← Chapters

အခန်း (၁၄၇၁-၁၄၇၅)

Vol. 59 Ch. 1471-1475

အခန်း (၁၄၇၁-၁၄၇၅)

Vol. 59 Ch. 1471-1475

အပိုင်း (၁၄၇၁)

“မဒမ်” ခဏကြာပြီးနောက်တွင် ရီရှီယွင်သည် ယန်ယန်အား လှမ်းအော်ခေါ်ကြည့်လေ၏။

ဝုန်း…

ခေါင်းတလားဆီမှ အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။ ထိုအသံနှင့်အတူ ကြောက်မက်ဖွယ်ရာ ဖိအားတစ်ရပ်သည် လှိုင်းတစ်လှိုင်းနှယ် ဖြာထွက်လာခဲ့လေသည်။ အစပိုင်းတွင် ထိုဖိအားသည် အရမ်းကြီး အားကောင်းခြင်း မရှိသော်လည်း မျက်တောင် တစ်ခတ်အတွင်း ဖိအား၏ ပြင်းအားသည် ရီရှီယွင်ပင် မခံနိုင်တော့ဘဲ ဒူးထောက်ကျသွားရသည် အထိ ပြင်းထန်လာခဲ့သည်။

ဧကရာဇ်ဖိအားပင်…

တစ်ချိန်တည်းတွင်… ယခင် ချင်းတုန် ပိတ်မိခဲ့ဖူးသည့် နေရာ၌၊ ရန်ကိုင်၊ ရှန်ချင်းလော့နှင့် ဟုန်းလော့ကုန်သွယ်ရေးအဖွဲ့အစည်း၏ ပညာရှင်များကြမှ တိုက်ပွဲ ဆက်လက် ဖြစ်ပွားနေခဲ့သည်။

ရှင်းရှင်းပြောရလျှင် ဟုန်းလော့ကုန်သွယ်ရေး အဖွဲ့အစည်းမှ ပညာရှင် ခြောက်ယောက်စလုံး အားမနည်းကြချေ။ အကုန်လုံး အားကောင်းသလို သူတို့ ကိုင်ဆောင်သည့် မှော်ရတနာများလည်း အလားတူ အားကောင်းကြချေ။ ထို့အပြင် တစ်ယောက်နှင့်တစ်ယောက် သိနေကြသည့်အတွက် သူတို့၏ ပူးပေါင်းတိုက်ခိုက်မှုသည် ပို၍ပင် အားကောင်း ပြင်းထန်သေးသည်။

သို့သော်လည်း ရန်ကိုင်နှင့် ရှန်ချင်းလော့သည်လည်း ပုံမှန်မှ မဟုတ်လေဘဲ။ နှစ်ယောက်စလုံးသည် အဆင့်ကျော် တိုက်ခိုက်နိုင်ကြသည့် ပါရမီရှင်များ ဖြစ်ကြသည့်အပြင်ကိုမှ ရန်ကိုင်တွင် ပြင်ပအကူအညီများစွာပါ ရှိနေခဲ့သည်။

ထို့ကြောင့် ဟုန်းလော့ကုန်သွယ်ရေး အဖွဲ့အစည်းဘက်တွင် လူပျိုများသော်လည်း ရန်ကိုင်နှင့် ရှန်ချင်းလော့တို့ကို မဖမ်းဆီးနိုင် ဖြစ်နေခဲ့သည်။

အစပိုင်းတွင် ရန်ကိုင်နှင့် ရှန်ချင်းလော့အား ထိခိုက်သွားမိမည် စိုးသည့်အတွက် သူတို့၏ ခွန်အားကို ထိန်းချန်ထားခဲ့သည်။ သို့သော် တိုက်ခိုက်နေရင်း တိုက်ခိုက်နေရင်း သူတို့သာ သူတို့၏ ခွန်အားကို ဆက်လက် ထိန်ချန်ထားနေလျှင် ရှုံးနိမ့်မည့်လူမှာ သူတို့သာ ဖြစ်မည်မှန်း သိလာရသည်။ ထို့ကြောင့် မည်သည့် ခွန်အားကိုမှ ထိန်ချန်မထားရဲတော့ဘဲ ချက်ချင်း အားကုန် ထုတ်သုံးတော့လေသည်။ သို့တိုင် ထိုနှစ်ယောက်ကို မဖိနှိပ်နိုင်သေးချေ။

နန်းတော်တစ်ခုလုံးသည် အမျိုးမျိုးသော သိုင်းပညာရပ်များ၊ မှော်ရတနာများမှ ထွက်ပေါ်လာသော စွမ်းအင်များကြောင့် ပရမ်းပတာ ဖြစ်နေခဲ့သည်။ အနီးပတ်ပတ်လည်ရှိ မိုးမြေစွမ်းအင်တို့သည်လည်း မငြိမ်မသက် ဖြစ်နေကြလေပြီ။ အကုန်လုံးသည် တိုက်ပွဲမှ ထွက်ပေါ်လာသော စွမ်းအင်လှိုင်းများ၏ ရိုက်ခတ်ခြင်း ခံနေရသည်။ ကျောက်ပြားပင်လျှင် ချွင်းချက်မဟုတ်။

ရန်ကိုင်သည် ကျောက်ပြားအား မထိခိုက်မိအောင် ကြိုးစားသော်ငြား အခြားသူများသည် သူ့ကဲ့သို့ ကျောက်ပြား၏ တန်ဖိုးကိုမှ မသိလေပဲ။ အကျိုးဆက်အနေဖြင့် တိုက်ပွဲ၏ ရိုက်ခတ်မှုကြောင့် ကျောက်ပြား ကွဲသွားခဲ့လေသည်။

ထိုအတွက်ကြောင့် ရန်ကိုင် အတော်လေး နောင်တရမိသွားခဲ့သည်။ ကျောက်ပြားထဲတွင် ထိုးထွင်းထားသော ပညာရပ်သည် မည်မျှ အဖိုးတန်မှန်းကို သူတစ်ယောက်သာ သိသည်။ သို့သော် ကျောက်ပြားမှ ကွဲသွားပြီ ဖြစ်သဖြင့် ရန်ကိုင်လည်း ဘာမှမလုပ်နိုင်တော့ချေ။

“ရန်ကိုင်၊ မင်းအခု ငါပြောတဲ့အတိုင်းလုပ်ရင် နောက်မကျသေးဘူးနော်။ မဟုတ်လို့ပါ ငါဝင်ပါရတော့မယ် ဆိုရင်တော့ မင်းကျိန်းသေ နောင်တရပြီသာမှတ်” အခြေအနေ ဘာမှ မထူးခြားသည်ကို မြင်သော် ရွှယ့်ယွယ် လှမ်းအော်ပြောတော့လေသည်။

“အိမ်မက်မက်နေလိုက်” ရန်ကိုင်သည် ရယ်ရယ်မောမောဖြင့် ပြန်ပြောလိုက်သည်။

“မင်းငါ့ကို တွန်းအားပေးတေနာပဲ” ရွှယ့်ယွယ်သည် အံကြိတ်၍ လက်ကွက်များစွာကို ထုတ်ဖော်ကာ အနီးရှိ မိုးမြေစွမ်းအင်ကို စုပ်ယူတော့သည်။

ထိုအခြင်းအရာကို မြင်သော် ရန်ကိုင်နှင့် တိုက်ခိုက်နေသည့် တန်ခိုးရှင်အဆင့် ပညာရှင် အားလုံး၏ အမူအရာ အပြောင်းကြီး ပြောင်းလဲသွားခဲ့သည်။ ရန်ကိုင်တို့နှင့် တိုက်ကွက် တစ်ကွက်၊ နှစ်ကွက်ခန့် ဖလှယ်လိုက်ပြီးနောက် ချက်ချင်း လူချင်းခွဲလိုက်ကြသည်။ ထို့နောက် အဝေးမှသာ ရန်ကိုင်တို့အား ဂရုဏာသက်နေသည့် အမူအရာဖြင့် ကြည့်တော့၏။

ရန်ကိုင်၏ အမူအရာလည်း လေးနက်သွားခဲ့သည်။ ရွှယ့်ယွယ် ရှက်စိတ်ကြောင့် ဒေါသထွက်သွားပြီး ကျိုးကြောင်းဆင်ခြင်နိုင်စွမ်း မရှိတော့မှန်း သူသိသော်လည်း ယခုသူမ ထုတ်သုံးတော့မည် ပညာရပ်သည် လုံးဝ သာမန်မဖြစ်နိုင်ချေ။ ကံမကောင်းစွာဖြင့် ဤနေရာသည် ထွက်ပြေးရန် ကျဉ်းလွန်းနေသည့်အတွက် ထိပ်တိုက်ရင်ဆိုင်ရန်သာ ရှိတော့သည်။

သူ့အား တစ်ချက်တည်း တန်းသတ်ပစ်နိုင်သော တိုက်ကွက်မျိုးကို ရွှယ့်ယွယ် ထုတ်ဖော်နိုင်လိမ့်မည်ဟု သူမယုံချေ။ ထို့အပြင် ထိုအမျိုးသမီးဆီမှ မည်သည့် သတ်ဖြတ်လိုစိတ်ကိုမှ မခံစားမိလေရာ ရွှယ့်ယွယ်သည် သူ့အား သင်ခန်းစား နည်းနည်းပါးပါး ပေးချင်နေခြင်းသာ ဖြစ်လိမ့်မည်ဟု ရန်ကိုင် တွေးမိလိုက်သည်။

ထို့အတွက်ကြောင့် ရန်ကိုင်လည်း အရမ်းကြီး စိုးရိမ်နေခြင်း မရှိဘဲ ခုခံရန် ပြင်ဆင်တော့လေသည်။ ရုတ်တရက် ရွှယ့်ယွယ်ဆီမှ ခပ်သဲ့သဲ့ အော်ဟစ်သံတစ်သံ ထွက်ပေါ်လာ၏။ အနီးအနားပတ်လည်တွင် ရှိနေသော မိုးမြေစွမ်းအင်များအားလုံး သူမဆီသို့ တစ်ဟုန်ထိုး တိုးဝင်လာခဲ့ပြီးနောက် မကြာမီ ထူးဆန်းသော မွန်းစတားသားရဲပုံရိပ်တစ်ခု သူမခေါင်းပေါ်တွင် ပေါ်လာခဲ့သည်။

ထိုမွန်းစတားသားရဲ၏ ခန္ဓာကိုယ်တစ်ခုလုံး ထူထည်းသော အနက်ရောင် အမွှေးများဖြင့် ဖုံးအုပ်ထားပြီး နဖူးအလယ်တွင် ဦးချိုတစ်ချောင်း ရှိနေခဲ့သည်။ ထိုမွန်းစတားသားရဲကို မြင်လိုက်သည်နှင့် ရန်ကိုင်၏ မျက်ဝန်းအစုံ မှေးစဉ်းသွားခဲ့သည်။

ဘာကြောင့်မှန်းမသိ ထိုမွန်းစတားသားရဲဆီမှ ဧကရာဇ်ဥယျာဉ်ထဲသို့ ဝင်လာသည့် အချိန်မှစ၍ တစ်ခါမှ မခံစားဖူးသေးသော အန္တရာယ်အငွေ့အသက်ကို ခံစားလိုက်ရသည်။

ထိုမွန်းစတားသားရဲကို မြင်လိုက်သည့်နောက်တွင် ရှန်ချင်းလော့သည့် အလန့်တကြား ထအော်လေသည် “ရှယ့်ကျီ”

သူမသည် ကြယ်တစ်ခုလုံးနီးပါး မွန်းစတားသားရဲများဖြင့် ပြည့်နေသည့် နေရာမှ လာသည့်အတွက်ကြောင့် ထိုမွန်းစတားသားရဲအား သိနေသည်မှာ အထူးအဆန်းမဟုတ်ချေ။ ထိုနေရာတွင် နှစ်ပေါင်းများစွာ နေပြီးနောက်ပိုင်း သူမ မသိသည့် မွန်းစတားသားရဲ အနည်းငယ်လောက်သာ ရှိတော့သည်။

“နင်ဒီသားရဲကို သိတယ်ဆိုတော့ နင့်အမြင်မဆိုး။ ဒီမွန်းစတားသားရဲ ဒီသခင်လေးရဲ့ အမှတ်သညာ မွန်းစတားဝိဥာဉ်ပဲ။ ဘာလဲ၊ နင်ကြောက်သွားတာလား။ ကြောက်တယ်ဆိုရင် အခုချက်ချင်း လက်လျှော့လိုက်တော့။ အဲ့ဒါဆိုရင် နင်တို့အပြစ်တွေကို လျှော့ပေါ့ပေးပြီး ဟိုကောင်ကို နှိပ်စက်ရုံပဲ နှိပ်စက်လိုက်တော့မယ်။ နင်ကတော့ ဒီသခင်လေးရဲ့ ကိုယ်လုပ်တော် လုပ်ပေါ့။ နင့်လို မဆိုးတဲ့ မိန်းကလေးတစ်ယောက်က ဒီသခင်လေးရဲ့ ကိုယ်လုပ်တော် လုပ်ဖို့ပဲ အရည်အချင်းရှိတယ်” ရွှယ့်ယွယ် ရန်ကိုင်တို့အား လက်လျှော့စေချင်သည်။ ဤမွန်းစတားသားရဲ မည်မျှ အားကောင်းမှန်းကို သူမသိပေသည်။ သူမ၏ လက်ရှိခွန်အားဖြင့် ထိုမွန်းစတားသားရဲကို အပြည့်အဝ မထိန်းချုပ်နိုင်သေးချေ။ မတော်ကာ လက်လွန်သွားပြီး ရန်ကိုင်တို့အား ထိခိုက်သွားအောင် လုပ်မိမည်ကို သူမ စိုးရိမ်နေမိသည်။

“မွန်းစတားဝိဥာဉ်လား” ရှန်ချင်းလော့၏ မျက်ဝန်းအစုံ မှေးစဉ်းသွားခဲ့သည်။ သို့သော် ရုတ်တရက် တခစ်ခစ် ရယ်မောလျက် “ဒီလို မွန်းစတားသားရဲမျိုးကိုတောင် ရအောင် ရှာနိုင်တယ် ဆိုတော့ ငါနင်တို့ ဟုန်းလော့ကုန်သွယ်ရေး အဖွဲ့အစည်းကို အထင်သေးမိသွားတာပဲ။ ဒါပေမယ့် ဒီဘုရင်မကို နင့်ရဲ့ ကိုယ်လုပ်တော် လုပ်စေချင်တယ်ဟုတ်လား။ အိမ်မက်သာ မက်နေလိုက်”

သို့သော်လည်း ရန်ကိုင် မျက်မှောင်ကြုတ်နေခဲ့သည်။ မွန်းစတားဝိဥာဉ်များ အကြောင်းကို သူကြားဖူးပေသည်။ ထိုမွန်းစတားဝိဥာဉ်ကို ရရှိရန်အတွက် အားကောင်းသော မွန်းစတားသားရဲ၏ အသွေးအဆီအနှစ်ကို ခန္ဓာကိုယ်ထဲထည့်ကာ ကျင့်စဉ်တစ်ခုကို သုံး၍ ထိုသွေးအဆီအနှစ်ကို သန့်စင်ရသည်။ အချိန်ကြာလာည့်အခါ ထိုကျင့်ကြံသူအနေဖြင့် ထိုမွန်းစတားသားရဲ၏ စွမ်းရည်များကို ထုတ်သုံးလာနိုင်မည် ဖြစ်သလို မွန်းစတားသားရဲ ပုံရိပ်ကိုလည်း ဆင့်ခေါ်နိုင်ပေလိမ့်မည်။

သာမန် လူများအနေဖြင့် ထိုကဲ့သို့ မွန်းစတားဝိဥာဉ်များကို အသုံးမပြုနိုင်ကြချေ။ မွန်းစတားဝိဥာဉ်များကို အသုံးပြုနိုင်ရန်အတွက် သင့်လျော်သော မွန်းစတားသားရဲ တစ်ကောင်၏ သွေးအဆီအနှစ်ကို ရထားရန် လိုအပ်သည်။ ထိုသွေးအဆီအနှစ်ကို သန့်စင်ရန်အတွက် လိုအပ်သော ကျင့်စဉ်ကိုလည်း ကျင့်ကြံနိုင်သည့် အရည်အချင်းရှိရန် လိုအပ်ပေသေးသည်။ ထိုကျင့်စဉ်၏ ခွန်အားသည် အသုံးပြုသော မွန်းစတားသားရဲ၏ သွေးအဆီအနှစ်ပေါ်တွင် လုံးလုံး မူတည်နေပေသည်။

ရှယ့်ကျီသည် အားကောင်းသော တိုက်ပွဲစွမ်းအားကို ပိုင်ဆိုင်ထားသည့် အသွင်ပြောင်း ရှေးနတ်ဘုရားမျိုးစိတ် တစ်ကောင်ဖြစ်သည်။ အထူးသတိထားသင့်သည့် အရာသည်ကား တန်ခိုးရှင်ဘုရင်အဆင့် မှော်ရတနာတစ်ခုအောက် မနိမ့်ကျသော ၎င်း၏ ဦးချိုပင် ဖြစ်သည်။ သူခံစားမိသည် ထိုမွန်းစတားသားရဲ၏ အရှိန်အဝါအရ ရွှယ့်ယွယ် ထိုကျင့်စဉ်ကို ကျင့်ကြံထားသည်မှာ နှစ်ပေါင်းများစွာ ကြာနေလောက်ပေပြီ။ သူမသည် တန်ခိုးရှင်ဒုတိယ အဆင့်ပင် ဖြစ်သည့်တိုင် ထိုမွန်းစတားသားရဲ၏ အကူအညီဖြင့် ဆိုပါက တန်ခိုးရှင်အဆင့် တစ်ခုလုံးတွင် ပြိုင်ဘက်ကင်းသည်ဟုပင် ပြော၍ရသည်။

ရန်ကိုင် မသေချာသည့် အချက်သည်ကား ရွှယ့်ယွယ် ထိုကျင့်စဉ်အား အောင်အောင်မြင်မြင် ကျင့်ကြံပြီးပြီလား၊ မကျင့်ကြံရသေးဘူးလား ဟူသောအချက်ပင်။ သူရွှယ့်ယွယ်နှင့် အတူရှိစဉ်က သူမ ထိုကျင့်စဉ်အား ထုတ်သုံးသည်ကို တစ်ခါမှ မမြင်ဖူးချေ။

ရှန်ချင်းလော့၏ အ ပြုံးကိုမြင်သော် ရွှယ့်ယွယ်၏ မျက်နှာ မည်းမှောင်သွားပြီး “မင်းဒီသခင်လေးကို အဲ့လောက်တောင် တွန်းအားပေးချင်နေတယ်ပေါ့”

“တွန်းအားပေးတာ” ရှန်ချင်းလော့သည် သူမ၏ ပါးစပ်လေးအား လက်ဖြင့်အုပ်၍ တခစ်ခစ် ရယ်မောလိုက်ပြီး “သခင်ပေါက်စလေးက ကိုယ့်ကိုယ်ကို အရမ်း အထင်ကြီးနေတာပဲ။ ကြည့်ရတာ ဒီအစ်မကြီး သခင်ပေါက်စလေးကို သင်ခန်းစာတစ်ခုခု ပေးရတော့မယ်နဲ့ တူတယ်။ မဟုတ်ရင် မိုးနဲ့မြေဘယ်လောက် ကွာခြားလဲဆိုတာကို သခင်ပေါက်စ နားလည်မှာ မဟုတ်ဘူး”

ရှန်ချင်းလော့၏ စီနီယာစတိုင် လေသံကြောင့် ရွှယ့်ယွယ်မျက်နှာ ရှံ့မဲ့သွားခဲ့သည်။

အမျိုးသမီးနှစ်ယောက်၏ တိုက်ပွဲထဲ ရန်ကိုင် ဝင်မပါခဲ့ချေ။ ကူကယ်ရာမဲ့စွာဖြင့်သာ ရပ်ကြည့်နေခဲ့သည်။ ဟုန်းလော့ကုန်သွယ်ရေး အဖွဲ့အစည်းမှာ ပညာရှင်များ၏ အမူအရာမှာမူ တစ်မျိုးတစ်မည် ထူးဆန်းနေကြလေသည်။

သူတို့၏ တတိယသခင်လေးသည် ယောကျာ်းတစ်ယောက်အတွက်နှင့် ထိုအမျိုးသမီးဖြင့် ရန်ဖြစ်နေသည်… ဤသတင်းသာ ပြန့်သွားခဲ့လျှင်… နောင်အနာဂတ် ပြဿနာကို ရှောင်ရှားရန် အတွက် သူတို့ကိုယ်သူတို့ပဲ သက်သေရတော့မလား ထိုပညာရှင်များ စဉ်းစားမိသွားကြသည်။

“ကောင်းပြီလေ။ အဲ့လိုဆိုမှတော့ ဘယ်သူက အရှက်မရှိ ကြွားနေလဲဆိုတာ ဒီသခင်လေး သိသွားအောင် ပြပေးပါလား” ရွှယ့်ယွယ် ဒေါသထွက်သွားခဲ့ပြီး သူ့မွန်းစတားသားရဲအား ရှန်ချင်းလော့ဆီ ပြေးဝင်သွားစေလိုက်လေသည်။

ထိုအခြင်းအရာကို မြင်သော် ရန်ကိုင် မျက်နှာပျက်သွားပြီး ပြေးဝင်ရှုပ်ရန် ပြင်လိုက်သော်ငြား ရုတ်တရက် သူ့ခြေလှမ်းတို့ ရပ်တန့်သွားခဲ့သည်။ ရွှယ့်ယွယ်နည်းတူ ရှန်ချင်းလော့၏ ခေါင်းထက်တွင် ခြေရှစ်ချောင်းပင့်ကူကြီးတစ်ကောင် ပေါ်လာခဲ့လေသည်။

ကောင်းကင်လနတ်ဆိုးပင့်ကူပင်…

ပင်ကူ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် ငွေရောင်သန်းနေပြီး ၎င်း၏ နဖူးထက်တွင် လခြမ်း အမှတ်အသားတစ်ခု ရှိနေခဲ့သည်။ ပင့်ကူများသည် ပုံမှန်အားဖြင့် ကြည့်ရဆိုပြီး ကြောက်မက်ဖွယ် ကောင်းသော်ငြား လက်ရှိ ဤပင့်ကူသည် အလွန်ကိုမှ လှပပေသည်။ မွန်းစတားချီလှိုင်းများ ဖြာထွက်လာခဲ့ပြီး ပတ်ဝန်းကျင်တစ်ခုလုံး တုန်ခါလာခဲ့သည်။

“ဒါက…” ထိုဧရာမပင့်ကူကြီးကို ကြည့်ရင်း ရွှယ့်ယွယ်၏ အမူအရာ အပြောင်းကြီး ပြောင်းလဲသွားခဲ့ပြီး သူမစိတ်ထဲ မသက်မသာ ဖြစ်လာခဲ့ရသည်။ သို့သော်လည်း မြှားတံအား လေးကိုင်းမှ ပစ်လွှတ်ပြီးနေလေပြီ။ သူမ၏ မွန်းစတားသားရဲကို စေခိုင်းပြီးသွားပြီဖြစ်ကာ မွန်းစတားသားရဲသည်လည်း ရှန်ချင်းလော့ပေါ်သို့ပင် ခုန်အုပ်နေလေပြီ။ ရွှယ့်ယွယ် အနေဖြင့် မွန်းစတားသားရဲအား ပြန်ခေါ်ချင်လျှင်ပင် ပြန်ခေါ်၍ မရတော့ချေ။

“သွား” ရွှယ့်ယွယ်နှင့် ယှဉ်လိုက်လျှင် ရှန်ချင်းလော့သည် လုံးဝကို တည်ငြိမ်နေသည်။ သူမလက်ကို အသာအယာ ဝှေ့ရမ်း၍ ခြေရှစ်ချောင်းပင့်ကူအား ရှယ့်ကျီဆီသို့ စေလွှတ်လိုက်၏။

တစ်ကောင်သည် ရှေးနတ်ဘုရားမျိုးစိတ်ဖြစ်ပြီး တစ်ကောင်သည် အသွင်ပြောင်း ရှေးနတ်ဘုရားမျိုးစိတ် ဖြစ်သည်။ ထိုမွန်းစတားသားရဲ နှစ်ကောင်၏ အဆင့်သည် အလွန်ကိုမှ ကွာခြားသော်ငြား နှစ်ကောင်စလုံးသည် မိုးမြေစွမ်းအင်ဖြင့် ထုတ်ဖော်ထားသည့် ပုံရိပ်ယောင် သက်ရှိများသာ ဖြစ်ကြတော့သည့်အတွက် သူတို့၏ အဆင့်အစား အသုံးပြုသူ၏ စွမ်းရည်ပေါ်တွင်သာ မူတည်နေတော့သည်။

ထို့ကြောင့် ခွန်အားအရ ရှယ့်ကျီသည် ရှန်ချင်းလော့၏ ကောင်းကင်လနတ်ဆိုးပင့်ကူနှင့် လက်ရည်တူ အနေအထားတွင် ရှိနေသည်။

မျက်တောင်တစ်ခတ်အတွင်း မွန်းစတားသားရဲနှစ်ကောင် ထိပ်တိုက်တွေ့သွားခဲ့သည်။ အဖြူအနက်ရောင် နှစ်ရောင် ရောယှတ်သွားခဲ့လေပြီ။ မွန်းစတားသားရဲ နှစ်ကောင်၏ ဟိန်းသံများနှင့်အတူ အားကောင်းသော စွမ်းအင်လှိုင်းများ ဖြာထွက်လာခဲ့သည်။ ထိုစွမ်းအင်လှိုင်များကြောင့် အကုန်လုံး မုန်တိုင်းထန်နေသော ပင်လယ်ထဲရှိ လှေငယ်လေး တစ်စင်းနှယ် ခံစားလိုက်ရာ ခြေငြိမ်ငြိမ်ပင် မရပ်နိုင်ကြတော့ချေ။

သို့သော် ရန်ကိုင်ကမူ တည်တည်ငြိမ်ငြိမ်ဖြင့် ရပ်နေနိုင်ခဲ့သည်။

နဂါးစိမ်းဓါးမှ ဖြာထွက်နေသော မမြင်နိုင်သည့် အရှိန်အဝါသည် မွန်းစတားသားရဲ နှစ်ကောင် တိုက်ခိုက်ရာမှ ထွက်ပေါ်လာသော စွမ်းအင်လှိုင်းများကို ရန်ကိုင်အပေါ်သို့ မသက်ရောက်နိုင်အောင် ကာကွယ်ပေးထားခဲ့သည်။

မွန်းစတားသားရဲ နှစ်ကောင်စလုံး၏ အရွယ်အစားသည် အလွန် လျင်မြန်သောနှုန်းဖြင့် ကျုံ့လာနေခဲ့ကြသည်။ တိုက်ပွဲအတွင် စွမ်းအားများစွာကို အသုံးပြုရသည့်အတွက် သူတို့၏ အရွယ်အစား တဖြည်းဖြည်း သေးငယ်လာကြခြင်း ဖြစ်သည်။

အသက်ဆယ်ရိုက်စာကျော်ကျော် ကြာပြီးနောက် အဖြူရောင်နှင့် အနက်ရောင်အလင်းတို့ ပေါက်စက်သွားခဲ့ပြီး မိုးပြိုမတတ် အဖျက်စွမ်းအင်များ ဖြာထွက်လာခဲ့သည်။

အကုန်လုံး၏ အမူအရာ ပြောင်းလဲသွားခဲ့ပြီး သူတို့၏ အကာအကွယ် မှော်ရတနာများကို အလျင်စလိုထုတ်ကာ ကိုယ့်ကိုယ်ကို ကာကွယ်လိုက်ကြသည်။ သို့ပင်လျှင် တစ်ယောက်ပြီး တစ်ယောက် လွင့်စင်ထွက်သွားကြရလေသည်။

ရှယ့်ကျီနှင့် ကောင်းကင်လနတ်ဆိုးပင့်ကူကြားမှ တိုက်ပွဲမှ နှစ်ဖက်စလုံး ပျက်စီးသွားရသည့် ရလဒ်မျိုး ထွက်ပေါ်လာလိမ့်မည်ဟု မထင်ထားခဲ့ချေ။

ရွှယ့်ယွယ် မျက်နှာ ဖြူလျော်သွားခဲ့သလို ရှန်ချင်းလော့၏ အသက်စွမ်းအင်သည်လည်း အနည်းငယ် မတည်မငြိမ် ဖြစ်နေခဲ့သည်။

ခရက်.. စွမ်းအင်လှိုင်းကို မခံနိုင်တော့သည့်အဆုံး ခန်းမအလယ်တွင် ရှိနေသော ကျောက်ပြား ပေါက်ကွဲထွက်သွားတော့လေသည်။ သို့သော် ပေါက်ကွဲထွက်သွားသော ကျောက်ပြားစများကြားဝယ်၊ ရောယှတ်ပါနေသော တစ်ခုခုသည် ရန်ကိုင်ဆီသို့ လွင့်စင်ထွက်လာခဲ့လေသည်။

ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့ပြီး သူ့ဆီ ပျံသန်းလာနေသော အရာဝတ္ထုအား လှမ်းဖမ်းလိုက်သည်။ ထို့နောက် သူဖမ်းလိုက်သည့် အရာသည် ရှုပ်ထွေးသော ရှေးဟောင်း စာသားများ ထိုးထွင်းထားသည့် လက်တစ်ဝါးစာ အရွယ်အစားလောက်သာ ရှိသော ကျောက်ပြားတစ်ချပ်မှန်း ရန်ကိုင် သိလိုက်ရသည်။

တစ်ချက်ကြည့်ရုံဖြင့် ထိုအရာဘာမှန်း ရန်ကိုင် နားလည်သွားခဲ့သည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၄၇၂)

ကျောက်ပြားထဲတွင် သူမထင်ထားသည့် အခြားပစ္စည်းတစ်ခု ရှိနေခဲ့သည်။ မျက်နှာ ဖြူဖတ်ဖြူလျော် ဖြစ်နေသော ရွှယ့်ယွယ်သည် ရန်ကိုင်လက်ထဲရှိ ကျောက်ပြားလေးအား လှမ်းမြင်လိုက်သည့်အခိုက် ချက်ချင်း အာရုံစိုက်မိသွားခဲ့ပြီး ကျောက်ပြားဆီမှ အကြည့် မခွာနိုင်အောင် ဖြစ်သွားခဲ့သည်။

“ရန်ကိုင်၊ ငါ့ကိုအဲ့ဒါပေး” ရွှယ့်ယွယ်က ရုတ်တရက် လှမ်းအော်ပြောလိုက်သည်။

“ဘာလို့ပေးရမှာလဲ” ရွှယ့်ယွယ်၏ စကားကိုကြားသော် ရန်ကိုင်က ပြန်မေးခွန်းထုတ်လိုက်သည်။ ကျောက်ပြားကိုလည်း သိုလှောင်လက်စွပ်ထဲသို့ ချက်ချင်း ထည့်သိမ်းလိုက်သည်။ ပန်းပဲကျမ်းထဲတွင် ဖုံးကွယ်နေသော ကျောက်ပြားဖြစ်မှဖြင့် အဖိုးတန်သည့် ပစ္စည်းတစ်ခုခု ဖြစ်ရပေလိမ့်မည်။

ရွှယ့်ယွယ်သည် ဤကျောက်ပြား ဘာမှန်းသိလောက်သည်။ မဟုတ်လျှင် ဤမျှ စိတ်လှုပ်ရှားစွာဖြင့် လှမ်းတောင်းလိမ့်မည် မဟုတ်ချေ။

“ငါ့ကိုသာ ပေးစမ်းပါ၊ အဲ့ဒါက မင်းအတွက် အသုံးဝင်တာမှ မဟုတ်တာ” ရွှယ့်ယွယ်က စိုးရိမ်တကြီး ပြန်ပြောလိုက်သည်။

“ငါ့အတွက် အသုံးမဝင်မှန်း မင်းဘယ်လိုသိတာလဲ” ရန်ကိုင်က ပြန်ပြောလိုက်သည်။

“ငါ့ကိုအရင်ပြီး။ ပြီးရင်ရှင်းပြမယ်။ နင်ငါ့ကို အဲ့ဒါပေးမယ်ဆိုရင် ငါနင့်ကို ဆက်ပြီး ပြဿနာ မရှာတော့ဘူး” ငါတို့ကြားက ရန်ကြွေးကို ကြေပြီလို့ သတ်မှတ်ပေးလိုက်မယ်”

ရွှယ့်ယွယ်၏ စကားကို ကြားပြီးနောက် ထိုကျောက်ပြား မည်သည့်အရာဖြစ်သလဲ ဆိုသည်ကို ရန်ကိုင် ပို၍ သိချင်မိသွားခဲ့သည်။

မည်သို့သော အရာဖြစ်၍များ ထိုကျောက်ပြားကို ရွှယ့်ယွယ် အလွန်အမင်း လိုချင်နေရသနည်း။ ကျောက်ပြား ဘာမှန်းမသိသော်ငြား ရွှယ့်ယွယ် သူ့ကို လိမ်နေသည်ဟုတော့ မထင်ချေ။

ဤအရာသည် သူ့အတွက် အသုံးမဝင်ဟု ရွှယ့်ယွယ်မှ ပြောမှဖြင့် သူ့အတွက် အမှန်တကယ် အသုံးမဝင်သည့် အတွက်ကြောင့် ဖြစ်ရပေလိမ့်မည်။ ရွှယ့်ယွယ်သည် ပိုင်ဆိုင်လိုစိတ်ပြင်းထန်ပြီး အံ့အားသင့်ဖွယ် အရည်အချင်းနှင့် စွမ်းရည်ကို ပိုင်ဆိုင်ထားသော်လည်း လိမ်ညာတတ်သည့် လူစားမျိုးတော့ မဟုတ်ချေ။ သူမ၏ အရိုးထဲထိ စွဲနေသော မာနတရားကြောင့် အခြားသူများကို မလိမ်ညာနိုင် ဖြစ်နေခြင်း ဖြစ်သည်။

ထို့ကြောင့် ရွှယ့်ယွယ်စကားကို သူယုံလိုက်ခြင်း ဖြစ်သည်။

ရှင်းရှင်းပြောရလျှင် ဤကျောက်ပြားအား အလဲအလှယ်အဖြစ်သုံး၍ ရွှယ့်ယွယ်နှင့် သူ့ကြားမှ ရန်ငြိုးအားလုံးကို ချေဖျက်လိုက်ခြင်းသည် သူ့အတွက် မဆိုးလှသည့် အပေးအယူ တစ်ခု ဖြစ်သည်။

ရန်ကိုင် စိတ်ဝင်စားသွားသည်ကို မြင်သော် ရွှယ့်ယွယ်သည် သံကို ပူတုန်းထုရန် ပြင်လိုက်သည် “ငါလိမ်ပြောနေတာ မဟုတ်ဘူး။ အမှန်အတိုင်း ပြောနေတာ။ ဒီမှာရှိတဲ့လူ အားလုံးကို သက်သေခံခိုင်းလို့ရတယ်”

“ဒါကို ဘာအတွက်သုံးတာလဲ ငါသိလို့ရမလား” ရန်ကိုင်က ထပ်မေးလိုက်သည်။

ရွှယ့်ယွယ် အနည်းငယ် ရှက်သွားခဲ့သည်။ သို့သော် တိုက်ရိုက်ပြီး ပြန်မပြောသည့်တိုင် သွယ်ဝိုက်၍တော့ ပြောလိုက်သည် “အတိအကျတော့ ပြောလို့ရမဘူး။ အဲ့ဒါက ငါရော နင့်အတွက်ပါ အသုံးမဝင်ဘူးဆိုတာပဲ ပြောနိုင်မယ်။ ငါတို့တင် မဟုတ်ဘူး။ ဒီဧကရာဇ်ဥယျာဉ်ထဲမှ ရှိတဲ့လူ အားလုံးအတွက်ကို အသုံးမဝင်တာ”

ရန်ကိုင်၏ မျက်ဝန်းအစုံ မှေးစဉ်းသွားခဲ့သည်။

ရွှယ့်ယွယ် များများစားစား ပြောမသွားခဲ့သော်လည်း သူမ၏ စကားထဲမှ ရန်ကိုင် သိလိုက်ရသည့် အချက်တစ်ချက် ရှိသည်။

သူ့လက်ထဲရှိ ကျောက်ပြားသည် ဧကရာဇ်ဥယျာဉ်ထဲတွင် ရှိနေသော ကျင့်ကြံသူ အားလုံးအတွက် အသုံးမဝင်ဟု ရွှယ့်ယွယ် ပြောသွားခဲ့သည်။ ဧကရာဇ်ဥယျာဉ်ထဲတွင် ရှိနေသည့် ကျင့်ကြံသူများစွာတို့သည် တန်ခိုးရှင်အဆင့်များ ဖြစ်ကြပြီး အချို့ဆိုလျှင် တန်ခိုးရှင် တတိယ အထွဋ်အထိပ်အဆင့်သို့ပင် ရောက်နေကြလေပြီ။ တန်ခိုးရှင်အဆင့်များအတွက် အသုံးမဝင်ဟု ဆိုလာသဖြင့် တစ်ချက်သာ ရှိတော့သည်။

ဤကျောက်ပြားသည် တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူများအတွက် အသုံးဝင်သည့် ပစ္စည်းတစ်ခု ဖြစ်ရပေလိမ့်မည်။

ရွှယ့်ယွယ် ဤပစ္စည်းကို အသည်းအသန် လိုချင်နေပုံထောက်လျှင် ဤပစ္စည်းသည် အလွန်ကိုမှ တန်ဖိုးကြီးရပေလိမ့်မည်။ သို့သော်… ရန်ကိုင်သည် မကြာသေးခင်ကမှ တန်ခိုးရှင် အဆင့်သို့ ချိုးဖျက်ထားခြင်း ဖြစ်သည်။ ထို့အပြင် သူ့တွင် အခြားအဖိုးတန် ရတနာများစွာ ရှိပေသေးသည်။ ထို့ကြောင့် ဤကျောက်ပြားထဲတွင် ရှိနေသော လျှို့ဝှက်ချက်ကို သူအရမ်းကြီး စိတ်ဝင်စားခြင်း မရှိပေ။

ထိုကဲသို့ စဉ်းစားပြီးသော် ရွှယ့်ယွယ်၏ ကမ်းလှမ်းချက်ကို လက်ခံချင်မိသလို ဖြစ်သွားခဲ့သည်။ ထို့ကြောင့် တုန့်ဆိုင်းတုန့်ဆိုင်းဖြင့် ပြန်မေးလိုက်သည် “ငါမင်းစကားကို ယုံလို့ရလား”

“ရတာပေါ့” ရွှယ့်ယွယ်က ပြန်ပြောလိုက်သည်။

“ကောင်းပြီလေ။ မင်းစကားမင်းတည်နော်” ရန်ကိုင်က ခေါင်းညိတ်လိုက်ပြီး ကျောက်ပြားကို ရွှယ့်ယွယ်ဆီ လှမ်းပစ်ပေးတော့မည်အပြု အပြောင်းအလဲတစ်ခု ရုတ်တရက် ဖြစ်ပေါ်လာခဲ့သည်။

မိုးမြေစွမ်းအင်များ ကသောင်းကနင်း ဖြစ်လာပြီး အနီးအနား ပတ်ဝန်းကျင်တစ်ခုလုံး မတည်မငြိမ် ဖြစ်လာခဲ့သည်။

ထိုအဖြစ်အပျက်နှင့် ရန်ကိုင် အလွန်ကိုမှ ရင်းနှီးပေသည်။ ထို့ကြောင့် ထိုအဖြစ်အပျက်ကို မြင်လိုက်ချိန် ရန်ကိုင်၏ အမူအရာ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့ပြီး ရှန်ချင်းလော့အား လှမ်းအော်ခေါ်ရင်း သူမဆီသို့ ပြေးသွားလေသည်။

ရှန်ချင်းလော့ကမူ ဘာတွေဖြစ်ပျက်နေမှန်း မသိသေး။ ရန်ကိုင် တက်ကြစွာဖြင့် သူမဆီသို့ ပြေးလာနေသည်ကို မြင်သော် မပြုံးဘဲမနေနိုင်အောင် ဖြစ်သွားခဲ့ပြီး သူမ၏ လက်ကလေးကို ဆန့်ထုတ်ပေးလိုက်သည်။

သို့သော်လည်း ရုတ်ချည်း သူမ၏ အမူအရာ ပြောင်းလဲသွားခဲ့ရသည်။ မိုးမြေစွမ်းအင်ဖြင့် ဖွဲ့စည်းထားသော လက်တစ်ဖက်သည် ရန်ကိုင်၏ နောက်ဘက်မှ ရုတ်တရက် ပေါ်လာခဲ့သည်။ ထိုလက်သည် ကျောက်စိမ်းသားဖြင့် ထုထွင်းထားသလို အလွန်ကို ချောမွတ်ပြေပြစ်လှကာ အမျိုးသမီးတစ်ဦး၏ လက်နှင့်ဆင်တူပေသည်။

ထိုလက်ကြီးသည် ရန်ကိုင်ကို ဆွဲခေါ်သွားခဲ့သည်။

“မဟုတ်ဘူး” ရှန်ချင်းလော့၏ မျက်နှာ ဖြူလျော်သွားပြီး အလန့်တကြား ထအော်လေသည်။

သူမ၏ အသံဆုံးသွားသည်နှင့် ရန်ကိုင်အား ဆွဲယူသွားသည့် လက်ကြီးသည် အလင်းမှုန်များ အဖြစ်သို့ ပေါက်ကွဲသွားခဲ့ပြီး ရန်ကိုင်သည်လည်း အားလုံး၏ မြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့သည်။

ဘာတွေဖြစ်နေလဲ ဆိုသည်ကို အဖြေမထုတ်နိုင်သေးခင်မှာပဲ ထိတ်လန့်တကြား‌ အော်ဟစ်သံများစွာကို ကြားလိုက်ရသဖြင့် လှည့်ကြည့်လိုက်ရာ အကုန်လုံးသည် ရန်ကိုင်နှင့် တူညီသည့် ကံကြမ္မာကို ရင်ဆိုင်နေရကြောင်း တွေ့လိုက်ရသည်။ မိုးမြေစွမ်းအင်ဖြင့် လက်ကြီးများ တစ်ချောင်းပြီးတစ်ချောင်း ပေါ်လာပြီး အားလုံးကို ဖမ်းဆွဲခေါ်သွားသည်။ ထိုလက်များ ပေါက်ကွဲသွားသည်နှင့် အနီးအနားရှိ လေဟာနယ် တွန့်လိမ်လာပြီး ဖမ်းဆွဲသွားခံရသည့် ကျင့်ကြံသူအားလုံး ထိုလေဟာနယ်ထဲသို့ တိုးဝင် ပျောက်ကွယ်သွားကြလေသည်။

ထိုအဖြစ်အပျက်ကို မြင်ပြီးနောက် အလိုလို ခေါင်းမော့ကြည့်လိုက်ရာ သူမအပေါ်သို့ စီးမိုးကျဆင်းလာနေသော လက်တစ်ဖက်ကို ရှန်ချင်းလော့ မြင်တွေ့လိုက်ရလေသည်။

သူမ အသိပြန်ဝင်လာချိန်တွင် မွန်းစတားဧကရာဇ်ကြယ်ဆီသို့ ရောက်နေကြောင်း တွေ့လိုက်ရသည်။

အရိပ်ကြယ်ပေါ်ရှိ တစ်နေရာရာတွင် ရန်ကိုင်သည် သူ့လက်ဝါးကို ငုံ့ကြည့်နေသည်။

မကြာသေးက ဤလက်သည် ရှန်ချင်းလော့၏ လက်သွယ်သွယ်လေးမှ အထိအတွေ့ကို ခံစားနိုင်ခဲ့သည်။ ယခုထိတိုင် ရှန်ချင်းလော့၏ ကိုယ်သင်းရနံ့ကို သူရနေသေးသည်။ ထိုရနံ့ကို တစ်ချက်မျှ ရှူသွင်းလိုက်ရုံဖြင့် သူ့ခံစားချက်များ လှုပ်ရွလာရသည်။

ခဏအကြာမှ ခေါင်းပြန်မော့လာပြီး သက်ပြင်းချလိုက်သည်။ သူတို့ နောက်တစ်ကြိမ် ထပ်ခွဲရပြန်လေပြီ။ သို့သော် မကြာမီ ပြန်တွေ့နိုင်မည်ဟု ရန်ကိုင် ယုံကြည်နေပေသည်။ ရှန်ချင်းလော့သည်လည်း ဤအတောအတွင်း ကောင်းကောင်းမွန်မွန် ရှိနေလောက်ပေသည်။

မည်သည့် အဖြစ်အပျက်တို့ ဖြစ်သွားသည့် အတွက်ကြောင့် ဧကရာဇ်ဥယျာဉ်သည် ရုတ်တရက်ကြီး သူ့အား အပြင်သို့ နှင်ထုတ်လိုက်သလဲ ဆိုသည်ကို ရန်ကိုင် နားမလည်နိုင် ဖြစ်နေခဲ့သည်။ သို့သော် သူအပြင်သို့ နှင်ထုတ်ခံလိုက်ရသဖြင့် အခြားသူများလည်း သူ့ကဲ့သို့ပင် ဖြစ်နေပေလိမ့်မည်။

အပေါ်သို့ မော့ကြည့်လိုက်သည့်အခါ ကောင်းကင်ထက်တွင် ဝဲနေသော ကြီးကျယ်ခမ်းနားသည့် ဧကရာဇ်ဥယျာဉ်ကို လှမ်းမြင်လိုက်ရသည်။ ဧကရာဇ်ဥယျဉ်သည် ယခင်ကကဲ့သို့ ကောင်းကင်ထက်တွင် ရှိနေဆဲ။ သို့သော် သူတို့ကမူ ထိုထဲသို့ ပြန်ဝင်၍ ရတော့မည် မဟုတ်ချေ။

ဧကရာဇ်ဥယျာဉ်ထဲ ဘာဖြစ်သွား၍များ သူတို့ အပြင်ပြန်ရောက်လာသလဲ မသိသော်ငြား ယန်ယန်နှင့် တစ်နည်းတစ်ဖုံ ဆက်စပ်နေလိမ့်မည် ဆိုသည်ကိုမူ သူသိသည်။ ဧကရာဇ်ဥယျာဉ် ဖွင့်သည့်နေ့တွင် သူမ၏ အစစ်အမှန် ခန္ဓာကိုယ် နိုးထလာလိမ့်မည်ဟု ယန်ယန် ပြောခဲ့ဖူးသည်။ ထို့ကြောင့် လက်ရှိ ထင်ရသလောက် သူမနှင့် ရီရှီယွင်၏ ခရီးစဉ် အဆင်ပြေချောမွေ့စွာ ပြီးဆုံးသွားသည့်ပုံပင်။

ထိုကဲ့သို့ စဉ်းစားမိလိုက်သည့်အခါ ရန်ကိုင်၏ အမူအရာ သုန်မှုန်သွားခဲ့သည်။

ယန်ယန်သည် မဟာဧကရာဇ်၏ ဝိဥာဉ်ကိုယ်ပွား ဖြစ်လေသည်။ ထိုသို့ဆိုလျှင် မဟာဧကရာဇ် နိုးထလာသည့်အခါ သူမ ဘာဖြစ်သွားလေမည်နည်း။ ယန်ယန် မဟာဧကရာဇ် နိုးထမည်ဆိုသည့် အကြောင်းကို ပြောစဉ်က ရန်ကိုင် ထိုအချက်ကို မစဉ်းစားမိခဲ့ချေ။ ယခု သေချာစဉ်းစားကြည့်မိလိုက်သည့်နောက် သူစိုးရိမ်လာခဲ့ရသည်။

စဉ်းစားနေ၍လည်း ဘာမှထူးမည် မဟုတ်မှန်း သိသဖြင့် ထိုအကြောင်းကို ဆက်၍ စဉ်းစားမနေတော့ဘဲ ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်၍ သူရှိနေသည့် နေရာအား ရှာရန် ကြိုးစားကြည့်လိုက်သည်။ စစ်ဆေးကြည့်ပြီးနောက် ရန်ကိုင်၏ မျက်နှာကြီး မဲ့သွားခဲ့၏။

သူရှိနေသည့် နေရာသည် ခြောက်ကပ်နေသော ကျွန်းတစ်ကျွန်းပေါ်တွင် ဖြစ်သည်။ ကျွန်းသည် သိပ်မကြီးလှ၊ အချင်း မိုင်အနည်းငယ်လောက်သာ ကျယ်ဝန်းသည်။ ကျွန်တစ်ကျွန်းလုံး ခြောက်ကပ်နေပြီး အဖိုးတန်ဆေးပင်များနှင့် မည်သည့် သက်ရှိ အရိပ်အယောင်ကိုမှ မတွေ့ရပေ။ သူ့ခေါင်းထက်တွင် ကောင်းကင်ပြာကြီး ရှိနေပြီး ဘေးပတ်ပတ်လည်တွင် ပင်လယ်ပြာကြီး ရှိနေခဲ့သည်။

မဟုတ်တော့ မဟုတ်လောက်ပါဘူးနော်… ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့သည်။

ကံဆိုးသူသွားရာ မိုးလိုက်လို့ရွာ ဆိုသလိုပင် ရန်ကိုင်၏ ကံဆိုးမှုသည် ဤနေရာထိပင် ရောက်ရှိလို့လာခဲ့သည် ငါအဆုံးမဲ့သမုဒ္ဒရာဆီ ရောက်လာတာတော့ မဟုတ်လောက်ဘူးမလား

အရိပ်ကြယ်သို့ ရောက်လာပြီးသည့်နောက်ပိုင်းတွင် အဆုံးမဲ့သမုဒ္ဒရာအကြောင်း သိလာခဲ့သည်။ ထိုနည်းတူစွာ တားမြစ်နယ်မြေကြီးသုံးခုအနက် တစ်ခုဖြစ်သော အရိပ်ဝိဥာဉ် တားမြစ်နယ်မြေသည် အဆုံးမဲ့သမုဒ္ဒရာ၏ အပေါ်တွင် တည်ရှိနေကြောင်းကိုလည်း ကြားသိခဲ့ရသည်။ ကံမကောင်းစွာဖြင့် အရိပ်ဝိဥာဉ်ကျွန်းဆီသို့ မည်သူမှ မရောက်ဖူးခဲ့ချေ။

လက်ရှိ ပတ်ဝန်းကျင်သည် သူစစ်ဆေးရသလောက် အဆုံးမဲ့သမုဒ္ဒရာနှင့် အလွန်တူသည်။

ထိုသို့ဆိုလျှင်လည်း ပြဿနာတက်ပေပြီ။ သဲမီးတောက်နယ်မြေနှင့် အဆုံးမဲ့သမုဒ္ဒရာသည် အလွန်ကိုမှ ဝေးကွာလွန်းသည်။ ဤအတိုင်းသာ ပျံသွားမည်ဆိုလျှင် မည်မျှ ကြာမလဲ မပြောတတ်။

သို့သော် ဤအရာသည် သူ့အထင် သက်သက်သာ ရှိသေးသည်။ သေချာသွားစေရန် အလို့ငှာ တစ်ယောက်ယောက်ကို အရင်ဦးစွာ မေးမြန်းကြည့်ရပေမည်။

အစီအစဉ်ကို ဆုံးဖြတ်ပြီးသွားသည်နှင့် ကြယ်လွန်းပျံကိုထုတ်ကာ ခြောက်ကပ်နေသော ကျွန်းဆီမှ ထွက်ခွါလာခဲ့လေသည်။

ကျယ်ပြန့်လှသော ပင်လယ်ပြင်ထက်တွင် တူညီသော ဝတ်ရုံကို ဝတ်ဆင်ထားကြသော ကျင့်ကြံသူငါးယောက်သည် ပင်လယ်သားရဲတစ်ကောင်ဖြစ်သော ရေဘဝဲနှင့် ဆင်တူသည့် သားရဲ တစ်ကောင်ကို တိုက်ခိုက်နေကြသည်။ တိုက်ပွဲမှ ထွက်ပေါ်လာသော တလက်လက် တောက်ပနေသည့် အလင်းရောင်များကို အဝေးမှပင် လှမ်းမြင်နိုင်ပေသည်။

ထိုကျင့်ကြံသူငါးယောက်သည် အရမ်းကြီး အားကောင်းကြခြင်း မရှိဘဲ သူတော်စင် အဆင့်ကိုသာ ရောက်ကြသေးသည်။ ရေဘဝဲမွန်းစတားသားရဲ၏ ခန္ဓာကိုယ်မှ အဆင့်ခုနှစ် မွန်းစတားသားရဲနှင့် တူညီသော အရှိန်အဝါကို ထုတ်လွှတ်နေခဲ့သည်။

ထိုကျင့်ကြံသူ ငါးယောက်အနေဖြင့် အခြားတစ်နေရာတွင် ဆိုပါက ဤရေဘဝဲကို အနိုင်ယူကောင်း အနိုင်ယူနိုင်မည် ဖြစ်သော်လည်း ကံဆိုးစွာဖြင့် သူတို့ တိုက်ခိုက်နေရသည့် နေရာသည် ရေထဲတွင် ဖြစ်နေသည်။ ရေထဲတွင် ဖြစ်နေသည့် အတွက် ရေဘဝဲသားရဲသည် သမုဒ္ဒရာထဲရှိ ရေစွမ်းအင်များကို စိတ်ကြိုက်ယူငင်သုံးစွဲနိုင်ပေသည်‌။ ရေဘဝမွန်းစတား သားရဲသည် ရေမြှားများ ဖန်တီးပြီး တိုက်ခိုက်ရင်း အနက်ရောင်မင်ရည်များကို မှုတ်ထုတ်၍ တစ်ဖက်အဖွဲ့ကို အနှောင့်အယှတ်ပေးရန် ကြိုးစားနေခဲ့သည်။

ထို့အပြင် ၎င်းလက်တံ၏ ရိုက်ချက်များမှာလည်း အလွန်ကိုမှ အားကောင်းလှသည်။ ကျင့်ကြံသူ ငါးယောက်စလုံး၏ ၎င်း၏ လက်တံများကို ထိပ်တိုက်မရင်ဆိုင်ရဲကြပေ။

ရေဘဝဲကိုယ်ပေါ်တွင် ဒဏ်ရာဒဏ်ချက်များ ရှိသော်လည်း အချိန်ကြာလာသည်နှင့် အမျှ ကျင့်ကြံသူငါးယောက် တဖြည်းဖြည်း ပင်ပန်းနွမ်းနယ်လာခဲ့သည်။

နောက်ထပ် အမွှေးတိုင်တစ်ချောင်းစာခန့် ကြာပြီးသည့်နောက်တွင် အော်ဟစ်သံတစ်သံ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

အစိမ်းရောင်ဝတ်ရုံ ဝတ်ထားသည့် အမျိုးသမီးမှ အော်လိုက်ခြင်း ဖြစ်သည်။ သူမနှင့် သူမ၏ အပေါင်းအပါတို့ အတူစုပေါင်း၍ ရေဘဝဲ၏ မျက်လုံးအား ထိခိုက်အောင် တိုက်ခိုက်နိုင်ခဲ့သော်ငြား တစ်ဖက်သားရဲမှ မှုတ်ထုတ်လိုက်သော အနက်ရောင်မြူများထဲသို့ ရောက်သွားခဲ့ရသည်။

ရေဘဝဲမှ မှုတ်ထုတ်လိုက်သော အနက်ရောင်မြူသည် ကျင့်ကြံသူများ၏ အမြင်အာရုံကို နှောင့်နှေးအောင် လုပ်နိုင်ရုံမက သူတော်စင်ချီ စီးဆင်းနှုန်းကိုပါ ဖိနှိပ်ထားနိုင်သည်။

အမျိုးသမီးသည် အဖွဲ့ထဲတွင် အားအနည်းဆုံးဖြစ်သည်။ ထို့ကြောင့် အနက်ရောင်မြူ၏ ဒဏ်ကို အဆိုးရွားဆုံး ခံစားရသည့်သူမှာ သူမ ဖြစ်သွားခဲ့လေသည်။ သူမ၏ သူတော်စင်ချီကို ကောင်းကောင်း မလှည့်ပတ်နိုင်တော့မှန်း သတိပြုမိလိုက်ချိန်တွင် လက်တံတစ်ချောင်းသည် သူမဆီသို့ ရုတ်တရက် တိုးဝင်လာခဲ့သည်။

အမျိုးသမီး၏မျက်နှာ ဖြူလျော်သွားပြီး ထိုလက်တံကို ကမန်းကတန်း ခုခံရန် ကြိုးစားလိုက်သော်လည်း ကံမကောင်းစွာဖြင့် ထိုကဲ့သို့ မလုပ်နိုင်ခဲ့ချေ။ ထို့ကြောင့် သေရတော့မည် အထင်ဖြင့် ထအော်တော့လေသည်။

ကျန်လေးယောက်သည် အမျိုးသမီး၏ အော်သံကို ကြားလိုက်သော်လည်း သူတို့၏ သူတော်စင်ချီကို ကောင်းကောင်း မလှည့်ပတ်နိုင်သဖြင့် အချိန်မီ သူမအား သွားမကယ်နိုင်ခဲ့ကြပေ။

သို့သော်လည်း ထိုစဉ် ရွှေရောင်အလင်းတစ်ချက် လက်သွားသည်ကို သူတို့ မြင်လိုက်ရ၏။ ထိုအလင်းသည် အတော်လေး အားပျော့သော်လည်း အနက်ရောင်မြူခိုးထဲတွင် နေနှယ်လနှယ် ထွန်းလင်းတောက်ပနေခဲ့သည်။

ရွှပ်ခနဲ မြည်သံနှင့်အတူ ရွှေရောင်အလင်းတန်းသည် သူတို့ ငါးယောက်စလုံး လက်မှိုင်ချရသော လက်တံအား ဖြတ်တောက်သွားခဲ့လေသည်။ လက်တံ ပြတ်တောက်သွားသည့်နောက် အစိမ်းရောင်သွေးများ ပန်းထွက်လာခဲ့သည်။

နာကျင်မှုကြောင့် ပင်လယ်သားရဲ စူးစူးဝါးဝါး ဟိန်းဟောက်အော်ဟစ်လိုက်ပြီး ၎င်း၏ လက်ကျန် လက်တံများကို ထိမိထိရာ ဝှေ့ရမ်းတော့လေသည်။

ရွှေရောင်အလင်းတန်း နောက်တစ်ကြိမ် ပြန်ပေါ်လာပြီး ပင်လယ်သားရဲ၏ ကျန်လက်တံ ခုနှစ်ချောင်းကိုပါ ထပ်မံ ဖြတ်တောက်သွားခဲ့ရာ ရုတ်ချည်းဆိုသလို ပင်လယ်သားရဲ ရှိနေသည့် ရေပြင်တစ်ဝိုက် အစိမ်းရောင်သွေးများဖြင့် ဖုံးလွှမ်းသွားခဲ့လေသည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၄၇၃)

မျက်တောင်တစ်ခတ်အတွင်း ရေဘဝဲမွန်းစတားသားရဲ တစ်ကောင်လုံး အပိုင်းပိုင်း ဖြစ်သွားခဲ့သည်။

သေဘေးမှ ကပ်သီလေး လွတ်မြောက်လာပြီးနောက်တွင် သူမအား ပညာရှင်တစ်ဦးဦးမှ ကယ်လိုက်မှန်း အမျိုးသမီး သိလိုက်သည်။ ထို့ကြောင့် ချက်ချင်းပဲ လက်သီးဆုပ်၍ ပြောလိုက်လေသည် “ဘယ်စီနီယာ ကျွန်မကို ကယ်သွားလဲ သိလို့ရမလား။ အခုလို ကျွန်မ အသက်ကို ကယ်ပေးတဲ့ အတွက် ကောင်းကင်နက်နဲဂိုဏ်းမှ ရှောင်လော့က စီနီယာကို ကျေးဇူးအများကြီးတင်ပါတယ်”

ကျန်လေးယောက်သည်လည်း အလျင်အမြန် ကျေးဇူးတင်စကား အသီးသီး ဆိုလိုက်ကြပြီး သူတို့အား ကယ်သွားသည့် ပညာရှင်ကို လှည့်ပတ်ရှာလေသည်။

လေပြင်များ တိုက်ခတ်လာခဲ့ပြီး ကျင့်ကြံသူငါးယောက်အား လွှမ်းခြုံထားသည့် အနက်ရောင် မြူခိုးများ ပျောက်ကွယ်သွားခဲ့သည်။ ထိုအခါမှ သူတို့အနားတွင် အတိတ်အား လွမ်းဆွတ်တသဟန်ဖြင့် ရပ်နေသော လူငယ်လေး တစ်ယောက်ကို တွေ့လိုက်ရလေသည်။

ငယ်လိုက်တာ ငါးယောက်စလုံး တွေးမိလိုက်ကြသည်။ အဆင့်ခုနှစ် မွန်းစတားသားရဲအား အလွယ်တကူ သတ်နိုင်သည့် အတွက်ကြောင့် ထိုစီနီယာသည် အသက်ကြီးကြီး တစ်ယောက် ဖြစ်လိမ့်မည်ဟု သူတို့ ထင်ခဲ့မိသည်။ ဤမျှ ငယ်လိမ့်မည်ဟု မထင်ထားခဲ့ချေ။

သို့သော်လည်း ရုပ်ရည်ဖြင့် ကျင့်ကြံသူတစ်ယောက်၏ အသက်ကို သွားတိုင်းတာ၍ မရပေ။ ကျင့်ကြံခြင်းအဆင့် မြင့်လာသည်နှင့် အသက်စွမ်းအင် ပိုမိုအားကောင်းလာပြီး ရုပ်ရည်မှာ ပိုမို နုပျိုလာရသည်။ ထို့ကြောင့် ရုပ်နုသော်လည်း အသက်ရာနှင့် ချီနေပြီဖြစ်သော သက်ကြားအိုကြီးလည်း များစွာရှိပေသည်။

ထိုကဲ့သို့ တွေးမိလိုက်သည့်အခါ ထိုလူငယ်လေး ရုပ်နုနေရသည်မှာ သူ့ရုပ်ရည်ကို ငယ်ရွယ်အောင် ထိန်းသိမ်းထားသောကြောင့်ဟု ငါးယောက်စလုံး တွေးထင်မိသွားခဲ့သည်။

“ဘာမှမဟုတ်တာလေးပဲ… မင်းတို့ ဒီလောက်တွေ လုပ်နေစရာ မလိုဘူး” ရန်ကိုင်သည် ထိုငါးယောက်ကို တစ်ချက် ကြည့်နေလိုက်ပြီးနောက် အပိုင်းပိုင်း ဖြစ်နေသော ရေဘဝဲအလောင်းကို လှမ်းကြည့်လိုက်သည်။ သူသည်လည်း ယခင်က ဤကဲ့သို့သော မွန်းစတားမျိုးနှင့် ရင်ဆိုင်ရာတွင် အလွန်ကိုမှ ရုန်းကန်ခဲ့ရသည်။ ယခုမူ ထိုအဆင့် မွန်းစတားသည် သူ့တိုက်ကွက် တစ်ကွက်ကိုပင် မခုခံနိုင်တော့ချေ။

အချိန်တွေကုန်တာ မြန်လိုက်တာ။ အခု… ငါက စီနီယာတောင် ဖြစ်နေပါပြီလား

ရန်ကိုင် ရုတ်တရက် ရယ်ချင်လာခဲ့သည်။

ရန်ကိုင်ခေါင်းထဲ ရောက်တတ်ရာရာ အကြောင်းများ စဉ်းစားနေစဉ် ကျင့်ကြံသူ ငါးယောက်မှာမူ ရန်ကိုင်အား တောင့်တောင့်ကြီးရပ်လျက် သတိကြီးစွာ ကြည့်နေကြသည်။ ထိုလူများ ဘာကြောင့် ထိုကဲ့သို့ ဖြစ်နေလဲဆိုသည်ကို နားလည်လိုက်သည့်နောက်၌ အခြားဘာအကြောင်းကိုမှ စည်းစားမနေတော့ လာရင်းရည်ရွယ်ချက်ကိုသာ မေးလိုက်သည် “ဒါ အဆုံးမဲ့သမုဒ္ဒရာလား”

ငါးယောက်စလုံး အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ ထို့နောက် သူတို့ အဖွဲ့ခေါင်းဆောင် ဖြစ်ဟန်တူသောလူက ပြန်ပြောလိုက်လေသည် “ဟုတ်ပါတယ် စီနီယာ၊ ဒါအဆုံးမဲ့သမုဒ္ဒရာပါ”

“တကယ်ကြီး အဆုံးမဲ့သမုဒ္ဒရာ ဖြစ်နေတာပဲ” ရန်ကိုင် မျက်နှာပျက်သွားခဲ့သည်။ အဆုံးမဲ့သမုဒ္ဒရာသို့ ရောက်နေခြင်း ဖြစ်လိမ့်မည်ဟု ထင်သော်ငြား တကယ်ကြီး အဆုံးမဲ့သမုဒ္ဒရာဆီသို့ အပို့ခံလိုက်ရလိမ့်မည်ဟု မထင်ထားခဲ့ချေ။

“စီနီယာက ကုန်းတွင်းပိုင်းကလား” ရှောင်လော့ဆိုသော အမျိုးသမီးက ရုတ်တရက် မေးလိုက်သည်။

“လော့အာ” ခေါင်းဆောင်လူကြီဂ၏ အမူအရာ အပြောင်းကြီး ပြောင်းလဲသွားခဲ့ပြီး ထိုမိန်းကလေးကို အလန့်တကြား လှမ်းအော်လိုက်လေသည်။ ရန်ကိုင် ပြသသွားသည့် စွမ်းရည်အရ သူသာ သူတို့တစ်ဖွဲ့လုံးကို သတ်ချင်လျှင် အသာလေး သတ်နိုင်ပေသည်။

သူတို့ အသက်ကို ကယ်ခဲ့သည့်အတွက်ကြောင့် ရန်ကိုင်ကို ကျေးဇူးတင်မိသော်ငြား သူစိမ်း ဖြစ်သည့်အတွက်ကြောင့် သတိထားရပေဦးမည်။ ထိုစီနီယာ၏ စိတ်နေစိတ်ထားကို မသိရသေးခင် ထိုကဲ့သို့ မေးခွန်းမျိုး သွားမေးလိုက်ခြင်းသည် သူ့အား ဒေါသထွက်သွားစေနိုင်ပေသည်။

ထို့အပြင် သူတို့ အဖွဲ့ထဲတွင် မိန်းမလှလေးနှစ်ယောက် ရှိနေခဲ့သည်။ ဤစီနီယာသာ တဏှာကြီးသည့် လူတစ်ယောက်ဆိုပါက သူ့အား ဒေါသထွက်အောင် လုပ်လိုက်ခြင်းသည် ပြဿနာ တွင်းထဲဆီသို့ ဦးတည်သွားနိုင်ပေသည်။ ခေါင်းဆောင် လူကြီးသည် စိုးရိမ်တကြီးဖြင့် အမူအရာဖြင့် ရန်ကိုင်အား လှမ်းကြည့်လိုက်ရာ ရန်ကိုင် ဒေါသထွက်သွားသည်ကို မမြင်ရသည့်အတွက် အနည်းငယ် စိတ်အေးသွားခဲ့ရလေသည်။ ထို့အစား ရန်ကိုင်သည် သူ့ဂျူနီယာညီမအား စိတ်ဝင်တစားဖြင့်သာ ကြည့်နေသည်ကိုသာ တွေ့လိုက်ရလေသည်။

“ငါကုန်တွင်းပိုင်းက လာတယ်ဆိုတာကို နင်ဘယ်လိုသိတာလဲ”

“အဆုံးမဲ့သမုဒ္ဒရာမှာ နေတဲ့လူတိုင်းရဲ့ အသားက နည်းနည်း ညိုကြလေ့ရှိတယ်။ သူတို့ရဲ့ အရှိန်အဝါကလည်း အနည်းငယ် စိုစက်စက်လိုမျိုး ဖြစ်နေတတ်တယ်။ စီနီယာမှာ အဲ့လိုမျိုး တစ်ခုမှ ဖြစ်မနေဘူး။ ဒါကြောင့် ကုန်းတွင်းပိုင်းက လာတယ်လို့ တွေးမိလိုက်တာ” ရှောင်လော့ဆိုသော မိန်းကလေးက ပြန်ရှင်းပြလိုက်သည်။

“အဲ့လိုကိုး” ယခုမှပဲ ထိုကျင့်ကြံသူငါးယောက်၏ အရှိန်အဝါသည် ထိုမိန်းကလေး ပြောသကဲ့သို့ ကုန်းတွင်းပိုင်းမှ ကျင့်ကြံသူများ၏ အရှိန်အဝါနှင့် အနည်းငယ် ကွဲပြားနေသည်ကို ရန်ကိုင် သတိပြုမိလိုက်သည်။ ထို့အပြင် သူတို့၏ အသားအရေသည် ကုန်းတွင်းပိုင်းမှ လူများထက် နည်းနည်းလေး ပိုညိုပေသည်။ ရန်ကိုင်က ခေါင်းတညိတ်ညိတ်ဖြင့် ပြောလိုက်၏ “ဟုတ်တယ်။ ငါကုန်းတွင်းပိုင်းက လာတာ။ အခု ကုန်းတွင်းပိုင်းကို ပြန်ဖို့လုပ်နေတာ လမ်းပျောက်သွားလို့။ ဒီကနေ ကုန်းတွင်းပိုင်းကို ဘယ်လို ပြန်သွားရမလဲ မင်းတို့ သိကြလား။ ပြီးတော့ ဘယ်လောက်လောက် ကြာလောက်မလဲ”

…………

လက်ဖက်ရည် ခွက်တစ်ဝက်စာ ကြာပြီးနောက်တွင် ရန်ကိုင်သည် သူ၏ကြယ်လွန်းပျံကို ထုတ်ကာ လမ်းကြောင်းတစ်ခုရွေးကာ ထွက်သွားလေသည်။

ကောင်းကင်နက်နဲဂိုဏ်းမှ လူများ၏ အပြောအရ သူကံ အရမ်းကြီး မဆိုးမှန်း ရန်ကိုင် နားလည်လိုက်သည်။ သူသည် လောလောဆယ်တွင် အဆုံးမဲ့သမုဒ္ဒရာ၏ အပြင်ပိုင်းတွင်သာ ရှိနေသေးပြီး အတွင်းပိုင်းသို့ မရောက်သေးချေ။ ဤနေရာမှဆိုလျှင် အတွင်းပိုင်းသို့ ပြန်သွားရင် သိပ်မကြာလောက်ချေ၊ ပျံသန်းသွားမည် ဆိုလျှင်ပင် သုံးရက်၊ ငါးရက်လောက်သာ ကြာပေလိမ့်မည်။

သို့သော်လည်း သဲမီးတောက်နယ်မြေသို့ ဤအတိုင်း ပျံသန်း၍ ပြန်သွားဖို့ရာ သိပ်ပြီး မဖြစ်နိုင်လှချေ။ ဤနေရာမှ ကုန်းတွင်းပိုင်းဆီသို့ နီးသော်လည်း သဲမီးတောက်နယ်မြေနှင့်မူ အဝေးကြီးပင်။ ဤအတိုင်း ကြယ်လွန်းပျံကိုသုံး၍ ပျံသန်းသွားမည် ဆိုလျှင် အနည်းဆုံး နှစ်ဝက်ခန့် ကြာပေလိမ့်မည်။

ရန်ကိုင် ထိုမျှ အချိန်မဖြုန်းချင်ချေ။ ထို့ကြောင့် ဟင်းလင်းပြင် အစီအရင်တစ်ခုခုကို သုံးကာ ပြန်ရန် စဉ်းစားထားသည်။

ကံကောင်းစွာဖြင့် ဤအနီးအနားတွင် ပင်လယ်ကမ်းခြေဆိုသော မြို့တစ်မြို့ ရှိနေခဲ့သည်။ ထိုမြို့သည် ကုန်းတွင်းပိုင်းနှင့် အဆုံးမဲ့သမုဒ္ဒရာကို အဆက်အသွယ် လုပ်ထားသည့် ပင်လယ် မြို့တော်တစ်ခု ဖြစ်ပေသည်။ ကုန်းတွင်းပိုင်းသို့ သွားလိုသူတိုင်း ထိုအစီအရင်ဖြင့် သွားကြသည့် အတွက် ထိုအစီအရင်သည် အများသုံးရန်အတွက် ဖွင့်လှစ်ပေးထားသော အစီအရင်တစ်ခု ဖြစ်ပေသည်။ သို့သော်လည်း အစီအရင်ကို အသုံးပြုရန်အတွက် လုံလောက်သော သူတော်စင် သလင်းကျောက် ပမာဏကိုတော့ ပေးချေရပေလိမ့်မည်။

ဟင်းလင်းပြင် အစီအရင် တစ်ကြိမ်သုံးခသည် ကိုယ်သွားလိုသည့် အကွာအဝေးပေါ် မူတည်၍ အနည်းဆုံး သူတော်စင်သလင်းကျောက် တစ်သောင်းမှစ၍ အများဆုံး သုံးသိန်းထိ ကျသင့်ပေသည်။ ထိုဈေးနှုန်းသည် သာမန်ကျင့်ကြံသူများအတွက် အလွန်ကိုမှ များပြားသော ပမာဏ ဖြစ်သော်လည်း ရန်ကိုင်အတွက်တော့ ဘာမှ မပြောပလောက်ပေ။

ငါးရက်ကြာပြီးနောက်တွင် ပင်လယ်ကမ်းခြေမြို့တော်သို့ ရန်ကိုင် ရောက်လာခဲ့သည်။ မြို့အရွယ်အစားသည် ကောင်းကင်ကံကြမ္မာမြို့တော်ထက် နှစ်ဆခန့် ပိုကြီးပြီး မြို့ထဲသို့ ဝင်ထွက်နေကြသည့် လူတန်းကြီးမှာ မဆုံးနိုင်လောက်အောင်ကို ရှည်လျားလွန်းလှသည်။

အဆုံးမဲ့သမုဒ္ဒရာနှင့် ကုန်းတွင်းပိုင်းသည် အရိပ်ကြယ်တစ်ခုတည်းပေါ်တွင် တည်ရှိနေခြင်း ဖြစ်သော်လည်း နှစ်ခုစလုံးသည် တောင်နှင့်မြောက်ကဲ့သို့သော အရပ်တွင် တည်ရှိနေကြခြင်း ဖြစ်သည်။ ကုန်းတွင်းပိုင်းတွင် ပေါကြွယ်ဝသည့် အရင်းအမြစ်များသည် အဆုံးမဲ့သမုဒ္ဒရာတွင် ရှားပါးသလို အဆုံးမဲ့သမုဒ္ဒရာတွင် ပေါကြွယ်ဝသည့် အရင်းအမြစ်များသည် အဆုံးမဲ့သမုဒ္ဒရာတွင် ရှားပါးပေသည်။ ထို့ကြောင့် ကုန်းတွင်းပိုင်းမှလူများသည် အဆုံးမဲ့သမုဒ္ဒရာဆီသို့ အရင်းအမြစ် အသစ်များ ရှာဖွေရန် လာကြသလို အဆုံးမဲ့သမုဒ္ဒရာမှ လူများလည်း ထိုနည်းတူပင်။ ထိုသို့ဖြင့် ပင်လယ်ကမ်းခြေမြို့တော်သည် ကုန်းတွင်းပိုင်းရော၊ အဆုံးမဲ့သမုဒ္ဒရာမှ ကျင့်ကြံသူများ အတွက်ပါ ကုန်ပစ္စည်း၊ အရင်းအမြစ်များ ဖလှယ်သည့် ကုန်သွယ်ရေးမြို့တော်တစ်ခု ဖြစ်လာခဲ့သည်။

ပင်လယ်ကမ်းခြေမြို့တော်တွင် ကြာကြာနေရန် မစဉ်းစားထားသည့်အတွက် မြို့ထဲသို့ ရောက်သည်နှင့် ချက်ချင်းပဲ ဟင်းလင်းပြင်အစီအရင် အကြောင်း မေးကြည့်လိုက်သည်။ နည်းနည်းပါးပါး မေးမြန်းကြည့်ပြီးနောက် ဟင်းလင်းပြင်အစီအရင် ရှိနေသည့် နေရာအား သိသွားပြီး ချက်ချင်းပဲ ထိုနေရာဆီသို့ ဦးတည်သွားလိုက်လေသည်။

ပင်လယ်ကမ်းခြေမြို့တော်ရှိ လမ်းများသည် အတော်လေး ကျယ်လှကာ ဆိုင်ခန်းပေါင်း များစွာတို့သည် လမ်းဘေး၏ တစ်ဖက်တစ်ချပ်စီတွင် စီတန်းတည်ရှိနေကြသည်။

ဟင်းလင်းပြင် အစီအရင်ဆီသို့ သွားနေစဉ် ရုတ်တရက် ကျယ်လောင်သော အသံတစ်သံကို ရန်ကိုင် ကြားလိုက်ရသည်။

“ခွေးမ၊ သူတော်စင်သလင်းကျောက် နှစ်ထောင်တည်းနဲ့ ဝိဥာဉ်တစ်ရာ ဆေးလုံးကို လာဝယ်ချင်နေတာ နင်ရူးနေတာလား။ နင်မြန်မြန် ထွက်သွားလိုက်တော့နော်၊ မဟုတ်ရင် ငါလက်ပါမိတော့မယ်”

“ဒါပေမယ့် အခု ကျွန်မမှာ သူတော်စင်သလင်းကျောက် နှစ်ထောင်ပဲရှိတယ်။ ဆိုင်ရှင်ချန်ရယ်၊ ကျွန်မတို့ အရောင်းအဝယ် လုပ်လာတာ တစ်ကြိမ်နှစ်ကြိမ်မှ မကတော့ဘဲ။ ဒီလောက် ဝယ်ထာတား ကျွန်မကို တစ်ကြိမ်လောက်တော့ အကြွေးရောင်းပေးပါနော်။ ဆိုင်ရှင်ချန်ရယ်၊ ကျွန်မ နောင်ကျရင် ပြန်ဆပ်ပါမယ်။ ကျွန်မက ဒီပင်လယ်ကမ်းခြေမြို့မှာ နေနေတာပဲဟာကို၊ ကျွန်မ ထွက်ပြေးမှာ မဟုတ်မှန်း ဆိုင်ရှင်ချန်လည်း သိတာပဲ”

“မရဘူး။ ငါဒီမှာ စီးပွားရေးလုပ်နေတာ၊ အလှူအတန်း လုပ်နေတာ မဟုတ်ဘူး၊ နင်က ပိုက်ဆံပေးတယ်။ ငါက ရောင်းတယ်။ ဒါပဲလေ။ နင့်မှာ သူတော်စင်သလင်းကျောက် မရှိရင် ဒီကနေ မြန်မြန် ထွက်သွားလိုက်ပေတော့။ ငါ့စီးပွားရေးကို လာမနှောင့်ယှတ်နဲ့”

“ဆိုင်ရှင်ချန်ရယ်၊ ကျွန်မ တကယ်ကို တောင်းဆိုတာပါ”

“နင်ထွက်သွားတော့လို့ ငါပြောနေတယ်နော်”

အသံပိုင်ရှင်သည် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ဖြစ်သည်။ ထိုအမျိုးသားသည် အသက်လေးဆယ် အရွယ်လောက်ရှိမည့် ဆိုင်ရှင်တစ်ဦး ဖြစ်ပြီး အမျိုးသမီးသည် ဖြူဖတ်ဖြူလျော်၊ အနည်းငယ် ပိန်လှီလှီနှင့် လူတစ်ယောက် ဖြစ်သည်။ ထိုအမျိုးသမီးသည် ငယ်ရွယ်စဉ်က အတော်လေး လှပခဲ့လောက်မည် ဖြစ်သော်လည်း ယခုမူ သူမ၏ ပုံစံသည် အတော်လေး ဖရိုဖရဲ ဖြစ်နေခဲ့သည်။ သူမသည် ဆိုင်ရှင်ချန်အား တောက်လျှောက် တောင်းပန်နေသော်လည်း ဆိုင်ရှင်ချန်မှာမူ သူမအား နည်းနည်းလေးမှပင် အဖတ်မလုပ်ချေ။

ထိုအမျိုးသမီးကို ကြည့်ရသည်မှာ အနည်းငယ် ရင်းနှီးနေသလိုပင်။ သို့သော် သူမ မည်သူမှန်း သေချာမသိချေ။ တစ်ချက်သွားကြည့်ရန် ရန်ကိုင် ဆုံးဖြတ်လိုက်လေသည်။

ဆိုင်ရှင်သည် အမျိုးသမီးသည် အော်ဟစ်ငေါက်ငမ်းနေသော်လည်း ရန်ကိုင်ကို မြင်သည့်အခါ ချက်ချင်းပြုံးလျက် မေးလိုက်လေသည် “ဘာကူညီပေးရမလဲ ဆရာ။ ကျုပ်ဆိုင်က သေးပေမယ့် ဆေးတွေကတော့ စုံပါတယ်။ ကုသရေးဆေးလုံးလား၊ ကျင့်ကြံရေး ဆေးလုံးလာ၊ အကုန်ရတယ်။ စီနီယာ လိုချင်တဲ့ ပစ္စည်းရှိမရှိ ကြည့်ကြည့်လို့ရတယ်နော်”

ရန်ကိုင်သည် ဆိုင်ရှင်အား တစ်ချက်သာကြည့်လိုက်ပြီး သူ့အား ပြန်မပြောဘဲ အမျိုးသမီး ဘက်သို့ လှည့်၍သာ ကြည့်လိုက်သည်။ ခဏလောက် ကြည့်နေပြီးနောက် အမျိုးသမီးအား မေးလိုက်လေသည် “ခင်ဗျားက ဧည့်အကြီးအကဲဟွမ်လား”

ငိုချတော့မတတ် ဖြစ်နေသော အမျိုးသမီးသည် ထိုအသံကို ကြားလိုက်ရသည့်အခါ ခေါင်းမော့ပြီး ကြည့်လာခဲ့သည်။ ရန်ကိုင်ကို မြင်လိုက်သည့်နောက် သူမ၏ ခန္ဓာကိုယ်တစ်ခုလုံး တဆတ်ဆတ် တုန်ရီသွားခဲ့လေသည်။

“တကယ်ကို ဧည့်အကြီးအကဲဟွမ် ဖြစ်နေတာကိုး” ရန်ကိုင် အသာအယာ ခေါင်းညိတ်လိုက်သည်။ ထိုအမျိုးသမီးသည် အတော်လေး ပုံပျက်ပန်းပျက် ဖြစ်နေသော်လည်း သူမသည် သူသိသည့် လူတစ်ယောက် ဖြစ်နေသည်။ သူမသာ သူစိမ်းတစ်ယောက်ဆိုလျှင် သူ့အား မြင်လိုက်သည့် အချိန်တွင် ဤကဲ့သို့ ဖြစ်သွားလိမ့်မည် မဟုတ်ချေ။

ဟွမ်ကျွမ်း… အတိတ်တွင် သူမသည် ဟိုင်ခဲမိသားစု၏ ဧည့်အကြီးအကဲတစ်ယောက် ဖြစ်ခဲ့သည်။

ရန်ကိုင်နှင့် ဟိုင်ခဲမိသားစု အချင်းများနေစဉ် ကာလအတွင်း ဟိုင်ခဲမိသားစုခေါင်းဆောင်သည် ဟွမ်ကျွမ်းအား မြို့သခင်ဆီ သွားအကူအညီ တောင်းခိုင်းခဲ့သည်။ သို့သော် မြိုသခင်သည် သူတို့ကိစ္စတွင် ဝင်ပါရန် စိတ်မဝင်စားခဲ့ချေ။ ထို့ကြောင့် ဟိုင်းကျွမ်းလည်း ဤအတိုင်းသာ ပြန်လာခဲ့ရသည်။ မကြာမီ ဟိုင်ခဲမိသားစုမှ သူမ ထွက်သွားခဲ့လေသည်။

ဝူရီတို့နှင့် ရန်သူများ ဖြစ်မလာချင်သည့် အတွက်ကြောင့် ဟိုင်ခဲမိသားစုမှ သူမ တိတ်တဆိတ် ထွက်ခွာသွားကြောင့် ချန်ချီနှင့် ဟောင်အန်တို့ဆီမှ ကြားသိခဲ့ရသည်။

သူမ ပင်လယ်ကမ်းခြေမြို့ဆီသို့ ဘာကြောင့် လာခဲ့သလဲ ဆိုသည်ကိုမူ သူမသာ သိပေလိမ့်မည်။

သို့သော်လည်း ဘာတွေဖြစ်ပျက်သွားခဲ့လဲ ဆိုသည်ကို ခန့်မှန်းဖို့ရာ ခက်လွန်းလှသည်။ သူတော်စင်ဘုရင် တတိယအဆင့်သည် ဟိုင်ခဲမိသားစုတွင် ကောင်းကောင်းမွန်မွန်ဖြင့် ဆက်ဆံခံရနိုင်သော်လည်း အင်အားစုကြီးများတွင်မူ ထိုကဲ့သို့ မဟုတ်ချေ။ သူမ၏ သူတော်စင်ဘုရင် တတိယအဆင့် ကျင့်ကြံခြင်းဖြင့် ကိုယ့်ဘာသာ ရှင်သန်ဖို့ရာ မိန်းမသား တစ်ယောက် သူမအဖို့ အတော်လေး ခဲယဉ်းပေသည်။

“နင်က ရန်ကိုင်လား” ဟွမ်ကျွမ်း ရန်ကိုင်ကို မှတ်မိသွားခဲ့သည် “နင်ဘာလို့ ဒီရောက်နေတာလဲ”

“ပြောရရင် အရှည်ကြီးပဲ” ရန်ကိုင်က ဖြည်းဖြည်းချင်း ခေါင်းခါလိုက်သည်။ အသေးစိတ် ရှင်းပြနေလျှင် အချိန်ကြာပေလိမ့်မည်။ ထို့ကြောင့် ရှင်းပြမနေတော့ဘဲ ပြန်၍သာ မေးလိုက်သည် “အကြီးအကဲဟွမ်ကော ဒီကို ဘယ်လို ရောက်နေတာလဲ”

“ငါဒီကို ဟိုးလွန်ခဲ့တဲ့ နှစ်တွေကတည်းက ရောက်နေတာ” ဟွမ်းကျွမ်းက ကိုးယိုးကားယား အမူအရာဖြင့် ဆက်ပြောလိုက်သည် “ဟိုတုန်းက ငါလည်း အမိန့်အတိုင်း လိုက်လုပ်ခဲ့ရလို့၊ တကယ်…”

“ကျုပ်သိတယ်၊ အဲ့အကြောင်းတွေ ထားလိုက်တော့။ ကျုပ်ဒီကို ပြဿနာရှာဖို့လာတာ မဟုတ်ဘူး။ ဒါနဲ့ ခင်ဗျား အဆိပ်မိနေတာလား” ဟွမ်ကျွမ်း၏ မျက်ခုံးကြားရှိ အနက်ရောင်ချီကို သတိပြုမိလိုက်သည့်နောက် ရန်ကိုင် မျက်မှောင်ကြုတ်ဿွားခဲ့သည်။

ရန်ကိုင်၏ စကားကို ကြားသည့်အခါ ဟွမ်ကျွမ်း ကြောင်သွားခဲ့လေသည်။ သူမ၏ အခြေအနေကို ထိုကောင်လေး ဤမျှ မြန်မြန် ရှာတွေ့သွားလိမ့်မည်ဟု မထင်ထားခဲ့ချေ။

“ခင်ဗျား ဒါကြောင့် ဝိဥာဉ်တစ်ရာ ဆေးလုံးကို ဝယ်ချင်နေတာကိုး” ရန်ကိုင် နားလည်သွားခဲ့သည်။

“ငါနင့်ကို ရှက်စရာတွေ ပြလိုက်မိကုန်ပြီ” ဟွမ်ကျွမ်း ရှက်သွားခဲ့သည်။ ကိုးယိုးကားယား ဖြစ်နေသည် သူမ၏ အခြေအနေအား ရန်ကိုင်မှ ရှာတွေ့သွားသည့်အတွက် အတော်လေး ရှက်သွားခဲ့သည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၄၇၄)

ရန်ကိုင်နှင့် ဟွမ်ကျွမ်း တရင်းတနှီး စကားပြောနေသည်ကို မြင်သော် ဆိုင်ရှင် စိတ်မရှည် ဖြစ်လာခဲ့သည်။ ဟွမ်ကျွမ်းကဲ့သို့ လူစားမျိုးနှင့် မိတ်ဆွေဖြစ်သော လူသည်လည်း သူမကဲ့သို့ပင် ဆင်းရဲမွဲတေလိမ့်မည်ဟုပင် ဆိုင်ရှင်ထင်သွားခဲ့သည်။

ထို့အပြင် ရန်ကိုင်ပုံစံသည် အတော်လေးကို ဖိုသီဖတ်သီဖြစ်နေကာ ချမ်းသာလူသည့် လူတစ်ယောက် ပုံစံနှင့် နည်းနည်းလေးမှ မတူချေ။ ဧကရာဇ်ဥယျာဉ်ထဲတွင် တိုက်ပွဲများစွာ ဆင်နွှဲခဲ့ရသည့် အတွက် သူ့ပုံစံသည် အတော်လေးကို ဖရိုဖရဲ ဖြစ်နေခဲ့သည်။ အပြင်သို့ ပြန်ရောက်လာပြီးနောက် ခဏလေးပင် မနားဘဲ ပင်လယ်မြို့တော်ဆီသို့ တောက်လျှောက် ပျံသန်းလာခဲ့ပေသည်။ ထို့ကြောင့် သူ့ပုံစံ ဤကဲ့သို့ ဖြစ်နေခြင်း ဖြစ်သည်။

ဆိုင်ရှင်မျက်နှာ တဖြည်းဖြည်း မဲ့လာပြီး နည်းနည်းလေးမှ ဖော်ရွေနေခြင်း မရှိတော့ဘဲ လေသံမာမာဖြင့် ပြောလိုက်လေသည် “ဘာမှမဝယ်ဘူးဆိုရင် မင်းတို့ ထွက်သွားလိုက်တော့။ ဒီမှာ လာပြီး ရှေးဟောင်းနှောင်းပစ်တွေ လာပြောမနေနဲ့။ အခြားတစ်နေရာမှာ သွားပြောနေလိုက်”

သူပြောသည်ကို ကြားသော် ရန်ကိုင် ဆိုင်ရှင်အား လှည့်ကြည့်လိုက်သည်။ ယခုကဲ့သို့ ဆက်ဆံခံရသည့်အပေါ် သိပ်မကြိုက်သည့်အတွက် နှာခေါင်းရှုံ့၍ ပြန်မေးလိုက်လေသည် “ဝိဥာဉ်တစ်ရာ ဆေးလုံးတစ်လုံး ဘယ်လောက်လဲ”

“ဘာလဲ၊ မင်းဝယ်ချင်လို့လား” ဆိုင်ရှင်သည် ရန်ကိုင်အား မယုံသင်္ကာဖြင့် ကြည့်လိုက်သည်။

“ဘာလဲ၊ ငါဝယ်လို့မရဘူးလား”

“ရတာပေါ့။ ဒါပေမယ့် ငါက စီးပွားရေး လုပ်နေတာလေ။ မင်းပိုက်ဆံပေးမှ ငါက ကုန်ပစ္စည်း ပေးမှာပေါ့…”

သူ့စကားသံ ဆုံးသွားသည်နှင့် သူ့ရှေ့သို့ အထုပ်တစ်ထုပ် ရောက်လာခဲ့သည်။ အထုပ်ထဲရှိ ပစ္စည်းများကို ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေးကြည့်ပြီးနောက် ဆိုင်ရှင်၏ အမူအရာ ချက်ချင်း ပြောင်းလဲသွားပြီး အပြုံးကြီးပြုံးလျက် “အို၊ ခဏလောက် စောင့်နော်၊ ကျုပ် အခုပဲ သွားယူပေးမယ်”

ပြောပြီးသည့်နှင့် ဆိုင်နောက်ဘက်သို့ ချက်ချင်း ပြေးဝင်သွားပြီး ဝိဥာဉ်တစ်ရာဆေးလုံး တစ်လုံးကို ထုတ်လာကာ ရန်ကိုင်ဆီသို့ ပေးလိုက်လေသည်။

ဝိဥာဉ်တစ်ရာ ဆေးလုံးကို ရပြီးနောက် လိုချင်သည်ကို ရပြီးပြီ ဖြစ်သည့်အတွက် ရန်ကိုင် ထိုလူနှင့် ဆက်ပြီး စကားမပြောချင်တော့ချေ။ ဆိုင်ပိုင်ရှင်သည် စကားပြောရဆိုရ လက်ပေါက်ကပ်သည့် လူတစ်ယောက် ဖြစ်သော်လည်း သူတာ်စင်အဆင့် ကျင့်ကြံသူ တစ်ယောက်သာ ဖြစ်သည်။ သူတော်စင်အဆင့် တစ်ယောက်ကို စိတ်မကျေမနပ်ဖြင့်သဖြင့် ပညာပေးရလောက်သည်အထိ သူ့ကိုယ်သူ မနိမ့်ကျစေချင်ပေ။ ထို့ကြောင့် ဟွမ်ကျွမ်းဘက်သို့ လှည့်၍သာ ပြောလိုက်သည် “သွားရအောင်”

“အင်း” ဟွမ်ကျွမ်းသည် အနည်းငယ် ကြောင်အမ်းအမ်းဖြင့် ရန်ကိုင်နောက်မှ လိုက်သွားခဲ့သည်။

မကြာမီ ရန်ကိုင်၏ ဦးဆောင်မှုနှင့်အတူ သူတို့ နှစ်ယောက် စားသောက်ဆိုင် တစ်ဆိုင်ထဲသို့ ဝင်လာခဲ့သည်။ ခြံဝန်းတစ်ခုကို ငှားပြီးနောက် ဟွမ်ကျွမ်းအား ဝိဥာဉ်တစ်ရာ ဆေးလုံးကို ချက်ချင်း သန့်စင်ခိုင်းလေသည်။

တစ်ရက်နှင့်တစ်ည ကြာပြီးနောက် ဟွမ်ကျွမ်း ပြန်ကောင်းလာခဲ့သည်။

ဝိဥာဉ်တစ်ရာ ဆေးလုံးသည် သူတော်စင်ဘုရင်အဆင့်နိမ့် ဆေးလုံးတစ်လုံးသာ ဖြစ်သော်ငြား အစွမ်းထက်သော အဆိပ်ဖြေဆေး တစ်လုံး ဖြစ်သည်။ ထို့အပြင် ဟွမ်ကျွမ်း မိထားသည့် အဆိပ်သည် သိပ်ပြီးမပြင်းလှ၊ ယခင်က အဆိပ်ဖြေဆေး မရသေးသည့်အတွက် အဆိပ်အား သူတော်စင်ချီဖြင့် အတင်းအကြပ် ဖိနှိပ်ထားခဲ့ရသည်။ ယခု အဆိပ်ဖြေဆေး ရလိုက်ပြီ ဖြစ်သည့်အတွက် အဆိပ်ကို ဖြေလိုက်နိုင်လေပြီ။ သူမကိုယ်ထဲ အဆိပ်ရှိနေဦးမည်ကို ဆက်ပြီး စိုးရိမ်နေစရာ မလိုတော့ချေ။

မျက်လုံး ပြန်ပွင့်လာပြီးနောက် ရန်ကိုင်အား အနည်းငယ် ရှုပ်ထွေးသည့် အကြည့်ဖြင့် ကြည့်ကာ ပြောလိုက်သည် “ဂိုဏ်းချုပ်ရန် ကျေးဇူးကို ကျွန်မ ဒီတစ်သက်မမေ့ပါဘူး”

ထို့နောက် ဟွမ်ကျွမ်း ငိုချင်သလို ဖြစ်လာခဲ့သည်။ ရန်ကိုင်နှင့် တွေ့ခဲ့သည်မှာ သူမ တကယ်ကို ကံကောင်းသွားခဲ့သည်။ မဟုတ်လျှင် အဆိပ်ဒဏ်ကြောင့် သူမ ပြဿနာအကြီးကြီး တက်ပေလိမ့်မည်။ အဆိပ်သာ သူမကိုယ်ထဲ အချိန်ကြာရှည်စွာ ရှိနေမည် ဆိုပါက သူမ၏ ခန္ဓာကိုယ် အခြေအနေ တဖြည်းဖြည်း ယိုယွင်းပျက်စီးလာမည် ဖြစ်သလို သူမ၏ ကျင့်ကြံခြင်းလည်း ပြန်လျှောကျသွားနိုင်ပေသည်။ ဟွမ်ကျွမ်း အနေဖြင့် ထိုကဲ့သို့ ရလဒ်မျိုးကို မည်သို့မှ လက်မခံနိုင်ချေ။

“ဘာမှမဖြစ်ဘူး” ရန်ကိုင်က လက်ဝှေ့ရမ်းလိုက်ပြီး “ဒါနဲ့ ဧည့်အကြီးအကဲဟွမ်ကို ကြည့်ရတာ ဒီအတောအတွင်း သိပ်အခြေအမနေ မကောင်းတဲ့ပုံပဲ”

ထိုစကားကို ကြားသည့်အခါ ဟွမ်ကျွမ်း၏ အမူအရာ ခါးသက်သွားခဲ့ပြီး “သိပ်အခြေအနေ မကောင်းတာ မဟုတ်ဘူး ဂိုဏ်းချုပ်ရန်၊ အတော်လေးကို အခြေအနေ ဆိုးရွားတာ”

ဟိုင်ခဲမိသားစုမှ ထွက်လာပြီးနောက်မှသာ လေလွင့်ကျင့်ကြံသူ တစ်ယောက် အနေဖြင့် ဤလောကကြီးထဲတွင် ရှင်သန်ရန် မည်မျှ ခက်ခဲကြောင်းကို သူမ နားလည်ခဲ့သည်။ မိသားစုမှ ထွက်လာလာချင်း စုမိဆောင်းမိထားသည်များ ရှိသဖြင့် အစပိုင်း၌ သိပ်ပြီး ကိစ္စ မရှိခဲ့ပေ။

သို့သော်လည်း စုဆောင်းထားသည်များ ကုန်ဆုံးသွားပြီးနောက်တွင် သူမ၏ အိမ်မက်ဆိုးကြီး စတင်တော့လေသည်။

နောက်ခံလည်းမရှိ၊ အဆင့်အတန်းလည်း မရှိသည့် သူမကဲ့သို့ မိန်းမသားတစ်ယောက် အဖို့ ဤလောကကြီးထဲတွင် ရှင်သန်ရန် အလွန်ကိုမှ ခဲယဉ်ပေးသည်။ ဟွမ်ကျွမ်းသည် မငယ်တော့သော်ငြား သူမ၏ ရုပ်ရည်သည် ဆွဲဆောင်မှုတော့ ရှိနေဆဲ။ နောက်ခံမရှိသည့် မိန်းမသား တစ်ယောက် ဖြစ်သည့်အတွက် သူမအား ကြံချင်သည့် မရိုးဖြောင့်သော ယောကျာ်းများစွာနှင့် ကြုံတွေ့ခဲ့ရသည်။

ဂိုဏ်း သို့မဟုတ် မိသားစုတစ်ခုခုဆီ သွားပူးပေါင်းချင်သော်လည်း ဘယ်ကလာမှန်း မသိရသော သူမအား မည်သူမှ လက်မခံချင်ကြချေ။

နောက်ဆုံး ပင်လယ်မြို့တော်ထဲရှိ သူမနှင့်ဘဝတူ ကျင့်ကြံသူများနှင့်အတူ ပင်လယ်ထဲရှိ မွန်းစတားသားရဲများကို အမဲလိုက်ထွက်ရတော့သည်။ သို့သော် ထိုအမဲလိုက်သည့် အလုပ်သည် အတော်လေးကိုမှ အန္တရာယ်များပေသည်။ မွန်းစတားသားရဲများအား သွားအမဲလိုက်ကြရင်း သေဆုံးသွားသည့် ကျင့်ကြံသူများစွာ ရှိပေသည်။ သူမ၏ အဖွဲ့သားထဲတွင်ပင် မွန်းစတားသားရဲအား သွားအမဲလိုက်ရင်း ပြန်အသတ်ခံရသည့် ကျင့်ကြံသူများစွာ ရှိပေသည်။ ကံကောင်းစွာဖြင့် သူမသည် သေကံမရောက်ခဲ့ဘဲ အကြိမ်တိုင်း အသက်ရှင်လျက် ပြန်လာနိုင်ခဲ့သည်။

ထိုကဲ့သို့ အမဲလိုက်ရင်း တစ်နေ့တွင် ပင်လယ်သားရဲတစ်ကောင်၏ အဆိပ် မိသွားခဲ့ရသည်။ ထိုအချိန်မှစ၍ မည်သူမှ သူမနှင့် မပူးပေါင်းကြတော့ချေ။ ဟွမ်ကျွမ်းသည် သူမ၏ စုဆောင်းထာသည့် ပစ္စည်းများကို ရောင်းချပြီး အဆိပ်ဖြေဆေးတစ်လုံးလောက် ဝယ်ရန် ကြိုးစားခဲ့သော်လည်း မလောက်ငှ ဖြစ်ခဲ့ရသည်။ ထို့ကြောင့် ဆိုင်ရှင်းအား အကြွေးရောင်းပေးရန်သာ သွားတောင်းဆိုရတော့သည်။ သို့သော်လည်း ဆိုင်ရှင်ကလည်း အသဲမာပေသည်။ သူမအား နည်းနည်းလေးမှ ကူညီပေးရန် မစဉ်းစားချေ။

ယနေ့မှသာ ရန်ကိုင်နှင့်တွေ့ပြီး အားလုံး အဆင်ပြေပြေ ပြီးဆုံးသွားခြင်း ဖြစ်သည်။

သူမ၏ဇာတ်ကြောင်းကို နားထောင်ပြီးနောက် ရန်ကိုင် ခေါင်းညိတ်လိုက်သည်။ ခဏမျှ စဉ်းစားပြီးနောက် ပြန်၍ မေးလိုက်လေသည် “ခင်ဗျား ပြန်ဖို့ကော စည်းစားသေးလား”

“ပြန်ဖို့” ဟွမ်ကျွမ်း ရန်ကိုင်ကို တစ်ချက် ကြောင်ကြည့်နေလိုက်သည်။ ထို့နောက် ခေါင်းခါ၍ အောင့်သက်သက်ပြုံးလျက် “ဘယ်လိုလုပ်ပြီး ပြန်သွားလို့ ရတော့မှာလဲ။ ကျွန်မ ဘာသာ ကိုယ့်ဆုံးဖြတ်ချက်နဲ့ ထွက်လာခဲ့တာလေ။ ပြန်သွားမယ်ဆိုရင်တောင် သူတို့ ကျွန်မကို လက်ခံတော့မှာ မဟုတ်ဘူး။ ပြီးတော့ အရင်နှစ်တွေတုန်းက ဟိုင်ခဲမိသားစုက သူတို့ရဲ့ ဧည့်အကြီးအကဲတွေ အကုန်လုံး နှင်ထုတ်လိုက်ပြီး သွေးချင်းစပ်နေတဲ့လူတွေကိုပဲ အကြီးအကဲရာထူး ပေးတော့တယ်လို့ပဲ ကျွန်မသတင်းကြားလိုက်ရသေးတယ်”

“အဲ့ကိုမဟုတ်ဘူးလေ။ ဝူရီ၊ ချန်ချီနဲ့ ဟောင်အန်းတို့ ရှိနေတဲ့နေရာကို ပြောတာ” ရန်ကိုင် ခေါင်းခါလိုက်သည်။

“ဂိုဏ်းချုပ်ရန် က… အထက်စကြာဝဠာဂိုဏ်းကို ပြောတာလား” ဟွမ်ကျွမ်း၏ မျက်ဝန်းအစုံ တောက်ပသွားခဲ့သည်။

“အို၊ အထက်စကြာဝဠာဂိုဏ်းအကြောင်း ခင်ဗျား သိတယ်လား” ရန်ကိုင် အံ့အားသင့်သွားသည်။

“ဂိုဏ်းချုပ်ရန် နောက်နေတာလားဟင်” ဟွမ်ကျွမ်းက တောက်ပသော မျက်ဝန်းအစုံဖြင့် ရန်ကိုင်ကိုကြည့်၍ ပြန်ပြောလိုက်သည် “အထက်စကြာဝဠာဂိုဏ်းက အရိပ်ကြယ်တစ်ခုလုံးမှာ ကျော်ကြားနေတာ အဲ့ဂိုဏ်းအကြောင်း မသိတဲ့လူ ဘယ်လိုလုပ်ပြီး ရှိတော့မှာလဲ။ အခုဆိုရင် ဂိုဏ်းချုပ်ရန်နဲ့ အထက်စကြာဝဠာဂိုဏ်းက အရိပ်ကြယ်ပေါ်မှာ အရမ်း နာမည်ကျော်နေတာ။ အထူးသဖြင့် အဲ့နဂါးလိုဏ်ဂူတောင် တိုက်ပွဲကြောင့်ပဲ။ အဲ့တိုက်ပွဲမှာ ဂိုဏ်းချုပ်ရန်ရဲ့ နာမည် အရိပ်ကြယ်တစ်ခုလုံးကို ပေါက်သွားခဲ့တာ။ အခုဆို ဂိုဏ်းချုပ်ရန်ကို မသိတဲ့လူ ရှိတောင် ရှိပါ့မလား မသိတော့ဘူး”

“ကျုပ်အဲ့လောက် ကျော်ကြားနေတာလား” ရန်ကိုင် မျက်ခုံးပင့်သွားခဲ့သည်။ ဟွမ်ကျွမ်း သူ့အား ဖားယားနေခြင်း ဖြစ်သည်ဟု သူမထင်ချေ။ ဤနေရာသည် ကုန်းတွင်းပိုင်းနှင့် အတော်လေး ဝေးသော်ငြား နဂါးလိုဏ်ဂူတောင် တိုက်ပွဲနှင့် အထက်စကြာဝဠာဂိုဏ်း တည်ထောင်လိုက်သည့် အကြောင်းကို အဆုံးမဲ့သမုဒ္ဒရာရှိ လူများလည်း သိလောက်ပေသည်။ ထိုစဉ်က အဆုံးမဲ့သမုဒ္ဒရာမှ လူများလည်း ကုန်းတွင်းပိုင်းသို့ ရောက်နေကြသည် မဟုတ်ပေလော။

“အဲ့အကြောင်း ထားလိုက်တော့။ ခင်ဗျားဘယ်လိုထင်လဲ၊ ကျုပ်နဲ့ ပြန်လိုက်ချင်လား”

ဟွမ်ကျွမ်း ချက်ချင်း လက်ခံလိုက်ချင်သော်လည်း အနည်းငယ် တုန့်ဆိုင်းနေမိသည်။ ထို့နောက် ခေါင်းငုံလျက် “လိုက်တော့ လိုက်ချင်တယ်။ ဒါပေမယ့် ကျွန်မ ကျင့်ကြံခြင်းက အတော်လေး နိမ့်နေတော့ အထက်စကြာဝဠာဂိုဏ်းကို ဝင်ဖို့ ဘယ်လိုလုပ်ပြီး အဆင်ပြေပါ့မလဲ”

“အထက်စကြာဝဠာဂိုဏ်းကို ဝင်ဖို့က ကျင့်ကြံခြင်းနိမ့်တာ၊ မြင့်တာနဲ့ ဘာမှ မဆိုင်ဘူး။ ဂိုဏ်းထဲမှ ခင်ဗျားထက် ကျင့်ကြံခြင်း ပိုနိမ့်တဲ့လူတွေတောင် အများကြီးပဲ။ ဟိုင်ခဲမိသားစုက လူတွေကို သိတယမလား။ သူတို့ အများစုက အခုထိ သူတော်စင်အဆင့်ပဲ ရှိသေးတယ်။ အတော်များများကတော့ သူတော်စင်ဘုရင်အဆင့်ကို ရောက်ကုန်ကြပြီဆိုပေမယ့် သူတို့တွေ အကုန်လုံး ခင်ဗျားထက်တောင် အခြေအနေဆိုးသေးတယ်လေ”

“ဒါပေမယ့်…”

“ဒါပေမယ့်တွေ ဘာတွေ လုပ်မနေနဲ့။ ခင်ဗျား ဝင်ချင်လား၊ မဝင်ချင်ဘူးလားပဲ ပြော” ရန်ကိုင်က အလေးအနက် အမူအရာဖြင့် ကြားဖြတ်ပြောလိုက်သည်။

ဟွမ်ကျွမ်း သူမ၏ နှုတ်ခမ်းလေးကို ကိုက်လိုက်သည်။ ခဏတာ တွေဝေနေပြီးနောက် အလေးအနက် အမူအရာဖြင့် ခေါင်းညိတ်လိုက်လေသည် “ကျွန်မ အထက်စကြာဝဠာဂိုဏ်းထဲကို ဝင်ချင်ပါတယ်”

“ကောင်းပြီလေ” ရန်ကိုင်က ယဲ့ယဲ့လေးပြုံးလျက် “အဲ့ဒါဆို ဒီနေကစပြီး ခင်ဗျား အထက်စကြာဝဠာဂိုဏ်းရဲ့ အဖွဲ့ဝင်တစ်ယောက် ဖြစ်သွားပြီ”

“အခုလို ခိုလှုံခွင့်ပေးတဲ့အတွက် ဂိုဏ်းချုပ်ကို ကျွန်မ ကျေးဇူးအများကြီး တင်ပါတယ်” ဟွမ်ကျွမ်းသည်လည်း ပြတ်သားသည့် လူတစ်ယောက် ဖြစ်သည်။ မဟုတ်လျှင် သူမဘာသာ ဟိုင်ခဲမိသားစုမှ ထွက်လာခဲ့လိမ့်မည် မဟုတ်ချေ။ အထက်စကြာဝဠာဂိုဏ်း၏ အဖွဲ့ဝင် တစ်ယောက် ဖြစ်သွားပြီ ဖြစ်သည့်အတွက် ဂိုဏ်းချုပ်ဖြစ်သော ရန်ကိုင်အား ချက်ချင်း ဦးညွှတ်လိုက်လေသည်။

“အဲ့လိုမျိုး ကိန်းကြီးခမ်းကြီးတွေ လုပ်နေစရာမလိုဘူး” ရန်ကိုင်သည် သူ့လက်ကို ဆန့်ကာ ဝူရီအား လှမ်းတားလိုက်သည်။ ဝူရီ စိတ်ရှုပ်နေသည်ကို မြင်သော် ရှင်းပြလိုက်လေသည် “ခင်ဗျားကို အခုလိုပြန်တွေ့တာ ရေစက်စုံတာကြောင့်လို့ ပြောလို့ရတယ်။ ဝူရီ၊ ချန်ချီနဲ့ ဟောင်အန်းတို့ကလည်း ခင်ဗျားအကြောင်းကို မကြာခဏ ပြောကြသေးတယ်။ ပြီးတော့ ဂိုဏ်းကလည်း တန်ခိုးရှင်အဆင့် ကျင့်ကြံသူတွေ လိုနေတာဆိုတော့ ခင်ဗျားကို ဖိတ်ခေါ်လိုက်တာ၊ အရမ်းကြီး တွေးနေစရာမလိုဘူး”

“ဒါပေမယ့် ဂိုဏ်းချုပ်ရန်၊ ကျွန်မက အခုမှ သူတော်စင်ဘုရင် တတိယအဆင့်ပဲ ရှိသေးတာလေ”

“အခုလောလောဆော့ သူတော်စင်ဘုရင် တတိယအဆင့်ပေါ့။ ဒါပေမယ့် မကြာခင် တန်ခိုးရှင်အဆင့်ကို ရောက်လာမှာလေ” ရန်ကိုင်က ယုံကြည်ချက်အပြည့်ဖြင့် ပြန်ပြောလိုက်၏။ ဟွမ်ကျွမ်း၏ ကျင့်ကြံခြင်းသည် ယခင်က ချန်ချီနှင့် ဟောင်အန်းတို့၏ ကျင့်ကြံခြင်းနှင့် အတူတူပင်။ ချန်ချီနှင့် ဟောင်အန်းတို့ပင် တန်ခိုးရှင်အဆင့်သို့ ချိုးဖျက်နိုင်ခဲ့ရာ ဟွမ်ကျွမ်းကကော ဘာကြောင့် မချိုးဖျက်နိုင်ရမည်နည်း။

အထက်စကြာဝဠာဂိုဏ်းတွင် လက်ရှိတွင် အလွန်ကိုမှ နာမည်ကျော်ကြားနေသည်။ ထို့အပြင် မီးတောက်အကာအရံ၏ အကာအကွယ်ကြောင့် အထက်စကြာဝဠာဂိုဏ်းကို မည်သူမှ လာတိုက်နိုင်လိမ့်မည် မဟုတ်ချေ။ သို့သော် ဂိုဏ်းတစ်ဂိုဏ်း၏ ခွန်အားသည် ထိုဂိုဏ်း၏ ဂိုဏ်းသားများပေါ်တွင် မူတည်နေပေသည်။ သဲမီးတောက်အကာအရံ ရှိနေသည်ဆို၍ ဤအတိုင်း ငြိမ်နေ၍ မရချေ။

အထက်စကြဝဠာဂိုဏ်းတွင် ရီရှီယွင်၊ ရန်ကိုင်တို့လောက်သာ တန်ခိုးရှင်တတိယအဆင့်နှင့် ယှဉ်ပြိုင်နိုင်ကြသည်။ တန်ခိုးရှင်အဆင့်သို့ ရောက်နေသော ချန်ချီတို့ပင်လျှင် တန်ခိုးရှင်ဒုတိယ အဆင့်များနှင့် ယှဉ်မတိုက်နိုင်ချေ။ သူတို့မှလွဲ၍ ကျန်လူအားလုံးသည် တန်ခိုးရှင်အဆင့်အောက် ကျင့်ကြံသူချည်းများ ဖြစ်ကြသည်။ အထက်စကြာဝဠာဂိုဏ်း၌ လက်ရှိ အချိန်တွင် တန်ခိုးရှင်အဆင့် ကျင့်ကြံသူ အတော်လေး နည်းနေပေသည်။

ဝူရီနှင့် အခြားသူများအဖို့ တန်ခိုးရှင်အဆင့်သို့ ရောက်ရန်အတွက် အနည်းဆုံး ဆယ်နှစ် သို့မဟုတ် ထို့ထက်ပို၍ အချိန်ယူရပေလိမ့်မည်။ သို့သော် ဟွမ်ကျွမ်းကမူ သူတို့ကဲ့သို့ မဟုတ်ဘဲ အချိန်တိုအတွင်း တန်ခိုးရှင်အဆင့်သို့ ရောက်နိုင်သည့် လူတစ်ယောက် ဖြစ်သည်။ သူမ၏ ကျင့်ကြံခြင်းသည် တန်ခိုးရှင်အဆင့်သို့ ခြေလှမ်းတစ်ဝက် ဝင်ရောက်နေပြီဟု ပြော၍ရသည်။ နည်းနည်းလောက် ဆက်တွန်းအားပေးလိုက်သည်နှင့် တန်ခိုးရှင်အဆင့်သို့ ချိုးဖျက်နိုင်ပေလိမ့်မည်။

ထို့ကြောင့် သူမအား အထက်စကြာဝဠာဂိုဏ်းသို့ဝင်ရန် ဖိတ်ခေါ်လိုက်ခြင်း ဖြစ်သည်။

နောက်အနာဂတ်တွင် အထက်စကြာဝဠာဂိုဏ်းသည် အခက်အခဲများစွာနှင့် ရင်ဆိုင်ရမည် ဖြစ်ရာ ယခုကတည်းက ဂိုဏ်း၏ ခွန်အားကို တိုးမြှင့်ထားမှ တော်ကာရာ ကျပေလိမ့်မည်။

“ခင်ဗျားမှာ အခြားထုပ်ပိုးစရာတွေ ရှိသေးလား။ မရှိရင် သွားကြမယ်…”

“ဘာမှထုပ်ပိုးစရာတော့ မရှိဘူး။ ဒါပေမယ့်…”

“ဘာလဲ”

“ကျွန်မနဲ့အတူ လူတစ်ယောက်ကို ခေါ်သွားချင်လို့ ဂိုဏ်းချုပ်ကို ခွင့်ပြုပေးစေချင်တယ်”

“နောက်ထပ် လူတစ်ယောက်လား” ရန်ကိုင် မျက်မှောင်ကြုတ်သွားပြီး “ဘယ်သူလဲ”

ဟွမ်ကျွမ်းကို အထက်စကြာဝဠာဂိုဏ်းထဲသို့ ဝင်ခွင့်ပြုခဲ့သော်လည်း အခြာသူများကို သူမကဲ့သို့ ဝင်ခွင့်ပေးလိမ့်မည် မဟုတ်ချေ။ ဟွမ်ကျွမ်းသည် ဂိုဏ်းသားဖြစ်ဖြစ်ချင်း ယခုကဲ့သို့ တောင်းဆိုချက်မျိုး လုပ်လာသည့်အတွက် ရန်ကိုင် အနည်းငယ် ဒေါသဖြစ်မိသွားသည်။

ရန်ကိုင် ဒေါသထွက်သွားမှန်းကို ဟွမ်ကျွမ်းလည်း သတိပြုမိသည်။ ထို့ကြောင့် ခေါင်းငုံ့၍ ချက်ချင်း ပြန်ပြောလိုက်လေသည် “စိတ်လျှော့ပါဂိုဏ်းချုပ်၊ ကျွန်မ ခေါ်သွားချင်တဲ့ လူကို ဂိုဏ်းချုပ် အရင်တစ်ချက် ကြည့်ကြည့်လိုက်ပါ။ စိတ်တိုင်းကျတယ်ဆိုမှ ခေါ်သွားပါ။ ကျွန်မ အတင်း မတောင်းဆိုပါဘူး”

ရန်ကိုင်သည် ဟွမ်ကျွမ်းအား မျက်လုံးမှေးစဉ်းကာ ခဏကြာအောင် ကြည့်နေပြီးနောက် ခေါင်းညိတ်လိုက်လေသည် “ကောင်းပြီလေ။ ကျုပ်ကိုသူ့ဆီ ခေါ်သွားပေး”

“ကျေးဇူးအများကြီး တင်ပါတယ် ဂိုဏ်းချုပ်” ဟွမ်ကျွမ်း ပျော်သွားခဲ့ပြီး ချက်ချင်းပဲ ရန်ကိုင်အား ဦးဆောင် ခေါ်သွားပေးလိုက်လေသည်။

ဟွမ်ကျွမ်းသည် ရန်ကိုင်အား ပင်လယ်ကမ်းခြေ မြို့တော်၏ ချောင်ကျသော နေရာရှိ အိမ်လေးတစ်လုံးဆီသို့ ခေါ်လာခဲ့သည်။ ထိုအိမ်သည် အိမ်ဟုပင် ပြော၍မရ၊ အိမ်စုတ်လေး တစ်လုံးဟုပင် ဆိုရတော့မည်။ တံခါးပေါက်ဆီသို့ ရောက်သည်နှင့် ဟွမ်ကျွမ်းသည် အိမ်လေးအား ကာရံထားသော အရံအတားကို ဖွင့်ရန်အတွက် တစ်ခုခု လုပ်လိုက်သည်။ ထို့နောက် တံခါးအား တွန်းဖွင့်ကာ အထဲသို့ ဝင်လာလိုက်လေသည်။

အိမ်အတွင်းပိုင်းကို မြင်ပြီးနောက် ရန်ကိုင် သက်ပြင်းချမိလိုက်သည်။

အိမ်လေးသည် သေးပြီး ကျဉ်းရုံမက အတွင်းပိုင်းတွင်လည်း ပရိဘောဂပစ္စည်း အချို့မှလွဲ၍ အခြားမည်သည့်ပစ္စည်းမှ ရှိမနေခဲ့ပေ။

“ဒီတစ်လောလုံးကို ခင်ဗျား ဒီမှာနေနေတာလား” ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့၏။ သူ့ရင်ထဲရှိ ဒေါသတို့သည်လည်း ဟွမ်ကျွမ်း၏ ဘဝအခြေအနေကို မြင်ပြီးနောက် သူ့ဒေါ အကြီးအကျယ် လျော့ပါသွားခဲ့လေသည်။

“ကျွန်မက ဒီမှာ သုံးနှစ်ပဲ နေခဲ့တာ” ဟွမ်ကျွမ်း ကသိကအောက် ပြုံးလိုက်သည်။ သူမသည် ဟိုင်ခဲမိသားစု၏ ဧည့်အကြီးအကဲတစ်ယောက် ဖြစ်သော်လည်း သူမ နေခဲ့ရသည့် ဘဝသည် ဤနေရာတွင် နေရသည်ထက် အများကြီး ပိုကောင်းပေသည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၄၇၅)

“ဒီနှစ်အတောအတွင်း ခင်ဗျားအတွက် အတော်လေး ခက်ခဲခဲ့မှာပဲ” ရန်ကိုင် သက်ပြင်းချလိုက်သည် “ဒါနဲ့ ခင်ဗျားပြောတဲ့လူကော”

“သူဒီမှာ” ပြောပြီးသည့်နောက် ဟွမ်းကျွမ်းသည် လူကလေးတစ်ယောက်ကို ဆွဲခေါ်လိုက်ပြီး ချော့မြူသည့် လေသံလေးဖြင့် “ယွမ်အာလေးရေ၊ ဂိုဏ်းချုပ်ရန်ကို လာနှုတ်ဆက်လိုက်ပါဦး”

“ကလေးတစ်ယောက်လား” ဟွမ်ကျွမ်း ပြောသည့်လူသည် ကလေးတစ်ယောက် ဖြစ်နေလိမ့်မည်ဟု သူမထင်ထားခဲ့ချေ။

ကလေးမလေးသည် ခြောက်၊ ခုနှစ်နှစ်လောက်သာ ရှိပေဦးမည်။ အရပ်ဆိုလျှင်လည်း တစ်မီတာပင် မပြည့်တတ်သေးဘဲ အတော်လေးကိုမှ ပိန်လှီလှကာ အသားအရေမှာလည်း အနည်းငယ် ဝါကြင့်ကြင့် ဖြစ်နေခဲ့သည်။ အာဟာရပြည့်ဝအောင် မစားသောက်ရသည်မှာ သိသာလှသည်။ သူမ ဝတ်ဆင်ထားသည့် အဝတ်အစားများဟာလည်း ဖျင်ကြမ်းများဖြင့် ရက်လုပ်ထားခြင်း ဖြစ်သည်။ သို့တိုင် ကောင်မလေး၏ ပုံစံမှာ အတော်လေးကို သပ်ရပ်လှသည်။ မည်သည့် အညစ်အကြေးမှ ညစ်ပေနေခြင်းမရှိ၊ သန့်သန့်ပြန့်ပြန်ပင်။

ထိုကောင်မလေးသည် ဟွမ်ကျွမ်း၏ ကလေးမဟုတ်လောက်။ ဟွမ်ကျွမ်းနှင့် ကောင်မလေး၏ရုပ်သည် နည်းနည်လေးမှ မတူချေ။ ရန်ကိုင် သိထားသလောက်လည်း ဟွမ်ကျွမ်း တစ်ခါမှ ကလေးမမွေးဖူးချေ။

ထိုသို့ဆိုလျှင် ထိုမိန်းကလေး မည်သည့်နေရာမှ ရောက်လာသနည်း။

ထိုမိန်းကလေးသည် ရှက်တတ်သော်လည်း စပ်စုလိုစိတ်ကြီးသည့်ပုံပင်။ အပြင်သို့ ရောက်လာသည်နှင့် ဟွမ်ကျွမ်းနောက်တွင် ချက်ချင်း ပြေးပုန်းလိုက်ပြီး ရန်ကိုင်အား သူမ၏ အရည်ရွှဲနေသည့် မျက်ဝန်းဝိုင်းများဖြင့် လှမ်းကြည့်နေခဲ့သည်။

ဟွမ်ကျွမ်းသည် ရန်ကိုင်အား လာနှုတ်ဆက်ရန် ထိုကောင်မလေးကို ပြောသော်လည်း မိန်းကလေးမှာမူ ဟွမ်ကျွမ်းနောက်တွင်သာ ပုန်းနေပြီး လုံးဝကို ခေါင်းခါငြင်းနေခဲ့သည်။ ထိုမြင်ကွင်းကို ကြည့်ရင်း ရန်ကိုင် မျက်မှောင်ကြုတ်မိသွားပြီး ခါးသက်သက် ခံစားချက်တစ်ခုကို ရလိုက်လေသည်။

ထိုမိန်းကလေးအရွယ် ကလေးတစ်ယောက်သည် ပုံမှန်အားဖြင့် လောကကြီးအကြောင်းကို ဘာမှ မသိသလောက်သေးချေ။ သို့သော်လည်း ထိုကလေး၏ ပြုမူပုံအရ သူ့အား အတော်လေးကို ကြောက်နေသည့်ပုံပင်။ ကြည့်ရသလောက် သူမ၏ဘဝတွင် သူစိမ်းများနှင့် ပက်သက်၍ ကြောက်လန့်စရာ အဖြစ်အပျက်တစ်ခုခု ကြုံခဲ့ရသည်နှင့် တူပေသည်။

“တောင်းပန်ပါတယ်နော် ဂိုဏ်းချုပ်ရန်၊ ယွမ်အာက ငယ်သေးတော့ ဒီလိုကိစ္စတွေကို နားမလည်သေးလို့ပါ။ ဂိုဏ်းချုပ်ရန် စိတ်မကွက်ပါနဲ့နော်” ဟွမ်ကျွမ်းက မတ်တပ်ရပ်၍ အားတင်းပြုံးကာ တောင်းပန်လိုက်သည်။

“ဘာမှမဖြစ်ပါဘူး” ရန်ကိုင်က ဖြည်းဖြည်းချင်း ခေါင်းခါလိုက်ပြီး ထိုမိန်းကလေးကို ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေးကြည့်လိုက်သည်။ ထိုသို့ စစ်ဆေးပြီးနောက် အနည်းငယ် အံ့အားသင့်နေသည့် လေသံဖြင့် “သူက စဦးဒြပ်စင်အထွဋ်အထိပ်အဆင့်ကိုတောင် ရောက်နေတာလား”

“ဟုတ်တယ်” ဟွမ်ကျွမ်း ခေါင်းညိတ်လိုက်သည် “ယွမ်အား အရမ်း ကျင့်ကြံချင်တော့ ကျွန်မကလည်း သူ့ကို နည်းနည်းပါးပါး သင်ပေးလိုက်တာ”

“မဆိုးဘူး” ရန်ကိုင် ခေါင်းညိတ်လိုက်သည်။ ဤအရွယ်လေးဖြင့် စဦးဒြပ်စင်အဆင့် အထွဋ်အထိပ်အဆင့်ကို ရောက်နေသည်မှာ တကယ်ကို တော်သည်ဟု ပြောရပေမည်။ ဟွမ်ကျွမ်းသည် အသက်ရှင်အောင် နေဖို့ရာပင် မနည်းရုန်းကန်နေရသူ ဖြစ်သည့်အတွက် ထိုမိန်းကလေး လေ့ကျင့်ဖို့ရာ အရင်းအမြစ် များများစားစား ပေးနိုင်လိမ့်မည် မဟုတ်ချေ။ သို့တိုင် ဤအဆင့်ထိ ရောက်အောင် ကျင့်ကြံနိုင်သည်ကို ကြည့်လျှင် သူမ မည်မျှ ပါရမီပါကြောင်းကို မြင်တွေ့နိုင်ပေသည်။

ခဏအကြာတွင် ရန်ကိုင်သည် သူ၏ ကောင်းကင်စိတ်အာရုံကို ပြန်ရုတ်သိမ်း၍ မေးလိုက်လေသည် “သူ့မိဘတွေကော”

“လွန်ခဲ့တဲ့ သုံးနှစ်က သေသွားတယ်” ဟွမ်ကျွမ်းက ဝမ်းနည်းစွာ ပြန်ပြောလိုက်သည်။

ထို့နောက် ထိုကောင်မလေး၏ အတိတ်အကြောင်းကို အကျဉ်းချုံး ရှင်းပြလိုက်လေသည်။

ကောင်မလေး၏ မျိုးရိုးနာမည်သည် လင်းဖြစ်ပြီး နာမည်အပြည့်အစုံမှာ လင်းယွမ်အာ ဖြစ်သည်။ သူမ၏ အဖေသည် လေလွင့်ကျင့်ကြံသူတစ်ယောက် ဖြစ်ပြီး အမေမှာ ပင်လယ်ကျောင်းတော်မှ တပည့်တစ်ယောက် ဖြစ်သည်။ ပင်လယ်ကျောင်းတော်သည် အဆုံးမဲ့သမုဒ္ဒရာရှိ အင်အားစုကြီးတစ်ခုဖြစ်ပြီး မိုးကြိုးမုန်တိုင်းဂိုဏ်း၊ ကောင်းကင်တိုက်ပွဲ အစည်းအရုံးတို့နှင့် တန်းညှိနိုင်သည့် အင်အားစုကြီးတစ်ခု ဖြစ်သည်။

လင်းယွမ်အာ အမေသည် ပင်လယ်ကျောင်းတော်တွင် အဆင့်အတန်းတစ်ခုရှိသည့် လူတစ်ယောက် ဖြစ်သည်။ သူမအတွက် သူမ၏ အကြီးအကဲများသည် ရွှေလက်တွဲမည့်လူများစွာ ရွေးချယ်ထားခဲ့သည်။ သို့သော်လည်း အချစ်သည် လူကို စုံလုံးကန်းစေသည် ဆိုသည့်အတိုင်း သူမ၏အမေသည် သူမ၏ အဖေနှင့် ချစ်ခြင်းစုံမက်သွားသည့်နောက် အရာရာကို ပစ်ပယ်၍ သူမ အဖေနောက်သို့သာ လိုက်ခဲ့သည်။

ထိုအကြောင်းကို ပင်လယ်ကျောင်းတော်၏ အကြီးအကဲများ ရှာတွေ့သွားသည့်အခါ လင်းယွမ်အာ၏ အမေကို ဂိုဏ်းမှ ဒေါသထွက်ထွက်နှင့် ထုတ်ပယ်ခဲ့ပေသည်။

သို့သော် အခြားသူများကဲ့သို့ သူမ၏ ကျင့်ကြံခြင်းကို ဖျက်စီးခြင်းမျိုးတော့ မလုပ်ခဲ့ချေ။ ဤအတိုင်းသာ လွှတ်ပေးလိုက်သည်။ ထိုအချိန်မှစ၍ လင်းယွမ်အာ၏ မိဘများသည် ဤနေရာတွင် ဆင်းဆင်းရဲရဲ နေခဲ့ကြရသည်။ သို့သော်လည်း တစ်ယောက်ကိုတစ်ယောက် ချစ်ခြင်းကြောင့် ဤလမ်းကို ရွေးချယ်ခဲ့ခြင်း ဖြစ်သည့်အတွက် နှစ်ယောက်စလုံး အထွန့်မတက်ခဲ့။

သို့ရာတွင် ကျင့်ကြံသူများသည် အသက်ရှင်နေဖို့ လိုအပ်ရုံမက ကျင့်ကြံရန်လည်း လိုအပ်ပေသည်။

နှစ်ယောက်စလုံးသည် ဟွမ်ကျွမ်းကဲ့သို့ သူတော်စင်ဘုရင်အဆင့်များသာ ဖြစ်ကြသည်။ ဂိုဏ်း၏ အထောက်အပံ့ မရှိတော့သည့်အတွက် ပင်လယ်ထဲသို့ သွား၍ ပင်လယ်သားရဲများကို အမဲလိုက်ကာ အမဲလိုက်ရာမှ ပြန်လည် ရရှိလာသော မွန်းစတားသားရဲ အမြူတေများကို သူတို့၏ ကျင့်ကြံခြင်းအတွက် လိုအပ်သော အရင်းအမြစ်များဖြင့် လဲလှယ်ကြရတော့သည်။

ထို့ကြောင့်ပဲ ဟွမ်ကျွမ်းနှင့် လင်းယွမ်အာ၏ မိဘများ အသိအကျွမ်းများ ဖြစ်လာခဲ့ခြင်း ဖြစ်သည်။

ကံမကောင်းစွာဖြင့် လွန်ခဲ့သော သုံးနှစ်ခန့်က အမဲလိုက်ထွက်ရာ အဆင့်ရှစ် မွန်းစတားသားရဲ တစ်ကောင်နှင့် သွားတိုးခဲ့သည်။ ထိုတိုက်ပွဲတွင် လင်းယွမ်အာ၏ မိဘနှစ်ပါး အသတ်ခံလိုက်ရပြီး ဟွမ်ကျွမ်း တစ်ယောက်သည်သာ ပင်လယ်ကမ်းခြေမြို့တော်သို့ ပြန်လည် ထွက်ပြေးလွတ်မြောက်လာနိုင်ခဲ့သည်။ ထိုအချိန်မှစ၍ လင်းယွမ်အာကို ဟွမ်ကျွမ်းမှ ကျွေးမွေးပြုစု စောင့်ရှောက်လာခဲ့ခြင်း ဖြစ်သည်။

ထိုစဉ်က လင်းယွမ်အာသည် အသက် သုံးနှစ်၊ လေးနှစ်သားလောက်သာ ရှိပေသေးသည့် အတွက် လူမှန်းသိတတ်စအရွယ်ဟု ပြော၍ရသည်။

လက်ရှိ လင်းယွမ်အာ အရင်းနှီးဆုံးလူကို ပြောပါဆိုလျှင် ဟွမ်ကျွမ်းကိုသာ ပြောပြရမည်။ သူမ၏ မိဘနှစ်ပါးသေသွားစဉ်က သုံးနှစ်သားလောက်သာ ရှိသေးသည့်အတွက် ငယ်ရွယ်စဉ်က မှတ်ဥာဏ်များကို သိပ်မမှတ်မိတော့ချေ။ သူမ သေချာမှတ်မိသည်ကား ဟွမ်ကျွမ်းနှင့်အတူ ကုန်ဆုံးခဲ့သည့် အချိန်များကိုပင်။ ဟွမ်ကျွမ်းသည် သူမအတွက် အမေတစ်ယောက်နှင့်ပင် တူပေသည်။

လင်းယွမ်အာ သူစိမ်းများကို ကြောက်သည့်အချက်ကား သူမ၏ မိဘနှစ်ပါးသည် လူအချို့ဆီမှ သူတော်စင်သလင်းကျောက် အနည်းငယ် ချေးငှားခဲ့ဖူးသည်။ သူမ၏ မိဘနှစ်ပါး သေသွားသည့်အကြောင်း သတင်းထွက်လာသည့်အခါ ထိုလူများသည် ဤနေရာသို့ ရောက်လာပြီး လင်းယွမ်အာကို ခေါ်သွားမည်လုပ်သည်။ သို့သော် ကံကောင်းစွာဖြင့် ဟွမ်ကျွမ်းမှ လင်းယွမ်အာ၏ မိဘများ ချေးထားသည့် အကြွေးများကို ဆပ်ပေးလိုက်နိုင်သည်။

လင်းယွမ်အာ၏ ဘဝမှာ အလွန် သနားစရာကောင်းလှသည်။ ငယ်ငယ်လေးနှင့် မိဘနှစ်ပါးကို ဆုံးရှုံးလိုက်ရသည်။ ဟွမ်ကျွမ်းကြောင့်သာ မဟုတ်လျှင် သူမ ယနေ့အချိန်ထိ အသက်ပင် ရှင်နိုင်ပါ့မလား မသိလေရာ။

ယခင်က လင်းယွမ်အာ၏ မိဘများ နေခဲ့သော အိမ်သည် ယခုအချိန်တွင် ဟွမ်ကျွမ်းနှင့် လင်းယွမ်အာတို့ နေနေသည့် နေရာ ဖြစ်နေခဲ့လေပြီ။

“အဲ့ဒါပဲ” ဟွမ်ကျွမ်းက ရှင်းပြလိုက်သည်။ ဟွမ်ကျွမ်း ရှင်းပြလိုက်ပြီးနောက် ရန်ကိုင် ခေါင်းညိတ်လိုက်ပြီး မိန်းမငယ်လေးအား ဂရုဏာသက်စွာ ကြည့်လိုက်သည်။

ထိုအချိန်တွင် တစ်ချိန်လုံး တိတ်ဆိတ်နေခဲ့သော လင်းယွမ်အာက ရုတ်တရက် ပြန်ပြောလိုက်သည် “ရှင်ယွမ်အာကို ခေါ်ဖို့ ရောက်လာတာလား”

အသံလေးသည် ကြည်လင်ချိုသာပြီး နားဝင်ပီယံလှသည်။

ထိုစကားကို ကြားသည့်အခါက ရန်ကိုင်ပြုံး၍ “ဟုတ်တယ်။ သမီးကို ခေါ်ဖို့ ရောက်လာခဲ့တာ”

သို့တိုင် လင်းယွမ်အာသည် နည်းနည်းလေးမှ ကြောက်ရွံ့သွားခြင်း မရှိခဲ့ပေ။ ခေါင်းလေး စောင်း၍သာ ပြန်မေးလိုက်သည် “နောက်နည်းနည်းလောက်ကြာမှ ပြန်လာလို့ မရဘူးလား”

“အို၊ ဘာလို့လဲ” ရန်ကိုင်က ပြန်မေးလိုက်သည်။

“ယွမ်အာက မကြာခင် ကြီးလာတော့မှာ။ အဲ့အချိန်ကျရင် ပင်လယ်သားရဲတွေ အများကြီးကို သွားအမဲလိုက်လို့ရပြီ။ အဲ့လို အမဲလိုက်နိုင်ရင် ဦးလိုအပ်တဲ့ သူတော်စင်သလင်းကျောက်တွေ အများကြီးကို ပေးလို့ရပြီ။ အဲ့အချိန်ကျရမယ့် သူတော်စင်သလင်းကျောက်တွေက ဦးတစ်သက်လုံး ဖြုန်းလို့ကုန်မှာ မဟုတ်အောင် များတဲ့ သူတော်စင်သလင်းကျောက်တွေနော်”

ရန်ကိုင်သည် အကြွေးလာတောင်းသည့်လူ ဖြစ်သည်ဟု သူမ ထင်နေခဲ့သည်။

သူမစကားကို ကြားပြီးနောက် ရန်ကိုင် အံ့အားသင့်သွားပြီး မရယ်ဘဲ မနေနိုင်အောင် ဖြစ်သွားခဲ့သည်။ ဟွမ်ကျွမ်း၏ အမူအရာလည်း အနည်းငယ် မဲ့သွားခဲ့သည်။

“ဟားဟားဟား။ ကောင်းတယ်။ ငယ်ပေမယ့် တကယ်ကို ရည်မှန်းချက်ကြီးတဲ့ ကောင်မလေးပါလား” ရန်ကိုင်က ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။

“ယွမ်အာကို မခေါ်သွားပါနဲ့နော်။ ယွမ်အာ အန်တီဟွမ်နဲ့ မခွဲချင်ဘူး” လင်းယွမ်အာက ထပ်ပြောလိုက်သည်။

ထိုစကားကို ကြားသည့်အခါ ဟွမ်ကျွမ်း၏ မျက်ဝန်းထဲ မျက်ရည်စများ ဝေ့သီလာခဲ့သည်။ လင်းယွမ်အာသည် သူမ၏ သမီးအရင်း မဟုတ်သော်လည်း သူမရင်ထဲ လင်းယွမ်အာကို သမီးအရင်း တစ်ယောက်ကဲ့သို့ သဘောထားပေသည်။ ယခု ထိုစကားကို ကြားသည့်အခါ သူမရင်ထဲ မလှုပ်ရှားဘဲ ဘယ်နေမည်နည်း။ အသာအယာ ထိုင်ချ၍ လင်းယွမ်အာကို ကြင်နာသိမ်မွေ့စွာ ပွေ့ဖက်လိုက်လေသည်။

“ဦးက ယွမ်အာကိုတင် မဟုတ်ဘူး။ ယွမ်အာရဲ့ အန်တီဟွမ်ကိုပါ ခေါ်သွားမှာဆိုတော့ ဘယ်လိုလုပ်ရမလဲ” ရန်ကိုင်က ဟန်ဆောင်ပန်ဆောင်ဖြင့် ပြန်မေးလိုက်သည်။

“ရှင် မကောင်းတဲ့လူကြီး” လင်းယွမ်အာသည် လက်သီးလက်မောင်းတန်းလျက် ရန်ကိုင်အား ပြန်ပြောလိုက်သည်။

ကလေးများ၏ အမြင်သည် အလွန်ကိုမှ ရိုးစင်းပေသည်။ သူတို့အား ထိခိုက်အောင် လုပ်သည့်လူသည် လူဆိုး၊ ကူညီပေးသည့်လူသည် လူကောင်း ဖြစ်သည်။

ရန်ကိုင်သည် ပြုံးသာပြုံးလိုက်ပြီး ပြန်တော့ ရှင်းပြမနေခဲ့ပေ။

“ဂိုဏ်းချုပ်…” ဟွမ်ကျွမ်း ရန်ကိုင်အား တုန့်ဆိုင်းတုန့်ဆိုင်းဖြင့် ကြည့်လိုက်သည်။

“အဆင်ပြေတယ်။ သူ့ကိုပါ ခေါ်လာလိုက်လို့ရတယ်” ရန်ကိုင်က ယဲ့ယဲ့လေးပြုံးလျက် ပြန်ပြောလိုက်သည်။ ဟွမ်ကျွမ်း ခေါ်လာမည့်လူသည် ကလေးတစ်ယောက်သာ ဖြစ်လေရာ သူဘာကြောင့် ငြင်းရမည်နည်း။

“ကျေးဇူးအများကြီး တင်ပါတယ် ဂိုဏ်းချုပ်” ဟွမ်ကျွမ်း ပျော်သွားခဲ့လေသည်။ ရန်ကိုင် သူမ၏ တောင်းဆိုချက်အား လက်ခံလိမ့်မည်ဟု ထင်ထားခဲ့သော်ငြား၊ သူမထင်ထားသလို မဟုတ်ဘဲ ရန်ကိုင်၏ သူမ၏ တောင်းဆိုချက်ကို ငြင်းဆန်ခဲ့မည်ဆိုလျှင် သူနောက်သို့ မလိုက်တော့ဘဲ ဤနေရာတွင်သာ နေကျန်ရစ်ခဲ့ပြီး လင်းယွမ်အာကို ဂရုစိုက်ရပေလိမ့်မည်။

“ယွမ်အာ၊ ဂိုဏ်းချုပ်ကို မြန်မြန် ကျေးဇူးတင်လိုက်လေ” ဟွမ်ကျွမ်းက လင်းယွမ်အာကို လက်တစ်ဖက်ဖြင့် ပွေ့ဖက်၍ ကျန်လက်တစ်ဖက်ဖြင့် ရန်ကိုင်ကို ညွှန်ပြကာ ပြောလိုက်သည်။

“မဟုတ်ဘူး။ သူက လူဆိုကြီး၊ ယွမ်အာကို ခေါ်သွားချင်နေတာ” လင်းယွမ်အာကမူ ယခုထိ လက်မခံသေးချေ။ လက်မခံရုံမက ရှေ့တက်ပြီးတော့ပင် ရန်ကိုင်အား လက်သီးဖြင့် ထိုးလိုက်လေသည်။

ထိုအခြင်းအရာကို မြင်သော် ရန်ကိုင်သည် ယဲ့ယဲ့လေးပြုံးလျက် သူ့လက်ဖြင့် သူမ၏ လက်သီးလေးကို လှမ်းကာလိုက်သည်။

ထိုအခြင်းအရာကို မြင်သော် ဟွမ်ကျွမ်း ကူကယ်ရာမဲ့စွာ ပြုံးလိုက်သည်။ ထိုကဲ့သို့ ကလေးဆန်သည့် အပြုအမူအပေါ် ရန်ကိုင် ဒေါမည်မဟုတ်မှန်း သူမသိသည်။ ထို့ကြောင့် ဝင်မရှုပ်ဘဲ ဘေးကနေသာ ရပ်ကြည့်လေသည်။

ဖတ်…

ကောင်မလေး၏ လက်သီးသည် ရန်ကိုင်၏ လက်ဝါးကို သွားရောက် ထိမှန်သည်။

သို့သော် ထိုအခိုက်တွင် အံ့အားသင့်ဖွယ်ရာ တစ်ခုခုကို ရှာတွေ့သွားသည့်နှယ် ရန်ကိုင် မျက်ခုံးပင့်သွားခဲ့သည်။ လင်းယွမ်အာအား အသာအယာ နောက်ပြန်တွန်းလိုက်ပြီး တမင်တကာ မခံချင်အောင် ထပ်စလိုက်သည် “အားနည်းလိုက်တာ။ ထပ်ကြိုးစားဦး”

“ဟွန့်” လင်းယွမ်အာသည် ကျားများကို ကြောက်ရမှန်းမသိသည့် မွေးကာစ သမင်ပေါက်လေး တစ်ကောင်နှယ် သူမ၏ နှုတ်ခမ်းအစုံကို ကွေး၍ ရန်ကိုင်အား ထပ်၍ ထိုးလိုက်သည်။

ခဏအကြာတွင် လင်းယွမ်အာ ပင်ပန်းလာပြီး ရန်ကိုင်ကို မှုန်ကုတ်နေသည့် အမူအရာဖြင့် စိုက်ကြည့်လိုက်သည်။ သူမလည်း မတတ်နိုင်တော့ချေ။ စဦးဒြပ်စင်အဆင့်တွေသာ ရှိသေးရာ သူမ၏ ခွန်အားဖြင့် ရန်ကိုင်အား မည်ကဲ့သို့ ထိခိုက်အောင် လုပ်နိုင်ပါမည်နည်း။ ထပ်တလဲလဲ ထိုးနေပြီး နောက်ဆုံး မောလာသည့်နောက်တွင် သူမလည်း ထပ်ပြီး မထိုးနိုင်တော့ချေ။

ရန်ကိုင်ကမူ ရတနာတုံးတစ်ခုကို တွေ့လိုက်ရသည့်နှယ် လင်းယွမ်အာအား တောက်ပသည့် မျက်လုံးအစုံဖြင့် စိုက်ကြည့်နေခဲ့သည်။

“ဘာဖြစ်လို့လဲ ဂိုဏ်းချုပ်” ရန်ကိုင်၏ အမူအအရာကို မြင်သော် ဟွမ်ကျွမ်းစိတ်ထဲ သံသယရိပ်တို့ ဖြတ်ပြေးသွားခဲ့သည်။

“သူဘယ်လောက် အားကောင်းလဲ ခင်ဗျား စမ်းသပ်ဖူးလား” ရန်ကိုင်သည် ဟွမ်ကျွမ်း၏ အမေးကို ပြန်မဖြေဘဲ ပြန်၍သာ မေးလိုက်သည်။

“မစမ်းဖူးဘူး” ဟွမ်ကျွမ်းက ဖြည်းဖြည်းချင်း ခေါင်းခါလိုက်ပြီး “ယွမ်အာကို ဘယ်လို ကျင့်ကြံရမလဲဘဲ သင်ပေးဖူးတယ်။ သူ့အရည်အချင်းကိုတော့ တစ်ခါမှ မစမ်းသပ်ဖူးဘူး”

“အဲ့ဒါကြောင့်ကိုး”

“ဘာဖြစ်လို့လဲဂိုဏ်းချုပ်၊ ယွမ်အာ၊ သူ… တစ်ခုခု ဖြစ်နေလို့လား” ဟွမ်ကျွမ်း ရုတ်တရက် စိုးရိမ်လာခဲ့သည်။

“ဘာမှမဖြစ်ဘူး” ရန်ကိုင်က ဖြည်းဖြည်းချင်း ခေါ်လိုက်ပြီး လင်းယွမ်အာကို ပြုံးလျက် ကြည့်ရင်း ပြန်ပြောလိုက်သည် “ဒီမိန်းကလေးရဲ့ ခွန်အားက… နည်းနည်း မြင့်လွန်းနေတယ်”

“သူ့ခွန်အားက မြင့်တယ်” ဟွမ်ကျွမ်း ကြောင်သွားခဲ့သည်။

“ဒီအကြောင်းကို ဂိုဏ်းရောက်မှ ပြောကြမယ်။ အခုပြောလို့ မကောင်းဘူး။ ပြီးတော့ ရိုးရိုးလေး ရှင်းပြလို့ ရတာမျိုးလည်း မဟုတ်ဘူး။ ကျုပ်ကိုယ်တိုင်တောင် သိပ်ပြီး သေချာသေးတာ မဟုတ်ဘူး” ရန်ကိုင်သည် အချိန်ကုန်ခံပြီး ရှင်းပြမနေတော့ချေ။

လင်းယွမ်အာသည် စဦးဒြပ်စင် အထွဋ်အထိပ်အဆင့်တွင်သာ ရှိနေသော်လည်း အလွန်ကို ငယ်သေးသည့်အတွက် ယွမ်ချီကိုသုံး၍ မည်ကဲ့သို့ တိုက်ခိုက်ရမည်လဲ ဆိုသည်ကို မသိသေးချေ။ ထို့ကြောင့် သူမ၏ လက်သီးချက်များသည် ခန္ဓာကိုယ်ခွန်အားကို သုံးပြီးတော့သာ ထိုးလိုက်ခြင်း ဖြစ်သည်။

သို့သော်လည်း သူမ၏ လက်သီးချက် တစ်ချက်စီတိုင်းသည် မကျင့်ကြံဖူးသော အရွယ်ရောက် လူကြီးတစ်ယောက်၏ လက်သီးချက်များကဲ့သို့ အားကောင်းပေသည်။

တကယ်ကို မယုံကြည်နိုင်စရာပင်။ ပိန်လှီလှီနှင့် အစာအာဟာရ ပြည့်ဝအောင် မစားရသော ခြောက်နှစ်၊ ခုနှစ်နှစ် အရွယ်လောက်သာ ရှိမည်ထင်ရသော မိန်းကလေးသည် ဤမျှအထိ အားကောင်းနေသည်။ မွေးရာပါ ခွန်အားကို ရထားခြင်းပေလော။ ကံမကောင်းစွာဖြင့် ရန်ကိုင်သည် ထိုကဲ့သို့သော ကိစ္စများနှင့် ပက်သက်လာလျှင် အရမ်းကြီး ဗဟုသုတ ကြွယ်ဝခြင်း မရှိသည့်အတွက် ဤကိစ္စကို ဤနေရာတွင် ရပ်ထားလိုက်သည်။ ဂိုဏ်းသို့ ပြန်ရောက်မှသာ သေချာသွားအောင် ထပ်စစ်ဆေးကြည့်ရပေမည်။

“ဟုတ်ကဲ့” ဟွမ်ကျွမ်းလည်း ထိုအကြောင်းကို ထပ်မေးမနေတော့ချေ။ လင်းယွမ်အာသည် ရန်ကိုင်ကို အထင်လွဲနေခဲ့သော်လည်း ဟွမ်ကျွမ်းမှ အကြောင်းစုံကို ရှင်းပြပြီးနောက်တွင် ဆက်ပြီး ငြင်းမနေတော့ချေ။

အိမ်ထဲတွင် ဘာမှထုပ်ပိုးစရာ မရှိသဖြင့် ဟွမ်ကျွမ်းသည် လင်းယွမ်အာ လက်ကိုဆွဲလျက် ပင်လယ်ကမ်းခြေမြို့တော်မှ ချက်ချင်း ထွက်ခွာလာခဲ့သည်။

All Chapters