← Chapters

အခန်း (၁၃၈၁-၁၃၈၅)

Vol. 56 Ch. 1381-1385

အခန်း (၁၃၈၁-၁၃၈၅)

Vol. 56 Ch. 1381-1385

အပိုင်း (၁၃၈၁)

ရန်ကိုင်သည် သူတော်စင်ဘုရင် တတိယအဆင့်သာ ရှိသေးသော်လည်း သူသည် တန်ခိုးရှင် ပထမအဆင့်သို့ ရောက်နေခဲ့လေပြီ။ တန်ခိုးရှင် ဒုတိယအဆင့် ပညာရှင် အများစုသည် သူ့ပြိုင်ဘက် မဟုတ်ဟု ပြောလျှင်ပင် ချဲ့ကား ပြောနေခြင်း မဟုတ်ပါချေ။ ထို့ကြောင့် သူ့ကိုယ်သူ အထင်ကြီးပြီး ရန်ကိုင်ကို အထင်သေးနေခြင်း ဖြစ်သည်။

ရန်ကိုင်အား တစ်ချက်ကလေးပင် မကြည့်ဘဲ ယန်ယန်အား လှမ်းကြည့်လိုက်သည်။

သို့သော်လည်း ယန်ယန်ကို မြင်လိုက်သည်နှင့် တစ်ပြိုင်နက် သွားခေါလေး၏ အမူအရာ တစ္ဆေသားရဲ တစ်ကောင်ကို မြင်လိုက်ရသည့်နှယ် အပြောင်းကြီးပြောင်းလဲသွားပြီး နောက်သို့ ဒယီးဒယိုင် ဆုတ်သွားခဲ့ရာ သူဝင်လာခဲ့သည့် တံခါးပေါက်နှင့် သွားဆောင့်လေသည်။ ထိတ်လန့်ကြောက်ရွံ့စွာဖြင့် မှေးနေသော မျက်ဝန်းအစုံကို ခပ်ကျယ်ကျယ်ဖွင့်လျက် ယန်ယန်အား လက်ညိုး တထိုးထိုးဖြင့် ရေရွတ်လိုက်လေသည် “ခင်ဗျား... ခင်ဗျား...”

“တူလေးကဲ၊ ဘာတွေဖြစ်နေတာလဲ” ယန်ပေးသည် တူလေးကဲဆိုသူအား အံ့ဩတကြီးဖြင့် ကြည့်လိုက်ပြီးနောက် ယန်ယန်အား လှမ်းကြည့်လိုက်သည်။ ယန်ယန်ကို မြင်လိုက်သည်နှင့် ထိုလူ တစ္ဆေသားရဲ တစ်ကောင်ကို မြင်သည့်နှယ် ဘာကြောင့် ထိတ်လန့်သွားမှန်းကို ယန်ပေး နားမလည်နိုင်အောင် ဖြစ်နေခဲ့သည်။

ရန်ကိုင်လည်း သင်္ကာမကင်းဖြစ်သွားပြီး ယန်ယန်ဘက်သို့ လှည့်၍ “နင်သူ့ကိုသိလား”

ယန်ယန်က ခေါင်းခါလိုက်ပြီး “ငါသူ့ကို တစ်ခါမှ မမြင်ဖူးဘူး”

“သူနင့်ကို တစ်ယောက်ယောက်နဲ့ အထင်မှာသွားတာလား” ရန်ကိုင် ပို၍ စိတ်ရှုပ်သွားခဲ့သည်။ ယန်ယန်သည် ပန်းပဲပညာနှင့် အစီအရင်ပိုင်းတွင် အလွန်ကိုမှ ကျွမ်းကျင်ဆရာကျသော်လည်း ဆင်ဆင်ခြင်ခြင် နေထိုင်တတ်သဖြင့် သူမတွင် မည်သည့် ရန်သူမှ မရှိလောက်ပါချေ။ သို့သော်လည်း သွားခေါလေး၏ အမူအရာ ထိုကောင် ယန်ယန်ကို အလွန်အမင်း ကြောက်ရွံ့နေမှန်း သိသာသည်။

“တူလေးကဲ” ယန်ပေး အကျယ်ကြီး အော်ခေါ်လိုက်၏။ သူ့အော်သံ စိတ်စွမ်းအင် ပါဝင်နေပြီး ထိုစိတ်စွမ်းအင်သည် မတည်မငြိမ် ဖြစ်နေသော သွားခေါ်လေး၏စိတ်ကို တည်ငြိမ်သွားအောင် ကူညီပေးလိုက်လေသည်။

ယန်ပေး၏ အကူအညီကြောင့် သွားခေါလည်း အတော်လေး အကြောက်ပြယ်သွားခဲ့သော်ငြား သူ့နဖူးထက် ချွေးအေးများ ဝေ့သီနေသေးပြီး မျက်နှာမှာလည်း ပြာနှမ်းနေခဲ့ပေသေးသည်။

ဘာတွေဖြစ်နေတာလဲ ရန်ကိုင် နားမလည်နိုင်တော့ချေ။ ထိုကောင်သည် ယန်ယန်လက်ချက်ကြောင့် ဒုက္ခကောင်းကောင်း ရောက်ခဲ့ရသည် ဆိုလျှင်ပင် ယန်ယန်ကို မြင်လိုက်သည်နှင့် ထိုမျှ ဆိုးဆိုးရွားရွား ဖြစ်သွားစရာမလိုပါချေ။ ထို့ပြင် ယန်ယန်ကလည်း သူ့ကို မသိဘူးဟု ပြောသည်။ ထိုလူသည် ယန်ယန်ကို အခြား တစ်ယောက်နှင့် အထင်မှားနေသည်မှာ သေချာသလောက် ရှိပေသည်။

ထိုကဲ့သို့ အကြောင်းပြချက်တစ်ခုကြောက် ကြောက်သေးပါမတတ် ကြောက်ရွံ့နေသည့် သွားခေါကို ကြည့်ပြီး ရန်ကိုင် ထိုလူကို အထင်သေးမိသွားသည်။

အသိပြန်ဝင်လာတော့မှပဲ မျိုးရိုးနာမည်ကဲဆိုသည် ကျင့်ကြံသူသည် သူ့နဖူးမှ ချွေးများကို လက်ဖြင့် သုတ်လိုက်၏။ သို့သော် ချွေးထွက်သည့်နှုန်းမှာ အလွန်ကိုမှ မြင့်လွန်းသဖြင့် လက်နှင့်ပင် မနိုင်တော့ဘဲ အင်္ကျီစကိုပါသုံးပြီး သုတ်ရတော့၏။ သူ့အင်္ကျီစလည်း ရေစိုသွားသည့်နှယ် အလျင်အမြန် စိုရွှဲသွားလေသည်။

ချွေးသုတ်နေရင်း ယန်ယန်ကို လှမ်းကြည့်သေးသည်။ သို့သော် ကြာကြာပင် မကြည့်ရဲပါချေ။ ခဏလောက် ကြည့်ပြီးသည်နှင့် ကြောက်ရွံ့တုန်လှုပ်စွာဖြင့် အလျင်အမြန် အခြား တစ်ဖက်သို့ လှည့်သွားလေသည်။

ထိုအခြင်းအရာကို မြင်သော် ယန်ယန် ပြုံးဖြဲဖြဲ ဖြစ်သွား၏။ ချက်ချင်း သွားပေါ်အောင်ပြုံးလျက် ထိုလူအား မမှိတ်မသုံ စိုက်ကြည့်လိုက်လေသည်။ သူမ၏ အကြည့်ကြောင့် မျိုးရိုးနာမည်ကဲဆိုသည့် ကျင့်ကြံသူ၏ ခြေထောက်များ တုန်တုန်ရင်ရင် ဖြစ်လာပြီး မျက်လုံးများမှာလည်း ကျီးကန်းတောင်းမှောက် အစာစားနေသည့် မျက်လုံးနှယ် ဖြစ်လာခဲ့လေသည်။ မျိုးရိုးနာမည်ကဲ ဆိုသည့်လူ ဤနေရာမှ မြန်မြန် ထွက်ပြေးချင်နေလေပြီ။

ထိုအရှက်တကွဲ အကျိုးနည်းပုံစံကို မြင်သော် ယန်ပေး ငိုရခက်၊ ရယ်ရခက် ဖြစ်သွားလေသည်။ ထို့ကြောင့် အလျင်အမြန်ပဲ လှမ်း၍ ပြောလိုက်သည် “တူလေးကဲ၊ ငါတို့ ဆက်ဆွေးနွေးဖို့ ရှိသေးတယ်နော်”

မျိုးရိုးနာမည်ကဲနှင့် ကျင့်ကြံသူသည် ရယ်ချင်နေသော်ငြား မရယ်နိုင်ဘဲ ငိုသည်ထက်ပင် ပို၍ အရုပ်ဆိုးသည့် အပြုံးတစ်ခုကို ညစ်ထုတ်လိုက်နိုင်ပြီး ယန်ယန်အား စကား အထစ်အထစ်ဖြင့် မေးလိုက်လေသည် “ဒီသခင်မလေးရဲ့ ကြီးကျယ်... မဟုတ်ဘူး၊ မဟုတ်ဘူး၊ လေးစားရပါသော နာမည်ကိုများ သိလို့ရပါမလား”

ထိုစကားလေး တစ်ခွန်း ပြောဖို့ရာအတွက် ရှိရှိသမျှခွန်အား အကုန်အစင်ကို အသုံးပြုလိုက်ရသည့်အလား၊ စိုးရိမ်တကြီး တံတွေးတစ်လုတ် မြိုချလိုက်လေသည်။

ထိုအခြင်းအရာကို မြင်သော် ယန်ပေး ဆွံ့အစွာဖြင့် နဖူးကိုသာ ပွတ်လိုက်မိသည်။

သူ့မိတ်ဆွေဟောင်း၏ တပည့်အကြောင်း နည်းနည်း ပါးပါးတော့ သူသိသည်။ ထိုလူငယ်လေးသည် သူ့ဆရာနှင့်အတူ ပြင်ပလောကကြီးနှင့် အဆက်ဖြတ်နေခြင်း ဖြစ်သည်။ ထို့ကြောင့် ပြင်ပအတွေ့အကြုံ သိပ်မရှိသော်လည်း သူ့အရည်အချင်းမှာ ဩချစရာပင်။ ထို့ကြောင့်ပဲ သွာခေါလေးသည် တန်ခိုးရှင် ပထမအဆင့်သာ ရှိသေးသော်လည်း သူ့ထက် အဆင့်မြင့်သည့် ကျင့်ကြံသူများကို အနိုင်ယူနိုင်ခြင်း ဖြစ်သည်။

ယခုတစ်ကြိမ် သူ့မိတ်ဆွေဟောင်းက သူ့တပည့်အား ဤတာဝန်ပေးလိုက်ချိန် သူ့တပည့်လေးသည် ကြုံတွေ့ခဲ့ရသမျှ ပြဿနာအားလုံးကို ခွန်အားသက်သက်ဖြင့် ဖြေရှင်သွားခဲ့သည်။

မျိုးရိုးနာမည်ကဲနှင့် ကျင့်ကြံသူသည် ကြောက်တတ်သည့် ကျင့်ကြံဿူတစ်ယောက် မဟုတ်ပါချေ။ သူ့ရုပ်မှာ နည်းနည်း ခြောက်ခြားစရာကောင်းသော်ငြား သူသည် ရဲတင်းသည့် လူတစ်ယောက် ဖြစ်သည်။ ယန်ပေးသည် သူ့မိတ်ဆွေဟောင်းကို မျိုးရိုးနာမည်ကဲနှင့် ကျင့်ကြံသူအား ရတနာစံအိမ်၏ အရေးကြီး ရာထူးတစ်ခုကို တာဝန်ယူခိုင်းဖို့ပင် တောင်းဆိုခဲ့သေးသည်။

ထို့ကြောင့် မျိုးရိုးနာမည်ကဲ၏ လက်ရှိပုံစံကို ယန်ပေး မယုံကြည်နိုင် ဖြစ်နေခြင်း ဖြစ်သည်။ ထိုမိန်းမငယ်လေးသည် အံ့အားသင့်စရာ နည်းလမ်းတစ်ခုခုကို ဖုံးကွယ်ထားလျှင်ပင် သွားခေါလေးအနေဖြင့် ထိုမျှ ကြောက်ရွံ့နေစရာ မလိုချေ။ ပိုဆိုးသည်ကား သွားခေါလေး ကြောက်နေသည့်လူမှာ ဘာမှ အန္တရာယ်မရှိ အပြစ်ကင်းစင်ဟန်ရသည့် မိန်းမငယ်လေး တစ်ယောက်ပင် ဖြစ်နေခြင်းပင်။

“ငါလား” ယန်ယန်က နှစ်လိုစွဲမယ်ဖွယ်ကောင်းစွာ ပြုံးလျက် “ငါ့နာမည်ကယန်ယန်၊ ရှင်ကျွန်မကို ပြောချင်တာ တစ်ခုခုများ ရှိလို့လား”

“ယန်ယန်...” မျိုးရိုးနာမည်ကဲနှင့် ကျင့်ကြံသူ တစ်ကိုယ်လုံး ပြင်းပြင်းထန်ထန် တုန်ခါသွားပြီး ဒူးများ ပျော့ခွေသွားလုမတတ် ဖြစ်သွားခဲ့သည်။ ထိုနာမည်ကို ထပ်တလဲလဲ ရေရွတ်နေပြီးနောက် ခါးကိုမတ်၊ လက်သီးကိုဆုပ်၍ ဦးညွှတ်လိုက်လေသည် “မလုပ်ရဲပါဘူး။ ကျုပ်နာမည်က ကဲချီပါ၊ ဒါပေမယ့် ကျေးဇူးပြုပြီး ရှောင်ချီလို့ပဲခေါ်ပါ”

ပြောနေရင်း အတတ်နိုင်ဆုံး ဖားဖားယားယား ပြုံးထား၏။ သို့သော်လည်း ခေါနေသောသွားကြောင့် သူ့အပြုံးမှာ ကြည့်ကောင်းနေခြင်းမရှိဘဲ ကြောက်ဖို့ပင် ကောင်းနေခဲ့သည်။

“ရှောင်ချီ” ယန်ယန် အသာအယာ ခေါင်းညိတ်လိုက်သည်။ ထို့နောက် ဆက်မပြုံးတော့ဘဲ အလေးအနက် အမူအရာဖြင့် အော်ခေါ်လိုက်သည် “ရှောင်ချီ”

“ဟုတ်ကဲ့” ကဲချီသည် ကြမ်းပြင်နှင့် မိတ်ဆက်လုမတတ် ဦးညွှတ်လိုက်ရင်း ချက်ချင်း ပြန်ထူးလိုက်သည်။

“ငါအဲ့လောက်တောင် ရုပ်ဆိုးနေတာလား” ယန်ယန်က ရိုးရိုးလေးသာ မေးလိုက်သည်။

သို့သော်လည်း ထိုစကားသည် ကဲချီနားထဲ ဗုံတစ်လုံး ပေါက်သွားသည့်နှယ်၊ သူ့မျက်နှာတစ်ပြင်လုံး သွေးဆုတ် ဖြူလျော်သွားခဲ့ပြီး ကမန်းကတန်း လက်ဝှေ့ရမ်း၍ “မဟုတ်ပါဘူး။ မဟုတ်ပါဘူး။ သခင်မလေးရဲ့ အလှက လစန္ဒာနဲ့ အလှဆုံးဆိုတဲ့ ပန်းလေးတွေရဲ့ အလှကိုတောင် မှေးမှိန်သွားအောင် လုပ်နိုင်ပါတယ်၊ ရုပ်ဆိုးတယ် စကားလုံးက သခင်မလေးရဲ့ အလှနဲ့ ဘယ်လိုမှ မအပ်စပ်ပါဘူး”

“အဲ့လိုလား” ယန်ယန်က မျက်လုံးပင့်၍ ထပ်မေးလိုက်သည် “အဲ့လိုဆို နင်ငါ့ကို မြင်လိုက်တာနဲ့ တစ္ဆေတစ်ကောင်ကို မြင်လိုက်သလို ဘာလို့ ဖြစ်သွားတာလဲ၊ နင့်ကြောင့် ငါကိုယ်ငါ အရမ်းများ ရုပ်ဆိုးနေသလားလို့တောင် တွေးမိသွားသေးတယ်”

ကဲချီ ပို၍ ကြောက်ရွံ့လာပြီး ငိုတော့မည့်ဟန်ဖြင့် ပြန်ပြောလိုက်လေသည် “အဲ့လို မဟုတ်ရပါဘူးဗျာ။ သခင်မလေး၊ သခင်မလေးက...”

“သခင်မလေးက ဘာလဲ” ယန်ယန်က ရုတ်တရက် လေးနက် တည်ကြည်သည့် အမူအရာဖြင့် မေးလိုက်ရာ သူမဆီမှ ကြီးကျယ်၊ ခမ်းနား မြင့်မြတ်သော အရှိန်အဝါတစ်ရပ် ဖြာထွက်လာခဲ့လေ၏။

ထိုမြင်ကွင်းကိုကြည့်ရင်း ရန်ကိုင်နှင့် ယန်ပေးတို့ နှစ်ယောက်လုံး ထိတ်လန့်နေခဲ့သည်။ အကြောင်းမှာ ယန်ယန်ဆီမှ ဖြာထွက်နေသော ခမ်းနားကြီးကျယ်မှုသည် တုပ၍လုပ်လို့ရသည့် အရာမျိုး မဟုတ်သည့် အတွက်ကြောင့်ဖြစ်သည်။ ထိုကြီးကျယ် မြင့်မြတ်မှုထဲ လူတစ်ယောက်ယောက်အား အလိုလို ဦးညွှတ်သွားစေနိုင်သည့် ကြောက်မက်ဖွယ်ရာ ဖိအားတစ်ရပ် ပါဝင်နေခဲ့သည်။ ထိုဖိအားအောက်ဝယ်၊ ယန်ပေးပင်လျှင် ပုရွက်ဆိတ်တစ်ကောင်နှယ် ခံစားလိုက်ရသည်။

ထိုမမြင်နိုင်သော ဖိအားနှင့် ယန်ယန်၏ ပုံစံကြောင့် ကဲချီ ပို၍ အဖြစ်ဆိုးသွားပြီး ဒူးများပျော့ခွေကျကုန်လေသည်။ ကံကောင်းစွာဖြင့် သူကြမ်းပြင်ပေါ်သို့ လဲမကျခင် ယန်ပေးမှ သူ့လက်ကို ဝှေ့ရမ်း၍ ကဲချီကို လှမ်းမထားပေးလိုက်နိုင်သည်။ ထို့နောက် ရန်ကိုင်ဘက်သို့ လှည့်၍ “မိတ်ဆွေလေးရန်၊ ဒါက...”

ရန်ကိုင်က အသာအယာ ခေါင်းညိတ်၍ ယန်ယန်ကို ကြည့်ကာ ပြောလိုက်သည် “ပြဿနာမရှာတော့နဲ့”

မည်သို့ပင် ဖြစ်ပါစေ၊ ကဲချီသည် တန်ခိုးရှင် ပထမအဆင့်သာ ရှိသေးသည်။ ကဲချီ ယန်ယန်အား ဘာကြောင့် ထိုမျှ ကြောက်နေလဲ ဆိုသည်ကို ရန်ကိုင် မသိသော်ငြား သူမအား ထိုကဲ့သို့ ဆက်ကစားခွင့်ပေး၍ မဖြစ်တော့ပေ။

ယန်ယန်က လျှာလေးတစ်လစ်တစ်လစ် ထုတ်လျက် နှုတ်ခမ်းလေးဆူကာ “သူ့ကိုယ်က အရမ်းကြောက်နေတာလေ”

ကြောက်တာ... ယန်ပေး မဲ့ပြုံးပြုံးလိုက်သည်။ ထိုတပည့်သည် ငကြောက်ထဲ မပါချေ။ သူယနေ့ ဤကဲ့သို့ ဖြစ်နေရခြင်းမှာ အကြောင်းအရင်းတစ်ခုခု ကျိန်းသေ ရှိရပေလိမ့်မည်။ သူဘာကြောင့် ထိုကဲ့သို့ ဖြစ်နေရသလဲ ဆိုသည်မှာတော့ ယန်ပေးပင် မသိသည့် ပုစ္ဆာတစ်ပုဒ် ဖြစ်သွားလေပြီ။

“ရောင်းရင်းကဲ” ရန်ကိုင်က မတ်တပ်ရပ်၍ လက်သီးဆုပ်ကာ ပြုံးလျက် ပြောလိုက်သည် “ကျုပ်စီနီယာအစ်မက နည်းနည်း အစအနောက်သန်တော့ အခုလိုမျိုး နောက်တတ်လို့ အစ်ကိုကဲ စိတ်မဆိုးဖို့ မျှော်လင့်ပါတယ်”

“စီနီယာအစ်မလား” ကဲချီ တောင့်တောင့်ကြီး ဖြစ်သွားသည်။ ရန်ကိုင်အား ကြည့်သည့် သူ့အကြည့်ထဲ အထင်သေးမှုတို့ ရုတ်ချည်း ပျောက်ကွယ်သွားခဲ့ပြီး ခေါင်းညိတ်၍ “ကျုပ်မလုပ်ရဲပါဘူး။ ရောင်းရင်းက အရမ်း ယဉ်ကျေးနေတာပဲ”

ရန်ကိုင် ကူကယ်ရာမဲ့စွာ ခေါင်းကုတ်လိုက်သည်။ ယန်ယန် ရှေ့ဝယ် ကဲချီဆိုသည်လူသည့် ကြောင်နှင့်တွေ့သည် ကြက်ကဲ့သို့ ဖြစ်နေခဲ့သည်။ ခဏလောက် စဉ်းစားနေပြီးနောက် ရန်ကိုင်က ပြောလိုက်သည် “ယန်ယန်၊ နင်ခဏ အပြင်ထွက်ပေးလို့ ရမလား၊ ငါရောင်းရင်းကဲနဲ့ ခဏလောက် ဆွေးနွေးချင်လို့”

“အို” ထိုစကားကို ကြားသော် ယန်ယန် မကျေမနပ်နှင့် နှုတ်ခမ်းလေးဆူလိုက်သည်။

“မလိုပါဘူး” ယန်ယန်အား အပြင်တွင် စောင့်ခိုင်းခြင်းသည် သူ့အပေါ် သေမိန့်ပေးလိုက်ခြင်းနှင့် တူသည့်အလား ကဲချီသည် သူ့လက်ကို ကမန်းကတန်း ဝှေ့ရမ်းလိုက်လေသည်။

ယန်ယန်လည်း ခေါင်းကိုက်လာရလေပြီ။ ထိုကောင်လေးကို နည်းနည်းလောက်သာ စလိုက်ခြင်း ဖြစ်သော်လည်း ဤမျှအထိ ဖြစ်သွားလိမ့်မည် မထင်ထားခဲ့ချေ။ မျိုးရိုးနာမည်ကဲဆိုသည့် ကျင့်ကြံသူအပေါ် ယန်ယန် သနားစိတ်ပင် ဝင်သွားမိသည်။

ကဲချီမှ သူ့အား တောင်းဆိုနေသည့် အကြည့်ဖြင့် ကြည့်နေသည်ကို မြင်သော် ရန်ကိုင် ခါးသက်စွာ ပြုံးလိုက်ပြီး ယန်ယန်အား တစ်ချက် ကြည့်လိုက်သည်။ ယန်ယန်လည်း ရန်ကိုင်ဘာပြောချင်သည်ကို နားလည်သည့်အလား သူမ မျက်နှာကို အနက်ရောင်ဝတ်ရုံဖြင့် လွှမ်းခြုံလိုက်ပြီး နောက်ဘက်တွင် တိတ်တိတ်လေး ထိုင်နေလိုက်လေသည်။

ထိုအခြင်းအရာကို မြင်သော် ကဲချီ သက်ပြင်းအမောကြီး ချလိုက်သည်။

“ရောင်းရင်းကဲလည်း ထိုင်ပါဦး” ရန်ကိုင်က အပြုံးဖြင့် နှုတ်ဆက်လိုက်သည်။

ကဲချီ ယန်ပေးအား လှမ်းကြည့်လိုက်သည်။ ယန်ပေး ခေါင်းညိတ်လိုက်သည်ကို မြင်သော် တုန့်ဆိုင်းတုန့်ဆိုင်းဖြင့် ထိုင်လိုက်လေသည်။ ကဲချီပုံစံမှာ အကြီးအကဲ တစ်ယောက်နှင့် တွေ့နေသည့် ဂျူနီယာတစ်ယောက်လို ဖြစ်နေခဲ့သည်။ လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါး ဖြစ်မနေဘဲ တစ်ကိုယ်လုံးရှိ အကြောအချဉ်များ တောင့်တင်းနေသလို ခန္ဓာကိုယ်မှာ ကျောက်ရုပ်ကြီးလို တောင့်တောင်ကြီး ဖြစ်နေသည်။

ရန်ကိုင်နှင့် ယန်ပေးတို့ နှစ်ယောက်လုံး ထိုအချက်ကို မြင်သော်လည်း ဘာမှတော့ မပြောခဲ့ကြပေ။

“စီနီယာယန် ပြောတာတော့ ကြယ်ဧကရာဇ်တံဆိပ်ပြားကို ရောင်းရင်းကဲ ယူလာတာဆို ဟုတ်လား” ရန်ကိုင်က ကဲချီကို မေးလိုက်သည်။

“ဟုတ်တယ်” ကဲချီ ယန်ယန်ဆီ မသိမသာ တစ်ချက် လှမ်းကြည့်ရင်း ခေါင်းညိတ်လိုက်သည်။ ထို့နောက် ဘာကြောင့်မှန်းမသိ စပြီး ရှင်းပြလေသည် “ရွေးစရာမရှိလို့ မဟုတ်ရင် ကျုပ်ဂိုဏ်းဘိုးဘေးလည်း ဒီကြယ်ဧကရာဇ်တံဆိပ်ပြားကို အလဲအထပ်လုပ်ဖို့ ဘယ်တော့မှ ဆုံးဖြတ်ခဲ့မှာ မဟုတ်ဘူး။ ဒါပေမယ့် ရွေးစရာမှ မရှိတော့တာ။ ဒါကြောင့် ဒါကို နားလည်ပေးပါ၊ ရောင်းရင်းယန်နဲ့ အစ်မယန်ယန်”

ထိုစကားကို ကြားပြီးနောက် ရန်ကိုင် တစ်ခုခုကို ရုတ်တရက် နားလည်သွားခဲ့သည်။

“ပြီးတော့ အစ်ကိုကဲက ကြယ်ဧကရာဇ်တံဆိပ်ပြားကို မီးစုန်း ဒါမှမဟုတ် ဝိဥာဉ်သန့်နတ်ရေစင်နဲ့ လဲချင်နေတယ်ဟုတ်” ရန်ကိုင်က ထပ်မေးသည်။

“ဟုတ်တယ်” ကဲချီက သတိထားလျက် ပြန်ဖြေသည်။

“ဒီယန်က ရောင်းရင်းကဲကို ဒီနေရာဆီ ခေါ်လိုက်ပေမယ့် ငါ့မှာ မီးစုန်းကော၊ ဝိဥာဉ်သန့်နတ်ရေစင် တည်နေရာနဲ့ ပက်သက်တဲ့ သတင်းကော မရှိဘူး”

“အဲ့ဒါဆိုလည်း အဆင်ပြေပါတယ်” ကဲချီက စိတ်အား ထက်သန်စွာဖြင့် ပြန်ပြောလိုက်သည် “ရောင်းရင်းရန်၊ ဒီကြယ်ဧကရာဇ်တံဆိပ်ပြားကို လိုချင်တယ်ဆိုရင် ဒီကဲ ဂိုဏ်းဘိုးဘေးကို လှမ်းအကြောင်းကြားလိုက်မယ်လေ။ ဂိုဏ်းဘိုးဘေးသာ သဘောတူမယ်ဆိုရင် ဒါကို ရောင်းရင်းရန်နဲ့... အစ်မယန်ယန်ဆီ ပေးလို့ရပါတယ်”

“အန်...” ရန်ကိုင် ကဲချီအား အံ့ဩတကြီး ကြည့်လိုက်ပြီး အလျင်အမြန် လက်ဝှေ့ရမ်း၍ “ဒီရန် အဲ့လို ပြောချင်တာ မဟုတ်ဘူး။ ဒီကြယ်ဧကရာဇ်တံဆိပ်ပြားထဲက နတ်ဘုရား စွမ်းရည်ကို သုံးပြီးသွားပြီဆိုပေမယ့် ဒီတံဆိပ်ပြားက ကြယ်တာရာ ကောင်းကင် မဟာဧကရာဇ်ကိုယ်တိုင် ဖန်တီးခဲ့တဲ့ တံဆိပ်ပြားတစ်ခု ဖြစ်နေတုန်းပဲ။ ဒီရန် ဒါကို အလကား မလိုချင်ပါဘူး။ ဒီရန် သိချင်တာက ရောင်းရင်းကဲရဲ့ ဂိုဏ်းဘိုးဘေး အသိစိတ်ပင်လယ်မှာ ပြဿနာ တစ်ခုခု ဖြစ်နေတာလား ဆိုတာပဲ”

ရန်ကိုင်၏ မေးခွန်းကို ကြားပြီးနောက် ယန်ပေး အံ့အားသင့်သွား၏။ ထိုကဲ့သို့သော ခန့်မှန်းချက်မျိုး ထုတ်နိုင်သည့် ရန်ကိုင်၏ စွမ်းရည်ကိုလည်း အတော်လေး အံ့အားသင့်သွားခဲ့ရသည်။ သူ့မိတ်ဆွေဟောင်း ထိုကြယ်ဧကရာဇ် တံဆိပ်ပြားအား ဘာကြောင့် အလဲအထပ် လုပ်ရသလဲ ဆိုသည်ကို ယန်ပေး သိပေသည်။

ပို၍ အံ့အားသင့်စရာကောင်းသည်ကား ကဲချီသည် ထိုအချက်ကို ဖုံးကွယ်ထားရန်ပင် မကြိုးစားပဲ ခေါင်းညိတ်ကာ ဝန်ခံလိုက်ခြင်းပင် “အစ်ကိုရန် ပြောတာ အမှန်ပဲ။ ကျုပ်ဘိုးဘေးက လွန်ခဲ့တဲ့ နှစ်ဝက်တုန်းက သောက်ကျင့်မကောင်းတဲ့ လူတစ်ယောက် အကောက်ကြံတာ ခံလိုက်ရပြီး အသိစိတ်ပင်လယ် အဆိပ်မိသွားခဲ့ရတယ်။ ဒါကြောင့်ပဲ အဲ့အဆိပ်ကိုဖြေဖို့ မီးစုန်း ဒါမှမဟုတ် ဝိဥာဉ်သန့် နတ်ရေစင်ကို လိုအပ်နေတာ။ အဲ့နှစ်ခုကပဲ အဆိပ်ကို ဖြေနိုင်စွမ်း ရှိတာလေ”

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၃၈၂)

“လတ်စသတ်တော့ အဲ့လိုကိုး” ရန်ကိုင် ခေါင်းညိတ်လိုက်ပြီး သိုလှောင်လက်စွပ်ထဲမှ ကျောက်စိမ်းပုလင်း တစ်ပုလင်းကို ထုတ်ကာ ကွေ့ချီလက်ထဲသို့ ထည့်ပေး၍ ပြောလိုက်သည် “ငါ့မှာ မီးစုန်းရော၊ ဝိဥာဉ်သန့်နတ်ရေစင်နဲ့ ပက်သက်တဲ့ တည်နေရာ အချက်အလက် နှစ်ခုစလုံး မရှိပေမယ့် ဒီဆေးလုံးက ရောင်းရင်းကဲရဲ့ သိုင်းဘိုးဘေး လိုအပ်နေတဲ့ အရာနဲ့ ကိုက်ညီမညီ တစ်ချက်လောက် စစ်ဆေးကြည့်ပါလား”

စကားနည်းနည်းပါးပါး ပြောပြီးသွားသည့်တိုင် ကဲချီ သတိကြီးကြီးထားနေသေးသည်။ သို့သော် သူ့စိတ်မှာမူ အတော်လေး တည်ငြိမ်သွားခဲ့လေပြီ။ ရန်ကိုင်အား သင်္ကာမကင်း အမူအရာဖြင့် တစ်ချက် လှမ်းကြည့်ပြီးနောက် ခေါင်းညိတ်၍ ကျောက်စိမ်းပုလင်းကို လက်ခံလိုက်သည်။

ကျောက်စိမ်းပုလင်းကို ဖွင့်လိုက်သည်နှင့် တစ်ပြိုင်နက် သင်းပျံ့သော ဆေးရနံ့တစ်မျိုး သူ့နှာခေါင်းဝထဲသို့ ဝင်ရောက်လာခဲ့သည်။ ကဲချီ စိတ်ထဲ အံ့အားသင့်မိသွားကာ မျက်မှောင်ကြုတ်မိလိုက်လေသည်။ အကြောင်းမှာ ထိုဆေးရနံ့ကို ရှုရှိုက်မိလိုက်သည်နှင့် တစ်ပြိုင်နက် သူ့ဝိဥာဉ် လန်းဆန်းသွားသလို ခံစားလိုက်ရသည့် အတွက်ကြောင့် ဖြစ်ပေသည်။

ဆေးလုံးကို ဆေးပုလင်းထဲမှ သွန်ချလိုက်ပြီးနောက် ကဲချီ မျက်လုံးပြူးသွားခဲ့ရသည်။

“ဒါက...” အနားတွင် ထိုင်နေသော ယန်ပေးလည်း ချက်ချင်း ကျောမတ်သွားပြီး ကဲချီ လက်ထဲရှိ ဆေးလုံးကို ထိတ်လန့်အံ့ဩ၊ မယုံကြည်နိုင်သည့် အမူအရာဖြင့် စိုက်ကြည့်လိုက်လေသည်။

ကဲချီသည် ပြင်ပလောကကြီးနှင့် ကင်းကွာနေခဲ့သော်လည်း တန်ခိုးရှင်အဆင့် ပညာရှင်တစ်ယောက် ဖြစ်သည်နှင့်အညီ ရတနာများစွာကို ကောင်းကောင်း အကဲဖြတ်နိုင်သေးသည်။

ထိုဆေးလုံး မည်မျှ ထူးခြားကြောင်း နှစ်ယောက်စလုံး မြင်ရုံနှင့် တန်းသိလိုက်သည်။

“တန်ခိုးရှင် အထွဋ်အထိပ်အဆင့် ဆေးလုံးလား” ယန်ပေး အလန့်တကြား ဆိုလိုက်သည်။ သူ့အသက်အရွယ်၊ အဆင့်အတန်း ကိုပင် ဂရုမထားနိုင်တော့ဘဲ ဆေးလုံးကို ကဲချီ လက်ထဲမှ အလျင်အမြန် လုယူလိုက်ပြီး ကိုယ်တိုင် စစ်ဆေးကြည့်လေသည်။

“တကယ်ကြီး တန်ခိုးရှင် အထွဋ်အထိပ်အဆင့် ဆေးလုံးဟ” ယန်ပေး မယုံကြည်နိုင် ဖြစ်နေသော လေသံဖြင့် ပြောလိုက်သည်။

“ဟုတ်တယ်။ တန်ခိုးရှင် အထွဋ်အထိပ်အဆင့် ဆေးလုံးပဲ။ အရောင်၊ အနံ့၊ ဆေးအာနိသင်၊ အကုန်လုံး တန်ခိုးရှင် အထွဋ်အထိပ်အဆင့် ဆေးလုံးမှာ ရှိသင့်တဲ့ အရည်အသွေးတွေ ချည်းပဲ” ယန်ပေးက အော်ပြောလိုက်သည်။

ယန်ပေး ဤကဲ့သို့ ဖြစ်နေသည်ကိုလည်း သွားအပြစ်တင်၍ မရ။ အရိပ်ကြယ်ပေါ်တွင် တန်ခိုးရှင် အထွဋ်အထိပ်အဆင့် ဆေးလုံးများသည် ဒဏ္ဏာရီလာ တည်ရှိမှုများ ဖြစ်ကြသည်။

အရိပ်ကြယ်ပေါ်တွင် အဆင့်အမြင့်ဆုံး ဆေးပညာရှင်သည် တန်ခိုးရှင်အဆင့်နိမ့်များသာ ဖြစ်ကြသည့်အတွက် တန်ခိုးရှင် အဆင့်နိမ့်အဆင့်ထက် ပိုမြင့်သော ဆေးလုံးများကို မြင်တွေ့ဖို့ရာ မဖြစ်နိုင်ပါချေ။ ထို့အပြင် ဆေးပညာရှင်တိုင်း ဆေးဖော်စပ်လျှင် အောင်မြင်ကြခြင်းမဟုတ်၊ အချို့ တန်ခိုးရှင်အဆင့်များ ဆိုလျှင် တန်ခိုးရှင်အဆင့်နိမ့် ဆေးလုံးများကို ဖော်စပ်ရာ၍ တစ်ရာ ရာခိုင်နှုန်း အောင်မြင်မည်ဟုပင် အတပ်မဆိုရဲကြပါချေ။

ရံဖန်ရံခါ ကံကောင်းပြီး အချို့ အကူနည်းပညာရပ်များဖြင့် တန်ခိုးရှင် အလယ်အလတ်အဆင့် ဆေးလုံးကို အောင်မြင်စွာ ဖော်စပ်နိုင်တတ်ကြသည်။ ထိုကဲ့သို့ ဖော်စပ်လိုက်နိုင်သော ဆေးလုံး အားလုံးဟာလည်း မိုးထိမတတ် ဈေးနှုန်းများဖြင့် ရောင်းချလိုက်ကြရလေသည်။

သို့သော်လည်း တန်ခိုးရှင် အထွဋ်အထိပ်အဆင့် ဆေးလုံးမူကား... ရှင်းရှင်းပြောရလျှင် အရိပ်ကြယ်ပေါ်ရှိ မည်သည့် ဆေးပညာရှင်မှ ထိုကဲ့သို့သော ဆေးလုံးမျိုးကို မဖော်စပ်နိုင်ကြချေ။

နှစ်ပေါင်းများစွာ ကြာသည့်တိုင်အောင် ရတနာစံအိမ်သည် ထိုကဲ့သို့သော အဆင့်ရှိ ဆေးလုံး လက်တစ်ဆုပ်စာလောက်သာ ရရှိခဲ့ဖူးသည်။ သို့သော် ထိုဆေးလုံးအားလုံးသည် ချွင်းချက်မရှိ ရှေးဟောင်းအပျက်အစီး နယ်မြေများထဲမှ ရရှိခဲ့ခြင်း ဖြစ်သည့် အတွက်ကြောင့် ၎င်းတို့၏ ဆေးအာနိသင် အများစုမှာ မရှိတော့ကုန်လေပြီ။ အကောင်းအတိုင်း ရှိနေသေးသော ထိုကဲ့သို့သော အဆင့်ရှိ ဆေးလုံးတစ်လုံးကိုတော့ ရဖူးသည်။ ထိုဆေးလုံးကို လေလံတင်လိုက်စဉ်က အင်အားစုကြီးများ မည်မျှ အပြိုင်အဆိုင် လေလံဆွဲကြသည်ကို ယန်ပေး သေသေချာချာ မှတ်မိပေသေးသည်။ နောက်ဆုံး တိုက်ပွဲများပါ ဖြစ်သည်အထိပင်။

ထိုလေလံပွဲတွင် အသက်ပေါင်းများစွာ ဆုံးရှုံးလုနီးပါး ဖြစ်ခဲ့သည်။ ထိုအကြောင်းကို ပြန်စဉ်းစားမိလိုက်တိုင်း ယန်ပေး တုန်တုန်ရီရီ ဖြစ်သွားရလေသည်။

နှစ်ပေါင်းများစွာကြာပြီးနောက် နောက်ထပ် တန်ခိုးရှင် တတိယအဆင့် ဆေးလုံးတစ်လုံးကို ထပ်မြင်ရပြန်လေပြီ။ ထိုဆေးလုံးသည် မည်သို့သော ဆေးအာနိသင်ကို ပိုင်ဆိုင်ထားပါစေ အထင်မသေးသင့်သော ဆေးလုံး အမျိုးအစားထဲ ပါဝင်ပေသည်။

သို့သော်လည်း ထိုဆေးလုံးကို ရန်ကိုင်က ယခုအချိန်မှ ထုတ်ပြလာသဖြင့် ဆေးအာနိသင် မည်ကဲ့သို့ ဖြစ်မလဲ ဆိုသည်ကို ယန်ပေး အတော်အတန် ခန့်မှန်းမိပြီးနေလေပြီ။

“ဒါ ဝိဥာဉ်သန့်ဆေးလုံးပဲ၊ စီနီယာယန်လည်း ကြားဖူးမှာပေါ့၊ ဟုတ်တယ်မလား” ရန်ကိုင်က ပြုံးလျက် လက်ဖက်ရည်တစ်ငုံ သောက်လိုက်သည်။

“ဝိဥာဉ်သန့်ဆေးလုံး၊ တကယ်ကြီး ဝိဥာဉ်သန့်ဆေးလုံးလား” ယန်ပေး အလန့်တကြား ဆိုလိုက်သည် “ဒီဆေးလုံးက သူ့အတွက် လုံးဝ ကွက်တိပဲ”

“စီနီယာယန် ပြောချင်တာက...” ကဲချီ ယန်ပေးဘက်သို့ လှည့်၍ တုန့်ဆိုင်းတုန့်ဆိုင်းဖြင့် မေးလိုက်သည်။

“ယူလိုက်” ယန်ပေးသည် ဝိဥာဉ်သန့်ဆေးလုံးကို ဆေးပုလင်းထဲသို့ ပြန်ထည့်လိုက်ပြီး ကဲချီဆီသို့ ပစ်ပေးလိုက်ကာ “ဒီဝိဥာဉ်သန့်ဆေးလုံးက မင်းဆရာကြုံနေတဲ့ အခက်အခဲအတွက် လုံးဝကွက်တိပဲ။ ဆေးအာနိသင်က ဝိဥာဉ်သန့်နတ်ရေစင်တို့၊ မီးစုန်းတို့လောက် အစွမ်းမထက်ဘူး ဆိုပေမယ့် အခြေအနေရ ဒီဆေးလုံးက ပိုပြီးတော့တောင် ကောင်းတယ်လို့ ပြောလို့ရတယ်”

“တကယ်ကြီးလား” ကဲချီ ပျော်သွားခဲ့သည်။

“ငါမင်းကို လိမ်နေတယ် ထင်နေတာလား” ယန်ပေးက နှာခေါင်းရှုံ့၍ “မင်းကို ဒီဆေးလုံးနဲ့ ဘာလို့ မလဲခိုင်းလိုက်တာလဲ ဆိုတော့ အရိပ်ကြယ်မှာ ဒီလိုဆေးလုံးမျိုး ရှိတယ်ဆိုတာကို မယုံကြည်လို့ပဲ။ ဒါကြောင့်ပဲ မီးစုန်း၊ ဒါမှမဟုတ် ဝိဥာဉ်သန့် နတ်ရေစင် ဖြစ်သွားတာ။ ဒါပေမယ့် ဒီဆေးလုံးက မင်းရဲ့ သိုင်းဘိုးဘေးအတွက် လုံးဝ ကွက်တိပဲ။ မင်းတကယ် ကံကောင်းသွားတယ်”

ထိုစကားကို ကြားလိုက်သည့်အခါ ကြချီ ပျော်သွားပြီး ဆေးပုလင်းကို သိုလှောင်လက်စွ်ထဲ သေချာ ထည့်သိမ်းကာ ရန်ကိုင်အား ကျေးဇူးတင်စကား ဆိုလိုက်လေသည်။

“ဒါမျိုးတွေ မလိုပါဘူးဗျာ။ကျုပ်တို့က ပစ္စည်းချင်း အလဲအထပ် လုပ်တာပဲကို” ရန်ကိုင်က ပြုံးလျက် လက်ဝှေ့ရမ်းပြလိုက်သည်။ ဝိဥာဉ်သန့်ဆေးလုံးသည် သူကိုယ်တိုင် သန့်စင်ထားခဲ့သော ဆေးလုံး ဖြစ်ပေသည်။ ယခင်တစ်ကြိမ် တံခါးပိတ်ကျင့်စဉ် ဝင်နေစဉ် အတောအတွင်း ဆေးလုံးများစွာကို ရန်ကိုင် သန့်စင်ခဲ့သည်။ သို့သော်လည်း အနည်းငယ်သည်သာ တန်ခိုးရှင် အထွဋ်အထိပ်အဆင့် ဆေးလုံးများ ဖြစ်ကြကာ ဝိဥာဉ်သန့်ဆေးလုံးသည် ထို‌ဆေးလုံးများအနက် တစ်လုံး အပါအဝင် ဖြစ်လေသည်။

လေလံပွဲတွင် ယန်ပေးမှ ကြယ်ဧကရာဇ်တံဆိပ်ပြား ပိုင်ရှင်သည် ထိုအရာအား မီးစုန် သို့မဟုတ် ဝိဥာဉ်သန့်နတ်ရေစင် တည်နေရာနှင့် အလဲအထပ် လုပ်ချင်နေသည်ဟု ပြောခဲ့သည်။ ထို့ကြောင့် တစ်ဖက်လူသည် အသိစိတ်ပင်လယ်နှင့် ပက်သက်သော ပြဿနာတစ်ခုခု ကြုံနေရလိမ့်မည်ဟု ရန်ကိုင် ခန့်မှန်းမိလိုက်သည်။ ထိုသို့ဆိုလျှင် ဝိဥာဉ်သန့်ဆေးလုံးသည် သံသယမရှိ အကောင်းဆုံး ဆေးတစ်ခွက် ဖြစ်သည်။

သူဘက်မှ ဝိဥာဉ်သန့်ဆေးလုံးကို ပေးပြီး ကြယ်ဧကရာဇ် တံဆိပ်ပြားကို ပြန်ယူသည်။ စစ်ဆေးကြည့်လိုက်ပြီးနောက် ထိုကြယ်ဧကရာဇ် တံဆိပ်ပြားသည် သူသဲမီးတောက်ထဲတွင် ရခဲ့သည့် တံဆိပ်ပြားနှင့် ဘာမျ မကွာသည်ကို တွေ့လိုက်ရသည်။ ထို့ကြောင့် သိုလှောင်လက်စွပ်ထဲ ထည့်သိမ်းထားလိုက်လေသည်။

တာဝန် ပြီးသွားပြီ ဖြစ်သည့်အတွက်ကြောင့် ကဲချီ အနေရာမှ ထွက်၍ သူ့ဆရာဆီသို့ သတင်းကောင်း မြန်မြန် ပြန်ပြောချင်နေလေပြီ။

ထွက်မသွားခင် ကဲချီက လက်သီးဆုပ်၍ “သိုင်းဘိုးဘေး ပြန်ရောက်လာတာနဲ့ သူကျိန်းသေ ကိုယ်တိုင် ကျေးဇူးတင်စကား လာပြောပါလိမ့်မယ်။ အဲ့အချိန်ကျ စီနီယာအစ်ယန်ယန် ကျုပ်တို့ လာလည်တာကို မငြင်ဆန်ဖို့ မျှော်လင့်ပါတယ်”

ပြောစရာရှိသည်ကို ပြောပြီးသည်နှင့် ယန်ပေးအား ခေါင်းတစ်ချက် ညိတ်ပြလိုက်ပြီး အမြန် ပြန်ထွက်ခွာသွားသည်။

အခန်းထဲတွင် ရန်ကိုင်သည် သူ့နှာခေါင်းကိုပွတ်၍ ယန်ပေးအား တစ်ချက် လှမ်းကြည့်လိုက်သည်။ သူ့စကားထဲ အဓိပ္ပါယ်တစ်ချို့ ပါဝင်နေသည်။ သူ့ဆရာသည် ယန်ယန်ဆီသို့ လာလည်ပတ်မည်ဟု ပြောသွားသည်၊ ရန်ကိုင်ဟု မပြောခဲ့ပေ။

“စီနီယာယန်၊ ရောင်းရင်းကဲက...”

“မိတ်ဆွေလေး ငါ့ကို မမေးနဲ့။ ငါ့မိတ်ဆွေ လာလည်ရင် မင်းသိလိမ့်မယ်။ သူတို့ လာမလည်ဘူးဆိုရင်တော့ သူတို့ ဘယ်သူလဲ ငါပြောလို့မဖြစ်ဘူး။ ဒါပေမယ့် ငါ့မိတ်ဆွေက အပြင်လောကကြီးနဲ့ ကင်းကွာနေတာ ကြာပြီဆိုပေမယ့် သူ့ဂုဏ်သတင်းနဲ့ အဆင့်အတန်းက အရမ်းကို မြင့်တယ် ဆိုတာတော့ မင်းသံသယရှိစရာ မလိုဘူး” ယန်ပေးက အသာအယာ ပြုံးလျက် လေသံတိုးတိုးဖြင့် မေးလိုက်သည် “ဟုတ်သားပဲ၊ မိတ်ဆွေလေးရန်၊ အဲ့ဝိဥာဉ်သန့်ဆေးလုံးကလေ...”

ယန်ပေး ဘာတွေနေမှန်း ရန်ကိုင် သိပေသည်။ ထို့ကြောင့် ချက်ချင်းပဲ ခေါင်းခါ၍ “အဲ့တာ တစ်လုံးပဲ ရှိတယ်”

ရန်ကိုင် ပြောသည်ကို ယန်ပေး မယုံပါချေ။ သို့သော် ဆက်၍ မေးမနေဘဲ ရန်ကိုင်အား တွေးတွေးဆဆဖြင့် ကြည့်လျက် “ဒီဆေးလုံးကို မိတ်ဆွေလေးရန် ကံကောင်းပြီး ရခဲ့တာလား”

“ဟုတ်တယ်” ရန်ကိုင် ခေါင်းညိတ်လိုက်သည် “စီနီယာရန် ကျုပ်ဘယ်ကလာလဲ သိပြီးလောက်ပြီပေါ့။ ဒါပေမယ့် အဲ့မှာတောင် တန်ခိုးရှင် အထွဋ်အထိပ်အဆင့် ဆေးလုံးတွေက အတော်လေး ရှားတယ်။ ဒါပေမယ့် ကျုပ်လည်း ဘာမှ မတတ်နိုင်ဘူး”

“အဲ့လိုကိုး” ယန်ပေး သက်ပြင်းချလိုက်ပြီး ပြုံးကာ “ကောင်းပြီလေ၊ မိတ်ဆွေလေးရန် အဲ့လို ဆေးလုံးကောင်း တစ်လုံးလောက် ထပ်ရှာတွေ့တယ် ဆိုရင်တော့ ငါတို့ ရတနာစံအိမ်ဆီမှာ လာလေလံတင်ဖို့ စဉ်းစားပေးပေါ့နော်။ ဈေးကတော့ ပြောနေစရာမလိုဘူး၊ မင်းလုံးဝ စိတ်ကျေနပ်စေရမယ်လို့ ငါအာမခံတယ်”

“သေချာတာပေါ့” ရန်ကိုင်က ဝတ်ကျေတမ်းကျေ ပြန်ပြောလိုက်သည်။

ယန်ပေး ရယ်သွမ်းသွေးလိုက်ပြီး မတ်တပ်ရပ်လျက် ပြောလိုက်သည် “အဲ့လိုဆိုမှတော့ မိတ်ဆွေလေး ပြောထားတဲ့ ရတနာကို ဒီလူအိုကြီး အတတ်နိုင်ဆုံး ကြိုးစားရှားထားလိုက်မယ်။ ရှာတွေ့ရင် မိတ်ဆွေလေးရန်ကို လှမ်းအကြောင်း ကြားလိုက်မယ်”

“စီနီယာယန်ကို ကျေးဇူးအများကြီး တင်ပါတယ်” ရန်ကိုင်လည်း မတ်တပ်ရပ်လိုက်ပြီး “အဲ့လိုဆို ဒီဂျူနီယာ သွားလိုက်ဦးမယ်နော်”

ရတနာစံအိမ်မှ ထွက်လာပြီးနောက် ရန်ကိုင် ယန်ယန်အား တစ်ချက် လှမ်းကြည့်လိုက်သည်။ စိတ်ထဲတွင်လည်း ထိုလျှို့ဝှက် ဆန်းကြယ်သော ကောင်မလေးသည် သူနှင့်မတွေ့ခင် ဘာများ၊ လုပ်နေခဲ့သလဲ၊ ကဲချီဆိုသော လူသည် ဘာကြောင့် သူမအား အလွန်အမင်း ကြောက်ရွံ့နေရသလဲ ဆိုသည့် အကြောင်းကို တွေးတောနေလိုက်ပေသေးသည်။

သို့သော်လည်း မည်သို့ပင် တွေးတွေး အဖြေမထွက်ခဲ့ပေ။ ယန်ယန်သည် လျှို့ဝှက်ဆန်းကြယ်လွန်းလှသည်။ သူမနှင့် အတူ ပိုကြာကြာရှိလေ၊ သူမအကြောင်း ပို၍ နားမလည်နိုင်လာလေပင်။

ရန်ကိုင် သေချာသည့် တစ်ချက်သည်ကား ယန်ယန်သည် သူ့အပေါ် မကောင်းကြံလို့သည့် ရည်ရွယ်ချက် မရှိခြင်းပင်။

“ရန်ကိုင်၊ တစ်ယောက်ယောက် ငါတို့ကို စောင့်ကြည့်နေတယ်နဲ့ တူတယ်” ကောင်းကင်ကံကြမ္မာမြို့မှ ထွက်လာသည်နှင့် ယန်ယန်က ရုတ်တရက် တိုးတိုးလေး ပြောလိုက်သည်။

“အို” ထိုစကားကို ကြားလိုက်သည့်နောက် ရန်ကိုင်လည်း ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်ကြည့်လိုက်ရာ သူမ ပြောသည့်တိုင်း အနီးအနား တစ်နေရာတွင် ပုန်းအောင်းနေသော တစ်စုံတစ်ယောက်ကို တွေ့လိုက်ရသည်။ ထိုလူ၏ ကျင့်ကြံခြင်းမှာ သိပ်မမြင့်သေးဘဲ တန်ခိုးရှင် ပထမအဆင့်သာ ရှိသေးသည်။ ထို့အပြင် လူတစ်ယောက်တည်း ရှိနေခြင်းမဟုတ်၊ အုပ်လိုက် ရှိနေခြင်း ဖြစ်သည်။

ထိုလူများသည် သူ့အား ကောင်းမွန်သော ရည်ရွယ်ချက်ဖြင့် စောင့်ကြည့်နေခြင်း မဟုတ်မှန်း ရန်ကိုင် သိသော်ငြား ထိုလူများ ဆီမှ မည်သည့် ရန်လိုသည့်အာရုံကိုမှ မခံစားမိ၊ ထို့ကြောင့် ခဏလောက် စဉ်းစားကြည့်လိုက်သည့်နောက် ရန်ကိုင် တစ်ခုခုကို စဉ်းစားမိသွားသည်။ ထိုအခါ ပြုံး၍ ယန်ယန်အား ပြောလိုက်၏ “စိတ်မပူနဲ့၊ ဒီနေရာက ကောင်းကင်ကံကြမ္မာမြို့ စီမံကွပ်ကဲတဲ့ ပိုင်နက်အတွင်းမှာပဲ ရှိသေးတယ်။ သူတို့ ငါတို့ကို တိုက်ခိုက်ရဲမှာ မဟုတ်ဘူး။ အရင်ပြန်ကြရအောင်”

ပြောပြီးသည်နှင့် ယန်ယန်နှင့်အတူ နဂါးလိုဏ်ဂူတောင်ဆီသို့ ပျံသန်းသွားလေသည်။

ခဏအကြာတွင် တောင်အပြင်ဘက်ရှိ အစီအရင်ရှေ့သို့ ရောက်လာခဲ့သည်။ ထိုအခါ ရန်ကိုင်က ယန်ယန်အား “နင်အရင် ဝင်သွားနှင့်လိုက်၊ ငါသူတို့နဲ့ စကားခဏ ပြောလိုက်ဦးမယ်”

“ငါသိပြီ” ယန်ယန် ခေါင်းညိတ်လိုက်ပြီး ဘာမှ ထပ်ပြောမနေတော့ဘဲ အထဲသို့ ဝင်သွားလိုက်လေသည်။ မကြာမီ ယန်ယန် အစီအရင်ထဲသို့ တိုးဝင်ပျောက်ကွယ်သွားခဲ့သည်။

ယန်ယန် ထွက်သွားပြီးနောက် ရန်ကိုင်က တစ်ဖက်သို့ လှည့်၍ ပြုံးကာ အသံအကျယ်ကြီး အော်ပြောလိုက်သည် “ဒီလောက်အထိ လိုက်လာပြီးတာတောင် ထွက်မလာသေးဘူးလား”

မည်သည့်အသံမှ ထွက်မလာခဲ့ချေ။ သို့သော် ရန်ကိုင် အံ့အားသင့်သွားခြင်းမရှိ၊ ဆက်ပြုံးလျက်သာ “ခင်ဗျားတို့ ထွက်မလာရင် ကျုပ်သွားတော့မှာနော်”

ထိုအခါမှသာ ပုန်းနေသည့် ကျင့်ကြံသူများ ကိုယ်ထင် ပြလာကြသည်။ ရန်ကိုင်၏ ဘယ်ဘက်ဆီမှ လှိုင်းတွန့်လေးများ ထွက်ပေါ်လာပြီး လူခြောက်ယောက် ပေါ်လာခဲ့သည်။ ညာဘက်ဆီမှ အလင်းတစ်ချက် လက်သွားပြီး ခြောက်၊ ခုနှစ်ယောက်လောက် ရှိသော လူတစ်ဖွဲ့ ပေါ်လာခဲ့သည်။

ထိုနှစ်ဖွဲ့ ပေါ်လာသည်နှင့် တစ်ပြိုင်နက် နှစ်ဖွဲ့စလုံး တစ်ဖွဲ့ကိုတစ်ဖွဲ့ ရန်လိုသည့် အကြည့်ဖြင့် စိုက်ကြည့်လိုက်ကြ၏။

ဘယ်ဘက်ရှိ အဖွဲ့သည် အမျိုးမျိုးသော ငှက်ရုပ်၊ သားရဲရုပ်များ ထိုးထွင်ထားသည့် ဝတ်ရုံများကို ဝတ်ထားကြရာ ပြောစရာမလိုအောင်ပင် ထိုလူများသည် သားရဲများတောင်တန်းမှ ဖြစ်ကြပေသည်။ ထို့အပြင် ထိုလူများသည် တစ်နေကုန် တစ်နေခမ်း မွန်းစတားသားရဲများနှင့် ထိတွေ့နေရသည့် အတွက်ကြောင့် သူတို့ဆီမှ မွန်းစတားချီ အငွေ့အသက်တို့ကို ရနေခဲ့သည်။

ညာဘက်ရှိ အဖွဲ့သားများ၏ ကျင့်ကြံခြင်းမှာ ဘယ်ဘက်ရှိ အဖွဲ့သားများ၏ ကျင့်ကြံခြင်းနှင့် အတူတူလောက် ဖြစ်သည်။ သို့သော် သူတို့ဆီမှ ဖြာထွက်နေသော အသက်စွမ်းအင်မှ ပို၍ အားကောင်းပြီး သွေးနံစွန်းစွန်း ရောက်ယှတ်နေခဲ့သည်။

သွေးနတ်ဆိုးကျောင်းတော်...

ရန်ကိုင်၏ အကြည့်သည့် ညာဘက်ရှိ တစ်ယောက်သော လူဆီသို့ ရောက်သွားခဲ့သည်။ မျက်ခုံးပင့်လျက် ရန်ကိုင်က လက်သီးဆုပ်၍ ပြုံးကာ ပြောလိုက်သည် “ရောင်းရင်းတုန့်၊ မတွေ့ရတာတောင် ကြာပြီနော်”

ထိုလူ ခါးသက်စွာပြုံးလိုက်ပြီး ကူကယ်ရာ မဲ့နေသည့် အမူအရာဖြင့် ပြန်နှုတ်ဆက်လိုက်လေသည် “ရောင်းရင်းရန် အခြေအနေ ကောင်းနေတာပဲ”

ရန်ကိုင်တို့၏ ဆက်ဆံပုံအရ သူတို့နှစ်ယောက် အသိအကျွမ်း ဖြစ်နေသည်မှာ သေချာသလောက် ရှိသောသော သားရဲများ တောင်တန်းဘက်မှ လူများ မျက်မှောင်ကြုတ်သွားကြသည်။ ညာဘက်ရှိ အဖွဲ့ကို ဦးဆောင်လာသော တန်ခိုးရှင်အဆင့် ပညာရှင်ကမူ ပြုံးလျက် ပြန်မေးလိုက်လေသည် “မင်းတို့ အချင်းချင်း သိကြတာလား”

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၃၈၃)

“အင်း” မျိုးရိုးနာမည်တုန့် ဆိုသည့်လူက အကြီးအကဲ၏ မေးခွန်းကို ကူကယ်ရာမဲ့စွာဖြင့် ပြန်ဖြေလိုက်လေသည်။

“အို” တန်ခိုးရှင်အဆင့် ပညာရှင်ပြုံးလိုက်ပြီး “မင်းတို့ နှစ်ယောက် သိနေမှတော့ ပိုအဆင်ပြေသွားတာပေါ့။ တုန့်နင်၊ အကြီးအကဲကျင်းရှီ ဆန်းယင်ရွှေကို ဘယ်လောက်တောင် လိုအပ်နေလဲ ဆိုတာကို ဒီကညီငယ်လေး သိသွားအောင် သေချာ ရှင်းပြလိုက်ပါဦး”

ထိုသွေးနတ်ဆိုးကျောင်းတော် တပည့်သည် ရန်ကိုင် ယခင်က တွေ့ခဲ့ဖူးသည့် တုန့်နင်မှလွဲ၍ အခြားမဟုတ်ချေ။ သဲမီးတောက် နယ်မြေထဲမှ ရန်ကိုင် ထွက်လာစဉ်က တုန့်နင်ကို သူ့ဂိုဏ်းတူ ညီအစ်ကိုနှစ်ယောက်မှ လိုက်ဖမ်းနေသည်နှင့် သွားတိုးသည်။ မကူညီမဖြစ် ကူညီခဲ့ရပြီးနောက် နတ်ဆိုးသွေးမျှင် ပညာရပ်ကို တုန့်နင်ဆီမှ ရရှိခဲ့သည်။ ထိုပညာရပ်၏ စွမ်းအားမှာ အတော့်ကိုမှ အံ့အားသင့်ဖွယ် ကောင်းလှပြီး ရန်ကိုင်ကိုလည်း အတော်လေး ကူညီပေးနိုင်ခဲ့လေသည်။

နောက်ပိုင်း တုန့်နင်သည် ရန်ကိုင်အား သွေးနတ်ဆိုးမြို့တော် ဆီသို့ ခေါ်သွားလိုက်ပြီး သူ့အဆက်အသွယ် အချို့ကိုသုံး၍ ရန်ကိုင်အား ထိုနေရာရှိ ဟင်းလင်ပြင် အစီအရင်ကို အသုံးပြုနိုင်အောင် ကူညီပေးခဲ့သည်။

တုန်နင်လည်း ကောင်းကင်ကံကြမ္မာမြို့ဆီသို့ ရောက်လာလိမ့်မည်ဟု ရန်ကိုင် မထင်ထားခဲ့ချေ။ တုန့်နင် သွေးနတ်ဆိုးကျောင်းတော်နှင့်အတူ လိုက်ပါလာသည့် အတွက်ကြောင့် ရန်ကိုင် သူ့ကို သွားအပြစ်တင်မည် မဟုတ်ပေ။

ရှင်းရှင်းပြောရလျှင် ရန်ကိုင်နှင့် တုန့်နင်ကြားရှိ ဆက်ဆံရေးသည် မိတ်ဆွေဟု ခေါ်ရလောက်သည့် အဆင့်ထိ မရောက်သေးချေ။ ထိုကြောင့် ယခုကဲ့သို့ ဘာမဟုတ်သော ကိစ္စလေးကို သူဂရုစိုက်နေမည်မဟုတ်။

အမိန့်ရလိုက်သည်နှင့် တုန်နင်သည် ကူကယ်ရာမဲ့စွာဖြင့် ရန်ကိုင်ဘက်သို့လှည့်၍ ပြောတော့မည်အပြု၊ သူမပြောရ သေးခင်မှာပဲ ရန်ကိုင်က လက်မြှောက်၍ ဦးစွာ ပြောလိုက်သည် “ရောင်းရင်းတုန့် ဘာမှပြောနေစရာ မလိုဘူး။ ဆန်းယင်ရွှေက ငါ့အတွက်လည်း အရမ်းအသုံးဝင်တာမို့လို့ ဘယ်သူ့ကိုမှ ပေးမှာ မဟုတ်ဘူး”

သွေးနတ်ဆိုးကျောင်းတော်ကို အဖွဲ့ကို ဦးဆောင်လာသည့် တန်ခိုးရှင်အဆင့် ပညာရှင်၏ အမူအရာ သုန်မှုန်သွားခဲ့သည်။ သူတစ်ခုခု ပြောတော့မည်အပြု သားရဲများတောင်တန်းဘက်မှ လူက ရယ်မော၍ “ကောင်လေး၊ ဒီလောက် အလျင်မလိုနဲ့လေ။ ငါတို့ ပြောမယ့်ဈေးကို အရင် နားထောင်ပါဦး။ ငါတို့ သားရဲများတောင်တန်းက ကောင်းကင်တိုက်ပွဲ အစည်းအရုံး၊ မိုးကြိုးမုန်တိုင်းဂိုဏ်းတို့နဲ့ အဆင်မတူပေမယ့် အရမ်းကြီး နိမ့်ကျတဲ့အထဲတော့ မပါဘူး။ မင်းမငြင်းလောက်မယ့် ကမ်းလှမ်းချက်ကို ငါတို့ ပေးကမ်းနိုင်မယ်လို့ ထင်တာပဲ”

ထိုလူသည် ပုံမှန်အတိုင်းသာ ပြောလိုက်ခြင်း ဖြစ်သော်လည်း သူ့လေသံထဲ ခြိမ်းခြောက်သံတို့ အထင်အရှား ပါဝင်နေသည်။

သွေးနတ်ဆိုးကျောင်းတော်မှ တန်ခိုးရှင်အဆင့် ပညာရှင်က ချက်ချင်း နှာခေါင်းရှုံ့၍ “မင်းလေသံက ဟုတ်လှချည်လား။ မင်းဘာနဲ့ ကမ်းလှမ်းမှာလဲ။ အစကတည်း ဝယ်ဖို့ သူတော်စင် သလင်းကျောက် မလောက်လို့တောင် အခုလိုမျိုး လုပ်နေရတာ မဟုတ်ဘူးလား။ မင်းမှာ ပိုက်ဆံတွေ အဲ့လောက်တောင် ပေါနေရင် ဘာလို့ လေလံပွဲမှာကတည်းက တစ်ခါတည်း မဝယ်လိုက်တာလဲ”

လူထွားကြီးသည် အေးစက်စက် အမူအရာဖြင့်သာ နှာခေါင်းရှုံ့လိုက်ပြီး သွေးနတ်ဆိုးကျောင်းတော်မှလူကို ဘာမှ ပြန်မပြောတော့ဘဲ ရန်ကိုင်ကို စိုက်ကြည့်၍သာ ကောင်းကင် စိတ်အာရုံမှတစ်ဆင့် လှမ်းပြောလိုက်သည် “ကောင်လေး၊ မင်းမှာ သူတော်စင်သလင်းကျောက် မရှားမှန်း ငါသိတယ်။ မဟုတ်ရင် လေလံပွဲမှာတုန်းက အဲ့လောက် ဈေးအမြင့်ကြီး ခေါ်ခဲ့မှာ မဟုတ်ဘူး။ ဒါပေမယ့် ငါတို့ သားရဲများတောင်တန်းမှာ ငါတို့ရဲ့ ကမ်းလှမ်းပေးနိုင်တဲ့ပုံစံ ရှိပြီးသား။ ငါမင်းကို အဆင့်ခုနှစ် မွန်းစတားသားရဲ အကောင်သုံးဆယ်နဲ့ အဆင်ရှစ်မွန်းစတား သားရဲ ဆယ်ကောင်ပေးမယ်။ အဲ့ကောင်တွေကို ထိန်းချုပ်နိုင်တဲ့ နည်းလမ်းပါပေးမှာ။ မင်းသာ ဆန်းယင်ရွှေကို ပေးမယ်ဆိုရင်ပေါ့။ မင်းတောင်လေးက သိပ်မကျယ်တော့ အဲ့မွန်းစတားသားရဲ တွေရဲ့ အကူအညီနဲ့ဆို အတော်လေး အကာအကွယ် တင်းကြပ် သွားနိုင်တယ်။ ငါအာမခံတော့ မခံပေးနိုင်ပေမယ့် အဲ့လောက် အင်အားစုက ပြဿနာ တော်တော်များများကို ဟန့်တား ပေးနိုင်တယ်ဆိုတာကတော့ အသေအချာပဲ။ ဘယ်လိုလဲ”

သူ့ကမ်းလှမ်းချက်သည် မြင့်မားခြင်း မရှိသလို နိမ့်လည်း မနိမ့်ပါချေ။ သို့သော် ရန်ကိုင် ပေးချေခဲ့ရသည့် သူတော်စင် သလင်းကျောက် ပမာဏနှင့် လုံးဝ မညီမျှချေ။ အဆင့်ခုနှစ် မွန်းစတားသားရဲများသည် သူတော်စင်အဆင့် ကျင့်ကြံသူနှင့် ညီပြီး အဆင့်ရှစ် မွန်းစတားသားရဲများသည် တန်ခိုးရှင်အဆင့် မွန်းစတားသားရဲများနှင့်သာ ညီမျှသည် မဟုတ်ပေလော။

သားရဲများတောင်တန်းသည် ထိုနည်းဖြင့် ကမ်းလှမ်းရန် စဉ်းစားခဲ့သည်။ သို့သော် နဂါးလိုဏ်ဂူတောင် ပတ်လည် အထပ်ထပ် ခင်းကျင်းထားသော အစီအရင်များ ရှိနေလေရာ ထိုသားရဲများကို ဘာကြောင့် လိုအပ်ဦးမည်နည်း။

ထို့ကြောင့် ရန်ကိုင်က ပြတ်ပြတ်သားသားကို ငြင်းလိုက်၏။

သားရဲများတောင်တန်းမှ ဦးဆောင်လာသည့်လူ မျက်မှောင် ကြုတ်သွားပြီး ထပ်၍ ဈေးစစ်လိုက်သည် “ငါနောက်ထပ် အဆင့်ရှစ် သားရဲငါးကောင် ထပ်ထည့်ပေးမယ်။ ဒါပေမယ့် အဲ့ဒါက ငါအမြင့်ဆုံး ကမ်းလှမ်းပေးနိုင်တဲ့ ဈေးပဲ။ အဲ့ထက်တော့ ပိုမပေးနိုင်တော့ဘူး”

“ကျုပ်ပြောပြီးသွားပြီ။ ဆန်းယင်ရွှေက ကျုပ်အတွက် အရမ်း အသုံးဝင်တယ်။ ဒါကြောင့် ဘယ်လိုဈေးပေးပေး ကျုပ်ရောင်းမှာ မဟုတ်ဘူး။ ကျေးဇူးပြုပြီး ထွက်သွားကြပါတော့” ရန်ကိုင်က ပြန်ပြောလိုက်သည်။

“ကောင်လေး၊ အကောင်းနဲ့ ကမ်းလှမ်းနေတုန်း မငြင်းနဲ့နော်။ မဟုတ်ရင် မဖြစ်သင့်တာတွေ ဖြစ်လာလိမ့်မယ်။ မင်းတောင်လေးကို ငါအခုချက်ချင်း မဖျက်စီးပစ်လိုက်နိုင်ဘူးလို့ မင်ထင်လား” ရန်ကိုင် သူ့ကမ်းလှမ်းချက် ထပ်ငြင်းလိုက်သည်ကို မြင်သော် လူထွားကြီး ဒေါသ ထွက်သွားခဲ့လေသည်။

သို့သော်လည်း သူ့ခြိမ်းခြောက်မှုကို ရန်ကိုင် မကြောက်၊ ပြုံး၍ပင် ပြန်ပြောလိုက်သည် “လုပ်ကြည့်လိုက်လေ။ လုပ်နိုင်ရင်ပေါ့။ ကျုပ်ပျော်ပျော်ကြီး ထိုင်ကြည့်နေပေးလိုက်မယ်”

“မင်းသေချင်နေတာပဲ” သတ်ဖြတ်လိုစိတ်တို့ လူထွားကြီး၏ မျက်လုံးထဲ တဖျက်ဖျက် လက်သွားခဲ့သည်။ သို့သော် ရုတ်တရက် တစ်ခုခုကို သတိရသွားပြီး ဘေးဘက်သို့ လှမ်းကြည့်လိုက်သည့် အခါ သူ့အား တပြုံးပြုံးဖြင့် ကြည့်နေကြသော သွေးနတ်ဆိုး ကျောင်းတော်မှ လူများကို တွေ့လိုက်ရသည်။

သူတိုက်ခိုက်ရန် ကြိုးစားလိုက်သည်နှင့် သွေးနတ်ဆိုး ကျောင်းတော်မှ လူများကို ကူညီပေးရာ ရောက်သွားမည် ဖြစ်ကြောင်း လူထွားကြီး သိလိုက်သည်။ ထို့ကြောင့် ဒေါသကို အလျင်အမြန် ချုပ်တည်းလိုက်ပြီး လှောင်ပြုံးပြုံးလျက် နောက်သို့ ဆုတ်နေလိုက်လေသည်။ သွေးနတ်ဆိုးကျောင်းတော်နှင့် ရန်ကိုင် မည်ကဲ့သို့ နှစ်ပါးသွားမလဲ သူကြည့်ချင်သေးသည်။

ဆန်းယင်ရွှေကို သူမရခဲ့။ သို့သော် သွေးနတ်ဆိုး ကျောင်းတော် ရသွားအောင်လည်း မကူညီပေးနိုင်ချေ။ မဟုတ်လျှင် ပြန်ရောက်သည့်အခါ သူ့အကြီးအကဲကို မည်ကဲ့သို့ ပြန်ရှင်းပြရမည်မှန်း သိလိမ့်မည် မဟုတ်ပေ။

ထို့အပြင် ဤနေရာသည် ကောင်းကင်ကံကြမ္မာမြို့နှင့် အရမ်းကိုမှ နီးလွန်းသည်။ ထို့ကြောင့် သူလူသတ်ချင်တိုင်း သတ်၍ မရပေ။ ထို့ကြောင့်သာ မဟုတ်လျှင် သူကိုယ်တိုင်ပင် လာစရာလိုတော့မည် မဟုတ်။ အားသုံး၍သာ ရမည်ဆိုလျှင် ဘွားတော်ကြီးဖုန်း သို့မဟုတ် ကျင်းရှီကိုယ်တိုင် လှုပ်ရှားလိုက်လေပြီ။

ဤနေရာသည် ကောင်းကင်ကံကြမ္မာမြို့၏ ပိုင်နက်ထဲတွင် ရှိနေသလို သူတို့ကိုယ်သူတို့ နှိမ့်ချပြီး ဂျူနီတစ်ယောက်ကို နိုင်ထက်စီးနင်း ပြုလုပ်ရမည်ကို ရှက်သောကြောင့် ဆန်းယင်ရွှေနှင့် ပက်သက်၍ ရန်ကိုင်နှင့် ဆွေးနွေးရန်အတွက် သူတို့၏ တပည့်အသီးသီးကို စေလွှတ်လိုက်ခြင်း ဖြစ်သည်။

သူ့အား လှောင်ပြောင်လိုဟန်ဖြင့် ကြည့်နေသော သားရဲများတောင်တန်းမှ တန်ခိုးရှင်အဆင့် ကျင့်ကြံသူကို မြင်သော်ငြား သွေးနတ်ဆိုးကျောင်းတော်မှ ကျင့်ကြံသူသည် တည်တည်ငြိမ်ငြိမ်ဖြင့်သာ ပြောလိုက်သသည် “သားရဲများ တောင်တန်းက ငါ့မိတ်ဆွေ မင်းကို ဘယ်လိုဟာတွေ ကမ်းလှမ်းလိုက်လဲ ငါမသိပေမယ့် မင်းသာ ငါ့ကို ဆန်းယင်ရွှေ ပေးမယ်ဆိုရင် ငါမင်းကို အပျိုစင်သွေးအစေခံ အယောက် နှစ်ဆယ်ပေးမယ်”

ပြောပြီးသည်နှင့် ရန်ကိုင်အား အောင်နိုင်သူ တစ်ယောက်နှယ် လှမ်းကြည့်လိုက်သည်။ ထိုကဲ့သို့သော ကမ်းလှမ်းမှုကို ရန်ကိုင် ငြင်းနိုင်လိမ့်မည် မဟုတ်လောက်ဟု သူထင်နေသည်။

သားရဲများတောင်တန်းမှလူများ ထိုအကြောင်းကို ကြားလိုက်ရသည့်အခါ သူတို့အားလုံး၏ အမူအရာ အပြောင်းကြီး ပြောင်းလဲသွားခဲ့ရလေသည်။ လူထွားကြီးက သက်ပြင်းတစ်ရှိုက် ရှူသွင်းလိုက်ပြီး အော်ပြောလိုက်သည် “အပျိုစင်သွေးအစေခံ အယောက်နှစ်ဆယ်၊ မင်းတို့ အဲ့လောက်တောင် ပေးတာလား”

ပြောပြီးသည်နှင့် ရန်ကိုင်အား စိုးရိမ်တကြီးဖြင့် လှမ်း၍ ကြည့်လိုက်သည်။ အပျိုစင်သွေးတစ္ဆေ အယောက်နှစ်ဆယ်၏ ဆွဲဆောင်အားကို ရန်ကိုင် မခုခံနိုင်မည်ကို သူကြောက်နေသည်။

သွေးနတ်ဆိုးကျောင်းတော်သည် ထိုမျှ အကျိုးအမြတ်ကို ပေးနိုင်မည်ဆိုပါက သူကိုယ်တိုင်ပင် သားရဲများတောင်တန်းကို သစ္စာဖောက်ပြီး သွေးနတ်ဆိုးကျောင်းတော်ဘက်ဆီသို့ ပူးပေါင်းမိပေလိမ့်မည်။

“ဟဲဟဲ၊ အကြီးအကဲကျင်း ကျင့်စဉ် အဆင့်တက်ဖို့နဲ့ ယှဉ်လိုက်ရင် အပျိုစင်သွေးအစေခံ အေယာက်နှစ်ဆယ်က ဘာမို့လို့လဲ” သွေးနတ်ဆိုးကျောင်းတော်ကို ဦးဆောင်လာသည့် လူက ပြုံး၍ ရန်ကိုင်ကို ကြည့်ကာ ပြောလိုက်သည် “ငါတို့ သွေးနတ်ဆိုးကျောင်းတော်ပဲ ဒီလို အပျိုစင်သွေးအစေခံတွေကို လေ့ကျင့်ပျိုးထောင်ပေးနိုင်တာ။ အချို့နည်းလမ်းတွေကို သုံးလိုက်ပြီးပြီဆိုတာနဲ့ ဒီအပျိုစင်သွေးအစေခံတွေက မင်းအမိန့်ကို တစ်သက်လုံး နာခံသွားလိ့်မယ်။ ဒီအပျိုစင် သွေးအစေခံတွေ အကုန်လုံးက အပျိုစင်တွေတည်းချည်းပဲ။ သူတို့ အကူအညီနဲ့ဆို မင်းရဲ့ အသက်စွမ်းအင်ကို သိသိသာသာ မြှင့်တင်လို့ရတယ်”

ပြောပြီးသည်နှင့် သူ့နောက်တွင် ရပ်နေသော အမျိုးသမီးဘက်သို့ လှည့်၍ ပြောလိုကသ်ည် “ဒါ ငါတို့ရဲ့ အပျိုစင်သွေးအစေခံတွေထဲက တစ်ယောက်ပဲ”

ပြောပြီးသည်နှင့် အမိန့်ပေးလိုက်လေသည် “နင့်အဝတ်တွေကို ချွတ်လိုက်စမ်း”

အမျိုးသမီး အေးခဲသွားပြီး သူမမျက်နှာ သွေးဆုတ် ဖြူလျော်သွားကာ တစ်ကိုယ်လုံး တုန်ရီလာခဲ့လေသည်။

အမျိုးသမီး၏ မျက်နှာမှာ အပြစ်ပြောစရာမရှိအောင် လှပသလို ကိုယ်လုံးကိုယ်ပေါက်မှာလည်း စွဲမက်ဖွယ် ကောင်းလှသည်။ ထို့အပြင် ညို့ဓါတ်ကျင့်စဉ် တစ်မျိုးမျိုးကို ကျင့်ကြံထားသည့် အတွက်ကြောင့်လေား မသိ၊ သူမဆီမှ ညို့ငင်ဖွယ်ကောင်းသည့် အရှိန်အဝါတစ်မျိုး ထွက်ပေါ်နေ၏။

နှုတ်ခမ်းကို ခင်းတင်းတင်း ကိုက်ထာပြီး ဖြူလျော်နေသော သူမ၏ မျက်နှာအမူအရာအရ အမျိုးသမီး ထိုကဲသို့ မလုပ်ချင်သည်မှာ သေချာသည်။ သို့သော်လည်း ထိုလူ၏ အမိန့်ကို မနာခံဘဲ မနေနိုင်သည့်ပုံပင်။

အမျိုးသမီး အဝတ်ချွတ်နေသည့် ပုံစံကို မြင်ပြီးနောက် သားရဲများတောင်တန်းမှ တပည့်များ မှင်သက်နေကြသလို တံတွေး တစ်လုပ်ပြီးတစ်လုပ်လည်း မျိုချနေကြသည်။ အမျိုးသမီး တပည့်များမှာမူ အမိန့်ပေးလိုက်သည့် လူကြီးအား ရွံရှာစက်ဆုပ်သည့် အကြည့်ဖြင့် လှမ်းကြည့်နေကြသည်။

နောက်ဆုံးတွင် အပေါ်လွှာကို ချွတ်ပြီးသွားပြီး အောက်ခံ အလွှာအဖြစ် အတွင်းခံများသာ ကျန်တော့သည်။ သူမ၏ အသားအရေမှာ ကျောက်စိမ်းသားလေးနှယ် ချောမွတ်လှပြီး မျက်နှာမှာလည်း အတော့်ကိုမှ ဆွဲဆောင်မှုရှိလှသည်။

သူမ၏ နောက်ဆုံး အတွင်းခံများပါ ချွတ်တော့မည်ကို တွေံလိုက်သော် ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့ပြီ စိတ်မရှည်သည့်ဟန်ဖြင့် ပြန်ပြောလိုက်သည် “ကျုပ်ဘယ်နှစ်ခါ ထပ်ပြောရဦးမှာလဲ။ ဒီဆန်းကြယ်ရွှေက ကျုပ်အတွက် အရမ်း အသုံးဝင်လို့ ဘာနဲ့မှ လဲမှာမဟုတ်ဘူးလို့ ပြောပြီးသွားပြီလေ”

သွေးနတ်ဆိုးကျောင်းတော်မှ တန်ခိုးရှင်အဆင့် ပညာရှင်၏ အမူအရာ အနည်းငယ် ပြောင်းလဲသွားပြီး ရန်ကိုင်အား စိုက်ကြည့်၍ လေသံတိုးတိုးဖြင့် ပြောလိုက်သည် “မင်းတကယ် ခေါင်းမာနေမှ ရမှာလား။ ငါ့ကမ်းလှမ်းချက်ကို နည်းနည်းလေးတောင် မစဉ်းစားတာလား”

ရန်ကိုင်က ထူးမခြားနားဟန်ဖြင့်သာ ပြန်ကြည့်လိုက်သည်။

“ဟန့်၊ ဒီနေ့ခေတ် ကလေးတွေကတော့ သူတို့ကိုယ်သူတို့ အဟုတ်ကြီး ထင်နေကြတာပဲ။ မင်းနောက်မှ နောင်တမရဖို့ ငါမျှော်လင့်တယ်” ထိုလူက လှောင်ပြောင်ပြောဆိုလိုက်ပြီးနောက် ဘာမှ ထပ်မပြောတော့ဘဲ သူ့လက်ကို ဝှေ့ရမ်း၍ အဖွဲ့သားများ နှင့်အတူ ထွက်သွားတော့လေသည်။

ထွက်မသွားခင် အမျိုးသမီး သွေးအစေခံသည် ရန်ကိုင်အား ကျေးဇူးတင်သည့် အကြည့်ဖြင့် ခေါင်းတစ်ချက် ညိတ်ပြလိုက်၏။ မြေကြီးပေါ်ရှိ အဝတ်များကို ကောက်ယူပြီးနောက် အားလုံး၏ မြင်ကွင်းမှ တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့လေသည်။

တုန့်နင်သည် ရန်ကိုင်အား တောင်းတောင်းပန်ပန်ဖြင့် လက်သီးဆုပ် နှုတ်ဆက်လိုက်ပြီး အခြားသူများနောက်သို့ လိုက်သွားလေသည်။

သွေးနတ်ဆိုးကျောင်းတော်မှ လူများ ပြန်ထွက်သွားသည်ကို မြင်သော် သားရဲများတောင်တန်းမှ လူထွားကြီးက ရယ်မောလျက် “ကောင်လေး၊ ငါ့ကမ်းလှမ်းချက်ကို မင်းစဉ်းစားရင် ပိုကောင်းလိမ့်မယ်။ င့ါကမ်းလှမ်းမှုက အကျုံးဝင်သေးတယ်။ မင်းခေါင်းရှင်းသွားရင် ကောင်းကင်ကံကြမ္မာမြို့ဆီ လာခဲ့”

ပြောပြီးသည်နှင့် သူ့လူများကိုခေါ်၍ ထွက်သွားလေသည်။

ထိုကိစ္စကို ယာယီ ဖြေရှင်းလိုက်ပြီးသည့်နောက်တွင် ရန်ကိုင် မျက်မှောင်ကြုတ်လိုက်သည်။ အချိန်ကြာတွင် သူ့တွင် ရန်သူ ပိုများလာလေဟု ရန်ကိုင် ခံစားနေရသည်။ သို့‌သော် သူလည်း ဘာမှ မတတ်နိုင်ချေ။ ဆန်းယင်ရွှေသည် သူ့အတွက် အလွန် အသုံးဝင်လေရာ ထိုလူများကို အလွယ်တကူ ပေးလိုက်မည် မဟုတ်ချေ။

နဂါးလိုဏ်ဂူတောင်သည် ကောင်းကင်ကံကြမ္မာမြို့အနီး၌ ရှိသည့်အတွက်ကြောင့် အရိပ်လခန်းမ၏ ကာကွယ်မှုအောက်တွင် ရှိနေသည်။ ရန်ကိုင်နှင့် ရှဲ့မိသားစုကြားရှိ ရန်ကြွေးကိစ္စတွင် သူတို့ ဝင်ပါလိမ့်မည် မဟုတ်ဟု ပြောထားခဲ့သော်လည်း သားရဲများ တောင်တန်းသာ နဂါးလိုဏ်ဂူတောင်ကို တိုက်ခိုက်လာမည် ဆိုပါက အရိပ်လခန်းမ ရပ်ကြည့်နေလိမ့်မည် မဟုတ်ချေ။

ထို့ကြောင့် လောလောဆယ် ထိုအင်အားစုနှစ်ခုကို လျစ်လျုရှုထား၍ အဆင်ပြေသည်။ သို့သော် ရှဲ့မိသားစုအား မည်ကဲ့သို့ ကိုင်တွယ်ရမလဲ ဆိုသည်နှင့် ပက်သက်၍ သေချာ ထပ်စဉ်းစားရန် လိုပေသေးသည်။

မူလက နောက်ဆုံးအကြိမ် တံခါးပိတ်ကျင့်စဉ် ဝင်နေရာမှ ထွက်လာပြီးနောက် ရှဲ့မိသားစုကို ကိုင်တွယ်မည်ဟု စဉ်းစား ထားသော်လည်း ယခု လူရီသည် ရှဲ့မိသားစုနှင့်အတူ ရှိနေကြောင်း သိလိုက်ရလေပြီ။ ပင်လယ်နှလုံးသားဂိုဏ်းမှ လူများပင် ရှဲ့မိသားစုနှင့်အတူ ရှိနေကြသည်။ ထို့ကြောင့် ရန်ကိုင်အဖို့ ချက်ချင်း လှုပ်ရှားရန် ပိုခက်သွားသည်။

နဂါးလိုဏ်ဂူတောင်၏ အကာအကွယ်ကို စွမ်းအားကို မေးခွန်းထုတ်စရာ မလိုသော်လည်း တိုက်ခိုက်ရေး စွမ်းရည်မှာ အနည်းငယ် နိမ့်ကျနေသေးသည်။ ထို့ကြောင့် ဤကိစ္စကို နောက်ထပ် သေချာစဉ်းစားဖို့ လိုလာလေပြီ။ လူရီသည် ပြတ်နေသော သူ့လက်ကို ပြန်ထွက်လာအောင် လုပ်နိုင်သည်ကို မြင်ပြီးနောက် လူရီတွင် နောက်ထပ် ထိတ်လန့်ဖွယ်ကောင်းသည့် ဝှက်ဖဲများစွာ ကျန်ရှိနေကြောင်း ရန်ကိုင် နားလည်လိုက်သည်။ လူရီ၏ လုပ်နိုင်စွမ်းကို အပြည့်အဝ နားမလည်သေးသရွေ့ သူ့အား ပွင့်ပွင့်လင်းလင်း စိန်မခေါ်သေးသည်မှာ အကောင်းဆုံး ဖြစ်သည်။

စဉ်းစားပြီးသည်နှင့် ရန်ကိုင် နဂါးလိုဏ်ဂူတောင်ထဲသို့ လျှောက်ဝင်သွားလေသည်။

ယန်ယန်သည် အထဲတွင် သူ့အား စောင့်နေခဲ့သည်။ ရန်ကိုင် ဘာမှမဖြစ်ဘဲ ပြန်ရောက်လာသည်ကို မြင်သော် အံ့အားသင့်ဟန် နည်းနည်းလေးမှ မပြဘဲ လိုဏ်ဂူဆီသို့လာရန် သူ့အား လက်ယပ် လှမ်းခေါ်လိုက်သည်။

ရန်ကိုင်လည်း ယဲ့ယဲ့လေးပြုံးလျက် သူမနောက်သို့ လိုက်သွားလေသည်။

လိုဏ်ဂူထဲသို့ ရောက်ပြီး မျက်နှာချင်းဆိုင် ထိုင်ပြီးနောက် ယန်ယန်က လက်ဆန့်ထုတ်၍ ပြောလိုက်သည် “ငါ့ကို အဲ့ကြယ်ဧကရာဇ်တံဆိပ်ပြားပြကြည့်”

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၃၈၄)

ရန်ကိုင်လည်း ကဲချီဆီမှ ရလာခဲ့သည့် ကြယ်ဧကရာဇ် တံဆိပ်ပြားကို ချက်ချင်း ထုတ်ပေးလိုက်သည်။

ကြယ်ဧကရာဇ်တံဆိပ်ပြားကို ကြည့်ရင်း ယန်ယန်၏ အမူအရာ တစ်မျိုးတစ်မည် ထူးဆန်းသွားသည်။ သူမပုံစံကို ကြည့်ရသည်မှာ အတိတ်ကို ပြန်လွမ်းနေသည့် လူတစ်ယောက် နှင့်ပင် တူနေပေသေးသည်။

ရန်ကိုင်သည် ဘာတစ်ခွန်းမှ ဝင်မမေး၊ ဝင်မပြောဘဲ ဘေးတွင်သာ ထိုင်နေခဲ့သည်။

နာရီဝက်လောက် ကြာပြီးနောက် ယန်ယန် သက်ပြင်း အရှည်ကြီး ချလိုက်ပြီး ကြယ်ဧကရာဇ်တံဆိပ်ပြားကို ရန်ကိုင်ဆီ ပြန်ပေးလိုက်ကာ ပြောလိုက်သည် “ဒါကို လုံခြုံအောင် သိမ်းထား၊ နောက်ပိုင်းကျရင် တကယ် အသုံးဝင်လာလိမ့်မယ်”

“ဘယ်လိုအသုံးဝင်မှာလဲ” ရန်ကိုင် မျက်ခုံးပင့်သွား၏။

“ငါမသိဘူး” ယန်ယန် ဖြည်းဖြည်းချင်း ခေါင်းခါလိုက်သည် “ငါ့ခံစားချက် သက်သက်ပဲ။ အဲ့ထက်တော့ ဘာမှ ပိုမပြောနိုင်ဘူး။ ဒါပေမယ့် ဒါနဲ့ပက်သက်ပြီး လျှို့ဝှက်ချက် တစ်ခုခု ရှိသေးတယ် ဆိုတာကိုတော့ ငါအာမခံပေးနိုင်တယ်။ ကြယ်တာရာကောင်းကင် မဟာဧကရာဇ်က တံဆိပ်ပြားဆယ်ခု လုပ်ခဲ့တယ်မလား၊ အဲ့တံဆိပ်ပြား ဆယ်ခု စုဝေးသွားတဲ့တစ်နေ့ အဲ့ဆန်းကြယ်မှုကို အဖြေထုတ်နိုင်လိမ့်မယ်”

ပြောပြီးသည်နှင့် ယန်ယန်က ခြောက်ကပ်ကပ် ရယ်မောလိုက်ပြီး “ဒါပေမယ့် အဲ့လိုလုပ်ဖို့က အရမ်း ခက်လွန်းတယ်။ ကြယ်ဧကရာဇ်တံဆိပ်ပြား တစ်ခု ရတာတောင် ကံအရမ်းကောင်းတယ်လို့ ပြောလို့ရနေပြီ။ နောက်ဟာတွေ ထပ်ရဖို့ကတော့ လွယ်ကို မလွယ်တော့ဘူး”

“တကယ်ကြီးလား” ရန်ကိုင် ထူးဆန်းစွာ ပြုံးလိုက်ပြီး “ငါ့မှာ နောက်ထပ်နှစ်ခု ထပ်ရှိသေးတယ်”

“ဘယ်လို” ယန်ယန် ရန်ကိုင်အား အံ့ဩတကြီး ကြည့်လိုက်၏။ ထို့နောက် ရန်ကိုင် လက်ထဲတွင် ပေါ်လာသော ကြယ်ဧကရာဇ် တံဆိပ်ပြားကို မြင်ပြီးနောက် သူမ မျက်လုံး ပြူးသွားသည်။

ထိုကြယ်ဧကရာဇ်တံဆိပ်ပြားသည် ကဲချီဆီမှ ရခဲ့သည့် ကြယ်ဧကရာဇ် တံဆိပ်ပြားနှင့် အတူတူပင်။ ထိုထဲတွင် ရှိနေသော နတ်ဘုရားစွမ်းရည်မှာ အသုံးပြုပြီးသွားလေပြီ။ ထိုတံဆိပ်ပြား နှစ်ခုစလုံးတွင် ဧကရာဇ်ဖိအား အငွေ့အသက်တို့ ရှိနေသဖြင့် ထိုတံဆိပ်ပြားများ ကြယ်ဧကရာဇ်တံဆိပ်ပြား ဖြစ်သည်မှာ ယုံမှာ သံသယရှိစရာ မလိုချေ။

ယန်ယန် အံ့အားသင့်နေရသည်ကား ရန်ကိုင် ထုတ်လိုက်သည့် နောက်ထပ် တံဆိပ်ပြားတစ်ခုကြောင့် ဖြစ်သည်။

တတိယ ကြယ်ဧကရာဇ်တံဆိပ်ပြားကို မြင်လိုက်ရချိန် ယန်ယန် မျက်လုံးပြူးသွားပြီး တုန့်ဆိုင်းတုန့်ဆိုင်းဖြင့် မေးလိုက်လေသည် “ဒါက...”

တတိယတံဆိပ်ပြားသည် ပထမနှစ်ခုနှင့် မတူချေ။ ပုံစံချင်းမှာ တူသော်လည်း တတိယ တံဆိပ်ပြားဆီမှ ကြောက်မက်ဖွယ်ရာ စွမ်းအင် အရှိန်အဝါတို့ ဖြာထွက်နေခဲ့သည်။ ထိုအရာ ဘာကိုဆိုလိုလဲ ဆိုသည်ကို ယန်ယန် မသိဘဲ ဘယ်နေမည်နည်း။

“ဟုတ်တယ်။ ဒါက မသုံးရသေးတဲ့ ကြယ်ဧကရာဇ် တံဆိပ်ပြားပဲ” ရန်ကိုင်က အသာအယာ ပြုံးလျက် ထိုတံဆိပ်ပြားကို ယန်ယန်ဆီ ပစ်ပေးလိုက်သည်။

ယန်ယန်လည်း ထိုတံဆိပ်ပြားကို အလျင်စလို လှမ်းဖမ်းလိုက်၏။

သူမ လှမ်းဖမ်းလိုက်သည်နှင့် မမျှော်လင့်ထားသည့် အဖြစ်အပျက် တစ်ခုခု ဖြစ်သွားခဲ့သည်။

ထိုတံဆိပ်ပြား ယန်ယန်နှင့် ထိသွားသည်နှင့် တစ်ပြိုင်နက် ၎င်းဆီမှ စွမ်းအင်လှိုင်းတွန့်လေးများ ဖြာထွက်လာခဲ့သည်။ တစ်ချိန်တည်းတွင် ငှက်အော်သံကဲ့သို့ စူးရှသော အသံတစ်သံ ထွက်ပေါ်လာပြီး မိုးပြာရောင်ငှက်တစ်ကောင် ထိုတံဆိပ်ပြားဆီမှ ထွက်ပေါ်လာခဲ့လေသည်။

ချက်ချင်းဆိုသလို ယန်ယန်၏ သူတော်စင်ချီနှင့် ကြယ်ဧကရာဇ် တံဆိပ်ပြားထဲရှိ စွမ်းအင်းလှိုင်းတို့ အချင်းချင်း ပဲ့တင်ထပ်သွားပြီး နှစ်ခုစလုံး လေပေါ်အလိုလို မြောက်လာသည်။

ဘုန်း... ဆိုသော အသံကျယ်ကြီးနှင့်အတူ လှိုင်ဂူတစ်ခုလုံး ပရမ်းပတာဖြစ်သွားပြီး ကြောက်မက်ဖွယ်ရာ ဖိအားတစ်ရပ် ရုတ်တရက် ထွက်ပေါ်လာခဲ့ရာ ရန်ကိုင်မျက်နှာ သွေးဆုတ် ဖြူလျော်သွားခဲ့ရလေသည်။

ဘာတွေဖြစ်နေလဲ ရန်ကိုင် မသိသော်လည်း ခရမ်းရောင်းဒိုင်းကို အလျင်အမြန်ထုတ်ပြီး သူတော်စင်ချီကို လှည့်ပတ်ကာ သူ့ကိုယ်သူ အလျင်စလို ကာကွယ်လိုက်သည်။ ထိုသို့လုပ်ပြီးမှပဲ ကောင်းကင်စိတ်အာရုံဖြင့် ယန်ယန်၏ အခြေအနေကို လှမ်းစစ်ဆေးကြည့်လိုက်လေသည်။

စစ်ဆေးကြည့်ပြီးနောက် သူတွေ့ရှိလိုက်ရသည့် အရာကြောင့် ရန်ကိုင် ထိတ်လန့်အံ့အားသင့်သွားရသည်။

ယန်ယန်သည် မည်သည့် ဒဏ်ရာမှရရှိခြင်း မရှိဘဲ ကြယ်ဧကရာဇ်တံဆိပ်ပြားဆီမှ သတင်းအချက် တစ်ခုခုကို ရရှိနေသည့်အလား မျက်လုံးလေးမှိတ်လျက် လေထဲဝဲနေသည်။

အသက်ဆယ်ရှိုက်စာ ကြာပြီးနောက် ယန်ယန် မျက်လုံး ပြန်ပွင့်လာပြီး သူမရှေ့တွင် တံဆိပ်ပြားကို လှမ်းဖမ်းကာ မြေပြင် ပေါ်သို့ အသာအယာ ပြန်ဆင်းလာခဲ့သည်။ ထို့နောက် အတွေး ရေယာဉ်ကြောထဲ နစ်မြောသွားလေသည်။

“ဘာဖြစ်တာလဲ” ရန်ကိုင်က အလျင်စလို မေးလိုက်သည်။

ယန်ယန်က ရန်ကိုင်ကိုကြည့်လိုက်ပြီး ချက်ချင်းပဲ ခေါင်းစဉ် ပြောင်းလိုက်သည် “နင်ဒါကို မသန့်စင်ရသေးဘူးမလား”

က

“ဒါကို သန့်စင်လို့ရတာလား” ရန်ကိုင် အံ့ဩသွားသည်။

ယန်ယန်က ယဲ့ယဲ့လေးပြုံးလိုက်ပြီး “ဒါက တစ်ကြိမ်ပဲ သုံးလို့ရတဲ့ မှော်ရတနာတစ်မျိုးပဲလေ။ ဘာလို့ သန့်စင်လို့ မရမှာလဲ။ နင်ဒါကို ဝှက်ထားပြီး မသုံးလိုက်တာ ကံကောင်းသွားတယ်။ မဟုတ်ရင် နင်ပါသေမှာ”

ရန်ကိုင် အံ့ဩသွားခြင်း မရှိခဲ့။ ထိုအကြောင်းကို ကွေးဇူ အစကတည်းက သူ့အား သတိပေးပြီးသားပင်။ ထို့ကြောင့်ပင် လွန်ခဲ့သည့် နှစ်များအတွင်း အန္တရာယ်များသည် အခြေအနေ အရပ်ရပ် များစွာနှင့် ကြုံတွေ့ခဲ့သည့်တိုင် ထိုတံဆိပ်ပြားကို ဘယ်တော့မှ မသုံးခဲ့ခြင်း ဖြစ်သည်။ လက်ရှိ သူ့ခွန်အားဖြင့် ထိုတံဆိပ်ပြားကို သုံးခြင်းသည် ရန်သူကိုပါ သူနှင့်အတူ မရဏလမ်းသို့ ဆွဲခေါ်သွားခြင်း မည်ပေသည်။

“နင်လည်း အဲ့အကြောင်း သိတာလား” ရန်ကိုင်က ယန်ယန်အား မျက်မှောင်ကြုတ်လျက် ကြည့်လိုက်သည်။

“နင်ဘာပြောချင်နေတာလဲ” ယန်ယန် နှုတ်ခမ်းအစုံ တွန့်ကွေးသွားခဲ့ပြီး အနည်းငယ် အနေရ ခက်သွားခဲ့လေသည်။

“နင်သတိလစ်သွားပြီး ပြန်နိုးလာကတည်းက အရမ်း ပြောင်းလဲသွားသလိုပဲ။ နင်ဘာတွေ ဖုံးကွယ်ထားတာလဲ။ နင်င့ါကို ပြောနိုင်တာ တစ်ခုခုရှိလား” နောက်ဆုံးတွင် သူသံသယကို ထုတ်ဖော်မေးမြန်းရန် ဆုံးဖြတ်လိုက်သည်။ ယန်ယန်ကို မြင်ပြီး ကဲချီ၏ ဖြစ်ပျက်သွားသည့် ပုံစံကို မြင်ပြီးကတည်းက ရန်ကိုင် ထိုအကြောင်းကို အလွန် သိချင်နေခဲ့ခြင်း ဖြစ်သည်။ ယန်ယန်က သူမ ကဲချီကို တစ်ခါမှ မတွေ့ဖူးဘူးဟု ပြောသော်လည်း ကဲချီသည် သူမကို မြင်သည်နှင့် တစ္ဆေ၊ သရဲတစ်ကောင်ကို မြင်သလို ဖြစ်သွားသည်။ ယခု ကြယ်ဧကရာဇ်တံဆိပ်ပြားသည်လည်း သူမနှင့် ပဲ့တင်ထပ်နေခဲ့ရာ ထိုအကြောင်းကို ရန်ကိုင် ဆက်၍ လျစ်လျူမရှုထားနိုင်တော့ချေ။

ယန်ယန်နှင့် ပွင့်ပွင့်လင်းလင်း ပြောရပေမည်။

“ငါဖုံးကွယ်ထားတာ မဟုတ်ဘူး။ အဲ့ဒါက...” ယန်ယန် တုန့်ဆိုင်းနေခဲ့သည်။

“အဲ့ဒါဘာဖြစ်လို့လဲ”

“ငါလည်း မသေချာသေးလို့ပဲ။ ဒါပေမယ့် ဘာမှ မပြောချင်တာ။ သေချာတဲ့တစ်နေ့ ငါနင့်ကို ပြောပြမယ်လို့ ကတိပေးတယ်။ အဲ့ဒါဆို အဆင်ပြေတယ်မလား” ယန်ယန်က ကိုင်အား တောင်းပန်တိုးလျှိုးမတတ် အကြည့်ဖြင့်ကာ

သည်။ရန်ကိုင် ခဏလောက် စဉ်းစားပြီးနောက် ရုတ်တရက် ပြုံးလျက် “ဒါကို ဘယ်လိုသန့်စင်ရမှာလဲ။ ငါနည်းနည်းလောက် ကြိုးစားကြည့်ဖူးတယ်၊ ဘာမှမထူးလို့ ဒီအတိုင်းပဲ ထားလိုက်တာ”

ရန်ကိုင် ထိုအကြောင်း ထပ်မပြောတော့သည်ကို မြင်သော် ယန်ယန် စိတ်သက်သာရာ ရသွားပြီး ပျော်ရွှင်စွာ ပြုံးလျက် “ငါလုပ်လို့ရတယ်၊ဟဲဟဲ”

ပြောပြီးသည်နှင့် သူတော်စင်ချီကို လက်ချောင်းထိပ်၌ စုစည်းလိုက်ပြီး လက်ကောက်ဝတ်တွင် ဖြတ်ရှရာသေးသေးလေး လုပ်လိုက်သည်။ နောက် သွေးထွက်နေသော လက်ကောက်ဝတ်မှ ဒဏ်ရာနှင့် ကြယ်ဧကရာဇ်တံဆိပ်ပြားကို ဖိကပ်လိုက်လေသည်။

ကြယ်ဧကရာဇ်တံဆိပ်ပြားဆီမှ ကြောက်မက်ဖွယ်ရာ စုပ်အား တစ်ရပ် ထွက်ပေါ်လာခဲ့ပြီး ယန်ယန် လက်ကောက်ဝတ်ဆီမှ သွေးများကို အငမ်းမရ စုပ်ယူတော့သည်။

မျက်တောင်တစ်ခတ်အတွင်း ကြယ်ဧကရာဇ်တံဆိပ်ပြား တစ်ခုလုံး သွေးရောင်တောက်လာခဲ့သည်။

ပြီးသွားသည့်နောက်တွင် ယန်ယန်က ပင်းပန်းနွမ်းနယ်စွာဖြင့် တံဆိပ်ပြားကို ရန်ကိုင်ဆီ ပစ်ပေးလိုက်ပြီး တင်ပလင်ခွေ ထိုင်လိုက်သည်။

“အဲ့ဒါပဲလား” ရန်ကိုင် အံ့ဩတကြီး ပြန်မေးလိုက်သည်။ ကြယ်ဧကရာဇ်တံဆိပ်ပြားသည် အရောင်ပြောင်းသွားသည်မှ လွဲ၍ အကုန်လုံး ယခင်နှင့် အတူတူပင်။

“ဟုတ်တယ်” ယန်ယန် ခေါင်းညိတ်လိုက်သည်။

ရန်ကိုင် ကြယ်ဧကရာဇ်တံဆိပ်ပြားကို သင်္ကာမကင်း အမူအရာဖြင့် ကြည့်လိုက်သည်။ ဤတံဆိပ်ပြားကို သန့်စင်ရန် သွေးလိုအပ်သည် ဆိုပါက သွေးပေးရမည့်လူသည် သူသာ ဖြစ်ရမည် မဟုတ်လေလော။ ဘာကြောင့် ယန်ယန် ဖြစ်ရသနည်း။

“နင်အခုစမ်းကြည့်လိုက်၊ နားလည်လိမ့်မယ်” ယန်ယန်က ပြုံးကာ ပြောလိုက်ပြီးနောက် ဝင်ပေါက်ဆီသို့ လျှောက်သွားကာ “အဲ့တံဆိပ်ပြားသုံးခုလုံးကို သေချာ သိမ်းထားနော်”

“အင်း” ရန်ကိုင် ကူကယ်ရာမဲ့စွာ ခေါင်းညိတ်လိုက်သည်။

ယန်ယန် ထွက်သွားပြီးနောက်တွင် ရန်ကိုင်သည် သွေးရောင် တောက်နေသော ကြယ်ဧကရာဇ်တံဆိပ်ပြားကို ကိုင်ရင်း ထိုထဲသို့ သူတော်စင်ချီ ထည့်သွင်းလိုက်သည်။ သူ့သူတော်စင်ချီသည် အံဖွယ် ထိုထဲသို့ အဆီးအတားမရှိ စီးဝင်သွားလေသည်။ သို့သော် အထဲတွင် ချိတ်ပိတ်ထားသော နတ်ဘုရားစွမ်းရည် အသက် ဝင်လာခြင်း မရှိချေ။ တံဆိပ်ပြားသည် အဆုံးမဲ့ တွင်းနက်ကြီး တစ်ခုနှယ် ရန်ကိုင်၏ သူတော်စင်ချီကို အဆက်မပြတ် စုပ်ယူနေပြီး သူနှင့်တံဆိပ်ပြားကြား ဝေဝေဝါးဝါး ဆက်သွယ်ချက် တစ်မျိုး ဖြစ်တည်လာခဲ့သည်။

ဤသည်မှာ မှော်ရတနာတစ်ခုအား သန့်စင်မှု ပြီးမြောက်သွားခြင်း၏ ပထမဆုံးသော ဝိသေသလက္ခဏာ ဖြစ်သည်။ ယန်ယန် ပြောသည်မှာ မှန်နေမှန်း ရန်ကိုင် ချက်ချင်း နားလည်သွားခဲ့လေသည်။ ဤကြယ်ဧကရာဇ်တံဆိပ်ပြားကို တကယ်ကြီး သန့်စင်၍ ရပေသည်။

တစ်ချိန်တည်းတွင် နဂါးလိုဏ်ဂူတောင်မှ မိုင်လေးရာလောက် ဝေးကွာသော တောအုပ်တစ်ခုထဲတွင်...

လူငယ်လေး တစ်ယောက်သည် မနှေးမမြန် အရှိန်ဖြင့် ရှေ့စူးစူးဆီသို့ ပျံသန်းနေခဲ့သည်။

ရန်ကိုင်သာ ထိုနေရာ၌ ရှိနေလျှင် ထိုလူအား ချက်ချင်း ပြေးဝင် တိုက်ခိုက်မိပေလိမ့်မည်။ အကြောင်းမှာ ထိုလူသည် လူရီ မှလွဲ၍ အခြား မဟုတ်သောကြောင့် ဖြစ်သည်။ ရန်ကိုင်နှင့် လူရီကြားရှိ ရန်ငြိုးသည် တစ်ယောက်သေမှသာ ပြီးပြတ်သွားမည့် ရန်ငြိုးဖြစ်သည်။ လက်ရှိတွင် လူရီ ပျံသန်းနေသည့် အရပ်သည် ရှဲ့မိသားစုဘက်ဆီ ဖြစ်လေသည်။

လူရီသည် အဓိပ္ပါယ်ပါပါ ပြုံးလျက် ကြယ်လွန်းပျံကို တောက်လျှောက် လမ်းကြောင်းပြောင်းလျက် တောအုပ်၏ အတွင်းပိုင်းဆီသို့ ရောက်အောင် ပျံသန်းသွားသည်။ တစ်နေရာသို့ ရောက်သော် လက်နှစ်ဖက်ကို ကျောက်ဘက် နောက်ပစ်ထားလျက် မြေပြင်ပေါ်သို့ ဆင်းလိုက်သည်။

ဘေးပတ်ဝန်းကျင် တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်နေကာ လေတိုးသံများနှင့် သစ်ရွက်လှုပ်သံများသာ ထွက်ပေါ်နေခဲ့သည်။

“ဘာလဲ၊ မင်းတို့ဒီလူကို ချုံခိုတိုက်ခိုက်ဖို့ စောင့်နေကြတာ မဟုတ်ဘူးလား။ ငါရောက်နေတာတောင် မင်းတို့ ဘာလို မထွက်လာသေးတာလဲ။ မင်းတို့ ငကြောက်တွေလား” လူရီက ခေါင်းစောင်းပြီး မေးလိုက်သည်။

မည်သူမှ ပြန်မဖြေ၊ မည်သူမှ မပေါ်လာခဲ့။ လူရီ တစ်ယောက်တည်းသာ ရှိနေသည့်နှယ်။

သို့သော်လည်း လူရီသည် မဲ့ပြုံးပြုံးလျက် ဆက်ပြောလိုက်၏ “ငကြောက်တွေကများ ငါ့ကိုလာပြီး ချုံခို တိုက်ခိုက်ချင်သေးတယ်၊ ကောင်းပြီလေ၊ မင်းတို့ ထွက်မလာမှတော့ ငါကိုယ်တိုင်ပဲ ထွက်လာအောင် လုပ်ပေးရတော့မှာပေါ့”

“မင်းအမြင်အာရုံက ကောင်းလှချည်လား ကောင်လေး။ ငါ့ကိုယ်ယောင်ဖျောက် နည်းလမ်းကိုတောင် ဖောက်မြင်နိုင်တယ်၊ ဆိုးတာက မင်းဘဝက ဒီနေ့ ဒီမှာပဲ အဆုံးသတ်သွားတော့မှာပဲ” ထိုစကားသံနှင့်အတူ လူပေါင်းများစွာ အနီးအနားရှိ သစ်ပင်များ ဆီမှ ခုန်ထွက်လာကြလေသည်။

ချက်ချင်းဆိုသလို လူပေါင်းများစွာ ထွက်ပေါ်လာပြီး လူရီအား ဝိုင်းလိုက်ကြသည်။

လေလံပွဲတွင် လူရီသည် သူမည်မျှ ကြွယ်ဝချမ်းသာကြောင်း ပြသ၍ လူပေါင်းများစွာ၏ အာရုံကို ဆွဲဆောင်ခဲ့သည်။ လေလံပွဲမှ အမြန် ပြန်ဆုတ်လာခဲ့သော်လည်း လူပေါင်းများစွာသည် သူ့နောက်သို့ တိုးတိုးတိတ်တိတ် လိုက်လာခဲ့ကြသေးသည်။

သူရှဲ့မိသားစုဆီ ပြန်မည်မှန်း သိထားကြသဖြင့် လူများစွာသည် သူ့အား ချုံခိုတိုက်ခိုက်ရန်အတွက် ဤနေရာတွင် ကြိုစောင့်နေကြသည်။

သူတို့ မျှော်လင့်ထားသည့် လူရီ ဤနေရာကို ဖြတ်သွားခဲ့သည်။ သို့သော် သူတို့ မမျှော်လင့်ထားသည်ကား လူရီသည် သူတို့ ရှိနေမှန်းကို သိသည့်တိုင် ဤနေရာမှ သိသိခြင်း ဖြတ်လာခြင်းပင်။

အစောပိုင်းက စကားပြောလိုက်သည့်လူသည် အရပ်ပုပု၊ နဖူးကျယ်ကျယ်နှင့် တန်ခိုးရှင်ပထမအဆင့် ကျင့်ကြံသူ တစ်ယောက် ဖြစ်သည်။ ထိုလူသည် အပြုံးကြီးပြုံးလျက် လူရီအား စိုက်ကြည့်ရင်း ခေါင်းညိတ်လိုက်ကာ “မဆိုးဘူး၊ မင်းတကယ် သတ္တိရှိသားပဲ။ မင်းလောက်သတ္တိရှိတဲ့လူမျိုး ငါတစ်ခါမှ မတွေ့ဖူးဘူး”

“ရောင်းရင်းရန်၊ အပိုတွေ ပြောမနေနဲ့တော့။ မြန်မြန် လတ်စသတ်ပြီး မြန်မြန် သွားကြရအောင်” ချုံပုတ်၏ အခြား တစ်ဖက်တွင် ရှိနေသော မုတ်ဆိတ်ရှည်ကြီးနှင့် သက်ကြီးပိုင်း လူတစ်ဦးက လှမ်းပြောလိုက်သည်။ ရုပ်ရည်ပိုင်းအရ ထိုလူသည် ချန်တုန်ထက် ပိုအသက်ကြီးဟန် ထင်ရသော်ငြား တကယ်တမ်း နှစ်ယောက်သား၏ အသက်မှာ သိပ်မကွာလှချေ။

“ကောင်းပြီ။ အချိန်ဆွဲနေရင် ပြဿနာတွေ တက်လာနိုင်တယ်။ ဒီကောင်က တကယ် ချမ်းသာတဲ့ကောင်၊ ဒီကောင်ကိုသတ်ပြီးရင် ငါတို့ အများကြီးရမှာ”

“ဘာတွေ အလျင်လိုနေတာလဲ” ချန်တုန်က အေးစက်စက် လေသံဖြင့် နှာခေါင်းရှုံ့လိုက်ပြီး “ဒီကောင်ကို အချိန်မရွေး ရှင်းပစ်လိုက်လို့ရတယ်။ အခု ဝေစုဘယ်လိုခွဲမလဲ ဆိုတာပဲ အရင် စဉ်းစား”

စုစုပေါင်း တန်ခိုးရှင်အဆင့် သုံးယောက် ရှိနေပြီး ကျန်လူများမှာ သူတော်စင်ဘုရင် သို့မဟုတ် သူတော်စင်များ ဖြစ်ကြသည်။ စုစုပေါင်း လူဆယ့်ခြောက်ယောက် ရှိပေသည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၃၈၅)

လူရီသည် သူတော်စင်ဘုရင် တတိယအဆင့်သာ ရှိသေးသည့် အတွက်ကြောင့် ထိုလူအားလုံး သူ့အား ရှိသလိုပင် မထင်ဘဲ ဝေစုအား မည်ကဲ့သို့ ခွဲဝေယူမလဲ ဆိုသည်ကိုသာ အရင်ဆွေးနွေးရန် ကြိုးစားနေကြသည်။

သူတော်စင်သလင်းကျောက် သန်းလေးဆယ်မက ဖြုန်းတီးနိုင်သော လူတစ်ယောက်တွင် နောက်ထပ် သူတော်စင် သလင်းကျောက် တော်တော်များများ ကျန်ရှိပေဦးမည်။ ထို့အပြင် ထိုကောင်သည် လေလံပွဲတွင် ရတနာများစွာကိုလည်း ရအောင် လေလံဆွဲခဲ့သေးသည်။

ထိုအဖွဲ့သုံးဖိုစလုံးသည် အားကောင်းသော နောက်ခံများမှ လာကြခြင်း မဟုတ်ကြဘဲ တိမ်မီးတောက်ဂိုဏ်းနှင့် အဆင့်တူ အင်အားစုများ အသီးသီးကို ကိုယ်စားပြုလာကြခြင်း ဖြစ်သည်။ ထိုကဲ့သို့သော အင်အားစုများသည်သာ ယခုကဲ့သို့ လူသတ်၊ ဓါးပြတိုက်သည့် အလုပ်မျိုး လုပ်ကြခြင်းဖြစ်သည်။ အကြောင်းမှာ အင်အားစုကြီးများရှိ ကျင့်ကြံသူများမှာ ဂိုဏ်း၏ ဂုဏ်သတင်းကို ထောက်ရှုရသည့် အတွက်ကြောင့် ကိုယ်ကိုယ်ကို ထိန်းထိန်းသိမ်းသိမ်းနှင့် နေကြသည်။

ဝဖြီးနေသည့် သိုးကြီးတစ်ကောင်ကို အပြီတုတ်ရမည့် အကြောင်းကို တွေးရင်း ထိုလူများ သားရကျချင်လည်း ကျချင်စရာပင်။ အကုန်လုံးသည် သူအပြိုင်ကိုယ်အပြိုင် ပိုကြီးသော ဝေစုရရန် ကြိုးစားနေကြသည်။ တန်ခိုးရှင်အဆင့် ပညာရှင်သုံးယောက်သည် တစ်ယောက်နှင့်တစ်ယောက် အလျှော့မပေးဘဲ ဝေစုအတွက် ရန်ဖြစ်နေကြလေသည်။

လူရီမှာမူ တုန်လှုပ်ခြောက်ခြားခြင်း အရှင်း မရှိဘဲ တည်တည်ငြိမ်ငြိမ် အမူအရာဖြင့်သာ ရပ်ကြည့်နေခဲ့သည်။ သို့သော် အချိန်ကြာလာသည့်အခါ သူတဖြည်းဖြည်း စိတ်မရှည် ဖြစ်လာခဲ့သည်။

တဖြည်းဖြည်း ဆူညံသထက် ဆူညံလာနေသော ထိုသုံးယောက်ကို ကြည့်ရင်း နောက်ဆုံး စိတ်မရှည်တော့သည့် အဆုံး လူရီက အေးစက်စက် လေသံဖြင့် နှာခေါင်းရှုံ့လိုက်၏ “စောက်သုံးမကျတဲ့ အမှိုက်ကောင်တွေ”

ထိုစကားသံ ထွက်လာသည်နှင့် တန်ခိုးရှင်အဆင့် သုံးယောက်စလုံး လူရီအား အံ့ဩတကြီး ကြည့်လိုက်ကြသည်။ ချန်တုန်သည် သူ့နားကို လက်ဖြင့်ကိုင်၍ လူမိုက်ဟန်ဖြင့် မေးလိုက်သည် “ကောင်လေး၊ မင်းဘာပြောလိုက်တာ၊ မင်သတ္တိရှိရင် အဲ့စကားကို ထပ်ပြောလိုက်စမ်း”

“စောက်သုံးမကျတဲ့ အမှိုက်ကောင်တွေလို့ ငါပြောလိုက်တာ မင်းမကြားဘူးလား။ လူတောင် မသတ်ရသေးဘဲနဲ့ ဝေစုခွဲဖို့အရေး ကိုက်နေလိုက်ကြတာ၊ မင်းတို့နဲ့ ယှဉ်လိုက်ရင် ခွေးတောင် သိက္ခာ ကျတယ်။ မင်းတို့ ငါ့ကို တကယ်ကြီး သတ်နိုင်မယ် ထင်နေတာလား” လူရီက အထင်အမြင်တသေးဖြင့် ပြုံးလျက် ချိုးချိုးဖဲ့ဖဲ့ လှောင်ပြောင် ပြောဆိုလိုက်လေသည်။

ချန်တုန် မျက်နှာ မဲမှောင်သွားပြီး အသက်မပါသည့် ရယ်သံဖြင့် ရယ်လျက် “ရောင်းရင်းတို့ရေ၊ ဒီကောင်ကြည့်ရတာ အရမ်း သေချင်နေပြီနဲ့တူတယ်။ ဒီကောင်က အရမ်း သေချင်နေမှတော့ သူ့ဆန္ဒကို ဖြည့်ဆည်းပေးပြီး သူသေမှပဲ ဝေစုခွဲကြတာပေါ့ကွာ”

အခြားသူ နှစ်ယောက်သည်လည်း လူရီ စကားကြောင့် ဒေါသထွက်သွားသည့်အလား သဘောတူလိုက်ကြလေသည်။

ချန်တုန်က သွားပေါ်အောင် ပြုံးဖြီးလိုက်ပြီး အော်ပြောလိုက်သည် “ဒီကောင်ကို တစ်စစီဖြစ်အောင် ခုတ်ထစ်ပစ်လိုက်ကြစမ်းကွာ။ ဒီကောင် ဒီလောကကြီးမှာ မွေးလာရတာ နောင်တရသွားအောင် လုပ်ပေးမှရမယ်”

သူအမိန့်ပေးလိုက်သည်နှင့် သူ့နောက်တွင် ရှိနေသော သူတော်စင်ဘုရင်အဆင့်နှင့် သူတော်စင်အားလုံးသည် သူတို့၏ မှော်ရတနာအသီးသီးကို ထုတ်၍ တိုက်ခိုက်ကြတော့မည်အပြု လူရီအမူအရာသည် ခြောက်ခြားဖွယ်ကောင်းသည့် အမူအရာ အဖြစ်သို့ ရုတ်တရက် ပြောင်းလဲသွားပြီး သွေးပျက်ဖွယ် ကောင်းသည့် အသံဖြင့် ရယ်မောလျက် “အဲ့အမှိုက်တွေနဲ့ ဒီစီနီယာကို သတ်ချင်နေတယ် ဟုတ်လား။ ငါတွေ့ဖူးသမျှ လူတွေထဲမှာ မင်းစောက်ဦးနှောက် မရှိဆုံးဘဲ”

“ဟန်” တန်ခိုးရှင်အဆင့် ပညာရှင် သုံးယောက်စလုံး မှင်သက်သွားခဲ့ကြသည်။ လူရီ၏ ပြောင်းလဲသွားသော ပုံစံကို မြင်ပြီး သူတို့သုံးယောက်စလုံး၏ စိတ်ထဲ မသက်မသာ ဖြစ်လာခဲ့ကြသည်။

လူရီက ခြောက်ခြားဖွယ်ကောင်းစွာ ရယ်မောလိုက်ပြီးနောက် သူ့လက်ကို ဝှေ့ရမ်းလိုက်ရာ သွေးနီရောင် အလင်းတန်းများ ထွက်ပေါ်လာပြီး သူ့အား ဝိုင်းရံထားသော ကျင့်ကြံသူများဆီသို့ တိုးဝင်သွားလေသည်။

ထိုအနီရောင် အလင်းတန်းများသည် သက်ရှိများ ဖြစ်နေသည့်အလား ၎င်းတို့ဆီမှ ထူးထူးဆန်းဆန်း အသံများ ထွက်ပေါ်နေခဲ့သည်။ အကုန်လုံး၏ အမူအရာ အပြောင်းကြီး ပြောင်းလဲသွားပြီး ထိုအနီရောင် အလင်းတန်းများကို ခုခံရန် ကြိုးစားလိုက်သည်။ သို့သော် သူတို့ မည်သို့ပင် ကြိုးစားပါစေ ထိုအနီရောင်အလင်းတန်းများ ချဉ်းကပ်လာနေသည်ကို မည်သိုမှ မတားဆီးနိုင်ခဲ့ကြပေ။ သူတော်စင်၊ သူတော်စင်ဘုရင်များပင် မဆိုထားနှင့် တန်ခိုးရှင်အဆင့်များပင် ထိုအနီရောင် အလင်းတန်းများကို မတားဆီးနိုင်ခဲ့ပေ။

ထိုအနီရောင် အလင်းတန်းများသည် သူတို့၏ သူတော်စင်ချီ အရံအတားကို စက္ကူဖြူတစ်ရွက်နှယ် ဖောက်ဝင်ပြီး အသားထဲသို့ ဆက်လက် တိုးဝင်သွားခဲ့သည်။

“ဘာကြီးလဲ” ချန်တုန် သွေးပျက်ခြောက်ခြားစွာ ထအော်လိုက်သည်။ တစ်ကိုယ်လုံး ဒယီးဒယိုင် ဖြစ်သွားခဲ့ပြီး မျက်နှာမှာလည်း သွေးမရှိတော့မတတ် ဖြူလျော်နေသည်။ ကြောက်ကြောက်လန့်လန့်ဖြင့် သူ့ခန္ဓာကိုယ်ကို ကောင်းကင် စိတ်အာရုံဖြင့် အလျင်စလို စစ်ဆေးကြည့်လိုက်သည်။

သို့သော်လည်း အံ့အားသင့်ဖွယ်ကောင်းစွာ မည်သည့် ထူးခြားမှုကိုမှ ရှာမတွေ့ခဲ့ချေ။ သူ့သူတော်စင်ချီသည် ချောချောမွေ့မွေ့ လှည့်ပတ်နေသေးပြီး သွေးကြောများမှာလည်း အကောင်းအတိုင်း ရှိနေသေးသည်။ ကောင်းကင်စိတ်အာရုံလည်း ဘာမှဖြစ်မသွား။ ထိုသို့ဆိုလျှင် ထိုသွေးနီရောင် အလင်းတန်းများ သူ့အား ဘာလုပ်သွားသနည်း။

နှစ်ပေါင်းများစွာ ကျင့်ကြံပြီးနောက် တစ်သက်လုံးတွင် ယခုကဲ့သို့ အဖြစ်အပျက်မျိုး သူပထမဆုံးအကြိမ် ကြုံဖူးခြင်း ဖြစ်သည်။ စိတ်ထဲ မသင်္ကာသည်နှင့် အခြား တန်ခိုးရှင်အဆင့် ပညာရှင် နှစ်ယောက်ဆီ လှမ်းကြည့်လိုက်သည်။ သို့သော်လည်း သူတို့နှစ်ယောက်စလုံးလည်း ဘာဖြစ်လို့ ဖြစ်နေမှန်း မသိကြပေ။

သွေးနီရောင် အလင်းတန်းများကို ပစ်လွှတ်လိုက်ပြီးနောက် လူရီသည် မလှုပ်ရှားတော့ဘဲ နေရာတွင်သာ အထင်တကြီး အမူအရာဖြင့် ရပ်လျက် အေးစက်စက် လေသံဖြင့် နှာခေါင်း ရှုံ့လိုက်သည် “အစကတော့ ငါအဲ့လောက် ချမ်းသာကြောင်း ပြလိုက်ရင် လူအများကြီး ခေါ်ထုတ်လာနိုင်မယ် ထင်တာ၊ မင်းတို့ အမှိုက်သုံးကောင်ပဲ ရလာမယ် မထင်ထားဘူး။ ဘာပဲဖြစ်ဖြစ်၊ အမှိုက်ဆိုပေမယ့် နည်းနည်းတော့ အသုံးဝင်သေးတဲ့ အမှိုက်လို့ ပြောလို့ရတယ်။ အခု ဒီစီနီယာရဲ့ အမိန့်ကို နာခံဖို့ အချိန်ကျပြီ”

“ခေါ်ထုတ်လာတာ” ထိုစကားကို ကြားလိုက်သည့်အခိုက် ချန်တုန် ကြောင်သွားပြီး မျက်မှောင်ကြုတ်လိုက်သည်။ သူ့အမူအရာ အပြောင်းကြီး ပြောင်းလဲသွားပြီး “ဒီတော့ မင်းလေလံပွဲမှာ လေလံဝင်ဆွဲခဲ့တာ လူတွေ မင်းကို ဓါးပြတိုက်လာအောင် မျှားခေါ်ဖို့ပေါ့”

အခြား တန်ခိုးရှင်အဆင့် ပညာရှင် နှစ်ယောက်သည်လည်း လူရီ ဘာပြောချင်နေလဲ ဆိုသည်ကို ချက်ချင်း နားလည် သဘောပေါက်သွားကြသည်။

ထိုကောင် မည်သည်ကို ကြံနေပါစေ အနည်းငယ်တော့ သံသယဝင်စရာ ကောင်းနေခဲ့သည်။ ထို့အပြင် အ‌စောပိုင်းက ထိုကောင် ပစ်လွှတ်လိုက်သော အနီရောင် အလင်းတန်းများ ဘာဖြစ်သလဲ ဆိုသည်ကို သူတို့ ယခုထိ မသိသေးချေ။

“ငါ့ကို မေးခွန်းလာမေးဖို့ မင်းတို့မှာ အရည်အချင်းမရှိဘူး။ ငါပြောတာကိုသာ နားထောင်၊ မင်းတို့ အသက်ကို ချမ်းသာပေးမယ်၊ မဟုတ်ရင်တော့...”

“မဟုတ်ရင် ဘာဖြစ်လဲ” ချန်တုန်သည် သူ့အား သတ်မည်ကို ငြိမ်ခံနေမည့် လူစားမျိုးမဟုတ်ချေ။ ထိုသွေးနီရောင် အလင်းတန်းသည် သူတို့ ထင်စရာ ကြောက်စရာ မကောင်းဟု ထင်နေသည်။ အကြောင်းမှာ ယခုအချိန်ထိ မည်သည့် မသက်မသာ ခံစားမှုကိုမှ မခံစားရသေးသောကြောင့် ဖြစ်သည်။

ထိုကောင်သည် သွေးနီရောင် အလင်းတန်းများကို ပစ်လွှတ်၍ သူတို့အား ဖြဲခြောက်ရန် ကြိုးစားနေခြင်း သက်သက်လည်း ဖြစ်နိုင်ပေသည်။

“မဟုတ်ရင် မင်းတို့ စောက်ဒုက္ခရောက်မှာပေါ့” လူရီက ပြုံးဖြီးလိုက်သည်။ သူ့အသံ ဆုံးသွားသည်နှင့် ချန်တုန် သူ့ခေါင်းကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်၍ နာကျင်စွာ အော်ဟစ်တော့လေသည်။

အသက်တစ်ရှိုက်စာအတွင်း ချန်တုန် အဝတ်အစားအားလုံး ချွေးများဖြင့် စိုရွှဲသွားခဲ့သည်။ ယခု ချန်တုန်သည် နာကျင်မှုကြောင့် မြေကြီးပေါ် လူးလှိမ့်နေခဲ့လေပြီ။ သူပါးစပ်မှ ထွက်ပေါ်နေသော သားရဲအော်သံကဲ့သို့ အော်သံများသည် သူမည်မျှ နာကျင်နေကြောင်းကို ပြသနေခဲ့သည်။ သူ့အရေပြားဟာ ဆိုလျှင်လည်း ပေါက်ကွဲတော့မည့်နှယ် သွေးနီရောင် တောက်နေခဲ့လေပြီ။

“မင်းရောင်းရင်းချန်ကို ဘာလုပ်လိုက်တာလဲ။ စောနကဟာ ဘာကြီးလဲ” အခြား တန်ခိုးရှင်အဆင့် ပညာရှင် မျက်လုံး ပြူးသွားပြီး ကြောက်လန့်တကြား မေးလိုက်သည်။

ချန်တုန် တစ်ယောက်တည်း သွေးနီရောင် အလင်းတန်းဖြင့် ထိသွားခြင်း မဟုတ်ချေ။ ဤနေရာတွင် ရှိနေသူအားလုံး ထိုအနီရောင် အလင်းတန်းဖြင့် ထိမှန်ခြင်း ခံလိုက်ရသည်။ ချန်တုန် ထိုကဲ့သို့ နာကျင်စွာ လူးလှိမ့်နေသည်ကို မြင်သော် ထိုကျင့်ကြံသူအားလုံး ကြောက်ရွံ့တုန်လှုပ်မိသွားကြသည်။

“အဲ့ဒါဘာလဲဟုတ်လား၊ အဲ့ဒါဘာလဲဆိုတော့ နှစ်တစ်သောင်း အဆိပ်မိစ္ဆာအင်းဆက်လေ” လူရီက ပြုံးလျက် ပြန်ပြောသည်။

“နှစ်တစ်သောင်းအဆိပ်မိစ္ဆာအင်းဆက်” ထိုစကားကို ကြားလိုက်သည့်အခါ အကုန်လုံး သွေးပျက်ခြောက်ခြား ကုန်ကြလေသည်။ ထိုအရာဘာမှန်း မသိသော်လည်း ချန်တုန်၏ ဖြစ်ပျက်နေသော ပုံစံအရ အလွန် ကြောက်ဖို့ကောင်းသော အင်းဆက်တစ်ကောင် ဖြစ်မည်မှန်းတော့ သေချာပေသည်။

အသက်ကြီးကြီး တန်ခိုးရှင်အဆင့် ပညာရှင်သည် သူ့လက်ကို ညွှန်လိုက်ရာ အနက်ရောင် ဓါးတစ်ချောင်း ရုတ်တရက် ပေါ်လာခဲ့သည်။ ဓါးတစ်ချောင်းလုံး အနက်ရောင်ချီဖြင့် ဖုံးလွှမ်းနေပြီး ၎င်းဆီမှ သွေးအရှိန်အဝါလည်း ထွက်ပေါ်နေ၏။ ချက်ချင်းဆိုသလို ထိုအနက်ရောင်ချီသည် မီတာပေါင်းများစွာ ရှည်လျာသော မြွေတစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားပြီး လူရီဆီသိုး ပြေးဝင်သွားလေသည်။

သူ့အစီအစဉ်မှာ အမှားတစ်ခု မဟုတ်ချေ။ နှစ်တစ်‌သောင်း အဆိပ်မိစ္ဆာအင်းဆက် ဘာပင်ဖြစ်ပါစေ၊ ထိုအင်းဆက် လှုပ်ရှားရန် လူရီ၏ အမိန့်ကို လိုအပ်သည်။ သူသာ လူရီကို သတ်လိုက်သည်နှင့် ထိုအင်းဆက်လည်း သူ့အား ဘာမှ လုပ်နိုင်တော့လိမ့်မည် မဟုတ်ချေ။

လူအိုကြီး၏ အမြင်တွင်၊ လူရီသည် သူတော်စင်ဘုရင် တတိယအဆင့်သာ ရှိသေးသည့် လူတစ်ယောက် ဖြစ်သည်။ သူယခုကဲ့သို့ တည်တည်ငြိမ်ငြိမ် ရှိနေနိုင်ခြင်းမှာ နှစ်တစ်သောင်း အဆိပ်မိစ္ဆာအင်းဆက်ကြောင့် ဖြစ်သည်။

သူ့တွင် နှစ်တစ်သောင်းအဆိပ်မိစ္ဆာအင်းဆက် ရှိလျှင်ပင် ဘာအရေးနည်း။ ထိန်းချုပ်သူသာ သေသွားခဲ့လျှင် ထိုအင်းဆက်လည်း အသုံးဝင်ပါဦးမည်လော။

လူအိုကြီးသည် ပြတ်သားသည့် လူတစ်ယောက် ဖြစ်သည်။ ထို့ကြောင့် ဆုံးဖြတ်ပြီးသည်နှင့် ချက်ချင်း တိုက်ခိုက်လိုက်သည်။ မည်သည့် ကြုံးဝါးအော်ဟစ်သံ၊ သတိပေးသံမှ မပြုလုပ်ဘဲ သူ၏ အားအကောင်းဆုံး မှော်ရတနာကို ဆင့်ခေါ်၍ ချက်ချင်း လှုပ်ရှားလိုက်သည်။

ထိုအနက်ရောင်မြွေသည် တစ်မုဟုတ်ချည်း လူရီရှေ့သို့ ရောက်လာခဲ့သည်။ တစ်ချိန်တည်းတွင် လူအိုကြီး၏ မျက်နှာထက် ရက်စက်သည့် အပြုံးတစ်ပွင့် ထွက်ပေါ်လာခဲ့သည်။

သို့သော်လည်း ချက်ချင်းဆိုသလို သူမျက်လုံးပြူးသွားရ၏။

အကြောင်းမှာ လူရီသည် သူ့ပစ်လွှတ်လိုက်သည့် မြွေကို အလွယ်တကူ ဖမ်းလိုက်သောကြောင့် ဖြစ်ပေသည်။ မြွေသည် လူရီ၏ လက်ထဲမှ ရုန်းထွက်ရန်က ကြိုးစားသော်ငြား မည်သို့မှ မလွတ်မြောက်နိုင်ခဲ့ပေ။

“ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ” လူအိုကြီး၏ အမူအရာ အပြောင်းကြီး ပြောင်းလဲသွားခဲ့သည်။ သူ့မှော်ရတနာသည် မကောင်းဆိုးဝါး မှော်ရတနာတစ်မျိုး ဖြစ်သည်။ လက်ဗလာ သက်သက်နှင့် ကိုင်ဖို့ရာ မဆိုထားနှင့်၊ ထိုအနက်ရောင်ချီနှင့် သူတော်စင်ဘုရင် အဆင့်တစ်ယောက်ကို သွားထိလိုက်ပါက ထိုလူ ချက်ချင်း သတိလစ်သွားပေလိမ့်မည်။

ထိုမြင်ကွင်းကြောင့် လူအိုကြီး ထိတ်လန့်မိသွားသော်ငြား တိုက်ပွဲများစွာကို တိုက်ခိုက်လာဖူးသည့် အလျောက် သူ့မြွေအား အဆိပ်ဖြင့် လှမ်းပက်ရန် ချက်ချင်း အမိန့်ပေးလိုက်သည်။

“ဒီတစ်ကြိမ် မင်းအသက်ရှင်ဦးမလား ကြည့်ကြတာပေါ့” လူအိုကြီးက သုန်သုန်မှုန်မှုန်နှင့် ရယ်မောလိုက်သည်။ သို့သော် သူ့စကား ဆုံးသွားသည်နှင့် ပါးစပ်အဟောင်းသား ဖြစ်သွားရ၏။

အဆိပ်မှုတ်ထုတ်ခြင်း ခံလိုက်ရသည့်တိုင် လူရီသည် အကောင်းအတိုင်း ရှိနေသေးသည်။ ဘာမှဖြစ်မသွား။ သို့သော် သူ့အမူအရာမှာမူ အတော်လေး ရက်စက်ကြမ်းကြုတ်လာပြီး အကြည့်မှာ အေးစက်လာခဲ့လေသည်။

လူရီ၏ အေးစက်စက် အကြည့်နှင့် ရင်ဆိုင်မိသော် လူအိုကြီး ကျောရိုးတစ်လျှောက် စိမ့်တက်သွားခဲ့ရသည်။

သေခြင်းအငွေ့အသက်ကို သူခံစားလိုက်ရသည်။

လူရီသည် လက်တစ်ဖက်ဖြင့် သူ့မျက်နှာပေါ်မှ အဆိပ်ကို သုတ်ချလိုက်ပြီး လှောင်ပြောင်လိုသည့် လေသံဖြင့် ပြောလိုက်၏ “အစကတော့ မင်းအသက်ကို ချမ်းသာပေးဦးမလို့လဲ။ ဒါပေမယ့် မင်းက သေချင်နေမှတော့ ဒီစီနီယာလည်း မင်းဆန္ဒကို ဖြည့်ဆည်းပေးရတာပေါ့”

ပြောပြီးသည်နှင့် လူအိုကြီးအား စူးရဲစွာ စိုက်ကြည့်လိုက်၏။

ချက်ချင်းဆိုသလို အကြီးအကဲကိုယ်တွင်းရှိ သွေးများ ဆူပွက်လာပြီး သူ့အသားအရေသည် မီးဖုတ်ထားခြင်း ခံရသည့် သံပူတုံးတစ်တုံးနယ် နီရဲလာခဲ့လေသည်။ သူ့ခန္ဓာကိုယ်လည်း တဖြည်းဖြည်း ဖောင်းကားလာခဲ့သည်။

“မဟုတ်ဘူး..... ချမ်းသာ...” အကြီးအကဲမှာ စကားကို ဆုံးအောင်ပင် မပြောရသေးခင်မှာပဲ သူ့တစ်ကိုယ်လုံး ပေါက်ကွဲ ထွက်သွားခဲ့သည်။ အရိုးပင် မကျန်ခဲ့ချေ။

နောက်ဆုံး တန်ခိုးရှင်အဆင့် ပညာရှင်သည် ထိုမြင်ကွင်းကို ကြည့်ရင်း ကျောက်ရုပ်ကြီးတစ်ရုပ်လို ဖြစ်နေခဲ့သည်။ လောကကြီး တစ်ခုလုံး အထက်အောက် ပြောင်းပြန်လှန်သွားသလို ခံစားလိုက်ရသည်။

မည်သို့သော မွန်းစတားကိုမှ သူတို့ လာဓါးပြတိုက်မိသနည်း။ ထိုကောင်လေးသည် သူတော်စင်ဘုရင် တတိယအဆင့်သာ ရှိသေးသော်ငြား လူအိုကြီး၏ တိုက်ခိုက်မှုအားလုံးကို အသာအယာ ခုခံသွားပြီး အတွေးတစ်ချက်နှင့် လူအိုကြီးကို ဖောက်ခွဲပစ်လိုက်သည်။ ထိုအရာ သူတော်စင်ဘုရင်အဆင့် တစ်ယောက် စွမ်းဆောင်နိုင်သော အရာမျိုးလော။

လူအိုကြီးကို သတ်ပြီးနောက် လူရီသည် အောက်သို့ ကျသွားသော မြေဓါးကို ကောက်ယူလိုက်သည်။ ထိန်းချုပ်သူ မရှိတော့သဖြင့် အနက်ရောင်မြွေသည် ဓါးတစ်ချောင်းအဖြစ်သို့ ပြန်ပြောင်းသွားခဲလေပြီ။ လူရီသည် အဝတ်စဖြင် သူ့မျက်နှာကို စင်အောင် သုတ်လိုက်ပြီးနောက် နောက်ဆုံး ကျန်ရှိနေသော တန်ခိုးရှင်အဆင့် ပညာရှင်ဆီ လှမ်းကြည့်လိုက်သည်။

ထိုကျင့်ကြံသူသည် အရူးမဟုတ်ချေ။ သူ့တွင် ဤကပ်ဆိုးမှ လွတ်မြောက်ရန် အခွင့်အရေးတစ်ရပ်သာ ရှိမှန်း သိသည်။ လူရီ သူ့အား ကြည့်နေသည်ကို မြင်သော် ချက်ချင်း ဒူးထောက်လိုက်ပြီး မြေကြီးပေါ် ဦးညွှတ်ကာ “ကျွန်တော်မျိုး မီးပင်လယ်ကိုပဲ ဖြတ်ရဖြတ်ရ၊ ဓါးတောင်ကိုပဲ ကျော်ရကျော်ရ သခင်အမိန့်ကို တသဝေမသိမ်း လိုက်နာပါ့မယ်”

တန်ခိုးရှင်အဆင့်ပင် ထိုကဲသို့ လုပ်နေရသည်ကို မြင်သော် သူတော်စင်ဘုရင်နှင့် သူတော်စင်အားလုံးလည်း ထိုတန်ခိုးရှင် အဆင့် ပညာရှင်ကဲ့သို့ လိုက်လုပ်ကြလေသည်။

ချန်တုန်မှာလည်း မှတ်လောက်အောင် နှိပ်စက်ခံထားရသည် ဖြစ်ရာ လူရီအား ဆက်လက်၍ ပုန်မကန်ရဲတော့ဘဲ အလျင်စလို ဒူးကောက်ထောက်လိုက်ပြီး လူရီ၏ အမိန့်ကို နာခံပါမည် ဖြစ်ကြောင်း ပြောလိုက်သည်။

All Chapters