အခန်း (၁၄၃၁-၁၄၃၅)
Vol. 58 Ch. 1431-1435
အပိုင်း (၁၄၃၁)
သို့သော်လည်း မိုယုသည် ချက်ချင်းပဲ ဆက်၍ ပြောလိုက်လေသည် “ဟုတ်တာပေါ့၊ ဂိုဏ်းချုပ်ရန် အဆင်မပြေဘူးဆိုရင်လည်း ဘာမှမဖြစ်ပါဘူး။ ဒီလူအိုကြီး မမေးဘူးလို့သာ သဘောထားလိုက်ပါ”
“ဘာလို့အဆင်မပြေရမှာလဲ” ရန်ကိုင်က ဖြည်းဖြည်းချင်း ခေါင်းခါလိုက်ပြီး “စီနီယာမိုက အစ်မချန်နဲ့ ညီမလုယင်တို့ပဲ ဆရာပဲ၊ ဒီဂျူနီယာ ခွင့်ပြုပေးရမှာပေါ့။ ဒီကသွားခွင့်ပြုဖို့ မပြောနဲ့၊ စီနီယာမို ဧကရာဇ်ဥယျာဉ် ပွင့်လာတဲ့အထိ ဒီမှာနေပြီး ထိုင်စောင့်မယ်ဆိုရင်တောင် ဘာမှမဖြစ်ဘူး”
ရန်ကိုင်ဆီမှ ထိုစကား ထွက်လာသည်နှင့် ချန်ရှီတောင်းနှင့် လုယင်တို့၏ မျက်ဝန်းအစုံ တောက်ပသွားခဲ့ပြီး ရန်ကိုင်အား ကျေးဇူးတင်တကြီး ကြည့်လိုက်ကြလေသည်။
မိုယုသည်လည်း ပျော်သွားခဲ့သည်။ ရန်ကိုင် ဤမျှ အလွယ်တကူ သဘောတူလိမ့်မည်ဟု မထင်ထားခဲ့ချေ။ ရန်ကိုင် ငြင်းလိုက်ပါက ချန်ရှီတောင်းနှင့် လုယင်တို့အား ကိုယ်တိုင် သွားတောင်းဆိုခိုင်းလျှင် ကောင်းမည်လားဟုပင် စဉ်းစားနေခြင်း ဖြစ်သည်။ သို့သော်လည်း ယခုမူ မလိုတော့ချေ။
ရန်ကိုင်၏ ဖြောင့်မတ်သည့် စရိုက်ကို မိုယုလေးစားသည်။ ယခုကိစ္စသည် အလျင်စလို သဘောတူသင့်သည့် ကိစ္စတစ်ခုမဟုတ်၊ အခြားသူများနှင့် ဆွေးနွေးတိုင်ပင်ပြီး သေချာ စဉ်းစားပြီးမှ ဆုံးဖြတ်သင့်သည့် ကိစ္စတစ်ခုဖြစ်သည်။ သို့သော် ရန်ကိုင်ကမူ သူမေးလိုက်သည်နှင့် ချက်ချင်း သဘောတူ လက်ခံလိုက်လေသည်။ သူသဘောတူလိုက်သည်မှာ ချန်ရှီတောင်းတို့ကြောင့် ဖြစ်သည်မှာ မြေကြီးလက်ခတ်မလွဲပင်။
“အဲ့လိုဆိုမှတော့ ဒီလူအိုကြီးလည်း ကြိုပြီး ကျေးဇူးတင်ထားရမှာပေါ့” ချင်းတုန်က အဓိပ္ပါယ်ပါပါပြုံးလျက် ပြောလိုက်သည်။ ရန်ကိုင်သည် မိုယုပင်ကို ဤနေရာတွင် နေခွင့် ပေးလေရာ သူကိုလည်း လုံးဝ ငြင်းလိမ့်မည် မဟုတ်ချေ။
“အစ်မတိုက်ယွမ်လည်း ဆန္ဒရှိရင် ဒီနေရာကနေ ထွက်လို့ ရတယ်နော်” ရန်ကိုင်က တိုက်ယွမ်ကိုကြည့်၍ ဆက်ပြောလိုက်၏ “ဒါပေမယ့် အစ်မတိုက်ယွမ် တစ်ယောက်ပဲ။ အခြားသူတွေ မပါဘူး”
သူသည် သူ့မိတ်ဆွေများအပေါ် ကောင်းနေသော်လည်း လူတိုင်းအပေါ်တော့ ကောင်းနေမည်မဟုတ်။ လက်ရှိလူများကို အထက်စကြာဝဠာဂိုဏ်းမှ ထွက်ခွာခွင့်ပြုခြင်းသည် ထိုလူအားလုံး သူနှင့် ရင်းနှီးသည့်အတွက်ကြောင့် ဖြစ်သည်။ သို့သော် ဖန်သွေးရောင်ဂိုဏ်းကိုတော့ ထိုကဲ့သို့ လုပ်ခွင့်ပေးမည် မဟုတ်။ ဖန်သွေးရောင်ဂိုဏ်းနှင့် သူမရင်းနှီးသလို သူတို့၏ အနာဂတ် ဂိုဏ်းချုပ်အလောင်းအလျာ ဖြစ်သော ယင်စုတျယ်ဆိုသည့် မိန်းကလေးသည် သူနှင့်ပင် ရန်ငြိုးရှိသေးသည်။
ထိုစကားကို ကြားသည့်အခါ တိုက်ယွမ် အနည်းငယ် မျက်နှာ ပျက်သွားသည်။ ထို့နောက် ခါးသက်စွာပြုံးလျက် “အခုလို စဉ်းစားပေးတဲ့အတွက် ကျေးဇူးပဲ ဂျူနီယာမောင်လေးရန်၊ ဒါပေမယ့် ဧကရာဇ်ဥယျာဉ်ဆီ ငါသွားခွင့်ရမှာ မဟုတ်ဘူး”
ထိုစကားကို ကြားကြားချင်း ရန်ကိုင် မျက်မှောင် ကြုတ်သွားခဲ့သော်ငြား ချက်ချင်းပဲ နားလည်သွားခဲ့သည်။ ဖန်သွေးရောင်ဂိုဏ်းတွင် တိုက်ယွမ်၏ အဆင့်အတန်းသည် သိပ်မမြင့်လှချေ။ ဖန်သွေးရောင်ဂိုဏ်းထဲတွင် ဧကရာဇ်ဥယျာဉ်ထဲ ဝင်ခွင့်ရမည့် လူငယ်မျိုးဆက်တစ်ယောက် ရှိလျှင် ယင်စုတျယ်သာ ဖြစ်ပေလိမ့်မည်။ ဧကရာဇ်ဥယျာဉ်၏ ဝင်ခွင့်များသည် အလွန်ကိုမှ အဖိုးတန်လွန်းသည် မဟုတ်ပေလော။ ထိုဝင်ခွင့် တစ်ခုအား သူတို့ အလေးမထားသည့် တိုက်ယွမ်ကဲ့သို့ လူတစ်ယောက် အပေါ်၌ ဖြုန်းတီးပစ်လိမ့်မည် မဟုတ်ချေ။
သို့သော်လည်း ချင်းတုန်က အဓိပ္ပါယ်ပါပါ ပြုံးလျက် “အဲ့ဒါနဲ့ ပက်သက်ပြီး မိန်းကလေးတိုက်ယွမ် စိုးရိမ်မနေနဲ့တော့။ အရင်တုန်းက ဆိုရင်တော့ မိန်းကလေးတိုက်ယွမ် ဝင်ခွင့်မရဖို့ များတယ်။ ဒါပေမယ့် အခုတော့ အဲ့လို မဟုတ်တော့ဘူး။ ဒီလူအိုကြီး အရမ်းကြီး အာမမခံရဲပေမယ့် အနည်းဆုံး ခုနှစ်ဆယ် ရာခိုင်နှုန်းလောက်တော့ အာမခံတယ်။ သူတို့တွေ မိန်ကလေး တိုက်ယွမ်ကို ကျိန်းသေ သွားခွင့်ပေးလိမ့်မယ်။ ဟိုသက်ကြားအိုကြီး ကုန်းရှင်းဟယ်သာ ရူးမသွားသေးရင်ပေါ့”
တိုက်ယွမ် မျက်မှောင်ကြုတ်သွားပြီး ချင်းတုန်အား အံ့အားသင့်တကြီး လှမ်းကြည့်လိုက်သည်။ ချင်းတုန် ဘာကို ပြောချင်လို့ ပြောချင်နေမှန်း သူမ နားမလည်ချေ။
သို့သော်လည်း ခဏလောက် စဉ်းစားပြီးနောက် ချင်းတုန် ဘာပြောချင်နေလဲ ဆိုသည်ကို ချက်ချင်း နားလည်သွားခဲ့သည်။
ချင်းတုန် ပြောသည်မှာ ဟုတ်ပေသည်။ ယခင်ကသာဆိုလျှင် သူမအနေဖြင့် ဧကရာဇ်ဥယျာဉ်ထဲ ဝင်ခွင့်ရဖို့ မဖြစ်နိုင်လှသော်ငြား ယခုမူ ထိုကဲ့သို့ မဟုတ်တော့။ လူတိုင်းသည် ရန်ကိုင်နှင့် မိတ်ဆွေ ဖြစ်ချင်နေသည်။ ဖန်သွေးရောင်ဂိုဏ်းလည်း ချွင်းချက်မဟုတ်။ ဖန်သွေးရောင်ဂိုဏ်းတွင် ရန်ကိုင်နှင့် ရင်းနှီးသည့် လူဆို၍ တိုက်ယွမ် တစ်ယောက်သာ ရှိသည်။ ထို့အပြင် သူတို့ နှစ်ယောက်သည် အတော်လေး ရင်းနှီးသည်ဟု ပြော၍ရသည်။ ဖန်သွေးရောင်ဂိုဏ်းသည်သာ ရန်ကိုင်နှင့် ဆက်ဆံရေးကောင်း တစ်ခု တည်ဆောက်လိုလျှင် တိုက်ယွမ်အပေါ် အားကိုးမှသာ ရပေလိမ့်မည်။
ဖန်သွေးရောင်ဂိုဏ်း ရန်ကိုင်နှင့် ရင်းနှီးလိုစိတ် မရှိသည်မှာကော ဖြစ်နိုင်လေသလော။ လုံးဝ မဖြစ်နိုင်ပါချေ။
လက်ရှိ အထက်စကြာဝဠာဂိုဏ်းသည် ဧကရာဇ်ဥယျာဉ်ထဲသို့ ဝင်နိုင်မည့် အနီးဆုံးလမ်းတစ်ခု ဖြစ်နေသည့်အပြင် အရိပ်ကြယ်၏ တစ်စီးတည်းသော တန်ခိုးရှင်ဘုရင်အဆင့် ကြယ်သင်္ဘောလည်း အထက်စကြာဝဠာဂိုဏ်းတွင်သာ ရှိသည်။ အခြား မည်သည့် ဂိုဏ်းတွင်မှမရှိ။ ဖန်သွေးရောင်ဂိုဏ်း၏ တန်ခိုးရှင်တတိယအဆင့် ဖြစ်သော ကုန်းရှင်းဟယ်၏ အကြီးမားဆုံး အိမ်မက်သည် တန်ခိုးရှင်ဘုရင်အဆင့်သို့ ချိုးဖျက်ခွင့်ရရန် ဖြစ်ပေလိမ့်မည်။
တန်ခိုးရှင်အဆင့်သို့ ချိုးဖျက်နိုင်ရန်အတွဝက် အရိပ်ကြယ်မှ ထွက်ခွာရန် လိုအပ်သည်။
လက်ရှိ အချိန်တွင် အရိပ်ကြယ်ပေါ်မှ ထွက်သွားနိုင်သော တကယ်တမ်း ဖြစ်နိုင်သည့် နည်းလမ်းဆို၍ ရန်ကိုင်၏ တန်ခိုးရှင်ဘုရင်အဆင့် ကြယ်သင်္ဘေားအား ငှားပြီး ထွက်သွားသည့် နည်းလမ်းသာ ရှိသည်။
ထို့ကြောင့် ကုန်းရှင်းဟယ်သည် ရန်ကိုင်နှင့် ကျိန်းသေ ရင်းနှီးချင်ပေလိမ့်မည်။ တစ်နည်းဆိုရသော် ကုန်းရှင်းဟယ်သာ ရူးမသွားသရွေ့ ရန်ကိုင်၏ မိတ်ဆွေတစ်ယောက် ဖြစ်သော တိုက်ယွမ်အား ဧကရာဇ်ဥယျာဉ်ထဲသို့ ကျိန်းသေ ဝင်ခွင့် ပေးပေလိမ့်မည်။
ထိုကဲ့သို့ ဆက်စပ်စဉ်းစားမိလိုက်သော် တိုက်ယွမ် စိတ်လှုပ်ရှားမိသွားခဲ့ပြီး ရန်ကိုင်အား ကျေးဇူးတင်တကြီး လှမ်း၍ ကြည့်လိုက်လေသည်။
ယခုကိစ္စသည် ခန့်မှန်းထားခြင်း သက်သက် ဖြစ်သော်ငြား သူမ ဧကရာဇ်ဥယျာဉ်ထဲသို့ ဝင်ခွင့်ရနိုင်ချေမှာ ဖြစ်နိုင်လုနီးပါး ရှိသည်။
လူတစ်ဦး၏ လုပ်နိုင်စွမ်းသည် သတ်မှတ်ထားသည့် အကန့်အသတ်အား ကျော်လွန်သွားသည် ဆိုပါက သူနှင့် ရင်းနှီးသူများ၏ ကံကြမ္မာကိုပါ လွှမ်းမိုးနိုင်စွမ်း ရှိသွားပေသည်။ ယခင်က ထိုအကြောင်းကို မယုံကြည်ခဲ့သော်လည်း ယခု ကိုယ်တွေ့ ကြုံလာရသည့်အခါ သူမ အတော်လေးကိုမှ အံ့အားသင့်နေမိသည်။
(အခုခေတ်နဲ့ဆိုရင်တော့ ကိုယ့်မှာ ပိုက်ဆံရှိရင် အဆင်မပြေ ဖြစ်နေတဲ့ ကိုယ်မိတ်ဆွေ၊ မိသားစုတွေကိုပါ ကူညီနိုင်တာကို ပြောတာ၊ ကိုယ့်အဆင့်အတန်း မြင့်မားရင် မြင့်မားသလောက် ကိုယ်နဲ့ ရင်းနှီးတဲ့လူတွေကို တစ်ဖက်တစ်လှမ်းကနေ ကူညီနိုင်တာကို ရေးထားတာ၊ စာရေးဆရာကိုက လှည့်ပတ်ပြီး ကွေ့ပတ် ရေးနေတာ)
တိုက်ယွမ်ပင် ထိုအချက်ကို နားလည်လေရာ ရန်ကိုင်ကကော အဘယ်ကြောင့် နားမလည်ရမည်နည်း။ ပြုံးလျက် တိုက်ယွမ်အား ပြောလိုက်လေသည် “အစ်မတိုက်ယွမ်၊ ဂိုဏ်းဆီ ပြန်ရောက်ရင် အစ်မတို့ ဂိုဏ်းချုပ်ကို ပြန်ပြောပြလိုက်၊ ဧကရာဇ်ဥယျာဉ်ထဲ ဝင်မယ့်အဖွဲ့ကို အစ်မတိုက်ယွမ် ဦးဆောင်လာမယ်ဆိုရင် အထက် စကြာဝဠာဂိုဏ်းကနေ ထွက်ခွာခွင့်ပြုမယ်လို့”
ထိုစကား ထွက်လာသည်နှင့် တိုက်ယွမ်၏ ခန္ဓာကိုယ်လေး တုန်ရင်သွားပြီး သူမ၏ နှုတ်ခမ်လေးကို ကိုက်လျက် ရန်ကိုင်အား ကျေးဇူးတင်တကြီး ကြည့်လိုက်သည်။ သူမအဖို့ ရန်ကိုင်အား ကျေးဇူးတင်ရုံမှအပ ဘာမှ ပြန်မလုပ်ပေးနိုင်သေးချေ။
ရန်ကိုင် စကားလုံးများသည် ဖန်သွေးရောင်ဂိုဏ်းအား တိုက်ယွမ်ဆီ ဧကရာဇ်ဥယျာဉ်ထဲသို့ ဝင်ခွင့်တစ်ခုပေးရန် တွန်းအားပေးသလို ဖြစ်သွားလေသည်။
ရန်ကိုင် သူ့ကိုယ်သူ အထင်ကြီးနေသည်ဟု ပြောနိုင်သော်ငြား ဖန်သွေးရောင်ဂိုဏ်းအနေဖြင့်လည်း ရန်ကိုင် စကားကို သေချာ စဉ်းစားရန် လိုအပ်ပေသည်။ တကယ်တော့ တိုက်ယွမ်သည် ဖန်သွေးရောင်ဂိုဏ်း၏ တပည့် တစ်ယောက်ပင် မဟုတ်လော။ သူမ၏ ခွန်အား တိုးတက်လာခြင်းသည် ဖန်သွေးရောင်ဂိုဏ်း၏ ခွန်အား တိုးတက်လာခြင်းနှင့် အတူတူပင် ဖြစ်သည်။
တိုက်ယွမ်သည် အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလျက် ထိုင်ရာမှထ၍ ရန်ကိုင်အား ဦးညွှတ်ချလိုက်လေသည်။ သူမ မည်သည့် စကားမှ မပြောခဲ့သော်လည်း သူမ၏ အပြုအမူသည် သူမ စိတ်ထဲ မည်ကဲ့သို့ ခံစားနေရကြောင်း ဖော်ပြပြီးနေလေပြီ။
ချင်းတုန်နှင့် အခြားလူအားလုံး ထိုမြင်ကွင်းအား စိတ်ဆွစရာ အပြုံးများဖြင့် လှမ်းကြည့်နေကြသည်။
တကယ်တမ်း သူတို့လည်း ရန်ကိုင်အပေါ် တကယ် နားမလည်နိုင် ဖြစ်နေသည်။ ရန်ကိုင် တိုက်ယွမ်ကဲ့သို့သော မိန်းကလေး တစ်ယောက်အပေါ် ဘာကြောင့် အလွန်ကိုမှ ဂရုစိုက်နေရသနည်း။ တိုက်ယွမ်သည် ဆွဲဆောင်မှုမှ မရှိလေဘဲ။
ဆွဲဆောင်မှုမရှိဟု ဆိုသည်မှာ ယဉ်ယဉ်ကျေးကျေး ပြောနေသည့် အတွက်ကြောင့် ဖြစ်သည်။ တကယ်တမ်း ပြောရလျှင် သူမသည် အလွန်ကြည့်ရဆိုးပေသည်။ လူငယ်တိုင်းလိုလိုသည် ရုပ်ချောသည့် မိန်းကလေးများကို ကြိုက်ကြလျက်နှင့် ရန်ကိုင်ကျမှ ဘာကြောင့် တိုက်ယွမ်အား ရုပ်ချောသည့် မိန်းကလေးများထက်ပင် အထူးတလည် မျက်နှာသာ ပေးနေရသနည်း။ သူ့အကြိုက်ကများ အခြားလူငယ်များနှင့် မတူဘဲ ထူးဆန်းနေလေသလော။
သို့သော် သေချာစဉ်စားကြည့်လိုက်ပြန်လျှင်လည်း ရန်ကိုင်သည် ရုပ်ရည်ဖြင့် ခင်မင်ရင်းနှီးမှုကို သတ်မှတ်သူမဟုတ်၊ တကယ် ခင်မင်ရင်းနှီးပြီဆိုလျှင် ထိုလူ၏ အဆင့်အတန်း ဘာဖြစ်ဖြစ်၊ ရုပ်ဘာဖြစ်ဖြစ်၊ ဂရုမစိုက်တော့သူ တစ်ယောက် ဖြစ်သည်။
တိုက်ယွမ် ပြန်ထိုင်လိုက်ပြီးနောက် ရန်ကိုင် ရုတ်တရက် ပြုံးဖြီးဖြီးဖြင့် ပြောလိုက်သည် “စီနီယာတို့ အဆင်ပြေရင် ကျုပ်ကို တစ်ခုလောက် ကူညီပေးပါလား”
“အို” ရန်ကိုင်စကားကြောင့် ချင်းတုန် အံ့အားသင့်သွားခဲ့ပြီး “ကောင်လေး၊ မင်းဟာမင်း အကုန် ဟုတ်နေတာကို ဘာတွေ ငါတို့ဆီက အကူအညီတောင်းချင်ရတာလဲ။ ဘာပဲဖြစ်ဖြစ်ပါ၊ ပြောကြည့်လိုက်လေ၊ ကူညီပေးနိုင်မယ်ဆိုရင် ငါတို့ကချည်းပဲ အကူအညီတောင်းနေရတဲ့လူတွေ မဖြစ်တော့ဘူးပေါ့”
ဖေးကျီတုနှင့် မိုယုတို့လည်း ခေါင်းညိတ်လိုက်သည်။ ရန်ကိုင် ပြုံးလိုက်ပြီး တိုးတိုးလေး ကပ်ပြောလိုက်လေသည်။
ရန်ကိုင် ပြောသည်ကိုကြားပြီးနောက် ချင်တုန်တို့အားလုံး ပြုံးဖြီးဖြီးဖြင့် အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ ထို့နောက် ချင်းတုန်မှ အားတင်း၍ ပြုံးရင်း “ကောင်လေး၊ မင်းက တကယ်ကို ဥာဏ်များတဲ့ကောင်ပါလားကွ။ ဒီအကြောင်းသာ ပြန့်သွားရင် မင်းလိုချင်တာကို အချိန်တိုအတွင်းရမှာ အသေအချာပဲ”
“ဟုတ်တယ်။ အထက်စကြာဝဠာဂိုဏ်းရဲ့ နေရာက ဧကရာဇ်ဥယျာဉ်နဲ့ အနီးဆုံးမှာ ရှိနေတာ။ အဲ့အားသာချက်ကိုမှ အကျိုးရှိရှိ မသုံးရင် တုံးရာကျသွားမှာပေါ့”
“စီနီယာတို့ကလည်း ကျုပ်လည်း ကျုပ်မှာ ရှိတာလေးအပေါ် အားကိုးနေရတဲ့ဘဝကို မလှောင်ကြပါနဲ့ဗျာ” ရန်ကိုင်က အလျင်အမြန် လက်ဝှေ့ရမ်း၍ ပြန်ပြောလိုက်လေသည်။
“စိတ်ချထားလိုက်။ ငါထွက်သွားရင် ဒီအကြောင်း သတင်း ဖြန့်လိုက်မယ်… ငါတို့ မပြောရင်တောင် ဒီကောင်တွေ ဒီအတိုင်း ငြိမ်နေမှာမဟုတ်ဘူး။ မင်းဆီလာပြီး မေးစမ်းကြမှာ၊ အခုတောင် ဒီကောင်တွေ အဲ့လိုလုပ်ဖို့ နည်းလမ်းရှာနေလောက်ပြီ” မိုယုက ရယ်သွမ်းသွေးလျက် ပြောလိုက်သည်။
ရန်ကိုင် မျက်ဝန်းအစုံ တောက်ပသွားခဲ့ပြီး နောက်လာမည့် အနာဂတ်သို့ အမြန် ရောက်ချင်မိသွားလေသည်။
ရန်ကိုင် ပြောလိုက်သည်မှာ အထက်စကြာဝဠာဂိုဏ်းမှ ဧကရာဇ်ဥယျာဉ်သို့ ၎င်းတို့ဆီမှ ထွက်ခွာနိုင်မည့် နေရာများ ရောင်းချမည့် အကြောင်းကိုပင်။
သို့သော်လည်း နေရာဆို၍ သုံးနေရာသာ ရှိပေသည်။ ဈေးနှုန်းကမူ ရန်ကိုင် ပြောနေစရာပင်မလိုချေ။ ဈေးအများဆုံး ပေးသူက အနိုင်ဖြစ်ပေလိမ့်မည်။
အကောင်းဆုံးနေရာနှင့် အဆိုးဆုံးနေရာကြား ကွာခြားချက်သည် ဧကရာဇ်ဥယျာဉ်ဆီသို့ သုံးနာရီ၊ လေးနာရီလောက် စောထွက်ခွင့် ရခြင်းမရခြင်းပင်။
ဧကရာဇ်ကျောက်စိမ်းအား ကမ်းလှမ်းနိုင်သည့် မည်သူမဆို အထက်စကြာဝဠာဂိုဏ်း၏ အရှေ့ဘက်ခြမ်းမှ ထွက်ခွာခွင့် ရပေလိမ့်မည်။
လက်ရှိတွင် ရန်ကိုင်၌ ဧကရာဇ်ကျောက်စိမ်း နှစ်ခုသာ ရှိသည်။ သို့သော် သူလိုအပ်နေသည်မှာ သုံးခုဖြစ်သည်။ တစ်ခုသည် ယန်ယန်၊ နောက်တစ်ခုသည် သူနှင့် နောက်ဆုံး တစ်ခုသည် ရီရှီယွင်အတွက် ဖြစ်သည်။ အရိပ်ကြယ်၏ အားအကောင်းဆုံး ပညာရှင်တစ်ယောက်ကို သူတို့နှင့်အတူ ခေါ်သွားလျှင် သူတို့၏ လုံခြုံရေးအတွက် ပို၍ စိတ်ချရပေသည်။ သို့သော်လည်း နှစ်ခုသာရှိသေးသဖြင့် တစ်ခု လိုနေသေးသည့် အတွက် ရန်ကိုင်လည်း ထိုနည်းလမ်းဖြင့် ဖြေရှင်းရတော့၏။
ချင်းတုန်နှင့် အခြားသူများသည် ရန်ကိုင်၏ အစီအစဉ်အား ချီးကျူးခဲ့ကြသော်လည်း သူ့ရှူးသူပြန်မပိတ်မိစေရန် သတိ ပေးသွားခဲ့ကြပေသေးသည်။
ရန်ကိုင်လည်း သူသိကြောင်း ခေါင်းညိတ်ပြလိုက်သည်။ လုပ်ရန် ဆုံးဖြတ်လိုက်မှဖြင့် သူမွေးသည့်မြွေ သူ့ပြန်ပေါက်သည့် အဖြစ်မျိုး ကျိန်းသေ မကြုံရအောင် လုပ်ရပေမည်။ အခြားသူများ သူ့ပိုင်နက်ထဲ စိတ်ရှိတိုင်း မသောင်းကျန်းနိုင်စေရန်အတွက် ယန်ယန်အား ဧကရာဇ်ဥယျာဉ်သို့ ထွက်ခွာမည့် နေရာတွင် အစီအရင်များ ခင်းကျင်းထားခိုင်းရန် စဉ်းထားပြီးထားလေပြီ။
ထိုလူများသာ သတ်မှတ်ထားသည့် နေရာမှ ထွက်ခွာရဲပါက သူ့ဘက်ကလည်း ညှာတာနေမည် မဟုတ်ချေ။
ထို့ကြောင့် ထိုကိစ္စကို တွေးပူနေစရာ မလိုတော့ချေ။
ထို့ကိစ္စပြီးနောက် ချင်းတုန်တို့အား တန်ခိုးရှင်အဆင့်နှင့် ပက်သက်၍ နည်းနည်းပါးပါး မေးမြန်းကြည့်လိုက်သည်။ ချင်းတုန်တို့လည်း သူတို့ သိထားသမျှ အကြောင်းအရာများကို သေချာပြန်ရှင်းပြလေသည်။
သူတို့၏ အတွေ့အကြုံနှင့် ထိုးထွင်းသိမြင်မှုများသည် ဝေကုချန်းတို့အတွက် အထူးတလည် အသုံးဝင်ပေသည်။ သူတို့ တန်ခိုးရှင်အဆင့်သို့ ချိုးဖျက်ထားသည်မှာ မကြာသေးသည့် အတွက် တန်ခိုးရှင်အဆင့်နှင့် အနည်းငယ် စိမ်းသက်သက် ဖြစ်နေသည်။
တိုက်ယွမ်သည်လည်း သေချာ နားထောင်နေခဲ့သည်။
ရန်ကိုင်ကဲ့သို့ပင် သူမသည်လည်း သူတော်စင်ဘုရင် တတိယ အဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်သည်။ ယခုတစ်ကြိမ် ဂိုဏ်းသို့ ပြန်သွားလျှင် တန်ခိုးရှင်အဆင့်သို့ ချိုးဖျက်နိုင်ရန်အတွက် ကျိန်းသေ တံခါးပိတ်ကျင့်စဉ် ဝင်တော့ပေမည်။ ရန်ကိုင် ပေးထားသည့် တန်ခိုးရှင်အခြေတည် ဆေးလုံးလည်း ရှိနေသေးသည့် အတွက် တန်ခိုးရှင်အဆင့်သို့ မချိုးဖျက်နိုင်မည်ကို စိုးရိမ်နေစရာ မလိုချေ။
နေ့တစ်ဝက်ကြာပြီးနောက် ရန်ကိုင် ထိုင်ရာမှ ထလိုက်ပြီး ဧည့်သည်များကို ဧည့်ကြိုခန်းအပြင်သို့ လိုက်ပို့ပေးလိုက်သည်။ ဝူရီသည် ငါမန်းပျံတိုက်ပွဲလွန်းယာဉ်ဖြင့် ဧည့်သည်များကို သဲမီးတောက်နယ်မြေ အပြင်သို့ လိုက်ပို့ပေးလိုက်လေသည်။
ရန်ကိုင်ကမူ ဧည့်ကြိုခန်းမတွက် ထိုင်ကျန်ခဲ့လျက် အတွေးနက်နေခဲ့သည်။ ခဏအကြာတွင် ဆက်သွယ်ရေး မှော်ရတနာကို ထုတ်၍ ထိုထဲသို့ ကောင်းကင်စိတ်အာရုံ ထည့်သွင်းလိုက်လေသည်။
ခဏအကြာတွင် ယန်ယန် ရောက်လာခဲ့သည်။
ထွက်ခွာရာနေရာများ ရောင်းမည့်အကြောင်း ယန်ယန်အား ပြောပြလိုက်ရာ ယန်ယန် ခေါင်းတညိတ်ညိတ် ဖြစ်သွားသည်။ ထို့နောက် ပြင်ဆင်စရာရှိသည်များကို စတင် ပြင်ဆင်တော့လေသည်။ ထိုသတင်းသာ ပြန့်သွားသည်နှင့် မရေမတွက်နိုင်သော အင်အားစုများ ထိုနေရာများကို ရရန်အတွက် အပြင်းအထန် လေလံဆွဲကြပေလိမ့်မည်။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၄၃၂)
နေရာလွတ်များအား မည်သူ ရသွားမလဲ ဆိုသည်နှင့် ပက်သက်၍မူ ထိုကိစ္စကို ဝူရီနှင့် ယန်ယန်တို့ ကောင်းကောင်း ကိုင်တွယ်နိုင်လောက်ပေသည်။ သူ့တွင် အခြားဘာမှ အာရုံစိုက်စရာ မရှိတော့သဖြင့် တန်ခိုးရှင်အဆင့်သို့ ချိုးဖျက်ရာတွင် အာရုံစိုက်နိုင်လေပြီ။
ယန်ယန်အား အကျဉ်းချုံးရှင်းပြလိုက်ပြီးနောက် တံခါးပိတ် ကျင့်စဉ် ဝင်ရန်အတွက် ပထမကောင်းကင်နန်းတော်သို့ ပြန်လာခဲ့လေသည်။
ဧကရာဇ်ဥယျာဉ်သည် နောက်နှစ်ဝက်လောက်နေလျှင် ပွင့်တော့မည်။ နှစ်ဝက်အတွင်း တန်ခိုးရှင်အဆင့်သို့ ချိုးဖျက်ရန်မှာ အနည်းငယ် လောရာကျသော်လည်း ပြဿနာကြီးတော့ မဟုတ်ချေ။
တံခါးပိတ်ကျင့်စဉ်ဝင်ပြီး အဆင့်ချိုးဖျက်ရန် ကြိုးစားခြင်းမှာ ယခုအကြိမ် ပထမဆုံးဖြစ်သည်။ ယခင်က အမြဲတမ်း သူ့ဘာသာ အလိုလို အဆင့်ချိုးဖျက်သွားခြင်း ဖြစ်ပြီး သူ့ကိုယ်သူ တွန်းအားပေး၍ ချိုးဖျက်သည့် အခါမျိုးတစ်ခါမှ မရှိခဲ့ချေ။
သို့သော်လည်း ဧကရာဇ်ဥယျာဉ် ပွင့်တော့မည် ဖြစ်လေရာ သူ့ခွန်အားကို တန်ခိုးရှင်အဆင့်သို့ ရောက်အောင် မြှင့်တင်ထားမှ တော်ကာရာ ကျပေမည်။
အတင်းအကြပ် ဖိအားပေးပြီး နောက်တစ်ဆင့်သို့ ချိုးဖျက်ခြင်းသည် သိပ်မကောင်းလှသော်လည်း ရန်ကိုင်အတွက်မူ ပြဿနာ တစ်ခုမဟုတ်ချေ။ သူသူတော်စင်ဘုရင် တတိယအဆင့်၌ ရှိနေသည်မှာ အတော်လေး ကြာနေလေပြီ။ ကျင့်ကြံခြင်း အခြေ တည်ငြိမ်သွားအောင်လည်း လုပ်ပြီးနေပြီ။ ထို့ကြောင့် သူတော်စင်ချီ မသန့်စင်မည်ကို စိတ်ပူစရာမလိုချေ။ သူလိုအပ်နေသည်ကား နောက်တစ်ဆင့်သို့ တွန်းပို့ပေးမည့် အခွင့်အလမ်း တစ်ခုခုသာ ရှိသည်။
ပထမကောင်းကင်နန်းတော်ထဲသို့ ရောက်သည်နှင့် တင်ပလင်ခွေ ထိုင်ချလိုက်သည်။ ထို့နောက် ချက်ချင်းကြီး ကျင့်ကြံခြင်း မပြုသေးဘဲ ဆေးပင်များနှင့် ဆေးမီးဖိုကို ထုတ်လိုက်သည်။
ဆေးလုံးများ ဖော်စပ်ပေမည်။
ဆေးဖော်စပ်ခြင်းသည် သူ့ကျင့်ကြံခြင်း၏ တစ်စိတ်တစ်ပိုင်း ဖြစ်သည်။ ဆေးဖော်စပ်ခြင်းဖြင့် သူ့စိတ်အခြေအနေကို တည်ငြိမ်အောင် လုပ်နိုင်သလို သူတော်စင်ချီနှင့် စိတ်စွမ်းအင်ကိုလည်း သန့်စင်နိုင်လေရာ ထိုနည်းလမ်းသည် ရန်ကိုင်အတွက် အတော်လေး အကျိုးများသည့် နည်းလမ်း တစ်ခုဟု ဆိုရပေမည်။
သူဆေးပညာရှင် တစ်ယောက် ဖြစ်သည်ကို လူအနည်းငယ်သာ သိထားသည်။ သူ့ဆီ အကူအညီ တောင်းဖူးသည့် တိုက်ယွမ်မှလွဲ၍ ယန်ယန် တစ်ယောက်သာ သိလောက်သည်။ ဝူရီပင် မသိချေ။ သူမအား သူတစ်ကြိမ် ပြောပြဖူးသော်လည်း မယုံသဖြင့် ရန်ကိုင်လည်း ဘာမှ မတတ်နိုင်ချေ။
သူတို့ မယုံသည်မှာလည်း အံ့အားသင့်စရာမဟုတ်၊ ရန်ကိုင့် အသက်အရွယ်ဖြင့် သူတော်စင်ဘုရင် တတိယအဆင့်သို့ ရောက်နေခြင်းသည် မယုံကြည်နိုင်စရာ ဖြစ်ရပ်တစ်ခု ဖြစ်နေပြီ ဖြစ်လေရာ သူ့တွင် မည်ကဲ့သို့ ဆေးပညာလမ်းအကြောင်း အပေါ် အာရုံစိုက်ရန် အချိန် ရှိပါမည်နည်း။
ရန်ကိုင် နောက်နေခြင်းဖြစ်သည်ဟုသူ ဝူရီ ထင်ခဲ့သည်။
ထို့ကြောင့် ရန်ကိုင် အမှန်ကို ပြောနေခဲ့ခြင်း ဖြစ်သည်ကို သူမ နားမလည်ခဲ့ပေ။ ရန်ကိုင်သည် အဆင့်နိမ့် ဆေးပညာရှင် တစ်ယောက်ပင် မဟုတ်၊ တန်ခိုးရှင် အလယ်အလတ်အဆင့် ဆေးပညာရှင် တစ်ယောက် ဖြစ်ပေသည်။ လက်ရှိ သူ့အဆင့်အရ တန်ခိုးရှင် အလယ်အလတ်အဆင့် ဆေးလုံးများကို အလွယ်တကူ ဖော်စပ်နိုင်ပြီး ရံဖန်ရံခါ တန်ခိုးရှင် အထွဋ်အထိပ်အဆင့် ဆေးလုံးများကို ဖော်စပ်နိုင်တတ်သည်။
ထိုအကြောင်းသာ သတင်းပြန့်သွားခဲ့လျှင် ရန်ကိုင်၏ အဆင့်အတန်း မိုးထိမတတ် မြင့်မားသွားပေလိမ့်မည်။
ကြယ်စီရင်စုကြီး၏ အခြားနေရာများတွင်ပင် တန်ခိုးရှင် အလယ်အလတ်အဆင့် ဆေးပညာရှင် တစ်ယောက်အား အတော်လေး မျက်နှာသာပေးရာ အမြင့်ဆုံး ဆေးပညာရှင်ဆို၍ တန်ခိုးရှင်အဆင့်နိမ့် ဆေးပညာရှင်သာ ရှိသည့် အရိပ်ကြယ်တွင် ဆိုလျှင်မူကား ပြောနေစရာပင် မလိုတော့ချေ။ သို့သော်လည်း ထိုအဆင့်အတန်းကြောင့် မရေမတွက်နိုင်သော ပညာရှင်များ၏ ပစ်မှတ်တစ်ခုလည်း ဖြစ်လာနိုင်သည်။
ရန်ကိုင်သည် ဆေးပညာအား အကူ လမ်းစဉ်တစ်ခုအဖြစ်သာ မှတ်ယူထားသည်။ သူ့အဓိကလမ်းစဉ်သည် သိုင်းလမ်းစဉ် ဖြစ်သည်။ သိုင်းတာအိုသည် သူအဆုံးထိ လျှောက်လမ်းချင်သည့် တာအိုတစ်ခုဖြစ်သည်။ ဆေးတာအိုအပေါ် အပြည့်အဝ အာရုံနှစ်ထားရန် သူစိတ်မဝင်စားလေရာ ထိုဆတ်ဆတ်ထိမခံသည့် သတင်းအား မည်ကဲ့သို့ အပြန့်ခံနိုင်မည်နည်း။
တေဇောဓါတ်အသိစိတ်ပင်လယ်ကို သုံး၍ ဆေးပင်များအား အစဉ်လိုက်အတိုင်း စတင် သန့်စင်တော့သည်။
အချိန် တဖြည်းဖြည်း ကုန်လွန်လာခဲ့ရာ မျက်တောင် တစ်ခတ်အတွင်း တစ်လကုန်ဆုံးသွားခဲ့သည်။
လက်ရှိတွင်၊ ပထမကောင်းကင်းနန်းတော်ထဲ၌၊ အရွယ်အစား မတူညီသော ဆေးပုလင်းများစွာ ရန်ကိုင်ရှေ့၌ ရှိနေခဲ့သည်။ ဆေးလုံး အတော်တော်များများသည် သာမန် ဆေးလုံးမျာ မဟုတ်ကြဘဲ ဆေးသွေးကြောပါသည့် ဆေးလုံးများ ဖြစ်ကြသည်။
ဆေးသွေးကြောများကို မြင်သော် ကုန်းအောင်ဖုအကြောင်း ပြန်စဉ်းစားမိလိုက်သည်။ ဆေးသွေးကြောများပါသည့် ဆေးဖော်စပ်နည်းကို ကုန်းအောင်ဖုအား ရန်ကိုင် သင်ပေးခဲ့သည်။ သို့သော် ထိုလူအိုကြီးတွင် တေဇောဓါတ်အသိစိတ်ပင်လယ် မရှိသည့်အတွက် သူ့ကဲ့သို့ လုပ်နိုင်မည်လား၊ မလုပ်နိုင်ဘူးလား ဆိုသည်မှာ မေးခွန်းထုတ်စရာ ဖြစ်နေခဲ့သည်။ ယခုလောက်ဆို ထိုလူအိုကြီး တန်ခိုးရှင်ဘုရင်အဆင့် ဆေးပညာရှင်များ ဖြစ်နေပြီလားဟု ရန်ကိုင် တွေးမိသွားသည်။
ကုန်းအောင်ဖုသာ တန်ခိုးရှင်ဘုရင်အဆင့် ဆေးပညာရှင် တစ်ယောက် ဖြစ်လာခဲ့လျှင် ကြယ်စီရင်စုကြီး တစ်ခုလုံး၏ ဂုဏ်သရေအရှိဆုံး ပုဂ္ဂိုလ်များအနက် တစ်ဦး အပါအဝင် ဖြစ်လာပေလိမ့်မည်။
ခေါင်းတစ်ချက်ခါလျက် ထိုအတွေးများကို ခေါင်းထဲမှ ဖယ်ထုတ်လိုက်ပြီး လက်ရှိ ပစ္စုပ္ပန်အပေါ် ပြန်အာရုံစိုက်လိုက်၏။
သုံးရောင်ခြယ်ဆေး၊ ကျောက်စိမ်းဝိဥာဉ်ဆေး၊ ယွမ်ပြန်လည်ဆေး… အမျိုးမျိုး အစားစားသော ဆေးလုံးများ ရှိနေ၏။
ရုတ်တရက် ရန်ကိုင်၏ လက်ချောင်းများကြား၌ အပြာရောင် ဆေးလုံးတစ်လုံး ပေါ်လာခဲ့သည်။ ဆေးလုံးသည် အလွန်ကိုမှ သင်းပျံ့မွှေးကြိုင်ပြီး တောကြက်မောက် အရွယ်လောက်သာ ရှိကာ ဆေးလုံး တစ်လုံးလုံး ဆေးသွေးကြောများဖြင့် ပြည့်နေခဲ့သည်။
တန်ခိုးရှင် အခြေတည်ဆေးလုံးပင်..
သူတော်စင်ဘုရင်အဆင့်များသည် တန်ခိုးရှင်အဆင့်သို့ ချိုးဖျက်ရာတွင် ဤဆေးလုံး၏ အကူအညီကို ယူလေ့ရှိကြသည်။ တိုက်ယွမ်သည်လည်း နဂါးလိုဏ်ဂူတောင်ဆီသို့ လာပြီး သူ့အား တန်ခိုးရှင်အခြေတည်ဆေးလုံး ဖော်စပ်ပေးရန် အကူအညီ တောင်းခဲ့ဖူးသည်။ ထိုစဉ်က ရန်ကိုင်သည် ရုတ်တရက် ကောက်ဖော်စပ်လိုက်ရခြင်း ဖြစ်သည့်အတွက် ဆေးသွေးကြော မပါသည့် သာမန် တန်ခိုးရှင်အခြေတည် ဆေးလုံးကိုသာ ဖော်စပ်ပေးလိုက်နိုင်သည်။
သူ့လက်ထဲရှိ ဆေးလုံးကို ကြည့်ရင်း ရန်ကိုင် အတွေး နက်သွားခဲ့သည်။ ခဏလောက် စဉ်းစားပြီးနောက် ဆေးလုံးအား ပြန်သိမ်းထားလိုက်သည်။
ဤဆေးလုံးသည် နှစ်ဝက်အတွင်း တန်ခိုးရှင်အဆင့်သို့ မချိုးဖျက်နိုင်သည့် အခါမှ ထုတ်သုံးမည့် ဆေးလုံး ဖြစ်သည်။
ဆေးလုံးအကူအညီဖြင့် နောက်တစ်ဆင့်သို့ ချိုးဖျက်ခြင်းသည် ကျင့်ကြံသူများအကြား သာမန်သာ ဖြစ်သည်။ ရှင်းရှင်းဆိုရသော် ကျင့်ကြံသူ စုစုပေါင်း၏ ကိုးဆယ်ရာခိုင်နှုန်းသည် ဆေးလုံး အကူအညီဖြင့် နောက်တစ်ဆင့်သို့ ချိုးဖျက်ထားကြသူများ ဖြစ်ကြသည်။ သို့သော်လည်း ဆေးလုံး အကူအညီဖြင့် နောက်တစ်ဆင့်သို့ ချိုးဖျက်ခြင်းသည် မည်သည့် အကူအညီကိုမှ မယူဘဲ သဘာဝအတိုင်း နောက်တစ်ဆင့်သို့ တက်သွားခြင်းလောက် မပြည့်စုံချေ။ အတင်းအကြပ် ချိုးဖျက်ခြင်း ဖြစ်သည့်အတွက် တန်ခိုးရှင်အဆင့်၏ တကယ့် အနှစ်သာဝ သဘောတရားများကို အပြည့်အဝ နားမလည်နိုင်တော့ချေ။
သို့သော်လည်း ထိုပြဿနာကို နောက်ပိုင်း ပြန်ဖာထေး၍ ရမရ ပြောရခက်သည်။ ထိုကိစ္စသည် ကျင့်ကြံသူ တစ်ယောက်၏ အနာဂတ်ကို သွားရောက် ရိုက်ခတ်နိုင်သလို ဘာအကျိုးသက်ရောက်မှုမှ မဖြစ်သည်မှာလည်း ဖြစ်နိုင်သည်။ ပြောမရချေ။
ရန်ကိုင်သည် သူ့ကျင့်ကြံခြင်းတွင် အားနည်းချက်များ ပေါ်လာမည်ကို စိုးသည့်အတွက်ကြောင့် ဆေးလုံးများးသုံး၍ တစ်ခါမှ အဆင့်မချိုးဖျက်ဖူးချေ။
သို့သော်လည်း နှစ်ဝက်အတွင်းမှ တန်ခိုးရှင်အဆင့်သို့ မချိုးဖျက်နိုင်လျှင်တော့ တန်ခိုးရှင်အခြေတည် ဆေးလုံးကို သုံးရန်သာ ရှိတော့သည်။ သူဖော်စပ်ထားသည့် တန်ခိုးရှင် အခြေတည် ဆေးလုံးသည် သာမန် ဆေးလုံးမှ မဟုတ်ဘဲ၊ ဆေးသွေးကြောပါသည့် ဆေးလုံးတစ်လုံး ဖြစ်သည်။
ယခု ဆေးဖော်စပ်ပြီး စိတ်ငြိမ်အောင် လုပ်ပြီးသွားပြီ ဖြစ်သဖြင့် အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်ပြီး သိုလှောင်လက်စွပ်ထဲမှ အဖြူရောင် သလင်းကျောက် အလုံးလေး တစ်လုံးကို ထုတ်လိုက်သည်။
သူတော်စင်သလင်းခဲပင်…
ထိုအရာသည် ကျောက်တုံးရုပ်သေးရုပ်မှ သူတော်စင် သလင်းကျောက်အား ဝါးမြိုပြီး ဖန်တီးပေးထားသည့် အထွဋ်အထိပ် အဆင့် သူတော်စင်သလင်းကျောက်ထက် တစ်ဆင့်ပိုမြင့်သည့် သူတော်စင်သလင်းကျောက် တစ်မျိုးဖြစ်သည်။ တံခါးပိတ်ကျင့်စဉ် ဝင်ရာတွင် ထိုအရာကို သုံးခြင်းသည် အကောင်းဆုံး ဖြစ်သည်။
ပထမကောင်းကင်နန်းတော်အောက်တွင် မိုးမြေစွမ်းအင်ကို အဆက်မပြတ် ထုတ်လွှတ်ပေးနေသည့် စိတ်ဝိဥာဉ်စမ်းချောင်း တစ်ခု ရှိသည်။ သူတော်စင်သလင်းခဲနှင့်ပါ ပေါင်းလိုက်သည့်အခါ ရန်ကိုင်၏ ကျင့်ကြံခြင်းသည် ဒုံးကျဉ်တစ်စင်းနှယ် မြန်ဆန်သွားခဲ့လေသည်။ ထိုကြောင့် နောက်ငါးလအတွင်း တန်ခိုးရှင် အဆင့်သို့ ချိုးဖျက်နိုင်မည်ဟု ရန်ကိုင် အတော်လေး ယုံကြည်နေမိသည်။
အားလုံး အဆင့်သင့် ပြင်ပြီးပြီဖြစ်၍ စတင် ကျင့်ကြံတော့ရန် ပြင်နေစဉ်မှာပဲ ရန်ကိုင် အံ့အားသင့်သွားပြီး ရုတ်တရက် အပြင်သို့ လှမ်းကြည့်လိုက်သည်။
ပထမကောင်းကင်နန်းတော်ထဲသို့ တစ်ယောက်ယောက် ရောက်နေခဲ့သည်။
ဧကရာဇ်ဥယျာဉ် မပွင့်ခင် တန်ခိုးရှင်အဆင့်သို့ ချိုးဖျက်နိုင်ရန် တံခါးပိတ်ကျင့်စဉ်ဝင်ဦးမည်ဟု သူတံခါးပိတ်ကျင့်စဉ် မဝင်ခင် ယန်ယန်အား သေချာပြောသွားခဲ့သည်။ သို့သော် ယခုမှ တစ်လသာ ရှိသေးသော်လည်း တစ်ယောက်ယောက် သူ့အား လာရှာနေလေပြီ။
အထက်စကြာဝဠာဂိုဏ်း၌ အရေးကြီးသည့် ကိစ္စ တစ်ခုခုများ ဖြစ်နေလေသလား။
ထိုသို့ စဉ်းစားမိလိုက်သည့်နောက် ချက်ချင်း ထိုင်ရာမှထကာ အစီအရင်အား ဖွင့်ပေးလိုက်သည်။
အပြင်သို့ ထွက်လာပြီး မကြာခင်မှာပဲ သူ့အား ရပ်စောင့်နေသော ချင်းယွဲ့အား တွေ့လိုက်ရသည်။ ရန်ကိုင် ထွက်လာသည်ကို မြင်သော် ချင်းယွဲ့ အလျင်အမြန် ဦးညွှတ်လိုက်လေသည်။
“ဘာကိစ္စလဲ” မေးလိုက်ရင် ချင်းယွဲ့၏ အမူအရာကို သေချာ လေ့လာကြည့်လိုက်သည်။ သူမ မျက်နှာထက် မည်သည့် စိုးရိမ်နေသည့် အမူအရာကိုမှ မတွေ့ရ။ ထို့ကြောင့် သူမ လာသည့် အကြောင်းအရင်းသည် အထက်စကြာဝဠာဂိုဏ်း တစ်ခုခု ဖြစ်နေသည့် အတွက်ကြောင့် မဟုတ်သည်မှာ သေချာသွာလေပြီ။
“အစ်မယန်ယန် ခေါ်ခိုင်းလိုက်လို့” ချင်းယွဲ့က ပြောလိုက်သည်။
“ယန်ယန်လား” ရန်ကိုင် မျက်မှောင်ကြုတ်သွားသည်။ အထက်စကြာဝဠာဂိုဏ်းတွင် သူတံခါးပိတ်ကျင့်စဉ် ဝင်နေစဉ် မည်သူမှ သူ့အား မနှောင့်ယှတ်ရဲချေ။ နှောင့်ယှတ်ရဲသူဆို၍ တစ်ယောက်သာရှိသည်။ ယန်ယန်ပင် ဖြစ်သည်။ ခဏလောက် စဉ်းစားပြီးနောက် ပြန်မေးလိုက်သည် “သူဘာလို့ ငါ့ကို တွေ့ချင်တာလဲဆိုတာ ပြောလိုက်သေးလား”
ချင်းယွဲ့က ခေါင်းခါလိုက်ပြီး ပြုံးလျက် “မပြောဘူး။ နင့်ကို ပြာစရာတစ်ခုခု ရှိလို့ဆိုပြီးတော့ပဲ ပြောလိုက်တယ်”
“ပြစရာလား” ရန်ကိုင် မျက်မှောင်ကြုတ်သွားပြီး နှာခေါင်းရှုံ့လျက် ရေရွတ်လိုက်လေသည် “ယန်ယန်ကတော့ ငါတကယ် ကျင့်ကြံတော့မယ်ဆိုမှ လုပ်ပြီ။ ကြည့်ရသေးတာပေါ့၊ ဘာမဟုတ်တာလေး အတွက်နဲ့ ငါ့ကို ခေါ်တာဆိုရင်တော့ ကောင်းကောင်း သင်ခန်းစာ ပေးခံရပြီသာမှတ်”
ထို့နောက် ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်၍ ယန်ယန်အား ရှာလိုက်ရာ တစ်ခဏအတွင်း သူမအား ရှာတွေံသွားခဲ့သည်။
ပန်းတစ်ရာတောင်သည် ယန်ယန်နှင့် ရီရှီယွင်တို့ နေနေသည့် နေရာတစ်ခုဖြစ်ပြီး တောင်တစ်လုံးလုံးအား နက်နဲဆန်းကြယ်သော အစီအရင်တစ်ခုဖြင့် လွှမ်းခြုံထားလေသည်။ ထိုအစီအရင်ကြောင့် တောင်တစ်ခုလုံးသည် တစ်နှစ်ပတ်လုံး နွေဦးရာသီသို့ ရောက်နေသည့်နှယ် သာယာလှသည်။ ရှားပါးအဖိုးတန် ပန်းပေါင်းစုံ့လည်း ပွင့်လန်းနေသဖြင့် အထက်စကြာဝဠာဂိုဏ်း၏ အလှဆုံးနေရာများအနက်မှ တစ်နေရာ ဖြစ်နေခဲ့လေသည်။
ပန်းတစ်ရာတောင်သည် ရန်ကိုင်၏ ပထမကောင်းကင် နန်းတော်နှင့် ဆယ်မိုင်လောက်သာ ဝေးကွာသည့်အတွက် ရန်ကိုင်၏ လက်ရှိ အမြန်နှုန်းအရ ထိုနေရာသို့ ရောက်ရန် သိပ်မကြာလိုက်ပေ။
မကြာမီ ပန်းတစ်ရာတောင်ဆီသို့ ရန်ကိုင် ရောက်လာခဲ့သည်။ တောင်ပေါ်သို့ ရောက်သည်နှင့် ကျယ်ပြန့်လှသာ ပန်းဥယျာဉ်ထဲရှိ စံအိမ်ဘေး၌ ရှိနေသော ကျောက်စားပွဲဘေးတွင် ခြေချိတ်ထိုင်လျက် ဇိမ်ပြေနပြေ လက်ဖက်ရည်ကြမ်း သောက်နေသော ယန်ယန်ကို တွေ့လိုက်ရသည်။ ရီရှီယွင်ကမူ သူမနောက်တွင် လေးလေးစားစားဖြင့် အစေခံတစ်ဦးနှယ် ရပ်နေခဲ့သည်။
ကျောက်တုံးရုပ်သေးရုပ်သည် ကျောက်စားပွဲပေါ်တွင် မျက်နှာသေဖြင့် ထိုင်နေလေသည်။
“ရန်ကိုင်၊ နင်ရောက်လာပြီလား” ရန်ကိုင်မြင်သော် ယန်ယန်မှ ပျော်ရွှင်စွာ လှမ်းအော်ခေါ်လိုက်သည်။
“နင်ငါ့ကို ပြစရာရှိတယ်ဆို၊ မြန်မြန်လေးလုပ်၊ ငါ့မှာ လုပ်စရာ ရှိသေးတယ်” ရန်ကိုင်သည် မည်သည့် အပိုစကားမှ ပြောမနေဘဲ လိုရင်းကိုသာ တန်းပြောလိုက်သည်။ သူ့တွင် ယန်ယန်နှင့် အလ္လာပ သလ္လာပ ထိုင်ပြောနေရန် အချိန်မရှိ။
“ဘာလို့ ဒီလောက် လောနေတာလဲ” ယန်ယန်က ပြုံးလျက် ပြန်ပြောလိုက်သည်။ သို့သော် ရန်ကိုင်တွင် အချိန်မရှိမှန်း သိသည့် အတွက် အချိန်ဖြုန်းမနေတော့ဘဲ သူမ၏ သိုလှောင်လက်စွပ်ထဲမှ သတ္တရိုင်းတစ်ခုကို ထုတ်လိုက်လေသည်။
ထိုအရာသည် ကြေးရောင်ရှိသည့် အပေါက်ပေါက်များနှင့် ပြည့်နေသော လက်ဆေးဇလုံးအရွယ် သတ္တုရိုင်းတစ်တုံး ဖြစ်သည်။
ထိုအရာကိုကြည့်ရင်း ရန်ကိုင် နားမလည်နိုင် ဖြစ်သွားသည်။
သူအမြင်အရ ထိုအရာသည် အဆင့်မြင့် သတ္တုတစ်ခုမှန်း ပြောနိုင်သည်။ သို့သော် ထိုအရာသည် သူနှင့် ဘာဆိုင်လို့နည်း။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၄၃၃)
လောကကြီးတွင် ရှိနေသမျှ ပစ္စည်းမှန်သမျှအား ရန်ကိုင် မည်သို့ သိနိုင်ပါမည်နည်း။ သူသည် အလုံစုံ သိမြင်သော ဥာဏ်တော်အား ရထားသည့် သူမှ မဟုတ်လေလော။ စွယ်စုံရ ပညာရှင်ကြီးလည်း မဟုတ်ပြန်ရာ ထိုအရာကို မသိသည်မှာ အထူးအဆန်း မဟုတ်ချေ။
သို့သော် ယန်ယန်မှ ထိုအရာကိုပြရန်အတွက် သူကျင့်စဉ် ဝင်နေသည်ကိုပင် ဂရုမစိုက်ဘဲ ခေါ်လိုက်သဖြင့် ထိုသတ္တုသည် သူ့အတွက် အတော်လေး အသုံးဝင်သည့် ပစ္စည်းတစ်ခု ဖြစ်ရပေမည်။
မဟုတ်လျှင် ယန်ယန် ထိုကဲ့သို့ လုပ်လိမ့်မည် မဟုတ်ချေ။
ထို့ကြောင့် သတ္တုအား ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေးကြည့်လိုက်၏။ သို့သော် မည်သည့် ထူးခြားမှုကိုမှ မတွေ့ရပေ။ ထိုသတ္တုသည် သာမန် ကျောက်တုံးတစ်တုံးနှင့်ပင် တူနေသေးသည်။
“နင့်သူတော်စင်ချီ ထည့်ကြည့်လိုက်” ယန်ယန်က အကြံပေးလိုက်သည်။
ရန်ကိုင်လည်း ယန်ယန် ပြောသည့်အတိုင် သတ္တုတုံးအား လက်ဖြင့်ကိုင်ကာ ထိုထဲသို့ သူတော်စင်ချီ ထည့်သွင်းလိုက်သည်။ ထို့နောက် သူ့လက်အား အလျင်စလို ပြန်ရုတ်လိုက်ရင်း အလန့်တကြား ထအော်လေသည်း “ငါ့သူတော်စင်ချီကို စုပ်နေတယ်”
ရန်ကိုင် အထူးအဆန်း လုပ်နေခြင်းမဟုတ်၊ သတ္တုကကို ထူးဆန်းနေခြင်း ဖြစ်သည်။ သတ္တုထဲသို့ သူတော်စင်ချီ ထည့်သွင်းကြည့်လိုက်သည့်အခါ အဆုံးမရှိသည့် တွင်းနက်ကြီး တစ်ခုထဲ ရေလောင်းထည့်နေရသလို ခံစားလိုက်ရသည်။ သူမည်မျှ ဖြည့်နေပါစေ၊ ထိုတွင်းကြီး မည်သည့်အခါမှ ပြည့်လာလိမ့်မည် မဟုတ်ချေ။
ထိုကဲ့သို့သော ထူးဆန်းသည့် သတ္တုမျိုးကို သူတစ်ခါမှ မတွေ့ဖူးချေ။
“ဒါဘာကြီးလဲ” မျက်ခုံးပင့်လျက် ရန်ကိုင်သည် ယန်ယန်ဘက်သို့ လှည့်၍ မေးလိုက်သည်။
“ဓါတ်ပြယ်ကျောက်တုံး”
“ဓါတ်ပြယ်ကျောက်တုံး” ရန်ကိုင် မျက်မှောင်ကြုတ်သွား၏။ ထိုကဲ့သို့ ထူးဆန်းသည့် ကျောက်တုံးမျိုး သူတစ်ခါမှ မကြားဖူးပေ။ ယန်ယန်နောက်တွင် ရပ်နေသော ရီရှီယွင်ပင်လျှင် ထိုနာမည်ကို ကြားသည့်အခါ ကြောင်တောင်တောင် ဖြစ်သွားခဲ့သည်။ သူမလည်း ထိုကဲ့သို့ နာမည်ကို တစ်ခါမှမကြားဖူးချေ။
“အဲ့ဒါကို ဘယ်နေရာမှာသုံးတာလဲ”
“နင်အခုပဲ မြင်လိုက်ပြီ မဟုတ်ဘူးလား” ယန်ယန်က ပြုံးလျက် “သူတော်စင်ချီကို ပျက်ပြယ်အောင် လုပ်နိုင်တာက ဒီဓါတ်ပြယ်ကျောက်တုံးရဲ့ အဓိက ဂုဏ်သတ္တိတစ်ခုပဲ။ ပြီးတော့ ဒါက အဆင့်နိမ့်ကျောက်တုံးတစ်တုံး မဟုတ်ဘူး။ တန်ခိုးရှင်ဘုရင် အဆင့် ကျောက်တုံးတစ်တုံး။ နင့်ရန်သူကိုသာ ဒါနဲ့လုပ်ထားတဲ့ မှော်ရတနာနဲ့ သွားတိုက်မယ်ဆိုရင် အဲ့လူ ဘာဖြစ်သွားမယ်ထင်လဲ”
သူမပြောသည်ကို ကြားသည့်အခါ ရန်ကိုင်၏ မျက်ဝန်းအစုံ တောက်ပသွားခဲ့သည်။ သူမ ပြောသည့်အတိုင်းသာ ဆိုလျှင် ဤဓါတ်ပြယ်ကျောက်တုံးသည် သိုင်းပညာရပ် မှန်သမျှအား ဖျက်စီးနိုင်ပေလိမ့်မည်။ သိုင်းပညာရပ်တိုင်အား သူတော်စင်ချီဖြင့် ထုတ်ဖော်ရခြင်း ဖြစ်လေရာ ဤဓါတ်ပြယ်ကျောက်တုံးသည် သိုင်းပညာရှင်များအတွက် အိမ်မက်ဆိုးကြီး တစ်ခုနှယ် ဖြစ်နေ၏။
“ဟုတ်တယ်၊ ဒါရတနာကောင်းတစ်ခုပဲ” ရန်ကိုင် ထပ်ခါထပ်ခါ ခေါင်းညိတ်လိုက်သည်။ ဤကျောက်တုံးသည် တန်ခိုးရှင်အဆင့် ပန်းပဲကုန်ကြမ်းပစ္စည်းတစ်ခု ဖြစ်နေမှဖြင့် ဤအရာမှ ပြုလုပ်သော် မှော်ရတနာသည်လည်း တန်ခိုးရှင်ဘုရင် အဆင့် မှော်ရတနာ ဖြစ်နေပေလိမ့်မည်။ တန်ခိုးရှင်ဘုရင်အဆင့် မှော်ရတနာများသည် အရိပ်ကြယ်တွင် အလွန်ကိုမှ ရှားပေသည်။
အရိုးကြွေမီးအိမ်သည် အရိပ်ကြယ်တစ်ခွင် အလွန် ကျော်ကြားသော မှော်ရတနာတစ်ခု ဖြစ်သည်။
ကျောက်တုံးအား အမွှမ်းတင်ပြောပြီးနောက် ရုတ်တရက် မျက်မှောင်ကြုတ်လျက် ပြန်မေးလိုက်သည် “ဒါကောင်းတာတော့ ဟုတ်ပါပြီ။ ဒါပေမယ့် အဲ့ဒါ ငါနဲ့ ဘာဆိုင်လို့လဲ”
ယန်ယန်သည် ဤပစ္စည်း မည်မျှ ကောင်းကြောင်း ကြွားဝါရန် သက်သက်ဖြင့် သူ့ကျင့်စဉ်ဝင်နေသည်ကို လာနှောင့်ယှတ်သည်ဟု ရန်ကိုင် မထင်။ သူမတွင် အခြား ရည်ရွယ်ချက်တစ်ခု ရှိရပေဦးမည်။
“ဒီဓါတ်ပြယ်ကျောက်တုံးက နင်နဲ့ဘာမှမဆိုင်ဘူး။ ဒါပေမယ့် အဲထဲမှာ ရှိတဲ့ဟာကတော့ နင့်အတွက် အရမ်း အသုံးဝင်လိမ့်မယ်” ယန်ယန်က အဓိပ္ပါယ်ပါပါ ပြုံးလိုက်သည်။
“အထဲကဟာ၊ ဟုတ်လား” ရန်ကိုင် အံ့အားသင့်သွားသည်။
“ဟုတ်တယ်။ ဓါတ်ပြယ်ကျောက်တုံးက ဘယ်စွမ်းအင်ကိုမဆို စုပ်ယူသန့်စင်ပစ်နိုင်တဲ့ ကျောက်တုံးတစ်မျိုးပဲ။ ဒီကျောက်တုံးကို အလယ်အလတ် မိသားစုတစ်ခုဆီကနေ ရထားတာ။ အဲ့မိသားစု ပြောတာကတော့ ဒီကျောက်တုံးကို သူတို့ ဘိုးဘေးက ဟိုလွန်ခဲ့တဲ့ နှစ်ပေါင်းများစွာတုန်းက ရှေးဟောင်း အပျက်အစီးနယ်မြေထဲက ရခဲ့တာတဲ့။ သူပြောတဲ့အတိုင်းသာဆိုရင် ဒီကျောက်တုံးရဲ့ သက်တမ်းက အတော်လေး ကြာနေပြီလို့ ပြောလို့ရတယ်”
“ဒီလိုရတနာကို သူတို့ ဘာလို့ ငါတို့ဆီ လာပေးတာလဲ” ရန်ကိုင် ပို၍ နားမလည်နိုင် ဖြစ်သွားသည်။
“နေရာလွတ်တွေ ရောင်းမယ်လို့ နင်ပဲ ပြောထားတာ မဟုတ်ဘူးလား။ အခု အဲ့နေရာလွတ်တွေကို ရဖို့ အင်အားစုတွေ အချင်းချင်း အသည်းအသန် ပြိုင်နေကြတာ။ ဒီဓါတ်ပြယ် ကျောက်တုံးက အဲ့မိသားစုကနေ နေရာလွတ်နဲ့ လဲလှယ်ဖို့ ပေးလာတဲ့ ရတနာတစ်ခုပဲ”
“အဲ့လိုကိုး။ ကြည့်ရတာ အဲ့မိသားစု သိပ်ပြီး ဗဟုသုတ မကြွယ်ဝဘူးနဲ့ တူတယ်” ရန်ကိုင် ပြုံးဖြီးဖြီး ဖြစ်သွားသည်။ တန်ခိုးရှင်ဘုရင်အဆင့် ကုန်ကြမ်းပစ္စည်းများသည် အရိပ်ကြယ်၌ အလွန်ကိုမှ အသုံးဝင်ပေသည်။ ထိုမျှ အဖိုးတန်သော ပစ္စည်းအား သူတို့နှင့် လာအလဲအလှယ်လုပ်သည့်ပုံကို ထောက်ရှုကြည့်လျှင် ထိုမိသားစု ဤဓါတ်ပြယ်ကျောက်တုံးအကြောင်း မသိထားသည့် အတွက်ကြောင့်သာ ဖြစ်ရပေလိမ့်မည်။
“နင်မှားသွားပြီ” ယန်ယန်က ခေါင်းခါလျက် “အဲ့မိသားစုက အခုအချိန်မှာ အလယ်အလတ်အဆင့် မိသားစုတစ်ခုပဲ ရှိတော့မယ် ဆိုပေမယ့် အရင်တုန်းက အတော်လေး အင်အားကောင်းခဲ့တဲ့ အင်အားစုတစ်ခုပဲ။ ဒါကြောင့် သူတို့ ဒီဓါတ်ပြယ်ကျောက်တုံး အကြောင်း မသိဘူးဆိုရင်တောင်မှ အနည်းဆုံး ဒါတန်ခိုရှင်ဘုရင် အဆင့် သတ္တုတစ်ခုဖြစ်တယ် ဆိုတာကိုတော့ သိလိမ့်မယ်”
ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့ပြီး တုန့်ဆိုင်းတုန့်ဆိုင်းဖြင့် ပြန်မေးလိုက်သည် “အဲ့လိုဆိုရင် ဘာလို့…”
“တန်ခိုးရှင်ဘုရင်အဆင့် ပစ္စည်းမှန်းသိလို့ ပေးတာပေါ့။ ဘာမဟုတ်တဲ့ ပစ္စည်းလေးနဲ့ ငါတို့ဆီက နေရာလွတ်ကို အခြား လူတွေနဲ့ ပြိုင်ဝယ်နိုင်မယ်လို့ နင်ထင်လို့လား” ယန်ယန်က ပြုံးလျက် “အဲ့ဖုန်းမိသားစုက ကံကောင်းပြီး ဧကရာဇ်ကျောက်စိမ်း တစ်ခု ရထားတယ်။ ဒါပေမယ့် သူတို့ မိသားစုရဲ့ အားအကောင်းဆုံး ပညာရှင်က တန်ခိုးရှင်ဒုတိယအဆင့်ပဲ ရှိသေးတယ်။ သူတို့သာ ဧကရာဇ်ဥယျာဉ်ထဲမှာ ပစ္စည်းကောင်းကောင်း လိုချင်တယ်ဆိုရင် အခြားသူတွေထက် ကြိုစောပြီး ထွက်ထားမှ အဆင်ပြေမှာ၊ မဟုတ်ရင် ယှဉ်လုဖို့ အဆင်ပြေမှာ မဟုတ်ဘူး”
ယန်ယန်၏ ရှင်းပြချက်ကို ကြားလိုက်သည့်အခါ ရန်ကိုင် ခေါင်းတညိတ်ညိတ် ဖြစ်သွားခဲ့သည်။
တန်ခိုးရှင်ဘုရင်အဆင့် ကုန်ကြမ်းပစ္စည်းသည် အလွန်ကိုမှ အဖိုးတန်သော်လည်း ဧကရာဇ်ဥယျာဉ်သည် အခြားသူများထက် နေ့တစ်ဝက်ဦးစွာ စောထွက်ခွင့်ရမည့် အခွင့်အရေးနှင့် ယှဉ်လိုက်လျှင် သိပ်အဖိုးမတန်တော့သလို ဖြစ်သွားခဲ့သည်။ ထိုသို့ ဖြစ်ရသည့် အဓိကအကြောင်းမှာ တန်ခိုးရှင်ဘုရင်အဆင့် ကုန်ကြမ်းပစ္စည်းများကို သန့်စင်နိုင်သည့် ပညာရှင် အရိပ်ကြယ်၌ တစ်ယောက်ပင် မရှိသည့် အတွက်ကြောင့် ဖြစ်သည်။ တန်ခိုးရှင် ဘုရင်အဆင့် ဓါတ်ပြယ်ကျောက်တုံးသည် အဖိုးတန်သော်ငြား သူတို့အတွက် အသုံးမဝင်သည့် ပစ္စည်းတစ်ခု ဖြစ်နေသည်။
ထိုဓါတ်ပြယ်ကျောက်တုံးအား မသုံးထဲ သိမ်းထားမည့် အစား သူတို့အတွက် အကျိုးရှိမည့် အခြား အခွင့်အရေး တစ်ခုနှင့် လဲလှယ်လိုက်သည်မှာ ပို၍ ကောင်းပေသည်။
သူတို့ ကံကောင်းသွားသည်ဟုလည်း ပြောနိုင်သည်။ ယန်ယန်သာ အခြား မဟုတ်ဘဲ အခြား တစ်ယောက်သာဆိုလျှင် ထိုကျောက်တုံး မည်မျှ အဖိုးတန်သလဲ ဆိုသည်ကို မြင်နိုင်လိမ့်မည် မဟုတ်ချေ။
သူတော်စင် သလင်းကျောက်များစွာနှင့် ဓါတ်ပြယ် ကျောက်တုံးအား အလဲအထပ်အဖြစ် ရလိုက်ပြီးနောက် အထက် စကြာဝဠာဂိုဏ်းသည် ထိုမိသားစုအား နေရာလွတ် တစ်နေရာ ပေးရန် သဘောတူခဲ့သည်။
“ဒီထဲမှာပါတဲ့ဟာ ဆိုတာ နင်ဘာကို ပြောချင်နေတာလဲ” ရန်ကိုင်က မေးလိုက်သည်။
“နင်မမေးရင်တောင် ငါပြောမလို့။ မဟုတ်ရင် နင့်ကို ဒီကို ခေါ်လိုက်မှာမဟုတ်ဘူး။ နင်အဆင့်မြင့် မြေဓါတ်ရတနာ တစ်ခုခု ရှာနေတယ်မလား”
“အင်း” ရန်ကိုင် ခေါင်းညိတ်လိုက်ပြီး ချက်ချင်း ပျော်သွားကာ အံ့အားသင့်နေသည့် လေသံဖြင့် “နင်ပြောချင်တာက…”
“အသေအချာပဲ” ရန်ကိုင်က ပြုံးလျက် “ဓါတ်ပြယ်ကျောက်တုံး ကိုယ်တိုင်က မြေဓါတ်ရတနာ မဟုတ်ပေမယ့် သူ့ထဲမှာရှိတဲ့ ဓါတ်ပြယ်သဲမှုန်က တကယ့် အဆင့်မြင့် မြေဓါတ်ရတနာတစ်ခုပဲ။ အဲ့ဒါက နင်ရှာနေတာနဲ့ ကွက်တိဖြစ်လောက်တယ်”
“ဓါတ်ပြယ်သဲမှုန်” ရန်ကိုင်၏ မျက်ဝန်းအစုံ တောက်ပသွားခဲ့သည်။
“ဓါတ်ပြယ်ကျောက်တုံးက မိုးမြေစွမ်းအင်ကို စုပ်ယူလိုက်လို့ အချိန်အကြာကြီး ကြာလာတဲ့အခါကျရင် သူ့ထဲမှာ ဓါတ်ပြယ်သဲမှုန် တွေဖြစ်ပေါ်လာတယ်။ နင့်အတွက် အဲ့ဓါတ်ပြယ်သဲမှုန်တွေပဲ အသုံးဝင်မှာ။ ဓါတ်ပြယ်ကျောက်တုံးက အသုံးဝင်မှာ မဟုတ်ဘူး။ ဒီကျောက်တုံးကိုသုံးပြီ ငါအခြား မှော်ရတနာတစ်ခုခု ဖန်တီးလို့ ရတယ်”
“အံ့ဩစရာပဲ” ရန်ကိုင် ပြုံးဖြီးဖြီး ဖြစ်သွားခဲ့သည်။
ဒြပ်ကြီးငါးပါးဓါးခန္ဓာအား လေ့ကျင့်နိုင်ရန်အတွက် အဆင့်မြင့် ဒြပ်ကြီးငါးပါး ရတနာများကို ရန်ကိုင် လိုက်ရှာခဲ့သည်။ ထိုပညာရပ်အား အဆုံးစွန်ထိ ကျင့်ကြံပြီးသွားလျှင် ဖျက်စီးမရနိုင်သော အကြွင်းမဲ့ခန္ဓာအား ပိုင်ဆိုင်နိုင်လိမ့်မည်ဟု ပြောထားသည်။
ရန်ကိုင် ထိုပညာရပ်ကို စရလိုက်သည့် အချိန်မှစ၍ ကျင့်ကြံလိုခဲ့ခြင်း ဖြစ်သည်။ သို့သော် သူ့တွင် လိုအပ်သည့် ပစ္စည်းများ ရှိနေခဲ့ချေ။ ထိုပညာရပ်ကို ကျင့်ကြံရန်အတွက် အဆင့်မြင့် ဒြပ်ကြီးငါးပါးမှော်ရတနာ ငါးခု လိုအပ်သော်ငြား သူ့တွင် လေးမျိုးသာ ရှိနေခဲ့ပြီး တစ်မျိုး ကပ်လိုနေခဲ့သည်။
သစ်သားဓါတ်အတွက် မိုးကြိုးသစ်သား၊ မီးဓါတ် အတွက် နေမီးလျှံအမြူတေ၊ ရေဓါတ်အတွက် ယင်နေကြာ ရေစင်နှင့် နှစ်တစ်သောင်းရေခဲကျောက်စိမ်း၊ ရွှေဓါတ်အတွက် ဆန်းယင်ရွှေ ရှိနေသည်။ မြေဓါတ်တစ်ခုသာ လိုနေခြင်းဖြစ်သည်။
သို့သော်လည်း ထိုရတနာများသည် ရှာတွေ့ရန်မှ မလွယ်ကူဘဲ။ နောက်ဆုံး မြေဓါတ်တစ်ခုကို ရရန်အတွက်ပင် အင်အားစုများစွာနှင့် ရန်သူ ဖြစ်ခဲ့လိုက်ရသေးသည်။
ဓါတ်ပြယ်ကျောက်တုံးသည်သာ ယန်ယန် ပြောသကဲ့သို့ မြေဓါတ်ရတနာကို ထုတ်ပေးနိုင်သည်ဆိုပါက ရန်ကိုင်တွင် ဓါတ်ကြီးငါးပါးဓါးခန္ဓာကိုယ်ကို ကျင့်ကြံရန်အတွက် ပစ္စည်း စုံသွားပြီဟု ပြော၍ရသည်။
ဓါတ်းကြီးငါးပါးဓါးခန္ဓာကိုယ်ကို ကျင့်ကြံနိုင်လျှင် သူ့ခွန်အား သိသိသာသာ မြင့်တက်လာပေလိမ့်မည်။ အားကောင်းသော ခန္ဓာကိုယ် ပိုင်ဆိုင်ထားရခြင်းသည် ကျင့်ကြံသူ တစ်ယောက် အတွက် အလွန်ကိုမှ အကျိုးများလှသည်။ ရန်ကိုင် အတွက်လည်း အတူတူပင်။ သူ့ခန္ဓာကိုယ်သာ အားမကောင်းလျှင် ဟင်းလင်းပြင်ကို ဆုတ်ဖြဲ၍ မိုင်ထောင်ပေါင်းများစွာ အကွာသို့ တည်နေရာခုန်ကူးရာတွင် ဟင်းလင်းပြင်ထဲရှိ ကသောင်းကနင်း ဖြစ်နေသော စွမ်းအင်လှိုင်းများကြောင့် သူ့ခန္ဓာကိုယ် တစ်စစီ ဖြစ်သွားရမည် ဖြစ်ပေလိမ့်မည်။
ဟင်းလင်းပြင်တာအိုအပေါ် ပိုပို၍ နားလည်လာသည်နှင့် သူ့ခန္ဓာကိုယ် လိုအပ်ချက်သည်လည်း ပို၍ မြင့်မားလာမှန်း သိလာခဲ့ရသည်။ ထို့ကြောင့် ဒြပ်ကြီးငါးပါးဓါးခန္ဓာကိုယ်အကြောင်း သိလိုက်ရစဉ်က ချက်ချင်း လေ့ကျင့်ချင်ခဲ့မိသော်ငြား ကျင့်ကြံရန် ပစ္စည်း မစုံသေးသည့်အတွက် ပစ္စည်းများကို အရင် လိုက်ရှာခဲ့ရသည်။ ယခု သူ့တွင် ပစ္စည်း အားလုံး စုံသွားခဲ့လေပြီ။
အလွန်ကိုမှ စိတ်လှုပ်နေရသည့် လေသံဖြင့် ရန်ကိုင်က အလျင်စလို ပြောလိုက်လေသည် “အဲ့လိုဆို ဘာလို့ စောင့်နေသေးတာလဲ။ မြန်မြန် ထုတ်ယူလိုက်တော့လေ”
ထိုအခြင်းအရာကို မြင်သော် ယန်ယန် မျက်နှာ မဲ့သွားပြီး “အဲ့ဒါကို ထုတ်ဖို့ လွယ်တယ်ထင်နေလို့လား။ ဒီကျောက်တုံးက စွမ်းအင်အားလုံးကို ပျက်ပြယ်အောင်လုပ်နိုင်တာကို သူ့ထဲကနေ ဓါတ်ပြယ်သဲမှုန်ကို ထုတ်ယူဖို့ လွယ်မယ်ထင်လား။ ငါ့အခု စွမ်းရည်နဲ့ အဲ့ဒါကို ထုတ်ယူလို့ မရသေးဘူး”
“အန်…” ထိုစကားကို ကြားသည့်အခါ ရေအေးတစ်ခွက် သူ့ခေါင်းပေါ် လောင်းချခံလိုက်ရသည့်နှယ် အစောပိုင်းက ပျော်နေသည့် အပျော်အားလုံး ကြက်ပျောက်ငှက်ပျောက် ပျောက်ကုန်လေသည်။
ရန်ကိုင် ပုံစံကို မြင်သော် ယန်ယန် တခစ်ခစ် ထရယ်လိုက်သည်။
“နင်ငါ့ကို လာနောက်နေတာမလား” ရန်ကိုင် ဒေါသထွက်သွားလေသည်။ ယန်ယန်ပုံစံကို မြင်ပြီးနောက် သူမ သူ့ကို နောက်နေမှန်း ရန်ကိုင် သိလိုက်လေပြီ။ သူမတွင်သာ ဓါတ်ပြယ်သဲအား ထုတ်ယူနိုင်မည် နည်းလမ်းမရှိလျှင် သူတံခါးပိတ် ကျင့်စဉ်ဝင်နေသည်ကို ဘာကြောင့် လာနှောင့်ယှတ်မည်နည်း။
“နင်ပဲငါ့ကို စကားပြီးအောင် မပြောခိုင်းတာလေ” ယန်ယန်က လှောင်ပြုံးပြုံးလျက် ပြန်ပြောလိုက်သည်။ ထို့နောက် အလေးအနက် အမူအရာဖြင့် စတင် ရှင်းပြလိုက်လေသည် “ဓါတ်ပြယ်ကျောက်တုံးထဲက ဓါတ်ပြယ်သဲမှုန်ကို ငါမထုတ်နိုင်ဘူး ဆိုပေမယ့် ထုတ်နိုင်တဲ့လူ မရှိဘူးလို့ ငါမှမပြောတာ။ ငါမထုတ်နိုင်ပေမယ့် ထုတ်နိုင်တဲ့လူ အခြား တစ်ယောက်ရှိတယ်၊ သူပဲ”
ပြောပြီးသည့်နောက် စားပွဲပေါ်တွင် ထိုင်နေသည့် ကျောက်တုံးရုပ်သေးရုပ်အား လက်ညိုးထိုးပြလိုက်လေသည်။
ရန်ကိုင် မျက်ဝန်းထဲ နားလည်သွားသည့် အရိပ်အယောင် တရိပ်ရိပ် ဖြတ်ပြေးသွားခဲ့သည်။
ယခုမှပဲ ကျောက်တုံးရုပ်သေးရုပ်သည် မည်သည့် သတ္တု အဆီအနှစ်မဆို ဝါးမြိုပစ်နိုင်သည့် မွေးရာပါစွမ်းရည်အား ပိုင်ဆိုင်ထားသည် ဆိုသောအချက်ကို ပြန်သတိရသွားခဲ့သည်။ ဓါတ်ပြယ်ကျောက်တုံးသည် အဆင့်မြင့် သတ္တုတစ်ခုဖြစ်သော်ငြား ကျောက်တုံးရုပ်သေးရုပ်၏ ဝါးမြိုသန့်စင်မှုကို ခုခံနိုင်လိမ့်မည် မဟုတ်ချေ။
ပုံရိပ်တစ်ထောင်ဖန်သွေးတောင်ကဲ့သို့သော အရာမျိုးကိုပင် အပေါက်ဖောက်နိုင်လေရာ ထို့ထက်အဆင့်နိမ့်သော ဓါတ်ပြယ် ကျောက်တုံအား ကျောက်တုံးရုပ်သေးရုပ် မည်သည့် အတွက်ကြောင့် ဘာမှ မလုပ်နိုင်ဘဲ နေမည်နည်း။
“ဒါပေမယ့် ငါနင့်ကို အရင် သတိပေးလိုက်မယ်။ ဓါတ်ပြယ်ကျောက်တုံးထဲမှာ ရှိတဲ့ ဓါတ်ပြယ်သဲမှုန်ရဲ့ ပမာဏက ဒီကျောက်တုံးရဲ့ သက်တမ်းပေါ် မူတည်ပြီး များချင်များမယ်၊ နည်းချင်နည်းလိမ့်မယ်၊ ခန့်မှန်းလို့ရတာ မဟုတ်ဘူး။ နင့်ဘာသာ ကြည့်ပြီးတော့ပဲ နင့်အတွက် ကိုက်မတွက် တွက်ရမှာ၊ ဒါကြောင့် နင့်ကို ခေါ်ခိုင်းလိုက်တာ”
ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့သည်။ ယန်ယန် ပြောပုံအရဆို ဓါတ်ပြယ်ကျောက်တုံး၏ သက်တမ်း ပိုကြာလေ၊ အထဲတွင် ရှိနေသော သဲမှုန် အရေအတွက် ပိုများလေပင်။
ခဏမျှ တုန့်ဆိုင်းနေပြီးနောက် ပြန်မေးလိုက်သည် “သဲမှုန်တစ်မှုန်ဖြစ်ဖို့ ဘယ်လောက်ကြာလဲ”
“ဟဲဟဲ၊ သဲမှုန်တစ်မှုန်ဖြစ်ဖို့ နှစ်ထောင်နဲ့ချီပြီး ကြားတယ်။ အခွင့်အရေး ပိုများအောင် စောင့်မယ်ဆိုရင်တော့ နင်နောက်ထပ် နှစ်နဲ့ချီပြီး စောင့်မှရလိမ့်မယ်”
“အဲ့လိုဆိုရင် အခုပဲ ထုတ်လိုက်တော့မယ်” စိတ်ပိုင်းဖြတ်ပြီးနောက် ရန်ကိုင်သည် ကျောက်တုံးရုပ်သေးရုပ် ဘက်သို့လှည့်ကာ အမိန့်ပေးလိုက်လေသည်။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၄၃၄)
ရန်ကိုင်မှ အမိန့်ပေးလိုက်သည်နှင့် ကျောက်တုံးရုပ်သေးရုပ်သည် ရင်ဘတ်အား လက်နှစ်ချောင်းဖြင့် တဘုန်းဘုန်း မြည်အောင် ထုတ်လိုက်ပြီး ဓါတ်ပြယ်ကျောက်တုံးကို ကိုင်ကာ သူ့ပါးစပ်ထဲသို့ ထိုးထည့်လိုက်သည်။
ကျောက်တုံးရုပ်သေးရုပ်၏ ပါးစပ်သည် သိပ်မကျယ်သော်ငြား လက်ဆေးဇလုံးအရွယ်ရှိသည့် ဓါတ်ပြယ်ကျောက်တုံးကြီး တစ်တုံးလုံးကို ဝါးမြိုပစ်နိုင်သည့် အတွက် ထိုမြင်ကွင်းကို ကြည့်ရင်း ရီရှီယွင် မှင်သက်သွားခဲ့ရလေသည်။
…………
တစ်နာရီကြာပြီးသည့်နောက်၊ ရန်ကိုင်သည် သူနေသည့် အထက်ကောင်းကင်နန်းတော်ထဲတွင် တင်ပလင်ခွေထိုင်လျက် သူ့ရှေ့ရှိ ပစ္စည်းခြောက်မျိုးကို ပျော်ရွှင်စွာ ကြည့်နေခဲ့သည်။
သူ့ရှေ့တွင် အသက်ဓါတ်စွမ်းအင် ကြွယ်ဝပြီး လျှပ်ပန်းလျှပ်နွယ်များ ဖြိုးဖြိုးဖျက်ဖျက် လင်းလက်နေသည့် သစ်သားတစ်တုံး ရှိနေသည်။ ထိုအရာသည် ရန်ကိုင် လွန်ခဲ့သော နှစ်ပေါင်းများစွာက ရခဲ့သည့် မိုးကြိုးသစ်သား ဖြစ်သည်။ ထိုမိုးကြိုးသစ်သားသည် သေဆုံးသွားသော အဆင့်တစ်ဆယ် မိုးကြိုးလွမ်ဆိုသော မွန်းစတားသာရဲ၏ အသက်အဆီအနှစ်နှင့် အမြူတေမှ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ ထိုအရာ၏ တန်ဖိုးသည် အဆင့်တစ်ဆယ် မွန်းစတားသားရဲ၏ အမြူတေထက် အဆများစွာ ပိုမို မြင့်မားပေသည်။ ထိုအရာတွင် မိုးကြိုးစွမ်းအင်များ ရှိနေသော်ငြား ၎င်းအား သစ်သားဓါတ် ရတနာတစ်ခုအဖြစ် သတ်မှတ်၍ ရပေသေးသည်။
နောက်တစ်ခုသည် ရတနာစံအိမ် လေလံပွဲတွင် သူတော်စင် သလင်းကျောက် သန်း(၇၀)ဖြင့် အနိုင်ရခဲ့သည့် လက်တစ်ဝါး အရွယ် ဆန်းယင်ရွှေ ဖြစ်သည်။
ဆယ်စက်မကသော အလွန်ကိုမှ အေးလှသည့် နို့နှစ်ရောင် ယင်နေကြာရေစင်များ ရှိနေသည့် ပုလင်းတစ်ပုလင်းလည်း ရှိနေသေးသည်။
နောက်တစ်ခုသည်ကား ရေခဲကျောက်စိမ်း ပုလ္လင်အခံပေါ်၌ ထိုင်နေသော ဖရဲသီးအရွယ် ရဲရဲတောက် သတ္တုလုံးကြီးတစ်လုံး ဖြစ်သည်။ နှစ်ခုစလုံးသည် သာမန်သာ ထင်ရသော်လည်း တစ်ခုသည် ကောင်းကင်စိတ်အာရုံကိုပင် အေးခဲနိုင်စွမ်းရှိကာ အခြားတစ်ခုသည် အလွန်ကိုမှ ချောက်ခြားဖွယ်ကောင်းသော အပူစွမ်းအင်ကို ပိုင်ဆိုင်ထားပေသည်။ ထိုနှစ်ခုသည် နှစ်တစ်သောင်းရေခဲကျောက်စိမ်းနှင့် နေမီးလျှံအမြူတေပင် ဖြစ်သည်။
ယခု ထိုရတနာများအပြင် ကျောက်စရစ်ကဲ့သို့ အမှုန်များ အခုတစ်ရာလောက် စုပြုံနေသော အပုံလေးတစ်ပုံလည်း ရှိနေ၏။ ထိုအပုံလေးသည် သာမန်သဲပုံနှင့် ဘာမှ သိပ်မကွာသော်ငြား ထိုအရာများသည် ရိုးရိုးသဲများ မဟုတ်ကြဘဲ ဓါတ်ပြယ်ကျောက်တုံးမှ ထုတ်ယူထားသည် ဓါတ်ပြယ်သဲမှုန်များ ဖြစ်ကြပေသည်။
သူတို့ ရခဲ့သည့် ဓါတ်ပြယ်ကျောက်တုံးထဲ၌ ဓါတ်ပြယ် သဲမှုန်များစွာ ရှိနေခဲ့သည်။ ထို့ကြောင့် ရန်ကိုင်ပင် မဟုတ်၊ ယန်ယန်လည်း အတော်လေးကိုမှ အံ့အားသင့်သွားခဲ့ရသည်။ သဲမှုန်၊ အမှုန်နှစ်ဆယ်၊ သုံးဆယ်မျှ ရှိနေလျှင်ပင် အတော့်ကိုမှ ကောင်းနေပြီ ဖြစ်သော်လည်း အမှုန်ပေါင်း တစ်ရာနီးပါမျှ ရှိနေခဲ့သည်။
ရွှေ၊ သစ်သား၊ ရေ၊ မီးနှင့် မြေကြီး၊ ဓါးကြီးငါးပါးစလုံး စုံသွားခဲ့လေပြီ။ ရေဓါတ်ဆိုလျှင် နှစ်မျိုးပင် ရှိနေခဲ့သည်။
ထိုရတနာ ခြောက်ပါးစလုံးသည် အလွန်ကိုမှ အဖိုးထိုက်တန်ပြီး တစ်သက်နှင့်တစ်ကိုယ် တစ်ခါကြုံရရန်ပင် ခဲယဉ်းလှသော ရတနာများ ဖြစ်ကြသော်လည်း လက်ရှိတွင် ထိုရတနာအားလုံးသည် ရန်ကိုင် ရှေ့သို့ ရောက်နေခဲ့လေသည်။
ထိုရတနာများဖြင့် ဆိုပါက ဒြပ်ကြီးငါးပါးဓါးခန္ဓာကိုယ်ကို သူစတင် ကျင့်ကြံနိုင်လေပြီ။
ထိုပစ္စည်းများအား တန်ဖိုးအလိုက် စီကြည့်မည်ဆိုလျှင် မိုးကြိုးသစ်သားသည် တန်ဖိုးအနည်းဆုံး ဖြစ်လိမ့်မည် ဖြစ်ပြီး ဖရဲသီးအရွယ် နေမီးလျှံအမြူတေသည် တန်ဖိုးအကြီးဆုံး ဖြစ်လိမ့်မည် ဖြစ်သည်။
တကယ်တော့ နေမီးလျှံအမြူတေသည် နေကြယ်တစ်စင်း၏ အမြူတေပင် မဟုတ်လေလော။ နေကြယ်တစ်စင်း၏ အမြူတေကို ထုတ်ယူရန် အလွန်ကိုမှ ခက်ခဲသလို နည်းလမ်းလည်း လိုအပ်သည်။ ဤနေမီးလျှံအမြူတေထဲ၌ ရှိနေသော စွမ်းအင်များကို ဖောက်ခွဲပစ်လိုက်မည် ဆိုပါက အရိပ်ကြယ်ကြီး တစ်ခုလုံးပင် ပေါက်ကွဲထွက်သွားနိုင်သည်။
သူ့ရှေ့ရှိ ပစ္စည်းများကို ကြည့်ရင်း ရန်ကိုင် အသက်ပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်ပြီး စိတ်ကို တည်ငြိမ်အောင် လုပ်လိုက်၏။ ထို့နောက် အတွေးရေယာဉ်ကြောထဲ နစ်မြောသွားလေတော့သည်။
ဒြပ်ကြီးငါးပါးအကြွင်းမဲ့ ဓါးခန္ဓာသည် ခန္ဓာကိုယ်ကို ကျင့်ကြံသည့် ကျင့်စဉ်တစ်ခုဖြစ်သည်။ ခန္ဓာကိုယ်ကို ကျင့်ကြံသည့် ကျင့်စဉ်များကို ရန်ကိုင် မတွေ့ခဲ့သည်မှာ အတော်လေးကိုမှ ကြာနေခဲ့လေပြီ။ ရှင်းရှင်းပြောရလျှင် ဤဓါတ်ကြီးငါးပါး အကြွင်းမဲ့ ဓါးခန္ဓာ ကျင့်စဉ်သည် သိပ်မရှုပ်လှဘဲ အတော်လေးကိုမှ ရိုးရှင်းသည်ဟု ပြော၍ရသည်။ ဤကျင့်စဉ်၏ တကယ့် ပြဿနာသည် အလွန်ကိုမှ လိုအပ်ချက် ကြီးမားခြင်းပင်။
လိုအပ်သည့် ရတနာများသည် ဓါတ်ကြီးငါးပါး ရတနာငါးမျိုး ဖြစ်သည်။ ရတနာများ၏ အဆင့်ပေါ် မူတည်၍ နောက်ဆုံး ရလဒ်လည်း ကွဲပြားသွားနိုင်သည်။ မည်သို့သော ရတနာဖြင့်မှ ဤကျင့်စဉ်ကို ကျင့်ကြံ၍ ရလိမ့်မည်ဟု သေသေချာချာ သတ်မှတ်ထားခြင်း မရှိချေ။ ဓါတ်ကြီငါးပါး ရတနာငါးမျိုး ရှိလျှင် အဆင်ပြေပေသည်။ သို့သော် ပိုမိုအားကောင်းသော ခန္ဓာကိုယ်ကို လိုချင်လျှင် ပိုအဆင့်မြင့်သော ဓါတ်ကြီးငါးပါး ရတနာကို အသုံးပြုရန် လိုအပ်ပေသည်။
ယင်နေကြာရေစင်နှင့် ဓါတ်ပြယ်သဲမှုန်သည် ကြယ်စီရင်စုထဲ၌ပင် အလွန်တရာကိုမှ ရှားပါးလွန်းလှသော ပစ္စည်းများ ဖြစ်ကြသည်။ မိုးကြိုးသစ်သားနှင့် ဆန်းယင်ရွှေမှာမူ ထိုပစ္စည်းများနှင့် ယှဉ်လိုက်လျှင် အနည်းငယ် နိမ့်ကျနေသော်ငြား အလွန်ကိုမှ ရှားပါးအဆင့်မြင့်သည့် ရတနာများထဲ ပါပေသေးသည်။
ထိုပစ္စည်းများကိုသာ သုံး၍ ကျင့်ကြံလိုက်မည် ဆိုပါက ရန်ကိုင်၏ ဒြပ်ကြီးငါးပါး အကြွင်းမဲ့ဓါးခန္ဓာသည် အလွန်ကိုမှ အားကောင်းမည်မှာ မြေကြီးလက်ခတ်မလွဲပင်။ ဤကျင့်စဉ်သည် ရထားလျှင်ပင် လူတိုင်း မကျင့်ကြံနိုင်သည့် ကျင့်စဉ်တစ်မျိုး ဖြစ်သည်။
ဤကျင့်စဉ်အား ကျင့်ကြံရန် အလွန်ကိုမှ စိတ်လှုပ်ရှားနေပြီ ဖြစ်သဖြင့် ရန်ကိုင်လည်း တုန့်ဆိုင်းမနေတော့ဘဲ သူ့ပတ်လည်တွင် အစီအရင်တစ်ခုကို စတင် ခင်းကျင်းလေတော့သည်။
ဒြပ်ကြီးငါးပါး အကြွင်းမဲ့ဓါးခန္ဓာကို စတင် ကျင့်ကြံရန်အတွက် အထူး အစီအရင်တစ်ခုကို အသုံးပြုရန် လိုအပ်သည်။ မည်သို့သော အစီအရင်အား အသုံးပြုရမလဲ ဆိုသည်ကိုမူ ကျင့်စဉ်ထဲတွင် အသေးစိတ် ရှင်းပြထားပေသည်။
ရန်ကိုင်သည် အစီအရင် ခင်းကျင်းရာတွင် မကျွမ်းကျင်သော်ငြား ယန်ယန်နှင့် အတူရှိလာသည်မှာ နှစ်ပေါင်းများစွာ ကြာနေပြီ ဖြစ်သည့် အတွက်ကြောင့် အစီအရင်များနှင့် ပက်သက်လျှင် အနည်းအကျဉ်းတော့ တီးမိခေါက်မိ ရှိနေလေပြီ။
ရန်ကိုင်သည် ပထမဦးစွာ သူတော်စင်သလင်းခဲများကို ပုံစံတစ်ခုအတိုင်း အကွက်ချလိုက်သည်။ ထို့နောက် ရွှေ၊ သစ်သား၊ ရေ၊ မီးနှင့် မြေဓါတ် ရတနာများကို သင့်လျော်သည့်အတိုင်း နေရာချလိုက်လေသည်။
ကြိုးစားပန်းစား ခင်းကျင်းပြီးနောက် နှစ်ရက်အကြာ၌ သူလိုချင်နေသည့် အစီအရင်အား ခင်းကျင်းလို့ ပြီးသွားခဲ့သည်။ အမှားရှိမရှိ သေချာ စစ်ဆေးကြည့်လိုက်ပြီး မည်သည့် အမှားမှ မရှိကြောင်း အတည်ပြုပြီးနောက်တွင် ထိုအစီအရင်အလယ်၌ တင်ပလင်ခွေ ထိုင်ချလိုက်သည်။
သိုလှောင်လက်စွပ်ထဲမှ ဆေးလုံးအချိုကို ထုတ်လိုက်ပြီး ပါးစပ်ထဲသို့ ပစ်ထည့်လိုက်သည်။ ထို့နောက် မျက်လုံးကို ပိတ်၍ ဒြပ်ကြီးငါးပါးအကြွင်းမဲ့ ဓါးခန္ဓာကျင့်စဉ်ကို စတင် လှည့်ပတ်တော့လေသည်။
သူတော်စင်ချီများ ရန်ကိုင်၏ ခန္ဓာကိုယ်တစ်ဝိုက် လွတ်လပ်စွာ စီးဆင်းလာကြပြီး အစီအရင်မျဉ်းများသည်လည်း ရှုပ်ထွေးပွေလီသည့် လမ်းကြောင်းအတိုင်း တစ်ခုပြီးတစ်ခု စတင် လင်းလက်လာကြသည်။
ကျယ်လောင်လှသော တဝီဝီမြည်သံနှင့်အတူ ဒြပ်ကြီးငါးပါး အစီအရင်ထဲ ထည့်သွင်းထားသော သူတော်စင်သလင်းခဲများမှ မျက်စိကျိန်းမတတ် အလင်းရောင်များ ထွက်ပေါ်လာပြီး ၎င်းတို့ထဲ၌ ပါဝင်သော သိပ်သည်းသန့်စင်လှသည့် စွမ်းအင်များသည် အစီအရင်ထဲသို့ စတင် စီးဝင်ကုန်ကြလေသည်။
သူတော်စင်သလင်းခဲများ၏ အားဖြည်ပေးမှုကြောင့် ရန်ကိုင် ပတ်လည်တွင် ရှိနေသော ဒြပ်ကြီးငါးပါး အစီအရင် စတင် အသက်ဝင်လာခဲ့သည်။
ရှင်းပြမရသော ခံစားချက်တစ်ခု ရန်ကိုင်ကိုယ်တစ်လျှောက် ပျံ့နှံ့စီးဆင်းလာခဲ့သည်။ အထက်ကောင်းကင်နန်းတော် တစ်ခုလုံးသည် နက်နဲဆန်းကြယ်၍ တိတ်ဆိတ်ခြောက်ကပ်ဖွယ်ရာ အရှိန်အဝါတို့ဖြင့် ပြည့်နှက်သွားခဲ့လေသည်။ လက်ရှိတွင် ရန်ကိုင်သည် လွန်ခဲ့သော နှစ်ပေါင်းများစွာခန့်က တည်ရှိခဲ့သော အမေ့လျော့ခံ ခေတ်တစ်ခုဆီသို့ ပြန်ရောက်သွားသည့်နှယ် ဖြစ်နေခဲ့လေသည်။
ဝှီး… ဝှီး… ဝှီး…
ဆန်းယင်ရွှေ၊ မိုးကြိုးသစ်သား၊ ယင်နေကြာရေစင်၊ နေမီးလျှံအမြူတေနှင့် ဓါတ်ပြယ်သဲမှုန်တို့သည် မမြင်နိုင်သော အားတစ်ရပ်၏ လှုံ့ဆော်ခြင်း ခံလိုက်ရသည့်နှယ် ၎င်းတို့ထဲ၌ ပါဝင်သော စွမ်းအင်များသည် ဒြပ်ကြီငါးပါး အစီအရင်၏ အလယ်ဗဟိုဆီသို့ စီးသွားကြကုန်လေသည်။
အထက်ကောင်းကင်နန်းတော်တစ်ခုလုံး ဒြပ်ကြီငါးပါး ရောင်စဉ်အလင်းတန်းများဖြင့် ရုတ်တရက် လင်းထိန်လာခဲ့သည်။
မိုးကြိုးသစ်သားဆီမှ အစိမ်းရောင်အလင်း၊ ဆန်းယင်ရွှေမှ ရွှေရောင်အလင်း၊ ယင်နေကြာရေစင်မှ အဖြူရောင်အလင်း၊ နေမီးလျှံ အမြူတေမှ အနီရောင်အလင်း၊ ဓါတ်ပြယ်သဲမှုန်မှ အဝါရောင်အလင်းတို့သည် အသိစိတ်ရှိနေသည့်နှယ် ရန်ကိုင်၏ ခန္ဓာကိုယ်ထဲသို့ စီးဝင်သွားကုန်ကြလေသည်။
ချက်ချင်းဆိုသလို ရန်ကိုင် တစ်ကိုယ်လုံး ပြင်းပြင်းထန်ထန် တုန်ခါသွားပြီး ပိတ်နေသာ မျက်လုံး ရုတ်ချည်း ပွင့်လာကာ ဒဏ်ရာ ရနေသော သားရဲတစ်ကောင်မှ ၎င်း၏ ဒဏ်ရာအား ဆားဖြင့် လာပက်သဖြင့် နာကျင်စွာ အော်ဟစ်လိုက်သည့် အသံမျိုးဖြင့် ချောက်ခြားဖွယ် ထအော်လေသည်။
ရုတ်တရက် သူ့ကိုယ်တစ်လျှောက် ပျံ့နှံ့လာသော မခံမရပ်နိုင်အောင် ပြင်းထန်လွန်းလှသည့် နာကျင်မှုကြောင့် သူ့တစ်ကိုယ်လုံးရှိ အရိုးများ တစ်စစီ ကြိတ်ချေခံနေရသကဲ့သို့ ခံစားလိုက်ရသည်။ အခြားသူများနှင့် တိုက်ခိုက်ရာမှ ရသော ဒဏ်ရာများသည်ပင် ဤမျှ မနာကျင်ချေ။ ယခု နာကျင်မှုသည် သူ့ဝိဥာဉ်ထိတိုင် စိမ့်ဝင်ပျံ့နှံ့လာခဲ့ခြင်း ဖြစ်သည်။
ဒြပ်ကြီးငါးပါး အကြွင်းမဲ့ဓါးခန္ဓာအား ကျင့်ကြံရန် အားကောင်းသော ခန္ဓာကိုယ်အား ဘာကြောင့် လိုအပ်ရသလဲ ဆိုသည်ကို ယခုမှပဲ ရန်ကိုင် နားလည်သွားတော့သည်။
ဤကျင့်စဉ်ကို ကျင့်ကြံရာတွင် မိမိ၏ ခန္ဓာကိုယ်ထဲသို့ စိမ့်ဝင်လာသော ဒြပ်ကြီးငါးပါး စွမ်းအင်အား တောင့်ခံနိုင်သော ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားခြင်း မရှိလျှင် ခန္ဓာကိုယ်တစ်ခုလုံး ပေါက်ကွဲထွက်သွားနိုင်ပေသည်။
ဝိဥာဉ်ခွန်အားသည်လည်း လုံလုံလောက်လောက် အားကောင်းခြင်း မရှိပါက ယခုလေးတင် ရန်ကိုင် ခံစားလိုက်ရသည့် အလွန်တရာကိုမှ ပြင်းထန်လှသည့် နာကျင်မှုကို တောင့်ခံနိုင်မည် မဟုတ်ချေ။
ယခင်က သူ့ကိုယ်သူ ဤကျင့်စဉ်မှ တောင်းဆိုသည်ထက်ပင် ပို၍ ပြည့်စုံသည်ဟု ထင်ခဲ့ဖူးသော်ငြား ယခု လက်တွေ့ ကျင့်ကြံလိုက်သည့်အခါမှ သူ့ကိုယ်သူ အရမ်း အထင်ကြီးမိမှန်း နားလည်သွားခဲ့သည်။ မြောက်မြားစွာသော အတွေ့အကြုံများမှ တစ်ဆင့် အဆက်မပြတ် သွေးလာခဲ့သော မကျိုးပျက်နိုင်လုနီးပါး အားကောင်းလှသော သူ့စိတ်စွမ်းအင်ပင် ယခု အခိုက်အတန့်၌ ပျက်စီးလုနီးပါး ဖြစ်သွားခဲ့ရသည်။
ယခုကဲ့သို့ ဖြစ်ရခြင်းမှာ သူရွေးချယ်ထားသည့် ပစ္စည်းများကြောင့်လည်း ပါပေသည်။ သူရွေးချယ်ထားသည့် ပစ္စည်းတိုင်းသည် အလွန်ကိုမှ အဆင့်မြင့်လှသည့် ပစ္စည်းများ ဖြစ်ကြရာ သူခံစားရသည့် နာကျင်မှုသည်လည်း သာမန်ထက် အဆများစွာ ပိုဆိုးနေသည်မှာ အထူးအဆန်းတော့ မဟုတ်ချေ။
သို့သော်လည်း ထိုအချက်ကြောင့် ရန်ကိုင် သူ့ကိုယ်သူ ဂုဏ်ယူချင်သလို ဖြစ်သွားသည်။ ကျင့်ကြံခြင်း လမ်းစဉ်ပေါ်သို့ ခြေချလိုက်သည့် အချိန်မှစ၍ သူ့ဘဝတစ်လျှောက် သေခြင်းရှင်းခြင်း အခိုက်အတန့်များနှင့် အကြိမ်ပေါင်းများစွာ ရင်ဆိုင်ခဲ့ရသည်။ မျှော်လင့်ချက်မရှိသည့် အခြေအနေထဲသို့ အကြိမ်ပေါင်းများစွာ ကျရောက်ခဲ့ရသည်။ ဒုက္ခပေါင်းစုံလည်း ကြုံတွေ့ခံစားခဲ့ရသေးသည်။ သို့သော်လည်း ဇွဲမလျော့ဘဲ ကြုံတွေ့ခဲ့ရသမျှ အတားအဆီးအားလုံးကို ဖြတ်ကျော်ခဲ့သည်။
တိုက်ပွဲအလီလီအား အောင်နိုင်လာပြီး ဤအခိုက်အတန့်မှ ကျဆုံးသွားလျှင် သူကြိုးစားအားထုတ်ခဲ့ရသမျှ အရာအားလုံး အချည်းနှီး ဖြစ်သွားပေလိမ့်မည်။
သူ့ဘဝ ယခုကဲ့သို့ အောင်မြင်လာနိုင်ရန် သူအရင်းတည်ခဲ့သည့် အရာမှာ သူ၏ဇွဲဖြစ်သည်။ ဇွဲမရှိလျှင် သူလည်း ဘာကောင်မှ ဖြစ်လာလိမ့်မည် မဟုတ်ချေ။ သူ့ဘဝကို တစ်ဆစ်ချိုးပြောင်းလဲစေခဲ့သော အနက်ရောင်စာအုပ်အား သူ၏ မဆုတ်မနစ်သော ဇွဲလုံ့လကြောင့်ပင် ရရှိခဲ့ခြင်း မဟုတ်လေလော။ ထို့ကြောင့်ပဲ အကျိုးရလဒ် အနေဖြင့် ရွှေရောင်အရိုးခြောက်ကို ရရှိနိုင်ခဲ့သည်။
သူငယ်စဉ်က အဆုံးမဲ့စိတ်စွမ်းအင် ဆိုသည့် ပညာရပ်တစ်ခုကို ရရှိခဲ့သေးသည်။ သို့သော် သူအားကောင်းလာသည်နှင့်အမျှ ထိုပညာရပ်သည် သူ့အတွက် သိပ်အသုံးမဝင် ဖြစ်လာခဲ့သည်။ ထိုပညာရပ်သည် သူကိုယ်တိုင် တီထွင်ခဲ့သည့် ပညာရပ်တစ်ခု ဖြစ်သည်။
ထိုကဲ့သို့ ဖန်တီးနိုင်ရခြင်းမှာ စုယန်နှင့်လည်း အများကြီး သက်ဆိုင်နေသည်။ စုယန်သာ သူ့အား ရေခဲတုံးထဲ ရက်ပေါင်းများစွာ ခဲမထားခဲ့လျှင် သူလည်း ထိုပညာရပ်ကို နားလည်သဘောပေါက်နိုင်ခဲ့မည် မဟုတ်ချေ။
ထိုအတိတ်အကြောင်းအရာများကို ပြန်တွေးမိသွားရင်း အဆုံးမဲ့စိတ်စွမ်းအား ဆိုသည့် ပညာရပ်ကို အလိုလို အသက်သွင်းမိသွားခဲ့သည်။ သို့သော်လည်း အံ့အားသင့်စွာပင် သူခံစားနေရသည့် နာကျင်မှု အနည်းငယ် လျော့ပါးသွားသည်ကို ရန်ကိုင် သတိပြုမိလိုက်သည်။
ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့ပြီး ချက်ချင်းပဲ သူ့အသိစိတ်အား အသိစိတ်ပင်လယ်ထဲ ပို့လွှတ်၍ သူ့ဝိဥာဉ်ကို တည်ငြိမ်အောင် ထိန်းလိုက်သည်။ သူခန္ဓာကိုယ် ဘာဖြစ်နေသလဲ ဆိုသည်ကို ဂရုမစိုက်တော့ဘဲ သူ့ဝိဥာဉ် မပြိုကွဲအောင်သာ ဂရုစိုက်နေတော့သည်။
အက်ကွဲသံများနှင့်အတူ ရန်ကိုင်၏ အသားများ စတင် အက်ကွဲလာသည်။ ထိုအက်ကြောင်းများမှ ရွှေရောင်သွေးများ စီးကျလာခဲ့ရာ တစ်ခဏအတွင် ရန်ကိုင်၏ အဝတ်အစားများ သွေးများဖြင့် စိုရွှဲသွားခဲ့ရသည်။
သူ့အသားများပင် အက်ကွဲနေခြင်းမဟုတ်၊ ဒြပ်ကြီးငါးပါး စွမ်းအင်၏ အဖျက်စွမ်းအားကို မတောင့်ခံနိုင်သည့် အတွက် သူ့သွေးကြေားများပင် ပေါက်ကွဲထွက်ကုန်ရသည်။ ထိုကဲ့သို့ ဖြစ်သည့် အခါမှပဲ ရွှေရောင်သွေးစက်၏ ပြန်လည်ကုစားနိုင်စွမ်းကို ကွက်ကွက်ကွင်းကွင်း မြင်ရတော့သည်။
အက်ကွဲနေသော အရေပြား၊ ဆုတ်ပြဲနေသော ကြွက်သားများနှင့် ပျက်စီးကုန်ပြီဖြစ်သော သွေးကြောတို့သည် တစ်ခဏအတွင်း ပြန်ကောင်းသွားကုန်ကြသည်။ သို့သော် ချက်ချင်းဆိုသလို ပြန်လည် ပျက်စီးသွားကုန်ပြန်လေ၏။ ထိုအဖြစ်အပျက်သည် သံသရာစက်ဝန်း တစ်ခုနှယ် မပြီးနိုင် မစီးနိုင် အဖန်တလဲလဲ ဖြစ်ပျက်နေခဲ့သည်။
သို့သော်လည်း ထုလေမာလေ ငါးဖယ် ဆိုသလို ထိုကဲ့သို့ လုပ်ခံရဖန်များလတ်သော ရန်ကိုင်၏ ခန္ဓာကိုယ်သည် မူရင်းထက် ပိုပို၍ အားကောင်းကြံ့ခိုင်လာခဲ့ရသည်။ အကျိုးဆက်ကြောင့် သူ၏ သူတော်စင်ချီပင် ပို၍ သန့်စင်သိပ်သည်းလာခဲ့ရသည်။ စိတ်စွမ်းအင်သည်လည်း ပို၍ သန့်စင်လာခဲ့ရလေသည်။
ဒြပ်ကြီးငါးပါး အကြွင်းမဲ့ဓါးခန္ဓာ ကျင့်စဉ်သည် ခန္ဓာကိုယ်အား ကျင့်ကြံသည့် ပညာရပ်တစ်ခု ဖြစ်သော်လည်း ထိုကျင့်စဉ်ကို ကျင့်ကြံလိုက်သည်နှင့် ခန္ဓာကိုယ်သာ မဟုတ်ဘဲ စိတ်စွမ်းအင်နှင့် သူတော်စင်ချီပါ အနည်းအကျဉ်း တိုးတက်လာခဲ့ရသည်။
ပထမကောင်းကင်နန်းတော် တစ်ခုလုံး ချောက်ခြားဖွယ်ရာ အော်ဟစ်သံများဖြင့် ပြည့်နေခဲ့သည်။ နန်းတော်တစ်ဝိုက်တွင် အထပ်ထပ် ခင်းကျင်းထားသော အစီအရင်နှင့် အကာအရံများကြောင့် ထိုအသံအားလုံး အပြင်ဘက်သို့ ပျံထွက်မသွားနိုင်ခဲ့ပေ။ ထို့ကြောင့်သာ မဟုတ်လျှင် ရန်ကိုင်၏ အော်သံများကြောင့် အထက်စကြာဝဠာဂိုဏ်း တစ်ခုလုံး အုတ်အော်သောင်းနင်း ဖြစ်နေပေလိမ့်မည်။
အချိန်သည် တရွေ့ရွေ့ ကုန်ဆုံးလာနေပြီး အရိပ်ကြယ်ပေါ်ရှိ ဂိုဏ်းအသီးသီးတို့သည် ဧကရာဇ်ဥယျာဉ်ထဲသို့ ဝင်ရောက်ရန် အတွက် စတင် ပြင်ဆင်ကြလေတော့သည်။ ဧကရာဇ်ကျောက်စိမ်း တစ်ခုသည် ဧကရာဇ်ဥယျာဉ်ထဲသို့ ဝင်ခွင့်တစ်ခုကို ကိုယ်စားပြုပြီး အင်အားစုကြီးများသည် ဧကရာဇ်ကျောက်စိမ်း တစ်ခု၊ နှစ်ခုမက ရယူထားနိုင်ခဲ့သည်။ ဧကရာဇ်ကျောက်စိမ်းများ ရပြီးနောက် ဧကရာဇ်ဥယျာဉ်ထဲသို့ မည်သူ့အား စေလွှတ်ရမလဲ ဆိုသည်မှာ အားလုံးအတွက် ခေါင်းခဲစရာမေးခွန်းတစ်ခု ဖြစ်လာခဲ့သည်။ ထို့ကြောင့် အင်အားစုများကြီးများသည် ဧကရာဇ်ဥယျာဉ်ထဲသို့ စေလွှတ်ရန်အတွက် ၎င်းတို့၏ အတော်ဆုံး တပည့်များကို ပြိုင်ပွဲများကျင်းပကာ စတင် ရွေးချယ်တော့လေသည်။
အထက်စကြာဝဠားဂိုဏ်းလည်း အတော်လေး အလုပ်ရှုပ်နေ၏။ အထက်စကြာဝဠာဂိုဏ်းသည် ဧကရာဇ်ဥယျာဉ်ထဲ သွားမည့်လူများကို ရွေးချယ်ထားပြီးပြီ ဖြစ်သည့်အတွက်ကြောင့် မည်သည့် ပြိုင်ပွဲကိုမှ ကျင်းပစရာ မလိုသော်လည်း သူ့အလုပ်နှင့်သူ အလုပ်ရှုပ်နေပေသေးသည်။ အားလုံး အလုပ်ရှုပ်နေကြချိန် ရန်ကိုင် တစ်ယောက်မှာတော့ အားလုံး၏ မြင်ကွင်းမှ ပျောက်ကွယ်နေခဲ့လေသည်။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၄၃၅)
နှစ်ဝက်ကြာပြီးသည့်နောက်တွင်၊ အထက်စကြာဝဠာဂိုဏ်း၊ ဧည်ကြိုခန်းမ၌၊ ဤနေရာတွင် လူအတော် စည်ကားနေခဲ့သည်။
နှစ်ဝက်ကြာအောင် စောင့်ပြီးသည့်နောက်တွင် ဧကရာဇ် ဥယျာဉ် ဖွင့်ရန်အတွက် ရက်အနည်းငယ်သာ လိုတော့ပေသည်။ အထက်စကြာဝဠာဂိုဏ်းနှင့် သဘောတူချက် ရပြီးသည့် ဂိုဏ်းတိုင်း အထက်စကြာဝဠာဂိုဏ်းထဲသို့ ရောက်နေကြလေပြီ။
အရိပ်လခန်းမ၏ ကိုယ်စားပြုများမှာ ချင်းတုန်၊ ဖေးကျီတု၊ ဝေကုချန်းနှင့် တုန်ရွှမ်းအာတို့ ဖြစ်ကြသည်။ ကံမကောင်းစွာဖြင့် အရိပ်လခန်းမသည် ဧကရာဇ်ကျောက်စိမ်းများ ရရန်အတွက် ကြိုးစားခဲ့ကြသော်လည်း နောက်ထပ် တစ်ပြားသာ ထပ်ရခဲ့သည်။ ထို့ကြောင့် ယခုတစ်ကြိမ် ဧကရာဇ်ဥယျာဉ်သို့ ခရီးတွင် တုန်ရွှမ်းအာ ကျန်ရစ်ခဲ့ရပေသည်။
ချင်းတုန်နှင့် ဖေးကျီတုတို့သည့် ဝေကုချန်းအား စောင့်ရှောက်ရန် လိုက်လာကြခြင်း ဖြစ်သည်။
ကြည်လင်ကောင်းကင်ဂိုဏ်းမှ အဖွဲ့ကို မိုယုမှ ဦးဆောင်လာ၏။ သူ့အပြင် သူနှင့် ခွန်အား မတိမ်းမယိမ်းရှိသော မီးခိုရောင်ဆံပင်နှင့် လူအိုကြီး တစ်ဦးလည်း ပါသေးသည်။ ထိုလူအိုကြီးသည် ကြည်လင်ကောင်းကင်ဂိုဏ်း၏ ဂိုဏ်းချုပ် ကုချန်း ဖြစ်ပေသည်။ ချန်ရှီတောင်းသည်လည်း ရန်ကိုင်နှင့် ရင်းနှီးသော ဆက်ဆံရေးကြောင့် နောက်ဆုံး ဝင်ခွင့်ကို ရရှိသွားနိုင်ခဲ့လေသည်။
ရှင်းရှင်းပြောရလျှင် ချန်ရှီတောင်း၏ အရည်အချင်းဖြင့် ဤတစ်ကြိမ်ခရီးတွင် ပါဝင်ခွင့်ရလိမ့်မည် မဟုတ်ချေ။ ကြည်လင်ကောင်းကင်ဂိုဏ်းတွင် သူမထက် အရည်အချင်း ပိုရှိသည့်လူ အများကြီး ရှိပေသည်။ သို့သော်လည်း မိုယုနှင့် ကုချန်းတို့သည် နှစ်ပေါင်းများစွာ အသက်ရှင်လာသည့် မြေခွေအိုကြီးများ ဖြစ်သည့်အလျောက် ကြည်လင်ကောင်းကင် ဂိုဏ်းအနေဖြင့် အထက်စကြာဝဠာဂိုဏ်းနှင့် ဆက်ဆံရေးကောင်း တစ်ခု တည်ဆောက်လိုလျှင် ချန်ရှီတောင်းအပေါ် မှီခိုရမည် ဖြစ်ကြောင်း သိထားကြသည်။
ထို့ကြောင့် ချန်ရှီတောင်အား ဧကရာဇ်ဥယျာဉ်ထဲသို့ လိုက်ခွင့်ပေးခဲ့သည်။ ထို့အပြင် ဧကရာဇ်ဥယျာဉ်ထဲ ရောက်လျှင် အဆင်ပြေစေရန်အတွက် သူမ၏ ကျင့်ကြံခြင်းအား ပို၍ မြန်မြန် မြှင့်တင်နိုင်အောင် ဝိုင်းဝန်းကူညီပေးခဲ့ကြသည်။ သူတို့၏ အကူအညီကြောင့် နှစ်ဝက်အတွင်း ချန်ရှီတောင်းသည် တန်ခိုးရှင် အဆင့်သို့ ရောက်ရှိလာနိုင်ခဲ့သည်။
ထိုကြောင့် ချန်ရှိတောင်း ရန်ကိုင်အား အလွန်ကိုမှ ကျေးဇူးတင်မိသွားသည်။ ရန်ကိုင်ကြောင့်သာ မဟုတ်လျှင် သူမ အနေဖြင့် ယခုကဲ့သို့ အခွင့်ထူးခံ လူတစ်ယောက် ဖြစ်လိမ့်မည် မဟုတ်ချေ။ ရန်ကိုင်အား ကျေးဇူးတင်လိုသည့် အတွက်ကြောင့် အထက်စကြာဝဠာဂိုဏ်းသို့ ရောက်သော် မျက်လုံးလေး ကလည်ကလည်ဖြင့် ရန်ကိုင်အား လိုက်ရှာခဲ့သည်။
အရိပ်လခန်းမနှင့် ကြည်လင်ကောင်းကင်ဂိုဏ်းတို့သည် အချိန်ကိုက် ရောက်လာကြသည်။ ဖန်သွေးရောင်ဂိုဏ်းသည်လည်း သူတို့ထက် နောက်မကျဘဲ ရောက်လာခဲ့ကြသည်။
ချင်းတုန် ခန့်မှန်းထားခဲ့သလိုပင် ဖန်သွေးရောင်ဂိုဏ်း အဖွဲ့ထဲ တိုက်ယွမ်ပါ ပါလာခဲ့သည်။ သို့သော် ဖန်သွေးရောင်ဂိုဏ်း၏ ကံသည် အရိပ်လခန်းမနှင့် ကြည်လင်ကောင်းကင်ဂိုဏ်းတို့ထက် ပိုကောင်းနေခဲ့သည်။ အရိပ်လခန်းမနှင့် ကြည်လင်ကောင်းကင်ဂိုဏ်းတို့သည် ဝင်ခွင့် သုံးနေရာ အသီးသီး ရထားကြချိန် ဖန်သွေးရောင်ဂိုဏ်းသည် ဝင်ခွင့် လေးနေရာစာ ရထားခဲ့သည်။
ဂိုဏ်းချုပ် ကုန်းရှင်းဟယ်ကိုင်တိုင် လိုက်လာခဲ့ပြီး သူနှင့်အတူ တိုက်ယွမ်၊ ကုန်းအောင်ဖုနှင့် ယင်စုတျယ်တို့ လိုက်လာခဲ့ကြသည်။
ဧကရာဇ်ဥယျာဉ်ထဲသို့ လိုက်လာခွင့်ရသော်လည်း ယင်စုတျယ်အဖို့ အလွန်ကိုမှ စိတ်မကျေမနပ် ဖြစ်နေခဲ့သည်။ အံကိုကြိတ်၊ နှုတ်ခမ်းအား တင်းတင်းကိုင်ရင်း ဘာမှန်းမသိသော စကားများကို တဖွဖွ ရေရွတ်နေသည်။ တိုက်ယွမ်ကိုလည်း အချိန်နှင့်အမျှ အငြိုးကြီးသော မြွေပွေးတစ်ကောင်နှယ် လှမ်းလှမ်းစိုက်ကြည့်နေခဲ့သည်။
တိုက်ယွမ်ကမူ သူမအား လျစ်လျူသာ ရှုထားလိုက်သည်။ ချန်ရှီတောင်းကဲ့သို့ သူမသည်လည်း ဧည့်ကြိုခန်းမသို့ ရောက်သည်နှင့် ရန်ကိုင်အား မျက်လုံးလေး ကလည်ကလည်ဖြင့် လိုက်ရှာတော့သည်။ သူမသည်လည်း တန်ခိုးရှင်ပထမအဆင့်သို့ ရောက်နေခဲ့လေပြီ။ သို့သော်လည်း ချန်ရှီတောင်းနှင့် မတူသည်ကား သူမသည် ကိုယ့်အားကိုယ်ကိုးပြီး ကြိုးစားခဲ့ခြင်း ဖြစ်သည်။
ထို့ကြောင့် ကုန်းရှင်းဟယ်နှင့် ကုန်းအောင်ဖုတို့ နှစ်ယောက်စလုံး အတော်လေး အံ့အားသင့်သွားခဲ့ကြလေသည်။ တိုက်ယွမ် တန်ခိုးရှင်အဆင့်သို့ ထိုမျှ မြန်မြန်ဆန်ဆန် ချိုးဖျက်သွားလိမ့်မည်ဟု သူတို့ မထင်ထားခဲ့ကြပေ။ ထို့ကြောင့်သာ မဟုတ်လျှင်လည်း တိုက်ယွမ်အား ဧကရာဇ်ဥယျာဉ်ထဲသို့ လိုက်ခွင့်ပြုမည် မဟုတ်လောက်ချေ။
ထိုလူများအပြင် မျက်နှာစိမ်းနှစ်ယောက်လည်း ရောက်နေခဲ့သည်။ နှစ်ယောက်စလုံးသည် တန်ခိုးရှင်တတိယ အဆင့် ပညာရှင်များ ဖြစ်ကြသည်။
ထိုနှစ်ယောက်နှင့် ရန်ကိုင် တစ်ခါမှ စကားဖူးသော်ငြား နှစ်ယောက်စလုံးသည် အရိပ်ကြယ်ပေါ်တွင် ကျော်ကြားသည့် လူများ ဖြစ်ကြပေသည်။
ထိုနှစ်ယောက်သည် မြူနှင်းမှုန်နန်းတော်၏ ဂိုဏ်းချုပ်နှင့် အကြီးအကဲချုပ်တို့ ဖြစ်ကြပေသည်။ မြူနှင်းမှုန်နန်းတော်သည် ပထမအဆင့် အင်အားစုတစ်ခု ဖြစ်သည့်အတွက် ထိုဂိုဏ်း၏ ဂိုဏ်းချုပ်နှင့် အကြီးအကဲချုပ်ဖြစ်သော ထိုလူနှစ်ယောက် အတော်လေး အားကောင်းမည်မှာ ပြောနေစရာ မလိုချေ။ ထိုနှစ်ယောက် ဤနေရာသို့ ရောက်နေရခြင်းမှာ အထက် စကြာဝဠာဂိုဏ်းအား ဧကရာဇ်ကျောက်စိမ်းတစ်ခု ပေးခဲ့သည့် အတွက်ကြောင့် ဖြစ်ပေသည်။
ဧကရာဇ်ကျောက်စိမ်းနှင့် အလဲအလှယ်အတွက် ထိုနှစ်ယောက်သည် အထက်စကြာဝဠာဂိုဏ်း၏ အရှေ့ခြမ်းမှ တိုက်ရိုက် ထွက်ခွာခွင့်ရခဲ့သည်။
လက်ရှိတွင် အထက်စကြာဝဠာဂိုဏ်း၏ ဧည့်ကြိုခန်းမထဲ တန်ခိုးရှင်တတိယအဆင့် ရှစ်ယောက် ရောက်နေခဲ့သည်။ ထိုရှစ်ယောက်စလုံးသည် အဆင့်အတန်းမြင့်မားကြသူများ ဖြစ်ကြသည်။ သို့သော်လည်း လက်ရှိ၌ ရှစ်ယောက်စလုံးသည် အသက်ပင် ရဲရဲမရှူရဲကြဘဲ အလေးအနက် အမူအရာဖြင့် သတ်မှတ်ထားသည့် နေရာအသီးသီး၌ ငြိမ်သက်စွာ ထိုင်နေကြသည်။
အကြောင်းအရင်းသည်ကား ရီရှီယွင်ကြောင့်ဟု ဆိုရပေမည်။ ရီရှီယွင်လည်း သူတို့နှင့်အတူတူ ထိုင်နေကြသဖြင့် အကုန်လုံး မည်ကဲ့သို့ မောက်မာရဲကြတော့မည်နည်း။
လက်ဖက်ရည်ကြမ်းသောက်၊ အသီးလေးစားပြီးနောက်တွင် ချင်းတုန်သည် အသာလေးချောင်းဟန့်လျက် စားပွဲထိပ်၌ ထိုင်နေသော ယန်ယန်ဘက်သို့ လှည့်၍ ယဉ်ယဉ်ကျေးကျေးဖြင့် မေးလိုက်လေသည် “မိန်းကလေးယန်ယန်၊ ရန်ကိုင် ထွက်မလာသေးဘူးလား”
ယန်ယန်က ခေါင်းခါလိုက်ပြီး “မထွက်လာသေးဘူး”
ချင်းတုန် မျက်မှောင်ကြုတ်သွားပြီး အနည်းငယ် စိတ်ပူနေသည့် လေသံဖြင့် ပြန်ပြောလိုက်လေသည် “သူတံခါးပိတ် ကျင့်စဉ်ဝင်နေတာ နှစ်ဝက်လောက် ရှိနေပြီ။ ဧကရာဇ်ဥယျာဉ်က ဒီရက်ပိုင်းအတွင်း ပွင့်တော့မှာ။ အများဆုံး ကြာမယ်ဆိုရင်တောင် နောက်ခုနှစ်ရက်၊ ရှစ်ရက်လောက်ပဲ။ သူသာ မထွက်လာသေးရင် ဒီအခွင့်အရေးကို လက်လွှတ်လိုက်ရတော့မှာ”
“အဲ့လိုတော့ ဖြစ်မယ်မထင်ဘူး။ ဒီအခွင့်အရေးကို သူကျိန်းသေ လက်လွှတ်ခံမှာမဟုတ်ဘူး။ နောက်ရက် နည်းနည်းလောက်ဆို သူထွက်လာလောက်တယ်” ယန်ယန်က ပြုံးလျက် ပြောလိုက်သည်။ သူမ၏ အမူအရာမှာ တည်ငြိမ်နေသော်ငြား သူမစိတ်ထဲတွင်လည်း အတော်လေး စိတ်ပူနေမိသည်။
ရန်ကိုင် ဘာကြောင့် တံခါးပိတ်ကျင့်စဉ်ဝင်နေမှန်း သူသိသည်။ ဧကရာဇ်ဥယျာဉ် မပွင့်ခင် တန်ခိုးရှင်အဆင့်သို့ ချိုးဖျက်နိုင်ရန် ဖြစ်သည်။ သို့သော်လည်း ယခုထိတိုင် ပထမကောင်းကင်နန်းတော်မှ မည်သည့် လှုပ်ရှားမှုကိုမှ မတွေ့ရသေးသဖြင့် ရန်ကိုင် အဆင်ပြေ၊ မပြေ၊ သူမ မသိရ ဖြစ်နေခဲ့သည်။
သွားစစ်ဆေးကြည့်ချင်သော်လည်း ရန်ကိုင်အား နှောင့်ယှတ်မိမည် စိုးသည့်အတွက် ရင်ပူပူ စိတ်ရှည်ရှည်ဖြင့် ထိုင်စောင့်နေရုံသာ တတ်နိုင်ခဲ့သည်။
“ရောက်လာတဲ့ ဧည့်သည်တွေအားလုံး ကိုယ်နေတဲ့ ယာယီနားနေဆောင်တွေဆီ ပြန်နားနှင့်ကြပါလား။ ဧကရာဇ် ဥယျာဉ် ပွင့်တော့မယ်ဆိုရင် သိသာတဲ့ ပြောင်းလဲမှုတွေကို မြင်ရမှာဆိုတော့ အဲ့အချိန်မှ ထွက်လည်း ဘာမှမဖြစ်ဘူး ဆိုတော့လေ” ယန်ယန်က အားလုံးကို ပြောလိုက်သည်။
ထိုစကားကို ကြားသည့်အခါ အားလုံး အကြည့်ချင်း ဖလှယ်လိုက်ကြပြီး ယန်ယန်အား ကျေးဇူးတင်စကားဆိုလျက် သူတို့ နေနေသည့် ယာယီနားနေဆောင်များဆီ အသီးသီး ပြန်သွဦးကြလေသည်။
သို့သော် သူတို့ ဧည့်ကြိုခန်းမထဲမှ မထွက်ရသေးခင်မှာပဲ မိုးမြေစွမ်းအင်များ မသိမသာလေး လှုပ်ခတ်သွားခဲ့လေသည်။
အကုန်လုံးသည် ထိပ်တန်းအဆင့်များ ဖြစ်ကြသည့်အတွက် ထိုပြောင်းလဲမှုသည် မသိသာသည့်တိုင် အကုန်လုံး သေချာ သတိပြုမိလိုက်ကြသေးသည်။
ခေါင်းမော့ကြည့်လိုက်သည့်အခါ၊ ဆယ်မိုင်ကျော်မက ကျယ်ဝန်းသော အပေါက်ကျယ်ကြီးမှတစ်ဆင့် အရှိန်တညီးညီး ထွန်းတောက်နေသော နေလုံးကို မြင်လိုက်ရသည်။ အားလုံးသည် ပုံမှန်သာဖြစ်သော်လည်း မုန်တိုင်းမလာခင် လေပြေသွေးနေသလို ခံစားချက်မျိုး အကုန်လုံး ခံစားနေရသည်။
အချိန်နှင့်အမျှ ထိုခံစားချက် ပိုပို၍ သိသာလာကာ မိုးမြေစွမ်းအင်သည်လည်း မြင်းရိုင်း ကဆုန်ပေါက်သည့်နှယ် စတင်၍ ကသောင်းကနင်း ဖြစ်လာခဲ့လေသည်။
“ဒါက..” ကုန်းရှင်းဟယ် မျက်လုံးမှေးစဉ်းသွားခဲ့သည်။
“အဖေ၊ ဒါဧကရာဇ်ဥယျာဉ် ပွင့်တော့မယ် လက္ခဏာလား” အနားတွင် ရှိနေသော ကုန်းအောင်းဖု စိတ်လှုပ်ရှားနေသည့် လေသံဖြင့် မေးလိုက်သည်။ ဧကရာဇ်ဥယျာဉ် ပွင့်တော့မည် ဆိုလျှင် ထူးခြားသည့် ပြောင်းလဲမှုများကို မြင်တွေ့ရလိမ့်မည်ဟု ယန်ယန်မှ ပြောသွားသည့်အတွက် မိုးမြေစွမ်းအင်များ မတည်မငြိမ် ဖြစ်လာခြင်းသည် ဧကရာဇ်ဥယျာဉ် ပွင့်တော့မည့် အတွက်ကြောင့် ဖြစ်သည်ဟု သူမစိတ်ထဲ အထင်ရောက်သွားခဲ့သည်။
အကုန်လုံးလည်း ထိုကဲ့သို့ ထင်နေကြလေရာ အလွန်ကိုမှ စိတ်လှုပ်ရှားနေကြလေသည်။
သို့သော်လည်း မကြာမီ အကုန်လုံး၏ မျက်ခုံးကြောတို့ တွန့်ကွေးသွားခဲ့ပြီး အခြားတစ်ဖက်သို့ လှည့်ကြည့်လိုက်ကြ၏။
“ဧကရာဇ်ဥယျာဉ် ပွင့်တာမဟုတ်ဘူး။ တစ်ယောက်ယောက် အဆင့်ချိုးဖျက်ဖို့ လုပ်နေတာ” ချင်းတုန်က ရေရွတ်လိုက်သည်။ တစ်ခဏ တိတ်နေပြီးနောက် ရုတ်တရက် စိတ်လှုပ်ရှားနေသည့် လေသံဖြင့် “အဲ့ဒါ ရန်ကိုင်ပဲ ဖြစ်ရမယ်”
မိုးမြေစွမ်းအင်များ ဘာကြောင့် မငြိမ်မသက် ဖြစ်လာရလဲ ဆိုသည်ကို သူနားလည်သွားလေပြီ။
ယန်ယန်သည်လည်း ပျော်သွာပြီး ပထမကောင်းကင် နန်းတော်ဆီသို့ ပျံသန်းသွားလေသည်။
အခြားသူများလည်း ယန်ယန်နောက်သို့ ပြေးလိုက်သွားပြီး အနီးကပ် သွားကြည့်ချင်သော်ငြား သူတို့ ခြေတစ်လှမ်းပင် မလှမ်းရသေးခင်မှာပင်၊ ရီရှီယွင်သည် သူတို့ရှေ့သို့ ရောက်လာပြီး အေးစက်စက် အမူအရာဖြင့် ပြောလိုက်သည် “ကိုယ့်နေရာမှပဲ ကိုယ်နေ”
ဤနေရာရှိ လူတော်တော်များသည် ရန်ကိုင်နှင့် နည်းနည်းပါးပါး ရင်းနှီးကြပြီး အချို့ဆိုလျှင် အတော်လေး ရင်းနှီးကြသော်လည်း ရန်ကိုင်သည် အလွန်ကိုမှ အရေးကြီးသည့် အခိုက်အတန်သို့ ရောက်နေခဲ့သည့် အတွက် မည်သူ့ကိုမှ ပထမကောင်းကင်နန်းတော်နားသို့ သွားခွင့် မပေးနိုင်ပေ။ ရန်ကိုင်သည် အဆင့်ကြီးတစ်ဆင့်သို့ ချိုးဖျက်တောရန် ပြင်နေခြင်း ဖြစ်သည်။ သူသာ နောက်ဆုံးအခိုက်အတန့်နေမှ နှောင့်ယှတ်ခံရလျှင် အကျိုးဆက်မှာ မတွေးရဲစရာပင်။
ထို့ကြောင့် သူမနေအဖြင့် မည်သူ့ကိုမှ သူ့နားသို့ သွားခွင့် မပေးနိုင်ချေ။
ချင်းတုန်နှင့် အခြားသူများသည်လည်း ထိုအချက်ကို နားလည်ထားကြသည့် အတွက် ခေါင်းညိတ်ပြီး မူလနေရာတွင်သာ ရပ်နေကြလိုက်ကြသည်။
အကုန်လုံး ရှေ့ဆက်မတိုးတော့သည်ကို မြင်သော် ရီရှီယွင် ဘာမှထပ်မပြောတော့ဘဲ ယန်ယန်နောက်သို့ ပြေးလိုက်သွားလေ၏။ ယခု ဧည့်ကြိုခန်းမရှေ့၌ ချင်းတုန်နှင့် အခြား ဧည့်သည်များသာ ကျန်ရစ်တော့လေသည်။
“စီနီယာအစ်ကို၊ စီနီယဦအစ်ကိုရန် အဆင့်ချိုးဖျက်တာ ဘယ်လိုနေမယ်လို့ ထင်လဲ” တုန်ရွှမ်းအာက အနည်းငယ် စိုးရိမ်နေသည့် လေသံဖြင့် မေးလိုက်သည်။ သူမသည်လည်း ထိုအဆင့်ကို ဖြတ်ကျော်ဖူးသဖြင့် တန်ခိုးရှင်အဆင့်သို့ ချိုးဖျက်ရန် မည်မျှ ခက်ခဲကြောင်း နားလည်ထားသည်။
အဆင့်ကြီးတစ်ဆင့် ချိုးဖျက်တိုင်း အခက်အခဲများစွာနှင့် ရင်ဆိုင်ရသည်။ သိုင်းတာအိုလမ်းစဉ်သို့ ခြေချလိုက်ခြင်းသည် ကောင်းကင်နိယာမများကို ဆန့်ကျင်ခြင်း ဖြစ်သည့်အတွက် အဆင့်ချိုးဖျက်တက်တိုင်း ကောင်းကင်၏ အတားအဆီးအား ကြုံတွေ့ရသည်မှာ သဘာဝသာ ဖြစ်သည်။
တုန်ရွှမ်းအာ အဆင့်ချိုးဖျက်နေစဉ်က ကိုယ်တွင်းနတ်ဆိုးများ ပေါ်လာပြီး နှောင်ံယှတ်သဖြင့် အဆင့်ချိုးဖျက်ခြင်း ကျရှုံးလုမတတ် ဖြစ်သွားခဲ့ရသည်။ ထိုကဲ့သို့သော အဖြစ်အပျက်မျိုးသည် ကျင့်ကြံသူတိုင်း ကြုံတွေ့ရမည့်အရာ ဖြစ်သည်။
တုန်ရွှမ်းအာ၏ မေးခွန်းကိုကြားသော် ဝေကုချန်းက ပြုံးဖြီးဖြီးဖြင့် ပြန်ပြောလိုက်သည် “စိတ်ပူမနေစမ်းနဲ့။ ငါတောင် လုပ်နိုင်သေးတာ သူမလုပ်နိုင်ဘဲ ဘယ်နေပါ့မလဲ”
ဝေကုချန်း၏ စကားလုံးထဲ ယုံကြည်ချက်တို့ ပြည့်နေချိန်၊ ယင်စုတျယ်မှာ နှုတ်ခမ်းအား တင်းတင်းကိုက်ရင်း ဤအဆင့်ချိုးဖျက်ခြင်း ဖြစ်စဉ်တွင် ရန်ကိုင် သေပါစေဟု ကြိတ်၍ ဆုတောင်းနေလေသည်။
တစ်ချိန်တည်းတွင်၊ ပထမကောင်းကင်နန်းတော်မှ သုံးမိုင်အကွာ၌၊ ယန်ယန်သည် ထိုနေရာတွင် ရပ်၍ အခြေအနေအား တိတ်တဆိတ် လေ့လာနေခဲ့သည်။
မကြာမီ၊ ဝူရီ၊ ချင်းယွဲ့၊ ချန်ချီနှင့် အခြားသူများ ရောက်လာခဲ့ကြသည်။ အကုန်လုံးသည် အချင်းချင်း ဟိုမေး ဒီမေး လုပ်ကြည့်ပြီးနောက် လက်ရှိ အခြေအနေအား နားလည်သွားခဲ့ကြသည်။
ရန်ကိုင်အား မနှောင့်ယှတ်မိစေရန်အတွက် ပထမ ကောင်းကင်နန်းတော်နှင့် သုံးမိုင်အကွာအတွင်းသို့ မည်သူမှ မချဉ်းကပ်ရဟု ယန်ယန်မှ အမိန့်ထုတ်လိုက်သည်။ ချက်ချင်းပဲ ဂိုဏ်းသားအားလုံးသည် သုံးမိုင်အကွာအတွင်းသို့ မည်သူမှ မဝင်လာစေရန်အတွက် စတင် ကင်းလှည့်ကြတော့လေသည်။
ထိုအမိန့်ထုတ်ပြီးသည်နှင့် တစ်ပြိုင်နက် ပထမကောင်းကင် နန်းတော် အနားတစ်ဝိုက်ရှိ လေထု အပြောင်းကြီး ပြောင်းလဲသွားခဲ့လေသည်။
ပထမကောင်းကင်နန်းတော်ပေါ်ရှိ အထက်ကောင်းကင်ယံ၌ လေပွေတစ်ခု ပေါ်လာခဲ့သည်။ ထိုလေပွေသည် အစပိုင်းတွင် မီတာအနည်းငယ်သာ ကျယ်သော်လည်း လျင်မြန်စွာ ကျယ်ပြန့်လာလိုက်ရာ မျက်တောင်တစ်ခတ်အတွင်း မီတာ ရာပေါင်းများစွာ အကျယ်သို့ ရောက်သွားခဲ့သည်။
ထိုလေပွေဖြစ်ပေါ်လာသည်နှင့် တစ်ပြိုင်နက် အနီးအနား၌ ရှိနေသော မိုးမြေစွမ်းအင်များကို ဆာလောင်နေသော သားရဲ တစ်ကောင်နှယ် အငမ်းမရ စုပ်ယူတော့သည်။
အရောင်အသွေး မတူညီသော ရောင်စဉ်များလည်း စတင် ထွက်ပေါ်လာခဲ့သည်။ အချို့သည် မီးတောက်မီးလျှံနှယ် ရဲရဲတောက် နီရဲနေပြီး အချို့မှာမူ ရေခဲနှယ် သန့်စင်ဖြူဖွေးသည်။ ထိုရောင်စုံအလင်းတန်းများ လေပွေများနှင့် ပေါင်းစပ်သွားသည့် အခါ လေထဲရှိ ဖိအားလည်း ပို၍ ပြင်းထန်သွားခဲ့လေသည်။
“ဒြပ်ကြီးငါးပါးမိုးမြေစွမ်းအင်လား” ရီရှီယွင် ထိတ်လန့်တုန်လှုပ်သွားခဲ့သည်။
ထိုဒြပ်ကြီးငါးပါး မိုးမြေစွမ်းအင်သည် ဒြပ်ကြီးငါးပါး စွမ်းအင်နှင့် မိုးမြေစွမ်းအင်တို့ ပေါင်းစပ်ရာမှ ဖြစ်ပေါ်လာသော စွမ်းအင်တစ်မျိုး ဖြစ်သည်။ ဧကရာဇ်ဥယျာဉ် ပြောင်းလဲမှုဖြစ်စဉ်က ထိုကဲ့သို့သော မိုးမြေစွမ်းအင်များ ပေါ်လာခဲ့ဖူးပေသည်။
လက်ရှိတွင် ထိုကဲ့သို့သော အဖြစ်အပျက် နောက်တစ်ကြိမ် ထပ်ဖြစ်နေသည်။ ယခင်နှင့် မတူသည်ကား ယခုတစ်ကြိမ် ဖြစ်စဉ်သည် အနည်းငယ် ပိုအားနည်းနေခြင်းသာ ဖြစ်သည်။
ဧကရာဇ်ဥယျာဉ်သည် ဧကရာဇ်အဆင့် မှော်ရတနာတစ်ခု ဖြစ်သည့်အတွက် ၎င်း၏ ပြောင်းလဲမှုသည် အရိပ်ကြယ် တစ်ခုလုံးအား သက်ရောက်သွားခဲ့သည်မှာ အထူးအဆန်း မဟုတ်ချေ။
သို့သော်လည်း ရန်ကိုင်သည် သူတော်စင်ဘုရင်အဆင့်မှ တန်ခိုးရှင်အဆင့်သို့ ချိုးဖျက်နေခြင်းသာ ဖြစ်သည်။ သို့တိုင် သူအဆင့်ချိုးဖျက်ရာ၌ ဒြပ်ကြီငါးပါးမိုးမြေစွမ်းအင် ထပ်မံ ထွက်ပေါ်လာသည့်အတွက် ရီရှီယွင် အံ့အားသင့်နေမိလေသည်။