အခန်း (၁၄၅၆-၁၄၆၀)
Vol. 59 Ch. 1456-1460
အပိုင်း (၁၄၅၆)
ချင်းတုန်အား သွေးအဆီအနှစ်ကျောက်တုံးအကြောင်း ရန်ကိုင် တစ်ခါ မေးခဲ့ဖူးသည်။ သို့သော် အရိပ်လခန်းမပင် သွေးအဆီအနှစ်ကျောက်တုံးအား မရှာပေးနိုင်ခဲ့ပေ။ ယခု ဧကရာဇ်ဥယျာဉ် အတွင်းပိုင်းထဲသို့ မရောက်သေးခင်မှာပင် သွေးအဆီအနှစ်ကျောက်တုံးတစ်တုံးနှင့် လာတွေ့နေရသည်။
သူမပျော်ဘဲ ဘယ်နေမည်နည်း။
သူ့စိတ်ထဲတွင် ထိုသွေးအဆီအနှစ် ကျောက်တုံးအား သူ့အပိုင်အဖြစ်ပင် ယူဆပြီးနေလေပြီ။
သို့သော်လည်း ကြည်လင်ကောင်းကင်ဂိုဏ်းအား ဦးစွာ ကူညီပေးရဦးပေမည်။ ထို့အတွက်ကြောင့် ဖြစ်ပွားနေသည့် တိုက်ပွဲဆီသို့ တစ်ဖန်ပြန်အာရုံစိုက်လိုက်သည်။
ကြည်လင်ကောင်းကင်ဂိုဏ်းဘက်တွင် လူသုံးယောက် ရှိနေပြီး ရန်သူ့ဘက်တွင် တန်ခိုးရှင်အဆင့် လေးလောက် ရှိနေ၏။ လူအင်အား မသာသည့်တိုင်၊ ယခုအချိန်ထိ တောင့်ခံနိုင်ခြင်းမှာ မိုယုနှင့် ကုကျန်းတို့၏ မြင့်မားသော ခွန်အားကြောင့်ဟု ပြောရမည်။
ဂိုဏ်းတစ်ဂိုဏ်း၏ ဂိုဏ်းချုပ်တစ်ယောက်ဖြစ်သည်နှင့်အညီ ကုကျန်း၏ ခွန်အားကို သွားအထင်သေး၍ မရပေ။ လက်ရှိတွင် သူသည် တန်ခိုးရှင်တတိယအဆင့်နှင့် ဒုတိယအဆင့် တစ်ယောက်ကို နှစ်ယောက်တစ်ယောက် ယှဉ်တိုက်နေပြီး မိုယုမှာမူ တန်ခိုးရှင်တတိယအဆင့် တစ်ယောက်ကို ရင်ဆိုင် တိုက်ခိုက်နေသည်။
ချန်ရှီတောင်းမှာမူ မိုယုနားကပ်ရင်း နောက်ဆုံး တန်ခိုးရှင် ဒုတိယအဆင့် တစ်ယောက်နှင့် ရင်ဆိုင်တိုက်ခိုက်နေခဲ့သည်။ သို့ရာတွင် သူမ၌ မည်သည့် လုပ်ကွက်မှ မရှိပေ။ မိုယု ပေးထားသည့် အကာအကွယ် မှော်ရတနာကို အားကိုး၍ ရန်သူ၏ တိုက်ခိုက်မှုများကို ခုခံရုံသာ လုပ်နေနိုင်သည်။ အနည်းငယ်မျှပင် ပြန်မတိုက်ခိုက်နိုင်ပေ။
လက်ရှိ တိုက်ပွဲ အခြေအနေအရ မိုယုကိုသာ လွတ်အောင် လုပ်ပေးလိုက်သည်နှင့် တိုက်ပွဲ ပြတ်သွားပေလိမ့်မည်။
လုပ်ရမည့်အရာကို စဉ်းစားပြီးသော် နန်းတော် ပြတင်းပေါက်မှ တစ်ဆင့် နန်းတော်ထဲသို့ ပျံသန်းဝင်သွားလေ၏။
တိုက်ပွဲထဲသို့ ဝင်သွားသည်နှင့် တစ်ပြိုင်နက် မီးငှက်ကိုပါ တစ်ခါတည်း ဆင့်ခေါ်လိုက်သည်။ မီးငှက်ကြောင့် ပတ်ဝန်းကျင်၏ အပူချိန်သည် ရုတ်ချည်း မြင့်တက်လာခဲ့ရလေသည်။
နန်းတော်ထဲတွင် တိုက်ခိုက်နေကြသည့် လူအားလုံး ရန်ကိုင် ဘက်သို့ လှည့်ကြည့်လာကြသည်။ အသစ်ရောက်လာသည့်လူသည် သူတို့ ရင်ဆိုင်နေရသည့် ရန်သူ၏ အဖွဲ့သား ဖြစ်နေမည်ကို နှစ်ဖွဲ့စလုံး စိုးရိမ်နေကြသည်။
လှည့်ကြည့်လိုက်သည့်အခိုက် စူးရှစွာ မြည်ကြွေးလျက် ချစ်ချစ်တောက် ပူလောင်သော မီးဘောလုံးများအား သူတို့ဆီ မှုတ်ထုတ်နေသော မီးတောက်များဖြင့် ဖွဲ့စည်းထားသည့် မီးငှက် တစ်ကောင်ကို တွေ့လိုက်ရသည်။
“အဲ့ဒါ…” မီးငှက်ကို မြင်လိုက်စဉ် မိုယု၏ မျက်လုံးအစုံ မှေးစဉ်းသွားခဲ့သည်။ ထို့နောက် ပျော်ရွှင်စွာ ပြုံးလိုက်လေသည်။
နဂါးလိုဏ်ဂူတောင် တိုက်ပွဲတွင် ဝင်ပါဖူးသူတစ်ယောက် ဖြစ်သည့်အတွက် ထိုမီးငှက်ကို မြင်ခဲ့ဖူးသည်။ ထို့ကြောင့် ယခု ရောက်လာသည့်လူ မည်သူမှန်း မိုယု ချက်ချင်း သိလိုက်သည်။
ရန်သူဘက်က မဟုတ်ဘူး။ ငါတို့ဘက်ကပဲ ယခုမှပဲ မိုယု သက်ပြင်းချနိုင်တော့လေသည်။
တစ်ဖက်ရန်သူ လေးယောက်မှာမူ မီးငှက်၏ စွမ်းအားကို ခံစားမိလိုက်သည့်အခါ စတင် စိုးရိမ်ပူပန်လာခဲ့လေသည်။
မီးငှက်နောက်မှ လိုက်ဝင်လာသည်ကို ရန်သူကိုမှ လုံးဝ အရှင်းဂရုမစိုက်ချေ။
မီးငှက် မှုတ်ထုတ်လိုက်သည့် မီးဘေားလုံးများသည် မိုယုနှင့် တိုက်ခိုက်နေသည့် ရန်သူခေါင်းဆီ တိုးဝင်သွားခဲ့သည်။ ရုတ်တရက် တိုးဝင်လာသော မီးဘောလုံးများကြောင့် ထိုလူ၏မျက်နှာ ဖြူလျော်သွားပြီး အလျင်အမြန် ပြန်ဆုတ်ရင်း မြူများကို ထုတ်လွှတ်၍ ဆယ်မီတာပတ်လည်အား လွှမ်းခြုံပစ်လိုက်၏။
ဘုန်း… ဘုန်း… ဘုန်း…
မီးဘောလုံးများသည် မြူဖြူများကို အလွယ်တကူ ထိုးခွဲသွားသည့်အခိုက် အထဲတွင် ပုန်းနေသည့် ကျင့်ကြံသူလည်း ပြန်ပေါ်လာခဲ့ရသည်။ သို့သော် ထိုလူမှာ အကောင်းအတိုင်းသာ ရှိနေပေသေးသည်။ သူဖန်တီးထားသည့် မြူဖြူများမှာမူ မီးဘောလုံးများကြောင့် လွင့်ပျယ်သွားကုန်ကြလေပြီ။
မြူဖြူများ ပြန်လည် ရစ်သိုင်းစုဝေးတော့မည်အပြု၊ မီးငှက်၏ နောက်ဘက်မှ ရွှေရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ထိုလူ၏ ရင်ဘတ်ဆီသို့ တိုးဝင်သွားခဲ့လေသည်။
ရန်ကိုင် တိုက်ခိုက်လိုက်လေပြီ။ တစ်ဖက်ရန်သူ မီးငှက်အပေါ် အာရုံစိုက်နေချိန်တွင်၊ သူ့အရှိန်အဝါကို ဖုံးကွယ်လျက် မီးငှက်၏ နောက်မှ အသာအယာ လိုက်သွားပြီး အခွင့်အရေး ရသည်နှင့် အလစ်ချောင်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
တစ်ဖက်ရန်သူ မည်သို့သော ပညာရပ်များ သုံးထားသလဲ ဆိုသည်ကို မသိသော်ငြား ထိုမြူဖြူများအား ပြန်လည် စုဝေးလာနိုင်သည်အထိ အချိန်ပေး၍ မရမှန်း နားလည်ထားသည်။
ရန်ကိုင်၏ ရွှေရောင်သွေးမျှင်သည် အလွန် ထက်ရှပြီး မြန်ဆန်လှသည်။ ထို့ကြောင့် ရွှေရောင်အလင်းတန်း ပေါ်လာမှသာ တစ်ဖက်ရန်သူလည်း သူအလစ်ချောင်း တိုက်ခိုက်ခံရပြီးမှန်း သတိပြုမိလိုက်ကာ ကိုင်ထားသည့် ပုဆိန်အား ကမန်းကတန်း ဝှေ့ရမ်း၍ ရွှေရောင်သွေးမျှင်အား တားရန် ကြိုးစားလိုက်သည်။
သို့သော် သူတစ်လှမ်း နောက်ကျသွားခဲ့သည်။
ဖောက်… ဆိုသော အသံနှင့်အတူ ရွှေရောင်သွေးမျှင်သည် ထိုလူ၏ ဝမ်းဗိုက်အား ဖောက်ဝင်သွားခဲ့ပြီး ကျောဘက်မှ ပြန်ထွက်လာကာ သူ့တစ်ကိုယ်လုံးအား တင်းတင်းကြပ်ကြပ် ရစ်ပတ်လိုက်သည်။
ရွှေရောင်သွေးမျှင်ကြောင့် မလှုပ်ရှားနိုင် ဖြစ်နေသည့် ရန်သူဆီသို့ မီးငှက်သည် မီးတောက်များကို မှုတ်ထုတ်လိုက်သည်။ ထိုလူနှင့် တိုက်ခိုက်နေသည့် မိုယုသည်လည်း လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်သည်။ ထိုလက်ဝါးသည် တဖြည်းဖြည်း ကြီးမားလာပြီး ရန်သူ၏ ဦးခေါင်းကို သွားရောက် ထိမှန်သည်။
ကြောက်မက်ဖွယ်ရာ မီးတောက်များနှင့် ဧရာမလက်ဝါးကြီးကို မလှုပ်မယှတ် စီးခံရသော် ထိုလူလည်း မည်သို့မှ မစွမ်းနိုင်တော့ဘဲ အသက် ဇိဝိန်ချွေခံလိုက်ရတော့လေသည်။
လက်ဝါးကြီးနှင့် မီးတောက်များ ပျောက်ကွယ်သွားသည့်အခါ မဲတူးချစ်နေသော အလောင်းတစ်ခုသာ ကျန်ရစ်ခဲ့တော့သည်။
တန်ခိုးရှင်တတိယအဆင့်တစ်ယောက် တစ်မုဟုတ်ချည်း အသတ်ခံလိုက်ရလေပြီ။
ရန်ကိုင်၏ အလစ်ချောင်းတိုက်ခိုက်မှုသည် အခရာ ကျသော်ငြား မိုယု၏ လက်ဝါးချက်နှင့် မီးငှက်၏ မီးတောက်များသည် ထိုလူ သေသွားရခြင်း၏ အဓိက အကြောင်းပြချက် ဖြစ်ပေသည်။ ရန်ကိုင်၏ ရွှေရောင်သွေးမျှင် သက်သက်ဖြင့် ရန်သူအား သတ်နိုင်လိမ့်မည် မဟုတ်ပေ။
ရန်သူတစ်ယောက်အား ရှင်းထုတ်ပြီးနောက်တွင် ရန်ကိုင်သည် ကုချန်းအား တိုက်ခိုက်နေသာ လူနှစ်ယောက်အား ပစ်မှတ်ထားလိုက်ပြီး မိုယုမှာ ချန်ရှီတောင်းနှင့် တိုက်ခိုက်နေသည့် တန်ခိုးရှင်ဒုတိယအဆင့် ပညာရှင်ကို ပစ်မှတ်ထားလိုက်သည်။
ရန်ကိုင် ဝင်လာလိုက်သည့် အချိန်မှစ၍ ကြည်လင်ကောင်းကင်ဂိုဏ်း အဖွဲ့သည် ခုခံနေရာမှ ပြန်လည် တိုက်ခိုက်လာနိုင်ခဲ့သည်။
တစ်ဖက်အဖွဲ့သည် သူတို့၏ တန်ခိုးရှင် တတိယအဆင့် လူတစ်ယောက် အသတ်ခံလိုက်ရသည့်အတွက် ထိတ်လန့် မှင်သက်နေတုန်းသာ ရှိသေးသည်။ မီးငှက်၏ စွမ်းအားကို သတိပြုမိလိုက်သည့်နောက်တွင်၊ အော်ပြောလိုက်လေ၏ “ပြန်ဆုတ်ကြမယ်”
သို့သော်လည်း ယခုမှ ပြန်ဆုတ်ရန် နောက်ကျလွန်းနေလေပြီ။
သူပြန်ဆုတ်ချင်လျှင် ပြန်ဆုတ်နိုင်သော်လည်း သူနှင့်အတူ ပါလာသည့် တန်ခိုးရှင်ဒုတိယအဆင့် နှစ်ယောက်ကမူ ထိုကဲ့သို့ မလုပ်နိုင်တော့ချေ။ တန်ခိုးရှင် ဒုတိယအဆင့် တစ်ယောက်ကို မိုယုမှ ဖိနှိပ်ထားပြီး ကျန်တစ်ယောက်ကို ရန်ကိုင်မှ ပြေးမရအောင် တားထားသည်။
တန်ခိုးရှင် တတိယအဆင့် တစ်ယောက်သာ ကုကျန်းဆီမှ တိုက်ကွက်တစ်ကွက် ခံလိုက်ပြီးနောက် နောက်သို့ လွင့်သွားသည်ကို အခွင့်ကောင်းယူ၍ တစ်ဟုန်ထိုး ထွက်ပြေးတော့လေသည်။ သို့သော်လည်း ကုကျန်းသည် ရန်သူအား အလွယ်တကူ လွှတ်မပေးနိုင်သည့် အတွက် ထိုလူ နောက်သို့ ချက်ချင်း ပြေးလိုက်သွားလေသည်။
ရန်ကိုင် တိုက်ပွဲထဲ ဝင်လာပြီးချိန်မှစ၍ လက်ဖက်ရည် ခွက်တစ်ဝက်စာအချိန်အတွင်း ကြည်လင်ကောင်းကင်ဂိုဏ်းဘက် အနိုင်ရသွားခဲ့သည်။
ရန်ကိုင် မီးငှက်အား ပြန်သိမ်းလိုက်သည်ကို မြင်သော် မိုယုသည် ချန်ရှီတောင်းနှင့်အတူ ရန်ကိုင်ဆီသို့ သွားကာ ကျေးဇူးတင်စကား ဆိုလိုက်လေသည်။
“ဂိုဏ်းချုပ်ရန်ကို ဒီမှာ လာတွေ့မယ်လို့ မထင်ထားဘူး။ အခုကျေးဇူးကို ဒီမို အမြဲ မှတ်ထားပါ့မယ်”
“အခုလို လုပ်နေစရာ မလိုပါဘူးဗျာ။ ကျုပ်လည်း လမ်းကြုံရင်းနဲ့ ဝင်ကူပေးလိုက်တာ။ အဲ့လူတွေနဲ့ တိုက်ခိုက်ရင်းနဲ့ အကြီးအကဲမို သူတော်စင်ချီ အတော်လေး ကုန်သွားမှာပေါ့၊ ပြန်ဖြည့်ရင် ဖြည့်ထားလိုက်လေ၊ ကျုပ်စောင့်ပေးထားမယ်” ရန်ကိုင်က ပြုံးလျက် ပြောလိုက်လေသည်။
“ဂိုဏ်းချုပ်ရန် ပြောတာ အမှန်ပဲ။ အဲ့လိုဆို ကျုပ် ဂိုဏ်းချုပ်ရန်အပေါ်ပဲ အားကိုးတော့မယ်နော်” ဤကဲ့သို့သော နေရာမျိုးတွင် သူတော်စင်ချီမရှိလျှင် ကြုံရမည့် ပြဿနာအား ကောင်းကောင်း နားလည်ထားသည့်အတွက် မိုယုလည်း ငြင်းမနေခဲ့ပေ။ ချန်ရှီတောင်းကို သူနှင့်အတူ ခေါ်သွားပြီး တင်ပလင်ခွေထိုင်ကာ ကုန်ဆုံးသွားသော သူတော်စင်ချီကို ပြန်လည် ဖြည့်တင်းတော့လေသည်။
ကုကျန်း ပြန်မလာသေးချေ။ သို့သော်လည်း ရန်ကိုင်သည် ယဉ်ကျေးနေလိမ့်မည် မဟုတ်။ ချက်ချင်းပဲ သွေးအဆီအနှစ် ကျောက်တုံးရှိရာဆီ လျှောက်သွားလိုက်သည်။
ထိုရတနာသည် အလွယ်တကူ ရယူနိုင်သည့် ရတနာမျိုး မဟုတ်ချေ။ သွေးအဆီအနှစ်ကျောက်တုံးကို တင်ထားသည့် ယဇ်ပုလ္လင်ပေါ်တွင် အကာအရံများစွာ ရှိပြီး သွေးအဆီအနှစ် ကျောက်တုံး ပတ်လည်တွင်လည်း အစီအရင်များ ရှိနေသည်။
သို့သော်ငြား သွေးအဆီအနှစ်ကျောက်တုံးအား လိုချင်လျှင် ထိုအစီအရင်အား ဖျက်စီးရမည် ဖြစ်သည့်အတွက်ကြောင့် ရန်ကိုင်သည် ရွှေရောင်သွေးမျှင် ထုတ်သုံးကာ အကာအရံအား ချက်ချင်း တိုက်ခိုက်တော့လေသည်။
အကာအရံသည် တစ်ချက် လက်ခနဲ ဖြစ်သွားပြီး ချက်ချင်း အကောင်းအတိုင်း ပြန်ဖြစ်သွားခဲ့သည်။ ပါးပါးလေးသာ ရှိသော ဤအကာအရံသည် အတော်လေးကို အားကောင်းလှပေသည်။
သို့ရာတွင် အကာအရံ မည်မျှပင် ခိုင်ခံသည် ဖြစ်ပါစေ၊ ရန်ကိုင်၏ အဆက်မပြတ် တိုက်ခိုက်မှုကို မခုခံနိုင်ခဲ့ချေ။ အမွှေးတိုင် တစ်ချောင်းစာ ကြာပြီးနောက်တွင် အကာအရံအားလုံး ပျက်စီးသွားခဲ့သည်။ အကာအရံ ပျက်းစီးသွားသည်နှင့် သွေးအဆီအနှစ် ကျောက်တုံးကို ရန်ကိုင် ချက်ချင်း လှမ်း၍ ယူလိုက်သည်။ သေချာ စစ်ဆေးကြည့်လိုက်ပြီးနောက်တွင် ထိုသွေးအဆီအနှစ် ကျောက်တုံးသည် ထုန်းရွှမ်းလောကကြီးတွင် သူရခဲ့သည့် သွေးအဆီအနှစ်ကျောက်တုံးနှင့် အတူတူပင် ဖြစ်သည်ကို တွေ့ရှိလိုက်ရသည်။
ဤသွေးအဆီအနှစ်ကျောက်တုံးနှင့် ဒုတိယ ကျောက်တုံး ရုပ်သေးရုပ် ထပ်မွေးနိုင်တော့မည့်အကြောင်း စဉ်းစားမိလိုက်သည့် အခါ ရန်ကိုင် ပြုံးဖြီးဖြီး ဖြစ်သွားခဲ့ပြီး ရယ်မောလျက် သိုလှောင်လက်စွပ်ထဲသို့ ထည့်သိမ်းထားလိုက်လေသည်။
ယခုအချိန်ထိ ကုကျန်း ပြန်မရောက်သေးသလို မိုယုနှင့် ချန်ရှီတောင်းတို့သည်လည်း သူတော်စင်ချီအား ပြန်လည် ဖြည့်တင်းနေတုန်းသာ ရှိသေးသည်။
ရန်ကိုင် သွေးအဆီအနှစ်ကျောက်တုံးအား ယူနေသည့် အသံများကို မိုယုကြားပေသည်။ သို့သော် ဘာမှမပြောဘဲ မသိချင်ယောင်သာ ဆောင်နေခဲ့သည်။ ရန်ကိုင်သာ ပေါ်မလာခဲ့လျှင် ကြည်လင်ကောင်းကင်ဂိုဏ်း၏ အနာဂတ်အတွက် တွေးပူစရာပင်။ အနည်းဆုံး သူတို့ဘာမှမဖြစ်လျှင် ချန်ရှီတောင်းတော့ ဤနေရာ၌ ကျိန်းသေ သေသွားပေလိမ့်မည်။
နန်းတော်တစ်ဝိုက် လှည့်ပတ်ကြည့်ပြီးနောက် ရန်ကိုင်၏ အကြည့်သည် နန်းတော်ထောင့်တွင် လဲနေသော အမျိုးသမီးဆီသို့ ရောက်သွားခဲ့သည်။
အပြင်ဘက်တွင် ရှိစဉ်ကတည်းက ထိုအမျိုးသမီးကို သတိပြုမိခြင်း ဖြစ်သည်။ သို့သော် သူမ သေသွားပြီလား၊ မသေသေးပြီးလား ဆိုသည်နှင့် ပက်သက်၍ သေချာမသိခဲ့။ တိုက်ပွဲဖြစ်နေစဉ် တစ်လျှောက်လုံး ထိုအမျိုးသမီးသည် တောက်လျှောက် မလှုပ်မယှတ်သာ ရှိနေသဖြင့် ယခုထိချိန် သူမ သေသည်လား၊ ရှင်သည်လား ဆိုသည်ကို ရန်ကိုင် မသိသေးပေ။
ရန်ကိုင် သိချင်စိတ် ဖြစ်မိသွားသည်။ ကြည်လင်ကောင်းကင် ဂိုဏ်းတွင် လူသုံးယောက်သာ ရှိသဖြင့် ဤအမျိုးသမီးသည် အခြား တစ်ဖွဲ့မှ ဖြစ်ရပေလိမ့်မည်။ ထိုကဲ့သို့ စဉ်းစားမိလိုက်သည့်နောက် ကောင်းကင်စိတ်အာရုံဖြင့် အမျိုးသမီးအား စစ်ဆေးကြည့်ရင်း သူမဆီသို့ လျှောက်သွားလိုက်လေသည်။
အမျိုးသမီးအား စစ်ဆေးကြည့်ပြီးနောက် ရန်ကိုင် ကြောင်သွားခဲ့သည်။
ထိုအမျိုးသမီး မသေသေးချေ။ သို့သော် ပြင်းပြင်းထန်ထန် ဒဏ်ရာရထားသည့်အတွက် အသက်ပင်လျှင် အနိုင်နိုင် ရှူနေရ၏။ သူမ၏ ကျင့်ကြံခြင်းသည်လည်း သိပ်မမြင့်လှ၊ တန်ခိုးရှင်ပထမ အဆင့်သာ ရှိသေးသည်။
ဒီကျင့်ကြံခြင်းလေးနဲ့ ဒီထဲကို ဘယ်လိုလုပ်ပြီး ဝင်လာရဲတာလဲ ရန်ကိုင် ခေါင်းတခါခါ ဖြစ်သွားခဲ့သည်။ လူတိုင်းသည် ရတနာမြင်လျှင် သေဖို့ပင် ဝန်မလေးလှပါလားဟု တွေးမိသွားသည်။
အမျိုးသမီးရှေ့သို့ ရောက်ပြီးနောက် အမျိုးသမီး၏ မျက်နှာ အလွန်ကိုမှ ဖြူဖတ်ဖြူလျော် ဖြစ်နေသည်ကို တွေ့လိုက်ရသည်။ သူမ နှုတ်ခမ်းထောင့်စွန်းတွင် သွေးများစွန်းနေသည့် အချက်မှ လွဲ၍ အခြား မည်သည့် ပြင်ပဒဏ်ရာမှ ရမထားခဲ့ပေ။ ထို့ကြောင့် အတွင်းဒဏ်ရာရထားခြင်းသာ ဖြစ်လောက်သည်။
မျက်နှာပေါ် ဖုံးနေသည့် သူမ၏ အနက်ရောင် ဆံပင်ရှည်ကြောင့် သူမ မျက်နှာကို မမြင်နိုင်သော်လည်း အမျိုးသမီးသည် မိန်းမချောတစ်ယောက် ဖြစ်မည်မှာ သေချာလှသည်။
“ငါနဲ့အကြီးအကဲမိုပေါင်းပြီး ယဇ်ပုလ္လင်ပတ်လည်က အကာအရံကို ဘယ်လိုဖျက်စီးမလဲ စဉ်းစားနေတုန်း အဲ့အမျိုးသမီး ဒီထဲ ဝင်လာတာ။ ခုနတုန်းက လေးယောက်က သူ့နောက်က လိုက်လာတဲ့လူတွေ” ပြန်ရောက်လာသော ကုကျန်းက ပြောလိုက်သည်။ သို့သော် သူ့မျက်နှာ သိပ်မကြည်၊ သူလိုက်ဖမ်းသည့် တန်ခိုးရှင်တတိယအဆင့် လွတ်သွားသည့်ပုံပင်။
“သူက ဟိုလေးယောက်နဲ့ တစ်ဖွဲ့တည်း မဟုတ်ဘူးလား” ရန်ကိုင် မျက်ခုံးပင့်သွားခဲ့လေသည်။
ကုကျန်းက ခေါင်းခါလိုက်ပြီး “မဟုတ်ဘူး။ ဟိုလေးယောက်က သူ့ကို လိုက်ဖမ်းတာ”
“အို” ရန်ကိုင် အံ့အားသင့်သွားခဲ့သည်။ အမျိုးသမီးအား အစောပိုင်းက လေးယောက်အဖွဲ့မှ ဖြစ်သည်ဟု အထင်ဖြင့် တစ်ခါတည်း ရှင်းပစ်ရန် လုပ်နေခြင်း ဖြစ်သည်။ သို့သော်ငြား သူမ ထိုအဖွဲ့မှ မဟုတ်ကြောင်း ကြားသိလိုက်ရသည့်နောက် ရန်ကိုင် ထိုကဲ့သို့ မလုပ်ရက်တော့ပေ။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၄၅၇)
သူနှင့် ဤအမျိုးသမီးကြား မည်သည့် ရန်ငြိုးမှမရှိ။ ရန်ကိုင်သည် သူနှင့်ဘာမှမဆိုင်သူ တစ်ယောက်အား သွေးအေးအေးဖြင့် သတ်ရလောက်သည်အထိ မရက်စက်။ သို့သော် ထိုအမျိုးသမီးကို သူမသတ်လျှင်ပင် သူမဘာသာ အကြာကြီး အသက်ရှင်နိုင်လောက်မည် မဟုတ်ချေ။
ကြည်လင်ကောင်းကင်ဂိုဏ်း ဒုက္ခရောက်ရခြင်းသည် ဤအမျိုးသမီးကြောင့်ဟုပင် ပြောနိုင်သည်။ ဤအမျိုးသမီးသာ သူမအား လိုက်ဖမ်းနေသည့် လူများအား ဤနေရာသို့ မခေါ်လာခဲ့လျှင် မိုယုတို့အဖွဲ့လည်း သေမင်းခံတွင်းဝသို့ ရောက်သွားသည့် အခြေအနေမျိုးနှင့် ကြုံတွေ့ခဲ့ရလိမ့်မည် မဟုတ်ပေ။
ထိုကဲ့သို့ စဉ်းစားတွေးတောလျက် ရန်ကိုင်သည် ခေါင်းငုံ့လျက် အမျိုးသမီး မျက်နှာပေါ် တင်နေသည် ဆံပင်ကို ဘေးသို့ သပ်ချလိုက်လေသည်။
အမျိုးသမီး မျက်နှာကို မြင်လိုက်သည့် အခိုက်တွင် ရန်ကိုင် မှင်သက်ကြက်သေသေသွားခဲ့လေသည်။ အလွန်ကိုမှ ထိတ်လန့်၊ အံ့အားသင့်နေသည့် အမူအရာဖြင့် သူ့ဘာသာ ရေရွတ်လိုက်လေ၏ “ဘယ်လိုလုပ်ပြီး သူဖြစ်နေတာလဲ”
“ဂိုဏ်းချုပ်ရန် အဲ့အမျိုးသမီးကို သိတာလား” ရန်ကိုင်၏ အသံကိုကြားသော် ကုကျန်းက လှမ်း၍ မေးလိုက်လေသည်။
ရန်ကိုင် ချက်ချင်း ပြန်မဖြေခဲ့ပေ။ ထို့အစား အမျိုးသမီးကိုသာ မမှိတ်မသုံ အကြည့်ဖြင့် စိုက်ကြည့်နေသည်။ ကြည့်နေသည် နှင့်အမျှ သူပို၍ ထိတ်လန့်လာရလေ၏။ ထိုအမျိုးသမီးသည် သူသိသော အခြား အမျိုးသမီး တစ်ယောက်နှင့် အလွန်ကိုမှ တူနေသည်။ မတွေ့ရသည်မှာ နှစ်ပေါင်းများစွာ ကြာသွားပြီ ဖြစ်သည့်တိုင် ထိုအမျိုးသမီး၏ မျက်နှာကို သူအထင်အရှား မှတ်မိနေဆဲပင်။
သို့သော်လည်း… ဤအမျိုးသမီးသည် သူသိခဲ့ဖူးသော အမျိုးသမီး တကယ်ကော ဟုတ်လေရဲ့လား။
မဟုတ်လျှင် ဤတိုက်ဆိုင်မှုသည် တိုက်ခိုက်မှုထက်ကို ပိုသည်ဟုသာ ပြောရပေမည်။ ဤလောကကြီးသည် အလွန်ကိုမှ ကျယ်ပြောလှသည့်အတွက် မျက်နှာတူနာမည်တူ မရှားပါချေ။ ထိုသို့ဆိုလျှင် မျက်နှာတစ်ခုတည်း ချွတ်စွပ်တူနေသော လူနှစ်ယောက် ရှိနေရန်မှာ သိပ်တော့ မဖြစ်နိုင်လှပေ။ ထိုသို့ မဟုတ်လျှင်လည်း သူမ ဘာကြောင့် ဤနေရာတွင် ပေါ်လာရသနည်း။
ရန်ကိုင်၏ စိတ်ထဲ မသင်္ကာ ဖြစ်နေရသည်မှာ ဤအမျိုးသမီးသည် တစ်ယောက်တည်းသာ ဖြစ်နေသည့် အတွက်ကြောင့်သာ ဖြစ်ပေသည်။ သူမသာ သူသိသည့် လူတစ်ယောက် ဆိုပါက သူမနှင့်အတူ အခြား အမျိုးသမီး တစ်ယောက်ပါ ရှိနေရပေလိမ့်မည်။ သူမ တစ်ယောက်တည်း ရှိနေစရာ အကြောင်းမရှိချေ။
“ဂိုဏ်းချုပ်ကု၊ ကျုပ်သူ့ကို ကုပေးလိုက်ဦးမယ်။ ကျုပ်သူ့ကို ကုနေတုန်း ဒီနားတစ်ဝိုက်ကို တစ်ချက်လောက် စောင့်ကြည့်ထားပေးပါလား” ရန်ကိုင်တွင် ဆက်တွေးနေချိန် မရှိတော့ပေ။ သူသာ ဆက်နှောင့်နှေးနေလျှင် ဤအမျိုးသမီး သေသွားရပေတော့မည်။
သူမ သူထင်နေသည့်လူ ဟုတ်မဟုတ်ကိုမူ သူမ နိုးလာမှသာ မေးရပေတော့မည်။
“စိတ်မပူနနဲ့၊ ဂိုဏ်းချုပ်ရန်၊ ကျုပ်တာဝန်သာထားလိုက်” ကုကျန်းက ပြောလိုက်သည်။
“ကျေးဇူးပါပဲ ဂိုဏ်းချုပ်ကု” ရန်ကိုင်သည် မည်သည့် အပို စကားမှ ထပ်ပြောမနေတော့ဘဲ ဒဏ်ရာရနေသော အမျိုးသမီးအား နံရံပေါ်မှီစေလျက် သူမရှေ့တွင် တင်ပလင်ခွေ ထိုင်ချလိုက်သည်။ ထို့နောက် သူမလက်ကို ကိုင်ကာ သူတော်စင်ချီနှင့် ကောင်းကင် စိတ်အာရုံကို သူမကိုယ်ထဲသို့ အာအသာအယာ ပို့လွှတ်၍ သူမ၏ ခန္ဓာကိုယ် အခြေအနေကို သေသေချာချာ စစ်ဆေးတော့လေသည်။
စစ်ဆေးကြည့်ပြီးနောက် ရန်ကိုင် မျက်နှာပျက်သွားခဲ့သည်။
ထိုအမျိုးသမီး၏ အခြေအနေသည် သူထင်ထားသည်ထက် အများကြီး ပိုဆိုးနေခဲ့သည်။ သူမ ကိုယ်တွင်းအင်္ဂါများ ပြင်းထန်စွာ ထိခိုက်ထားပြီး သွေးကြောများအား တိုက်ခိုက်နေသော စွမ်းအင် တစ်မျိုးလည်း ရှိနေသေးသည်။
သူမ ဒဏ်ရာ အလွန်ပြင်းလွန်းပေသည်။ သူ့နေရာတွင်သာ အခြား ကျင့်ကြံသူတစ်ယောက် ဆိုပါက လက်ရှိ သူမ၏ အခြေအနေနှင့် ပက်သက်၍ လုံးဝ လက်မှိုင်ချရမည်ဖြစ်ကာ သူတော်စင်ချီသုံး၍ သူမအသက်အား ဆက်ထိန်းထားနိုင်ရုံသာ တတ်နိုင်ပေလိမ့်မည်။
ရန်ကိုင်ပင် သူမအား ကယ်နိုင်၊ မကယ်နိုင် မသေချာသေးပေ။ သို့သော်လည်း ရာခိုင်နှုန်း မည်မျှပင် နည်းစေကာမူ၊ စမ်းတော့ စမ်းကြည့်ရပေမည်။
ထိုကဲ့သို့ စဉ်းစားပြီးသည့်အခါ သိုလှောင်လက်စွပ်ထဲမှ ကျောက်စိမ်းပုလင်း တစ်ပုလင်းကိုထုတ်၍ ပုလင်းအဖုံးကို ဖွင့်ကာ ပန်းရောင် ဆေးလုံးတစ်လုံးကို သွန်ချလိုက်သည်။
ဆေးလုံး အပြင်သို့ ထွက်လာသည်နှင့် ဆေးရနံ့တို့ တစ်မုဟုတ်ချည်း သင်းကြိုင်လာခဲ့သည်။
ကုကျန်းသည် ပတ်ဝန်းကျင်ကို စောင့်ကြည့်နေသော်ငြား ရန်ကိုင်ကိုလည်း အာရုံစိုက်နေခဲ့သည်။ ပန်းရောင်ဆေးလုံးကို မြင်လိုက်သည့်အခိုက် ကုကျန်း ထိတ်လန့်သွားခဲ့ရလေသည်။ ထိုပန်းရောင်ဆေးလုံးသည် သူပြောနိုင်သလောက် တန်ခိုးရှင်ဘုရင် အဆင့်နိမ့်အဆင့် ဆေးလုံးတစ်လုံး ဖြစ်သည်။
တန်ခိုးရှင်ဘုရင် ဆေးလုံးများကို အရိပ်ကြယ်တွင် မတွေ့နိုင်ပေ။ ထိုဆေးလုံးများသည် ကြယ်စီရင်စုကြီးထဲတွင်ပင် ရှားပါးသော ရတနာများ ဖြစ်ကြသည်။ တန်ခိုးရှင်ဘုရင်အဆင့် ဆေးလုံးများကို တန်ခိုးရှင်ဘုရင်အဆင့် ဆေးပညာရှင်များသာ ဖော်စပ်နိုင်သည်ကိုး။
ပုံမှန်ဆိုလျှင် သူအံ့ဩလျှင်ပင် အရမ်းကြီး အံ့ဩမိမည် မဟုတ်သော်လည်း ယခုကဲ့သို့ အလွန်အမင်း အံ့ဩသွားရခြင်းမှာ ရန်ကိုင် ထုတ်လိုက်သည့် ပန်းရောင်ဆေးလုံးပေါ်တွင် ဆေးသွေးကြောများ ပါရှိနေသည့် အတွက်ကြောင့် ဖြစ်ပေသည်။
ထိုဆေးလုံးကိုကြည့်ရင်း ကုကျန်း မျက်လုံးပြူးနေခဲ့သည်။ ရန်ကိုင်နှင့် ထိုအမျိုးသမီးကြား ဆက်ဆံရေးသည် ထင်သလောက် မရိုးရှင်းမှန်းကိုလည်း နားလည်သွားခဲ့သည်။ ထို့ကြောင့်သာ မဟုတ်လျှင် ရန်ကိုင်သည် သူမဒဏ်ရာကို ကုသပေးရန်အတွက် ထိုမျှ အဖိုးတန်သော ဆေးလုံးအား မည်သည့်အတွက်ကြောင့် ထုတ်သုံးမည်နည်း။
ဤကဲ့သို့သော ဆေးလုံးများသည် ကြယ်စီရင်စုကြီး တစ်ခုလုံးတွင်ပင် များများစားစား ရှိလှသည်မဟုတ်၊ ထိုဆေးလုံးအား အရိပ်ကြယ်သို့သာ ပြန်ယူသွားခဲ့လျှင်ပင် လိုချင်သည့်လူများ ရေတွက်မရနိုင်အောင် ရှိနေပေလိမ့်မည်။
ထိုအမျိုးသမီး မည်သူ ဖြစ်သည့်အတွက်ကြောင့် ရန်ကိုင်သည် သူမအား ကယ်ရန်အတွက် ဤကဲ့သို့ အလွန် အဖိုးတန်သည့် ဆေးလုံးအား ထုတ်သုံးနေရသလဲ ဆိုသည်ကို ကုကျန်း သိချင်မိသွားခဲ့သည်။
ဤတန်ခိုးရှင်ဘုရင်အဆင့် ဆေးလုံးအား တောင်ကြားထဲ၌ ရန်ကိုင် ရခဲ့ခြင်း ဖြစ်သည်။ ဆေးလုံးကို ရစဉ်က ဤဆေးလုံးသည် မနှောင်းသော အနာဂတ်အတွင်း အသုံးဝင်လာလိမ့်မည်ဟု တစ်ခါမှ မထင်ထားခဲ့ပေ။ သူ့လက်ရှိ အရည်အချင်းဖြင့် ဤကဲ့သို့သော ဆေးလုံးမျိုးအား မဖော်စပ်နိုင်သေးပေ။
တန်ခိုးရှင်ဘုရင်အဆင့် ဆေးလုံးများတွင် အလွန်ကိုမှ အားပြင်းသော ဆေးအာနိသင်များ ရှိကြသည်။ သို့သော်လည်း အမျိုးသမီး၏ လက်ရှိ အခြေအနေကြောင့် ရန်ကိုင် အနည်းငယ် စိတ်ပူနေမိသည်။ တန်ခိုးရှင်ဘုရင်အဆင့် ဆေးလုံးများသည် အလွန်ကိုမှ ဆေးအာနိသင်ကောင်းသော်ငြား ဆေးဒဏ်ကိုသာ မခံနိုင်လျှင် သူမဒဏ်ရာ မပျောက်သည့်အပြင် ပို၍ပင် ဆိုးသွားနိုင်ကာ တစ်ခါတည်း အသက်ပျောက်သွားနိုင်သည်။
ထို့အတွက်ကြောင့် သူမအား ဆေးမတိုက်ခင်တွင်၊ ရွှေရောင် သွေးတစ်စက်ကိုထုတ်ကာ သူမ၏ ပါးနှစ်ဖက်ကို ဖျစ်၍ ပါးစပ်ထဲသို့ ထည့်ပေးလိုက်သည်။
ရွှေရောင်သွေးစက်သည် သူမ၏ အသက်စွမ်းအင်အား အတော်အတန် ပြန်လည် ကောင်းမွန်လာစေလိမ့်မည် ဖြစ်သည့် အတွက်ကြောင့် ဆေးအာနိသင်ကို မခံနိုင်ဘဲ သူမ၏ ဒဏ်ရာ ပိုမို ဆိုးရွားသွားမည်ကို စိုးရိမ်နေစရာ မလိုတော့ပေ။
ယခု သူမအား ဆေးတိုက်ပြီး ဆေးအာနိသင်အား ကူညီ ချေဖျက်ပေးရန်သာ ကျန်တော့သည်။
ထို့ကြောင့် သူမ၏ လက်နှစ်ဖက်ကို ကိုင်၍ သူမကိုယ်ထဲသို့ သူ့သူတော်စင်ချီကို ထည့်သွင်းပေးကာ သူမ၏ သူတော်စင်ချီအား ပြန်လည် လှည့်ပတ်လာနိုင်အောင် ကူညီပေးလိုက်သည်။
အချိန်အနည်းငယ် ကြာသွားသည့်အခါ၊ မိုယုနှင့် ချန်ရှီတောင်းတို့ အားပြန်ဖြည့်နေရာမှ နိုးလာခဲ့သည်။ ကုကျန်းအား ဖြစ်ကြောင်းကုန်စင်ကို မေးမြန်းပြီးနောက် လက်ရှိ အခြေအနေကို နားလည်သွားခဲ့လေသည်။ ထို့ကြောင့် ရန်ကိုင်အား သွား၍ အနှောင့်အယှတ် မပေးဘဲ ငြိမ်ငြိမ်းလေးသာ ရပ်နေလိုက်သည်။
ရန်ကိုင်ကမူ အမျိုးသမီး၏ ကိုယ်ထဲရှိ တန်ခိုးရှင်ဘုရင်အဆင့် ဆေးလုံး၏ ဆေးအာနိသင်များကို ကူညီ ချေဖျက်ပေးနေခဲ့သည်။ အချိန်ကြာလာသည့်နောက်တွင် အမျိုးသမီး၏ ဖြူလျော်နေသော အသားအရေ သွေးရောင် ပြန်လွှမ်းလာခဲ့သည်။ ထိခိုက်နေသော ကိုယ်တွင်း အင်္ဂါများသည်လည်း တဖြည်းဖြည်း ပြန်လည် ကောင်းမွန်လာကာ သွေးကြောထဲရှိ ပြင်ပ စွမ်းအင်များသည်လည်း အချိန်နှင့်အမျှ ဖယ်ထုတ်ခံနေခဲ့ရသည်။
နှစ်နာရီတင်းတင်း ကြာပြီးနောက် အမျိုးသမီး ရုတ်တရက် ချောင်းဆိုးလိုက်ပြီး မည်းညစ်နေသော သွေးများအား ရန်ကိုင် တည့်တည့်ဆီသို့ ထွေးထုတ်လိုက်သည်။
ရန်ကိုင်သည် အကွက်မြင်စွာဖြင့် ထိုမည်းညစ်ညစ် သွေးများကို ဘေးဘက်သို့ တွန်းထုတ်ပစ်လိုက်နိုင်ခဲ့သည်။
ယခုမှပဲ သူစိတ်အေးနိုင်တော့သည်။
ခက်ခက်ခဲခဲ ကြိုးစားပြီးနောက်တွင် အမျိုးသမီးအား သေမင်း ခံတွင်းဝဆီမှ ပြန်ဆွဲခေါ်လာနိုင်ခဲ့သည်။ သို့သော် သူမ အနေဖြင့် အပြည့်အဝ ပြန်ကောင်းချင်လျှင်မူ အချိန်များစွာ ယူရပေလိမ့်မည်။ လောလောဆယ်တွင် အမျိုးသမီးသည် သူမ အထွဋ်အထိပ်တွင် ရှိစဉ်က စွမ်းအား၏ တစ်ဝက်လောက်ကိုသာ ထုတ်ဖော်နိုင်ပြီး၊ ဤအခြေအနေသည် ဧကရာဇ်ဥယျာဉ်ကဲ့သို့သော နေရာမျိုးတွင် အတော်လေး စိုးရိမ်စရာကောင်းသည်ဟု ပြော၍ရသည်။ အန္တရာယ် တစ်ခုခုနှင့်သာ ကြုံရလျှင် သူမအနေဖြင့် ပြန်တိုက်ခိုက်နိုင်မည် မဟုတ်သလို ခုခံနိုင်လိမ့်မည်လည်း မဟုတ်ပေ။
သွေးညစ်များကို အန်ထုတ်ပြီးသည့်နောက်တွင် အမျိုးသမီး၏ မျက်တောင်များ လှုပ်ခတ်လှုပ်ခတ် ဖြစ်လာခဲ့သည်။
ခဏအကြာတွင်၊ အမျိုးသမီး၏ မျက်လုံးများ ပွင့်လာခဲ့သည်။ မျက်လုံးများ ပွင့်လာသော်လည်း အမျိုးသမီးသည် အနည်းငယ် ကြောင်တောင်တောင် ဖြစ်နေသေးသည်။ သူမရှေ့၌ တင်ပလင်ခွေ ထိုင်နေသော ရန်ကိုင်ကို မြင်ပြီးနောက် အမျိုးသမီး ကြက်သေသေသွားခဲ့လေသည်။
ထိုအမျိုးသမီးသည် သူနှင့်ယခင် တွေ့ခဲ့ဖူးသော အမျိုးသမီး ဟုတ်၊မဟုတ်အပေါ် ရန်ကိုင် အတော်လေး စိုးရိမ်နေခဲ့ရလေပြီ။
အချိန်အတော်ကြာပြီးသည့်နောက်တွင်၊ အမျိုးသမီးသည် သူမ၏လက်အား ခက်ခက်ခဲခဲ မြှောက်၍ ရန်ကိုင်၏ ပါးအား ထိကိုင်ရန် လုပ်လိုက်သည်။ ထိုအခြင်းအရာကို မြင်သော် ရန်ကိုင်၏ မျက်ဝန်းထဲ စိတ်လှုပ်ရှားသည့် အလင်းတစ်ချက် ဖြတ်ပြေးသွားခဲ့လေသည်။
“သူတို့ အချင်းချင်း တကယ် သိကြတာပဲ” ထိုမြင်ကွင်းကို ကြည့်လျက် ချန်ရှီးတောင်က ပြောလိုက်သည် “ပြီးတော့ တော်တော်လေး ရင်းနှီးကြတဲ့ပုံပဲ”
မိတ်ဆွေဟောင်းနှင့် နယ်မြေသစ်တစ်ခုတွင် ပြန်တွေ့ရသည်မှာ တကယ်ကို ပျော်ရှင်စရာ ကောင်းလှသည်။ သူမလည်း ရန်ကိုင်အတွက် ပျော်မိပေသည်။
သို့သော်လည်း မမျှော်လင့်ထားသည့် မြင်ကွင်းတစ်ခု ဖြစ်လာခဲ့သည်။
အမျိုးသမီး၏ လက်ကလေးသည် ရန်ကိုင်နှင့် လက်တစ်ဝါး အကွာသို့ ရောက်လာသည့်အခါ ရန်ကိုင်၏ပါးကို ရိုက်ချင်နေသည့် အလား ရှေ့သို့ လျင်မြန်စွာ တိုးသွားခဲ့သည်။ သို့သော် ရိုက်ရန် အားမရှိသည့် အတွက်ကြောင့်လား မသိလေရာ၊ သူမ၏ အပြုအမူသည် ရန်ကိုင်အပေါ် ကလူညူတူတူ လုပ်နေသည့်ပုံ ဖြစ်သွားခဲ့သည်။
“ငါသေပြီး ပထမဆုံး တွေ့ရတဲ့လူက ဘာလို့ နင်ဖြစ်နေတာလဲ ကောင်စုတ်ရဲ့။ နင်သေသွားမှန်းသာ သခင်မ သိခဲ့ရင် သူရင်ကွဲမှာ၊ နင်ဘာလို့ သေသွားရတာလဲ။ လူကောင်းတွေဆို အသက်တိုပြီး မကောင်းတဲ့ကောင်တွေက အသက်ရှည်တယ်ဆို၊ နင်ကျမှ အသက်တိုရတာလဲ၊ ကောင်စုတ်ရဲ့”
ရန်ကိုင်အား ထိုကဲ့သို့ ဆူပူလိုက်ပြီးနောက် သူမ၏ မျက်ဝန်းများဆီမှ မျက်ရည်စများ တောင်ကျရေတံခွန်နှယ် တရဟော စီးကျလာတော့လေသည်။
“ပီလော့လား” ရန်ကိုင် အားတင်းပြီး ခေါ်လိုက်သည်။
သူ့ရှေ့ရှိ အမျိုးသမီးသည် သူနှင့် ယခင် သိခဲ့ဖူးသော အမျိုးသမီး ဖြစ်မှန်း ရန်ကိုင် အတည်ပြုသွားနိုင်လေပြီ။ သံသယ ရှိစရာမလိုအောင်ကို ထိုအမျိုးသမီးသည် သူသိသည့် အမျိုးသမီး ဖြစ်သည်။ မဟုတ်လျှင် သူ့အား မှတ်မိစရာ အကြောင်း မရှိချေ။
ဤအမျိုးသမီးသည် ရှန်ချန်လော့၏ အစေခံမလေး ပီလော့ ဖြစ်ပေသည်။
သူတို့ နောက်ဆုံးအကြိမ် တွေ့ခဲ့သည်မှာ လွန်ခဲ့သော နှစ်သုံးဆယ်ခန့်က တိမ်မိစ္ဆာနယ်မြေတွင် ဖြစ်သည်။ သို့သော် ပီလော့အား ဤနေရာတွင် လာတွေ့လိမ့်မည်ဟု တစ်ခါမှ မထင်ထားခဲ့ချေ။
ကံတရားသည် တကယ်ကို ခန့်မှန်းရ ခက်လှည်ပါသည်လား။
စုယန်နှင့် ဧကရာဇ်ဥယျာဉ်တွင် ပြန်ဆုံချင်မိသော်လည်း ရွှယ့်ယွယ်ကိုသာ သွားတွေ့ခဲ့သည်။ ယခုတွင်မူ နောက်မည်သည့် အခါမှ ပြန်မဆုံနိုင်တော့ဘူးဟု ထင်နေသော ပီလော့ကို လာတွေ့ပြန်၏။
သူအခြား ဘာကိုမှ မစဉ်းစားတတ်တော့သည် မဟုတ်၊ စုယန်နှင့် ပြန်မတွေ့နိုင်သည်မှာ နှစ်ပေါင်းများစွာ ကြာနေပြီ ဖြစ်သော်ငြား အနည်းဆုံး သူမ မည်သည့် နေရာသို့ ရောက်နေလဲ ဆိုသည်နှင့် ပက်သက်၍ သဲလွန်စအချို့ ရထားသေးသည်။ ရှန်ချင်းလော့နှင့် ပီလော့တို့ သွားသည့် နေရာကိုမူ သူလုံးဝ မသိထားခဲ့ပေ။
ဟန်မင်းဆက်မှ ထွက်လာပြီး ထုန်းရွှမ်လောကကြီးဆီသို့ မလာခင် ရှန်ချင်းလော့နှင့် ပီလော့အား နှုတ်ဆက်စကား ဆိုခဲ့သည်။
ဆယ်နှစ်ကြာပြီးသည့်နောက်တွင် ထုန်းရွှမ်လောကကြီးဆီမှ ဗဟိုမြို့တော်ဆီသို့ ပြန်လာခဲ့သည်။ အခါ တိမ်မိစ္ဆာနယ်မြေဆီသို့ သွား၍ ရှန်ချန်းလော့အား သွားရှာခဲ့သော်လည်း သူမအား မတွေ့ခဲ့ပေ။ မေးမြန်းကြည့်ပြီးနောက်တွင် ရှန်ချင်းလော့နှင့် ပီလော့သည် ပင့်ကူအမေကြီး၏ အသိုက်ဆီသို့ သွားကြောင်း သိခဲ့ရသည်။ ထို့ကြောင့် ပင့်ကူအမေကြီး၏ အသိုက်ဆီသို့ လိုက်သွားခဲ့ရာမှ ထိုနေရာတွင် သွေးကွက်များ စွန်းထင်းနေသည့် ရှေးဟောင်း ယဇ်ပုလ္လင်တစ်ခုကို တွေ့ခဲ့ရသည်။ ရှန်းချင်းလော့နှင့် ပီလော့တို့ကိုမူ မတွေ့ခဲ့သလို သူတို့ အသက်ရှင်၊မရှင်ကိုလည်း မသိခဲ့ရပေ။
ထိုအချိန်မှစ၍ ရှန်ချင်းလော့၊ ပီလော့တို့နှင့် မည်သည့်အခါမှ ပြန်တွေ့နိုင်တော့မည် မဟုတ်ဟု ရန်ကိုင် ထင်မှတ်သွားခဲ့သည်။
သို့သော်လည်း မည်သည့်အခါမှ ပြန်မတွေ့နိုင်တော့ဘူးဟု ထင်မှတ်ထားသော လူတစ်ယောက်နှင့် ဧကရာဇ်ဥယျာဉ်ထဲတွင် လာတွေ့လိမ့်မည်ဟု သူမည်ကဲ့သို့ ထင်ထားပါမည်နည်း။
သူ့ကိုယ်သူ အိမ်မက်မက်နေသလားဟုပင် ထင်မိသွားသည်။
ရန်ကိုင် ငေးကြောင်နေစဉ်၊ ပီလော့သည် သူမကိုယ်သူမ မသေသေးမှန်း တွေ့ရှိလိုက်ရသည်။ အစောပိုင်းက သူမ၏ အပြုအမူကြောင့် အနည်းငယ် ရှက်မိသွားခဲ့သော်ငြား အလွန်ကိုမှ ပျော်သွားခဲ့လေသည်။
သူမသည်လည်း ရန်ကိုင်နှင့် ဤနေရာတွင် လာဆုံမည်ဟု မထင်ထားခဲ့ပေ။
ထိုသူတောင်းစားသည် လွန်ခဲ့သော နှစ်များအတွင်း သူမအား အနိုင်ကျင့်ခဲ့ပြီး သူမ၏ သခင်မကိုပင် အလွန် စိတ်ဆင်းရဲ၊ အထီးကျန်အောင် လုပ်ခဲ့သော်ငြား ယခုအချိန် ယခုကဲ့သို့ နေရာမျိုး၌ သူနှင့် ပြန်ဆုံရသည့်အတွက် ပီလော့ ပျော်သွားသည်မှာ ငြင်းမရသည့် အချက်ဖြစ်သည်။ သူမ၏ မျက်ဝန်းလေးများသည် အပျော်ရောင်တို့ဖြင့် တလက်လက် တောက်ပလာခဲ့လေသည်။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၄၅၈)
“အစ်မချန်၊ သူ့ကို ကူပြီးနှစ်သိမ့်ပေးလို့ရမလား။ သူအခု သိပ်စိတ်မငြိမ်သေးလို့” ပီလော့ အားပြန်ပြည့်လာသည့်အခါ သူ့အား ပါးထရိုက်မည်ကို စိုးရွံ့သဖြင့် ရန်ကိုင်သည် ချန်ရှီတောင်းကို အကူအညီ တောင်းလိုက်လေသည်။ မည်သို့ပင် ဖြစ်ပါစေ အကြောင်းပြချက် သေသေချာချာ ရေရေရာရာ မရှိဘဲ နှစ်ကြိမ်ပါးရိုက်ခံရမည့် အဖြစ်မျိုးနှင့် မကြုံချင်ပေ။
“အင်း” ချန်ရှီတောင်းလည်း ချက်ချင်း ပီလော့ဘေးသို့ လျှောက်သွားလိုက်ပြီး ပီလော့အား သူမကိုယ်ပေါ်သို့ မှီစေလျက် နှစ်သိမ့်စကားအချို့ ပြောပေးလိုက်လေသည်။
ရန်ကိုင် ထရပ်လိုက်ပြီး မိုယု၊ကုကျန်းတို့နှင့် သွားစကားပြော၏။ သူတို့နှင့် စကားပြောရင်းမှ ဧကရာဇ်ဥယျာဉ် ထဲသို့ ဝင်လာပြီးနောက် သူတို့ သုံးယောက် လူစုကွဲသွားခဲ့ကြောင်း၊ သို့သော် တစ်ယောက်နှင့်တစ်ယောက် ရောက်နေသည့် နေရာသည် သိပ်မကွာဝေးသဖြင့် အချိန်တိုအတွင်း သုံးယောက်အတူ ပြန်လည် ပေါင်းစည်းနိုင်ခဲ့ကြောင်း သိခဲ့ရသည်။
အခြားသူများ မည်သည့်နေရာသို့ ရောက်သွားကြလဲ ဆိုသည်ကိုမူ သူတို့လည်း မသိကြပေ။
“လတ်စသတ်တော့ အဲ့လိုကိုး” သူတို့ ပြောသည်ကို နားထောင်ပြီးနောက် ရန်ကိုင် ခေါင်းတညိတ်ညိတ် ဖြစ်သွားခဲ့၏။ အစမူ ယန်ယန်နှင့် ရီရှီယွင်တို့ အကြောင်းကို ထိုနှစ်ယောက်ဆီမှ စုံစမ်းရန် စဉ်းစားထားခဲ့သော်ငြား သူတို့ နှစ်ယောက်သည်လည်း သူ့ကဲ့သို့ပင် အခြားသူများအကြောင်း မသိသဖြင့် သွားမေးနေ၍ ဘာမှထူးလိမ့်မည် မဟုတ်ပေ။ မည်သို့ပင် ဖြစ်စေကာမူ ယန်ယန် နောက်သို့ ရီရှီယွင် လိုက်သွားသဖြင့် ယန်ယန်၏ လုံခြုံရေးကို စိတ်ပူစရာ မလိုချေ။
ပီလော့အား ပြန်လှည့်ကြည့်လိုက်သည့်အခိုက် ရန်ကိုင်၏ မျက်နှာကြီး ရှုံ့မဲ့သွားခဲ့ရလေသည်။
လက်ရှိတွင် ပီလော့သည် ချန်ရှီတောင်း၏ ရင်အစုံပေါ်၌ ခေါင်းမှီနေခဲ့သည်။ ထို့အပြင် သူမ၏ ပါးစပ်သည်လည်း ချန်ရှီတောင်၏ ချယ်ရီသီးလေးများပေါ် ရောက်နေခဲ့သည်။ တမင် ရည်ရွယ်ပြီးတော့ဘဲ လုပ်နေသလား၊ မတော်တဆပဲ ထိုကဲ့သို့ ဖြစ်သွားသလား မသိရာ။ ချန်ရှီတောင်း၏ ကိုယ်သင်းရနံ့အား ရှူရှိုက်ရင်း ပီလော့၏ အသက်ရှူသံ တဖြည်းဖြည်း မြန်ဆန်လာခဲ့သည်။ သူမ၏ အပြုအမူကြောင့် ချန်ရှီတောင်း၏ မျက်နှာမှာမူ မီးသွေးတုံးနှယ် ရဲရဲနီနေခဲ့လေပြီ။ သူမအနေဖြင့် နေရထိုင်ရ သိပ်မပြေသော်ငြား တစ်ဖက်လူသည် ဒဏ်ရာ ပြင်းပြင်းထန်ထန် ရထားသည့် လူတစ်ယောက် ဖြစ်နေသဖြင့် ငြင်းရခက်နေခဲ့သည်။
ထို့အပြင် ပီလော့၏ လက်သည်လည်း ငြိမ်ငြိမ်မနေခဲ့ချေ။ ချန်ရှီတောင်း၏ လက်အား သွားကိုင်၍ ပွတ်သပ်ဆော့ကစားနေ၏။
ထိုမြင်ကွင်းကို ကြည့်ရင်း ရန်ကိုင်၏ မျက်နှာ ရှုံ့မဲ့သည်ထက် ရှုံ့မဲ့လာခဲ့သည်။
ဤမိန်းမ ပီလော့ ဖြစ်သည်မှာ သံသယရှိစရာ မလိုတော့ချေ။ ဝံပုလွေများသည် ၎င်းတို့၏ ဗီဇအား ဖျောက်မရသလို ခွေးများလည်း ထိုနည်းတူစွာပင်။ ပီလော့သည် ယခင်ကတည်းက ဤကဲ့သို့ အကျင့် ရှိနေခြင်းဖြစ်သည်။ နှစ်ပေါင်းသုံးဆယ်ကျော် ကြာသွားသည့်တိုင် သူမ၏ ထိုအကျင့်သည် ပျောက်ပျက်သွားခြင်း မရှိသေးပေ။ လူတစ်ယောက်၏ ဗီဇအား အလွယ်တကူ ပြောင်းလဲ၍ မရသည်မှာ တကယ်ကို မှန်ပေသည်။
ချန်ရှီတောင်း ပို၍ နေရထိုင်ရ ခက်လာသည်ကို မြင်သော် ရန်ကိုင်လည်း ဆက်ကြည့်မနေနိုင်တော့ဘဲ ပီလော့ဆီသို့ လျှောက်သွားပြီး သူမ၏ အင်္ကျီကော်လာကို ဆုပ်ကိုင်၍ အပေါ်သို့ ဆောင့်ဆွဲလိုက်လေသည်။
ရန်ကိုင်၏ လုပ်ရပ်ကြောင့် ပီလော့ ရန်ကိုင်အား စူးရဲစွာ စိုက်ကြည့်လိုက်ပြီး ပါးရိုက်တော့မည်အပြု၊ ထိုသို့ မလုပ်နိုင် သေးခင်မှာပဲ သူမ၏ ဒဏ်ရာပြန်ထလာသည့်အတွက် အားနည်းစွာသာ ချောင်းဆိုးလိုက်ရလေသည်။
“ဂိုဏ်းချုပ်ရန် ဘာဆက်လုပ်ဖို့ စိတ်ကူးထားလဲ။ ဒီလူအိုကြီး၊ အကြီးအကဲမိုတို့နဲ့ အတူသွားချင်လား” ကုကျန်းသည် ရန်ကိုင်အား ကြည့်ကာ မေးလိုက်သည်။ ဧကရာဇ်ဥယျာဉ်ထဲရှိ အန္တရာယ်သည် သူတို့ ထင်ထားသည်ထက်ကို ကျော်လွန်နေခဲ့သည်။ အစီအရင်များ၊ အကာအရံများသာ မဟုတ်ဘဲ အခြားကြယ်များမှ ဝင်ရောက်လာသော ကျင့်ကြံသူများလည်း ရှိသေးသည့်အတွက် လူတစ်ယောက် ပိုရှိခြင်းသည် သူတို့၏ လုံခြုံရေးကို ပို၍ အာမခံချက် ပေးနိုင်ပေသည်။
အထူးသဖြင့် ရန်ကိုင်ကဲ့သို့ လူမျိုးပင်။ ရန်ကိုင်သည် တန်ခိုးရှင် ပထမအဆင့်သာ ရှိသေးသော်ငြား သူ့ခွန်အားသည် မြင်လိုက်သည့် လူတိုင်းအား မှင်သက်သွားစေရန် လုံလောက်ပေသည်။ ထို့ကြောင့် ရန်ကိုင်နှင့်အတူ သွားနိုင်ရန် ကုကျန်း မျှော်လင့်နေမိသည်။
ရန်ကိုင်ကမူ ခဏလောက် စဉ်းစားပြီးနောက် ခေါင်းခါ၍ “အခုလို ဖိတ်ခေါ်ပေးတဲ့အတွက် ကျေးဇူးပါပဲ ဂိုဏ်းချုပ်ကု၊ ကျုပ်တစ်ယောက်တည်း ဆိုရင်တော့ ဘာမှမဖြစ်ပေမယ့် အခု အခြေအနေက…”
ပြောပြီးသည်နှင့် ပီလော့အား ကြည့်လိုက်သည်။
သူယခုလေးတင် ကယ်ထားသော အမျိုးသမီးသည် အလွန် အားနည်းသည့် အခြေအနေတွင် ရှိနေသည်။ သူမကိုပါ ခေါ်သွားရင်း ကုကျန်းနှင့် မိုယုတို့အတွက် အဆင်ပြေလိမ့်မည် မဟုတ်ချေ။ ထို့အပြင် သူ့၌ ပီလော့အား မေးစရာ များစွာ ရှိနေပေသေးသည်။
သူဤနေရာသို့ လာရင်း ရည်ရွယ်ချက်အား အပြင်လူများကို သိသွားစေ၍လည်း မဖြစ်သေးချေ။
“အဲ့လိုဆိုမှတော့ အဲ့အတိုင်းပဲပေါ့” ရန်ကိုင် မည်သည်ကို စိုးရိမ်နေသလဲ ကုကျန်းသိသည့်အတွက် ဆက်မပြောတော့ချေ။ ရိုးရိုးသားသားပြောရလျှင် ချန်ရှီတောင်း တစ်ယောက်နှင့်ပင် သူတို့ အတော်လေး ရုန်းကန်နေရရာ ပီလော့သာ ထပ်ပါလာမည် ဆိုပါက သူတို့ခရီး ပို၍ ခက်ခဲလေးဖင့်လာရုံသာရှိသည်။
ယဲ့ယဲ့လေးပြုံးလျက် ကုကျန်းက ပြောလိုက်လေသည် “ဒီလူအိုကြီးကတော့ ဒီနားတစ်ဝိုက်ကို နောက်ရက်နည်းနည်းလောက် ဆက်စူးစမ်းကြည့်ဦးမယ်။ ဂိုဏ်းချုပ်ရန် ဒီနေရာမှာ မလုံခြုံဘူးလို့ ခံစားရရင် အပြင်ကို ပြန်သွားဖို့ ဒီလူအိုကြီး အကြံပေးချင်တယ်။ အပြင်ဘက်မှာလည်း အခွင့်အလမ်းတွေ အများကြီးပဲလို့ ဒီလူအိုကြီး ကြားတယ်”
“ဂျူနီယာ မှတ်ထားပါ့မယ်” ရန်ကိုင်သည် အသာအယာ ခေါင်းညိတ်လိုက်ပြီးနောက် ရုတ်တရက် တစ်ခုခုကို သတိ ရသွားသည့်အလား ကောက်မေးလိုက်၏ “ဟုတ်သားပဲ၊ အကြီးအကဲတို့ ဒီရောက်နေတာ ဆယ်ရက်ကျော်ပြီဆိုတော့ ရေခဲလမ်းတစ်ခုခုကိုများ တွေ့မိခဲ့သေးလား”
“ရေခဲလမ်း” ကုကျန်းနှင့် မိုယုတို့ အကြည့်ချင်း ဖလှယ်လိုက်ပြီး နှစ်ယောက်စလုံး ခေါင်းခါလိုက်ကြလေသည် “တစ်ခါမှ မတွေ့ဖူးဘူး”
“အင်း၊ ဘာမှမဖြစ်ဘူး၊ ကျုပ်ဒီအတိုင်း မေးကြည့်လိုက်တာ” ရန်ကိုင် ယဲ့ယဲ့လေး ပြုံးလိုက်သည်။
ရန်ကိုင်သည် ရေခဲလမ်းကို စိတ်ဝင်စားနေမိသော်ငြား မိုယုတို့သည် ထိုအကြောင်းကို စိတ်မဝင်စားခဲ့ပေ။ ထို့ကြောင့် စကားနည်းနည်းပါးပါး ပြောပြီးနောက် ကြည်လင်ကောင်းကင်ဂိုဏ်းမှ သုံးယောက် ထွက်သွားလေသည်။
မထွက်သွားခင်၊ ချန်ရှီတောင်းသည် ပီလော့အား အနည်းငယ် လန့်နေသည့် အကြည့်ဖြင့် ကြည့်လိုက်သည်။ ပီလော့သည် သူမအား တောက်ပစွာပြုံးလျက် ကြည့်နေသည်ကို မြင်သော် ချန်ရှီတောင်း တစ်ကိုယ်လုံး တဆတ်ဆတ် တုန်ရီသွားခဲ့သည်။
ကြည်လင်ကောင်းကင်ဂိုဏ်းမှ လူသုံးယောက် ထွက်သွားပြီးနောက်တွင် ရန်ကိုင်သည် ပီလော့ဘက်သို့ လှည့်၍ ရှုပ်ထွေးသည့် အမူအရာဖြင့် မေးလိုက်သည် “နင်လှုပ်ရှားလို့ ရပြီလား”
“ငါနည်းနည်းလောက် နားဖို့လိုသေးတယ်” ပီလော့က ဖြူလျော်သည့် မျက်နှာဖြင့် ပြန်ပြောသည်။
“အတော်ပဲ၊ ငါ့မှာလည်း နင့်ကို မေးချင်တာတွေ အများကြီးပဲ”
ပြောပြီးသည့်နောက် နန်းတော်ထောင့်တစ်နေရာဆီသို့ လျှောက်သွားလိုက်လေသည်။
ပီလော့ ဘာကြောင့် ဤနေရာသို့ ရောက်နေသလဲ၊ ရှန်ချင်းလော့ မည်သည့်နေရာသို့ ရောက်နေသလဲ၊ တိမ်မိစ္ဆာ နယ်မြေမှ ထွက်သွားပြီးနောက် သူတို့ မည်သည့် နေရာသို့ ရောက်သွားခဲသလဲ ဆိုသည်ကို ရန်ကိုင် သိချင်နေမိသည်။
ပီလော့သည် ရန်ကိုင်၏ မေးခွန်းများကို ဖုံးကွယ်ခြင်းမရှိ အမှန်အတိုင်း ပြန်ဖြေပေးလိုက်လေသည်။
ရန်ကိုင် ထုန်းရွှမ်လောကကြီးသို့ ထွက်သွားပြီးနောက် သုံးနှစ်အကြာတွင် ရှန်ချင်းလော့သည် ပီလော့အား ခေါ်ကာ ရန်ကိုင်အား ရှာပုံတော်ခရီး ထွက်ခဲ့သည်။
ရန်ကိုင် ထွက်သွားသည့်နေရာနှင့် လေဟာနယ် လိုဏ်ခေါင်းတစ်ခုကိုသာ ရှာနိုင်လျှင် ထိုနေရာသို့ ရောက်မည် ဆိုသည့် အကြောင်းများကို သိထားခဲ့သော်ငြား နေရာဒေသ အမျိုးမျိုးဆီသို့ လှည့်ပတ်သွားပြီးသည့်တိုင် ထုန်းရွှမ် လောကကြီးအား ရှာမတွေ့ခဲ့ပေ။ လေဟာနယ်လိုဏ်ခေါင်းများကို ရှာတွေ့ခဲ့သော်ငြား ထုန်းရွှမ်လောကကြီးဆီသို့ ဦးတည်နေသည့် လေဟာနယ်လိုဏ်ခေါင်း တစ်ခုကိုမှ ရှာမတွေ့ခဲ့ပေ။
သုံးနှစ်ကြာပြီးနောက်တွင်၊ သူမနှင့် ပီလော့တို့ တိမ်မိစ္ဆာ နယ်မြေဆီသို့ ပြန်လာခဲ့သည်။ ရှန်ချင်းလော့၏ မျိုးဆက်တိုင်းသည် အဆိပ်မုဆိုးမဟူသော အထူးခန္ဓာကိုယ် တည်ဆောက်ပုံအား ပိုင်ဆိုင်ခဲ့ကြသည်။ ရှန်ချင်းလော့၏ အမေနှင့် အဘွားတို့သည်လည်း ချစ်ရသူများကို ဆုံးရှုံးခဲ့ကြပေသည်။
သို့သော်လည်း သူမအမေ၊ အဘွားတို့နှင့် မတူသည်ကား ရှန်ချင်းလော့ ချစ်ရသည့် လူသည် သူမကြောင့် သေသွားခြင်း မဟုတ်ဘဲ သူမ လိုက်မသွားနိုင်သော နေရာတစ်ခုဆီသို့ ရောက်သွားသည့် အတွက်ကြောင့် အချစ်ပျောက်ခဲ့ရခြင်း ဖြစ်သည်။
တစ်နေ့၊ ရန်ကိုင်အား လွမ်းဆွတ်လာသည့် အတွက်ကြောင့် ရှန်ချင်းလော့သည် ပီလော့အားခေါ်ကာ ပင့်ကူအမေကြီး၏ အသိုက်ဆီသို့ သွားလေသည်။ ထိုနေရာသည် ပင့်ကူအမေကြီးမှ ရှန်ချင်းလော့နှင့် ရန်ကိုင်အား ဖမ်းဆီးခဲ့သည့် နေရာဖြစ်သည်။ ထိုနေရာ၌ပင် ရန်ကိုင်နှင့် သူမ စသိခဲ့ကြသလို နှစ်ဦးသားအတူ သေရေးရှင်ရေး အခြေအနေကိုလည်း ဖြတ်ကျော်ခဲ့ပေသည်။
ရှန်ချင်းလော့ အနေဖြင့် အတိတ်ကို လွမ်းဆွတ်သတိရလျှင် ထိုနေရာသို့ သွားသည်မှာ အကောင်းဆုံး ဖြစ်သည်။ ထိုနေရာ၌ သူမနှင့်ရန်ကိုင်တို့၏ မေ့ဖျောက်မရနိုင်သော အမှတ်တရာများစွာ ရှိနေခဲ့သည် မဟုတ်လော။
အဆင့်ခုနှစ် မွန်းစတားသားရဲကို ရန်ကိုင်မှ သတ်လိုက်သည့် အချိန်မှစ၍ ထိုနေရာသည် စွန့်ပစ်အသိုက်တစ်ခု ဖြစ်လာခဲ့သည်။ သို့သော် ထိုနေရာသို့ ရောက်ပြီးနောက်တွင် ထူးဆန်းသော ယဇ်ပုလ္လင် တစ်ခုကို သွားတွေ့ခဲ့သည်။ ယဇ်ပုလ္လင်မှ သူမအား ခေါ်နေသလို ခံစားမိသဖြင့် လက်ကောက်ဝတ်ကို လှီး၍ ယဇ်ပုလ္လင်ပေါ်သို့ သူမသွေးကို ချကြည့်လိုက်သည်။
ယဇ်ပုလ္လင်နှင့် ရှန်ချင်းလော့၏သွေး ထိသွားသည်နှင့် မျက်စိကျိန်းမတတ် အလင်းတန်းတို့ ထွက်ပေါ်လာပြီး သူမနှင့် ပီလော့ကို လွှမ်းခြုံသွားလေသည်။
ပြန်နိုးလာသည့်အခါ သူမနှင့် ပီလော့သည် လုံးဝကို ကွဲပြားသော နေရာတစ်ခုဆီသို့ ရောက်နေကြောင်း တွေ့လိုက်ရ၏။
ရန်ကိုင် သူမအား ပြောပြခဲ့သည့် နေရာဆီသို့ ရောက်လာပြီ အထင်ဖြင့် ရှန်ချင်းလော့ ပျော်သွားခဲ့လေသည်။ သို့သော်လည်း ပတ်ဝန်းကျင်ကို လှည့်ပတ်စစ်ဆေးနေရင်း သူမအပေါ်၌ စီးမိုးနေသည့် ဧရာမငွေရောင်ပင့်ကူကြီးကို မြင်ပြီးနောက် သူမ၏ အပျော်အားလုံး ကြက်ပျောက်ငှက်ပျောက် ပျောက်ကုန်ပြီး ကြောက်ရွံ့မှုက အစားထိုး ဝင်ရောက်လာခဲ့သည်။ ထိုပင့်ကူကြီးကို မြင်လိုက်ချိန် နှစ်ယောက်စလုံး သေမတတ် ကြောက်လန့်သွားပြီး ထိုနေရာတွင် သူတို့ နှစ်ယောက်စလုံး သေရတော့မှာပါလားဟု တွေးမိသွားခဲ့ကြသည်။
သို့သော်လည်း သေချာ စစ်ဆေးကြည့်လိုက်သည့်နောက်တွင် ထိုမီတာရာပေါင်းများစွာ မြင့်မားသော ငွေရောင်ပင့်ကူကြီးသည် လွန်ခဲ့သော နှစ်ပေါင်းများစွာက သေဆုံးသွားခဲ့သော အလောင်း တစ်ခုသက်သက်မှလွဲ၍ အခြားမဟုတ်မှန်း တွေ့ရှိလိုက်ရသည်။
သို့သော်လည်း ထို့ပင့်ကူကြီးဆီမှ တစ်မျိုးတစ်မည် ထူးခြားသော ဆက်သွယ်မှုတစ်မျိုးမျိုးကို ရလိုက်သည့်အတွက် ရှန်ချင်းလော့ ထိတ်လန့်အံ့ဩသွားခဲ့သည်။ ကျင့်စဉ်အား လှည့်ပတ်ကြည့်လိုက်သည့်အခါ ထိုပင့်ကူကြီးဆီမှ စွမ်းအင် တစ်မျိုးမျိုးအား စုပ်ယူနိုင်ကြောင်း တွေ့ရှိလိုက်ရလေသည်။
ထိုဆန်းကြယ်သော စွမ်းအင်သည် သူမ၏ အဆိပ်မုဆိုးမ ခန္ဓာကိုယ်အား ပြောင်းလဲသွားစေရုံမက သူမ၏ အရည်အချင်းကိုပါ တိုးတက်သွားစေပြီး သူမ၏ ကျင့်ကြံခြင်းလည်း အကျိုးဆက် အနေဖြင့် လျင်မြန်စွာ မြင့်တက်လာခဲ့ရသည်။
ထိုပင့်ကူကြီးကိုကြည့်ရင်း ဤအရာသည် သူမ၏ အခွင့်အရေး ဖြစ်မည်မှန်း ရှန်ချင်းလော့ နားလည်လိုက်သည်။ ထို့ကြောင့် အလျင်စလို မထွက်ခွာသေးဘဲ ထိုနေရာတွင်သာ စတင်၍ ကျင့်ကြံတော့လေသည်။
နှစ်အနည်းငယ် ကြာပြီးနောက်၊ ပင့်ကူကြီး၏ ခန္ဓာကိုယ်မှ စွမ်းအင်အားလုံးကို စုပ်ယူပြီးနောက် ရှန်ချင်းလော့၏ ကျင့်ကြံခြင်းသည် သူတော်စင် ဒုတိယအဆင့်မှ တန်ခိုးရှင် ပထမ အဆင့်သို့ တန်းရောက်သွားခဲ့သည်။ ပင့်ကူကြီး၏ ခန္ဓာကိုယ်မှာမူ အမှုန်များအဖြစ်သို့ ပြောင်းလဲသွားလေသည်။
ပီလော့သည်လည်း အတော်လေး အကျိုးအမြတ် ရခဲ့သည်။ သူမအနေဖြင့် ပင့်ကူကြီးဆီမှ မည်သည့် စွမ်းအင်ကိုမှ စုပ်ယူ၍ မရခဲ့သော်ငြား ထိုနေရာရှိ မိုးမြေစွမ်းအင်သည် တိမ်မိစ္ဆာနယ်မြေရှိ မိုးမြေစွမ်းအင်ထက် အဆများစွာ ပိုမိုသိပ်သည်း ကြွယ်ဝပေသည်။
အခြား ဘာမှလုပ်စရာ မရှိတော့သဖြင့် အမျိုးသမီးနှစ်ယောက် ထိုနေရာမှ ထွက်လာခဲ့လိုက်ကြသည်။
နည်းနည်းပါးပါး လှည့်ပတ်မေးမြန်းပြီးနောက် သူတို့ နှစ်ယောက်သည် ထုန်းရွှမ်လောကကြီးသို့ ရောက်နေခြင်း မဟုတ်ဘဲ ကြယ်စီရင်စုထဲရှိ မွန်းစတားအင်ပါယာကြယ်ဟု ခေါ်သော ကျင့်ကြံရေးကြယ်တစ်လုံးဆီသို့ ရောက်နေကြောင်း သိလိုက်ရသည်။
ဤကျင့်ကြံရေးကြယ်ပေါ် နေထိုင်ကြသည့် ကိုးဆယ် ရာခိုင်နှုန်းသော သက်ရှိများသည် မွန်းစတားသားရဲ သို့မဟုတ် မွန်းစတားမျိုးနွယ်စုဝင်များ ဖြစ်ကြသည်။ ဤကြယ်သည် အလွန်ကိုမှ ကြီးမားသည့် မွန်းစတားအင်ပါယာကြယ်တစ်လုံး ဖြစ်သော်လည်း ကြယ်ပေါ်တွင် မွန်စတားမျိုးနွယ်စုသာ မကဘဲ လူသားမျိုးနွယ်စု၊ နတ်ဆိုးမျိုးနွယ်စုဝင်များလည်း နေထိုင်ကြ၏။ သို့သော် အခြားမျိုးနွယ်စုဝင် အရေအတွက်မှာ အလွန်နည်းပါးပြီး သူတို့ နေထိုင်ရသည့် ပတ်ဝန်းကျင်မှာလည်း အတော့်ကိုမှ ဆိုးရွားပေသည်။
ဤသို့ဖြင့် ရှန်ချင်းလော့နှင့် ပီလော့တို့ ထိုကြယ်ပေါ်တွင် ခဏတာမျှ အချိန်ဖြုန်းနေပြီး တစ်နေ့သ၌၊ ရှန်ချင်းလော့အား မွန်းစတားအင်ပါယာကြယ်၏ မျိုးနွယ်စုခေါင်းဆောင်(၁၀)ယောက် အနက် တစ်ယောက်အပါအဝင်ဖြစ်သော ချီယွဲ့မှ တွေ့သွားခဲ့ကာ သူမ၏ မွေးစားသမီးအဖြစ် ကောက်ယူ မွေးစားခြင်း ခံလိုက်ရ၏။ ကြယ်တစ်ခုလုံး၏ ခေါင်းဆောင်ဆယ်ယောက်အနက် တစ်ယောက် ဖြစ်သည်နှင့်အညီ ချီယွဲ့သည် တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူ တစ်ယောက် ဖြစ်ကာ၊ သူမ၏ မွေးစားသမီး ဖြစ်သည့် ရှန်ချင်းလော့၏ အဆင့်အတန်းမှာလည်း သူမတစ်ယောက် အောက်သာ နိမ့်ကျ၍ အားလုံးထက် မြင့်သည်ဟု ပြော၍ရသည်။
ပီလော့ ပြောပြသည်ကို နားထောင်ပြီးနောက် ရန်ကိုင် မှင်သက်သွားခဲ့လေသည်။
သူလည်း ထုန်းရွှမ်လောကကြီးဆီသို့ ဝင်ရောက်လာသည့် နေ့မှစ၍ ယနေ့အချိန်ထိ အဖြစ်အပျက်များစွာနှင့် ကြုံခဲ့ရသည်။ သို့သော် ရှန်ချင်းလော့နှင့် ပီလော့၏ အဖြစ်အပျက်မှာမူ လွန်စွာကိုမှ အံ့အားသင့်စရာ ကောင်းလှပေသည်။ သူမတို့ နှစ်ယောက်သည် သူ့ထက် အများကြီး ပိုကံကောင်းသည်ဟုပင် ပြော၍ရသည်။ ရန်ကိုင်သည် ယနေ့အခြေအနေသို့ ရောက်လာရန် သေခြင်းရှင်ခြင်း မျဉ်းတစ်ကြောင်းပေါ် လျှောက်လှမ်းခဲ့ရသည်။
ကြယ်စီရင်စုထဲသို့ ရောက်ရန် ထုန်းရွှမ်လောကကြီးအား ခြေနင်းကျောက်တုံးအဖြစ် အသုံးပြုခဲ့ရသည်။
ရှန်ချင်းလော့မှာ တည်နေရာ ခုန်ကူးပြီး တန်ခိုးရှင်ပထမ အဆင့်သို့ ရောက်သွားခဲ့သည်။ ထို့နောက် တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူ တစ်ယောက်၏ မွေးစားသမီး ဖြစ်သွားခဲ့လေသည်။
“အဲ့ချီယွဲ့က တန်ခိုးရှင်ဘုရင်အဆင့်တင် မဟုတ်ဘူး။ မျိုးနွယ်စု ခေါင်းဆောင် ဆယ်ယောက်ထဲက တစ်ယောက်လည်း ဟုတ်တယ်နော်… သူ့လို လူတစ်ယောက် ရှန်ချင်းလော့ကို မွေးစားသမီးအဖြစ် ဘာလို့ မွေးစားလိုက်တာလဲ” ထိုအကြောင်းကို ရန်ကိုင် အတော်လေး သိချင်နေမိသည်။ ချီယွဲ့သည် မွန်းစတား မျိုးနွယ်စုမှ ဖြစ်သော်ငြား ရှန်ချင်းလော့သည် လူသား တစ်ယောက်သာ ဖြစ်သည်။
ချီယွဲ့တွင် အခြား ရည်ရွယ်ချက် တစ်ခုခုများ ရှိနေသလားဟု ရန်ကိုင် တွေးမိသွားခဲ့သည်။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၄၅၉)
ရန်ကိုင်၏ စကားကိုကြားသော် ရန်ကိုင် ဘာတွေးနေမှန်း ပီလော့ နားလည်လိုက်ကာ ပြုံးလျက် ရှင်းပြလိုက်လေသည် “ဘာလို့လိုဲတော့ သခင်မက ကောင်းကင်လနတ်ဆိုးပင့်ကူရဲ့ စွမ်းအားကို ဆက်ခံထားတာကိုး”
“ကောင်းကင်လနတ်ဆိုးပင့်ကူလား” ရန်ကိုင် အမူအရာ ပြောင်းလဲသွားခဲ့သည်။
“အို၊ နင်လည်း အဲ့ပင်ကူအကြောင်း ကြားဖူးတာလား” ပီလော့ ရန်ကိုင်အား အံ့အားသင့်တကြီး ကြည့်လိုက်သည်။
ရန်ကိုင် ခေါင်းညိတ်လိုက်သည်။ ကောင်းကင်လနတ်ဆိုး ပင့်ကူသည် ရှေးနတ်ဘုရာမျိုးစိတ်များအနက်မှ တစ်ခုဖြစ်ကာ နဂါးဖီးနစ်အဆင့်ရှိ သက်ရှိတစ်ကောင်ဖြစ်သည်။ နဂါးဖီးနစ်တို့ ကဲ့သို့ အားမကောင်းလျှင်ပင် ထိုသက်ရှိများအောက် အရမ်းကြီး နိမ့်ကျလိမ့်မည် မဟုတ်ပေ။
ကောင်းကင်လနတ်ဆိုးပင့်ကူအကြောင်း သိထားရခြင်းမှာ လတ်တလောအတွင်း ရှေးနတ်ဘုရားမျိုးစိတ်များအကြောင်း အလွန် လေ့လာခဲ့သည့် အတွက်ကြောင့် ဖြစ်သည်။ ရွှေနဂါးဖြစ်စ၊ ရေခဲဖီးနစ်ဖြစ်စေ၊ ထိုသက်ရှိနှစ်ကောင်စလုံးသည် ရှေးနတ်ဘုရား မျိုးစိတ်ထဲ ပါဝင်ပေသည်။
“ကောင်းကင်လနတ်ဆိုးရဲ့ စွမ်းအားကို ချင်းလော့ ဘယ်လို ရသွားတာလဲ” ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့သည်။ ထို့နောက် တစ်ခုခုကို တွေးမလိုက်ကာ “နင်တို့ မွန်းစတား အင်ပါယာကြယ်ပေါ် ရောက်တုန်းက တွေ့ခဲ့တဲ့ ပင့်ကူကြီးလား”
“ဟုတ်တယ်။ အဲ့ပင့်ကူ ကောင်းကင်လနတ်ဆိုးပင့်ကူရဲ့ အလောင်းပဲ” ပီလော့က ခေါင်းညိတ်လျက် “သခင်မ အဲ့ဒါနဲ့ ပက်သက်ပြီး ခေါင်းခြောက်အောင် စူစမ်းစဉ်းစားခဲ့သေးတယ်၊ ဘာမှ မတွေ့ခဲ့ဘူး။ ဒါပေမယ့် လနီမျိုးနွယ်စု ခေါင်းဆောင် သခင်မကို သူ့မွေးစားသမီးအဖြစ် လက်ခံခဲ့တာ ဒီအကြောင်းကြောင့်ပဲ၊ မဟုတ်ရင် သူလို့ လူတစ်ယောက်က အခုမှတွေ့တဲ့ လူတစ်ယောက်ကို ဘာအကြောင်းပြချက်မှ မရှိဘဲ ဘာလို့အလကား ကူညီပေးမှာလဲ”
“လတ်စသတ်တော့ အဲ့လိုကိုး” ရန်ကိုင် ခေါင်းတညိတ်ညိတ် ဖြစ်သွားခဲ့သည်။
အစစ်အမှန် ကောင်းကင်လနတ်ဆိုးပင်ကူ၏ ခန္ဓာကိုယ်မှ စွမ်းအားကို စုပ်ယူလိုက်သည့် အတွက်ကြောင့် ရှန်ချင်းလော့၏ မျိုးဆက်သွေး ပြောင်းလဲသွားခဲ့ရသည်။
ရှန်ချင်းလော့ မွန်းစတားအင်ပါယာကြယ်ဆီသို့ ယဇ်ပုလ္လင်မှ တစ်ဆင့် တိုက်ရိုက်ရောက်သွားရခြင်းမှာ ကောင်းကင်လနတ်ဆိုး ပင့်ကူနှင့်ပင် ပက်သက်နေနိုင်သည်ဟု ရန်ကိုင် တွေးမိလိုက်၏။ ရှန်ချင်းလော့၏ မျိုးရိုးနှင့် အဆိပ်မုဆိုးမှ ခန္ဓာကိုယ်သည်လည်း ထိုပင့်ကူဆီမှ မြစ်ဖျားခံလာခြင်း ဖြစ်လောက်သည်။
အကုန်လုံးသည် သူ့အဆက်အစပ်နှင့်သူပင်။
“ဒါဆို နင့်သခင်မအခု ဘယ်မှာလဲ။ သူလည်း ဧရာဇ်ဥယျာဉ်ထဲ ဝင်လာတယ်မလား” ရန်ကိုင်က အဆောတလျင် မေးလိုက်သည်။
ထိုမေးခွန်းကိုကြားသော် ပီလော့၏ အမူအရာ ရုတ်တရက် မည်းမှောင်းသွားပြီး ခေါင်းညိတ်လျက် “ဝင်လာတယ်။ ဒါပေမယ့် ဒီရောက်ပြီး လမ်းကွဲသွားတော့ သူအခု ဘယ်ရောက်နေလဲ ငါမသိဘူး”
ထိုစကားကြားသည့်အခါ ရန်ကိုင် သက်ပြင်း ချမိလိုက်၏။
“နင့်မှာ အသိစိတ်တော့ ရှိသေးတာပဲနော်” ရန်ကိုင် ရှန်ချင်းလော့အား စိတ်ပူနေသည်ကို မြင်သော် ပီလော့၏ နှုတ်ခမ်းအစုံ ကွေးတက်သွားခဲ့သည်။ ယခုမှပဲ ရန်ကိုင်သည် ပို၍ ကြည့်ပျော်ရှုပျော် ရှိလာသလို ပီလော့ ခံစားလိုက်ရသည် “ဒါပေမယ့် နင်စိတ်ပူမနေနဲ့။ သခင်မ တစ်ယောက်တည်း ဖြစ်နေရင်တောင် ဘာမှမဖြစ်မှာမဟုတ်ဘူး။ သခင်မက တန်ခိုးရှင်တတိယအဆင့် ရောက်နေပြီ။ အဆင့်တူ အတွင်းမှာ သခင်မနဲ့ ယှဉ်နိုင်တဲ့လူ ခပ်ရှားရှားပဲ”
“သူအဲ့လောက်တောင် အားကောင်းတာလား” ရန်ကိုင် အံ့အားသင့်သွားခဲ့သည်။
အဆင့်တူအတွင်း သူမနှင့် ယှဉ်နိုင်သည့်လူ သိပ်မရှိရခြင်းမှာ သူမ ပိုင်ဆိုင်ထားသည့် ကောင်းကင်လနတ်ဆိုးပင့်ကူ၏ မျိုးဆက်သွေးကြောင့် ဖြစ်သည့်အတွက် အံ့အားသင့်စရာ သိပ်မရှိပေ။ ရန်ကိုင် အံ့အားသင့်နေရသည်မှာ ရှန်ချင်းလော့ တန်ခိုးရှင် တတိယအဆင့်သို့ ရောက်နေသည့်အချက်ပင်။
သူ့ကျင့်ကြံခြင်း အမြန်နှုန်းကို မြန်လှပြီ မှတ်နေသော်လည်း သူ့ထက်မြန်သည့်လူ ရှိနေဦးမည်ဟု မထင်ထားခဲ့ပေ။ သေချာ တွေးကြည့်လိုက်ပြန်သည့် အခါတွင်လည်း အံ့ဩစရာ သိပ်မရှိတော့ပေ။ ရှန်ချင်းလော့သည် ကောင်းကင်လနတ်ဆိုး ပင့်ကူ၏ ခန္ဓာကိုယ်မှ စွမ်းအင်များကို စုပ်ယူပြီးပြီးချင်းမှာ တန်ခိုးရှင်ပထမအဆင့်သို့ ရောက်သွားခဲ့သည် မဟုတ်လော။
“ဟဲဟဲ၊ နင်ပိုမကြိုးစားရင် သခင်မက အခြား တစ်ယောက်နဲ့ ကျိန်းသေ ကြိုက်သွားတော့မှာ။ ဘယ်မိန်းမကမှ သူ့ကို မကာကွယ်နိုင်တဲ့ လူတစ်ယောက်ကို ကြိတ်ကြိုက်မနေဘူးဆိုတာ နင်သိထားသင့်တယ် ကောင်စုတ်ရဲ့” ရန်ကိုင်၏ ကံမကောင်းမှုအပေါ် ပီလော့ ကြိတ်ပျော်နေခဲ့သည်။
အတိတ်တွင် ရှန်ချင်းလော့၏ ကျင့်ကြံခြင်းသည် ရန်ကိုင်ထက် မြင့်မားခဲ့သည်။ သို့သော် အချိန်ကြာလာသည့်အခါ သူမတို့ကြားရှိ ခွန်အားကွာခြားချက်သည် ကျဉ်းမြောင်းသွားခြင်း မရှိရုံမက ပို၍ပင် ကြီးမားလာခဲ့သည်။ ထို့ကြောင့် ပီလော့၏ စိတ်ထဲ ရန်ကိုင်သည် သူမ သခင်မ၏ အချစ်နှင့် မထိုက်တန်ဟု တွေးမိသွားခဲ့သည်။
“နင့်ကိစ္စသာ နင်အာရုံစိုက်စမ်းပါ” ရန်ကိုင် နှာခေါင်းရှုံ့လိုက်၏။ ထိုစုန်းမအကြောင်း စဉ်းစားမိလိုက်သည့်အခါ သူ့ရင်ထဲ အနည်းငယ် နာကျင်သွားရုံမှအပ အခြားမည်သည့် ကြောက်ရွံ့စိတ်မှ မဖြစ်ပေါ်မိချေ။ သို့သော် ထိုမိန်းမ၏ ညို့အားသည် တကယ်ကို နားလည်ရခက်လွန်းသည်။ အခြား မိန်းမများ၏ ညို့အားကို သူခုခံနိုင်သော်ငြား ရှန်ချင်းလောနှင့် ရင်ဆိုင်ရသည့် အခါတွင်မူ…
သူမရှေ့ရောက်သည့်အခါ သူအနေဖြင့် ယခုကဲ့သို့ တည်တည်ငြိမ်ငြိမ်ဖြင့် ရှိနေနိုင်ပါ့မည်လား ဆိုသည်နှင့် ပက်သက်၍ ရန်ကိုင် သိပ်၍ မသေချာ။ သူသာ သူမ၏ ညို့ကွင်းထဲ စိတ်ရောကိုယ်ပါ စုန်းစုန်းမြုပ်သွားခဲ့လျှင် မှန်ကန်ဖြောင့်မတ်သော သူ့ဂုဏ်သတင်းလေး ပျက်စီးသွား၇ပေလိမ့်မည်။
“ထားလိုက်တော့၊ အဲ့အကြောင်း မစဉ်းစားတော့ဘူး။ ဧကရာဇ်ဥယျာဉ်က အကျယ်ကြီးပဲဟာကို၊ ငါတို့ တွေ့ချင်မှလည်း တွေ့မှာပေါ့” ပီလော့အား ပြောနေဟန် ထင်ရသော်လည်း တကယ်တမ်းတွင် ရန်ကိုင်သည် သူ့ကိုယ်သူ ပြန်နှစ်သိမ့်နေခြင်း ဖြစ်သည်။ ရှန်ချင်းလော့သည့် သူ့တည်နေရာကို သိနိုင်သည့် ဝိဥာဉ်ရှာစည်းတံဆိပ်ဆိုသော ပညာရပ်တစ်ခုကို သူ့အပေါ် အသုံးပြုခဲ့သော်လည်း နှစ်ပေါင်းများစွာ ကြာပြီးသည့်နောက်တွင် ထိုအမှတ်အသားကို မဖျက်စီးခဲ့သည့်တိုင် သူ့ဘာသာ အလိုလို ပျောက်ကွယ်သွားလောက်ပေပြီ။
ထို့ကြောင့် ရှန်ချင်းလော့အနေဖြင့် သူ့အား ဝိဥာဉ်ရှာ စည်းတံဆိပ်မှတစ်ဆင့် ရှာရန် မဖြစ်နိုင်ပေ။
“အင်း၊ ဘာပဲဖြစ်ဖြစ် ဧကရာဇ်ဥယျာဉ် ပိတ်သွားရင် မွန်းစတားအင်ပါယာကြယ်ပေါ် ပြန်ရောက်မှာ ဆိုတော့ အဲ့ကျရင် နင့်အကြောင်း သခင်မကို ပြောပြလိုက်မယ်” ပီလော့က တောက်ပစွာပြုံးလိုက်သည်။ သူမ၏ သခင်မသည် အမြဲတမ်း ရန်ကိုင်အကြောင်း တွေးပူနေခဲ့သည်။ ရန်ကိုင် ကြယ်စီရင်စုထဲ ရောက်လာပြီး ကောင်းကောင်းမွန်မွန်နှင့် ရှိနေကြောင်းကိုသာ သိသွားခဲ့လျှင် သူမ အလွန် ပျော်သွားပေလိမ့်မည် “နင်အခု ဘယ်ကြယ်မှာ နေနေတာလဲ”
“အရိပ်ကြယ်၊ ဒါပေမယ့် စိတ်မပူနဲ့၊ နင်အဲ့ကို သွားလို့ မရဘူး” ရန်ကိုင် ဖြည်းဖြည်းချင်း ခေါင်းခါလိုက်ပြီး အရိပ်ကြယ်အကြောင်း အကျဉ်းချုံး ရှင်းပြလိုက်လေသည်။ ပီလော့သည် ထိုအကြောင်းကို ရှန်ချင်းလော့အား ပြန်ပြောပြနိုင်ရန်အတွက် သေချာ နားစိုက်ထောင်နေခဲ့လေသည်။
“ဒါနဲ့ နင်ရေခဲလမ်းကို ရှာနေတာလား” ရန်ကိုင် ပြောသည်ကို နားထောင်ပြီးနောက် ပီလော့က ရုတ်တရက် မေးလိုက်သည်။
“ဟုတ်တယ်၊ နင်တွေ့ဖူးလို့လား”
“အင်း၊ ငါတွေ့တော့ တွေ့ဖူးတယ်။ ဒါပေမယ့် နင်ရှာနေတာ ဟုတ်မဟုတ်တော့ သိပ်မသေချာဘူး” ပီလော့က တုန့်ဆိုင်း တုန့်ဆိုင်းဖြင့် ပြန်ပြောလိုက်သည်။ သူမအား လိုက်ဖမ်းသူများကြောင့် ပြေးမိပြေးရာ ထွက်ပြေးနေစဉ် အတွင်း လျှောက်လှမ်းတစ်ခုကို ပီလော့ တွေ့ခဲ့သည်။ တွေ့တွေ့ချင်း ထိုစင်္ကြန်လမ်းကြောင်းထဲ ဝင်ပုန်းရန် စဉ်းစားခဲ့သော်လည်း အထဲရှိ အအေးဓါတ်ကို ခံစားမိလိုက်သည့်နောက် ထိုအကြံအတိုင်း မလုပ်တော့ဘဲ အခြားတစ်နေရာသို့သာ ထွက်ပြေးလာခဲ့သည်။ ပြေးရင်းပြေးရင်းဖြင့် ကြည်လင်ကောင်းကင်ဂိုဏ်းသား သုံးယောက် ရှိနေသည့် နေရာသို့ ရောက်လာပြီး သူမ၏ အရှုပ်ထုပ်ထဲသို့ ထိုသုံးယောက်ကို ဆွဲထည့်ခဲ့ခြင်း ဖြစ်သည်။
သူမပြောသည်ကို နားထောင်ပြီးနောက် ရန်ကိုင် ပျော်သွားပြီး ရင်တမမဖြင့် မေးလိုက်လေသည် “အဲ့ဒါ ဘယ်နေရာမှာလဲဆိုတာ နင်အသေးစိတ် မှတ်မိသေးလား”
ပီလော့ ပြောသည့်အတိုင်းသာဆိုလျှင် ထိုနေရာသည် သူရှာနေသည့် ရေခဲလမ်းကြောင်း ဖြစ်နိုင်ချေ အတော်များပေ၏။
“မှတ်မိတယ်၊ ငါနင့်ကို ခေါ်သွားပေးမယ်” ပီလော့က မတ်တပ်ရပ်၍ ပြောလိုက်သည်။
သူမခန္ဓာကိုယ်သည် အနည်းငယ် အားနည်းနေသေးသော်ငြား သူမသည် သာမန်လူတစ်ယောက်မဟုတ်၊ တန်ခိုးရှင်ပထမအဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်သည်။ ထို့ကြောင့် ဤမျှကြာအောင် အနားယူပြီးနောက် သူမသာ သူမခန္ဓာကိုယ်ကို ဝန်ပိအောင် အလွန်အကျွံ တွန်းအားမပေးသရွေ့ အားလုံး အဆင်ပြေပြေနှင့် ရှိနေပေလိမ့်မည်။ ရန်ကိုင်လည်း သူမအား မတားခဲ့ချေ။ ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်၍ ပတ်ဝန်းကျင်အား သေချာ သတိထားစစ်ဆေးရင်း ပီလော့နောက်မှ လိုက်သွားခဲ့သည်။
သူတို့ သွားရမည့်နေရာသည် ဤနေရာနှင့် သိပ်မဝေးလှသည့် အတွက် နေ့တစ်ဝက်အတွင် ရန်ကိုင်နှင့် ပီလော့တို့သည် သူတို့၏ ပန်းတိုင်ဆီသို့ ရောက်လာခဲ့သည်။
“ဒီနေရာပဲ” ရင်းနှီးနေသည့် ပတ်ဝန်းကျင်ကို ကြည့်ရင်း ရန်ကိုင် ပျော်ရွှင်စွာ ပြုံးလိုက်မိသည်။ ဧကရာဇ်ဥယျာဉ်ထဲရှိ ရှုခင်းများသည် သူယခင်တစ်ကြိမ် လာခဲ့စဉ်ကနှင့်ယှဉ်လိုက်လျှင် အနည်းငယ် ကွဲပြားသွားခဲ့သော်လည်း သိသိသာသာကြီး ပြောင်းလဲသွားခြင်း မရှိပေ။
တစ်ကြိမ် ရောက်ဖူးပြီးသား ဖြစ်လေရာ ဤနေရာအား အဘယ်ကြောင့် အလွယ်တကူ မေ့ရမည်နည်း။
ရေခဲလမ်းမှ ဖြာထွက်နေသော အရိုးခိုက်မတတ် အအေးကြောင့် ပီလော့မျက်နှာ ဖြူလျော်သွားခဲ့သည်။ သူမ၏ ခွန်အား အထွဋ်အထိပ် အခြေအနေတွင် ရှိစဉ်ကပင် ဤနေရာသို့ ဝင်ပါက ကျိန်းသေ သေမည်ဖြစ်ရာ ယခုကဲ့သို့ အလွန်ကိုမှ အားနည်းသည့် အခြေအနေတွင် ရှိနေချိန်တွင်မူ ပြောနေစရာပင် မလိုတော့ချေ။
“ငါနင့်ကို အပြင်ကနေ စောင့်နေရမလား” ပီလော့က မေးလိုက်သည်။
“မစောင့်နဲ့၊ နင်ပါတစ်ခါတည်း လိုက်ခဲ့” ရန်ကိုင် ခေါင်းခါလိုက်သည်။ ရေခဲလမ်းကြောင်းကို ဖြတ်ကျော်ပြီးနောက် အသက်ရေစင်ကို သွားရှာမည် ဖြစ်ကာ ဤနေရာသို့ ပြန်လာရန် မစဉ်းစားထားချေ။ ထို့ကြောင့် ပီလော့ကိုပါ သူနှင့်အတူ တစ်ခါတည်း ခေါ်သွားရပေလိမ့်မည်။
“နင်ငါ့ကိုပါ ဒီထဲကို လိုက်စေချင်နေတာလား” ပီလော့ မျက်မှောင်ကြုတ်သွားခဲ့သည်။
“စိတ်ပူမနေနဲ့။ ငါဒီနေရာကို တစ်ကြိမ် ဖြတ်ဖူးတယ်။ အဲ့လောက်ကြီး လန့်နေစရာမလိုဘူး။ ငါရှိနေရင် နင်ဘာမှ မဖြစ်စေရဘူး” ရန်ကိုင်က ပြုံးလျက် ပြောလိုက်သည်။
“ကောင်းပြီလေ… ငါဘာလို့ သေသွားရလဲ ဆိုတာကို နားမလည်ဘဲ သေသွားရတဲ့ အဖြစ်မျိုးနဲ့ မကြုံဖို့ပဲ မျှော်လင့်ရတော့မှာပေါ့” သူမရင်ထဲ အတော်လေး စိုးရိမ်ပူပန် နေခဲ့သော်ငြား ရန်ကိုင်နှင့် ပြန်ငြင်းမနေခဲ့ပေ။ သူမ၏ အသက်ကို ရန်ကိုင်အပေါ်သာ ယုံယုံကြည်ကြည် ပုံအပ်ထားလိုက်တော့သည်။
“ကဲ၊ သွားကြရအောင်” ရန်ကိုင် ခေါင်းညိတ်လိုက်ပြီး ရေခဲလမ်းကြောင်းဆီသို့ လမ်းလျှောက်သွားလိုက်လေသည်။
ရေခဲလမ်းကြောင်းပေါ်သို့ ခြေချလိုက်သည်နှင့် အရိုးကွဲမတတ် အအေးဓါတ်တို့သည့် သူတို့၏ ခန္ဓာကိုယ်အား လာရောက် ရစ်ပတ်ကြလေသည်။
ရန်ကိုင်သည် တုန်လှုပ်ချောက်ခြားသွားခြင်း မရှိဘဲ သူတော်စင်ချီကို လှည့်ပတ်၍ သူနှင့် ပီလော့ ပတ်လည်တွင် မီးတောက် အရံအတားတစ်ခုကို ဖန်တီးလိုက်သည်။
“အို၊ ဒီကို လူတွေတောင် ရောက်နေတာပါလား” လှည့်ပတ်ကြည့်လိုက်ပြီးနောက် ရန်ကိုင် မျက်ခုံးပင့်သွားခဲ့သည်။
ရေခဲလမ်းကြောင်းပေါ်သို့ လူဖြတ်သွားထားသည့် အရိပ်အယောင်များ ရှိနေခဲ့သည်။ ရေခဲဆူးချွန်များ ဖျက်စီးထားခံရပြီး ကြေမွနေသော ရေခဲတုံး လူသား အလောင်းများလည်း ရှိနေခဲ့သည်။ သူရောက်မလာခင် ဤနေရာ၌ တိုက်ပွဲတစ်ခု ဖြစ်သွားသည့်ပုံပင်။ အကြွင်းအကျန် စွမ်းအင်များအရ တိုက်ပွဲဖြစ်သွားသည်မှာ သိပ်မကြာသေးချေ။
မကြာမီ အရှေ့ဘက်ဆီမှ ပေါက်ကွဲသံအချို့ကို ရန်ကိုင် ကြားလိုက်ရသည်။
ရန်ကိုင်နှင့် ပီလော့ အကြည့်ချင်း ဖလှယ်လိုက်ပြီး သူတို့၏ အရှိန်အဝါကို ဖုံးကွယ်လျက် တိုက်ပွဲ ဖြစ်နေသည့် နေရာဆီသို့ တိုးတိုးတိတ်တိတ် ချဉ်းကပ်သွားလေသည်။
အထဲသို့ ရောက်လာသည်နှင့် အအေးဓါတ်သည် ပိုပို၍ ပြင်းထန်လာခဲ့သည်။ မကြာမီ သူတော်စင်ချီ သက်သက်ဖြင့် အအေးဓါတ်ကို မခုခံနိုင်တော့သည့် အတွက် မီးငှက်ကို ဆင့်ခေါ်ရတော့လေသည်။
“ဒါမှော်ရတနာစိတ်ဝိဥာဉ်လား” ပီလော့၏ မျက်ဝန်းအစုံ အံ့ဩမှုကြောင့် ပြူးကျယ်သွားပြီး “နင့်မှာ မှော်ရတနာစိတ်ဝိဥာဉ် ရှိတယ်ပေါ့”
“ရှူးတိုးတိုး” ရန်ကိုင် သူမအား တိုးတိုးနေရန် အချက်ပြလိုက်သည်။
သူတို့၏ အရှိန်အဝါကို ဖုံးကွယ်ထားသော်ငြား မီးငှက်ဆီမှ ထွက်ပေါ်နေသော စွမ်းအင်ကို အပြည့်အဝ မဖုံးကွယ်နိုင်ချေ။ ထို့ကြောင့် သူတို့ရှေ့ရှိ တိုက်ခိုက်နေသည့်လူများ သူတို့ ရှိနေသည်ကို သိသွားသလား၊ မသိဘူးလား ရန်ကိုင် မသိချေ။ သို့သော် မည်သို့ပင် ဖြစ်စေကာမူ သူတို့အနေဖြင့် ပို၍ သေချာ သတိထားရန် လိုအပ်ပေသည်။
အမွှေးတိုင်တစ်ချောင်းစာ ကြာပြီးနောက်တွင် တိုက်ပွဲကွင်းပြင် အစွန်အဖျားဆီသို့ ရန်ကိုင် ရောက်လာခဲ့သည်။ ရေခဲတိုင်တစ်ခုနောက်တွင် ပုန်း၍ လှမ်းကြည့်လိုက်ရာ အဖြူရောင် ယုန်တစ်ကောင်အား အသည်းအသန် တိုက်ခိုက်နေသော အဖြူရောင်ဝတ်စုံဝတ် အမျိုးသမီး နှစ်ဦးကို တွေ့လိုက်ရသည်။ ယုန်ဖြူအား တိုက်ခိုက်နေသည့် အမျိုးသမီး နှစ်ယောက်စလုံးသည် တန်ခိုးရှင်တတိယအဆင့်များ ဖြစ်ကြပြီး ရေခဲဓါတ်ကျင့်စဉ်ကို ကျင့်ကြံထားကြသည်။ ရေခဲကျင့်စဉ်ကို ကျင့်ကြံထားကြသူများ ဖြစ်သဖြင့် သူမတို့အနေဖြင့် ဤနေရာ၌ ပိုမို မြင့်မားသော ခွန်အားကို ထုတ်ဖော်နိုင်ပေသည
သို့သော်လည်း ထိုခွန်အားနှင့်ပင် ယုန်ဖြူအား အထက်စီးမှ မတိုက်ခိုက်နိုင်ဘဲ ယုန်ဖြူ၏ ဖိနှိပ်ခြင်းကိုသာ ခံနေရပြီး တဖြည်းဖြည်းနှင့် အောက်စည်းသို့ ရောက်လာနေခဲ့ရသည်။
ထိုယုန်ဖြူသည် ရန်ကိုင် လိုချင်နေသည့် လောကရတနာပင် ဖြစ်လေသည်။

အပိုင်း (၁၄၆၀)
ယခင်တစ်ကြိမ် ဧကရာဇ်ဥယျာဉ်ထဲသို့ ရောက်ခဲ့သည် အချိန်ကတည်းက ထိုလောကရတနာသည် သူကြိုက်သည့် အသွင် ပုံစံသို့ ပြောင်းလဲနိုင်ကြောင်း ရန်ကိုင် သိခဲ့သည်။ ထို့ကြောင့် လောကရတနာသည် မည်သည့်ပုံစံပင် ရှိနေပါစေ အလွန်ကို အားကောင်းသော တည်ရှိမှုတစ်ခု ဖြစ်သည်။
တန်ခိုးရှင်တတိယအဆင့် အမျိုးသမီး နှစ်ယောက်သည် ဤအလွန်အေးသော ပတ်ဝန်းကျင်ကြောင့် ပိုမို အားကောင်းသော ခွန်အားကို ထုတ်ဖော်နိုင်သော်ငြား လောကရတနာအတွက်လည်း အတူတူပင် ဖြစ်လေသည်။
ထို့အပြင် လောကရတနာသည် သူမွေးဖွားလာသည့် နေရာတွင် တိုက်ခိုက်ရခြင်း ဖြစ်သည့်အတွက် အမျိုးသမီးနှစ်ဦးနှင့် ယှဉ်လိုက်လျှင် ပိုပြီး အသာရသည်ဟု ပြော၍ရသည်။
“တိုက်ဆိုင်လိုက်တာ” ထိုအမျိုးသမီးနှစ်ဦးကို ကြည့်ရင်း ရန်ကိုင် သူ့ဘာသာ ရေရွတ်လိုက်သည်။
“နင်သူတို့ကို သိတာလား” ပီလော့က ရန်ကိုင်အား အံ့အားသင့်တကြီး ကြည့်လိုက်သည်။
“မသိဘူး။ ဒါပေမယ့် သူတို့ဘယ်ကလာလဲ သိတယ်” ရန်ကိုင် စကားကြောင့် ပီလော့ ခေါင်းရှုပ်သွားခဲ့သည်။
ရန်ကိုင် ထိုအမျိုးသမီးနှစ်ဦးကို မတွေ့ဖူးပေ။ သို့သော် သူတို့ ဝတ်ထားသည့် ဝတ်စုံအရ လှိုင်းနီကြယ်၊ ရေခဲနှလုံးသားတောင်ကြားမှ ဖြစ်မည်မှန်း ရန်ကိုင် သိလိုက်သည်။ ရန်ကိုင်သည် ရေခဲနှလုံးသားတောင်ကြားမှ အမျိုးသမီးသုံးဦးနှင့် အတူပူးပေါင်း၍ အလုပ်လုပ်ခဲ့ဖူးလေသဖြင့် ထိုအမျိုးသမီး နှစ်ဦး မည်သည့်နေရာမှ လာသလဲဆိုသည်ကို သိနေခြင်း ဖြစ်သည်။
ရေခဲနှလုံးသားတောင်ကြားမှ ကျင့်ကြံသူများသည် အဖွဲ့နှစ်ဖွဲ့ ခွဲထားကြသည့်ပုံပင်။ တစ်ဖွဲ့သည် ဧကရာဇ်ဥယျာဉ်၏ အပြင်ပိုင်းကို စူးစမ်းရှာဖွေပြီး အခြားတစ်ဖွဲ့သည် အတွင်းပိုင်းကို စူးစမ်းရှာဖွေသည်။ သူတို့၏ မျှော်လင့်ချက် အားလုံးကို တစ်နေရာတည်းတွင် ပုံအပ်မထားခဲ့ချေ။
ရေခဲနှလုံးသားတောင်ကြားမှ ကျင့်ကြံသူများသည် ရေခဲဓါတ် ကျင့်စဉ်နှင့် သိုင်းပညာရပ်များကို ကျင့်ကြံထားကြသည့်အတွက် လောကရတနာအား လိုချင်သည်မှာ သိပ်တော့ မထူးဆန်းလှချေ။ သို့သော်လည်း သူတို့ ပစ်မှတ်ရွေးမှားသွားခဲ့သည်။ လက်ရှိ သူတို့၏ အခြေအနေသည် ကျားပေါ်ခွစီးထားသကဲ့သို့ ဖြစ်နေလေပြီ။ ပြန်ဆုတ်၍ မရတော့သည့် အတွက်ကြောင့် အံကြိတ်၍သာ လောကရတနာအား ဆက်လက်တိုက်ခိုက်နေရတော့လေသည်။
ရန်ကိုင်ကမူ တောင်ပေါ်မှ ကျားနှစ်ကောင် ကိုက်နေသည်ကို ထိုင်ကြည့်နေသည့် လူတစ်ယောက်နှင့် တူပေသည်။ အမျိုးသမီး နှစ်ဦးသည် သာမန် ကျင့်ကြံသူများ မဟုတ်၊ တန်ခိုးရှင်တတိယ အဆင့် ကျင့်ကြံသူများ ဖြစ်ကြသည်။ သူမတို့၏ ခွန်အားသည် လောကရတနာထက် နိမ့်ကျသည်ဆိုလျှင်ပင် လောကရတနာအား ဒုက္ခရောက်အောင်တော့ လုပ်နိုင်ပေသေးသည်။ ရန်ကိုင်အနေဖြင့် အခွင့်ကောင်းကို စောင့်ပြီး တစ်ခါတည်း ချက်ကောင်းကို အမိအရ ဖမ်းဆုပ်နိုင်အောင် ကြိုးစားရပေမည်။ မဟုတ်လျှင် သူ့ကိုယ်စား ရေခဲဖီးနစ်အား လုပ်ခိုင်ရပေမည်။
အမျိုးသမီးနှစ်ဦး သေသေ၊ရှင်ရှင် သူဂရုမစိုက်ချေ။ ထိုလူ နှစ်ဦးသည် သူ့အတွက် သူစိမ်းများသာ ဖြစ်ကြသည်။ ရန်ကိုင်သည် အကြောင်းပြချက်မရှိဘဲ တစ်ယောက်ယောက် ဒုက္ခရောက်နေလျှင် လိုက်ကယ်တတ်သည့် သူတော်ကောင်းတစ်ယောက် မဟုတ်ချေ။
ဆုံးဖြတ်ပြီးသည်နှင့် ပီလော့အား စိတ်ရှည်ရှည်နှင့် စောင့်ရန် အချက်ပြလိုက်သည်။
ရန်ကိုင် ဘာကြံနေလဲဆိုသည်ကို နားလည်ထားသည့်အတွက် ပီလော့လည်း အသာအယာ ခေါင်းညိတ်လိုက်သည်။ အပြင်ပန်းတွင်သာ တည်ငြိမ်နေဟန်ရသော်ငြား တကယ်တမ်းတွင် ပီလော့ အလွန် ရင်ခုန်နေမိသည်။ ကျားပါးစပ်ထဲမှ အသားကို လုရသည်မှာ အတော်လေး စိတ်လှုပ်ရှားစရာကောင်းသည့် ကိစ္စ တစ်ခု ဖြစ်သည်ကိုး။ ရန်ကိုင် ထိုမျှ သွေးရဲလိမ့်မည်ဟုလည်း မထင်ထားခဲ့ပေ။ တန်ခိုးရှင်တတိယအဆင့် နှစ်ယောက်၏ သားကောင်ကိုပင် ခိုးကြောင်ခိုးဝှက်နှင့် ပစ်မှတ်ထားရဲသည်။
ဒါပေမယ့် သူက သခင်မကြိုက်တဲ့ လူပဲလေ။ သူ့မှာ ဒီလောက်လေးတောင် သတ္တိမရှိရင် သခင်မနဲ့ ထိုက်တန်တော့မှာ မဟုတ်ဘူး ထိုကဲ့သို့ တွေးလိုက်မိသည့်အခါ နောက်ဖြစ်လာမည့် အရာကို စောင့်မျှော်ရင်း ပီလော့ ရင်ခုန်လာမိသည်။
ရန်ကိုင်နှင့် ပီလော့သည် ရေခဲတိုင်နောက်တွင် ပုန်းအောင်းရင်း တိုက်ပွဲအား ဆက်လက် စောင့်ကြည့်နေခဲ့သည်။ ကံကောင်းစွာဖြင့် ရေခဲနှလုံးသားတောင်ကြားမှ အမျိုးသမီး နှစ်ဦးသည် လောကရတနာပေါ်တွင်သာ အပြည့်အဝ အာရုံ စိုက်ထားသည့် အတွက်ကြောင့် ရန်ကိုင်တို့ကို သတိမပြုမိခဲ့ပေ။
အချိန်ကြာလာသည်နှင့် တိုက်ပွဲသည် ပိုပို၍ ပြင်းထန်လာခဲ့သည်။ အမျိုးသမီးနှစ်ဦးသည်လည်း ယုန်ဖြူလက်မှ လွတ်မြောက်ရန်အတွက် အခွင့်အရေးရလျှင် ရသလို ကြိုးစားလာခဲ့လေသည်။ ယခုတစ်ကြိမ် အမျိုးသမီးနှစ်ဦးစလုံး အတော်လေး နောင်တရနေလောက်ပေပြီ။ ယုန်ဖြူအား သားကောင်အဖြစ် မှတ်ယူ၍ သွားတိုက်ခိုက်ခဲ့သော်လည်း တကယ်တမ်း သားကောင် ပြန်ဖြစ်သွားခဲ့ရသူမှာ သူတို့သာ ဖြစ်နေခဲ့လေသည်။
ကံမကောင်းစွာဖြင့် ဤလောကကြီးတွင် နောင်တအတွက် ဆေးမရှိနေခဲ့ပေ။ ပတ်ဝန်းကျင်ရှိ ရေခဲစွမ်းအင်များကို ထိန်းချုပ်၍ တိုက်ခိုက်နေသော ယုန်ဖြူ၏ မိုးသီးမိုးပေါက်များသဖွယ် တိုက်ခိုက်မှုများအောက်ဝယ်၊ အမျိုးသမီးနှစ်ဦးတို့ စိုးစဉ်းမျှပင် ပြန်မတိုက်ခိုက်နိုင်ဘဲ အသည်းအသန်သာ ခုခံနေခဲ့ရသည်။
အခြေအနေ တဖြည်းဖြည်း ဆိုးသည်ထက် ဆိုးရွားလာသော်၊ အမျိုးသမီးနှစ်ဦး စတင် စိုးရိမ်စပြုလာခဲ့လေသည်။
ရန်ကိုင်ကမူ တိုက်ပွဲအား ထူးမခြားနားဟန်ဖြင့်သာ စိုက်ကြည့်လျက် အခွင့်ကောင်းအား ကျားချောင်းသည့်နှယ် ချောင်းမြောင်းနေခဲ့သည်။ ရုတ်တရက် ရန်ကိုင်၏ မျက်ခုံးအစုံ တွန့်ကွေးသွားခဲ့သည်။ တစ်ယောက်ယောက်မှ သူ့အား စိုက်ကြည့်နေသလို ခံစားလိုက်ရသည်။
သို့သော် ဘေးပတ်ပတ်လည်အား လှည့်ပတ်ကြည့်သော်ငြား မည်သူ့ကိုမှ မတွေ့ခဲ့ရပေ။ ပိုဆိုးသည်ကား တိုက်ခိုက်နေသူများ သူ့အား သတိပြုမိမည်ကို စိုးရွံ့သည့် အတွက်ကြောင့် သူ၏ ကောင်းကင်စိတ်အာရုံအား ကျယ်ကျယ်ပြန်ပြန့် မဖြန့်ကျက်ရဲချေ။
သို့သော်လည်း သူ့မသိစိတ် မှားယွင်းလိမ့်မည်ဟုတော့ မထင်၊ တစ်ယောက်ယောက် သူ့အနားတွင် ပုန်းနေခြင်း ဖြစ်လောက်၏။
ထိုကဲ့သို့ စဉ်းစားမိလိုက်သော် ခေါင်းအား အနည်းငယ် ငုံလျက် သုတ်သင်ခြင်းနတ်ဆိုးမျက်လုံးကို အသက်သွင်းလိုက်၏။ ယခုတစ်ကြိမ်တွင်မူ ရန်ကိုင် တစ်ခုခုကို ရှာတွေ့သွားခဲ့သည်။
သူပုန်းနေသည့် နေရာနှင့် မီတာသုံးရာအကွာရှိ ရေခဲတိုင် နောက်တွင် လူနှစ်ယောက် ပုန်းနေခဲ့သည်။ ထိုနှစ်ယောက် မည်သို့သော် ပညာရပ်ကို သုံးထားသလဲ ရန်ကိုင် မသိသော်ငြား ထိုအရာသည် သူတို့၏ ပုံရိပ်နှင့် အရှိန်အဝါကို အပြည့်အဝ ဖုံးကွယ်ပေးနိုင်ပေသည်။ ရန်ကိုင်၏ သုတ်သင်ခြင်းနတ်ဆိုး မျက်လုံးသည်ပင်လျှင် သူတို့၏ အသွင်အပြင်ကို မမြင်နိုင်ဘဲ ရုပ်သွင်ကိုသာ မြင်နိုင်ခဲ့သည်။
သို့သော် ရန်ကိုင် မြင်ရသလောက် ထိုနှစ်ယောက်အနက် တစ်ယောက်သည် အမျိုးသမီးဖြစ်ပြီး ကျန်တစ်ယောက်သည် လက်တစ်ဖက်သာရှိသည့် အမျိုးသားတစ်ဦး ဖြစ်သည်။
သွေးနတ်ဆိုးကျောင်းတော်က ကျင်းရှီလား
လူတစ်ယောက်ကို ရန်ကိုင် ပြန်သတိရမိသွားသည်။ ထိုလူသည် သွေးနတ်ဆိုးကျောင်းတော်မှ ကျင်းရှီပင်။ ထို့အပြင် အမျိုးသမီးတစ်ဦးနှင့် လက်ပြတ်နေသည့် အမျိုးသားတစ်ဦး အတွဲအနက် သူသိသလောက် သွေးနတ်ဆိုးကျောင်းတော်မှ အတွဲသာ ရှိသည်။ ထိုအတွဲမှလွဲ၍ အခြားလူများကို သူမစဉ်းစားတတ်တော့။
ထိုနှစ်ယောက်သာ ဆိုလျှင်လည်း ယနေ့သည် သူ့အတွက် အလွန်ကိုမှ တိုက်ဆိုင်မှုကြီးမားသည့် နေ့တစ်နေ့ဟု ပြောရမည်။
ရန်သူများအတွက် လောကကြီးသည် အမှန်တကယ်ကို ကျဉ်းမြောင်းလှပါတကား… ရန်ကိုင် တွေးမိသွားသည်။ သွေးနတ်ဆိုးကျောင်းတော်နှင့် သူ၊ နည်းနည်းလေးမှကို မတည့်ပေ။ ဧကရာဇ်ဥယျာဉ်သို့ မဝင်စဉ်က ကျင်းရှီသည် သူ့အား သတ်ရန် ကြိုးစားခဲ့ဖူးသည်။ သို့သော် ဧကရာဇ်ဖိအားကို အထင်သေးခဲ့သည့် အတွက် ရန်ကိုင်အား သတ်မည့် အစီအစဉ် ကျရှုံးသွားရုံမက သူကိုယ်တိုင်ပင် ပြန်ဒဏ်ရာရသွာခဲ့ရသည်။
ကျင်းရှီ ဟင်းလင်းပြင် အစီအရင်ထဲသို့ မဝင်ခင် ပြောသွားသည့် ခြိမ်းခြောက်စကားများကို ပြန်စဉ်းစားမိလိုက်သည့် အခါ ထိုလက်ပြတ်သည် အခွင့်အရေးရသည်နှင့် သူ့အား သတ်ရန် ကျိန်းသေ ကြိုးစားလိမ့်မည် ဖြစ်ကြောင်း ရန်ကိုင် သိလိုက်သည်။
အစောပိုင်းက သူမသိစိတ်မှ ခံစားမိလိုက်သည့် ခံစားချက်အရ ထိုနှစ်ယောက် သူ့အား ရှာတွေ့ပြီးသွားလောက်ပေပြီ။ သုတ်သင်ခြင်းနတ်ဆိုးမျက်လုံးအား အသက်သွင်းလိုက်သည်မှာ ကံကောင်းသွားခဲ့သည်။ မဟုတ်လျှင် ထိုနှစ်ယောက် ရှိနေသည်ကို သတိပြုမိလိမ့်မည် မဟုတ်ချေ။ ယခု သူသည် ထိုနှစ်ယောက် ရှိနေသည်ကို သိထားသော်ငြား ထိုနှစ်ယောက်သည် သူတို့ ရှိနေသည်ကို ရန်ကိုင်မှ သိထားသည်ကို သတိမပြုမိသေးချေ။ ထို့ကြောင့် ရန်ကိုင်အတွက် အနည်းငယ် အခွင့်သာနေသည်ဟု ပြော၍ရသည်။
ရှိခိုးကောင်သည် ပုစဉ်းရင်ကွဲအား ချောင်းမြောင်းနေချိန် အိုရီရယ်ငှက်သည် ထိုနှစ်ကောင်ကို ပြန်ချောင်းနေခဲ့သည်။ အဆုံးတွင် မည်သူသားကောင် ဖြစ်သွားမည်နည်း။
လက်ရှိ အခြေအနေသည် ရှင်းလင်းသယောင် ထင်ရသော်ငြား အတော့်ကိုမှ ရှုပ်ထွေးသည်။ ထို့ကြောင့် ရန်ကိုင်လည်း ရှေ့သို့ ပြေးဝင်မသွားရဲသေးဘဲ ပုန်းသာ ဆက်ပုန်းနေလိုက်လေသည်။
အမျိုးသမီးနှစ်ဦး အသုံးပြုနေသည့် မှော်ရတနာများသည် အတော်လေးကို အားကောင်းသော်ငြားလည်း ဤနေရာမျိုးတွင် လောကရတနာအား တိုက်ခိုက်ရသည်မှာ မလွယ်ကူလှချေ။
တိုက်ခိုက်ခံရဖန် များလာသဖြင့် သူတို့၏ မှော်ရတနာများ ထိခိုက်လာနေခဲ့လေပြီ။ သူတို့ကိုယ်သူတို့ ကာကွယ်ရန် သုံးထားသော သူတော်စင်ချီပင် တဖြည်းဖြည်း ပျောက်ကွယ်စ ပြုနေခဲ့လေပြီ။
ယုန်ဖြူကြီးမှာမူ ထိုနှစ်ယောက်အား အတည်ပေါက်ဖြင့် တိုက်ခိုက်မနေခဲ့။ ကြောင်မှကြွက်အား ဆော့ကစားသလို ဆော့ကစားနေခဲ့သည်။ အလွန်ကိုမှ လျင်မြန်သော အမြန်နှုန်းဖြင့် ခုန်ဆွခုန်ဆွလုပ်ရင်း ရေခဲလှံများကို သိပ်သည်း၍ အမျိုးသမီး နှစ်ဦးဆီသို့ လှမ်းလှမ်းပစ်နေခဲ့သည်။
ရုတ်တရက် ယုန်ဖြူသည် သူ့ပတ်လည်တွင် ရေခဲလှံများစွာကို သိပ်သည်းစေလျက် အမျိုးသမီးနှစ်ဦးဆီသို့ တစ်ပြိုင်တည်း ပစ်လွှတ်လိုက်လေသည်။
မြောက်မြားစွာသော လှံများကြောင့် အမျိုးသမီးနှစ်ဦး၏ အမူအရာ ပြောင်းလဲသွားခဲ့ပြီး လျှို့ဝှက်ကျင့်စဉ် အကူအညီဖြင့် နှစ်ဦးသား၏ သူတော်စင်ချီကို အတူတကွ ပေါင်းစည်းလျက် ယုန်ဖြူ၏ တိုက်ခိုက်မှုကို ခုခံလိုက်ရသည်။
ဘုန်းဘုန်းဘုန်း…
ထိုတိုက်ခိုက်မှုကြောင့် ရေခဲလမ်းတစ်ခုလုံး ပေါက်ကွဲသံများဖြင့် ညံသွားခဲ့ပြီး ပတ်ပတ်လည် အနီးဝန်းကျင်ရှိ မိုးမြေစွမ်းအင်တို့သည်လည်း ကယောက်ကယက် ဖြစ်ကုန်သည်။
အော်ဟစ်သံနှစ်သံနှင့်အတူ အမျိုးသမီးနှစ်ဦး နောက်သို့ လွင့်ထွက်သွားခဲ့ကြသည်။ အဆက်မပြတ် အန်ထွက်လာသော သွေးများကြောင့် သူမတို့၏ အဖြူရောင်ဝတ်ရုံများ နီစွေးကုန်ရလေပြီ။
ရေခဲနှလုံးသားတောင်ကြားမှ အမျိုးသမီးနှစ်ဦး၏ ဘဝဇာတ်လမ်း ပြီးဆုံးသွားခဲ့လေပြီ။ သူမတို့တွင် တိုက်စရာ သူတော်စင်ချီ မရှိတော့သည့်အပြင် လောကရတနာကြောင့်လည်း ပြင်းပြင်းထန်ထန် ဒဏ်ရာရထားသေးသည်။ မည်သို့မှ ပြန်မတိုက်ခိုက်နိုင်တော့သည့်အတွက် အရှိကို အရှိအတိုင်း လက်ခံလိုက်သည့်အလား သေမှာကို စောင့်နေသည့် လူများနှယ် သူမတို့၏ မျက်လုံးများကို ပိတ်လိုက်ကြသည်။
ရုတ်တရက် အနီးနားရှိ ရေခဲတိုင်နောက်မှ လူနှစ်ယောက် ထွက်လာခဲ့သည်။ အပြင်သို့ရောက်နေသည် နှစ်ယောက်စလုံး သွေးနီရောင်အမျှင်တန်းများကို ဖန်တီး၍ လောကရတနာဆီသို့ ပစ်လွှတ်လိုက်သည်။
ရန်ကိုင် ထင်ထားသည့်အတိုင်းပင်၊ ထိုနှစ်ယောက်သည် သွေးနတ်ဆိုးကျောင်းတော်၏ ကျောင်းသခင်နှင့် အကြီးအကဲ ကျင်းရှီတို့ ဖြစ်နေခဲ့သည်။
ထိုနှစ်ယောက် လက်ရှိအချိန်တွင် လှုပ်ရှားလိုက်ခြင်းသည် အမျိုးသမီးနှစ်ယောက် သေမည်ကို မကြည့်ရက်သည့်အတွက် အတွက်ကြောင့် မဟုတ်ဘဲ လက်ရှိ အချိန်သည် ယုန်ဖြူအား အလစ်အငိုက် ချောင်းတိုက်ရန် အကောင်းဆုံး အချိန် ဖြစ်နေသည့် အတွက်ကြောင့် ဖြစ်ပေသည်။
ရေခဲစွမ်းအင် လောကရတနာသည် သူတို့အတွက် အသုံးမဝင်သော်ငြား ထိုလောကရတနာအား အခြား အဖိုးတန် ရတနာများစွာနှင့် ပြန်လည် လဲလှယ်နိုင်ပေသည်။
ရန်ကိုင်နှင့် ပီလော့ကိုမူ ကျင်းရှီတို့ မျက်လုံးထဲမထည့်ချေ။ သူတို့ နှစ်ယောက်အား သူတို့ ကြိုက်သည့်အချိန် ရှင်းပစ်နိုင်သည့် စဉ်းတီတုံးပေါ်မှ ငါးများနှယ် မှတ်နေလားမသိ။
သူတို့ လှုပ်ရှားလိုက်သည့် အခိုက်အတန်သည့် အချိန်ကိုက် ဖြစ်နေခဲ့သည်။ ကျင်းရှီ၏ ပါးနှစ်ဖက် ဖောင်းကားလာပြီး ၎င်း၏ ပါးစပ်မှ ပုစဉ်းရင်ကွဲအော်သံကဲ့သို့ အားကောင်းလှသော အသံလှိုင်းများ ထွက်ပေါ်လာခဲ့လေသည်။
ထိုအသံလှိုင်းတို့သည် လျင်မြန်စွာ ဖြာထွက်သွားပြီး လောကရတနာအား လွှမ်းခြုံသွားခဲ့လေသည်။
ရေခဲနှလုံးသားတောင်ကြားမှ အမျိုးသမီးနှစ်ဦးအား အပြတ် ရှင်းပစ်ရန် ကြံနေသော ယုန်ဖြူသည် ရုတ်တရက် အလစ်အငိုက် ချောင်းတိုက်ခံလိုက်ရသည့်အတွက် ချက်ချင်း မတုန့်ပြန်နိုင် ဖြစ်သွားခဲ့လေသည်။
လောကရတနာသည် မိုးမြေစွမ်းအင်ဖြင့် ဖွဲ့စည်းထားသော သက်ရှိတစ်ကောင် ဖြစ်သည့်အတွက် သာမန် တိုက်ခိုက်မှုများသည် ၎င်းအပေါ် သက်ရောက်မှုမရှိချေ။ သို့သော် ထိုသာမန် တိုက်ခိုက်မှုများထဲ ကျင်းရှီ၏ အသံလှိုင်းတိုက်ခိုက်မှု မပါချေ။ ကျင်းရှီ၏ အသံလှိုင်းတိုက်ခိုက်မှုသည် တစ်ဖက်ရန်သူ၏ ဝိဥာဉ်ကို ပစ်မှတ်ထား တိုက်ခိုက်သည့် ပညာရပ်တစ်ခု ဖြစ်သည်။
လောကရတနာသည် အသိစိတ်ရှိနေပြီ ဖြစ်သော်လည်း လူသား တစ်ယောက်၏ အဆင့်ထိတော့ မရောက်သေးချေ။ ကျင်းရှီ၏ အသံလှိုင်းတိုက်ကွက်သည် ယုန်ဖြူအား အကောင်းဆုံး တန်ပြန်နိုင်သည့် တိုက်ကွက်တစ်ခုဖြစ်သည်။
ထိုတိုက်ကွက်ကြောင့် ယုန်ဖြူ အလွန်ကို နာကျင်သွားခဲ့သည်။ သူ့တစ်ကိုယ်လုံး ပျက်စီးတော့မည့်အလား မှိတ်တုတ်မှိတ်တုတ် ဖြစ်လာခဲ့သည်။ အဆုံးတွင် မြေကြီးပေါ်သို့ လဲကျသွားပြီး ခေါင်းအား ၎င်း၏ လက်နှစ်ဖက်ဖြင့် ကိုင်၍ နာကျင်စွာ အော်ဟစ် မြည်တမ်းတော့လေသည်။
သွေးနတ်ဆိုးကျောင်းတော်၏ ကျောင်းသခင်သည် ယုန်ဖြူ လှုပ်မရဖြစ်နေသည့် အချိန်ကို အခွင့်ကောင်းယူ၍ အနီရောင်သွေးမျှင် နှစ်ချောင်းကို ယုန်ဖြူဆီသို့ ပစ်လိုက်သည်။
သွေးနတ်ဆိုးကျောင်းတော်၏ ကျောင်းသခင်သည် နတ်ဆိုးသွေးမျှင် နှစ်ချောင်းအထိ ကျင့်ကြံထားနိုင်ခဲ့သည်။
သွေးနတ်ဆိုးကျောင်းတော်၏ အထက်ပိုင်း အကြီးအကဲများ အားလုံး နတ်ဆိုးသွေးမျှင် ပညာရပ်အား ကျင့်ကြံထားကြသည်။ သို့သော်လည်း သူတို့ ဖန်တီးလိုက်သည့် နတ်ဆိုးသွေးမျှင်သည် ရန်ကိုင်၏ ရွှေရောင်သွေးမျှင်နှင့် လုံးဝ မတူချေ။ ရန်ကိုင်၏ ရွှေရောင်သွေးမျှင်သည် ရွှေရောင်သွေးစက်ဖြင့် ဖန်တီးထားခြင်း ဖြစ်သည်။ ရွှေရောင်သွေးစက်သာ လုံလောက်သရွေ့ ရန်ကိုင် အနေဖြင့် မည်သည့် ဘေးထွက်ဆိုးကျိုးမှ မခံစားရဘဲ ရွှေရောင် သွေးမျှင်များကို သူကြိုက်သလောက် ဖန်တီးနိုင်ပေသည်။
သို့သော် သွေးနတ်ဆိုးကျောင်းတော်မှ အကြီးအကဲများ ကျင့်ကြံထားသည့် နတ်ဆိုးသွေးမျှင်များသည် သူတို့၏ အသက် စွမ်းအင်နှင့် သွေးအဆီအနှစ်ကိုသုံး၍ ဖန်တီးထားခြင်း ဖြစ်သည်။ ထိုအသက်စွမ်းအင်နှင့် သွေးအဆီအနှစ်သည် ခန္ဓာကိုယ်တစ်ခု၏ အုတ်မြစ်ဖြစ်ကာ ထိုအရာများကို ပိုမိုအားကောင်းလာစေရန် နှစ်ပေါင်းများစွာ အချိန်ယူပြီး မြှင့်တင်ရသည်။ ထို့ကြောင့် နတ်ဆိုးသွေးမျှင် တစ်ချောင်းချင်းစီတိုင်းသည် ၎င်းတို့၏ ပိုင်ရှင်များအတွက် အလွန် အသုံးဝင်သည်ဟု ပြော၍ရသည်။
နတ်ဆိုးသွေးမျှင်တစ်မျှင်အား ပြီးပြည့်စုံခြင်းအဆင့်ထိ ကျင့်ကြံနိုင်ရန်အတွက် အသက်စွမ်းအင်များစွာ လိုအပ်သည်။ ထို့ကြောင့် ထိုပညာရပ်အား ကျင့်ကြံထားသူ တစ်ယောက်သည် နတ်ဆိုးသွေးမျှင်အား မြှင့်တင်ရင်း ကုန်ဆုံးသွားသော အသက် စွမ်းအင်များကို အဆက်မပြတ် ပြန်လည်ဖြည့်တင်းနေရသည်။ မဟုတ်လျှင် သူတို့ ခန္ဓာကိုယ်အား အကြီးအကျယ် ထိခိုက်နိုင်၏။
အများအားဖြင့် ကျင့်ကြံသူတစ်ယောက်သည် တစ်ဘဝလုံး၌ နတ်ဆိုးသွေးမျှင် တစ်မျှင်လောက်ကိုသာ ကျင့်ကြံနိုင်ကြသည်။ ဒုတိယတစ်မျှင်ကိုသာ အတင်းတွန်းအားပေး ကျင့်ကြံမည်ဆိုပါက ခန္ဓာကိုယ်သည် ထိုဒဏ်ကို ခံနိုင်လိမ့်မည် မဟုတ်ဘဲ အခပ်မသင့်ဘဲ မရဏလမ်း မြန်းသွားရနိုင်ပေသည်။