← Chapters

အခန်း (၁၃၂၆-၁၃၃၀)

Vol. 54 Ch. 1326-1330

အခန်း (၁၃၂၆-၁၃၃၀)

Vol. 54 Ch. 1326-1330

အပိုင်း (၁၃၂၆)

မီးဓါတ်နှင့် ရေဓါတ် ရတနာများအပြင်၊ ရန်ကိုင်တွင် သစ်သားဓါတ် ဖြစ်သော ငှက်သစ်သားလည်း ရှိပေသည်။

ငှက်သစ်သားကို အဆင့်တစ် မိုးကြိုးလွမ်သားရဲ၏ အလောင်းမှ ရခဲ့ခြင်းဖြစ်ပြီး ထိုအရာကို အရိပ်ကြယ်သို့ မရောက်ခင် ရခဲ့ခြင်း ဖြစ်သည်။ မြေဓါတ်နှင့် သတ္တုဓါတ် ရတနာများအား မည်သည့်နေရာတွင် သွားရှာရမလဲ ဆိုသည်ကိုမူ မစဉ်းစားတတ်သေးချေ။

သို့သော်လည်း သူအလျင်မလိုသေးပေ။ သူ့တွင် ပစ္စည်းအားလုံး စုံနေပြီ ဆိုလျှင်ပင် ဓါတ်ကြီးငါးပါးဓါးခန္ဓာကို ကျင့်ကြံရန် အချိန်မရှိသေးချေ။ သူ့လေဟာနယ်ဓါးသွားနှင့် ရွှေရောင်ပိုးမျှင်ကို ကျင့်ကြံရန် လိုအပ်သေးသလို နဂါးအရိုးနှင့် နဂါးဓါတ်လုံးကိုလည်း သန့်စင်ရန် လိုအပ်သေးသည်။ ထိုနည်းတူစွာ ပုံရိပ်တစ်ထောင်ဖန်လုံးကိုလည်း သန်စင်ဖို့ရာ ရှိသေးသည်။

ရွှေရောင်ပိုးမျှင်သည် ရှီအား ပိုင်းဖြတ်နိုင်မှန်း သိရပြီးသည့် နောက်ပိုင်း ရွှေရောင်ပိုးမျှင်ကို အလေးထား ကျင့်ကြံရန် ဆုံးဖြတ်လိုက်သည်။ လက်ရှိတွင် သူသည် ရွှေရောင်ပိုးမျှင် တစ်ချောင်းကိုသာ လေ့ကျင့်ထားရသေးသည်။ ထို့ကြောင့် နောက်ထပ် ရွှေရောင်ပိုးမျှင်များကို ထပ်ကျင့်ကြံချင်ပေသည်။ သို့သော်လည်း ထို့အတွက် အချိန်ဘယ်လောက် ကြာမည်မှန်း သူမပြောနိုင်။

ထိုအကြောင်းများကြောင့် ရန်ကိုင်သည် ဓါတ်ကြီးငါးပါး ဓါးခန္ဓာကို ကျင့်ကြံရန် အလွန် စိတ်ဝင်စားသော်လည်း ချက်ချင်း မကျင့်ကြံသေးခြင်း ဖြစ်သည်။ လိုအပ်သည့် ရတနာငါးမျိုး စုံသည့်အခါမှသာ စကျင့်ကြံပေမည်။

သို့သော်လည်း ထိုပညာရပ်ကို မကျင့်ကြံခင် ကြိုတင် လေ့လာထားခြင်းမှာမူ ကိစ္စမရှိချေ။ ထိုနည်းဖြင့် ဆိုလျှင် တကယ် ကျင့်ကြံသည်အခါ ကြိုတင် လေ့လာထားသည့် အခံ ရှိသည့် အတွက်ကြောင့် အချိန်တိုအတွင်း ပို၍ ခရီးပေါက်နိုင်ပေသည်။

စိတ်ပိုင်းဖြတ်လိုက်ပြီဂနောက် ဒြပ်ကြီးငါးပါးဓါးခန္ဓာ ပညာရပ်ကို ပြန်သိမ်းထားလိုက်သည်။ ခေါင်းရှင်းသွားအောင် လုပ်လိုက်ပြီးနောက် မန်နေဂျာဝမ်၏ နာမ်ဝိဥာဉ်ကို စတင် စုပ်ယူတော့လေသည်။

သူ၏ ပထမဆုံး တန်ခိုးရှင်အဆင့် နာမ်ဝိဥာဉ်ကို စတင် စုပ်ယူဖူးခြင်း ဖြစ်သည့် အတွက်ကြောင့် ထိုအရာကို သန့်စင်ရာ၌ သေသေချာချာလေး သတိထားသည်။

သုံးရက်ကြာပြီးသည့်နောက်တွင် မန်နေဂျာဝမ်၏ နာမ်ဝိဥာဉ် အပြီးတိုင် သန့်စင်ခံလိုက်ရသည်။

မန်နေဂျာဝမ်၏ ကျင့်ကြံခြင်းမှာ အရမ်းကြီး မမြင့်သော်လည်း တန်ခိုးရှင်ပထမအဆင့်တွင် နှစ်ပေါင်းများစွာ တစ်ဆို့နေခဲ့သည့် အတွက်ကြောင့် ကျင့်ကြံခြင်း အဆင့် မမြင့်သည့်တိုင် ရှီအား အတော်လေး တတ်ကျွမ်း နားလည်နေပြီဟု ပြော၍ရသည်။ ယခု ထိုထိုးထွင်းနားလည်မှုအားလုံးသည် ရန်ကိုင်၏ အပိုင် ဖြစ်လာခဲ့လေပြီ။

နားလည်ခြင်းနှင့် လက်တွေ့ ကျင့်ကြံခြင်းသည် မတူညီချေ။ ရှီအကြောင်း နားလည်ထားသော်လည်း ရန်ကိုင် အနေဖြင့် တန်ခိုးရှင် အဆင့်သို့ မချိုးဖျက်ဘဲ ရှီကို ကျင့်ကြံရန်မှာ လုံးဝကို မဖြစ်နိုင်လုနီးပါးပင်။ သို့သော်လည်း တန်ခိုးရှင်အဆင့် တစ်ယောက်နှင့် ထပ်ရင်ဆိုင်ရပါက ရှီကို ယခင်ထက်စာလျှင် ပို၍ နားလည်ထားသည့် အတွက်ကြောင့် ရှီအား ပို၍ ကောင်းကောင်း ခုခံလာနိုင်ပေလိမ့်မည်။

သူသာ တန်ခိုးရှင်အဆင့်များကို ပိုသတ်လျှင် ရှီအား ပိုပို၍ နားလည်လာနိုင်ပေလိမ့်မည်။ ထိုသို့ လုပ်ဖန်များလာလတ်သော် တစ်နေ့တွင့် သူ့ရှီသည် အခြားသူများ မရောက်ဖူးသည့် အဆင့်သစ် တစ်ဆင့်သို့ ရောက်သွားပေလိမ့်မည်။

ရှီအကြောင်း ပြောရသော် ရှီအား ပြီးပြည့်စုံခြင်း အဆင့်သို့ ကျင့်ကြံနိုင်ပါက တန်ခိုးရှင်ဘုရင်အဆင့်သို့ ချိုးဖျက်နိုင်ပေလိမ့်မည်။ သို့သော်လည်း အရိပ်ကြယ်ပေါ်တွင် မည်သူကမှ ထိုကဲ့သို့ မလုပ်နိုင်သေးသဖြင့် မည်သူမှလည်း တန်ခိုးရှင်ဘုရင်အဆင့်သို့ မရောက်နိုင်ကြဘဲ တန်ခိုးရှင် တတိယ အဆင့်တွင်သာ တစ်ဆို့နေခဲ့ကြသည်။

အရိပ်ကြယ်၏ မိုးမြေနိယာမများသည် တန်ခိုးရှင်အဆင့်များ ရှီအပေါ် နားလည်နိုင်စွမ်းကို ကန့်သတ်ထားခဲ့သည်။ ရန်ကိုင်သည် ထိုအဆင့်သို့ မရောက်သေးသော်ငြား သူ့အနေဖြင့် အရိပ်ကြယ်ပေါ်တွင် ထာဝရ ပိတ်မိနေ၍ မဖြစ်ချေ။ သူသာ တန်ခိုးရှင် အထွဋ်အထိပ်အဆင့်သို့ ရောက်ခဲ့ပြီ ဆိုလျှင် အရိပ်ကြယ်ပေါ်မှ ထွက်သွားနိုင်မည့် နည်းလမ်း တစ်လမ်းကို မဖြစ်မနေ စရှာဖို့ လိုလာပေလိမ့်မည်။

သို့သော်လည်း ထိုအကြောင်းကို တွေးပူရန် စောသေးသည်။ ထို့ကြောင့် ရန်ကိုင်သည် ထိုကိစ္စကို ခေါင်းထဲမှ ထုတ်ထားလိုက်ပြီး ပုံရိပ်တစ်ထောင်ဖန်လုံးကို ထုတ်၍သာ စတင် သန့်စင်လေသည်။

ခဏအကြာတွင် ရန်ကိုင်၏ အကြည့်ထဲ အံ့အားသင့်ရိပ်တို့ ထွက်ပေါ်လာခဲ့သည်။ ချက်ချင်းပဲ ပုံရိပ်တစ်ထောင်ဖန်လုံးထဲသို့ ထည့်သွင်းနေသည့် သူတော်စင်ချီ ပမာဏကို တိုးမြှင့်လိုက်ရာ မှိန်ဖျဖျ ရောင်စုံအလင်းတန်းတို့ ပုံရိပ်တစ်ထောင်ဖန်လုံးဆီမှ ထွက်ပေါ်လာခဲ့သည်။ ရန်ကိုင်သည် ထိုရောင်စုံအလင်းတန်းကို သူ့ဘယ်ဘက်မျက်လုံးတွင် စုစည်းစေလိုက်သည်။

ပုံရိပ်တစ်ထောင်ဖန်လုံးသည် မွန်းစတားသားရဲ အမြူတေနှင့် တူသည့် အတွက်ကြောင့် ထိုအရာကို သန့်စင်ခြင်းသည် မွန်းစတား သားရဲ အမြူတေထဲမှ စွမ်းအင်များကို ထုတ်ယူခြင်းနှင့် တူလိမ့်မည်ဟု တွေးမိခဲ့သည်။ ထို့ကြောင့် ထိုနည်းလမ်းဖြင့် ကြိုးစားကြည့်လိုက်ရာ တကယ်ကြီး အလုပ် ဖြစ်သွားခဲ့သည်။

ထို့ကြောင့် ရန်ကိုင်လည်း ပုံရိပ်တစ်ထောင်ဖန်လုံးကို ထိုနည်းလမ်းဖြင့် ဖြည်းဖြည်းချင်း သန့်စင်တော့လေသည်။ တစ်ချိန်တည်းတွင် သူ့ကိုယ်ထဲရှိ ရွှေရောင်ပိုးမျှင်ကိုပါ ထပ်မံ ကျင့်ကြံနေလိုက်သည်။

အချိန်သည် တဖြည်းဖြည်းနှင့် ကုန်ဆုံးနေခဲ့လေရာ မကြာမီ နှစ်လပြည့်သွားခဲ့သည်။

ယနေ့တွင်၊ ရန်ကိုင် မျက်လုံး ပြန်ပွင့်လာပြီး ဗလာ ကျင်းနေသော သူ့လက်ဝါးကို ငုံ့ကြည့်လိုက်သည်။

နှစ်လာကြာပြီးသည့် နောက်တွင် ပုံရိပ်တစ်ထောင်ဖန်လုံးကို သန့်စင်လို့ ပြီးသွားခဲ့လေပြီ။ သန့်စင်ပြီးသွားသည့်တိုင် ပုံရိပ်တစ်ထောင်ဖန်အဆီအနှစ်ကို သူ့ကိုယ်ထဲ အပြည့်အဝ စုပ်ယူရန် အတော်လေး အချိန်လိုပေသေးသည်။ ယခု သူ့အသိစိတ်ပင်လယ်ထဲရှိ သုတ်သင်ခြင်းနတ်ဆိုးမျက်လုံး၏ ဘေးတွင် တလက်လက် တောက်ပနေသော ပုံရိပ်တစ်ထောင် ဖန်အလင်းတို့ ရှိနေပေသည်။

သို့သော်လည်း ထိုပုံရိပ်တစ်ထောင်ဖန်အလင်းနှင့် သုတ်သင်ခြင်းနတ်ဆိုးမျက်လုံးကို ပေါင်းစပ်ရန် အတော်လေး အချိန်လိုအပ်သေးသဖြင့် ရန်ကိုင် အတော်လေး စိတ်ညစ်နေမိသည်။

အစကမူ သုတ်သင်ခြင်းနတ်ဆိုးမျက်လုံးနှင့် ပုံရိပ်တစ်ထောင် ဖန်အလင်းတို့သည် အတော်လေးကို တူညီကြသည့် အတွက် ထိုနှစ်ခုကို အလွယ်တကူ ပေါင်းစည်း၍ ရမည်ဟု ထင်ခဲ့သည်။ သို့သော်လည်း တကယ်တမ်း စမ်းကြည့်လိုက်သည့်အခါ ထိုကဲ့သို့ လွယ်ကူမနေမှန်း တွေ့လိုက်ရသည်။

သို့သော် အချိန်သာရလျှင် ထိုနှစ်အား အမှန်တကယ် ပေါင်းစပ်နိုင်လောက်သည်။ ပေါင်းစပ်ရန်အတွက် အချိန်မည်မျှ လိုမလဲ ဆိုသည်ကိုသာ သူမသိခြင်း ဖြစ်သည်။

ထိုအကြောင်းကို ထိုင်တွေးနေ၍လည်း ဘာအကျိုးမှ ရှိလာမည် မဟုတ်သဖြင့် ခဏဘေးဖယ်ထားလိုက်ပြီး ရွှေရောင် ပိုးမျှင် နှစ်မျှင်ကို ထုတ်လိုက်သည်။ နှစ်ချောင်းအနက် တစ်ချောင်းသည် ရွှေရောင်တလက်လက် တောက်ပနေပြီး အခြားတစ်ချောင်းသည် အနည်းငယ် မှိန်ဖျော့နေခဲ့သည်။

မှိန်ဖျော့ဖျော့ တစ်ချောင်းသည် ရန်ကိုင် ထပ်မံ ဖန်တီးထားသည့် ရွှေရောင်ပိုးမျှင် ဖြစ်ပေသည်။

သွေးနတ်ဆိုးကျောင်းတော်မှ တပည့်တစ်ယောက် နတ်ဆိုးသွေးမျှင် ပညာရပ်ကို ကျင့်ကြံသည့်အခါ သူတို့၏ အသက် စွမ်းအင် အကန့်အသတ်ကြောင့် တစ်ဘဝလုံး ကြာသွားသည့်တိုင် နတ်ဆိုးသွေးမျှင် နှစ်ချောင်းကိုသာ ဖန်တီးနိုင်ခဲ့ကြသည်။

လူတိုင်းတွင် အသက်ဓါတ်သည် အကန့်အသတ်နှင့် ရှိသည်။ အသက်ဓါတ်ကို အလွန်အကျွံ အသုံးပြုလျှင် အသက်အန္တရာယ် ရှိပေသည်။ သွေးနတ်ဆိုးကျောင်းတော်တွင် အကြီးအကဲအဆင့် ဖြစ်သော တန်ခိုးရှင် ဒုတိယအဆင့်၊ တတိယအဆင့်သို့ ရောက်နေသည့် ကျင့်ကြံသူများသာ နတ်ဆိုးသွေးမျှင် နှစ်မျှင်၊ သုံးလောက်မျှင်လောက် ကျင့်ကြံနိုင်ကြသည်။ တန်ခိုးရှင် အဆင့်အောက် ကျင့်ကြံသူများမျာမူ တစ်မျှင်ထက်ပို၍ မဖန်တီးနိုင်ကြချေ။

အကြီးအကဲများလျှင်ပင် အသက်စွမ်းအင်ကို ဖြည့်တင်းပေးနိုင်သည့် အဖိုးတန် အသက်စွမ်းအင်ဖြည့်စက်စာ များစွာကို စားသုံးပြီးမှသာ နှစ်မျှင်၊ သုံးမျှင် ဖန်တီးနိုင်ကြခြင်း ဖြစ်သည်။

သို့သော်လည်း ရန်ကိုင်ကမူ သူတို့နှင့်မတူ။ ရန်ကိုင်၏ ခန္ဓာကိုယ်ထဲတွင် ရွှေရောင်သွေးစက်များစွာ ရှိသည်။ ရွှေရောင် သွေးစက် တစ်စက်ကို ရွှေရောင်ပိုးမျှင်တစ်မျှင်အဖြစ် ပြောင်းလဲပစ်နိုင်သည်။ ထို့အပြင် သူ့သွေးကြောထဲရှိ ရွှေရောင် သွေးစက် အရေအတွက်ကို အကန့်အသတ်မရှိ ထုတ်လုပ်နိုင်၏။ ထို့ကြောင့် သီအိုရီအရ ရန်ကိုင်သာ ကြိုးစားကျင့်ကြံမည် ဆိုလျှင် ရွှေရောင်ပိုးမျျင်များကို အကန့်အသတ်မရှိ ဖန်တီးနိုင်ပေလိမ့်မည်။

လွန်ခဲ့သော တစ်လခန့်လောက်က သူ့ပထမဆုံး ရွှေရောင်ပိုးမျှင်ကို ပိုအဆင့်မြင့်လာအောင် မကျင့်ကြံနိုင်တော့ဘူး ဟု ခံစားမိသည်။

ရွှေရောင်ပိုးမျှင်၏ အကန့်အသတ် အဆင့်ထိ ရောက်သွားပြီဟု ဆိုလိုခြင်းမဟုတ်ချေ။ နတ်ဆိုးသွေးမျှင် ကျင့်စဉ်၏ ပထမပိုင်းကိုသာ ရထားသည့် အတွက်ကြောင့် ထို့ထက် ပိုအဆင့်မြင့်လာအောင် မည်ကဲ့သို့ ကျင့်ကြံရမလဲ ဆိုသည်ကို မသိတော့ခြင်း ဖြစ်သည်။

ရွေးချယ်စရာ မရှိတော့သည့် အတွက်ကြောင့် ရန်ကိုင်လည်း ဒုတိယတစ်မျှင်ကိုသာ ထပ်မံ ကျင့်ကြံရတော့သည်။

ယခင် ရှိခဲ့ဖူးသား အတွေ့အကြုံကြောင့် ဒုတိယအကြိမ်သည် ပထမအကြိမ်ထက် ပို၍ လွယ်ကူနေခဲ့သည်။ ဒုတိယ ရွှေရောင် ပိုးမျှင်ကို ဖန်တီးပြီးနောက် တစ်ခုခုကို ရန်ကိုင် နားလည်သွားခဲ့၏။

ဤပညာရပ်သည် သူထင်သလောက် မရိုးရှင်းဘူးဟု ရန်ကိုင် ခံစားမိလာသည်။ သူ့တွင် ရွှေရောင်ပိုးမျှင် အလုံအလောက် ရှိလျှင် ထိုရွှေရောင်ပိုးမျှင်များကို ပေါင်းစပ်ပြီး ရွှေရောင်ပျိုးမျှင် ပုံစံအသစ် ဖန်တီးနိုင်ပေလိမ့်မည်။ သို့သော် နတ်ဆိုးသွေးမျှင်၏ ပထမပိုင်းထဲ ထိုအကြောင်းအရာများနှင့် ပက်သက်သည့် အချက်အလက် တစ်ခု တစ်လေပင် မပါချေ။ ထို့ကြောင့် ဒုတိယပိုင်း ရှိလိမ့်ဦးမည်ဟု ထင်နေခြင်း ဖြစ်သည်။

ရွှေရောင်ပိုးမျှင်ကို အကန့်အသတ်ထိရောက်အောင် ကျင့်ကြံပြီးနောက် ထိုရွှေရောင်ပိုးမျှင်ကို မည်ကဲ့သို့ ထပ်မံ အဆင့်မြှင့်ရမလဲ၊ မည်ကဲ့သို့ ပေါင်းစပ်ရမလဲ မသိတော့ချေ။ ထို့ကြောင့် အားလုံးသည် သူ့ခန့်မှန်းချက် သက်သက်သာ ဖြစ်သေးသည်။ ထို့နောက် နောက်ပိုင်းတွင် သွေးနတ်ဆိုး ကျောင်းတော်သို့ အလည်တစ်ခေါက် သွားရပေလိမ့်ဦးမည်။ နတ်ဆိုးသွေးမျှင်၏ ဒုတိယအပိုင်းကို ရမှာသာလျှင် ရွှေရောင်ပိုးမျှင် ထပ်မံ အဆင့်မြှင့်တင်နိုင်ပေလိမ့်မည်။

တံခါးပိတ်ကျင့်စဉ် ဝင်နေသော အတောအတွင်း အကျိုးအမြတ် များစွာ ရန်ကိုင် ရခဲ့သည်။ အချိန် မည်မျှ ကြာသွားပြီလဲ တစ်ချက် ကြည့်ကြည့်ပြီးနောက် အပြင်ထွက်ရန် ဆုံးဖြတ်လိုက်သည်။

သူမ လုပ်နေသည့် စီမံကိန်း နောက်ဆုံးအဆင့်သို့ ရောက်လျှင် သူ့အကူအညီကို လိုလိမ့်မည်ဟု ယန်ယန် ပြောခဲ့ဖူးသည်။ သို့သော် သူသွားကူညီရမည့် အချိန်ရောက်ပြီလား၊ မရောက်သေးလား ရန်ကိုင် မသိ။ သူတံခါးပိတ် ကျင့်စဉ် ဝင်နေသည့် အတွက်ကြောင့် ယန်ယန် သူ့အကူအညီကို အဆောတလျင် လိုအပ်မနေလျှင် သူ့အား လာအနှောင့်အယှတ် ပေးလိမ့်မည် မဟုတ်ချေ။

ဆုံးဖြတ်ပြီးသော် ဖယောင်းနီသီးကို တစ်ချက် သွားကြည့်ရန် ဆုံးဖြတ်လိုက်သည်။ ဖယောင်းနီးသီး ကောင်းကောင်းမွန်မွန် ရှင်သန်နေသည်ကို မြင်သော် အပြင်သို့ ထွက်လာခဲ့လိုက်သည်။

နဂါးလိုဏ်ဂူတောင်ရှိ မိုးမြေစွမ်းအင်သည် ပိုပို၍ သိပ်သည်းလာနေခဲ့သည်။ အကြောင်းအရင်းမှာ နဂါးလိုဏ်ဂူတောင်တွင် နေထိုင်သည့် လူအရေအတွက် နည်းပါးသည့် အတွက်ကြောင့် ဖြစ်သလို ထိုလူများ၏ ကျင့်ကြံခြင်းမှာလည်း သိပ်မမြင့်သည့် အတွက်ကြောင့် ဖြစ်သည်။ ထို့ကြောင့် နဂါးလိုဏ်ဂူတောင်၏ မိုးမြေစွမ်းအင် တစ်နေ့ထက် တစ်နေ့ ပိုပို၍ သိပ်သည်းလာနေရခြင်း ဖြစ်သည်။

ဂိုဏ်းကြီးများတွင်မူကာ တပည့်သူ၊ တပည့်သားများ သောင်းနှင့်ချီ ရှိနေကာ ထိုတပည့်များသည် မိုးမြေစွမ်းအင်ကို နေ့စဉ်နေ့တိုင်း စုပ်ယူ ကျင့်ကြံနေကြသဖြင့် ထိုဂိုဏ်းကြီးများအဖို့ မြေကမ္ဘာချီကြောမကြီးများ ရှိနေလျှင်ပင် မိုးမြေစွမ်းအင်ကို ပုံမှန်အခြေအနေအတိုင်း ရှိနေအောင် လုပ်ထားခြင်းသည်သာ သူတို့ အကောင်းဆုံး လုပ်နိုင်သည့်အရာ ဖြစ်သည်။

နဂါးလိုဏ်ဂူတောင်သည် တိတ်ဆိတ်ပြီး ငြိမ်းချမ်းသည်။ ဘေးပတ်ပတ်လည်ကို ဝေ့ကြည့်လိုက်သော်ငြား မည်သူ့ကိုမှ မတွေ့ရ။ ထိုအရာသည် နဂါးလိုဏ်ဂူတောင်အတွက် အထူးအဆန်း မဟုတ်၊ ပုံမှန်သာဖြစ်သည်။ ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက် ကြည့်ပြီးနောက် မကြာမီ ယန်ယန်နှင့် အခြားသူများ ရှိနေသည့် နေရာကို တွေ့လိုက်ရသည်။

သို့သော်လည်း ရန်ကိုင် ဇဝေဇဝါ ဖြစ်သွားရသည်ကား နဂါးလိုဏ်ဂူတောင်ကို စီမံကွပ်ကဲရသည့် လူအားလုံး ထိုနေရာ၌ စုဝေနေခြင်းပင်။ အရေးကြီးသည့် ကိစ္စ တစ်ခုခုအကြောင်း ဆွေးနွေးနေသည့်ပုံပင်။

ရန်ကိုင်လည်း ယဲ့ယဲ့လေးပြုံးလျက် ထိုလူများ စုဝေးနေသည့် ဝါမျှော်စင်ပေါ် လျှောက်သွားလိုက်သည်။ သို့သော် မရောက်သေးခင်မှာပဲ ဟောင်အန်း၏ အသံကို ကြားလိုက်ရသည် “သူတို့ လွန်နေပြီ။ သူတို့ပဲ အရင် ဈေးသတ်မှတ်ပေးတာ မဟုတ်ဘူးလား။ အခုဘာလို့ ဒီလိုတွေ ဖြစ်ကုန်ရတာလဲ”

ချက်ချင်းဆိုသလို ချန်ရှီက ထပ်ပြောလိုက်သည် “ဟောင်အိုကြီး၊ မင်းစိတ်လျှော့။ စိတ်လျှော့။ စိတ်ကို အရင် ငြိမ်အောင်ထားလိုက်။ လူငယ်တွေတောင် တည်တည်ငြိမ်ငြိမ်နဲ့ ထိုင်နေကြတာ၊ မင်းကဘာလို့ ဒီလောက်တောင် စိတ်မထိန်းနိုင် ဖြစ်နေရတာလဲ”

“ဧည့်အကြီးအကဲချန်ရော ဘယ်လိုထင်လဲ” ဝူရီက မေးလိုက်သည်။

“ဟန်း၊ ဒီကိစ္စက နည်းနည်းတော့ ထူးဆန်းတယ်”

ချန်ချီက လှောင်ပြုံးပြုံးလျက် “ငါတို့ အရိပ်လခန်းမနဲ့ စီးပွားရေး လုပ်လာတာ အခုမှ စလုပ်တာ မဟုတ်ဘူး။ လွန်ခဲ့တဲ့ နှစ်နှစ်ကတည်းက လုပ်နေတာ။ ငါတို့ သူတို့ဆီက ဝယ်ခဲ့တဲ့ ပစ္စည်းတွေရဲ့ တန်ဖိုးက အနည်းဆုံး သူတော်စင်သလင်းကျောက် သန်းနှစ်ရာကျော်ရှိတယ်။ ဝယ်ပြီး မပေးတာလည်း မဟုတ်ဘူး။ ဝယ်သမျှ ပစ္စည်းတိုင်းရဲ့ တန်ဖိုးကို အပြည့်ချေတာပဲ။ အခုကျမှ ရုတ်တရက်ကြီး ပစ္စည်းဈေးတွေ တက်သွားတယ်ဆိုတော့ တစ်ခုခုတော့ တစ်ခုခုပဲ”

“ဟုတ်တယ်။ အဲ့ဒါတင် မဟုတ်သေးဘူး။ ယုဖုန်းကိုပါ ဖမ်းထားသေးတယ်။ ဒါလုံးဝ သွေးရိုးသားရိုး မဟုတ်တော့ဘူး” ဟောင်အန်းက ဝင်ထောက်ခံလိုက်သည်။

“ပြီးတော့ နောက်ထပ် ထူးဆန်းတဲ့ တစ်ချက်ကိုလည်း ငါသတိပြုမိလိုက်သေးတယ်” ဝူရီက စဉ်းစဉ်းစားစားဖြင့် ပြောလိုက်သည်။

“အို၊ ဘာလဲ ပြောပါဦး”

“လွန်ခဲ့တဲ့ သုံးလအတွင်း ကောင်းကင်ကံကြမ္မာမြို့မှာ ရှိတဲ့ အရိပ်လခန်းမပိုင်တဲ့ ဆိုင်က ဝန်းထမ်း တော်တော်များများ လူပြောင်းကုန်တယ်။ ငါတို့နဲ့ ရင်းနှီးတဲ့ လူတွေကို မတွေ့တော့ဘူး။ လော့ချင်ကိုတောင် ရှာလို့ မတွေ့တော့ဘူး”

ထိုအကြောင်းကို ပြောနေရင်း အရိပ်လခန်းမ အတွင်းပိုင်း တစ်မျိုးတစ်ဖုံ ပြောင်းလဲနေပြီမှန်း ထိုလူအားလုံး နားလည်လိုက်သည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၃၂၇)

အကုန်လုံး သင်္ကာမကင်း ဖြစ်နေကြစဉ်မှာပဲ ဝါးမျှော်စဉ် အခန်းတံခါး ရုတ်တရက် ပွင့်သွားပြီး လူတစ်ယောက် အခန်းထဲသို့ ဝင်လာခဲ့သည်။

ဝင်လာသည့်လူကို မြင်လိုက်သည်နှင့် ဝူရီက ပျော်ရွှင်စွာ ပြောလိုက်သည် “ရန်ကိုင်၊ နင်ထွက်လာပြီလား”

“အင်း” ရန်ကိုင်က ခေါင်းညိတ်လိုက်ပြီး လူအုပ်ကြီးကို ဝေ့ကြည့်လိုက်သည်။ သူ့အကြည့်သည် နောက်ဆုံးတွင် ချင်းယွဲ့ပေါ်၌ ရပ်တန့်သွားခဲ့သည်။ စိတ်ပျော်စံအိမ်တွင် ရှိစဉ်ကနှင့် စာလျှင် ချင်းယွဲ့ အများကြီး ပိုအခြေအနေ ကောင်းလာခဲ့သည်။

ချန်ရှီနှင့် ဟောင်အန်းတို့သည် အံ့အားသင့်နေသည့် အမူအရာဖြင့် အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ ထို့နောက် လက်သီးဆုပ်လျက် တစ်ချိန်တည်းတွင် ပြောလိုက်သည် “သူတော်စင်ဘုရင် တတိယအဆင့်ကို ရောက်သွားနိုင်တဲ့ အတွက် တူလေးရန်ကို ဂုဏ်ပြုပါတယ်။ တူလေးရန်ရဲ့ ကျင့်ကြံနှုန်းက ဒီအရိပ်ကြယ်တစ်ခုလုံးမှာ ပြိုင်ဘက်ကင်ပါပဲ”

သဲမီးတောက်နယ်မြေထဲသို့ ဝင်သွားစဉ်က ရန်ကိုင်သည် သူတော်စင်ဘုရင် ပထမအဆင့်သာ ရှိသေးသည်။ သဲမီးတောက် နယ်မြေမှ ပြန်ထွက်လာသည့်အခါ ရန်ကိုင်သည် သူတော်စင် ဘုရင် ဒုတိယအဆင့်သို့ ရောက်နေခဲ့သည်။ ယခုမူ သူတော်စင်ဘုရင် တတိယအဆင့်သို့ ချိုးဖျက်သွားခဲ့လေပြီ။ ရန်ကိုင်သည် သူတော်စင် ဘုရင် ပထမအဆင့်မှ တတိယအဆင့်သို့ နှစ်နှစ်သုံးနှစ်အတွင်း တက်သွားခဲ့ခြင်း ဖြစ်သည်။ ရန်ကိုင်နှင့် ယှဉ်လိုက်လျှင် သူတို့မှာ ရွက်ကြမ်းရေကျိုနှယ် ဖြစ်သွားခဲ့ရသည်။

“အကြီးအကဲတို့ ကျုပ်ကို မြှောက်နေတာပဲ။ ကျုပ်အခုလို မြန်မြန် တိုးတက်လာနိုင်တယ်ဆိုတာ ကံကြောင့် အများကြီး ပါတယ်။ တကယ့် ဂျီးနီးယပ်ကြီးတွေနဲ့ ယှဉ်လိုက်ရင် ကျုပ်က ဘာမှ မဟုတ်သေးဘူး” ရန်ကိုင်က ပြုံးလျက် နှိမ့်ချစွာ ပြန်ပြောလိုက်သည်။ ထို့နောက် ခေါင်းညိတ်ပြောင်းလိုက်၏ “အဲ့ဒါ ခဏထားလိုက်။ ခဏတုန်းက အရိပ်လခန်းမအကြောင်း ပြောနေတာ ကျုပ်ကြားလိုက်တယ်။ ပြီးတော့ ယုဖုန်းလည်း အဖမ်းခံထားရတယ်ဆို၊ ဘာတွေ ဖြစ်နေတာလဲ”

ရန်ကိုင် မေးသည်ကို ကြားသော် အကုန်လုံး အကြည့်ချင်း ဖလှယ်လိုက်သည်။ ဝူရီက အားလုံးက ရှင်းပြလိုက်သည်။

ဝူရီ ရှင်းပြသည်ကို ကြားပြီးနောက် ယခုကိစ္စသည် လွန်ခဲ့သော တစ်လခန့်က အရိပ်လခန်းမဆီမှ သူတို့ မှာခဲ့သော ကုန်ပစ္စည်းများနှင့် ပက်သက်နေမှန်း ရန်ကိုင် သိလိုက်ရသည်။

လွန်ခဲ့‌သော ရက်အနည်းငယ်ခန့်က၊ ယုဖုန်းသည် ဟိုင်ခဲ မိသားစုမှ ကျင့်ကြံသူများကို ဦးဆောင်၍ မှာထားသည့် ပစ္စည်းများကို သွားယူရန် ကောင်းကင်ကံကြမ္မာမြို့တော်သို့ ထွက်သွားခဲ့သည်။ သို့သော်လည်း အရိပ်လခန်းမသည် ပေးရမည့် ပစ္စည်းများကို မပေးဘဲ ဈေးတက်သွားသည်ဟု ဆိုကာ သုံးဆယ်ရာခိုင်နှုန်း ထပ်တိုးတောင်းသည်။

ယုဖုန်းလည်း ထိုအချက်ကို လက်မခံနိုင်သဖြင့် အရိပ်လခန်းမ၏ တာဝန်ခံနှင့် သွားပြောသည်။ သို့သော် ဈေးကိုသာ ထပ်တိုးတောင်းနေသည်။ နောက်ဆုံး ယုဖုန်းလည်း ကုန်ပစ္စည်းများကို မတောင်းတော့ဘဲ စရံချထားသည့် သူတော်စင် သလင်းကျောက်များကို ပြန်ပေးရန် ပြောလိုက်သည်။

သို့သော်လည်း ထိုလူများသည် စရံကိုပင် ပြန်မ‌ပေးချေ။ ထိုမျှသာမဟုတ်၊ ထိုကိစ္စကို အေးအေးဆေးဆေး ဖြေရှင်းရန် မကြိုးစားဘဲ အကြမ်းနည်း သုံးလာသဖြင့် ယုဖုန်းနှင့် အခြား တပည့်လေးယောက် ဒဏ်ရာရသွားခဲ့ရလေသည်။

ယုဖုန်းတို့လည်း မည်ကဲ့သို့ ငြိမ်ခံနိုင်မည်နည်း။ ပြန်တိုက်ရာ ဆိုင်ထဲရှိ စင်အချို့ ပျက်စီးသွားခဲ့ရလေသည်။ ထိုအခါက ထိုနေရာတွင် တာဝန်ကျနေသည့် တန်ခိုးရှင်အဆင့်က ယုဖုန်းတို့ အဖွဲ့အား ချက်ချင်း ဖမ်းဆီးလိုက်ပြီး သူတို့တွင် ပါလာသော သူတော်စင်သလင်းကျောက် အားလုံးကို သိမ်းယူးထားလိုက်သည်။

ယုဖုန်းတို့ အဖွဲ့ကို ပြန်ရွေးချင်သည် ဆိုပါက သူတော်စင် သလင်းကျောက် များစွာ ပြင်ဆင်လာရန်အတွက် တပည့် တစ်ယောက်ကိုသာ ပြန်လွှတ်ပေးပြီး အကြောင်းကြားခိုင်းလိုက်၏။

မဟုတ်လျှင် ဝူရီနှင့် အခြားသူများ ထိုအကြောင်းကို သိလိမ့်မည် မဟုတ်ချေ။

သူတို့ ရှင်းပြချက်ကို နားထောင်းပြီး ရန်ကိုင် အတွေး နက်သွားသည်။ ခဏလောက် စဉ်းစားနေပြီးနောက် “သူတို့ အသက်အန္တရာယ် မရှိဘူးမလား”

“ပြန်လာတဲ့ တပည့်ပြောတာကတော့ သူတို့ ဒဏ်ရာတွေက ပြင်းလည်းမပြင်းဘူး။ ပေါ့သေးသေးလေည်း မဟုတ်ဘူးတဲ့။ ဒါပေမယ့် ရက်နည်းနည်းလောက် အနားယူလိုက်ရင်တော့ ပြန်ကောင်းသွားလောက်တယ်”

“အဲ့ဒါဆို အဆင်ပြေတယ်” ရန်ကိုင်က ခေါင်းညိတ်လိုက်ပြီး လူအုပ်ကြီးကို ဝေ့ကြည့်၍ မေးလိုက်သည် “ဒါဆို ပြဿနာက ဘာလို့ ထင်လဲ”

“ဘာပြဿနာလဲ” ဝူရီ အံ့အားသင့်သွားခဲ့သည်။ ပြီးနောက် ချက်ချင်း ပြန်ပြောလိုက်သည် “အကုန်လုံးက ပြဿနာပဲ။ ငါတို့ အရိပ်လခန်းမနဲ့ အလုပ်တွဲလုပ်နေတဲ့ နှစ်နဲ့ချီနေပြီ။ သူတို့က ပစ္စည်းရောင်းတယ်၊ ငါတို့က ဝယ်တယ်။ သူလည်းမြတ် ကိုယ်လည်းမြတ်ပဲ။ ရှင်းရှင်းပြောရရင် ဒီနှစ်အတွင်းမှာ နဂါးလိုဏ်ဂူတောင်က အရိပ်လခန်းမရဲ့ အကြီးမားဆုံး ဖောက်သည်လို့တောင် ပြောလို့ရတယ်။ ပုံမှန်ဆို သူတို့ ငါတို့ကို အခုလိုမျိုး လုံးဝ ပြဿနာ လာမရှာသင့်ဘူး။ ငါတို့နဲ့တောင် ပြေလည်အောင် နေသင့်တာ။ အခုကိစ္စကို နောက်ကွယ်ကနေ တစ်ယောက်ယောက် ကြိုးကိုင်နေတယ်လို့ ငါထင်တယ်”

“ငါလည်း အဲ့လိုထင်တယ်” ချန်ချီ သဘောတူလိုက်သည် “နဂါးလိုဏ်ဂူတောင်မှာ အားကောင်းတဲ့ နောက်ခံမရှိဘူး။ အရင်းအမြစ်တွေပဲ ။ အရိပ်လခန်းမက ငါတို့နဲ့ ဆက်ပြီး မကုန်သွယ်ချင်တော့ဘဲ ငါတို့ ပိုင်ဆိုင်တဲ့ အရာတွေကို တစ်ခါတည်း အပိုင်သိမ်းချင်နေတာနဲ့ တူတယ်”

“ဒါကို ချင်းတုန်လုပ်တာလို့ ခင်ဗျားတို့ ထင်နေတာလား” ရန်ကိုင် မျက်လုံး မှေးစဉ်းသွားသည်။

“မဖြစ်နိုင်လောက်ဘူး” ဝူရီ ခေါင်းညိတ်လိုက်သည်။

“ဖြစ်နိုင်တယ်။ ဒါပေမယ့် သူလုပ်တယ်လို့ ငါမထင်ဘူး” ရန်ကိုင်က ဖြည်းဖြည်းချင်း ခေါင်းခါလိုက်သည်။ ဤနေရာတွင် ရှိနေသည့် လူအားလုံးအနက် သူနှင့် ချင်းတုန်နှင့် အကြိမ် အရေအတွက် အများဆုံး ဆက်ဆံဖူးသူ ဖြစ်သည်။ ပင်ကိုအားဖြင့် ချင်းတုန် မည်သို့ပင် ဖြစ်ပါစေ၊ ဝေကုန်ချန်း၊ တုန်ရွှမ်းအာနှင့် သူ့ကြားရှိ ဆက်ဆံရေးကို ထောက်ရှုပြီး သူတို့အား ချင်းတုန် လာပြဿနာ ရှာလိမ့်မည် မဟုတ်ချေ။ ထို့အပြင် သူသည် ဝေကုချန်းတို့၏ အသက်ကို သဲမီးတောက်နယ်မြေထဲတွင်လည်း ကယ်ခဲ့ပေသေးသည်။

“လွန်ခဲ့တဲ့ သုံးလလောက်တုန်းက ကောင်းကင်ကံကြမ္မာမြို့ မှာရှိတဲ့ အရိပ်လခန်းမ ဆိုင်ဝန်ထမ်းတွေ လူပြောင်းကုန်တယ်လို့ နင်တို့ ပြောနေတာ ငါကြားလိုက်တယ်။ အဲ့ဒါ အမှန်ပဲလား” ရန်ကိုင်က မေးလိုက်သည်။

“ဟုတ်တယ်” ဝူရီ ချက်ချင်း ခေါင်းညိတ်လိုက်သည် “ငါကောင်းကင်ကံကြမ္မာမြို့တော်ကို မကြာခဏ သွားဖူးတော့ အဲ့က လူတွေ မျက်နှာကို ငါတော်တော်လေး မျက်မှန်းတန်းမိတယ်”

“လွန်ခဲ့တဲ့ ခြောက်လအတွင်း အရိပ်လခန်းမမှာ ထူးခြားတာ တစ်ခုခု ဖြစ်သွားသေးလား” ရန်ကိုင် မျက်မှောင်ကြုတ်သွားသည်။

“ထူးခြားတဲ့ ကိစ္စတွေပြောရမယ်ဆို၊ အရိပ်လခန်းမမှာတော့ ဘာမှ မဖြစ်ဘူး။ ဒါပေမယ့် အရင်လတွေတုန်းက ဒီနဂါးလိုဏ်ဂူ တောင်နားမှာ မျက်နှာစိမ်းတွေ တစ်ယောက်ပြီး တစ်ယောက် ပေါ်လာတယ်။ အစကတော့ ဒီနားတစ်ဝိုက်မှာ ရစ်သီရစ်သီ လုပ်နေရုံပဲ။ ဒါပေမယ့် နည်းနည်းကြာလာရော အချို့က ငါတို့ ပိုက်နက်ထဲ ချိုးဖောက်ဖို့ လုပ်လာရာ။ ဒါပေမယ့် အကုန်လုံး အစီအရင်ထဲမှ ပိတ်မိကုန်တယ်လေ။ အဲ့လူတွေကို ဖမ်းပြီး မေးတော့ မတော်တဆ လို့ပဲ ပြောတယ်။ အကုန်လုံးက ကျင့်ကြံခြင်း နိမ့်နိမ့်လေးတွေပဲ ဆိုတော့ သူတို့ကို သတိပေးပြီး ပြန်လွှတ်ပေးလိုက်တယ်။ ထူးထူးခြားခြား ကိစ္စကတော့… တစ်ခုတော့ ရှိတယ်”

“ဘာလဲ” ရန်ကိုင် အမူအရာ လေးနက်သွားခဲ့သည်။

“ပန်းပဲဆရာကဲလင် သေသွားတာပဲ” ဝူရီက အသံကို နှိမ့်လျက် ပြောလိုက်သည်။

“ပန်းပဲဆရာကဲလင်” ရန်ကိုင် ခဏလောက် စဉ်းစားလိုက်၏ “အရိပ်လခန်းမရဲ့ တန်ခိုးရှင်အဆင့်နိမ့် ပန်းပဲပညာရှင်လား”

“ဟုတ်တယ်။ လွန်ခဲ့တဲ့ နှစ်ဝက်တုန်းက သေသွားတာ။ ပြောကြတာတော့ ပန်းပဲဆရာကဲလင် အရိပ်လခန်းမရဲ့ မှော်ရတနာ တစ်ခုကို ပြန်ပြင်ပေးပြီးတဲ့နောက် အသက်စွမ်းအင် အများကြီး ဆုံးရှုံးသွားရတယ်တဲ့။ ဆုံးရှုံးလိုက်ရတဲ့ အသက်စွမ်းအင်က များလွန်းလို့ နောက်ထပ် မှော်ရတနာတွေကိုတောင် ထပ်ပြီး မသန့်စင်နိုင်တော့ဘူးတဲ့။ ဒါပေမယ့် အဲ့ဒါ ငါတို့နဲ့ ဘာဆိုင်လို့လဲ”

“အသေးစိတ်တော့ မသိပေမယ့် နည်းနည်းတော့ ဆက်စပ်တယ်” ရန်ကိုင် စဉ်းစားလိုက်ပြီး “ချင်းတုန်က ပန်းပဲဆရာ ကဲလင်နှင့် ဆက်ဆံရေးကောင်းတယ်လို့ ပြောကြတယ်”

ဝူရီလည်း ခဏလောက် စဉ်းစားလိုက်ပြီး “ပန်းပဲဆရာကဲလင် သေသွားတာက အကြီးအကဲ ချင်းတုန်းအပေါ် သက်ရောက်တယ်။ အကြီးအကဲချင်းတုန်က ငါတို့ကို စောင့်ရှောက်ပေးနေတဲ့ လူဆိုတော့ ငါတို့အပေါ်လည်း လာသက်ရောက်တယ်လို့ နင်ပြောချင်နေတာလား”

ရန်ကိုင်က သွားပေါ်အောင် ပြုံးလိုက်ပြီး “ခန့်မှန်းကြည့်ရုံ သက်သက်ပဲ။ ငါတို့ကို အခုလိုမျိုး ခက်ခဲအောင် လုပ်နေတာ ချင်းတုန် ကိုယ်တိုင်လည်း ဖြစ်နေနိုင်တာပဲ။ ဒါပေမယ့် အရိပ်လခန်းမရဲ့ အတွင်း ပဋိပက္ခကြောင့် ဆိုရင်တော့ ငါတို့ ဝင်မပါသင့်ဘူး”

“ဟုတ်တယ်။ အရိပ်လခန်းမရဲ့ အတွင်းရေး ပဋိပက္ခတွေမှာ ငါတို့ ဝင်မပါသင့်ဘူး” ဝူရီက ဝင်ပြောလိုက်သည်။

“ဝေကုချန်းနဲ့ ထုန်ရွှမ်းအာတို့ဆီကကော သတင်းရလား” ရန်ကိုင်က မေးလိုက်သည်။

ဝူရီ ခေါင်းခါလိုက်သည် “သူတို့တွေ တံခါးပိတ်ကျင့်စဉ် ဝင်နေသေးတယ်လို့ပဲ အရိပ်လခန်းမက ပြောတယ်”

“ထားလိုက်တော့။ အခြားသူတွေအပေါ် မှီခိုနေလို့ မကောင်ဘူး။ သူတော်စင်သလင်းကျောက်တွေကို ထားလိုက်။ လူကယ်ဖို့က ပိုအရေးကြီးတယ်”

“သူတော်စင် သလင်းကျောက် သန်းနှစ်ဆယ်တောင်နော်” ဝူရီက နှမြောတသ အမူအရာဖြင့် “ဒီတော့ နင်ဘယ်လိုလုပ်ဖို့ စဉ်းစားထားလဲ”

“သူတို့က မယဉ်ကျေးရင် ငါတို့ကလည်း ယဉ်ကျေးနေစရာ မလိုဘူး။ မဟုတ်ရင် ငါတို့ နဂါးလိုဏ်ဂူတောင်ကို သူတို့ အနိုင်ကျင့်ချင်တိုင်း ကျင့်လို့ရတဲ့ နေရာလို့ ထင်ကုန်လိမ့်မယ်” ရန်ကိုင်က အေးစက်စက် လေသံဖြင့် ပြောလိုက်သည်။

ဝူရီ ကြောင်သွားခဲ့သည်။

ရန်ကိုင်က ပြုံးလျက် “အတွင်း ပဋိပက္ခ ဆိုရင်တော့ ဘာမှ စိုးရိမ်နေစရာ မလိုဘူး။ သူတို့ဘာသာ အလုပ်ရှုပ်နေတာဆိုတော့ ငါတို့ဘက်လှည့်ဖို့ အချိန်ရှိမှာ မဟုတ်ဘူး။ ဒါကြောင့် အဲ့မှာ အဆင့်မြင့် ကျင့်ကြံသူတွေ မရှိလောက်ဘူး။ ပြီးတော့ ဘယ်သူက ငါတို့ နဂါးလိုဏ်ဂူတောင်ကို ပစ်မှတ်ထားနေလဲ ဆိုတာကိုလည်း ငါသိချင်တယ်သေးတယ်။ ဒါကြောင့် ငါကိုယ်တိုင် သွားလိုက်တာ အကောင်းဆုံးပဲ”

“ဒီအကြီးအကဲ တူလေးရန်နဲ့ လိုက်ခဲ့မယ်” ချန်ချီ မတ်တပ်ရပ်လိုက်သည်။

ဟောင်အန်းကလည်း‌ေ ပြာလိုက်သည် “ငါလည်း အတူတူပဲ။ ငါတို့ နှစ်ယောက်ရဲ့ ကျင့်ကြံခြင်းက ဘာမှသိပ်မဟုတ်ဘူး ဆိုပေမယ့် ငါတို့တွေက တန်ခိုးရှင်အဆင့် ကျင့်ကြံသူတွေ ဖြစ်နေတုန်းပဲ။ တန်ခိုးရှင်အဆင့်ကို ချိုးဖျက်ပြီးကတည်းက လှုပ်လှုပ်ရှားရှား မလုပ်ခဲ့ရတာ ကြာပြီ။ အခုက ငါတို့ ခွန်အားကို စမ်းသပ်ဖို့ အခွင့်အရေးကောင်းပဲ”

အကြီးအကဲနှစ်ယောက် အကြည့်ချင်း ဖလှယ်လိုက်ပြီး ပြုံးလိုက်ကြသည်။

ရန်ကိုင်က တစ်ချက်လောက် စဉ်းစားပြီးနောက် ပြန်ပြောလိုက်သည် “ကောင်းပြီလေ။ ဒါဆိုရင် အကြီးအကဲတို့ နှစ်ယောက်ကို ကျုပ်အားကိုးနေမယ်နော်။ ကျန်တဲ့ လူတွေကတော့ ဒီမှာ နေရစ်ခဲ့ပေါ့”

“အင်း။ သတိထားဦနော်” ဝူရီက သတိပေးလိုက်သည်။

ပြီးသည့်နောက်တွင် ရန်ကိုင်သည် ချန်ရှီ၊ ဟောင်အန်းနှင့် အတူကွ ကောင်းကင်ကံကြမ္မာမြို့တော်ဆီသို့ ကြယ်လွန်းပျံနှင့် ထွက်သွားလေသည်။

ကောင်းကင်ကံကြမ္မာမြို့တော်၊ ရင်းမြစ်စုဆောင်းခြင်းခန်းမ ဆိုသော ဆိုင်ခန်းတစ်ခု၏ အတွင်းဥယျာဉ်ထဲတွင် ယုဖုန်းနှင့် အခြားသူများ ဖမ်းခံထားကြရသည်။ အကုန်လုံးသည် ဒဏ်ရာ၊ ဗရပွတို့နှင့် ဖြစ်နေကြသည်။ သူတို့၏ သူတော်စင်ချီကိုလည်း အသုံးပြု၍ မရချေ။

သူတို့ အားလုံးကို မြေကြီးပေါ်တွင် ဒူးထောက်လျက် အနေထားဖြင့် တစ်တန်းတည်း စီထားခဲ့သည်။

သူတို့ရှေ့တွင်မူ ထိုင်ခုံပေါ်တွင် ခရမ်းရောင် လက်ဖက်ရည် အိုးကိုကိုင်လျက် ဇိမ်ကျကျထိုင်နေသော ဆံဖြူအဖိုးကြီး တစ်ယောက် ရှိနေခဲ့သည်။ သူ့မျက်လုံးကို တစ်ဝက်လောက် မှေးစဉ်းထားသဖြင့် အိပ်တစ်ဝက်၊ နိုးတစ်ဝက် ပုံစံမျိုး ဖြစ်နေခဲ့သည်။ သို့သော် သူ့မျက်လုံးထဲ တလက်လက် ထနေသော ကြမ်းကြုတ်သည့် အလင်းရောင်ကြောင့် အဖိုးကြီး လုံးဝ နိုးနေသည်မှာ သေချာပေသည်။

“ပြောစမ်း။ နဂါးလိုဏ်ဂူတောင်ထဲ ဘယ်လိုဝင်ရမလဲ။ ပြောရင် ထွက်သွားခွင့်ပေးမယ်။ မဟုတ်ရင်တော့ မင်းတို့ နာပြီသာမှတ်” အဖိုးအိုဘေးတွင် ရပ်နေသော မျက်နှာ မာမာထန်ထန်နှင့် လူက လက်သုံးချောင်းအထူရှိသော ကြာပွတ်ကို မြေပြင်ပေါ် ရိုက်ချရင်း ပြောလိုက်သည်။

“ထွီ” ယုဖုန်းကမူ ထိုလူ၏ မျက်နှာကို တံတွေးဖြင့်သာ ပြန်ထွေးလိုက်လေသည် “သိချင်လား။ သေလိုက်လေ။ မင်းတို့ကို ပြောမယ့်အစား၊ အသေပဲခံလိုက်မယ်”

လူထွားကြီးက ကြမ်းကြုတ်စွာ ပြုံးလိုက်ပြီး ယုဖုန်းကို မျက်နှာကို ကြာပွတ်ဖြင့် ရိုက်ချလိုက်လေသည်။

ကြာပွတ်ရိုက်ချက်ကြောင့် ယုဖုန်း မျက်နှာ ကွဲထွက်သွားပြီး အသားစအချို့နှင့်အတူ သွေးစိမ်းရှင်ရှင် ပန်းထွက်လာခဲ့လေသည်။ ထိုရိုက်ချက်အားကြောင့် ယုဖုန်းတစ်ကိုယ်လုံး တုန်ရင်သွားပြီး မြေကြီးပေါ်သို့ လဲကျလုမတတ် ဖြစ်သွားခဲ့သည်။ သို့သော်လည်း ခပ်မြန်မြန် ကျောကို ပြန်မတ်လိုက်ပြီး လူထွားကြီးအား ပြန်အော်ပြောလိုက်သည် “လာစမ်းပါ။ ထပ်ရိုက်စမ်းပါ။ မင်းဘယ်လောက်လောက် ရိုက်ရိုက် ငါမင်းသိချင်တာကို ဘယ်တော့မှ ပြောမှာမဟုတ်ဘူး။ နဂါးလိုဏ်ဂူတောင် ပတ်ပတ်လည်မှာ အစီအရင်တွေ အများကြီးပဲ။ မင်းတို့ကောင်တွေ ဝင်သွားတာနဲ့ တစ်စစီဖြစ်ကုန်မှာ၊ ဟားဟားဟားဟားဟား”

ယုဖုန်း၏ လှောင်ပြောင်ထေ့ငေါ့ ရယ်မောသံကြောင့် လူထွားကြီးမျက်နှာ ရှုံ့မဲ့သွားခဲ့သည်။ ထိုင်ခုံပေါ်တွင် ထိုင်နေသော အဖိုးအိုပင် စိတ်မရှည် ဖြစ်လာခဲ့လေပြီ။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၃၂၈)

လူအိုကြီးသည် တန်ခိုးရှင်ပထမအဆင့် ကျင့်ကြံသူ တစ်ယောက် ဖြစ်သည်။ အချို့ တွေးပူစရာ ကိစ္စအချို့ကြောင့်သာ မဟုတ်ပါက ဝိဥာဉ်ရှာဖွေခြင်းကို သုံး၍ သူသိချင်နေသည့် အကြောင်းအရာကို ရှာဖွေလိုက်ပေပြီ။

သို့သော်လည်း ထိုအချို့သော တွေးပူစရာ အချို့ကြောင့် မည်သူ့ကိုမှ မသတ်ရဲသေးချေ။ ထို့အပြင် ဝိဥာဉ်ရှာဖွေခြင်းကို သုံးခြင်းသည် သူ့အတွက်လည်း အတော်လေးကို ပင်ပန်းလှသည်။ လိုချင်သည့် အကြောင်းအရာကို သိရလိမ့်မည်ဟုလည်း အာမ မခံနိုင်ချေ။ ထို့အကြောင်းများကြောင့် ရိုးရိုးရှင်းရှင်း မေးမြန်းသည့် နည်းလမ်းကိုသာ သုံးနေခြင်း ဖြစ်သည်။

လူဖုန်း ခေါင်းအရမ်းမာနေသည်ကို မြင်သော် ကြာပွတ် ကိုင်ထားသည့် လူငယ်လေးက ရက်စက်ဟန်ဖြင့် ရယ်မောလျက် “ကောင်းတယ်။ ငါက မင်းလို သတ္တိရှိတဲ့ လူတွေကိုမှ ကြိုက်တာ။ နှိပ်စက်ခံရတာကို မင်းမမှုဘူးဆိုပေမယ့် ဒီကောင်တွေကော မင်းလို မမှုဘဲ နေနိုင်မှာလား”

ထို့နောက် ဒုတိယလူဆီ လှမ်းကြည့်လိုက်သည်။

သူပြန်ရလိုက်သည်ကား မျက်နှာပေါ် လာမှန်သည့် တံတွေးစက်များပင်။

ဤသို့ဖြင့် ထိုဒုတိယတပည့်ဆီသို့ ကြာပွတ်ချက် တစ်ဖန် ကျဆင်းလာခဲ့ပြန်သည်။ ထိုကြာပွတ်ရိုက်ချက်ကြောင့် ဒုတိယ တစ်ယောက်မှာ လေထဲတွင် ချာလပတ် လည်ထွက်သွားခဲ့ရသည်။ မြေကြီးပေါ်သို့ ဘုတ်ခနဲ ပြန်ပြုတ်ကျလာပြီးနောက် နည်းနည်းလေးမှ ထပ်မလှုပ်ရှားနိုင်တော့ချေ။

ထို့နောက် ဒေါသထွက်ထွက်ဖြင့် တတိယလူဆီ လှည့်လျက် အော်ပြောလိုက်သည် “မင်းသေချာစဉ်းစားနော်။ မဟုတ်ရင် ဒီကြာပွတ် မင်းဆီ ထပ်လာလိမ့်မယ်”

တတိယတစ်ယောက်သည် ခေါင်းမော့လျက် သူ့အား အေးစက်စက် အမူအရာဖြင့် မော့ကြည့်လိုက်သည်။ သူသည် အားလုံးထဲတွင် ကျင့်ကြံခြင်းအဆင့် အနိမ့်ဆုံး ဖြစ်ကာ သူတော်စင် ပထမအဆင့်သာ ရှိသေးသည်။ သူတော်စင်ချီ ချိတ်ပိတ်ခံထားရသည့် အတွက်ကြောင့် ထိုကြာပွတ် တစ်ချက်သည် သူ့အား အိပ်ရာထဲတွင် လဝက်လောက် လဲသွားစေနိုင်သည်။

ယုဖုန်းက ပါးစပ်ဟလျက် သတိပေးရန် လုပ်လိုက်သော်ငြား သူဘာမှ မပြောရသေးခင်မှာပဲ ထိုတပည့်က ဖြတ်ပြောလိုက်သည် “စိတ်မပူနဲ့ အစ်ကိုဖုန်း။ ကျုပ်တို့ နဂါးလိုဏ်ဂူတောင် ရောက်တာ သိပ်မကြာသေးပေမယ့် ကျုပ်တို့အားလုံး ကောင်းကောင်းမွန်မွန် ဆက်ဆံခံခဲ့ရတယ်။ အကျိုးအမြတ်လည်း အများကြီး ရခဲ့တယ်။ ကျုပ်တို့ ကျေးဇူးမသိတတ်တဲ့ သစ္စာဖောက်တွေ မဟုတ်ဘူး။ အရိပ်လခန်းမ ဖြစ်တော့ရော ဘာဖြစ်လဲ။ သူတို့မှာ လူအများကြီးရဲ့ ကျင့်ကြံခြင်းကို အချိန်တိုအတွင်း တစ်ဆင့်၊ နှစ်ဆင့်မက မြင့်တက်သွားအောင် လုပ်ပေးနိုင်တဲ့ နည်းလမ်းရှိလို့လား”

“ဟုတ်တယ်” ယုဖုန်း ဂုဏ်ယူမိသွားကာ ချက်ချင်းပဲ ခေါင်းညိတ်ထောက်ခံလိုက်သည်။ ဝူရီ၏ ဦးဆောင်မှုနောက်သို့ လိုက်ပြီး ဟိုင်ခဲမိသားစုမှ ထွက်ခွာကာ နဂါးလိုဏ်ဂူတောင်သို့ ရောက်လာသည့် အချိန်မှစ၍ ကျင့်ကြံခြင်း အရင်းအမြစ် မရှိမည်ကို စိတ်ပူစရာ မလိုသည့် ဘဝကြီးတွင် နေခဲ့ရသည်။ ဆေးလုံးများဆိုလျှင်လည်း လိုလေသေးမရှိအောင် ရခဲ့ရသည်။ တစ်ယောက်ချင်းစီတိုင်းသည် အနည်းဆုံး သူတော်စင်ဘုရင် အဆင့် မှော်ရတနာ တစ်ခု၊ နှစ်ခုမက ရထားသေးသည်။ ထိုဘဝကြီးသည် ဟိုင်ခဲမိသားစုတွင် နေခဲ့ရသည့် ဘဝကြီးထက် အဆပေါင်းများစွာ ပိုမို သာလွန်ပေသည်။

ထိုကောင်များကို ဆက်ပြောနေ၍လည်း လေကုန်ခံခြင်းသာ ဖြစ်မည်မှန်း သိလိုက်သည့်နောက်တွင် ကြာပွတ်ကိုင်ထားသည့် လူငယ်လေးသည် ဆက်လက် အချိန်မဖြုန်းတော့ဘဲ ကြာပွတ်ကို မြှောက်လျက် ရိုက်ချရန် ပြင်လိုက်သည်။ ထိုသို့ လုပ်နေစဉ် ထိုင်ခုံပေါ်တွင် ထိုင်နေသော လူအိုကြီး ရုတ်တရက် မျက်လုံး ပွင့်လာပြီး အပြင်ဘက်သို့ တစ်ချက် လှမ်းကြည့်လိုက်သည်။

ဘုန်း…

သူတော်စင်ချီ စွမ်းအင်များနှင့်အတူ ပေါက်ကွဲသံ အကျယ်ကြီး ထွက်ပေါ်လာခဲ့သည်။ အပြင်ဘက်တွင် တိုက်ပွဲ ဖြစ်နေသည့်ပုံပင်။ သို့သော်လည်း ထိုထိတ်လန့်တကြား အော်ဟစ်သံတို့သည် တစ်ခဏ အတွင်း ပြန်လည် ပျောက်ကွယ်သွားခဲ့လေသည်။

“ရင်းမြစ်စုဆောင်းခြင်း ခန်းမထဲကို ဘယ်ကောင် ကျူးကျော်လာရဲတာလဲကွ” လူအိုကြီး၏ အမူအရာ တောင့်တင့်သွားပြီး ချက်ချင်း‌ ထိုင်ခုံမှထကာ အပြင်ဘက်သို့ ထွက်သွားသည်။ သို့သော်လည်း လေထဲ ပျံသန်းပြီးရုံတင်ရှိသေး နောက်သို့ လွင့်ပျံထွက်လာခဲ့လေသည်။

ထိတ်လန့်ဖွယ်ရာ အရှိန်အဝါတို့ ဖြာထွက်နေသည့် အဖြူရောင် အလင်းတန်းတစ်ခုသည် လူအိုကြီး၏ နောက်မှ တစ်ဆက်တည်း လိုက်ပါလာခဲ့သည်။

လူအိုကြီးလည်း ထိတ်လန့်တကြားနှင့် အကာအကွယ် မှော်ရတနာတစ်ခုကို ကပျာကယာထုတ်လျက် သူ့ရှေ့တွင် ကာကွယ်ထားလိုက်သည်။

ပေါက်ကွဲသံကြီးနှင့် အတူကြီး လူအိုကြီး ဒယီးဒယိုင် ဖြစ်သွားပြီး နောက်သို့‌ ခြေလှမ်းများစွာ ဆုတ်လိုက်ရသည်။ ဒိုင်းပေါ် သက်ရောက်လာသော အားကို မဖယ်ရှားနိုင်သေး ခင်မှာပဲ သူ့ဒိုင်းကို ငုံ့ကြည့်မိလိုက်ရာ သူ့မျက်နှာတစ်ပြင်လုံး ဆေးခါးကြီး သောက်လိုက်ရသည့်နှယ် မဲ့ရွဲ့သွားခဲ့သည်။

သူ့အဆင့်နိမ့် တန်ခိုးရှင်အဆင့် မှော်ရတနာကို အနက်ရောင် မီးတောက်လေးတစ်ခု လောင်ကျွမ်းနေခဲ့သည်။ ထိုမီးတောက်ကြောင့် သူ့မှော်ရတနာမှာ အရည်ပင် ပျော်နေလေပြီ။ သူသာ မီးတောက်နှင့် ထိလိုက်လျှင်မူကား၊ မသေလျှင်ပင် ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားလောက်ပေသည်။ မှော်ရတနာကို ထုတ်သုံးလိုက်သည်မှာ ကံကောင်းသွားခဲ့သည်။

သူမတုန့်ပြန်နိုင်သေးခင်မှာပဲ ရှီစွမ်းအင် နှစ်ခုသည် အခန်း တစ်ခန်းလုံးကို ဖုံးလွှမ်းသွားခဲ့သည်။ မော့ကြည့်လိုက်သည့်အခါ အေးစက်စက် အမူအရာဖြင့် အခန်းထဲသို့ ဝင်လာနေသော လူငယ်လေး တစ်ယောက်ကို တွေ့လိုက်ရသည်။

လူငယ်လေး၏ နောက်တွင် တန်ခိုးရှင် ပထမအဆင့် လူအိုကြီး နှစ်ယောက် ရှိနေခဲ့သည်။ အခန်းတစ်ခုလုံးအား လွှမ်းခြုံထားသော ရှီစွမ်းအင် နှစ်မျိုးသည် ထိုလူအိုကြီး နှစ်ယောက်ဆီမှ လာခြင်း ဖြစ်သည်။

အခြေအနေ မဟန်တော့မှန်း သတိပြုမိလိုက်သည်နှင့် လူအိုကြီး တုန်လှုပ်ခြောက်ခြားသွားခဲ့သည်။ သူတစ်ယောက်တည်း ဖြင့် တန်ခိုးရှင်ပထမအဆင့် နှစ်ယောက်ကို မည်သို့မှ မယှဉ်တိုက်နိုင်ချေ။ ထိုအချက်ကို နားလည်လိုက်သည်နှင့် သိုလှောင် လက်စွပ်ထဲမှ ပစ္စည်းတစ်ခုကို ထုတ်ကာ ချက်ချင်း ဖျက်စီးပစ်လိုက်သည်။ ထိုသို့ လုပ်ပြီးသည့် အခါမှသာ လူအိုကြီး သက်ပြင်းချလိုက်နိုင်လေသည်။

“ရန်ကိုင်၊ ဧည့်အကြီးအကဲချန်၊ ဧည့်အကြီးအကဲဟောင်” ဝင်ရောက်လာသည့် လူများကို မြင်သော် ယုဖုန်းနှင့် အခြားသူများ အလန့်တကြား ထအော်ကြလေသည်။

ရန်ကိုင် အခန်းတစ်ဝိုက်ကို လှည့်ပတ်ကြည့်လိုက်သည်။ ယုဖုန်းတို့အဖွဲ့ ပြင်းပြင်းထန်ထန် ဒဏ်ရာရထားသည်ကို မြင်သော် ရန်ကိုင်ကိုယ်မှ သတ်ဖြတ်ချင်စိတ်တို့ ဖြာထွက်လာခဲ့သည်။ သူတို့ ဒဏ်ရာ ဘယ်လောက်ပြင်းမှန်း ရန်ကိုင် ပြောနိုင်သည်။ အကုန်လုံး အသက်ငွေ့ငွေ့လေးသာ ကျန်တော့သည်။ ဆေးလုံးများဖြင့်သာ အချိန်မှီ မကုသနိုင်လျှင် သူတို့၏ ကျင့်ကြံခြင်း နောက်တစ်ဆင့်သို့ ထပ်တက်ရန် ခဲယဉ်သွားပေလိမ့်မည်။ သူသာ တံခါးပိတ်ကျင့်စဉ် ဝင်နေရာမှ တစ်ရက်လောက် နောက်ကျပြီးမှသာ ထွက်လာ မိလိုက်လျှင်… ယုဖုန်းတို့ နောင်ရေး သွားလေပြီ။

“မင်းက ရန်ကိုင်လား” ယုဖုန်းတို့ ပြောသံကို ကြားပြီးနောက် လူအိုကြီး ရန်ကိုင်အား အလန့်တကြား လှမ်းကြည့်လိုက်သည်။

ရန်ကိုင်သည် လူအိုကြီးကို တစ်ချက်သာ လှည့်ကြည့်လိုက်ပြီး ချန်ချီကို အချက်ပြလိုက်သည်။

ချန်ချီလည်း ယုဖုန်းတို့ဆီ လျှောက်သွားလိုက်ပြီး သူတော်စင်ချီကို လက်ချောင်းထိပ်တွင် စုစည်းလျက် သူတိ့အား ချုပ်ထားသည့် အချုပ်အနှောင်များကို ဖယ်ရှားပေးလိုက်သည်။ ယုဖုန်းတို့ ကိုယ်ပေါ်တွင် စည်းခတ်ထားသည့် တားမြစ် အစီအရင်ကို စစ်ဆေးကြည့်လိုက်ပြီးနောက် ချန်ချီ မျက်မှောင် ကြုတ်သွားခဲ့သည်။

ထိုစည်းတံဆိပ်ကို တန်ခိုးရှင်ပထမအဆင့်ကသာ ဖန်တီးထားခြင်း ဖြစ်သော်လည်း ထိုအရာကို ဖျက်စီးရန်အတွက် အချိန်နှစ်နာရီလောက် ယူရပေလိမ့်မည်။ ယခုအချိန်သည် ထိုစည်းတံဆိပ်ကို ဖြည်ရန် အချိန်ကောင်း မဟုတ်သေးချေ။

ယုဖုန်းတို့အား ရန်ကိုင်ဆီ ပြန်ခေါ်သွားပေးပြီးနောက် ရန်ကိုင်အား သူတွေ့ရှိလိုက်ရသည့် အချက်ကို ကောင်းကင် စိတ်အာရံဖြင့် ရှင်းပြလိုက်သည်။

ရန်ကိုင် ခေါင်းညိတ်လိုက်ပြီး လူအိုကြီးအား မျက်လုံး မှေးစဉ်းလျက် စိုက်ကြည့်ကာ “ကြည့်ရတာ ခင်ဗျား ကျုပ်ကို သိနေတဲ့ပုံပဲ”

“ဟွန့်၊ သိတော့ ဘာဖြစ်လဲ” လူအိုကြီးက မကျေမနပ် အမူအရာဖြင့် ပြန်ပြောလိုက်သည်။

“ခင်ဗျား မျိုးရိုးနာမည်က ရှဲ့လား” ရန်ကိုင် လှောင်ပြုံးပြုံးလျက် မေးလိုက်သည်။

လူအိုကြီး၏ အမူအရာ ပြောင်းလဲသွားခဲ့ပြီး ထိတ်လန့်နေသည့် အမူအရာဖြင့် “မင်းဘယ်လို သိတာလဲ”

“ကျုပ်သိတာပေါ့” ရန်ကိုင် နားလည်သွားခဲ့လေပြီ။ ဝူရီနှင့် စကားပြောစဉ်ကတည်းက ခန့်မှန်းမိခဲ့ခြင်း ဖြစ်သည်။ ယခုမူ သူ့ခန့်မှန်းချက်ကို အတည်ပြုလိုက်နိုင်လေပြီ။ ရှဲ့မိသားစု၏ လက်ချက်မှန်း သိနေရသည့် အကြောင်းအရင်းမှာ အရိပ်လခန်းမ တွင် အတွင်းရေး ပြဿနာများ ဖြစ်နေလျှင်ပင် နဂါးလိုဏ်ဂူတောင် ထိုကဲ့သို့ ဒုက္ခမရောက်သင့်ချေ။

တကယ်တော့ နဂါးလိုဏ်ဂူတောင်သည် အရိပ်လခန်းမ၏ ဖောက်သည်အကြီးစား တစ်ဦးပင် မဟုတ်လေလော။ နဂါးလိုဏ်ဂူတောင်နှင့် ကုန်သွယ်ရေး လုပ်ခြင်းသည် သူတို့အား အကျိုးမယုတ်စေသည့်အပြင် အကျိုးပင် ရှိစေသေးသည်။ ထိုသို့ဆိုလျှင် အရိပ်လခန်းမသည် အကြောင်းမရှိ အကြောင်းရှာပြီး သူတို့အား ဘာကြောင့် ပြဿနာ လာရှာရသနည်း။

တစ်ယောက်ယောက်သည် နောက်ကွယ်မှနေ၍ နဂါးလိုဏ်ဂူတောင်ကို ဒုက္ခပေးရန် ကြိုးစားနေသည်ဟု ရန်ကို်င် တွေးလိုက်မိသည်။ ထို့အပြင် အရိပ်လခန်းမမှ သူ့အား ဒုက္ခပေးနေခြင်း ဖြစ်သဖြင့် အချက်တစ်ချက်ကို ရန်ကိုင် စဉ်းစားမိလိုက်သည်။ အရိပ်လခန်းမတွင် ရာထူး အတော်မြင့်ပြီး သူ့အား ယခုကဲ့သို့ ဒုက္ခပေးနိုင်သော အဖွဲ့တစ်ဖွဲ့ ရှိသည်။ ထိုအဖွဲ့သည် အခြားမဟုတ်၊ ရှဲ့မိသားစုပင် ဖြစ်လေသည်။

ရှဲ့ဟုန်ဝမ်သည် လအရိပ်ခန်းမ၏ တပည့်တစ်ယောက် ဖြစ်သလို့ သူ့အဖေ ရှဲ့လီသည် အရိပ်လခန်းမတွင် အတော်လေး ရာထူးမြင့်သူ တစ်ဦး ဖြစ်သည်။ ရှဲ့လီဩ အဆင့်အတန်းသည် ချင်းတုန်လောက် မမြင့်သော်လည်း အတော်လေး အဆင့်အတန်း မြင့်သည်ဟု ပြော၍ရသည်။

ရှဲ့မိသားစုသည် အရိပ်လခန်းမနှင့် မသက်ဆိုင်သော မိသားစု တစ်ခု ဖြစ်သော်ငြား ထိုအင်အားစုနှစ်ခုသည် အနည်းငယ် ဆက်စပ်နေပေသည်။

ရန်ကိုင်အား ပြဿနာ လာရှာရခြင်းတွင် အကြောင်းပြချက် နှစ်ချက်လောက် ရှိလောက်သည်။ တစ်ချက်မှာ ရှဲ့ဟုန်ဝမ်ကို ရန်ကိုင် သတ်လိုက်သည်ဟု သံသယ ဝင်နေသည့် အတွက်ကြောင့် ဖြစ်သည်။ ရှဲ့ဟုန်ဝမ်သည် ရန်ကိုင်ကို သတ်ရန်အတွက် သဲမီးတောက်နယ်မြေထဲသို့ ဝင်သွားခဲ့သော်လည်း ဘယ်တော့မှ ပြန်မထွက်လာနိုင်ခဲ့ချေ။ ရန်ကိုင်၏ တည်နေရာကို အာရုံခံရန် အတွက် လူတစ်ယောက်နှင့် အခြားတစ်ယောက် ရှဲ့ဟုန်ဝမ်နှင့် အတူ ပါသွားခဲ့သည်။ သုံးယောက်စလုံး သဲမီးတောက်နယ်မြေထဲမှ ပြန်မထွက်လာနိုင်ခဲ့ချေ။ ရန်ကိုင်အား သံသယ ဝင်ချင်သည် ဆိုလျှင်လည်း ဝင်ချင်စရာပင်။ ရန်ကိုင်အား အရမ်းကြီး ပြဿနာ မရှာရဲသေးခြင်းသည် ချင်းတုန်ကြောင့်သာ ဖြစ်လေသည်။

ဒုတိယအနေဖြင့် ချင်းတုန်၏ အခြေအနေကို စမ်းသပ်လိုသည့် အတွက်ကြောင့် ဖြစ်သည်။

ချင်းတုန်တွင် နဂါးလိုဏ်ဂူတောင်အား ကာကွယ်ပေးနိုင်သော အခြေအနေတွင် ရှိမရှိ စပ်သပ်ချင်လိုသည်။ ချင်းတုန်သာ နဂါးလိုဏ်ဂူတောင်ကို ကာကွယ်ပေးနိုင်လျှင် အစောကြီးကတည်းက ကာကွယ်ပေးလောက်ပေသည်။ ယခု မကာကွယ်ပေးနိုင်ပုံ ထောက်လျှင် ချင်းတုန်လည်း သိပ်အခြေအနေ မဟန်ကြောင်း သိနိုင်သည်။

ရန်ကိုင်သည် ဖြစ်ပေါ်လာသည့် အခြေအနေကို ထောက်ချင့်ကြည့်ကာ ခန့်မှန်းချက်များ ထုတ်လိုက်သည်။ သူ့ခန့်မှန်းချက် မှန်မမှန် မသေချာသော်လည်း အမှန်နှင့် အရမ်းကြီး ကွဲလွဲမနေလောက်ချေ။ နည်းနည်းပါးပါးလောက် မေးလိုက်လျှင် အမှန်တရားကို သိရပေလိမ့်မည်။

ရုတ်တရက် ရန်ကိုင် အတော်လေး စိတ်သက်သာရာ ရသွား၏။ သူ့အား ဒုက္ခပေးနေသူမှာ ချင်းတုန် မဟုတ်လျှင် အဆင်ပြေပေသည်။ ထို့အပြင် နောက်ကွယ်က လက်မည်းကြီးသည် ရှဲ့မိသားစု ဖြစ်နေသဖြင့် အရိပ်လခန်းမ၏ အတွင်းရေး ပဋိပက္ခသည် အတော်လေး ပြင်းထန်နေလောက်၏။ ချင်းတုန်တွင်ပင် သူတို့အား လာကူညီပေးရန် အချိန်မရှိချေ။ ထိုနည်းတူစွာ သူ့ပြိုင်ဘက်တွင်လည်း ဤဘက်သို့ ခေါင်းလှည့်မည့် အချိန်မရှိလောက်ချေ။

ထိုသို့ ဖြစ်လေရာ ရန်ကိုင် ဘာကိုမှ ထပ်စိုးရိမ်နေစရာ မလိုတော့ချေ။ လက်ရှိ နဂါးလိုဏ်ဂူတောင်သည် ရှဲ့မိသားစုလို မိသားစုလေးတစ်ခုလောက်ကိုတော့ ကိုင်တွယ်နိုင်ပေသည်။ ရှဲ့မိသားစုက သူတို့အား လာပြဿနာ ရှာလျှင် သူတို့ကလည်း နဂါးမှန်းသိအောင် အမောက်ထောင်ပြရပေလိမ့်မည်။

“ငါက ရှဲ့ချွမ်ပဲ” သူစကားကျွံ့သွားပြီးမှန်း လူအိုကြီး နားလည်လိုက်သည်။ ထွေးပြီးသားတံတွေး ပြန်မျိုချ၍ မရသဖြင့် အရှက်ပြေ ရယ်မောရင်းဖြင့်သာ “မင်းက တကယ် ရဲတဲ့ကောင်ပဲကွ။ ငါရှဲ့မိသားစုကမှန်း သိပြီးတာတောင် ရင်းမြစ်စုဆောင်းခြင်းခန်းကို ဖျက်စီးရဲတယ်ဆိုတော့ မင်းကို ဘာကများ ဒီလောက် သတ္တိတွေ ပေးထားတာလဲ”

“ရှဲ့မိသားစု… ဟဲဟဲ…” ရန်ကိုင်ကလည်း ရယ်မောလိုက်ပြီး မေးစေ့ကို ပွတ်ရင်း ယုဖုန်းကို မေးလိုက်သည် “မင်းတို့ကို အခုလို ဖြစ်အောင် ဘယ်သူ လုပ်တာလဲ”

ရန်ကိုင် မေးခွန်းကို ကြားကြားချင်း ယုဖုန်း ကြောင်သွားသော်ငြား ချက်ချင်းပဲ ရှဲ့ချွမ်နောက်ရှိ လူငယ်လေးကို လက်ညိုးထိုးပြလိုက်သည်။

ရန်ကိုင် ခေါင်းညိတ်လိုက်ပြီး ကြမ်းကြုတ်သည့် အမူအရာဖြင့် ထိုလူငယ်လေးဆီ ရွှေရောင်ပိုးမျှင်တစ်မျှင် ပစ်လွှတ်လိုက်သည်။

ရှဲ့ချွမ် အမူအရာ ပြောင်းလဲသွားပြီး “မင်းကိုယ်မင်း ဘာကောင် မှတ်နေတာလဲကွ”

တစ်ချိန်တည်းတွင် သူ့ခန္ဓာကိုယ်ဆီမှ ရှီစွမ်းအားတို့ ပေါက်ကွဲထွက်လာပြီး ရွှေရောင်ပိုးမျှင်ကို ဖိနှိပ်ရန် ကြိုးစားလိုက်၏။

သိုသော်လည်း ချက်ချင်းဆိုသလို မျက်လုံးပြူးသွားခဲ့သည်။ သူ့ရှီသည် ရွှေရောင်ပိုမျှင်ကို တားဆီးနိုင်စွမ်း မရှိခဲ့ချေ။

ထိုအခါမှသာ သူ့ပြိုင်ဘက်ကို အထင်သေးမိလိုက်ပြီမှန်း နားလည်လိုက်သည်။ ဂျင်ပုံစံကဲ့သို့ မှော်ရတနာတစ်ခုကို အလျင်အမြန် ထုတ်ယူလိုက်သည်။ ထိုမှော်ရတနာဆီမှ အလင်းလှိုင်းများ အဆက်မပြတ် ထွက်ပေါ်လာပြီး မျက်တောင် တစ်ခတ်အတွင်း လူငယ်လေးကို ဖုံးအုပ်သွားခဲ့လေသည်။

ရန်ကိုင်ကဲ့သို့ ငချွတ်လေး တစ်ကောင်ကိုသာ သူ့လူအား သူ့ရှေ့တွင် ဖမ်းခေါ်သွားခွင့် ပြုလိုက်ရလျှင် တန်ခိုးရှင်အဆင့် တစ်ယောက်အတွက် အလွန်ကိုမှ ရှက်ဖို့ကောင်းနေပေလိမ့်မည်။

သို့သော်လည်း နောက်ထပ် ထိတ်လန့်ဖွယ်ရာ မြင်ကွင်းတစ်ခု ထပ်မံ ဖြစ်ပေါ်လာပြန်သည်။ ထိုအကာအရံသည် ရွှေရောင်ပိုးမျှင်ကို တားဆီးနိုင်ခဲ့ခြင်း မရှိပြန်ချေ။ ရွှေရောင်ပိုးမျှင်နှင့် ထိသွားသည်နှင့် တစ်ပြိုင်နက် တစ်စစီ ပျက်စီးသွားခဲ့ရသည်။ အကျိုးဆက်အနေဖြင့် လူငယ်လေးလည်း ရန်ကိုင်၏ ဖမ်းဆီးခြင်း ခံလိုက်ရလေသည်။

ထိုအခြင်းအရာကို မြင်သော် ရှဲ့ချွမ် မျက်နှာ ရှက်ရွံ့မှုကြောင့် နီမြန်းသွားပြီး “သူ့ကိုချလိုက်စမ်း”

ပြောပြီးသည်နှင့် ရန်ကိုင်အား လက်ဝါးဖြင့် ရိုက်ချလိုက်၏။

ရန်ကိုင်က အေးစက်စက် ရယ်မောလိုက်ပြီး တန်ပြန် လက်ဝါးဖြင့် ရိုက်ချလိုက်သည်။

နောက်ထပ် လက်ဝါးချက်ကြီးတစ်ခု ဖြစ်ပေါ်လာပြီး ရှဲ့ချွမ်၏ လက်ဝါးနှင့် တန်ပြန်တွေ့သွားသည်။ ထိုလက်ဝါးသည် ရှဲ့ချွမ်၏ လက်ဝါးကို လွှမ်းခြုံသွားရုံမက ရှဲ့ချွမ်ဆီသို့ပင် အဆီးအတားမရှိ ဆက်လက် တိုးဝင်သွားခဲ့သည်။

ထိုအခြင်းအရာကိုမြင်သော် ရှဲ့ချွမ် မျက်လုံးကျွတ်ထွက် မတတ် ဖြစ်သွားခဲ့သည်။ တန်ခိုးရှင်အဆင့် ဖြစ်လျက်နှင့် သူတော်စင်ဘုရင် တတိယအဆင့်လေး တစ်ယောက်နှင့် ထိပ်တိုက် ရင်ဆိုင်ရာတွင် အောက်စည်းသို့ ရောက်သွားရလိမ့်မည်ဟု မထင်ထားခဲ့ချေ။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၃၂၉)

မျက်တောင်တစ်ခတ်အတွင်း ထိုလူငယ်လေးသည် မျက်လုံး အပြူးသားဖြင့် ရန်ကိုင်ဆီသို့ ဖမ်းခေါ်သွားခံလိုက်ရလေပြီ။

သူတော်စင်ဘုရင် တတိယအဆင့်ချင်း တူသော်လည်း သူသည် ထိုလူငယ်လေး၏ ရှေ့တွင် လုံးဝ စွမ်းအားမဲ့ခဲ့ရသည်။ ယခုမှပဲ ခုခံရန် အသိဝင်လာပြီး အသည်းအသန် ခုခံရန် ကြိုးစားလိုက်သော်လည်း ရန်ကိုင်မှ လူငယ်လေး၏ ပခုံးကို အသာအယာလေး ပုတ်လိုက်သည့် အခိုက် လူငယ်လေး၏ မျက်နှာ သွေးဆုတ်ဖြူလျော်သွားခဲ့ပြီး တစ်ချက် ညည်းလိုက်ရသည်။ သူစုစည်းရန် ကြိုးစားနေသော သူတော်စင်ချီမှာလည်း လုံးဝ ပျက်ပြယ်သွားခဲ့ရလေသည်။

ထို့နောက် ထိုလူငယ်လေးကို ယုဖုန်းရှေ့သို့ ကန်ထုတ်လိုက်၏။ မြေကြီးပေါ်တွင် ကျနေသော ကြာပွတ်ကို ကောက်ကိုင်လျက် ယုဖုန်းဆီသို့ ပစ်ပေးလိုက်ပြီး အေးစက်စက် လေသံဖြင့် ပြောလိုက်သည် “မင်းတို့ကို လုပ်ထားတဲ့ အတိုင်း ပြန်လုပ်လိုက်”

ယုဖုန်းသည် မှင်သက်နေသည့် အမူအရာဖြင့် ကြာပွတ်ကို အလိုလို ဖမ်းယူမိလိုက်သည်။ ခဏအကြာမှသာ အသိ ပြန်ဝင်လာပြီး သူ့အပေါင်းအများနှင့် အကြည့်ချင်း ဖလှယ်လျက် သူ့အား ရိုက်နှိက်နှိပ်စက်ခဲ့သည့် လူငယ်လေးကို ကြမ်းကြုတ်စွာ ပြုံးပြလျက် ဝိုင်းကြီးပတ်ပတ် ဝိုင်းလိုက်ကြသည်။

မကြာမီ လူငယ်လေး၏ နာနာကျင်ကျင် အော်ဟစ်သံ၊ အဆက်မပြတ် ကန်ကျောက်သံ၊ ကြာပွတ်သံတို့ ထွက်ပေါ်လာခဲ့သည်။

သူ့မျက်နှာ ဖျတ်ရိုက်ခံလိုက်ရသလို ခံစားလိုက်ရသဖြင့် ရှဲ့ချွမ်မျက်နှာ ဒေါသကြောင့် မည်းမှောင်သွားခဲ့သည်။ ရန်ကိုင်အား စားတော့၊ ဝါးတော့မတတ် အကြည့်ဖြင့် စိုက်ကြည့်ရင်း “လူငယ်တွေက တကယ်ကို အဆင်အခြင်မဲ့တာ။ မင်းဘယ်လောက် အထိ ဆက်ပြီး မောက်မာနေနိုင်ဦးမလဲ ငါကြည့်ဦးမယ်”

ပြောပြီးသည်နှင့် သူ့လက်ကို ဝှေ့ရမ်းလိုက်ရာ လူရိပ်ပေါင်း များစွာ ထွက်ပေါ်လာခဲ့သည်။ အယောက်ပေါင်း လေးငါးဆယ် လောက်ရှိသည်။ ထိုလူအုပ်ထဲတွင် တန်ခိုးရှင်အဆင့် တစ်ယောက်မှ မပါဝင်သော်ငြား လူအရေအတွက်ကပင် ချန်ရှီတို့ အဖွဲ့အား အနည်းငယ် စိတ်မသက်မသာ ဖြစ်စေမိသည်။

ထို့အပြင် ကောင်းကင်ကံကြမ္မာမြို့တော်မှ လူများစွာ သူတို့ဆီသို့ ပျံသန်းလာနေခဲ့ကြသည်။ ထိုလူအုပ်ထဲတွင် တန်ခိုးရှင် အဆင့် ကျင့်ကြံသူများစွာ ပါဝင်နေခဲ့သည်။

ယခု အခြေအနေမှာ ပြောင်းပြန် ဖြစ်နေလေပြီ။ အစပိုင်းတွင် ရန်ကိုင်တို့ဘက်၌ လူအရေအတွက် အားသာချက် ရှိသော်လည်း ယခုမှ အရေအတွက်ပိုင်းတွင် သူတို့ အောက်စည်းသို့ ပြန်လည် ရောက်ရှိသွားပြီ ဖြစ်သည်။

ချန်ချီ သူ့ပတ်ဝန်းကျင်ကို တစ်ဝက် ဝေ့ကြည့်လိုက်သည့် သူ့အမူအရာ မည်းမှောင်သွားခဲ့ရသည်။ ဤနေရာ၌ တန်ခိုးရှင် အဆင့် ခုနှစ်ယောက်မှ ရှစ်ယောက်အထိ ရှိနေခဲ့သည်။ ထိုလူ အားလုံးသည် ရှဲ့ချွမ် ခေါ်ထားသည့် အကူများ ဖြစ်ကြပေသည်။ ရန်သူ၏ စခန်းကို ကျူးကျော်လာခြင်း ဖြစ်လေရာ ဤကဲ့သို့ အခြေအနေကို မျှော်လင့်ထားသင့်သည်။ သို့သော်လည်း လက်ရှိ အတိုင်းအတာသည် သူတို့ မျှော်လင့်ထားသည်ထက် ကျော်လွန်နေခဲ့သည်။

ရန်ကိုင်အား တစ်ချက် လှမ်းကြည့်မိလိုက်သည်။ ရန်ကိုင် တည်တည်ငြိမ်ငြိမ်နှင့်သာ ရှိနေသေးသည်ကို မြင်သော် ချန်ချီ အနည်းငယ် အံ့အားသင့်သွားမိသလို ယုံကြည်ချက်လည်း ပို၍ ရှိလာခဲ့ရသည်။ ရန်ကိုင်တွင် ဝှက်ဖဲတစ်ခုခု ရှိနေသည့် အတွက်ကြောင့်သာ ထိုကဲ့သို့ တည်ငြိမ်နေခြင်း ဖြစ်ရပေမည်။

“အစ်ကိုရှဲ့၊ ရင်းမြစ်စုဆောင်းခြင်း ခန်းမကို ဖျက်စီးတာ ဒီကောင်လား” အသစ်ရောက်လာသည့် လူအိုကြီးက ရန်ကိုင်အား အေးစက်စက် အမူအရာဖြင့် စိုက်ကြည့်ရင်း မေးလိုက်သည်။

ရှဲ့ချွမ်က ပြန်ပြောလိုက်သည် “ဟုတ်တယ်။ သူတို့ဘက်မှာ တန်ခိုးရှင်အဆင့် နှစ်ယောက်တောင် ရှိနေမယ်လို့ မထင်ထားဘူး။ ငါတစ်ယောက်တည်း သူတို့ နှစ်ယောက်ကို မတိုနိုင်တော့ ဒီနေရာကို မကာကွယ်လိုက်နိုင်ဘူး ဖြစ်သွားတယ်။ ဒီအတွက် အရိပ်လခန်းမကို တောင်းပန်ပါတယ်”

အသစ်ရောက်လာသည့် လူအိုကြီးက ရယ်ရယ်မောမောနှင့် လက်ကို ဝှေ့ရမ်းလျက် ပြန်ပြောလိုက်သည် “ဒီလောက်ကြီး အလေးအနက် ထားနေစရာ မလိုဘူး အစ်ကိုရှဲ့။ ကျုပ်တို့ အရိပ်လခန်းမက ဒီလောက်လေး ပျက်စီးသွားတာကို အဖက်မလုပ်ဘူး။ ဒါနဲ့ အစ်ကိုရှဲ့ရဲ့ ဂျူနီယာ သိပ်ပြီး အခြေအနေ မကောင်းတဲ့ပုံပဲနော်”

ရှဲ့မိသားစုမှ လူငယ်လေးကို ဝိုင်းရိုက်နေသော အဖွဲ့အား လှမ်းကြည့်လိုက်သည်။

ထို့နောက် အေးစက်စက် လေသံဖြင့် “ငါတို့ ရောက်လာတာတောင် သောက်ဂရုမစိုက်ဘဲ ဆက်လုပ် နေရဲတယ်ပေါ့၊ ဟုတ်လား။ မင်းတို့ကောင်တွေ တကယ် သတ္တိရှိနေတာပဲ”

သူပြောပြီးသည်နှင့် တစ်ပြိုင်နက် ထိုလူအိုကြီးဆီမှ ရှီစွမ်းအင်တို့ ဖြာထွက်လာခဲ့ပြီး ယုဖုန်းတို့ အဖွဲ့ဆီသို့ သက်ဆင်း လာခဲ့လေသည်။

လူအိုကြီးမှ ရှီစွမ်းအင်ကို ထုတ်သုံးလိုက်သည်နှင့် တစ်ပြိုင်နက် ချန်ချီကလည်း ရှီစွမ်းအင်ကို ပြန်ထုတ်သုံးကာ လူအိုကြီး၏ ရှီစွမ်းအင်ကို ပျက်ပြယ်စေလိုက်သည်။ တန်ခိုးရှင် အဆင့် အချင်းချင်း ယှဉ်တိုက်ရမည်ကို သူမကြောက်ချေ။

ယုဖုန်းနှင့် အခြားသူများလည်း ရပ်သွားခဲ့ကြသည်။ အကုန်လုံး ရန်ကိုင်ဆီ လှမ်ကြည့်လိုက်ကြရသည်။ သူတို့ဘဝတွင် ပထမဆုံးအကြိမ်အဖြစ် တန်ခိုးရှင်အဆင့် ပညာရှင်များစွာ၏ အဝိုင်းခံရခြင်း ဖြစ်သည့် အတွက်ကြောင့် အတော်လေး စိုးရိမ် ထိတ်လန့်နေမိကြသည်။

“ဆက်လုပ်နှင့်။ မင်းတို့ စိတ်မကျေမနပ်မချင်း မရပ်နဲ့” ရန်ကိုင်က သူ့တို့အား ဝိုင်ထားသည့် တန်ခိုးရှင်အဆင့် ပညာရှင် များစွာကို ထူးမခြားနားဟန်ဖြင့် စိုက်ကြည့်ရင်း ပြန်ပြောလိုက်၏။

လူအိုကြီးက တစ်ခုခု ပြောတော့မည်အပြု ရန်ကိုင်က ဖြတ်ပြောလိုက်သည် “ခင်ဗျားက လအရိပ်ခန်းမကလား”

“ဟုတ်တယ်” လူအိုကြီးက သူ့မုတ်ဆိတ်မွှေးကို ပွတ်လျက် “ငါက လရိပ်အခန်းမရဲ့ အနိမ့်ပိုင်းမန်နေဂျာ မာရှင်းယွမ်ပဲ”

“အနိမ့်ပိုင်း မန်နေဂျာ…” ရန်ကိုင် မျက်လုံးမှေးစဉ်းသွားခဲ့၏။ သူ့နှုတ်ခမ်းအစုံ ကွေးတက်သွားခဲ့ပြီး “ဒါဆို အကြီးအကဲချင်းတုန်ကို ခင်ဗျားသိလား”

“အကြီးအကဲချင်း…” မာရှင်းယွမ် အနည်းငယ် လန့်သွား၏။ အခြား တန်ခိုးရှင်အဆင့် ပညာရှင်များလည်း ထိုနည်းတူပင်။ ထိုအခြင်းအရာကို မြင်သော် ထိုလူအားလုံးသည် ချင်းတုန်၏ လက်အောက်တွင် ရှိနေသည့် လူများ မဟုတ်မှန်း ရန်ကိုင် နားလည်လိုက်သည်။ ချင်းတုန်အား ဆန့်ကျင်ဘက် ပြုနေသည့် အရိပ်လခန်းမ၏ အခြားအဖွဲ့ဘက်မှ တန်ခိုးရှင် အဆင့်များသာ ဖြစ်ရပေမည်။ မဟုတ်လျှင် ရန်ကိုင် ချင်းတုန်၏ နာမည်ကို ပြောလိုက်သည့် အချိန်တွင် ထိုကဲ့သို့ ဖြစ်သွားကြလိမ့်မည် မဟုတ်ချေ။

သူ့ခန့်မှန်းချက်များ အတော်လေး မှန်ကန်နေသည့်ပုံပင်။

“အကြီးအကဲချင်းက အရိပ်လခန်းမရဲ့ အတွင်းပိုင်းကို စောင့်ကြပ်နေတာ။ နားထောင်စမ်း၊ ကောင်လေး၊ ရင်းမြစ် စုဆောင်းခြင်း ခန်းမကို ဖျက်စီး၊ ငါတို့ လူတွေကို ဒဏ်ရာရအောင် လုပ်ပြီး အကြီးအကဲချင်းရဲ့ နာမည်ကို ပြောလိုက်ရုံနဲ့ ငါတို့ မင်းကို အလွတ်ပေးမယ် ထင်နေတလား။ အဲ့လိုဆိုရင်တော့ မင်းမှားသွားပြီ။ ဒီနေ့ ဘယ်လိုပဲဖြစ်ဖြစ် ငါတို့ မင်းကို လုံးဝ အလွတ်ပေးမှာ မဟုတ်ဘူး” ညာဘက်တွင် ရှိနေသော သက်လတ်ပိုင်း လူကြီးက ဝင်ပြောလိုက်သည်။

ရန်ကိုင်က ထိုလူကို လှည့်ကြည်ကာ ရယ်မောလျက် ပြန်ပြောလိုက်သည် “ဟုတ်တာပေါ့။ ကျုပ်ကလည်း ဒီကိစ္စ မရှင်းမပြီးမချင်း ထွက်သွားဖို့ မစဉ်းစားထားပါဘူး။ ဒီနေ့ ကိစ္စ နှစ်ခုကြောင့် ကျုပ်ဒီကို လာခဲ့တာ”

ထို့နောက် ယုဖုန်းနှင့် အခြားသူများကို လက်ညိုးထိုး၍ “သူတို့ကို ပြန်ခေါ်ဖို့ရယ်။ ကျုပ်တို့ ပည်းတွေကို ပြန်တောင်းဖို့ရယ်”

တန်ခိုးရှင်အဆင့် ပညာရှင်အားလုံး ပြုံးစိပြုံးစိ အမူအရာများဖြင့် အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ အချို့ဆိုလျှင် ရယ်ချင်စိတ်ကို မအောင့်အည်း နိုင်ကြသဖြင့် ရယ်ပင် ရယ်ကုန်ကြလေသည်။

ရှဲ့ချွမ်ကလည်း ရန်ကိုင်အား လှောင်ပြုံးပြုံးကြည့်ရင်း “သူတို့ကို ပြန်ခေါ်ဖို့ဟုတ်လား။ ငါတို့ သဘောတူလား၊ မတူလား မမေးဘဲ သူတို့ကို ပြန်ခေါ်ချင်ရအောင် မင်းက ဘာကောင် မို့လို့လဲ”

“ခင်ဗျား သဘောမတူလဲနေပေါ့။ ကျုပ်က ဘာလို့ ဂရုစိုက်နေရမှာလဲ။ ခင်ဗျား သဘောမတူရင် ခင်ဗျား သဘောတူတဲ့ အထိ ရိုက်ပေးရမှာပေါ့” ပြောပြီးသည်နှင့် သူ့လက်အား ရှေ့တည့်တည့်သို့ ညွှန်ပြလိုက်ရာ ပန်းပဲမီးဖိုတစ်လုံး ရုတ်တရက် ထွက်ပေါ်လာခဲ့လေသည်။ ထိုပန်းပဲမီးဖို ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ပတ်ဝန်းကျင်ရှိ အပူချိန် ရုတ်ချည်း မြင့်တက်သွား၏။ ရန်ကိုင်အား လှောင်ပြောင်နေသူအားလုံးလည်း ငရဲခန်းထဲသို့ ရောက်သွားသည့်နှယ် ခံစားနေရကြလေပြီ။

ထို့နောက် စူးရှရှအော်သံတစ်သံနှင့်အတူ ပန်းပဲမီးဖိုတွင်းမျ ဆယ်မီတာအရှည်ရှိသော မီးငှက်တစ်ကောင် ပျံသန်းထွက်လာသည်။ တောင်ပံများကို ဖြန့်ကျက်လိုက်သည်နှင့် တစ်ပြိုင်နက် ကောင်းကင်ကံကြမ္မာမြို့တွင် ရှိနေသော မီးစွမ်းအင် အားလုံး ၎င်းဆီသို့ စီးဝင်လာကြလေသည်။

အောက်စည်း ရောက်နေသည့်တိုင် ရန်ကိုင်သည် သူ့ဘက်မှ အရင် စလှုပ်ရှားရဲလိမ့်မည်ဟု သူတို့ မထင်ထားခဲ့ချေ။

ပတ်ပတ်လည် မီတာသုံးဆယ်ဝန်းကျင်ရှိ မိုးမြေစွမ်းအင်များကို မီးငှက် စတင် စုပ်ယူသည့် အခါမှသာ အကုန်လုံး အသိပြန်ဝင်လာခဲ့ကြသည်။ ရှဲ့ချွမ်က မီးငှက်အား တုန်ရီနေသည့် မျက်လုံးအစုံဖြင့် စိုက်ကြည့်ရင်း အလန့်တကြား ထအော်ပြောလေသည် “မှော်ရတနာစိတ်ဝိဥာဉ်။ အဲ့ဒါ မှော်ရတနာ စိတ်ဝိဥာဉ်ပဲ”

သူပြောပြီး မကြာမီ၊ မီးငှက်သည် လက်ဆေးဇလုံး အရွယ်အစား ရှိသော မီးဘောလုံးတစ်လုံးကို သူ့တည့်တည့်သို့ ပစ်ထည့်လိုက်သည်။

မီးငှက်သည် လွန်ခဲ့သော တစ်လခန့်မကတည်းက နိုးနေခြင်း ဖြစ်သည်။ နေမီးလျှံမီးတောက် အချို့ကို စုပ်ယူပြီးသည့်နောက်တွင် မီးငှက်သည် ပို၍ အသိဥာဏ် ရှိလာရုံမက ၎င်း၏ ခွန်အားမှာလည်း သိသိသာသာကို မြင့်တက်လာခဲ့သည်။

အနည်းဆုံး ၎င်း၏ မီးတောက်များ၏ စွမ်းအားမှာ ယခင်ထက် သုံးဆယ်ရာခိုင်နှုန်းကျော် ပိုအားကောင်းလာခဲ့လေသည်။

သူ့ဆီ ရပ်တန့်မရသော အဟုန်ဖြင့် တိုးဝင်လာနေသော မီးဘောလုံးကို ကြည့်ရင်း ရှဲ့ချွမ်မျက်နှာ သွေးဆုတ် ဖြူလျော် သွားခဲ့သည်။ သေခြင်း၏ အငွေ့အသက်ကို ခံစားမိလိုက်သဖြင့် အချိန်ဆွဲရန် ရည်ရွယ်ချက် အကာအကွယ် မှော်ရတနာတစ်ခုကို ထုတ်ကာလိုက်ပြီး ချက်ချင်း လှည့်ပြေးလေသည်။

ဘုန်း…

ပေါက်ကွဲသံ အကျယ်ကြီးနှင့်အတူ မီးဘောလုံး မြေပြင်ပေါ်သို့ ကျလာခဲ့သည်။ အကာအကွယ်သည် တစ်စက္ကန့်လေးပင် မခုခံနိုင်ဘဲ ပျက်စီးသွားခဲ့ရသည်။ ပေါက်ကွဲမှုကြီး ပြီးဆုံးသွားသည့် နောက်တွင် မြေပြင်ထက် တွင်းပေါက်ကြီးတစ်ပေါက် ဖြစ်ပေါ်နေသည်ကို တွေ့မြင်နိုင်သည်။ ပူပြင်းလှသော အပူဓါတ်ကြောင့် မြေကြီးပင် အရည်ပျော်နေခဲ့သည်။

“ကြမ်းလိုက်တာ။ အကုန်လုံး အဲ့ကောင်ကို ဝိုင်းတိုက်ကြ” မှော်ရတနာစိတ်ဝိဥာဉ်ကို သူတစ်ယောက်တည်း မတိုက်နိုင်မှန်း ရှဲ့ချွမ် ချက်ချင်း နားလည်လိုက်သည်။

ထိုစကားကို ကြားလိုက်သည့်အခါ တန်ခိုးရှင်အဆင့် ပညာရှင် အားလုံး သူတို့၏ မှော်ရတနာအသီးသီးကို စိတ်လှုပ်ရှားမှု အပြည့်ဖြင့် ထုတ်လိုက်ကြသည်။ အကုန်လုံးကို ရန်ကိုင်ကို ဆက်၍ အာရုံမစိုက်တော့ချေ။

သူတို့ မျက်လုံးထဲတွင် ရန်ကိုင် အကြောက်အလန့် ကင်းနေရခြင်းမှာ ထိုမီးငှက်ကြောင့် ဖြစ်သည်။ သူတို့သာ ထိုမီးငှက်ကို အညံ့ခံအောင် လုပ်နိုင်မည် ဆိုပါက သူတော်စင်ဘုရင် တတိယအဆင့်လေး ဘာများ တတ်နိုင်ဦးမည်နည်း။

ထို့အပြင် မီးငှက်ကိုသာ အညံ့ခံအောင် လုပ်နိုင်မည်ဆိုလျှင် သူတို့အတွက် အကျိုးအမြတ် ကြီးကြီးမားမား ရမည် ဖြစ်လေရာ ထိုကဲ့သို့သော အဖိုးတန်ရတနာကြီး သူ့တို့ရှေ့ ရောက်နေသည့် အချိန်တွင် ရန်ကိုင်အား မည်ကဲ့သို့ အရေးစိုက်တော့မည်နည်း။

ထိုအခြင်းအရာကို မြင်လိုက်သော် ရန်ကိုင် အေးစက်စက် အမူအရာဖြင့် ရယ်မောလိုက်ပြီး ဘေးပတ်ပတ်လည်သို့ နတ်ဆိုး မီးတောက်ဘောလုံးများ ပစ်လွှတ်လိုက်လေသည်။ နတ်ဆိုး မီးတောက် ဖြတ်သန်းသွားသည့် လမ်းတစ်လျှောက်တွင် ရှိနေသော အရာအားလုံး လောင်ကျွမ်းခံရသည်။ ခြေမြန်သူများမှာမူ ရှောင်လိုက်နိုင်သော်ငြား ဖင်နှေးနေသူများမှာမူကား မီးတောက်၏ ဝါးမြိုခြင်းခံလိုက်ရကာ အရိုးပင်မကျန်သည်အထိ လောင်ကျွမ်း ခံလိုက်ရလေသည်။

ချက်ချင်းဆိုသလို ကောင်းကင်ကံကြမ္မာမြို့တော်၏ အရပ်တစ်နေရာသည် မီးပင်လယ်ကြီး အဖြစ်သို့ ရုတ်တရက် ပြောင်းလဲသွားခဲ့လေသည်။

“ပြေး” ရန်ကိုင်က ချန်ချီနှင့် ဟောင်အန်းက အော်ပြောလိုက်သည်။

ရန်ကိုင်က ပြောလိုက်သည်နှင့် တစ်ပြိုင်နက် ချန်ချီနှင့် ဟောင်အန်းသည် သူတို့၏ ကြယ်လွန်းပျံ အသီးသီးကို ထုတ်၍ ယုဖုန်းတို့ အဖွဲ့ကို ဆွဲခေါ်ကာ ကောင်းကင်ကံကြမ္မာမြို့တော် ဂိတ်ပေါက်ရှိရာဆီသို့ ပြေးကြလေသည်။

“သူတို့ကိုတားကြ” မာရှင်းယွမ်သည် သူမျက်လုံးအောက်မှ ထိုလူများကို မည်ကဲ့သို့အ လွတ်ခံနိုင်မည်နည်း။ ရန်ကိုင်တို့အဖွဲ့ ထွက်ပြေးရန် လုပ်နေသည်ကို မြင်သော် ဓါးရှည်တစ်ချောင်းကို ထုတ်လျက် ချန်ချီနှင့် ဟောင်အန်းတို့ဆီ ဓါးလှိုင်းများစွာကို ပစ်လွှတ်လိုက်လေသည်။

ရန်ကိုင်က အေးစက်စက် ရယ်မောလျက် ခရမ်းရောင်ဒိုင်းကို ထုတ်ကာ ထိုဓါးလှိုင်းများကို ကာကွယ်လိုက်သည်။ တစ်ချိန်တည်းတွင် ချန်ချီအား တစ်ခုခု လှမ်းပြောလိုက်သည်။

ချန်ချီ ခဏလောက် ကြောင်သွားခဲ့ပြီးနောက် ချက်ချင်းပဲ အရှိန်ကုန်တင်ကာ ဟောင်အန်း၊ ယုဖုန်းတို့နှင့်အတူ အားလုံးရှေ့မှ ပျောက်ကွယ်သွားခဲ့လေသည်။

မြေပြင်ပေါ်တွင် တစ်ကိုယ်တည်း ကျန်ရစ်ခဲ့သူကာ ရန်ကိုင် မရောက်လာခင် ဆောင့်ကြွားဆောင့်ကြွား လုပ်နေသော လူငယ်လေးပင်။ ယခုမူ ဓါတ်လိုက်နေသည့်နှယ် မြေပြင်ပေါ်တွင် အော်ဟစ်ညည်းတွားရင်း မြေပြင်ပေါ်တွင် အဆက်မပြတ် လူးလှိမ့် တွန့်လိမ်နေခဲ့သည်။

ရန်ကိုင်သည် နတ်ဆိုးမီးတောက်ဘေားလုံး တစ်လုံးကို ထိုလူငယ်လေးဆီ ပစ်ပေးလိုက်ရာ ထိုလူငယ်လေးလည်း ဤလောကကြီးမှ အပြီးတိုင် ပျောက်ကွယ်သွားခဲ့ရလေသည်။ ရှဲ့မိသားစုမှ လူများကို သူညှာတာနေမည် မဟုတ်ချေ။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၃၃၀)

“ငါတို့ ရှဲ့မိသားစုက တပည့်တစ်ယောက်ကို မင်း ဘယ်လိုတောင် သတ်ရဲတာလဲ” လူငယ်လေးအား ရန်ကိုင် သတ်လိုက်သည်ကို မြင်သော် ရှဲ့ချွမ် ဒေါသထွက်သွားခဲ့သည်။

“သတ်တော့ရော ဘာဖြစ်လဲ။ ခင်ဗျား ဘာလုပ်နိုင်မှာ မို့လို့လဲ” ရန်ကိုင်၏ အမူအရာ ခက်ထန်သွားခဲ့သည်။ နတ်ဆိုးမီးတောက်များ သူ့တစ်ကိုယ်လုံး လောင်ကျွမ်းနေလေရာ သတ်ဖြတ်ခြင်းနတ်ဘုရား ငရဲကြီးရှစ်ထပ်မှ တက်လာသလားဟုပင် ထင်မှတ်ရသည်။

ပြောနေရင်း ပန်ပဲမီးဖိုထဲ သူတော်စင်ချီတစ်မျှင် ထည့်သွင်းလိုက်ရာ ပန်းပဲမီးဖို စတင် လည်ပတ်လာလေသည်။ စတင် လည်ပတ်လာသည်နှင့် မီးတောက်မီးလျှံများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာပြီး မီးငှက်များအဖြစ် အသွင်ပြောင်းကုန်ကြသည်။

ထိုမီးငှက်များသည် မှော်ရတနာစိတ်ဝိဥာဉ်၏ အသေးစား ပုံစံများ ဖြစ်ကြသည်။ ထိုအရာသည် ပန်းပဲမီးဖိုတွင်း သိုလှောင် ထားသည့် မီးဓါတ်စွမ်းအင်များ ဖြစ်ကြသည်။ အဆုတ်မီးတောက် ကန်ထဲတွင် နှစ်ပေါင်းများစွာကြာအောင် နေလာခဲ့ပြီးသည့်နောက် ပန်းပဲမီးဖိုသည် သာမန် မီးဖိုတစ်လုံး မဟုတ်တော့ချေ။ ပုံမှန် ရန်သူများနှင့် ရင်ဆိုင်ရလျှင် မီးငှက်ကိုသာ တိုက်ခိုက်ခိုင်းလေ့ ရှိသော်လည်း တန်ခိုးရှင်အဆင့် များစွာနှင့် ရင်ဆိုင်နေရသည့် အခါ ဂရုမစိုက်ဘဲ မနေရဲချေ။

မီးငှက်မှ ၎င်း၏ တောင်ပံများကို ဖြန့်ကျက်လိုက်သည်နှင့် တစ်ပြိုင်နက် မရေမတွက်နိုင်သော မီးဘောလုံးလေးများ ဖြစ်ပေါ်လာပြီး ရန်သူများဆီသို့ ကျိုးကောင်အုပ်နှယ် တစ်ဟုန်ထိုး တိုးဝင်သွားကြလေသည်။

မီးငှက်၏ ထိုတိုက်ခိုက်မှုနှင့် ရင်ဆိုင်ရသည့်အခါ တန်ခိုးရှင် အဆင့် ပညာရှင်များ ထိတ်လန့်ကြောက်ရွံ့သွားကြရကာ အရူးမီးဝိုင်း ဖြစ်ကုန်ကြရလေသည်။

ယခင်ကတည်းက မီးရှို့ပြာချထားခြင်း ခံရသော ကောင်းကင်ကံကြမ္မာမြို့သည် ထိုတိုက်ခိုက်မှုကြောင့် ပို၍ စုတ်ပြတ်သတ်သွားခဲ့ရလေသည်။ မီတာတစ်ထောင် ပတ်လည် အတွင်းတွင် ရှိနေသော ဆိုင်ခန်းများ၊ အိမ်များအားလုံး ပြာအတိ ကျကုန်ပြီး မီးကျွမ်းနေသော ဖုန်းဆိုးမြေကြီးသာ ကျန်ရစ်ခဲ့သည်။ ဖင်နှေးနေသည့် ဆယ်ယောက်မကသော လူတို့မှာမူ နေရာတွင်ပင် ပွဲချင်းပြီး သေသွားခဲ့ကြသည်။

ရှီစွမ်းအင်များစွာတို့ အထက် ကောင်းကင်ယံမှ ကျဆင်းလာခဲ့သည်။ ရှဲ့ချွမ်က ဒေါသတကြီး ထအော်သည် “ဟိုခွေးအိုကြီးနှစ်ကောင် မရှိမှတော့ မင်းဘယ်လို ထွက်ပြေးဦးမလဲ ငါမြင်ချင်သေးတယ်”

ရှီစွမ်းအင်များစွာတို့သည် တစ်ခုနှင့်တစ်ခု ဆင့်ထပ်ကာ ရန်ကိုင်အပေါ် ကျဆင်းလာကြသည်။ အလွှာလိုက် အလွှာလိုက် ဆင့်ထပ်နေသော ရှီစွမ်းအင်ကြောင့် သူ့တစ်ကိုယ်လုံး လှုပ်မရ တော့သလို ရန်ကိုင် ခံစားလိုက်ရသည်။ ထို့ကြောင့် ရွှေရောင်ပိုးမျှင်ကို သုံး၍ ထိုရှီစွမ်းအင်များကို ဖြတ်တောက်ပစ်ရ၏။ ထိုအခါမှသာ သူ့အပေါ် သက်ရောက်နေသော ဖိအား သိသိသာသာ လျော့ပါသွားခဲ့ပြီး ရန်ကိုင်လည်း လှုပ်ရှားနိုင်တော့သည်။ ရှီစွမ်းအင်၏ ဖိအားမှ လွတ်မြောက်လာသည်နှင့် ရန်ကိုင်၏ ပုံရိပ် တန်ခိုးရှင်အဆင့် အားလုံး၏ မြင်ကွင်းမှ ဝေဝါး ပျောက်ကွယ်သွားခဲ့သည်။

ရန်ကိုင် လေဟာနယ်စွမ်းအင်ကို အသုံးပြုနေခြင်း ဖြစ်သည်။ လေဟာနယ်ကို တိုက်ရိုက် မစုတ်ဖြဲလိုက်သော်လည်း လေဟာနယ် စွမ်းအင်ကို သုံး၍ ထိုဖိအားအထပ်ထပ် သက်ရောက်နေသည့် နေရာမှ ရုန်းထွက်ဖို့ရာ မခက်ခဲချေ။

ထို့နောက် ရှဲ့ချွမ် နောက်တွင် ရန်ကိုင် ပြန်ပေါ်လာခဲ့သည်။

“အစ်ကိုရှဲ့ သတိထား” ရန်ကိုင် ပေါ်လာပြီးပြီးချင်မှာပဲ မုတ်ဆိတ်ရှည်ကြီးက သူ့ကို သတိထားမိလိုက်သည်။

ရှဲ့ချွမ်လည်း ထိုအချက်ကို နားလည်လိုက်ပြီး အလန့်တကြား အဖြူရောင်မြူခိုးတစ်လွှာကို ထုတ်ဖော်လျက် ထိုမြူခိုးထဲတွင် ဝင်ပုန်းလေသည်။ သို့သော်လည်း ရန်ကိုင်က အထင်တသေး နှာခေါင်းရှုံ့၍ ရွှေရောင်ပိုးမျှင် တစ်မျှင်ကို ထုတ်၍သာ ထိုမြူခိုးကို ရစ်ပတ်လိုက်သည်။

ပေါက်ကွဲသံတိုးတိုး တစ်သံနှင့်အတူ မြူခိုးအတွင်းမှ ရှဲ့ချွမ်၏ စူးစူးဝါးဝါး အော်ဟစ်သံ ထွက်ပေါ်လာခဲ့သည်။ အဖြူရောင်မြူခိုးများ အထဲသို့ ကျုံ့ဝင်သွားခဲ့ပြီး ပြန်လည် ပေါက်ကွဲထွက်ကုန်ကာ ရှဲ့ချွမ်၏ ပုံရိပ် ဖြည်းဖြည်းချင်း ပြန်ပေါ်လာခဲ့သည်။

ရှဲ့ချွမ်ပုံစံကို မြင်လိုက်ပြီးနောက် လူအုပ်ကြီး သက်ပြင်း ရှိုက်လိုက်မိကြသည်။

ရှဲ့ချွမ်သည် မူလ နေရာတွင် သွေးဆုတ်ဖြူလျော်နေသော မျက်နှာဖြင့် ရပ်နေလျက် သူ့ရင်ဘတ်အား ဖောက်ထွက်နေသော ရွှေရောင်ပိုးမျှင်လေးကို ထိတ်လန့်တုန်လှုပ်မှု အထင်းသား အမူအရာဖြင့် စိုက်ကြည့်နေခဲ့သည်။

ရွှေရောင်ပိုးမျှင်၏ တစ်ဖက်သည် ရန်ကိုင်၏ လက်ချောင်းနှင့် ဆက်နေခဲ့သည်။

ရန်ကိုင်၏ အလွယ်တကူ ဖမ်းဆီးခြင်း ခံလိုက်ရလေပြီ။ သူသာ ထိုကဲ့သို့ ဖြစ်လိမ့်မည်ဟု မမျှော်လင့်ထားခြင်း မဟုတ်၊ အခြား သူများလည်း ရှဲ့ချွမ် ထိုမျှ အလွယ်တကူ ဖမ်းခံလိုက်ရမည်ဟု မထင်ထားခဲ့ချေ။ ရွှေရောင်ပိုးမျှင်နှင့် ပက်သက်၍ သူသိသည်ကား ထိုရွှေရောင်ပိုးမျှင်သည် ဆန်းပြားသော အစွမ်းသတ္တိများကို ပိုင်ဆိုင်ထားပြီး အလွန်ကိုမှ ထက်ရှလှသည်။ သူ့ခန္ဓာကိုယ်ကို ကာကွယ်ထားသော သူတော်စင်ချီပင် ထိုအရာကို လုံးဝ မတားဆီးနိုင်ခဲ့ချေ။ မဟုတ်လျှင် ယခုကဲ့သို့ အလွယ်တကူ ဖမ်းခံရလိမ့်မည် မဟုတ်ချေ။

စူးရှရှအော်ဟစ်သံတစ်သံ အပေါ်မှ ထပ်မံ ထွက်ပေါ်လာပြီး ဧရာမမီးငှက်ကြီး ရန်ကိုင်ခေါင်းပေါ်သို့ ဝဲပျံလာခဲ့သည်။ မီးငှက်သည် လူအုပ်ကြီးကို ဝေ့ကြည့်လိုက်ရာ ၎င်းနှင့် အကြည့်ချင်း ဆုံးသွားသည့် တန်ခိုးရှင်အဆင့် ကျင့်ကြံသူတိုင်း ကြောက်ရွံ့မှုကြောင့် တုန်ရီသွားခဲ့ရသည်။

မီးငှက်နှင့် ခဏလောက်သာ တိုက်ခိုက်ရသော်လည်း မီးငှက် မည်မျှ အားကောင်းမှန်း သူတို့ သိသွားခဲ့ရသည်။ မီးငှက်နှင့် တစ်ယောက်ချင်း ယှဉ်တိုက်ရမည် ဆိုပါက အကုန်လုံး မသာ ပေါ်ကုန်ကြပေလိမ့်မည်။ အဖွဲ့လိုက် ပေါင်းတိုက်သည့်တိုင် မီးငှက်အား မဖိနှိပ်နိုင်ခဲ့ချေ။ မီးငှက်၏ ခွန်အားသည် တန်ခိုးရှင် တတိယအဆင့်ကို မရောက်သေးသော်ငြား ထိုအဆင့်နားသို့ ကပ်နေလေပြီ။

“ဖယ်၊ မဟုတ်ရင် ခင်ဗျား အသေပဲ” ရန်ကိုင်၏ အသံသည် ငရဲကြီးရှစ်ထပ်မှ သေမင်းခေါ်သံနှယ် ရှဲ့ချွမ်၏ နားထဲ ပဲ့တင်သံ ထပ်သွားခဲ့ရာ ရှဲ့ချွမ် တစ်ကိုယ်လုံး တုန်ရီသွားရလေသည်။

ထိုအခြင်းအရာကို မြင်သော် ရှဲ့ချွမ်လည်း နာနာခံခံဖြင့် ဘေးဖယ်ပေးလိုက်ပြီး ဘေးတွင် ရပ်နေလိုက်သည်။ ရှဲ့ချွမ် နာခံနေသည်ကို မြင်သော် ရန်ကိုင် ကျေနပ်မိသွားသည်။ ထို့နောက် တန်ခိုးရှင်အဆင့် ကျင့်ကြံသူများဘက်သို့ လှည့်၍ ပြောလိုက်သည် “ကျုပ်ဒီကို ကိစ္စနှစ်ခုကြောင့် လာတာကို ကျုပ်ပြောခဲ့တယ်နော်။ အခု ပထမတစ်ခုကတော့ ပြီးသွားပြီ။ နောက်တစ်ခုပဲ ကျန်တော့တယ်”

“မင်းဘာလိုချင်တာလဲ” ရှဲ့ချွမ်က ခါးသက်သက် အမူအရာဖြင့် ပြန်မေးလိုက်သည်။

“ကျုပ်တို့ နဂါးလိုဏ်ဂူတောင်က ယူထားတဲ့ သူတော်စင် သလင်းကျောက်တွေ အကုန်ပြန်ပေး” ရန်ကိုင်က အေးစက်စက် လေသံဖြင့် ပြောလိုက်သည်။

“မင်းသူတော်စင်သလင်းကျောက်တွေက ငါ့သိုလှောင် လက်စွပ်ထဲမှာ။ လိုချင်ရင် ကိုယ့်ဘာသာလာယူ” ရှဲ့ချွမ်က အံကြိတ်၍ ပြန်ပြောလိုက်သည်။ လည်တိုင်းနား ဓါးထောက် ခံထားရသဖြင့် ရှဲ့ချွမ်အဖို့ နာခံရုံမှတစ်ပါး အခြားမရှိခဲ့ချေ။

ရန်ကိုင် ရှဲ့ချွမ်၏ လက်ချောင်းကို လှမ်းကြည့်လိုက်၏။ ချက်ချင်းဆိုသလို သူ့ဆီမှ နောက်ထပ် ရွှေရောင်ပိုးမျှင်တစ်ချောင်း ထပ်မံ ထွက်ပေါ်လာပြီး သိုလှောင်လက်စွပ် ဝတ်ထားသော ရှဲ့ချွမ်၏ လက်ချောင်းကို ရစ်ပတ်သွားခဲ့သည်။ ထို့နောက် သိုလှောင်လက်စွပ်နှင့် ရှဲ့ချွမ်၏ လက်ချောင်း မြေကြီးပေါ်သို့ ပြုတ်ကျသွားလေသည်။

သွေးစိမ်းရှင်ရှင်တို့ ပန်းထွက်လာခဲ့သော်လည်း ရှဲ့ချွမ်သည် အသံတစ်ချက်ပင် မထွက်ဘဲ နာကျင်မှုကို အံတင်းတင်း ကြိတ်၍သာ တောင့်ခံထားခဲ့သည်။

ရန်ကိုင်သည် သိုလှောင်လက်စွပ်ကို ကောင်းကင်စိတ်အာရုံ ဖြင့် စစ်ဆေးကြည့်လိုက်ပြီးနောက် လှောင်ပြုံးပြုံးလျက် “ခင်ဗျားဟာက အကုန် မဟုတ်သေးပါလား”

သိုလှောင်လက်စွပ်ထဲတွင် သူတို့ဆီမှ ယူထားသည့် သူတော်စင် သလင်းကျောက် တစ်ဝက်သာ ရှိသည်။ နဂါးလိုဏ်ဂူတောင်သည် ယခုတစ်ကြိမ်တွင် အရိပ်လခန်းမဆီမှ သူတော်စင်လင်းကျောက် သန်းနှစ်ဆယ်ဖိုး ပစ္စည်း ဝယ်ခဲ့ခြင်း ဖြစ်သော်လည်း ရှဲ့ချွမ်၏ သိုလှောင်လက်စွပ်ထဲတွင် သူတော်စင် သလင်းကျောက် ဆယ်သန်းသာ ရှိနေခဲ့သည်။

ရှဲ့ချွမ်သည် စကားတစ်ခွန်းမှ ပြန်မပြောဘဲ မာရှင်းယွမ် ဆိုသော မုတ်ဆိတ်ရှည်ကြီးကိုသာ လှမ်းကြည့်လိုက်သည်။ ကျန်သူတာ်စင် သလင်းကျောက် တစ်ဝက် မည်သည့် နေရာသို့ ရောက်နေမှန်း ရန်ကိုင် ချက်ချင်း နားလည်လိုက်သည်။ တစ်ဝက်ကို ရှဲ့ချွမ်မှ ယူထားပြီး အခြားတစ်ဝက်ကို မာချင်းယွမ်မှ ယူထားခြင်း ဖြစ်သည်။

သို့သော်လည်း မာချင်းယွမ်သည် သူတော်စင်သလင်းကျောက် များကို ပြန်ပေးချင်သည့်ပုံမပေါ်။ သူတော်စင်သလင်းကျောက် ဆယ်သန်း ဆိုသော ပမာဏသည် သူ့အတွက်ပင် မနည်းချေ။ ထိုသူတော်စင် သလင်းကျောက် ဆယ်သန်းကြောင့် မဟုတ်ပါက သူတို့ အရိပ်လခန်းမသည် ရန်ကိုင်အား တိုက်ခိုက်ရန်အတွက် ရှဲ့မိသားစုအား ဘာကြောင့် ကူညီပေးခဲ့မည်နည်း။ အထူးသဖြင့် ဂိုဏ်းတွင်း ပဋိပက္ခအခြေအနေ တင်းမာလာနေချိန် အနည်းငယ်သော လူအချို့သာ ပြင်ပကိစ္စများကို အာရုံစိုက်ချိန် ရှိပေသည်။

မာချင်းယွမ် တုန့်ဆိုင်းနေသည်ကို မြင်သော် ရန်ကိုင်၏ အမူအရာ ခက်ထန်သွားပြီး ဒုတိယ ရွှေရောင်ပိုးမျှင်ကို ထုတ်ကာ ရှဲ့ချွမ်၏ လက်မောင်းတစ်ဖက်ကို ဖြတ်ပစ်လိုက်ရသည်။

သွေးစိမ်းရှင်ရှင်တို့ ပန်းထွက်လာပြီး ရှဲ့ချွမ်၏ လက်မောင်း တစ်ဖက် မြေကြီးပေါ်သို့ ပြုတ်ကျလာခဲ့သည်။ အကုန်လုံး၏ မျက်နှာ သွေးမရှိတော့သည့်နှယ် ဖြူလျော်သွားကြပြီး ရန်ကိုင်အား မယုံကြည်နိုင်စွာ စိုင်ကြည့်လာကြသည်။ ရန်ကိုင် ထိုမျှ ရက်စက်လိမ့်မည်ဟု သူတို့ မထင်ထားခဲ့ချေ။

သို့တိုင် ရှဲ့ချွမ်သည် အသံမထွက်သေး။ လက်ညိုးတစ်ချောင်း ဖြတ်ခံလိုက်ရသည့် အချိန်က အသံမထွက်သလို လက်မောင်း တစ်ဖက်လုံး ဖြတ်ခံလိုက်ရသည့် အချိန်တွင်လည်း အသံ မထွက်ချေ။ မာရှင်းယွမ်ကိုသာ ဒေါသတကြီး စိုက်ကြည့်နေသည်။ ထို့နောက် ခက်ထန်သော အမူအရာဖြင့် မာရှင်းယွင်ကို ကြည့်၍ ပြောလိုက်သည် “အစ်ကိုမာက ဒီကောင် ကျုပ်တစ်ကိုယ်လုံးကို တစ်စစီဖြစ်အောင် လုပ်မှာကို မြင်ချင်နေတာလား”

ရှဲ့ချွမ် ကိုယ်တိုင်က ပြောလာပြီ ဖြစ်သဖြင့် ထိုသူတော်စင် သလင်းကျောက်များကို ဆက်ယူထားလို့ ရတော့မည် မဟုတ်မှန်း မာရှင်းယွမ် သိလိုက်သည်။ ရှဲ့မိသားစုတွင် အရိပ်လခန်းမထဲ သူ့အထက် ပိုအဆင့်အတန်းမြင့်သည့် ရှဲ့လီ ရှိနေခဲ့သည်။ သူသာ ရှဲ့ချွမ်အား ဤနေရာတွင် သေအောင်လုပ်လိုက်မိမည်ဆိုပါက ရှဲ့လီ သူ့အား ကျိန်းသေ အလွတ်ပေးလိမ့်မည် မဟုတ်ချေ။

ထို့ကြောင့် အံတင်းတင်းကြိတ်၍ သိုလှောင်လက်စွပ်ကို ချွတ်ကာ သူ့အပိုင် ပစ္စည်းများကို ထုတ်ထားလိုက်ပြီးနောက် ရန်ကိုင်ဆီသို့ လှမ်းပစ်ပေးလိုက်သည် “ရော့ဒီမှာ မင်းရဲ့ လက်ကျန် သူတော်စင်သလင်းကျောက်တွေ၊ အခု သူ့ကို လွှတ်ပေးလိုက်တော့။ မဟုတ်ရင် ငါတို့လည်း သူသေကိုယ်သေ တိုက်ရလိမ့်မယ်”

သူတို့၏ မူလအစီအစဉ်မှာ လုံးဝကို ပြီးပြည့်စုံလှသည်။ မီးငှက်ကိုပင် အညံ့ခံအောင် လုပ်ရန် စဉ်းစားထားသေးသည်။ သို့သော်လည်း ယခုမူ မီးငှက်အား အညံ့ခံအောင် မလုပ်နိုင်ရုံ မက သူရထားသည့် သူတော်စင်သလင်းကျောက်များကိုပင် ပြန်ပေးလိုက်ရလေပြီ။ ထိုကောင်လေး ရှဲ့ချွမ်အား လွယ်လွယ်ကူကူ မည်ကဲ့သို့ ဖမ်းလိုက်မှန်းကို သူတကယ် နားမလည်နိုင်အောင် ဖြစ်နေခဲ့သည်။

ဆုံးရှုံးလိုက်ရသော သူတော်စင်သလင်းကျောက် ဆယ်သန်းကို နှမြောတသ ဖြစ်မိသဖြင့် ရှဲ့ချွမ်၏ သတိပေါ့လျော့မှုကိုသာ စိတ်ထဲ ကြိတ်အပြစ်တင်နေတော့လေသည်။

ရှဲ့ချွမ်ကိုပင် ထိုမျှ အလွယ်တကူ အနိုင်ယူနိုင်လျှင် သူ့ကိုလည်း လွယ်လွယ်ကူကူနှင့် အနိုင်ယူနိုင်လိမ့်မည်ဟု ဆိုလိုက်ခြင်းပင် မဟုတ်လေလော။ တကယ်တော့ သူလည်း ရှဲ့ချွမ်ထက် အများကြီး ပိုအားကောင်းသည်မဟုတ်။

ဒီကောင် သူတော်စင်ဘုရင် တတိယအဆင့်ကော ဟုတ်ရဲ့လား မာရှင်းယွမ် မသင်္ကာ ဖြစ်သွားသည်။ မသင်္ကာ ဖြစ်ချင်လည်း ဖြစ်ချင်စရာပင်။ မည်သည့် သူတော်စင်ဘုရင် တတိယအဆင့်ကများ တန်ခိုးရှင်ပထမအဆင့် တစ်ယောက်ကို ထမင်းစားရေသောက်သည့်နှယ် ဖမ်းပြသွားနိုင်မည်နည်း။

မာရှင်းယွမ် ပစ်ပေးလိုက်သော သိုလှောင်လက်စွပ်ကို စစ်ဆေးကြည့်ပြီးနောက် ခေါင်းတညိတ်ညိတ် လုပ်လိုက်သည်။ သို့သော်လည်း မာရှင်းယွမ်ပြောသော စကားကို လျစ်လျူရှုလျက် “အခု သူတော်စင်သလင်းကျောက်တွေ ပြန်ရသွားပြီ ဆိုတော့ ကျုပ်တို့ အကြွေးတွေကို ရှင်းကြတာပေါ့”

“ဘာတေါ ရှင်းစရာကျန်သေးလို့လဲ” မာရှင်းယွမ်၏ အမူအရာ သုန်မှုန်သွားခဲ့သည်။

“ဘာတွေ လာမသိချင်ယောင် ဆောင်နေတာလဲ” ရန်ကိုင်က လှောင်ပြုံးပြုံးလျက် “ကျုပ်တို့ နဂါးလိုဏ်ဂူတောင်က တပည့်တွေကို အလကားသက်သက် ဖမ်းပြီး ကြာပွတ်နဲ့ရိုက်နှက် နှိပ်စက်ကို ကျုပ်ဒီအတိုင်း ထားပေးလိုက်မယ် ထင်နေတာလား”

“ရိုက်နှက်နှိပ်စက်တယ်” မာရှင်းယွမ်က ဒေါသတကြီး ပြန်အော်လေသည် “အဲ့လိုကြေးဆို မင်းဖျက်စီးလိုက်တဲ့ ငါတို့ ဆိုင်တွေရော ဘယ်မလဲ။ မင်းသတ်လိုက်တဲ့ တပည့်တွေရော။ ငါလည်း မင်းလိုပဲ ဖြေရှင်းရမှာလား”

“အဲ့ဒါ ခင်ဗျားထိုက်နဲ့ ခင်ဗျားကံပဲ။ ကျုပ်တို့က ခင်ဗျားတို့ အရိပ်လခန်းမနဲ့ ရိုးရိုးသားသား ကုန်သွယ်နေတာ နှစ်နှစ်ရှိနေပြီ။ ကျုပ်တို့ ပေးရမယ့်ငွေကို ဘယ်တော့မှ နောက်ကျပြီး မပေဖူးဘူး။ တစ်ခါမှလည်း ကလိမ်ကကျစ် မကျဖူးဘူး။ ခင်ဗျားတို့ကသာ ကလိမ်ကကျစ် အရင်စကျတာလေ။ မကျေနပ်ရင် အကုန်လုံးကို လိုက်မေးကြည့်လိုက်။ ခင်ဗျားတို့ မှန်ပါတယ်လို့ ဘယ်သူ ပြောမလဲ ကျုပ်မြင်ချင်သေးတယ်”

“အဲ့ဒါဆို မင်းဘာလိုချင်လဲ” မာရှင်းယွမ်က အံကြိတ်၍ မေးလိုက်သည်။

“နစ်နာကြေးပေး” ရန်ကိုင်က လိုရင်းကို တန်းပြောလိုက်၏ “မဟုတ်ရင်တော့ အကျိုးဆက်ကို ရင်ဆိုင်ဖို့ ပြင်ထားပေတော့”

“မင်းငါ့ကို လာခြိမ်းခြောက်နေတာလား ကောင်လေး” မာရှင်းယွမ် ဒေါသတကြီး ထအော်လေသည်။

“ဟုတ်တယ်။ ကျုပ်ခင်ဗျားကို ခြိမ်းခြောက်နေတာ” ရန်ကိုင်က မျက်လုံးမှေးစဉ်းလျက် “ကျုပ်သုံးအထိ ရေမယ်။ သုံးရောက်တဲ့အထိ ကျုပ်တောင်းဆိုတာကို မပေးဘူး ဆိုရင်တော့ ဟင်းဟင်း… တစ်…”

ရန်ကိုင် အလျော့မပေးသည်ကို မြင်သော် တန်ခိုးရှင်အဆင့် ကျင့်ကြံသူအားလုံး၏ အမူအရာ အေးစက်သွားခဲ့သည်။ သူတို့ ရင်ထဲ အတော့်ကိုမှ ကြိတ်မနိုင်ခဲမရ ဖြစ်နေသည့်တိုင် ရန်ကိုင်ကို ဘာမှမလုပ်နိုင်ကြချေ။ အစကမူ လက်ရှိ လူအင်အားဖြင့် နဂါးလိုဏ်ဂူတောင်ကို အလွယ်တကူ ဖိနှိပ်နိုင်လိမ့်မည်ဟု ထင်မှတ်ခဲ့ကြသော်လည်း တကယ်တမ်း ဖိနှိပ်ခံရသည့်သူမှာ သူတို့သာ ဖြစ်နေခဲ့သည်။

“နှစ်…”

ရန်ကိုင် ရေတွက်သည်မှာ နှစ်သို့ ရောက်သော် ရှဲ့ချွမ် မတည်ငြိမ်နိုင်တော့ဘဲ အဆောတလျင် လှမ်းအော်လေသည် “အစ်ကိုမာ…”

မာရှင်းယွမ်က အနည်းငယ် အပြစ်မကင်း အမူအရာဖြင့် ရှဲ့ချွမ်ကို ပြန်စိုက်ကြည့်လျက် “အစ်ကိုရှဲ့၊ နဂါးလိုဏ်ဂူတောင်က တပည့်တွေကို ဖမ်းပြီး သူတို့ကို ဒဏ်ရာရအောင် လုပ်လိုက်တဲ့ လူက ခင်ဗျားတို့ ရှဲ့မိသားစုက တပည့်လေ။ ကျုပ်တို့ အရိပ်လခန်းမက မဟုတ်ဘူးလေ”

ရှဲ့ချွမ် မှင်သက်သွားခဲ့သည်။ ချက်ချင်း သူ့ရင်ထဲ အလွန်ကိုမှ အစာမကြေ ဖြစ်သွားခဲ့ရသည်။ နဂါးလိုဏ်ဂူတောင်အား အကွက်ချ ကြံစည်မည့် အစီအစဉ်ကို ဦးစီးဦးဆောင် ပြုသူမှာ ရှဲ့မိသားစု ဖြစ်သော်လည်း အပြစ်အားလုံးကို သူတို့ ရှဲ့မိသားစုအပေါ်သာ ပုံချနေသည့် မာရှင်းယွမ်၏ ပြောပုံမှာ နားရင်းပိတ်ရိုက်ချင်စရာ ကောင်းလှပေသည်။ တကယ်တော့ သူတို့ အားလုံးသည် အကြီးအကဲ ချင်းတုန်၏ ရေချိန်ကို စမ်းသပ်ရန်အတွက် အမိန့် ရသဖြင့် အတူတူ လုပ်ဆောင်နေကြခြင်း ဖြစ်သည်။ ထို့ကြောင့် မာရှင်းယွမ် အနေဖြင့် ယခုကိစ္စတွင် လက်မရှောင်သင့်ချေ။

“သုံး” နောက်ဆုံး နံပါတ်သို့ရောက်သော် ရန်ကိုင် သွားပေါ်အောင် ပြုံးလိုက်ပြီး “ကြည့်ရတာ ခင်ဗျားတို့က မပေးချင်ဘူးပဲ။ အဲ့လိုဆိုမှတော့ ကျုပ်အကြွေးကို ကျုပ်ဘာသာ ပြန်ယူရတာပေါ့”

ပြောပြီးသည်နှင့် သူ့လက်ထဲရှိ ရွှေရောင်ပိုးမျှင် အနည်းငယ် လှုပ်ခါသွားခဲ့သည်။ ရွှေရောင်အလင်းတန်းများကြာဝယ် ရှဲ့ချွမ် တစ်ကိုယ်လုံး အသားတုံးများအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

သွေးနံ့တို့ ပျံ့လွင့်လာချိန်၊ တန်ခိုးရှင်အဆင့် ကျင့်ကြံသူ အားလုံး ထိုမြင်ကွင်းကို မျက်လုံး အပြူးသားဖြင့် စိုက်ကြည့် နေကြလေသည်။

All Chapters