အခန်း (၁၄၅၁-၁၄၅၅)
Vol. 59 Ch. 1451-1455
အပိုင်း (၁၄၅၁)
တန်ခိုးရှင်ဘုရင်အဆင့် ဆေးလုံးအား ရန်ကိုင် ဖော်စပ်နိုင်သည့် တစ်နေ့၊ ဆေးပညာအရာတွင် သူသည် ကြယ်စီရင်စုကြီး၏ ထိပ်တန်းအဆင့် ပုဂ္ဂိုလ်များအနက် တစ်ဦး ဖြစ်လာပေလိမ့်မည်။
သူ့တွင် တန်ခိုးရှင်ဘုရင်အဆင့် ဆေးပင် တော်တော်များများ ရှိထားပေသည်။ ထိုဆေးပင်အားလုံးကို လွင့်မျောတိုက်ကြီးဆီမှ ခူးယူလာခဲ့ခြင်း ဖြစ်သည်။ သို့သော်ငြား ကျွမ်းကျင်မှု မလုံလောက်သေးသဖြင့် ထိုဆေးပင်များကို သွားမထိသေးပေ။
သူ့တွင် တန်ခိုးရှင်အဆင့် ဆေးပင်များ ရှိသော်လည်း ဤကဲ့သို့ အဖိုးတန်ဆေးပင်ကို မလိုချင်သည့်လူ မည်သူ ရှိသနည်း။ အကုန်လုံး လိုချင်ကြသည်။ သူလည်း ချွင်းချက်မဟုတ်။
ထို့အပြင် တန်ခိုးရှင်ဘုရင်အဆင့် ဆေးပညာရှင်တစ်ယောက် ဖြစ်လာရန်အတွက် အချိန်ရော၊ အရင်းအမြစ်ပါ လိုအပ်ပေမည်။ ထိုကဲ့သို့ စဉ်းစားမိလိုက်သော် သူ့ရှေ့ရှိ ဆေးပင်များကို အားတက်သရော ခူးတော့လေသည်။
ဤသို့ဖြင့် ခူးနေလိုက်ရာ နေ့တစ်ဝက်ကြာသွားခဲ့သည်။ ထိုအခါ ရန်ကိုင် မတ်တပ်ရပ်၍ ဝေ့ကြည့်လိုက်ရာ ဆေးပင် သိပ်မကျန်တော့မှန်း တွေ့လိုက်ရသည်။ ဆေးဥယျာဉ်ထဲတွင် ဆေးပင်များစွာ ရှိနေသော်ငြား သူတို့ ဆေးပင် ခူးသည့်နှုန်းသည် အတော်လေးကိုမှ မြန်ဆန်လွန်းလှသည်။ ထို့ကြောင့် နေ့တစ်ဝက် အတွင်း ဆေးဥယျာဉ်တစ်ခုလုံး ပြောင်ခါနီး ဖြစ်သွားခြင်းပင်။ လက်ကျန် ဆေးပင်များကိုမူ ရေခဲနှလုံးသားတောင်ကြားမှ အမျိုးသမီးတို့ ခူးနေခဲ့သည်။
ရန်ကိုင်သည် လက်ကျန် ဆေးပင်များကို သွားမခူးတော့ဘဲ အမျိုးသမီးသုံးယောက် ခူးနေသည်ကိုသာ ရပ်ကြည့်နေခဲ့သည်။
အားလပ်ချိန် ရှိစဉ်ရှိခိုက်၊ ရန်ကိုင်သည် တောင်ကြားအား သေချာ စစ်ဆေးကြည့်တော့သည်။ ဤနေရာသည် လွန်ခဲ့သော နှစ်သောင်းပေါင်းများစွာခန့်က ကျင့်ကြံသူတစ်ယောက် နေခဲ့သည့် နေရာဖြစ်သဖြင့် လူသူနေထိုင်ခဲ့သည့် အရိပ်အယောင်အချို့ ကျန်ရစ်ခဲ့ရပေမည်။ တောင်ကြားထဲသို့ ဝင်လာစဉ်က အားလုံး၏ အာရုံသည် ဆေးဥယျာဉ်ပေါ်တွင်သာ ရှိနေသည့်အတွက် တောင်ကြားတစ်ခုလုံးကို အသေးစိတ် မစစ်ဆေးမိခဲ့ပေ။
ယခု သေချာကြည့်လိုက်သည့် အခါတွင်လည်း လူသူ နေထိုင်ခဲ့သည့် မည်သည့် အရိပ်အယောင်ကိုမှ မတွေ့ရပေ။
ဖြစ်နိုင်တာက…
ရန်ကိုင် တောင်ကြားအား အသေးစိတ် ထပ်ကြည့်သည်။ မကြာမီ သဲလွန်စအချို့ကို ရှာတွေ့သွားခဲ့ပြီး အနည်းငယ် ချောမွတ်နေသော တောင်နံရံဆီသို့ လမ်းလျှောက်သွားလေ၏။
ထိုတောင်နံရံကို ရန်ကိုင် ခေါက်ကြည့်လိုက်သည်။ မည်သည့် ထူးခြားမှုကိုမှ မတွေ့ခဲ့ရ။ အကုန်လုံးသည် သာမန်သာ ဖြစ်သည်။ သို့သော်လည်း ရန်ကိုင်သည် သုံးနှစ်သား ကလေးတစ်ယောက် မဟုတ်လေရာ သူ့အား လှည့်စားရန် မည်ကဲ့သို့ လွယ်မည်နည်း။ ချက်ချင်းပဲ တောင်နံရံအား လက်ချောင်းဖြင့် လိုက်ပြီး တောက်ကြည့်လျက် ထွက်ပေါ်လာသော အသံများကို သေချာ နားစိုက်ထောင်လေသည်။ တစ်ချိန်တည်းတွင် ကောင်းကင် စိတ်အာရုံဖြင့် ထုတ်လွှတ်၍ တောင်အတွင်းပိုင်းကိုပါ တစ်ခါတည်း စစ်ဆေးကြည့်သည်။
ခဏအကြာတွင် သူလိုချင်နေသည့် အရာကို ရှာတွေ့သွား၏။ ပျော်ရွှင်စွာပြုံးလျက် တောင်နံရံအား ရိုက်ချလိုက်လေသည်။
သာမန် လက်ဝါးရိုက်ချက်ဖြင့်သာ ရိုက်ချလိုက်ခြင်း ဖြစ်သည်။ သို့သော် တောင်နံရံကို ထိမှန်သွားသည့်အခါ တဝုန်းဝုန်း မြည်သံများ ထွက်ပေါ်လာပြီး နံရံတစ်ခုလုံး ပြိုကျသွားကာ ရန်ကိုင်ရှေ့ မည်းမှောင်နေသော လိုဏ်ခေါင်းတစ်ခု ပေါ်လာခဲ့လေသည်။
ရန်ကိုင် မျက်ခုံးပင့်လိုက်ပြီး အထဲသို့ လျှောက်ဝင်သွား၏။
တောင်အတွင်းပိုင်းထဲသို့ ဦးတည်နေသည့် ဤလိုဏ်ခေါင်းသည် လူနှစ်ကိုယ်စာ ယှဉ်သွားရုံလောက်သာ ကျယ်ပေသည်။
တစ်မိုင်နှစ်မိုင်မျှ လျှောက်လာပြီးနောက်တွင် သူ့ရှေ့ဆီမှ မှိန်ဖျဖျ အလင်းတန်းများ ထွက်ပေါ်နေသည်ကို မြင်လိုက်ရသည်။
ထိုအခြင်းအရာကို မြင်လိုက်သည့်အခါ ရန်ကိုင် ပျော်ရွှင်စွာ ပြုံးလိုက်ပြီး အရှိန်တင်လိုက်သည်။
မကြာမီ မီတာတစ်ရာခန့် အကျယ်ရှိသော ကျောက်တုံးခန်း တစ်ခန်းဆီသို့ ရောက်လာခဲ့သည်။ အခန်းအပြင်အဆင်သည် အလွန် ရိုးရှင်းပေသည်။ အခန်းထဲတွင် ကျောက်တုံးဖြင့် လုပ်ထားသော ကုတင်တစ်လုံး၊ ထိုင်ခုံတစ်လုံးနှင့် စားပွဲခုံ တစ်လုံးသာ ရှိသည်။
သို့သော်လည်း အခန်းထဲ ဝင်လိုက်သည်နှင့် ရန်ကိုင်၏ အကြည့်သည့် တစ်ခုသော နေရာဆီသို့ ရောက်သွားခဲ့သည်။
ထိုနေရာရှိ မြေပြင်ထက်တွင် တစ်မီတာ အမြင့်ရှိသော ဆေးမီးဖိုတစ်လုံး ငြိမ်သက်စွာ ရှိနေခဲ့သည်။ ဆေးမီးဖိုသည် အလွန်ကိုမှ ရိုးစင်းသော်လည်း ၎င်း၏ မျက်နှာပြင်ပေါ်ရှိ အမှတ်အသားများအရ တန်ခိုးရှင်ဘုရင်အဆင့် ဆေးမီးဖို တစ်လုံး ဖြစ်သည်မှာ သံသယရှိစရာ မလိုချေ။
ဆေးမီးဖိုဘေးတွင်မူ တင်ပလင်ခွေ ထိုင်နေသော အရိုးခြောက်တစ်ခု ရှိနေခဲ့သည်။ အရိုးခြောက်၏ ထိုင်နေသည့် ပုံစံအရ မသေခင် အချိန်အတွင်း ဆေးမီးဖို့ထဲသို့ သူတော်စင်ချီ ထည့်သွင်းနေခြင်း ဖြစ်ဟန်တူသည်။
တစ်နည်းဆိုရသော် ထိုလူသည် သူမသေခင် ဆေးဖော်စပ်နေခြင်း ဖြစ်သည်။
ဆေးပင်များစွာ ပေါက်ရောက်နေသော ဆေးဥယျာဉ်ကြီး ရှိနေမှဖြင့် ဤနေရာပိုင်ရှင်သည် ဆေးပညာရှင် တစ်ဦး ဖြစ်မှန်း ရန်ကိုင် အစောပိုင်းကတည်းက ခန့်မှန်းမိပြီးသားပင်။
ဆေးပညာရှင် တစ်ယောက်သာ သူ့နေသည့် နေရာတွင် ဆေးပင်အများကြီးကို စိုက်ပျိုးထားပေလိမ့်မည်။ ထို့အပြင် ထိုလူကို ကြည့်ရသည်မှာ ဆေးပညာအား အလွန်ကိုမှ ရူးသွပ်သည့် လူတစ်ယောက် ဖြစ်ပေလိမ့်မည်။ မဟုတ်လျှင် သေသွားသည့်တိုင် ဆေးဖော်စပ်နေလိမ့်မည် မဟုတ်ပေ။
တစ်ခုတည်းသော မေးခွန်းသည်ကား သူဖော်စပ်နေသည့် ဆေးလုံးကို အောင်မြင်စွာ ဖော်စပ်လိုက်နိုင်လား၊ မဖော်စပ်နိုင်ဘူးလား ဆိုသည်ပင်။
ထိုကဲ့သို့ စဉ်းစားမိလိုက်သည့်အခါ ကောင်းကင်စိတ်အာရုံကို ထုတ်လွှတ်၍ ဆေးမီးဖိုကို စစ်ဆေးကြည့်လိုက်သည်။ သူထင်သည့် အတိုင်း ဆေးမီးဖိုထဲ ဆေးလုံးတစ်လုံး ရှိနေသည်ကို တွေ့လိုက်ရသည်။
သူအောင်မြင်သွားခဲ့ပေသည်။ ထိုဆေးပညာရှင်အား ရန်ကိုင် လေးစားမိသွားသည်။ ဤနေရာပိုင်ရှင်သည် ဆေးဖော်စပ်ရာမှ အားအင်ကုန်ခမ်းမှုကြောင့် သေဆုံးသွားလေသလား၊ ထိုသို့ မဟုတ်ဘဲ မသေခင် ဆေးလုံးတစ်လုံးကို ဖော်စပ်သွားချင်သည့် အတွက်ကြောင့် ဆေးဖော်စပ်ရင်း သေသွားလေသလား ဆိုသည်ကို ရန်ကိုင် မသိသော်လည်း ထိုလူ၏ စိတ်ဓါတ် ပြတ်သားမှုကို ရန်ကိုင် မလေးစားဘဲ မနေနိုင်ချေ။
ရန်ကိုင်သည်လည်း ဆေးပညာရှင်တစ်ယောက် ဖြစ်သည့် အတွက် ထိုအကြောင်းကို ကောင်းကောင်း နားလည်ထားသည်။ ထိုလူသည် လူဆိုးဖြစ်စေ၊ လူကောင်းဖြစ်စေ၊ ဆေးပညာအား သူ့အသက်ထက်ပင် တန်ဖိုးသည့်လူတစ်ယောက် ဖြစ်ရပေမည်။ မဟုတ်လျှင် ယခုကဲ့သို့ သေသွားစရာ အကြောင်း မရှိပေ။
ထိုအကြောင်းများကို စဉ်းစားမိနေစဉ်မှာပဲ၊ သူ့နောက်ဘက်မှ ခြေသံများကို ကြားလိုက်ရသဖြင့် မျက်မှောင်ကြုတ်မိသွားသည်။ ချက်ချင်းပဲ ဆေမီးဖိုဆီသို့ ပြေးသွားပြီး မီးဖိုထဲရှိ ဆေးလုံးကို ထုတ်ကာ ကျောက်စိမ်းပုလင်း တစ်ပုလင်းထဲသို့ ထည့်၍ သိုလှောင်လက်စွပ်ထဲ အမြန် ထည့်လိုက်သည်။ အလွန်ကိုမှ အလျင်လိုနေသည့် အတွက် မီးဖိုထဲရှိ ဆေးလုံး ဘာဆေးလုံး ဖြစ်မှန်းကိုပင် မစစ်ဆေးလိုက်ရချေ။
ဆေးပုလင်းကို သိုလှောင်လက်စွပ် ထည့်ပြီးသည့်နောက် ရေခဲနှလုံးသားတောင်ကြားမှ အမျိုးသမီး ပေါ်လာခဲ့သည်။
“ဒါ တောင်ကြားပိုင်ရှင်နေတဲ့ လိုဏ်ဂူလား” ခေါင်းဆောင် အမျိုးသမီးသည် ရောက်ရောက်ချင်း ဘေးပတ်ဝန်းကျင်အား အံ့အားသင့်နေသည့် အမူအရာဖြင့် လှည့်ပတ်ကြည့်လိုက်သည်။
“ဟုတ်လောက်တယ်” ရန်ကိုင်သည် တည်တည်ငြိမ်ငြိမ်ဖြင့် ပြန်ဖြေလိုက်လေသည်။
“အို၊ ဆေးမီးဖိုတစ်လုံးပါလား။ ဒီတောင်ကြားပိုင်ရှင် ဆေးပညာရှင် တစ်ယောက်လား” အမျိုးသမီး အလွန် ပျော်သွားပြီး ချက်ချင်း ရန်ကိုင်ဘေးသို့ လျှောက်လာလျက် ပတ်ဝန်းကျင်အား အသေးစိတ် စစ်ဆေးကြည့်လေသည်။ အကုန်လုံး အကောင်းအတိုင်း ရှိနေသေးသည်ကို မြင်သော် သူမ၏ အကြည့်သည့် အရိုးခြောက် လက်ရှိ သိုလှောင်လက်စွပ်ဆီသို့ ရောက်သွားခဲ့သည်။
“ယူကြည့်လိုက်လေ” အမျိုးသမီး ဘာတွေးနေလဲ ရန်ကိုင် သိပေသည်။ ထို့ကြောင့် သူမအား လက်ယပ်ပြလိုက်သည်။
အမျိုးသမီးသည် အနည်းငယ် ရှက်နေသော်လည်း ငြင်းမနေခဲ့ဘဲ ခေါင်းညိတ်၍ “အဲ့လိုဆို အစ်မယူလိုက်မယ်နော်”
ပြောပြီးသည်နှင့် သူတော်စင်ချီဖြင့် သူမကိုယ်သူမ ကာကွယ်၍ သိုလှောင်လက်စွပ်ကို လှမ်းယူလိုက်လေသည်။
ကံကောင်းစွာဖြင့် မည်သည့် အန္တရာယ်နှင့်မှ မကြုံခဲ့ရဘဲ အမျိုးသမီးသည် သိုလှောင်လက်စွပ်ကို အလွယ်တကူ ရယူနိုင်ခဲ့၏။ သိုလှောင်လက်စွပ်အား ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေးကြည့်ပြီးနောက် အမျိုးသမီး အလွန် ပျော်သွားခဲ့သည်။
ထို့နောက် သိုလှောင်လက်စွပ်အား ရန်ကိုင်ဆီသို့ မပေးချင် ပေးချင်ပုံစံဖြင့် ပစ်ပေး၍ ပြောလိုက်သည် “မောင်လေးလည်း တစ်ချက် စစ်ဆေးကြည့်လိုက်ပါလား”
ရန်ကိုင်လည်း ကောင်းကင်စိတ်အာရုံကို ထုတ်လွှတ်၍ သိုလှောင်လက်စွပ်အား စစ်ဆေးကြည့်လိုက်သည်။ စစ်ဆေးပြီးနောက် တစ်ချက်လောက် စဉ်းစားလျက် အမျိုးသမီး ဘက်သို့ လှည့်ကာ ပြောလိုက်သည် “ဒါကိုလည်း အရင် သဘောတူထားတဲ့အတိုင်းပဲ ခွဲမယ်မလား”
“သဘောတူထားမှတော့ အဲ့အတိုင်းပဲ ခွဲရမှာပေါ့” အမျိုးသမီးက အားတင်းပြုံးလျက် ပြန်ပြောလိုက်သည်။
“အဲ့လိုဆိုရင် အထဲက ပစ္စည်းတွေကို တစ်ချက်လောက် အရင် ကြည့်ကြည့်တာပေါ့” ပြောပြီးသည်နှင့် သိုလှောင်လက်စွပ်ထဲရှိ ပစ္စည်းများကို စထုတ်တော့လေသည်။
ပထမဦးစွာ၊ သူတော်စင်သလင်းကျောက်များကို အရင် ထုတ်လိုက်သည်။ လက်စွပ်ထဲတွင် အထွဋ်အထိပ်အဆင့် သူတော်စင်သလင်းကျောက် သန်းပေါင်းများစွာ ရှိနေခဲ့သည်။
ထိုပမာဏသည် သာမန် ကျင့်ကြံသူတစ်ယောက် အတွက် အလွန်ကိုမှ များပြားလိမ့်မည် ဖြစ်သော်လည်း ဆေးပညာရှင် တစ်ယောက် ဖြစ်သော တောင်ကြားပိုင်ရှင်တွင် ဤမျှ ရှိနေသည်မှာ အံ့ဩစရာမဟုတ်ချေ။ မချမ်းသာသည့် ဆေးပညာရှင် မည်သူ ရှိသနည်း။ ဆေးပညာရှင်တိုင်း ချမ်းသာကြသူချည်းသာ။
သူတော်စင်သလင်းကျောက်များကို ရန်ကိုင်တို့ နှစ်ယောက် တစ်ယောက်တစ်ဝက် ခွဲယူလိုက်လေသည်။
သူတော်စင်သလင်းကျောက်များ ပြီးနောက် ဆေးပုလင်းများ အလှည်ပင်။ အထဲတွင် အရွယ်အစား မတူညီသော ဆေးပုလင်းပေါင်း တစ်ရာကျော် ရှိနေသည်။
ရန်ကိုင်သည် ဆေးပုလင်းများကို တစ်ပုလင်းချင်းစီ ထုတ်၍ ကြမ်းပြင်ပေါ် ချထားလိုက်သည်။ အမျိုးသမီးသည် ရန်ကိုင် သူမအား မလှိမ့်တပတ် ရိုက်သွားမည်ကို စိုးရိမ်နေသည့်အလား ဆေပုလင်များ ထုတ်နေသည့် ရန်ကိုင်၏ လက်အား မျက်တောင်မခတ်တမ်း စိုက်ကြည့်နေခဲ့သည်။
ဆေးပုလင်းတစ်ရာကျော်လုံး အပြင်သို့ ရောက်လာသည့်အခါ အမျိုးသမီး၏ အသက်ရှူသံ မြန်ဆန်လာခဲ့သည်။
ရန်ကိုင်ကမူ ယဲ့ယဲ့ပြုံး၍သာ ပြောလိုက်သည် “ဒီထဲမှာ ဆေးလုံးတွေ ရှိတယ်ဆိုပေမယ့် နှစ်တွေကြာသွားသွားပြီဆိုတော့ အထဲက ဆေးလုံးတွေက သုံးလို့ ရချင်မှ ရတော့မှာ။ ဆေးပုလင်း တစ်ပုလင်းလုံး သုံးမရဖြစ်နေတာမျိုးတောင် ဖြစ်နေနိုင်တယ်။ ဒါကြောင့် အရမ်းကြီး မျှော်လင့်မထားရင် ကောင်းလိမ့်မယ်”
ရန်ကိုင်၏ စကားကို ကြားသည့်အခါ အမျိုးသမီး မျက်နှာထက်ရှိ စိတ်လှုပ်ရှားနေသည့် အမူအရာ ပျောက်ကွယ်သွားပြီး အသာအယာ ခေါင်းညိတ်၍ ပြောလိုက်၏ “မောင်လေး ပြောတာအမှန်ပဲ။ အရင်စစ်ဆေးကြည့်ရအောင်”
“အင်း၊ စစ်ဆေးကြည့်တာပေါ့” ရန်ကိုင် ခေါင်းညိတ်လိုက်ပြီး အမျိုးသမီးအား အရင် စစ်ဆေးခိုင်းလိုက်သည်။
ခေါင်းညိတ်လျက် အမျိုးသမီးသည် သူမရှေ့ရှိ ဆေးပုလင်း တစ်ပုလင်းကို ကောက်ယူအဖုံးဖွင့်ကာ ဆေးလုံးများကို လက်ဝါးပေါ်သို့ သွန့်ချကြည့်လိုက်သည်။ ဆေးလုံးရှစ်လုံး ထွက်လာခဲ့ပေသည်။ သို့သော် ထိုဆေးလုံးများကို မြင်လိုက်ချိန် အမျိုးသမီး စိတ်ပျက်သွားခဲ့သည်။
ဆေးလုံး ရှစ်လုံးအနက်တွင် ခုနှစ်လုံးမှာ သုံးစားမရတော့ပေ။ ကျန်တစ်လုံးမှာလည်း ဆေးနံ့သာ သင်းသင်းလေး ကျန်နေခြင်း ဖြစ်ပြီး ဆေးအာနိသင်မှာ မရှိတော့ချေ။
ဆေးလုံးရှစ်လုံးစလုံး ပျက်စီးနေခဲ့လေပြီ။
“ဆိုးလိုက်တဲ့ငါ့ကံ” အမျိုးသမီး ကူကယ်ရာမဲ့စွာ ရယ်လိုက်ပြီး ရန်ကိုင်အား လှမ်းကြည့်လိုက်သည်။
ရန်ကိုင် ကျောက်စိမ်းပုလင်းတစ်ပုလင်းကို ကောက်ယူပြီး အဖုံးဖွင့်၍ သွန်ကြည့်လိုက်သည့်အခါ ဆေးလုံး ခုနှစ်လုံး ထွက်လာသည်ကို တွေ့လိုက်ရသည်။ သို့သော် ထိုဆေးလုံးများကို မြင်လိုက်သည့်အခိုက် နှစ်ယောက်စလုံး စိတ်လှုပ်ရှားသွားခဲ့သည်။
ခုနှစ်လုံးအနက် တစ်လုံးသည် အနီရောင် တောက်နေပြီး ဆေးနံ့သင်းနေခဲ့သည်။ သတိပြုစရာအချက်သည်ကား ဆေးလုံး မျက်နှာပြင်ပေါ်ရှိ မျဉ်းကြောင်းလေးများပင်။
ဆေးသွေးကြောများ ဖြစ်ပေသည်။
ဆေးသွေးကြောများ ဖြစ်ပေါ်နေသည့် ဆေးလုံးသာ အချိန်၏ တိုက်စားမှုဒဏ်ကို ခုခံနိုင်ပေလိမ့်မည်။ ဆေးသွေးကြော မရှိလျှင် အချိန်ကြာလာသည်နှင့်အမျှ ဆေးအာနိသင် အလိုလို လျော့ပါး၊ ပျောက်ကွယ်လာပေလိမ့်မည်။
ဆေးခုနှစ်လုံးအနက် တစ်လုံးသာ ဆေးသွေးကြော ပါသော်လည်း ရန်ကိုင်အတွက် အစကောင်းသည်ဟု ပြော၍ရ၏။ ထိုဆေးလုံး၏ နာမည်ကို အမျိုးသမီး မသိသော်လည်း ၎င်း၏ အဆင့်မှာ ကျိန်းသေ မနိမ့်ကျပေ။
“ယွမ်ပေါင်းစပ်ဆေးလုံးလား” ရန်ကိုင် ထိတ်လန့်သွားခဲ့၏။
“ဘယ်လို၊ ဒါတကယ်ကြီး ယွမ်ပေါင်းစပ်ဆေးလုံးလား”
ထိုဆေးလုံးအကြောင်း သူမ ကြားဖူးပေသည်။
“သေချာတယ်၊ ကျုပ်ကိုယ်တိုင်လည်း ဆေးပညာရှင်ပဲ။ ကျုပ်သိသလောက် ဒါယွမ်ပေါင်းစပ်ဆေးလုံးဆိုတာ သေချာတယ်” ရန်ကိုင်က ပြန်ပြောလိုက်သည်။
ထိုစကားကြားလိုက်သည့်အခါ အမျိုးသမီး ရန်ကိုင်အား အံ့ဩတကြီး လှမ်းကြည့်လိုက်သည်။ ထို့နောက် အလျင်စလို ပြန်ပြောလိုက်လေသည် “မောင်လေး ဆေးပညာရှင်တစ်ယောက် ဆိုတာ အစ်မတကယ် မသိလိုက်ဘူး။ အရင် ရိုင်းသွားသလို ဖြစ်ခဲ့ရင် စိတ်မကွက်ပါနဲ့နော်”
ရန်ကိုင် ဆေးပညာရှင် တစ်ယောက်မှန်း သိလိုက်ပြီးနောက် အမျိုးသမီး၏ သဘောထား လုံးဝ ပြောင်းလဲသွားခဲ့သည်။
“အစ်မ အဲ့လိုတွေ လုပ်နေစရာမလိုပါဘူး။ ကျုပ်က ဆေးပညာမှာ တီးမိခေါက်မိရုံလေးပဲ ရှိတာ၊ ဒီလောက်ကြီး ဟုတ်တာ မဟုတ်ဘူး”
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၄၅၂)
ရေခဲနှလုံးသားတောင်ကြားမှ အမျိုးသမီးသည် ထိုကိစ္စကို ဆက်မပြောတော့ချေ။ ရန်ကိုင်သည် ဆေးပညာရှင် တစ်ယောက် ဖြစ်လျှင်ပင် လှိုင်းနီကြယ်မှ မဟုတ်သည့်အတွက် သူမနှင့်ဘာမှ မဆိုင်ချေ။ ထို့အစား ရန်ကိုင်လက်ထဲရှိ ဆေးလုံးဆီသို့သာ တစ်ဖန် ပြန်အာရုံစိုက်၍ ပြောလိုက်သည် “မောင်လေး ပြောတဲ့အတိုင်းဆို ဒီဆေးလုံးက ကျင့်ကြံခြင်းကို နှစ်ဆမြန်စေတဲ့ တန်ခိုးရှင်ဘုရင် အလယ်အလတ်အဆင့် ယွမ်ပေါင်းစပ်ဆေးလုံးပေါ့”
“နှစ်ဆ မဟုတ်ဘူး သုံးဆ။ ဒီဆေးလုံးမှာ ဆေးသွေးကြောတွေ ပါတယ်ဆိုတာကို မမေ့နဲ့ဦး။ ဒီဆေးလုံးက သာမန် ယွမ်ပေါင်းစပ် ဆေးလုံးတွေထက် အများကြီး ပိုအစွမ်းထက်တယ်”
ထိုအမျိုးသမီး၏ မျက်ဝန်းအစုံ ပျော်ရွှင်မှုဖြင့် တလက်လက် တောက်ပသွားခဲ့သည်။
ဤကဲ့သို့သော ကျင့်ကြံရာတွင် ပိုမို မြန်ဆန်စေသော ဆေးလုံးသည် အလွန်ကို ရှားပါးလှသည်။ ယွမ်ပေါင်းစပ် ဆေးလုံးသည် ကြယ်စီစုထဲတွင် အလွန်ကိုမှ နာမည်ကျော်သည့် ဆေးလုံးတစ်လုံး ဖြစ်သော်ငြား လူတိုင်း မရနိုင်သည့် ဆေးလုံး တစ်လုံးဖြစ်သည်။ ဤဆေးလုံးကို သောက်လိုက်ပြီ ဆိုသည်နှင့် နှစ်ဝက်အတွင်း မိမိ၏ ကျင့်ကြံနှုန်းသည် သာမန်ထက် နှစ်ဆမျှ ပိုမိုမြန်ဆန်လာပေလိမ့်မည်။ အမျိုးသမီးလည်း ထိုဆေးလုံးကို အလွန် လိုချင်နေမိသည်။ သို့သော်လည်း ဆေးပုလင်းထဲရှိ ဆေးလုံး ခုနှစ်လုံးအနက်တွင် ဆေးသွေးကြောပါသော ဤဆေးလုံး တစ်လုံးသာ အကောင်းအတိုင်း ကျန်တော့ပြီး ကျန်ဆေးလုံး အားလုံးမှာ ပျက်စီးနေခဲ့လေပြီ။
“အခြားဟာတွေ ထပ်ကြည့်တာပေါ့” အစကောင်းသွားသဖြင့် အမျိုးသမီး အတော်လေး တက်ကြွနေခဲ့ပြီး အခြား ဆေးပုလင်း တစ်ပုလင်းကို အလျင်အမြန် ကောက်အဖုံးဖွင့်ကြည့်လိုက်သည်။
ဤသို့ဖြင့် လုပ်သွားလိုက်ရာ နာရီဝက်အတွင်း ပုလင်း တစ်ရာကျော်ထဲမှ သုံးရသည့် ဆေးလုံးများနှင့် သုံးမရတော့သည့် ဆေးလုံးများကို အမျိုးအစား ခွဲလိုက်နိုင်ခဲ့လေသည်။
ယွမ်ပေါင်းစပ်ဆေးလုံး၊ တက်လှမ်းခြင်းဆေးလုံး၊ ဝါးသဘာဝ ဆေးလုံး၊ ဝိဥာဉ်မြှင့်တင်ဆေး၊ ရောင်ခြယ်ကျောက်တင်ဆေး… အစရှိသည့် ဆေးလုံးများစွာကို ရရှိနိုင်ခဲ့သည်။
ဆေးလုံးများ၏ အဆင့်နှင့် အသုံးဝင်ပုံများမှာလည်း မတူကြပေ။ ကုသရေးဆေးလုံးများ၊ ကျင့်ကြံခြင်း အမြန်နှုန်းကို မြှင့်တင်ပေးသည့် ဆေးလုံးများ၊ အဆင့်ချိုးဖျက်ရာတွင် သုံးသည့် ဆေးလုံးများ၊ ခွန်အားကို တိုးမြှင့်ပေးနိုင်သည့် ဆေးလုံးများ၊ အစရှိသဖြင့် ဆေးလုံးများစွာကို တွေ့ရှိခဲ့ရသည်။ သုံး၍ ရသေးသည့် ဆေးလုံးအားလုံး၌ ဆေးသွေးကြောများ ရှိနေခဲ့သည်။
ဆေးလုံးများအရ ဤနေရာပိုင်ရှင်သည် တန်ခိုးရှင်ဘုရင် အထွဋ်အထိပ်အဆင့် ဆေးပညာရှင်တစ်ယောက် ဖြစ်သည်မှာ ကျိန်းသေလှသည်။
ထိုအဆင့် ဆေးပညာရှင်များသည် လက်ရှိ ကြယ်စီရင်စု ထဲတွင်ပင် အလွန်ကိုမှ ရှားပါလှသည်။ ရှင်းရှင်းပြောရလျှင် လက်ရှိ ကြယ်စီရင်စုထဲ၌ တန်ခိုးရှင်ဘုရင် အထွဋ်အထိပ်အဆင့်သို့ ရောက်နေသည့် ဆေးပညာရှင် ရှိမရှိကိုပင် ရန်ကိုင် သေချာ မသိပေ။
ထို့ပြင် ဤနေရာပိုင်ရှင်သည် အလွန်ကိုမှ ထူးချွန်သော ဆေးပညာရှင်တစ်ယောက် ဖြစ်ခဲ့ပေလိမ့်မည်။ ဆေးပုလင်းတိုင်း လိုလိုတွင် ဆေးသွေးကြောပါသည့် ဆေးလုံးတစ်လုံးစီ ရှိနေပြီ တစ်ပုလင်းဆိုလျှင် ဆေးသွေးကြောပါသည့် ဆေးလုံး သုံးလုံးပင် ရှိနေခဲ့သည်။
ကံမကောင်းစွာဖြင့် ဆေးတိမ်တိုက် ဖြစ်ပေါ်နေသော ဆေးလုံး တစ်လုံးကိုမှ မတွေ့ခဲ့ရသဖြင့် ရန်ကိုင် အနည်းငယ် စိတ်ပျက်သွားခဲ့ရသည်။ ဆေးသွေးကြောများသည် အလွန်ကိုမှ ရှားပါးသော်လည်း ဆေးတိမ်တိုက်များသည် အလွန့်အလွန်ကိုမှ ရှားပါးလွန်းလှသော တည်ရှိမှုများ ဖြစ်ကြသည်။ ဆေးသွေးကြော ပါသည့် ဆေးလုံးများစွာကို ဖော်စပ်နိုင်သည့် ဤဆေးပညာရှင် ပင်လျှင် ဆေးတိမ်တိုက်ပါသော ဆေးလုံးကို မဖော်စပ်နိုင်ခဲ့ပေ။
“စုစုပေါင်း ဆေးလုံး တစ်ရာသုံးဆယ်ငါးလုံးရှိတယ်။ တစ်လုံးနဲ့တစ်လုံးကလည်း တန်ဖိုးတူတာ မဟုတ်ဘူး။ အစ်မ ကျုပ်ကို ယုံတယ်ဆိုရင် ကျုပ်ခွဲပေးမယ်” ရန်ကိုင်က ရေခဲနှလုံးသား တောင်ကြားမှ အမျိုးသမီးဘက်သို့ လှည့်၍ ပြောလိုက်သည်။
“မောင်လေးက ဆေးပညာရှင် တစ်ယောက် ဆိုမှတော့ မောင်လေးပဲ ခွဲလိုက်ပေါ့” အမျိုးသမီးက ပြန်ပြောလိုက်သည်။ သုံး၍ရသေးသော ဆေးလုံးတစ်လုံး တွေ့လိုက်တိုင်း ရန်ကိုင်သည် ထိုဆေးလုံး၏ အမျိုးနာမည်နှင့် အသုံးဝင်ပုံကို ပြောပြခဲ့သည်။ ထို့ကြောင့် ထိုဆေးလုံးများအကြောင်းကို အကြမ်းဖျင်း သိထားပြီးပြီ ဖြစ်သည့်အတွက် ရန်ကိုင် သူမအား လှည့်စားမည်ကို မစိုးရိမ်ပါချေ။
သူမ သဘောတူသဖြင့် ရန်ကိုင်လည်း ဆေးလုံးများကို စတင် ခွဲဝေတော့လေသည်။
တစ်ရာသုံးဆယ့်ငါးလုံးကို အညီအမျှ ခွဲဝေ၍ ရမည် မဟုတ်သော်ငြား တန်ဖိုးအရ ခွဲဝေမည်ဆိုလျှင်တော့ သိပ်ပြီး မခက်တော့ပေ။
ဆေးလုံးများကို ခွဲဝေပြီးသည့်အခါ အမျိုးသမီးက ရန်ကိုင်အား မယုံသင်္ကာအကြည့်ဖြင့် ကြည့်လျက် မေးလိုက်လေသ်ည “မောင်လေး၊ တစ်ခုခုများ လွဲနေတာလား။ အစ်မ ရထားတဲ့ ဆေးလုံးတွေက တန်ဖိုးလည်း ပိုကြီးတယ်၊ ပိုလည်း များတယ်၊ မောင်လေး…”
ရန်ကိုင်က ပြုံးလိုက်ပြီး “မမှားဘူး။ အစ်မ တစ်ခုခုကို မေ့နေသေးတာလား။ ဒီမှာ ဆေးလုံးတွေအပြင် အခြားတစ်ခုပါ ရှိသေးတယ်လေ”
“အခြားတစ်ခု” အမျိုးသမီး လှည့်ပတ်ကြည့်လိုက်ရာ ချက်ချင်းဆိုသလို သူမ၏ အကြည့်သည် ဆေးမီးဖိုပေါ်ဆီသို့ ရောက်သွားခဲ့လေသည်။
ရန်ကိုင်သည် ဆေးလုံးများကို ခွဲဝေနေစဉ်တွင် တန်ခိုးရှင် ဘုရင်အဆင့် ဆေးမီးဖိုကိုပါ ထည့်တွက်ထားခဲ့သည်။
“ဒီတော့ အစ်မရွေးရမယ့် အလှည်ပဲ” ရန်ကိုင်က ပြုံးလျက်” အစ်မ ဆေးလုံးတွေကို လိုချင်တယ်ဆိုရင် ဆေးမီးဖိုကို ကျုပ်ယူမယ်။ ဆေးလုံးတွေကို မလိုချင်ဘူးဆိုရင်တော့ ဆေးမီးဖိုကို ယူလို့ရမယ်”
အမျိုးသမီး ရွေးရခက်သွားခဲ့သည်။
ထိုဆေးမီးဖိုသည် တန်ခိုးရှင်ဘုရင်အဆင့် ဆေးမီးဖို တစ်လုံးမှန်း သူမပြောနိုင်သည်။ သို့သော်လည်း ရန်ကိုင် ခွဲဝေသည့် ပုံစံသည် အတော်လေး ညီတူညီမျှ ဖြစ်နေသည်။ အကုန်လုံးသည် သူမ၏ ဆုံးဖြတ်ချက်ပေါ်တွင်သာ မူတည်ပေသည်။ သူမ အနေဖြင့် ဆေးလုံးများကို ပိုလိုချင်လျှင် ဆေးမီးဖိုကို လက်လွှတ်ရမည်၊ ဆေးမီးဖိုကို လိုချင်လျှင်တော့ ဆေးလုံးများကို လက်လွှတ်ရလိမ့်မည်။
သို့သော်လည်း မကြာခင် ပြုံးလျက် ပြောလိုက်လေသည် “အဲ့လိုဆိုရင် အစ်မ ဆေးလုံးတွေကိုပဲ ယူလိုက်တော့မယ်။ မောင်လေးက ဆေးပညာရှင်ဆိုတော့ ဆေးမီးဖိုက မောင်လေး အတွက် အသုံးဝင်လိမ့်မယ်။ အစ်မသာ ယူသွားခဲ့ရင် ဘာမှ သိပ်အသုံးဝင်မှာ မဟုတ်ဘူး”
ပြောပြီးသည်နှင့် ဆေးပုလင်းများကို သူမ၏ သိုလှောင် လက်စွပ်ထဲသို့ ထည့်သိမ်းလိုက်လေသည်။
ရန်ကိုင်လည်း သူ့ဝေစုကို ယူလိုက်သည်။ တကယ်တော့ မည်သည့်အပုံကိုယူယူ သူ့အတွက် အတူတူလောက်ပင်။
တန်ခိုးရှင်ဘုရင်အဆင့် ဆေးမီးဖိုသည့် သူ့အတွက် အသုံးဝင်သည် ဆိုသော်ငြား မရှိလျှင် မဖြစ်သည့် ရတနာ တစ်ခုတော့ မဟုတ်ချေ။
သို့သော် ထိုအမျိုးသမီးအတွက် ဆေးလုံးများသည် ကျိန်းသေ ပိုတန်ဖိုးရှိသည့် ဝေစုဖြစ်သည်။ သူမအနေဖြင့် ဆေးမီးဖိုကို ယူသွားပြီး ဂိုဏ်းရှိ ဆေးပညာရှင်တစ်ဦးဆီ အပ်ကာ ထိုဆေးပညာရှင်၏ မျက်နှာသာရအောင် လုပ်နိုင်သော်ငြား ဆေးလုံးများသည် သူမအတွက် ပိုအသုံးဝင်ပေလိမ့်မည်။
သူတို့ ဆေးလုံးများ ခွဲဝေပြီးနောက်တွင် ရေခဲနှလုံးသား တောင်ကြားမှ အခြားအမျိုးသမီးနှစ်ဦး ရောက်လာခဲ့သည်။ ဤနေရာရှိ ရတနာများအကြောင်း ခေါင်းဆောင်အမျိုးသမီးမှ ပြောပြလိုက်သည့်အခါ အမျိုးသမီးနှစ်ဦးစလုံး စိတ်လှုပ်ရှားသွားခဲ့လေသည်။
ဆေးဥယျာဉ်ထဲရှိ ဆေးပင်များကိုလည်း ခူးယူပြီးသွားပြီ ဖြစ်သဖြင့် ဝေစုခွဲရန်သာ ကျန်တော့သည်။ သဘောတူထားသည့် အတိုင်း ဆေးပင်များကိုလည်း တစ်ဝက်စီ ခွဲဝေယူခဲ့သည်။
နှစ်ဖက်စလုံး သူတို့ ရရှိခဲ့သည့် အကျိုးအမြတ်များနှင့် ပက်သက်၍ အလွန်ကိုမှ ကျေနပ်မိနေခဲ့သည်။ ဆေးပင်များစွာ ရှိနေပြီ ဖြစ်သည့်အတွက်ကြောင့် အချိန်အတိုင်းအတာ တစ်ခု အတွင်း ဆေးပင်များ ပြတ်လပ်သွားမည်ကို စိုးရိမ်စရာ မလိုတော့ချေ။
တောင်ကြားထဲရှိ ရတနာများကို အပြောင်သိမ်းပြီးနောက် နှစ်ဖက်စလုံး ထွက်ခွာရန် ပြင်ကြတော့သည်။
“ဒီက ကိစ္စလည်း ပြီးသွားပြီဆိုတော့ မောင်လေး အစ်မတို့နဲ့ အတူ လိုက်ချင်လား” အမျိုးသမီးက ရန်ကိုင်ဘက်သို့ လှည့်၍ မေးလိုက်သည်။
ခဏလောက် စဉ်းစားပြီးနောက် ဖြည်းဖြည်းချင်း ခေါင်းခါလျက် ရန်ကိုင်က ပြန်ပြောလိုက်သည် “အစ်မတို့ သွားနှင့်၊ ကျုပ်ဒီမှာ လုပ်စရာရှိသေးတယ်”
“အို” ထိုစကားကို ကြားလိုက်သဖြင့် အမျိုးသမီး အနည်းငယ် အံ့အားသင့်သွားခဲ့သည်။ ရန်ကိုင် ဘာကြောင့် ဤနေရာတွင် နေရစ်ချင်ခဲ့သလဲ ဆိုသည်နှင့် ပက်သက်၍လည်း အတွေး များမိသွားရသည်။ စိတ်ထဲ မသင်္ကာ ဖြစ်လာသည်နှင့် တောင်ကြား တစ်ခုလုံးကို ကောင်းကင်စိတ်အာရုံဖြင့် ဝေ့ကြည့်လိုက်သည်။
ရန်ကိုင် အဖိုးတန်ရတနာ တစ်ခုခုကို တွေ့ထားပြီး သူမတို့ ထွက်သွားမှ သူတစ်ယောက်တည်း မောင်ပိုင်သိမ်းချင်နေသည်ဟု သူမစိတ်ထဲ အထင်ရောက်သွားခဲ့သည်။ သို့သော် ကောင်းကင် စိတ်အာရုံနှင့် စစ်ဆေးကြည့်လိုက်သော်လည်း မည်သည့် အဖိုးတန် ပစ္စည်းကိုမှ ရှာမတွေ့ခဲ့ချေ။
သူမ ဘာတွေးနေလဲ ရန်ကိုင် မသိဘဲနေမည်နည်း။ ထို့ကြောင့် တည်တည်ငြိမ်ငြိမ်နှင့် ရှင်းပြလိုက်လေသည် “သူ့အလောင်းကို မြေမြှုပ်ပေးရဦးမယ်လေ”
“အန်…” အမျိုးသမီး မျက်နှာ မည်းမှောင်သွားခဲ့သည်။
“သူကလည်း ဆေးပညာရှင်၊ ကျုပ်ကလည်း ဆေးပညာရှင်၊ ဝါစဉ်အရဆို သူက ကျုပ်စီနီယာပဲ။ သူ့ဆေးမီးဖိုကို ယူထားမှတော့ ဂျူနီယာတစ်ယောက်အနေနဲ့ လုပ်သင့်တာ ပြန်လုပ်ပေးရမှာပေါ့”
“အဲ့လိုကိုး၊ ဟဲဟဲ၊ အဲ့ဒါဆို အစ်မတို့ သွားတော့မယ်နော်” ခပ်ရှက်ရှက်ဖြင့် ပြန်ပြောလိုက်ပြီးနောက် အရှက်ပြေ ရယ်လျက် သူမ၏ အဖော်နှစ်ယောက်နှင့်အတူ ထွက်သွားတော့လေသည်။
တောင်ကြားအပြင်ဘက်မှ ခပ်ဝေးဝေးနေရာတွင်၊ အမျိုးသမီး သုံးယောက် လျင်မြန်စွာ ပျံသန်းနေခဲ့ကြသည်။ မိန်းကလေးနှစ်ဦး သူတို့ ရလိုက်သည့် အကျိုးအမြတ်များကြောင့် အတော်လေး ပျော်ရွှင်နေကြချိန် သူမတို့၏ ခေါင်းဆောင်မှာမူ တစ်ခုခုနှင့် ပက်သက်၍ အတွေးခက်နေသည့်အလား မျက်မှောင်ကြီး ကြုတ်နေခဲ့ပြီး အချိန်အတော်ကြာပြီးနောက် သက်ပြင်း အမောကြီး ချလိုက်လေသည်။
“စီနီယာအစ်မ၊ ဘာဖြစ်လို့လ” တန်ခိုးရှင် ပထမအဆင့် မိန်းကလေးက မေးလိုက်သည်။
“ဘာမှမဟုတ်ဘူး။ အဲ့ကောင်လေးက နည်းနည်း ထူးဆန်းတယ်လို့ တွေးနေတာ” အမျိုးသမီးက ဖြည်းဖြည်းချင်း ခေါင်းခါလျက် ပြောလိုက်သည်။
ကျောက်တုံးခန်းထဲတွင် ရှိစဉ်က၊ နေရာလည်းကျဉ်း၊ ပြေးပေါက်လည်းမရှိ၊ သူမတို့ဘက်တွင်လည်း လူပိုများသည့် အတွက် ရန်ကိုင်အား အလစ်ချောင်းတိုက်ခိုက်ရန် စဉ်းစားခဲ့၏။ သူမ အနေဖြင့် ဆေးသွေးကြောပေါသည့် အဖိုးတန် ဆေးလုံးများနှင် သက်တမ်း သောင်းနှင့် ချီနေပြီ ဖြစ်သော ဆေးပင်များကို ရန်ကိုင်နှင့် အတူ ခွဲဝေမယူချင်သည်မှာ သဘာဝသာ ဖြစ်သည်။
သို့သော်လည်း ထိုအတွေး သူမခေါင်းထဲ ဖြတ်ပြေးသွားသည်နှင့် သူမစိတ်ထဲ အချက်ပေးသံတို့ ဗလောင်ဆူသွားခဲ့သည်။ သူမနှင့် သူမဂျူနီယာများသည် ရန်ကိုင်အား အလစ်ချောင်း တိုက်ခိုက်လိုက်သည်နှင့် ခံစားရမည့် သူမှာ သူမတို့သာ ဖြစ်လိမ့်မည်ဟု သူမ၏ မသိစိတ်က သတိပေးနေခဲ့သည်။
ထို့ကြောင့်ပဲ အမျိုးသမီး ငြိမ်နေခဲ့ခြင်း ဖြစ်သည်။ သို့သော် ထိုခံစားချက် တကယ်ဟုတ်မဟုတ် သူမ မသိချေ။ မည်သို့ပင် ဖြစ်စေကာမူ တောင်ကြားထဲရှိ ရတနာတစ်ဝက်ကို တန်ခိုးရှင် ပထမအဆင့်သာ ရှိသေးသည့် ကောင်လေးတစ်ယောက်အား ခွဲဝေးပေးလိုက်ရသည်နှင့် ပက်သက်၍ သူမစိတ်ထဲ အတော့်ကိုမှ မသက်မသာ ဖြစ်မိနေသေးသည်။
သို့သော်ငြား ယခုမှနောင်တရနေရန် နောက်ကျနေခဲ့လေပြီ။ သူမစိတ်ထဲ ထိုအကြောင်းကို ပြန်မစဉ်းစားမိအောင်သာ လုပ်နေရတော့သည်။
တစ်ချိန်တည်းတွင်၊ လိုဏ်ဂူထဲတွင် ရှိနေသော ရန်ကိုင် သက်ပြင်း အရှည်ကြီး ချလိုက်သည်။
ထိုအမျိုးသမီးသုံးယောက်ကို သူလိမ်ခဲ့ခြင်း မဟုတ်၊ အမှန်အတိုင်း ပြောခဲ့ခြင်းဖြစ်သည်။ သေသွားသည့်တိုင် သူဖော်စပ်ချင်နေသည့် ဆေးလုံးကို မရရအောင် ဖော်စပ်သွားသော ထိုဆေးပညာရှင်ကို ဆေးပညာရှင် တစ်ယောက် အနေဖြင့် ရန်ကိုင် အမှန်တကယ် လေးစားမိပေသည်။
တန်ခိုးရှင်ဘုရင်အဆင့် ဆေးမီးဖိုကို ယူပြီးနောက်တွင် ရန်ကိုင်သည် သူတော်စင်ချီဖြင့် အရိုးခြောက်အား သေသေချာချာ ရစ်ပတ်လျက် အပြင်သို့ ထွက်လာခဲ့လိုက်သည်။
ဤဆေးပညာရှင်အား တောင်ကြားထဲတွင် မြုပ်နှံပေးရန် ကြံနေခြင်းဖြစ်သည်။ လိုဏ်ဂူကဲ့သို့သော နေရာမျိုးသည် ဤစီနီယာ၏ သင်္ချိုင်း မဖြစ်ထိုက်ပေ။
ခဏအကြာတွင် ဆေးဥယျာဉ်ဆီသို့ ရန်ကိုင် ရောက်လာခဲ့သည်။ သူတော်စင်ချီဖြင့် ကျင်ကြီးတစ်ကျင်း တူလိုက်ပြီးနောက် အရိုးခြောက်အား ကျင်းထဲ သေသေချာချာ ချပေးလိုက်သည်။ အရိုးခြောက်အား နည်းနည်းလေးမှ ပုံစံ ပျက်မသွားစေဘဲ သူတွေ့သည့်ပုံစံထား မြုပ်နှံပေးခဲ့ခြင်း ဖြစ်သည်။
သို့သော်လည်း အရိုးခြောက်ဆီမှ သူတော်စင်ချီကို ပြန်ရုတ်သိမ်းလိုက်သည့်အခါ အရိုးခြောက်ပေါ်တွင် ရှိနေသော အဝတ်အစားများ အမှုန်အဖြစ်သို့ ပြောင်းလဲသွားပြီး လေနှင့်အတူ လွင့်စင်ပျောက်ကွယ်သွားခဲ့လေသည်။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၄၅၃)
ဤဆေးပညာရှင် သေသွားခဲ့သည်မှာ နှစ်ပေါင်းသောင်းနှင့် ချီနေပြီ ဖြစ်သည့်အတွက်ကြောင့် သူ့အဝတ်အစားများ အချိန်၏ တိုက်စားမှုဒဏ်ကို မခံနိုင်သည်မှာ သဘာဝသာ ဖြစ်သည်။
သူ့အရိုးများလည်း ထိုနည်းတူပင်။
အရိုးများလည်း တစစီပြုတ်ကာ ပြာဖြစ်ကုန်ကြလေသည်။ ထိုမြင်ကွင်းကို ကြည့်ရင်း ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့ပြီး သူတော်စင်ချီကို ထုတ်လွှတ်၍ သူအသစ်ဆက်ဆက် တူးထားသော အုတ်ဂူဆီသို့ လေမရောက်လာအောင် တားဆီးထားလိုက်သည်။
ထိုစီနီယာ၏ အဝတ်များ လေနှင့်အတူ လွင့်ပါသွားလျှင်ပင် ကိစ္စမရှိ၊ သူ့အရိုးများကိုတော့ ထိုနည်းတူ ဖြစ်ခွင့်မပေးနိုင်ပေ။ ထိုသို့သာ ဖြစ်သွားခဲ့လျှင် ထိုစီနီယာအဖို့ မြုပ်စရာမရှိဘဲ သေရသည့် ဘဝမျိုး ရောက်သွားခဲ့ပေလိမ့်မည်။
သူတော်စင်ချီအား လက်ဖြင့် ဝှေ့ရမ်း၍ တူးထားသော ကျင်းပေါက်အား မြေမှုန်များဖြင့် အုပ်ချလိုက်လေသည်။
အလောင်းအား မြုပ်ပြီးနောက်တွင် ရန်ကိုင် မျက်ခုံးပင့်သွားပြီး တစ်ခုသော နေရာဆီသို့ လှမ်းကြည့်လိုက်၏။ ထို့နောက် ရွှေရောင်သွေးမျှင်တစ်မျှင် သူ့လက်ထဲမှ ပျံသန်း ထွက်သွားလေသည်။
ရွှေရောင်သွေးမျှင်အား ပြန်ဆွဲယူလိုက်သည့်အခါ ၎င်းနှင့်အတူ အရိုစလေးတစ်စ ပါလာခဲ့သည်။
ထိုအရိုးစသည် သေသွားသော ဆေးပညာရှင်၏ လက်ချောင်းရိုး ဖြစ်ပေသည်။ သို့သော် အခြားအရိုးများနှင့် မတူညီသည်ကား ထိုအရိုးသည် ပြာမှုန်အဖြစ်သို့ ပြောင်းလဲမသွားခြင်းပင်။ အရိုးဆီမှ မည်သည့် စွမ်းအင်ကိုမှ အာရုံခံမရသော်ငြား သေချာအနီးကပ် ကြည့်ကြည့်လိုက်သည့် အခါ အရိုးပေါ်တွင် ရှုပ်ထွေးသော မျဉ်းကြောင်းများ၊ အက္ခရာများ များစွာ ရှိနေသည်ကို တွေ့ရှိလိုက်ရသည်။
ထိုလက်ချောင်းရိုးထဲသို့ သူတော်စင်ချီ ထည့်ကြည့်လိုက်သော်ငြား မည်သည့် ထူးခြားမှုမှ ဖြစ်မလာခဲ့။ အဖြေရှာမရတော့သည့်အဆုံး လက်ချောင်းရိုးအား သေချာ သိမ်းထားလိုက်ပြီး အုတ်ဂူအာ မြေကြီးဖြင့် သေချာ ဖုံးပေးလိုက်၏။
အလောင်းအား သေချာမြုပ်ပေးပြီးသည့်နောက် စီနီယာအား နောက်ဆုံးအကြိမ် ဦးညွှတ်လိုက်ပြီး တောင်ကြားထဲမှ အလျင်အမြန် ထွက်ခွာလာခဲ့လေသည်။
ဒါသူစီနီယာအတွက် လုပ်ပေးနိုင်သမျှ အကုန်ပင်။ လက်ချောင်းအရိုးကို လေ့လာကြည့်ရန်အတွက် သိမ်းထားခဲ့သည်။ ထိုလက်ချောင်းထဲတွင် စီနီယာ ဝှက်ထားသည့် အဖိုးတန်သည့် အရာတစ်ခုခု ရှိနေပေလိမ့်မည်။ မဟုတ်လျှင် ထိုလက်ချောင်းသည် နှစ်ပေါင်းများစွာ ကြာသွားသည့်တိုင် ဘာမှမဖြစ်ဘဲ နေလိမ့်မည် မဟုတ်ချေ။
တောင်ကြားမှ ထွက်ခွာလာပြီးနောက်တွင် ပတ်ဝန်းကျင်အား ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေးရင်း ဧကရာဇ်ဥယျာဉ်၏ အဓိက နန်းတော်ဆီသို့ ဦးတည်သွားလေသည်။
လမ်းတစ်လျှောက်တွင် မည်သည့် မမျှော်လင့်ထားသော အဖြစ်အပျက်နှင့်မှ မကြုံတွေ့ခဲ့ရပေ။ တောင်ကြားကိစ္စကြောင့် သူ့အချိန်အနည်းငယ် ပုပ်သွားခဲ့ရသည်။ သို့သော် သူရလိုက်သည့် အကျိုးအမြတ်နှင့် ယှဉ်လိုက်လျှင် သူဖြုန်းလိုက်ရသည့် အချိန်သည် တန်သည်ဟု ပြော၍ရသည်။
သို့သော်လည်း အခြားစိတ်ဝင်စားစရာ တစ်ခုခု တွေ့လျှင်ပင် သွားမစစ်ဆေးတော့ဘဲ အဓိကနန်းတော်ဆီသို့သာ သွားတော့မည်ဟု ဆုံးဖြတ်ထားလိုက်လေပြီ။
အဓိကနန်းတော်ဆီသို့ ရောက်လာသည်နှင့် အခြေအနေ တင်းမာလာသည်ကို ရန်ကိုင် သတိပြုမိလိုက်သည်။ အခြားသူများအား ချုံခို၍ အလစ်ချောင်းတိုက်ခိုက်ရန် ကျားချောင်း ချောင်းနေသည့် ကျင့်ကြံသူများစွာကို ရန်ကိုင် တွေ့ခဲ့ရသည်။
သွားရင်းသွားရင်းဖြင့် တိုက်ပွဲများ ဖြစ်နေသည်ကိုပင် မြင်လာရသည်။ ရန်ကိုင်လည်း ချုံခိုတိုက်ခိုက်ခံခဲ့ရပေသည်။ သို့သော် သူ့အား လာတိုက်သည့် လူအားလုံးကို အလွယ်တကူ ပြန်ရိုက်ထုတ်နိုင်ခဲ့သည်။
သေချာစဉ်းစားကြည့်လိုက်သည့်အခါ အားလုံးကို ရန်ကိုင် နားလည်သွားခဲ့သည်။
ထိုလူများသည် အနာမခံဘဲ အသာစံရန် ကြိုးစားနေကြသူများ ဖြစ်ကြသည်။ ဤနေရာတွင် ထိုင်စောင့်လျက် အဓိကနန်းတော်မှ ပြန်ထွက်လာသူများ၊ အပြင်မှ ရောက်လာသူများကို ချုံခိုတိုက်ခိုက်ကာ သူတို့တွင် ရတနာများကို အပိုင်သိမ်းသည်။ ဤနည်းဖြင့် ရတနာရှာရန် အပင်ပန်းခံစရာ မလိုတော့ဘဲ အခြားသူများ ရှာဖွေထားသည့် ရတနာများကို လွယ်လင့်တကူ သိမ်းပိုက်နိုင်ပေသည်။
ထို့ကြောင့်သာ အဓိကနန်းတော် ပတ်ပတ်လည်တွင် သိပ်သည်းလှသော သတ်ဖြတ်လိုစိတ်တို့ဖြင့် ပြည့်နေခြင်း ဖြစ်၏။
သုံးရက်ကြာပြီးနောက်တွင် ရန်ကိုင်သည် ကုန်းငယ်လေး တစ်ခုပေါ်တွင် ရပ်လျက် ကြီးကျယ်ခမ်းနားလှသော နန်းတော်အား လှမ်းငေကြည့်နေခဲ့သည်။
ဧကရာဇ်ဥယျာဉ် အစစ်ပင်…
နောက်ဆုံးတွင် ဧကရာဇ်ဥယျာဉ် အစစ်အား သူ့မျက်စိဖြင့် တပ်အပ် မြင်ခဲ့ဖူးလေပြီ။ ဤနေရာသည် မဟာဧကရာဇ် နေခဲ့သည့် အဆောက်အဦးတစ်လုံး ဖြစ်ပြီး လေထဲတွင် ဝဲနေခဲ့သည်။ ဧကရာဇ်ဥယျာဉ်သည် မိုပေါင်းသောင်းနှင့်ချီ မြင့်မားလှပြီး မျက်စိတစ်ဆုံး မြင့်မားလှကာ ၎င်း၏ အဆုံးကို လှမ်းမမြင်နိုင်ပေ။
ဝင်ပေါက်က ဘယ်မှာလဲ ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့၏။ မကြာမီ ဝင်ပေါက်ကို ရှာတွေ့သွားခဲ့ပေသည်။
တစ်ခုသော နေရာဆီမှ ရောင်စုံအလင်းတန်းများ တဖျက်ဖျက် လင်းလက် တောက်ပနေခဲ့သည်။ အနက်ရောင်အစက်များစွာ တစ်ခုနှင့်တစ်ခု အပြန်အလှန် တိုက်ခိုက်နေကြရင်း ပြင်းထန်သော စွမ်းအင်လှိုင်းများလည်း ထွက်ပေါ်နေခဲ့လေသည်။ ထိုနေရာတွင် လူပေါင်းများစွာ တိုက်ခိုက်နေကြခြင်း ဖြစ်ရပေမည်။
ဧကရာဇ်ဥယျာဉ်၏ အဓိကနန်းတော်နှင့် နီလာလေ ပိုပို၍ ပရမ်းပတာ ဖြစ်လာလေပင်။ ဧကရာဇ်ဥယျာဉ်ထဲသို့ ကြယ်စီရင်စု တစ်ခုလုံးမှ ကျင့်ကြံသူများ ဝင်လာကြသဖြင့် လူအုံသည့် နေရာ၌ ပွဲထသည်မှာ သဘာဝသာ ဖြစ်သည်။ ရန်ကိုင်၏ အထင်သာ မမှားလျှင် တိုက်ပွဲကြီး ဖြစ်နေသည့် နေရာသည် အဓိက နန်းတော်ထဲသို့ ဝင်သည့်နေရာ ဖြစ်ပေလိမ့်မည်။
ထိုကဲ့သို့ စဉ်းစားမိလိုက်သည့်နောက် ထိုနေရာဆီသို့ ချက်ချင်း ပျံသန်းသွားလေသည်။
ထိုနေရာသို့ ရောက်လာပြီးနောက် မြင်လိုက်ရသည့် မြင်ကွင်းကြောင့် ရန်ကိုင် ထိတ်လန့်သွားခဲ့သည်။ သူထင်ထားသလို ဤနေရာ၌ တိုက်ပွဲ ဖြစ်နေခြင်း ဖြစ်သည်။ သို့သော် ရိုးရိုး တိုက်ပွဲ မဟုတ်၊ ကျင့်ကြံသူပေါင်း အယောက်တစ်ရာကျော် ပါဝင်သည့် တိုက်ပွဲပင်၊ အများစုသည် တန်ခိုးရှင်အဆင့်များ ဖြစ်ကြပြီး သူတော်စင်ဘုရင် အဆင့်များလည်း တစ်ယောက်တစ်လေ ပါပေ၏။ သို့သော် ထိုသူတော်စင်ဘုရင်အဆင့် အားလုံးသည် တတိယအဆင့်များသာ ဖြစ်ကြပေသည်။ သူတို့အား သူတို့၏ အကြီးအကဲ အသီးသီးမှ ဦးဆောင်လာခြင်း ဖြစ်သည်။
လူအသီးသီးရှိကြပြီး အကုန်လုံးသည် အရောင်အသွေး မတူညီသော ဝတ်စုံအမျိုးမျိုးကို ဝတ်ဆင်ထားကြသည်။ အချို့သည် ဧကရာဖ်ဥယျာဉ်၏ ဝင်လိုသဖြင့် သတ်ဖြတ်နေချိန် အချို့သည် ဤနေရာမှ ထွက်ပြေးလိုသဖြင့် တိုက်ခိုက်နေရ၏။ အချို့မှာမူ အခြားသူများ၏ ဓါးပြတိုက်ရန်အတွက် သက်သက်ဖြင့် တိုက်ခိုက်နေခြင်း ဖြစ်သည်။ တကယ်ကို ဗရုတ်သုတ်ခ မြင်ကွင်းပင်။
ဤပရမ်းပတာ ဖြစ်နေသော တိုက်ပွဲကွင်းပြင်ကြီးအား လုံလုံခြုံခြုံနှင့် ဖြတ်သွားဖို့ရာ မဖြစ်နိုင်ချေ။
ရန်ကိုင် အမူအရာ လေးနက်တည်ကြည်သွားခဲ့သည်။ သူ့ခွန်အားသည် တန်ခိုးရှင်တတိယအဆင့်များထက် ပိုမို မြင့်မားသော်ငြား ဤနေရာအား ဘာမှ အထိအခိုက်မဖြစ်ဘဲ လုံလုံခြုံခြုံနှင့် ဖြတ်သွားဖို့ရာ မဖြစ်နိုင်ပေ။
လှည့်ပတ်ကြည့်လိုက်သည့်အခါ သူထင်ထားသကဲ့သို့ ဤနေရာ၌ ဧကရာဇ်ဥယျာဉ်ထဲ ဝင်နိုင်သည့် ဝင်ပေါက်အား တွေ့လိုက်ရသည်။ မီတာပေါင်းများစွာ မြင့်မားသော ဂိတ်ပေါက်ကြီး တစ်ခုသည် တိုက်ပွဲကွင်းပြင်၏ အလွန်လေးတွင် ရှိနေခဲ့သည်။ ဂိတ်တစ်ခုလုံးအား အလင်အကာအရံ တစ်ခုဖြင့် ဖုံးအုပ်ထားသည့်အတွက် အထဲတွင် မည်သို့သော အရာများ ရှိနေသလဲ ဆိုသည်ကို အပြင်မှ လှမ်းမမြင်နိုင်ခဲ့ပေ။
တိုက်ပွဲကွင်းပြင်အား အမြန်နှုန်းသုံး၍ ဖြတ်ကျော်လျှင် ကောင်းမည်လား စဉ်းစားနေစဉ်တွင်၊ အသံတစ်ခုခု ကြားသဖြင့် လှည့်ကြည့်မိလိုက်သည်။
သူလှည့်ကြည့်လိုက်ရာ အရပ်တွင်၊ အစိမ်းရောင်အလင်းတန်း တ်စခုသည် တိုက်ပွဲကွင်းပြင်ဆီသို့ လျင်မြန်စွာ တိုးကပ်လာနေ၏။ အလင်းတန်းသည် အတော်လေး ဝေးကွာသေးသော်ငြား ၎င်းဆီမှ ထွက်ပေါ်နေသည့် ဖိအားသည် အတော့်ကိုမှ အားကောင်းလှသည်။
တိုက်ပွဲဖြစ်နေသူအားလုံး ထိတ်လန့်သွားကုန်ကြပြီး တိုက်ခိုက်နေသည်ကို ရပ်၍ ထိုအလင်းတန်းအား စတင် စစ်ဆေးကြည့်ကြတော့သည်။
ခဏအကြာတွင် အစိမ်းရောင်အလင်းတန်းသည် တိုက်ပွဲ ကွင်းပြင်၏ အစွန်ဖျားတွင် ရပ်တန့်သွားခဲ့သည်။ အလင်းရောင် ပျောက်ကွယ်သွားပြီးနောက် လူပေါင်းများစွာ ပေါ်လာသည်ကို အားလုံး မြင်တွေ့လိုက်ရသည်။
ထိုလူများ၏ ကျင့်ကြံခြင်းကို သတိပြုမိလိုက်သည့်နောက် အကုန်လုံး လေးနက်တည်ကြည်သွားခဲ့လေသည်။
ထိုအဖွဲ့ထဲတွင်၊ အမျိုးသား၊ အမျိုးသမီး၊ လူကြီး၊ လူငယ် အကုန်ပါဝင်နေကြသော်ငြား တစ်ယောက်သာ တန်ခိုးရှင်ဒုတိယ အဆင့် ဖြစ်ပြီး ကျန်လူအားလုံးသည် တန်ခိုးရှင်တတိယ အဆင့်များ ဖြစ်ကြသည်။
ထိုအဖွဲ့သည် တိုက်ပွဲဖြစ်နေသည့် လူအားလုံး တစ်ကိုယ်တော် ရှင်းထုတ်မပစ်နိုင်သော်ငြား သူတို့လမ်းကို ဖယ်ခိုင်းဖိုရာအတွက် ပြဿနာ မရှိလောက်ချေ။ ထိုမျှလူအင်အားတောင့်တင်းသည့် အဖွဲ့ တစ်ဖွဲ့အား သွားရန်စခြင်းသည် ဥာဏ်ရှိသော လုပ်ရပ်တစ်ခု မဟုတ်။
ထိုလူများ ဝတ်ဆင်ထားသည့် ဝတ်စုံကို မြင်ပြီးနောက် တစ်ယောက်ယောက်က ထအော်လိုက်သည် “ဟုန်းလော့ ကုန်သွယ်ရေး အဖွဲ့အစည်းကပဲ”
ထိုစကားကို ကြားသည့်အခါ အကုန်လုံး ထိတ်လန့်သွားကုန်လေသည်။
ဟုန်းလော့ကုန်သွယ်ရေး အဖွဲ့အစည်းသည် ကြယ်စီရင်စုထဲ၌ အလွန်ကိုမှ ကျော်ကြားသည့် အင်အားစုတစ်ခုဖြစ်ပြီး လက်တစ်ဆုပ်စာ မဟာအင်အားစုများအနက် တစ်ခုအပါအဝင် ဖြစ်ပေသည်။ ထိုအင်အားစုသည် ကျင့်ကြံရေးကြယ်ပေါင်း များစွာကို ထိန်းချုပ်ထားပြီး သူတို့ လက်အောက်၌ တန်ခိုးရှင်ဘုရင် အဆင့် ဒါဇင်ကျော် ရှိသည်။
ထို့အပြင် ဟုန်းလော့ကုန်သွယ်ရေး အဖွဲ့အစည်း၏ ခေါင်းဆောင်ဖြစ်သော အိုင်းအောင်သည် တန်ခိုးရှင်ဘုရင် ဒုတိယ အဆင့် အထွဋ်အထိပ်သို့ ရောက်နေပြီး တန်ခိုးရှင်ဘုရင် တတိယ အဆင့်သို့ ရောက်ရန် လက်တစ်ကမ်းသာ လိုတော့သည်ဟု ကောလဟာလများ ထွက်နေခဲ့သည်။
ထိုလူသည် ကြယ်စီရင်စုတစ်ခုလုံးက မော့ကြည့်ရမည့် တည်ရှိမှုမျိုး ဖြစ်သည်။
ဟုန်းလော့ကုန်သွယ်ရေး အဖွဲ့အစည်းမှ လူများဖြစ်မှန်း သတိပြုမိလိုက်သည့်နောက်တွင် အကုန်လုံး ထိုအဖွဲ့အတွက် အသီးသီး လမ်းဖယ်ပေးလိုက်ကြလေသည်။ မည်သူမှ သူတို့ လမ်းအား သွားပိတ်မရပ်ရဲချေ။
သို့သော်လည်း ထိုအဖွဲ့ထဲမှ လူတစ်ယောက်ကို မြင်လိုက်သည့်အခိုက် ရန်ကိုင် အကြီးအကျယ် ထိတ်လန့်သွားပြီး သူ့နှလုံး လည်ချောင်းမှ အပြင်သို့ ခုန်ထွက်လုမတတ် ဖြစ်သွားခဲ့ရသည်။
နီစွေးသော နှုတ်ခမ်းအစုံ၊ ဖြောင့်စင်းသော နှာတံ၊ ရစ်မူးဖွယ်ရာ မျက်ဝန်းအစုံတို့ဖြင့် တန်ဆာဆင်ထားသော ထိုလူ၏ မျက်နှာသည် ပြစ်ချက်မရှိ ချောမောလွန်းလှသည်။ သွယ်လျသော ကိုယ်လုံးကိုယ်ပေါက်နှင့်တကွ နှင်းသားပမာ ဖြူဖွေးသန့်စင်သော အသားအရေသည် မြင်သူတကာ မနာလိုရလောက်အောင် ပြီးပြည့်စုံလှ၏။ သူ့မျက်နှာထက် ဆင်မြန်ထားသော ဖော်ရွေသည့် အပြုံးကြောင့် မြင်သူတိုင်း သူ့အား ချစ်စုံမက်မိမည်မှာ သဘာဝသာ ဖြစ်သည်။
သူသည် အဖွဲ့ထဲရှိ တစ်ဦးတည်းသော တန်ခိုးရှင်ဒုတိယ အဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်သော်ငြား အဖွဲ့တစ်ခုလုံး၏ ခေါင်းဆောင်ဖြစ်သည်မှာ ထင်ရှားသည်။ ကျန်တန်ခိုးရှင် တတိယ အဆင့် ခြောက်ယောက်သည် သူ့အား တောက်ပသော ကြယ်များမှ လစန္ဒာအား ဝိုင်းရံထားသလို ဝိုင်းရံထားခဲ့သည်။
ထိုလူသည် အခြားမဟုတ်၊ ရွှယ့်ယွယ်ပင် ဖြစ်သည်။
ကြယ်စီရင်စု၏ နာမည်ကျော် ဟုန်းလော့ကုန်သွယ်ရေး အဖွဲ့အစည်း၏ တတိယသခင်လေး ရွှယ့်ယွယ်ပင်…
စုယန်အား တွေ့နိုင်ရန် မျှော်လင့်မိသော်လည်း စုယန်အား မတွေ့ဘဲ သူ့ရန်သူနှင့်မှ လာတွေ့ရသည်။ ရန်သူများအတွက် ကမ္ဘာကြီးဟာ ကျဉ်းကျဉ်းလေးပါလား ဆိုသည့်စကားမှာ သွေးထွက်အောင် မှန်လှပေသည်။
သူမတွေ့ချင်သည့်လူနှင့်မှ လာတွေ့နေရလေပြီ။
ရန်ကိုင် ဤနေရာသို့ အတော်လေး နောက်ကျပြီးမှ ရောက်လာသည်ဟု ဆိုရမည်။ ဧကရာဇ်ဥယျာဉ် ဖွင့်ပြီး ဆယ်ရက် အကြာ အထဲသို့ ရောက်လာခဲ့သည်။ ထို့အပြင် အပြင်ဘက်၌ ခဏ အချိန်ဖြုန်းနေခဲ့လိုက်သေးသည်။ ထိုသို့ပင်လျှင် ရွှယ့်ယွယ်သည် ဤနေရာသို့ ဘာကြောင့် ယခုအချိန်မှ ရောက်လာရလေသနည်း။
ရွှယ့်ယွယ် ဤနေရာသို့ ဘာကြောင့် ရောက်လာမှန်း သူမသိသော်ငြား သူ့အား သတိထားမိသွားမည်ကို မလိုလားချေ။
အကြောင်းကား ရှင်းပေသည်။ သူနှင့် ရွှယ့်ယွယ်ကြား ရန်ငြိုးရန်စများစွာ ရှိနေသလို ရွှယ့်ယွယ်၏ အကြီးမားဆုံးသော လျှို့ဝှက်ချက်ကိုလည်း သိထားသေးသည်။
ကြယ်စီရင်စု၏ အမျိုးသမီးတိုင်း သည်းလှိုင်အူလှိုက် ချစ်မြတ်နိုးရသော ထိုတတိယသခင်လေး ရွှယ့်ယွယ်သည် ယောကျာ်းတစ်ယောက် မဟုတ်ဘဲ မိန်းကလေး ဖြစ်နေခဲ့သည်။
ထိုသတင်းသာ ပြန့်သွားခဲ့လျှင် မိန်းမပျိုပေါင်း မည်မျှပင် အသည်းကွဲကုန်ကြမည်နည်း။
သူတို့ နှစ်ဦးကြားရှိ ရန်ငြိုးမှာ ရန်ကိုင်မှ သူ၏ လျှို့ဝှက်ချက်အား သိထားသည့် အတွက်ကြောင့် သက်သက် မဟုတ်ချေ။ နှစ်ဦးကြာ ပြော၍ မသင့်တော်သော အဖြစ်အပျက် များစွာလည်း ရှိခဲ့ဖူးသည်။ ဥပမာအားဖြင့် ကြယ်သေပေါ်ရှိ အဖြစ်အပျက်ပင်၊ ထိုကြယ်ပေါ်တွင် ရန်ကိုင်နှင့် ရွှယ့်ယွယ်သည် ကိုယ်လုံးတီးဖြင့် တစ်ယောက်ကိုတစ်ယောက် ပွေ့ဖက်လူးလှိမ့်ရင်း အပြန်အလှန် သတ်ရန် ကြိုးစားခဲ့ကြသည်။ ထိုအဖြစ်အပျက်ကြောင့် ရွှယ့်ယွယ်သည် သူတို့ နှစ်ယောက်၏ အသက်ကို ချိတ်ဆက်ပေးသည့် လျှို့ဝှက်ကျင့်စဉ် တစ်ခုအား အသုံးပြုခဲ့သည်။
ထိုကျင့်စဉ် ကျေးဇူးကြောင့်ပင်လျှင် ရွှယ့်ယွယ် သေခါနီး ဖြစ်သွားသည့်အခါ ရန်ကိုင် သူမအား အသည်းအသန်း လိုက်ကယ်ခဲ့ရပေသေးသည်။ တကယ်ကို ကျေးဇူးကြီးသည့် လျှို့ဝှက်ကျင့်စဉ်ကြီးပင်။
ထိုကျင့်စဉ်အား အသုံးပြုထားချိန် အတောအတွင်း ရွှယ့်ယွယ်သည် ရန်ကိုင်အား ယခင်ကကဲ့သို့ ကြည့်မရ မဖြစ်တော့သော်ငြား သူမကဲ့သို့ အမျိုးသမီး တစ်ယောက်သည် သူမ၏ လျှို့ဝှက်ချက်များအား သိထားသည့် လူတစ်ယောက်အား လွတ်လွတ်လပ်လပ် သွားလာခွင့် ပြုလိမ့်မည် မဟုတ်ချေ။ တစ်နေ့ မမျှော်လင့်ဘဲ ရန်ကိုင်သာ သူမ၏ လျှို့ဝှက်ချက်များကို မတော်တဆ ထုတ်ပြောခဲ့လျှင် ပြဿနာ အကြီးကြီး တက်သွားနိုင်သည် မဟုတ်ပေလော။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၄၅၄)
ရွှယ့်ယွယ်တွင် နဂါးခြင်ဆီဖီးနစ်ခန္ဓာကိုယ် ဆိုသော အထူး ခန္ဓာကိုယ်တည်ဆောက်ပုံတစ်မျိုး ရှိပေသည်။ ထိုခန္ဓာကိုယ်၏ အပျိုစင်အား ရယူနိုင်မည် ဆိုပါက ကျင့်ကြံခြင်းအား အကြီးအကျယ် တိုးတက်စေနိုင်သည့်အတွက် ထိုခန္ဓာကိုယ်သည် တန်ခိုးရှင်ဘုရင် အဆင့် ပညာရှင်များပင် တပ်မက်ကြသော ခန္ဓာကိုယ်တစ်မျိုး ဖြစ်ပေသည်။
ထိုအကြောင်းကြောင့်ပင် ဟုန်းလော့ကုန်သွယ်ရေး အဖွဲ့အစည်းသည် ရွှယ့်ယွယ်၏ မိန်းမပုံစံကို တတ်နိုင်သမျှ ကြိုးစား ဖုံးကွယ်ပေးခဲ့ခြင်း ဖြစ်သည်။ သူမ မိန်းမကလေး တစ်ယောက် ဖြစ်သည့်အကြောင်းကို လက်တစ်ဆုပ်စာ လူလောက်သာ သိထားကြပေသည်။
ဟုန်းလော့ကုန်သွယ်ရေး အဖွဲ့အစည်းအပြင်၊ ထိုအကြောင်းကို ရန်ကိုင် တစ်ယောက်သာ သိထားသည်။
ထိုအချက်ကို သိထားသူတစ်ယောက် ဖြစ်သည့်အတွက် ရွှယ့်ယွယ်အား သူ့ကို လုံးဝ မြင်သွားစေ၍ မဖြစ်ချေ။ ထိုမိန်းမကို မြင်လိုက်သည်နှင့် တစ်ပြိုင်နက် ရန်ကိုင်သည် သူ့အရှိန်အဝါကို ဖုံးကွယ်၍ လူအုပ်ကြီးထဲ ပြေးဝင်ပုန်းလိုက်လေသည်။
“ဒါဧကရာဇ်ဥယျာဉ်လား” ရွှယ့်ယွယ်သည် ကြီးကျယ် ခမ်းနားသော နန်းတော်ကြီးကို ဝေ့ကြည့်ရင်း ရေရွတ်လိုက်သည်။
“ကျုပ်တို့ ရထားတဲ့ သတင်းတွေအရတော့ ဒါက ဧကရာဇ်ဥယျာဉ်ရဲ့ အဓိကနန်းတော်ပါပဲ၊ တတိယသခင်လေး” ရွှယ့်ယွယ်ဘေးနားတွင် ရပ်နေသော အမျိုးသမီးက လေးလေးစားစားဖြင့် ပြန်ပြောလိုက်သည်။
“အင်း၊ ရောက်ပြီဆိုမှတော့ ဝင်ကြတာပေါ့” ရွှယ့်ယွယ်သည် အပြင်ဘက်တွင် ဆက်ပြီး အချိန်မဖြုန်းချင်တော့ပေ။ ထို့ကြောင့် တန်ခိုးရှင်အဆင့်များကို ဦးဆောင်၍ ဂိတ်ပေါက်ဆီသို့ ဦးတည် သွားလေသည်။
မည်သူမှ သူတို့လမ်းကို ပိတ်မရပ်ရဲကြပေ။
ထိုအဖွဲ့၏ လူအင်အားကို လျစ်လျုရှုထားလျှင်ပင် ဟုန်းလော့ကုန်သွယ်ရေး အဖွဲ့အစည်းဟူသော နာမည် တစ်လုံးနှင့်ပင် သူတို့လမ်းကို လာတားမည့် လူများအား ခြောက်ထုတ်ပစ်နိုင်ပေသည်။ မည်သူကများ သူတို့ကို တိုက်ခိုက်ရဲမည်နည်း။
ထို့ကြောင့် ရွှယ့်ယွယ်တို့ အဖွဲ့သည် တိုက်ပွဲကွင်းပြင်အား အလွယ်တကူ ဖြတ်ကျော်လာနိုင်ခဲ့ပြီး နန်းတော်ထဲသို့ လျင်မြန်စွာ ဝင်ရောက်သွားနိုင်ခဲ့သည်။
သူတို့ ပျောက်ကွယ်သွားပြီးနောက် လေတိုးသံများစွာ ထွက်ပေါ်လာခဲ့သည်။ ကျင့်ကြံသူများစွာသည် ထိုအခိုက်အတန့်ကို အခွင့်ကောင်းယူ၍ နန်းတော်ဆီသို့ ပြေးဝင်သွားကုန်ကြလေပြီ။
နန်းတော်ထဲသို့ ပြေးဝင်သွားနေသည့်လူ အနည်းဆုံး နှစ်ဆယ်၊ သုံးဆယ်လောက် ရှိပေသည်။ အကုန်လုံးသည် လှုပ်ရှားမှု ပညာရပ် အသီးသီးကို အသက်သွင်း၍ ပျံသန်းသွားနေခြင်း ဖြစ်သည်။
ရန်ကိုင်သည်လည်း ထိုလူအုပ်ကြီးထဲ ရောယောင် လိုက်သွားခဲ့သည်။ ယခုအချိန် နန်းတော်ထဲသို့ ဝင်သွားလျှင် ရွှယ့်ယွယ်နှင့် သွားတိုးနိုင်ချေ ရှိသော်လည်း ယခုအချိန်သည် နန်းတော်ထဲသို့ လွယ်ကူစွာ ဝင်နိုင်မည့် အကောင်းဆုံး အခိုက်အတန့် ဖြစ်သည်။ တိုက်ပွဲကြီးသာ ပြန်စလျှင် ရန်ကိုင် အနေဖြင့် နန်းတော်ထဲသို့ ဝင်ရန် ခက်သွားပေလိမ့်မည်။
ထို့ပြင် နန်းတော်ထဲ ဝင်သွားသည့်လူ အများကြီး ရှိနေသဖြင့် ထိုလူအုပ်ကြီးထဲ ရောပုန်းနေ၍ ရပေသည်။
မျက်တောင်တစ်ခတ်အတွင်း ရန်ကိုင်သည် ဂိတ်ပေါက်ဝသို့ ရောက်လာခဲ့သည်။ သူ့ရှေ့ အလင်းတစ်ချက် လက်သွားသည့် အခိုက် သိမ်မွေ့သော လေဟာနယ်စွမ်းအားကို ရန်ကိုင် ခံစားမိလိုက်သည်။ အလင်းရောင်စူးစူး ပျောက်ကွယ်သွားချိန် ရှုပ်ထွေးလှသော အဖြူရောင်နန်းတော်များစွာကို မြင်တွေ့လိုက်ရလေသည်။
ငါရောက်လာပြီကွ
ယခင်အကြိမ် ဧကရာဇ်ဥယျာဉ်ထဲသို့ ဝင်လာစဉ်က ယခုကဲ့သို့ အဆောက်အဦးများကို မြင်တွေ့ခဲ့ရသည်။
သို့သော်လည်း ရန်ကိုင်အဖို့ ကောင်းကောင်း မပျော်နိုင်သေးခင်မှာပင် ခေါင်းလေးကျုံ့ပြီး လူအုပ်ထဲ အလျင်စလို ပုန်းလိုက်ရလေ၏။
အကြောင်းမှာ အထဲသို့ အရင်ဦးဆုံး ဝင်လာသော ရွှယ့်ယွယ်သည် အခြားနေရာသို့ ထွက်မသွားသေးဘဲ ဝင်ပေါက်နား၌ ရပ်ကာ ပတ်ဝန်းကျင်အား စူးစမ်းနေသည့် အတွက်ကြောင့် ဖြစ်ပေသည်။
ဟုန်းလော့ကုန်သွယ်ရေး အဖွဲ့အစည်း မသွားသေးသဖြင့် သူတို့ ရှိနေသည်ကို အခွင့်ကောင်းယူ၍ နန်းတော်ထဲသို့ ဝင်လာကြသော ကျင့်ကြံသူများလည်း မလှုပ်ရှားရဲ ဖြစ်နေခဲ့သည်။ ထို့ကြောင့် အကုန်လုံး အထဲသို့ ရောက်လာသည့်အခါ အခြား နေရာများသို့ မသွားရဲကြသေးဘဲ ရောက်သည့် နေရာတွင်သာ စိုးရိမ်တကြီး အမူအရာဖြင့် တောင့်တောင့်ကြီး ရပ်နေကြသည်။
ရန်ကိုင်သည် ရွှယ့်ယွယ် သူ့အား မတွေ့ပါစေနှင့်ဟု ဆုတောင်းရင်း လူအုပ်ကြီးထဲ ဝင်ပုန်းနေခဲ့ရသည်။ ခေါင်းကိုလည်း ငုံ့နိုင်သမျှ ငုံ့ထားရလေသည်။
သို့သော်လည်း ရန်ကိုင် အကြောက်ဆုံး အရာမှ လာဖြစ်သွားခဲ့သည်။ ရွှယ့်ယွယ်သည် သူ့ဘာသာ အရှေ့တည့်တည့်သို့ ကြည့်နေရာမှ အားယားနေသည့် အတွက်ကြောင့်လားမသိ နောက်ဘက်သို့ ပြန်လှည့်ပြီး လူအုပ်ကြီးကို ဝေ့ကြည့်လိုက်၏။
ရန်ကိုင် မျက်နှာပျက်သွားလေပြီ။ သူထပ်ပုန်းနိုင်တော့မည် မဟုတ်မှန်း သိလိုက်သည်နှင့် ရွှယ့်ယွယ် သူ့အား မမြင်ခင် လူအုပ်ထဲမှ ချက်ချင်း ခုန်ထွက်၍ အလျင်အမြန် ထွက်ပြေးလေတော့သည်။
သူ့လုပ်ရပ်ကြောင့် လူအားလုံး သူ့အား အာရုံစိုက်သွားကြ၏။
ရွှယ့်ယွယ်သည်လည်း ရန်ကိုင်အား လှမ်းကြည့်လိုက်သည်။ အနည်းငယ် တရင်းတနှီး ရှိသလို ခံစားနေရသည့် ကျောပြင်အား မြင်လိုက်သည့်နောက် ရွှယ့်ယွယ် တစ်ချက် ကြောင်သွားခဲ့သည်။ သို့သော် ချက်ချင်း ပျော်လည်းပျော်၊ ဒေါသလည်း ထွက်နေသည့် အမူအရာဖြင့် အော်ပြောလိုက်လေသည် “ရပ်လိုက်စမ်း”
ရန်ကိုင် မည်ကဲ့သို့ ရပ်နိုင်မည်နည်း။ မရပ်သည့် အပြင်ကိုမှ ပို၍ မြန်မြန်ပင် ထွက်ပြေးလိုက်လေသည်။ မျက်တောင်တစ်ခတ် အတွင်း မီတာတစ်ထောင်အကွာသို့ ရန်ကိုင် ရောက်သွားခဲ့သည်။
“တတိယသခင်လေး” ရွှယ့်ယွယ်၏ ပုံစံကြောင့် သူမနားတွင် ရပ်နေသော အမျိုးသမီး အူကြောင်ကြောင် ဖြစ်သွားခဲ့သည်။
“သူ့ကိုဖမ်း” ရွှယ့်ယွယ်သည် အေးစက်စက် မှုန်ကုတ်ကုတ် အမူအရာဖြင့် သူ့လူများကို အမိန့်ပေးလိုက်သည်။
ထိုတန်ခိုးရှင်ပထမအဆင့် ပညာရှင် တစ်ယောက်ကို ရွှယ့်ယွယ် ဘာကြောင့် အထူးတလည် ဂရုစိုက်နေမှန်း သူမ နားမလည်သော်ငြား ပြန်မေးမနေခဲ့ဘဲ ရွှယ့်ယွယ် ပြောသည့်အတိုင်း ရန်ကိုင်အား ဖမ်းရန် သူ့နောက်သို့ ပြေးလိုက်သွားလေသည်။
အမျိုးသမီး ထွက်သွားပြီးနောက် ရွှယ့်ယွယ် မျက်မှောင်ကြုတ်သွားကာ အတွေးနက်သွားခဲ့သည်။ ရိပ်ခနဲ မြင်လိုက်ခြင်းသာ ဖြစ်သော်လည်း ထိုပုံစံကို သူမ အလွန်အမင်း ရင်းနှီးနေခဲ့သည်။ ထိုကျောပြင်သည် သူ့မအား အမြဲတစေ စိတ်ဒုက္ခပေးနေသည့် မုန်းစရာကောင်းသည့် လူတစ်ယောက်၏ ကျောပြင်နှင့် အလွန်ကို တူနေခဲ့သည်။
သို့သော်လည်း ဤကျယ်ပြောလှသော လောကကြီးထဲ၌ လူတူများ မရှားသည့်အတွက်ကြောင့် သူ့မျက်နှာကို မမြင်လိုက်ဘဲ ထိုလူသည် သူမစိတ်ထဲ ထင်နေသည့်လူ ဟုတ်မဟုတ်ကို သေချာ အတည်မပြုနိုင် ဖြစ်နေခဲ့သည်။
အရေးအကြီးဆုံး အချက်သည်ကား ထွက်ပြေးသွားသည့် လူသည် တန်ခိုးရှင်ပထမအဆင့် ဖြစ်နေခြင်းပင်။
ထိုသူတောင်းစားကောင် သူမဆီက ထွက်သွားစဉ်က သူတော်စင် တတိယအဆင့်သာ ရှိသေးသည်။ ဆယ်နှစ်အတွင်း သူထိုမျှ အားကောင်းလာခဲ့သည်လား။ ရွှယ့်ယွယ် သိပ်မသေချာ။ တကယ်တော့ ဟုန်းလော့ကုန်သွယ်ရေး အဖွဲ့အစည်း၏ တတိယသခင်လေး ဖြစ်သော သူပင်လျှင် အရင်းအမြစ်များစွာ ရှိလျက်နှင့် ထိုဆယ်နှစ်အတွင်း သူတော်စင်ဘုရင် တတိယ အဆင့်မှ တန်ခိုးရှင်ဒုတိယအဆင့်သို့သာ တက်လှမ်းနိုင်ခဲ့သည် မဟုတ်လော။
ထို့အပြင် သူမ တန်ခိုးရှင်ဒုတိယအဆင့်သို့ ချိုးဖျက်ထားသည်မှာ သိပ်မကြာသေးသည့် အတွက် ကျင့်ကြံခြင်းကိုပင် တည်ငြိမ်အောင် မလုပ်ရသေးပေ။
သူသာ တကယ်ဖြစ်နေမည် ဆိုလျှင်တော့ သူ့အရည်အချင်းကား အလွန်ကိုမှ ကြောက်မက်ဖွယ် ကောင်းသွားလေပြီ။
ထို့ကြောင့် တစ်ဖက်လူ၏ တန်ခိုးရှင်ပထမအဆင့် ကျင့်ကြံခြင်းကို ရွှယ့်ယွယ် သင်္ကာမကင်း ဖြစ်နေခြင်း ဖြစ်သည်။
သို့သော်လည်း ထိုလူကို နှစ်သန်းနှင့်ချီ ကြာသွားလျှင်ပင် ရွှယ့်ယွယ် မေ့မည်မဟုတ်။ သူမ အိပ်ပျော်သွားသည့်အခါ ထိုသကောင့်သား သူမ၏ ကမ်းလှမ်းမှုကို တုန့်ဆိုင်းခြင်းမရှိ ငြင်းပယ်လိုက်သည့် အကြောင်း ပြန်အိမ်မက်မက်သည့် အခါတိုင်း ကြိတ်မနိုင်ခဲမရဖြစ်စွာ အံကြိတ်မိရသည်။
သူမ မလှလို့လား။ သူမ အဆင့်အတန်း နိမ့်ကျနေလို့လား။
မဟုတ်ပေ။ သူမ၏ အလှ၊ အရည်အချင်း၊ အဆင့်အတန်းသည် ကြယ်စီရင်စုထဲတွင် ရှိနေသော မည်သည့် မိန်းကလေးအောက်မှ လျော့ကျမည်မဟုတ်မှန်း ရွှယ့်ယွယ် အာမခံရဲသည်။ သို့တိုင် ထိုသူတော်စင် တတိယအဆင့်သာ ရှိသေးသော သကောင့်သားသည် သူမအား ငြင်းရဲခဲ့သည်။
ထိုစဉ်က သူမဘက်မှ သူ့အား သူမနောက်သို့ လိုက်ရန် စိတ်အားတက်ကြွစွာဖြင့် ဖိတ်ခေါ်ခဲ့သော်လည်း ထိုမသာသည် သူမ မျက်နှာကိုမှမထောက် ပြတ်ပြတ်သားသား ငြင်းပယ်ခဲ့သည်။
ထိုအဖြစ်အပျက်သည် ရွှယ့်ယွယ်၏ ရင်ထဲ မည်သည့်အခါမှ မေ့ပျောက်၍ မရနိုင်သော အမဲစက်တစ်ခုအဖြစ် ထင်ကျန်ရစ်ခဲ့၏။ ထိုအချိန်မှစ၍ ထိုသကောင်းသားအား ဖမ်းဆီးနိုင်သည့် တစ်နေ့ အကျဉ်းချထားပြီး သူမ သွားလေရာတိုင်း သူ့အား ခေါ်သွားကာ သူမအား ငြင်းပယ်ခဲ့သည်ကို နောင်တရအောင် လုပ်ပစ်မည်ဟု စိတ်ထဲ သံဒိဠာန် ချခဲ့သည်။ လုပ်သင့်သည့် လုပ်ရက်အား မလုပ်ခဲ့သည်မှာ ဘာလဲဆိုသည်ကို သူသိအောင် သူမ ပြရပေမည်။
ရွှယ့်ယွယ်သည် လူအများရှေ့တွင် ယဉ်ကျေးနှိမ့်ချသော လူကြီးလူကောင်းတစ်ယောက်နှယ် ပြုမူနေသော်လည်း သူမသည် မိန်းမသားတစ်ယောက် ဖြစ်နေဆဲ။ မိန်းမသားများ၏ အတွေးမှာ တစ်ခါတစ်ရံကျ အလွန်တရာကိုမှ နားလည်ရ ခက်ပေသည်။ ယုတ္တိလည်း မရှိကြပေ။
“ငါတို့လည်း လိုက်သွားမယ်” စိတ်ငြိမ်ငြိမ်ထား၍ ရပ်မစောင့်နိုင်တော့သည့် အတွက်ကြောင့် သူမပါ လိုက်သွားရန် ဆုံးဖြတ်လိုက်သည်။ သွားရမည့်လမ်းကြောင်းကို ရှာပြီးနောက် ရန်ကိုင်နောက်သို့ လိုက်သွားသော အမျိုးသမီးနောက်သို့ ချက်ချင်း ပြေးလိုက်သွားလေသည်။ တန်ခိုးရှင်တတိယအဆင့်များ အချင်းချင်း အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ သူတို့၏ တတိယ သခင်လေး ဘာကြောင့် ဤကဲ့သို့ ဖြစ်နေသလဲ ဆိုသည်နှင့် ပက်သက်၍ နားမလည်နိုင် ဖြစ်နေသည့်ပုံပင်။
သို့သော်လည်း မည်သူမှ ရွှယ့်ယွယ်၏ အမိန့်ကို အာမခံရဲသည့် အတွက် သူမနောက်သို့ အလျင်အမြန် လိုက်သွားကြလေသည်။
လူအုပ်ထဲမှ ထွက်ပြေးလာပြီး ခဏအကြာ၌ သူ့နောက်သို့ တန်ခိုးရှင်တတိယအဆင့်တစ်ယောက် လိုက်နေသည်ကို ရန်ကိုင် အာရုံခံမိလိုက်သည်။ တန်ခိုးရှင်တတိယအဆင့်ကို မကြောက်သော်ငြား သူ့နောက်သို့ လိုက်နေသည့်လူသည် တစ်ယောက်တည်း မဟုတ်ချေ။ သူသာ ထိုတစ်ယောက်နှင့် အချိန်ကုန်နေပါက ရွှယ့်ယွယ်နှင့် အခြားလူများ သူ့နောက်သို့ မှီလာပေလိမ့်မည်။
ထိုအခါ သူပြဿနာ အကြီးကြီး တက်ပေလိမ့်မည်။ သူရွှယ့်ယွယ်အား မည်ကဲ့သို့ သဘောထားရမလဲ ဆိုသည်နှင့် ပက်သက်၍လည်း အတော်လေး စဉ်းစားရကြပ်နေခဲ့သည်။ တကယ်တမ်း ရွှယ့်ယွယ်နှင့် သူကြား ခါးခါးသီးသီး အမုန်းတရား ရှိလားဆိုလျှင် မရှိပါချေ။ သူသည် ရွှယ့်ယွယ်၏ ကယ်တင်ရှင် တစ်ယောက်ဟုပင် ပြော၍ရသည်။ ရွှယ့်ယွယ် အဆိပ်မိစဉ်က သူမအား ကယ်ရန်အတွက် ဆေးဖော်စပ်ပေးခဲ့သူမှာ သူပင် မဟုတ်လေလော။
သို့သော်လည်း… သူ့တွင် မည်သည့်အမှားမှ မရှိဟု မဆိုလို၊ ကြယ်သေပေါ်တွင် ရှိစဉ်က သူမတစ်ကိုယ်လုံးအား သူထိချင်သလိုထိ၊ ကိုင်ချင်သလို ကိုင်ခဲ့သည်။ မြင်နိုင်သည့် သူမ၏ ခန္ဓာကိုယ် အစိတ်အပိုင်းအားလုံးကို မြင်တွေ့ခဲ့သည်။
ထိုစဉ်က အခြေအနေသည် ထိုကဲ့သို့ မလုပ်မဖြစ်ရ အခြေအနေကြောင့် ဖြစ်သော်လည်း ရွှယ့်ယွယ်အပေါ် သူလုပ်ခဲ့သည့် ပုံစံသည် တကယ်ကို မသင့်တော်လှပါချေ။
သာမန် မိန်းကလေး တစ်ယောက်ပင် ထိုကဲ့သို့ အလုပ်ခံရပါက သူ့အား အရှင်လတ်လတ် အရေခွံဆုတ်ချင်နေမည် ဖြစ်လေရာ အလွန်ကိုမှ မြင့်မားသော အဆင့်အတန်းကို ပိုင်ဆိုင်ထားပြီး မိုးထက်မြင့်အောင် မာနကြီးလှသော ရွှယ့်ယွယ်ကဲ့သို့ မိန်းကလေး ဆိုလျှင်တော့ ပြောနေစရာပင် မလိုတော့ပါချေ။
ထို့ကြောင့် မည်သည့် ရှင်းပြချက်မှ မပေးဘဲ သူပြေးကို ပြေးရပေမည်။ ပြန်တိုက်လျှင်လည်း နိုင်သည်မဟုတ်၊ ပြေးဖို့သာ ရှိတော့သည်။ ရွှယ့်ယွယ် သူ့အား ရန်ငြိုးထားနေမည်မှာ သေချာသလောက်ရှိသည်။ ရွှယ့်ယွမ်၏ ဖမ်းဆီးခြင်းသာ ခံလိုက်ရပါက သူ့ဘဝကြီး သွားပေပြီ။
ထို့ကြောင့် သူ့နောက်သို့ ပညာရှင်တစ်ယောက် လိုက်နေမှန်း သိသည့်အခါ ဧကရာဇ်ဥယျာဉ်၏ အတွင်းပိုင်းသို့ အရှိန်ကုန်တင် ပြေးတော့လေသည်။
ပျံသန်းထွက်ပြေးနေစဉ် အတောအတွင်း သုတ်သင်ခြင်း နတ်ဆိုးမျက်လုံးကို အသက်သွင်း၍ ပတ်ဝန်းကျင်အား အဆက်မပြတ် စစ်ဆေးသွားခဲ့သည်။
သုတ်သင်ခြင်းနတ်ဆိုးမျက်လုံးသည် ပုံရိပ်ယောင်များကို ဖောက်မြင်နိုင်သည့်အတွက် သူ့အား အကြီးအကျယ် အကူအညီ ပေးနိုင်ပေသည်။
အသက်ဝင်နေသေးသည့် အစီအရင်တစ်ခုကို ရှာရပေမည်။
ဖေးကျီတုတို့နှင့်အတူ ဧကရာဇ်ဥယျာဉ်ထဲသို့ ဝင်လာစဉ်က အသက်ဝင်နေသော အကာအရံနှင့် အစီအရင်များစွာကို ကြုံတွေ့ခဲ့ရသည်။ သို့သော်လည်း ဧကရာဇ်ဥယျာဉ် တရားဝင် ပွင့်လာပြီး ကြယ်စီရင်စုတစ်ခုလုံးမှ ကျင့်ကြံသူများ ဝင်လာသည့် အတွက်ကြောင့် ဤနေရာရှိ အစီအရင်နှင့် အကာရံများ မည်မျှပင် များများ၊ နောက်ဆုံးတွင် ဖျက်စီးခံခဲ့ရသည်။
အကူအညီ ရလိုရငြား ရှာသော်လည်း အသုံးပြု၍ ရသေးသော မည်သည့် အစီအရင်ကိုမှ ရှာမတွေ့ခဲ့ချေ။
အချိန်ကြာလာသည်နှင့် ထိုအမျိုးသမီးသည် သူ့အား တဖြည်းဖြည်း လိုက်မှီလာခဲ့သဖြင့် ရန်ကိုင်ရင်ထဲ စတင်၍ စိုးရိမ်ပူပန်လာခဲ့ရသည်။
ကံကောင်းစွာဖြင့် အချိန်ကိုက်လေးမှာပင် အလွန် အားကောင်းသော အစီအရင်တစ်ခုကို ရန်ကိုင် တွေ့သွားခဲ့သည်။
ထိုအစီအရင်နားသို့ တုန့်ဆိုင်းခြင်းမရှိ ပြေးသွားပြီး အစီအရင်နားမှ ပွတ်ကာသီကာလေး ဖြတ်သွားလေသည်။
အမျိုးသမီးမှာမူ ရန်ကိုင်ကဲ့သို့ သုတ်သင်ခြင်းနတ်ဆိုး မျက်လုံးအား မပိုင်ဆိုင်ထာသလို ရန်ကိုင်အား လိုက်မှီရန်သာ အာရုံစိုက်နေသဖြင့် ပတ်ဝန်းကျင်ကို သတိမပြုမိခဲ့ဘဲ အစီအရင်ထဲသို့ ရောက်သွားခဲ့ရသည်။
ရန်ကိုင် ခဏလောက် ရပ်နားထောင်ကြည့်လိုက်သည်။ အထဲရှိ အော်ဟစ်သံများကိုကြားသော် သူ့အစီအစဉ် အလုပ် ဖြစ်သွားပြီမှန်း သိလိုက်သည်။
ဝံ့ကြွားစွာပြုံးလျက် ချက်ချင်း လမ်းကြောင်းပြောင်းကာ ပျံသန်းထွက်သွားလေသည်။
လောလောဆယ်တော့ သူလုံခြုံသွားခဲ့လေပြီ။
ဧကရာဇ်ဥယျာဉ်သည် အကျယ်ကြီး ဖြစ်သည့်အတွက် သူသာ သတိထားလျှင် ရွှယ့်ယွယ်နှင့် ထပ်တိုးလိမ့်မည် မဟုတ်ချေ။ ထိုကဲ့သို့ စဉ်းစားမိလိုက်သည့်နောက် ရန်ကိုင် အတော်လေး စိတ်အေးသွားခဲ့သည်။ သို့သော် အစီအရင် တစ်ခုခုထဲ ကျသွားမည် စိုးသည့်အတွက်ကြောင့် လုံးဝကြီးတော့ သတိလက်လွတ် မနေရဲပါချေ။

အပိုင်း (၁၄၅၅)
ရန်ကိုင် ထွက်သွားပြီး လက်ဖက်ရည်ခွက်တစ်ဝက်စာ မရှိတတ်ရှိတတ် အချိန်တွင်၊ ရွှယ့်ယွယ်ဦးဆောင်သည့် ဟုန်းလော့ ကုန်သွယ်ရေးအဖွဲ့အစည်းမှ လူများ ရောက်လာခဲ့ကြသည်။ အမျိုးသမီး၏ အော်သံကို ကြားသည့်အခါ အကုန်လုံး အတူတကွ ပူးပေါင်း၍ အစီအရင်ကို ဖျက်စီးကာ သူမအား ကယ်ခဲ့ကြ၏။
အမျိုးသမီး ပြန်ပြောသည်ကို နားထောင်ပြီးနောက် ရွှယ့်ယွယ်၏ မျက်နှာ မည်းမှောင်သွားခဲ့သည်။
ဆိုးလိုက်သည့် သူမ၏ ကံပေတည်း။ သူမလွှတ်လိုက်သည့် လူသည် ထိုသကောင့်သားအား မိခါနီးမှ အစီအရင်ထဲ ပိတ်မိပြီး တစ်ဖက်လူအား မျက်ခြေပြတ်သွားခဲ့ရသည်။
“တတိယသခင်လေးပေးတဲ့ တာဝန်ကို အောင်မြင်အောင် မလုပ်နိုင်ခဲ့တဲ့အတွက် တောင်းပန်ပါတယ်” အမျိုးသမီးသည်လည်း ရှက်ရွံ့နေသည့် အမူအရာဖြင့် တောင်းပန်လိုက်လေသည်။
“ထားလိုက်တော့” ရွှယ့်ယွယ်သည် သူ့လက်ကို ဝှေ့ရမ်း၍ “ဒါက ဘာမှဒီလောက် အရေးကြီးတဲ့ ကိစ္စ မဟုတ်ဘူး။ အဲ့လူက ငါ့အသိတစ်ယောက်နဲ့ တူနေလို့ မသင်္ကာဖြစ်ရုံပဲ။ သူ့ကို မမိမှတော့ ဒီကိစ္စကို ဒီမှာပဲ ထားလိုက်တော့”
ဟုန်းလော့ကုန်သွယ်ရေး အဖွဲ့အစည်း၏ တတိယသခင်လေး ဆိုသည့်အတိုင်း ရွှယ့်ယွယ်သည် သဘောထားကြီးစွာ ပြုမူခဲ့သည်။ ရန်ကိုင်အား လွတ်သွားပြီးနောက် သူအား မရရအောင် လိုက်ဖမ်းခိုင်းမနေခဲ့ပေ။
“တတိယသခင်လေး ဥာဏ်ပညာ ကြီးမားလှပါတယ်။ ကျုပ်တို့ရဲ့ အခုလက်ရှိ ဦးစားပေးက အဲ့ကျင့်စဉ်ကို ရှာဖို့ပဲ။ ဒီကိစ္စက ခေါင်းဆောင်ရဲ့ အနာဂတ်နဲ့ ဆက်စပ်နေတာ။ ခေါင်းဆောင်သာ အဲ့ကျင့်စဉ်ကို ရသွားခဲ့ရင် တန်ခိုးရှင်ဘုရင် တတိယအဆင့်ကို ရောက်နိုင်လိမ့်မယ်” လူအိုကြီး တစ်ယောက်က မှတ်ချက်ပေးလိုက်သည်။
“ဟုတ်တယ်။ လူအိုကြီးချူ ပြောတာ အမှန်ပဲ။ ဒါပေမယ့် ကျုပ်တို့မှာ အဲ့ကျင့်စဉ်နဲ့ ပက်သက်တဲ့ အချက်အလက်တွေ လုံလုံလောက်လောက် မရှိတာက ခက်နေတာ။ ဘာပဲဖြစ်ဖြစ်၊ ခိုင်းထားမှတော့ ပြီးအောင်တော့ လုပ်ရမှာပဲ။ ဒီတစ်ဝိုက်ကို အရင် ရှာဖွေကြည့်တာပေါ့” ရွှယ့်ယွယ်လည်း ငြင်းမနေခဲ့ချေ။ လူအိုကြီး ပြောသည့်အတိုင်းသာ လုပ်လိုက်သည်။ လူအိုကြီး၏ အဆင့်အတန်းမှာ အတော်လေး မြင့်သည့်ပုံပင်။
ဟုန်းလော့ကုန်သွယ်ရေး အဖွဲ့အစည်းသည် ကြယ်စီရင်စု၏ အချမ်းသာဆုံး အင်အားစုတစ်ခု ဖြစ်သည်။ ထို့ကြောင့် ဧကရာဇ် ဥယျာဉ်ထဲရှိ ပစ္စည်းများစွာသည် အတော့်ကိုမှ တန်ဖိုးကြီးသော်ငြား အနည်းငယ်သည်သာ သူတို့၏ အာရုံကို ဆွဲဆောင်နိုင်သည်။ ထို့ပြင် ဟုန်းလော့ကုန်သွယ်ရေး အဖွဲ့အစည်းသည် လက်ရွေးစင် တစ်ဖွဲ့အား တတိယသခင်လေး ရွှယ့်ယွယ်ကို ဦးဆောင်စေလျက် စေလွှတ်လိုက်သည်။ သူတို့တွင် အရေးကြီးသည့် လုပ်စရာကိစ္စ တစ်ခုခု ရှိနေသည့် အတွက်ကြောင့်သာ ဖြစ်ပေလိမ့်မည်။
သူတို့ ပြောနေသည့် ကျင့်စဉ်အကြောင်းကို သူတို့လည်း သေချာ မသိချေ။ ထိုကျင့်စဉ်သည် တန်ခိုးရှင်ဘုရင် ဒုတိယအဆင့် တစ်ယောက်အား တန်ခိုးရှင်ဒုတိယအဆင့်သို့ ရောက်အောင် ကူညီပေးနိုင်သည်ဟု သိထားသည်။
ရန်ကိုင်သည် ရွှယ့်ယွယ်တို့ အဖွဲ့လက်မှ လွတ်လာပြီးနောက် လမ်းကြောင်းရှာကာ သူသွားလိုသည့် နေရာဆီသို့ ဆက်လက် ဦးတည် သွားလေသည်။
လမ်းတွင် တိုက်ပွဲဖြစ်ပွားခဲ့သည့် အရိပ်အယောင်များ၊ ပျက်စီးနေပြီဖြစ်သော အစီအရင်များနှင့် အရံအတားများ၊ ပြန့်ကျဲနေသော ကျင့်ကြံသူအလောင်းများကို တွေ့ခဲ့ရသည်။ ထိုအရာအားလုံးသည် ဤနေရာ မည်မျှ အန္တရာယ်များကြောင်း ပြသနေခဲ့သည်။
အနည်းဆုံး ဤနေရာသည် သူယခင်ရောက်ခဲ့စဉ်ကထက် အများကြီး ပိုအန္တရာယ်များလာခဲ့လေပြီ။
ရှေးဟောင်းရုပ်သေးရုပ် အပျက်အစီးများကိုပင် ရန်ကိုင် တွေ့ခဲ့ရသေးသည်။ ရုပ်သေးရုပ်များသည် ပုံစံအရွယ်အစား အမျိုးမျိုး ရှိကြသည်။
ယခင်တစ်ကြိမ် ရန်ကိုင် ဤနေရာသို့ ရောက်လာစဉ်က ရုပ်သေးရုပ်များစွာကို တွေ့ခဲ့ရသော်ငြား ယခုလောက်တော့ မများခဲ့ပေ။
ဧကရာဇ်ဥယျာဉ် ပွင့်လာပြီးနောက် အန္တရာယ်များလည်း ပိုမို ကြောက်မက်ဖွယ်ကောင်းလာသည့်ပုံပင်။ မင်ရှတို့အဖွဲ့ ဤနေရာမှ ထွက်ပြေးလာခဲ့ရသည်မှာ အထူးအဆန်း မဟုတ်တော့။ ဤနေရာရှိ ပြိုင်ဆိုင်မှုသည် အလွန်ကိုမှ ပြင်းထန်းလွန်းသလို မမြင်ရသည့် အန္တရာယ်များသည်လည်း ပုန်းကွယ် တည်ရှိနေကြသေးသည်။
နောက်ကျပြီးမှာ ရောက်လာသည့်အတွက် တစ်ချက် ကောင်းသွားသည်။ အစီအရင်အများစုကို သူ့ရှေ့မှ လာသွားသူများမှ ဖျက်စီးသွားကြသဖြင့် ရန်ကိုင်အဖို့ ထိုအစီအရင်များကို အချိန်ကုန်ခံပြီး ဖျက်စီးနေစရာ မလိုတော့ပေ။ ဖျက်စီးထားခံရသည့် လမ်းကြောင်းအတိုင်း လိုက်သွားလိုက်လျှင် အတော်လေး လုံခြုံသွားလေပြီ။
မရေမတွက်နိုင်သော လူများသည် သူ့အတွက်ကြို၍ လမ်းဖွင့်ပေးသွားကြသည်။
ထို့အတွက်ကြောင့် ရန်ကိုင်၏ ခရီးလမ်းသည် အများကြီး ပိုလုံခြုံသွားခဲ့သော်လည်း အဖိုးတန်သည့် ရတနာအားလုံးမှာမူ အခြားသူများ၏ ယူသွားခြင်း ခံလိုက်ရလေပြီ။
လမ်းတွင် အမျိုးမျိုးသော အဆောက်အဦများ၊ အိမ်များ၊ ပျက်စီးနေကြသည်ကို မြင်တွေ့ခဲ့ရသည်။ သူ့ရှေ့မှ လာသွားသူများသည် ထိုအဆောက်အဦးများကိုပါမချန် ရစရာ မရှိအောင် ရှာဖွေသွားခဲ့ကြပေသည်။ ထိုနေရာ၌ မည်သို့သော ရတနာများ ကျန်လေဦးမည်နည်း။
သို့သော်လည်း မည်သည့် ရတနာပဲကျန်ကျန်၊ ယူသွားခံရခံရ ရန်ကိုင် ဂရုမစိုက်ချေ။ သူယခုတစ်ကြိမ် ဧကရာဇ်ဥယျာဉ်ဆီသို့ ရောက်လာရသည်မှာ ပစ္စည်းနှစ်ခုကြောင့်သာ ဖြစ်သည်။
ထိုပစ္စည်းနှစ်ခုကို ယခင်တစ်ကြိမ်လာတည်းက တွေ့ခဲ့ခြင်း ဖြစ်သည်။
တစ်ခုသည် ကြယ်စီရင်စုကြီး၏ နတ်ရေစင်သုံးမျိုး အနက်မှ တစ်မျိုးဖြစ်သည့် အသက်ရေစင် ဖြစ်ပေသည်။ အသက်ရေစင်သည် အသက်ကြီးရင့်နေသော လူတစ်ယောက်ကို ပြန်လည် နိုပျိုသွားအောင် လုပ်ပေးနိုင်ပေသည်။
သို့သော်လည်း ရန်ကိုင် အသက်ရေစင်ကို စိတ်ဝင်စားရခြင်းမှာ အသက်ရေစင်ကိုသုံး၍ သန့်စင်သော ရွှေရောင်သွေးစက်များ ဖန်တီးနိုင်သည့် အတွက်ကြောင့် ဖြစ်သည်။ ယခင်တစ်ကြိမ် ဤနေရာသို့ ရောက်စဉ်က မသန့်စင်သော အသက်ရေစင်အချို့ကို ရခဲ့သည်။ ထိုမသန့်စင်သော အသက်ရေစင်ပင် သူ့အား ရွှေရောင်သွေးစက်များစွာ ဖန်တီးနိုင်အောင် ကူညီပေးနိုင်ခဲ့ရာ သန့်စင်သော အသက်ရေစင်ကိုသာ ရလိုက်မည် ဆိုပါက ရွှေရောင်သွေးစက် မည်မျှပင် ဖန်တီးနိုင်မည်နည်း။
ရန်ကိုင်၏ ရည်ရွယ်ချက်သည် သူ့သွေးအားလုံးကို သန့်စင်သော ရွှေရောင်သွေးဖြင့် အစားထိုးရန် ဖြစ်ပေသည်။ သူ့သွေးအားလုံးသာ ရွှေရောင်ဖြစ်သွားခဲ့လျှင် သူ့ခန္ဓာကိုယ် ခွန်အား အဆပေါင်းများစွာ တိုးတက်လာနိုင်ရုံမက ပြင်းထန်သော ဒဏ်ရာများကိုပင် အလွယ်တကူ ပြန်လည် ကုသလာနိုင်ပေလိမ့်မည်။
ဒုတိယရတနာသည်ကား ရေခဲလမ်းတွင် ပုန်းအောင်းနေသော လောကရတနာပင် ဖြစ်သည်။
လောကရတနာသည် နှစ်ပေါင်းမရေမတွက်နိုင်အောင် မိုးမြေစွမ်းအင်များ သိပ်သည်းရာမှ အသိစိတ်ရှိသော ဖြစ်တည်မှု တစ်ခုဖြစ်သည်။ လောကရတနာများသည် ရှေးယခင်က ရှေးနတ်ဘုရားမျိုးစိတ်များ၏ အကြိုက်နှစ်သက်ဆုံး အစားအစာ တစ်ခု ဖြစ်ခဲ့သည်။ သို့သော်လည်း ရှေးနတ်ဘုရာမျိုးစိတ်များ၏ အမဲလိုက်ခြင်း ခံရပြီးသည့်နောက်ပိုင်းတွင် အရေအတွက် တဖြည်းဖြည်း ကျဆင်းလာခဲ့ရလေသည်။
ရေခဲလမ်းပေါ်ရှိ လောကရတနာသည် ရေခဲစွမ်းအင်ဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ပြီး ရေခဲဖီးနစ်အကြိုက် အစားအစာတစ်ခု ဖြစ်သည်။ ရေခဲဖီးနစ်သာ ထိုအရာကို ဝါးမြိုလိုက်နိုင်ပါက ၎င်းအတွက် အလွန်ကိုမှ အာဟာရ ဖြစ်ပေလိမ့်မည်။
စုယန်၏ အနာဂတ်အတွက် လုပ်ပေးသည်ဟု တွေးတောရင်း ထိုလောကရတနာကို ရအောင်ဖမ်းရန် ဆုံးဖြတ်ခဲ့သည်။
ထိုနှစ်ခုကိုသာ ရနိုင်ခဲ့လျှင် အခြားဘာကိုမှ ထပ်မရလည်း ကိစ္စမရှိတော့ပေ။
ထို့ကဲ့သို့တွေးရင်း ပတ်ဝန်းကျင်အား စူးစမ်းလျက် ရှေ့သို့ ဆက်သွားနေခဲ့သည်။ သို့သော်ငြား တစ်ရက်ကြာသွာသည့်တိုင် ရေခဲလမ်းကို မတွေ့သေးချေ။
ဧကရာဇ်ဥယျာဉ်ထဲရှိ ရှုခင်းများသည် တစ်ခုနှင့်တစ်ခု အလွန်ကိုမှ တူလွန်းလှသည့် အတွက် ရန်ကိုင် သူဘယ်ရောက်လို့ ရောက်နေမှန်းပင် မသိတော့ပေ။ လောကရတနာနှင့် အသက်ရေစင်ကို ရှာဖို့ဆိုလျှင်တော့ ပြောနေစရာပင် မလိုတော့။
လမ်းတစ်လျှောက်တွင် မည်သည့် ပြဿနာနှင့်မှ မကြုံတွေ့ခဲ့ရသလို မည်သည့် ကျင့်ကြံသူနှင့်မှလည်း မကြုံခဲ့ရပေ။ သူထက်စော၍ ဝင်လာသည့် လူများမှာလည်း အတွင်းပိုင်းသို့ ရောက်နေလောက်ပြီ ဖြစ်သဖြင့် လမ်းကြောင်း မေးရန် လူမရှိ ဖြစ်နေခဲ့သည်။
ဧကရာဇ်ဥယျာဉ်၏ အဓိကနန်းတော် အတွင်းပိုင်း၌ အပြင်ဘက်တွင်ကဲ့သို့ ကောင်းကင်စိတ်အာရုံအား ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ကျက်၍ မရချေ။ အများဆုံးမှ မီတာတစ်ရာဝန်းကျင်မျှသာ ဖြန့်ကျက်နိုင်ပေသည်။
ဆက်သွယ်ရေးမှော်ရတနာကို ထုတ်၍ ယန်ယန်နှင့် ချင်းတုန်အား ဆက်သွယ်ကြည့်လိုက်သော်ငြား တစ်ယောက်ကိုမှ ဆက်သွယ်၍ မရခဲ့ချေ။
သက်ပြင်းချ၍သာ ဆက်သွယ်ရေး မှော်ရတနာ နှစ်ခုကို သိုလှောင်လက်စွပ်ထဲသို့ ပြန်ထည့်ထားလိုက်ပြီး ရှေ့သို့ ဆက်လက် ပျံသန်းသွားလိုက်သည်။
နေ့တစ်ဝက်ကြာအောင် ပျံသန်းနေပြီးနောက်တွင်၊ ရုတ်တရက် တိုက်ခိုက်သံများ ကြားလိုက်ရသဖြင့် ပျံသန်းနေခြင်းကို ရပ်တန့်၍ နားစွင့်ကြည့်လိုက်သည်။ အသံ မည်သည့်ဘက်မှ လာသလဲဆိုသည်ကို သိရအောင် သေချာ နားထောင်ကြည့်ပြီးနောက် အသံကြားရာ ဘက်ဆီသို့ လမ်းကြောင်းပြောင်းလိုက်လေသည်။
ရန်ကိုင် ထင်ထားသကဲ့သို့ပင်၊ ဤအနီးအနား၌ တိုက်ခိုက်နေသည့် လူများ ရှိကြသည်။ နီးကပ်လာသည်နှင့်အမျှ တိုက်ခိုက်သံတို့သည် ပိုပို၍ ကျယ်လောင်လာခဲ့သည်။
တိုက်ပွဲကွင်းပြင်ဆီသို့ ရောက်လာသည့်အခါ နန်းတော်ထဲ၌ တိုက်ခိုက်နေသည့် လူများကို တွေ့လိုက်ရသည်။ အရေအတွက်မှာ နည်းပါးခြင်း မရှိလှဘဲ အနည်းဆုံး (၇)ယောက်ခန့်၊ (၈)ယောက်ခန့် ရှိကာ ခွန်အားမှာလည်း အတော်လေး မြင့်မားကြသည်။ ရန်ကိုင် မြင်ရသလောက် အဖွဲ့နှစ်ဖွဲ့ တိုက်ခိုက်နေခြင်း ဖြစ်ကာ လောလောဆယ်၌ ထိုနှစ်ဖွဲ့သည် လက်ရည်တူ ဖြစ်နေခဲ့ပေသည်။
ရန်ကိုင်သည် အလျင်စလို ကိုယ်ထင်မပြသေးဘဲ အရှိန်အဝါကို ဖုံးကွယ်၍ နန်းတော်နောက်တွင် တိတ်တိတ်လေး ပုန်းအောင်းရင်း တိုက်ပွဲအခြေအနေကို စောင့်ကြည့်နေလိုက်သည်။
နန်းတော် အတွင်းပိုင်းထဲတွင် မှော်ရတနာများမှ ထွက်လာသည့် အလင်းရောင်များ၊ သိုင်းပညာရပ်များမှ ထွက်လာသည့် အလင်းရောင်များ ပလူပျံနေခဲ့သည်။ ထို့အပြင် ထိုထဲ၌ အခြားလူတစ်ယောက်ပါ ရှိပေသေးသည်။ မိန်းကလေး တစ်ယောက်ပင်။ သို့သော် လက်ရှိတွင် ထိုမိန်းကလေးသည် ကြမ်းပြင်ပေါ်၌ လဲနေခဲ့သည်။ သေလားရှင်လား မသိရသေးပေ။
“သူတို့ပဲ” တိုက်ပွဲအား ကြည့်နေရင်း ရန်ကိုင် ကြောင်သွားခဲ့သည်။
အဓိကနန်းတော် အတွင်းပိုင်းထဲသို့ ဝင်လာပြီးနောက် လာတွေ့သည့် လူများသည် သူသိသည့် လူများ ဖြစ်နေလိမ့်မည်ဟု မထင်ထားခဲ့ချေ။
ထိုလူများသည် အကြီးအကဲမိုယု၊ ဂိုဏ်းချုပ်ကုချန်းနှင့် ကြည်လင်ကောင်းကင်ဂိုဏ်းမှ ချန်ရှီတောင်းတို့ ဖြစ်ကြသည်။
မိုယုနှင့် ကုချန်းသည် တန်ခိုးရှင်တတိယအဆင့် ပညာရှင်များ ဖြစ်ကြသော်လည်း ချန်ရှီတောင်းသည် တန်ခိုးရှင်အဆင့်သို့ မကြာသေးခင်ကမှ ချိုးဖျက်ထားသည့် လူတစ်ယောက် ဖြစ်သည်။ ထို့အပြင် သူမသည် ရှီကိုပင် မသိပ်သည်းရသေးပေ။
တစ်ဖက်အဖွဲ့တွင် လူလေးယောက် ရှိပေသည်။ တန်ခိုးရှင် တတိယအဆင့် နှစ်ယောက်နှင့် ဒုတိယအဆင့် နှစ်ယောက်ပင်။ ချန်ရှီတောင်းသည် အကြီးအကဲမိုယုဆီမှ ရထားသည့် အကာအကွယ် မှော်ရတနာကြောင့်သာ မဟုတ်လျှင် တစ်ဖက် အဖွဲ့လက်၍ သေလျှင်သေ၊ မသေလျှင် အဖမ်းခံရပြီးလောက်ပေပြီ။
ကုကျန်းနှင့် မိုယုသည် တိုက်ပွဲအား အပြည့်အဝ အာရုံမစိုက်နိုင်ဘဲ ချန်ရှီတောင်းကိုပါ ကာကွယ်ပေးနေခဲ့ရသည်။
မိုယုနှင့် ကုချန်းတို့သည် သာမန် ပညာရှင်များမှ မဟုတ်လေဘဲ။ သူတို့ အသုံးပြုသည့် မှော်ရတနာများမှာလည်း အတော်လေး အဆင့်မြင့်ကြသည်။ ထို့ကြောင့် တိုက်ပွဲ အခြေအနေသည် သူတို့ဘက်သို့ အလေးမသာသော်ငြား နောက်ထပ် အချိန်အနည်းငယ် ကြာသည်အထိ ဤအတိုင်း ဆက်ထိန်းထားနိုင်ပေလိမ့်မည်။
သူ့မိတ်ဆွေဟောင်းများ ဒုက္ခရောက်နေသည့် အတွက် ရန်ကိုင်လည်း မည်ကဲ့သို့ ရပ်ကြည့်နေနိုင်တော့မည်နည်း။ သို့သော် ကြည်လင်ကောင်းကင်ဂိုဏ်းမှ မိုယုတို့အဖွဲ့ တစ်ဖက်အဖွဲ့နှင့် ဘာကြောင့် တိုက်ခိုက်နေမှန်း ရန်ကိုင် နားမလည်နိုင် ဖြစ်နေခဲ့၏။ သူတို့ နှစ်ဖက်စလုံး လိုချင်နေသည့် ရတနာတစ်ခုခုများ ရှိနေလေသလား။
ထိုကဲ့သို့ စဉ်းစားပြီးနောက် နန်းတော်တစ်ဝိုက် ကြည့်ကြည့်လိုက်ရာ ပစ္စည်းတစ်ခုကို လှမ်းမြင်လိုက်ရသည်။ ထိုပစ္စည်းကို မြင်ပြီးနောက် ရန်ကိုင် ပျော်သွားခဲ့လေသည်။
နန်းတော်အလယ်ရှိ ယဇ်ပုလ္လင်ပေါ်တွင် နှလုံးအရွယ် သွေးနီရောင်ကျောက်တုံး တစ်တုံး ရှိနေခဲ့သည်။
ထိုကျောက်တုံးသည် အခြားမဟုတ်ဘဲ သွေးအဆီအနှစ် ကျောက်တုံးတစ်တုံး ဖြစ်ပေသည်။
သွေးအဆီအနှစ် ကျောက်တုံးသည် သေဆုံးသွားသော သက်ရှိများ၏ သွေးများကို စုပ်ယူပြီး သွေးချီအဖြစ် အသွင် ပြောင်းပေးနိုင်သဖြင့် ကျင့်ကြံသူများစွာအတွက် အလွန်ကိုမှ အဖိုးတန်သော ရတနာတစ်ခု ဖြစ်သည်။ ထို့အပြင် သွေးအဆီအနှစ် ကျောက်တုံးသည် ဒဏ်ရာများကို ကုသခြင်းနှင့် အသက်စွမ်းအင်ကို ပြန်လည် ဖြည့်တင်းရာတွင် အလွန်ကိုမှ အသုံးဝင်ပေသည်။
သို့သော်လည်း ရန်ကိုင်တွင် သွေးအဆီအနှစ်ကျောက်တုံး အတွက် အခြား အသုံးပြုပုံတစ်ခု ရှိပေသည်။
တုန်းရွှမ်လောကကြီးတွင် ကျောက်တုံးရုပ်သေးရုပ် ဥနှစ်လုံး ရခဲ့သော်လည်း သွေးအဆီအနှစ် ကျောက်တုံးတစ်တုံးသာ ရခဲ့၏။ ထို့ကြောင့် အရိပ်ကြယ်သို့ ရောက်လာသည့်အခါ ကျောက်တုံး ရုပ်သေးရုပ် တစ်ကောင်ကိုသာ ဥဖောက်နိုင်ခဲ့သည်။ သို့သော် သူ၏ အနက်ရောင်စာအုပ်ထဲတွင် ဥမဖောက်ရသေးသော နောက်ထပ် ကျောက်တုံးရုပ်သေးရုပ် ဥတစ်လုံး ရှိနေပေသေးသည်။
ထိုကျောက်တုံးရုပ်သေးရုပ်ဥကို ဖောက်ရန်အတွက် သွေးအဆီအနှစ် ကျောက်တုံးတစ်တုံး လိုနေခြင်း ဖြစ်သည်။
သူသာ ထိုသွေးအဆီအနှစ်ကျောက်တုံးကို ရလိုက်ပါက အနက်ရောင်စာအုပ်ထဲတွင် ရှိနေသော ကျောက်တုံးရုပ်သေးရုပ်ကို ဥဖောက်နိုင်ပေလိမ့်မည်။ ကျောက်တုံးရုပ်သေးရုပ်၏ ခွန်အားနှင့် အသုံးဝင်ပုံအကြောင်းကို အခြားသူများထက် ရန်ကိုင် ပိုသိ၏။ ယန်ယန်သည် ကျောက်တုံးရုပ်သေးရုပ်အား ပန်းပဲထုရာတွင် ကူညီခိုင်းလေ့ရှိသည်။ ထို့အတွက်ကြောင့်နှင့် ကျောက်တုံး ရုပ်သေးရုပ်၏ ခွန်အားကို သွားအထင်မသေးသင့်ချေ။ နဂါးလိုဏ်ဂူတောင် တိုက်ပွဲတွင် ကျောက်တုံးရုပ်သေးရုပ်၏ စွမ်းဆောင်ရည်သည် အလွန်ကိုမှ မျက်စိဖမ်းစားဖွယ်ရာ ဖြစ်ခဲ့သည်။
ရန်ကိုင်တွင် ကျောက်တုံးရုပ်သေးရုပ်တစ်ရုပ် ရှိနေလေပြီ။ ဒုတိယအကြိမ် ပေါက်လာမည့် ကျောက်တုံးရုပ်သေးရုပ်ကိုသာ ယန်ယန်အား ပေးလိုက်မည်ဆိုလျှင် သူမ အလွန်ပျော်ပေလိမ့်မည်။ ထိုကောင်မလေးသည် ရန်ကိုင်၏ ကျောက်တုံးရုပ်သေးရုပ်ကို မနာလိုနေသည်မှာ ကြာနေလေပြီ။