အခန်း (၁၃၃၁-၁၃၃၅)
Vol. 54 Ch. 1331-1335
အပိုင်း (၁၃၃၁)
ရှဲ့ချွမ်ကို ရန်ကိုင် တကယ်ကြီး သတ်လိုက်လိမ့်မည်ဟု မည်သူမှ မထင်ထားခဲ့ချေ။
တန်ခိုးရှင်အဆင့် ပညာရှင်များ အလွယ်တကူ မလှုပ်ရှားရဲခြင်းမှာ၊ တစ်ချက်၊ မီးငှက်ကြောင့် ဖြစ်ပြီး နောက်တစ်ချက်မှာ ရန်ကိုင်သည် ရှဲ့ချွမ်ကို ဓါးစားခံ လုပ်ထားသောကြောင့် ဖြစ်သည်။ ရန်ကိုင် ရှဲ့ချွမ်အား သတ်လိုက်မည် စိုးသည့်အတွက်ကြောင့် သတိထားလျက် လှုပ်ရှားနေကြခြင်း ဖြစ်သည်။ ရှဲ့ချွမ်သာ ဤနေရာတွင် သေသွားခဲ့လျှင် ရှဲ့လီနှင့် ပြဿနာ တက်နိုင်သည်။
သို့သော်လည်း ယခုမူ ထိုကိစ္စကို တွေးပူနေစရာ မလိုတော့ချေ။ သူတို့၏ အပူလုံးကြီးကို ရန်ကိုင် ဖယ်ရှားလိုက်လေပြီ။ လက်ရှိ အဖြစ်အပျက်သည် သူတို့အားလုံး မမျှော်လင့်ထားသည့် အဖြစ်အပျက် ဖြစ်သလို အလွန်ကိုမှ ဒေါသထွက်စရာကောင်းသည့် အဖြစ်အပျက်လည်း ဖြစ်သည်။ ယခုမှပဲ ထိုကောင်လေး မည်မျှ ရူးမိုက်ရဲသည်ကို အထင် သေးလိုက်မိပြီမှန်း သူတို့ နားလည်သွားခဲ့သည်။
သူတို့ သူ့ကို ကြောက်နေသည့် အတွက်ကြောင့် မတိုက်ရဲခြင်း ဖြစ်သည်ဟု ထိုကောင် တကယ် ထင်နေလေသလော။ ရှဲ့ချွမ်နှင့် ရှဲ့မိသားစုဝင်များ သေဆုံးသွားသည့် အတွက်ကြောင့် သူတို့အား အပြစ်တင်လာမည့် ရှဲ့လီအကြောင်း စဉ်းစားလိုက်ရုံဖြင့် လူအုပ်ကြီး ဒေါထွက်လာခဲ့သည်။ မာရှင်းယွမ်သည် ရန်ကိုင်အား လက်ညိုးငေါက်ငေါက် ထိုးနေသော်လည်း ဒေါသ ထွက်လွန်းသဖြင့် တစ်ခွန်းပင် မပြောနိုင် ဖြစ်နေခဲ့သည်။ အချိန်အတော် ကြာပြီးမှသာ အံကြိတ်၍ ပြောလာခဲ့သည် “မင်းသေပြီ။ မင်းတကယ်သေပြီ”
“အစ်ကိုမာ၊ အဲ့ကောင်နဲ့ အချိန်မဖြုန်းနေနဲ့တော့။ ဒီကောင်ကို ဖမ်းပြီးတော့ပဲ မန်နေဂျာရှဲ့ဆီ ခေါ်သွားလိုက်ကြရအောင်” တစ်ယောက်ယောက် အေးစက်စက် လေသံဖြင့် ဝင်ပြောသည်။
“ကျုပ်ကို ဖမ်းနိုင်မယ် ထင်နေတာလား” ရန်ကိုင်က လှောင်ရယ်ရယ်လိုက်သည်။ ချန်ရှီတို့သာ ရှိနေသးလျှင် အနည်းငယ် ပြဿနာ တက်ကောင်းတက်မည် ဖြစ်သော်လည်း ယခု သူတစ်ယောက်တည်း ရှိနေခြင်း ဖြစ်သည်။ လေဟာနယ် စွမ်းအားကို ကျင့်ကြံထားသဖြင့် သူသာ ထွက်ပြေးချင်သည် ဆိုပါက တန်ခိုးရှင် တတိယအဆင့် တစ်ယောက်ပင် သူ့အား တားနိုင်လိမ့်မည် မဟုတ်ချေ။
လက်ရှိ အခြေအနေသည် အလောင်းလိုဏ်ဂူထဲမှ အခြေအနေနှင့် တစ်ခြားစီပင်။ အလောင်လိုဏ်ဂူထဲတွင်က နှစ်တစ်သောင်းအလောင်းကောင်ကို ရင်ဆိုင်ရင်း ယန်ယန်ကိုပါ အတူခေါ်၍ ထွက်ပြေးခဲ့ရသည်။
ဤနေရာတွင်မူ တန်ခိုးရှင် တတိယအဆင့် မပြောနှင့်၊ တန်ခိုးရှင် ဒုတိယအဆင့်ပင် မရှိချေ။ အကုန်လုံးသည် တန်ခိုးရှင် ပထမအဆင့်များသာ ဖြစ်ကြသည်။ ထိုမျှလောက်ဖြင့် သူ့အား ဖမ်းချင်နေခြင်းသည် လေထဲ တိုက်အိမ် ဆောက်နေသည်နှင့် မခြားချေ။
“ကျုပ်မသွားခင်လေး ကောင်းကင်ကံကြမ္မာမြို့ကို ဗြောင်းသတ်သွားအောင် လုပ်ပေးရတာပေါ့” ရန်ကိုင်လေသံ ရုတ်ချည်း အေးစက်သွားခဲ့ပြီး လက်မြှောက်၍ အမိန့်ပေးလိုက်သည် “ရှို့လိုက်တော့”
ရန်ကိုင်၏ အမိန့်ပေးသံကို ကြားလိုက်သည့်အခါ မီးငှက်သည် ကောင်းကင်ပေါ်သို့ မျက်နှာမူ၍ စူးစူးရှရှ အော်မြည်လိုက်သည်။ ၎င်းကိုယ်ပေါ်ရှိ မီးတောက်များ ပိုမို လောင်မြိုက်လာပြီး ပတ်ဝန်းကျင်ရှိ မီးစွမ်းအင်များသည်လည်း မီးငှက်ဆီသို့ စတင် စုဝေးလာကြလေသည်။
ထိုအခြင်းအရာကို မြင်သော် တန်ခိုးရှင်အဆင့် ပညာရှင် အားလုံး၏ မျက်နှာ ဖြူလျော်သွားကြပြီး သူတို့ကိုယ်သူတို့ သူတော်စင်ချီဖြင့် အလျင်စလို ကာကွယ်လျက် အကာအကွယ် မှော်ရတနာများကိုပါ ထုတ်ကာလိုက်ကြသည်။
မီးငှက်၏ ပါးစပ်ဝတွင် မီးလုံးတစ်လုံး စုစည်းလာခဲ့သည်။ ခဏအကြာတွင် မီးဘောလုံးသည် မီးအလင်းတန်း အဖြစ်သို့ ပြောင်းလဲသို့ အောက်ဘက်သို့ ထိုးဆင်းသွားလေသည်။
မီးအလင်းတန်း၏ ပစ်မှတ်သည် မည်သည့် ကျင့်ကြံသူမှ မဟုတ်ဘဲ အနီးအနားတွင် ရှိနေသော အကြီးဆုံး ဆိုင်တစ်ဆိုင် ဖြစ်သည်။
ရန်ကိုင်သည် ကောင်းကင်ကံကြမ္မာမြို့တော်ကို အထက်အောက် ပြောင်းပြန် လှန်ပစ်ရန် တကယ်ကြီး ကြံနေသည်။ နဂါးလိုဏ်ဂူတောင်မှ လူများ အလကားသက်သက် အနိုင်ကျင့် နှိပ်စက်ခံခဲ့ရသည့်အတွက် ရန်ကိုင်အနေဖြင့် ယခုကိစ္စကို မည်သည့် နည်းနှင့်မှ ဤအတိုင်း ထားလိုက်မည် မဟုတ်ချေ။
ဤအတိုင်း လွှတ်ပေးလိုက်လျှင် သူအားနည်းကြောင်း ပြလိုက်သလို ဖြစ်သွားမည်ဖြစ်ကာ နောက်ပိုင်းတွင် သူ့အား ထပ်မံ အနိုင်ကျင့်လာနိုင်ပေသည်။
တကယ်တော့ ဤတိုက်ပွဲသည် နဂါးလိုဏ်ဂူတောင် စတင် ဖြစ်ပေါ်လာသည့် အချိန်မှစ၍ ပထမဆုံး တိုက်ပွဲဟုပင် ပြော၍ ရသည်။
မီးအလင်းတန်း မရောက်သေးခင်မှာပင် ပူပြင်းလှသော အပူချိန်ကြောင့် စတိုးဆိုင်ကြီး မီးစွဲနေခဲ့လေပြီ။ သို့သော်လည်း မီးအလင်းတန်း ဆိုင်ဆီသို့ မရောက်ခင် အဝေးတစ်နေရာဆီမှ အလင်းတန်းတစ်ခု ရုတ်တရက် ထွက်ပေါ်လာပြီး ဆိုင်အား လွှမ်းခြုံသွားခဲ့သည်။
ထိုအရာသည် ဆိုင်ကို ကာကွယ်ပေးထားသည့် အစီအရင် တစ်ခု ဖြစ်ပေသည်။ ကောင်းကင်ကံကြမ္မာမြို့ရှိ ဆိုင်ကြီးတွင်းတိုင် ထိုကဲ့သို့သော အစီအရင်များ ဖြစ်ကြသည်။
ဤဆိုင်၏ အစီအရင်သည် အားမနည်းလှချေ။ ၎င်းဆီမှ ရေလှိုင်းတွန့်များနှင့် ဆင်တူသော အစိမ်းရောင် အလင်း အကာအရံ တစ်ခု ဖြာထွက်နေခဲ့သည်။
သို့တိုင် ထိုအကာအရံသည်ပင် မီးအလင်းတန်းနှင့် ထိသည့် အခိုက် တစ်စက္ကန့်လောက်သာ တောင်ခံနိုင်ပြီး ချက်ချင်းဆိုသလို ပျက်စီးသွားခဲ့ရသည်။ မီးအလင်းတန်းသည် ဆိုင်ဆီသို့ တည့်တည့် ဆက်လက် တိုးဝင်သွားခဲ့သည်။
ရုတ်တရက် ပန်းကန်လုံးကဲ့သို့ အရာတစ်ခု ရုတ်တရက် ပေါ်လာခဲ့သည်။ ထိုပန်းကန်လုံးသည် အဆပေါင်းများစွာ ကြီးထွားလာပြီး မီးအလင်းတန်း ဆိုင်သို့ မရောက်သေးခင် ကြားဖြတ် တားဆီးလိုက်သည်။
မီးအလင်းတန်းနှင့် ပန်းကန်လုံးတို့ တွေ့ဆုံသွားခဲ့သည်။ ပန်းကန်လုံးဆီမှ အပြာရောင်အလင်းတို့ ဖြာထွက်လာပြီး မီးအလင်းတန်းအား မီးဘောလုံးအဖြစ် ပြောင်းလဲကာ ၎င်းထဲတွင် ဖိနှိပ်ထားလိုက်လေသည်။ တစ်ချိန်တည်းတွင် သုန်သုန်မှုန်မှုန် အမူအရာနှင့် ကျောင်းတော်သားကဲ့သို့ ဝတ်စားထားသော သက်လတ်ပိုင်းလူကြီးတစ်ယောက် ပန်းကန်လုံးပေါ်တွင် ပေါ်လာခဲ့သည်။ ပန်းကန်လုံးဆီသို့ သူတော်ချီ ပို့လွှတ်၍ ကောင်းကင်စိတ်အာရုံဖြင့် ထိန်းချုပ်လိုက်ပြီးနောက် ပန်းကန်လုံးသည် ပုံမှန် အရွယ်အစားသို့ ပြန်ကျုံ့သွားခဲ့သည်။
လက်ကို ဝှေ့ရမ်းလျက် ပန်းကန်လုံးကို ပြန်ဆွဲယူလိုက်ပြီး မီးကျွမ်းနေသော မြေပြင်ကို သုန်မှုန်စွာ ကြည့်လိုက်သည်။
“နောက်ဆုံးတော့ လူကိုယ်တိုင် ထွက်လာပြီပေါ့” ရန်ကိုင်က အေးစက်စက် အမူအရာဖြင့် နှာခေါင်းရှုံ့လိုက်သည်။ ရန်ကိုင်သည် နောက်ထပ် ထပ်မံ မလှုပ်ရှားသေးဘဲ ကျောင်းတော်သားပုံစံ သက်လတ်ပိုင်းလူကြီးကိုသာ စိုက်ကြည့်နေခဲ့သည်။
ထိုလူ၏ တည်ရှိမှုကို ကောင်းကင်ကံကြမ္မာမြို့တော်ထဲသို့ ဝင်လာကတည်းက ခံစားမိနေခြင်း ဖြစ်သည်။ တကယ်တော့ ထိုကျောင်းတော်သားသည် တန်ခိုးရှင် တတိယအဆင့် ကျင့်ကြံသူ တစ်ယောက် မဟုတ်ပေလော။
ကောင်းကင်ကံကြမ္မာမြို့ထဲတွင် ရန်ကိုင် အနည်းငယ် လန့်ရသည့် လူဆို၍ ထိုကျောင်းတော်သား တစ်ယောက်သာ ရှိသည်။ သူ့ကြောင့်သာ မဟုတ်လျှင် ရန်ကိုင် စိတ်ကြိုက် သောင်းကျန်းပစ်ပြီးနေလောက်ပေပြီ။
သူနားမလည်နိုင်သည့် အချက်သည်ကား သူဘာပဲလုပ်လုပ် ထိုလူ လုံးဝ မထွက်လာခဲ့ချေ။ သို့သော်လည်း ရန်ကိုင်သည် ထိုလူအား မျက်ခြေမပြတ် စောင့်ကြည့်နေခဲ့သည်။ ယခု စတိုးဆိုင် ဖျက်စီးခံရခါနီးတွင် ထိုလူ လူလုံး ထွက်ပြလာခဲ့သည်။
ထိုလူသည် သူ့မိတ်ဆွေလား၊ ရန်သူလား ရန်ကိုင် မသဲကွဲ။ သူ့ရန်သူတော့ မဟုတ်လောက်။ မဟုတ်လျှင် အစောကြီး ကတည်းက ထွက်လာခဲ့ပေလိမ့်မည်။
“ကျောက်စိမ်းပြာပန်းကန်လုံး”
“မြို့သခင်ဖေးလား”
တန်ခိုးရှင်အဆင့်များ၏ အော်သံအရ ထိုကျောင်းတော်သား သည် ကောင်းကင်ကံကြမ္မာမြို့တော်၏ မြို့သခင် ဖေးကျီတုမှန်း ရန်ကိုင်သိလိုက်သည်။
မြို့သခင်ကို တစ်ခါမှ မတွေ့ဖူးသော်လည်း သူ့နာမည်တော့ ကြားဖူးပေသည်။ ဟိုင်ခဲမိသားစုနှင့် ရှုမိသားစုတို့ ပြဿနာ ဖြစ်စဉ်က ထိုမိသားစုနှစ်ခုသည် မြို့သခင်ဆီ သွားရောက် အကူအညီ တောင်းခဲ့ဖူးသည်။ မြို့သခင်နှင့် မတွေ့နိုင်ခဲ့သော်ငြား ဟိုင်ခဲမိသားစုခေါင်းဆောင် ရီအန်းသည် ရှဲ့ဟုန်ဝမ်နှင့် တွေ့ပြီး ထိုကောင့်ကိုပါ ပြဿနာထဲ ဆွဲခေါ်နိုင်ခဲ့သည်။
ဝူရီပြောပြသည့် အတွက်ကြောင့် မြို့သခင်အကြောင်း သူသိခဲ့ခြင်း ဖြစ်သည်။ သို့တိုင် မြို့သခင်သည် တန်ခိုးရှင် တတိယ အဆင့် ကျင့်ကြံသူ တစ်ယောက် ဖြစ်သည် ဆိုသော အချက်ကို မသိခဲ့ချေ။
မြို့သခင်ကို မြင်ပြီးနောက် ရန်ကိုင် အနည်းငယ် လန့်သွားမိသည်။ မီးငှက်၏ တိုက်ခိုက်မှုကို ကာကွယ်နိုင်ပုံထောက်လျှင် ထိုပန်းကန်လုံးသည် အတော့်ကိုမှ အဆင့်မြင့်သည့် မှော်ရနတနာ တစ်ခု ဖြစ်ရပေမည်။ ထို့အပြင် မြို့သခင်၏ အရှိန်အဝါသည် ချင်းတုန်ကဲ့သို့ အားကောင်းလှသည်။
တန်ခိုးရှင်ပထမအဆင့် ခုနှစ်ယောက်၊ ရှစ်ယောက်ရှေ့တွင် စိတ်ကြိုက် ပြုမူနိုင်သော်လည်း တန်ခိုးရှင် တတိယအဆင့် တစ်ယောက် ရှေ့တွင် ထိုကဲ့သို့ ပြုမူနိုင်မည်ဟု မဆိုလိုချေ။ သို့ရာတွင် ထိုကျောင်းတော်သား ရန်သူလား၊ မိတ်ဆွေလား မသဲကွဲခင်အထိ ပြန်ဆုတ်ရန်လည်း ဆန္ဒမရှိချေ။ လေဟာနယ် ဓါးသွား၊ အဆုံးမဲ့ ကြာပန်းကဲ့သို့သော သူထုတ်မသုံးရသေးသည့် ဝှက်ဖဲများ ကျန်ပေသေးသည်။
ဖေးကျီတုမှန်း သိလိုက်ရချိန် လူအုပ်ကြီး၏ အမူအရာ အနည်းငယ် ပြောင်းလဲသွားခဲ့သည်။ ချက်ချင်းပဲ မာရှင်းယွမ်က ရှေ့တက်၍ နှုတ်ဆက်လိုက်သည် “မြို့သခင် ကျင့်စဉ်တစ်ခုကို ကျင့်ကြံနေတယ်လို့ ကျုပ်ကြားပါတယ်။ အခု မြို့သခင် ထွက်လာတယ်ဆိုတော့ မြို့သခင် အောင်မြင်သွားတာပါလား”
ဖေးကျီတုက မာရှင်းယွမ်အား စိုက်ကြည့်လျက် “ဘာလဲ၊ ဘဏ္ဏာစိုးမာက ဒီမြို့သခင်ရဲ့ ကျင့်စဉ်ကို စိတ်ဝင်စားနေတာလား”
“မဟုတ်ပါဘူး။ မဟုတ်ပါဘူး။ ဒီအတိုင်း မေးကြည့်ရုံ သက်သက်ပါ” မားရှင်းယွမ် စကား ဆက်မပြောတော့ရန် ဆုံးဖြတ်လိုက်သည်။
“ဟန့်” ဖေးကျီတုက တန်ခိုးရှင့် တစ်ယောက်ချင်းစီကို တစ်ချက်ချင်း ဝေ့ကြည့်လိုက်ပြီး လှောင်ပြောင်ဟန်ဖြင့် “ငါသာ ပေါ်မလာရင် မင်းတို့ ဒီတစ်မြို့လုံးကို တစ်စစီဖြစ်အောင် လုပ်ဖို့ ကြံနေတာမလား”
“တောင်းပန်ပါတယ် မြို့သခင်” လူအုပ်ကြီးက လက်သီးဆုပ်၍ ချက်ချင်း တောင်းပန်လိုက်သည်။ သူတို့ထဲမှ တစ်ယောက်က ရှေ့တက်၍ “အဲ့လိုဖြစ်ရတာ အကြောင်းရှိပါတယ်၊ မြို့သခင်။ ဆိုင်တွေ အခုလို ပျက်စီးသွားတာက ကျုပ်တို့နဲ့ မဆိုင်ပါဘူး။ တရာခံက ဒီကောင် မဆင်မခြင် လျှောက်လုပ်လို့ပါ။ ဒီအတွက် တရားမျှတမှု ရှာပေးဖို့ မြို့သခင်ကို တောင်းဆိုပါတယ်”
ပြောပြီးသည်နှင့် ရန်ကိုင်ကို လက်ညိုး ထိုးပြလိုက်သည်။
ဖေးကျီတု ရန်ကိုင်အား လှမ်းကြည့်လိုက်သည်။ ရန်ကိုင်မှ သူ့အကြည့်ကို မကြောက်မရွံ့နှင့် ပြန်ကြည်နေသည်ကို သတိ ပြုမိလိုက်သဖြင့် ဖေးကျီတု အနည်းငယ် အံ့အားသင့်သွားခဲ့သည်။ သို့သော်လည်း အံ့အားသင့်ဟန် မပြဘဲ ထပ်၍သာ ဆူပူပြန်သည် “သောက်သုံးမကျလိုက်တဲ့ အမှိုက်ကောင်တွေပါလားကွာ။ သူတော်စင်ဘုရင် တတိယအဆင့်လေး တစ်ယောက်ကိုတောင် မနိုင်ဘဲနဲ့ မင်းတို့ကိုယ်မင်းတို့ တန်ခိုးရှင်အဆင့်ပါလို့ ပြောရဲသေးတယ်။ မင်းတို့ ဘယ်မျက်နှာနဲ့ မင်းတို့ တန်ခိုးရှင် အဆင့် ဖြစ်ပါတယ်လို့ ပြောရဲတာလဲ။ ခွေးတွေတောင် မင်းတို့ထက် အများကြီး ပိုသာအောင် လုပ်နိုင်သေးတယ်”
တန်ခိုးရှင်အဆင့်အားလုံး ခေါင်းပိုငုံ့မိသွားကြသည်။ ယခုကဲ့သို့ ဆူပူလှောင်ပြောင်ခြင်း ခံလိုက်ရသည့် အတွက် သူတို့ အလွန်ကိုမှ ရှက်သွားခဲ့ကြရသည်။
ထိုလူများအား ဆူပူလိုက်ပြီးနောက်မှသာ ရန်ကိုင်ဆီသို့ ဖေးကျီတု လှည့်လာခဲ့သည်။ ထို့နောက် ခြောက်ကပ်ကပ် ရယ်မောလျက် “ပြီးတော့ ကောင်လေး၊ ငါ့ကို မရှိသလို သဘောထားပြီး ကောင်းကင်ကံကြမ္မာမြို့ထဲမှ စိတ်ထင်တိုင်း ကြဲနေတာ မင်းမရဲလွန်းဘူးလား”
“ကျေးဇူးပြုပြီး နားလည်ပေးပါ စီနီယာ။ ဒီကလိမ်ကျစ် စီနီယာတစ်အုပ်က ကျုပ်ကို အနိုင်ကျင့်လာလို့ ကျုပ်ဘက်က နည်းနည်း ပြန်ခုခံရတာပါ”
“နည်းနည်း ပြန်ခုခံတာ…” ရန်ကိုင်စကားကို ကြားလိုက်ချိန် ဖေးကျီတု မျက်နှာ မဲ့ရွဲ့သွားခဲ့သည်။ သူပုန်းနေစဉ် အတွင်း ဖြစ်စဉ် တစ်ခုလုံးကို မြင်ခဲ့ပေသည်။ ရန်ကိုင်လုပ်ရပ်သည် ခုခံသည်နှင့် နည်းနည်းလေးမှ မတူဘဲ တန်ခိုးရှင်တစ်အုပ်ကို ဆော့ကစား နေသည်နှင့်သာ တူပေသည်။
တကယ် အရှက်မရှိတဲ့ကောင် တွေးလိုက်ပြီးနောက် မျက်နှာတည်ဖြင့် ပြောလိုက်သည် “ကောင်းကင်ကံကြမ္မာ မြို့တော် တစ်ခုလုံးကို ဗြောင်းသတ်အောင် လုပ်မယ်လို့ မင်းပြောလိုက်သေးတယ်မလား”
ရန်ကိုင် အနည်းငယ် လန့်သွားခဲ့သည် “အဲ့ဒါက ကျုပ်ဒေါသထွက်ထွက်နဲ့မို့လို့ မစဉ်းစားပဲ ပြောလိုက်မိတာ သက်သက်ပါ။ စီနီယာက သဘောထားကြီးတဲ့ လူပဲ။ ကျုပ်လို ဂျူနီယာတစ်ယောက် မဆင်မခြင် ပြောလိုက်မိတဲ့ စကားကို အဲ့လောက်ကြီး အရေးမထားလောက်ပါဘူး၊ ဟုတ်တယ်မလား”
ဖေးကျီတု အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး အေးစက်စက် လေသံဖြင့် ရယ်မောလျက် “မင်းဘာသာ မစဉ်းစားဘဲ ပြောလိုက် မိတာပဲ ဖြစ်ဖြစ်၊ ဘာပဲဖြစ်ဖြစ် ငါဂရုမစိုက်ဘူး။ ပြောလိုက်တာက ပြောလိုက်တာပဲ။ မင်းကောင်းကင်ကံကြမ္မာမြို့တော်ကို ဗြောင်းဆန်အောင် လုပ်ရင်လုပ်၊ မလုပ်ရင် အပြစ်ပေးခံရမယ်။ အဲ့နှစ်ခုထဲက တစ်ခုမှ မရွေးဘဲနဲ့ မင်းဒီကနေ ထွက်သွားလို့ မရဘူး”
ထိုစကားကို ကြားလိုက်သည့်အခါ ရန်ကိုင်၏ အမူအရာ ခက်ထန်းသွားခဲ့သည်။ ခဏလောက် စဉ်းစားပြီးနောက် ပြုံးလျက် “အဲ့လိုဆိုမှတော့ စီနီယာရဲ့ ညွှန်ကြားချက်ကို ကျုပ်ကြားချင်ပါတယ်”
ဖေးကျီတု အနေဖြင့် သူ့ကျင့်ကြံခြင်း အဆင့်ကြီးဖြင့် ရန်ကိုင်ကဲ့သို့ ဂျူနီယာတစ်ယောက်ကို ပြဿနာ လိုက်ရှာမည်မှာ မဖြစ်နိုင်လောက်ချေ။ သို့သော်လည်း ဖေးကျီတု ပြောသွားသည့် စကားအရ သူသည် ရန်ကိုင်၏ ရန်သူ မဟုတ်ပါချေ။
အခြား တန်ခိုးရှင်အဆင့်များသည်လည်း အရူးများ မဟုတ်ကြရာ ဖေးကျီတု ဘာကို ပြောချင်နေမှန်း နားလည်ပေသည်။ ဖေးကျီတုသည် ယခုကိစ္စကို ဤနေရာတွင်သာ အဆုံးသတ်သွားစေလိုခြင်း ဖြစ်သည်။ ထိုအကြောင်းကို စဉ်းစားမိလိုက်သည့်အခါ မာရှင်းယွမ် နှလုံးခုန်သံ မြန်သွားပြီး ဝင်ပြောတော့မည် အပြု ဖေးကျီတုက ပြောလိုက်သည် “မင်းက လူတွေကိုလည်း သတ်တယ်။ ဆိုင်တွေကိုလည်း မီးရှို့တယ်။ အရိပ်လခန်းမဘက်က မှားရင်တောင် ဒီလောက် ဖျက်စီးပြီးတာ မင်းအတွက် လုံလောက်နေပြီ။ တကယ်ဆိုရင် ဒီကိစ္စကို ဒီမှာပဲ ရပ်သင့်တာ။ ဒါပေမယ့် ငါ့မြို့ထဲလာပြီး သောင်းကျန်းသွားတာကို ငါက ဘာမှမလုပ်ဘဲ ဒီအတိုင်း လွှတ်ပေးလိုက်ရင် လူတွေက ငါ့ကို ငကြောက်လို့ ပြောကုန်လိမ့်မယ်”
“ကျုပ်နားလည်ပါတယ်” ရန်ကိုင် ခေါင်းညိတ်လိုက်သည်။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၃၃၂)
ရန်ကိုင် နာနာခံခံနှင့် ရှိနေသည်ကို မြင်သော် ဖေးကျီတု ခေါင်းတညိတ်ညိတ် ဖြစ်သွားခဲ့သည်။ အစောပိုင်းက ရန်ကိုင်၏ လုပ်ပုံအရ ရန်ကိုင်သည် ထိန်းမရသိမ်းမရ ကောင်လေး တစ်ယောက် ဖြစ်လိမ့်မည်ဟု မြို့သခင် ထင်ခဲ့သည်။ သို့သော် သူထင်သည့်အတိုင်း ဟုတ်မနေမှန်း ယခုမှ သိလိုက်ရသည်။
ဆိုင်ပေါင်းများစွာ ပျက်စီးသွားသော်လည်း ထိုဆိုင်များကို အလွယ်တကူ ပြန်အစားထိုး၍ ရပေသည်။ သေသွားသည့် လူအများစုမှာမူ သူနှင့် ဘာမှ မသက်ဆိုင်သည့် ရှဲ့မိသားစု၏ လူများ ဖြစ်ကြသည်။ တကယ်တော့ ဤနေရာရှိ လူအားလုံး သေသွားလျှင်ပင် သူ့အတွက် ဘာမှ မဖြစ်ချေ။
ခဏလောက် စဉ်းစားပြီးနောက် ဖေးကျီတုက ပြောလိုက်၏ “ငါမင်းကို ရွေးချယ်စရာနှစ်ခု ပေးမယ်။ အဲ့ထဲကတစ်ခုရွေး”
“ပထမတစ်ခုက။ မင်းရခဲ့တဲ့ သူတော်စင်သလင်းကျောက် တွေကို လျော်ကြေးအဖြစ် ပြန်ပေးရမယ်။ ဒီလောက်တောင် ပျက်စီးအောင် လုပ်ပြီးမှတော့ ငါမင်းကို ဒီအတိုင်း မလွှတ်ပေး လိုက်နိုင်ဘူး။ မင်းဘာပြောချင်လဲ”
ထိုစကားကို ကြားလိုက်သည့်အခါ မုတ်ဆိတ်ကြီးနှင့် အခြားလူများ၏ အမူအရာ အပြောင်းကြီး ပြောင်းလဲသွားခဲ့သည်။ သူတို့ စိတ်ပူနေသည်မှာ အမှန် ဖြစ်နေခဲ့သည်။ မြို့သခင်သည် ရန်ကိုင်အား လျော့လျော့ပေါ့ပေါ့ လွှတ်ပေးလိုက်ရန် ကြံနေခြင်း ဖြစ်သည်။ ခန်းမတွင်း သူတို့ ကြားခဲ့ရသော ကောလဟာလများ အကြောင်းကို ပြန်စဉ်းစားမိသော် အကုန်လုံး တစ်ခုခုကို နားလည်သွားခဲ့ကြသည်။ သို့သော် ထုတ်တော့ မပြောရဲကြချေ။
ထိုစကားကို ကြားကြားချင်း ရန်ကိုင် ကြောင်သွားခဲ့သည်။ ထို့နောက် ခဏလောက် စဉ်းစားကြည့်လိုက်၏။ စဉ်းစား ကြည့်ပြီးနောက် ယုံကြည်ချက်ရှိသည့် အပြုံးဖြင့် “ဒီတစ်ခုက မဆိုးဘူးဆိုပေမယ့် ကျုပ်ငြင်းရလိမ့်မယ်နဲ့ တူတယ်”
“အန်” ဖေးကျီတု မျက်လုံး မှေးစဉ်းသွားခဲ့သည်။ ရန်ကိုင်၏ ဆုံးဖြတ်ချက်ကြောင့် ဖေးကျီးတု အံ့အားသင့်သွားခဲ့သည်။ ရိုးရိုးသားသား ပြောရလျှင် ရန်ကိုင်အား ထိုကဲ့သို့ ကမ်းလှမ်း လိုက်ရခြင်းမှာ ဤနေရာတွင် ရှိနေသူများအနက် သူသည် အားအကောင်းဆုံး ကျင့်ကြံသူ ဖြစ်နေသလို မာရှင်းယွမ်နှင့် အခြားသူများကလည်း သူ့ဆုံးဖြတ်ချက်နှင့် ပက်သက်၍ ကန့်ကွက် ဝေဖန်ရဲမည် မဟုတ်သောကြောင့် ဖြစ်သည်။
သို့သော်လည်း ထိုကောင်လေးသည် သူ၏ ထောက်ထားမှုကို ငြင်းဆန်လိုက်လိမ့်မည်ဟု ဖေးကျီတု မထင်ထားခဲ့ချေ။ ထို့ကြောင့် သူတော်လေး စိတ်ပျက်သွားမိသည်။ အခြေအနေ အချိန်အခါကို နားမလည်တတ်သည့် ရန်ကိုင်ကို စိတ်ထဲ ကြိတ်အပြစ်တင်နေရင်း အေးစက်စက် လေသံဖြင့် နှာခေါင်းရှုံ့လိုက်သည် “အခြား တစ်ခုကိုတောင် မကြားရသေးဘဲ ငြင်းရဲတယ်လား”
ရန်ကိုင်က အလေးအနက် အမူအရာဖြင့် ပြန်ပြောလိုက်သည် “ကျုပ်ဒီနေ့ ဒီကို လာခဲ့တာက ဒီသူတော်စင်သလင်းကျောက် တွေကို ပြန်သိမ်းဖို့ လာခဲ့တာလေ။ သူတော်စင်သလင်းကျောက် ယူဖို့ လာခဲ့တာကို သူတော်စင်သလင်းကျောက်တွေ ထားခဲ့ရမယ် ဆိုတော့ သိပ်တော့ အဆင်မပြေဘူး။ နောက်တစ်ခုကို ပြောပါ စီနီယာ”
ဖေးကျီတုက ရန်ကိုင်အား အချိန်အတော်ကြာအောင် စိုက်ကြည့်နေပြီးနောက် “ကောင်းပြီလေ။ မင်းက တောင်းဆိုမှတော့ ငါကလည်း ပြောပေးရတာပေါ့။ ဒုတိယ တစ်ခုက ပိုရှင်းပါတယ်။ ငါတိုက်ကွက် တစ်ကွက်ကို မရှောင်ဘဲ ခုခံရမယ်။ မင်းမသေရင် ငါမင်းကို ထွက်သွားခွင့်ပေးမယ်”
“တစ်ကွက်ကို မရှောင်ဘဲ ခုခံရမှာလား” ရန်ကိုင် မျက်လုံး မှေးစဉ်းသွားခဲ့သည်။ ထိုစကားကို ကြားလိုက်သည့်အခိုက် မာရှင်းယွမ်နှင့် အခြားသူများ ပျော်သွားခဲ့ကြလေသည်။
ဖေးကျီတုသည် တန်ခိုးရှင် အထွဋ်အထိပ်အဆင့် ပညာရှင် တစ်ယောက် ဖြစ်သည်။ သူ့ခွန်အားသည် ချင်းတုန် အဆင့်သို့ ရောက်နေခဲ့လေပြီ။ ထို့ကြောင့် သူ့တိုက်ကွက် တစ်ကွက် ဆိုလျှင်ပင် ရန်ကိုင်အား မသေမရှင် ဖြစ်သွားအောင် လုပ်နိုင်ပေလိမ့်မည်။
ဖေးကျီတုကို သူတို့ အထင်လွဲမှားသွားမိပြီ ဖြစ်ကြောင်း မာရှင်းယွမ်တို့ တွေးလိုက်မိသည်။ ဖေးကျီတုသည် ထိုကောင်အား ဒီအတိုင်း ပြန်လွှတ်ပေးလိုက်ရန် မစဉ်းစားထားချေ။ သူ့အဆင့်အတန်း၊ ကျင့်ကြံခြင်းအဆင့်ကြောင့် ရန်ကိုင်အား မတိုက်ခိုက်သေးခြင်း ဖြစ်သည်။ သို့သော်လည်း ရန်ကိုင်က ကိုယ့်သေလမ်း ကိုယ်ရှာလိုက်မှဖြင့် ဖေးကျီတု အနေဖြင့် သူ့အဆင့်အတန်းကို ဆက်လက် ငဲ့နေစရာ မလိုတော့ချေ။ အကုန်လုံး ရန်ကိုင်အား ပြုံးပြုံးရယ်ရယ်ဖြင့် ကြည့်လိုက်ကြ၏။
“ကြောက်နေတာလား” ဖေးကျီတုက ရန်ကိုင်အား လှောင်ပြောင်ဟန်ဖြင့် ကြည့်လိုက်သည်။
“ဘာလို့ ကြောက်ရမှာလဲ” ရန်ကိုင် မျက်ဝန်းအစုံသည် မျှော်လင့်ချက် အရိပ်အယောင်တို့ဖြင့် တလက်လက် တောက်ပနေသည်။ သူ့လက်ရှိ ခွန်အားဖြင့် တန်ခိုးရှင် တတိယ အဆင့် ပညာရှင်တစ်ယောက်ကို ရင်ဆိုင်ရန် အဆင့်သင့် မဖြစ်သေးချေ။ သို့သော် တိုက်ကွက် တစ်ကွက်ကို ခုခံဖို့ရာ ဆိုလျှင်တော့ အဆင်ပြေပေသည်။ ဒဏ်ရာ ရသွားလျှင်ပင် ရွှေရောင်သွေးစက်၏ ပြန်လည်ကောင်းမွန်နိုင်စွမ်းကြောင့် အချိန်တိုအတွင်း ပြန်လည် သက်လာနိုင်ပေသည်။
ဤကဲ့သို့ တန်ခိုးရှင်တတိယအဆင့် တစ်ယောက်၏ ခွန်အားကို စမ်းသပ်နိုင်မည့် အခွင့်အရေးကို အလွယ်တကူ လက်လွှတ်လိုက်၍ မဖြစ်ချေ။
အရိပ်ကြယ်ပေါ်တွင် တန်ခိုးရှင် တတိယအဆင့်သည် အားအကောင်းဆုံး ဖြစ်သည်။ ဖေးကျီတု၏ တိုက်ကွက် တစ်ကွက်ကို မည်သည့် ဒဏ်ရာမှမရဘဲ လွတ်မြောက်နိုင်မည် ဆိုပါက တန်ခိုးရှင် တတိယအဆင့်များနှင့် ယှဉ်လျှင် သူမည်မျှ အားနည်း၊ အားကောင်းကြောင်း သိနိုင်ပေလိမ့်မည်။
“ကောင်လေး၊ မင်းသတ္တိက မသေးပါလား” ဖေးကျီတု၏ အမူအရာ ရုတ်တရက် ခက်ထန်လာခဲ့သည် “မင်းနောင်တ မရဖို့ ငါမျှော်လင့်နေမယ်”
ရန်ကိုင်သည် ဘာမှ ပြန်မပြောချေ။ တိတ်တိတ်သာ နေခဲ့သည်။ သူ့လက်ကို ဝှေ့ရမ်းလိုက်ရာ သူ့ခေါင်းထက်တွင် ဝဲနေသော မီးငှက် စူးစူးရှရှ အော်ဟစ်မြည်ကြွေးလိုက်ပြီး မီးဘောလုံး အသွင်သို့ ပြောင်းလျက် ရန်ကိုင် တစ်ကိုယ်လုံးကို လွှမ်းခြုံသွားခဲ့သည်။ ပူပြင်းလှသော အပူချိန်ကြောင့် လေဟာနယ်ပင် မတည်မငြိမ် ဖြစ်လာရသည်။
ထို့နောက် ခရမ်းရောင်းဒိုင်းကို ထုတ်လိုက်ပြီး သဲမုန်တိုင်းကို ချက်ချင်း အသက်သွင်းလိုက်သည်။ တစ်ဆက်တည်းတွင် အနက်ရောင် မီးတောက်များဖြင့် ဖွဲ့စည်းထားသော ဒိုင်းများ တစ်ခုပြီးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။ ထိုဒိုင်းများသည် သူ့သူတော်စင်ချီဖြင့် ဖန်တီးထားသော မဟာကောင်းကင်ဒိုင်းများ ဖြစ်ကြပေသည်။
ထိုအကာအကွယ် သုံးလွှာကို ပြင်ဆင်ပြီးချိန်မှာပဲ ဖေးကျီတုဆီမှ ကြောက်မက်ဖွယ်ရာ သူတော်စင်ချီ အရှိန်အဝါတို့ ဖြာထွက်လာခဲ့သည်။ ဖေးကျီတု ရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်သည့်အခါ လေဟာနယ်ကို ခုန်ကျော်လာပြီး ရန်ကိုင်နှင့် မီတာသုံးဆယ် အကွာတွင် ပြန်ပေါ်လာခဲ့သည်။
ကျားဟိန်းသံနှင့်အတူ ကျားခေါင်းကြီးတစ်ခု ဖေးကျီတု၏ ကိုယ်ထက်တွင် ပေါ်လာခဲ့သည်။ အစပိုင်းတွင် ကျားခေါင်းသည် ပုံရိပ်ယောင်ဟုသာ ထင်မှတ်ရသော်လည်း ဖေးကျီတုမှ သူ၏ သူတော်စင်ချီကို ကျားခေါင်းထဲသို့ ထည့်သွင်းပေးနေသည်နှင့် အလျောက် ကျားခေါင်းမှာ တဖြည်းဖြည်း ရုပ်လုံးပေါ်လာခဲ့သည်။
တစ်ချိန်တည်းတွင် ရက်စက်ကြမ်းကြုတ်သည့် အရှိန်အဝါတစ်ရပ် ထိုကျားခေါင်းဆီမှ ဖြာထွက်လာခဲ့သည်။
ထိုအရှိန်အဝါကို ခံစားမိလိုက်ချိန် အနားတွင် ရှိနေသော လူအားလုံး သွေးဆုတ် ဖြူလျော်သွားခဲ့သည်။ ဖေးကျီတုသည် သူတို့အား ပစ်မှတ်မထားသော်လည်း ကျားခေါင်းဆီမှ ဖြာထွက်လာသော အားကောင်းသည့် သတ်ဖြတ်လိုစိတ်သည် သူတို့၏ အသားကို ဓါးဖြင့် မွှမ်းနေသလို ခံစားရစေသည်။
မြို့သခင်သည် တကယ်ကြီး အလေးအနက် တိုက်နေခြင်း ဖြစ်သည်။ အကုန်လုံး ပျော်သွားကြလေပြီ။
“သတိထားပေတော့ ကောင်လေးရေ” ဖေးကျီတုမှ ပြောလိုက်ပြီးသည်နှင့် တစ်ပြိုင်နက် သူ့ပေါ်တွင် ရှိနေသော ကျားခေါင်း ရန်ကိုင်ဆီသို့ ရုတ်တရက် ခုန်အုပ်လာခဲ့သည်။
ရန်ကိုင်လည်း အလေးအနက် အမူအရာဖြင့် သူတော်စင်ချီကို သေချာ အားဖြည့်၍ စောင့်နေလိုက်သည်။
မကြာမီ ကျားခေါင်းနှင့် မဟာကောင်းကင်ဒိုင်းတို့ ထိပ်တိုက် တွေ့သွားခဲ့သည်။ တဘုန်းဘုန်း ပေါက်ကွဲသံများ ထွက်ပေါ်လာပြီး ကျားခေါင်းသည် မဟာကောင်းကင်ဒိုင်းအားလုံးကို ပါးလျသော စက္ကူရွက်များနှယ် တရစပ် ထိုးဖောက်သွားပြီး ရပ်တန့်မရသော အရှိန်အဟုန်ဖြင့် သဲမုန်တိုင်းဆီသို့ ဆက်လက် တိုးဝင်သွားသည်။
သို့သော်လည်း သဲမုန်တိုင်းထဲသို့ ဝင်လိုက်သည်နှင့် တစ်ပြိုင်နက် ကျားခေါင်း၏ အရှိန် ရုတ်ချည်း ထိုးကျသွားသည်။ ရပ်တော့မည့် အရိပ်အယောင်များပင် ပြနေခဲ့သည်။
သို့သော်လည်း ရန်ကိုင်သည် ပျော်ရမည့်အစား သူ့အမူအရာ ပို၍ပင် လေးနက်သွားခဲ့လေသည်။
ဖေးကျီတုက အေးစက်စက် ရယ်မောလိုက်သည်။ ကောင်းကင်စိတ်အာရုံကို အသက်သွင်းလိုက်ရာ ကျားခေါင်း၏ ပါးစပ်ဆီမှ အလင်းရောင်အလင်းတန်း တစ်ခု ထွက်ပေါ်လာပြီး သဲမုန်တိုင်းကို ထိုးဖောက်သွားလေသည်။ ထိုအခိုက်အတန့်ကို အခွင့်ကောင်းယူလျက် ကျားခေါင်းသည် ရန်ကိုင်ဆီသို့ ဆက်လက် တိုးဝင်သွားခဲ့သည်။
မျက်တောင်တစ်ခတ်အတွင်း ကျားခေါင်းသည် ရန်ကိုင်နားသို့ ရောက်လာပြီး သူ့အား ကိုက်ချလာခဲ့သည်။
ရန်ကိုင်လည်း သတိမထားဘဲ မနေရဲချေ။ ကျားခေါင်း နီးကပ်လာသည်နှင့် တစ်ပြိုင်နက် မီးငှက်မှ ဖန်တီးထားသော အကာအရံကို အသက်သွင်းလိုက်သည်။ မီးတောက် အကာအရံ စတင် လည်ပတ်လာခဲ့လေရာ ရန်ကိုင်တစ်ကိုယ်လုံး မီးဟုန်းဟုန်း တောက်လောင်လာခဲ့ပြီး ပူပြင်းလှသော အပူလှိုင်းတို့မှာလည်း အပြင်သို့ ဖြာထွက်လာခဲ့လေသည်။
ကျားဟိန်းသံနှင့် မီးငှက်အော်သံတို့ မရပ်မနား ထွက်ပေါ်လာခဲ့သည်။
မာရှင်းယွမ်နှင့် အခြားသူများ လည်ပင်လေး ဆန့်ပြီး မော့ကြသည်။ သို့သော်လည်း သဲမုန်တိုင်းကြောင့် တိုက်ပွဲ အခြေအနေကို သေချာ မမြင်ရချေ။
မည်သို့ပင်ဆိုစေကာမူ ဖေးကျီတု၏ အမူအရာအရ ရန်ကိုင် မည်သည့် ဒဏ်ရာမှ မရသေးကြောင်း ပြောနိုင်သည်။
ရုတ်တရက် သဲမုန်တိုင်း ပျောက်ကွယ်သွားခဲ့ပြီး ခရမ်းရောင် ဒိုင်းအဖြစ်သို့ အသွင်ပြောင်းလျက် ဘေးဘက်သို့ လွင့်စင်သွား၏။ ရန်ကိုင်သည်လည်း ဖြူဖတ်ဖြူလျော် အမူအရာဖြင့် သဲမုန်တိုင်းထဲမှ နောက်သို့ ခုန်ထွက်လာခဲ့သည်။ အစောပိုင်းက သူ့ခန္ဓာကိုယ်အား လွှမ်းခြုံသွားခဲ့သော မီးငှက်မှာမူ မီးငှက် အဖြစ်သို့ ပြန်အသွင်ပြောင်းလျက် သူ့ခေါင်းထက်၌ ဝဲနေသည်။ ကျားခေါင်းသည် အတော်လေး အရောင်မှိန်သွားသော်လည်း မရပ်တန့်သေးဘဲ ရန်ကိုင် နောက်သို့ ဆက်လိုက်နေသေးသည်။
ရန်ကိုင်၏ အမူအရာ ကြမ်းကြုတ်သွားခဲ့ပြီး ချက်ချင်းပဲ သူ့နောက်သို့ လိုက်လာနေသော ကျားခေါင်းဆီ လေဟာနယ် ဓါးသွားများ ပစ်လွှတ်လိုက်လေသည်။
ထိုအခြင်းအရာကို မြင်လိုက်သည့်အခါ ဖေးကျီတု မျက်မှောင် ကြုတ်သွားခဲ့ပြီး ချက်ချင်းပဲ ထအော်လေသည် “ရပ်လိုက်စမ်း”
ပြောပြီးသည်နှင့် ချက်ချင်းပဲ ကျားရှေ့သို့ ပြေးသွားလျက် ကျားခေါင်းကို သူ့ကိုယ်ထဲသို့ ပြန်စုပ်ယူလိုက်သည်။ ထို့နောက် ကျောက်စိမ်းပြာပန်းကန်လုံးကို ထုတ်လိုက်သည်။ ပန်းကန်လုံးဆီမှ အပြာရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး လေဟာနယ် ဓါးသွားများဆီ တိုးဝင်သွားခဲ့သည်။
အပြာရောင်အလင်းတန်း ချက်ချင်း မှိန်ကျသွားသည်ကို မြင်လိုက်ရချိန် ဖေးကျီတု၏ အမူအရာ မဲ့သွားခဲ့ရသည်။
ကျောက်စိမ်းပြာပန်းကန်လုံးသည် သူ၏ လက်စွဲတော် မှော်ရတနာတစ်ခု ဖြစ်သည်။ ထိုပန်းကန်ထဲတွင် ရှိနေသော အပြာရောင် အလင်းတန်းသည် ထူးဆန်းသော စွမ်းရည်အချို့ကို ပိုင်ဆိုင်ပြီး သူ့ရန်သူများနှင့် တိုက်ပွဲတွင် သူ့အား အကြိမ်ပေါင်း များစွာ ကယ်တင်ခဲ့ဖူးသည်။ သိ့သော်လည်း ယခု ထိုအပြာရောင် အလင်းတန်းအချို့ ပျောက်ကွယ်သွားသည်ကို ခံစားမိလိုက်၏။ ထိုပျောက်သွားသော အပြာရောင်အလင်းတန်းများ မည်သည့် နေရာသို့ ရောက်သွားမှန်း သူမသိချေ။
အနက်ရောင်ဓါးသွားဆီမှ ဖြာထွက်နေသည် လေဟာနယ် စွမ်းအားကို ခံစားမိလိုက်သော် တစ်ခုခုကို သူနားလည်သွားပြီး ဖေးကျီတု၏ အမူအရာ ပို၍ အရုပ်ဆိုးသွားခဲ့ရသည်။
ထိုဆုံးရှုံးသွားသော အပြာရောင် အလင်းတန်းကို ပြန်ရရန် အတွက် နှစ်ပေါင်းများစွာ အချိန်ယူရမည် ဖြစ်သလို အဖိုးတန် ရတနာအချို့ပင် အသုံးပြုရပေဦးမည်။
လက်ရှိတွင် ဖေးကျီတု ရန်ကိုင်အား သတ်ပင် သတ်ချင်နေလေပြီ။ အဆင့်တူ ရန်သူများနှင့် တိုက်ခိုက်ရာတွင် ဤကဲ့သို့ ဒုက္ခမရောက်ခဲ့သော်လည်း သူတော်စင်ဘုရင် တတိယ အဆင့်လေး တစ်ယောက်ကြောင့် သူ့အပြာရောင်အလင်းတန်း အချို့ကို ဆုံးရှုံးလိုက်ရသည်။
ဖေးကျီတု ကျောက်စိမ်းပြာပန်းကန်လုံးကို ထုတ်လိုက်သည့် အချိန်တွင် ရန်ကိုင်သည် သူ့တိုက်ခိုက်မှုကို ရပ်လိုက်ပေပြီ။ ဆက်မတိုက်ခိုက်တော့ဘဲ ခရမ်းရောင်ဒိုင်းဆီသို့ သွားကာ ဒိုင်းကို ပြန်ကောက်လိုက်သည်။ အသက် နည်းနည်းပါးပါး ရှူပြီးနောက် သူ့မျက်နှာ သွေးရောင် ပြန်လွှမ်းလာခဲ့သည်။ ယခုမှပဲ အနည်းငယ် ထူးဆန်းသည့် အမူအရာဖြင့် ဖေးကျီတုအား ကြည့်လိုက်သည်။
“မင်း…” ဖေးကျီတုသည် သုန်မှုန်နေသည့် အမူအရာဖြင့် ရန်ကိုင်ကို ကြည့်လိုက်၊ ကျောက်စိမ်းပြာ ပန်းကန်လုံးကို ကြည့်လိုက် လုပ်နေခဲ့သည်။
ရန်ကိုင်က ရယ်သွမ်းသွေးလျက် “စီနီယာ ဒါနဲ့ဆို ဒုတိယ တိုက်ကွက် ရှိနေပြီနော်”
ထိုစကားကို ကြားလိုက်သည့်အခါ ဖေးကျီတု၏ မျက်နှာ တောင့်တောင့်ကြီး ဖြစ်သွားခဲ့သည်။ ခါးသက်စွာ ရယ်မောလျက် ရန်ကိုင်အား အချိန်အတော်ကြာအောင် စိုက်ကြည့်ပြီးနောက် လက်ကို ဝှေ့ရမ်းလျက် “မင်းသွားပေတော့။ ကောင်းကင်ကံကြမ္မာ မြို့တော်ထဲ နောက်ဘယ်တော့မှ ခြေမချမိစေနဲ့။ မဟုတ်ရင် မင်းနောင်တရပြီသာမှတ်”
“အခုလို ညှာတာပေးတဲ့အတွက် စီနီယာကို ကျေးဇူးတင်ပါတယ်။ အင်း၊ စီနီယာ၊ ဖြစ်နိုင်ရင် စီနီယာ စုပ်ယူလိုက်တဲ့ မီးလုံးလေး ပြန်ပေးလို့ရမလား” ရန်ကိုင်က ဖေးကျီတု လက်ထဲရှိ ကျောက်စိမ်းပြာ ပန်းကန်လုံးကို စိုက်ကြည့်ရင်း ပြောလိုက်သည်။
ဖေးကျီတုမျက်နှာ ထပ်မဲ့သွားရပြန်သည်။ သို့သော်လည်း ရန်ကိုင်၏ မီးလုံးကိုမူ ပြန်ပေးလိုက်သည်။ မီးလုံး ပျံထွက် လာသည်နှင့် မှော်ရတနာစိတ်ဝိဥာဉ်သည် ပါးစပ်ဟလျက် မီးလုံးကို မြိုချလိုက်သည်။ ကောင်းကင်ပေါ်၌ တစ်ပတ်လည် ထပ်မံ ဝဲပျံလိုက်ပြီးနောက် ရန်ကိုင် ခန္ဓာကိုယ်ထဲ ပြန်ဝင်သွားခဲ့သည်။
ဖေးကျီတု သဘောမနော ကောင်းလွန်း၍ ရန်ကိုင်၏ မီးလုံးကို ပြန်ပေးလိုက်ခြင်း မဟုတ်ချေ။ ထိုမီးလုံးနှင့် ပက်သက်၍ တစ်ခုခု ထူးခြားနေသည်ဟု ခံစားမိသည့် အတွက်ကြောင့် ပြန်ပေးလိုက်ခြင်း ဖြစ်သည်။ ထိုမီးလုံးကို သူသန့်စင်၍ မရချေ။ ကျောက်စိမ်းပြာ ပန်းကန်လုံးထဲတွင် စုပ်ယူထားမည် ဆိုပါကလည်း သူ့ပန်ကန်လုံးကို ထိခိုက်လာစေနိုင်သည်။ ထို့ကြောင့် ရန်ကိုင်ဆီ ပြန်ပေးလိုက်ခြင်း ဖြစ်သည်။
“နှုတ်ဆက်ပါတယ်” ရန်ကိုင်က လက်သီးဆုပ် နှုတ်ဆက်လိုက်သည်။ မာရှင်းယွမ်တို့အား နောက်ဆုံးအကြိမ် တစ်ချက် ကြည့်လိုက်ပြီးနောက် အေးစက်စက် ရယ်မောလျက် ကြယ်လွန်းပျံကို ထုတ်ကာ နဂါးလိုဏ်ဂူတောင် ရှိသည့် အရပ်ဆီသို့ ထွက်ခွာသွားလေသည်။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၃၃၃)
ကောင်းကင်ကံကြမ္မာမြို့ထဲတွင် မီးကျွမ်းပုံကြီးထဲတွင် မာရှင်းယွမ်တို့အဖွဲ့ မည်သည့် စကားမှမပြောဘဲ တိတ်ဆိတ်စွာ ရပ်နေခဲ့ကြသည်။ အကုန်လုံး၏ အမူအရာမှာ ထူးထူးခြားခြားကို လေးနက်နေခဲ့သည်။
ရန်ကိုင်သည် မြို့သခင်၏ တိုက်ကွက် တစ်ကွက်ကို မည်သည့် ဒဏ်ရာမှမရဘဲ ခုခံနိုင်လိမ့်မည်ဟု သူတို့အားလုံး မထင်ထားခဲ့ချေ။
ဖေးကျီတု၏ တိုက်ကွက်ကို သူတို့ အကုန်လုံး ကိုယ်တွေ့ မြင်လိုက်ရသဖြင့် ဖေးကျီတုနှင့် ရန်ကိုင်တို့ လုပ်ပွဲ တိုက်ခိုက်နေခြင်း မဟုတ်မှန်း သူတို့ ပြောနိုင်သည်။ သူတို့ကိုယ်သာ ထိုတိုက်ကွက်ကို သွားခုခံခိုင်မည် ဆိုပါကလည်း ဘယ်လိုမှ မခုခံရဲချေ။ သို့သော်လည်း သူတော်စင်ဘုရင်တတိယ အဆင့်သာ ရှိသေးသော ထိုကောင်လေးသည် ဖေးကျီတု၏ တိုက်ကွက်ကို မည်သည့် ဒဏ်ရာမှ မရဘဲ ခုခံသွားနိုင်ခဲ့သည်။
ထိုအဖြစ်အပျက်ကြောင့် သူတို့ရင်ထဲ ထိတ်လန့်မိသလို အခြားသော ခံစားချက်တစ်ခုသည်လည်း သူတို့ရင်ထဲ တိတ်တဆိတ် ထွက်ပေါ်လာရသည်။ ရန်ကိုင်အပေါ် ကြောက်ရွံ့မှုပင်။ သူတော်စင်ဘုရင် တတိယအဆင့်လေးနှင့်ပင် ထိုမျှ ကြောက်မက်ဖွယ် ကောင်းနေလျှင် တန်ခိုးရှင်အဆင့်သို့သာ ချိုးဖျက်သွားခဲ့မည် ဆိုပါက မည်မျှပင် ကြောက်မက်ဖွယ် ကောင်းလိုက်မည်နည်း။
အကုန်လုံးသည် မြေခွေးအိုကြီးများ ဖြစ်ကြလေရာ ထိုအချက်ကို ကောင်းကောင်း နားလည်ထားကြသည်။ ရန်ကိုင်သည် မသွားခင် သူတို့အား သေချာ စိုက်ကြည့်သွားသည်။ ဆိုလိုသည်ကား ထိုကောင် အားကောင်းလာသည့် တစ်နေ့တွင် သူတို့အား လက်စား ပြန်ချေပေလိမ့်မည်။
ခဏတာ တုန့်ဆိုင်းနေပြီးနောက် မာရှင်းယွမ်က လက်သီးဆုပ်၍ တုန့်ဆိုင်းတုန့်ဆိုင်းဖြင့် မေးလိုက်သည် “မြို့သခင် သူ့ကို ဒီအတိုင်း လွှတ်ပေးလိုက်မလို့လား”
“ငါသူ့ကို မလွှတ်ပေးရင် မင်းတို့က ဘာလုပ်စေချင်လို့လဲ” ဖေးကျီတုမှာ သူ့အပြာရောင် အလင်းတန်းအချို့ ဆုံးရှုံးလိုက်ရသည့် အတွက်ကြောင့် အတော်လေး အစာမကြေ ဖြစ်နေခဲ့သည်။ ဒေါသဖွင့်ထုတ်ချင်သော်လည်း မည်သူ့အပေါ်သို့ ဖွင့်ထုတ်ရမှန်းမသိ၊ ထို့ကြောင့် မာရှင်းယွမ်မှ ထိုကဲ့သို့ မေးလာချိန် ထိုလူများကို အေးစက်စက် အကြည့်ဖြင့် ပြန်စိုက်ကြည့်လိုက်၏။
“ဒါပေမယ့် အဲ့ကောင်လေးက ရှဲ့မိသားဝင် တစ်ယောက်ကို သတ်လိုက်တယ်လေ…”
“ရှဲ့မိသားစုလား” ဖန်းကျီတုက အေးစက်စက် အမူအရာဖြင့် နှာခေါင်းရှုံ့လိုက်ပြီး “အဲ့တော့ ဘာဖြစ်လဲ။ မင်းကကော ရှဲ့မိသားစုဝင် ဟုတ်လို့လား။ ရှဲ့မိသားစုဝင် သေတာ ငါနဲ့ ဘာဆိုင်လို့လဲ”
မာရှင်းယွမ် ခေါင်းသာ ငုံ့လိုက်ပြီး ဘာမှ ထပ်မပြောရဲတော့ချေ။
“ဟွန့်၊ သူ့ကို မလွတ်ပေးချင်ရင် မင်းတို့ကိုယ်တိုင် သူ့ကို လိုက်သတ်ပါလား။ သူ့ကို သတ်နိုင်မယ် ထင်ရင်ပေါ့”
“မြို့သခင်ပြောတာ မှန်ပါတယ်” လူအုပ်ကြီး အလွန်ကိုမှ ရှက်သွားခဲ့ကြသည်။ မြို့သခင်ဆီ အကူအညီ တောင်းသော်ငြား သူတို့ကိုယ်တိုင်သာ အရှက်ကွဲခဲ့ရသည်။ အကုန်လုံး ရန်ကိုင် အကြောင်း ထပ်မပြောကြတော့ချေ။
“မင်းတို့ကိုယ်မင်းတို့ ယုံကြည်ချက်မရှိရင် အေးအေးဆေးဆေး သောက်ပါးစပ်ပိတ်ပြီးတော့ နေလိုက်။ ငါ့ကို နောက်တစ်ကြိမ် မေးခွန်းလာထုတ်ရဲရင် ရိုင်းတယ်ဆိုပြီးတော့ လာအပြစ်မတင်နဲ့။ ပြီးတော့ ဟိုသက်ကြားအိုကြီး ချင်းတုန် ပြန်မလာတော့ဘူးလို့များ မင်းတို့တွေ ထင်နေတာလား။ ဟတ်၊ မင်းတို့ သေချာသာ ဆုတောင်းထားကြပေတော့။ မဟုတ်ရင် အရိပ်လခန်းမမှာ မင်းတို့အတွက် နေစရာမရှိ ဖြစ်သွားလိမ့်မယ်”
အကုန်လုံး တစ်ယောက်ကို တစ်ယောက် တုန်လှုပ် ခြောက်ခြားသွား ကြည့်လိုက်ကြသည်။ အထပ်သေး ထပ်မေးမည် အပြု ဖေးကျီတု သူ့အင်္ကျီစကို ခါထုတ်လျက် ပျံသန်း ထွက်သွားသည်ကို တွေ့လိုက်ရသည်။
“အစ်ကိုမာ၊ ကျုပ်တို့ ဘာလုပ်ကြမလဲ။ မြို့သခင် ပြောတဲ့ပုံ အရဆိုရင် ဂိုဏ်းထဲမှာ အလှည်အပြောင်းတွေ ဖြစ်သွားတဲ့ပုံပဲ။ အကြီးအကဲချင်းတုန် မဟုတ်…” တစ်ယောက်ယောက်က မာချင်းယွမ်ကို မေးလိုက်သည်။
“ဟုတ်တယ်နော်၊ အစ်ကိုမာ။ ဒီတစ်ကြိမ်က လုံးဝ သေချာတယ်ဆို၊ အကြီးအကဲချင်းတုန် လုံးဝ ပြန်မလာတော့ဘူးဆို၊ အစ်ကိမာ အဲ့လို ပြောလို့ပဲ ကျုပ်တို့ လာပူးပေါင်းတာလေ။ မဟုတ်ရင် အဲ့သူတော်စင်ဘုရင်အဆင့် ဂျူနီယာလေးကို ရင်ဆိုင်ဖို့ အတွက်နဲ့ ဘာလို့ ရှဲ့မိသားစုနဲ့ ပူးပေါင်းရမှာလဲ” အခြား တစ်ယောက်က ဝင်ပြောလိုက်သည်။
မာရှင်းယွမ် ကိုယ်တိုင်လည်း မသေချာ ဖြစ်နေခဲ့သည်။ အစောကတည်းက စိတ်ညစ်နေပါသည် ဆိုမှ ထိုလူများက နားပူနားဆာ လာလုပ်နေသဖြင့် ထအော်တော့လေသည် “ငါ့ကို လာမေးမှတော့ ငါက ဘယ်သူ့ကို သွားမေးရမှာလဲကွ။ ငါလည်း သူတို့ ညွှန်ကြားတဲ့အတိုင်းပဲ လုပ်နေတာကို ဘယ်လိုလုပ်ပြီး အသေစိတ် သိမှာလဲ။ မင်းတို့ သိချင်ရင် မန်နေဂျာရှဲ့ကို ကိုယ်တိုင် သွားမေးပါလား”
“မနေဂျာရှဲ့…” မာချင်းယွမ် ပြောသည်ကို ကြာပြီးနောက် သူတို့အားလုံး ပွန်းရုပ်များအဖြစ် အသုံးချခံလိုက်ရပြီမှန်း အားလုံး နားလည်လိုက်သည်။ ချင်းတုန်အကြောင်း ပြန်စဉ်းစားမိလိုက်သည့် အခါ အကုန်လုံး သွေးဆုတ် ဖြူလျော်သွားကြလေသည်။ ထို့နောက် အကုန်လုံး လက်သီးဆုပ်နှုတ်ဆက်လျက် အလျင်အမြန် ထွက်ခွာ သွားခဲ့ကြသည်။
နဂါးလိုဏ်ဂူတောင်သို့ ရန်ကိုင် ဖြူဖတ်ဖြူလျော် မျက်နှာထားဖြင့် ပြန်ရောက်လာခဲ့သည်။
နဂါးလိုဏ်ဂူတောင်ထဲသို့ ဝင်လာသည်နှင့်၊ ဝူရီ၊ ယန်ယန်၊ ချင်းယွဲ့နှင့် အခြားသူများ သူ့အား ရပ်စောင့်နေသည်ကို တွေ့လိုက်ရသည်။ သူပြန်လာသည်ကို မြင်သည့်အခါ အမျိုးသမီး သုံးယောက်စလုံး ပျော်ရွှင်စွာဖြင့် သူ့အား နှုတ်ဆက်လိုက်လေ၏။
“နင်ဒဏ်ရာ ရလာတာလား” ရန်ကိုင် မျက်နှာ ဖြူလျော် နေသည်ကို သတိပြုမိသော် ဝူရီ အလန့်တကြား မေးလိုက်သည်။
“ငါအဆင်ပြေတယ်၊ ဘာမှမဖြစ်ဘူး။ ယုဖုန်းနဲ့ အခြားသူတွေကော ဘယ်လိုနေလဲ” ရန်ကိုင်က ဘာမှ မဖြစ်ကြောင်း လက်ဝှေ့ရမ်းပြလိုက်ပြီးနောက် ပြန်မေးလိုက်၏။
“သူတို့ ဒဏ်ရာတွေကို ပြန်ကုနေတုန်းပဲ။ ဒါပေမယ့် သိပ်တော့ မကြာလောက်ဘူး။ နင်သာ ပြန်မလာရင် ဧည့်အကြီးအကဲချန်နဲ့ ဧည့်အကြီးအကဲဟောင်တို့ ကောင်းကင်ကံကြမ္မာမြို့ဆီ ပြန်လိုက်သွားကြတော့မလို့”
“အင်း” ရန်ကိုင်က ခေါင်းညိတ်လိုက်ပြီး “မလိုတော့ဘူးလို့ ပြောလိုက်။ ဒီကိစ္စ ဒီမှာတင် အဆုံးသတ်ပြီ။ အရိပ်လခန်းမလည်း ထပ်လာပြီး နှောင့်ယှတ်တော့မှာ မဟုတ်ဘူး။ ဒါပေမယ့် အခု လောလောဆယ်အတွင်း နင်တို့ အပြင်မထွက်နဲ့ဦး။ အထူးသဖြင့် ရှဲ့မိသားစုကို သေချာသတိထား။ အဲ့ကောင်တွေ လှုပ်ရှားရင် လှုပ်ရှားလိမ့်မယ်”
“ငါနားလည်တယ်။ မလိုအပ်ရင် ဘယ်သူမှ အပြင်မထွက်ဖို့ ပြောထားလိုက်မယ်” ပြောပြီးနောက် ဝူရီက စိုးရိမ်နေသည့် လေသံဖြင့် “နင့်ဒဏ်ရာတွေကိုလည်း ပြန်ကုလိုက်ဦး”
ရန်ကိုင် ခေါင်းညိတ်လိုက်ပြီး သူ့လိုဏ်ဂူစံအိမ်ဆီသို့ ထွက်သွားလိုက်လေသည်။
ဖေးကျီတုသည် နာမည်ကျော်ချင်လည်း ကျော်ချင်စရာပင်။ သူ့တိုက်ကွက်သည် မည်သည့် ဆန်းပြာမှု၊ လှပမှုမှ မပါဝင်သော်ငြား ထိုတိုက်ကွက် မည်မျှ အားကောင်းကြောင်းကို ထိပ်တိုက် ရင်ဆိုင်ခဲ့ရသည့် ရန်ကိုင်ကိုယ်တိုင်သာ နားလည်သည်။ ကံမကောင်းစွာဖြင့် ဖေးကျီတု အားကုန်ထုတ်သုံး၍ တိုက်ခိုက် လိုက်သလား၊ မတိုက်လိုက်ဘူးလား ဆိုသည်ကိုတော့ ကာယကံရှင် ကိုယ်တိုင်သာ သိပေလိမ့်မည်။
အားကုန် မသုံးဘဲနှင့် တိုက်ကွက်တစ်ကွက်တည်းဖြင့် သူ့အား ဒဏ်ရာရအောင် လုပ်နိုင်သည်ကို ထောက်ရှုကြည့်ပြီးသည့်နောက် သူနှင့် တန်ခိုးရှင်တတိယအဆင့်များကြား ခွန်အား ကွာခြားချက် အလွန်ကိုမှ ကြီးမားနေမှန်း ရန်ကိုင် နားလည်လိုက်သည်။
ကုသရေးဆေးလုံး အချို့သောက်ပြီးနောက် တင်ပလင်ခွေ ထိုင်လျက် သူ့ဒဏ်ရာကို ပြန်လည် ကုသတော့သည်။
ကံကောင်းစွာဖြင့် သူ့ဒဏ်ရာများမှာ သိပ်မပြင်းခဲ့။ ထို့ကြောင့် နေ့ဝက်လောက် အနားယူပြီးနောက် ပြန်ကောင်းသွားခဲ့သည်။ ရွှေရောင်သွေးစက်၏ ပြန်လည် ကောင်းမွန်နိုင်စွမ်းသည် ခါတိုင်းကဲ့သို့ အံ့အားသင့်ဖွယ် ကောင်းနေဆဲပင်။
ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်ကြည့်လိုက်သည့်ခါ ညရောက်နေပြီမှန်း သိလိုက်သည်။ ရန်ကိုင်၏ အမူအရာ လေးနက်သွားခဲ့ပြီး ထိုင်ရာမျထလျက် လိုဏ်ဂူစံအိမ် အကာအရံကို ဖွင့်ကာ နဂါးလိုဏ်ဂူတောင်မှ ကောင်းကင်ကံကြမ္မာမြို့တော်ဆီသို့ တိုးတိုးတိတ်တိတ် ထွက်သွားလေသည်။
မကြာမီ ကြောင်းကင်ကံကြမ္မာမြို့ဆီသို့ ရောက်လာပြီး သူမှတ်ထားသည့် လမ်းအတိုင်း မြို့သခင်စံအိမ်ဆီသို့ ဦးတည် သွားလိုက်လေသည်။
လက်ဖက်ရည် တစ်ခွက်စာလောက် ကြာပြီးနောက် မြို့သခင် စံအိမ် အပြင်ဘက်သို့ ရောက်လာခဲ့သည်။ ဤနေရာသို့ ပထမဆုံး အကြိမ် ရောက်ဖူးခြင်း ဖြစ်သော်လည်း ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေးကြည့်လိုက်ပြီးနောက် ဤနေရာရှိ အခြေအနေကို အကြမ်းဖျင်း ဖမ်းဆုပ်မိလိုက်သည်။
ယနေ့ညတွင် မြို့သခင်စံအိမ်သည် အနည်းငယ် ထူးဆန်းနေသည်။ စံအိမ်တွင် ပုံမှန်ဆိုလျှင် ရှိတတ်ကြသော အစောင့် တစ်ယောက်တစ်လေပင် မရှိ။
မြို့သခင်စံအိမ်ရှိ လူများမှာလည်း ဘာဖြစ်လို့ ဖြစ်မှန်း မသိကြ။ မြို့သခင်သည် သူတို့အား ယနေ့ညတွင် မည်သူမှ ကိုယ့်ခြံဝန်းမှ မထွက်ရဟု အမိန့်ပေးထားခဲ့သည်။ ထိုအမိန့်ကို လွန်ဆန်သူအားလုံး ချွင်းချက်မရှိ အသတ်ခံရပေလိမ့်မည်။
ထို့ကြောင့် ယနေ့တွင် မြို့သခင်စံအိမ်တစ်ခုလုံး ခြောက်ကပ်နေခြင်း ဖြစ်သည်။
ကြိုတင် မျှော်လင့်ထားပြီး ဖြစ်သဖြင့် ရန်ကိုင်လည်း အထဲသို့ ရဲရဲ လျှောက်ဝင်သွားလိုက်လေသည်။ ဟိုကွေ့၊ ဒီကွေ့ ကွေ့ပြီးနောက် မြို့သခင်စံအိမ်အတွင်းရှိ အဆောက်အဦးတစ်လုး ဆီသို့ ရောက်လာခဲ့သည်။ သူရပ်လိုက်သည့် အချိန်မှာပဲ ဖေးကျီတု၏ အသံကို ကြားလိုက်ရသည် “မင်းရောက်လာပြီ ဆိုမှတော့ လာဝင်ထိုင်လေ”
ထိုစကားကို ကြားလိုက်သည့်အခါ ရန်ကိုင် ယဲ့ယဲ့လေး ပြုံးလိုက်ပြီး တံခါးကို တွန့်ဖွင့်ကာ ဝင်သွားလိုက်သည်။
အခန်းထဲတွင် ဖေးကျီတုသည် ထိုင်ခုံပေါ်တွင် ထိုင်လျက် ဝင်ပေါက်ကို ပြုံးလျက် လှမ်းကြည့်လိုက်သည်။ ရန်ကိုင် အထဲသို့ ဝင်လာပြီးနောက် သူ့သူတော်စင်ချီကို သုံးလျက် အခန်းတံခါးကို ပြန်ပိတ်ချလိုက်သည်။
ရန်ကိုင်သည် ဟန်မပျက် အမူအရာဖြင့်သာ ဖေးကျီတုနှင့် မျက်နှာချင်းဆိုင်ရှိ ထိုင်ခုံပေါ်တွင် ဝင်ထိုင်လိုက်သည်။
“ဒီနေ့ မင်းတော်တော် ရဲတာပဲလို့ ထင်နေတာ အခုကျမှ ပိုသွေးရဲမှန်း သိလိုက်ရတယ်။ မင်းဒီကိုလာပြီး ငါမင်းကို အလွယ်တကူ ပြန်မလွှတ်ပေးမှာ မင်းမကြောက်ဖူးလား” ဖေးကျီတုက အဓိပ္ပါယ်ပါပါ မေးလိုက်သည်။
“စီနီယာ နောက်နေစရာ မလိုပါဘူးဗျာ။ စီနီယာသာ ဆန္ဒရှိရင် အစောကြီးကတည်းက လှုပ်ရှားလိုက်ရင် ပြီးနေပြီပဲကို။ ဒီလောက် အထိ အလုပ်ရှုပ်ခံနေစရာမှ မလိုတာ” ရန်ကိုင်က ပြန်ပြောသည်။
ဖေးကျီတု ခေါင်းညိတ်လိုက်ပြီး “ဟိုသက်ကြားအိုကြီး ချင်းတုန် မင်းအပေါ် အမြင်မမှားခဲ့ဘူးပဲ”
“စီနီယာဘာလို့ ကျုပ်ကို ညနက်သန်းခေါင်းကြီး တွေ့ချင်တာလဲ ကျုပ်သိလို့ရမလား” ရန်ကိုင်က အလေးအနက် လေသံဖြင့် မေးလိုက်သည်။
နေ့လည်ပိုင်းက ဖေးကျီတုနှင့် တိုက်ခိုက်နေစဉ် အတွင်း ဖေးကျီတုသည် ညသန်းခေါင်ရောက်လျှင် သူ့ကို လာတွေ့ရန် ရန်ကိုင်အား ကောင်းကင်စိတ်အာရုံဖြင့် တိတ်တိတ်လေး လှမ်းသတင်းပို့ခဲ့သည်။ ဘာကြောင့်မှန်း မသိသော်လည်း အရိပ်လခန်းမ၏ ယခုတလောအတွင်း ပြောင်းလဲမှုများနှင့် ပက်သက်နေမှန်းတော့ ခန့်မှန်းမိသည်။
“ငါမင်းဆီက အကူအညီ တောင်းချင်တယ်ဆိုရင် မင်းယုံမှာလား”
“ကျုပ်အကူအညီလား” ရန်ကိုင် မျက်မှောင်ကြုတ်သွားသည် “ဘယ်လို အကူအညီမျိုးလဲ”
“ဘယ်လို အကူအညီလဲဆိုတာ ခဏထား၊ ငါမင်းကို အရင် မေးဦးမယ်။ အရိပ်လခန်းမ အခုလောလောဆယ် ဘယ်လို အခြေအနေ ရှိတယ်လို့ မင်းထင်လဲ” ဖေးကျီတုက လေသံနှိမ့်၍ မေးလိုက်သည်။
ရန်ကိုင်က ဖြည်းဖြည်းချင်း ခေါင်းခါလိုက်ပြီး “ဂျူနီယာ တံခါးပိတ်ကျင့်စဉ် ဝင်တာကနေ ထွက်လာတာ မကြာသေးဘူး ဆိုတော့ ဘာတွေ ဖြစ်နေလဲ သေချာမသိဘူး။ စီနီယာပဲ အလင်းပြပေးလို့ရမလား”
“အဲ့လိုကိုး” ဖေးကျီတု ခေါင်းညိတ်လိုက်သည် “အဲ့လိုဆိုမှတော့ ငါကွေ့ဝိုက်ပြီး ပြောမနေတော့ဘူး။ အခု တစ်ကြိမ် မင်းတို့ နဂါးလိုဏ်ဂူတောင် ပစ်မှတ်ထားခံရတာ အရိပ်လခန်းမမှာ အတွင်းရေး တိုက်ပွဲတွေ ဖြစ်နေလို့ပဲ။ အခု ကိစ္စမှာ ငါတို့ အရိပ်လခန်းမဘက်မှာ မှားတာအမှန်ပဲ။ ဒါပေမယ့် မင်းတို့ နဂါးလိုဏ်ဂူတောင် အခုလို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ရှိနေနိုင်တယ် ဆိုတာက ချင်းတုန် မင်းတို့ကို ကာကွယ်ပေးထားလို့ပဲ။ ဒါပေမယ့် အခုတော့ ချင်းတုန် နည်းနည်း ပြဿနာတက်နေတယ်။ အဲ့ဒါကြောင့် လူတွေက ဒီအခွင့်အရေးကို အသုံးချပြီး ချင်းတုန်ကို စမ်းသပ်ချင်နေတာ။ သူတို့က မင်းနဲ့ ရှဲ့မိသားစုရဲ့ ရန်ကြွေးကို သုံးပြီး ချင်းတုန် ဘယ်လို တုန့်ပြန်မလဲ ဆိုတာကို စမ်းသပ်လိုက်တာ”
ထိုအထိ ပြောပြီးနောက် ရန်ကိုင် အံ့အားသင့်သွားသည့် အရိပ်အယောင်ကို မတွေ့ရသဖြင့် ဖေးကျီတုက မေးလိုက်သည် “မင်းသိပြီးသွားပြီလား”
ရန်ကိုင်က ရယ်လျက် “ခန့်မှန်းကြည့်ထားတာ”
“တော်လိုက်တဲ့ကောင်” ဖေးကျီတု ချီးကျူးလိုက်သည်။ ထို့နောက် “မင်းသိပြီးထားပြီ ဆိုတော့ ပိုရှင်းပြရ လွယ်သွားပြီ။ အခုလောလောဆယ် အရိပ်လခန်းမက နှစ်ပိုင်းကွဲနေတယ်။ တစ်ပိုင်းကို ချင်းတုန်က ဦးဆောင်ပြီး ကျန်တစ်ပိုင်းကို ဖုန်ကျန်း ဆိုတဲ့ အကြီးအကဲက ဦးဆောင်တယ်။ နှစ်ယောက်စလုံးက အမြင်တွေ မတူကြတော့ သဘောထားတွေ ကွဲလွဲပြီး အတွင်းရေး ပဋိပက္ခတွေ စဖြစ်တာပဲ။ နှစ်ဖက်စလုံးမှာက အဖွဲ့သားတွေ ညီတူ ညီမျှလောက်ပဲ။ အဲ့နှစ်ဖက် တစ်ဖက်နဲ့တစ်ဖက် ပြိုင်နေကြတာ နှစ်နဲ့ချီနေပြီ။ တစ်ခါမှ ပဋိပက္ခ ကြီးကြီးမားမား မဖြစ်ခဲ့ဖူးဘူး။ ဒါပေမယ့် မကြာသေးခင်တုန်းက ဖြစ်သွားတဲ့ အဖြစ်အပျက် တစ်ခုကြောင့် သူတို့ကြားက မျှခြေ ကျိုးပျက်သွားတယ်လေ”
“ပန်းပဲဆရာကြီးကဲလင် သေသွားတဲ့ ကိစ္စလား” ရန်ကိုင် မှေးစဉ်းသွားခဲ့သည်။ ချင်းတုန်နှင့် ပန်းပဲဆရာကဲလင်သည် အတော်လေး ခင်မင်ရင်းနှီးကြသည်။ ပန်းပဲဆရာကဲလင် သေသွားခြင်းသည် ချင်းတုန်အဖို့ သူ့အား ထောက်ခံပေးနေသူများ အနက် အကြီးမားဆုံး ထောက်ခံပေးသူ တစ်ယောက်ကို ဆုံးရှံးလိုက်သလို ဖြစ်သွားသည်။ ထို့ကြောင့် အခြားအဖွဲ့ဘက်က အလေးသာသွားခြင်း ဖြစ်လောက်သည်။
ရန်ကိုင်က သူ့ခန်မှန်းချက် မှန်သည်ဟု ထင်နေစဉ်မှာပဲ ဖေးကျီတုက နှာခေါင်းရှုံ့၍ ခေါင်းခါလျက် “ပန်းပဲဆရာကြီး ကဲလင် သေသွားတာနဲ့ နည်းနည်းဆိုင်တယ်။ ဒါပေမယ့် အဲ့ဒါက အဓိက မဟုတ်သေးဘူး။ အဓိက အခြားကိစ္စတစ်ခုပဲ”
“ဘာကိစ္စလဲ” ရန်ကိုင်က သိချင်စိတ်ဖြင့် မေးလိုကသ်ည်။
“အဲ့အကြောင်း ပြောရမယ်ဆိုရင် မင်းလည်းပါတယ်” ဖေးကျီတုက လေသံတိုးတိုးဖြင့် “ဖယောင်းနီသီး အပိုင်းလေးလေ”
“အဲ့ဒါလား” ရန်ကိုင် ရုတ်တရက် နားလည်သွားသည်။
“အရိပ်လခန်းမမှာ အားအကောင်းဆုံးက ဂိုဏ်းချုပ် မဟုတ်ဘူး။ အဲ့သက်ကြားအိုကြီး ချင်းတုန်နဲ့ ဖုန်ကျန်းပဲ။ နှစ်ယောက်စလုံးက တန်ခိုးရှင်ဘုရင်အဆင့်ကို ချိုးဖျက်နိုင်ချေ အများဆုံးရှိတဲ့ လူနှစ်ယောက်ပဲ။ ဒါပေမယ့် ဖယောင်းနီသီး အပိုင်းက တစ်ပိုင်းပဲရှိတော့ နှစ်ယောက်စလုံးက လိုချင်ကြတယ်။ အဲ့တော့ ဘယ်လိုတွေ ဖြစ်ကုန်လဲ မင်းတွေးတတ်မှာပေါ့”
“အဲ့ဒါကြောင့် အခုလို ဖြစ်လာတာဆိုရင် ယုတ္တိရှိတယ်” ရန်ကိုင် နားလည်သွားခဲ့လေပြီ။
လွန်ခဲ့သော နှစ်နှစ်ခန့်က၊ သဲမီးတောက်နယ်မြေ ဖွင့်သည့်အခါ သုံးလွှာမြောက်တွင် ဖယောင်းနီသီးတစ်လုံး ပေါ်လာခဲ့သည်။ ထိုဖယောင်းနီသီးကို လန်ချင်းမှ အစိတ်စိတ် ဖြစ်အောင် ထိုးကြိတ်ဖျက်စီးပစ်ခဲ့သော်လည်း ဝေကုချန်းနှင့် တုန်ရွှမ်းအာသည် အစိတ်တွေထဲမှ တစ်စိတ်ကို ရအောင် ယူနိုင်ခဲ့သည်။ ဖယောင်းနီသီးသည် တန်ခိုးရှင်အဆင့်ကို တန်ခိုးရှင်ဘုရင်အဆင့်သို့ ချိုးဖျက်နိုင်အောင် ကူညီပေးနိုင်သည်ဟု ကောလာဟာလ ရှိခဲ့သည်။ တန်ခိုးရှင်ဘုရင်အဆင့် တစ်ယောက်ပင် မရှိသော အရိပ်ကြယ်ကဲ့သို့ နေရာမျိုးတွင် ထိုကဲ့သို့သော မက်လုံးသည် အလွန်ကိုမှ ဆွဲဆောင်အား ကောင်းလွန်းနေခဲ့သည်။ ထို့ကြောင့် အရိပ်လခန်းမတွင်းရှိ မျှခြေ အခြေအနေ ကျိုးပျက်သွားပြီး ပဋိပက္ခကြီး ထဖြစ်ပွားရခြင်းမှာ အထူးအဆန်း မဟုတ်ချေ။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၃၃၄)
“တကယ်တော့ အဲ့ချင်းတုန်ဆိုတဲ့လူက အခြားလူတွေနဲ့ တိုက်ရတာကို ကြိုက်တဲ့လူ မဟုတ်ဘူး။ ဒါပေမယ့် ဖယောင်နီးသီး က အရမ်း တန်ဖိုးကြီးလွန်းနေတယ်လေ။ အဲ့အသီးအပိုင်လေးသာ သူ့ကို တကယ်ကြီး တန်ခိုးရှင်ဘုရင်အဆင့်ကို ရောက်အောင် လုပ်ပေးနိုင်မယ်ဆိုရင် ငါတို့ လအရိပ်ခန်းမ ဒီအရိပ်ကြယ်မှာ အားအကောင်းဆုံး ဂိုဏ်းတစ်ဂိုဏ်း ဖြစ်လာမှာ ပြောနေစရာတောင် မလိုဘူး။ အဲ့အချိန်ကျရင် ကြယ်ဧကရာဇ်တောင်တောင် ငါတို့ ပြိုင်ဘက် ဖြစ်နိုင်တော့မှာ မဟုတ်ဘူး။ မျှော်လင့်ချက်က သေးသေးလေးပဲ ဆိုပေမယ့် ဖြစ်နိုင်ချေကတော့ ရှိနေတုန်းပဲလေ။ ချင်းတုန်နဲ့ ဖုန်ကျန်းတို့ နှစ်ယောက်စလုံး အဲ့အကြောင်းကို သိတယ်။ ဒါကြောင့်ပဲ အတွင်းရေး ပဋိပက္ခ ရုတ်တရက်ကြီး ထဖြစ်တာ။ အခု လအရိပ်ခန်းမတစ်ခုလုံး ပရမ်းပတာ ဖြစ်နေတယ်လို့တောင် ပြောလို့ရတယ်” ဖေးကျီတုက အနည်းငယ် ဝမ်းနည်းနေသည့် ဟန်ဖြင့် ပြောလိုက်သည် “ဒီကိစ္စကိုသာ ကောင်းကောင်း မကိုက်တွယ်နိုင်ဘူးဆိုရင် ငါတို့ လအရိပ်ခန်းမ ဒုက္ခကောင်းကောင်း ရောက်ပြီပဲ။ ကံဆိုးမယ်ဆိုရင်တော့ ဂိုဏ်းတစ်ဂိုဏ်းလုံး ပျက်ကိန်းဆိုက်လိမ့်မယ်”
“အဲ့လောက်တောင် ဖြစ်နေတာလား” ရန်ကိုင် အမူအရာ ပြောင်းလဲသွားခဲ့လေပြီ။
“ချင်းတုန်နဲ့ ဖုန်ကျန်းတို့ အချင်းချင်း မတည့် ဖြစ်နေကြတာ နှစ်နဲ့ခစ်နေပြီ။ ဒါပေမယ့် ဂိုဏ်းချုပ်ကြောင့် ဘာမှ မဖြစ်ခဲ့ဘူး။ အခုတော့ ဂိုဏ်းချုပ်လည်း ဘာမှ မတတ်နိုင်တော့ဘူး။ ဂိုဏ်းချုပ် အသက်ကြီးနေတာကြောင့်သာ မဟုတ်ရင် ဖယောင်းနီသီးအပိုင်းကို သူပဲ သုံးလိုက်မှာ။ ဒါပေမယ့် ဂိုဏ်းက အဲ့လို အဖိုးတန်တဲ့ ရတနာ တစ်ခုကို သူမဖြုန်းရက်ဘူးတဲ့။ အဲ့ဒါနဲ့ အခြားလူတွေ သုံးပါစေ ဆိုပြီး ပေးလိုက်ကာမှ အတွင်းရေးတွေ ထဖြစ်တော့တာပဲ”
ဖေးကျီတု ဘာပြောနေလဲ ဆိုသည်ကို သူနားမလည်ဘဲ ဘယ်နေမည်နည်း။ လအရိပ်ခန်းမသည်သာ နှစ်ခြမ်ကွဲသွားပါက နဂါးလိုဏ်ဂူတောင်လည်း ဒုက္ခရောက်ပေလိမ့်မည်။ နဂါးလိုဏ်ဂူတောင်သည် အရိပ်လခန်းမ၏ ပိုင်နက်ထဲတွင် ရှိသည်။ ထို့ကြောင့် တိုက်ပွဲသာ ထဖြစ်ပါက သူတို့ ဘာဖြစ်မည်လဲ မည်သူမှ မပြောနိုင်ချေ။
သို့သော်လည်း မကြာမီ ရန်ကိုင်၏ အမူအရာ ပုံမှန်အတိုင်း ပြန်ဖြစ်သွားပြီး ဖေးကျီတုကို ကြည့်လျက် မေးလိုက်သည် “စီနီယာ ကျုပ်ကို ကြောက်အောင် အခုလိုတွေ ခြောက်နေစရာ မလိုပါဘူး။ စီနီယာ ဘယ်ဘက်ကလဲ ဆိုတာပဲ ကျုပ်သိချင်တယ်”
“ငါလား” ဖေးကျီတု မျက်ခုံးပင့်လိုက်သည်။ ရှက်ကိုးရှက်ကန်း ရယ်မောလျက် ဖြည်းဖြည်းချင်း ပြန်ပြောလိုက်သည် “ငါက ဘယ်အဖွဲ့ကမှ မဟုတ်ဘူး။ ဂိုဏ်းချုပ်က ငါ့ကို ဒီမြို့ကို စောင့်ကြည့်ခိုင်းထားလို့ ဒီမြို့ကို စောင့်ကြည့်နေတာ။ မြို့သခင် တစ်ယောက် ဖြစ်တဲ့ငါက ဘယ်ဘက်ကို ပါလိမ့်မယ်လို့ မင်းထင်နေတာလဲ”
ရန်ကိုင်က ခေါင်းညိတ်၍ အပြုံးဖြင့် ပြန်ပြောလိုက်သည် “စီနီယာ ပြောနေတဲ့ပုံကို ကြည့်ပြီး စီနီယာက အကြီးအကဲချင် ဘက်ကလို့ ထင်နေတာ”
“ဘယ်က အကြီးအကဲချင်ဘက်လဲ။ အဲ့သက်ကြားအိုကြီး ချင်းတုန်…” ဖေးကျီတုသည် အေးစက်စက် အမူအရာဖြင့် နှာခေါင်းရှုံ့လိုက်သည်။ အကြီးအကဲချင်းတုန်ကို ကျိန်ဆဲဖို့ လုပ်နေသည့်ပုံပင်။ သို့သော်လည်း လမ်းတစ်ဝက်မှာတင် သူ့စကားကို ရပ်လိုက်သည်။ လက်ကို ဝှေ့ရမ်းလျက် စိတ်ညစ်ညစ်ဖြင့် ပြန်ပြောလိုက်တော့ “ငါချင်းတုန်ကို အကြွေးတစ်ခု ထင်ထားလို့ သူ့အကြွေးကို ပြန်ဆပ်နေတာ”
“အဲ့ဒါနဲ့ ကျုပ်နဲ့ ဘာဆိုင်လို့လဲ” ရန်ကိုင်က မျက်မှောင် ကြုတ်လျက် “ဘာလို့ စီနီယာ ကျုပ်ကို ညနက်သန်းခေါင်ကြီး တွေ့ချင်တာလဲ”
ဖေးကျီတုက ရန်ကိုင်အား အလေးအနက် အမူအရာဖြင့် စိုက်ကြည့်၍ ပြောလိုက်သည် “ချင်းတုန် ဒုက္ခရောက်နေတယ်”
ရန်ကိုင် မျက်လုံး မှေးစဉ်းသွားခဲ့သည်။
“မင်းက ကျေးဇူးသိတတ်တဲ့ လူစားမျိုးပါ ဟုတ်တယ်မလား။ အရင်နှစ်တွေတုန်းက မင်းတို့ နဂါးလိုဏ်ဂူတောင် အေးအေး ချမ်းချမ်းနဲ့ တိုးတက်လာနိုင်တယ်ဆိုတာ ချင်းတုန် ကျေးဇူး အများကြီး ပါတယ်။ သူ့ကြောင့်သာ မဟုတ်ရင် အခြား အင်အားစုတွေ မင်းတို့ နဂါးလိုဏ်ဂူတောင်ကို ဝါးမြို ပြီးသွားလောက်ပြီ။ မင်းတို့ ခွန်အားလေးနဲ့ သူများ ပိုင်နက်ကို လာပြီး ပိုင်စိုးပိုင်နင်း လုပ်နေတာ ဘယ်သူက ငြိမ်ကြည့်နေမှာလဲ”
“အခုလောလောဆယ် အဲ့အကြောင်း မပြောဘဲ ထားလိုက်ရအောင်၊ အကြီးအကဲချင်းတုန် အခုလောလောဆယ် အခြေအနေ ဘယ်လိုရှိလဲ။ ကျုပ်ကူညီနိုင်တာရှိရင် ပြော၊ ကျုပ်ကျိန်းသေ ကူညီပေးမယ်” ရန်ကိုင်က ပြောလိုက်သည်။
ရန်ကိုင် သိနှင့်ပြီးသား အကြောင်းအရာများကို ဖေးကျီတု ထပ်ပြောနေစရာ မလိုချေ။ နဂါးလိုဏ်ဂူတောင် ငြိမ်းချမ်းနေရခြင်းသည် အကြီးအကဲချင်းတုန်၏ ကူညီပေးမှုကြောင့် ဖြစ်မှန်းကို ရန်ကိုင် အစောကြီးကတည်းက သိထားပြီးသားပင်။ သို့သော်လည်း ဖေးကျီတုမှ ထိုအကြောင်း အရာကိုသာ ထောက်ပြပြောဆိုနေသဖြင့် ရန်ကိုင် ညစ်လာ၏။ ထို့ကြောင့် သူ့လေသံလည်း အနည်းငယ် အေးစက်လာရသည်။
ဖေးကျီတုသည် ရန်ကိုင် လေသံ ပြောင်းသွားသည်ကို မသိကျေးကျွံပြုလျက် ဆက်ပြောလိုက်သည် “ငါအခု မင်းကို ပြောမယ့်ဟာကို လူနည်းနည်းလေးပဲ သိတယ်။ ဒီကိစ္စက အရမ်း အရေးကြီးတာမို့လို့ အပြင်လျှောက်ဖွလို့ မဖြစ်ဘူးနော်”
ရန်ကိုင်က ခေါင်းညိတ်ပြလိုက်သည်။
ဖေးကျီတု ပြောသည်ကို နားထောင်ပြီးနောက် ချင်းတုန် ပျောက်နေသည်မှာ နှစ်ဝက်လောက် ရှိနေပြီမှန်း ရန်ကိုင် သိလိုက်သည်။ အချိန်ကို တွက်ကြည့်လိုက်သည့်အခါ ချင်းတုန် ပျောက်နေသည့် အချိန်သည် သူနှင့် ယန်ယန်တို့ ဖန်သွေးရောင် ဂိုဏ်းသို့ ထွက်ခွာသွားသည့် အချိန်နှင့် ကွက်တိ ကျနေသည်ကို တွေ့ရှိလိုက်ရသည်။
ချင်းတုန် မည်သည့် နေရာသို့ သွားလဲ ဆိုသည်ကိုမူ မည်သူမှ မသိကြချေ။ အချို့သည် သူကျင့်စဉ်တစ်ခုခုကို ကျင့်ကြံရန်အတွက် တံခါးပိတ်ကျင့်စဉ် ဝင်နေသည်ဟု ပြောကြသည်။ အချို့ကမူ ချင်းတုန်သည် အခွင့်အလမ်း တစ်ခုခုကို သွားရောက်ရှာဖွေရင်း မတော်တဆ တစ်ခုခု ဖြစ်သွားသည်ဟု ပြောကြသည်။ ချင်းတုန်သည် အရိပ်လခန်းမ ပြိုကွဲမည်ကို မလိုလားသည့် အတွက်ကြောင့် ထွက်သွားသည်ဟုလည်း အချို့က ပြောကြသည်။
သို့သော်လည်း ကောလဟာလများ မည်သို့ပင် ထွက်နေပါစေ တကယ့် ချင်းတုန် ဘာကြောင့် ပျောက်နေလဲ ဆိုသည်ကို မည်သူမှ မသိကြချေ။
လက်ရှိတွင် လအရိပ်ခန်းမသည် အတွင်းရေး ပဋိပက္ခများနှင့် လုံးလည်ချာလည် လိုက်နေသည်။ ချင်းတုန်၏ ရုတ်တရက် ပျောက်ကွယ်သွားမှုကြောင့် အကုန်လုံး ဇဝေဇဝါ ဖြစ်နေကြသည်။ သူပျောက်ကွယ်သွားသည့် အတွက်ကြောင့် ဖုန်ကျန်း ပို၍ ရဲတင်းလာခြင်း ဖြစ်သည်။ ချင်းတုန်၏ အဖွဲ့ဘက်တွင် အခြား အကြီးအကဲများ ရှိသေးသော်လည်း အဓိကလူဖြစ်သော ချင်းတုန် မရှိသည့်အတွက်ကြောင့် အောက်စည်းဘက်သို့ ရောက်သွားခြင်း ဖြစ်သည်။
ချင်းတုန်သာ မကြာခင် ပြန်မလာနိုင်ဘူး ဆိုပါက အကျိုးဆက်မှာ အတွေလေးကို ဆိုးရွားပေလိမ့်မည်။
ယခုတစ်ကြိမ် မာရှင်းယွမ်၊ အခြားသူများသည် ရှဲ့မိသားစုနှင့် ပူးပေါင်း၍ နဂါးလိုဏ်ဂူတောင်ကို ပြဿနာ ရှာခြင်းသည် ဖုန်ကျန်းမှ ချင်းတုန် ပေါ်လာမလား မပေါ်လာမလား ဆိုသည်ကို စမ်းသပ်လိုသည့် အတွက်ကြောင့် ဖြစ်သည်။ နဂါးလိုဏ်ဂူတောင် ပြဿနာ ဖြစ်လျှင် ချင်းတုန် ပေါ်လာမည်လား၊ မပေါ်လာဘူးလား ဆိုသည်ကို ဖုန်ကျန်း စပ်သပ်လိုက်ခြင်း ဖြစ်သည်။ အကျိုးဆက် အနေဖြင့် တန်ခိုးရှင်အဆင့် တစ်ယောက် သေသွားခဲ့ရသော်ငြား ရလဒ်နှင့် ပက်သက်၍ ဖုန်ကျန်း ကျေနပ်နေပေလိမ့်မည်။
ချင်းတုန် အစမှအဆုံးထိ ပေါ်မလာခြင်းမှာ သူတစ်ခုခု ဖြစ်နေသည်ဟု ဆိုလိုက်ခြင်းနှင့် အတူတူပင်။
ထိုအကြောင်းသာ ဂိုဏ်းဆီသို့ ပေါက်ကြားသွားပါက ဖုန်ကျန်း အကွက်ကြီး ရွှေ့လောက်ပေလိမ့်မည်။
“အခု အကြီးအကဲချင်း ဘယ်မှာလဲ” ရန်ကိုင်က မျက်မှောင်ကြုတ်လျက် မေးလိုက်သည်။
“ရှေးဟောင်း အပျက်အစီးနယ်မြေ တစ်ခုမှာ” ဖေးကျီတုက လေသံတိုးတိုးဖြင့် ပြန်ပြောလိုက်သည်။
“ရှေးဟောင်း အပျက်အစီးနယ်မြေ” ရန်ကိုင်၏ မျက်ဝန်းအစုံ ဝင်းလက်သွားခဲ့သည်။
“ဟုတ်တယ်။ ဒါပေမယ့် သူသေလား ရှင်လား ဆိုတာကိုတော့ ငါလည်း မသိဘူး” ဖေးကျီတု သက်ပြင်းချလိုက်သည်။ “ငါနောက်ဆုံး သတင်းရခဲ့တာ လွန်ခဲ့တဲ့ လဝက်ကပဲ။ အဲ့တုန်းက ဒါကိုသုံးပြီး ငါ့ဆီ လှမ်းသတင်းပို့တာ”
ပြောပြီးသည်နှင့် ဖေးကျီးတုက သူ့လက်ကို လှုပ်ခါလိုက်ရာ အဖြူရောင် အလင်းမျှင်လေးတစ်မျှင် ပေါ်လာပြီး ရန်ကိုင်ဆီသို့ ဝဲပျံသွားလေသည်။
ရန်ကိုင်လည်း ထိုအလင်းမျှင်ကို လှမ်းဖမ်း၍ စစ်ဆေး ကြည့်လိုက်သည်။ စစ်ဆေးကြည့်ပြီးနောက် ထိုအလင်းမျှင်သည် နှင်းဖြူရောင်ပိုးမျှင်ကာင်နှင့် ဆင်တူသော အင်းဆက်တစ်ကောင် ဖြစ်နေမှန်း သိလိုက်ရသည်။ ထိုအင်းဆက်လေသည် စင်တီမီတာ အနည်းငယ်လောက်သာ ရှည်လျားပြီး ဖွေးဖွေးစွတ် ဖြူဖွေးနေရာ ၎င်း၏ သွေးကြောများကိုပင် မြင်နေရသည်။
သို့သော်လည်း ထိုအင်းဆက်ကို ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေးကြည့်လိုက်ချိန် သတင်းစကားတစ်ခုကို ရုတ်တရက် ကြားလိုက်ရသည်။
အစပိုင်းတွင် ရန်ကိုင် ထိတ်လန့်သွားမိခဲ့သော်လည်း အလျင်အမြန်ပဲ ပြန်လည် တည်ငြိမ်သွားပြီး ငြိမ်သက်စွာ နားထောင်နေလိုက်သည်။
ထိုအင်းဆက်ဆီမှ ကြားလိုက်ရသော သတင်းစကားသည် ချင်းတုန် ပို့ထားသည့် သတင်းစကား ဖြစ်ပေသည်။ ထိုသတင်း စကားကို နားထောင်ပြီးနောက် ချင်းတုန်၏ အခြေအနေကို ရန်ကိုင် ချက်ချင်း နားလည်သွားသည်။
ဖေးကျီတု ပြောသကဲ့သို့ပင် ချင်းတုန်သည် ရှေးဟောင်း အပျက်အစီး နယ်မြေ တစ်ခုထဲတွင် ပိတ်မိနေပြီး အပြင်သို့ ပြန်မထွက်လာနိုင် ဖြစ်နေခဲ့သည်။ ထို့ကြောင့် ဖေးကျီတုဆီမှ အကူအညီ လှမ်းတောင်းရန်အတွက် ဤအင်းဆက်ကို ပို့လိုက်ခြင်း ဖြစ်ပေသည်။
“ဒီအင်းဆက်ကို ဆတ်သားအင်းဆက်လို့ခေါ်တယ်။ သတင်းတွေပို့ဖို့ သုံးတဲ့ ရှေးဟောင်းအင်းဆက် တစ်ကောင်ပဲ။ ဒီကောင်က အစီအရင်တွေ၊ အရံအတားတွေ အကုန်လုံးကို လျစ်လျူရှုနိုင်လို့ သူ့ကို သုံးရတာ တော်တော်လေး အဆင် ပြေတယ်လို့ ပြောလို့ရတယ်။ ဒီကောင့်ရဲ့ ဝတုတ်တုတ် ပုံစံကြောင့် သွားအထင်မသေးလိုက်နဲ့။ ဒီကောင်က အရမ်း မြန်တာ” ဖေးကျီတုက ရှင်းပြလိုက်သည်။
ရန်ကိုင် ခေါင်းညိတ်လိုက်ပြီး အလေးအနက် အမူအရာဖြင့် အင်းဆက်ကောင်ကို ဖေးကျီတုဆီ ပြန်ပေးလိုက်သည်။
ကြည့်ရသလောက် ချင်းတုန် သိပ်အခြေအနေ မကောင်းချေ။ အင်းဆက်ကောင်သည် ချင်းတုန် ဒဏ်ရာရထာသည့် အကြောင်းကိုသာ ပြောထားသည်။ သတင်း ပို့ထားသည်မှာ လဝက်လောက် ကြာနေပြီ ဖြစ်သဖြင့် လောလောဆယ်တွင် ချင်းတုန် မည်ကဲ့သို့ အခြေအနေ ရှိလဲ ဆိုသည်ကို သူမသိချေ။
“ဒီလောက် အရေးကြီးတဲ့ အချိန်မှ ရှေဟောင်း အပျက်အစီး နယ်မြေဆီသို့ ဘာလို့ အကြီးအကဲချင်းတုန် ထွက်သွားလဲဆိုတာ မြို့သခင် သိလား” ရန်ကိုင်က နားမလည်နိုင်သည့် အမူအရာဖြင့် မေးလိုက်သည်။
ဖေးကျီတုက အေးစက်စက် အမူအရာဖြင့် နှာခေါင်းရှုံ့လျက် “သူဘာတွေးနေလဲ ငါဘယ်လိုလုပ်ပြီး သိမှာလဲ”
တစ်ချက် ရပ်လိုက်ပြီးနောက် ဆက်ပြောလိုက်သည် “ငါခန့်မှန်းရရင်တော့ အတွင်းရေး ပဋိပက္ခကြောင့် အရိပ်လခန်းမ နှစ်ခြမ်းကွဲသွားမှာကို မလိုလားလို့နဲ့ တူတယ်။ ဒါကြောင့် အခု လက်ရှိ အခြေအနေကို တည်ငြိမ်သွားအောင် လုပ်ဖို့ နည်းလမ်း သွားရှာတာ ဖြစ်ရမယ်။ ပန်းပဲဆရာကဲလင်နှင့် သူရင်းနှီးတာ မင်းလည်း သိတယ်မလား။ ကဲလင် ရှိတုန်းက သူ့အကူအညီနှင့် ဖုန်ကျန်းတို့ အဖွဲ့ကို ဖိနှိပ်ထားလို့ ရသေးတယ်။ ဒါပေမယ့် အခု ကဲလင် မရှိတော့ဘူး။ အခြား တစ်ဖက်မှာ သူတို့ကို ထောက်ပံ့ ပေးနေတဲ့ တန်ခိုးရှင်အဆင့် ပန်းပဲပညာရှင် တစ်ယောက် ရှိနေသေးတယ်။ ချင်းတုန် သွားစစ်ဆေးတဲ့ ရှေးဟောင်း အပျက်အစီး နယ်မြေက ပန်းပဲဆရာ ကဲလင် ရှာတွေ့ခဲ့တဲ့ အပျက်အစီး နယ်မြေပဲ။ ကဲလင် တန်ခိုးရှင်အဆင့် ပန်းပဲ ပညာရှင် တစ်ယောက် ဖြစ်လာနိုင်တာကလည်း အဲ့အပျက်အစီးနယ်မြေနဲ့ ပက်သက်နေတယ်။ ချင်းတုန် အဲ့အပျက်အစီး နယ်မြေဆီ သွားတယ် ဆိုတာ နောက်ထပ် တန်ခိုးရှင်အဆင့် ပန်းပဲပညာရှင် တစ်ယောက် ထပ်မွေးထုတ်ပေးနိုင်ဖို့ ဖြစ်လောက်တယ်။ နောက်ထပ် တန်ခိုးရှင်အဆင့် ပန်းပဲပညာရှင်တစ်ယောက် ပေါ်လာပြီဆိုရင် ချင်းတုန်ဘက်လည်း ပြန်ပြီး အသာရ လာလိမ့်မယ်။ ငါမင်းကို ပြောဖို့မေ့နေတာ။ ချင်းတုန်က တစ်ယောက်တည်း ထွက်သွားတာ မဟုတ်ဘူး။ သူနဲ့အတူ ပန်းပဲဆရာကြီး ကဲလင်ရဲ့ အမွေဆက်ခံသူဆိုတဲ့ သူတော်စင် ဘုရင်အဆင့် ပန်းပဲပညာရှင် တစ်ယောက်ကိုပါ ခေါ်သွားသေးတယ်”
“အဲ့လိုဆိုရင် အကြီးအကဲချင်းတုန် လုပ်တာ မှန်တယ်လို့ ပြောလို့ရတယ်” ရန်ကိုင်က ပြောလိုက်သည်။
“မှန်တာလား” ဖေးကျီတုက အထင်အမြင် သေးသေးဖြင့် နှာခေါင်းရှုံ့လျက် “ငါကတော့ သူဒီကိစ္စကို ရှောင်ချင်နေတာလို့ပဲ ထင်တယ်။ သူ့အဆက်အသွယ်သုံးပြီး တကယ်သာ လုပ်မယ်ဆိုရင် ပန်းပဲဆရာကဲလင် မရှိရင်တောင် ဖုန်ကျန်း ဘုရားတနေရမှာ။ အခုတော့ ဘာလုပ်လဲ။ အရေမရ အဖတ်မရတွေ လျှောက်လုပ်တယ်လေ။ ပြဿနာကို တစ်ခါတည်း ဖြေရှင်းဖို့ မကြိုးစားဘဲ ဘာလို့ အဲ့ရှေးဟောင်းအပျက်အစီး နယ်မြေဆီ သွားတာလဲ ငါတကယ်ကို နားမလည်နိုင်ဘူး”
ရန်ကိုင်က အဓိပ္ပါယ်ပါပါ ပြုံးလိုက်ပြီး “ကြည့်ရတာ မြို့သခင်ဖေးနဲ့ အကြီးအကဲချင်းတို့က တော်တော်လေး ခင်ကြတယ်နဲ့တူတယ်နော်”
“ငါတို့ ခင်တယ်၊ မခင်ဘူးဆိုတာကို မင်းပြောစရာ မလိုဘူး” ဖေးကျီတု၏ မျက်နှာ အေးစက်သွားပြီဂ “ငါမင်းကို ခေါ်လိုက်ရတာက ချင်းတုန်ကို အဲ့ရှေးဟောင်းအပျက်အစီး နယ်မြေထဲကနေ ခေါ်ထုတ်နိုင်ဖို့ မင်းဆီက အကူအညီလိုလို့”
“ဂျူနီယာ ဘယ်လို ကူညီပေးရမှာလဲ။ မြို့သခင်ဘက် သေချာလေး ပြောဖို့လိုတယ်။ ရှေးဟောင်းအပျက်အစီးနယ်မြေက အကြီးအကဲချင်းတုန်ကိုတောင် ဒုက္ခရောက်အောင် လုပ်နိုင်တာ။ ကျုပ်လို့ ဘာမှမဟုတ်တဲ့ လူတစ်ယောက် အဲ့ကို သွားရင် ကိုယ်သေလမ်း ကိုယ်ရှာနေသလို ဖြစ်သွားမှာပေါ့”
“မင်းပြောတာ အမှန်ပဲ။ ငါစိတ်ဝင်စားနေတာက မင်းခွန်အား မဟုတ်ဘူး။ မင်းရဲ့ ခွန်အားလေးနဲ့ အဲ့ထဲ ဝင်သွားမယ်ဆိုရင် ကိုယ့်သေလမ်း ကိုယ်ရှာနေတာနဲ့ အတူတူပဲ။ ဒါကြောင့် မင်းကို ခေါ်သွားလည်း ဘာမှမထူးဘူး။ ငါလိုနေတာက မင်းရဲ့ မှော်ရတနာ စိတ်ဝိဥာဉ်ရဲ့ စွမ်းအားပဲ”
ရန်ကိုင် နှုတ်ခမ်းအစုံ ကွေးတက်သွားခဲ့သည်။ ဖေးကျီတု သူ့အား ညနက်သန်းခေါင်ကြီး ခေါ်လိုက်ရခြင်းမှာ သူ၏ မှော်ရတနာ စိတ်ဝိဥာဉ်ကို မျက်စိ ကျနေသည့် အတွက်ကြောင့် ပေကိုး။
“အခုသွားရမယ့် ရှေးဟောင်းအပျက်အစီးနယ်မြေထဲမှာ ရေခဲလမ်းကြောင်း တစ်ခုရှိတယ်။ အရမ်းလည်း အန္တရာယ် များတယ်။ မင်းမှော်ရတနာစိတ်ဝိဥာဉ် မီးတောက်တွေက ပုံမှန် မဟုတ်ဘူး။ ငါ့ကျောက်စိမ်းပြာ ပန်းကန်လုံးတောင် အဲ့မီးတောက်တွေကို မသန့်စင်နိုင်လို့ မင်းမှော်ရတနာ စိတ်ဝိဥာဉ်ရဲ့ အကူအညီကို လိုချင်နေတာ။ အဲ့ဒါနဲ့ဆိုရင် အဲ့ရေခဲလမ်းကို ဖြတ်ဖို့ ပိုလွယ်သွားလိမ့်မယ်”
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၃၃၅)
“အဲ့ဒါပဲလား” နားထောင်ပြီးနောက် ရန်ကိုင်က အံ့အားသင့်နေသည့် လေသံဖြင့် မေးလိုက်သည်။
“အဲ့ဒါပဲ” ဖေးကျီတုက ဖြည်းဖြည်းချင်း ခေါင်းညိတ်လိုက်ပြီး “ရေခဲလမ်းကို ဖြတ်ပြီးသွားရင် အားလုံး အဆင်ပြေသွားပြီ။ အစီအရင်တွေကို ဖျက်စီးပြီး ချင်းတုန်ကို ကယ်ဖို့က ငါ့တာဝန်ပဲ ထားလိုက်။ အဲ့အအေးလမ်းရဲ့ မီးဓါတ်ကို ထိန်းချုပ်နိုင်မယ့် မီးဓါတ် မှော်ရတနာတစ်ခုကို ရှာမတွေ့သေးတာကြောင့်သာ မဟုတ်ရင် ငါဒီလောက်အထိ ကြာနေမှာ မဟုတ်ဘူး”
ရန်ကိုင်က မေးစေ့ကို ပွတ်၍ သေချာ စဉ်းစားလိုက်သည်။
ဖေးကျီတုလည်း ဘာမှ ထပ်မပြောတော့ဘဲ ရန်ကိုင် စဉ်းစားပြီးမည့် အချိန်ကိုသာ ငြိမ်သက်စွာ စောင့်နေလိုက်သည်။ ဤကိစ္စသည် အရမ်း အရေးကြီးပေသည်။ ဖေးကျီတုသည် ရန်ကိုင် မှော်ရတနာ၏ စွမ်းအားကို လိုအပ်သည်ဟုသာ ပြောခဲ့သော်ငြား ရှေးဟောင်းအပျက်အစီးထဲကို သွားရမည့် ခရီးသည် ထိုမျှသော အန္တရာယ်သာ ရှိမည် မဟုတ်ဘဲ အခြားသော အန္တရာယ်များလည်း ရှိနေနိုင်ပေသေးသည်။ ထို့ကြောင့် ဖေးကျီတု အနေဖြင့် သူ့လုံခြုံရေးကို အာမခံနိုင်မည် မဟုတ်ချေ။
ထို့ကြောင့် ရန်ကိုင် အနေဖြင့် သေချာ စဉ်းစားရန် လိုအပ်သည်။
သို့သော်လည်း ရန်ကိုင် သဘောတူလိမ့်မည်ဟု ဖေးကျီတု ထင်နေသည်။ ရန်ကိုင်သည် ကျေးဇူးမသိတတ်သည့် လူစားမျိုး မဟုတ်မှန်း ဖေးကျီတု သိထားသည် မဟုတ်ပေလော။
ခဏလောက် စဉ်းစားပြီးနောက် ရန်ကိုင် ဆုံးဖြတ်လို့ ပြီးသွားခဲ့သည်။
“ကျုပ်တို့ နဂါးလိုဏ်ဂူတောင်က အကြီးအကဲချင်းကို အကြွေးတင်နေတယ်။ အခု သူဒုက္ခရောက်နေတယ် ဆိုတော့ ကျုပ်ဘက်က အကောင်းဆုံး ကူညီပေးရမှာပေါ့”
ထိုစကားကို ကြားလိုက်သည့် ဖေးကျီတု အသာအယာ ခေါင်းညိတ်လိုက်သည်။ စိတ်ထဲတွင် ရန်ကိုင်သည် တကယ်ကို ချီးကျူထိုက်သည့် လူတစ်ယောက် ဖြစ်ပါလားဟု ကြိတ်၍ ချီးကျူးလိုက်သည်။
သို့သော်လည်း ရန်ကိုင်က ပြုံးဖြဲဖြဲဖြင့် ဆက်ပြောသည် “ဒါပေမယ့် မြို့သခင်ကို ကူညီပေးမယ်ဆို ကျုပ်ဘာရမှာလဲ”
“မင်းဘာရမှာလဲ၊ ဟုတ်လား” ဖေးကျီတု မှင်သက်သွားပြီး ရန်ကိုင်အား အကြောင်သားဖြင့် စိုက်ကြည့်လျက် ပြန်မေးလိုက်၏ “မင်းအကျိုးအမြတ် လိုချင်နေသေးတာလား”
ရန်ကိုင်က ပြုံး၍ ပြန်ပြောလိုက်သည် “ဟုတ်တယ်လေ။ မြို့သခင်ဖေး ကျုပ်ကို အထင်သေးနေတာလား။ ဂျူနီယာက အရာရာကို တဇွတ်ထိုး ဆုံးဖြတ်တတ်တဲ့ အရွယ်ကို ကျော်သွားပြီနော်။ အရင်ကလို သွေးဆူလွယ်တဲ့ လူငယ်လေး တစ်ယောက် မဟုတ်တော့ဘူး။ မြို့သခင်ပြောတာကို ကြားပြီး ကျုပ်ချက်ချင်း ပြေးကူညီပေးမယ်လို့ မြို့သခင် ထင်နေတာလား။ ကျုပ်ဘက်ကလည်း စွန့်စားရမှတော့ အကျိုးအမြတ် နည်းနည်းပါးပါးတော့ ပြန်ရသင့်တယ်လေ၊ မဟုတ်ဘူးလား”
ဖေးကျီတု မျက်မှောင်ကြုတ်သွားပြီး စိတ်ပျက်ပျက်ဖြင့် ပြန်မေးလိုက်သည် “ဒါပေမယ့် ဒါက ချင်းတုန်ကို ကယ်မှာလေ။ အခြားလူတစ်ယောက်ကို ကယ်မှာမှ မဟုတ်တာ”
“အဲ့လိုဆိုရင်တောင် ဘာဖြစ်လဲ။ အကြီးအကဲချင်းက ကျုပ်ဆီ ကိုယ်တိုင် အကူအညီ တောင်းတာ ဆိုရင်တော့ ကျုပ်က တတ်စွမ်းသလောက် ကူညီပေးလိုက်မှာ။ ဒါပေမယ့် ကျုပ်ဆီမှ မဟုတ်ပဲ၊ မြို့သခင်ဆီ လှမ်းအကူအညီ တောင်းတာလေ။ မြို့သခင်နဲ့ ဂျူနီယာက ရင်းနှီးတဲ့ လူတွေမှ မဟုတ်တာ။ ဒါကြောင့် ကျုပ်ဘက်ကလည်း ရသင့်တာကို တောင်းရမှာပေါ့။ ပြီးတော့ အကြီးအကဲချင်းကိုသာ ကယ်သွားနိုင်ခဲ့ရင် တကယ်တမ်း အကျိုးအမြတ် ရသွားမှာက မြို့သခင်လေ၊ ဂျူနီယာက ဘာရမှာ မို့လို့လဲ”
“မင်းဟာကြီးက ဘာဒဿနကြီးလဲကွ” ဖေးကျီတု ဒေါသ ထွက်ထွက်ဖြင့် ထအော်တော့လေသည်။ ဒေါသထွက်လွန်းသဖြင့် သူ့မျက်နှာပင် ပြာနှမ်းနေခဲ့လေပြီ။ ရန်ကိုင် သူ့ဆီမှ အကျိုးအမြတ် လာတောင်းလိမ့်မည်ဟု တစ်ခါမှ မထင်ထားခဲ့ချေ။ ဤကိစ္စသည် သူထင်ထားသည်နှင့် ကွဲလွဲနေခဲ့သည်။
ဖေးကျီတု အမြင်အရ၊ သူ့ဘက်မှ ရန်ကိုင်ကို ဖိတ်ခေါ် ပေးသည်နှင့်ပင် မျက်နှာသာပေးရာ ရောက်နေလေပြီ။ ရန်ကိုင် တွင်သာ မီးဓါတ်မှော်ရတနာ ရှိမနေလျှင် ဤကိစ္စတွင် ပါဝင်ရန် အရည်အချင်း မပြည့်မှီချေ။ ထိုသို့ဆိုလျှင် ချင်းတုန်အား မည်ကဲ့သို့ ကျေးဇူး ပြန်ဆပ်နိုင်မည်နည်း။
ဒီကောင်က တကယ်ကို သောက်ရှက်မဲ့တာပဲ ဖေးကျီတုက ဒေါသတကြီး နှာခေါင်းရှုံ့လိုက်သည်။
“ကျုပ်ဘာသာ ဘာ၊ဒဿနတွေပဲ ပြောပြော၊ မြို့သခင် သေချာ ပြန်စဉ်းစားသင့်တယ်နော်” ရန်ကိုင်က တည်တည် ငြိမ်ငြိမ်ဖြင့် ပြန်ပြောလိုက်သည်။
ဖေးကျီတု ရန်ကိုင်ကို အချိန်အတော်ကြာအောင် စိုက်ကြည့် နေပြီးနောက် ရုတ်တရက် တစ်ခုခုကို သတိရသွားပြီး ညစ်ကျယ်ကျယ် အမူအရာဖြင့် ပြောလိုက်သည် “မင်းအကျိုးအမြတ် လိုချင်တယ်ဆိုမှတော့ ငါမင်းကို ပေးရတာပေါ့။ မင်းရှဲ့မိသားစုက ရှဲ့ဝမ်ကို သတ်လိုက်တယ်မလား”
ရန်ကိုင် အမူအရာ မဆိုသလောက်လေး ပြောင်းလဲသွားသည်။ သို့သော် အလျင်အမြန်ပဲ ပြန်ထိန်းလိုက်ပြီး “မြို့သခင်ဖေး၊ အစားကို ကြိုက်တာ စားလို့ရတယ်။ စကားကိုတော့ ကြိုက်သလို ပြောလို့ မရဘူးနော်။ ကျုပ်ရှဲ့ဟုန်ဝမ်ကို သတ်လိုက်တယ်ဆိုတဲ့ သက်သေ မြို့သခင်မှာ ရှိလို့လား”
“ဝေ့လည်ကြောင်ပတ် လုပ်မနေနဲ့” ဖေးကျီတုက အေးစက်စက် အမူအရာဖြင့် နှာခေါင်းရှုံ့လျက် “မင်းဘာလုပ်ခဲ့လဲ ဆိုတာကို အခြားသူတွေ မသိဘူး မှတ်နေလား”
ရန်ကိုင် မျက်မှောင် ကြုတ်သွားခဲ့သည်။ မြို့သခင်ဖေးသည် အခြေအမြစ် မရှိဘဲ လျှောက်ခန့်မှန်းနေခြင်း မဟုတ်လောက်ချေ။ ထို့ကြောင့် ချက်ချင်းပဲ နှိမ့်ချသည့် အမူအရာဖြင့် “ကျုပ်ကို အလင်းပြပေးပါဦး စီနီယာ”
ဖေးကျီတုက ကောက်ကျစ်စွာ ပြုံးလျက် “မင်းနဲ့ ရှဲ့ဟုန်ဝမ် ရန်ငြိုးရှိတယ်ဆိုတာကို လူအများကြီး သိတယ်။ သဲမီးတောက် နယ်မြေ ဖွင့်တုန်းက ရှဲ့ဟုန်ဝမ်က မင်းကို လက်စားချေဖို့ဆိုပြီး သူတော်စင်ဘုရင်အဆင့် တပည့်နှစ်ယောက်ကို သီးသန့် ခေါ်သွားတယ်။ ဒါပေမယ့် သဲမီးတောက်နယ်မြေသာ ပိတ်သွားတယ်၊ အဲ့သုံးယောက်ထဲက တစ်ယောက်မှ ပြန်မရောက် လာဘူး။ ဒီတော့ သူတို့ သဲမီးတောက်နယ်မြေထဲမှာ သေသွားတယ် ဆိုတာ လုံးဝ သေချာသွားပြီ”
“သဲမီးတောက်နယ်မြေက အန္တရာယ်တွေနဲ့ ပြည့်နေတာ။ သူတို့ အထဲမှာ သေသွားရင်တောင် ကျုပ်နဲ့ ဘာဆိုင်လို့လဲ” ရန်ကိုင်က ထူးမခြားနားဟန်ဖြင့် ဆက်လက် ဘူးခံ ငြင်းနေသည်။
“အရိပ်လခန်းမမှာ အကြီးအကဲတွေက ဂျူနီယာတွေ အပေါ်မှာ သုံးနိုင်တဲ့ ပညာရပ် တစ်ခုရှိတယ်။ အဲ့ပညာရပ်နဲ့ အမှတ်အသား လုပ်ထားခံရတဲ့လူ သေသွားခဲ့ရင် သူ့ကို ဘယ်သူ သတ်သွားလဲ ဆိုတာကို ပညာရပ် သုံးထားတဲ့လူဆီ အလိုလို သတင်းပို့ပေးလိမ့်မယ်။ ရှဲ့ဟုန်ဝမ်ကိုတင် အဲ့ပညာရပ် သုံးထားတာ မဟုတ်ဘူး။ ဝေကုချန်း၊ တုန်ရွှမ်းအာနဲ့ အခြား အင်အားစုတွေက လက်ရွေးစင် တပည့်တွေကိုလည်း သူတို့ အကြီးအကဲတွေ သုံးထားသေးတယ်။ ကျန်တာ ငါမင်းကို ဆက်ရှင်းပြစရာ မလိုတော့ဘူးနဲ့ တူတယ်နော်၊ ဟုတ်တယ်မလား”
ရန်ကိုင် အံ့ဩနေခဲ့သည်။ ဖေးကျီတု ပြောသည်သာ အမှန် ဖြစ်မည်ဆိုပါက သူရှဲ့ဟုန်ဝမ်ကို သတ်လိုက်ခြင်းသည် လျှို့ဝှက်ချက် တစ်ခု မဟုတ်တော့ချေ။
“ရှဲ့မိသားစု မင်းကို ပြဿနာ လာမရှာတာ အကြောင်းအရင်း နှစ်ချက်ရှိတယ်။ တစ်ချက်က ချင်းတုန်ကို ကြောက်တာရယ်၊ သဲမီးတောက်နယ်မြေ ပိတ်သွားတဲ့ နောက်ပိုင်း မင်း တစ်ခါတစ်လေမှ ပေါ်လာတာကြောင့်ရယ်။ နဂါးလိုဏ်ဂူတောင်က အစီအရင်တွေက အရမ်းအားကောင်းတော့၊ အဲ့ပညာရပ်က ပြောတဲ့ လူက မင်းလားဆိုတာကိုတော့ ရှဲ့မိသားစုလူတွေ အစီအရင်ကို ကျော်ပြီး မထောက်လှမ်းနိုင်ဘူး။ ဒါပေမယ့် နဂါးလိုဏ်ဂူတောင် ကနေ မင်းထွက်လာလိုက်တာက မင်းရှဲ့ဟုန်ဝမ်ကို သတ်လိုက်တယ် ဆိုတာ အတည်ပြုပြီးသွားသလို ဖြစ်သွားပြီ”
ဖေးကျီတုက အဓိပ္ပါယ်ပါပါ ပြုံးလျက် “မင်းသာ ဒီတစ်ကြိမ် ငါ့ကို ကူညီပေးမယ်ဆိုရင် အဲ့ပညာရပ်ကို မင်းကိုယ်ပေါ်ကနေ ငါမင်းကို ဖယ်ရှားပေးမယ်။ မင်းတို့ နဂါးလိုဏ်ဂူတောင်ကို ရှဲ့မိသားစု နောက်ထပ် ပြဿနာ လာမရှာအောင်လည်း ကူညီပေးမယ်။ အရိပ်လခန်းမနဲ့လည်း အရင်လို ဆက်ပြီး ကုန်သွယ်နိုင်အောင် ကူညီပေးမယ်”
ဖေးကျီတုမှ ပြောနေစဉ် အတွင်း ရန်ကိုင်သည် သူ့ခန္ဓာကိုယ်ကို ကောင်းကင်စိတ်အာရုံဖြင့် တိတ်တဆိတ် စစ်ဆေးကြည့်နေခဲ့သည်။ ခဏကြာပြီးသည့် နောက်တွင် ရန်ကိုင်၏ အမူအရာ အလွန် အရုပ်ဆိုးသွားခဲ့ရသည်။
သူ့ကိုယ်ထဲတွင် အလွန်ကိုမှ လျှို့ဝှက်စွာ ပုန်းကွယ်နေသော အမှတ်အသား တစ်ခု ရှိနေသည်ကို တွေ့လိုက်ရသည်။ ထိုအမှတ်အသားဆီမှ ထွက်ပေါ်နေသော စွမ်းအင်လှိုင်းသည် အလွန်ကိုမှ အားပျော့လှသဖြင့် ယခုကဲ့သို့ သူ့ခန္ဓာကိုယ်ကို သေချာ ရှာကြည့်လိုက်မှ သတိပြုမိခြင်း ဖြစ်သည်။ မဟုတ်လျှင် ရန်ကိုင် သတိပြုမိလိမ့်မည် မဟုတ်ချေ။ ဖေးကျီတု ပြောသည့် အချိန် ကတည်းက သူ့ခန္ဓာကိုယ်ကို သုံးကြိမ်တိုင်တိုင် စစ်ဆေးကြည့်ခဲ့၏။ ယခု သုံးကြိမ်မြောက်မှ ရှာတွေ့ခြင်း ဖြစ်သည်။
အရိပ်လခန်းမ၏ ပညာရပ်သည် တကယ်ကို အဆင့်မြင့်ပေသည်။
“မင်းတွေ့သွားတာလား” ဖေးကျီတု ရန်ကိုင်အား အံ့အားသင့်နေသည် အမူအရာဖြင့် ကြည့်လိုက်သည်။ ရန်ကိုင် ဘာမှ မပြောသော်လည်း ပြောင်းလဲသွားသော သူ့အမူအရာက ရန်ကိုင် ထိုအမှတ်အသားကို ရှာတွေ့သွာပြီ ဖြစ်ကြောင်း ပြောပြနေသည်။
ထိုပညာရပ်မှ ဖြစ်ပေါ်လာသော အမှတ်အသားသည် အလွန်ကိုမှ ရှာရခက်လှသည်။ ဖေးကျီတု သိသလောက် ရှဲဟုန်ဝမ် ကိုယ်ပေါ်ရှိ အမှတ်အသားကို ရှဲ့လီမှ ဖန်တီးထားခြင်း ဖြစ်သည်။ ရှဲ့လီသည် တန်ခိုးရှင်ဒုတိယအဆင့် ပညာရှင် တစ်ယောက် ဖြစ်၏။ သူဖန်တီးထားသည့် အမှတ်အသားကို သူနှင့် အဆင့်တူ ကျင့်ကြံသူ တစ်ယောက်ပင် ရှာတွေ့နိုင်မည် မဟုတ်လေရာ ထိုကောင်လေး မည်ကဲ့သို့ ရှာတွေ့သွားခဲ့ရပါသနည်း။
ရန်ကိုင် အားကောင်းသည့် မှော်ရတနာ တစ်ခုခု၏ အကူအညီကို သုံး၍ ထိုအမှတ်အသားကို ရှာလိုက်ခြင်းများလားဟု ဖေးကျီတု စိတ်ထဲ တွေးလိုက်မိသည်။
ရန်ကိုင်သည် ဖေးကျီတု၏ မေးခွန်းကို ပြန်မဖြေခဲ့ဘဲ ထိုအမှတ်အသားကိုသာ နတ်ဆိုးမီးတောက်ဖြင့် လောင်ကျွမ်းရန် ကြိုးစားလိုက်သည်။ သို့သော် ထိုအမှတ်အသားမှာ အလွန်ကိုမှ အားနည်းလှသဖြင့် သူ့နတ်ဆိုးမီးတောက်ဖြင့် လောင်ကျွမ်း ပစ်ဖို့ရာပင် အတော်လေး ခက်ခဲနေခဲ့သည်။ ထိုအမှတ်အသားကို ဖယ်ရှာပစ်ချင်သည် ဆိုပါက အနည်းဆုံး ရက်အနည်းငယ်လောက် အချိန်ယူရပေလိမ့်မည်။
ပြဿနာ အရင်းအမြစ်ကို ရှာတွေ့သွားပြီ ဖြစ်သဖြင့် အရမ်းကြီး အလျင်လိုနေစရာ မလိုတော့ချေ။ ခဏလောက် စည်းစားပြီးနောက် ဖေးကျီတု ဘက်သို့ လှည့်၍ အလေးအနက် အမူအရာဖြင့် “တစ်ဝက်ကို ကျုပ်သဘောတူတယ်”
“တစ်ဝက်”
“ဟုတ်တယ်။ ဒီကိစ္စပြီးသွားရင် နဂါးလိုဏ်ဂူတောင်နဲ့ ဆက်ပြီး ကုန်သွယ်ပေးမယ်။ ဒါပေမယ့် ဈေးနှုန်း ကိစ္စကတော့ ပြန်ဆွေးနွေးဖို့ လိုလိမ့်မယ်။ ပြီးတော့ ရှဲ့မိသားစုနဲ ပက်သက်ပြီး… ဒီဂျူနီယာ တောင်းဆိုချင်တာ တစ်ခုရှိတယ်”
“ဘာလဲ” ဖေးကျီတု မျက်လုံး မှေးစဉ်းသွားသည်။
“ရှဲ့မိသားစုနဲ့ ကျုပ်တို့ကိစ္စမှာ အရိပ်လခန်းမ ဝင်မပါရဘူး” ရန်ကိုင်က ပြောလိုက်သည်။
ဖေးကျီတု အံ့အားသင့်တကြီး မျက်ခုံး ပင့်လိုက်သည်။ ရှဲ့မိသားစုကို ဖိနှိပ်ပေးရန် အရိပ်လခန်းမကို တောင်းဆိုမည်ဟု ဖေးကျီတု ထင်နေခြင်း ဖြစ်သည်။ သို့မှသာ နဂါးလိုဏ်ဂူတောင် အေးအေးဆေးဆေး နေနိုင်မည် မဟုတ်ပေလော။ သို့သော်လည်း ထိုကောင်လေး ဤမျှ သတ္တိရှိလိမ့်မည်ဟု သူဘယ်ထင်မည်နည်း။ သူကိုယ်တိုင် ရှဲ့မိသားစုနှင့် စာရင်းရှင်းချင်နေသည့်ပုံပင်။
ထိုအချက်ကို နားလည်လိုက်သော် ဖေးကျီတု ရုတ်တရက် စိတ်ဝင်စားလာသည်။
ရှဲ့မိသားစုသည် ထိပ်တန်းမိသားစုတစ်ခု မဟုတ်သော်ငြား ထိုမိသားစုတွင် တန်ခိုးရှင်အဆင့်များစွာ ရှိပြီး မိသားစု ခေါင်းဆောင် ဖြစ်သော ရှဲ့လီသည် တန်ခိုးရှင် ဒုတိယအဆင့် ကျင့်ကြံသူ တစ်ယောက် ဖြစ်သည်။ လက်ရှိ နဂါးလိုဏ်ဂူတောင်၏ ခွန်အားဖြင့် ရှဲ့မိသားစုကို သွားပြိုင်လိုနေခြင်းသည် မွေးကင်းစ ကလေး အိပ်နေရင်း ကယောင်ကတမ်း ပြောနေသည်နှင့်ပင် တူနေသေးသည်။
ဖေးကျီတုသည်လည်း အစတကည်းက ရန်ကိုင်နှင့် ရှဲ့မိသားစု ကိစ္စတွင် ဝင်မပါလိုခြင်း ဖြစ်သည့် အတွက်ကြောင့် ချက်ချင်းပဲ ခေါင်းညိတ် သဘောတူလိုက်လေသည် “ကောင်းပြီလေ။ ချင်းတုန် ပြန်လာရင် မင်းရှဲ့မိသားစုကို ပြန်ပြောလိုက်ရင်တောင် အရိပ်လခန်းမ ဝင်မပါစေရဘူးလို့ ငါအာမခံတယ်။ ဒါပေမယ့် အဲ့ဒါက မင်းမှာ အဲ့လိုလုပ်နိုင်တဲ့ အရည်အချင်း ရှိလား၊ မရှိဘူးလား ဆိုတဲ့ အပေါ်မှာလည်း မူတည်သေးတာပေါ့”
ရန်ကိုင် ရှဲ့မိသားစုကို ဖျက်စီးနိုင်လိမ့်မည်ဟု သူသိပ်မယုံချင်။
ရန်ကိုင်လည်း ထိုအကြောင်းကို ဆက်ငြင်းမနေတော့ဘဲ ချင်းတုန်အား သွားကယ်မည့် အကြောင်းကို အသေးစိတ် စတင် ဆွေးနွေးတော့သည်။ ရက်နှင့်အချိန် သတ်မှတ်ပြီးနောက် မြို့သခင် စံအိမ်ထဲမှ တစ်ယောက်တည်း ထွက်ခွာလာလိုက်သည်။
ရန်ကိုင် ထွက်သွားပြီးနောက် ဖေးကျီတု မျက်မှောင်ကြုတ်လျက် ရေရွတ်လိုက်သည် “ဟိုအမှတ်အသားကို ဖျက်ပေးဖို့ ငါဘာလို့ ငါ့ဆီ မတောင်းဆိုတာလဲ မသိဘူး။ သူ့ဘာသာ ဖျက်ဖို့ ကြိုးစားနေတာလား”
ထိုအကြောင်းကို စဉ်းစားနေရင်း ဖေးကျီတု ဖြည်းဖြည်းချင်း ခေါင်းခါလိုက်သည်။ ထိုအရာသည် သူ့ကိစ္စ မဟုတ်ချေ။ ရှဲ့ဟုန်ဝမ် ရန်ကိုင်ကြောင့် သေသွားခဲ့ရမှန်း ရှဲ့မိသားစု သိပြီးနေပြီ ဖြစ်ရာ ရန်ကိုင် ထိုအမှတ်အသားကို ဖျက်လိုက်လည်း ဘာမှ မထူးတော့ချေ။
ရန်ကိုင်သည် နဂါးလိုဏ်ဂူတောင်သို့ မည်သူမှ မသိအောင် ပြန်ရောက်လာခဲ့သည်။
ဖေးကျီတုနှင့် သဘောတူထားသည့် အချိန်သည် ယနေ့မှစ၍ နောက်သုံးရက်မြောက်နေ့တွင် ဖြစ်သည်။ ဖေးကျီတုတွင် အခြား ပြင်ဆင်စရာများ ရှိသေးသလို လူမသိအောင်လည်း လုပ်ရခြင်း ဖြစ်သည့်အတွက် အချိန်လိုနေခြင်း ဖြစ်သည်။
ထိုသုံးရက်အချိန်ကို သုံးကာ သူ့ကိုယ်ထဲရှိ အမှတ်အသားကို ဖျက်စီးရန် ရန်ကိုင် ကြိုးစားလိုက်သည်။ ကံကောင်းစွာဖြင့် သူ့နတ်ဆိုး မီးတောက်သည် အတော်လေးကို ထူးခြားသည့် အတွက်ကြောင့် ထိုအမှတ်အသားစားကို တိုက်စားနိုင်ခဲ့သည်။
မီးငှက်ဆီမှပါ အကူအညီ ယူပြီးနောက် နှစ်ရက်အတွင်း ထိုအမှတ်အသားကို ဖျက်စီးပစ်လိုက်နိုင်ခဲ့သည်။
ထို့နောက် ချန်ချီ၊ ဟောင်အန်း၊ ယန်ယန်၊ ဝူရီနှင့် ချင်းယွဲ့တို့ကို ခေါ်လိုက်ပြီး ဒီရက်ပိုင်းအတွင်း အပြင် မထွက်ရန် သတိပေးလိုက်သည်။ ပြီးတော့ ခရီးအတွက် စတင် ပြင်ဆင် တော့လေသည်။
တကယ်ဆိုရင် မယ်မယ်ရရ ပြင်ဆင်စရာ ဘာမှ မရှိချေ။ သူတော်စင်သလင်းကျောက်များသည် မရှိမဖြစ် သယ်သွားရမည့် ပစ္စည်းများ ဖြစ်ကြသည်။ ရန်ကိုင်တွင် ရှိနေသည့် ပုံမှန် သူတော်စင် သလင်းကျောက်များအပြင်၊ ကျောက်တုံးရုပ်သေးရုပ်မှ သိပ်သည်းပေးထားသော သူတော်စင်သလင်းကျောက်များကိုလည်း ယန်ယန်မှသူ့ကို ထပ်ပေးထားသေးသည်။
ယန်ယန်သည် ကျောက်တုံးရုပ်သေးရုပ်မှ သိပ်သည်း ပေးထားသည့် သူတော်စင်သလင်းကျောက်များကို သူတော်စင် ကျောက်လုံးလေးများဟု ခေါ်ပေသည်။