← Chapters

အခန်း ၁၅၅

Vol. 12 Ch. 155

အခန်း ၁၅၅

Vol. 12 Ch. 155

လင်းဖေးဟန် အိတ်ကပ်ထဲမှ ဖုန်းကို ထုတ်ကြည့်လိုက်သည်။ သူမတတ်နိုင်စွာ ခပ်ဖွဖွ ပြုံးမိသွားသည်။ လုရွှယ်ယင် ဖုန်းဆက်လာတာပင်။

သူမသူ့ကို သေချာပေါက် ဖုန်းဆက်လာတော့ မယ်ဆိုတာ သိနေသည်။

“ ဟယ်လို” လင်းဖေးဟန် လေ့သံနိမ့်နဲ့ ထူးလိုက်သည်။

“ နင်ဘယ်မှာလဲ?” လုရွှယ်ယင် ခပ်ပြတ်ပြတ် မေးလာသည်။

လင်းဖေးဟန် လမ်းလျှောက်နေတာ ကြာခဲ့ပြီဖြစ်သည်။ လုရွှယ်ယင်ရဲ့ စကားကို ကြားတော့ သူအနောက်ကို လှည့်ကြည့်လိုက်သည်။ အဝေးတစ်နေရာမှ လုရွှယ်ယင်ရဲ့ ကားကို မြင်လိုက်ရသည်။

အချိန်ခဏလောက် စဥ်းစားပြီးနောက်တွင်

“ မင်းအခုလာနေတဲ့အတိုင်း တည့်တည့်လာခဲ့ လိုက်ပါ။ မီတာ၄၀၀ လောက် မောင်းလာပြီးလို့ ပထမဆုံး မီးပွိုင့်ကို တွေ့ရင် ဘယ်ချိုးလိုက်။ ဘယ်ချိုးပြီး မီတာ ၃၀၀ လောက်သွားလိုက်ပြီးရင် လမ်းကျဥ်းလေး တစ်ခုရှိတယ်။ အရှေ့မှာ ကားရပ်တဲ့နေရာကို မင်းတွေ့လိမ့်မယ်။ ကားရပ်ပြီးရင် တတိယမြောက် အပင်အကြီးကြီးအရှေ့ကို သွားလိုက်။ အဲ့ကြားလမ်းအတိုင်း ဝင်လာရင် မင်း ဘက်စ်ကားမှတ်တိုင်ရှေ့ ရောက်သွား လိမ့်မယ်။ ဘက်စ်မှတ်တိုင်နဲ့ မျက်နှာချင်းဆိုင်မှာ လမ်းကျဥ်းတစ်ခုရှိတယ်။ အဲ့တည့်တည့်အတိုင်းလာပြီး မီတာ၅၀ လောက်နေရင် ဘယ်ကိုချိုးလိုက်၊ မင်းငါ့ကို တွေ့နိုင်ပြီ”

လုရွှယ်ယင်,”...”

ဘယ်ကွေ့၊ ပြီးရင်ညာကွေ့၊ ပြီးရင်ဘယ်ပြန်ကွေ့ရမယ်.. ငါဘာလို့ စက်ဝိုင်းလို ခံစားနေရတာလဲ?

လုရွှယ်ယင် ဘာမှပြန်မဖြေခဲ့ပေ။ စက္ကန့်တစ်ချို့ ကြာသည်အထိ လေထုသည် တိတ်ဆိတ်နေခဲ့သည်။ လင်းဖေးဟန် အနည်းငယ် အံ့သြလာပြီး

“ မင်း မေ့သွားလို့လား? ငါ့ကို ထပ်ပြောစေချင် တာလား?”

လင်းဖေးဟန်သာ လုရွှယ်ယင်ရဲ့ ရုပ်ကို မြင်နိုင်ရင် သေချာပေါက် ကြောက်သွားမှာ ဖြစ်သည်။ လုရွှယ်ယင်ရဲ့ မျက်နှာက အလွန်ကို အေးစက်နေပြီး သူမက ရေခဲမှတ်ရောက်နေတဲ့ အသံနဲ့ပြောလိုက်သည်။

“ မှတ်မိတယ်။ နင်ငါ့ကိုမလိမ်ဖို့ပဲ မျှော်လင့်တယ်။ မဟုတ်ရင် အကျိုးဆက်က မလွယ်ဘူး”

လင်းဖေးဟန် တစ်ခုခု ပြောတော့မလိုပေမဲ့ တစ်ဖက်ဖုန်းကနေ အလောတကြီး အသံတစ်ချို့ကို ကြားလိုက်ရသည်။

လုရွှယ်ယင် ချက်ချင်းပဲ ဖုန်းချလိုက်သည်။

လင်းဖေးဟန် လုရွှယ်ယင် ရှိနေတဲ့ နေရာကို ကြည့်လိုက်မိပြီး ချက်ချင်းပဲ အနည်းငယ် စိတ်ဓာတ်ကျသွားသည်။

ဒီရက်ပိုင်း လှပတဲ့မြင်ကွင်းကတောင် မလှတော့ဘူးပဲ။

ဒီမိန်းမက အရမ်းခြယ်လှယ်လွန်းတယ်။

ငါ့ရဲ့ မျက်လုံးအမြင်ကြောင့်ပဲ! ငါ့မျက်လုံးက ဘာကိစ္စ ဒီလောက်ကောင်းနေရတာလဲ?

တစ်ကယ်ကို စိတ်မကောင်းစရာပဲ။ စနစ်ပါ ရှိနေတဲ့ငါ့ရဲ့ အပိုဆုကြောင့် ငါ့ရဲ့အမြင်အာရုံက တစ်ကယ်ကို ကမ္ဘာပေါ်က ရှားပါးလို့တောင် ပြောလို့ရနေပြီ။

ဒါပေမဲ့ စနစ်မှာ ကြိုတင်ခန့်မှန်းနိုင်တဲ့ လုပ်ဆောင်ချက် မရှိတာတော့ အနည်းငယ် စိတ်ပျက်ဖို့ကောင်းတယ်။ တွေးမိရင်းနဲ့ လင်းဖေးဟန် ကူကယ်ရာမဲ့စွာ ခေါင်းအသာ ရမ်းလိုက်သည်။ ဒါပေါ့ ပြည့်စုံခြင်းဆိုတာ ကမ္ဘာပေါ်မှာ ဘယ်ရှိမလဲ? လူဆိုတာ နောင်တ မရှိဘဲ ရှင်သန်လို့မှမရတာ။

ဆယ်မိနစ်ကြာပြီးနောက်မှာ အားကစားဝတ်စုံ ဝတ်ထားသော လုရွှယ်ယင်သည် လင်းဖေးဟန်ရဲ့ အရှေ့ကို ပေါ်လာသည်။

လင်းဖေးဟန် လှည့်ကြည့်လိုက်သည်။ တောက်ပသော နေရောင်သည် လုရွှယ်ယင်ရဲ့ မျက်နှာထက်တွင် ဖြာကျနေသည်။ မလိုက်ဖက်မှု တစ်စုံတစ်ရာမရှိဘဲ အရာအားလုံးက အံ့သြဖွယ် လှပနေခဲ့သည်။

လုရွှယ်ယင်က လင်းဖေးဟန်အရှေ့ကို အမြန် လျှောက်လာသည်။

မိန်းကလေးရဲ့ မျက်နှာသည် အလွန်အေးစက် နေသည်။ သူမရဲ့ အသက်ရှုသံသည် အနည်းငယ် ရှုတ်ထွေးနေသလိုပင်။ ခေါင်းပေါ်ရှိ ဆံပင်တစ်ချို့ပင် အနည်းငယ် ပွယောင်းယောင်း ဖြစ်နေခဲ့သည်။ ကြည့်ရတာ လုရွှယ်ယင် ပြေးလာခဲ့သည့်ပုံပင်။

လင်းဖေးဟန် ပြုံးကာပြောလိုက်သည်။

“ မင်းဘာလို့ ကျန်းမာရေး ဒီလောက်မကောင်း ရတာလဲ? နှစ်လမ်းလောက် လျှောက်ရပြီး အခုလိုပုံ ဖြစ်နေတာလား? မင်း လေ့ကျင့်ခန်း သေချာမလုပ်ဘူးလား? ငါသာ မင်းဆိုရင် တစ်နေကုန် ရုံးခန်းမှာထိုင်ပြီး အလုပ်မလုပ်နေဘူး။ အပြင်ထွက်ပြီး လေ့ကျင့်ခန်းလေးဘာလေး လုပ်ပါအုံး”

လုရွှယ်ယင်သည် လင်းဖေးဟန်ရဲ့ စကားတွေကို လျစ်လျူရှုပြီး မေးလိုက်သည်။

“ နင့်ရဲ့ကားကိုဘာလို့ အနုပညာဋ္ဌာန ဝင်ပေါက်ရှေ့မှာ ထားခဲ့တာလဲ? ဘာလို့ မမောင်းလာခဲ့တာလဲ?”

လင်းဖေးဟန် ခပ်ဖွဖွ ပြုံးလိုက်ပြီး

“ အပြင်ကိုထွက်ပြေးလာပြီးတော့ ငါရုတ်တရက်ကြီး လမ်းလျှောက်ချင်လာလို့ ကားမမောင်းလာခဲ့တာလေ။ နောက်မှ အားသောင်ကို သွားယူခိုင်းလိုက်မယ်”

ကောင်းပြီ။ ငါဒီတစ်ခေါက်တော့ ယုံပေးလိုက်မယ်။ လင်းဖေးဟန်ရဲ့ အကြောင်းအရင်းက တစ်ကယ်လဲ စိတ်ပါစရာပဲမို့ မငြင်းတော့ဘူး။

“ ဟုတ်ပြီ” လုရွှယ်ယင် ခေါင်းညိတ်လိုက်ပြီး ဘာမှမပြောတော့ပေ။

လင်းဖေးဟန်ရဲ့ အနောက်ကနေ ခပ်ဖြည်းဖြည်း လျှောက်လာလိုက်ပြီး တံတားဘောင်ပေါ် လက်တင်လိုက်သည်။ တံတားပေါ်တွင် လေကဖြောင့်ဖြူးနေပြီး ရံဖန်ရံခါဆိုသလို တိုက်သည်။ ဘာမှမလုပ်ဘဲ ချထားတဲ့ လုရွှယ်ယင်ရဲ့ ဆံနွယ်ရှည်များက အနည်းငယ် လှုတ်ခတ်သွားလေသည်။

ဘာကြောင့်ရယ်မသိ၊ လုရွှယ်ယင် ရောက်လာပြီးနောက်မှာ တံတားပေါ်က လေပင် မပြင်းတော့ဘဲ သိမ်မွေ့သွားသည်။

ဘာလို့လဲ? ငါအစောက လေပြင်းတာလို့ ပြောခဲ့တာကို အခု ပြင်းပြင်းတိုက်မှပေါ့။ ငါ လေဆင်းနှာမောင်း တိုက်သလောက် ပြင်းတယ်လို့ ပြောရင်တောင် လေဆင်နှာမောင်း တစ်ကယ်တိုက်သလို အရမ်းပြင်းပြင်း တိုက်သင့်တာလေ။

လုရွှယ်ယင်က လင်းဖေးဟန်ကို မကြည့်နေဘဲ ရုတ်တရက် မေးလာသည်။

“ နင်အခု ဘာပြောခဲ့တာလဲ?”

လုရွှယ်ယင် ဘာကိုပြောချင်လဲ လင်းဖေးဟန် သိပေမဲ့ သူ ဆက်ပြီး ပြုံးနေကာ မသိသလို ဟန်ဆောင်နေလိုက်သည်။

“ ငါမင်းကို လေ့ကျင့်ခန်းလုပ်စေချင်တာကို ပြောတာလား? ငါက မင်းကောင်းဖို့ ပြောတာပါ”

လင်းဖေးဟန် လုရွှယ်ယင်ကို ခိုးကြည့်လိုက်သည်။ သူမရဲ့ မျက်နှာက မပြောင်းမလဲ ရှိနေသေးပေမဲ့ သူ့ရဲ့လည်ပင်းထက်မှာ လူသတ်ငွေ့တွေကို ရုတ်တရက် ခံစားလိုက်ရသည်။ ချွန်ထက်တဲ့ ဓားတစ်ချောင်းနဲ့ အထောက်ခံထားရသလိုမျိုး…

ဒီမိန်းမ ရာသီလာနေလို့လား? ဘာကိစ္စ အရမ်း ကြောက်ဖို့ကောင်းတာလဲ!

လုရွှယ်ယင် လင်းဖေးဟန်ရဲ့ ဘက်ကို လှည့်ကြည့်လာပြီး

“ ငါ့ကို ရူးချင်ယောင် လာမဆောင်နဲ့။ နင်ပဲ အရင်က ပြောခဲ့တာမဟုတ်ဘူးလား? ငါတို့ကြားမှာ ဘာမှမရှိတော့ဘူး”

လုရွှယ်ယင်ရဲ့ နှုတ်ခမ်းထောင့်က ရုတ်တရက် မဲ့သွားပြီး အေးစက်ပြီး ဖောက်ထွင်းနိုင်စွမ်း ရှိသော အသံနဲ့ ဆက်ပြောလိုက်သည်။

“ ဒီလိုဆိုမှတော့ အစောက လူကြားထဲ နင်ဖွင့်ပြောခဲ့တဲ့ စကားက နည်းနည်း မသင့်တော်ရာ ကျမနေဘူးလား?”

လင်းဖေးဟန် ထိုစကားကို ကြားတဲ့အခါမှာ မှင်သက်သွားခဲ့သည်။

သူ့ရဲ့ နှလုံးသားထဲမှာ မီးတောင်ငယ်တစ်ခု ပေါက်ကွဲတော့မည်။

လုရွှယ်ယင် မေးခွန်းလာထုတ်နေတာလား? သူပြောခဲ့တဲ့ စကားတွေက အမှန်တွေလား၊ အမှားတွေလားဆိုတာကိုလေ?

အေးစက်ပြီး အဖက်မလုပ်တတ်တဲ့ လုရွှယ်ယင်ရဲ့ နှုတ်ဖျားကနေ အခုလို ချွန်ထက်တဲ့စကားလုံးတွေ ထွက်လာမယ် လင်းဖေးဟန် မထင်ခဲ့မိဘူး။

ပုံမှန်လိုမျိုးဆိုရင် အတိတ်ကအကြောင်းကို သူမ သေချာပေါက် ထုတ်ပြောမှာ မဟုတ်ဘူး။ သူမရဲ့မျက်နှာက အနည်းငယ် မဲ့နေခဲ့သည်။ အေးစက်တဲ့ရေခဲတုံးရဲ့ ထိပ်ချွန်တစ်ခုက နှလုံးသားထဲ တစ်ဖြည်းဖြည်း စိုက်ဝင်နေသလို လူတွေကို ခံစားရစေသည်။

တစ်ကယ်ကို လူတစ်ယောက်ကို အပြင်ပန်းကြည့်ပြီး ဆုံးဖြတ်လို့မရဘူး။

လင်းဖေးဟန် အလျင်စလို မလှုပ်ရှားရဲသေးပေ။ သူကအခုထိ လုရွှယ်ယင်ရဲ့ နှလုံးသားထဲမှာ နေရာမယူနိုင်သေးဘူး။ ဒီအချိန်မှာ သူမ ဘာတွေးနေလဲ လင်းဖေးဟန် မသိသလို သူမ သူ့အပေါ် အမြင်ကောင်းရှိရဲ့လားလဲ မသေချာဘူး။

လုရွှယ်ယင်က အရမ်းကို တင်းကျပ်စွာ ဖုံးကွယ်နိုင်လွန်းသည်။

နည်းဗျူဟာတွေရဲ့ ဆရာသခင်တစ်ယောက် လိုမျိုး အရာအားလုံးကို အကွက်ချပြီး သူမလက်အောက် ရောက်အောင် ဆောင်ရွက်တတ်တဲ့ သူစားမျိုးပင်။

ဒီအထိမခံနိုင်တဲ့ ကိစ္စကို ဆက်မဆွဲထားသင့်ဘူးလို့ လင်းဖေးဟန် တွေးလိုက်သည်။

ပိုဆွဲထားမိလေလေ၊ ပိုများတဲ့ ပြဿနာတွေကိုပဲ ဖိတ်ခေါ်မိလိမ့်မည်။ သူ့ရဲ့ လက်ရှိအခြေအနေကိုပါ ထိခိုက်လာနိုင်သည်။

တစ်ခြားဘက်က ပြောရလျှင် လုရွှယ်ယင်ရဲ့ ဖုံးကွယ်နိုင်စွမ်းက အလွန်ကောင်းသည်။ လုရွှယ်ယင် သူ့အပေါ်မှာ ခံစားချက်ရှိတယ်လို့ ဝေဝါးဝါး ခံစားမိပေမဲ့ သူမသူ့အပေါ် ခံစားချက် ရှိပါတယ်လို့ လင်းဖေးဟန် ရဲရဲတင်းတင်း မယူဆရဲဘူး။

သူသာ ပွင့်ပွင့်လင်းလင်း ဝန်ခံပြီး ဖွင့်ပြောလိုက်ရင် သူမဘယ်လို တုံ့ပြန်မလဲ?

သူသာ ရဲရဲတင်းတင်း ဖွင့်ပြောလိုက်ရင် အကုန်လုံး ပျော်ရမှာမဟုတ်တော့ဘူးလို့တောင် ပြောလို့ရသည်။

ဒါပေမဲ့ မပြောပြန်လို့ သူမက ဒေါသထွက်သွားပြီး သူ့ကို မယုံရတဲ့သူလို့ ပြောပြန်ရင်လဲ ဒီတိုက်ပွဲမှာ သူပဲ အရေးနိမ့် ရလိမ့်မည်!

ဒီလို အဖြစ်ခံလို့မဖြစ်ဘူး။ ဒီလိုဆို လုရွှယ်ယင်ရဲ့ သူ့အပေါ် နှစ်သက်မှုက လျော့ကျသွားနိုင်သည်။ သူဒီရက်ပိုင်းထဲ ကြိုးစားထား သမျှပင် အကုန် အမှိုက်ဖြစ်သွားလိမ့်မည်။

လင်းဖေးဟန် စိတ်ထဲမှ တွေးလိုက်သည်။

“ ငါမလှုပ်ရှားသရွေ့ ဘာပြစ်ချက်မှ ဖြစ်လာမှာ မဟုတ်ဘူး”

အခုအချိန်က လျို့ဝှက်တိုင်းပြည်ရဲ့ ဘုရင်နှစ်ယောက် စီးချင်းထိုးနေရသလိုပဲ။

ငါ သတိထားလုပ်ဆောင်ရမယ်။

All Chapters