အခန်း (၁၃၈၆-၁၃၉၀)
Vol. 56 Ch. 1386-1390
အပိုင်း (၁၃၈၆)
ထိုလူများ၏ အပြုအမူနှင့် ပက်သက်၍ လူရီ ကျေနပ်သွားခဲ့သည်။ သူတို့ သူ့အပေါ် တကယ် သစ္စာခံခံ၊ မခံခံ သူဂရုမစိုက်။ အကြွင်းမဲ့ခွန်အား ရှေ့မှောက်တွင် မည်သည့် လှည့်ကွက်မှ အသုံးမဝင်ပါချေ။
ညစ်ကျယ်ကျယ်ပြုံးလျက် လူရီက ခေါင်းညိတ်လိုက်ပြီး “ကောင်းပြီလေ၊ မင်းတို့ ငါ့အပေါ် သစ္စာခံချင်မှတော့ ငါလည်း မင်းတို့ အသက်ကို ချမ်းသာပေးရတာပေါ့။ ဒါပေမယ့်... သူတော်စင်တွေက အရမ်း အားနည်းလွန်းတယ်။ ငါ့အတွက် အသုံးမဝင်ဘူး။ သူတို့ အကုန်လုံးကို သတ်ပစ်လိုက်”
ထိုစကားကို ကြားသည့်အခါ အကုန်လုံး၏ မျက်နှာ အမူအရာ အပြောင်းကြီး ပြောင်းလဲသွားခဲ့လေသည်။ အထူးသဖြင့် သူတော်စင်များပင်။ သူတို့ဘက်မှ သစ္စာခံမည်ဟု ပြောသည့်တိုင် သူတို့ကို အသုံးမဝင်ဟု ပြောကာ သတ်ပစ်ဦးမည်ဟု အားလုံး မထင်ထားခဲ့ချေ။ ထို့ကြောင့် အသက်ချမ်းသာပေးရန် ချက်ချင်းပဲ ဦးညွှတ်တောင်းပန်ကြတော့သည်။
တန်ခိုးရှင်အဆင့် နှစ်ယောက်လည်း မယုံကြည်နိုင် ဖြစ်နေ၏။ ထိုသူတော်စင်များသည် သူတို့၏ ဂျူနီယာများ ဖြစ်ရာ မည်ကဲ့သို့ လက်လွတ်စပယ်ကြီး သတ်ရက်မည်နည်း။
သို့သော်လည်း လူရီက ထူးမခြားနားဟန်ဖြင့် အေးစက်စက် လေသံဖြင့် ပြောလိုက်သည် “ငါကိုယ်တိုင် လုပ်ရမှာလား”
ထိုစကားကို ကြားသည့်အခါ ချန်တုန်နှင့် အခြား တန်ခိုးရှင် အဆင့် ပညာရှင် ကြောင်သွားခဲ့သည်။ သို့သော် လူအိုကြီး၏ အဖြစ်ကို ပြန်သတိရလိုက်သည့်အခါ နှစ်ယောက်သား အကြည့်ချင်း ဖလှယ်လိုက်ကြပြီး သူတို့၏ သူတော်စင်ချီကို သူတော်စင်အဆင့် ကျင့်ကြံသူ အနည်းငယ် ပစ်လွှတ်လိုက်လေ၏။
အက်သံများနှင့်အတူ သူတော်စင်အားလုံး ဦးခေါင်းများ အက်ကွဲကုန်ပြီး နေရာတင်ပင် ပွဲချင်းပြီး သေသွားကြလေသည်။
“အင်း” လူရီ ခေါင်းတညိတ်ညိတ်နှင့် မှတ်ချက်ပေးလိုက်၏ “ငါ့မှာ မင်းတို့အတွက် တာဝန်တစ်ခု ရှိတယ်”
“ကျေးဇူးပြုပြီး ပြောပါသခင်” ချန်တုန်က ချက်ချင်း ပြန်ပြောလိုက်သည်။
“ဘာနည်းပဲသုံးရသုံးရ၊ ကြိုက်တဲ့နည်းလမ်းသုံးပြီး တန်ခိုးရှင် အဆင့် ပညာရှင် နည်းနည်းလောက် ထပ်ရှာလာခဲ့။ သူတို့ရဲ့ ခွန်အားက မင်းတို့အောက် နိမ့်လို့ မဖြစ်ဘူးနော်။ ပြီးတော့ သူတော်စင်ဘုရင် အဆင့်တွေလည်း ထပ်ရှာထားလိုက်ဦး”
“နားလည်ပါပြီ” ထိုစကားကို ကြားသည့်အခါ လူရီ ဘာလုပ်ရန် ကြံနေလဲ ဆိုသည်ကို ချန်တုန် ချက်ချင်း နားလည် သွားခဲ့သည်။ ထိုလူငယ်လေးသည် သူတို့အပေါ် သုံးခဲ့သည့် နည်းလမ်းကိုသုံး၍ လက်အောက်ငယ်သားများ စုစည်းရန် ကြိုးစားနေခြင်း ဖြစ်သည်။ ချန်တုန်ကလည်း ပျော်ပျော်ကြီး လုပ်ပေလိမ့်မည်။
လူတစ်ယောက်၏ စိတ်မှာ ထိုကဲ့သို့။ ကိုယ်ခံရပြီးလျှင် အခြားသူကိုလည်း ခံရစေချင်သည်။
“ဒါပေမယ့်၊ သခင်၊ အဲ့လူတွေကို ဘယ်ကို ခေါ်လာရမှာလဲ”
“ရှဲ့မိသားစုဆီ” လူရီ ပြောပြီးသည်နှင့် သူ့ကြယ်လွန်းပျံကို ထုတ်ကာ ရှဲ့မိသားစုဘက်ဆီ ပျံသန်းသွားလေသည်။
လူရီ မရှိတော့သည့် နောက်မှပဲ ချန်တုန် သက်ပြင်း ရှိုက်လိုက်နိုင်သည်။ လူရီ၏ နှိပ်စက်ခြင်းခံရစဉ်က သူ့ကျိန်းသေ သေရတော့မည်ဟု ထင်ခဲ့သည်။ သို့သော်လည်း ကံကောင်းစွာဖြင့် မသေခဲ့ပါချေ။
“ရောင်းရန်ချန်၊ အဲ့ကောင်ပေးတဲ့ အမိန့်တွေကို ငါတို့ တကယ် နာခံရမှာလား” အခြား တန်ခိုးရှင်အဆင့် ပညာရှင်က လူရီ ထွက်သွားသည့်ဘက်ဆီ ကြည့်ရင်း မျက်မှောင်ကြုတ်လျက် မေးလိုက်သည်။ ထိုကောင်စုတ်လေး ပေးသည့် အမိန့်ကို သူကတယ် မနာခံချင်ချေ။ ပထမဆုံး ဒူးထောက်အညံ့ခံခဲ့သည့် လူမှာ သူဖြစ်သော်လည်း မလုပ်ရ မဖြစ်သည့် အခြေအနေ ကြောင့်သာ လုပ်ခဲ့ခြင်း ဖြစ်သည်။
လူရီ၏ ကျင့်ကြံခြင်းသည် သူ့ထက် ပိုနိမ့်သည်။ သူရှိနေသည့် တိမ်မီးတောက်ဂိုဏ်း ဆိုလျှင်လည်း သူတို့ဂိုဏ်းထက် ပိုအားကောင်းခြင်း မရှိသည့် အင်အားစုတစ်ခုဖြစ်သည်။ ထို့သို့ ဖြစ်လေရာ ထိုကောင်သည် ဘာကောင်မို့လို့ သူ့အမိန့်ကို သူတို့ နာခံရမည်နည်း။
“မနာခံလို့ရော ရလို့လား။ ဘာလဲ၊ အဲ့နှစ်တစ်သောင်း အဆိပ်မိစ္ဆာအင်းဆက်ကို ရောင်းရင်းရန် မြည်းချင်လို့လား” သူနှိပ်စက်ခံခဲ့ရသည့် အဖြစ်အပျက်အကြောင်း ပြန်တွေးမိရုံဖြင့် ချန်တုန် တစ်ကိုယ်လုံး ကြောက်ရွံ့မှုကြောင့် တုန်ရီသွားသည်။
ရန်ကျုမျက်နှာ အရုပ်ဆိုးသွားပြီး တုန့်ဆိုင်းတုန့်ဆိုင်းဖြင့် “ဒါပေမယ့် ဒီကောင်လေးက,..”
“ထူးတော့ ထူးဆန်းတယ်၊ ဟုတ်တယ်မလား” ချန်တုန်က တွေးတွေးဆဆဖြင့် ပြောလိုက်သည် “တိမ်မီးတောက်ဂိုဏ်းက ဒီလောက်ကြီး အားကောင်းတဲ့ အင်အားစုတစ်ခု မဟုတ်တာကို သူ့လိုလူတစ်ယောက် ဘယ်လိုလုပ်ပြီး မွေးထုတ်ပေးနိုင်တာလဲ။ ဒီကောင်သုံးသွားတဲ့ နည်းလမ်းတွေက အဆန်းတွေချည်းပဲ။ အနက်ရောင်မြေဓါးကို ဆိုရင်လည်း လက်ဗလာနဲ့ချည်း ကိုင်ပြသွားတာ။ ရောင်းရင်းရန်၊ မင်းဆိုရင်ရော အဲ့အနက်ရောင် မြွေဓါး အလစ်ချောင်းတိုက်ခိုက်တာကို ခုခံနိုင်မှာလား”
ရန်ကျု ဖြည်းဖြည်းချင်း ခေါင်းခါလိုက်သည်။ အနက်ရောင်မြွေဓါးသည် လူအိုကြီး၏ အားအကောင်းဆုံး မှော်ရတနာ ဖြစ်လေရာ ထိုတိုက်ခိုက်မှုကို ရန်ကျု ထိပ်တိုက် မရင်ဆိုင်ရဲပါချေ။ ပြန်စဉ်းစားကြည့်သော် ထိုထိပ်တိုက် တွေ့ဆုံမှု အတောအတွင်း ထူးဆန်းသည့် အချက်များစွာ ရှိခဲ့သည်။ သို့သော် မည်သို့ပင် ဖြစ်စေကာမူ လူရီ၏ ခွန်အား နိမ့်ကျခြင်း မရှိသည်မှာ ထင်ရှားသည်။
“မင်းရောငါရော သူ့ပြိုင်ဘက်မဟုတ်ဘူး။ ဒါတောင် သူက သူတော်စင်ဘုရင် တတိယအဆင့်ပဲ ရှိသေးတာနော်။ သူသာ တန်ခိုးရှင် တတိယအဆင့်ကို ရောက်သွားခဲ့လို့ရှိရင်တော့... မင်းစဉ်းသာစဉ်းစား ကြည့်ပေတော့ရောင်းရင်းရန်၊ အရိပ်ခိုချင်ရင် သစ်ပင်ကြီးကြီးအောက်မှာ အရိပ်ခိုရတယ် ဆိုတဲ့ စကားကို မင်းကြားဖူးတယ်မလား”
ထိုစကားကို ကြားသည့်အခါ ရန်ကျု၏ မျက်ဝန်းအစုံ တောက်ပသွားခဲ့သည်။
“ပြီးတော့ ငါတို့ မိသားစုနှစ်ခုစလုံးက အရမ်းကြီး အားကောင်းကြတာ မဟုတ်ဘူး။ ဧကရာဇ်ဥယျာဉ်က ပွင့်တော့မှာ။ ဧကရာဇ်ဥယျာဉ် ပွင့်ပြီဆိုတာနဲ့ အကျိုးအမြတ်တွေ ရဖို့အရေး ငါတို့ အသည်းအသန် ပြိုင်ဆိုင်ကြရမှာ။ ဒါပေမယ့် အဲ့ကောင်လေးရဲ့ အကူအညီနဲ့ဆို ငါတို့လည်း မစားရရအောင် အရိုးလောက်တော့ ကိုက်ရနိုင်သေးတယ်။ ပြီးတော့ သူသုံးသွားတဲ့ နှစ်တစ်သောင်း အဆိပ်မိစ္ဆာအင်းဆက်က အတော်လေးကိုမှ ထူးဆန်းလွန်းတဲ့အင်းဆက်၊ အဲ့အင်းဆက်အကြောင်း ငါတစ်ခါမှ မကြားဖူးဘူး။ ဒါကြောင့် အဲ့အင်းဆက်ကို ဖယ်ရှားနိုင်တဲ့လူ များများစားစား ရှိလောက်မယ်လို့ ငါမထင်ဘူး”
“ရောင်းရင်းချန်ပြောတာ ယုတ္တိရှိတယ်။ အခုလောလောဆယ် အဲ့ကောင်ဆီက အမိန့်တွေကို နာခံရဦးမယ်နဲ့ တူတယ်။ ဘာပဲဖြစ်ဖြစ် အနာဂတ်က အဝေးကြီး လိုသေးတာပဲလေ”
“ဟုတ်တယ်၊ ရောင်းရင်းရန်ပြောတာ အမှန်ပဲ” ချန်တုန် ခေါင်းညိတ်လိုက်သည်။
သဘောတူညီချက် ရပြီးသွားသည်နှင့် လူရီ ပေးသော တာဝန်အား မည်ကဲ့သို့ ပြီးမြောက်အောင် ဆောင်ရွက်ရမလဲ ဆိုသည်နှင့် ပက်သက်၍ နှစ်ယောက်သား စတင် အစီအစဉ် ဆွဲတော့သည်။ တန်ခိုးရှင်အဆင့် အချို့ကို ရှဲ့မိသားစုဆီ မျှားခေါ်၊ ပြီးသည်နှင့် ထိုတန်ခိုးရှင်အဆင့်များ၏ ကိုယ်ထဲသို့ နှစ်တစ်သောင်း အဆိပ်မိစ္ဆာအင်းဆက် ထည့်သွင်းပေမည်။
............
လဝက်ကြာပြီးနောက် နဂါးလိုဏ်ဂူတောင်၏ လိုဏ်ဂူထဲ ရန်ကိုင်သည် သူ့ရှေ့ရှိ သွေးနီရောင် ကြယ်ဧကရာဇ် တံဆိပ်ပြားကို ရွှင်မြူးစွာဖြင့် ကြည့်နေခဲ့သည်။
လဝက်ကြာအောင် သန့်စင်ပြီးသည့်နောက်တွင် ထိုကြယ်ဧကရာဇ် တံဆိပ်ပြားကို သူ့ကိုယ်ထဲသို့ စိတ်ကြိုက် အထုတ်အသွင်း ပြုလုပ်နိုင်ခဲ့လေပြီ။ တစ်ကြိမ်သုံး မှော်ရတနာများ အကြောင်း ရန်ကိုင် ကြားဖူးပြီး ထိုတစ်ကြိမ်သုံး မှော်ရတနာများသည် အလွန်ကိုမှ အားကောင်းကြောင်းလည်း သိသည်။ သို့သော်လည်း အသုံးပြုနိုင်သော အကြိမ်ရေ အကန့်အသတ်ကြောင့် သာမန် ပန်းပဲပညာရှင်များသည် ထိုကဲ့သို့သော မှော်ရတနာများကို အလွယ်တကူ မပြုလုပ်ကြပေ။
သို့သော်လည်း သူ့ဘဝတွင် လျှမ်းလျှမ်းတောက် နာမည်ကျော် ကြယ်ဧကရာဇ်တံဆိပ်ပြားကဲ့သို့ တစ်ကြိမ်သုံး မှော်ရတနာမျိုးကို ရရှိခဲ့လိမ့်မည်ဟု တစ်ခါမှ မထင်ထားခဲ့ချေ။
ထိုတံဆိပ်ပြားထဲတွင် ချိတ်ပိတ်ထားသည်ကား ကြယ်တာရာ ကောင်းကင် မဟာဧကရာဇ်၏ နတ်ဘုရားစွမ်းရည်များ အနက်မှ တစ်ခုဖြစ်သည်။ သို့သော်လည်း ထိုအရာကို အသုံးပြုဖို့ရာအတွက် လိုအပ်သည့် ခွန်အားမှာလည်း မသေးလှ။ ထိုစွမ်းရည်၏ တန်ပြန် အကျိုးသက်ရောက်မှုကို မခုခံနိုင်လျှင် မိမိပါ ရန်သူနှင့် တစ်ခါတည်း ရောပါပျောက်ကွယ်သွားရပေလိမ့်မည်။ ဤသည်မှာ ကြယ်ဧကရာဇ်တံဆိပ်ပြား၏ အားနည်းချက်တစ်ခု ဖြစ်သည်။
ကြယ်ဧကရာဇ်တံဆိပ်ပြား၏ တန်ပြန် အကျိုးသက်ရောက်မှုကို ရန်ကိုင် မခုခံနိုင်သေးချေ။ တန်ခိုးရှင် အဆင့်သို့ ရောက်သွားလျှင်ပင် ထိုတံဆိပ်ပြားကို အသုံးပြုရန် အတွက် နှစ်ခါပြန် စဉ်းစားရပေဦးမည်။ အနည်းဆုံး တန်ခိုးရှင် တတိယအဆင့်လောက် ရောက်မှ ထိုတံဆိပ်ပြားကို သုံးသင့်သည်။
ထိုတံဆိပ်ပြားနှင့် ခဏလောက် ပျော်ပျော်ပါးပါး ကစားနေပြီးနောက် သူ့ခန္ဓာကိုယ်ထဲ ပြန်ထည့်သိမ်းလိုက်သည်။ ရွှေရောင်ပိုးမျှင်ကို ကျင့်ကြံတော့မည်အပြု ရန်ကိုင် အမူအရာ ရုတ်တရက် ပြောင်းလဲသွားပြီး တစ်ခုသော အရပ်ဆီသို့ လှမ်း၍ ကြည့်လိုက်သည်။
ခဏအကြာတွင် ထရပ်လိုက်ပြီး တစ္ဆေတစ်ကောင်နှယ် သူ့အရှိန်အဝါကို ဖုံးကွယ်၍ နဂါးလိုဏ်ဂူတောင်မှ တိတ်တဆိတ် ထွက်သွဦးလေသည်။
ညအချိန် ဖြစ်နေသည်ကတစ်ကြောင်း၊ ရန်ကိုင်မှ သူ့အရှိန်အဝါကို ရည်ရွယ်ချက်ရှိရှိ ဖုံးကွယ်ထားသည်က တစ်ကြောင်း တို့ကြောင့် နဂါးလိုဏ်ဂူတောင်မှ သူထွက်သွားသည်ကို မည်သူမှ သတိမပြုမိကြချေ။
နာရီဝက်ကြာပြီးနောက် ကောင်းကင်ကံကြမ္မာမြို့နှင့် မိုင်သုံးရာ အကွာရှိ တောအုပ်တစ်ခုသို့ ရောက်လာခဲ့သည်။
သူနှင့် မလှမ်းမကမ်းတွင် သူရောက်လာမည်ကို စောင့်နေဟန် ထင်ရသော လူတစ်ယောက် ရှိနေခဲ့သည်။ ရန်ကိုင် ရောက်လာသည်ကို သတိပြုမိသော် ကူကယ်ရာမဲ့စွာဖြင့် “ငါထင်တဲ့အတိုင်းပဲ၊ နင့်ဆီကနေ တကယ် ဖုံးကွယ်ထားလို့ မရတာပဲ”
“ဘယ်ရမလဲ” ရန်ကိုင်က နှာခေါင်းရှုံ့လျက် “တောင်ကို ကာကွယ်ထားတဲ့ အစီအရင်ကို ထိန်းချုပ်တဲ့ တံဆိပ်ပြားက ငါ့ဆီမှာ ရှိနေမှတော့ နင်အဲ့တာကို အသက်သွင်းတာ ငါမသိဘဲ နေမလားဟ”
ညသန်းခေါင်ကြီး နဂါးလိုဏ်ဂူတောင်မှ တိတ်တိတ်လေး ထွက်လာသည့်လူမှာ ယန်ယန် ဖြစ်ပေသည်။
“နင်ဘာလို့ ဒီကို လာတာလဲ” ရန်ကိုင် သင်္ကာမကင်း အမူအရာဖြင့် မေးလိုက်သည်။
“တစ်နေရာရာ သွားဖို့ရှိလို့” ယန်ယန်လည်း ဘာမှ မဖုံးကွယ်ထားပါချေ။
“နင်ဘယ်သွားဖို့လဲ။ သွားမယ်ဆိုရင်လည်း ငါ့ကို ဘာလို့ အရင်မပြောတာလဲ” ရန်ကိုင် ယန်ယန်အား မကျေမနပ်ဖြင့် ကြည့်လိုက်သည်။
လောလောဆယ်တွင် ကောင်းကင်ကံကြမ္မာမြို့ တစ်ခုလုံး ပညာရှင်ပေါင်းများစွာဖြင့် ပြည့်နေသည်။ အရိပ်ကြယ်ပေါ်ရှိ အင်အားစုအသီးသီးသည် ဧကရာဇ်ဥယျာဉ်ကို စောင့်ကြည့်ရန် အတွက် ပညာရှင် အသီးသီးကို စေလွှတ်ထားကြသော်လည်း ဧကရာဇ်ဥယျာဉ်သည် ငြိမ်ငြိမ်လေးသာ ရှိနေသေးသည့် အတွက် အတော်တော်များများသည် စပြဿနာ ရှာနေကြလေပြီ။ တကယ်တော့ ဤနေရာသို့ ရောက်နေသည့် အင်အားစုများထဲ၌ အချင်းချင်း မတည့်ကြသည့် အင်အားစုပေါင်းများစွာ ရှိသည် မဟုတ်ပေလော။
နေ့တိုင်း တိုက်ပွဲများဖြစ်ပြီး လူပေါင်းများစွာ သေကြသည်။
အရိပ်လခန်းမသည် ထိုပြဿနာများကြား ဝင်မပါချေ။ ထို့ကြောင့် ကောင်းကင်ကံကြမ္မာမြို့တော် အနီးအနားပတ်လည် တစ်ဝိုက်သည် ပိုပို၍ ပရမ်းပတာ ဖြစ်လာနေခဲ့သည်။
ယန်ယန် ညအချိန်မတော်ကြီး တစ်ယောက်တည်း ထွက်သွားခြင်းသည် အလွန်ကိုမှ အန္တရာယ်များသဖြင့် ရန်ကိုင် သူမအား ဒေါသထွက်မိခြင်း ဖြစ်သည်။
“နင်ငါ့နောက် လိုက်လာတာပဲ မဟုတ်ဘူးလား” ယန်ယန် နှုတ်ခမ်းလေး ဆူလိုက်သည်။
“ဒီအချိန်ကြီး ခိုးထွက်ပြီး နင်ဘယ်သွားချင်နေတာလဲ” ရန်ကိုင် ယန်ယန်အား ကူကယ်ရာမဲ့စွာဖြင့် ကြည့်လိုက်သည်။
“ရောက်ရင် သိလိမ့်မယ်” ယန်ယန်သည် ပြုံးသာပြုံးလိုက်ပြီး ရန်ကိုင်၏ မေးခွန်းကို ပြန်မဖြေခဲ့ချေ။ ထို့အစား ဆက်ပြောလိုက်၏ “ရောက်တော့မှပဲ ငါအသေးစိတ် သိရမှာ။ အဲ့ကျမှပဲ နင့်မေးခွန်ကို ဖြေနိုင်လိမ့်မယ်။ အခုတော့ ဘာမှ မမေးနဲ့ဦး။ နင်မေးလည်း ငါဖြေနိုင်ဦးမှာ မဟုတ်ဘူး”
ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့သော်လည်း ခေါင်းညိတ်လိုက်ပြီး “ခဏစောင့်၊ ငါနဂါးလိုဏ်ဂူက လူတွေကို သွားသတိပေးလိုက်ဦးမယ်”
“မလိုတော့ဘူး။ ဝူရီနဲ့ ချင်းယွဲ့ကို ငါအကြောင်းကြားပြီးသွားပြီ” ယန်ယန် လျှာလေး တစ်လစ်တစ်လစ် ထုတ်လိုက်သည်။ ယခုမှပဲ ယန်ယန် ခိုးထွက်လာခြင်း မဟုတ်မှန်း ရန်ကိုင် နားလည် သွားတော့သည်။ ရယ်ချင်စိတ်ကို မထိန်းနိုင်တော့သည့်အဆုံး ရန်ကိုင် ရယ်မောမိလိုက်လေသည်။
ယန်ယန်သည် သူမ၏ သိုလှောင်လက်စွပ်ထဲမှ ကြယ်လွန်းပျံ တစ်စင်းကို ထုတ်ယူလိုက်သည်။
သူ၏ ကြယ်လွန်းပျံကို လေထဲ ပစ်လိုက်သည်နှင့် တဖြည်းဖြည်း ကြီးမားလာခဲ့ရာ မျက်တောင်တစ်ခတ်အတွင်း ဆယ်မီတာအရှည်ထိ ရောက်လာခဲ့သည်။
“ဒါက...” ရန်ကိုင် ထိုကြယ်လွန်းပျံကို အံ့ဩတကြီး ကြည့်လိုက်သည်။
“ဒါက ငါအဆင့်မြှင့်ထားတဲ့ ငါမန်းပျံတိုက်ပွဲလွန်းပျံပဲ” ယန်ယန်က ပြုံးလိုက်ပြီး တိုက်ပွဲလွန်းပျံထဲ သူတော်စင်ချီ ထည့်သွင်းလိုက်ရာ ဘေးဘက်ဆီမှ တံခါးတစ်ချပ် ပွင့်လာခဲ့၏။
ယန်ယန် ဦးဆောင်ဝင်သွားလိုက်ပြီး ရန်ကိုင်အား လက်ယပ်ခေါ်လိုက်သည်။
သို့သော် ရန်ကိုင်သည် ထိုတိုက်ပွဲလွန်းပျံထဲသို့ ချက်ချင်း ဝင်မသွားသေးဘဲ အရင်ဆုံး ပတ်ကြည့်လိုက်သည်။ နှစ်ခေါက်၊ သုံးခေါက်လောက် ပတ်ကြည့်ပြီးတော့မှ အထဲသို့ ဝင်သွားသည်။
အထဲသို့ ဝင်လိုက်သည်နှင့် မြင်လိုက်ရသည့် မြင်ကွင်းကြောင့် ရန်ကိုင် ကျောက်ရုပ်တစ်ရုပ်နှယ် ဖြစ်သွားရသည်။ ဤတိုက်ပွဲ လွန်းပျံသည် အပြင်ပန်းတွင်သာ သေးဟန်ပေါက်သော်လည်း အတွင်းပိုင်းသည် အတော်လေးကိုမှ ကျယ်ပေသည်။ အရမ်းကြီး မကျယ်လျှင်ပင် သေးတော့မသေးချေ။
အဘက်ဘက်ဆီမှ လေဟာနယ်စွမ်းအင်တို့ ဖြာထွက်နေသည်ကို ရန်ကိုင် ခံစားမိလိုက်သည်။
တိုက်ပွဲလွန်းပျံ အတွင်းပိုင်းကို စစ်ဆေးကြည့်ပြီးနောက် ယန်ယန် ရောက်နေသည့် အစီအရင် အမျိုးမျိုး ရှိနေသည့် နေရာ ဆီသို့ ရန်ကိုင် သွားလိုက်သည်။
အခန်းထဲတွင် အမျိုးမျိုးသော မြောင်းလေးများ ရှိနေပြီး ထိုထဲတွင် သူတော်စင်သလင်းခဲများ ရှိနေသည်။
ထိုသူတော်စင်သလင်းခဲများသည် ကျောက်တုံး ရုပ်သေးရုပ် မှသာ ဖန်တီးနိုင်သော အထွဋ်အထိပ်အဆင့် သူတော်စင် သလင်းကျောက်ထက် တစ်ဆင့်မြင့်သော အရည်အသွေးမြင့် သလင်းကျောက်များ ဖြစ်ကြသည်။
လောလောဆယ်တွင် ယန်ယန် သူမရှေ့ရှိ အစီအရင် တစ်ခုဖြင့် အလုပ်ရှုပ်နေသည်။ သူမ ပခုံးမှ ကျော်ကြည့်လိုက်ရာ ထိုအစီအရင်သည် ကြယ်မြေပုံနှင့် ဆင်တူသော မြေပုံတစ်ခု ဖြစ်နေသည်ကို တွေ့ရှိလိုက်ရသည်။
ယန်ယန်သည် မြေပုံထက်ရှိ တောက်ပနေသော အစက် တစ်စက်ကို ရွေးချယ်လိုက်သည်။ ချက်ချင်းဆိုသို တိုက်ပွဲလွန်းပျံ တစ်ချက် တုန်သွားပြီး လျှပ်တန်းတစ်စင်းနှယ် လျင်မြန်စွာ ထိုးထွက်သွားလေသည်။
ကောင်းကင်စိတ်အာရုံ ထုတ်စစ်ဆေးကြည့်လိုက်သည့် အခိုက် ရန်ကိုင် မှင်သက်သွားရသည်။
တိုက်ပွဲလွန်းပျံ၏ အမြန်နှုန်းသည် သာမန် ကြယ်လွန်းပျံ တစ်စင်း၏ အမြန်နှုန်းထက် အဆပေါင်းများစွာ ပိုမြန်ပေသည်။
“နင်ငါ့ကို လေဟာနယ်စွမ်းအင် ထည့်ခိုင်းလိုက်တဲ့ ပစ္စည်းတွေက ဒါကိုဆောက်တဲ့ နေရာမှာ သုံးဖို့လား” ရန်ကိုင်၏ မျက်လုံးထဲ အလင်းတစ်ချက် လက်သွားသည်။
“ဟုတ်တယ်”
“နင်ဒါမျိုးကိုတောင် လုပ်နိုင်တာလား” ရန်ကိုင် တကယ်ကို ထိတ်လန့်နေမိလေပြီ။
ငါမန်းပျံတိုက်ပွဲလွန်းပျံသည် ကြယ်သင်္ဘော အသေးစားလေး တစ်စင်းဖြစ်ကာ အလွန်ကိုမှ အဆင့်မြင့်ပေသည်။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၃၈၇)
အရိပ်ကြယ်ပေါ်တွင် ကြယ်သင်္ဘော များများစားစား မရှိသလို ရှိသည့် ကြယ်သင်္ဘောများကိုလည်း အင်အားစုကြီး များကသာ ပိုင်ဆိုင်ထားကြပြီး အရည်အသွေးမှာလည်း သိပ်မမြင့်ကြပေ။
ယခင်တစ်ကြိမ် ဟိုင်ခဲမိသားစု အသုံးပြုခဲ့သည့် ကြယ်သင်္ဘောသည် အရိပ်လခန်းမမှ ငှားသုံထားသော ကြယ်သင်္ဘော တစ်စင်း ဖြစ်သည်။
ကြယ်သင်္ဘောတစ်စင်းကို တည်ဆောက်ရန်မှာ အလွန်ကို ခက်ခဲပေသည်။ ပုံမှန် ကြယ်သင်္ဘော တစ်စင်းကို တည်ဆောက်ရန် အတွက် ကျွမ်းကျင် ပန်းပဲပညာရှင်ပေါင်းများစွာကို လိုအပ်သလို အချိန် နှစ်နှင့်ချီပြီးတော့လည်း ကြာနိုင်ပေသည်။
သို့သော်လည်း ယန်ယန်သည် သူမဘာသာ တစ်ယောက်တည်း ကြယ်သင်္ဘော တစ်စင်းကို တည်ဆောက် ပြသွားခဲ့သည်။
သူမ တည်ဆောက်ထားသည့် ကြယ်သင်္ဘောမှာ ပုံမှန်ထက် သေးသော်လည်း ကြယ်သင်္ဘောတစ်စင်းတော့ ဖြစ်နေဆဲပင်။
“ဒါက ဘာမှမဟုတ်သေးဘူး။ ဒီထက် ကြီးတာတောင် ငါဆောက်လို့ရတယ်” ယန်ယန်သည် ခေါင်းကိုမော့ ရင်ကိုကော့ လျက် ဂုဏ်ယူဝံ့ကြွားစွာဖြင့် ပြန်ပြောလိုက်သည်။
ထိုစကားကို ကြားလိုက်သည့်အခါ ရန်ကိုင် မှင်သက်သွားပြီး အာခေါင်ပင် ခြောက်ချင်သွားသည်။
အရိပ်ကြယ်သည် ပြင်ပလောကကြီးနှင့် ဘာကြောင့် အဆက်အသွယ် မလုပ်နိုင်ကြသနည်း။ အကြောင်းအရင်းကား ဤနေရာသည် ပြင်ပလောကကြီးနှင့် အလွန် ဝေးကွာကာ နှစ်ပေါင်းများစွာ ကြာညောင်းသော ခရီး အကွာအဝေးတွင် တည်ရှိနေသောကြောင့် ဖြစ်ပေသည်။ ထိုအကွာအဝေးကို ဖြတ်သန်းသွားလာနေစဉ် အတောအတွင်း အန္တရာယ်များစွာနှင့် ကြုံတွေ့ရနိုင်သည်။ အရိပ်ကြယ်ပေါ်ရှိ ပန်းပဲပညာရှင်များသည် ထိုမျှ ခရီးဝေးသွားနိုင်ပြီး အကြမ်းခံနိုင်သော အဆင့်မြင့် ကြယ်သင်္ဘောတစ်စင်းကို မတည်ဆောက်နိုင်ကြချေ။
တန်ခိုးရှင်ဘုရင်အဆင့် ကြယ်သင်္ဘောတစ်စင်း သို့မဟုတ် တန်ခိုးရှင် အထွဋ်အထိပ်အဆင့် ကြယ်သင်္ဘော တစ်စင်းသာ ရှိခဲ့လျှင် အရိပ်ကြယ်အနေဖြင့် ပြင်ပလောကကြီးနှင့် ပြန်လည် အဆက်အသွယ် လုပ်နိုင်ပေလိမ့်မည်။
ရန်ကိုင် အရိပ်ကြယ်သို့ ရောက်သည်မှာ အတော်လေး ကြာပြီ ဖြစ်သဖြင့် အရိပ်ကြယ်မှ ထွက်သွားနိုင်သည့် နည်းလမ်းနှစ်ခုသာ ရှိမှန်း ရန်ကိုင် သိသည်။ တစ်နည်းသည် ကိုယ်ပိုင် ခွန်အားကို အသုံးပြုခြင်းပင်။ သူ့ကျင့်ကြံခြင်းသာ လုံလောက်အောင် မြင့်မားနေမည် ဆိုပါက ကြယ်စီရင်စုထဲတွင် ကြုံတွေ့ရမည့် အန္တရာယ် အသွယ်သွယ်ကို လျစ်လျုရှုနိုင်ပေလိမ့်မည်။ နောက်တစ်နည်းသည်ကား အဆင့်မြင့် ကြယ်သင်္ဘောတစ်စင်းကို အသုံးပြုခြင်းပင်။
သို့သော်လည်း ထိုနည်းလမ်း နှစ်ခုစလုံးသည် လွယ်ကူသည့် နည်းလမ်းများ မဟုတ်ကြချေ။ သူ့အား တန်ခိုးရှင်ဘုရင်အဆင့်သို့ ချိုးဖျက်မရအောင် လုပ်နေသည့် အရိပ်ကြယ်၏ မိုးမြေစွမ်းအင် ဥပဒေသများ ရှိနေခဲ့သည်။ ထိုအချက်ကို လျစ်လျုရှုထားလျှင်ပင် ကြယ်စီရင်စုထဲရှိ အန္တရာယ်များကို ကြံ့ကြံ့ခံနိုင်သည့် ကြယ်သင်္ဘော တစ်စင်း တည်ဆောက်ဖို့ဆိုသည် မဖြစ်နိုင်ပါချေ။
သို့သော်လည်း ယန်ယန်သည် ကြယ်သင်္ဘော တစ်စင်းကို လုပ်ပြလိုက်လေပြီ။ ငါမန်းပျံတိုက်ပွဲလွန်းပျံသည် ကြယ်စီရင်စုထဲ ဖြတ်သန်းသွားလာနိုင်သည့် အားကောင်းသော ပျံသန်းရေး မှော်ရတနာတစ်မျိုး ဖြစ်သည်။
အရိပ်ကြယ်မှ ထွက်သွားနိုင်မည့် မျှော်လင့်ချက် အလင်းရောင်ကို ရန်ကိုင် မြင်တွေ့လိုက်လေပြီ။
သူ့နတ်သမီးလေးများနှင့် ပြန်ပေါင်းဖက်နိုင်မည့် ပန်းတိုင် ဆီသို့ ခြေလှမ်းကြီးကြီးတစ်လှမ်း လှမ်းလိုက်နိုင်သည်ဟု ရန်ကိုင် ရုတ်တရက် ခံစားလိုက်ရသည်။ စုယန်အကြောင်း သတင်း မကြာသေးစဉ်က ထိုအကြောင်းကို ရန်ကိုင် သိပ်စိတ်ထဲ မထားခဲ့။ သို့သော် စုယန် အသက်ရှင်နေသေးကြောင်း ကြားသိလိုက်ရသည့် အခါ ကြယ်စီရင်စုထဲထွက်ပြီး သူမအား သွားရှာချင်စိတ်တို့ တဖွားဖွား ဖြစ်ပေါ်လာခဲ့ရသည်။
ထို့အပြင် ရှနင်းချန်သည် ထုန်းရွှမ်လောကကြီး၌ ရှိနေသေးသည်။ သူမ မည်ကဲ့သို့ ရှိနေမလဲ ဆိုသည်ကို ရန်ကိုင် သွားပြန်ကြည့်ချင်နေလေပြီ။
ရန်ကိုင် သူမအား ကြောင်ကြည့်နေသည်ကို မြင်သော် သူဘာစဉ်းစားနေလဲ ဆိုသည်ကို ယန်ယန် မသိဘဲ ဘယ်နေမည်နည်း။ ရယ်သွမ်းသွေး၍ ဆက်ပြောလိုက်သည် “ကောင်းပြီ၊ ကောင်းပြီ။ ဒီကိစ္စပြီးသွားလို့ ပြန်ရောက်ရင် ငါနင့်ကို ပြမယ်။ ကြယ်သင်္ဘောက ဆောက်ပြီးနေပြီ ဆိုပေမယ့် နည်းနည်း ထပ်ပြင်ဖို့တွေတော့ လိုသေးတယ်။ ဒါကြောင့် အခုလောလောဆယ် အဲ့ဒါကို မသုံးသေးဘဲ နဂါးလိုဏ်ဂူတောင် အောက်မှာ သိမ်းထားတာ”
“နဂါးလိုဏ်ဂူတောင်အောက်မှ မြေအောက်ဂိုဒေါင် တစ်လုံး ရှိတာလား” ရန်ကိုင် ထိတ်လန့်သွားခဲ့သည်။
ယန်ယန် ရယ်သွမ်းသွေးလိုက်ပြီး “နင်က တစ်ချိန်ကုန် တံခါးပိတ်ကျင့်ကြံရင်ကျင့်ကြံ၊ မကျင့်ကြံရင် အပြင်မှာဘဲ လျှောက်သွား နေတာဟာကြီးကို ဘယ်လိုလုပ်ပြီး သိမှာလဲ”
ရန်ကိုင် ရှက်သွားခဲ့သည်။ သူသည် နဂါးလိုဏ်ဂူတောင်၏ ပိုင်ရှင်ဖြစ်သော်လည်း နဂါးလိုဏ်ဂူတောင် ဘာဖြစ်နေလဲ ဆိုသည်ကို သိပ်ဂရုမစိုက်ပါချေ။ သူ့ဘက်မှ ကူညီပေးသည့်အရာ ဆို၍ သူတော်စင်သလင်းကျောက်နှင့် ကုန်ကြမ်းပစ္စည်းများ ရှာပေးခြင်းသာ။ ပစ္စည်းများ လိုအပ်လာလျှင် ပစ္စည်းများကို ရှာပေးတတ်သည်။ ပစ္စည်းရသွားလျှင်မူ သူဂရုမစိုက်တော့ပေ။
နဂါးလိုဏ်ဂူတောင်သည် ငွေအလွန်လိုအပ်နေခြင်းသည် ယန်ယန်မှ တောင်ပတ်လည်တွင် အစီအရင်များ ခင်းကျင်းနေခြင်း အတွက်ကြောင့် ဖြစ်သည်ဟု ရန်ကိုင် ထင်ခဲ့မိသည်။ သို့သော် ယခုမူ ထိုသို့မဟုတ်ဘဲ ယန်ယန်မှ ကြယ်သင်္ဘော တစ်စင်းကို တည်ဆောက်နေသည့် အတွက်ကြောင့် ဖြစ်မှန်း ရန်ကိုင် သိလိုက်လေပြီ။
သူရှာလာပေးသမျှ သူတော်စင်သလင်းကျောက်အားလုံး မလောက်သည်မှာလည်း အထူးအဆန်းတော့မဟုတ်၊ ရေလကြယ်ရှိ ဟုန်းလော့ကုန်သွယ်ရေး အဖွဲ့အစည်းတွင် သူမြင်တွေ့ခဲ့ရသော ကြယ်သင်္ဘောအကြောင်း ပြန်စဉ်းစား ကြည့်လိုက်သည့်အခါ ကြယ်သင်္ဘောတစ်စင်းသည် အလွန်ကိုမှ ဈေးကြီးမည်မှန်း ရန်ကိုင် သိလိုက်သည်။
သူတို့နှစ်ယောက် စကားပြောနေစဉ် ငါမန်းပျံလွန်းပျံသည် မယုံကြည်နိုင်စရာ အမြန်နှုန်းဖြင့် ရှေ့ဆက်သွားနေခဲ့သည်။
“ငါတစ်ခုခု စမ်းသပ်မလို့၊ တစ်ခုခုမှားယွင်းသွားရင် နင်ငါ့ကို ကယ်ဖို့သတိရနော်” ယန်ယန်က ရုတ်တရက် ပြောလိုက်သည်။
“ဘယ်လို” ရန်ကိုင် ကြောင်သွားခဲ့သည်။ သို့သော် ထူးထူးဆန်းဆန်း ပြုံနေသည်ကို မြင်လိုက်သော် အလျင်အမြန် အသိပြန်ဝင်လာခဲ့သည်။ ရုတ်တရက် အခန်းထဲရှိ အစီအရင်ကြီး တစ်ခု လင်းလက်လာသည်ကို တွေ့လိုက်ရသည်။ စက်မြည်သံကဲ့သို့ အသံနှင့်အတူ အခန်းထဲတွင်ရှိ မြောင်းထဲတွင် ရှိနေသော သူတော်စင်သလင်းကျောက်ခဲများထဲမှ စွမ်းအင်များသည် တစ်နေရာတည်း၌ သွားရောက် စုဝေးကြသည်။
ချက်ချင်းဆိုသလို ထိုသူတော်စင်သလင်းကျောက်ခဲများ အားလုံး မှိန်ကျသွားလေသည်။ ငါးမန်းပျံတိုက်ပွဲလွန်ယာဉ် သုံးလိုက်သည့် စွမ်းအင်ပမာဏကို မြင်ပြီးနောက် ရန်ကိုင် အနည်းငယ် ထိတ်လန့်သွားခဲ့သည်။
ဘုန်း....
မိုးချိန်းသံကဲ့သို့ မြည်သံနှင့်အတူ ငါးမန်းပျံတိုက်ပွဲလွန်းယာဉ် ရုတ်ချည်း ပြင်းပြင်းထန်ထန် တုန်ခါလာသည်။
ထို့နောက် ချက်ချင်းဆိုသလို ငါမန်းပျံတိုက်ပွဲလွန်းယာဉ်၏ ဦးထိပ်မှ မျက်စိကျိန်းမတတ် အလင်းတန်းတစ်ခု ပေါ်လာပြီး ရှေ့တည့်တည့်သို့ သွားရောက် ထိမှန်သည်ကို တွေ့လိုက်ရသည်။
နေရောင်အောက် အရည်ပျော်ကျသွားသော နှင်းပမာ သူ့ရှေ့ရှိ လေဟာနယ်သည် တဖြည်းဖြည်း အရည်ပျော်လာပြီး ပရမ်းပတာ ဖြစ်နေသော ဝဲကတော့ကြီး တစ်ခုအဖြစ်သို့ တဖြည်းဖြည်း ပြောင်းလဲသွားခဲ့သည်။
“ဟင်းလင်းပြင် လိုဏ်ခေါင်းလား” ရန်ကိုင် မျက်လုံးပြူးသွားသည်။
ရန်ကိုင် ဘာမှ ထပ်မပြောနိုင်သေးခင်မှာပဲ ယန်ယန်သည် ဆည်းလည်းသံတမျှ ချိုသာသည့် ရယ်သံဖြင့် ပျော်ရွှင်စွာ ရယ်မောလျက် ငါးမန်းပျံတိုက်ပွဲလွန်းယာဉ်ကို အသစ် ဖြစ်ပေါ်လာသော ဟင်းလင်းပြင်လိုဏ်ခေါင်းထဲသို့ တစ်ဟုန်ထိုး တိုးဝင်သွားစေလိုက်သည်။
ဟင်းလင်းပြင်လိုဏ်ခေါင်းထဲသို့ ဝင်လိုက်သည်နှင့် တစ်ပြိုင်နက် ရင်းနှီးကျွမ်းဝင်နေသော ခံစားချက်တစ်ခုကို ရန်ကိုင် ရုတ်တရက် ရရှိလိုက်သည်။
ထိုခံစားချက်သည် ခဏလေးသာ ပေါ်လာပြီး ချက်ချင်း ပြန်လည် ပျောက်ကွယ်သွားခဲ့သည်။ အားလုံး တည်ငြိမ်သွားသည့် အခါ သူနှင့်ယန်ယန်သည် အခြား တစ်နေရာတစ်ခုဆီသို့ ရောက်ရှိနေကြောင်း တွေ့လိုက်ရသည်။
အံ့အားသင့်နေဖို့ရာ အချိန်မရှိဘဲ သူ့ပတ်ဝန်းကျင်ကို ကောင်းကင်စိတ်အာရုံဖြင့် အလျင်စလို စစ်ဆေးကြည့်လိုက်၏။ စစ်ဆေးကြည့်လိုက်မိသည်နှင့် ရန်ကိုင် မျက်နှာပျက်သွားသည်။
အကြောင်းမှာ သူတို့နှင့် မလှမ်းမကမ်းတွင် အပြန်အလှန် တိုက်ခိုက်နေကြသော အဖွဲ့နှစ်ဖွဲ့ ရှိနေခဲ့သည်။ သို့သော် နှစ်ဖွဲ့စလုံးမှာ သိပ်အားကောင်းခြင်း မရှိကြဘဲ နှစ်ဖွဲ့စလုံး၏ ခေါင်းဆောင်မှာ သူတော်စင်ဘုရင် ဒုတိယအဆင့်များ ဖြစ်ကြပြီး ကျန်အဖွဲ့သားအများစုသည် သူတော်စင်များသာ ဖြစ်ကြသည်။
နှစ်ဖွဲ့ပေါင်း လူအရေအတွက်မှာ လေးဆယ်လောက် ရှိသည်။ ထိုလေးဆယ်အပြင် အလောင်းအချို့လည်း မြေပြင်ပေါ်တွင် ရှိနေခဲ့သည်။
သူတို့နှင့် အနီးတွင်ကား အဆင့်ရှစ်မွန်းစတားသားရဲ တစ်ကောင်၏ အလောင်း ရှိနေခဲ့သည်။ ကြည့်လိုက်ရုံဖြင့် သိလေပြီ။ ထိုနှစ်ဖွဲ့သည့် အရှစ်မွန်းစတားသားရဲ အလောင်း အတွက် ယှဉ်ပြိုင်တိုက်ခိုက်နေကြခြင်း ဖြစ်သည်။ သူတို့ နှစ်ဖွဲ့ ထိုသားရဲကို အတူပေါင်းသတ်ပြီး နောက်ဆုံး ဝေစုခွဲသည့်အခါ အဝေးမတည့်ကြပဲ အချင်းချင်း ထသတ်ကြခြင်း ဖြစ်လောက်သည်။
ယခုအဖြစ်အပျက်သည် ဖြစ်နေကျ အဖြစ်အပျက် တစ်ခု ဖြစ်သည်။ ငါမန်းပျံတိုက်ပွဲလွန်းယာဉ်ကို သုံးပြီး ဟင်းလင်းပြင်ကို ပထမဆုံးအကြိမ် ထိုးခွဲခဲ့ရာတွင် တောအုပ်တစ်ခုခုထဲသို့ မရောက်သွားဘဲ တိုက်ပွဲဖြစ်နေသည့် အဖွဲ့နှစ်ဖွဲ့ ကြားထဲသို့ ရောက်လာလိမ့်မည်ဟု မထင်ထားခဲ့ချေ။
“ဘာတွေကြောင်နေတာလဲ။ မြန်မြန် သွားတော့လေ” ရန်ကိုင်က လှမ်းသတိပေးလိုက်သည်။
“အာ၊ အန်” ထိုအခါမှပဲ ယန်ယန် အသိပြန်ဝင်လာပြီး ငါမန်းပျံတိုက်ပွဲလွန်းယာဉ်ကို ထိန်းချုပ်၍ ထိုနေရာမှာ အလျင်စလို မောင်းထွက်လာလိုက်လေသည်။
အောက်ဘက်တွင် တိုက်ခိုက်နေသော အဖွဲ့နှစ်ဖွဲ့သည် ရန်ကိုင်တို့ စီးလာသည့် ငါမန်းပျံတိုက်ပွဲလွန်းယာဉ်ကို ကြောင်ပြီး ကြည့်နေကြသည်။
“စီနီယာအစ်ကို၊ အဲ့ဒါ ဘာကြီးလဲ” မိန်းမငယ်လေး တစ်ယောက် အဖွဲ့ခေါင်းဆောင်ဖြစ်သော သူတော်စင်ဘုရင် အဆင့် ကျင့်ကြံသူဆီ တိုးကပ်သွားပြီး မေးလိုက်သည်။ သူမသည် မငယ်သော်လည်း ရုပ်ရည်ကို သေသေချာချာ ထိန်းသိမ်းထားသည့် အတွက်ကြောင့် အတော်လေးကို လှပလှသည်။ အမျိုးသမီးသည် သူမ မြင်လိုက်ရသည့် အရာနှင့် ပက်သက်၍ အလွန်ကိုမှ စိတ်ရှုပ်နေခဲ့လေသည်။
“ငါလည်း သေချာမသိဘူး” သူတော်စင်ဘုရင်အဆင့် ပညာရှင်က ခေါင်းခါလိုက်သည်။
ထိုလူများ အသိဥာဏ်နည်းပါးခြင်း မဟုတ်ကြ။ ဖြစ်ပျက်သွားသည့် အရာကိုက လွန်စွာကိုမှ ထိတ်လန့်ဖွယ် ကောင်းနေခြင်း ဖြစ်သည်။ ဘာကြောင့်မှန်းမသိ ဟင်းလင်းပြင် လိုဏ်ခေါင်းတစ်ခု ရုတ်တရက် ပေါ်လာပြီး ထိုထဲမှ ဧရာမ ငါမန်းတစ်ကောင် ခုန်ထွက်လာသည်။ တန်ခိုးရှင်အဆင့် ပညာရှင် တစ်ယောက်ဆိုလျှင်ပင် ထိတ်လန့်သွားလောက်မည် ဖြစ်လေရာ သူတို့မူကား ပြောစရာပင် မလိုတော့ချေ။
“ကြည့်ရတာ ကြယ်သင်္ဘောနဲ့ တူသလိုပဲ” ထိုလူက ထပ်မံ ရေရွတ်လိုက်သည်။
“အဲ့လောက်သေးတဲ့ ကြယ်သင်္ဘော ရှိလို့လား” အမျိုးသမီးက မသင်္ကာဟန်ဖြင့် ပြန်ပြောလိုက်သည် “မိုးကြိုးမုန်တိုင်ဂိုဏ်းက ကြယ်သင်္ဘောကို ဂျူနီယာညီမ တစ်ခါမြင်ဖူးတယ်။ အဲ့လောက် မသေးဘူး။ အဲ့ထက်အများကြီး ပိုကြီးတယ်”
သူတို့ နှစ်ယောက် စကားပြောနေသည့် စူးစူးရှရှ အော်သံ တစ်သံ ထွက်ပေါ်လာသဖြင့် လန့်သွားပြီး လှည့်ကြည့်လိုက်ရာ သူတို့ဘက်မှ လူတစ်ယောက် ဒဏ်ရာရသွားသည်ကို တွေ့လိုက်ရ၏။
ထိုလူ ဒေါသထွက်သွားပြီး “ခွေးသူတောင်းစား ရှုစန်း၊ အလစ်ချောင်းတိုက်ရအောင် မင်းသောက်ရှက်မရှိဘူးလားကွ”
ပြောပြီးသည်နှင့် သူ့မှော်ရတနာကို ဝှေ့ရမ်း၍ စတင် တိုက်ခိုက်တော့လေသည်။ တဒင်္ဂတာ တိတ်ဆိတ်မှုသည် ရုတ်ချည်း ကျိုးပျက်သွားပြီး အဖွဲ့နှစ်ဖွဲ့ တိုက်ပြန် ပြန်ဖြစ်ကြတော့သည်။ သူတို့ မြင်လိုက်သော အရာသည်ကား မည်သည့်နေရာသို့ ရောက်လို့ရောက်သွားမှန်း မသိတော့။ ယခု သူတို့ခေါင်းထဲတွင် ရှိနေသည်ကား တစ်ဖက်အဖွဲ့ရှိ လူများကို သတ်ဖို့ပင် ဖြစ်လေသည်။
မိုင်ပေါင်းများစွာ ဝေးကွာသော မြက်ခင်ပြင်တစ်ခုပေါ်တွင် ငါမန်းပျံတိုက်ပွဲလွန်းယာဉ် တိတ်တဆိတ် ဆင်းသက်လိုက်သည်။
ယန်ယန်သည် သူတော်စင်သလင်းကျောက်ခဲများကို လဲလှယ်ရင်း အလုပ်ရှုပ်နေစဉ် ရန်ကိုင်မှာမူ သူမြင်လိုက်ရသည့် အရာကြောင့် ထိတ်လန့်တုန်လှုပ်မိနေဆဲပင်။
ဤကြယ်လွန်းပျံလေးသည် လေဟာနယ်ကို ဆုတ်ဖြဲ နိုင်လိမ့်မည်ဟု ရန်ကိုင် လုံးဝ မထင်ထားခဲ့ချေ။ လေဟာနယ်ကို တစ်ကြိမ် ဆုတ်ဖြဲရန်အတွက် သုံးလိုက်ရသည့် သူတော်စင် သလင်းခဲ အရေအတွက်မှာ အတော့်ကိုမှ များပြားလှသော်ငြား ထိုသို့လုပ်ရန် တကယ်ကို မလွယ်ကူချေ။
ထို့အပြင် ကြယ်လွန်းပျံ ခုန်ကျော်သွားခဲ့သော အကွားအဝေးသည် သူခုန်ကျော်နိုင်သည့် အကွာအဝေးထက် အများကြီး ပိုကျယ်ပေသည်။ သူတို့ မူလ ထွက်လာသည့်နေရာကို သူ့ကောင်းကင်စိတ်အာရုံဖြင့် လှမ်းအာရုံခံ၍ မရတော့ပေ။
သူတော်စင်သလင်းခဲများကို ပြန်လဲလှယ်ပြီးနောက် ငါမန်းပျံတိုက်ပွဲလွန်းယာဉ်ကို ယန်ယန် ထပ်မောင်းလေသည်။
“တစ်ခါသွားရင် ဘယ်လောက်ဝေးဝေး သွားလို့ရလဲ” ရန်ကိုင်က မေးလိုက်သည်။
“အခု ငါတို့ မောင်းလာလိုက်တာ မိုင်တစ်သိန်းလောက် ရှိသွားပြီနဲ့တူတယ်” ယန်ယန်က ထိုရလဒ်နှင့် ပက်သက်၍ မကျေမနပ် ဖြစ်နေသည့်အလား အနည်းငယ် မျက်မှောင်ကြုတ်လျက် ပြောလိုက်သည်။
“မိုင်တစ်သိန်း...” ရန်ကိုင် သက်ပြင်းရှိုက်မိလိုက်သည်။
“ဒါပေမယ့် ဒါက သူတော်စင်သလင်းခဲ အရမ်းစားတယ်။ ပြီးတော့ ဦးတည်ချက်ကိုလည်း သေချာ သတ်မှတ်လို့မရဘူး။ ငါသေချာ မလုပ်ရသေးတာလည်း ပါတယ်။ ဟင်းလင်းပြင် အစီအရင်တွေပဲ ထည့်ထားရသေးတာဆိုတော့ နည်းနည်းတော့ ထပ်အဆင့်မြှင့်ဖို့ လိုဦးမယ်” ယန်ယန်သည် သူမ၏ မေးစေ့ကို တွေးတွေးဆဆဖြင့် ပွတ်သပ်လိုက်သည်။
“ငါတို့မှာ ဒါရှိနေတဲ့အကြောင်း သတင်း ပြန့်သွားလို့ မဖြစ်ဘူး။ မဟုတ်ရင် ပြဿနာ အကြီးကြီး တက်လိမ့်မယ်” ရန်ကိုင်က အလေးအနက် အမူအရာဖြင့် ပြောလိုက်သည်။
“နင်စိတ်ပူနေလို့သာ။ အပြင် ပြန့်သွားရင်တောင် ကိစ္စမရှိဘူး” ယန်ယန်က ယုံကြည်ချက်အပြည့်ဖြင့် “အခြားသူတွေ ဒီငါမန်းပျံတိုက်ပွဲလွန်းယာဉ်ကို ရသွားရင်တောင် သုံးနိုင်မှာ မဟုတ်ဘူး”
“ဘာလို့လဲ” ရန်ကိုင် သူမကို အံ့အားသင့်တကြီး ပြန်မေးသည်။
“ဘာလို့လဲဆိုတော့ သူတို့မှာ သူတော်စင်သလင်းခဲတွေမှ မရှိတာ။ အထွဋ်အထိပ်အဆင့် သူတော်စင်သလင်းကျောက် လောက်နဲ့ ဒီငါမန်းပျံတိုက်ပွဲလွန်းယာဉ်ကို မောင်းလို့မရဘူး။ ရှောင်ရှောင် သိပ်သည်းပေးထားတဲ့ သူတော်စင်သလင်းခဲနဲ့ပဲ မောင်းလို့ရတာ” ယန်ယန်က ရှင်းပြလိုက်သည်။
ရန်ကိုင် နားလည်သွားခဲ့လေပြီ “ဒါကြောင့်ပဲ ကျောက်တုံး ရုပ်သေးရုပ်ကို နင်နဲ့အတူ အမြဲခေါ်ထားတာကိုး”
“ဟုတ်တယ်” ယန်ယန် ပျော်ရွှင်စွာ ခေါင်းညိတ်လိုက်သည်။
သနားစရာ ကျောက်တုံးရုပ်သေးရုပ်လေး ရန်ကိုင် ကျောက်တုံး ရုပ်သေးရုပ်ကိုပင် သနားစိတ် ဝင်မိသွားသည်။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၃၈၈)
ရန်ကိုင်သည် ငါမန်းပျံတိုက်ပွဲလွန်းယာဉ်ထဲရှိ အခန်း တစ်ခန်းထဲတွင် တင်ပလင်ခွေထိုင် ကျင့်ကြံနေသည်။ ကြယ်လွန်းပျံသည် မယုံကြည်နိုင်စရာ အမြန်နှုန်းဖြင့် ရှေ့သို့ ဆက်လက် ခုတ်မောင်းသွားလာနေခဲ့သည်။ ယန်ယန်မှာမူကား ထိန်းချုပ်ခန်းထဲတွင် အလုပ်ရှုပ်နေခဲ့လေသည်။
ဤငါမန်းပျံတိုက်ပွဲလွန်းယာဉ်သည် သာမန် ကြယ်လွန်းပျံများထက် အဆများစွာ ပိုသာသည်။
ဦးစွာအနေဖြင့် ဤငါမန်းပျံတိုက်ပွဲလွန်းယာဉ်ထဲတွင် သီးသန့်ခန်းများ ရှိသည့်အတွက်ကြောင့် ရန်ကိုင် အနေဖြင့် နှောင့်ယှတ်ခံရမည်ကို စိတ်ပူစရာမလိုဘဲ စိတ်အေးအေးထားကာ ကျင့်ကြံနိုင်သည်။ ကြယ်လွန်းပျံများတွင် ထိုကဲ့သို့ မလုပ်နိုင်ပေ။
ဒုတိယအချက် အနေဖြင့် ကြယ်လွန်းပျံကို စီးလျှင် လေဖိအားကို သူတော်စင်ချီကို သုံး၍ ခုခံရန် လိုအပ်သဖြင့် သူတော်စင်ချီကို အဆက်မပြတ် ဖြုန်းတီးရသည်။ ဤငါမန်းပျံ တိုက်ပွဲလွန်းယာဉ်တွင် ထိုကဲ့သို့ လုပ်စရာမလိုချေ။
တတိယအချက် အနေဖြင့် ဤငါမန်းပျံတိုက်ပွဲလွန်းယာဉ်၏ အမြန်နှုန်းသည် သာမန် ကြယ်လွန်းပျံ တစ်စင်းသည် အဆများစွာ ပိုမြန်ပေသည်။
ရန်ကိုင်သည် လွန်ခဲ့သော ဆယ်ရက်လုံးလုံးအား ကျင့်ကြံရင်းဖြင့်သာ ကုန်ဆုံးခဲ့သော်လည်း ထိုကျင့်ကြံနေချိန် အတောအတွင်း မည်သည့် အနှောင့်အယှတ်နှင့်မှ မကြုံခဲ့ရပေ။
ရန်ကိုင်သည် သူတော်စင်ဘုရင် တတိယအဆင့်သို့ ရောက်နေပြီ ဖြစ်သဖြင့် ရှီကို သိပ်သည်းနိုင်မည့် တန်ခိုးရှင် အဆင့်နှင့် ခြေတစ်လှမ်းသာ ကွာတော့သည်ဟု ပြော၍ရသည်။ သို့သော် တန်ခိုးရှင်အဆင့်သို့ ချိုးဖျက်ရန်မှာ လွယ်ကူသော ကိစ္စတစ်ခု မဟုတ်ပါချေ။ လောလောဆယ် တန်ခိုးရှင်အဆင့်သို့ ချိုးဖျက်နိုင်မည့် မည်သည့် လမ်းစကိုမှ မမြင်ရသေးချေ။ သူအပတ်တကုတ် ကြိုးစားလျှင်ပင် တန်ခိုးရှင်အဆင့်သို့ ချိုးဖျက်နိုင်ဦးမည် မဟုတ်သေးဘဲ တန်ခိုးရှင်အဆင့်သို့ ချိုးဖျက်လိုလျှင် ပြင်ပတွန်းအား သို့မဟုတ် အခွင့်အရေး တစ်ခုခု အပေါ် မှီခိုရလိမ့်မည်ဟု သူ့စိတ်ထဲ ခံစားနေရသည်။
ဤသည်မှာ သူ သူတော်စင်ဘုရင် တတိယအဆင့်သို့ ချိုးဖျက်သွားစဉ်က အဖြစ်အပျက်နှင့် ဆင်ပေသည်။ အစကမူ သူတော်စင်ဘုရင် တတိယအဆင့်သို့ မရောက်သေးခဲ့သော်ငြား ချင်းယွဲ့ဆီမှ စုယန်အကြောင်း ကြားသိလိုက်ရပြီးနောက် အဆင့် ချိုးဖျက်နိုင်မည့် အခွင့်အရေးနှင့် ကြုံတွေ့ခဲ့ရသည်။
အခြားသော သိုင်းပညာရပ်များကို ကျင့်ကြံရင်း ထိုကဲ့သို့သော အခွင့်အရေး တစ်ခုခုနှင့် ကြုံရမလား ဆိုသည်ကို ရန်ကိုင် သိချင်နေမိသည်။ ထို့ကြောင့် လွန်ခဲ့သည့် ရက်ပိုင်းအတွင်း ရန်ကိုင်သည် ရွှေရောင်ပိုးမျှင်ကို ကျင့်ကြံလျှင်ကျင့်ကြံ၊ မကျင့်ကြံလျှင် သုတ်သင်ခြင်းနတ်ဆိုးမျက်လုံးနှင့် ပုံရိပ်တစ်ထောင်ဖန်လုံးကို ပေါင်းစပ်ရန် ကြိုးစားလေသည်။ သူ့နောက်ဆုံးလက်ကျန် မီးစုန်းအချို့ကိုပင် သန့်စင်ခဲ့သေးသည်။
ထို့အတွက်ကြောင့် သူ့အသိစိတ်ပင်လယ် ပိုမို အားကောင်းလာရခြင်း ဆေးဖော်စပ်ရာတွင်လည်း ပိုမိုလွယ်ကူ အကျိုးသက်ရောက်မှု ရှိလာသည်။ တစ်ဆက်တည်း အနေဖြင့် သူ့ကောင်းကင်စိတ်အာရုံပါ ပိုအားကောင်းလာခဲ့ရသည်။
ကံမကောင်းသည်ကား သူ့စွမ်းရည်ကို စမ်းသပ်နိုင်မည့် အခွင့်အရေး ရှာမတွေ့သေးခြင်းပင်။
တစ်နေ့၊ ရွှေရောင်သွေးစက်ဖြင့် ရွှေရောင်ပိုးမျှင်ကို ဖန်တီးနေစဉ် ကြယ်လွန်းပျံ ရုတ်တရက် တုန်ခါသွားသည်ကို သတိပြုမိလိုက်သည်။ မျက်လုံးဖွင့်၊ ထိုင်ရာမှထ၍ အခန်း တံခါးကိုဖွင့်ကာ ထိန်းချုပ်ခန်းဆီသို့ လျှောက်သွားလိုက်သည်။
“ငါတို့ ရောက်တော့မယ်။ အဲ့ကနေစပြီး ကြယ်လွန်းပျံကိုပဲ သုံးပြီး ပျံသွားရတော့မယ်” ယန်ယန်က ရန်ကိုင်ကို ကြည့်ကာ ပြောလိုက်သည်။
ယန်ယန် သူ့အား မည်သည့် နေရာဆီသို့ ခေါ်သွားမလဲ ဆိုသည်နှင့် ပက်သက်၍ ရန်ကိုင် အတော်လေး သိချင်မိနေလေပြီ။ ယခု သူသိချင်နေသော အဖြေကို မနှောင်းသော အချိန်အတွင်း သိရတော့ပေမည်။
ငါမန်းပျံတိုက်ပွဲလွန်းယာဉ်ထဲမှ ထွက်လာပြီးနောက် ယန်ယန်မှ သူမလက်ကို ဝှေ့ရမ်းလိုက်ရာ ကြယ်လွန်းပျံသည် ဆယ်မီတာကျော်အရှည်မှ တဖြည်းဖြည်း ပြန်သေးသွားခဲ့သည်။ ယန်ယန်သည် အရွယ်ကျုံ့သွားသော ကြယ်လွန်းပျံလေးကို သိုလှောင်လက်စွပ်ထဲ ထည့်သိမ်းလိုက်ပြီး ပုံမှန် ကြယ်လွန်းပျံ တစ်စင်းကို ထုတ်ယူလိုက်သည်။ ရန်ကိုင်လည်း သူ့ကြယ်လွန်းပျံကို ထုတ်၍ ယန်ယန်နောက်မှ လိုက်သွားခဲ့သည်။
ပျံသန်းနေရင်း ပတ်ဝန်းကျင် အပူချိန် တဖြည်းဖြည်း မြင့်တက်လာသည်ကို ရနက်ိုင် သတိပြုမိလိုက်သည်။
နှစ်နာရီကြာပြီးနောက် အနီရောင် ကောင်းကင်အောက်ဝယ် ပက်ကြားအက်နေသော အရိုင်းမြေပြင်ပေါ်တွင် ယန်ယန် ဆင်းလိုက်သည်။ ထိုအခါ ရန်ကိုင် အလိုလို ရေရွတ်မိလိုက်သည် “သဲမီးတောက်နယ်မြေလား။ နင်သွားချင်နေတဲ့ နေရာက သဲမီးတောက်နယ်မြေလား”
သဲမီးတောက်နယ်မြေနှင့် ရန်ကိုင် အတော်လေး ရင်းနှီးသည်။ အရိပ်ကြယ်တစ်ခုလုံးတွင် သဲမီးတောက်နယ်မြေ သည်သာ ဤမျှ ပူခြင်းဖြစ်သည်။
ရန်ကိုင် သိသလောက် သဲမီးတောက်နယ်မြေမှ ကောင်းကင်ကံကြမ္မာမြို့တော်သို့ သွားရန်အတွက် သုံးလလောက် အချိန်ယူရသည်။ သို့သော်လည်း ယခုတစ်ကြိမ် ခရီးတွင် ရန်ကိုင်အဖို့ ဆယ်ရက်သာ အချိန်ယူခဲ့ရသည်။ ထိုအချက်သည် ငါမန်းပျံတိုက်ပွဲလွန်းယာဉ်၏ အမြန်နှုန်း မည်မျှ ကြောက်မက်ဖွယ် ကောင်းကြောင်း ပြသနေခဲ့သည်။
ရန်ကိုင်က မေးလိုက်သော်လည်း ယန်ယန်သည် ရန်ကိုင် မေးခွန်းကို ပြန်မဖြေပဲ သူမရှေ့ရှိ မီးတောက်နံရံကိုသာ မမှတ်မသုန် စိုက်ကြည့်နေခဲ့သည်။ သူမ၏ ပုံစံသည် တစ်ခုခုအား ပြန်စဉ်းစားနေသည့် ပုံစံပေါက်နေသလို တစ်ခုခုကို စိုးရိမ်နေသည့် ပုံစံလည်း ပေါက်နေခဲ့သည်။
ရှေ့တိုးသွားသည်နှင့် ယန်ယန်သည် တစ်ခုခုကို ကြောက်နေသည့်အလား သူမ၏ အမူအရာ တဖြည်းဖြည်း ဖြူလျော်လာခဲ့သည်။ ထိုအခြင်းအရာကို မြင်သော် ရန်ကိုင်သည် ယန်ယန်ဘေးသို့ လျှောက်သွားလိုက်ပြီး သူမလက်ကို အသာအယာ ဆုပ်ကိုင်လိုက်သည်။
ယန်ယန် ကြောင်သွားခဲ့သော်ငြား ချက်ချင်း အသိပြန်ဝင်လာပြီး ရန်ကိုင်ဘက်သို့လှည့်၍ အားတင်းကာ ပြုံးပြလိုက်သည်။
“ငါတို့ ဘာလုပ်ကြမှာလဲ။ အခု ငါ့ကို ပြောလို့ရပြီလား” ရန်ကိုင်က ယန်ယန်၏ မျက်လုံးတည့်တည့်ကို စိုက်ကြည့်၍ မေးလိုက်သည်။
“တစ်ခုခုကို အတည်ပြုမလို့” ယန်ယန်သည် ခဏလောက် တုန့်ဆိုင်းနေပြီးနောက် အမှန်အတိုင်း ပြန်ဖြေလိုက်သည်။
“အို၊ သဲမီးတောက်နယ်မြေဆီလာပြီး နင်ဘာကို အတည်ပြုချင်နေတာလဲ” ရန်ကိုင် စိတ်ရှုပ်သွားသည်။ သဲမီးတောက်နယ်မြေ ပွင့်စဉ်က ယန်ယန်သည် သူနှင့်အတူ အထဲသို့ လိုက်ခဲ့ချင်သည်ဟု တစ်ခါမှ မပြောခဲ့ချေ။ သဲမီးတောက် နယ်မြေအား စိတ်ဝင်စားသည့် အရိပ်အယောင် နည်းနည်းလေးမှ မပြခဲ့။ သို့သော်လည်း သဲမီးတောက်နယ်မြေပိတ်ပြီး နှစ်အတော်ကြာပြီးနောက် ယန်ယန်သည် ရုတ်တရက်ကြီး ဤနေရာသို့ လာခဲ့သည်။
သဲမီးတောက်နယ်မြေ ပိတ်သွားပြီ ဆိုသည်နှင့် ကြယ်ဧကရာဇ် တံဆိပ်ပြားသာ မရှိလျှင် အထဲသို့ ပြန်ဝင်လို့ မရဘူးဆိုသော အချက်ကို သေချာ သိထားရန် လိုပေသည်။
ရန်ကိုင်သည် သဲမီးတောက်နယ်မြေထဲတွင် ပိတ်ကျန်ခဲ့စဉ်က ကြယ်ဧကရာဇ်တံဆိပ်ပြား အကူအညီဖြင့် ထိုနေရာမှ လုံလုံခြုံခြုံ ပြန်ထွက်လာနိုင်ခဲ့ခြင်း ဖြစ်သည်။
“ရန်ကိုင်၊ ပြန်လည်ဝင်စားတာတွေကို နင်ယုံလား” ယန်ယန်က ရုတ်တရက် မေးလိုက်သည်။
“နင်ဘာပြောချင်တာလဲ” ရန်ကိုင် မျက်မှောင်ကြုတ်သွား၏။
ယန်ယန်က ခါးသက်စွာပြုံးလျက် “ပန်းပဲထုတ့ နည်းလမ်းတွေ၊ အစီအရင်ခင်းကျင်းတဲ့ ပညာရပ်တွေကို ငါမွေးကတည်းက သိထားတာလို့ ငါနင့်ကို ပြောခဲ့ဖူးတယ်မလား။ အဲ့ဒါတွေ အကုန်လုံးကို ဘယ်သူမှငါ့ကို သင်ပေးဖူးတာ မဟုတ်ဘူး။ သူ့ဘာ ရုတ်တရက်ကြီး အလိုလို တတ်လာတာ”
ရန်ကိုင်၏ မျက်ခုံးကြောတို့ တွန့်ကွေးသွားခဲ့သည်။ ယန်ယန် ဘာကိုပြောချင်နေမှန်း နားမလည်သဖြင့် နှစ်သိမ့်စကား ပြောပေးရုံသာ တတ်နိုင်လေသည် “ဒီအတိုင်း ပေါ်လာတာတော့ မဖြစ်နိုင်ဘူး။ နင်မတော်တဆ တစ်ခုခုကြုံပြီး နင့်မှတ်ဥာဏ်တွေ ဆုံးရှုံးလိုက်ရတာလည်း ဖြစ်နိုင်တာပဲ”
“အဲ့လိုလည်း ဖြစ်နိုင်တာပဲနော်” ယန်ယန် ခါးသက်စွာ ပြုံးလိုက်သည်။
လမ်းလျှောက်ရင်း ရန်ကိုင်နှင့်ယန်ယန် သဲမီးတောက် နယ်မြေ အပြင်ဘက်စွန်းသို့ ရောက်လာခဲ့သည်။ လက်ရှိ ရန်ကိုင်သည် ယခင်ထက် အများကြီး ပိုအားကောင်းလာခဲ့သော်ငြား သူ့ရှေ့ရှိ မီးတောက် အရံအတားကို ကြည့်ရင်း ရန်ကိုင်စိတ်ထဲ အနည်းငယ် စိုးရိမ်မိနေသေးသည်။
ထိုမီးတောက်အရံအတားထဲမှ ထွက်ပေါ်နေသော စွမ်းအားသည် တန်ခိုးရှင် တတိယအဆင့် တစ်ယောက်ပင် မခုခံနိုင်သော စွမ်းအားမျိုး ဖြစ်သည်။ ထိုထဲသို့သာ ဝင်သွားလိုက်မည် ဆိုပါက ကျိန်းသေ သေပေလိမ့်မည်။
သူ့စိတ်ထင်ပဲလား၊ တကယ် ဖြစ်နေသလား ရန်ကိုင် သိပ်မကွဲ၊ ယန်ယန် ဤနေရာသို့ ရောက်လာပြီးနောက် မီးတောက်များသည် ယခင်ထက်ပင် ပို၍ အားကောင်းလာသည်ဟု ရန်ကိုင် ခံစားမိနေသည်။
“လွန်ခဲ့တဲ့ နှစ်တွေတုန်းက ငါက အခြားတစ်ယောက် ဆိုပြီး ခဏခဏ အိမ်မက်မက်တယ်။ အဲ့လူက... လေနဲ့မိုးကို စိတ်ကြိုက် အမိန့်ပေးစေခိုင်းနိုင်တယ်။ ကောင်းကင်ကို လက်တစ်ဖက်တည်းနဲ့ ဖုံးလွှမ်းနိုင်တယ်။ လောကကြီး တစ်ခုလုံးကလည်း သူ့လက်အောက်မှာပဲ” ယန်ယန်သည် မီးတောက်အရံအတားအား တုန်လှုပ်ခြောက်ခြားဟန် အရှင်းမပြဘဲ စိုက်ကြည့်နေရင်း ရေရွတ်လိုက်သည်။
“နင်က အဲ့လူလို့ ထင်နေတာလား” ရန်ကိုင်သည် ယန်ယန်၏ မျက်နှာတည်ကြီးကို ကြည့်ရင်း ရယ်ချင်နေသော်လည်း တစ်ခုခု မှားယွင်းနေသည်ဟု ခံစားရသဖြင့် မရယ်နိုင် ဖြစ်နေခဲ့သည်။
“အရင်တုန်းကတော့ အဲ့လို မထင်ခဲ့ဘူး။ ဒါပေမယ့် ဧကရာဇ် ဥယျာဉ် ပေါ်လာပြီးတဲ့နောက်ပိုင်း အဲ့အိမ်မက်တွေ ခဏခဏ မက်လာတယ်၊ အိမ်မက်တိုင်းကလည်း ပိုပြီး ပြတ်ပြတ်သားသား ထင်ရှားလာတယ်။ ငါ့ဘာသာ တရားထိုင်လိုက်ရင်တောင် ငါ့စိတ်ထဲ အဲ့မြင်ကွင်းတွေ ပေါ်ပေါ်လာတယ်။ အဲ့လောက် ထပ်တလဲလဲ ဖြစ်နေတာမို့လို့ နောက်ပိုင်း ငါလည်း အဲ့ဒါတွေကို ငါ့စိတ်ကူး သက်သက်လို့ မယူဆရဲတော့ဘူး”
“ဒီတော့ နင်ဒီကိုလာတာ စိတ်ကူးတွေ မှန်မမှန် အတည်ပြုဖို့ပေါ့” ရန်ကိုင် နောက်ဆုံး နားလည်သွားခဲ့ပြီး သိချင်စိတ်ဖြင့် ပြန်မေးလိုက်လေသည် “နင်ဘယ်လို အတည်ပြုမှာလဲ။ ဒီမှာ နင့်ကိုကူပြီး အတည်ပြုပေးနိုင်တဲ့ အရာ တစ်ခုခု ရှိလို့လား”
“အင်း၊ ရှိတယ်” ယန်ယန်က အပြုံးကြီး ပြုံးလိုက်ပြီး မီးတောက်အရံအတားဆီသို့ တစ်ဟုန်တိုး တိုးဝင်သွားလေသည်။ ယန်ယန် လှုပ်ရှားသည်မှာ မြန်လွန်းသဖြင့် ရန်ကိုင်ပင်လျှင် သူမအား မတားလိုက်နိုင်ပါချေ။
ယန်ယန်၏ ခန္ဓာကိုယ် မီးတောက် အရံအတားထဲသို့ တိုးဝင် ပျောက်ကွယ်သွားသည်ကို မြင်လိုက်သော် ရန်ကိုင်၏ အမူအရာ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့လေသည်။
ကြယ်ဧကရာဇ်တံဆိပ်ပြား တစ်ခုကို ထုတ်ပြီး သဲမီးတောက် နယ်မြေထဲသို့ လိုက်ဝင်သွားတော့မည်အပြု မီးတောက် အရံအတားသည် ရုတ်တရက် ပြင်းပြင်းထန်ထန် တောက်လောင် အားကောင်းလာခဲ့သည်။ ချက်ချင်းဆိုသလို အားကောင်းလှသော စွမ်းအားတစ်ရပ် အရံအတားဆီမှ ပေါက်ကွဲထွက်လာပြီး လက်ကြီး တစ်ဖက်အဖြစ် သိပ်သည်းသွားကာ ရန်ကိုင်အား အဝေးသို့ ရိုက်ထုတ်လိုက်လေသည်။
ယန်ယန် သဲမီးတောက်နယ်မြေထဲသို့ ဝင်သွားခြင်းသည် ဆီပူနေသော အိုးထဲသို့ ဆားတစ်ဆုပ် ကြဲချလိုက်ခြင်းနှင့် တူကာ သဲမီးတောက် ပထမအလွှာ၏ အရံအတား မီးတဟုန်းဟုန်း တောက်လောင်လာလေတော့သည်။
သူ့ပတ်ဝန်းကျင်တစ်ခွင် လှုပ်ခါလာပြီး အနီရင့်ရောင် ကောင်းကင်ကြီးမှာလည်း ပို၍ အရောင်ရင့်လာခဲ့ကာ သွေးရောင်ပင် သန်းလာခဲ့လေသည်။ ပက်ကြားအက်နေသော မြေပြင်မှာလည်း ထပ်မံ အက်ကွဲလာခဲ့ပြန်ရာ ယခင်ထက် ပိုမို ကြီးမားသော အက်ကြောင်းကြီးများ ထွက်ပေါ်လာခဲ့သည်။ ထိုအက်ကြောင်းကြီးများသည် အဘက်ဘက်သို့ ပျံ့နှံ့လာရာ ရန်ကိုင်ပင်လျှင် မြေပြင်ပေါ် ခြေထောက်ခိုင်ခိုင် မရပ်နိုင် ဖြစ်လာခဲ့ရလေသည်။
ရှေ့သို့ လှမ်းမျှော်ကြည့်လိုက်သည့်အခိုက် မတည်မငြိမ် ဖြစ်နေသော သဲမီးတောက်နယ်မြေ ပထမအလွှာကို မြင်လိုက်ရ၏။ မီးတောက်အရံအတား ပတ်ပတ်လည် မိုင်တစ်ထောင်အတွင်းရှိ မိုးမြေစွမ်းအင် အားလုံးသည် မီးတောက်အရံအတားထဲသို့ တရဟော စီးဝင်ကုန်ကြလေရာ သာမန် မျက်လုံးဖြင့်ပင် မြင်နိုင်သော ကြောက်မက်ဖွယ်ရာ စွမ်းအင် ဆူနာမနီ လှိုင်းလုံးကြီးများ ဖြစ်ပေါ်လာခဲ့ရသည်။
ရန်ကိုင် ထိုမြင်ကွင်းကိုကြည့်ရင်း မှင်သက်မိနေခဲ့သည်။
ထိုစွမ်းအင်လှိုင်းလုံးကို ယန်ယန် မဆိုထားနှင့်၊ အရိပ်ကြယ်ပေါ်ရှိ အားအကောင်းဆုံး ပညာရှင်ပင်လျှင် မည်သို့မှ ခုခံနိုင်လိမ့်မည် မဟုတ်ချေ။
သို့သော်လည်း လေထဲတွင် ဝဲနေသော ကျော့ရှင်းလှသည့် ပုံရိပ်တစ်ခုကို လှမ်းမြင်လိုက်သည့်နောက် ရန်ကိုင် စိတ်ထဲရှိ စိုးရိမ်မှုများ ပြေပျောက်သွားခဲ့ရသည်။
ယန်ယန် အကောင်းအတိုင်း ရှိနေပေသေးသည်။
သူမ မျက်နှာနှင့် လှုပ်ရှားမှုများကို သေချာ မမြင်ရသော်ငြား သူလှမ်းမြင်ရသလောက် ယန်ယန် လက်ကွက်များ ဖန်တီးနေ၏။ ထို့အပြင် မိုင်တစ်ထောင်းပတ်တပ်လည်မှ စီးဝင်လာနေသော မိုးမြေစွမ်းအင်များသည် မီးတောက်အရံအတားဆီမှ သူမဆီသို့ တဖြည်းဖြည်း စီးဝင်နေသည်။
စီးဝင်နေသည့် အရှိန်ကား ကြောက်မခန်းလိလိပင်။
ထိုအဖြစ်အပျက်ကြောင့် မိုင်သောင်းနှင့်ချီ အကွာတွင် ရှိနေသော လူများပင် နိုးနိုးကြားကြား ဖြစ်သွားခဲ့ကြရသည်။
ချက်ချင်းဆိုသလို ဘာဖြစ်နေသလဲ ဆိုသည်ကို စူစမ်းရန် မိုးပြာရောင်အလင်းတန်းများ ကောင်းကင်ပေါ်သို့ ရုတ်တရက် ပျံတက်လာပြီး သဲမီးတောက်နယ်မြေသို့ အပြေးလာကြလေ၏။
ရန်ကိုင်ရင်ထဲ စိုးရိမ်မိလာလေပြီ။
ယန်ယန်သည် သဲမီးတောက်နယ်မြေထဲသို့ တိုက်ရိုက် ပြေးဝင်သွားရဲလောက်သည်အထိ သတ္တိရှိလိမ့်မည်ဟု သူ မထင်ထားခဲ့ချေ။ ယန်ယန် အနေဖြင့် တစ်ခုခုကို အတည်ပြုချင်လျှင် ထိုကဲ့သို့ လက်လွတ်စပယ်တော့ မလုပ်သင့်ပေ။ ရန်ကိုင်စိတ်ထဲ စိုးရိမ်မသလို ဒေါသလည်း ထွက်မိသော်ငြား သူဘာမှမတတ်နိုင်ပါချေ။ သူတိုးကပ်သွားရန် ကြိုးစားလိုက်တိုင် ထိုမမြင်နိုင်သော စွမ်းအင်၏ တွန်းထုတ်ခြင်း ခံရသည်။
စွမ်းအားမဲ့ခြင်းဆိုသော အဓိပ္ပါယ်ကို ယခုမှ ရန်ကိုင် ကောင်းကောင်း နားလည်သွားတော့သည်။
ဘုန်း... ဘုန်း... ဘုန်း...
ပေါက်ကွဲသံကျယ်ကြီးများ အဘက်ဘက်မှ မြည်ဟည်း ထွက်ပေါ်လာကုန်ကြပြီး သဲမီးတောက်နယ်မြေ ပထမအလွှာ အတွင်းရှိ စွမ်းအင်များသည် ယန်ယန်ဆီသို့ တစ်ဟုန်ထိုး စီးဝင်သွားကုန်ကြလေသည်။
အချိန်ကြာလာသည်နှင့် သဲမီးတောက်နယ်မြေ ပထမအလွှာ၏ အပူချိန် တဖြည်းဖြည်း အားနည်းလာသည်ကို ရန်ကိုင် အံ့အားသင့်ဖွယ် တွေ့ရှိလိုက်ရသည်။
နာရီဝက်ကြာပြီးနောက် ယန်ယန် ပြန်ပေါ်လာခဲ့ပြီး သူမနှင့် အတူ သဲမီးတောက်နယ်မြေ၏ ပထမအလွှာလည်း ပျောက်ကွယ် လုနီးပါး ဖြစ်သွားခဲ့သည်။ ယန်ယန်သည် ပုံမှန် ဝတ်နေကျ အနက်ရောင်ဝတ်ရုံကို ခြုံထားလျက် မျက်လုံးပိတ်ကာ အလေးအနက် အမူအရာဖြင့် ရပ်နေခဲ့သည်။ သို့သော် သူမ လက်ထဲတွင် အနီရောင် ကွင်းကြီး တစ်ကွင်းအား ကိုင်ထားသည်ကို ရန်ကိုင် သတိပြုမိလိုက်သည်။
ထိုအနီရောင်ကွင်းသည် လည်ပတ်တစ်ခုစာလောက်သာ ရှိသော်ငြား ၎င်းဆီမှ ကြောက်မက်ဖွယ်ရာ မီးစွမ်းအင် အရှိန်အဝါတို့ ဖြာထွက်နေခဲ့သည်။ သဲမီးတောက်နယ်မြေ ပထမအလွှာထဲရှိ မီးစွမ်းအင်အားလုံးသည် ထိုကွင်းထဲသို့ စီးဝင်နေခဲ့လေသည်။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၃၈၉)
ထိုကွင်းကို ရန်ကိုင် တစ်ခါမှ မမြင်ဖူးသလို ယန်ယန်တွင်လည်း ထိုကဲ့သို့ မှော်ရတနာမျိုး မရှိသည်မှာ သေချာသည်။ ထိုသို့ဆိုလျှင် ထိုကွင်း မည်သည့်နေရာမှ ရုတ်တရက်ကြီး ရောက်လာခဲ့သနည်း။ ကွင်း၏ အဆင့် မည်မျှအထိ ရှိသလဲ ဆိုသည်ကို ရန်ကိုင် မပြောနိုင်သော်ငြား ထိုကွင်းသည် အနည်းဆုံး တန်ခိုးရှင်ဘုရင်အဆင့် ရှိသည်မှာတော့ သေချာသည်။ အကြောင်းမှာ တန်ခိုးရှင်အဆင့်နှင့်အောက် မှော်ရတနာများကို သူမြင်လိုက်သည်နှင့် ခွဲခြားနိုင်သည့် အတွက်ကြောင့် ဖြစ်သည်။
ခဏအကြာတွင် အရာအားလုံး တစ်ဖန်ပြန်လည် တည်ငြိမ်သွားခဲ့သည်။ ပရမ်းပတာ ဖြစ်နေသော ပတ်ဝန်းကျင် လောကကြီး တစ်ခွင်သည်လည်း သုဿန်တစပြင်နှယ် တိတ်ဆိတ်သွားခဲ့လေပြီ။
တိတ်ဆိတ်မှုနှင့်မတူ အရိပ်ကြယ်၏ နာမည်ကျော် သဲမီးတောက်နယ်မြေ၏ ပထမအလွှာသည်ပါ တစ်ပါးတည်း ပျောက်ကွယ်သွားခဲ့လေပြီ။ မူလက သဲမီးတောက်နယ်မြေ၏ ပထမအလွှာ ရှိခဲ့ဖူးသော နေရာတွင် နီကျင့်ကျင့် မြေပြင်ကြီးသာ အစားထိုး ကျန်ရစ်လေတော့သည်။
ယန်ယန် ဖြည်းဖြည်းချင်း မျက်လုံး ပြန်ပွင့်လာခဲ့သည်။ ယန်ယန် မျက်လုံးပွင့်လာသည်ကို မြင်သည့်အခါ ရန်ကိုင်သည် ယန်ယန်ကို လှမ်းခေါ်တော့မည့်အပြုတွင် သူမ၏ မျက်လုံးထဲ၌ ထွက်ပေါ်နေသည့် ထူးဆန်းသော အလင်းရောင်ကို ရုတ်တရက် သတိပြုမိလိုက်ပြီး သူမအား လှမ်းခေါ်မည့် အကြံကို ချက်ချင်း ပယ်ချလိုက်သည်။
ယန်ယန်သည် အရုပ်ပျောက်သောကလေး အရုပ်ကို ပြန်ရှာတွေ့သွားသည့်နှယ် သူမလက်ထဲရှိကွင်းအား ပျော်ရွှင်စွာ ဆော့ကစားနေခဲ့သည်။
ရုတ်တရက် သူမလက်ထဲရှိ ကွင်းသည် တဖြည်းဖြည်း ကျုံ့ဝင်သွားပြီး သူမ၏ လက်ကောက်ဝတ်နေရာတွင် သွားစွပ်၏။ ထိုအရာသည် လက်ကောက်တစ်ကွင်း ဖြစ်နေခဲ့သည်။ ထိုကွင်းကို လက်ကောက်ဝတ်တွင် ဝတ်ပြီးသော် ယန်ယန် ကျေနပ်စွာ ပြုံးလိုက်သည်။
“ရန်ကိုင်” ယန်ယန်သည် လေထဲတွင် ဝဲနေရင်းနှင့်မှ ရန်ကိုင်အား လှမ်းအော်ခေါ်လိုက်ည်။
ရန်ကိုင် ပြန်မထူး။ ယန်ယန်ကိုသာ မမှိတ်မသုံ စိုက်ကြည့်နေသည်။ လက်ရှိ ယန်ယန်သည် ယခင်ယန်ယန်နှင့် ရုပ်ချင်းဆင်တူသေးသော်လည်း သူမဆီမှ ယခင်ယန်ယန်နှင့် မတူညီသော ခံစားချက်တစ်ခုကို ရန်ကိုင် ရနေခဲ့သည်။ ယန်ယန်သည် မတူကွဲပြားသော အခြား လူတစ်ယောက် အဖြစ်သို့ ပြောင်းလဲသွားသလို ခံစားလိုက်ရသဖြင့် ရန်ကိုင်စိတ်ထဲ မသက်မသာ ဖြစ်နေမိလေပြီ။
ယန်ယန် ဘာကြောင့် ထိုကဲ့သို့ ပြောင်းလဲသွားမှန်း သူမသိသော်ငြား အစောပိုင်းက ဖြစ်ပွားခဲ့သော ထူးဆန်းသည့် အဖြစ်အပျက်နှင့် တစ်ခုခု ပက်သက်နေရလိမ့်မည် ဆိုသည်ကိုမူ သူသိသည်။ သဲမီးတောက်နယ်မြေ ပထမအလွှာ ပျောက်ကွယ် သွားသည်ကို သူသိပ်ဂရုမစိုက်။ သူအထူးစိတ်ဝင်စားမိနေသည်ကား ယန်ယန် ဘာဖြစ်သွားခဲ့လဲ ဆိုသည်ကိုပင်။
ရန်ကိုင် ပြန်မထူးသော်ငြား ယန်ယန် စိတ်ထဲမထားပါချေ။ ဆံပင်ကို နားသယ်နောက် သပ်တင်၍သာ ဆက်ပြောလိုက်သည် “အခု ငါဘယ်သူလဲဆိုတာ ငါသိသွားပြီ”
“နင်ဘယ်သူလဲ” ရန်ကိုင် လှမ်းအော်မေးလိုက်သည်။
“ငါက ကြယ်တာရာကောင်းကင် မဟာဧကရာဇ်ပဲ” ယန်ယန်က ခေါင်းကို အသာအယာမော့လျက် ဂုဏ်ယူဝံ့ကြွားဟန် အပြည့်ဖြင့် ပြောလိုက်သည့်အခိုက် သူမဆီမှ ကြီးကျယ် မြင့်မြတ်သော အရှိန်အဝါတစ်ရပ် ရုတ်တရက် ဖြာထွက်လာခဲ့လေသည်။ ထိုကဲ့သို့သော ပုံစံမျိုးသည် အလွန်ကိုမှ ကြောက်တတ်သော ယန်ယန်ဆိုသည့် မိန်းကလေးတွင် ရှိမနေသင့်သော်လည်း လက်ရှိတွင်မူ ထိုပုံစံသည် သူမ၏ မွေရာပါစရိုက်တစ်မျိုး ဖြစ်နေသည့်ပုံစံ ပေါက်နေသည်။ သူမအား ကြည့်မိလိုက်သူတိုင်းအား မိမိကိုယ်ကို နှိမ့်ချစေချင်သော ခံစားချက်အား ပေးစွမ်းနေသည်။
တန်ခိုးရှင်ဘုရင်အဆင့် ပညာရှင်မျိုးတွင်ပင် ထိုကဲ့သို့သော စိတ်နေစရိုက်မျိုး၊ ဟန်အမူအရာမျိုး မရှိချေ။
ယန်ယန်ကို ကြည့်နေရင်း ရန်ကိုင် မျက်လုံး မှေးစဉ်းသွား၏။ ရုတ်တရက် သူ့မျက်နှာ ပြုံးယောင်သန်းသွားခဲ့ပြီး ရပ်နေရာမှ ချက်ချင်း ပျောက်ကွယ်သွားကာ ယန်ယန်ဘေး၌ ပြန်ပေါ်လာသည်။
ယန်ယန်၏ မှင်သက်နေသည့် အကြည့်အောက်တွင်ပင် ရန်ကိုင်သည် ယန်ယန်၏နဖူးကို တောက်ချလိုက်လေသည်။
“အား၊ နင်ဘာလုပ်တာလဲ” ယန်ယန် အလန့်တကြား ထအော်ပြီး နဖူးကိုလက်ဖြင့်အုပ်လျက် ငိုမဲ့မဲ့ မျက်နှာအား ရန်ကိုင်အား မကျေမနပ် ကြည့်လိုက်သည်။ အစောပိုင်းက ရှိခဲ့သော သူမ၏ ကြီးကျယ်မြင့်မြတ်သော ပုံစံသည် နဖူးလေး တစ်ချက် အတောက်ခံလိုက်ရခြင်းနှင့်အတူ သဲလွန်စမကျန် ပျောက်ကွယ်သွားခဲ့လေပြီ။
“ဒီတော့ နင့်နာမည်က ကြယ်တာရာကောင်းကင် မဟာ ဧကရာဇ်ပေါ့၊ ဟုတ်လား” ရန်ကိုင်သည် အံကြိတ်၍ ယန်ယန်အား ခဏကြာအောင် စိုက်ကြည့်နေပြီးနောက် ရုတ်တရက် သူမပါးအား လှမ်းဖျစ်လိုက်သည်။
“နင်ဘာလုပ်ပြန်တာလဲ” ရန်ကိုင်၏ နားမလည်နိုင်သော ရုတ်တရက် အပြုအမူကြောင့် ယန်ယန် ကြက်သေသေနေသည်။ ပြောသာပြောလိုက်သော်ငြား ပါးနှစ်ဖက် ဆွဲဖျစ်ခံထားရသည့် အတွက်ကြောင့် သူမ၏အသံမှာ ‘မပီမပြင်’ ဖြစ်နေခဲ့သည်။
“ငါဘာလုပ်နေတယ်လို့ နင်ထင်လဲ” ရန်ကိုင်အား ပြုံးဖြဲဖြဲဖြင့် ယန်ယန်၏ပါးကို ခပ်ပြင်းပြင်း ဆွဲဖျစ်လိုက်ပြန်သည်။
“ငါ့ကိုလွှတ်” ယန်ယန်သည် ရန်ကိုင်ကို စူးရဲစွာ စိုက်ကြည့်ရင်း အော်ပြောလိုက်သည် “ပြောနေတုန်း မြန်မြန် လွှတ်နော်။ ငါနင့်ကို ပြန်မတိုက်ရဲဘူး ထင်နေလား။ နင်စောင့်နေ၊ ငါ့အစစ်အမှန် ခန္ဓာကိုယ်နိုးလာမှ နင်နဲ့ငါတွေ့မယ်”
“နင့်အစစ်အမှန်ခန္ဓာကိုယ် နိုးလာတဲ့အထိစောင့် ဟုတ်လား” ရန်ကိုင် ယန်ယန်ပါးကို အပေါ်ဆွဲလိုက်၊ အောက်ဆွဲလိုက်လုပ်ရင်း မေးလိုက်လေသည်။ ယန်ယန်သည် သူမ၏ လက်ကလေးများကို ဒေါသတကြီး ဝှေ့ရမ်း၍ ရုန်းထွက်ရန် ကြိုးစားခဲ့သော်ငြား သူမ မည်မျှပင် ကြိုးစားစေကာမူ ရန်ကိုင်လက်မှ ရုန်းမထွက်နိုင်ခဲ့ပေ။
မကြာမီ သူမ၏ မျက်ဝန်းထဲ မျက်ရည်စများ ဝေ့သီလာခဲ့သည်။
ရုတ်တရက် ရန်ကိုင်၏ အမူအရာ ပြောင်းလဲသွားပြီး အဝေးဆီသို့ လှမ်းကြည့်လိုက်သည်။ ယန်ယန်လည်း မရုန်းတော့ဘဲ နှစ်ယောက်သား အကြည့်ချင်းဖလှယ်လျက် ရပ်နေရာမှ ရုတ်ချည်း ပျောက်ကွယ်သွားခဲ့လေသည်။
နှစ်ယောက်စလုံး၏ ကောင်းကင်စိတ်အာရုံသည် သူတို့ဆီသို့ လူပေါင်းများစွာ လာနေသည်ကို အာရုံခံမိလိုက်ကြသည်။
ရန်ကိုင်နှင့် ယန်ယန်တို့ ပျောက်ကွယ်သွားပြီး လက်ဖက်ရည် တစ်ခွက်ခန့်စာ အကြာတွင် မူလက သူတို့ ရှိနေသော နေရာဆီသို့ အဘက်ဘက်မှ ရောင်စုံအလင်းတန်းများ ရောက်ရှိလာခဲ့သည်။ သို့သော် ထိုနေရာသို့ ရောက်လာပြီး သဲမီးတောက်နယ်မြေ၏ ပထမအလွှာ ရှိနေခဲ့ဖူးသည့် နေရာကို မြင်ပြီးနောက် အကုန်လုံး သူတို့မျက်လုံးသူတို့ မယုံကြည်နိုင် ဖြစ်ကုန်ကြလေသည်။
အရိပ်ကြယ်ပေါ်တွင် နှစ်ပေါင်းသောင်းဂဏန်းမက တည်ရှိခဲ့သော သဲမီးတောက်နယ်မြေ၏ ပထမအလွှားကြီး ပျောက်ခြင်းမလှ ပျောက်ကွယ်နေခဲ့လေပြီ။ ထိုလူများသည် သူတို့၏ မျက်လုံးကို သေချာပွတ်၍ ထပ်ကြည့်လိုက်သော်ငြား သဲမီးတောက်နယ်မြေ၏ ပထမအလွှာ မရှိတော့သည်မှာ အမှန်တကယ် ဖြစ်နေခဲ့သည်။ သူတို့ အယောင်ယောင် အမှားမှား လျှောက်မြင်နေခြင်း မဟုတ်ချေ။
သို့သော်လည်း သူတို့ မည်သို့ပင်တွေးတွေး သဲမီးတောက် နယ်မြေ၏ ပထမအလွှာ မည်ကဲ့သို့ ပျောက်ကွယ်သွားသလဲ ဆိုသည်ကို လုံးဝ မစဉ်းစားနိုင်ခဲ့ကြပေ။
ခဏကြာ တိတ်ဆိတ်နေပြီးနောက် ကျင့်ကြံသူများ တစ်ယောက်ပြီးတစ်ယောက် ဆက်သွယ်ရေး မှော်ရတနာကို ထုတ်ကာ သူတို့၏ အသိများကို လှမ်းအကြောင်းကြားကြသည်။ မကြာမီ ထိုနေရာဆီသို့ လူပေါင်းများစွာ ထပ်မံ ရောက်ရှိ လာကြလေသည်။ သို့သော် ရောက်လာသည့်လူတိုင်း ပထမဆုံး ရောက်လာသည့် လူများကဲ့ ဖြစ်သွားကြသည်ချည်းသာ။ အကုန်လုံး သူတို့ရှေ့ရှိ မြင်ကွင်းကိုမြင်ပြီးနောက် မှင်သက်ကုန်ကြသည်။
ကျင့်ကြံသူပေါင်းများစွာ စုဝေးလာပြီးသည့်နောက်တွင် အကုန်လုံး သဘောတူညီချက်တစ်ခု ပြုလုပ်ခဲ့ကြသည်။ ထိုအရာသည်ကား သဲမီးတောက်နယ်မြေ၏ ဒုတိယအလွှာ ဖြစ်သော ရတနာနယ်မြေကို အတူတကွ ရှာဖွေစူးစမ်းဖို့ပင်။ ပထမအလွှာဖြစ်သော မီးတောက်အလွှာ မရှိတော့သဖြင့် ရတနာနယ်မြေထဲ သူတို့ ဝင်လို့ရပေပြီ။
သို့သော်လည်း ကံဆိုးစွားဖြင့် သူတို့ ရက်ပေါင်းများစွာ ကြာအောင် ရှာဖွေခဲ့သော်လည်း မည်သည့် အဖိုးတန် ရတနာကိုမှ ရှာမတွေ့ခဲ့ချေ။ ယခင်က တည်ရှိခဲ့ဖူးသော ရတနာများသည် ပျောက်ခြင်းမလှ ပျောက်နေခဲ့လေပြီ။
သူတို့ ဒုတိယအလွှာ၌ အလုပ်ရှုပ်နေစဉ် ရန်ကိုင်နှင့် ယန်ယန်မှာမူ လေးလွှာမြောက်ရှိ တောင်စဉ်တောင်းတန်းများ ဆီသို့ သွားနေခဲ့ကြသည်။
ရန်ကိုင် အနေဖြင့် ထိုနေရာသို့ သွားရန်အတွက် သူ၏ ကြယ်ဧကရာဇ်တံဆိပ်ပြားကို သုံးစရာမလို၊ ယန်ယန် နောက်မှ လိုက်သွားရုံဖြင့် ရပေပြီ။
သဲမီးတောက်နယ်မြေ၏ တတိယအလွှာသည်သည် ပထမ အလွှာထက် ပိုပူပြင်းပေသည်။ သို့သော်လည်း ဘာကြောင့်မှန်း မသိရသော အကြောင်းတစ်ခုကြောင့် ယန်ယန် ဖြတ်သွားသည့် နေရာတိုင်းတွင် ရှိနေကြသော မီးတောက်များသည် သူမလမ်းအား မပိတ်ရဲသည့်အလား ယန်ယန်ကို အလိုလို ရှောင်ကွင်းသွားကြ၏။
ဤနည်းဖြင့် ရန်ကိုင်နှင့် ယန်ယန်တို့သည် သဲမီးတောက် နယ်မြေ၏ အတွင်းနက်ထဲသို့ ဆက်လက်တိုးဝင်လာကြလေသည်။
မြူခိုမြူနှင်းများ ဖုံးလွှမ်းနေသော အဆောက်အဦးများကို ငေးကြည့်ရင်း ယန်ယန်သည် အတိတ်အား လွမ်းဆွတ်နေသည့် ပုံစံဖြင့် ပြောလိုက်သည် “ဒီနေရာက ဆန်းတော်ဝင်ဂိုဏ်း တည်ရှိခဲ့ဖူးတဲ့ နေရာတစ်ခုပဲ”
“ဆန်းတော်ဝင်ဂိုဏ်း” ရန်ကိုင် မျက်မှောင်ကြုတ်သွားပြီး ယန်ယန်ဘက်သို့လှည့်၍ မေးလိုက်သည် “အဲ့ဒါ နင်နဲ့ ပက်သက်နေတာလား”
“ဟုတ်လည်းဟုတ်တယ်၊ ဟုတ်လည်း မဟုတ်ဘူး” ယန်ယန် မျက်မှောင်ကြုတ်သွားခဲ့သည်။
“နင်ဘာပြောချင်တာလဲ”
“ဒီနေရာက အရင်တုန်းက ကြယ်တာရာကောင်းကင် မဟာဧကရာဇ် ဒီအတိုင်း ဖန်တီးခဲ့တဲ့ နေရာတစ်ခုသက်သက်ပဲ”
“နင်က ကြယ်တာရာကောင်းကင် မဟာဧကရာဇ် မဟုတ်ဘူးလား” ရန်ကိုင် မျက်မှောင်ကြုတ်သွားရပြန်သည်။
ယန်ယန်က နှုတ်ခမ်းလေးကွေးလျက် “ငါကငါ။ ကြယ်တာရာ ကောင်းကင်မဟာဧကရာဇ်က ကြယ်တာရာကောင်းကင် မဟာဧကရာဇ်ပဲ။ ငါတို့ နှစ်ယောက် ဆက်စပ်ပေမယ့် ငါသူ့ကို ကိုယ်စားမပြုနိုင်ဘူး”
“အို” ရန်ကိုင် ပို၍ စိတ်ဝင်စားမိသွားသည်။ ယန်ယန် ပြောသည်ကို သူတစ်ခါမှ သံသယမဝင်ဖူးချေ။ တကယ်တော့ (၆)လွှာမြောက်၍ ကြယ်ဧကရာဇ်တံဆိပ်ပြားကို ရခဲ့ပြီးသည့် အချိန်မှစ၍ ကြယ်တာရာကောင်းကင် မဟာဧကရာဇ်နှင့် သဲမီးတောက်နယ်မြေ တစ်နည်းတစ်ဖုံး ဆက်စပ်လိမ့်မည်ဟု သူ့စိတ်ထဲ ထင်ခဲ့ခြင်း ဖြစ်သည်။
ဧကရာဇ်ဥယျာဉ် ပေါ်လာပြီး ယန်ယန် သတိလစ်သွားသည့် အခါ၊ ယန်ယန်ကို နိုးရန်အတွက် သူမ အသိစိတ်ပင်လယ်ထဲသို့ ဝင်သွားခဲ့စဉ် မယုံကြည်နိုင်ဖွယ်ရာများစွာကို ရန်ကိုင် တွေ့ခဲ့သည်။
လက်ရှိ ယန်ယန် သဲမီးတောက်နယ်မြေထဲသို့ အလွယ်တကူ ဝင်နိုင်ပြီး သဲမီးတောက်နယ်မြေ၏ အစိတ်အပိုင်း တစ်ခုကိုပါ လက်ကောက်တစ်ခုအဖြစ် ပြောင်းလဲပစ်နိုင်သည်ကို ဆင်ခြင် ထောက်ရှုကြည့်လျှင် ယန်ယန် ကြယ်တာရာကောင်းကင် မဟာဧကရာဇ် ဖြစ်နေသည်မှာ သိပ်မထူးဆန်းတော့ပေ။
သူ့စိတ်ထဲ အနည်းငယ် မသက်မသာ ဖြစ်နေမိသေးသော်ငြား ယန်ယန်ကို ယုံကြည်ရန်သာ ဆုံးဖြတ်လိုက်သည်။
အချိန်အတော်ကြာအောင် တိတ်ဆိတ်နေပြီးသည့်နောက်တွင် ယန်ယန်က မေးလိုက်လေသည် “ဝိဥာဉ်ကိုယ်ပွားတွေအကြောင်း နင်ကြားဖူးလား”
“အင်း၊ ကြားဖူးတယ်” ရန်ကိုင်က ပြန်ပြောလိုက်သည်။
“ငါကိုယ်တိုင်ကလည်း ကြယ်တာရာကောင်းကင် မဟာ ဧကရာဇ်ရဲ့ ဝိဥာဉ်ကိုယ်ပွားတစ်ခုပဲ။ အကြောင်းတစ်ခုခုကြောင့် မဟာဧကရာဇ်ရဲ့ တကယ့် ခန္ဓာကိုယ်က အိပ်စက်နေတယ်။ ငါတတ်ကျွမ်းထားတဲ့ ပန်းပဲပညာရပ်တွေ၊ အစီအရင် ပညာရပ်တွေ ဆိုတာ မဟာဧကရာဇ်တတ်ကျွမ်းထားတဲ့ ဟာတွေပဲ”
“သူဘာလို့ အိပ်စက်နေတာလဲ” ရန်ကိုင် မျက်မှောင်ကြုတ်၍ ပြန်မေးလိုက်သည်။ ဝိဥာဉ်ကိုယ်ပွားကို သူကိုယ်တိုင် ကျင့်ကြံဖူးသဖြင့် ထိုအကြောင်း ရန်ကိုင် သိပ်မသိလို၊ လွင့်မျောတိုက်ကြီးတွင် ကွေ့ဇူမှ ဟင်းလင်းပြင်အစီအရင်ကို စမ်းသပ်ခိုင်းခဲ့စဉ်က ရန်ကိုင်သည် သူ့ဝိဥာဉ်ကိုယ်ပွားကို သူ့ကိုယ်စား သွားခိုင်းခဲ့သည်။ အကျိုးဆက်အနေဖြင့် သူ့ဝိဥာဉ်ကိုယ်ပွား ပြင်းပြင်းထန်ထန် ထိခိုက်သွားပြီး ပျက်စီးလုမတတ် ဖြစ်သွားခဲ့ရသည်။
သို့သော်လည်း နှစ်ပေါင်းများစွာ ပြန်ကျင့်ကြံပြီးနောက် သူ့ဝိဥာဉ်ကိုယ်ပွား ပြန်ကောင်းမွန်လာပြီး ယခုဆိုလျှင် ယခင်ကထက်ပင် ပိုမို အားကောင်းနေခဲ့လေပြီ။
သူ့ဝိဥာဉ်ကိုယ်ပွား နေထိုင်ရန် ခန္ဓာကိုယ်တစ်ခု ရှာမတွေ့သေးသည့် အတွက်ကြောင့်သော ရန်ကိုင်၏ ဝိဥာဉ် ကိုယ်ပွားသည် သူ့ခန္ဓာကိုယ်ထဲတွင် ရှိနေသေးခြင်း ဖြစ်သည်။
“ဒဏ်ရာရထားလို့လေ” ယန်ယန်က အံ့အားသင့်ဖွယ်ရာ အမှန်တရားတစ်ခုကို ပြောလိုက်သည်။
“ကြယ်တာရာကောင်းကင် မဟာဧကရာဇ်တောင် ဒဏ်ရာရနိုင်တာလား” ရန်ကိုင် ထိတ်လန့်တုန်လှုပ်သွားသည်။
“မဟာဧကရာဇ်တစ်ယောက် ဘာလို့ ဒဏ်ရာမရနိုင်ရမှာလဲ။ သူ့မှာလည်း သူ့လိုအားကောင်းတဲ့ ရန်သူတွေ ရှိတာပဲကို၊ ဒါပေမယ့် အသေးစိတ်ကိုတော့ ငါလည်းမသိဘူး။ အဲ့အကြောင်းတွေကို ငါဒီကို ရောက်ပြီးမှ သိလာခဲ့ရတာ။ ငါသိရသလောက်တော့ တိုက်ပွဲကြီး တစ်ခုဖြစ်ပြီးတဲ့နောက်ပိုင်း မဟာဧကရာဇ် အိပ်စက်သွားတာပဲ။ အခုဆို သူအိပ်စက်သွားတာ နှစ်ပေါင်း သောင်းနဲ့ချီနေပြီ” ယန်ယန်က ဖြည်းဖြည်းချင်း ခေါင်းခါလျက် ပြောလိုက်လေသည် “ငါခွန်အားက နိမ့်ကျနေသေးတော့ အများကြီးတော့ မမှတ်မိဘူး။ ငါ့ခွန်အား တဖြည်းဖြည်း တိုးတက် လာတဲ့အခါမှပဲ အကုန်လုံးကို ပြန်မှတ်မိနိုင်လိမ့်မယ်”
“မဟာဧကရာဇ်နဲ့ တိုက်ခဲ့တဲ့ ရန်သူကော” ရန်ကိုင်က သိချင်စိတ်ဖြင့် မေးလိုက်ရာ ယန်ယန်က မသေချာဟန်ဖြင့် ပြန်ပြောလိုက်လေသည် “သေသွားလောက်ပြီလို့ ထင်တာပဲ။ သိပ်တော့ မသေချာဘူး”
“အဲ့လက်ကောက်က…” ရန်ကိုင်သည် တစ်ခုခုအကြောင်း စဉ်းစားမိသွားဟန်ဖြင့် လက်ကောက်ကိုကြည့်၍ မေးလိုက်သည်။
“နေမီးလျှံသုံးစင်းလက်စွပ်ရဲ့ အစိတ်အပိုင်း တစ်ခုပဲ။ ဒါကို တစ်ချိန်က ကြယ်တာရာကောင်းကင် မဟာဧကရာဇ် ပိုင်ခဲ့တာလေ။ ဒါကြောင့် ငါသုံးလို့ရနေတာ” ယန်ယန်က ပြုံးလျက် “တတိယအလွှာနဲ့ ပဉ္စမအလွှာတွေကလဲ နေမီးလျှံသုံးစင်း လက်စွပ်ရဲ့ အစိတ်အပိုင်းတွေပဲ။ ဒါပေမယ့် ငါ့ခွန်အားက နိမ့်နေသေးတော့ အဲ့အပိုင်းတွေကို ပြန်ဆင့်ခေါ်လို့ မရသေးဘူး။ အခုလောလောဆယ်တော့ ပထမအလွှာရဲ့ စွမ်းအားကိုပဲ သုံးလို့ ရဦးမယ်”
ရန်ကိုင် ရင်ထဲ ငလျင်လှုပ်သည့်နှယ် အလွန်ကိုမှ တုန်လှုပ်မိသွားခဲ့သည်။ အစောပိုင်းက ယန်ယန်အား စိတ်ထဲရှိသလို နောက်ပြောင်ကျီစယ်ရဲခဲ့ခြင်းမှာ ယန်ယန်သည် သူနှင့် နှစ်အတော်ကြာအောင် မိတ်ဆွေ ဖြစ်ခဲ့သည့် အတွက်ကြောင့်သာ ဖြစ်ပေသည်။ ထိုသို့ မဟုတ်ဘဲ သူ့ရှေ့တွင် ရှိနေသည့်လူသာ ကြယ်တာရာကောင်းကင် မဟာဧကရာဇ် ဖြစ်နေမည် ဆိုပါက ရန်ကိုင် ထိုသို့ လုပ်ရဲမည် မဟုတ်ချေ။
မဟာဧကရာဇ်တစ်ပါး၏ ဘုန်းကျက်သရေကို စိတ်ရှိသလို သွားစော်ကား၍ မရပါချေ။
ထို့အပြင် မဟာဧကရာဇ်၏ မှော်ရတနာတစ်ခုဖြစ်သော နေမီးလျှံသုံးစင် လက်စွပ်တစ်ကွင်းသည်ပင် သဲမီးတောက် နယ်မြေ၏ နာမည်ကျော် တားမြစ်နယ်မြေတစ်ခု ဖြစ်လာခဲ့သည်။ ထိုသို့ဆိုလျှင် ကြယ်တာရာကောင်းကင် မဟာဧကရာဇ် ကိုယ်တိုင်သည်ကား မည်မျှပင် သန်မာလိုက်လေမည်နည်း။
ထိုသို့သော လူကိုပင် ဒဏ်ရာရအောင် တိုက်ခိုက်နိုင်သော ရန်သူမှာ မည်သူ ဖြစ်လောက်မည်နည်း။ ရန်ကိုင် သိချင်မိသွား၏။
ရန်ကိုင် ပို၍ အံ့ဩသွားရသည့် အချက်သည်ကား ကြယ်စီရင်စုကြီး တစ်ခုလုံး လျှမ်းလျှမ်းတောက် နာမည် ကျော်ကြားသော ကြယ်တာရာကောင်းကင် မဟာဧကရာဇ်သည် မိန်းမတစ်ယောက် ဖြစ်နေသည့် အချက်ပင်။
ထိုအကြောင်းသာ သတင်းပြန့်သွားခဲ့လျှင် ယောကျာ်းသား များစွာတို့ ရှက်လွန်းသဖြင့် လဲသေချင်စိတ်ပင် ပေါက်သွားကြမလား မပြောတတ်။
သဲမီးတောက်နယ်မြေ ပိတ်သွားသည့်အခါ အားလုံးအား အပြင်သို့ ဆွဲခေါ်သွားသော လက်သည် မိန်းမတစ်ယောက်၏ လက် ဖြစ်နေသည်မှာ အံ့ဩစရာ မဟုတ်တော့ပါချေ။ ဧကရာဇ်ဥယျာဉ် ပေါ်လာသည့် အခါတွင်လည်း ထိုလက် နောက်တစ်ကြိမ် ထပ်မံ ထွက်ပေါ်လာခဲ့သည်။ ထိုအရာသည် မဟာဧကရာဇ် ချန်ရစ်ခဲ့သည့် ပညာရပ်တစ်မျိုးမျိုး ဖြစ်ရပေမည်။ သဲမီးတောက်နယ်မြေ ဖြစ်စေ၊ ဧကရာဇ်ဥယျာဉ်ဖြစ်စေ နှစ်ခုစလုံးကို မဟာဧကရာဇ် ပိုင်ပေသည်။
မဟာဧကရာဇ်၏ ခွန်အားနှင့် အစွမ်းအစအရ ထိုကဲ့သို့ လုပ်ရန်မှာ သူ့အတွက် အရမ်း မခက်လောက်ပါချေ။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၃၉၀)
ရန်ကိုင်ရင်တစ်ခုလုံး မုန်းတိုင်းဝင်မွှေသွားသလို ဗြောင်းဆန်နေသော်ငြား မျက်နှာ အမူအရာတော့ ပျက်မသွား၊ တည်ငြိမ်ချင်ယောင်သာ ဆောင်နေလိုက်သည်။ ယန်ယန်နှင့် စကားပြောရင်း ကြယ်တာရာကောင်းကင် မဟာဧကရာဇ်နှင့် ပက်သက်သည့် အကြောင်းအရာများစွာကို ရန်ကိုင် သိခဲ့ရသည်။ ယန်ယန်၏ သူမ၏ မေ့ပျောက်နေသော မှတ်ဥာဏ်များကို တဖြည်းဖြည်း ပြန်မှတ်မိလာနေလေပြီ။ သူမကိုယ်တိုင်သည် ကြယ်တာရာကောင်းကင် မဟာဧကရာဇ်၏ ဝိဥာဉ်ကိုယ်ပွားမှန်း သိလိုက်သည့်အခါ သူမလည်း အတော်လေး ပျာယာ ခတ်သွားလောက်သည်။ ရန်ကိုင်ကပါ ပျာယာခတ်နေပါက ပို၍ အခြေအနေ ဆိုးသွားပေလိမ့်မည်။
ရန်ကိုင် အသိချင်ဆုံးသည်ကား မဟာဧကရာဇ်သည် ဂြိုလ်ပေါင်းများစွာ ရှိသည့်အနက်မှာ ဘာကြောင့် အရိပ်ကြယ်တွင် အိပ်စက်ရန် ဆုံးဖြတ်ခဲ့သလဲ ဆိုသည်ကိုပင်။ အရိပ်ကြယ်ပေါ်ရှိ မိုးမြေဥပဒေသများ တန်ခိုးရှင်အဆင့်များကို တန်ခိုးရှင်ဘုရင် အဆင့်သို့ မတက်နိုင်အောင် တားဆီးနေခြင်းသည် သူမနှင့်များ ဆက်စပ်နေလေသလော။
ခဏလောက် စကားပြောပြီးနောက် ကြယ်တာရာကောင်းကင် မဟာဧကရာဇ် အိပ်စက်နေသည့် နေရာသည် ဧကရာဇ်ဥယျာဉ် ထဲတွင် ဖြစ်ကြောင်း ရန်ကိုင် သိသွားခဲ့ရသည်။
ထိုအကြောင်းကို သိလိုက်ရသည့်အခါ ရန်ကိုင် တစ်ခုခုကို ပြန်သတိရသွားလေသည်။
ဖေးကျီတု သူ့အား ဧကရာဇ်ဥယျာဉ်ထဲတွင် သူတို့အဖွဲ့ အမျိုးသမီးတစ်ဦး ရှိနေသည့် ကျောက်စိမ်း အခေါင်းတစ်ခုကို တွေ့ခဲ့ကြောင်း ပြောခဲ့ဖူးသည်။
ဖေးကျီတုနှင့် သူတို့အဖွဲ့သည် ထိုကျောက်စိမ်းအခေါင်းနားရှိ အစီအရင်တစ်ခုကို မတော်တဆ သွားအသက်သွင်းလိုက်မိသည့် အတွက်ကြောင့် ဧကရာဇ်ဥယျာဉ် ထွက်ပေါ်လာခဲ့ရပြီး ရန်ကိုင်၊ ချင်းတုန်တို့လည်း အပြင်သို့ ပြန်ရောက်လာခဲ့ရသည်။
ထိုခေါင်းတလားထဲတွင် ရှိနေသော အမျိုးသမီးသည် ကြယ်တာရာကောင်းကင် မဟာဧကရာဇ်များ ဖြစ်နေလေမလား။ ဤကဲ့သို့ ချောင်ကျပြီး သိုင်းအဆင့်အတန်း နိမ့်ကျသော အရိပ်ကြယ်ကဲ့သို့ ဂြိုလ်မျိုးတွင် မဟာဧကရာဇ်ကဲ့သို့ တကယ့် ပညာရှင်ကြီးတစ်ပါး အိပ်စက်နေသည်မှာ တကယ်ကို မယုံကြည်နိုင်စရာပင်။
ထိုအကြောင်းများကို စဉ်းစားရင်း ယန်ယန်ကို တစ်ချက် တစ်ချက် စစ်ဆေးကြည့်သည်။ ကြယ်စီရင်စုတစ်ခွင် လူမသိသလောက် မရှိသည့် မဟာဧကရာဇ်နှင့် ယန်ယန်ကို မည်သို့မှ ဆက်စပ်မရအောင် ဖြစ်နေခဲ့သည်။
“သွားကြရအောင်” မြူခိုးများ ဖုံးလွှမ်းနေသည့် ဆန်းတော်ဝင်ဂိုဏ်းကို အချိန် အတောအတန်ကြာအောင် စိုက်ကြည့်နေပြီးနောက် ယန်ယန်က ပြောလိုက်သည်။
“အထဲသွားမကြည့်ဘူးလား”
“မသွားတော့ဘူး” ယန်ယန်က ဖြည်းဖြည်းချင်း ခေါင်းခါလိုက်ပြီး လှည့်ထွက်သွားလေသည်။
“နင်အခုဘယ်သွားမှာလဲ” ရန်ကိုင်က ပြန်မေးလိုက်ရာ ယန်ယန်က အသာအယာပြုံးလျက် “ခြောက်လွှာကို သွားပြီး တစ်ခုခု ယူမလို့”
ခြောက်လွှာမြောက်သည် ရန်ကိုင် နှစ်တစ်သောင်းမွှေ့နံ့သာကို တွေ့ခဲ့သော အိမ်လေးတည်ရှိနေသည့် နေရာဖြစ်သည်။ သူရခဲ့သည့် နှစ်တစ်သောင်းမွှေးနံ့သာကိုလည်း မဟာဧကရာဇ်ပိုင်သည့် ပုံပင်။ တစ်နည်းဆိုရသော် ထိုအရာသည် ယန်ယန်ဟာ ဖြစ်သည်။
သို့သော်လည်း ရန်ကိုင် ရှက်သွားဟန် မပြချေ။ တကယ်တော့ ယန်ယန်သည် သူ့မိတ်ဆွေ တစ်ယောက်ပင် မဟုတ်လေလော။ ထိုကဲ့သို့သော ဘာမဟုတ်သည့် ကိစ္စလေးများနှင့် ပက်သက်၍ စိတ်ပူနေစရာ မလိုချေ။
သူတို့သွားသည့်နှုန်းသည် သိပ်မမြန်သော်လည်း ယန်ယန်မှ ဦးဆောင်သွားနေသဖြင့် မည်သည့် အန္တရာယ်နှင့်မှ မကြုံတွေ့ခဲ့ရ။ ရန်ကိုင်တို့ နှစ်ယောက်သည် မကြာခင်မှာပဲ ငါးလွှာမြောက်သို့ ရောက်လာခဲ့လေသည်။ တတိယအလွှာသို့ ရောက်စဉ်ကကဲ့သို့ပင် ထိုနေရာရှိ မီးတောက်များသည် ယန်ယန်ဆီမှ အလိုလို ရှောင်ကွင်းသွားပြီး သူမအတွက် လမ်းတစ်ခု ဖန်တီးပေးခဲ့သည်။
စူးရှရှ ငှက်အော်သံတစ်သံနှင့်အတူ မှော်ရတနာ စိတ်ဝိဥာဉ် ရန်ကိုင်ကိုယ်ထဲ သူ့အလိုလို ရုတ်တရက် ခုန်ထွက်လာခဲ့သည်။
တောင်ပံများကို တဖျတ်ဖျတ် ခတ်နေပြီးနောက် ရန်ကိုင် ခေါင်းထက်တွင်ဝဲလျက် ရန်ကိုင်အား တစ်ခုခု ပြောလိုက်သည်။ ရန်ကိုင်လည်း ယဲ့ယဲ့လေးပြုံးလျက် မီးငှက် တောင်းဆိုသည်ကို ခွင့်ပြုပေးလိုက်သည်။
ရန်ကိုင်မှ ခွင့်ပြုပေးလိုက်သည်နှင့် မီးငှက်သည် မီးအလင်းတန်း တစ်ခုအသွင်သို့ ပြောင်းလျက် ချက်ချင်း ပျံသန်းထွက်ခွာသွားရာ မျက်တောင်တစ်ခတ်အတွင်း ရန်ကိုင်တို့၏ မြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့လေသည်။ မီးငှက် ထွက်သွားသည့် နေရာသည်ကား မြေအဆုတ်မီးတောက်ကန်ပင် ဖြစ်လေသည်။
မီးငှက်ကို မြေအဆုတ်မီးတောက်ကန်၌ မွေးဖွားခဲ့သည်။ ထိုနေရာတွင် နှစ်ပေါင်း သောင်းနှင့်ချီအောင် တည်ရှိနေခဲ့သော်လည်း ၎င်း၏ စွမ်းအား အကန့်အသတ်ကြောင့် မြေအဆုတ်မီးတောက်ကန်ထဲမှ စွမ်းအားများကို ဆက်လက် မစုပ်ယူနိုင် ဖြစ်ခဲ့ရသည်။ သို့သော် ယခုမူ ယခင်ကကဲ့သို့ မဟုတ်တော့။ ယခု မီးငှက်သည် နေမီးလျှံမီးတောက်အချို့ကို စုပ်ယူပြီးထားလေပြီ။ ထို့အပြင် မီးငှက်၏ စွမ်းအားသည် ၎င်းကို ရန်ကိုင် စရရှိခဲ့စဉ်က အချိန်နှင့် စာလျှင် အများကြီး ပိုအားကောင်းလာခဲ့လေပြီ။
ယခု မီးငှက်သည် မြေကမ္ဘာအဆုတ်မီးတောက်ကန်ဆီသို့ ပြန်သွားပြီး ထိုနေရာမှ မီးစွမ်းအင်များကို စုပ်ယူကာ သူ့ကိုယ်သူ ပိုမိုအားကောင်းလာအောင် လုပ်ချင်နေသည်။
သူ့အတွက် အကျိုးရှိမည့် ကိစ္စလည်း ဖြစ်လေရာ ရန်ကိုင် မည်ကဲ့သို့ ခွင့်မပြုပေးရမည်နည်း။
နေ့ဝက်ကြာပြီးသည့်နောက်တွင် ရန်ကိုင်နှင့် ယန်ယန် ငါးလွှာမြောက်ကို ဖြတ်ကျော်လာပြီးခဲ့ပြီး ဝါးတောလေးထဲတွင် ရှိနေသော သစ်သားအိမ်လေးဆီသို့ ရောက်လာခဲ့သည်။
ထိုသစ်သားအိမ်လေးကို ကြည့်ရင်း အကြောင်းအရာ အချို့ကို ပြန်မှတ်မိသွားသည့်နှယ် ယန်ယန်၏ မျက်ဝန်းထဲ အတိတ်အား လွမ်းဆွတ်ရိပ်များ ထွက်ပေါ်လာခဲ့သည်။ ရန်ကိုင်သည် ယန်ယန်အား သွားမနှောင့်ယှတ်ဘဲ ဝါးတောအပြင်ဘက်တွင်သာ တိတ်တိတ်လေး ရပ်စောင့်နေပေးလိုက်သည်။
ထိုဝါးများသည် အလွန်ကိုမှ မာကျောလှသည်။ ရန်ကိုင်သည် လေဟာနယ်ဓါးသွားကိုသုံး၍ ထိုဝါးများကို နှစ်ဝက်တိုင်တိုင် ထိုင်ခုတ်ခဲ့သော်လည်း ဝါးအချောင်းနှစ်ဆယ်လောက်သာ ခုတ်နိုင်ခဲ့သည်။
“ဒါတွေက ရွှေနက်ဝါးတွေလေ။ ရွှေနက်ဝါးတွေက မှော်ရတနာတွေ လုပ်လို့ကောင်းတဲ့ ပစ္စည်းတစ်မျိုးဆိုပေမယ့် သူ့ရဲ့ တကယ့် အသုံးဝင်ပုံက အဲ့ဒါ မဟုတ်သေးဘူး။ ဒါကြောင့် ဒီဝါးတွေကို ထပ်မခုတ်နဲ့တော့” ယန်ယန်က ရုတ်တရက် ပြောလိုက်သည်။
“အခြားနေရာမှာ သုံးသေးတာလား” ထိုစကားကို ကြားသည့်အခါ ရန်ကိုင် ချက်ချင်း ပြန်မေးလိုက်သည်။ ထိုဝါးများ မည်မျှ မာကျောကြောင်း သူသိသည်။ ထိုကဲ့သို့ အလွန်ကိုမှ မာကျောလှသည့် ဝါးများသည် မှော်ရတနာပြုလုပ်ရာ၌ အသုံးဝင်သည် ရှားပါးပစ္စည်းများ ဖြစ်ကြပေသည်။
“ဟုတ်တယ်။ ရွှေနက်ဝါးတွေ အပွင့်ပွင့်လာပြီ ဆိုတာနဲ့ ဝါးစို့တွေ ထွက်လာလိမ့်မယ်။ အဲ့ဝါးစို့တွေထဲမှ အရမ်း သန့်စင်တဲ့ မိုးမြေစွမ်းအင်တွေပါတယ်။ အဲ့ဝါးစို့တွေကို သုံးပြီး ကျင့်ကြံမယ်ဆို ဘာဘေးထွက်ဆိုးကျိုးမှ မကြုံရဘဲ ကျင့်ကြံခြင်းအဆင့်ကို မြှင့်တင်လို့ရတယ်”
ထိုစကားကို ကြားသည့်အခါ ရန်ကိုင် တုန်လှုပ်သွားပြီး အလျင်အမြန် ပြန်မေးလိုက်လေသည် “နင်တကယ် ပြောနေတာလား”
“ငါနင့်ကို ဘာလို့ လိမ်ရမှာလဲ” ယန်ယန်က ရန်ကိုင်အား မျက်နှာကြီးမဲ့လျက် စိုက်ကြည့်လိုက်သည်။
“ဒီဝါးပင်တွေ ဘယ်တော့လောက် အပွင့်ပွင့်မှာလဲ” ရန်ကိုင်က ထပ်မေးလိုက်ရာ ယန်ယန်က ရန်ကိုင် ဘာတွေးနေလဲ ဆိုသည်ကို သိနေသည့်အလား ပြုံးလျက် ပြန်ပြောလိုက်လေသည် “ဝါးပင်တွေ ပုံစံအရတော့ နောက်ထပ် ဆယ်နှစ်၊ နှစ်နှစ်ဆယ်လောက်ဆို ပွင့်ပြီ”
“အဲ့လောက်တောင် ကြာဦးမှာလား…” ရန်ကိုင် မျက်နှာကြီး မဲ့သွားခဲ့သည်။ ထိုဆယ်နှစ်၊ နှစ်နှစ်ဆယ်အတွင်း ဘာဖြစ်သွားမလဲ ဆိုသည်ကို မည်သူ ပြောနိုင်မည်နည်း။ ထိုအချိန်သို့ ရောက်သည့်အခါ သူအရိပ်ကြယ်ပေါ်တွင် ရှိချင်မှ ရှိတော့ပေလိမ့်မည်။
ရန်ကိုင် ပုံစံကိုကြည့်ရင်း ယန်ယန် တခစ်ခစ် ရယ်လိုက်ပြီး အိမ်ထဲသို့ ဝင်သွားလေသည်။ ရန်ကိုင်လည်း သက်ပြင်းတစ်ချက် ယန်ယန်နောက်သို့ အလျင်စလို လိုက်သွားခဲ့သည်။
အိမ်ထဲသို့ ဝင်လာပြီးနောက် ရန်ကိုင် ပထမဆုံး မြင်လိုက်ရသည့် အရာကား သူ့ရှေ့တည့်တည့်တွင် ချိတ်ဆွဲထားသည့် ပန်းချီကားချပ်ပင်။ ထိုပန်းချီကားချပ်သည် အမျိုးသမီးတစ်ဦး၏ ကျောပြင်ကို ရေဆွဲထားသည့် ထူးထူးဆန်းဆန်း ပန်းချီကားချပ် တစ်ခုဖြစ်သည်။ ရန်ကိုင် ဤနေရာသို့ ပထမဆုံးအကြိမ် ရောက်စဉ်က ထိုပန်းချီကားချပ်ကို သေချာ လေ့လာကြည့်ခဲ့သေးသည်။ သို့သော်ငြား မည်သည့် ထူးခြားမှုကိုမှ ရှာမတွေ့ခဲ့ချေ။ ပန်းချီကားချပ်သည် သာမန် ပန်းချီကားချပ် တစ်ချပ်ဟုသာ ထင်ရသည်။
တစ်ချိန်တည်းတွင် သူ့စိတ်ထဲတွင် ထိုကျောပြင်ကို ရင်းနှီးနေသလို ခံစားခဲ့ရသည်။ ယခု ထပ်မြင်လိုက်သည့် အခါမှပဲ အားလုံး ရှင်းလင်းသွားတော့သည်။
ထိုကျောပြင်ကို ရင်းနှီးနေသည်ဟု ခံစားရခြင်းမှာ အထူးအဆန်းမဟုတ်၊ ထိုအမျိုးသမီး၏ ကျောပြင်သည် ယန်ယန်၏ ကျောပြင်နှင့် ဆင်နေခြင်းသည်ကိုး။
ယန်ယန်သည် အမြဲတမ်း အနက်ရောင် ဝတ်ရုံကြီးကိုသာ ဝတ်ထားသဖြင့် ထိုစဉ်က ထိုအမျိူးသမီး၏ ကျောပြင်နှင့် ယန်ယန်၏ ကျောပြင်ကို သွားမဆက်စပ်မိခဲ့ပေ။ သို့သော်လည်း လက်ရှိတွင် ယန်ယန်သည် ပန်းချီကားချပ်ရှေ့တွင် ရပ်၍ ထိုပန်းချီကားချပ်ကို သေချာ စိုက်ကြည့်နေသဖြင့် ရန်ကိုင် ပန်းချီကားချပ်နှင့် ယန်ယန်၏ ကျောပြင်ကြား တူညီမှုကို သေချာ သတိပြုမိလေပြီ။
သူထိုအကြောင်း စဉ်းစားနေစဉ် ပန်းချီကားချပ်သည် လေတိုက်၍ လှုပ်သွားသည့်နှယ် ဖြည်းဖြည်းချင်း လှုပ်လာပြီးနောက် မယုံကြည်နိုင်ဖွယ်ရာ မြင်ကွင်းတစ်ရပ်ကို ရန်ကိုင် မြင်တွေ့လိုက်ရသည်။
ပန်းချီကားချပ်ထဲတွင် ရှိနေသော အမျိုးသမီးသည် ရန်ကိုင်အား ကျောပေးထာရာ သူတို့ဘက်သို့ လှည့်လာခဲ့သည်။ ယန်ယန်နှင့် အကြည့်ချင်း ဆုံသွားသည့်အခိုက် ပန်းချီကားချပ် ထဲရှိ အမျိုးသမီး ယဲ့ယဲ့လေး ပြုံးလိုက်၏။
ထိုမြင်ကွင်းကိုကြည့်ရင်း ရန်ကိုင် မှင်သက်အံ့ဩမိနေလေပြီ။ အံ့ဩထိတ်လန့်လွန်းသဖြင့် သူ့ခဗျာ လှုပ်ပင် မလှုပ်နိုင်တော့ပေ။
ပန်းချီကားချပ်ထဲရှိ အမျိုးသမီးသည် ယန်ယန်နှင့် ချွတ်စွပ်ကို တူလှသည်။ ကွာခြားသည့်အချက်ဆို၍ သူမ ဝတ်ထားသည့် အဝတ်အစားသာ ရှိသည်။ ယန်ယန်သည် အနက်ရောင် အဝတ်အစားကို ဝတ်ဆင်ထားပြီး ပန်းချီကားချပ်ထဲရှိ အမျိုးသမီးသည် အဖြူရောင် အဝတ်အစားကို ဝတ်ဆင်ထားသည်။
ယန်ယန်နှင့် ပန်းချီကားချပ်ထဲရရှိ အမျိုးသမီး၏ လက်ရှိ ပုံစံသည် လူတစ်ယောက် မှန်ရှေ့တွင်ရပ်၍ သူ့ရုပ် သူပြန်ကြည့်နေသည့် ပုံစံနှင့်ပင် တူလှလေရာ ရန်ကိုင်အဖို့ အလွန်ကိုမှ မှင်သက်မိနေပြီး ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ ဖြစ်နေခဲ့ရသည်။
ယန်ယန်အား ကြည့်နေပြီးနောက် ပန်းချီကားချပ်ထဲရှိ အမျိုးသမီးသည် အသိစိတ်ရှိနေသည့်နှယ် သူ့ဘက်သို့ လှည့်ကြည့်လာခဲ့သည်။
ယခင်က ယန်ယန် မည်သူမည်ဝါ ဖြစ်သည်ဆိုသည့်အပေါ် သသယရှိခဲ့လျှင် ယခုလုံးဝ သံသယမရှိပါတော့ချေ။ အခြားအရာများကို မကြည့်လျှင်ပင် ထိုပန်းချီကား တစ်ချပ်တည်းသည်ပင် ရန်ကိုင်၏ နားလည်နိုင်စွမ်းကို လုံးဝ ကျော်လွန်နေခဲ့သည်။
လူတစ်ယောက်နှင့် ပန်းချီကားချပ် တစ်ချပ်သည် တစ်ယောက်နှင့် တစ်ယောက် အချိန် အတော်ကြာသည်အထိ စိုက်ကြည့်နေပြီးနောက် ယန်ယန်က ရုတ်တရက် အသာအယာ သက်ပြင်းချကာ ပြောလိုက်သည် “ငါနိုးနေပြီ။ နင်ဒီမှာ ဆက်နေစရာ မလိုတော့ဘူး။ ထွက်လာခဲ့ပေတော့။ ဒီနှစ် အတောအတွင်း နင်အများကြီး ပင်ပန်းသွားခဲ့ပြီ”
“ငါကနင်၊ နင်က ငါပဲလေ။ ဘာလို့ အခုမှ စည်းတွေ ခွဲနေရသေးတာလဲ” ပန်းချီကားချပ်ထဲမှ ယန်ယန်၏ အသံနှင့် ချွတ်စွပ်ဆင်တူသော အသံကို ရန်ကိုင် ကြားလိုက်ရသည်။ ထို့နောက် ပန်းချီကားချပ်ထဲမှ အမျိုးသမီးသည် အလင်းတန်း တစ်ခုအသွင်သို့ ပြောင်းကာ ယန်ယန်၏ နဖူးထဲသို့ တိုးဝင် ပျောက်ကွယ်သွားခဲ့လေသည်။
ယန်ယန် ခန္ဓာကိုယ် အနည်းငယ် တုန်ရီသွားပြီး နာကျင်မှုကြောင့် အနည်းငယ် မျက်နှာမဲ့သွားသည်။ သို့သော် အလျင်အမြန်ပဲ ပြန်လည် တည်ငြိမ်သွားပြီး တစ်ခုခုကို အာရုံခံနေသည့်အလား မျက်ဝန်းအစုံကို ပိတ်လိုက်သည်။
ရန်ကိုင် ယန်ယန်အား သွားမနှောင့်ယှတ်ချေ။ ယခုတစ်ကြိမ် ယန်ယန်နှင့် ခရီးအတူ ထွက်လာခဲ့ရသည့် အတွက်ကြောင့် သူ့နာလည်းနိုင်စွမ်းကို လုံးဝ ကျော်ထွက်နေသည့် အဖြစ်အပျက် များစွာကို ရန်ကိုင် မြင်တွေ့ခဲ့ရသည်။ မဟာဧကရာဇ်၏ အစွမ်းအစသည် သူ့အဆင့်ရှိ ကျင့်ကြံသူတစ်ယောက် နားလည်နိုင်သည့် အစွမ်းမျိုး မဟုတ်ပါချေ။
ပန်းချီကားထဲရှိ အမျိုးသမီး ပျောက်ကွယ်သွားပြီးနောက် ချိတ်ဆွဲထားသော ပန်းချီကားချပ် ရုတ်တရက် သူ့အလိုလို လောင်ကျွမ်းလာပြီး အငွေ့ပျံ ပျောက်ကွယ်သွားခဲ့လေသည်။
ယန်ယန်သည် မျက်လုံးမှိန်၍သာ ရှိနေသေးသဖြင့် ရန်ကိုင်လည်း တိတ်တိတ်လေး စောင့်နေပေးလိုက်သည်။
နှစ်နာရီလောက် ကြာပြီးနောက် ယန်ယန် ရုတ်တရက် သက်ပြင်းတစ်ရှိုက် မှုတ်ထုတ်လိုက်ပြီး ဖြည်းဖြည်းချင်း မျက်လုံး ဖွင့်လျက် ရန်ကိုင်ဘက်သို့လှည့်၍ ပြုံးပြလိုက်သည်။
ယန်ယန်၏ ကျင့်ကြံခြင်းကို မမြင်နိုင်သေးသော်လည်း ပန်းချီကားချပ်ထဲမှ အမျိုးသမီးနှင့် ပေါင်းစပ်ပြီးနောက် ယန်ယန်၏ အရှိန်အဝါ ပိုအားကောင်းလာသည်ကို ရန်ကိုင် သတိပြုမိလိုက်၏။
“ဒီနေရာက နောက်ဆုံး မတော်တဆ တစ်ခုခု ဖြစ်သွားခဲ့ရင် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ မဟာဧကရာဇ် လိုရမယ်ရ ပြင်ထားခဲ့တဲ့ နေရာတစ်ခုပဲ။ ငါသာ မှတ်ဥာဏ်တွေ ပြန်မရဘဲ ပေါ်မလာခဲ့ဘူး ဆိုရင် သူ့က ငါ့နေရာကို တာဝန်ယူသွားမှာ” ယန်ယန်က ရှင်းပြလိုက်သည်။
“ဘာတာဝန်လဲ”
“မဟာဧကရာဇ်ကို နှိုးရမယ့် တာဝန်လေ” ယန်ယန်က ပြန်ပြောလိုက်သည် “နင်မိန်းမတစ်ယောက် မဟုတ်တာ ကံကောင်းတယ်မှတ်၊ ဟုတ်သာ ဟုတ်ခဲ့ရင် နင်ဒီကို ရောက်တုန်း သူ့နင့်ခန္ဓာကိုယ်ကို ဝင်စီးခဲ့မှာ”
ထိုအကြောင်းကို ကြားလိုက်ချိန် ရန်ကိုင် မျက်နှာပျက်သွားပြီး ကြက်သေသေသွားခဲ့ရသည်။ သို့သော်လည်း သိချင်စိတ်သည် ပိုအားကောင်းနေခဲ့သဖြင့် “ဒီတော့ နင်ပြောချင်တာက အခု နင့်တာဝန်က မဟာဧကရာဇ်ကို နှိုးဖို့ပေါ့ဟုတ်လား”
“ဟုတ်တယ်” ယန်ယန် ခေါင်းညိတ်လိုက်သည်။
“နင်ဘယ်လိုလုပ်မှာလဲ”
“ဧကရာဇ်ဥယျာဉ် ပွင့်တဲ့အချိန်ထိစောင့်ပြီး အတွင်းပိုင်းဆီ သွားရမှာ” ယန်ယန်က ဧကရာဇ်ဥယျာဉ် ရှိနေသည့် နေရာဆီ လှမ်း၍ ကြည့်လိုက်သည်။ သို့သော် သဲမီးတောက်နယ်မြေထဲမှ ဧကရာဇ်ဥယျာဉ်ကို လှမ်းမမြင်ရချေ။
သိလွန်းခြင်းသည် ကောင်းသည့်ကိစ္စတစ်ခု မဟုတ်မှန်း သိထားသဖြင့် ရန်ကိုင် ထပ်မမေးတော့ပေ။
“ဒီလောက်ပဲ။ ငါတို့ ပြန်ရအောင်” ယန်ယန်က ပြောလိုက်၏။
“ခဏလောက်စောင့်ဦး” ရန်ကိုင် ခေါင်းညိတ်လိုက်ပြီး မီးငှက်ကို လှမ်းအကြောင်းကြားလိုက်သည်။
ခဏအကြာတွင် မီးငှက် သူ့ဆီသို့ ပြန်ရောက်လာခဲ့လေသည်။ မီးငှက်ဆီမှ အပူဓါတ်သည် ယခင်ထက် ပိုအားကောင်းနေခဲ့လေပြီ။ မြေကမ္ဘာအဆုတ်မီးတောက်ကန်ထဲတွင် အချိန်အကြာကြီး မနေလိုက်ရသော်ငြား မီးစွမ်းအင်များစွာကို စုပ်ယူနိုင်ခဲ့သည့်ပုံပင်။ အချိန်ကောင်းနေစဉ် ရန်ကိုင်က လှမ်းခေါ်လိုက်သဖြင့် မီးငှက် မကျေမနပ် ဖြစ်နေခဲ့သည်။
သို့သော်လည်း ပြန်ရတော့မည် မဖြစ်သဖြင့် ရန်ကိုင်လည်း မတတ်နိုင်ပါချေ။ မီးငှက်လည်း ကူကယ်ရာမဲ့စွာဖြင့် ရန်ကိုင် ကိုယ်ထဲသို့ ပြန်ဝင်သွားလိုက်လေသည်။
ကိစ္စအားလုံး ပြီးပြတ်သွားပြီးနောက် ရန်ကိုင်နှင့် ယန်ယန်တို့ ပြန်ထွက်လာလိုက်ကြသည်။
အခြားသူများ သတိမထားမိစေရန် အလို့ငှာ ရန်ကိုင်တို့ သေချာ သတိထားသွားကြရသည်။ ကံကောင်းစွာဖြင့် အများစုသည် ဧကရာဇ်ဥယျာဉ်ကို အာရုံစိုက်နေသည့် အတွက်ကြောင့် သဲမီးတောက်နယ်မြေအား လာရောက်စစ်ဆေးသည့်လူ သိပ်အများကြီး မရှိခဲ့ပေ။ လုံလုံခြုံခြုံ ဖုံးကွယ်ရင်း ရန်ကိုင်နှင့် ယန်ယန်သည် သဲမီးတောက်နယ်မြေထဲမှ မည်သူမှ မသိအောင် ထွက်လာနိုင်ခဲ့သည်။
သဲမီးတောက်နယ်မြေမှ ခပ်လှမ်းလှမ်းသို့ ရောက်သည့်အခါ ယန်ယန်သည် ငါမန်းပျံတိုက်ပွဲလွန်းယျာဉ်ကို ထုတ်၍ ကောင်းကင် ကံကြမ္မာမြို့တော်ဆီသို့ ပြန်လာခဲ့လိုက်သည်။