အခန်း (၁၃၆၆-၁၃၇၀)
Vol. 55 Ch. 1366-1370
အပိုင်း (၁၃၆၆)
“အို၊ ခင်ဗျားတို့ရဲ့ ဂိုဏ်းစီနီယာ ဒီကို မရောက်သေးဘူးပေါ့” ရန်ကိုင် မျက်ခုံးပင့်လိုက်သည်။
“ဟုတ်တယ်။ ဂိုဏ်းတူဦးလေးက ကောင်းကင်ကံကြမ္မာမြို့မှာ နားနေတုန်းပဲ ရှိသေးတယ်။ ငါတို့ကို နေရာရှာဖို့ အရင် လွှတ်လိုက်တာ။ အစတုန်းက နေရာရှာမတွေ့သေးလို့ သူ့ကို အကြောင်းမကြားသေးတာ။ အခု နေရာရှာတွေ့သွားပြီ ဆိုတော့ သူ့ကို အကြောင်းကြားလိုက်တော့မယ်”
ပြောပြီးသည်နှင့် ထိုလူငယ်သည် သိုလှောင်လက်စွပ်ထဲမှ ဆက်သွယ်ရေးမှော်ရတနာတစ်ခုကို ထုတ်လိုက်ပြီး ထိုထဲသို့ သူတော်စင်ချီ ထည့်သွင်းလိုက်သည်။
ထိုလူ လုပ်နေသည်ကို ရန်ကိုင် မတားချေ။ ပြုံးပြုံးဖြင့်သာ ရပ်ကြည့်နေသည်။ ထိုလူ သူ့ဆက်သွယ်ရေး မှော်ရတနာကို ပြန်သိမ်းလိုက်သည့် အခါမှပဲ ရန်ကိုင်က မျက်လုံးမှေးစဉ်း၍ “ကျုပ်တို့ နဂါးလိုဏ်ဂူတောင်က ရှူခင်းလည်းလှ၊ မိုးမြေ စွမ်းအင်လည်း သိပ်သည်း၊ နေရာလည်းကျယ်တော့ ဧည့်သည် လူကြီးမင်းတို့ တည့်ခိုးဖို့အတွက် ဘာပြဿနာမှ မရှိလောက်ဘူး ထင်တယ်”
“ဟဲဟဲ၊ မင်းတောင် မိုးမြေစွမ်းအင် သိပ်သည်းမှန်း ငါအစကတည်းက သိတယ်။ မဟုတ်ရင် ဘာလို့ ဒီမှာ အကြာကြီး စောင့်နေမှာလဲ” အဖွဲ့ခေါင်းဆောင် လူငယ်လေးက ခေါင်းခါ၍ ပြောလိုက်သည် “ငါတို့သာ ဆန္ဒရှိရင် ဒီနားမှာရှိတဲ့ မိသားစု ငယ်လေးတွေ အကုန်လုံးကို ငါတို့ကို ဖားယားပြီး ကြိုဆိုကြမှာ။ ငါတို့ မင်းတို့ဆီလာတာ ကံကောင်းသွားတယ်မှတ်။ ဂိုဏ်းတူ ဦးလေးဆိုရင်လည်း ဒေါသကြီးတယ်ဆိုပေမယ့် ရက်လည်း ရက်ရောတဲ့ လူတစ်ယောက်ပဲ။ မင်းတို့သာ အပြုအစုကောင်းရင် အကျိုးအမြတ်အများကြီး ရနိုင်တယ်”
“အဲ့လိုလား” ရန်ကိုင်က စိတ်လှုပ်ရှားသွားသည့် လေသံဖြင့် အလျင်အမြန် မေးလိုက်လေသည် “ဧည့်သည်လူကြီးမင်းတို့ကို ကြည့်ရတာ အဝေးကြီးက လာတဲ့ပုံပဲ။ ဧည့်သည်တို့ စိတ်ပင်ပန်း၊ နွမ်းနယ်မှုတွေ ပြေပျောက်သွားအောင် ကျုပ် လူကြီးမင်းတို့ အတွက် စားတော်ပွဲ ပြင်ဆင်ပေးရမလား”
“ဟားဟား၊ ကောင်လေး၊ မင်းက လုပ်သင့်လုပ်ထိုက်တာကို နားလည်တဲ့ကောင်ပဲကွ။ မင်းဘာလုပ်လုပ် အရေးမကြီးဘူး။ အဓိကက ဂိုဏ်းတူဦးလေးကို စိတ်မပျက်စေဖို့ပဲ။ သူ့အကြိုက်က နည်းနည်း ထူးခြားတော့ မင်းတို့ သတိထားဖို့ လိုလိမ့်မယ်။ သူမကျေနပ်လို့ ဒေါသထွက်သွားရင် အကျိုးဆက်ကို မင်းတို့ သိပါတယ်” ဂိုဏ်းတူဦးလေး နာမည် အလုပ်ဖြစ်ကြောင်း သိလိုက်သည်နှင့် ထိုလူငယ်လေးသည် ဂိုဏ်းတူဦးလေး၏ နာမည်ကို သုံး၍ ထပ်တလဲလဲ ခြိမ်းခြောက်တော့လေသည်။
“ဟုတ်၊ ဟုတ်၊ ဟုတ်” ရန်ကိုင်က ကြက်အစာကောက်သည့် နှယ် ထပ်တလဲလဲ ခေါင်းညိတ်လိုက်ပြီး “ဒီက လူကြီးမင်းတို့မှာ အခြား စိတ်ဝင်စားတာတွေ ဘာတွေကော ရှိသေးလား မသိဘူး”
“အခြား စိတ်ဝင်စားတာ” ပင်လယ်နှလုံးသားဂိုဏ်းမှ ကျင့်ကြံသူ မျက်ခုံးပင့်သွားခဲ့သည်။ ထို့နောက် ရန်ကိုင် ဘာကို ပြောချင်နေလဲ ဆိုသည်ကို နားလည်သွားသည့်အလား ပြုံးလျက် “မင်းပြောချင်တာက...”
“ဟဲဟဲ” ရန်ကိုင်က ပြန်မဖြေဘဲ အဓိပ္ပါယ်ပါပါသာ ရယ်မောလိုက်သည်။
ဘေးကနေ ရပ်ကြည့်နေသည့် တိုက်ယွမ်မှာမူ ထိုမြင်ကွင်းကို မြင်ပြီး မှင်သက်အံ့ဩမိနေလေသည်။ ရန်ကိုင်သည် ထိုကဲ့သို့လည်း လုပ်တတ်သည့် လူတစ်ယောက် ဖြစ်လိမ့်မည်ဟု သူမ တစ်ခါမှ မထင်ခဲ့ဖူးချေ။ ရန်ကိုင်သည် ထိုလူများကို အရူး လုပ်နေခြင်း ဖြစ်သော်လည်း ထိုလူများမှာမူ သူတို့ အရူး လုပ်ခံနေရသည်ကို မသိကြဘဲ ရန်ကိုင် သူတို့အား ကြောက်ရွံ့ပြီး အောက်ကျို့နေသည်ဟု ထင်နေကြသည်မှာ တကယ်ကို ရယ်စရာ ကောင်းလှပေသည်။
“ကောင်းတယ်၊ ကောင်းတယ်၊ ကောင်လေး၊ မင်းက တကယ်ကို စဉ်းစားတတ်တာပါလားကွ” ခေါင်းဆောင် လူငယ်လေးက ရယ်မောလိုက်ပြီး ရန်ကိုင်အား စကားအချို့ တိုးတိုးလေး ကပ်ပြောလိုက်သည်။
ရန်ကိုင် မျက်ခုံးပင့်သွားခဲ့သော်ငြား ချက်ချင်း ခေါင်းညိတ်၍ “အဲ့ကိစ္စနဲ့ ပက်သက်ပြီး စိတ်ပူစရာ မလိုဘူး။ ကျုပ်တို့ နဂါးလိုဏ်ဂူတောင်မှာ အခြားဘာမှတ်လောက်စရာမှ မရှိပေမယ့် မိန်းမလှလေးတွေတော့ အများကြီးပဲ”
ထိုစကားကို ကြားလိုက်သည့်အခါ ပင်လယ်နှလုံးသားဂိုဏ်းမှ ကျင့်ကြံသူများ ပြုံးဖြီးဖြီး ဖြစ်ကုန်ကြလေသည်။ ခေါင်းဆောင်က ခေါင်းညိတ်၍ “ဟုတ်ပြီ။ ဒါပေမယ့် ဂိုဏ်းတူဦးလေးဆီ မပို့ခင် အဲ့လူတွေက တကယ်ကော အရည်အချင်း ပြည့်မှီရဲ့လားဆိုတာ ငါအရင် စစ်ဆေးကြည့်မယ်”
“ဟုတ်ပါပြီဗျာ” ရန်ကိုင်က သူ့ရင်ဘတ်ကို ပုတ်လိုက်ပြီး ချက်ချင်းပဲ တိုက်ယွမ်လက်မောင်းကို ကိုင်လျက် သူ့ဆီသို့ ဆွဲခေါ်လိုက်ပြီး “လူကြီးမင်း၊ ဒီတစ်ယောက် ဆိုရင်ကော ဘယ်လိုနေလဲ မသိဘူး”
ရန်ကိုင်၏ ရုတ်တရက် လုပ်ရပ်ကြောင့် တိုက်ယွမ် အလွန်ကိုမှ ရှက်သွားလည်း ဒေါသလည်း ထွက်သွားခဲ့သဖြင့် ချက်ချင်း ရန်ကိုင်အား စားတော့ဝါးတော့မတ် အကြည့်ဖြင့် စိုက်ကြည့်လိုက်လေသည်။ အစောပိုင်းက ပင်လယ်နှလုံးသားမှ ကျင့်ကြံသူ ရန်ကိုင်အား တိုးတိုးလေး ဘာကပ်ပြောလိုက်လဲ ဆိုသည်ကို မကြားလိုက်သော်ငြား သူတို့ မျက်နှာကို ကြည့်ပြီး သူတို့ဘာအကြောင်း ပြောနေလဲ သူမ မခန့်မှန်းမိဘဲ ဘယ်နေမည်နည်း။
သူမ၏ ပြစ်မျိုးမှဲ့မထင် ရုပ်ရည်ကို ပြန်လည် ရရှိပြီးသွားပြီး ဖြစ်သော်လည်း ယခုကဲ့သို့ အရှုပ်အထွေးထဲ ဆွဲခေါ်ခံရသည့် ကိစ္စနှင့် ပက်သက်၍ အတော်လေး မကျေမနပ် ဖြစ်နေမိသည်။
တိုက်ယွမ်ကို ကြည့်ရင်း ပင်လယ်နှလုံးသားကျင့်ကြံသူ အားလုံး ဆေးခါးကြီး စားလိုက်ရသည့်နှယ် ဖြစ်သွားသည်။ သူတို့ ခေါင်းဆောင် မျက်နှာထက်ရှိ အပြုံး နေလာနှင်းပျောက်သည့်နှယ် ပျောက်ကွယ်သွားပြီး အေးစက်မှုတို့က အစားထိုး ဝင်ရောက်လာလျက် ဒေါသတကြီး ထအော်ပြောတော့လေသည် “ကောင်လေး၊ မင်းငါ့ကို လာနောက်နေတာလား။ မင်းဟာကြီးက မိန်းမလို့တောင် ပြောလို့ရလို့လား”
တိုက်ယွမ်၏ မျက်နှာအမူအရာ အေးစက်သွားခဲ့သည်။
“ဘယ်ကသာ နောက်ရမှာလဲဗျ” ရန်ကိုင်က ယဲ့ယဲ့လေး ပြုံးလျက် “ဒီလိုမျိုး တုနှိုင်းမမှီ ကျက်သရေနဲ့ အရည်အချင်းကို ပိုင်ဆိုင်ထားတဲ့ ကောင်းချီးပေး နတ်သမီးပျိုလေးရဲ့ အလှကို လူကြီးမင်း တကယ် မမြင်တာလား”
ထိုစကားကို ကြားလိုက်သည့်အခါ တိုက်ယွမ် ပို၍ ဒေါသထွက်သွားခဲ့သည်။ သို့သော် ရင်ထဲတွင်မူ ပျော်နေမိသည်။
အခြားသူများ သိမည်မဟုတ်သော်လည်း သူမ၏ အကျည်းတန် ရုပ်ဆိုးလှသော မျက်နှာအောက်ဝယ် လွန်စွာကိုမှ လှပသော မျက်နှာလေးတစ်ခု ထပ်ရှိနေသေးသည်ကို ရန်ကိုင် သိပေသည်။ ရန်ကိုင်သည် လိမ်နေခြင်းမဟုတ်၊ အမှန်အတိုင်း ပြောနေခြင်း ဖြစ်သည်။ သို့သော် ထိုလူများ မမြင်နိုင်သည်မှာ တကယ် ဝမ်းနည်းစရာပင်။
“မင်းတို့ဆီမှာ အခြား မိန်းကလေးတွေ မရှိတော့ဘူးလား” ပင်လယ်နှလုံးသား ကျင့်ကြံသူခေါင်းဆောင်က တုန့်ဆိုင်း တုန့်ဆိုင်းဖြင့် မေးလိုက်သည်။
“ရှိသေးတယ်။ ဒါပေမယ့် ဒီမိန်းကလေးလောက်တော့ လှမှာ မဟုတ်ဘူးနော်” ရန်ကိုင်က ပြန်ပြောလိုက်သည်။
ပင်လယ်နှလုံသားဂိုဏ်းမှ တပည့်များ အာစေးမိသွားသည့် နှယ် တောင့်တောင်ကြီး ဖြစ်ကုန်ကြလေသည်။ ယခုမှပဲ သူတို့ ခေါင်းဆောင် တစ်ခုခု မှားယွင်းနေသည်ကို သတိပြုမိလိုက်ပြီး ဒေါသတကြီး ထအော်တော်လေသည် “ကောင်လေး၊ မင်းတကယ် ပြောနေတာလား”
“ကျုပ်တကယ် ပြောနေတဲ့ပုံ ပေါက်လို့လား” ရန်ကိုင် စပ်ဖြဲဖြဲ ပြုံးလျက် ပြန်ပြောလိုက်သည်။
သူတို့ တစ်ချိန်လုံး အရူးလုပ်ခံလိုက်ရပြီးမှန်း သိလိုက်သည့် နောက် လူငယ်လေး ရှက်လည်းရှက်၊ ဒေါသပုန်လည်း ထသွားပြီး “ကောင်လေး၊ မင်းသေချင်တာပဲ”
ပြောပြီးသည်နှင့် ရန်ကိုင်အား လှမ်းဖမ်းဆွဲလိုက်သည်။
လူငယ်လေးသည် ပင်လယ်နှလုံးသားဂိုဏ်း သူတော်စင်ဘုရင် တတိယအဆင့် ကျင့်ကြံသူများအနက်မှ လက်ရွေးစင်တစ်ယောက် ဖြစ်သည်။ ထို့ကြောင့် ရန်ကိုင်ကဲ့သို့ မိသားစုငယ်လေးတစ်ခုမှ တပည့် တစ်ယောက်ကို မျက်စိထဲ မထည့်ခြင်း ဖြစ်သည်။
ရန်ကိုင်အား လှမ်းဖမ်းကိုင်လိုက်သည်နှင့် တစ်ပြိုင်နက် သူ့လက်ဝါးထက် သူတော်စင်ချီတို့ လာရောက် စုဝေးကြပြီး ရေဖြင့် ဖွဲ့စည်းထားသော ဧရာမလက်ဝါးကြီးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
ပင်လယ်နှလုံးသားဂိုဏ်းသည် အဆုံးမဲ့သမုဒ္ဒရာမှ ဖြစ်ကြသည့် အတွက် သူတို့ ဂိုဏ်းသားများသည် ရေဓါတ်ဆိုင်ရာ ကျင့်စဉ်၊ သိုင်းပညာရပ်များကို ကျင့်ကြံကြပေသည်။
ထိုဧရာမရေလက်ဝါးကြီးသည် တိုက်ယွမ်နှင့် ရန်ကိုင်တို့ နှစ်ယောက်စလုံးကို ဖုံးအုပ်သွားခဲ့သည်။
သို့သော်လည်း ချက်ချင်းဆိုသလို ရွှေရောင် အလင်းတန်းတို့ တဖျက်ဖျက် လင်းလက်တောက်ပလာပြီး ဧရာမလက်ဝါးကြီးသည် ဆတ်ဆတ်ထိမခံသည် ရေပူပေါင်းနှယ် ပေါက်ကွဲသွားခဲ့သည်။
ပင်လယ်နှလုံးသားဂိုဏ်းမှ ကျင့်ကြံသူလည်း အလန့်တကြား ထအော်မိလိုက်ပြီး သူ့မှော်ရတနာကို ကမန်းကတန်း ကောက်ကာ ငင်ကာ အသက်သွင်းလိုက်လေသည်။
စွမ်းအင်နှစ်ခု ထိပ်တိုက်တွေ့သွားသည့် အခိုက်တွင် ရန်ကိုင်သည် သူရင်ဆိုင်ဖူးသည့် ကျင့်ကြံသူများနှင့် မတူမှန်း ချက်ချင်း သတိပြုမိလိုက်သည်။ ထို့ကြောင့် သူ့မှော်ရတနာကို အလျင်စလို ကောက်အသက်သွင်းလိုက်ခြင်း ဖြစ်သည်။
ရုတ်တရက် ဧရာမရေလက်ဝါးအား ဖျက်စီးလိုက်သော ရွှေရောင်အလင်းတန်းသည် ရွှေရောင်ပိုးမျှင် တစ်ခုအဖြစ်သို့ သိပ်သည်းသွားပြီး သူ့ဆီသို့ ဆက်လက် တိုးဝင်လာလေသည်။
ထိုလူကလည်း မခေပါချေ။ ချက်ချင်းပဲ ရွှေရောင်ပိုးမျှင် ဆီသို့ စွမ်းအင်လှိုင်းများ ပစ်လွှတ်လိုက်သည်။ သို့သော် ရွှေရောင်ပိုးမျှင်သည် အသက်ရှိနေသည့်နှယ် သူ့တိုက်ခိုက်မှု အားလုံးကို ကွေ့ပတ်ရှောင်သွားပြီး သူ့အား အလွယ်တကူ ရစ်ပတ်သွားခဲ့လေသည်။
ရွှေရောင်ပိုးမျှင်ဆီမှ ထွက်ပေါ်နေသော သေခြင်း အငွေ့အသက်ကို ခံစားမိလိုက်သည်နှယ့် ကျင်ကြံသူ၏ နဖူးထက် ချွေးအေးများ တတောက်တောက် စျီးကျလာတော့လေသည်။ နည်းနည်းလေးမှ မလှုပ်ရဲတော့ဘဲ သူ့လူများကို အလျင်စလို လှမ်းအော်ပြောလိုက်လေသည် “ရပ်လိုက်ကြစမ်း”
တိုက်ခိုက်ဟန် ပြင်နေကြသော ပင်လယ်နှလုံးသားဂိုဏ်းမှ ကျင့်ကြံသူများ သူ့အော်သံကို ကြားလိုက်ချိန် သူတို့၏ သူတော်စင်ကို အလျင်အမြန် ပြန်ရုတ်သိမ်းလိုက်ကြပြီး သူတို့ရှေ့ရှိ မြင်ကွင်းကိုသာ အထူးအဆန်းမြင်ကွင်း တစ်ခုကို မြင်လိုက်ရသည့် နှယ် စိုက်ကြည့်လိုက်ကြလေသည်။
ဤစီနီယာအစ်ကိုဟိုင် ဆိုသူသည် ပင်လယ်နှလုံးသားဂိုဏ်း၌ အားအကောင်းဆုံး သူတော်စင်ဘုရင်တစ်ယောက် ဖြစ်သည်။ ပင်လယ်နှလုံးသား ဂိုဏ်းတွင် သူသည် ပြိုင်ဘက်ကင်း သူတော်စင် ဘုရင် တစ်ယောက် ဖြစ်ပြီး အကြီးအကဲများကပင် သူ့စွမ်းရည် အပေါ် ချီးကျူးကြရသည်။
သို့သော်လည်း ယခုမူ တောင်ကုန်းလေးတစ်ခုကို အပိုင်စား ရထားသော အမည်မသိ လူငယ်လေး တစ်ယောက် သူတို့၏ ကြီးမြတ်လှသော စီနီယာအစ်ကိုကို ကြက်ဖမ်းငှက်ဖမ်းသည့်နှယ် အလွယ်တကူ ဖမ်းပြသွားခဲ့သည်။
သူတို့ခဗျာ မယုံချင်သော်လည်း ယုံရတော့ပေမည်။ သူတို့ လေးစားရသော စီနီယာအစ်ကိုသည် ဘာမှန်းမသိသော ရွှေရောင် ပိုးမျှင်တစ်မျှင်၏ ချုပ်ထားခြင်း ခံရသည့် အတွက်ကြောင့် လှုပ်မရ ဖြစ်နေခဲ့သည်။
လက်ရှိရန်ကိုင်အဖို့ အဆင့်တူ ကျင့်ကြံသူ တစ်ယောက်ကို ကိုင်တွယ်ဖို့ရာမှာ ထမင်းစား ရေသောက်သည့်နှယ် လွယ်တကူ လှပေသည်။
နှာခေါင်းရှုံ့လျက် ရန်ကိုင်သည် လှုပ်မရ ဖြစ်နေသည့် ဟိုင်ကျန်းကို သူ့ရှေ့သို့ ဆွဲခေါ်လိုက်ပြီး ပါးချလိုက်သည်။
ဖြန်း....
ဟိုင်ကျန်းမျက်နှာ ဘေးတစ်ဖက်သို့ ရွဲ့စောင်းသွားပြီး သွေးတစ်ပွက်နှင့်အတူ သွားကျိုးများ လွင့်စင်ထွဥ်လာခဲ့သည်။ အရိုက်ခံလိုက်ရသည့် ပါးတစ်ခြမ်းလုံးမှာလည်း ပျား ထိုးခံလိုက်ရသည့်နှယ် ဖူးရောင်တက်လာလေသည်။
ထိုရိုက်ချက်ကြောင့် ဟိုင်ကျန်း စိတ်နှင့်ကိုယ် လွတ်သွားကာ ခဏကြာမှသာ အသိပြန်ဝင်လာခဲ့သည်။
ရန်ကိုင်သည် မသတီစရာ တစ်ခုခုကို ထိလိုက်ရသည့်နှယ် ရွံ့ရှာစက်ဆုပ်ဟန်ဖြင့် သူ့လက်ကို ခါလိုက်သည်။ ထို့နောက် ဟိုင်ကျန်းအား ကြည့်၍ မေးလိုက်သည် “ငါဘာလို့ မင်းကိုရိုက်လဲ သိလား”
ဟိုင်ကျန်း အလိုလို ခေါင်းခါမိလိုက်သည်။
ဖြန်း... နောက်တစ်ချက်ပင်...
ဟိုင်ကျန်း သွားထပ်ကျွတ်ရပြန်လေပြီ။
ရန်ကိုင်က နှာခေါင်းရှုံးလျက် အထင်တသေးဖြင် ပြောလိုက်သည် “ဘာလို့လဲဆိုတော့ မင်းက မျက်စိပါပြီး မမြင်တတ်လို့ ရိုက်တာကွ”
ဟိုင်ကျန်း ချက်ချင်း ထပ်ခါထပ်ခါ ခေါင်းညိတ်လိုက်ပြီး “ဟုတ်ပါတယ်။ ဟုတ်ပါတယ်ဗျာ။ ဒီဟိုင်က မမြင်တတ်ဘဲ အရှင့်ကို စော်ကားမိလိုက်ပါတယ်။ ကျေးဇူးပြုပြီး ကျွန်တော့်ကို ခွင့်လွှတ်ပေးပါနော် အရှင်”
“ဟဲဟဲ” ရန်ကိုင်က ရယ်သွမ်းသွေးလိုက်ပြီး စပ်ဖြဲဖြဲ ပြုံးလျက် ဟိုင်ကျန်းကို ပါးထပ်ချလိုက်ပြန်သည်။ ထို့နောက် ထူးမခြားနားဟန်ဖြင့် “ထပ်မှားပြန်ပြီ။ နောက်တစ်ခေါက်”
ရန်ကိုင်သည် မည်သည့် ထူးခြားသည့် နည်းလမ်းကိုမှ မသုံးလိုက်သည့်တိုင် သုံးချက်ရိုက်ခံလိုက်ရပြီးနောက် ဟိုင်ကျန်းမှာ ကြယ်တွေလတွေ မြင်ကုန်လေပြီ။ နှာခေါင်းနှင့် ပါးစပ်မှလည်း သွေးတတောက်တောက် စီးကျနေခဲ့သည်။ သို့်သော်လည်း မပြော၍ မရသဖြင့် ချက်ချင်း ပြောလိုက်သည် “ဒီဟိုင်က ကိုယ့်နေရာကိုယ်မသိဘဲ အရှင့်ရဲ့ ပိုင်ဆိုင်မှုကို တပ်မက်မိပါတယ်”
“ဟော၊ ထပ်မှားပြန်ပြီ” ပြောရင်း ရန်ကိုင် နောက်တစ်ချက် ပါးထပ်ချလိုက်ပြန်သည်။
ထိုမြင်ကွင်းကိုကြည့်ရင်း ပင်လယ်နှလုံးသားဂိုဏ်းမှ ကျင့်ကြံသူအားလုံး မှင်သက်နေကုန်ကြလေပြီ။ ဟိုင်ကျန်းလည်း ကူကယ်ရာမဲ့နေခဲ့သည်။ ရန်ကိုင်ကမှသူ့အား မျက်လုံးရှိလျက်နှင့် မမြင်တတ်ဟု ပြောလိုက်စဉ်က သူပြောလိုက်သည့် အချက် နှစ်ချက်ကိုသာ ပြေးမြင်မိသည်။ သို့သော်လည်း သူ့ဘက်မှ တောင်းပန်လိုက်သည့်တိုင် ပါးသာ အရိုက်ခံလိုက်ရသည်။
သူမည်သို့ပင်တွေးတွေး သူဘာအမှား လုပ်မိလိုက်သလဲ ဆိုသည့်အပေါ် စဉ်းစားမရနိုင်အောင် ဖြစ်နေခဲ့သည်။ ပိုဆိုးသည်ကား သူ့ဂျူနီယာများရှေ့တွင် ခွေးလိုဝက်လို တစ်ချက်ပြီး တစ်ချက် ပါးအရိုက်ခံနေရခြင်းပင်။ ယခုကိစ္စ ပြီးသွားသည့်နောက် ဂိုဏ်းသို့ ပြန်ရောက်သည့်အခါ မည်သည့် မျက်နှာဖြင့် သူလူရှေ့ ထွက်ရတော့မည်နည်း။
သူ့ခေါင်းထဲ အတွေးပေါင်းစုံ ယောက်ယတ်ခတ်နေစဉ် ကံကောင်းသွားပြီး ဟိုက်ကျန်း အချက်တစ်ချက်ကို စဉ်းစားမိသွား၏။ တိုက်ယွမ်အား ကယ်တင်ရှင် တစ်ယောက်ကို တွေ့လိုက်သည့်နှယ် လှမ်းကြည့်၍ အော်ပြောတော့လေသည် “ဒီဟိုင်မှာ မျက်လုံးပါပေမယ့် ဒီသခင်လေးမလေးရဲ့ တုနှိုင်းမမှီတဲ့ အလှကျက်သရေကို မြင်နိုင်စွမ်းမရှိခဲ့လို့ တောင်းပန်ပါတယ်ဗျာ”
ထိုစကားကို ကြားလိုက်ချိန် တိုက်ယွမ် ရှက်သွေးဖြန်းဖြန်း ဖြာသွားသည်။ ထိုသကောင့်သားသည် သူပြောသည့်စကားကို သူ့ပင် မယုံသော်လည်း ပါးထပ်အရိုက်ခံရမည်ကို ကြောက်သဖြင့် အရှက်မရှိ ပြောနေတော့သည်။ မချစ်သော်လည်း အောင့်၍ နမ်းနေရသည့် အဖြစ်မျိုးပင်။ ပြောလိုက်သူကိုယ်တိုင်လည်း ကိုယ့်ပါးစပ်ကိုယ်ပြန်ရိုက်ချင်၊ အပြောခံလိုက်ရသည့် သူ့မှာလည်း ရှက်ရသည့် အဖြစ်မျိုး ဖြစ်နေခဲ့လေပြီ။
ရန်ကိုင်က မျက်ခုံးပင့်လိုက်ပြီး စပ်ဖြဲဖြဲပြုံးလျက် “မင်းမြင်တတ်သွားတာ ကံကောင်းတယ်။ မဟုတ်ရင် ငါ မင်းမျက်လုံးကို ဆွဲထုတ်တော့မလို့”
ဟိုင်ကျန်း ချွေးစေးပျံသွားခဲ့သည်။ ထိုမြွေပွေးကိုက် မျက်နှာကြီးကို တိုင်းပျက်ပြည်ပျက် အလှနတ်သမီးလေးအဖြစ် ချီးကျူးမိလိုက်သည့်အတွက် ရှက်လွန်းသည့် အတွက်ကြောင့် သေပင်သေလိုက်ချင်သော်ငြား ပါးထပ်အရိုက်မခံရ အရေးသည် ဦးစားပေး ဖြစ်နေသည့်အတွက် သူမ မျက်နှာထက်ရှိ ကျောက်ပေါက်မာများသည် သူမြင်ခဲ့ဖူးသည်များအနက် အထူးခြားဆုံးသော အလှတရားဖြစ်ကြောင်း၊ စကားလုံးများကို ရွှန်းရွှန်းစိုအောင် သုံးလျက် တိုက်ယွမ် သူမကိုယ်တိုင်ပင် ရှက်သေချင်စိတ် ပေါက်အောင် အရမ်းကာရော ချီးကျူးတော့လေသည်။
ထိုကောင်ပြောနေသည့် စကားကို နားထောင်ရင်း ရန်ကိုင်ပင် ကြက်သီးမွှေးညင်း ထမိသွားသည်။
“ရန်ကိုင်” သည်းမခံနိုင်တော့သည့်အဆုံး တိုက်ယွမ် ခြေဆောင့်လျက် ဒေါသတကြီး ထအော်တော့လေသည်။ ရန်ကိုင်သည် ထိုကောင့်ကို အပြစ်ပေးရန်အတွက် အကြောင်းပြချက် ရှာနေခြင်းဖြစ်မှန်း သူမ သိသော်လည်း ထိုအတုအယောင် ချီးကျူးစကားများကို ထပ်တလဲလဲ ကြားနေရသည့်အခါ ရှက်လွန်းသဖြင့် တွင်းတစ်တွင်းတူပြီး ပြေးပုန်းချင်စိတ်တို့သာ ပေါက်လာခဲ့ရလေသည်။
“ငါသိတယ်” ရန်ကိုင်က ခေါင်းညိတ်လိုက်ပြီး ဟိုင်ကျန်းကို လွှတ်ပေးတော့မည်အပြု ရုတ်တရက် မျက်မှောင်ကြုတ်လိုက်ပြီး ကောင်းကင်ပေါ်သို့ လှမ်းကြည့်လိုက်သည်။
အလင်းတန်းတစ်ခုဆီ သူတို့ ရှိနေသည့် နေရာဆီသို့ အလျင်အမြန် ချဉ်းကပ်လာနေခဲ့သည်။ ထိုလူသည် မရောက်သေးခင်မှာပဲ ကောင်းကင်စိတ်အာရုံဖြင့် ရန်ကိုင်တို့ ရှိနေသည့် နေရာတစ်ခုလုံးကို လွှမ်းခြုံပစ်လိုက်သည်။ မည်သည့် အရာများ ဖြစ်ပျက်နေလဲ ဆိုသည်ကို သိသွားပြီးနောက် ဒေါသတကြီး လှမ်းအာ်တော့သည် “ဘယ်ကောင်က ငါ့တပည့်ကို အရှက်ခွဲရဲတာလဲကွ”
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၃၆၇)
ဒေါသတို့ဖြင့် ရောစွက်နေသော ထိုအသံသည် ရန်ကိုင်၏ အသိစိတ်ပင်လယ်ကို လာရောက်ရိုက်ခတ်သည်။
ရန်ကိုင်က နှာခေါင်းရှုံ့၍သာ သူ့စိတ်စွမ်းအင်ဖြင့် ထိုလှိုင်းကို ဖြတ်တားလိုက်သည်။
ထိုအသံကို ကြားလိုက်သည့်အခါ ရွှေရောင်ပိုးမျှင်၏ ရစ်ပတ်ထားခြင်း ခံရသည့် ဟိုင်ကျန်း ကယ်တင်ရှင်ကို တွေ့သွားသည့်နှယ် အလွန် ဝမ်းသာသွားပြီး အားပါးတရ လှမ်းအကူအညီ တောင်းတော့လေသည် “ဂိုဏ်းတူဦးလေး ကျုပ်ကို ကယ်ပါဦး”
ထိုလူသည် ဟိုက်ကျန်း ပြောနေသည့် သူ့ဂိုဏ်းတူဦးလေး ဆိုသည့်လူ ဖြစ်မည်မှန်း ရန်ကိုင် သိလိုက်သည်။ ကောင်းကင် ကံကြမ္မာမြို့တော်နှင့် ဤနေရာသည် မိုင်အနည်းငယ်သာ ကွာဝေးသည့် အတွက် ထိုလူ ဤမျှ မြန်မြန်ဆန်ဆန် ရောက်လာသည်မှာ အထူးအဆန်း မဟုတ်ချေ။
သို့သော် ရန်ကိုင် မကြောက်။ ကိစ္စများ တစ်ခါတည်း ပြီးသွားသွားစေရန်အတွက် ထိုတန်ခိုးရှင်အဆင့် ကျင့်ကြံသူကိုပါ စောင့်နေခဲ့ခြင်း ဖြစ်သည်။
သူတို့ဆီ အမောတကော ပြေးလာနေသည့်လူကို ကြည့်ရင်း ရန်ကိုင် မျက်နှာထက် ထူးဆန်းသည့် အပြုံးတစ်ခု ပေါ်လာခဲ့သည်။ စိတ်စွမ်းအင်ကို မမြင်နိုင်သော ဓါးသွား တစ်ချောင်း အသွင်သို့ ပြောင်းလျက် ထိုလူဆီ လှမ်းပစ်လိုက်၏။
ထိုလူသည် ကောင်းကင်စိတ်အာရုံသုံးပြီး သူ့အား တိုက်ခိုက်ရန် ကြိုးစားခဲ့သည်။ လက်ဆောင်ပေးသည့်အခါ အပြန်အလှန် လက်ဆောင်ပေးမှ သင့်တော်ပေသည်။ တစ်ယောက်တည်းကချည်း လက်ဆောင်ပေးနေရလျှင် မသင့်တော်။ ထို့ကြောင့် ရန်ကိုင်လည်း ဝတ်ကျေတမ်းကျေ လက်ဆောင်တစ်ခု ပြန်မပေးလျှင် ရိုင်းရာ ကျသွားပေလိမ့်မည်။
ရန်ကိုင်၏ စိတ်စွမ်းအင်ဓါး ထိုအလင်းတန်းကို သွားရောက် ထိမှန်ချိန် အရှိန်အဟုန်ဖြင့် သွားနေသော ရထားတစ်စီး စက်ထိုးရပ်သည့်နှယ် ထိုအလင်းတန်းလည်း ဒယီးဒယိုင် ဖြစ်သွားပြီး အောက်သို့ ပြုတ်ကျလုမတတ် ဖြစ်သွားခဲ့လေသည်။
တန်ခိုးရှင် ပထမအဆင့်ပင် ဖြစ်လင့်ကစား ရန်ကိုင်လက်စာ မြည်းစမ်းလိုက်ရပြီးနောက် ထိုလူလည်း မြေစွယ်ကျိုးသွားရသည်။ မဆင်မခြင် ပြေးဝင်မလာရဲတော့ဘဲ သတိကြီးကြီးထား၍သာ ဖြည်းဖြည်းချင်း ချဉ်းကပ်လာတော့သည်။
သူ့တပည့်တစ်ယောက်ဆီမှ သူတို့ နေစရာ ရှာတွေ့ပြီ ဖြစ်ကြောင်း၊ ပိုင်ရှင်သည် သူတို့အား လိုလိုလားလားဖြင့်ကို ကြိုဆိုကြောင်း သိလိုက်ရစဉ်က မိသားစုငယ်လေး တစ်ခု ဖြစ်မည်ဟု ထင်ပြီး စိတ်ဝင်တစားဖြင့် အပြေးလာကြည့်မိ၏။ သို့သော်လည်း သူ့အား စီးကြိုနေသည့်ကား ရှက်ဖွယ်အတိ ကောင်းသည့် မြင်ကွင်းတစ်ရပ် ဖြစ်နေခဲ့သည်။
မျက်တောင်တစ်ခတ်အတွင်း ပင်လယ်နှလုံးသားဂိုဏ်း၏ တန်ခိုးရှင်အဆင့် ပညာရှင် နဂါးလိုဏ်ဂူတောင်သို့ ရောက်လာခဲ့သည်။
ထိုလူသည် အနီရောင်ဆံပင် တုတ်ခိုင်အားကောင်းသည့် လူတစ်ယောက် ဖြစ်သည်။ နှာခေါင်းမှာ နည်းနည်း ပြားနေပြီး မျက်လုံးမှာ အထဲသို့ ခွက်ဝင်နေသည်။ ရုပ်ကိုကတည်းက လူကြမ်းရုပ်ပင် ဖြစ်နေရာ ဒေါသကြီးသည်မှာလည်း သူ့အပြစ် မဟုတ်လောက်ပါချေ။
သူ့ရှေ့ရှိ မြင်ကွင်းကို မြင်ပြီးနောက် ထိုလူကြီး ဒေါသ အမျက်ချောင်းချောင်း ထွက်သွားခဲ့လေသည်။
နဂါးများသည် ဒေသခံမြွေများကို ရန်မစကြသော်လည်း သူတို့ ပင်လယ်နှလုံးသားဂိုဏ်းသည် အားကောင်းသည့် အင်အားစု တစ်ခု ဖြစ်သည်။ အဆုံးမဲ့သမုဒ္ဒရာမှာ ဤမျှ အဝေးကြီးအထိ လာခဲ့ခြင်း ယခုကဲ့သို့ အရှက်ခွဲခံဖို့ မဟုတ်။ ထို့ကြောင့် သူ့ရှေ့ရှိ မြင်ကွင်းကို မြင်လိုက်ရချိန် လူကြီး ဒေါသထွက်သွားပြီး ရန်ကိုင်အား မေးခွန်းထုတ်လိုက်လေသည် “ကောင်လေး၊ ဒါဘာသဘောလဲ”
မေးလိုက်ရင်း ရန်ကိုင်မျက်လုံး တည့်တည့်အား ရေခဲတမျှ အေးစက်သည့် အကြည့်ဖြင့် စိုက်ကြည့်လိုက်သည်။
အစောပိုင်းက ရန်ကိုင်လက်စာ မြည်းစမ်းလိုက်ရသော်ငြား ရန်ကိုင်၏ ကျင့်ကြံခြင်းကို မြင်ပြီးနောက် ရန်ကိုင်အား မကြောက်တော့ချေ။ ရန်ကိုင်အနေဖြင့် သူ့အား တိုက်ခိုက်ရန် အားကောင်းသည့် မှော်ရတနာတစ်ခုခုကို အသုံးပြုလိုက်ခြင်း ဖြစ်သည်ဟုလည်း အလိုလို ယုံကြည်မိသွားသည်။ တန်ခိုးရှင် အဆင့်အဖို သူတော်စင်ဘုရင်အဆင့် တစ်ယောက်ကို ကိုင်တွယ်ရန်မှာ ငှက်ပျောသီး အခွံနွှာစားရသည်ထက်ပင် ပို၍ လွယ်ပေသေးသည်။ သူ့ရှီ ထုတ်လွှတ်လိုက်သည်နှင့် ထိုကောင် ဘာမှ လုပ်လို့ရတော့လိမ့်မည် မဟုတ်ချေ။
“ခင်ဗျား ဘာပြောချင်တာလဲ” ရန်ကိုင်က ပြုံးဖြဲဖြဲဖြင့် ထိုလူကြီးကို ပြန်မေးလိုက်သည်။
“မင်းဘာလို့ ငါ့တပည့်ကို တိုက်ခိုက်လဲ မေးနေတာ” ဆံနီ ကျင့်ကြံကြံသူက ခပ်ပြတ်ပြတ် ပြန်ပြောသည်။
“ဘာလို့လဲ ဟုတ်လား” ရန်ကိုင်က ယဲ့ယဲ့လေးပြုံးလျက် အမေပင် မမှတ်မိနိုင်လောက်သည်ထိ ဖူးရောင်ကိုင်းအောင် ရိုက်ခံထားရသော ဟိုင်ကျန်းကိုကြည့်၍ ပြောလိုက်သည် “ခင်ဗျား တပည့်ကို ခင်ဗျားဘာသာ ပြန်မေးကြည့်လိုက်ပါလား။ ဘာလို့ ကျုပ်ကို လာမေးနေတာလဲ”
ဆီနီကျင့်ကြံသူ မျက်မှောင်ကြုတ်သွားပြီး သူ့တပည့်ကို သေချာ စိုက်ကြည့်၍ ပြောလိုက်သည် “ငါ့ကိုပြော၊ ဒီမှာ ဘာတွေ ဖြစ်သွားတာလဲ။ မင်းအရင်စမှားတယ် ဆိုရင်တော့ ငါဝင်မပါလို့ ဆိုပြီး ငါ့ကို လာအပြစ်မတင်နဲ့။ မင်းဘက်က ဘာမှမလုပ်ဘဲ သူက မင်းကို အရင်အရှက်ခွဲတာ ဆိုရင်တော့ ငါမင်းအတွက် တရားမျှတမှု ပြန်ရှာပေးမယ်။ ငါတို့ဂိုဏ်းက အဆုံးမဲ့သမုဒ္ဒရာမှာ ဆိုပေမယ့် သူများခေါင်းလာခေါက်တိုင်း ငြိမ်ခံနေမယ့်အစားထဲ မပါဘူး”
ဆံနီလူအိုကြီးသည် သူ့တပည့်ကို အဓိပ္ပါယ်ပါပါ ပြောလိုက်ခြင်း ဖြစ်သည်။ ထိုစကားကို ကြားလိုက်ချိန် ဟိုင်ကျန်း၏ အမူအရာ တောက်ပသွားခဲ့ပြီး ချက်ချင်းပဲ မတရားခံရသည့် ပုံစံဖြင့် မျက်ရည်ချူကာ အော်ပြောတော့သည် “ဂိုဏ်တူဦးလေးလည်း သိတာပဲ။ ကျုပ်တို့က ဂိုဏ်းတူဦးလေး ခိုင်းတဲ့အတိုင်း နေစရာလိုက်ရှာနေတာလေ။ ဒီနေရာကို တွေ့တော့ နေရာကောင်းတယ်ဆိုပြီး ပိုင်ရှင်နဲ့ ပြေရာပြေကြောင်း ဆွေးနွေးဖို့လုပ်တယ်။ ဒါပေမယ့် ဘယ်သူသိမှာလဲ။ ဒီကောင်က ကျုပ်ကို စကားပြောခွင့်တောင် မပေးဘဲ ရုတ်တရက်ကြီး အလစ်ချောင်း တိုက်ခိုက်တယ်လေ။ တပည့်လည်း ရုတ်တရက်ကြီး ဆိုတော့ အငိုက်မိသွားပြီး သူဖမ်းတာ ခံလိုက်ရတယ်။ ပြီးတာနဲ့ တပည့်ကို မယုတ်မတန် စကားတွေ အတင်းပြောခိုင်းပါရော။ တပည့် ရှက်လွန်းလို့ သေသာ သေလိုက်ချင်တော့၊ ဂိုဏ်းတယ်တူဦးလေးရယ်။ ကျေးဇူးပြုပြီး ကျုပ်အတွက် လက်စားပြန်ချေပေါးပါ ဂိုဏ်းတူဦးလေး”
ရန်ကိုင် ဟိုင်ကျန်းကို အံ့ဩတကြီး ကြည့်နေသည်။ ထိုကောင် ဤမျှ အရှက်မဲ့လိမ့်မည်ဟု သူမထင်ထားခဲ့ချေ။ ထို့အတွက်ကြောင့် ရန်ကိုင် ဒေါသထွက်မိသွားသော်လည်း လှောင်ပြုံးပြုံးလျက်သာ တည်တည်ငြိမ်ငြိမ်ဖြင့်သာ ဆက်၍ ရပ်နေလိုက်သည်။
ထိုစကားကို ကြားသော် ဆံနီလူအိုကြီးက ဟိုင်ကျန်းက အကြည့်တစ်မျိုးဖြင့် ကြည့်လိုက်ပြီး “ငါတို့ ဘယ်ကလာလဲ ဆိုတာကို သူ့ကို ပြောလိုက်သေးလား”
“ပြောဖြစ်အောင် ပြောလိုက်ပါတယ်။ ဒါပေမယ့် ဒီကောင်က ကျုပ်တို့ ပင်လယ်နှလုံးသားကို သောက်ဂရုစိုက်ကို မစိုက်ဘူး” ဟိုင်ကျန်းက ဝမ်းနည်းနေသည့် အမူအရာဖြင့် ပြန်ပြောလိုက်၏။
“ကောင်းပြီ” ဆံနီလူကြီးက အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်ပြီး ရန်ကိုင်ဘက်သို့လှည့်၍ မေးခွန်းထုတ်လိုက်သည် “ကောင်လေး၊ မင်းအခု ဘာပြောချင်သေးလဲ”
“ဘာပြောရမှာလဲ” ရန်ကိုင်က ဖြည်းဖြည်းချင်း ခေါင်းခါလိုက်ပြီး အထူးအဆန်းတစ်ခုကို တွေ့လိုက်ရသည့် ဟန်ဖြင့် “ခင်ဗျားတို့ ပင်လယ်နှလုံးသားဂိုဏ်းက လူတွေက သောက်သုံးသာ မကျတာ၊ လိပ်ကို ကြွက်ဖြစ်အောင် ပြောတဲ့ နေရာမှာတော့ ဆရာကြီးပဲနော်”
“ဟေ့ကောင်၊ မင်းငါတို့ ပင်လယ်နှလုံးသားဂိုဏ်းကို စော်ကားနေတာလား” ဆံနီလူအိုကြီး ဒေါသပုန်ထသွားပြီး ရန်ကိုင်အား ချက်ချင်း ပြေးတိုက်ခိုက်လုမတတ် ဖြစ်သွားခဲ့သည်။ ကောင်းကင်ကံကြမ္မာမြို့တော်၏ အနီးအနားတွင် ရှိနေသော အင်အားစု မှန်သမျှသည် အရိပ်လခန်းမနှင့် တစ်နည်းတစ်ဖုံ ဆက်စပ်နေမည်မှန်း သိသော်လည်း လက်ရှိတွင် အရိပ်လခန်းမသည် အရိပ်ကြယ်ပေါ်ရှိ အင်အားစု အသီးသီး၏ ဖိနှိပ်ထားခြင်း ခံရသည်။ ထို့ကြောင့် ထိုကောင်လေးကို သူသင်ခန်းစာ ပေးမည်ဆိုလျှင်ပင် အရိပ်လခန်းမ ဝင်ပါလိမ့်မည် မဟုတ်ချေ။
ဤအခွင့်အရေးကို အသုံးချ၍ နဂါးလိုဏ်ဂူတောင်ကို အပိုင်သိမ်းမည် ဆိုလျှင်ပင် အရိပ်လခန်းမ ဆိတ်ဆိတ်သာ နေပေလိမ့်မည်။
“ကိုယ့်ဘာသာ သောက်သုံးမကျတာကို သူများကို လိုက်အပြစ်တင်ချင်သေးတယ်” ရန်ကိုင်က အေးစက်စက် အမူအရာဖြင့် နှာခေါင်းရှုံ့လျက် ဟိုင်ကျန်အား ကြည့်ကာ ပြောလိုက်သည် “ငါမင်းကို မသတ်ရဲဘူး ထင်နေတာလား”
“ဟန်” ရန်ကိုင်၏ သတ်ဖြတ်လိုစိတ်ကို သတိပြုမိသော် ဟိုင်ကျန်း၏ အမူအရာ အပြောင်းကြီး ပြောင်းလဲသွားခဲ့သည်။
“ကောင်လေး၊ မင်းလုပ်ရဲလား” တစ်ခုခု မှားယွင်နေမှန်း သတိပြုမိသော် ဆံနီလူအိုကြီးက ရှီကို ထုတ်လွှတ်ကာ ရန်ကိုင်အား ဖိနှိပ်ပြီး သူ့တပည့်ကို ကယ်ရန် ကြိုးစားလိုက်သည်။
သို့သော်လည်း ရန်ကိုင်က ဆံနီလူအိုကြီးအား အထင်တသေးဖြင့်သာ ပြန်ကြည့်လိုက်ပြီး သူ့လက်ချောင်းများကို ဆုပ်လိုက်သည်။ တရွှတ်ရွှတ် မြည်သံများနှင့်အတူ ရွှေရောင်ပိုးမျှင်သည် ဆံနီလူအိုကြီး၏ ရှီကို ချိုးဖျက်၍ ဟိုင်ကျန်းအား တစ်စစီဖြစ်အောင် ပိုင်းဖြတ်သွားတော့သည်။
သွေးနတ်ဆိုးကျောင်းတော်၏ နတ်ဆိုးသွေးမျှင် ပညာရပ်ကို ရှီကို ဖြတ်တောက်နိုင်ရာ လူအိုကြီးအနေဖြင့် သူ့ရှီကို သုံး၍ ရန်ကိုင်အား မည်ကဲ့သို့ ဟန့်တားနိုင်မည်နည်း။
ပြီးသည့်နောက်တွင် ရန်ကိုင်သည် ရွှေရောင်ပိုးမျှင်များကို ပြန်ရုတ်သိမ်းလိုက်သည်။ ဟိုင်ကျန်းမှာမူ ဘာဖြစ်လို့ ဖြစ်မှန်းမသိ ကြောင်အမ်းအမ်းဖြင့်သာ ရှိနေဆဲ။
သို့သော် ခေါင်းငုံ့ကြည့်လိုက်သည့်အခိုက် သူ့ခန္ဓာကိုယ်၍ သွေးစီးကြောင်းများ ရှိနေသည်ကို သတိပြုမိလိုက်သည်။ သွေးများသည် အစပိုင်းတွင် ဖြည်းဖြည်းချင်း စီကျနေသော်ငြား ချက်ချင်းဆိုသလို တရဟော စီးထွက်လာကြလေသည်။
မှန်တစ်ချက် ကွဲကြေသွားသည့်နှယ် ဟိုင်ကျန်း တစ်ကိုယ်လုံး တစ်ပိုင်းပြီးတစ်ပိုင်း ပဲ့ကြွေကာ မြေကြီးပေါ်သို့ ပြုတ်ကျကုန်၏။ သွေးညှီနံ့တို့ လေထဲ ပျံ့လွင့်လာခဲ့သည်။ ထိုအခြင်းအရာကို မြင်ပြီးနောက် ပင်လယ်နှလုံးသားဂိုဏ်းမှ တပည့်များ၏ မျက်နှာ ဖြူလျော်သွားခဲ့သည်။ အချို့ မိန်းကလေးတပည့်များ ဆိုလျှင် နောက်သို့လှည့်၍ပင် အန်ကုန်ကြလေသည်။
ဆံနီလူအိုကြီးလည်း မျက်လုံးပြူးနေလေပြီ။ ထိုကောင်လေး ထိုမျှ ရက်စက်ပြတ်သားလိမ့်မည်ဟု သူမထင်ထားခဲ့ချေ။
အစကမူ ရန်ကိုင် ထိုလူများကို သတ်ရန် မစဉ်းစားထားခဲ့။ အခြားသူများ မြင်သွားအောင် ထိုကောင်များကို နမူနာထားပြီး သင်ခန်းစားတစ်ခုလောက် ပေးလိုက်ဖို့သာ ရည်ရွယ်ထားသည်။ သို့သော်လည်း ဆံနီလူအိုကြီး ရောက်လာပြီးနောက် သူနှင့် ဟိုက်ကျန်းသည် နှစ်ယောက်သား အတိုင်အဖောက် ညီညီဖြင့် သူတို့ နဂါးလိုဏ်ဂူတောင်ကို အပြစ်ပုံချလာခဲ့သည်။ ထို့ကြောင့် ရန်ကိုင် သတ်ဖြတ်ချင်စိတ်တို့ ဖြစ်ပေါ်လာခဲသည်။
ထိုသို့နှင့် ရန်ကိုင်လည်း ဆက်လက် ဆွေးနွေးနေရန် မစဉ်းစားတော့ဘဲ ဟိုင်ကျန်းကို တစ်ခါတည်း လက်စ တုံးပစ်လိုက်သည်။ အဆုံးမဲ့သမုဒ္ဒရာမှာ အင်အားစုလေး တစ်ခုလောက်သည် သူ့အတွက် စာမဖွဲ့ပါချေ။
ဟိုက်ကျန်း သေသွားပြီးနောက် ဆံနီလူအိုကြီး ဒေါသ အမျက်ချောင်းချောင်း ထွက်သွားလေသည်။ သူ့ဆံပင်နီများသည် လေမတိုက်သည့်တိုင် လေထဲ အလိုလို ဝဲလွင့်လာကြသည်။ သတ်ဖြတ်လိုစိတ်တို့သည်လည်း သူ့ဆီမှ အရှိန်အဟုန်ပြင်းစွာ ထွက်ပေါ်လာလေသည်။ ထို့နောက် အံကြိတ်၍ ဒေါသတကြီး ထအော်လေသည် “ကောင်လေး၊ မင်းသေပြီသာမှတ်ပေတော့”
ယခုသေသွားသည့်လူသည် ပင်လယ်နှလုံးသားဂိုဏ်း၏ ထိပ်တန်းတပည့်တစ်ယောက် ဖြစ်သည့်အပြင် အကြီးအကဲချုပ်၏ တိုက်ရိုက်မျိုးဆက်လည်း ဖြစ်သည်။ ဆံနီလူအိုကြီးကို ဧကရာဇ်ဥယျာဉ်၏ လှုပ်ရှားမှုများကို စောင့်ကြည့်ရန်အတွက် ကောင်းကင်ကံကြမ္မာမြို့တော်တွင် နေရစ်ခိုင်းခဲ့သည်။ ဟိုင်ကျန်းကိုလည်း အတွေ့အကြုံ ရစေရန်အတွက် သူ့လက်ထဲတွင် ထည့်ခဲ့သည်။ သို့သော်ငြား သူတို့ ဘာမှ မလုပ်နိုင်သေးခင်မှာပဲ ဟိုင်ကျန်း အသက်ခံလိုက်ရသည်။ ဂိုဏ်းသို့ ပြန်ရောက်ပြီးနောက် သူအပြစ်ပေးခံရတော့ပေမည်။
“နဂါးလိုဏ်ဂူတောင်ကိုများ လာပြီး ရန်စရဲတယ်။ ခင်ဗျားတို့အားလုံး တစ်ယောက်မှ အသက်ရှင်လျက် ထွက်သွားဖို့ မစဉ်းစားနဲ့တော့” ရန်ကိုင်ဆီမှလည်း သတ်ဖြတ်လိုစိတ်တို့ အလုံးလိုက်၊ အရင်းလိုက် ထွက်ပေါ်လာခဲ့သည်။ တစ်ယောက် သတ်လည်း အတူတူ၊ ဆယ်ယောက်သတ်လည်း အတူတူပဲ ဖြစ်လေရာ ရန်ကိုင် အကုန်လုံးကို သတ်ပစ်ပေမည်။ ထိုနည်းဖြင့် နောက်ပိုင်း နဂါးလိုဏ်ဂူတောင်ကို မျက်စောင်းထိုးချင်နေသည့် အခြားလူများကိုလည်း နမူနာပေးရာ ရောက်သွားပေလိမ့်မည်။
“အို၊ ဒီမှာ အရမ်းတွေ စည်ကားနေပါလား” ရန်ကိုင်နှင့် ဆံနီလူအိုကြီးတို့ တိုက်ခိုက်ခါနီးမှာပဲ အံ့အားသင့်နေသည့် အသံ တစ်သံ အဝေးမှ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။ မကြာမီ အလင်းစီးကြောင်းနှစ်ခု မိုးကုတ်စက်ဝိုင်းအောက် ပေါ်လာခဲ့သည်။ တစ်ချိန်တည်းတွင် တန်ခိုးရှင်အဆင့် နှစ်ယောက်၏ ကောင်းကင်စိတ်အာရုံများသည် သူတို့အပေါ်သို့ အသီးသီး ဖြန့်ကျက်ရောက်ရှိလာခဲ့သည်။
ချဉ်းကပ်လာသော လူနှစ်ယောက်၏ ခွန်အားကို သတိပြုမိလိုက်သည်နှင့် ဆံနီလူအိုကြီး၏ အမူအရာ သုန်မှုန်သွားခဲ့သည်။ ရန်ကိုင်လည်း အံအားသင့်နေသည့် အမူအရာဖြင့် မျက်ခုံးပင့်လိုက်သည်။
“စီနီယာအစ်ကို၊ စီနီယာအစ်ကိုရန် တစ်ယောက်ယောက်နဲ့ တိုက်ခိုက်နေတာနဲ့ တူတယ်” ပထမအသံ ထွက်ပေါ်လာပြီးနောက် မိန်းကလေးတစ်ယောက်အသံ တစ်ဆက်တည်း လိုက်ပါ ထွက်ပေါ်လာခဲ့သည်။
“အင်း။ စီနီယာအစ်ကိုလည်း သတိပြုမိတယ်။ ဒါပေမယ့် ဘယ်သောက်ရူးကများ နဂါးလိုဏ်ဂူတောင်ကို သွားပြဿနာ ရှာရဲတာလဲမသိဘူး” ပထမဆံး စကားပြောလိုက်သည့် အမျိုးသား၏ အသံ ပြန်ထွက်ပေါ်လာခဲ့သည်။ ထိုစကားကို ကြားလိုက်သည့်အခိုက် ဆံနီလူအိုကြီး ရင်ထိတ်သွားခဲ့သည်။ နဂါးလိုဏ်ဂူတောင်ကို သွားရန်မစသင့်သည့် အကြောင်းအရင်း တစ်ခုခုများ ရှိနေလေသလား...
ဤနေရာသည် အရိပ်လခန်းမ၏ လက်အောက်တွင် ရှိနေသော မိသားစုငယ်လေးကဲ့သို့ အင်အားစု တစ်ခု သက်သက်သာ မဟုတ်ပေလော။ လူအိုကြီး မျက်မှောင် ကြုတ်သွားသည်။ သူကိုယ်တိုင်သည် အရူးတစ်ယောက် မဟုတ်သဖြင့် သူ့သတ်ဖြတ်လိုစိတ်ကို ချက်ချင်း ပြန်ရုတ်သိမ်းလိုက်လေသည်။
ခဏအကြာတွင် ထိုအလင်းတန်းနှစ်ခု နဂါးလိုဏ်ဂူတောင် ရှေ့သို့ ရောက်လာခဲ့သည်။
နှစ်ယောက်ထဲမှ တစ်ယောက်သည် ထက်ရှသော မျက်ဝန်းအစုံ ပိုင်ဆိုင်ထားသည့် လူငယ်လေးတစ်ဦး ဖြစ်သည်။ ထိုလူငယ်လေး၏ အကြည့်နှင့် ရင်ဆိုင်ရသည့်အခါ ဆံနီလူအိုကြီး ကျောရိုးတစ်လျှောက် စိမ့်တက်သွားခဲ့သည်။ လူငယ်လေး၏ ဘေးတွင်မူ အမျိုးသမီးတစ်ယောက် ရှိနေသည်။ နှစ်ယောက်စလုံးသည် တန်ခိုးရှင်အဆင့် ကျင့်ကြံခြင်းကို ပိုင်ဆိုင်ထားကြသည်။
အသစ်ရောက်လာသည့် မိန်းကလေးသည် ရန်ကိုင်၏ နောက်တွင် ရှိနေသော တိုက်ယွမ်ကို မြင်လိုက်သည့်အခါ အံ့အားသင့်တကြီး လှမ်းအော်ခေါ်လိုက်လေသည် “အစ်မတိုက်ယွမ်လည်း ဒီကို ရောက်နေတာလား”
“ရွှမ်းအာလား” တိုက်ယွမ်က ပြန်ပြုံးပြလိုက်သည်။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၃၆၈)
ရန်ကိုင်က ရယ်ရယ်မောမောနှင့် နှုတ်ဆက်လိုက်သည်။ ယခု ရောက်လာသည့် လူများသည်၊ အခြားမဟုတ်၊ ဝေကုချန်းနှင့် တုန်ရွှမ်းအာတို့ ဖြစ်ကြပေသည်။
“မတွေ့ရတာကြာပြီနော် အစ်ကိုရန်” ဝေကုချန်းက စိတ်အားတက်ကြွစွာ ပြန်ပြောလိုက်သည်။
“အင်း၊ ငါတို့မတွေ့ရတာ အတော်လေး ကြာနေပြီ။ အစ်ကိုဝေနဲ့ ညီမရန် နှစ်ယောက်စလုံး တန်ခိုးရှင်အဆင့်ကို ချိုးဖျက်သွားလိမ့်မယ်လို့ ငါမထင်ထားဘူး။ ဂုဏ်ယူပါတယ်ကွာ” ရန်ကိုင်က ပြောလိုက်သည်။
သဲမီးတောက်နယ်မြေမှ ပြန်လာပြီးနောက် ဝေကုချန်းနှင့် တုန်ရွှမ်းအာတို့ နှစ်ယောက်စလုံး တံခါးပိတ်ကျင့်စဉ် ဝင်ခဲ့သည်။ ယခု သူတို့ နှစ်ယောက်ကို ပြန်တွေ့လိုက်ရချိန် နှစ်ယောက်စလုံး တန်ခိုးရှင်အဆင့်သို့ ရောက်နေခဲ့လေပြီ။
နှစ်ယောက်စလုံးသည် အဆင့်ချိုးဖျက်ပြီးပြီးချင်း ထွက်လာခြင်း မဟုတ်ဘဲ သူတို့၏ ကျင့်ကြံခြင်း အခြေခံကို တည်ငြိမ်အောင် လုပ်ပြီးမှ ထွက်လာခဲ့ခြင်း ဖြစ်သည်။
တိုက်ယွမ်သည်လည်း တန်ခိုးရှင်အဆင့်သို့ ချိုးဖျက်ရန် အတွက် တံခါးပိတ်ကျင့်စဉ် ဝင်လိုက်ဦးမည် ဖြစ်ကြောင်း ရန်ကိုင်ကို ပြောခဲ့သည်။ သို့သော်လည်း ဘာကြောင့်မှန်းမသိ၊ ယနေ့တွင် သူ့ဆီသို့ ရောက်လာခဲ့သည်။ တိုက်ယွမ် ရှိရာဆီသို့ လှမ်းကြည့်လိုက်ရာ တိုက်ယွမ်သည် တုန်ရွှမ်းအာနှင့် ပျော်ရွှင်စွာ စကားပြောနေသည်ကို တွေ့လိုက်ရသည်။ နှစ်ယောက်သား တိုးတိုးတိုးတိုး ပြောနေသည့်အတွက် သူတို့ ဘာတွေပြောနေမှန်း ရန်ကိုင် မကြားရ။ သို့သော်လည်း တုန်ရွှမ်းအာသည် သူ့အား ကြည့်လိုက်၊ ကြည့်လိုက်လုပ်နေရင်း ပြောနေသည့်အပြင် တိုက်ယွမ်မှာလည်း ရှက်သွေးဖြာနေသည်။ ကောင်းသည့် အကြောင်းအရာ တစ်ခုခုအကြောင်း ပြောနေခြင်း မဟုတ်သည်မှာ သေချာပေသည်။
အကုန်လုံးသည် သူတို့ဘာသာ အချင်းချင်း နှုတ်ဆက် စကားပြောနေကြပြီး ဆံနီလူအိုကြီးနှင့်တကွ ပင်လယ်နှလုံးသား ဂိုဏ်းမှ တပည့်များကို မရှိသည့်လေနှယ် လျစ်လျူရှုထားကြသည်။
ထိုသို့ အဆက်ဆံခံလိုက်ရသည့် အတွက်ကြောင့် ဆံနီလူအိုကြီး၏ မျက်နှာ မည်းမှောင်သွားခဲ့သည်။ သို့သော် ဝေကုချန်းနှင့် တုန်ရွှမ်းအာတို့ကို ကြည့်ကြည့်နေပြီးနောက် ရန်ကိုင်သူတို့အား ခေါ်ဝေါ်ပုံကို ပြန်စဉ်းစားမိလိုက်သည့်အခါ သူ့အမူအရာ ပြောင်းလဲသွားခဲ့ပြီး အလေးအနက် လက်သီးဆုပ်၍ ပြောလိုက်လေသည် “ဒီက တူလေးက အရိပ်လခန်းမက ဝေကုချန်းဆိုတာလား မသိဘူး”
ထိုစကားကို ကြားသည့်အခါ ဝေကုချန်းက လူအိုကြီးဘက်သို့ လှည့်ကြည့်၍ ခေါင်းညိတ်ကာ “ဟုတ်တယ်။ စီနီယာ ဘာများ ပြောချင်လို့လဲ”
ဝေကုချန်းသည် လူအိုကြီးထက် အသက်အများကြီး ပိုငယ်သော်လည်း ကျင့်ကြံခြင်းအဆင့်သည် အတူတူသာ ဖြစ်သည့် အတွက်ကြောင့် ဝေကုချန်းဖို့ ထိုလူအိုကြီးကို ယဉ်ယဉ်ကျေးကျေး ဆက်ဆံနေစရာ မလိုချေ။ ပုံမှန်ဆိုလျှင် အနည်းငယ် လေးလေးစားစား ဆက်ဆံမည် ဖြစ်သော်လည်း ရန်ကိုင်အား လာရန်ရှာသည့်လူ ဖြစ်သည့် အတွက်ကြောင့် ယဉ်ကျေးနေမည် မဟုတ်ချေ။
“ဘာမှမဟုတ်ပါဘူး” ဆံနီလူအိုကြီး ကြောင်သွားသည်။ ဝေကုချန်းသည် တန်ခိုးရှင်အဆင့်သို့ မကြာသေးခင်ကမှ ချိုးဖျက်ထားခြင်း ဖြစ်သော်လည်း သူ့အား သွားလျှော့တွက်၍ မရချေ။ ထို့အပြင် သူသည် အရိပ်ကြယ်တစ်ခွင် လူသိများ ထင်ရှားကျော်ကြားပေသည်။ အနာဂတ်တွင် ဝေကုချန်းသည် အရိပ်ကြယ်၏ လွှမ်းမိုးနိုင်စွမ်း ကြီးမားသော ပုဂ္ဂိုလ်များအနက် တစ်ဦး ဖြစ်လာမည်မှာ မလွဲမသွေပင်။
သူ့အား သွားရန်စလိုက်ခြင်းသည် အနာဂတ်အတွက် ပြဿနာများကို ဖိတ်ခေါ်လိုက်ခြင်း မည်သည်။
ဝေကုချန်းမှန်း သိသွားပြီးသည့်နောက် ဆံနီလူအိုကြီး ငြိမ်ကုတ်သွားခဲ့သည်။ ဝေကုချန်းနှင့် ရန်ကိုင်တို့ ရင်းရင်းနှီးနှီး ပြောဆိုဆက်ဆံနေပုံကို မြင်ပြီးနောက် နဂါးလိုဏ်ဂူတောင် သခင်နှင့် ဝေကုချန်းဆိုသူသည် အတော်လေး ရင်းနှီးမည်မှန်း ဆံနီလူအိုကြီး နားလည်လိုက်သည်။ သူ့တပည့် အတွက် ပြန်လက်စားချေပေးရန် ဖြစ်နိုင်တော့မည် မဟုတ်မှန်းလည်း နားလည်လိုက်သည်။ သို့သော်လည်း စော်ကားမှုကို ခေါင်းငုံ့ သည်းခံပြီး ထွက်သွားရမည်မှာလည်း သိပ်အဆင်မပြေ ဖြစ်နေပြန်သည်။ ထို့အပြင် ဘာမှမလုပ်ဘဲ ဒီအတိုင်း ထွက်သွားလိုက်မည် ဆိုပါက ပင်လယ်နှလုံးသားဂိုဏ်း၏ ဂုဏ်သတင်းကို ထိခိုက်နိုင်ပေသည်။
လူအိုကြီး ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ ဖြစ်သွားလေသည်။
တစ်ချိန်တည်းတွင် သူ့ကိုယ်သူလည်း ကျိန်ဆဲနေမိသည်။ ဟိုင်ကျန်းသာ အထူအပါးနားလည်ခဲ့လျှင် ထိုကဲ့သို့သော လူတစ်ယောက်ကို သွားရန်စမိခဲ့မည် မဟုတ်သလို သူလည်း ယခုကဲ့သို့ ကျဉ်းထဲကြပ်ထဲ ရောက်ခဲ့ရမည် မဟုတ်ချေ။ ဟိုက်ကျန်းအား သတ်လိုက်သူမှာ မိသားစုငယ်လေးမှ တစ်ယောက်ယောက်သာ ဖြစ်လျှင် သူတို့အား လာရန်စသူကို သတ်ဖို့ရာအတွက် ယခုကဲ့သို့ ဒုက္ခရောက်နေရလိမ့်မည် မဟုတ်ချေ။
သို့သော်လည်း လက်ရှိတွင် လက်စားပြန်ချေနိုင်မည့် အခွင့်အရေး မရှိတော့ချေ။ လက်စား ပြန်ချေဖို့ရာ မဆိုထားနှင့် အကုန်လုံး လုံလုံခြုံခြုံ ပြန်ဆုတ်နိုင်ဖို့ရာပင် မသေချာပါချေ။
“အစ်ကိုရန် ဘာတွေဖြစ်နေလို့ ဒီမှာ လူတွေအများကြီး စုအုံနေတာလဲ” ဝေကုချန်းက မေးလိုက်သည် “တိုက်ပွဲ ဖြစ်နေတာလား။ တိုက်ပွဲဖြစ်နေရင် ပြောနော်၊ ဒီဝေ ဝင်ကူပေးမယ်။ အဆင့်ချိုးဖျက်ထာတာ မကြာသေးတော့ ခွန်အား ဘယ်လောက် တိုးတက်လာလဲ စမ်းချင်နေတာ။ ဒါပေမယ့် အခွင့်အရေးက မရဘူး ဖြစ်နေတယ်”
ဝေကုချန်း၏ စကားကို ကြားလိုက်သည့်အခါ ဆံနီ လူအိုကြီး၏ အမူအရာ ပို၍ မည်းမှောင်သွားခဲ့ရလေသည်။
“ဟားဟား” ရန်ကိုင်က ရယ်မောလျက် “ဘာမှ ဒီလောက်ကြီး မဟုတ်ပါဘူးကွာ။ အချို့လူတွေက ကိုယ့်အကြောင်း ကိုယ်မသိ ငါ့နေရာကို သူတို့ အပိုင်ဆိုပြီး လာလုပ်ချင်နေကြတာလေ”
“နေရာလုတာလား” ဝေကုချန်း မျက်ခုံးပင့်လိုက်ပြီး လှောင်ပြောင်ဟန်ဖြင့် “ရိုင်းလိုက်တာ။ အဲ့လူတွေ ဘယ်သူတွေလဲ။ ဘယ်သူတွေ ဒီရတနာမြေကို လိုချင်နေတာလဲ။ ဒီနေရာကို လိုချင်ရင် ငါသဘောတူမတူ မေးဖို့ လိုသေးတယ်ဆိုတာ မသိကြတာလား”
ပြောရင်း ဝေကုချန်းသည် ဆံနီလူအိုကြီးအား ရက်စက်သည့် အကြည့်ဖြင့် စိုက်ကြည့်လိုက်လေသည်။
ထိုအဖြစ်အပျက်ကြောင့် ဆံနီလူအိုကြီး ထိတ်လန့် တုန်လှုပ်သွားခဲ့သည်။ အခြေအနေကို နားလည်လိုက်သည်နှင့် အလျင်အမြန်ပဲ လက်သီးဆုပ်၍ “တူလေးဝေ နားလည်မှု လွဲနေပြီနဲ့တူတယ်။ အဖြစ်အပျက်က အဲ့လို မဟုတ်ပါဘူး။ ဒီလူအိုကြီးရဲ့ တပည့် စကားပြော မှားသွားတာပါ။ ဘာပြဿနာမှ မရှိပါဘူး။ အကုန်လုံး နားလည်မှုလွဲတာ သက်သက်ပါပဲ”
လူအိုကြီးသည် မည်သည့်အချိန်တွင် ရှေ့တိုးရမည်၊ မည်သည့် အချိန်တွင် နောက်ဆုတ်ရမည်ကို ကောင်းကောင်း သိထားသည်။ သူ့ဂိုဏ်း၏ အတော်ဆုံးတပည့် သေသွားသည်ကို ဂရုမစိုက်သည့်နှယ် ပြောနေသည့်ပုံမှာ...
“နားလည်မှုလွဲတာ” ဝေကုချန်းသည် လူအိုကြီးမှ ထိုမျှ အလွယ်တကူ မလွှတ်ပေးချေ။ အပိုင်းပိုင်း ခုတ်ထစ်ခံထားရသော အလောင်းကို လက်ညိုးထိုးလျက် “နားလည်မှုလွဲတာဆိုရင် ဘာလို့ လူတွေပါ သေနေရတနာလဲ”
လူအိုကြီး၏ မျက်လုံး မှေးစဉ်းသွားခဲ့သည်။ ချက်ချင်းပဲ ထပ်ပြောရပြန်လေသည် “တူလေးရန် စိတ်ချထားလိုက်၊ ဒီသောက်ရူးက အနေအထိုင်မတတ်လို့ သေသွားတာ။ သူသေသွားတာ ဘာမှ ဝမ်းနည်းနေစရာ မရှိဘူး။ ဒီရတနာနယ်မြေကို မညစ်ပတ်အောင် ဒီလူအိုကြီးရဲ့ တပည့်တွေကို ရှင်းခိုင်းလိုက်မယ်”
ဝေကုချန်း မျက်လုံးမှေးစဉ်းသွားပြီး ဆံနီလူအိုကြီးအား ခဏကြာသည်အထိ စိုက်ကြည့်နေသည်။ ခဏကြာသွားမှသာ ရယ်သွမ်းသွေးလျက် ရန်ကိုင်ဘက်သို့ လှည့်၍ “အစ်ကိုရန်၊ မင်းဘယ်လိုထင်လဲ”
“နားလည်မှုလွဲတာ ဆိုမှတော့ ထားလိုက်ပါတော့။ ဒါပေမယ့် နောက်တစ်ကြိမ် ဒီလိုထပ်ပြီး နားလည်မှုလွဲမယ် ဆိုရင်တော့ အခုလို ပြီးသွားတော့မှာ မဟုတ်ဘူးနော်” ရန်ကိုင်က ဆံနီ လူအိုကြီးကို ပြုံးပြီးကြည့်လိုက်သည်။
“တူလေးရဲ့ စကားကို ဒီလူအိုကြီး သေချာ မှတ်ထားလိုက်ပါတယ်။ တပည့်တွေကိုလည်း နောက်အခုလို မလုပ်ဖို့ သေချာ ဆုံးမထားလိုက်ပါမယ်” ဆံနီလူအိုကြီး ခေါင်းညိတ်လိုက်သည်။ ဝေကုချန်းနှင့် ရန်ကိုင်တို့ နောက်ထပ် ဘာမှ ထပ်မပြောတော့သည်ကို မြင်သော် လူအိုကြီးသည် သူ့တပည့်များအား အလောင်းကို ရှင်းလင်းခိုင်းလိုက်လေသည်။ ထို့နောက် လက်သီးဆုပ်နှုတ်ဆက်၍ ထိုနေရာမှ အလျင်အမြန် ထွက်ခွာလာလိုက်သည်။
တဖြည်းဖြည်း ဝေးကွာသွားသော ထိုလူအုပ်ကြီးကို ကြည့်ရင်း ဝေကုချန်းက မျက်မေဝှာင်ကြုတ်လျက် “အစ်ကိုရန်၊ အဲ့မြေခွေးအိုကြီးကို သတိထားနော်။ ဒီလို အရှက်ခွဲတာကို သည်းခံနိုင်တယ် ဆိုကတည်း အဲ့လူ လွယ်လွယ်နဲ့ လက်လျော့မှာ မဟုတ်ဘူး”
“ငါသိတယ်။ နောက်မှ ငါ့ဘာသာငါ ရှင်းလိုက်မယ်” ရန်ကိုင်က ပြံး၍ ပြန်ပြောလိုက်သည်။
“ဒီဝေလည်း အစ်ကိုရန် မတားချင်ပါဘူး။ ဒါပေမယ့် အရိပ်လခန်းမရဲ့ လက်ရှိ အခြေအနေကို အစ်ကိုရန်လည်း သိတာပဲ။ တစ်ယောက်ယောက်သာ ဒီအခွင့်အရေးကို အသုံးချပြီး အရိပ်လခန်းမကို ပြဿနာ ရှာလာရင်...”
“ငါသိတယ်။ အစ်ကိုဝေ စိတ်မပူနဲ့” ဝေကုချန်း ဘာပြောချင်လဲ ဆိုသည်ကို ရန်ကိုင် ကောင်းကောင်း နားလည်သည်။ ဝေကုချန်းသာ အချိန်မှီ ရောက်မလာခဲ့လျှင် အရိပ်လခန်းမအတွက် ပြဿနာတက်မည် ဆိုသည့်တိုင် ရန်ကိုင် ထိုလူအားလုံးကို သတ်မိပေလိမ့်မည်။ မတော်တဆ ပြဿနာ သေးသေးလေးသည် အရိပ်လခန်းမအတွက် ပြဿနာ အကြီးကြီး ဖြစ်သွားနိုင်သည်။ ထို့အပြင် ဝေကုချန်းကိုယ်တိုင် လာတားခြင်း ဖြစ်သဖြင့် ရန်ကိုင်လည်း သူ့ကို မျက်နှာသာ ပေးရပေမည်။
“ကဲကဲ၊ အဲ့အကြောင်းထားလိုက်ကြတော့။ အထဲ သွားကြရအောင်” ရန်ကိုင်က ရယ်သွမ်းသွေးလျက် ဝေကုချန်းနှင့် အခြားသူများကို ဦးဆောင်၍ အထဲသို့ ခေါ်သွားလေသည်။
အထဲသို့ ရောက်ပြီး သပ်သည်းလှသည့် မိုးမြေစွမ်းအင်ကို ခံစားမိလိုက်သည့်အခါ ဝေကုချန်းက ချီးမွမ်းစကား ဆိုလိုက်သည် “အစ်ကိုရန်ရဲ့ နေရာက တကယ် အံ့ဩစရာကောင်းတာပဲ။ ဒီနေရာက အရိပ်လခန်းမရဲ့ အကောင်းဆုံး နေရာတွေနဲ့တောင် ယှဉ်လို့ရနေပြီ”
“အစ်ကိုဝေက ကိုယ့်ကိုယ်ကို အရမ်း နှိမ့်ချနေတာပဲ။ နဂါးလိုဏ်ဂူတောင်မှာ လူနည်းနည်းလေးပဲ ရှိတာ။ ဘယ်လိုလုပ်ပြီး အရိပ်လခန်းမနဲ့ ယှဉ်လို့ရမှာလဲ။ ဒီနေရာ အခုလို မိုးမြေစွမ်းအင် သိပ်သည်းနေတယ်ဆိုတာ ကျင့်ကြံတဲ့လူ နည်းနည်းလေးပဲ ရှိလို့လေ”
“ရှူခင်းတွေကလည်း လှလိုက်တာ။ စီနီယာအစ်ကိုနဲ့ ကျွန်မ ဒီမှာ ခဏလောက် လာအနားယူလို့ မကြာခဏ ပြောကြသေးတယ်။ ကျွန်မတို့လာရင် စီနီယာအစ်ကိုရန် ကြိုဆိုမယ်မလားဟင်” တုန်ရွှမ်းအား သူမ၏ နှုတ်ခမ်းလေးကို ကွေးလျက် ပြောလိုက်သည်။
“ဟားဟား” ရန်ကိုင်က သည်းလှိုက်အူလှိုက် ရယ်မောလျက် “ညီမရွှမ်းအာက အချက်ပြနေတာလား။ ညီမရွှမ်းအား လာမယ်ဆိုရင် ငါကျိန်းသေ တံခါးပွင့်ထားပေးမှာ။ နဂါးလိုဏ်ဂူတောင်က ညီမရွှမ်းအာတို့ကို အမြဲတမ်း ကြိုဆိုတယ်”
ထိုစကားကို ကြားလိုက်သည့်အခါ တုန်ရွှမ်းအာ ရှက်သွေးဖြာသွားသည်။ လျှာလေးတစ်လစ်တစ်လစ် ထုတ်လျက် အရှက်ပြေဟန်ဆောင် နေစဉ်မှာပဲ တစ်ခုခုကို မြင်လိုက်ပြီး အလန့်တကြား ထအော်မိလေသည်။
ဝေကုချန်းလည်း ထိုထူးဆန်းသည့် အရာကို မြင်လိုက်ပြီး ရန်ကိုင်ကို မေးလိုက်သည် “အစ်ကိုရန်၊ မင်းဆီမှာ အသိစိတ်ရှိတဲ့ အပင်တစ်ပင် တကယ်ကြီး ရှိနေတာလား”
သူတို့ မြင်လိုက်သည်မှာ အခြားမဟုတ်၊ နတ်ဘုရား သစ်ပင်ပင် ဖြစ်လေသည်။ နတ်ဘုရားသစ်ပင်သည် ၎င်းကို ရန်ကိုင် အနက်ရောင်စာအုပ်ထဲမှ ထုတ်ပေးလိုက်သည့် အချိန်မှ စ၍ နဂါးလိုဏ်ဂူတောင်တွင် နေနေခြင်း ဖြစ်သည်။ ၎င်းတွင် လှုပ်ရှားသွားလာရန် ခြေထောက်များ မရှိသော်လည်း ဖြည်းဖြည်းချင်းတော့ လှုပ်ရှားနိုင်ပေသည်။ ထို့ကြောင့် မကြာခဏ တစ်နေရာမှ တစ်နေရာသို့ ရွေ့ပြောင်းသွားလာနေတတ်သည်။ ၎င်း၏ အမြစ်များကို အသုံးပြု၍ နတ်ဘုရားသစ်ပင်သည် တစ်နေရာမှ တစ်နေရာသို့ ဖြည်းဖြည်းချင်း ရွေ့နိုင်ပေသည်။
သစ်ပင်ပင်စည် နေရာတွင် ရွံ့တွနေသည့် မျက်နှာကြီး တစ်ခု ရှိနေသည်။ အသံဗလံများကို ကြားလိုက်သည့်အခါ နတ်ဘုရား သစ်ပင် ရပ်သွားခဲ့သည်။ ၎င်း၏ သစ်ရွက်များကို လှုပ်ခါလိုက်ပြီး ခဏအကြာတွင် တုန်ရွှမ်းအာနှင့် တိုက်ယွမ်ဆီသို့ သစ်ကိုင်း နှစ်ကိုင်း ဆန့်ထွက်လာခဲ့သည်။
သစ်ကိုင်းတစ်ကိုင်းစီတွင် ရွှေရောင်တောက်နေသော အသီးလေး တစ်လုံးစီ ရှိနေခဲ့သည်။ သစ်ပင်ပင်စည်ထက်ရှိ မျက်နှာအိုကြီးက ပြုံးလျက် တုန်ရွှမ်းအာနှင့် တိုက်ယွမ်တို့အား လက်ဆောင် အသီးသီး ပေးလိုက်သည်။
“ဒါက...” တုန်ရွှမ်းအားနှင့် တိုက်ယွမ်တို့ အကြည့်ချင်း ဖလှယ်လိုက်သည်။ နှစ်ယောက်စလုံး အံ့အားသင့်မိနေမိကြပြီ။ သို့သော် အလျင်အမြန်ပဲ အသီးများကို လက်ခံယူလိုက်ပြီး ကျေးဇူးတင်စကား ဆိုလိုက်လေသည်။
ရန်ကိုင်လည်း ထိုအဖြစ်အပျက်ကြောင့် အံ့ဩနေမိသည်။ နတ်ဘုရားသစ်ပင် ဤသို့လုပ်သည်ကို ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။ အံ့ဩနေမိသော်လည်း စိတ်ထဲတွင် အလွန် ပျော်နေမိသည်။ နတ်ဘုရားသစ်ပင်၏ လက်ရှိ အပြုအမူသည် သူယခင်ထက် ပို၍ အသိဥာဏ်ရှိလာပြီ ဖြစ်ကြောင်း ပြသရာ ရောက်နေသည် မဟုတ်ပေလော။
အသီးနှစ်လုံး ပေးပြီးနောက် နတ်ဘုရားသစ်ပင်သည် သူ့အမြစ်များဖြင့် ဖြည်းဖြည်းချင်း ရှေ့သို့ ဆက်သွားလေသည်။
ဝေကုချန်းက မဲ့ရယ်ရယ်လျက် မှတ်ချက်ချလိုက်သည် “ဒီအပင်က တကယ်ကို အထီးအမ ခွဲခြားတာပဲကွ။ မိန်းကလေး နှစ်ယောက်ကျ လက်ဆောင်ပေးပြီး ငါ့ကျတော့ ဘာမှ မပေးဘူး”
ထိုစကားကို ကြားသည့်အခါ အကုန်လုံး ပွဲကျသွားခဲ့သည်။
နတ်ဘုရားသစ်ပင်၏ အသီးများသည် သိပ်မထူးခြားသော်ငြား ယခုကဲ့သို့ ပထမဆုံးအကြိမ် ရဖူးသည့် လက်ဆောင် ဖြစ်သောကြောင့် သေချာ သိမ်းထားလိုက်သည်။
ရန်ကိုင်လည်း ခေါင်းတရမ်းရမ်းနှင့် ဦးဆောင်၍ ရှေ့သို့ ဆက်သွားလေသည်။
ရန်ကိုင်တို့ ရယ်မောပျော်ရွှင်နေကြချိန် ဆံနီလူအိုကြီး ဦးဆောင်သည့် ပင်လယ်နှလုံးသားဂိုဏ်းမှ တပည့်များမှာမူ လွန်စွာကိုမှ စိတ်ညစ်၊ ဒေါသထွက်နေကြလေသည်။ သူတို့ ဂိုဏ်းတူဦးလေး ရောက်လာသည့် အချိန်အတွက် ဟိုက်ကျန်း အတွက် လက်စားချေနိုင်တော့မည် ထင်ခဲ့သော်လည်း လက်တွေ့ အဖြစ်အပျက်သည် သူတို့ ထင်ထားသည်နှင့် တလွဲစီ ဖြစ်သွားခဲ့သည်။ လက်စား မချေနိုင်သည့်အပြင် စော်ကားမှုကိုလည်း မျိုသိပ်သည်းခံခဲ့ရသည်။
ရုတ်တရက် သူတို့ရှေ့တွင် တန်ခိုးရှင်အဆင့် ကျင့်ကြံသူ တစ်ယောက် ရုတ်တရက် ပေါ်လာခဲ့သည့် အတွက်ကြောင့် ဆံနီလူအိုကြီး ပို၍ ဒေါသပုန်ထသွားရသည်။ ဝေကုချန်းရှေ့တွင် သူ့ကိုယ်သူ နှိမ့်ချခဲ့သော်လည်း အခြားသူများရှေ့တွင် ထိုကဲ့သို့ လုပ်မည်ဟု မဆိုလိုချေ။ မပြောမဆိုနှင့် သူ့လမ်း လာပိတ်သည့် လူတစ်ယောက်ကို လူအိုကြီး ဒေါသမထွက်ဘဲ ဘယ်နေမည်နည်း။
ထိုလူ သူ့အပေါ် မကောင်းသည့် ရွယ်ရွယ်ချက် မရှိမှန်းသာ မသိခဲ့လျှင် ဒေါသထွက်ထွက်နှင့် တိုက်ခိုက်မိပေလိမ့်မည်။
“ရောင်းရင်း ဘာကိစ္စရှိလို့ ကျုပ်လမ်းကို ပိတ်ထားတာလဲ” ဆံနီလူအိုကြီးက ဒေါသကို မြိုသိပ်ထားရင်း အေးစက်စက် လေသံဖြင့် မေးလိုက်သည်။
“စိတ်လျှော့ပါဦး ရောင်းရင်းချွေ့၊ ကျုပ်က ရန်သူမဟုတ်ဘူး၊ မိတ်ဆွေပဲ” ထိုလူက ပြုံးလျက် ပြောလိုက်သည်။
“မင်းငါဘယ်သူလဲ သိတာလား”ဆံနီလူအိုကြီး အနည်းငယ် နိုးနိုးကြားကြား ဖြစ်သွားသည်။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၃၆၉)
“ပင်လယ်နှလုံးသားဂိုဏ်းက ဒီနေရာနဲ့ ဝေးတယ် ဆိုပေမယ့် အားနည်းတဲ့ ဂိုဏ်းတစ်ဂိုဏ်းမှ မဟုတ်တာ။ ဒါကြောင့် အဲ့ဂိုဏ်း အကြောင်း နည်းနည်းပါးပါးလောက် သိထားတာ ဘာဆန်းလို့လဲ။ ပြီးတော့ ပင်လယ်နှလုံးသားဂိုဏ်းမှာ ဆံပင်အနီနဲ့ အကြီးအကဲ ဆိုလို့ အကြီးအကဲချွေ့ပဲ ရှိတာကို အစ်ကိုချွေ့ကို ကျုပ်မမှတ်မိဘဲ ဘယ်နေပါ့မလဲ”
ထိုလူပြောသည်ကို ကြားပြီးသည့်အခါ ဆံနီလူအိုကြီး၏ စိုးရိမ်စိတ် အနည်းငယ် လျော့ပါးသွားခဲ့သည်။ သို့သော်လည်း အပြည့်အဝကြီးတော့ စိတ်အေးသွားခြင်း မရှိသေးဘဲ ဆက်၍ မေးလိုက်သေးသည် “မင်းဘယ်သူလဲ”
“ငါ့မျိုးရိုးနာမည်က ရှဲ့” ထိုလူက ပြုံး၍ ပြောလိုက်သည်။
“မျိုးရိုးနာမည်ရှဲ့။ မင်းဘာလို့ ငါ့လမ်းကို ပိတ်ထားတာလဲ” ဆံနီလူအိုကြီး မျက်မှောင်ကြုတ်သွားသည်။
မျိုးရိုးနာမည်ရှဲ့နှင့် ကျင့်ကြံသူ အနည်းငယ် မျက်မှောင် ကြုတ်သွားခဲ့သည်။ သို့သော် ခဏလောက် စဉ်းစားပြီးနောက် ပြန်မေးလိုက်သည် “အစ်ကိုချွေ့တို့ အဝေးကြီးကနေ လာခဲ့ရမှာပေါ့၊ ဒီကို ရောက်နေတာ ဘယ်လောက် ကြာပြီလဲ”
“သုံးရက်ပဲရှိသေးတယ်။ အဲ့ဒါ မင်းနဲ့ ဘာဆိုင်လို့လဲ” ထိုလူ၏ မေးခွန်းများကြောင့် ဆံနီလူအိုကြီး ခေါင်းရှုပ်လာခဲ့ရလေပြီ။ ထိုလူသည် သူ့နာမည် အပြည့်အစုံကို ပြောရန် မဆိုထားနှင့် လာရင်းကိစ္စကိုပင် မပြောသေးသဖြင့် ဆံနီလူအိုကြီး စိတ်ထဲ သင်္ကာမကင်း ဖြစ်လာခဲ့ရသည်။ တစ်ချိန်တည်းတွင် စိတ်လည်း သိပ်မရှည်ချင်တော့ပေ။
“အဲ့ကိုလိုး။ အစ်ကိုချွေ့ ဒီကို ရောက်တုန်းက ဒီနားမှာရှိတဲ့ အင်အားစုတွေ အကြောင်းကို သေချာ မစစ်ဆေးထားဘူးနဲ့ တူတယ်၊ ဟုတ်တယ်မလား” မျိုးရိုးနာမည်ရှဲ့ ဆိုသည့် လူကြီးက ပြုံး၍ မေးလိုက်သည်။
ဆံနီလူအိုကြီးက အေးစက်စက် အမူအရာဖြင့် နှာခေါင်းရှုံ့လျက် “မင်းဘာပြောချင်နေတာလဲ။ ပြောမယ်ဆိုလည်း ရှင်းရှင်းလင်းလင်း ပြောကွာ”
မျိုးရိုးနာမည်ရှဲ့နှင့် ကျင့်ကြံသူက ရယ်သွမ်းသွေးလျက် “စကားကြောရှည်သွားရင် တောင်းပန်ပါတယ် အစ်ကိုချွေ့၊ ကျုပ်ပြောချင်တာက အစ်ကိုချွေ့ရဲ့ တပည့် ကျားမြီးသွားဆွဲတဲ့ အကြောင်းကိုပါ”
“ကျားမြီးသွားဆွဲတာ” ဆံနီလူအိုကြီး မျက်လုံးမှေးစဉ်းသွားပြီး “ကျားမြီးသွားဆွဲမိရအောင် အဲ့တောင်က ဘာမို့လို့လဲ”
မျိုးရိုးနာမည်ရှဲ့နှင့် ကျင့်ကြံသူက ပြန်ရှင်းပြလိုက်သည် “အဲ့တောင်သခင်က အကြီးအကဲချင်းတုန်နဲ့လည်း ရင်းနှီးတယ်၊ မြို့ခသင်ဖေးကျီတုနဲ့လည်း တစ်နည်းနည်း ပက်သက်နေတယ်လို့ ကောလဟာလတွေ ထွက်နေတယ်၊ တန်ခိုးရှင် ပထမအဆင့် ကျင့်ကြံသူကိုတောင် သတ်နိုင်တယ်လို့ ကျုပ်ပြောရင် အစ်ကိုချွေ့ ယုံမှာလား”
“ဘယ်လို” ထိုစကားကို ကြားလိုက်သည့်အခါ ဆံနီလူအိုကြီး ဖြူဖတ်ဖြူလျော် ဖြစ်သွားပြီး အနည်းငယ် တုန့်ဆိုင်းနေသည့် အမူအရာဖြင့်ပြန်မေးလိုက်သည် “မင်းတကယ် ပြောနေတာလား”
“ကျုပ်လိမ်နေတယ်လို့ ထင်လို့လား”
“အဲ့လိုဆိုရင်တောင် သူ့ငါ့တို့ဂိုဏ်းရဲ့ ထိပ်တန်းတပည့်ကို သတ်ထားတာ၊ ဘယ်လိုမှ အလွတ်ပေးလို့ မရဘူး” ဆံနီလူအိုကြီးသည် စိတ်ထဲတွင် စိုးရိမ်နေမိသော်လည်း ပျော့ညံ့သည့် အမူအရာ တစ်ချက်ကလေးမှ လုပ်မပြချေ။ မျိုးရိုးနာမည်ရှဲ့ ပြောသွားသည့် အကြောင်းအရာမှာ အတော်လေး ထိတ်လန့်ဖွယ် ကောင်းသော်လည်း လူသေပြီးသည့် အဆင့်ထိ ရောက်ပြီးမှဖြင့် ဤကိစ္စကို ဤအတိုင်း မည်သို့မှ ကြေးအေးလိုက်၍ မဖြစ်ချေ။
ဤကိစ္စကို မရှင်းနိုင်ဘဲ ဂိုဏ်းဆီ မည်သည့်နည်းနှင့်မျှ ပြန်သွား၍ မဖြစ်ချေ။
“ဟားဟား။ ဒီရှဲ့လည်း အစ်ကိုချွေ့နဲ့ ရည်ရွယ်ချက်ချင်း အတူတူပဲ” မျိုးရိုးနာမည်ရှဲ့နှင့်လူက ရယ်မောလျက် “အမှန်အတိုင်း ပြောရရင် အဲ့ကောင်လေး သတ်လိုက်တဲ့ တန်ခိုးရှင်အဆင့် ကျင့်ကြံသူက ကျုပ်တို့ ရှဲ့မိသားစုကပဲ။ ဒါကြောင့် အဲ့ကောင်နဲ့ ကျုပ်တို့ ရှဲ့မိသားစု အကြော မတည့်တာ”
“အို” ဆံနီလူအိုကြီးသည် တစ်ခုခုကို နားလည်သွားသည့် အလား အံ့အားသင့်တကြီး မျက်ခုံးပင့်လိုက်မိသည်။ ထို့နောက် သူ့ရှေ့ရှိလူကို သေချာစိုက်ကြည့်၍ တုန့်ဆိုင်းတုန့်ဆိုင်းဖြင့် မေးလိုက်သည် “အရိပ်လခန်းမထဲမှ ရာထူးမြင့်တဲ့ ရှဲ့မိသားဝင် တစ်ယောက်ရှိတယ်။ ခင်ဗျားက...”
“ရှဲ့လီက ကျုပ်ဝမ်းကွဲပဲ” မျိုးရိုးနာမည်ရှဲ့နှင့် လူက အသာအယာ ပြုံးလိုက်သည်။
ထိုစကားကို ကြားလိုက်သည့်အခါ ဆံနီလူအိုကြီး ပျော်သွားပြီး မာမာထန်ထန် အမူအရာမျိုး လုပ်ပြမနေတော့ဘဲ ယဉ်ယဉ်ကျေးကျေး လက်သီးဆုပ် ဦးညွှတ်၍ “ရိုင်းပြမိသလို ဖြစ်သွားရင် အစ်ကိုရှဲ့ကို တောင်းပန်ပါတယ်ဗျာ”
“မလိုပါဘူး” မျိုးရိုးနာမည်ရှဲ့နှင့်လူက သူ့လက်ကို ဝှေ့ရမ်း၍ “အစ်ကိုချွေ့နဲ့ တပည့်တွေက ဧကရာဇ်ဥယျာဉ်ကို စောင့်ကြည့်ဖို့ နေစရာနေရာ လိုက်ရှာနေကြတာမလား။ စိတ်ထဲမရှိဘူးဆိုရင် ဘာလို့ ကျုပ်တို့ ရှဲ့မိသားစုဆီမှာ လာမနားတာလဲ။ ကျုပ်တို့မှာ နေရာလွတ်တွေ အများကြီးရှိသေးတယ်”
“အဲ့လိုဆိုတော့ ကျုပ်တို့အတွက် ပိုအဆင်ပြေသွားတာပေါ့။ ဒါဆိုရင် ခင်ဗျားတို့ ရှဲ့မိသားစုကို ဒုက္ခပေးပါဦးမယ်နော်” ဆံနီ လူအိုကြီး ပျော်ရွှင်စွာ ပြုံးလိုက်သည်။ အစက နေစရာနေရာ ရှာမတွေ့မည်ကို စိုးရိမ်နေသော်လည်း တစ်ယောက်ယောက်သည် သူတို့အား သူတို့၏ နေရာတွင် လာနေပါဟု ဖိတ်ခေါ်နေခဲ့သည်။
ထို့အပြင် ဖိတ်ခေါ်နေသည့် လူသည် နဂါးလိုဏ်ဂူတောင်မှ ကောင်လေးနှင့် ရန်ငြိုးရန်စရှိသူ ဖြစ်သည်။ ရန်သူ၏ ရန်သူသည် မိတ်ဆွေဖြစ်သဖြင့် သူ့အား လာရောက်ဖိတ်ခေါ်သည်မှာ အထူးအဆန်းတော့ မဟုတ်ပါချေ။ ရှဲ့မိသားစုသည် ထိုကောင်လေးကို လက်စားချေရန်အတွက် သူ့အား အသုံးချရန် ကြိုးစားနေမှန်း ဆံနီလူအိုကြီး သိသော်ငြား ဂရုမစိုက်ပါချေ။
“အစ်ကိုချွေ့က နှိမ့်ချလွန်းနေတာပဲ။ ခင်ဗျားတို့တွေကို ကျုပ်တို့ ကြိုဆိုပါတယ်ဗျာ။ ကဲလာ၊ သွားရင်နဲ့မှ ပြောကြတာပေါ့။ ကျုပ်လည်း အရင်ကတည်းက အဆုံးမဲ့သမုဒ္ဒရာဘက်ဆီ သွားလည်ချင်နေတာ၊ အခွင့်အရေး မရလို့။ အခု အစ်ကိုချွေ့နဲ့ တွေ့ပြီဆိုတော့ အစ်ကိုချွေ့ဆီက စိတ်ဝင်စားရာ သတင်းလေ၊ ဇာတ်လမ်းလေးတွေ ကြားရတော့မှာပေါ့” မျိုးရိုးနာမည်ရှဲ့နှင့် ကျင့်ကြံသူက ပြောလိုက်လေသည်။
“ကြွပါ” ဆံနီလူအိုကြီးက ယဉ်ယဉ်ကျေးကျေး ခေါင်းညိတ်လိုက်ပြီး သူ့တပည့်များကို ဦးဆောင်၍ ရှဲ့မိသားစု ခြံဝန်းဆီသို့ သွားတော့လေသည်။
ဟိုအကြောင်း၊ ဒီအကြောင်း နည်းနည်းပါးပါး ပြောပြီးနောက် ဆံနီလူအိုကြီးသည် ရန်ကိုင်အကြောင်း မေးမြန်းကြည့်လိုက်သည်။ ရန်ကိုင်အား ချင်းတုန်မှ ကျောထောက်နောက်ခံ ပြုထားပေသည့် အကြောင်း ကြားလိုက်သည့်ရသည့်အခါ ဆံနီလူအိုကြီး၏ အမူအရာ မှုန်ကုတ်သွားခဲ့ရသည်။ ရှဲ့မျိုးရိုးကျင့်ကြံသူ ပြောသည်စကားသာ အမှန်ဖြစ်သည် ဆိုပါက ထိုကောင်လေးကို လက်စားပြန်ချေဖို့ အတော်လေး ခက်သွားပေလိမ့်မည်။
ထို့အပြင် ရှဲ့မိသားစုသည် အရိပ်လခန်းမ၏ လက်အောက်ခံ မိသားစုတစ်ခု ဖြစ်သည်။ သူတို့အနေဖြင့် နဂါးလိုဏ်ဂူတောင်ကို သွားရောက် ရန်စဖို့ရာ သင့်မှ သင့်တော်လေသလော။
ဆံနီလူအိုကြီး မည်သည့်အရာအား စိုးရိမ်နေသလဲ ဆိုသည်ကို နားလည်သည့်အလား၊ ရှဲ့မျိုးရိုး ကျင့်ကြံသူက အရိပ်လခန်းသည် ရှဲ့မိသားစုနှင့် ထိုကောင်လေးကြား ရန်စတွင် ဝင်ပါမည် မဟုတ်သည့် အကြောင်းကို ပြောပြလိုက်သည်။ ထိုစကားကို ကြားလိုက်သည့် အခါမှပဲ ဆံနီလူအိုကြီး စိတ်သက်သာရာ ရသွားခဲ့လေသည်။ ရှဲ့မိသားစုနှင့် ပူပေါင်းဖို့ ရွေးချယ်လိုက်သည်မှာလည်း မှန်သွားသည်ဟု တွေးလိုက်မိ၏။ သူတို့နှင့် ရှဲ့မိသားစုသာ ပူးပေါင်းလိုက်မည် ဆိုပါက ထိုတောင်လေးကို နင်းခြေဖို့ရာ ဘယ်လောက်များ ခက်တော့မည်နည်း။
ထိုအကြောင်းကို စဉ်းစားမိလိုက်သည့်အခါ ဆံနီလူအိုကြီး စိတ်လှုပ်ရှားမိသွားသည်။
.................
ထိုအတောအတွင်း ရန်ကိုင်သည် ဝေကုချန်းနှင့် အခြားသူများကို ဧည့်ခံနေခဲ့လေသည်။ အကုန်လုံး အသီးသီး ထိုင်လိုက်ကြပြီးနောက် ဝူရီက ဝေကုချန်းတို့အတွက် အသီးပန်ကန်များ၊ လက်ဖက်ရည်အိုးများ လာချပေးလေသည်။
ဝူရီ ပြန်ထွက်သွားပြီးနောက် ဝေကုချန်းနှင့် တုန်ရွှမ်းအာက ရုတ်တရက် ထရပ်၍ “အစ်ကိုရန်ကို ဒီဝေနဲ့ ရွှမ်းအာ တကယ်ကို ကျေးဇူးတင်ပါတယ်”
“အစ်ကိုဝေ၊ ဘာလုပ်တာလဲ” ရန်ကိုင် ကြောင်သွားခဲ့ပြီး ချက်ချင်းပဲ ထိုနှစ်ယောက်ကို ထိုသို့မလုပ်ရန် ပြောလိုက်သည်။
ဝေကုချန်းက ပြုံးဖြီးလျက် “ဒီဝေ အသက်ရှင်လာတဲ့ သက်တမ်း တစ်လျှောက်လုံး အရိပ်ကြယ်ပေါ်က ဘယ်လူငယ် မျိုးဆက်ကိုမှ ဦးမညွှတ်ဖူးဘူး။ ချူချန်ဖုန်းနဲ့ ဖန်ကျန်းဇုံတို့တောင် ဒီဝေဦးညွှတ်ဖို့ မထိုက်တန်ဘူး။ အစ်ကိုရန် ဒီဝေ တကယ်ကို လေးစားရတဲ့ ပထမဆုံးနဲ့ တစ်ယောက်တည်းသော လူငယ်မျိုးဆက် တစ်ယောက်ပဲ”
ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့သည်။ သို့သော်လည်း ဝေကုချန်း ဘာကြောင့် ထိုသလို့လုပ်နေရသလဲ ဆိုသည်ကို အလျင်အမြန် နားလည်သွားကာ ချက်ချင်းပဲ ပြန်ပြောလိုက်သည် “အစ်ကိုဝေ မင်းဒီလိုတွေ လုပ်နေစရာ မလိုပါဘူးဗျာ။ အကြီးအကဲချင်းကို သွားကယ်တုန်းက ငါဘာမှ ဒီလောက်ကြီး လုပ်ခဲ့ရတာမှ မဟုတ်တာ။ အကြီးအကဲချင်းလည်း ပြောပြပြီးမှာပေါ့၊ ဟုတ်တယ်မလား။ ငါလုပ်ခဲ့ရတာဆိုလို့ မြို့သခင်လေးနဲ့ ဧကရာဇ်ဥယျာဉ်ထဲ လိုက်သွားခဲ့တာပဲ ရှိတာ။ မြို့သခင်ဖေးတို့အဖွဲ့သာ အစီအရင် တစ်မျိုးမျိုးကို မတော်တဆ အသက်သွင်းမိလိုက်တာကြောင့်သာ မဟုတ်ရင် ငါလည်း အဲ့ဧကရာဇ်ဥယျာဉ်မှာပဲ ပိတ်မိနေမှာ”
“ဟုတ်တော့လည်း ဟုတ်မှာပေါ့လေ။ ဒါပေမယ့် အစ်ကိုရန် ကြောင့်သာ မဟုတ်ရင် ချိုင်ဟဲနဲ့ တုစီစီတို့ နှစ်ယောက်စလုံး အဲ့မှာ သေခဲ့မှာ။ အဲ့နှစ်ယောက်သာ ဧကရာဇ်ဥယျာဉ်ထဲမှာ သေသွားခဲ့ရင် သူတို့ မိသားစုတွေက အရိပ်လခန်းမကို မကျေမနပ် ဖြစ်ကုန်ကြမှာ။ ဘာပဲဖြစ်ဖြစ်၊ ငါနဲ့ ရွှမ်းအာ အစ်ကိုရန်ကို တကယ် ကျေးဇူးတင်ပါတယ်”
ထိုမျှပြောပြီးသည့်တိုင် ထိုနှစ်ယောက်က ကျေးဇူး တင်ချင်နေသေးလေရာ ရန်ကိုင်လည်း မတားတော့ချေ။ ထိုသို့ လုပ်လျှင် မရင်းနှီးရာ ရောက်ပေလိမ့်မည်။ သို့သော်လည်း တိုက်ယွမ် ထိုအကြောင်းကို ကြားလိုက်သည့်အခါ ရန်ကိုင်အား အံ့အားသင့်နေသည့် အမူအရာဖြင့် လှည့်ကြည့်လိုက်လေသည်။ ရန်ကိုင် ဧကရာဇ်ဥယျာဉ်ထဲ ရောက်ဖူးလိမ့်မည်ဟု တစ်ခါမှ မထင်ထားခဲ့သည့်ပုံပင်။
“အဲ့တုန်းက ငါတို့နှစ်ယောက်စလုံး ကျင့်ကြံခြင်းကို တည်ငြိမ်အောင် လုပ်နေလိုက်တော့ အပြင်ဘက်မှာ ဘာတွေ ဖြစ်နေလဲဆိုတာ လုံးဝ မသိလိုက်ဘူး ဖြစ်သွားတယ်။ အပြင် ထွက်လာတုန်း အခြားလူတွေ ပြောနေတာကို မတော်တဆ ကြားလိုက်တာကြောင့်သာ မဟုတ်ရင် အဲ့အကြောင်းကို ငါတို့ သိဦးမှာ မဟုတ်ဘူး” ဝေကုချန်းက စိတ်ဓါတ်ကျနေသည့် အမူအရာဖြင့် ပြောလိုက်သည်။
သူသည် ဂိုဏ်းချုပ်၏ တပည့်ဖြစ်ပြီး ချင်းတုန်၏ တပည့် မဟုတ်သော်လည်း နှစ်ပေါင်းများစွာကြာအောင် ချင်းတုန်ဆီမှ ဂရုစိုက်မှုများစွာ ခံယူရရှိခဲ့ပြီးနောက် ချင်းတုန်သည် ဝေကုချန်းအတွက် အလွန်ကိုမှ အရေးကြီးသော လူတစ်ဦး ဖြစ်လာခဲ့သည်။ ချင်းတုန် ဒုက္ခရောက်နေချိန်တွင် သူ့ဘက်မှ ဘာမှ မကူညီပေးနိုင်ခဲ့သည့်အတွက် သူ့စိတ်ထဲ အပြစ်ရှိသလို ခံစားနေခဲ့ရသည်။
“အရိပ်လခန်းမက အကြီးအကဲတွေ မင်းတို့အတွက် အဲ့လိုလုပ်ခဲ့တာ။ အဆင့်ချိုးဖျက်ပြီးတာမှ မကြာသေးဘူး၊ ကျင့်ကြံခြင်းကိုတောင် တည်ငြိမ်အောင် မလုပ်ရသေးတာကို မင်းတို့ကို အဲ့အကြောင်းပြောလိုက်ရင် မင်းတို့စိတ်တွေ မတည်မငြိမ် ဖြစ်သွားမှာပေါ့။ ဒါနဲ အစ်ကိုဝေ ဘာလို့ ငါ့ဆီ ရုတ်တရက်ကြီး လာလည်တာလဲ” ရန်ကိုင်က ချက်ချင်းပဲ ခေါင်းစဉ်ပြောင်းလိုက်သည်။
“ဘာမှမဟုတ်ပါဘူး။ ဒီအတိုင်း ဖိတ်စာလာပို့တာ” ဝေကုချန်းက ရယ်သွမ်းသွေးလျက် တုန်ရွှမ်းအားကို ခေါင်းညိတ် ပြလိုက်သည်။
တုန်ရွှမ်းအာသည် သူမ၏ သိုလှောင်လက်စွပ်ထဲမှ ရွှေရောင် ဖိတ်စာတစ်စောင်ကို ချက်ချင်း ထုတ်ပေးလိုက်လေသည်။
“ဖိတ်စာလို့ ပြောလိုက်တာလား။ ဘာလဲ။ အစ်ကိုဝေနဲ့ ညီမရွှမ်းအာတို့က မင်္ဂလာ ဆောင်တော့မလိုလား” ရန်ကိုင်က ရယ်သွမ်းသွေးလျက် စနောက်လိုက်သည်။
တုန်ရွှမ်းအာ ရှက်သွားပြီး လျှာလေးထုတ်လျက် ချက်ချင်း တိုက်ယွမ်ဆီသို့ ထွက်ပြေးသွားလေသည်။
ဝေကုချန်းကမူ ပြုံးဖြီးဖြီးဖြင့် “ကံမကောင်းစွာနဲ့ အဲ့ပွဲ မဟုတ်သေးဘူး။ ဒါပေမယ့် တစ်နေ့တော့ ရောက်လာလိမ့်မယ်။ အဲ့အခါကျရင် အစ်ကိုရန် ကျိန်းသေ တက်ရမယ်နော်။ အခု ငါတို့ ဒီနေ့ လာပို့တဲ့ ဖိတ်စာက သာမန်လူတွေ ရနိုင်တဲ့ ဖိတ်စာမျိုး မဟုတ်ဘူး”
ရန်ကိုင် မျက်ခုံးပင့်လိုက်ပြီး ဖိတ်စာကို ကြည့်လိုက်သည်။ ဖိတ်စာပေါ်ရှိ စကားလုံးကို မြင်ပြီးနောက် “ရတနာစံအိမ်လား”
“ဟုတ်တယ်။ ရတနာစံအိမ်က ဖိတ်စာပဲ” ဝေကုချန်းက ပြန်ထိုင်ချလိုက်ပြီး လက်ဖက်ရည်သောက်ရင်း ဖြည်းဖြည်းချင်း ရှင်းပြလိုက်သည် “ဒီဖိတ်စာက ရတနာစံအိမ်ရဲ့ နောက်လာမယ့် လေလံပွဲအတွက်ပဲ။ အစ်ကိုရန် လာမလား”
ရန်ကိုင် ချက်ချင်း ပြန်မဖြေခဲ့။ နောက်ဆုံးအကြိမ် လေလံပွဲတွင် ပစ္စည်းကောင်း တော်တော်များများ သူရခဲ့သည်။ ထို့ကြောင့် ယခုလေလံပွဲကိုလည်း သူစိတ်စားနေမိသည်။ သို့သော် သွားကိုသွားရမည့် အခြေအနေမျိုးလည်း မဟုတ်ချေ။ ယခု အချိန်ကြီး ရတနာစံအိမ် ဘာကြောင့် လေလံပွဲ ရုတ်တရက်ကြီး ကောက်ကျင်းပရသနည်း။
“သူတို့တွေက ကောင်းကင်ကံကြမ္မာမြို့မှာ ကျင်းပမှာလား” ရန်ကိုင် ပို၍ အံ့အားသင့်သွားခဲ့သည်။ ရတနာစံအိမ်၏ လေလံပွဲအကြောင်း သူသိထားသလောက်အရ ရတနာစံအိမ်သည် ၎င်းတို့၏ လေလံပွဲများကို သုံလေးနှစ်တစ်ကြိမ် သို့မဟုတ် ဆယ်နှစ်တစ်ကြိမ် ကျင်းပလေ့ရှိသည်။ ကျင့်ပသည့် အခါတိုင်း မြို့အမျိုးမျိုးပြောင်းပြီး ကျင်းပလေ့ရှိသည်။
ကောင်းကင်ကံကြမ္မာမြို့တွင် သူတို့ လေလံပွဲ ကျင်းပသွားသည်မှာ သိပ်မကြာသေးချေ။ သို့သော်လည်း နောက်ထပ် လေလံပွဲတစ်ခု ထပ်ကျင်းပရန် ကြိုးစားနေပြန်သည်။ လက်ရှိ သူတို့၏ လုပ်ပုံမှာ သူတို့၏ ရိုးရာအစဉ်အလာနှင့် ကွဲပြားနေပေသည်။ သူတို့ လုပ်နေကျပုံစံအရ နောက်ထပ် နှစ်ပေါင်းများစွာ ကြာသည့်အခါမှသာ ကောင်းကင်ကံကြမ္မာမြို့၌ လေလံပွဲ ပြန်ကျင်းပရပေလိမ့်မည်။
“အရိပ်ကြယ်ပေါ်က အင်အားစုတွေ အကုန်လုံးလိုလိုက ဒီမှာ စုဝေးနေတာကို သူတို့ ဒီမှာပဲ ကျင်းပတော့မှာပေါ့။ အခြားမြို့မှာ သွားကျင်းပရင် ဘယ်သူက သဘောတူမှာလဲ” ဝေကုချန်းက ရယ်သွမ်းသွေးလျက် ပြန်ပြောလိုက်သည်။
ထိုရှင်းပြချက်အပေါ် ရန်ကိုင် ခေါင်းညိတ်မိလိုက်သည်။ အရိပ်ကြယ်ပေါ်ရှိ အင်အားစု အားလုံး လိုလိုသည် ကောင်းကင် ကံကြမ္မာမြို့တွင် ဧကရာဇ်ဥယျာဉ်ကို စောင့်ကြည့်ရန်အတွက် လာရောက် စုဝေးနေကြသည်။ ဤအခိုက်အတန့်ကို အခွင့်ရေး ယူ၍ လေလံပွဲကျင်းပသည်မှာ တကယ်ကောင်းသည့် အကွက်ရွေ့မှု ဖြစ်သည်။
ထို့အပြင် ဧကရာဇ်ဥယျာဉ် ပေါ်လာပြီးသည့်တိုင် ထိုထဲသို့ မည်သူမှ ဝင်မရသေးချေ။ ဧကရာဇ်ဥယျာဉ် မည်သည့်အချိန်မှ ဖွင့်မလဲ ဆိုသည်ကိုလည်း မည်သူမှ မသိကြချေ။ ထို့ကြောင့် ကျင့်ကြံသူများသည် ဧကရာဇ်ဥယျာဉ် မဖွင့်ခင် သူတို့၏ ခွန်အားကို တိုးမြှင့်ရန် ကြိုးစားနေကြသည်။ လေလံပွဲသည် သူတို့၏ ခွန်အားကို တိုးမြှင့်နိုင်သည့် ရတနာများ ရှာနိုင်သော အခွင့်အရေးတစ်ရပ် ဖြစ်ပေသည်။
ယခင်အခါကလည်း ရတနာစံအိမ်သည် သဲမီးတောက် နယ်မြေ ပွင့်တော့မည်ကို အခွင့်ကောင်းယူ၍ လေလံပွဲတစ်ကြိမ် ကျင်းပခဲ့ဖူးသည်။ ထိုစဉ်က သူတို့ လေလံပွဲ အမှန်တကယ်ကို အကျိုးအမြတ် များခဲ့ပေသည်။ ယခုတစ်ကြိမ်လည်း ရတနာစံအိမ် ထိုကဲ့သို့ ထပ်လုပ်ရန် ကြံနေခြင်း ဖြစ်သည်။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၃၇၀)
ရတနာစံအိမ် သူ့အား ဘာကြောင့် တကူးတကကြီး ဖိတ်ရသလဲ ဆိုသည်မှာလည်း ရှင်းပြရန် မခက်ပါချေ။
ယခင် လေလံပွဲတွင် ရန်ကိုင်သည် ပစ္စည်းကောင်း များစွာကို ယူဆောင်လာပေးသဖြင့် ရတနာစံအိမ် ကြီးကြီးကျယ်ကျယ် မြတ်သွားခဲ့ရသည်။ အခြားသူများ ထိုအကြောင်းကို သိမည် မဟုတ်သော်လည်း ရတနာစံအိမ်ကတော့ သိပေသည်။ ထို့အပြင် နဂါးလိုဏ်ဂူတောင်၏ ဘဏ္ဏာရေးအခြေအနေသည် လေလံပွဲ၌ ဝင်ပါရန် လုံးဝ ပြည့်မှီပေသည်။
“ဖိတ်စာကို စီနီယာယန်ပေး ကိုယ်တိုင် အကြီးအကဲချင်းကို ပေးလိုက်တာ။ အကြီးအကဲချင်းကနေတစ်ဆင့် ငါ့တို့ကို မင်းဆီ ပို့ခိုင်းလိုက်တာ။ အစ်ကိုရန် အချိန်ရှိရင် လာခဲ့လေ” ဝေကုချန်းက ရယ်ရယ်မောမောဖြင့် ပြောလိုက်သည်။
ယန်ဖေး ဆိုသည့် နားမည်ကို ကြားလိုက်သည့်အခါ ကောက်ကျစ်စဉ်းလဲဟန်ရသော မျက်နှာထားနှင့် လူအိုကြီးကို ရန်ကိုင် ပြန်အမှတ်ရလိုက်ပြီး ဝေကုချန်းကို မေးကြည့်လိုက်သည် “စီနီယာယန်ကိုယ်တိုင် ပေးခိုင်းတာဆိုတော့ ဒါက ဖိတ်စာ သက်သက်တင် မဟုတ်လောက်ဘူး။ အခြား ရည်ရွယ်ချက် တစ်ခုခုများ ရှိနေသေးတာလား”
ဝေကုချန်းက ပါးကိုပွတ်လျက် မဲ့ပြုံးပြုံးရင်း ခေါင်းခါကာ “ရွှမ်းအာ၊ ငါနင့်ကိုပြောပါတယ်။ အစ်ကိုရန်က အရမ်း ဥာဏ်ပြေးတဲ့လူပါလို့။ ငါတို့ မပြောဘဲနဲ့တောင် သူ့ဘာသာ သိနေပြီ”
တုန်ရွှမ်းအား ခါးသက်စွာ ပြုံးလိုက်သည်။
ရန်ကိုင်က ဝေးကုချန်းကိုကြည့်၍ ပြောလိုက်သည် “အစ်ကိုဝေ၊ ပြောစရာရှရင် ပြောသာပြောချလိုက်၊ ငါတို့တွေက သူစိမ်းတွေမှ မဟုတ်တာ၊ ဘာတွေ တုန့်ဆိုင်းနေတာလဲ”
ဝေကုချန်းလည်း ခဏလောက် တုန့်ဆိုင်းနေပြီးနောက် ပြောပြလိုက်လေသည် “စီနီယာယန်က ဒီဖိတ်စာနဲ့အတူ အခြား တစ်ခုပါ ပြောခိုင်းလိုက်တယ်။ အစကတော့ မပြောမိလို့ပဲ။ ဒါပေမယ့် အစ်ကိုရန် မေးလာမှတော့၊ ငါလည်း ပြောရတာပေါ့။ စီနီယာရန်က အစ်ကိုရန်ကို လေလံပွဲရဲ့ နောက်ဆုံးပစ္စည်းအချို့ ထောက်ပံ့ပေးစေချင်နေတယ်”
“လေလံပွဲရဲ့ နောက်ဆုံးပစ္စည်းလား” ရန်ကိုင်က ကြောင်သွားသည့် လေသံဖြင့် သံယောင်လိုက် မေးလိုက်သည်။ ထို့နောက် မဲ့ပြုံးပြုံးလျက် “ငါတို့ နဂါးလိုဏ်ဂူတောင်က တူးထုတ်လို့မကုန်တဲ့ ရတနာတွင်းကြီးများ သူမှတ်နေလား မသိဘူး။ အဲ့လောက် ရတနာအများကြီး ငါတို့ဆီမှာ ဘယ်လိုလုပ်ပြီး ရှိမှာလဲ”
ဝေကုချန်းကလည်း ကူကယ်ရာမဲ့စွာဖြင့် ပခုံးတွန့်လိုက်၏။ ထိုစကားမှာ ယန်ပေး ပြောခိုင်းလိုက်သည့်စကား ဖြစ်သည်။ အကြီးအကဲချင်နှင့် စီနီယာယန်ပေးတို့ ရင်းနှီးသည့် အတွက် ကြောင့်သာ မဟုတ်လျှင် သူကိုယ်တိုင် လာပြောမည် မဟုတ်ပေ။ ထို့ကြောင့် ပြန်၍သာ ပြောလိုက်သည် “ဒါဆိုရင် အစ်ကိုရန်မှာ နောက်ထပ် လေလံတင်စရာ ရတနာတွေ မရှိတော့ဘူးလို့ အကြီးအကဲချင်ကို ပြန်ပြောလိုက်မယ်နော်”
“အင်း” ရန်ကိုင် ခေါင်းညိတ်လိုက်သည်။ သူ့တွင် လေလံပွဲ၏ နောက်ဆုံးပစ္စည်းအဖြစ် အသုံးပြုနိုင်သည့် ရတနာများစွာ ရှိသော်ငြား ချမ်းသာလွန်းလျှင် အန္တရာယ်ကို ဖိတ်ခေါ်တတ်သည် ဆိုသော စကားကို ရန်ကိုင် ကောင်းကောင်း နားလည်ထားသည်။ ယခင်တစ်ခါက သူယူသွားခဲ့သော ရတနာအနည်းငယ်သည် အရိပ်ကြယ်ပေါ်ရှိ အင်အားစုကြီးများကြား ပြိုင်ဆိုင်မှုကို အရှိန်အဟုန် မြင့်တက်သွားခဲ့သည်။ ယခုတစ်ကြိမ်လည်း ရတနာများကို ထပ်ယူသွားဦးမည် ဆိုပါက မလိုလားအပ်သော အာရုံစိုက်မှုများကို ဖြစ်ပေါ်လာစေနိုင်ပေသည်။
ထို့ကြောင့် ယန်ယန်ကိုပင် သူ့ခွင့်ပြုချက်မရှိဘဲ မှော်ရတနာများ သွားရောင်းခွင့် မပြုတော့ချေ။ ထိုသို့ လုပ်ခြင်းသည် ကိုယ်မည်မျှ ချမ်းသာကြောင်း ထုတ်ကြွားနေသလို ဖြစ်နေသည်။
“ဒါပေမယ့်၊ ဒီလေလံပွဲကို အစ်ကိုရန် လာသင့်တယ်နော်။ အဲ့မှာ ပစ္စည်းကောင်းတွေ အများကြီးပါမှာ” ဝေကုချန်းက သည်းလှိုင်အူလှိုက် ရယ်မောလျက် ပြောလိုက်သည် “ဖိတ်စာထဲမှာ လေလံတင်မယ့် ပစ္စည်းတွေပါ ထည့်ရေးပေးထားသေးတယ်”
“အို” ထိုစကားကို ကြားလိုက်သည့်အခါ ရန်ကိုင် စိတ်ဝင်စားသွားပြီး ချက်ချင်း ဖိတ်စာကို လှန်ကြည့်လိုက်သည်။ ဝေကုချန်း ပြောသည့်အတိုင်း ဖိတ်စာ၏ အနောက်ပိုင်းတွင် လေလံတင်မည့် ပစ္စည်းများကို ပုံနှင့်တကွ ဖော်ပြထားကြောင်း တွေ့လိုက်ရသည်။
မှော်ရတနာများ၊ ဆေးလုံးများ၊ ကျင့်စဉ်များနှင့် အမျိုးမျိုးသော အဖိုးတန်ပစ္စည်းများ ပါဝင်ပေသည်။
ထိုလေလံတင်မည့် ပစ္စည်းများကို လှန်လှောကြည့်နေရင်း ရတနာစံအိမ်၏ ရတနာ စုဆောင်းနိုင်သည့်အပေါ် ရန်ကိုင် အံ့ဩမိရသည်။ အရိပ်ကြယ်၏ အကြီးမားဆုံးသော ကုန်သွယ်ရေး အဖွဲ့အစည်းဆိုသည့် ဂုဏ်သတင်းနှင့် တကယ်ကို ထိုက်တန်ပေသည်။ လေလံပွဲကြီး ကျင်းပပြီးသွားသည်မှာ နှစ်အနည်းငယ်သာ ကြာသေးသော်လည်း ပစ္စည်းကောင်း များစွာကို သူတို့ ထပ်မံ စုဆောင်းမိထားပြန်လေပြီ။ ထိုမျှ များပြားလှသော ရတနာများကို သူတို့ မည်သည့် နေရာမှ ရလာသလဲ ရန်ကိုင် တွေးတောမိလိုက်သည်။
လေလံတင်မည့် ပစ္စည်းများစွာသည် အတော်လေးကိုမှ အဖိုးတန်သော်လည်း ရန်ကိုင် အာရုံကို ဖမ်းစားနိုင်သည့် အဖိုးတန်ပစ္စည်း တစ်ခုမှ မတွေ့ခဲ့ရချေ။ သို့သော်လည်း လှန်ရင်း လှန်ရင်း နောက်ဆုံး စာမျက်နှာကို ရောက်သည့်အခိုက် ရန်ကိုင်၏ အကြည့် ရုတ်တရက် ပြောင်းလဲသွားပြီး စာမျက်နှာပေါ်ရှိ ပုံတစ်ပုံပေါ်တွင် အကြည့်စူးစိုက်သွားခဲ့သည်။ သူ့ရင်ထဲ ပျော်မိသွားသလို စိတ်လည်း လှုပ်ရှားမိသွားသည်။
ရန်ကိုင်မှာ ပျော်လွန်းသဖြင့် သူ့အမူအရာကိုပင် မဖုံးဖိနိုင်တော့ချေ။ ထို့ကြောင့် ဝေကုချန်းတို့လည်း ရန်ကိုင်၏ အမူအရာ ပြောင်းလဲသွားသည်ကို သတိပြုမိလိုက်သည်။ ထိုအခါ ဝေကုချန်းက ရယ်သွမ်းသွေးလျက် “ဘာလဲ၊ အစ်ကိုရန် လိုချင်တဲ့ ပစ္စည်းတစ်ခုခု တွေ့သွားလို့လား”
“အင်း၊ တကယ် တွေ့သွားတာ။ ရတနာစံအိမ်မှာ အဲ့လို ရတနာမျိုး ရှိနေလိမ့်မယ်လို့ ငါတကယ် မထင်ထားဘူး” ရန်ကိုင်က အမှန်အတိုင်း ပြောလိုက်သည်။ ထို့နောက် ဖိတ်စာကို ပြန်သိမ်းလျက် မေးလိုက်သည် “လေလံပွဲ ဘယ်တော့ စမှာလဲ”
“တစ်လနေရင် စလိမ့်မယ်။ နေရာကတော့ အရင်တစ်ခါနဲ့ အတူတူပဲ။ အစ်ကိုရန် သွားမယ်ပေါ့”
“ဒီလို ပွဲကြီးပွဲကောင်းကို လက်လွှတ်လိုက်လို့ ဘယ်ဖြစ်ပါ့မလဲ” ရန်ကိုက် ရယ်ရယ်မောမောနှင့် ပြန်ပြောသည်။
“ငါတို့ ငါမင်းလာမှာကို စောင့်နေမယ်နော်” ဝေကုချန်းက ပြုံးလျက် ပြောလိုက်သည်။
ထို့နောက် ဝေကုချန်းနှင့် တုန်ရွှမ်းအာတို့ ရန်ကိုင်နှင့် စကားအကြာကြီး ပြောခဲ့သည်။
နှစ်ယောက်သား စကားမပြောရသည်မျာ ကြာပြီဖြစ်သဖြင့် စကားလက်ဆုံ ကျနေခဲ့သည်။
နှစ်အနည်းငယ်သာ ကြာသေးသော်လည်း ရန်ကိုင်သည် တန်ခိုးရှင် တတိယအဆင့်သို့ ရောက်နေခဲ့လေပြီ။ တန်ခိုးရှင် အဆင့်သို့ ချိုးဖျက်ဝင်ရောက်ဖို့လမ်းနှင့် သိပ်မဝေးတော့ချေ။ ထို့ကြောင့် ဝေကုချန်းနှင့် တုန်ရွှမ်းအာတို့သည် တန်ခိုးရှင် အဆင့်သို့ သူတို့ ချိုးဖျက်ရာတွင် ကြုံတွေ့ခဲ့ရသည့် အတွေ့အကြုံများကို ပြန်လည် ရှင်းပြနေခဲ့လေသည်။
တိုက်ယွမ်သည်လည်း သူတို့ ရှင်းပြသည်ကို သေချာ အာရုံစိုက် နားထောင်နေခဲ့သည်။ သူမ နားမလည်သည့် အကြောင်းအရာများရှိလျှင် မေးတတ်သည်။ ဝေကုချန်းနှင့် တုန်ရွှမ်းအာတို့ကလည်း စိတ်ရှည်ရှည်ဖြင့် ရှင်းပြပေသည်။
နေ့ဝက်ကြာပြီးနောက် ဝေကုချန်းနှင့် တုန်ရွှမ်းအာတို့ ပြန်သွားကြသည်။ မသွားခင် တုန်ရွှမ်းအာသည် တိုက်ယွမ်အား အရိပ်လခန်းမသို့ လာရောက်လည်ပတ်ရန် ဖိတ်ခေါ်သွားသေး၏။
ဝေကုချန်းနှင့် တိုက်ယွမ်တို့ ထွက်သွားပြီးနောက် ရန်ကိုင် တိုက်ယွမ်အား ပြုံးပြလိုက်သည်။
တိုက်ယွမ်ကမူ ရန်ကိုင်အား ပြန်၍ စူးစူးရဲရဲ စိုက်ကြည့်လိုက်သည်။ ကျောက်ပေါက်မာတို့ဖြင့် ပြည့်နေသော သူမ၏ မျက်နှာ ရုတ်တရက် တွန့်လိမ်လာပြီး လုံးဝကို ခြားနားသော မျက်နှာတစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
ထိုရုတ်တရက် ပြောင်းလဲသွားမှုကြောင့် ရန်ကိုင် အနည်းငယ် ကြောင်သွားခဲ့သည်။ တိုက်ယွမ်က သူမ၏ ဆံပင်ကို နားသယ်နောက် သပ်တင်လိုက်ပြီး ယဉ်ကျေးသိမ်မွေ့ဟန်ရသော ဣန္ဒြေကြီးသည့် အမျိုးသမီးတစ်ယောက်နှယ် “ဒီရုပ်လေးက ပိုလှတယ်လို့ ဂျူနီယာမောင် မထင်ဘူးလား”
ရန်ကိုင်က တည်တည်တန့်တန့် အမူအရာဖြင့် ခေါင်းခါ၍ “ရုပ်လှတယ်၊ မလှတယ်ဆိုတာ ဒီလောက်ကြီး အရေးကြီးတာ မဟုတ်ဘူး။တကယ် အရေးကြီးတာက အတွင်းစိတ်ပဲ။ အပေါ်ယံ ရွှေမှုန်ကြဲ အထဲ နွားချေးခံတဲ့၊ ရုပ်ဘယ်လောက်လှလှ စိတ်ပုတ်နေရင် နွားချေးပုံကို ရွှေမှုန်ကြဲတာနဲ့ အတူတူပဲ”
ရန်ကိုင်၏ ကိန်းကြီးခန်းကြီးနိုင်သော စကားကြောင့် တိုက်ယွမ် ကြောင်တောင်တောင် ဖြစ်သွားရသည်။ အူတူတ အတတ အမူအရာဖြင့် ခေါင်းညိတ်တော့မည်အပြု ရန်ကိုင် ထပ်ပြောလိုက်သော စကားကြောင့် သူမ၏ စိတ်ကူး အထင်လေး တစ်စစီ ပြိုကွဲသွားရလေသည် “ဒါပေမယ့် မိန်းကလေးတိုက်ယွမ် ပြောတာမမှားဘူး။ ဒီရုပ်က ပိုဆွဲဆောင်မှုရှိတယ်။ ဘာပဲဖြစ်ဖြစ် လူတိုင်းက လှရင် ကြိုက်ကြတာပဲလေ”
တိုက်ယွမ် ရန်ကိုင်အား စူးရဲစွာ စိုက်ကြည့်လိုက်သည်။ သူမ၏ မျက်နှာ တွန့်လိမ်သွားပြီး ကျောက်ပေါက်မာများဖြင့် ပြည့်နေသော မျက်နှာအဖြစ်ကို ပြန်ပြောင်းသွားခဲ့သည်။
ရန်ကိုင် အစပိုင်း ပြောလိုက်သော စကားသည် သူမရင်ကို အမှန်တကယ် ထိမိသွားစေသည်။ သို့သော်လည်း ထိုစကားကို ကောင်းကောင်း မခံစားရသေးခင်မှာပဲ သူထပ်ပြောလိုက်သော စကားကြောင့် ပထမစကား၏ အနှစ်သာရ လုံးဝ ပျက်စီးသွားရသည်။
ရန်ကိုင်က ချောင်းဟန့်လျက် ခပ်မြန်မြန် ခေါင်းစဉ် ပြောင်းလိုက်သည် “ဟုတ်သားပဲ။ အစ်ကိုတိုက်ယွမ် ဘာလို့ ကျုပ်ဆီ ရုတ်တရက်ကြီး ရောက်လာတာလဲ။ တစ်ခုခု အကူအညီ တောင်းချင်လို့လား”
“ဘာလဲ။ ငါအကူအညီလိုမှ နင့်ဆီ လာရမှာလား။ ဒီအတိုင်းလေး လာလည်လို့တောင် မရဘူးလား။ ဒီအတိုင်း လာလည်ရင် ငါ့ကို မကြိုဆိုဘူးပေါ့” တိုက်ယွမ်က နှာခေါင်းရှုံ့လျက် ရန်ကိုင်အား ဆက်၍ စိုက်ကြည့်လိုက်သည်။
“ဘာလို့ မကြိုဆိုရမှာလဲ။ ကြိုဆိုတာပေါ့” သူစကား ထပ်မှားပြောလိုက်မိပြီမှန်း သိလိုက်သည့်အခါ ရန်ကိုင် ဘာပြောလို့ ဆက်ပြောရမှန်းမသိ ဖြစ်သွားခဲ့လေသည်။
သို့သော်လည်း တိုက်ယွမ်က ရုတ်တရက် ပြုံးလိုက်ပြီး “ငါနောက်နေတာ။ နင်ပဲ နောက်တတ်တဲ့လူလို့ ထင်နေတာလား။ ငါလည်း နောက်တတ်ပါတယ်နော်။ အမှန်အတိုင်း ပြောရရင် ငါနင့်ဆီက အကူအညီ လာတောင်းတာ”
ရန်ကိုင်က အလျင်အမြန်ပဲ ပြန်ပြောလိုက်သည် “ပြောလေ၊ ကျုပ်ကူညီနိုင်ရင် အကောင်းဆုံး ကူညီပေးမယ်”
တိုက်ယွမ်က ပွင့်ပွင့်လင်းလင်း ပြောလိုက်လေသည် “ငါတန်ခိုးရှင် အခြေတည်ဆေးလုံး တစ်လုံးလောက် လိုချင်တယ်”
တိုက်ယွမ်က ဆက်ရှင်းပြလိုက်သည် “အစကတော့ အချိန်ယူပြီး တန်ခိုးရှင်အဆင့်ကို ချိုးဖျက်ဖို့ ကြိုးစားဦးမလို့ပဲ။ ဒါပေမယ့် ဧကရာဇ်ဥယျာဉ်က ရုတ်တရက်ကြီး ပေါ်လာတော့ ငါဆက်ပြီး အချိန်မဆွဲချင်တော့ဘူး။ ဒါကြောင့် တန်ခိုးရှင် အခြေတည်ဆေးလုံး ဖော်စပ်ပေးဖို့ နင့်ဆီ လာအကူအညီ တောင်းတာ”
“ကိစ္စမရှိဘူး” ရန်ကိုင်က ယုံကြည်ချက်ရှိစွာ ပြုံးလိုက်သည်။ သူဆေးပညာရှင် တစ်ယောက် ဖြစ်သည်ဆိုသော အချက်ကို အရိပ်ကြယ်ပေါ်တွင် လူသုံးယောက်သာ သိထားသည်။ ယန်ယန်၊ ဝူရီနှင့် တိုက်ယွမ်တို့ပင် ဖြစ်လေသည်။ ရန်ကိုင်၏ လက်ရှိ အရည်အချင်းဖြင့် တန်ခိုးရှင်အခြေတည် ဆေးလုံးအား ဖော်စပ်ရမည်မှာ တကယ်ကို လွယ်ကူပေသည်။
တိုက်ယွမ်က ပျော်ရွှင်စွာ ပြုံးလိုက်ပြီး “လိုအပ်လောက်မယ့် ဆေးအမယ်တွေ အကုန်လုံးကို ငါပြင်ဆင်လာတယ်။ ကျန်တာကိုတော့ မောင်လေးရန်ကိုပဲ အားကိုးလိုက်မယ်နော်”
ပြောပြီးသည်နှင့် တန်ခိုးရှင်အခြေတည် ဆေးလုံး ဖော်စပ်ရန် လိုအပ်သော ဆေးအမယ်များကို သူမ၏ သိုလှောင်လက်စွပ်ထဲမှ ထုတ်လိုက်လေသည်။ ရန်ကိုင်က ဆေးပင်များကို လက်ခံ ယူထားလိုက်ပြီးနောက် “ဒီနေ့တော့ ခဏလောက် နားလိုက်ဦး။ ဆေးလုံးကို မနက်ဖြန်ရအောင် လုပ်ပေးမယ်”
“အင်း” တိုက်ယွမ် ခေါင်းညိတ်လိုက်သည်။
ရန်ကိုင်အတွက် တန်ခိုးရှင် အခြေတည်ဆေးလုံးကို ယခုချက်ချင်း ကောက်ဖော်စပ်ပေးလိုက်လို့ ရပေသည်။ အများဆုံးမှ အမွှေးတိုင်တစ်ချောင်းစာလောက်သာ ကြာပေလိမ့်မည်။ သို့သော် ထိုသို့ မလုပ်ခဲ့ပေ။
ဤသို့ဖြင့် ရန်ကိုင်နှင့် တိုက်ယွမ်တို့ ခဏလောက် စကား ဆက်ပြောနေလိုက်သည်။ တိုက်ယွမ်က ဧကရာဇ်ဥယျာဉ်ကို စောင့်ကြည့်ရန်အတွက် ဖန်သွေးရောင်ဂိုဏ်းမှ အဖွဲ့တစ်ဖွဲ့ကို ဤနေရာသို့ စေလွှတ်ထားကြောင်း၊ ထိုအဖွဲ့ထဲတွင် ဂျူနီယာညီမ ယင်စုတျယ်ပါကြောင်း ရန်ကိုင်ကို ပြောပြခဲ့သည်။
ယင်စုတျယ်သည် ဝေကုချန်းကဲ့သို့ တန်ခိုးရှင်အဆင့်ကို အောင်အောင်မြင်မြင် ချိုးဖျက်ဝင်ရောက်သွားခဲ့လေပြီ။ သို့သော် သူမ၏ ကျင့်ကြံခြင်းကို တည်ငြိမ်သွားအောင် မလုပ်ရသေးချေ။ ယင်စုတျယ် ရန်ကိုင်အပေါ် မကျေမနပ် ဖြစ်နေသည်ကို သိထားသည့် အတွက်ကြောင့် တိုက်ယွမ်က ရန်ကိုင်အား သတိပေးလိုက်ခြင်း ဖြစ်သည်။
ထိုစကားကို ကြားသည့်အခါ ရန်ကိုင် မျက်နှာ ထူးဆန်းသွားပြီး စားပွဲခုံကို လက်ညိုးဖြင့် တတောက်တောက် ခေါက်ရင်း အတွေးနက်သွားခဲ့သည်။ ယင်စုတျယ်သည် သူနှင့် သူမတို့ကြားမှ တိုက်ပွဲအကြောင်းကို ဖုံးကွယ်ထားခဲ့မှန်း ရန်ကိုင် ချက်ချင်း သတိပြုမိလိုက်သည်။
ထိုသို့ ဖုံးကွယ်ထာသည်မှာ သူ့အတွက် ပို၍ပင် ကောင်းပေသေးသည်။ ထို့နောက် တိုက်ယွမ်သည် ရုတ်တရက်ကြီး ပုံရိပ်တစ်ထောင်ဖန်တောင်အကြောင်း အစဖော်လာသည်။ သူမ၏ အဓိပ္ပါယ်ပါပါ အကြည့်ကြောင့် ရန်ကိုင် ကျောပြင်ထက် ချွေးအေးများ ဝေ့သီလာခဲ့ရလေသည်။
ကံကောင်းစွာဖြင့် ထိုအကြောင်းကို တစ်ချက်လောက်သာ ပြောပြီး နောက်ခေါင်းစဉ်တစ်ခုဆီ ပြောင်းသွားခဲ့သည်။
ထွက်လာပြီးသည့်နောက် ရန်ကိုင်သည် သူ့လိုဏ်ဂူရှေ့တွင် ရပ်လျက် အတွေးနစ်မြောသွားခဲ့သည်။
ရုတ်တရက် ယန်ယန် သူ့ဘေးတွင် ပေါ်လာပြီး မျက်မှောင် ကြုတ်လျက် မေးလိုက်သည် “သူ့လေသံကို ကြည့်ရတာ တစ်ခုခု သိထားတဲ့ပုံပဲ”
“အင်း။ အခြားသူတွေ မသိလောက်ပေမယ့် သူမသိဘူးလို့တော့ ပြောလို့မရဘူး။ ကျောက်တုံးရုပ်သေးရုပ်က သူ့တောင်ကနေ ပုံရိပ်တစ်ထောင်ဖန်တောင်ဆီ သွားတာလေ။ သဲလွန်စတွေကို ငါဖျက်ခဲ့တယ် ဆိုရင်တောင်မှ သူသေချာ စစ်ဆေးမယ်ဆိုရင် သိနိုင်သေးတယ်။ ပြီးတော့ သူက ပုံရိပ်တစ်ထောင်ဖန်ကျင့်စဉ်ကို ကျင့်ထားတဲ့လူ။ သူသာ ပုံရိပ်တစ်ထောင်ဖန်တောင်ကို စစ်ဆေးကြည့်လိုက်မယ်ဆို အဲ့ကနေ တစ်ခုခု သိနိုင်လောက်တယ်” ရန်ကိုင်က သုံးသပ်လိုက်သည်။
အမှန်ကို မသိသော်လည်း နည်းနည်းပါးပါးတော့ ခန့်မှန်းမိပေသည်။ ပုံရိပ်တစ်ထောင်ဖန်တောင်နှင့် ပက်သက်ပြီး တစ်ခုခု မှားယွင်းနေကြောင်း တိုက်ယွမ် သိရခြင်းမှာ သူမ ကျင့်ကြံထားသည့် ထူးခြားသော ကျင့်စဉ်ကြောင့် ဖြစ်ပေသည်။