← Chapters

အခန်း ၁၅၈

Vol. 12 Ch. 158

အခန်း ၁၅၈

Vol. 12 Ch. 158

လင်းဖေးဟန် ကြည့်ရတာ နင် ငါ့ ဘဝထဲကို ချဉ်းကပ်ဖို့ နည်းလမ်းသစ်တစ်ခု ရှာတွေ့သွားပုံပဲ။ ဒါပေမဲ့ အဲ့ဒီနည်းလမ်းကို ငါအရမ်း သက်တောင့်သက်သာ ဖြစ်တယ်။

လင်းဖေးဟန်ကို ကြည့်နေမိရင်း လုရွှယ်ယင် သူမရဲ့ ရင်ထဲက စကားများ ထုတ်ပြောမိ မတတ် ဖြစ်သွားရသည်။

လုရွှယ်ယင်ရဲ့ စိုက်ကြည့်နေတဲ့ အကြည့်ကြောင့် မတတ်နိုင်စွာ လင်းဖေးဟန် မှင်သက်သွားခဲ့သည်။ ပါးစပ်ထဲက မုန့်တွေကို အမြန်မြိုချလိုက်ပေမဲ့ သူ့ရဲ့ပါးစပ်က ဆီဝေ့ နေတုန်းပင်။ လင်းဖေးဟန် ရှုတ်ထွေးစွာ မေးလိုက်သည်။

“ဘာဖြစ်လို့လဲ? ငါ့မျက်နှာမှာ တစ်ခုခု ပေနေလို့လား?”

လုရွှယ်ယင် လင်းဖေးဟန်ရဲ့ မျက်လုံးကို စိုက်ကြည့်နေခဲ့သည်။ လင်းဖေးဟန်ရဲ့ မျက်လုံးထဲမှာ အလင်းပြန်နေသော သူမရဲ့ ပုံရိပ်ကို ပြန်မြင်နေရသည်။ လင်းဖေးဟန်ရဲ့ မျက်လုံးတွေက အရမ်းလှတာပဲ။

လုရွှယ်ယင် တည်ငြိမ်စွာ ပြောလိုက်သည်။

“ ဘာမှမဟုတ်ပါဘူး။ အဒေါ်ကျွမ်းက ဒီနေ့ဟင်းထဲ ဆီတွေအရမ်းများသွားတယ်။ ငါနောက်မှ ပြောထားရမယ်”l

လုရွှယ်ယင် ရုတ်တရက် လင်းဖေးဟန်ကို ထွက်မသွားစေချင်တော့ပေ။ သူမ လင်းဖေးဟန်နဲ့ စကားပြောချင်သည်။

လင်းဖေးဟန် ချက်ချင်း သဘောပေါက် သွားပြီး တစ်ရှုးတစ်ရွက်ယူကာ ပါးစပ်ထောင့်က ဆီတွေကို သုတ်လိုက်သည်။

“ ဟုတ်တယ်၊ အဒေါ်ကျွမ်းဒီနေ့ ဟင်းအိုးထဲကို ဆီတစ်ပုလင်းလုံး မှောက်လိုက်ပုံပဲနော်”

“ မင်းလိုမျိုး ငယ်ရွယ်ပြီး ခန္ဓာကိိုယ်လှတဲ့ မိန်းကလေးတွေက ဆီစားတဲ့နှုန်းကို လျော့သင့်တယ်။ အဒေါ်ကျွမ်း ဒီညနည်းနည်း သတိမမူ မိသွားပုံပဲ။ တစ်ရက်စာလောက် လစာ ဖြတ်လိုက်ပြီး အပြစ်ဒဏ်အသေးလေး ပေးလိုက်ကြမလား?”

လင်းဖေးဟန် တူနဲ့ ဟင်းတစ်ချို့နှိုက်ကာ ပါးစပ်ထဲ ထည့်လိုက်သည်။

တစ်ကယ်တော့ သူ့ရဲ့ အတွေးသည် ဆီပိုများလေ ပိုစားကောင်းလေပဲ။ အရင်ရက်တွေတုန်းက သူစားခဲ့တာတွေက အရမ်းပေါ့ရွှတ်ရွှတ်နိုင်လွန်းသည်။

လင်းဖေးဟန်ထံမှ သူမရဲ့ လွပတဲ့ ခန္ဓာကိုယ်အကြောင်း ချီးကျူးသံကို ကြားလိုက်ရတော့ လုရွှယ်ယင် ပထမဆုံးအနေနဲ့ ပျော်သလို ခံစားလိုက်ရသည်။ လင်းဖေးဟန်က တစ်ကယ်ကို အပြောချိုတာပဲ။

ဒါပေမဲ့ လုရွှယ်ယင် မဝန်ခံချင်လှစွာ စိတ်ထဲကနဲ့ ဆန့်ကျင်ဘက် ပြောလိုက်သည်။

“ အဒေါ်ကျွမ်းရဲ့သားက အထက်တန်းကျောင်းသားမို့ ကျူရှင်တွေ အများကြီးတက်နေရတာ။ သူမရဲ့ လစာကို နှုတ်လိုက်ရင် မကောင်းဘူး”

လုရွှယ်ယင် စိတ်ပါလက်ပါ စကားပြန်ပြော တော့ လင်းဖေးဟန် ပျော်သွားသည်။

ဒီမိန်းကလေး ပြောသွားတာ အရမ်းကို ရိုးရှင်းပြီး အခြေခံကျတဲ့ တုံ့ပြန်စကားသာ ဆိုပေမဲ့ စကားပြန်ကြားရတာက ဘာမှ အပြောမခံရတာထက်စာရင် ကောင်းတယ်လေ။

လင်းဖေးဟန် ဆက်လက်ပြီး လစာလျှော့ဖို့ ကိစ္စကို မပြောတော့ဘဲ လုရွှယ်ယင်ရဲ့ စကားနောက်ကိုသာ လိုက်ပြောပေးလိုက်သည်။

“ ဟုတ်တယ်၊ အထက်တန်းကျောင်းသား ဆိုတာ အရေးကြီးတဲ့အရွယ်ပဲ။ သာမာန် လူတွေအတွက် ဒီအချိန်က သူတို့ရဲ့ဘဝကို အဆုံးအဖြတ်ပေးနိုင်မဲ့ အရေးကြီးဆုံး အချိန်လို့ ပြောလို့ရတယ်”

လုရွှယ်ယင် ဘာကိုပဲ ပြောပြော သူမပြောတဲ့ အတိုင်း လိုက်ထောက်ခံပေးလိုက်!

လုရွှယ်ယင် ပြန်ဖြေလိုက်သည်။

“ ဟုတ်တယ်၊ ဟိုရက်ကတောင် အဒေါ်ကျွမ်းက ပြောနေသေးတယ်။ သူမသား ကျောင်းမှာ တစ်ယောက်ထဲဆိုရင် စာ ကောင်းကောင်း မလုပ်မှာ စိတ်ပူတယ်ဆိုပြီး။ ဒါကြောင့်သူ့ကို အိမ်ခဏပြန်ပြီး သားကိုဂရုစိုက်ဖို့ ခွင့်ယူချင်လားလို့တောင် မေးလိုက်သေးတယ်။ သူမသားက အခု အထက်တန်း တတိယနှစ်ဆိုတော့ ကောင်းကောင်း ဂရုစိုက်ပေးဖို့ လိုမှာပဲလေ”

လင်းဖေးဟန် ပြုံးကာ ချီးကျူးလိုက်သည်။

“ မင်း ဒီလောက် တွေးပေးတတ်မယ် မထင်ခဲ့မိဘူး။ အဲ့လိုဆို မင်းတစ်ယောက်ထဲ ကျန်ခဲ့တော့မှာပေါ့။ မင်း ဘယ်လိုနေမှာလဲ?”

လုရွှယ်ယင် ဖုန်းကိုကြည့်နေလိုက်သည်။ တစ်ကယ်တော့ သူမ ဝီချက်ထဲဝင်ကာ အပေါ်အောက်ဆွဲနေပြီး မက်ဆေ့တစ်ခုမှလဲ မဖတ်နေခဲ့ပေ။ ဖုန်းကြည့်ချင်ဟန် ဆောင်နေတာပင်။

ထို့နောက်မှာ လုရွှယ်ယင် ပြောလိုက်သည်။

“ ဒါလေးက ပြဿနာအသေးလေးပါ။ နောက်မှ ပြောကြမယ်”

လင်းဖေးဟန် ရယ်လိုက်ပြီး

“ တစ်ကယ်တော့ ငါ့ရဲ့ဟင်းချက်စကေးက တော်တော်လေး ကောင်းတယ်။ ရက်တစ်ချို့လောက် မင်းအတွက် လာပြီး ဟင်းချက်ပေးစေချင်လား?”

လုရွှယ်ယင် မျက်ခုံးတစ်ဖက် ပင့်သွားပြီး

“နင်ကငါ့ရဲ့ အိမ်အကူအဒေါ်ကြီး လုပ် ပေးမလို့လား?”

လင်းဖေးဟန် ခေါင်းရမ်းရင်း အတည်ပေါက် ပြောလိုက်သည်။

“ နိုးပါ၊ ငါက ငါ့မိန်းမ တစ်ယောက်ထဲရဲ့ အဒေါ်ကြီးပဲ အဖြစ်ခံမှာ”

“ဟမ့်!”

လုရွှယ်ယင် ဘာစကားမှ ထပ်မပြောတော့ပေ။

သူမ ဒေါသမထွက်နေခဲ့ဘူး။

ကြည့်ရတာ လင်းဖေးဟန် အခွင့်အရေး ရှိသေးပုံပဲ။

လင်းဖေးဟန်ရဲ့ မျက်လုံးတွေ လင်းသွားကာ ထမင်းနှစ်လုပ်ကို ပလုပ်ပလောင်း ထိုးထည့် ပစ်လိုက်သည်။

လေထု အခြေအနေက မဆိုးလှဘူးမို့ လင်းဖေးဟန် စကားဆက်ပြောဖို့ ပြင်လိုက်သည်။

“ ငါပြောမယ်၊ မင်း ညစာ စားပြီးပြီးချင်းကြီး ရေမချိုးသင့်ဘူး။ မဟုတ်လို့ အစာမကြေဘဲ နေရင် ကျန်းမာရေးအတွက် မကောင်းနိုင်ဘူး။ မဟုတ်ရင် ငါနဲ့အတူ အပြင်မှာ လမ်းခဏလျှောက်ကြမလား? ငါလဲအခုမှ စားလို့ပြီးသွားတာ၊ ပြီးတော့ အပြင်မှာ မှောင်နေပြီး လေလဲကောင်းတယ်။ လမ်းထွက်လျှောက်ဖို့ အချိန်ကောင်းပဲ”

လုရွှယ်ယင် ချက်ချင်းပဲ ဖုန်းပိတ်လိုက်သည်။ ခေါင်းမော့ပြီး လင်းဖေးဟန်ကို ကြည့်လာကာ ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

“ တော်ပြီ၊ ငါအခု ရေသွားချိုးတော့မှာ”

တစ်ခြား အခြေအနေလဲ မရှိဘဲနဲ့ လင်းဖေးဟန်နဲ့ နှစ်ယောက်ထဲ လမ်းအတူ ထွက်လျှောက်ဖို့ သဘောတူလိုက်ရင် ဒါက ဒိတ်လုပ်တဲ့ပုံစံ ဖြစ်သွားမှာမလား?

သူမအခု အဆင်သင့် မဖြစ်သေးဘူး။

လုရွှယ်ယင် ဒီနေရာမှာ ဆက်ထိုင်မနေတော့ဖို့ ဆုံးဖြတ်လိုက်သည်။ လင်းဖေးဟန်ရဲ့ နူးညံ့တဲ့ စကားတွေနဲ့ သန်မာတဲ့ သွေးဆောင် စကားတွေမှာ ကြာရင် သူမ မြောပါသွား လိမ့်မည်။ ဒီလိုဆို မဖြစ်ဘူး။

လုရွှယ်ယင် တန်းပြီး လှည့်ထွက်သွားလိုက် တော့သည်။

လုရွှယ်ယင်ရဲ့ နောက်ကျောကို ကြည့်နေရင်း လင်းဖေးဟန် ခဏလောက် မတုံ့ပြန်နိုင်ခဲ့ချေ။

သူတို့အခုတင် စကားကောင်းကောင်း ပြောနေကြတာကို ဘာလို့ရုတ်တရက်ကြီး ထွက်ပြေးရတာလဲ?

“ ငါမင်းကို ကိုက်မစားပါဘူး။ ဘာလို့ ထွက်ပြေးတာလဲ?”

“ ပြေးရင်လဲ သတိထားပြေးအုံး။ တော်ကြာ ငါ့ကြောင့်နဲ့ မင်းရဲ့ရေချိုးကန် ကျိုးနေအုံးမယ်”

လင်းဖေးဟန် စိတ်တိုစွာ ပြောလိုက်သည်။

လုရွှယ်ယင် ခဏရပ်သွားသည်။ ထို့နောက်မှာ တစ်ချက်တောင် လှည့်မကြည့်ဘဲ ဆက်ပြေး လေတော့သည်။

လင်းဖေးဟန် မမြင်နိုင်တဲ့ တစ်ဖက်ခြမ်းတွင် လုရွှယ်ယင်ရဲ့ နူးညံ့သော နှုတ်ခမ်း တစ်စုံသည် အပေါ်ကို ကော့တက်နေခဲ့သည်။

လင်းဖေးဟန် ဘာမှကို မသိစွာ ခါးသက်သက် ပြုံးလိုက်သည်။ ထို့နောက် သူအိမ်ပြန်ခဲ့လိုက်သည်။

ဒီရလဒ်က တစ်ကယ်ပဲ နောင်တရဖွယ် ဆိုပေမဲ့ လုရွှယ်ယင်နဲ့ ဖလစ်ခဲ့လိုက်ရတာကိုပဲ လင်းဖေးဟန် အလွန်ကျေနပ်မိသည်။

လုရွှယ်ယင် ဖြည်းဖြည်းချင်းနဲ့ သူမရဲ့ နှလုံးသားကို ဖွင့်ပေးနေပြီ။

လင်းဖေးဟန် ကားမောင်းပြီး ပြန်ခဲ့လိုက်သည်။ သူ အိမ်ပြန်တဲ့လမ်းတွင် ယဲ့ဖန်း လုကုမ္ပဏီကို ဝင်နိုင်ပြီဆိုတဲ့ သတင်းကိုရခဲ့လိုက်သည်။ ဒါပေမဲ့ လုကုမ္ပဏီရဲ့ တင်းကျပ်လွန်းသော စည်းကမ်းကြောင့် ယဲ့ဖန်း ဘယ်လိုအကြောင်းကြောင့် ဘယ်ရာထူးကို ရသွားခဲ့တယ်ကိုတော့ တိတိကျကျ မသိရပေ။

ယဲ့ဖန်းက လုရွှယ်ယင်ရဲ့ ဘော်ဒီဂတ် မဟုတ်တော့တာ လင်းဖေးဟန် သိသည်။ ယဲ့ဖန်း လုကုမ္ပဏီကို ဝင်နိုင်သွားပြီး လုရွှယ်ယင်ကို တောင်းဆိုပြန်ရင်တောင်မှ လုရွှယ်ယင် သဘောတူလိမ့်မှာ မဟုတ်ဘူး။

ဒါပေမဲ့ လင်းဖေးဟန်ရဲ့ မျက်နှာက စစတုန်းကလိုမျိုး မပေါ့ပါးနိုင်တော့ပဲ အနည်းငယ် တည်သွားခဲ့သည်။

လုရွှယ်ယင်ရဲ့ ဘော်ဒီဂတ်မဖြစ်ရလဲ ယဲ့ဖန်း တစ်နည်းနည်း လုပ်ဆောင်နိုင်တာကို သိခဲ့ပေမဲ့ ဒီလောက်မြန်မြန်နဲ့ လုရွှယ်ယင်ရဲ့ အနားမှာ ထပ်ပြီး နေရာယူနိုင်မယ်လို့ မထင်ခဲ့မိဘူး။

ပိုပြီးအရေးကြီးတဲ့ ကိစ္စက ဒါနဲ့ပတ်သတ်ပြီး သူဘာကိုမှ မသိနေတာပဲ။ မနက်ခင်းမှာ ဘာတွေ ဖြစ်နေလို့ အခုမှ လာတင်ပြတာလဲ? ဒီလူတွေ အစာခြောက်တွေပဲ စားနေကြလို့လား?

အခုမှ ငါဘာလုပ်ရတော့မှာလဲ? အကုန်လုံးကို မနက်မှ ပြောလို့ရတော့မယ်!

လင်းဖေးဟန် စတီယာတိုင်ကို လှည့်ပြီး လမ်းကြောင်းပြင်လိုက်သည်။ သူ အိမ်ကို မပြန်တော့ဘဲ သီးသန့် ဆေးရုံဆီကို ဦးတည်လိုက်သည်။ စွန်းရှင်းယွဲ့ကို မတွေ့ရတာ ရက်တစ်ချို့ ကြာခဲ့ပြီမို့ အခု သူမကို တွေ့ချင်လှသည်။

နောက်တစ်နေ့ မနက်စောစောတွင် လင်းဖေးဟန် လုကုမ္ပဏီကို သွားလိုက်သည်။

လင်းဖေးဟန် စိတ်ထဲတွင် အကြံအစည် ချထားခဲ့သည်။ လုကုမ္ပဏီကို သွားပြီး စစ်ကြည့်မည်။ ဒီအချိန်မှာ သူလုပ်နိုင်တာ ဒါပဲရှိသည်မို့ ဒါကိုပဲ လုပ်ရတော့မည်။

ရန်သူရဲ့ စိတ်အခြေအနေနဲ့ ရန်သူရဲ့ နောက်ထပ် ရွှေ့မဲ့အကွက်ကို ကြိုသိဖို့ လိုအပ်သည်။ ဆိုးရိုးရှိတဲ့အတိုင်း ရန်သူ့အကြောင်းနဲ့ ကိုယ့်အကြောင်းကိုယ် သိရှိခြင်းက တိုက်ပွဲတိုင်းကို နိုင်စေလိမ့်မှာပဲ။

ယဲ့ဖန်း ဘာဆက်လုပ်မလဲကိုတောင် မသိခဲ့ရင် သူဘယ်လို အနိုင်တိုက်တော့မလဲ?

လုကုမ္ပဏီအရှေ့တွင် ကားရပ်သွားခဲ့ပြီး လင်းဖေးဟန် ကားထဲမှ ထွက်လိုက်သည်။ တုံ့ဆိုင်းခြင်းမရှိ ကားသော့ကို လုံခြုံရေး ဝန်ထမ်းကို ပစ်ပေးလိုက်သည်။

All Chapters