← Chapters

အခန်း (၁၄၈၆-၁၄၉၀)

Vol. 60 Ch. 1486-1490

အခန်း (၁၄၈၆-၁၄၉၀)

Vol. 60 Ch. 1486-1490

အပိုင်း (၁၄၈၆)

သူတို့၏ မိတ်ဆက်စကားများကို ကြားပြီးနောက် ရန်ကိုင် မျက်ခုံးပင့်သွားခဲ့သည်။ ထိုလူအာလုံးသည် အင်အားစုတစ်ခုတည်းမှ မဟုတ်ကြဘဲ အင်အားစုအသီးသီးမှ ဖြစ်နေသည်ကို တွေ့ရှိလိုက်ရသည်။ အချင်းချင်း မတည့်ကြသည့် လူများပင် ပါသေးသည်။

ထို့ကြောင့် ရန်ကိုင်လည်း အနည်းငယ် ကြောင်သွားခဲ့သည်။

“ဒီလိုပါ ရောင်းရင်း” ဝူချန်ဆိုသော လူက ခင်မင်ရင်းနှီစွာပြုံးလျက် စကားစလိုက်၏ “ရောင်းရင်းကို ကြည့်ရတာ ဒီကို ရတနာရှာဖို့ လာခဲ့တာမလား”

“ဟုတ်တယ်” ရန်ကိုင်က ခေါင်းညိတ်လိုက်ပြီး “အဲ့တော့ ဘာဖြစ်လဲ”

ဝူချန်းက ရယ်သွမ်းသွေးလိုက်ပြီး “ရောင်းရင်း ဘာမှစိတ်ပူစရာမလိုပါဘူး။ ကျုပ်က ရောင်းရင်းကို ကျုပ်တို့နဲ့ အတူသွားဖို့ ဖိတ်ခေါ်ချင်တာ”

“မင်းနဲ့” ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့သည်။

“ဟုတ်တယ်” ဝူချန်က အလျင်အမြန် ခေါင်းညိတ်လိုက်ပြီး တစ်ဖက်သို့ လက်ညိုးထိုးလျက် “ဒီဝူရဲ့ ကျင့်ကြံခြင်းက သူတော်စင်ဘုရင် ဒုတိယအဆင့်ပဲ ရှိသေးတယ်။ အဲ့ကျင့်ကြံခြင်းက ဒီလောက်ကြီး မြင့်တာမဟုတ်ဘူး။ တကယ်တမ်း ပြောရရင် အစွန်းရောက်ဂိုဏ်းရဲ့ တပည့်တွေထဲမှာ တန်ခိုးရှင်အဆင့်ကို ရောက်နေတဲ့လူ တစ်ယောက်မှ မပါဘူး။ ကျုပ်တို့သာ ကျဆုံးဧကရာဇ်တောင်ကို စူစမ်းနေရင်း တန်ခိုးရှင်အဆင့် တစ်ယောက်နဲ့ ရင်ဆိုင်တွေ့ရင်…”

သူ့စကား မဆုံးသေးခင်မှာ ထိုလူ ဘာလုပ်ချင်နေလဲ ဆိုသည်ကို ရန်ကိုင် နားလည်သွားခဲ့သည်။ ထိုလူ ညွှန်ပြရာအရပ်တွင် သူနှင့် ဝတ်ရုံတူ ဝတ်ဆင်ထားသော အဖွဲ့တစ်ဖွဲ့ ရှိနေခဲ့သည်။ ထိုအဖွဲ့၏ ကျင့်ကြံခြင်းသည် သိပ်မမြင့်လှဘဲ အဖွဲ့သား အားလုံးသည် သူတော်စင်ဘုရင်အဆင့် ကျင့်ကြံသူများသာ ဖြစ်ကြသည်။ တန်ခိုးရှင်အဆင့် တစ်ယောက်ပင် မပါချေ။

အစွန်းရောက်ဂိုဏ်းသည် ကြည့်ရသလောက် သိပ်ပြီး အားကောင်းသည့်ပုံ မပေါ်ပေ။

“ငါ့ကို မင်းတို့ကို ကာကွယ်ပေးစေချင်တာလား” ရန်ကိုင်က မေးလိုက်သည်။

“အကင်းပါးတဲ့ လူတွေနဲ့ စကားပြောရတာ တကယ်ကို လွယ်တာပဲ။ အဲ့ဒါကို ကာကွယ်တယ်လို့ ပြောမယ့်အစား ပူးပေါင်းလုပ်ဆောင်တယ်လို့ ပြောရင် ပိုမှန်လိမ့်မယ်။ ဒါပေမယ့် အဓိကကတော့ ရောင်းရင်းရဲ့ ဆုံးဖြတ်ချက်ပါပဲ”

“ဘာကွာလို့လဲ” ရန်ကိုင် အံ့အားသင့်သွားခဲ့သည်။

“ကွာတာပေါ့” ရန်ကိုင် အနည်းငယ် စိတ်ဝင်စားလာသည်ကို မြင်သော် ဝူချန်သည် သံအား ပုတုန်း ထုရိုက်ထားရန် ဆုံးဖြတ်လိုက်သည် “ရောင်းရင်းသာ ကျုပ်တို့ကို ကာကွယ်ပေးရုံ သက်သက်ပဲ ဆိုရင် ကျုပ်တို့က ရောင်းရင်းကို ကာကွယ်ပေးခပဲ ပေးမှာ။ ကျဆုံးဧကရာဇ်တောင် ထဲက ရလာတဲ့ ပစ္စည်းအားလုံးကို ရောင်းရင်းကို ပေးမှာ မဟုတ်ဘူး။ ဒါပေမယ့် အတူ ပူးပေါင်းတယ်ဆိုရင်တော့ ရောင်းရင်းနဲ့ ကျုပ်တို့ အကျိုးအမြတ်ကို ဘယ်လို ခွဲဝေယူမလဲ ဆွေးနွေးလို့ရတယ်လေ”

ရန်ကိုင် ခေါင်းညိတ်လိုက်သည်။ တစ်ဖက်လူ ဘာကြောင့် သူနှင့် ပူးပေါင်းချင်နေသလဲ ဆိုသည်ကို နောက်ဆုံးတွင် သူနားလည်သွားခဲ့လေပြီ။ သူတို့တွင် အားကောင်းသည့် ကျင့်ကြံသူ တစ်ယောက်မှ မရှိသည့် အတွက်ကြောင့် သူနှင့် ပူးပေါင်းလိုခြင်း ဖြစ်သည်။ ရန်ကိုင်သည် ဤနေရာကို လာကတည်းက သူ့ကျင့်ကြံခြင်းကို မဖုံးကွယ်ထားသည့်အတွက် ဝူချန်သည် သူတော်စင်ဘုရင်အဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်လျှင်ပင် သူတန်ခိုးရှင်အဆင့် ကျင့်ကြံသူ တစ်ယောက် ဖြစ်သည်ကို အလွယ်တကူ သတိပြုနိုင်ပေသည်။

“မင်းတို့အားလုံးလည်း သူ့အတိုင်းပဲလား” ရန်ကိုင်က လူအုပ်ကြီးကို ဝေ့ကြည့်၍ မေးလိုက်သည်။

ထိုကျင့်ကြံသူအားလုံး ခေါင်းညိတ်လိုက်ကြပြီး သူတို့၏ မိသားစု သို့မဟုတ် ဂိုဏ်းနာမည်များကို အသီးသီး မိတ်ဆက်လိုက်ကြသည်။

“ငါနားလည်ပြီ’ ရန်ကိုင်က ရယ်သွမ်းသွေးလိုက်ပြီး အဓိပ္ပါယ်ပါပါ ပြုံးလျက် “အထဲရောက်တဲ့အခါ ငါစိတ်ပြောင်းသွားပြီး မင်းတို့ကိုသတ်၊ ရတနာတွေ အကုန်လုံးကို ငါတစ်ယောက်တည်း ယူသွားရင်ကော ဘယ်လိုလုပ်မလဲ”

ထိုစကားကို ကြားလိုက်သည့်အခါ ဝူချန်နှင့် အခြားသူအားလုံး၏ အမူအရာ တောင့်တင်သွားခဲ့လေသည်။ သို့သော် မကြာခင် ဝူချန်က ခြောက်ကပ်ကပ် ရယ်မောလျက် “ရောင်းရင်း နောက်နေတာပဲ”

“ငါဘာသာ နောက်နောက်မနောက်နောက်၊ ငါ့ဘာသာ ကျဆုံးဧကရာဇ်တောင်ထဲ တစ်ယောက်တည်း ဝင်နိုင်မှတော့ ဘာလို့ မင်းတို့နဲ့ အလုပ်ရှုပ်ခံပြီး ပူးပေါင်းနေရဦးမှာလဲ။ ငါ့ဘာသာ တစ်ယောက်တည်း လှုပ်ရှားမယ်ဆိုရင် ရလာတဲ့ ရတနာတွေကို မင်းတိုနဲ့ ခွဲဝေနေစရာ မလိုဘူး။ ပိုပြီးတော့တောင် အဆင်ပြေသေးတယ်လို့ ပြောလို့ရတယ်” ရန်ကိုင်က လှောင်ပြုံးပြုံးလျက် ပြန်ပြောလိုက်သည်။ သူ့အား သုံးနှစ်သားကလေးများ မှတ်နေလေသလား မသိလေရာ။ သူ ထိုလူများနှင့် အချိန်ကုန်ခံ စကားပြောနေရခြင်းမှာ ကျဆုံးဧကရာဇ်တောင်သို့ ယခုမှ ရောက်လာသည့် အတွက်‌ကြောင့် အကြောင်းစုံကို မသိရသေးအတွက် သတင်း နည်းနည်းပါးပါး စုံစမ်းလိုသည့် အတွက်ကြောင့်သာ ဖြစ်သည်။

“ဒီလိုဗျ… ရောင်းရင်းရဲ့။ ကျဆုံးဧကရာဇ်တောင်ထဲမှာ ရှိတဲ့ လိုဏ်ဂူတွေ၊ စံအိမ်တွေ တော်တော်များများက ကောင်းကင်စိတ်အာရုံနဲ့ ရှာလို့မရတဲ့ နေရာတွေမှာ ရှိနေတာဗျ။ ဒီတော့ ကျုပ်တို့သာ လူများများနဲ့ ရှာမယ်ဆို ပိုပြီး ရှာတွေ့နိုင်ချေ များတယ်လေ။ ပြီးတော့ အဲ့ထဲမှာ အစီအရင်တွေ၊ အကာအရံတွေ ရှိသေးတယ်။ အချို့ အစီအရင်တွေက လူတစ်ယောက်တည်းနဲ့ ဖွင့်လို့ရတဲ့ အစီအရင်တွေ မဟုတ်ဘူး။ လူအများကြီး ပူးပေါင်းပြီးမှ ဖွင့်လို့ရတဲ့ အစီအရင်တွေ။ ဒါကြောင့် အကုန်လုံးလိုလိုက အဖွဲ့ဖွဲ့ပြီး သွားနေကြတာ။ တစ်ယောက်တည်း သွားတဲ့လူ အရမ်း နည်းတယ်”

“မင်းပြောတာ ယုတ္တိတော့ရှိတယ်” ရန်ကိုင်က အသာအယာ ခေါင်းညိတ်လိုက်သည်။

ဝူချန်နှင့် အခြားသူများ ပျော်သွားပြီး ထိုအကြောင်းကို ထပ်ပြောတော့မည်အပြု ရန်ကိုင်က ရုတ်တရက် လက်ဝှေ့ရမ်း၍ “ဒါပေမယ့် ငါအခုမှ ရောက်တာဆိုတော့ တောင်ထဲဝင်ဖို့ မစဉ်းစားသေးဘူး။ မင်းတို့ အခြားတစ်ယောက် သွားရှာလိုက်တာ ပိုကောင်းလိမ့်မယ်”

ပြောပြီးသည်နှင့် ရန်ကိုင် ထွက်သွားလေသည်။

ထိုလူများနှင့် အစကတည်းက မပူးပေါင်းလိုခြင်း ဖြစ်သည်။

ဝူချန်နှင့် အခြားသူများ စိတ်ပျက်သွားကြသော်လည်း ရန်ကိုင်၏ လမ်းအား မပိတ်ရဲသဖြင့် ခေါင်းတခါခါဖြင့်သာ ပြန်ထွက်သွားကြလေသည်။

ထိုလူများကို မောင်းထုတ်ပြီးနောက်၊ ရန်ကိုင်သည် ကျဆုံးဧကရာဇ်တောင်ထဲသို့ ချက်ချင်း ဝင်မသွားသေးဘဲ ဆိုင်တန်းများနား လမ်းလျှောက်ရင်း ဆက်သွယ်ရေး မှော်ရတနာကို ထုတ်ကာ ထိုထဲသို့ ကောင်းကင်စိတ်အာရုံ ထည့်သွင်းလိုက်သည်။

ကံမကောင်းစွာဖြင့် မည်သည့် တုန့်ပြန်မှုမှမရသဖြင့် ခေါင်းတခါခါဖြင့်သာ ဆက်သွယ်ရေး မှော်ရတနာကို ပြန်သိမ်းထားလိုက်ရလေသည်။

ချင်းတုန်တို့သည် သူနှင့် အလွန်ဝေးကွာသော နေရာတွင် ရှိနေသည့်ပုံပင်။ မဟုတ်လျှင် သူ့အနေဖြင့် ထိုလူများကို ဆက်သွယ်၍ မရဘဲ နေလိမ့်မည် မဟုတ်ချေ။

ရန်ကိုင်သည် ထိုပစ္စည်းများကို အမှန်တကယ် စစ်ဆေးနေခြင်း မဟုတ်ချေ။ ထိုဆိုင်များတွင် ပစ္စည်းကောင်းများစွာ ရှိသော်လည်း ထိုပစ္စည်းအားလုံးသည် ရန်ကိုင်အတွက် ဘာမှမဟုတ်ချေ။ ထို့အပြင် ထိုဆိုင်များတွင် ရှိနေသော ပစ္စည်းများသည် သာမန် ပစ္စည်းများသာ ဖြစ်ကြသည်။ အဖိုးတန်သည့် ပစ္စည်း တစ်ခုတစ်လေမှ မပါဝင်ချေ။ သူတို့တွင်သာ အဖိုးတန်သည့် ပစ္စည်းတစ်ခုခု ရှိလျှင် ကိုယ့်ဘာသာ သိမ်းထားပေလိမ့်မည် ဖြစ်ကာ ဤနေရာတွင် လာရောင်းနေလိမ့်မည် မဟုတ်ချေ။

တကယ့် ရတနာနှင့် ရတနာအတုများကို မခွဲတတ်သည့် လူများလည်း ရှိပေသည်။ သို့သော် ထိုသို့သော လူများမှာ အလွန်ကိုမှ နည်းပါးပေသည်။

ရန်ကိုင် ဤနေရာတွင် လျှောက်ပတ်သွားနေရခြင်းမှာ သတင်း အချက်အလက် စုဆောင်းလိုသည့် အတွက်ကြောင့် ဖြစ်ပေသည်။ အနည်းဆုံး အခြားသူများ ပြောနေသည်ကို နားထောင်ရင်းမှ ကျဆုံးဧကရာဇ်တောင်တွင်းရှိ အခြေအနေကို အကြမ်းဖျင်း သိနိုင်ပေသည်။

ဤနေရာတွင် မရေမတွက်နိုင်သော လူပေါင်းများစွာ ရှိသဖြင့် ရန်ကိုင်အဖို့ သတင်း အချက်အလက်အချို့ ရရန်မှာ မခက်ခဲပါချေ။

ဂိုဏ်းပျက်ကြီး တစ်ခုကိုမူ အမှန်တကယ် ရှာတွေ့ခဲ့ခြင်း ဖြစ်သည်။ ထိုဂိုဏ်းပျက်ကြီးသည် ကျဆုံးဧကရာဇ်တောင်၏ အတွင်းပိုင်းတွင် တည်ရှိပေသည်။ ယခု ပညာရှင်များစွာတို့သည် ထိုနေရာဆီသို့ အပြေးသွားနေကြသည်။ ဂိုဏ်းမှာ ပျက်စီးနေပြီး ဖြစ်သော်လည်း ဂိုဏ်းအား ကာကွယ်ထားသည့် အစီအရင်သည် အလွန်ကိုမှ အားကောင်းလှသဖြင့် ယခုအချိန်ထိတိုင် မည်သူမှ မချိုးဖျက်နိုင်သေးဘဲ ထိုနေရာသို့ အရင်ရောက်ပြီးသော လူများသည် လူအသစ်များ ထပ်ရောက်လာမည်ကိုသာ စောင့်ဆိုင်းနေကြရသည်။ လူများလာသည့် အခါမှ လူများစွာ၏ ခွန်အားဖြင့် ထိုအစီအရင်ကို ချိုးဖျက်ရန် စဉ်းစားထားကြခြင်း ဖြစ်သည်။

ယန်ယန်သာ ဤနေရာတွင် ရှိနေလျှင် ထိုအစီအရင်ကို အသာလေး ဖျက်စီးနိုင်ပေလိမ့်မည်။ ကံမကောင်းစွာဖြင့် သူမသည် မဟာဧကရာဇ်၏ အစစ်အမှန် ခန္ဓာကိုယ်နှင့် ပေါင်းစပ်သွားပြီ ဖြစ်သည့် အတွက်ကြောင့် သူ့အတွေးသည် စိတ်ကူးယဉ် အိမ်မက်သက်သက်သာ ဖြစ်သွားတော့သည်။

ယန်ယန် အကြောင်း ပြန်စဉ်းစားမိလိုက်သည့်အခိုက် ရန်ကိုင် သက်ပြင်းချမိလိုက်သည်။

ထိုမိန်းကလေးသည် အရိပ်ကြယ်ပေါ်ရှိ လူများအနက် ရန်ကိုင် အရင်းနှီးဆုံး လူတစ်ယောက် ဖြစ်ပေသည်။ သူမသည် ရန်ကိုင် နိမ့်ကျနေစရာမှ အစပြု၍ တဖြည်းဖြည်း မြင့်တက်လာသည်အထိ သူ့နောက်သို့ လိုက်ခဲ့သည်။ သို့သော်လည်း သူမ၏ တကယ့် အစစ်အမှန် ဘဝသည် ဤမျှ ထူးခြားလိမ့်မည်မှန်း သူမည်ကဲ့သို့ သိခဲ့ပါမည်နည်း။

အတိတ်အကြောင်း ပြန်စဉ်းစားနေရင်း ရုတ်တရက် ရန်ကိုင်၏ မျက်လုံးထဲ အလင်းတစ်ချက် လက်သွားခဲ့ပြီး လူကျဲပါးရာ အရပ်ဆီသို့ လမ်းလျှောက်ထွက်သွားလေသည်။

ခဏကြာအောင်‌ လျှောက်နေပြီးနောက် ရုတ်တရက် နောက်သို့ လှည့်၍ ပြုံးကာ မေးလိုက်လေသည် ‘ရောင်းရင်း၊ ဘာလို့ ဒီရန်နောက်ကို ခိုးကြောင်ခိုးဝှက်နဲ့ လိုက်နေတာလဲ”

အံ့အားသင့်နေသည့် အသံတစ်သံနှင့်အတူ လူရိပ်တစ်ခု ရန်ကိုင်နှင့် မနီးမဝေးတွင် ပေါ်လာခဲ့သည်။ ထိုလူသည် ရန်ကိုင်အား အံ့အားသင့်ထိတ်လန့်နေသည့် အမူအရာဖြင့် ကြည့်၍ “မင်းဒီကျန်းရဲ့ ကိုယ်ပျောက်နည်းစနစ်ကို ဖောက်မြင်နိုင်တာလား”

ရန်ကိုင် နှာခေါင်းရှုံ့လိုက်ပြီး ထိုလူအား ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေးကြည့်လိုက်သည်။ ထိုလူသည် အသက်ငါးဆယ် အရွယ်လောက်ရှိမည့် တန်ခိုးရှင် ဒုတိယအဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်သည်။ သူ့ဆံပင်များမှာ မီးခိုးရောင်သန်းနေပြီး သူ့သူတော်စင်ချီသည် သိပ်ပြီး မသန့်စင်လှပေ။

ထိုလူအိုကြီးသည် သူ့ထက် ကျင့်ကြံခြင်းအဆင့်တစ်ဆင့် ပိုမြင့်သော်လည်း ရန်ကိုင် သူ့အား နည်းနည်းလေးမှ မကြောက်ချေ။

သူ့ထက် ကျင့်ကြံခြင်းအဆင့်နှစ်ဆင့် ပိုမြင့်သော တန်ခိုးရှင်တတိယအဆင့်များကိုပင် သတ်လာခဲ့ရာ တန်ခိုးရှင်ဒုတိယအဆင့် တစ်ယောက်လောက်ကို ဘာကြောင့် ကြောက်နေရမည်နည်း။ ထို့အပြင် တစ်ဖက်လူ၏ အမူအရာအရ သူ့အပေါ် မကောင်းကြံလိုသည့် ရည်ရွယ်ချက်ဖြင့် နောက်ယောက်ခံလိုက်နေခြင်း မဟုတ်လောက်ချေ။ ထို့ကြောင့် တစ်ဖက်လူ၏ ရည်ရွယ်ချက်ကို သေသေချာချာ ရေရေရာရာ မသိရခင်အထိ ချက်ချင်းကြီး မတိုက်ခိုက်ရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

“စိတ်မဆိုးပါနဲ့ကွာ။ ဒီကျန်းက မကောင်းတဲ့ ရည်ရွယ်ချက်နဲ့ မင်းနောက် လိုက်နေတာ မဟုတ်ပါဘူးကွ” မျိုးရိုးနာမည်ကျန်းနှင့် ကျင့်ကြံသူက အလျင်အမြန် ပြောလိုက်သည်။ သူစိမ်း တစ်ယောက်နောက်သို့ ခိုးကြောင်ခိုးဝှက်ဖြင့် လိုက်ခြင်းသည် ရန်စသည့် သဘောမျိုး ရောက်သည့်အတွက် အလျင်အမြန် ပြောလိုက်ခြင်း ဖြစ်သည်။ ရန်ကိုင်၏ ကျင့်ကြံခြင်းသည် သူ့ထက် ပိုနိမ့်သော်လည်း ဤနေရာသို့ လူပေါင်းစုံ ရောက်နေခြင်း ဖြစ်သည်။ အချို့ လူများသည် သူတို့၏ ခွန်အားကို အပေါ်ယံအမြင်နှင့် သွားဆုံးဖြတ်၍ မရသည်အထိ အားကောင်းလှ၏။ ထို့ကြောင့် မလိုလားအပ်ဘဲ သူလည်း ရန်ကိုင်နှင့် ပြဿနာ မဖြစ်ချင်ချေ။

“ကျုပ်သိတယ်” ရန်ကိုင်က ယဲ့ယဲ့လေးပြုံးလျက် “ဒါပေမယ့် ခင်ဗျားကျုပ်နောက် ဘာလို့ လိုက်နေလဲဆိုတာ ကျုပ်သိချင်တယ်”

“ဟဲဟဲ၊ အဲ့ဒါဆို ဒီလူအိုကြီး ပွင့်ပွင့်လင်းလင်းပဲ ပြောတော့မယ်” ထိုလူအိုကြီးသည် ရန်ကိုင်ထက် အသက်ကြီးသော်လည်း နှစ်ဦးစလုံးသည် တန်ခိုးရှင်အဆင့် ကျင့်ကြံသူများသာ ဖြစ်ကြသည့်အတွက် သူ့ကိုယ်သူ စီနီယာဟန်ဖြင့် မပြောခဲ့ချေ။ “မိတ်ဆွေလေး အဆင်ပြေရင် မိတ်ဆွေလေး ဘယ်လို သူတော်စင်ချီမျိုးကို ကျင့်ကြံထားလဲဆိုတာကို ဒီလူအိုကြီးကို ပြောပြလို့ ရမလား”

“ဘာလို့ ပြောပြရမှာလဲ” ရန်ကိုင်က မျက်မှောင်ကြုတ်၍ ပြန်ပြောလိုက်သည်။

“ဒီလူအိုကြီးက ကျင့်စဉ်တစ်ခုခုကို ကျင့်ကြံထားတဲ့ လူတစ်ယောက်ကို ရှာနေတာ။ မိတ်ဆွေလေးအတွက် အဆင်မပြေဘူး ဆိုရင်လည်း ထားလိုက်ပါ။ ဒီလူအိုကြီး အခြား တစ်ယောက်ပဲ သွားရှာလိုက်တော့မယ်” မျိုးရိုးနာမည်ကျန်းနှင့် လူအိုကြီးက ပြန်ပြောလိုက်သည်။

ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့ပြီး ခဏမျှ စဉ်းစားပြီးနောက် ပြန်ပြောလိုက်သည် “ကြည့်ကြည့်လိုက်”

ပြောပြီးသည့်နောက် သူ့လက်ကို ဆန့်ထုတ်၍ မည်းနက်နေသော နတ်ဆိုးမီးတောက်ကို ထုတ်ပြလိုက်လေသည်။

ရန်ကိုင် လက်ဝါးပေါ်ရှိ မီးတောက်ကို မြင်သည့်အခါ မျိုးရိုးနာမည်ကျန်းနှင့် လူအိုကြီး၏ မျက်နှာ ဝင်းလက်သွားခဲ့လေသည် “မီးဓါတ်လား။ နောက်ဆုံးမှပဲ တွေ့တော့တယ်”

“ခင်ဗျားက မီးဓါတ်အမျိုးအစား သူတော်စင်ချီကို ကျင့်ကြံထားတဲ့ လူကို ရှာနေတာလား” ရန်ကိုင်က မျက်မှောင်ကြုတ်လျက် ပြန်မေးသည်။

“ဟုတ်တယ်” မျိုးရိုးနာမည်ကျန်းနှင့် လူအိုကြီး၏ အမူအရာ တစ်ဖန် ပြန်တည်ကြည်သွားခဲ့ပြီး “ဒီလူအိုကြီး လူဆယ်ယောက်ကျော်လောက်ကို လိုက်မေးပြီးသွားပြီ။ ဒါပေမယ့် တစ်ယောက်မှ မီးဓါတ်ကျင့်စဉ်ကို မကျင့်ကြံထားကြဘူး။ မိတ်ဆွေလေး အဆင်ပြေမယ်ဆိုရင် အခြားတစ်နေရာသွားပြီး အသေးစိတ် သွားဆွေးနွေးကြမလား”

ပြောပြီးသည်နှင့် ရန်ကိုင်အား စိတ်အား ထက်သန်စွာ ကြည့်လိုက်လေသည်။

ရန်ကိုင် တုန့်ဆိုင်းနေသည်ကို မြင်သော် လူအိုကြီးကျန်းသည် အံကြိတ်၍ သူ့အား ကောင်းကင်စိတ်အာရုံဖြင့် တစ်ခုခု လှမ်းပြောလိုက်လေသည်။

“အို၊ တကယ်ကြီးလား” ရန်ကိုင် အံ့အားသင့်သွားပြီး ချက်ချင်း ခေါင်းညိတ်လိုက်လေသည် “အဲ့လိုဆိုမှတော့ သွားကြတာပေါ့”

“ကျေးဇူးပြုပြီး” ရန်ကိုင် သဘောတူလိုက်သည်ကို မြင်သော် ကျန်းရှန် ပျော်သွားပြီး ချက်ချင်းပဲ အခြားတစ်ဖက်သို့ အလျင်စလို လှည့်ထွက်သွားလေသည်။

ရန်ကိုင်သည် လူအုပ်ကြီးကို ဖြတ်ကျော်၍ ပိုပို၍ လူသူခြောက်ကပ်သော နေရာတစ်ခုဆီသို့ လိုက်လာခဲ့သည်။ သူ့ခွန်အားအပေါ် ယုံကြည်ချက်ရှိသည့်အတွက် ထိုလူအိုကြီး သူ့အား လှည့်ဖျားရန် ကြိုးစားမည်ကို လုံးဝ မကြောက်ချေ။

ခဏကြာပြီးနောက်တွင် လူအုပ်ကြီးဆီမှ ဆယ်မိုင်ခန့် ဝေးကွာသော လူသုံးယောက် တင်ပလင်ခွေထိုင် နားနေသည့် တောင်စောင်းတစ်ခုဆီသို့ ရန်ကိုင်တို့ နှစ်ယောက် ရောက်လာခဲ့၏။

ရန်ကိုင် အံ့အားသင့်သွားခဲ့ပြီး ထိုလူသုံးယောက်ကို ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေးကြည့်လိုက်ရာ သုံးယောက်စလုံးသည် တန်ခိုးရှင်ဒုတိယအဆင့် ကျင့်ကြံသူများ ဖြစ်နေကြောင်း တွေ့ရှိလိုက်ရလေသည်။

ထိုလူ သုံးယောက်အနက်တွင် နှစ်ယောက်သည် အမျိုးသားများ ဖြစ်ကြပြီး တစ်ဦးသည် အမျိုးသမီး ဖြစ်သည်။ အမျိုးသား နှစ်ယောက်အနက် တစ်ယောက်သည် ကျန်းရှန်နှင့် အသက်တူလောက် ရှိမည်ထင်ရပြီး ကျန်နှစ်ယောက်သည် ပို၍ ငယ်ရွယ်ဟန် ရပေသည်။ အသက်ငယ်ငယ် နှစ်ယောက်တွင် ယောကျာ်လေးသည် အတော်လေး တုတ်ခိုင်ထွားကြိုင်းပြီး အမျိုးသမီးမှာမူ ပိန်သွယ်သွယ်နှင့် စွဲမက်ဖွယ်ကောင်းသည့် မိန်းကလေး တစ်ယောက် ဖြစ်ပေသည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၄၈၇)

တစ်ယောက်ယောက်‌ ရောက်လာသည်ကို သတိပြုမိသော် ထိုလူနှစ်ယောက်စလုံး မျက်လုံးပိတ်နေရာမှ ပွင့်လာခဲ့ကြသည်။ ကျန်းရှန် လူတစ်ယောက် ခေါ်လာသည်ကို မြင်သော် နှစ်ဦးစလုံး ရန်ကိုင်ကို စတင် စစ်ဆေးကြတော့သည်။

“ရောင်းရင်းကျန်း ဘာလို့ ဒီလောက်တောင် ကြာနေတာလဲ။ မင်းသေသွားပြီလို့တောင် ငါထင်နေတာ” တင်ပလင်ခွေထိုင်နေသော လူအိုကြီးက ပြောလိုက်သည်။

“ဟဲဟဲ၊ ငါလိုချင်နေတဲ့ လူကို ရှာဖို့က ထင်ထားတာထက် ခက်နေတာကိုးကွ။ ဒါပေမယ့် ကံကောင်းပြီးတော့ ဒီညီငယ်လေးကို တွေ့လာတယ်လေ” ကျန်းရှန်က ရှင်းပြလိုက်သည်။

သင့်လျော်သော လူကို ရှာတွေ့ရန် တကယ်ကို ခက်ခဲပေသည်။ ကျန်းရှန်သည် မီးဓါတ် ကျင့်စဉ်ကို ကျင့်ကြံထားပြီး သင့်တော်သော ခွန်အားကို ပိုင်ဆိုင်ထားသော လူတစ်ယောက်ကို ရှာနေခဲ့ခြင်း ဖြစ်သည်။ အရမ်းကြီး အားကောင်းသည့် လူဆိုလျှင်လည်း မဖြစ်လှ၊ အခြေအနေ တစ်ခုလုံးကို ထိန်းချုပ်သွားနိုင်သည်။ အားနည်းလွန်းသူဆိုလျှင်လည်း မဖြစ်ပြန်။ သူတို့၏ ခရီးလမ်းကို နှောင့်နှေးစေနိုင်သည်။

ထို့ကြောင့် တန်ခိုးရှင် ပထမအဆင့်၊ ဒုတိယအဆင့်လောက်သည် အကောင်းဆုံး ဖြစ်သည်။

ထို့အပြင် ကျဆုံးဧကရာဇ်တောင် အပြင်ဘက်ရှိ ကျင့်ကြံသူများသည် တစ်ယောက်တည်း မဟုတ်ကြတော့ဘဲ အများစုသည် အဖွဲ့နှင့် ဖြစ်နေကြလေပြီ။ ထို့ကြောင့် တစ်ဦးတည်း နေနေသည့် ကျင့်ကြံသူတစ်ယောက်ကို ရှာတွေ့ရန်မှာ အတော်လေး ခက်လှပေသည်။ ကျန်းရှန် တောင်အပြင်ဘက်တွင် နှစ်ရက်သုံးရက်လောက်ကြာအောင် လျှောက်ပတ်သွားလာနေပြီး လူဆယ်ယောက်လောက်ကို မေးမြန်းခဲ့‌သော်လည်း ရန်ကိုင် တစ်ယောက်သည်သာ သူ့လိုအပ်ချက်နှင့် ပြည့်မှီခဲ့သည်။

“တန်ခိုးရှင် ပထမအဆင့်လား” လူထွားကြီးက အေးစက်စက် လေသံဖြင့် “အဲ့ခွန်အားလေးနဲ့ ဆိုရင် အကာအရံကို ဖျက်စီးဖို့ ပိုခက်သွားမှာ မဟုတ်ဘူးလား။ ဒီကောင်သာ ဘာမှမလုပ်နိုင်ရင် ကျုပ်တို့ အချိန်ကုန် လူပင်ပန်း ဖြစ်ကုန်မှာနော်”

သူသည် ဒုတိယတန်ခိုးရှင်အဆင့် ဖြစ်ပြီး ရန်ကိုင်ထက် ကျင့်ကြံခြင်းအဆင့် တစ်ဆင့်သာ ပိုမြင့်သော်လည်း လေသံမှာကား မိုးထိလောက်အောင် မြင့်လှပေသည်။ သို့သော်လည်း ရန်ကိုင်ကမူ ပြုံးသာပြုံးလိုက်ပြီး ဘာမှ ပြန်မပြောမနေခဲ့ချေ။

ကျန်းရှန်က အလျင်အမြန် ပြန်ပြောလိုက်သည် “ပထမအဆင့်က ဘာမှမဖြစ်ဘူး။ ဆေးသောက်ပြီး သူတော်စင်ချီ ပြန်ဖြည့်ပြီး အစီအရင်ကို ဖျက်စီးလို့ရတယ်။ အစီအရင်ကို ဖျက်စီးဖို့က အဲ့လောက် ခက်တာမဟုတ်ဘူး။ အဓိက လူအရေအတွက်နှင့် သင့်လျော်တဲ့ စွမ်းအင် အမျိုးအစားတွေ အလုံအလောက် ရှိဖို့ပဲ။ အဲ့ဒါတွေသာ ရှိသွားပြီဆိုရင် အစီအရင်ကို ဖျက်စီးလို့ ရသွားပြီ။ နည်းနည်း မြန်တာနဲ့ နည်းနည်း နှေးသွားတာပဲ ကွာလိမ့်မယ်”

“ရောင်းရင်းကျန်းက အဲ့လို ပြောမှတော့လည်း” လူထွားကြီးသည် ထိုအကြောင်းနှင့် ပက်သက်ပြီး ဆက်၍ နားပူနားဆာ လုပ်မနေတော့ချေ။

“လူတွေ စုံပြီဆိုမှတော့ ကျွန်မတို့ ထွက်ကြရအောင် လူအိုကြီးကျန်း၊ အဲ့နေရာက တော်တော်လေး ချောင်ကျတယ် ဆိုပေမယ့် အခြားလူတွေ မရှာတွေ့နိုင်တာ မဟုတ်ဘူး။ အခု ကျဆုံးဧကရာဇ်တောင်ကို လူတွေ ပိုပိုပြီး ရောက်လာနေတာ ကျွန်မတို့ မြန်မြန် သွားတာ အကောင်းဆုံး ဖြစ်လိမ့်မယ်” အဖွဲ့ထဲရှိ တစ်ဦးတည်းသော အမျိုးသမီးသည် ကြားဖြတ်ဝင်၍ ပြောလိုက်လေသည်။

“ညီမရီ ပြောတာ အမှန်ပဲ။ လူစုံပြီဆိုတော့ သွားကြတာပေါ့” ကျန်းရှန် ဘာမှ ပြန်မပြောခဲ့ချေ။ သူ့ကြယ်လွန်းပျံကို ထုတ်၍သာ ကျဆုံးဧကရာဇ်တောင် အတွင်းပိုင်းထဲသို့ ပျံသန်းသွားလေသည်။

အခြား လေးယောက်သည် အကြည့်ချင်းဖလှယ်လျက် သူ့နောက်သို့ အလျင်အမြန် လိုက်သွားခဲ့ကြသည်။

သွားနေရင်း အကုန်လုံး သူတို့ကိုယ်သူတို့ မိတ်ဆက်သွားခဲ့ကြသည်။ အချင်းချင်း ပူးပေါင်းတော့မည် ဖြစ်လေရာ တစ်ယောက်အကြောင်း တစ်ယောက် နည်းနည်းပါးပါးလောက် သိထားလျှင် အကောင်းဆုံး ဖြစ်သည်။ အသေးစိတ် သိစရာ မလိုချေ။ ကျန်းရှန်အပြင်၊ အခြား လူအိုကြီးသည် ဟဲဝေဖြစ်ပြီး လူထွားကြီးသည် ချန်လီ ဖြစ်ကာ တစ်ဦးတည်းသော အမျိုးသမီးသည် ရီလင် ဖြစ်ပေသည်။

ရန်ကိုင်သည် သူ့ကိုယ်သူ မိတ်ဆက်သည့်အခါ သူ့မျိုးရိုးနာမည်ကိုသာ ပြောပြလိုက်သည်။

သူ့နာမည်ကိုတော့ မပြောပြခဲ့ချေ။ လက်ရှိ သူသည် အရိပ်ကြယ်တစ်ခွင် လျှမ်းလျှမ်းတောက် ကျော်ကြားနေသူ တစ်ဦးဖြစ်သည်။ သူ့နာမည်ကို လူတိုင်းလိုလို သိနေမည် ဖြစ်လေရာ သူ့နာမည်ကိုသာ ပြောပြလိုက်ပါက မေးခွန်းထုတ်စရာများ ဖြစ်လာနိုင်သည်။ သို့သော် သူ့မျိုးရိုးနာမည်ကိုတော့ မည်သူမှ အဲ့လောက်ကြီး ဂရုမစိုက်ကြပေ။

ကျန်းရှန်သည် ကျဆုံးဧကရာဇ်တောင် အတွင်းပိုင်းထဲတွင် ရှေးဟောင်းလိုဏ်ဂူတစ်လုံးကို မတော်တဆ ရှာတွေ့ခဲ့သည်။ ကံမကောင်းစွာဖြင့် ထိုလိုဏ်ဂူအစီအရင်ကို အားကောင်းသော အစီအရင်တစ်ခုဖြင့် ကာကွယ်ထားခဲ့သည်။ ရက်ပေါင်းများစွာ ကြိုးစားကြည့်သည့်တိုင် သူတစ်ဦးတည်း ထိုအစီအရင်ကို မဖျက်စီးနိုင်သဖြင့် တောင်အပြင်သို့ ပြန်ထွက်လာပြီး အကူ ရှာရတော့လေသည်။

ကံမကောင်းစွာဖြင့် အစီအရင်များကို လေ့လာဖူးသည့်အတွက် ထိုအကာအရံကို တစ်ဦးတည်းခွန်အားဖြင့် မဖျက်စီးနိုင်ခဲ့သော်လည်း အစီအရင်အား ဖျက်စီးနိုင်မည့် နည်းလမ်းကို အဖြေရှာနိုင်ခဲ့သည်။ ထိုအစီအရင်သည် သူဖတ်ခဲ့သည့် စာအုပ်များထဲမှ ဖော်ပြထားသလောက် ဒြပ်ကြီးငါးပါး ပျက်ပြယ်ခြင်း အစီအရင်တစ်ခု ဖြစ်သည်။

ထိုအစီအရင်တွင် အားသာချက်ရှိသလို အားနည်းချက်လည်း ရှိသည်။ အားသာချက်မှာ အစီအရင်ကို ရှာတွေ့ရန် အလွန်ကိုမှ ခက်ခဲခြင်း ဖြစ်သည်။ ဖျက်စီးဖို့လည်း အလွန် ခက်ပေသည်။ သို့သော်လည်း ဒြပ်ကြီးငါးပါး စွမ်းအင်များကို ကျင့်ကြံထားသည့် လူငါးယောက်သာ စုစည်းနိုင်လျှင် ထိုအစီအရင်ကို ဖျက်စီးဖို့ရာ အရမ်းကြီးမ ခက်တော့ပေ။

ထိုအစီအရင်သာ အထွတ်အထိပ် အခြေအနေတွင် ရှိနေမည်ဆိုပါက တန်ခိုးရှင်ဘုရင်အဆင့် ငါးယောက် ပူးပေါင်းပြီး ဖျက်စီးမှ ရနိုင်လောက်သည့် အစီအရင်တစ်မျိုး ဖြစ်သည်။ သို့သော်လည်း ထိုအစီအရင်အား ခင်းကျင်းထားခဲ့သည်မှာ နှစ်ပေါင်း သောင်းနှင့်ချီနေပြီ ဖြစ်သည့်အတွက် အစီအရင်၏ စွမ်းအားသည် သိသိသာသာကို လျော့ကျနေခဲ့လေပြီ။ လက်ရှိတွင် အစီအရင်ကို ဖျက်စီးရန်အတွက် တန်ခိုးရှင်အဆင့် ငါးယောက်နှင့်ပင် လုံလောက်နေလေပြီ။

ကျန်းရှန်မှ ရှေးဟောင်းကျင့်ကြံသူ တစ်ယောက်၏ လိုဏ်ဂူတစ်လုံးကို တွေ့ထားသည့် ပြောခဲ့သည့်အတွက်ကြောင့် ရန်ကိုင် သူ့နောက်သို့ လိုက်လာခြင်း ဖြစ်သည်။

မည်သို့ပင် ဖြစ်စေကာမူ ချင်းတုန်တို့ကို ရှာရန်အတွက် အတွင်းပိုင်းထဲသို့ ဝင်ရမည် ဖြစ်လေရာ သွားရင်းလာရင်း အကျိုးအမြတ် နည်းနည်းပါးပါး ရှာသွားသည်မှာ ပို၍ မကောင်းပေလော။ ထို့ကြောင့် ကျန်းလေးယောက်နှင့် ယှဉ်လိုက်လျှင် ရန်ကိုင်သည် အရမ်းကြီး စိတ်အားတက်ကြွနေခြင်းတော့ မရှိချေ။

အစီအရင်အကြောင်းကို ရှင်းပြပြီးသွားသည်နှင့် ကျန်းရှန်၏ အမူအရာ တည်ကြည်သွားပြီး “အကာအရံ ပျက်စီးသွားပြီဆိုရင် အထဲမှာ ရတနာ အားလုံးရဲ့ လေးဆယ်ရာခိုင်နှုန်းကို ငါယူမယ်။ ကျန်တဲ့ ခြောက်ဆယ်ရာခိုင်နှုန်းကို မင်းတို့အားလုံး ညီတူမျှတူ ခွဲယူ”

“လေးဆယ်ရာခိုင်နှုန်းလား” ကျန်းရှန် စကားကို ကြားလိုက်သည့်အခါ ဟဲဝေ မျက်ခုံးပင့်သွားခဲ့သည်။ ခဏမျှ စဉ်းစားပြီးနောက် ခေါင်းညိတ်လိုက်လေသ်ည “ကောင်းပြီ။ ငါသဘောတူတယ်”

ချန်လီနှင့် ရီလင်လည်း သဘောတူပေသည်။

ငါးယောက် အတူပူးပေါင်း လှုပ်ရှားခြင်း ဖြစ်သော်လည်း ရှေးဟောင်းလိုဏ်ဂူကို ကျန်းရှန်မှ ရှာတွေ့ခဲ့ခြင်း ဖြစ်သည်။ လိုဏ်ဂူအား ကာရံထားသည့် အစီအရင်အား ဖျက်စီးနိုင်မည့် နည်းလမ်းကိုလည်း ကျန်းရှန်မှ ရှာထားခြင်း ဖြစ်သည်။ သူတို့ လေးယောက် လုပ်ရသည်ဆို၍ အစီအရင်အား ဖျက်စီးနိုင်ရန်အတွက် စွမ်းအားလည်း ထည့်ပေးရုံသာ ရှိသည်။ ထို့ကြောင့် ကျန်းရှန်မှ ရတနာအားလုံး၏ လေးဆယ်ရာခိုင်နှုန်အား ယူမည်ဆိုသော အချက်ကို သူတို့အားလုံး မကန့်ကွက်ကြခြင်း ဖြစ်သည်။

ရန်ကိုင်သည် အခြားသူများနှင့် အတူပူးပေါင်း၍ ရတနာရှာ ထွက်ခဲသော်လည်း ဤအခြေခံ အချက်လောက်ကိုတော့ နားလည်ပေသေးသည်။ ကျန်းရှန် တစ်ဝက် ယူမည်ဟု ပြောလျှင်ပင် သူမလွန်ချေ။ ယခု လေးဆယ်ရာခိုင်နှုန်းသာ ယူမည်ဖြစ်လေရာ သူတို့ ဘာကြောင့် သဘောမတူဘဲ နေရမည်နည်း။

“ရလာတဲ့ ရတနာတွေကို အညီအမျှ ခွဲဝေယူလို့ မရဘူးဆိုရင်ကော” ရန်ကိုင်က မေးလိုက်သည်။

“မရရင် အဲ့တာကို နေရာမှာပဲ လေလံတင်မှာပေါ့။ ဈေးအများဆုံး ပေးနိုင်တဲ့ ယူပဲ။ ကျန်တဲ့ လူတွေကတော့ လေလံပစ်လို့ရတဲ့ သူတော်စင်သလင်းကျောက်ကို ပြန်ခွဲယူပေါ့” ရီလင်က ရန်ကိုင်အား ပြုံးလျက် ကြည့်လိုက်သည် “မောင်လေးကို ကြည့်ရတာ သူစိမ်းတွေနဲ့ ရတနာရှာထွက်တာမျိုး သိပ်မလုပ်ဖူးဘူးနဲ့ တူတယ်”

“ဟုတ်တယ်” ရန်ကိုင် ခေါင်းညိတ်လိုက်သည်။

“အဲ့ဒါကြောင့်ကိုး” ရီလင် တခစ်ခစ် ရယ်လိုက်သည်။

ကျန်းရှန်က ပြုံးလျက် “ဒီလောက် အသက်ငယ်ငယ်လေးနဲ့ တန်ခိုးရှင်ပထမအဆင့်ကို ရောက်ထားတာဆိုတော့ ညီလေးက နာမည်ကျော် အင်အားစုကြီးတစ်ခုခုက လာတာ ဖြစ်ရမယ်။ ညီလေး ဒီအကြောင်းတွေ မသိတာ မထူးဆန်းပါဘူးလေ”

“ဟန့်၊ ဘဝဦး သာယာခဲ့တဲ့ ကောင်တွေက လေဒဏ်မိုးဒဏ်ကို ခံနိုင်လေ့ မရှိကြဘူး။ ကောင်လေး အချိန်တန်ရင် မင်းကြောင့် ငါတို့ ဒုက္ခမရောက်ရစေနဲ့နော်” ချန်လီသည် တန်ခိုးရှင် ဒုတိယအဆင့်သာ ဖြစ်သော်လည်း လေကတော့ တကယ်ကို ကြီးလွန်းပေသည်။

ပြောပြီးသည်နှင့် ရီလင်ဘက်သို့ ပြန်အာရုံပြောင်းလိုက်ပြီး ရန်ကိုင်အား လျစ်လျုရှုထားလိုက်လေတော့သည်။

ရန်ကိုင်မူ ဆိတ်ဆိတ်လေးသာ နေနေခဲ့သည်။

မိုးရွာလိုက်၊ ရွက်သစ်များဖူးဝေလိုက်၊ နှင်းကျလိုက်၊ ရာသီဥတု အလီလီကို သူကျော်ဖြတ်ဖူးပြီးသွားလေပြီ။ အနိမ့်အမြင့် လောကဓံကိုလည်း သူကြုံဖူးပြီးသွားခဲ့လေပြီ။ ဆူးခင်းများဖြင့် ပြည့်နှက်နေသည့် ခရီးလမ်းကိုလည်း သူဖြတ်လျှောက်ဖူးပြီးသွားလေပြီ။ ထိုအခက်အခဲ အားကို ဖြတ်ကျော်ပြီးမှသာ ယနေ့လက်ရှိ ရန်ကိုင်ဆိုသည့် သူဖြစ်လာခဲ့ခြင်း ဖြစ်သည်။ သို့တိုင် သူ့အား ခြေမွှေးမီးမလောင် လက်မွှေးမီးမလောင် သခင်လေး တစ်ယောက်ကို လာရောက် ဆက်ဆံနေသူ တစ်ယောက် ရှိနေခဲ့သည်။ သူ့ဘက်မှ ပြန်ရှင်းပြလျှင်ပင် တစ်ဖက်လူ၏ ပုံစံအရ နားဝင်မည့်ပုံစံမျိုးမရှိ။ သူကလည်း အာညောင်းခံပြီး ရှင်းပြမနေချင်ချေ။ တစ်ကြိမ်တစ်ခါသာ တွေ့ဆုံမည်ဖြစ်သော လူများအား သူ့အကြောင်းကို ဘာကြောင့် လေကုန်ခံ ရှင်းပြနေရမည်နည်း။ သူတို့ ထင်လိုရာ ထင်ပါစေ၊ အချိန်တန်လျှင် လမ်းခွဲရမည်မို့ ရန်ကိုင် ဂရုမစိုက်ချေ။

ဤသို့ဖြင့် ငါးယောက်အဖွဲ့သည် ကျဆုံးဧကရာဇ်တောင် အတွင်းပိုင်းသို့ ဝင်လာခဲ့ကြသည်။ အစပိုင်းတွင် ကျင့်ကြံသူများစွာနှင့် တွေ့ခဲ့သည်။ သို့သော် သူတို့ ငါးယောက်ဆီမှ ဖြာထွက်နေသာ စွမ်းအင်း အရှိန်အဝါကို ခံစားမိပြီးနောက် ထိုလူအားလုံး သူတို့အား ရှောင်ကွင်းသွားကြသည်။

တန်ခိုးရှင်အဆင့် ငါးယောက် ပူးပေါင်းထားသည့် လူအင်အားသည့် ပေါ့သေးသေး လူအင်အား မဟုတ်ချေ။ ထို့အပြင် ထိုတန်ခိုးရှင်အဆင့်များ၏ စိတ်နေစရိုက်ကို မသိရသေး။ ဒေါသကြီးသည့် လူတစ်ယောက်ယောက်သာ ပါနေလျှင် သူတို့အား ကြည့်မရ၍ လာရောက် တိုက်ခိုက်နေမှဖြင့် ငါးပါးမှောက်ရပေလိမ့်မည်။ ထို့ကြောင့် ခပ်ဝေးဝေးမှး ရှောင်နေခြင်းသည်သာ အကောင်းဆုံး ဖြစ်သည်။

တောင်အပြင်ပိုင်းမှ အတွင်းပိုင်းထဲသို့ ဝင်ရောက်လာပြီးနောက် လူသူ အရိပ်အယောင် စတင် ကျဲပါးလာခဲ့သည်။ နောက်ဆုံးတွင် အခြား မည်သည့် ကျင့်ကြံသူနှင့်မှ မတွေ့ရတော့ချေ။

ကျဆုံးဧကရာဇ်တောင်သည် အကျယ်ကြီး ဖြစ်သည်။ လက်ရှိတွင် ဤတောင်သို့ ရောက်နေသည့် လူပေါင်း သောင်းနှင့်ချီ ရှိသော်လည်း တောင်ထဲသို့ ဝင်သွားလိုက်မည် ဆိုပါက အကုန်လုံး အကွဲကွဲ အပြားပြား ဖြစ်ကုန်ကြသဖြင့် တစ်ယောက်နှင့်တစ်ယောက် ပြန်တွေ့ရန် အလွန် ခဲယဉ်းသွားပေလိမ့်မည်။

ရန်ကိုင် ကျဆုံးဧကရာဇ်တောင်ထဲသို့ ဝင်သွားပြီးနောက် တစ်ရက်အကြာတွင် လူများစွာ ပါဝင်သော အဖွဲ့တစ်ဖွဲ့ တောင်အပြင်ဘက်သို့ ရောက်လာခဲ့သည်။

ထိုလူအုပ်ကြီးမှ ဖြာထွက်နေသော အရှိန်အဝါသည် အလွန်ကိုမှ အားကောင်းလှ၏။ ထိုလူများ ရောက်လာသည်နှင့် တစ်ပြိုင်နက် ဆူညံနေသော ပတ်ဝန်းကျင်းတစ်ခုလုံးကို အပ်ကျသံပင် မကြားရလောက်သည်အထိ တိတ်ဆိတ်သွားခဲ့သည်။ အကုန်လုံး၏ အကြည့်သည် အသစ်ရောက်လာသော လူအဖွဲ့ဆီသို့ စုပြုံ ရောက်ရှိလာခဲ့လေသည်။

လူအုပ်ကြီးကို လူနှစ်ယောက်မှ ဦးဆောင်လာခြင်း ဖြစ်သည်။ တစ်ဦးသည် အပြာရောင် ဝတ်ရုံကို ဝတ်ဆင်ထားသည့် သက်လတ်ပိုင်း လူထွားကြီးတစ်ဦး ဖြစ်သည်။ အခြားတစ်ဦးမူကား အစိမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားကာ လူထွားကြီးလောက် ဟိတ်ဟန်ကြီးမားခြင်း မရှိချေ။ နှစ်ဦးသား ယှဉ်ရပ်နေလျှင် အများစုသည် လူထွားကြီးကိုသာ သတိပြုမိပေလိမ့်မည်။

မိုင်တစ်ရာပတ်လည်အား ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေးကြည့်ပြီးနောက်တွင် အပြာရောင်ဝတ်ရုံဝတ် လူကြီးက မျက်မှောင်ကြုတ်၍ ရေရွတ်လိုက်သည် “သူဒီမှာ မဟုတ်ဘူး”

အစိမ်းရောင် ဝတ်ရုံဝတ် လူအိုကြီးက ယဲ့ယဲ့လေးပြုံးလျက် ဆက်သွယ်ရေး မှော်ရတနာကို ထုတ်ကာ ထိုထဲသို့ သူတော်စင်ချီ ထည့်သွင်းလိုက်သည်။ ခဏအကြာတွင် ဆက်သွယ်ရေး မှော်ရတနာကို ပြန်သိမ်း၍ ပြောလိုက်လေသည် “အဲ့ကောင်လေး တောင်ထဲကို ဝင်သွားပြီ”

“အထဲ ဝင်သွားတာလား” အပြာရောင်ဝတ်ရုံတတ် လူအိုကြီး မျက်မှောင်ကြုတ်သွားခဲ့သည်။ ထို့နောက် သူ့မျက်ဝန်းအစုံ တဖျက်ဖျက် တောက်ပလာခဲ့ပြီး ဖြည်းဖြည်းချင်း ခေါင်းညိတ်လိုက်သည် “ဒီကိစ္စကို ထပ်နှောင့်နှေးနေလို့ မဖြစ်တော့ဘူး။ ငါတို့လည်း ဝင်ကြရအောင်”

“ကျဆုံးဧကရာဇ်တောင် အခုလိုမျိုး ပြောင်းလဲသွားလိမ့်မယ်လို့ ငါတကယ်ကို မထင်ထားဘူး။ ဒါပေမယ့် ဒီလို ဖြစ်သွားတော့ ငါတို့အတွက် လုပ်ရ ပိုလွယ်သွားတာ။ မဟုတ်ရင် ဟိုကောင် သတိမထားမိအောင် ငါတို့ကိုယ်ငါတို့ ဖုံးကွယ်နေရဦးမှာ” အစိမ်းရောင်ဝတ်ရုံဝတ် လူအိုကြီးက ပြုံးလိုက်သည်။

သူတို့အဖွဲ့သည် တောင်အပြင်ဘက်တွင် ခဏ ရပ်နေပြီးနောက် ခဏအကြာတွင် တောင်ထဲသို့ ပြေးဝင်သွားကြလေသည်။

သူတို့ ထွက်သွားပြီးနောက် တောင်အပြင်ဘက်တွင် ရှိနေသော ကျင့်ကြံသူအားလုံး သက်ပြင်းရှိုက်လိုက်ကြသည်။

“ကောင်းကင်တိုက်ပွဲ အစည်းအရုံး ဂိုဏ်းချုပ် ကျုချန်းနဲ့ မိုးကြိုးမုန်တိုင်းဂိုဏ်းရဲ့ ဂိုဏ်းချုပ် ဖန်ဖုန်းတို့ဟ။ ငါသိသလောက်ဆို သူတို့နှစ်ယောက်က ပြိုင်ဘက်တွေပါဟ၊ ဘာလို့ အတူတူ ရောက်လာကြတာလဲ မသိဘူး” တစ်ယောက်ယောက်က အံ့အားသင့်နေသည့် လေသံဖြင့် ပြောလိုက်သည်။

“ဘာထူးဆန်းတာ မှတ်လို့၊ အခုကျဆုံးဧကရာဇ်တောင် တစ်ခုလုံးက ရတနာတွေ၊ အခွင့်အလမ်းတွေနဲ့ ပြည့်နေတာ။ အကျိုးအမြတ်တွေ အားလုံးကို လက်ဝါးကြီးအုပ်ချင်တို့ သူတို့ နှစ်ယောက် အတူ ပူးပေါင်းထားတာ နေမှာပေါ့ကွ”

“ရောင်းရင်းပြောတာ ယုတ္တိရှိတယ်။ ဒါပေမယ့် ထိပ်သီး အင်အားစုက ခေါင်းကြီးပိုင်းတွေ ရောက်လာပြီဆိုတော့ ရှေးဟောင်းဂိုဏ်းပျက်ကြီးရဲ့ အကာအကွယ် အစီအရင် ဆက်ပြီး တောင်ခံနိုင်တော့မယ့်ပုံ မပေါ်ဘူး”

“အဲ့ဒါဆို မင်းဘာတွေ တုန့်ဆိုင်းနေသေးတာလဲ။ မြန်မြန် လိုက်ဝင်သွားတော့လေ” ပြောပြီးသည်နှင့် ထိုလူသည် ချက်ချင်းပဲ ကျဆုံးဧကရာဇ်တောင်ထဲသို့ ပြေးဝင်သွားလေသည်။

အင်အားစုကြီး နှစ်ခုသည် အကျိုးအမြတ်များစွာကို ယူဆောင်သွားလိမ့်မည် ဖြစ်သော်ငြား သူတို့အတွက် ကိုက်စရာ အရိုးလေးတော့ ကျန်လောက်ပေဦးမည်။ အခွင့်အလမ်းနှင့် အကျိုးအမြတ်သည် အတူတကွ ဒွန်တွဲ တည်ရှိနေသည်မို့ သူတို့သာ စွန့်စားရန် ကြောက်နေလျှင် အခြားသူများ၏ နောက်တွင်သာ ပြတ်ကျန်ခဲ့ရပေမည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၄၈၈)

သုံးရက်ကြာပြီးနောက်တွင် ရန်ကိုင်တို့အဖွဲ့ တောင်တစ်လုံးရှေ့သို့ ရောက်လာခဲ့သည်။

ဤနေရာသည် ကျဆုံးဧကရာဇ်တောင်၏ အပြင်ဘက်ပိုင်းမှ အတော်လေး ဝေးကွာသည့် နေရာတစ်ခု ဖြစ်သည်။ ဧကရာဇ်ဥယျာဉ် မပေါ်လာခင်က တောင်တစ်ခုလုံးကို သက်ရောက်နေသော ဧကရာဇ်ဖိအားကြောင့် မည်သည့် သက်ရှိမှ ဤနေရာသို့ ခြေမချနိုင်ခဲ့ပေ။

သို့သော်လည်း ဧကရာဇ်ဥယျာဉ် ပေါ်လာပြီးနောက်တွင် တောင်တစ်ခုလုံးကို ဖုံးလွှမ်းနေသော ဧကရာဇ်ဖိအား ပျောက်ကွယ်သွားသည့်အတွက် တောင်အတွင်းပိုင်းကို စတင် စူးစမ်းလေ့လာ၍ ရလာသည်။

ရန်ကိုင်တို့ ငါးယောက်သည် မည်သည့် အန္တရာယ်နှင့်မှ မကြုံရဘဲ ဤနေရာသို့ လုံလုံခြုံခြုံဖြင့် ရောက်လာခဲ့ခြင်း ဖြစ်သည်။

“ဒီနေရာလား” ဟဲဝေသည် သူ့ပတ်ဝန်းကျင်ကို မျက်မှောင်ကြုတ်၍ လှည့်ပတ်ကြည့်လိုက်၏။ အခြားသူများလည်း ထိုနည်းအတိုင်းပင်။

ဤနေရာရှိ မိုးမြေစွမ်းအင်သည် အတော်လေး သိပ်သည်းသော်လည်း စိတ်ဝိဥာဉ် အစီအရင် ရှိနေသည့် အရိပ်အယောင် နည်းနည်းမှကိုပင် သူတို့၏ ကောင်းကင်စိတ်အာရုံဖြင့် အာရုံခံမရခဲ့ပေ။ ရှေးဟောင်းကျင့်ကြံသူတစ်ယောက် နေခဲ့သည့် လိုဏ်ဂူစံအိမ် ဆိုလျှင်တော့ ပြောနေစရာပင် မလိုတော့။

“ဟုတ်တယ် ဒီမှာပဲ” ကျန်းရှန်က ယုံကြည်ချက် အပြည့်ဖြင့် ပြောလိုက်သည်။ ထို့နောက် ပြုံးလျက် “ငါဒီဘက်မှာ အခြား ကျင့်ကြံသူအချို့နဲ့ တိုက်ခိုက်ခဲ့မိလို့ ဒီမှာ အစီအရင်တစ်ခု ရှိနေမှန်း သိလာတာ။ မဟုတ်ရင် သိမှာ မဟုတ်ဘူး”

“ကျန်းအိုကြီး၊ ခင်ဗျား ပြောစရာရှိရင် ပြောလိုက်တော့။ ကျုပ်တို့ကို ဗျိုင်းဖြစ်အောင် လုပ်မနေနဲ့တော့။ ရှေးဟောင်းလိုဏ်ဂူက ဒီမှာ ရှိတာလား” ချန်လီက စိတ်မရှည်တော့သည့် ဟန်ဖြင့် မေးလိုက်သည်။

“ဟုတ်တယ်။ မင်းရှေ့တည့်တည့်မှာ ရှိနေတာ” ကျန်းရှန်က ပြုံးလျက် “ငါပြောတာ ဟုတ်မဟုတ် သိချင်ရင် ဒီနေရာကို တိုက်ခိုက်ကြည့်လိုက်”

“အို” ချန်လီ မျက်ခုံးပင့်သွားပြီး ကျန်းရှန် ညွှန်ပြနေသည့် နေရာသို့ လှမ်းကြည့်လိုက်၏။ သို့သော် ဘာကိုမှ မမြင်ရဘဲ ကျောက်နံရံကြီးတစ်ခုကိုသာ မြင်ရလေသည်။ သူ့ကောင်းကင် စိတ်အာရုံဖြင့်လျှင် ထိုအရာသည် ကျောက်နံရံ တစ်ခုဖြစ်သည်ကိုသာ ခံစားမိသည်။

သို့သော်လည်း ဤနေရာသည် ရှေးဟောင်းလိုဏ်ဂူ ရှိနေသည့်နေရာဟု ကျန်းရှန်မှ အခိုင်အမာ ပြောဆိုနေခြင်း ဖြစ်သဖြင့် သူလိမ်နေခြင်း မဟုတ်လောက်ချေ။ ထို့ကြောင့် ချန်လီလည်း ကျန်းရှန် ညွှန်ပြနေသည့် နေရာဆီသို့ လက်သီး လှမ်းထိုးလိုက်သည်။

သူ့လက်သီးထိပ်တွင် ရွှေရောင်သူတော်စင်ချီတို့ စုစည်းလာပြီး ရွှေရောင်လက်သီးတစ်လုံး ရှေ့သို့ ပြေးထွက်သွားသည်။

ချန်လီသည် ရွှေဓါတ်အမျိုးအစား ကျင့်စဉ်တစ်မျိုးကို ကျင့်ကြံထားသည့် ကျင့်ကြံသူ တစ်ယောက် ဖြစ်သည်။

ထိုအခြင်းအရာကို မြင်သော် ရန်ကိုင် ခေါင်းညိတ်မိလိုက်သည်။ ချန်လီ မည်သည့် အင်အားစုမှ လာမှန်း သူမသိသော်လည်း ထိုချန်လီသည် သာမန် တန်ခိုရှင်ဒုတိယအဆင့် ကျင့်ကြံသူများထက် အနည်းငယ် ပိုအားကောင်းသည်။

ထို့နောက်တွင် အံ့အားသင့်ဖွယ်ရာ ဖြစ်ရပ်တစ်ခု ပေါ်လာခဲ့သည်။ ချန်လီ ပစ်လွှတ်လိုက်သော လက်သီးချက်မှ နံရံကို သွားရောက် ထိမှန်သည့်အခိုက် နံရံ၏ မျက်နှာပြင်ထက်တွင် လှိုင်းတွန့်လေးများ ထွက်ပေါ်လာခဲ့သည်။ တစ်ချိန်တည်းတွင် ရွှေရောင်လက်သီးချက်သည် ပင်လယ်ထဲသို့ ကျသွားသည့် ခဲတစ်လုံးနှယ် အားလုံး၏ မြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့သည်။

သို့သော် ပျောက်ကွယ်သွားသော ရွှေရောင်လက်သီးသည် ခဏအကြာတွင် အထဲမှနေ၍ ချန်လီဆီသို့ ပြန်ကန်ထွက်လာခဲ့လေသည်။

ထိုရုတ်တရက် ပြောင်းလဲမှုကြောင့် လူထွားကြီး အလန့်တကြား ထအော်ရင်း ဘေးဘက်သို့ အလျင်စလို တိမ်းရှောင်လိုက်ရသည်။

ဘုန်း…

ရွှေရောင်လက်သီးချက်သည် လမ်းကြောင်းတစ်လျှောက်တွင် ရှိနေသော သစ်ပင်များ၊ ကျောက်ဆောင်များကို တစ်စစီဖြစ်အောင် ဖျက်စီးသွားခဲ့သည်။

“ဒါကြီးက တိုက်ခိုက်မှုတွေကို တန်ပြန်နိုင်တာလား” ဟဲဝေက အံ့အားသင့်နေသည့် လေသံဖြင့် အော်ပြောလိုက်သည်။

“ဟုတ်တယ်။ ဒါက ဒြပ်ကြီးငါးပါး ပျက်ပြယ်ခြင်း အစီအရင်ရဲ့ အားသာချက်ပဲ။ ဒါကြောင့် ငါလည်း အကူအညီတွေ လိုက်ရှာရတာ” ကျန်းရှန်က အသာအယာ ခေါင်းညိတ်လိုက်သည်။

ချန်လီ လူရှေ့သူရှေ့ အရှက်ကွဲမလို ဖြစ်သွားခဲ့သော်လည်း ဒေါသထွက်သွားခြင်း မရှိဘဲ စိတ်လှုပ်ရှားနေသည့် လေသံဖြင့်သာ ပြန်ပြောလိုက်သည် “ဒီစိတ်ဝိဥာဉ်အစီအရင်က စိတ်ဝင်စားစရာပဲ။ ငါတို့ ဒါကို ဘယ်လို ဖျက်စီးရမှာလဲ လူအိုကြီးကျန်း”

ကျန်းရှန်က ရယ်သွမ်းသွေးလျက် “အစီအရင်ပညာကို ငါသိပ်ပြီး မကျွမ်းကျင်ပေမယ့် ဒါကို ဖျက်စီးနိုင်မယ့် နည်းလမ်းကိုတော့ ငါသိတယ်။ ငါတို့ အတူပူးပေါင်းလုပ်ဆောင်မယ် ဆိုရင် ဒါကို ဖျက်စီးဖို့က သိပ်ခက်မှာ မဟုတ်ဘူး”

ထိုစကားကို ကြားသည့်အခါ အခြားသူအားလုံး သူ့နားတွင် ဝိုင်းစုလိုက်ကြသည်။

ကျန်းရှန်၏ အမူအရာ တည်ကြည်သွားခဲ့ပြီး အစီအရင်အား မည်ကဲ့သို့ ဖျက်စီးရမည်လဲ ဆိုသည်ကို စတင် ရှင်းပြတော့လေသည်။

အကုန်လုံးသည် အစီအရင်ပညာတွင် မကျွမ်းကျင်ကြသည့်တိုင် အစီအရင်များနှင့် ပက်သက်၍ အတွေ့အကြုံ အနည်းနှင့်အများတော့ ရှိနေသူများချည်းသာ ဖြစ်ကြသည်။ ထို့ကြောင့် ကျန်းရှန်၏ ရှင်းပြချက်ကို နားထောင်ပြီးနောက် အစီအရင်အား မည်ကဲ့သို့ ဖျက်စီးရမည်လဲ ဆိုသည်ကို အကုန်လုံး နားလည်သွားခဲ့ကြသည်။

“မင်းတို့ နာလည်သွားပြီ ဆိုမှတော့ အစီအရင်ကို မဖျက်စီးခင် အရင်ဆုံး အားပြန်ဖြည့်ကြတာပေါ့”

မည်သူမှ ကန့်ကွက်စကား မဆိုဘဲကြဘဲ ချက်ချင်းပဲ တင်ပလင်ခွေထိုင်ကာ သူတို့၏ သူတော်စင်ချီကို ပြန်လည် ဖြည့်တင်းကြတော့လေသည်။

နေ့ဝက်ကြာပြီးနောက် အကုန်လုံး မျက်လုံး ပြန်ပွင့်လာခဲ့သည်။

“ဒါနဲ့ ညီလေးရန် မင်းမှာ သူတော်စင်ကို မြန်မြန် ပြန်ဖြည့်ပေးနိုင်တဲ့ ဆေးလုံးတွေ ရှိတယ်မလား” ကျန်းရှန်က အနည်းငယ် စိုးရိမ်နေသည့် လေသံဖြင့် မေးလိုက်သည်။ ရန်ကိုင်၏ နောက်ခံ အားကောင်းမည်မှန်း သိထားသော်လည်း ယခုကိစ္စသည် သူ့အတွက် အလွန်ကိုမှ အရေးကြီးသည့်အတွက် သေချာအောင် အတည်ပြုကြည့်ရပေမည်။

“လူအိုကြီးကျန်း အဲ့ကိစ္စနဲ့ ပက်သက်ပြီး စိုးရိမ်နေစရာ မလိုဘူး” ရန်ကိုင်က ပြန်ပြောလိုက်သည်။

သူ့ကိုယ်ထဲတွင် သိုလှောင်ထားသည့် သိုလှောင်ချီ သက်သက်နှင့်ပင် ဤအစီအရင်ကို ဖျက်စီးရန်အတွက် လိုအပ်သော သူတော်စင်ချီကို ထောက်ပံ့ပေးရန် လုံလောက်ပေသည်။ မည်သည့် ဆေးကိုမှ သောက်စရာမလို။ သူတော်စင်ချီ မလုံလောက်လျှင်ပင် ရွှေရောင်သွေးစက် တစ်စက်ကို အစားထိုး အသုံးပြုလိုက်ပါက သူ့သူတော်စင်ချီ အပြည့် ပြန်ဖြစ်သွားပေလိမ့်မည်။

ရန်ကိုင် ကျင့်ကြံသူ စဖြစ်လာသည့် အချိန်မှစ၍ သူတော်စင်ချီ မလုံလောက်သည့် ပြဿနာနှင့် ကြုံတွေ့ရခဲလှပေသည်။

“ကောင်းပြီ။ ဆေးလုံးတွေကို မင်းတို့ လက်လှမ်းမှီနိုင်တဲ့ နေရာမျိုးမှာ ထားထားကြနော်။ ဒီအစီအရင်က ဖျက်စီးဖို့ မခက်ပေမယ့် သူတော်စင်ချီကို အဆက်မပြတ် ဖြည့်သွင်းနေဖို့ လိုတယ်။ တစ်ချက်လောက် ရပ်လိုက်တာနဲ့ သွားပြီပဲ”

“အဲ့လောက်ကတော့ ငါတို့လည်း သိတယ်။ အချိန် ဖြုန်းမနေတော့နဲ့ မြန်မြန် စကြရအောင်” ချန်လီက ပြောလိုက်သည်။

“ကောင်းပြီ။ ကိုယ့်နေရာကိုယ်ယူပြီး ငါပြောထားတဲ့အတိုင်း လိုက်လုပ်ကြတော့” ကျန်းရှန်က လေးနက်တည်ကြည်သည့် အမူအရာဖြင့် ပြောရင်း သူနှင့် သက်ဆိုင်သည့် နေရာဆီသို့ ထွက်သွားလေသည်။

ကျန်းလေးယောက်သည်လည်း သူတို့နှင့် သက်ဆိုင်သော နေရာအသီးသီးဆီသို့ ထွက်သွားကြသည်။ တစ်ခဏအတွင်း ငါးယောက်စလုံးသည် ပဥ္စဂံပုံစံအတိုင်း ရပ်နေလိုက်ကြ၏။

“အားလုံး စပေတော့” အော်ပြောလိုက်ပြီးသည်နှင့် ကျန်းရှန်သည် သူ့ရှေ့တည့်တည့်ရှိ လေဟာနယ်ထဲသို့ သူတော်စင်ချီ ထည့်သွင်းလိုက်လေသည်။ ကျန်းရှန် လှုပ်ရှားသည်ကို မြင်လိုက်သည်နှင့် ကျန်းလေးယောက်သည်လည်း သူ့တို့ ရှေ့တည့်တည့်ရှိ လေဟာနယ်ထဲသို့ သူတော်စင်ချီများ ထည့်သွင်းလိုက်ကြလေသည်။

ချက်ချင်းဆိုသော မတူညီသော ထောင့်ငါးခုစီမှ မတူညီသော စွမ်းအင် အမျိုးအစား ငါးခု ထွက်ပေါ်လာသည်။ ထိုစွမ်းအင်ငါးခုသည် ပြင်းထန်ခြင်း မရှိသော်ငြား တည်ငြိမ်ပြီး အဆက်မပြတ် တည်ရှိနေပေသည်။

စွမ်းအင်ငါးမျိုးအနက်တွင်၊ ရန်ကိုင်သည် မီးဓါတ်၊ ချန်လီသည် ရွှေဓါတ်၊ ရီလင်သည် ရေဓါတ်၊ ကျန်းရှန်သည် သစ်သားဓါတ်နှင့် ဟဲဝေသည် မြေဓါတ်တို့ အသီးသီး ဖြစ်ကြသည်။

ဒြပ်ကြီးငါးပါး စွမ်းအင်များ တစ်ပြိုင်တည်း ထွက်ပေါ်လာသည့်အခါ ယခင်အခါကကဲ့သို့ ပြန်ကန်ထွက်လာခြင်း မရှိတော့ဘဲ အလယ်ဗဟိုဆီသို့ စုပြုံဝင်သွားကြလေသည်။

ဒြပ်ကြီးငါးပါး ပျက်ပြယ်ခြင်း အစီအရင်သည် အားကောင်းသလို အားလည်းနည်း၏။ ထိုအစီအရင်သည် အမျိုးမျိုးသော တိုက်ခိုက်မှုများကို ပြန်ကန်ထွက်အောင် လုပ်နိုင်သည့်အပြင် အထွတ်အထိပ် အခြေအနေတွင် ဆိုပါက တန်ခိုးရှင်ဘုရင်အဆင့် တစ်ယောက်၏ တိုက်ခိုက်မှုကိုပင် ခုခံနိုင်သည့် အစီအရင်တစ်မျိုး ဖြစ်သည်။ ထိုအစီအရင်ကို ချိုးဖျက်နိုင်ရန် အတွက် ဒြပ်ကြီးငါးပါး စွမ်းအင်ငါးမျိုး ရှိနေရန် လိုအပ်သည်။

အကြမ်းနည်းသုံး၍ ဖျက်စီးချင်သည် ဆိုလျှင်မူ အားကောင်းသော မှော်ရတနာ သို့မဟုတ် လျှို့ဝှက်နည်းစနစ် တစ်ခုခု ပိုင်ဆိုင်ထားသော တန်ခိုးရှင်ဘုရင် တတိယအဆင့် တစ်ယောက်ကို အနည်းဆုံး လိုအပ်ပေလိမ့်မည်။

သို့သော်လည်း ဒြပ်ကြီးငါးပါး ပျက်ပြယ်ခြင်း အစီအရင်သည် အထွတ်အထိပ်အခြေအနေ၌ ရှိမတော့ချေ။ သို့ပင်လျှင် ဤအစီအရင်အား သာမန်နည်းလမ်းဖြင့် သွားဖျက်စီး၍ မရချေ။

အစီအရင်ကို ဖျက်စီးနိုင်ရန်အတွင် ငါးယောက်စလုံးမှ စွမ်းအင် အညီအမျှ ပို့လွှတ်နေရန် လိုအပ်သည်။ တစ်ယောက်ယောက်မှ စွမ်းအင်ကို ပို၍ ပို့လွှတ်၊ လျော့၍ ပို့လွှတ်လိုက်သည်နှင့် မျှခြေ မညီမမျှဖြစ်ကာ အစီအရင်သည် စွမ်းအင်အားလုံးကို တန်ပြန်ပေလိမ့်မည်။

အခြေအနေသည် အစပိုင်းတွင် အနည်းငယ် ခက်ခဲသော်လည်း နောက်ပိုင်းတွင် တဖြည်းဖြည်း အဆင်ပြေလာခဲ့သည်။ ထိုအခြင်းအရာကို မြင်လိုက်သည့် အခါမှပဲ ကျန်းရှန် သက်ပြင်းချနိုင်တော့သည်။ သူစိမ်းလူငါးယောက် ပူးပေါင်းလုပ်ဆောင်ခြင်း ဖြစ်သည့်အတွက် တစ်ယောက်ယောက်သာ ကောင်းကောင်း မလုပ်ဆောင်နိုင်လျှင် အခြားသူများလည်း ဒုက္ခ ရောက်ရလိမ့်မည် ဖြစ်လေရာ ကျန်းရှန် မစိုးရိမ်ဘဲ ဘယ်နေမည်နည်း။

အခြေအနေ တစ်ခုလုံး ချောချောမွေ့မွေ့ ဖြစ်နေသည်ကို မြင်သော် ကျန်းရှန်သည် သူတော်စင်ချီ ပို့လွှတ်နေသည့်နှုန်းကို တဖြည်းဖြည်း မြှင့်တင်လိုက်လေသည်။

အခြားသူများသည်လည်း သူလုပ်သည့်အတိုင်း လိုက်လုပ်ကြသည်။

အချိန် တဖြည်းဖြည်း ကုန်လွန်နေခဲ့လေသည်။ ပတ်ဝန်းကျင် သစ်တောတစ်ခုလုံးသည် သစ်ရွက်ကျသံပင် ကြားရလောက်သည်အထိ တိတ်ဆိတ်နေခဲ့သည်။ ငါးယောက်ဆီမှ ထွက်ပေါ်နေသော သူတော်စင်ချီတို့သည် မကြာမီတွင် တစ်ခုနှင့်တစ်ခု အပြန်အလှန် ပေါင်းစပ်အားပြုရင်း စွမ်းအင်ငါးမျိုး ပေါင်းစပ်နေသော စက်ကွင်းကြီးတစ်ခု ဖြစ်လာခဲ့သည်။

ထိုသို့ ဖြစ်လာပြီးသည့်နောက်တွင် ချောမွတ်ပြောင်ရှင်းနေသော ကျောက်နံရံပေါ်၌ အပေါက်တစ်ပေါက် ဖြစ်ပေါ်လာခဲ့သည်။ ထိုမြင်ကွင်းကို မြင်သည့်အခါ ငါးယောက်စလုံး၏ မျက်ဝန်းအစုံ လင်းလက်တောက်ပသွားခဲ့သည်။

သို့သော်လည်း ဝင်ပေါက်သည် အချိန်မရွေး ပျောက်ကွယ်သွားနိုင်သည့်နှယ် မတည်မငြိမ် ဖြစ်နေခဲ့သည်။ ထိုသို့ဖြစ်ရခြင်းမှာ စိတ်ဝိဥာဉ် အစီအရင် မပျက်စီးသေးသည့် အတွက်ကြောင့်မှန်း အကုန်လုံး နားလည်ထားသည်။ ထို့ကြောင့် အားပြန်ဖြည့်ဆေးများကို ချက်ချင်း ထုတ်သောက်၍ အစီအရင်ထဲသို့ သူတော်စင်ချီကို ဆက်လက် ထည့်သွင်းနေလိုက်သည်။

ရန်ကိုင်သည်လည်း ချွင်းချက် မဟုတ်ချေ။ သူ့လက်ရှိ ကျင့်ကြံခြင်းသည် တန်ခိုရှင်ပထမ အဆင့်သာ ဖြစ်သည်။ ထို့ကြောင့် အခြားသူများ သံသယမဖြစ်စေရန်အတွက် ဆေးလုံး အနည်းငယ်ကို ဟန်ဆောင်ပန်ဆောင် ထုတ်သောက်လိုက်သည်။

မျက်တောင်တစ်ခတ်အတွင်း နောက်ထပ် နှစ်နာရီ ကုန်ဆုံးသွားခဲ့သည်။

သူတော်စင်ချီကို အချိန်အကြာကြီး ဖြည့်သွင်းနေရသည့် အတွက်ကြောင့် ငါးယောက်စလုံး ချွေးပျံနေကြလေပြီ။ ဆေးလုံးများ ရှိလျှင်ပင် သူတော်စင်ချီ ကုန်ဆုံးသည့်နှုန်းသည့် ဖြည်းတင်းသည့် နှုန်းထက် ပိုများနေသဖြင့် အမှီလိုက်နိုင်ရန် အတော်လေး ခဲယဉ်းလှသည်။

သို့သော်လည်း ဝင်ပေါက်မှာ အပြည့်အဝ မဖြစ်တည်သေး။ ဝင်ပေါက်သည် ယခင်ထက် ပို၍ ကြည်လင်လာသော်လည်း အကာအကွယ် အစီအရင်မှာ ယခုထိ မပျက်စီးသေးချေ။

ထိုအခြင်းအရာကို နားလည်လိုက်သည့်အခါ အကုန်လုံး မျက်နှာ ပျက်သွားခဲ့ကြသည်။

“ကြည့်ရတာ အခြေအနေက သိပ်မဟန်တဲ့ပုံပဲ” ရီလင်က ပြောလိုက်သည်။

“ကောင်လေး၊ မင်းထိန်းထားနော်။ မင်းဘက်က တစ်ခုခု ဖြစ်သွားရင် ဒီအဖေ မင်းကို အလွတ်ပေးမှာ မဟုတ်ဘူး” ချန်ချီက ရန်ကိုင်အား လှမ်းအော်ပြောလိုက်သည်။ ရန်ကိုင်၏ သူတော်စင်ချီ မတည်မငြိမ် ဖြစ်နေသည်ကို သူလှမ်းမြင်ရပေသည်။

“ပြဿနာမရှိဘူး” ရန်ကိုင်က ပြန်ပြောလိုက်သည်။

ကျန်းရှန်လည်း ရန်ကိုင်ကိုကြည့်ရင်း မျက်မှောင်ကြုတ်နေမိသည်။ တန်ခိုးရှင်ပထမ အဆင့် တစ်ယောက်ကိုသာ ခေါ်လာမိသည်ကို သူလည်း နောင်တရနေမိသည်။ အစီအရင်၏ စွမ်းအားကို မှားယွင်း တွက်ချက်မိသည့်အတွက် တန်ခိုးရှင်ပထမအဆင့်လောက်နှင့် လုံလောက်မည်ဟု ထင်ခဲ့သည်။ သို့သော်လည်း အစီအရင်ကို ဖျက်စီးရန်အတွက် ဤမျှ ကြာလိမ့်မည်ဟု သူမည်ကဲ့သို့ ထင်ခဲ့ပါမည်နည်း။ ပိုဆိုသည်ကား ယခုလောက်နှင့်ပင် အစီအရင်ကို ဖျက်စီးနိုင်ဦးမည် မဟုတ်ဘဲ နောက်ထပ် နာရီအနည်းငယ်လောက် ဤပုံစံအတိုင်း ထပ်ထိန်းထားရန် လိုပေသေးသည်။

ထိုကဲ့သို့ ထိန်းထားဖို့သည့် သူ့အတွက်ပင် အတော်လေး ခဲယဉ်းလှသည်။ တန်ခိုးရှင် ပထမအဆင့်သာ ရှိသေးသော ရန်ကိုင် အတွက်ဆိုလျှင်ပင် ပြောနေစရာပင် မလိုတော့ချေ.

အစီအရင်အား ဖျက်စီးနိုင်သည်အထိ ရန်ကိုင် ထိန်းမထားနိုင်မည်ကို ကျန်းရှန် ကြိတ်၍ စိတ်ပူနေမိလေပြီ။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၄၈၉)

သို့သော်လည်း လက်ရှိ သူတို့အားလုံး ကျားပေါ် ခွစီးမိလျက်သား ဖြစ်နေကြလေပြီ။ အစီအရင်ထဲသို့ သူတို့ ထည့်သွင်းထားသည့် သူတော်စင်ချီ ပမာဏမှာ နည်းနည်းနောနော မဟုတ်။ သူတို့သာ ပြန်ဆုတ်ရန် ကြိုးစားလိုက်သည်နှင့် တန်ပြန်ထွက်လာမည့် သူတော်စင်ချီ ပမာဏသည် သူတို့ကို မရဏလမ်း ပို့နိုင်သည်အထိ များပြားလှပေသည်။

ကျန်းရှန် မျက်မှောင်ကြုတ်မိသွားလေပြီ။

“ခင်ဗျားတို့ စိုးရိမ်နေစရာ မလိုဘူး။ ကျုပ်ရဲ့ ကျင့်ကြံခြင်းကသာ ခင်ဗျားတို့ထက် နိမ့်ရင်နိမ့်မယ်။ သူတော်စင်ချီကတော့ မနိမ်ဘူး။ ဒါကေကြာင့် ကျုပ်ကို စိတ်ပူမနေဘဲ ခင်ဗျားတို့ အလုပ်ကိုသာ အာရုံစိုက်” အကုန်လုံး သူ့အား ရင်တမမနှင့် ကြည့်နေသည်ကို မြင်သော် ရန်ကိုင်လည်း အားလုံး စိတ်အေးသွားအောင် ပြန်ပြောလိုက်လေသည်။

“မင်းက တကယ် အပြောကြီးတာပဲ” ချန်လီက အေးစက်စက် လေသံဖြင့် နှာခေါင်းရှုံ့လိုက်သည်။ သို့သော် ရုတ်တရက် ပြုံးလျက် “ဒါပေမယ့် အဲ့လို အပြောကြီးတာကိုမှ ကြိုက်တာ”

“မင်းအဆင်ပြေရင် ပြီးရော” ကျန်းရှန်လည်း စိတ်အေးသွားခဲ့သည်။ ထို့နောက် အံကြိတ်၍ “ညီလေးရန်က အဆင်ပြေတယ် ဆိုမှတော့ ငါသူတော်စင်ချီကို ထပ်တိုးထည့်တော့မယ်နော်”

ပြောပြီးသည်နှင့် အစီအရင်ထဲသို့ ထည့်သွင်းနေသည့် သူတော်စင် ပမာဏကို မြှင့်တင်လိုက်လေသည်။

ဤဒြပ်ကြီးငါးပါး ပျက်ပြယ်ခြင်း အစီအရင်ကို ဖျက်စီးရန် ဤမျှ ခက်ခဲလိမ့်မည်ဟု သူမထင်ထားခဲ့ချေ။ ဤစိတ်ညစ်စရာ အခြေအနေမှ မြန်မြန် ရုန်းထွက်ချင်လျှင် အစီအရင်အား မြန်မြန် ပျက်စီးအောင် လုပ်ရန်သာ ရှိတော့သည်။

ထိုအခြင်းအရာကို မြင်သော် အခြားသူများလည်း သူတို့၏ သူတော်စင်ချီကို ထပ်မံ တိုးမြှင့်လိုက်ကြသည်။ ရန်ကိုင်လည်း အတူတူပင်။

ရန်ကိုင်သည် ပြောသည့်အတိုင်း သူတို့နှင့်အတူ အမှီလိုက်နိုင်သည်ကို မြင်လိုက်မှပဲ ကျန်လေးယောက် စိတ်အေးသွားနိုင်တော့သည်။ ကျန်းရှန်သည် ရန်ကိုင်အား လှမ်း၍ ခေါင်းညိတ်ပြလိုက်လေသည်။

သို့သော် ထိုသာယာနေသော အခြေအနေသည် ကြာကြာမခံခဲ့ပေ။ သူတို့ဘက်မှ သူတော်စင်ချီကို ထပ်မံတိုးမြှင့်လိုက်သည့်တိုင် အစီအရင်သည် ပျက်စီးသွားမည့် အရိပ်အယောင် မပေါ်သေး။ အကုန်လုံး စတင် စိုးရိမ်လာခဲ့ကြသည်။

ထိုစဉ် ကျန်းရှန်သည် လျှာကိုကိုက်၍ သွေးအချို့ကို အန်ချလိုက်သည်။ သူ့အမူအရာ ရုတ်တရက် ဖြူလျော်သွားခဲ့သည်။

ဟဲဝေ၊ ချန်လီနှင့် ရီလင်တို့သည်လည်း ခွန်အားကို မြှင့်တင်ရန်အတွက် ဘေးထွက်ဆိုးကျိုး ခံစားရနိုင်သော လျှို့ဝှက်နည်းစနစ် အသီးသီးကို ထုတ်သုံးလိုက်ကြသည်။

ရန်ကိုင် တစ်ယောက်တည်းသာ မည်သည့် လျှို့ဝှက်နည်းစနစ်မှ ထုတ်မသုံးခြင်း ဖြစ်သည်။ သူ့မျက်နှာ ဖြူဖတ်ဖြူလျော် ဖြစ်နေပြီး သူတော်စင်ချီ အရှိန်အဝါမှာ မတည်မငြိမ် ဖြစ်နေသော်ငြား သူ့ဆီမှ စီးထွက်လာနေသော သူတော်စင်ချီသည် နည်းနည်းလေးမှ အားနည်းသွားခြင်း မရှိချေ။

ကျန်လေးယောက်စလုံး ရန်ကိုင်အား လေးစားတကြီးဖြင့် ကြည့်လိုက်မိကြသည်။ တန်ခိုးရှင် ပထမအဆင့် ကျင့်ကြံသူ တစ်ယောက်တွင် ဤမျှ များပြားသော သူတော်စင်ချီများ ရှိနေလိမ့်မည်ဟု သူတို့ မထင်ထားခဲ့ချေ။

အစီအရင်သည် ထိုမျှနှင့်တိုင် မကျိုးပျက်သေးသည်ကို မြင်သော် အကုန်လုံး စတင် စိတ်ပူလာခဲ့ကြသည်။ ကျန်းရှန်၏ စကားကို ယုံစား၍ ဤနေရာသို့ လာခဲ့မိသည်ကို အကုန်လုံး နောင်တရနေခဲ့ကြလေပြီ။

သူ့ခန္ဓာကိုယ်ထဲရှိ သူတော်စင်ချီအားလုံး ကုန်သွားလျှင်ပင် အစီအရင် ပျက်စီးမည့် အရိပ်အယောင် မမြင်ရသည်ကို မြင်သော် ဟဲဝေမျက်လုံးအစုံထဲ အလင်းတစ်ချက် လက်သွားပြီး ရုတ်တရက် အော်ပြောလိုက်သည် “ဒီအစီအရင်ကို ငါတို့ခွန်အားနဲ့ ဘယ်လိုမှ ဖျက်စီးနိုင်မှာ မဟုတ်ဘူး။ ငါ့ကို အိမ်မှာစောင့်နေတဲ့ မိန်းမနဲ့ မိသားစုလည်း ရှိသေးတယ်။ ဒါကြောင့် ငါအရင် ပြန်ဆုတ်တော့မယ်။ မင်းတို့အားလုံး ကံကောင်းကြပါစေကွာ”

အကုန်လုံး၏ မျက်နှာအမူအရာ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့သည်။

ကျန်းရှန်ပင်လျှင် လှမ်းအော်တော့လေသည် “ရောင်းရင်းဟယ်၊ မင်းဘာတွေ တွေးနေတာလဲ”

“ခင်ဗျား လုပ်ရဲလား” ချန်လီလည်း အော်ပြောလိုက်သည်။

သို့သော်လည်း မျိုးရိုးနာမည်ဟယ်နှင့် လူအိုကြီးသည် အားလုံးကို မကြားချင်ယောင် ဆောင်လျက် သူတော်စင်ချီကို အဆုံးစွန်ထိ တွန်းပို့ကာ ထွက်ခွာရန် ပြင်လိုက်လေသည်။

သူသာ ဆက်နေလျှင် သေလမ်းသာ သွားရပေလိမ့်မည်။ ထို့ကြောင့် ဆက်နေမည့်အစား ထွက်သွားရန်သာ ဆုံးဖြတ်လိုက်လေသည်။ ပြန်ဆုတ်ရန် ကြိုးစားမည်ဆိုပါက အစီအစဉ်၏ တန်ပြန်တိုက်ခိုက်ခြင်း ခံရနိုင်သော်လည်း ထိုနည်းလမ်းသည် ဆက်နေသည်နှင့် ယှဉ်လိုက်လျှင် အသက်ရှင်နိုင်ချေ ပိုများပေသည်။

ပထမဆုံး ထွက်ပြေးသူတွင် ထွက်ပြေးချိန် အများဆုံး ရပေလိမ့်မည်။ အကြောင်းသည်ကား အခြားသူများသည် အစီအရင်မှ ပြန်ထွက်လာသော စွမ်းအားများကို တားဆီရန် ကြိုးစားရမည့် အတွက်ကြောင့် ဖြစ်ပေသည်။

ဤငါးယောက်ထဲတွင် လင်မယား ဖြစ်ကြသော ချန်လီနှင့် ရီရှင်တို့မှလွဲ၍ ကျန်လူအားလုံးသည် သူစိမ်းများ ဖြစ်ကြသည်။ သူတို့ အားလုံးသည် အစီအရင်ကို ဖျက်စီးရန် အတွက် ယာယီ ပူးပေါင်းထားကြသူများသာ ဖြစ်ကြသည်။ တစ်ယောက်နှင့် တစ်ယောက် မရင်းနှီးကြ။ လူဆိုသည်မှာ ကိုယ့်ဘက်ကိုယ်ယက်ကြသည့် လိပ်များသာ ဖြစ်ကြရာ သေရေးရှင်းရေးနှင့် ကြုံလာလျှင် ဘာကြောင့် အခြားသူများ၏ အသက်ကို ဂရုစိုက်ကြမည်နည်း။

မိတ်ဆွေ၊ မိသားစုဝင်များထဲတွင်ပင် သေရေးရှင်ရေးနှင့် ကြုံရလျှင် ကိုယ်လွတ်ရုန်းသူက ရုန်း၊ လွတ်မြောက်ရန်အတွက် အချင်းချင်း နောက်ကျော ဓါးနှင့်ထိုးသူများပင် ရှိလေရာ တစ်ယောက်နှင့် တစ်ယောက် အရှင်းမသိကြသော သူစိမ်းငါးယောက်ဆိုလျှင်တော့ ပြောနေစရာပင် မလိုတော့ချေ။

လူအိုကြီးဟယ်မှ ထဖောက်လိုက်သည်နှင့် ငါးယောက် အတူပူးပေါင်းထားသည့် မဟာမိတ်လေး ပြိုကွဲသွားရလေတော့သည်။

ဟယ်ဝေမှ အစပြုလိုက်သည်နှင့် ကျန်လူများလည်း ပြန်ဆုတ်ရန် စတင် ကြိုးစားကြတော့လေသည်။

သို့သော်လည်း ချက်ချင်းဆိုသလို အားလုံး၏ အမူအရာ ပြောင်းလဲသွားခဲ့ရသည်။ ခွန်အားကို ဖုံးကွယ်ထားသော ရန်ကိုင်လည်း အပါအဝင်ပင်။

သူတို့အားလုံး ပြန်ဆုတ်၍ မရချေ။ အစီအရင်ဆီမှ မမြင်နိုင်သော ဆွဲအားတစ်မျိုးသည် သူတို့အားလုံးကို ပြန်ဆုတ်၍မရအောင် လုပ်နေခဲ့သည်။ ထိုမျှသာမကသေးဘဲ သူတို့ကိုယ်ထဲရှိ သူတော်စင်ချီသည် အစီအရင်ထဲသို့ အလိုလို စီးဝင်နေခဲ့သည်။ သူတို့ ရပ်တန့်၍ ကြိုးစားလိုက်သည့်တိုင် ရပ်တန့်သွားခြင်း မရှိခဲ့ချေ။

ဒြပ်ကြီးငါးပါးစွမ်းအားသည် ဝဲဂယက်တစ်ခုနှယ် ဆက်လက် လည်ပတ်နေခဲ့သည်။ ထိုဝဲဂယက်ဆီမှ ထွက်ပေါ်လာနေသော စွမ်းအားသည် သူတို့အားလုံးကို ပြန်ဆုတ်၍မရအောင် ချုပ်နှောင်ထားရုံမက သူတို့ကိုယ်ထဲရှိ စွမ်းအင်များကိုလည်း စုပ်ယူဝါးမြိုနေခဲ့သည်။

“ဘာတွေ ဖြစ်နေတာလဲ” ဟဲဝေ မျက်နှာ ဖြူလျော်သွားပြီး သူ့အား ချုပ်နှောင်ထားသော ဆွဲအားမှ အသည်းအသန် ရုန်းထွက်ရန် ကြိုးစားလိုက်သည်။ သို့တိုင် ရုန်းမထွက်နိုင်ခဲ့ချေ။ သူ့မျက်နှာသည် တဖြည်းဖြည်းနှင့် ဖြူလျော်သည်ထက် ဖြူလျော်လာနေခဲ့လေသည်။

“လူအိုကြီးကျန်း၊ ဒါဘာသလောလဲ” ချန်လီသည် ဒေါသကြီးသည့် လူတစ်ယောက် ဖြစ်သည်။ တစ်ခုခု မှားယွင်းနေသည်ကို သတိပြုမိလိုက်သော် သူတို့အား ဤနေရာဆီသို့ ဦးဆောင်‌ခေါ်လာသော ကျန်းရှန်ကို စတင် အော်ဟစ်စွပ်စွဲတော့လေသည်။

ချန်လီသာ ထိုကဲ့သို့ တွေးနေခြင်းမဟုတ်၊ ရန်ကိုင်လည်း ထိုကဲ့သို့ တွေးနေမိသည်။ သို့သော်လည်း ကျန်းရှန်အား လှမ်းကြည့်လိုက်သည့်အခိုက် ကျန်းရှီ မျက်နှာတစ်ခုလုံး ဖြူလျော်နေပြီး ထိတ်လန့်တုန်လှုပ်မှုတို့ဖြင့် ပြည့်နေသည်ကို တွေ့လိုက်ရသည်။

ကျန်းရှန်လည်း ဤအကြောင်းကို မသိလောက်ချေ။

“ငါလည်း မသိဘူး” ကျန်းရှန်က ပြန်ပြောလိုက်သည်။

“ခင်ဗျား မသိဘူးဟုတ်လား” ချန်လီသည် ကျန်းရှန်၏ စကားကိုမယုံချေ။ ဆက်၍သာ အော်ပြောလိုက်သည် “ခင်ဗျားပဲ ကျုပ်တို့ကို ဒီနေရာဆီ ခေါ်လာတာလေ။ အစီအရင်ကို ဘယ်လို တိုက်ခိုက်ရမလဲ ပြောတာလည်း ခင်ဗျားပဲ။ အဲ့ဒါကို ခင်ဗျား မသိဘူး လုပ်ချင်နေတာလား။ ဘာလဲ၊ ကျုပ်တို့ မသိအောင် ထောက်ချောင် ဆင်ထားပြီး ကျုပ်တို့အားလုံး ခုန်ဝင်လာမှာကို စောင့်နေတာလား”

“ဟန့်၊ ရောင်းရင်းရန်၊ မင်းအခြေအမြစ် မရှိဘဲ လျှောက်မစွပ်စွဲနဲ့။ ငါ့ကိုယ်ငါတောင် အနိုင်နိုင် ကာကွယ်နေရတာကို မင်းတို့ကို ဘယ်လိုလုပ်ပြီး ထောင်ချောက်ဆင်နိုင်မှာလဲကွ” ကျန်းရှန်သည် စိတ်ဆတ်သည့် လူတစ်ယောက် မဟုတ်သော်လည်း အလကားသက်သက် စွပ်စွဲပြစ်တင်ခံနေရသော် သည်းမခံနိုင်တော့ဘဲ ပြန်အော်ပြောတော့လေသည်။

“ခင်ဗျားဘာသာ သိသိမသိသိ၊ ကျုပ်ဂရုမစိုက်ဘူး။ ဒါတွေအားလုံးက ခင်ဗျားရဲ့ အပြစ်ပဲ။ ခင်ဗျားသာ မခေါ်လာရင် ကျုပ်တို့ ဘာမှ ဖြစ်မှာမဟုတ်ဘူး။ လွတ်အောင်လုပ်ဖို့ ခင်ဗျား နည်းလမ်းရှာ၊ မရှာနိုင်ရင်တော့ ကျုပ်သေရင်တောင် ခင်ဗျားကို အလွတ်ပေးမှာ မဟုတ်ဘူး”

“ရန်ဖြစ်မနေကြနဲ့တော့ကွာ” ရန်ကိုင်လည်း ဝင်အော်ပြောတော့သည် “ရန်ဖြစ်နေလို့ ဘာထူးမှာမို့လို့လဲ။ လူအိုကြီးကျန်းလည်း ဒီအကြောင်း ဘာမှမသိတာ ပေါ်လွင်နေတာပဲကို”

“မင်းသူ့ကို ယုံတာလား” ချန်လီက လှောင်ပြောင်လိုက်လေသည် “မင်းလည်း အဲ့ခွေးအိုကြီးနဲ့ အကြံတူ အကြံပါတွေ ဖြစ်ရင်ဖြစ်နိုင်တာပဲ။ ဘယ်သူပြောနိုင်မှာလဲ”

ရန်ကိုင်သည် ချန်လီအား အေးစက်စက် အကြည့်ဖြင့်သာ ကြည့်လိုက်ပြီး ဘာမှတော့ ပြန်ပြောမနေခဲ့ချေ။ ထိုလူသည် ဦးနှောက်တစ်ခုလုံး ကြွက်သားများဖြင့် ပြည့်နေသော စဉ်းစားဥာဏ်မရှိသည့် လူတစ်ယောက်ာသ ဖြစ်သည်။ ယခုကဲ့သို့ အန္တရာယ်များနေသည့် အချိန်မျိုးတွင်ပင် လွတ်မြောက်မည့် နည်းလမ်းကို မရှာဖွေဘဲ အခြားသူများကို ရန်စကား လိုက်ပြောနေသည်။

“ဒြပ်ကြီးငါးပါး အစီအရင်မှာ ဒီလို စွမ်းအားမျိုး ရှိလို့လား လူအိုကြီးကျန်း” ရန်ကိုင်က မျက်မှောင်ကြုတ်လျက် မေးလိုက်သည်။

“မရှိဘူး” ကျန်းရှန်က ပြတ်ပြတ်သားသား ခေါင်းခါလိုက်သည် “ဒြပ်ကြီးငါးပါး အစီအရင်က အကာအကွယ် အစီအရင်တစ်ခုပဲ။ တိုက်ခိုက်မှုတွေကို တန်ပြန်နိုင်တာကလွဲပြီး သူ့မှာ ဘာတိုက်ခိုက်ရေး အကွက်မှမရှိဘူး။ ဒြပ်ကြီးငါးပါးအစီအရင်တစ်ခုက ဘယ်လိုမှ ဒီလိုမျိုး မလုပ်နိုင်ဘူး။ အဲ့လိုမျိုးသာ မဖြစ်သွားရင်ပေါ့…”

“ဘာမဖြစ်သွားရင်လဲ” ရန်ကိုင်၏ မျက်လုံးအစုံ မှေးစဉ်းသွားခဲ့သည်။

“ဒီအစီအရင်သာ အခြား အစီအရင်တစ်ခုအဖြစ် မပြောင်းလဲသွားရင်ကို ပြောတာ” ကျန်းရှန်က ပြန်ပြောလိုက်သည်။

ဒြပ်ကြီးငါးပါးအစီအရင်အား မည်ကဲ့သို့ ဖျက်စီးရမည်လဲ ဆိုသည်ကို အဖြေရှာနိုင်သဖြင့် ကျန်းရှန်သည် အစီအရင်ကြောင်း နည်းနည်းပါးပါးတော့ တတ်ကျွမ်းသူတစ်ယောက် ဖြစ်ရပေမည်။ ထို့ကြောင့် ယန်ယန်ကဲ့သို့ ပညာရှင်တစ်ယောက် မဟုတ်လျှင် လက်ရှိ ရှိနေသည့် လူလေးယောက်ထက်တော့ အစီအရင်ပိုင်းတွင် ပိုဆရာကျပေသည်။

ခဏလောက် စဉ်းစားပြီးနောက်တွင် ကျန်းရှန်၏ အမူအရာ အပြောင်းလဲကြီး ပြောင်းလဲသွားပြီး အလန့်တကြား ထအော်ပြောလေသည် “ဒါ ဒြပ်ကြီးငါးပါး ဝါးမြိုခြင်း အစီအရင်လား”

“ဒြပ်ကြီးငါးပါး ဝါးမြိုခြင်း အစီအရင်” ရီလင်က နားမလည်နိုင်ဟန်ဖြင့် “ပျက်ပြယ်ခြင်းနဲ့ ဝါးမြိုခြင်းပဲ ကွာသွားတာလေ။ ဘာတွေ ဒီလောက် စိတ်ပူစရာ ရှိလို့လဲ”

“ဟတ်ဟတ်…” ကျန်းရှန်က မဲ့ပြုံးပြုံးလျက် “ညီမရီ မသိလို့။ ပျက်ပြယ်ခြင်းနဲ့ ဝါးမြိုခြင်းပဲ ကွားသွားတာ ဆိုပေမယ့် စွမ်းအားက အပြတ်အသတ် ကွာတယ်။ အခု ငါတို့ အခြေအနေကို မြင်တယ်မလား။ ဒီအစီအရင်သာ အသက်ဝင်သွားပြီ ဆိုတာနဲ့ ငါတို့ကိုယ်ထဲက သူတော်စင်ချီနဲ့ အသက်စွမ်းအင်တွေ အကုန်လုံးကို ဝါးမြိုပစ်သွားမှာ”

“ဘယ်လို” ထိုစကားကို ကြားလိုက်သည့်အခိုက် အကုန်လုံး၏ အမူအရာ ဖြူလျော်သွားခဲ့သည်။

“လိုဏ်ဂူပိုင်ရှင်က တကယ်ကို ကောက်ကျစ်လွန်းတာပဲ” ကျန်းရှန်၏ အမူအရာ သုန်မှုန်သွားခဲ့ပြီး ခါးသက်သက် အမူအရာဖြင့် “ဒြပ်ကြီးငါးပါး ပျက်ပြယ်ခြင်း အစီအရင်အောက်မှာ ဒြပ်ကြီးငါးပါး ဝါးမြိုခြင်း အစီအရင်ကို ဖုံးထားလိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး။ ငါအရမ်း သတိလက်လွတ်နိုင်သွားတယ်”

“အခုမှ ပြောနေလို့ကော ဘာထူးမှာလဲကွ။ ဒီအဖေ မသေချင်သေးဘူးဟ” ချန်လီက ဒေါသတကြီး အော်ဟစ်လိုက်ပြီး သူတော်စင်ချီကို အသည်းအသန် ထုတ်လွှတ်၍ အစီအရင်၏ ချုပ်နှောင်မှုမှ ရုန်းထွက်ရန် ကြိုးစားလိုက်သည်။ သို့သော်လည်း သူမည်မျှပင် ကြိုးစားစေကာမူ အချည်းနှီးသည်သာ ဖြစ်ခဲ့ရသည်။

“ရုန်းမနေနဲ့။ ရုန်းလေ ပိုမလွတ်လေဖြစ်မှာ။ ဒီအစီအရင်က နွံအိုင်လိုပဲ။ ရုန်းလေလေ နစ်လေလေပဲ။ မင်းပိုရုန်းရင် မင်းသူတော်စင်ချီ ပိုမြန်မြန်ကုန်မှာ” ကျန်းရှန်က အလျင်စလို အော်ပြောလိုက်သည်။

“အဲ့ဒါဆို ကျွန်မတို့ ဘာလုပ်ကြမလဲ” ရီလင်၏ မျက်နှာ ဖြူလျော်သွားပြီး သူမ ယောကျာ်းကို အလျင်စလို မလုပ်ရန် အမြန် လှမ်းတားလိုက်လေသည်။

ကျန်းရှီ ခါးသက်စွာသာ ပြုံးလိုက်သည်။ သူလည်း အဖြေမရှာတတ်ချေ။

“ငါတို့ ဒီမှာပဲ သေရတော့မှာလား” ဟဲဝေက ထိတ်လန့်စွာဖြင့် ပြောလိုက်သည်။

“ဒီတစ်ကြိမ် ငါတကယ် မှားသွားတယ်” ကျန်းရှန် တောင်းတောင်းပန်ပန်ဖြင့် ပြောလိုက်သည်။ အကုန်လုံးကို ခေါ်လာပြီး အစီအရင်ကို ချိုးဖျက်ရန် ကြိုးစားသော်ငြား အစီအရင်ကို မချိုးဖျက်နိုင်သည့် အပြင် လိုဏ်ဂူပိုင်ရှင် ဆင်ထားသည့် ထောင်ချောက်ထဲသို့ပင် ကျသွားခဲ့ပြီး အကုန်လုံး သေမင်းခံတွင်းဝသို့ ရောက်လာခဲ့ရသည်။ ယခု သူတို့ သေရမည်ကို ထိုင်စောင့်နေရုံသာ ရှိတော့သည်။

“တကယ်ကြီး အဖြေမရှိတော့တာလား။ အစ်ကိုကျန်းက ကျွန်မတို့ အားလုံးထဲမှာ အစီအရင်အကြောင်း အသိဆုံးဆိုတော့ နည်းလမ်းတစ်ခုခုလောက် စဉ်းစားကြည့်ပါလား” အမျိုးသမီးက ထိတ်လန့်နေသည့် လေသံဖြင့် တောင်းဆိုလိုက်သည်။

အမျိုးသမီး၏ အကြည့်နှင့် မျက်နှာချင်း မဆိုင်ရဲသဖြင့် ကျန်းရှန်သည် အခြား တစ်ဖက်သို့သာ အကြည့်လွှဲလိုက်လေသည်။

သူသာ ယန်ယန်ကဲ့သို့ အစီအရင်အကြောင်းကို ထုံးလိုကြေ ရေလိုနှောက်အောင် ကျွမ်းကျင်ထားခဲ့လျှင် ဤဒုက္ခဘေးမှ လွတ်မြောက်နိုင်လိမ့်မည် ဖြစ်သော်လည်း သူ့အရည်အချင်းသည် ယန်ယန်၏အဆင့်တွင် ရှိမနေခဲ့ချေ။

ရန်ကိုင်လည်း အတော်လေး စိတ်ညစ်နေခဲ့သည်။ သူ့ကိုယ်ထဲတွင် ရှိနေသော သူတော်စင်ချီ ပမာဏသည် အလွန်ကိုမှ များပြားလှသော်လည်း ဤအစီအရင်သာ သူမသေမချင်း သူ့ကိုယ်ထဲရှိ သူတော်စင်ချီအားလုံးကို ထိုင်စုပ်ယူနေမည်ဆိုပါက သူလည်း ကျိန်းသေ လွတ်မြောက်နိုင်လိမ့်မည် မဟုတ်ချေ။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၄၉၀)

လေဟာနယ်တာအိုအပေါ် ရန်ကိုင်၏ ကျွမ်းကျင်မှုသည် ဤနေရာပ သူ့အား အကူအညီ ပေးနိုင်ပေသည်။ သူ့အနေဖြင့် သင့်တော်သည့် အချိန်တစ်ခုကိုရှာကာ ဟင်းလင်ပြင်ကို ဆုတ်ဖြဲပြီး ထွက်ပြေးသွားနိုင်ပေသည်။ ထို့ကြောင့် အခြားသူများနှင့် ယှဉ်လိုက်လျှင် သိသိသာသာကို ပိုပြီး တည်ငြိမ်နေခဲ့သည်။

သို့သော်လည်း ထို့အတွက်လည်း သူစွန့်စားရနိုင်သည်။ သူဆုတ်ဖြဲ၍ ဖန်တီးလိုက်သည် ဟင်းလင်းပြင် အက်ကွဲကြောင်းသည် ပြင်းထန်သည့် အားတစ်ခုခု၏ သက်ရောက်ခြင်း ခံလိုက်ရပါက မတည်မငြိမ်ဖြစ်ကာ ပြိုကျသွားနိုင်ပေသည်။ မတည်ငြိမ်သော ဟင်းလင်းပြင် အက်ကွဲကြောင်းထဲ သွားဖို့ရာသည် ရန်ကိုင်အတွက်ပင် အန္တရာယ်များလှပေသည်။

ထို့ကြောင့် ဟင်းလင်းပြင်အား ဆုတ်ဖြဲခြင်းသည် မျှော်လင့်ချက် မရှိတောသည့်အဆုံးမှ ထုတ်သုံးရမည့် ဝှက်ဖဲတစ်ခု ဖြစ်ပေသည်။

ငါးယောက်စလုံး အန္တရာယ်နှင့် ကြုံနေရသော်လည်း မည်သူ့တွင်မှ ဤအခြေအနေကို ဖြေရှင်းနိုင်မည့် အဖြေတစ်ခုမှ ရှိမနေခဲ့ချေ။ သူတို့ အနေဖြင့် သေမည့် အချိန်ကို ထိုင်စောင့်နေရုံသာ ရှိတော့သည့်အတွက် အကုန်လုံး အလွန်ကိုမှ တုန်လှုပ် ချောက်ခြားနေခဲ့ကြလေပြီ။

သို့သော် ခဏအကြာတွင် တစ်ခုခု ပြောင်းလဲသွားသည်ကို သတိပြုမိလိုက်သည့်နှယ် ဟဲဝေ အလန့်တကြား ထအော်လိုက်လေသည်။

သူ့အော်သံနှင့်အတူ အစီအရင် အလယ်ဗဟိုတွင် ရှိနေသော စွမ်းအင်ငါးမျိုးဖြင့် ဖွဲ့စည်းထားသည့် စွမ်းအင်ဝဲကတော့ ရုတ်တရက် အရှိန် မြင့်လာလေသည်။ ကျောက်နံရံ မျက်နှာပြင်ပေါ်ရှိ ဝင်ပေါက်သည်လည်း တဖြည်းဖြည်း တည်ငြိမ်လာခဲ့လေသည်။

ဒြပ်ကြီးငါးပါး ပျက်ပြယ်ခြင်းအစီအရင် ပျက်စီးလုနီးပါး ဖြစ်နေခဲ့လေပြီ။

မျှော်လင့်ချက် မဲ့နေသည့် အခြေအနေထဲဝယ်၊ ထိုတွေ့ရှိမှုသည် အကုန်လုံးအတွက် စိတ်လှုပ်ရှားဝမ်းသာစရာ သတင်း တစ်ခုဖြစ်ခဲ့သည်။ သို့သော်လည်း သူတို့ ပျော်နေရုံတင် ရှိသေး၊ ချောက်ခြားဖွယ်ရာ အဖြစ်အပျက်တစ်ခု ထပ်မံ ဖြစ်ပေါ်လာခဲ့သည်။

ကျောက်တုံး မျက်နှာပြင်ပေါ်ရှိ ဝင်ပေါက် တည်ငြိမ်လာသည်နှင့် အမျှ ဒြပ်ကြီးငါးပါး စွမ်းအင်ဝဲကတော့ လည်ပတ်နှုန်းသည် ပိုပို၍ အရှိန်မြင့်လာခဲ့သည်။ ထိုသို့ အရှိန်မြင့်လာသည်နှင့် အမျှ၊ သူတို့ကိုယ်ထဲမှ သူတော်စင်ချီအား စုပ်ယူနှုန်းသည် မြန်သည်ထက် မြန်လာခဲ့သည်။ အဆုံးတွင် သူတို့ကိုယ်ထဲမှ စီးထွက်နေသော သူတော်စင်ချီများကို သူတို့ပင် မထိန်းချုပ်နိုင်သည့် အဆင့်ထိသို့ ရောက်လာခဲ့ရသည်။

သူတော်စင်ချီ အဆက်မပြတ် စုပ်ယူခံနေရသည့်အတွက်၊ ငါးယောက်အနက် တစ်ယောက်စ၊ နှစ်ယောက်စတို့၏ မျက်နှာများသည် စက္ကူဖြူတစ်ရွက်နှယ် စတင် ဖြူလျော်လာခဲ့သည်။ ရန်ကိုင်ပင်လျှင် သိပ်အခြေအနေမကောင်းတော့။ သူ့ကိုယ်ထဲရှိ သူတော်စင်ချီတို့သည် တွင်းနက်ကြီး တစ်ခု၏ စုပ်ယူခြင်း ခံရသည့်နှယ် အစီအရင်ထဲသို့ တရဟော စီးဝင်နေခဲ့သည်။

သူ့ကိုယ်ထဲမှ စုပ်ယူခံလိုက်ရသည့် သူတော်စင်ချီ ပမာဏသည် တန်ခိုးရှင်တတိယအဆင့် ပညာရှင်တစ်ယောက် ပိုင်ဆိုင်သော သူတော်စင်ချီ ပမာဏနှင့် တူညီနေခဲ့လေပြီ။

ရန်ကိုင်၏ ခန္ဓာကိုယ်ထဲတွင် သူတော်စင်ချီများစွာ ရှိနေသည်မှာ ကံကောင်းသွားခဲ့သည်။ မဟုတ်လျှင် သူလည်း မလွယ်ချေ။ သူ့အတွက် အဆင်ပြေနေသော်လည်း ကျန်းရှန်နှင့် အခြားသူများ အတွက် အဆင်ပြေသည်ဟု မဆိုလိုပေ။ သူတို့၏ ကိုယ်ထဲတွင် ရှိနေသော လက်ကျန် သူတော်စင်ချီ အားလုံး ကုန်ဆုံးသွားပြီ ဖြစ်သည့်အတွက်ကြောင့် အစီအရင်သည် သူတို့၏ အသက်စွမ်းအင်ကို အစားထိုး စုပ်ယူနေခဲ့သည်။

လေးယောက်စလုံး၏ ဒွါရခုနှစ်ပေါက်မှ အနီရောင်အမျှင်တန်းများ ထွက်ပေါ်လာပြီး အစီအရင်ထဲရှိ ဝဲကတော့ထဲသို့ အလျင်အမြန် စီးဝင်သွားကြလေသည်။ ထိုအနီရောင် စွမ်းအင်များသည် သူတို့၏ အသက်စွမ်းအင်များ ဖြစ်ကြပေသည်။

မျက်တောင်တစ်ခတ်အတွင်း နှစ်ထောင်ပေါင်းများစွာ ကုန်ဆုံးသွားသည့်အလား လေးယောက်စလုံး၏ ခန္ဓာကိုယ်သည် အလွန် လျင်မြန်သော အမြန်နှုန်းဖြင့် ညိုးလျော် ခြောက်သွေ့လာကြသည်။ ဆံပင်များပင် မီးခိုးရောင်အဖြစ်သို့ ပြောင်းလဲကုန်ပြီး ထိုမှတစ်ဆင့် အဖြူရောင် ဖြစ်ကုန်ကြလေသည်။

အသက်ဆယ်ရှိုက်စာအတွင်း တန်ခိုးရှင်ဒုတိယအဆင့် လေးယောက်စလုံး သင်္ချိုင်းကုန် ခြေတစ်ဖက်လှမ်းနေသည့် သက်ကြားအိုကြီးများအဖြစ်သို့ ပြောင်းလဲသွားကုန်ကြလေသည်။ ယခု သူတို့အားလုံး မတ်တပ်ရပ်ဖို့ရာပင် အနိုင်နိုင် ဖြစ်နေကြလေပြီ။

လက်ရှိတွင် ဒြပ်ကြီးငါးပါး ပျက်ပြယ်ခြင်း အစီအရင်သည် ပျက်စီးလုနီးပါး ဖြစ်နေခဲ့လေပြီ။ သို့သော်လည်း ကျန်းလေးယောက်စလုံးမှာ အစီအရင်မှ လိုအပ်သော စွမ်းအင်ကို ဆက်လက် မထောက်ပံ့ပေးနိုင်တော့သည် ဖြစ်လေရာ သူတစ်ယောက်တည်းဖြင့် အစီအရင်ကို မည်ကဲ့သို့ ဆက်၍ ဖျက်စီးနိုင်မည်နည်း။

စွမ်းအင်ငါးမျိုး မျှခြေသာ ကျိုးပျက်သွားခဲ့လျှင် ဝဲကတစ်ခုလုံး ပေါက်ကွဲသွားလိမ့်မည်။

တန်ခိုးရှင်ဒုတိယအဆင့် လေးယောက်၏ အသက်စွမ်းအင်နှင့် သူတော်စင်ချီအားလုံး ပေါင်းစပ်ထားသည့် စွမ်းအင်အစုအဝေး ပေါက်ကွဲသည့်ဒဏ်ကို သူမည်သို့မှ ခုခံနိုင်လိမ့်မည် မဟုတ်ချေ။ ထိုပေါက်ကွဲမှုနှင့် ရင်ဆိုင်ရပါက သူမသေလျှင်ပင် ပြင်းပြင်းထန်ထန် ဒဏ်ရာ ရသားနိုင်ပေသည်။

သေနိုင်ချေကမူ အများဆုံးပင်။

သူဤနေရာတွင် သေရတော့မည်လား။ ရန်ကိုင် မသေချင်သေးချေ။ ငါးယောက်စလုံး အတူပူးပေါင်းပြီး ရတနာရှာထွက်ခဲ့သော်လည်း လေးယောက်မှာမူ သေသွားခဲ့လေပြီ။ လင်မယား ဖြစ်ကြသည့် လူထွားကြီးနှင့် အမျိုးသမီးတို့မှ လွဲ၍ ကျန်လူအားလုံးသည် သူစိမ်းများသာ ဖြစ်ကြသည်။ သို့သော် အောင်မြင်ခါနီးမှ သေသွားရသည့်အတွက် သူတို့၏ သေဆုံးမှုသည် လုံးဝကို အချည်းနှီး ဖြစ်သွားခဲ့ရပေသည်။

သူတို့၏ သေဆုံးမှုအပေါ် ရန်ကိုင် နည်းနည်းမျှပင် ဝမ်းနည်းစိတ် မဖြစ်မိချေ။ ကျင့်ကြံသူများ၏ ဘဝမှာ ဤကဲ့သို့သာ ဖြစ်သည်။ တိုးတက်လိုလျှင် စွန့်စားရမည်။ စွန့်စားပြီ ဆိုလျှင်လည်း ရင်ဆိုင်ရမည့် အကျိုးဆက်ကိုပါ ကြိုတွေးထားရပေမည်။ သေရမည့် အကျိုးဆက်ကို ကြိုတွေးထားရမည် ဆိုသော်လည်း ဤနေရာတွင် သူမသေချင်သေးပေ။

ဤဒြပ်ကြီးငါးပါး ပျက်ပြယ်ခြင်း အစီအရင်၏ စွမ်းအင်ငါးမျိုး ဝဲကတော့ကို သူတစ်ယောက်တည်း ဆက်ထိန်းထားဖို့ရာလည်း မဖြစ်နိုင်လှ။ ထို့ကြောင့် ဟင်းလင်းပြင်ကို ဆုတ်ဖြဲ၍ ထွက်ပြေးသွားရုံသာ ရှိတော့သည်။

ထိုအတွေး သူ့ခေါင်းထဲ ဖြတ်ပြေးသွားသည်နှင့် ဟင်းလင်းပြင်ကို ဆုတ်ဖြဲပြီး ထွက်ပြေးရန် အတွက် လေဟာနယ်စွမ်းအင်ကို စတင် စုစည်းလိုက်လေသည်။ သို့သော် ထိုအချိန်မှာပင် တစ်ခုခုကို သူတွေးမိလိုက်သည်။ ထိုအကြောင်းကို စဉ်းစားမိလိုက်သည်နှင့် ဟင်းလင်းပြင်ကို ဆုတ်ဖြဲပြီး ထွက်ပြေးမည့်အကြံကို ချက်ချင်း ခေါင်းထဲမှ ထုတ်လိုက်လေသည်။ ရုတ်တရက် သူ့လက်ကို ဆန့်ထုတ်လိုက်သည့်နောက် ရန်ကိုင်၏ လက်ဝါးထက်တွင် စွမ်းအင်ငါးမျိုး ရောစပ်နေသော စွမ်းအင်လုံးလေးတစ်လုံး ထွက်ပေါ်လာခဲ့သည်။

စွမ်းအင်လုံးလေးသည် ဒြပ်ကြီးငါးပါး အကြွင်းမဲ့ဓါးချီပင် ဖြစ်လေသည်။

ဒြပ်ကြီးငါးပါး အကြွင်းမဲ့ဓါးကျင့်စဉ်သည် လိုအပ်ချက် အလွန် မြင့်မားလှသော ခန္ဓာကျင့်စဉ် တစ်ခုဖြစ်သည်။ ထိုကျင့်စဉ်ကို ကျင့်ကြံရန်အတွက် ကြံခိုင်သော ခန္ဓာကိုယ်ကို လိုအပ်ရုံသာမက အလွန်ကိုမှ အားကောင်းသော စိတ်စွမ်းအင်နှင့် အဖိုးတန် ဒြပ်ကြီးငါးပါး ရတနာများကိုလည်း လိုအပ်ပေသည်။

ရန်ကိုင်ပင်လျှင် လိုအပ်သော ဒြပ်ကြီးငါးပါး ရတနာများကို ရရန်အတွက် အချိန်အတော်ကြာအောင် လိုက်စုခဲ့ရပြီး မကြာသေးခင်ကမှ ထိုကျင့်စဉ်ကို ကျင့်ကြံနိုင်ခဲ့ခြင်း ဖြစ်သည်။

ဒြပ်ကြီးငါးပါးအကြွင်းမဲ့ဓါးချီသည် ထိုခန္ဓာကျင့်စဉ်ကို ကျင့်ကြံပြီးနောက် ရရှိလာသည့် ချီတစ်မျိုး ဖြစ်သည်။ သို့သော် ကျင့်စဉ်ကို ကျင့်ကြံထားသည်မှာ မကြာသေးသည့် အတွက်ကြောင့် ရန်သူများနှင့် ရင်ဆိုင်တိုက်ခိုက်ရာတွင် အသုံးမပြုနိုင်သေးချေ။ ပြိုင်ဘက်များအပေါ် မသုံးမပြုနိုင်သေးသော်လည်း ထိုဖြစ်တည်စ ဒြပ်ကြီးငါးပါး အကြွင်းမဲ့ဓါးချီသည် အစီအရင်အား ဆက်လက် လည်ပတ်အောင် ထိန်းသိမ်းဖို့ရာ အကူအညီ ပေးနိုင်လောက်ပေသည်။

နေမီးလျှံအမြူတေ၊ ယင်နေကြာရေစင်၊ မိုးကြိုးသစ်သား၊ ဆန်းယင်ရွှေနှင့် ဒြပ်ပြယ်ကျောက်တုံး၊ မည်သည့် ရတနာကများ ဒဏ္ဏာရီလာ ရှားပါးရတနာ မဟုတ်လေသနည်း။ အကုန်လုံးသည် ကြယ်စီရင်စုထဲတွင်ပင် အလွန်တရာကိုမှ ရှားပါးလွန်းလှသော ရတနာများ ဖြစ်ကြသည်။ ထိုပစ္စည်းများသုံး၍ ဖန်တီးထားသော ဒြပ်ကြီငါးပါး အကြွင်းမဲ့ဓါးချီသည် စတင် ဖန်တီးခါစ ဖြစ်သည့်အတွက် အရမ်းကြီး အားကောင်းခြင်း မရှိသေးလျှင်ပင် အရည်အသွေးတွင်မူ ထိန်းတန်းပင် ဖြစ်လေသည်။

ထို့အပြင် ထိုစွမ်းအင်ငါးမျိုးသည် ညီတူမျှတူ ပေါင်းစပ်နေခြင်းဖြစ်သည်။ ထို့ကြောင့် အစီအရင်အား ဆက်လက် လည်ပတ်စေရန်အတွက် စွမ်းအင်ငါးမျိုးအား ညီတူမျှတူ ပို့လွှတ်ပေးရမည့် ကိစ္စနှင့် ပက်သက်၍ ရန်ကိုင် စိတ်ပူနေစရာ မလိုချေ။

လက်ရှိ ဒြပ်ကြီးငါးပါး ပျက်ပြယ်ခြင်းအစီအရင်သည် ပျက်စီးခါနီး ဖြစ်နေပြီ ဖြစ်သည့်အတွက် စွမ်းအင် အနည်းငယ်လောက်သာ ထပ်လိုအပ်တော့သည်။ သူ့ဒြပ်ကြီးငါးပါး အကြွင်းမဲ့ဓါးချီသည် အစီအရင်မှ လိုအပ်သော နောက်ဆုံး စွမ်းအင် လက်ကျန် အနည်းငယ်ကို ဖြည့်ဆည်းကောင်း ဖြည်းဆည်းပေးနိုင်လောက်ပေသည်။

ထိုကဲ့သို့ တွေးမိလိုက်သည့်နောက်၊ ဒြပ်ကြီးငါးပါး အကြွင်းမဲ့ဓါးချီအား မတူညီသော စွမ်းအင်ငါးမျိုးအဖြစ်သို့ ပြောင်းလဲစေလျက်၊ အစီအရင်၏ မတူညီသော နေရာငါးနေရာဆီသို့ ပစ်လွှတ်လိုက်သည်။ ထို့ကဲ့သို့ လုပ်ပြီးသည်နှင့် ချက်ချင်းဆိုသလို ဟင်းလင်းပြင်ကို ဆုတ်ဖြဲ၍ ထွက်ပြေးတော့လေသည်။

သူထွက်ပြေးသွားပြီးသည်နှင့် တစ်ပြိုင်နက်၊ ယခင် ရပ်နေခဲ့သည့် နေရာဆီမှ ပေါက်ကွဲသံ အကျယ်ကြီး ထွက်ပေါ်လာခဲ့သည်။

သူဖန်တီးလိုက်သည့် ဟင်းလင်းပြင် အက်ကွဲကြောင်း တစ်မုဟုတ်ချည်း ပျက်စီးသွားခဲ့၏။ ရန်ကိုင်သည်လည်း ထွက်ပြေးနေရင်းမှ ဟင်းလင်းပြင် အက်ကွဲကြောင်း ပျက်စီးသွားသဖြင့် ထိုထဲမှ အလျင်စလို ခုန်ထွက်လာခဲ့ရသည်။ ယခုလက်ရှိ သူရှိနေသည့် နေရာသည် အစီအရင် ရှိနေသည့် နေရာဆီမှ မိုင်ငါးဆယ်အကွာတွင် ဖြစ်ပေသည်။ ယခုထိတိုင် သူ့ရင်ထဲ အကြောက်မပြေသေး။

အစီအရင်ထဲသို့ စွမ်းအင် ပို့လွှတ်လိုက်ပြီးသည်နှင့် ဟင်းလင်ပြင်ကို ဆုတ်ဖြဲ၍ ချက်ချင်း ထွက်ပြေးလာလိုက်ည်မှာ ကံကောင်းသွားခဲ့သည်။ တစ်စက္ကန့်ခန့်မျှ နောက်ကျသွားလျှင်ပင် အသက်နှင့်ကိုယ် အိုးစားကွဲသွားနိုင်ပေသည်။

သို့တိုင် ပေါက်ကွဲအား၏ သက်ရောက်မှုမှ အပြည့်အဝ မလွတ်မြောက်နိုင်ခဲ့ချေ။ သူ့ကျောပြင်တစ်ခုလုံး ချစ်ချစ်တောက် ပူလောင်နေခဲ့သည်။ ပေါက်ကွဲရာမှ ထွက်ပေါ်လာသော စွမ်းအင်လှိုင်းများ၏ အဖျားခတ်ရိုက်ခတ်မှုသည် သူ့ကျောပြင်အား လာရောက် ထိမှန်ခဲ့သည့် အတွက် ကျောပြင်တစ်ခုလုံး စုတ်ပြတ်သတ်သွားခဲ့ရသည်။ သူ့ကျောပြင်တစ်လျှောက် စီးကျနေသော သွေးများကို ရန်ကိုင် အသေအချာ ခံစားမိနေပေသည်။

ဤဒဏ်ရာမျိုးသည် အခြားလူတစ်ယောက် အတွက်သာ ဆိုပါက အတော်လေးကို ပြင်ထန်လိမ့်မည် ဖြစ်သော်လည်း ရန်ကိုင်သည် အားကောင်းသော ခန္ဓာကိုယ်အား ပိုင်ဆိုင်ထားရုံမက ရွှေရောင်သွေးစက်ကိုပါ ပိုင်ဆိုင်ထားသေးသည်။ ရွှေရောင်သွေးစက် ရှိနေသည့်အတွက် အချိန်တိုအတွင်း ထိုဒဏ်ရာကို ပြန်လည် ကုစားနိုင်ပေသည်။

သူတော်စင်ချီကို လှည့်ပတ်၍ ခန္ဓာကိုယ် အခြေအနေကို အနည်းငယ် သက်သာသွားအောင် လုပ်ပြီးနောက် အစီအရင်ရှိရာဆီ ချက်ချင်း ပျံသန်းသွားလိုက်သည်။

အစီအရင် ပေါက်ကွဲသံသည် အလွန်ကိုမှ ကျယ်လောင်လွန်းသည့်အတွက် အနီးအနားတွင် တစ်ယောက်ယောက်သာ ရှိနေခဲ့လျှင် ဤနေရာဆီသို့ ဘာဖြစ်နေမှန်း သိရလေအောင် ပြေးလာကြမည်မှာ မလွဲမသွေပင်။ သူကြိုးစားအားထုတ်မှုအားလုံးကို အခြားတစ်ယောက်မှ အမြတ်ထုတ်သွားမည့် အဖြစ်မျိုးကို ရန်ကိုင် လက်မခံနိုင်ချေ။ ထို့ကြောင့် အခြားသူများ ရောက်မလာခင် အစီအရင် ရှိနေသည့် နေရာဆီသို့ ခြေကုတ်သုတ် ပြန်ပြေးသည်။

မိုင်ငါးဆယ်ဟူသော အကန့်အသတ်အား တစ်ခဏအတွင်း ရန်ကိုင် ဖြတ်ကျော်လာခဲ့သည်။ အစီအရင်ရှိနေရာဆီသို့ ပြန်ရောက်လာသည့်အခါ ရန်ကိုင် ပျော်သွားခဲ့လေသည်။ သူထင်ထားသည့် အတိုင်းပင် သူ့အစီအစဉ် အောင်မြင်သွားခဲ့သည်။

ကျောက်နံရံတစ်ခုလုံး မွစာကြဲနေပြီး ကျန်းရှန်နှင့် အခြားသူများအားလုံး၏ အလောင်များကိုလည်း မတွေ့ရတော့သော်လည်း ထိုနေရာတွင် တောင်အတွင်းပိုင်းဆီသို့ ဦးတည်နေသော အပေါက်တစ်ပေါက် ဖြစ်ပေါ်နေခဲ့သည်။

ထိုအရာသည် သူတို့ ရှာနေသည့် ရှေးဟောင်းကျင့်ကြံသူ၏ လိုဏ်ဂူစံအိမ်သာ ဖြစ်လေသည်။ ရန်ကိုင် ချက်ချင်းပဲ ထိုအပေါက်ထဲသို့ ပြေးဝင်သွားလိုက်သည်။

သို့သော် နည်းနည်းလေးမှ သတိမပေါ့ခဲ့။ နှစ်ထပ်ဆင့် အစီအရင်အား ပါးပါးနပ်နပ် ခင်းကျင်းထားခဲ့သော ဤလိုဏ်ဂူပိုင်ရှင်သည် လိုဏ်ဂူထဲတွင်လည်း ထောင်ချောက်များ ထပ်မံ ခင်းကျင်းထားနိုင်သေးသည်။ သို့သော်လည်း အတော်ဝေးဝေးထိ လျှောက်လာပြီးသည့်တိုင် မည်သည့် အစီအရင်၊ ထောင်ချောက်နှင့်မှ ထပ်မကြုံခဲ့ရချေ။

ဆက်သွားရင်း ဆက်သွားရင်း ခဏအကြာတွင် ရန်ကိုင်ရှေ့၌ ကျောက်တုံးလိုဏ်ဂူများစွာ ပေါ်လာခဲ့သည်။

ရန်ကိုင်သည် နည်းနည်းလေးမှ တုန့်ဆိုင်းနေခြင်းမရှိဘဲ ဘယ်ဘက်အကျဆုံး လိုဏ်ဂူထဲသို့ ချက်ချင်း ပြေးဝင်သွားလေသည်။

ခဏအကြာတွင် ထိုလိုဏ်ဂူထဲမှ ပြန်ထွက်လာပြီး ဒုတိယကျောက်တုံးခန်းဆီသို့ ဝင်သွားသည်။ ထို့နောက် ဒုတိယအခန်းမှ ထွက်၍ တတိယအခန်းသို့ ဝင်သွားပြန်လေသည်။

ကျောက်တုံးခန်း ဆယ်ခန်းကျော်မက စစ်ဆေးပြီးသော်လည်း ပျက်စီးနေပြီဖြစ်သော ဆေးလုံးများ ရှိနေသည့် ဆေးပုလင်းအချို့မှလွဲ၍ အခြားဘာမှ မရခဲ့ချေ။

ငါလက်ဗလာနဲ့ ပြန်ရတော့မှာလား ရန်ကိုင် အတော်လေး စိတ်ညစ်သွားခဲ့သည်။ ထိုသို့သာဆိုလျှင် ကျန်းရှန်နှင့် အခြားသူများ သေသွားရသည်မှာ အချည်းနှီး ဖြစ်သွားပေလိမ့်မည်။ သူ့မျှော်လင့်ချက် အားလုံးသည်လည်း သဲထဲရေသွန် ဖြစ်ရပေလိမ့်မည်။

ရှေးဟောင်းလိုဏ်ဂူစံအိမ်တွင်းတွင် ရတနာ ရှိမနေတတ်ချေ။ အချို့နေရာတွင် ရတနာကောင်းများ ရှိနေတတ်သော်လည်း အချို့နေရာတွင်မူ ဘာမှရှိမနေတတ်ချေ။ ယခု စစ်ဆေးစရာ အခန်းတစ်ခန်းသာ ကျန်တော့သည်။ ရန်ကိုင်သည် မျက်မှောင်ကြုတ်ကြုတ်နှင့် ထိုအခန်းထဲသို့ ဝင်သွားလိုက်သည်။

ချက်ချင်းဆိုသလို သူ့မျက်ဝန်းအစုံ တောက်ပသွားပြီး အခန်းထဲတွင် ရှိနေသော ကျောက်တုံး စားပွဲဆီသို့ အပြုံးကြီးပြုံးလျက် ပြေးသွားလေသည်။

အခန်းထဲရှိ ကျောက်တုံးစားပွဲပေါ်၌ ပစ္စည်းနှစ်ခု ရှိနေခဲ့သည်။ တစ်ခုသည် မြှားတိုနှင့် ပုံစံတူသော မှော်ရတနာတစ်ခုဖြစ်သည်။ ထိုမြှားတိုအား မည်သည့် ပစ္စည်းနှင့် ထုလုပ်ထားမှန်း မသိရ။ မြှားတံ၏ ရိုးတံပေါ်တွင် နှင်းဖြူရောင် ကျောက်တုံးနှစ်တုံး ရှိနေခဲ့သည်။

မြှားတိုသည် မည်သည့် စွမ်းအင်အရှိန်အဝါကိုမှ ထုတ်လွှတ်မနေသော်လည်း ရန်ကိုင်မှ ထိုအရာကို ကောက်ယူပြီးနောက် မျက်မှောင်ကြုတ်သွားခဲ့ရသည်။ ထိုမြှားတို၏ အဆင့်ကို ရန်ကိုင် မခွဲခြားနိုင်ခဲ့ပေ။

ယေဘုယျကျကျ ပြောရသော် လိုဏ်ဂူအား ကာကွယ်ထားသည့် အစီအရင်သည် အလွန်ကိုမှ အားကောင်းလှဖြင့် လိုဏ်ဂူပိုင်ရှင်သည်လည်း အဆင့်နိမ့် ပညာရှင်တစ်ယောက် မဖြစ်တန်ရာ။ အဆင့်မြင့် ပညာရှင်တစ်ယောက်သာ ဖြစ်ရပေလိမ့်မည်။ အဆင့်မြင့် ပညာရှင်တစ်ယောက်ဆိုလျှင် အဆင့်မြင့် မှော်ရတနာကိုသာ အသုံးပြုနိုင်ချေ ပိုများသည်။ ထိုသို့ဆိုလျှင် ဤကဲ့သို့သော ထူးဆန်းသည့် မှော်ရတနာတစ်ခု ဘာကြောင့် ဤနေရာတွင် ရှိနေရသနည်း။

ထိုမြှားတိုအား ဆက်မစစ်ဆေးရသေးခင်မှာပဲ ရန်ကိုင် ရုတ်တရက် ခေါင်းမော့လိုက်ပြီး တစ်ခုသော နေရာဆီသို့ လှမ်းကြည့်လိုက်လေသည်။

ပေါက်ကွဲသံသည် အခြားကျင့်ကြံသူများကို ဆွဲဆောင်လိမ့်မည်ဟု ထင်ထားခဲ့သော်လည်း တစ်ယောက်ယောက် ဤမျှ အလျင်အမြန် ပေါ်လာလိမ့်မည်ဟု မထင်ထားခဲ့ချေ။ ရန်ကိုင် ရှိနေရာနှင့် မိုင်နှစ်ရာအကွာ၌ ကျင့်ကြံသူတစ်ယောက် ပေါ်လာခဲ့သည်။ ထိုကျင့်ကြံသူသည် လက်ရှိတွင် ရန်ကိုင်ရှိနေသည့် နေရာဆီသို့ အလျင်အမြန် ပြေးလာနေခဲ့လေသည်။

အခြား တစ်ယောက် လာနေမှန်း သတိပြုမိလိုက်သည်နှင့် ရန်ကိုင်လည်း ထွက်သွားရန် ချက်ချင်း ဆုံးဖြတ်လိုက်သည်။ မြှားတိုအား ဆက်မစစ်နေတော့ဘဲ ကျောက်တုံးစားပွဲပေါ်တွင် ရှိနေသော ကျောက်စိမ်းသေတ္တာကို ယူကာ နှစ်ခုစလုံးကို သိုလှောင်လက်စွပ်ထဲ ထည့်သိမ်းလိုက်ပြီးနောက် ထိုနေရာမှ အလျင်အမြန် ထွက်ခွာလာခဲ့သည်။

လက်ဖက်ရည် တစ်ခွက်စာကြာပြီးနောက်တွင် ရှေးဟောင်စံအိမ်လိုဏ်ဂူရှေ့ လူသုံးယောက် ပေါ်လာခဲ့သည်။ သုံးယောက်စလုံးသည် တန်ခိုးရှင်အဆင့်များ ဖြစ်ကြပြီး တူညီဝတ်စုံကို ဝတ်ဆင်ထားကြသည်။ ပွင့်နေသော လိုဏ်ဂူကို မြင်ပြီးနောက် သုံးယောက်စလုံး၏ မျက်ဝန်းအစုံ တောက်ပသွားခဲ့ပြီး လိုဏ်ဂူစံအိမ်ထဲသို့ ချက်ချင်း ပြေးဝင်သွားကြလေသည်။

သို့သော်လည်း လိုဏ်ဂူတစ်ခုလုံးအား လိုက်ပတ် စစ်ဆေးကြည့်ပြီးနောက် သုံးယောက်စလုံး စိတ်ပျက်သွားခဲ့ကြသည်။

မူလက လိုဏ်ဂူထဲတွင် အသုံးဝင်သေးသည့် ပစ္စည်းဆို၍ မြှားတိုလေးနှင့် ကျောက်စိမ်း သေတ္တာသာ ရှိခဲ့သည်။ သို့သော် ရန်ကိုင်မှ ထိုပစ္စည်းနှစ်ခုစလုံးကို ယူသွားခဲ့ပြီ ဖြစ်သည့်အတွက် လိုဏ်ဂူထဲတွင် မည်သည့် အဖိုးတန်ပစ္စည်းမှ ရှိမနေတော့ချေ။

သုံးယောက်စလုံးသည် လက်ဗလာနှင့် မပြန်ချင်သည့် အတွက်ကြောင့် လိုဏ်ဂူအား အသေးစိတ် ထပ်ရှာဖွေစစ်ဆေးကြည့်လိုက်သည်။ သို့သော် ဘာမှမတွေ့ခဲ့ပေ။

ထိုအချိန်တွင် ရန်ကိုင်သည် မိုင်တစ်ထောင်အကွာဆီသို့ ရောက်နေခဲ့လေပြီ။

အမြန်နှုန်းပိုင်းတွင် ရန်ကိုင်သည် မည်သည့် တန်ခိုးရှင်အဆင့် ပညာရှင်နှင့်မဆို ယှဉ်ပြိုင်နိုင်သည်။ အထူးသဖြင့် လေးမိုးကြိုးတောင်ပံကို ထုတ်သုံးပြီးနောက်တွင်ပင်။

အတော်ဝေးဝေးသို့ ထွက်ပြေးလာပြီးနောက်တွင် လိုဏ်ဂူတစ်ခု တူးကာ ထိုထဲတွင် ဝင်နားလိုက်သည်။ အနီးအနား ပတ်ဝန်းကျင်အား ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေးလိုက်ပြီး မည်မျှသူ ရှိမနေမှန်း သေချာသွားသည့်နောက် လိုဏ်ဂူထဲမှ ရလာသော ပစ္စည်းများကို ထုတ်ယူ စစ်ဆေးကြည့်တော့လေသည်။

All Chapters