← Chapters

အခန်း (၁၃၄၁-၁၃၄၅)

Vol. 54 Ch. 1341-1345

အခန်း (၁၃၄၁-၁၃၄၅)

Vol. 54 Ch. 1341-1345

အပိုင်း (၁၃၄၁)

ရုပ်သေးရုပ်များကို အသက်သွင်းပြီးသည်နှင့် လျန်ကွမ်းသည် ထိုရုပ်သေးရုပ်များကို ဖေးကျီတုတို့ လက်မှ လွတ်ထွက်လာသည့် အဆင့်ရှစ်သားရဲအား ပြေးဝင် တိုက်ခိုက်စေလိုက်သည်။ တိမ်သားရဲများသည် မယုံကြည်စရာ ကောင်းလောက်အောင်ကို ခန့်မှန်းရ ခက်လှပေသည်။ တိမ်သားရဲ တစ်ကောင်သည် လျန်ကွမ်း၏ ရုပ်သေးရုပ်များစွာကို ထိန်းထားနိုင်ခဲ့သည်။

ရန်ကိုင်လည်း တုန့်ဆိုင်းမနေခဲ့ဘဲ ရှေ့သို့ ပြေးတက်သွားပြီး အဆင့်ရှစ် တိမ်သားရဲတစ်ကောင်ကို တားဆီးလိုက်လေသည်။

ဖေးကျီတုနှင့် တန်ခိုးရှင်အဆင့် ပညာရှင်များသည် ထိုတိမ်သားရဲ နှစ်ကောင်ကို တမင်သက်သက် လွှတ်ပေးလိုက်ခြင်း ဖြစ်သည်။ ထိုသို့လွှတ်ပေးလိုက်ရခြင်းမှာ သူတို့အတွက် အခြား ပိုသေချာအာရုံစိုက်ရမည့် အဆင့်ကိုးသားရဲများ ရှိနေသလို ရန်ကိုင်နှင့် လျန်ကွမ်းတို့၏ စွမ်းအား အကန့်အသတ်ကို သိလိုသောကြောင့် ဖြစ်သည်။ ထိုနည်းဖြင့်သာ ရန်ကိုင်နှင့် လျန်ကွမ်းသည် သူတို့အတွက် အထောက်အကူ ဖြစ်စေမည်လား၊ ဝန်ထုပ်ဝန်ပိုး ဖြစ်စေမည်လား သိနိုင်ပေလိမ့်မည်။

ရန်ကိုင် တားလိုက်သော အဆင့်ရှစ် မွန်းစတားသားရဲသည် ကျားကြီးတစ်ကောင် ဖြစ်သည်။ ၎င်း၏ အမြီးရှည်ကြီးသည် စတီးရောင် တလက်လက် ထနေကာ ခန္ဓာကိုယ်မှာလည်း ဆယ်မီတာကျော် မြင့်ပေသည်။ သို့သော်လည်း တစ်ကိုယ်လုံးသည် ထူးဆန်းစွာကို အစိမ်းရောင် ဖြစ်နေခဲ့သည်။

ထိုကျားလှုပ်ရှားလိုက်တိုင်း ၎င်းဆီမှ အော့အန်ချင်စရာ ကောင်းသည့် အနံ့အသက်တစ်မျိုး ထွက်လာသည်။ ထိုကျားကို အဆိပ်ရှိသည့် ပစ္စည်းတစ်မျိုးမျိုးနှင့် ပေါင်းစပ်ထားခြင်း ဖြစ်မှန်း ရန်ကိုင် ချက်ချင်းပဲ နားလည်လိုက်သည်။

ရန်ကိုင်သည် ကျားလှုပ်ရှားမည့် အချိန်ကို စောင့်မနေဘဲ ချက်ချင်းပဲ လက်ဦးမှုရယူလိုက်သည်။ သူ့လက်ချောင်းထိပ်မှ ရွှေရောင်ပိုးမျှင်တစ်မျှင် ထွက်ပေါ်လာပြီး ကျားတစ်ကောင်လုံးကို အစိတ်စိတ် ပိုင်းဖြတ်ပစ်သွားခဲ့သည်။ ဒေါသတကြီး ဟန်းဟောက်သံ တစ်သံနှင့်အတူ ကျားတစ်ကောင်လုံး အစိတ်စိတ် အမွှာမွှာဖြစ်အောင် ပိုင်းဖြတ်ပစ်ခံလိုက်ရလေသည်။

သို့သော်လည်း ရန်ကိုင် စိတ်သက်သာရာ မရသွားခဲ့။ အကြောင်းမှာ ကျားသည် တစ်စစီ ဖြစ်သွားခဲ့သော်ငြား ၎င်း၏ အရှိန်အဝါမှာ လျော့ပါသွားခြင်း မရှိသည့်အပြင် ပို၍ပင် ပြင်းထန်လာသည့် အတွက်ကြောင့်ပင် ဖြစ်လေသည်။

ရန်ကိုင်မှ ရွှေရောင်ပိုးမျှင်ကို ပြန်ဆင့်ခေါ်လိုက်သည်နှင့် တစ်ပြိုင်နက် တစ်စစီ ဖြစ်နေသော အစိမ်းရောင်တိမ်တိုက်များ အတူတကွ ပြန်လည် စုဝေးသွားကြပြီး ကျားကြီးအဖြစ်သို့ ပြန်လည် အသွင်ပြောင်းသွားခဲ့သည်။

တိမ်သားရဲများသည် အလွန်ကိုမှ သတ်ရခက်ပေသည်။ သာမန် အဆင့်ရှစ် သားရဲတစ်ကောင်သာ ဆိုပါက ရန်ကိုင်၏ တိုက်ကွက်နှင့် ကြုံပြီးနောက် မည်သို့မှ ပြန်လည် အသက်ရှင် လာနိုင်တော့မည် မဟုတ်သော်လည်း တိမ်သားရဲများသည် တစ်စစီ ဖြစ်သွားလျှင်ပင် ပြန်လည် အသက်ရှင်လာနိုင်သည်။ တုစီစီ ချဲ့ကားပြောနေခဲ့ခြင်း မဟုတ်ချေ။

ထိုအချက်ကို နားလည်လိုက်သည်နှင့် ရန်ကိုင်သည် ရွှေရောင် ပိုးမျှင်ကို ပြန်သိမ်းထားလိုက်သည်။ ထို့နောက် သူ့ဆီမှ စူးရှသော ငှက်အော်သံတစ်သံ ထွက်ပေါ်လာခဲ့သည်။ ချက်ချင်းဆိုသလို မီးငှက်တစ်ကောင် ရန်ကိုင်ဆီမှ ထွက်ပေါ်လာပြီး ၎င်း၏ မီတာများစွာ ကျယ်ပြန့်သော တောင်ပံများကို ဖြန့်ကျက်လျက် ကျားကြီးဆီသို့ ပြေးဝင်သွားလေသည်။

မီးငှက်ကို မြင်သည်နှင့် ကျားမျက်လုံးထဲ ကြောက်လန့်သည့် အရိပ်အယောင်တို့ ဖြတ်ပြေးသွားလေသည်။ အစောပိုင်းကကဲ့သို့ မော်ကြွားနေခြင်း မရှိတော့ဘဲ ချက်ချင်း အစိမ်းရောင်မြူခိုးများကို မှုတ်ထုတ်ကာ ထိုမြူခိုးများထဲတွင် အမြန် ဝင်ပုန်းနေလိုက်သည်။

ကျား၏ လုပ်ရပ်ကိုမြင်သော် မီးငှက်၏ မျက်လုံးထဲ အထင်သေးရိပ်တို့ ဖြတ်ပြေးသွားခဲ့သည်။ သို့သော် အဆိပ်မြူကို ကြောက်လန့်နေခြင်း မရှိဘဲ တုန့်ဆိုင်းခြင်းမရှိ အဆိပ်မြူထဲသို့ တိုးဝင်သွားလေသည်။

မီးငှက်ဝင်သွားသည်နှင့် တစ်ပြိုင်နက် အဆိပ်တိမ်တိုက်တွင်းမှ ကျားအော်သံ၊ မီးငှက် အော်ဟစ်သံတို့ အဆက်မပြတ် ထွက်ပေါ်လာပြီး တိမ်တိုက်သည်လည်း အစိမ်းရောင် သီးသန့်မဟုတ်ဘဲ အစိမ်းနှင့် ကြက်သွေးရောင် ရောထွေးသွားခဲ့လေသည်။ ရန်ကိုင်ကမူ ထိုမြင်ကွင်းကို လက်ပိုက်၍သာ စောင့်ကြည့်နေခဲ့သည်။

မြင့်မားလှသော အပူချိန်ကြောင့် အစိမ်းရောင်မြူခိုများ အဆက်မပြတ် အငွေ့ပျံ ပျောက်ကွယ်နေခဲ့သည်။ အချိန် အတန်ကြာသော် ကျားကြီး မှုတ်ထုတ်ထားသည့် အစိမ်းရောင် အဆိပ်မြူခိုးများ ပျောက်ကွယ်ပါးလျသွားပြီး ကျား၏ပုံရိပ် ရန်ကိုင်ရှေ့တွင် တစ်ဖန် ပြန်ပေါ်လာခဲ့လေသည်။

မီးငှက်သည် ကျားကြီးနှင့် တိုက်ပွဲတွင် အသားစီးရနေသည်။ ၎င်းမှ မှုတ်ထုတ်လိုက်သော မီးတောက်များသည် အဆိပ်မြူများကို အဆက်မပြတ် လောင်ကျွမ်းပစ်နေခဲ့ပြီး ကျားမှာလည်း တစ်ချက်ကလေးပင် ပြန်မတိုက်နိုင်သည်အထိ ဖိနှိပ်ထားခံရသည်။ မီးမြှိုက်ခြင်းခံလိုက်ရသည့် ကျားကြီး ပိုပို၍ ကြောက်လန့် ထိတ်လန့်လာခဲ့သည်။

မီးငှက်သည် ထိုမျှနှင့်ပင် မကျေနပ်သေးဘဲ မီးအပူချိန်ကို ထပ်မံ တိုးမြှင့်လိုက်လေသည်။

ကျားနှင့်မီးငှက် တိုက်ပွဲကိုကြည့်ရင်း ချိုင်ဟဲနှင့် တုစီစီတို့အား ကာကွယ်ပေးနေသည့် မျိုးရိုးနာမည်ဝမ်နှင့် လူ၏ မျက်လုံးထဲ မနာလို အားကျစိတ်တို့ ဖြစ်ပေါ်လာခဲ့ရသည်။

ရန်ကိုင်သည် ကောင်းကင်ကံကြမ္မာမြို့တွင် သွားရောက် သောင်းကျန်းပြီး ရှဲ့မိသားစုမှ တန်ခိုးရှင်အဆင့် တစ်ယောက်ကို သတ်ပစ်လိုက်သည့်သတင်း အလျင်အမြန် ပျံ့သွားခဲ့သည်။ ယခု သူ့တွင် အစွမ်းထက်သည့် မီးဓါတ်အမျိုးအစား မှော်ရတနာ စိတ်ဝိဥာဉ် တစ်ခု ရှိနေကြောင်းကို လူများစွာ သိပြီးနေကြလေပြီ။

ထို့ကြောင့်ပဲ နင်ရှန်းချန်ဆိုသော လူအိုကြီးနှင့် အခြား တန်ခိုးရှင်အဆင့် ပညာရှင်များသည် ရန်ကိုင်အပေါ် ပုံမှန်ထက် ကောင်းပြနေခြင်း ဖြစ်သည်။

တန်ခိုးရှင်အဆင့် ပညာရှင်တိုင်းသည် အနည်းဆုံး တန်ခိုးရှင် အဆင့် မှော်ရတနာ တစ်ခုလောက် ပိုင်ဆိုင်ထားကြသည်။ သို့သော် နှစ်ပေါင်းများစွာ အသုံးပြုပြီးနောက် ထိုတန်ခိုးရှင်အဆင့် မှော်ရတနာများ တဖြည်းဖြည်း ယိုယွင်းပျက်စီးလာကြသည်။ ထိုမှော်ရတနာများကို ပြန်ပြင်ချင်သည် ဆိုပါက တန်ခိုးရှင်အဆင့် ပန်းပဲရှင်တစ်ယောက်ဆီမှ အကူအညီတောင်းမှ ရပေလိမ့်မည်။

သို့သော်လည်း အရိပ်ကြယ်ပေါ်တွင် တန်ခိုးရှင်အဆင့် ပန်းပဲပညာရှင်များ မည်မျှ ရှားပါးလိုက်သနည်း။ အရိပ်လခန်းမ ကဲ့သို့ အင်အားစုကြီးတွင်ပင် ပန်းပဲဆရာဆို၍ တန်ခိုးရှင် အဆင့်နိမ့် ပန်းပဲဆရာကြီး ကဲလင်တစ်ဦးသာ ရှိသည်။ သို့သော် လွန်ခဲ့သော ခြောက်လခန့်က သူကွယ်လွန်သွားခဲ့သည်။ ထို့ကြောင့် သူတို့၏ မှော်ရတနာများကို ပြန်ပြင်ချင်ကြသည့် အရိပ်လခန်းမရှိ ကျင့်ကြံသူများ မည်သည့်နေရာတွင် သွားပြင်ရန်မှန်း မသိရ ဖြစ်နေခဲ့သည်။

ရန်ကိုင်တွင် မီးဓါတ်အမျိုးအစား မှော်ရတနာစိတ်ဝိဥာဉ် တစ်ခု ရှိနေကြောင်း သိလိုက်ရသည့် အချိန်တွင် ထိုလူများ စိတ်ဝင်စားမိသွားကြသည်။

ရန်ကိုင်သာ ထိုမှော်ရတနာစိတ်ဝိဥာဉ်ကို သူ့တို့ဆီ ခဏလောက် ငှားပေးမည် ဆိုပါက သူတို့ မှော်ရတနာများကို အနည်းအကျဉ်း ပြန်ပြင်နိုင်ပေလိမ့်မည်။ အကောင်းအတိုင်း ဖြစ်သွားအောင် ပြန်မပြင်နိုင်သည့်တိုင် အတော်လေး ကောင်းကောင်းမွန်မွန် ဖြစ်သွားအောင်တော့ ပြန်ပြင် နိုင်မည်မှာ သေချာသလောက် ရှိသည်။

ထို့ကြောင့်သာ မဟုတ်လျှင် ထိုတန်ခိုးရှင်အဆင့်ပညာရှင်များ ရန်ကိုင်ကဲ့သို့ သူတော်စင်ဘုရင် တတိယအဆင့် တစ်ယောက်ကို အကြောင်းမရှိ အကြောင်းရှာ ကောင်းပြ၊ ဖားယားနေပြမည်နည်း။

ယခု မီးငှက်၏ စွမ်းအားကို ကိုယ်တိုင် မြင်ပြီးနောက် မျိုးရိုးနာမည်ဝမ်နှင့် လူအိုကြီး ပို၍ပင် ပျော်သွားခဲ့သည်။ ရန်ကိုင် ကောင်းကင်ကံကြမ္မာမြို့တော်တွင် သွားရောက် သောင်းကျန်စဉ်က ပန်းပဲမီးဖိုတစ်ခုကို ဆင့်ခေါ်ခဲ့သည်။

အကုန်လုံးသာ သူမျှော်လင့်ထားသလို ဖြစ်မည်ဆိုပါက မီးငှက်သည် ထိုပန်းပဲမီးဖို၏ မှော်ရတနာစိတ်ဝိဥာဉ် ဖြစ်လောက်သည်။ ထိုကဲ့သို့‌ မှော်ရတနာစိတ်ဝိဥာဉ်မျိုးကို မွေးထုတ်ပေးနိုင်သည့် ပန်းပဲမီးဖို၏ အဆင့်မှာလည်း နိမ့်ကျခြင်း မရှိလောက်ချေ။

မှော်ရတနာစိတ်ဝိဥာဉ် ရှိနေသော ပန်းပဲမီးဖိုဖြင့်သာ ဆိုပါက ပန်းပဲထုလုပ်ခြင်းကို မတတ်ကျွမ်းလျှင်ပင် သူတို့၏ မှော်ရတနာကို အတော်လေး ကောင်းမွန်အောင် ပြန်လည် ပြုပြင်နိုင်ပေလိမ့်မည်။ သို့သော်လည်း မည်သူကများ ထိုကဲ့သို့ မှော်ရတနာမျိုးကို သူစိမ်းလူ တစ်ဦးဆီ ငှားမည်နည်း။ ထိုကဲ့သို့ မှော်ရတနာမျိုးကို ငှားချင်သည် ဆိုပါက ပိုင်ရှင်နှင့် အလွန်အမင်း ရင်းနှီးနေမှ ဖြစ်ပေလိမ့်မည်။

မျိုးရိုးနာမည်ဝမ်နှင့် ကျင့်ကြံသူသည် ချိုင်ဟဲနှင့် တုစီစီတို့ကို စောင့်ရှောက်နေစဉ် အတောအတွင်း ရန်ကိုင်အား ကူညီပေးနိုင်မည့် အခွင့်အလမ်းကို စောင့်ဆိုင်းနေခြင်း ဖြစ်သည်။ သို့သော်လည်း လက်ရှိ သူမြင်ရသလောက် ရန်ကိုင်သည် တိမ်သားရဲများကို တိုက်ခိုက်ရာတွင် သူ့အကူအညီကို လိုမည့်ပုံ မပေါ်ချေ။ သူကိုယ်တိုင် ဝင်ပါစရာ မလိုလောက်သည်အထိ ကြမ်းတမ်းနေသော မီးငှက်၏ စွမ်းအားကြောင့် အံ့အားသင့်မိသလို အနည်းငယ်လည်း နောင်တရမိသည်။

သူထိုအကြောင်းများကို တွေးနေစဉ် ကျား၏ ခန္ဓာကိုယ်မှာ သုံးပုံတစ်ပုံ ကျုံ့သွားခဲ့လေပြီ။ မီးငှက်မှာ ၎င်း၏ အဆိပ်မြူများကို အဆက်မပြတ် မီးရှို့ပစ်နေသည့် အတွက်ကြောင့် ကျား၏ ခန္ဓာကိုယ် သုံးပုံတစ်ပုံသည် ပျောက်ကွယ်သွားခဲ့ရလေပြီ။

မွန်းစတားသားရဲတစ်ကောင်၏ ဝိဥာဉ်နှင့် ပေါင်းထားခြင်း ဖြစ်သည့် အတွက်ကြောင့် တိမ်သားရဲသည် အတော်လေး အသိဥာဏ် ရှိသည်ဟု ဆို၍ရပေသည်။ အခြေအနေ မဟန်တော့သည်ကို သတိပြုမိသော် ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။ ရုတ်တရက် ကျား၏ ခန္ဓာကိုယ်ကြီး ဖောင်းကောင်းလာခဲ့လေသည်။

ထိုအခြင်းအရာကို သတိပြုမိလိုက်သည်နှင့် ရန်ကိုင် မျက်နှာပျက်သွားပြီး ချက်ချင်းပဲ မှော်ရတနာစိတ်ဝိဥာဉ်ကို ပြန်ဆုတ်လာရန် အမိန့်ပေးလိုက်သည်။ မှော်ရတနာစိတ်ဝိဥာဉ် လည်း ကျားနှင့် ခပ်မြင့်မြင့်အကွာသို့ ပျံတက်သွားလိုက်၏။

ချက်ချင်းဆိုသလို ကျားတစ်ကိုယ်လုံး တစ်စစီ ပေါက်ကွဲ ထွက်သွားပြီး အစိမ်းရောင်မြူခိုး၊ မြူစများအဖြစ် အဘက်ဘက်သို့ လွင့်စင်ထွက်ကုန်ကြသည်။ ထိုမြူခိုးမြူစများသည် အပြီးတိုင် ပျောက်ကွယ်သွားခြင်း မရှိဘဲ ကျာငယ်လေးများအဖြစ်သို့ ပြန်လည် အသွင်ပြောင်းလျက် အဘက်ဘက်သို့ ထွက်ပြေးကြလေသည်။

ထိုအခြင်းအရာကို မြင်သော် မှော်ရတနာစိတ်ဝိဥာဉ် ဒေါသပုန် ထသွားခဲ့သည်။ သူလှည့်စားခံလိုက်ရပြီမှန်း သိလိုက်သည်။ ကျား၏ ပုံစံကိုမြင်စဉ်က ကျားသည် သူ့ဝိဥာဉ်ကို ဖောက်ခွဲရန် ကြိုးစားနေသည်ဟု ထင်လိုက်သည့် အတွက်ကြောင့် ကျားနှင့် ဝေးရာသို့ ထွက်ပြေးမိခဲ့သည်။ သို့သော်လည်း တကယ်တမ်းတွင် ကျားသည် သူ့ကိုယ်သူ ဖောက်ခွဲပစ်ရန် ကြိုးစားနေခြင်း မဟုတ်ဘဲ တစ်ဖက်လှည့်နည်းဖြင့် ထွက်ပြေးရန် ကြံနေခြင်း ဖြစ်နေခဲ့သည်။

တောင်ပံများကို ဒေါသတကြီး ဖြန့်ကျက်လျက် မီးငှက်သည် ထိုကျားငယ်လေးများဆီသို့ မီးတောက်ဘောလုံးများ အဆက်မပြတ် ပစ်လွှတ်လိုက်လေသည်။

သို့သော်လည်း ကျား၏ ခန္ဓာကိုယ် ပေါက်ကွဲသွားပြီးနောက် ထွက်ပေါ်လာသော ကျားငယ်လေးများ၏ အရေအတွက်မှာ အလွန်ကိုမှ များပြားလှသည်။ မီးငှက်သည် မီးဘောလုံးများစွာကို ပစ်လွှတ်လိုက်သည်နှင့် ကျားငယ်အားလုံးကို ရှင်းပစ်နိုင်ခဲ့ခြင်း မရှိဘဲ အနည်းအကျဉ်းကို လွတ်မြောက်သွားစေမိခဲံသည်။

ထိုအခြင်းအရာကိုမြင်သော် ရန်ကိုင်သည် နတ်ဆိုးမီးတောက်ဖြင့် ပိုက်ကွန်တစ်ခုကို ဖန်တီး၍ လွတ်သွားသော ကျားငယ်များဆီ လှမ်းပစ်လိုက်လေသည်။

ချက်ချင်းဆိုသလို မီးငှက်လက်မှ လွတ်လာသော ကျားငယ် အားလုံး အနက်ရောင်ပိုက်ကွန်ထဲ အဖမ်းခံလိုက်ရသည်။ တရှဲရှဲ မြည်သံနှင့်အတူ ကျားငယ်လေးများ စတင် လောင်ကျွမ်းခံရသည်။ သူတို့ မည်သိုပင် လွတ်မြောက်အောင် ကြိုးစားနေစေကာမူ ကျားငယ်၏ လက်မှ မလွတ်မြောက်နိုင် ဖြစ်နေခဲ့သည်။

ခဏအကြာတွင် တိမ်တိုက်ကြားကြီး သဲလွန်စမကျန် ပျောက်ကွယ်သွားခဲ့သည်။

ထိုအခါမှပဲ ရန်ကိုင် သက်ပြင်းချလိုက်နိုင်သည်။ မီးငှက်၏ အကူအညီသာ မရှိပါက ထိုတိမ်သားရဲကို သတ်လျှင်ပင် အလွန်ကိုမှ ခက်ခဲလိမ့်မည်မှန်းကိုလည်း နားလည်သွားခဲ့သည်။ နတ်ဆိုး မီးတောက်သည် မီးငှက်၏ အဆိပ်ကို ထိန်းချုပ်ထားနိုင်သော်ငြား သူကိုယ်တိုင်က မီးငှက်ကဲ့သို့ အဆိပ်ပြီးနေခြင်း မဟုတ်သဖြင့် ထိုကျားငယ်လေးနှင့် တိုက်မည်ဆိုပါက သေချာ သတိထားရန် လိုအပ်ပေသည်။

မီးငှက်ကို ပြန်ခေါ်လိုက်ပြီးနောက် လျန်ကွမ်းဘက် အခြေအနေ ဘယ်လိုရှိလဲ လှမ်းကြည့်လိုက်ရာ လျန်ကွမ်းလည်း သူ့အား ပြန်လှမ်းကြည်နေသည်ကို တွေ့လိုက်ရဿည်။ ရန်ကိုင် စိတ်ထဲ အနည်း အံ့အားသင့်နေမိခဲ့သည်။ ထိုမျှ အချိန်တိုအတွင်း လျန်ကွမ်း မည်သည့်နည်းလမ်းကိုသုံး၍ တိမ်သားရဲအား သတ်သွားလဲ ဆိုသည်ကို ရန်ကိုင် မစဉ်းစားတတ်အောင် ဖြစ်နေခဲ့သည်။ လျန်ကွမ်းသည်လည်း အတူတူပင်။

သို့သော်လည်း ရန်ကိုင် ပခုံးထက်တွင် နားနေသော မှော်ရတနာစိတ်ဝိဥာဉ်ကို မြင်ပြီးနောက် လျန်ကွမ်း နားလည် သွားခဲ့သည်။ တစ်ချိန်တည်းတွင် သူ့မျက်လုံးထဲတွင် အထင်သေးသည့် အရိပ်အယောင်တို့ ဖြတ်ပြေးသွားခဲ့သည်။ ရန်ကိုင် တိမ်သားရဲကို သတ်လိုက်နိုင်ခြင်းသည် ထိုမှော်ရတနာ စိတ်ဝိဥာဉ် သက်သက်ကြောင့်ဟုသာ ထင်သွားခဲ့ခြင်း ဖြစ်သည်။

ချက်ချင်းဆိုသလို ရန်ကိုင်တို့ နှစ်ယောက်စလုံး တန်ခိုးရှင် အဆင့် နှစ်ယောက်၏ တိုက်ပွဲဆီ အကြည့်လှည့်လိုက်သည်။

ချက်ချင်းဆိုသလို နှစ်ယောက်စလုံး၏ အမူအရာ မှုန်ကုတ်သွားခဲ့ရသည်။

အကြောင်းမှာ သူတို့ တိမ်တိုက်သားများကို သတ်နေစဉ် အခြားသော တိမ်တိုက်တစ်ခုသည် တိမ်တိုက်သားရဲတစ်ကောင် အဖြစ်သို့ စတင် ပြောင်းလဲနေပြီ ဖြစ်သည့် အတွက်ကြောင့်ပင် ဖြစ်လေသည်။ ထိုတိမ်သားရဲသည် အဆင့်ကိုး မွန်းစတား သားရဲတစ်ကောင်နှင့် ဆင်တူသော အရှိန်အဝါကို ထုတ်လွှတ် နေခဲ့သည်။

ထိုအချက်ကို သတိပြုမိပြီးနောက် ရန်ကိုင်ပင်မဟုတ်၊ လျန်ကွမ်းပါ စိတ်ညစ်သွားခဲ့ရသည်။ ဖေးကျီတုနှင့် အခြား သူများလည်း စတင် ခေါင်းကိုက်လာခဲ့ရလေပြီ။

လူအိုကြီး၊ အဘွာအိုကြီးနှင့် ပူးပေါင်း၍ လက်ကျန် အဆင့်ကိုး တိမ်သားရဲများကို ထိန်းထားနိုင်သော်လည်း အခြား အဆင့်ကိုး တိမ်တိုက်သားရဲ တစ်ကောင်သာ ထပ်ပေါ်လာမည် ဆိုပါက တိုက်ပွဲ အခြေအနေ မည်သို့ ပြောင်းလဲသွားမည်နည်း။

မျိုးရိုးနာမည်ဝမ်နှင့် လူအိုကြီးလည်း အထိုအချက်ကို မြင်ပေသည်။ သို့သော်လည်း သူ့တာဝန်မှာ ချိုင်ဟဲနှင့် တုစီစီကို ကာကွယ်ပေးရန် ဖြစ်သည့်အတွက်ကြေင့် သွားကူညီချင်သည့်တိုင် ထိုနှစ်ယောက်ကို အလွယ်တကူ ထားပြီး မထွက်သွားရဲချေ။ ထိုနှစ်ယောက်သာ တစ်ခုခု ဖြစ်သွားပါက ဤအစီအရင်ကို ဖျက်စီးမည်သူ တစ်ယောက်မှ ရှိတော့လိမ့်မည် မဟုတ်ချေ။

အခြားတိမ်တိုက်များလည်း အများကြီး ရှိနေသေးလေရာ သူတို့ စွမ်းအားကုန်သုံးပြီး တိုက်မည် ဆိုလျှင်ပင် အဆက်မပြတ် ထွက်ပေါ်လာနေသော တိမ်တိုက်သားရဲများကြောင့် သူတို့ အားလုံး အားပြတ်ပြီးတော့သာ သေသွားကြပေလိမ့်မည်။

ဤစိတ်ဝိဥာဉ် အစီအရင်သည် သားကောင်ကို တဖြည်းဖြည်း အားကုန်အောင် ညှင်းနှိပ်စက်ပြီးမှ သတ်ဖြတ်ရန် လုပ်ထားသော အစီအရင်မျိုး ဖြစ်သည်။

ထို့ကြောင့် ဤကဲ့သို့သော အစီအရင်မျိုးနှင့် ကြုံရလျှင် အစီအရင်ကို ဖျက်စီးနိုင်မှာသာ အဆင်ပြေပေလိမ့်မည်။

မျိုးရိုးနာမည်ဝမ်နှင့် ကျင့်ကြံသူ ဘာလုပ်ရ ဘာကိုင်ရမှန်း မသေချာ ဖြစ်နေစဉ်မှာပဲ ရန်ကိုင်သည် မီးငှက်အား ထိုတိမ်တိုက် သားရဲကို သွားရောက်တိုက်ခိုက်ရန် အမိန့်ပေးလိုက်သည်။ ထို့နောက် လျန်ကွမ်းဘက်သို့ လှည့်၍ “အစ်ကိုဝမ်၊ ကျုပ်တို့ အတူပူးပေါင်းပြီး အဲ့ကောင်ကို ထိန်းထားရင် ဘယ်လိုလဲ။ အခု လောလောဆယ် ကျုပ်တို့ အဲ့ကောင်ကို မသတ်နိုင်သေးဘူး ဆိုပေမယ့် အချိန်ဆွဲဖို့ကတော့ ပြဿနာ မဟုတ်လောက်ဘူး”

“ငါသိတယ်။ မင်းငါ့ကို လာပြောနေစရာ မလိုဘူး” လျန်ကွမ်းက အေးစက်စက် အမူအရာဖြင့် နှာခေါင်းရှုံ့လိုက်ပြီး သူ့ရုပ်သေးရုပ်များကို တိမ်သားရဲဆီသို့ ပို့လိုက်လေသည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၃၄၂)

အဆင့်ကိုးတိမ်သားရဲသည် အလွန်ကိုမှ အားကောင်းသော်ငြား ရန်ကိုင်နှင့် လျန်ကွမ်းတို့သည်လည်း သာမန် သူတော်စင်ဘုရင် တတိယအဆင့် ပညာရှင်များ မဟုတ်ကြချေ။ ရန်ကိုင်သည် အဆင့်ကျော်ပြီး ရန်သူများကို တိုက်ခိုက်နိုင်သလို လျန်ကွမ်း ပိုင်ဆိုင်ထားသည့် ရုပ်သေးရုပ်များကိုလည်း အထင်သေး၍ မရချေ။ ထို့အပြင် မီးငှက်၏ အကူအညီပါ ရှိနေသဖြင့် အဆင့်ကိုး တိမ်သားရဲ တစ်ကောင်ကို ထိန်းချုပ်ထားဖို့သည် မခက်ခဲလှချေ။

တစ္ဆေတိမ်တိုက်အစီအရင်ထဲ ဖြစ်ပျက်နေသော ပြောင်းလဲမှုများနှင့် ပက်သက်၍ စိတ်ထင့်နေရသည့် အတွက်ကြောင့်သာ မဟုတ်လျှင် ရန်ကိုင်တို့ နှစ်ယောက် ထိုအဆင့်ကိုး မွန်းစတားသားရဲကို အချိန်တိုအတွင်း ဖျက်စီးပစ်နိုင်ပေလိမ့်မည်။

သူတော်စင်ဘုရင်အဆင့် ဂျူနီယာနှစ်ယောက် အဆင့်ကိုး တိမ်သားရဲအား အလွယ်တကူ ကိုင်တွယ်နိုင်သည်ကို မြင်သော် ဖေးကျီတုနှင့် အခြားပညာရှင်များ ဝမ်သားသွားပြီး သူတို့၏ ပြိုင်ဘက်များကို အလျင်အမြန် တိုက်ခိုက်ကြတော့လေသည်။ တိမ်သားရဲအချို့ကို သတ်လိုက်သော်လည်း ပြန်ရှင်လာသည်ကို မြင်ပြီးနောက် အချိန်ဆွဲခြင်းသာ အကောင်းဆုံး နည်းလမ်းဖြစ်မှန်း ဖေးကျီတုတို့ သိလိုက်သည်။ ထို့ကြောင့် တိမ်သားရဲများကို မသတ်တော့ဘဲ ဖိနှိပ်ထားရန်သာ လုပ်တော့သည်။

ထို့အတွက်ကြောင့် သူတို့အပေါ် သက်ရောက်နေသော ဖိအားလည်း အတော်လေး လျော့ပါးသွားပြီး အခြေအနေကို ပိုမို လွယ်လွယ်ကူကူ ကိုင်တွယ်နိုင်လာလေသည်။

ထိုအချိန်အတောအတွင်း ချိုင်ဟဲနှင့် တုစီစီတို့သည် အစီအရင်ကို မြန်နိုင်သမျှ မြန်မြန် ဖျက်စီးပစ်နိုင်အောင် ကြိုးစားနေခဲ့သည်။ သို့သော်လည်း ဤစိတ်ဝိဥာဉ်အစီအရင်သည် ယခုခေတ်တွင် ပျောက်ဆုံးသွားပြီ ဖြစ်သော အစီအရင်တစ်မျိုး ဖြစ်နေသည့် အတွက်ကြောင့် ချိုင်ဟဲနှင့် တုစီစီတို့အဖွဲ့ အစီအရင်ကို ဖျက်စီးဖို့ရာ အကြပ်ရိုက်နေခဲ့သည်။ နှစ်ယောက်စလုံး ခေါင်းပေါက်မတတ် စဉ်းစားနေရလေရာ ချွေးအေးများပင် နဖူးထက်မှ စီးကျနေခဲ့ကြလေသည်။

ရန်ကိုင်၊ လျန်ကွမ်းနှင့် ဖေးကျီတုတို့သည် လက်ရှိတွင် အတော်လေးကိုမှ အဆင်ပြေနေသော်လည်း အချိန်ကြာလာသည် နှင့်အမျှ သူတို့ တဖြည်းဖြည်း အားကုန်လာကြပေလိမ့်မည်။ ထို့အပြင် ဤအစီအရင်ထဲတွင် နောက်ထပ် တိမ်သားရဲ မည်မျှ ထပ်ရှိနေသလဲ ဆိုသည်ကိုပင် မသိရသေးချေ။

ထို့ကြောင့် တုစီစီနှင့် ချိုင်ဟဲတို့ နှစ်ယောက်စလုံး အားတက်သရော ကြိုးစားနေခဲ့ကြသည်။

အမွှေးတိုင်တစ်ချောင်းစာ ကုန်ဆုံးသွားခဲ့လေပြီ…

နာရီဝက်…

တစ်နာရီ ကုန်သွားခဲ့လေပြီ။

မျိုးရိုးနာမည်ဝမ်နှင့် ကျင့်ကြံသူ၏ အမူအရာ တဖြည်းဖြည်း လေးနက်တည်ကြည်လာပြီး ဖေးကျီတုတို့ အဖွဲ့မှာလည်း ပင်ပန်း နွမ်းနယ်သည့် အရိပ်အယောင်များ ပြလာကြသည်။ ရန်ကိုင်နှင့် လျန်ကွမ်းတို့ နှစ်ယောက်မှာမူ အေးအေးဆေးဆေးသာ ရှိနေကြသေးသည်။

ရန်ကိုင်သည် မီးငှက်ကိုသာ တိုက်ခိုက်ခိုင်းနေခဲ့သည်။ သူကိုယ်တိုင် တစ်ခါတစ်လေ ဝင်တိုက်သည် ဆိုသော်လည်း တစ်ကြိမ်နှစ်ကြိမ်လောက်သာ ဝင်တိုက်ခြင်းဖြစ်သည်။ ထို့ကြောင့် သူ့သူတော်စင်ချီ ကုန်ဆုံးနှုန်းမှာ အလွန်ကိုမှ နည်းပါးသည်။

လျန်ကွမ်းဆိုလျှင်လည်း ရုပ်သေးရုပ်များကို ကောင်းကင် စိတ်အာရုံဖြင့် ထိန်းချုပ်နေခြင်း ဖြစ်သည်။ ထို့အတွက်ကြောင့် စိတ်စွမ်းအင် အတော်လေး ကုန်ရသည် ဆိုသော်လည်း စိတ်စွမ်းအင် အားဖြည့်ဆေးများကို သောက်သုံးပြီးနောက် တည်တည်ငြိမ်ငြိမ်နှင့် ဆက်လက် တိုက်ခိုက်နိုင်ခဲ့သည်။

သို့သော်လည်း အချိန်အတော်ကြာသည်အထိ တိုက်ခိုက် နေရပြီးနောက် ဖေးကျီတုနှင့် အခြား တန်ခိုးရှင်အဆင့် ပညာရှင်များ စတင် ပင်ပန်းလာနေကြလေပြီ။ သူတို့သာ ဤအတိုင်း ဆက်သွားနေရမည်ဆိုပါက အခြေအနေမှာ စိုးရိမ်စရာ ဖြစ်လာပေလိမ့်မည်။ ဖေးကျီုတုလည်း စိုးရိမ်လာလေရာ တုစီစီနှင့် ချိုင်ဟဲတို့ဆီမှ မကြာမကြာ လှမ်းကြည့်နေမိလေသည်။

ထိုအခြင်းအရာကို မြင်သော် မျိုးရိုးနာမည်ဝမ်နှင့် ကျင့်ကြံသူလည်း ချိုင်ဟဲနှင့် တုစီစီကို လှမ်းတိုက်တွန်းလိုက်၏။ ကံကောင်းစွာဖြင့် ထိုနှစ်ယောက်သည် အားကိုးမရသည့် လူများ မဖြစ်ခဲ့ဘဲ နာရီဝက်လောက် ကြာပြီးနောက် အစီအရင်ထဲတွင် အားနည်းချက်တစ်ခုကို ရှာတွေ့ခဲ့သည်။

တုစီစီနှင့် ချိုင်ဟဲတို့၏ ပစ္စည်းများဆီမှ အလင်းတန်များ ပေါက်ကွဲထွက်လာခဲ့သည်။ ထိုအလင်းတန်းများသည် အဝေး တစ်နေရာတွင် သူ့ဘာသာ လွင့်မျောနေသော အနီရောင် တိမ်တိုက် တစ်ခုကို သွားရောက်ထိမှန်သည်။ အလင်းတန်း၏ ထိမှန်ခြင်း ခံလိုက်သည်နှင့် အလိုလို လွင့်မျောနေသော အနီရောင်တိမ်တိုက် ရုတ်တရက် ရပ်တန့်သွားခဲ့သည်။

တုစီစီ၏ မျက်နှာထက် ပန်းပေါင်းစုံတို့ ပွင့်လန်းလာပြီး အလျင်အမြန် အော်ပြောလိုက်လေသည် “အစီအရင် အမြူတေက အဲ့မှာပဲ။ အဲ့ဒါသာ ပျက်စီးသွားရင် တစ္တေတိမ်တိုက်အစီအရင်လည်း ပျက်စီးသွားလိမ့်မယ်”

သူမ၏ အော်ပြောသံကို ကြားသော် အကုန်လုံး ဝမ်းသာသွားခဲ့ကြသည်။

“ရောင်းရင်းဝမ်” ဖေးကျီတုက လှမ်းအော်ပြောလိုက်သည်။

“ငါ့တာဝန်ထားလိုက်” မျိုးရိုးနာမည်ဝမ်နှင့် ကျင့်ကြံသူက ထိုတိမ်တိုက်ကို သေချာစိုက်ကြည့်လျက် ရွှေရောင်အပ် တစ်ချောင်းကို ထုတ်ယူလိုက်သည်။ အပ်ထဲသို့ သူတော်စင်ချီ ထည့်သွင်းလိုက်သည်နှင့် အပ်တစ်ချောင်းလုံး ရွှေရောင် တလက်လက် တောက်ပလာခဲ့သည်။ ထို့နောက် တိမ်တိုက်ဆီသို့ တစ်ဟုန်ထိုး ပြေးဝင်သွားလေသည်။

လေထဲသို့ ရောက်သည်နှင့် ရွှေရောင်အပ်ကလေးသည် ရွှေရောင်မြွေတစ်ကောင်သို့ အသွင်သို့ ပြောင်းလဲသွားခဲ့လေသည်။

ရွှေရောင်အပ် တိမ်တိုက်ကို ထိလုခါနီးမှာပဲ အံ့အားသင့်ဖွယ်ရာ မြင်ကွင်းတစ်ရပ် ဖြစ်ပေါ်လာခဲ့သည်။

တိမ်တိုက်သည် အနီရောင် ရှဉ့်တစ်ကောင် အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ ရှဉ့်လေးက ၎င်း၏ မျက်လုံး သေးသေးလေး များဖြင့် ရွှေရောင်အပ်ကို အထင်တသေး စိုက်ကြည့်လိုက်ပြီး အားလုံး၏ မြင်ကွင်းမှ ရုတ်တရက် ပျောက်ကွယ်သွားလေသည်။

ရွှေရောင်မြွေသည် လေကိုသာ ကိုက်မိသွားခဲ့သည်။

ထိုအခြင်းအရာကို မြင်လိုက်သည့်အခါ မျိုးရိုးနာမည်ဝမ်နှင့် ကျင့်ကြံသူ၏ အမူအရာ အရုပ်ဆိုးသွားခဲ့သည်။ ထိုတိမ်တိုက်ကို တိုက်လျှင် တစ်ခုခု ဖြစ်မည်မှန်း ကြိုသိထားသော်လည်း ရုတ်တရက်ကြီး ပျောက်သွားလိမ့်မည်ဟုတော့ မထင်ထားခဲ့ချေ။ ပိုဆိုးသည်ကား ကောင်းကင်စိတ်အာရုံဖြင့် ရှာဖွေသည့်တိုင် ထိုရှဉ့်ကို ရှာမတွေ့ခြင်းပင်။

သူစိတ်ညစ်နေစဉ်မှာပဲ ရန်ကိုင် ပြေးထွက်သွားသည်ကို လှမ်းမြင်လိုက်သည်။ ရန်ကိုင်သည် အနီရောင်တိမ်တိုက် ပျောက်ကွယ်သွားသည့် နေရာဆီသို့ ပြေးထွက်သွားပြီး သူ့လက်ကို ဆန့်ထုတ်ကာ တစ်ခုခုကို လှမ်းဖမ်းလိုက်သည်။

ကျွီ…ကျွီ…

ရန်ကိုင်၏လက် တစ်ခုခုကို ဖမ်းမိသွားသည့်ပုံပင်။ သို့သော် မျိုးရိုးနာမည်ဝမ်နှင့် ကျင့်ကြံသူ မည်သို့ပင် ကြည့်စေကာမူ ရန်ကိုင်၏ လက်ကိုသာ မြင်ရပြီး အခြား ဘာကိုမှ မမြင်ရချေ။ ဘာကိုမှ မမြင်ရဘဲ တကျွီကျွီ အော်သံကိုများကို ကြားနေရ၏။

ချက်ချင်းဆိုသလို အလင်းတန်းတို့ ပေါက်ကွဲထွက်လာပြီး အစောပိုင်းက ပျောက်ကွယ်သွားသော အနီရောင်ရှဉ့်လေး ရန်ကိုင် လက်ထဲတွင် ပြန်ပေါ်လာခဲ့သည်။

ရှဉ့်လေးသည် အခြား မည်သည့် နေရာကိုမှ မသွားခဲ့။ မူလ နေရာတွင်သာ အလွန်ကိုမှ နက်နဲဆန်းကြယ်သော ပညာရပ် တစ်ခုကို သုံး၍ ပုန်းနေခဲ့ခြင်း ဖြစ်သည်။

သို့သော် ထိုကောင်လေး မည်သို့ ရှာတွေ့သွားခဲ့သနည်း။ မျိုးရိုးနာမည်ဝမ်နှင့် ကျင့်ကြံသူ အတော်လေး အံ့ဩနေခဲ့သည်။ သူ့ဘာသာ ခေါင်းရှုပ်နေစဉ်မှာပဲ ရန်ကိုင်သည် အနီရောင်ရှဉ့်အား နတ်ဆိုးမီးတောက်ဖြင့် စတင် လောင်ကျွမ်းပစ်တော့သည်။

ရှဉ့်လေး မည်သို့ပင် ရုန်းကန်နေစေကာမူ ရန်ကိုင်၏ လက်ထဲမှ မည်သို့မှ မလွတ်မြောက်နိုင် ဖြစ်နေခဲ့သည်။ အစီအရင်၏ အမြူတေဖြစ်သော ရှဉ့်လေးသည် မည်သည့် တိုက်ခိုက်ရေး စွမ်းရည်မှ မရှိသည့်ပုံပင်။ ရှဉ့်လေးသည် ပုန်းသာ ပုန်းတတ်ပြီး လုံးဝ ပြန်မတိုက်တတ်ချေ။

ရှဉ့်လေးသည် နတ်ဆိုးမီးတောက်များကြောင့် မျက်တောင် တစ်ခတ်အတွင်း လောင်ကျွမ်းပစ်ခံလိုက်ရပြီး သစ်သားတံဆိပ်ပြား တစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

ရန်ကိုင်လည်း အံ့အားသင့်နေသည့် အမူအရာဖြင့် ထိုသစ်သားပြားကို သေချာ စစ်ဆေးကြည့်လိုက်သည်။

ထိုသားရဲလေး သေသွားသည်နှင့် တစ်ပြိုင်နက် ဖေးကျီတုတို့နှင် တိုက်ခိုက်နေသော တိမ်သားရဲများနှင့် ရွေ့လျား လွင့်မျောနေကြသည့် မရေမတွက်နိုင်သော တိမ်သားရဲများအားလုံး အလင်းတန်းများအဖြစ်သို့ ပြောင်းလဲသွားပြီး သစ်သား တံဆိပ်ပြားထဲသို့ ဝင်ရောက်‌ ပျောက်ကွယ်သွားကြလေသည်။

အသက်သုံးရှိုက်စာ ကြာပြီးနောက် ထိုကပ်ဘေးကြီး ပြီးဆုံးသွားခဲ့သည်။ မူလက တိမ်တိုက်များဖြင့် ပြည့်နေသော ကမ္ဘာကြီးသည်လည်း ပျက်စီသွားခဲ့သည်။ အားလုံး ပြီးဆုံးသွားသည့် နောက်တွင် အကုန်လုံး သူတို့ ဓါးဝိဥာဉ်မြက် ရှိနေသည့် ပန်းဥယျာဉ်ဘေးတွင် ရပ်နေသည်ကို တွေ့လိုက်ရသည်။

တစ္ဆေတိမ်တိုက်အစီအရင် ပျက်စီးသွားခဲ့လေပြီ။

သို့သော်လည်း အကုန်လုံး မည်မျှ ပျော်ရွှင်တကြီး ထအော်မနေကြ။ အကုန်လုံးသည် မနာလိုအားကျသည့် အမူအရာများဖြင့် ရန်ကိုင်လက်ထဲရှိ သစ်သားပြားလေးကို လှမ်းကြည့်နေကြသည်။ ဖေးကျီတုပင် ချွင်းချက်မဟုတ်။

ချိုင်ဟဲနှင့် တုစီစီတို့ပင် ရန်ကိုင် လက်ထဲရှိ သစ်သားပြားကို စားတော့ဝါးတော့မတတ် အကြည့်များဖြင့် ကြည့်နေကြသည်။

“အစီအရင်ပြား။ ဒါ ဒဏ္ဏာရီလာ အစီအရင်ပြားပဲ” တုစီစီက ထအော်လေသည်။

“တကယ်ကြီး အစီအရင်ပြားလား” ဖေးကျီးတုကလည်း အသံအကျယ်ကြီး ထအော်လေသည်။ စိတ်ထဲ ခန့်မှန်းမိသော်ငြား သိပ်မသေချာသေးချေ။ သို့သော် တုစီစီ၏ အတည်ပြုချက်ကို ကြားပြီးနောက် ထိုအရာသည် အစီအရင်ပြားဖြစ်မှန်း ချက်ချင်း နားလည်လိုက်သည်။

ထိုအရာသည် အလွန်ကိုမှ ရှားပါးပြီး အဖိုးတန်သော အစီအရင်ပြားတစ်ချပ် ဖြစ်နေခဲ့သည်။

အကုန်လုံး အစီအရင်ပြား မည်မျှ အဖိုးတန် ရှားပါးကြောင်းကို သိကြသည်။ ထိုအစီအရင်ပြားသည် သူ့လက်ထဲမှ လွတ်ထွက် သွားရသည့်အကြောင်း ပြန်စဉ်းစားမိလိုက်သည့် အချိန်တွင် မျိုးရိုး နာမည်ဝမ်နှင့် ကျင့်ကြံသူရင်ထဲ ခါးသက်သွားခဲ့ရသည်။

ရှဉ့်လေးကိုသာ သူဖမ်းလိုက်နိုင်မည်ဆိုလျှင် ထိုအစီအရင်ပြားသည် သူ့အပိုင် ဖြစ်နေပေလိမ့်မည်။ အစီအရင်ပြားသည် သာမန် တန်ခိုးရှင်အဆင့် မှော်ရတနာထက် ပိုအဖိုးတန်မည်မှာ အံ့အားသင့်စရာ မလိုချေ။

“အစ်ကိုရန်…” ချိုင်ဟဲက လှမ်းအော်ပြောလိုက်သည်။ သို့သော် သူလှမ်းအော်ခေါ်လိုက်သည်နှင့် ရန်ကိုင်က အစီအရင်ပြားကို သိုလှောင်လက်စွပ်ထဲ ထည့်သိမ်းလိုက်သဖြင့် ချိုင်ဟဲ အကြောင်သား ဖြစ်သွားခဲ့ရသည်။

“အဟမ်း…” ဖေးကျီတုက အသာအယာ ချောင်းဟန့်လျက် “ယန်ကောင်းလေး ရသွားတာဆိုတော့ သူနဲ့ ကံစပ်လို့ပဲပေါ့။ အခု အဲ့ဒါ သူ့အပိုင်ဖြစ်သွားပြီ”

ဖေးကျီတု ပြောသည်ကို နားထောင်ပြီး နင်ရှန်းချန်က ခဏလောက် စည်းစားနေပြီးနောက် အားရပါးရ ရယ်မောလျက် “ဒီလို အစီအရင်ပြားကို ရလိုက်လို့ မိတ်ဆွေလေးအတွက် ဂုဏ်ယူပါတယ်ကွာ”

မိန်းမအိုကြီးနှင့် မျိုးရိုးနာမည်ဝမ်ဆိုသော ကျင့်ကြံသူကလည်း ရန်ကိုင်ကို ဂုဏ်ပြုပေးလိုက်သည်။ လက်ရှိ ခရီးစဉ်၏ အဓိက ရည်ရွယ်ချက်သည် ချင်းတုန်ကို ကယ်ဆယ်ရန် ဖြစ်သည်။ အစီအရင်ပြား တစ်ချပ်လေးအတွက်နှင့် ပြဿနာ ဖြစ်ရန်မှာ ဥာဏ်ရှိရာ မကျချေ။

ပိုဆိုးသည်ကား ထိုတန်ခိုးရှင်အဆင့် အားလုံးသည် ရန်ကိုင်၏ ပန်းပဲမီးဖိုကို ငှားရမ်းနိုင်ရန်အတွက် ရန်ကိုင်နှင့် ဆက်ဆံရေးကောင်း တစ်ခု တည်ဆောက်လိုနေခြင်း ဖြစ်သည်။

တန်ခိုးရှင်အဆင့်များက သဘောတူနေမှန်ဖြင့် သူတော်စင် ဘုရင် အဆင့်လေးများက ဘာပြောရဲတော့မည်နည်း။

သို့သော်လည်း တုစီစီသည် နှုတ်ခမ်းဆူလျက် ရန်ကိုင်အား စူးစူးရဲရဲ စိုက်ကြည့်နေသေးသည်။ သူမ အမြင်တွင် ထိုကောင်သည် အစီအရင်ပြား၏ တန်ဖိုးကို မဆိုထားနှင့် အစီအရင်များအကြောင်း ဘာမှနားမလည်သူ့လူ ဖြစ်သည်။ သို့သော် အစီအရင်ပြားကို သူရသွားသည်မှာ တကယ်ကို မဖြစ်သင်သည့် အရာမျိုး ဖြစ်သည်။

သူမသာ ထိုအစီအရင်ပြားကို ရလိုက်မည် ဆိုပါက သူမတို့ တုမိသားစုသည် အစီအရင်ပညာရှင်တွင် ပိုမို ထွန်းတောက် လာနိုင်ပြီး ချိုင်မိသားစုကို အပြည့်အဝ ဖိနှိပ်နိုင်ပေလိမ့်မည်။

ချိုင်ဟဲသည်နှင့် ခဏလောက် ငေးငိုင်ငိုင် ဖြစ်နေပြီးနောက် ရန်ကိုင်အား သွားရောက် ဂုဏ်ပြုစကား ဆိုလိုက်လေသည်။ သို့သော် သူ့အပြုံးသည် ပုံမှန်နှင့်မတူစွာ အတော်လေးကိုမှ ခါးသက်သက် ဖြစ်နေခဲ့သည်။ အခြားရတနာ တစ်မျိုးမျိုးသာဆို သူဂရုစိုက်မည် မဟုတ်သော်လည်း ထိုအစီအရင်ပြားသည် သူနှင့် သူ့မိသားစုအတွက် အရမ်းကိုမှ အရေးပါပေသည်။

ရန်ကိုင်ကမူ မျက်မှောင်ကြီးကို ကြုတ်နေခဲ့သည်။ အစီအရင်ပြားအကြောင်း သူတစ်ခါမှ မကြားဖူးသော်လည်း ထိုလူများ၏ တုန့်ပြန်ပုံအရ သူအလွန်အံ့အားသင့်စရာ ကောင်းသည့် ရတနာတစ်ခုကို ရလိုက်ပြီးမှန်း ရန်ကိုင် သိလိုက်၏။

သို့သော်လည်း အစီအရင်များအကြောင်း ထိုလူများကို သွားမေးမည် မဟုတ်ချေ။ နဂါးလိုဏ်ဂူတောင်သို့ ပြန်ရောက်မှသာ ယန်ယန်ကို သွားမေးရပေမည်။

ဓါးဝိဥာဉ်မြက်ပင် ကိစ္စပြီးသည့်နောက်တွင်၊ ဤရှေးဟောင်း အပျက်အစီးနယ်မြေသည် ထင်သလို လုံခြုံငြိမ်းချမ်းသည့် နေရာ တစ်ခု မဟုတ်မှန်း အကုန်လုံး သိလိုက်ကြသည်။

ထိုအဖြစ်အပျက်ပြီး နောက်ပိုင်းတွင် အကုန်လုံး ပို၍ သတိထားလာကြလေပြီ။

“အရင် အားပြန်ဖြည့်ပြီးတော့မှ ဆက်သွားကြတာပေါ့။ နောက်ပိုင်း ဘာတွေ ဆက်ကြုံရမလဲ ပြောနိုင်တာ မဟုတ်ဘူး” ဖေးကျီတုက ပြောလိုက်ပြီး တင်ပလင်ခွေထိုင်ကာ စတင် အားပြန်ဖြည့်လေသည်။

အကုန်လုံး ခေါင်းညိတ်လိုက်ကြပြီး သူတော်စင် သလင်းကျောက်နှင့် ဆေးလုံး အသီးသီးကို ထုတ်လျက် အားပြန်ဖြည့်ကြတော့လေသည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၃၄၃)

ရန်ကိုင်အနေဖြင့် အားပြန်ဖြည့်စရာ မလိုသော်လည်း မသင်္ကာ ဖြစ်ခံရမည်ကို မလိုလားသည့် အတွက်ကြောင့် အခြားသူများကဲ့သို့ တိတ်ဆိတ်သည့် နေရာတစ်ခုရှာပြီး တင်ပလင်ခွေ ထိုင်လိုက်သည်။

ဤနေရာရှိ မိုးမြေစွမ်းအင်သည် အပြင်လောကကြီးထက် ပို၍ သိပ်သည်းသဖြင့် ခဏလောက် အနားယူလိုက်ရုံဖြင့် ပြန်လည် အားပြန်ပြည့်လာခဲ့သည်။

ခြေသံကြားသဖြင့် ခေါင်းမော့ကြည့်လိုက်ရာ သူ့ဆီသို့ လမ်းလျှောက်လာနေသော ချိုင်ဟဲနှင့် တုစီစီကို တွေ့လိုက်ရ၏။ တုစီစီ၏ မျက်နှာမှာ မှုန်ကုတ်ကုတ် ဖြစ်နေပြီး ချိုင်ဟဲမှာမူ ယဲ့ယဲ့လေး ပြုံးနေလေသည်။

“မင်းတို့နှစ်ယောက် ဘာကိစ္စရှိလို့လဲ” ရန်ကိုင်က ထိုနှစ်ယောက် လာရင်းကိစ္စကို မသိချင်ယောင်ဆောင်လျက် မေးလိုက်သည်။ ထိုနှစ်ယောက် ဘာကြောင့် သူ့ဆီသို့ ရောက်လာရလဲ ဆိုသည်ကို သေချာ မသိသော်လည်း အစီအရင်ပြားနှင့် တစ်နည်းနည်း ပက်သက်ရမည်မှန်းတော့ သိပေသည်။

ဟုတ်ပေသည်။ သူ့ဆီသို့ ရောက်သည်နှင့် ချိုင်ဟဲက လက်သီးဆုပ်၍ ပြောလိုက်သည် “တစ်မျိုးမထင်ပါနဲ့ အစ်ကိုရန်၊ ကျုပ်တို့က အဖွဲ့သားတွေ အချင်းချင်းပဲကို၊ အစ်ကိုရန်ကို ဒုက္ခမပေးပါဘူး။ ကျုပ်ဒီကိုလာတာ အစ်ကိုရန်ဆီကနေ အစီအရင်ပြားကို ပြန်ဝယ်ချင်လို့ပါ။ အစ်ကိုရန်များ ရောင်းချင်မလား မသိဘူး”

သူထိုမေးခွန်းကို မေးသည့်အချိန်တွင် တုစီစီသည်လည်း သူ့အား လွန်စွာကိုမှ စိတ်အားထက်သန်သော အကြည့်ဖြင့် ကြည့်နေခဲ့သည်။ ရန်ကိုင်သည် ရောင်းမည်ဟု ပြောလိုက်လျှင် ချက်ချင်း ဈေးကမ်းလှမ်းမည့် ပုံပင်။

သို့သော်ငြား နှစ်ယောက်စလုံးအတွက် ကံမကောင်းစွာဖြင့် ရန်ကိုင်က ခေါင်းခါ၍ “အားနာပေမယ့် အခုလောလောဆယ် ကျုပ်ပိုက်ဆံ မလိုသေးဘူး။ ဒါကြောင့် ဒီအစီအရင်ပြားကို ရောင်းဖို့ မစဉ်းစားထားသေးဘူး”

ချိုင်ဟဲ၏ မျက်နှာ အနည်းငယ် မဲ့သွားခဲ့သည်။ မျက်နှာ အမူအရာ သိပ်မပြောင်းသွားသည့်တိုင် သူ့ရင်ထဲတွင်တော့ အမှန်အကန်ကို စိတ်ပျက်နေမိပေလိမ့်မည်။

တုစီစီကမူ နှာခေါင်းရှုံ့လျက် “ရှင့်ကြည့်ရတာ အစီအရင်နဲ့ ပက်သက်ပြီး ဘာမှသိတဲ့ပုံလည်းမပေါ်ဘူး။ အဲ့အစီအရင်ပြားကို ဘာအတွက် အသုံးပြုလဲ ဆိုတာကိုကော ရှင်သိလို့လား”

ရန်ကိုင်က တုစီစီကို ပြန်ကြည့်လျက် “ကျုပ်သိသိ မသိသိ အဲ့ဒါ ကျုပ်ကိစ္စ၊ ခင်ဗျား ကိစ္စမဟုတ်ဘူး။ ကျုပ်ပိုင်တဲ့ဟာကို ကျုပ်လုပ်ချင်သလို လုပ်မှာပေါ့၊ ခင်ဗျား အပူပါလို့လား”

“နင်…” တုစီစီ၏ ရင်အစုံ နိမ့်ချည်မြင့်ချည် ဖြစ်သွားပြီး ပြန်အော်ပြောလေသည် “အဲ့အစီအရင်ပြားက အားလုံးကြောင့် ရလာတာ။ ပြီးတော့ အစီအရင် အမြူတေကို ရှာတွေ့နိုင်ခဲ့တယ် ဆိုတာကလည်း ကျွန်မနဲ့ချိုင်ဟဲရဲ့ ကျေးဇူးမကင်းဘူး။ အစီအရင်ပြားက နင့်လက်ထဲ ရောက်သွားတယ် ဆိုရင်တောင် အဲ့ဒါကို ငါတို့ နည်းနည်း ပိုင်သေးတယ်လို့ ပြောလို့ရတယ်”

“အို” ရန်ကိုင်က သူ့မေးစေ့ကို ပွတ်လျက် ယဲ့ယဲ့လေး ပြုံးကာ ပြန်ပြောလိုက်သည် “ဒီတော့ နင်က ဒီအစီအရင်ပြားကို ငါ့ဆီကနေ လုချင်နေတာပေါ့၊ ဟုတ်လား”

“ငါအဲ့လိုမပြောဘူး။ မဟုတ်တုတ်ကတွေ လာမပြောနဲ့” တုစီစီ၏ အမူအရာ ဖြူလျော်သွားပြီး ဖေးကျီတု အလိုလို လှမ်းကြည့်မိလိုက်သည်။ ထိုအစီအရင်ကို ရန်ကိုင် ပိုင်သည်ဟု ဖေးကျီတု ကိုယ်တိုင် ပြောခဲ့ခြင်း ဖြစ်သည့် အတွက်ကြောင့် သူမသာ အစီအရင်ပြားကို ရန်ကိုင်ဆီမှ လုယူရန် ကြိုးစားပါက ဖေးကျီတုအား ပမာမခန့်လုပ်သလို ဖြစ်သွားပေလိမ့်မည်။

“အဲ့လို နင်ဘာလိုချင်တာလဲ” ရန်ကိုင်၏ အမူအရာ အေးစက်သွားခဲ့သည်။ ထိုမိန်းမကို ကြည့်မရသည်မှာ အစ ကတည်းကပင် ဖြစ်သည်။ သို့သော်လည်း မည်သို့ပင်ဖြစ်စေ သူ့အား လာရန်မစလျှင် သူကလည်း သွားရန်စမည် မဟုတ်ချေ။ သူ့ကို လာရန်စလျှင်တော့ သူဘက်ကလည်း ငြိမ်ခံနေမည် မဟုတ်ပါချေ။

“တုမိသားစုကိုယ်စား နင့်အစီအရင်ပြားကို ငါ.. ငါဝယ်ချင်တာ” တုစီစီက အံကြိတ်၍ ပြောလိုက်သည်။

“ဒီအစီအရင်ပြားက ရောင်းဖို့ မဟုတ်ဘူးလို့ ငါပြောပြီးသွားပြီလေ” ရန်ကိုင်က ဖြည်းဖြည်းချင်း ခေါင်းခါလိုက်သည်။ လောလောဆယ်တွင် အစီအရင်ပြား၏ တန်ဖိုးကို မသိရသေးသည့် အတွက်ကြောင့် တုမိသားစု မဆိုထားနှင့်၊ အရိပ်လခန်းမမှ လာဝယ်မည် ဆိုလျှင်ပင် ရောင်းမည် မဟုတ်ချေ။ အစီအရင်ပြား မည်မျှ အဖိုးတန်သည်ကို မသိသေးဘဲ ရောင်းထုတ်ရအောင် သူအရူးမှ မဟုတ်လေဘဲ။

တုစီစီ တုမိသားစုနာမည်ကို ထုတ်ပြောလိုက်ခြင်းသည် မိသားစုနာမည်ကို သုံး၍ ရန်ကိုင်အား ဖိအားပေးလိုခြင်း ဖြစ်သည်။

ရန်ကိုင်က ငြင်းလိုက်သည်ကို မြင်သော် တုစီစီက လှောင်ပြုံးပြုံးလျက် ဆက်ပြောလိုက်သည် “ဘာလို့ ငါပြောမယ့် ဈေးကိုတောင် မကြားရသေးဘဲ ဘာလို့ ချက်ချင်းကြီး ကောက်ငြင်းလိုက်တာပဲ။ ငါ့တုမိသားစုက အဲ့အစီအရင်ပြားကို သူတော်စင်သလင်းကျောက် သန်းသုံးဆယ်ပေးပြီး ဝယ်မယ်”

“သန်းသုံးဆယ်လား… များသားပဲနော်” ရန်ကိုင်က အဓိပ္ပါယ်ပါပါ ပြုံးလိုက်သည်။

နဂါးလိုဏ်ဂူအကြောင်း ထိုမိန်းကလေး မကြားဖူးသေးချေ။ သူတော်စင်သလင်းကျောက် သန်းသုံးဆယ်လောက်နှင့် ရန်ကိုင် စိတ်ကို လှုပ်ရှားအောင် လုပ်နိုင်လိမ့်မည်ဟု ထင်နေသည်။ ချိုင်ဟဲကမူ နဂါးလိုဏ်ဂူတောင်အကြောင်း ကြားဖူးနေသည့် အလား မဲ့ပြုံးပြုံးလိုက်လေသည်။

“အဲ့ဒါတောင် မကျေနပ်သေးဘူးလား” တုစီစီ အံ့အားသင့်သွားသည်။ ရန်ကိုင်နှင့် ပက်သက်၍ သူမ ကြားထားသည်ကား ရန်ကိုင်သည် အခြားမိသားစု တစ်ခုမှ နှင်ထုတ်ခြင်း ခံလိုက်ရသော ကျင့်ကြံသူများကို ဦးဆောင်၍ တောင်တစ်လုံးကို အပိုင်စီးထားသည့် လေလွင့်ကျင့်ကြံသူ တစ်ယောက်ဟူ၍ပင်။

ထိုကဲ့သို့သော ကျင့်ကြံသူ တစ်ယောက်အတွက် ထိုမျှ များပြားလှသော သူတော်စင်သလင်းကျောက်များကို ဘယ်တော့မှ မမြင်ဖူးသင့်ချေ။ သန်းသုံးဆယ်ဆိုသော ပမာဏသည် သူမတို့ တုမိသားစုအတွက်ပင် တစ်ထိုင်တည်း ပေးရန် အတွက် အတော်လေး ဒုက္ခများသည်ဟု ဆိုနိုင်ပေသည်။ ပုံမှန်အားဖြင့် တုစီစီသည် တုမိသားစုကိုယ်စား မဆုံးဖြတ်နိုင်သော်လည်း အစီအရင်ပြားအကြောင်းကိုသာ မိသားစုဆီသာ ပြန်ပြောလျှင် သူတို့လည်း ကျိန်းသေ သဘောတူပေလိမ့်မည်။

သူတို့၏ မရှိမဲ့ရှိမဲ့ ပစ္စည်းများကို ကုတ်ခြစ်ရောင်းချပြီး ဝယ်ရမည် ဆိုလျှင်ပင် ထိုအစီအရင်ပြားကို ကျိန်းသေ ဝယ်ပေလိမ့်မည်။

တုစီစီ မျက်မှောင်ကြုတ်သွားခဲ့သည်။ ရန်ကိုင်သည် ထိုနည်းဖြင့် ဈေးတင်နေလိုခြင်း ဖြစ်သည်ဟု သူမ ထင်နေခြင်း ဖြစ်သည်။ ထို့ကြောင့် ‘ကလိန်ကကျစ်ကောင်’ ဟု စိတ်ထဲ ကြိတ်၍ ကျိန်ဆဲလိုက်လေသည်။ ထို့နောက် မျက်လုံးမှေးစဉ်းလျက် ဆက်ပြောလိုက်သည် “နင်သာ ဒီအစီအရင်ကို ငါတို့ဆီ ရောင်းမယ် ဆိုရင် သူတော်စင်သလင်းကျောက် သန်းသုံးဆယ်တင်မဟုတ်ဘူး၊ နင့်အတွက် အစီအရင်တွေတောင် အလကား ခင်းကျင်းပေးဦးမှာ၊ ဘယ်လိုလဲ၊ အဲ့လောက်ဆို လုံလောက်ပြီလား”

“ဒါက ရောင်းဖို့မဟုတ်ဘူး” ရန်ကိုင် ခေါင်းခါနေဆဲ။

တုစီစီသည် ရန်ကိုင်အား အရူးတစ်ယောက်နှယ် စိုက်ကြည့်လိုက်သည်။ ရိုးရိုးသားသား ပြောရလျှင် သူမပေးသည့် ဈေးသည် မနိမ့်ကျချေ။ သို့သော်လည်း ရန်ကိုင်က ငြင်းနေဦးမည်ဟု မထင်ထားခဲ့ချေ။ ယခုတစ်ကြိမ်တွင်တော့ ချက်ချင်းကြီး ထပ်ဈေးကမ်းလှမ်းခြင်း မပြုရဲတော့ဘဲ တုစီစီ တုန့်ဆိုင်းလာခဲ့ရလေပြီ။

ရန်ကိုင်က လက်ဝှေ့ရမ်းလျက် ဖြတ်ပြောလိုက်သည် “မိန်းကလေးတု၊ ကျေးဇူးပြုပြီး ထွက်သွားပါတော့။ ခင်ဗျား ဘယ်လိုပဲကမ်းလှမ်းကမ်းလှမ်း ကျုပ်ကတော့ ဒီအစီအရင်ပြားကို ရောင်းမှာ မဟုတ်ဘူး”

“ရှင်နောင်တရလိမ့်မယ်” တုစီစီက ဒေါသတကြီး အော်ဟစ်ပြီး ခြေဆောင့်လျက် လှည့်ထွက်သွားလေသည်။

တုစီစီက ပါးစပ်ဟ၍ တစ်ခုခု ပြောရန် လုပ်လိုက်သော်ငြား နောက်ဆုံးတွင်တော့ သူ့ပါးစပ်ကိုသာ ပြန်ပိတ်ထားလိုက်သည်။

တုစီစီ ထွက်သွားပြီးနောက် ချိုင်ဟဲက ခါးသက်စွာပြုံးလျက် ရန်ကိုင်အား တောင်းပန်စကား ဆိုလိုက်သည် “အစ်ကိုရန်၊ သူ့နဲ့ ဖက်ပြီး ဒေါသထွက်မနေပါနဲ့နော်။ သူက ငယ်ငယ်လေးကတည်းက အလိုလိုက်ခံထားရတော့ အခုလိုမျိုး ဆိုးနေတာ။ အစ်ကိုရန် မကျေနပ်သေးဘူးဆိုရင် ကျုပ်ပါ ထွက်သွားပေးပါ့မယ်”

ရန်ကိုင်က ချိုင်ဟဲအား အပြုံးဖြင့်ကြည့်လျက် ခေါင်းခါ၍ “ဘာမှမဖြစ်ပါဘူး၊ အဆင်ပြေပါတယ်။ ကျုပ်ကလည်း သူအဆင့်ထိ ရောက်အောင် လိုက်နှိမ့်နေမှာမှ မဟုတ်တာ”

“ကျေးဇူးအများကြီး တင်ပါတယ် အစ်ကိုရန်” ချိုင်ဟဲ သက်ပြင်း တစ်ချက်ချလျက် ဆက်ပြောလိုက်သည် “ကြည့်ရတာ အစီအရင်ပြား ဘယ်လောက် အဖိုးတန်လဲ အစ်ကိုရန် မသိသေးဘူးနဲ့ တူတယ်”

ရန်ကိုင် မျက်ခုံးပင့်သွားပြီး ပြန်မေးလိုက်သည် “ကျေးဇူးပြုပြီး ကျုပ်ကို အလင်းပြပေးပါဦး”

ချိုင်ဟဲက ရယ်သွမ်းသွေးလျက် ရန်ကိုင်နှင့် ဆန့်ကျင်ဘက်တွင် တင်ပလင်ခွေ ထိုင်လိုက်ပြီး စတင် ရှင်းပြ တော့လေသည်။

ချိုင်ဟဲ ပြောသည်ကို နားထောင်ပြီးနောက် အစီအရင်ပြား မည်မျှ အဖိုးတန်လဲ ဆိုသည်ကို ရန်ကိုင် နားလည်သွားခဲ့သည်။ တုစီစီ ဘာကြောင့် အစီအရင်ပြားကို ဘာကြောင့် ထိုမျှ လိုချင်နေလဲ ဆိုသည်ကိုလည်း နားလည်သွားခဲ့သည်။

အစီအရင်ပြားများသည် အစီအရင်များနှင့် တစ်မျိုးတည်း မဟုတ်ဘဲ သူ့အပိုင်းနှင့်သူ ဖြစ်သည်။

အရိပ်ကြယ်၏ လက်ရှိ အစီအရင်ပညာရှင်များသည် အစီအရင်ပြားများကို မထုတ်လုပ်နိုင်ကြတော့ချေ။ အကြောင်းမှာ အစီအရင်ပြားများကို သန့်စင်သည့်နည်းလမ်း ပျောက်ဆုံး သွားခဲ့ရုံမက အစီအရင်ပြားများကို သန့်စင်နိုင်သည့်လူပါ မရှိသည့် အတွက်ကြောင့် ဖြစ်သည်။

လွန်ခဲ့သော နှစ်ပေါင်းများစွာက အစီအရင် ပညာရှင်တင် မဟုတ်ဘဲ အစီအရင်ပြား ပညာရှင်များပါ သက်သက် ရှိခဲ့သည်။

ထိုနာမည်အရ၊ အစီအရင်ပြား ပညာရှင်များသည် အစီအရင် ပညာတွင်သာ မဟုတ်ဘဲ၊ ပန်းပဲထုခြင်းတွင်ပါ ကျွမ်းကျင်သည်ကို တွေ့မြင်နိုင်ပေသည်။ ထိုပညာရပ် နှစ်ခုစလုံးကို အတိုင်းအတာ တစ်ခုအထိ ကျွမ်းကျင်ပြီးမှသာလျှင် အစီအရင်ပြား ပညာရှင် တစ်ယောက် ဖြစ်လာနိုင်ပေလိမ့်မည်။

အစီအရင် ပညာရှင်များသည် ယေဘုယျအားဖြင့် ပန်းပဲထုလုပ်ခြင်းအား တောက်မိခေါက်မိလောက် သိထားကြ၏။ တကယ်တော့ အစီအရင် ခင်းကျင်းရာတွင် မှော်ရတနာများနှင့် ဆင်တူသော အကူပစ္စည်းများကို လိုအပ်သည် မဟုတ်ပေလော။

တစ်နည်းတည်းဆိုရသော် ပန်းပဲပညာရှင်များသည်လည်း အစီအရင် ခင်းကျင်းသည့် နည်းလမ်းများကို နားလည်ကြသည်။ ပန်းပဲထုလုပ်ရာတွင် သုံးသော အစီအရင်များသည်လည်း စိတ်ဝိဥာဉ် အစီအရင်များ ဖြစ်ကြသည်။ ဆေးပညာရှင်များလည်း အတူတူပင်။

သို့သော်လည်း ပုံမှန်အားဖြင့် ပန်းပဲပညာရှင်များသည် အစီအရင်ပညာအကြောင်း နှံ့နှံ့စပ်စပ် မသိကြသလို အစီအရင် ပညာရှင်များသည်လည်း ပန်းပဲပညာအကြောင်း နှံ့နှံ့စပ်စပ် မသိကြချေ။

စိတ်ဝိဥာဉ်အစီအရင်တာအိုသည် လွန်စွာကိုမှ ကျယ်ပြောပြီး နက်နဲလှသည်။ ထို့ကြောင့် အစီအရင် ပညာရှင် တစ်ယောက်တွင် ပန်းပဲပညာရပ်အား လေ့လာရန်အချိန် မည်သို့ ရှိမည်နည်း။ ထို့ကြောင့် အချိန်ကြာလာသည်နှင့် အစီအရင်ပြား ပညာရှင်များ ပျောက်ကွယ်သွားခဲ့ကြသည်။

အစီအရင်ပြား ပညာရှင်တစ်ယောက်မှ လုပ်ထားသော အစီအရင်ပြားထဲတွင် အစီအရင်တစ်ခု ရှိနေသည်။

အစီအရင်ပြားသည် အစီအရင်တစ်ခုကဲ့သို့ ရှုပ်ရှုပ်ထွေးထွေး ခင်းကျင်းနေစရာ မလိုချေ။ သို့တိုင် အစီအရင်တစ်ခုကဲ့သို့ အလုပ်လုပ်နိုင်ပေသည်။ တစ်နည်းဆိုရသော် ရန်ကိုင်သာ သူ့လက်ထဲရှိ အစီအရင်ပြားကို သန့်စင်လိုက်မည် ဆိုပါက သူဆန္ဒရှိသည့် အချိန်တိုင် တစ္တေတိမ်တိုက်အစီအရင်ကို အသက်သွင်းနိုင်ပေလိမ့်မည်။

ထိုစကားကို ကြားပြီးနောက် ရန်ကိုင်၏ မျက်ဝန်းအစုံ ဝင်းလက် တောက်ပသွားခဲ့ရသည်။

တစ္ဆေတိမ်တိုက် အစီအရင် မည်မျှ အားကောင်းသလဲ ဆိုသည်ကို ရန်ကိုင် ကိုယ်တွေ့ ကြုံတွေ့ခဲ့ဖူးသည်။ အစီအရင်ထဲရှိ တိမ်သားရဲများသည် အတော့်ကိုမှ အားကောင်းကြသည်။ ရန်ကိုင် ကိုယ်တိုင်ပင်လျှင် ထိုတိမ်သားရဲများကို အနိုင်မယူနိုင်ချေ။ တန်ခိုးရှင်အဆင့် ပညာရှင်များ ဖြစ်ကြသော ဖေးကျီတုနှင့် နင်ရှန်းချန်ကဲ့သို့သော ပညာရှင်များပင်လျှင် ထိုအစီအရင်ထဲ ပိတ်မိခဲ့ရသည်။ သူ့တွင်သာ ထိုအစီအရင် ရှိနေမည်ဆိုပါက ရန်ကိုင်၏ ခွန်အား ဆထက်ထမ်းပိုး တိုးတက်လာပေလိမ့်မည်။

ထို့အပြင် တစ္ဆေတိမ်တိုက် အစီအရင်ထဲတွင် သူတို့ ပိတ်မိခဲ့စဉ်က သူ့ဘာသာ အလိုလို လည်ပတ်နေသော အစီအရင် ထဲတွင် သူတို့ ပိတ်မိခဲ့ခြင်း ဖြစ်သည်။ တစ်နည်းဆိုရသော် မည်သူမှ ထိန်းချုပ်ထားခြင်း မရှိသည့် အစီအရင်ထဲတွင် ပိတ်မိခဲ့ခြင်း ဖြစ်သည်။

ရန်ကိုင်သာ ထိုအစီအရင်ကို ကိုယ်တိုင် ထိန်းချုပ်မည် ဆိုပါက ဖေးကျီတုကဲ့သို့ ပညာရှင်တစ်ယောက်ပင်လျှင် ထိုအစီအရင်ထဲ ရောက်သွားလျှင် သေရပေလိမ့်မည်။

ဤပျောက်ဆုံးနေပြီဖြစ်သော အစီအရင်ပြားသည် အစီအရင် ပညာရှင်များအတွက် လွန်စွာကိုမှ အရေးပါပေသည်။ သူတို့သာ ဤအစီအရင်ပြားကို လေ့လာနိုင်မည် ဆိုပါက အစီအရင်ပြားများ ပြုလုပ်သည့် နည်းလမ်းကို ထုတ်နုတ်နိုင်လောက်ပေသည်။

အစီအရင်ပြားများသည် မှော်ရတနာများနှင့်လည်း ဆင်တူသေးသည်။ အစီအရင်ပြားကို တစ်ကြိမ် သန့်စင်ပြီးပြီ ဆိုပါက ခန္ဓာကိုယ်ထဲတွင် သိမ်းထားနိုင်ပြီး ဆန္ဒရှိသည့် အချိန်တိုင်း အပြင်သို့ထုတ်ကာ အသုံးပြုနိုင်ပေသည်။

ချိုင်ဟဲမှ ထိုအကြောင်းများကို ရှင်းပြနေစဉ် သူ့မျက်နှာထက် မနာလိုမှု၊ အားကျမှု စသော စိတ်ခံစားချက်မျိုးစုံ ရောပြွမ်း ထွက်ပေါ်နေခဲ့သည်။ သူဘာတွေးနေလဲ ဆိုသည်ကို ရန်ကိုင် မသိဘဲ ဘယ်နေမည်နည်း။

တုစီစီကဲ့သို့ ပွင့်ပွင့်လင်းလင်း ဈေးမခေါ်ခဲ့သော်လည်း သူ့စိတ်ထဲတွင် ထိုကဲ့သို့လုပ်ရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။

“ဒီအစီအရင်ပြား ဘယ်လောက်ရှားပြီး အဖိုးတန်လဲ ဆိုတာ အစ်ကိုရန် အခု နားလည်သွားပြီလား” ချိုင်ဟဲ မနာလိုအားကျမှု အပြည့်ဖြင့် မေးလိုက်သည်။

ရန်ကိုင်က ခေါင်းညိတ်၍ “ငါနားလည်သွားပြီ။ အခုလို ရှင်းပြပေးလို့ ရောင်းရင်းချိုင်ကို တကယ် ကျေးဇူးတင်တယ်။ ကျုပ် ငွေလိုလာလို့ ဒီအစီအရင်ပြားကို ရောင်းရမယ်ဆိုရင် ချိုင်မိသားစုကို ဦးစားပေးပါ့မယ်”

ထိုစကားကို ကြားသည့်အခါ ချိုင်ဟဲ ပျော်သွားပြီး အလျင်အမြန် လက်သီးဆုပ်၍ “အခုလို စဉ်းစားပေးတဲ့ အတွက် အစ်ကိုရန်ကို ကျေးဇူးအများကြီး တင်ပါတယ်။ ဒီချိုင်လည်း အစီအရင်ပြားကို လိုချင်တယ်ဆိုပေမယ့် အဲ့လိုနေ့မျိုး မရောက်လာဖို့ မျှော်လင့်ပါတယ်”

ထိုစကားကို ကြားသည့်အခါ ရန်ကိုင် ရယ်သွမ်းသွေးလိုက်၏။

သူတော်စင်ဘုရင်အဆင့် သုံးယောက်ကြား ဖြစ်သွားသည်ကို တန်ခိုးရှင်အဆင့်များ မြင်ကြပေသည်။ သို့သော်လည်း မည်သူမျှ ဝင်မနှောင့်ယှတ်ခဲ့ကြချေ။ ဒီအတိုင်းသာ လွှတ်ထားပေးလိုက်၏။

ချိုင်ဟဲ ထွက်သွားပြီးနောက် ရန်ကိုင် မျက်မှောင် ကြုတ်သွားခဲ့သည်။

အစီအရင်ပြား ပညာရှင်… အဲ့လိုလူတွေ ဒီလောကကြီးမှာ တကယ် ရှိခဲ့တာလား

ထိုကဲ့သို့သော ပညာရှင်များကို အခြားနေရာများတွင် မတွေ့နိုင်သော်လည်း နဂါးလိုဏ်ဂူတောင်တွင်တော့ ကျိန်းသေ တွေ့နိုင်ပေသည်။

ရန်ကိုင်သည် အစီအရင် ပညာတွင်သာမက ပန်းပဲ ပညာတွင်ပါ ကျွမ်းကျင်ပေသည်။ တစ်နည်းဆိုရသော် သူမသည် အစီအရင်ပြား ပညာရှင်တစ်ယောက် ဖြစ်သည်ဟု ဆိုလိုက်ခြင်း မဟုတ်လေလော။

ထို့အပြင် အစီအရင်ပြားကို ရလိုက်စဉ်က ၎င်းဆီမှ ရင်းနှီးနေသော အရှိန်အဝါတစ်ခုကို ရန်ကိုင် ခံစားမိလိုက်သည်။ သို့သော် သေချာတော့ မခွဲခြားနိုင်ခဲ့ချေ။ ယခုမူ သူ့ရင်ထဲ အနည်းငယ် မသင်္ကာ ဖြစ်လာမိလေပြီ။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၃၄၄)

အစီအရင်ပြား ကိစ္စ ဘေးဖယ်ထားလိုက်တော့သည်။ နဂါးလိုဏ်ဂူတောင်သို့ ရောက်မှသာ ယန်ယန်ကို သေချာ မေးကြည့်ရပေမည်။ ယန်ယန်သည် သူထင်ထားသကဲ့သို့ အစီအရင်ပြားများကို လုပ်နိုင်သည် ဆိုပါက သူ့အတွက် နည်းနည်းလောက် လုပ်ပေးရန် အကူအညီ တောင်းရပေမည်။

ခဏအကြာတွင် ဖေးကျီတုတို့ အားပြန်ပြည့်လာခဲ့သဖြင့် ရန်ကိုင်တို့အဖွဲ့ ခရီးဆက်ကြပြန်လေသည်။

ဆက်လျှောက်လာနေရင်း ရှားပါးပန်းပင်နှင့် အပင်များစွာကို တွေ့ခဲ့ရသည်။ တစ်ပင်ချင်းစီတိုင်းသည် မြို့တစ်မြို့စာမျှ တန်ပြီး အချို့ အပင်များဆိုလျှင် မျိုးတုန်းပျောက်ကွယ်သွားခဲ့သည်မှာ ကြာနေလေပြီ။

သို့သော်လည်း ပထမတစ်ကြိမ် အဖြစ်အပျက်ကြောင့် ဖေးကျီတုတို့ ထိုအပင်များကို အလွယ်တကူ သွားမထိရဲတော့ပေ။ ရန်ကိုင်ကမူ ထိုပန်းပင်၊ ဆေးပင်များကို အတော်လေး စိတ်ဝင်စားနေမိသည်။ ဆေးပင်များအကြောင်း အတော်လေး သိထားသလို ဆင်ခြင်ထောက်ရှုကြည့်ပြီးနောက် ထိုအပင်များ အားလုံး အစစ်ဖြစ်သည်ကို သူသိလိုက်သည်။

တစ်နည်းဆိုရသော် ထိုအပင်များ ထောင်ချောက်ဆင်ရန် ပြင်ထားသော ပုံရိပ်ယောင်အပင်များ မဟုတ်ဘဲ တကယ့် အပင် အစစ်များ ဖြစ်ကြသည်။ သို့သော်လည်း တစ်ရာရာခိုင်နှုန်း မသေချာသည့် အတွက်ကြောင့် သွားမခူးခဲ့ချေ။ ယခုခရီး၏ အဓိက ဦးစားပေးသည် ချင်းတုန်ကို ကယ်ရန် ဖြစ်လေသည်။

သို့သော်လည်း လမ်းကြောင်းကိုတော့ သေသေချာချာ မှတ်ထားလိုက်သည်။ ချင်းတုန်ကို ကယ်ပြီးနောက် ဤနေရာသို့ ပြန်လာကာ ထိုဆေးပင်များကို သေချာ စစ်ဆေးပြီး ခူးပေမည်။

ကြီးကြီးမားမားကို သတိထားနေသည့်တိုင် သူတို့၏ ခရီးသည် ချောမွေ့နေခြင်း မရှိခဲ့ချေ။ ရှေးဟောင်း အပျက်အစီးနယ်မြေထဲရှိ အစီအရင်များသည် တန်ခိုးရှင် တတိယအဆင့်ဖြစ်သော ဖေးကျီတုတို့၏ ကောင်းကင်စိတ်အာရုံပင် အာရုံမခံနိုင် လောက်သည်အထိ လျှို့ဝှက်စွာ တည်ရှိနေသည့် အတွက်ကြောင့် ဖြစ်ပေသည်။

ကံကောင်းစွာဖြင့် သူတို့တွင် အစီအရင်ပညာရှင် နှစ်ယောက် ဖြစ်ကြသော ချိုင်ဟဲနှင့် တုစီစီတို့ ရှိနေသည့် အတွက်ကြောင့် အစီအရင်ထဲ ကျသွားရောက်သွားချိန် ထိုနှစ်ယောက်အား အစီအရင်အား ဖျက်စီးခိုင်းပြီး ကျန်သူများက အစီအရင်၏ တိုက်ခိုက်မှုများကို ကာကွယ်လိုက်လုပ်ရင်း အစီအရင်များ၏ လက်မှ လွတ်မြောက်လာနိုင်ခဲ့ကြသည်။

ထိုနည်းဖြင့် တောက်လျှောက် ဆက်သွားခဲ့ရာ မည်သည့် ပြဿနာမှ မကြုံတွေ့ခဲ့ရချေ။ အမျိုးသမီအိုကြီး တစ်ယောက်သာ အနည်းငယ် ဒဏ်ရာရခဲ့ပြီး အခြားသူအားလုံး အဆင်ပြေပြေနှင့် ရှိနေကြသည်။

ကံမကောင်းစွာဖြင့် ထိုအစီအရင်များကို ဖျက်စီးပြီးတိုင် ပထမအစီအရင်ကဲ့သို့ အစီအရင်ပြားများ ကျန်ရစ်ခဲ့ခြင်း မရှိကြသည့် အတွက်ကြောင့် ချိုင်ဟဲနှင့် တုစီစီတို့ အလွန်ကိုမှ စိတ်ပျက်နေခဲ့ကြရသည်။

သုံးရက်ကြာပြီးသည့်နောက်တွယ်၊ ကျယ်ပြောလှသော လမ်းကြောင်းကျယ်ကြီး တစ်ခုရှေ့သို့ သူတို့ ရောက်လာခဲ့သည်။

ထိုလမ်းကြောင်းသည် အသန့်စင်ဆုံးသော ကျောက်စိမ်းမှ ထုလုပ်ထားသည့်အလား ဖြူဖွေးစွတ်လျက် ချောမွတ်လှသည်။ သို့သော်လည်း အလွန်ကိုမှ အေးစက်လှကာ အအေးငွေ့များကိုပင် လှမ်းမြင်နေရသည်။ လမ်းကြောင်း၏ တစ်ဖက်တွင် အန္တရာယ် အငွေ့အသက်တို့ တလက်လက် ထနေသည့် ရေခဲစူးချွန်များ ရှိနေခဲ့ကြသည်။

ထိုထဲသို့ မဝင်သေးဘဲ အပြင်ဘက်တွင် ရပ်နေသည့်တိုင် အထဲမှ လာရောက်ရိုက်ခတ်သော အအေးငွေ့များကြောင့် ရန်ကိုင်တို့၏ ဆံပင်များ စတင် အေးခဲလာခဲ့ကြရသည်။

“ဒါရေခဲလမ်းကြောင်း ဖြစ်လောက်တယ်” ဖေးကျီတု၏ အမူအရာ လေးနက်သွားခဲ့ကြသည်။

“အေးလိုက်တာ။ ဒီလောက်အေးတဲ့ နေရာကို အကြီးအကဲချင်း ဘယ်လို ဖြတ်သွားတာလဲ” နင်ရှန်းချန်၏ ပါးရေတွန့်နေသည့် မျက်နှာ အနည်းငယ် ဖြူလျော်သွားခဲ့သည်။ သူသာ ထိုလမ်းကြောင်းကို ဖြတ်သွားရမည် ဆိုလျှင်ပင် အဆုံးကို ရောက်ဖို့ရာ မဆိုထားနှင့် လမ်းတစ်ဝက်တွင်ပင် ရေခဲရုပ်ထု ဖြစ်သွားရပေလိမ့်မည်။

ချင်းတုန်သည် တန်ခိုးရှင် တတိယအဆင့် ဖြစ်သော်လည်း အားကောင်းသော မှော်ရတနာ သို့ ရတနာတစ်မျိုးမျိုးသာ မရှိလျှင် သူနှင့်အတူ သူတော်စင်ဘုရင်အဆင့် ပန်းပဲပညာရှင် တစ်ယောက်ကို ခေါ်ပြီး ဤရေခဲလမ်းကြောင်းကို မည်သို့မှ ဖြတ်သွားနိုင်လိမ့်မည် မဟုတ်ချေ။

“လွန်ခဲ့တဲ့ နှစ်တွေတုန်းက အကြီးအကဲချင်း မီးတောက် ပုတီးစေ့ တစ်လုံး ရခဲ့တယ်လို့ ငါကြားတယ်။ အဲ့ဒါရဲ့ အကူအညီနဲ့ ဒီနေရာကို ဖြတ်သွားတာပဲ ဖြစ်လိမ့်မယ်” အမျိုးသမီးအိုကြီးက တွေးတွေးဆဆဖြင့် ပြောလိုက်သည်။

ဖေးကျီတုက ခေါင်းညိတ်လိုက်ပြိး “ဟုတ်တယ်။ ချင်းအိုကြီးမှာ တကယ်ပဲ မီးတောက် ပုတီးစေ့တစ်လုံး ရှိတယ်။ မဟုတ်ရင် ဒီလမ်းကြောင်းကို ဖြတ်နိုင်မှာ မဟုတ်ဘူး” ပြောပြီးသည်နှင့် ရန်ကိုင်ဘက်သို့ လှည့်၍ “ဟိုဟာကော”

ရန်ကိုင်က လမ်းကြောင်းကိုသာ စိုက်ကြည့်နေပြီး မေးခွန်းကို တိုက်ရိုက်ပြန်မဖြေဘဲ “မြို့သခင်ဖေး၊ ဒီလမ်းကြောင်း ဘယ်လောက် ရှည်လဲ ခင်ဗျားသိလား”

ဖေးကျီတုက ဖြည်းဖြည်းချင်း ခေါင်းခါလိုက်ပြီး “ဒီလမ်းကြောင်း ဘယ်လောက်ရှည်လဲ ဆိုတာကို ချင်းအိုကြီး ပြောမသွားဘူး။ ဒါပေမယ့် ချင်းအိုကြီးက အခြား လူတစ်ယောက် ကိုတောင် ခေါ်ပြီးသွားနိုင်မှတော့ အရမ်းကြီးတော့ မရှည်လောက်ဘူး”

“အရမ်းကြီး မရှည်ရင် အဆင်ပြေတယ်” ရန်ကိုင်က တုန့်ဆိုင်းတုန့်ဆိုင်း အမူအရာဖြင့် ပြောလိုက်သည်။

“စိတ်လျော့ထားလိုက်။ ဒီလောက် အရေးကြီးတဲ့ကိစ္စကို ငါမင်းတစ်ယောက်တည်းအပေါ် အားကိုးဖို့ မစဉ်းစားထားဘူး” ပြောပြောနှင့် ဖေးကျီတု သူ့လက်ကို ဝှေ့ရမ်းလိုက်ရာ ကြေးခေါင်းလောင်းလေးတစ်ခု သူ့လက်ထဲတွင် ပေါ်လာလေသည်။ ထိုခေါင်းလောင်းလေသည် ကြက်သွေးရောင် တောက်နေပြီး ပူပြင်းလှသော အရှိန်အဝါကို ထုတ်လွှတ်နေသည်။

“မီးလျှံခေါင်းလောင်းလား” နင်ရှန်းချန်၏ မျက်လုံးအစုံ တောက်ပသွားပြီး ပြုံးလျက် “အစ်ကိုဖေး ဒီခေါင်းလောင်းကို ငှားလာမယ်လို့ မထင်ထားဘူး။ ဒါနဲ့ ဒီခရီးကို သွားဖို့က သိပ်ပြီး မခက်လောက်တော့ဘူး”

ဖေးကျီတုက ပြုံးလျက် “ဒီမီးခေါင်းလောင်းက ဂိုဏ်းချုပ်ရဲ့ မှော်ရတနာဆိုပေမယ့် သူက တိုက်တဲ့အခါမှပဲ ထုတ်သုံးတတ်တာ။ ဒါပေမယ့် ဒီခရီးက ချင်းအိုကြီးကို ကယ်ဖို့ ဖြစ်နေတော့ သူကပ်စေးနဲမနေတော့တာ”

ထိုစကားကို ကြားလိုက်သည့်အခါ ထိုမီခေါင်းလောင်းသည် အရိပ်လခန်းမ၏ ဂိုဏ်းချုပ်ပိုင် မှော်ရတနာဖြစ်ကြောင်း ရန်ကိုင်တို့ သိလိုက်သည်။

ဖေးကျီတုသည် မှော်ရတနာ၏ ပိုင်ရှင် မဟုတ်သည့်အတွက် မှော်ရတနာ၏ စွမ်းအား အပြည့်အဝကို ထုတ်သုံးနိုင်မည် မဟုတ်သော်ငြား သူတို့အား အကူအညီ အနည်းငယ်တော့ ပေးနိုင်ပေလိမ့်မည်။

ထိုအခြင်းအရာကို မြင်သည့်အခါ ရန်ကိုင် ခေါင်းညိတ်လိုက်ပြီး သူ့ကိုယ်သူ တည်ငြိမ်အောင် လုပ်လိုက်၏။ အတွေးတစ်ချက်ဖြင့် ဆင့်ခေါ်လိုက်ရာ မီးငှက် ပျံထွက်လာပြီး အလင်းအကာအရံ တစ်ခုအဖြစ် အသွင်ပြောင်းလျက် သူတို့ ရှစ်ယောက်စလုံးကို လွှမ်းခြုံသွားခဲ့လေသည်။

မီးငှက်တွင် အစစ်အမှန် ရုပ်ခန္ဓာမရှိချေ။ ၎င်း၏ အသွင်သည် ငှက်တစ်ကောင်ဖြစ်သော်လည်း လိုအပ်လျှင် ကြိုက်သည့်ပုံစံသို့ ပြောင်းလဲ၍ ရပေသည်။

တစ်ချိန်တည်းတွင် ဖေးကျီတုသည် မီးခေါင်းလောင်းထဲသို့ သူတော်စင်ချီကို ထည့်သွင်းလိုက်သည်။ ခေါင်းလောင်း တဖြည်းဖြည်း ကြီးမားလာပြီး မကြာခင် အားလုံးကို လွှမ်းခြုံ သွားခဲ့လေသည်။

ထိုအကာအကွယ် နှစ်ထပ်ကြောင့် အကုန်လုံး ပိုလုံခြုံသလို ခံစားလိုက်ရသည်။

“ဟဲ့၊ ငါ့ကို လာမတွန်းနဲ့” တုစီစီ၏ အသံကြားလိုက်သဖြင့် နောက်သို့ လှည့်ကြည့်လိုက်ရာ ကိသိကအောက် အမူအရာဖြင့် ပြုံးစိစိလုပ်နေသော ချိုင်ဟဲကို ရန်ကိုင် မြင်လိုက်ရသည်။

သူ့အပြစ်လို့လည်း ဆိုလို့ မရပါချေ။ ရန်ကိုင်နှင့် ဖေးကျီတုသည် အကာအရံကို အားလုံးဆံ့အောင် လုပ်ထားသော်ငြား ဆံ့ရုံလောက်သာ လုပ်ထားခြင်း ဖြစ်သည့် အတွက်ကြောင့် အကုန်လုံး ဖျစ်ညစ်ကျုံ့ကာ နေနေရသည်။

ထို့ကြောင့် အကုန်လုံး အနီးကပ်ရပ်နေရသလို ဖြစ်သွား၏။ ချိုင်ဟဲသည် တုစီစီကို ကြိုက်နေသည်။ ထိုကြောင့် အန္တရာယ် တစ်ခုခု ကြုံလာလျှင် သူမအား ကူညီပေးနိုင်ရန် အတွက် သူမဘေးတွင် နေလိုက်သည်။ သို့သော်လည်း တုစီစီကမူ သူ့သဘောထားကို မသိဘဲ အထွန့်တက်နေခဲ့လေသည်။

ချိုင်ဟဲသည် စိတ်ဆိုးခဲသော လူတစ်ဦး ဖြစ်သည်။ ထို့ကြောင့် ဒေါသထွက်သွားချင်း မရှိဘဲ တုစီစီကိုသာ စိတ်ရှည်ရှည်ဖြင့် စတင် ရှင်းပြလိုက်လေသည်။

“သွားကြစို့” ရန်ကိုင်က ဖေးကျီတုနှင့်အတူ ဦးဆောင်၍ စတင် ခရီးဆက်လေသည်။

ရေခဲလမ်းကြောင်းပေါ်သို့ ခြေချလိုက်သည်နှင့် တစ်ပြိုင်နက် အကုန်လုံး အလိုလို တုန်ရီသွားကြသည်။ ဤနေရာရှိ အအေးဓါတ် မည်မျှ ပြင်းသလျှင် ဆိုလျှင် မီးတောက် အကာအရံ နှစ်ထပ်တိတိ ကာကွယ်ထားသည့်တိုင် အကာအကွယ်ကို ထိုးဖောက်၍ သူတို့အား လာရောက် သက်ရောက်နေသေးသည်။

ထိုအချက်ကို နားလည်လိုက်သည့်အခါ အကုန်လုံး၏ မျက်နှာ ဖြူလျော်သွားခဲ့ရသည်။ တုစီစီသည် ချိုင်ဟဲအား ဆက်လက် အထွန့်တက်နေခြင်း မရှိတော့ဘဲ သူ့နားသို့ပင် တိုးကပ်သွားသည်။ ထိုအခြင်းအရာကို မြင်သွားသည့်အခါ ချိုင်ဟဲ ပျော်သွားခဲ့ပြီး ဤရေခဲလမ်းကြောင်းကြီး အဆုံးမသတ်ပါစေနဲ့တော့ ကြိတ်၍ ဆုတောင်းနေတော့သည်။

ရန်ကိုင်၏ အမူအရာလည်း လေးနက်သွားခဲ့ရသည်။ မီးငှက်နှင့် ချိတ်ဆက်ထားသူ ဖြစ်သဖြင့် အပြင်ဘက်ရှိ အအေးဓါတ် မည်မျှ အားကောင်းသလဲ ဆိုသည်ကို အခြားသူများထက် သူပိုသိပေသည်။ ဤနေရာတွင် နေနေသမျှ ကာလပတ်လုံး မီးငှက် အနေဖြင့် ၎င်း၏ စွမ်းအင်များစွာကို ထုတ်သုံးနေရပေလိမ့်မည်။ ထိုစွမ်းအင်များကို ပြန်လည် ဖြည့်တင်းနိုင်သော်လည်း မီးငှက်သည် ရန်ကိုင်အား မဟာအကူအညီကြီးများထဲမှ တစ်ခုဖြစ်လေရာ အန္တရာယ်များသည့် ဤကဲ့သို့သော နေရာမျိုးတွင် မလိုအပ်ဘဲ မီးငှက်၏ စွမ်းအားကို မဖြုန်းတီးပစ်ချင်ချေ။

ချက်ချင်းပဲ အကုန်လုံး အရှိန်တင်လိုက်ကြလေသည်။

အပြင်ဘက်တွင် ရပ်နေစဉ်က အထဲကိုသာ လှမ်းမြင်နိုင်ပြီး ကိုယ်တိုင် မခံစားကြည့်နိုင်သည့်အတွက် မသိခဲ့။ ယခု လူကိုယ်တိုင် ခြေချလိုက်သည့် အခါမှပဲ ဤနေရာရှိ အအေးဓါတ် မည်မျှ ပြင်းထန်ကြောင်း အကုန်လုံး နားလည်သွားခဲ့သည်။ အအေးဓါတ် မည်မျှ ပြင်းလွန်းသလဲ ဆိုလျှင် အအေးငွေ့များသည် မြူခိုးများအဖြစ်သို့ပင် သိပ်သည်းနေခဲ့လေပြီ။

ဤမျှ သိပ်သည်းလှသော အအေးဓါတ်ကြောင့် ဤနေရာ၌ အလွန်ကိုမှ အဖိုးတန်သော ရတနာတစ်မျိုးမျိုး ရှိနေလိမ့်မည်မှန်း အကုန်သုံး သိထားကြသော်လည်း မည်သူမှ ဤနေရာကို စူးစမ်းရှာဖွေချင်စိတ် မရှိကြ။ ဤနေရာမှ အတတ်နိုင်ဆုံး မြန်မြန်သာ ထွက်သွားချင်နေကြသည်။

လက်ဖက်ရည် တစ်ခွက်စာလောက် ကြာပြီးသည့်နောက်၌ ရန်ကိုင် မျက်မှောင်ကြုတ်လာခဲ့ရလေပြီ။ အကြောင်းမှာ ယခုထိချိန် ရေခဲလမ်းကြောင်း၏ အဆုံးကို မမြင်ရသေးသည့် အတွက်ကြောင့်ပဲ ဖြစ်လေသည်။ ထိုမျှသာမကသေး သူ့ပတ်ဝန်းကျင်ကိုပင် သေချာ မမြင်ရတော့ချေ။ လောကကြီး တစ်ခုလုံး တိတ်ဆိတ်သွားသည့်အလား သူတို့၏ နှလုံးခုန်သံ များကိုသာ ကြားနေရတော့သည်။ ခြောက်ခြားစရာပင်…

ခဏအကြာတွင် တုစီစီက ရုတ်တရက် အော်ပြောလိုက်၏ “အဲ့ဘက်ကို ကြည့်ကြည့်လိုက်”

အကုန်လုံး ထိတ်လန့်သွားပြီး တုစီစီ ညွှန်ပြနေသည့် ဘက်သို့ လှမ်းကြည့်လိုက်ရာ မြင်လိုက်ရသည့် မြင်ကွင်းကြောင့် အကုန်လုံး၏ မျက်နှာ သွေးဆုတ် ဖြူလျော်သွားခဲ့ရလေသည်။

သူတို့ ရှိနေရာမှ မီတာသုံးရာခန့်အကွာတွင် လူပုံစံ ရေခဲရုပ်ထုပေါင်းများစွာ ရှိနေခဲ့သည်။ ရေခဲရုပ်ထု တစ်ခုချင်းစီသည် အလွန်ကိုမှ အသက်ဝင်လှပေသည်။

ထိုရေခဲရုပ်များထဲတွင် လူကြီးလူငယ်လူအို၊ ကျားမ မရွေး ပါဝင်နေခဲ့ပြီး အကုန်လုံးသည် အဝတ်အစား အမျိုးမျိုး အမူအရာ အမျိုးမျိုးဖြင့် ရှိနေကြသည်။ အချို့သည် အံ့အားသင့်နေကြပြီး အချို့သည် ကြောက်လန့်နေကြသည်။ အချို့သည် သေသည်အထိ ဘာဖြစ်လို့ ဖြစ်သွားမှန်းကို နားမလည်သည့်အလး ထူးမခြားနား ဟန်ဖြင့်သာ ရှိနေကြသည်။

ထိုရေခဲရုပ်ထု အားလုံးသည် ရေခဲနေသော လူများ ဖြစ်ကြသည်။

“ကြည့်ရတာ ဒီရှေးဟောင်း အပျက်အစီးနယ်မြေကို ရှာတွေ့ခဲ့တာ ချင်းအိုကြီးတင် မဟုတ်တဲ့ပုံပဲ” ဖေးကျီတုက အသာအယာ သက်ပြင်းချလိုက်သည်။

ထိုရေခဲရုပ်ထုများသည် ဤနေရာအား လာရောက် စူးစမ်း ရှာဖွေကြသည့် လူများ ဖြစ်ကြသည်။ သို့သော် မသိရသော အကြောင်းပြချက် တစ်ခုခုကြောင့် အကုန်လုံး အေးခဲသွားကြ၏။ သတို့ ခန္ဓာကိုယ်ပေါ်တွင် မည်သည့် ဒဏ်ရာဒဏ်ချက်ကိုမှ မတွေ့ရ‌ချေ။

“ဒါက…” ရေခဲရုပ်ထုတစ်ရုပ်ကို မြင်လိုက်သည့် အခိုက် နင်ရှန်းချန် သွေးပျက်ခြောက်ခြား တုန်လှုပ်သွားခဲ့ပြီး အချိန် အတော်ကြာသည်အထိ စကားမပြောနိုင် ဖြစ်သွားခဲ့သည်။

“အစ်ကိုနင် အဲ့လူကို မှတ်မိတာလား” အမျိုးသမီးအိုကြီးက မေးလိုက်သည်။

နင်တောင် မှတ်မိတယ် ဆိုမှတော့ ငါအထင်မှားတာ မဖြစ်လောက်ဘူး။ တကယ်ကြီး သူဖြစ်နေတယ်။ ငါငယ်ငယ်တုန်းက ကံကောင်းပြီး သူနဲ့ တွေ့ခဲ့ဖူးတယ်။ ဒါပေမယ့် သူဒီမှာ ကျဆုံးသွားမယ်လို့ ငါတစ်ခါမှ မထင်ထားဘူး” နင်ရှန်းချန်က ခါးသက်စွာပြုံးလျက် ပြောလိုက်သည်။

“ဒီမှာ စီနီယာတို့နှစ်ယောက် သိတဲ့ တစ်ယောက်ယောက် ရှိနေတာလား” ချိုင်ဟဲက အံ့အားသင့်နေသည့် လေသံဖြင့် မေးလိုက်သည်။

“ဟုတ်တယ်။ လွန်ခဲ့တဲ့ နှစ်နှစ်ရာတုန်းက အရိပ်ကြယ်ပေါ်မှာ အရမ်း ကျော်ကြားခဲ့တဲ့ လူတစ်ယောက် ရှိခဲ့တယ်။ သူက ကြယ်ဧကရာဇ်တောင်က မဟုတ်ပေမယ့် သူက အရိပ်ကြယ်ရဲ့ စည်းမျဉ်း ဥပဒေသတွေကို ချိုးဖျက်ပြီး တန်ခိုးရှင်အဆင့်ကို ရောက်နိုင်ချေ ရှိတယ်လို့ ထင်ကြေး အပေးခံရဆုံး တစ်ယောက်ပဲ။ ဒါပေမယ့် လွန်ခဲ့တဲ့ နှစ်တစ်ရာလောက်က သူရုတ်တရက်ကြီး ပျောက်ကွယ်သွားတယ်။ အဲ့အချိန်ကစပြီး သူ့အကြောင်း ဘယ်တော့မှ မကြားရတော့ဘူး” နင်ရှန်းချန်က ရှင်းပြလိုက်သည်။

“သူလိုလူတောင် ဒီမှာ သေသွားတာလား…” ချိုင်ဟဲက ဂရုဏာသက်နေသည့် လေသံဖြင့် ပြောလိုက်သည်။

“သူတို့ ဝတ်ထားတဲ့ ဝတ်ရုံတွေကို တစ်ချက် ကြည့်ကြည့်” ဖေးကျီတုသည် တစ်ခုခုကို သတိပြုမိသွားဟန်ဖြင့် အော်ပြောလိုက်သည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၃၄၅)

သေချာ စစ်ဆေးကြည့်လိုက်ပြီးနောက် သူတို့အားလုံး အံ့အားသင့်သွားခဲ့ကြရသည်။ အကြောင်းမှာ ထိုလူများ ဝတ်ဆင်ထားသည့် ဝတ်ရုံများသည် လက်ရှိ အရိပ်ကြယ်ပေါ်ရှိ ဂိုဏ်းကြီးများ၏ ဝတ်စုံများနှင့် တူနေသောကြောင့် ဖြစ်သည်။

ဥပမာဆိုရသော် ထိုလူအုပ်ထဲတွင် မိုးကြိုးမုန်တိုင်းဂိုဏ်း၏ အမှတ်သညာဖြစ်သော မိုးကြိုးအမှတ်တံဆိပ်ပါသည် ဝတ်ရုံကို ဝတ်ထားသည့် လူတစ်ယောက် ရှိနေပေသည်။

နောက်တစ်ယောက်သည် ‘တိုက်ပွဲ’ ဆိုသော စကာလုံး ထိုးထွင်ထားသည့် ဝတ်စုံကို ဝတ်ဆင်ထားခဲ့သည်။

ဖန်သွေးရောင်ဂိုဏ်း၊ မီးတောက်ဘုရားကျောင်း၊ သားရဲများ တောင်တန်း၊ စသဖြင့် ဂိုဏ်းကြီးများ၏ ဝတ်ရုံများကို ဝတ်ထားကြသည့် အခြားသူများလည်း ရှိနေကြပေသည်။ အရိပ်လခန်းမ၏ စီနီယာတစ်ဦးပင် ပါနေခဲ့သည်။

ထိုလူအားလုံးသည် ဤနေရာတွင် အေးခဲနေကြသည်။ ဤနေရာထိ လာနိုင်သည့်ပုံကို ထောက်ရှုကြည့်လျှင် ထိုလူများ အတော်လေး ကံကောင်းသည်ဟု ဆိုနိုင်ပေသည်။ အကုန်လုံးသည် မြင့်မားသော ခွန်အားကို ပိုင်ဆိုင်ထားကြသော်ငြား ဤနေရာတွင် သေဆုံးခဲ့ကြရသည်။

“အခုအချိန်က သူတို့ကို ကြည့်နေရမယ့် အချိန် မဟုတ်ဘူးနော်” ဖေးကျီတုနှင့် အခြားသူများ ထိုစီနီယာများ၏ သိုလှောင်လက်စွပ်များအား ငေးကြည့်နေသည်ကို မြင်သော် ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့ပြီး အဆောတလျင် သတိ ပေးလိုက်လေသည် “သူတို့တွေတောင် ခဲနေတာ ဆိုတော့ ဒီမှာ အန္တရာယ် ကြီးကြီးမားမား တစ်ခု ရှိနေလို့ပဲ ဖြစ်လိမ့်မယ်။ ကျုပ်တို့ မြန်မြန် သွားသင့်တယ်နော်”

ရန်ကိုင်စကားကို ကြားလိုက်သည့်အခါ အားလုံး မျက်စိပျက် မျက်နှာပျက် ဖြစ်ကုန်ကြလေသည်။

ထိုရေခဲရုပ်ထုများကို တွေ့စဉ်က အကုန်လုံးသည် ထိုလူများ ဝတ်ထားကြသည့် သိုလှောင်လက်စွပ်များကို တပ်မက်မိသွားကြ၏။ ထိုလူအားလုံးသည် အသက်ရှင်စဉ်က ထင်ရှားကျော်ကြားသော ပညာရှင်များ ဖြစ်ကြရာ သူတို့၏ သိုလှောင်လက်စွပ်ထဲတွင် ကျိန်းသေ ပစ္စည်းကောင်းများ ရှိနေပေလိမ့်မည်။

အကုန်လုံးသည် သိုလှောင်လက်စွပ်များအပေါ် လောဘဇော ကပ်ကာ ထိုလူများ ထိုနေရာတွင် ဘာကြောင့် အေးခဲနေရလဲ ဆိုသော အချက်ကို လျစ်လျူရှုမိကြသည်။

ဖေးကျီတု ကျောရိုးတစ်လျှောက် စိမ့်တက်သွားပြီး ခပ်မြန်မြန် ခေါင်းညိတ်၍ ပြန်ပြောလိုက်လေသည် “ဟုတ်တယ်၊ ငါတို့ မြန်မြန် သွားမှဖြစ်မယ်”

နင်ရှန်းချန်နှင့် အခြားသူများလည်း သူတို့၏ အကြည့်များကို ချက်ချင်း ပြန်ယုတ်လိုက်ကြပြီး ဖေးကျီတုနှင့် ရန်ကိုင် နောက်သို့ ချက်ချင်း လိုက်သွားကြလေသည်။

သို့သော် မီတာတစ်ထောင်လောက် လျှောက်လာပြီးနောက် ရန်ကိုင်က ရုတ်တရက် နှာခေါင်းရှုံ့လိုက်သည် “ဘယ်သူလဲ”

တစ်ချိန်တည်းတွင် ရန်ကိုင်လက်ထဲမှ ရွှေရောင်ပိုးမျှင် တစ်ချောင်း ထွက်ပေါ်လာပြီး ဟင်းလင်းပြင်ကို ထိုးဖောက် သွားခဲ့သည်။ အဖြူရောင် အလင်းတန်းတို့ ပေါက်ကွဲထွက်လာပြီး အရိပ်တစ်ခုကို အားလုံး မြင်တွေ့လိုက်ရသည်။ သို့သော် ဘာအရိပ်လဲ သေချာ မမြင်ရသေးခင်မှာပဲ အားလုံး၏ မြင်ကွင်းမှ တစ်ဖန် ပြန်လည် ပျောက်ကွယ်သွားခဲ့သည်။

သို့သော်လည် ထိုစဉ် အားကောင်းလှသော အအေးစွမ်းအင်တို့ သူတို့အပေါ်တည့်တည့် ကျလာခဲ့သည်။ အအေးစွမ်းအင်နှင့် အကာအရံ ထိပ်တိုက်တွေ့သွားသည့် အချိန်တွင် မှော်ရတနာ စိတ်ဝိဥာဉ်လည်း စူးစူးရှရှ အော်မြည်လိုက်သည်။

မျက်တောင်တစ်ခတ်အတွင်း မီးငှက်၏ အကာအကွယ် ပေါက်ပြဲသွားခဲ့သည်။ အအေးစွမ်းအင်များသည် ထိုအပေါက်မှ တစ်ဆင့် အထဲသို့ ဆက်လက် ဝင်လာခဲ့လေသည်။ သို့သော်ငြား မီးတောက်ခေါင်းလောင်းကြောင့် ထိုအအေးစွမ်းအင်းများ ရပ်တန့်သွားခဲ့ပြီး ရန်ကိုင်တို့လည်း ကံကောင်းသွားခဲ့ရသည်။

သို့တိုင် ဖေးကျီတု၏ အမူအရာ သွေးဆုတ် ဖြူလျော်သွား၏။ အကြောင်းမှာ မီးငှက်၏ အကာအရံကို ထိုးဖောက်လာသော အအေးဓါတ်များကြောင့် မီးတောက်ခေါင်း၏ အကွာအကွယ် ပျက်စီးလုနီးပါး ဖြစ်သွားရသည့် အတွက်ကြောင့်ပင် ဖြစ်သည်။

“ဘာကြီးလဲ” နင်ရှန်းချန်၏ အမူအရာ အပြောင်းကြီး ပြောင်းလဲသွားခဲ့ပြီး ဘေးပတ်လည်ကို ကျီးကန်းတောင်းမှောက် လှည့်ပတ် ကြည့်တော့လေသည်။

အကုန်လုံး ကြောက်လန့်နေကြလေပြီ။ မီးတောက်ခေါင်းလောင်းသည် အအေးဓါတ်ကို အထူး ထိန်းချုပ်ရန် ပြုလုပ်ထားသော အရိပ်လခန်းမဂိုဏ်းချုပ်၏ မှော်ရတနာတစ်ခု ဖြစ်သည်။ သို့သော်ငြား အားကောင်းလှသော ရန်ကိုင်၏ မီးငှက် အကာအရံသည် အအေးဓါတ်ကို မတားဆီးနိုင်ခဲ့သလို ထိုလွတ်ထွက်လာသော အအေးဓါတ်များကြောင့် မီးတောက် ခေါင်းလောင်း၏ အကာအကွယ် ပျက်စီးသွားလုမတတ် ဖြစ်ခဲ့ရသည်။ ထိုအချက်နှင့်ပင် သူတို့အား လာရောက် ထိမှန်သည့် ရေခဲစွမ်းအား မည်မျှ ပြင်းထန်ကြောင်း ခန့်မှန်းကြည့်နိုင်သည်။

ထိုအလွှာနှစ်ထပ်ကြောင့်သာ မဟုတ်ပါက အကုန်လုံး ရေခဲရုပ်ထု ဖြစ်ကုန်ကြပေလိမ့်မည်။

ဤနေရာသည် တကယ်ကို အန္တရာယ်များပေသည်။

ရန်ကိုင် အမူအရာ အလွန်ကိုမှ အရုပ်ဆိုးနေခဲ့သည်။ အစောပိုင်းက အဖြစ်အပျက် ပြီးသည့်နောက်တွင် မီးငှက်သည် သူတိ့အား လာရောက်တိုက်ခိုက်သူ၏ ပြိုင်ဘက် မဟုတ်မှန်း ရန်ကိုင် သိလိုက်သည်။ ထို့အကြောင်လည်း ရန်ကိုင် အတော်လေး အံ့အားသင့်သွားခဲ့ရသည်။

မီးငှက်သည် နှစ်ပေါင်းတစ်သောင်းကြာအောင် မီးစွမ်းအင်များ စုစည်းပြီးမှ ဖြစ်ပေါ်လာခြင်း ဖြစ်သော်လည်း ထိုသတ္တဝါ၏ တိုက်ခိုက်မှုကို မခံနိုင်ခဲ့ချေ။ သူတို့ မည်သို့သော သတ္တဝါနှင့်များ ရင်ဆိုင်နေရသနည်း။

သို့သော်လည်း ထိုသတ္တဝါသည် အကြာကြီး ပုန်းအောင်းနေရန် မကြိုးစားခဲ့ချေ။ တိုက်ခိုက်မှု တစ်ကြိမ် မအောင်မြင်သည်နှင့် မူလ ပုံစံဖြင့် အားလုံးရှေ့ ခပ်လှမ်းလှမ်းတွင် ပြန်ပေါ်လာခဲ့လေသည်။

ထိုသတ္တဝါကို မြင်ပြီးနောက် အကုန်လုံး မှင်သက်သွားကြ၏။

အကြောင်းမှာ သူတို့၏ တိုက်ခိုက်လိုက်သည့် သတ္တဝါသည် အခြားမဟုတ်ဘဲ ယုန်ဖြူကြီးတစ်ကောင် ဖြစ်နေသည့် အတွက်ကြောင့်ပင် ဖြစ်လေသည်။ သို့သော်ငြား ထိုယုန်သည် သာမန်ယုန်ထက် သုံးဆမက ပိုကြီးသည်။ အမွှေးအမျှင်အားလုံး ဖြူဖွေးစွတ်နေပြီး သာမန် ယုန်တစ်ကောင်နှင့် ဘာမှမခြား။ နီရဲတောက်နေသော မျက်လုံးတစ်စုံသာ သာမန် ယုန်များနှင့် ကွဲပြားနေခဲ့သည်။

“လောကရတနာ”

ဖေးကျီတုနှင့် အခြား တန်ခိုးရှင်အဆင့် ပညာရှင်များ အလန့်တကြား ထအော်လိုက်ကြသည်။

ထိုယုန်ဖြူသည် အစစ်အမှန် ရုပ်ခန္ဓာကိုယ် ပိုင်ဆိုင်ထားခြင်း မရှိဘဲ မီးငှက်ကဲ့သို့ မိုးမြေစွမ်းအင်များဖြင့် ဖွဲ့စည်းထားသည့် အသိစိတ် ရှိသော သက်ရှိတစ်ကောင်သာ ဖြစ်လေသည်။ ထိုကဲ့သို့သော သက်ရှိများကို လောကရတနာများဟု ခေါ်ကြသည်။

မှော်ရတနာစိတ်ဝိဥာဉ်များကို လောကရတနာများဟု ပြောလို့ ရရုံသာ ရပေသည်။ အကြောင်းမှာ မှော်ရတနာ စိတ်ဝိဥာဉ်များသည် လွတ်လပ်သော တည်ရှိမှုများ မဟုတ်သည့် အတွက်ကြောင့် ဖြစ်သည်။ မီးငှက်သည် ပန်းပဲမီးဖို၏ မှော်ရတနာစိတ်ဝိဥာဉ် ဖြစ်သည်။ ပန်းပဲမီးဖိုသည် မီးငှက်၏ အခြေခံအုတ်မြစ် ဖြစ်သည်။ ပန်းပဲမီးဖို ပျက်စီးသွားသည်နှင့် မီးငှက်လည်း ပျက်စီး သွားရပေလိမ့်မည်။

သို့သော်လည်း အစစ်အမှန် လောကရတနာတွင် ထိုကဲ့သို့ အချုပ်အနှောင်များမရှိ၊ အစစ်အမှန် လောကရတနာများသည် မိုးမြေစွမ်းအင်များမှ သဘာဝအတိုင်း ဖြစ်လာသည့် တည်ရှိမှုများ ဖြစ်ကြသည်။ ထိုယုန်ဖြူသည် သိပ်သည်းလှသော အအေးဓါတ် ကြောင့် မွေးဖွားလာပြီးနောက် နှစ်သန်းပေါင်းများစွာ ကြာလာသည့်အခါ အသိဥာဏ် ရှိလာခဲ့သည်။

လောကရတနာများသည် အလွန်ကိုမှ ရှားပါလှပြီး အဖိုး မဖြတ်နိုင်လောက်အောင် တန်ဖိုးကြီးလှသည်။

ကျင့်ကြံသူ တစ်ယောက်သည် သူကျင့်ကြံထားသည့် ဓါတ်စွမ်းအင်နှင့် ဓါတ်သဘာဝတူညီသော လောကရတနာ တစ်ခုကို ရလိုက်မည်ဆိုပါက၊ ထိုလောကရတနာကို သန့်စင်ပြီး သူတို့၏ ခွန်အားကို မည်သည့် ဘေးထွက်ဆိုးကျိုးမှ မရှိဘဲ ခုန်ပေါက်တိုးတက်အောင် လုပ်ဆောင်နိုင်ပေသည်။

သို့သော် လောကရတနာများသည် အလွန်ကိုမှ အားကောင်း လှကြသည့်အတွက် ကျင့်ကြံသူ တစ်ယောက် အနေဖြင့် သူနှင့် ဓါတ်သဘာဝ တူညီသော လောကရတနာတစ်ခုကို ရှာတွေ့လျှင်ပင် အခြေအနေများ ပြောင်းပြန်ဖြစ်ကုန်ပြီး လောကရတနာက သားကောင်မဖြစ်ဘဲ ကျင့်ကြံသူကိုယ်တိုင်က သားကောင် ပြန်ဖြစ်သွားရသည့် အခိုက်အတန့်များလည်း များစွာရှိကြသည်။

ဤကဲ့သို့သော အလွန်တရာကိုမှ အအေးဓါတ် သိပ်သည်းလှသည့် နေရာမျိုးတွင် ရတနာကောင်းတစ်ခုခု ရှိနေလိမ့်မည်ဟု အကုန်လုံး ခန့်မှန်းထားကြသော်လည်း ထိုရတနာသည် လောကရတနာ ဖြစ်နေလိမ့်မည်ဟုတော့ မည်သူမှ မထင်ထားခဲ့ချေ။

အကုန်လုံး ထိုလောကရတနာကို လိုချင်နေကြသည်။ သို့သော် အစောပိုင်းက လောကရတနာ၏ စွမ်းအားကို မြင်ပြီးနောက် ကြောက်လန့် ကြောက်နေမိကြသည်။ ကြောက်ကလည်းကြောက်၊ လိုကလည်း လိုချင် ဖြစ်နေရာ ဖေးကျီတုတို့အဖွဲ့ ဘာလုပ်ရ ဘာကိုင်ရမှန်းမသိ ဖြစ်ကုန်ကြလေသည်။

အစောပိုင်းက သူတို့တွေ့ခဲ့သည် ရေခဲရုပ်ထုများသည် ထိုလောကရတနာ၏ လက်ချက်ဖြစ်မည်မှာ ပြောစရာ မလိုချေ။ ထိုကောင်သည် ရေခဲစွမ်းအင် စီးကြောင်းများထဲတွင် ပုန်းအောင် နေပြီး ရေခဲလမ်းကြောင်းထဲသို့ ဝင်ရောက်လာသူများကို အလစ်ချောင်း တိုက်ခိုက်သည်။ အလစ်အငိုက် ချောင်း၍ တိုက်ခိုက်ခြင်း ခံလိုက်ရသည့် အတွက် ထိုလူအားလုံး ရေခဲရုပ်ထု ဖြစ်သွားခဲ့ရခြင်း ဖြစ်သည်။ ထိုကောင်၏ တိုက်ခိုက်မှုနှင့် ထိပ်တိုက်တွေ့မိပါက တန်ခိုးရှင်တတိယအဆင့်ပင်လျှင် အဆုံးသတ် ကောင်းလိမ့်မည် မဟုတ်ချေ။

ရန်ကိုင်လည်း မီးငှက်၏ သတိပေးမှုကြောင့်သာ မဟုတ်လျှင် ထိုလောကရတနာ၏ တည်ရှိုမှုကို သတိထားမိလိမ့်မည် မဟုတ်ချေ။ မီးငှက်၏ စွမ်းအင်နှင့် ရေခဲစွမ်းအင်သည် တောင်နှင့် မြောက် ဖြစ်သည့်အတွက်ကြောင့် ထိုကောင် ရှိနေသည်ကို မီးငှက် သတိထားမိလိုက်ခြင်း ဖြစ်သည်။

လက်ရှိတွင် လောကရတနာဖြစ်သော ယုန်ဖြူကြီးသည် ရန်ကိုင်တို့ အဖွဲ့အား ရက်စက်ကြမ်းကြုတ်သော မျက်လုံး အစုံဖြင့် စိုက်ကြည့်နေခဲ့သည်။

ဖေးကျီတု မျက်နှာ ရှုံ့မဲ့သွားခဲ့ပြီး ပြန်မေးလိုက်လေသည် “ဒါကမှ တကယ့် ပြဿနာပဲ။ မင်းတို့မှာ အဲ့ကောင်ကို ခြောက်ထုတ်လို့ ရမယ့် နည်းလမ်းလေးများ မရှိကြဘူးလား”

ဤနေရာတွင် ရှိနေသူအားလုံး ထိုလောကရတနာကို ဖမ်းဖို့ မဆိုထားနှင့် နိုင်ပင်နိုင်လိမ့်မည်ဟု ဖေးကျီတု မထင်။ ထိုကောင်ကို မောင်းထုတ်နိုင်ဖို့သည်သာ သူတို့အတွက် အမြင့်မားဆုံး မျှော်လင့်ချက် ဖြစ်ပေသည်။ ဤနေရာတွင် သူတို့ ရှစ်ယောက် ပူးပေါင်း၍ တိုက်ခိုက်မည် ဆိုလျှင်ပင် ထိုလောကရတနာ၏ ပြိုင်ဘက် ဖြစ်လိမ့်မည် မဟုတ်ချေ။ ယုန်ဖြူကြီး သူတို့အား ချက်ချင်း လာမတိုက်ခိုက်ရသေးခြင်းမှာလည်း အကာအရံ နှစ်ထပ် ဖြစ်သော မီးငှက် အကာအရံနှင့် မီးတောက်ခေါင်းလောင်း တို့ကြောင့် ဖြစ်ပေသည်။

သို့သော်လည်း ဤနေရာသည် အလွန်ကိုမှ အေးလှသည်။ ဤနေရာတွင် အချိန်ကြာနေလေ မီးငှက်နှင့် မီးတောက် ခေါင်းလောင်းတို့၏ စွမ်းအင်များ ကုန်ဆုံးလာလေပင်။ အချိန် တစ်ခုသို့ ရောက်ပြီး မီးငှက်နှင့် မီးတောက်ခေါင်းလောင်းတို့ စွမ်းအင် မထုတ်လွှတ်နိုင်တော့သည့်အခါ သူတို့အား ကျားရှေ့ မှောက်လျက်လဲသည့် နွားသူငယ်များ ဖြစ်ကုန်ကြပေလိမ့်မည်။

ဖေးကျီတု၏ မေးခွန်ကို ကြားလိုက်သည့်အခါ အကုန်လုံး၏ အမူအရာ ရှုံ့မဲ့သွားခဲ့ပြီး ခေါင်းခါလိုက်ကြသည်။

နင်ရှန်းချန်က ဖြူဖတ်ဖြူလျော် မျက်နှာဖြင့် တိုးတိုးလေး ပြန်ပြောလိုက်သည် “မိုးမြေစွမ်းအင်က အသက်စွမ်းအင်ကို စုပ်ယူရတာ ကြိုက်တယ်လို့ ငါကြားဖူတးယ်။ ဒီကောင် ငါတို့ စီနီယာတွေကို သတ်လိုက်တဲ့ အဲ့ဒါကြောင့် ဖြစ်မယ်”

“အသက်စွမ်းအင်ကို စုပ်တာ” သူတော်စင်ဘုရင်အဆင့် ဂျူနီယာအားလုံး ဖြူဖတ်ဖြူလျော် ဖြစ်ကုန်ကြလေသည်။

ထိုယုန်ဖြူသည်သာ သူတို့၏ အသက်စွမ်းအင်အား စုပ်ယူရသည်ကို ကြိုက်သည်ဆိုပါက သူ့တွင် ထိုကောင်အား မှောင်ထုတ်နိုင်သည့် နည်းလမ်း တစ်ခုရှိပေသည်။

ရွှေရောင်သွေးစက်ထဲတွင် အသက်စွမ်းအင် မြောက်မြားစွာ ကိန်းအောင်း ပါဝင်နေပေပသည်။ သူသာ တစ်စက်လောက် အပြင်ကို ပစ်လိုက်သည်နှင့် ယုန်ဖြူကြီးကို အခြား တစ်နေရာဆီ မျှားခေါ်သွားနိုင်ပေလိမ့်မည်။ သို့သော်လည်း ယုန်ဖြူကြီးသည် အလွန်ကိုမှ အပြေးမြန်လှသည်။ ထို့ကြောင့် ရွှေရောင်သွေးစက် တစ်စက်ကို အချိန်တိုအတွင်း ဝါးမြိုသွားပြီး ပြန်လာခဲ့၍ ရန်ကိုင်တို့ ရေခဲလမ်းကြောင်းမှ မထွက်သွားနိုင်သေးလျှင် နောက်ထပ် ရွှေရောင်သွေးစက်တစ်စက် ထပ်ထုတ်ပေးရလိမ့်မည်။ ထိုနည်းဖြင့်သာဆိုပါက ရွှေရောင်သွေးစက်များစွာကို သူဆုံးရှုံးရပေလိမ့်မည်။

ထိုနည်းလမ်းသည် သူ့အတွက် အရမ်းကိုမှ အကုန်အကျ များလွန်းသည်။ ထို့ကြောင့် နောက်ဆုံး ရွေးချယ်စရာ မရှိတော့မှသာ ထိုနည်းလမ်းကို ထုတ်သုံးရန် ဆုံးဖြတ်လိုက်သည်။

“မောင်းထုတ်လို့ မရမှတော့ တိုက်ဖို့ပဲ ရှိတော့တာပေါ့” ဖေးကျီတုက ခါးသက်စွာပြုံးလျက် “ဆက်ပြီး နှောင့်နှေးနေရင် ပိုဆိုးလာလိမ့်မယ်။ အကုန်လုံး အသင့်ပြင်ထားပေတော့။ သွားကြမယ်”

သူအော်လိုက်သည်နှင့် တစ်ပြိုင်နက် အကုန်လုံး သူတို့၏ အကာအကွယ် မှော်ရတနာအသီးသီးကို ထုတ်လိုက်ကြသည်။

လျန်ကွမ်းသည် မြွေရုပ်သေးရုပ်ကို ထုတ်လိုက်သည်။ ထိုရုပ်သေးရုပ်ထဲသို့ သူတော်စင်ချီ ထည့်သွင်းလိုက်ပြီးနောက် မြွေရုပ်သည် သေးသေးလေးမှ ဆယ်မီတာ အရှည်အထိသို့ ကြီးထွားလာခဲ့လေသည်။ ထိုမြွေရုပ်သေးရုပ်သည် သူတော်စင် ဘုရင် တတိယအဆင့်အောက် မနိမ့်ကျသော အရှိန်အဝါကို ထုတ်လွှတ်နေခဲ့သည်။

“သွားကြမယ်” လျန်ကွမ်းက နှာခေါင်းရှုံ့လိုက်ပြီး မြွေရုပ်သေးရုပ်ကို ယုန်ဖြူကြီးဆီ စေလွှတ်လိုက်သည်။

ပုံမှန်အားဖြင့် ယုန်များသည် မြွေများအား မသိစိတ်အရ ကြောက်ရွံ့လေ့ရှိကြသည်။ လောကရတနာ ဖြစ်သော ထိုယုန်ဖြူ အတွက်လည်း အတူတူပဲ ဖြစ်မလား၊ မဖြစ်ဘူးလား ဆိုသည်ကို သူမသိသော်လည်း တစ်ချက်လောက်တော့ စမ်းကြည့်ချင်မိ၏။

ထိုအခြင်းအရာကို မြင်သည့်အခါ ဖေးကျီတု ကျေနပ်သွားပြီး အကုန်လုံးကို ဦးဆောင်၍ မြွေနောက်မှ အနီးကပ် လိုက်သွားကြ၏။

အကုန်လုံးသည် ယုန်ဖြူကို မလိုလားအပ်ဘဲ ရန်မစချင်သည့် အတွက်ကြောင့် မနှေးမမြန်ဖြင့်သာ သွားကြသည်။

မြွေရုပ်သေးရုပ်မှာမူ ခေါင်းကို မြင့်မြင့် မော့ထားလျက် သွားနေခဲ့သည်။

ထိုမြွေရုပ်သေးရုပ်ကို မြင်ပြီးနောက် ယုန်ဖြူ၏ မျက်လုံးထဲ ထူးဆန်းသည့် အလင်းရောင်တစ်ချက် လက်သွားခဲ့သည်။ ခဏ အကြာတွင် ယုန်ဖြူတစ်ကိုယ်လုံး တွန့်လိမ်လာပြီး ဧရာမ သိမ်းငှက်ကြီး တစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားလေသည်။

သိမ်းငှက်အဖြစ်သို့ ပြောင်းပြီးသည်နှင့် လေထဲသို့ ပျံတက်သွားပြီး စူးစူးရှရှ တစ်ချက်အော်မြည်လျက် နှုတ်သီးမှ နှင်းမြူများကို မှုထုတ်ရင်း မြွေခေါင်း တည့်တည့်ဆီသို့ ထိုးဆင်းလာခဲ့လေသည်။

ထိုအခြင်းအရာကို မြင်သည့်အခါ အကုန်လုံး၏ အမူအရာ သွေးဆုတ်ဖြူလျော်သွားခဲ့သည်။ ထိုလောကရတနာသည် စိတ်ကြိုက် ပုံစံ ပြောင်းလို့ရလိမ့်မည်ဟု သူတို့ မထင်ထားခဲ့ပေ။

လျန်ကွမ်းမှာမူ ပို၍ပင် အံ့အားသင့်နေသည်။ အလျင်အမြန် လက်ကွက်တစ်ခု ဖော်လိုက်ရာ မြွေရုပ် ခေါင်းမော့လာပြီး အနီရောင် အလင်းတန်းတစ်ခု လောကရတနာဆီသို့ ပြန်မှုတ်ထုတ်လေသည်။

သို့သော်လည်း နှင်းမြူများနှင့် ထိသွားသည့် အချိန်တွင် အနီရောင် အလင်းတန်း အေးခဲသွားခဲ့ရသည်။ ထိုမျှသာမကသေး နှင်းမြူများနှင့် ထိသွားသည့်အခိုက်၊ မြွေရုပ်သေးရုပ်၏ ခန္ဓာကိုယ်ပါ တဖြည်းဖြည်း အေးခဲလာခဲ့ရလေသည်။

All Chapters