးရန် ရောက်မလာခဲ့ဘူးဆိုရင် ငါတို့အားလုံး ကျိန်းသေ သေရမှာ။ ဒါကြောင့် နောက်ပိုင်း မောင်လေးရန် အကူအညီ လိုတယ်ဆိုရင် ကြည်လင်ကောင်းကင်ဂိုဏ်းဆီသာ လာပြီး ငါ့ကို လာရှာလိုက်။ ငါကျိန်းသေ ကူညီပေးမယ်”

ရန်ကိုင်က ယဲ့ယဲ့လေး ပြုံးလိုက်ပြီး သူ့လက်ကို ဝှေ့ရမ်း၍ “ကျုပ်ဘာမှ ဒီလောက်ကြီး မကူညီခဲ့ရပါဘူးဗျာ။ အစ်မချန်တို့ လွတ်လာတယ်ဆိုတာ အစ်မချန်တို့ ကိုယ်တိုင် ကြိုးစားခဲ့လို့ပဲ မဟုတ်ဘူးလား။ တကယ်တော့ ငွေညမိုးကြိုးသားရဲ ပြန်ဆုတ် သွားတယ်ဆိုတာက အကာအရံရဲ့ အကူအညီ မပါဘဲ အစ်မချန်တို့ကို မနိုင်မှန်း သိလိုက်လို့လေ”

“အဲ့လိုလား” ချန်ရှီတောင်း မျက်မှောင် ကြုတ်သွားပြီ။ သိပ်ပြီး နားမလည်နိုင် ဖြစ်နေသည့်ပုံပင်။ ထို့ကြောင့်သာ ဆိုလျှင် ငွေညမိုးကြိုးသားရဲဿည် သူတို့အား ဘာကြောင့် ဦးစွာ တိုက်ခိုက် ခဲ့ရသနည်း။ အားပြန်ဖြည့်နေစဉ် အတောအတွင်း ထိုအကြောင်းကို ချန်ရှီတောင်း သေချာ စဉ်းစားကြည့်သည်။ သို့တိုင် ငွေညမိုးကြိုး သားရဲ ဘာကြောင့် ရုတ်တရက် ပြန်ဆုတ်သွားသလဲ အဖြေ ရှာမရခဲ့ပေ။

စဉ်းစား ကြည့်လိုက်သည့်နောက် ရန်ကိုင်နှင့် တစ်ခုခု ပက်သက်နေရမည်မှန်း သိလိုက်သည်။ သို့သော်လည်း မေးကြည့်သည့် အခါ ရန်ကိုင်က ငြင်းနေသဖြင့် ရန်ကိုင် ပြောသည့် အတိုင်း ငွေညမိုးကြိုးသားရဲ သူမတို့အား မနိုင်မှန်းသိ၍ ထွက်ပြေးသွားခြင်းများလေလားဟု ချန်ရှီတောင်း တွေးမိသွား၏။

ရန်ကိုင်သည် ထိုအကြောင်းကို ဆက်မပြောတော့ပဲ ခေါင်းစဉ် ပြောင်းလိုက်သည် “ကျေးဇူးတင်ဖို့အတွက်နဲ့ ဒီလောက်အထိ လုပ်စရာ မလိုပါဘူးဗျာ။ ကျင့်ကြံသူတွေ ဒီလောကကြီးထဲမှာ လှည်ပတ် သွားလာတဲ့အခါ အခက်အခဲတွေနဲ့ မကြုံရတဲ့လူ ဘယ်သူရှိလို့လဲ။ အကုန်လုံး အခက်အခဲ ကိုယ်စီနဲ့ ကြုံရတာပဲ မဟုတ်ဘူးလား။ ပြီးတော့ ကျုပ်တို့တွေက သူစိမ်းတွေမှ မဟုတ်တာ။ အချင်းချင်း ရိုင်းပင် ကူညီပေးရမှာပေါ့။ တစ်နေ့နေ့ ကျရင် ကျုပ်လည်း အစ်မချန်ဆီကနေ အကူအညီ လိုချင် လိုလာနိုင်တာပဲလေ၊ ဘယ်သူပြောနိုင်မှာလဲ”

ချန်ရှီတောင်း၏ မျက်နှာထက် စွဲမက်ဖွယ်ရာ အပြုံးလေးတစ်ပွင့် ထွက်ပေါ်လာပြီး ပျော်ရွှင်စွာ ပြုံးလျက် “မောင်လေးရန်နဲ့ ကြုံရတာ ဒီအစ်မအတွက် အရမ်း ကံကောင်းတာပဲ”

“ကျုပ်က ကံကြမ္မာသားတော် မို့လို့လား” ရန်ကိုင်က ရယ်သွမ်းသွေးလျက် အရွှမ်းဖောက်လိုက်သည်။

“ခစ်ခစ်…” ချန်ရှီတောင်းက တခစ်ခစ် ရယ်လိုက်ပြီး “အဲ့ဒါနဲ့ ပက်သက်ပြီး သက်သေပြစရာ မရှိပေမယ့် အစ်မက အဲ့ဒါကို လုံးဝ ယုံကြည်တယ်။ မောင်လေးရန်ရဲ့ ကံကောင်းမှုကြောင့်သာ မဟုတ်ရင် ငါအခု ဒီမှာ ဘယ်လိုလုပ်ရပ်ပြီး မောင်လေးရန်နဲ့ စကားပြောနေနိုင်မှာလဲ”

“ကောင်းပြီလေ။ အစ်မချန် ထင်ချင်သလိုသာ ထင်တော့” ရန်ကိုင် ခေါင်းသာ ခါလိုက်သည်။

“တကယ်တော့…” ချန်ရှီတောင်းက တစ်ခုခု ပြောရန် လုပ်လိုက်သော်ငြား ရုတ်တရက် တနု့်ဆိုင်းသွားသည်။

ချန်ရှီတောင်းတွင် သူ့ဆီ တောင်းဆိုချင်နေလခ်ထဖသည့် အားနာစရာ ကိစ္စတစ်ခု ရှိနေမှန်း ချက်ချင်း သိလိုက်သည်။ ထို့ကြောင့် စိတ်ဝင်စားသည့် ပုံစံ လုပ်ပြလိုက်သည်။

ရန်ကိုင်၏ အမူအရာကို မြင်သော် ချန်ရှီတောင်းက ဖြည်းဖြည်းချင်း ဆက်ပြောလိုက်သည် “တကယ်တော့ အခုတစ်ကြိမ် ဒီကိုလာတာ မောင်လေးရန်ကို ကျေးဇူးတင်ဖို့က ပထမ။ ဒုတိယက မောင်လေးရန်များ အစ်မတို့ ဂိုဏ်းထဲ ဝင်ချင်မလားလို့ မေးချင်လို့ လာခဲ့တာ”

“ဂိုဏ်းထဲဝင်ဖို့” ရန်ကိုင် မျက်ခုံးပင့်လိုက်ပြီး ပြုံးလျက် “အစ်မချန်က ကျုပ်ကို ကြည်လင်ကောင်းကင်ဂိုဏ်းထဲ ဝင်ဖို့ ဖိတ်ခေါ်ချင်နေတာလား”

“မောင်လေးရန်လို ဥာဏ်ကောင်းတဲ့ လူတွေနဲ့ စကား ပြောရတာ အရမ်းကို သက်သာတာပဲ” ချန်ရှီတောင်းက ပြုံး၍ ခေါင်းညိတ်လိုက်ပြီး “ဟုတ်တယ်။ တကယ်တော့ အခု မောင်လေး ရန်မှာ အားကိုးအားထားစရာ အကြီးအကဲလည်း မရှိဘူး။ ကာကွယ်ပေးမယ့် ဂိုဏ်းလည်း မရှိဘူး။ ဒါကြောင့် လောလောဆယ် မောင်လေးရန် ဘာပြဿနာမှ မရှိသေးပေမယ့် ကျင့်ကြံခြင်း အဆင့် မြင့်လာရင်တော့ မောင်လေးရန် ကိုယ်တိုင် မဖြေရှင်းနိုင်တဲ့ ပြဿနာတွေနဲ့ ရင်ဆိုင်လာရလိမ့်မယ်”

ရန်ကိုင် ခေါင်းညိတ်လိုက်သည်။ ချန်ရှီတောင်း ဘာပြောချင်နေမှန်း သူနားလည်ပေသည်။

ဥပမာပြရသော် ရှီပင် ဖြစ်သည်။ ရှီသည် တန်ခိုးရှင်အဆင့် ကျင့်ကြံသူများသာ ပိုင်ဆိုင်သည့် အရာဖြစ်ပြီး ရန်ကိုင်ကဲ့သို့ ကျင့်ကြံသူများ နားမလည်နိုင်သည့် အရာတစ်ခုဖြစ်သည်။ ရှဲ့ဟုန်ဝမ် ခေါ်လာသည့် တန်ခိုးရှင်အဆင့် ကျင့်ကြံသူများနှင့် တိုက်ခိုက်စဉ်က ရှီဆိုသည့် အရာသည် သူကျဉ်းထဲကြပ်ထဲ ရောက်ခဲ့ရသေးသည်။

ရန်ကိုင်၏ အတွေးနက်သွားသည့် အမူအရာကို မြင်သော် ချန်ရှီတောင်း အားတက်သွားပြီး ဆက်၍ ပြောလေသည်း “မောင်လေးရန် ကိုယ်အားကိုယ်ကိုးပြီး သူတော်စင်ဘုရင် ဒုတိယ အဆင့်ထိရောက်အောင် ကျင့်ကြံလာနိုင်တာဆိုတော့ မောင်လေးရန်ရဲ့ အရည်အချင်း လုံးဝ မနိမ့်ကျတာ သေချာတယ်။ ဒါကြောင့် ကြည်လင်ကောင်းကင်ဂိုဏ်းထဲ ဝင်ဖို့ခက်မှာ မဟုတ်ဘူး။ နှစ်ဝက်လောက်ကြာရင် အစ်မတို့ဂိုဏ်းက လူခေါ်ပွဲ ကျင်းပလိမ့်မယ်။ အဲ့ပွဲရဲ့ စမ်းသပ်ချက်ကို ဖြတ်ကျော်နိုင်တာနဲ့ ဂိုဏ်းထဲ ဝင်လို့ရပြီ”

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၃၀၇)

“ဂိုဏ်းထဲ ဝင်ဝင်ချင်းတော့ မောင်လေးရန်ရဲ့ အဆင့်အတန်းက ဘယ်လိုလုပ်ပြီး ဒီလောက် မြင့်မှာ မဟုတ်ဘူး။ ဒါပေမယ် မောင်လေးရန်ရဲ့ ကျင့်ကြံခြင်းနဲ့ဆို၊ ဂိုဏ်းက ပေးထားတဲ့ တာဝန် နည်းနည်းလောက် လုပ်လိုက်တာနဲ့ ခဏလေးအတွင်း အတွင်းစည်း တပည့်တစ်ယောက် ဖြစ်လာနိုင်တယ်။ မောင်လေးရန် အဲ့လူရွေးပွဲမှာ ဝင်ပြိုင်ဖို့ စိတ်ဝင်စားတယ်ဆိုရင် အစ်မ မောင်လေးကို ယှဉ်ပြိုင်ခွင့် တံဆိပ်ပြား ပေးလို့ရတယ်” ချန်ရှီတောင်းက ရန်ကိုင်အား စိတ်အားထက်သန်စွာဖြင့် ကြည့်လိုက်သည်။

တကယ်တော့ ရန်ကိုင်၏ ခွန်အားသည် နိမ့်ကျခြင်း မရှိသလို သူသာ ဂိုဏ်း၏ တရားဝင်တပည့်တစ်ယောက် ဖြစ်လာသည်နှင့် စွန့်စားသွားလာရေး ခရီးများတွင် သူ့အား ပွင့်ပွင့်လင်းလင်း ဖိတ်ခေါ်၍ ရပေပြီ။

ချန်ရှီတောင်း၏ စိတ်အားတက်သန်သည့် အကြည့်ကြောင့် ရန်ကိုင်မှ သူမအား ချက်ချင်း မငြင်းရက်သေးဘဲ သက်ပြင်း အထပ်ထပ် အခါခါသာ ချနေခဲ့ရသည်။ သို့သော်လည်း ချန်ရှီတောင်း ရန်ကိုင် သူမအကြံအား အလေးအနက် စဉ်းစား နေသည်ဟု အထင်ရောက်သွားလျက် သံကိုပူတုန်း ထုရန် ပြင်လိုက်လေသည်။ သို့သော်လည်း သူမ ဘာမှ မပြောရသေးခင် ရန်ကိုင်က ဖြတ်ပြောလိုက်သည် “အစ်မချန်၊ အခုလို ဖိတ်ခေါ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် ကျုပ်ငြင်းရလိမ့်မယ်ဗျ။ အခုလောလောဆယ် ကျုပ်ဘယ်ဂိုဏ်းကိုမှ မဝင်ချင်သေးဘူး”

ရန်ကိုင်၏ အဖြေကြောင့် ချန်ရှီတောင်း၏ အမူအရာ ညိုးကျသွားခဲ့ရသည်။

ရန်ကိုင်က အပြုံးဖြင့် ဆက်၍ ရှင်းပြလိုက်သည် “ကျုပ်တစ်ယောက်တည်းသာ ဆိုရင်တော့ ဂိုဏ်းထဲ ဝင်ဖို့က ဘယ်ပြဿနာရှိမလဲ။ ဒါပေမယ့် ကျုပ်မှာလည်း ကျုပ်အဖော်တွေ ရှိသေးတယ်လေ”

“ညီမယန်ယန်ကို ပြောနေတာလား”

ရန်ကိုင်က ခေါင်းညိတ်လိုက်ပြီး “သူတင် မကသေးဘူး။ အခြားလူတွေ အများကြီးလည်း ရှိသေးတယ်”

“အခြားလူတွေ အများကြီး…” ချန်ရှီတောင်း ကြောင်သွားလေပြီ။

“ဟုတ်တယ်။ သူတို့ ကျင့်ကြံခြင်းတွေက သိပ်မတူကြဘူး။ တန်ခိုးရှင်အဆင့် နည်းနည်းလည်းပါတယ်။ အချို့ကတော့ သူတော်စင်ဘုရင်တွေပေါ့။ ဒါပေမယ့် အများစုက အင်မော်တယ် တက်လှမ်းခြင်း အဆင့်၊ မသေမျိုးအဆင့်နဲ့ သူတော်စင်အဆင့် တွေပဲ” ရန်ကိုင်က ယဲ့ယဲ့လေး ပြုံးကာ ပြောလိုက်သည်။

“ဒါက…” ချန်ရှီတောင်း ဘာပြန်ပြောလို့ ပြောရမှန်းမသိ ဖြစ်သွားခဲ့သည်။ ထို့နောက် ပြုံး၍ “မောင်လေးရန်မှာ အဲ့လို စိုးရိမ်စရာတွေ ရှိနေသေးတယ် ဆိုမှတော့ အစ်မချန်လည်း ဘာမှ မပြောတော့ပါဘူးလေ”

ရန်ကိုင်အား မဖိတ်ခေါ်နိုင်ခဲ့သည့် အတွက်ကြောင့် စိတ်ပျက်မိသော်ငြား သူ့တွင် သူကိစ္စနှင့်သူ ရှိနေသဖြင့် ချန်ရှီတောင်း ထိုကိစ္စကို ထပ်မပြောတော့ချေ။ ရန်ကိုင်နှင့် ခဏလောက် စကားပြောနေပြီးနောက် သူမ နေသည့် တောင်ဆီသို့ ပြန်သွားလေသည်။

သူမ ထွက်သွားပြီးနောက် ရန်ကိုင်သည် တစ်ခုခုကို စဉ်းစားနေဟန်ဖြင့် ယဲ့ယဲ့လေး ပြုံးလိုက်သည်။ ထို့နောက် ကောင်းကင်ထက်ရှိ နေရာတစ်ခုဆီသို့ လှမ်းကြည့်၍ အော်ပြောလိုက်လေသည် “ဒီလောက် အကြာကြီး ကြည့်နေတာ ဘာတွေ စိတ်ဝင်စားစရာ တွေ့လိုက်လဲ”

သူထိုစကားကို ပြောလိုက်သည်နှင့် ရန်ကိုင် စိုက်ကြည့်နေရာ အရပ်ဆီမှ စွမ်းအင်လှိင်းအချို့ ထွက်ပေါ်လာခဲ့သည်။ သို့သော်ငြား ဘာမှ မဖြစ်သွားသည့်အလား တစ်ခဏအတွင်း အားလုံး တစ်ဖန်ပြန်လည် တည်ငြိမ်သွားခဲ့သည်။

ရန်ကိုင်က အေးစက်စက် အမူအရာဖြင့် နှာခေါင်းရှုံ့လျက် “ဘာဖြစ်လို့လဲ၊ အစ်ကိုဝမ်၊ ဒီရန်ကိုယ်တိုင်ကို ဖိတ်ခေါ် စေချင်နေသေးတာလား”

ရန်ကိုင်က နာမည်နှင့် တပ်ခေါ်လိုက်သည့် အခါမှပဲ ကောင်းကင် ထက်တွင် လှိုင်းတွန့်လေးတစ်ခု ရုတ်တရက် ထွက်ပေါ်လာပြီး မကြာမီ ပုံရိပ်တစ်ခု ထွက်ပေါ်လာခဲ့သည်။ ရန်ကိုင်အား အလေးအနက် အမူအရာဖြင့် စိုက်ကြည့်၍ ဝမ်ဟုယန်က မေးလိုက်သည် “မင်းငါ့ကို ဘယ်လို ရှာတွေ့သွားတာလဲ”

ပြောနေရင်း သူခြုံထားသည့် အနက်ရောင်ပုံစံ မှော်ရတနာကို ချွတ်လိုက်ပြီး ရန်ကိုင်အား စိုက်ကြည့်၍ ထပ်ပေါင်း ပြောလိုက်၏ “ငါ့ကိုယ်ယောင်ပျောက်ဝတ်ရုံက တန်ခိုးရှင် အထွဋ်အထိပ်အဆင့် မှော်ရတနာတစ်ခုပဲ။ မင်းလို လူတစ်ယောက် ရှာတွေ့နိုင်တာ လုံးဝ မဖြစ်နိုင်ဘူး”

“တန်ခိုးရှင် အထွဋ်အထိပ်အဆင့် မှော်ရတနာလား” ရန်ကိုင် မျက်လုံးပင့်လိုက်ပြီး စပ်ဖြဲဖြဲပြုံးလျက် “အစ်ကိုဝမ်က ပစ္စည်းကောင်းတွေ ပိုင်ဆိုင်ထားတာပဲ။ ဒါပေမယ့် မှော်ရတနာက အဆင့်မြင့်နေတယ် ဆိုရင်တောင် အစ်ကိုဝမ်က အဲ့ဒါရဲ့ စွမ်းအားကို အပြည့်အဝ အသုံးချနိုင်တာမှ မဟုတ်တာ။ ပြီးတော့ ဒီရန်က အရမ်းကို အာရုံခံကောင်းတဲ့အထဲ ပါတယ်”

“မင်းမှာ အရည်အချင်း နည်းနည်းပါးပါးတော့ ရှိသားပဲ” ဝမ်ယုဟန်က သူတို့ ရှာတွေ့သွားသည့် အတွက် နည်းနည်းလေးမှ ရှက်သွားခြင်း မရှိဘဲ အေးစက်စက် အမူအရာဖြင့်ပင် နှာခေါင်းရှုံ့လိုက်သေးသည်။

“အစ်ကိုရန်၊ ဒဏ်ရာကုနေသင့်တာ မဟုတ်ဘူးလား။ ဘာလို့ သူ့နောက် ချောင်းလိုက်လာတာလဲ။ ကျုပ်သာ အစ်ကိုဝမ်ရဲ့ အရှိန်အဝါမှန်း မသိလိုက်ဘူးဆိုရင် တိုက်ခိုက်တော့မိလို့” ရန်ကိုင်က ယဲ့ယဲ့လေးပြုံးလျက် ပြောလိုက်သည်။

“ဟန့်၊ ငါ့ဒဏ်ရာတွေက သက်သာနေပြီ။ ပြီးတော့ ငါဒီကို မကောင်းတဲ့ ရည်ရွယ်ချက်နဲ့ လာခဲ့တာ မဟုတ်ဘူး။ သိချင်တာ သက်သက်ကြောင့်ပဲ လာခဲ့တာ” ဝမ်ယုဟန်က ခပ်ပြတ်ပြတ် ပြန်ပြောလိုက်သည်။

“သိချင်ရုံ သက်သက်ပဲ ဆိုရင်တော့ ကျုပ်လည်း ဘာမှ မတတ်နိုင်ဘူး။ အစ်ကိုဝမ် တစ်ခုခု ပြောချင်တယ် ဆိုရင်တော့ တိုက်ရိုက်သာပြောလိုက်။ ကျုပ်တတ်နိုင်ရင် လုပ်ပေးမယ်။ မဟုတ်ရင်တော့… အစ်ကိုဝမ်၊ ရက်နည်းနည်းလောက် ထပ်စိတ်ရှည်ရလိမ့်မယ်”

“ငါမင်းဆီက ဘာလိုရမှာလဲ” ဝမ်ယုဟန်မျက်နှာ ရုတ်ချည်း သုန်မှုန်သွားလျက် အဓိပ္ပါယ်ပါပါ ပြောလိုက်သည် “ဒါပေမယ့် ညီမချန်ရဲ့ ကမ်းလှမ်းချက်ကို မင်းငြင်းလိုက်တာ ကောင်းတယ်။ မင်းခွန်အားက သိပ်မနိမ့်ဘူး ဆိုပေမယ့် ကြည်လင်ကောင်းကင် ဂိုဏ်းလို ဂိုဏ်းကြီးတစ်ဂိုဏ်းထဲ ဝင်ဖို့ မလုံလောက်သေးဘူး။ မင်းသာ ကြိုးစားခဲ့လို့ မအောင်မြင်ရင် ညီမချန်ကို စိတ်ပျက်အောင် လုပ်မိတာပဲ အဖတ်တင်လိမ့်မယ်”

“အဲ့ဒါ ငါ့ကိစ္စ၊ အစ်ကိုဝမ် စိတ်ပူနေစရာ မလိုဘူး။ အင်း။ အစ်ကိုဝမ်မှာ ဘာမှ ပြောစရာ မရှိတော့ရင် ကျေးဇူးပြုပြီး ပြန်သွားပါတော့။ ကျုပ်နဲ့ ကျုပ်အဖော်က ကျီးနက်မြို့က ဟင်းလင်းပြင် အစီအရင်ကို သုံးချင်ရုံပဲ။ အဲ့ဒါ ပြီးတာနဲ့ ထွက်သွားမှာ”

“အဲ့လိုဆို အကောင်းဆုံးပဲ” ဝမ်ယဒဟန်က ခပ်ပြတ်ပြတ် ခေါင်းညိတ်လိုက်ပြီး လက်သီးဆုပ် နှုတ်ဆက်ပြီးနောက် ထွက်သွားရန် ပြင်လိုက်သည်။

ထိုစဉ် ရန်ကိုင်က ရုတ်တရက် ဝမ်ယုဟန်အား လှမ်းပြော၏ “ဟုတ်သားပဲ။ အစ်ကိုဝမ်ကို ကျုပ်သတိပေးရဦးမယ်။ နောက်တစ်ခါ ကျုပ်ကို အခုလိုမျိုး လာမချောင်းနဲ့။ ဒီလိုမျိုး ခိုးကြောင်ခိုးဝှက် အချောင်းခံရတာကို ကျုပ်မကြိုက်ဘူး။ ဒီတစ်ကြိမ်တော့ ထားပေးလိုက်မယ်။ နောက်တစ်ကြိမ် ဆိုရင်တော့…”

“နောက်တစ်ကြိမ်ဆို ဘာဖြစ်လဲ” ဝမ်ဟုယန်က ရန်ကိုင်အား အထင်အမြင် တသေးဖြင့် စိုက်ကြည့်၍ ပြန်ပြောလိုက်သည်။

ရန်ကိုင်က ဆန်းကြယ်စွာ ပြုံးလိုက်ပြီး သူ့စိတ်စွမ်းအင်ဖြင့် ဝမ်ယုဟန် တစ်ကိုယ်လုံးကို လွှမ်းခြုံပစ်လိုက်သည်။

ထိုအခိုက်အတန့်ဝယ်၊ သေမင်းတံစဉ် သူ့လည်တိုင်ထက် သက်ဆင်းလာသလို ဝမ်ယုဟန် ခံစားလိုက်ရသည်။ ပြန်တိုက်ရန် တွေးနေစဉ်မှာပဲ ထိုခြောက်ခြားဖွယ် ခံစားချက် ရုတ်တရက် ပျောက်ကွယ်သွားခဲ့သည်။ ထိုစဉ် ရန်ကိုင်မှာမူ မူလ ရှိနေခဲ့သည့် နေရာတွင်သာ ရပ်လျက် ဝမ်ယုဟန်အား ပြုံးကာ ကြည့်နေသည်။

ဝမ်ယုဟန် ဘာဖြစ်လို့ ဖြစ်သွားမှန်းမသိ နားမလည်နိုင် ဖြစ်သွားသည်။ သူ့ကျောပြင် တစ်ခုလုံးလည်း ချွေးအေးတို့ဖြင့် စိုရွှဲနေလေပြီ။ ခဏကြာ တိတ်ဆိတ်နေပြီးနောက် ချက်ချင်း လှည့်ထွက်သွားခဲ့သည်။

“အကြောင်းမရှိ အကြောင်းရှာပြီး ငါ့ကို ရည်စားလုဖက် အဖြစ် လာသတ်မှတ်နေသေးတယ်။ စိတ်ညစ်ဖို့ကောင်းလိုက်တာ” ရန်ကိုင် သူ့ဘာသာ ရေရွတ်လိုက်သည်။

ဝမ်ယုဟန် ဘာကြောင့် သူ့အား အမြဲမပြတ် ရန်လိုနေလဲ ဆိုသည်ကို ရန်ကိုင် နားလည်ပေသည်။ သို့သော်လည်း ရန်ကိုင်သည် ချန်ရှီတောင်းကို စိတ်မဝင်စားချေ။ ကျီးနက်မြို့မှ ထွက်သွားပြီးသည်နှင့် သူတို့ နောက်တစ်ကြိမ် ပြန်တွေ့ချင်မှ တွေ့ပေတော့မည်။ ထို့ကြောင့် ဝမ်ဟုယန် ထိုကိစ္စနှင့် ပက်သက်၍ ဘာမှ စိုးရိမ်နေစရာ မလိုချေ။

ဝမ်ယုဟန်လို လူမျိုးသည် ကောင်းသည့်လူတစ်ယောက် မဟုတ်သော်ငြား သူ့အနေဖြင့် ချန်ရှီတောင်းအား သွားသတိ ပေးနေစရာ မလိုပေ။ အခြားသူများ ကိစ္စအား ဝင်ပါရမည်ကို ရန်ကိုင် မနှစ်သက်ပေ။ ထို့အပြင် ချန်ရှီတောင်းသည် ငါးနှစ်သား ကလေးတစ်ယောက် မဟုတ်။ လောကကြီး မည်ကဲ့သို့ လည်ပတ် လှုပ်ရှားနေသည်ကို ကောင်းကောင်း နားလည်သည့် လူတစ်ယောက် ဖြစ်နေပေပြီ။ ထို့ကြောင့် သူသတိမပေးလျှင်ပင် ချန်ရှီတောင်း သိပေသည်။

ရန်ကိုင်အတွက်မူ သူသာ ကျီးနက်မြို့၏ ဟင်းလင်းပြင် အစီအရင်ကို အသုးပြုနိုင်သရွေ့ ထိုကိစ္စများထဲ ဝင်စွက်ဖက် ရမည်ကို စိတ်မဝင်စားပေ။ ဝမ်ယုဟန် သူ့အား ခိုးကြောင်ခိုးဝှက် လာရောက် ချောင်းမြောင်းသည့်အပေါ် မကျေနပ်၍သာ သူ့အား သတိလေး ပေးလိုက်ခြင်း ဖြစ်သည်။

ရန်ကိုင် ဝမ်ယုဟန်အား ဘာမှ မလုပ်လိုက်သလို ထင်ရသော်ငြား တကယ်တော့ ဝမ်ဟုဟန်၏ အသိစိတ် ပင်လယ်ထဲတွင် သူ့ကောင်းကင်စိတ်အာရုံ အမှတ်အသားတစ်ခု ချန်ထားရစ်ခဲ့သည်။ နောက်ပိုင်း သူတို့နှစ်ယောက် တိုက်ခိုက်ကြလျှင် ရန်ကိုင်အနေဖြင့် ထိုကောင်းကင်စိတ်အာရုံ အမှတ်အသားကို အသက်သွင်းလိုက်ရုံပင်။ ထိုအခါ ဝမ်ဟုယန်သည် ကျားသနားမှ နွားချမ်းသာရာ ရမည့် ဘဝမျိုး ရောက်သွားပေလိမ့်မည်။

ရန်ကိုင်၏ လက်ရှိ ကောင်းကင်စိတ်အာရုံ စွမ်းအားဖြင့် သူတော်စင်ဘုရင် တတိယအဆင့် တစ်ယောက်အပေါ် ထိုကဲ့သို့ လုပ်ရန်မှာ ရိုးရှင်းသည့် ကိစ္စတစ်ခု ဖြစ်သည်။ တန်ခိုးရှင် ဒုတိယ အဆင့် သို့မဟုတ် ထို့ထက် ပိုအားကောင်းသည် တန်ခိုးရှင် အဆင့် တစ်ယောက်သာ ဝမ်ဟုဟန်၏ အသိစိတ်ပင်လယ်ကို သေချာ မစစ်ဆေးကြည့်သရွေ့ သူ့ကောင်းကင်စိတ်အာရုံ အမှတ်အသားကို ရှာတွေ့ရန် မဖြစ်နိုင်သလို ဖျက်စီးရန်လည်း မဖြစ်နိုင်ချေ။

သူ့ကောင်းကင်စိတ်အာရုံ အမှတ်အသား ဖျက်စီးခံရနိုင်ချေ အတော်လေး နည်းပါးလှသည်။ ဖျက်စီးခံရလျှင်ပင် ရန်ကိုင် စိတ်မပူချေ။

ခဏလောက် စဉ်းစားပြီးနောက် သူ့ခွန်အားကို ထုတ်မပြသင့်ကြောင်း ရန်ကိုင် ခံစားမိလိုက်သည်။

သုံးရက်ကြာပြီးနောက် ချန်ဖန်းလေ့နှင့် အခြားသူများ ဒဏ်ရာမှ ပြန်လည် သက်သာလာကြသည်။ ယန်ယန်လည်း သူ့အား လက်စွပ်တစ်ကွင်း ပေးလာခဲ့သည်။ လက်စွပ်သည် အလွန်ကိုမှ အေးစက်နေခဲ့ပြီး နှဏ်တစ်သောင်းရေခဲကျောက်စိမ်းဖြင့် လုပ်ထားသည့် အရိပ်အယောင်အချို့ကို မြင်တွေ့နေရသည်။

ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေးကြည့်လိုက်သည့်အခါ အလွှာအထပ်ထပ်ဖြင့် ထိန်းသိမ်းထားခံရသော နေမီးလျှံအမြူတေကို လက်စွပ်ထဲတွင် တွေ့လိုက်ရသည်။

ထိုလက်စွပ်သည် သိုလှောင်လက်စွပ်နှင့် တူသော်လည်း သိုလှောင်နိုင်သည့် အကျယ်အဝန်းသည် အလွန်ကိုမှ ကျဉ်းကာ ဆယ်မီတာပတ်လည်သာ ကျယ်ပေသည်။ ထိုလက်စွပ်သည် နေမီးလျှံအမြူတေကို သိုလှောင်ရန်အတွက် ယန်ယန်မှ အထူးဖန်တီးထားသည့် လက်စွပ် ဖြစ်ပေသည်။

ထိုသိုလှောင်လက်စွပ်ဖြင့်သာ ဆိုပါက ရန်ကိုင် အနေဖြင့် နေမီးလျှံအမြူတေ၏ အရှိန်အဝါ ထွက်ပေါ်သွားမည်ကို စိုးရိမ်စရာ မလိုတော့သလို နေမီးလျှံအမြူတေကိုလည်း တစ်နေရာမှ တစ်နေရာသို့ အလွယ်တကူ သယ်ဆောင်သွားနိုင်လေပြီ။ လက်စွပ်အား ခဏမျှ စစ်ဆေးကြည့်လိုက်ပြီးနောက် သိမ်းထားလိုက်ပြီး ယန်ယန်အား တစ်မိုးအောက်တွင် နှစ်ယောက် မရှိသော ပန်းပဲပညာရှင်ကြီး တစ်ယောက်ဟု ချီးကျူးလိုက်သည်။

ယန်ယန်ကမူ သူ့အား အထင်အမြင် တသေးဖြင့်သာ ပြန်ကြည့်လေသည်။

လုပ်စရာရှိသည်ကို လုပ်ပြီးသည့်နောက်တွင်၊ ရန်ကိုင်နှင့် ယန်ယန်သည် ချန်ရှီတောင်းတို့ အဖွဲ့နှင့် သွားတွေ့သည်။ သူတို့လည်း ထွက်ခွာရန် အဆင်သင့် ဖြစ်နေလေပြီ။

ခဏလောက် ဆွေးနွေးပြီးနောက် ရန်ကိုင်တို့ ခြောက်ယောက် အဖွဲ့ ကျီးနက်မြို့တော်သို့ ထွက်ခွာလာကြသည်။ လမ်းတွင် ဝမ်ယုဟန်သည် ရန်ကိုင်အား ယခင်ကကဲ့သို့ လိုက်လံ အပြစ် ရှာခြင်းမျိုး မလုပ်တော့။ ရန်ကိုင် ဆီမှလည်း ခပ်ခွာခွာ နေနေခဲ့သည့်အပြင် တစ်ခါတစ်ရံ သူ့အား ထူးထူးဆန်းဆန်း အကြည့်များဖြင့်ပါ ကြည့်နေတတ်သည်။

ချန်ရှီတောင်းတို့သည်လည်း ထိုအချက်ကို သတိပြုမိသည်။ သို့သော်လည်း သွားမေးမနေခဲ့ဘဲ ရန်ကိုင်အား ကျီးနက်မြို့ အကြောင်းကိုသာ ရှင်းပြနေလိုက်သည်။

သူတို့ ရှင်းပြချက်မှ ကျီးနက်မြို့၏ ထူးခြားသော မြေမျက်နှာ သွင်ပြင် အနေထားကြောင့်၊ ၎င်းမြို့သည် မည်သည့် အင်အားစုမှ စီမံကွပ်ကဲမှုအောက်တွင်မှ ရှိမနေမှန်း ရန်ကိုင် သိလိုက်ရသည်။ အစွန်းရောက်ဂိုဏ်း၊ အင်ပါယာမြို့တော်ဂိုဏ်းနှင့် မြင့်မြတ်လမ်းစဉ် စံအိမ်ဆိုသော အင်အားစုသုံးခုသည် ကျီးနက်မြို့နှင့် အကွာအဝေး အတူတူတွင် တည်ရှိနေကြသည်။ ထိုအင်အားစု သုံးခုသည် ကျီးနက်မြို့ကို အုပ်ချုပ်နိုင်ရန်အတွက် နှစ်ပေါင်းများစွာ ကြာအောင် ပြိုင်ဆိုင်လာခဲ့ကြပြီး ထိုတိုက်ပွဲအတွင်း တပည့် တပန်းပေါင်းများစွာ ဆုံးရှုံးခဲ့ရသည်။ သို့သော် ယခုထိတိုင် အဖြေမထွက်ပေါ်သေးချေ။

နောက်ဆုံးတွင် အင်အားစုသုံးခုသည် ကျီးနက်မြို့တော်၏ အရေးကိစ္စများတွင် ဝင်ရောက်မပက်သက်ရန် ဟူသော သဘော တူညီချက် တစ်ရပ်ကို ပြုလုပ်ခဲ့ကြသည်။

ထိုသဘောတူညီချက်လုပ်ပြီး နောက်ပိုင်း ကျီးနက်မြို့၏ ခွန်အား တိုးတက်လာခဲ့သည်။ မြို့သခင်သည် မြို့ကို ကာကွယ်ရန် အတွက် အားကောင်းသော ကျင့်ကြံသူများကို စတင် စုဆောင်း၏။ အနီးအနားရှိ သတ္တုတွင်းများ၏ အကူအညီဖြင့် ကျီးနက်မြို့သည် အင်အားစုသုံးခုကြားတွင် တည်ရှိနေခဲ့သော်လည်း ကြံ့ကြံ့ခံ ဆက်လက် ရပ်တည်နိုင်ခဲ့သည်။

ကျီးနက်မြို့ကဲ့သို့ မြို့မျိုး အရိပ်ကြယ်ပေါ်တွင် များစွာ ရှိပေသည်။ ထိုကဲ့သို့သော မြို့များသည် အနီးအနားတွင် ရှိနေသော အင်အားစုများ မြို့အား မည်သူမှ အပိုင်စားရမလဲ ဆိုသည်ကို မဆုံးဖြတ်နိုင်သောကြောင့် ကိုယ်ပိုင် လွတ်လပ်ခွင့် ရလာခဲ့ခြင်း ဖြစ်သည်။

ထိုကဲ့သို့သော လွတ်လပ်သော မြို့များသည် လေလွင့် ကျင့်ကြံသူများ အကြိုက်ပင်။ အခွင့်ကောင်းနှင့် ကြံကြိုက်ပါက ထိုကဲ့သို့သော မြို့များသည် ရံဖန်ရံခါ အားကောင်းသော ကျင့်ကြံသူများကို ဖိတ်ခေါ်နိုင်ပေသည်။

ထိုမြို့များကို လွတ်လပ်သော မြို့များဟု ခေါ်ဝေါ်ကြသည်။ အရိပ်ကြယ်ပေါ်တွင် ထိုကဲ့သို့သောမြို့များ ထောင်နှင့်ချီပြီး မရှိလျှင် အနည်းဆုံး ရှစ်ရာလောက်တော့ ရှိသည်။ ထိုမြို့များတွင် ဂိုဏ်းများကဲ့သို့ တည်းကြပ်မှုများ မရှိသည့်အတွက် သူတို့၏ စီမံကွပ်ကဲမှုသည်လည်း ပေါ့လျော့ကြသည်။ မြို့သခင် နေရာသည်လည်း မကြာခဏ ပြောင်းလဲနေတတ်သည်။

ယေဘုယျအားဖြင့် အားအကောင်းဆုံးလူသည် မြို့သခင် ဖြစ်လာပေလိမ့်မည်။ ထို့ကြောင့် လွတ်လပ်သော မြို့များသည် အတော်လေး အားကောင်းကြသော်လည်း အင်အားကြီးမားသော အင်အားစုကြီးများ ဘယ်တော့မှ ဖြစ်မလာနိုင်ကြပေ။ ထို့ကြောင့် အနီးအနားရှိ အင်အားစုများသည် ထိုလွတ်လပ်သော မြို့များကို ဂရုမစိုက်ကြတော့ဘဲ ထိုမြို့များနှင့် အကျိူးတူ ပူးပေါင်းဆက်ဆံရေး တစ်ခုကိုသာ တည်ဆောက်ကြတော့သည်။

သို့သော်လည်း ချွင်းချက်တော့ ရှိပေသည်။ အရိပ်ကြယ်ပေါ်တွင် အင်အားစုကြီးများ၏ ခွန်အား မနိမ့်ကျသော လွတ်လပ်သော မြို့များ ရှိကြသည်။ ထိုမြို့များကို အလွန်ကိုမှ အားကောင်းလှသော မိသားတစ်ခုက သို့မဟုတ် အားကောင်းပြီး အတော့်ကို စည်းလုံးကျသော မိသားစုပေါင်းများစွာမှ ပူးပေါင်း အုပ်ချုပ်ကြသည်။ အတွင်းပဋိပက္ခများ ဖြစ်လေ့ဖြစ်ထ ရှိသော်ငြား လက်ခံနိုင်သည့် အတိုင်းအတာ အတွင်းတွင် ရှိသည်။ ပြင်ပ ရန်သူများ ကျူးကျော်လာသည်နှင့် အတူပူးပေါင်းပြီး တွန်းလှန် တိုက်ခိုက်ကြသည်။

နှစ်ပေါင်းများစွာ ကြာညောင်းလာပြီးသည့်နောက် ထိုမဟာ မြို့ကြီးများသည် အင်အားစုကြီးများအောက် မနိမ့်ကျသော အဆင့်အတန်း တစ်ရပ်ကို ရရှိလာကြလေသည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၃၀၈)

ကျီးနက်မြို့သည် ထိုကဲ့သို့သော မဟာမြို့တော်ကြီးတစ်ခု မဟုတ်သဖြင့် ချန်ဖန်းလေ့သည် သူတော်စင်ဘုရင်အဆင့် ပညာရှင် တစ်ယောက်သာ ဖြစ်သော်လည်း အစီအရင်ကို စောင့်ကြပ်သော စီနီယာတစ်ဦးနှင့် အဆက်အသွယ်အချို့ ရှိနေနိုင်ခဲ့သည်။

တစ်ချိန်က အကြွေးရှိဖူးသဖြင့် ထိုစီနီယာသည် ချန်ဖန်းလေ့ မျက်နှာထောက်၍ သူတို့အား ဟင်းလင်းပြင် အစီအရင် သုံးခွင့် ပေးပေလိမ့်မည်။ ထိုအကြောင်းကို သိလိုက်ရသည့်အခါ ရန်ကိုင် တည်ငြိမ်သွားခဲ့သည်။ ကျီးနက်မြို့ရှိ ဟင်းလင်းပြင် အစီအရင်ကို အသုံးပြုခြင်းသည် သွေးနတ်ဆိုးမြို့တော်ရှိ အစီအရင်အား အသုံးပြုရသလောက် ခက်လိမ့်မည် မဟုတ်ဟု ရန်ကိုင် တွေးလိုက်မိသည်။

ယေဘုယျအားဖြင့် ဆိုရသော် အရိပ်ကြယ်ပေါ်တွင် ခရီးသွားခြင်းသည် အတော့်ကိုမှ စိတ်ညစ်စရာ ကောင်းလှသည်။ ဟင်းလင်းပြင် အစီအရင်လေး သုံးဖို့အတွက်ပင် အတော့်ကိုမှ ခေါင်းကိုက်ရသည်။

ကံကောင်းစွာဖြင့် ရန်ကိုင်သည် ကံကောင်းပြီး ဟင်းလင်းပြင် အစီအရင်ကို သုံးနိုင်ရန်အတွက် အခြားသူများဆီမှ အကူအညီကို ရယူနိုင်ခဲ့သည်။

အရိပ်ကြယ်ပေါ်ရှိ ဟင်းလင်းပြင် အစီအရင်တိုင်းကို စိတ်ကြိုက် အသုံးပြုနိုင်သည့် တံဆိပ်ပြား တစ်ခုခုများ ရှိလေမလားဟု ရန်ကိုင် တွေးမိလိုက်သည်။ ရှိသာရှိလျှင် သူ့အတွက် သွားရလာရ ပိုလွယ်ကူ အဆင်ပြေသွားနိုင်သည်။

သို့သော်လည်း ထိုကဲ့သို့သော အရာ အမှန်တကယ် ရှိလိမ့်မည်ဟု ရန်ကိုင် မထင်ပါချေ။ သို့သော်လည်း ချန်ရှီတောင်းအား တစ်ချက်လောက် မေးကြည့်လိုက်ပြီးနောက် ထိုကဲ့သို့သော အရာ အမှန်တကယ် ရှိကြောင်း သိလိုက်ရသည်။

ရန်ကိုင် အံ့အားသင့်သွားပြီး သူမအား အလျင်စလို မေးလိုက်ကြည့်လိုက်သည်။ ချန်ရှီတောင်းလည်း သူမ သိထားသမျှ အကြောင်းအရာ အားလုံးကို ရှင်းပြလိုက်လေသည်။

ချန်ရှီတောင်း၏ ရှင်းပြချက်ကို ကြားပြီးနောက် ရန်ကိုင် ခါးသက်စွာ ပြုံးပြီး‌ ခေါင်းခါရုံသာ တတ်နိုင်ခဲ့သည်။

ထိုကဲ့သို့သော အရာ အမှန်တကယ် တည်ရှိပြီး ထိုအရာကို အရိပ်ကြယ်ပေါ်ရှိ ရှစ်ဆယ်ရာခိုင်းနှုန်းသော အင်အားစုများက လက်ခံကြသော်လည်း ထိုအရာကို ရလိုခြင်းသည် ကောင်းကင်ကို တက်ခြင်းထက်ပင် ပိုခက်နေခဲ့သည်။ ထိုအရာကို ရနိုင်သည့် နည်းလမ်း နှစ်ခုရှိသည်။ တစ်ခုသည် အရိပ်ကြယ်အတွက် ကြီးကြီးမားမား အကျိုးဆောင်ပေးရန် ဖြစ်သည်။ ထိုနည်းလမ်းသည် ရိုးရှင်းဟန် ထင်ရသော်လည်း လုံးဝ မဖြစ်နိုင်လုနီးပါး နည်းလမ်းတစ်ခု ဖြစ်သည်။

အရိပ်ကြယ်ပေါ်တွင် အင်အားစုများစွာ မှိုလိုပေါက် တည်ရှိနေကြသည်။ အင်အားစုများသည် တစ်ခုနှင့်တစ်ခု အတူ ပူးပေါင်းဆောင်ရွက်လေ့ ရှိကြသော်လည်း အချင်းချင်းကြား ပဋိပက္ခများ ရှိကြပေသည်။ အင်အားစုတစ်ခုကို အကျိုးရှိစေလျှင် အခြား အင်အားစုတစ်ခုကို အကျိုး ယုတ်စေတတ်သည်။ အင်အားစုတိုင်းအား အကျိုးရှိစေနိုင်မည့် အကျိုးဆောင်မှုကို ပြီးမြောက်အောင် လုပ်ဆောင်ရန်မှာ အရူးအိမ်မက်နှင့်ပင် တူနေပေသေးသည်။

ဒုတိယနည်းလမ်းသည် ပထမနည်းလမ်းထက်ပင် ပို၍ ရိုးရှင်းသည်။ ပထမအဆင့် အင်အားစုဆယ်ခု၏ ထောက်ခံမှုကို ရရှိရန် ဖြစ်သည်။ ထိုနည်းဖြင့် အရိပ်ကြယ်ပေါ်ရှိ အင်အားစုများ၏ ဟင်းလင်းပြင် အစီအရင်ကို စိတ်ကြိုက် အသုံးပြုခွင့် ရပေလိမ့်မည်။

ဒုတိယနည်းလမ်းသည် ပိုရိုးရှင်းဟန် ထင်ရသော်လည်း ပထမနည်းလမ်းနှင့် ယှဉ်လိုက်လျှင် မထူးခြားနားပင်။ အရိပ်ကြယ်ပေါ်တွင် ပထမအဆင့် အင်အားစု စုစုပေါင်း အခု နှစ်ဆယ်ရှိသည်။ ထို့ကြောင့် အင်အားစုဆယ်ခု၏ ထောက်ခံမှုကို ရရှိဖို့ဆိုသည်မှာ ယေဘုယျအားဖြင့် မဖြစ်နိုင်ချေ။

ရန်ကိုင်သည် အရိပ်ကြယ်ပေါ်ရှိ လူတော်တော်များများနှင့် သိနေခဲ့လေပြီ။ သူသိထားသည့် အင်အားစုများအနက် အရိပ်လခန်းမ၊ ဖန်သွေးရောင်ဂိုဏ်းနှင့် ကြည်လင်ကောင်းကင် ဂိုဏ်းတို့သည့် ပထမအဆင့် အင်အားစုများဖြစ်သည်။ သို့သော် ထိုဂိုဏ်းများ၏ နာမည်ကျော် အကြီးအကဲများ၏ ထောက်ခံမှု ကိုသာ တရားဝင် အသိအမှတ် ပြုကြသည်။

ထိုနည်းလမ်း နှစ်ခုဖြင့်သာ ဟင်းလင်းပြင် အစီအရင်များအား စိတ်ကြိုက် အသုံးပြုနိုင်သည့် ခွင့်ပြုချက်ကို ရနိုင်ပေလိမ့်မည်။ သို့သော် သူ့လက်ရှိ စွမ်းရည်ဖြင့် ထိုနည်းလမ်း နှစ်ခုစလုံးကို ပြီးမြောက်အောင် လုပ်ဆောင်ဖို့ရာ မဖြစ်နိုင်သေးသဖြင့် ထိုနည်းလမ်း နှစ်ခုစလုံးကို ရန်ကိုင် စဉ်းစားမနေတော့ချေ။

ဤသို့ဖြင် စကားတပြောပြောနှင့် သွားလိုက်ရာ ငါးရက် ကြာပြီးနောက် ကျီးနက်မြို့၏ အစွန်ဖျားသို့ ရန်ကိုင်တို့ ခြောက်ယောက် ရောက်လာခဲ့သည်။ သူတော်စင်သလင်းကျောက် အချို့ ပေးချေပြီးနောက် မြို့ထဲသို့ မည်သည့် ပြဿနာမှ မကြုံရဘဲ ဝင်လာနိုင်ခဲ့သည်။

မြို့ထဲသို့ ဝင်လာပြီးနောက် လှည့်ပတ်ကြည့်လိုက်ရာ လမ်းဘေး နှစ်ဖက်နှစ်ချပ်စလုံး ဆိုင်တန်းများစွာဖြင့် ပြည့်နေသော လမ်းကျယ်၊ လမ်းကျဉ်းများကို မြင်တွေ့လိုက်ရသည် ကျီးနက်မြို့သည် လူသူထူထပ်သည်ဟု ဆို၍ မရသော်လည်း အတော်လေးကို စည်ကားသက်ဝင်လှသည့် မြို့တစ်မြို့ ဖြစ်သည်။

“မောင်လေးရန်၊ ဒီမှာ ခဏလောက် နားဦးမလား။ ဒါမှမဟုတ် ချက်ချင်း သွားတော့မှာလား” ချန်ရှီတောင်းက ရန်ကိုင်ကို ကြည့်၍ ရုတ်တရက် ကောက်မေးလိုက်သည်။

ရန်ကိုင်က ခဏလောက် စဉ်းစားပြီးနောက် ပြန်ပြောလိုက်၏ “ဖြစ်နိုင်ရင် မြန်မြန် ပြန်ချင်နေပြီ။ ကျုပ်မှာ လုပ်စရာတွေ ရှိသေးတယ်”

ကုန်ကြမ်းပစ္စည်း၊ သူတော်စင်သလင်းကျောက် များစွာနှင့် ပုံရိပ်တစ်ထောင်ဖန်များစွာကို ရပြီးသည့်နောက် ယန်ယန်သည် သူမ၏ ပန်းပဲထုလုပ်ခြင်း လုပ်ငန်းကို စတင်ချင်နေသည်မှာ တစ်ပိုင်းသေနေလေပြီ။

ရန်ကိုင် သိရလောက် ယန်ယန် ယခုတစ်ကြိမ် ပြုလုပ်မည့် အရာသည် တကယ့်ကို ထိတ်လန့်ဖွယ်ကောင်းသည့် ရတနာတစ်ပါး ဖြစ်သည်။ မည်ကဲ့သို့သော ရတနာမျိုးအား သူမ ပြုလုပ်မလဲ ဆိုသည်မှာမူကား လျှို့ဝှက်ချက်တစ်ခု ဖြစ်နေခဲ့သည်။ ရန်ကိုင်က မေးသော်လည်း ယန်ယန်က မပြောပြချေ။

ထို့အပြင် ကျောက်တုံးရုပ်သေးရုပ်နှင့် မှော်ရတနာစိတ်ဝိဥာဉ် ဒဏ်ရာရထားသဖြင့် ရန်ကိုင်လည်း အပြင်တွင် ကြာကြာ မနေချင်ပေ။ နဂါးလိုဏ်ဂူသို့ မြန်မြန် ပြန်ပြီး ကျောက်တုံး ရုပ်သေးရုပ်နှင့် မှော်ရတနာစိတ်ဝိဥာဉ်ကို မြန်မြန် ပြန်လည် ကောင်းမွန်လာအောင် ကူညီပေးချင်နေမိသည်။

ထိုစကားကို ကြားလိုက်သည့်အခါ ချန်ရှီတောင်း အနည်းငယ် စိတ်ပျက်သွားခဲ့ရသည်။ သို့သော် ရန်ကိုင်အား ထပ်ဆွဲမထားဘဲ ပြန်၍သာ ပြောလိုက်သည် “အဲ့လိုဆိုမှတော့ ဖန်လေ့ကို ဟိုစီနီယာ ရှိမရှိ တစ်ချက် သွားကြည့်ခိုင်းလိုက်မယ်။ အကုန်လုံးသာ ချောချောမွေ့မွေ့နဲ့ ပြီးသွားမယ်ဆိုရင် ညမရောက်ခင် မောင်လေးရန်တို့ ပြန်လို့ ရလောက်တယ်”

ရန်ကိုင်သည် ချန်ဖန်းလေ့အား ကျေးဇူးတင်စကား ဆိုလိုက်ပြီး နေရာတစ်ခုရှာကာ ချန်ရှီတောင်းတို့နှင့်အတူ ချန်ဖန်းလေ့ ပြန်ရောက်လာမည်ကို စောင့်နေလိုက်သည်။

ထိုအချိန်အတောအတွင်း ချန်ရှီတောင်းသည် ရန်ကိုင်အား ကြည်လင်ကောင်းကင်ဂိုဏ်း လူရွေးပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် ထပ်မံ တိုက်တွန်းပြန်သည်။ သို့သော် ရန်ကိုင်က ငြင်းလိုက်သဖြင့် ချန်ရှီတောင်းလည်း ထိုအကြောင်းကို ထပ်မပြောတော့ဘဲ အခြား ခေါင်းစဉ်တစ်ခုကိုသာ ပြောင်းလိုက်လေသည်။

နာရီဝက်လောက် ကြာပြီးနောက် ချန်ဖန်းလေ့ ပြန်ရောက်လာခဲ့သည်။

သို့သော်လည်း အနည်းငယ် ကိုးယိုးကားယား ဖြစ်နေသော သူ့မျက်နှာ အမူအရာအရ ဟင်းလင်းပြင် အစီအရင်ကိစ္စ အဆင် မပြေခဲ့သည့်ပုံပင်။

ချန်ဖန်းလေ့၏ အမူအရာကို မြင်သော် ရန်ကိုင် လက်သီး တင်းတင်း ဆုပ်လိုက်သည်။ ချန်ဖန်းလေ့ အကူအညီဖြင့်လည်း မရနိုင်ဘူး ဆိုပါက ကြယ်လွန်းပျံစီးပြီး နှစ်လ၊ သုံးလကြာအောင် ပျံသန်းသွားရုံသာ ရှိတော့ပေမည်။

ချန်ဖန်းလေ့၏ အမူအရာကို မြင်သော် ချန်ရှီတောင်းက ချက်ချင်း မေးလိုက်သည် “ဖန်းလေ့၊ အဆင်မပြေလာဘူးလား”

ချန်ဖန်းလေ့က ခါးသက်စွာ ပြုံးလိုက်ပြီး အားနာနေသည့် အမူအရာဖြင့် ခေါင်းခါ၍ “တကယ် အဆင်မပြေလာဘူး”

“ဘာဖြစ်လို့လဲ” ချန်ရှီတောင်းက ထပ်မေးသည်။

“ကျွန်တော်သိတဲ့ စီနီယာက မြို့ပြင် ရောက်နေတယ်။ အခြားသူတွေဆီက ကြားရသလောက် စီနီယာက တာဝန်တစ်ခုနဲ့ မြို့ပြင် ရောက်နေတာတဲ့”

“မြို့ပြင် ရောက်နေတာလား” ချန်ရှီတောင်း ကြောင်သွားပြီး “ဒီအချိန်ကြီးမှ သူဘယ်လိုလုပ်ပြီး မြို့ပြင် ရောက်နေရတာလဲ။ သူတို့ နင့်ကို လိမ်လိုက်တာများလား”

“မဟုတ်ဘူး၊ မဟုတ်ဘူး” ချန်ဖန်းလေ့က အလျင်စလို လက်ဝှေ့ရမ်းလိုက်ပြီး “အခြားသူတွေကို မေးကြည့်လိုက်တော့ စီနီယာ မြို့ပြင် ရောက်နေတာပဲလို့ပဲ ပြောကြတယ်။ လွန်ခဲ့တဲ့ ရက်အနည်းငယ် လောက်ကတည်းက သူထွက်သွားတာတဲ့။ အစောဆုံး ပြန်လာမယ်ဆိုရင် နောက်သုံးရက်အတွင်း ဒီကို ပြန်ရောက်လိမ့်မယ်”

“သုံးရက်…” ချန်ရှီတောင်း ရေရွတ်လိုက်ပြီး ရန်ကိုင်ဘက်သို့ လှည့်၍ အားနာနာဖြင့် ပြုံးလျက် “မောင်လေးရန်၊ တောင်းပန်ပါတယ်နော်။ ကြည့်ရတာ ဒီက အခြေအနေတွေက ငါတို့ ထင်ထားသလို သိပ်အဆင်မပြေတဲ့ပုံပဲ”

“ရပါတယ်။ ဘာမှမဖြစ်ဘူး။ ဒါမျိုးတွေက ဖြစ်တတ်တာပဲ” ရန်ကိုင်က ပြန်ပြောလိုက်သည်။

ရန်ကိုင်မျက်နှာ ပုံမှန်အတိုင်းပဲ ရှိနေသေးသည်ကို မြင်သော် ချန်ရှီတောင်း တည်ငြိမ်သွားပြီး ပြောလိုက်သည် “ဒါပေမယ့် အဲ့စီနီယာက သုံးရက်ကြာမှ ပြန်လာမှာဆိုတော့ မောင်လေးရန် သုံးရက်လောက် စောင့်နိုင်ဦးမလား။ အဲ့စီနီယာ ပြန်လာရင်တော့ မောင်လေးရန် ဒီက ဟင်းလင်းပြင် အစီအရင် သုံးလို့ရအောင် ကျိန်းသေ ကူညီပေးမယ်”

“ပြဿနာမရှိဘူး။ ဆယ်ရက်စောင့်ရမယ် ဆိုရင်တောင် အဆင်ပြေတယ်။ နှစ်လ၊ သုံးလလောက် ကြာအောင် သွားရမှာနဲ့ စာရင် နည်းနည်းလောက် စောင့်လိုက်ရတာက ဘာမှ မဖြစ်ဘူးလေ။ ဒါပေမယ့် ညီလေးချန်၊ အဲ့စီနီယာ အဲ့လောက် မကြာဘူးဆိုတာ မင်းသေချာလား။ အဲ့လောက် ကြာလို့တောင် သူပြန်မလာရင် စောင့်ရတာ အလကား ဖြစ်ကုန်မယ်နော်”

“စိတ်မပူနဲ့” ချန်ရှီတောင်းက တောက်ပစွာ ပြုံးလျက် “အဲ့စီနီယာ သုံးရက်အတွင်း ပြန်မလာရင် နောက်တစ်နေရာဆီ ငါတို့ သွားလို့ရတယ်။ အစွန်းရောက်ဂိုဏ်းရဲ့ လေပြင်းမြို့ ဖြစ်ဖြစ်၊ ကြည်လင်ကောင်းကင်ဂိုဏ်းရဲ့ ပင်လယ်နက်မြို့ဖြစ်ဖြစ် အဲ့မြို့ နှစ်မြို့စလုံးက ဒီကနေ ဆယ်ရက်၊ ဆယ့်ငါးရက် ခရီးလောက်ပဲ ဝေးတယ်။ ဒီမြို့မှာ ငါတို့ အဆက်အသွယ်တွေကို သုံးရတယ် ဆိုပေမယ့် လေပြင်းမြို့နဲ့ ပင်လယ်နက်မြို့မှာတော့ ငါတို့ လုပ်ပိုင်ခွင့် အပြည့်ရှိတယ်”

ထိုစကားကို ကြားလိုက်သည့်အခါ ရန်ကိုင်၏ မျက်ဝန်းအစုံ တောက်ပသွားခဲ့သည်။ ထို့ကြာင့် ချက်ချင်းပဲ ခေါင်းညိတ် သဘောတူလိုက်လေသည်။

နောက်ထပ် သုံးရက် စောင့်ရမည် ဖြစ်သဖြင့် နေစရာတစ်ခု ရှာရတော့ပေမည်။ က့ကောင်းစွာဖြင့် ကျီးနက်မြို့တွင် တည်းခိုခန်း များစွာ ရှိနေခဲ့သည်။ ချန်ရှီတောင်းနှင့် လုယင်တို့သည် သူတော်စင် သလင်းကျောက် တစ်သန်းမက ချမ်းသာကြွယ်ဝသည့် မိန်းမပျိုလေးများ ဖြစ်ကြသဖြင့် သူမတို့ ရွေးလိုက်သည့် နေရာသည် ဆိုးလောက်မည် မဟုတ်ပေ။

ခဏအကြာတွင် စိတ်ပျံနန်းတော် ဆိုသော အဆင့်မြင့် တည်းခိုခန်းတစ်ခုဆီသို့ သူတို့ ရောက်လာခဲ့သည်။

စိတ်ပျံနန်းတော်သည် ကျီးနက်မြို့တော်ရှိ နာမည်ကျော် တည်ခိုးခန်းတစ်ခု ဖြစ်သည်။ ဤတည်းခိုခန်းတွင် နေကြသည့် ကျင့်ကြံသူများသည် ယေယုယျအားဖြင့် ချမ်းသာကြွယ်ဝ၊ မြင့်မားသော အဆင့်အတန်းကို ပိုင်ဆိုင်ထားကြသည် လူများ ဖြစ်ကြပြီး တည်းခိုစရိတ်မှာ တစ်ညလျှင် သူတော်စင် သလင်းကျောက် သုံးထောင် ကုန်ကျပေသည်။

တည်းခိုစရိတ်မှာ တော်တော်လေး ဈေးကြီးသည်ဟု ပြော၍ရသည်။ ပုံမှန်တည်းခိုခန်းများတွင် ဆိုပါက တစ်ညတွင် သူတော်စင်သလင်းကျောက် ရာဂဏန်းလောက်သာ ကျသည်။

ရန်ကိုင် သူတို့အသက်ကို နှစ်ကြိမ်တိုင်တိုင် ကယ်ခဲ့သည့် အတွက်ကြောင့်သာ မဟုတ်လျှင် ချန်ရှီတောင်း အနေဖြင့် ဤကဲ့သို့သော တည်းခိုးခန်းမျိုးတွင် လာတည်းလိမ့်မည် မဟုတ်ချေ။ တကယ်တော့ သူမတွင် သူတော်စင်သလင်းကျောက် များစွာ ရှိသော်လည်း တည်းခိုဖို့အတွက်နဲ့ ဤမျှလောက် သုံးရသည်မှာ မတန်ချေ။ ရန်ကိုင် အတွက်ကြောင့်သာ ဤတည်းခိုခန်းကို ငှားလိုက်ခြင်း ဖြစ်သည်။

ဈေးမှာ အလွန်မြင့်သော်လည်း အသုံးအဆောင် ပစ္စည်းများနှင့် ဝန်ဆောင်မှုမှာ ပေးရသည့်ဈေးနှင့် ထိုက်တန်ပေသည်။

အကြောင်းကား ရှင်း၏။ ဤနေရာတွင် နေနေကြသည့် ဧည့်သည်တိုင်းသည် သုံးလွှာအိမ်တစ်လုံးစီ ရကြသည်။ ပထမ အလွှာသည် ဧည့်သည်များကို ဧည့်ခံရန်ဖြစ်ပြီး ဒုတိယ အလွှာသည် ကျင့်ကြံရန် ဖြစ်ကာ တတိယအလွှာသည် ဆေးဖော်စပ်ခြင်းနှင့် ပန်းပဲထုလုပ်ခြင်းများအတွက် ဖြစ်ပေသည်။

ထို့အပြင် အိမ်တိုင်းတွင် အစေခံအမျိုးသမီး နှစ်ယောက်စီ ရှိကြကာ နှစ်ယောက်စလုံးသည် ကျင့်ကြံသူများ ဖြစ်ကြသည်။ သို့သော် သူတို့၏ ကျင့်ကြံခြင်းမှာ သိပ်မမြင့်လှပဲ အစစ်အမှန် ဒြပ်စင်အဆင့် သို့မဟုတ် ချီသန့်စင်ခြင်း အဆင့်လောက်သာ ရှိကြသည်။ သို့သော် ဧည့်သည်များကို မည်ကဲ့သို့ နှုတ်ဆက်၊ ဧည့်ခံရမလဲ ဆိုသည်ကို ကောင်းကောင်း တတ်ကျွမ်းထားကြသူများ ဖြစ်ကြသည်။ သို့သော် သာမန်ထက် ပိုသော လွန်ကဲ့သည့် တောင်းဆိုချက်များကိုတော့ တောင်းဆို၍ မရချေ။

ချန်ရှီတောင်းတို့သည့် လာရောက်ဆီးကြို နှုတ်ဆက်သည့် ကျင့်ကြံသူ၏ အပြောအရ စိတ်ပျံနန်းတော်သည် မြို့သခင်နှင့် မြို့ထဲရှိ အခြား အားကောင်းသော အကြီးအကဲများ၏ ငွေဝင်ပေါက် တစ်ခုဖြစ်သည့် အတွက်ကြောင့် ဤနေရာတွင်နေလျှင် လုံခြုံရေးကို စိတ်ပူနေစရာ မလိုပေ။

ထိုကျင့်ကြံသူ အနေဖြင့် ထိုကဲ့သို့ ပြောရခြင်းမှာလည်း ရန်ကိုင်တို့အား အနေရာတွင် ပြဿနာ မရှာရန် သတိပေးလိုက်ခြင်း မည်ပေသည်။

လူခြောက်ယောက်၊ အိမ်ခြောက်လုံး မလိုအပ်သဖြင့် ချန်ရှီတောင်းသည် အိမ်သုံးလုံးသာ ငှားလိုက်သည်။ သူမနှင့် လုယင်က တစ်အိမ်၊ ဝမ်ယုဟန်နှင့် ချန်ဖန်းလေ့က တစ်အိမ်၊ ရန်ကိုင်နှင့် ယန်ယန်က တစ်အိမ် ဖြစ်သည်။

ရန်ကိုင်တို့ နေရမည့်အိမ်သည် အလွန်ကိုမှ အဆင်အပြင် ကောင်းလှသည့် အိမ်တစ်လုံးဖြစ်ပြီး ၎င်း၏ နာမည်မှာ လနှင်းပျံ စံအိမ်ဟု အမည်ရပေသည်။

ထိုအဆောက်အဦးကို မြင်လိုက်သည်နှင့် ယန်ယန်သည် သူမ၏ နှုတ်ခမ်းလေးကို ပျော်ရွှင်စွာ သပ်လိုက်သော်လည်း ရန်ကိုင်ကမူ ပုံမှန်အတိုင်းသာ။ နှစ်ယောက်စလုံး နေထိုင်ရန် အခန်းတစ်ခန်းစီ ရွေးလိုက်ပြီး စတင် အနားယူကြတော့သည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၃၀၉)

ဘာမှဖြစ်မြောက်ခြင်း မရှိသော ညတစ်ည ကုန်လွန်သွားခဲ့ပြီ။ နောက်တစ်နေ့မနက်၊ ရန်ကိုင်နှင့် ယန်ယန်တို့ ကျီးနက်မြို့အား လှဉ့်ပတ်ကြည့်ကြသည်။ တစ်ရက်လောက် ဈေးဝယ်ထွက်ရာမှ ကောင်းကင်ကံကြမ္မာမြို့တွင် မြင်ရခဲလှသော ကုန်ကြမ်းပစ္စည်းနှင့် သတ္တုရိုင်းအချို့ကို ဝယ်ယူနိုင်ခဲ့သည်။

သို့သော်လည်း ထိုပစ္စည်းများကို အရိပ်လခန်းမတွင် ဝယ်စဉ်က ကဲ့သို့ လျှော့ဈေးဖြင့် ရရှိခဲ့ခြင်း မဟုတ်ပေ။ သို့ရာတွင် သင်္ချိုင်းတောင်ကြားထဲမှ သူတော်စင်သလင်းကျောက်များစွာ ရရှိခဲ့သဖြင့် နည်းနည်းလောက် ပိုဈေးကြီးသည်ကို ရန်ကိုင်တို့ ဂရုမစိုက်ချေ။

ဈေးဝယ်ထွက်ရာတွင်၊ သူတော်စင်သလင်းကျောက် သန်းငါးဆယ်လောက် တန်ဖိုးရှိသော ပန်းပဲထုလုပ်ရာတွင် အသုံးပြုသည့် ပစ္စည်းများကို ယန်ယန် ဝယ်ယူခဲ့သည်။

ရန်ကိုင်က တစ်ခွန်းပင် မကန့်ကွက်ခဲ့သော်ငြား သူ့ရင်ထဲ အတော်လေး ထိတ်လန့်နေမိသည်။ ယန်ယန် သုံးနေပုံအရ သူတို့ ယခု ရထားသည့် သူတော်စင်သလင်းကျောက်များသည်လည်း သိပ်ပြီး ကြာရှည်ခံမည့်ပုံမပေါ်။ သို့သော်လည်း ယန်ယန် ဝယ်သွားသည့် ပစ္စည်းများအရ၊ ယခုတစ်ကြိမ် အံ့အားသင့်စရာ ကောင်းသည့် ပစ္စည်းတစ်ခုခုကို သူမ ပြုလုပ်တော့မည်ဟု ရန်ကိုင် စိတ်ထဲ ခံစားနေရသည်။

ရင်ထဲ ထိတ်လန့်မိနေသော်လည်း ယန်ယန် ပြုလုပ်မည့် ပစ္စည်း ဘာပစ္စည်း ဖြစ်မလဲ ဆိုသည်ကို မျှော်လင့်နေမိသည်။

အခြားသူများ အာရုံစိုက်လာမည်ကို မလိုလားအပ်သည့် အတွက်ကြောင့်သာ မဟုတ်လျှင် ထို့ထက်မက များပြားလှသော ပစ္စည်းများကို ယန်ယန် ဝယ်ယူခဲ့ပေလိမ့်မည်။ ရန်ကိုင်က တားနေသည့် အတွက်ကြောင့်သာ ထိုမျှနှင့် ကျေနပ်ခဲ့ရခြင်း ဖြစ်သည်။

ညနေစောင်း ရောက်သည့်အခါ စိတ်ပျံနန်းတော်ဆီသို့ ပြန်လာခဲ့သည်။ လနှင်းပျံစံအိမ်သို့ ပြန်ရောက်သည်နှင့် ယန်ယန်သည် ချက်ချင်းပဲ တတိယအထပ်သို့ တက်သွားသည်။

ရန်ကိုင်လည်း သူနေနေသည့် ဒုတိယ အထပ်ဆီသို့သာ သွားပြီး ကျင့်ကြံနေလိုက်သည်။

နှစ်နာရီလောက် ကြာပြီးနောက် တင်ပလင်ခွေ ထိုင်နေသည့် ရန်ကိုင် မျက်လုံးပွင့်လာပြီး မျက်မှောင်ကြုတ်လျက် အပြင်ဘက်သို့ လှမ်းကြည့်လိုက်သည်။ သူ့ကို ဝှေ့ရမ်းလိုက်ရာ တံခါးပွင့်သွားပြီး တံခါးအပြင်ဘက်တွင် ရပ်စောင့်နေသော အစိမ်းရောင်ဝတ်စုံ ဝတ်ထားသည့် မိန်းမငယ်လေး တစ်ဦးကို တွေ့လိုက်ရသည်။ သူမသည် ဤစံအိမ်အတွက် တာဝန်ပေးထားခြင်း ခံရသော အစေခံ အမျိုးသမီး နှစ်ဦးအနက်မှ တစ်ဦး ဖြစ်ပေသည်။

ရန်ကိုင်အား ဦးစွာ နှုတ်ဆက်လိုက်ပြီးနောက် စတင် ရှင်းပြလိုက်သည် “သခင်လေးကို ဧည့်သည့် တစ်ယောက်က တွေ့ချင်လို့ပါတဲ့။ သခင်လေး သူတို့ကို တွေ့ချင်ပါရဲ့လား”

“ဧည့်သည်က ဘယ်သူလဲ” ရန်ကိုင်က အံ့အားသင့်တကြီး ပြန်မေးသည်။

“သူက သခင်လေးရဲ့ အဖော်နဲ့။ ပြီးတော့ သူ့မျိုးရိုးနာမည်က ချန်လို့လည်း ပြောလိုက်သေးတယ်”

“ချန်လား” ရန်ကိုင် အံ့အားသင့်သွားခဲ့ပြီး ခဏလောက် စဉ်းစားပြီးနောက် ပြန်မေးလိုက်သည် “သူကိုယ်တိုင် လာတာလား”

“ဟုတ်ပါတယ်” အစေခံမလေးက ခေါင်းညိတ်လိုက်သည်။

ထိုစကားကို ကြားလိုက်သည့်အခါ ရန်ကိုင်၏ နှုတ်ခမ်းအစုံ ကွေးတက်သွားပြီး အစေခံ ပြန်ပြောမည်ကိုပင် မစောင့်တော့ဘဲ သူ့လက်ကို ဝှေ့ရမ်း၍ “ငါနားလည်ပြီ။ ငါခဏနေရင် ဆင်းလာမယ်လို့ သူ့ကို ပြောလိုက်”

အစေခံလည်း ဦးညွှတ်၍ အောက်ထပ်သို့ ပြန်ဆင်းသွားလေသည်။ ရန်ကိုင်သည် ချက်ချင်း မဆင်းသွားသေး။ ထိုင်နေလျက် ခဏလောက် စဉ်းစားနေလိုက်သည်။ စဉ်းစားပြီးမှ အောက်သို့ ဆင်းသွားလိုက်လေသည်။

ပထမအထပ်တွင် ချန်ဖန်းလေ့သည် ခါးကို မတ်မတ်ထား၍ ဧည့်ခန်းထဲတွင် ထိုင်နေခဲ့သည်။ မည်းနက်ဖြောင့်တန်းနေသော မျက်ခုံးနှင့် တောက်ပသော မျက်ဝန်းအစုံကြောင့် ချန်ဖန်းလေ့သည် အလွန်ကိုမှ ချောမောလှပသည်ဟု ပြော၍ မရသော်လည်း အတော့်ကိုမှ ခံ့ညားသည်ဟု ပြောရ၍သည်။ အထူးသဖြင့် ဝင်းလက် တောက်ပနေသော သူ့မျက်ဝန်းအစုံပင်။

အစေခံမိန်းကလေး နှစ်ယောက်သည် ချန်ဖန်းလေးအား မကြာခဏ ချောင်းချောင်းကြည့်ပြီး ရှက်သွေး ဖြာနေခဲ့ကြသည်။

ချန်ဖန်လေ့သည် ထိုအချက်ကို သတိပြုမိသော်လည်း မသိချင်ယောင်သာ ဆောင်ကာ ဟန်မပျက် အမူအရာဖြင့်သာ ထိုင်နေခဲ့သည်။ သို့သော်လည်း သေချာ အနီးကပ်ကြည့်ကြည့်မည် ဆိုပါက ချန်ဖန်လေ့ မီးခဲ ဖင်ခုထိုင်နေရသည့်နှယ် နေမထိထိုင်မထိ ဖြစ်နေသည်ကို သတိပြုမိ နိုင်ပေသည်။

ခဏအကြာတွင် ရန်ကိုင် အောက်ထပ်သို့ ရောက်လာခဲ့သည်။ ယခုမှပဲ ထမ်းပိုးထားရသည့် ဝန်ထုပ်ကြီး လွတ်ကျသွားသည့်နှဘ်၊ ချက်ချင်း ထရပ်လိုက်ပြီး လက်သီးဆုပ်၍ ပြောလိုက်လေသည် “အစ်ကိုရန်၊ ကျုပ်အခုလို လာလည်လိုက်လို့ အစ်ကိုရန် ကျင့်ကြံနေတာကို အနှောင့်အယှတ် ဖြစ်သွားစေတယ်ဆိုရင် ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါနော်”

ထိုစကားကို ကြားလိုက်သည့်အခါ ရန်ကိုင် ကြောင်သွားသည်။ သို့သော်လည်း ချက်ချင်းပဲ နွေးထွေးစွာပြုံး၍ ပြန်ပြောလိုက်သည် “ဘာမှမဖြစ်ပါဘူးကွာ။ ငါလည်း ဒီအတိုင်း အနားယူနေရုံပဲ ရှိသေးတာ။ ဘာအနှောင့်ယှတ်မှ မဖြစ်ဘူး”

ပြောပြီးသည်နှင့် အစေခံနှစ်ယောက်ကို လက်ဖက်ရည် ပြင်ခိုင်းလိုက်လေသည်။

မကြာမီ အစေခံမလေးများသည် လက်ဖက်ရည်ကြမ်းသာ မဟုတ်ဘဲ မိုးမြေစွမ်းအင်တို့ဖြင့် ပြည့်နေသော အသီးများကိုလည်း ပြင်ဆင်လာခဲ့လေသည်။

ချန်ဖန်းလေ့ ဘာကြောင့် ရုတ်တရက်ကြီး သူ့ကို လာတွေ့မှန်း ရန်ကိုင် မသိ။ ရန်ကိုင်ကလည်း မမေးခဲ့။ ချန်ဖန်းလေးကလည်း သူလာရင်း ရည်ရွယ်ချက်ကို ချက်ချင်း မရှင်းပြသေးဘဲ ရောက်တတ်ရာရာ လျှောက်ပြောနေခဲ့သည်။

ချန်ဖန်းလေ့ ပုံမှန်မတူ အနည်းငယ် ကွဲပြားနေသည်ကို ရန်ကိုင် သတိပြုမိလိုက်သည်။ အစေခံနှစ်ယောက်၏ တည်ရှိမှုသည် သူ့အား အနည်းငယ် ဖိအားများနေစေသည့်ပုံပင်။ ပုံမှန်ဆိုလျှင် ချန်ဖန်းလေ့သည် လွတ်လွတ်လပ်လပ်၊ ပေါ့ပေါ့ပါးပါး နေတတ်သူတစ်ဦး ဖြစ်သည်။ သို့သော်လည်း ယခုမူ ချန်ဖန်းလေ့သည် စကားတစ်ခါပြောဖို့အရေး၊ သေသေချာချာ စကားလုံး ရွေးနေပြီး တစ်ခါတစ်ရံ ရှေ့နောက်စကား အဆီအငေါ် မတည့်သည်များပင် ဖြစ်နေတတ်သေးသည်။

ချန်ဖန်းလေ့ စကား ထစ်ငေါ့သွားတိုင်း အစေခံ မိန်းကလေး နှစ်ယောက် တခစ်ခစ် ထရယ်သည်။ ထိုအခါ ချန်ဖန်းလေ့ ပိုရှက်သွားပြီး စကားပို၍ ထစ်ကုန်လေသည်။

ထိုအခြင်းအရာကို သတိပြုမိသော် ရန်ကိုင်သည် အစေခံ မိန်းကလေး နှစ်ယောက်ကို ပြောလိုက်သည် “နင်တို့ နှစ်ယောက် သွားနားလို့ရပြီ။ လိုအပ်ရင် ငါလှမ်းခေါ်လိုက်မယ်”

အစေခံမိန်းကလေး နှစ်ယောက် အကြည့်ချင်း ဖလှယ်လိုက်၏။ နှစ်ယောက်စလုံး အနည်းငယ် စိတ်ပျက် သွားခဲ့သော်လည်း ယဉ်ယဉ်ကျေးကျေး ခေါင်းညိတ်လိုက်ပြီး မသွားချင်သွားချင်ဖြင့် ထွက်သွားလေသည်။ မသွားခင်လေး ချန်ဖန်းလေ့အား တစ်ချက် လှမ်းကြည့်သွားသည်။

ထိုအခြင်းအရာကို မြင်သော် ရန်ကိုင် မရယ်ချင်သည့်တိုင် ရယ်မိသွားလေသည်။

မိန်းကလေးနှစ်ယောက် ထွက်သွားတော့မှပဲ ချန်ဖန်းလေ့ စိတ်အေးနိုင်သွားပြီး ပုံမှန်အတိုင်း ပြန်နေနိုင်သွားသည်။ အစောပိုင်းကကဲသို့ ရှက်နေခြင်း၊ စိုးရိမ်နေခြင်း မရှိတော့ဘဲ ရန်ကိုင်နှင့် လွတ်လွတ်လပ်လပ် စတင် စကားပြောတော့သည်။

ထိုနည်းဖြင့် နှစ်နာရီလောက် အာလာပသလ္လာပစကားများ ပြောနေခဲ့သည်။ သို့တိုင် ချန်ဖန်းလေ့သည် သူလာရင်း အကြောင်းကို မပြောသေးချေ။

သူဘာလို့ ဒီကို လာလဲဆိုတာကို မေ့နေတာတော့ မဟုတ်လောက်ပါဘူးနော်

ထို့ကြောင့် ရန်ကိုင်က ချောင်းဟန့်၍ မေးလိုက်ရသည် “ညီလေးချန်၊ မင်းဘာလို့ ဒီကို ရောက်လာရတာလဲ”

ထိုမေးခွန်းကို ကြားလိုက်သည့်အခါ ချန်ဖန်းလေ့ ကြောင်သွားခဲ့ပြီး ခဏလောက် စဉ်းစားလိုက်ပြီးနောက် သူ့နဖူးကို ရိုက်ချလိုက်လေသည်။

သူတကယ်ကြိး မေ့နေတာဟ

ထိုအခြင်းအရာကို မြင်လိုက်သည့်အခါ ရန်ကိုင် ခါးသက်စွာ ပြုံးမိလိုက်သည်။

“တကယ်တော့ ဒီကိုလာတယ် ဆိုတာ ဘာမှတော့ မဟုတ်ဘူး။ အစ်ကိုရန်က ကျုပ်တို့အသက်ကို နှစ်ကြိမ်တိုင်တိုင် ကယ်ခဲ့တာဆိုတော့ အစ်ကို နည်းနည်းပါးပါး ပြန်ဧည့်ခံချင်လို့။ ဒါကြောင့် အစ်ကိုရန်ဆီ ရောက်လာခဲ့တာ”

“ဧည့်ခံဖို့” ရန်ကိုင် မျက်ခုံးပင့်လိုက်သည်။

“ဟုတ်တယ်” ချန်ဖန်းလေ့က ထပ်ခါထပ်ခါ ခေါင်းညိတ်လိုက်ပြီး “ကျီးနက်မြို့မှာ အရမ်း စိတ်ဝင်စားစရာ ကောင်းတဲ့ နေရာတစ်ခု ရှိတယ်လို့ ကျုပ်သတင်း ကြားထားတယ်။ ဒီချန် အဲ့နေရာဆီ သွားချင်နေတာကြာပြီ။ ဒါပေမယ့် အခွင့်အရေး မရလို့ တစ်ခါမှ မသွားဖြစ်ဘူး။ အခု အားနေတုန်း အစ်ကိုရန်ကို ကျုပ်နဲ့လိုက်ခဲ့မလားလို့ လာခေါ်တာ။ အစ်ကိုရန်ကော စိတ်ဝင်စားလား”

“စိတ်ဝင်စားစရာ နေရာလား” ရန်ကိုင် ရုတ်တရက် သိချင်မိသွားသည် “ဘယ်လိုနေရာမျိုးလဲ”

ချန်ဖန်းလေ့မျက်နှာ ရုတ်တရက် နီးမြန်သွားသည်။ သို့သော် ခဏအကြာတွင် အဓိပ္ပါယ်ပါပါ ပြုံးလျက် ပြန်ပြောလိုက်သည် “အဲ့ဒါက လျှို့ဝှက်ချက်။ ရောက်ရင် အစ်ကိုရန် သိလိမ့်မယ်”

ရန်ကိုင် ချန်ဖန်းလေ့အား အပြုံးဖြင့် စိုက်ကြည့်လိုက်သည်။ တစ်ချက် စဉ်းစားကြည့်လိုက်ပြီးနောက် ခေါင်းညိတ်ကာ “ကောင်းပြီလေ။ ညီလေးချန် ကိုယ်တိုင် လာဖိတ်တာဆိုတော့ မလိုက်လို့ ဘယ်ဖြစ်ပါ့မလဲ။ အစ်မချန်နဲ့ အခြားသူတွေကော ခေါ်ဦးမလား”

“ဟင့်အင်း၊ မခေါ်ဘူး” ချန်ဖန်းလေ့ အမူအရာ အပြောင်းကြီး ပြောင်းလဲသွားပြီး သူ့လက်ကို ကမန်းကတန်း ဝှေ့ရမ်း၍ “ဒီကိစ္စကို သူတို့ သိလို့မဖြစ်ဘူး။ မဟုတ်ရင် ကျုပ် အရှင်လတ်လတ် အရေခွံ ဆုတ်ခံရလိမ့်မယ်။ သူတို့ သတိထားမိသွားမှာကို ကြောက်လို့သာ မဟုတ်ရင် ညဉ့်နက်တဲ့အထိ စောင့်နေခဲ့မှာ မဟုတ်ဘူး”

“အို” ချန်ဖန်းလေ့ မည်သည့် နေရာသို့ သွားချင်နေလဲ သူခန့်မှန်းမိလိုက်ပေပြီ။ သို့သော် ခဏလောက် စဉ်းစားပြီးနောက် ထပ်မေးလိုက်သည် “အစ်ကိုဝမ်ကော”

“စီနီယာအစ်ကိုဝမ်က ဒီမှာရှိတဲ့ သူ့မိသားစု အကြီးအကဲ တစ်ယောက်ဆီ သွားလည်မလို့တဲ့။ သူဘယ်အချိန် ပြန်ရောက်မလဲ ကျုပ်မသိဘူး။ သူ့ကို စောင့်နေဖို့လည်း အချိန်မရှိဘူး”

ရန်ကိုင် ခေါင်းညိတ်လိုက်ပြီး “အဲ့လိုဆိုမှတော့ သွားကြတာပေါ့”

ရန်ကိုင် သဘောတူလိုက်သည်ကို မြင်သော ချန်ဖန်းလေ့ စိတ်အားတက်ကြွသွားပြီး ချက်ချင်း ခေါင်းညိတ်ကာ ရှေ့မျာ ဦးဆောင်ကာ ထွက်သွားလေသည်။

ဤသို့ဖြင့် ရန်ကိုင်နှင့် ချန်ဖန်းလေ့သည် စိတ်ပျံနန်းတော်မှ ထွက်၍ လူအုပ်ကြီးထဲ တိုးဝင် ပျောက်ကွယ်သွားခဲ့သည်။

ညအချိန် ကျီးနက်မြို့သည် နေ့အချိန်ထက်ပင် ပို၍ စည်ကားနေခဲ့သည်။ ချန်ဖန်းလေသည့် သူသွားချင်နေသည့် နေရာဆီသို့ မည်ကဲ့သို့ သွားရမလဲ ဆိုသည်ကို ကြိုတင် စဉ်းစားထားပြီးသည့်ပုံပင်။ ထို့ကြောင့် လမ်းမှားခြင်းမရှိဘဲ တစ်လမ်းပြီးတစ်လမ်း ကျွမ်းကျွမ်းကျင်ကျင်နှင့် သွားနေခဲ့သည်။

မကြာမီ စံအိမ်တစ်ခုရှေ့သို့ သူတို့ ရောက်လာခဲ့သည်။ တံခါးရှေ့တွင် အနက်ရောင် ချပ်ဝတ်တန်ဆာကို ဝတ်ထားကာ လှံရှည်တစ်ချောင်းစီ ကိုင်ဆောင်ထားသည့် သူတော်စင်အဆင့် အစောင့်နှစ်ယောက် ရှိနေခဲ့သည်။

ဤနေရာကို ကြည့်လိုက်လျှင် သာမန် စံအိမ်တစ်လုံးနှင့် ဘာမှမခြားချေ။ သို့သော် ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေး ကြည့်လိုက်သည့်အခါ အထဲတွင် စီမံခင်းကျင်းထားသည့် အစီအရင် အထပ်ထပ် ရှိနေသည်ကို တွေ့လိုက်ရသည်။

သို့သော်လည်း ထိုစံအိမ်ထဲသို့ ကျင့်ကြံသူများ ဒယီးဒယိုင်ဖြင့် မကြာခဏ တစ်ယောက်ပြီး တစ်ယောက် ဝင်သွားနေကြသည်။ အလွန်အားနည်းသည့် ကျင့်ကြံသူများလည်း ရှိကြသည်။ သို့သော် သူတို့ခွန်အား မည်သို့ပင် ဖြစ်နေပါစေ ဝင်ပေါက်တွင် ရှိနေသော အစောင့်နှစ်ယောက်သည် ထိုလူများကို မျက်ကွယ်ပြုထားကြ၏။

ထို့အချက်ကြောင့် ဤနေရာ ဘာနေရာလဲ၊ ဘာကြောင့် ဤမျှ စည်ကားနေရလဲ ဆိုသည်ကို ရန်ကိုင် သိချင်စိတ် ဖြစ်မိသွားသည်။

ဤနေရာသို့ ရောက်သည်နှင့် ချန်ဖန်းလေ့ ထပ်မသွားတော့ဘဲ စံအိမ်ကိုအား စိတ်လှုပ်ရှားစွာဖြင့် သေချာ စိုက်ကြည့်နေလေသည်။ ချန်ဖန်းလေ့ အသက်ရှူနှုန်း မြန်ဆန်လာပြီး သူ့ကိုယ်အပူချိန် အနည်းငယ် မြင့်တက်လာသည်ကို ရန်ကိုင် သတိပြုမိလိုက်သည်။

ချန်ဖန်းလေ့အား သင်္ကာမကင်း အမူအရာဖြင့် တစ်ချက် လှမ်းကြည့်လိုက်ရာ ချန်ဖန်းလေ့က ပြန်၍သာ ပြုံးပြပြီး ပြောလိုက်သည် “ဒီနေရာပဲ။ အထဲ ဝင်ကြရအောင်”

ပြောပြီးသည်နှင့် စံအိမ်ထဲသို့ ဝင်သွားလေသည်။ အစောင့် နှစ်ယောက်သည် သူတို့အား တားလည်းမတားသလို၊ မည်သည့် မေးခွန်းမှလည်း မမေးခဲ့ချေ။

စံအိမ်ထဲသို့ ဝင်လပြီး အနက်ရောင် ကျောက်တုံးလမ်း တစ်လမ်းကို ဖြတ်ကျော်လာပြီးနောက် ဝိုင်နံ့၊ ရစ်မူးဖွယ်ရာ အမျိုးသမီးတို့၏ ကိုယ်သင်းရနံ့တို့ဖြင့် သင်းထုံနေသည့် လွန်စွာကိုမှ စည်ကားသက်ဝင်သော နေရာတစ်နေရာဆီသို့ ရန်ကိုင်တို့ ရောက်လာခဲ့သည်။ တခစ်ခစ် ရယ်သံလေးများသည် နားဝင်ချိုသာဖွယ်ရာ တေးသံလေးများနှယ် အဆက်မပြတ် ထွက်ပေါ်နေခဲ့သည်။

စံအိမ်ထဲတွင် ဤကဲ့သို့သော သုခံဘုံတစ်ဘုံ ရှိနေခဲ့သည်။

လှည့်ပတ်ကြည့်လိုက်ရာ အစားအသောက်မျိုးစံဖြင့် ဝိုင်းတည်ထားသော စားပွဲဝိုင်းများစွာကို တွေ့လိုက်ရသည်။ သတိပြုမိစရာ တစ်ချက်သည်ကား ထိုစားပွဲဝိုင်းများတွင် သောက်စားပျော်ပါးနေကြသည့် ဧည့်သည်တိုင်း၏ လက်မောင်း တစ်ဖက်စီတွင် နှစ်လိုဖွယ်ကောင်းသည့် အမျိုးသမီး တစ်ဦးစီ ရှိနေခြင်းပင် ဖြစ်သည်။ အမျိုးသမီးများသည် အမျိုးမျိုးသော အဝတ်အစားများကို ဝတ်ဆင်ထားကြသည်။ အချို့သည့် ခန္ဓာကိုယ် ကောက်ကြောင်းများကို ပေါ်လွင်စေသည့် ကိုယ်ကြပ် အဝတ်အစားများကို ဝတ်ဆင်ထားကြပြီး အချို့သည် တော်ဝင်ဆန်ဆန် မိန်းမပျိုလေးများပုံစံ ဝတ်စားထာကြသည်။ အကုန်လုံးသည် ချွင်းချက်မရှိ လှပကြပေသည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၃၁၀)

ထိုမြင်ကွင်းအဖုံဖုံကို မြင်တွေ့ပြီးနောက် ချန်ဖန်းလေ့ ပြောသော ‘စိတ်ဝင်စားစရာကောင်းတဲ့နေရာ’ ဆိုသည်မှာ သူခန့်မှန်ထားသလို နေရာမျိုး ဖြစ်နေမှန်း နားလည်လိုက်သည်။

ဤနေရာသည် သာမန် သေမျိုးများ နေထိုင်သည့် မြို့များတွင် ရှိသည့် ဆောင်ကြာမြိုင်များနှင့် အတူတူပင်။

သို့သော် ဤနေရာသည် သာမန် ဆောင်ကြာမြိုထက် အဆပေါင်းများစွာ ပိုကြီးပြီး ဤနေရာသို့ လာသည့်လူအားလုံးသည် ကျင့်ကြံသူများ ဖြစ်ကြသလို သူတို့အား အဖော်ပြုပေးနေသည့် အမျိုးသမီး အားလုံးဟာလည်း ကျင်ကြံသူများ ဖြစ်ကြသည်။

အနည်းဆုံး သူ့ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေးကြည့် လိုက်သည့်အခါ အစစ်အမှန်ဒြပ်စင်အဆင့်အောက် နိမ့်သည့် လူတစ်ဦးမှ မရှိမှန်း တွေ့လိုက်ရသည်။ သို့သော်လည်း သူတို့အား အဖော်ပြုပေးနေသည့် အမျိုးသမီးများမှာမူ ခွန်အား သိပ်မမြင့်ပေ။ အားအကောင်းမှ အင်မော်တယ် တက်လှမ်းခြင်း အဆင့်သုံး၊ အဆင့်လေး လောက်သာ ရှိသည်။

အမျိုးသား ကျင့်ကြံသူများထဲတွင်လည်း သူတော်စင် အဆင့်ထက် ပိုမြင့်သည့် ကျင့်ကြံသူ တစ်ယောက်မှ မပါချေ။ ချန်ဖန်းလေ့ ဤကဲ့သို့သော နေရာမျိုးအား စိတ်ဝင်းစားသည် ဆိုသော အချက်နှင့် ပက်သက်၍ ရန်ကိုင် အတော်လေး အံ့အားသင့်နေမိသည်။

လှည့်ကြည့်လိုက်ရာ မြင်လိုက်ရသည့် မြင်ကွင်းကြောင့် ရန်ကိုင် မှင်သက်သွားခဲ့ရသည်။

လက်ရှိ ချန်ဖန်းလေ့သည် အသိစိတ်မဲ့နေသည့်နှယ် ပါးစပ်အဟောင်းသားဖြင့် သူ့ရှေ့ရှိ မြင်ကွင်းကို မမှိတ်မသုံ စိုက်ကြည့်နေခဲ့သည်။ သူ့မျက်နှာ တစ်ပြင်လုံးဟာလည်း ရဲရဲတောက် နီမြန်းနေခဲ့လေပြီ။

ရန်ကိုင် မဲ့ပြုံးပြုံးလိုက်ပြီး ချန်ရှီတောင်းကို နှိုးတော့မည် အပြု ရုတ်တရက် အမျိုးသမီး တစ်ယောက်ဆီ လျှောက်လာနေသည်ကို တွေ့လိုက်ရသည်။ ထိုအမျိုးသမီးသည် ကျော့ရှင်းသော ဝတ်စုံကို ဝတ်ဆင်ထားပြီး မက်မွန်ရောင် အသားအရေကို ပိုင်ဆိုင်ထားသည်။

မျက်ဝန်းလေးများမှာ ကြယ်စင်လေးများနှယ် လင်းလက်နေပြီး ရင်အစုံမှာလည်း မို့မောက်ပြည့်တင်းနေသည်။ ကျော့ရှင်းသော ခါးသွယ်သွယ်လေးနှင့် စွဲမက်ဖွယ်ရာ ခြေတံရှည်လေးများမှာ မြင်သူတကာ ငေးမောရအောင် ပြည့်စုံလှသော အလှကို ပုံဖော်ပေးနေသည်။ သူတို့ နှစ်ယောက်ရှေ့ ရောက်သည်နှင့် အမျိုးသမီးက ကျော့ရှင်းတင်တယ်စွာ ဦးညွှတ်လိုက်ပြီး ပြောလိုက်သည် “ဒီမိန်းကလေးက သခင်လေးတို့ နှစ်ယောက်ကို နှုတ်ဆက်ပါတယ်”

ပြောပြီးသည်နှင့် ချန်ဖန်းလေ့အား လှမ်းကြည့်လိုက်ပြီး ပါးစပ်လေးကို လက်ဖြင့်အုပ်၍ ရယ်မောလေသည်။

သို့သော်လည်း ယခုကဲ့သို့ မြင်ကွင်းမျိုးကို သူမ မြင်ဖူးသည်မှာ ပထမဆုံးအကြိမ် မဟုတ်တော့သဖြင့် ချန်ဖန်းလေ့၏ အမူအရာကို အရမ်းကြီး စိတ်ထဲထားမနေဘဲ လိုရင်းကိုသာ အလျင်အမြန် တန်းပြောလိုက်သည် “သခင်လေးတို့ နှစ်ယောက်ကို ကြည့်ရတာ ဒီနေရာနဲ့ သိပ်မရင်းနှီးဘူးနဲ့ တူတယ်။ သခင်လေးတို့ ကျွန်မတို့ စိတ်ပျော်စံအိမ်ကို ပထမဆုံးအကြိမ် ရောက်ဖူးတာလား”

ရန်ကိုင် ချန်ဖန်းလေ့အား တစ်ချက် စောင်းကြည့်လိုက်သည်။ ချန်ဖန်းလေ့ အသိပြန်မဝင်သေးမှန်း တွေ့လိုက်သော် ထိုကောင့်ဆီမှ ဘာမှ မျှော်လင့်နေလို့ မရမှန်း သိလိုက်သည်။ ထို့ကြောင့် သက်ပြင်းချကာ ခေါင်းညိတ်၍ ပြန်ပြောလိုက်၏ “ဟုတ်တယ်။ ဒါကျုပ်တို့ ဒီကို ပထမဆုံးအကြိမ် ရောက်ဖူးတာ။ ဒါပေမယ့် ဒီနေရာအကြောင်းတော့ သတင်းတွေ ကြားဖူးတယ်။ ဒါကြောင့် ကျီးနက်မြို့ကို ရောက်တုန်းရောက်ခိုက်လေး တစ်ချက်လောက် ဝင်ကြည့်ကြည့်တာ”

“အဲ့လိုကိုး” အမျိုးသမီး ခေါင်းတညိတ်ညိတ် လုပ်လိုက်သည်။ ထို့နောက် ဆံပင်ကို နားသယ်နောက် သပ်တင်လိုက်ပြီး ပြုံးလျက် “သခင်လေးတို့ကို စိတ်မပျက်စေဘူးလို့ ထင်ပါတယ်။ သခင်လေးတို့ အတွက် သီးသန့်ခန့် စီစဉ်ပေးစေချင်လား မသိဘူး”

ရန်ကိုင်နှင့် ချန်ဖန်းလေ့သည် အားကောင်းသော ကျင့်ကြံသူများ ဖြစ်မှန်း သူမ ပြောနိုင်သည်။ သူတို့ကဲ့သို့သော လူများသည် ဤကဲ့သို့သော နေရာမျိုးတွင် နေချင်ကြမည် မဟုတ်။ ထို့ကြောင့် သူတို့အတွက် သီးသန့်ခန်း စီစဉ်ပေးရမလားဟု ကမ်းလှမ်းလိုက်ခြင်း ဖြစ်သည်။

ရန်ကိုင်က ဘယ်ငြင်းပါ့မလဲ။ ခေါင်းညိတ်လိုက်ပြီး သူတို့ နှစ်ယောက်အတွက် သီးသန့်ခန်း စီစဉ်ပေးရန် ပြောလိုက်သည်။

အမျိုးသမီးက ခေါင်းညိတ်လိုက်ပြီး သူတို့ နှစ်ယောက်အား မနီးမဝေးတွင် ရှိနေသော အိမ်တစ်လုံးဆီ ဦးဆောင် ခေါ်သွားလေ၏။

တစ်ချိန်တည်းတွင် စိတ်ပျော်စံအိမ် အတွင်းပိုင်းရှိ အခန်း တစ်ခန်းထဲ၌၊ လူအိုကြီး တစ်ယောက်နှင့် လူငယ်လေး တစ်ယောက် မျက်နှာချင်းဆိုင်လျက် တင်ပလင်ခွေ ထိုင်နေကြသည်။ လူအိုကြီးသည် တန်ခိုးရှင် ပထမအဆင့် ဖြစ်ပြီး လူငယ်လေးမှာမူ သူတော်စင်ဘုရင် တတိယအဆင့် ဖြစ်ပေသည်။

လူအိုကြီးမှာမူ ကျင့်စဉ်ကို လှည့်ပတ်ရင်း တည်တည်ငြိမ်ငြိမ်ဖြင့် ထိုင်နေသော်လည်း သားသားနားနား ဝတ်စားထားသော လူငယ်လေးမှာမူ မျက်မှောင်ကြုတ်လျက် အပြင်သို့ မကြာမကြာ လှမ်းကြည့်နေသည်။

“ယုဟန်၊ မင်းနှလုံးသားနဲ့ စိတ်ကို လေ့ကျင့်ဖို့ လိုသေးတယ်” လူအိုကြီးက မျက်လုံးမဖွင့်ဘဲ ပြောလိုက်သည်။

သူနှင့် မျက်နှာချင်းဆိုင်တွင် ထိုင်နေသော လူငယ်လေး၏ ခန္ဓာကိုယ် အနည်းငယ် တုန်ရင်သွားခဲ့သည်။ ရှက်လည်း ရှက်သွားခဲ့သော်ငြား လေးလေးစားစားဖြင့် ခေါင်းညိတ်၍ “ခုနှစ်ယောက်မြောက်အဖိုး ပြောတာ မှန်ပါတယ်။ ယုဟန် တကယ်ကို မရင့်ကျက်သေးဘူး”

လူအိုကြီးက ယဲ့ယဲ့လေး ပြုံးလိုက်ပြီး သူ့ရှေ့ရှိ လူငယ်လေးကို မျက်လုံးဖွင့်ကြည့်ကာ ပြောလိုက်သည် “မင်းကိုယ်မင်း ဒီလောက် နှိမ့်ချနေစရာမလိုဘူး။ အခုကိစ္စက မင်းအနာဂတ်နဲ့ ပက်သက်နေတဲ့ ကိစ္စပဲ။ မင်းစိတ်မလှုပ်ရှားဘဲ နေမလား။ ငါတို့ ဝမ်မိသားစုက မိသားစုငယ်လေးတစ်ခု မဟုတ်ပေမယ့် မိသားစုကြီး တစ်ခုလည်း မဟုတ်ဘူး။ အခုလက်ရှိ လူငယ်မျိုးဆက်ထဲမှာ မင်းအရည်အချင်း အရှိဆုံးပဲ။ ပြီးတော့ မင်းတစ်ယောက်ပဲ အစွန်းရောက်ဂိုဏ်းဆီ ဝင်နိုင်ခဲ့တာ။ အခု မင်း သူတော်စင်ဘုရင် တတိယအဆင့် တစ်ယောက် ဖြစ်လာပြီဆိုတော့ တန်ခိုးရှင် အဆင့်ကို ချိုးဖျက်ဖို့က မဖြစ်နိုင်တော့တာ မဟုတ်ဘူး။ အဲ့အချိန်ကို ရောက်လာတဲ့ တစ်နေ့ကျရင် မင်းနဲ့ငါက ဝမ်မိသားစုရဲ့ ထောက်တိုင်တွေ ဖြစ်လာလိမ့်မယ်။ ပြီးတော့ မင်းရဲ့ နောက်ခံက ငါ့ထက် ပိုကောင်းတာဆိုတော့ မင်းလျှောက်လှမ်းနိုင်တဲ့ ခရီးက ငါ့ထက် ပိုဝေးမှာ အသေအချာပဲ”

“ခုနှစ်ယောက်မြောက် အဖိုးက ကျုပ်ကို အရမ်း အထင်ကြီးနေတာပဲ။ ယုဟန် အခုလို တိုးတက်လာနိုင်တာ မိသားစုရဲ့ ကျေးဇူးတွေကြောင့်ပဲလေ။ ကျုပ်တစ်နေ့ တိုးတက်လာတဲ့ တစ်နေ့ကျရင် ဝမ်မိသားစုကို ကျိန်းသေ အရှက်ရအောင် မလုပ်ပါဘူး”

“မင်းပြောတာကို ကြားရတော့ ငါစိတ်သက်သာရာ ရသွားပြီ။ မင်းမဟုတ်ဘဲ အခြား ကလန်သား တစ်ယောက်ယောက်သာ ဆိုရင် ငါသဘောတူခဲ့မှာ မဟုတ်ဘူး။ ချက်ချင်း ငြင်းပစ်လိုက်မှာ။ ငါ ဒီစိတ်ပျော်စံအိမ်ရဲ့ မန်နေဂျာ ဖြစ်လာနိုင်တယ် ဆိုပေမယ့် ဒီနေရာကို အင်ပါယာမြို့တော်ဂိုဏ်းနဲ့ မြို့သခင်က တိတ်တဆိတ် ကျောထောက်နောက်ခံ ပြုထားတာ မင်းလည်း သိမှာပေါ့။ ဒီမှာ မတော်တဆ တစ်ခုခုသာ ဖြစ်သွားရင် အကျိုးဆက်က ငါတို့ ဝမ်မိသားစု ခံနိုင်တာမျိုး မဟုတ်ဘူးနော်”

“ယုဟန် နားလည်ပါတယ်။ ဒါပေမယ့် အခုကိစ္စက သူတော်စင် ဘုရင် ဒုတိယအဆင့်လေး တစ်ယောက်ရဲ့ ဂုဏ်သတင်းကို ထိခိုက်အောင် လုပ်ရုံပဲဆိုတော့ ပြဿနာ မရှိလောက်ပါဘူး”

“အဲ့ဒါကြောင်သာ မဟုတ်ဘုရင် ငါသဘောတူမယ် ထင်လား” အဖိုးအိုက နှာခေါင်းရှုံ့လိုက်ပြီး ရယ်သွမ်းသွေးလျက် “မင်းကြိုက်တဲ့ အမျိုးသမီးက ကြည်လင်ကောင်းကင်ဂိုဏ်းက လာတာ သေချာလား”

“ဟုတ်တယ်” သူနှင့် မျက်နှာချင်းဆိုင်တွင် ထိုင်နေသော လူငယ်လေးက ခေါင်းညိတ်လိုက်ပြီး တက်တက်ကြွကြွဖြင့် ချက်ချင်း ဆက်ပြောလိုက်သည် “ပြီးတော့ သာမန် တပည့်တောင် မဟုတ်ဘူး။ အဆင့်အတန်းမြင့်တဲ့ တပည့်ပဲ။ ပြီးတော့ သူတော်စင် သလင်းကျောက် အနည်းဆုံး တစ်သန်းလောက်ကိုလည်း ပိုင်ဆိုင်ထားသေးတယ်”

“တစ်သန်း”လူအိုကြီး တကယ်ကို အံ့အားသင့်သွားခဲ့သည်။ သူ့မျက်ဝန်းထဲ လောဘအရိပ်အယောင်တို့ လက်သွားခဲ့ပြီး “သူတော်စင်ဘုရင် တတိယအဆင့်လေး တစ်ယောက်က ဘယ်လိုလုပ်ပြီး အဲ့လောက် ချမ်းသာနေရတာလဲ”

“ကံပေါ့။ သူသဲမီးတောက်နယ်မြေထဲ ဝင်သွားတုန်းက သလင်းကျောက်တွင်းနဲ့ သွားတိုးတယ်လေ။ အဲ့မှာ လနဲ့ချီပြီး သူတော်စင်သလင်းကျောက် ထိုင်တူးနေလိုက်တာ သူတော်စင် သလင်းကျောက်တွေ အများကြီး ရလာရော။ အတော် များများကို ဂိုဏ်းဆီ ပြန်အပ်လိုက်တာတောင်သူ့အတွက် အများကြီး ကျန်နေသေးတယ်”

“ငါသိပြီ” လူအိုကြီး နားလည်သွားခဲ့သည်။ ခေါင်းညိတ်၍ “အဲ့လိုသာဆိုရင် မင်းသူ့ကို အလွယ်တကူ မလွှတ်ပေးသင့်ဘူး။ အဲ့မိန်းကလေး နှလုံးသားကို အပိုင်ရဖို့ မင်းဘာမဆို လုပ်သင့်တယ်။ မင်းသာ သူ့နှလုံးသားကို အပိုင်ရလိုက်မယ်ဆိုရင် မင်းအနာဂတ် လမ်းကြောင်းက ချောမွေ့သွားပြီ။ အရင်းအမြစ် မလောက်မှာကို စိုးရိမ်စရာ မလိုတော့ဘူး”

“ယုဟန်လည်း အဲ့လိုပဲတွေးနေတာ။ မဟုတ်ရင် အဲ့မျိုးရိုး နာမည်ရန်ဆိုတဲ့ ကောင်ကို ရှင်းထုတ်ဖို့ ကြိုးစားနေမှာ မဟုတ်ဘူး။ အဲ့ကောင်လေးကလည်း အစ်မချန်ကို မျက်စိကျနေတာ။ ဒါပေမယ့် သူဒီနေရာကို လာတဲ့အကြောင်းသာ ကျုပ်ဖော်လိုက်နိုင်မယ်ဆိုရင် အစ်မချန် သူ့ကို လုံးဝ အထင်သေးသွားမှာပဲ”

“ဒီနည်းလမ်းက တကယ် ကောင်းတယ်။ ဒါပေမယ့် သူဒီကို လာမယ်ဆိုတာ မင်းသေချာလား” လူအိုကြီးက ထပ်မေးလိုက်၏။

လူငယ်လေးက ပြုံးကာ ပြန်ပြောလိုက်သည် “လုံးဝကြီး သေချာတယ်လို့တော့ မပြောရဲဘူး။ ဒါပေမယ့် ရှစ်ဆယ် ရာခိုင်နှုန်း တော့ သေချာတယ်”

“မင်းဘယ်လို စီစဉ်ထားလဲ အသေးစိတ် တစ်ချက်လောက် ပြောပြစမ်းပါဦး”

လူငယ်လေးက သူ့ အစီအစဉ်ကို ရှင်းပြလိုက်ရာ လူအိုကြီး ခေါင်းတညိတ်ညိတ် ဖြစ်သွားသည်။

ခဏအကြာတွင် အပြင်ဘက်မှ နူးညံ့သော အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။ လာပို့သည့် သတင်းကို နားထောင်လိုက်ပြီးနောက် လူအိုကြီးက လူငယ်လေးဘက်သို့ လှည့်၍ ပြောလိုက်သည် “သူတို့ ရောက်လာပြီ”

“တကယ်လား” လူငယ်လေးက ပျော်ရွှင်စွာဖြင့် ပြန်မေးလိုက်သည်။

“တကယ်” လူအိုကြီးက လူငယ်လေးအား အပြုံးဖြင့် ကြည့်၍ သူ့ဆီ တစ်ခုခု ပစ်ပေးလိုက်သည် “မင်းအစီအစဉ်က မဆိုးတော့ ငါခွင့်ပြုပေးလိုက်မယ်။ ရော့၊ ဒါငါနဲ့ မန်နေဂျာ တံဆိပ်ပြား။ ဒီတံဆိပ်ပြားနဲ့ဆို အရမ်း အရေးကြီးတဲ့ ကိစ္စမဟုတ်ရင် အခြား သူတွေ မင်းအမိန့်ကို နာခံလိမ့်မယ်”

လူငယ်လေးက တံဆိပ်ပြားကို ယူလိုက်ပြီး အလျင်အမြန် ဦးညွှတ်၍ “ကျေးဇူးအများကြီး တင်ပါတယ်၊ ခုနှစ်ယောက်မြောက် အဖိုး”

စိတ်ပျော်နန်းတော်၏ သီးသန့်အိမ်လေး တစ်လုံးထဲတွင် ရန်ကိုင်နှင့် ချန်ဖန်းလေ့တို့ ထိုင်နေခဲ့ကြသည်။ သူတို့အား ဤနေရာသို့ ခေါ်လာသည့် အမျိုးသမီးမှာမူ ထွက်သွားလေပြီ။ ယခု အိမ်ထဲတွင် သူတို့ နှစ်ယောက်မှအပ အခြားမည်သူမှ မရှိချေ။

စားပွဲပေါ်တွင် လက်ဖက်ရည်အိုး တစ်အိုးလည်း ရှိနေသည်။ ရန်ကိုင်က တစ်ခွက်မှ မသောက်သေးသော်လည်း ချန်ဖန်းလေ့ကမူ သူ့ကိုယ်တွင်းရှိ အပူမီးတောက်များကို ငြိမ်းသတ်ရန် အလို့ငှာ တစ်ခွက်ပြီးတစ်ခွက် သောက်နေခဲ့သည်။

ချန်ဖန်းလေ့ လက်ဖက်ရည် သောက်နေစဉ် ရန်ကိုင်က သူ့အား အပြုံးဖြင့် ထိုင်ကြည့်နေခဲ့သည်။

ခဏကြာပြီးနောက် ရန်ကိုင်က ရုတ်တရက် ပြောလိုက်သည် “ညီလေးချန်၊ မင်းဒီလို နေရာမျိုးကို ပထမဆုံးအကြိမ် ရောက်ဖူးတာလား”

“အင်း…” ချန်ဖန်းလေ့က ရှက်ရှက်ဖြင့် ပြန်ပြောလိုက်သည်။ ထို့နောက် ရုတ်တရက် ခေါင်းမော့လာပြီး ရန်ကိုင်ကို ကြည့်ကာ မေးလိုက်သည် “အစ်ကိုရန်ကို ကြည့်ရတာ ဒီလို နေရာမျိုးနဲ့ အတော်လေး ရင်းနှီးနေတဲ့ပုံပဲနော်”

“ဘယ်ကသာ” ရန်ကိုင်က အလေးအနက် အမူအရာဖြင့် “ငါလည်း ဒီလိုနေရာမျိုးကို အခုမှ ပထမဆုံးအကြိမ် ရောက်ဖူးတာ”

“ဟားဟား…” ချန်ဖန်းလေ့ ခြောက်ကပ်ကပ် ရယ်လိုက်၏။ ရန်ကိုင်စကားကို ယုံလည်းယုံချင်၊ မယုံလည်း မယုံချင် ဖြစ်နေမိသည်။

ရန်ကိုင်က ရုတ်တရက် တည်ကြည်လေးနက်သည့် အမူအရာဖြင့် ချန်ဖန်းလေ့ကို စိုက်ကြည့်၍ “ညီလေးချန်၊ မင်းဒီနေရာကို အကြောင်းမရှိဘဲနဲ့တော့ မလာလောက်ဘူး။ မင်းကြည့်ရတာ ဒါမျိုးတွေကို စွဲလန်းတဲ့ လူတစ်ယောက်နဲ့လည်း မတူပါဘူး။ မင်းဒီကိုလာတာ အခြား အကြောင်းအရင်း ရှိတယ်မလား”

ချန်ဖန်းလေ့ ခါးသက်စွာ ပြုံးလိုက်ပြီး “အစ်ကိုရန် သိသွားပြီနဲ့တူတယ်”

“ငါခန့်မှန်းကြည့်လိုက်တာ” ရန်ကိုင်က သာမန်လေသံဖြင့် ပြန်ပြောလိုက်သည်။

“အဲ့လိုဆိုမှတော့ ဒီချန်လည်း မဖုံးကွယ်တော့ပါဘူးလေ” ချန်ဖန်းလေ့က အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်ပြီး စတင် ရှင်းပြလိုက်သည် “ဒီနေရာက အပျော်ရှာဖို့ သက်သက်ပဲ လာကြတဲ့‌ နေရာတစ်ခုလို့ အစ်ကိုရန် ထင်နေတာလား”

“မဟုတ်လို့လား” ရန်ကိုင် မျက်ခုံးပင့်လိုက်သည်။

“ဟုတ်တော့ ဟုတ်တာပေါ့။ ဒါပေမယ့် ဟုတ်လည်း မဟုတ်ပြန်ဘူး။ ဒီနေရာက အပျော်ရှာလို့ကောင်းတဲ့ နေရာတစ်ခု ဆိုပေမယ့် ကျီးနက်မြို့မှာ အခြား အပျော်ရှာလို့ရတဲ့ နေရာတွေ အများကြီးပဲ။ ဒီနေရာကို တကူးတကကြီး လာနေစရာ မလိုဘူး” ချန်ဖန်းလေ့က ရှင်းပြလိုက်သည်။ သူသည် သူတော်စင်ဘုရင် အဆင့် ကျင့်ကြံသူ တစ်ယောက် ဖြစ်သည့် အတွက်ကြောင့် အနည်းဆုံး သူ့စိတ်ကိုတော့ အတော်အတန် ထိန်းချုပ်နိုင်၏။

“အို။ ဒါဆို ညီလေးချန် ဒီနေရာဆီ လာခဲ့တာလဲ” ရန်ကိုင်က အံ့အားသင့်နေသည့် အမူအရာဖြင့် ပြန်မေးလိုက်သည်။

“တကယ်တော့ အဲ့ဒါက လူတိုင်းသိနေတဲ့ လျှို့ဝှက်ချက် တစ်ခုပဲ။ စိတ်ပျော်စံအိမ်ဆီ လာတဲ့လူတိုင်းက အဲ့ရည်ရွယ်ချက် ကြောင့် လာခဲ့တာ။ ဒီနေရာက အပျော်ရှာလို့ကောင်းတဲ့ နေရာ တစ်ခုဆိုပေမယ့် အဆင့်တစ်ဆို့နေလို့ အဆင့်ချိုးဖျက် တက်ချင်တဲ့ အမျိုးသားတွေအတွက် အရမ်းအကူအညီ ဖြစ်စေတဲ့ နှစ်မွှာအတူ ကျင့်ကြံလို့ရတဲ့ အမျိုးသမီးတွေ အများကြီး ရှိတယ်လေ”

“အဆင့်ချိုးဖျက်ဖို့ ဖိုမပေါင်းစပ်ခြင်းကျင့်စဉ်ကို သုံးတာလား” ချန်ဖန်းလေ့ ဤနေရာလာပြီး ဘာလုပ်ချင်နေလဲ ဆိုသည်ကို ရန်ကိုင် ချက်ချင်း နားလည်သွားခဲ့သည်။

“ဟုတ်တယ်” ချန်ဖန်းလေ့က ခေါင်းညိတ်လိုက်ပြီး “မိုးကြိုးကန်သွားပြီး အဆင့်ချိုးဖျက်ဖို့ လုပ်ပေမယ့် ငွေညမိုးကြိုး သားရဲရှုပ်လို့ မအောင်မြင်လိုက်ဘူးလေ။ မိုးကြိုးရေကန်မှာသာ ဆက်စိမ်ရရင် အဆင့်ချိုးဖျက်နိုင်မယ် ဆိုပေမယ့် ကိုယ့်ဘာသာ ကြိုးစားမယ်ဆိုရင် ဘယ်လောက်ကြာမယ်မှန်းမသိဘူး။ ဒါကြောင့် ဒီလာပြီး ကံစမ်းလိုက်ဖို့ ဆုံးဖြတ်လိုက်တာ။ ကံသာကောင်းမယ် ဆိုရင် အချိန်အများကြီး သက်သာနိုင်တယ်။ ကံမကောင်းဘူး ဆိုရင်တောင် ဘာပြဿနာမှ မရှိဘူးလေ။ ဂိုဏ်းဆီ ပြန်သွားပြီး ဒီအတိုင်း ကျင့်ကြံနေလိုက်ရုံပေါ့”

“အဲ့လိုကိုး” ချန်ဖန်းလေ ဘာကြောင့် ဤနေရာအား လာချင်လဲ ဆိုသည်ကို ရန်ကိုင် ရုတ်တရက် နားလည်သွားခဲ့သည်။

“ညီလေးချန်၊ မင်းဒီနည်းလမ်းကို သုံပြီး အဆင့်ချိုးဖျက်ရမယ် ဆိုတာ ကိုယ့်ဘာသာ သိတာလား” ရန်ကိုင်က မေးလိုက်သည်။

“မဟုတ်ဘူး။ စီနီယာအစ်ကိုဝမ် ပြောပြတာ။ အစတုန်းကတော့ စီနီယာအစ်ကိုဝမ်နဲ့ လာမလို့ပဲ။ ဒါပေမယ့် သူက သူ့အမျိုးတစ်ယောက်ဆီ သွားနေလို့ စီနီယာအစ်ကိုရန်ကိုပဲ ကျုပ်နဲ့ အဖော်လိုက်ပေးဖို့ ဖိတ်ခေါ်ရတာ။ ကျုပ်ဘာသာ တစ်ယောက်တည်းဆို လာဖို့ရှက်လို့။ စီနီယာအစ်ကိုရန် ကျုပ်ကို အပြစ်မတင်ပါနဲ့နော်” ချန်ဖန်းလေ့က တောင်းတောင်းပန်ပန်ဖြင့် ပြောလိုက်သည်။

All Chapters