← Chapters

အခန်း ၁၅၆

Vol. 12 Ch. 156

အခန်း ၁၅၆

Vol. 12 Ch. 156

အခုကိစ္စက သဘောတရားနဲ့ဆိုင်တဲ့ ကိစ္စပဲ။

နားလည်သောသူများသာ နားလည်နိုင်မည်။ နားမလည်ချင်တဲ့သူကို ဘယ်လောက်ပဲ ရှင်းပြပြ နားလည်မှာ မဟုတ်ဘူး။

ဖြစ်လာပြီဆိုမှတော့ မီးစင်ကြည့်ကရုံပဲပေါ့။

ထိုအချိန်တွင် လင်းဖေးဟန် အသာပြုံးကာ ပြောလိုက်သည်။

“ လုရွှယ်ယင် ငါ့အထင် မင်းတစ်ခုခုကို နားလည်မှုလွဲနေပုံပဲ”

လုရွှယ်ယင်ရဲ့ မျက်နှာထက်က လှောင်ပြုံးက ပိုကြီးလာသလို သူမရဲ့မျက်နှာက ပိုအေးစက်သွားသည်။ သူမ ဒေါသပေါက်ကွဲ ပစ်ချင်ပေမဲ့ မထုတ်ပြခဲ့ဘူး။ သူမ စိတ်ဝင်စားသလိုပင် ဟန်ဆောင်လိုက်ကာ

“ ငါဘာကိုများ နားလည်မှု လွဲသွားတာလဲ?”

ဒီတစ်ခေါက် လူပုံအလယ်မှာ ပြောထားတဲ့ စကားကို ဘယ်လိုဆင်ခြေမျိုး ပေးမလဲ ငါ လုရွှယ်ယင် ကြည့်ချင်သေးတယ်!

နင် ဘယ်လောက်ပဲ ဆင်ခြေပေးပေး ရှင်းပြလို့ ရမှာမဟုတ်ဘူး။ ငါ့နားနဲ့ ကိုယ်တိုင် ကြားထားခဲ့တာ။

စကားတစ်ခွန်းဆိုတာ ပြောပြီးသွားတာနဲ့ မှောက်သွားတဲ့ ရေလိုပဲ ပြန်အဖက်ဆယ်လို့ မရဘူး။

တစ်ဖက်လူက ကန်းမနေရင်ပေါ့။

ဒါပေမဲ့ လုရွှယ်ယင်က မကန်းနေဘူး။ သူမ သေချာပေါက် ကြားခဲ့သလို လင်းဖေးဟန်ကို မေးဖို့အတွက် ရှင်းလင်းနေအောင်ကို မှတ်ထား ပြီးပြီ။

ပြောပြီးသား စကားကို ပြန်ရုတ်သိမ်းဖို့ မလွယ်ကူတော့ဘူး။

လင်းဖေးဟန် ခေါင်းရမ်းလိုက်ပြီး ကူကယ်ရာမဲ့စွာ ပြောလိုက်သည်။

“ငါမင်းကို ပြောတယ်လို့ မင်းဘာလို့ သေချာနေတာလဲ?”

ငါ ဝန်မခံသရွေ့ မင်းဘာတတ်နိုင်မှာလဲ? လုရွှယ်ယင် မင်း မှတ်တမ်းတင်ထားလို့လား?

ထိုစကားကို ကြားတော့ လုရွှယ်ယင် မှင်သက် သွားသည်။ လင်းဖေးဟန်က နာမည်တပ်ပြီး ပြောသွားတာလဲ မဟုတ်ဘူး။

ဒါပေမဲ့ လင်းဖေးဟန် သေချာပေါက်ကို သူမဘက်ကို ကြည့်ပြီးပြောနေတာလေ။

မဟုတ်ဘူး။ ဒါမှားနေတာပဲ။ လင်းဖေးဟန် ငါ့ကိုပြောတာပဲဖြစ်မှာ။ သူ သေချာ ကပ်သီးကပ်ဖဲ့ ပြောနေတာပဲ။

ချီးပဲ လင်းဖေးဟန်။ နင့်ရဲ့ အတွေးကို ငါဘာလို့ မသိခဲ့ရတာလဲ?

လုရွှယ်ယင် ခပ်ရွဲ့ရွဲ့ ပြောလိုက်သည်။

“နင်ငါ့ကို မပြောရင် ငါ့ဘေးမှာရှိတဲ့ လီယွင်လုံကို ပြောတာလား?”

ထိုစကားကို ကြားတော့ လင်းဖေးဟန် တွေးလိုက်သည်။

‘ မင်း ထုတ်မပြောလာရင် ငါမင်းကို ဘယ်လို အရူးလုပ်ရမယ် မစဥ်းစားနိုင်ဘူး ဖြစ်နေခဲ့တာ’

ထိုအချိန်မှာ လင်းဖေးဟန် အခွင့်ကောင်းယူပြီး အပြုံးတစ်ခုနဲ့ ခေါင်းညိတ်လိုက်သည်။

“မှန်တယ်။ မင်းက လုကုမ္ပဏီရဲ့ ဥက္ကဋ္ဌပဲ။ တစ်ကယ်ကို အရမ်းတော်တယ်။ တစ်ချက်ကြည့်ရုံနဲ့ကို မှန်းနိုင်တယ်”

“ ကိစ္စတွေက ဒီလိုဖြစ်လာမှတော့ ငါမင်းကို မဖုံးကွယ်တော့ပါဘူး။ အချစ်စစ်ဆိုတာ လိင်မတူတဲ့သူနှစ်ယောက်ကြားမှာ မရှိဘူး။ သူတို့က မျိုးပွားဖို့ပဲ ရည်ရွယ်ကြတာ။ တစ်ကယ့် အချစ်စစ်ဆိုတာ လိင်တူကြားက အချစ်မျိုးပဲ။ မင်းမှန်တယ်။ ငါလီယွင်လုံကို ပြောခဲ့တာ။ ငါသူ့ကိုကြိုက်နေတာလေ”

“ ငါဝန်ခံတယ်။ လီယွင်လုံကို မြင်မြင်ချင်း ချစ်မိသွားတာ!”

သူ ကြည့်မရတဲ့ သူတစ်ယောက်အပြင် ဘယ်လိုမှ သူနဲ့ မအက်စပ်လှတဲ့ သူဖြစ်ပြီး ရန်သူလို့ပါ ပြောနိုင်တဲ့သူကို လင်းဖေးဟန် တုံ့ဆိုင်းမှုမရှိ ကြိုက်ပစ်လိုက်သည်!

အရေးမပါတဲ့ သူတစ်ယောက်အပေါ် ခဏလောက် မာန်ချိုးပေးလိုက်ရလဲ ဘာအရေးလဲ?

ငါလင်းဖေးဟန်က စောက်ရမ်းမိုက်တဲ့ ဗီလိန်ပဲကို!

လုရွှယ်ယင် ချက်ချင်းပဲ မှင်သက်နေခဲ့သည်။

သူမရဲ့ မျက်လုံးများက အံ့သြမှုကြောင့် ပြူးကျယ်နေပြီး လက်သီးနှစ်ဖက်ကို တင်းနေအောင် ဆုတ်ထားသည်။

ပျော့ဆေးသုံးထားတဲ့ လုရွှယ်ယင်ရဲ့ ဆံနွယ်ရှည်များလဲ ရှုတ်ပွနေရပြီ။

ဒီလောက် အရှက်မဲ့တဲ့သူမျိုး သူမ တစ်ခါမှ မတွေ့ခဲ့ဖူးဘူး!

လင်းဖေးဟန် ပြောသွားတာ လူစကားကော ဟုတ်ရဲ့လား? တစ်ကယ်ကို မေးစရာ ဇာတ်လမ်း ကုန်ပြီ!

အစောပိုင်းကတင် လုရွှယ်ယင် တွေးနေခဲ့သည်။ လင်းဖေးဟန်သာ ပွင့်ပွင့်လင်းလင်း ဝန်ခံလိုက်ရင် သူမဘယ်လို တုံ့ပြန်သင့်လဲ? ပျော်ရမလား ဒေါသထွက်ရမလား?

ဒါပေမဲ့ အခုချိန်မှာတော့ သူမ စိတ်ပျက်သွားခဲ့သည်။ ဘယ်ကနေ ရောက်လာခဲ့မှန်း မသိသော ပျော်ရွှင်မှု အနည်းငယ်ပင် ပျောက်ဆုံးသွားရသည်။ လီယွင်လုံကို ပြောလိုက်သော လင်းဖေးဟန်ရဲ့ စကားများကြောင့် ဒီအချိန်မှာ ဒေါသအဖြစ် ပြောင်းသွားရသည်!

သူမအလွန်ဒေါသထွက်သည်!

လင်းဖေးဟန် နင်ကလူမဟုတ်တဲ့ ကောင်ပဲ!

လင်းဖေးဟန် အစက သူ့ရဲ့ဉာဏ်ပြေးမှုကို ဂုဏ်ယူနေခဲ့သည်။ ဒါပေမဲ့ အရှေ့က မိန်းကလေးရဲ့ ပေါက်ကွဲတော့မဲ့ အမူအရာကို မြင်တော့ လင်းဖေးဟန် ချက်ချင်းပဲ အခြေအနေ မကောင်းတော့တာကို ရိပ်စား မိလိုက်သည်။

လင်းဖေးဟန် အမြန်ပဲ စကားလမ်းကြောင်း ပြောင်းလိုက်ကာ

“ အစောက ဖျော်ဖြေမှုကို မင်းတွေ့လိုက်တယ် မလား? ဘယ်လိုနေလဲ? ငါ စန္ဒယား တီးတာ ကောင်းလား?”

လုရွှယ်ယင် သူမရဲ့ ထထွက်သွားချင်သော စိတ်ကို ထိန်းထားရသည်။ လင်းဖေးဟန်ရဲ့ မျက်နှာတည့်တည့်ကို ပိတ်ထိုးချင်စိတ်ကိုပါ ထိန်းနေရသည်။ လင်းဖေးဟန်ကို အော်ပစ်ချင်စိတ်ကိုလဲ ထိန်းနေရသည်။

ပြောပြီးတာနဲ့ လင်းဖေးဟန် ချက်ချင်းပဲ နောက်ထပ် စကားထပ်ပြောဖို့ စဥ်းစားရ တော့သည်။ နောက်ထပ် ဘာပြောရမလဲ..အာ..

လုရွှယ်ယင် အသက်ဝဝ ရှုလိုက်သည်။ သူမရဲ့ အတွင်းခံစားချက်တွေကို ထိန်းချုပ်ပြီး အေးစက်စွာ ပြောလိုက်သည်။

“ကောင်းပြီ”

ပြောရလျှင် လင်းဖေးဟန်က လုရွှယ်ယင်အတွက် အတိတ်မှာတုန်းက စန္ဒရားကို လျှို့ဝှက်ပြီး သင်ယူထားခဲ့သည်။

လွန်ခဲ့တဲ့ နှစ်အနည်းငယ်က နိုင်ငံခြားက ကျော်ကြားသော စန္ဒရားပညာရှင်များကို ဖိတ်ခေါ်ပြီး သင်ယူထားသည်။ ထိုအချိန်တွေတုန်းက လင်းဖေးဟန်က လုရွှယ်ယင်နောက်ကို လိုက်နေဆဲဖြစ်သည်။ သူ စန္ဒရားသင်ယူနေတာကို လုရွှယ်ယင် မြင်တဲ့အခါမျိုးတွင် လင်းဖေးဟန် ပျော်ရွှင်စွာ တီးပြလိမ့်မည်။

ထိုအချိန်က လုရွှယ်ယင်ကို ကျေနပ်အောင် သူမအရှေ့မှာ အမြဲတီးပြခဲ့သည်။ လင်းဖေးဟန်ရဲ့ စန္ဒရားစကေးက ထိုအချိန်က ကောင်းမွန်ခဲ့ပေမဲ့ အခုလောက်ထိ အံ့သြဖွယ်ရာ မရှိသေးဘူး။

လုရွှယ်ယင်ရဲ့ နှလုံးသားထဲတွင် မေးခွန်းပေါင်းစုံ ရှိနေခဲ့ပေမဲ့ သူမထပ်ပြီး မမေးတော့ဘူး။ သူမသာ ထပ်ပြီးမေးနေခဲ့ရင် လင်းဖေးဟန် ကြွားလုံးထုတ်တော့မှာ သေချာပေါက် သိနေသည်!

လင်းဖေးဟန် အပြုံးတစ်ခုနဲ့ပြောလိုက်သည်။

“ ဟီးဟီး နားထောင်လို့ ကောင်းတယ်ဆိုရင် နေ့တိုင်း မင်းအတွက် ငါတီးပေးရင် ဘယ်လိုလဲ?”

တစ်ခြား မိန်းကလေးတွေရဲ့ ကောင်းပြီ ဆိုတဲ့ စကားနဲ့ လုရွှယ်ယင်ရဲ့ ကောင်းပြီ ဆိုတဲ့ စကားက မတူညီဘူး။ လုရွှယ်ယင်ရဲ့ နှုတ်ကသာ ကောင်းပြီ ဆိုတဲ့စကား ထွက်လာရင် တစ်ကယ်ကို ကောင်းတဲ့ အခြေအနေပဲ!

လုရွှယ်ယင် လင်းဖေးဟန်ကို ကြည့်ပြီး အေးစက်စွာ ပြောလိုက်သည်။

“ လုပ်ချင်သလိုလုပ်”

ဒီအခြေအနေက ငါလင်းဖေးဟန်အတွက် ရန်လုပ်ခံနေရတဲ့ အရေးပေါ် အခြေအနေပဲ။ မင်းရယ်လို့မဖြစ်ဘူ။ မင်းသည်းခံရမယ်!

အိုး! တစ်ကယ်ကို ဒီကောင်မလေး ဟန်ဆောင်တတ်တယ်!

လုပ်ချင်သလိုလုပ်ဆိုတာ လက်ခံတာပဲမလား?

ဒါပဲလေ။ မိန်းမတစ်ယောက်က လက်ခံတာက လက်ခံလိုက်တာပဲ။ သူမ လက်မခံဘူးလို့ ငြင်းရင်လဲ ဒါလက်ခံတာပဲ။

ဒီအချက်ကို လင်းဖေးဟန် ကောင်းကောင်း နားလည်ပြီးသားပင်။

“ ဟုတ်ပြီ ဟုတ်ပြီ။ ဒီက ရာသီဥတုက အရမ်းပူတယ်နော်။ မင်း ငါ့ကို အိမ်လိုက်ပို့ ပေးနိုင်မလား? ကားက အရမ်းအဝေးကြီးမှာ ကျန်ခဲ့ပြီမို့ ငါလမ်းလျှောက်ပြီး မပြန်ချင် တော့ဘူး”

လုရွှယ်ယင် တွန့်ဆုတ်စွာပြောလိုက်သည်။

“ အွန်း”

ဒီလိုနဲ့ သူတို့နှစ်ယောက် လမ်းတစ်လျှောက်မှာ အတူယှဥ်လျှောက်လိုက်ရင်း ကားဆီိကို ပြန်လာခဲ့ကြသည်။

လုရွှယ်ယင် ကားစက်နှိုးလိုက်သည်။

ဘာကြောင့်ရယ်မသိ လုရွှယ်ယင် ကားအသစ် လဲပြီးသွားတာကိုတောင်မှ လင်းဖေးဟန် ဘေးမှာ ဝင်ထိုင်လိုက်မိတာနဲ့ အရင်က မတော်တဆမှုအကြောင်းက လုရွှယ်ယင်ရဲ့ ခေါင်းထဲ ပြန်ဝင်လာခဲ့သည်။

ဒီသူတောင်းစား..

အကုန် သူ့ကြောင့်ပဲ! သူ့အပြစ်ပဲ!

လုရွှယ်ယင် ဘာတွေ တွေးနေလဲ လင်းဖေးဟန်သာ သိခဲ့မယ်ဆိုရင် သေချာပေါက် လင်းဖေးဟန် ကူကယ်ရာ မဲ့သွားလောက်သည်။

လုရွှယ်ယင် လင်းဖေးဟန်ကို စိတ်ထဲကနေ ကျိန်ဆဲနေခဲ့သည်။

လင်းဖေးဟန် အနောက်လှည့် လာချိန်မှာ လုရွှယ်ယင်ရဲ့ ရေခဲတောင်တမျှ အေးစက်နေတဲ့ မျက်နှာနဲ့ ရင်ဆိုင်လိုက်ရသည်။ သူ့ဘေးက မိန်းမက ဘာကြောင့် ဒီလောက် အေးစက်နေလဲ လင်းဖေးဟန် နားမလည်နိုင်တော့ဘူး။ သူမ ထပ်ပြီး ခံစားချက် မကောင်းပြန်တာလား?

ဘယ်သူထပ်ပြီး သူမကို စိတ်တိုအောင် လုပ်လိုက်ပြန်တာလဲ?

တစ်ကယ် ထူးဆန်းတယ်။

ကားလေးသည် ဆက်မောင်းနှင်နေပြီး မီးပွိုင့်ရှေ့တွင် ခဏရပ်သွားသည်။

လင်းဖေးဟန် ကားမှန်ကို ချလိုက်ပြီး ပုံမှန်လို ပြောလိုက်သည်။

“ ဟူး အိမ်ပြန်ရောက်ရင် တစ်ယောက်ထဲ ညစာစားရအုံးမှာပဲ”

ပြောပြီးနောက်တွင် လင်းဖေးဟန် လုရွှယ်ယင်ကို ခိုးကြည့်လိုက်သည်။ မောင်းသူနေရာက အမျိုးသမီးသည် မတုံ့ပြန်ဘဲ မကြားသလိုသာ ဟန်ဆောင်နေခဲ့သည်။

All Chapters